* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Sunday, December 27, 2009

ဂျေ၊ ဝစ်(လ်)ဆင်၊ အမ်အေ (အောက်စဖို့တက္ကသိုလ်) ဘုံဘိုင်မြို့၊ အက်လီဖင်စတုံးကောလိပ်ကျောင်း၊ အင်္ဂလိပ်ဘာသာပါမောက္ခ၏ မေးခွန်းများ

ခရစ်တော်၏ဟောပြောချက်များသည်ဗုဒ္ဓ၏ဟောပြောချက်များနှင့်အဘယ်ကြောင့်ဆင်တူနေသနည်း။ ခရစ်တော်သည် အရိမိတ္တေယျဘုရားအလောင်းတော်ဖြစ်သည် ဟူသောစကား မှန်ပါသလော???။
(မေးမြန်းလျှောက်ထားသူ - ခရစ်ယာန်ဘုန်းကြီး ဂျေ၊ ဝစ်(လ်)ဆင်၊ အမ်အေ (အောက်စဖို့တက္ကသိုလ်) ဘုံဘိုင်မြို့၊ အက်လီဖင်စတုံးကောလိပ်ကျောင်း၊ အင်္ဂလိပ်ဘာသာပါမောက္ခ၊
ဖြေဆိုသူ - ဆရာတော် အရှင်အရိယဓမ္မ။)

ဆရာတော်အရှင်အရိယဓမ္မ။ ချစ်ခင်ကြင်နာစိတ်ထားရှိရေး၊ ကရုဏာတရားပွားများရေး၊ သည်းခံရေး၊ အပြစ်မှခွင့်လွှတ် ရေး စတဲ့ အရေးကိစ္စတို့နဲ့ပတ်သက်ပြီး ခရစ်တော် ဟောပြောထားတဲ့တရားများဟာ ဗုဒ္ဓကိုယ်တော်မြတ်ကိုယ်တိုင် ဟောပြောတော်မူခဲ့တဲ့တရားများနဲ့ ဆင်တူပါတယ်။ ဒါပေမယ့် ဒီလို ဆင်တူသလိုလိုရှိတာနဲ့ ခရစ်တော်ဟာ အရိမိတ္တေယျ အလောင်းတော်ပဲဖြစ်တယ်ဆိုတဲ့ စကားကတော့ အကြောင်းအကျိုးဆက်စပ်မှုသဘောတရားနဲ့ ကန့်လန့်ဆန့်ကျင်ဖြစ်နေတယ်။ အဲဒီတော့ ဒီအယူအဆကို ပယ်ရှားပစ်ဖို့ရန် ဦးပဉ္ဇင်းက အမေးပုစ္ဆာအချို့ကို မေးဖို့ လိုပါလိမ့်မယ်။ အဲဒီ အမေးပုစ္ဆာတွေကို ဒကာကြီးက ဖြေဆိုစေလိုပါတယ်။
(ဤကဲ့သို့ ဆရာတော်က မိန့်မြွက်တော်မူပြီးနောက် အောက်ပါမေးခွန်းကို စတင်မေးပါသည်။)

ဆရာတော်။ ဘယ်အရွယ်မှာ ခရစ်တော်ဟာ ရေဟူဒီလူမျိုးတို့ရဲ့ဘုရားကျောင်းမှထွက်ခွာပြီး ပျောက်ကွယ်သွားပါ သလဲ ဒကာကြီး။
ဝစ်လဆင်။ ခရစ်တော်ဟာ (၁၂)နှစ်အရွယ်မှာ ရေဟူဒီလူမျိုးတို့ရဲ့ဘုရားကျောင်းမှထွက်ခွာပြီး အမိအဘတို့ကို စွန့်ခွာသွားခဲ့ပါတယ်။
ဆရာတော်။ ခရစ်တော်ဟာ ဘယ်အရွယ်ကစပြီး တရားဟောသလဲ။
ဝစ်လဆင်။ ခရစ်တော်ဟာ သူ့ရဲ့တရားဓမ္မတို့ကိုသက်တော် (၃၀)က စတင်ဟောခဲ့ပါတယ် ဆရာတော်။
ဆရာတော်။ ဒါဖြင့်ရင် အသက် (၁၂)နှစ်က အသက်(၃၀)အထိ (၁၈)နှစ်လုံးလုံး ခရစ်တော်ဟာ ဘယ်သွား နေပါသလဲ။
ဝစ်လဆင်။ ဒီ (၁၈)နှစ်လုံးလုံး ခရစ်တော်ဟာ သူ့ရဲ့မွေးစားဖခင် သျှင်ယောသ (စိန့်ဂျိုးဇက်) နဲ့အတူတကွ နေထိုင်လျက် ရှိပါတယ် ဆရာတော်။
ဆရာတော်။ ဒီ အဘိုးတန်တဲ့(၁၈)နှစ်လုံးလုံး ခရစ်တော်ဟာ ဘာများ လုပ်နေပါသလဲ။
ဝစ်လဆင်။ သူ့ရဲ့မွေးစားဖခင် သျှင်ယောသကို ကူညီပြီး လက်သမားအလုပ်ကို လုပ်နေဟန်တူပါတယ် ဆရာတော်။
ဆရာတော်။ ဒါဖြင့် ခရစ်တော်ဟာ လူသားတို့အား အကုသိုလ်ကံတရားမှ တနည်းအားဖြင့် ငရဲဘုံမှ ကယ်တင်ရန် မွေးဖွားလာခြင်းမဟုတ်ဘဲ သျှင်ယောသကို လက်သမားအလုပ်မှာ ဝင်ရောက်ကူညီဖို့ရန် မွေးဖွားလာရတယ်လို့ ဆိုလို ပါသလား ဒကာကြီး။
ဝစ်လဆင်။ ခရစ်တော်ဟာ လူသားတို့ကို အကုသိုလ်ကံတရားမှ တနည်းအားဖြင့် ငရဲဘုံမှ ကယ်တင်ရန် ဖွားမြင်လာခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် သူ၏တရားဓမ္မတို့ကို ဟောပြောရန် ဖခင်ထာဝရဘုရားသခင်ရဲ့အမိန့်တော်ကို စောင့်မျှော်နေခြင်းပဲ ဖြစ်ပါတယ်ဘုရား။
ဆရာတော်။ ဒါဖြင့် ခရစ်တော်ဟာ ဖခင်ထာဝရဘုရားသခင်ရဲ့အမိန့်တော်ကိုစောင့်နေဆဲ (၁၈)နှစ်ကာလအတွင်း သေကြရတဲ့ သန်းပေါင်းများစွာသော လူတွေဟာ ကောင်းကင်ဘုံနန်းကိုပဲသွားသလား၊ ငရဲပြည်ကိုပဲ သွားကြရသလား။
ဝစ်လဆင်။ ဒီ(၁၈)နှစ်ကာလအတွင်း သေကြေပျက်စီးကြရတဲ့ လူတွေဟာ အကုသိုလ်ကံထဲနစ်မွန်းပြီး ငရဲဘုံသို့ ရောက်ကုန်ကြရပါတယ် ဆရာတော်။ ဘာပြုလို့လဲဆိုတော့ အဲဒီလူသားတွေအတွက် ကောင်းကင်ဘုံနန်းတံခါး မပွင့် သေးလို့ပါ ဆရာတော်
ဆရာတော်။ ဒကာကြီး ယခုပြောတဲ့စကားအရဆိုရင် ခရစ်တော်ဟာ လူသားတရပ်လုံးကိုကယ်တင်တဲ့ပုဂ္ဂိုလ် မဟုတ်ဘဲ သူ့ကို လက်ဝါးကပ်တိုင်မှာ ကပ်ချည်ပြီးနောက်ပိုင်း သေကြရတဲ့လူတွေကိုသာ ကယ်တင်တဲ့ပုဂ္ဂိုလ်ပေါ့။
ဝစ်လဆင်။ ဒီမေးခွန်းဟာ ခက်ခဲရှုပ်ထွေးတဲ့ မေးခွန်းဖြစ်တဲ့အတွက် တပည့်တော် မဖြေတတ်ပါ ဆရာတော်။
ဆရာတော်။ ဒကာကြီး ဒါကို မဖြေနိုင်ရင် ဒကာကြီးတို့ရဲ့ ဂိုဏ်းမကြီးဖြစ်တဲ့ အင်္ဂလန်ပြည်ဂိုဏ်းချုပ်က ဖြေနိုင်ပါ့ မလား။
ဝစ်လဆင်။ ဒါဟာ နက်နဲရှုပ်ထွေးတဲ့ပြဿနာတရပ်ဖြစ်တဲ့အတွက် အင်္ဂလန်ပြည် ကင်တာဘာရီမြို့က ဂိုဏ်းချုပ် ကြီးလည်း ဖြေနိုင်မှာ မဟုတ်ပါဘူး ဆရာတော်။
ဆရာတော်။ "နက်နဲရှုပ်ထွေးတဲ့" ဆိုတဲ့စကားရဲ့ အဓိပ္ပာယ်ဟာ ဘာလဲ ဒကာကြီး။
ဝစ်လဆင်။ နက်နဲရှုပ်ထွေးတယ်ဆိုတာဟာ သာမန်လူသားထက် တတ်သိနားလည်တဲ့ နတ် အစရှိတဲ့ သူတို့ ကိုယ်တိုင် မဖြေရှင်းနိုင်တဲ့ လျှို့ဝှက်ထားတဲ့အမှန်တရားပါပဲ ဆရာတော်။ ဒီတရားကို ထာဝရဘုရားသခင် ကိုယ်တော် မြတ် သာလျှင် ဖြေရှင်းနိုင်ပါမယ် ဆရာတော်။
ဆရာတော်။ ဒါဖြင့် ဒကာကြီးတို့ရဲ့ ခရစ်ယာန်ဘာသာမှာ လျှို့ဝှက်တဲ့ အမှန်တရားများပါဝင်လျက်ရှိတယ်ပေါ့။ ဒါဖြင့်ရင် ခရစ်ယာန်ဘာသာတရားတော်ဟာမပြည့်စုံသေးဘူးလို့ ဆိုရပေလိမ့်မယ်။ ယခုတိုင် ခရစ်ယာန်ဘာသာတရား နဲ့ ဆိုင်ရာ တရားအချို့ဟာ မှောင်ထဲမှာပဲ ရှိနေသေးတယ်ပေါ့။ ဟုတ်သလား ဒကာကြီး။
ဝစ်လဆင်။ တပည့်တော်မှာ အခြားအဖြေပေးစရာမရှိလေတော့ ဟုတ်ပါတယ်လို့ပဲ ဝန်ခံရမှာပဲ ဆရာတော်။
ဆရာတော်။ ခရစ်တော်ရဲ့ ဒီ(၁၈)နှစ်လုံးလုံး တိမ်မြုပ်ပျောက်ကွယ်နေတဲ့ဘဝကို အမေရိကတိုက် ချီကာဂိုမြို့က ကမ္ဘာကျော်ခရီးလှည့်လည်သူ သုတေသနပုဂ္ဂိုလ် ပါမောက္ခ ဂိုးရစ်(ခ်)ရဲ့ မှတ်တမ်းအရ ဦးပဉ္ဇင်း ယခု ရှင်းလင်းပြပါ့မယ်။ ဒကာကြီး ဂရုစိုက်ပြီး နားထောင်စေချင်ပါတယ်။
ပါမောက္ခ ဂိုးရစ်(ခ်)ဟာ တိဘက်ပြည် ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းများမှ ခရစ်တော်ကိုယ်တိုင် ဟေဗြဲဘာသာနဲ့ ရေးသားထားတဲ့မှတ်စုကို ရခဲ့ပြီး ၁၉၂၅ခုနှစ်က "ခရစ်တော်၏ မသိသေးသော သွန်သင်ဟောပြောချက်များ" (The untold teachings of the Christ by Prof. Goldricke 1925) ဆိုတဲ့ နာမည်နဲ့ စာအုပ်တအုပ်ကို ရေးသားထုတ်ဝေခဲ့တယ်။ ခရစ်ယာန်ဘာသာကို အလွန်သက်ဝင်ယုံကြည်တဲ့ ပါမောက္ခ ဂိုးရစ်(ခ်)ဟာ (၁၈)နှစ်လုံးလုံး ခရစ်တော် ဒီလိုနစ်မြုပ်ကွယ်ပျောက်နေတဲ့အကြောင်းကို အလွန်သိလိုလှလို့ အမေရိက မှာရှိတဲ့ ခရစ်ယာန်ဘာသာဂိုဏ်းချုပ် ဂိုဏ်းအုပ်တို့ကို မေးမြန်းကြည့်တယ်။ ဒါပေမယ့် ဒီကိစ္စနဲ့ပတ်သက်လို့ ဘယ်သူက မှ သူ့ကိုရှင်းလင်းမပြောနိုင်ခဲ့ဘူး။ ဒါနဲ့ပဲ ဒီကိစ္စနဲ့ပတ်သက်လို့ သူကိုယ်တိုင် သုတေသနလုပ်ငန်း ထွက်လုပ်တယ်။ ဒီလို ဘယ်သလီဟန်၊ ဂျေရုဆလင်၊ ကိုင်ရို၊ တူရကီ၊ အိန္ဒိယနဲ့ တိဘက်ပြည်တွေမှာ အားတက်သရော ကြိုးပမ်းပြီး လိုက်လံ စုံစမ်းတော့ နောက်ဆုံး တိဘက်ပြည်တောင်ပိုင်းမွန်ဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် မဟာထေရ်မြတ် ကို ခရစ်တော်ကိုယ်တိုင် စာရွက်ပေါင်း (၁၀၀)ပေါ်မှာ သူကိုယ်တိုင် ဒီ(၁၈)နှစ်အတွင်း တွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံ တွေကို မှတ်တမ်းတင်ပြီး ကြိုးနဲ့ ကျကျနန ချည်နှောင်ကာ သူ့ကို တရားဓမ္မများ ဟောပြောသွန်သင်တဲ့အနေနဲ့ ကန်တော့ခဲ့တဲ့ မှတ်တမ်းကို ရခဲ့တယ်။ အဲဒီမှတ်တမ်းထဲမှာ ခရစ်တော်ကိုယ်တိုင် အောက်ပါအတိုင်း ရေးသားထားတာ ကို တွေ့ရှိရတယ်လို့ ဂိုးရစ်(ခ်)က ရေးသားပြတယ်။
"ကျွန်ုပ်အား အသက်(၁၂)နှစ်အရွယ်သို့ရောက်သောအခါ ရေဟူဒီလူမျိုးတို့၏ ထုံးတမ်းအစဉ်အလာအရ ရေဟူဒီဘုန်း တော်ကြီးကျောင်းသို့ နွေဦးရာသီပွဲတော်အတွင်း ခေါ်သွားကြပါသည်။ ထိုရေဟူဒီကျောင်း၌ ရေဟူဒီဆရာတော်ကြီးများ သည် ထာဝရဘုရားသခင်၏ ဖန်ဆင်းခြင်း၊ သူ၏ကရုဏာ၊ သူ၏ဒေါသအမျက်၊ သူ၏တရားမှန်ကန်ခြင်း စသည့် တရား တို့ကို ဆွေးနွေးနှီးနှောနေကြ၏။ ကျွန်ုပ်အဘိုး၏ အရှိန်အဝါဖြင့် ကျွန်ုပ်သည် ရေဟူဒီဘုန်းတော်ကြီးများအား ကျွန်ုပ် မသိနားမလည်သည့် အချက်တို့ကို ဝင်၍ မေးမြန်းခွင့်ရရှိခဲ့၏။ ကျွန်ုပ် ပထမဦးဆုံး မေးမြန်းသည့် မေးခွန်းကား -
"ယေဟိုးဝါသည် အချို့ကို လူချမ်းသာ၊ အချို့ကို လူဆင်းရဲ၊ အချို့ကို ပညာရှိ၊ အချို့ကို လူ့အန္ဓ၊ အချို့ကို လူကောင်း၊ အချို့ကို လူယုတ်မာ၊ အချို့ကို ရုပ်ရည်အလှအပ၊ အချို့ကို အရုပ်ဆိုးအကြည့်တန်၊ အချို့ကို အသက်ရှည်ရှည်၊ အချို့ကို အသက်တိုတို၊ အချို့ကို မျက်စိအကောင်း၊ အချို့ကို မျက်စိမမြင်၊ အချို့ကို ကျန်းကျန်းမာမာ၊ အချို့ကို ရောဂါသည်၊ အချို့ကို အားအင်အကောင်း၊ အချို့ကို အားအင်အချည့်အနဲ့ အစရှိသည်ဖြင့် လူအချင်းချင်း ကွဲပြား ခြားနားစွာ အဘယ်ကြောင့် ဖန်ဆင်းထားပါသလဲ" ဟု ဖြစ်၏။
ထိုအခါ ရေဟူဒီဘုန်းတော်ကြီးများနှင့် ပရိဿတ်အားလုံးသည် အံ့အားသင့်သွားကြ၍ ကျွန်ုပ်၏မေးခွန်းကို မဖြေနိုင် ကြသဖြင့် -
"အို သူငယ်၊ ဤအချက်ကို ယေဟိုးဝါသာလျှင် သိနိုင်သည်" ဟု ရေဟူဒီဘုန်းတော်ကြီးများက ပြန်ပြောကြ၏။
တဖန် ကျွန်ုပ်က -
"ယေဟိုးဝါသည် အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ဟူ၍ သုံးပါးသောကာလတို့ကို သိပါလျက်နှင့် အဘယ့်ကြောင့် ငရဲဘုံကို ဖန်ဆင်းခဲ့ပါသနည်း" ဟု မေးမြန်းပါသည်။
ထိုအခါ ရေဟူဒီဆရာတော်များက -
"ယုတ်မာညစ်ညမ်းသူတို့ကို အပြစ်ဒဏ်ပေးရန် ငရဲဘုံကို ဖန်ဆင်းခဲ့သည်" ဟု ပြန်ဖြေ၏။
ထိုနောက်တဖန် -
"ယေဟိုးဝါသည် သူ၏ဖန်ဆင်းမှုဆိုင်ရာ အနာဂတ်ကာလ၏သဘောကို သိမြင်ပါလျက်နှင့် အဘယ့်ကြောင့် ယုတ်မာ ညစ်ညမ်းသူတို့ကို ဖန်ဆင်းရပါသနည်း" ဟု ကျွန်ုပ်က ထပ်၍မေးလိုက်ပြန်သည်။ ထိုအခါ အားလုံးသော ရေဟူဒီဘုန်း တော်ကြီးများသည် မည်သို့မျှ မဖြေနိုင်ကြတော့ဘဲ ကျွန်ုပ်အား သူတို့အားလုံး၏ ဂိုဏ်းချုပ်အဖြစ် ရွေးကောက် တင်မြှောက်ကြ၏။ ထို့နောက် ကျွန်ုပ်သည် ကျွန်ုပ်၏ မြင့်မြတ်သည့် ရာထူးအရှိန်ကို အသုံးပြုလျက် နှင်တံတချောင်းကို ယူကာ ဘုရားတန်ဆောင်းထဲ၌ သူတို့လုယက်တိုက်ခိုက်၍ရသော ပစ္စည်းတို့ကို ရောင်းချနေကြသူများအား နှင်တံနှင့် ရိုက်ပြီး -
"ဤနေရာကား ယေဟိုးဝါ ဘုရားတန်ဆောင်းဖြစ်သည်။ အသင်တို့အတွက် ဈေးရောင်းစရာ နေရာမဟုတ်" ဟုဆိုကာ နှင်ထုတ်ပစ်လိုက်၏။
ယေဟိုးဝါ၏တရားကား ရှက်ဖွယ်ဖြစ်နေကြောင်း၊ အခြေအမြစ်မရှိကြောင်းကို သိမြင်လာသော ကျွန်ုပ်သည် အလွန်မြင့် မြတ်သည့် ဂုဏ်ထူး၊ နေရာထူးတို့ကို ရနေသည့်တိုင်အောင် ဤမဟုတ်မမှန်သောစကားကိုရွံရှာမုန်းတီး၍ 'အမှန်တရား' ကို မတွေ့တွေ့အောင်ရှာကြံမည်ဟု သန္နိဋ္ဌာန်ချလိုက်၏။ ထိုနောက် ကျွန်ုပ်သည် ဘုရားရှိခိုးကျောင်းထဲမှထွက်၍ မြို့တော်မှ ထွက်ခွာလာခဲ့၏။ ငါးမိုင် ခြောက်မိုင်ကျော်ခန့်လမ်းလျှောက်မိသောအခါ ခရီးသွားကုန်သည်တစုနှင့်တွေ့၏။ သူတို့၏ဝတ်စားဆင်ယင်ပုံမှာ ရေဟူဒီလူမျိုးများနှင့်ကွဲပြားခြားနားလျက်ရှိရာ သူတို့သည် တိုင်းတပါးမှ လာရောက်ကြ သည့် ကုန်သည်များ ဖြစ်ရမည်ဟု သတိပြုမိ၏။ သို့နှင့် သူတို့အနီးသို့ချဉ်းကပ်လိုက်ရာ ကံအားလျော်စွာ သူတို့ ခေါင်းဆောင်နှင့် တွေ့ပြီး သူတို့အား "မည်သည့်အရပ်မှ မည်သည့်ကိစ္စဖြင့် လာကြသနည်း" ဟု မေးမြန်းလိုက်ပါသည်။
ထိုအခါ ခရီးသွားကုန်သည်များ၏ခေါင်းဆောင်များက သူတို့သည် တိဘက်ပြည်မှဖြစ်ကြောင်း၊ တိဘက်ပြည် သားရေ များ၊ ဦးချိုများနှင့် ထူးဆန်းသည့်ပစ္စည်းများကို ဂျေရုဆလင်မြို့မှ ရွှေငွေ ကျောက်သံပတ္တမြားနှင့် အခြားအဘိုးတန်ဆေးဝါးတို့နှင့် ဖလှယ်ရန် လာကြကြောင်း ပြောပြ၏။ ကျွန်ုပ်သည် ခေါင်းဆောင်၏ စိတ်နေသဘော ထားကို သဘောကျမိသဖြင့် စကားပြောရင်းဆိုရင်းနှင့်ပင် လောက၌ အချို့လူတို့က ဆင်းရဲ၊ အချို့က ရုပ်ချော၊ အချို့က အကျည်းတန်၊ အချို့က ကျန်းမာ၊ အချို့က ချည့်နဲ့လျက် အဘယ်ကြောင့် မညီမမျှမွေးဖွားကြသနည်း ဟူသော ရေဟူဒီဘုန်းကြီးများအား ပထမဆုံးမေးသည့် မေးခွန်းကို မေးကြည့်၏။
ထိုအခါ ကုန်သည်အဖွဲ့ခေါင်းဆောင်က -
"အို ချစ်လှစွာသောသူငယ်၊ လူသားများအနက် အချို့က ဆင်းရဲ၊ အချို့က ချမ်းသာ၊ အချို့က ပညာရှိ၊ အချို့က ပညာမဲ့၊ အချို့က ရုပ်ချော၊ အချို့က အကျည်းတန်၊ အချို့က ကျန်းကျန်းမာမာ၊ အချို့က အင်အားချည့်နဲ့ အဖြစ်ဖြင့် တဦးနှင့်တဦး အသွင်မတူဘဲ မွေးဖွားကြရသည်မှာ အတိတ်ဘဝက ကာယကံ၊ ဝစီကံ၊ မနောကံတည်းဟူသော ကမ္မ သတ္တိတို့ကြောင့်ပင်ဖြစ်၏။ ရုပ်အဆင်းအားဖြင့် လှပချောမွေ့၍ လှပသော အဝတ်တန်ဆာတို့ကို ဝတ်ဆင်ပြီးလျှင် မှန် ရှေ့တွင် ရပ်လိုက်သောအခါ လှပ၍ကျက်သရေရှိသောအသွင်သဏ္ဌာန်သည် ထင်လာကာ ရုပ်အဆင်းအားဖြင့် ဆိုးဝါး ၍ စုတ်ပြတ်ဟောင်းနွမ်းသော အဝတ်တို့ကို ဝတ်ဆင်ထားသူတယောက်သည် မှန်ရှေ့တွင် ရပ်လိုက်သောအခါ အရုပ်ဆိုး၍ ကျက်သရေယုတ်လှသည့် အသွင်သဏ္ဌာန်သည် ထင်လာဘိသကဲ့သို့ အချို့လူသားတို့သည် အတိတ်ဘဝက ကမ္မသတ္တိကောင်းကြသဖြင့် စည်းစိမ်ဥစ္စာချမ်းသာကြ၏။ ရုပ်အဆင်းသဏ္ဌာန်လှကြ၏။ ပညာဉာဏ် ထက်မြက်ကြ၏။ ကျန်းမာသန်စွမ်းကြ၏။ ကိုယ်လက်အင်္ဂါ ပြည့်စုံကြ၏။ အသက်ရှည်ကြ၏။ အချို့လူသားတို့ကား အတိတ်ဘဝက ကမ္မသတ္တိ ညံ့ဖျင်းကြသောကြောင့် ဆင်းရဲနွမ်းပါးကြ၏။ အရုပ်ဆိုးအကျည်းတန်ကြ၏။ အသိဉာဏ် ကင်းမဲ့ ထုံထိုင်းကြ၏။ အင်အားချည့်နဲ့ကြ၏။ ကိုယ်အင်္ဂါ မပြည့်မစုံချို့တဲ့ကြ၏။ ဤကဲ့သို့ လူသားအချင်းချင်း တဦးနှင့် တဦး ကွဲပြားခြားနားကြရခြင်းမှာ အထက်ကပြောခဲ့သကဲ့သို့ အတိတ်ဘဝက ကမ္မသတ္တိ အဆိုးနှင့်အကောင်းအရသာ ဖြစ်၏။ မည်သည့် ထာဝရဘုရား၊ သို့မဟုတ် ယေဟိုးဝါ၏ ဖန်ဆင်းမှုကြောင့်မျှ မဟုတ်ချေ။ တနည်းအားဖြင့် ဥပမာ ပေးရသော် ဥယျာဉ်မှူးတယောက်သည် ချိုမွှေးသောအပင်ကို စိုက်လျှင် ချိုမွှေးသော အသီးကို စားရ၍ ခါးသောအပင် ကို စိုက်လျှင် ခါးသောအသီးကို စားရဘိသကဲ့သို့ ဖြစ်၏"
ကုန်သည်ခေါင်းဆောင်ကြီးက ဖြေလိုက်သည့်အဖြေကို ကြားလိုက်သောအခါ ကျွန်ုပ်သည် အလွန်ဝမ်းသာအားရဖြစ် ကာ သူ့အား "မည်သူဟောကြားသည့်တရားတို့ကို လိုက်နာပါသနည်း" ဟု မေးမိ၏။
ထိုအခါ ကုန်သည်ခေါင်းဆောင်ကြီးက - "အို ချစ်လှစွာသောသူငယ်၊ ကျွန်ုပ်ကား ဗုဒ္ဓကိုယ်တော်မြတ် ဟောကြား တော်မူသော တရားကိုသာ လိုက်နာကျင့်သုံး၏။ ဗုဒ္ဓကိုယ်တော်မြတ်သည် လောကသုံးပါးတွင် ပညာအရှိ ဆုံး ဖြစ်သည်။ အလုံးစုံသော တရားတို့ကို အကြွင်းမဲ့သိတော်မူသည့် သဗ္ဗညုတရွှေဉာဏ်တော်ရှင်လည်း ဖြစ်သည်။ ဓမ္မစကြာတရားရှင်လည်း ဖြစ်သည်။ သစ္စာလေးပါး တရားတော်ကိုလည်း ပိုင်းခြားထင်ထင် သိမြင်တော်မူသည်။ အနန္တဉာဏ်တော်၊ အနန္တတန်ခိုးတော်ရှင်လည်း ဖြစ်တော်မူသည်" ဟု ပြန်၍ ဖြေကြား၏။ ထိုအခါ ကျွန်ုပ်သည် ဗုဒ္ဓ ကိုယ်တော်မြတ် ဟောကြားတော်မူသည့် တရားဒေသနာတို့ကို လိုက်နာကျင့်သုံးလိုလှသဖြင့် ကျွန်ုပ်၏မိတ်ဆွေသစ် ကုန်သည်ခေါင်းဆောင်ကြီးအား ကျွန်ုပ်ကို တိဘက်ပြည်သို့ ခေါ်ဆောင်၍ ဆရာတော်ကြီးတပါးထံ အပ်နှံပေးပါရန် တောင်းပန်လိုက်၏။ ကျွန်ုပ်က ဤကဲ့သို့ တောင်းပန်လိုက်သောအခါ ကုန်သည်ခေါင်းဆောင်ကြီးက - "အို သူငယ်၊ ကျွန်ုပ်သည် သင့်အား ကျွန်ုပ်တို့တိဘက်ပြည်သို့ ခေါ်သွားလိုပါ၏။ သို့ရာတွင် သင်သည် အသက်အရွယ်အားဖြင့် အလွန်နုနယ်၍ မိဘနှစ်ပါးတို့၏ အုပ်ထိန်းခြင်းမှ မကင်းလွတ်သေးသဖြင့် သင်၏မိဘများကိုယ်တိုင် သင့်အား ကျွန်ုပ်၏ လက်တွင်းသို့ မအပ်နှံသမျှ ကျွန်ုပ်သည် သင့်အား တိဘက်ပြည်သို့ ခေါ်၍မသွားနိုင်ပါ" ဟု ပြန်၍ဖြေဆိုပါသည်။
ဤတွင် ကျွန်ုပ်က -
"အို မိတ်ဆွေ ကုန်သည်ခေါင်းဆောင်ကြီး၊ ဤကိစ္စနှင့်ပတ်သက်၍ စိုးစဉ်းမျှ မစိုးရိမ်ပါလင့်။ ကျွန်ုပ်သည် အသက် အရွယ် အားဖြင့် အလွန်နုနယ်လှသော်လည်း အသိပညာနှင့်ပတ်သက်သောအခါ မနုနယ်ပါ။ ရာထူးဌာနန္တရအားဖြင့် မြင့်မားသူ တဦးဖြစ်ပါသည်။ ကျွန်ုပ်၏ ခန့်ညားထယ်ဝါလှသည့် ဝတ်စုံနှင့် ဤအထိမ်းအမှတ်လက်စွပ်တို့ကိုကြည့်ပါ။ ကျွန်ုပ်သည် ဤမြို့မှ ရေဟူဒီဘုန်းကြီးများထဲတွင် အချုပ်အခြာဖြစ်ပါသည်။ ကျွန်ုပ်သည် ကျွန်ုပ်မသိမမြင်ခဲ့ဘူးသည့် ယေဟိုးဝါ၏ မူမမှန်သောတရားတို့ကို မုန်းတီးရွံရှာလှသဖြင့် သစ္စာတရားကို မရရအောင်၊ မတွေ့တွေ့အောင် ရှာဖွေ လေ့လာမည် ဟူသော ဆုံးဖြတ်ချက်ဖြင့် ကျွန်ုပ်၏ကျောင်းကို စွန့်ခွာခဲ့သူ ဖြစ်၏။ အကယ်၍သာ ကျွန်ုပ်သည် သင်နှင့် ယခုကဲ့သို့ မတွေ့ခဲ့ပါက သစ္စာတရားကိုရှာဖွေရန် တောကြီးမျက်မည်းထဲသို့ ရောက်နေမည်ဖြစ်၏။ ထို့ကြောင့် ကျွန်ုပ် သည် သင်နှင့် တွေ့သည်ဖြစ်စေ၊ မတွေ့သည်ဖြစ်စေ၊ သင်က ခေါ်သည်ဖြစ်စေ၊ မခေါ်သည်ဖြစ်စေ၊ ဤမြို့ ဤဒေသမှ အမှန်မုချ ထွက်ခွာမည် ဖြစ်သည်"
ကုန်သည်ခေါင်းဆောင်ကြီးသည် ကျွန်ုပ်၏ ရဲရင့်တိကျသောစကားနှင့် ပြင်းထန်သောဆုံးဖြတ်ချက်တို့ကို ကြားသော အခါ ကျွန်ုပ်အား တိဘက်ပြည်သို့ ခေါ်သွားရန်နှင့် တိဘက်ပြည်သို့ရောက်သောအခါ သူ ကိုးကွယ်ဆည်းကပ်သည့် ဆရာတော်ကြီးထံ အပ်နှံပေးရန် သဘောတူလေ၏။
ကံကောင်းထောက်ပံ့သဖြင့် ခရီးသွားကုန်သည်တို့သည် ထိုနေ့မှာပင် တိဘက်ပြည်သို့ ပြန်ကြရန် စီစဉ်ထားကြသော ကြောင့် ကျွန်ုပ်သည် ချက်ချင်းပင် သူတို့နှင့်အတူ တိဘက်ပြည်သို့ လိုက်သွားခွင့်ရခဲ့၏။ (၄)လကြာမျှ အလွန်ပြင်းပြင်း ထန်ထန်နှင့် ခရီးကြမ်းနှင်ခဲ့ကြပြီးနောက် ကျွန်ုပ်သည် တိဘက်ပြည်တောင်ပိုင်း မွန်ဘုန်းတော်ကြီးကျောင်း၊ ကျောင်း ထိုင်ဆရာတော် အရှင်အရိယပုတ္တမဟာထေရ် ထံသို့ရောက်ခဲ့၏။ ကျွန်ုပ်သည် တိဘက်ဘာသာစကားကို မတတ်ကျွမ်း သော်လည်း ခရီးသွားကုန်သည်ခေါင်းဆောင်ကြီး၏ အကူအညီဖြင့် အရှင်အရိယပုတ္တမဟာထေရ်မြတ်၏ ခြေတော်ရင်း တွင် ခိုလှုံလိုကြောင်း လျှောက်ထားနိုင်ခဲ့၏။
ဆရာတော်မဟာထေရ်မြတ်သည် ကျွန်ုပ်အား အစမ်းသဘောဖြင့် (၆)လတိတိ သူ၏ခြေတော်ရင်းတွင် ပညာသင်ကြား ပေးကာ စောင့်ကြည့်ခဲ့၏။ ထိုအချိန်ကာလအတွင်း ကျွန်ုပ်သည် တိဘက်ဘာသာကို လေ့လာခဲ့၏။ (၆)လစေ့သော အခါ မဟာထေရ်မြတ်သည် ကျွန်ုပ်၏ ဆန္ဒပြင်းပြမှုကို ယုံကြည်စိတ်ချကာ ကျွန်ုပ်အား သံဃာအပါး ၃၀ ကျော်နှင့် အလွန်ကြီးမားလှသည့် ပရိဿတ်ရှေ့မှောက်၌ သာမဏေ ဇီဝကိရိတ ဟူသောဘွဲ့ (ဟေဗြဘာသာအရ "ယေရှု ခရစ်တော်") ဖြင့် ရှင်သာမဏေအဖြစ်နှင့် သာသနာ့ဘောင်အတွင်းသို့ သွတ်သွင်းချီးမြှင့်တော် မူလေ၏။"
"တိမ်မြုပ်နေသော ခရစ်တော်၏ဟောပြောချက်များ" ဟူသောကျမ်းသည် စာမျက်နှာပေါင်း (၆၀၀)ကျော်ရှိရာ ထို ကျမ်းဂန် တခုလုံးကို ကုန်အောင် ဦးပဉ္ဇင်းဟာ အကြိမ် (၂၀) ထက်မနည်း ဟောရမယ်ဖြစ်တယ်။ ဒါကြောင့် ကျန်တဲ့ အပိုင်းကို အကျဉ်းချုပ်ပြီး ဟောပါရစေ။
သာမဏေရ ဇီဝကိရိတ (သို့မဟုတ်) ရှင်သာမဏေဟာ ၇နှစ်နှင့်၆လတိုင်တိုင် ရှင်သာမဏေတို့ လိုက်နာကျင့်သုံးရမည့် ကျင့်ဝတ်သိက္ခာတို့ကို ကျကျနန ထိန်းသိမ်းခဲ့လေတော့ ရှင်အရိယပုတ္တမဟာထေရ်မြတ်က အသက် (၂၀) အရွယ်သို့ ရောက်တဲ့အခါမှာ ရဟန်းတော်အဖြစ် ဥပသမ္ပဒါ ပြုပေးတော်မူသတဲ့။
ရဟန်းတော် ရှင်ကိရိတ ဟာ စိတ်အားလည်း ထက်သန်၊ ဗုဒ္ဓရဲ့တရားကိုလည်း အလွန်ယုံကြည်ကိုးစားတော်မူတဲ့ အတွက် စာပေပရိယတ်ကိုလည်း တဖက်က သင်အံကျက်မှတ်၊ တဖက်က သမထတရားတို့ကို လေ့လာအားထုတ်နေ တော့ မကြာမီအတွင်းမှာ ဈာန်အဘိညာဉ်တွေကိုရပြီး တန်ခိုးတွေကို ပြနိုင်လာသတဲ့။ သူ့ရဲ့ဆရာတော် အရှင်အရိယ ပုတ္တ ကလည်း ရဟန္တာတပါး ဖြစ်လေတော့ ခရစ်တော်ရဲ့ အနာဂတ်အရေးကို သိမြင်တော်မူတယ်တဲ့။
ခရစ်တော်ဟာ အလွန်ဆိုးဝါးတဲ့ သေခြင်းတရားနဲ့ တွေ့ကြုံရမယ့် အရေးကို မြင်တော်မူသတဲ့။ ဒါကြောင့် ရဟန်းတော် ဇီဝကိရိတ က သူ့အရပ် သူ့ဌာနသို့ ပြန်ရန် အခွင့်တောင်းတော့ အခွင့်မပြုဘဲ ငြင်းဆန်နေသတဲ့။ ဒါပေမယ့် တကြိမ်မျှ သာမဟုတ်ဘဲ အကြိမ်ကြိမ် အဖန်ဖန်လျှောက်ထား တောင်းပန်လေတော့ -
"အို ချစ်သား ဇီဝကိရိတ၊ ချစ်သားဟာ အောက်ပါအချက်တွေကို လိုက်နာကျင့်သုံးမယ်ဆိုရင် ချစ်သားအား သွားခွင့်ပြု မယ်။ ဆရာတော်လိုလားတဲ့အချက်တွေကတော့
(၁) အကယ်၍ ရေဟူဒီလူမျိုးများ (သို့မဟုတ်) ဣသရေလလူမျိုးများကသင့်အား တံတွေးများထွေး၍ ရှုံ့ချကဲ့ရဲ့ကြသည့် တိုင်အောင်၊ ခဲအုတ်များနှင့် ပေါက်သည့်တိုင်အောင်၊ ဆဲရေးတိုင်းထွာသည့်တိုင်အောင် ချစ်သားက ချစ်သား၏ ဈာန် အဘိညာဉ်တန်ခိုးကို အသုံးပြု၍ မတုံ့ပြန်ပါနှင့်။
(၂) အကယ်၍ တစုံတယောက်သောသူက သင့်အား မဟုတ်မမှန် မတရားသဖြင့် စွပ်စွဲသည့်တိုင်အောင် ချစ်သားက ပကတိ တည်ငြိမ်သောသဘောနှင့် သည်းခံရမည် ဖြစ်၏။
(၃) အကယ်၍ တစုံတယောက်သောသူက သင်၏မျက်မှောက်မှာပင် ဗုဒ္ဓကိုယ်တော်မြတ်ကိုလည်းကောင်း၊ တရား တော်မြတ်ကို လည်းကောင်း၊ သံဃာတော်အရှင်မြတ်တို့ကိုလည်းကောင်း၊ သွားပုပ်လေလွင့် မတရားသဖြင့် ပြောသည့် တိုင်အောင် နည်းပရိယာယ်ကို သုံးလျက် သူတို့၏မိုက်မှားမှုကို သိမြင်လာအောင် ဟောပြောညွှန်ပြရမည် ဖြစ်၏။ အကြောင်းသော်ကား သူတို့သည် ဘာမျှမသိမမြင် နားမလည်ကြ၍သာ ပြုမူကြခြင်းဖြစ်ရာ သူတို့အား အပြစ်မှ အခွင့် လွှတ်ရမည် ဖြစ်၏။
(၄) အကယ်၍ တစုံတယောက်သောသူက အထင်အမြင်လွဲမှားသည်ရှိသော် နားလည်လာသည့်တိုင်အောင် ဥပမာ ဥပမေယျ များကိုဆောင်ကာ ဟောပြောရှင်းလင်းရမည်ဖြစ်၏။
(၅) မည်ကဲ့သို့ပင်ဖြစ်စေ၊ သင့်အား ကန့်လန့်ဆန့်ကျင်ပြုလုပ်နေကြသည့် သင်၏ရန်သူများအား မုန်းတီးခြင်း၊ ဒေါသ ဖြစ်ခြင်း စသည့် အရိပ်လက္ခဏာတို့ကို မပြပါနှင့်။
(၆) သင်သည် အခါမလပ် မမေ့မလျော့သောစိတ်ဓါတ်နှင့်ဈာန်အဘိညာဉ်တရားတို့ကိုပွားများပါလေ။ မေတ္တာကမ္မဋ္ဌာန်း ကို ပွားများကာ ကမ္ဘာလောကကြီးတဝှမ်းလုံးကို သင်၏မေတ္တာကရုဏာတရားဖြင့် လွှမ်းမိုးပါစေ။
(၇) အကယ်၍ တစုံတယောက်သောသူ (သို့မဟုတ်) လူတစုက သင့်အားရိုက်နှက်သတ်ဖြတ်စေကာမူ သေသည်အထိ အသိတရားကင်းမဲ့စွာ မိုက်မှားသူတို့အပေါ်တွင် မေတ္တာ၊ ကရုဏာတရားများ ပွားများကာ နောက်ဆုံးသေသည့်အချိန် အထိ ဗုဒ္ဓကိုယ်တော်မြတ်၏ ဂုဏ်တော်တရားကို အခါမလပ် ဆင်ခြင်အောက်မေ့ပါလေ။ သို့မှသာလျှင် သင်သည် သေ သည်၏အခြားမဲ့၌ အလွန်ချမ်းသာသုခနှင့် ပြည့်စုံသော ဗြဟ္မာ့ဘုံသို့ ရောက်မည်ဖြစ်၏။
ချစ်သား၊ သင်သည် ဤအချက် (၇)ချက်ကို လိုက်နာကျင့်သုံးပါမည်ဟု ကတိပေးခဲ့လျှင် သင်သည် ရေဟူဒီလူမျိုးများ အား မည်သည့်နည်းနှင့်မျှ မပြုပြင် မပြောင်းလဲနိုင်မှန်းကို သိလျက်နှင့် အခွင့်ပေးရချေမည်။ သင်သည် ဣသရေလ လူမျိုးများအား ပြုပြင်နိုင်သော်လည်း သူတို့သည် သင်၏တရားများကို အထင်အမြင်မှားကာ သင်ကွယ်လွန်ပြီးနောက် သင်ဟောပြောသည့်တရားတို့ထဲမှ (၁) ချစ်ခင်ကြင်နာခြင်း၊ (၂) ကရုဏာပွားများခြင်း၊ (၃) လေးစားခြင်း၊ (၄) ဥပေက္ခာ ပြုခြင်း၊ (၅) သည်းခံခြင်း၊ (၆) အပြစ်မှခွင့်လွှတ်ခြင်း (၇) ကြိုးပမ်းအားထုတ်ခြင်း စသည့် အချက်အလက်တို့ကိုသာ ဆက်လက်ထိန်းသိမ်း၍ သင်၏နာမည်ဖြင့် ဘာသာအယူဝါဒတရပ်ကိုထူထောင်ကြလိမ့်မည်" ဟူ၍ အမိန့်ရှိကာ အရိယ ပုတ္တ မထေရ်မြတ်ဟာ ဇီဝကရိတ အား ပြန်ခွင့်ပြုလိုက်တယ်။ ဇီဝကရိတကလည်း သူ့ရဲ့ဆရာတော် အမိန့်ရှိတော်မူတဲ့ အချက်အလက်တွေကို သေသည်အထိ လိုက်နာကျင့်သုံးပါ့မယ်လို့ ကတိကဝတ်ပြုကာ သူရဲ့ နေရပ်ဌာနသို့ ပြန်လာခဲ့ တယ်။
အဲဒီနောက် ယုဒယာမြို့မှာ ခရစ်တော် ပထမဦးဆုံး တရားဟောတဲ့အခါမှာ တရားနာသူတွေက ယေဟိုးဝါဘုရားသခင် ကိုယ်တော်မြတ်ရဲ့ တရားတွေမဟုတ်ဘဲ ဗုဒ္ဓကိုယ်တော်မြတ် ဟောတဲ့တရားတွေသာ ဖြစ်တယ်လို့ဆိုပြီး သူ့ကို ဝိုင်းပြီး ပုတ်ခတ် ပြောဆိုကြတယ်။ ဂျေရုဆလင်နဲ့ ဘသာလီဟန်မြို့တွေမှာဟောပြန်တော့လည်း ဒီအတိုင်းဘဲ ဖြစ်ရပြန်တယ်။ သူတို့က သူဟောတဲ့တရားတွေဟာ ဘယ်လောက်ပဲကောင်းကောင်း တနည်းနည်းနဲ့တိုက်ဖျက်ကာ ရှုံ့ချပုတ်ခတ်ကြ သတဲ့။
ဒီလိုအဖြစ်အပျက်နဲ့ရင်ဆိုင်ရတဲ့အခါမှာ ခရစ်တော်ဟာ သူ့ရဲ့ဆရာ အရိယပုတ္တမထေရ်က သူ့ကိုမှာလိုက်တဲ့ ပရိယာယ် သုံးရမယ်ဆိုတဲ့စကားကို အမှတ်ရပြီး သူဟောတဲ့တရားဟာ ယေဟိုးဝါဟောတဲ့ တရားများဖြစ်ကြောင်း၊ သူဟာ ယေဟိုးဝါရဲ့ သားတော်ဖြစ်ကြောင်းဖြင့် လှည့်စားပြီး ပြောလိုက်သတဲ့။ အမှန်ကတော့ သူဟာ ပရိယာယ်သုံးရမယ်ဆိုတဲ့ စကားကို အဓိပ္ပာယ်အကောက်မှားပြီး ယခုလိုလှည့်စားလိုက်ခြင်းဖြစ်တယ်။ ဒီလိုအလှည့်စား မှားလိုက်တဲ့အတွက် ခရစ်တော်ဟာ လက်ဝါးကပ်တိုင်မှာကပ်ပြီး ရေဟူဒီဘုန်းကြီးများနဲ့ ရောမလူမျိုးတို့ရဲ့ အသတ်ခံသွားရသတဲ့။
ခရစ်တော်ဟာတန်ခိုးပြာဋိဟာတွေကိုပြနိုင်ပေမယ့် ရေဟူဒီလူမျိုးတွေနဲ့ ရောမလူမျိုးတွေရဲ့ နှိပ်စက်မှုတွေကို သေသည် အထိ တည်ငြိမ်စွာနဲ့ပဲ ခံသွားရှာတယ်။ သူဟာ သူ့ရဲ့ဆရာက မှာလိုက်တဲ့အတိုင်း မည်သည့် ဈာန်အဘိညာဉ်ကိုမျှ မသုံးတဲ့ တကယ့်အာဇာနည်ပုဂ္ဂိုလ်ပီပီ သေခြင်းတရားကို ရင်ဆိုင်သွားခဲ့တယ်။ ဒါကြောင့် ရေဟူဒီလူမျိုးတွေဟာ ခရစ် တော်လို သူတော်ကောင်းတယောက်ရဲ့အသက်ကို ရက်ရက်စက်စက် သတ်ဖြတ်မိကြတဲ့အတွက် ယနေ့အထိ ကိုယ့် တိုင်းပြည်ရယ်လို့ လက်ညှိုးထိုးပြစရာ တိုင်းပြည်မရှိဘာမရှိနဲ့ ကလေကဝ ဖြစ်နေကြရတာပေါ့။
အဲဒီ ပါမောက္ခ မစ္စတာဂိုးရစ်(ခ်)တွေ့ရှိထားတဲ့ မှတ်တမ်းအရ ခရစ်တော်ဟာ ထာဝရဘုရားသခင်ရဲ့ သားတော် မဟုတ် ဘူး ဆိုတဲ့အကြောင်းကို ကောင်းကောင်းကြီးလက်ခံနိုင်ပြီမဟုတ်လား။ ဒါပေမယ့် သူက - "ကျွန်ုပ်ကား ထာဝရဘုရား သခင် ယေဟိုးဝါ၏သားတော်ဖြစ်သည်" ဟူသော စကားကိုပြောကာ ရေဟူဒီလူမျိုးတွေနဲ့ ဣသရေလလူမျိုးတွေကို သူ့ တရားကို လိုက်နာကြပြီး သူ့နောက်သို့လိုက်လာအောင် ပရိယာယ်သုံးခဲ့တယ်။ ဒါပေမယ့် သူ့ရဲ့ဆရာတော်က နိမိတ် ဖတ် လိုက်တဲ့အတိုင်းပဲ သူ့ရဲ့နောက်လိုက်တွေက သူ့ရဲ့ဟောပြောချက်တွေကို တမျိုးတဖုံ သူတို့လိုသလို ဆွဲသုံးကြပြီး ယေဟိုးဝါ ကိုရော၊ ခရစ်တော်ကိုပါ ကိုးကွယ်ဆည်းကပ်ကြတယ်။
"ကျွန်ုပ်သည် ယေဟိုးဝါထာဝရဘုရားသခင်၏ ဓမ္မဟောင်းကို ပယ်ဖျက်ပြီး ဓမ္မသစ်ကိုတီထွင်သည်။ ကျွန်ုပ်သည် ဘုရား တန်ဆောင်းဟောင်းကို ဖြိုဖျက်၍ ဘုရားတန်ဆောင်းသစ်ကို တည်ဆောက်သည်။ ကျွန်ုပ်သည် အရေတော်ကို ဖြတ်လှီး၍ဘာသာအယူဝါဒရေးရာအရ ကင်ပွန်းတပ်သည့် ထုံးတမ်းဓလေ့ကို တီထွင်သည်" ဟူသော ခရစ်တော်ရဲ့ သုံး ခွန်းသော စကားတို့ကို သူ့ရဲ့နောက်လိုက်များက မှားယွင်းတဲ့ အနက် အဓိပ္ပာယ်ဖြင့် ကောက်ယူခဲ့ကြတယ်။ ဒါပေမယ့် ဒီစကားတွေကို ကြည့်ခြင်းအားဖြင့် သူ့ရဲ့ ဘာသာအယူဝါဒဟာ ယေဟိုးဝါရဲ့ ဘာသာအယူဝါဒနဲ့ လုံးဝမတူကြောင်းကို အထင်အရှား သိမြင်နိုင်ပါတယ်။ ဒါပေမယ့် ခရစ်ယာန်ဘာသာဝင်တွေက ဒါကို နားမလည်ကြသေးဘူး။ သဘော မပေါက် ကြသေးဘူး။ ခရစ်တော်ရဲ့ သွန်သင်ဟောပြောချက်တွေရဲ့ အနက်အဓိပ္ပာယ်ကိုနားမလည်ကြသေးဘူး။
အထက်က ဦးပဉ္ဇင်းဟောပြောခဲ့တဲ့ တကယ့်တိကျဟုတ်မှန်တဲ့ သက်သေသာဓကတွေအပြင် ခရစ်တော်ဟာ ထာဝရ ဘုရားသခင်ရဲ့ သားတော် မဟုတ်ကြောင်းကို နောက်ထပ် သက်သေသာဓက ပြပါဦးမယ်။ ထာဝရဘုရားသခင်ရဲ့ တရား တွေနဲ့ ခရစ်တော်ဟောတဲ့ တရားတွေရဲ့ ခြားနားချက်တွေကို တကယ်တမ်း စီစစ်ကြည့်ရင် ခရစ်တော်ဟာ ထာဝရ ဘုရားသခင်ရဲ့ ရန်သူ၊ တနည်းအားဖြင့် ဆန့်ကျင်သူဖြစ်ကြောင်းကို လွယ်လင့်တကူနဲ့ သိမြင်နိုင်ပါတယ်။
ဓမ္မဟောင်းကျမ်းစာထဲမှာ ထာဝရဘုရားသခင်က အဗြဟမ်အား -
"အကယ်၍ သင်၏မျက်လုံးကို တစုံတယောက်သောသူက ထိုးဖောက်၍ ယူသွားခဲ့သည်ရှိသော် ထိုသူ၏ မျက်လုံး ကိုလည်း သင်က ထိုးဖောက်၍ ယူလေ။ အကယ်၍ တစုံတယောက်သောသူက သင်၏နှာခေါင်းကို လှီးဖြတ်ပစ်သည် ရှိသော် ထိုသူ၏ နှာခေါင်းကို သင်ကလည်း လှီးဖြတ်ပစ်ပါလေ။ အကယ်၍ တစုံတယောက်သောသူက သင်၏အသက် ကို သတ်ရန်ကြိုးပမ်းခဲ့သည်ရှိသော် သင်ကလည်း ထိုသူ၏အသက်ကို သတ်ဖြတ်ပါလေ။ ငါကား ဒေါသတရားဖြင့် ထုံ အပ်သည့် ထာဝရဘုရားသခင်တည်း။ ငါသည်သင့်အား လက်စားချေရေးတရားအမြိုက်ဆေးကို တိုက်ကျွေးတော်မူ၏" ဟု အလေးအနက် ဟောပြောတော်မူခဲ့တယ်။
ဒါပေမယ့် ကရုဏာတရားပွားများလှတဲ့ ခရစ်တော်ကတော့ -
"အကယ်၍ တစုံတယောက်သောသူက သင်၏ခြုံစောင်ကို ယူသွားခဲ့သည်ရှိသော် ထိုသူအား သင်၏အင်္ကျီပါ ချွတ်၍ ပေးကမ်းလှူဒါန်းပါလေ။ အကယ်၍ တစုံတယောက်သောသူက သင်၏လက်ျာဘက်ပါးကို ရိုက်ခဲ့သည်ရှိသော် ထိုသူ အား သင်၏လက်ဝဲဘက်ပါးကိုပါ ရိုက်ပါစေ။ အစစကိုသည်းခံပါ။ သည်းခံခြင်းသည်သာလျှင်ကုသိုလ်တရားကို ပွားများ ပေးစေနိုင်သည်။ သင်၏အိမ်နီးချင်းများကို သင့်ကိုယ်ကိုချစ်ခင်သကဲ့သို့ ချစ်ခင်ပါ။ မည်သည့်သက်ရှိသတ္တဝါကိုမျှ အန္တရာယ် မပြုပါနှင့်" လို့ သူ့ရဲ့နောက်လိုက်တွေကို ဟောပြောသွန်သင်ခဲ့တယ်။
ထာဝရဘုရား ယေဟိုးဝါနဲ့ ခရစ်တော်ဟောတဲ့ဒီတရားနှစ်ခုဟာ တခုနဲ့တခုစပ်လို့ဟပ်လို့မရအောင် ကွာခြားနေတာကို တွေ့နေရပါတယ်။ ဒါ့ကြောင့် ခရစ်တော်ဟာ ယေဟိုးဝါရဲ့ သားတော်မဟုတ်ဘဲ ထာဝရဘုရားယေဟိုးဝါရဲ့ ရန်သူဖြစ် ကြောင်းကို အသိဉာဏ်ရှိတဲ့သူတိုင်းအထင်အရှားနားလည်သဘောပေါက်နိုင်ပါတယ်။ ဒီနည်းနဲ့ ခရစ်တော်ဟာ ထာဝရ ဘုရား ယေဟိုးဝါရဲ့ ဓမ္မဟောင်းကို ချိုးဖောက်ဖျက်ဆီးနိုင်ခဲ့တယ်။ ယေဟိုးဝါရဲ့ ဘုရားတန်ဆောင်းကို ဖျက်ဆီးခဲ့တယ်။ အရေပြားကို ဖြတ်လှီးပြီး ဘာသာအယူဝါဒဆိုင်ရာ ကင်ပွန်းတပ်တဲ့ ထုံးတမ်းဓလေ့ကို ပယ်ဖျက်ခဲ့တယ်။
ဒီနေရာမှာ အခွင့်သင့်လို့ ခရစ်တော် ပြန်လည်ရှင်လာခြင်းဆိုတဲ့ ကိစ္စနဲ့ပတ်သက်လို့ ဦးပဉ္ဇင်း အကျဉ်းချုပ်သဘော နည်းနည်း ဟောချင်ပါသေးတယ်။ ခရစ်တော်သေပြီး တတိယမြောက်နေ့မှာ ပြန်လည်ရှင်သန်လာတယ်ဆိုတဲ့ အဖြစ် အပျက် ကလေးကတော့ တော်တော်ကလေး ဦးနှောက်ကောင်းကောင်းနဲ့ တီထွင်လိုက်တဲ့ ဇာတ်လမ်းကလေးတပုဒ် ဖြစ်တယ်။ ဒီဇာတ်လမ်းကို တီထွင်လိုက်တဲ့သူကတော့ ပြည့်တန်ဆာလုပ်စားတဲ့ ပြစ်မှုနဲ့ ရေဟူဒီတရားရုံးက အမိန့်အရ ရေဟူဒီတွေက ခဲတွေနဲ့ ဝိုင်းပေါက်ခြင်းခံရတဲ့ မေရီမက်(ဂ)ဒါလီနာ (Mary Magdalene) ဆိုတဲ့ အမျိုးသမီး တယောက်ဖြစ်တယ်။
ယေဟိုးဝါ သက္ကရာဇ် (၃၂၀၁) ခုနှစ်မှာ ရောမလူမျိုးဘုရင်ခံ ပွန်တီယပ်(စ)ပစ်လေးက "ခရစ်တော်ကွယ်လွန်ခြင်းနှင့် လိမ်လည်လုပ်ကြံထားသော ပြန်လည်ရှင်လာခြင်း" ဟူသော စာတမ်းတစောင်ကို ထုတ်ဝေခဲ့ပါတယ်။ ဒီစာတမ်း ကတော့ -
"ဘက်သလဟမ်မြို့မှ မေရီ၏သား၊ အင်နာယေရှုခရစ်၏မြေးသည် ယေဟိုးဝါ၏အယူဝါဒကို မထီမဲ့မြင် သေးသိမ်ယုတ် ညံ့အောင် ပြုလုပ်လျက်ရှိသည်ဟူသော ရေဟူဒီဘုန်းကြီးများ၏ တရားစွဲဆိုချက်အရ ရောမလူမျိုးတို့၏ဥပဒေအရ ၄င်း အား ရာဇဝတ်ကောင်များကို ကားတင်၍ ကွပ်မျက်နေကျဖြစ်သည့် ဆီနိုင်တောင်ထိပ်ပေါ်မှ လက်ဝါးကပ်တိုင်၌ ကားတင်၍ ကွပ်မျက်ပစ်လိုက်၏။ ထို့နောက် ခရစ်ယာန်ဘာသာဝင်တို့အား ခရစ်တော်၏အလောင်းကို မည်သူမျှ တူး ဖော်ရွှေ့ပြောင်းခြင်း မပြုရဟု အမိန့်ထုတ်ဆင့်ထားသော်လည်း ခရစ်ယာန်ဘာသာဝင်တို့က တူးဖော်ရွှေ့ပြောင်းပစ်ကြ လိမ့်မည်ဟူသော ကောလဟလသတင်း ဖြစ်ပွားနေသဖြင့် သူ၏အလောင်းကို ကျောက်ဂူထဲတွင် မြှုပ်ပြီး အလွန်ကြီး မားသော ကျောက်တုံးကြီးများကို တင်ထားလေ၏။ ၄င်းပြင် ရောမစစ်သည်တော်(၅၀)ကို အစောင့်ချထားလေ၏။ ခရစ်တော်သည် တန်ခိုးပြာဋိဟာတို့ကို ပြနိုင်သူဖြစ်ရကား ရောမလူမျိုးဘုရင်သည် သူတန်ပြန်၍ ရှင်လာမည်ကို စိုးရိမ် လှသဖြင့် အစောင့်စစ်သားများအား အထူးဂရုတစိုက် စောင့်ကြပ်ရန် အမိန့်ထုတ်လေ၏။ ခရစ်တော် အသတ်ခံရပြီး ဒုတိယည၌ မေရီမက်(ဂ်)ဒါလီနာသည် ကချသည်အဝတ်တို့ကို ဝတ်ဆင်ပြီး ဆေးစပ်ထားသည့်အရက်နီကို ဖန်တကောင်း တခုတွင်ထည့်ကာ ခရစ်တော်မြှုပ်ရာ ကျောက်ဂူအနီးသို့ ချဉ်းကပ်လေ၏။ ရောမစစ်သည်တော်တို့က မက်(ဂ်)ဒါလီနာ သည် ခရစ်တော်အား တကယ်တမ်းကြည်ညိုသူတယောက် ဖြစ်သည့်အကြောင်းကိုလည်းကောင်း၊ ခရစ်တော်၏အလောင်းကို လာရောက်၍ ယူရန်လာသည့် သူ၏အကြောင်းကိုလည်းကောင်း မသိကြသောကြောင့် သူ့ အား သူတို့ရှေ့တွင် ကခုန်သီဆိုခွင့် ပြုထားမိကြ၏။ သူသည် ဆိုရ ကရ၍ မောလာသောအခါ အရက် ဖန်တကောင်းကို ဖွင့်၍ သောက်ဟန်ပြုလေ၏။ သဘာဝအလျောက် အရက်ကို တပ်မက်ကြသည့် စစ်သည်တော်တို့သည် မက်(ဂ်)ဒါလီနာက သူတို့အား အရက်တကောင်းကိုပေးလျှင်အားပါးတရ သောက်ကြလေ၏။ စစ်သည်တော်တိုင်း အလွန် ပြင်းထန်သည့် ဆေးများကို ခပ်ထားသည့် မက်(ဂ်)ဒါလီနာ၏ အရက်ကို တဖန်ခွက်စီသောက်ကြ၏။ မိနစ် အနည်းငယ် ကြာသောအခါ ဆေးခပ်ထားသည့်အရက်တန်ခိုးကြောင့် နှစ်နှစ်ခြိုက်ခြိုက်ကြီး အိပ်ပျော်ကြရာ (၃)ရက် ကြာမှ နိုးကြ၏။ ရောမစစ်သည်တော်များ အိပ်ပျော်နေစဉ်အတွင်း မက်(ဂ်)ဒါလီနာသည် ခရစ်ယာန်ဘာသာဝင်တို့ကို စုကာ ခရစ်တော်၏အလောင်း မြှုပ်နှံထားသည့် ဂူပေါ်မှ ကျောက်စိုင်ကျောက်တုံးကြီးများကို ဖယ်ရှားပစ်ကြ၍ အလောင်းကို တူးဖော်ယူကာ အစိုးရအာဏာပိုင်များ မသိသည့်နေရာသို့ တိတ်တဆိတ်ပြောင်းရွှေ့မြှုပ်နှံလိုက်၏။ နောက်နေ့ နံနက်စောစောအချိန်တွင် မေရီမက်(ဂ်)ဒါလီနာသည် နန်းတော်၊ တရားလွှတ်တော်၊ ဈေးနှင့် ဇာတ်ရုံများဆီ သို့ သွားရာ လမ်းလေးခွ၌ ခရစ်ယာန်ဘာသာဝင်များစွာတို့ကို စုရုံးပြီး "အို ကျွန်ုပ်တို့၏ ယေရှုသခင်အား သက်ဝင် ယုံကြည် ကြသူ အချင်းတို့၊ ကြည့်ကြကုန်လော။ ယေရှုကိုယ်တော်မြတ်၏ ကျက်သရေရှိလှစွာသော ရုပ်သဏ္ဌာန်တော် ကို ဖူးမျှော်ကြလော့။ ကိုယ်တော်မြတ်ကား ကောင်းကင်ဘုံနန်းသို့ ကြွမြန်းတော်မူလျက်ရှိသည်ကို ကြည့်ကြကုန်လော့" ဟု ဟစ်အော် ကြွေးကြော်ကြလေသည်။
ရေဟူဒီများ၊ ရောမလူမျိုးများနှင့် အခြားဘာသာများကို သက်ဝင်ယုံကြည်ကြသူတို့က -
"သင်၏ ခရစ်တော်ကား အဘယ်မှာနည်း။ ခရစ်တော်သည် ကောင်းကင်ဘုံနန်းသို့ ကြွမြန်းလျက်ရှိသည်ဟု သင်တို့က မည်မျှပင် ဟစ်အော်ကြွားဝါနေကြသော်လည်း ငါတို့သည် မမြင်ချေတကား။ သင်တို့သည် လိမ်လည်နေခြင်းသာဖြစ်၏" ဟု ပြန်၍ ပြောကြ၏။
ထိုအခါ မေရီမက်(ဂ်)ဒါလီနာက -
"ခရစ်တော်အား ယုံကြည်ကိုးကွယ်၍ အရေပြားကို ဖြတ်သည့် ထုံးတမ်းဓလေ့ကို မလိုက်နာ မကျင့်သုံးသူတို့သာလျှင် ခရစ်တော် ကောင်းကင်ဘုံနန်းသို့ ကြွမြန်းတော်မူသည်ကို မြင်ကြရချေမည်။ သခင်ယေရှုကိုယ်တော်မြတ်ကို သက်ဝင် ယုံကြည်မှု မရှိဘဲ သတ်ဖြတ်လုပ်ကြံကြသည့် သင်တို့ဒိဋ္ဌိများကား ခရစ်တော်ကို မြင်ကြရမည်မဟုတ်ချေ။ သင်တို့ အကယ်၍ မယုံကြည်က ဆီနိုင်တောင်ထိပ်ပေါ်သို့တက်၍ကြည့်ကြလော့။ ထာဝရဘုရားသခင်၏ တမန်တော်က သူ၏ ဂူပေါ်တွင် တင်ထားသည့် ရာပေါင်းများစွာသော လူများအားနှင့်မှ ရွှေ့နိုင်သော ကျောက်တုံးကြီးကို ရွှေ့ပြီးလျှင် အစိတ်စိတ်အမွှာမွှာ ခွဲပစ်သည်ကို တွေ့ကြရမည်။ ၄င်းပြင် ရောမစစ်သည်တော် (၅၀)ကို တမန်တော်က မူးမေ့နေ အောင် ရိုက်နှက်ထုထောင်းထားခဲ့သည်ကိုလည်း ကြည့်ကြဦးလော့" ဟု ဆိုပြန်၏။
ခရစ်ယာန်ဘာသာဝင်တို့က မည်မျှပင် ဟစ်အော်ကြွေးကြော်နေကြသော်လည်း ခရစ်တော် ကောင်းကင်ဘုံနန်းသို့ ကြွ မြန်းသည်ကို မမြင်ရသည့် အစိုးရအဖွဲ့အာဏာပိုင်များ၊ ရေဟူဒီလူမျိုးများနှင့် ရောမလူမျိုးတို့သည် ဆီနိုင်တောင်ထိပ် ပေါ်သို့ တက်ကြည့်ကြရာ ခရစ်တော်၏ဂူပေါ်တွင် တင်ထားသည့် ကျောက်တုံးကြီးနှင့် ခရစ်တော်၏ အလောင်းတို့ကို မတွေ့ကြရတော့ချေ။ ၄င်းပြင် ရောမစစ်သည်တော်တို့ မူးမေ့နေကြသည်ကို တွေ့မြင်ကြလေ၏။
ဤအဖြစ်အပျက်ကို ဘာတခုမျှ မသိလိုက်ကြသော ရောမစစ်သည်တော်တို့အား ရောမအာဏာပိုင်တို့က ထောင်ထဲသို့ ပို့ကြ၏။ သို့ရာတွင် တတိယနေ့၌ ရောမစစ်သည်တော်တို့သည် သတိရလာကြ၍ မက်(ဂ်)ဒါလီနာက သူတို့ကို အက အဆိုဖြင့် ဖြေဖျော်ပြီးနောက် ဆေးခပ်ထားသည့်အရက်ကိုတိုက်ကြောင်း၊ ထို့နောက် သူတို့ သတိလစ်သွားကြကြောင်း ပြန်ဖြေကြလေ၏။ ဤကဲ့သို့ အဖြစ်အပျက်မှန်ကို သိကြသောအခါ ရောမအာဏာပိုင်တို့သည် မက်(ဂ်)ဒါလီနာနှင့်တကွ ခရစ်ယာန်ဘာသာဝင်ရေဟူဒီများနှင့် ဣသရေလလူမျိုးပေါင်း (၁၀၀၀)ကျော်တို့ကို ဖမ်းဆီး၍ ခေါင်းဖြတ်ပစ်လိုက် ကြ၏။
ဒါဟာ တန်ခိုးပြာဋိဟာတွေ ပြနိုင်တာတော့ မှန်ပါတယ်။ ဒါပေမယ့် လူကိုယ်တိုင်က အသက်သေသွားပြီးဖြစ်တော့ ဒီ တန်ခိုးပြာဋိဟာတွေကလည်း ဘာမှ အသုံးမဝင်တော့ဘူးပေါ့။ ခရစ်တော်ဟာလည်း အခြားသတ္တဝါတွေလိုပဲ သေပြီးတဲ့ နောက် ဘယ်နည်းနဲ့မှ ပြန်မရှင်နိုင်တော့ဘူးပေါ့။
ဝစ်လဆင်။ တပည့်တော်တို့ တခါမျှ မကြားဖူးတဲ့ အခုဆရာတော် ဟောပြောတော်မူတဲ့ ရောမဘုရင်ခံ ပစ်လေး ရဲ့မှတ်တမ်းကို ကြားရမှပဲ ခရစ်တော်ဟာ တိဘက်ပြည်က ဗုဒ္ဓဘာသာ ရဟန်းတော်တပါးရဲ့ တပည့်သာဝက ဖြစ်တဲ့ အတွက် သူပြောပြတဲ့တရားတွေနဲ့ ဗုဒ္ဓရဲ့ တရားများနဲ့ တူနေကြောင်းကို သိရပါတယ်။ နောက်တခုကတော့ သူဟာ အရိမိတ္တေယျ ဘုရားအလောင်းတော်မဟုတ်ဘဲ ဆရာတော်တို့လို ဗုဒ္ဓဘာသာ ရဟန်းတော်တပါးဖြစ်ကြောင်း၊ ဈာန် အဘိညာဉ်ရကြောင်း တို့ကိုလည်း တပည့်တော် လက်ခံပါတယ်။ သူလည်းပဲ ပထဝီ၊ တေဇော၊ ဝါယော၊ အာပေါ ဆိုတဲ့ ဓာတ်လေးပါး အဆောက်အဦဖြစ်တဲ့အတွက် အသက်သေပြီးတဲ့နောက် ပြန်ပြီး တဖန်မထနိုင်တော့ဘူး ဆိုတာလဲ တပည့်တော် ယုံကြည်ပါပြီ ဆရာတော်။
ဆရာတော်ဟာ ဘာသာအရပ်ရပ်နှင့်တကွ သိပ္ပံပညာကိုပါ နှံ့နှံ့စပ်စပ် အသိအမြင် များတဲ့အတွက် တပည့်တော်က ဆရာတော်ကို ကြည်ညိုပါတယ်။ ယခု ဆရာတော် ဟောပြတဲ့ အချက်အလက်တို့ကိုလည်း တပည့်တော် ယုံကြည်ပါ တယ် ဆရာတော်။

ဤတွင် ပရိဿတ်က သာဓုအနုမောဒနာ ခေါ်ကြလေသည်။

ဘာသာရေးဆိုင်ရာ ခွင့်ပြုချက်အမှတ် ၇၃၁၇- ဖြင့် ထုတ်ဝေထားသော (ဗုဒ္ဓ၀ါဒပြဿနာများ) ဆိုတဲ့ စာအုပ်မှ
မေးခွန်းအမှတ် ၁၂၊ စာမျက်နှာ ၁၀၉-မှ တိုက်ရိုက် ကူးယူတင်ပြထားပါတယ်။
ယင်းစာအုပ်ကို မြန်မာနိုင်ငံ အမြို့မြို့ ရှိ စာအုပ်ဆိုင်တိုင်းတွင် ရနိုင်ပါသည်။


Read more...

ပါဠိ မြန်မာ အဘိဓာန် ကျမ်းပြု ဆရာတော်များပုံတော်...

တိပိဋက ပါဠိ မြန်မာ အဘိဓာန် ကျမ်းစာအုပ် ၂၀



တိပိဋက ပါဠိ မြန်မာ အဘိဓာန် ပြုစုတော်မူခဲ့ကြသော
ကျမ်းပြု ဆရာတော် သံဃာတော်များ၏ပုံတော်များ
၁၉၈၇ မှ ၂၀၀၉
အတွဲ ၂၀၊ ၂၂-အုပ်တွင် ၂၂-နှစ်အတွင်း ၂၀-အုပ်သာ ပြီးပါသေးသည်
ဆရာတော် သံဃာတော်များ၏ ကျေးဇူးများဖြစ်ပါသည်။
(တွေ့ရှိသည့် ပုံတော်များသာ ဖြစ်ပါသည်)




Read more...

*လောကီလူ့ဘောင်အတွက်အလိုအပ်ဆုံး*


ကျွန်တော်ဖတ်လိုက်ရသောဆရာတော်ဦးဇောတိကရဲ့“ချီးမွမ်းခြင်း၊ကဲ့ရဲ့ခြင်း”စာအုပ်မှ“အကောင်းဆုံး
ကိုလုပ်မယ်”ဆိုတဲ့ခေါင်းစဉ်လေးကိုကြိုက်နှစ်သက်လို့ကောက်နုက်ဖော်ပြလိုက်ခြင်းဖြစ်ပါသည်။
““ကိုယ့်ဘ၀မှာ principle တစ်ခုရှိထားဖို့လိုတယ်။ မူတစ်ခုရှိဖို့လိုတယ်။မူတစ်ခု မရှိတဲ့ လူဟာကောင်း
ချင်တဲ့အခါကောင်းတယ်၊မကောင်းချင်တဲ့အခါမကောင်းဘူး။သူ့စိတ်က အခုတစ်မျိုးတော်ကြာတစ်မျိုး
ပြောင်းသွားမှာပဲ။ဒါကြောင့်ငါ့ဘ၀မှာဘယ်လိုမှုရှိသလဲ။ဘယ်လိုprinciple ရှိလဲလို့ကိုယ့်ကိုယ်ကိုမေးပါ။
“ဘယ်လိုအခြေအနေမျိုးနဲ့ကြုံရကြုံရအတတ်နိုင်ဆုံးကောင်းတာ၊မှန်တာကိုလုပ်မယ်”ဆိုတဲ့မူကိုထား
နိုင်ဖို့လိုတယ်။မိသားစုရေးမှာပဲဖြစ်ဖြစ်၊စီးပွားရေးမှာပဲဖြစ်ဖြစ်၊အဖွဲ့အစည်းကိစ္စမှာပဲဖြစ်ဖြစ်၊“အကောင်း
ဆုံးကိုလုပ်မယ်ဆိုတဲ့”မူကိုထားနိုင်ရမယ်။ဒီမူဟာကိုယ့်ဘ၀ရဲ့မဏ္ဍိုင်ဖြစ်ရမယ်။“အကောင်းဆုံးကိုလုပ်
မယ်”ဆိုတဲ့မူရှိရင် မှားသွားတာကို မဖုံးကွယ်ဘူး။ဝန်ခံနိုင်တယ်။ပြုပြင်နိုင်တယ်။အမှားကိုထောက်ပြရင်
စိတ်မဆိုးဘူး။ပွင့်ပွင့်လင်းလင်းပြောတာကိုလက်ခံနိုင်တယ်။တိုင်တိုင်ပင်ပင်လုပ်ရမှာကိုဝန်မလေးဘူး။
လှည့်စားမှုတွေမရိုးသားမှုတွေဟာရေရှည်မှာအဆင်မပြေမှုအမျိုးမျိုးကိုဖြစ်စေတယ်။ဒါကြောင့်ရိုးသား
မှုကိုမူအဖြစ်နဲ့ထားရမယ်။
Honesty is the best policy.
“ရိုးသားမှုဟာအကောင်းဆုံးမူဖြစ်တယ်”လို့ဖတ်ဖူးတယ်။
ရိုးသားမှုမရှိရင်ယုံကြည်မှုကိုမရနိုင်ဘူး။ယုံကြည်မှုကိုမရရင်ရေရှည်မှာအောင်မြင်မှုကိုမရနိုင်ဘူး။ဘွဲ့ကြီး
ကြီးရှိရုံနဲ့အများအကျိုးကို ထိထိရောက်ရောက် မဆောင်ရွက်နိုင်ဘူး။မှန်ကန်တဲ့ ခိုင်မာတဲ့ မူကိုအခြေခံ
ထားမှသာစိတ်ဓာတ်အင်အားကြီးမားတဲ့သူဖြစ်မယ်။အဆင့်မြင့်တဲ့ခံယူချက်ရှိမှ၊ပြတ်သားတဲ့မူရှိမှ၊ရိုး
သားမှုရှိမှ၊အများအကျိုးကိုထိထိရောက်ရောက်ဆောင်ရွက်နိုင်မယ်။ဒါမှလည်းခေါင်းဆောင်ကောင်းဖြစ်
မယ်။
Without honesty there is no growth.
ရိုးသားမှုမရှိရင်တိုးတက်မှုကြီးပွားမှုမရှိဘူး။
Without honesty there is no freedom.
ရိုးသားမှုမရှိရင်လွတ်လပ်မှုမရှိဘူး။
Without honesty nothing is real.
ရိုးသားမှုမရှိရင်ဘယ်ဟာမှအစစ်အမှန်မဟုတ်တော့ဘူး။
Without honesty nothing is.
ရိုးသားမှုမရှိရင်ဘာမှမရှိတော့ဘူး။””
ဒါကြောင့်ကျွန်တော်တို့ဟာဘ၀မှာဘယ်အလုပ်ကိုဘဲလုပ်လုပ်ရိုးသားမှုရှိစွာနဲ့လုပ်နိုင်ရပါမယ်။သူဘက်
ကမရိုးသားလို့ဆိုပြီးကိုယ်ကပါလိုက်ပြီးတော့မရိုးသားစွာကျင့်သုံးရင်ကိုယ်အပေါ်လူအများယုံကြည်မှု
ကင်းမဲ့သွားမှာဖြစ်ပါတယ်။ရိုးသားတဲ့ လူကို လူတိုင်းကချစ်မြတ်နိုးပြီးတန်ဖိုးထားတတ်ပါတယ်။ကိုယ်မှာ
စည်းစိမ်ဥစ္စာနဲ့ပညာတွေဘယ်လောက်ဘဲပြည့်စုံနေပါစေရိုးသားမှုမရှိရင်တော့လူအများရဲ့ယုံကြည်မှု
ကင်းမဲ့သွားမှာဖြစ်ပါတယ်။လောကီလူ့ဘောင်မှာနေထိုင်လုပ်ကိုင်နေသမျှပတ်လုံးလူအများရဲ့ယုံကြည်
မှုရမှသာကိုယ်လျောက်ချင်တဲ့လမ်း၊ကိုယ်လုပ်ချင်တဲ့ရည်မှန်းချက်များကိုအောင်မြင်အောင်ဆောင်ရွက်
နိုင်မှာဖြစ်ပါတယ်။
ဥပမာ-ကိုယ်ကလုပ်ငန်းကြီးတစ်ခုကိုလုပ်ချင်လို့ငွေလိုအပ်နေတယ်ဆိုပါစို့ဗျာ။အဲဒီအခါမှာ ကိုယ်ကရိုး
သားမှုမရှိဘူး၊လိမ်လည်တတ်တယ်ဆိုတာကိုသိနေရင်ဘယ်လိုလုပ်ပြီးအဆင်ပြေနိုင်တော့မလဲဗျာ။ထို
နည်းတူစွာ အခြားသော လူမှုရေးလုပ်ငန်းများတွင်လည်း ရိုးသားစွာ ကြိုးစားလုပ်ကိုင်သူကိုသာပတ်ဝန်း
ကျင်ကလေးစားအားကိုးမှာဖြစ်ပါတယ်။ထို့ကြောင့်ဘ၀မှာရွေ၊ငွေစည်းစိမ်တွေမရှိလည်းနေထိုင်လို့ရ
ပါတယ်၊ဒါပေမယ့်ရိုးသားမှုမရှိရင်ဘယ်လိုမှရပ်တည်ဖို့မဖြစ်နိုင်ပါဘူးဗျာ။
ထို့ကြောင့်ဘ၀မှာအလိုအပ်ဆုံးကရိုးသားစွာနေထိုင်လုပ်ကိုင်စားသောက်ဖို့ဘဲဖြစ်ပါတယ်ခင်ဗျာ။
ဓမ္မမိတ်ဆွေသူတော်ကောင်းအပေါင်းတို့လည်းရိုးသားစွာနဲ့ဘ၀ကိုရပ်တည်နိုင်ပါစေ။

Read more...

ဒီရာသီမှာ လူတိုင်းဖျားနေကြလေသည်

"ဒီရာသီမှာလူတိုင်းဖျားနေကြလေသည်
လူတိုင်းကစားခွင့်ရသော်လည်း
လူတိုင်းနားခွင့်မရ
ကဗျာဓားတွေခုတ်ကြသည်
ပ၀ါပါးတွေအုပ်ကြသည်
ကဗျာဓားတွေကို ပ၀ါပါးတွေနှင့် အုပ်ကြသည်
ပ၀ါပါးတွေကို ကဗျာဓားတွေနှင့် ခုတ်ကြသည်
ကဗျာဓားတွေခုတ်ထားသော ပ၀ါပါးတွေကို ကဗျာဓားတွေနှင့် အုပ်ကြသည်
ပ၀ါပါးတွေ အုပ်ထားသော ကဗျာဓားတွေကို ပ၀ါပါးတွေနှင့် ခုတ်ကြသည်...
ပ၀ါပါးနှင့်ကဗျာဓားများလုံးထွေးလျက်
မထွေးနိုင်မအန်နိုင်ဖြစ်နေကြသည်
ကဗျာဓားနှင့်ပ၀ါပါးများလုံးထွေးလျက်
မပြေးနိုင်မကြံနိုင်ဖြစ်နေကြသည်..."



ဒန်းနစ်သည် အသက် ၁၄ နှစ်သာ ရှိသေးသော ကောင်ကလေးတစ်ဦး ဖြစ်သော်လည်း ဆီးချိုရောဂါဖြစ်နေသည်မှာ တစ်နှစ်နီးပါးရှိလေပြီ။ ကျွန်တော်တို့ ဆေးရုံကို ရောက်လာတော့ သူသည် အင်ဆူလင်အမျိုးအစား နှစ်မျိုးကို တစ်နေ့လေးကြိမ် ထိုးနေရပြီး သွေးအတွင်း သကြားဓာတ်ပမာဏကို ထိန်းချုပ်၍ မရ ဖြစ်နေသည်။ အသည်းကိုလည်း အဆီဖုံးစ ပြုနေပြီ။ ဦးနှောက်နှင့် အာရုံကြောအထူးကု၏ မှတ်ချက်အရ အာရုံကြောရောဂါများလည်း စတင်နေပြီ ဖြစ်သည်။ အခြားကလေးငယ်များတွင် ဆီးချိုရောဂါ (အမျိုးအစား ၁) ဖြစ်ပြီးသည့်နောက် လေးငါးနှစ်ခန့်ကြာမှသာ အဆိုပါ ဆီးချိုနောက်ဆက်တွဲရောဂါများ ဖြစ်ပေါ်လေ့ရှိသော်လည်း သူကတော့ တစ်နှစ်အတွင်း စတင်လာသည်။ ဤသို့ နောက်ဆက်တွဲ ရောဂါများ ပုံမှန်ထက် စောစော စတင်ရသည်မှာ သွေးအတွင်း သကြားဓာတ်ပမာဏကို တိတိကျကျ မထိန်းချုပ်နိုင်ခြင်းနှင့် အခြားအကြောင်းများကြောင့် ဖြစ်သည်။ အသေးစိတ် မေးမြန်းကြည့်သောအခါ ဆရာဝန် (Endocrinologist) နှင့်ပုံမှန် ပြသခိုင်းထားသည်ကို မလိုက်နာခြင်း၊ အင်ဆူလင်ကို ပုံမှန်မထိုးခြင်း၊ သွေးအတွင်း သကြားဓာတ်ကို အချိန်မှန်မစစ်ခြင်း၊ အစားအသောက်ဇယား (၉) အတိုင်း စားသောက်ခိုင်းသည်ကို မလိုက်နာခြင်းများ တွေ့ရသည်။

ဒန်းနစ်၏ မိဘများသည် ချောင်လည်ကြဟန်လည်း မတူပါ။ သူဆေးရုံတက်နေစဉ် သူ့အမေသည် ချိန်းထားသော ရက်ထက် တစ်ရက်နောက်ကျပြီးမှ လူနာတွေ့အဖြစ် ခဏတစ်ဖြုတ် ရောက်လာသည်။ စိတ်မကောင်းစရာ ရှိသည်မှာ ဒန်းနစ်တွင် ကိုယ်ပိုင် သကြားတိုင်းစက် (glucometer) ရှိဟန်မတူ။ ကျွန်တော့်ကိုတော့ ရှိသည်ဟု ပြောသည်။ ထုတ်ပြခိုင်းလျှင် ငြင်းဆန်သည်။ တစေ့တစောင်း အကဲခတ်ကြည့်သောအခါ ဘေးမှ ကောင်ကလေး တစ်ယောက်နှင့် အပေါင်းအသင်း ဖြစ်နေပြီး ထိုကောင်ကလေး၏ သကြားတိုင်းစက် (glucometer) ကို အသုံးပြုနေသည်ကို တွေ့ရသည်။ သို့ဖြစ်၍ သကြားဓာတ်များကို သတ်မှတ်ထားသည့် အချိန်တွင် တိုင်းတာရန် မကြာခဏ ပျက်ကွက်တတ်သည်။ ဖြစ်နိုင်ဖွယ် နောက်တစ်ချက်မှာ ကိုယ်ပိုင် သကြားတိုင်းစက် ရှိသော်လည်း ငွေကြေးအနည်းငယ် ကုန်ကျမည့် သကြားစစ်တံ ကလေးများကို ချွေတာဟန် တူသည်။ ငွေကြေးတတ်နိုင်သည့် ကလေးများက မတတ်နိုင်သည့်ကလေးများကို ဤသို့နားလည်မှုဖြင့် ကူညီပေးတာ မကြာခဏတွေ့ရပါသည်။ ဆေးရုံတက်သည့် နှစ်ပတ်တာ ကာလအတွင်း တစ်ခါတည်းသာ လာတွေ့ဖူးသည့် ဒန်းနစ်၏ အမေကို ကျွန်တော် တွေ့ဖူးချင်သော်လည်း မတွေ့လိုက်ရပါ။

နှစ်သစ်ကူးပြီးနောက်ပိုင်း ဆရာဝန်၊ သူနာပြုများ၏ အားလပ်ရက် ၁၀ ရက်ရှိသဖြင့် သကြားဓာတ်တည်ငြိမ်သည့် လူနာများကို ဘော့စ်က မူလထက်စောစော ဆေးရုံဆင်းပေးသည်။ ဆင်းမည့်လူနာများတွင် ဒန်းနစ်လည်း ပါဝင်သည်။ ဘော့စ်က ကျွန်တော်ရေးထားသည့် ဆေးရုံဆင်းလက်မှတ်ကို စစ်ဆေးရင်း ဒန်းနစ်နှင့် သူ့အဖေကို ရောဂါအကြောင်း ရှင်းပြနေသည်။ သူ့အဖေသည် သုန်မှုန်နေသော အသက် ၄၀ ပတ်ဝန်းကျင်ခန့် လူတစ်ဦး ဖြစ်လေသည်။ သူက ဘော့စ် ရှင်းပြနေသည်ကို စိတ်ဝင်တစား နားထောင်နေခြင်း မရှိသည့် အပြင် အခြားမိဘများလို ပြန်လှန် မေးခွန်းများ ထုတ်ခြင်းလည်း မရှိ။ ရောဂါအခြေအနေကို ကောင်းကောင်း နားလည်ဟန်လည်း မတူ။ သားဖြစ်သူကို မျက်ထောင့်နီကြီးနှင့် မကြာခဏ ကြည့်တတ်သော ဖခင်တစ်ဦးဖြစ်ကြောင်း အကဲခတ်မိသည်။

နာတာရှည်ရောဂါ တစ်ခု ဖြစ်လာလျှင် ထိုရောဂါသည် ဝေဒနာရှင်ကိုသာ ဖိစီးနှိပ်စက်တတ်သည် မဟုတ်ဘဲ ထိုဝေဒနာရှင်၏ ပတ်ဝန်းကျင် မိသားစုကိုပါ ဖိစီးနှိပ်စက်လေ့ရှိသည်။ ဒန်းနစ်၏ နာတာရှည်ရောဂါသည် သာမန် လက်လုပ်လက်စားများဖြစ်သော သူ့မိဘနှစ်ပါးကို ဖိစီးနှိပ်စက်ဟန် တူသည်။ မည်သို့ပင်ဖြစ်စေ ဒန်းနစ်သည် သဘောကောင်း ယဉ်ကျေးသော ချစ်စဖွယ် ကောင်ကလေး တစ်ယောက်သာ ဖြစ်ပြီး သူ့ရောဂါဖြစ်ရခြင်းအတွက် သူ့ကို အပြစ်တင်ရန်အကြောင်းလည်း မရှိပါ။ သို့ရာတွင် "ခံစားမှုသည် အကြောင်းပြချက် ကို မစောင့်" ဟူသော စကားအရ စိတ်ခံစားမှုသည် အကျိုးသင့်အကြောင်းသင့် ဆင်ခြင်ခြင်းထက် မကြာခဏ စောနေတတ်တာကို သတိမူမိပါသည်။

ဆေးရုံတွင် အသက် (၃) နှစ်ခန့်ကတည်းက ဆီးချိုဖြစ်ကာ အင်ဆူလင် စထိုးနေရသော ကလေးသူငယ်များစွာ ရှိပါသည်။ မိဘနှင့် ပတ်ဝန်းကျင်ထံမှ သူတို့ရရှိသော မေတ္တာ ကရုဏာနှင့် နားလည်ပံ့ပိုးမှု ပမာဏမှာ တစ်ဦးနှင့်တစ်ဦး မတူညီကြဘဲ အံ့သြဖွယ် ကောင်းလောက်အောင် ကွဲပြားခြားနားနေကြသည်။ အချို့က လူနာများအပေါ် "ဒီတစ်သက် ကိုယ်လူမမာ မဖြစ်တော့မယ့်အတိုင်း" ပြုမူ ဆောင်ရွက်တတ်ပါသည်။ ဆရာအရင်းဖြစ်သော ဒေါက်တာဒေါ်မြင့်မြင့်၏ မှတ်ချက်ကို ပြန်သတိရသည်။ "လွမ်းဝေရေ၊ အစ်မတို့ Medical ကို လာတက်တဲ့ လူနာတွေက နာတာရှည်တွေ ဆိုတော့ လူနာရှင်တွေက စိတ်မရှည်ကြတော့ဘူး။ ဆေးရုံတက်ရင်း တစ်လက နှစ်လကျော်လာရင် လူနာကို လာမတွေ့ကြတော့ဘဲ နောက်ဆုံး လူနာနဲ့ ဆရာဝန်နဲ့ ပဲ ကျန်ခဲ့တော့တယ်။" ဟု ညည်းညူဖူးသည်။ တစ်ခါတစ်ရံတွင် ဆေးရုံဆင်းသွားသည့် လူနာက မဆင်းသေးသည့် လူနာကို လာတွေ့ခြင်း၊ လူနာအချင်းချင်း ကူညီဖေးမခြင်း၊ ရောဂါသည်အချင်းချင်း အကောင်းဆုံးမိတ်ဆွေများ ဖြစ်သွားကြခြင်းများ တွေ့ဖူးပါသည်။

ကျွန်တော်၏ ဇာတ်လိုက်ကျော် မက္ကဆင်းဆိုလျှင် သူ့ကုတင် သူ့အခန်းတွင် ဘယ်တော့မှ ရှိမနေဘဲ မိန်းကလေးများ၏အခန်း၊ ကြီးကောင်ဝင်စ ကလေးများ၏ အခန်း၊ ကလေးအနှီးထွေးလေးများ၏ အခန်း အနှံ့ လျှောက်သွားနေလေ့ရှိသည်။ သူကား အသက်ငါးနှစ်သာ ရှိသေးပြီး မိဘမဲ့ဂေဟာမှ ဖြစ်သည်။ တွေ့ရာကလေးများက သူ့ကို ကူညီကြ၊ လက်ဆောင်များပေးကြ၊ အစားအသောက်များ ပေးကြသည်။ သူက မိဘမဲ့ဂေဟာမှ ဖြစ်သဖြင့် သူ့ကို အထွေအထူး လာတွေ့မည့် လူနာရှင် မရှိပါ။ သူ့အတွက် ရောက်ရာအရပ်သည် ပျော်မွေ့ဖွယ် ဌာန ဖြစ်ရလေသည်။ တစ်ခါက ရှစ်နှစ်သားအရွယ် ကောင်လေးတစ်ဦးက မက္ကဆင်းကို သူ၏ လည်နေသည့် သွားပွတ်တံကလေးအကြောင်း စိတ်ရှည်လက်ရှည် ရှင်းပြနေတာ တွေ့ရဖူးသည်။ တကယ့် ညီရင်းအစ်ကိုသဖွယ် ရှင်းပြနေခြင်း ဖြစ်သည်။ မက္ကဆင်းက ပါးစပ်အဟောင်းသားနှင့် နားထောင်လိုက် သွားပွတ်တံမှ ခလုတ်များကို နှိပ်ကြည့်လိုက်နှင့် ဖြစ်နေသည်။ ခက်ထန်သော ပညာတတ်လူကြီးများကို ကိုယ်ချင်းစာတရားအကြောင်း ရှင်းပြရန်မတတ်နိုင်သော ကျွန်တော်သည် ကလေးများ၏ အဆိုပါ ဆက်ဆံရေးကို ရင်သပ်ရှုမော ဖြစ်ခဲ့ရသည်။ လူနာ ဖြစ်ဖူးသူအချင်းချင်း ကိုယ်ချင်းစာတရား မှရသော အသိဖြင့် ကရုဏာများ ရရှိလာသည်ဟု ကောက်ချက်ဆွဲရမည်ပင် ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ကျွန်တော်တို့ ဆေးဝန်ထမ်းများသည် တွေ့ကြုံသမျှ စရိုက်အဖုံဖုံကို လူ့သဘာဝပဲရယ်လို့ ခွင့်လွှတ်ရသည်သာ ဖြစ်၏။ သို့မဟုတ် ခေါင်းထဲက ထုတ်ပစ်လိုက်သည်သာ ဖြစ်၏။ "စရိုက်သုံးလတ်၊ ကျင့်ဝတ်ထူးခြား၊ လူသုံးပါးနှင့်၊ မခြားရောပြွမ်း၊ ပေါင်းဖက်ကျွမ်းလည်း၊ မ၀ှမ်းမကော၊ သူ့သဘောကို၊ လိုက်လျောညီထွေ၊ ကျင့်တတ်စေ" ဟူသော ဂမ္ဘီသာရပျို့လာ ဆုံးမစကားအတိုင်း ကျွန်တော်တို့၏ အလုပ်သည် ကျွန်တော်တို့ကို လူအမျိုးမျိုး အထွေထွေနှင့် သင့်အောင်မြတ်အောင် ပေါင်းသင်းရန် တာဝန်ပေးအပ်ထားသည် မဟုတ်တုံလော။

သို့ရာတွင် တစ်နေ့ကတော့ ကျွန်တော်သည် ကျွန်တော်၏ ကိုယ်ချင်းစာ သီဝရီကို မိမိဖာသာ ပြုံးချင်ချင် ဖြစ်ခဲ့ရသည်။ လျူဘို့ဗ် (အချစ်) ဟု အမည်ရသော ကလေးမလေးကို သူ၏အဘွားက လာကြိုသည်။

"ဘွားဘွားရယ် ဘာလို့ နောက်ကျနေတာလဲ"

"ဘွားဘွားဖျားနေလို့ သမီးရယ်၊ ဆေးခန်းဝင်ပြနေရတယ်"

"ဘွားဘွားက ဘာလို့ဖျားရတာလဲဟင်"

"မြေးလေးရဲ့ ဒီရာသီမှာ လူတိုင်းဟာ ဖျားနေကြတာကပဲ"

ဒီရာသီမှာ လူတိုင်းဖျားနေကြပါသည်။ နွေရာသီမရောက်မချင်း ဖျားနေကြဦးမည် ဖြစ်သည်။ "ဒီဝဲကြောင့် မငြိုငြင် ရေအီလျှင် ဒီသရဲ ရှဲရမည်ပင်"ဟု ဆရာဇော်ဂျီက ပြောဖူးသည်။ သို့ရာတွင် နွေရာသီ ရေအီလို့မှ ဒီသရဲရှဲပါ့မည်လားလည်း မပြောတတ်။ အချို့က မဖျားဖူးသဖြင့် ကိုယ်ချင်းမစာတတ်ကြတာပါဟု ဆင်ခြေပေးကြသည်။ ထိုအချို့သည်လည်း မကြာမီ ဖျားကောင်း ဖျားကြမည် ဖြစ်ပါ၏။ ဘာပဲဖြစ်ဖြစ် ဦးနှောက်နှင့် နှလုံးသားတို့၏ ဟာမိုနီ ကိုတော့ အားလုံးထိန်းသိမ်းနိုင်ကြမည်ဟု မျှော်လင့်ရပါသည်။

Read more...

အဘိဓမ္မာအပိုင်း -၂၊ အခန်း ၂

မနေ့က ပြခဲ့တဲ့ စေတသိက်တရားများ၏ တစ်ပါးသည် အဓိပ္ပါယ်ကို ပြောပြပါမယ်။ ပထမဆုံး အုပ်စုက...

သဗ္ဗစိတ္တသာဓာရဏ=စိတ်အားလုံးနှင့် အတူတကွ တွဲဖြစ်သော စေတသိက် =၇-ပါး။

နံပါတ်-၁- ဖဿ=ထိတွေ့မှုသဘော

ဖဿ=တွေ့ထိမှုစေတသိက်တရား၏ သဘောအဓိပ္ပါယ်...

ဖဿ=တွေ့ထိမှုဆိုတာ... သာမာန် အရာဝတ္ထုအချင်းချင်း ထိတွေ့မှုကိုဆိုလိုတာတော့ မဟုတ်ပါဘူး။ အဆင်း၊ အသံစသည့်အာရုံများနှင့် မျက်စိ၊ နားအကြည်ရုပ်စသည့် တရားသဘော -၂-ခုထိခိုက်မှုကို ဖဿ-ထိတွေ့မှုလို့ခေါ်တာပါ။ ဥပမာ= မျက်စိအကြည်နှင့် အဆင်းအာရုံ -၂-ခုရဲ့ ထိတွေ့မှုကြောင့် မြင်စိတ် ဖြစ်ခြင်း၊ နားအကြည်နှင့် အသံထိတွေ့မှုကြောင့် ကြားစိတ်ဖြစ်ခြင်း၊ နှာခေါင်း အကြည်နှင့် အရသာ ထိတွေ့မှုကြောင့် အရသာကို သိစိတ် ဖြစ်တယ်... စသည် အဲဒီလို ထိတွေ့မှုကို “ဖဿ=တွေ့ထိမှုလို့ ခေါ်တာပါ။ ဒီသဘောသည် တရားရှုမှတ်သူတို့အတွက် အင်မတန်သိသင့်ပါတယ်။

ဒီဖဿကို ပညာရှင်တွေက ဘယ်လို ဥပမာနှင့် သိသာအောင် ပြောပြခဲ့သလဲဆိုတော့...

ချဉ်စူးလှသော သံပုရာသီး (သို့မဟုတ်) ချဉ်တဲ့အသီး တခုခု စားနေသူကို မြင်ရသောအခါ ဘေးလူက ကိုယ်တိုင် မစားရဘဲလျက် ထိုစားနေသူ အာရုံ၌ ဖဿ=ထိတွေ့မှု၏ ဓာတ်သဘောထိခိုက်မှုကြောင့် မြင်ရသူ၏လျှာရည် ကျလာတဲ့ သဘောမျိုး၊

နောက်တစ်ခု... သစ်ပင်ခေါင်ဖျား၌ လိမ့်ကျလုမျှ တက်ရောက်နေသူကို မြင်ရသောအခါ ဘေးကနေ မြင်နေသော ကြောက်ရွံ့တတ်သူမှာ မြေပေါ်၌ နေရင်းကပင် ခြေတုန်နေတတ်သကဲ့သို့ သဘောမျိုး၊

နောက်တစ်မျိုး... သေးငယ်သော ခွေးစသော တိရစ္ဆာန်များသည် ခြင်္သေ့ ကျားစသော သားကောင်းကြီးများကို မြင်ရသောအခါ ထိုခွေးစသော သတ္တ၀ါတို့မှာ ကြောက်ရွံ့ပြီး ကွတကွတဖြစ်ကာ မပြေးနိုင်ဖြစ်တတ်ခြင်းမျိုး။

ဤဥပမာများသည် ကိုယ်ထိလက်တွေ့ ကိုယ့်သန္တာန်သို့ ဒါရိုတ်ထိခိုက်မှု မဟုတ်ဘဲလျက် ဖဿသဘောတရား၏ ဓာတ်သဘော ထိခိုက်မှုကြောင့် ဖြစ်ရခြင်းမျိုးပါ။ ကြားကနေ တရား-၂-ပါး ထိတွေ့ဖို့ရာ ဆက်စပ်ပေးတဲ့ တရားကို (ဖဿ)တရားလို့ ဤကဲ့သို့ ခေါ်ပါတယ်။

ပါဠိအဆိုကတော့... “စက္ခုဉ္စ ပဋိစ္စ ရူပဉ္စ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ၊ တိဏ္ဏံ သင်္ဂတိ ဖေဿာ ဆိုလိုတာက “မျက်စိအကြည်+အဆင်းအာရုံတို့ကြောင့် မြင်စိတ်ဖြစ်၊ ယင်း-၃-ခုတို့၏ တွေ့ဆုံမှုသဘောကို ဖဿ=ထိတွေ့မှုလို့ခေါ်ပါတယ်။ တခြား- ကြားတဲ့အခါ၊ နံတဲ့အခါစသည်မှာလည်း အတူတူပါဘဲ။

အကျဉ်းချုပ်မှတ်သားရမှာက.. ဖဿစေတသိက်တရား၏ သဘောသည် ကိုယ်လက်ခြေအင်္ဂါတစ်ခုခုဖြင့် ထိတွေ့လို့ ဖြစ်လာခြင်းကို မဆိုလိုပါဘူး၊ တရားသဘောအရ ထိတွေ့မှုကို ဆိုလိုတာပါ။ တကယ်လို့ အရာဝတ္ထု -၂-ခုကို ထိတွေ့မှုမျိုးကိုမှ ထိတွေ့မှု=ဖဿတရားလို့ ခေါ်မယ်ဆိုရင် သိမ်မွေ့တဲ့ မျက်စိအကြည်ရုပ်လေးကို သွားထည့်မယ်ဆိုရင် မျက်စိကန်းမယ်ပေါ့။ ဆိုလိုတာက တရားသဘောအရ မျက်စိအကြည်ရုပ်နှင့် အဆင်းလေး မြင်လို့ တွေ့ရတဲ့၊ ထိတွေ့ရတဲ့ သဘောမျိုးကိုသာ ထိတွေ့မှု=ဖဿလို့ ခေါ်ခြင်းပါ။ တရားရှုမှတ်တဲ့အခါ ဤထိတွေ့မှုကနေ တဆင့် ခံစားမှု=ဝေဒနာ၊ တပ်မက်မှု=လောဘစသည်မဖြစ်အောင်... ဒီလို တရားသဘောမျိုးတွေပဲ ရှိတာပါလား စသည်ဖြင့် ၀ိပဿနာဉာဏ်အသိဖြင့် သိသည့်တိုင်အောင် ကျင့်ကြံရမှာပါ။

ဒါက ဖဿစေတသိက်ရဲ့ သဘောအဓိပ္ပါယ်ပါ။

နံပါတ် -၂- ဝေဒနာ=ခံစားမှုသဘော

ခံစားမှုကို လိုရင်းအနေအားဖြင့် -၃-မျိုး ခွဲခြားနိုင်ပါတယ်။

၁။ ကောင်းသော အခြင်းအရာအားဖြင့် ခံစားတာ (သုခဝေဒနာ)

၂။ မကောင်းသော အခြင်းအရာအားဖြင့် ခံစားတာ (ဒုက္ခဝေဒနာ)

၃။ အလယ်အလတ် သဘောအခြင်းအရာအားဖြင့် ခံစားတာ (ဥပေက္ခာဝေဒနာ)

ဝေဒနာကို တော်တော်များများ နားလည်နေကြတာက ရောဂါဝေဒနာခံစားခြင်း အနေအားဖြင့်သာ သိနားလည်ကြပါတယ်။ တကယ်တမ်းကျတော့ ယင်းသဘောတရားမျိုးသည် အစစ်အမှန် ဝေဒနာမျိုးမဟုတ်ပါဘူ။ ပြင်းထန်းစွာခံစားနေရမှု သဘောအပေါ်တင်စားပြီး ရောဂါဖိစီးခံစားနေရသူကို ဝေဒနာခံစားနေရတယ်၊ ဝေဒနာဖြစ်နေတယ် စသည်ဖြင့် သုံးကြတာပါ။

အမှန်မှာက... မျက်စိနှင့် အဆင်းတိုက်ဆိုက်မှုမှာ ဖဿတရားဖြစ်တယ်၊ ယင်းဖဿ=ထိတွေ့မှုအပေါ်မှာ ဆက်လက်ပြီး ကောင်း၊ မကောင်းခံစားခြင်း သဘောမျိုးပါ။ ခံစားမှု သဘောက မနှစ်သက်စရာဆိုရင် ဒုက္ခဝေဒနာဖြစ်မယ်၊ ဒေါသဖြစ်မယ်။

နှစ်သက်စရာဆိုရင် သုခဝေဒနာဖြစ်မယ်၊ တပ်မက်မှုတွေ တိုးပွားမယ်။

တရားရှုမှတ်တဲ့အခါ ဒီဝေဒနာ=ခံစားမှုအဆင့်မှာ ရပ်အောင်.. ဆက်ပြီး အကုသိုလ်တရားများ မဖြစ်အောင် ရှုပွားရပါတယ်။

ဤဝေဒနာအဆင့်မှာ ကောင်း၊ မကောင်းခံစားမှုကို ပြတ်အောင် မရှုပွားနိုင်ဘူးဆိုလျှင် ပဋိစ္စသမုပ္ပါဒ်တရားတော်အရ “ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာ ပစ္စယာ တဏှာ၊ တဏှာပစ္စယာ ဥပါဒါနာ ဖဿ=တွေ့ထိမှုကြောင့် ဝေဒနာ=ခံစားမှုဖြစ်၊ ခံစားမှုကနေ တရားသဘောအရ မသိ၊ မရှုပွားနိုင်ရင် တပ်မက်မှု=တဏှာဖြစ်၊ တဏှာဖြစ်ပြီးဆိုရင် စွဲလမ်းမှု=ဥပါဒါန်တွေဖြစ်... ဤလိုဤလို မိမိတို့သန္တာန်မှာ အဘိဓမ္မာတရားတွေက လည်ပတ်ကာ ဖြစ်နေတာပါ။ ဒါကြောင့် အဘိဓမ္မာတရားတွေဆိုတာ အစတုန်းကပြောခဲ့သလို ဘုန်းကြီးတွေသာ သင်ရမည့် စာလည်း မဟုတ်၊ စာအုပ်ထဲမှာသာ ရှိတဲ့ အဘိဓမ္မာစာလည်း မဟုတ်ပါ။ မိမိတို့သန္တာန်မှာ နေ့စဉ်၊ နေစဉ် (သွားနေစဉ်၊ စားနေစဉ်စသည့် နေစဉ်တွေမှာ) ဖြစ်နေတဲ့ တကယ့်အရှိ တရားတွေဖြစ်သဖြင့် ကိုယ့်မှာ ရှိတာကို ကိုယ်သိအောင် လုပ်ရမည့် တရားတွေပါ။ ဒီလို စာအသိ သိရင်ကိုပဲ ဖြစ်လာမည့် အပူ ကင်းအောင် ထိမ်းနိုင်ပါတယ်။ ဖြစ်မည့် အပူ မဖြစ်အောင် သိရင် ကာကွယ်ရပါတယ်။ တကယ် အပူကင်းဖို့ကိုကား ၀ိပဿနာရှုမှတ်ခြင်းဖြင့်သာ လုပ်နိုင်ပါတယ်။

ကိုင်း... ဒီနေ့တော့ ဒီ(ဖဿ၊ ဝေဒနာ) တရား-၂-ပါးနဲ့ပဲ ရပ်ပါအုန်းမယ်။ နောက်နေ့များမှာ ဆက်လက် ပြောပြပေးပါမယ်။

Read more...

ဘဒ္ဒါကုဏ္ဍလကေသာထေရီ အပိုင်း-၂


ကောက်ရိုးဖြင့် ပြုလုပ်သော ပန်းသည် အဘယ်မျှပင် ဖွယ်ရာဆန်းကြယ်စွာ ခြယ်မှုန်းပြုပြင် ထားစေကာမူ အဆင်းသာ ဆန်း၍ ရနံ့ကန်းချေသည်။ ပေါက်ပွင့် ပေါက်ပန်းများသည်လည်း မည်မျှပင် လှပသော်လည်း ပန်း၏ ဂုဏ်ဖြစ်သော ရနံ့မရှိသောကြောင့် တန်ဖိုးမဲ့ပေသည်။ ပညာရှိတို့သည် အရေပြားပေါ်တွင် ထင်သော အလှထက် နှလုံးသားနှင့် ဦးနှောက်တွင် တည်သော အလှကို ဂုဏ်ပြုလိုသောကြောင့် သတ္ထုက ကဲ့သို့သော လူများကို ‘အဆင်းလှဆန်း လူ့ ပေါက်ပန်း’ ဟု ရှုတ်ချ ရေးသားဖွဲ့ဆိုကြ၏။

သို့ရာတွင် အမှန်ကို အမှန်၊ အမှားကို အမှားဟူ၍သာ လူတိုင်းသိရှိ လိုက်နာနေကြလျှင် အကျဉ်းထောင်နှင့် ငရဲပြည်တို့ ပျက်သုဉ်း၍ နတ်ပြည်ခြောက်ထပ်တွင် နေရာမဆံ့ရှိချေမည်။ နိဂဏ္ဍနာဋပုတ္ထ စသော ပုဂ္ဂိုလ် တို့မှာလည်း လာဘ်လာဘ ခေါင်းပါး၍ ပျက်စီးရတော့မည်။

အမှန်မူ ဤသို့ ဖြစ်မလာခဲ့သဖြင့် တိတ္ထိဆရာတို့ထံတွင် လည်းကောင်း၊ အကျဉ်းထောင်နှင့် ငရဲကြီး ရှစ်ထပ်တို့တွင် လည်းကောင်း လူများ ပြည့်နှက် နေကြခြင်းဖြစ်၏။ အပူကို အအေး၊ အမည်းကို အဖြူဟု မြင်သူများထဲတွင် သူဌေးသမီး ဘဒ္ဒါလည်း တစ်ယောက် အပါအဝင် ဖြစ်သည်။

ဖခင်သူဌေးကြီးသည် လူသတ်သမားတို့အား အသပြာတစ်ထောင် ပေး၍ သတ္ထုကအား ရွေးယူခဲ့၏။ လူမသိ သူမသိ ရထားဖြင့် တင်လာကာ နံ့သာရေမိုး ချိုးပေးပြီး ဝတ်ကောင်းစားလှ ဆင်ပေး၏။ မချစ်သော်လည်း အောင့်ကာနမ်း ရဘိသို့ သမီးနှင့် စပ်လျဉ်းလာသောကြောင့် သင့်လျော်ရာ ရတနာတန်ဆာများကိုလည်း ဆင်ယင်ပေးကာ သမီးစံရာ ပြာသာဒ်ပေါ်သို့ တင်ပေးလိုက်ရတော့၏။

မိဘတို့မှာ သမီးကလေး အသက်မသေလျှင် ပြီးရောဟု သဘောထားကာ အသက်ရှင်ရာ ရှင်ကြောင်းကို ဆောင်ရွက်ကြရစေကာမူ စိတ်ချမ်းသာမှု မရှိလှချေ။ သို့တစေ ဘဒ္ဒါမှာမူ ချစ်သောသူနှင့် ပေါင်းသင်းရသောကြောင့် ပျော်ခြင်းကြီးမက ပျော်နေ၏။ ခက်ခဲ ပင်ပန်းစွာ ရယူပေါင်းသင်းရသဖြင့် ရွှင်လန်း၏။ ထို့ပြင် မြတ်နိုးခြင်း သဒ္ဓါခြင်းတို့လည်း ပိုကဲ ဆင့်ပိုးနေပေသေး၏။

သို့ဖြစ်၍ ဘဒ္ဒါသည် အဖ ဆင်မြန်း ပေးလိုက်သော ရတနာ တန်ဆာတို့ထက် နှစ်ဆပိုသော ပစ္စည်းများဖြင့် သတ္ထုကအား ဆင်မြန်းပေး၏။ ကောင်းမွန်သော အိပ်ရာနေရာ၊ ကောင်းမွန်သော အစားအစာများဖြင့် အနည်းငယ်မျှ မချို့တဲ့အောင် ပြုစု ယုယ ထားလေသည်။ သတ္ထုကကို မှန်ကြည့်သလို ကြည့်ကာ ချစ်ခင်ကြင်နာမှုကို ပြသနေပေသည်။

သို့သော် ရေတွင် အရုပ်ရေး၍ မထင်သကဲ့သို့ ဘဒ္ဒါ၏ မေတ္တာ စေတနာသည်လည်း သတ္ထုက၏ နှလုံးသား၌ မထင်ဟပ်ပေ။ ငါ့အသက်ကို ကယ်ပါကလား ဟူ၍ ကျေးဇူးတင်ရကောင်းမှန်း မသိဘဲ တစ်စုံတစ်ရာ မကောင်းမှု ပြုရန်သာ ကြံစည်စိတ်ကူးနေသည်။ လေးငါးရက် ကြာလာခဲ့၏။ သတ္ထုကလည်း သူ၏ အကြံကို အကောင်အထည် ဖော်ရန် စိတ်ကူး ပြင်ဆင် ပြီးသွားလေပြီ။

“ချစ်နှမဘဒ္ဒါ၊ ငါ့တွင် နတ်တို့အား ပူဇော်ရန် ကတိကြွေး တင်နေပေသည်။ ဤအကြွေးကို ဆပ်ရန် ကူညီ စေချင်သည်”

သတ္ထုက စေလျှင် မြင်းမိုရ်တောင်ကိုပင် ရွှေ့ပေးမည့် ဘဒ္ဒါသည် လှုပ်လှုပ်ရှားရှားဖြင့် အနားသို့ တိုးကပ်လာ၏။

“ဘယ်လိုကြွေးများလဲ မောင်ကြီးရယ်၊ နှမလေး အသက်နဲ့လဲပြီး ဖြည့်စွမ်းဖို့ အသင့်ပါပဲ”

“ဒီလိုပါ နှမရယ်၊ မောင်ကြီးကို အာဏာသားတွေ ကြိုးတုပ်ပြီး ဖမ်းဆီးသွားတော့ မောင်ကြီးဟာ ခိုးသူတို့ကို ပစ်ချတဲ့ ‘ခိုးသူပစ်တောင်’ က တောင်စောင့်နတ်တွေကို တိုင်တည်ခဲ့တယ်”

“ဘယ်လိုများ တိုင်တည်ပါသလဲ မောင်ကြီး”

“အို တောင်စောင့်နတ်တို့၊ ကျွန်ုပ်အား အသက်မသေအောင် ကယ်ဆယ်ကြ စောင့်ရှောက်ကြပါလော့၊ ကျွန်ုပ် အသက် ရှင်နေခဲ့လျှင် နတ်မင်းတို့အား ပူဇော်ပသပါမယ်လို့ ကတိထားခဲ့မိတယ်”

“ဒါလေးများ မောင်ကြီးရယ်၊ ဘာများခက်တာမှတိလို့၊ ညနေ နေအေးရင် အဆင်သင့် ဖြစ်စေမယ် ဟုတ်ပြီလား”

ဘဒ္ဒါသည် သတ္ထုက၏ ပခုံးစွန်းကို ပါးကလေးဖြင့် ပွတ်သပ်ရင်း သွက်လက်စွာ ပြောလိုက်ရာ သတ္ထုကမှာ ကျေနပ်သွားလေသည်။

ထိုနေ့ညနေတွင် သူဌေးကြီး၏ ဝင်းရိပ်သာအတွင်း၌ ခိုးသူပစ်တောင်သို့ သွားရမည့် ရထားသည် အသင့်ဖြစ်နေ၏။ နတ်တို့အား ပူဇော်ရန် ငှက်ပျောပွဲ အုန်းပွဲများနှင့်အတူ လိုက်ပါမည့် အစေအပါးများလည်း အသင့်ဖြစ်နေကြသည်။ မကြာမီ ရွှေဟင်္သာမောင်နှံ ပျံဝဲသည့်နှယ် တင့်တယ် လိုက်ဖက်သော ဇနီးမောင်နှံ တို့သည် အဖိုးထိုက် အဖိုးတန် ရတနာ ပစ္စည်းများ ဝတ်ဆင်လျက် လက်ချင်းတွဲ လည်ချင်းယှက်ကာ ပြာသာဒ်ပေါ်မှ ဆင်းလာကြသည်။

မြင်သူ ကြည်နူးရွှင်မြူးစရာ ကောင်းသော ထိုမောင်နှံတို့ ရထားပေါ် တက်မိလျှင် ရထားကြီးသည် ညင်သာစွာ ထွက်သွား၏။ အစေအပါးများလည်း အသီးသီး တာဝန်ယူကြသော ပစ္စည်းများကို ထမ်းသူထမ်း ပိုးသူပိုးကာ ရထားနောက်မှ လိုက်သွားသည်။

ရထားပေါ်တွင် ပါလာသူများမှာ သတ္ထုကနှင့် ဘဒ္ဒါတို့ ဖြစ်လေသည်။ သတ္ထုကမှာ အကြံအောင်တော့မည်ဟု ဝမ်းသာနေ၏။ ဘဒ္ဒါကား ချစ်လင်နှင့် တူယှဉ်နွဲ၍ အပျော်ခရီး ထွက်သည့်သဘောဖြင့် သွားလာရသည့်အတွက် ရွှင်မြူးတက်ကြွ နေပေ၏။ ခိုးသူပစ်တောင်ကြီးသည် တဖြည်းဖြည်း နီးကပ်၍ လာခဲ့သည့်နည်းတူ လူနေ အိမ်ခြေများလည်း ဝေး၍ ဝေး၍ ကျန်ခဲ့လေ၏။

ခိုးသူပစ်တောင်ကြီးသည် မြင့်မောက် မတ်စောက် လွန်းလှသည်။ ရာဇဂြိုဟ်မြို့ဘက်မှ အတက်လမ်းသည် ပြေပြစ်သလောက် အခြားတစ်ဖက်တွင်ကား မြင့်မား မတ်စောက်သော ချောက် ကမ်းပါးပြတ်များသာ ဝန်းရံနေ၏။ ထို ကမ်းပါးပြတ်မှ ပစ်ချခံရသော ရာဇဝတ်သားမှာ တစ်ကြိမ်မျှ အသက်ရှင်လျက် ပြန်လာသည်ကို မကြားရဖူးချေ။

ထိုတောင်ခြေတွင် ရထားဆိုက်သောအခါ သတ္ထုကသည် အလျင်ဆင်းပြီး တောင်ပေါ်သို့ တက်ရန် ပြင်နေသော အစေအပါးများကို ဟန့်တားလိုက်၏။

“မင်းတို့ဟာ ငါ့အတွက် သွေးသား မတော်စပ်လို့ မင်းတို့ပါရင် နတ်ကြိုက်မှာ မဟုတ်ဘူး၊ ဒါကြောင့် ဒီကပဲ စောင့်ခဲ့ကြပေတော့။ ကဲ အချစ်ရေ မောတယ် ပန်းတယ် သဘောမထားနဲ့နော်၊ မောင်တစ်ထမ်း မယ်တစ်ရွက် ထမ်းပိုးပြီး နှစ်ယောက်တည်း သွားကြစို့လား”

(ဘဒ္ဒါကုဏ္ဍလကေသာထေရီ အပိုင်း-၂ အဆက်အား ဆက်တင်ပါမည်)

☺ပြီးပါပြီရှင်...။.



Read more...

ဂင်္ဂါမှ နေရဉ္ဖရာသို့

(၁)

ဒီနေ့ရက်တွေမှာ ဂင်္ဂါနဲ့ နေရဉ္ဖရာပူးပေါင်း စီးဆင်းခဲ့လေရဲ့၊ ဒီဇင်ဘာ၂၄ ရက် နေ့လည် ၁၂း၂၀ နာရီခန့်မှာ ဂင်္ဂါမြစ်ကမ်းပါးမှာ ရှိတဲ့ ဗာရာဏသီမြို့က တက္ကသိုလ်ကျောင်းတော်သားရဟန်းတော်တွေဟာ နေရဉ္ဖရာမြစ်ကမ်းပါးမှာ မှေးထားတဲ့ ဗုဒ္ဓဂယာဆီ စင်းလုံးငှါးကားတစ်စီးနဲ့ ထွက်ခဲ့ကြတာပါ။ သူတို့လိုပါပဲ အိန္ဒိယတစ်နိုင်ငံလုံးမှာ ရှိနေကြတဲ့ တက္ကသိုလ်ကျောင်းတော်သားရဟန်းတွေလည်း ရထားတစ်တန် ကားတစ်တန်နဲ့ ဗုဒ္ဓဂယာမြေမြတ်ဆီ ချီတက်လာနေကြပါပြီ။ ဘုံဘေ၊ပူနေး၊ ဒေလီ၊ ပန်ဂျပ်၊ ကိုလ်ကတ္တား၊ ဟိုက်ဒရာဘတ်၊ ဂျမူး ကက်ရှမီးယား ဗာရာဏသီ အိန္ဒိယနိုင်ငံနယ်ပယ်အသီးသီးက တက္ကသိုလ်ကြိး (၁၃) ခုမှာ မြန်မာရဟန်းတော်တွေ တက်ရောက်ပညာသင်ကြားနေကြလေရဲ့။ ရွှေပြည်ကြီးကတော့ နာလန္ဒာတက္ကသိုလ်တစ်ခုတည်းကိုပဲ ရင်းနှီးကြတာပါ။

အိန္ဒိယနိုင်ငံလုံးဆိုင်ရာပညာသင်မြန်မာရဟန်းတော်များသာယာဖွံ့ဖြိုးရေးအဖွဲ့ကြီးရဲ့ ဒသမနှစ်ပတ်လည်အစည်းအဝေးကြီးကို မျက်နှာစုံညီ ကျင်းပကြတော့မှာပါ။

(၂)

အညာဆန်တဲ့ ရှုမျှော်ခင်းတွေကို တရိပ်ရိပ်နောက်ချန်ထားရစ်ခဲ့တဲ့ သူတို့ရဲ့ ကားကြီးဟာ ညနေအမှောင်ပျိုးချိန်မှာ ဂယာဆောင်းကို သိမ့်ကနဲအေးစိမ့်သွားအောင် ၀င်တိုးမိသွားပါတော့တယ်။ အော်ကြ ဟစ်ကြ နှုတ်ဆက်ကြ။ ရေမြေခြားမှာ ပညာသင်နေကြတဲ့ ရဟန်းတော်တွေ မျက်နှာစိမ်းမျက်နှာကျက်လာစုံကြတော့တာပါ။ စိမ်းနေရင် မိတ်ဆက်ကြ၊ ရင်းနေရင်လည်း နှုတ်ဆက်ကြ။
ဂယာဆောင်းက အေးပေမယ့် သူ့ဘတ်ကြီးကတော့ နွေးသွားပါတယ်။
အဖွဲ့ဝင်ရဟန်းတော်တွေက အသစ်အဟောင်း အပါး(၃၀၀) ကျော်သွားပါပြီ။ အကြောင်းအမျိုးမျိုးကြောင့် ရဟန်းတော်အချို့ မတက်ရောက်နိုင်ပေမယ့် ဒီမှာ လာစုံကြတာက အပါး (၂၀၀)ခန့်ရှိပါတယ်။

နိုင်ငံတကာစေတနာရှင်တွေရဲ့ သဒ္ဓါတရားထုထည်နဲ့ တည်ဆောက်ထားတဲ့ အဖွဲ့ပိုင်သုံးထပ်ကျောင်းဆောင်ကြီးကလည်း ကျယ်ကျယ်ဝန်းဝန်း မြင့်မြင့်မားမားရှိတာမို့ ကိုယ့်အိမ်ကိုယ့်ယာ ကိုယ့်ကျောင်းကိုယ့်ကန်ဆိုတဲ့ အရသာကို ခံစားနိုင်တော့တာပါ။ ညရေးညတာ အိပ်စက်ပျော်ခဲ့ပါတော့တယ်။

Read more...

စေတနာပါမှ ဒါနဖြစ်တယ်

သဒ္ဒါုဖြူဖွေး မေတ္တာကူပြီးစင်ကြယ်သန့်ရှင်း တွယ်တာမှုကင်းတဲ့စိတ်နဲ့ ကိုင်ပိုင်ပစ္စည်းကို တစ်ပါးသူလက်တွင်းသို့ စွန့်ကြဲပေးကမ်းနိုင်ခြင်းဟာ “ဒါန” ပြူတာပါ။ အလှူဒါနဆိုတာ နည်းမှန်လမ်းမှန်ပြုတတ်ရင် ဘဝကိုလည်း လှစေတယ်။ လောကကိုလည်း လှစေတယ်။ စိတ်ကိုလည်း လှစေပါတယ်။

ဒါနနဲ့ပတ်သတ်ရင် အစွန်းနှစ်ဖက်ရှိပါတယ်။ ဒါနဆိုတာ “သံသရာကို ကျယ်စေ၊ ဝဋ်ကိုလည်စေပါတယ်ကွာ” လို ဒါနကို ပယ်ရင်လည်း အသိဥာဏ်ကင်းတာမို့

အစွန်းဘက်ကိုရောက်ပါတယ်။ အဲဒီလိုမဟုတ်ဘဲ “ဒါနမပါရင် သံသရာမှာ မျက်နှာငယ်တယ်၊ တမလွန်ရိက္ခာအဖြစ် သယ်ကိုသယ်ရမယ် ” လို့ ဒါနကို ဖက်တွယ်ပြန်ရင်လည်း မိမိကိုယ်ကျိုးအတွက် ငွေတိုးပေးထားတဲ့သဘောမျိုးဖြစ်တာမို့ အစွန်းဘက်ကို ရောက်တာပါ။

ယခုလို သူတော်ကောင်း တရားထွန်းကားတဲ့ကာလမှာ အဲဒီ အစွန်း(၂) ပါးကို ပယ်ပြီး အလယ်၊ အလတ်လမ်းက“ဝိဝဋနိဿိတ၊ ပါရမီ ဒါနမျိုး” ဖြစ်အောင် ပြုနိုင်ပါမှ နည်းမှန်လမ်းမှန် အထက်တန်းကျ အောင်မြင်ဖွံ့ဖြိုး သာသနာတွင်း ကုသိုလ်ဒါနမျိုးဖြစ်နိုင်မှာပါ။

အလှူဒါနတစ်ခုမှာ အပေါ်ယံ အပြင်ပန်းအသွင်သဏ္ဌာန်နဲ့ အတွင်းအနှစ်သာရလို့ အပိုင်း(၂)ပိုင်း၊ ကဏ္ဍ(၂)ခုရှိပါတယ်။ ဆွမ်း၊ သင်္ကန်းစတဲ့လှူဖွယ်ဝတ္ထု၊ ရဟန်းသံဃာတော်စတဲ့ အလှူခံပုဂ္ဂိုလ်၊ လှူဒါန်းတဲ့ပုဂ္ဂိုလ်ရဲ့ ကိုယ်နှုတ်အမှုအရာစတာတွေဟာ အလှူဒါနတစ်ခုရဲ့ အပြင်ပန်းသဏ္ဌာန်တွေပါ။ ဒီလှူဖွယ်ဝတ္ထုတွေကို လှူဒါန်းနေတဲ့အခါ အလှူရှင်ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ ဖြစ်ပေါ်နေတဲ့ အလှူနဲ့စပ်တဲ့စိတ်စေတရာတွေကမှ အလှူဒါနရဲ့ အတွင်းအနှစ်သာရတွေဖြစ်ပါတယ်။

ဘဝသံသရာမှာ အလှူဒါနတစ်ခု အကျိုးပေးတဲ့အခါမှာ အပြင်ပန်းအသွင်သဏ္ဌာန်တွေက အကျိုးပေးတာမဟုတ်ပါဘူး။ အတွင်းအနှစ်သာရဖြစ်တဲ့ စိတ်စေတနာတွေက အကျိုးပေးတာပါ။ အပေါ်ယံအသွင်သဏ္ဌာန်ကိုသာ လောကပကာသနနောက်လိုက်ပြီး ဟန်ဆောင်လုပ်လို့ရပေမယ့် အတွင်းအနှစ်သာရ ကုသိုလ်အကျိုးပေးကတော့ ဟန်ဆောင်လုပ်ယူလို့မရနိုင်ပါဘူး။ ဒါကြောင့် အလှူဒါနတစ်ခုပြုလုပ်တဲ့အခါ အပေါ်ယံအပြင်ပန်း လူမြင်ကောင်းဖို့ အများကျေနပ်ဖို့ထက် အတွင်းအနှစ်သာရ စိတ်စေတနာကောင်းဖို့ ကိုယ်တိုင်ကျေနပ်က ပိုပြီးအရေးကြီးပါတယ်။

အပေါ်ယံ အသွင်သဏ္ဌာန်သာကြီးကျယ်ပြီး အတွင်းအနှစ်သာရမဲ့တဲ့ အလှူတွေဟာ အိုးကုန်သည်၊ပုတ်ကုန်သည်တွေနဲ့တူပါတယ်။ အိုးကုန်သည်၊ ပုတ်ကုန်သည်တွေဟာ လှည်းတစ်စီးတိုက်၊ ကားတစ်စီးတိုက် အိုးတွေ ပုတ်တွေလာရောင်းတဲ့အခါ အမြင်သာကြီးကျယ်ပေမယ့် တန်ဖိုးငွေကြေးကျတော့ အရနည်းပါတယ်။

အပေါ်ယံအသွင်သဏ္ဌာန် မကြီးကျယ်ပေမယ့် အထဲမှာအနှစ်သာရတွေအပြည့်အဝပါဝင်တဲ့ အလှူတွေကတော့ ရွှေကုန်သည်၊ စိန်ကုန်သည်တွေနဲ့ ဥပမာတူပါတယ်။ ရွှေကုန်သည် စိန်ကုန်သည်တွေဟာ လာရောင်းတဲ့ပစ္စည်းက လူမမြင် သူမမြင် တစ်ခုတလေဖြစ်ပေမယ့် ရောင်းကြေးက တနင့်တပိုး သိန်းသန်းချီပြီးရတယ်။

ဒီအကြောင်းနဲ့စပ်ပြီးတော့ ကလေးဘဝတုန်းက နားထောင်းခဲ့ဖူးတဲ့ ပုံပြင်လေးတစ်ပုဒ်ကို သတိရမိပါတယ်။

တစ်ခါတုန်းက ဗာရာဏသီပြည်မှာ( ငယ်ငယ်တုန်းကလေ ပုံပြင်ပြောလို့၊ ပြောရင်းနဲ့ မင်းနာမည်တို့၊ တိုင်းပြည်နာမည်တို့မေ့သွားရင်လေ၊ မင်းမသိရင် ဗြဟ္မဒတ်၊ တိုင်းပြည်မသိရင် ဗာရာဏသီ၊) အင်မတန်ချမ်းသာကြွယ်ဝတဲ့ သူဌေးနှစ်ဦးရှိဖူးတယ်။ အဲဒီသူဌေးနှစ်ဦးဟာ ငယ်သူငယ်ချင်းတွေဖြစ်တာမို့ တစ်ဦးနဲ့တစ်ဦး အင်မတန်ချစ်ခင်ကြသတဲ့။

ဒါပေမယ့် သူငယ်ချင်းသူဌေးနှစ်ဦးဟာ တစ်ယောက်နဲ့တစ်ယောက် စရိုက်ချင်းမတူကြဘူး။ သူဌေးတစ်ယောက်က ဂုဏ်ပကာသနတွေကိုခင်မင်ပြီး အလွန်ကြွားဝါချင်တယ်။ စေတနာ သဒ္ဓါမပါဘဲ နာမည်ကောင်းရအောင်ဆိုပြီး အလွန်အကျွံ အလှူအတန်းလုပ်ပါတယ်။ ကျန်သူဌေးတစ်ယောက်ကတော့ လှူသင့်သလောက်လှူ၊ စားသင့်သလောက်စားပြီး ရိုးရိုးအေးအေးပဲ နေထိုင်ပါတယ်။

အဲဒီလိုနဲ့ နှစ်အနည်းငယ်ကြာလာတဲ့အခါမှာ ဂုဏ်လိုချင်လို့ အလှူအတန်းအများကြီးလုပ်တဲ့ သူဌေးဟာ တဖြည်းဖြည်း ပစ္စည်းဥစ္စာတွေဆုံးပါးပြီး ဆင်းရဲ့သွားသတဲ့။ ဒါနဲ့ ဆင်းရဲ့သွားတဲ့ သူဌေးဟာ သူ့မှာ ဘာမျှ ရောင်းချသုံးစွဲစရာ ပစ္စည်းမရှိတော့လို့ သူပြုလုပ်ထားတဲ့ ကုသိုလ်ကောင်းမှုတွေကိုပဲ သူငယ်ချင်းထံရောင်းချတော့မယ်ဆို့တဲ့ စိတ်ကူးနဲ့ ဇနီးဖြစ်သူကိုပါ အတူခေါ်ပြီးတော့ သူငယ်ချင်းသူဌေးထံကို ထွက်လာခဲ့တယ်။

အဲဒီလို ခရီးထွက်လာရင်း လမ်းခုလတ် ဇရပ်တစ်ခုမှာ အမောအပန်းဖြေကာ ပါလာတဲ့ထမင်းထုပ်ကို စားမယ်ဆိုပြီး ဖြေလိုက်တယ်။ ထမင်းထုပ်ကလည်း ငယ်ငယ်လေးမို့ နှစ်ယောက်မျှဝေပြီးစားရတယ်။ အဲဒီ အခိုက်မှာ ခွေးပိန်းကလေးတစကောင်ဟာ ယိုင်တိယိုင်ထိုးနဲ့ ဇရပ်နားကပ်လာသတဲ့။ အဲဒီအခါ ထမင်းစားနေတဲ့ သူဌေးဆင်းရဲ့က “ရှင်မရယ် ကြည့်စမ်းပါဦး၊ ခွေးပိန်းကလေးဟာ အစာမစားရတာကြာလို့ လမ်းကောင်းကောင်းမလျှောက်နိုင်တာနဲ့တူပါတယ်။ သနားစရာလေးသွာ၊ အခုတို့စားနေတဲ့ ထမင်းထုပ်ကို ခွေးကလေးကို ကျွေးလိုက်ရအောင်” လို့ဇနီးဖြစ်သူကို ပြောလိုက်တယ်။

ဇနီးဖြစ်သူကလည်း သဘောတူကြည့်ဖြူစွာ သူတို့စားမယ့် ထမင်းထုပ်ကို “ခွေးပိန်ကလေး ဝအောင်းစားပါစေ” ဆိုတဲ့ စေတနာနဲ့ အကုန်လှူချလိုက်ပါတယ်။ သူတို့နှစ်ယောက်ကတော့ ဇရပ်နဘေးက ရေအိုးစင်မှာ ရေအဝသောက်ပြီးခရီးဆက်ခဲ့ကြသတဲ့။

ဒီလိုနဲ့ သူငယ်ချင်းသူဌေးထံ သူတို့ဇနီးမောင်နှံ ရောက်သွားတဲ့အခါ သူငယ်ချင်းသူဌေးကို ဆင်းရဲ့သွားတဲ့သူဌေးက “ ငါတို့ပြုထားတဲ့ ကုသိုလ်ကောင်းမှုတွေကို ရောင်းချဖို့သူငယ်ချင်းထံလာခဲ့တာပဲ၊ သဘောတူဝယ်ယူမယ်ဆိုရင် တစ်ဘဝလုံးပြုထားခဲ့တဲ့ ကုသိုလ်အကုန်ရောင်းခဲ့မှာ” လို့ပြောပြသတဲ့။

အဲဒီအခါ သူငယ်ချင်းသူဌေးကလည်း ဝမ်းသာအားရနဲ့“ရောင်းသမျှကုသိုလ်ကောင်းမှုကို ဝယ်ယူပါ့မယ်ဗျ” လို့ဆိုလိုက်ကာ ကုသိုလ်ကောင်းမှုများကို ချိန်ခွင်ထဲမှာထည့်ပြီး ချိန်ခိုင်းပါတယ်။ အဲဒီအခါ စေတနာ အရင်းမခံဘဲ ဂုဏ်ပကာဿနကို လိုချင်တာနဲ့ ပြုလုပ်ခဲ့တဲ့ကုသိုလ်တွေဖြစ်တာမို့ လေးတယ်လို့ကိုမရှိဘဲ ငွေဘက်ကပဲ အမြဲအလေးသာနေသတဲ့၊ ကျောင်းကုသိုလ်၊ ဇရပ်ကုသိုလ်၊ ရေကန်ကုသိုလ် ဘာကုသိုလ်ပဲထည့်ထည့် ကုသိုလ်ဘက်က အလေးမသာဘဲ ငွေဘက်ပဲ အလေးသာနေတယ်။

ဒီလိုနဲ့ တစ်ဘဝလုံးပြုခဲ့တဲ့ ကုသိုလ်ကောင်းမှုတွေချပြီး ချိန်ကြည့်လိုက်တာ ကုသိုလ်ကောင်းမှုတွေသာကုန်သွားတယ်။ အလေးချိန်တွေကတော့ တက်မလာဘူးတဲ့။ ချိန်ခွင်ထဲမှာ ထည့်ထားတဲ့ငွေကလည်းမဖြစ်စလောက်(၁) ပိဿာပဲရှိသတဲ့၊ ဒါတောင် ကုသိုလ်က မနိုင်ဘူးဖြစ်နေတယ်။ အဲဒီအခါ ကုသိုလ်ဝယ်မယ့် သူဌေးက “ဟင်းသူငယ်ချင်း၊ မင်းကုသိုလ်တွေက ဒါအကုန်ပဲလား၊ ကျန်ရှိနေရင် စဉ်းစားပါဦး” လို့ပြောတယ်။ ဆင်းရဲ့သွားတဲ့သူဌေးလည်း ခေါင်းကုတ်ပြီးစဉ်းစားလိုက်တာ နောက်ဆုံး၊ လမ်းခရီးမှာ ခွေးပိန်ကလေးတစ်ကောင်ကို ထမင်းတစ်နပ် အငတ်ခံပြီးကျွေးခဲ့တဲ့ကုသိုလ်က ပေါ်လာတယ်။ အဲဒါနဲ့ သူဌေးဆင်းရဲ့လည်း “ဟာသူငယ်ချင်း၊ တို့လင်မယား အခုမင်းဆီလာတုန်းက လမ်းမှာ လွေးပိန်ကလေးကို ထမင်းကျွေးခဲ့တဲ့ကုသိုလ် ကျန်သေးတယ်။ အဲဒီ ကုသိုလ်ကိုလည်း ထည့်ချိန်လိုက်ပါ” လို့ ဝမ်းသာအားရပြောပြတယ်။

အဲဒီအခါ ငတ်သေလုဆဲဆဲ ခွေးပိန်ကလေးကို စေတနာရှိရှိနဲ့ ထမင်းကျွေးခဲ့တဲ့ကုသိုလ်ဟာ အနှစ်သာရ အပြည့်အဝပါတာမို့ ကုသိုလ်ဘက် အလေးသာလာတယ်။ ကုသိုလ်ဝယ်တဲ့ သူဌေးကလည်း သူပိုင်ငွေတွေသာမက ရွှေသားတွေပါ ထပ်ဖြည့်ပေမယ့် ကုသိုလ်ဘက်က အလေးသာနေတယ်။ နောက်ဆုံးတော့ သူပိုင်ဆိုင်သမျှ ဥစ္စာဓနတွေ အကုန်လုံးပုံထည့်ပေးတာတောင်မှ ခွေးပိန်ကလေးကို ထမင်းကျွေးခဲ့တဲ့ ကုသိုလ်ဘက်က အလေးသာနေတော့ ကုသိုလ်ဝယ်တဲ့ သူဌေးက“ ကဲ၊သူငယ်ချင်း ငါ့စည်းစိမ်တွေတော့ကုန်ပြီ၊ ငါ့အတွက် ပစ္စည်းတစ်ဝက်ချန်ထားပြီး မင်းကုသိုလ်တစ်ဝက်အတွက် ငါ့ပစ္စည်း တစ်ဝက်ကိုသာ ယူသွားပါတော့” လို့ဆိုပြီး ကုသိုလ်တစ်ဝက်ဖိုးအဖြစ် သူ့ဥစ္စာဓနတစ်ဝက်ကို ဆင်းရဲ့သွားတဲ့ သူဌေးအား ခွဲဝေပေးလိုက်ပါတယ်။

ပြီးတော့ “သူငယ်ချင်း၊ နောက်ဆိုရင် သဘောပေါက်၊ စေတနာရှိမှ လှူပါကွာ၊ ဂုဏ်ပကာဿနတွေကို မမက်ပါနဲ့၊ ပျော်ရုံသက်သက်ပြုလုပ်ထားတဲ့ အရေခြုံကုသိုလ်ဆိုတာ ငွေကုန်တာကလွဲလို ဘာအကျိုးမျှ မဖြစ်ထွန်းပါဘူး။ အသိဥာဏ်နဲ့ယှဉ်ပြီး ကုသိုလ်ပြုတတ်ရင် ငွေကုန်နည်းပေမယ့် တသ်လုံးတစ်ခဲတည်း အကျိုးပေးပါတယ်” လို့ သတိပေးစကားလည်း ပြောကြားလိုက်ပါသေးသတဲ့။

ဒီပုံပြင်ကလေးကတော့ နည်းနည်း ဒဏ္ဍာရီဆန်ပေမယ့် တကယ်ဘဝက လူသားတွေကိုတော့ ထင်ဟပေါ်လွင်စေပါတယ်။ ဒါနကောင်းမှု ပြုတဲ့အခါ စေတနာဒါန၊ ဝတ္ထုဒါန(၂) မျိုးမှာ စေတနာဝတ္ထုက ပိုပြီးပဓာနကျပါတယ်။ ဒါကြောင့်မို့ တစ်ခါတစ်ရံ ညောင်စေ့ကလေးလောက်လှူပြီး ညောင်ပင်ကြီးလောက် အကျိုးရတာရှိတာတွေရှိသလို ညောင်ပင်လောက်လှူပြီးညောင်စေ့လောက်ကလေးလောက်ပဲ အကျိုးရတာတွေလည်း ရှိတတ်ပါတယ်။ ကံအကျိုးပေးရာမှာတော့ စေတနာဟာ အဓိကဇာတ်ကောင်ပဲ ဖြစ်ပါတယ်။

စေတနာကောင်းရင် ကံ(အကျိုးပေး) လည်းကောင်းတတ်တာမို့ ကံကောင်းလိုတဲ့ သူတွေ စေတနာကောင်းမွန်အောင်ဂရုစိုက်ကြရမှာပါ။ များသေားအားဖြင့် စေတနာဆိုတာကလည်း သူ့အလိုလို ကောင်းမွန်ခဲ့တာမို့ ကိုယ့်ဘက်က သဒ္ဓါ၊ မေတ္တာ၊ပညာအားတွေ များများစိုက်ထုတ်ပြီး ပြုပြင်ယူကြရမှာပါ။

သဒ္ဓါတရားဆိုတာ ကံ-ကံရဲ့ အကျိုးပေးနဲ့ ရတနာသုံးပါးရဲ့ စွမ်းရည်သတ္တိ ဂုဏ်ကျေးဇူးတွေကို သိမြင် ယုံကြည်လက်ခံနိုင်တဲ့ သဘောပါ။ သူက “ရှေးကကောင်းလို့ အခုကောင်းတယ်၊ အခုကောင်း နောင်ကောင်းပါလိမ့်မယ်” ဆိုတဲ့ အကြောင်းအကျိုးကွင်းဆက်ကို လက်ညှိုးထိုးညွန်ပြပေးပါလိမ့်မယ်။

မေတ္တာတရားဆိုတာ ကောင်းကျိုးလိုလားတဲ့ ချစ်ခင်ကြင်နာမှုပါ။ သူကတော့ မုန်းငြိုးပစ်မှား ဒေါသအာဃာတတရားတွေကို ဖယ်ရှားပြီး အလှူခံပုဂ္ဂိုလ်တွေအပေါ်မှာ ချစ်ခင်ကြာနာမှုတွေနဲ့အတူ နူးညံ့သိမ်မွေ့ စိတ်အားပြည့်စေပါလိမ့်မယ်။

ပညာဆိုတာ အမှောင်ပယ်ခွင်းစိတ်ဓာတ်ကို အခင်းရစေခြင်းပါပဲ။ သူက ဒါနကုသိုလ်ရဲ့ ဆန့်ကျင်ဘက်အညစ်အကြေးတွေဖြစ်တဲ့ အရာရာတပ်မက်တွယ်တာလိုမှု လောဘနဲ့ ကပ်စေးနှဲ နှမြောတွန့်တိုမှု မစ္ဆရိယတရားဆိုးတွေကို ပယ်ဖျက်ချိုးနှိမ်ပေးတတ်ပါတယ်။

ဒါကြောင့် အလှူဒါနတစ်ခုပြုလုပ်တဲ့အခါမှာ နာမည်ကောင်းရရေး၊ ကြွားဝါရရေးထက် သဒ္ဓါ၊ မေတ္တာ၊ ပညာ ပြည့်ဝရေးကိုသာ အထူးဂရုပြုကြရမှာပါ။ ဘဝသံသရာမှာ ကျင်လည်ကြရပြီးဆိုရင် လောကပကာဿန နောက်လိုက်ပြီး ဟန်ဆောင် ပန်ဆောင်ပြုလုပ်ထားတဲ့ ဆေးဆိုးပန်းရိုက် စိတ်စေတနာတွေထက် သဒ္ဓါ၊ မေတ္တာ၊ ပညာတရားတွေပြည့်ဝတဲ့ သဘယအလှ စိစေတနာတွေကသာ တကယ့်အားကိုးစရာဖြစ်ပါတယ်။

www.http://thitsarparami.org အတွက် အရှင်ဓမ္မသာရ မှ ဓမ္မဒါန ရေးသားပူဇော်ပါသည်။

သတ္တဝါခပ်သိမ်း၊တရားကိန်း၊အေးငြိမ်းချမ်းသာရှိပါစေ။

၂၆.၁၂.၂၀၀၉



Read more...

ထူးထူးခြားခြားဆရာတော်များ


ယာဝ တံနပ္ပဟီယတိ၊ တာဝ ဒေ၀မနုဿာ အဝေရတာဒီနိ ပတ္တယန္တာပိ ဝေရာဒီ နပရိမုစ္စ န္တိယေ၀ ( ထိုတရားကို မပယ်နိုင်သေးသမျှ ကာလ ပတ်လုံး နတ်လူတို့သည် ဘေးရန်ကင်းမှု စသည်ကို တောင့်တကြသော်လည်း ဘေးရန် စသည်တို့မှ လွတ် မြောက်နိုင်ကြမည် မဟုတ် သည်သာ)ဟု ဒီ-ဋ္ဌ-၂-၃၁၁) အဋ္ဌကထာဆရာတော်များ မှတ်ချက်ပြုတော်မူခဲ့ကြသည်။
မှတ်ချက်ပါ ´ ထိုတရား´ ဆိုသည်ကား အခြားမဟုတ်။ ဣဿာ မစ္ဆရိယ ဆို သော တရားဆိုးနှစ်မျိုးပင် ဖြစ်သည်။ ထိုတရားဆိုး နှစ်မျိုးကို မပယ်စွန့်နိုင်သေးလျှင် ဘေးရန်ကင်းကွာ ချမ်းသာစွာနေရဖို့ ဆိုသည်ကို တောင့်တနေ ပေမဲ့ တောင့်တသည့် အတိုင်း ချမ်းချမ်းသာသာ နေကြရလိမ့်မည် မဟုတ်ပါတဲ့။
ဣဿာ မစ္ဆရိယ တို့၏ သဘောသွားကို အားလုံး နားလည်ကြပြီး ဖြစ်ပါလိမ့်မည်။ ဣဿာ- ဆိုသည်က ကိုယ့်ထက်သာ မနာလို တတ်သော သဘောဖြစ်ပြီး၊ မစ္ဆရိယ ဆိုသည်ကမူ ကိုယ့်ပစ္စည်းစသည်ကို နှမြောတွန့်တို တတ်သော သဘောပင် ဖြစ်သည်။ သတ္တ၀ါတွေ သန္တာန်မှာ အဖြစ်များပြီး ပယ်စွန့်ဖို့ရာလည်း လွန်စွာခက်သော တရားနှစ်မျိုး ပါပေ။
သတ္တ၀ါများသည် လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာန စသည်တို့ကို အတော် အတန်ထိန်းသိမ်း ဟန်တားနိုင်ကြ သော်လည်း ဣဿာ မစ္ဆရိယ(မနာလို ၀န်တိုမှု) တို့ကိုမူ အတော်များများ မဟန့်တားနိုင်ကြပေ။
မနာလိုမှု ၀န်တိုမှုဆိုသည်မှာ သတ္တ၀ါ များ၏ ဓလေ့ သဘာဝ တစ်ခုလို ဖြစ် နေသည်။ ဤတရား နှစ်မျိုး ဖြစ်လာ ရသည်မှာ ကိုယ်သာ ချမ်းသာချင်ပြီး သူများကိုမူ ကိုယ့်လို ချမ်းသာလာမှာကို မလိုလားသော ဓာတ်ခံကြောင့် ဖြစ်သည်။
ကိုယ်ချမ်းသာချင်၍ ဖြစ်လာရသော်လည်း တကယ်တန်းတွင်မူ ထိုတရားဆိုး နှစ်မျိုး ရှိနေသမျှ ချမ်းသာသုခကို ဘယ်လောက်ပဲ လိုချင် လိုချင် ရနိုင်မည် မဟုတ်ဟု အတိအလင်း မိန့်ဆိုထားသည်။


ဣဿာ မစ္ဆရိယ တရားဆိုး နှစ်မျိုးသည် အခြားသူများထက် မိမိတို့ မြန်မာနိုင်ငံ သားများတွင် ပို၍ အဖြစ်များသည်ကို တွေ့ရသည်။
မြန်မာတို့၏ မနာလိုစိတ်များပြားပုံမှာ နိုင်ငံခြားသား အတော်များများကပင် အသိ အမှတ်ပြုယူရသည် အထိ ဖြစ်၏။ နိုင်ငံခြားသားများက ချမ်းသာကြွယ်ဝ နိုင်သည့် နည်း လမ်းကောင်းတစ်ခု ရှာတွေ့ပြီဆိုလျှင် တခြားသူ များအား လက်ဆင့်ကမ်း ဖြန့်ဝေပေးဖို့ ၀န်မလေးတတ်ကြ။ တမင်သက်သက်ပင် လိုက်လံ ဖြန့်ဝေပေးလိုက် သေး၏။

မြန်မာများကမူ သည်လိုနည်းလမ်းကောင်းများ ရလာလျှင် သူများတွေ သိသွားမှာ စိုး၍ အတတ်နိုင်ဆုံး လျှို့ဝှက်ထားတတ်ကြ၏။ သူများတွေ ကိုယ့်လို ချမ်းသာလာကြမှာ ကို မလိုလားသည့် စိတ်ပေတည်း။

မြန်မာပြည်မှာ နေကြသူအချင်းချင်း နိုင်ငံခြားရောက် မြန်မာအချင်းချင်းအပြင် နိုင်ငံခြားသားများ အပေါ်မှာပါ မနာလိုစိတ် ထားလိုက်တ်ကြသေး၏။
ထိုစိတ်ဓာတ်သည် လူဝတ်ကြောင် များထံမှ သာသနာ့ဝန်ထမ်း ရှင် ရဟန်းများ ထံသို့ပါ ကူးစက်၍ အရှိန်ဟပ် သည်ကိုလည်း အံ့သြဘွယ်တွေ့ကြရသည်။

လူဝန်ကြောင် ဒကာ ဒကာမများအား တရားပြ၍ ဆုံးမသွန်သင်ပေးရမည့် ရှင် ရဟန်းများကိုယ်တိုင် ( ကိုယ်နှင့် တန်းတူဖြစ်သွားမှာကို မလိုလားသည့် စိတ် အပါ အ၀င်) ကိုယ့်ထက်သာ မနာလိုစိတ်များနှင့်( ကိုယ့် ဒကာ ဒကာမ တခြားရဟန်းတော် များကို ကြည်ညိုသွားမှာ စိုးရိမ်သည့် စိတ် အပါအ၀င်) နှမြောတွန့်တို စိတ်များ ဖြစ်နေ သည့်အခါ လွန်စွာ စိတ်ပျက်စရာ ကောင်းလှတော့သည်။

ထိုစိတ်ဓာတ်မျိုးသည် ဖုံးဖိ၍ မရလောက်အောင် သိသာ ပေါ်လွင်နေတတ်သည့် အတွက် အကြောင်းသိ နိုင်ငံခြားသားများက ´ မနာလိုစိတ် များသည့် လူမျိုး´ဟု သာ မက ´ ဒီ စိတ်ထားမျိုးတွေကြောင့် သူတို့တိုင်းပြည် ဆင်းရဲနေရတာ´ဟု ပါ မှတ်ချက်ချ ခဲ့ကြပေသည်။
ဤမျှလောက် မနာလို ၀န်တိုစိတ်များပြား ကြသူများထဲတွင် ကန်ဦး ဇေတ၀န် ဆရာတော်ဘုရားကာ ထူးထူး ခြားခြား မနာလို ၀န်တိုစိတ် နည်းပါးအောင် ထိန်းသိမ်းနိုင် စွမ်း ရှိတော်မူပေသည်။

မိမိတို့နှင့် ရင်းရင်းနှီးနှီး ပေါင်းသင်းလာခဲ့သည်မှာ နှစ်ပေါင်းကြာလှပေပြီ၊ ဤမျှ ကြာမြင့်သည့် နှစ်များအတွင်း ဆရာတော်ဘုရားထံ၌ သူတစ်ပါး ကြီးပွား ချမ်းသာတာကို မနာလိုသည့်စိတ်၊ နှမြော တွန့်တိုသည့်စိတ်မျိုးကို အရိပ်အယောင်မျှပင် မတွေ့ခဲ့ကြရ။
ရှင် ရဟန်း အချင်းချင်းအပေါ်မှာရော လူဝတ်ကြောင်ပုဂ္ဂိုလ်များအပေါ်မှာပါ မနာလို ၀န်တို စိတ် အထူးကင်း ရှင်းတော် မူသည်။
ကြည်ညို လေးစားဖွယ် ကောင်းလှပါဘိ။ မြန်မာနိုင်ငံသူ နိုင်ငံသားတိုင်း မနာလို ၀န်တိုစိတ်များကို ပယ်ရှား နိုင်ကြလျှင် ဘယ်လောက် ကောင်းမလဲ၊ ဒီလိုဆိုရင် တို့တိုင်း ပြည်ကြီးဟာ မကြာခင် ချမ်းသာကြွယ်ဝလာမှာပဲ´ ဟု အကြိမ်ကြိမ် အခါခါ တွေးမိခဲ့မိ ပါသည်။

ဒီလို စိတ်ဆိုး စိတ်ယုတ်များကို အမြန်ဆုံး ပယ်ရှားနိုင်ကြပါစေ ဟုလည်း အကြိမ် ကြိမ် အခါခါပင် ဆုတောင်း ပတ္ထနာ ပြုခဲ့မိပါသည်။

ယခုလည်း ထပ်မံ၍ ဆုတောင်းရပါဦးမည်း။ "နိုင်ငံသူ နိုင်ငံသားအားလုံး အတုယူသင့်သည် ပုဂ္ဂိုလ်များကို အတူယူကာ ( ကိုယ်ထက်သာလျှင် မုဒိတာဝင် ၊ မ၀င် ဣဿာ ယိုင်တတ်တယ်၊ ယိုင်မည့်အစား မုဒိတာပွား စိတ်ထားပြုပြင်ပြောင်းပါ့မယ် ဟူသော တရားသဘောအတိုင်း) မနာလိုခြင်း ၀န်တိုခြင်း ဆိုသော စိတ်ဆိုး စိတ်ယုတ်များနေရာ၌ သူတစ်ပါး ကြီးပွားချမ်းသာတာကို ၀မ်းသာသော မုဒိတာစိတ်များဖြင့် အစားထိုး ပြောင်းလဲကာ ဣဿာ မစ္ဆရိယ တရားဆိုးများကို ပယ်ရှားနိုင်ကြပါစေ၊ ပယ်ရှားနိုင်ကြသဖြင့် မိမိတို့ လိုလားသည့် ချမ်းသာ သုခများကို အပြည့်အ၀ ရရှိနိုင်ကြ ပါစေ၊ ရှေ့ဆောင် လမ်းပြဖြစ်တော်မူသည့် ဆရာတော် ဘုရာများလည်း သက်ရှည် ကျန်းမာ ချမ်းသာစွာဖြင့် သာသနာပြုတော်မူနိုင်ပါစေသတည်း။

ရွှေရတုတိပိဋကဓရ မော်ကျွန်းဆရာတော် ဘဒ္ဒ န္တသီလက္ခန္ဓာဘိဝံသ

ကျေးဇူးကြီးမား သော ကန်ဦးဆရာတော်ဘုရားအား ဂုဏ်ပြုပူဇော်သောအားဖြင့် ကန်ဦးဇေ၀တန် ရွှေရတုမှ ပြန်လည်တင်ပြအပ်ပါသည်။


Read more...

သတိမြဲစွာ ပထမာ (၄)


ရုပ်ပုံနံပါတ် ၆-တွင် ပြဆိုခဲ့သော ဓမ္မရောင်ခြည်ခေါ် အာနာပါနသမထသမာဓိလေအာရုံဟူသော ဥဂ္ဂဟနိမိတ်ထူးကို ရလာရခြင်း၊ ပေါ်ထွက်လာရခြင်းသည် အားထုတ်သူယောဂီပုဂ္ဂိုလ်၏ ပါရမီထူးကြောင့် ဖြစ်ပေသည်။ ထိုပါမောဇ္ဖ(ကျေနပ်ဝမ်းမြောက်ခြင်း) ပေါ်လုနီးသောအခါ မနေမနားကြိုးစားလိုသောစိတ်၊ မဖြစ်မနေ မလျှော့တန်း အားထုတ်လိုသော ၀ီရိယ၊ သတိ၊ သမာဓိမဂ္ဂင်တို့ ခိုင်မြဲစွာတည်လာမှုကိုပင်

အဋ္ဌကထာ၌ ကုသလစ္ဆန္ဒ၊ ဆန္ဒာဝသာကာရဟူ၍ ပြဆိုတော်မူကြသည်။
ထိုဆန္ဒ၊ ပါမောဇ္ဖအခြင်းအရာများကား ဤနံပါတ် ၇-ပုံအတိုင်း မိမိ၏ နှာခေါင်း ကြီး၍ ခွက်တောင်းပြည်တောင်း၊ အုန်းသီးခန့် ကြီး၍ဖု၍လာသည်ဟုလည်း ထင်မြင်တတ်ကြသည်။ ရှေ့သို့ တစ်ထွာတစ်တောင်ခန့် ကြီးလာသည်ဟုလည်း ထင်လာတတ်ကြသည်။ လွှဆွဲသကဲ့သို့ ပုခတ်လွှဲနေသကဲ့သို့ စသည်ဖြင့် အမျိုးမျိုးအဖုံဖုံ မိမိ၏နှာခေါင်း၌ ထင်လာတတ်ကြသည်။ ဤကားဆန္ဒာဝသာကာရလိုက်၍ ဖြစ်ပေါ်နေခြင်းသာဖြစ်သည်ဟု အဋ္ဌကထာ၌ ပြဆိုထားသည်။

ထိုအခြင်းအရာများကို အထူးဂရုပြု၍ မှတ်သင့်ပါသည်။ ဆန္ဒပြင်းထန်နေသော ယောဂီပုဂ္ဂိုလ်သူမြတ်သည် ထွက်လေနှင့်ဝင်လေတို့ အထူးသဖြင့် သန့်ရှင်းလာပြီး ရေတွက်၍ မှတ်ရာတွင်လည်း အမြဲတမ်းသတိမလွတ်ဖြစ်လာလျှက် အရှုအရှိုက်အထုတ်အသွင်းတို့ ညင်သာသိမ်မွေ့လာတတ်ပါသည်။
ကောင်းကင်ယံတွင် ပန်းဆိုင်းဆွဲထားသကဲ့သို့ မိမိ၏ခန္ဓာကိုယ်ကြီးမှာ ကောင်းကင်ပျံတက်နေသကဲ့သို့ထင်မှတ်ကာ တစ်နေကုန်ထိုင်၍ ရှုမှတ်နေရသော်လည်း ညောင်းခြင်း၊ ကိုက်ခဲခြင်းအလျဉ်းမရှိ၊ ဆာလောင်မွတ်သိပ်ခြင်းအလျဉ်းမရှိ၊ မပင်မပန်းမနွမ်းမနယ် အားထုတ်၍ မွေ့လျော်လာတော့သည်။ ကာယလဟုတာ (ကိုယ်ခန္ဓာပေါ့ပါးခြင်း)၊ စိတ္တလဟုတာ (စိတ်ပေါ့ပါးခြင်း)၊ ကာယမုဒုတာ (ကိုယ်ခန္ဓာနူးညံ့ခြင်း)၊ စိတ္တမုဒုတာ (စိတ်နူးညံ့ခြင်း)၊ ကာယကမ္မညတာစိတ္တကမ္မညတာ (ကိုယ်အမှု၊ စိတ်အမှုတို့၌ လွယ်ကူစွာစွမ်းနိုင်ခြင်း)ဟူသော အခြေအနေတို့ ဖြစ်ပေါ်နေခြင်း ဖြစ်ပါသည်။

ဤသည်တို့မှာ အာနာပါနဘာဝနာ၏ ကုသလစ္ဆန္ဒခေါ် ဆန္ဒာဝသာကာရလိုက်ခြင်းတို့၏ အကျိုးတရားများပင် ဖြစ်ပါသည်။

ပါမောဇ္ဖ၀သာကာရ၏အကျိုးတရားဖြစ်သော အလင်းကွက်၊ အလင်းတန်းတို့သည် ပေါ်တစ်လှည့်၊ ပျောက်တစ်လှည့်သာ ဖြစ်နေပေလိမ့်မည်။ ထိုကဲ့သို့ ဖြစ်နေသေးလျှင် ထပ်ကာထပ်ကာ မနေမနား အားထုတ်သင့်ပါသည်။ တစ်ချက်မှိတ်၊ တစ်ချက်ရှု၊ တစ်ချက်ပေါ်နှင့် ကောက်လိုက်တိုင်း ကောက်လိုက်တိုင်း မြင်ထင်နေသော လေနိမိတ်စွဲထင်လာတော့သည်ကိုပင် သတိမြဲစွာ ပထမာဟု ဆိုလိုရင်း ဖြစ်ပါတော့သည်။
အထက်တွင် ပြဆိုခဲ့သော ဆန္ဒ၊ ပါမောဇ္ဖအခြင်းအရာများသို့ မသက်မူ၍ ကိုယ်ခန္ဓာကြီး လေးလံထိုင်းမှိုင်းလာသကဲ့သို့လည်းကောင်း၊ အသက်ရှုကျပ်ကာ မောပန်းလာသကဲ့သို့လည်းကောင်း၊ မိမိထိုင်နေသော အခင်း၊ ဖျာတို့ တွန်လိမ်လာသကဲ့သို့လည်းကောင်း၊ မြေကြီးကြမ်းပြင်တို့သည် ညွတ်ကုန် ကြိတ်ကြိတ်မြည်ကုန်သကဲ့သို့လည်းကောင်း ထင်မြင်လာလျှင် နိမိတ်မရဘဲ ကြာနေတတ်ပါသည်။ အခြင်းအရာ မဖက်သူဟု ဆိုပါသည်။ မဉ္ဖပိဋ္ဌံ သြဏမတိ၊ ၀ိကူဇတိဟု အဋ္ဌကထာပြလိုရင်း စကားတော်ဖြစ်ပါသည်။



ဤနံပါတ် ၈-ရုပ်ပုံသည် သတိမြဲပြီး အခြင်းအရာနှစ်ပါး (ဆန္ဒ၊ ပါမောဇ္ဖ)ဖြစ်လာပြီးသော ယောဂီတို့သည် မိမိရအပ်သော လေတန်းလေချောင်းဟူသော ဥဂ္ဂဟအထူးကို တစ်ထပ်တည်း တစ်ချက်တည်း ပိုင်ပိုင်နိုင်နိုင် နိုင်နင်းစွာ အားထုတ်လေ့လာပွားများ၍ နေပုံဖြစ်ပါသည်။

အထူးမှာ နိုင်နင်းပိုင်နိုင်ပြီဟု သေချာကျနသိပြီးသောအခါ တစ်ခါတစ်ရံ ရှေ့သို့ တစ်ထွာခန့်၊ တစ်ပေခန့်၊ တစ်တောင်ခန့်၊ တစ်လံခန့် မှုတ်အပ်၊ ရှိုက်အပ်၊ လေ့လာအားထုတ်သင့်ပါသည်။ ထိုကဲ့သို့ အားထုတရှုမှတ်ရာတွင် မိမိစိတ်က ရှေ့မှပြေးစေ ပြန်လာစေပြီးမှ စိတ်နှင့်တစ်ထပ်တည်းသော လေနိမိတ်တန်းကိုလည်း ပြေးစေပြန်စေအောင် အားထုတ်ရမည်။ သို့မှသာ လွယ်ကူမည်ကို အထူးသတိပြုသင့်ပါသည်။

သဘောတရားကို သေချာနားမလည်ကြသော အချို့ယောဂီများမှာ မိမိစိတ်က ပြေးစေရန် ပြန်စေရန် လုံ့လမပြုရဘဲ မိမိရသော အလင်းနိမိတ်ကိုသာ ပြေးစေရန် ပြန်စေရန် ရှုမှတ်ကြသည်။ ထိုကဲ့သို့ ရှုမှတ်ရာတွင် နိမိတ်တန်းမှာ မိမိလိုသလို မပြေး မပြန်ရှိနေသဖြင့် စိတ်ပျက်ပြီး ဆရာထံလာ၍ ပြောတတ်ကြသည်။ သတိပြုသင့်ပါသည်။

Read more...

ပူနေးသြ၀ါဒ (အပိုင်း-၁)


သီတဂူဆရာတော်သြ၀ါဒ
(ပူနေးတက္ကသိုလ် ကျောင်းသားများ အိန္ဒိယ)


လူသာလျင် အကြီးကျယ်ဆုံး
ရှေးဦးစွား သီတဂူဆရာတော်ကြီးကို ပူနေးကျောင်းသားများက အသံပြိုင်ကန်တော့ကြသည်။ ထိုနောက်ဆရာတော် အမိန့်ရှိသည်မှာ ငါအမြဲတမ်းကြော်ငြာထားတဲ့ ဆောင်ပုဒ်တစ်ပုဒ်ရှိတယ် မင်းတို့အားလုံး ရကြလိမ့်မည်ဟု မျော်လင့်တယ်။ There is nothing great in the world but man. ကမ္ဘာမှာ လူက လွဲလို့ ကြီးကျယ်တာ ဘာမှမရှိဘူး။ လူသည် ဘုရားလည်းဖြစ်နိုင်တယ်၊ ပစ္စေကဗုဒ္ဓါလည်း ဖြစ်နိုင်တယ်၊ ရဟန္တာလည်းဖြစ်နိုင်တယ်၊ စကြာဝတေးမင်းလဲဖြစ်နိုင်တယ်၊ ဘုရင်လဲဖြစ်နိုင်တယ်၊ ဗြဟ္မာလည်းဖြစ်နိုင်တယ်၊ နတ်လည်းဖြစ်နိုင်တယ်၊ သကြားလည်းဖြစ်နိုင်တယ်၊ အဲ--ယုတ်စွအဆုံး မစင်စားတဲ့ ခွေးလည်းဖြစ်နိုင်တယ်။ လူက အကုန်ဖြစ်နိုင်တဲ့ ဘ၀ပဒေသာကြီးပေါ့၊ အ၀ီစိသွားချင်လည်းရတယ်၊ လူ့ဘ၀ဟာ လမ်းဆုံပဲ (junction of the world).
အဲဒါကြောင့် မင်းတို့တစ်တွေ အထက်သွားမလား အောက်ဆင်းမလား၊ နှစ်ခြောင်းထောက်ကနေ လေးခြောင်းထောက် သွားခြင်သလား။

လူထဲက အကြီးကျယ်ဆုံးတရား
နောက်တစ်ခုက There is nothing in man but character and wisdom. လူမှာလည်း သီလနှင့်ပညာထက် ကြီးကျယ်တာ ဘာမှ မရှိဘူး၊ သီလနှင့်ပညာနုတ်လိုက်ရင် လူမှာ ဘာမှ မရှိတော့ဘူး။ လောကကြီးတခုလုံးသည် အထူးသဖြင့် သတ္တလောကကြီးတခုလုံးမှာ လူဟာ အကြီးကျယ်ဆုံးပဲ၊ Great ပဲ၊ လူ့သန္တာန်မှာလဲ ပညာနှင့် ကိုယ်ကျင့်တရားဟာ Great ပဲ၊ အကြီးအကျယ်ဆုံးပဲ၊ အဲဒီနှစ်ခု နုတ်လိုက်ရင် လူဟာ Meaningless ပဲ၊ အဓိပ္ပါယ်မရှိဘူးပေါ့၊ သူဋ္ဌေးပဲဖြစ်ဖြစ်၊ ဘုရင်ပဲဖြစ်ဖြစ်၊ ပညာမဲ့နေရင် အလကားပဲ။

ဘုရင်ဆိုတာ
ဘုရင်ဆိုတာ တိုင်းပြည်ရဲ့ service ပဲ၊ တိုင်းပြည်နှင့်လူမျိုးအတွက် service ပေးနိုင်ဘို့ရန် သူတို့ရဲ့ investment (အရင်းအနှီးက) က ကိုယ်ကျင့်တရားနှင့် ပညာပ ဒီနှစ်ခုပဲ။ King တို့ Government တို့ဆိုတာ တိုင်းပြည်ရဲ့ service အလုပ်အကြွေးပဲ။ service (အလုပ်ကြွေး) ဖြစ်ဘို့ရန် character (သီလ)နှင့် wisdom (ပညာ) လိုအပ်တယ်။ wisdom ဆိုတာကို ပြန်ပြောင်းပြောရင် education ပဲ။ အဲဒီနှစ်ခုကင်းမဲ့နေရင် အဲဒီဘုရင်ဟာ တိုင်းပြည်အတွက် အသုံးမကျဘူး၊ အဲဒီအစိုးရဟာလည်း အသုံးမ၀င်ဘူး။ အဲဒီတော့ မင်းတို့တတွေ အခု ပညာသင်နေကြတယ်၊ ကျောင်းတက်နေကြတယ်၊ ဘာလုပ်ဘို့လဲ။ Ph.D ဘွဲ့တွေချိတ်ပြီး ဘာလုပ်မလဲ။

သာသနာပြုတာဝန် ၂ ရပ်
စောစောက လောကအကြောင်းကို အတိုချုပ်ပြီးပြောခဲ့တယ်။ သာသနာမှာလည်း Ministry ရယ် Missionary ရယ် နှစ်ခုရှိတယ်။ အဲဒီ နှစ်ခုကို မင်းတို့တတွေ လုပ်ရမယ်။ Missionary ဆိုတာက လူ့လောကကြီးမှာ moral (ကိုယ်ကျင့်သီလ)၊ mental, spiritual (စိတ်ဓာတ်)၊ နှင့် intellectual (အသိဥာဏ်) ဆိုပြီး အခြေခံသုံးခုရှိတယ်။ Missionary means doing and works on the development of morality, mentality and intellectuality. အဲဒီသုံးခုကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ခြင်းသည်ပင် Missionary ခေါ်တာပဲ။

Mean why we must do service for the mission and country. Service ဆိုတာ humanity works ပဲ၊ Social works ပဲ၊ Material Life အတွက်ပဲ၊ ရုပ်လောကကြီးကို အကျင့်ကောင်းအောင် သင်ပေးတာ စိတ်ဓာတ်ကောင်းအောင် သင်ပေးတာ ပညာတက်အောင် သင်ပေးတာ၊ ဒါက Religious Leaders (ဘာသာရေး ခေါင်းဆောင်) တွေအတွက် ဒီနှစ်ခုဟာ မဖြစ်မနေလုပ်ရမယ်၊ အဲဒါဟာ Missionary ပဲ။

Ministry ဆိုတာကတော့ အကျင့်အောင် ဘယ်လိုပဲသင်ပေးပေး မထိရောက်ဘူး၊ သိပ်မွဲနေတဲ့သူတစ်ယောက် ဘယ်လိုပဲ အကျင့်ကောင်အောင် သင်ပေးပေး မဖြစ်ဘူး၊ အဲဒါကြောင့် သူတို့ကို ထောက်ပံ့ရမည်၊ စိတ်ဓာတ်ကောင်းအောင် ဘယ်လိုပဲသင်ပေးပေး ပစ္စည်းဥစ္စာမွဲနေတဲ့ ဆင်းရဲသား တစ်ယောက်ဟာ စိတ်ဓာတ်တွေ ညံ့သွားတက်တယ်။ အဲဒီတော့ အဲဒီတော့ စိတ်ဓာတ်ရယ်၊ အကျင့်တရားရယ်၊ ပညာရယ် ဒီဥစ္စာတွေကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်နေပေမဲ့ တစ်ဖက်မှာက သူတို့ရဲ့စားဝတ်နေရေး ကျန်းမာရေးတွေအတွက် လူမှုရေးလုပ်ငန်းတွေ လုပ်ဘို့လိုအပ်တယ်၊ ကျန်းမာရေးအတွက် education ဥပမာ- ငါ စာသင်ကျောင်းတွေ ဆေးရုံတွေ နေရာအနှံ့အပြား လိုက်ဆောက်နေတယ်ဆိုတာ Ministry ပဲကွ။

Ministry ဆိုတာ မင်းတို့က ၀န်ကြီးဌာနကြီးပဲလို့ အောင့်မေ့နေကြတယ်၊ Ministry ဆိုတဲ့စကားလုံးဟာ ခရစ်ယာန်သာသနာကစခဲ့တာ၊ အဲဒီတော့ မင်းတို့ Minister ဆိုရင် ၀န်ကြီးလို့ထင်နေကြတယ်၊ အဲဒါကို encyclopedia မှာ သေချာဖတ်ကြည့်။ Ministry is a service for the country. တိုင်းပြည်ရဲ့အလုပ်အကြွေးပဲ အခုတော့ အရှင်သခင်တွေဖြစ်ကုန်ပြီ။ အဲဒီတော့ မင်းတို့တတွေ ဘာလုပ်မလဲဆိုတော့ အဲဒီနှစ်ခုကိုလုပ်ရမည်။ Service moral, mental, intellectual development for the country, nations. အဲဒီနှစ်ခုကို တပြိုင်တည်းလုပ်ရမည်။

မြတ်ဗုဒ္ဓရဲ့ Mission and Ministry
မြတ်ဗုဒ္ဓ ၄၅နှစ်လုပ်သွားတာကြည့်လေ၊ အ၀ိဇ္ဇာလွှမ်းနေတဲ့ကမ္ဘာကို ဘာလုပ်ပေးသလဲ၊ အ၀ိဇ္ဇာ (အကန်းကမ္ဘာ)ကို မျက်လုံးပေးတယ်၊ အပင်းကမ္ဘာကို နားပေးတယ်၊ အိပ်နေတဲ့ကမ္ဘာကို စည်ရိုက်ပေးတယ်၊ ဓမ္မစက္ကံ ပ၀တ္တေတုံ ဂစ္ဆာမိ ကာသိနံ ပုရံ၊ ပြီးတော့ အာဟဉ္ဇံအမတ ဒုန္ဒုဘိံ။ အပင်းကမ္ဘာကို စည်းရိုက်ပြီးနိုးတယ်။

အဲဒါကြောင့် အဲဒီကစပြီး ဗုဒ္ဓရဲ့ ၄၅ နှစ်ကိုကြည့်ရင်-- အဖွားအိုတစ်ယောက် သားသမီး ၁၁ ယောက်က ပစ်လိုက်တာ ဘုရားပဲ ကောက်မွေးထားတယ်၊ အဘိုးအိုတစ်ယောက် သားတွေ သမီးတွေကနှိပ်စက် မိန်းမကြီးက အိပ်ယာကထ ခြေထောက်နှင့်ကန်နိုး နွားတွေက ပျောက် လယ်တွေက ပျက်၊ အဲဒီ ပုဏ္ဏားကြီးကိုလည်း ဘုရားပဲကောက်မွေးထားတယ်။ ရာဓပုဏ္ဏားကြီးကို ကြည့်ပါဦး၊ သားတွေ သမီးတွေက စွန့်လိုက်တော့ သူတောင်းစာဖြစ်နေတဲ့ ရာဓပုဏ္ဏား ကျောင်းကပ်ပြီးနေရတယ်၊ ပုဂံဆေး ခွက်ဆေး အိမ်သာဆေး တံမျက်လဲပြီးနေရတာ အသက်ကြီးလာတော့ ရဟန်းဝတ်ချင်စိတ် ပေါက်လာတယ်၊ ဘယ်သူမှ ရဟန်းပြုမပေးချင်ကြဘူး၊ ဘုရားက အစည်းဝေးခေါ်ပြီး ဒီ ရာဓပုဏ္ဏားက ကျေးဇူးပြုဖူးသောသူရှိရင် ထပါဆိုတော့ အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးထလာတယ်၊ သူ သူတောင်းစားဘ၀က သူ့ရှေ့ကဖြတ်သွားစဉ် ဆွမ်း အိန္ဒိယလိုပြောရင် ကျပါတီ တစ်ချက်နှစ်ချက်လောက် လောင်းဖူးတယ်၊ အဲလိုဆိုရင် မင်းတာဝန်ယူပြီး ရဟန်းပြုပေးလိုက်ဆိုတော့ အရှင်သာရိပုတ်တာဝန်ယူလိုက်တယ်၊ ရာဓပုဏ္ဏားလဲ အရှင်သာရိပုတ္တရာရဲ့ လမ်းညွန်မှုအောက်မှာပဲ ရဟန္တာဖြစ်သွားခဲ့တယ်။ ဒါဟာ ဗုဒ္ဓရဲ့ Ministry ပဲ။

အပိုင်း(၂) ဆက်ပါဦးမည်။
သီတဂူစတား
၂၆-၁၂-၂၀၀၉



Read more...

Vacancies for Buddha FM




Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP