* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Friday, February 12, 2010

အလှပြင်ဆိုင်တရားတော် by ညိုလေး (ပေါင်းတည်)

တရားစခန်း(၁၀)ရက်ပြည့်လျှင် ကိုယ့်အိမ်ကိုယ့်ယာပြန်ရမှာဖြစ်ပါတယ်။ ကိုယ်သင်ကြားတတ် မြောက်သွားတဲ့ ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းကို မလည်အောင်ဖြတ်တတ်ရမယ်။ တရားစခန်းဝင်တယ်ဆိုတာ  ကိလေသာတွေကို သတ်နေတာ။  ခန္ဓာကိုယ်ကြည့်ကောင်းအောင်  နည်းအမျိုးမျိုးနဲ့အလှဆင်နေကြ တယ်။  အဝတ်အစားတွေကို ကျပ်တာရှောင်တာ ရွေးရတယ်။အရောင်အမျိုးမျိုး အဆင်းအမျိုး
မျိုးနဲ့အလှဆင်ကြရတယ်။အချိုးမကျရင်ဘယ်လောက်ပြင်ပြင်အဆင်မပြေပါ။အလှပြင်ဆိုင်သွားပြီးမွမ်းမံပြင် ဆင်တဲ့အခါ နည်းမျိုးစုံနဲ့ ပြုပြင်ပေးလို့ ကြည့်ကောင်းသွားတယ်။ အလှပြင်ဆိုင်မသွားခင်မျက်နှာပေါ်က အဖု၊အပိန့်၊မှည့်ခြောက်၊တင်းတိပ်တွေဟာလောဘ၊ဒေါသ၊မောဟဆိုတဲ့ကိလေသာအမှိုက်တွေနဲ့တူပါတယ်။ ထုနဲ့ထည်နဲ့ရှိနေတဲ့ကိလေသာအမှိုက်တွေကိုပါးသွားအောင်“တရားရိပ်သာ”ဆိုတဲ့စိတ်အလှပြင်ဆိုင်မှာလာပြီးအလှပြင်နေကြတာပါ။အလှပြင်ဆိုင်က ထွက်မလာခင်အချိန်ကိုကြည့်ကြရအောင်။အလှပြင်ပြင်ပြီးလို့ဆံပင်ကိုလည်းသေသေသပ်သပ်ဖြစ်သွားတော့၊မှန်ထဲမှာကြည့်လို့မဝအောင်ဖြစ်လာမယ်။  ပြင်ဆင်တဲ့အပေါ် ချောလို့သဘောကြတာက “လောဘ” စိတ်ဖြစ်နေပြီ ။ ကိုယ့်ဆံပင်ကို အလှမပျက်အောင် အထိန်းအကွပ်ပဲ့မခံရအောင် ဂရုတစ်စိုက်နဲ့နေရပြီး အလှပျက်မှာစိုးလို့ ကြောင့်ကြပူပန်ရတာက “သောက” ပဲ။ ကိုယ့်အပေါ်က အလှကို တိုက်ခိုက်မိရင် မကျေနပ်တဲ့ “ဒေါသ” စိတ်က ပေါ်လာပြန်တယ်။ အိမ်ရောက်သည့်တိုင်အောင် အလှမပျက်အောင်နေ နေရတဲ့ စိုးရိမ်စိတ်က မိမိစိတ်ကို ညစ်နွမ်းစေတယ်။
        ဘုရားက ကိလေသာတွေကိုပါယ်ခိုင်းတယ်။ ခန္ဓာကိုယ်ကြီးအကြောင်းပြုပြီး ကိလေသာတွေ ထူခဲ့ တယ်။ ကိုယ့်စိတ်ကိုပြန်သုံးသပ်ကြည့်ရင်ငါ့မျက်နှာလေးဆိုတော့ဒိဋ္ဌိဖြစ်သွားပြီ။ငါ၊သူတစ်ပါး၊ယောင်္ကျား မိန့််းမမဟုတ်။ နာမ်နဲ့ရုပ်နဲ့ပဲရှိတယ်။ ဖြစ်လာတဲ့ စိတ်တွေက လောဘ၊ဒေါသ၊မောဟ ဆိုတဲ့ ကိလေသာတွေကမ္မပစ္စယာဇာတိ၊ဇာတိရရင်ဇရာမရဏပရိဒေဝ--စသည်ဖြင့်ပဋိစ္စသမုပ္ပါဒ် လည်တော့မယ်။ သာသနာနဲ့ဆုံတုံးကြုံတုံးအကျိုးရှိအောင်ခန္ဓာကိုယ်ကိုအရင်းတည်ပြီး တရားရှာကြပါ။
“ရိပ်သာ”တည်းဟူသောစိတ်အလှပြင်ဆိုင်ကစိတ်ကိုပြုပြင်ပေးပါမယ်။ရိပ်သာအားလုံးစိတ်အလှပြင်ဆိုင်ဖွင့်ပေးနေတာပါ။တစ်နေ့တစ်နေ့စိတ်ကလေးကိုစောင့်ရှောက်တဲ့အလုပ်
ကိုလုပ်ကြပါ။ ခန္ဓာကိုယ်ကြီးဟာမတင့်တယ်တဲ့အသုဘခန္ဓာကြီးပါ။စိတ်အလှပြင်တာကိလေသာခွာတာပါ။  ယောဂီတို့ကိုအပါယ်လေးပါးကလွတ်အောင်စိတ်ကိုအလှပြင်ပေးနေတာပါ။ ရုပ်နာမ်ဓမ္မသင်္ခါရတွေပေါ်မှာ အသိကပ်ပေးပါ။စောင့်ကြည့်ပါ၊ရှုပါ။တစ်ချက်ရှုရင်တစ်ချက်ဒေါသကင်းပါတယ်။အဲဒီပုဂ္ဂိုလ်တကယ့်အလှပိုင်ရှင်လို့ခေါ်ပါတယ်။တစ်ရက်မှာကိလေသာနည်းနည်းပါးရင်(၁၀)ရက်
မှာနည်းနည်းများမယ်။ရိပ်သာမှာစိတ်အလှပြင်ပြီးရင်အလှပြင်ဆိုင်မှာအလှပြင်လာသလိုအိမ်ရောက်သည့်တိုင်အလှမ
ပျက်အောင်နေသလိုနေပါ။ မိမိအိမ်ရောက်လျှင်ကိလေသာလောဘ၊ဒေါသ၊မောဟ၊အမှိုက်တွေမရှိအောင် ဆက်လက်ထိန်းသိမ်း နေထိုင်ပါ။ စိတ်ကိုအလှပြင်ခြင်းသည် ကျက်သရေအရှိဆုံးပါ။  မြတ်စွာဘုရားက အလှဆင်လိုလျှင်အနှစ်ထုတ်ကြလို့ ဟောကြားခဲ့ပါတယ်။ ဝိပဿနာ အလုပ်ဆိုတာ အကာထဲက အနှစ်ထုတ်တဲ့အလုပ်ဖြစ်ပါတယ်။ ဝိပဿနာ အလုပ်သည် အကောင်းဆုံးအလုပ်ဖြစ်ပါတယ်။ အနှစ်တရားတွေနဲ့ စိတ်အလှတွေပြင်နိုင်အောင်ကြိုးစားကြပါဟု ဟောကြားတော်မူခဲ့ပါသည်။

(၂၀၀၉ ခုနှစ်၊အောက်တိုဘာလအတွင်း၊အိန္ဒိယနိုင်ငံ ပတ္တနားမြို့တွင် ဘဝနတ်ထဲပျံလွန်တော်မူသွားခဲ့သော ဆရာတော် အရှင်ပုညာနန္ဒဟောကြားတော်မူခဲ့သော အလှပြင်ဆိုင်တရားတော်ကိုပြန်လည်မျှဝေလိုက်ပါသည် ။
ဆရာတော်သည်ရန်ကုန်တိုင်းသာကေတမြို့နယ်(၉)ရပ်ကွက်၊နဝရတ်လမ်းရှိပုညာရာမမိုးကုတ်ဝိပဿနာကျောင်း တိုက်ကြီး၏ပဓာနနာယကဆရာတော်တစ်ပါးဖြစ်ပါသည်။အရှင်သူမြတ်သည်သာသနာတော်အတွက်ရပ်ကွက်သံ
ဃာ့နာယကအကျိုးတော်ဆောင်ရပ်ကွက်လုံးဆိုင်ရာဓမ္မာရုံကြီး
၏သြဝါဒစရိယဆရာတော်ဖြစ်ပါသည်။ပုညာရာမမိုးကုတ်ဝိပဿနာကျောင်းတိုက်အတွင်းလစဉ်(၁၀)ရက်တရား
စခန်းဝါတွင်းရက်ရှည်ကျေးရွာအသီးသီးသို့လှည့်လည်၍နိဗ္ဗာန်ရောက်ကြောင်းတရားတော်များကိုဟောကြားပြ
သတော်မူခဲ့ပါသည် ။အရှင်ပုညာနန္ဒသည် မြန်မာနိုင်ငံတွင်သာမကပြည်ပနိုင်ငံများသိုပါကြွရောက်ပြီးတရားစခန်းများဖွင့်လှစ်ကာ ဝိပဿနာအလုပ်ပေးတရားတော်များကိုဟောကြားလျက် သာသနာပြုနေဆဲတွင် ပျံလွန်တော်မူခြင်းဖြစ်၍ ပြည်တွင်းပြည်ပမှ တပည့်ဒါယကာ ဒါယိကာမအပေါင်းတို့မှ နှမျောတသ ယူကြူံးမရဖြစ်ခဲ့ကြပါတသည် ။ ဆရာတော်ဘုရားဟေားကြားတော်မူခဲ့သည့် တရားတော်အနက် အလှပြင်ဆိုင် တရားးတော်မှ တရားတော်အချို့ကို မျှဝေရမည်ဆိုလျှင်(ဆရာတော်၏ ဂုဏရသမြောက်သောအသံတော်အတိုင်းရေးသားဖေါ်ပြပါမည် ။)
  

                   ဗုဒ္ဓဘာသာဝင် သူတော်စင်များ စိတ် အလှပြင်နိုင်ကြပါစေ
                                                                   ညိုလေး (ပေါင်းတည်)
  



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP