* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Friday, December 25, 2009

အဘိဓမ္မာ အပိုင်း -၂။ အခန်း ၁

အစကနဦးက ပြောခဲ့တဲ့ (စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်) (၄)ပါးမှာ ပထမဖြစ်တဲ့ “စိတ်”တရားကို သိသာယုံမျှ ပြပြီးပါပြီ။ ယနေ့ ဒုတိယအခန်းဖြစ်တဲ့ စေတသိတ် (စိတ်ကို မှီပြီးဖြစ်တဲ့) တရားများကို ပြောပြပါမည်။ စေတသိက်တရားများသည် (၅၂)ပါးရှိပါတယ်။
၎င်း (၅၂)ပါးကို ခေါင်းစဉ်ကြီးများ အနေအားဖြင့် ခွဲမယ်ဆိုလျှင်…
၁။ အညသမာန်းစေတသိက် (စိတ်အားလုံးနှင့် ဖြစ်သင့်သလို အတူတကွယှဉ်တွဲဖြစ်တတ်တဲ့ စေတသိက် အုပ်စု) -၁၃-ပါး၊
၂။ အကုသိုလ်စေတသိက် ( အကုသိုလ်စိတ်များနှင့် အတူတကွယှဉ်တွဲ ဖြစ်တတ်တဲ့ စေတသိက် အုပ်စု) -၁၄-ပါး၊
၃။ သောဘနစေတသိက် ( ကောင်းသောကုသိုလ်၊ ၀ိပါက်၊ ကြိယာစိတ်များနှင့် အတူတကွယှဉ်တွဲ ဖြစ်တတ်တဲ့ စေတသိက် -၂၅-ပါး၊ ပေါင်း ခေါင်းစဉ်ကြီးအားဖြင့် စေတသိက် -၅၂-ပါး။

ခေါင်းစဉ်ကြီးများကို ထပ်ဆင့် ခွဲကြစို့---
ပထမအုပ်စုကို- ၂-မျိုးထပ်ခွဲနိုင်. . .
(က) သဗ္ဗစိတ္တသာဓာရဏစေတသိက် = (ကုသိုလ်၊ အကုသိုလ်၊ ၀ိပါက်၊ ကြိယာဟူသော စိတ်အားလုံးနှင့် ဆက်ဆံသောစေတသိက်)= ၇-ပါး
=Universal mental factors (Mental factors associated with all consciousness.)

-၇-ပါး သရုပ်- - -
၁။ 1/ဖဿစေတသိက်= အာရုံကို တွေ့ထိခြင်းသဘော
(contact/ an object)
၂။ 2/ ဝေဒနာစေတသိက်= အာရုံ၏ အရသာကို ခံစားခြင်း သဘော
(Feeling/ an object)
၃။ 3/ သညာစေတသိက်= အာရုံကို မှတ်ခြင်းသဘော
(Perception/ an object)
၎။ 4/ စေတနာစေတသိက်= အာရုံ၌ ယှဉ်ဘက်တရားတို့ကို စေ့ဆော်ပေးခြင်းသဘော (
Motivation/ Volition or motivation the associated states in object)
၅။ 5/ ဧကဂ္ဂတာစေတသိက်= အာရုံ၌တည်တံ့ခြင်းသဘော
(One-pointedness or concentration/ in object)
၆။ 6/ ဇီဝိတိနြေ္ဒစေတသိက်= အတူဖြစ်ဖက်တရားတို့ကို စောင့်ထိန်းခြင်သဘော
(Faculty of mental life/ guarding the associated states)
၇။ 7/ မနသိကာရစေတသိက်= အာရုံ၌ နှလုံးသွင်းခြင်းသဘော
(Attention/ in object)။
ပေါင်း သဗ္ဗစိတ္တသာဓာရဏစေတသိက် -၇-ပါး။

(ခ) ပကိဏ္ဏကစေတသိက် (စိတ်အားလုံးမှာတော့ မဖြစ်၊ ထိုက်သင့်သလို ရောပြွမ်းယှဉ်သောစေတသိက်) =၆-ပါး
=Particular mental factor (Mental factors associated with all consciousness, particularly.

-၆-ပါးသရုပ်ဆိုတာ….
၈။ 1/ ၀ိတက်စေတသိက်= တကွယှဉ်ဘက်တရားတို့ကို အာရုံသို့ တင်ပေးခြင်းသဘော
(Initial application/ the associated states on the object)
၉။ 2/ ၀ိစာရစေတသိက်= အာရုံ၌ တကွယှဉ်ဘက်တရားတို့ကို သုံးသပ်ခြင်းသဘော
(Sustain application/ observing the associated stated in object)
၁၀။ 3/ အဓိမောက္ခစေတသိက်= အာရုံကို ဆုံးဖြတ်ခြင်းသဘော (Decision/ the object)
၁၁။ 4/ ၀ီရိယစေတသိက် =တကွယှဉ်ဘက်တရားတို့ကို ထောက်ပံ့ခိုင်စေခြင်းသဘော (
Effort/ supporting the associated states)
၁၂။ 5/ ပီတိစေတသိက်= အာရုံကို နှစ်သက်ခြင်းသဘော
(joy or zest/ the object)
၁၃။ 6/ ဆန္ဒစေတသိက်= ပြုလိုကာမျှသဘော၊ လိုလားခြင်းသဘော (Wish to do)။
ပေါင်း =ပကိဏ္ဏကစေတသိက် -၆-ပါး။
ဤ(၁၃)ပါးကို အညသမာန်း စေတသိက် -၁၃-ပါး ဟုခေါ်ပါတယ်။
ဒီနေ့ ဒီမျှနဲ့သာ ရပ်ပါအုန်းမယ်။
အထက်ပါစေတသိက်တစ်ပါးချင်းရဲ့ အဓိပ္ပါယ်များ၊ စိတ်တရားများနှင့် အတူတူတကွဆက်စပ်ဖြစ်ပုံ များကို နောက်နေ့များမှ ဆက်လက်တင်ပြပေးပါမည်။


Read more...

Tomorrow Dhamma Programme



Read more...

ကုသိုလ်အယဉ် ရှစ်မျိုးတို့သည် ချမ်းသာခြင်းငှါ ဖြစ်ကုန်၏...

အဘိသန္ဒသုတ် - (အယဉ်၊ အကျိုး)


ကုသိုလ်အယဉ် ရှစ်မျိုးတို့သည် ချမ်းသာခြင်းငှါ ဖြစ်ကုန်၏...

ရဟန်းတို့ ချမ်းသာကို ဆောင်တတ်ကုန်သော၊ နတ်ပြည်အကျိုးငှါ ဖြစ်ကုန်သော၊ ချမ်းသာသော အကျိုးကို ပေးတတ်ကုန်သော၊ နတ်ပြည်၌ ပဋိသန္ဓေကို ဖြစ်စေတတ်ကုန်သော ဤကောင်းမှုအထု ကုသိုလ်အယဉ် ရှစ်မျိုးတို့သည် အလိုရှိခြင်းငှါ နှစ်သက်ခြင်းငှါ နှလုံးကို ပွါးစေခြင်းငှါ အစီးအပွါး အလို့ငှါ ချမ်းသာခြင်းငှါ ဖြစ်ကုန်၏။

အဘယ်ရှစ်မျိုးတို့နည်းဟူမူ...

၁...
ရဟန်းတို့ ဤသာသနာတော်၌ အရိယာတပည့်သည် မြတ်စွာဘုရားကို ကိုးကွယ်ရာ ဟူ၍ ဆည်းကပ်၏၊ ရဟန်းတို့ ချမ်းသာကို ဆောင်တတ်သော၊ နတ်ပြည် အကျိုးငှါ ဖြစ်သော၊ ချမ်းသာသော အကျိုးကို ပေးတတ်သော၊ နတ်ပြည်၌ ပဋိသန္ဓေကို ဖြစ်စေတတ်သော၊ ရှေးဦးစွာသော ဤကောင်းမှုအထု ကုသိုလ်အယဉ်သည် အလိုရှိခြင်းငှါ နှစ်သက်ခြင်းငှါ နှလုံးကို ပွါးစေခြင်းငှါ အစီးအပွါး အလို့ငှါ ချမ်းသာခြင်းငှါ ဖြစ်၏။

၂...
ရဟန်းတို့ နောက်တစ်မျိုးကား ဤသာသနာတော်၌ အရိယာတပည့်သည် တရားတော်ကို ကိုးကွယ်ရာ ဟူ၍ဆည်းကပ်၏၊ ရဟန်းတို့ နှစ်ခုမြောက်ဖြစ်သော ဤကောင်းမှုအထု ကုသိုလ်အယဉ်သည်။ပ။ ဖြစ်၏။

၃...
ရဟန်းတို့ နောက်တစ်မျိုးကား ဤသာသနာတော်၌ အရိယာတပည့်သည် သံဃာတော်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်၏၊ ရဟန်းတို့ ချမ်းသာကို ဆောင်တတ်သော၊ နတ်ပြည် အကျိုးငှါ ဖြစ်သော၊ ချမ်းသာသော အကျိုးကို ပေးတတ်သော၊ နတ်ပြည်၌ ပဋိသန္ဓေကို ဖြစ်စေတတ်သော၊ သုံးခုမြောက်ဖြစ်သော ဤကောင်းမှုအထု ကုသိုလ်အယဉ်သည် အလိုရှိခြင်းငှါ နှစ်သက်ခြင်းငှါ နှလုံးကို ပွါးစေခြင်းငှါ အစီးအပွါး အလို့ငှါ ချမ်းသာခြင်းငှါ ဖြစ်၏။

ရဟန်းတို့ အမြတ်ဟု သိအပ်ကုန်သော၊ ရှည်မြင့်စွာသော ကာလပတ်လုံး ဖြစ်၏ ဟု သိအပ်ကုန်သော၊ သူတော်ကောင်း အဆက်အနွယ် ဟု သိအပ်ကုန်သော၊ ရှေးသူတော်ကောင်းတို့၏ အလေ့အကျင့် ဟု သိအပ်ကုန်သော၊ မပယ်အပ်ကုန် သော၊ ရှေးကလည်း မပယ်ဖူးကုန်သော၊ ယခုလည်း မပယ်ကုန်သော၊ နောင်လည်း ပယ်လတ္တံ့ မဟုတ်ကုန်သော၊ ပညာရှိ သမဏဗြာဟ္မဏတို့ မပစ်ပယ်အပ်သည့် မြတ်သော ဒါန ဟု ဆိုအပ်ကုန်သော အလှူတို့သည် ဤငါးမျိုးတို့တည်း။

မြတ်သော ဒါနငါးမျိုး
ငါးပါးသီလကိုခေါ်သည်
အဘယ်ငါးမျိုးတို့နည်းဟူမူ...

၁...
ရဟန်းတို့ ဤသာသနာတော်၌ အရိယာတပည့်သည် သူ့အသက်ကို သတ်ခြင်းကို ပယ်၍ သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်၏၊ ရဟန်းတို့ သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်သော အရိယာတပည့်သည် အတိုင်းအရှည် မရှိကုန်သော သတ္တဝါတို့အား ဘေးမရှိခြင်းကို ပေးလှူသည် မည်၏၊ ရန်မရှိခြင်းကို ပေးလှူသည် မည်၏၊ ဆင်းရဲ မရှိခြင်းကို ပေးလှူသည် မည်၏၊ အတိုင်းအရှည် မရှိသော သတ္တဝါတို့အား ဘေးမရှိခြင်း ရန်မရှိခြင်း ဆင်းရဲ မရှိခြင်းကို ပေးလှူသောကြောင့် အတိုင်းအရှည် မရှိသော ဘေးမရှိခြင်း ရန်မရှိခြင်း ဆင်းရဲ မရှိခြင်း၏ အဖို့ရှိ၏။ ရဟန်းတို့ ဤသည်ကား အမြတ်ဟု သိအပ်သော၊ ရှည်မြင့်စွာသော ကာလပတ်လုံး ဖြစ်၏ ဟု သိအပ်သော၊ သူတော်ကောင်း အဆက်အနွယ် ဟု သိအပ်သော၊ ရှေးသူဟောင်း တို့၏ အလေ့အကျင့် ဟု သိအပ်သော၊ မပယ်အပ်သော၊ ရှေးကလည်း မပယ်ဖူးသော၊ ယခုလည်း မပယ်သော၊ နောင်လည်း ပယ်လတ္တံ့ မဟုတ်သော၊ ပညာရှိ သမဏဗြာဟ္မဏတို့ မပစ်ပယ်အပ်သည့် မြတ်သော အလှူ ဟု ဆိုအပ်သော ပဌမဖြစ်သော အလှူတည်း။

ရဟန်းတို့ ချမ်းသာကို ဆောင်တတ်သော၊ နတ်ပြည် အကျိုးငှါ ဖြစ်သော၊ ချမ်းသာသော အကျိုးကို ပေးတတ်သော၊ နတ်ပြည်၌ ပဋိသန္ဓေကို ဖြစ်စေတတ် သော၊ စတုတ္ထမြောက် ဖြစ်သော ဤကောင်းမှုအထု ကုသိုလ်အယဉ်သည် အလိုရှိခြင်းငှါ နှစ်သက်ခြင်းငှါ နှလုံးကို ပွါးစေခြင်းငှါ အစီးအပွါး အလို့ငှါ ချမ်းသာခြင်းငှါ ဖြစ်၏။

၂...
ရဟန်းတို့ နောက်တစ်မျိုးကား ဤသာသနာတော်၌ အရိယာ တပည့်သည် ပိုင်ရှင် မပေးသော သူတစ်ပါးဥစ္စာကို ခိုးယူခြင်းကို ပယ်၍ ပိုင်ရှင် မပေးသော သူတစ်ပါး ဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်၏။ပ။

၃...
ကာမဂုဏ်တို့၌ မှားယွင်းသောအားဖြင့် ကျင့်ခြင်းကို ပယ်၍ ကာမဂုဏ်တို့၌ မှားယွင်းသောအားဖြင့် ကျင့်ခြင်းမှ ရှောင်ကြဉ်၏။ပ။

၎...
မဟုတ်မမှန် ပြောဆိုခြင်းကို ပယ်၍ မဟုတ်မမှန် ပြောဆိုခြင်းမှ ရှောင်ကြဉ်၏။ပ။

၅...
ယစ်မူးမေ့လျော့ခြင်း၏ အကြောင်းဖြစ်သော သေအရက် သောက်စားခြင်းကို ပယ်၍ ယစ်မူး မေ့လျော့ခြင်း၏ အကြောင်းဖြစ်သော သေအရက် သောက်စားခြင်းမှ ရှောင်ကြဉ်၏။ ရဟန်းတို့ ယစ်မူးမေ့လျော့ခြင်း၏ အကြောင်းဖြစ်သော သေအရက်ကို သောက်စားခြင်းမှ ရှောင်ကြဉ်သော အရိယာတပည့်သည် အတိုင်းအရှည် မရှိသော သတ္တဝါတို့အား ဘေး မရှိခြင်းကို ပေးလှူသည် မည်၏၊ ရန်မရှိခြင်းကို ပေးလှူသည် မည်၏၊ ဆင်းရဲ မရှိခြင်းကို ပေးလှူသည် မည်၏၊ အတိုင်းအရှည် မရှိသော သတ္တဝါတို့အား ဘေးမရှိခြင်း ရန်မရှိခြင်း ဆင်းရဲ မရှိခြင်းကို ပေးလှူသောကြောင့် အတိုင်းအရှည် မရှိသော ဘေးမရှိခြင်း ရန်မရှိခြင်း ဆင်းရဲ မရှိခြင်း၏ အဖို့ရှိ၏။ ရဟန်းတို့ ဤသည်ကား အမြတ် ဟု သိအပ်သော၊ ရှည်မြင့်စွာသော ကာလပတ်လုံး ဖြစ်၏ ဟု သိအပ်သော၊ သူတော်ကောင်းတို့၏ အဆက်အနွယ် ဟု သိအပ်သော၊ ရှေးသူတော်ကောင်းတို့၏ အလေ့အကျင့် ဟု သိအပ်သော၊ မပယ်အပ်သော၊ ရှေးကလည်း မပယ်ဖူးသော၊ ယခုလည်း မပယ်သော၊ နောင်လည်း ပယ်လတ္တံ့ မဟုတ်သော၊ ပညာရှိ သမဏဗြာဟ္မဏတို့ မပစ်ပယ်အပ်သည့် မြတ်သော အလှူ ဟု ဆိုအပ်သော ပဉ္စမဖြစ်သော အလှူတည်း။

ရဟန်းတို့ ချမ်းသာကို ဆောင်တတ်သော နတ်ပြည် အကျိုးငှါ ဖြစ်သော ချမ်းသာသော အကျိုးကို ပေးတတ်သော နတ်ပြည်၌ ပဋိသန္ဓေကို ဖြစ်စေတတ်သော အဋ္ဌမဖြစ်သော ဤကောင်းမှုအထု ကုသိုလ်အယဉ်သည် အလိုရှိခြင်းငှါ နှစ်သက်ခြင်းငှါ နှလုံးကို ပွါးစေခြင်းငှါ အစီးအပွါး အလို့ငှါ ချမ်းသာခြင်းငှါ ဖြစ်၏။ ရဟန်းတို့ ချမ်းသာကို ဆောင်တတ်သော၊ နတ်ပြည် အကျိုးငှါ ဖြစ်သော၊ ချမ်းသာသော အကျိုးကို ပေးတတ်သော၊ နတ်ပြည်၌ ပဋိသန္ဓေကို ဖြစ်စေတတ်သော၊ ရှစ်မျိုးသော ဤကောင်းမှုအထု ကုသိုလ် အယဉ်တို့သည် အလိုရှိခြင်းငှါ နှစ်သက်ခြင်းငှါ နှလုံးကို ပွါးစေခြင်းငှါ အစီးအပွါး အလို့ငှါ ချမ်းသာခြင်းငှါ ဖြစ်ကုန်၏ ဟု မိန့်တော်မူ၏။ 39

၉ - အဘိသန္ဒသုတ်၊ ဒါနဝဂ်၊ အဋ္ဌကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။




Read more...

ရွှေရတု သြ၀ါဒကထာ

လောကမှာ ပုဂ္ဂိုလ် နှစ်မျိုးရှိတယ်၊ တစ်မျိုးက အဆိုးမြင်သမား၊ နောက်တစ်မျိုးက အကောင်း မြင်သမား။ အဆိုးမြင်သမားက မြင်သမျှ ကြားသမျှကို အဆိုးဘက်ကချည်း ရှုမြင်သုံးသပ်တယ်။ ကောင်းတာလေး ရှိတာကိုတောင်မှ လျှော့ပေါ့စဉ်းစားတယ် ၊ တစ်ဘက်က သူတစ်ပါးကို အဆိုးမြင် သလောက် မိမိဘက်ကျတော့ အကောင်းမြင်တတ်တယ်။ သူတစ်ပါး ဘယ်လောက်တော်တော် ငါ့လောက် မတော်သေးပါဘူးဆိုတဲ့ စိတ်ဓာတ် ရှိနေပါတယ်။ ဒါကို စာက ပရ၀မ္ဘန အတ္တုက္ကံသန လို့ ခေါ်တယ်။ သူတစ်ပါးကို အပြစ်မြင် အကောင်းမထင်တဲ့ သူရဲ့ရင်ထဲမှာ ဘာတွေ ရှိမေမယ်ဆိုတာ စဉ်းစား ကြည့်ပါ။ ငါဆိုတဲ့ အတ္တ ၊ ထောင်လွှားတဲ့ မာန၊ အပြစ်ကို ရှုမြင်တဲ့ ဒေါသတရားတွေ ကိန်းနေမှာ အမှန်ပဲ။

အတ္တ၊ မာန ၊ ဒေါသ တရားတွေ လွှမ်းမိုးနေရင် သူ့ရဲ့အပေါင်းအသင်း အကုသိုလ် စေတသိတ် တွေ အင်နဲ့ အားနဲ့ အလုံးအရင်း တပ်ချီစွဲတော့မယ်။ အတ္တ မာန ဒေါသ တွေဟာ ရှေ့ပြေး ကင်းတွေပဲ။ အဲဒါ သတိရှိဘို့ လိုတယ်။

နောက်တစ်မျိုးက အကောင်းမြင်သမား။

သူက မြင်သမျှ ကြားသမျှ တွေ့ထိခံစား သမျှကို ကောင်းတဲ့ဘက် ဆွဲယူ တွေးတောတယ်။ မကောင်းတာတွေ အမှားတွေ တွေ့နေတာ တောင်မှ ခွင့်လွှတ် သည်းခံတတ်တယ်။ ဖြည့်ပြီးမြင်တတ်၊ တွေးတတ်တယ်၊ သူ့ရဲ့ သန္တာန်မှာ မိမိကိုယ်ကို ချီးပင့်တတ်တဲ့ အတ္တုက္ကံသန၊ သူတစ်ပါးကို ရှုတ်ချတတ် တဲ့ ပရ၀မ္ဘန မရှိဘူး။

ခွင့်လွတ် သည်းခံတယ်၊ကောင်းဘက်ကို ဖြည်းပြီးမြင်တယ်၊ တွေးတယ်ဆိုတာ ဘာစိတ်လဲ၊ အဒေါသစိတ်၊ မေတ္တာစိတ်၊ သူ့ သန္တာန်မှာ ကိုယ်ချင်းစာစိတ်ရှိတယ်။ ဒီတော့ ကုသိုလ်ဖြစ်မလား ၊ အကုသိုလ်ဖြစ်မလား၊ တွေးကြည့် သိသာတယ်။

ဒီလို ခွင့်လွှတ်သည်းခံတတ်လို့ မေတ္တာထားလို့ ကိုယ်ချင်းစာလို့ သူ့ကို လူပျော့ လူညံ့လို့ မထင်နဲ့၊ အကောင်း အဆိုး သူသိနေတယ်။ လူပျော့ လူညံ့က ဘာမှ မသိတာ။ မေဟသမား။ သူများ ပြောတိုင်း ခေါင်းညိမ့်ပြီး နောက်ယောင်ခံနေတာ၊ ကောင်း ဆိုး နှစ်တန် မဝေဘန်နိုင်တာ။

ကဏန်း၊ ပုတ်သင်၊ ကိုင်းပင်၊ လိပ်မျိုး၊ နွားသိုး၊ ခွေးအ၊ ဤခြောက်ဝ အနာယက ဂုဏ်အင်္ဂါ ဆိုတဲ့ အထဲမှာ သုတ်သင်လို ခေါင်းညိမ့်ပြီး၊ ကိုင်းပင်လို ယိမ်းတတ်တဲ့ ပုဂ္ဂိုလ်မျိုး။ အဆိုးမြင် အပြစ်မြင်တတ်သူရဲ့ ရှေ့ရေးကို တွေးကြည့်၊ ကောင်းစရာ မရှိဘူး။ အတ္တ၊ မာန၊ ဒေါသတွေ လွှမ်းနေတယ်။

မဝေဘန် မပိုင်းခြားနိုင်သူကကော၊ မောဟ ဖိစီးခံရသူ။ ဒီတော့ စေတနာ ဟံ ဘိက္ခဝေ ကမ္မံ ၀ဒါမိလို့ ဘုရားဟောတယ် မဟုတ်လား။ ကောင်းစေတနာ မဟုတ်တော့ ကောင်းကံတွေ မလာတော့ ဘူးပေါ့။

ကောင်း ဆိုး နှစ်တန်ကို သိတယ်။ အပြစ် မမြင်၊ အပြစ် မတင်တတ်ဘဲ ခွင့်လွှတ်တတ်၊ ဖြည့် မြင်တတ်သူက အဒေါသ သမား၊ အကောင်းမြင်ဝါဒ ရှိသူ။

ထိုပုဂ္ဂိုလ် မိမိ ကိုယ်နှင့် နှိုင်းစာကြည့်တယ်၊ မိမိကိုယ်ကို ပြန်သုံးသပ်တယ်၊ အရေးကြီးတာက အဲဒါပဲ။ ငါဘယ်လို ပုဂ္ဂိုလ်မျိုးလဲ ဆိုတာ သိဘို့လိုတယ်။ ငါဟာ ရဟန်းလား၊ သာမဏေလား၊ အမျိုးသားလား၊ အမျိုးသမီးလား၊ ဆရာလား၊ တပည့်လား စသည်ပေါ့။

မိမိကိုယ်ကို သတိရှိနေရင် အမှားအယွင်းသိပ်မဖြစ်နိုင်ဘူး။ ရဟန်းဟာ ရဟန်းဆိုတဲ့ အသိ ရှိရင် ၊ သာသနာစိတ်ရှိတယ်လို့ ခေါ်တယ်။ ရဟန်းဖြစ်ပြိး ရဟန်းအသိမှ မရှိရင် ကျန်တာတွေ အတူတူ ဖြစ်သွားမယ်။ ရဟန်းဟာ ရဟန်း သတိ၊ အမျိုးသမီးဟာ အမျိုးသမီး ဆိုတဲ့ သတိရှိမှ ကောင်းတာ။

ဘုရားကလည်း ဟောထားတာပဲ။

ပရ၀ဇ္ဇာနုပဿိဿ၊ နိစ္စံ ဥဇ္ဈာနသညိနော။

အာသ၀ါ တဿ ၀ဎန္တိ ၊ အာရာ သော အာသ၀က္ခယာ ။

သူတစ်ပါးကို အပြစ်မရှာပါနဲ့၊ မိမိကိုယ်ကို ဆင်ခြင်ပါ။ သူတစ်ပါး အပြစ် ရှာတတ်သူဟာ နိဗ္ဗာန် မပြောနဲ့ ပစ္စက္ခမှာပင် ဆုတ်ယုတ်တယ်။ ဒါကြောင့် အကောင်းမြင်သမား ဖြစ်အောင် ကြိုးစားကြပါစို့ လို့ သြ၀ါဒစကား မိန့်ကြားလိုက်ပါတယ်။

ကန်ဦးဇေတ၀န်ဆရာတော်

ဘဒ္ဒန္တ နန္ဒသာမီဘိဝံသ

အဂ္ဂမဟာပဏ္ဍိတ



Read more...

မျိုးချစ်အာဇာနည်

ဧ၀ံ မေ ပတ္ထိတံ
-----------

“ဘုန်းဘုန်းဘုရား ”

မိမိသည် အခန်းထဲမှာ အနားယူနေခိုက် ကျောင်းသားတစ်ယောက်၏ အသံကို ကြားလိုက်ရ သဖြင့် အခန်းတံခါးကို ဖွင့်လိုက်၏။

“ဆရာတော်က ဘုန်းဘုန်းက ပင့်ခိုင်းလိုက်လို့ပါဘုရား”။

“အေးအေး - ဟုတ်ပြီ၊ ဘာကိစ္စလဲ”။

“မှန်ပါ၊ မင်္ဂလာဦးဆွမ်းကျွေးမှာ ပရိတ်တရား ချီးမြှင့်ဖို့ပါဘုရား”။

မိမိ ရောက်သည့်နေ့မှာပဲ မင်္ဂလာဦးဆွမ်းကျွေးနှင့် ပက်ပင်းတိုးမိလေသည်။ မိမိ စီးနင်း လိုက်ပါလာသည့် လေယာဉ်သည် ကွာလာလမ်ပူလေဆိပ်သို့ နံနက် ၈-နာရီခန့်မှာ ဆိုက်ရောက် သဖြင့် ဒေါက်တာအရှင်ဣန္ဒက၏ ကပုန်းကျောင်းသို့ နေ့ဆွမ်းစားအမီ ရောက်ရှိလာခြင်း ဖြစ်ပေသည်။

ကပုန်းကျောင်းတွင်းမှာ ကျင်းပသည့် မင်္ဂလာဦးဆွမ်းကျွေးပွဲ၌ မြန်မာ့ရိုးရာ လုံချည်, အင်္ကျီ တို့ကို ၀တ်ဆင်ထားသည့် သတိုးသား, သတိုးသမီးကို တွေ့ရသောအခါ “ဒါမှ မြန်မာလူမျိုးကွ” ဟု စိတ်ထဲ၌ အသံတိတ် ကြုံးဝါးမိလေသည်။ နိုင်ငံရပ်ခြား တိုင်းတပါး၌ မြန်မာ့ဝတ်စုံတို့ကို မြင်ရဖို့ မလွယ်ကူလှပေ။ မြန်မာ့ဝတ်စုံသည် မြန်မာပြည်မှာ မဆန်းသော်လည်း ပြည်ပမှာကား ဆန်း၍ လန်း၍ နေလေတော့သည်။ မြန်မာ့ရိုးရာဓလေ့ ယဉ်ကျေးမှုတို့သည်ကား ဝေးကွာလေလေ တမ်းတလေလေ ဖြစ်တော့သည်။

မိမိ အိန္ဒိယပြည်မှာ ၀ါဆိုခဲ့စဉ်က နံနက်မိုးလင်းမှာ အိန္ဒိယကုလားသီချင်းသံက မိမိ၏နားကို အမြဲတန်း နှိပ်စက်လေ၏။ ကုလားသီချင်းသံကို ကြားရလေလေ မြန်မာ့သီချင်းသံကို လွမ်းရ လေလေပင်။

“အောင်ခြင်းရှစ်ပါး အသံကြားတဲ့အခါ . . .”

“အစိန္တေယျ …. အပ္ပမေယျ … အနန္တစကြာသေဋ္ဌ …. အတုမရှိသော ကျေးဇူးဂုဏ်တော်… အပေါင်းတည်ရာ ဖြစ်တော်မူသော အရှင်ဝိပဿီ.. မြတ်စွာ . . . . ဘုရား … ကိုယ်တော်. ” စသည့်စသည့် မြန်မာ့တေးသံသာများကို အနုဿတိ (အဖန်တလဲလဲသတိရခြင်း) ကမ္မဋ္ဌာန်း စီးဖြန်းမိလေ တော့သည်။

တခါတရံ နတ်ရွာစံသွားလေပြီဖြစ်သော မြန်မာတို့၏ နောက်ဆုံးဘုရင်ဖြစ်သည့် သီပေါမင်း ကိုပင် သတိရမိလိုက်သေး၏။ “အော် သီပေါမင်းခမျာ ရတနာဂီရိမှာ အကျဉ်းကျစဉ်က ငါလိုပဲ ကုလား သီချင်းသံ၏ နှိပ်စက်မှုကို ခံရရှာမှာပဲ၊ သူ့ခမျာ မြန်မာပြည်ကြီးကို တော်တော် လွမ်းတော်မူလိမ့် မည့်ဖြစ်ခြင်း”။

တိုင်းတပါး၏ ရိုးရာယဉ်ကျေးမှုကို မြင်ရလေလေ မြန်မာ့ရိုးရာယဉ်ကျေးမှုကို သတိရလေလေ ဖြစ်ရသည်မှာ အတွင်းမှာ ကိန်းအောင်းနေသည့် ၀ံသာနုစိတ်ဓာတ်ကြောင့်ပင်တည်း။ ယခုကဲ့သို့ မြန်မာ့ရိုးရာဝတ်စုံကိုတွေ့ရသောအခါ စိတ်ထဲမှာ အလွမ်းပြေသလိုတော့ ခံစားရပါ၏။ သို့သော် ရာနှုန်းပြည့်တော့ မဟုတ်။

ယင်းဆွမ်းကျွေးပွဲ၌ ကျောင်းထိုင်ဆရာတော်က တရားနာပရိသတ်အား သီလပေးပြီးနောက် သတိုးသား, သတိုးသမီးတို့အား တစ်ယောက်နှင့် တစ်ယောက် နားလည်မှုရှိဖို့ လိုအပ်ကြောင်း၊ မယ်တစ်ထမ်း မောင်တစ်ရွက်ဆိုတာလို တာဝန်ကိုယ်စီ လုပ်ကိုင် ဆောင်ရွက်ကြဖို့ လိုအပ်ကြောင်း၊ ယခုလို ဘာသာတရားနှင့်အညီ ပြုလုပ်ကြခြင်းဟာ အမျိုး ဘာသာ သာသနာကို စောင့်ရှောက်ခြင်းပဲ ဖြစ်ကြောင်းစသည်ဖြင့် အဆုံးအမ သြ၀ါဒစကားများကို မိန့်ကြားတော်မူ လေသည်။

“အမျိုးဘာသာ သာသနာကို စောင့်ရှောက်”ဟူသောစကားကို ကြားလိုက်ရသည့်အချိန်မှာ မန္တလေးမြို့ ၀ါခင်းကုန်းဆရာတော်ဟောကြားထားသည့် “မျိုးချစ်အာဇာနည် ဓနဉ္စာနီ” ဟူသော တရားကို နားထဲမှာ ကြားယောင်မိလေတော့သည်။ ဆရာတော်၏ အသံမှာ ကြည်လင်၏၊ ပြတ်သား၏။ နာရသည်မှာ အရသာရှိလှ၏။

“ဒကာ, ဒကာမတွေ ကိုယ့်သားသမီးတွေကို ဘုရားအဆုံးအမတွေကို ငယ်စဉ်တောင်ကျေး ကလေးဘ၀ကစပြီး ပြောပေးကြရမယ်၊ ဒါမှ သူတို့ကြီးလာတဲ့အခါမှာ အမျိုး ဘာသာရဲ့ တန်ဖိုးကို သိရှိ နားလည်ကြမှာ၊ အဲသလို မဟုတ်ရင် ဘာသာခြားနှင့် အိမ်ထောင်ပြုပြီး ဘာသာကူးပြောင်းသွားကြလိမ့် မယ်၊ ဒီကိစ္စကို ပေါ့ပေါ့တန်တန် မတွေးကြနဲ့၊ အလွန် အရေးကြီးတယ်”။

“ပြောရဦးမယ်၊ သင်ခန်းစာယူကြဖို့အတွက်၊ ဟိုတနေ့က မန္တလေးကပဲ၊ ကလေးမလေး တစ်ယောက်ဟာ ဘာသာခြားအမျိုးသားနှင့် ရည်ငံပြီး ဘာသာခြားတို့ရဲ့ ထုံးစံနှင့် အညီ နံနက်ခင်းမှာ မင်္ဂလာဆောင်တယ်၊ ညနေရောက်တော့ သမီးရှင်ဖြစ်သူမိဘတွေက သူတို့နှင့် ရပ်မိရပ်ဖတွေကို ဂါရ၀ပြုဖို့အတွက်ဆိုပြီး သတိုးသားနှင့် သတိုးသမီး သူတို့အိမ်မှာ ခေါ်လိုက်တယ်”။

“ရပ်မိရပ်ဖတွေ စုံတဲ့အချိန်မှာ အဖေဖြစ်သူက သတိုးသားနှင့် သတို့သမီးကို မြန်မာ့ ယဉ်ကျေးမှုအရ မိဘတွေကို ရှိခိုးဖို့ ပြောတဲ့အခါ သတိုးသားက `ကျွန်တော်တို့ ဘာသာတရားက အခြားဘာသာဝင်တွေကို ရှိခိုးဖို့ ပိတ်ပင်ထားပါတယ်၊ ဒါကြောင့် ရှိမခိုးနိုင်ပါဘူး`လို့ ပြောလိုက်တယ်”။

“သမီးကို ရှိခိုးဖို့ပြောတဲ့အခါကျတော့ သမီးဖြစ်သူက သူ့အမျိုးသားကို လှမ်းကြည့်လိုက်တယ်။ ဒီတော့ သတိုးသားက `ကျွန်တော့်အမျိုးသမီးကိုလည်း ကျွန်တော်တို့ ဘာသာထဲဝင်ဖို့ သစ္စာရေ တိုက်ထား ပြီးပြီ၊ ဒါကြောင့်သူကလည်း ဗုဒ္ဓဘာသာ မဟုတ်တော့ပါဘူး၊ ကျွန်တော်တို့ ဘာသာဝင် ဖြစ်သွားပါပြီ၊ ကျွန်တော်တို့ ဘာသာဝင်ဖြစ်သွားပြီဆိုရင် အခြားမည်သည့် ဘာသာဝင်ကိုမျှ ရှိမခိုးရ တော့ပါဘူး`လို့ ပြောလိုက်ပါတယ်။ အဲဒီအခါကျမှ အမေဖြစ်သူဟာ ၀မ်းနည်းပက်လက်ဖြစ်ပြီးတော့ ရင်ဘတ် စည်တီးကာ ချုံးချုံးချ ငိုပါတော့တယ်”။

“ဘယ်လောက် ရင်နာစရာကောင်းလဲ ပရိသတ်ကြီး၊ ကိုယ်မွေးတဲ့ သမီးကတောင် ကိုယ့်ကို ရှိမခိုးတော့ဘူးဆိုတော့ မိဘဖြစ်သူတွေမှာ ၀မ်းနည်းပက်လက်ဖြစ်ကြမှာပေါ့၊ ဒကာ, ဒကာမတွေ သတိထားကြ၊ ကိုယ့်သားသမီးတွေ အဲသလို မဖြစ်ကြစေနဲ့၊ ငယ်စဉ်တောင်ကျေးကလေးဘ၀က စပြီး အမျိုးဘာသာကို ချစ်တတ်, မြတ်နိုးတတ်အောင် ဆုံးမကြ၊ ကျောင်းကန်ဘုရားကို ခေါ်သွားကြ၊ ယဉ်ကျေးမှုသင်တန်းတွေမှာ တက်ခိုင်းကြပါ၊ ဒါမှ ဘာသာ သာသနာရဲ့ တန်ဖိုးကို သိကြမှာ”ဟု ၀ံသာနုစိတ်ဓာတ် အပြည့်ရှိသော ၀ါခင်းကုန်းဆရာတော် အရှင်တိက္ခ၏ တရားသံကို ကြားယောင် မိလေသည်။

ထိုကဲ့သို့ ၀ါခင်းကုန်းဆရာတော်၏တရားကို သတိရပြီး အတွေးများ လွင့်မျောနေစဉ်မှာပင် ကျောင်းထိုင်ဆရာတော်က ပရိတ်တရားရွတ်ဖတ် တော့မည်ဟု ပရိသတ်ကို ဆော်သြလိုက်တော့မှ မိမိ၏ အတွေးများ ပြတ်တောက်သွားတော့သည်။

ထို့နောက် . . .

မလေးရှားမှာ အလုပ်လုပ်နေသော်လည်း ပြည်ပရိုးရာဓလေ့ကို ခ၀ါချ၍ မြန်မာ့ရိုးရာဓလေ့ကို တန်ဖိုးထားသည့် ယင်းသတိုးသား သတိုးသမီးတို့၏ မင်္ဂလာဦးဆွမ်းကျွေးအခန်းအနားမှာ မိမိသည် ပရိတ်တရားတော်ကို ကျောင်းထိုင်ဆရာတော်နှင့်အတူတကွ အားရပါးရ ရွတ်ဖတ်၍ ချီးမြှောက် လိုက်လေသည်။

ပြည်ပရောက်နေသော်လည်း မြန်မာ့ဓလေ့ကို ခုံမင်၊ မြန်မာ့ယဉ်ကျေးမှုကို မြတ်နိုး၊ မြတ်ဘုရား၏ အဆုံးအမကို တန်ဖိုးထားပြီး၊ ပရိတ်တရားတော်ကို တလေးတစား နာယူနေကြသည့် သတိုးသား, သတိုးသမီးကို ကြည့်ပြီး ဧ၀ံ- ဤသို့၊ မေ- ငါသည်၊ ပတ္ထိတံ- တောင့်တမိလေတော့သည်။

“ ဥုံ . . . ဖွဲဟဲ့ လွဲစေ ဖဲစေ၊ ယနေ့အချိန်မှစ၍ နောင်အနာဂတ်၌ မြန်မာ့ယဉ်ကျေးမှု, မြတ်ဘုရားအဆုံးအမကို ခ၀ါချပြီး လူမျိုးခြားယဉ်ကျေးမှု, ဘာသာခြား အဆုံးအမကို ခုံမင်မြတ်နိုးသည့် မြန်မာ့အမျိုးသား, အမျိုးသမီးများ မဖြစ်ပေါ်ရစ်ပါစေသား၊ မဖြစ်ပေါ်စေခလို”။


----------------------

အရှင်ဒေ၀ိန္ဒာဘိဝံသ

(၂၄၊ ၁၂၊ ၂၀၀၉)



Read more...

မင်းအသိပါ...

ပန်းဖြစ်ရင် မွေးမှာပါ...
စမ်းဖြစ်ရင်လည်း အေးမှာပါ...
ပန်းမဟုတ် စမ်းမဟုတ်တဲ့ ငါ့ဘဝဟာ...
မအေးစေနိုင်ပါ မမွေးစေနိုင်ပါ...

လက်နှီးစုတ်သာသာ ငါ့ဘဝပါ...

အနေစုတ်တဲ့ လက်နှီးစုတ်ပေမဲ့...
အိုးပူကိုတော့ ဖေးမနိုင်တာ...
မင်းအသိပါ...
ဒါဟာ ငါ့ရဲ့စေတနာ...
ကျင့် လိုက် စမ်း ပါ...

lknt Print this post


Read more...

သေလုလုပုဂ္ဂိုလ်... (မစိုးရိမ်စာသင်သား)

အိပ်မက်ထူးဆန်း စွမ်းမှစွမ်း... (မစိုးရိမ်စာသင်သား)

သေလုလုပုဂ္ဂိုလ်...








Print this post


Read more...

သာသနာလင်္ကာရသာမဏေကျော်စာမေးပွဲအောင်စာရင်း

မန္တလေးတိုင်း၊ တံတားဦးမြို့နယ်၊ သူငယ်တော်ရွာ၊ တောရကျောင်းတိုက်
ဒုတိယအကြိမ် သာသနာလင်္ကာရသာမဏေကျော်စာမေးပွဲ
အမှတ်များရာအလိုက်အောင်စာရင်း
၁၃၇၁-ခုနှစ်၊ ပြာသိုလဆန်း (၁၀)ရက်၊ (၂၅-၁၂-၂၀၀၉)

1371 Tawya lkr R.pdf (51.12 kb)



Read more...

ဘဒ္ဒါကုဏ္ဍလကေသာထေရီ


အရွယ်ရောက်သည်မှ စ၍ ဘဒ္ဒါ၏ ရင်သည် ခုန်ဖူးပါ၏။ တုန်ဖူးပါ၏။ သို့သော် သာမန်မျှသာ ဖြစ်သည်။ ရှက်စနိုး သဘောဖြင့် ရင်ခုန်ခြင်း၊ မက်မက်မောမော အကြည့်ခံရသောကြောင့် ရင်ခုန်ခဲ့ခြင်း တို့သာ ဖြစ်ပေသည်။
ယခု ရင်ခုန်ရပုံမှာ မြန်ဆန်လွန်းသည်။ ရင်ထဲတွင်ရှိသော နှလုံးသားကို ထို ကိုလူချောသည် လက်တံရှည်ကြီးဖြင့် လှမ်းယူ ဖြုတ်ခြွေလိုက်သလား မသိပါ။ ဘဒ္ဒါ အသက်ရှူ မှားရလေသည်။ ကိုလူချောသည် ဘဒ္ဒါကို သာမန်မျှသာ တစ်ချက်မျှသာ ကြည့်သွားခြင်း ဖြစ်ပေသည်။ ဤမျှသာ ကြည့်ရုံဖြင့် ဘဒ္ဒါ ဤမျှ လှုပ်ရှားရလျှင် ကိုလူချော၏ မျက်လုံး အစုံတို့ တောက်ပ ရွှန်းလက်နေသောအခါနှင့် ဆုံလျှင်ကား ပြောစရာ မရှိတော့ပြီ။ ရင်ခုန်ရလွန်းသဖြင့် ဘဒ္ဒါ အသက်ရှူ ရပ်စဲရလိမ့်မည် ထင်သည်။

ဘဒ္ဒါသည် ဤ ရာဇဂြိုဟ်၌ ထင်ရှားသော သူဌေးသမီး ဖြစ်သလို ကိုလူချောသည်လည်း မသိသူ ရှားပါးပေ၏။ ပုရောဟိတ် ပုဏ္ဏားကြီး၏သား ‘သတ္ထုက’ ဆိုလျှင် ပျိုမေတိုင်း သိကြ၏။ သမီးရှင်တိုင်းလည်း သိကြ၏။

သတ္ထုကသည် မိန်းမတိုင်း စွဲမက် တမ်းတ, လောက်အောင် ချောမော၏။ အပြောကောင်း၏။ မိန်းမ ချောချောလှလှ ဆိုလျှင် သူ သိတ်မဝင်စား စိတ်မကစားဖူးသူ မရှိချေ။ သူဌေးသမီး ဘဒ္ဒါကိုလည်း သူ စိတ်မဝင်စားဖူးပေမင့် အကြောင်း မဆုံဖြစ်ခဲ့ကြချေ။ ယခု အကြောင်းဆုံသောအခါတွင်ကား သတ္ထု၏ နှလုံးသားများသည် ခြောက်သွေ့နေကြလေပြီ။ ထို့ကြောင့် ဘဒ္ဒါ၏ အကြည့်နှင့် ဆုံချိန်ဝယ် သူ့မျက်လုံးများ အရောင်အဝါ ကင်းမဲ့နေကြခြင်း ဖြစ်လေသည်။

ဤသို့ ဘဒ္ဒါနှင့် မျက်လုံးခြင်း ဆုံချိန်မှာ သတ္ထုက အတွက် လူ့လောကတွင် နောက်ဆုံး နေထိုင်ရချိန်ဖြစ်ရာ မည်သို့လျှင် တောက်ပရွှန်းလက်သော မျက်လုံးကြီးများဖြင့် မြှူဆွယ်နိုင်ပါတော့မည်နည်း။ သူ့မှာ မင်း၏ အမိန့်ဖြင့် လူသတ်ကုန်းသို့ ခေါ်ဆောင်သွားနေချိန် ဖြစ်သည်။ မှန်ပေသည်။ အပြောကောင်းသလောက် ချောမောလှပသော သတ္ထုကမှာ ဤတစ်ချက်ကား ပြောစရာရှိပေသည်။

သူသည် အဖဂုဏ် ရုပ်ရည်ဂုဏ်တို့ဖြင့် မိန်းမလှတို့ အလယ်တွင် ထင်ရှား၏။ ထိုသို့ ထင်ရှားသလောက် သစ္စာမဲ့သည်၊ စည်းမဲ့သည်၊ အရက်သေစာ၊ ကြွေအန်၊ ကြက်တိုက် စသော လောင်းကစားများတွင် အစွဲကြီးသည်။ အဆိုးဆုံးကား ခိုးဝှက် လုယက်ခြင်းပေတည်း။

ယခု နှောင်ကြိုးတည်း၍ သူသတ်ကုန်းသို့ လိုက်ပါသွားရခြင်းမှာလည်း ကြီးကျယ်သော ပြစ်မှုတစ်ခုကို ထင်ရှားစွာ ကျူးလွန်သည့်အတွက် ရာဇဂြိုဟ်ပြည့်ရှင် ဘုရင်မင်းမြတ် ကိုယ်တိုင် မိန့်မှတ်စီရင်လိုက်ရသော အမှု ဖြစ်ပေသည်။ လမ်းသွား လမ်းလာများက သတ္ထုကကို နှာခေါင်းရှုံ့ကြ၏။ အကြောင်းသိ အစင်းသိများကလည်း အဆောက်အအုံများ အတွင်းမှ ထွက်ကြည့်ကာ “အဖြစ်တောင် နည်းသေးတယ်” ဟု မှတ်ချက်ချကြ၏။

သို့ရာတွင် ဘဒ္ဒါမှာမူ အများနည်းတူ မမြင်နိုင်ပါ။ အများနည်းတူ မခံစားနိုင်ပါ။ တရွေ့ရွေ့နှင့် သတ္ထုက ဝေးကွာသွားခြင်းမှာ သူမ၏ နှလုံးသား ပြုတ်ကြွေကာ ဝေးရာသို့ လွင့်စဉ်သွားခြင်းသာ ဖြစ်သည်ဟု ခံစားရလေသည်။

ဘဒ္ဒါ၏ ပါးပြင်မို့ဝယ် မျက်ရည်ဥတွေ ခိုသီးလာသည်။ မြင်ကွင်းမှ သတ္ထုက ပျောက်ကွယ်သွားလျှင် ဘဒ္ဒါမှာ နီးရာ ညောင်စောင်းပေါ်သို့ ပြေးလှဲကာ ငိုချလိုက်မိတော့သည်။

“သူငါ့ကို မြင်ရတွေ့ရတော့မှာ မဟုတ်ဘူး၊ သူ သူသွားပြီ”

“သမီးလေး၊ ဟဲ့ အို ဘာဖြစ်နေတာလဲကွယ်၊ သြော် သိပြီ၊ ခွာညိုပန်း မရလို့ကိုး၊ တန်ခူးလတောင် ရောက်မင့်ဟာ ခွာညိုပန်း ဘယ်မှာ ရနိုင်ပါတော့မလဲကွယ်”

တိုက်တိုက်ဆိုင်ဆိုင်ပင် မိခင် သူဌေးကတော်ကြီးသည် ဘဒ္ဒါစံရာ တိုက်ခန်းတွင်းသို့ ဝင်လာရင်း ရွှင်ပြုံး ချိုသာစွာ ပြော၍ ညောင်စောင်းပေါ်တွင် ဝင်ထိုင်၏။ အထိန်းအယနှင့် အပျိုတော်များမှာ နောက်သို့ ဆုတ်ကာ အကဲခတ်ရင်း ခစားနေကြ၏။

“သမီးလေး၊ ဟင် မျက်ရည်တွေနဲ့ပါကလား”
“မယ်မယ်”

ဘဒ္ဒါသည် မိခင်ကို တစ်ချက် မော့ကြည့်ပြီး ရင်ခွင်ထဲသို့ ခေါင်းတိုးဝင်လိုက်သည်။ သမီး ရှိုက်မောနေလျှင် သူဌေးကတော်ကြီးလည်း မျက်ရည်လည်လာသည်။

“မရှိတော့တဲ့ ခွာညိုပန်းကို စွဲလမ်းနေတာ မယ်မယ့်ကို သတ်တာလား သမီးရယ်”
“မရှိတဲ့ဟာကို သမီး မလိုချင်ပါဘူး မယ်မယ်”
“ဒီလိုလား၊ အို လိမ္မာလိုက်တာ သမီးရယ်”
“ရှိတဲ့ဟာကိုပဲ လိုချင်ပါတယ်၊ သူ့ကို မရရင်တော့ သမီး သေမှာပဲ။ မသေစေချင်ရင် သူ့ကိုရအောင် လုပ်ပေးပါလား မယ်မယ်”
“ဘာများလဲ သမီး၊ ပြောစမ်း ရရစေ့မယ်”
“သူ့ကို ကြိုးနဲ့တုပ်ပြီး ခေါ်သွားကြတယ်၊ သူ….”
“သ တ္ထု က သူ ခိုး”

ဤ အသံငါးလုံးကို ရွတ်ဆိုကာ သူဌေးကတော်ကြီးမှာ ရင်ဘတ်ကို ဖိထားမိသည်။ ထိတ်လန့် တုန်လှုပ်ခြင်းသည် ကျောက်စောင်းကြီး တစ်ခုသဖွယ် သူဌေးကတော်၏ ရင်ဝကို ဝင်ဆောင့်လေသည်။

“သမီးရယ်၊ ချစ်စရာ ခင်စရာ ယောင်္ကျား ဒါလောက်ရှား သလားကွယ်။ အမျိုးသန့်တဲ့ မျိုးတူ နွယ်တူတွေထဲက….”

(ဘဒ္ဒါကုဏ္ဍလကေသာထေရီ အပိုင်း-၁ ဆက်ပြီး တင်ပြပါမည်)


Read more...

bright like stars, with glory crowned



I have a thirteen-year-old step-son, my Thai wife's first child. He lives with his grandparents in a rickety house in a rural Thai village and neither I nor his mother have seen him for over five years. From Bangkok I send him a quarter of my wages and have not missed a payment in ten years. It's a good income for Issaan - if the grandparents don't drink and gamble it all away.

I also have a three-year-old son. The story is too long and too confusing, even to me, to fully recount here, but I've not seen him since he was six weeks old. He lives with his mother in England, where she gets by as best she can on state benefits. I have no idea what he looks like, who looks after him, or what language he speaks. It's not the start I'd dreamed of for my boy.

I remember those first few months without him. Going backwards and forwards between the meditation group I attended, Quaker meeting, and evensong whenever I had the chance. There was little comfort in my empty flat. Later, just over a year ago, I tried returning to England, braving the bank and the CSA, but my wife was not going to make things easy, and I only stayed a week.

Not a day goes by that I don't pray for Joseph. And any practice I ever do, from a single bow or a few minutes of sitting, to a recitation of the Heart Sutra or a round of prostrations, is always dedicated to him and his mum. I send my prayer both outwards, to God, to the Buddhas and Bodhisattvas, as well as within, to the Buddha-nature that connects us all. It's the same thing.

Still, of course, I can't help but worry. I see that it's snowing in England and I worry. I hear another crime story, and I worry. I'd go back to England again, more determined to see it out this time, except I can't afford it. And even if I could, given the poverty I'd be walking into, it would spell disaster for Joseph's Thai brother and his village family.

Christmas, with its warm memories and images of togetherness and happiness, brings especial acuteness to my grief, confusion, and feelings of inadequacy. Yet it also brings comfort. Here, it says, in a small helpless child, homeless and vulnerable, your suffering is recognised and shared. And the power of that story continues to inspire and bring hope to people in all our fragility.

The link below is to a Christmas story I read last year that touched me deeply and that I'd like to pass on. Do read it if you have time. But before you do, let me first quickly thank you for reading Marcus' Journal. And let me wish you, and your family and friends, and all beings everywhere, peace, joy and happiness, today, tomorrow, and always. Have a very Happy Christmas.


Read more...

ဘာသာရေး ပြဿနာ ( ၉၇ )

( ဘဒ္ဒန္တတိလောကသာရ ဖြေသည် )

(မေး) (မြန်မာလူမျိုး ရဟန္တာ)
အရှင်ဘုရား မြတ်စွာဘုရား၏ လက်ဝဲလက်ယာ ရဟန္တာသာဝကတို့တွင် မြန်မာလူမျိုး ရဟန္တာ ရှိ-မရှိ နှင့် မြန်မာလူမျိုး ရဟန္တာ ဘယ်မျှရှိကြောင်း သိလိုပါသည်။ ကျေးဇူးပြု၍ ဖြေကြားပေးတော်မူပါဘုရား။
(မသန်းသန်းစိုး-အထက်မင်းလှမြို့)

(ဖြေ)
ဘုရားလက်ထက်က မြန်မာနိုင်ငံကို သုနာပရန္တတိုင်းဟုခေါ်သည်။ သုနာပရန္တတိုင်း ၀ါဏိဇ္ဇဂါမမှ မဟာပုဏ္ဏ၊ စူဠပုဏ္ဏ ကုန်သည်ညီနောင်တို့ မဇ္ဈိမဒေသသို့ ကုန်ရောင်းသွားရာမှ သာဝတ္ထိမြို့တော်သို့ ရောက်၍ မြတ်စွာဘုရား တရားကို နာရသည်။ မဟာပုဏ္ဏ ရဟန်းပြုကာ မကြာမီ ရဟန္တာဖြစ်သွားကြောင်း၊ ထို့နောက် အရှင်ပုဏ္ဏ ပင့်၍ မြတ်စွာဘုရား သုနာပရန္တတိုင်းသို့ ကြွရောက်တော်မူကာ ခြေတော်ရာနှစ်ဆူ ပူဇော်ရန် ချထားတော်မူခဲ့ကြောင်း၊ စန္ဒကူးကျောင်းတော်ရာ၌ သီတင်းသုံးတော်မူခဲ့ကြောင်း စက်တော်ရာသမိုင်းတွင် အထင်အရှား ပါရှိခဲ့ပါသည်။ ထိုအရှင်ပုဏ္ဏသည် ဘုရားလက်ထက်က မြန်မာပြည်သား ရဟန္တာဖြစ်ခဲ့ပါသည်။ ထို့နောက် ရာဇ၀င် အဆက်ဆက်တွင် မြန်မာရဟန္တာပုဂ္ဂိုလ်များ များစွာ ထင်ရှားခဲ့ပါသည်။
********************************************************************************

(မေ) (ဗြဟ္မာဟူသည်)
အရှင်ဘုရား နတ်ပြည်မှာ နတ်သား နတ်သမီးဟူ၍ နတ်ယောက်ျား နတ်မိန်းမ ရှိသလို ဗြဟ္မာ့ပြည်မှာ ဗြဟ္မာသား ဗြဟ္မာသမီးဟူ၍ ရှိပါသလား၊ ယောက်ျား မိန်းမ ဗြဟ္မာများကို မည်သို့ခေါ်ပါသလဲ၊ ဖြေကြားတော်မူပါဘုရား။
(မိမိမော်-ကသာ)

(ဖြေ)
ဘာဝဒွယံ ပန ဗဟလကာမရာဂူပနိဿယတ္တာ ဗြဟ္မာနဉ္စ တဒဘာဝတော တတ္ထ န ပ၀တ္တတိ-ဤသို့ ဋီကာကျော်မိန့်ရကားဣတ္ထိလိင် ပုလ္လိင်ဟူ၍ မရှိပေ။ လိင်နှစ်ပါး မရှိသော် နပုန်းပဏ္ဍုက်ဟူ၍ ဆိုအပ်သလော ဟူငြားအံ့၊ ကာမရာဂ၌ တပ်မက်ခြင်းကင်းသော ဘာဝနာအဟုန်ကြောင့်သာလျှင် ဘာဝရုပ်အစုံတို့ ကင်းကွာရသည်။ သို့ဖြစ်ရကား လူ့ရွာ၌ အကုသိုလ်ကံကြောင့် ဖြစ်သော အဟိတ်ပဋိသန္ဓေနေသော ပဏ္ဍုက်ကဲ့သို့ မဟုတ်၊ ပုဂ္ဂိုလ်၏ သဏ္ဌာန်မူကား ယောက်ျားမြတ်တို့၏ အသွင်ဖြင့်သာ ဖြစ်၏။ ထို့ကြောင့် နပုန်းပဏ္ဍုက် ဟူ၍လည်း မဆိုအပ် (ဗြဟ္မာပြည်၌ ကျား-မ မရှိ) ဟူပေ။ (စွယ်စုံကျော်ထင်)
********************************************************************************

(မေး) (ဘုရားလက်ထက်က စုန်းကဝေ)
အရှင်ဘုရား-
ဗုဒ္ဓဘုရား-ပွင့်ငြားခါတွင်
စုန်းကဝေများ-ထင်ရှားရှိလျှင်
လူကိုပြုစား-တရားမဲ့အင်
သေခါကျ-ဘ၀ဘယ်သို့ပင်။
(သင်းသင်း-မန္တလေး)

(ဖြေ)
ဗုဒ္ဓဘုရား-ပွင့်ငြားခါသော်
စုန်းကဝေများ-ထင်ရှားသနော်
ရဟန်းတော်အား-ပြုစားခေါ်ဝေါ်
နောက်ဘ၀-ရောက်ရ ကံအားလျော်။

ဝိနည်းမဟာဝါ (၀ိ-၁-၂၉၉) တွင် ရဟန်းတပါးအား ဃရဒိန္နကာဗာဓ-ခေါ် စုန်းမက ချစ်ခင်၍ ဆေးပေးသည်ကို စားမိသဖြင့် (စုန်းပြုစားခံရသဖြင့်) မြတ်စွာဘုရားက သီတာလောဠိ (ထွန်သွားတွင်ကပ်ကျန်နေသော မြေကြီးခဲ) ကို ဖျော်၍ သောက်စေရကြောင်း ပါရှိသည်။ စုန်းများသေ၍ မည်သည့်ဘ၀ရောက်ကြောင်း အထူးမပါ။ လူကိုသေစေသဖြင့် အပါယ်ကျရန် သေချာပါသည်။
********************************************************************************

(မေး) (ဘုရားလက်ထက်က သိမ်)
အရှင်ဘုရား၊ သာသနာတော်တွင် သိမ်သည် အရေးကြီးဆုံး ဖြစ်ပါသည်။ မြတ်စွာဘုရား သက်တော်ထင်ရှား ရှိစဉ်က သိမ်သမုတ်ခဲ့ပါသလား၊ ပိဋကတ်တော်တွင် သိမ်သမုတ်ခဲ့ကြောင်း မထင်ရှားပါ။ ထိုအကြောင်းကို ပါဠိ အထောက် အကိုးပြ၍ ဖြေကြားပေးစေလိုပါသည်ဘုရား။
(သောမာလင်္ကာရ-မန်း)

(ဖြေ)
ဘုရားလက်ထက်က ရဟန်းတော်များကို ဉတ္တစတုတ္ထကမ္မ၀ါစာဖြင့် ရဟန်းခံရသည့်အချိန်မှစ၍ သိမ်ရှိရာပါသည်။ ဘုရားလက်ထက်တော်၌ ဂိဇ္ဈကုဋ်တောင်ခြေရင်းသိမ်၊ မဒ္ဒကုစ္ဆိ မိဂဒါဝုန်သိမ်တို့သည် လက်ဦးသိမ်များ ဖြစ်ကြောင်း ဆိုပါသည်။ သံဃာတော်တို့သည် တခုးသောအရပ်၌ အညီအညွတ် သံဃာတို့ ဥပုသ်ပြုရမည်ဟု ပညတ်တော်မူပြီး အဘယ်သို့သောအကြောင်းဖြင့် ဧကာဝါသ ဖြစ်ရသနည်း-ဟု အကြံဖြစ်ကြသည်။

ထို့နောက် ဘုရားရှင်အား လျှောက်ထားရာတွင်မှ အနုဇာနာမိ ဘိက္ခဝေ သီမံ သမ္မနိတုံ-စသည်ဖြင့် ပညတ်တော်မူ၍ ဖော်ပြပါသိမ်များ ဖြစ်ပေါ်လာလေသည်။ ထို့နောက် ဘဂ၀တော ဓရမာနကာလေ ရာဇဂဟနဂရေ အဋ္ဌာရသ မဟာဝိဟာရာဧကသီမာဝ ဓမ္မသေနာပတိ ကာရိပုတ္တထေရေန သမ္မတာ-ရာဇဂြိုဟ်ပြည် တဆယ့်ရှစ်ကျောင်းတို့ကို ခြုံငုံ၍ အရှင်သာရိပုတ္တရာ သိမ်သမုတ်ခဲ့သည်ဟု ပါရှိလေသည်။
********************************************************************************

(မေး) ( ထဘီမှ နေရာထိုင်အခင်း)
အရှင်ဘုရား၊ ယခုခေတ်တွင် ကွယ်လွန်၍သွားသော အမျိုးသမီးတို့၏ ထဘီကို နေရာထိုင်အခင်းချုပ်၍ လှူရာ ရဟန်းတော်များ သုံးဆောင်ကြပါသည်။ လှူသူ၊ သုံးသူတို့ အကျိုးအပြစ် မည်သို့ရှိပါမည်နည်း၊ ဖြေကြားတော်မူပါဘုရား။
(မစောမြ-မြ၀တီ)

(ဖြေ)
ကွယ်လွန်သူ၏ ထဘီကို ထဘီအတိုင်း မဟုတ်ဘဲ ဖြတ်၍ နေရာထိုင်အခင်း၊ အချို့ အိပ်ရာခင်း၊ ခေါင်းအုံး၊ စသည်ချုပ်၍ လှူကြသည်။ ထဘီမဟုတ်တော့၊ စွန့်ပစ်အ၀တ် ဖြစ်နေ၍ ရဟန်းတော်တို့ သုံးဆောင်နိုင်ကြပါသည်။

ပံ့သကူကောက်၍ သင်္ကန်းချုပ်ရာ၌လည်း ထဘီစသည်မရွေး ကောက်ယူချုပ်နိုင်ပါသည်။
သဗ္ဗံ လဗ္ဘတိစ္ဆိန္နစီဝရော-စသည်ဖြင့် ခုဒ္ဒသိက္ခာ၌ ဆိုသဖြင့် သင်္ကန်းကို ခိုးသူလုယက်သွား၍ သင်္ကန်းမရှိသော ရဟန်းသည် ရသမျှအ၀တ် မိန်းမထဘီမှစ၍ ၀တ်ရုံခြင်းငှါ အပ်သည်ဟုပင် အဆိုရှိပေသည်။ လှူသူရော သုံးသူပါ အပြစ်မရှိဟု မှတ်သားသင့်ပါသည်။
********************************************************************************

(မေး) (၀ဋ်ကြွေး)
အရှင်ဘုရား၊ မိဘများက သားသမီးများကို ကျွေးမွေးစောင့်ရှောက်ရခြင်း၊ အလုပ်သမားက အလုပ်ရှင်ထံ အလုပ်လုပ်နေရခြင်း၊ ဦးလေး အဒေါ်များက တူ-တူမများကို ထိန်းသိမ်းစောင့်ရှောက်ရခြင်း စသည်တို့သည် တဦးနှင့်တဦး ၀ဋ်ကြွေးရှိ၍ ပေးဆပ်လုပ်ကိုင်နေရခြင်း ဖြစ်သည်ဆိုသည်မှာ မှန်ပါသလား ဖြေကြားပေးတော်မူပါ။
(အေးနု-လှိုင်မြို့နယ် ရန်ကုန်)

(ဖြေ)
မိဘများက သားသမီးများကို ကျွေးမွေးစောင့်ရှောက်ရခြင်း စသည်များသည် မကင်းနိုင်သော လောက၀တ္တရားများ ဖြစ်ကြပါသည်။ လူ့လောက၌နေလျှင် သားသမီး၊ ဆွေမျိုး၊ တပည့်၊ အလုပ်သမား စသည်များနှင့် မကင်းနိုင်ပါ။ ဆိုရာဝတ္တရားများကို ဆောင်ရွက်ကြရမည်သာ ဖြစ်ပါသည်။

မြတ်စွာဘုရားကလည်း သိင်္ဂါလသုတ်တွင် ထိုသို့ မိဘ သားသမီး၊ ဆရာ တပည့်၊ အရှင်သခင် အလုပ်သမား၊ လင် မယား ဆိုင်ရာဝတ္တရားများကို ကျေပြွန်အောင်လုပ်ဆောင်ကြရန် ဟောတော်မူထားပါသည်။ ထို့ကြောင့် ၀ဋ်ကြွေးမဟုတ် ၀တ္တရားဟု နားလည်ထားပြီး ကျေပြွန်စွာ လုပ်ကိုင်ဆောင်ရွက်ခြင်းဖြင့် ကုသိုလ်တရားများပင် ပွားများနိုင်မည် ဖြစ်ပါသည်။

( မြတ်မင်္ဂလာ ၂၀၀၃-ခု ဇန်န၀ါရီလ)


Read more...

ရွှေညဝါဆရာတော် ဘဒ္ဒန္တပညာသီဟ


ရွှေညဝါဆရာတော် ဘဒ္ဒန္တပညာသီဟ အရှင်သူမြတ်သည်၊ ၂၈-၁၂-၂၀၀၉၊ နေ့တွင်၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ကြွရောက်တော်မူ၍၊ ၃၀-၁၂-၂၀၀၉၊ နေ့တွင် မဟာချိုင်သို့ ကြွရောက်တော်မူပြီး။ ၃၁-၁၂-၂၀၀၉၊ နေ့တွင် မြန်မာနိုင်ငံသူ နိုင်ငံသားတို့အား နိဗ္ဗာန်ရောက်ကြောင်း တရားကောင်းများကို ဝပ်တလုမ်ကျောင်းတိုက် အတွင်း၌၊ နေ့တရားပွဲအဖြစ် ဆင်ယင်ကျင်းပ ဟောကြားပေးတော်မူမည် ဖြစ်ပါသောကြောင့်၊ တရားနာလိုသူ မည်သူမဆို လာရောက်နာကြားနိုင်ကြစေရန်၊ နိဗ္ဗာန်ကို အကျိုးမျှော်၍ တိုက်တွန်းနိုးဆော်အပ်ပါသည်။

ရွှေညဝါဆရာတော် ဘဒ္ဒန္တပညာသီဟ မထေရ်သည်၊ သာဓုပရိယတ္တိစာသင်တိုက်တွင် သီတင်းသုံးနေထိုင်တော်မူကာ။ ရန်ကုန် ဗုဒ္ဓတက္ကသိုလ် နှင့် အဘိဓမ္မာ ရွှေညဝါ ဆရာဖြစ်သင်တန်း များတွင်၊ အကျိုတော်ဆောင် ဆရာတော် တစ်ပါးအဖြစ်ဖြင့်၊ သာသနာ့အကျိုးကို သယ်ပို့ဆောင်ရွက်တော်မူနေကြောင်း သိရှိရပါသည်။

| |

Read more...

မုံလယ်ဆရာတော်၏ခန္ဓာဖွဲ.၊သစ္စာဖွဲ.၊ပဋိစ္စသမုပ္ပါဒ်တရား


























Read more...

ဟန်ဆောင်မှုတွေနဲ့ ဖုံးကွယ်ထားတဲ့ လောကကြီး

လူသည် လိမ်နိုင်ကောက်နိုင်မှ ကိုယ်၏ချမ်းသာခြင်း၊ စိတ်၏ ချမ်းသာခြင်းနှင့် ပြည့်စုံနိုင်သော သတ္တ၀ါဖြစ်၏။ စိတ်ထဲတွင် ရှိသမျှကို ဖွင့်ဟပြောဆို၍ တစ်ဦးနှင့်တစ်ဦး ပွင့်ပွင့်လင်းလင်း ဆက်ဆံကြပါလျှင် တစ်ဦးကိုတစ်ဦး သတ်ကြ ဖြတ်ကြ၍ မသာချရသော အလုပ်ဖြင့် အချိန်ကုန်ရမည်ဖြစ်သည်။

ကာတွန်းဆရာကြီး ဦးဘဂျမ်း

ဒါကြောင့် လူတိုင်းအတွက် ဟန်ဆောင်မှုဟာ အရေးပါတယ်လို့ ကျွန်တော် မပြောလိုပါ။ သို့သော် လူတိုင်းမှာ ဟန်ဆောင် မှုတစ်ခုမက ရှိတတ်ကြမယ်လို့ ထင်ပါတယ်။ ဟန်ဆောင်မှုတိုင်းဟာ ကောင်းတယ်လို့ သတ်မှတ်လို့ မရပေမယ့်အကြောင်း ရည်ရွယ်ချက်နဲ့ အကျိုးရလာဒ်တို့အပေါ်မှာ မူတည်ပြီး ပြုလုပ်သင့်တယ်၊ လက်ခံနိုင်တယ်၊ မှားယွင်းသော အပြုအမူ၊ လက်မခံနိုင်ဘူး၊ ရှောင်ကြဉ်သင့်တယ် စသဖြင့် ဆုံးဖြတ်နိုင်မယ်လို့လည်း ထင်ပါတယ်။

လိမ်ညာဟန်ဆောင် ဟုတ်မရောင်ရောင်နဲ့ အပြုံးတစ်ခု မျက်နှာမှာထုဆစ်ထားပြန်တယ် …. ဆိုတာမျိုး ကျွန်တော်တို့တွေ သုံးတတ်ကြပါတယ်။ လိမ်ညာတာနဲ့ ဟန်ဆောင်တာကို တွဲပြီး ပြောလေ့ပြောထရှိပါတယ်။ ကျွန်တော်ကတော့ လိမ်ညာ တယ်ဆိုတာ နှုတ်မှုရေးရာနဲ့ အများဆုံးဆိုင်ပြီး ဟန်ဆောင်တာဟာ ကိုယ်အမှုအရာနဲ့ အများဆုံးဆိုင်မယ်လို့ ထင်ပါတယ်။ ဘာကြောင့် ဒါကိုပြောရတာလဲဆိုတော့ ဓမ္မပဒမှာ ရှင်တော်မြတ်ဘုရား မိန့်ကြားထားတာ တစ်ခုရှိပါတယ်။

ဧကံ ဓမ္မံ အတီတဿ၊ မုသာဝါဒိဿ ဇန္တုနော၊

ဝိတိဏ္ဏပရ လောကဿ၊ နတ္ထိပါပံ အကာရိယံ။

မှန်သောတရားတစ်ခုကိုလွန်၍ မုသာစကားလိမ်ညာ ပြောဆိုလေ့ရှိသော နောင်ဘ၀အတွက် ဆင်ခြင်စဉ်းစားခြင်း မရှိသော သူအား မပြုနိုင်မည့် အကုသိုလ်မည်သည် မရှိ။

ဒါကြောင့် ဟန်ဆောင်တာဟာ လိမ်ညာတာနဲ့ အရမ်းကာရော ဆိုင်မယ်မထင်ဘူး။ ဒါကြောင့် အချို့သော အခြေအနေမျိုးမှာ ဟန်ဆောင်တတ်ဖို့က အရေးပါမယ်ထင်ပါတယ်။ ဟန်ဆောင်ကောင်းသူ ဖြစ်ဖို့မဟုတ်ပါဘူး။ ကောင်းသော ဟန်ဆောင်ခြင်း ဖြစ်ဖို့ပါ။ တေမိဇာတ်တော်မှာ မြတ်စွာဘုရားအလောင်းတော် တေမိမင်းသားဟာ ယခင်ဘ၀တွေတုန်းက ရှင်ဘုရင်ဖြစ်ခဲ့စဉ် အပြစ်ဒဏ်များအား မှားယွင်းစွာချမှတ်မိတာကြောင့် ငရဲမှာ နှစ်ပေါင်းများစွာ ကျခံခဲ့ရပုံတွေကို အမှတ်ရပြီး ထီးမွေနန်းရာကို မလိုချင်၊ ရှင်ဘုရင်မဖြစ်ချင်တာကြောင့် မိမိကိုယ်မိမိ ငယ်စဉ်ကပင် ဆွံအနားမကြား ဟန်ဆောင်ခဲ့တာ အထင်အရှားရှိပါတယ်။ ရှင်တော်မြတ်ဘုရားအလောင်းတော် နာရဒဗြဟ္မာဖြစ်ခဲ့စဉ်က အင်္ဂတိမင်းကြီးနဲ့ သမီးတော် ရူစာမင်းသမီးတို့အကြား ဖြစ်ပေါ်နေတဲ့အယူအဆကြီးတစ်ခုကို ရသေ့အသွင်နဲ့ ဖြေရှင်းပေးခဲ့ဖူးပါတယ်။ ဒါတွေဟာ ကောင်းသော ဟန်ဆောင်ခြင်း လို့ ပြောလို့ရမယ်ထင်ပါတယ်။

လူဆိုတာ အပုပ်ကောင် ရုပ်ဆောင်ထားတာပါလို့ ပြောတတ်ကြပါတယ်။ ဟုတ်ပါတယ်။ လူ့ခန္ဓာဆိုတာ မသေလည်း ပုပ်၊ သေလည်း ပုပ်တဲ့ခန္ဓာပါ။ လူကထွက်တဲ့အရာတွေဟာ မြတ်နိုးစရာ စွဲလန်းစရာ တစ်ခုမှ မရှိပါဘူး။ တကယ့်ရွံရှာဖွယ် အတိ နဲ့ တည်ဆောက်ထားတဲ့ ခန္ဓာအိမ်ကြီးပါပဲ။ ထိုအပုပ်ကောင်ကို လူ့ဘောင်မှာ နေရာသွင်းဖို့ကျတော့ မပုပ်အောင် လုပ်ရပါ တော့တယ်။ ဒါပေမယ့် လုပ်မရပါဘူး။ ဒီတော့ ဘာလုပ်မလဲ။ မပုပ်သလိုလေး ဟန်ဆောင်ပြဖို့ပဲရှိပါတယ်။ နံနေတဲ့ ဒီခန္ဓာကို ဘယ်တော့မှ မနံပဲမွှေးနေသလို အမွှေးနံ့သာတွေ ခြယ်ရပါတယ်။ ဖြူနေတဲ့ ဆံပင်တွေကို မည်းအောင်ဆိုးတာ၊ တွန့်နေတဲ့ပါးရေတွေဖုံးအောင် မိတ်ကပ်တွေ သုံးတာဟာ တစ်ခြားသူအမြင်မှာ မိမိကိုယ်ငယ်စေချင်တဲ့စိတ်နဲ့ ဟန်ဆောင်နေတာတွေပါပဲ။ အားလုံးကို ကောင်းနေဟန် လူ့ဘောင်မှာ သရုပ်ဆောင်နေကြတာ ဟန်ဆောင်မှုတွေနဲ့ ဖုံးအုပ်ထားတာ မဟုတ်ဘူးလား။ ဒါပေမယ့် ဒါတွေဟာ ကောင်းသော ဟန်ဆောင်ခြင်းပဲလို့ ကျွန်တော်မြင်တယ်။

သို့သော် ကောင်းသောဟန်ဆောင်ခြင်းမဟုတ်တဲ့ ကောက်ကျစ်ယုတ်မာတဲ့ ဟန်ဆောင်ခြင်းမျိုးလဲ ရှိပါတယ်။ ပါဠိတော်မှာတော့သူ့ကို သာဌေယျ လို့ခေါ်ပါတယ်။ မိမိကိုယ်ကျိုးစီးပွားအတွက် မထိုက်တန်သော အကျိုးစီးပွားကို မမှန်ကန် သောနည်းလမ်းဖြင့် အရယူတတ်တဲ့ သဘောပါပဲ။ မိမိရှင်သန်ရာ ၀န်းကျင်က မိမိကို အထင်ကြီးလေးစားစေဖို့ ငွေမရှိပဲ ရှိဟန်ဆောင်တယ်။ ဂုဏ်မရှိပဲ ရှိဟန်ဆောင်တယ်။ ပညာမရှိပဲ ရှိဟန်ဆောင်တယ်။ သီလမရှိပဲ ရှိဟန်ဆောင်ကြတယ်၊ မစွမ်းဆောင်နိုင်ပဲ စွမ်းနိုင်သယောင် ဆောင်တာတွေ စသဖြင့် များစွာရှိပါတယ်။ဟန်ဆောင်မှုတရားကို ခွါချလိုက်တာနဲ့ ပကတိအရှိတရား ထွက်ပေါ်လာတဲ့အခါ မိမိဘ၀ အောက်ဆုံးရောက်သွားမှာကို မလိုလားကြတာတွေကြောင့် ဆက်လက် ဟန်ဆောင်ရင်း ဟန်ဆောင်မှုသံသရာလည်နေကြပြန်ပါတယ်။

ဟန်ဆောင်မှုသာဌေယျ ဘာကြောင့်ဖြစ်ရတာလဲဆိုတော့ မြင်မြင်သမျှတွေနှင့်ယှဉ်ပြိုင်လိုသည့် မာနကြောင့်ဖြစ်သည်။ ယှဉ်ပြိုင်ရသောအခါ မိမိမှာ မရှိသည်ကို တကယ်ရှိသယောင်ပြုရတော့သည်။ သည့်အပြင် မိမိမှာ တကယ်ရှိသော အပြစ်များ၊ အားနည်းချက်များကို ဖုံးကွယ်ရပြန်သည်။ ၎င်းကို မာယာဟု ခေါ်ပါတယ်။ မာယာများတာဟာ မကောင်းမှုများတာပါပဲ။ မာယာဟာ မကောင်းမှု အကုသိုလ်ပါပဲ။ ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ ရှင်ဖြစ်စေ၊ ရဟန်းဖြစ်စေ မာယာများလာသည်နှင့် ပျက်စီးသည့် ဘ၀နှင့်ကြုံရတော့သည်။ အကုသိုလ်ကောင် လုံးလုံးဖြစ်သွားတော့သည်။ ဟန်ဆောင်မှုဆိုတဲ့ သာဌေယျ နဲ့ ဖုံးကွယ်မှု မာယာတွေ များလာရင်တော့ လောကကြီးပျက်စီးဖို့ ဦးတည်နေပြီလို့ မှတ်ရပါတော့မယ်။

ဒီနေရာမှာ လောကဆိုတာ လူတို့ဝေါဟာရ လူတို့ပြောနေကြတဲ့ လောကထက် ရှင်တော်မြတ်ဘုရား မိန့်တော်မူတဲ့ အလိုအတိုင်းသိစေတော်မူတဲ့ လောကကိုပဲ ဆိုချင်ပါတယ်။ ရှင်တော်မြတ်ဘုရားက အင်္ဂုတ္တရနိကာယ်၊ စတုက္ကနိပါတ်၊ ရောဟိတ ဿဝဂ်မှာ ရောဟိတနတ်သားကို မိန့်တော်မူတာကတော့ အို ..နတ်သား စင်စစ်အားဖြင့် သညာလည်းရှိသော၊ စိတ်လည်း ရှိသော တစ်လံမျှလောက်သော ဤခန္ဓာကိုယ်၌သာလျှင် လောကကိုလည်းကောင်း၊ လောက၏ ဖြစ်ပေါ်ကြောင်းကိုလည်းကောင်း၊ နိဗ္ဗာန်သို့ရောက်ရာ အကျင့်ကိုလည်းကောင်း ငါပညတ်၏။ ဤသို့ဆိုခဲ့၏ လို့ ရှင်တော်မြတ်ဘုရား မိန့်တော်မူခဲ့ပါတယ်။ မိမိ၏ တစ်လံမျှသော ဤကိုယ်သည် မိမိလောကဖြစ်၏။ မာယာ သာဌေယျတရားတို့ဖြင့် ဖန်တီးထားသော ဘ၀အိမ်သည် အမှန်တရားဆိတ်သုဉ်းနေသဖြင့် ပျက်စီးဖို့အတွက်သာလျှင် ဖြစ်ချေတော့၏။

ဟန်ဆောင်တတ်တာ လောကသဘာဝလို့ဆိုခဲ့ရင် လောကသဘာဝဆိုတာ ဟန်ဆောင်နေတာကြီးပါလားလို့ သိရပါလိမ့်မယ်။ မိမိကိုယ်မိမိ ဟန်ဆောင်နေတာမှန်းမသိရင် တကယ်အရှိထင်ပြီး မာနတွေတက်နေပါတော့တယ်။ မာနတွေ တက်လာတာနဲ့ ဖုံးကွယ်ဖို့မာယာတွေ မွေးရပါတော့တယ်။ ဒါကြောင့် ဟန်ဆောင်မှုတွေနဲ့ ပြည့်နေတဲ့လောကကြီးကို ဖုံးကွယ်လိုက်ဖို့ထိ မမိုက်သင့်ပါဘူး။ အမှန်အတိုင်းသိခဲ့ရင် မက်စရာရယ်လို့ မရှိပါဘူး။ လူတွေက အိုခြင်းတရားကို အရွယ် နဲ့ဖုံးထားကြတယ်။ ငါ မအိုသေးဘူးလို့ပဲ မှတ်ကြတယ်။ အချိန်နဲ့အမျှ အိုနေတာ မသိလို့ပါ။ နာခြင်းတရားကို ဆေးဝါးဓာတ် စာနဲ့ ဖုံးထားကြတယ်။ အမြဲတမ်းဖောက်ပြန်ပျက်စီးနေတာ မသိလို့ပါ။ သေခြင်းတရားကို မသေနိုင်သေးဘူးဆိုတဲ့ အထင် တွေနဲ့ ဖုံးထားကြတယ်။ ဘယ်အချိန်မဆို သေနိုင်တယ်လို့ကို ထင်မထားကြလို့ပါ။

ရိုးရိုးသားသား ၀န်ခံကြည့်လိုက်ပါ။ တစ်နေ့ကို အနည်းဆုံးတစ်ခါလောက် လှိုက်လှိုက်လှဲလှဲ ရင်ထဲကထွက်ကျလာတဲ့ စကားတွေကို ကိုယ့်နားနဲ့ ကြားအောင် နားထောင်ကြည့်ပေးပါ။ ငါ .. အိုနေပါလား၊ ငါ … နာနေပါလား။ ငါ .. သေမှာပါ လား။ အိုသူကမွေး အိုသွေးပါလား ငါ့ခန္ဓာ မှန်စွာအိုရမှာပါလား။ နာသူကမွေး နာသွေးပါလား ငါ့ခန္ဓာ မှန်စွာနာရမှာပါလား။ သေသူကမွေး သေသွေးပါလာ ငါ့ခန္ဓာ မှန်စွာသေရမှာပါလား …… စသဖြင့် နှလုံးသားတံခါးမှ ဉာဏ်နားရောက်အောင် လျှောက်ကြည့်ပါလား။ ရိုးသားတာဟာ သီလလို့ ဆရာတော်ကြီးတွေ အမိန့်ရှိတာ ကြားဖူးတယ်။ ဟုတ်တယ်။ တို့တွေ ကိုယ့်ကိုယ်ကို မလိမ်မညာပဲ ရိုးရိုးသားသား မြင်အောင်ကြည့်နိုင်ရင် ဘယ်လောက်ကောင်းမလဲ။

ဆရာကြီး ဦးဘဂျမ်းကတော့ ကျွန်တော်တို့တွေ မလိမ်မညာပဲ ပွင့်ပွင့်လင်းလင်းပြောဆိုရင် တစ်ဦးနဲ့တစ်ဦး သတ်ကြ ဖြတ်ကြလို့ မသာချရတဲ့အလုပ်နဲ့ အချိန်ကုန်လိမ့်မယ်လို့ဆိုပါတယ်။ ကျွန်တော်ကတော့ ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ် မလိမ် မညာပဲ ပွင့်ပွင့်လင်းလင်း မာယာတွေကင်းစွာနဲ့ ဆက်ဆံကြမယ်ဆိုရင် မသာချခံရတဲ့ဘ၀၊ မသာဖြစ်ရတဲ့ဘ၀၊ သေရတဲ့ဘ၀နဲ့ ဘယ်တော့မှ ကြုံမှာမဟုတ်ဘူးလို့ ခံစားနားလည်မိပါတယ်။

အိုခြင်းလည်းကင်း၊ နာခြင်းလည်းကွာ၊ သေရွာမလား၊ နိဗ္ဗာန်သွားနိုင်သူများ ဖြစ်ကြပါစေ။

သုခရိပ်



Read more...

ဝိသုဒ္ဓိမဂ် အဋ္ဌကထာ မိတ်ဆက်

မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့သော နိကာယ်ငါးရပ် ဒေသနာတော်တို့အား အကျဉ်းရုံးလိုက်ပါက “သီလ, သမာဓိ, ပညာ” ဟူသော ကျင့်စဉ်သုံးပါး ရသည်။ ထိုဒေသနာတော်တို့၏ ရည်ရွယ်ချက်သည်ကား နိဗ္ဗာန်ဖြစ်သည်။ ၀ိသုဒ္ဓိမဂ် ခေါ် ၀ိသုဒ္ဓိမဂ္ဂအဋ္ဌကထာသည် နိကာယ်ငါးရပ်နှင့် အဖွင့် အဋ္ဌကထာကျမ်းများ၏ အနှစ်သာရကို စနစ်တကျ အကျဉ်းခြုံးကာ ထေရ၀ါဒနည်းအတိုင်း အဓိပ္ပါယ်ဖွင့်ဆိုပြထားသည့် စင်ကြယ်ခြင်းတည်းဟူသော နိဗ္ဗာန်သို့ ရောက်ကြောင်း ကျင့်စဉ်ကျမ်း (၀ိသုဒ္ဓိ - စင်ကြယ်ခြင်း + မဂ္ဂ = လမ်း) ဖြစ်၏။ ကျမ်းပြုသူမှာ နိကာယ်ငါးရပ်၏ အဖွင့်အဋ္ဌကထာ ကျမ်းပေါင်းများစွာကို ပြုစုခဲ့၍ ဗုဒ္ဓမတညု (မြတ်စွာဘုရား၏ အလိုတော်ကို သိသူ) ဟု တင်စား ခေါ်ဆိုခံရသူ အရှင်မဟာဗုဒ္ဓဃောသမထေရ် ဖြစ်သည်။ သီဟိုဠ်နိုင်ငံ အနုရာဓပူရမြို့ မဟာဝိဟာရ ကျောင်းတိုက်မှ သံဃပါလမထေရ်၏ တိုက်တွန်း ပန်ကြားချက်အရ သာသနာက္ကရာဇ် ၉၇၀ ခုနှစ်ဝန်းကျင်တွင် ရေးသားပြုစုခဲ့ခြင်း ဖြစ်သည်။

ကျမ်းပြုစုပုံ

သီလေ ပတိဋ္ဌာယ နရော သပညော, စိတ္တံ ပညဉ္စ ဘာဝယံ။
အာတာပီ နိပကော ဘိက္ခု, သော ဣမံ ၀ိဇဋယေ ဇဋန္တိ။
(သံ-၁-၂၃၊ သဂါထာဝဂ္ဂသံယုတ်ပါဠိတော်၊ ဒေ၀တာသံယုတ်၊ သတ္တိဝဂ်၊ ဇဋာသုတ်)


“ပညာရှိသည် သီလကို တည်၍ ပူပန်စေမှု(လုံ့လ)ရှိလျှက် ရင့်ကျက်သည် (ဆင်ခြင်ဉာဏ်ရှိသည်) ဖြစ်၍ စိတ်ကိုလည်းကောင်း၊ ပညာကိုလည်းကောင်း ပွားစေသော် ထိုရဟန်းသည် ဤအရှုပ်အထွေးကို ရှင်းနိုင်ပေ၏။”
ဝိသုဒ္ဓိမဂ်အဋ္ဌကထာသည် သဂါထာဝဂ္ဂ သံယုတ်ပါဠိတော်လာ အထက်ပါ ဂါထာအားမူတည်၍ သီလ, သမာဓိ, ပညာဟူသော သိက္ခာသုံးရပ်ကို အကျယ်တ၀င့် ဖွင့်ဆိုထားသည့် “အဋ္ဌကထာ” ဖြစ်သည်။ သီဟိုဠ်ဘာသာဖြင့် ရှိနေသော နိကာယ်ငါးရပ်၏ ရှေးအဋ္ဌကထာဟောင်းများကို ကိုးကား အနှစ်ထုတ်ကာ ဖွင့်ဆိုထားခြင်း ဖြစ်၍ နောင်တွင် နိကာယ်တစ်ခုစီ၏ အဋ္ဌကထာကျမ်းများ ပြုစုသောအခါ အကျယ်ကို ၀ိသုဒ္ဓိမဂ်အဋ္ဌကထာတွင် ကြည့်ရန် ပြန်လည် ရည်ညွှန်းလေ့ရှိသည်။

သီလ, ဓုတင်, အလုံးစုံသော ကမ္မဋ္ဌာန်း၊ စရိုက်အစီအရင်နှင့် တကွသော ဈာန် သမာပတ်အကျယ်ကို လည်းကောင်း၊ အလုံးစုံသော အဘိညာဉ်, ပညာကို ပေါင်း၍ ဆုံးဖြတ်ချက်၊ ခန္ဓာ, ဓာတ်, အာယတန, ဣနြေ္ဒ, အရိယသစ္စာ လေးပါးတို့ကို လည်းကောင်း၊ ကောင်းစွာ စင်ကြယ်၍ နက်နဲသိမ်မွေ့သော ပဋိစ္စသမုပ္ပါဒ်ဒေသနာ၊ ပါဠိတော်အစဉ်လာကို မလွတ်သော ၀ိပဿနာဘာဝနာပွားများနည်းတို့အား ၀ိသုဒ္ဓိမဂ်ကျမ်းတွင် ပြည့်စုံ စင်ကြယ်စွာ ဆိုအပ်ခဲ့ပြီ။ ထို့ကြောင့် ဤအဋ္ဌကထာတွင် အပိုထပ်မံ၍ စိစစ်ခြင်း မပြုတော့။ (သုတ္တန္တ နိကာယ် လေးရပ် အဋ္ဌကထာများ၏ ကျမ်းဦးအဖွင့်အမှာစာများ)

ထို့အပြင် အဓိပ္ပါယ်ဖွင့်ဆိုရာတွင် ရှင်မဟာကဿပစသော မထေရ်ကြီးများ၏ အစဉ်အဆက် မဟာဝိဟာရ ကျောင်းတိုက်တွင် သီတင်းသုံးကြသော မထေရ်ကြီးများ၏ ဒေသနာနည်းကိုမှီကာ အခြားသော ဂိုဏ်းများ၏ အယူဝါဒနှင့် မရောထွေးစေပဲ စင်ကြယ်စွာ ဖွင့်ဆိုထားပါသည်ဟု ကျမ်းပြုဆရာက မိန့်ဆိုခဲ့သည်။ ထိုခေတ်က သီဟိုဠ်နိုင်ငံတွင် အဘယဂီရိကျောင်း, ဇေတ၀န်ကျောင်းတိုက်တို့တွင် ထေရ၀ါဒကျမ်းစာများအပြင် အခြားသော ဝေတုလ္လဂိုဏ်း, ဓမ္မရုစိဂိုဏ်းတို့မှ ကျမ်းစာများနှင့် မဟာယာနကျမ်းစာများကိုပါ ရောနှော သင်ကြား ပို့ချလျှက်ရှိကြ၏။ ၀ိသုဒ္ဓိမဂ်ကျမ်းတွင် မဟာဝိဟာရ၀ါသီ မထေရ်တို့၏ အယူနှင့် ဆန့်ကျင်သော အယူဝါဒကွဲများအားလည်း အလျဉ်းသင့်သလို ဖော်ထုတ်ကာ အကျိုးအကြောင်းနှင့်တကွ ချေဖျက်ထားသည်။ ထို့ကြောင့် နိကာယ်ငါးရပ် အနှစ်သာရအား ထုတ်နှုတ်၍ ထေရ၀ါဒနည်းအရ အဓိပ္ပါယ်ဖွင့်ဆိုထားခြင်း ဖြစ်သဖြင့် ထေရ၀ါဒဗုဒ္ဓဘာသာ လက်စွဲကျမ်းတစ်ဆူဟု ခေါ်ဆိုနိုင်သည်။

ကျမ်းဖွဲ့စည်းပုံ

ဝိသုဒ္ဓိမဂ်ကျမ်းသည် အရွယ်ပမာဏအားဖြင့် ၅၈ ဘာဏ၀ါရရှိ၍ အခန်းပေါင်း ၂၃-ခန်း ပါဝင်သည်။ (မရပ်နားပဲ တကြိမ်တည်းရွတ်ဆိုနိုင်သော ပမာဏအား တစ်ဘာဏ၀ါရဟုခေါ်၍ အက္ခရာအလုံးရေ ရှစ်ထောင်ရှိသည်။) မဇ္ဈိမနိကာယ် မူလပဏ္ဏာသပါဠိတော်၊ သြပမ္မ၀ဂ်၊ရထ၀ိနီတသုတ် (မ-၁-၂၅၂) တွင်လာသော ၀ိသုဒ္ဓိ (စင်ကြယ်ခြင်း) ၇-ပါး အစီအစဉ်ဖြင့် ကျမ်းကိုရေးသားပြုစုထား၍ ၀ိသုဒ္ဓိမဂ္ဂဟု ခေါ်ခြင်းလည်း ဖြစ်သည်။

အခန်း ၁ နှင့် ၂ တွင် သီလအမျိုးမျိုးတို့နှင့်တကွ ဓုတင် ၁၃-ပါးအား အကျယ်ဖွင့်ဆိုထား၏။ သီလ၀ိသုဒ္ဓိ (အကျင့်စင်ကြယ်ခြင်း) အပိုင်းဖြစ်သည်။

အခန်း ၃ မှ ၁၁ အထိ အခန်းများမှာ ကမ္မဋ္ဌာန်း ၄၀ အား အကျယ်ပြဆိုထားသည့် စိတ္တ၀ိသုဒ္ဓိ (စိတ်စင်ကြယ်ခြင်း) အပိုင်းဖြစ်သည်။ ရှေးဦးစွာ ကြိုတင်ဖယ်ရှားထားရမည့် ပလိဗောဓ ခေါ် သမာဓိဘာဝနာ၏ အနှောက်အယှက်၁၀-ပါး, ကမ္မဋ္ဌာနာစရိယဆရာ, စရိုက်အလိုက် ကမ္မဋ္ဌာန်းပေးခြင်း, ဈာန်သမာပတ်များရသည့်တိုင် သမာဓိဘာဝနာ ပွားများ အားထုတ်နည်းအမျိုးမျိုးတို့ကို ဖွင့်ဆိုထားသည်။

အခန်း ၁၂ နှင့် ၁၃ တွင် သမာဓိဘာဝနာကို ပေါက်မြောက်အောင် ပွားများပါက ရရှိလာနိုင်မည့် ဣဒ္ဓိဝိဓ (တန်ခိုးဖန်ဆင်းမှုအမျိုးမျိုး) နှင့် အဘိညာဉ် (ထူးသောအသိဉာဏ်) အကြောင်းတို့အား ဖွင့်ဆိုထားသည်။

အခန်း ၁၄ မှ ၁၇ အထိတွင် ပညာ၏ အခြေခံဖြစ်သော ခန္ဓာ, အာယတန, ဓာတ်, ဣနြေ္ဒ, သစ္စာ, ပဋိစ္စသမုပ္ပါဒ်တို့၏ သဘောတရားကို ရှင်းလင်းထားသည်။ ရှေ့အခန်းများတွင် ဖော်ပြခဲ့သော သီလ၀ိသုဒ္ဓိနှင့် စိတ္တ၀ိသုဒ္ဓိနှစ်ပါးသည် သစ်ပင်၏ အမြစ် (မူလ) နှင့်တူ၏။ ပညာ၏ အခြေခံမြေလွှာ (ပညာဘူမိ) နှင့်တူသော ခန္ဓာ, အာယတန စသည်တို့အား နားလည်သဘောပေါက်အောင် မေးမြန်းသင်ယူလေ့ကျက်ပါက ထိုမြေလွှာပေါ်တွင် အပင်၏ ကိုယ်ထည် (သရီသ) နှင့်တူသည့် ဒိဋ္ဌိဝိသုဒ္ဓိစသော ကျန်အဆင့်မြင့် ၀ိသုဒ္ဓိတရားများ ဖြစ်ပေါ်လာနိုင်ပေမည်။ စာသိ, သဘောတရားသိအားဖြင့် သိအပ်သည်တို့ကို ပိုင်းခြားသိခြင်း (ဉာတပရိညာ) အပိုင်းဟုလည်း ခေါ်နိုင်သည်။

နောက်အခန်းများတွင် စာသိ, သဘောတရားသိမှသည် ကိုယ်တိုင် ရှုမှတ်ပွားများဆင်ခြင်၍ သိသော အသိသို့ ကူးပြောင်းရန် နည်းနိဿယများကို ဖော်ပြထားသည်။ အခန်း ၁၈တွင် နာမ်ရုပ်တရားတို့ကို ပိုင်းခြားသိမြင်သော ဒိဋ္ဌိဝိသုဒ္ဓိ (အမြင်စင်ကြယ်ခြင်း)၊ အခန်း ၁၉ တွင် နာမ်ရုပ်တရားတို့၏ အကြောင်းတရားကို သိမြင်သော ကင်္ခါဝိတရဏ ၀ိသုဒ္ဓိ (ယုံမှားခြင်းလွန်မြောက်၍ စင်ကြယ်ခြင်း)၊ အခန်း ၂၀ တွင် ရုပ်နာမ်တရားတို့အား အနိစ္စ, ဒုက္ခ, အနတ္တဟု လက္ခဏာရေးသုံးပါးတင်၍ ရှုမှတ်သော သမ္မာသနဉာဏ်, မဂ်တုစသော ၀ိပဿနာညစ်ညူးကြောင်းတရား, မဂ္ဂါမဂ္ဂဉာဏဒဿန ၀ိသုဒ္ဓိ (လမ်းမှန်လမ်းမှားသိမြင်၍ စင်ကြယ်ခြင်း)၊ အခန်း ၂၁ တွင် ဖြစ်ပျက်မြင်သည့် ဥဒယဗ္ဗယဉာဏ်မှသည် မဂ်တရားနှင့်လျော်သော အနုလောမဉာဏ်, ပဋိပဒါဉာဏဒဿန ၀ိသုဒ္ဓိ (အကျင့်လမ်းမှန်ကို သိမြင်စင်ကြယ်ခြင်း) တို့ကို ဖွင့်ပြထားသည်။

အခန်း ၂၂ ဉာဏဒဿန၀ိသုဒ္ဓိနိဒ္ဒေသတွင် သောတာပတ္တိမဂ်, သကဒါဂါမိမဂ်, အနာဂါမိမဂ်, အရတ္တမဂ်ဟူသော မဂ်လေးပါး, ဗောဓိပက္ခာယတရား ၃၇-ပါး, မဂ်ဉာဏ်တို့က အသီးသီးပယ်သတ်သော ကိလေသာ, သံယောဇဉ်စသော တရားများအား ဖွင့်ပြသည်။

အခန်း ၂၃ ပညာဘာဝနာ အာနိသံသနိဒ္ဒေသအခန်းတွင် ပညာဘ၀နာ၏ အကျိုးရလဒ်ဖြစ်သော ဖလသမာပတ်, နိရောဓသမာပတ်နှင့် နိဗ္ဗာန်တရားတို့ကို ရှင်းလင်းဖော်ပြထားသည်။


ဝိသုဒ္ဓိမဂ္ဂမဟာဋီကာ

ဝိသုဒ္ဓိမဂ်အဋ္ဌကထာကျမ်း၏ ခက်ခဲသောအနက်များကို အဖွင့်ဆိုသည့် ပရမတ္ထမဉ္ဇူသာ (၀ိသုဒ္ဓိမဂ်မဟာဋီကာ) ကျမ်းကို ဒုတိယအဋ္ဌကထာဆရာဟု တင်စားခံရသည့် အရှင်ဓမ္မပါလမထေရ် ရေးသားပြုစုခဲ့သည်။ ၀ိသုဒ္ဓိမဂ်၌ ပယ်ထားသော အချက်အလက်တို့၏ ကျမ်းစာ, ကျမ်းပြုပုဂ္ဂိုလ်၏ အမည်, ဂိုဏ်းစသည်တို့ကို မဟာဋီကာကျမ်းက အတိကျ ဖော်ထုတ်ပြထားသည်။ အရှင်မဟာနာမထေရ် ရေးသားပြုစုသော သဒ္ဓမ္မပကာသနီ (ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်၏ အဖွင့် အဋ္ဌကထာ) ကျမ်းတွင် ၀ိသုဒ္ဓိမဂ်အဆိုအချို့အား ဝေဖန်ထားသည်များရှိရာ၊ အရှင်ဓမ္မပါလက မဟာဋီကာတွင် ပြန်လည် ချေပရေးသားထားသည်။ အရှင်ဓမ္မပါလသည် မဟာဋီကာတွင် နေရာအတော်များများ၌ ယုတ္တိဗေဒနည်းများသုံး၍ ဝေဖန်တတ်သည်။ ထိုခေတ်က အိန္ဒိယနိုင်ငံတွင် ထင်ရှားခဲ့သည့် နျာယ, ၀ိသေသိက, သင်္ချ, ယောဂ, မီမံသ, ဝေဒန္တစသော ဒဿနဂိုဏ်း ၆-ဂိုဏ်းတို့၏ အယူဝါဒများနှင့်လည်း စိတ်ဝင်စားဖွယ် နှိုင်းယှဉ်ဆွေးနွေးထားသည်။ သို့သော် ၀ိသုဒ္ဓိမဂ်ကျမ်းတွင်ကဲ့သို့ ပုံဝတ္ထုများဖြင့် တန်ဆာဆင်၍ ရေးသားခြင်းမပြုခဲ့ပေ။

ဘာသာပြန်ကျမ်းများ

ဝိသုဒ္ဓိမဂ်အဋ္ဌကထာအား ပြည်ဆရာတော် အရှင်မေဓာလင်္ကကာရက “ပါဠိတစ်ချက်-မြန်မာတစ်ချက်” တွဲ၍ နိဿယဘာသာပြန်ခဲ့သည်။ ကျိုက်ထိုမြို့ ဘုရားသုံးဆူဆရာတော် အရှင်နန္ဒမာလာသည် “၀ိသုဒ္ဓိမဂ်အဋ္ဌကထာ မြန်မာပြန်ကျမ်း” ဟူသောအမည်ဖြင့် မြန်မာဘာသာ သက်သက်ဖြင့် ရေးသားခဲ့ဖူးသည်။ မဟာစည်ဆရာတော်ဘုရား ရေးသားပြုစုခဲ့သော “၀ိသုဒ္ဓိမဂ်မြန်မာပြန်” ကျမ်းမှာ ထင်ရှား အသုံးများသည်။ ညောင်လေးပင်တောရဆရာတော် ရှင်အရိယ၏ “၀ိသုဒ္ဓိမဂ်အရသာ”, ဆရာဦးသော်ဇင်၏ “၀ိသုဒ္ဓိမဂ်” တို့သည် ၀ိသုဒ္ဓိမဂ်အဋ္ဌကထာအား အကျဉ်းခြုံး ဘာသာပြန်ထားသော ကျမ်းများဖြစ်သည်။

ဝိသုဒ္ဓိမဂ်အဋ္ဌကထာအား ဆရာဦးဖေမောင်တင်က “The Path of Purity” ဟူသောအမည်ဖြင့် အင်္ဂလိပ်ဘာသာပြန် ဆိုကာ အင်္ဂလန်နိုင်ငံ ပါဠိကျမ်းစာအသင်း (PTS) က ၁၉၂၂-ခုနှစ်တွင် ထုတ်ဝေခဲ့သည်။ နောင်တွင် ထပ်မံပုံနှိပ်ခြင်းမပြုတော့၍ အင်္ဂလိပ်လူမျိုး ရဟန်းတော် ဘိက္ခုဉာဏမောဠိက မိမိကိုယ်တိုင် အသုံးပြုရန် မှတ်စုသဘောအဖြစ် ဘာသာပြန်ခဲ့သည်။ ထို့နောက် ပြန်လည် တည်းဖြတ်ကာ “The Path of Purification” ဟူသောအမည်ဖြင့် သီရိလင်္ကာနိုင်ငံ ဗုဒ္ဓဘာသာပုံနှိပ်ထုတ်ဝေရေးအသင်း (BPS) က ၁၉၅၆-ခုနှစ်တွင် ပုံနှိပ်ထုတ်ဝေခဲ့သည်။

ဝိမုတ္တိမဂ္ဂအဋ္ဌကထာ

ဝိသုဒ္ဓိမဂ်အဋ္ဌကထာကဲ့သို့ပင် သီလ, သမာဓိ, ပညာကို အကျယ်ဖွင့်သည့် ကျမ်းတစ်စောင် ၀ိသုဒ္ဓိမဂ်ထက် စော၍ ပေါ်ထွန်းခဲ့ဖူးသည်။ အရှင်ဥပတိဿမထေရ် ပြုစုသော “၀ိမုတ္တိမဂ်အဋ္ဌကထာ” ကျမ်းဖြစ်သည်။ ၀ိမုတ္တိမဂ်ကျမ်းမှ အချက်အချို့အား ၀ိသုဒ္ဓိမဂ်တွင် ရှင်ဗုဒ္ဓဃောသက ဧကစ္စေ၀ါဒ (အချို့၏ အယူအဆ) ဟူ၍ ပယ်ဖျက်ခဲ့၍ မဟာဋီကာ ဆရာက ထိုအချက်တို့သည် အရှင်ဥပတိဿပြုစုသော ၀ိမုတ္တိမဂ်ကျမ်းမှ ဖြစ်သည်ဟု ဖော်ထုတ်ပြသည်။ ၀ိမုတ္တိမဂ်အဋ္ဌကထာ လာအယူအဆအချို့သည် အဘယဂီရိဝါသီတို့၏ အယူများဖြစ်သည်ဟု မဟာဋီကာဆရာက ဖော်ပြခဲ့သည်။ ၀ိမုတ္တိမဂ်အဋ္ဌကထာကျမ်းသည် ပျောက်ကွယ်လုနီးပါး တိမ်မြုတ်နေ၍ ခရစ်သက္ကရာဇ် ၅၀၅-ခုနှစ်တွင် သံဃပါလမည်သော ရဟန်းတော်က တရုတ်ဘာသာ ပြန်ဆိုထားသည့်မူကို ပြန်လည်တွေ့ရှိရသည်။ ၁၉၆၁-ခုနှစ်တွင် အရှင်သောမထေရ်နှင့် အရှင်ခေနိန္ဒတို့က “Path of Freedom” ဟူသော အမည်ဖြင့် ဘာသာပြန်ကာ သီရိလင်္ကာနိုင်ငံကိုလံဘိုမြို့တွင် ထုတ်ဝေခဲ့သည်။

ဝိသုဒ္ဓိမဂ်နှင့် ၀ိမုတ္တိမဂ်ကျမ်းနှစ်စောင်၏ နှိုင်းယှဉ်သုံးသပ်ချက်များအား P.V. Bapat ရေးသားသည့် Vimutti Magga and Visuddhi Magga – A Comparative Study နှင့် မဟာစည်ဆရာတော်, အနီးစခန်းဆရာတော်, တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက ဆရာတော် ဦးဝိစိတ္တနှင့် တိပိဋကပါဠိ-မြန်မာအဘိဓာန်ကျမ်းပြု ဆရာတော် ဦးသီလာနန္ဒတို့ စုပေါင်းပြုစုခဲ့ကြသော “၀ိသုဒ္ဓိမဂ္ဂနိဒါနကထာ” (၀ိသုဒ္ဓိမဂ်မြန်မာပြန်နိဒါန်း) တွင် ဖတ်ရှုနိုင်သည်။

ဧရာ (မန္တလေး)

စာညွှန်း
၁။ မဟာစည်ဆရာတော် - ၀ိသုဒ္ဓိမဂ်မြန်မာပြန် နှင့် နိဒါန်း
၂။ Bhikkhu Ñānamoli – The Path of Purification
၃။ U Pe Maung Tin –
The Path of Purity
၎။ အရှင်ကေလာသ - ဗုဒ္ဓစာပေ ကျမ်းပြုပုဂ္ဂိုလ်များ
၅။ အရှင်ကေလာသ- ၀ိမုတ္တိမဂ္ဂပါဠိမူ
၆။ P.V. Bapat – Vimuttimagga and Visuddhi Magga – A Comparative Study
၇။ Bhikkhu AnālayoThe Treatise on The Path of Liberation and the Visuddhi Magga




Read more...

အဲ ခက်တာပဲ

ဒီနေ့မနက်တော့ မနေ့ကလောက် အိပ်ရာထမစောပေမယ့် အရင့်အရင်နေ့တွေကထက်တော့ စောနေပါသေးတယ်။ နံနက် ၅း၁၂ နာရီ....။ ဘလော့ခ်တွေကို ရေးလေ့ရှိတဲ့ ဘလော့ဂါတစ်ယောက်ဟာ သူရေးတဲ့ စာကို လူဘယ်နှစ်ယောက်ဖတ်နေသလဲဆိုတာထက် သူ့ကို လူဘယ်နှစ်ယောက်ဆဲသွားသလဲဆိုတာကို စိတ်ဝင်စားတတ်ပါသတဲ့။ ဟိုတစ်နေ့က သူ့ရဲ့ စီဘောက်စ်ထဲမှာ ရေးသွားတဲ့ မိတ်ဆွေတစ်ယောက်က သူ့ကို ခပ်စပ်စပ်လေးလုပ်လိုက်သလို “ သဘောပါရဲ့လားဟေ့” လို့ သူ့ကိုယ်သူပဲ မေးလိုက်ပါတော့တယ်။

“သဘောပါရဲ့လား” ဆိုတဲ့ စကားကို သူက ရင်းနှီးနေတာ ကြာပါပြီ။ မိုးကုတ်ဆရာတော်ကြီးရဲ့လက်သုံးစကားပါ။ငယ်ငယ်ကိုရင်ဘ၀ထဲက ဆရာဘုန်းတော်ကြီးက ပရိယတ်စာပေပို့ချမှုကနေ ပဋိပတ်နယ်ကို ကူးပြောင်းသွားတဲ့အခါ မိုးကုတ်ဝိပဿနာဆိုတဲ့ စကားလုံးတွေ သူတို့နေတဲ့ကျောင်းလေးထဲ ရောက်လာပါတော့တယ်။

ကြက်တူရွေးက တော်တော် မယ်ဘော်က ကဲဆိုတာမျိုးဖြစ်လာတာ တွေ့လာရပါတယ်။ အရင်တုန်းက စာချနေတဲ့ ဆရာဘုန်းကြီးဟာ အလွန်ကြည်ညိုစရာကောင်းပါတယ်။
( ဘာပဲဖြစ်ဖြစ် အခုလည်း ကြည်ညိုဆဲပါပဲ ဆရာ)၊ လောက ဓမ္မနှစ်ဌာနကို မျှမျှတတ ယူဆတတ် ဆုံးမတတ်ပါတယ်။ အစွဲအလမ်းကင်းစွာလည်း ဘုန်းတော်ကြီးရဲ့ တရားဟောဓမ္မာသနပလ္လင်တော်မှာ ဂိုဏ်းဂဏမရွေး၊ ရိပ်သာမရွေး၊ နည်းလမ်းမရွေးတရားဟောဆရာတွေ ဟောပြောခွင့်ပေးခဲ့ဖူးပါတယ်။



အင်းခက်တာက ပိုပိုမြင့်မားသွားရမယ့် ၀ိပဿနာကို ခံယူကျင့်သုံးလိုက်ခါမှ အစွဲအလမ်းက ပိုကြီးသွားပါတော့တယ်။ “ မိုးကုတ်တရားမှ အားမထုတ်ဖူးရင် အမျိုးပြုတ်ဖို့ မလွယ်ဘူး” ဆိုတဲ့ အပြောမျိုးတွေ ပြောပါတော့တယ်။ ဒီနေရာမှာ အမျိုးပြုတ်ဆိုတာ လူဝင်မှုကြီးကြပ်ရေးရုံးမှာ အရင့်အရင်တုန်းက “မြေမျို၍ လူမျိုးမပြုတ် လူမျိုမှ လူမျိုးပြုတ်မည်” နဲ့ မဆိုင်ကြောင်း သတိပြုစေလိုပါတယ်။။ ဒီနေရာမှာ အမျိုးဆိုတာက ဥပါဒါနပစ္စယာ ဘဝေါ ထဲက အမျိုးကို ပြောတာပါ။ ဆရာဘုန်းတော်ကြီးက စာချကောင်းမို့ အပြောလည်းကောင်းပါတယ်၊ ဒါပေမယ် ခက်တာက “မိုးကုတ်ဝိပဿနာ”ဆိုတဲ့ ဆိုင်းဘုတ်ချိတ်ပြီးချိန်မှာ ဆရာဘုန်းတော်ကြီးရဲ့ကျောင်းနံရံတွေမှာ အခြားအခြားသောဓမ္မကထိကအကျော်အမော်တွေရဲ့ တရားသံတွေ ပဲ့တင်ထပ်ခွင့်မရှိတော့ပါဘူး။

မိုးကုတ်ဆရာတော်ကြီးဆိုတာက မြန်မာနိုင်ငံမှာ လယ်တီဆရာတော်ကြီးနောက်ပိုင်း ဗုဒ္ဓအရှင်မြတ်ရဲ့ တရားတော်တွေကို မိခင်ဘာသာစကားနဲ့ ဟောတဲ့ပြောတဲ့နေရာမှာ ရှင်းလင်းလွယ်ကူ ထိမိလွန်းလို့ လူကြိုက်များခဲ့သလို လိုက်နာပွားသူတွေလည်း များခဲ့ပါတယ်။ ယဉ်ကျေးလိမ္မာတဲ့ တာဝန်သိတတ်တဲ့ ရိုးသားချင်တဲ့ ရိုးသားခွင့်ပေးနိုင်တဲ့ လူ့အဖွဲ့အစည်းတည်ထောင်ရေးမှာ များစွာအထောက်အကူပြုနိုင်ခဲ့ပါတယ်။

မိုးကုတ်ဆရာတော်ကြီးကတော့ ကရုဏာကြီးစွာ သံသရာအပူတွေထဲ လောကီဝဲတွေထဲ မြဲမြဲမြံမြံ ဟန်မကျဖြစ်နေတဲ့ ဝေနေယျတွေကို အစွဲဖြုတ်ခဲ့ရှာပါတယ်။ အစွဲအလမ်းတွေ ကင်းကြ။ ဉာဏ်တွေ ရှင်းကြ၊ အမြင်တွေလင်းကြ၊ ဒါပေမယ့် ခက်တာက ဆရာတော်ကြီးခမျာ ခုနောက်ပိုင်းမြင်ကွင်းကိုတော့
သာဓုခေါ်နိုင်ဖွယ်မမြင်ဘူး ။ တံဆိပ်တပ်ခံလိုက်ရရှာပါတယ်။ မိုးကုတ်ယောဂီ မဟာစည်နဲ့ ဝေးပြီ။

သူကတော့ မဟာစည်ဆရာတော်ကြီးကိုလည်း ကြည်ညိုခွင့်ရခဲ့ဖူးပါတယ်။ မြန်မာနိုင်ငံရဲ့သာသနာသမိုင်းမှာ စွဲစွဲမြဲမြဲ ထင်ကျန်နေတော့မယ့် ဆဋ္ဌသံဂါယနာပွဲတော်ကြီးမှာ မဟာစည်အမေး မင်းကွန်းအဖြေဆိုပြီး ရဲရဲတောက်ခဲ့တဲ့ ပိဋကတ်သူရဲကောင်းကြီးအဖြစ် ကိုရင်လေးဘ၀မှာကတည်းက လေးစားကြည်ညိုခဲ့ရ။ မဟာစည်ဆရာတော်ကြီးလို မင်းကွန်းဆရာတော်ကြီးလို မိန့်မိန့်ကြီးထိုင်ပြီး တရားစာတွေ ရွတ်ချင်ဖတ်ချင်စိတ်လွန်ကဲခဲ့ဖူးတာကလား။

သာသနာ့တက္ကသိုလ်နောက်ဆုံးနှစ်မှာတော့ “လေးနှစ်တာပရိယတ္တိစာပေနှင့် ခေတ်ပညာကို သင်ယူပြီးမြောက်ကာ သာသနာပြုကြရမည့်တက္ကသိုလ်ကျောင်းတော်သား ရဟန်းတော်များသည် ပဋိပတ်ကို နည်းရသည်အထိ အားထုတ်ရမည်” ဆိုတဲ့အသံကို ကြားလိုက်ရတာပါ။ ဒီလိုနဲ့ မဟာစည်ကမ္မဌာန်းနည်းပြဆရာတွေ တက္ကသိုလ်ဘွဲ့နှင်းဓမ္မာရုံထဲရောက်လာပါတော့တယ်။
နာခဲ့ ကျင့်ခဲ့ နည်းယူခဲ့ဖူးပါရဲ့။ သတိပဋ္ဌာန် နည်းအမှန်ကို ညွှန်ကြားပြသကြတဲ့ ထိုထိုကမ္မဌာနာစရိယအပေါင်းကို ဦးခိုက်လိုက်ပါရဲ့။

ဒါပေမယ့် အင်းဒါပေမယ့်ပါပဲ.....မဟာစည်ဆရာအချို့ခမျာလည်း မဟာစည်ဆရာတော်ကြီးရဲ့ ရည်မှန်းချက်တွေကို ထမ်းမထားနိုင်တာမျိုးတွေ့လာရပြန်ပါတယ်၊ သတိပဋ္ဌာန်သုတ်တော်ကြီးကို လည်ချောင်းနာအောင် ရှင်းခဲ့ရ လင်းခဲ့ရ....“ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ” ။ သတ္တ၀ါတွေ စင်ကြယ်ဖို့ တစ်ခုတည်းသောလမ်းကြောင်းကတော့ ဒါပါပဲ လို့ ဆရာတော်ကြီးခမျာ အသံပြာအောင် ဟောတော်မူုခဲ့ရရှာပေမယ့် စင်ကြယ်ရာလမ်းကို မလှမ်းချင်တဲ့ တပည့်အဆန်း ယောဂီအဆန်းလေးတွေလည်း ရှိနေတတ်ပြန်ပါတယ်။ မဟာစည်အလုပ် မိုးကုတ်အပြောဆိုတဲ့ စကားမျိုးကြားဖူးပါရဲ့။ ဆိုလိုချက်ကား နားခွက်က မီးမတောက်လေပြီ။



ဒါကတော့ ရိပ်သာကြီးနှစ်ခုရဲ့ မြင်ကွင်းပါ။ ဆရာတော်ကြီးနှစ်ပါးသာ ရှိရင် ဆွမ်းတစ်ဝိုင်းတည်း ထိုင်စားပြီး တရားဆွေးနွေးတော်မူကြမယ့် မြင့်မြတ်တဲ့ပုံရိပ်ကို ကြည်ညိုမှန်းဆနိုင်ပါတယ်။“အခြားအခြားသော စွန်းလွန်း သဲအင်းဂူ ဖားအောက် စသည် စသည်များသာမက နောက်နောက်တိုးလာကုန်သော မက်ဒီတေးရှင်းမာစတာအပေါင်း ယောဂီအပေါင်းတို့သည်လည်း ဆရာတော်ကြီးများကတော်တော် မယ်ဘော်တွေက ကဲ ” လို့သာ မှတ်ချက်မပေးပါရစေနဲ့။ ဆရာတော်ကြီးတွေကပါ (အချို့) မှားနေတာဗျ ဆိုလေတော့။
အင်း ခက်တာပဲ။ ၀ိနိစ္ဆယရုံးမဖွင့်သေးဘူးလား။

နိုင်ငံတကာယောဂီတစ်ယောက်ကတော့ မျက်စိလည်ပြီး သူ့ကို မေးပါတယ်
“ ယူတို့မြန်မာနိုင်ငံက ထေရ၀ါဒဆိုတဲ့ ဆိုင်းဘုတ်အကြီးကြီးချိတ်ပြီး ရောက်လာလို့ တရားဓမ္မအစစ်တွေနာရမယ်ထင်လို့ သွားသွားနာမိတာ ယူတို့ မက်ဒီတေးရှင်းမာစတာ(Meditation Master)တွေကလည်း တစ်ပါးနဲ့ တစ်ပါးမတူပါလား၊ နည်းမတူတာတော့ ထားတော့ ကိုယ့်နည်းကတော့ မှန်တယ် သူ့နည်းကတော့မှားတယ်ဆိုတော့ အိုင်တို့ ဘယ်နှယ်လုပ်ရပါ့၊ ဒါပေမယ့် တစ်ခုတော့ ရှိတယ်၊ သူတို့အားလုံး ကာလာမသုတ်တော့ အလွတ်ရကြတယ်” ဆိုပဲ။ အော် ကောင်းစွ ကောင်းစွ င့ါနှမ ဟုသာ စာထဲကအတိုင်း ထိုယောဂီမလေးရဲ့ နဖူးလေးကို လက်ညှိုးလေးနဲ့တောက်လိုက်ချင်ပါတော့တယ်။( စာထဲမှာက “ ကောင်းစွ ကောင်းစွ င့ါနှမဟု နဖူးတင်ထား လက်ချောင်းများကိုလည်း ပေးကြကုန်၏၊” လို့ပါတာပါ၊ ဘာလဲဆိုတာကတော့ နီးစပ်ရာ ဓမ္မာစရိယဆရာတော်တစ်ပါးပါးကို မေးကြကုန်ရာသတည်း။)

အင်း ခက်တာပဲ နိုင်ငံတကာမှ မဟုတ်ပါဘူး။ ရွှေပြည်ကြီးနှင့် မကင်းရာမကင်းကြောင်း ယောဂီအပေါင်းတို့သည်လည်း ခေါင်းကိုသာ တွင်တွင်ကုတ်လျှက် မလှုပ်မယှက် ရုတ်တရက်သေချင်ဆိုသလို ဆရာအစစ်လိုက်ရှာနေရပါသတဲ့။ ပိဋကတ်တတ်တဲ့ စာချဆရာတော်လေးတွေ ရှိပါသေးတယ်လို့ ညွှန်းချင်သေးပေမယ့် မျက်နှာလိုက်တယ်ထင်မှာ စိုးလို့(စိုးလို့)။

တကယ်တော့ ကမ္မဌာန်းဆရာတွေ မျက်နှာမစုံကြတာက အရင်းအမြစ်ပါ။ ပဋိပတ်ဆွမ်းစားဝိုင်းတွေ ဆွေးနွေးပွဲတွေ ရိပ်သာများညီလာခံတွေ မဖြစ်မနေလိုအပ်လာပါပြီ။ ဓမ္မကထိကများညီလာခံကလည်း အရေးပေါ်လိုနေပြန်သေးရဲ့။ အဲဒီလို ဆွေးနွေးပွဲတွေ ညီလာခံတွေ မရှိလို့ ငြင်းကြခုန်ကြ မျက်နှာပျက်ရ မျက်နှာငယ်ရ။ဘလော့တွေအလုပ်များရဖြစ်ကြရတာပါ။

ထမင်းချက်သူများညီလာခံ။ တိုင်းရင်းဆေးသမားတော်များညီလာခံ၊ ဖိနပ်ချုပ်သမားများညီလာခံ၊ အတွင်းခံထည်ချုပ်သူများညီလာခံ၊ ပူစီပေါင်းရောင်းသူများညီလာခံဆိုတာမျိုးတွေတောင် ထူးထူးကဲကဲ ကျင်းပနေကြတဲ့ခေတ်မှာ ရွှေပြည်ကြီးရဲ့ ဓမ္မကထိကများညီလာခံနဲ့ ကမ္မဌာနာစရိယများမျက်နှာစုံညီအစည်းအဝေးများ ကျင်းပကြဖို့ စပွန်ဆာဘယ်သူလုပ်မလဲ။
ကဲကဲ ညီလာခံခေါ်ကြစို့ဗျား မင်းကြီးများ။

အဲလေ ခက်တာပဲ၊ “ ၀ါဒအသစ်မိတ်ဆက်ပွဲနှင့် စာနယ်ဇင်းများထံအပ်နှံ”ဆိုတာမျိုးတော့လုပ်ကြဦးလေ၊



Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP