* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။
* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။
နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။
ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။
ကရုဏာလက်များ ကမ်းလင့်ပေးပါ...
ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။
ပညာရေးအလှူတော် နှိုးဆော်ချက်
ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။
သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။
ဝိမုတ္တိရသ အဖွဲ့သားများ
------------------------
နောက်ဆက်တွဲသတင်း.....
ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်
ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။
ပြုလုပ်မည့်အစီအစဉ်
ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။
လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ
(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။
(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။
(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။
(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။
အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)
ဆက်သွယ်ရန်လိပ်စာ
ကိုထွန်းထွန်းလှိုင်
ဖုန်း ၀၉-၇၃၀၆၂၈၁၁
htunhtunhlaing82@gmail.com
winthu.tbyo@gmail.com
thantzin83@gmail.com
Sunday, January 31, 2010
သိဖိုလိုသလို လိုက်နာဖို့ ဆောင်ဖို့လဲလိုပါသေးတယ်။ (by Su Su)
ဘယ်တော့မှ ပြန်မရနိုင်သော အရာ(၃)မျိုး
(၁) ကုန်ဆုံးသွားသော အချိန်
(၂) ပြောပြီးသောစကား
(၃) အခွင့်အရေးကောင်းများ
တန်ဖိုးအကြီးဆုံးအရာ(၃)ခု
(၁) အချစ်
(၂) မိမိကိုယ့် မိမိယုံကြည်မူ
(၃) အခွင့်အရေးကောင်းများ
ဘယ်တော့မှ မသေချာသောအရာ(၃)မျိုး
(၁) အိပ်မက်
(၂) စိတ်ကူးရည်ရွယ်ချက်
(၃) ကံကြမ္မာ
အကောင်းဆုံးဖန်တီးနိုင်သောအရာ(၃)မျိုး
(၁) အလုပ် ကြိုးစားခြင်း
(၂) စိတ်ရင်းအမှန်ဖြင့် ကြိုးစားခြင်း ၊ ရိုးသားခြင်း
(၃) စိတ်ရောကိုယ်ပါ နှစ်မြုတ်ထားခြင်း
ပျက်စီးစေသောအရာ(၃)မျိုး
(၁) အရက်သေစာ
(၂) မာနကြီးခြင်း ၊ မိမိကိုယ် မိမိ အထင်ကြီးခြင်းနှင့် ၀င့်ကြွားခြင်း
(၃) ဒေါသကြီးခြင်း
တစ်ကြိမ်ဆုံးရူံးပြီးနောက် ပြန်လည်တည်ဆောက်ရန် ခက်ခဲသောအရာ(၃)မျိုး
(၁) ရိုသေလေးစားခြင်း
(၂) ယုံကြည်စိတ်ချမူ
(၃) ခင်မင်ရင်းနှီးမူ
Read more...
ယောကျာင်္းဘ၀ ရလိုသော်
အရှင်ဘုရား၊ တပည့်တော်တို့ မိန်းမသားဘ၀ကနေ ယောင်္ကျားဘ၀ကို ရအောင် လုပ်နိုင်တဲ့ နည်းလမ်းရှိနိုင်ပါသလား၊ ယခု ရရှိနေတဲ့ မိန်းမသားဘ၀ရဲ့ ဒုက္ခတွေကို စိတ်ကုန်နေပါပြီ၊ ဒါကြောင့် ရနိုင်တဲ့ နည်းလမ်းရှိရင် ညွှန်ပြပေးပါဘုရား ၊
စင်္ကာပူက ဒကာမလေးတစ်ယောက်က မေးလာတဲ့ မေးခွန်းပါ၊ တကယ်ပဲ စိတ်ကုန်တာလား၊ ခဏတဖြုတ် ညစ်ညူးပြီး လျောက်ထားတာလား ဆိုတာ ကာယကံရှင်ပဲ သိပါလိမ့်မယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ စာပေမှာ ဘုရားရှင် ဟောထားတဲ့ စကားလေး တခွန်း ရှိတယ်၊ ဘ၀နိကန္တိက တဏှာ တဲ့၊ လူတိုင်း လူတိုင်း တိရိစ္ဆာန်တွေမှာရော နတ်ဗြဟ္မာတွေ အပါအ၀င်ပေါ့၊ ပုထုဇဉ် သတ္တ၀ါ အားလုံး ဟာ မွေးဖွားမလာခင် ပဋိသန္ဓေ နေစဉ်မှာကတည်းက လက်ရှိဘ၀ ခန္ဓာကိုယ်ကို တွယ်တာ မက်မော သာယာတတ်တဲ့ စိတ် ဆိုတာ ရှိတတ်ကြပါတယ်၊
သတ္တ၀ါတိုင်းဟာ ကိုယ့်ဘ၀ ဘယ်လောက် နုံချာစုတ်ပြတ်နေပါစေ၊ ကိုယ့်ရုပ်ရည် ချောမောတာ၊ ဆံပင်လေးတွေ ဖြောင့်ဆင်းလှပနေတာ၊ အသားအရေစိုပြေ ၀င်းနေတာ၊ လက်သည်း ခြေသည်းလေးတွေ နီထွေးနေတာ၊ ဒီလို အသေးစိတ်လေးတွေက လူတိုင်းမှာ တခုမဟုတ် တခု သာယာ မြတ်နိုးစရာ အနေနဲ့ ရှိတတ်ကြပါတယ်၊
အဲဒီ သာယာတဲ့ စိတ်ကလေး ကြောင့်ပဲ သတ္တ၀ါတွေဟာ ကိုယ့်ရဲ့ လက်ရှိဘ၀ကနေ နီးစပ်တဲ့ ဘ၀ကိုပဲ ပြန်လည်ရောက်ရှိကြတာဖြစ်တယ်၊ ( ဥပမာ ) ဒီဘ၀ မိန်းမသားဘ၀နဲ့ သေလွန်ခဲ့ရင် နောက်ဘ၀လဲ လူဘ၀ ပြန်ရမယ် ဆိုရင်ပေါ့ ၊ မိန်းမသားဖြစ်ဖို့ ၇၀ ရာခိုင်နှုန်း သေချာနေပါပြီ၊ ကျန်တဲ့ ၃၀ ရာခိုင်နုန်းက ပြုလုပ်ထားတဲ့ အခြားကံတွေကြောင့် အခြားဘ၀ကို ရနိင်ပါမယ်၊
အဲဒီ ဘ၀နိကန္တိက တဏှာ စိတ်လေးဟာ ဘယ်လောက် ဆွဲဆောင်အား ကောင်းသလဲ ဆိုတာ ကျမ်းဂန်တွေမှာ အထောက်အထားတွေ အများကြီး တွေ့ရပါတယ်။ ရာဇဂြိုလ်ဘုရင် ဗိမ္ဗိသာရရဲ့ မိဖုရား ခေမာထေရီ၊ ဥပ္ပလ၀ဏ်ထေရီ၊ စတဲ့ ရဟန္တာမကြီးတွေဟာ ကမ္ဘာပေါင်းတသိန်း ပါရမီ ဖြည့်ခဲ့ပေမယ့် ဘ၀တိုင်းလိုလို မိန်းမသားဘ၀ကိုပဲ တောင့်တ ပြီး ဖြတ်သန်းခဲ့ကြတာက သက်သေပါပဲ၊ နောက်ပြီး ကျောင်းအမကြီး ၀ိသာခါ လဲ အတူတူပါ။
ဒီနေရာမှာ ပြောစရာက သူတို့က အခု ပြောမဲ့ နည်းလမ်းကို မသိကြတာလဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်၊ မသိလို့ မကျင့်ဘူး၊ မကျင့်လို့ မဖြစ်တော့ဘူးပေါ့။ ဒီလိုပဲ ယောကျားလေးတွေကလဲ ကိုယ့်ရဲ့ လက်ရှိဘ၀ကို တွယ်တာစိတ်နဲ့ ဘ၀တွေကို ဖြတ်သန်း ခဲ့ကြလို့ နီးစပ်ရာ ဘ၀ကိုပဲ ဖြစ်ကြတယ်။ ကာမေသုမိစ္ဆာစာရကံ၊ ပရဒါရကံမျိုး မကျူးလွန်ဘူး ဆိုရင် သူတို့လဲ ဘ၀တိုင်း ယောကျာ်းဘ၀ကိုပဲ ဖြစ်ရမှာပါ။
ဣတ္ထိယော ပန ဒါနာဒီနိ ပုညာနိ ကတွာ ဣတ္ထိဘာဝေ ဆန္ဒံ ၀ိရာဇေတွာ ဣဒံ နော ပုညံ ပုရိသတ္တဘာဝ ပဋိလာဘာယ သံဝတ္တတူ တိ စိတ္တံ အဓိဋ္ဌဟိတွာ ကာလံ ကတွာ ပုရိသတ္တဘာဝံ ပဋိလဘန္တိ၊
ပဋိဒေ၀တာ ဟုတွာ သာမိကေ သမ္မာပဋိပတ္တိဝသေနပိ ပုရိသတ္တဘာဝံ ပဋိလဘန္တေ၀။
နည်းလမ်း ၁ အနေနဲ့ မိန်းမသားတွေဟာ ကုသိုလ်ကောင်းမှု့ မှန်သမျှ ပြုလုပ်တိုင်း ပြုလုပ်တိုင်း မိန်းမသားဘ၀ကို စိတ်ကုန်တဲ့ စိတ်နဲ့၊ ( စိတ်ကုန်တယ် ဆိုတာ ခဏတဖြုတ် စိတ်ဆင်းရဲတာမျိုးလောက် မဟုတ်ပါဘူး၊ သတိ သံဝေဂ ရလောက်အောင် စိတ်ကုန်တာမျိုးပါ) ယောကျာ်းစိတ်ဓာတ်မျိုးနဲ့ စိတ်ကို အဓိဋ္ဌာန်ပြီး ဒီကုသိုလ်ကောင်းမှု့ဟာ ယောကျားဘ၀ ရဖို့အတွက် အထောက်အပံ့ ဖြစ်ပါစေ ဆိုပြီး ဆုတောင်း ရပါမယ်၊
( ဣတ္ထိဘာဝေ ဆန္ဒံ ၀ိရာဇေတွာ ) ဆိုတဲ့ ပါဠိက အထက်က ပြောခဲ့တဲ့ ဘ၀နိကန္တိက တဏှာ ကို ရည်ညွှန်းပါတယ်၊ အဲဒီစိတ်ကို ကုသိုလ်ယူချိန် ဆုတောင်းချိန်မှာ ပယ်ဖျောက်ထားရပါမယ်၊
နည်းလမ်း ၂ ကတော့ အိမ်ထောင်သည် အမျိုးသမီးတွေအတွက် ကိုယ့်အိမ်ထောင်ဖက် အမျိုးသားအပေါ် မယားဝတ္တရားကျေပွန်အောင် ပြုစုယုယပေးရင်လဲ ယောကျားဘ၀ကို ရနိုင်ပါသတဲ့၊
စာရေးသူ အမြင်မှာတော့ ကိုယ့်ကံက ဆိုးလွန်းလို့ အိမ်ထောင်ဖက်က အရိုအသေ ပေးရလောက်အောင် အဆင့်မရှိပေမယ့်ကိုယ်က ၀တ္တရားကျေပွန်အောင်မေတ္တာမပျက် ပြုစုပေးပြီး ဆုတောင်းမယ် ဆိုရင် ပိုသင့်လျော်မယ် လို့ ထင်မိပါတယ်။ ဘာကြောင့်ဆို ကိုယ်က လိုချင်တာ ရှိနေတာကိုး၊ တခုကို လိုချင်လျင် တခုကို ပေးဆပ်ရမှာ ရင်းနှီးရမှာက လောက သဘ၀ ပါပဲ။
မေးခွန်းအနေနဲ့ ဒီလောက်ဆို လုံလောက်ပြီ ထင်ပါတယ်၊ သို့ပေမယ့် အဲဒီ ယောကျာ်းဘ၀ မိန်းမသားဘ၀နဲ့ ပက်သက်ပြီး ဘုရားရှင်လက်ထက်တော်က တကယ့်အဖြစ်အပျက်လေးကို ဆက်စပ်နေတာမို့ ဗဟုဿုတအနေနဲ့ မှတ်သားစေလိုပါတယ်။
မြတ်စွာဘုရားရှင်လက်ထက်တော်က သောရေယျမျြို့မှာ တဥိးတည်းသော သူဋ္ဌေးသား သောရေယျ ဆိုတာ ရှိခဲ့ဖူးတယ်၊ သူ့မှာ ဇနီး နဲ့ သားသမီး ၂ ယောက်လဲ ရှိတာပေါ့။ တနေ့မှာ အဖော်သူငယ်ချင်း နဲ့ နောက်ပါ အခြံအရံတွေနဲ့ မြစ်ဆိပ်ကို ရေချိုးအသွား လမ်းမှာ မြို့အပြင်ဘက် ဆွမ်းခံဝင်ဖို့ သင်္ကန်းရုံနေတဲ့ ရဟန္တာမထေရ် အရှင်မဟာကစ္စာယန ကို မြင်လိုက်မိတယ်၊ အဲဒီ အရှင် ကိုယ်ခန္ဓာကလဲ ရွှေရောင် လို ၀င်းဝါ တင့်တယ် နေသတဲ့။ ဒါကို မြင်ရတဲ့ သောရေယျ သူဋ္ဌေးသားက လူငယ်တို့ ဘာဝ မကြံစည်အပ်၊ တာကို ကြံလိုက်မိတယ်၊
အဟော ၀တ အယံ ၀ါ ထေရော မမ ဘရိယာ ဘဝေယျ၊ မမ ၀ါ ဘရိယာယ သရီရ၀ဏ္ဏော ဧတဿ သရီရ၀ဏ္ဏော ၀ိယ ဘဝေယျာ တိ။
( အော် ဒီမထေရ်များ ငါ့ ဇနီး ဖြစ်ရင် တော်တော် ကောင်းမှာပဲ၊ ဒါမှမဟုတ် ငါ့ဇနီး ရဲ့ ခန္ဓာကိုယ်အဆင်းဟာ သူ့ လို ၀င်းဝါနေရင် ကောင်းမှာပဲ )- လို့ မတော်မလျော် ကြံစည်လိုက်တာနဲ့ တပြိုင်နက် ယောက်ျားလိင် ပျောက်ပြီး မိန်းမအင်္ဂါ ပြောင်းလဲ သွားခဲ့တယ်၊
ဆက်ပါအုံးမည် - -
Read more...
ဂျာမဏီမြေပေါ်က ခြေလှမ်းများ- ၉
ဗိုလ်ရှိရင် ဘာမဆို ဖြစ်နိုင်တယ် - တရားတော်
ကဲ ...အားလုံး ကန်တော့ ကြပါစို့  ….
လူများ။ ။သြကာသ၊သြကာသ၊သြကာသ... ရပါလို၏ အရှင်ဘုရား။
ဘုန်းကြီး။ ။ဤသို့  ဘုရား တရား သံဃာ.... မျက်မှောက်ပြုလွယ် ရလွယ်နိုင်ကြပါစေ။
လူများ။ ပေးတဲ့ ဆုနဲ့  ပြည့်ပါစေဘုရား။
ကဲ ၅ ပါးသီလ ယူကြရအောင် ကဲ ဆိုလိုက်ကြ။ အဟံ ဘန္တေ.....
ဒီလို နဲ့  ၅ပါးသီလ ယူအပြီး၊ ပေးအပြီးမှာ တရား ပွဲကို စခဲ့ပါတယ်။
ဒီနေ့  ကိုယ့်လူတွေဆိုတော့ မြန်မာလို ဟောပေးရမယ်။ တရားတော်က ဗိုလ်ရှိရင်ဘာမဆို ဖြစ်နိုင် တယ် တရားတော်။
အေးအေး ဆေးဆေး တိုတို တုတ်တုတ် နာကြတာပေါ့။ နားလည်အောင် ပဲ ပြောပေးမှာပါ။ ဗိုလ် ၅ ပါး ဆိုတာ ရှိတယ်။ လောကကြီးထဲ မှာ နေရင် ဗိုလ် ရှိဖို့ လိုအပ်ပါတယ်။ ဗိုလ်ရှိမှ ဘာမဆိုဖြစ်လာ နိုင်မှာ ပါ။ဒီတရားကို ဒီ မြူးနစ်မြို့ မှာပဲ ဒေသခံ လူတွေကို တစ်နေ့ က ဇန်န၀ါရီ ၁၁ ရက်နေ့ က ဟောခဲ့ ပါ သေး တယ်။ဒါပေမယ့် သူတို့ ကို ၅ပါးစလုံး အပြီး ထိ မဟောရသေးဘူး။ နာမည်လောက်ပဲ သူတို့  ပြောထားပြီး။ ပထမဆုံး ဗိုလ်အကြောင်းကို ရှင်းပြတာ ဟောကြားခဲ့တာ။ တစ်နာရီခွဲလောက်တော့ ကြာတယ်ပေါ့။
ခု ဒီနေ့  ကိုယ် ဒကာဒကာမ တွေကို ၅ပါးစလုံး ဟောပေးပါမယ်။ ကဲ ဘယ်လောက် ဟန်ကျသလဲ တစ်ထိုင်ထဲနဲ့  ၅ပါးစလုံးတောင် နာရမှာ ။တစ်ခါတလေမှာ လူတွေက တရားဆိုတာ တရားထိုင် ရမယ်။ ဘုန်းကြီးတွေနဲ့ ပဲ ဆိုင်သလိုလို။ တရားအားထုတ်မည့် သူနဲ့ မှ ဆိုင်သလိုလို ပြီးတော့ အသက် ကြီး မှ ဆိုင်သလိုလို ထင်တတ်ကြတယ်။ ပြီးတော့ ဘုရားစာ က တရားသမားတွေ အတွက်သာ လောကီရေးရာ အသုံးမ၀င်တော့ ဘူးလိုလို တွေကလည်း ဖြစ်တတ်သေး၊ ထင်တတ်သေးတယ်။
တစ်ချို့ လူငယ်တွေ တရားနဲ့  မိတ်ဆွေ မဖြစ်သူတွေ ပြောတာပါ။ ဒီက တရားနာသူတွေကို မပြောပါဘူး။
[ဟဲဟ၊ဲဟဲဟဲ](အသံ မထွက်ဘဲ ဘုန်းကြီး ကိုယ့်ဖာသာ စိတ်ထဲ သဘောကျနေသည်)။
အဲ -ဗိုလ် ( ၅) ပါး ဆိုတာက ၁။သဒ္ဓါ- ယုံကြည်ချက်။ ၂။ ၀ီရိယ- ကြိုစားမှု ၃။သတိ- သတိရှိမှု ၄။သမာ ဓိ-စိတ်ဝင်စားမှု ၅။ ပညာ- နားလည်သဘောပေါက်မှု၊ အကင်းပါးမှု တို့ ပါဘဲ။ အဲဒါတွေပါပဲဗျာ။
ကိုင်း -နံပါတ် (၁) က သဒ္ဓါ-ယုံကြည်ချက်
ယုံကြည်ချက် ရှိတဲ့သူဟာ လောကီရေးရာ စီပွါးရေး လူမှုရေး မှာလဲ ယုံကြည်ချက်က လိုပါတယ်။ ဒါကို သဒ္ဓါ ခေါ်တာပါ။စာအလိုပေါ့နော။ ပြီးတော့ လောကုတ္တရာနယ်ဘက်က နေပြီး ကြည့်မယ် ဆိုရင်တော့ သဒ္ဓါဆိုတာ ယုံကြည်ရမယ်။ ဘာကို ယုံကြည်ရမလဲ။ ဘုရား တရား သံဃာ ဆိုတဲ့ ရတနာ သုံးပါးနဲ့  ကံ ကံရဲ့  အကျိုး တရားတွေကိုပေါ့။ အင်္ဂုတ္တရနိကာယ် တိက နိပါတ်မှာ ဟောထားတာလည်း
ပြီးတော့ သိသင့်တာ ရှိသေးတယ် ။ သဒ္ဓါ ရှိတဲ့ ပုဂ္ဂိုလ်ဆိုတာ-
ဒဿနကာမော သီလ၀တံ ၊ သဒ္ဓမ္မံ သောတု မိစ္ဆတိ၊
ဝိနယေ မစ္ဆေရမလံ၊ သ ဝေ သဒ္ဓေါ တိ ၀ုစ္စတိ။ တဲ့။အဂုင်္တ္တရနိကာယ်မှာပါ တယ်။
ဆိုလိုတာက ၁။သီလရှိတဲ့ သူတော်ကောင်းများနဲ့  တွေ့ ဆုံခြင်း၊ ဖူးမြင်ရခြင်း၊၂။ ထိုသူတော်ကောင်း တရားများ နာယူမှတ်သားခြင်း။ ၃။ နှမြောတာဘေးဖယ် အလှူတန်းမှာ ရက်ရက်ရောရောပြုလုပ် တဲ့သူကို သဒ္ဓါတရားရှိသူလို့  ခေါ်ပါတယ်။ မြန်မာတွေ ပြောပြောနေတာကတော့သဒ္ဓါတရား ကောင်း တယ် လို့  ပြောကြတာပေါ့။
ယုံကြည်မှုဆိုတာနဲ့  လုံးဝ မျက်စိမှိတ် ယုံရမှာ ကို မဆိုလို ပါဘူး။ ကိုယ်လုပ်တဲ့ဟာကို ကောင်း မကောင်း၊ အပြစ်ရှိ မရှိ၊ အကျိုး ရှိ မရှိ ဖို့ လည်း စိစစ်ဖို့ လည်း လိုတယ်ပေါ့။ မြတ်စွာဘုရားက ကာလာမသုတ်မှာ အဲဒါ အကျယ် ဟောထားတာ ရှိပါတယ်။ ခု တရားတိုတို ဆိုတော့ မှတ်သားထား ရမှာ ယုံကြည်မှုနဲ့ ပါတ်သက်လို့  အကျိုးရှိမရှိ စတာတွေကို သိထားဖို့ ပါဘဲ။
နံပါတ် (၂) က ၀ီရိယ တဲ့။ ကြိုးစားမှုပါ။
ယုံကြည်ရုံသက်သက်နဲ့ ကတော့ ဘာမှ ဖြစ်မလာဘူး။ ဘုရားရှေ့ မှာသွားထိုင်ပြီး တစ်နေကုန် ဆု တောင်း တပည့်တော် ဘော့စ် ဖြစ်ရလိုပါ၏၊ ဘာဘာ ညာညာ တွေ ဆုတောင်းလည်း ပြည့်မှာမဟုတ် ဘူး။ အာညောင်းရုံသာ အဖတ်တင်ပါလိမ့်မယ် ဗျာ။
ဘုရားရှင် ကိုယ်တော်တိုင် ဟောတော်မူ ထားတာပဲ။ ငါက လမ်းပြသူ၊ မင်းတို့ ကိုယ်တိုင် လမ်း လျှောက်ကြ- လို့ ။ ဘုရားရှင်က လမ်းပြရုံသက်သက်ပါ ပြောတဲ့ဟာကို ဘုရားထံ သွားပြီး ဆုတောင်း နေတဲ့သူတွေက ဘုရားကို အားနာဖို့ တောင် ကောင်းတယ်။
ကြိုးစားမှု နဲ့  ပါတ်သတ်လို့  ကတော့ ၁။ စလုပ်ဖြစ်အောင် လုပ်ပါ။ ၂။ ဆက်တိုက် မပြတ်အောင် လုပ်ပါ။ ၃။ အပြီးတိုင် အောင်မြင်သည့်အထိ လုပ်ပါ။ သုံးချက် စုံလျင် အောင်မြင်မယ်။ တစ်ချို့  စတောင် စ မလုပ်ချင်။ ဝေးပြီးပေါ့။ ကိုယ်လိုတာနဲ့  ဘာမှကို ရမှာမဟုတ်ဘူး။သူ့ အတွက် လေထဲ သာ တိုက်ဆောက်ပေတော့။
နောက်လူတစ်မျိုးက စ လုပ်လိုက်သေးတယ်၊ ဆက်မလုပ်တော့ ဘာမှ ဖြစ်မလာ။ နောက်ထပ် လူတစ်မျိုးကျတော့ စလုပ်တယ်၊ ဆက်တိုက်လုပ်တယ်။ ဒါပေမယ့် အောင်မြင်သည့်အထိ မလုပ်ချင် အရာက ကောင်းကောင်းမထင် ရေးရေး လောက်သာ ဖြစ်မှာပါ။
နောက်ဆုံး လူမျိုးကျတော့ တကယ့်ကို အပြီးသတ်ထိ အောင်မြင်ကို ကြိုးစားတယ်။ အဲ ဒီသူ ပဲ အောင်မြင်သွားတာ။ ထိပ်တန်းရောက်သွားတာ။ အောင်မြင်သူတိုင်းကို ကြည့်ပါ။ သာမန်ညောင်ည မဟုတ်တာ သေချာတယ်။
ဒါကြောင့်မို့  နိဒါနသံယုတ်မှာ - န စ ဘိက္ခဝေ ဟီနေန အဂ္ဂဿ ပတ္တိ ဟောတိ၊ အဂ္ဂေန စ
ခေါ ဘိက္ခဝေ အဂ္ဂဿ ပတ္တိ ဟောတိ-တဲ့။ ဆိုလိုတာက-
ခပ်ညံ့ညံ့ ၀ီရိယ နဲ့  အောင်မြင်ကျော်ကြား ထိပ်တန်းရောက် လူအသိမှတ်ပြုခံရတယ် ဆိုတာ မရှိဘူး။ ထိပ်တန်းဝီရိယနဲ့  ကြိုးစားလို့ သာ ထိပ်တန်း အမြင့်ဆုံးမှာ ရှိတာပါ-တဲ့။ ၀ီရိယ အလိုက် စီးပွါးရေး ၊ ပညာရေး ၊ ဘာသာရေး နယ်ပယ် အသီးသီးမှာ လူများ၊ ဘုန်းကြီး များ ကွာခြား သွားကြ တာပါ။ ကဲ ဒါဆို ၀ီရိယလည်း သဘောပေါက်လောက်ပီ။
နံပါတ်(၃)က သတိ-တဲ့။ ဒါ က အင်မတိ အင်မတန် အရေးကြီးပါတယ်။
အမှားတွေ ဒလဟော ဖြစ်နေတာဟာ သတိမရှိလို့ ပါပဲ။ အမှားလုပ်မိတာတောင် ငါ့နှယ် မှားလိုက် တာ၊ ဒီ လောက်ပဲ သိတယ်၊ ဘာကြောင့်မှားမှန်းတောင် မသိလိုက်တဲ့ သတိ။
သတိ က ဒီ ၅မျိုးထဲ မှာ ဗိုလ်ချုပ်ပဲ။ နေရာတကာ သူပါမှ အဆင်ပြေတာ။စီးပွါးလုပ်မယ် ဆိုလည်း သတိလိုတယ်။ သတိထားရတယ်။ သတိထားရမယ်။ သူတို့  ဘာလို့ ကြီးပွါးကြသလဲ၊ ပညာရေး အောင်မြင်တယ် ဆိုရင်လဲ သူက ဘာလို့  ဒီလောက်တော်ရသလဲ။ သတိထားကြည့်ပေါ့။
သတိမရှိ တာဟာ နမော်နမဲ့ နေခြင်းပါပဲ။ နမော်နမဲ့ နေသူဟာ န- တော့တာပါပဲ။ တရား အားထုတ် လို့  ပေါက်မြောက်သူဟာ သတိမေ့လျော့တယ် ဆိုတာ မရှိတော့ပါဘူး။ လုပ်လိုက်တဲ့ အလုပ်တိုင်း
သတိနဲ့ သွား၊ လာ ၊ စား ၊ သောက်နေထိုင်ပါတယ်။
အဲဒီတော့-သတိထား ပြောသူ၊
သတိထားလုပ်သူတွေရဲ့ အပြောတိုင်း အလုပ်တိုင်းဟာ အမှန်တွေ ချည်း ဖြစ်တော့တာပေါ့။ ဘုရား စကားဟာ ဒါကြောင့်မှန်တာ။ အဲဒါကြောင့် မြတ်စွာဘုရားက သတိအမြဲ ရှိဖို့ သတိပေးတာပေါ့။ ဒါလည်း ဒီလောက်ဆို နဲနဲ သဘောပေါက်ရောပေါ့။
နံပါတ် (၄) သမာဓိ- စိတ်ဝင်စားမှု လို့  ပြောကြရအောင်။
အလုပ်လုပ်တဲ့ နေရာမှာ စိတ်ဝင်စားရှိဖို့  လိုပါတယ်။ စိတ်မ၀င်စားတဲ့ အလုပ်က မတွင်ကျယ်ဘူး။ ပျင်းဖို့  ကောင်းတဲ့ အလုပ်ဟာ စိတ်မ၀င် စားတဲ့ အလုပ်ပါပဲ။ စိတ်ဝင်တစား ရှိတဲ့ အလုပ်က ပျော်စရာ လို့ တောင် မြင်လာတယ်။ လူပင်ပန်း ပေမယ့် စိတ်က မပင်ပန်းဘူးပေါ့။
အလုပ်ကို အဲလို စိတ်ဝင်တစားလုပ်တယ်၊ ဇောက်ချ လုပ်တယ် ဆိုတာ သမာဓိ ကို ပြောတာပါ။ ဒီလိုဆိုတော့ ကိုယ့် အလုပ်လေးကို စိတ်ဝင်တစား လုပ်သူတွေ အောင်မြင်တာပါပဲ။ ကိုယ့်အလုပ် မဟုတ်ဘဲ တောင်လုပ် မြောက်လုပ် နေရာတကာ ဟိုစပ်စပ် ဒီစပ်စပ် ဆိုရင် တော့ ဆရာကြီး တစ်ဆူ ဖြစ်ဖို့ တော့ မလွယ်ဘူးပေါ့။
အလုပ်ကို အောင်မြင်သွားသူတိုင်း အလုပ်ကို ဇောက်ချ လုပ်သွားသူချည်းပါပဲ။ စိတ်ဝင်တစား လုပ် သွား သူချည်းပါပဲ။ စာအလိုကတော့ သမာဓိကို ဈာန် လို့ ဖွင့်ပါတယ်။ ဈာန်ဆိုတာကလည်း စိတ်ဝင် တစား စိတ်အလုပ်ကို လုပ်နေခြင်း တစ်မျိုးပါပဲ။ နားလည်သလို ပြောကြည့်တာ။ ဒီလောက်ပဲ ထားတော့။ ဒါ့ထက်ကျယ်သွားရင် မှတ်မိမှာ မဟုတ်ဘူး။
နံပါတ် ( ၅) ပညာ- နားလည် သဘောပေါက်မှု ၊
အကင်းပါးမှု ။ အကွက်မြင်တာတွေ။ ဇယားချတတ်တာတွေ၊ အလိုက်သိတတ်မှုလည်း ပါဝင်မယ်ပေါ့။ ကြီးပွါးတိုးတက်ချင်ရင် အဲဒီ ပညာ ရဲ့ ဖွင့်ဆိုချက်တွေ လိုက်နာဖို့  လိုပါတယ်။
ပတ်ဝန်းကျင်ကြည့်လိုက်ပါ။ အောင်မြင်သူတိုင်း ဒီအချက်တွေကို ပိုင်ပိုင်နိုင်နိုင် အသုံးချ တတ်ပါ တယ်။ စီးပွါးလုပ်တာချင်း ပင်ပန်းချင်းတာ အတူတူတောင်မှ ပညာသမားက သာသွားတယ်။ အလုပ်လုပ် တာကတော့ နေ့ တစ်ဓူဝ အတူတူ လုပ်ကိုင်ကျရတာပါပဲ ။ ပညာတတ်တဲ့ အသိုင်းဝိုင်း လုပ်ရတာနဲ့ ။ ပညာနည်းသူတို့  လုပ်ရတာ တစ်နေကုန်ချင်းတူမယ်။ ငွေဝင်တာချင်းတာ မတူတာ ပညာကြောင့်ပါ။ သူများထက် ခေါင်းတစ်လုံးသာချင်ရင် ပညာရှိအောင် ဖန်တီးရမယ်။
မြတ်စွာဘုရား ဟောတဲ့ပညာဆိုတာကတော့ ဖြစ်ပျက် မြင်တဲ့ ဉာဏ်ပညာကို ဆိုလိုတာပါ။ အဲဒီ ပညာကို ရဖို့  ဆိုရင်တော့ တရား မှတ်ဖို့  လိုတယ်။ တရားဆိုတာ တရားတာ လို့ သဘောပေါက်ပါ။ တရားတာမှန်သမျှ အပြစ်ကင်းတယ်၊ ကိုယ့်အကျိုး သူ များအကျိုးရှိမယ်။ ပညာရှိများ သဘောကျတဲ့ လုပ်ငန်းဖြစ်တယ်။ အဲဒါတရားပဲ။
ဒီထက်မက ဆက်ကြိုးစားဖို့ ကတော့ အာနပါန ၀င်လေ ထွက်လေ လေးကို သိနေဖို့ ပါဘဲ။ နှာသီးဝကို လေ အသွင်း အထုတ်လေးကို စိတ်က လွတ်မထွက်သွားအောင် လုပ်ဖို့ ပါဘဲ။ အစတော့ ဟိုရောက် ဒီရောက် ရောက်မှာပေါ့။ နောက်တော့ မလွတ်တော့ဘူး။ အလေ့ကျင့်ပါဘဲ။ လိုပါတယ်။ နိုင်ငံခြားမှာ ပိုပြီး stress တွေ များတယ်။ အိပ်ရေးကမ၀တော့ စိတ်ကတိုလွယ်။ စိတ်ကလည်း မကြည်လင်နဲ့  ဖြစ်ကြတာပါ။အဲဒါတွေ မရှိအောင်ကတော့ ကူညီနိုင်မည့်သူက တရားပဲ ရှိတယ်။ ကဲ စမ်းကြည့်ပါ။ စပ်မိလို့  ပြောတာပါ။ တကယ့်ကို လိုမှန်းသိလို့ ပြောတာပါ။
ဘုရားဖြစ်တော်မူတယ် ဆိုတာ တကယ်တမ်း ပညာ ရသွားတာ။ အဆင့်အမြင့်ဆုံး ပညာပေါ့။ ဒါကို သဗ္ဗညုတဉာဏ်လို့  ခေါ်ပါတယ်။ ဉာဏ်နဲ့ ပညာ က အတူတူပါပဲ။ဘုရားရှင် ၄၅ ၀ါပတ်လုံး လူနတ် ဗြဟ္မာ သတ္တ၀ါ အပေါင်း အတွက် အကျိုးရှိအောင် လုပ်သွားနိုင်တာလည်း ဒီပညာပါပဲ။
ပညာ ဆိုတဲ့ နေရာမှာသာမန်သိတဲ့ အသိ တောင် အကျိုးရှိမယ်ဆိုရင် သူများထက်သာတယ် ဆိုရင် ထိုးထွင်း ဖေါက်မြင်တဲ့ အမှန်တိုင်းအသိကတော့ ဘာပြောဖွယ် အထူးလိုမှာလဲ။ သေချာပေါက် အဆ ပေါင်းများ စွာ အကျိုးရှိမှာပါ။ မြေကြီးလက်ခတ်မလွဲပါ။ ကဲ ဒါပညာ လို့ ခေါ်တယ်ဗျား။
ကိုင်း- ငါးပါးလည်း စေ့သွားပြီ။ ဒီငါးပါးသာ ရှိလိုက်စမ်း ပါ။ တကယ့်ကို လောကီ ရေးမှာ ဖြစ်ချင်တာ ဘာမဆို ဖြစ်နိုင်သလို၊ လောကုတ္တရာ ရေးမှာလည်း ဘာမဆို ဖြစ်နိုင်ပါတယ်။
ကဲ တရားသိမ်းကြမယ်။ဆွမ်းစားဖို့ အချိန်လည်းနီးပြီ။ ဤသို့  ဗိုလ် ရှိရင် ဘာမဆို ဖြစ်နိုင်တယ် ဆိုတဲ့
ဗိုလ် (၅) ပါး တရားတော်ကို နာယူပြီးလျှင် မိမိတို့  သန္တာန်ဝယ် ကိုယ်စီကိုယ်ငှ ဗိုလ်တရားများ ရှိအောင်ကြိုးစားနိုင်ကြပါစေကုန်သတည်း။ ကြိုးစားနိုင်ကြပြီးလျှင် မိမိတို့  လိုလားတောင့်တ ထားကြ သည့် အတိုင်း ကိုယ်စီကိုယ်ငှ ပြည့်ဝစေသော ဟူ၍ ပတ္ထနာ အောင်ဆု ပြုလိုက်ကုန်ရာ သတည်း။
သာဓု သာဓု သာဓု
ကဲ ရေစက်ချကြရအောင်...ရေစက်ခွက်ကိုင်ထား၊ လိုက်ဆို ..
အရှင်ဘုရား တပည့်တော်တို့ သည်..... သတည်း။
အမျှ ပေးဝေ လိုက်ကြရအောင်...
အမျှ အမျှ အမျှ ယူတော်မူကြပါ ကုန်လော...(၃)ကြိမ်
သာဓု သာဓု သာဓု(၃)ကြိမ်
အမျှပေးဝေပြီးနောက် သာဓု (၉)ကြိမ် ခေါ် ပြီး တရားဟောမှု ဆိုင်ရာပြီးသွားတယ်။ အဲဒီနောက် ဆွမ်းဘုဉ်း ခဲ့ပါတော့တယ်။
မှတ်ချက်။ ။မြူးနစ်မြို့ ၊ မြန်မာမိသားစုများအား(၂၄၊ ၀၁၊ ၂၀၁၀) နေ့ က နေ့ ဆွမ်း အနုမောဒနာကို
ပြန်လည် တင်ပြခြင်းဖြစ်ပါတယ်။ ဟောတုန်းက ပါဠိများ မရွတ်ခဲ့ပါ။ ခုထည့်လိုက်ခြင်းမှာ မှတ်သား လိုသော ဓမ္မမိတ်ဆွေတို့ ကို ကျမ်းလာအတိုင်း သိရှိစေဖို့  ရည်ရွယ်ကာ ထည့်လိုက်တာပါ။ အဓိပ္ပါယ် ကိုသာ ကိုယ်ဒကာဒကာမ များ နားလည်ဖို့  လိုရင်းဟောလိုက်ပါတယ်။ ဟောရာမှာလည်း ရင်းရင်း နီးနီး စကားပြောဟန်နဲ့ ဘဲ ပြောပါတယ်။ နားမလည်ရင် မေးဖို့ လည်း စကားလမ်း ဖွင့်ပေးထားတယ်။ နာတဲ့သူတွေကလည်း မျက်စိပိတ်ထားတာ မဟုတ်သလို ဟောတဲ့သူကလည်း မျက်စိဖွင့် လျက်သာ ဟောပါတယ်။ နားလည်တယ် ထင်မှ ရှေ့ ဆက်သွားတာပါ။ အတော်အဆင်ပြေတယ်။ နာတဲ့သူရော ဟောတဲ့သူပါ လွတ်လွတ်လပ်လပ်ပါဘဲ။ သူတို့ ကလည်း သဘောပေါက်ကြောင်းပြောတော့ ဟောတဲ့သူကလည်း ကျေနပ်ရပြီပေါ့။
မြတ်ရောင်နီ
(၂၉၊၀၁၊၂၀၁၀)
Read more...
Saturday, January 30, 2010
စတုတ္ထဈာန် စိတ်ဖြင့် အဘယ်တို့ကို သိသင့် သနည်း...
မဟာဝေဒလ္လသုတ်
"စတုတ္ထဈာန် စိတ်ဖြင့် အဘယ်တို့ကို သိသင့် သနည်း"
ငါ့သျှင် ဣနြေ္ဒ ငါးပါးတို့မှ လွတ်သော စင်ကြယ်သော အထူးသိမှု စတုတ္ထဈာန် စိတ်ဖြင့် အဘယ်တို့ကို သိသင့် သနည်း ဟု လျှောက်၏။
ငါ့သျှင် ဣနြေ္ဒ ငါးပါးတို့မှ လွတ်သော စင်ကြယ်သော အထူးသိမှု စတုတ္ထဈာန် စိတ်ဖြင့် ''ကောင်းကင်သည် အဆုံးမရှိ'' ဟု အာကာသာနဉ္စာယတနသမာပတ်ကို သိသင့်၏၊ ''ဝိညာဏ်သည် အဆုံးမရှိ'' ဟု ဝိညာဏဉ္စာ ယတနသမာပတ်ကို သိသင့်၏၊ ''တစ်စုံ တစ်ရာမျှ မရှိ'' ဟု အာကိဉ္စ ညာယတနသမာပတ်ကို သိသင့်၏ ဟု မိန့်ဆို၏။
ငါ့သျှင် သိသင့်သော တရားကို အဘယ်ဖြင့် အများအားဖြင့် သိတတ်သနည်း ဟု လျှောက်၏။
ငါ့သျှင် သိသင့်သော တရားကို ပညာမျက်စိဖြင့် အများအားဖြင့် သိတတ်၏ ဟု မိန့်ဆို၏။
ငါ့သျှင် ပညာသည် အဘယ် အကျိုးရှိသနည်းဟု လျှောက်၏။
ငါ့သျှင် ပညာသည် အထူးသိခြင်း အကျိုးရှိ၏၊ ပိုင်းခြား၍ သိခြင်း အကျိုးရှိ၏၊ ပယ်စွန့်ခြင်း အကျိုးရှိ၏ ဟု မိန့်ဆို၏။
၃ - မဟာဝေဒလ္လသုတ်၊ မှ ၊ စူဠယမက၀ဂ်၊ မူလပဏ္ဏာသပါဠိတော်။
ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။
Read more...
မောင်းထောင်မြေဇင်းဆရာတော်ကြီး၏ သြ၀ါဒများ
ပုဂ္ဂိုလ် (၄) မျိုး
ယောဂီတို့ အခုလို သာသနာနှင့်တွေ့ကြုံ ဆုံဆည်းရတဲ့အခိုက် ကြိုးစားအားထုတ်ကြ၊ ဒီဘ၀ ဒီအချိန် လူဖြစ်တဲ့ပုဂ္ဂိုလ်တိုင်း ကံကောင်းတယ်။
ပုဂ္ဂိုလ်ကလည်း (၄) မျိုးရှိတယ်။
၁။ သာသနာနှင့်တွေ့ပြီး လူမဖြစ်တဲ့ ပုဂ္ဂိုလ်
၂။ လူဖြစ်ပြီးသာသနာနှင့် မတွေ့တဲ့ ပုဂ္ဂိုလ်
၃။ သာသနာနှင့်လည်းမတွေ့ လူလည်းမဖြစ်တဲ့ ပုဂ္ဂိုလ်
၎။ သာသနာနှင့်လည်းတွေ့ လူလည်းဖြစ်တဲ့ ပုဂ္ဂိုလ်
အခုယောဂီတို့ သာသနာနှင့်လည်းတွေ့ပြီး လူလည်းဖြစ်နေပြီ၊ သာသနာအတွင်း ဘုရားစစ် ဘုရားမှန်၊ တရားစစ်
တရားမှန်၊ သံဃာစစ် သံဃာမှန်ရှိနေသေးတာ- ကြိုးစားကြ အချိန်မီသေးတယ်။
ခွင့်သာတုန်း ရုန်းသွားကြ
ယောဂီတို့ အခုလို ဘုရားသာသနာတော်ကြီးနှင့် ကြုံရ၊ ဆုံရလို့ လူ့ဘ၀လည်းရလို့၊ ဘုရားဆိုတဲ့အသံ၊ တရားဆိုတဲ့
အသံ၊ သံဃာဆိုတဲ့အသံတွေကြားနေရတာ။
ဒီအချိန် ကြက်တို့ ၀က်တို့ ငှက်တို့ဖြစ်နေရင် ဘုရား၊ တရား၊ သံဃာဆိုတဲ့အသံတွေလည်း ကြားနေရပါ့မလား။
ခုချိန်မှာဖြစ်နေကြတဲ့ ရှင်ရော လူရော အကုန်လုံးကံကောင်းကြတယ်… အခွင့်အရေးတွေလည်း အများကြီးရကြတယ်။
ဒါကြောင့် လယ်တီဆရာတော်ကြီးက-
၁။ ခွင့်သာခိုက်မှ မလိုက်ချင်ရင် အမိုက်နင့်ပြင်ရှိသေးလိမ့်လား။
၂။ ခွင့်သာဆဲမှ မခဲချင်ရင် အလွဲနင့်ပြင်ရှိသေးလိမ့်လား။
၃။ ခွင့်သာတုန်းမှ မရုန်းချင်ရင် အရှုံးနင့်ပြင်ရှိသေးလိမ့်လား…..
တဲ့။
ကိုင်းယောဂီတို့ အခွင့်သာတုန်း မမိုက်ကြနှင့် လမ်းမလွဲစေနှင့် အရှုံးမပေးကြနှင့်။
လက်မှတ်ရအောင်ယူထားကြ
ဘုန်းကြီးတို့ရော ယောဂီတို့ရော..ဘယ်အသက်အရွယ်၊ ဘယ်ရောဂါ၊ ဘယ်အချိန်၊ ဘယ်မြို့ဘယ်ရွာမှာသေပြီး ဘယ်ဘုံ ဘယ်ဘ၀ရောက်မယ်ဆိုတာ
ဘုရား၊ ရဟန္တာမှတပါး ဘယ်သူမှ မသိနိုင်ဘူး။ အခုလို အချိန်ကောင်း၊ အခါကောင်း၊ ဘ၀ကောင်းရနေတဲ့ အချိန် လူ့ဘ၀လည်း
ရနေပြီ။ သာသနာနှင့်လည်းတွေ့နေပြီ။ သင့်တင့်လျှောက်ပတ်တဲ့ အရပ်ဒေသလည်းရောက်နေပြီ။ ဆရာကောင်း သမားကောင်း
တွေလည်း တွေ့နေရတယ်။ ကျန်းမာရေး လည်းကောင်းနေတယ်။ သတိလက်မလွတ်စေကြနှင့်။
ဒီထက်ကောင်းတဲ့အချိန် ဒီထက်ကောင်းတဲ့ ဘ၀… ရဘို့မလွယ်ကူဘူး။
“သံသရာခရီးကြီး လမ်းမဆုံးချင်းသွားရဦးမယ်၊ ကိုယ့်လက်မှတ် ကိုယ်ရအေင်ယူထားကြ”
အရွယ်သုံးပါး
ယောဂီတို့ ဒီဘ၀… ဒီသာသနာတော်ကြီးနှင့်တွေ့တဲ့အချိန် အရွယ်သုံးပါး တစ်ပါးပါး အမိအရ တရားအားထုတ်ကြ။
ကြည့်ပါလား… ဘုရားလက်ထက်တော်က မဟာဓနသူဋ္ဌေးသား ပထမအရွယ်ကသာ တရားအားထုတ်မယ်ဆိုရင် အရဟတ္တဖိုလ်ဆုကြီး ရမယ်။ ဒုတိယအရွယ်မှာလည်း တရားအားထုတ်မယ်ဆိုရင် အနာဂါမ် ဆုကြီးရမယ်။ တတိယအရွယ် တရားအားထုတ်မယ်ဆိုရင်လည်း သောတာပန်ဆုကြီးရမယ်လို့ ဘုရားက ဟောထားတာ။
မဟာဓနသူဋ္ဌေးသား လောကီမှာလည်း ပထမအရွယ် စီးပွားလုပ်ရင် ပထမတန်းစား သူဋ္ဌေးဖြစ်မှာ။ ဒုတိယအရွယ်
စီးပွားလုပ်ရင် ဒုတိယတန်းစား သူဋ္ဌေးဖြစ်မှာ။ တတိယအရွယ် စီးပွားလုပ်ရင် တတိယတန်းစား သူဋ္ဌေးဖြစ်မှာ။
ခှုတော့ လောကီရော လောကုတ္တရာရော ဘာမှမရတော့
“ဖွတ်မရ ဓားမဆုံး” ပေါ့
ဟုတ်တယ်… အရွယ်သုံးပါး တစ်ပါးပါးမှ လောကီ၊ လောကုတ္တရာ ဘာမှမလုပ်တော့ အကုန်ဆုံးရှုံးတာ ယောဂီတို့လည်း
အတိတ်ကံက ဘယ်ဆုတွေ ရမယ်ဆိုတာ ပြောမရဘူး ကြိုးစားကြ။
မိုးရွာတုန်းရေခံထားကြ
ယောဂီတို့ ဒီသာသနာက ရှိနေပေမယ့် ခုအားထုတ်ကြတဲ့ သမထ၊ ၀ိပဿနာ တရားတွေက အမြဲတမ်းထွန်းကားနေတာ မဟုတ်ဘူး။ တစ်ခါတစ်ရံ ထွန်းကားတာ။ ဥပမာ… လောကမှာ ဥတု၊ ရာသီတွေကလည်း သူ့ရာသီနှင့်သူ
ပြောင်းလဲနေတာ။ ခေတ်ကာလကလည်း သည်အတိုင်းပဲ၊ ဒီနေ့နှင့်မနက်ဖြန်တောင်မတူဘူး။ အချိန်တိုင်း၊ နာရီတိုင်း၊ ရက်တိုင်း၊ လတိုင်း၊ နှစ်တိုင်းပြောင်းလဲနေတာ။
“အမြဲတမ်းလည်း မိုးရွာတာမဟုတ်ဘူး၊ မိုးရွာတုန်း ရေခံထားကြ”
သာသနာက နှစ်ထောင့်လေးရာကျော် ကျန်သေးတယ်ဆိုပေမယ့် ကိုယ်နှင့်မဆိုင်ဘူး၊ ကိုယ်ယူမှ ကိုယ်ရတာ၊ ကိုယ်လုပ်မှ ကိုယ်ရတာ၊ မိုးရွာနေပေမဲ့ ကိုယ်ကထွက်ပြီးမိုးရေမခံရင် ကိုယ်မသောက်ရ၊ မသုံးရ၊ မချိုးရဘူး။
တရားတော်ကလည်း ဒီအတိုင်းပဲ ကိုယ်လုပ်မှ ကိုယ်ရတာ၊ ကိုယ်မလုပ် ကိုယ်မရဘူး။ ယောဂီတို့ ကိုယ့်အတွက်လုပ်တာ ကြိုးစားကြ…။
ကိုယ့်ဘက်ကလိုတာ
မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးက-
ဘုန်းကြီးတို့၊ ယောဂီတို့အတွက် သူတော်ကောင်း သူမြတ်လောင်းကြီး တွေ သွားကြတဲ့ လမ်းကြောင်းအတိုင်းလိုက်ခ့ဖဲို့။
“ဘာမှလိုလေသေးမရှိအောင် ဟောထားခဲ့တာ မှာတော်မူထားခဲ့တာ- လိုတာက ဘုန်းကြီးတို့၊ ယောဂီတို့ဘက်ကလိုတာ”
ကြည့်ပါလား- ဒီလို ဒါနကုသိုလ်တွေပြုရင် နိဗ္ဗာန် မရမီ ဘ၀တိုင်း ဘ၀တိုင်း ပစ္စည်းဥစ္စာတွေပေါတယ်။ ဒီလို သီလတွေဆောက်တည် စောင့်ထိန်းရင် ဘ၀တိုင်း ဘ၀တိုင်း ကိုယ်တွင်း ကိုယ်ပရောဂါ ဘေးအန္တရာယ်တွေကင်းပြီး အသက်ရှည်တယ်။ ဒီလို
သမထ၊ ၀ိပဿနာတရားတွေ အားထုတ်ရင် ဈာန်၊ မဂ်၊ ဖိုလ်၊ နိဗ္ဗာန်ချမ်းသာတွေ ခံစားနိုင်တယ်၊ ရောက်ရှိနိုင်တယ်။ အဲဒီလို မြတ်စွာဘုရားက သတ္တ၀ါတွေ သနားတော်မူလို့၊ ငဲ့ညာတော်မူလို့ထားခဲ့တာ။ ဒါတောင် လူတွေက ကိုယ့်အတွက် ထားခဲ့မှန်း ဟေားခဲ့မှန်းမသိကြဘူး။ သနားစရာတွေ ၀မ်းနည်းစရာတွေ။
အအေးနဲ့အပူ
မြတ်စွာဘုရားရှင်ရဲ့ တရားတော်တွေက အလွန်အေးမြတဲ့ တရားတွေ ယောဂီတို့ရဲ့စိတ်တွေက အပူတွေ ရောလို့မရဘူး။ ခုလို အားထုတ်နေတဲ့ တစ်ရှုတစ်ရှိုက်က စပြီး ယောဂီတို့ရဲ့စိတ်တွေ ငြိမ်းချမ်းသွားအောင် အေးမြသွားအောင် အားထုတ်ရမှာ မေတ္တာလည်း များများပို့ကြ..
မေတ္တာပို့တော့ မေတ္တာပို့တဲ့ကိုယ့်စိတ်က အရင်အေးမြတာ။ ကိုယ့်စိတ်ကလည်း တကယ်တမ်း သတ္တ၀ါတွေအပေါ် အေးမြစေလိုတဲ့ စိတ်ဆန္ဒနှင့် ထိထိရောက်ရောက်ပို့ပါ။ ကိုယ်က ကိုယ့်ရဲ့ကိုယ်စောင့်နတ်ကစပြီး မေတ္တာပို့တော့ ဆိုင်ရာဆိုင်ရာ နတ်တွေလည်း မနေနိုင်တော့ဘူး။ ၀ိုင်းဝန်းကူညီ စောင့်ရှောက် မစကြတာပေါ့။ မယုံမရှိနှင့် ဘုန်းကြီးကိုယ်တွေ့တွေ အများကြီးဘဲ၊ ယုံယုံကြည်ကြည် လုပ်ရင် မကြာခင်တွေ့ရ ခံစားရမှာ…။
Image Hosting by imagefra.me
http://www.sbay-student.org/
www.dhammaanalysis.multiply.com/
Read more...
The Lankavatara Sutra
In the Metta Sutta the Buddha teaches his followers to hold all living beings, not just humans but "whatever living beings there may be", in the same loving regard as a mother holds her only child. Likewise, the Khandha Paritta Sutta calls for love between the one who recites it and all creatures everwhere, creatures without feet, with two feet, with four feet, with many feet.
And in the Lankavatara Sutra the Buddha states, quite clearly, that "if anyone regards me as his teacher, he should not eat any meat" and goes on to list many of the reasons why not. "People who practice the holy Way should not eat meat" he says, because to do so "has countless offences", which he explains, and leads to endless "wandering in cycles of births and deaths".
On the other hand, "those who renounce the flavor of meat can taste the flavors of the true Dharmas, truthfully practice the Bodhisattva stages, and attain Anuttara-Samyak-Sambodhi quickly". Vegetarians, the Buddha says, "have masses of countless merits and virtues" and, after some wondeful teachings, stories, and examples, the Buddha ends with this short verse summary. See the links below for the full text.
from the Lankavatara Sutra
In the future there will be ignorant people who say:
"Meat is pure, eating it is sinless, and is allowed by the Buddha".
But in fact what I always say is,
Eating meat is like eating the flesh of one's own son.
My disciples are content with very little,
they dislike the suffering in the world,
seek for liberation,
and practice mendicancy.
I always say that,
if anyone wishes to keep a peaceful and merciful heart,
he should keep away from eating meat.
For example,
people do not dare to walk and live together with lions, jackals, tigers and wolves,
because those are meat eaters, they make everyone who sees them frightened;
Likewise, eating meat frightens many living beings, how could we do that?
Thus, practitioners should be merciful and should not eat meat.
Meat eating destroys the merciful heart,
obstructs Nirvana and liberation,
and violates the teachings of sages,
thus I do not allow eating meat.
Not eating meat cultivates the pure-heavenly (Brahma) seed and many practice-Ways;
Wisdom, richness and nobleness,
all come from not eating meat.
- The words of the Buddha in the Lankavatara Sutra
Sutras:
  • Lankavatara Sutra: meat-eating chapter. D.T.Suzuki
  • Lankavatara Sutra: meat-eating chapter. Silfong Tsun
  • The Khandha Sutta
  • The Metta Sutta
    Marcus' Journal:
  • sentient beings are numberless...
    PETA Links:
  • Go Veg
  • Peta UK
  • Peta Blog
  • Read more...
    မေတ္တာကျေးဇူး စွမ်းရည်ထူး
    ငြိမ်းချမ်းသာယာသော ကမ္ဘာလောက၏ ကြည်နူးဖွယ်ရာ အခြေအနေအားလုံးအတွက် ကျေးဇူးစကား ဆိုသင့်သည့်အရာမှာ“ မေတ္တာ”ပင်ဖြစ်၏။ လူ့အရည်အသွေးနှင့် လူ့စည်းစိမ် ပြည့်ဝရေးခရီးတွင် မှန်ကန်စွာ လမ်းညွှန်ဦးဆောင်မှု ပေးနိုင်သည်မှာလည်း “မေတ္တာ”ပင်ဖြစ်၏။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေနိုင်ရေး ဟစ်ကြွေလျက်ရှိသော ကမ္ဘာလောကအတွက် မေတ္တာသည်သာ အရိုးဆုံးကျင့်ဝတ်တစ်ခုဖြစ်ပေသည်။
    undefined
    မေတ္တာတရားဟူသည် လူမျိုးမရွေး၊ ဘာသာမရွေး ၊ ပုဂ္ဂိုလ်မရွေး ကျင့်သုံးထိုက်သည့် အဖြူတည်း ၊ အရိုးခံတရားတစ်ခုဖြစ်၏။ လူတစ်ဦးချင်းစီ၏ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး စသည့် အရေးကိစ္စတို့တွင် အမြဲတမ်း ပါဝင်ဆက်နွယ် နေသော အဆောင်သဘောထား တစ်ခုလည်းဖြစ်၏။
    မေတ္တာတရားသည် အနှောက်အယှက်၊ ဘေးရန်အန္တရာယ် အသွယ်သွယ် ဆင်းရဲ ဒုက္ခမျိုးစုံတို့ကြားမှာပင် ဘ၀ကို ချိုမြန်ရေ၏။ လက်ရှိဘ၀ကို ပိုမိုသာယာ စိုပြေစေကာ အမျိုးမျိုးသော လောကဓံ လှိုင်းတံပိုးများ ပဋိပက္ခအဖြစ်အပျက်များ၊ ခါးသီးသော ကိုယ်စိတ်ခံစားရမှုများကို ဖြတ်သန်းရသော ကာလတွင် ခင်မင်ရင်းနှီးစွာ ကူညီ၏။ အပြုံးပန်းတို့ဖြင့် ဆည်းကြို၏။ မေတ္တာသည်ကား “ဘ၀၏အလှနှင့် မွေလျောဖွယ်ရာတို့ မြစ်ဖျားခံရာ”တို့ဖြစ်သည်။
    ထို့ကြောင့် လောကအတွင်းရှိ လူ့နှလုံးသားတို့တွင် ဒေါသနှစ်လုံးသားသှည် ရုပ်အဆိုးဆုံး၊ အကျည်းတန်ဆုံး ဖြစ်သကဲ့သို့ မေတ္တာနှလုံးသားသည်ကား အလှဆုံး၊ ကျက်သရေအရှိဆုံးဖြစ်၏။
    မည်သူမဆို မေတ္တာနှင့်သာ ကန်းခဲ့ပါလျင် ရေတမှုတ်၊ ကွမ်းတစ်ရာ၊ ပန်းတစ်ပွင့် မျှ ဖြစ်ပါစေ ၀မ်းပန်းတသာ လှမ်းလစ်ကြိုကြမည်သာ ဖြစ်ပါ၏။ မေတ္တာသည်ကား ဤမျှ အရှိန်အ၀ါကြီး၏။ အသရေကြီး၏။ ထည်ဝါခန့်ငြား၏။ မြတ်နိုးဖွယ်အတိဖြစ်၏။
    ယင်းသဘာဝကို တိပိဋကဓရ(ယော)ဆရာတော်က…“ မေတ္တာကျေးဇူး စွမ်းရေထူး”ဟူသော ဓမ္မပုံပြင်ကလေးဖြင့် ဖော်ကျူးထားပါသည်။
    တစ်ခါတုံးက ရွာတစ်ရွာမှာ ဦးတုတ်နဲ့ ဒေါ်ပုတ်ဆိုတဲ့ ဇနီးမောင်နှံတို့ ရှိခဲ့ဘူးတယ်။ ဦးတုတ်ကလဲ လူနဲ့ နာမည်နဲ့လိုက်တယ်။ ၀၀တုတ်တုတ်ကြီးပဲ။ ဒေါ်ပုတ်ဆိုတာက တကယ့် ပုတ်ကြီးလိုပဲ ၀လိုက်တာ လွန်ပါရော၊
    သူတို့နှစ်ဦးမှာ ဦးတုတ်က ၀သလောက် ဒေါသသိပ်ကြီးတယ်။ ဒေါ်ပုတ်ကြီး ကတော့ လူဝသလောက် စိတ်သဘောထား ကြီးတယ်၊ အင်မတန် အေးချမ်းပြီး သဘော ကောင်းတယ်။ သူတို့နှစ်ဦးဟာ ၀တာချင်း တူပေမယ့် စိတ်သဘောထား ကတစ်ခြားစီဖြစ်နေတယ်။ ဦးတုတ်ကြီးက အိမ်မှာ ဆူဆူပူပူ ၊ ဒေါ်ပုတ်ကြီးကို အကြောင်းမဲ့ မကြာမကြာ ဆဲ ဆို ကြိမ်းမောင်းတတ်တယ်၊ ဒေါ်ပုတ်ကြီး သည်းခံ တတ်မှန်း၊ သဘောကောင်းမှန်းသိတော့ ပိုပြီး ဆဲဆို ကြိမ်းမောင်းလာတယ်။ တစ်ခါ တစ်ရံ ဒုတ်များတောင်ကိုင်တယ်။ တစ်ခါတစ်ရံ ဒေါ်ပုတ်ကြီးကို အိမ်ပေါ်က ဆင်းခိုင်း တယ်။
    အဲသည်လိုဆိုတော့ ဒေါ်ပုတ်ကြီးမှာ အင်မတန် စိတ်ဆင်းရဲရတယ်။ ငိုရတာလဲ ခဏခနပဲ။ ပူလောင်လိုက်၊ ပင်ပန်းလိုက်ရတာလဲ ခဏခနပဲတဲ့။ ပစ္စည်းတွေ ချမ်းသာပါ လျက်နဲ့ စိတ်ဆင်းရဲလိုက်တာ လွန်ပါရောတဲ့။
    ဘာဘဲလုပ်လုပ် အပြစ်တင် ဆူပူကြိမ်းမောင်း။ အလုပ်က ပြန်လာရင် အိမ်ဖော် စတက်မိတာနဲ့ ဆူတော့တာပဲ။ အလုပ်ကို သွားတော့မည် ဆိုရင်လည်း အိမ်တံခါးဝက မထွက်မခြင်း ဆူပူ ကြိမ်းမောင်းနေလိုက်တာ နားတွင်မက ခေါင်းတစ်ခုလုံးကို ပူလို့တဲ့။
    တစ်နေ့တော့ ဦးတုတ်ကြီး အလုပ်သွားချိန်မှာ ဒေါ်ပုတ်က ရွာဦးဘုန်းကြီးကျောင်း သွားတယ်။ ဘုန်းကြီးကို အားကိုးတာပေါ့။ ရင်ထဲမှာ ပူလောင်လွန်းတော့ မနေသာပဲ ဘုန်းကြီးကို လျောက်တယ်။
    “ ဘုန်းကြီးဘုရား ကိုတုတ်ကြီးတစ်ယောက် အင်မတန် ဒေါသကြီးလွန်း၊ ဆူလွန်းလို့ ဆုံးမ ပေးပါဦးဘုရား၊ တပည့်တော်မ နေ့တိုင်းနေ့တိုင်း စိတ်ဆင်းရဲရပါတယ် ဘုရား၊ မျက်ရည်ကျရ၊ ငိုရတာလည်း ခဏခနပါပဲဘုရား။ တပည့်တော်ကို အကြောင်း မရှိ အကြောင်းရှာ ကြံကြံဖန်ဖတ် ဆဲဆို ကြိမ်းမောင်း ဆူပူတယ်ဘုရား၊ တပည့်တော် ဘယ်လိုပဲ စိတ်ကောင်းထား ဆောင်ရွက်ပေမည့် အကောင်းမမြင်ဘူးဘုရား။
    အိမ်ပေါ်ကလည်း ခဏခန နှင်ချတယ်ဘုရား၊ နှင်ချပေမယ့် အိမ်က တပည့်တော် ရဲ့ မိဘရဲ့ အမွေအိမ်ဘုရား၊ တပည့်တော် ငယ်ငယ်လေးကတည်းက နေခဲ့တဲ့ အိမ် ဘုရား။ သူက စိတ်ဆိုးတဲ့အခါ မနေချင် အိမ်ပေါ်က ဆင်းသွားလို့ နှင်ချတယ်ဘုရား၊ အမှန်က မနေချင်ရင် သူပဲ ဆင်းသွားရမှာ ၊ ပြောင်းပြန်ကြီးဘုရား၊ ဒီလိုနဲ့ တပည့်တော် မမှာ စိတ်ဆင်းရဲလိုက်တာ လွန်ပါရောဘုရား၊ အဲဒါ ကိုတုတ်ကြီးကို လိမ္မာအောင် ဆုံးမ ပေးပါအုံးဘုရား” တဲ့ ။
    ဒါနဲ့ ရွာဦးကျောင်းဘုန်းကြီးက…
    “ ဟေ့.. မပုတ်၊ မင်းရဲ့ မောင်တုတ်က ကျောင်းမှာလဲ မဟုတ်ဘူးကွ၊ ဘုန်းကြီးက အိမ်လိုက်ပြီး ဆုံးမ ရအောင် ဆိုတာကလည်း သဘာဝမကျဘူးကွယ့်၊ ကဲ .. ဒီတော့ မောင်တုတ်ကို နိုင်တဲ့နည်းကိုပဲ ငါပြောလိုက်မယ်၊ မေတ္တာပဲပို့ပါ။
    မေတ္တာပို့တဲ့အခါ စိတ်မပါပဲနဲ့ ပို့လို့တော့ အလလားပဲနော်၊ ပါးစပ်က ရွတ်ဖတ်နေ ယုံနဲ့လဲ အလကားပဲနော်၊ စိတ်ထဲမှာတော့ မုန်းတဲ့ စိတ်တွေပေါ်လို့ ပါးစပ်ကတော့ ချမ်းသာပါစေဆိုတာဟာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
    “ ဒီတော့ မေတ္တာပို့တော့မည်ဆိုရင် ကိုယ်မေတ္တာပို့လွှတ်မယ့် သူရဲ့ ကောင်းကွက် ကို သေသေချာချာ ကြည့်၊ သတိနဲ့ သူ့ပုံကိုဖော်၊ သူ့ပြုံးကွက်ကလေးကို သေသေချာချာ ဖန်တီးပြီးမှ ဘုရားရှေ့သွားပြီး ငါးမိနစ်ဖြစ်စေ၊ ဆယ်မိနစ်ဖြစ်စေ၊ အချိန်ရသလောက်ပေါ့၊ သူထံကို ကိုယ့်မေတ္တာဓာတ်တွေ စူးစူးစိုက်စိုက် ရိုရိုသေသေ ပို့ရမယ်ကွယ့်။
    မကြာပါဘူး မောင်တုတ်က မင်းအပေါ်မှာ အပြစ်မြင်နေတာတွေ ၊ မုန်းနေတာ တွေ ပျောက်သွားပါလိမ့်မယ်၊ သူကို နိုင်တဲ့နည်းက ဒါပဲရှိတယ်၊ မောင်တုတ်ရဲ့ကောင်း ကွက်၊ ကျေးဇူးရှိတဲ့ အတွက်တွေကိုသာ မင်းမြင်အောင် ကြည့်တတ်ပါစေ၊ သူရဲ့ ပြုံးနေ တဲ့ ပု့ကလေးကို စိတ်ထဲမှာ ပေါ်လာအောင် ဖေါ်ပြီးတော့ တစ်ခါတည်း သူထံ တန်းနေ အောင် မင်းရဲ့ မေတ္တာစစ် မေတ္တာမှန်တွေ ပိုပေးလိုက်စမ်းပါ၊ အောင်မြင်မှာပါ၊ နောက်မဆုတ်နဲ့၊ ဇွဲရှိရှိလုပ်နော်” လို့ သင်ပေးလိုက်တယ်။
    ကောင်းပါပြီဘုရား၊ ကောင်းပါပြီဘုရား၊ ဆိုပြီးတော့…
    ဒေါ်ပုတ်ကြီး အိမ်ပြန်သွားတယ်။ အိမ်ရောက်တော့ ဘုရားစင်ရှေ့သွားပြီး အရင်ဆုံး ဘုရားကို အာရုံပြုတယ်။ စိတ်ကလေးတွေ ငြိမ်းချမ်းနေမှ ရွားဦးကျောင်း ဘုန်းကြီး သင်ပေးလိုက်တဲ့အတိုင်း ကိုတုတ်ကြီးရဲ့ ကောင်းကွက်ကို ရှာတယ်၊ တော် တော်နဲ့ မတွေ့ရသေးဘူး၊
    ဒါနဲ့ ကိုတုတ်ကြီးရဲ့ ပုံကို သေသေချာချာ ဖော်ကြည့်တယ်။ ပုံဖော်တော့ အရင် ဆုံး ကိုတုတ်ကြီးရဲ့ ဒေါသကြောင့် နီနေတဲ့ မျက်နှာ၊ ဆဲဆို ကြိမ်းမောင်းနေတဲ့ ပုံကြီး ပေါ် လာသတဲ့၊
    ဒါနဲ့ ဒေါ်ပုတ်ကြီးက “ အို.. ဒါတွေ ပေါ်လာရင် ငါ မေတ္တာပို့လို့ ဖြစ်မှာ မဟုတ်ဘူး ဆိုပြီး အဲသည် ပုံတွေကို စိတ်ထဲမှာ ဖယ်ထုတ်ပစ်လိုက်ပြီး ကိုတုတ်ကြီးရဲ့ ကောင်းကွက် ကျေးဇူးကွက်တွေကို မြင်အောင်ကြည့်တယ်၊ သေသေချာချာ ကြည့်လို့ ကိုတုတ်ကြီးရဲ့ ကျေးဇူးတွေ မြင်လာတဲ့အခါ သူရဲ့ ပြုံးကွက်ကလေး ပေါ်လာအောင် ပုံဖော်ပြီးတော့မှ
    “ကိုတုတ်ကြီးတစ်ယောက် ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ ဘေးရန်တွေ ကင်းပါ စေ၊ နှလုံးစိတ်ဝမ်း အေးချမ်းပါစေ” လို့ စိတ်ပါ လက်ပါ ရွတ်ဆိုပြီး မေတ္တာပို့ပါတယ်၊ အကြိမ်များစွာ ပို့တယ်၊ အဲသည်အခါ စိတ်ထဲမှာ သမာဓိကလေးက နေရာယူသွားတော့ မေတ္တာပို့လို့ကို အားမရနိုင်အောင် ဖြစ်လာတယ်။ မေတ္တာအရှိန်ကလေးတွေနေရာ ရလာတယ်ပေါ့။ တရား အလုပ်ဆိုတာကလည်း မစသေးခင်သာ ၊ စလိုက်ပြန်တော့ လည်း တရားက ဆွဲဆောင်သွားတာပဲ။
    အဲသည်လို ဒေါ်ပုတ်ကြီးက အိမ်အလုပ်တွေ လုပ်ရင်းလည်း သတိရတိုင်း သတိရ တိုင်း မေတ္တာပို့နေတော့ ဒေါ်ပုတ်ကြီးရဲ့ မေတ္တာဟာ ဦးတုတ်ကြီးထံ သွား ထိခိုက်တော့ တာပေါ့၊ ဒါကြောင့် အဲဒီနေ့ အလုပ်က ပြန်လာကတည်းက ဦးတုတ်ကြီးတစ်ယောက် ပုံ ပြောင်းသွားတယ်၊ အိမ်ပေါက်ဝက ၀င်လာကတည်းက ပြုံးလာတယ်။ စကားကို ချိုချို သာသာ ပြောလို့၊ အိမ်ပေါ်ရောက်တဲ့ အခါလည်း အရင်ကလို ဆဲဆို ကြိမ်းမောင်းနေတာ တွေ မလုပ်တော့ဘူးတဲ့။ အဲဒီ အချိန်က စပြီး ဦးတုတ်ကြီး အမူအယာတွေ ပြောင်းကုန် တယ်။
    ဒေါ်ပုတ်ကြီးကလဲ“ ငါ့မေတ္တာတော့ အောင်ပြီဟေ့”လို့ ပါးစပ်က ထုတ်မပြော သော်လည်း ကျေနပ်အားရပြီး ၊ တိုး၍တိုး၍ မေတ္တာပို့လိုက်တာ ဦးတုတ်ကြီးဟာ ဒေါ်ပုတ်ရဲ့ မေတ္တာအရှိန်အ၀ါတွေကြောင့် တိုး၍ တိုး၍သာ လိမ်မာလာရတော့ တာပဲ တဲ့။
    နောက်ပိုင်းမှာ ဦးတုတ်ကြီးဟာ ဘုရားနဲ့ တရားနဲ့ ကုသိုလ်တွေ လုပ်လို့ “ဘုရား ဒကာ ဦးတုတ် ကျောင်းဒကာ ဦးတုတ်” လို့တောင် ဖြစ်သွားပါသတဲ့ အိမ်မှာ ရန်ဖြစ်တာ၊ ဆူတာ၊ ပူတာတွေ တာလည်း ကင်းပြီးတော့ ဇနီးမောင်နှံ နှစ်ဦးဟာ စိတ်တူ ကိုယ်တူ ပျော်ပျော်ရွှင်ရွှင်နဲ့ နိဗ္ဗာန်ကို ဦးတည်ပြီး ကုသိုလ်ပါရမီတွေ ဆည်းပူးကျပါသတဲ့။ ဒါဟာ မေတ္တာကျေးဇူး စွမ်းရည်ထူးပါပဲ။
    ဤ ဓမ္မပုံပြင်ဖြင့် ယောဆရာတော်သည် -
    (၁) တစ်လောကလုံးတွင် မေတ္တာနှလုံးသားသာ အလှဆုံးဖြစ်ကြောင်း၊
    (၂) မေတ္တာတရားသည် လူတိုင်း၏ လူမှုရေး၊ စီးပွားရေးတို့၌သာ မက ဘာသာရေးကိစ္စ ၊ သိက္ခာသုံးပါး ကျင့်သုံးရေးကိစ္စတို့တွင်လည်း လိုအပ်သောအရာ ဖြစ် ကြောင်းနှင့်
    (၃) မေတ္တာသာ မပါလျင် မည်မျှ ရုပ်ဝတ္ထုတွေ ကြွယ်ဝ၍ သာယာ လှပနေစေကာ မူ ပျှော်စရာ မကောင်းကြောင်းတို့ကို သိစေလိုရင်းဖြစ်ပါသည်။
    (၄) စာဖတ်သူများလည်း ဦးတုတ်ကြီးနှင့် ဒေါ်ပုတ်ကြီးတို့ဘ၀ကို အားကျ၍ မေတ္တာနှလုံးသား များဖြင့် အလှဆုံး လူသားများ ဖြစ်နိုင်ကြပါစေ။
    တော်ဝင်နွယ်
    Read more...
    တာဝန်ကျေစေချင်ပါသည်
    “မကောင်း မြစ်တာ၊
    ကောင်းရာ ညွန်လစ်၊
    အသစ်ဟောကြူး၊
    နာဘူး ထပ်မံ၊
    နတ်ထံပို့ရာ၊
    မေတ္တာ လည်းပြု၊
    ရဟန်းမှု့၊ ခြောက်ခု လွန်သေချာ” ဟူ၍
    ရဟန်းတို့၏ တာဝန်ဝတ္တရားများကို တွေ့ရှိရပေသည်။
    အမှန်အားဖြင့် ရဟန်းတို့မည်သည် သူတစ်ပါးကို မှီတင်း၍ ရှင်သန်ကြီးထွားနေရသော ပုဂ္ဂိုလ်မျိုးဖြစ်၏။
    ဒကာ ဒကာမ တို့၏ ပစ္စယာနုဂ္ဂဟ- ပစ္စည်းလေးပါးဖြင့် ထောက်ပံ့မူ့ကြောင့်
    တိုက်တာကြီးများဖြင့်လည်း နေထိုင်နိုင်ကြ၏။ ကားတ၀ီဝီဖြင့်လည်း သွားလာကြရ၏။
    အိမ်ရှင်မပေါင်းများစွာ၏ အထူးစီမံချက်ပြုတ်ထားသည့် လက်ရာပေါင်းများစွာကိုလည်း
    အားပါးတရ ဘုန်းပေးသုံးဆောင်တော်မူကြရ၏။
    ထို့အပြင် လေအေးစက်၊ ရေခဲသေတ္တာ၊ အထက်စက်၊ အောက်စက်များအပြင် ဇိမ်ခံဝတ္ထုများစွာ
    ဖြင့်လည်း စည်းစိမ်ခံလိုက ခံနိုင်ကြရ၏။
    ထို့သို့ ဒကာ ဒကာမ များ၏ ကျေးဇူးကြောင့် စားရေး၊ နေရေး၊ ကျန်းမာရေးနှင့် အရေးမှန်သမျှ
    ပြည့်စုံနေကြရသည်ကို တွေ့ရှိရသဖြင့် ဒကာ ဒကာမ များဘက်က ပြောစရာမရှိအောင်
    တာဝန်ကျေနေကြပေပြီ။
    ဒကာ ဒကာမ များဘက်က တာဝန်ကျေလျှင် မိမိဘက်ကလည်း တာဝန်ကျေသင့်လှပေ၏။
    သားရေး၊ သမီးရေး၊ စီးပွါးရေး စသည်ကြောင့် အသိဥာဏ်မကြွယ်သော ဒကာ ဒကာမ များအား
    မကောင်းသည့် အမှု့များကို မလုပ်ဖို့တားမြစ်ပေးရမည်။
    ကောင်းသည့်အမှု့လုပ်ငန်းကို ညွန်ပြပေးရမည်။ မနာဘူးသေးသော တရားများကို ရှာဖွေဟောပြော
    ပေးရမည်။ နာဘူးပြီးသော တရားများကိုလည်း ထပ်မံဟောပြောပေးရမည်။
    အထူးသဖြင့် ဒကာ ဒကာမ များ ဘ၀ကူးကောင်းအောင်၊ နတ်ရွာသုဂတိ ရောက်အောင်
    ပို့ဆောင်ပေးရမည်။ သို့မှသာ ရဟန်းတာဝန်ကျေနိုင်မည်ဖြစ်ပေ၏။
    ထိုသို့ ရဟန်းတို့သည် ရဟန်းတာဝန် ကျေပွန်ရမည် ဖြစ်ပါလျက် ဒကာ ဒကာမ များ
    မကောင်းတာ လုပ်နေလျင်လည်း ကြည့်နေနိုင်တော်မူအားကြ၏။
    ကောင်းရာ ညွန်ဖို့ရာမှာလည်း အလွန်မတန် ၀န်လေးနေကြလေ၏။
    ပါးစပ်က နိဗ္ဗာန်ရောက်ကြောင်း ဟောပြောနေပြီး လူက အမေရိက သို့ ကြွနေကြလေ၏။
    အမေရိက ကိုပင် သန္တိသုခနိဗ္ဗာန် ဟု ဆိုရတော့ မလိုပင်။
    ထိုထက်ပို၍ ဆိုးသည်မှာ မိမိအား ကျေးဇူးကြီးမာလှသည့် ဒကာ ဒကာမ များကို
    နတ်ထံ တင်ပို့ရမည့်အစား အပါယ်ငရဲသို့ အတင်းအဓမ္မဆွဲချနေခြင်းပင် ဖြစ်ပေ၏။
    ထို့ကြောင့် လူငယ်တွေကို ရေသာခို အချောင်စားသည့် အခွင့်ရေးသမားများအဖြစ် သမိုင်းနွံနစ် မခံချင်ပေ။
    သမိုင်းပေးတာဝန်ကို ကျေပွန်သည့် သားကောင်းရတနာလေးများ အဖြစ်သာ မြင်တွေ့ချင်ပေသည်။
    လူငယ်တို့၏ အားမာန်၊ လူငယ်တို့၏ သတ္တိ၊
    လူငယ်တို့၏ စိတ်ဓာတ်၊ လူငယ်တို့၏ ဇွဲလုံးလ တို့ဖြင့် အနာဂတ်သာသနာ ကို
    လှပသည်ထက် လှပအောင်၊ သန့်ရှင်းသည်ထက် သန့်ရှင်းအောင်
    တာဝန်ကျေပွန်စွာ ဆောင်ရွက်နိုင်ပါစေသတည်း။
    ဘဒ္ဒန္တ၀ိစိတ္တာဘိဝံသ
    (၀ီရသူ - မစိုးရိမ်)
    Image Hosting by imagefra.me
    http://www.sbay-student.org/
    www.dhammaanalysis.multiply.com/
    Read more...
    Just be Mindful! It’s the Most Loving Thing.
    by Cittasamvaro
    A message from Sayadaw U Jotika after his recent travel to Bangkok.
    Whatever it is we have - we got it from the community we are living in, we got it from the world.
    If we want more good things from the community we must try our best to make the community better.
    Help people live a better life and we will live in a better community.
    Help people practice mindfulness, then, they will become a better person.
    We will have better friends.
    If we want the best, we should also give the best.
    By practicing mindfulness, we develop our spiritual qualities.
    We become more patient, more loving, more caring.
    We don’t do anything harmful to ourselves and to others.
    In short, we become a better person.
    By becoming a better person we have done much for our community.
    It is our best contribution.
    Just by being peaceful we have contributed much for the world.
    I want to live a long life.
    Why?
    Because, I can do much good for myself and for others too.
    If you love yourself, be mindful. That is the most loving thing.
    Be mindful of your thoughts and feelings.
    By knowing yourself better you become a better person.
    Read more...
    စစ်ကိုင်းတောင်ရိုး မွေးနေ့အလှူ ၊ထိုင်ခုံအလှူ၊ဆွမ်းအလှူ ရှင်းတမ်းများ.
    မင်္ဂလာပါရှင်။ ဒီနေ့ ( ၃၀ ၊ ၁၊ ၂၀၁၀) စနေနေ့မှာ စင်္ကာပူမှ Mr.Lewis+hmweတို့ မှ Mr.Lewisရဲ့မွေးနေ့အလှူအဖြစ် စစ်ကိုင်းတောင်ရိုးမှ သံဃာတော်များကို အာရုံဆွမ်း နဲ့ နေ့ဆွမ်းလောင်းလှူရန်အတွက် ကျွန်မထံကြိုတင်ဆက်သွယ်ပြီးအလှူငွေ ၁၅၀၀၀၀ ( တစ်သိန်းငါးထောင်ကျပ်တိတိ) လှူဒါန်းထားခဲ့ပါတယ်ရှင်။ဒီနေ့ မွေးနေ့အလှူရှင် Mr.Lewis အတွက် အမှတ်တရ ဖြစ်စေရန် အလို့ငှာ အလှူဓါတ်ပုံလေးများနဲ့အတူ အလှူပို့စ်လေး ရေးဖြစ်ပါတယ်ရှင်။ Hello!!! Mr.Lewis , HAPPY BIRTHDAY TO YOU !!
    Photos of donation ceremonary by Mr.Lewis ( Singapore)on his birthday .
    (အလှူရှင်မှ အလှူဓါတ်ပုံလေးတွေ ကြည့်ချင်ကြောင်း တောင်းဆိုထားသဖြင့် တင်ပြအပ်ပါတယ်ရှင်။)
    ---------------------------------------------------------
    ဒီလိုပဲ ကျွန်မထံ သို့ ကြိုတင်ဆက်သွယ်ထားကြတဲ့ မွေးနေ့အလှူရှင်များစွာရှိနေပြီးတော့မှ စစ်ကိုင်းတောင်ရိုးဆွမ်းလောင်းအသင်း သံဃာတော် အပါး ၂၅၀ မှ အပါး ၅၀၀ ကျော်အတွက် မွေးနေ့မှာ နေ့ဆွမ်းလှူလိုကြလျှင် အလှူငွေ ၁၀၀၀၀၀ ကျပ် ( တစ်သိန်းကျပ်တိတိ) ၊နေ့ဆွမ်း+အာရုံဆွမ်း လှူဒါန်းလိုလျှင် ၁၅၀၀၀၀ ကျပ်( တစ်သိန်း ငါးသောင်းကျပ်တိတိ) ထည့်ဝင်လှူဒါန်းပြီး ကုသိုလ်ယူနိုင်ကြပါတယ်ရှင်။ ကျွန်မတို့ မောင်နှမများမှ စစ်ကိုင်းတောင်ရိုးဆွမ်းလောင်းအသင်းကြီးကို ဒီထက်မက ပိုမိုတိုးတက်အောင်မြင် လာအောင် တတ်နိုင်သလောက် ကြိုးစားလုပ်ဆောင်သွားကြမှာဖြစ်ပြီးတော့ ၊ သံဃာတော်များအတွက် စေတနာထက်သန်စွာ လှူဒါန်းလိုသူ အလှူရှင်များအနေဖြင့် မိမိတို့ရဲ့ မွေးနေ့မှာပဲ လှူလှူ ၊ အမှတ်တရနေ့လေးတွေမှာပဲ လှူလှူ အဆင်ပြေအောင် ကျွန်မတို့မှ စီစဉ်ဆောင်ရွက်ပေးနေပါတယ်ရှင်။
    အပတ်စဉ် တနလာင်္နေ့တိုင်းမှာတော့ ဘလော့ဂါ မောင်နှမများနဲ့ စာဖတ်သူများအဖွဲ့ အလှူရှင် မောင်နှမများမှ ၂၀၀၉-၂၀၁၀ အတွက် တစ်နှစ်စာ နေ့ဆွမ်းအလှူငွေ ပါဝင်လှူဒါန်းထားကြတာမို့ အပတ်စဉ် တနလာင်္နေ့တိုင်းအတွက် နေ့ဆွမ်းဟင်း အလှူရှင်များကတော့ ဘလော့ဂါမောင်နှမများနဲ့ စာဖတ်သူ မောင်နှမများပဲ ဖြစ်ပါတယ်ရှင်။ ကျွန်မတို့ ၂၀၀၉-၂၀၁၀ အတွက် အပတ်စဉ်ဆွမ်းအလှူငွေ ကောက်ခံခဲ့ရာမှာ သံဃာတော် အပါး ၂၀၀ ကျော်အတွက်ရည်ရွယ်ပြီး အလှူငွေ ကောက်ခံခဲ့တာမို့ တနလာင်္တစ်ပတ်စာအတွက် ၊အလှူရှင် တစ်ဦးလျှင် အလှူငွေ ၆၀၀၀၀ ကျပ်( ခြောက်သောင်းကျပ်) နဲ့ တစ်နှစ်စာ အတွက်( အပတ်စဉ်တနလာင်္နေ့တိုင်း)အလှူရှင်ပေါင်း အယောက်(၅၉)ဦး မှ အလှူငွေသိန်းပေါင်း ၄၃ သိန်းကျော် ၊ (၄၃၈၆၈၇၀ ကျပ်တိတိ) လက်ခံရရှိခဲ့ပါတယ်ရှင်။
    သို့ပါသော်လည်း စစ်ကိုင်းတောင်ရိုးဆွမ်းလောင်းအသင်းမှာ စတင်တည်ထောင်သည့်အချိန်မှစ၍ အောင်မြင်လာခဲ့ပြီး သံဃာအပါး ၂၅၀ ကျော်မှ သံဃာအပါး ၄၀၀ကျော် ၅၀၀ အထက် ၂ ဆခန့် များပြားလာခဲ့သောကြောင့် တစ်ပတ်လျှင် အလှူငွေ ( ၆၀၀၀၀ ကျပ်) သတ်မှတ်ပြီး အလှူငွေ ကောက်ခံခဲ့သည်မှာ အလှူငွေမှာ မလုံလောက်နိုင်ပဲ ဖြစ်ခဲ့သည့်အတွက် ကျွန်မတို့ အလှူငွေ ကောက်ခံသူ မောင်နှမများတိုင်ပင်ပြီး ကောက်ခံရရှိသော အလှူငွေများထဲမှ တနင်္လာအပတ်စဉ်အတွက် ၊ ဆန် နဲ့ ဆီ အလှူရှင်မှာ ရှိပြီး ဖြစ်ပါသောကြောင့် ကျန်တဲ့အလှူအတွက် လိုအပ်သည်များ ပြည့်စုံအောင် စာရင်းဇယားဖြင့် အလှူငွေကို ကုန်ကျသလောက် အသုံးပြုပေးပါရန် ဦးဇင်း ဦးကောဝိဒထံသို့ လျှောက်တင်ခဲ့ရပါတယ်ရှင်။
    သို့ပါသောကြောင့် အပတ်စဉ်တနလာင်္နေ့တိုင်းအတွက် ကျွန်မတို့ မောင်နှမများမှ (၂၀၊၇၊၂၀၀၉)တနလာင်္နေ့မှ စတင်ပြီး နေ့ဆွမ်းဆက်ကပ်လှူဒါန်းလာခဲ့ကြရာမှာ တနင်္လာ အပတ်စဉ် အကြိမ်ပေါင်း( ၃၀) ကျော်သွားခဲ့ပြီ ဖြစ်ပါတယ်ရှင်။စာရင်းတွက်ရာတွင် တစ်ပတ်အတွက် အသုံးစရိတ်စုစုပေါင်းမှာ ၁၀၀၀၀၀( တစ်သိန်း ၀န်းကျင်ခန့်) ဖြစ်ပြီး ကုန်ကျငွေ စာရင်းဇယား စုစုပေါင်းကို ကျွန်မမှ ပူးတွဲတင်ပြပေးထားပါတယ်ရှင်။ (၁၁.၁.၂၀၁၀)နေ့အထိ လက်ကျန်ငွေ စုစုပေါင်းမှာ (၁၁၆၄၇၇၀ကျပ်)ဖြစ်တာကြောင့် ၊ ၂၀၁၀-၂၀၁၁ ခုနှစ်အတွက် ဆွမ်းအလှူငွေများကို ပြန်လည်ကောက်ခံနိုင်ရန် ၊ စီစဉ်လျှက်ရှိနေပါတယ်ရှင်။
    အလှူရှင်များအနေဖြင့်လည်း မိမိတို့အနေဖြင့် ပေးလိုသည့် အကြံများရှိပါက ၀ိုင်းဝန်းပြောဆို ဆွေးနွေးနိုင်ကြပါကြောင်း ကျွန်မမှ လေးစားစွာနဲ့ ဖိတ်ခေါ်ရပါတယ်ရှင်။၂၀၁၀-၂၀၁၁ ခုနှစ်အတွက် ကျွန်မထံ ကြိုတင်ဆက်သွယ်ထားကြသော အလှူရှင်ပေါင်း ( ၁၈ ဦး)ရှိနေပြီ ဖြစ်ပါတယ်ရှင်။ဒါကြောင့်မို့ ၂၀၁၀-၂၀၁၁ ခုနှစ် စစ်ကိုင်းတောင်ရိုး ဆွမ်းလောင်းအသင်းအတွက် အလှူငွေများကို မကြာခင်အချိန်အတွင်းမှာ ကောက်ခံတော့မည် ဖြစ်ပါကြောင်းနဲ့ ပထမအကြိမ်အလှူရှင်များအားလုံးသည် ဒုတိယအကြိမ်ဆွမ်းလောင်းအသင်းတွင် အလှူငွေများ ဆက်လက်ပါဝင်လှူဒါန်းလိုကြပါလျှင် ကျွန်မ၏မေးလ်သို့ ဆက်သွယ်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်ရှင်။ကျွန်မ၏ ပထမမေးလ်အကောင့် (nanwarwarmg@gmail.com) account မှာ deleted လုပ်လိုက်ပါ၍ (nanwarwarmg2009@gmail.com)သို့ (အလှူရှင်များသာ) ပြန်လည်ဆက်သွယ်ပေးကြပါရန် လေးစားစွာဖြင့် မေတ္တာရပ်ခံလိုက်ရပါတယ်ရှင်။
    ၂၀၀၉-၂၀၁၀ ပထမအကြိမ် စစ်ကိုင်းတောင်ရိုး ဆွမ်လောင်းအသင်း အလှူရှင်များ....
    အပတ်စဉ်ဆွမ်းဆန်အလှူရှင်(ကိုဖြိုး+ကိုထက် ရွှေအိမ်ဖြူ တယ်လီဖုန်းရောင်းဝယ်ရေး၊မန္တလေး)
    အပတ်စဉ်ဆီ အလှူရှင် (ဒေါ်ချိုကုန်မျိုးစုံရောင်းဝယ်ရေး -ရွှေဘို)
    နေ့ဆွမ်းဟင်းအလှူရှင်များ...
    ၁.Dr.Nyan + ဒေါ်ဝါ၀ါခိုင်မင်း ၊ သမီးလေးမေမြတ်နိုးခိုင် မိသားစု (ဂျပန်)
    ၂.ကိုလှအောင်+မထားထားမြင့် ၊ သား-ကျော်စိုးဟန် ၊ သမီးလေး ငုသဒ္ဒါသွင် မိသားစု (စာဖတ်သူ-ဂျပန်)
    ၃.စံ + နုနု မိသားစု ( ဂျပန်)
    ၄.စံ + နုနမိသားစု၂(ဂျပန်)
    ၅.ဒေါ်ယဉ်ယဉ်မိသားစု (လယ်ဝေးမြို့) (စာဖတ်သူ-ဂျပန်)
    ၆.မရတနာခင်လတ် ( စာဖတ်သူ-ဂျပန်)
    ၇.မနန်းခမ်းမိုင် (စာဖတ်သူ- ဂျပန်)
    ၈.မောင်ယာမိုးလွင်(စာဖတ်သူ-စင်္ကာပူ)+မခင်လဲ့ရည်(စာဖတ်သူ-ဂျပန်)
    ၉.၀သန်မိုး(ဂျပန်)
    ၁၀.ကိုသက်နိုင် ၊ မနုနုခိုင် (လသာည)၊ သမီး ဇူးမိုမိုနိုင်၊လသာညမိသားစု (ဂျပန်)မှ ၂၁.၇.၂၀၀၉ မွေးနေ့အလှူ ။
    ၁၁.ဦးဆန်းလင်းဦး+ဒေါ်စောယုလှိုင် ၊ သမီးလင်းဝတီဦး နဲ့ ခိုင်ယမင်းဦးမိသားစု (စာဖတ်သူ-ဂျပန်)
    ၁၂.မခင်သန္တာထွေး (စင်္ကာပူ)
    ၁၃.ကိုကိုချစ် + မီးမီးချစ် (စင်္ကာပူ)
    ၁၄.မိဘများဖြစ်သူ ဦးစိန်ထိုက် + ဒေါ်အေးအေးသန်းတို့ကို ဦးထိပ်ပန်ဆင်၍ မသန်းသန်းမြင့် (စင်္ကာပူ)
    ၁၅.ဖိုးသား+ မဖြူ (စာဖတ်သူ-စင်္ကာပူ)
    ၁၆.မောင်ယာမိုးလွင်(စာဖတ်သူ-စင်္ကာပူ)+မခင်လဲ့ရည်(စာဖတ်သူ-ဂျပန်)
    ၁၇.ဖေဖေ ဦးတင်ဦး + မေမေ ဒေါ်လှမြင့်သန်းတို့ ကို ဦးထိပ်ပန်ဆင်ပြီး ပိုးပိုး(စင်္ကာပူ)
    ၁၈.မိဘများဖြစ်သူ ဦးသန်းဝင်း +ဒေါ်သန်းနွဲ့တို့ကိုဦးထိပ်ပန်ဆင်၍မောင်ဇော်ဝင်း(စင်္ကာပူ)
    ၁၉.ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် အာဇာနည်၉ယောက်အားရည်စူး၍ မထက်စုနှင်းဆီ(စင်္ကာပူ)
    ၂၀.ညီမလေးဝေလေး(စင်္ကာပူ)
    ၂၁.ကိုညီဝင်းလွင်+နွေးနွေးသဲမွန်(စင်္ကာပူ)
    ၂၂.ရဲ+ဆု (စာဖတ်သူ-စင်္ကာပူ)
    ၂၃.သန္တာဝင်း (စာဖတ်သူ-စင်္ကာပူ)
    ၂၄.ကိုပြေအေး(နယ်သာလန်) ၊ ဒေါ်သန်းသန်းဝင်း နဲ့ သား-စစ်မင်းဦး (စင်္ကာပူ)
    ၂၅.ကိုပြေအေး(နယ်သာလန်)၊ဒေါ်သန်းသန်းဝင်း နဲ့ သား-စစ်မင်းဦး (စင်္ကာပူ)
    ၂၆.ဒေါက်တာမျိုးမင်းသန့်+ဒေါ်မေယမင်း ( စင်္ကာပူ)
    ၂၇.ဒေါက်တာလင်းထက်အောင်(ရုရှား)+ဒေါ်အေးအိအိမော်
    ၂၈.နွေးနေခြည် (စင်္ကာပူ)
    ၂၉.ပုလုကွေး (စင်္ကာပူ)
    ၃၀.ရွာသားလေးဝိုင်တီယူ (စင်္ကာပူ)
    ၃၁.REENOEMANN (စင်္ကာပူ)
    ၃၂.ကိုမျိုးမင်းဦး(စင်္ကာပူ)
    ၃၃.မအေးဇာနွယ်(စာဖတ်သူ-စင်္ကာပူ)
    ၃၄.မမကြီးဆွေလဲ့နှင်း နဲ့ ညီမလေးကြည်ဖြူပိုင်(စင်္ကာပူ)
    ၃၅.ကိုသုခ-မေကဆုန်(စင်္ကာပူ)
    ၃၆.KMSL+KOM(စင်္ကာပူ)
    ၃၇.ကိုသိန်းပို+မနီနီထွေး ၊ သမီး မငြိမ်းစုထွေး မိသားစု (စာဖတ်သူ-စင်္ကာပူ)
    ၃၈.ကိုမျိုးကျော်+မချောစုစုဝင်း(စာဖတ်သူ-စင်္ကာပူ)
    ၄၉.ကိုယဉ်သွေး
    ၄၀.မခင်ကလျာစိုး (မေတ္တာရောင်ပြန်) ( စကာင်္ပူ)
    ၄၁.ညီမလေးနန်းမေဇင်အေး(စင်္ကာပူ)မှ အစ်ကိုဖြစ်သူ စိုင်းကျော်သူထက်(ဖြူးမြို့)အားရည်စူးပြီး။
    ၄၂.avocado(စင်္ကာပူ)
    ၄၃.ဘလော့ဂါရန်အောင် နဲ့ မိသားစု(ယူအက်စ်အေ)
    ၄၄.မနှင်းပွင့်သစ္စာလှိုင် (ယူအက်စ်အေ)
    ၄၅.ကိုမြင့်သူ+မမွှေးမွှေးကြူ ၊ သမီးဇင်မွန်ထက် (ကနေဒါ)
    ၄၇.ဦးကြံအောင် (ယူအက်စ်အေ)
    ၄၈.ဒေါ်ရီရီစိန် (ယူအက်စ်အေ)
    ၄၉.ကိုအောင်မောင်မောင် (ကယ်လီဖိုးနီးယား ဆန်ဖရန်စစ္စကိုမြို့ )
    ၅၀.ကိုမျိုးဝင်းသိန်း (ကယ်လီဖိုးနီးယား ဆန်ဖရန်စစ္စကိုမြို့ )
    ၅၁.မစန်းသီတာအောင် (ကယ်လီဖိုးနီးယား ဆန်ဖရန်စစ္စကိုမြို့ )
    ၅၂.မခင်စန္ဒီဝင်း (ကယ်လီဖိုးနီးယား ဆန်ဖရန်စစ္စကိုမြို့ )
    ၅၃.မစိုးစန်းထက် (ကယ်လီဖိုးနီးယား ဆန်ဖရန်စစ္စကိုမြို့ )
    ၅၄.Shwesin Wong နှင့် မိသားစု(ချီကာဂိုမြို့)
    ၅၅.ချစ်ခြင်းခြေရာအလှတရား
    ၅၆.မမေဦးခင် (တိုင်ဝမ်)
    ၅၇.မလတ်လတ်ဇော် (Burdubai)
    ၅၈.Zephyr (စင်္ကာပူ)
    ၅၉.ကိုမောင်ဇော်မင်း၊ Fountain Valley, California တို့ ဖြစ်ကြပါတယ်ရှင်။
    ----------------------------------------------------------------------------------------
    ၂၀၀၉-၂၀၁၀ ပထမအကြိမ် စစ်ကိုင်းတောင်ရိုးဆွမ်းလောင်းအသင်း အလှူငွေ စာရင်းရှင်းတမ်း.
    ----------------------------------------------------------------------------------------
    ထိုင်ခုံ အလှူရှင်များစာရင်း နဲ့ အလှူရှင်နံမည် ရေးပြီးခြင်း။
    ၁.ဂျပန်ကောင်လေး (ဂျပန်) ( ခုံ ၂လုံး)
    ၂.ခွန်သဒ္ဒါ (ဂျပန်) ( ခုံ ၃ လုံး)
    ၃.ကိုမျိုးမင်းမင်းအောင်-မေသူအောင် (ဂျပန်) ( ခုံ ၃ လုံး)
    ၄.မဆုယမင်းထက် (စင်္ကာပူ) (ခုံ ၁၀ လုံး)
    ၅.ဦးဇော်ဝင်း-ဒေါ်ခင်အုန်းမြ ၊ သမီး-မသန္တာဝင်း (စင်္ကာပူ) (ခုံ ၅ လုံး)
    ၆.အလှူရှင်တစ်ဦး (စင်္ကာပူ) (ခုံ ၅ လုံး)
    ၇.ကိုသုခ - မေကဆုန် (စင်္ကာပူ) ( ခုံ ၂ လုံး)
    ၈.ကိုညီဝင်းလွင် - နွေးနွေးသဲမွန် (စင်္ကာပူ) ( ခုံ ၂ လုံး)
    ၉.တင်ဇာမော် (စင်္ကာပူ) ( ခုံ ၁လုံး)
    ၁၀.ကိုခိုင်ထွန်း(စင်္ကာပူ) (ခုံ ၂ လုံး)
    ၁၁.ယဉ်ယဉ်ပြုံး ( စင်္ကာပူ) ( ခုံ ၃ လုံး)
    ၁၂.ဗီလိန် (စင်္ကာပူ) ( ခုံ ၁ လုံး )
    ၁၃.TNT (စင်္ကာပူ) ( ခုံ ၁ လုံး)
    ၁၄.နန်းမေဇင်အေး ( စင်္ကာပူ ) ( ခုံ ၁ လုံး)
    ၁၅.နွယ်နွယ်သိန်း (စင်္ကာပူ) (ခုံ ၁ လုံး)
    ၁၆.ဦးဘိုနီ-ဒေါ်ခင်ခင် ( စင်္ကာပူ) ( ခုံ ၁ လုံး)
    ၁၇.ခရေညို (စင်္ကာပူ) ( ခုံ ၁ လုံး)
    ၁၈.ကြည်ဖြူပိုင် (စင်္ကာပူ) ( ခုံ ၁လုံး)
    ၁၉.Vista (စင်္ကာပူ) ( ခုံ ၁ လုံး)
    ၂၀.နှစ်ဖက်သောမိဘများကို အမှူးထား၍ ကိုမျိုးကျော်-မချောစုစုဝင်း(စင်္ကာပူ)မှ (ခုံ ၁လုံး)
    ၂၁.ကိုသိန်းပို-မနီနီထွေး(စင်္ကာပူ) ( ခုံ ၁လုံး)
    ၂၂.U Jimmy Soe and family ( Yangon) (ခုံ ၁ လုံး)
    ၂၃.ပိုးပိုး(စင်္ကာပူ) ( ခုံ ၁ လုံး)
    ၂၄.Koyanagi Yoshiaki - မသင်းသင်းနိုင် ၊ သား- Koyanagi Hiroaki( ဂျပန်) ( ခုံ ၁ လုံး)
    ၂၅.Dr.Nyan-၀ါဝါခိုင်မင်း မိသားစု ( ဂျပန်) ( ခုံ ၁လုံး)
    ၂၆.ဇေယျာ-လဲ့သူ (စင်္ကာပူ) ( ခုံ ၁လုံး)
    ၂၇.မေပျိုတစ်စု ( စင်္ကာပူ) (ခုံ ၃ လုံး)
    ၂၈.Dr.မျိုးမင်းသန့်-မေယမင်း(စင်္ကာပူ) (ခုံ ၁ လုံး)
    ၂၉.စုစုမြတ်(စင်္ကာပူ) (ခုံ ၃လုံး)
    ၃၀.သားသားကျော်စိုးဟန် (ဂျပန်) ( ခုံ ၁လုံး)
    ၃၁.ကိုဇေယျာလင်း-မခင်ဖြူ (စင်္ကာပူ) ( ခုံ ၅လုံး)
    --------------------------------------------------------------------------------------------
    စုစုပေါင်း ( ၆၆ ခုံ)
    -------------------------------------------------------------------------------------------
    လစဉ် စင်္ကာပူဒေါ်လာ(၁၀) အမြဲလှူဒါန်းသော ဦးဂျင်မီစိုး မိသားစု လစဉ်အလှူငွေ ၃ လစာ ၂၁၃၀၀ ကျပ် မှ အလှူအတွက် လိုအပ်နေသော ဒန်ဇလုံကြီး ၃ လုံးကို ၀ယ်ခဲ့ပါတယ်ရှင်။
    ဦးဇင်းမှ ဓါတ်ပုံတွေ ပို့လာခဲ့သော်လည်း တချို့အလှူရှင်များရဲ့ ဓါတ်ပုံများ ပါမလာခဲ့ပါလျှင် ကျွန်မ ထပ်မံဆက်သွယ် ဓါတ်ပုံများတောင်းပြီး တင်ပေးပါဦးမယ်ရှင်။
    အလှူရှင်များအားလုံး စိတ်ချမ်းသာ ပျော်ရွှင်နိုင်ကြပါစေရှင်။
    အလှူခံမောင်နှမများ...
    ရန်အောင် ( U.S.A) ( aungyan@gmail.com)
    ရွာသားလေး (YTU) Singapore (donationformyanmar@gmail.com)
    Julydream(Singapore)(julydream0707@gmail.com)
    WWKM
    Read more...
    လာလည်ကြသူများ
    ဤဘလော့ဂ်၏ ရည်ရွယ်ချက်
    ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။
    ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။
    ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။
    ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ
    မြန်မာပြက္ခဒိန်
    မြန်မာပြက္ခဒိန်
    www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။
      © Blogger templates The Professional Template by Ourblogtemplates.com 2008
    Back to TOP