* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, March 8, 2010

ရှင်သန်ခွင့် ။



ငါ ရောက်လာတာ ငိုဖို့မဟုတ်ဘူး…၊
အရိပ်ရမှ သိပ်လှတယ်ထင်ရင်
လည်ကိုသာ လှီးကြတော့
ငါ့သွေးက ရွှေမဖြစ်တောင်
ရေထက်တော့သာတယ်….။
တစ်ကိုယ်လုံး ခုတ်လှီး,
သွေးချောင်းစီးလည်း ကျေနပ်တယ်…။

အလို…..
သူတို့တစ်တွေ
ကြော့ရှင်းလို့ပါလား...?
ငါ့မှာတော့...
မှန်မကြည့်ရဲတာ ကြာလှပေါ့….။

သွေးတွေလည်း ပေးရဲတယ်...၊
ခန္ဓာနဲ့လည်း ရင်းရဲတယ်.....၊
ကမ္ဘာမြေနဲ့ မိတ်ဆွေဖြစ်ခဲ့ပြီးတာတောင်မှ
ရှင်သန်ခွင့်ထက်
ပို မမျှော်ဘူး….။

မှတ်ချက်။ ။ ပုံပါအပင်သည် စွန်ပလွံပင်ဖြစ်သည်။ ကိုနောတို့ ကျင်လည်ရာ ဗီဟာ(ရ်)နှင့်ယူပီပြည်နယ် များတွင် ထန်းပင်ကဲ့သို့ အရည်ထုတ်ယူသောက်သုံးကြသည်။ သို့သော် စွန်ပလွံကား ပင်စည်ကို အလှီးခံရ သည်။ (ကျွတ် ကျွတ်....ကျွတ်...အဟွတ်)

ကိုနော
၈.၃.၂၀၁၀

0 comments:

ဓမ္မ Live!

(http://live.dhammathukha.com မှ စီစဉ်တင်ဆက်ပါသည်။)

ညစဉ် စင်္ကာပူစံတော်ချိန် ည ၈နာရီ ၁၅ မိနစ်တွင် တရားတော်များကို ပုံမှန်ထုတ်လွှင့်ပေးသွားပါမည်။

Streaming Video by Ustream.TV

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

ဓမ္မဒါန တရားအလှူတော်

ဓမ္မ မိတ်ဆွေများ ဆီမှ လက်ဆောင်ရရှိသော တရားတော်များကို ထပ်ဆင့်ဝေမျှ ဓမ္မဒါန ပြုပါသည် ခင်ဗျား။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP