* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Tuesday, January 5, 2010

တွေးမိသမျှလေးတွေပါ

အတွေးတောကိုဆက်လက်တွေးမိပြန်လေသည် စိတ်မာန်မချဆိုသောစာသားလေးကို
မိမိစွမ်းအားရှိသလောက်အဓိပ္ပါယ်ပြန်မိလေသည် စိတ်ဆိုသောအရာသည်အင်မတန်ဆန်း
ကျယ်လေသည် ထိုအခြင်းအရာကို လူတော်တော်များများသိကြပါသည်၊စိတ်ကြောင့်ပင်
ဘ၀ကိုမြင့်မားစေနိုင်သလို စိတ်ကြောင့်ပင် ဘ၀များလည်း နိမ့်ကျရလေသည်ဆိုသော
အရာကိုလည်း အားလုံးအသိပင်ဖြစ်ပေသည်။

စိတ်သည်အကျဉ်းအားဖြင့်၈၉ ပါးရှိလေသည်၊ ထိုစိတ်တို့ကြောင့်ပင် စိတ်၏စေခိုင်းရာ
ကိုလွင့်မျှောနေကြရလေသည်။ ထို၈၉ပါးသောစိတ်တို့တွင်ပါဝင်သောအကုသိုလ်စိတ်တို့
ကြောင့်ပင်မိမိတို့မသွားချင်သော မရောက်ချင်သောအရာဌာနသို့ရောက်ကြလေသည်မှာ
အမှန်ပင်ဖြစ်ပါသည်။ ထို့ကြောင့်မြတ်စွာဘုရားသခင်သည် စိတ္တံ ဒန္တံ သုခါ ၀ဟံ =စိတ်ကို
ကောင်းမွန်စွာထိန်းသိမ်းနိုင်လျှင် ချမ်းသာသုခကိုအမှန်မလွဲရရှိနိုင်သည်ဟု ဟောကြားတော်
မူခဲ့လေသောကြောင့် စိတ်တစ်ခုကိုထိန်းသိမ်းနိုင်ဘို့အမှန်ပင်အရေးကြီးကြောင်းထင်ရှား
ပါသည်၊စိတ်ထားကောင်းခြင်း မကောင်းခြင်း၊စိတ်ထားဖြူခြင်း မဖြူခြင်းတို့သည်လည်း
မိမိစိတ်ကိုထိန်းသိမ်းနိုင်သောအမှုနှင့်ပတ်သက်လေသည်မှာအမှန်ဖြစ်လေ၏။

လောကလူများပြောကြသော ထိုလူသည် စိတ်ထားကောင်းလေသည်၊ ထိုလူသည်
စိတ်ထားညံ့လေသည်ဆိုသော စကားသည် မိမိကို မျက်နှာလိုမျက်နှာရစသော ဖားတတ်
သောအကြောင်းအရာများကြောင့်သူတစ်ပါးတို့ကပြောသော်လည်း ထိုသူကောင်းသည် မကောင်းသည်ကို ထိုသူသာလျှင်သိပါသည် မိမိတို့အားလုံးအကုန်စင်မသိနိုင်ပေ။

ထိုမကောင်းသောစိတ်သည် လောဘ ဒေါသ မောဟ တို့ပင်ဖြစ်ပါသည်၊
မှန်ပါသည် ထိုစိတ်သုံးပါကြောင့်ပင် စိတ်တို့သည် မသန့်မရှင်း ပူပင်သောကဖြစ်ကြရပါသည်
ထိုစိတ်ကြောင့်ပင် ရန်သူများ မုန်းသူများစသော အရာများကိုမိမိတို့အားလုံးရင်ဆိုင်နေကြရ
သည်မှာအမှန်ပင်ဖြစ်လေသည်၊သည့်အတွက်ကြောင့်မြတ်ဗုဒ္ဓသည် အန္တရာမလသုတ်တော်ကိုဟောကြားတော်မူခဲ့ပါသည်။

ရဟန်းတို့ လောဘသည် ...
စိတ်၏ အညစ်အကြေး၊ စိတ်၏ မိတ်ဆွေပျက်၊ စိတ်၏ ရန်သူ၊ စိတ်၏ သူသတ် သမား၊ စိတ်၏ ဆန့်ကျင်ဘက်သား ဖြစ်၏၊

ရဟန်းတို့ ဒေါသသည် ...
စိတ်၏ အညစ်အကြေး၊ စိတ်၏ မိတ်ဆွေပျက်၊ စိတ်၏ ရန်သူ၊ စိတ်၏ သူသတ် သမား၊ စိတ်၏ ဆန့်ကျင်ဘက်သား ဖြစ်၏၊

ရဟန်းတို့ မောဟသည် ...
စိတ်၏ အညစ်အကြေး၊ စိတ်၏ မိတ်ဆွေပျက်၊ စိတ်၏ ရန်သူ၊ စိတ်၏ သူသတ် သမား၊ စိတ်၏ ဆန့်ကျင်ဘက်သား ဖြစ်၏၊

ရဟန်းတို့ ဤသုံးပါးတို့သည် စိတ်၏ အညစ်အကြေး စိတ်၏ မိတ်ဆွေပျက် စိတ်၏
ရန်သူ စိတ်၏ သူသတ်သမား စိတ်၏ ဆန့်ကျင်ဘက်သား ဖြစ်၏၊ ဤအနက် သဘောကို မြတ်စွာဘုရား ဟောတော်မူ၏၊

ထိုသုတ် ၌ ဤအနက်သဘောကို -

လောဘသည် ...
အကျိုးမဲ့ကိုဖြစ်စေတတ်၏၊ လောဘသည် စိတ်ကိုချောက်ချားစေတတ်၏၊ အတွင်း စိတ်၌ ဖြစ်သော ထိုလောဘဟူသော ဘေးကို လူအပေါင်းသည် မသိနိုင်။ တပ် မက်သောသူသည် အကျိုးကိုမသိ၊ တပ်မက်သောသူသည် တရားကိုမမြင်၊ အကြင် အခါ၌ လောဘသည် လူကို လွှမ်းမိုးဖိစီး၏၊ ထိုအခါ၌ အမိုက်တိုက်သဖွယ် ဖြစ်၏။

အကြင်သူသည် လောဘကို ပယ်နိုင်သောကြောင့် တပ်မက်ဖွယ် ရူပါရုံစသည်၌ မတပ်မက်၊ ရေပေါက်သည် ကြာရွက်မှ လျှောကျဘိ သကဲ့သို့ ထိုသူ၏ လောဘ သည် ထိုတပ်မက်ဖွယ် အာရုံမှ ကင်းပျောက်၏။

ဒေါသသည် ...
အကျိုးမဲ့ကို ဖြစ်စေတတ်၏၊ ဒေါသသည် စိတ်ကို ချောက်ချားစေတတ်၏၊ အတွင်း စိတ်၌ ဖြစ်သော ထိုဒေါသဟူသော ဘေးကို လူအပေါင်းသည် မသိနိုင်။ အမျက် ထွက်သောသူသည် အကျိုးကို မသိ၊ အမျက်ထွက်သော သူသည် တရားကို မမြင်၊ အကြင်အခါ၌ ဒေါသသည် လူကို လွှမ်းမိုးဖိစီး၏၊ ထိုအခါ၌ အမိုက်တိုက်သဖွယ် ဖြစ်၏။

အကြင်သူသည် ဒေါသကို ပယ်သောကြောင့် အမျက်ထွက်ဖွယ် ရူပါရုံစသည်၌ အမျက်မထွက်၊ ထန်းသီးမှည့်သည် အညှာမှ ကြွေကျရ သကဲ့သို့ ထိုသူ၏ ဒေါသ သည် ထိုအမျက်ထွက်ဖွယ် အာရုံမှ ကင်းပျောက်၏။

မောဟသည် ...
အကျိုးမဲ့ကို ဖြစ်စေတတ်၏၊ မောဟသည် စိတ်ကို ချောက်ချားစေတတ်၏၊ အတွင်း စိတ်၌ ဖြစ်သော မောဟဟူသော ဘေးကို လူအပေါင်းသည် မသိနိုင်။ တွေဝေသူ သည် အကျိုးကိုမသိ၊ တွေဝေသူသည် တရားကိုမမြင်၊ အကြင်အခါ၌ မောဟသည် လူကို လွှမ်းမိုးဖိစီး၏၊ ထိုအခါ၌ အမိုက်တိုက်သဖွယ် ဖြစ်၏။

အကြင်သူသည် မောဟကို ပယ်သောကြောင့် တွေဝေဖွယ် ရူပါရုံစသည်၌ မတွေ ဝေ၊ ထွက်ပေါ်လာသော နေမင်းသည် အမိုက်တိုက်ကို ပယ်ဖျောက် သကဲ့သို့ ထို သူသည် အလုံးစုံသော မောဟကို အကြွင်းမဲ့ ပယ်ဖျောက်နိုင်၏'' ဟု အန္တရာမလသုတ်မှာအတိ
အလင်းဟောကြားတော်မူခဲ့ပါသည်။
မိမိသည်စိတ်၏သဘောကို အနည်းအငယ်တွေးမိသော်လည်း ဆရာတော်ဘုရားကြီး၏
စိတ်မာန်မချဆိုသောအရာကို ဆက်တွေလိုက်သောအခါ သာသနာတော်အတွက် စိတ်ဓာတ်
အင်းအားပြင်းထန်ဘို့လိုအပ်သောအရာကိုထောက်ပြလေသည်ဟုပင်ထင်မိပါသည်၊

စိတ်မာန်ဟုဆိုသော်လည်း မာန်မာနကိုဆိုလိုချင်မဟုတ်ပေ လောကဓံတရားတွေနဲ့
တွေ့ကြုံလာတဲ့အခါစိတ်ဓာတ်တို့တည်တံ့နိုင်အောင်အားတင်စေချင်သောအရာပင်
ဖြစ်သည်မှာအမှန်ပင်ထင်မိပါသည်။ ရှင်ကိုဖျက်တာ ဓဇဂ် ၊ လူကိုဖျက်တာ အရက်၊
ရဟန်းသတ်တာ လာဘ် ဟုပင်ရှေးရှေးသော ပညာရှင်တို့ပြောခဲ့သောအရာသည်
အတော်ပင်လေးနက်ပါသည်၊ မိမိတို့ရဟန်းတော်တို့သည် လာဘ်ကိုအကြောင်းပြုပြီး
နိဗ္ဗာန်နှင့်ဝေးသောအရာကိုလုပ်နေသည်မှာလဲ လောဘတည်းဟူသောမကောင်းသော
စိတ်၏အညစ်အကြေးကြောင့်ပင်၊ ထိုပြင် ထိုလောဘကိုမသတ်နိုင်သော စိတ်
မာန်အားထန်ခြင်းမပြုသောကြောင့်ပင်ဖြစ်သည်။

ထိုလောဘစသောမကောင်းသောစိတ်ကြောင့်ပင် မိမိတို့၏ဖြူစင်သော စိတ်ဓာတ်ကလေးကို အရောင်ဆိုးခဲ့တာလည်း များနေပါပြီ၊မိမိတို့ရဲ့အားထားရာ
သာသနာကိုလည်း စော်ကားနေခဲ့တာလည်းမနည်းတော့ပါဘူး၊အတ္တတို့ရဲ့စေခိုင်းရာ
မိမိပါသွားခဲ့တာမို့ အမှားမကင်းသောသတ္တ၀ါတွေထဲမှာမိမိအပါဝင် အရိယာတို့မှ လွဲပြီး
နောက်ထပ်မမှားကြဘို့ သာသနာတော်အတွက် တတ်နိုင်သည့်စွမ်းအား ထမ်းနိုင်သည့်ဝန်
လုပ်နိုင်သည့်ဆောင်ရွက်ချက်တွေနဲ့ စိတ်ဓာတ်ခွန်းအားတွေကိုပေးဆပ်ကြလျှက်၊ကောင်းမွန်
သောစိတ်ဓာတ်တို့ဖြင့်အဓိပတိလေးပါး မောင်းနှင်အားတွေနဲ့သာသနာအတွက်ပေးဆပ်ကြပါစို့။
ွ(ဆက်ရေးပါမည်ဘုရား)

| |

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP