* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Monday, July 5, 2010

စစ်ကိင်းတောင်ရိုး ဆွမ်းလောင်းအသင်းတစ်နှစ်ပြည့် အစီအစဉ်ဆွမ်းလောင်းပွဲ ကျင်းပမည်

နိုင်ငံတကာမှ စေတနာတဒ္ဒါတရားထက်သန်ကြတဲ့ အလှူရှင်များကြောင့် အခက်အခဲတွေကြားမှ စစ်ကိုင်းတောင်ရိုးဆွမ်းလောင်းအသင်းကြီးအတွက်လှူဒါန်းမှုတွေကို အောင်မြင်စွာနဲ့ ဆက်လက်လုပ်ဆောင်နိုင်ခြင်းဖြစ်ပါတယ်။
စေတနာသဒ္ဒါတရားထက်သန်စွာနဲ့ ပါဝင်လှူဒါန်းမှုပြုနေကြတဲ့ နိုင်ငံတကာမှ အလှူရှင်များ၊
စစ်ကိုင်းတောင်ရိုးဆွမ်းလောင်းအသင်းကြီးအတွက်အလှူရှင်များလှူဒါန်းမှုတွေပြုနိုင်အောင် ဦးစီးဆောင်ရွက်ပေးနေတဲ့
ဦးဇင်းဦးကောဝိဒ၊ စစ်ကိုင်းတောင်ရိုးဆွမ်းလောင်းအသင်းကြီးအတွက် မိမိတတ်နိုင်တဲ့ဘက်မှ ပါဝင်ကူညီဆောင်ရွက်ပေးနေကြတဲ့
အလှူငွေကောက်ခံပေးသူမောင်နှမများအားလုံး၊ဆွမ်းလောင်းအသင်းအပတ်စဉ်တနလာင်္နေ့တိုင်းအတွက် ဆွမ်းဆန်အလှူရှင်မန္တလေးမြို့၊ ရွှေအိမ်ဖြူ်တယ်လီဖုန်းရောင်းဝယ်ရေးမှ ကိုဖြိုး ၊ကိုထက်၊အပတ်စဉ်တနလာင်္နေ့တိုင်းအတွက် ဆီအလှူရှင် ရွှေဘိုမြို့မှ ဒေါ်ချို(ဒေါ်ချိုကုန်စုံဆိုင်)၊စစ်ကိုင်းတောင်ရိုးဆွမ်းလောင်းအသင်းရဲ့ပင်တိုင်အလှူရှင် နော်ဝေမှ စေတနာရှင် အလှူရှင်တစ်ဦး၊ဆွမ်းလောင်းအသင်းကြီး အဆင်ပြေအောင်အစစအရာရာစီစဉ်ဆောင်ရွက်ပေးနေသော၊ဝေယျာဝစ္ဆအလှူရှင်များကို
လစဉ်ထောက်ပံ့လှူဒါန်းမှုတွေပေးနေသောဒေါ်နန်းသန္တာအောင်၊စစ်ကိုင်းတောင်ရိုးဆွမ်းလောင်းအသင်းကြီးအတွက်စေတနာများစွာဖြင့်လုပ်အားအလှူပါဝင်နေကြပါသော သီလရှင်များ ၊ သံဃာတော်များ၊ဝေယျာဝစ္ဆအလှူရှင်များအားလုံးကိုအထူးပဲ ကျေးဇူးတင်ရှိပါတယ်။
ဘာလိုလိုနဲ့ လာမယ့် ဇူလိုင်လ ၉ ရက် (၉.၇.၂၀၁၀) နေ့ဆိုရင်ကျွန်မတို့ရဲ့ဆွမ်းလောင်းအသင်းကြီး အောင်မြင်စွာရပ်တည်လာနိုင်ခဲ့တာ
၁နှစ်တိတိပြည့်သွားခဲ့ပါပြီရှင်။အလှူရှင်များရဲ့စေတနာသဒ္ဒါတရားထက်သန်မှုကြောင့် ဆွမ်းလောင်းအသင်းဆွမ်းလောင်းလှူတဲ့နေ့ဖြစ်တဲ့ အပတ်စဉ်တနလာင်္နေ့တိုင်းသာမကပါပဲ မွေးနေ့အလှူရှင်၊ အမှတ်တရနေ့အလှူရှင်များပါထပ်တိုးပြီးလှူဒါန်းနိုင်ခဲ့ကြတဲ့အတွက် ယခုဆိုရင် တစ်လမှာ အလှူရက် ၁၀ ရက်ကျော်ခန့် လှူဒါန်းနေနိုင်ခဲ့ပါတယ်ရှင်။
စစ်ကိုင်းတောင်ရိုးဆွမ်းလောင်းအသင်းကြီးတစ်နှစ်ပြည့်အလှူအဖြစ်၉.၇.၂၀၁၀(သောကြာနေ့)မှာသံဃာများအားနတ်သုဒ္ဓါဒံပေါက်ဆွမ်းဆက်ကပ်လှူဒါန်းဖို့စီစဉ်ထားပါတယ်။ နတ်သုဒ္ဓါဒံပေါက်မှာ သံဃာတစ်ပါးလျှင်၂၁၀၀ ကျပ်နှုန်း နဲ့သံဃာအပါး ၁၀၀ အတွက် လှူဒါန်းမှုပြုပါကအလှူငွေ (၂၁၀၀၀၀ကျပ်) ကုန်ကျမှာဖြစ်ပါတယ်။ယခု သံဃာတော်အပါး ၃၁၈ ပါးအတွက်နတ်သုဒ္ဓါဒံပေါက်ဆွမ်း ကပ်လှူဘို့ အောက်ပါအလှူရှင်များမှ လှူဒါန်းထားကြပြီးဖြစ်ပါတယ်။အလှူရှင်များအနေဖြင့် မိမိတို့စိတ်တိုင်းကျ အလှူငွေများပါဝင်လှူဒါန်းနိုင်ကြပါကြောင်းနဲ့ အခြားလှူဘွယ်ပစ္စည်း အစုစုကို
လှူဒါန်းလိုသူ အလှူရှင်များရှိပါကလည်း စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။
အဆိုပါနေ့တွင်သံဃာတော်များအတွက်ဗလာစာအုပ် နှင့် ဘောပင်များ လှူဒါန်းဖို့နော်ဝေနိုင်ငံမှ အလှူ
ရှင်တစ်ဦးမှ စာရင်းပေးထားပြီးဖြစ်ကြောင်း
မန္တလေးမြို့ MAM Computer Center မှ ၃၀၀၀၀ (သုံးသောင်းကျပ်)လှူဒါန်းထားပါသည်။
ကိုဖြိုး၊ကိုထက် ရေအိမ်ဖြူတယ်လီဖုန်းရောင်းဝယ်ရေးမှ ၉.၇.၂၀၁၀ ရက်နေ့ ညတရားပွဲ တရားပွဲအတွက်
ကုသိုလ်ပြုကြပါမည်။
၁. မခင်ငြိမ်းချမ်းဦး(မလေးရှား)မှ သံဃာတော် ( ၄၇ ပါး) အတွက် အလှူငွေ ( ၉၉၀၀၀ ကျပ်)
၂.မသန္တာဝင်း ( စင်္ကာပူ)မှ သံဃာတော် ( ၁၀ ပါး ) အတွက် ( ၂၁၀၀၀ ကျပ် )
၃.မမေမြတ်နိုးခိုင် (မြန်မာပြည်) သံဃာတော် ( ၉ ပါး ) အတွက် အလှူငွေ (၁၈၉၀၀ ကျပ်)
၎.ကိုဟန်လင်းအောင်+မကြည်စင်သန့် (စင်ကာပူ)မှ သံဃာတော် (၅၀)အတွက် (s$150)
၆.ကိုကြီး {ကိုရီး} မှ သံဃာ အပါး၁၀၀ အတွက် ၂၁၀၀၀၀ နှစ်သိန်းတစ်သောင်းကျပ်
၇.ကိုဟန်လင်းအောင်+မကြည်စင်သန့် (စင်္ကာပူ)မှ သံဃာတော် ( ၅၀ ပါး) အတွက်
အလှူငွေ ၁၅၀၀၀၀ ကျပ် (စင်္ကာပူဒေါ်လာ ၁၅၀)
၈.ကိုမင်းကျော်သူ+မစုစုလှိုင်မြင့် ၊သမီးမြတ်သဒ္ဓါသူ မိသားစု (စင်္ကာပူ)မှ
သံဃာတော် ( ၁၀ ပါး) အတွက် အလှူငွေ ၂၁၀၀၀ ကျပ်(စင်္ကာပူဒေါ်လာ ၃၀)
၉.ဦးမောင်အေး +ဒေါ်သန်းသန်းဝင်း ၊သားစစ်မင်းဦး မိသားစု (စင်္ကာပူ)မှ
သံဃာတော် ( ၁၀ ပါး) အတွက် အလှူငွေ ၂၁၀၀၀ ကျပ် (စင်္ကာပူဒေါ်လာ ၃၀)
၁၀.မငုဇာခိုင်(စင်္ကာပူ)မှ သံဃာတော် ( ၃၀ ပါး) အတွက် အလှူငွေ ၆၃၀၀၀ ကျပ်
(စင်္ကာပူဒေါ်လာ ၉၀)
၁၁.ကိုအောင်ဝင်းထွဋ် (စင်္ကာပူ)မှ သံဃာတော် ( ၁၀ ပါး) အတွက် အလှူငွေ ၂၁၀၀၀
ကျပ် (စင်္ကာပူဒေါ်လာ ၃၀)
၁၂.မသီတာဇော်မင်း (ဂျပန်)မှ သံဃာတော် ( ၂၀ ပါး) အတွက် အလှူငွေ ၄၂၀၀၀ ကျပ်
၁၃.မဘုတ်ဆုံ(စင်္ကာပူ)မှ သံဃာတော် (၁၀)ပါးအတွက် အလှူငွေ ၂၁၀၀၀ ကျပ်
၁၄.ကိုဇော်လင်းနိုင်+မဥမ္မာသန့် (စင်ကာပူ) သံဃာတော် (၁၀)ပါးအတွက် ၂၁၀၀၀ကျပ်

ဆက်လက် ၍ အလှူ၇ှင်များစာရင်းအား update ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP