* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Wednesday, December 30, 2009

သတိမြဲစွာ ပထမာ (၅)


အာနာပါနတရားကို သဒ္ဓါတရားထက်သန်စွာ ကြိုးစားအားထုတ်ကြသော ယောဂီပုဂ္ဂိုလ်တိုင်း ဤနံပါတ်ကို (၉)ရုပ်ပုံနှင့် အမှာစကားများကို သေချာစေ့ငု အကြိမ်ကြိမ်သတိပြုလျှက် အားထုတ်ကုန်ရာသည်။ အထပ်ထပ် ဖတ်ရှုပြီး ဆင်ခြင်သုံးသပ်ဖို့ တိုက်တွန်းပါသည်။

အာနာပါနတရားကို သဒ္ဓါအား၊ ၀ီရိယအားကောင်းကောင်းဖြင့် ကြိုးစားအားထုတ်လိုက်သောကြောင့် လေတန်းလေလုံးစသော အာနာပါနအားထုတ်၍ ရသင့်ရထိုက်သော ဥဂ္ဂဟနိမိတ်တစ်မျိုးမျိုး ရခါစအခါမှာ အလွန်အားတက်သရောဖြစ်ပြီး ၀မ်းသာလုံးဆို့ကာ အာရုံကို လွှတ်မိတတ်ကြကုန်သည်။ အချို့ယောဂီများမှာ ၀မ်းသာလွန်းပြီး ထမိလိုက်တတ်ကြသည်။ မလွှတ်လိုက်မိဖို့၊ မထလိုက်မိဖို့ အလွန်အရေးကြီးပါသည်။

အလွန်သတိပြုသင့်ပါသည်။ အဘယ်ကြောင့်ဆိုသော် ဤပါမောဇ္ဖအခြင်းအရာဖြစ်သော လင်းရောင်ခြည်ခေါ် သမာဓိရောင် ဥဂ္ဂဟနိမိတ်ထူးကို ရလာခြင်းသည် အနည်းဆုံး ကမ္ဘာရာထောင် အားထုတ်ဖူးမှသာ ရနိုင်သောတရားထူးဖြစ်ပေသည်။ လွယ်လွယ်နှင့်ပေါ့ပေါ့ အားထုတ်ခြင်းဖြင့် ရနိုင်သောသဘောမရှိပေ။ ဤအချက်မှာ လွန်စွာ အားတက်ဖွယ်ဖြစ်ပေသည်။ ထိုကဲ့သို့ ကမ္ဘာအဆက်ဆက်အားထုတ်ဖူးမှ ရနိုင်သော တရားအထူးကို တစ်ထိုင်တည်းနှင့်ဖြစ်စေ၊ တစ်ပါတ်နှစ်ပါတ်တည်းနှင့်ဖြစ်စေ၊ တစ်နာရီ၊ နှစ်နာရီ၊ တစ်ရက်၊ နှစ်ရက် ရကာမျှဖြင့် အလွယ်သားပဲဟု ပေါ့ပေါ့ဆဆ မအောက်မေ့မမှတ်ထင်အပ်ပေ။ နောက်တစ်ကြိမ်ပြန်ထိုင်လျှင် တွေ့ချင်မှ တွေ့ရတတ်သည်။ အချို့ယောဂီများမှာ ၅-လ၊ ၆-လကြာအောင် ထပ်မံအားထုတ်ပါသော်လည်း မိမိရရှိခဲ့ဖူးသောနိမိတ်မျိုးကို မတွေ့ရဘဲ ရှိတတ်ကြ၊ ကြာတတ်ကြကုန်သည်။

သို့ဖြစ်၍ ထွက်လေ၊ ၀င်လေနိမိတ်၌ သတိ၊ သမာဓိတို့ စူးစူးစိုက်စိုက် အာရုံမမြဲသေး၊ မစွဲသေးမှီ မလွှတ်လိုက်၊ မတော်လိုက်ပါနှင့်ဦး။ စွဲမှမြဲမှ နိမိတ်ပေါ်ပြီးနောက် အနည်းဆုံး ၅-ပါတ်၊ ၆-ပါတ်ဖြစ်စေ၊ ၁-နာရီ၊ ၂-နာရီဖြစ်စေ သိမ်မွေ့နူးညံ့စွာ အာရုံစိုက်ပြီးလျှင် သိမ်းဆည်းသင့်ပါသည်။

နိမိတ်နှင့် မိမိ၏ သတိသမာဓိတို့ ခိုင်မြဲလောက်ပြီ၊ စွဲမှတ်နိုင်လောက်ပြီဟု ထင်သောအခါ ဤနံပါတ် ၉-ပုံအတိုင်း မျက်စိကို မှေးမှေးထားပြီး စမ်းသပ်အားထုတ်ကြည့်သင့်ပါသည်။ နောက်ပြီး အကုန်ဖွင့်လျှက်လည်း စမ်းသပ်အားထုတ်ကြည့်သင့်ပါသည်။

မျက်စိကို ဖွင့်လျှက် အားထုတ်ပြန်သောအခါတွင်လည်း မှိတ်ထားစဉ်ကကဲ့သို့ နိမိတ်ဝင်သည်ကိုလည်းကောင်း၊ နိမိတ်ထွက်သည်ကိုလည်းကောင်း လေတို့နှင့် တစ်ထပ်တည်း အချိုးတကျဖြစ်နေမှသာ စွဲသည်မြဲသည်ဟု ဆိုရပါသည်။ အာရုံကို မလွှတ်နှင့်ဦး။ အသာထ၍ လမ်းလျှောက်ရင်း အားထုတ်ကြည့်ပါ။ ထိုကဲ့သို့ ထိုင်နေလဲမပျောက်၊ လမ်းလျှောက်သောအခါမှာလည်း မပျောက်၊ လျောင်းနေသော်လည်း မပျောက်၊ ရပ်နေသော်လည်းမပျောက်ပျက်တော့မှသာ သတိမြဲစွာ၊ ပထမာဖြစ်၍ အာနာပါနပထမအဆင့်ပြီးဆုံးပြီဟု မှတ်ယူရပါမည်။ (သတောဝ အဿသတိ၊ ပဿသတိ-အပိုဒ်ပြီးလေပြီ။)

ထွက်လေ၊ ၀င်လေ အားထုတ်တိုင်း အားထုတ်တိုင်း အမှန်ထင်မြင်လာသောအခါ ရှေ့အဆင့်သို့ကူး၍ ပဋိဘာဂနိမိတ်ဖြစ်လာအောင် အားထုတ်ရပါတော့သည်။ နိမိတ်မမြဲသေးဘဲလျှက် စိတ်ကူးတည့်ရာ စမ်းလုပ်မိ၍သော်လည်းကောင်း၊ အတိုအရှည် ရှုမိ၍သော်လည်းကောင်း အာရုံထွေပြား၍ ပျောက်ပျက်သွားတတ်ကြကုန်သည်။ ဆရာနည်းကျကျ မရှုမှတ်တတ်လျှင် ဤအဆင့်တွင် စိတ်ပျက်အားလျော့သွားတတ်ကြသဖြင့် သတိပြုသင့်ပါသည်။

ဤကမ္မဋ္ဌာန်းအလုပ်ကို ဆရာမရှိဘဲ စိတ်အထင်နှင့်ဖြစ်စေ၊ ပြောသံကြားဖူးရုံဖြင့် အားထုတ်ကြလျှင် အပိုင်းအဖြတ်၊ အာရုံထား နေရာမကျဖြစ်သဖြင့် လိုရာခရီးမရောက် ဖြစ်တတ်ကြပါသည်။ အချို့ပုဂ္ဂိုလ်များမှာ စ၍အားထုတ်ကာမျှဖြင့် အလင်းနိမိတ်ကို ရရှိကြသော်လည်း အထက်သို့ တက်လှမ်းနိုင်ခြင်းမရှိ၊ ဆက်၍ရှုမှတ်ရမည့်နည်းကိုလည်း မသိသဖြင့် အကျိုးမများ၊ လိုရာခရီးမရောက် ဖြစ်တတ်ကြလေသည်။ သို့ဖြစ်၍ ဤနံပါတ် (၉)နှင့် အမှာစကားများကို လိုက်နာသင့်လေသည်။

အာနာပါနနိမိတ် ၁၂-ပါးနှင့် အကျယ်သိမှတ်ဖွယ်ရာများကို သိလိုလျှင် ၀ိသုဒ္ဓိမဂ်၊ မဟာဋီကာ၊ ယောဂိပါရဂူကျမ်း၊ အာနာပါနပါရဂူကျမ်းများတွင် ကြည့်ရှုမှတ်သားကြစေလိုပါသည်။

ဤသို့ အထပ်ထပ် သတိပေးရ၊ မှားထားရခြင်းသည် အကြောင်းမဲ့ မဟုတ်ပါ။ အလွန်ဝမ်းသာပြီး ပေါ့ဆမိသဖြင့် အလျှင်အမြန် ထလိုက်မိသောကြောင့် မောင်မြမောင်ဆိုသော ယောဂီတစ်ဦး နိမိတ်ပျောက်သွားသည်မှာ ယနေ့အထိ ပြန်မရနိုင်ဖြစ်ခဲ့လေသည်။ ဦးဘခင်ဆိုသော ယောဂီမှာလည်း ဤအတိုင်းပင်ဖြစ်ပြီး ပြန်မရသည်မှာ ယနေ့ကာလအထိ ၂-နှစ်ခန့် ကြာမြင့်ပြီ ဖြစ်သည်။ ပေါ့ဆမိသဖြင့် အိပ်မက်ထဲရွှေအိုးရသကဲ့သို့ ဘာမှမသုံးလိုက်ရဘဲ ဗြုန်းကနဲဝမ်းသာ ကဗျာကရာဝမ်းနည်းရတတ်လေသည်။ တစ်မဂ်၊ တစ်ဖိုလ်နှင့်လည်း ဝေးတတ်ကြလေသည်။ နိဗ္ဗာန်သွားလမ်းလည်း အစပျောက်နေတတ်ကြသောကြောင့် အထူးသတိပြုသင့်ပါသည်။

နောက်ဆုံးအနေဖြင့် အထူးသတိပြုစေလိုသည်မှာ ရုပ်ပုံ နံပါတ် ၈-နှင့် နံပါတ် ၉-တို့အတိုင်း မှိတ်တစ်လှဲ့၊ ဖွင့်တစ်လှည့်၊ မှိတ်တစ်လှဲ့၊ ဖွင့်တစ်လှည့်နှင့် အကြိမ်ကြိမ် စမ်းသပ်အားထုတ်၊ မြဲပြီစွဲပြီထင်သောအခါမှ လမ်းလျှောက်ရင်း အားထုတ်။ မည်သို့အားထုတ်အားထုတ် နိမိတ်အလင်းမပျောက်လျှင် ပထမအဆင့် ပြီးပြည့်စုံပြီဟု မှတ်ယူနိုင်ကြပါသည်။ သိန်းထီဆုကြီးပေါက်ထားသော်လည်း ထီလက်မှတ်ပျောက်နေသောသူ၏စိတ်ကဲ့သို့ ဖြစ်နေမှာစိုးသောကြောင့် ထပ်ခါထပ်ခါ သတိပေးနေခြင်းဖြစ်ကြောင်း မှတ်သားကြစေလိုပါသည်။

ပထမအဆင့် အားထုတ်နည်း ပြီးပြီ။ ။


Read more...

မေတ္တာရှင် ဆရာတော် ဦးဇ၀န ကြွရောက်

Prev:် (၂၁-၁၂-၀၉) ဆွမ်းအလှူ

Read more...

ကံထမင်းစား ဉာဏ်ဟင်းခါးလည်း သောက်ကြဦး...

ကံ စိတ်ဖြင့် ဘ၀ကူးလာရလေသူ ဈာန်ကိစ္စ၊ ဉာဏ်ကိစ္စရပ်များကို ဦးစားမပေးတတ်။
ဈာန် စိတ်ဖြင့် ဘ၀ကူးလာရသူလည်း အခြားကံအရာ၊ ဉာဏ်အရာများ၌ စိတ် မ၀င်စားတတ်ပေ။
ဉာဏ် စိတ်ဖြင့် ဘ၀ကူးလာရသူသည်သာ -
ကံကောင်းကိုချင့် ကံဟောင်းကိုလည်း မြှင့်တတ်၏။
ဈာန်ရှိန်ကိုချင့် ဈာန်အိမ်ကိုလည်း မြှင့်တင်တတ်၏။
ဉာဏ်လမ်းကိုဖွင့် ဉာဏ်စခန်းသို့လည်း ကပ်ချင့်တတ်၏။
ကံအရာကား ဒါနမှု၊ သီလမှုတည်း။
ဈာန်အရာကား သမထမှု အစုစုတည်း။
ဉာဏ်အရာကား ၀ိပဿနာ မဂ်ဖိုလ်စုများတည်း။
(ဓမ္မနီတိကထာ၊ ၁၁)


Read more...

ကုသိုလ် နှင့် အကုသိုလ်




Read more...

ဘဒ္ဒါကုဏ္ဍလကေသာထေရီ အပိုင်း-၃ အဆက်


လက်ျာတော်ရံ အရှင်မြတ်သည် သဲပုံပေါ်မှ သပြေခက်ကို မြင်၍ သူငယ်တို့ကို မေးလျှင် ဘဒ္ဒါကုဏ္ဍလကေသာ မှာထားခဲ့သော စကားကို သူငယ်တို့က လျှောက်ထားကြသည်။ ယင်းသို့ ဖြစ်သော် ဤ သပြေကို နင်းချိုးဖျက်ဆီးလော့ဟု မိန့်တော်မူကာ အရှင်မြတ်သည် ဆွမ်းခံဝင်ရန် ကြွသွားလေသည်။

ဘဒ္ဒါ ပြန်လာသောအခါ သပြေခက်လည်း ကျိုးကြေ စဉ်လွင့်နေသည်။ သဲပုံလည်း ပြိုပျက်နေသည်။ မည်သူ ဖျက်ဆီးသနည်းဟု သူငယ်တို့ထံ စုံစမ်းရာ အရှင်သာရိပုတ္တရာ ဖျက်ဆီးသွားကြောင်း သိရလေသည်။ ထိုအခါ ဘဒ္ဒါပရိဗိုဇ်မသည် တစ်ယောက်တည်း ရင်မဆိုင်ရဲ သဖြင့် နောက်လိုက် အဖော်သဟဲ ရစေရန် “အို လူအပေါင်းတို့၊ ငါသည် သာကီဝင်မင်းသား ဖြစ်သော ရဟန်းနှင့် အယူဝါဒ ယှဉ်ပြိုင်အံ့” ဟု လမ်းစဉ်လျှောက်၍ ကြွေးကြော်ရာ လူများ ဝိုင်းအုံလာတော့သည်။

ဘဒ္ဒါပရိဗိုဇ်မသည် လူအပေါင်းတို့ ဝန်းဝိုင်း ခြံရံလျက် လာခဲ့ရာ တစ်ခုသော သစ်ပင်ရင်း၌ နေတော်မူသော အရှင်သာရိပုတ္တရာကို မြင်လျှင် အပါးသို့ ချဉ်းကပ်ပြီးလျှင် သင့်တင့်သော ပဋိသန္ဓာရစကားကို ပြောဆိုကာ စတင် မေးမြန်းသည်။

“အရှင်ဘုရားတို့သည် ကျွန်ုပ်၏ သပြေခက်ကို နင်းချိုးဖျက်ဆီးသလော”
“ဟုတ်၏၊ ငါ နင်းချိုး စေခိုင်းခဲ့သည်”

“ဤသို့ ဖြစ်သော် ကျွန်ုပ်၏ အယူဝါဒနှင့် အရှင်တို့ အယူဝါဒကို ယှဉ်ပြိုင် ပြောဆိုရပါအံ့”
“ယှဉ်ပြိုင်လိုလျှင် ယှဉ်ပြိုင်လော့၊ အဘယ်သူက မေး၍ အဘယ်သူက ဖြေဆိုရမည်နည်း”

“ကျွန်ုပ် မေးပါအံ့၊ အရှင် ဖြေဆိုပါလော့”
“မေးလော့ ဒါယိကာမ”

အရှင်သာရိပုတ္တရာက ခွင့်ပြုလျှင် ဘဒ္ဒါသည် မိမိသိသော ပြဿနာတို့ကို တစ်ခုပြီးတစ်ခု တင်လာရာ ရှင်သာရိပုတ္တရာသည် တစ်ခုပြီးတစ်ခု လွယ်ကူစွာ ဖြေတော်မူသည်။ နောက်ဆုံး၌ ဘဒ္ဒါပရိဗိုဇ်မတွင် ပြဿနာများ တစ်ခုမျှ မရှိတော့မှ အရှင်မြတ်သည် မိန့်တော်မူ၏။

“သင်ကား မေးလိုသမျှ မေး၍ ပြီးလေပြီ၊ ငါသည်လည်း သင့်အား တစ်ခုသော ပုစ္ဆာပြဿနာကို မေးတော့အံ့”
“မေးပါလော့ အရှင်”

“ဒါယိကာမ ‘တစ်ခု’ ဆိုသည်ကား အဘယ်နည်း”

ဘဒ္ဒါပရိဗိုဇ်မသည် ထိုပြဿနာ၏ အစကို လည်းကောင်း၊ အဆုံးကို လည်းကောင်း မမြင်နိုင်ဘဲ မှောင်မိုက်တွင်းသို့ ဝင်မိသကဲ့သို့ ဖြစ်၍ ဝန်ခံရတော့သည်။

“အို အရှင် ကျွန်ုပ်မသိပါ”
“သင်သည် ဤတစ်ခုကိုမျှ မသိပါဘဲနှင့် တစ်ပါးသော အရာကို အဘယ်မှာလျှင် သိနိုင်ပါတော့မည်နည်း”

အရှင်သာရိပုတ္တရာသည် ထိုသို့ မိန့်တော်မူပြီးနောက် ဆက်လက်၍ တရားဟောတော်မူရာ ကုဏ္ဍလကေသာသည် အရှင်မြတ်အား ရိုသေစွာ ရှိခိုးလျက် ခြေတော်ရင်း၌ ဝပ်စင်းလေ၏။

“အရှင်မြတ်ဘုရား၊ တပည့်တော်မသည် အရှင်ဘုရားကို ကိုးကွယ် ဆည်းကပ်ပါသည် ဘုရား”
“ဒါယိကာမ၊ နတ်နှင့်တကွသော လူတို့ပြည်၌ အမြတ်ဆုံးသော မြတ်စွာဘုရားကို ဆည်းကပ် ကိုးကွယ်လေတော့”
“ကောင်းပါပြီ အရှင်ဘုရား”

အရှင်မြတ်ထံ ဝန်ခံပြီးနောက် ဘဒ္ဒါသည် ညချမ်းသောအခါဝယ် ဇေတဝန်ကျောင်းတော်သို့ လာခဲ့၍ တရားဟောတော်မူသော မြတ်စွာဘုရား အနီး၌ ရပ်၍ ငါးပါးသော တည်ခြင်းဖြင့် ရိုသေစွာ ရှိခိုးနေလေသည်။ မြတ်စွာဘုရားသည် ပရိဗိုဇ်မ၏ ပါရမီဉာဏ်ရင့်ပြီးသည်ကို သိတော်မူသဖြင့် သတ္တဝါ၏ အနုအရင့်နှင့် တန်သောတရားကို ဟောတော်မူရာ ဘဒ္ဒါပရိဗိုဇ်မသည် ရပ်လျက်သာလျှင် ပဋိသမ္ဘိဒါနှင့်တကွ အရဟတ္တဖိုလ်သို့ ရောက်လေကာ ဘိက္ခုနီမထံတွင် ရဟန်းပြုလေ၏။

(ဘဒ္ဒါကုဏ္ဍလကေသာထေရီ အပိုင်း-၄ နိဂုံးအား ဆက်တင်ပါမည်)



Read more...

တကယ့်ဒုက္ခငြိမ်းရာဟူသည်….

ဘုန်းဘုန်း မြန်မာပြည် ပြန်ကြွသွားတော့ မြန်မာပြည်က ဒကာဒကာမတွေက ဘုန်းဘုန်းကိုကြည့်ပြီး အားကျလို့တဲ့…။ သူတို့က နေ့စဉ်မြန်မာ့အသံနဲ့ မြ၀တီက လွှင့်နေတဲ့ ကိုရီးယား ဇာတ်ကားတွေ ကြည့်ပြီး ကိုရီးယားကို အရမ်းအထင်ကြီးနေကြတယ်လေ။ ဒါကြောင့် ကိုရီးယားရောက်နေတဲ့ ဘုန်းဘုန်းကိုလည်း အားကျတာနေမှာပါ။ ဇာတ်ကားတွေထဲမှာပြတဲ့ တိုးတက်လှတဲ့ ကိုရီးယားနိုင်ငံကိုကြည့်ပြီး ကိုရီးယား နိုင်ငံသားတွေ ကံကောင်းလိုက်ကြတာလို့ တွေးနေကြတယ်နဲ့ တူပါတယ်။ ကိုယ့်နိုင်ငံမှာ နေ့စဉ်တွေ့မြင် ခံစားနေရတဲ့ ဆင်းရဲ့မွဲတေမှု၊ ဆုတ်ယုတ်ကျဆင်းမှု၊ ကိုယ်ကျင့်တရား ပျက်ပြားမှု စတာတွေကို သူများနိုင်ငံရဲ့ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုတွေ၊ သန့်ရှင်းသပ်ရပ်မှုတွေ၊ ခေတ်မီမှုတွေ၊ လူနေမှုပုံစံမြင့်မားမှုတွေ စတာတွေနဲ့ နှိုင်းယှဉ်ကြည့်လိုက်တော့ ရုပ်ပိုင်းဆိုင်ရာ တိုးတက်တဲ့ နိုင်ငံကို ပိုပြီးအားကျကုန်တယ်နဲ့ တူပါတယ်။ သူတို့ကိုယ်တိုင် အားကျရုံနဲ့ မကျေနပ်သေးဘူး ဘုန်းဘုန်းကိုတောင် အစစ်ထည့် လိုက်ကြသေးတယ်။ “အရှင်ဘုရားတို့ပဲ ကောင်းပါတယ်၊ အေးအေးဆေးဆေး နေရတယ်၊ ဘာမှပူစရာ မရှိဘူး၊ ဒုက္ခငြိမ်းတယ်၊ အဲဒီမှာလူဖြစ်ရတာတောင် ပိုကောင်းသေးတယ်၊ မြန်မာပြည်ကိုပြန်ကြွ မလာနဲ့တော့၊ ဒီမှာဆို ဆင်းရဲဒုက္ခတွေနဲ့ပဲ တွေ့နေရမှာ၊ ဟိုမှာဆိုတော့ အရှင်ဘုရားအတွက် ဘာမှပူစရာ မရှိဘူး၊ အရှင်ဘုရားတို့ကတော့ ဒုက္ခငြိမ်းတဲ့ နေရာကို ရောက်နေသလိုပဲ၊ အားကျလိုက်တာ ဘုရား..” စတဲ့စတဲ့ အပြောတွေနဲ့ သူတို့အမြင် သူတို့အတွေး သူတို့အားကျမှုတွေနဲ့ ခရားရေလွှတ် ပြောဆိုလျှောက်ထားကြပါတယ်။

“အင်း…ဟုတ်မှာပါလေ၊ သူတို့လည်း ပုထုဇင်လူသားတွေပဲ ဆိုတော့ ကိုယ့်မှာမရှိတော့ သူများရှိတဲ့ အရာတွေကိုကြည့်ပြီး အားကျမိမှာပေါ့၊ သူများတွေ နေသလို၊ ၀တ်သလို၊ စားသလို နေချင်ဝတ်ချင် စားချင်ကြမှာပေါ့၊ ဒါကြောင့် ရုပ်ပိုင်းဆိုင်ရာ တိုးတက်တဲ့ နိုင်ငံကို အားကျနေကြတာ ဖြစ်မှာပေါ့၊ ကိုယ်နဲ့နှိုင်းယှဉ်ပြီး ကိုယ့်ဒုက္ခတွေလောက် သူတို့ဒုက္ခတွေက မကြီးဘူးလို့မြင်တော့ ဒုက္ခမရှိဘူးလို့ ထင်ကြမှာပေါ့…” စတဲ့ ဖြေတွေးများဖြင့်ပဲ ဘုန်းဘုန်းတို့ မြန်မာများဘက်က တွေးကြည့်ပေးလိုက်ပါတယ်။ ဒါပေမယ့် အကြောင်းတိုက်ဆိုင်တဲ့ အခါမှာတော့ ဘ၀ရဲ့အလှနဲ့ ဘ၀ရဲ့အမှန်ကို ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုတွေအပေါ် အားကျနေတဲ့ သူတို့ကို ဓမ္မအနှစ်သာရများနဲ့ ချိန်ထိုးပြီး ပြောပြဖြစ်ပါတယ်။

အမှန်တော့ လောကကြီး တစ်ခုလုံးကို ခြေအဆုံး လျှောက်သွားပြီး လျှောက်နေကြည့်ကြည့်လိုက်ပါ။ ဘယ်နေရာမှာပဲ ဖြစ်ဖြစ် ဒုက္ခငြိမ်းတဲ့ နေရာဆိုတာ မရှိပါဘူး။ သူ့နေရာ သူ့ဒေသ သူ့ဒုက္ခနဲ့ သူကတော့ ရှိနေကြတာပါပဲ။ မြန်မာတွေ အားကျတဲ့ ကိုရီးယားမှာလည်း ကိုရီးယားဒုက္ခ၊ ဂျပန်မှာလည်း ဂျပန်ဒုက္ခ၊ စင်္ကပူမှာလည်း စင်္ကပူဒုက္ခ၊ နောက်ဆုံး တစ်ကမ္ဘာလုံးက အထင်ကြီးပြီး သွားချင်နေတဲ့ အမေရိကန်မှာလည်း အမေရိကန်ဒုက္ခ စတဲ့ ဒီကမ္ဘာကြီးရဲ့ ဘယ်နေရာ၊ ဘယ်နိုင်ငံမှာမဆို ဆင်းရဲဒုက္ခတွေက သူ့နေရာနဲ့သူ၊ သူလူမျိုးနဲ့သူ ရှိနေကြပါတယ်။ တကယ်တော့ ဒီခန္ဓာကြီးကိုက ဒုက္ခအစုကြီး ဖြစ်နေတာပါ။ ခန္ဓာဝန်ဒုက္ခကြီး ရှိနေသမျှ သတ္တ၀ါတိုင်း ဒုက္ခကိုယ်စီ ရှိနေကြပါတယ်။ ခန္ဓာရှိလို့ ဒုက္ခရှိနေတာ ဖြစ်တဲ့အတွက် ခန္ဓာအစုကြီးကို ပိုင်ဆိုင်ထားတဲ့ သတ္တ၀ါမှန်သမျှ ဘယ်နေရာ ဘယ်ဒေသ ဘယ်နိုင်ငံမှာမဆို ဒုက္ခကတော့ ရှိနေမှာ အမှန်ပါပဲ။ လောကကြီးတစ်ခုလုံးကို ကြည့်လိုက်ရင် သတ္တ၀ါတွေ ဘာကြောင့်ဒုက္ခ ဖြစ်နေကြသလဲလို့ ကြည့်လိုက်ရင် ဒီခန္ဓာအစု ရှိနေကြလို့ပဲဆိုတာ ရှင်းနေပါတယ်။ ခန္ဓာရှိတဲ့အတွက် စားဖို့၊ ၀တ်ဖို့ နေဖို့ ရှာဖွေလုပ်ကိုင် နေကြရပါတယ်။ ဒီလို လုပ်ကိုင်နေရသမျှ ဒုက္ခကိုယ်စီ ရှိလာရတော့တာပါပဲ။ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုတွေ ရှိနေတဲ့အတွက် လုပ်ကိုင်ရှာဖွေရတာ အနည်းငယ် သက်သောင့်သက်သာ ရှိတယ်၊ မပင်မပန်း ရှိတယ်လို့ ထင်နေရပေမယ့် ရုပ်နာမ်ခန္ဓာအစုကို ပိုင်ဆိုင်ထားကြတာ ဖြစ်တဲ့အတွက် အမြဲမပြတ် ဒီခန္ဓာကိုယ်ကြီးရဲ့ ဖောက်ပြန်ပျက်ဆီးမှု ဒုက္ခတွေကတော့ အလွန်အမတန် တိုးတက်ပါတယ်ဆိုတဲ့ နိုင်ငံတွေမှာလည်း ရှိနေကြတာပါပဲ။ ဒီသဘောတရား ရှိနေလို့လည်း ဗုဒ္ဓက ဒုက္ခသစ္စာကို ထုတ်နှုတ်ပြခဲ့ခြင်း ဖြစ်ပါတယ်။

ဘုရားရှင်က “ပဋိသန္ဓေနေရခြင်း၊ အိုရခြင်း၊ နာရခြင်း၊ သေရခြင်း၊ မချစ်မနှစ်သက်သော သူ၊ မချစ်မနှစ်သက်သော အရာတို့နှင့် အတူတကွ ယှဉ်တွဲနေထိုင်ရခြင်း၊ ချစ်ခင်နှစ်သက်သောသူ၊ ချစ်ခင်နှစ်သက်သော အရာတို့နှင့် သေကွဲရှင်ကွဲ ကွဲရခြင်း၊ လိုချင်တောင့်တသည့် အရာကို မရခြင်းတို့သည် ဒုက္ခများဖြစ်ပြီး အချုပ်အားဖြင့် စွဲလမ်းတတ်သော ဤခန္ဓာကြီးကပင် ဒုက္ခဖြစ်ကြောင်း“ ဟောပြတော်မူပါတယ်။ ဘုရားရှင်ရဲ့ ဒီအဖွင့်ကိုကြည့်ရင် နာမ်ရုပ်နှစ်ခုနဲ့ ဖွဲ့စည်းထားတဲ့ သတ္တ၀ါတွေ မှန်သမျှ ဘယ်နေရာ၊ ဘယ်နိုင်ငံ၊ ဘယ်ဒေသမှာပဲရှိရှိ ဒုက္ခငြိမ်းတယ် ဆိုတာမရှိပါဘူး။ ဒုက္ခကိုယ်စီပိုက်ပြီး နေနေကြသူတွေပဲ ဖြစ်ပါတယ်။ ခန္ဓာဝန်လက်စ မသိမ်းသေးသမျှ ဒုက္ခငြိမ်းဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ နောက်ထပ်တစ်ဖန် ဘ၀သစ်ကို မဖြစ်စေနိုင်တော့တဲ့ ကိလေသာကုန်ခမ်း နိဗ္ဗာန်လမ်းကို မရောက်သေးသမျှ ခန္ဓာဝန်လက်စ သိမ်းနိုင်မှာ မဟုတ်ဘဲ ခန္ဓာရှိနေသူမှန်သမျှ ဒုက္ခငြိမ်းတယ်ဆိုတာ မရှိပါဘူး။

ဒါပေမယ့် ဘုန်းဘုန်းတို့ မြန်မာများဟာ ဒီသဘောတရားတွေကို မေ့နေပြီး ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုကြောင့် အခိုက်အတန့် သက်သာမှု၊ စားဝတ်နေရေး အဆင်ပြေမှုတွေကိုကြည့်ကာ တိုးတက်တဲ့ နိုင်ငံတွေအပေါ် အားကျနေကြပါတယ်။ တကယ်တော့ အဲဒီလို တိုးတက်တဲ့ နိုင်ငံတွေမှာ ဒုက္ခက ပိုလို့တောင် ကြီးနေပါသေးတယ်။ သူတို့ အဓိက ရင်ဆိုင်နေရတာက ကာယိက ဒုက္ခလို့ခေါ်တဲ့ ရုပ်ပိုင်းဆိုင်ရာ ဒုက္ခနဲ့၊ စေတသိက ဒုက္ခလို့ခေါ်တဲ့ စိတ်ပိုင်းဆိုင်ရာ ဒုက္ခနှစ်မျိုးမှာ စိတ်ပိုင်ဆိုင်ရာ ဒုက္ခပဲ ဖြစ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာတွေ ဘယ်လောက်ပဲ တိုးတက်တိုးတက် စိတ်ပိုင်းဆိုင်ရာ မတိုးတက်တဲ့အတွက် တစ်ခြားဆင်းရဲပြီး ရုပ်ပိုင်းဆိုင်ရာ မပြည့်စုံတဲ့ နိုင်ငံတွေထက်ပိုပြီး ဒုက္ခများလှပါတယ်။ ရုပ်ချမ်းသာပေမယ့် စိတ်မချမ်းသာတဲ့အတွက် ဘယ်လိုမှ ဒုက္ခမငြိမ်းနိုင်ကြပါဘူး။ ဒါကြောင့်လည်း စိတ်မှာရောဂါတွေရပြီး ထစ်ခနဲဆို ကိုယ့်ကိုယ်ကို သတ်သေကြ၊ ဟိုပေါ်က ခုန်ချ၊ ဒီပေါ်က ခုန်ချနဲ့ လောကဓံလှိုင်း ရိုက်ခတ်မှုဒဏ် မခံနိုင်ဘဲ အလွယ်တကူ ဘ၀ကို အရှုံးပေးသူတွေ ဖြစ်ကုန်ကြပါတယ်။ ဟိုတစ်လောက တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ စီးပွားရေး ဂယက်ရိုက်မှု ဖြစ်တုန်းကဆို ကိုရီးယားနိုင်ငံရဲ့ မြေအောက်ဘူတာ အချို့မှာ ရဲအစောင့်တွေတောင် ထားပေးထားရပါတယ်။ အဲဒီလို မလုပ်ရင် ရထားလာချိန် ခုန်ချပြီး ကိုယ့်ကိုယ်ကို သတ်သေသူတွေ ရှိကြလို့ပါ။ ဒါဟာ ရုပ်ပိုင်းဆိုင်ရာ ဘယ်လောက်ပဲ တိုးတက်တိုးတက် စိတ်ပိုင်းဆိုင်ရာ မတိုးတက်ဘူးဆိုရင် တစ်ခြားဆင်းရဲတဲ့ နိုင်ငံတွေထက်တောင် ဒုက္ခကပိုသေးတယ်ဆိုတဲ့ သဘောကို ထင်ရှားစေပါတယ်။

နောက်ပြီး ဘုန်းဘုန်းတို့ မြန်မာပြည်ကသူအချို့ ပြောတာလေးတွေ ရှိပါတယ်။ “ဟိုမှာဆိုတော့ အေးအေးဆေးဆေး နေရတာပေါ့…“တဲ့။ ဒီစကားကို အကြောင်းအမျိုးမျိုးကြောင့် တိုးတက်ပါတယ်ဆိုတဲ့ နိုင်ငံတွေကို ရောက်နေကြတဲ့ မြန်မာလူမျိုးများကို မေးကြည့်ရင် သိနိုင်ပါတယ်။ “သူတို့အေးအေး ဆေးဆေးနေနိုင်ကြရဲ့လား…“လို့..။ အများစုကတော့ ညီးပြလိုက်ပါလိမ့်မယ်။ ကိုယ့်နိုင်ငံ မဟုတ်တဲ့အပြင် လူမူရေး၊ ဘာသာရေး၊ ယဉ်ကျေးမှုစတာတွေ မတူညီတဲ့ နိုင်ငံမှာ ရောက်နေတာ ဘယ်လိုလုပ် အေးအေးဆေးဆေး နေနိုင်ကြမှာလဲလို့ ပြောကြပါလိမ့်မယ်။ ပြီးတော့ အဲဒီလို နိုင်ငံတွေ ရောက်လာတာဟာလည်း အေးအေးဆေးဆေး နေဖို့ရောက်နေကြတာမှ မဟုတ်ပဲကိုး။ မိသားစု စားဝတ်နေရေး တစ်ခုခုကြောင့် သူများနိုင်ငံမှာလာပြီး ငွေရှာရတာဆိုတော့ သူများမျက်နှာ ကြည့်နေရတယ်လေ။ သူတို့ပေးတာယူ၊ သူတို့ခိုင်းတာ လုပ်နေရတာဆိုတော့ ကိုယ့်စိတ်နဲ့သူတို့ကိုယ် လုပ်ချင်လည်းလုပ် မလုပ်ချင်လည်း လုပ်နေရတာ ဘယ်လိုမှ အေးအေးဆေးဆေး မရှိနိုင်ပါဘူး။ အရှင်းဆုံး ပြောရရင် နိုင်ငံရပ်ခြားကို ရောက်နေတဲ့သူမှန်သမျှ လူပဲဖြစ်ဖြစ် ဘုန်းကြီးပဲဖြစ်ဖြစ် ဘယ်သူမှ အေးအေးဆေးဆေး မရှိလှပါဘူး။ ဒုက္ခလေးတွေ ကိုယ်စီရှိနေကြတာပါပဲ။ နိုင်ငံရပ်ခြားမှာ ရှိနေကြတဲ့ ဘုန်းကြီးတွေလည်း နေရေးထိုင်ရေး စားရေးဝတ်ရေး ဒုက္ခတွေရှိကြသလို လူတွေလည်း ရှိကြတာပါပဲ။ ကိုယ်တင်ပဲလားဆိုတော့ အဲဒီနိုင်ငံ အသီးသီးမှာရှိတဲ့ သူတို့နိုင်ငံသားတွေလည်းပဲ ဒီဒုက္ခတွေက ရှိနေကြတာပါပဲ။ သေချာစမ်းစစ်ကြည့်လိုက်တော့ ဒီဒုက္ခအားလုံးဟာ ရောက်ရှိနေထိုင်ကြတဲ့ နေရာဒေသတွေကြောင့်လို့ ဆိုတာထက် သတ္တ၀ါ အသီးသီး ရရှိထားတဲ့ ခန္ဓာဆိုတဲ့ လောကကြီးကြောင့်ဆိုတာ သိသာထင်ရှားလှပါတယ်။

ဒီလိုဆိုရင် ရှင်းပါတယ်။ တကယ်ဒုက္ခငြိမ်းချင်ရင် အကောင်းဆုံးနိုင်ငံ၊ အတိုးတက်ဆုံး နိုင်ငံတွေကို လိုက်ပြီးသွားလာ နေထိုင်စရာ မလိုပါဘူး။ ဘယ်နေရာမှာပဲနေနေ ကိုယ့်လောက ကိုယ်ငြိမ်းအောင် လုပ်နိုင်ရင် ဒုက္ခငြိမ်းတာပဲပေါ့။ ကိုယ့်လောကဆိုတာ ကိုယ့်ခန္ဓာကိုပြောတာပါ။ ခန္ဓာဆိုတဲ့ ဒီအိမ်၊ ဒီလောကကြီးကို ပြောတာပါ။ ခန္ဓာကြောင့်ဆိုလို့ ခန္ဓာကြီး မရှိအောင် ကိုယ့်ကိုယ်ကို ဖျက်ဆီးလိုက်ရုံနဲ့တော့ အမှန်ဒုက္ခ မငြိမ်းနိုင်ပါဘူး။ တကယ်ငြိမ်းဖို့က ဒီခန္ဓာအိမ်ဆိုတဲ့ ကိုယ်ပိုင်လောကကြီးကို တည်ဆောက်ပေးတဲ့ တဏှာဆိုတဲ့ လက်သမားကို အရင်တွေ့အောင်ရှားပြီး နောက်ထပ်တစ်ဖန် ဒီအိမ်ကို မဆောက်နိုင်အောင် အပြီးမောင်းထုတ်လိုက်နိုင်မှ တကယ်ငြိမ်းမှာပါ။ ဘုရားရှင်ကိုယ်တော်တိုင် သဗ္ဗညုတဉာဏ်တော်ကို ရတော်မူမူချင်း ကျူးရင့်တော်မူတဲ့ ဥဒါန်းစကားတော် ရှိပါတယ်။ ဘုရားရှင်က “အဖန်ဖန် ပဋိသန္ဓေနေရခြင်းသည် ဆင်းရဲလှစွာသောကြောင့် ခန္ဓာအိမ်ကို ဆောက်လုပ်တတ်သူ တဏှာယောက်ျား လက်သမားကို ရှာသောငါသည် ထိုတဏှာ လက်သမား မြင်နိုင်သော ဉာဏ်ကို မရသေးသဖြင့် ဘ၀များစွာ သံသရာမှာ လွန်စွာကျင်လည် ခံရလေပြီ…။ ခန္ဓအိမ်ကို ဆောက်လက်တတ်သော ဟယ်…တဏှာ လက်သမား ငါသည်သင့်ကို ပညာမျက်စိဖြင့် ယခုမြင်အပ်ပြီ ခန္ဓာအိမ်ကို နောင်တဖန် သင်ဆောက်လုပ်ရမည် မဟုတ်။ သင်၏ ကိလေသာတည်းဟူသော အခြင်ရနယ်အားလုံးတို့ကို ငါချိုးဖျက်အပ်ပြီ။ အ၀ိဇ္ဖာတည်းဟူသော အိမ်အထွဋ်ကို ဖျက်ဆီးအပ်ပြီ။ ငါ၏စိတ်သည် ပြုပြင်ခြင်းကင်းရာ နိဗ္ဗာန်သို့ ရောက်ပြီ။ တဏှာကုန်ရာကုန်ကြောင်း အရဟတ္တဖိုလ်သို့ ရောက်ရှိပြီ..“လို့ ဒီလို ဥဒါန်းစကားဆိုခဲ့ပါတယ်။ မှန်ပါတယ်။ မြတ်စွာဘုရားရှင် ကျူးရင့်တော်မူတဲ့ ဒီဥဒါန်းစကားတော်အတိုင်း အရဟတ္တမဂ်ဉာဏ်နဲ့ ခန္ဓာအိမ်ကို ဖြစ်စေတတ်တဲ့ တဏှာကို အပြီးပယ်သတ်နိုင်မှသာ နောက်ထပ်တစ်ဖန် ခန္ဓာရရှိမှု မဖြစ်တော့မှာ ဖြစ်ပါတယ်။ ဒီခန္ဓာမရှိရင် ခန္ဓာဆိုတဲ့အိမ်မှာ ဖြစ်ပေါ်လာမယ့် ဒုက္ခတွေလည်း မရှိနိုင်တော့ပါဘူး။ ဒီလိုနည်းဖြင့်သာ ဒုက္ခငြိမ်းရာအမှန် ဖြစ်စေမှာဖြစ်ပါတယ်။ ခန္ဓာဝန် ဒုက္ခငြိမ်းပြီဆိုရင် ဘယ်နေရာ ဘယ်ဒေသမှာပဲနေနေ ငြိမ်းနေပါပြီ။ ဒီဒုက္ခမငြိမ်းသေးသမျှတော့ ဘယ်လောက်ပဲ တိုးတက်တဲ့ နိုင်ငံဖြစ်ပါစေ ဒုက္ခကတော့ ရှိနေကြမှာ ဖြစ်ပါတယ်။

ဒါကြောင့် ဒီဒုက္ခအားလုံးရဲ့ တရားခံဖြစ်တဲ့ တဏှာကို အပြီးပိုင် ပယ်စွန့်နိုင်အောင် ကြိုးစားပြီး တကယ့်ဒုက္ခငြိမ်းရာကို ရှာကြဖို့ တိုက်တွန်းကြခြင်း ဖြစ်ပါတယ်။ ဒုက္ခဖြစ်ကြောင်း အရင်းခံဖြစ်တဲ့ တဏှာကို အရဟတ္တမဂ်ဖြင့် အကြွင်းမဲ့ပယ်သတ်ကာ အာသဝေါကုန်ခမ်း ရဟန္တာအဖြစ်သို့ ရောက်မှသာ ဒုက္ခငြိမ်းရာအမှန် နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်မှာ ဖြစ်တဲ့အတွက် လက်ရှိပစ္စုပ္ပန် အချိန်လေးကိုပဲ ဒုက္ခငြိမ်းအောင် ကြိုးစားလိုက်ကြပါဟု…



Read more...

ရဟန်းဘ၀နဲ့ အနေသနအမှု…

ရဟန်းဘ၀ဆိုတာ ရခဲတဲ့ ဒုလ္လဘတစ်ခုပါ။ ပြောရရင်တော့ ရဟန်းဘ၀ ရနေတာဟာ ဒုလ္လဘတရား ငါးပါးနဲ့ အကုန်ပြည့်စုံနေတာလို့ ပြောလို့ရပါတယ်။ သိတဲ့အတိုင်းပဲ ဘုရားပွင့်ဖို့ဆိုတာ ရခဲခြင်း၊ လူ့ဘ၀ဆိုတာ ရခဲခြင်း၊ သဒ္ဓါတရားနဲ့ ပြည့်စုံဖို့ဆိုတာလည်း ရခဲခြင်း၊ ရဟန်းဘ၀ဆိုတာလည်း ရခဲခြင်း နောက်ဆုံး သူတော်ကောင်းတရားကို ကြားနာဖို့ဆိုတာလည်း ရခဲခြင်းဆိုတဲ့ ဒီဒုလ္လဘ တရားငါးပါးမှာ ရဟန်းဘ၀ကိုသာ ရနေပြီဆိုရင် ကျန်တဲ့ဒုလ္လဘ တရားများလည်း အကုန်ရနေသလိုပါပဲ။ ဘာဖြစ်လို့လည်းဆိုတော့ ဘုရားရှင်ပွင့်မှ သာသနာဆိုတာ ရှိနေတာဖြစ်ပြီး ရဟန်းဘ၀လည်း ရနိုင်တာဖြစ်ပါတယ်။ ရဟန်းဘ၀ဆိုတာ လူသားတွေပဲ ရနိုင်တာဖြစ်တဲ့အပြင် သဒ္ဓါတရား မရှိရင်လည်း ရဟန်းဘ၀ ရယူဖို့ မလွယ်လှပါဘူး။ နောက်ဆုံး သူတော်ကောင်းတရား နာကြားဖို့ရာ ခက်တယ်ဆိုတဲ့ ဒုလ္လဘတရား အတွက်ကတော့ ရဟန်းဘ၀ရောက်တာနက် တပြိုင်နက် ဗုဒ္ဓဓမ္မတွေ နာကြားရုံတင်မဟုတ်ဘဲ ကိုယ်ကိုယ်တိုင် လေ့လာဟောပြောခွင့်ပါ ရနေတော့တာပါ။ ဒါကြောင့် ရဟန်းဘ၀ရနေခြင်းဟာ ရခဲတဲ့ တရားတွေ အကုန်ရနေတာလို့ ဆိုခြင်းပါ။

ဒီလိုစဉ်းစားလိုက်တော့ ရနေတဲ့ ကိုယ့်ရဲ့ရဟန်းဘ၀ဟာ သိပ်ကိုတန်ဘိုး ရှိနေပါလားလို့ ကျေနပ်မိပါတယ်။ ဒါပေမယ့် တစ်ဘက်က ပြန်ကြည့်ပြန်တော့ ရဟန်းဘ၀ဆိုတာ ရဖို့ခဲရင်းသလောက် နေဖို့လည်း ခဲရင်းလှပါတယ်။ လူတွေအတွက် စားဝတ်နေရေးကျန်းမာရေးဟာ အရေးကြီးဆုံး အရာများဖြစ်သလို ရဟန်းတွေအတွက်လည်း ဒီအရာတွေက မဖြစ်မနေ လိုအပ်ပြန်ပါတယ်။ စားဖို့၊ ၀တ်ဖို့၊ နေဖို့ ပြီးတော့ ကျန်းမာဖို့။ ဘုရားကတော့ သိမ်ထဲမှာ တစ်ခါတည်း ဒီလေးမျိုးကို မပူမပင်ရအောင် ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေးဆိုတဲ့ ပစ္စည်းလေးပါးကို ဆောင်ထားဖို့ ညွန်ကြားပေးခဲ့ပါတယ်။ ဆွမ်းအတွက် ဘာမှကြောင့်ကြမစိုက်နဲ့ သပိတ်ဆောင်ပြီး ဆွမ်းခံစားတဲ့။ သင်္ကန်းအတွက်လည်း သူများစွန့်ပစ်ထားတဲ့ အ၀တ်အပိုင်းအစတွေကို ရှာဖွေလျှော်ဖွတ်ချုပ်ဆိုးပြီး ၀တ်ပါတဲ့။ ကျောင်းအတွက်ကတော့ သစ်တစ်ပင်ရင်း ၀ါးတစ်ပင်အောက်ဟာ ကျောင်းပါပဲတဲ့။ ပြီးတော့ ဆေးအတွက်ကတော့ ပူတိမုတ္တလို့ခေါ်တဲ့ နွားကျင်ငယ်ရေကို ဆီးဖြူသီး ဖန်ခါးသီးစတာတွေနဲ့ စိမ်ပြီးဘုဉ်းပေး၊ အဲဒါလေကောင်းတယ်၊ လေကောင်းရင် ၀မ်းကောင်းပြီး ၀မ်းတစ်လုံးကောင်းရင်း ခေါင်းတစ်လုံး မခဲဘူးတဲ့။ စားဝတ်နေရေး ကျန်းမာရေးအတွက် ဒီလေမျိုးကို ဆောင်ထားဖို့ ခွင့်ပြုတော်မူခဲ့ပါတယ်။ နောက်ဆက်တွဲအနေနဲ့လည်း ဘုန်းကံကြီးမားလို့ လှူမယ့်တန်းမယ့်သူ ရှိရင် သူတို့လှူတဲ့ ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေးတွေကို သုံးဆောင်နိုင်ပါတယ်ဆိုပြီး ခွင့်ပြုထားပါသေးတယ်။

တပည့်သာဝကတွေအတွက် စီစဉ်ညွန်ကြားတော်မူခဲ့တဲ့ ဗုဒ္ဓရှင်တော်ရဲ့ မေတ္တာ၊ ကရုဏာဟာ ကြီးမားလှပါတယ်။ ခက်တာက ယနေ့ခေတ် အခြေအနေနဲ့ ရထားတဲ့ ရဟန်းဘ၀ပါ။ ဗုဒ္ဓရှင်တော် ဖြစ်စေချင်သလို ရဟန်းဆိုတာ ငှက်လိုကျင့်ဖို့၊ ရောင့်ရဲနိုင်အောင် ကျင့်ဖို့ကလည်း မဖြစ်နိုင်သေးတဲ့ အခြေအနေ။ ရဟန်းအလုပ် ရဟန်းလုပ်နေရင် ဒီစားဝတ်နေရေးအတွက် ပူစရာမလိုဘဲ သူ့အလိုလို ဖြစ်လာမယ်ဆိုတာ ယုံကြည်နေပေမယ့် ရောက်ရှိနေတဲ့ အခြေအနေနဲ့ နေရာဒေသကလည်း စကားပြောပြန်ပါတယ်။ စာသင်သား ရဟန်းသာမဏေများရဲ့ ဘ၀၊ ဘုန်းကံနည်းပါးတဲ့ သာသနာ့ဝန်ထမ်းတွေရဲ့ ဘ၀၊ ဗုဒ္ဓဘာသာ မထွန်းကားတဲ့ အရပ်မှာ ရောက်နေတဲ့ သာသနာပြုများရဲ့ ဘ၀ စတဲ့စတဲ့ အခြေအနေတွေက စားဝတ်နေရေးနဲ့ ကျန်းမာရေးကို အခက်တွေ့စေပြန်ပါတယ်။ ပြီးတော့ ထေရ၀ါဒ ရဟန်းတော်များရဲ့ ရပ်တည်မှုဟာ လူဒကာဒကာမများအပေါ် မှီတည်နေတာဖြစ်တဲ့အတွက် စားဝတ်နေရေးစီးပွားရေး တဖြည်းဖြည်းဆုတ်ယုတ်လာတဲ့ သူတို့တွေမှာလည်း သူတို့ကိုယ်တိုင် နေဖို့စားဖို့ဝတ်ဖို့တောင် အနိုင်နိုင်ဖြစ်နေပြန်တော့ သာသနာကို ချီးမြှောက်ထောက်ပံ့မှု အပိုင်းမှာ ထင်သလောက် မလုပ်နိုင်ကြဘူး ဖြစ်နေပြန်ပါတယ်။ ဒီလိုဒီလို အခြေအနေများကြောင့်လည်း ယနေ့ခေတ် ရဟန်းတော်များရဲ့ ဘ၀ဟာ စားဝတ်နေရေး အခက်တွေ့လာကုန်ပါတယ်။ ဒီလို အခက်အခဲတွေကြောင့်လည်း စာပေပရိယတ်နဲ့ ပဋိပတ်အားထုတ်မှုအပိုင်းမှာ ယုတ်လျော့လာပြီး အနေအစား အဆင်ပြေဖို့ ကြိုးစားလာကုန်တယ်နဲ့ တူပါတယ်။ စာပေပရိယတ် အားထုတ်မှု အားနည်းလာတော့ ပညာတရားလည်း ယုတ်လျော့လာကုန်ပါတယ်။ ပညာနည်းတော့ လုပ်သင့်မလုပ်သင့် မစဉ်းစားဘဲ အနေအစား ချောင့်မယ့်နည်းတွေနောက် လိုက်ကုန်ပါလေရော…။ ရဟန်းသာမဏေတွေရဲ့ ဒီလိုမသင့်လျော်တဲ့ အပြုအမူတွေ မြင်ရပြန်တော့ တစ်ချို့သဒ္ဓါတရား အခြေခံအားနည်းတဲ့ ဒကာဒကမတွေကလည်း ကြည်ညိုလေးစားမှုတွေ ယုတ်လျော့ကုန်ပါတယ်။

စာပေပရိယတ် အားထုတ်မှု ယုတ်လျော့လာပြီး သဒ္ဓါတရားခေါင်းပါးလာတဲ့ အခါမှာတော့ ဘုရားပေးတဲ့နည်းနဲ့ စားဝတ်နေရေးကျန်းမာရေးကို မဖြေရှင်းတော့ဘဲ တိုးတက်လာတဲ့ ရုပ်ပိုင်းဆိုင်ရာတွေ နောက်လိုက်ပြီး အနေအစားချောင်အောင် ဘုန်းကံကြီးမားအောင် အလွယ်လမ်းလိုက်တဲ့ ရဟန်းများလည်း တဖြည်းဖြည်း များများလာကြတာကို တွေ့နေရပြန်ပါတယ်။ ဘုန်းကြီးအောင် မအပ်စပ်တဲ့နည်းတွေနဲ့ ဒကာဒကာမများရဲ့ လှူဒါန်းမှုကို ရယူကြပြန်ပါတယ်။ မအပ်တဲ့ အနေသနအမှုတွေနဲ့ အသက်မွေးမှုတွေ လုပ်လာပြန်ပါတယ်။ ဗေဒင်ဟောပေးတာတို့၊ ဓာတ်ရိုက်ဓာတ်ဆင် လုပ်ပေးတာတို့၊ လက္ခဏာကြည့်ပေးတာတို့၊ နှစ်လုံးသုံးလုံး ပေးတာတို့ စတဲ့အလုပ်တွေလုပ်ပြီး ပစ္စည်းလေးပါး ပေါများအောင် လုပ်လာကြပါတော့တယ်။ ဒကာဒကမများကလည်း ပညာအားနည်းလာတော့ ကိုးကွယ်သင့်လား မကိုးသင့်လား မစဉ်းစားဘဲ သူတို့ကိုယ်တိုင် ကြီးပွားချမ်းသာချင်ကြတော့ ဒီလိုမအပ်တဲ့ နည်းနဲ့အသက်မွေးနေတဲ့ ရဟန်းတော်များကို ကိုးကွယ်ဆည်းကပ်ကြပါတယ်။ ဒီတော့ သာသနာမှာ အဲလိုမအပ်တဲ့ နည်းနဲ့ အသက်မွေးနေကြတဲ့ သာသနာ့ဝန်ထမ်းများ တိုးပွားကုန်ပါတယ်။ ပိုပြီးဆိုးတာ ဒီနည်းနဲ့ အသက်မွေးတဲ့ ရဟန်းတော်များဟာ နေ့ချင်းညချင်း ကြီးပွားသွားပြီး စာသင်တိုက်မှာ စာပေပရိယတ် သင်ကြားပို့ချပေးနေတဲ့ ရဟန်းသာမဏေများမှာတော့ စားဝတ်နေရေး တဖြည်းဖြည်းချို့တဲ့ လာပါတော့တယ်။ တစ်ချို့ဆိုရင် ဒီလိုဆင်းးရဲတဲ့ သာသနာ့ဘောင်ကနေ မနေနိုင်လို့ ထွက်သွားတာတွေအထိ ရှိလာပါတယ်။ သာသနာမှာ အစစ်အမှန် ရဟန်းတော်များရဲ့ ဘ၀ဟာ ပင်ပန်းချို့တဲပြီး မအပ်စပ်တဲ့နည်းနဲ့ အသက်မွေးနေတဲ့ ရဟန်းတွေကတော့ ရွှေကျောင်းတွေ၊ ကားကြီးကားသေးတွေနဲ့ အရမ်းကို ကြီးပွားနေပါတော့တယ်။

အင်း… ရဟန်းဘ၀ အနေအစား ခက်လှပါလားလို့ ကိုယ်ကိုယ်တိုင် စာသင်သားဘ၀ ဖြတ်သန်းခဲ့ရတဲ့ အခက်အခဲများကို တွေးမိရင်း ဒကာမတစ်ယောက် လျှောက်ဖူးတာကို ပြန်သတိရမိပါတယ်။ ဒကာမကြီးကတော့ ရဟန်းဆိုတဲ့ ကြည်ညိုမှုထက် သားတစ်ယောက်လို သံယောဇဉ်ဖြစ်မိနေတော့ သူ့ရဟန်း ဆင်းရဲပင်ပန်းနေတာကို မကြည့်ရက်ဖူးနဲ့တူပါတယ်။ ဒါကြောင့် ဒကာမကြီးက “ဦးဇင်း… ဦးဇင်းလည်း တစ်ခြားဘုန်းကြီးတွေလို ဗေဒင်လက္ခဏာသင်၊ ဒါမှမဟုတ် နှစ်လုံးသုံးလုံး ပေးပြီး လူတွေအကျိုးပြု လုပ်ပေးပါလား..“လို့ လျှောက်ပါတယ်။ ရင်ထဲမှာ မကောင်းလိုက်တာ။ ဒီအလုပ်တွေ လုပ်ပေးနေတာ လူတွေအကျိုးပြု လုပ်ပေးနေတာတဲ့။ ဒကာမကြီးကို အားနာပေမယ့် နားလည်အောင်တော့ ပြောလိုက်ပါတယ်။ “ဒကာမကြီး အဲဒါ လူတွေအကျိုးရှိအောင် လုပ်ပေးနေတာ မဟုတ်ဘူး၊ လူဒကာဒကာမတွေရဲ့ သဒ္ဓါတရားကို ဖျက်ဆီးနေတာပါ၊ ဒါတွေလုပ်ပေးတော့ လုပ်ပေးတဲ့ဘုန်းကြီးကို လုပ်ပေးတဲ့အတွက် ကြည်ညိုပြီး မလုပ်ပေးတဲ့ ဘုန်းကြီးကိုတော့ အပြစ်ပြောကုန်တတ်ပါတယ်၊ ရင်ထဲက တကယ်ကြည်ညိုလို့ မဟုတ်ဘဲ သူတို့ကို တစ်ခုခု လုပ်ပေးလို့ လှူတာမျိုးဟာ သဒ္ဓါတရား မစစ်မှန်ပါဘူး၊ အဲဒီဘုန်းကြီးတွေ ဗေဒင်မဟော၊ နှစ်လုံးသုံးလုံး မပေးတော့ရင် ဒီဒကာဒကာမတွေ လာမှာမဟုတ်တော့ဘူး၊ မယုံရင် စောင့်ကြည့်ပါ၊ ဦးဇင်းကတော့ လျှာမြက်ပေါက်သွားပါစေ ဒီလိုမအပ်တဲ့ အနေသနအမှုနဲ့တော့ အနေအစား ချောင်အောင်မလုပ်ဘူး..“ လို့ စိတ်ထဲ ရှိတာပြောဖြစ်လိုက်ပါတယ်။ ဒကာမကြီးလည်း စေတနာစကားက အလွဲဖြစ်သွားတော့ စိတ်မကောင်းဖြစ်ပြီး အားနာသွားပါတယ်။ ပြီးတော့မှ “ဦးဇင်းရယ်… သာသနာတော်နဲ့ မအပ်စပ်တဲ့ အသက်မွေးမှုဆိုတာ ဘာတွေလဲ…၊ တပည့်တော်တို့ ဒါတွေသိထားတော့ ရဟန်းသံဃာ ရွေးချယ်ကိုးကွယ် နိုင်တာပေါ့ဘုရား…“လို့ မေးမြန်းလျှောက်ထားလို့ ရဟန်းတော်များရဲ့ မပြုအပ်တဲ့ အနေသနအမှုများကို ရှင်းပြဖြစ်ပါတယ်။

ဒကာမကြီးရေ… သာသနာတော်နဲ့ မအပ်စပ်တဲ့အပြင် ဒကာဒကာမများရဲ့ သဒ္ဓါတရားကိုပါ ပျက်စီးစေနိုင်တဲ့ ဒီအနေသနအမှုတွေကတော့…
၁။ အံ့သြဖွယ်ဖြစ်အောင် ပြောဆိုနေထိုင်ခြင်း
၂။ ပစ္စည်းလာဘ်လာဘရအောင် ဆွယ်၍ပြောဆိုခြင်း
၃။ အခြားသူတို့ လှူဒါန်းထားသည်ကို အခြားသူတို့အား သိစေခြင်း
၎။ အခြားပုဂ္ဂိုလ်တို့ ဂုဏ်ကျေးဇူးမဲ့ကို ပြောဆိုခြင်း
၅။ တစ်နေရာမှရသော ပစ္စည်းကို အခြားတစ်နေရာ၌ ပေးကမ်းခြင်း
၆။ သစ်သားကိုပေးခြင်း
၇။ ထန်းရွက်သစ်ရွက်စသည်ပေးခြင်း
၈။ ဆပ်ပြာဆပ်ပြာမှုန်စသည်ပေးခြင်း
၉။ မိမိကိုယ်ကို နှိမ့်ချ၍ ကျွန်ုပ်ကျွန်တော်စသည်ဖြင့် လူနှင့်အပြိုင်ပြောဆိုခြင်း
၁၀။ အမှန်နည်းပါး အမှားများသော စကားကို ပြောဆိုခြင်း
၁၁။ မျက်နှာသစ်ရေ စသည်ပေးခြင်း
၁၂။ ကလေးထိန်းပေးခြင်း
၁၃။ မပင့်ဖိတ်ဘဲ အိမ်တွင်းဝင်ရောက်နေထိုင်ခြင်း
၁၄။ မြေနေရာ ကောင်းမကောင်း ရွေးချယ်ပေးခြင်း
၁၅။ တိရစ္ဆာန်တို့၏ လက္ခဏာကျမ်းအတတ်ကို သင်ကြားပေးခြင်း
၁၆။ ဗေဒင်လက္ခဏာ ဟောပြောပေးခြင်း
၁၇။ နက္ခတ်ရွေးချယ်ပေးခြင်း
၁၈။ လူတို့ခိုင်းစေသည်ကို လုပ်ကိုင်ပေးခြင်း
၁၉။ လူတို့သတင်းစကားကို ယူဆောင်ပေးခြင်း
၂၀။ စားသောက်ဖွယ်ကို ပေးကမ်းခြင်း
၂၁။ ဆေးကုပေးခြင်း ”
(မဟာနိဒ္ဒေသပါဠိ- ၂၉၀-၃၉၆၊ မစ္ဖျိမပဏ္ဏာသပါဠိ- ၂) တို့ပဲ ဖြစ်ပါတယ်လို့ ရှင်းပြဖြစ်ခဲ့ပါတယ်။

မှန်ပါတယ်။ ဒီ အနေသန အမှုတွေကတော့ ရဟန်းတော်များအတွက် မအပ်စပ်တဲ့ ပစ္စည်းလေးပါး ရှာဖွေမှုတွေပါပဲ။ ရဟန်းဘ၀ အနေအစား ဘယ်လောက်ပဲခက်ခက် ဒီအမှုတွေနဲ့တော့ အသက်မွေးမှု မဖြစ်ရအောင် နေမယ်လို့ စာသင်သား ဘ၀ကနေ စွဲလာတဲ့ ဒီအစွဲဟာ စာပေရေးသား ပို့ချပြီး တရားဓမ္မပြန်လည် ဟောကြားကာ ပရဟိတလုပ်ငန်းတွေ တတ်နိုင်သလောက် လုပ်နေနိုင်ပြီဖြစ်တဲ့ အခုလို အချိန်မျိုးမှာ ပြန်လည်စဉ်းစားမိတော့ ရရှိနေတဲ့ ရဟန်းဘ၀ကို ကျေနပ်နေမိပါတယ်။ သေချာတာကတော့ ခေတ်ကာလ အနေအထားအရ ရဟန်းဘ၀မှာ စားဝတ်နေရေး ဘယ်လောက်ပဲခက်ခက် ရဟန်းတော်များရဲ့ အလုပ်ဖြစ်တဲ့ ဂန္တဓုရလို့ခေါ်တဲ့ စာပေပို့ချဟောပြခြင်းတာဝန်၊ ၀ိပဿနာဓုရလို့ခေါ်တဲ့ တရားပြတရားဟောခြင်း တာဝန်တစ်ခုခုကိုသာ စိတ်ရှည်ဇွဲသန် သီးခံပြီး ပြုလုပ်နေမယ်ဆိုရင် အရမ်းကြီး မပြည့်စုံတာတောင်မှ ရဟန်းဘ၀မှာ သက်သောင့်သက်သာ နေရမယ်ဆိုတာ သေချာပါတယ်။ ဒီလို ဓုရနှစ်ဖြာနဲ့အညီ ကျင့်ကြံနေထိုင်ကြတဲ့ ရဟန်းတော်များကို သဒ္ဓါတရားရော ပညာပါအားကောင်းတဲ့ ဒကာဒကာမများကတော့ ရှာဖွေကိုးကွယ်နေပြီး သာသနာတော် အဓွန့်ရှည်အောင် ထိန်းသိမ်းစောင့်ရှောက်ပေး နေလိမ့်မယ်ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး။ တရားစောင့်တဲ့ပုဂ္ဂိုလ်ကို တရားကလည်း ပြန့်စောင့်တယ်ဆိုတာ လက်တွေ့သိနိုင်ကြပါတယ်။

ဒါကြောင့် ရုပ်ပိုင်းဆိုင်ရာ တိုးတက်လှတဲ့ ခေတ်ကာလကြီးမှာ ရုပ်ပိုင်းဆိုင်ရာ ပြည့်စုံမှုနောက်ကို လိုက်ရင်း ခက်ခဲလာတဲ့ ဘ၀ရပ်တည်မှုများတွင် လူတွေရဲ့ ဘ၀ရပ်တည်မှုတွင်မက ရဟန်းတော်များရဲ့ ဘ၀ရပ်တည်မှုပါ ခက်ခဲလာပေမယ့် တစ်ဘ၀တည်းကိုသာ ကြည့်ပြီး စားဝတ်နေရေး ကျန်းမာရေးအဆင်ပြေအောင် မလုပ်ကြဘဲ သံသရာအတွက်ပါ ထည့်စဉ်းစားပြီး လူပဲဖြစ်ဖြစ် ရဟန်းတော်များပဲ ဖြစ်ဖြစ် မအပ်စပ်တဲ့ အသက်မွေးမှုများနဲ့ အသက်မမွေးကြဖို့၊ ကျင့်ဝတ်သိက္ခာနှင့်အညီ ၀ီရိယထား ကြိုးစားကြပါက ဘ၀ရပ်တည်မှု အဆင်ပြေနိုင်မှာ ဖြစ်တဲ့အတွက် ရဟန်းတော်များရော လူများပါ ရခဲတဲ့ ဒုလ္လဘတရားကို ရရှိထားတာနဲ့ညီအောင် အကျင့်ကောင်းပြီး အလုပ်ပါကောင်းအောင် ကြိုးစားကြဖို့၊ အထူးသဖြင့် ရဟန်းဘ၀သည် ဒုလ္လဘတရားငါးပါးလုံး ပြည့်စုံအောင် ရရှိထားတဲ့ ဘ၀ဖြစ်တဲ့အတွက် တန်ဘိုးရှိစွာ ရရှိထားတဲ့ ရဟန်းဘ၀ကို ပစ္စည်းလာဘ်လာဘ ပြည့်စုံပေါများမှု တစ်ခုတည်းနောက်ကို လိုက်ပြီး မအပ်တဲ့ အနေသနအမှုနဲ့ အသက်မမွေးမိကြဖို့ ဘုန်းဘုန်းကိုယ်တိုင် ကိုယ့်အတွက်ကိုယ် သတိပေးရင်း ဓမ္မမိတ်ဆွေများအတွက်ပါ တစ်ဆင့်အသိပေး မျှဝေလိုက်ရပါကြောင်း…



Read more...

အလှူဒါနပြုလုပ်ရာတွင် မရိုမသေ ပေးလှူခြင်းနှင့် ရိုရိုသေသေ ပေးလှူခြင်း၏ အကျိုးပေးခြားနားချက်….

တစ်စုံတစ်ယောက်သည် (လှူဖွယ်ပစ္စည်းက) ယုတ်ညံ့သည် (တန်ဘိုးနည်းသည်)ဖြစ်စေ မြင့်မြတ်သည်ဖြစ်စေ အလှူကို ပေးလှူသည့်အခါ ထိုအလှူကို မရိုမသေ လှူပါမူ၊ စိတ်မပါပဲ လှူပါမူ၊ မိမိလက်ဖြင့် ကိုယ်တိုင်မဟုတ်ဘဲ လှူပါမူ၊ လွှင့်ပစ်သကဲ့သို့ လှူပါမူ၊ ကံကံ၏ အကျိုးရှိ၏ဟု အယူမရှိဘဲ လှူပါမူ ထိုအလှူ၏ အကျိုးဖြစ်လေရာတိုင်း၌ မွန်မြတ်သော အစာကို သုံးဆောင်ရန် စိတ်မညွတ်၊ မွန်မြတ်သော အ၀တ်ကို သုံးဆောင်ရန် စိတ်မညွတ်၊ မွန်မြတ်သော ယာဉ်ကိုသုံးဆောင်ရန် စိတ်မညွတ်၊ မွန်မြတ်သော ကာမဂုဏ်ငါးပါးတို့၌ သုံးဆောင်ရန် စိတ်မညွတ်၊ ထိုအလှူရှင်၏ သားမယား ကျွန်အစေခံ အလုပ်သမားတို့သည်လည်း (ပြောစကားကို) မနာခံကုန်၊ နားမထောင်ကုန်၊ သိရန်စိတ်ကို မထားကုန်။ ထိုသို့ ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း ဟုမူကား “မရိုမသေ ပြုမူအပ်သော (ကောင်းမှု)ကံတို့၏ အကျိုးသည် ဤသို့ ဖြစ်တတ်သောကြောင့်တည်း”။

(အပြန်အားဖြင့်) တစ်စုံတစ်ယောက်သည် (လှူဖွယ်ပစ္စည်းက) ယုတ်ညံ့သည်ဖြစ်စေ မြင့်မြတ်သည်ဖြစ်စေ အလှူကို ပေးလှူသည့်အခါ ရိုရိုသေသေ လှူပါမူ၊ စိတ်ပါဝင်စားစွာ လှူပါမူ၊ မိမိလက်ဖြင့် ကိုယ်တိုင်ကိုယ်ကျ လှူပါမူ၊ လွှင့်ပစ်သကဲ့သို့ မဟုတ်ဘဲ လှူပါမူ၊ ကံကံ၏အကျိုးရှိ၏ဟု အယူရှိ၍ လှူပါမူ ထိုအလှူ၏ အကျိုးဖြစ်လေရာတိုင်း၌ မွန်မြတ်သော အစာကို သုံးဆောင်ရန် စိတ်ညွတ်၏၊ မွန်မြတ်သော အ၀တ်ကို သုံးဆောင်ရန် စိတ်ညွတ်၏၊ မွန်မြတ်သော ယာဉ်ကို သုံးဆောင်ရန် စိတ်ညွတ်၏၊ မွန်မြတ်သော ကာမဂုဏ်ငါးပါးတို့၌ သုံးဆောင်ရန် စိတ်ညွတ်၏၊ ထိုအလှူရှင်၏ သားမယား ကျွန်အစေခံ အလုပ်သမားတို့သည်လည်း ပြောစကားကို နာခံကုန်၏၊ နားထောင်ကုန်၏၊ သိရန်စိတ်ကို ထားကုန်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း ဟုမူကား “ရိုရိုသေသေ ပြုအပ်သော (ကောင်းမှု)ကံတို့၏ အကျိုးသည် ဤသို့ ဖြစ်တတ်သောကြောင့်တည်း”..။ (အံ၊ ၉၊ ဝေလာမသုတ်)


Read more...

မဝေ ပြောပြသော ဥစ္စာစောင့် ကမ္ဘာ အပိုင်း ၇ ( နိဂုံး )

ဟင် -- အဲဒီလို ခိုင်းလို့ ရသလား ၊ ငါတို့က သိမှ မသိတာ၊ ကြုံလဲ မကြုံဖူးတော့ ဘာလုပ်ရမယ်မှန်းလဲ မသိဘူး ကိုယ့်အတွက် သတိပဲ ထားနေရတယ် - -
တင်ပါ့ အခုတော့ ပြီးပါပြီ ကိစ္စမရှိတော့ပါဘူး၊ သူကလဲ ၀င်ပြီး ပြန်ထွက်ပေးမယ် ပြောပါတယ် ၊ ဒါကြောင့် တပည့်တော်ကလဲ ၀င်ခိုင်း လိုက်တာပါ ။ သူက ၀င်ပြီး မထွက်ရင် တပည့်တော်က သေမှာဘုရား - -တဲ့၊

အေး မဝေက ပြီးပေမယ့် ငါတို့က မပြီးနိုင်သေးဘူး၊ မေးစရာတွေ အများကြီးပဲ မေးရမှာပဲ - -ဆိုတော့ မေးပါ တဲ့။
ဒါနဲ့ စာရေးသူတို့ကလဲ တရစပ် မေးတော့တာပေါ့၊

စောစောက ညနေက ပြန်စမေးမယ်- မဝေ နောက်ကို သူက ဘယ်လို လိုက်နေသလဲ ပြောပြပါ - -
ကျောင်းက ထွက်ကတည်းက သူက နောက်က လိုက်နေတယ် ၊ ဘုရားပေါ်ထိ လိုက်ဆဲပဲ ၊ ပြန်ဆင်းလာတော့လဲ ပါလာတာပဲ ၊ အခု ကျောင်းမုခ်ပေါက် ရောက်မှ မလိုက်နိုင်တော့တာ၊ ဘာလဲ ဆိုတော့ သူက ဒီဦးဇင်းကို စကားပြောချင်ပါတယ် ၊ကူညီပေးပါ တဲ့။အခု တပည့်တော်တို့ စကားပြောနေတာကို သူက ကျောင်းမုဒ်ပေါက်ကနေ လှမ်းပြီး စကားပြောနေတာ ဘုရား --
တပည့်တော်က မဖြစ်နိုင်ပါဘူး၊ လို့ ငြင်းတော့ ကလေးတယောက်က ပူဆာနေသလိုပဲ ပူဆာနေတယ် ၊

ဒါကြောင့်လဲ ကို ခင်မောင်ထွန်း နဲ့ စကားပြောတာက ပြတ်ပြတ်သွားတယ် ၊ သူ့ကို လှမ်း လှမ်းပြီး စကားပြောနေ ရလို့ပါ ။
အော် ဒါဆို သူက အနား အထိ ဘာလို့ ကပ်မလိုက်လာသလဲ - အနားအထိ လိုက်ပြီး စကားပြောပါတော့လား - တင်ပါ့ တပည့်တော်ဘေးနားမှာ ယောင်္ကျားလေးရှိနေလို့ပါ၊ သူ့ဘုန်းကံကြောင့် အနားအထိ ကပ်လို့ မရပါဘူး။ အရှင်ဘု၇ားတို့ သင်္ကန်း အနားဆို ပိုပြီးတောင် မကပ်နိုင်ပါဘူးဘုရား၊ အဲဒီလို ကွာခြားပါတယ် - -
အော်အော် ဟု သာ ရေရွတ်မိလေ၏။

ကဲ ဒါဆို မဝေ က သူတို့ကို မြင်ရတယ် ဆိုတော့ ဘယ်လို ပုံစံလဲ ပြောပြစမ်းပါ - -
အဲဒီမိန်းကလေးက အစိမ်းရောင် ၀မ်းဆက် ၀တ်စုံနဲ့ပါ၊ ဆံပင် အရှည်ကြီးနဲ့ အရမ်းလှတယ်၊ အသားဖွေးတယ်၊ အသက်က ၂၂ နှစ် ၀န်းကျင် ရှိလိမ့်မယ်ဘုရား၊
အေး ငါတို့လဲ မြင်ဖူးချင်လိုက်တာ ဒီလိုမှန်းသိရင် ပြခိုင်းပါတယ် ဟု ဦးဇင်းတပါးက ၀င်ပြောလေ၏၊
စာရေးသူက သိချင်သော အရာတို့ကို မေးပြန်၏၊ ဒါဆို မဝေ- -

နတ်တွေ ဆိုတာရော မြင်ဖူးသလား ဒါမှ မဟုတ် ဥစ္စာစောင့်တွေကိုပဲ မြင်ရသလား-
တင်ပါ့ မြင်ဖူးပါတယ် ဘုရား၊ အခုလဲ အာရုံပြုကြည့်ရင် မြင်ရပါတယ် -

တကယ် မြင်ရတယ် ဆိုရင် ပြောပြစမ်းပါ - ဘယ်လို ပုံစံလဲ ဆိုတာ သိချင်လို့ပါ၊ လူတိုင်း မြင်ဖူးနေသလို ပြက္ခဒိန်တွေထဲကလို အချွန်အတက်တွေ နဲ့ပဲလား -
တချို့လဲ အဲဒီလို ပါပါတယ်၊ ဒါပေမယ့် ပုံထဲက အတိုင်းတော့ အချွန်အတက်တွေ အများကြီး မပါဘူး၊ နည်းနည်းပဲ ပါပါတယ်။
ဒါဆို ကိုယ်ရောင် ကိုယ်ဝါ တွေရော ဘယ်လိုလဲ - လင်းထိန်နေသလား --

တင်ပါ့ - နတ်တစ်ပါးနဲ့ တပါး မတူညီကြဘူးဘုရား၊ တချို့က အရောင်အ၀ါတွေက ၀င်းထိန် တောက်ပြောင်နေပြီး တချို့ကတော့ ဖျော့ဖျော့ပဲ ရှိကြတယ်၊ တချို့လဲ လုံးဝ မရှိသလောက်ပဲ၊
အေး ဒါဆို ဖြစ်နိုင်ပါတယ်၊ ငါတို့ ပါဠိတော် စာပေတွေမှာလဲပဲ ဘုန်းကံနည်းပါးကြတဲ့ နတ်တွေက ကိုယ်ရောင်ကိုယ်ဝါ မရှိပဲ ကုသိုလ်ကံ ဘုန်းကံ ကြီးတဲ့ နတ်တွေပဲ တောက်တောက်ပြောင်ပြောင် ရှိကြတယ် တဲ့။ အဲဒီ အဖြေကိုတော့ ကျေနပ်ပါတယ်၊
ဤနေရာ၌ နတ်တွေကို မြင်ဖူးသော မန္တလေးမြို့ ကျေးဇူးတော်ရှင် ဗန်းမော် ဆရာတော်ဘုရားကြီး၏ အင်တာဗျူး တခု၌ အချို့နတ်များ ကိုယ်ရောင်ကိုယ်ဝါ မတူညီကြပုံ နှင့် အချွန်အတက် များစွာ မပါကြပုံကို ဒီဝက်ဆိုက် မှာကလစ်ပြီး ကြည့်ရှု့နိုင်ပါတယ်။

သူတို့က ဘယ်နေရာတွေမှာ နေကြသလဲ မဝေ - - မြင်နိုင်တယ် ဆို ပြောပြပါအုံး - --
အခု အနီးစပ်ဆုံး ပြောရရင် ဦးဇင်းတို့ နေနေဆဲ အဆောင် ပေါ်မှာပဲ အောက် လှေခါးခုံမှာ တစ်ယောက်ရှိတယ်ဘုရား၊ နောက် အထက် လှေခါးအဆုံး တခါး ၀င်ပေါက်မှာလဲ ရှိပါတယ်၊ အောက်ထစ်ဆုံး ဦးဇင်းတို့ နေနေတဲ့ အခန်း တိုင်းမှာလဲ တံခါး ပေါက်တိုင်းမှာ ရှိနေပါတယ်၊ နောက်ပြီး သစ်ပင်ကြီးတိုင်း လိုလိုမှာလဲ ရှိနေကြတယ်၊ စောစောက ပြောတဲ့ ကျောင်းတိုက် မုဒ်ပေါက်ဝ မှာလဲ ကျောင်းဝင်း စောင့်နတ်ကြီးရှိပါတယ်၊ အခု သူက ၀င်လာခွင့်ပေးလို့ဝင်ခွင့်ရတာပါ။
အယ် ဒါဆို ငါတို့ကို စောစောက ဘာဖြစ်လို့ ၀င်ခွင့်တောင်းနေသလဲ - -
တင်ပါ သူက ၀င်ခွင့် မပေးပါဘူးဘုရား၊ ဒါပေမယ့် ပိုင်ရှင်ဖြစ်တဲ့ အရှင်ဘုရား တို့က ၀င်ခွင့်ပေးမှသာ သူတို့ကလဲ ခွင့်ပြုကြပါတယ်။

အော် ဒါဆို အိမ်တွေမှာလဲ နတ်တွေက ရှိတာပဲလား မဝေ - -
ရှိတာပေါ့ဘုရား၊ ဥစ္စာစောင့်တွေ ဆို သူ့ နေရာနဲ့သူ လမ်းပေါ်မှာလဲ သွားလာနေကြတာရှိတယ်၊ သူတို့က လူတွေကြားထဲ မှာပဲ လှုပ်ရှားသွားလာနေကြတာပါ၊ တခါတလေ ဆို လူတွေလို ဈေးလိုက် ၀ယ်ကြတာတောင် ရှိပါတယ်၊
အော် - နောက်ဆုံးမေးခွန်း အနေနဲ့ မေးချင်လို့ပါ - -
စောစောက မဝေ ၀င်ပူးခါနီးမှာ တဘက်ကို စည်းပြီး လဲကျသွားတာ ဘာဖြစ်သွားတာလဲ - အဲဒါ ပြောပြပါအုံး -

အဲဒါ ရှင်းအောင် ပြောရရင် ၀ိဥာဉ်ချင်း လဲလှယ်တာဘုရား၊ တပည့်တော် ၀ိဥာဉ်က ကျောင်းတိုက်အပြင်ဘက်ကို ထွက်ပေးရတယ်၊ အဲဒီနောက်မှ အဲဒီ ကောင်မလေး ၀ိဥာဉ်က ၀င်ပူးပြီး စကားပြောတယ်၊ ပြီး ပြန်ထွက်ပေးရတယ်၊ သူက ပြန်ထွက်မပေးရင် တပည့်တော် ပြန်ဝင်လို့ မရတော့ဘူး၊ ၀ိဥာဉ်ချင်း လဲလိုက်တာပေါ့၊ သူက ထွက်လာပြီး ကျောင်းအပြင်ဘက်ရောက်မှ တပည့်တော်က ပြန်ဝင်ရတယ်ဘုရား။ ။

အဲဒီ ကိစ္စက လူတိုင်းပဲလား - -
ဟုတ်ပါတယ် ကျောင်းစောင့်နတ်တွေက ၀င်ခွင့်ပြုမှပဲ ရတယ်ဘုရား - -
အင်း အင်း ကျေနပ်ပါပြိ မဝေ - - အားလုံးပြောပြတဲ့ အတွက် ကျေးဇူးအများကြီး တင်ပါတယ်။
နောက်တရက်၌ အထက်ပါ ဦးဇင်းလေးသည် ညနေ ၄ နာရီခန့် ကြေးသွန်းဘုရားကြီးဆီ သွားပြီး အစောင့်အရှောက်တွေကို အားလုံး ဖိတ်ခေါ်ကာ ဘုရားရှင်ရှေ့၌ ပရိတ်ကြီး ပဋ္ဌာန်းဒေသနာ နှင့် မေတ္တာဘာဝနာတို့ကို ပို့သလျက် အထူးအားဖြင့် ညီမ ငါးဖော်မှ အငယ်ဆုံး ဥစ္စာစောင့်မလေးအား တိုင်တည်ကာ ပြုခဲ့သမျှ ကုသိုလ်ကောင်းမှု့ အားလုံးအတွက် အမျှအတန်းပေးဝေ ခဲ့ပါတယ်၊ ထိုအချိန်မှ စပြီး ထူးခြားမှု့ တစုံတရာ မတွေ့ရတော့ပါ။ ကျွတ်လွတ်သွားပြီ ထင်ပါသည်။ အကယ်၍များ မကျွတ်လွတ်သေးရင်လဲ အခုချိန်တိုင်အောင် သတိရတိုင်း မေတ္တာပို့ အမျှပေးနေမည်သာ ဖြစ်ပါသည်။ ။

စာကြွင်း ။ ။ ၂၀၀၃ ခုနှစ်တွင် ဖြစ်ပျက်ခဲ့သော တကယ့်အဖြစ်အပျက်အား ပြန်လည် ရေးဖွဲ့ခြင်းဖြစ်ပါသည်။ အချို့နေရာများတွင် ဗုဒ္ဓစာပေများနှင့် ဆန့်ကျင်ကောင်း ဆန့်ကျင်နေပါလိမ့်မည်၊ သို့ပါသော်လည်း ပရလောကဟူသည် ဆန်းကြယ်သော မျက်လှည့်အတတ်နှင့်တူရကား ဟုတ်/မဟုတ် ရောပြွမ်းနေလိမ့်မည် ဟု ထင်ပါသည်။ စာပိုဒ် အစဉ်မကျပဲ ချွတ်ချော်မှု့ တစုံတရာ ရှိပါကလဲ စာရေးသူ၏ မပြည့်စုံမှု့သာ ဖြစ်ပါသည်၊ စာဖတ်ပရိသတ်များ စိတ်ရှည်ရှည် စောင့်မျော် ဖတ်ရှု့ အားပေးခြင်းအတွက် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်- -

အားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ကျမ္မာချမ်းသာကြပါစေ - -
| |

Read more...

မဝေပြောပြသော ဥစ္စာစောင့် ကမ္ဘာ အပိုင်း ၆

အေး ဒါဆိုလဲ ပြီးတာပါပဲ - ၀င် ခွင့်ပြုတယ် လို့ ပြောလိုက်ပါ၊

တင်ပါ ဆိုပြီး တဘက်ကို ခါးမှာစည်းနှောင်ပြီး ခဏနေတော့ လဲကျသွားတယ်၊ အမှန်တကယ်ပါပဲ သူ့ခန္ဓာကိုယ်က လူသေကောင်တယောက်လို အသက်မရှူတော့ဘဲ ၁၀ စက္ကန့်လောက်ပဲ ကြာမယ် အဲဒီအချိန်လေး အတွင်းမှာ လဲကျသွားတဲ့ ခန္ဓာကိုယ်ကြီးကို အနားမှာ ရှိနေတဲ့ သူ့ညီမလေးက ကြမ်းပြင်ပေါ် လဲကျမသွားအောင် ထိန်းပေးရှာတယ်၊ စာရေးသူ တို့မှာတော့ ရင်တထိတ်ထိတ် နဲ့ ဘာတွေ ဆက်ဖြစ်လာမလဲ ဆိုတာ သတိထားကြည့်နေရတာပေါ့ ။
၁၀ စက္ကန့် လွန်မြောက်တဲ့ အချိန်မှာတော့ မဝေ က အသက်ပြန်ရှူလာပြီး သူပြောလိုတဲ့ ဦးဇင်းလေးကို မျက်နှာချင်းဆိုင်ပြီး တရစပ် စကားပြောပါတော့တယ်- -

ပြောရင်းပြောရင်းနဲ့ မျက်ရည်တွေက မျက်နှာမှာ ပြည့်လျံနေပြီ -
ဦးဇင်း တပည့်တော်လေ အရှင်ဘုရား ရန်ကုန်မြေပေါ်ကို ရောက်လာကတည်းက နောက်ကနေ အမြဲလိုက်နေခဲ့ပါတယ်၊ တကယ်တော့ တပည့်တော်နဲ့ အရှင်ဘုရားက အရင် တစ်ဘ၀ကျော်က ရေစက်ဆုံခဲ့ကြတယ်ဘုရား၊
ဒါပေမယ့် ကံမကောင်းချင်တော့ တပည့်တော်က ဒီဘ၀ကိုေ၇ာက်လာရတယ်၊ အရှင်ဘုရားကတော့ ကံကောင်းပြီး သာသနာ့ဘောင်မှာ နေနေ၇တယ်၊ အချိန်တွေ ကြာပေမယ့် တပည့်တော်မေတ္တာ မပျက်သေးပါဘူး၊ မျှော်လင့်ချက် ရှိနေသေးတယ်၊ အရှင်ဘုရားကို မျက်နှာချင်းဆိုင် စကားပြောနိုင်ဖို့ အမြဲ စောင့်နေခဲ့တာပါ၊ ဒီနေ့ကျမှ ဒီဝိဥာဉ်မလေး ( မဝေ ) ကျေးဇူးနဲ့ ပြောခွင့်ရတော့တယ်၊ သူက ရှမ်းမျိုးနွယ်ဘုရား၊ တပည့်တော်ကတော့ ဗမာ အနွယ်ပါပဲ၊ အခု အချိန်တွေ ကြာလာတော့ မမျှော်လင့် ချင်တော့ပါဘူး၊ အရှင်ဘုရားလဲ သာသနာ့ဘောင်မှာ ပျော်ပျော်နေနိုင်အောင် ကြိုးစားပါ၊ ဆိုပြီး စကားအရှည်ကြီး ပြောနေခဲ့တယ်၊
ဦးဇင်းလေးကလဲ တအံ့တသြနဲ့ ကြောက်တာ ကြေက်နေတာ၊ စုံစုံလင်လင် မေးဖြစ်အောင်ကို မေးမိတယ် - -

အေး ငါတို့ ဘုရားရှင်ကလဲ ဟောထားတာပဲ၊ လူတိုင်းဟာ ဘ၀တိုင်းမှာ ရေစက်ဆုံဖူးကြတယ်၊ အမေ အဖေ ညီ အကို မောင်နှမ နောက်ဆုံး ဇနီး ခင်ပွန်း တော်စပ်ဘူး ကြတယ် အဲလောက် ထိအောင် သံသရာက ရှည်လျားတယ် လို့ ဟောထားတဲ့ အတွက် နင်ပြောတာကို ယုံပါတယ်၊ ဒါပေမယ့် ငါတို့က အရင်ဘ၀ ဆိုတာကို မမြင်နိုင်တော့ ဘာမှ မသိသေးဘူးပေါ့၊ နင်ပြောတာလဲ ဖြစ်နိုင်ပါတယ်၊ ဒါဆိုရင် မေးပါရစေ --

အခု နင်က ဘယ်မှာ နေနေ ရသလဲ - -
ရွှေတိဂုံအရှေ့မုဒ် ကြေးသွန်း ဘုရားကြီးရဲ့ တနင်္ဂနွေဒေါင့် မှာ ညီမ ငါးယောက်နေရပါတယ်ဘုရား၊ ( မှတ်ချက် တနင်္ဂနွေဒေါင့် ဆိုသည်မှာ ဘုရားကြီး ၏ နောက်ကျော အရှေ့မြောက်ဒေါင့် အရပ်ကို ရည်ညွှန်းပါသည်)
ဒါဆို နင်တို့က ဥစ္စာစောင့် တွေ ဆိုတော့ ပစ္စည်းတွေ အများကြီး ရှိမှာပေါ့်၊ ဟုတ်လား - -
- ဆိုတော့ - -

တင်ပါ့ တပည့်တော်တို့က ဘုရားကိုပဲ စောင့်၇တာ ဘုရား ၊ သူများတွေလို ပစ္စည်းတွေ စောင့်ရတာ မဟုတ်ဘူး၊
ဟင် - -- ဒါဆို ဘုရားစောင့် ဘ၀ပေါ့ --
အေး ထားပါတော့ - နင့် နာမည်ရော ဘယ်လို ခေါ်သလဲ - အရင် ဘ၀က ရေစက်ဆုံဖူးတယ် ဆိုတော့ ငါလဲ နာမည်လောက်တော့ သိချင်လို့ပါ - --
ပြောပြလို့ မရလို့ပါ ဘုရား၊ တပည့်တော် ဆန္ဒအရဆိုရင် ပြောပြချင်ပါတယ်၊ ဒါပေမယ့် တပည့်တော်တို့မှာ ပြောခွင့် မရှိဘူးဘုရား၊

အေး အေး ပြောလို့ မရဘူးဆိုရင်တော့ မမေးတော့ပါဘူး၊
စာဖတ်သူများ ဤနေရာ၌ သတိထားစေချင်ပါသည် ။ စာရေးသူသည် တော်တော်နှင့် သူ ပြောနေသည်ကို လက်မခံချင်ပါ၊ သို့ပါသော်လည်း ၀င်ပူးနေစဉ်အချိန်တွင် မည်သူ တဦးတစ်ယောက်မှ မသိသေးဟု ထင်ရသော ကိစ္စတခုကို အစဖော်ပြီး မေးကြည့်ရာ သူက ဖွင့်ပြောမှ မှင်သက် အံ့သြ ရလေ၏၊
အကြောင်းကား -- ဘယ်နေ့ ဘယ်ရက်က ကြေးသွန်းဘုရားကြီး၏ မုဒ်ပေါက် ရှေ့မှာ ဘယ်သူနှင့် ဘာတွေလုပ်ခဲ့သည်၊ စသည်ဖြင့် အတိအကျ ပြောပြသောကြောင့်တည်း။

တကယ်တော့ ထို ကိစ္စ တွေကို ၀င်ပူးခံနေသော မဝေ သည် လုံးဝ သိရှိထားခြင်း မရှိပါချေ။
ထိုစဉ်အချိန်တွင် စကားပြောရင်း တရှုတ်ရှုတ် ငိုနေသော သူမကို မဝေ နဲ့ရော ဘယ်လို ပက်သက်သလဲ -- လို့ မေးကြည့်မိရာ - -ဘ၀တူ တွေ ဆိုတော့ တယောက်နဲ့ တစ်ယောက် အပြန်အလှန် ဆက်သွယ်မှု့ရှိပါတယ်၊ အခုလဲ သူက ကူညီလို့ ဦးဇင်းနဲ့ တွေ့ခွင့်၇တာပါ။ သူတို့က ရှမ်းမျိုးနွယ်မို့ တဘက်ကို သုံးလေ့ရှိကြတယ်ဘုရား၊ အခု တပည့်တော် ဦးဇင်းနဲ့ စကားပြောခွင့်ရတဲ့အတွက် ကျေနပ်ပါပြီ၊ ဒီဘ၀ကနေလဲ ကျွတ်လွတ်ချင်ပါပြီ ၊ အဲဒါ ကူညီပေးပါဘုရား

အေး ဘယ်လို ကူညီပေးရမလဲ ပြောပါ၊ တတ်နိုင်တာဆို ကူညီပေးပါမယ် --
-လို့ မယုတ်မလွန် သတိထား ပြောလိုက်မိတယ်၊ ဟုတ်တယ်လေ သူတို့က ကတိသစ္စာကို တန်ဖိုးထားတယ်၊ တော်ကြာ စကားလွန် ကတိလွန်မိမှ စဉ်းစားကြည့်ရင် ရင်လေးစရာ၊
တင်ပါ တပည့်တော်ကို ရည်စူးပြီး မနက်ဖြန်မှာ အမျှအတန်း ပေးဝေပေးပါဘုရား၊- -
ဟုတ်ပါပြီ ဒါဆို အချိန်ကန့်သန့်ချက် ရှိသေးသလား- ဘယ်အချိန် လာရမလဲ ပြောပါ - --

ရပါတယ်ဘုရား၊ တပည့်တော် မနက်ဖြန် တနေ့လုံး စောင့်နေပါ့မယ် --
ဟုတ်ပါပြီ စိတ်ချချ နေပါ၊ ဒါနဲ့ အလှူအတန်း ရော လုပ်စရာ လိုသေးသလား လိုအပ်ရင် လုပ်ပေးပါ့မယ် - ဆိုတော့ တင်ပါ့ မလိုပါဘူး၊ အမျှဝေရင် ရပါတယ်ဘုရား တဲ့၊
မနက်ဖြန် ညနေ ၄ နာရီလောက် စောင့်နေပါ ၊ ဆက်ဆက် လာခဲ့ပါမယ် ကူညီပေးပါ့မယ် လို့ ကတိပေးလိုက်ပါတယ်၊
တင်ပါ ဒါဆို တပည့်တော် ပြန်ပါတော့မယ်ဘုရား၊ ဒီ ၀ိဥာဉ်မလေးကိုလဲ ကျေးဇူးတင်တဲ့အကြောင်း နှုတ်ဆက်ခဲ့တယ် ဆိုတာ ပြောပေးပါ ဘုရား - -တဲ့၊
အဲဒီလိုလဲ ပြောပြီးရော - - ၂ စက္ကန့်လောက်ပဲ ကြာမယ် ထင်တယ်၊ မဝေ ရဲ့ ခန္ဓာကိုယ်ကြီးက အရင်လိုပဲ လဲကျသွားလို့ တစ်ယောက်က ထိန်းပေးထားရတယ်။

နောက်ထပ် ၁၀ စက္ကန့်လောက်ပဲ ကြာလိမ့်မယ်၊ ပြန်လည်သတိရလာပြီး မျက်စိထဲက မျက်ရည်တွေကို သုတ်နေရင်း ဘာတွေ ပြောသွားတာလဲ ဦးဇင်းတို့ တဲ့၊
ဒီလိုပါပဲ - - ဆိုပြီး အကျဉ်းချုံး ပြောပြလိုက်တယ်၊
အော် ဦးဇင်းတို့က သူ့မျက်ရည်တွေကို သယ်သွားခိုင်းမှ ပေါ့ဘုရား၊ ဒါဆို တပည့်တော် မျက်နှာမှာ မျက်ရည်တစက်တောင် မကျန်ခဲ့တော့ဘူး၊

ဆက်ပါအုံးမည် - -
| |

Read more...

မဝေ ပြောပြသော ဥစ္စာစောင့် ကမ္ဘာ အပိုင်း ၅

စာရေးသူ တို့မှာတော့ ဒဏ္ဍာရီ ဆန်ဆန် ဇာတ်လမ်းကို နားထောင်နေရသလို ယုံရ ခက်ခက် မယုံရခက်ခက် အခြေအနေပေါ့၊ သို့ပေမယ့်လဲ ကာယကံရှင်က ပြောနေတာ ဆိုတော့လဲ မယုံလို့ မရ ဖြစ်နေမိတယ်၊
ကဲ - ထားပါတော့လေ - ဒါဆိုရင် မဝေတို့က ဒီဘ၀မှာ နှစ်ယောက်လုံး သိုက်ကြိုးမဖြတ်ကြတော့ဘူးပေါ့၊ ဟုတ်လား - ဆိုတော့ -
တင်ပါ အခုမှ တော့ မလွယ်တော့ဘူးလေ ဘုရား တဲ့ ၊

အဲဒီ အစောင့်အရှောက် တွေ အကြောင်းကို စကားစပ်မိလို့ ပြောရအုံးမယ် ၊ တနေ့မှာပေါ့ မဝေက သူ့ ကောင်လေး နဲ့ လျောက်လည်ပြိး ပြန်လာတာ မကြာသေးဘူး၊ ကျောင်းလဲ ရောက်ရော ၀င်ပူးပါလေရော -
ဟာ လာပြန်ပြီ ဟေ့ သူငယ်ချင်းတို့ရေ - အခု လာတာက ဘယ်သူလဲ မသိဘူး သေချာ ဂရုစိုက်နေကြအုံးစို့
လို့ ဦးဇင်းတွေ အချင်းချင်း နှိုးဆော်ကြတယ်၊
ထင်တဲ့ အတိုင်းပါပဲ - ဒီတခါလာတာ သိုက်က မဝေရဲ့ အဖွား ဆိုပဲ ၊ အင်း အတွေ့အကြုံရတာပေါ့လေ၊ စောင့်ကြည့်ကြမယ် ဆိုပြီး အသာငြိမ်နေလိုက်ကြတယ်၊

မကြာပါဘူး အဖွားကြီးအသံ နဲ့ အနားမှာ ရှိနေတဲ့ ခင်မောင်ထွန်း ဆိုတဲ့ မဝေ ကောင်လေးကို စိုက်ကြည့်ပြီး ပြောတယ်၊
ဟေ့ သားလေး ဖိုးခွား၊ လို့ ဆိုတော့ ကောင်လေးက တုန်တုန်ယင်ယင်နဲ့ ဟုတ်ကဲ့ အဖွား တဲ့ ၊
အေး အဖွား မြေးမလေးကို ဖိုးခွားက အတည်အတံ့ တကယ်ပေါင်းသင်းမှာ ဟုတ်ရဲ့လား လို့မေးတော့ ဟိုကောင်လေးကလဲ ကြောက်ကြောက်လန့်လန့်နဲ့ ဟုတ် ပေါင်းသင်းမှာပါ အတည်ချစ်တာပါ လို့ ပြန်ဖြေရှာတယ်၊

တကယ် မယုံနိုင်စရာပဲ ၊ မဝေက အဖွားကြီး အသံနဲ့ ပြောနေတာ၊ ဟန်လုပ်ပြောနေတယ် ဆိုရင်လဲ ရိပ်မိစရာ အကြောင်းရှိတယ် အခုတော့ ကိုယ်တိုင် နားနဲ့ ဆတ်ဆတ် ကြားနေရတာဆိုတော့ မယုံလို့ မရပြန်ဘူး။
ဒီလိုနဲ့ပဲ သူတို့နှစ်ယောက် အကြောင်း မေးရင်းနဲ့ ထူးခြားတာ သိပ်မရှိလိုက်ဘူး ၊ တစ်ခါ ပြီးသွားပြန်တယ်၊ သူတို့ နှစ်ယောက်ကတော့ ဆက်လက် တွဲဖြစ်နေကြတယ်၊ အခုချိန်မှာ ဘယ်လို ဖြစ်နေကြပြီလဲ ဆိုတာ အဆက်အသွယ်မရှိတော့တဲ့ အတွက် မသိရတော့ပါဘူး၊

တနေ့မှာပေါ့ - - -
အဲဒီတနေ့က တော့ မိမိတို့အတွက် မှတ်မှတ်ရရ ရှိနေမယ့် နေ့ပါ၊ လွန်ခဲ့တဲ့ ၇ နှစ်ကျော်၂၀၀၃ ခုနှစ်က အဖြစ်အပျက်ဆိုတော့ ရက်စွဲကို မမှတ်မိတော့ပါဘူး၊ ညနေပိုင်း ၃ နာရီလောက်မှာ မောင်ခင်မောင်ထွန်း နဲ့ မဝေ က ရွှေတိဂုံဘုရားပေါ် ဘုရားဖူး တက်ကြမယ် ၊ ဦးဇင်းတို့ရော လိုက်ပို့ပေးပါ တဲ့၊ တကယ်တော့ သူတို့က ရောက်ဖူးပြီးသားပါ၊ ဘုရားနဲ့ နီးနေတဲ့ အတွက် ခဏ တိုင်း လမ်းလျောက်ရင်း တက်ဖြစ်ခဲ့ကြတယ်။အဖွဲ့လိုက် ဘုရားပေါ် ကို အေးအေးဆေးဆေး စကားပြောရင်း သူတို့ ၂ ယောက်က ရှေ့ဆုံးကပေါ၊့ စာရေးသူတို့က နောက်ကနေ တဖွဲ့လိုက်ကြတယ်၊

အဲဒီမှာ ပြဿနာ စတာပါပဲ ၊ မဝေ ရဲ့နောက်ကို အခါတိုင်း နောက်က လိုက်နေကျ သိုက်က အကို ကြီးတင် မကပဲ ကြေးသွန်းဘုရားကြီးမှာ ရှိနေတဲ့ ဥစ္စာစောင့် ညီမ ငါးယောက်ထဲက အငယ်ဆုံးလို့ ဆိုရမယ့် ညီမငယ်တယောက်က သူ့ကို စကားလိုက်ပြောနေတယ် လို့ ဆိုပါတယ်၊ ( စကားချပ် = ဒါကတော့ ပြန်လာပြီး ကျောင်းမှာ ကိုယ့်နေရာ ကိုယ်ရောက်မှ ၀င်ပူးပြီး ပြောပြတဲ့ စကားအရ သိရပါတယ်)
ဒါကြောင့်လဲ သူ့ ကောင်လေးနဲ့ စကားပြောနေချိန်မှာ ကောင်လေးကိုလဲ စကားပြန်ပြောရ နောက်ပြီး မလှမ်းမကမ်းကနေ ပါလာတဲ့ ဥစ္စာစောင့် ကောင်မလေးကိုလဲ ပြန်ပြီး ပြောနေရမို့ သူ့မှာ အာရုံ နှစ်ခု ဖြစ်နေပါတယ်၊ သူ့စကားအရ အဲဒီကောင်မလေးက ဘုရားပေါ် အထိ လိုက်လာပြီး နောက်ကနေ တကောက်ကောက် လိုက်စကားပြောနေပါ တယ် တဲ့။

ထားလိုက်ပါတော့ - ကျောင်းကို ပြန်ရောက်တာ နားလို့ မကြာသေးဘူး၊ နာရီဝက်လောက်ပဲ ရှိမယ် ထင်တယ်၊ ၀ိုင်းစုပြီး စကားထိုင်ပြောနေချိန် မောင်ခင်မောင်ထွန်းက စိတ်ကောက်ပါလေရော - ဘာဖြစ်လို့လဲ ဆိုတော့ မဝေက သူ့ကို အရေးတယူ စကားမပြောဘူး ဂရုမစိုက်တော့ဘူးပေါ့ ၊ ဒါကြောင့် သူက စိတ်ကောက်တယ် ဆိုပဲ၊ အဲဒီမှာ သူ့ကို တကယ် သံယောဇဉ် ရှိရှာတဲ့ မဝေ က ၀မ်းနည်းနေတယ်၊ အပေါ်ယံက စကားပြောနေပေမယ့် သူ့ စိတ်ထဲမှာတော့ ကြိတ်ပြီး ငိုနေမယ် ထင်တယ်၊
မှတ်ချက် ။ မဝေ ၀မ်းနည်းနေဆဲဖြစ်တဲ့အတွက် ၀င်ပူးလိုသူက စိတ်ရှည်ရှည် စောင့်ဆိုင်းနေပါတယ်။ အဲဒီအချိန်မှာပဲ မဝေက မျက်နှာသုတ်ပ၀ါ တောင်းပြန်တယ်၊

ဘာ ဖြစ်ပြန်ပြီလဲ မဝေ - -
တင်ပါ့ ဦးဇင်းတို့ ထဲက ဦးသောဘန ဆိုတဲ့ ဒီဦးဇင်းကို ကောင်မလေး တစ်ယောက်က စကားပြောချင်လို့ ပြောခွင့်ပြုဖို့ ခွင့်တောင်းနေတယ် - အဲဒါ ခွင့်ပြုမလား တဲ့၊
ဟဲ့ ကြံကြံ ဖန်ဖန် ဘယ်ကကောင်မလေးမှ တို့မှာ မရှိဘူး၊ မတွေ့ချင်ပါဘူး၊ အဲလိုပြောလိုက် -ဆိုတော့
ကျန်တဲ့ ဦးဇင်းလေး တပါးက စပ်စပ်စုစု ၀င်မေးတယ် -
ဘယ်က ကောင်မလေး တဲ့လဲ မဝေ -
သိုက်က ပါပဲ ဘုရား၊ သူက ကြေးသွန်းဘုရားကြီးမှာ နေနေတဲ့ ညီမ ငါးယောက် ထဲက အငယ် ဆုံးလေးပါ၊ သူက တပည့်တော်အပေါ် မှာကျေးဇူးရှိခဲ့ ဖူးတယ်ဘုရား ၊ ဒါကြောင့် တပည့်တော်ကလဲ သူ့ကို ကူညီပေးချင်လို့ပါ - -
ဟင် - - - -
ဆိုပြီး စာရေးသူ တို့ ပြိုင်တူ မျက်နှာချင်းဆိုင် ကြည့်မိလိုက်ကြတယ် -
ဒါနဲ့ နေစမ်းပါအုံး မဝေ - မေးပါရစေအုံး - သူတို့က မဝေ နဲ့ ဘ၀မှ မတူတာကြီးကို ဘယ်လို နားလည်သလဲ -

တင်ပါ - တပည့်တော်က သူတို့ကို မြင်ရတယ်ဘုရား၊ နောက်ပြီး သူတို့ ပြောနေတာကိုလဲ ကြားရတယ် သိနေတယ် အဲဒီလိုပဲ တပည့်တော်ပြောတာကို သူတို့လဲ နားလည်နိုင်တယ်ဘုရား၊
အခု သူက ဦးဇင်းတို့ ကျောင်းတိုက်မုဒ်ပေါက်ဝမှာ စောင့်နေတယ်၊ ဒါပေမယ့် ကျောင်းထဲကို ၀င်လို့ မရသေးဘူး၊ ဦးဇင်းတို့က ၀င်ခွင့်ပြုမှ ကျောင်းစောင့်နတ်ကလဲ ခွင့်ပေးပြီး ၀င်လာလို့ရမှာပါ၊ အန္တ၇ာယ်လဲ မပေးပါဘူး၊ သူ ပြောလိုတာ ပြောပြီးရင် ထွက်သွားမှာပါ တဲ့ ၊

ဆက်ပါအုံးမည် --
| |

Read more...

ဒို့အမျိုးဒို့ဘာသာမကွယ်ပျောက်စေဖို့


အောက်ဖော်ပြပါလင့်အားကလစ်ပေးပြီးဒေါင်းလုပ်ဆွဲနိုင်ပါသည်…

ဒီမှာကလစ်နှိပ်ရန်

မြန်မာအမျိုးသမီးများဟာ မြန်မာလူမျိုးများ မျိုးတုံးပျောက်ကွယ်မသွားအောင် တာဝန်

ယူထားရသော တိုင်းရင်းသူများဖြစ်ကြပါတယ် ။ မြန်မာလူမျိုးများ တည်တံ့ပြန့်ပွားဖို့အတွက်

မြန်မာမျိုးဆက်သစ်များကို မြန်မာတိုင်းရင်းသူများကသာ မွေးဖွားပေးနိုင်ပါတယ် ။ တစ်ခြား

လူမျိုးတိုင်းရင်းသူများက မွေးဖွားပေးလို့ မရပါဘူး ။

ဒါကြောင့်မို့ မြန်မာတိုင်းရင်းသူများဟာ မြန်မာလူထုတစ်ရပ်လုံးရဲ့ အသည်းနှလုံးများ ၊

အညွှန့်အဖူးများ ဖြစ်ကြပါတယ် ။ ဒီအညွှန့်အဖူးတွေကို အဖျက်ပိုးများ မထိုးမကိုက်ရလေ အောင်

ပန်းကလေးသဖွယ် ဂရုစိုက်ပြီး ၀ိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်သွားကြဖို့ လိုအပ်ပါ တယ် ။

ယခုအချိန်အခါမှာ မြန်မာလူမျိုးတွေရဲ့ အညွှန့်အဖူးဖြစ်တဲ့ တိုင်းရင်းသူတွေကို အဖျက်

ပိုးများက လက်ထပ်သိမ်းပိုက်ပြီး သွေးနှောမျိုးဖျက်ဖို့ ကြိုးစားနေကြပါတယ် ။ မြန်မာတိုင်းရင်း

သူများကို အဖျက်ပိုးများက သွေးနှောမျိုးဖျက်ခွင့်မရအောင် မြန်မာလူမျိုးတိုင်း တားဆီးကာ

ကွယ်သွားကြရပါမယ် ။ ဒီတာဝန်ဟာ မြန်မာလူမျိုးတိုင်း မဖြစ်မနေ ထမ်းဆောင်ရမယ့် ဧရာမ

တာဝန်ကြီးပဲဖြစ်ပါတယ် ။

ယခုအခါ မြန်မာ ၊ ရခိုင် ၊ မွန် ၊ ရှမ်း ၊ ကရင် စတဲ့ မြန်မာတိုင်းရင်းသူများကို

လူမျိုးခြားဘာသာခြားတွေက သွေးနှောပြီး မျိုးဖျက်ခံနေရတာဟာ မြန်မာနိုင်ငံတစ်ဝန်းလုံး

လက်ညှိုးထိုးမလွဲအောင် ရှိနေကြပါတယ် ။

လူမျိုးခြားဘာသာခြားတစ်ယောက်က မြန်မာတိုင်းရင်းသူတစ်ယောက်နှစ်ယောက်မှ

စပြီး လေးငါးခြောက်ယောက်အထိ ယူထားတာတွေလည်း များစွာရှိနေပါတယ် ။ ရခိုင်ပြည်

နယ်မှာဆိုရင် ဗုဒ္ဓဘာသာမြန်မာတိုင်းရင်းသူ (၂၄) ယောက်ကို လူမျိုးခြားဘာသာခြားတစ်

ယောက်တည်းက ယူထားတာတောင်ရှိပါတယ် ။

နယ်မြို့လေးတစ်မြို့မှာဆိုရင်လည်း ဗုဒ္ဓဘာသာမြန်မာညီအစ်မသုံးယောက်ကို လူမျိုး

ခြားဘာသာခြားယောက်ျားတစ်ယောက်တည်းက ယူထားတာလည်းရှိပါတယ် ။ နောက်ပြီး

ရန်ကုန်မြို့မှာလည်း စက်မှုလက်မှုလုပ်ငန်းရှင် လူမျိုးခြားဘာသာခြား ယောက်ျားတစ်ယောက် က

မြန်မာအမျိုးသမီးမြောက်မြားစွာကို လက်ထပ်သိမ်းပိုက်ပြီး သူ့ကိုယ်သူ ကာမဘုရင်တစ်ဆူ လို

မင်းမူပြီးနေပါတယ် ။

အဲဒီ မြန်မာမိန်းကလေးတွေအားလုံးဟာ သူထားရာနေ ၊ သူကျွေးတာစား ၊ သူဆင်တာ

ဝတ် ၊ သူပေးတာသုံးနေရရုံလေးနဲ့ လူမျိုးခြားဘာသာခြားယောက်ျားတစ်ယောက်ရဲ့ကာမကျေး

ကျွန်ဖြစ်မှန်းမသိ ဖြစ်နေကြပါတယ် ။ ဒီအတိုင်းသာ ရှေ့ဆက်သွားပါက အမျိုးဘာသာ သာသနာ

အတွက် ရတက်ပွေစရာ ဖြစ်ပါတယ် ။

မြန်မာမိန်းကလေးတစ်ယောက်ကို လူမျိုးခြားဘာသာခြားယောက်ျားတစ်ယောက်က

လက်ထပ်သိမ်းပိုက်သွားပြီဆိုရင် အဲဒီမိန်းကလေးမှ နောင်မွေးလာမယ့် ဗုဒ္ဓဘာသာမြန်မာမျိုး

ဆက်သစ်အားလုံးကို လူမျိုးခြားဘာသာခြားရဲ့ မွေးရာပါ ဓားနဲ့ထိုးခုတ်ပြီး မျိုးဖြုတ်သုတ်သင်

ယူသွားတာပဲ ဖြစ်ပါတယ် ။

အဲဒီထက်ဆိုးတာက အဲသည်မိန်းကလေးမှ နောင်မွေးလာတဲ့ ဆွေစဉ်မျိုးဆက်အား

လုံးဟာ မိမိတို့ရဲ့ လူမျိုးနဲ့ဘာသာကို ပြန်ပြီးဝါးမြိုမယ့် လူမျိုးခြားမြန်မာကပြားလေးတွေ ဖြစ်

လာပြန်ပါတယ် ။ ဒါဟာ မြန်မာလူမျိုးတွေအားလုံးအတွက် အထိနာကြီးနာလှပါတယ် ။

” အသားထဲကလောက်ထွက် “ ဆိုတာမျိုးကို ကိုယ့်အသားထဲက ထွက်တဲ့လောက်ဟာ ကိုယ့်ရဲ့

အသားကိုပြန်ပြီး အစားခံရသလိုမျိုးပါပဲ ။

ယခုအချိန်မှာ မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာနဲ့ကြည့်မယ်ဆိုရင် တစ်ရက်ကိုအနည်း ဆုံး

မြန်မာတိုင်းရင်းသူ အယောက် (၆၀)နှုန်းလောက် လူမျိုးခြားဘာသာခြားနောက် ပါနေကြ

တယ်လို့သိရပါတယ် ။ ဒီအတိုင်းသာ ရှေ့ဆက် ပါနေကြဦးမယ်ဆိုရင် အမျိုးဘာသာအရေးက တော့

တကယ့်မအေးစရာ ဖြစ်ပါတယ် ။

တစ်ချို့ဗုဒ္ဓဘာသာမြန်မာတိုင်းရင်းသူလေးများဟာ အမျိုးသားရေး ၊ ဘာသာရေး

အခြေခံစိတ် အလွန်ပဲနည်းပါးလှပါတယ် ။ အဲဒီလိုနည်းပါးကြလို့လည်း ဆန္ဒကိုရှေ့တန်းတင် ပြီး

လူမျိုးခြားဘာသာခြားနောက် ကောက်ကောက်ပါသွားကြတာတွေ ၊ တစ်ချို့မိန်းကလေး

တွေကျပြန်တော့လည်း အမျိုးဘာသာပျောက်မယ့်ကိစ္စကို ထည့်မစဉ်းစားပဲ ငွေနဲ့စီးပွားရေးကို

သာကြည့်ပြီး လူမျိုးခြားဘာသာခြားကို လင်လုပ်ကြတာတွေ ၊ နောက်ပြီး အမျိုးဘာသာကိုမခွဲ

ခြားပဲ ချစ်တာတစ်ခုတည်းကိုကြည့်ပြီး အချစ်ကိုရှေ့တန်းတင်ကြတဲ့ ခပ်မိုက်မိုက် ၊ ခေတ်ဆန် ဆန် ၊

အချစ်မျက်ကန်း မြန်မာမိန်းကလေးတွေလည်း များစွာရှိနေပါတယ် ။

ဒီအခြေအနေ အကြောင်းကြောင်းတွေကြောင့် အမျိုးဘာသာကိုချစ်မြတ်နိုးကြတဲ့

လူပညာရှိ ၊ ရဟန်းပညာရှိပုဂ္ဂိုလ်များနှင့် နိုင်ငံတာဝန်ကိုထမ်းဆောင်နေကြတဲ့ မျိုးချစ်နိုင်ငံ

ခေါင်းဆောင်များအနေဖြင့် အမျိုးဘာသာကိုကာကွယ်စောင့်ပေးနိုင်တဲ့ မျိုးစောင့်ဥပဒေတစ်ရပ်

နဲ့ထုတ်ပြန်တားဆီးသွားဖို့ လိုအပ်လျက်ရှိကြောင်း ညွှန်ပြပေးနေသလိုပါပဲ ။

အမျိုးကိုစောင့်ရှောက်ပေးတဲ့ မျိုးစောင့်ဥပဒေဆိုတာ မြန်မာနိုင်ငံအတွင်းမှာ ရှိကြတဲ့

အခြားဘာသာဝင်တွေရဲ့ လွတ်လပ်စွာကိုးကွယ်ခွင့်ကို ဘယ်လိုမှ မထိခိုက်စေပဲ အမျိုးဘာသာ

မကွယ်မပျောက်အောင် ကာကွယ်ရုံမျှ ဖြစ်ပါတယ် ။ ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေဟာ ကိုယ့်ထီး ၊

ကိုယ့်နန်း ၊ ကိုယ့်ကြငှာန်းနဲ့ ကိုယ့်ဘာသာ ၊ ကိုယ့်လူမျိုး ၊ ကိုယ့်နိုင်ငံဆိုပြီး ဟိုးရှေး

နှစ်ပေါင်းများစွာကတည်းက နေထိုင်လာခဲ့ပါတယ် ။

ယခုအခါ လူကလူကိုမြိုပြီး မြန်မာနိုင်ငံကို အပြီးအတိုင်ဖြိုလှဲဖို့ကြိုးစားနေကြတဲ့

လူ့စပါးကြီးတွေရဲ့ အန္တရာယ်ကိုကာကွယ်ဖို့ ၊ နောက်ပြီး ကိုယ့်ခြံကိုလုံခြုံအောင် ကာကွယ်နိုင်ဖို့

အတွက် ဤအမျိုးဘာသာကို စောင့်ရှောက်နိုင်မယ့် ဥပဒေဟာ မရှိမဖြစ်လိုအပ်လာပြီလို့ ထင်ပါ

တယ် ။

မြန်မာနိုင်ငံဟာ အခြားနိုင်ငံတွေထက်စာရင် ဘာသာရေးနဲ့ပတ်သက်ပြီး ကိုးကွယ်မှု

ဆိုင်ရာမှာ လွတ်လပ်မှုအရှိဆုံးနိုင်ငံပဲ ဖြစ်ပါတယ် ။ ဘယ်လူမျိုးတော့ ဘယ်ဘာသာကို

မကိုးကွယ်ရဘူးဆိုတာ မရှိပါဘူး ။ နိုင်ငံတော်အစိုးရအနေနဲ့ လူမျိုးနဲ့ဘာသာတွေကို မထိခိုက်

ဘူးဆိုရင် ကိုယ်ယုံကြည်ရာ ကိုယ်ကြိုက်နှစ်သက်ရာတွေကို လွတ်လပ်စွာ ကိုးကွယ်ခွင့်

ပြုထားပါတယ် ။

အချို့နိုင်ငံတွေမှာဆိုရင် သူတို့ရဲကအမျိုးဘာသာ သာသနာ တည်တံ့ပြန့်ပွားဖို့အတွက်

အမျိုးစောင့်ဥပဒေဆိုပြီး ထုတ်ပြန်ထားတာ တွေ့ရှိရပါတယ် ။ ဥပမာတစ်ခုကိုပြရမယ်ဆိုရင်

၁၃၆၀ပြည့် ၊သီတင်းကျွတ်လဆုတ်၅ရက်နေ့ နိုင်ငံခြားအသံလွှင့်ဌာနကလွှင့်ထုတ်တဲ့သတင်း

တစ်ပုဒ်နားထောင်လိုက်ရပါတယ် ။

အဲဒီသတင်းကတော့ “ အီရန်နိုင်ငံမှာ ခရစ်ယာန်ဘာသာဝင် ဂျာမနီလူမျိုး အမျိုးသား

တစ်ဦးနှင့် အီရန်နိုင်ငံသူ အမျိုးသမီးတစ်ဦးတို့ ချစ်ကြိုက်ပြီး အချစ်နယ်ကမန်ခဲ့ကြတဲ့အတွက်

အီရန်တရားရုံးက ဂျာမန်အမျိုးသားကို သေဒဏ်ပေးလိုက်ပြီး အီရန်အမျိုးသမီးကိုတော့ ကြိမ်

ဒဏ်အချက်တစ်ရာ ပေးလိုက်တယ် “ ဆိုတဲ့သတင်းပါပဲ ။ အခြားနိုင်ငံတွေမှာလည်း ဒီလို တင်း

ကျပ်တဲ့ အမျိုးစောင့်ဥပဒေတွေနဲ့ အကာအကွယ်ပေးထားတာမျိုးတွေ ရှိကြပါတယ် ။

မြန်မာနိုင်ငံမှာတော့ ဘာသာရေးဘက်ကပဲကြည့်ကြည့် ၊ ဥပဒေဘက်ကပဲကြည့်ကြည့်

တင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေ ၊ ဥပဒေဆိုတာ မရှိသေးပါဘူး ။ အဲဒီလို မရှိသေးလို့ လည်း

အချို့မြန်မာအမျိုးသမီးစစ်စစ်တွေဟာ လူမျိုးခြားဘာသာခြားတွေရဲ့မယားဘ၀ရောက် ချင်းမလှ

ရောက်သွားကြတာ ဖြစ်ပါတယ် ။

ဒီအကြောင်းတွေကြောင့် မြန်မာနိုင်ငံမှာလည်း အမျိုးဘာသာ သာသနာရေရှည်

တည်တံ့နိုင်ဖို့အတွက် အမျိုးဘာသာကို စောင့်ရှောက်တဲ့ စည်းမျဉ်းစည်းကမ်းတွေ မရှိမဖြစ်လို

အပ်နေပြီလို့ ထင်ပါတယ် ။ ဘာလို့ လိုအပ်နေပြီလည်းဆိုရင် မြန်မာမိန်းကလေးတွေဟာ များ

သောအားဖြင့် အမျိုးသားရေးစိတ်ဓာတ် ၊ ဘာသာရေးစိတ်နဲ့ပတ်သက်လာရင် သေသေချာချာ

ဂဃနဏ မသိကြလို့ပဲ ဖြစ်ပါတယ် ။

မြန်မာအမျိုးသမီးတိုင်းဟာ အမျိုးသားရေးစိတ်ဓာတ် ၊ ဘာသာရေးစိတ်ဓာတ်တွေ

ပြည့်ပြည့်၀၀ ထက်ထက်သန်သန် ရှိနေကြမယ်ဆိုရင် အလုပ်ရှုပ်ခံပြီး ဘာစည်းမျဉ်းစည်းကမ်း တွေမှ

ထုတ်စရာမလိုပါဘူး ။ နောက်ပြီး စာရေးသူကိုယ်တိုင်လည်း အချိန်ကုန်ခံပြီး ဒီအ ကြောင်းကို

ရေးစရာအကြောင်း မရှိပါဘူး ။

ဘယ်နိုင်ငံ ၊ ဘယ်အဖွဲ့အစည်း ၊ ဘယ်ဘာသာပဲဖြစ်ဖြစ် လိုအပ်ရင် လိုအပ်သလို

စည်းမျဉ်းစည်းကမ်းဆိုတာ ရှိထားဖို့လိုပါတယ် ။ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းကိုလည်း

လေးစားလိုက်နာဖို့ လိုအပ်ပြန်ပါတယ် ။ စည်းမျဉ်းစည်းကမ်းလည်းမရှိ ၊ ချမှတ်ထားတဲ့ စည်း

မျဉ်းစည်းကမ်းကိုလည်း လေးစားလိုက်နာမှု မရှိဘူးဆိုရင် ၀ါးများအစည်းပြေသလို လိုရာ မရောက်

ခရီးမပေါက်ဘဲ ပရမ်းပတာ ဖြစ်သွားတတ်ပါတယ် ။

ပုထုဇဉ်တိုင်းဟာ အမှားကင်းတယ်ဆိုတာ မရှိပါဘူး ။ အဲဒီအမှာတွေထဲမှာ ပြုပြင်

လို့ရတဲ့ အမှားတွေရှိသလို ၊ ပြုပြင်လို့မရတဲ့ အမှားတွေလည်းရှိပါတယ် ။ တချို့က ပြုပြင်လို့ရ

တဲ့အမှားတွေကို မှားကြပေမယ့် တစ်ချို့ကျပြန်တော့လည်း တစ်သက်လုံး ဘယ်လိုမှ

ပြုပြင်လို့မရနိုင်လောက်တဲ့ အမှားတွေကို မှားကြပါတယ် ။ လူပညာရှိ ၊ ရဟန်းပညာရှိပုဂ္ဂိုလ်

များအနေဖြင့် အမျိုး ၊ ဘာသာ ၊ သာသနာအတွက် ဘယ်တော့မှ အမှားနောင်တမရကြလေ အောင်

စည်းကမ်းတွေနဲ့ သတ်မှတ်ပြီး ကြပ်မတ်ပေးစေချင်ပါတယ် ။

ရှင်ပညောဘာသ( ဖိုးပညော – သပိတ်ကျင်း )
ဒို့အမျိုးဒို့ဘာသာမကွယ်ပျောက်စေဖို့

http://kooo002.multiply.com/ မှ ကူးယူ ဖော်ပြပါသည်။



Read more...

စိတ်ကူးနဲ့ဘဝ

လူ၏အဖြစ်ကို ရခဲ၏၊ သတ္တ၀ါတို့၏ အသက်ရှည်ရခြင်းသည် ခဲယဉ်း၏၊ သူတော်ကောင်းတရားကို ကြားနာရခဲ၏၊။ ဘုရားအဖြစ်ကို (ဘုရားဖြစ်ရာကာလကို) ရခဲ၏။

Hard is it to be born a man; hard is the life of mortals. Hard is it to gain the opportunity of hearing the Sublime Truth, and hard to encounter is the arising of the Buddhas. (ဓမ္မပဒ)

မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး ဟောကြားတော်မူခဲ့တဲ့ တရား၊ ဓမ္မစကားပါ။ လူ့ဘ၀ရဲ့ အနှစ်သာရကိုသိအောင်၊ မိမိမှာအသိညဏ်တွေတိုးလာဖို့ အထောက်အပံ့ ကောင်းတွေဖြစ်အောင် မိန့်ကြားထားတော်မူခဲ့တဲ့ ဓမ္မစကားလေးပါ။ “လူ၏အဖြစ်ကို ရခဲ၏၊” ဒါလေးကိုဖတ်ပြီးတော့ ရခဲတဲ့လူအဖြစ်မှာ လုပ်နိုင်ခဲမယ့်အလုပ်တွေ ရှိနေမယ်ဆိုတာ မဆိုင်းမတွပဲ နားလည်လိုက်ရပါတယ်။ လူအဖြစ်ကို ရတာချင်းတူကြပါတယ်။ ဒါပေမယ့် လုပ်ပေးစွမ်းနိုင်တာချင်းမတူကြပါဘူး။ တစ်ချို့က ခဲယဉ်းစွာရလာတဲ့ လူ့ဘ၀ကို ကောင်းစွာ နားလည်သဘောပေါက်ပြီး သူ့ရဲ့ နေစဉ်ဘ၀တစ်လျှောက်လုံးမှာ ကောင်းမှုကုသိုလ်တွေ လွှမ်းခြုံပြီး နေသွားကြပါတယ်။

ကောင်းမှုတွေ လွှမ်းခြုံထားမှတော့ မကောင်းမှုအကုသိုလ်တရားတွေ မ၀င်လာနိုင်တော့ဘူးပေါ့။ တစ်ချို့ကျပြန်တော့ မကောင်းမှုအကုသိုလ်တရားတွေကို ဘ၀မှာ အများဆုံးထုံးမွှမ်းပြီး နေသွားကြတဲ့သူတွေလဲ ရှိပြန်ပါတယ်။ မြန်မာ စကားလုံး တစ်ခုရှိပါတယ်။ “ကြုံကိုက်တယ်” ဆိုတဲ့စကားလေးပါ။ အခုဆိုရင်ကျွန်တော်တို့ ထေရ၀ါဒဗုဒ္ဓဘာသာဝင် ညီအစ်အကို မောင်နှမ အားလုံးဟာ သာသာနာနဲ့လဲ ကြုံနေပြီ၊ ဒါပေမယ့် ကြုံနေတဲ့ ဘာသာတရား၊ သာသနာတရားတွေပေါ်မှာ မကြိုက်ဘူးဆိုရင်တော့ ကြုံနေတာ အလကားကြီးဖြစ်နေမှာပေါ့။ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးက ကြုံတွေ့နေတဲ့ သာသနာကို ကြိုက်တတ်ချင်တယ် ဆိုရင်တော့ ဒီလို အလုပ်တွေ လုပ်ရမယ်လို့ ညွှန်ပြထားတော်မူပါတယ်။ ဒါက ဘာလဲဆိုတော့ ကုသိုလ်ကောင်းမှုအလုပ်(၁၀) ပါးလို့ ခေါ်တဲ့ ပုညကြိယာဝတ္တု (၁၀) ကို မိန့်ကြားထားတော်မူပါတယ်။ ပုညကြိယာဝတ္တု (၁၀) ပါးဆိုတာ-

ကောင်းမှု--->ကုသိုလ်--->ပုည--->ပုန်း--->ဘုန်း သို့အဆင့်ဆင့်ကူးပြောင်းခေါ်ဝေါ်လာကြရာ ယခုအခါ ဘုန်းကံကြီးသည်ဆိုလျှင် လူတိုင်းနှစ်သက်ကြပေရာ ကောင်းမှုများခြင်းသည်သာ ဘုန်းကြီးကြကြောင်းသိအပ်ပေသည်။

(က)ဒါန
(၁)ရိုးရိုးဒါန(လှူဒါန်းခြင်း)
(၂)ပတ္တိဒါန(အမျှပေးခြင်း)
(၃)ပတ္တာနုမောဒန(သာဓုခေါ်ခြင်း)
(ခ)သီလ
(၁)ရိုးရိုးသီလ(ကာယနှင့်ဝစီစောင့်ထိန်းခြင်း)
(၂)အပစာယန(ရိုသေခြင်း)
(၃)ဝေယျာဝစ္စ(လုပ်အားပေးခြင်း)
(ဂ)ဘာဝနာ
(၁)ရိုးရိုးဘာဝနာ(မေတ္တာဘာဝနာပွားခြင်းဘုရားဂုဏ်တော်စသည်အာရုံပွားနေခြင်း)
(၂)ဓမ္မဿဝန(တရားနာယူခြင်း)
(၃)ဓမ္မဒေသနာ(တရားဟောပြောပြနေခြင်း)
(၄)ဒိဋ္ဌိဇုကမ္မ(အယူမှန်ခြင်း) တို့ဖြစ်ပါတယ်။ ဒီအလုပ်တွေကို ထည်ထည်ဝင်ဝင် နစ်နစ်ကာကာ လေးလေးနက်နက် လုပ်နေပြီးဆိုတော့ ဒီပုဂ္ဂိုလ်ဟာ သာသနာနဲ့လည်း ကြုံတယ်။ သာသနာကိုလဲ ကြိုက်တဲ့ ပုဂ္ဂိုလ်လို့ သတ်မှတ်နိုင်ပါတယ်။ ပုညကြိယာဝတ္တု(၁၀)ပါးမှာ အစ နံပါတ်(၁)မှာ ဒါနဆိုတာလေးကို အရင်ဆုံးဟောကြားတော်မူထားပါတယ်။ ဘာကြောင့် များ ဒါနကို နံပါတ်(၁)နေရာက တင်ထားရသလဲ ဆိုရင်တော့ တစ်လောကလုံး မြင်နေတဲ့ လောဘ အထင်လုံးကြီး လျော့ချဖို့။ နောက်တစ်နည်း လျော့ပါးသွားအောင်လုပ်ဖို့ အတွက်ပဲ ဖြစ်ပါတယ်။ စစ်မှန် ငြိမ်းအေးတဲ့ ချမ်းသာအစစ်က လိုချင်မှု၊ ငါပိုင်ဆိုင်မူ၊ အတင်းအကြပ် စွဲလမ်းစိတ်နဲ့ သိမ်းပိုက်ထားမှုတွေ ပိုင်ဆိုင်တဲ့ ပုဂ္ဂိုလ်တွေအတွက် နေရာမပေးပါဘူး။ အဲဒီအတွက် ကျွန်တော်တို့တွေ လောဘအထင်ကို ပစ်ဖို့အတွက် ငါ့အတွက်ကနေ စွန့်မယ်ဆိုတဲ့ အကျင့်ကို ကျင့်ဖို့ လိုအပ်ပါတယ်။ မိမိမှာရှိတဲ့ ကိုယ့်စွန့်နိုင်တဲ့အရာက စပြီး စွန့်နိုင်ပါတယ်။ တစတစ စွန့်ရဲမှသာ ဘ၀နောက်နောင် ဆက်တိုင်းကောင်း၏ ဆိုတဲ့အတိုင်း စွန့်တတ်ဖို့အတွက် ဒါနကို စတင်ဟောကြားတော်မူခဲ့ခြင်း ဖြစ်ပါတယ်။

ဒါနမှစပြီး ကုသိုလ်ကောင်းမူပြုသူတိုင်း အတွေးသုံးမျိုးကို ပိုင်ဆိုင်ပါတယ်။ အတွေးသုံးမျိုးရှိသူတိုင်းလည်း ဒါနက စလို့ ကောင်းမှုတွေတိုးပွားပြီး လုပ်ဆောင်ဖြစ်နိုင်ပါတယ်။ ပါဠိလိုကတော့ သမ္မာသင်္ကပ္ပ - မှန်ကန်တဲ့အတွေး လို့ခေါ်ပါတယ်။

(၁) နေက္ခမ သင်္ကပ္ပ - စွန့်လွှတ်အနစ်နာခံတတ်တဲ့စိတ်၊

(၂) အဗျာပါဒ သင်္ကပ္ပ - ခွင့်လွတ်သည်းခံတတ်တဲ့စိတ်၊

(၃) အ၀ိဟိံသ သင်္ကပ္ပ - သတ္တ၀ါတွေအပေါ်ကိုယ်ချင်းစာစိတ်၊ စာနာစိတ်၊

အဲဒီလိုစိတ်ကလေးတွေ တွေးပြီး နှလုံးသားထဲမှာမွေးကြည့်မယ်ဆိုရင် ဒါဟာ ကောင်းတဲ့ စိတ်ကိုမွေးတာပါ။ ကောင်းတဲ့ စိတ်ကိုမွေးရင် စိတ်ကောင်းလေးတွေ ပေါက်ဖွားလာမှာ သေချာပါတယ်။ စိတ်ကောင်းလေးတွေ အရင်းတည် ပေါက်ဖွားလာမှတော့ သူနဲ့ဆက်စပ်တဲ့ ကာယအလုပ်၊ ၀စီအလုပ်တွေလည်း ကောင်းလာမှာဖြစ်ပါတယ်။

စွန့်လွှတ်အနစ်နာခံတတ်တဲ့စိတ် ဆိုတာ ရယူပိုင်ဆိုင်လိုစိတ်အကို စွန့်ပစ်လိုက်တာပါ။ တနည်းပြောရင် မိမိမှာရှိတဲ့ လောဘကို စွန့်တာပါ။ အဲဒီလိုလောဘကိုစွန့်ဖို့ သင်္ကတတစ်ခုအနေနဲ့ ဒါနဆိုတဲ့ ကောင်းမှုတရားကို စတင်ပြုကြပါတယ်။ ကိုယ်နိုင်သလောက် တစ်ဆင့်ပြီးတစ်ဆင့် စွန့်သွားရင် မိမိမှာရှိတဲ့ ငါပိုင်ဆိုင်တဲ့အထင်လုံးရယ်၊ ငါ ဆိုတဲ့ အထင်လုံးရယ် လျော့နည်းကျဆင်းသွားနိုင်ပါတယ်။ ခွင့်လွတ်သည်းခံတတ်တဲ့စိတ်ဆိုတာ လောကဓံတရားရဲ့ တစ်စုံတစ်ခုအပေါ်မှာ မိမိကနေ ခွင့်လွတ်ခြင်းမရှိ၊ သည်းမခံနိုင် တဲ့အတွက် ဒေါသအနေနဲ့ တုံ့ပြန်ခြင်း ကင်းမဲ့စွာ သတိပညာနဲ့ နေနိုင်၊ တွေးကြံပြီး စိတ်ထားနိုင်တာကို ခေါ်ပါတယ်။ သတ္တ၀ါတွေအပေါ် ကိုယ့်ချင်းစားစိတ်ဆိုတာကတော့ အော် ငါလဲ သူလိုပဲ သွေးနဲ့ကိုယ် သားနဲ့ကိုယ်ပဲ၊ သူ့ခမျာ ခံစားတတ်တဲ့ ဝေဒနာရှိသလို ငါမှာလဲ ခံစားတတ်တဲ့ ဝေဒနာရှိတယ်ဆိုတာ စာနာထောက်ထားပြီး သူတို့အပေါ် မေတ္တာစိတ်မွေးတာကို ဆိုလိုပါတယ်။

တစ်လောကလုံးက လူတွေက ကိုယ်စိတ်ကူးနဲ့ ကိုယ်သိနေတာလို့ ဓမ္မဘေရီဆရာတော်ဘုရားကြီး ဟောကြားတော်မူထားပါတယ်။ ကိုယ်မှာရှိတဲ့ အသိတွေကို စိတ်ကူးက ကူညီနေတတ်ပါတယ်။ အပေါ်မှ ရေးသားခဲ့တဲ့ မှန်ကန်တဲ့ စိတ်ကူးလို့ ခေါ်တဲ့ သမ္မာသင်္ကပ္ပသာရှိမယ်ဆိုရင် စိတ်ထားတွေ မှန်သွားပါပြီ။ စိတ်ထားတွေ မှန်သွားတော့ အသိတွေလဲ မှန်သွားပါပြီး။ အသိမှန်၊ စိတ်ထားမှန်ရင် ကံအနေနဲ့ မနောကံ ကောင်းသွားပြီးလို့ ပြောလို့ရပါတယ်။ လောကကြီး တစ်ခုလုံးကို စိတ်က ဦးဆောင်တယ်ဆိုတဲ့အတွက်ကြောင့် စိတ်ကြောင့် ဖြစ်ပေါ်လာမယ် ကာယကံနှင့် ၀စီကံလဲ ကောင်းသွားပါတယ်။ ဘုရားရှင်ကိုယ်တော်မြတ်ကြီး က စိတ္တံ ဒန္တံ သုခါ ၀ဟံ = စိတ်ကိုကောင်းကောင်း ထိန်းသိမ်း၍ (ဆုံးမ၍) အသုံးချသွားနိုင်လျှင် ချမ်းသာမှာ မလွဲဧကန် ဖြစ်ပါ၏ ဟု ဟောကြားတော်မူခဲ့သည်။ ဒါကြောင့် ကျွန်တော်တို့တွေ အလွန်အင်မတန်နူးညံ့တဲ့ စိတ်ကို သတိတရားထား၊ မှန်ကန်တဲ့ တွေးကြံမှုတွေနဲ့ ထိန်းသိမ်းစောင့်သွားမယ်ဆိုရင် မိမိရင်ထဲမှာ မကောင်းတဲ့ စိတ်ညစ်တွေကင်းလို့ အတော်လေးအေးချမ်းသွားမယ်လို့ ယုံကြပါတယ်။ မနောစိတ်ဆိုတာ မိမိဘ၀ရဲ့ ဒါရိုက်တာပါ။ ဒါရိုက်တာရဲ့ စေခိုင်းချက်အရ ကာယကံနဲ့၀၀ီကံ လို့ခေါ်တဲ့ မင်းသားနဲ့ မင်းသမီးက နှစ်ဦးနှစ်ဖက်ကပြသရုပ်ဆောင်နေတာပါ။ ဒါရိုက်တာဆိုတဲ့ စိတ်ကလဲ သူစေခိုင်းခြင်းတိုင်း ခိုင်းတာမဟုတ်ပါဘူးတဲ့။ ဇတ်ညွှန်းရေး ဆရာရဲ့ အတိုင်းပါတဲ့။ ဇာတ်ညွှန်းအတိုင်း စိတ် ဒါရိုက်တာကလဲ စေစားတာပါ။ ဒီလိုဆိုရင် ကျွန်တော်တို့ ထေရ၀ါဒ ဗုဒ္ဓဘာသာလူငယ်တွေ၊ ညီအစ်ကို မောင်နှမတွေမှာ မြတ်ဗုဒ္ဓ ရေးသားပေးခဲ့တဲ၊ ဇာတ်ညွှန်းကောင်းကြီးက ကျွန်တော်တို့ မျက်စိရှေ့မှာ ရှိပါတယ်။ ဒီဇာတ်ညွှန်းကောင်းကြီးသာ သေချာ စနစ်တကျ၊ နည်းနာပြသပေးမယ် ဆရာသမားတွေနဲ့ မိမိစိတ် ဒါရိုက်တာ ယူရိုက်လိုက်မယ်ဆိုရင် မိမိဘ၀ ဇာတ်လမ်းက ဧကန်မုချ မလွဲမသွေ အော်စကာ ဆုရမှာဖြစ်ပါတယ်။ ဇာတ်ညွှန်းကလဲမကောင်း၊ ဒါရိုက်တာကလည်း သူဖြစ်ချင်တဲ့အတိုင်း စေစား၊ စေခိုင်း နေမယ်ဆိုရင် အော်စကာ ဆုမရပဲ အော့နှလုံး နာစရာ ကောင်းတဲ့ အော်စရာ ဆု ရမှာတော့ သေချာပါတယ်။

ဘ၀ဇာတ်လမ်းလှဖို့ အတွက် မြတ်ဗုဒ္ဓရဲ့ တ၇ားတော်တွေကို ဖတ်မှတ်၊ သင်ယူ၊ ကျင့်သုံး၊ နှလုံးသွင်းဖို့ အထူးအရေး ကြီးပါတယ်။ မှန်ကန်တဲ့ စိတ်ထားတွေ အခြေခံပြီး မှန်ကန်တဲ့ စိတ်ကူးတွေနဲ့သာ နေ့စဉ်မှ နေစဉ်အထိ တွေးကြံ၊ ပြောဆို၊ လုပ်ကိုင်သွားမယ်ဆိုရင်၊ လူဘ၀မှာ ဇာတ်လမ်းကောင်းနဲ့လူဖြစ်ရကျိုးနပ်ြ့ပီးပေါ့။ သာသနာနဲ့လဲ ကြုံရကျိုးနပ်ပါပြီ၊ သာသနာကို ကြိုက်တဲ့အတွက်ကြောင့်လဲ သာသာနာကို ကြိုက်ရကျိုး နပ်ပါပြီး။ “မနုဿ ဘာဝေါ ဒုလ္လဘော” ၊ ရခဲလှတဲ့ လူဘ၀မှာ စွန့်လွှတ်စိတ်၊ ခွင့်လွတ်သည်းခဲစိတ်၊ ကိုယ်ချင်းစာစိတ်တွေ မွေးပြီး မိမိဘ၀ကို အကောင်းဆုံးသရုပ်ဖော်သွားဖို့ အထူးလိုအပ်ပါတယ်။ အဲဒီလို မိမိမှာ ရှိတဲ့ ဒီလိုစိတ်ကူးကောင်းလေးတွကို ကျွန်တော်တို့တွေ သက်သေပြဖို့ လိုအပ်ပါ တယ်။ ဘာတွေနဲ့သက်သေပြမလဲဆိုရင် ဒါန စပြီး သက်သေပြနိုင်ပါတယ်။ ပေးကမ်းစွန့်ကြဲမှု ဒါန နဲ့စပြီး စွန့်လွှတ်အနစ်နာခံလိုစိတ်၊ ခွင့်လွှတ်သည်းခံတတ်တဲ့စိတ်၊ ကိုယ်ချင်းစာစိတ်တွေ ဖြေးဖြေးချင်းမွေးယူ နိုင်မယ်ဆိုရင် စိတ်ထားတွေ ကောင်းလို့ မိမိတို့ရဲ့ ပန်းတိုင်မလွဲမသွေ ရောက်ရှိမှာဖြစ်ပါတယ်။

မိမိရဲ့ စိတ်ကောင်းကလေးတွေကို လက်တွေ့ သရုပ်ဖို့အတွက် ပါရမီမြောက်တဲ့ဒါနကစလို့ ကုသိုလ်ကောင်းမှုအလုပ်(၁၀)မျိုးလုံးကို ကိုယ်စွမ်းနိုင်တာက စဖို၊့ ဒီနေ့ဒီအချိန်ကစပြီး ပြုကြဖို့ အထူးတိုက်တွန်းလိုပါတယ်။ ရခဲလှတဲ့ လူဘ၀မှာ သာသနာကိုကြိုက်တဲ့ သူတော်ကောင်းတွေဖြစ်လို့ စိတ်ကူးကောင်းတဲ့ ဘ၀ ဖြစ်ပါစေလို့ ဆုမွန် တောင်းလျက်။

စိုးစံမောင်



Read more...

အမျိုးသမီးစွမ်းဆောင်ရှင် (အပိုင်း-၂)



အမျိုးသမီးစွမ်းဆောင်ရှင် ခုဇ္ဇုတ္တရာ

ဇေတဝန်ကျောင်းတော်မှာ ကျင်းပတဲ့ ဘွဲ့နှင်းသဘင်
ဒီဘွဲနှင်းသဘင်ကို မြတ်စွာဘုရားက သာဝတ္ထိပြည် ဇေတဝန်ကျောင်းတိုက်မှာ ကျင်းပတယ်၊ ဗဟုသုတဓမ္မကထိကဧတဒဂ်တဲ့၊ ပရိသတ်ကြီး ပြောလိုက်အုံး။
ဗဟုသုတဓမ္မကထိကဧတဒဂ်ပါဘုရား။
သာဝတ္ထိပြည် ဇေတဝန်ကျောင်းတိုက်မှာ ဘွဲ့နှင်းသဘင်ကျင်းပတော့ တန်းစီပြီးတော့ တစ်ယောက်ပြီးတစ်ယောက်ဘွဲ့တွေပေးတာ၊ ဘုရားကိုယ်တော်တိုင်ပေးတာ၊ ဘုန်းကြီးထင်တယ်ပေါ့လေ ဒီကနေ့ခေတ်လိုရွှေ စလွယ်ကြီးတွေ ဘာတွေတော့ပါမယ်တော့ မဟုတ်ဘူး၊ ဘုရားကြေငြာရုံလေး ကြေငြာတာပဲ၊ ဒီဘွဲ့ရကြတယ်။
အခု ဘွဲ့ခံတဲ့အမျိုးသမီးက ဘယ်အရပ်သူလဲလို့ ဆိုလို့ရှိရင် ပရိသတ်ရေ ကောသမ္ဗီမြို့သူ၊ ဘာမြို့လဲ။
ကောသမ္ဗီမြို့ပါဘုရား။
ကောသမ္ဗီမြို့ဆိုတာ ဒီကနေ့အိန္ဒိယပြည်ကြီးမှာ ဗာရာဏသီကနေ အနောက်ဘက်ထဲကို သွားလိုက်ရင် မိုင်နှစ်ရာကျော်ကျော်လေးသွားရတယ်။ ယမုံနာမြစ်ကမ်းမှာ ကောသမ္ဗီမြို့ဟောင်းဆိုတာ အသောကမင်းကြီးစိုက်ခဲ့တဲ့ ကျောက်တိုင်ကြီးနဲ့ မှတ်မှတ်သားသား၊ အဲဒီနေရာဟောင်းမှာ ယခုထိ ရှိတယ်၊ ယမုံနာမြစ်ကမ်းပေါ့၊ အဲဒီ နန်းစိုက်တဲ့ရှင်ဘုရင်က ဥတေနမင်း၊ ပြောဘယ်သူလဲ။
ဥတေနမင်းပါဘုရား။
အေး ကန္တိတိုင်းထဲမှာ ပါဝင်ပြီးတော့ ဥတေနရှင်ဘုရင်အဲဒီမှာ နန်းစိုက်တယ်၊ ဥတေန တဝင်းပူနဲ့ဖတ်ရင် တစ်ခါတစ်ခါကျတော့ ဒဒွေးနဲ့ ရေးပြီးတော့ ဥဒေနလို့ ဒီလိုလဲရှိတယ်၊ နှစ်ခုစလုံးဖတ်လို့ရတယ်၊ ဒီစာလုံးဟာ တဝမ်းပူရော ဒဒွေးရော အားလုံးပဲ ဟုတ်လား၊ ပညာရှင်တွေလက်ခံ ကြတယ်။ ဥတေနနန်းစိုက်တဲ့ကောသမ္ဗီမှာ ယမုံနာမြစ်ကမ်းက ကောသမ္ဗီမြို့၊ အဲဒီမှာ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ဝါတော်ကိုးဝါအရတုန်းက ဝါဆိုသွားတယ်။
မြတ်စွာဘုရား ကိုးဝါအရ တစ်ဝါဆိုတုန်းက မြတ်စွာဘုရားထံမှာ တရားတွေနာပြီးတော့ သောတာပန်တည်လိုက်တာ ဒီမိန်းကလေးဟာ နောင်သောအခါ မြတ်စွာဘုရားက ဗဟုသုတဓမ္မကထိက ဧတဒဂ်ဆိုတဲ့ဘွဲ့ပေးတော့ သာဝတ္ထိပြည်မှာ အခမ်းအနားကြီးကျင်းပလို့အကုန်လုံးတန်းစီပြီးတော့ ဒကာမတွေ ဘွဲ့ရကြတော့ သူ့ဘွဲ့နဲ့သူ တစ်ဆယ့်သုံးယောက်ရကြတယ်၊ ဘိက္ခုနီတွေ ရကြတယ်၊ ဥပါသကာ ဒကာယောက်ျားတွေ ရကြတယ်။ ရဟန်းတော်တွေရ၊ ဧတဒဂ်ဘွဲ့ရကြတယ်။

ကောသမ္ဗီမြို့သူ မြို့သားတို့၏ဂုဏ်ရည်
အဲဒီတော့ ကောသမ္ဗီပြည်ဆိုတာက ပရိသတ်ရေ သာသနာတော် ရဲ့သမိုင်းမှာတော်တော်မှတ်သားစရာကောင်းတဲ့မြို့တစ်မြို့။ ဘာလို့လဲဆို တော့ သက်တော်တစ်ရာ့ခြောက်ဆယ် အသက်ရှည်ပြီးတော့ အနာကင်း၊ ကျန်းမာခြင်းနှင့်ပြည့်စုံတဲ့နေရာမှာ ဧတဒဂ်ရရှိတော်မူသော အရှင်ဗာကုလ အဲဒီကောသမ္ဗီမြို့မှာဖွား၊ ဗာကုလထေရ်ကြီး ဘယ်မြို့သားလဲ။
ကောသမ္ဗီမြို့သားပါဘုရား။
ထူးတယ်၊ နောက် ကောသမ္ဗီမြို့က ဘာထူးသေးလဲဆိုတော့ မေတ္တာ ဧတဒဂ်ဘွဲ့ရတဲ့သာမာဝတီဆိုတာလည်း ကောသမ္ဗီကပဲ၊ အခု ဗဟုသုတ ဓမ္မကထိကဧတဒဂ်ရတဲ့ ခုဇ္ဇုတ္တရာလည်းပဲ ကောသမ္ဗီကပဲဆိုတော့ ကောသမ္ဗီ တစ်မြို့တည်းက ထူးချွန်တဲ့ပုဂ္ဂိုလ်ကို ပရိသတ်ရေ ပေါ်ပေါက်တာ ယခုပြောတာ ဘယ်နှစ်ယောက်လဲ။
သုံးယောက်ပါဘုရား။
သုံးယောက်ထဲမှာ နှစ်ယောက်က အမျိုးသမီးဖြစ်တယ်၊ သာမာဝတီ ခုဇ္ဇုတ္တရာ၊ သာမာဝတီက မေတ္တာဝိဟာရီဧတဒဂ်၊ ဘာပါလဲ။
မေတ္တာဝိဟာရီဧတဒဂ်ပါဘုရား။
မေတ္တာနဲ့နေတယ်၊ အမြဲတန်းမေတ္တာနဲ့နေတယ်၊ အဲဒီ သာမာဝတီနဲ့ ခုဇ္ဇုတ္တရာတို့ကတွဲဖက်အလွန်ညီတဲ့ မိန်းမနှစ်ယောက်၊ တွဲဖက်သိပ်ညီတယ်၊ နှစ်ယောက်စလုံးဘွဲ့တံဆိပ်ရ။
''ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝိကာနံ မေတ္တာဝိဟာရီနံ ဥပါသိကာနံ ယဒိဒံ သာမာဝတီ''
ဘိက္ခဝေ - ရဟန်းတော်များ အိုချစ်သားတို့။ မမ သာသနေ - ငါ ဘုရားရှင်ရဲ့သာသနာတော်မှာ။ ယဒိဒံ ယာ ဧသာ သာမာဝတီ - အကြင် သာမာဝတီဆိုတဲ့ အမျိုးသမီးသည်။ အတ္ထိ - ရှိပါပေ၏။ ဧတံ ဧသာ သာမာ ဝတီ - ထိုသာမာဝတီဆိုတဲ့ အမျိုးသမီးငယ်သည်။ မမသာသနေ - ငါဘုရား ရှင်ရဲ့သာသနာတော်မှာ။ မမ သာဝိကာနံ - ငါဘုရားရှင်ရဲ့အဆုံးအမစ ကားကိုလိုက်နာကြကုန်သော။ မေတ္တာဝိဟာရီနံ - မေတ္တာဖြင့်နေလေ့ရှိကြကုန်သော။ ပရိသတ်ရေ ဘာနဲ့နေလဲ။
မေတ္တာနဲ့နေပါတယ်ဘုရား။
ရပ်တော့လည်း မေတ္တာနဲ့ရပ်နော၊ သွားတော့လည်း မေတ္တာပွားပြီးတော့ သွားတယ်တဲ့၊ ထိုင်တော့လည်း မေတ္တာပွားပြီးတော့ထိုင်တယ်တဲ့၊ အိပ်တော့လည်း မေတ္တာပွားလို့အိပ်တယ်၊ ဣရိယာပုတ်လေးမျိုး ခန္ဓာကိုယ်ရဲ့ လှုပ်ရှားတဲ့အနေအထာ လေးပါးစလုံးမှာ မေတ္တာလွှတ်တာ ဘယ်သူလဲ။
သာမာဝတီပါဘုရား။
သာမာဝတီ အသားကလည်းရွှေလိုဝင်းပြီးတော့ အလွန်လှတယ်။ အားလုံးရွတ်နေတဲ့သုတ္တန်မှာဒီနေနည်းပါတယ်။
''တိဋ္ဌံ စရံ နိသိန္နောဝ သယ နော ယာဝတဿ ဝိတမိဒ္ဓေါ''
ရွတ်နေတဲ့စာထဲမှာ ပရိသတ်ရေ ဒါမပါဘူးလား။
ပါပါတယ်ဘုရား။
တိဋ္ဌံ စရံ နိသိန္နောဝ သယနေ - တိဋ္ဌံ - ရပ်နေတုန်းမှာပဲဖြစ်ဖြစ်။ စရံ - သွားနေတုန်းမှာပဲဖြစ်ဖြစ်။ နိသိန္နောဝ - ထိုင်နေတုန်းမှာပဲဖြစ်ဖြစ်။ ပြီးတော့ဘာလာလဲ၊ သယနော - လျောင်းစက်နေတုန်းမှာပဲဖြစ်ဖြစ်။ ဧတံ သတိံ အဓိဋ္ဌေယျ - အဲဒီ မေတ္တာသတိကို ဆောက်တည်လို့နေကုန်ရာ၏။ ရပ်လည်းမေတ္တာ၊ သွားလည်းမေတ္တာ၊ ထိုင်လည်းမေတ္တာ၊ အိပ် လည်းမေတ္တာပေါ့၊ အဲဒီလိုနေမယ်ဆိုရင်။
ဧတံ ဝိဟရဏံ - အဲဒီလိုမေတ္တာနဲ့နေကြခြင်း ထိုင်ကြခြင်းကို။ ဗြဟ္မဝိဟာန္တိ၊ ဗြဟ္မဝိဟာရခေါ်တယ်လို့ ပရိသတ်ကြီး ဗြဟ္မဝိဟာရခေါ်ကြည့် လိုက်ပါ။
ဗြဟ္မဝိဟာရပါဘုရား။
ဗြဟ္မာကြီးတွေနေသလိုပဲတဲ့။ သာမာဝတီက ဥတေနနန်းတော်မှာ ဘယ်လိုနေသလဲ ဗြဟ္မာကြီးတွေနေသလိုနေနေတာ၊ ကမာရွတ်ကဒကာမ တွေနဲ့ နည်းနည်းကွာလိမ့်မယ် ဟုတ်လား။ အေး ဗြဟ္မဝိဟာန္တိ - ဗြဟ္မာပြည် မှာ ဗြဟ္မာကြီးတွေနေသလိုမေတ္တာနဲ့နေနေတဲ့အတွက်ကြောင့် ဗြဟ္မဝိဟာရ ခေါ်ရတယ်လို့ ပရိသတ်ရေ သာမာဝတီရဲ့နေခြင်းကို ဘာခေါ်သလဲ ဗြဟ္မဝိ ဟာရခေါ်တယ်။
Noble abiding မွန်မြတ်သော နေထိုင်ခြင်း။ အဲဒီလိုနေတဲ့ဗြဟ္မ ဝိဟာရခေါ်ရတယ်လို့။ သန္တော - ဘုရားအစရှိတဲ့အရိယာသူတော်ကောင်း တွေက။ အာဟု ကထေသိ - ကောင်းစွာမသွေ မိန့်ဆိုတော်မူကြလေကုန် သတည်း။
သာဓု သာဓု သာဓုပါဘုရား။



Read more...

ကျေးဇူး မသိသူ နှင့် စိတ်မကွက်သူ


တစ်ခါတုနုးက ဗာရာဏသီပြည် ကာသိရွာမှာ လယ်သမား ပုဏ္ဏားတစ်ယောက် ဟာ လယ်ကွင်းမှာ လယ်ထွန်နေပါတယ်။ အတော်အတန်ပြီးတော့ နွားတွေကို အနားပေးရင်း အစာစားဖို့ လွှတ်ပေးလိုက် ပါတယ်။သူကတော့ တူးစရာရှိတာတွေ ဆက်ပြီးတူးပါတယ်။ တူးပြီးတဲ့နောက်မှာ ကြည့်လိုက်တော့ နွားတွေ မရှိတော့ပါဘူး။ အစာစားရင်း တောထဲဝင်သွားပါတော့တယ်။

နွားတွေကို တောထဲဝင်သွားပြီဆိုတော့ တောထဲကို လိုက်ရှာပါတယ်။ ရှာရင်းရှာရင်းနဲ့ တောထဲမှာ မျက်စိလည်သွားပါတယ်။ကြာလာတော့ မောပြီးလာပါတယ်။ တည်ပင်တစ်ပင်တွေ့တော့ ဆာလည်းဆာ နေတာနဲ့ အပင်ပေါ်တက်ပြီ အပင်ပေါ်မှာပဲ တည်သီးကိုစားပါတယ်။ စားနေရင်းပဲ အောက်ချောက် ထဲကို ပြုတ်ကျသွားပါလေရော။ ချောက်ထဲကျသွားတော့ အစာက ပိုငတ်သွားတော့တာပေါ့။

အဲဒီအချိန်မှာ ဘုရားအလောင်းတော်က မျောက်မျိုးမှာဖြစ်နေတာပါ၊ အစာရှာထွက်ရင်း ချောက်ထဲကျနေတဲ့ ပုဏ္ဏားကိုသွားတွေ့ပါတယ်။ ဘုရားအလောင်းမျောက်အနေနဲ့ ချောက်ထဲဆင်းပြီးကယ်ဖို့ဆိုတာလည်း မဖြစ်နိုင်ပါဘူး၊ ဆင်းကယ်ရင် ကိုယ်ပါပြန်တက်လို့ရမှာမဟုတ်ပါဘူး။ အဲဒီတော့ မျောက်မင်းက ဥာဏ်သုံးပြီး ကယ် ပါတယ်။

အနီးအနားမှာရှိတဲ့ကျောက်ခဲတွေကို ချောက်ထဲပစ်ပစ်ချပေးပါတယ်။ ခဲတစ်လုံးပစ်ချပေးလိုက် ပုဏ္ဏားက ခြေထောက်အောက်ခဲလေး ထားလိုက်နဲ့ ကြာလာတော့ ခဲတွေပြည့်လာပြီး ပုဏားလည်း အပေါ်
တက် လို့ရသွားပါတော့တယ်။

ဒါပေမဲ့ ဘုရားအလောင်းမျောက်မင်းခမျာ တွင်းတစ်တွင်းစာ ခဲတွေပစ်ချပေးလိုက်ရတော့ တော်တော် လေးမောပန်းသွားပါတယ်။ ဒါကြောင့် ပုဏ္ဏားကို ခဏလှဲပါရစေဦးဆိုပြီး အိပ်ပျော်သွားပါတယ်။

ပုဏ္ဏားက အိပ်ပျော်နေတဲ့ မျောက်မင်းကိုကြည့်ပြီး ဒီမျောက်သတ်ပြီး အိမ်သယ်သွားရင် မိသားစုစားလို့ ရမှာပဲလို့ တွေးမိပြီး၊ အနီးအနားမျာရှိတဲ့ ကျောက်ခဲနဲ့ ခေါင်းကို ထုချလိုက်ပါတယ်။ ဒါပေမယ့် ချေက်ထဲကျပြိး အစာငယ်ရေငတ်နဲ့ အားပျော့နေတာ ဆိုတော့ သေလောက်အောင် အင်နဲ့အားနဲ့ မထုလိုက်နိုင်ပါဘူး။ မျောက်မင်းလည်း အထုခံလိုက်ရတာနဲ့ သစ်ပင်ပေါ် ပြေးတက်လိုက် ပါတယ်။ ပုဏ္ဏားရဲ့ လက်ချက်ကြောင့်ပဲခေါင်းမှာ သွေးတွေ တစ်စက်စက်ကျလာပါတယ်။

ပုဏ္ဏား ဟာသူ့အစွမ်းအစနဲ့ ဘယ်လိုမှ တောထဲကထွက်ပြီးရွာကို ရောက်အောင် မပြန်နိုင်ပါဘူး။ ဒါကိုသိတဲ့ ဘုရားအလောင်း မျောက်မင်းက ပုဏ္ဏားကို သစ်ပင်ပေါ်က လမ်းပြရင်း တောအုပ်အပြင်ဘက်ရွာ အနီးထိ လိုက်ပို့ပေးလိုက်ပါတယ်။ အတုယူစရာပါ ။


ဒီဝတ္တုလေးဖြစ်စဉ်အတိုင်း ကြည့်ရင်...ဘုရားအလောင်းမျောက်မင်း၏ ပုဏ္ဏားအသက်ကိုကယ်ခြင်း၊ပုဏားက ခေါင်းကိုကျောက်ခဲနဲ့ ထူပေမဲ့ ပြန်ပြိး လက်တုန့်မပြန်တာ၊ ကြမ်းကြုတ်တဲ့စကားတွေကို မပြောမိအောင် စောင့်ထိန်းတာ၊ တစ်စုံတရာ အကျိုးမမျှော်ကိုးပဲ ပုဏားကို ကယ်တင်လိုက်တာ၊ချောက်ထဲက အပေါ်ရောက်အောင် ဘယ်လိုကယ်ရမလဲ ၊ သိတဲ့ အတိုင်းကြိုးပမ်းအားထုတ် ခဲ့တာ၊ ကျောက်ခဲနဲ့ ခေါင်းထုတာကို သည်းခံနိုင်တာ၊ ကယ်မယ်ဆိုတဲ့အတိုင်း ကတိမဖျက် ကယ်ခဲ့တာ၊ ပုဏ္ဏားအကျိုးကို ဆုံးခန်းတိုင်အောင် မရွေ့မပြောင်း ဆုံးဖြတ်နိုင်ခဲ့တာ၊ ချောက်ထဲကျနေတဲ့ ပုဏ္ဏားကို ကြည့်ပြီး ငါမကယ်ရင်သေ တော့မှာပဲ ဆိုတဲ့ ပုဏ္ဏားအကျိုးကို လိုလားတောင်တစိတ်၊ သနားကျင်နာစိတ်၊ သူ့အကျိုးကို ဒီလောက် အပင်ပန်းခံပြီးပြုပေမယ့် ငါကိုဒီလိုလုပ်ရက်လေခြင်း စိတ်မကွက်တာ တွေကို ထိုဖြစ်စဉ် လေးမှာတွေ့ရပါတယ်။ဒါအပြင် ကျေးဇူး မသိသူ၏ ကျေးဇူးကန်းပုံကိုလည်း တွေ့ရပါတယ်။

ပုံဝတ္တုလေးကို အာရုံပြုပြီး ကြားနာဖူးထားတဲ့ တရားစာ ထဲက လို သူကကောင်းကောင်း၊ မကောင်းကောင်း ကိုယ်က ကောင်းအောင် နေရမယ်။ သူက တော်တော် မတော်တော် ကိုယ်က တော်အောင်နေရမယ် လို့ တိုးတိုးလေး ရေရွတ်မိပါတယ်။ တရားအသိလေးတွေ ရင်ထဲရောက် အောင်ပို့ဆောင်ရင်း ဖြစ်ပေါ်နေတဲ့ စိတ်အစဉ်လေးတွေကို ကောင်းမြတ်တဲ့ ဘက်ကို လှမ်းခေါ်ကြပါစို့လို့.....။

ရွှင်လန်းချမ်းမြေ့ကြပါစေ။
ညခင်း


Read more...

မြန်မာနိုင်ငံမှထေရ၀ါသံဃာ.ဂိုဏ်းကြီး ( ၉ ) ဂိုဏ်း

မြတ်စွာဘုရားရှင်ဟောကြားတော်မူအပ်သောသုတ်၊၀ိနည်း၊အဘိဓမ္မာဟုဆိုအပ်သော ပိဋကတ်သုံးပုံတွင် သုတ်နှင့် အဘိဓမ္မာမပါ၊ ၀ိနည်းတော်အပိုင်းတွင်သာအနက်အဓိပ္ပါယ်ဖွင့်ဆို လိုက်နာမှု၌သာ အနည်းငယ် ကွဲလွဲမှုရှိကာကွဲပြားသွားကြသည့် သံဃာတော်များသည်မိမိတို့၏ ဆရာအစဉ်အဆက်အားဖြင့် ဂိုဏ်းများ အဖြစ်တည်ရှိကာယနေ.မြန်မာနိုင်ငံတွင် ( ၉ ) ဂိုဏ်း ရှိနေသည်ကို တွေ့ရှိရပါသည်။ ထိုသံဃာ့ဂိုဏ်းကြီးများ အမည်နှင်.ဖြစ်ပေါ်လာပုံသမိုင်းအကျဉ်းကို တင်ပြရလျှင်.....
( ၁ ) သုဓမ္မာဂိုဏ်း
တာဝတိသာနတ်ပြည်တွင် သိကြားမင်းသည်သုဓမ္မာဇရပ်တော်၌မှုခင်းများကို စီစဉ်ဆုံးဖြတ်လေ့ရှိသည်။ ဤ အစဉ်အလာအရ မြန်မာဘုရင်များလက်ထက်တော်က သာသနာရေးဆိုင်ရာ မှုခင်းများကို ဆရာတော် ကြီးများစုဝေးဆုံးဖြတ်ရာ၌ ထိုနေရာဌာနကို "သုဓမ္မာ " ဟုခေါ်သည်။ ယင်းအစည်းအဝေးသို့ တက်ရောက် ခွင့်ရသော ဆရာတော်များကို သုဓမ္မာဝင်ဟုခေါ်သည်။ သံဃာ့ဂိုဏ်းများ မကွဲမပြား တစ်စည်းတစ်လုံးတည်း ရှိစဉ်က မြန်မာနိုင်ငံတွင်သံဃာအားလုံးသည် သုဓမ္မာဝင်ဆရာတော်ကြီးများ၏ အုပ်ချူပ်မှုအောက်တွင် ရှိနေကြသည်။ ထိုသို့ရှိနေရာမှ မင်းတုန်းမင်းကြီးလက်ထက်တွင် ' ရွှေကျင် ' ဂိုဏ်းခွဲထွက်သွားသောအခါ ရွှေကျင်ဂိုဏ်းဝင်မဟုတ်သောသံဃာများကိုသုဓမ္မာဂိုဏ်းဝင်အဖြစ်ခေါ်ဆိုကြသည်။
( ၂ ) ရွှေကျင်ဂိုဏ်း
မင်းတုန်းမင်းကြီးသည် ၀ိနည်းသိက္ခာအလွန်လေးစား၍ အကျင့်ပဋိပတ်နှင့်ပြည့်စုံသော ရွှေကျင်ဆရာတော် ဘုရားကြီး ဦးဇာဂရကို အလွန်တရာကြည်ညို၍ သာသနာပိုင်အဖြစ်တင်မြှောက်လိုသော်လည်း တောင်နန်း မိဖုရားခေါင်စင်္ကြာဒေ၀ီ၏ ဆန္ဒကိုမလွန်ဆန်နိုင်သဖြင့် မောင်းထောင်ဆရာတော်ကို သာသနာပိုင် တင်မြှောက်ခဲ့ရသည်။ အခါတစ်ပါးရွှေကျင်ဆရာတော်ဘုရားက သာသနာပိုင် ဆရာတော်ထံ သွားရောက်ရာ စကားမပြောဆိုပဲနေခဲ့သဖြင့် ဆရာတော်မှ မိမိအားမလိုလားဟု သဘောပိုက်တော်မူခဲ့သည်။ ယင်းနောက် ၁၂၁၄ ခုနှစ်တွင် ရွှေကျင်ဆရာတော်ကို သုဓမ္မာဆရာတော်များအမိန့်ဖြင့် သုဓမ္မာသို့ ကြွရန်ဆင့်ဆိုရာ မကြွဘဲနေသဖြင့် သုဓမ္မာဆရာတော်များက အတင်းအကြပ်ခေါ်ဆိုရန်စီမံရာတွင် မင်းတုန်းမင်းကြီးက ရွှေကျင်ဆရာတော်အား သုဓမ္မာသို့ ဆင့်ခေါ်ခွင့်မရှိ၊ ရွှေကျင်ဆရာတော်လွတ်လပ်စွာ သီတင်းသုံးနိုင်သည်ဟု အမိန့်ထုတ်ပြန်ခဲ့သည်။
ထိုအချိန်မှစ၍ ရွှေကျင်ဆရာတော်ဘုရားကြီးဦးဇာဂရ၏တပည့် သံဃာတော်အဆက်ဆက်တို့ကို
ရွှေကျင်ဂိုဏ်းဝင်ဟု ခေါ်ဆိုကြသည်။

( ၃ ) ဒွါရဂိုဏ်း (၃) ဂိုဏ်း
သက္ကရာဇ် ၁၂၁၄ ခုနှစ်တွင်ပဲခူးတိုင်းအုတ်ဖိုမြို့မှ ဆရာတော်အရှင်ဥက္ကံသ၀ိမာလာသည် ရေသိမ်၌ ရဟန်းခံခြင်းကို အကြောင်းပြု၍ အင်္ဂလိပ်အစိုးရလက်အောက်ရှိ သုဓမ္မာဂိုဏ်းဝင်ဆရာတော်များနှင့် အငြင်းပွားခဲ့သည်။ အုတ်ဖိုဆရာတော်သည်မိမိတပည့်ရဟန်းများနှင့် သီးခြားဂိုဏ်းခွဲခဲ့သည်။ ဘုရားရှိခိုးရာ၌ ကာယကံ၊ ၀စီကံ၊ မနောကံဟူ၍ ရှိခိုးခြင်းမပြုရ၊ ကာယဒွါရ၊ ၀စီဒွါရ၊ မနောဒွါရဟုဒွါရဖြင့် ရှိခိုးမှမှန်ကန်သည်ဟု အုတ်ဖိုဆရာတော်ကဆုံးဖြတ်သည်။ ( ယခုတော့ ထိုသို့ဘုရားရှိခိုးသည်ကို မတွေ့ရ တော့ပါ။ တစ်နိုင်ငံလုံးနီးပါး ကာယကံ၊ ၀စီကံ၊ မနောကံဖြင့်သာ ရှိခိုးကြသည်။)
ဇိနတ္တပကာနီကျမ်းပြုကျီးသဲလေးထပ်ဆရာတော် (သုဓမ္မာဂိုဏ်း) က ကံဖြင့် ရှိခိုးမှမှန်ကန်ကြောင်း ငြင်းခုံကြသည်။ ထို့ကြောင့် အောက်မြန်မာနိုင်ငံ၌ အုတ်ဖိုဆရာတော်၏ဂိုဏ်းကို ဒွါရဂိုဏ်း
ဟုခေါ်ကြသည်။ သုဓမ္မာဂိုဏ်းကိုမူ ကံဂိုဏ်းဟုခေါ်ကြသည်။ နောက်ပိုင်းတွင်မူ ကံဂိုဏ်းဟုမခေါ်တော့ပဲ သုဓမ္မာဂိုဏ်းဟုပင် ပြန်လည်ခေါ်ကြသည်။

ယင်းဒွါရဂိုဏ်းသည် (က) အနောက်ချောင်းဒွါရ၊ (ခ) မဟာဒွါရ၊ (ဂ) မူလဒွါရ ဟူ၍ (၃) မျိုး
ထပ်၍ ကွဲသွားကြပြန်သည်။

( က ) အနောက်ချောင်းဒွါရဂိုဏ်း
ဒွါရဂိုဏ်းချူပ်အုတ်ဖိုဆရာတော်ကြီးလက်ထက်မှာပင် ငါးသိုင်းချောင်းရေတံခွန်ကျောင်းတိုက် ဆရာတော် ကြီးကို အခြားသောဒွါရဂိုဏ်းဝင်ကျောင်းတိုက်ကြီး (၆) တိုက်မှ သံဃာတော်များက ပထမပါရာဇိက (မာတုဂါမဖြင့် ဖောက်ပြန်သည့်အမှု) ဖြင့် စွပ်စွဲကြသည်။ ဂိုဏ်းချူပ်အုတ်ဖိုဆရာတော်ကြီးသည် အစွပ်စွဲခံရသည့် ဆရာတော်ကြီးဘက်မှရပ်တည်ခဲ့သဖြင့် ကျောင်း(၆) ကျောင်းမှ သံဃာတော်များသည် သီးခြားဂိုဏ်းတည်ထောင်ကြသည်။ " င၀န်မြစ်" ကို အနောက်ချောင်းဟု ထိုဒေသတွင်ခေါ်ကြသည်။ ယင်းအနောက်ချောင်းကို အစွဲပြု၍ ရေကြည်၊ငါးသိုင်းချောင်းတစ်ဝိုက်ရှိ အဆိုပါဒွါရဂိုဏ်းကို အနောက်ချောင်းဒွါရဂိုဏ်းဟုခေါ်ကြသည်။
(ခ) မဟာဒွါရဂိုဏ်း
ဒွါရဂိုဏ်းချူပ်အုတ်ဖိုဆရာတော်ကြီးသည် ဗေဒင်ကျမ်းတတ်ကျွမ်းလှသည်ဟုဆိုသည်။ ယခု လက်ရှိအများ လက်ခံသတ်မှတ်ထားသော လပြည့်လကွယ်နေ့များသည် ဗေဒင်နည်းအရ တွက်ချက်ရာ၌ အမှန်တကယ် လမပြည့်သေး၊ လမကွယ်သေး၊ လပြည်.ကျော်တစ်ရက်ရောက်မှလပြည့်သည်။ လဆန်းတစ်ရက်ရောက်မှ လကွယ်သည်ဟု ဆို၍ (၁၅) ရက်တစ်ကြီမ်လပြည့်၊ လကွယ်သိမ်ဝင်၍ သံဃဥပုသ်ပြုခြင်းကို ဆောင်ရွက်သည်။ အခြားသောသုဓမ္မာဂိုဏ်းဝင်နှင့် ရွှေကျင်ဂိုဏ်းဝင်သံဃာများသည် လပြည့်၊ လကွယ်နေ့များ၌ သိမ်ဝင်ဥပုသ်ပြုကြသော်လည်း ဒွါရဆရာတော်ကြီးနှင့် တပည့်များသည် လပြည်.ကျော် (၁) ရက်နေ့နှင့်လဆန်း (၁) ရက်နေ့ရောက်မှသာ သိမ်ဝင်ဥပုသ်ပြုကြသည်။ အုတ်ဖိုဆရာတော်ကြီး ၁၂၆၇ ခုနှစ်တွင် ပျံလွန်တော်မူပြီးနောက်ပိုင်းတွင် ၁၂၈၀ ပြည့်နှစ်၌ ဒွါရဂိုဏ်းဝင်သံဃာတော်များသည် (ရာဇပဓာနံ) ဟူသော မြတ်စွာဘုရား၏အမိန့်တော်အရ လပြည့်လကွယ်ကိစ္စကို အစိုးရမင်းတို့၏ ဆုံးဖြတ်ချက်သည်သာ အတည်ဖြစ်သည်ဟူသော ဒေသနာအရဒွါရဂိုဏ်းဝင်သံဃာတော်အများစုသည် အများနည်းတူ လပြည့်နေ့နှင့် လကွယ်နေ့များတွင် သိမ်ဝင်ဥပုသ်ပြုကြပါသည်။ ယင်းဒွါရဂိုဏ်းမှာ အခြားသော ဒွါရဂိုဏ်းများထက် သံဃာအရေအတွက်များပြားသောကြောင့် မဟာဒွါရဂိုဏ်းဟုခေါ်ကြသည်။ ဤဂိုဏ်း၏ အမည်အပြည့်အစုံမှာ (ဓမ္မာနုဓမ္မမဟာဒွါရနိကာယဂိုဏ်း) ဖြစ်ပါသည်။
ဓမ္မာနုဓမ္မ = တရားအတိုင်းလိုက်နာသော
မဟာ = သံဃာများပြားသော
ဒွါရ = ဘုရားရှိခိုးရာ၌ (ဒွါရဖြင်.ရှိခိုးသော)၊
နိကာယ = သံဃာ.အစုအဝေး (ဖြစ်သည်။)
(ဂ) မူလဒွါရဂိုဏ်း
အုတ်ဖိုဆရာတော်ကြီးပျံလွန်တော်မူပြီးနောက် မဟာဒွါရဂိုဏ်းဝင်သံဃာများသည် လပြည့်လကွယ်ကိစ္စကို အခြားဂိုဏ်းသံဃာများနှင့်အတူ ပြန်လည်လက်ခံကြသော်လည်း အချို.သောဒွါရဂိုဏ်းသံဃာများမှာ အုတ်ဖိုဆရာတော်ကြီးချမှတ်ခဲ့သည့်မူအတိုင်း လပြည့်ကျော်(၁)ရက်နှင့်လဆန်း(၁)ရက်တို့တွင် သိမ်ဝင်ဥပုသ်ပြုမြဲပြုကြ၏။ ထိုသို့ မူလအတိုင်းရှိသည့်ဒွါရဂိုဏ်းကို မူလဒွါရဟုခေါ်ဆိုကြသည်။
မူလဒွါရဟူသောအမည်၏ရှေ.တွင် ' ဓမ္မ၀ိနယာနုလောမ ' ဟုထပ်ဆင့်ဝိသေသနပြုထားသည်။ ( ဓမ္မ + ၀ိနယ + အနုလောမ ) သုတ္တံ၊ အဘိဓမ္မာတရားတော်နှင့်လည်းကောင်း၊ ၀ိနည်းနှင့်လည်းကောင်း လျော်ညီသောဂိုဏ်းဟုဆိုလို၍အမည်အပြည့်အစုံမှာ ' ဓမ္မ၀ိနယာနုလောမူလဒွါရနိကာယ ' ဂိုဏ်းဟု ခေါ်ဆိုကြသည်။
( ၆ ) ဝေဠုဝန်နိကာယဂိုဏ်း
ရန်ကုန်မြို.၊ ဗဟန်းရပ်ကွက်၊ သီလရှင်ကျောင်းအတွင်းရှိဝါးကျောင်း၌ နေထိုင်သောကြောင့် ယင်းဆရာတော်ကို ဝေဠုဝန်ဆရာတော်ဟုခေါ်ဆိုကြသည်။ ယင်းဆရာတော်သည် ဗဟန်းဝေဠုဝန်ကျောင်း တိုက်ကို တည်ထောင်ပြီးနောက် အင်းလျားဝေဠုဝန်ကျောင်းတိုက်၊ စမ်းချောင်းဝေဠုဝန်ကျောင်းတိုက်၊ ပုသိမ်နှင့်မြန်အောင်မြို.များရှိ ဝေဠုဝန်ကျောင်းတိုက်များကို တည်ထောင်ခဲ့သည်။ ယင်း၏တပည့်သံဃာ များကို ဝေဠုဝန်ဂိုဏ်းဟုခေါ်ဆိုကြသည်။ ဒွါရဂိုဏ်းနှင့် ပေါင်းသင်းဆက်ဆံသဖြင့် ' ဝေဠုဝန်ဒွါရဂိုဏ်း ' ဟုလည်းခေါ်ဆိုကြသည်။
( ၇ ) စတုဘုမ္မိက မဟာသတိပဌာန်ငှက်တွင်းဂိုဏ်း
စစ်ကိုင်းမြို.၏အနောက်ဘက် မင်းဝန်တောင်တန်း၌ ပုဇဉ်းထိုးငှက်များ တွင်းတူးရာမှ လိုဏ်ဂူဖြစ်လာပြီး ယင်းငှက်တွင်းများရှိသောနေရာ၌ တည်ရှိသောဘုန်းကြီးကျောင်းကို ငှက်တွင်းချောင်ဟု ခေါ်ဆိုကြသည်။ ယင်းငှက်တွင်းချောင်ဆရာတော်ဦးပဏ္ဍ၀သည် မင်းတုန်းမင်းလက်ထက်၌ မဟာသတိပဌာန်သုတ်တော်လာ (၃၂)ကောဌာာသကမ္မဌာန်းကို ကြိုးပမ်းအားထုတ်ပြီးဟောကြားပြသသည်။
ထို.အပြင် အစဉ်အလာအားဖြင့် ကာမ၊ ရူပ၊ အရူပ ဟူသော (ဘုံ ၃ ပါး )ကို ဟောပြောလေ့ရှိရာမှ နိဗ္ဗာန်ကိုပင် ဘုံတစ်ခုအနေဖြင့် ထည့်သွင်း၍ ဘုံ (၄) ပါးရှိသည်ဟု ဟောပြောခဲ့ခြင်းကြောင့် စတုဘုမ္မိက ( စတု = လေး ၊ ဘုမ္မိက = နေရာ/ တည်ရာဌာန ဘုံရှိခြင်း ) ဟု အမည်တစ်ခုထပ်ဆင့်တိုးခဲ့သည်။ ထို့ကြောင့် ဤဂိုဏ်းကို စတုဘုမ္မိကမဟာသတိပဌာန်ငှက်တွင်းဂိုဏ်း ဟုခေါ်ဆိုကြသည်။
( ဂ ) ဂဏ၀ိမုတ်ကူးတို. ဂိုဏ်း
ထားဝယ်မြို.နယ်၊ ကူးတို့ရွာဆရာတော် ဦးက္ကုန္ဒ၀ံသသည် တောရဆောက်တည်၍ တရားကျင့်သုံးလျက် ရှိသည်။ သုဓမ္မာဂိုဏ်းချူပ်၊ဂိုဏ်းအုပ်၊ဂိုဏ်းထောက်များက မကြာခဏ ဆင့်ခေါ်သဖြင့် ယင်းသို့ဆင့်ခေါ် ခံရခြင်းမှ ကင်းလွတ်ခွင့်ပြုရန် မန္တလေး၊ သုဓမ္မာသာသနာပိုင်ထံ မေတ္တာစာတင်သွင်းခဲ့သည်။ သာသနာပိုင် ပခန်းဆရာတော်က ၁၂၅၈ ခုနှစ်တွင် ယင်းတောရကျောင်းဆရာတော်ကြီးကိုဆင့်ခေါ်ခြင်းမပြုနိုင်စေရန် သုဓမ္မာဂိုဏ်းမှ အလွတ် ' ဂဏ၀ိမုတ္တိ ' ( ဂဏ = ဂိုဏ်း ၊ ၀ိမုတ္တိ = လွတ်ခြင်း ) ဟု စာချွန်တော်အမိန့် ထုတ်ပြန်ပေးခဲ့သည်။
ထို့ကြောင့် ယင်းဆရာတော်ကြီး၏တပည့်အစဉ်အဆက်တို့ကို ' ဂဏ၀ိမုတ္တိ ကူးတို့ ' ဂိုဏ်းဟုခေါ်ဆိုကြသည်။ သုဓမ္မာဂိုဏ်းမှ အလွတ်ဖြစ်သောကူးတို့ရွာမှဆရာတော်ကြီး၏ တပည့်သံဃာများဟုဆိုလိုသည်။ မူလ ဆရာတော်ကြီးကတော့ တောရဆောက်တည်လို့ ကင်းလွတ်ခွင့်ရတယ်။ အခုတပည့်တွေကရော ဆရာတော်ကြီးကဲ့သို့ အားလုံးပဲတောရဆောက်တည်ကြသလား၊ မဆောက်တည်တဲ့ ရဟန်းတွေကို ကင်းလွတ်ခွင့်ပေးသင့်သလား၊ စဉ်းစားစရာပါပဲ..
( ၉ ) ဓမ္မယုတ္တိနိကာယ မဟာရင်ဂိုဏ်း
မဟာရင်ဆရာတော်သည် ၁၂၀၃ ခုနှစ်တွင် ယိုးဒယားနိုင်ငံ၌ မွေးဖွားခဲ့၍ ငယ်မည်မှာ " ဦးရင် " ဖြစ်သည်။ ယိုးဒယားနိုင်ငံ ' ဓမ္မယုတ္တိနိကာယ ' ( တမယွတ် ) ဂိုဏ်း၌ ရဟန်းပြု၍ ပါဠိစာပေများကို မဟာအဆင့်အတန်းအောင်မြင်သည်အထိ စာပေသင်ကြားတတ်မြောက်ခဲ့သည်။ ထိုအခါဦးရင်အမည်ကို မဟာဘွဲ့နှင့်ပေါင်းစပ်၍ မဟာရင်ဖြစ်လာသည်။
မဟာရင်အမည်ရှိဆရာတော်ကြီးသည် မော်လမြိုင်မြို.နယ် ' ကတိုး ' ရွာ၌ ကျောင်းတိုက်တည်၍ စာပေပို့ချသည်။ ယင်း၏တပည့်သံဃာများကို ' မဟာရင်ဂိုဏ်း ' ဟုခေါ်ဆိုကြသည်။ ယိုးဒယားနိုင်ငံရှိမူလပင်မဂိုဏ်း၏အမည်ကို ပူးတွဲ၍ ' ဓမ္မယုတ္တိ နိကာယ မဟာရင်ဂိုဏ်း ဟုခေါ်ဆိုကြသည်။
ဓမ္မ = တရားတော်ကို ၊
ယုတ္တိ = အထောက်အထားပြုသော ၊
နိကာယ = သံဃာအစုအဝေး ။
ဟူ၍ဖြစ်ပါသည်။
အထက်ပါနိုင်ငံတော်အသိအမှတ်ပြုသံဃာ့ဂိုဏ်းကြီး ( ၉ ) ဂိုဏ်းတို့သည် ဘုရားဟောပိဋကတ် ( ၃ ) ပုံ အနက်သုတ်နှင့်အဘိဓမ္မာတို့တွင် အယူအဆတူမျှကြသော်လည်း စောင့်ထိန်းလိုက်နာအပ်သည့် ၀ိနည်းပိုင်း ဆိုင်ရာတို့တွင် အလေးအပေါ့အတိမ်အနက်စသည်ဖြင့် ကွဲလွဲမှုရှိကြသည်ကို အကြောင်းပြု၍ ကွဲပြား နေကြခြင်းသာဖြစ်ပါသည်။
အထက်ပါသံဃာ့ဂိုဏ်းများ ပေါ်ပေါက်ရခြင်းအကြောင်းကို သုံးသပ်ရသော် သီလသမာဓိနှင့်ပြည့်စုံပြီး စာပေကျမ်းဂန် တတ်ကျွမ်းကာ နောက်လိုက်တပည့်သံဃာများပြားသော ဆရာတော်ကြီးများ၏ ဓမ္မ၀ိနယနှင့် ထိုစဉ်ကာလသံဃာထုနှင့် မင်းအစိုးရအပေါ်ပုဂ္ဂလိကအမြင်ဖြင့် မိမိယုံကြည်ယူဆချက်အတိုင်း စိုက် တမတ်မတ်ကျင့်သုံးပြီး အခြားသောသံဃာများနှင့် မဆက်စပ်ပဲ သီးခြားနေခဲ့ခြင်းက စတင်ခဲ့သည်ကို တွေ.
ရသည်။ ညှိနှိုင်း၍မရလောက်အောင်ကြီးမားသည့် သဘောထားကွဲလွဲမှုမရှိခဲ့သည်မှာ ထင်ရှားသည်။ အခြားသောဘာသာများနှင့် နှိုင်းယှဉ်လေ့လာနိုင်သော ယခုခေတ်ကြီးတွင် ထေရ၀ါဒအစစ်အမှန်ဟု ကြွေးကြော်နေသောမိမိတို့နိုင်ငံအနေဖြင့် ယခုကဲ့သို့ သံဃာ့ဂိုဏ်းများအများအပြားရှိနေခြင်းကား မကောင်းပေ...

ထို.ကြောင်.ပင်လျှင် မြန်မာပြည်၏ရှင်မဟာဗုဒ္ဒဃောသဟုပင် ဂုဏ်ပြုခေါ်တွင်ရသည့် တောင်မြို. (အမရပူရ မဟာဂန္ဓာရုံ) ဆရာတော်အရှင်ဇနကာဘိဝံသက သံဃအစည်းအဝေးတစ်ခုတွင် အဆိုပါဂိုဏ်းများ အားလုံးဖျက်သိမ်းပြီး ထေရ၀ါဒစစ်စစ်သံဃာဟုသာ သတ်မှတ်ရန် အဆိုတင်သွင်းခဲ့ဖူးကြောင်း မှတ်သား ကြည်ညိုခဲ့ရဖူးပါသည်။
ခေတ်အမြင်ရှိလှသောဆရာတော်၏ ဥာဏ်တော်ကိုသာ ကြည်ညိုဦခိုက်ရပါသည်။ သို.သော်.... ထိုစဉ်က အကြောင်းကြောင်းများကြောင့် ဆရာတော်ဘုရား၏ရည်မှန်းချက် မအောင်
မြင်ခဲ့ရပေ.... တစ်ချိန်သောအခါတွင်ကား ဆရာတော်မျှော်မှန်းသကဲ့သို့ ဖြစ်လာနိုင်ပါ
စေဟုသာ မျှော်လင့်ဆုတောင်းမိပါသည်။

အပ္ပမာဒမဂ္ဂဇင်းတွင်ဖော်ပြပါရှိသောဆောင်းပါးရှင် ငှက်တောင်ပျံ(ဇင်းကျိုက်)၏ "သင်္ဂါယနာနှင့်ထေရ၀ါဒ သံဃဂိုဏ်းကြီးများ" ဆောင်းပါးကို ပြန်လည်မွမ်းမံတင်ပြပါသည်။ သီးခြားခွင့်မတောင်းနိုင်သည်ကို နားလည်ခွင့်လွတ်နိုင်မည်ဟုမျှော်လင့်ပါသည်။
(icenandaw.ning) မှ ကူးယူဖော်ပြသည်။



Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP