* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Monday, August 9, 2010

ဒေါသဖြေနည်း

သံသရာဆွေမျိုး

ထိုကဲ့သို့ ဘုရားလောင်းလျာ ကျင့်သုံးခဲ့သော ကျင့်စဉ်ဂုဏ်များကို နှလုံးသွင်း ဒေါသဖြေဖျောက်ရန် ကြိုးစားသော်လည်း ဒေါသမငြိမ်းအေးလျှင် အနမတဂိယ သုတ်တော်တို့ကို ဆင်ခြင်စဉ်းစား ဒေါသကိုဖြေဖျောက်ရပါမည်။

အနမတဂိယ သုတ်တော်ဟူသည် သံသရာဝယ်ကျင်လည်ရစဉ် အမေ မဖြစ်ဘူးသောသူ၊ အဖေ မဖြစ်ဘူးသောသူ၊ အစ်ကို မဖြစ်ဘူးသောသူ၊ ညီ မဖြစ်ဘူးသောသူ၊ အစ်မ မဖြစ်ဘူးသောသူ။ ညီမ မဖြစ်ဘူးသောသူ၊ သားမဖြစ်ဘူးသောသူ၊ သမီးမဖြစ်ဘူးသော သူဟူသည် မရှိပေ။ ဆွေမျိုး တော်စပ် ဘူးကြသည်သာ ဖြစ်သည်ဟု ဟောကြားသော သုတ်တော်တည်း။

ထို့ကြောင့် တစ်ဦးနှင့်တစ်ဦးတို့သည် ဆွေမျိုးတွေသာဖြစ်ကြသည်။ ဘ၀ ဆွေမျိုးမတော်စပ်ကြသော်လည်း သံသရာ ဆွေမျိုး များဖြစ်ခဲ့ကြသည်။ ထိုသို့ဆွေမျိုးများဖြစ်ခဲ့ကြစဉ် “ငါ့အကျိုးကို ပြုခဲ့ကြပေသည်။ ငါသည် ထိုပုဂိုလ် ပြစ်မှား ရန် အမျက်ထွက်ရန် မသင့်တော်ပေ”ဟု နှလုံးသွင်း ဒေါသကို ဖြေဖျောက်ရပါမည်။

မေတ္တာအကျိုး မဆုံးရှုံးစေရ
ထိုကဲ့သို့ ဆွေမျိုးစိတ်ထား ဒေါသကိုဖြေဖျောက်ရန်ကြိုးစားသော်လည်း ဒေါသမငြိမ်းအေးလျှင် မေတ္တာပွားများရခြင်း၏ အကျိုးအာနိသင်တို့ကို ဆင်ခြင်စဉ်းစားကာ ဒေါသကို ဖြေဖျောက်ရပါမည်။ ငါသည် ဒေါသကြီးနေလျှင် ဘုရားရှင်မိန့်တော်မူထား သည့် မေတ္တာအကျိုး(၁၁)မျိုးနှင့် အခြားအာနိသင်တို့ကို ရရှိနိုင်လိမ့်မည်မဟုတ်။ လက်လွတ်ဖြစ်ကာ ဆုံးရှုံးရပေလိမ့်မည်ဟု ဆင်ခြင်စဉ်းစားရပါမည်။ ဆင်ခြင်စဉ်းစား ဒေါသကို ဖြေဖျောက်ရပါမည်။

ဓာတ်သဘောကို ခွဲခြားစိတ်ဖြာ

ထိုကဲ့သို့ မေတ္တာအကျိုးအာနိသင်တို့ကို လက်လွတ် ဆုံးရှုံးသူမဖြစ်အောင် ဆင်ခြင်စဉ်းစား ဒေါသကို ဖြေဖျောက်ပါ သော်လည်း ဒေါသမငြိမ်း အေးသေးလျှင် ဓာတ်သဘောတို့ကို အသီးသီးခွဲခြားမှုပြုရပါမည်။ ခွဲခြားမှုပြု ဒေါသကို ဖြေဖျောက်ရပါ မည်။ လူ-- ၁။ ဆံပင်၊ ၂။ မွှေးညှင်း၊ ၃။ ခြေသည်းလက်သည်း၊ ၄။ သွား၊ ၅။ အရေထူ အရေပါး၊ ၆။ အသား၊ ၇။ အကြော၊ ၈။ အရိုး၊ ၉။ ရိုးတွင်းချဉ်ဆီ၊ ၁၀။ အညှို့၊ ၁၁။ နှလုံး၊ ၁၂။ အသည်း၊ ၁၃။ အမြှေး၊ ၁၄။ အဖျဉ်းသရက်ရွက်၊ ၁၅။ အဆုပ်၊ ၁၆။ အူမ၊ ၁၇။ အူသိမ်၊ ၁၈။ အစာသစ်၊ ၁၉။ အစာဟောင်း၊ ၂၀။ ဦးနှောက်၊ ၂၁။ သည်းခြေ၊ ၂၂။ သလိပ်၊ ၂၃။ ပြည်၊ ၂၄။ သွေး၊ ၂၅။ ချွေး၊ ၂၆။ အဆီခဲ၊ ၂၇။ မျက်ရည်၊ ၂၈။ ဆီကြည်၊ ၂၉။ တံတွေး၊ ၃၀။ နှပ်၊ ၃၁။ အစေး၊ ၃၂။ ကျင်ငယ်ဟု အစုအဝေး သုံးဆယ့်နှစ်မျိုး ရှိ ပါသည်။

အို…မောင်ဖြူ ထိုသူအား အမျက်ထွက်နေ စိတ်ဆိုးနေသည့် သင်ဟာ ဘာကိုစိတ်ဆိုးနေသနည်း။ ဆံပင်ကို စိတ်ဆိုးနေသလော။ သို့မဟုတ် အမွေးများကို စိတ်ဆိုးနေသလော။ သို့မဟုတ် သွားကို စိတ်ဆိုးနေသလော။ သို့မဟုတ် အရေထူ အရေပါးကို စိတ်ဆိုးနေသလား စသည်ဖြင့် အစဉ်အတိုင်းမှတ်ကာ ကျင်ငယ်ရည်ကို စိတ်ဆိုးနေသလော။ ကဲ့သို့ ဓာတ်တို့ကို အသီးသီးခွဲခြားရပါမည်။ တစ်နည်းအားဖြင့် ပထ၀ီ၊ အာပေါ၊ တေဇော၊ ၀ါယော၊ မြေ၊ ရေ၊ လေ၊ မီး ဓာတ်ကြီးလေးပါးတို့ အစုအဝေးများ ရှိနေကြရာ သင်သည် ဆံပင်ရှိသော မြေဓာတ်ကို စိတ်ဆိုးနေသလော၊ ရေဓာတ်ကို စိတ်ဆိုးနေသလော၊ အပူအအေးဓာတ်ကို စိတ်ဆိုးနေသလော၊ လေဓာတ်ကို စိတ်ဆိုးနေသလော ကဲ့သို့လည်း ဓာတ်တို့ကို အသီးသီးခွဲခြားရပါ မည်။

တစ်နည်းအားဖြင့် ခန္ဓာငါးပါး၊ အာယတန ၁၂-ပါး၊ ဓာတ် ၁၈-ပါးတို့ကို အစွဲပြု ရန်သူဖြစ်သူကို မည်သူမည်ဝါဟု ခေါ်ဆိုနေကြသည်။ သင်သည် ရူပခနာကို စိတ်ဆိုးနေသလော၊ ဝေဒနက္ခနာကို စိတ်ဆိုးနေသလော၊ သညာက္ခနာကို စိတ်ဆိုးနေသလော၊ သင်္ခါရက္ခနာကို စိတ်ဆိုးနေသလော၊ ၀ိညာဏက္ခနာကို စိတ်ဆိုးနေသလော၊ သို့မဟုတ် မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်၊ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့၊ ရုပ်နာမ် ဓမ္မ ၁၂-မျိုးသော အာယတနတို့တွင် မျက်စိအကြည်ဓာတ်ကို စိတ်ဆိုးနေသ လော စသည်ဖြင့် ဓာတ်တို့ကို အသီးသီးခွဲခြားရပါမည်။ သို့မဟုတ် မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်၊ အဆင်း၊ အသံ၊ အနံ့၊ အရ သာ၊ အတွေ့၊ မြင်သိစိတ်၊ ကြားသိစိတ်၊ နံသိစိတ်၊ စားသိစိတ်၊ ထိသိစိတ်၊ ဆင်ခြင်လက်ခံစိတ်၊ ကြွင်းကျန်သော သိစိတ်၊ ရုပ်နာမ် ဓမ္မ ၁၈-မျိုးသော ဓာတ်တို့တွင် မျက်စိအကြည်ဓာတ်ကို စိတ်ဆိုးနေသလော၊ စသည်ဖြင့် ဓာတ်တို့ကို အသီးသီးခွဲခြားရပါမည်။ ထိုသို့ခွဲခြားစိတ်ဖြာလိုက်လျှင် အပ်ဖျား မုံညင်းစေ့ မတည်နိုင်သလို ဒေါသအမျက်၏ တည်ရာဌာန မရှိနိုင်တော့ပါပေ။ ထိုကဲ့သို့ ဓာတ်သဘောတို့ကို အသီးသီးခွဲခြားမှုပြုလုပ်ကာ ဒေါသကို ဖြေဖျောက်ရပါမည်။

ရန်သူအား လှူဒါန်းပေးကမ်းခြင်း

ထိုကဲ့သို့ ဒေါသကို ဖြေဖျောက်ရန် ကြိုးစားသော်လည်း ဒေါသမငြိမ်းအေးသေးလျှင် ပစ္စည်းများကို ဝေဖန်ပေးကမ်းလှူဒါန်း မှုပြုရပါမည်။ ပစ္စည်း အပေးအယူပြုလုပ် ဒေါသကို ဖြေဖျောက်ရပါမည်။ မိမိပစ္စည်းကို ရန်သူအား ပေးရမည်။ ရန်သူ၏ ပစ္စည်းကို မိမိက လက်ခံရမည်။ ရန်သူက အကျင့်သိက္ခာပျက်ပြားနေ သူ့ပစ္စည်းကို မသုံးဆောင်ထိုက်လျှင် မသုံးဆောင်လိုလျှင် မိမိကသာ ရန်သူအား ပေးရမည်။ လှူရမည်။ ထိုကဲ့သို့ပြုလုပ် လျှင် ဘ၀အဆက်ဆက်က ပါလာသော ဒေါသရန်ငြိုးပင်ဖြစ်သော်လည်း တစ်ခ ဏအတွင်းမှာပင် ငြိမ်းအေးသွားနိုင်ပါသည်။

ဥပမာ---သီရိလင်္ကာနိုင်ငံ စိတ္တလတောင်ကျောင်းတိုက် မဟာထေရ်ကြီးတစ်ပါးက ပိဏ္ဍပါတ်ဓုတင်ဆောင် မထေရ်တစ် ပါးကို နေရာထပေးရန် ကျောင်းမှဖယ်ပေးရန် သုံးကြိမ်တိုင်တိုင် အနှောင့်အယှက်ပေးခဲ့လေသည်။ ပိဏ္ဍပါတ်ဓုတင်ဆောင် မထေရ်က မဟာထေရ်ကြီးထံ ချဉ်းကပ် “အရှင်ဘုရား…သပိတ်သည် ရှစ်အသပြာထိုက်တန်ပါသည်။ တပည့်တော်၏မယ် တော် ဥပါသိကာမကြီးက လှူဒါန်းထားသော တရားသဖြင့် ရရှိထားသည့် လာဘ်ပစ္စည်းဖြစ်ပါသည်။ တပည့်တော်၏ ဥပါသိကာမ ကြီးအား ချီးမြှောက်သောအားဖြင့် ကောင်းမှုရအောင် လက်ခံတော်မူပါဘုရား”ဟု လျှောက်ထားကာ သပိတ်ကို လှူဒါန်းခဲ့သည်။ နှောက်ယှက်သူ မဟာထေရ်ကြီးမှာ ပိဏ္ဍပါတ်ဓုတင်ဆောင်ရဟန်းအပေါ် အာဃာတဒေါသများ ငြိမ်းသွားခဲ့ပေသည်။

ပေးကမ်းလှူဒါန်းခြင်းမည်သည် အာနုဘော်စွမ်းအား ကြီးမားလှပါသည်။ ဗုဒဘုရားရှင်က ကဲ့သို့ မိန့်ကြားထားတော်မူ သည်။

အဒန္တ ဒမနံ ဒါနံ၊ ဒါနံ သဗတ္ထသာဓကံ။

ဒါနေန ပိယ၀ါစာယ၊ ဥန္နမန္တိ နမန္တိ စ။

ပေးကမ်းခြင်းသည် မယဉ်ကျေးသောသူကို ယဉ်ကျေးစေတတ်သည်။ ပေးကမ်းခြင်းသည် အကျိုးအားလုံးကို ပြီးစေတတ် သည်။ ပေးကမ်းခြင်းဖြင့်လည်းကောင်း၊ ချစ်ဖွယ်ပြောကြား စကားဖြင့်လည်းကောင်း၊ ပေးသူပြောသူတို့သည် ချစ်မြတ်နိုးခံရလျက် မြင့်တက်ကုန်သည်။ ခံယူသူ နားထောင်သူတို့သည် ပျော့ပျောင်းကြည်သာ ညွတ်ကိုင်းလာကုန်သည်။

ကျေးဇူးတော်ရှင် မင်းကွန်းတိပိဋကဓရဆရာတော်ကြီးသည် မိမိအား မလိုမုန်းထားဆန့်ကျင်ဘက်ပြောကြားနေသော မိမိ သီတင်းသုံးရာ ဓမ္မနာဒချောင်အနီးမှ ဆရာတော်ကြီးတစ်ပါးအား နောက်ဆုံးနည်းဖြစ်သော ပေးကမ်းလှူဒါန်းမှုနည်းဖြင့် နှစ်ဦးနှစ်ဝ ချစ်ခင်ကြည်ညိုမှုကို ရယူနိုင်ခဲ့ပါသည်။ မေတ္တာလမ်းခရီး လျှောက်လှမ်းနိုင်ခဲ့ပါသည်။

ဆိုခဲ့ပြီးသည့် နည်းလမ်း အသွယ်သွယ်တို့ဖြင့် ဒေါသငြိမ်းအေးအောင် ပြုလုပ်ရပါမည်။ အသင်စာရှုသူတို့လည်း ဒေါသအပူ ကင်းဝေး ငြိမ်းအေးနိုင်ကြပါစေ။

ရေစကြိုဆရာတော်

ဘဒ္ဒန္တ၀ါယမိန္ဒာဘိဝံသ

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP