* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Monday, August 30, 2010

မေတ္တာပန်းတို့ လက်ဆောင်မွန် (၂)


တစ်နေ့တစ်နေ့ကို လာလည်ကြတဲ့ ဆွေဟောင်းမျိုးဟောင်းတွေကလည်းရာနဲ့ချီပြီးရှိနေတော့ မိမိ တို့အနေနဲ့ အကောင်းဆုံးလက်ဆောင်လေးတွေ မဖြစ်မနေ ပေးရမှာ ဖြစ်ပါတယ်၊၊တို့တထွေဟာ အလုပ်အရှုပ် ဆုံး လူ သားတွေထဲမှာ ပါဝင်ပါလိမ့်မယ်၊ ဒီကြားထဲမှာ Blog-လေးတွေ တည်ထောင်ပြီး မိမိတို့ တတ် သလောက်၊မှတ်သလောက် ပြန်လည်ဝေငှနေကြတာကို အပြစ်မယူပဲ အပြုသဘောနဲ့ဖတ်ရှု့အာ:ပေး နေကြတာကိုလည်း တဖက်ကကျေးဇူးတင်မိတာအမှန်ပါ။

ယောနိသောမနသိကာရ-အကောင်းမြင်တတ်မှ၊ သင့်တင့်လျှောက်ပတ်စွာ နှလုံးသွင်တတ်မှ ၊ကုသိုလ်ဆိုတာရကြပါတယ်၊ မိမိတို့အဖွဲ့ ရဲ့အတိုင်ပင်ခံ၊ဒေါက်တာရာဟုလာ ဟာလည်း မိမိတိုနှင့် ထပ်ကြပ်မကွာ အားရင် အားသလို ကြည့်ရှု့စစ်ဆေးပေးနေပါသေးတယ်၊၊အချို့ Links လေးတွေဟာ ပညာရှိလူကြီး သူမများ အတွက် ဘာမှ မလိုအပ်ပါသဖြင့် Click လုပ်စရာအကြောင်မရှိပါ၊ တရားသံဝေဂများ ပါရှိရာဆိုက်လေးတွေကို ဝင်ရောက်အားပေးမိဖို့ အထူးတိုက်တွန်းပါတယ်၊

သူသူငါငါ ဘယ်သူမဆို အထက်တန်းကို တက်လှမ်းချင်ကြမှာပါပဲ၊သီအိုရီပိုင်းကိုတော့ မေတ္တာပန်းတို့ လမ်းရာမြေမှာတင်ပြပေးသွားပါမယ်၊၊လက်တွေ့ကျင့်လိုက်တာနဲ့ အကာလိကအခါမလင့် အကျိုးရပါလိမ့် မယ်၊၊ စိတ္တနိယာမ၊စိတ်တွေရဲ့သဘာဝကို လေ့လာကြည့်တဲ့အခါ စိတ်ဆိုတာပရမတ္ထ-ထာဝရ အမှန် တရား ဖြစ်လေသောကြောင့် ကိုယ်မွေးမြူထားတဲ့၊ကောင်းတဲ့စိတ်ဟာ ကိုယ့်ရဲ့အမှီသဟဲ အားကိုးတရားဖြစ်ပါတယ်၊ မကောင်းတဲ့စိတ်ကို မွေးထားရင် ကိုယ်မွေးတဲ့မျောက် ကိုယ့်ကိုပြန်ကိုက်သလို ကိုယ့်ကိုပြန် နှိပ်စက်ပါလိမ့်မယ်၊ ယခင်ဆောင်ပါးတခုမှာ ပြောခဲ့သလို စိတ်ဆိုတာ မိမိနှလုံးအိမ်ထဲမှာ ကပ်ပြီးတော့ပေါ်လာပြီး၊အဲဒီမှာပဲ ကပ်ပြီးပျက်သွားတယ်၊၊

အဲဒီတော့ ရှေ့ က ကပ်ပြီးပျက်သွားတဲ့ စိတ်နဲ့ တူမျှတဲ့ စိတ်တမျိုးဟာ နောက်ကပ်ပြီးပေါ်လာပြန်တယ်၊
အဲဒီစိတ်ချုပ်တာနဲ့ တူတဲ့စိတ်ကပြန်ပေါ်လာပြန်တယ်၊ အဲလိုနဲ့အသက်ရှင် အသေခင်မှာ စိတ်ကောင်း လေးတွေ၊ qualified ဖြစ်တဲ့စိတ်တွေ ရှေ့ကချုပ်ပေးနေပါမှ နောက်ကကောင်းတဲ့စိတ် quailfied ဖြစ်တဲ့စိတ်လေးတွေကပ်ပြီးတော့ပေါ်လာလိမ့်မယ်၊ အဲဒီခါ စာဖတ်သူဟာ သိပ်ပြီးချမ်းသာတဲ့စိတ်လေးတွေ လှပတဲ့ မေတ္တာပန်းလေးတွေ သင့်ဘဝပန်းခင်းထဲ့မှာဝေဝေဆာဆာ ပွင့်လန်းလာကြလိမ့်မယ်၊ ဒီလိုဖြစ်ဖို့အတွက် အကြောင်းတရားလေးတွေအမြဲဖန်တီးနေဖို့လိုပါတယ်၊ ဒါနပြုနေရမယ်၊သီလဆောက် တည်နေရမယ်၊ တရားစခန်းတွေ တရားပွဲတွေ သွားနေရမယ်၊ အများအကျိုးသယ်ပိုးနေရပါလိမ့်မယ်၊ ဒါမှအဲဒီကောင်းတဲ့စိတ် qualifedbဖြစ်တဲ့စိတ်တွေရှေ့က ချုပ်စေပြီး နောက်ကအရည်အသွေးကောင်း
တဲ့စိတ်တွေ ရရှိပိုင်ဆိုင်ကြမှာ ဖြစ်ပါတယ်။

အဲဒါကြောင့်မဟာဂန္ဓာရုံဆရာတော်ကြီးက သူ့ကျောင်းတိုက်မှာ စိတ်ထားကောင်းဖို့က ပထမ ကျန်တာအားလုံးနောက်မှထားပြီးဆုံးမသွားခဲ့ပါတယ်၊စိတ်ကောင်းဖြစ်ပေါ်လာရင် အပွင့်ဓါတ်၊အလင်းဓါတ်၊ ကံကောင်းတဲ့ဓါတ်တွေ အလိုအလျှောက်ြဖစ်ပေးလာနိုင်တယ်၊ ဒါကြောင့် ကံပွင့်။ လာဘ်ပွင့်၊ စန်းပွင့် ၊ဇာတာပွင့်ဖို့ ဆိုတာ စိတ်ကောင်းရှိတဲ့ အခါ အကုန်ပွင့်သွားပါတယ်၊ဥပမာလေးတစ်ခု စဉ်းစားကြပါစို့  ၊ဟို--တစ်ချိန်က တရုပ်ပြည်ကြီးကိုပိတ်ထားလိုက်တာ ဘယ်သူမှအလွယ်တကူသွားလို့မရခဲ့ပါဘူး၊ ရယ်စရာပါ တခါတည်းပြောလိုက်ပါရစေ-တရုပ်မတစ်ယောက်ဟာနိုင်ငံခြားသားတစ်ယောက်နဲ့တွဲသွားနေရင် ရဲက ရောက်လြာ့ပီး စာရွက်စာတမ်းတွေ အထောက်အထားတွေမေးပြီး ခွဲသင့်ရင်ခွဲပေးလိုက်တယ်၊ဒီလိုနဲ တရုပ်ပြည်ကြီးက ဆင်းရဲလွန်းလို့ များစွာသော တရုပ်တွေဟာ ရေကြည်ရာ မြက်နုရာ Flee လုပ်ကြ တော့တာပဲ၊၊ မကြာခင်ဆယ်စုနှစ်က တရုပ်တွေသဘောပေါက်ပြီး အပွင့်ဝါဒ၊ တံခါးဖွင့်ဝါဒတွေ ကျင့်သုံးလိုက်တဲ့အခါ တရုပ်ပြည်ရဲ့စီးပွားရေးဟာ ကမ္ဘာစီးပွားရေး၊ ကမ္ဘာ့စီးပွား ရေးဟာလည်း တရုပ်ပြည်စီးပွားရေး ဖြစ်လာခဲ့ရပြီး ၊အပွင်ဓါတ်တွေ ဝေဆာလာခဲ့ ရပါတယ်။ အပွင့်ဓာတ် အရေးပါပုံ ကိုပြောချင်တာသက်သက်ပါ။

ရှေ့ ကပွင့်လန်းတဲ့ စိတ်၊အကျိုးစီးပွားရေးကိုဆောင်တဲ့ စိတ်တွေ အဖြစ်များအောင် ကြိုးစားနေရင်း ၄င်းနဲ တူမျှတဲ့ စိတ်တွေ ဆက်တိုက်ဖြစ်ပေါ်နေပြီး ချမ်းသာတဲ့ ဘဝတွေမှာ ကျင်လည်ခွင့်ရပါလိမ့်မယ်၊ မိမိရင်ထဲ နှလုံးသားထဲမှာ ရှေ့ ကချုပ်ပျောက်နေကြတဲ့ လောဘစိတ်၊ဒေါသစိတ်နှင့်မောဟစိတ်များသည် နောက်မှာ ၄င်းစိတ်များကိုသာ ပြန်လည်မွေးဖွားစေမည်ဖြစ်တာမို့ ဆင်းရင်း ဒုက္ခဝေနေပေဦးမည်။

ဒါကြောင့်တရားဓမ္မတွေ လာယူကျင့်ကြံဖို့လည်း လိုအပ်ပါတယ်၊တရားထိုင်မယ်ဆိုရင် ပူပင် သောက တွေ၊ကြေကွဲဝမ်းနည်းမှုတွေနဲ့တရားမမှတ်သင့်ပါ၊ ဘုရားအာရုံ၊တရားအာရုံ၊သံဃာအာရုံ၊မိဘ၊ဆရာ သမား အာရုံ-တို့ ကိုစိတ်အစဉ်ဝယ် ထင်အောင်ယူပြီး နှာသီးဖျားမှာစိတ်ကို ကပ်ထားပါ၊

ပြင်မရှုန၊ဲ့လုပ်မရှုနဲ့၊ဝင်လေသည်တိုးပြီးဝင်လာလိမ့်မယ်၊အေးတဲ့သဘောရှိတဲ့ဝင်လေသည် တိုက်ပြီးဝင်သွား ပါလိမ့်မယ်၊၊မကြာခင်မှာနွေးတဲ့သဘောရှိတဲ့ထွက်လေသည် နှာသီးဖျားကိုတိုက်ပြီးထွက် သွားပါ လိမ့်မယ်၊ဒီလိုထင်ရှားတဲ့သဘောတရားတွေကို စူးစိုက်တဲ့သတိဖြင့်ဝိရီယစိုက်ကာ မလွတ်တန်းမှတ် နေရပါလိမ့်မယ်၊ အဲဒီအခါ ခန္ဓာကတရားတွေ အလိုအလျှောက် ပြလာပါလိမ့်မယ်၊ခန္ဓာနဲ့ဆက်စပ်သမျှ ပေါ်ရာထင်ရှားရာသဘောကို ရုပ်လို့ခေါ်ပါတယ်၊ စိတ်နဲ့ဆက်စပ်သမျှကို နာမ်လို့ခေါ်ပါတယ်၊ ရုပ်သည်အစိုးမရ အနတ္တ သဘော-နာမ်သည်လည်းအစိုးမရအနတ္တ သဘောဖြစ်ကြောင်း သဘောပေါက် သိလာပါလိမ့်မယ်၊။

ပထမပြောခဲ့သလို ရှေ့ကချုပ်သွားတဲ့ တူမျှတဲ့စိတ်တွေ နောက်ကကပ်ပြီးပေါ်တယ်၊လောဘနဲ့ချုပ် ရင်လောဘနဲ့ပေါ်မယ်၊ဒေါသနဲ့ချုပ်ရင်ဒေါသနဲ့ပေါ်မယ်၊မောဟနဲ့ချုပ်ရင်မောဟနဲ့ပေါ်မယ်ဆိုတာ လေးတွေ ကို သိမြင်လာတဲ့အခါမှာယောဂီတစ်ဦးအနေနဲ့ အမှန်တရားတွေမြင်လာပါလိမ့်မယ်။

ဒီဘဝနောက်ဆုံးချုပ်တဲ့စိတ်ဟာ လောဘနဲ့သာ အဆုံးသတ်ချုပ်သွားရင် ဘာဖြစ်သွားမလဲ၊? လောဘရဲ ပေးနိုင်တဲ့အကျိုးကပြိတ္တာဘဝရောက်သွားနိုင်ပါတယ်၊ဒီဘဝနောက်ဆုံးချုပ်တဲ့စိတ်ဟာဒေါသနဲ့အဆုံးသတ်ရင် အခြားမရှိသောဘဝမှာ ဒေါသအကျိုးပေးတဲ့ ဘဝက ငရဲပဲဖြစ်ပါ လိမ့်မယ်၊ ဒီဘဝနောက်ဆုံးချုပ်တဲ့ စိတ်က မောဟနဲ့  ချုပ်ရင် မောဟပဋိသန္ဓေဖြစ်တဲ့ တိရိစ္ဆာန်ဘဝကိုပဲ ရောက်ပါလိမ့်မယ်။။
အဲဒီတော့ ဒို့ ဆွေတော် မျိုးတော်အားလုံး Clementi ကျောင်းမှာ သစ္စာ လမ်းပြ ၀ိပဿနာ တရားတော်များကို ထိထိရောက်ရောက် သင်ကြားလျှက် ရှိပါတယ်။ မနက်ဖန် လာရောက် စမ်းကြည့်နိုင်ပါကြောင်း နိုးဆော်အပ်ပါသည်။

(ဆက်ရန်)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP