* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Thursday, December 31, 2009

အသေတတ်သည် ဆိုရာဝယ်

အသေတတ်သည် ဆိုရာဝယ်

သေခါနီးဖြစ်တဲ့ စိတ်ဟာ အရမ်းကို အရေးကြီးပါတယ် ။ လားရာသုဂတိကို ချက်ချင်း
အကျိုးပေးနိုင်ပါတယ် ။ ဒီအကြောင်းတရားကို မြတ်စွာဘုရားရှင်က ယခုလို
ဟောကြားခဲ့ပါတယ် ။ နွားကျောင်းသားဟာ နေ၀င်လို့ နွားတွေကို ခြံထဲသွင်းတဲ့
အခါမှာ နွားပျို နွားပေါက်စလေးတွေက ရှေ့ဆုံးကနေ တိုးဝှေ့ပြီး ၀င်ကြတယ် ။
ဒါပေမယ့် မသန်မစွမ်းတော့တဲ့ နွားအိုကြီးတွေကတော့ ဘယ်လောက်ပဲ
ရိုက်နှက်ခြောက်လှန့်သည်ဖြစ်စေ ဖြည်းဖြည်းချင်းပဲ နောက်ဆုံးကနေ ၀င်ကြတယ်။
နောက်ဆုံး နွားခြံကို ပိတ်လိုက်တဲ့ အချိန်မှာတော့ နွားအိုကြီးတွေက
ခြံပေါက်ဝမှာပဲ အိပ်ကြရတယ် ။ ဒါပေမယ့် နောက်တစ်နေ့ နွားတွေကို ခြံထဲက
ပြန်ထုတ်တဲ့အခါမှာတော့ ခြံဝမှာ အိပ်နေတဲ့ နွားအိုကြီးတွေကပဲ
အရင်ထွက်ခွင့်ရပါတယ် ။ နွားပျို နွားငယ်တွေကတော့ နောက်ဆုံးမှပဲ
ထွက်ကြရပါတယ် ။ အဲ့ဒီလိုပဲ သေခါနီး ခိုကိုးရာမဲ့နေတဲ့ အချိန်မှာ ဖြစ်တဲ့
စိတ်ဟာ အရင်ဆုံးအကျိုးပေးပါတယ်လို့ မြတ်စွာဘုရား ဟောကြားတော်မူခဲ့ပါတယ် ။

ဝိပဿနာအသိ မရှိတဲ့ လူ့ပတ်ဝန်းကျင်မှာ သေရရင်ဖြင့် အရမ်းကို ကြောက်ဖို့
ကောင်းပါတယ် ။ ကြည့်လေရာ မြင်လေရာက ကိုယ်တစ်ဘ၀လုံး စွဲခဲ့တဲ့
အရာတွေချည်းပါပဲ ။ အိမ်တွေ အသုံးအဆောင်တွေ အ၀တ်အစားတွေ သား သမီး လင်
မယားတွေ အိမ်မွေးတိရစ္ဆာန်တွေ ။ ကိုယ့်ပတ်ဝန်းကျင်မှာ ရှိတာတွေအကုန်လုံးက
ကိုယ့်ကို အပါယ်ဆွဲချမယ့် အရာတွေချည်းပဲ ။ ဒါကြောင့် တစ်ချို့ နားလည်
သဘောပေါက်တဲ့ လူတွေဟာ သူတော်ကောင်းနေရာ မေတ္တာဓါတ်လွှမ်းခြုံတဲ့နေရာ
ဆိတ်ငြိမ်တဲ့နေရာတွေမှာ ကြိုတင်စီစဉ်ပြီး သေဆုံးလေ့ ရှိကြပါတယ်။
သေမယ့်အချိန်ကို ကြိုမသိနိုင်ပေမယ့် အဲ့လိုနေရာမျိုးမှာပဲ ဘ၀ရဲ့
နောက်ဆုံးအချိန်တွေကို ဖြတ်သန်းသွားကြပါတယ် ။ ကြောက်လည်း ကြောက်စရာပါပဲ။
အပါယ်ကျသွားလို့ ဘွာတေး လုပ်လို့ မရပါဘူး ။

အကုသိုလ် အစွဲအလန်းတွေ အားကြီးလွန်းလို့ သေခါနီး ၀ိဥာဉ်မချုပ်နိုင်ပဲ
ဆန့်တငင်ငင် ဖြစ်နေတဲ့ ပုဂ္ဂိုလ်တွေရှိပါတယ် ။ တစ်ချို့ကလည်း
အကုသိုလ်စေတနာ ကုသိုလ်စေတနာ သိပ်ကြီးကြီးမားမား မရှိ.. ၀ိပဿနာဥာဏ်ကလည်း
မရှိတော့ သူ့ ကံက သူ့ကို ဘယ်ပို့ရမှန်း မသိပဲ ဟိုစိတ်ရောက်လိုက်
ဒီစိတ်ရောက်လိုက်နဲ့ ကြာနေတာတွေ ရှိပါတယ်။ ဒါကိုပဲ ဘေးကလူက ဟိုလူ့
စောင့်သလိုလို ဒီလူ့ စောင့်သလိုလို သားကိုပဲ မျှော်သလိုလို သမီးကိုပဲ
မျှော်သလိုလိုထင်တော့တာပါပဲ ။ သားလေး ရောက်လာပြီ သမီးလေး ရောက်လာပြီ
ထကြည့်ပါဦး လို့ ဘေးကများ ကုန်းအော်လိုက်လို့ကတော့ သေတဲ့သူ တစ်ခါတည်း
သွားရော့ ငရဲအိုးပဲ .. အပါယ်လေးဘုံကို တန်းနေအောင် ပြေးပါတော့တယ် ။
သေတဲ့သူကို ဆွဲခါ လှုပ်ယမ်း ဖက် ပြီး အော်ငိုတာကတော့ အဆိုးဆုံးပါပဲ ။
ကျလုကျခင် ဖြစ်နေတဲ့သူကို ချစ်သလိုလိုနဲ့ ဆောင့်ကန်ချလိုက်တာပါပဲ ။

ဒါကြောင့် ငါသေရင် မငိုကြနဲ့ ဆူဆူညံညံလည်း မလုပ်ကြနဲ့ ငါ့ဘေးနားလည်း
မနေကြနဲ့ ငါ့တရားနဲ့ငါ နှလုံးသွင်းပြီး ငြိမ်းငြိမ်းချမ်းချမ်း သေမယ်လို့
အဲ့လို ကြိုတင်ပြီး မိသားစုကို မှာထားရမယ်... အဖေရယ် အမေရယ် နိမိတ်မရှိ
သေစကားမပြောပါနဲ့ အဲ့လို ပြောလာရင် ဟဲ့ နိမိတ်မရှိ မလုပ်နဲ့ ..ငါက သေရင်
ဒီနိမိတ်နဲ့ပဲ သွားရမှာ ... အဲ့လို ပြတ်ပြတ်သားသား မှာထားရမယ်လို့
မိုးကုတ်ဆရာတော်ဘုရားကြီးက အထပ်ထပ်အခါခါ သတိပေးသွားခဲ့တာပါ ။

တစ်ချို့က ကုသိုလ်ကောင်းမှုတွေတော့ လုပ်ခဲ့ပါရဲ့ ဒါပေမယ့် သေခါနီးကျတော့
လှူတုန်းကဖြစ်ခဲ့တဲ့ စေတနာကို ပြန်မစွဲပဲ ကျောင်းစွဲ ဘုရားစွဲ ဇရပ်စွဲ
အဲ့လို စွဲတော့ ကျောင်းစောင့် ဘုရားစောင့် စေတီစောင့်တွေပဲ ဖြစ်ကြရတယ် ။
ရိပ်သာမှာ အားထုတ်ခဲ့ပေမယ့် ၀ိပဿနာစိတ် မဖြစ်ပဲ ရိပ်သာစွဲသေတော့
ရိပ်သာစောင့် ဖြစ်ရပြန်တယ် ။ စေတနာကို ပြန်စွဲမိရင်တောင်မှ
အစွဲဖြစ်တဲ့အတွက် ကံရှိသလောက်အကျိုးပေးပြီး ကံကုန်တာနဲ့ ပြန်ဆင်းရမှာပါပဲ
။ ဒါကြောင့် အပါယ်လွတ်ရာလမ်း တစ်လမ်းပဲ ရှိပါတယ်။ အဲ့ဒါကတော့
အသက်ရှင်နေထိုင်တုန်းမှာ ၀ိပဿနာကို မြင့်မြတ်စွာ ကျင့်ကြံအားထုတ်ပြီး
အသေတတ်အောင် ကြိုးစားဖို့ပါပဲ ။

သစ္စာတရားကို နှလုံးသားမှာ ယုံမှားသံသယမရှိအောင် ကျင့်ကြံသွားနိုင်တဲ့
အရိယာပုဂ္ဂိုလ်ကတော့ ပတ်ဝန်းကျင်ဘယ်လိုပဲ ဖြစ်ဖြစ် မတုန်လှုပ်တော့ပါဘူး ။
အရိယာတို့ရဲ့ လားရာသုဂတိဟာ မြဲသွားပြီ ဖြစ်တဲ့အတွက် သူသွားရမယ့် လမ်းကို
ဖြောင့်ဖြောင့်တန်းတန်းပဲ သွားပါတယ် ။ ဒါပေမယ့် အဲ့လိုမှ
မကျင့်ကြံနိုင်တဲ့ သာမာန် ပုဂ္ဂိုလ်များအတွက်ကတော့ သေခါနီးအချိန်နဲ့
ပတ်ဝန်းကျင်ဟာ ကိုယ့်အတွက် နောက်ဆုံးအခွင့်အရေး နောက်ဆုံး
ကျည်ဆန်ဖြစ်တဲ့အတွက် အလွန်အင်မတန်မှ အရေးကြီးလှပါတယ်လို့ စေတနာ
အရင်းခံပြီး သတိပေးလိုက်ရပါတယ် ။

မှတ်ချက် ။ ။ မိုးကုတ်ဆရာတော်ဘုရားကြီး၏ သေခါနီး ၀င်လာတတ်သောစိတ် တရားမှ
ကောက်နုတ်ရေးသားချက် ဖြစ်ပါတယ် ။
( from forward email )

Read more...

*မေမေ*

မေမေသီချင်းတွေပါ ကလစ်ပေးပြီး နားဆင်ဖို့ မမေ့နဲ့နော...။

ဇမ္ဗူတိုင်းမှာ အဖြေညှိပြရရင်
အပူလှိုင်းဖြာ ဝေဒနိကတွေနဲ့
လူတိုင်းမှာ အမေ ရှိတယ်…။

မရေမရာ ပဟေဠိတွေကြောင့်
အသေအချာ အဖေမသိတောင်မှ
အမေ ရှိတယ်။

ချစ်သဒ္ဓါ ဝေကဲ
ပြည့်တန်ဆာ အမေလည်း အမေ

အကြွေးကြွယ်လှတဲ့
ဈေးသည်မ အမေလည်း အမေ

အကြောင်းတရား အခြေမွဲ
သူတောင်းစား အမေလည်း အမေ

သမီးသားတွေ ကြီးထွားစေရော့လို့
စီးပွား အထွေထွေ
စိန် ရွှေ ပတ္တမြား
အိမ် မြေ ကားနဲ့
ငွေသား အမွေ
ပေးနိုင်မှ အမေ မဟုတ်။

ယိုင်နဲ့နဲ့ တဲအတွင်း
လှဲခင်း အိပ်နေစရာ တိုးဖယ်ပေးခဲ့
အရိုးဟင်း တစ်ဖဲ့စီဝေ
ထမင်းရည် အတူတူသောက်
ဗိုက်မှောက်တော့ အတူတူ
ခြင်ထောင်မရှိ ခြုံစောင်မရှိ
ခင်းအိပ်စရာ ဖျာလည်းမရှိလို့
ခြင်ကိုသွေးလှူ အတူတူ
ကြမ်းပိုးသွေးလှူ အတူတူ
အပူကို မျှဝေ
ဒုက္ခကို ပိုမိုလေးနက်စေ
ပညာအမွေ ရွှေအိုး
ရိုးသားမှု ဂုဏ်သိက္ခာ
မေတ္တာ အကြင်နာမှ တစ်ပါး
အခြားပေးစရာ
အထွေထွေမဲ့သော်လည်း
အမေ ဟာ အမေ ပဲလေ…။ ။

++++++++++++++++++++++++++++++++++++

လေးစားစွာဖြင့်
ဖိုးသား

30.12.2009, WED:, 07:14:14 PM



Read more...

ဘုရားထက် သာသူများ

December 30, 2009
ဘုရားထက်သာတယ်
ယခုခေတ်သည် တရားအားထုတ်သူ ပေါများသော ခေတ်ဖြစ်၏။ အမြို့မြို့ အရွာရွာမှာ တရားအားထုတ်သူများ မှာ အနည်းအများဆိုသလို ရှိကြကုန်၏။ တရားဟောရာတွင်တောင် ၀ိပဿနာဟောမှ အများကြိုက်ကို ဖြစ်လာ၏။
ယင်းသို့ ၀ိပဿနာတရား နာကြားအားထုတ်သူများ ပေါများလာ၍ တစ်ဖက်ကကြည့်လျှင် အားရ၀မ်းသာ စရာပင် ဖြစ်၏။ တစ်ဖက်ကကြည့်လျှင် အားမရစရာ ၀မ်းမသာစရာတွေ များစွာတွေ့နေရ၏။
မှန်၏။ တရားအားထုတ်ခြင်းသည် အစွဲဒိဋ္ဌိပြုတ်အောင် အားထုတ်ခြင်းဖြစ်၏။ တစ်ချို့မှာ တရားအားထုတ် ပြီးမှ အစွဲအလမ်း ပို၍ပင် ကြီးနေသည်ကို တွေ့ရ၏။ အထူးသဖြင့် ပုဂ္ဂိုလ်စွဲ၊ တရားစွဲတွေ ဖြစ်လာ၏။ ပုဂ္ဂိုလ်စွဲ တွေ ထားပါဦး။ တရားစွဲမှာ ဖြစ်ရန်မသင့်ပေ။ အဘယ်ကြောင့်ဆိုသော် ဟောသမျှ၊ ပြသမျှ တရားတွေမှာ ဘယ်သူပဲ ဟောဟော၊ ပြပြ ဘုရားရှင်၏ တရားတွေကိုချည်း ဟောကြ၊ ပြကြရသောကြောင့် ဖြစ်၏။
ယင်းသို့ ဘုရားရှင်၏ တရားတော်တွေကိုချည်း ဟောကြ၊ ပြကြရာ၌ ဘုရားရှင်၏ အာဘော်ကျသူနှင့် မကျသူဟူ၍ နှစ်မျိုးနှစ်စား ရှိသည်။ ယင်းကိုတော့ သာမန် သူလိုကိုယ်လို ယောဂီများ သိဖို့မလွယ်ကူ။ သို့မလွယ်ကူဘဲ `တို့နည်းမှ နည်းကောင်း၊ တို့ဆရာမှ ဆရာကောင်း´ ဟု စွဲထားလျှင် ဘယ်သူနစ်နာမည်နည်း။
တစ်ခါက မိမိသည် တောရတစ်ခုတွင် နေ၏။ မိမိနှင့်အတူ သီတင်းသုံးဖော် နှစ်ပါးရှိ၏။ မိမိပါဆိုလျှင် သုံးပါးရှိ၏။ ဥပုသ်နေ့တွင် မိမိနှင့်တစ်ပါးမှာ တရားဟော၏။ သူက မနက်ဟောလျှင် မိမိက နေ့လယ်တွင် ဟော၏။ သူက နေ့လယ်ဟောလျှင် မိမိက နံနက် ဟော၏။ ပရိသတ်မှာ ရံခါ မိမိအား၊ ရံခါ သူ့အား သင့်သလို မေးလျှောက်စရာရှိလျှင် မေးလျှောက်လေ၏။ တစ်နေ့ ဒကာမကြီးတစ်စု သူ့ထံသို့ ချဉ်းကပ်လျှောက်မေး၏။
`အရှင်ဘုရား၊ (သူ)က ညည်းတို့ တရားအားထုတ်တာ ဘာဖြစ်ပြီလဲ၊ ငါတော့ `ဝေဒနာကုန်ပြီ´ လို့ ပြောတယ်ဘုရား။ အဲဒါ သူက ညည်းတို့ဘုန်းကြီး လျှောက်ကြည့်စမ်းပါ၊ ဝေဒနာကုန်လျှင် ဘယ်အဆင့် ရောက်တယ်ဆိုတာ၊ ညည်းတို့ဘုန်းကြီး သိပါတယ်လို့ တို့ဆရာတော်က ပြောတယ်လို့ ပြောတယ်ဘုရား၊ ဝေဒနာကုန်တော့ ဘယ်အဆင့် ရောက်သွားပြီလဲဘုရား´
`ဒကာမကြီး၊ အဲဒီ ဒကာမကြီးကို ပြောလိုက်၊ ဝေဒနာကုန်လျှင် `ဘုရားထက် သာတယ်´လို့´
ထိုအရှင်သည် ကာယိကဒုက္ခ ဝေဒနာကုန်မှုကို ရည်ရွယ်ပြောလိုက်ခြင်း ဖြစ်၏။ မေးခိုင်းသည့်ယောဂီ ကုန်တယ်ပြောတဲ့ ဝေဒနာမှာလည်း ကာယိကဒုက္ခဝေဒနာပင် ဖြစ်၏။ ကာယိက ဒုက္ခဝေဒနာမှာလည်း ဘုရားမှာပင် မကုန်သေး။ ယောဂီက ကုန်ပြီပြော၍ ဘုရားထက် သာတယ်ဟု ပြောခြင်းဖြစ်၏။ ဒကာမကြီးများ မှာ သဘောကျလွန်းလို့ ခွက်ထိုးခွက်လှန် ရယ်မောကြတော့၏။ အားရပါးရ ရယ်မောကြတော့၏။ ရယ်မောပြီး တဖန် ပြန်လျှောက်ပြန်၏။´
`အရှင်ဘုရား၊ ဝေဒနာကုန်လျှင် ဘုရားထက်သာတယ်ဆိုတာ အမှန်ပဲလားဘုရား´
`ခက်နေပါပြီ ဒကာမကြီးကလည်း၊ တကယ်ဝေဒနာကုန်လျှင် တကယ်ဘုရားထက် သာတာပေါ့။´
`ဒါဖြင့် တပည့်တော် (သူ့)ကို ဒီအတိုင်း ပြန်ပြောလိုက်မယ်ဘုရား´
`ဒီအတိုင်းပြောရုံပဲရှိတာပေါ့၊ ရှင်းပြလည်း ဒကာမကြီးက အကုန်ပြန်ရှင်းနိုင်တာမှ မဟုတ်တာဘဲ´
`နည်းနည်းလောက် ရှင်းပြပါဦးဘုရား၊ မှတ်မိသလောက် ပြန်ပြောတာပေါ့၊ တပည့်တော်တို့လည်း မှတ်ထားရတာပေါ့´
`ကဲ ဒါဖြင့် နားထောင်´
`အခါတစ်ပါး ဘုရားရှင်သည် ဘဂ္ဂတိုင်း သုသုမာရဂိရမြို့ငယ်၊ သားရဲတို့အား ဘေးမဲ့ပေးရာ ဘေသကဠ တော၌ နေတော်မူ၏။ ထိုအခါ နကုလပိတာ သူကြွယ်သည် ဘုရားရှင်ထံ ချဉ်းကပ်ရှိခိုးပြီး လျှောက်ထား၏။
`အရှင်ဘုရား၊ အကျွန်ုပ်သည် အသက်အရွယ် ကြီးပြင်းအိုမင်းပါပြီ၊ အရွယ်သုံးပါးတွင် နောက်ဆုံးအရွယ် သို့ ရောက်ပါပြီ၊ နာကျင်သော ကိုယ်ရှိပါ၏။ မပြတ်နာကျင်၍ နေပါ၏´
`အရှင်ဘုရား၊ အကျွန်ုပ်သည် မြတ်စွာဘုရားကိုလည်းကောင်း၊ စိတ်နှလုံးကို ပွားစေတတ်သော ရဟန်း တော်တို့ကိုလည်းကောင်း အမြဲမပြတ် မဖူးမြင်နိုင်တော့ပါ။´
`အရှင်ဘုရား၊ မြတ်စွာဘုရားသည် ဆုံးမတော်မူပါ၊ ကံမြစ်တော်မူပါ၊ ယင်းအဆုံးအမတော်သည် အကျွန်ုပ်အား ကြာမြင့်စွာသော ကာလပတ်လုံး စီးပွားချမ်းသာ အလို့ငှါ ဖြစ်ပါ၏။´
`သူကြွယ်၊ ဤစကားသည် မှန်၏။ ဟုတ်၏။ သူကြွယ်၊ ဤကိုယ်သည် နာကျင်သည်သာတည်း၊ ဥကဲ့သို့ဖြစ်၏။ အရေပါးတို့ဖြင့် မြှေးယှက်ထားအပ်၏။´
`သူကြွယ်၊ တစ်ဦးတစ်ယောက်သည် ဤကိုယ်ကို ရွက်ဆောင်နေရလျက် တစ်ခဏမျှသော်လည်း အနာကင်းခြင်းကို ၀န်ခံပါလျှင် ထိုသူအား မိုက်သည့်အဖြစ်မှတစ်ပါး အခြားမရှိတော့ချေ´
`သူကြွယ်၊ ထို့ကြောင့် ဤအရာဝယ် `ငါသည် နာကျင်သော ကိုယ်ရှိသူဖြစ်လျက် ငါ၏ စိတ်သည် နာကျင်မှုကင်းသည် ဖြစ်လတ္တံ့´ ဟု ဤသို့ သင်ကျင့်အပ်၏´
`ကဲ… အဲဒီမှာ ဘုရားက ဘယ်လိုဟောထားလဲ၊ ဒီကိုယ်ဟာ နာကျင်သည်သာ ဖြစ်၏။ ဥကဲ့သို့ဖြစ်၏တဲ့၊ ဥဆိုတာ ဘာနဲ့ထိထိ သူပဲနာတယ်၊ ကွဲတယ်၊ ဒီကိုယ်ဟာ အရေပါးနှင့် အမြှေးယှက်ထား၍လည်း ဘာနဲ့ထိထိ သူပဲနာတယ်၊ ဒီကိုယ်ရှိနေလျက် `တစ်ခဏမျှသော်လည်း အနာကင်းပါတယ်´ ဆိုလျှင် လူမိုက်တဲ့၊ ဒါကြောင့် `ကိုယ်ကတော့ နာကျင်ချင် နာကျင်ပစေ၊ စိတ်မနာအောင် ကျင့်တဲ့´ ကိုယ်နာတာ သည်းခံပြီးကျင့်တဲ့။´
`ပြီးတော့ ဘုရားရှင် ဇီဝက၏ သရက်ဥယျာဉ်ဝယ် နေတော်မူသောအခါ ဒေ၀ဒတ် ကျောက်ဖြင့် ပစ်ချခြင်းကြောင့် ခြေမတော်ဝယ် သွေးစိမ်းတည်၍ အနာယဉ်းတယ်၊ ဇီဝကက ဓားဖြင့်ခွဲ၍ ဆေးလိမ်းကျပ်စည်း ပြီး ကုသတယ်၊ ဇီဝကက `ကိုယ်တော် ပူပန်ခြင်း ဖြစ်သလော´ ဟု လျှောက်သော် ကိုယ်တော်ပူပန်သော်လည်း စိတ်ပူပန်ခြင်း မရှိကြောင်း မိန့်တယ်။´
`သံသရာခရီးကို သွားရောက်ပြီး ဖြစ်ထသော၊ စိုးရိမ်ခြင်းမှ ကင်းထသော၊ ခန္ဓာစသော ခပ်သိမ်းသော တရားတို့၌ ကင်းလွတ်ထသော၊ ခပ်သိမ်းသော ဂန္ထလေးပါးကို ပယ်ပြီးထသော ပုဂ္ဂိုလ်အား စိတ်ပူပန်ခြင်းသည် မရှိ။´ (အရဟန္တ၀ဂ်၊ ဓမ္မပဒ)
`ပြီးတော့ သံကိစ္စသာမဏေကို ခိုးသူကြီးက သတ်တော့ မျက်နှာကြည်လင်ပြီး ကြောက်ထိတ်လန့်ခြင်း မရှိတော့ အံ့သြပြီး သာမဏေကို မေးတယ်။
`သာမဏေ၊ ဤသို့သဘောရှိသော ကြောက်မက်ဖွယ်ရေး သေဘေး၌ သင့်အား ကြောက်ခြင်းမရှိ၊ ပိုလွန်၍ ရှေးကထက် ကြည်လင်လှပလာ၏၊ သာမဏေ သင်သည် ဘယ့်ကြောင့် မငိုသနည်း´
`ဂါမဏိ ခိုးသူကြီး၊ ကိုယ်ကို ငဲ့ကွက်ခြင်း မရှိသော၊ အာသဝေါကုန်ပြီးသော ပုဂ္ဂိုလ်အား စိတ်ဆင်းရဲခြင်း စေတသိကဒုက္ခ မရှိ၊ သံယောဇဉ်ကုန်ပြီးသော ပုဂ္ဂိုလ်အား စင်စစ် ကြောက်မက်ဖွယ်ရေး ဘေးအားလုံးကုန်ပြီ´ (သဟဿဝဂ်၊ ဓမ္မပဒ)
`ဘုရားဟောထားတာ နောက်အများကြီး ရှိသေးတယ်၊ တော်ပြီ ဒီလောက်ပဲ၊ ကဲ… ဒကာမကြီး ပြန်ပြောတတ်ပါ့မလား´
`ဘယ် အကုန်ပြောတတ်မလဲဘုရား´
`ဒါဖြင့် ဒီလိုပြောလိုက်၊ ဘုရားရဟန္တာများတောင်မှ စိတ်နာကျင်မှု စေတသိက ဒုက္ခဝေဒနာသာကုန်၍ ကိုယ်နာကျင်မှု ကာယိကဒုက္ခဝေဒနာ ရှိသေးတယ်၊ ဘုရားရဟန္တာများ တောင်မှ မကုန်တဲ့ ဝေဒနာကုန်လို့ `ဘုရားထက်သာတယ်´ လို့ ပြောလိုက်´
ဒကာမကြီးများမှာ ရယ်ကာမောကာနှင့် ရှိခိုးဦးချ၍ `ပြောလိုက်ပါ့မယ်ဘုရား´ဟု ပြောရင်း ပြန်ကြလေတော့၏။
• ဗုဒ္ဓတရား ရှုပွားများ လွဲမှားအယူ ကင်းစေသော်။
ဓမ္မဒူတ အရှင်ပညာဇောတ
(ဗုဒ္ဓဓမ္မပြဿနာပေါင်းချုပ် ၊ ပထမတွဲမှ ကူးယူဖော်ပြသည်။)


Read more...

သီတဂူစက္ခုဒါန မျက်စိဆေးရုံတော်




ကလေးမြို့ရှိ သီတဂူစက္ခုဒါနမျက်စိ ဆေးရုံတော်ကြီးဖြစ်ပါသည်။ သီတဂူဆရာတော်ကြီးဦးစီးသည့် သီတဂူသာသနာပြုအဖွဲ့ကြီးက ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ(၂၉)ရက်နေ့တွင် ထိုဆေးရုံတော်ကြီးကို ခန်းနားသိုက်မြိုက်စွာ ဖွင့်လှစ်ခဲ့ပါသည်။ ဆရာတော်ကြီးသည် ကလေးမြို့နှင့် တမူးမြို့ ဒေသ၀န်းကျင်ရှိ တပည့်ဒကာဒကာမများကိုလည်း ညစဉ် တရားတော်များချီးမြင့်တော်မူခဲ့ပါသည်။

ထို သီတဂူစက္ခုဒါန ဆေးရုံတော်ကြီးတွင် ပြည်ပမှ မျက်စိအထူးကု ဒေါက်တာဦးသိန်းမြင့်နှင့်အဖွဲ့၊ မြန်မာပြည်တွင်းမှ မျက်စိဆရာဝန်ကြီးများအဖွဲ့တို့က ကလေးပတ်ဝန်းကျင်ဒေသများမှလာရောက်ကြသော မျက်စိဝေဒနာရှင်များစွာကို ကုသပေးခဲ့ပါတယ်၊ မျက်စိခွဲစိတ်ကုသမှု့ကိုလဲပြုလုပ်ပေးခဲ့ကြပါတယ်။ ကလေးမြို့ဝန်းကျင်ရှိ ဒေသခံများအတွက် များစွာဂုဏ်ယူမိပါသည်။

သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ။

သီတဂူစတား
၃၀-၁၂-၂၀၀၉



Read more...

ဘဒ္ဒါကုဏ္ဍလကေသာထေရီ အပိုင်း-၄ နိဂုံး


ထိုဘဒ္ဒါကုဏ္ဍလကေသာဘိက္ခုနီ အရှင်မ၏ အပါဒန်ပါရမီတရားတို့မှာ ဤသို့ဖြစ်ပေ၏။

လွန်ခဲ့သော ကမ္ဘာတစ်သိန်းထက်၌ ပဒုမုတ္တရ မြတ်စွာဘုရား ပွင့်တော်မူသောအခါ ဘဒ္ဒါ အလောင်းအလျာသည် ဟံသာဝတီပြည်ကြီးဝယ် ခေမာအလောင်း၊ ကိသာမဂေါတမီ အလောင်းဖြစ်သော သူဌေးသမီးတို့နှင့် တစ်မြို့တည်းနေရသော သူဌေးသမီး ဖြစ်ခဲ့ပေ၏။ ထိုအခါ မြတ်စွာဘုရား၏ တရားတော်ကို နာယူ၍ သရဏဂုံ ဆောက်တည်၏။

တစ်နေ့သောအခါ မြတ်စွာဘုရားသည် ဘိက္ခုနီမ တစ်ပါးကို ‘ခိပ္ပာဘိညဧတဒဂ်’ ထားတော်မူသည်ကို မြင်သဖြင့် သူဌေးသမီးသည် မြတ်စွာဘုရားနှင့် သံဃာတော်တို့အား ကြီးကျယ်သော အလှူကြီးပေး၍ ခိပ္ပာဘိညဆုကို တောင်းပေ၏။ ထိုအခါ ပဒုမုတ္တရမြတ်စွာဘုရားသည် ဤသို့ ဗျာဒိတ်ပေးတော်မူ၏။

“ချစ်သမီး၊ သင်အလိုရှိသော ဆုသည် ပြည့်စုံလတ္တံ့။ ဤကမ္ဘာမှ အနောက် ကမ္ဘာတစ်သိန်းရောက်လျှင် သြက္ကာကမင်းမျိုးဖြစ်သော ဂေါတမမြတ်စွာဘုရား ပွင့်တော်မူလတ္တံ့။ ထိုအခါ၌ ချစ်သမီးသည် ဘဒ္ဒါကုဏ္ဍလကေသာ ဟူသောအမည်ဖြင့် ရဟန္တာမိန်းမ ဖြစ်လတ္တံ့”

သူဌေးသမီးသည် ထိုဘဝမှ စုတေလေသော် တာဝတိံသာနတ်ပြည်၌ ဖြစ်၏။ ထိုဘုံမှ စုတေသော် ယာမာနတ်ပြည်၌ ဖြစ်၏။ ထိုမှ တစ်ဖန် တုသိတာနတ်ပြည်၊ နိမ္မာနရတီ နတ်ပြည်၊ ပရနိမ္မိတ ဝသဝတီနတ်ပြည် တို့၌ တစ်ဘုံပြီး တစ်ဘုံ တက်ဆင့်ကာ နတ်မင်းကြီးတို့၏ အဂ္ဂမဟေသီ မိဖုရားကြီး ဖြစ်ခဲ့၏။

ထိုနတ်ပြည်များမှ စုတေခဲ့ပြန်သော် စကြာမင်း၊ ဧကရာဇ်မင်းတို့၏ အဂ္ဂမဟေသီ မိဖုရားကြီးချည်း ဖြစ်၏။ ယင်းသို့ လူ့ပြည် နတ်ပြည်တို့၌ လူမင်းစည်းစိမ် နတ်မင်းစည်းစိမ်တို့ကို ခံစား၍ ကမ္ဘာတစ်သိန်း ကာလပတ်လုံး စံစား၍ လာခဲ့ရာ ဘဒ္ဒကပ်ကမ္ဘာ အတွင်း၌ ကဿပမြတ်စွာဘုရား ပွင့်တော်မူသောအခါ ကိကီမင်းကြီး၏ သမီးတော် ခုနှစ်ပါးတွင် စတုတ္ထ သမီးတော် ဘိက္ခုဒါယိကာမ ဖြစ်ပေသည်။ ရဟန်းပြုရန် မိဘခွင့်မပေး၍ ကုမာရီ ဗြဟ္မာစာရီ အကျင့်ကို ကျင့်သုံးဆောက်တည် နေခဲ့ရကာ ထိုဘဝမှစုတေ၍ နတ်ပြည်၌ တစ်ကြိမ် ဖြစ်ပြီးနောက် ယခု နောက်ဆုံး ဘဝတွင် ရာဇဂြိုဟ် သူဌေးသမီးဖြစ်ကာ ရာဂဖောက်ပြန်၍ သူခိုးကို သူသတ်တို့လက်မှ ငွေဖြင့် ရွေးယူ ပေါင်းသင်းရာက မြတ်စွာဘုရား၏ သာသနာတော်အတွင်းသို့ ရောက်ရှိခဲ့လေသည်။

ဘဒ္ဒါကုဏ္ဍလကေသာ ဘိက္ခုနီသည် ဘိက္ခုနီ ကျောင်းတိုက်သို့ ရောက်ပြီးနောက် မကြာမီတွင် ခွေးတစ်ကောင်သည် လူ၏ လက်ပြတ်ကို ကိုက်ချီ၍ ယူလာပြီး အနီး၌ ချထား၏။ သဲအလူးလူး ဖုန်အလိမ်းလိမ်း ဖြစ်နေသော လက်ပြတ်ကို မြင်သဖြင့် ဘဒ္ဒါကုဏ္ဍလကေသာသည် နိမိတ်ထင်လာသဖြင့် အပေါင်းအသင်းများထံ စုံစမ်းရာ မြတ်စွာဘုရားထံ ပေးပို့ကြလေသည်။

[မြတ်စွာဘုရားသည် ခန္ဓာငါးပါး၊ အာယတန တစ်ဆယ့်နှစ်ပါး ဓာတ်တစ်ဆယ့်ရှစ်ပါး၊ အသုဘ၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တ တရားတို့ကို ဟောတော်မူရာ ဘဒ္ဒါကုဏ္ဍလကေသာမှာ သောတာပတ္တိဖိုလ်၌ တည်လေ၏။ နောက်များ မကြာမီ ခြေဆေးရင်း ဖြစ်ပျက်သည်ကိုမြင်၍ အလုံးစုံသော သင်္ခါရ တရားတို့သည် ဤခြေဆေးသော ရေကဲ့သို့ ပျက်ချည် ဖြစ်ချည် နေသော ဖြစ်ပျက်တရားတွေ ဟူ၍ ကြံစည်သော အခါ၌ ကိလေသာ အာသဝေါမှ ကင်းလွတ်၍ အလုံးစုံသော တေဘူမက ရုပ် နာမ် တရား၌ စွဲလမ်းခြင်းမရှိ၊ ရဟန္တာအဖြစ်သို့ ရောက်လေ၏။ ဤသို့လည်း မူကွဲ ရှိလေသည်။]

ဘဒ္ဒါကုဏ္ဍလကေသာ ထေရီမြတ်လှ အရှင်မသည် ခိပ္ပာဘိညဧတဒဂ် ရတော်မူပေ၏။



Read more...

with palms together



I have a good friend from when I first came here to Bangkok ten years ago who also married a Thai woman and had a baby, born just a couple of months before Joseph. They all moved to Australia where his wife made life hell for them with her gambling and partying and anger, but my friend stayed and fought and now has almost total care of the child. And he's a wonderful father.

He visited this week and stayed at Colin's house and I spent a few nights with them, playing with the child, talking to my friend about his struggle to be a dad, and missing Joseph. Really missing Joseph. Missing seeing him grow up, missing what I am able to contribute to his development, his sense of safety, and his knowledge of being totally, unconditionally loved.

I'm sure that his mother does her best, but I watched, helpless, years ago, days after he was born, as she put him in a car full of her Thai friends, all loud music and cigarette fumes. I've seen her strike her first son in a Bangkok street, I've seen her scream at him and lie to him and make her love conditional on his behaviour and compliance. And I know that she is desperately poor.

Her English is not so great, her education ceased when she was in her mid-teens, she is an ethnic minority living on benefits; things couldn't be much worse for my boy. I knew all this when I left England after she took him away. I knew this when I went back and tried to make things better the first time. But this week that knowledge has become so much more painful.

"Move on with your life" friends say. "Her friends tell you Joseph's not even your son. She took him away from you when he was just six weeks old, two days after getting her British permanent residence. She doesn't want you around and won't make life easy for you. Didn't she already lie to the social services that you beat them both? Not even your own parents will support you if you return, she hurt them far too much too. Stay away Marcus."

"Go to Japan" my friends say. "Go live with Ikumi. Ikumi is the most wonderful woman you've ever met. She's kind and faithful and will even support you as you continue to send money to your stepson and save money for when Joseph is older and wants to go to college. Going to England will mean certain and unrelenting poverty. And misery, if not the end, for you and Ikumi. How will that help anyone at all?"

They are right. I know that, and I tell myself the same everyday. After all, didn't I once try to go back? After my last year in Korea, with all the money I'd saved, rather than settle in Japan, I went back to England to find Joseph. I met his mum in the street. She refused to let me know where she was living, she refused to even let me see my son, she told me she didn't want me around.

So I left again. "But why" my other friend asks "did you do that?" I can't answer him. "Look at you" he says, "you're depressed, you've been depressed for years, and you'll always be like this until you do all that you can to see your son who you love and miss so badly. Forget the money, sleep in a homeless shelter if you have to, sleep in the street, at least you'll eventually get to see Joseph."

"Your son" he says "needs to know he has a dad who loves him. Let's face it, he needs someone who is more skilled at loving him than his mum is for most of the time. Go to Japan if you must, just to get the money to go back, but you've already left it too long, you've already missed three years of his life. Don't miss any more Marcus. Go back home. Go and fight for your son."



---



I'm shaken by the rawness of my feelings. What have I been doing for the past three years? How much pain have I been carrying around? How much pain have I caused by my blindness and neglect? I dream of a Hollywood ending. I win the lottery, fly to Tokyo, put my arms around Ikumi and then we fly together to England to be with Joseph, to give him all the love he needs and deserves.

Instead, I just about have the bus fare to my apartment, which is where I'll go when I leave this Internet cafe. I'll probably have a nap and then, after waking up, take out my little blue meditation block and sit for a while. I don't know what else to do. I don't know of a better way to deal with this grief and pain and confusion. I don't know where else the answer is going to come from.


---


The book is not with me to check right now, but Daehaeng Sunim in 'No River to Cross' says something along the lines of looking after your family being the action of a Bodhisattva, that we have no right to talk, even, about the Buddha-Dharma if we can't first look after the things closest to us. And she's right.

There will be no more posts from me. I need to stop thinking and talking. I need to shut up. Just stop, and sit, and shut the hell up. I need to rest, I need to let go of all this pain, I need to entrust it to the Buddha, (Buddha-nature, God, use whatever word you like) and wait and see what comes out. I place my palms together.

Marcus


---
Photo: For more on this beautiful print, an extraordinarily generous gift from a good friend and Dharma brother, click here: Somewhere in Dhamma: somewhere I used go…
---


Read more...

ပြီးပါပြီ

0 Dec, 2009 | Written by Mg Ogga | under Uncategorized

၃၁ဘုံမှာ အမျိုးမျိုးဇာတ်ဆောင်

ပုပ်ဟောင်ဟောင် ကိုယ်အကောင်

ကလို့မ၀ ပြလို မောမှန်းမသိ

ပန်းမှန်းမသိ

အချိန်တွေ တတိတိကုန်

ဘ၀လိုက်ကာကျ စာတန်းထိုးမည်

ပြီးပါပြီ

ရှင်တစ်ထောင်နေ့ အမှတ်တရ



Read more...

အယောင်ဆောင် အလှူခံနေကြသူများ

၂-၁၂-၂၀၀၉ ရက်နေ့ နံနက် ၁၁ နာရီအချိန် မျက်မြင်တွေ့သူများက
သူတော်စင် ၀တ်စုံ ချွတ်လဲနေမှု့ကို သတင်းပေးခဲ့သည့် အတွက်
သင်္ဃန်းကျွန်း ရဲစခန်းမှ ဒုရဲအုပ် လှမင်းအောင်နှင့် အဖွဲ့သည်
သတင်းရရှိရာ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏအောင်ဆုထူးပန် ရပ်ကွက်၊
အား/ကာ အိမ်ရာဝန်းရှိ ရေစင်အောက်သို့ သွားရောက် စစ်စေခဲ့သည်။
ရေစင်အောက်သို့ ရောက်သောအခါ လူဝတ်မှ သူတော်စင်
ဝတ်စုံချွတ်လဲထားသူကို မတွေ့ရသဖြင့် ဒေသခံများ၏ အကူညီဖြင့် လိုက်လံရှာဖွေရာ
မွန်းလွဲ ၂ နာရီ ၁၅ မိနစ်အချိန်၌ လူဝတ်လဲလှယ် ၀တ်ဆင်နေစဉ် ပက်ပင်းတွေ့ရှိခဲ့ရ၏။
တွေ့ရှိ ဖမ်းမိသူမှာ ဒဂုံမြို့သစ် (တောင်ပိုင်း) ၇-ရပ်ကွက်၊ ရွှေစင်လမ်းနေ
ဝေဖြိုး (ခ) ဖြိုးဝေအောင် (၂၄) နှစ် နှင့် ဒဂုံမြို့သစ် (တောင်ပိုင်း) ကျည်စုကျေးရွာနေ
ဝင်းစိုး (ခ) အောင်ဝင်းစိုး (၂၇) နှစ် တို့ဖြစ်၏။ စစ်ဆေးချက်အရ ၄င်းတို့သည်
သူတော်စင်အဖြစ် အယောင်ဆောင်၍ နေ့စဉ် အလှူခံနေကြောင်း ၀န်ခံခဲ့ကြ၏။
၎င်းတို့ နှစ်ဦးအား သုဝဏ္ဏရဲစခန်းမှ (ပ) ၃၂၉/၂၀၀၉ ပြစ်မှုပုဒ်မ ၂၉၅/၂၉၅-က
ဖြင့် ဖမ်းဆီးအရေးယူထားကြောင်း သိရပါသည်။

( အမှတ် (၆၂၉) ၁၁-ရက် ဒီဇင်ဘာလ ၂၀၀၉ ခုနှစ်
သောကြာနေ့ထုတ်၊ မူခင်းဂျာနယ်၊ စာမျက်နှာ ၆ တွင် ပါရှိသော သတင်းမှန်ဖြစ်ပါသည်)


ကားဖြင့် လှည့်လှယ်၍ အလှူခံကြသူများ

ရန်ကုန်မြို့တွင်း နှင့် အခြားသော မြို့နယ်များတွင် ကားဖြင့် လှည့်လှည်၍
အလှူခံနေကြသူများကို စာဖတ်သူများ တွေ့ဘူးကြပါလိမ့်မည်။
ထိုသို့ အလှူခံနေကြသူများသည် တချို့ အမှန်ကန် ရှိသော်လည်း
လိမ်လည်၍ အလှူခံနေကြသူများ မြောက်မြားစွာ ရှိပေသည်။
မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော နာဂစ် ဆိုင်းကလုန်း မုန်းတိုင်းတိုက်ခတ်အပြီးတွင်
စာရေးသူ ကိုယ်တိုင် ကြုံတွေ့ခဲ့ဘူးပါသည်။
ကမာရွတ်မြို့နယ်တွင် ဆွမ်းခံကြွနေခိုက် စာရေးသူ ဆွမ်းအမ အိမ်၌ ရောက်ရှိနေစဉ်
လမ်းပေါ်မှာ ကားဖြင့်လှည့်လည်၍ အလှူခံနေသူများသည် ထိုအိမ်ရှေ့သို့ ရောက်ရှိကာ
နာဂစ်ကြောင့် ပျက်စီးသွားသော ကျောင်းအား ပြန်လည်ပြုပြင်ရန် မတတ်နိုင်သည့်အတွက်
ရပ်ကွက်တွင်းသို့ ကားဖြင့် လှည့်လည်ကာ အလှူခံနေကြောင်း သိရ၏။
ထိုအကြောင်းအရာတို့ကို သိရှိကာ စာရေးသူ၏ ဆွမ်းအမ မှ ထိုပျက်စီးသွားသော
ကျောင်းအား ပြန်လည်ပြုပြင်ပေးပါမည် ဟု ဆိုကာ ထိုအလှူခံကားဆီမှ ကျောင်းလိပ်စာတို့ကို
တောင်းခဲ့ပါသည်။ နောက်တနေ့တွင် ထိုအလှူခံကား မှ ပေးသွားသည့် လိပ်စာအတိုင်း
စာရေးသူ၏ ဆွမ်းအမ နှစ်ဥိး ကားဖြင့် ရွှေပြည်သာမြို့နယ် သို့ သွားရောက်ခဲ့ကြပါသည်။
အလှူခံကား ပေးသွားသော ရွှေပြည်သာမြို့နယ်အတွင်းမှ ကျောင်းလိပ်စာမှာ မှန်ကန်ခဲ့ပါသည်။
နာဂစ်ကြောင့် သွပ်အမိုးများပျက်စီးခဲ့သည် ဆိုတာလည်း မှန်ကန်ပါသည်။
သို့သော် ထိုကျောင်းမှ ဆရာတော်၏ ပြောကြားချက်အရ ဆရာတော်တို့၏ ကျောင်းမှ
ထိုကဲ့သို့ မြို့တွင်း ရပ်ကွင်းတွင်းသို့ လှည့်လည်၍ အလှူခံခြင်း ဘယ်တုံးကမှ မလုပ်ခဲ့ပါဟု သိရပေ၏။
ထိုအခါကျမှ ကျောင်းနာမည်ကို အသုံးချကာ ရပ်ကွက်တွင်းသို့ လှည့်လည်၍ လိမ်လည်ကာ
အလှူခံနေကြကြောင်း ၀မ်းနည်းစွာ တွေ့မြင်ခဲ့ရပါသည်။
ထိုကဲ့သို့သော လိမ်လည်၍ အလှူခံနေကြသူများ မြောက်မြားစွာ ရှိနေတာကိုတော့
ဗုဒ္ဓဘာသာဝင် ဒကာ ဒကာမများ သတိပြုသင့်ပေသည်။

အမျိုးသမီးများကို အဓိက ပစ်မှတ်ထားတတ်ကြ

သင်္ကန်းဝတ်၍ အယောင်ဆောင် အလှူခံကြသူများသည် အရှက်အကြောက်ကြီးသော
မြန်မာအမျိုးသမီးများအား အဓိက ပစ်မှတ်ထားတတ်ကြ၏။ ရန်ကုန်မြို့တွင်း ဆူးလေ၊ သိမ်ကြီးဈေး၊
ဗိုလ်ချုပ်ဈေး တ၀ိုက်တွင် တွေ့ရတတ်ပါသည်။
လူစည်ကားသော နေရာများမှာ အမျိုးသမီးများ ရှေ့တွင် အတင်းပိတ်ကာ ရပ်လျက်
အတင်းအကျပ် အလှူခံတတ်ကြပါသည်။
တချို့ အမျိုးသမီးများ ရှက်တတ် ကြောက်တတ်ကြသဖြင့် မလှူချင်သော်လည်းပဲ
လှူကြရတာကိုတွေ့ဘူးကြပါလိမ့်မည်။
တချို့ အချီကြီးကြံကာ အလှူခံကြသော အတုယောင်များလည်း ရှိပေသေး၏။
ဖိနပ်ပြတ်ကြီးကို ကိုင်လျက် ဒကာကြီး ဖိနပ်ပြတ်သွားလို့ပါ ဒကာမကြီး ဖိနပ်ပြတ်သွားလို့ပါ ဟုဆိုကာ
ဖိနပ်ဖိုးကို အတင်းအကျပ် အလှူခံကြပါသည်။
စာရေးသူ ဆူးလေဘုရား အနီးတ၀ိုက်တွင် ကိစ္စတခုဖြင့် ကျောင်းသားတစ်ယောက်နှင့်
သွားရောက်စဉ် စာရေးသူနှင့် အတူပါလာသော ကျောင်းသားအား ဖိနပ်ပြတ်ကြီးကို
ပြလျက် ဖိနပ်ဖိုး အလှူခံတာကို တွေ့ခဲ့ဘူး၏။ ထိုသည်ကို စာရေးသူမှ
ကိုယ်တော် ဖိနပ်စီးစရာ မရှိလျင် ကျောင်းလိုက်ခဲ့ ကျောင်းရောက်လျင် လှူပါမည်
ဒီလိုလိုက်ပြီး အလှူမခံပါ နှင့် မသင့်တော်ပါ ဟုပြောကာ ခေါ်ခဲ့ပါသည်။
အနည်းငယ်မျှ စာရေးသူတို့၏ နောက်ကို လိုက်ခဲ့ပါသေးသည် စာရေးသူတို့ ရှေ့သို့ မဲ၍ လမ်းလျှောက်နေစဉ်
နောက်မှ လိုက်လာသော ထိုရဟန်းအတုယောင် ဘယ်ကို ထွက်ပြေးလိုက်မှန်း မသိခဲ့ပါ။
ထိုကဲ့သို့ ဘာသာရေးကို ခုတုံးလုပ်ကာ လိမ်လည်၍ အလှူခံကြသူများလည်း
မြန်မာပြည်တွင်း မြောက်မြားစွာ ရှိနေကြပါသည်။
ခရီးသွားရင်းလည်း လမ်းမှာ ကိုရင်လေးတွေ အသက်ကြီးကြီး ကိုယ်တော်အတုယောင်တွေ အလှူခံတာနဲ့မတူ တောင်းရမ်းနေ သလိုတွေ့မြင်ဘူးကြပါလိမ့်မည် စာအိပ်တွေမှာ ဘာကျောင်းညာကျောင်းဆိုပြီး ခေါင်းစဉ်တပ် ခရီးသွားတွေအပေါ်လှူချင်မှန်းမသိ မလှူချင်မှန်းမသိ အတင်းလိုက်တင် မလှူရင်လည်း အတင်းအလှူခံတာမျိုးတွေ မြောက်များစွာ ရှိနေပါသေးသည် .
.တကယ်တော့ ထိုကဲ့သို့ အလှူခံနေသူများသည် ကျောင်းမရှိ အိမ်မရှိ သူများ များပါသည်။
စားပေါက်ချောင်တာကို သိပြီး ကိုယ်တိုင် သင်္ကန်းကို ပတ်၍ သာသနာတော်ကိုအကြည်ညို ပျက်စေအောင်
လိမ်လည်အလှူခံ နေကြသူများသာ ဖြစ်ပါသည် ..

အထက်ပါ တင်ပြချက်များသည် အောက်ခြေပိုင်းမှ အတုယောင်များ၏
သာသနာဖျက်မူ့ပင် ဖြစ်ပါသည်။
ထို့အတူပင် အဆင့်မြင့်ပိုင်းမှာ သာသနာဖျက်များလည်း များစွာပေါ်ပေါက်နေပါသည်
ဘုရားဟော တရားတော်များကို ဖျက်ဆီး၍ လူတို့ကို လိမ်လည်ကာ ဂိုဏ်းထောင်နေကြသော
မိုးပြာဂိုဏ်း၊ ဓမ္မစေတီ ဂိုဏ်း၊ လူသေလူဖြစ် စသောဂိုဏ်းများ၊
ထမိန်ကို သာသနာ့အလံလုပ်ကာ ဘာသာရေးကို ခုတုံးလုပ် ဂိုဏ်းဂဏ ထောင်ကာ လိမ်လည်နေကြသူများလည်း ကြောက်စရာကောင်းလောက်အောင်ပင် သာသနာတွင်း၌ ပေါ်ပေါက်နေကြောင်းကိုလည်း ဗုဒ္ဓဘာသာဝင် သူတော်စင် သူတော်ကောင်းများ သိစေရန်
အပြုသဘောဆောင်ကာ အသိပေး တင်ပြအပ်ပါသည်။
(ထေရ၀ါဒဒို့တိုင်ပြည် မှ ကူးယူဖော်ပြပါသည်။)


Read more...

ဆရာကြီးဦးသုခ၏ အမေများနေ့ ဟောပြောပွဲ

Read more...

ပြတိုက်ထဲကထွက်တဲ့နေ့

မြန်မာနှစ် ၁၃၇၁ ခုနှစ် ပြာသိုလပြည့်နေ့။ အမေများနေ့။

ကမ္ဘာ့နိုင်ငံအသီးသီးတိုင်းမှာ နိုင်ငံရေး၊ လူမှုရေး၊ ဘာသာရေး စတာတွေနဲ့ သက်ဆိုင်တဲ့ နေ့ထူးနေ့မြတ်တွေ သတ်မှတ်ကြတာ ထုံးစံတစ်ခုပါပဲ။ သတ်မှတ်တဲ့နေ့ရောက်ပြီဆိုမှ အမှတ်တရပွဲတော်တွေလုပ်ကြ၊ ကကြခုန်ကြ၊ ၀မ်းနည်းကြ၊ ကြေကွဲကြ နဲ့ အလုပ်ကိုများနေကြတာပါပဲ။ ဘယ်လိုတွေပဲဖြစ်ပါစေ ထိုနေ့တွေ ထိုရက်တွေဟာ ပြတိုက်ထဲက နေ့ရက်တွေ မဖြစ်စေ ချင်ဘူး။ ပြတိုက်ဆိုတာ ရှေးဟောင်းပစ္စည်းတွေ၊ အမှတ်တရပစ္စည်းတွေအတွက် အကောင်းဆုံးခိုနားရာဖြစ်ပေမယ့် လက်တွေ့ကမ္ဘာမှာတော့ သူတို့တွေအခန်းကဏ္ဍက နေ့စဉ်လှုပ်ရှားမှုတွေမှာ မပါဝင်ကြပါဘူး။ ပြတိုက်ဖွင့်ပြမှ အမှတ်တရတွေ့ခွင့် ရကြတာတွေပါပဲ။

ဒီနေ့က အမေများနေ့တဲ့။ အမေ့အကြောင်း ပြတိုက်ကြီးဖွင့်ပြလို့ လူတွေအမှတ်တရ ဖြစ်ကြတာမျိုး မဖြစ်စေချင်တာ စာရေးသူရဲ့ဆန္ဒပါ။ ပြတိုက်ဖွင့်ပြမှ အမှတ်ရကြမယ်ဆိုရင် အမေ့အကြောင်း အမေ့ကဏ္ဍဟာ နေ့စဉ်ဘ၀တွေမှာ ပါဝင်ခွင့်မရတဲ့ ပြတိုက်ထဲက နေ့တစ်ရက်ဖြစ်သွားမှာ ကျွန်တော်စိုးရိမ်မိပါတယ်။ နေ့ရက်တိုင်းမှာ အမေ့ကဏ္ဍတွေ ပါဝင်စေချင်တယ်။ နာရီတိုင်းမှာ အမေ့အကြောင်းတွေ စဉ်းစားစေချင်တယ်။ မိနစ်တိုင်းမှာ အမေ့အရေးကို စိတ်ဝင်စားစေချင်တယ်။ ဘ၀မှာ အမေ့အတွက် အခန်းကဏ္ဍကို ကြီးကျယ်စေချင်တယ်။ အမေဟာ ဘ၀အတွက် ကြီးကျယ်မြင့်မြတ်တဲ့ ပုဂ္ဂိုလ်တစ်ဦးပါပဲ။ အမေဟာ အသက်ကိုပေးတယ်။ အမေဟာ ဘ၀ကိုပေးတယ်။ အမေဟာ သုခတွေကို ပေးတယ်။ ဘုရားသခင်က လူသား ကိုဖန်ဆင်းတာပါလို့ ပြောသူတွေက ပြောကြတယ်။ ကျွန်တော်မြင်တာကတော့ မိခင်တွေသာ ကျွန်တော်တို့ကို လူသားတစ်ဦးအဖြစ် လောကအလယ် ထုဆစ်ပုံဖော်ပေးခဲ့တာ မဟုတ်ပါလား။

သားသမီး မရှိတဲ့ သူပဲရှိတယ်။ မိဘမရှိတဲ့သူ မရှိဘူးတဲ့။ ကျွန်တော်ကတော့ မိဘကိုမချစ်တဲ့ သားသမီးပဲ ရှိတယ်။ သားသမီးကို မချစ်တဲ့ မိဘမရှိဘူးလို့ ကျွန်တော်က ထပ်ဖြည့်ချင်ပါတယ်။ ဒီလိုပြောရင် အချို့တော့လည်း ကျွန်တော့်အဆိုကို လက်ခံမယ် မထင်ဘူး။ မိဘရဲ့ စွန့်ပစ်မှုကို ခံရတဲ့သူကတော့ လက်ခံမယ်မထင်ပါဘူး။ ဒါက ကိစ္စမရှိဘူး။ လူနည်းစုပဲ ဖြစ် မှာပါ။ အများစုမှာတော့ သားသမီးတိုင်းကို မိဘတိုင်းက ချစ်ကြတယ်လို့ပဲ ကျွန်တော်မြင်မိတယ်။ ရင်နဲ့လွယ်ပြီး မွေးလာ တဲ့သားကို မဆိုထားနဲ့ ရင်ငွေ့ပေးပြီး မွေးရတဲ့ တိရိစ္ဆာန်တောင် သားသမီးကို ချစ်ကြသေးတာ မြင်ဖူးကြမှာပါ။ နောက်ဆုံး ချစ်တာမချစ်တာကို စာမဖွဲ့နဲ့ဦး။ လူအဖြစ်မွေးပေးလိုက်တာကိုပဲ ကျေးဇူးတင်ထိုက်ပါတယ်။ ဟုတ်တယ်။ ခုလို ကာလကြီး ထဲမှာ (မရိုသေစကားပြောရရင်) ကိုယ့်သားသမီးကို ဗိုက်ထဲမှာတင် သတ်ပစ်နေတဲ့ မိခင်တွေ ဒုနဲ့ဒေး ပါပဲ။ မဖြစ်သင့်တာ တွေလို့ ပြောရမှာပဲ။

အမေနေ့ဆိုတော့ အမေ့အကြောင်းတွေကို ထုတ်ဖော်ချီးမွန်းကြတာတွေ လုပ်ကြတယ်။ ကျွန်တော်ကတော့ မလုပ်ချင်ဘူး။ အမေ့လောက်ကို စိတ်ဓာတ်အရည်အချင်း မပြည့်ဝသေးလို့ပဲ။ ဘာမှမဟုတ်တဲ့ ကျွန်တော်က အမေ့ကို မချီးမွမ်းချင်ဘူး။ အမေ တော်တယ်လို့ ပြောချင်စိတ်မရှိဘူး။ သည့်အတွက်တော့ ခွင့်လွှတ်ပါအမေ။ အမေ့ပြတိုက်ဖွင့်ပြမှ တစ်ခါတစ်ရံ သတိရကြတဲ့သူမျိုး ကျွန်တော်မဖြစ်ချင်ဘူး။ ကျွန်တော့်အတွက်တော့ အမေနေ့ဆိုတာ နာရီတိုင်း၊ မိနစ်တိုင်း၊ နေ့တိုင်း၊ လတိုင်း၊ နှစ်တိုင်း သက်ဆုံးတိုင်ပါပဲအမေ။ ဒါကြောင့်လည်း အမေ့စကားဆိုရင် အလေးအနက်ထားပြီး နားထောင်ခဲ့တာ အမေ အသိပါပဲ။ အမေက အရက်သောက်တာမကြိုက်ဘူး။ ဆေးလိပ်သောက်တာမကြိုက်ဘူး။ ကျွန်တော် တစ်ခုမှ မသောက်ဘူး အမေ။ အချိန်တိုင်းမှာ အမေ့စကားတွေ ကျွန်တော်နားထောင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အမေ့စကား တွေ ပြတိုက် ထဲမရောက်စေချင်လို့ပါပဲအမေ။

ဒါပေမယ့်အမေရယ် လောကမှာ အမေ့သားတွေ အမေ့စကားကို ပြတိုက်ထဲမှာ ထားကြတာများပါတယ်။ အရက်သောက် ကြတယ်။ ဆေးလိပ်သောက်ကြတယ်။ မကောင်းတဲ့ မိန်းမတွေနဲ့ ပေါင်းသင်းကြတယ်။ ဒါတွေ ရှောင်ဖို့ အမေ အတန်တန် တားတာ သားကြားတာပေါ့အမေရယ်။ ငါ့သားတွေက မကောင်းတာမဖြစ်ဖို့ ဆုံးမတာကို ချုပ်ချယ်တယ်ထင်ပြီး ငါ့ကို ပြန်ပြောကြဆိုကြတယ်၊ ကြာလာရင် သူတို့အတွက် အကုသိုလ်တွေ တိုးလားလိမ့်မယ်ဆိုပြီး ခုဆို အမေလက်လျော့လိုက် ရတယ်မဟုတ်လားအမေ။ အားမငယ်ပါနဲ့ အမေရယ်။ တစ်နေ့ကျရင် သူတို့နားလည်လာမှာပါ။ အမေ့မေတ္တာ ဘယ်လောက် ဖြူစင်တယ်ဆိုတာကို တစ်နေ့ကျရင် သူတို့မြင်နိုင်မှာပါအမေ။ အချိန်လေးတော့ ပေးရမှာပေါ့။ သူတို့ကိုယ်တိုင် မိဘနေရာ ရောက်လာတဲ့တစ်နေ့ကျရင် အမေ့ခံစားချက်တွေ နားလည်လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်တာပါပဲအမေ။

အမေ သူတို့အရွယ်တုန်းက သူတို့လောက်မဆိုးဘူးလို့ ဖွားဖွားပြောတာ ကျွန်တော်ကြားဖူးထားတယ်။ အမေ့သမီးတွေက ခုဆို အတတ်ကောင်းတွေ တတ်နေလိုက်ကြတာအမေရေ။ ဟိုယခင်က လမ်းဘေး လ္ဘက်ရည်ဆိုင်တောင် မိန်းမပျိုလေးတွေ မထိုင်ကြဘူး။ ခုအချိန်မှာတော့ လမ်ဘေးဘီယာဆိုင်မှာပါ မိန်းမပျိုးလေးတွေ ထိုင်နေကြတာ မြင်တွေ့ ကြားသိနေရတာ စိတ်မကောင်းစရာပဲ အမေရယ်။ အမေ့သမီးတွေလေ …. တောမှာနေတုန်းကတော့ လုံမလေး လုံးမလေး နဲ့ ဘကြီးဘထွေးတွေကြားထဲမှာ ပြားပြားဝပ်နေလာတာ။ မြို့ပေါ်လည်းရောက်ရော မလုံ့တလုံမလေးတွေ ဖြစ်ကုန်ပြီ အမေရေ။ ပြောရတာတောင် ရှက်စရာပဲ။ သူတို့တွေကလည်း ပြောကြတယ်။ ဒီနေ့က အမေများနေ့။ အမေကို ချစ်ခင် ကြောင်း၊ ယုယကြောင်း၊ သတိရကြောင်း လွမ်းဆွတ်ကြောင်းတွေ တဖွဲ့တနွဲ့ အမေရှေ့မှာ လာချွဲကြဦးမယ်ထင်တယ်။ တကယ့်လက်တွေ့ဘ၀မှာတော့ အမေ့စကားတွေဟာ ပြတိုက်ထဲမှာပဲ သူတို့ထားကြတာပါ။ မြန်မာအမျိုးသမီးကောင်းဆိုတဲ့ အမေ့ခြေရာကို ထပ်ချပ်မကွာ နင်းမယ့်အစား ခေါက်သိမ်းထားလိုက်တာတွေ များနေတယ်အမေရေ။

ဒါတွေ အမေ မြင်ဦးမှာလား၊ ဒါတွေ အမေပြင်ဦးမှာလား အမေ။ ကျွန်တော်ကတော့ အမေ့လို အမေတွေ လောကမှာ ရှိစေ ချင်သေးတယ်။ ကိုယ့်အိမ်ကိုယ့်ယာမှာ ကိုယ့်ဇနီး၊ ကိုယ့်မယား၊ ကိုယ့်လင်၊ ကိုယ့်သားနဲ့ နွေးထွေးတဲ့ မိသားစုဘ၀လေး တွေ ရှိနေစေချင်သေးတယ်။ ငယ်စဉ်တည်းက မျိုးစေ့မကောင်းခဲ့တော့ အရွယ်ပြောင်းလို့ မိခင်လောင်းဖြစ်ရတဲ့အချိန်မှာ ကိုယ့်ရင်သွေးကို ကိုယ်မမွေးချင်တဲ့ အမျိုးသမီးတွေ မပေါ်ထွန်းစေချင်ဘူး။ ငယ်စဉ်တည်းက အစဉ်အလာကောင်းပြီး အရွယ်ပြောင်းလို့ ဖခင်လောင်းဖြစ်တဲ့အချိန်မှာ ကိုယ့်ရင်သွေးကို ကိုယ်တိုင်မွေးလို့ မေတ္တာအပြည့်ပေးနိုင်တဲ့ ဖခင်ကောင်း တွေ ပေါ်ထွက်စေချင်တယ်။ အမေက ရှေ့ဆောင်လမ်းပြ လမ်းကောင်းလမ်းမှန် ချပေးတာ မှန်ပေမယ့် အမေ့သားတွေ၊ အမေသမီးတွေ အယူလွဲပြီး ခုဆို မူကွဲတဲ့မြန်မာတောင် ဖြစ်တော့မလားပဲ အမေရယ်

ဒါကြောင့် ကျွန်တော်က အမေ့အကြောင်း၊ အမေ့စကားဆိုရင် ပြတိုက်ထဲမှာ မထားချင်ဘူးလို့ ဆိုတာပါ။ အမေမြင်နိုင်ခဲ့ရင် ဘယ်လောက်ကောင်းမလဲ။ အမေဖြစ်လာမယ့် အမေလောင်းတွေ အမေအကြောင်း။ အမေအခန်းကဏ္ဍတွေ ကျယ်ကျယ် ပြန့်ပြန့်လိုက်နာကြရင် ဘယ်လောက်ကောင်းမလဲ အမေ။ လက်တွေ့နယ်ပယ်မှာ အမေ့အခန်းကဏ္ဍတွေ နေ့စဉ်ဘ၀မှာ ပါဝင်ခွင့်ရစေချင်ပါပြီ။ ပုခက်လွှဲသော လက်တို့ရဲ့ ဂန္ဓ၀င်ပုံရိပ်တွေ လောကအလယ် ထွက်ပေါ်လာစေဖို့အတွက် ကောင်းခဲ့ တဲ့အမေဟောင်းတို့ရဲ့အစဉ်အလာကို ပြောင်းလဲယူမယ့် အမေလောင်းတို့က လေးလေးနက်နက်လိုက်နာကြမှလည်း အမေ့ စကား၊ အမေ့ပုံရိပ်တွေ ပြတိုက်ထဲမှာ မထားဘူးဆိုတာ ပေါ်လွင်မှာပါ။ ဒါကြောင့် ၁၂ လမှ ၁ခါ သတိရကြတဲ့ ပြတိုက်ထဲက အမေများနေ့ ဘ၀မှ လက်တွေဘ၀မှာ နေ့စဉ်နဲ့အမျှ အမှတ်ရကြတဲ့ အမေများနေ့ အဖြစ် ဖော်ဆောင်နိုင်ကြပါစေ။

မှတ်ချက်။ ။ အထက်ပါ ကဗျာအား မဇ္ဈိမဂုဏ်ရည်ဆရာတော်ဦးကောဝိဒ ရေးသားသည့် အမွေခံထိုက်သူဖြစ်ပါစေစာအုပ်မှ ထုတ်နှုတ်ဖော်ပြပါသည်။

သုခရိပ်



Read more...

မင်္ဂလာ နဲ့ အိမ်ထောင်

"ထောင် ဆိုတာ တာဝန်မဲ့သူ၊ ဥပဒေချိုးဖောက် သူတို့ကျရောက်ရတဲ့ လွတ်လပ် ပျှော်ရွှင်မှု အားလုံး ဆိတ်သုဉ်းရာ အကျဉ်းစခန်းကြီးဖြစ်သလို " အိမ်ထောင်" Dhamma_barisayadawဆိုတာလဲ" …ကဲ " မင်္ဂလာဆောင်တယ် " ဆိုတာနဲ့ ပတ်သက်လို့ နည်းနည်းပြောကြဦးစို့။ မင်္ဂလာ ဆိုတာ ကြီးပွါးချမ်းသာချင်းရဲ့ အကြောင်းအရာကိုခေါ်တာ။ " ကြီးပွား ချမ်းသာ၊ ကြောင်းများစွာ၊ မင်္ဂလာဟုခေါ်" ဆိုတဲ့ လင်္ကာအတိုင်းပေါ့။ မြတ်စွာဘုရား ဟောတော်မူတဲ့ မင်္ဂလာ အတိုင်းပေါ့၊
မြတ်စွာဘုရား ဟောတော်မူတဲ့ မင်္ဂလာတရားက(၃၈)ပါးတောင် ရှိပါတယ်။ မိတ်ကောင်း ဆွေကောင်းနဲ့ ပေါင်းသင်း ဆက်ဆံတာကစပြီး နိဗ္ဗာန်ရောက်တဲ့ အထိပါပဲ၊ ဒါပေမဲ့ မြန်မာစကားမှာ ပုတ္တဒါရသင်္ဂဟ မင်္ဂလာရဲ့ ရှေပြေးဖြစ်တဲ့ ခုလို ထိမ်းမြား လက်ထပ်ပွဲ ကိုမှ " မင်္ဂလာ ဆောင်တယ်" လို့ ထင်ထင်ရှားရှား ပြောဆိုသုံးစွဲကြတာကတော့ မိဘတို့ရဲ့ ဆန္ဒကို သိစေချင်တဲ့ ပုဗ္ဗနိမိတ်ပြ စကားအဖြစ်နဲ့ သုံးစွဲ တယ်လို့ဆိုရမလားဘဲ။


မြတ်စွာဘုရားဟောတော်မူတဲ့ "မင်္ဂလာ"ဆိုတာတွေကို သေသေချာချာ လေ့လာ ကြည့်လိုက်ရင် လိုက်နာကျင့်ကြံရမယ့် "တာဝန်" တွေဆိုတာ တွေ့ရတယ်။ ဒါကြောင့်
"မင်္ဂလာ" ဆိုတာ " လူတာဝန်" လို့ ခံယူရမယ့် လုပ်ဆောင်စရာ လိုက်နာစရာတွေကို ပြော နေတာပါ။
မြန်မာစကားမှာ " ကောင်းကျိုးချမ်းသာ ကျက်သရေ မင်္ဂလာ " လို့ အကျိုးနဲ့ အကြောင်း ကို အတွဲလိုက် ပြောဆိုလေ့ရှိပါတယ်။ အကြောင်းနဲ့ အကျိုးကို ခွဲခြားဆက်စပ် ကြည့်လိုက် မယ်ဆိုရင် " တာဝန်ကျေရင် ကျက်သရေ မင်္ဂလာရှိမယ်၊ ကျက်သရေ မင်္ဂလာရှိရင် ကောင်း ကျိုးချမ်းသာပြည့်စုံမယ်" လို့ ဆိုလိုရင်ဖြစ်ပါတယ်။

ဒီစကားတွဲရဲ့ ဆန့်ကျင်ဘက် အဖြစ်နဲ့ တာဝန်မဲ့ခဲ့ရင် ကျက်သရေ မင်္ဂလာမဲ့မယ်၊ ကျက်သရေမင်္ဂလာ မဲ့ရင် ကောင်းကျိုးချမ်းသာလည်း မဲ့လိမ့်မယ် ဆိုတဲ့ အဓိပ္ပါယ် ကိုလည်း နားလည်ရပါလိမ့်မယ်။ ဒါက မင်္ဂလာရဲ့ သဘော အဓိပ္ပါယ်ပါ။

"ဆောင်တယ်"ဆိုတာကတော့ သယ်တာ ယူတာပါပဲ၊ တာဝန်တွေ ပိုပြီးဆောင်ယူမယ် လို့ ဆိုလိုပါတယ်။ ဥပမာ အခု ဇနီးမောင်နှံတို့ ဘ၀ကို ပြန်ကြည့်ကြည့်ပါ။ ထိမ်းမြားလက်ထပ် မပြုခင်က မိဘအိမ်မှာ ကိုယ်က သားသမီး တာဝန်ပဲရှိတယ်။ မိဘဆိုတာ လက်ဦးဆရာဖြစ်လို့ ကိုယ်က တပည့်တာဝန်ပဲရှိတယ်။ မိဘက ဦးစီးနာယက ဖြစ်လို့ ကိုယ်က နောက်လိုက် တာဝန်ပဲရှိတယ်။ အဲဒီလို တာဝန် တစ်ဝက်တစ်ခြမ်းပဲရှိခဲ့တာ။ အခု ကိုယ်က မိဘနေရာ၊ လက်ဦး ဆရာနေရာ၊ ဦးစီးခေါင်းဆောင်နေရာကို ယူလိုက်ပြီဆိုတော့ တစ်ဖက်မှာ ကိုယ့်ရဲ့ မိဘ ကလည်းရှိလေတော့ သားသမီးတာဝန်၊ တပည့်တာဝန်၊ နောက်လိုက်တာဝန်လည်း ရှိနေတုန်း၊ ကိုယ်ကိုယ်တိုင် မိဘတာဝန်၊ လက်ဥိးဆရာတာဝန်၊ ဦးစီးနာယက တာဝန်ကိုပါ ယူရတော့ မယ်။ အဲဒီလို တာဝန်တွေ ပိုပြီးဆောင်ယူတာပါ။ ဒါက တစ်ယောက်ချင်စီ အနေနဲ့ပြောတာ။ နှစ်ယောက်ပေါင်းအနေနဲ့ ကြည့်မယ်ဆိုရင် မိမိတို့မှာ မူလက တဖက် တစ်မိဘစီဘဲ ရှိခဲ့ကြ တာ။ ခုတော့ ဇနီးမောင်နှံ အချင်းချင်းက နှစ်ကိုယ်တစ်စိတ်အဖြစ် လက်တွဲပေါင်းစပ်ခဲ့ကြပြီ ဖြစ်လို့ မိဘဆွေမျိုးများကိုလည်း နှစ်မိဘ၊ တစ်မိဘ၊ နှစ်ဆွေမျိုးကို တစ်ဆွေမျိုးတည်း အဖြစ်လည်း ခံယူကြရမှာပဲ။ ဒါကြောင့် မာတာပိတုဥပဋ္ဌာနမင်္ဂလာ၊ ဉာတကသင်္ဂဟ မင်္ဂလာ တို့လည်း တစ်ဆတိုးပြီး ဆောင်ယူလိုက်ကြတဲ့ သဘောဖြစ်လာလို့ မင်္ဂလာတွေ ပိုပြီးယူတယ်။ ဆောင်တယ်ဆိုတဲ့ နိမိတ်ကောင်းယူပြီး "ထိမ်းမြား လက်ထပ်ခြင်း"ကို "မင်္ဂလာ ဆောင်တယ်" လို့ ကင်ပွန်းတပ် ပြောဆိုကြတာ ဖြစ်မယ်ထင်ပါတယ်။ မိဘဆွေမျိုးတို့ရဲ့ ဆန္ဒ ကလည်း ဒီလိုပဲ ရှိကြမှာပါ။

တစ်ကိုယ်ရေ တစ်ကာယသမားတွေမှာ ခုလိုမင်္ဂလာတွေ အစုံလိုက် အပြည့်အ၀ မရှိဘဲ တစ်ဝက်တစ်ခြမ်းပဲ ရှိကြလို့များ အစကပြောခဲ့တဲ့ ကဗျာဆရာက " လူလားမမြောက်သေး"လို့ ခနဲ့လိုက်သလားပဲ။

ဒီလိုပြောလိုက်လို့ ဟိုနောက်နားက လူလားမမြောက်ကြသေးသူတွေ အားမငယ်ကြနဲ့။ တို့အတွက် အလွန် အားတက်စရာကောင်းတဲ့ ကဗျာလေးတစ်ပုဒ်လည်း ဖတ်လိုက်ရဖူးတယ်။
ကဗျာက……..
" ငါအိပ်တယ်၊
ငါနိုးတယ်။
နံဘေးမှာ ကြည့်
ဘာမျှ မရှိ
သြော်. . ကျယ်ဝန်းလိုက်ပါဘိ" တဲ့။
သားမယား ကျွေးမွေးစောင့်ရှောက်မှု ကြောင့်ကြစရာ ပူပန်စရာ အရှုတ်အထွေး ကင်းတဲ့ အတွက် တစ်ယောက်ထည်း အိပ်စရာ ကျောတစ်ခင်းစာလောက် နေရာကလေးရှိလည်း ကျယ် ၀န်းနေတာပဲလို့ ဆိုချင်ပုံရပါတယ်။ မြတ်စွာဘုရား ဟောတော်မူတဲ့ " အဗ္ဘောကာသော ပဗ္ဗဇ္ဇာ ဘ၀၀ဋ်ဘောင် အလွတ်ရှောင် သူတို့ရဲ့ ဘ၀ဟာ လွင်တီးခေါင်လို ကျယ်ဝန်းတယ်" ဆိုတဲ့ စကားနဲ့ ကိုက်ညီလို့ တစ်ကိုယ်တည်း သမားတွေအနေနဲ့ အိပ်ရာကနိုးတိုင်း ဥဒါန်းသဘောမျိုး ကျူးရင့်နေဖို့ကောင်းတယ်။ ရသေ့စိတ်ဖြေလို့ ပြောချင်လည်း ပြေကြပါစေပေါ့။

အဲ လူလားမြောက်ပြီးဖြစ်တဲ့ ဇနီးမောင်နှံတို့ကတော့ ရာသက်ပန် ခိုင်မြဲရေးမှာ အချင်း ချင်းယုံကြည် စိတ်ချမှုဟာ အဓိကဖြစ်တဲ့ အတွက် အချင်းချင်း ယုံကြည်လောက်တဲ့ ကိုယ် ကျင့်တရားကို အခိုင်အမာ စောင့်စည်း တည်ဆောက်ကြပြီး ထမ်းဆောင်ရမယ့် မင်္ဂလာ တာဝန်တွေကို ကျေပွန်အောင် ထမ်းဆောင်နိုင်ကြတဲ့" မင်္ဂလာဆောင်သူ" စစ်စစ်များဖြစ် အောင် ကြိုးစားကြပေရော့။ ဒီလို မဟုတ်ရင်တော့ မင်္ဂလာဆောင်ကြသူတွေ မဖြစ်ဘဲ အိမ်ထောင် ကျသူတွေပဲ ဖြစ်သွားလိမ့်မယ်။

"ထောင်" ဆိုတာ တာဝန်မဲ့သူ၊ စည်းကမ်းဥပဒေ ချိုးဖောက်သူတွေ ကျရောက်ရမယ့် လွတ်လမ်းပျှော်ရွှင်မှု အားလုံး ဆိတ်သုဉ်းရာ အကျဉ်းစခန်းကြီးဖြစ်တယ်ဆိုတာ အားလုံး သိပြီး သားပဲ။ "အိမ်ထောင်" ဆိုတာလည်း မိသားစုတာဝန် ပျက်ကွက်သူ၊ ကိုယ်ကျင့်တရား ချိုး ဖောက်သူတွေ ကျရောက်နေရတဲ့ လွတ်လပ်ပျှော်ရွှင်မှုတို့ ဆိတ်သုဉ်းရာ နေရာကိုခေါ်တာပါ။ ကိုယ့်ကျင့်တရား ခိုင်မာသူ၊ တာဝန်ကျေသူတို့အတွက်တော့ ကောင်းကျိုး ချမ်းသာ ကျက် သရေ မင်္ဂလာ အတိပြီးတဲ့ ပျှော်ရွှင်စရာ သိရီဂေဟာကြီး ဖြစ်ကြမှာပါ။

ဒီလို အခိုင်အမာ ယုံကြည်လက်ခံကြပြီး မင်္ဂလာတွေ မပြတ်ဆောင်နိုင်ကြတဲ့ ဇနီးမောင် နှံများ ဖြစ်နိုင်ကြပါစေ။
ကဲ ပြည့်စုံလောက်ပါပြီး

ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)


Read more...

ပါမောက္ခချုပ်ဆရာတော်ကြီးနဲ့ Lotus ညီအကိုမောင်နှမများ




အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ တက္ကသိုလ်ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ စင်္ကာပူနိုင်ငံကို ကြွရောက်လာပါတယ်၊ စင်္ကာပူနိုင်ငံမှာရှိတဲ့ တရုတ်မိသားစုတွေကို အဘိဓမ္မာ ပို့ချပေးဖို့ ကြွလာတာပါ၊ ဆရာတော် ရောက်လာတဲ့ သတင်းကြားတာနဲ့ ဆရာတော့်ခြေတော်ရင်းကို ရောက်ဖြစ်ခဲ့တယ်၊ Lotus Foundation အဖွဲ့တွေနဲ့ အတူပေါ့၊

Lotus Foundation ၊Dhamma Download အဖွဲ့တွေ ဦးဆောင်ပြီး အဝေးရောက် ရွှေမြန်မာများ အဘိဓမ္မာလေ့လာနိုင်ဖို့ Abhidhamma Foundation ကို တည်ထောင်ကြမှာပါ၊ မြန်မာပြည်က အဘိဓမ္မာပို့ချ သင်ကြားပေးနေတဲ့ ဆရာတော်များ လူဆရာများရဲ့ ပို့ချချက် အသံဖိုင် ရုပ်ဖိုင် စာဖိုင်တွေကို စုစည်းပြီး အွန်လိုင်းမှာ တင်ပေးသွားမှာဖြစ်ပါတယ်၊ ဒီကိစ္စတွေအတွက် ဆရာတော်ဦးနန္ဒမာလာဆီ ရောက်လာခဲ့တယ်၊ ဆရာတော်ရဲ့ ဩ၀ါဒ ဆရာတော်ရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ အကြံအဥာဏ်ကို ရယူကြခြင်းလဲ ဖြစ်ပါတယ်၊

အဘိဓမ္မာပို့ချချက်တွေကို အင်္ဂလိပ်လိုရော မြန်မာလိုပါ အွန်လိုင်းမှာ စုစည်းတင်ပြပေးတော့မှာမို့ အဘိဓမ္မာစိတ်ဝင်စားသူများအတွက် ၀မ်းမြောက်ဖွယ်သတင်းတစ်ခုပါ။
နည်းပညာရှင်များရဲ့ အကြံအဥာဏ်ကို ရယူပြီး နောက်ထပ် အကောင်အထည်ဖော်ဖို့ ပြင်ဆင်နေတာက Online Library သို့မဟုတ် Online University လုပ်ဖို့ပါ၊

ပထမခြေလှမ်းအနေနဲ့ အဝေးရောက် စာသင်သားတွေအတွက် ကျမ်းကိုးစာအုပ်တွေလိုအပ်လာရင် လွယ်ကူစွာကြည့်နိုင်ဖို့ Online library မှာ စုစည်းသွားမှာပါ၊ ကမ္ဘာ့တက္ကသိုလ်အသီးသီးက Buddhist studies နဲ့ပတ်သက်တဲ့ ပို့ချချက်တွေကိုလဲ အတတ်နိုင်ဆုံး ရှာဖွေစုဆောင်းကာ Online Library မှာ စုစည်းတင်ပြနိုင်ဖို့ ရည်ရွယ်ထားပါတယ်။

အဲဒီအကြောင်းလေးတွေကိုလဲ ဆရာတော့်ကိုလျှောက်ထားတင်ပြ ဖြစ်တယ်၊ ဆရာတော်က လိုအပ်တဲ့ အကူအညီတွေ အကြံအဥာဏ်တွေချီးမြှင့်ခဲ့တယ်၊ တဆက်တည်းမှာပဲ ဆရာတော်အမိန့်ရှိတာက ပြည်တွင်းမှာ အဘိဓမ္မာလေ့လာလိုက်စားသူတွေအတွက် လိုအပ်နေတဲ့ ဋီကာကျော်မြန်မာပြန်ကို ဒီနှစ်ဝါတွင်းသုံးလမှာ အပြီးရေးမယ်လို့ အမိန့်ရှိသွားပါတယ်၊ ဋီကာကျော်မြန်မာပြန်က ရှိတော့ရှိပြီးသားပါ၊

မြန်မာလိုရေးထားတာကို မြန်မာတွေ သဘောမပေါက်နိုင်ဖြစ်နေလို့ ဒီလိုထပ်ရေးတာပါလို့ မိန့်ပါတယ်။မြန်မာပြည်ရဲ့ လိုအပ်ချက်ကွက်လပ်တစ်ခုကို ဖြည့်စည်းပေးမှာမို့ တကယ့်ကို ကြည်နူးဝမ်းသာဖြစ်ရပါတယ်၊

မြန်မာပြည်မှာ တနှစ်ကို မြွေကိုက်လို့ သေဆုံးရတာ လေးထောင်ကျော် ငါးထောင်ကျော်ရှိပါတယ်၊ ကျန်းမာရေးဝန်ကြီးဋ္ဌာနရဲ့ထုတ်ပြန်ချက်အရပါ၊ ဘာကြောင့် မြွေကိုက်ပြီး သေဆုံးရတဲ့နှုန်း မြှင့်တက်လာရသလဲဆိုတော့ မြွေဆိပ်ဖြေဆေး လုံလုံလောက်လောက် မပေးနိုင်တော့လို့ပါပဲ၊(အမှန်ဆိုရင်တော့ လုံးဝကို မပေးနိုင်တော့တာပါ)၊ မြွေဆိပ်ဖြေဆေး တစ်လုံးကို မြန်မာငွေ ခြောက်သောင်းခွဲ ရှိပါတယ်၊ မြွေကိုက်တဲ့လူနာကို ဆေးခြောက်လုံးလောက်ထိုးပေးမှ ဒီလူနာအသက်ရှင်ပါတယ်၊(သတိပြုရန်။ ။ ပြည်တွင်းမှာတော့ မြွေဆိပ်ဖြေဆေး အတုတွေပေါ်နေပါတယ်)

အဲဒီလိုအပ်ချက်လေးတွေကို ဖြည့်စည်းပေးချင်လို့ မြွေကိုက်ခံရတာများတဲ့ မြို့နယ်ဆယ်မြို့နယ်မှာ မြွေဆိပ်ဖြေဆေးတွေ လုံလုံလောက်လောက် ရရှိနိုင်ဖို့ Lotus Foundation ညီအကိုမောင်နှမများက လှူဒါန်းနေပါတယ်၊ ဆရာတော်ဦးနန္ဒမာလာကတော့ လိုအပ်တဲ့နေရာမှာ လိုအပ်တာကို ဖြည့်စည်းပေးနေတာ သိရတဲ့အတွက် လှိုက်လှိုက်လှဲလှဲ သာဓုခေါ်ပါတယ်၊

ပြီးတော့ မြွေဆိပ်ဖြေဆေးတင် လှူတာမဟုတ်ဘဲ..မြွေမကိုက်နိုင်အောင် မြွေဒဏ်ကာကွယ်နိုင်တဲ့ဖိနပ် အရှည်ကြီးတွေလှူတာ ပညာပေးတာ စသည်တွေလဲ တတ်နိုင်သလောက် လုပ်ကြဖို့ ဩ၀ါဒပေးပါတယ်၊
ပြိးတော့ ဗုဒ်ဓဘာသာဝင် မိသားစုများ တရားနာယူနိုင်ရန် Dhamma centre တွေလဲ ဆောက်ပေးနေပါတယ်၊

စက်ပစ္စည်း အစုံ ဓမ္မစင်တာ တစ်ခုအတွက် သိန်း ၂၀လောက် လှူဒါန်းရပါတယ်၊ လယ်တီဆရာတော်ကြီးရဲ့ ဖွားရာမြေ စိုင်ပြင်ရွာက စတင်လို့ ဓမ္မစင်တာတွေ ဆောက်လုပ်လှူဒါန်းတာ အခုဆိုရင် ဓမ္မစင်တာ ငါးခုတည်ဆောက်ပြီးသွားပါပြီ၊ Lotus Foundation ညီအကိုမောင်နှမများရဲ့ စေတနာတွေပါ၊

ဆရာတော်ဦးနန္ဒမာလာကတော့ ကိုယ်လုပ်တဲ့အလုပ်တစ်ခုရဲ့ တန်ပြန်သက်ရောက်မှုကို သတိထားပြီး First Unity Second Unity Third Unity ဖြစ်ဖို့ ဩ၀ါဒချီးမြှင့်ပါတယ်၊

နောက်ဆုံးမှာတော့ ပါမောက္ခချုပ်ဆရာတော်ကြိးနဲ့ စုပေါင်းဓာတ်ပုံရိုက်ပြီး ဆရာတော်ကြီးကို ဦးချကန်တော့ကာ ပြန်လာခဲ့တယ်၊ အပြင်ဖက်မှာတော့ စင်္ကာပူရဲ့ ဒီဇင်ဘာက ချမ်းအေးခြင်းမရှိဘဲ အုံ့နွေးနွေးဖြစ်နေတယ်၊ ည ကိုးနာရီထိုးတော့မှာမို့ သွားလာလှုပ်ရှားသူတွေလဲ လျော့နည်းစပြုလို့ပေါ့၊
လူသားတွေကို တတ်နိုင်သလောက် နွေးထွေးမှုပေးပြီး အားနည်းနေတဲ့ လူတွေကို ကရုဏာနှလုံးသားနဲ့ ကူညီနိုင်ဖို့ အပြန်လမ်းခရီးရဲ့ အတွေးတွေထဲမှာ ကျယ်ကျယ်လောင်လောင် မြည်သွားတာကိုလဲ သတိပြုမိလိုက်ပါရဲ့၊

lotus Foundation ညီအကိုမောင်နှမများရဲ့ လုပ်ဆောင်ချက်တွေကို လေ့လာလိုတယ်ဆိုရင် http://www.lotusfoundationmm.org မှာလေ့လာနိုင်ပါတယ်


Read more...

နေရဉ္ဇရာမှတ်တမ်း(၃)

ရွေးကောက်ပွဲကော်မရှင်

ဒုတိယနေ့နံနက်ခင်းအစည်းအဝေးကတော့ ရင်ခုန်စရာကောင်းခဲ့ပါတယ်။ အဖွဲ့ကြီးကို ပုခုံးနဲ့ရော နှလုံးနဲ့ပါ ထမ်းဆောင်ကြမယ့် အလုပ်အမှုဆောင်သစ်ရဟန်းတော်တွေ ရွေးချယ်ကြတော့မှာ ဖြစ်ပါတယ်။ ရဟန်းတော်တွေ ရွှေပြည်ကြီးမှာ မဲပေးခွင့်မရှိပေမယ့် မဟာမြေမြတ်မှာတော့ အဲဒီအခွင့်အရေးကို အရယူကြရမှာဖြစ်ပါတယ်။

အစည်းအဝေးမစတင်မီ ရွေးကောက်ပွဲကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းလိုက်ပါတယ်။ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်မယ့် မဇ္ဈိမသုခဆရာတော်ဒေါက်တာအရှင်နန္ဒ၀ံသက အစည်းအဝေးသဘာပတိအဖြစ်ဆောင်ရွက်ပြီး အခမ်းအနားမှူးအဖြစ်အရှင်ဂန္ထသာရ(မဂဓတက္ကသိုလ်)က ဆောင်ရွက်ခဲ့ပါတယ်။ ရွေးကောက်ပွဲဝင်ရမယ့် မဲဆန္ဒနယ်တွေကတော့ ပညာသင်မြန်မာရဟန်းတော်တွေ အများစုရှိရာ ဗာရာဏသီဌာန၊ နာလန္ဒာဌာနနဲ့ မဂဓဌာနတွေပဲဖြစ်ပါတယ်။ ရပ်ဝေးတက္ကသိုလ်က သိက္ခာဝါကြီးတဲ့ရဟန်းတော်ငါးပါးက ရွေးကောက်ပွဲကော်မရှင်အဖြစ် ဆောင်ရွက်ပေးကြမှာဖြစ်ပါတယ်။

အခမ်းအနားမှူးက ဒသမနှစ်ပတ်လည်အတွက် အမှုဆောင်အဖြစ်ဆောင်ရွက်တော်မူခဲ့ကြတဲ့အဖွဲ့ဝင်ရဟန်းတော်များ တာဝန်မှနှုတ်ထွက်ကြောင်းလက်မှတ်ရေးထိုးအတည်ပြုရန်ကြေငြာလိုက်ပါတယ်။ အဲဒီမှာ “ အုတ်ကျိုး(ဥက္ကဌပြုတ်) တွင်းပျက်(အတွင်းရေးမှူးပြုတ်)” ဆိုတဲ့ချစ်စနိုးခေါ်သံတွေ ဟိုနားဒီနားက ပေါ်လာပါတော့တယ်။ ခေါ်တဲ့သူတွေကလည်း ရွှင်ရွှင် အခေါ်ခံရတဲ့သူကလည်း ပြုံးပြုံး။ “ ခင်ခင်မင်မင် လက်ရေတစ်ပြင်တည်း ရှေးကထက်ပိုချစ်ကြတယ်” ဆိုတဲ့ နန်းတော်ရှေ့ကြီးကိုတောင် သတိရမိသေးတော့။

သီတဂူဆရာတော်ကြီး အဖွဲ့ပိုင်ကျောင်းတော်ကြီးကိုကြွပြီး အလှူငွေပေးအပ်ရင်း သြ၀ါဒပေးတဲ့အခါ “မင်းတို့ဥက္ကဌသက်တမ်းက ဘယ်နှစ်နှစ်တုန်း” လို့ မေးတော့ “တစ်နှစ်တည်းပါဘုရား” ပြန်လျှောက်တာကို အလွန်ကျေနပ်တော်မူပါတယ်။
နောက်နှစ်အရွေးခံရမှာလည်းမသေချာ၊ကိုယ့်အတွက်လည်းဘာမှမပါဘဲ အဖွဲ့အတွက် နှောင်ကြိုးမဲ့ဆောင်ရွက်တော်မူကြတဲ့ အမှုဆောင်ရဟန်းတော်တွေကို သီတဂူဆရာတော်ကြီးက လှိုက်လှိုက်လှဲလှဲ သာဓုခေါ်ခဲ့ဖူးပါတယ်။

အဲဒီနောက်မှာတော့ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဒေါက်တာအရှင်နန္ဒ၀ံသက ရွေးကောက်ပွဲစည်းမျဉ်းများကို ကြေငြာဖတ်ပြပါတယ်။ အဖွဲ့ကြီးရဲ့ အကျိုးကို အမှန်သယ်ပိုးနိုင်မယ့်ပုဂ္ဂိုလ်များကိုသာ မဲပေးကြဖို့လည်း တိုက်တွန်းသွားပါသေးတယ်။
ရွေးကောက်ပွဲမြင်ကွင်း

နာလန္ဒာဌာနက ပထမဆုံးအမှုဆောင်ရွေးချယ်ဖို့ ကြေငြာသံကြားရပါတယ်။ ဌာနတစ်ခုစီမှာ
ိ(၁)ဥက္ကဌ
(၂)အတွင်းရေးမှူး
(၃)ဘဏ္ဍာရေးမှူး
(၄)ပြန်ကြားရေးမှူးနဲ့
(၅)စာရင်းစစ်တာဝန်တို့အတွက်ရွေးချယ်ရမှာဖြစ်ပါတယ်။ကိုယ့်ဌာနကို ကိုယ့်မဲဆန္ဒနယ်ကပဲ မဲပေးခွင့်ရှိပါတယ်။ အခြားတက္ကသိုလ်က မဲပေးခွင့်မရှိပါဘူး။ ရွေးကောက်ပွဲကာလက ပျော်စရာကြီးပါ။
ကိုယ့်နာမည်ကိုယ်ထည့်ရေးလို့ တစ်မဲတော့ ရတယ်ဆိုတာမျိုးလည်း ရှိပါသေးတယ်။

ဗာရာဏသီဌာနအတွက် သူ့အနေနဲ့ ၂၀၀၇-၂၀၀၈ နှစ်နှစ်ဆက်တိုက် ဥက္ကအဖြစ်အရွေးချယ်ခံခဲ့ရဖူးပါတယ်။ တော်လို့တော့ ဟုတ်ဟန်မတူ၊ ခိုင်းကောင်းလို့သာ ဖြစ်မှာပါ။ ဒီနှစ်မှာတော့ သူ့နာမည်က နေရာတစ်ခုစီအတွက် အမြဲတမ်း တစ်မဲ သို့မဟုတ် နှစ်မဲ ရနေတာကို ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ခပ်သောသောလေးကြေငြာပေးနေတဲ့အတွက် အားလုံးက တ၀ါးဝါးပွဲကျနေကြလေရဲ့။“ အားမငယ်ပါနဲ့ ဥက္ကဌမဖြစ်လည်း အတွင်းရေးမှူးရာထူးကျန်ပါသေးတယ်” ဆိုတာမျိုးပါ။ နောက်ဆုံး စာရင်းစစ်ရောက်တဲ့အထိပါပဲ။ ဗာရာဏသီဌာနပြီးတော့ မဂဓဌာနရွေးကောက်ပွဲကျင်းပသွားပါတယ်။


ဌာနအသီးအသီးအမှုဆောင်များကို မဲပေးရွေးပြီးတဲ့အခါ အဖွဲ့ကြီးအတွက် အရေးကြီးတဲ့ ဗဟိုဥက္ကဋ္ဌနဲ့ အထွေထွေအတွင်းရေးမှူးနေရာအတွက် ရွေးချယ်ကြမှာဖြစ်ပါတယ်။ ဒီအရေးကြီးတဲ့ နေရာများအတွက် ရပ်ဝေးရပ်နီးတက္ကသိုလ်အသီးအသီးက အဖွဲ့ဝင်ရဟန်းတော်အားလုံးက မဲပေးကြရမှာပါ။ ပြီးတော့လည်း ဒီနေရာနှစ်ခုအတွက် ဌာနအသီးသီးကရွေးချယ်ခံထားရတဲ့ ဥက္ကဋ္ဌ များနဲ့ အတွင်းရေးမှူးများအပြင် တစ်သီးပုဂ္ဂလိကလည်း တင်သွင်းနိုင်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ကြေငြာပါတယ်။ ဌာနကြီးသုံးခုအပြင် အခြားတက္ကသိုလ်များက ရဟန်းတော်တွေလည်း အရွေးခံခွင့်ရှိပါတယ်။ ဒါပေမယ့် တစ်ပါးတည်းတင်သွင်းလို့တော့ မရပါဘူး၊ အနည်းဆုံးငါးပါးက ထောက်ခံတင်သွင်းရမှာဖြစ်ပါတယ်။

အထွေထွေအတွင်းရေးမှူးနေရာကို အခု ရွေးကြတော့မှာပါ။ အတွင်းရေးမှူးသုံးပါးကိုလည်း အဖွဲ့ဝင်ရဟန်းတော်အားလုံးရဲ့ ရှေ့မှောက်မှာ နေရာယူပေးကြဖို့ အခမ်းအနားမှူးက ဖိတ်ခေါ်နေပါပြီ။
အဲဒီမှာ ဗာရာဏသီဌာနက ရဟန်းတော်တစ်ပါးက အရှင်ဉာနောဘာသာလင်္ကာရကို တစ်သီးပုဂ္ဂလတင်သွင်းပါကြောင်း လျှောက်ထားပါတယ်။ ရွေးကောက်ပွဲကော်မရှင်မှာ မှတ်တမ်းရေးနေတဲ့ အရှင်ဉာနော ထရပ်လိုက်ပါတယ်။

သူကတော့ နောက်နားက တံခါးဝမှာ ရပ်လို့ မိတ်ဆွေအချိ့နဲ့ စကားပြောရင်း ရွေးကောက်ပွဲမြင်ကွင်းကို ငေးနေပါတယ်။အဲဒီအချိန်မှာပဲ သူ့နာမည်တင်သွင်းလိုက်တဲ့အသံကို ကြားလိုက်ရတော့တာပါပဲ။ မှတ်ကရော..။ “ ထောက်ခံပါသလား” ဆိုတဲ့ ရွေးကောက်ပွဲကော်မရှင်ရဲ့မေးခွန်းကို ငါးခုထက်မကတဲ့ လက်ညှိုးတွေက အတည်ပြုလိုက်ကြပါတယ်။


အထွေထွေအတွင်းရေးမှူးအရွေးချယ်ခံခြောက်ပါး

ဒီတာဝန်ဟာ ကြီးလေးမှန်းလည်းသိ၊ ရွေးဖို့ မရွေးဖို့လည်း မသေချာပေမယ့် ပထမနေ့က ဆွေးနွေးချက်တွေထဲမှာ သာသနာ့တာဝန်ကို မလွဲမသွေထမ်းဆောင်သင့်ကြောင်းတွေ ပြောထားကြလေတော့ သူလည်း မျက်စိမှိတ်ပြီး အဖွဲ့ဝင်ရဟန်းတော်များရဲ့ ရှေ့မှောက်က ထိုင်ခုံမှာ နေရာယူလိုက်ရပါတယ်။သီတဂူဆရာတော်ကြီးရဲ့ “ ဒီသံဃာတွေကြောင့် ငါအလုပ်လုပ်ခွင့်ရတယ်” ဆိုတဲ့အတွေးကို သီတဂူအရှင်သီဟဉာဏာလင်္ကာရကလည်း နားဝင်အောင်ပြောခဲ့သေးသကိုး။
“ဗာရာဏသီဌာနမှာ နေရာတစ်ခုမှ မရလို့ အထွေထွေအတွင်းရေးမှူးရာထူးအထိတက်ပြိုင်တယ်ဗျို” ဆိုတဲ့ ပြောင်ပြောင်ပျော်ပျော်အသံတွေလည်း ကြားရပါတယ်။


ဗာရာဏသီဌာနက အတွင်းရေးမှူးနေရာအတွက် အရွေးချယ်ခံသုံးပါးဖြစ်သွားပါတော့တယ်။ အဲဒီနောက်မှာတော့ မဂဓဌာနက အရှင်စန္ဒောဘာသကို တစ်သီးပုဂ္ဂလတင်သွင်းပါတယ်။အရှင်စန္ဒောဘာသဆိုတာလည်း အဖွဲ့ကြီးအတွက် မဂဓဌာနဘဏ္ဍာရေးမှူးနဲ့ အတွင်းရေးမှူးတာဝန်တွေကို ထမ်းဆောင်ခဲ့ဖူးသူပါ။ သူနဲ့လည်း ရင်းနှီးပါတယ်။

အထွေထွေအတွင်းရေးမှူးနေရာအတွက် ခြောက်ပါးယှဉ်ပြိုင်အရွေးချယ်ခံရမှာ ဖြစ်ပါတယ်။ အင်း မဲဆွယ်စည်းရုံးရေးကာလကို လွန်မြောက်မှ အရွေးချယ်ခံစင်မြင့်ဆီရောက်နေတာမျက်နှာပူစရာပါ။
ဘာပဲဖြစ်ဖြစ် အစွမ်းကုန်ပြုံးထားမှ။ အဖွဲ့ဝင်တွေပေးတဲ့ မဲတွေကို ရေတွက်လိုက်တဲ့အခါမှာ ဌာနအသီးသီးက ရဟန်းတော်တွေထက် သူနဲ့ အရှင်စန္ဒောဘာသက မဲအရေအတွက်များပါတယ်။ ခက်တာက ထူးထူးခြားခြားမဲအရေအတွက်ပါတူနေကြောင်း ကော်မရှင်က ကြေငြာချက်ထုတ်ပြန်ပါတယ်။
“အပြေးပြိုင်” အသံတစ်သံထွက်လာပါတယ်။ အဲဒါဆိုရင်တော့ ရှုံးပြီ။

အဖွဲ့ဝင်ရဟန်းတော်များရှေ့မှောက်မှာ လက်ကျန်နှစ်ပါး

ဒုတိယအကြိမ်ထပ်ပြီးမဲပေးကြပြန်ပါပြီ။ အရှင်စန္ဒောဘာသနဲ့ သူကတော့ အဖွဲ့ဝင်ရဟန်းတော်တွေရဲ့ရှေ့မှာ စကားတိုးတိုးပြောရင်း ရင်ခုန်နေကြလေရဲ့။ ရွေးကောက်ပွဲကော်မရှင်က မဲတွေရေတွက်နေချိန်မှာတော့ ခန်းမကြီးတစ်ခုလုံးတိတ်ဆိတ်သွားပါတယ်။ အခမ်းအနားမှူးက “ အပ်ကျသံတောင်ကြားရနိုင်ပါတယ်” လို့ တောက်လိုက်ပါတယ်။ ဘာပဲဖြစ်ဖြစ် မဲအနည်းငယ်စွန်းပြီး ဓမ္မဂင်္ဂါ အထွေထွေအတွင်းရေးမှူးဖြစ်သွားပါတယ်။
အဖွဲ့ကြီးအတွက်ဆောင်ရွက်ပေတော့ပေါ့။
အရှင်စန္ဒောဘာသကို လက်ဆွဲနှုတ်ဆက်လိုက်ပါတယ်။ အားလုံးကလည်း သာဓုခေါ်လိုက်ကြပါတယ်။

အဖွဲ့ဥက္ကဋ္ဌနေရာ

နောက်ဆုံးကျန်ရှိတဲ့ ဗဟိုဥက္ကဋ္ဌနေရာအတွက် မဲပေးရွေးချယ်ရတော့မှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲကော်မရှင်နဲ့ အခမ်းအနားမှူးက အမှန်တကယ်သင့်တော်သူကိုသာ ရွေးချယ်ရေးတိုက်တွန်းမှာကြားသံတွေ အထပ်ထပ်ကြားနေရပါတယ်။ ဌာနအသီးသီးက ရွေးချယ်ထားတဲ့ ဥက္ကဌများနေရာယူဖို့ အခမ်းအနားမှူးက ဖိတ်ပါတယ်။ မဂဓတက္ကသိုလ်က ယမန်နှစ်က ဥက္ကဌအဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ အရှင်ပညာဒီပနဲ့
နာလန္ဒာတက္ကသိုလ်က ဒုတိယဥက္ကဋ္ဌအဖြစ်ထမ်းဆောင်ခဲ့တဲ့ အရှင်ပညာသာမိတို့ကို တစ်သီးပုဂ္ဂလတင်သွင်းကြပါတယ်။

ဗာရာဏသီဌာနဥက္ကဋ္ဌအဖြစ်အရွေးအချယ်ခံထားရတဲ့ အရှင်ဓမ္မသီလာဘိဝံသက ဗဟိုဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ရန်အခြေအနေမပေးသည့်အတွက် သူ့အားပေးမည့်မဲများကို အခြားအရွေးချယ်ခံရဟန်းတော်များကိုသာ ပေးကြစေလိုကြောင်း ကြိုတင်အသိပေးခဲ့ပါတယ်။
မဲပေးရွေးချယ်တဲ့အခါမှာတော့ တစ်သီးပုဂ္ဂလအမည်တင်သွင်းခြင်းခံရတဲ့ အရှင်ပညာဒီပနဲ့ အရှင်ပညာသာမိကမဲအရေအတွက်များခဲ့ပါတယ်။ အရှင်ပညာသာမိကတော့ နှစ်မဲအသာနဲ့ ဗဟိုဥက္ကဌအဖြစ်ရွေးချယ်လိုက်ပြီဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က အားတက်သရောကြေငြာလိုက်ပါတယ်။

ဗဟိုဥက္ကဋ္ဌမိတ်ဆက်

အထွေထွေအတွင်းရေးမှူးမိတ်ဆက်

အဲဒီနောက်မှာတော့ အရွေးချယ်ခံထားရတဲ့ ဧကာဒသမနှစ်ပတ်လည်အမှုဆောင်သစ်များရဲ့ မိတ်ဆက်စကားအစီအစဉ်ပါပဲ။ အဖွဲ့ကြီးအတွက် ကျရာတာဝန်ကနေ ပုခုံးရော နှလုံးပါ အပ်နှင်းကြမယ့် ကတိပြုကြခြင်းပါပဲ။ သာဓုခေါ်သံတွေ ဘ၀ဂ်ညံပါရော။


Read more...

ဒေါသရှေ့ထား သူ့အမှား

..... အရှင်မဟာပါလမထေရ်က မိမိကိုယ် မိမိ ပြန်မေးတယ်။ … အို မဟာပါလ … သံသရာမှာ မျက်စိကွယ်ပေါင်း များခဲ့ပြီ။ အမှန်ကို မမြင် မသိခဲ့သော အမှောင်ထုမှ လွတ်မြောက်ရန် ဖြစ်သည့် တစ်ခုတည်းသော လမ်းပေါ်၌ လျှောက်နေသော ငါ့အတွက် ရပ်နေရန်လည်း မသင့်။ နောက်ပြန်ဆုတ်ရန်ဆိုသည်ကိုတော့ ထည့်၍ပင် မစဉ်းစား … အဝေးကြီး ဝေးပေပြီ။ ငါ့အတွက် ခရီးရှေ့ဆက်ရန်သာ ရှိ၏။ သံသရာတွင်း နောက်ဆုံး မျက်စိကွယ်ခြင်းသာ ဖြစ်သင့်ပေစွတကား … ဒီလို မေးတယ်။

ဒီတော့ တရားနာ တကာ တကာမတွေအတွက်လည်း မိမိတို့မှာ အမြင် အကြား စသည် အာရုံများ ကောင်းခိုက်၊ တရားနာနိုင် တရားထိုင်နိုင် တရားရှုမှတ်နိုင်တဲ့ စွမ်းရည်တွေ ပိုင်ဆိုင်နေခိုက်၊ ကိုယ်လက်အင်္ဂါတွေရဲ့ စွမ်းရည်သတ္တိတွေ အားကောင်းနေခိုက်မှာ တရားဘက်ကို အသုံးချစေချင်တယ်။

ဒကာကြီး ဦးဌေးလှိုင် ပြောခဲ့ဖူးတာလေး သူ့လင်္ကာလေးကို အမှတ်ရလို့ ရွတ်ပြချင်ပါတယ်။

“ကိုယ် .. လက် .. ခြေ များ
ကိုယ့်စကားမှ၊ နားမထောင်ဘိ
အားအင်ချိပြီး၊ မစွမ်းဖြစ်မှ
သတိပြဋ္ဌာန်း၊ ကမ္မဋ္ဌာန်း
ကြိုးပမ်း ဘယ်မှာရမည်နည်း”

(အရှင်စက္ကိန္ဒ၏ “ဒေါသရှေ့ထား သူ့အမှား” တရားတော် မှ)


+++++


ဓမ္မပဒလာ အရှင်စက္ခုပါလမထေရ်၏ အကြောင်းကို ဆရာကြီး ဦးရွှေအောင်၏ “ဓမ္မပဒ” စာအုပ်မှ ကောက်နုတ်ဖော်ပြလိုပါသည်။

စက္ခုပါလမထေရ်

သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ မြတ်စွာဘုရားသခင် သီတင်းသုံးတော်မူစဉ်က ဖြစ်ရပ် ဖြစ်၏။

သာဝတ္ထိပြည်၌ သူကြွယ် မဟာသုဝဏ္ဏသည် သားကြီး မဟာပါလနှင့် သားငယ် စူဠပါလတို့ကို လောကအလယ်၌ ထားရစ်ကာ ကွယ်လွန်ခဲ့၏။

မဟာပါလနှင့် စူဠပါလတို့သည် တစ်ဦးနှင့် တစ်ဦး များစွာ ကြင်နာကြသော ညီနောင်အရင်း ဖြစ်ကြပါလျက် မဟာပါလက အဆန်လမ်း လောကုတ္တရာကို မြင်၏။ စူဠပါလက အစုန်လမ်း လောကီကို မြင်၏။

တစ်နေ့တွင် မဟာပါလသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်သို့ သွား၍ မြတ်စွာဘုရားသခင်ထံတော်မှ တရားတော်ကို နာယူ၏။

ထိုတရားပွဲကား မဟာပါလ၏အလို အဇ္ဈာသယကို လိုက်၍ ဟောသော တရားပွဲ ဖြစ်၏။ ထိုတရားပွဲ၌ ဒါနနှင့် စပ်၍လည်း ဟော၏။ သီလနှင့် စပ်၍လည်း ဟော၏။ နတ်ပြည်နှင့် စပ်၍လည်း ဟော၏။ လောက၏ အပြစ် ယုတ်ညံ့ခြင်း ညစ်နွမ်းခြင်းတို့နှင့် စပ်၍လည်း ဟော၏။ လောကုတ္တရာ၏ အကျိုးအာနိသင်နှင့် စပ်၍လည်း ဟော၏။

မဟာပါလသည် ဘဝမှ လွတ်မြောက်အောင် လုပ်ရန် ဉာဏ်ဖြင့် မြင်လေ၏။ အိမ်ပြန်ရောက်သော် ညီဖြစ်သူ စူဠပါလကို သူ၏ စည်းစိမ်ဥစ္စာတို့ကို ပေး၍ မြတ်စွာဘုရားသခင်၏ သာသနာတော်၌ ရဟန်းပြုမည့်အကြောင်း ဆုံးဖြတ်ချက်ကို ပြောလေသည်။

အစ်ကိုကြီး၏ စကားကို ကြားလျှင် စူဠပါလမှာ များစွာ တုန်လှုပ်လျက် ကျိုးကြောင်းပြ၍ ကန့်ကွက်စကား အတန်တန် ဆိုသော်ငြားလည်း ခိုင်မြဲသော မဟာပါလ၏ လောကအမြင်နှင့် ဆုံးဖြတ်ချက်ကို မပြောင်းလဲနိုင်။

နောက်ဆုံး၌ မဟာပါလသည် မိမိ၏ညီငယ် စူဠပါလအား မိမိ၏ စည်းစိမ်ဥစ္စာ အားလုံးကို အမွေအဖြစ် ပေးစွန့်ပြီး မြတ်စွာဘုရားသခင် သီတင်းသုံးရာ ဇေတဝန်ကျောင်းတော်သို့ သွား၍ ရဟန်းပြု၏။ စူဠပါလလည်း ငိုကြွေး မြည်တမ်းရင်း ကျန်ရစ်ခဲ့၏။

မဟာပါလသည် ဆရာ ဥပဇ္ဈာယ်ထံ၌ ငါးဝါပတ်လုံး နေ၍ ဝါကျွတ်သောအခါ ပဝါရဏာပြု၍ မြတ်စွာဘုရားသခင် အထံသို့ ချဉ်းကပ် ရှိခိုးလျက် ရဟန်းတို့၏ တာဝန်ကို လျှောက်ထား မေးမြန်း၏။

‘ပိဋကစာပေ သင်အံ ပို့ချခြင်း’နှင့် ‘ဝိပဿနာတရား အားထုတ်ခြင်း’ ဟူ၍ တာဝန်နှစ်မျိုး ရှိကြောင်း မိန့်တော်မူရာ မဟာပါလသည် ကြီးရင့်သော ကာလ၌ ရဟန်းပြုခြင်းကြောင့် ပိဋကတ်စာပေ သင်အံ ပို့ချခြင်း တာဝန်ကို မထမ်းဆောင်နိုင်ဘဲ ဝိပဿနာတရား အားထုတ်ခြင်း တာဝန်ကိုသာ ထမ်းဆောင်နိုင်သောကြောင့် ဝိပဿနာ ကမ္မဋ္ဌာန်းတရားကို ဟောကြားတော်မူပါရန် မြတ်စွာဘုရားသခင်အား လျှောက်ထား၏။

မြတ်စွာဘုရားသခင်ကလည်း မဟာပါလအား အရဟတ္တဖိုလ်တိုင်အောင်သော ကမ္မဋ္ဌာန်းတရားကို မဟာပါလ၏ စရိုက်အားလျော်စွာ ဟောကြားတော်မူလိုက်၏။

မဟာပါလသည် သီတင်းသုံးဖော် ခြောက်ကျိပ်တို့နှင့်အတူ သာဝတ္ထိမှ ယူဇနာ ၁၂၀ ကွာဝေးသော ပစ္စန္တရစ်ရွာသို့ ကြွရောက်၍ ရဟန်းတရားကို အားထုတ်၏။ ရဟန်းတရားကို အားထုတ်ရာတွင် ဣရိယာပုတ် လေးမျိုးအနက် အိပ်ခြင်း ဣရိယာပုတ်ကို ပယ်၍ ထိုင်၊ ရပ်၊ သွား ဣရိယာပုတ် သုံးမျိုးဖြင့်သာ အားထုတ်၏။ မဟာပါလသည် ကြမ်းပြင်ပေါ်၌ မည်သည့်အခါမျှ ကျောကုန်းကို မဆန့်။ မည်သည့်အခါမျှ မအိပ်။

အိပ်စက်ခြင်း လုံးဝ မပြုသော အရှင်မဟာပါလအား ဝါဆိုလ လွန်၍ ဝါခေါင်လသို့ ရောက်လျှင် အိုးပေါက်မှ ယိုကျသော ရေအလျဉ်ကဲ့သို့ မျက်စိတို့မှ မျက်ရည်တို့သည် တသွင်သွင် ယိုစီးလျက် မျက်စိရောဂါ ဖြစ်ခဲ့၏။

အခြားသော သီတင်းသုံးဖော်တို့က အရှင်မဟာပါလ၏ မျက်စိရောဂါကို ကုရန် လိုကြောင်း၊ ဝိနည်းသိက္ခာပုဒ်တော်နှင့်အညီ ဖိတ်ကြားထားသော မျက်စိကုဆရာ ရှိကြောင်း၊ ခွင့်ပြုလျှင် မျက်စိကုဆရာကို ခေါ်၍ ပြသလိုကြောင်း လျှောက်ထားကြ၏။

အရှင်မဟာပါလက သဘောတူ ခွင့်ပြုသောအခါ သီတင်းသုံးဖော်တို့သည် မျက်စိကုဆရာအား အကြောင်းကြားလျှင် မျက်စိကုဆရာသည် ဆီကို ချက်၍ ပို့၏။ မျက်စိထဲသို့ ဆီထည့်နည်းကိုလည်း လျှောက်ထားလိုက်၏။ ဆရာကိုယ်တိုင် လိုက်လာ၍ကား မကု။

ဆေးညွှန်းအရဆိုလျှင် ပက်လက်အိပ်ပြီး ဆီကို နှာဝမှ လောင်းထည့်ရမည်။ သို့ရာတွင် အရှင်မဟာပါလသည် တရားအားထုတ်ချိန်မှ စ၍ ပက်လက်ဖြစ်စေ စောင်းလျက်ဖြစ်စေ မည်သည့်အနေအထားနှင့်မျှ မအိပ်ရန် အဓိဋ္ဌာန်ပြုထား၏။
ထို့ကြောင့် မျက်စိရောဂါ ကုသရန်အတွက် ဆေးအညွှန်းနှင့် အဓိဋ္ဌာန်အကြား တစ်ဖက်ဖက်ကို လိုက်နာရန် မဟာပါလ ဆုံးဖြတ်ရချေတော့မည်။

အရှင်မဟာပါလသည် အဓိဋ္ဌာန် အပျက်မခံဘဲ ထိုင်လျက်ပင် ဆီကို နှာဝမှ လောင်းထည့်၏။ မျက်စိကုဆရာ၏ ညွှန်ကြားချက်ထက် အဓိဋ္ဌာန်မပျက်ဖို့က လောကုတ္တရာရေးရာတွင် ပို၍ အရေးကြီး၏။ မျက်စိကုဆရာ၏ ညွှန်ကြားချက်အတိုင်း မလိုက်နာလျှင် မျက်စိရောဂါ မပျောက်ရုံသာ ရှိမည်။ အဓိဋ္ဌာန်ပျက်လျှင် လောကုတ္တရာတရားနှင့် ပို၍ ဝေးမည်။ မဟာပါလ၏ ရည်ရွယ်ချက်က လောကုတ္တရာတရားထူး ရရေးသာ ပဓာန ဖြစ်၏။

မဟာပါလ ရွာတွင်းသို့ ဆွမ်းခံဝင်ရာ မျက်စိကုဆရာနှင့် တွေ့၏။

“အရှင်ဘုရား၏ မျက်စိရောဂါအတွက် တပည့်တော် ဆီပို့လိုက်ပါတယ်။ ဆီကို ခတ်ပါရဲ့လား ဘုရား”
“ခတ်ပါတယ် ဒါယကာ”
“ဒါဖြင့် သက်ကော သက်သာပါရဲ့လား”
“မသက်သာပါဘူး ဒါယာကာ”
“ဆီကို ခတ်တဲ့အခါ ထိုင်ရင်း ခတ်ပါသလား။ အိပ်ပြီးမှ ခတ်ပါသလား”
ဤမေးခွန်းကိုမူ မဟာပါလ မဖြေတော့။

မျက်စိကုဆရာကလည်း ဇွဲမလျှော့။ အထပ်ထပ် မေး၏။
မဟာပါလကလည်း ဇွဲမလျှော့။ ငုတ်တုတ် ခံ၏။ မဖြေ။

နောက်ဆုံး၌ မျက်စိကုဆရာက လက်လျှော့လိုက်၏။ ‘ကြွပါတော့ အရှင်ဘုရား’ဟု လျှောက်ပြီး ကျောင်းသို့ ကိုယ်တိုင် သွားကြည့်၏။ မဟာပါလ၏ ကျောင်းသင်္ခမ်း၌ အိပ်ရာဟူ၍ မရှိ။ ထိုင်ရာနှင့် စင်္ကြံလျှောက်ရာသာ ရှိ၏။

အမှန်အားဖြင့် မျက်စိကုဆရာ၏ မျက်စဉ်းဆီသည် ညွှန်ကြားချက်အတိုင်း လိုက်နာပါက တစ်ကြိမ်ခတ်ရုံမျှဖြင့် မျက်စိရောဂါကို ပျောက်ကင်းစေနိုင်ပါသည်။ သို့ရာတွင် မဟာပါလက မလိုက်နာ။ မဟာပါလသည် သူ၏ အဓိဋ္ဌာန်ကို မဖျက်။ ‘ထိုင်ရင်း ခတ်သလား၊ အိပ်ပြီး ခတ်သလား’ဟူသော မေးခွန်းကိုပင် မဖြေ။ ထိုမေးခွန်းသည် ဝိနည်းသိက္ခာပုဒ်နှင့် စပ်၏။ ရဟန်းတို့မည်သည် မိမိတို့၏ အကျင့်ပဋိပတ်နှင့် စပ်လျဉ်း၍ ထုတ်ဖော် မပြောကောင်း။

မျက်စိကုဆရာသည် မဟာပါလအား ကြည်ညိုပါ၏။ မျက်စိရောဂါကိုလည်း ပျောက်ကင်းစေလိုပါ၏။ ရဟန်းတရားကိုလည်း ကျင့်စေလိုပါ၏။ ထို့ကြောင့် မျက်စဉ်းဆီကို အိပ်ပြီး ခတ်ပါရန် အကြိမ်ကြိမ် လျှောက်ထား၏။ တောင်းလည်း တောင်းပန်၏။ သို့ရာတွင် မဟာပါလက မလိုက်နာ။ မြတ်သောသူတို့သည် မိမိတို့၏ ပါရမီမြောက် အဓိဋ္ဌာန်ကို ဖျက်ရိုး မရှိ။

လုပ်ငန်းတစ်ခု အောင်မြင်ရေးအတွက် အခြေခံအနေဖြင့် အင်္ဂါ ၄ ရပ် ရှိဖို့ လို၏။

ယင်း အင်္ဂါ ၄ ရပ်ကို ‘ဣဒ္ဓိပါဒ်’ဟု ခေါ်သည်။

ခိုင်မာသော ရည်မှန်းချက် ရှိရမည်။
မဆုတ်နစ်သော ကြိုးပမ်းမှု ရှိရမည်။
စိတ်ဓာတ် ခိုင်မာရမည်။
လုံလောက်သော ဉာဏ်ပညာ ရှိရမည်။

ဤအင်္ဂါ ၄ ရပ်ကို အခြေခံ၍ ဆောင်ရွက်ပါက လောကီဖြစ်စေ လောကုတ္တရာဖြစ်စေ တစ်နေ့တွင် မလွဲမသွေ အောင်မြင်ရ၏။
တစ်နေ့တွင် ဆိုရာ၌ ဣဒ္ဓိပါဒ် ကြားမပြတ်သော “တစ်နေ့တွင်” ဖြစ်၏။
ဣဒ္ဓိပါဒ် ကြားပြတ်သွားပါက “တစ်”ကပင် ပြန်စရ၏။
ထိုအခါ “တစ်နေ့တွင်”သည် မဆုံးနိုင်သော “တစ်နေ့တွင်” ဖြစ်ပေလိမ့်မည်။

မဟာပါလသည် သူ၏ တရားအားထုတ်မှု လုပ်ငန်း၌ ဘဝမှာ လွတ်မြောက်ရေး ပန်းတိုင်အတွက် “တစ်”က ပြန် မစလို။
ရှေ့သို့သာ တိုး၍ တိုး၍ သွားလို၏။
ထို့ကြောင့် အဓိဋ္ဌာန်ကို ဖျက်၍ အိပ်ပြီး မျက်စဉ်းဆီကို မခတ်။ ထိုင်လျက်သာ ခတ်၏။ ထိုအခါ မျက်စိရောဂါက မသက်သာ၊ တိုး၍ တိုး၍သာ လာ၏။

မျက်စိကုဆရာကလည်း ဆရာနာမည်ပျက်မှာ စိုးရိမ်။ နောက်ဆုံး မတတ်သာတော့၍ မဟာပါလအား -
“အရှင်ဘုရား၊ တပည့်တော်၏ ညွှန်ကြားချက်အတိုင်း လိုက်နာ ဆောင်ရွက်ခြင်း မပြုနိုင်ပါက မျက်စိရောဂါ ပျောက်ကင်းနိုင်ဖွယ် မရှိပါ။ ယနေ့မှ စ၍ တပည့်တော်ကလည်း မျက်စဉ်းဆီ ပေး၍ ကုသတော့မည် မဟုတ်ပါ။ အရှင်ဘုရားကလည်း တပည့်တော်၏ ကုသမှုကို ခံယူနေသည်ဟူ၍ မှတ်ယူတော် မမူပါလင့်” ဟူ၍ လျှောက်ထားပြီး အဆက်ဖြတ်လိုက်၏။

မဟာပါလသည် စိတ်ဓာတ်ကျခြင်း မရှိဘဲ ပို၍ပင် အားတင်းကာ ရဟန်းတရားကို အားထုတ်၏။ ထိုနေ့ ညဥ့်သန်းခေါင်ယံလွန်ချိန်၌ မျက်စိနှစ်ဖက်တို့သည်လည်း ကွယ်လေ၏။ အာသဝေါတရားတို့သည်လည်း ကုန်ခန်းလေ၏။

ထိုအခါ မဟာပါလသည် ဘဝမှ လွတ်မြောက်သော ရဟန္တာ ဖြစ်လေ၏။

ထိုအချိန်မှ စ၍ မဟာပါလအား “စက္ခုပါလမထေရ်” ဟူ၍ အမည်သစ် တွင်လေ၏။

စက္ခုပါလမထေရ် မျက်စိကွယ်သောအခါ ရွာတွင်းသို့ ဆွမ်းခံ မဝင်နိုင်တော့။ အခြား သီတင်းသုံးဖော် ခြောက်ကျိပ်တို့က ပြုသင့် ပြုထိုက်သော ဝတ်ကြီးဝတ်ငယ်တို့ကို ပြု၏။ ဆွမ်းခံ၍ လုပ်ကျွေးကြ၏။ ဒါယကာတို့ကလည်း စက္ခုပါလမထေရ်အတွက် ကျောင်းသို့ ဆွမ်းပို့ကြ၏။ ထိုခြောက်ကျိပ်သော ရဟန်းတို့သည် စက္ခုပါလမထေရ်၏ အနီးကပ် သြဝါဒကို ခံယူ၍ တရားအားထုတ်ကြရာ သီတင်းကျွတ်လပြည့် ပဝါရဏာနေ့ နီးသောအခါ အားလုံး ရဟန္တာ ဖြစ်ကြလေ၏။

ဝါကျွတ်သောအခါ ထိုရဟန္တာခြောက်ကျိပ်တို့သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်ရှိ မြတ်စွာဘုရားသခင်ကို ဖူးမြော်ရန် စက္ခုပါလမထေရ်အား လျှောက်ထားကြ၏။

စက္ခုပါလမထေရ်က “အရှင်ဘုရားတို့နှင့်အတူ တပည့်တော်သွားလျှင် အရှင်ဘုရားတို့လည်း မချမ်းသာ၊ တပည့်တော်လည်း မချမ်းသာ ဖြစ်မည်။ သို့ဖြစ်၍ အရှင်ဘုရားတို့ ဦးစွာ သွားနှင့်ကြ။ တပည့်တော်၏ စကားဖြင့် မြတ်စွာဘုရားသခင်နှင့် ရှစ်ကျိပ်သော မဟာသာဝကတို့ကို ရှိခိုးကြ။ ထို့နောက် တပည့်တော်၏ညီ စူဠပါလအား တပည့်တော် မျက်စိကွယ်ကြောင်း၊ သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်သို့ လာရောက်နိုင်ရေးအတွက် ညီထံမှ တစ်စုံတစ်ယောက် စေလွှတ်ပေးရန် တောင့်တလျက်ရှိကြောင်း ပြောပြကြ” ဟူ၍ မိန့်ကြား၏။

ထိုရဟန္တာခြောက်ကျိပ်တို့သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်သို့ ကြွရောက်၍ မြတ်စွာဘုရားသခင်နှင့် ရှစ်ကျိပ်သော မဟာသာဝကတို့အား စက္ခုပါလမထေရ်၏ စကားဖြင့် ရှိခိုး၍ တစ်ဖန် မိုးသောက်သောနေ့၌ စက္ခုပါလမထေရ်၏ညီ စူဠပါလသူကြွယ်နေရာ လမ်းခရီးသို့ ဆွမ်းခံဝင်ပြီး စက္ခုပါလမထေရ် မှာကြားသည့်အတိုင်း စူဠပါလသူကြွယ်အား ပြောကြားကြ၏။

စူဠပါလသူကြွယ်လည်း ရဟန္တာခြောက်ကျိပ်တို့၏ ညွှန်ကြားချက်အတိုင်း တူဖြစ်သူ ‘ပါလိတ’ကို လမ်းခရီး၌ ဘေးကင်း ရန်ကင်းစိမ့်သောငှာ သာမဏေပြုစေပြီး၊ အစ်ကို စက္ခုပါလမထေရ်ထံ ရောက်လျှင် အကျိုးအကြောင်း လျှောက်ထားကာ စက္ခုပါလမထေရ်၏ တောင်ဝှေးစွန်းကို ကိုင်၍ ယူဇနာ တစ်ရာ့နှစ်ဆယ် ဝေးရာ သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်ဆီသို့ တူဝရီးနှစ်ယောက် လာကြ၏။

တူဝရီးနှစ်ယောက် လာကြရာ လမ်းခရီးအကြား ကဋ္ဌနဂရရွှာသို့ ရောက်၏။ ကဋ္ဌနဂရရွာမှ ထွက်၍ တော၌ သီချင်းဆိုလျက် ထင်းခွေနေသော အမျိုးသမီးငယ်၏ သီချင်းသံ၌ တပ်မက်ကာ ပါလိတသာမဏေသည် ဦးရီး စက္ခုပါလမထေရ်အား ခေတ္တ ရပ်တန့်တော်မူပါရန် လျှောက်ထားပြီး အမျိုးသမီးငယ်ထံ သွား၏။ သာမဏေနှင့် အမျိုးသမီးငယ်တို့ မှောက်မှားကြ၏။

ယခုပင် သီချင်းသံ ကြား၏။ ယခုပင် သီချင်းသံ ပျောက်၏။ သာမဏေသည်လည်း ကြာမြင့်၏။ သာမဏေနှင့် အမျိုးသမီးငယ်တို့သည် မှောက်မှားခြင်း ဖြစ်တန်ရာ၏။ သာမဏေသည်လည်း သီလပျက်စီးခြင်း ဖြစ်တန်ရာ၏ ဟူ၍ စက္ခုပါလမထေရ် ဆင်ခြင်မိ၏။

သာမဏေသည် မိမိကိစ္စပြီး၍ ဦးရီးထံ ပြန်လာကာ ရှေ့ခရီး ဆက်ရန် လျှောက်ထား၏။
ဦးရီးကလည်း သာမဏေအား ‘သာမဏေ၊ သင်သည် အမျိုးသမီးငယ်နှင့် မှောက်မှား၍ သီလပျက်ခဲ့ပြီ မဟုတ်လား’ ဟူ၍ မေး၏။ သာမဏေက မဖြေ။ ဦးရီးကလည်း ထပ်ကာ ထပ်ကာ မေး၏။ သာမဏေလည်း ဆိတ်ဆိတ် နေ၏။

စက္ခုပါလမထေရ်သည် တူသာမဏေအား မိမိ၏ တောင်ဝှေးစွန်းကို အကိုင်မခံဘဲ နှင်ထုတ်လေ၏။
သာမဏေကမူ မျက်စိနှစ်ဖက် ကွယ်နေသော ဦးရီးတော် မထေရ်သည် တောအုပ်အလယ်၌ ဒုက္ခရောက်မည်ကို စိုးရိမ်ပြီး အမျိုးမျိုး တောင်းပန် လျှောက်ထား၏။ သာမဏေဘဝနှင့် မကိုင်ရလျှင် လူဘဝနှင့် ကိုင်မည်ဖြစ်ကြောင်း ထပ်၍ လျှောက်၏။
စက္ခုပါလမထေရ်က လုံးဝ ခွင့်မပြု။
ထိုအခါ သာမဏေသည် ကြီးစွာသော နောင်တဖြင့် ချစ်လှစွာသော ဦးရီးထံပါးမှ ငိုကြွေးမြည်တမ်းလျက် ဖဲခွာရလေ၏။

စက္ခုပါလမထေရ်သည် ကန္တာခရီးထဲ၌ အဖော်မဲ့ ဖြစ်၏။ မျက်စိလည်း မမြင်။ နောက်ဆုံး၌ သိကြားမင်းသည် ခရီးသည် ဟန်ဆောင်၍ စက္ခုပါလမထေရ်ကို သာဝတ္ထိပြည် ဇေတဝန်ကျောင်းအရောက် ဆောင်ယူသွား၏။ စူဠပါလသူကြွယ် ဆောက်လုပ် လှူဒါန်းထားသည့် ကျောင်း၌ နေရာချပေး၏။ နောက် စူဠပါလအား အစ်ကို စက္ခုပါလမထေရ် ရောက်ရှိပြီဖြစ်ကြောင်း သတင်းပို့၏။

ညီ စူဠပါလသည် အစ်ကို စက္ခုပါလအား အစွမ်းကုန် ပြုစု လုပ်ကျွေး၏။ မိမိ၏ ကျွန်နှစ်ယောက်ကိုလည်း ကျွန်ဘဝမှ လွတ်ငြိမ်းစေပြီး အစ်ကို မထေရ်ထံ၌ သာမဏေပြု၍ အနီးကပ် လုပ်ကျွေးစေ၏။

တစ်ခုသော မိုးကြီး သည်းထန်စွာ ရွာပြီး နောက်တစ်နေ့ မိုးသောက်ယံ၌ စက္ခုပါလမထေရ် စင်္ကြံသွားလျှင် မိုးရေစွတ်စိုစဖြစ်သော မြေမှ ထွက်လာသော ပိုးဖလံများစွာကို နင်းမိသဖြင့် ပိုးဖလံတို့ သေကြကုန်၏။
စင်္ကြံလမ်းသည် ပိုးဖလံသေတို့ဖြင့် ပြွမ်း၏။ စက္ခုပါလမထေရ်၏ သာမဏေတို့ တံမြက်မလှည်းမီ ဘုရားဖူးရဟန်းများသည် စက္ခုပါလမထေရ်၏ ကျောင်းသို့ ရောက်လာကြပြီး စင်္ကြံလမ်းရှိ ပိုးဖလံသေများကို တွေ့ကြ၏။
စင်္ကြံလမ်း၌ ပိုးဖလံများကို စက္ခုပါလမထေရ်က စင်္ကြံသွားခြင်းအားဖြင့် သတ်ပါကြောင်း ဘုရားဖူးရဟန်းများက မြတ်စွာဘုရားသခင်အား လျှောက်ထားကြ၏။

မြတ်စွာဘုရားသခင်က “ရဟန္တာတို့အား သေစေလိုသော စေတနာ မရှိ” ဟူ၍ ဟောတော်မူ၏။ ထိုအခါမှ စက္ခုပါလမထေရ်သည် ရဟန္တာဖြစ်ကြောင်း သိရှိကြပြီး ရဟန္တာဖြစ်ပါလျက် မျက်စိကွယ်ခြင်းနှင့် စပ်လျဉ်း၍ သဘောမပေါက်သော ပရိသတ်အား မြတ်စွာဘုရားသခင်က ဤသို့ ဟောကြားတော်မူ၏။

- ဓမ္မတို့သည် စိတ်လျှင် ရှေ့သွား ရှိကုန်၏။ စိတ်လျှင် အကြီးအမှူး ရှိကုန်၏။ စိတ်လျှင် အထည်ကိုယ် ရှိကုန်၏။
- မကောင်းသောစိတ်ဖြင့် ပြောဆို ပြုလုပ်မိပါက ထိုသို့ ပြောဆိုမိ ပြုလုပ်မိခြင်းကြောင့် လှည်းဘီးသည် နွား၏ ခြေရာသို့ အစဉ်တစိုက် လိုက်နေသကဲ့သို့ ဒုက္ခသည် ထိုပုဂ္ဂိုလ်သို့ အစဉ်တစိုက် လိုက်နေလေ၏။

စက္ခုပါလမထေရ်သည် တစ်ခုသော မျက်စိကုဆရာ ဘဝက မျက်စိရောဂါရှင်တစ်ဦးအား မှားသောအတွေးနှင့် မှားသောအမြင်တို့က ခင်းပေးသော လမ်းပေါ်၌ လျှောက်၍ မျက်စိကန်းအောင် ပြုလုပ်ခဲ့ဖူး၏။ ထိုအကုသိုလ်ကံကြောင့် မျက်စိကန်းရခြင်း ဖြစ်၏။


+++++

“မနော ပုဗ္ဗင်္ဂမာ ဓမ္မာ
မနော သေဋ္ဌာ မနောမယာ။
မနသာစေ ပဒုဋ္ဌေန
ဘာသတိဝါ ကရောတိဝါ။
တတောနံ ဒုက္ခ မနွေတိ
စက္ကံ ဝ ဝဟတော ပဒံ။”

(ဓမ္မပဒဂါထာ - ၁)

+++++

အထက်ပါ မူလပါဠိတော်ကို ညောင်လေးပင် တောရဆရာတော်ဘုရားက ဤသို့ မြန်မာအနက် ပြန်ဆိုတော်မူသည်။

ဓမ္မာ = နာမက္ခန္ဓာ တရားသုံးပါးတို့သည်။
မနောပုဗ္ဗင်္ဂမာ = ဝိညာဏက္ခန္ဓာသာလျှင် ပြဋ္ဌာန်းခြင်း ရှိကုန်၏။ (ဝါ) ဝိညာဏက္ခန္ဓာသာလျှင် ရှေ့သွား ရှိကုန်၏။
မနောသေဋ္ဌာ = ဝိညာဏက္ခန္ဓာသာလျှင် အကြီးအမှူး ရှိကုန်၏။
မနောမယာ = ဝိညာဏက္ခန္ဓာဖြင့် ပြီးကုန်၏။
ယော ပုဂ္ဂလော = အကြင်ပုဂ္ဂိုလ်သည်။
ပဒုဋ္ဌေန = ပြစ်မှားလိုသော။
မနသာ = စိတ်ဖြင့်။
စေဘာသတိဝါ = အကယ်၍ ပြုမူလည်း ပြုငြားအံ့။
တတော = ထိုသို့ ပြစ်မှားလိုသော စိတ်ဖြင့် ဆိုခြင်း ပြုခြင်းတို့ကြောင့်။
နံ ပုဂ္ဂလံ = ထိုပုဂ္ဂိုလ်သို့။
ဒုက္ခံ = ဆင်းရဲသည်။
အနွေတိ = အစဉ် လိုက်တတ်၏။
ကိမိဝ = အဘယ်ကဲ့သို့နည်းဟူမူကား။
စက္ကံ = လှည်းဘီးသည်။
ဝဟတော = ဝန်ဆောင်သော နွားလား၏
ပဒံ = ခြေရာသို့။
အနွေတိ ဣဝ = အစဉ် လိုက်သကဲ့သို့တည်း။

+++++

မြန်မာပညာရှိ ဆရာကြီး ဦးဖိုးလတ်၏ ‘မြန်မာလို ဓမ္မပဒ တရားလမ်းစဉ်’ စာအုပ်ငယ်၌ ဤသို့ မြန်မာပြန်ထား၏။

“စိတ်သည် နာမ်တရားတို့၏ ရှေ့ဆောင် ကြီးမှူး ဖန်တီးသူ ဖြစ်၏။
အကြင်သူသည် မကောင်း ယုတ်မာသော စိတ်ဖြင့် ပြောသော်လည်းကောင်း၊ ပြုသော်လည်းကောင်း
လှည်းဘီးသည် နွား၏ ခြေရာနောက်သို့ လိုက်သကဲ့သို့ ဆင်းရဲခြင်းသည် ထိုသူ၏ နောက်သို့ ထက်ကြပ်မကွာ လိုက်လေ၏။”

+++++

ဆရာကြီး မင်းသုဝဏ်၏ မြန်မာပြန် ဓမ္မပဒမှာ ဤသို့ ဖြစ်၏။

“နာမ်တရားကို စိတ်ဆောင်သွား
ယင်းတရားကို စိတ်ဦးစီး
ယင်းတရားသည် စိတ်ဖြင့်ပြီး
ဖျက်ဆီးလိုသည့် စိတ်နှင့်များ
ပြောမှား ပြုမှား လုပ်မိငြား
နွားခြေရာသို့ ဘီးလိုက်သို့
ဒုက္ခလိုက်မည် ထိုသူတို့။”



+++++
စာကိုး
ဦးရွှေအောင်၏ “ဓမ္မမဒ”
ဦးသုခ၏ “စိတ်ဆိုသောစိတ်နှင့်ဝဉ္စနာဒီပနီ”
မင်းသုဝဏ်၏ “ဓမ္မပဒ”

Read more...

သုတပန်းခိုင် (၁)

မဟာစည် နာယက
ပဲနွယ်ကုန်း ဆရာတော်
ဘဒ္ဒန္တ စန္ဒာဝရ


တရားရှုမှတ်ခါနီး
စတုရာရက္ခ ဘာဝနာ (၄)မျိုး ပွားများရန်

၁။ အရဟံစသား ဂုဏ်ကိုးပါးနှင့်
ထင်ရှားစုံစွာ မြတ်ဗုဒ္ဓါ
ကောင်းစွာရှိခိုးပါ၏ ဘုရား။
(ဗုဒ္ဓါနုဿတိ ဘာဝနာ)

၂။ အားလုံးသတ္တ၀ါ ဘေးရန်ကွာ
ချမ်းသာကြစေသား။
(မေတ္တာဘာဝနာ)

၃။ ငါ၏ကိုယ်မှာရှိနေတာ
ရွံရှာဖွယ်ချည်းပါတကား။
(အသုဘ ဘာဝနာ)

၎။ ငါသည်မုချ တစ်နေ့ ကျ
သေရမှာပါ တကား။
(မရဏဿတိ ဘာဝနာ)

  • ငါ၏ရုပ်နာမ် ဘုရားထံ အပ်နှံလှူဒါန်းပါ၏ ဘုရား။



Read more...

INTRODUCTION TO INSIGHT MEDITATION 5

Cultivating the Heart

Cultivating good-will (metta) gives another dimension to the practice of Insight. Meditation naturally teaches patience and tolerance, or least it shows the importance of these qualities. So you may well wish to develop a more friendly and caring attitude towards yourself and other people. In meditation, you can cultivate goodwill very realistically.

Focus attention on the breath, which you will now be using as the means of spreading kindness and good-will. Begin with yourself, with your body. Visualise the breath as a light, or see your awareness as being a warm ray, and gradually sweep it over your body. Lightly focus your attention on the centre of the chest, around the heart region. As you breathe in, direct patient kindness towards yourself, perhaps with the thought, 'May I be well', or 'Peace'. As you breathe out, let the mood of that thought, or the awareness of light, spread outwards from the heart, through the body, through the mind, and beyond yourself. 'May others be well'.

If you are experiencing negative states of mind, breathe in the qualities of tolerance and forgiveness. Visualising the breath as having a healing colour may be helpful. On the out-breath, let go-of any stress, worry or negativity - and extend the sense of release through the body, the mind, and beyond, as before.

This practice can form all or part of a period of meditation - you have to judge for yourself what is appropriate. The calming effect of meditating with a kindly attitude is good for beginning a sitting, but there will no doubt be times to use this approach for periods, to go deeply into the heart.

Always begin with what you are aware of, even if it seems trivial or confused. Let your rest calmly on that - whether it's boredom, an aching knee, or the frustration of not feeling particularly kindly. Allow these to be; practise being at peace with them. Recognise and gently put aside any tendencies towards laziness, doubt or guilt.

Read more...

What is Buddhism? Part 6 (Spanish Version)

Budismo s un no-theistic la religión en ese uno no se rinde culto a un Dios, creador o Progreso del salvador en el camino budista al esclarecimiento no es dependiente en una fuerza externa pero en el propio esfuerzo de uno. La cosmología budista reconoce la existencia de reinos celestiales y los seres divinos que viven hay muy similar a qué personas asociaría con dioses o Dios. Sin embargo, debido a la ley fundamental de temporalidad estos seres están incluso sujeto a fallecer y ser renazca, todavía cogió por el ciclo de nacimiento y muerte y por consiguiente no tomado como un último refugio.



Read more...

သူငယ်တော်တောရ ဆရာတော်၏ နေ့ စဉ်ဟောပြ သြ၀ါဒ (၁၉)

စိတ်ဓာတ်မြှင့်တင်ထားပါ

ဖျင်းညံ့သဘော စိတ်ဓာတ်ဟော၏။ စိတ်ဓာတ်လွင့်စင် ဖျင်းညံ့ဝင်၏။ စိတ်ဓာတ်မြှင့်တင် ဖျင်းညံ့စင်၏။ လောကအရေး သူဋ္ဌေးဖြစ်လိုသူတိုင်းနှင့် ဓမ္မအရေး အရိယာဖြစ်လိုသူတိုင်း စိတ်ဓာတ်မကျပါစေနှင့်၊ စိတ်ဓာတ်တင်ထားပါ၊ စိတ်ဓာတ်မြှင့်ထားပါ။

အကျိုးပေးရန် လွဲချော်နေ

အကြင်သူသည် အိပ်ပျော်၍နေ၏။ အလကား နေ၏။ အလုပ်မလုပ်ဘဲ နေ၏။ ထိုသူ၏ ဘုန်းကံပါရမီ အကျိုးပေးတွေသည်လည်း အကျိုးပေးရန် လွဲချော်၍ နေကြလေကုန်၏ ။

ဝီရိယ

လောကီရေးမှာပဲဖြစ်ဖြစ်၊ လောကုတ္တရာရေးမှာပဲ ဖြစ်ဖြစ် အောင်မြင်ချင်တယ်ဆိုရင် မိမိလုပ်ကိုင်ရမည့် လုပ်ငန်းအားလုံးကို ပြီးစီးအောင် ကြိုးစားအားထုတ်ရမယ်။ ၀ီရိယရှိသူအတွက် မအောင်မြင်နိုင်သောအရာ မရှိနိုင်ဘူး။ အားလုံးအောင်မြင်နိုင်ပါတယ်။


Read more...

ဓမ္မဒူတ ဆရာတော် အရှင်ဆေကိန္ဒ ဟောကြားတော်မူသော တရားတော်များ

ဓမ္မဒူတ ဆရာတော် အရှင်ဆေကိန္ဒ
(၁၅-၁၂-၀၉) မှ (၁၇-၁၂-၀၉) ထိ ကျင်းပအပ်သော

( ၂၅-၃၅ ) လူလတ်တရားစခန်းတွင် ဟောကြားတော်မူသော
ဘ၀စံအိမ် တရားတော်များ

http://ifile.it/uvbwg50/BawaSanEain_01.mp3


http://ifile.it/502jvq1/BawaSanEain_02.mp3

http://ifile.it/q9dl7yu/BawaSanEain_03.mp3


http://ifile.it/jig69a7/BawaSanEain_0၄.mp3


http://ifile.it/u6ys1nf/BawaSanEain_0၅.mp3

http://ifile.it/3orknbq/BawaSanEain_0၆.mp3


http://ifile.it/9hs4guo/BawaSanEain_07.mp3


http://ifile.it/k8hxngr/BawaSanEain_08.mp3


Read more...

၂၅၉၁-နှစ်၊ (သို့) ၁၄-နှစ်မြောက် အမေနေ့



အမေနေ့ဆိုတာ မိဘကျေးဇူးဂုဏ်ကို ခေတ်လူငယ်များ သိစေရန် စာရေဆရာကြီး ဦးသုခက လွန်ခဲ့တဲ့ ၁၃-နှစ်အလွန်လောက်ကနေ စပြီး မြန်မာနိုင်ငံ၊ မန္တလေးမြို့မှာ ကျင်းပခဲ့ပါတယ်။

မိဘကျေးဇူးဆပ်နည်း စသည့် ဗဟုသုတပညာပေးများ ဟောပြောခြင်းဖြင့် ခေတ်လူငယ်များအား အသိပညာဗဟုသုတတိုးပွားစေလိုတဲ့ ဆန္ဒဖြင့် စတင်ခဲ့ဖြစ်ပါတယ်။
တကယ်တော့ မိဘကျေးဇူးဆပ်တဲ့ နေ့ကို ဗုဒ္ဓဘာသာအလိုအရ ဘယ်အချိန်ကစခဲ့သလဲဆိုရင်.... ဗုဒ္ဓမြတ်စွာ (၇)မြောက်ကစပြီး စတင်ခဲ့တာပါ။ ယခုနှစ်နှင့်ဆိုလျှင် မိဘကျေးဇူးဆပ်နည်း ပညာပေးဟောပြောပွဲ စတင်ခဲ့သည့် နှစ်သည် (၂၅၉၁)နှစ် ရှိပါပြီ။ ဗုဒ္ဓမြတ်စွာသည် (၇)၀ါမြောက်မှာ မယ်တော်ရင်းဖြစ်ခဲ့သော မိခင်နတ်သားကို ကျေးဇူးဆပ်သောအားဖြင့် ယခုမေမေ့လပြည့်ဝန်းလေး တင်ပြနေတဲ့ မိမိခန္ဓာမှာ ဖြစ်နေတဲ့ မှတ်သားဖွယ် အဘိဓမ္မာ၏ “အဘိဓမ္မာတရားတော်ကြီး”ကို ဟောပြောခြင်းဖြင့် မိခင်ကျေးဇူးကို ဆပ်ခဲ့ပါတယ်။ မိမိတို့လေ့လာနေတဲ့ အဘိဓမ္မာသည်... ဗုဒ္ဓမြတ်စွာ၏ မိခင်ကျေးဇူးဆပ် တရားဖြစ်တယ် ဆိုတာကိုလည်း မှတ်သား စေချင်ပါတယ်။

နောက်တစ်ခုက ဗုဒ္ဓဘာသာအလိုအရ “မိခင်ကို ကျေးဇူးဆပ်သောအားဖြင့်” ဟောပြောပွဲစတင်ပြုလုပ်ခဲ့သော နှစ်အရေအတွက်သည် (၂၅၉၁)နှစ်ရှိပြီဆိုတာ ဗဟုသုတအဖြစ် မှတ်သားစေလိုပါတယ်။
(၂၅၉၁)နှစ်ကို ဘယ်လိုတွက်သလဲဆိုရင် ဘုရားရှင် မိခင်ကျေးဇူး ဆပ်တဲ့နှစ်သည် ဘုရားဖြစ်ပြီးနောက် (၇)၀ါမြောက်ဖြစ်ပါတယ်။ မြတ်စွာဘုရား နေခဲ့တဲ့ ၀ါတော်သည် (၄၅)၀ါ ဖြစ်ပါတယ်။ အဲဒီတော့ (၇)၀ါမြောက်ကနေ (၄၅)၀ါအထိ (၃၉)နှစ်ရပါတယ်။ ဘုရားရှင် ပရိနိဗ္ဗာန်စံပြီးနှစ်ကစပြီး သာသနာနှစ်ရေတွက်ခဲ့တာ ယနေ့ဆို သာသနာနှစ်သည် (၂၅၅၂) နှစ် ရှိပါပြီ။ အထက်ပါ ဘုရားရှင် (၇)၀ါမြောက်စပြီး (၄၅)၀ါအထိ (၃၉)နှင့် ယနေ့ သာသနာနှစ် (၂၅၅၂)ကို ပေါင်းလိုက်မယ်ဆိုရင် (၂၅၉၁)ဖြစ်ပါတယ်။

၇-၀ါမြောက်မှ ၀ါတော် ၄၅အထိ------->၃၉
ယနေ့ သာသနာနှစ်------------->၂၅၅၂
----------------------------------
------------------------->၂၅၉၁-နှစ်။

ဗုဒ္ဓမြတ်စွာသည် မိခင်ကျေးဇူးဆပ်သောအားဖြင့် မိခင်အား အကြီးအမှူးထား၍ အဘိဓမ္မာတရားကို ဟောပြောခြင်းဖြင့် မိခင်ကျေးဇူးဂုဏ်ကျေပွန်အောင် ဆပ်ခဲ့ပါတယ်။

ဒါပေမယ့် ယနေ့ တချို့သောသူတို့က ဗုဒ္ဓမြတ်စွာ၏ မိခင်ကျေးဇူးဆပ်ခြင်းနှင့် ပတ်သက်၍ နောက်ပြောင်ပြောတဲ့ စကားကြားဘူးမယ်ထင်ပါတယ်.. ဘုရားရှင်တောင် “နို့တစ်လုံးဖိုးပဲ ကျေတယ်”ဆိုတဲ့ စကားပါ။ ယင်းစကားသည် ဘုရားရှင်အား စွပ်စွဲခြင်းမျှသာ ဖြစ်ပါတယ်။ ဘုရားရှင်သည် မည်သူ့အပေါ်မျှ ကျေးဇူးဆပ်ရန် မကျန်ခဲ့ပါဘူး။

ကျေးဇူးဆပ်ရန် အကြွေးကျန်ခဲ့ပြီး ပရိနိဗ္ဗာန်ပြုသွားတာ မဟုတ်ပါဘူး။ ဗုဒ္ဓမြတ်စွာသည် မိခင်အရင်းကို မဆိုထားဘိ, မိခင်အရင်း မဟုတ်တဲ့ မိထွေးတော် ဂေါတမီအပေါ်မှာတောင် နို့တိုက်ခြင်းစသည်ဖြင့် ကျွေးမွေးပြုစုခဲ့တဲ့ ကျေးဇူးဂုဏ် ကျေပွန်အောင် ဆပ်ခဲ့ပါတယ်။
ဗုဒ္ဓမြတ်စွာသည် မိခင်ကျေးဇူးဂုဏ်ကျေးပွန်အောင် ဘာနှင့် ဆပ်ခဲ့ သလဲ ဆိုတော့.... ဓမ္မနို့ရည်တိုက်ကျွေးခြင်းဖြင့် ဆပ်ခဲ့ပါတယ်။ ဓမ္မနို့ရည် တိုက်ကျွေးခြင်းဖြင့်သာ မိခင်ကျေးဇူးကို ကျေပွန်အောင် ဆပ်နိုင်ပါတယ်။ ထို့ကြောင့် ဗုဒ္ဓမြတ်စွာသည် တင်္ဂ၊ တခဏမျှ ဆာလောင်မှု ရသတဏှာနို့ဖိုး ကျေးဇူးကို ရသတဏှာအပြီးတိုင်အောင် ဖြေဖျောက်နိုင်သည့် ဓမ္မနို့ရည်ဖြင့် ပြန်လည် တိုက်ကျွေးကာ မိခင်၏ နို့နှစ်လုံးဖိုးလုံး ကျေအောင် ဆပ်သွားခဲ့တယ်ဆိုတာ မှတ်သားစေလိုပါတယ်။

မိမိတို့တစ်တွေ မိဘကျေးဇူးကို ကျေပွန်အောင် ဆပ်ချင်တယ်ဆိုရင် မိဘကျေးဇူးကျေအောင် ဆပ်နည်းကို ဗုဒ္ဓမြတ်စွာ ဟောထားခဲ့ပါတယ်။
မိဘတို့အား ကျေးဇူးကျေပွန်အောင် ဆပ်ချင်တယ်ဆိုလျှင် သားသမီး ကိုယ်တိုင်က အောက်ပါတရားများ အရင်ရှိအောင် လုပ်ထားရမည်။ မိမိတို့သန္တာန်မှာ ရှိမှ သူတစ်ပါးကို လုပ်ပေးနိုင်တယ်ဆိုတာ သဘာဝပါပဲ။ အဲဒီတော့ အောက်ပါ မိဘကျေးဇူးဆပ်နည်း တရား-၄-ပါးကို မိမိမှာ ရှိသင့်သလောက် ရှိအောင် အရင်လုပ်ပြီး မိဘတို့အား ကျေးဇူးဆပ်နိုပ်ပါတယ်။
ဗုဒ္ဓမြတ်စွာ ဟောခဲ့တဲ့ မိဘကျေးဇူးကျေပွန်အောင် ဆပ်နည်းက...
(၁) (သဒ္ဓါတရား) ဘုရား၊ တရား၊ သံဃာစသော ရတနာမြတ်သုံးပါးတို့အပေါ်၌ သဒ္ဓါ (ယုံကြည်မှု) တရားမရှိသည့် မိဘတို့ကို သဒ္ဓါ(ယုံကြည်မှု) တရားရှိအောင် တရားဟောပေးခြင်း၊ ကိုယ်တိုင် မပြောပြတတ်က.. အကျိုးရှိမည့် တရားခွေ၊ တရားအုပ်များကို ဖတ်စေခြင်း။
(၂) (သီလတရား) ကိုယ်ကျင့်သီလ မရှိသောမိဘများအား သီလရှိလာအောင်၊ သီလသတင်း စောင့်သုံး ချင်လာအောင် ပြောပြပေးခြင်း၊ သီလစောင့်သုံးစေရန် ကူညီပေးခြင်း။ တကယ်လို့ မိဘများက ဥပုသ်စောင့်နေကျ၊ သီလအကြောင်းကိုလည်း မိမိတို့ပိုသိပြီးသားဆိုရင်လည်း မိဘများအတွက် ဥပုသ်နေ့ အခါသမယ၌ ဥပုသ်ကျောင်းသို့ ပို့/ကြိုပေးခြင်း၊ ညနေအခါ အဖျော်စသည်စီစဉ်ပေးခြင်း စသည်ဖြင့် ကူညီပေးရမည်။ မိဘများ ဥပုသ်ဇရပ်ကျောင်းကို သွားနေစဉ်အခါမှာလည်း မိမိတို့က လိမ္မာစွာဖြင့် မိမိတို့တက်နိုင်သည့် မိဘတာဝန်များကို လုပ်ဆောင်ပေးခြင်း စသည်များ လုပ်ဆောင်ရမည်။
(၃) (ဒါနတရား) မိဘတို့က လှူဒါန်းလိုစိတ် မရှိလျှင် လှူဒါန်းလိုစိတ် ရှိလာအောင် ကူညီပေးရမည်။ လှူဒါန်းတယ်ဆိုတာ ကျောင်း၊ သိမ်စသည့် ကြီးမားတာများကို လှူဒါန်းမှ ပေးကမ်းလှူဒါန်းတယ် ခေါ်တာ မဟုတ်ပါဘူး။ မိမိတို့အိမ်မှာ မိဘများ ဘုရားဆီမီး, ပန်း, ရေချမ်း လှူဒါန်းနိုင်အောင် စီစဉ်ပေးခြင်း၊ ဘုရားဆွမ်းတော်ကပ်နိုင်အောင် စီစဉ်ပေးခြင်းစတာ များသည်လည်း ဒါနအမှုများပင် ဖြစ်ပါတယ်။ ၄င်းဒါနအမှုများ ပြုချင်လာအောင်၊ ပြုခွင့်ရအောင် စီစဉ်ပေးရမည်။
(၄) (၀ိပဿနာ ပညာတရား) ဘာသာရေးအသိပညာ မရှိသေးသော မိဘတို့အား မှန်ကန်သော ဘာသာရေး အသိပညာတိုးပွားလာအောင် ကူညီပေးရခြင်း၊ ထွက်လေ၊ ၀င်လေမှတ်ခြင်းစတဲ့ သမထ၊ ၀ိပဿနာတရားများ ကျင့်ကြံနိုင်ရန် ကူညီပေးရမည်။ ဤတရား (၄)ပါးသည် လောကုတ္တရာ နည်းအားဖြင့် မိဘကျေးဇူးကျေပွန်အောင်

ကျေးဇူးဆပ်နည်းဖြစ်တယ်။ တကယ်လို့ မိဘများက အထက်တရားများနှင့် ပြည့်စုံတယ်ဆိုရင် ပိုမို ကုသိုလ်ပြုခွင့် ရအောင် ကူညီပေးရမည်။ ဒီစာတမ်းလေးဖြင့် မနက်ဖန်မှာ ကျရောက်မည့် ဗုဒ္ဓဘာသာ၏ (၂၅၉၁) နှစ်မြောက် “အမေနေ့) သို့မဟုတ် (၁၄)နှစ်မြောက် “အမေနေ့”ကို ဂုဏ်ပြုသောအားဖြင့် တင်ပြလိုက်ပါတယ်။
မိဘကျေးဇူး သိတတ်၊ သိသည့်တိုင်းလည်း ဆပ်နိုင်သည့် အသိပညာရှိသည့် သားလိမ္မာ၊ သမီးလိမ္မာများ ဖြစ်ကြပါစေ...

ကျမ်းကိုး....
မာတုပေါသကသုတ္တန်
အဘိဓမ္မာ အဋ္ဌသာလိနီ အဋ္ဌကထာ
============================
မစိုးရိမ်ဆရာတော် “မိဘကျေးဇူးဆပ်တရား”


လပြည့်ဝန်းလေး ရှာဖွေတွေ့ရှိထားတဲ့ “အမေနှင့် ပတ်သက်တဲ့ ကဗျာ” စာဖိုင်လိုချင်ရင်....

0 comments:



Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP