* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Tuesday, December 22, 2009

(21.12.09)တနင်္လာဆွမ်းပတ်အလှူ

မင်္ဂလာပါရှင်။
ဒီနေ့ (၂၁.၁၂.၀၉)တနင်္လာနေ့ဟာ ကျွန်မတို့ မောင်နှမများရဲ့ တနင်္လာနေ့ဆွမ်းပတ်အလှူနေ့ပဲဖြစ်ပါတယ်ရှင်။
အလှူ ဓါတ်ပုံများကို ကြည့်ပြီး အလှူရှင်များ ၀မ်းမြောက်ပီတိဖြစ်နိုင်ကြပါစေရှင်။
ဒီနေ့အလှူအကြောင်းကို စစ်ကိုင်းတောင်ရိုး ဆွမ်းလောင်အသင်းဘလော့ဂ်လေးမှာ အပြည့်အစုံရေးထားတာကြောင့် သွားရောက် ဖတ်ရှု့နိုင်ကြပါတယ်ရှင်။













(၂၀၀၉-၂၀၁၀) ခုနှစ်အတွက် .အပတ်စဉ် တနင်္လာနေ့တိုင်း နေ့ဆွမ်း(တစ်နှစ်စာ)ဆွမ်းအလှူရှင်များစာရင်း....

၁.Dr.Nyan + ဒေါ်ဝါ၀ါခိုင်မင်း ၊ သမီးလေးမေမြတ်နိုးခိုင် မိသားစု (ဂျပန်)
၂.ကိုလှအောင်+မထားထားမြင့် ၊ သား-ကျော်စိုးဟန် ၊ သမီးလေး ငုသဒ္ဒါသွင် မိသားစု (စာဖတ်သူ-ဂျပန်)
၃.စံ + နုနု မိသားစု ( ဂျပန်)
၎.စံ + နုနမိသားစု၂(ဂျပန်)
၅.ဒေါ်ယဉ်ယဉ်မိသားစု (လယ်ဝေးမြို့) (စာဖတ်သူ-ဂျပန်)
၆.မရတနာခင်လတ် ( စာဖတ်သူ-ဂျပန်)
၇.မနန်းခမ်းမိုင် (စာဖတ်သူ- ဂျပန်)
၈.မောင်ယာမိုးလွင်(စာဖတ်သူ-စင်္ကာပူ)+မခင်လဲ့ရည်(စာဖတ်သူ-ဂျပန်)
၉.၀သန်မိုး(ဂျပန်)
၁၀.ကိုသက်နိုင် ၊ မနုနုခိုင် (လသာည)၊ သမီး ဇူးမိုမိုနိုင်၊လသာညမိသားစု (ဂျပန်)မှ ၂၁.၇.၂၀၀၉ မွေးနေ့အလှူ ။
၁၁.ဦးဆန်းလင်းဦး+ဒေါ်စောယုလှိုင် ၊ သမီးလင်းဝတီဦး နဲ့ ခိုင်ယမင်းဦးမိသားစု (စာဖတ်သူ-ဂျပန်)
၁၂.မခင်သန္တာထွေး (စင်္ကာပူ)
၁၃.ကိုကိုချစ် + မီးမီးချစ် (စင်္ကာပူ)
၁၄.မိဘများဖြစ်သူ ဦးစိန်ထိုက် + ဒေါ်အေးအေးသန်းတို့ကို ဦးထိပ်ပန်ဆင်၍ မသန်းသန်းမြင့် (စင်္ကာပူ)
၁၅.ဖိုးသား+ မဖြူ (စာဖတ်သူ-စင်္ကာပူ)
၁၆.မောင်ယာမိုးလွင်(စာဖတ်သူ-စင်္ကာပူ)+မခင်လဲ့ရည်(စာဖတ်သူ-ဂျပန်)
၁၇.ဖေဖေ ဦးတင်ဦး + မေမေ ဒေါ်လှမြင့်သန်းတို့ ကို ဦးထိပ်ပန်ဆင်ပြီး ပိုးပိုး(စင်္ကာပူ)
၁၈.မိဘများဖြစ်သူ ဦးသန်းဝင်း +ဒေါ်သန်းနွဲ့တို့ကိုဦးထိပ်ပန်ဆင်၍မောင်ဇော်ဝင်း(စင်္ကာပူ)
၁၉.ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် အာဇာနည်၉ယောက်အားရည်စူး၍ မထက်စုနှင်းဆီ(စင်္ကာပူ)
၂၀.ညီမလေးဝေလေး(စင်္ကာပူ)
၂၁.ကိုညီဝင်းလွင်+နွေးနွေးသဲမွန်(စင်္ကာပူ)
၂၂.ရဲ+ဆု (စာဖတ်သူ-စင်္ကာပူ)
၂၃.သန္တာဝင်း (စာဖတ်သူ-စင်္ကာပူ)
၂၄.ကိုပြေအေး(နယ်သာလန်) ၊ ဒေါ်သန်းသန်းဝင်း နဲ့ သား-စစ်မင်းဦး (စင်္ကာပူ)
၂၅.ကိုပြေအေး(နယ်သာလန်)၊ဒေါ်သန်းသန်းဝင်း နဲ့ သား-စစ်မင်းဦး (စင်္ကာပူ)
၂၆.ဒေါက်တာမျိုးမင်းသန့်+ဒေါ်မေယမင်း ( စင်္ကာပူ)
၂၇.ဒေါက်တာလင်းထက်အောင်(ရုရှား)+ဒေါ်အေးအိအိမော်
၂၈.နွေးနေခြည် (စင်္ကာပူ)
၂၉.ပုလုကွေး (စင်္ကာပူ)
၃၀.ရွာသားလေးဝိုင်တီယူ (စင်္ကာပူ)
၃၁.REENOEMANN (စင်္ကာပူ)
၃၂.ကိုမျိုးမင်းဦး(စင်္ကာပူ)
၃၃.မအေးဇာနွယ်(စာဖတ်သူ-စင်္ကာပူ)
၃၄.မမကြီးဆွေလဲ့နှင်း နဲ့ ညီမလေးကြည်ဖြူပိုင်(စင်္ကာပူ)
၃၅.ကိုသုခ-မေကဆုန်(စင်္ကာပူ)
၃၆.KMSL+KOM(စင်္ကာပူ)
၃၇.ကိုသိန်းပို+မနီနီထွေး ၊ သမီး မငြိမ်းစုထွေး မိသားစု (စာဖတ်သူ-စင်္ကာပူ)
၃၈.ကိုမျိုးကျော်+မချောစုစုဝင်း(စာဖတ်သူ-စင်္ကာပူ)
၄၉.ကိုယဉ်သွေး
၄၀.မခင်ကလျာစိုး (မေတ္တာရောင်ပြန်) ( စကာင်္ပူ)
၄၁.ညီမလေးနန်းမေဇင်အေး(စင်္ကာပူ)မှ အစ်ကိုဖြစ်သူ စိုင်းကျော်သူထက်(ဖြူးမြို့)အားရည်စူးပြီး။
၄၂.avocado(စင်္ကာပူ)
၄၃.ဘလော့ဂါရန်အောင် နဲ့ မိသားစု(ယူအက်စ်အေ)
၄၄.မနှင်းပွင့်သစ္စာလှိုင် (ယူအက်စ်အေ)
၄၅.ကိုမြင့်သူ+မမွှေးမွှေးကြူ ၊ သမီးဇင်မွန်ထက် (ကနေဒါ)
၄၇.ဦးကြံအောင် (ယူအက်စ်အေ)
၄၈.ဒေါ်ရီရီစိန် (ယူအက်စ်အေ)
၄၉.ကိုအောင်မောင်မောင် (ကယ်လီဖိုးနီးယား ဆန်ဖရန်စစ္စကိုမြို့ )
၅၀.ကိုမျိုးဝင်းသိန်း (ကယ်လီဖိုးနီးယား ဆန်ဖရန်စစ္စကိုမြို့ )
၅၁.မစန်းသီတာအောင် (ကယ်လီဖိုးနီးယား ဆန်ဖရန်စစ္စကိုမြို့ )
၅၂.မခင်စန္ဒီဝင်း (ကယ်လီဖိုးနီးယား ဆန်ဖရန်စစ္စကိုမြို့ )
၅၃.မစိုးစန်းထက် (ကယ်လီဖိုးနီးယား ဆန်ဖရန်စစ္စကိုမြို့ )
၅၄.Shwesin Wong နှင့် မိသားစု(ချီကာဂိုမြို့)
၅၅.ချစ်ခြင်းခြေရာအလှတရား
၅၆.မမေဦးခင် (တိုင်ဝမ်)
၅၇.မလတ်လတ်ဇော် (Burdubai)
၅၈.Zephyr (စင်္ကာပူ)
၅၉.ကိုမောင်ဇော်မင်း၊ Fountain Valley, California


အလှူခံမောင်နှမများ....

၁.၀ါဝါခိုင်မင်း (ဂျပန်) yoonmeme2009@gmail.com
၂.ရန်အောင်(ယူအက်စ်အေ) aungyan@gmail.com
၃.July Dream ( စင်္ကာပူ) julydream0707@gmail.com
၎..ရွာသားလေးဝိုင်တီယူ (စင်္ကာပူ)donationformyanmar@gmail.com


အားလုံးကိုလေးစားလျှက်

ဝါ၀ါခိုင်မင်း

Read more...

မဝေပြောပြသော ဥစ္စာစောင့် ကမ္ဘာ အပိုင်း ၃

စာရေးသူဟာ ပရလောက ရှိတယ်ဆိုတာတော့ စာပေကျမ်းဂန်တွေမှာ ဖတ်မှတ်ဖူးတာရော၊ သူများတွေ ကြုံဖူးတာတွေရောကြောင့် လက်ခံပြီးသားပါ၊ ဒါပေမယ့် ဘယ်လိုပုံစံလဲ - ဘယ်လို ရုန်းကန် လှုပ်ရှားနေကြရသလဲ ဆိုတာကတော့ သိချင်ခဲ့တာအမှန်၊

အခုမေးကြည့်ဖို့ အခွင့်ကြုံပြီဆိုတော့ တစပ်တည်းမေးကြည့်မိတယ်၊ အခါတလေတော့ ၀င်ပူးနေဆဲ ပြောဆိုနေတာတွေကို သိပ်မယုံချင်ခဲ့ဘူး၊ ဒါပေမယ့် သူများမသိသေးတဲ့ ကိစ္စတွေကို သူတို့က သိနေတယ် ဆိုတော့ မယုံလို့ မရတော့ဘူး ဖြစ်နေတယ် -ဒါနဲ့ ဆက်ပြီး မေးကြည့်မိပါတယ်-
ကဲ- ဒါဆိုလဲ မဝေ မထူးတော့ ပါဘူး၊ ပြောပြပြီးပြီ ဆိုတော့ ဆက်ပြီးမေးချင်တယ် ဖြေပေးမလား -ဆက်ပြီးလဲ သူတို့က ဒဏ်မပေးလောက်တော့ပါဘူး -
ဘာတွေ မေးမှာလဲ ဦးဇင်းတို့က -

အော် မဝေတို့ ဥစ္စာစောင့်လောကမှာ ဘယ်လို နေထိုင်ရတယ် ဘယ်လိုပျော်စရာကောင်းတယ်ဆိုတာ ပြောပြစမ်းပါ ၊ ငါတို့က ကြားရုံပဲ ကြားဖူးတယ်၊ တခါမှ ကြုံဖူးတာ မဟုတ်တော့ သူများပြောစကား နားထောင်ပြီး ယုံကြည်နေရတာ - အဲဒါကြောင့် သိချင်လို့ပါ ဆိုတော့ -
နည်းနည်း တွေတွေ ငေးငေးလေး စဉ်းစားနေသေးတယ်၊ သူတို့ အရင်ဘ၀ကို သတိရနေတယ် ထင်ပါတယ်၊
နောက်မှ အင်း မေးပါ ၊ ဖြေတာပေါ့ တဲ့ ၊
အဲဒီဘ၀ကို ဘယ်လို စဖြစ်သလဲ မဝေ မှတ်မိသလား-

အင်း မှတ်မိပါတယ်၊ တကယ်တော့ တပည့်တော်က အရင်ဘ၀ က ယောကျားလေးဘုရား၊ လူတိုင်းက စဖြစ်ဖြစ်ချင်း ၁၆ နှစ်အရွယ်ပဲ ဖြစ်ကြတယ်၊ ယောကျားလေး မိန်းကလေးအားလုံး ဒီအရွယ်ပဲ၊ နောက်မှ နည်းနည်းချင်းအသက်ကြီးတဲ့ပုံစံတွေ ဖြစ်လာတာ၊ အဲဒီဘ၀မှာ တပည့်တော်က လူပျိုပေါက်အရွယ်ဆိုတော့ ကောင်မလေးတွေကို လိုက်ပိုးပန်းတာ မှတ်မိနေတယ်၊နောက်ပြီးတော့ တောထဲ တောင်ထဲမှာ ငှက်ပစ်တွေ ဘာတွေလဲ ထွက်ကြတယ်၊
အဲ ဒါဆို နင်တို့က လူ့ဘ၀လို ပဲပေါ့ ၊

ဟုတ်တယ် ဦးဇင်း ၊ ဒီက လူတွေလိုပဲ သွားလာ လှုပ်ရှား ရုန်းကန်နေကြတာပဲ ၊ ထမင်းချက်သူက ချက်၊ ထင်းခွေ သူက ခွေပေါ့ ( ထင်းခွေ ဆိုသည်မှာ တောထဲ တောင်ထဲသွားပြီး သစ်ကိုင်းခြောက်ဖြစ်စေ အစိုကိုဖြစ်စေ ခုတ်ပြီး အိမ်သယ်လာပြီး မီးစိုက်ရခြင်းဖြစ်သည်၊ မှတ်ချက်။ ထင်းမခွေ ဖူးတဲ့ မြှိုသူမြို့သားများ နားမလည်မှာ စိုးလို့ပါ)
တခုတော့ ရှိတယ်၊ တပည့်တော်တို့ မောင်နှမ ၂ ယောက် ထင်းခွေသွားလို့် အပြန်ကျတော့ အဲဒီထင်းတွေ မနိုင်တော့ဘူးဆိုရင် ဦးဦးမည်းမည်းကြီးကို အကူအညီတောင်းလိုက်တာ -

ဘယ်လို အကူအညီလဲ ပြောပါအုံး -
အဲဒီမည်းမည်းကြီးက ဘယ်သူလဲ မဝေ -
အော် တပည့်တော်တို့ကို အုပ်ချုပ် စောင့်ရှောက်နေတဲ့ ဦးဦးပါ၊ သားတို့ ဒီထင်းစည်းကြီးကို မနိုင်တော့ဘူး၊ အဲဒါ ကူညီပါအုံး လို့ တမ်းတလိုက်ရင် ထင်းစည်းကြီးကို သူက သယ်ပြီး အိမ်ကိုရောက်နေရော - ဟင် သူလဲ သယ်ရတာပဲလား ဟ၊ သူက တန်ခိုးနဲ့ ပို့မပေးဘူးလား -
အဲလိုတော့ ပို့မပေးပါဘူး
အော် ကောင်းတာပေါ့ နော အဲလို ကျတော့လဲ -ဟု အားတက်သရော ထောက်ခံပေးနေကြ၏။
ဟုတ်တယ်၊ ဒါကြောင့် ပျော်စရာကောင်းတယ် ပြောတာ၊

ဒါဆို လူတွေလို အိမ်ထောင်ပြုတာတွေလဲ ရှိတာပဲလား -
တင်ပါ ရှိတာပေါ့ဘုရား၊ ဒီလူလောကလိုပါပဲ
ဟင် ဒါဆိုရင်ဖြင့် ပျော်စရာ မကောင်းပါဘူး ဟာ ၊ ဘာကြောင့်လဲ ဆိုတော့ ဒုက္ခတွေလဲ အတူတူပဲကိုး၊
အဲဒါတော့ ဟုတ်တာပေါ့ဘုရား၊ တခြား ပျော်ပွဲ ရွင်ပွဲတွေလဲ ရှိသေးတယ် ၊ အဲဒါလဲ လူတွေလိုပါပဲ -

ဒါဆို လူ့ဘ၀ကို ရောက်လာပုံလေး ပြောပြပါအုံး၊ အဲဒါ ပိုသိချင်တာ လို့ ဆိုတော့ -
တပည့်တော်က လူ့ဘ၀ကို သွားချင်တယ် ဗဟုဿုတ ရအောင်လို့၊ ပျော်စရာ ကောင်းတယ်ကြားလို့ပါ ဆိုပြီး စောစောက ဦးဦးမည်းကြီးကို ပူဆာတာပေါ့ ။
ဟဲ့ မင်း တယောက်ထည်းကိုတော့ မလွှတ်နိုင်ဘူး၊ အဖော်နဲ့ နှယောက်မှ လွှတ်မယ် တဲ့ ၊ ဒါနဲ့ တပည့်တော်က ညီမလေးကို ခေါ်တာပေါ့။ ညီမလေးကလဲ တပည့်တော်ကို ချစ်တယ်လေ၊ တပည့်တော်က သူ့ကို အမြဲတမ်းကာကွယ် စောင့်ရှောက်ပေးထားတာကိုးဘုရား၊

ဘယ်လို ဘယ်လို မဝေက စောင့်ေ၇ှာက်ပေးတယ် ဟုတ်လား၊
ဟုတ်တယ်လေ - တပည့်တော်က ယောကျားလေးဆိုတော့ ဘာဖြစ်လို့လဲ -
တပည့်တော်က လောက်လေးခွ ပစ်တာ တော်တော်လက်တည့်တယ်၊ ဒါကြောင့် သူများတွေက ကြောက်ကြတယ်၊
အော် အဲလိုလား -
နောက်တော့ရော -လူ့ဘ၀ကို ဘယ်လို ၀င်လာသလဲ -
ဒါပေမယ့် လူ့ဘ၀ကို သွားချင်ရင်တော့ ခွင့်ပြုမယ်၊ ဒါပေမယ့် မိန်းကလေးဘ၀နဲ့ပဲ ခွင့်ပြုမယ်၊ ယောကျားလေးဘ၀နဲ့ဆို မရဘူး တဲ့၊
ဘာဖြစ်လို့လဲ လို့ စာရေးသူတို့က ပြိုင်တူမေးမိကြတယ်၊
ဆက်ပါအုံးမည် - -

Read more...

ဒေါင်းမြူးချောင်းတေး(၅)

ဆောင်းနှင်းတွေ ဝေ့လာပြီဆိုမှဖြင့် ၀န်းသိုမြို့လေးကို သတိရနေမိတော့တာ....။ ညနေဆို တိမ်ခိုးတွေက မြို့လေးရဲ့ အနောက်ဘက်ဆီက မှန်ကင်းတောင်ကြီးတစ်ရိုးမှာ ဝေလို့ ...။
နေလုံးကြီးဝင်သွားတာကို ဥရောပမဆန်ပဲ ငေးငေးကြည့်တတ်ခဲ့ပါတယ်။

ကိုရင်လေးဘ၀မှာ ဆွမ်းအလှူရှင်အိမ်တွေကို ညနေဘက် ဆွမ်းချိုင့်သွားပို့ရင်း မြို့လေးရဲ့ နာမည်ကျော်မောင်းကော်တံတားကြီးဆီ ရောက်အောင် သွားလေ့ရှိပါတယ်။....မောင်းကော်တံတားဆိုတာ ဒေါင်းမြူးချောင်းကို ဖြတ်ခင်းထားတဲ့ တံတားကြီးပါ။
တံတားကြီးကို ကျော်ဖြတ်ပြီး မြို့သစ်လမ်းလေးအတိုင်း လမ်းလျှောက်ရတဲ့ရသကို ခုထိ လွမ်းတမိတုန်း။ ကဗျာတွေ နားမလည်တတ်သေးပေမယ့် ညနေခင်းရဲ့ ကာရန်တွေကို ရေးခြစ်မိနေပါပြီ။

သူတို့ကိုရင်ဘ၀က စနစ်သစ်ပရိယတ္တိပညာရေးဆိုပြီး တရားဝင်မြန်မာစာသင်ခွင့်ပြဌာန်းထားတော့ လယ်တီ၊ မာန်လည်၊ စဥ့်ပါဆရာတော်တို့လို အထင်ကရဆရာတော်ကြီးတွေရဲ့ လင်္ကာကဗျာတွေ စကားပြေတွေ။ စိန္တကျော်သူဦးသြရဲ့ သြ၀ါဒထူးပျို့ဆိုတာမျိုးတွေ ကျက်မှတ်ခဲ့ရသပေါ့။ ခုတော့ မျိုးဆက်သစ်ရှင်ငယ်ရဟန်းငယ်လေးတွေ မြန်မာစာသင်ရိုးညွှန်းတမ်းမရှိရှာတော့ပါဘူး။ စနစ်သစ်ပညာရေးစနစ်မှသည် စနစ်ဟောင်းသို့ ပြန်ဆုတ်သွားခဲ့လေပြီ။ရှေးခေတ်က ကျမ်းပြုဆရာတော်ကြီးတွေဟာ မြန်မာစာကို သင်ရိုးပေါက်အောင်သင်ခဲ့ကြတာပါ။ ဆရာတော်ကြီးတွေရဲ့ ကိုယ်ရေးထုပ္ပတ်တွေမှာ ထင်ရှားပါတယ်။ ဆရာတော်ကြီးတွေ မြန်မာစာကို ဆရာနည်းကျသင်ယူခဲ့ရလို့ ဒီနေ့ခေတ်သာသနာတော်တစ်ရပ်လုံးအတွက် ဖတ်စရာမြန်မာဓမ္မကျမ်းဂန်တွေ ရှိနေတာပါ။အထင်ရှားဆုံးက လယ်တီဆရာတော်ကြီးဟာ ယောမင်းကြီးဆီမှာ မြန်မာစာသင်ယူခဲ့ ပြီး ကမ္ဘာသိဒီပနီကျမ်းတွေ ပြုစု
နိုင်ခဲ့တာပါပဲ။

သူတို့တော့ မြန်မာစာအခြေခံကောင်းစေတဲ့ ခေတ်ပါးပါးလေးကို မီလိုက်သေးတယ်။
ပါဠိပညာရေးမှာ ထင်ရှားတဲ့စာပေအလင်္ကာကျမ်းတစ်စောင်ဖြစ်တဲ့ သုဗောဓာလင်္ကာရကိုလည်း မြန်မာစာအသင်အပြကောင်းတဲ့ အရှင်ဇ၀န(မြစေတီ)ရဲ့ ပို့ချမှုမှာ ရသမြောက်ခဲ့ကြ ဒေါသတွေ ပျောက်ခဲ့ကြပါရဲ့။ အရှင်ဇ၀န(မြစေတီ)ဆိုတာက မာန်လည်ဆရာတော်ကြီးရဲ့ကျော်ကြားလှတဲ့ မဃဒေ၀လင်္ကာသစ်ကို ခက်ဆစ်အဖြေရေးသွားတဲ့ ဆရာတော်ပါ။ အရှင်ဇ၀နဆီမှာ အလင်္ကာတက်နေတုန်းက မဃဒေ၀လင်္ကာသစ်ခက်ဆစ်အဖြေကျမ်းက စာမူအဆင့်ပဲ ရှိပါသေးတယ်။လက်နှိပ်စက်မူ စာအုပ်ထူကြီးနှစ်အုပ်ကို ကိုင်ပြီး “ဒီစာအုပ်ကြီးတွေ အပြီးသတ်နိုင်ရင် သေပျော်ပါပြီ ” လို့ တဖွဖွပြောပြတတ်တာ အမှတ်ရနေပါတယ်။အရှင်ဇ၀နဟာ တကယ်သေပျော်သွားခဲ့တာပါ။ မြန်မာ့စာပေလောကအတွက်ကိုးကားစရာ စာအုပ်ထူထူကြီးနှစ်အုပ်ကို ထုတ်ဝေပြီး မကြာမီမှာပဲ လွန်တော်မူသွားခဲ့တာပါ။

အရှင်ဇ၀နက ၀န်းသိုမြို့လေးမှာ အမြဲနေတာတော့ မဟုတ်ပါဘူး။ သီတင်းဝါလကျွတ်ချိန်များမှာ ရန်ကုန်ကနေ ခန္တီးစာသင်တိုက်ကို ရောက်ရောက်လာပြီး စာဝါပို့ချပေးခဲ့တာပါ။ အရှင်ဇ၀နရဲ့ အလင်္ကာစာဝါတက်ချိန်တွေဟာ သူ့အတွက်တော့ ရတနာပုံရော နေပြည်တော်ပါ ဆိုက်သွားတော့တာပါ။

သူနေတဲ့ မြို့အရှေ့ခြမ်းရေ၀န်းကျောင်းကနေ မြို့အနောက်ခြမ်းခန္တီးစာသင်တိုက်ကို မြန်မာစာနဲ့ ပါဠိအလင်္ကာသင်ယူဖို့ ဆရာဘုန်းတော်ကြီးက စေခိုင်းတိုက်တွန်းအပ်နှံတော့တာပါ။
မြို့လေးရဲ့လမ်းရိုးလေးအတိုင်း ဖြတ်လျှောက်ပြီး စာအုပ်အထူကြီး ဟန်ရေးပြထမ်းပြီး စာဝါတွေ တက်ပြီပေါ့။



Read more...

မကွေးသံဃာတော်များ အခမဲ့ကွန်ပျူတာအမှတ်စဉ်(၁) ပညာဒါန သင်တန်းဆင်းပွဲအလှူ

ရွှေလမ်းငွေလမ်းဝင်းကြည်
ရေစက်ချ အမျှဝေနေသော စာရေးဆရာဇနီးမောင်နှံ

သင်တန်းပြ၊ သင်တန်းသား သံဃာများ
(၁၂-၁၁-၂၀၀၉)မှ (၁၉-၁၂-၂၀၀၉)ရက်အထိ သတင်းပတ်(၆)ပတ် အတွင်းရက်ပေါင်း(၁၈)ရက်၊ နာရီပေါင်း (၇၂)နာရီ အချိန်ယူသင်ကြားခဲ့ကြပါသည်။ မကွေးမြို့ စာသင်တိုက်အသီးသီးမှ စာချဆရာတော်(၁၀)ပါး တက်ရောက် ပညာအလှူခံသင်ကြား၍ တတ်မြောက်အောင်မြင်ခဲ့ကြ၏။

သင်တန်းပို့ချပေးသော ဆရာတော်များမှာ စစ်ကိုင်းမြို့ EVERYONE IT Education ဝေပုလ္လကျောင်းတိုက် (အခမဲ့ကွန်ပျူတာသင်တန်းကျောင်း)၊ (စစ်ကိုင်းတောင်ရိုး ဆွမ်းလောင်းအသင်း) ဦးစီးဆရာတော် ဦးကောဝိဒ နှင့်မန္တလေးမြို့ မြင်းဝန်မင်းကြီးကျောင်းတိုက် စာချဆရာတော် ဦးပညာဝံသတို့နှစ်ပါး သင်ကြားပို့ချပေကြမည်။ သင်တန်းပို့ချရန်အတွက်ဆရာတော်နှစ်ပါးအား မန္တလေး။ မကွေးခရီးစရိတ်အား ရွှေဒိုမိန်းမိသားစုမှ ကျပ်ငွေနှစ်သိန်းငါးသောင်းလှူဒါန်းထားကြောင်း ကြားသိရ၏။ ယင်းဆရာတော်နှစ်ပါးမှာ မကွေးတိုင်း သံဃာ့နာယက ဥက္ကဌ ဆရာတော် ဦးပညာစက္က၏ ပညာစက္ကာရာမကျောင်းတွင် ဧည့်ခံသတင်းသုံး နေထိုင်တော်မူကြောင်းသိရပါသည်။

အမှတ်စဉ်(၁)သင်တန်းတွင် ကွန်ပျူတာ အခြေခံမှ စ၍ စာစီစာရိုက်နည်းပညာများ၊ windows အသုံးပြုနည်းများ အခြားကွန်ပျူတာနှင့် ပက်သက်သောနည်းပညာများ၊ တိပိဋက အဘိဓာန် ဆော့ဖ်ဝဲများအား အသုံးပြုခြင်း နိုင်ငံတကာနှင့် ရင်ဘောင်တန်း၍ ကွန်ပျူတာ အသုံးပြုနိုင်ရန်အထိ လေ့ကျင့်သင်တန်းပို့ချပေးခဲ့ပြီး ၉၀% သင်တန်းအောင်မြင်ကြောင်းကြားသိ မြင်တွေ့ခဲ့ရပါသည်။

၁၉-၁၂-၂၀၀၉ ၊နေ့၊နေ့လည်(၁)နာရီတွင် ပညာရေးဒါနအဖြစ် (ကွန်ပျူတာများနှင့်မီးစက်အခမဲ့အသုံးပြုရန်) အလှူရှင်ရွှေလမ်းငွေလမ်းဝင်းကြည်၊ ဒေါ်ခင်စီမိသားစု၏ GB Cyber Cafe အမှတ်(၅)ဟိန္ဒူဆိုင်တိုက်တန်း၊ ပြည်တော်သာလမ်း၊ ရွာသစ်ရပ်၊ မကွေးမြို့တွင်အလှူရှင်များကိုယ်စား သင်တန်းနည်းပြဆရာတော်များ၊ သတင်းတန်းသားဆရာတော်များနှင့် ဦးဝင်းကြည်+ဒေါ်ခင်စီမိသားစုတို့က အမှတ်စဉ်(၁) သင်တန်းပညာရေးဒါန အလှူအားလုံးကိုယ်စား ရေစက်သွန်းချပြီး အမျှဝေ၊ သာဓုအနုမောဒနာ (၃)ကြိမ်ခေါ်ဆို၍ ကျင်းပပြီးစီး အောင်မြင်ခဲ့ ကြပါသည်။
သင်တန်းအမှတ်စဉ်(၂)အား နွေရာသီ စာချတန်းများ အားလပ်ချိန်တွင် ဆက်လက်ပို့ချသင်ကြားမည် ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

ပညာဒါနသင်တန်းအလှူရှင်များ၊ သင်တန်းတက်ရောက်လိုကြသော သံဃာတော်နှင့်သီလရှင်များ ကြိုတင်ဆက်သွယ် စာရင်းပေးသွင်းနိုင်ပါသည်။
ဆက်သွယ်ရန် ။ ။ ပညာစက္ကာရာမစာသင်တိုက်ကျောင်း၊ ဦးမာနိတ ဖုန်း ၀၉-၂၁၁၀၂၀၂ ၊ ၀၂-၆၅၃၇၁ ၊ ၀၆၃-၂၆၉၇၀ သို့ဆက်သွယ်နိုင်ကြပါသည်။
၂၀၀၉ ခု၊ ဒီဇင်ဘာလ(၂၁)ရက်၊ညနေ(၅)နာရီ၊ ရေး၏။


Read more...

ကျမသိပါပြီ (ဒေါက်တာ ဒေါ်သင်းသင်း)

ကျမသိပါပြီ


နံနက်(၆)နာရီတွင် အိမ်မှထွက်ခဲ့ကြသည်။ အမေပြန်မည့်နေ့ မို့  လေယာဉ်ကွင်းသို့  စောစော ထွက်ခဲ့ကြခြင်းဖြစ်၏။ လေယာဉ်သုံးစီး ရှေ့ ဆင့်နောက်ဆင့် ထွက်ကြမည်ဖြစ်သဖြင့် လေယာဉ် ကွင်းတွင် ခရီးသည်များ ပစ္စည်းများနှင့် လိုက်ပို့ ကြသူများ ကြက်ပျံမကျ စည်ကားလျက်ရှိ၏။ ကောင်တာတွင်နေစရာမရှိအောင် ပစ္စည်းများ လူများဖြင့် ရှုတ်ရှက်ခက်နေသဖြင့် ကျမသည် ခုံလွတ်တစ်နေရာတွင် ဝင်ထိုင်ကာ စာဖတ်နေမိသည်။ ဒေါ်ကြီးတစ်ယောက်လုံး ရှိနေသဖြင့် ပစ္စည်းချိန်ရန် ကျမမှာ စိတ်ချနေ၏။

အမေပြန်သွားပြီး သုံးလေးရက်ကြာလျင် မောင်လေးဆီကို အမေ့စာရောက်လာသည်။ ကျမသည် ဝတ္တရားမကျေကြောင်း၊ လေယာဉ်ကွင်းတွင် သူ့ ကိုလျစ်လျှူရှုပြီး စာအုပ်သာတွင်တွင်ဖတ်နေ ကြောင်း မကျေမနပ်စာရေးလာသည်။ အမေ့အမြင်ကတော့ ဟုတ်ပေလိမ့်မည်။ သို့ သော်... ကျမက တမင်တကာ လျစ်လျူရှုသည်တော့မဟုတ်။

လူ့ စိတ်သဘာဝသည် အပြင်လောကတွင် အလွန်ကျက်စားလိုသည်။ အမှန်တော့ ကျမအမေ သည် သူ၏စိတ်ချမ်းသာမှု လုံခြုံမှုကု သမီးဖြစ်သူကျမဆီက ရှာနေခြင်းပင်ဖြစ်၏။ သူများဆီကရ သော စိတ်ချမ်းသာမှုသည် ရသည့်အခါရ၍ မရသည့်အခါမရ ဖြစ်တတ်သဖြင့် မရသည့်အခါတွင် အကြီးအကျယ် စိတ်မချမ်းမသာဖြစ်လေသည်။ ဟိုသူက ဝတ္တရားမကျေတာ၊ သည်သူကတာဝန်မသိတာ စသည်ဖြင့် ပတ်ဝန်းကျင်ကိုချည်း အပြစ်မြင်လေသည်။

ကျမကိုယ်တိုင်ကလည်း အမေ့ဆီတွင် လုံခြုံမှုကိုရှာခဲ့သည်။ ရသည့်အခါရသလို မရသည့်အခါမရခဲ့ပါ။ အမေ မကျေနပ်သလို ကျမလည်း မကျေမနပ်ဖြစ်ခဲ့သည်။ အမေ့တွင်သာမက ပတ်ဝန်းကျင် အနှံ့ ကိုလည်း ကိုးကွယ်ရာရှာခဲ့ပါသည်။

ကျမတွင် ရှေ့ သိနောက်သိ သိနိုင်သော အဒေါ်တစ်ယောက်ရှိပါသည်။ သူနှင့်တွေ့ ရလျင် ကျမအလွန်စိတ်ချမ်းသာသည်။ ကျမကိုလည်း နားလည်သည်ကတစ်ကြောင်း ကျမသိလိုသော ရှေ့ ဖြစ်နောက်ဖြစ်များကိုလည်း သူ့ ကိုမေးနိုင်သည်ကတစ်ကြောင်း ကြောင့်ပင်ဖြစ်သည်။ သူ့  ကိုမေးရသည်မှာ ကြာတော့ အားမရဖြစ်လာသည်။ ကျမတွင်လည်း ဤသတ္တိမျိုး ရှိလာနိုင်သည် ဟုပြောသည်။ သို့ ဖြင့်ကိုယ့်ဘာသာကိုယ် ရှာခဲ့သည်။ တွေ့ သင့်သလောက်တော့ တွေ့ ခဲ့သည်။ သို့ သော် မလိုလားအပ်သော စိတ်အလေ့အကျင့်များ ပါလာပြန်သည်။ ဒွိဟစိတ်များနှင့် မိမိစိတ် ကိုမိမိ ဆုံးမဖြတ်နိုင်သော မလုံခြုံမှုများပင်ဖြစ်၏။ ကြာတော့မဖြစ်ချေဟူ၍ သည်ဘက်ကို လက်လွှတ်လိုက်ရသည်။

တခါ မိတ်ဆွေများထံတွင် လုံခြုံမှုကိုရှာမိပြန်သည်။ အမေ့ဆီကမရသော လုံခြုံမှုကို အမေနှင့်အမ နှင့်တူသော လူများဆီကရလေမလားဟု မျှော်လင့်မိသည်။ အမေ့လိုပင် ရသည့်အခါရ၍ မရ သည့်အခါမရသည်ကို တွေ့ လာရပြန်သည်။ ပတ်ဝန်းကျင်အမျိုးမျိုးတွင် ရှာမှုအမျိုးမျိုးဖြင့်ရှာခဲ့ သည်။ ဘယ်နေရာရှာရှာ တွေ့ သည်ကတစ်မျိုးတည်းပင်။ (ရသည့်အခါရ၍ မရသည့်အခါ မရ)။ သို့ ကြောင့် အသိတစ်ခုတော့ရလာသည်။ (ပတ်ဝန်းကျင်ဆိုသည်မှာ မိမိအချိန်ပြည့် စိတ်အားကိုး ၍မရ။ မိမိကိုယ်တိုင်က ပတ်ဝန်းကျင်ကို အချိန်ပြည့် အားကိုးမှုမပေးနိုင်သလို ပတ်ဝန်းကျင်က လည်း မိမိကို အချိန်ပြည့် လုံခြုံမှု စိတ်ချမ်းသာမှု မပေးနိုင်ဆိုသော အသိပင်ဖြစ်၏။)

နောက်ဆုံးရှာစရာ တစ်နေရာသာကျန်တော့သည်။ တရားဓမ္မသာ ကိုးကွယ်ရာဟု ဆိုစမြဲအတိုင်း တရားဓမ္မ၌ ကိုးကွယ်ရာရှာရန် အားထုတ်ခဲ့သည်။ စာပေကျမ်းဂန်များ သင်ဆရာမြင်ဆရာများဆီ မှ လေ့လာဆည်းပူးခဲ့သည်။ ကိုယ်တိုင်လည်းအနည်းအကျဉ်း တရားအားထုတ်ခြင်းပြုခဲ့သည်။ အားထုတ်သည့်အချိန် လေ့လာနေသည့်အချိန်တွင်တော့ ငြိမ်းချမ်းမှုကို အတော်ကလေးရသည်။ သို့ သော်...လောကဓံနှင့် ရင်ဆိုင်တိုးမိတိုင်း တိုးမိတိုင်း ရှာထားသောတရားများသည်လည်း ဘယ်ဆီရောက်ကုန်မှန်းမသိတော့။ လမ်းကုန်နေသဖြင့် နောက်ဆုံးလုပ်စရာ တစ်ခုသာကျန်တော့ သည်။

အမှန်တော့ ကျမဟာ အင်မတန်နုံတဲ့ လူတစ်ယောက်ပါ။ ကိုယ့်ကိုကိုယ်နုံမှန်း အခုမှဘဲ သိတော့တယ်။ ပညာတွေတတ်ပြီး တရားကလေးဘာလေး နည်းနည်းပါးပါးသိတာနဲ့  ကိုယ့်ကိုကိုယ် ဟုတ်လှပြီ အောင်းမေ့နေတာ။ အခြောက်တိုက် ဘဝင်မြင့်နေတာ။ တကယ်စင်စစ်တော့ ကျမဟာ သူတောင်းစားနှင့် ဘာမှမခြားခဲ့ပါဘူး။ သူများဆီလိုက်ပြီး စိတ်ချမ်းသာမှုပေးကမ်းကြပါ၊ ဝေငှကြပါလို့  လိုက်တောင်းနေတာနှင့် အတူတူဘဲ။ တရားကိုလည်း ဒီလိုဘဲ သွားတောင်းတာဘဲ။ အမှန်တော့ တရားဟာ တရားဘဲ။ စိတ်ချမ်းသာမှုမှ မဟုတ်ဘဲ။ တရားမှာသွားတောင်းရင် တရားဘဲရမှာပေါ့။ စိတ်ချမ်းသာမှုတော့ ဘယ်ရပါ့မလဲ။ ဒါကို အခု ကျမ သဘောပေါက်ပါပြီ။ ဒါကြောင့် ကျမစိတ်ကိုကျမ ဒုန်းဒုန်းချလိုက်ပြီ။

ယခု ကျမ ကိုးကွယ်ရာ စိတ်ချမ်းသာစရာ ရပါပြီ။ ဘယ်လိုရသလဲ။ ဘယ်တုန်းကရသလဲလို့  မေးလျင် တစ်ခွန်းဘဲ ဖြေစရာရှိပါသည်။

ကျမ ကိုးကွယ်ရာ စိတ်ချမ်းသာရာကို မရှာတော့တဲ့နေ့ က စပြီး ကိုးကွယ်ရာ စိတ်ချမ်းသာရာ ရတာဘဲ။ ယခုကျမ သူတောင်းစား မဟုတ်တော့ပါဘူး။


ဒေါက်တာသင်းသင်း
၁၉၇၈ ခု၊ ဇန်နဝါရီလ


Read more...

ပကိဏ္ဏက နမက္ကာရ ဗုဒ္ဓဝန္ဒနာ အစိန္တေယျ ဘုရားရှိခိုးကြီး

ကျီးသဲလေးထပ်ဆရာတော်ဘုရားကြီး ရေးသားစီရင်တော်မူသော
ပကိဏ္ဏက နမက္ကာရ ဗုဒ္ဓဝန္ဒနာ
အစိန္တေယျ ဘုရားရှိခိုးကြီး
နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
(၁) အစိန္တေယျ၊ အပ္ပမေယျ၊သေဋ္ဌ ဇေဋ္ဌ ဓ အတုလရမံ၊ အရဟံ ဘဂဝါ၊ သမ္မာသမ္ဗုဒ္ဓဿ၊ အနုတ္တရ မာရဇိ၊တိလောကန္တဂူ၊ သယမ္ဘူ ဘဝိဿရ၊ ဤသို့စသား အသေင်္ချယျ၊ နာမတံဆိပ်၊ ဂုဏ်ဝိသိဌ် ဖြင့်၊ ဇဗ္မူ ဒိပ်မှတက်၍၊ ဘဝဂ် တိုင်ကြေညာလျက်၊ ကာမ ရူပ၊ အရူပဟု၊ သြကာသ သုံးရပ်၊ လောကဓာတ်၌၊ အမြတ်ထက် အမြတ်၊ သမိုက်အပ်သော၊ လူနတ်ဗြဟ္မာ၊ မဟာကဝိန်၊ သုခမိန်တို့သည်၊ ပညိနြေ္ဒ ရှိတိုင်းဖြင့်၊ ခြားပိုင်းတွက်ကျုံး၍ မဆုံး မကုန်နိုင်၊ မကြံစည်နိုင်၊ မအံ့သြနိုင်၊ ပြည့်လှိုင်ထွေပြား၊ များပြားကျယ်ဝန်းသော၊ ကျေးဇူးတော် အပုံ၊ ဂုဏ်တော် အပေါင်းနှင့် ပြည့်စုံတော် မူပေထသော…။
(၂) အမျိုးဖြင့်မြတ်သောသူ၊ ဘုန်းဖြင့်မြတ်သောသူ၊ ဂုဏ်ဖြင့်မြတ်သောသူတို့သည်၊ မာန်မူ ဖက်ပြိုင်ခြင်းငှာ မထိုက်၊ မကိုဋ် မင်္ဂလာ၊ ဤကမ္ဘာ၌၊ ပထမာဓိက၊ ဘူမိပါလ၊ အာဒိစ္စဂိုဏ်း၊ တိုင်းပြု+ ပြည်ပြု၊ သမုတိဒေဝရာဇ် နေနွယ်ဖြစ်၍၊ စင်စစ် အမျိုးတော်အားဖြင့်၊ မြင့်မြတ်လှသော၊ ဇာတိမဟတ္တဂုဏ်၊ သုံးဘုံရပ်လုံး၊ ညွှတ်ရုံး ကော်ရော်၊ ပူဇော်ဦးညွှတ်ရာ၊ ဖြစ်၍၊--- စင်စစ် ဘုန်းတော်အားဖြင့် အလွန်မြတ်သော ပုည မဟတ္တ ဂုဏ်---။


ဝသုတ်သေလာ၊ အဏ္ဏဝါကို၊ မြူလွှာပြုလျက် နှိုင်းတုစက်လည်း ကျေးဇူးနက်တိုင်၊ မကုန်နိုင်သည် ဖြစ်၍၊ စင်စစ် ဂုဏ်တော်အားဖြင့် မြတ်သော ဂုဏ် မဟတ္တဂုဏ်---။
ဤသုံးစုံကြောင့် လု့ဘုံနတ်ဋ္ဌာန်၊ ပြိုင်စံယှဉ်ဖော်၊ မပေါ်မပြူ ၊ တစ်ဆူတည်းသော၊ အပ္ပဋိပုဂ္ဂိုလ် ဖြစ်တော်မူ ပေထသော…။
(၃) ဇမ္ဗူ့ကျက်သရေ၊ချက်ဗွေဘူမိ၊ အပရာဇိခရိုင် ညောင်မဏ္ဍိုင်ကို၊ စိုးပိုင်တော်မူအံ့သော ကာလ၌၊ ကာမလောကဓာတ်၊ ခုနှစ်ရပ်လုံး၊ ဆတ်ဆတ် လှိုက်ခုန်တုန်ဘနန်းမျှ၊ သန်းအကုဋေ၊ နတ်ဗိုလ်ခြေနှင့်၊ မိုးမြေကြည်းဟည်း၊ ပဲ့တင်တီးအောင်၊ ဖျက်ဆီးလုယက်လာသော၊ မေခလာဂီရိ၊ တောင်တရှိမျှ၊ ပြောင်ကြီး သေဌ်နင်း၊ မာန်နတ်မင်းကို---
ဖြည့်တင်းတော်မူခဲ့သော ၊ပါရမီဉာဏ်၊ ကံသမ္ဘာရှိန်၊ ဝရဇိန် လျှံပြောင်၊ ရွှေဘုန်းရောင်ဖြင့်၊ မှောင်မဝင်ခင်၊ အောင်မြင်တော်မူစေ၍၊ ကိလေသာစက်၊သုံးထောင်ဝက်ကို၊ ဖြိုဖျက်တိုက်လှန်ခြင်းငှာ၊ အာနာပါန၊ ဘာဝနာ ဖြင့် ရူပါဝစရ၊ အရူပါဝစရ၊ စတုတ္ထသမာပတ်တို့ကို၊ အာဝဇ္ဇနဝသီ၊ သမာဝဇ္ဇနဝသီ၊ ပစ္စဝက္ခဏဝသီ၊ အဓိဋ္ဌာနဝသီ၊ ဝုဋ္ဌာန ဝသီတည်းဟူသော၊ ဝသီဘော် ငါးတန်ဖြင့်၊ အဖန်ဖန်လေ့လာတော် မူပြီးလျှင်….။
ရှေးတီးကာလ၊ ဘဝရှည်ကျူး၊ ဖြစ်ဘူးသမျှ၊ ဒေသရပ်ရွာ၊ ခန္ဓာပင်စည်၊ အမည် အမျိုးစသေ ၊ ပရမတ်+ပညတ် တို့ကို၊ တပ်အပ်သိနိုင်စွမ်းသော၊ ပုဗ္ဗေနိဝါသဉာဏ်…။
သုံးတိုက်ဘုံသား၊ အများသတ္တ၊ ဝေနေယျ တို့၏ ကမ္မဂတိ၊ စုတိပဋိသန်၊ လားရန် ဋ္ဌာနနှင့်တကွ၊ ဒုရ+ပရိစ္ဆန္န၊ သဏှ+သုခုမ ဖြစ်သော၊ရူပါရုံတို့ကို အကုန်မြင်နိုင်စွမ်းသော ဒိဗ္ဗစက္ခုဉာဏ်…။
လေးတန်သြဃ၊ အာသဝနှင့် ယောဂဂန္ထာ၊ လေးဖြာဥပါဒါန်၊ ခြောက်တန် နီဝရဏ၊ အနုဿယ ခုနှစ်အင်၊ သံယောဇဉ် ဆယ်တန်၊ ခြံရံ လျက်သား၊ များစွာသော အကုသိုလ်၊ ဗိုလ်ခြေကွပ်ကဲ၊ သူရဲကိလေသာ၊ ထောင့်ငါးရာတို့ကို၊ စင်စွာပယ်ဖြတ်၊ အလွန်မြတ်သောကြောင့် အရဟတ္တမဂ္ဂ အမည်ရသော အာသဝက္ခယဉာဏ်…။
ဤသုံးတန်သောဝိဇ္ဇာ၊ ခွဲစိတ်ဖြာသော်၊ ဝိဇ္ဇာရှစ်ပါးနှင့် ပြည့်စုံတော်မူသဖြင့်၊ သယမ္ဘူ အထွတ်။ လူတမွတ်ဟု။ မချွတ် သမိုက်အပ်ထသော…။
(၄) ပစ္စေက ဗုဒ္ဓါ၊ ရဟန္တာ ဟူသမျှတို့ ရခြင်းငှာ မထိုက်၊ သုံးထိုက်ဘုံသား၊ အများသတ္တ၊ ဝေနေယျ ပုဂ္ဂိုလ်တို့၏ အလိုဆန္ဒ၊ အာသယကိန်းဟန်ကို၊ ဧကန်သိမြင်နိုင်သော၊ အာသယာနုဿယဉာဏ်…။
ဣနြေ္ဒရင့်မရင့်ကို ထောက်ချင့်သိနိုင်စွမ်းသော၊ ဣန္ဒြိယ ပရောပရိယတ္တိဉာဏ်…။
ပရမတ်၊ ပညတ် အလုံးစုံကို၊ အကုန် အစင်သိမြင်နိုင်သော၊ သဗ္ဗညုတ ဉာဏ်…။
သင်္ခါရ၊ ဝိကာရ၊ လက္ခဏာ၊ နိဗ္ဗာန်၊ ပညတ် တည်းဟူသော၊ ဉေယျဓံငါးအင်ကို၊ သိမြင်တော်မူရာ၌၊ ဆီးကာပိတ်ပင်ခြင်း မရှိသော အနာဝရဏဉာဏ်…။
ယမိုက်ပြာဋိဟာလွှတ်ခြင်း အရာ၌ လေ့လာတော်မူနိုင်သော ယမကပါဋိဟာရိယဉာဏ်...။
သနားထိုက်လှစွာသော၊ ဝေနေယျ သတ္တဝါကို၊ လွန်စွာသနားတော်မူသော၊ မဟာကရုဏာ သမာပတ္တိဉာဏ်...။
ဤ ခြောက်တန်သော ဆ+အာသာဓါရဏ၊ ဉာဏ လျှံပြောင်၊ မြတ်တန်ဆောင်ကို၊ ညှိထောင်ထွန်းစိုက်တော် မူသည်ဖြစ်၍၊ ဝေးနီး စကြာဝဠာ၊ သမန္တာရပ်၊လောကဓါတ်တို့ကို၊ ထုတ်ခပ်ထင်ထင်၊ ရှုမြင်တော်မူနိုင်သော ပသာဒစက္ခု၊ ဉာဏစက္ခု၊ ဒိဗ္ဗစက္ခု၊ ဗုဒ္ဓစက္ခု၊ သမန္တစက္ခုတည်းဟူသော၊ မျက်စိတော်ငါးလုံးဖြင့် အဆုံးဖြင့်မြင် တော်မူပြီးထသော...။
( ၅ ) ပလ္လင်၊ အနိမိသ၊ စင်္ကမ မှသည် စတုတ္ထ သတ္တာဟဝယ်၊ ရတနာရွှေအိမ်၊ ချမ်းရိပ်ငြိမ်၌၊ မွေ့သိမ်စံပယ် တော်မူကာ၊ အဘိဓမ္မာ ခုနှစ်ကျမ်းတွင်၊ ပဋ္ဌာန်းဒေသနာကို၊ လေ့လာဆင်ခြင်တော်မူသော၊ အာနုဘော်တော်ကြောင့်၊ အသွေးတော်၊ အသားတော်၊ အရိုးတော်စု၊ ဝတ္ထု ပသာဒိနြေ္ဒ အလုံးမှ၊ ပြိုးပြုံး ပြိုးပြက်၊ ရိုးရိုးရက် တောက်ပလျက်၊ နီလ၊ ပီတ၊ လောဟိတ၊ သြဒါတ၊ မဉ္ဇိဋ္ဌ၊ ပဘသရာ၊ မိလ္လာရည်လို၊ ဖိတ်ဖိတ်ယိုမျှ၊ ညိုသောရောင်ခြည်တော်…။
ဖဲကတ္တီပါ၊ ဂီဝါလျှပ်ပြေ၊ ရွှန်းရွှန်းဝေမျှ၊ ရွှေသောရောင်ခြည်တော်…။
ကသစ်ခေါင်ရမ်း၊ ပန်းကြက်မောက်ပီ၊ တွေးတွေးချီမျှ နီသောရောင်ခြည်တော်…။
သာခွာဘော်ကြူ၊ ဖွေးဖွေးလူ သကဲ့သို့ ဖြူသောရောင်ခြည်တော်…။
ပြာလျှံ ညိုလျှံ၊ ခိုလျှံ စုပေါင်း၊ ရှုမညောင်းမျှ၊ မောင်းသောရောင်ခြည်တော်…။
ထွန်းပေါ်ဝင်းဝင်း၊ ထိန်လင်းစက်စက်၊ လျှပ်စစ်လက်သကဲ့သို့၊ ပြိုးပြိုးပြက်သော ရောင်ခြည်တော်… တည်းဟူသော ရောင်ခြည်တော် ခြောက်ဆိုင်ကို တပြိုင်တည်း ကွန့်မြူးစေလျက်၊ လနေ အတိ။ လျှံငြိပြောင်ပြောင်၊ ဗိမာန်ရောင်နှင့်၊ သောင်းထောင်စကြ ဝဠာ၊ ထွန်းလင်းဖြာသော၊ ဗြဟ္မာကြီး တို့၏ ကိုယ်ရောင် ကိုယ်လျက်၊ နှိပ်စက်လွှမ်းမိုးနိုင်သော၊ ကိုယ်တော်ရောင်တို့ဖြင့် အထောင်အသောင်း သာ၊ လော ကဓာတ်ကို၊ တလျှပ်လျှပ် ထွန်းလင်းတော်မူပြီးထသေ...။
(၆) ပရိဗိုဇ် တက္ကတွန်း၊ ရဟန်း ရသေ့၊ မုနေ့အရည်း၊ ဦးပြည်းတပသီ၊ဗေရာဂီ တို့၏၊ ဝါဒီ အလိုက်၊ စရိုက်ဘာဝ၊ ကျင့်ဆောင်ကြသော သာသနာ့ဗာဟီ၊ လောကီ သီလ တို့ထက် ဆထက်ထောင်ရာ၊ သာလွန်ဘိသဖြင့်၊ အဓိသီလ ဟုသမုတ်အပ်သော၊ အာပတ်ခုနှစ်ပုံကို၊လုံခြုံစွာစောင့်ကြောင်းဖြစ်သော ပါတိမောက္ခ သံဝရသီလ…။
ဣနြေ္ဒ ခြောက်ပါးကို၊ တားမြစ်ပိတ်ပင်ကြောင်းဖြစ်သော ဣန္ဒြိယသံဝရသီလ…။
မိစ္ဆာဇီဝမှ ကြဉ်ခွာလျက်၊ စင်ကြယ်စွာ အသက်မွေးကြောင်းဖြစ်သော အာဇီဝပါရိသုဒ္ဓိသီလ...။
ပစ္စည်းလေးဖြာကို ပစ္စဝက္ခဏာတင်၊ ဆင်ခြင်သုံးသပ် ခြင်းဟူသော၊ ပစ္စယသန္နိဿိတသီလ…။
ဤလေးဝသော၊ စတုပါရိ၊ သုဒ္ဓိတံခွန်၊ အလွန်ဖြူစင်၊ မြူမတင်ခြင်း တည်းဟူသော သီလဝိသုဒ္ဓ...။
မဟဂ္ဂုတ် လောကုတ္တရာဈာန် ၌သာလျှင်၊ မြဲမြံစွာလေ့လာခြင်း တည်းဟူသော စိတ္တဝိသုဒ္ဓိ…။
ခြောက်ဆယ့်နှစ်ဖြာသော၊ မိစ္ဆာဝါဒီ၊ ဝိတဏ္ဍီ ညစ်ကြေးမှ ကင်းဝေး ဖြူစင်လျက်၊ အယူ၏စင်ကြယ်ခြင်း တည်းဟူသော ဒိဋ္ဌိဝိသုဒ္ဓိ…။
တစ်ဆယ့်ခြောက်ပါးသော၊ ယုံမှားသင်္ကာ ကို ဖြတ်ခွာ လွန်မြောက်နိုင်သော၊ ဉာဏ်၏ စင်ကြယ်ခြင်း တည်းဟူသော ကင်္ခါဝိတရဏ ဝိသုဒ္ဓိ…။
မဂ်ဟုတ်သည် မဟုတ်သည်ကို မြင်နိုင်သော ဉာဏ်၏ စင်ကြယ် ခြင်းတည်းဟူသော မဂ္ဂါ မဂ္ဂဉာဏဒဿနဝိသုဒ္ဓိ...။
မဂ်သို့ရောက်ကြောင်း အကျင့်ကောင်းကို မြင်နိုင်သော၊ ဉာဏ်၏ စင်ကြယ် ခြင်းတည်းဟူသော ပဋိပဒါဉာဏဒဿန ဝိသုဒ္ဓိ…။
မဂ်လေးရပ်နှင့် သဟဇာတ် သမ္ပယုတ် ဖြစ်၍ သစ္စာလေးတန်ကို ၊ဆယ့်ခြောက်နက် ဝေဖန်ပြီး ဧကန်သိမြင်နိုင်သော ၊ ဉာဏဒဿနဝိသုဒ္ဓိ… တည်းဟူသော ဝိသုဒ္ဓိ ခုနှစ်ပါး၊ တရားဘွဲ့ဖြူ သရဖူ မကိုဋ်၊ ဦးစိုက်မင်္ဂလာ၊မြတ်တန်ဆာကို၊ တင့်တယ်စွာ ဆင်ယင်လျက်...။
တဒင်္ဂ ဝိမုတ္တိ၊ ဝိက္ခမ္ဘန ဝိမုတ္တိ၊ သမုစ္ဆေဒဝိမုတ္တိ၊ ပဋိဿမ္ဘနဝိမုတ္တိ၊ နိသရဏဝိမုတ္တိ တည်းဟူသော ဝိမုတ္တိငါးရပ်၊ တရားမြတ်ကြောင့်၊ လောကဓာတ်အလုံး၊ ညွှတ်ကျုံး ပူဇော်ရာ၊ အာဂါရမုနိ၊ အနာဂါရမုနိ၊ သေက္ခမုနိ၊ အသေက္ခမုနိ၊ ပစ္စေကမုနိ တို့ထက် ကဲတက်လွန်မြတ်စွာ၊ မုနိန္ဒာဘိပဝရ အတုလ မုနိလည်း ဖြစ်တော်မူထသော...။
(၇) သုံးဆယ့်နှစ်ပါးသော၊ ယောင်္ကျားမြတ်တို့၏ လက္ခဏာတော်ကြီး၊ ရှစ်ဆယ်သော လက္ခဏာတော်ငယ်၊ တင့်တယ်ယိုဖိတ်၊ အင်္ဂါတော်အစိတ်ကို လင်္ကာရိပ် ပြရာ၌ နားပန်တော် အစုံနှစ်ဘက်မှသည်၊ နဖူးတော် ဆံစမှ ယှက်ကူးကာတောက်ပသော ဥဏှီသ သင်းကျစ်တော်တဖြာ…။
နရကာရွှေစင်၊ နဖူးတော် အပြင်၌၊ စို့သက်တန့် အသွင်ဖြင့်၊ ကော့ညွှတ်ပျော့ပေါ်လွင်သည့် နှစ်ဖက်သော မျက်မှောင်တော်တစ်တန်၊ ပဘံကရ မျက်မှောင်တော် အစမှာ၊ လောမထူးထွေ၊ ညာရစ်ခွေဖြင့်၊ ငွေရောင်ခြည် တစ်တန်၊ တစ်လံဝက်လောက်၊ ဝန်း၍တောက်သော၊ ဥဏ္ဏလုံ မွေးရှင်…။
ပိတုန်းရောင်သွင်၊ မည်းမှောင်လွင်သဖြင့်၊ ကျောက်နဝရတ်သဖွယ်၊ သောက်ရှူးကြယ် တဝ၊ ရှုကြည့်တိုင်းတောက်ပသော၊ မံသ စက္ခုတော် နှစ်ဖြာ…။
ပြယိုးယားပွင့်၊ ရွှေ ပန်းဆိုင်း ဆင့်သကဲ့သို့၊ မမြင့်မမောက် မကောက် မချွန်၊အလွန်လျှင်၊ ရှုချင်ဖွယ်ရာသော နှာတံနှာသီးတော်မြတ်…။
လျောက်ပတ်သားနား၊ ကွန့်ကွန့်လျားသော၊ ပါးတော်မြတ်နှစ်သွယ်...။
ပုလဲရတနာ၊ သာခွာဘော်ကြူ ဖွေးဖွေးလူလျက်၊ ဖြူစင်ကြယ် လှစွာသော သွားတော်မြတ်လေးဆယ်၊ စွယ်တော်မြတ်လေးဆူနှင့်တကွ၊ ပြန့်ပြန့်ညီညာ၊ နီလှစွာသော၊ လျှာတော်မြတ် စသည့် ကိုယ်အင်္ဂါတော် အစိတ်တို့ဖြင့်၊ ယိုဖိတ်ယှက်သန်းလျှက်၊ ချီးမွမ်းအံ့သြ၊ ပြောပ၍ မပြီးနိုင်သဖြင့်၊ အလွန်အကျူး အထူးသပ္ပာယ်တော် မူထသော…။
(၈) ကာမဘဝါ၊ ဒိဋ္ဌာ ဝိဇ္ဇော၊ သြဃလေးဖြာ၊ သံသရာစက် ဝဲဂယက်၌၊ တဝဲလည်လည် မတည်မရပ် ချာချာပတ်လျက်၊ ရဟတ်ဆုံနွား၊ ကဲ့ အလားသို့၊ မျောပါးရှည်ကြာ၊ ဝေနေယျာတို့ကို၊ အဏ္ဏဝါ ဂယက်သြဃနက်မှ၊ ညာလက်ဆွဲငင်၊ ကယ်တင်တော်မူခြင်းငှာ၊ ပဉ္စတာလီ၊ ဝါဝဿီဝယ်၊ နာရီ မလစ်၊ မဂ်ဆီ ညှစ်၍၊ ဖွင့်လှစ်ဟောပြ၊ ဆုံးမတော်မူရာ၊ ဒေသနာတော်သည်...။
ဝိနယ + သုတ္တန် + ဘိဓမ္မံ ဟု သုံးတန်ပြားလာ၊ သာသနာတော် နည်းအားဖြင့်လည်းသုံးရပ်...။ ကထာနည်း အားဖြင့်လည်းသုံးရပ်၊ အာဏာဝေါဟာ ပရမတ္တာ ဟူ၍လည်း သုံးရပ်၊
ဤသို့အားဖြင့် သုံးတန်အပြား၊ ပိဋကတ် ဒေသနာတော်သုံးပါးတို့ကို၊ ဟောကြား မြွက်ဟ၊ ဆုံးမတော်မူသည်၏ အဖြစ်ကြောင့်၊ လူနတ်တို့၏ ဆရာအစစ်လည်း ဖြစ်တော်မူထသော…။
(၉) ခပ်သိမ်းသော တရားအပေါင်းကို၊ မိမိ အလိုလို၊ ကိုယ်တော်တိုင်သာလျှင်၊ ကောင်းစွာထင်ထင်၊ သိမြင် တော်မူသည် ဖြစ်၍၊ များဖျင်သတ္တဝါ၊ ဝေနေယျာကို၊ ခေမာအောင်မြို့၊ ကူးစေဖို့ငှာ၊ ဒေသနာရေအေး နိဗ္ဗာန်တည်းဟူသော အမြိုက်ဆေးကို၊ တိုက်ကျွေး ဖြန်းဆွတ် တော်မူသည်၏ အဖြစ်ကြောင့်၊လောကသုံးရပ် ဘုံသုံးထပ်၌၊ ယှဉ်ကပ်သော်လည်း မနိုင် ပြိုင်သော်လည်း မတူ၊ တစ်ဆူတည်းသာလျှင် ဖြစ်တော်မူထသော…။
(၁၀) ဤ မဟာဘဒ္ဒ၊ ကမ္ဘာမ၌၊ ကကုသန္ဓာ၊ ကောဏာ ဂမန၊ ကဿပဟု၊ လောကထွဋ်ထား၊ ဘုရားသုံးဆူ၊ သယမ္ဘူတို့ ထီးဖြူ အရဟတ္တဖိုလ်၊ ရိပ်ခိုနန်းမြင့် သုံးကြိမ်ဆင့်၍ ပွင့်တော်မူ ကြကုန်ပြီးသည့်နောက်---
လေးဆင့်မြောက် အကျ စတုတ္ထ အောင်ပွဲတွင်၊ ညေယျငါးအင်၊ ကုန်စင်သိမှု၊ သမန္တစက္ခု၊ သဗ္ဗညုတ၊ ဉာဏခိုင်ဖြီး ဉာဏ်တော်ကြီးကို ၊ပိုင်စီးလက်ရောက်၊ ဆက်ခါလျှောက်၍ ၊ ပွင့်မြောက်တော်မူသည်၏ အဖြစ်ကြောင့် ၊ဗြဟ္မာနတ်လူ ၊သုံး ဘုံသူကို၊ ကြည်ဖြူမေတ္တာ၊ ကရုဏာဖြင့် သာယာစွာဆုံးမ၊ ဟောပြတော်မူ သည်လည်းဖြစ်တော်မူ ထသော…။
(၁၁) ဒီပင်္ကရာ၊ ထွဋ်ချာမှန်ကင်း၊ သုံးလူ့မင်း၏ ခြေရင်းတော်အောက်၊ ဝပ်စင်းမှောက်လျက်၊ နိယတဗျာဒိတ် ပန်းကို၊ ဆွတ်လှမ်းခံယူတော်မူစဉ်ကပင်၊ သာဝကဉာဏ်၊ ပါရမီသာမာန်ဖြင့်၊ နိဗ္ဗာန်ကို ကူးယူလျှင်၊ ရလောက်တော်မူပါလျက်…။
*တစ်ယောက်တည်း၊ ငါတစ်မူ၊ နိဗ္ဗာန်ကို ယူချေလျှင် ဘယ်တွင် အကျိုးမရှိချေ။ သမ္ဗောဓိမှန်၊ သဗ္ဗညု ရွှေဉာဏ်ကို၊ သွေမလှန် ငါရမှ၊ တရားမြတ်၊ ဖောင်စင်္ကြာဖြင့်၊သတ္တဝါ ဝေနေယျကို၊ သံသရာဝဲဂယက်မှ၊ နိဗ္ဗာန်မည်သာ ကျွန်းခေမာသို့ တင်ကာဆောင်ပို့မည်ဟု*
* တိဏ္ဏောတာရေယျံ၊ ဗုဒ္ဓေါ ဗောဓေယျံ၊ မုတ္တောမောစေယျံ* သုံးခွန်းသော ဝစနံကို ရွှေနှုတ်တော်လှစ်ဖွင့်၍ ကျူးရင့်တော် မူခဲ့ပြီးသည့်နောက်---။
လေးအသင်္ချေ၊ လွန်လေကုန်မြောက် ကမ္ဘာတစ်သိန်း အလွန်သို့ရောက်အောင်၊ လူသာမာန် ပုဂ္ဂိုလ်တို့ အလွန်တရာ ဖြည့်ကျင့်ရှာမှီးနိုင်ခဲသော၊ ပါရမီ ဆယ်ပါး၊ စွန့် ခြင်းကြီး ငါးပါးစသော၊ သမ္မာ သမ္ဗောဓိ အဖြစ်တည်းဟူသော ဆုကြီးကို ရှာမှီးတော်မူပြီး ထသော…။
(၁၂) ဂင်္ဂါ၊ ဝါဠု သဲစု မြူဟန်၊ ပမာတန်ကဲ့သို့၊ အနန္တဂူ၊ နိဗ္ဗာန်ယူကုန်သော၊ ဆူဆူမြတ်စွာစောသတ္တာ တို့၏သွားရာလမ်းကြောင်း စရိုက်ကောင်း မူလဖြစ်သော၊ သီလသံဝရ၊ ဣန္ဒြိယ သံဝရ၊ ဘောဇနမတ္တညုတာ၊ ဇာဂရိယနုယောဂ၊ သဒ္ဓါ၊ သတိ၊ ဟီရိသြတပ္ပ၊ ဗာဟုသစ္စ၊ဝီရိယ၊ ပညာ လေးဖြာ ဈာန်တည်းဟူသော၊ စရဏ တရား (၁၅)ပါးတို့ကို အားသစ် ကျင့်ဆောင်တော်မူသဖြင့်…။
သယမ္ဘူတကာ ပြည့်စုံရာသာ၊ နာနာကုလ တို့၏ ဝေါဟာရ သဒ္ဒါ အနက်ကို၊ အချက်ကျသိနိုင်သော၊အတ္တ ပဋိသမ္ဘိဒါ…။
ဝါစာဂီရတ် နှုတ်သံလွှတ်က၊ ဇာတ်တူတူ မတူတူ၊ ဘာသာဟူသမျှ တို့က ဧကန္တသိနိုင်သော၊ ဓမ္မ ပဋိသမ္ဘိဒါ…။
တစ်ခု တစ်ခုသော ပုဒ် အက္ခရာကို၊ သဒ္ဒါ၏ အလို၊ ဝိဂြိုဟ်+ ဝစနက်+ ဓါတ် + ပစ္စည်း လိင် အန်ဖြင့်၊ ဝေဖန်၍ သိနိုင်သော နိရုတ္တိ ပဋိသမ္ဘိဒါ…။
ကိုယ်တိုင်သိသမျှ တရားတို့ကို သူတစ်ပါးသိစိမ့်သောငှာ၊ သဒ္ဒါ +ပညတ်သို့တင်၍ စုံလင်စွာ မြွက်ဆိုတတ်သော ပဋိဘာန၊ ပဋိသမ္ဘိဒါ တည်းဟူသော သမ္ဘိဒါ လေးပါး…။
ဣဒ္ဓိဝိဓ၊ ဒိဗ္ဗစက္ခု၊ ဒိဗ္ဗသောတ၊ စေတောပရိယ၊ ပုဗ္ဗေနိဝါသာနုဿတိ၊ ယထာကမ္မုပဂ၊ အနာဂတံသတည်း- ဟူသော အဘိဉာဏ် ခုနှစ်ပါး…။
ရူပဈာန်လေးရပ်၊ အရူပဈာန်လေးရပ်အားဖြင့် သမာပတ်ရှစ်ပါး၊ ကျေးဇူးတော် တစ်ဆယ့်ရှစ်ပါး၊ ထူးပြား ဆန်းကြယ်၊ အံ့ဖွယ်တော် တစ်ဆယ့်ရှစ်စုံ၊ ထိုမျှဂုဏ်ကို ဥဿုံစိုးပိုင်တော် မူပြီး ထသော…။
(၁၃) ဒေဝပုတ္တမာရ်၊ ကိလေသမာရ်၊ ခန္ဓမာရ်၊ မစ္စုမာရ်၊ အဘိသင်္ခါရမာရ်၊ ဤ ငါးတန်တို့ကို၊ တိုက်လှန်ဖြိုခွဲ၍၊ အောင်ပွဲယူနိုင်၊ ရဲခေါင်တိုင်သော၊ ကာယာနုပဿနာ သတိပဋ္ဌာန်၊ ဝေဒနာနုပဿနာ သတိပဋ္ဌာန်၊ စိတ္တာနုပဿနာ သတိပဋ္ဌာန်၊ ဓမ္မာနုပဿနာ သတိပဋ္ဌာန် တည်းဟူသော သတိပဋ္ဌာန်လေးပါး...။
ဖြစ်ပြီးသော အကုသိုလ်တရားတို့ကို ပယ်ခြင်း၊ မဖြစ်သေးသော အကုသိုလ် ကံတို့ကို တဖန် အသစ်မဖြစ် စေခြင်း။ မဖြစ်သေးသော ကုသိုလ်တရားတို့ကို ဖြစ်ပွားအောင်လုံ့လပြုခြင်း၊ ဖြစ်ပြီးသော ကုသိုလ်တရားတို့ကို ကြီးပွား+စည်ပင်စိမ့်သောငှာ လွန်စွာလုံ့လပြုခြင်း တည်းဟူသော သမ္မပ္ပဓာန် လေးပါး...။
ဆန္ဒိဒ္ဓိပါဒ်၊ ဝီရိယိဒ္ဓိပါဒ်၊ စိတ္တိဒ္ဓိပါဒ်၊ ဝီမံသိဒ္ဓိပါဒ် တည်းဟူသော ဣဒ္ဓိပါဒ်လေးပါး….။
သဒ္ဓိနြေ္ဒ၊ ဝီရိယိနြေ္ဒ၊ သတိနြေ္ဒ၊ သမာဓိနြေ္ဒ၊ ပညိနြေ္ဒ တည်းဟူသော ဣနြေ္ဒငါးပါး....။
သဒ္ဓါဗိုလ်၊ ဝီရိယဗိုလ်၊ သတိဗိုလ်၊ သမာဓိဗိုလ်၊ ပညာဗိုလ် တည်းဟူသော ဗိုလ်ငါးပါး.…။
သတိသမ္ဗောဇ္ဈင်၊ ဓမ္မဝိစယသမ္ဗောဇ္ဈင်၊ ဝီရိယ သမ္ဗောဇ္ဈင်၊ ပီတိ သမ္ဗောဇ္ဈင်၊ ပဿဒ္ဓိ သမ္ဗောဇ္ဈင်၊ သမာဓိသမ္ဗောဇ္ဈင်၊ ဥပေက္ခာသမ္ဗောဇ္ဈင် တည်းဟူသော ဗောဇ္ဈင် ခုနှစ်ပါး…။
သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာဝါစာ၊ သမ္မကမ္မန္တ၊ သမ္မာအာဇီဝ၊ သမ္မာဝါယမ၊ သမ္မာသတိ၊ သမ္မာ သမာဓိ တည်းဟူသော မဂ္ဂင်ရှစ်ပါး…။
ဤသို့အားဖြင့်၊ ပိုင်းခြားတွက်ဖွဲ့၊ သုံးဆယ့်ခုနှစ်ရပ်၊ အလွန်မြတ်သော၊ ဗောဓိပက္ခိယ၊ ဓမ္မ အကျော်၊ ရဲမက်တော်တို့ကို၊ ကိုယ်ရံတော်ကြီး၊ ဦးစီး ဗိုလ်ချုပ်တင်လျက်၊ အသင်္ချေ၊ တွက်ရေမဆုံး၊ ပတ်ကုံး ကိလေသာ၊ မာရ်ဗိုလ်ပါတို့ကို ဆံလွှာ မကြွင်းအောင်၊ ခုတ်စဉ်းတိုက်သိမ်း၊ အငြိမ်းအောင်မြင်တော်မူသဖြင့်၊ အသင်္ခတ၊ ခေမရွှေဘုံ၊ ဓမ္မာရုံသဘင်၊ မြိုက်နန်းခွင်၌၊ ဥကင်စွင့်စွင့်၊ ဖွင့်တော်မူပြီးထသော...။
(၁၄) လေးအသင်္ချေ၊ လွန်လေတစ်သိန်း တွက်ကိန်းများလှ၊ ကပ်ထိုမျှ၌၊ လုံ့လကြိုးပမ်း ဖြည့်စွမ်း ဆည်းပူးတော်မူခဲ့သော….။
ဒါနပါရမီ၊ သီလပါရမီ၊ နိက္ခမပါရမီ၊ ပညာပါရမီ၊ ဝီရိယပါရမီ၊ ခန္တီ ပါရမီ၊ သစ္စာပါရမီ၊ မေတ္တာပါရမီ၊ အဓိဋ္ဌာန်ပါရမီ၊ ဥပေက္ခာပါရမီ၊ ဆယ်လီသုံးစုံ၊ ကုသိုလ်ဟုန်ကြောင့်၊ လူ့ဘုံစံပျော် အလောင်းတော်ဖြစ်ခါစကပင်၊ ကာဠာဝက၊ ဂင်္ဂေယျနှင့်၊ မဏ္ဍရ၊ တမ္ဗ၊ ပိင်္ဂလ၊ ဂန္ဓ၊ မင်္ဂလ၊ ဟေမ၊ ဥပေါသထ၊ ဆဒ္ဒန်၊ ဤဆယ်တန်သော ဆင်မျိုးတို့၏ ဆယ်ဆတက်၊ ဆယ်ဆတက်စီသော အားကိုဆောင်နိုင်သည်ဖြစ်၍၊ ယောင်္ကျား ဗိုလ်ခြေ၊ ကုဋေ တစ်သောင်း တို့၏ ကာယဗလ၊ ဌာန ဌာန၊ ကောသလ္လဉာဏ်၊ ဝိပါကဉာဏ်၊ သဗ္ဗတ္ထဂါမိနီဉာဏ်၊ နာနာဓာတုဉာဏ်၊ အဓိမုတ္တိဉာဏ်၊ ဣန္ဒြိယပရော ပရိယတ္တိဉာဏ်၊ ဈာနာဒိသံကိလေသဉာဏ်၊ ပုဗ္ဗေနိဝါသဉာဏ်၊ ဒိဗ္ဗစက္ခုဉာဏ်၊ အာသဝက္ခယဉာဏ်၊ တည်းဟူသော ဆယ်ပါးသောဉာဏ ဗလကို ရတော်မူသည်ဖြစ်၍ ...။
လူ့ပြည် နတ်ရပ် ခေတ်သုံးထပ်ကို၊ အုပ်ကွပ်စိုးပိုင်၊ နိုင်တော်မူခြင်းတည်းဟူသော ဣသရိယဘုန်းတော်…။
လောကုတ္တရာ တရား၊ မြတ်ကိုးပါးသို့ ထင်ရှားစွာရောက်ခြင်းတည်းဟူသော ဓမ္မဘုန်းတော်…။
နရဂ်၊ ဘဝဂ်၊ အောက်ထက်ပျံ့လှိုင်၊ သုံးခရိုင်၌၊ အဆုံးတိုင် ကျော်စော တော်မူခြင်းတည်းဟူသော၊ ယသဘုန်းတော်…။
သုံးဆယ့်နှစ်ပါး၊ သမိုက်ထားသော၊ ယောင်္ကျားမြတ်တို့၏ လက္ခဏာ၊ ရောင်ဝါမြုတေ၊ ကျက်သရေ အပေါင်းနှင့် ပြည့်စုံတော်မူခြင်း တည်းဟူသော သိရီဘုန်းတော်….။
အလိုတော်ရှိသမျှ၊ တခဏခြင်းဖြင့်သာ၊ ပြည့်စုံလာခြင်း တည်းဟူသော ကာမဘုန်းတော်…။
နိဗ္ဗာန်ရောက်ရာ၊ ဒေသနာဖြင့်၊ ဗြဟ္မာနတ်လူ၊ သုံးဘုံသူတို့ကို ကြည်ဖြူစွာလှ၊ သင်ဆုံးမသောကြောင့်၊ လောကလုံး ကိုးကွယ်ရာ၊ ဆရာ အဖြစ်သို့ ရောက်တော်မူခြင်း တည်းဟူသော ပယတ္တဘုန်းတော်…။
ဤ ခြောက်ဖော်သော၊ ဘုန်းတော်အမြတ် ၊ဂုဏ်အရဟတ်ဖြင့်၊ လောကဓာတ်လုံး။ ညွှတ်ရုံးညီကာ၊ ကောင်းချီးငြာလျက်၊ ဘဂဝါ ဟူသော ဘွဲ့ ပုံတော် အထူးဖြင့်၊ ညွှတ်နူးကော်ရော်၊ ပူဇော်ချီးပ အပ်သည်လည်း ဖြစ်ထသော…။
(၁၅) အဍ္ဎ ဆက္ကသတ၊ ဇာတကကို၊ ပုံပြသက်သေခံလျက်၊ အနန္တ ဘဝ ဖြစ်ဖြစ်သမျှ တိှု့၌၊ ဓနပရိစ္စာဂ၊ ပုတ္တပရိစ္စာဂ၊ ဘရိယ ပရိစ္စာဂ၊ အင်္ဂပရိစ္စာဂ၊ ဇီဝိတပရိစ္စာဂတည်း ဟူသော၊ စွန့်ခြင်းကြီး ငါးအင်၊ မဂ္ဂင်ဖောင်ပျံ စံလိုသူ အပေါင်းတို့ထက်၊ ကဲဆောင်း လွန်မြောက်၍၊ အထောက်မတန် ပြုခဲ့သော၊ ဟေတုသမ္ပဒါ၊ မြတ်သမ္ဘာကြောင့်၊ အဏိမာ၊ လင်္ဃီမာ၊ မဟိမာ၊ ပတ္တိမာ ကမ္မာ၊ ဤသိတာ၊ ဝသိတာ၊ ယတ္တကာမဝသယိတာ ဟူသော ဘာသာမဂဓို၊ ရာဇဂြိုလ်၊ ဥဒါန်းနှင့်အညီ၊ ရံသီနေပြောက်၊ ပြတင်းပေါက်၌၊ မြင်လောက်ရုံသော၊ အဏုမြူပမာ၊ သိမ်မွေ့စွာသော ကိုယ်တော်ကို၊ ငယ်အောင် ဖန်ဆင်းတော်မူနိုင်ခြင်း…။
ရေပြင်မြေမိုး၊ ပျံလျှိုး ငုတ်လွှား၊ သွားတော်မူနိုင်ခြင်း၊ ကြီးစေလိုက မြင့်မိုရ်ပြန်ရာ ထို့ထက်သာ၍၊ စကြာဝဠာပတ်လုံး၊ အုပ်ဖုံးပတ်လှည့်၊ ကိုယ်တော်ပြည့်အောင်၊ တရှိ ထိုတော် မူနိုင်ခြင်း၊
မြေထု ရေထူ မေရုပဗ္ဗတာ၊ သီလာ တောင်ထပ်၊ အတွင်းရပ်ကို၊ ကျဉ်းကျပ် ပိတ်ဆီးခြင်း မရှိ၊ ပကတိကောင်းကင်၊ ဟင်းလင်းပြင်ကဲ့သို့၊ လျှိုးဝင်ထွင်းဖောက်၊ ကြွရောက်တော်မူနိုင်ခြင်း…။
မနောဓိဋ္ဌာန်၊ စိတ်တော်ကြံတိုင်း၊ ကမ္မာ ကမ္မ ဟူသမျှကို၊ ကုံင ပြီးမြောက်တော်မူနိုင်ခြင်း…။
သုံးဆယ်တစ်ဘုံ အလုံးစုံကို ဥဿုံစိုးပိုင်တော်မူနိုင်ခြင်း…။
လောကီဈာန်ရပ် သမာပတ်ကို မပြတ်ဝင်ကာ၊ လိုတိုင်းပါအောင်၊ လေ့လာတော်မူနိုင်ခြင်း…။
သက်မရှိသည့်၊ ဂီရိ ဗဟို၊ တောင်မြင့်မိုရ်မှလည်း၊ လိုတော်လိုက်က၊ ညွှတ်ငိုက်လာရခြင်း တည်းဟူသော၊ တန်ခိုးတော်ရှစ်ဦး၊ ဘုန်းတော်ထူးဖြင့်၊ အံ့ကျူးပြီးပိုင်၊ မချီးနိုင်၍၊ တစ်ပြိုင်တည်လျက်၊ တစ်ပြိုင်ပျက်သော၊ စကြာဝဠာ တိုက်နေ၊ သိန်းကုဋေလုံး၊ ရွှေမုဋ္ဌာန်စွမ်း၊ အာဏာလွှမ်း၍၊ ထဲဝမ်းစိမ့်စိမ့်၊ ကြက်သီးဖိမ့်မျှ၊ ခြိမ့်ခြိမ့်ကြွေးကြော်၊ ပူဇော်ကြရာ၊ သုံးရွာလုံးတန်ဆောင်၊ မင်းခေါင်မင်းဖျား၊ မင်းတရား အစစ်လည်း ဖြစ်တော်မူထသော...။
(၁၆) လောကသုံးရွာ၊ သတ္တဝါတို့၏၊ ခန္ဓာ ရုပ် နာမ်ဝယ်၊ အဖန်ဖန် ကပ်ညိလျက်၊ ဖိစီးနှိပ်စက်တတ်သော၊ ပိဠနအနက်…။
ကံ ၊စိတ်၊ ဥတု၊ အဟာရတည်း ဟူသော အကြောင်းတရား လေးပါးတို့သည် ပြုပြင်စီရင် အပ်သော သင်္ခတ အနက်…။
မရောင့်ရဲစွာ၊ သတ္တဝါ တို့ကို လောင်ဆာပူ ပန်စေတတ်သော၊ သန္တာပ အနက်…။
ဇရာ၊ မရဏ၊ သောက၊ ပရိဒံတို့ဖြင့် ဖောက်ပြန် ပျက်စီးတတ်သော ဝိပရိဏာမ အနက်…။
တည်းဟူသော လေးပါးသော ဒုက္ခသစ္စာ အနက်တို့ကို လည်းကောင်း…။
အစမထင်၊ သံသရာ၌၊ လူးလာ စုံဆန်၊ အဖန်ဖန် သွားလာစေခြင်းငှာ၊ အားထုတ်တတ်သော၊ အာယူဟန အနက်…။
ဝဋ်ဆင်းရဲအပေါင်း၏ အကြောင်းမူလ ဖြစ်သော နိဒါန အနက်…။
ဝဋ်ဆင်းရဲ၌၊ အမြဲပျော်ရွှင်၊ တမင်မင်ဖြင့်၊ ကျင်လည်စေတတ်သော၊ သံယောဂ အနက်…။
ဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်းဖြစ်သော၊ မဂ္ဂသစ္စာကို ဆီးကာ၊ တားမြစ်တတ်သော၊ ပလိဗောဓ အနက်…။
တည်းဟူသော လေးပါးသော သမုဒယ သစ္စာ၏ အနက်တို့ကိုလည်းကောင်း။
သံသရာဝဋ်မှ၊ ထွက်လွန်ကူးမြောက် ပြီးသော နိဿရဏ အနက်…။
ပြုပြင်ရာသင်္ခါရတို့မှ ဆိတ်သော၊ ဝိဝေက အနက်…။
သေခြင်းစသော ဒုက္ခခပ်သိမ်းမှ ကင်းငြိမ်းချမ်းသာသော၊ အမတအနက်…။
တည်းဟူသော လေးပါးသော နိရောဓသစ္စာ၏ အနက် တို့ကို လည်းကောင်း…။
ဝဋ်ဒုက္ခ အပေါင်းတို့မှ ကောင်းစွာ ထွက်မြောက်တတ်သော၊ နိယျာနိက အနက်…။
နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော ဟေတုအနက်…။
နိဗ္ဗာန်ကို မြင်တတ်သော ဒဿန အနက်…။
သင်္ခါရတရားတို့ကို၊ အစိုးရသော အဓိပတေယျ အနက်...။
တည်းဟူသော လေးပါးသော၊ မဂ္ဂသစ္စာ၏ အနက်၊ တို့ကို လည်းကောင်း…။
အကြောင်း အကျိုး အားလျော်စွာ၊ လေးသစ္စာတို့ကို ဒဿနာကာရဖြင့် သောဠာသ ဝေဖန်၍၊ ရွှေဉာဏ်တော်ထင်ထင်၊ ရွှေလက်တင် ပတ္တမြား ကဲ့သို့၊ ပိုင်းခြားသိမြင်တော်မူသည့်အလျောက်၊ အထောက် အခံ၊ ကံဉာဏ်ကြီးရင့်၊ ပွင့်ထိုက်သော သတ္တဝါ၊ ဝေနေယျာတို့ကို၊ ပွင့်ပါစေ နှလုံးဖြင့်၊ စွေချုန်းထစ်ကြိုး၊ ရှစ်ကိုးနယ်ကုန်၊ သုန်သုန် ပြင်းဝှန်၊ ရွာဖျန်းသွန်သော၊ မေဃဝန်တမျှ၊ ဓမ္မဘေရီ၊ မေဒနီကို၊ နာရီမလပ်၊ လူနှင့်နတ်အား၊ မပြတ်တိုက်ကျွေး၊ ပေးတော်မူပေတတ်သော…။
သုံးရပ်လုံးဆရာ၊ ဒေဝါဒိ ဒေဝိန္ဒ၊ ဗြဟ္မာဓိ ဗြဟ္မိန္ဒ၊ တိဘဝပါရဂူ၊ အဘိဘူပါမောက္ခ၊ အနုတ္တရသင်းကျစ်၊ မဟာဓမ္မရာဇ်၊ မြတ်ရှင်ချစ်ကို...။
ခန္ဓာပဉ္စက၊ ဒြပ်မျှကို၊ ပေါင်းထယှဉ်ဖော်၊ ဘုရားတပည့်တော်သည်၊ ဝန္ဒေ ဝန္ဒာမိ၊ ဂုဏ်တော်ထုံမွှမ်း၊ ပုံတော်မှန်းလျက်၊ ချီးမွမ်းထောမနာ၊ ပဏာရိုကျိုး လက်စုံမိုး၍၊ ရှိခိုးကန်တော့လိုက်ပါ၏ မြတ်စွာဘုရား.....။

ပကိဏ္ဏက နမက္ကာရ အစိန္တေယျ - ဘုရားရှိခိုးကြီး ဤတွင် ပြီးပါပြီ…။


Read more...

လာခြင်းကောင်းသောဧည့်သည်ဖြစ်ပါစေ..

ဧည့်သည်ဆိုတာ ဘယ်ကိုရောက်ရောက် ခဏတာပဲတည်းခိုခွင့်ရပြီး အချိန်တန်ရင် ကိုယ့်ရဲ့နေအိမ်ကို ပြန်သွားရတာပါပဲ။ ဒီအိမ်မှာ ဘယ်လောက်ပဲပျော်ပျော် ဘယ်လောက်ပဲနေချင်နေချင်.. အချိန်တန်လို့ အိမ်ရှင်က လက်မခံချင်ဘူး.. ကိုယ်လည်းအိမ်ပြန်ရမယ့် အချိန်ရောက်ပြီဆိုရင်တော့ နှုတ်ဆက်ပြီးပြန်သွားရမှာပါပဲ။ ကျွန်တော်တို့တွေဟာလည်း ဒီလိုပါပဲနော်။ လူ့လောကလူ့ဘောင်ကို ခဏတာလေးလာရောက်ပြီး ဧည့်သည်အဖြစ် ခဏတာနေခွင့်ရကြတဲ့ ဧည့်သည်တွေပါ။ အချို့တွေက ဧည့်သည်အဖြစ်နဲ့ ခဏတာတည်းခိုခွင့်ရကြပေမယ့် အိမ်ရှင်တွေအတွက် အကျိုးစီးပွားဖြစ်အောင် လုပ်ဆောင်သွားကြတာရှိသလို.. အချို့ကျတော့လည်း အိမ်ရှင်တွေအတွက် ၀န်ထုပ်ဝန်ပိုးလိုဖြစ်နေပြီး အကျိုးမဲ့သလို တာဝန်မဲ့သလို နေထိုင်သွားကြတာတွေလည်း ရှိကြပါတယ်။ ကိုယ်ကလည်းပဲ လူ့လောကကြီးမှာ နေထိုင်တဲ့ ဧည့်သည်လူသားတစ်ယောက် ဖြစ်တဲ့အတွက်.. လူ့လောကကြီးကို အကျိုးပြုသွားတဲ့ ဧည့်သည်ကောင်းတစ်ယောက်လား.. ဒါမှမဟုတ် လူ့လောကကြီးအတွက် အပိုဝန်ထုပ်ဝန်ပိုးတစ်ယောက် ဖြစ်နေတဲ့ ဧည့်သည်ဆိုးတစ်ယောက်လားဆိုတာ သေချာဆန်းစစ်ကြည့်ဖို့ အရေးကြီးပြီပေါ့။

ဓမ္မဘေရီဆရာတော် ဟောပြဆုံးမသွားတဲ့ ဆုံးမသြ၀ါဒလေးတစ်ခု မှတ်သားမိပါတယ်။ "လူတွေဟာ မြေကြီးပေါ်မှာ နေထိုင်ကြီးပြင်းလာကြရတယ်.. ဒီလိုကိုယ့်ကိုနေထိုင်စေနိုင်ဖို့ အခိုင်အမာတစ်ခု ပေးထားတဲ့ မြေကြီးအတွက် ကိုယ်ဟာ ၀န်ထမ်းကောင်းတစ်ယောက်လား.. ဒါမှမဟုတ် အပိုဝန်ထုပ် တစ်ယောက်လား" ဆိုတဲ့ စကားလေးပါ။ ကျွန်တော်တို့တွေဟာ နေ့စဉ်နဲ့အမျှ မြေကြီးပေါ်မှာ နေထိုင်သွားလာကြတယ်.. မြေကြီးကို အကြောင်းပြုပြီး ပေါက်ရောက်လာကြတဲ့ သစ်ပင်တွေဆီမှ အောက်ဆီဂျင်ကို ရယူပြီး အသက်ဆက်ကြရတယ်။ မြေကြီးကိုအကြောင်းပြုကြီး ရရှိလာတဲ့ စားနပ်ရိက္ခာတွေကို စားသောက်ကြရတယ်။ အဆုံးစွန်ဆုံး ကိုယ့်ကို အကျိုးကျေးဇူးများစွာပေးတဲ့ မြေကြီးပေါ်မှာပဲ ကျင်ကြီးကျင်ငယ်ကို စွန့်ပစ်နေကြရတယ်။ ဒီလိုမျိုး ကိုယ့်ကို အကျိုးများစေအောင် လုပ်ဆောင်ပေးနေတဲ့ မြေကြီးပေါ်မှာနေထိုင်ပြီး မြေကြီးကို အကျိုးဖြစ်စေနိုင်အောင် ဘာတွေများ လုပ်ဆောင်ပေးခဲ့ပြီလဲ။

လူ့လောကလူ့ဘောင်ကို ရောက်ရှိလာပြီး ကမ္ဘာမြေကြီးပေါ်မှာ ခြေချလိုက်ပြီဆိုကတည်းက.. ကိုယ်ဟာ ကမ္ဘာမြေကြီးအတွက် သတ္တ၀ါတွေအားလုံးအတွက် အကျိုးစီးပွားကို ထမ်းဆောင်နိုင်တဲ့ ၀န်ထမ်းကောင်းတစ်ယောက်လား ဒါမှမဟုတ် ကမ္ဘာမြေပေါ်မှာနေထိုင်တဲ့ လူဆိုတဲ့ အသိဥာဏ်ရှိတဲ့ သတ္တ၀ါမှတစ်ပါး အခြားသတ္တ၀ါတွေလို အသိဥာဏ်မဲ့တဲ့ ၀န်ထုတ်ဝန်ပိုးဖြစ်စေတဲ့ အပိုဝန်ဆောင်တစ်ယောက်လား ဆိုတာလေး ပြန်ဆန်းစစ်ကြည့်ဖို့ဟာ အင်မတန် အရေးကြီးပါတယ်။ ဒီလိုမှမဟုတ်ရင် ကမ္ဘာမြေကြီးပေါ်မှာ အသိဥာဏ်မဲ့စွာပဲ တာဝန်မဲ့ နေထိုင်သွားမယ်ဆိုရင်တော့ အသိဥာဏ်ရှိတဲ့လူလို့ ပြောနေပေမယ့် အသိဥာဏ်မဲ့တဲ့ တိရိစ္ဆာန်ကောင်အလား ဘာမှထူးခြားသာလွန်သွားမှာ မဟုတ်ပါဘူးနော်။


တစ်ချို့တွေ ကမ္ဘာမြေကြီးပေါ် ရောက်လာတယ်။ လူတွေကို အကျိုးပြုဖို့နေနေသာသာ ကိုယ့်အတ္တတစ်ခုထဲကို ကြည့်ပြီး သတ္တ၀ါတွေရဲ့အသက်ကို သတ်ဖြတ်ပြစ်ကြတယ်။ လူပေါင်းများစွာရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ဖျက်ဆီးပြစ်ကြပါတယ်။ သူတို့တွေကြောင့် ကမ္ဘာကြီးဟာ မျက်ရည်ပေါင်းများစွာ ကျခဲ့ပြီး လောဘ၊ ဒေါသပေါင်းများစွာ ဖြစ်စေခဲ့ရတာပါ။ သူတို့တွေဟာ ကမ္ဘာမြေကြီးပေါ်မှာ ခဏတာတည်းခိုခွင့်ရကြတဲ့ ဧည့်သည်တွေဖြစ်ပေမယ့် ကမ္ဘာမြေကြီးအတွက် ဘာအကျိုးကျေးဇူးမှ မပြုတဲ့အပြင် ကမ္ဘာမြေကြီးကို ဒုက္ခပေါင်းများစွာတွေ ပေးသွားကြတဲ့သူတွေပါ။ လူတွေရဲ့ ရင်ထဲနှလုံးသားထဲမှာ လောဘ၊ ဒေါသ၊ မောဟတွေ အစုလိုက်အပြုံလိုက် ထည့်ပေးသွားတဲ့သူတွေလို့ ပြောမယ်ဆိုရင်လည်း မမှားနိုင်ပါဘူး။ ဒါဆိုရင် သူတို့တွေဟာ ကမ္ဘာမြေကြီးအတွက် လာခြင်းမကောင်းတဲ့ ဧည့်သည်တွေပဲလို့ ပြောလိုက်ပါရစေ။


ဒါဆိုလာခြင်းကောင်းတဲ့ဧည့်သည်ဆိုတာ ဘယ်လိုမျိုးလဲ။ လာခြင်းကောင်းတဲ့ဧည့်သည်ဆိုတာကတော့ မိမိအကျိုး အများအကျိုးကို အပြည့်အ၀သယ်ပိုးဆောင်ရွက်ပြီး သတ္တ၀ါတွေရဲ့အကျိုးစီးပွားကို အများသူငါထက် သာလွန်ကောင်းမွန်အောင် အကျိုးပြုဆောင်ရွက်သွားတဲ့ ပုဂ္ဂိုလ်မျိုးကို ဆိုလိုတာပါ။ သတ္တလောကတစ်ခုလုံးမှာ သတ္တ၀ါတွေရဲ့အကျိုးစီးပွားကို အစွမ်းဆောင်နိုင်ဆုံးဟာ ဗုဒ္ဓမြတ်စွာပါပဲ။ ဗုဒ္ဓမြတ်စွာဟာ သေရာအရပ်ကို အမြဲသွားနေကြတဲ့ သတ္တ၀ါတွေအားလုံးအတွက် လမ်းဟောင်းကို ပြောင်းလဲစေပြီး မသေရာအမြတ်နိဗ္ဗာန်လမ်းကို ဆိုက်ရောက်နိုင်အောင် လမ်းမှန်ကို ချပြခဲ့တဲ့ လမ်းပြဧည့်သည်ကောင်းပင် မဟုတ်ပါလား။ အမြဲတမ်းသေရာလမ်းကိုလျောက်လှမ်းပြီး လောဘ၊ ဒေါသ၊ မောဟတွေနဲ့ပြည့်နှက်နေတဲ့ သတ္တ၀ါအားလုံးရဲ့စိတ်သဏ္ဍန်ကို လောဘ၊ ဒေါသ၊ မောဟဆိုတဲ့ ကိလေသာတွေနဲ့ ကင်းဝေးစေအောင် တရားရေအေး အမြိုက်ဆေးတွေ တိုက်ကျွေးပြီး မသေရာ အမြတ်နိဗ္ဗာန်ကို ပို့ဆောင်ပေးနိုင်တဲ့ မြတ်ဗုဒ္ဓဟာ လာခြင်းကောင်းသောဧည့်သည်ပါပဲ။


လာခြင်းကောင်းသော ဧည့်သည်တွေ ရှိသလို လာခြင်းဆိုးသော ဧည့်သည်တွေလည်း ရှိတတ်ပါတယ်။ လာခြင်းဆိုးသောဧည့်သည်တွေ အများအပြားရှိတဲ့အနက် ဧည့်သည်ဆိုးတစ်ယောက်ရဲ့ အကြောင်းအရာလေး တင်ပြလိုပါတယ်။ ဒီအကြောင်းလေး စတင်ဖတ်မိတော့ ရင်ထဲမှာ တော်တော်လေး အလိုမကျဖြစ်မိပါတယ်။ သတ္တ၀ါတွေအပေါ်မှာ မေတ္တာတော်အနန္တနဲ့ ပြည့်စုံတော်မူပြီး သတ္တ၀ါတွေရဲ့အကျိုးစီးပွားကို တုနှိုင်းမရှိ စွမ်းဆောင်သွားတဲ့ ဘုရားရှင် ကိုယ်တော်မြတ်ကြီးအပေါ်မှာ တုန့်ပြန်လိုက်တဲ့ စကားတစ်ခွန်းပါ။ “အရှင်ဘုရားတို့… ၀မ်းမနည်းကြပါနဲ့၊ ဘုရားရှိတုန်းကဆိုရင် ဘယ်ဟာ မအပ်ဘူး၊ ဘယ်ဟာ အပ်တာဆိုပြီး တပည့်တော်တို့ကို ချုပ်ခြယ်နေတာ၊ အခုတော့ ဘုရားမရှိတော့ဘူး။ တပည့်တော်တို့ လုပ်ချင်ရာ လုပ်လို့ ရပြီ၊ တပည့်တော်တို့ လွတ်လပ်ပြီ” ဆိုပြီး ဘုရားရှင်ပရိနိဗ္ဗာန်စံခါနီးမှာ တုန့်ပြန်လိုက်တဲ့ သုဘဒ္ဒရဲ့စကားတစ်ခွန်းပါ။ အင်မတန် နားခါးစေတဲ့ စကားတစ်ခွန်းပါပဲ။ ဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုယ်တော်တိုင် ရှိတော်မူနေတဲ့ အချိန်မှာတောင် ဒီလိုစကားမျိုးပြောထွက်လိုက်သူရဲ့ စကားတစ်ခွန်းကြောင့် ရှင်မဟာကဿဖကိုယ်တော်မြတ်ကြီး ကိုယ်တော်တိုင် သာသနာတော်ကြီးအတွက် ရင်လေးစေခဲ့မိတာ အမှန်ပါပဲ။


လာခြင်းဆိုးတဲ့ဧည့်သည်တွေဟာ မိမိကိုယ်တိုင်လည်း လောကအတွက် ကောင်းကျိုးမပေးသလို ကောင်းကျိုးပေးတဲ့သူတွေကိုပါ ပြစ်တင်ပြောဆိုတတ်ပါတယ်။ ဘုရားရှင်ရဲ့အဆုံးအမသာ ကျွန်တော်တို့တွေ သိခွင့်မရကြဘူးဆိုရင် ကုသိုလ် အကုသိုလ်ဆိုတာ လုံးဝမသိဘဲ လုပ်ချင်ရာလုပ် ပြောချင်ရာပြောပြီး တိရိစ္ဆာန်တစ်ကောင်လိုပဲ ဘ၀ကိုအကျိုးမဲ့ အသုံးချသွားကြမယ်ဆိုတာ မလွဲပါဘူး။ လူ့လောကကြီးကို ရောက်လာတာ မြေကြီးပေါ်မှာ အသက်ရှင်နေရတုန်းမှာ ငါကောင်းစားဖို့ဆိုတဲ့ ငါဆိုတဲ့ အတ္တတစ်ခုကို ရှေ့တန်းတင်ပြီး “ငါ့အတွက်” “ငါ့အတွက်” ဆိုတာတွေနဲ့ လောဘ၊ ဒေါသ၊ မောဟမီးတွေ တဟုန်းဟုန်းတောက်လောင် နေကြမေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုတဲ့ စိတ်ထားတွေဟာ ဘယ်မှာရှာရမှာလဲလို့တောင် မေးယူရမယ် ထင်ပါတယ်။ ဒီလောက် တန်ဖိုးများစေတဲ့ ဘုရားရှင်ရဲ့အဆုံးအမတွေကို ရှုပ်တယ်လို့ပြောထွက်ခဲ့တဲ့ သုဘဒ္ဒရဲ့စိတ်မျိုးဟာ လောကကြီးအတွက် သူ့ကိုထမ်းထားရတဲ့မြေကြီးအတွက် အကျိုးမဲ့စေတဲ့ လာခြင်းဆိုးဧည့်သည် တစ်ယောက်ပါပဲ။


ဒီအကြောင်းအရာလေး ပြောမိတော့ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးရဲ့ ဆုံးမသြ၀ါဒလေး သတိရမိပါတယ်။ “အကယ်၍သာ မြတ်ဗုဒ္ဓသည်၊ လူ့ရွာထင်ရှား မပွင့်ငြားက၊ ဤကားကုသိုလ် အကုသိုလ်နှင့် ထိုထိုဘုံဘ၀ မသိရ များလှ အပြစ်တွေ” ဆိုတဲ့ သြ၀ါဒလေးပါပဲ။ လာခြင်းမကောင်းတဲ့ လူမိုက်ဧည့်သည်တွေအတွက်ကတော့ ဘုရားရှင်ဟောပြဆုံးမခဲ့တဲ့ အဆုံးအမတွေဟာ တားမြစ်ထားတာလို့ထင်ကြပြီး ဘုရားအဆုံးအမတွေကို ရှုပ်တယ်လို့ ထင်ကြမှာပါပဲ။ လာခြင်းကောင်းတဲ့ ပညာရှိသူတော်ကောင်းတွေအတွက်ကတော့ ဘုရားရှင်ရဲ့အဆုံးမတွေဟာ တန်ဖိုးဖြတ်လို့ တန်ဖိုးသတ်မှတ်လို့ မရနိုင်ကောင်းအောင် အဖိုးထိုက်တန်တဲ့ ရတနာတွေပဲဆိုတာ ယုံကြည်လက်ခံနေကြမှာပါ။ လာခြင်းကောင်းတဲ့ ဧည့်သည်တွေဖြစ်ဖို့ ဘုရားရှင်ရဲ့အဆုံးအမတွေကို လိုက်နာရင်း မိမိအကျိုး အများအကျိုးကို သယ်ပိုးဆောင်ရွက်နိုင်တဲ့ သူတော်ကောင်းတွေ ဖြစ်ကြပါစေလို့ ဆန္ဒပြုရင်း ကမ္ဘာမြေကြီးကို ကျေးဇူးဆပ်နိုင်တဲ့သူတွေ ဖြစ်ကြပါစေ..။



Read more...

သေမင်းမမြင်နိုင်သော လောက...

မောဃရာဇမာဏဝပုစ္ဆ


သေမင်းမမြင်နိုင်သော လောက...

မောဃရာဇသည် ဤသို့ မေးလျှောက်၏...

အကျွန်ုပ်သည်သာကီနွယ်ဖွား မြတ်စွာဘုရားကို နှစ်ကြိမ်တိုင် မေးလျှောက်ခဲ့ပါပြီ၊ စက္ခုငါးပါး ရှိတော်မူသော မြတ်စွာဘုရားသည် အကျွန်ုပ်အား ဖြေကြားတော် မမူခဲ့ပါ၊ ဝိသုဒ္ဓိနတ် ရဟန်းမြတ် ဖြစ်တော်မူသော အသျှင်ဘုရားသည် သုံးကြိမ် တိုင် မေးမှသာလျှင် ဖြေကြားတော်မူ၏ဟု အကျွန်ုပ် ကြားရဖူးပါသည်။ 1123 - 1

ဤလောကသည်လည်းကောင်း၊ အခြားလောကသည်လည်းကောင်း၊ နတ်နှင့်တကွ သော ဗြဟ္မာလောကသည် လည်းကောင်း၊ ဂေါတမအနွယ် ဖြစ်တော်မူသော အခြံ အရံ အကျော်အစော ရှိတော်မူသော အသျှင်ဘုရား၏ အယူကို မသိပါ။ 1124 - 2

ဤသို့ အလွန်မြတ်သည်ကို သိမြင်တော်မူလေ့ရှိသော မြတ်စွာဘုရားထံသို့ ပြဿနာ မေးလိုသဖြင့် အကျွန်ုပ် လာရောက်ပါ၏၊ လောကကို အဘယ်သို့ ရှုသူကို သေမင်းသည် မမြင်နိုင်ပါသနည်း။ 1125 - 3

မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏...
မောဃရာဇ အခါ ခပ်သိမ်း အောက်မေ့မှု 'သတိ' ရှိလျက် မိမိကိုယ်ဟု စွဲလမ်းယူမှု 'အတ္တာနုဒိဋ္ဌိ' ကို နုတ်ပယ်၍ လောကကို ဆိတ်သုဉ်းသောအားဖြင့် ရှုလော့၊ ဤသို့ ရှုသည်ရှိသော် သေမင်းကို လွန်မြောက် နိုင်ရာ၏၊ ဤသို့ လောကကို ရှုသောသူကို သေမင်းသည် မမြင်နိုင်။ 1126 - 4

၁၅ - မောဃရာဇမာဏဝပုစ္ဆ၊ ပါရာယနဝဂ်၊ သုတ္တနိပါတ်ပါဠိတော်၊ ခုဒ္ဒကနိကာယ်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


Read more...

ကိုးကွယ်တယ်ဆိုတာ ဘာလဲ (၁) - အရှင်သီလာနန္ဒာဘိဝံသ

ဗုဒ္ဓဘာသာဝင်ဖြစ်တယ်ဆိုရင် ရတနာသုံးပါးကို ကိုးကွယ်ရတယ်။
ကျမ်းဂန်စကားနဲ့ပြောရင် သရဏဂုံတည်ရတယ်။

‘သရဏဂုံ’လို့ ပြောလိုက်တော့ ကြောက်မသွားနဲ့။ အဲဒီလို ပြောလိုက်ရင် တို့မြန်မာစကားက ဘယ်ရောက်သွားလဲ … သိလား။ လူသေဆုံးတဲ့ဆီ ရောက်သွားရော။ ဘုန်းကြီးတွေ သရဏဂုံတင်တဲ့ဆီ စိတ်ရောက်သွားတယ်။ ဝေါဟာရဆိုတာ မလွယ်ဘူး။
‘သရဏဂုံ’ဆိုတာ ပါဠိလို ‘သရဏဂမန’လို့ခေါ်တယ်။

အဲဒီ ‘သရဏဂမန’ကနေ ‘သရဏဂုံ’လို့ ဆိုလိုက်တော့ နားမလည်ကြဘူး။ ရှေးက မြန်မာတွေက ပါဠိကို မြန်မာပြန်တဲ့အခါ တစ်ခါတစ်ခါတော့လည်း မြန်မာပြန်တယ်။ တစ်ခါတစ်ခါကျတော့လည်း ပါဠိပျက်သံနဲ့ပဲ ပြောတယ်။

‘စိတ်’ဆိုတဲ့ စကားလုံး ရှိသေးတယ်။ ‘စိတ်’ဆိုတဲ့ စကားကို မြန်မာစကားလို့ ထင်နေကြတယ်။
‘စိတ္တ’ဆိုတဲ့ ပါဠိကနေ ‘စိတ်’ဆိုပြီး ပါဠိပျက်စကား သုံးကြတာ။ မြန်မာမှုပြုကြတာပဲ။

အဲဒီလိုပဲ သရဏဂုံဆိုတာလည်း ဒီအတိုင်းပဲ။ ‘ဂမန’ကို (ဂုမ်/ဂုံ)လို့ ဘာသာပြန်ပြီးတော့၊ ‘သရဏ’ကတော့ ‘သရဏ’ပဲ။
‘သရဏဂမန’လို့ မခေါ်ဘဲနဲ့ ‘သရဏဂုံ’လို့ လွယ်လွယ် ခေါ်ကြတယ်။


သရဏဆိုတာ

‘သရဏ’ဆိုတာ ဘာလဲ?
‘ဂမန’ဆိုတာ ဘာလဲ?
‘သရဏ’ဆိုတာ ‘ဘုရားကို ကိုးကွယ်ခြင်း၊ ဆည်းကပ်ခြင်း’ပဲ။

‘သရဏ’ကို ကျမ်းဂန်တွေက ဘယ်လို ဖွင့်ပြထားသလဲဆိုတော့ ‘အပါယ်လေးပါး၌ဖြစ်သော ဆင်းရဲမှုကို သတ်တတ် ညှဉ်းဆဲတတ် ပယ်သတ်တာ’ကို ‘သရဏ’လို့ ခေါ်တယ်။

‘သရဏ’ဆိုတာ ရှင်းရှင်း ပြောရင် ‘ညှဉ်းဆဲတတ်တာ၊ ပယ်သတ်တတ်တာပဲ’။
ဘာကို ညှဉ်းဆဲတတ်တာလဲ?
ဒုက္ခကို ညှဉ်းဆဲတတ်တာ၊ ဒုက္ခကို ကာကွယ်ပေးတာပဲ၊ ဒုက္ခမရှိအောင် လုပ်ပေးတာ။

ဘုရား တရား သံဃာ ရတနာသုံးပါးဟာ တို့ကို ဘေးရန်တွေ ကာကွယ်ပေးတယ်။ ဆင်းရဲဒုက္ခမှ ကာကွယ်ပေးတယ်။ အပါယ်ကျတဲ့ ဒုက္ခမှ ကာကွယ်ပေးတယ်။

ကာကွယ်ပေးတယ်လို့ သုံးကြစို့။
တိုက်ရိုက်ပြောရင် ပယ်သတ်တယ်၊ ညှဉ်းဆဲတယ်လို့ ဒီလို သုံးရမယ်။
မြန်မာလို ပြန်ရင်တော့ ‘ကိုးကွယ်ရာ’လို့ ပြန်ထားတယ်။


ဗုဒ္ဓသရဏဂုံ

မြတ်စွာဘုရားက မင်းတို့ အကုသိုလ်တွေ မလုပ်ကြနဲ့။ ဒီလို ဟောတယ်။
ကုသိုလ်ကို လုပ်ကြ။
အကုသိုလ်တွေ မလုပ်ကြနဲ့ဆိုတာ မကောင်းမှုတွေ ဖြစ်မှာ စိုးလို့ ပြောတာ။ အကျိုးစီးပွားတွေ ပျက်စီးမှာ စိုးလို့ မလုပ်ကြနဲ့လို့ ပြောတာနဲ့ အတူတူပဲ။
ကုသိုလ်ကို လုပ်ကြလို့ ပြောတာဟာ အကျိုးစီးပွားရှိမည့် အလုပ်ကို လုပ်ကြလို့ အကျိုးစီးပွားရှိမည့် အလုပ်ကို လုပ်ကြလို့ ပြောတာနဲ့ အတူတူပဲ။

ဒါကြောင့် မြတ်စွာဘုရားဟာ သတ္တဝါတွေမှာ ဖြစ်မည့် ဘေးရန်တွေကို ကာကွယ်တယ်။ နှိပ်စက်တယ်။ ညှဉ်းဆဲတတ်တယ် ဆိုပြီး မြတ်စွာဘုရားကို သရဏလို့ ခေါ်တယ်။


ဓမ္မသရဏဂုံ

တရားတော်ကို သရဏလို့ ခေါ်တာကျတော့ တရားတော်ဆိုတာ မဂ် ဖိုလ် နိဗ္ဗာန် ပရိယတ်တရားကို ခေါ်တယ်။
မဂ်ဖိုလ်ရလိုက်ရင် ဒီပုဂ္ဂိုလ်ဟာ အပါယ်မကျတော့ဘူး။
အပါယ်ကျမည့် ဘေးမှ စောင့်ရှောက်တတ်တယ်။

အဲဒီလို တရားထူးလေး တစ်ခါ ရလိုက်ရင် မိမိတို့အဖို့ သက်သာရာ ရတယ်လို့ ဆိုလိုတယ်။

လောကဆင်းရဲ ဒုက္ခကြားမှာ နေရပေမယ့် တရားထူးလေး ရလိုက်တဲ့အခါ အပါယ်လေးပါး ကင်းဖို့ သေချာသွားပြီပေါ့။
သက်သာရာ ရတယ်လို့ ကျမ်းဂန်က သုံးတယ်။

အဲဒီလို သက်သာရာကို ရစေခြင်းဖြင့် သတ္တဝါတို့မှာ ဖြစ်မည့် ဘေးရန်ကို တားဆီးတတ်တယ်။ ဖျက်ဆီးပေးတတ်တယ်။
ဒါကြောင့် တရားတော်ကို သရဏလို့ ခေါ်တယ်။


သံဃသရဏဂုံ

သံဃာကို သရဏလို့ ခေါ်တာကျတော့ သံဃာဆိုတာ နည်းနည်းလေး လှူလည်း အကျိုး အများကြီး ရတယ်။
သံဃာကို လှူတာနဲ့ ပုဂ္ဂိုလ်ကို လှူတာ မတူဘူး။

ပုဂ္ဂိုလ်ကို လှူတာက အဲဒီပုဂ္ဂိုလ်က ကောင်းရင် အကြောင်း မဟုတ်ဘူး။ မကောင်းရင် အလှူမှာ အကျိုး အရနည်းတယ်။ ကောင်းရင် အကျိုး အရများတယ်။

ကောင်းတဲ့ မြေမှာ မျိုးစေ့စိုက်တာနဲ့ မကောင်းတဲ့ မြေမှာ မျိုးစေ့စိုက်တာ ကွာတယ်။

ဒါကြောင့် သံဃာလို့ ဆိုလိုက်တာနဲ့ မကောင်းတဲ့ သံဃာလို့ ဘယ်တော့မှ မရှိဘူး။ ကောင်းတဲ့ သံဃာချည်းပဲ။
နည်းနည်းလေး လှူသော်လည်းပဲ အများကြီး အကျိုးပေးတဲ့အနေနဲ့ သတ္တဝါတွေရဲ့ အကျိုးမဲ့ဖြစ်စေမည့် ဘေးရန်ကို ပယ်ဖျက် တားဆီးတတ်သောကြောင့် သံဃာကို သရဏလို့ ခေါ်တယ်။

နောက်ပြီး သံဃာကလည်း ဘုရားရှင်ရဲ့ တရားကို လိုက်နာ ကျင့်သုံးပြီး ဘုရားရှင် ဟောကြားတဲ့အတိုင်း လူနတ်ဗြဟ္မာ သတ္တဝါများအား အကုသိုလ် မလုပ်ကြနဲ့။ ကုသိုလ်ကို လုပ်ကြလို့ ဟောတယ်။
လိုက်နာ ကိုးကွယ်သူများမှာ ဘေးရန် ဆင်းရဲ ကင်းပြီး ကောင်းကျိုးချမ်းသာကို ရစေတယ်။

ဒါကြောင့် သံဃာကလည်း ကိုးကွယ်သူများအား ဆင်းရဲ ကင်းပျောက်၊ ချမ်းသာ ရောက်အောင် စောင့်ရှောက်တတ်လို့၊ ဆင်းရဲ ဘေးရန်တွေကို ပယ်သတ်တတ်လို့ သံဃာတော်ကို သရဏလို့ ခေါ်တာ။


သရဏဂမန = သရဏဂုံ

သရဏဆိုတာ ဘာလဲ?
ဘုရား တရား သံဃာပဲ။
မကောင်းမှုကို တားမြစ်တယ်။ ကောင်းမှုကို လုပ်အောင် အားပေး တိုက်တွန်းတတ်တယ်။

ဂမနဆိုတာ ပါဠိစကား၊ သွားခြင်းဆိုတဲ့ အဓိပ္ပာယ် ရှိတယ်။
ဒီနေရာမှာတော့ အဋ္ဌကထာဆရာက ‘သိခြင်း’ဆိုတဲ့ အဓိပ္ပာယ်ကို ယူပါတဲ့။

ဒါကြောင့် ‘သရဏဂမန’ဆိုတာ မြန်မာလိုတော့ ‘ကိုးကွယ်ခြင်း’၊ ‘ကိုးကွယ်ရာဟူ၍ သိခြင်း’၊ ‘ကိုးကွယ်ရာဟူ၍ အသိအမှတ် ပြုခြင်း’ကို ‘သရဏဂုံ’လို့ ခေါ်တယ်။

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
ဓမ္မံ သရဏံ ဂစ္ဆာမိ
သံဃံ သရဏံ ဂစ္ဆာမိ။

မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ သိမှတ်ပါ၏။

ရိုးရိုး အဓိပ္ပာယ်နဲ့ ပြောရင် -
မြတ်စွာဘုရားကို ကိုးကွယ်ပါ၏
တရားတော်ကို ကိုးကွယ်ပါ၏
သံဃာတော်ကို ကိုးကွယ်ပါ၏။

အဲဒီလို ဆိုလိုက်တော့ မင်းတို့ရဲ့ စိတ်ထဲမှာ ဘာဖြစ်သွားသလဲ။
ဒါကတော့ အဘိဓမ္မာဆန်သွားပြီ။ ကုသိုလ်စိတ် ဖြစ်တယ်။

ဘုရားအပေါ်မှာ ယုံကြည်တဲ့ ကုသိုလ်စိတ် ဖြစ်တယ်။
တရားအပေါ်မှာ ယုံကြည်တဲ့ ကုသိုလ်စိတ် ဖြစ်တယ်။
သံဃာအပေါ်မှာ ယုံကြည်တဲ့ ကုသိုလ်စိတ် ဖြစ်တယ်။

အဲဒီလို ယုံကြည်မှုကို ပါဠိလို ‘သဒ္ဓါ’လို့ ခေါ်တယ်။

တို့အခုလူတွေ သုံးနေတာတော့ ရက်ရောတာကို သဒ္ဓါလို့ သုံးနေကြတယ်။
ဒီပုဂ္ဂိုလ်က သဒ္ဓါတရား ကောင်းတယ်ဟေ့၊ များများ လှူတယ်၊ ခဏ ခဏ လှူတယ်ဟေ့လို့ ဒီလို သုံးတတ်တယ်။

တကယ်တော့ သဒ္ဓါတရား ကောင်းတယ်ဆိုတာ ‘ဘုရား တရား သံဃာတွေရဲ့ အပေါ်မှာ မှန်ကန်တဲ့ ယုံကြည်မှုရှိတဲ့ ပုဂ္ဂိုလ်’ကို သဒ္ဓါတရားကောင်းတယ်လို့ ခေါ်တာ။
အဲဒီ ယုံကြည်မှုရှိတဲ့ ပုဂ္ဂိုလ်ဟာ အလှူအတန်းလည်းပဲ လက်မနှေးဘူး။ ဒါကြောင့် ရက်ရောတဲ့ ပုဂ္ဂိုလ်ကိုလည်း သဒ္ဓါတရားကောင်းတယ်လို့ မြန်မာစကားမှာ သုံးတာ။


သမ္မာဒိဋ္ဌိ

ဘုရား တရား သံဃာကို ယုံကြည်လာပြီဆိုတော့ အဲဒီ သဒ္ဓါတရားတွေကို အကြောင်းပြုပြီး ကိုယ့်မှာ မှန်ကန်တဲ့ အယူတွေ ဖြစ်လာတယ်။

ဘုရားနဲ့ ပတ်သက်ပြီးတော့ ဘုရားဟာ တကယ် ရှိတယ်။
အရဟံ အစရှိသော ကိုးပါးသော ဂုဏ်တော်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။

တရားဂုဏ်တော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော တရားတော်။

သံဃာ့ဂုဏ်တော်ကိုးပါးနှင့် ပြည့်စုံတော်မူသော သံဃာတော်။

အဲဒီ ဘုရား တရား သံဃာကို ယုံကြည်တဲ့အတွက် မှန်ကန်တဲ့ အယူအဆတွေလည်း ကိုယ့်မှာ ရလာတယ်။
အဲဒါ သမ္မာဒိဋ္ဌိပေါ့။

အဲဒီလို ဖြစ်တဲ့ စိတ်ကို သရဏဂုံယူခြင်း၊ ကိုးကွယ်ရာဟူ၍ ဆည်းကပ်ခြင်းလို့ ခေါ်တယ်။

ကိုးကွယ်ရာဟူ၍ ဆည်းကပ်ခြင်းကို အတိအကျ ပြောစမ်းပါဆိုရင် ဘုရား တရား သံဃာကို ကိုးကွယ်နေတယ်၊ အာရုံပြုပြီးတော့ ယုံကြည်တဲ့ စိတ်။ ခေတ်စကားနဲ့ ပြောရရင်တော့ ခေါင်းထဲမှာ …. ဘုန်းကြီးတွေကတော့ ခေါင်းထဲမှာလို့ မသုံးဘူး။ နှလုံးထဲမှာလို့ သုံးတယ်။ …. နှလုံးထဲမှာ ဖြစ်တယ်။
အဲဒီစိတ်ကလေး ဖြစ်တာကို သရဏဂုံယူတယ်လို့ ခေါ်တယ်။

သရဏဂုံယူရင်လည်း ဒီစိတ် တကယ် ဖြစ်တယ်။


နားလည်မှုပါမှ သရဏဂုံ စစ်

ဒါဖြင့် မင်းတို့ ခုနက သရဏဂုံယူခဲ့ကြတယ် ….. ဟုတ်ရဲ့လား?
သရဏဂုံ တည်ခဲ့ကြတာ ဟုတ်ရဲ့လား?
ဖြေရ … ခက်နေပြီ။

ဒါပေမယ့် ငါတို့ … ဘုရား တရား သံဃာကို ကိုးကွယ်နေတယ် … ရှိခိုးနေတယ်လို့ အသိလေးတော့ ရှိနေမှာပေါ့။
အေး … ဒီကနေ့က စပြီး မင်းတို့ သရဏဂုံ အစစ်ရပြီ … မှတ်ထားပါ။

သရဏဂုံယူတဲ့အခါ နားလည်မှု ရှိပါမှ သရဏဂုံ အစစ် ရတယ်။

‘သိတဲ့စိတ် မပါဘဲနဲ့ ရွတ်တာ’၊ ‘ကိုယ့်အစား သူများက ယူပေးတာ’၊ သရဏဂုံအစစ် မရဘူးတဲ့။

မြတ်စွာဘုရားလက်ထက်တော်က ဗောဓိမင်းသားဆိုတာ ရှိတယ်။ ဒီမင်းသား သူ့အမေဝမ်းမှာ ကိုယ်ဝန်ရှိတဲ့အခါ သူ့အမေက မြတ်စွာဘုရားထံ သွားပြီးတော့ လျှောက်တယ်။
“အရှင်ဘုရား၊ ယခု တပည့်တော်မမှာ ကိုယ်ဝန် ရှိနေပါတယ်။ ယောက်ျားလေးဖြစ်လား၊ မိန်းကလေးဖြစ်လား မသိဘူး။ ဘာပဲဖြစ်ဖြစ် ဒီကလေးဟာ မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ အသိအမှတ်ပြုပါတယ်ဘုရား”လို့ လျှောက်တယ်။

မွေးလာပြီးတဲ့နောက် ကလေးဘဝမှာပဲ မသိတတ်သေးတဲ့အရွယ်မှာ အထိန်းတော်က မြတ်စွာဘုရားဆီ ခေါ်သွားပြီးတော့ လျှောက်ပြန်တယ်။ ဒီကလေးဟာ အရှင်ဘုရားကို ကိုးကွယ်ပါတယ်၊ ဆည်းကပ်ပါတယ်။

တစ်နေ့မှာ မြတ်စွာဘုရား သူ့ဆီကြွလာပြီးတော့ တရားဟောတယ်။
တရားဆုံးတော့ မြတ်စွာဘုရားကို သူ သဘောကျတယ်။ သူ့သူငယ်ချင်းကလည်း အနီးအနားမှာ ရှိနေတော့ ပြောတယ်။
မင်းက ဘုရားကိုတော့ ချီးမွမ်းနေတယ်။ ဒါပေမယ့် သရဏဂုံလည်း မယူဘူးလို့ ပြောတယ်တဲ့။

ဒီတော့ သူက ပြန်ပြောတယ်။
ဟေ့ … ငါက အမေ့ဗိုက်ထဲမှာ နေကတည်းက သရဏဂုံ ယူခဲ့တာကွ။ ကလေးဘဝတုန်းကတည်းက သရဏဂုံ ယူခဲ့တာ။ မင်းပြောလို့ အခုလည်း ငါ ထပ်ယူပါတယ်လို့ ပြောတယ်။

အဲဒီမှာ အဋ္ဌကထာက ဖွင့်တယ်။
ဟိုတုန်းက ဗိုက်ထဲမှာ သရဏဂုံယူတာ မရဘူးလို့ ပြောတယ်။
သရဏဂုံဆိုတာ စိတ်အသိဉာဏ် ပါမှ ရတယ်။

ကလေးဘဝက ယူတာလည်း မရဘူးတဲ့။

သို့သော် သူသိတတ်တဲ့ အရွယ်ရောက်တဲ့အခါ အမေက ပြောတယ် ဆိုပါတော့။ ငါ မင်းကို ကိုယ်ဝန်ရှိတုန်းက မင်းအတွက် သရဏဂုံ ယူခဲ့တယ်။ အထိန်းတော်ကလည်း ပြောတယ်။ မင်းကလေးဖြစ်စဉ်တုန်းက ငါက မင်းအတွက် သရဏဂုံ ယူခဲ့တယ်။
သြော် … ဟုတ်ပေသားပဲလို့ သူက အသိအမှတ် ပြုလိုက်ရင် သရဏဂုံ ရမယ်။
ဒီလိုမှ မဟုတ်ရင် သရဏဂုံ မရဘူးတဲ့။

ဒါကြောင့် ငါတို့ မြန်မာလူမျိုးတွေ ‘ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ’ဆိုနေရင် အဲဒီ အသိလေး ပါနေစေချင်တယ်။

“ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
ဓမ္မံ သရဏံ ဂစ္ဆာမိ
သံဃံ သရဏံ ဂစ္ဆာမိ”ကတော့ နေ့တိုင်းလောက် ဆိုနေမယ် ထင်တယ်နော်။

ဒီနေ့က စပြီး အဲဒီ အသိကလေးပါနေရင် နေ့တိုင်း သရဏဂုံ အပြည့်အဝ တည်နေပြီလို့ မှတ်ရမယ်။
ဒီမတိုင်ခင်ကဆိုရင် မင်းတို့ ရချင်မှ ရမယ်။ အတိအကျ မသိနိုင်ဘူး။

အေး … သရဏဂုံ-ကိုးကွယ်ရာလို့ ဆိုပြီး ဆည်းကပ်တာက ဘာလဲလို့ မေးရင်တော့ တိတိကျကျ ပြောရရင် ကိုးကွယ်တဲ့အခါ ခေါင်းထဲမှာ နှလုံးထဲမှာ ဖြစ်တဲ့ ကုသိုလ်စိတ်ကို ခေါ်တယ်။

မြတ်စွာဘုရားကို ကိုးကွယ်ပါတယ်လို့ ဆိုတဲ့အခါမှာ မင်းတို့ စိတ်ထဲမှာ မကောင်းတာတွေ ရှိသေးလား? လောဘတို့ ဒေါသတို့ ရှိသေးလား?

မရှိဘူး။ အဲဒီ အချိန်အခါမှာ လောဘ ဒေါသ အစရှိတဲ့ ကိလေသာတွေ ကင်းနေတယ်ပေါ့။
အဲဒီလို ကိလေသာတွေ ကင်းပြီးတော့ ဘုရားကို ကိုးကွယ်တဲ့ စိတ် မိမိသန္တာန်မှာ ဖြစ်နေတယ်။
အဲဒါကို သရဏဂုံလို့ ခေါ်တယ်။

ကိုးကွယ်ရာဟူ၍ သိတယ်၊ ကိုးကွယ်ရာဟူ၍ ဆည်းကပ်တယ်။
အဲဒါကြောင့် ငါတို့ ဘုရားကို ကိုးကွယ်တယ်ဆိုတာ မကောင်းမှုမှ တားမြစ်တယ်။ ကောင်းမှုကို တိုက်တွန်းပေးတတ်တယ်ဆိုတဲ့ အနေနဲ့ အသိအမှတ်ပြုတာကို ကိုးကွယ်တယ် ဆိုတယ်။


ကိုးကွယ်တယ်ဆိုတာ တရားကို ကျင့်တာ

တို့ ဗုဒ္ဓဘာသာမှာ ဘုရားဆိုတာဟာ ဟောကြားရုံပဲ ရှိတယ်။
ကိုယ် ကိုယ်တိုင်က ကျင့်ရတယ်။

မြတ်စွာဘုရား ကိုယ်တော်တိုင်က ပြောထားတယ်။ ငါကိုယ်တိုင် ဒီတရားကို သိပြီးလို့ ခုမင်းတို့ကို ဟောတာ။ အခု မင်းတို့က ကိုယ့်ဟာကိုယ် ဝီရိယစိုက်ပြီး ကျင့်ရမယ်တဲ့။

တို့ ဘုရားဆိုတာ ဟောကြားရုံပဲ ဟောကြားနိုင်တယ်။ ဆိုလိုတာကတော့ ‘ရော့ မင်းတို့အတွက် နိဗ္ဗာန်’လို့ မပေးနိုင်ဘူး။
သွားတောင်းလည်း အလကားပဲ။

ဘုရားဆီမှာ နိဗ္ဗာန်ကို တောင်းလို့ ဘုရားကလည်း ပေးနိုင်တာမှ မဟုတ်တာ။ အဲဒီတော့ ကိုယ်ကိုယ်တိုင် ကျင့်ရမယ်။ ကိုယ်ကိုယ်တိုင် ကောင်းတာလုပ်ရင် အဲဒီ ကောင်းတဲ့အကျိုးကို ကိုယ်ကိုယ်တိုင် ရမယ်။ ကိုယ် မကောင်းတာ လုပ်ရင် မကောင်းတဲ့အကျိုး ကိုယ်ပဲ ရမယ်။ သူများက ကိုယ့်အတွက် တာဝန်ခံတာမျိုး မရှိဘူး။

ဘုရားကို ကိုးကွယ်ပါ၏။
တရားကို ကိုးကွယ်ပါ၏။
သံဃာကို ကိုးကွယ်ပါ၏လို့ ဘယ်လောက် ဆိုနေ ဆိုနေ၊ မကျင့်ရင် မရဘူး။

တစ်ဖက်မှာ ကိုယ်တိုင် ကျင့်မှ ရတယ်ဆိုတဲ့ စကား ရှိတယ်။
ဒီဘက်ကျတော့ တို့က ဘုရားကို ကိုးကွယ်နေတယ်၊ အားထားနေတယ်ဆိုတော့ အဓိပ္ပာယ်ရှိရဲ့လား။
ဘုရားကို အားကိုးတယ်ဆိုတာ ကျောင်းသားက ဆရာကို အားကိုးနည်းမျိုး အားကိုးတာ။ ကျောင်းမှာ ဆရာက ကျောင်းသားအတွက် စာမကျက်ပေးနိုင်ဘူး၊ သင်ပြပေးတယ်။
မင်းတို့ ဘယ်လို လုပ်ကြ၊ ဘယ်လို ကျင့်ကြလို့ပဲ ညွှန်ပြပေးနိုင်တယ်။ မင်းတို့ သွားကစားနေကွာ၊ မင်းတို့အတွက် ငါကျက်ထားပေးမယ်၊ ဒီလို လုပ်လို့ မရဘူး။

အဲဒီလိုပဲ မြတ်စွာဘုရားက မင်းတို့ ဘယ်လို လုပ်ကြ၊ ဘယ်လို နေကြ၊ ဘယ်လို တရားကျင့်ကြ၊ အဲဒီလို လေ့ကျင့်ပေးတယ်။ ဟောကြားပေးတယ်။ အဲဒီလိုသာ လုပ်ပေးနိုင်တယ်။

ဒါကြောင့် ဘုရား တရား သံဃာ ကိုးကွယ်တယ်ဆိုတာ မြတ်စွာဘုရားကို လမ်းကောင်း လမ်းမှန် ညွှန်ပြပေးနိုင်တဲ့ ဆရာအဖြစ် အသိအမှတ် ပြုတယ်၊ အားထားတယ်။ တရားကိုလည်း ဆရာအဖြစ် အသိအမှတ် ပြုတယ်။ အဲဒါကိုပဲ ကိုးကွယ်တယ်လို့ ဆိုတာ။
ကိုးကွယ်တယ်ဆိုတာ ကလေးက အမေကို အားကိုးတာမျိုး မဟုတ်ဘူး။ ငါကိုးကွယ်ရင် ပြီးရော၊ ကျန်တာတွေ ဘုရားက အကုန်လုံး လုပ်ပေးလိမ့်မယ်လို့ ဒီလို မျှော်လင့်ချက်နဲ့ အားကိုးတာလည်း မဟုတ်ဘူး။ အဲဒါကို နားလည်ပါ။



++++++

ဆရာတော် အရှင်သီလာနန္ဒာဘိဝံသ၏ “အခြေခံ ဗုဒ္ဗဘာသာ ယဉ်ကျေးမှု” မှ

Read more...

မယားရှိ ပုတီးဂိုဏ်း ဘိုးတော်... (မစိုးရိမ်စာသင်သား)

အကြားအမြင်နှင့် ယတြာ (မစိုးရိမ်စာသင်သား)

မယားရှိ ပုတီးဂိုဏ်း ဘိုးတော်...







Print this post


Read more...

လမ်းညွှန်မြေပုံ...

လမ်းညွှန်မြေပုံ...

အမှားတွေက အဖုံဖုံ...
သူ(ကျုပ်)တို့သွားလို့ နေကြပုံ...
ရောက်ကြမယ်တဲ့ အကုန်...
အပါယ်ရယ်တဲ့ လေးဘုံ...
lknt

မသိတာက စ၍ကြုံ...
သိအောင်လည်း မလုပ်ကြကုန်...
လမ်းမှန်လျှောက်ဖို့ တိုက်တွန်းရုံ...
အကျွန်ုပ်ပေးတဲ့ အကြံအကုန်...
pnth

နည်းတွေက အတော်စုံ
အားလုံးကတော့ အမှန်ထင်ရပုံ
ကိုယ့်အချင်းချင်း စွပ်စွဲသုန်မှုန်
တရားရှင်များ သတိမူပါကုန်...
VMT

Print this post


Read more...

အဲဒါ ရဟန်းတဲ့လား...

အဲဒါ ရဟန်းတဲ့လား... အဲဒါ ရဟန်းတဲ့လားကွယ်... (အရှင်သုဇာတ)






Print this post


Read more...

ဆွေစကား မျိုးစကား ပေါ့ပေါ့ ပါးပါး

_Ashin_nanika မြိန်ရာ ဟင်းကောင်း၊ ခင်ရာ ဆွေမျိုး-တဲ့ မြန်မာဆိုရိုးစကားရှိတယ်။ အကောင်းအမွန်တွေ ခမ်းခမ်းနားနား ထယ်ထယ်ဝါဝါ ချက်ပြုတ်ထားတာ ထက် အစပ်အဟပ်တဲ့၊ ကိုယ့်ခံ တွင်းနဲ့ လိုက်ဖက်ညီလို့ စား ကောင်းရင်ဖြင့် ဟင်းကောင်း။ သွေးသား တော်စပ်လို့ ဆွေမျိုး ဆိုတာထက် ကိုယ်နဲ့သင့်တင့် ညီညွတ်၊ သူ့အကျိုး ကိုယ့် အကျိုး အချင်းချင်း ပံ့ပိုးကူညီ ကာ ချစ်ချစ်ခင်ခင် နေထိုင်နိုင် သူမျိုးကိုသာ ဆွေမျိုးလို့ ဆို လိုတာဖြစ်တယ်လို့ လွယ်လွယ် နဲ့ သိနိုင်တဲ့ ဆိုရိုးစကားလေး ပါပဲ။ လိုရင်းကတော့ အရာရာမှာ ကိုယ်နဲ့၊ ကိုယ့်အကြိုက်နဲ့ သင့် တင့်မျှတ အဆင်ပြေခြင်းမျိုးကိုသာ ကောင်းတယ်လို့ ပြောလိုရင်း ဖြစ်မှာ ပါ။ ဒါပေမယ့် ဒီဆိုရိုးစကားလေးကို သုံးနှုန်းကြတာက အခြားသူတွေ ဘာပဲဖြစ်ဖြစ်နေနေ ကိုယ့်အတွက် ကောင်းလျင်၊ ကိုယ့်အပေါ်ကောင်းလျင်ဖြင့် အများတကာအပေါ် ဘယ်လိုဆိုးဆိုး ဆွေမျိုးလို့ဆိုရမယ်ဆိုတဲ့ မကောင်းတဲ့အဓိပ္ပါယ် ထွက်နိုင်တဲ့ နေရာမျိုးမှာ သုံးစွဲလေ့ မရှိတာကိုတော့ သတိပြုမိပါတယ်။ ဒါကိုကပဲ ဒီဆိုရိုး စကားလေးရဲ့ လှပပြီးချစ်ဖွယ်ကောင်းတဲ့ အနှစ်သာရတစ်ခုများ ဖြစ်နေလေမလားတော့ မဆိုနိုင်ဘူးပေါ့။

ဒီစကားလေးက အခြားသူတွေအတွက် ဘယ်လောက်အတိုင်းအတာအထိ လေးနက်မှန်ကန်မယ်၊ မမှန်ကန် ဘူးဆိုတာကိုတော့ ကိုယ်မဟုတ်လို့ မခန့်မှန်းနိုင်ဘူးပေါ့။ ရောက်ရာအရပ်မှာပျော်။ ကိုယ်နဲ့ စိတ်သဘောထား တိုက်ဆိုင်ပြီး ပေါင်းလို့သင်းလို့ အဆင်ပြေချောမွေ့သူတွေကိုသာ ဆွေရင်းမျိုးရင်းလို သဘောထား၊ အစားမှာ ဆိုလည်း အများတကာတွေကောင်းလို့ ကောင်းလိုက်တာမျိုး မဟုတ်ပဲ ကိုယ်ကြိုက်လျင် ကိုယ်ကောင်းတယ် လို့ သတ်မှတ်လိုက်တဲ့ကိုယ့်အဖို့တော့ တကယ့်ကိုမှ မှန်ကန်တဲ့စကားလေးပါပဲ။ (ဒါဆိုရင် ဆန်ပြုတ်နဲ့ မုန့်ဟင်း ခါး၊ တခြားစားစရာ မရှိမှ စားလို့ အမြဲပြောတဲ့ ကိုယ့်ကိုယ် မုန့်ဟင်းခါးက သွေးမစပ်တဲ့ တစိမ်းပြင်ပြင်ပေါ့လို့ ငေါ့ထေ့အပြုံးနဲ့ လာမမေးနဲ့။ မုန့်ဟင်းခါးက စိတ်သဘောထား အခန့်မသင့်လို့ ယာယီမခေါ်နိုင်၊ မပြောနိုင်ဖြစ် နေတဲ့ ကိုယ့်ရဲ့နှမ)။
ကိုယ်မွေးဖွားတဲ့ အရပ်ကနေ ထွက်ခွါလာခဲ့တာလည်း ကြာခဲ့ပြီ။ ပြောရရင် အသက်ရဲ့ သုံးပုံနှစ်ပုံကျော်လောက် က ကိုယ့်ဇာတိမြေနဲ့ ဝေးရာအရပ်မှာ နေထိုင်ခဲ့တာ။ နေထိုင်ခဲ့တဲ့နေရာတွေမှာ ဆွေမျိုးရင်းချာဆိုတာလည်း မရှိ သလောက်။ ဒီတော့ သွေးရင်းနှီးတဲ့ ဆွေမျိုးတွေနဲ့ ဝေးဝေးမှာပဲ အမြဲရှိနေတဲ့ ကိုယ့်အဖို့ ခင်ရာမင်ရာကိုသာ ဆွေမျိုးရင်းချာလို သဘောမထားနိုင်လျင် ခက်ပဲခက်ရချည့်။ ခုတော့လည်း ရောက်ရာနေရာ၊ ကျရာ အရပ်၊ စပ် ဟပ်အောင်နေတတ်တဲ့အကျင့်က အသားကျလို့နေပြီ။ ဒီလိုနေတတ်မှုသည်ပင်လျင် ဘဝရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လို့လည်းနေပြီ။ ဗုဒ္ဓမိန့်တော်မူတဲ့ ဝိဿာသပရမာ ဉာတိ= ချစ်ကျွမ်းဝင်ခြင်းဟာ အကောင်းဆုံး ဆွေမျိုးဆို တဲ့ စကားအတိုင်း ချစ်ကျွမ်းဝင်လို့ တော်စပ်လာတဲ့ဆွေမျိုးတွေ အများကြီးဖြစ်နေပြီ။ အရာအထောင်မျှ မက။ တဒင်္ဂမျှ တွေ့ရသူလည်း ကိုယ့်ဆွေမျိုးရင်းချာ ဖြစ်နိုင်တာပဲပေါ့။ မကောင်းဘူးလား။
ဒီလိုဆို လက်ရှိဘဝရဲ့ အဖေအမေ ညီကိုနှစ်မ သတိမရဘူးတော့တဲ့လားဆိုလျင်တော့လည်း သတိရမိတဲ့ခါ လည်း ရှိရဲ့ပေါ့။ သို့ပေမယ့်လည်း တမ်းတမ်းတတ လွမ်းလှချည်ရဲ့ ဆိုတာမျိုးနဲ့ သတိရမိတတ်တာမျိုးတော့လည်း မဟုတ်ပါဘူး။ ဘဝသံသရာ ဆွေရယ်မျိုးရယ် ကြုံဆုံလာခိုက် ကိုယ်တတ်နိုင်တာ ကိုယ်ကကူ လိုက်၊ ကိုယ် မတတ်နိုင်တာ သူ့အကူ ယူလိုက်ဆိုတဲ့ သာမန်ဘဝတစ်ခုရဲ့ တော်စပ်ရင်းနှီးမှုအရ သတိရရုံသာပါပဲ။ ဒီထက်ပို ပြီး ဒဏ်သင့်သံယောဇဉ်မျိုးနဲ့တော့ သတိရ မနေတတ်ခဲ့ပါဘူး။
ဆွေမျိုးအကြောင်းရေးမယ်ဆိုမှ ဒီရက်ပိုင်းမှာပဲ ခင်မင်တဲ့ဆရာတော်များဆီကတဆင့် စင်ကာပူကိုရောက်နေတဲ့ ဆွေမျိုးထဲက အမတစ်ဦးနဲ့ အီးမေးအဆက်အသွယ်ရတယ်။ သူ့မိသားစုရဲ့ ဓာတ်ပုံကိုလည်း ပို့ပေးလို့ တွေ့ရ တယ်။ ကိုယ်ငယ်ငယ် ရှစ်နှစ်ကိုးနှစ်သားလောက်က သူ့ကို တစ်ခါနှစ်ခါတွေ့ဖူးတာ။ သူ့မိဘတွေကတော့ ရွာကို မကြာမကြာလာပြီး လာတိုင်းလည်း အချိန်အတော်ကြာကြာနေတတ်လို့ အတော်ရင်းနှီးခဲ့တယ်။ သူတို့ သား သမီးတွေနဲ့တော့ တွေ့မြင်ဖူးကာမျှသာဖြစ်လို့ မရင်းနှီးခဲ့ဘူး။

အမမိသားစုနဲ့ ရင်းနှီးတဲ့ မိတ်ဆွေတွေဆီကတဆင့်တော့ သုံးလေးကြိမ်ထက်မနည်း သူတို့မိသားစုအကြောင်း ကြားဖူးတယ်။ ကိုယ့်ကိုယ်မေးမေးနေတယ်ဆိုတာကိုလည်း သူတို့ဆီကနေသိရတယ်။ သူတို့ပြောပြတဲ့ နာမည်နဲ့ ကိုယ့်ဆွေမျိုးထဲမှာ အခြားတစ်ယောက်လည်းရှိတယ်။ သူ့ကိုတော့ ကိုယ်ငယ်ငယ် သာမဏေစာသင်သားဘဝ က သူတို့အိမ်မှာ နှစ်ပေါင်းများစွာ ဆွမ်းခံကြွဖူးလို့ ရင်းနှီးတယ်။ သို့ပေမယ့် မိတ်ဆွေဆရာတော်တွေပြောပြတဲ့ အမအကြောင်းက အဲဒီအမပုံစံနဲ့က တခြားစီမို့ ဘယ်လိုမှ ဆက်စပ်မရနိုင်အောင်ဖြစ်နေခဲ့တယ်။ ခုတစ်ခါမတော့ စင်ကာပူကနေ သူတို့မိသားစုပုံကို ပို့ပေးလိုက်လို့ သူတို့မိခင်ကြီးကိုတွေ့လိုက်ရမှ ရှင်းရှင်းလင်းလင်း သိသွား တယ်။

ကိုယ့်သွေးသားဆွေမျိုးထဲကသူတစ်ဦးဆီကနေ စာရှည်ရှည်နဲ့ မိသားစု ဓာတ်ပုံကို ဒါပထမဆုံးရဖူးတာ။ သူ့အီး မေးကိုပြန်ရင်း သိဖူးတဲ့သူ့ညီအကိုမောင်နှမတွေအကြောင်း ပြောပြပါဦးလို့ ထည့်ရေးလိုက်တာကြောင့် ပြည့် ပြည့်စုံစုံ ညီအကိုမောင်နှမတွေအကြောင်း ရေးပြပါတယ်။ သူရေးပြလိုက်မှ အချို့နာမည်တွေက ပြန်ပေါ်လာ တော့တယ်။ တွေ့ရစဉ်ကလည်း ခဏတဖြုတ်၊ တကယ့်ကိုမှ အခိုက်အတန့်။ နောက်ပြီး သူတို့က မြို့မှာမွေး၊ မြို့မှာကြီးသူတွေ။ တောမှာမွေးကြီးသူတစ်ယောက်နဲ့ မြို့မွေးကြီးသူရဲ့ ဘဝပုံစံက တစ်ဘာသာစီ။ မတူညီတတ်။ ဒီတော့လည်း ရင်းနှီးမှု သိပ်မရှိခဲ့ကြတာလည်း အဆန်းတော့ မဟုတ်ဘူးပေါ့။ သူတို့ အငယ်ဆုံးမောင်တစ် ယောက်ပဲ ကိုယ်နဲ့လည်း အရွယ်မတိမ်းမယိမ်း။ ရွာလာတဲ့အခါလည်း သူ့မိဘတွေနဲ့ ကြာကြာနေတတ်လို့ ကိုယ်နဲ့က ရင်းနှီးတာ။

ပြန်မတွေ့တာလည်း အတန်ကြာ၊ အလွန်လည်း မရင်းနှီးခဲ့ပေမယ့် မိသားစုတွေရဲ့ နာမည်တွေကို သူရေးပြတော့ နာမည်တွေပြန်မှတ်မိတာကိုပဲ ကိုယ့်ကိုယ်ကို ကျေနပ်နေမိပါတယ်။ ကိုယ်က ကိုယ့်ကိုယ်ကို မေ့တတ်သူတစ် ယောက်လို့ ထင်ထားတာ။ ဒီလိုဆိုတော့လည်း ကိုယ်ထင်ခဲ့သလောက် ကိုယ်သိပ်မဆိုးသေးပါဘူးပေါ့။ လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးဆယ်လောက်က နာမည်တွေ ခုလောက်လွယ်လွယ် ပြန်မှတ်မိနေနိုင်သေးတာ သိပ်မမေ့တတ် သေးလို့သာပေါ့နော။ ခုဆို ကိုယ့်အမသားသမီးတွေတောင်မှပဲ အမကို ကိုယ်တွေ့ရစဉ်က အရွယ်မကတွေ ရှိနေ ကြ့ပီ။

သူရေးချင်တာတွေ ရေးလို့အားရတော့ ‘စာလည်း တော်တော်ရှည်သွားပြီ။ တပည့်တော်လည်း စာရေးဆရာ အမျိုးဆိုတော့ စာရေးတာလည်း ရှည်သွားတာထင်တယ်ဘုရား’ ဆိုပြီး သူ့စာကို အဆုံးသတ်သွားပါတယ်။ သူ့ စာကိုဖတ်ပြီး ကိုယ့်အမလည်း ခေသူဟုတ်မယ် မထင်ဘူးလို့ မှတ်ချက်ပြုမိပါတယ်။ ရတဲ့အခိုက်လေးကိုပဲ ကိုယ့် ကို ခတ်ဖြစ်အောင် ခတ်သွားလိုက်သေးတာ။ ပြောပါစေပေါ့။ ကိုယ်ကလည်း သူများတွေကို မထိတထိ အဲဒီလို ပြောပြောနေတတ်တာ။ ကိုယ့်ကိုပြောတဲ့သူလည်း တခါတလေတော့ ဒီလိုပဲတွေ့ရမှာပေါ့။

သွေးသားနီးစပ် ဆွေမျိုးတွေပေမယ့် ခုလိုနှစ်ပေါင်းရှည်ကြာ သူဘယ်နေလို့နေမှန်းမသိ၊ ကိုယ်ဘယ်ရှိလို့ ရှိ မှန်းမသိပဲ နေထိုင်တတ်ကြတာမျိုး။ ဆွေမျိုးပေမယ့် ကိုယ်ကလည်း သူ့အကျိုး ဘာမှ မဆောင်နိုင်ခဲ့သလို သူက လည်း ကိုယ့်အကျိုး ဘာမှ မဆောင်နိုင်ခဲ့ကြတာမျိုး၊ နှုတ်အားဖြင့်ပင်လျင် ဖေးမကူညီမှု မရှိနိုင်ခဲ့ကြတာမျိုး လည်း ရှိတာကိုပြောချင်တာပါ။ တချို့များဆို တစ်သက်တာလုံး တစ်ခါမျှကို ပြန်မဆုံတတ်နိုင်ကြတာမျိုးလည်း ရှိတတ်တာပါပဲ။ သို့ပေမယ့် တခါခါမှာတော့ မိတ်ဆွေသူငယ်ချင်းတွေ၊ ဆွေတွေမျိုးတွေဆိုတာ မထင်မှတ်တဲ့ နေရာကနေ မမျှော်လင့်ပဲ ပြန်လည်ဆုံလာကြုံလာတတ်တာမျိုး။ ဒါသက်သေပဲလေ။

ခုရက်ပိုင်းမှာပဲ အသိထဲက သုံးလေးယောက်ဆီကနေ နိုင်ငံခြားမှာ ဆွေမျိုးမိဘတွေနဲ့ခွဲခွါပြီး တစ်ယောက်ထဲ နေ နေရတာ တခါခါမှာ သိပ်အထီးကျန်တယ်၊ စိတ်အားငယ်မိတယ်လို့ ပြောတာကို ကြားရပါတယ်။ အလုပ်နဲ့အကိုင် နဲ့။ ကိုယ့်ဘဝကိုယ် ထိန်းကျောင်းပဲ့ပြင်နိုင်စွမ်းရှိသူတွေဆီကနေ ဒီစကားမျိုး ကြားမိတော့ အလုပ်အကိုင်မရှိ၊ နေထိုင်ခွင့်လည်း မသေချာ မရေမရာနဲ့ နိုင်ငံရပ်ခြားမှာ နေကြရ။ မြင်မြင်သမျှ အကြောက်တရားနဲ့ စွန့်စားကာ နေထိုင်လှုပ်ရှားနေကြရတဲ့သူတွေအကြောင်းကိုတွေးမိပြီး သူတို့တွေဆိုလျင်တော့ သိပ်စိတ်အားငယ်ရှာမှာပဲလို့ အမှတ်ရစွာနဲ့ စာနာစိတ်ဖြစ်မိပါသေးတယ်။

တကယ်တော့လည်း ဘဝရဲ့အဓိပ္ပါယ်ဆိုတာက သာမန်လေးကြည့်ပြီး သာမန်လောက်သိရုံလေးထက်ပိုပြီး လေး နက်ပါတယ်။ ဆန်းကြယ်လည်း ဆန်းကြယ်ပါတယ်။ ဘဝတိုတို ခဏတာလေးမျှကိုသာကြည့်ပြီး အဖေ အမေ၊ ညီအကိုမောင်နှမ သွေးသားအရင်းတွေလို့ ဆိုကြရတာ။ ဆွေမျိုးတော်စပ်တယ်လို့ ပြောကြရတာ။ သံသရာ အတိုင်းအတာနဲ့ အရှည်မျှော်ကြည့်မယ်ဆိုလျင်ဖြင့် အားလုံးက ဆွေမျိုးမတော်စပ်ဖူးတဲ့ တစိမ်းပြင်ပြင်ဆိုတာ မရှိနိုင်ဘူးတဲ့။ ဒီလိုဆိုတော့လည်း ဘယ်မှာ သင်တစ်ယောက်တည်း ဟုတ်တော့လို့လဲ။ ဆွေတွေမျိုးတွေ သင့် မှာ အများကြီး။ တကယ်တော့ ဆွေမျိုးဆိုတာ သွေးသားစပ်ကာမှ တော်လို့စပ်လို့ရတာ မဟုတ်တာ။

ဒီလိုဆိုတော့ ဟောဒီစာကိုဖတ်နေတဲ့ သင်လည်းပဲ ကိုယ့်ရဲ့ အကို၊ ညီ၊ ဒါမှ မဟုတ် နှမ အမ။ အမိ အဖ။ ကပ် လျက် အရင်ဘဝလေးကပဲ ဖြစ်ချင်လျင် ဖြစ်နေခဲ့မှာ။ မဝေးမစိမ်းလှသေးတာကြောင့်သာလျင်ပဲ ကိုယ်ကရေးလို့ သင်က ဖတ်ခွင့်ရနေတာ။ ဟော သင့်မှာ ဆွေမျိုးတစ်ယောက်တိုးသွားပြီ။ ဒီတော့ တစ်ယောက်ထည်းမို့ အား ငယ်လျင် ဘေးမှာရှိတဲ့ တစ်ယောက်ကို မိဖအရွယ်ဆိုလျင်ဖြင့် ကိုယ့်မိခင်ဖခင်။ အလားတူပဲ။ ညီအကိုမောင်နှမ ညီမအမအရွယ်တွေကို တွေ့လိုက်လျင်လည်း ကိုယ့်ညီ ကိုယ့်အမ ကိုယ့်နှမတွေလိုပဲ သဘောထားလိုက်ပေါ့။ ကိုယ့်ကိုယ်လည်း သင့်ဆွေမျိုးစာရင်းသွင်းထားဖို့ မေ့မထားနဲ့ပေါ့။ ဆွေမျိုးရှာဖို့ ဘယ်လောက်လွယ်သွားလိုက် လဲ။ ဟုတ်ဖူးလား။

တစ်ယောက်ထဲဖြစ်နေတဲ့အခါမျိုးမှာ ကိုယ်ဝါသနာ စာလေးဖတ်လို့။တခါခါတော့ ကိုယ်နှစ်သက်တဲ့ အသံငြိမ့်ငြိမ့် လေးကို နားထောင်လို့ ငြိမ်ငြိမ်လေးနေမိတတ်တယ်။ တစ်ယောက်ထဲဖြစ်ချိန် အများဆုံး နေမိတတ်တာက ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ်မှာ လောလောဆယ် ဘာတွေများဖြစ်နေသလဲလို့ ပြန်လည်လေ့ကြည့်နေခြင်းပဲပေါ့။ ဒီလိုကြည့်နေရင်းပဲ ကိုယ့်မှာဖြစ်နေတဲ့အရာတွေက ပတ်ဝန်းကျင်မှာရှိနေတဲ့ သက်ရှိသက်မဲ့တွေနဲ့ သူရယ်ငါ ရယ် သက်ရှိသက်မဲ့ရယ်လို့ မကွဲပြားတော့ပဲ တစ်သားတည်းဖြစ်သွားတာမျိုးကို ခံစားရပြီဆိုလျင်ဖြင့် ကိုယ့်မှာ တစ်ယောက်ထဲဆိုတဲ့ အသိမျိုး မရှိလာတော့ပါဘူး။ ကိုယ်လည်းပဲ သူ၊ သူလည်းပဲကိုယ်။ အားလုံးက တစ်ခု တည်းသာ။ ဒုတိယအရာ ရှိတယ်ထင်မှသာ အဖော်ဆိုတာ ရှာလိုစိတ်ဖြစ်မှာပါ။ တကယ်တော့ အဖော်ဆိုတာ အပြင်မှာ တမင်တကာ ရှာရမည့်အရာမျိုးမှ မဟုတ်တာ။ အဖော်မငဲ့ပဲ ပျော်တတ်လျင်ဖြင့် အဖော်မဲ့ခြင်းဆိုတာ ဘယ်မှာရှိနိုင်ပါတော့မလဲ။ မဖြစ်နိုင်တာလို့ မပြောနဲ့နော်။ ဖြစ်နိုင်လို့ ပြောတဲ့စကားပါ။ အချိန်နည်းနည်းပေးလို့ စမ်းကြည့်ဦးပေါ့။

တကယ်လို့ ဒီလောက်ထိမရင့်ကျက်သေးဘူးဆိုလျင်ဖြင့် ဆရာတော်တွေ မိန့်ကြားတတ်တဲ့ စကားလေးတွေက ဆင်ခြင်လိုက်နာဖွယ်ရာလေးတွေပါ။ တိပိဋကဓရ ယောဆရာတော်ရဲ့ ‘တစ်ယောက်ထဲပင် စွမ်းအင်အပြည့် တည်ရှိဘိ၊ သတိဖြင့်သာနေ။ အများ တကာ ဆက်ဆံရာ မေတ္တာပါမှ အဆင်ပြေ။ သတိမေတ္တာ ဤနှစ်ဖြာ လူ့ရွာ အဆိပ်ဖြေ’ဆိုတဲ့ စကားလေးက အမှတ်ရနေစေဖို့ ကောင်းတဲ့အရာ။
ခဏကြုံ ဆုံတွဲလို့
ခွဲကြရ ဒို့သူငါ
များလှဘဝါ။
လူ့ဘုံမှာ
ကြုံလာရ ခုချိန်တွင်း
သူ့လိုအင် ငါကူလို့
ငါ့ကိုပင် သူကူလို့
စိတ်ထားတူ ကြည်ဖြူကြလျင်
ကောင်းလှဘိခြင်း။ ။ ရယ်လို့ ပျံလွန်တော်မူသွားပြီဖြစ်တဲ့ မဟာစည်နာယကဆရာတော် အရှင်သုန္ဒရ(ဘီအေ) က ကဗျာလေး စပ်ဆိုထားခဲ့တယ်။

ဘဝဆိုတာ တကယ့်ကိုမှ ခဏတာလေးမျှသာ။ အမိရယ် အဖရယ်၊ ညီအကိုမောင်နှမရယ်၊ မိတ်ဆွေသူငယ်ချင်း ရယ်၊ လုပ်ဖော်ကိုင်ဖက်ရယ်လို့ ခဏတာကြုံဆုံလာရအခိုက်လေးမှာ အပြန်အလှန်ဖေးမကူညီရင်း သင့်တင့်မျှတ စွာ နေထိုင်သွားမယ်ဆိုလျင် ဘဝဆိုတာက နေပျော်ဖွယ်ပါ။ နို့မဟုတ်လို့ သူ့အပေါ် ကိုယ်ကစီး၊ ကိုယ့်အပေါ် သူကခွါ။ အချင်းချင်းတွေကြားမှာ လှည့်စားမှုတွေ၊ ဟန်ဆောင်မှုတွေ၊ မရိုးသားမှုတွေ၊ အညာတွေ၊ မာယာတွေ ပါလာမယ်ဆိုလျင်တော့လည်း ဘယ်မှာ နေပျော်ဖွယ်ဘဝကို ပိုင်ဆိုင်နိုင်ပါ့မလဲ။

ရောက်ရာဘဝမှာ တွေ့ကြုံဆုံရတဲ့သူတွေနဲ့ မျှတအောင်နေ၊ သင့်တင့်အောင်ပေါင်းပြီး သူ့ကောင်းကျိုး ကိုယ်က ဆောင်၊ ကိုယ့်ကောင်းကျိုး သူကပြုလို့ လူမှုဝတ္တရား ကျေပွန်စွာ နေသွားကြဖို့သာ အရေးကြီးတာပါ။ အားလုံးက ဆွေမျိုး တွေချည်းသာပါ။ ခင်ရာမင်ရာ ဆွေဉာဖွဲ့လို့ ကြင်ကြင်နာနာ နေတတ်ဖို့သာ လိုတာပါ။ ။

(အမရေးလိုက်တဲ့စာကို တိုက်ရိုက်ပြန်ရေးဖို့စိတ်ကူးရင်း အခြားသူတွေပါ ဖတ်ပြီး တခုခု အကျိုးရှိနိုင်စေဖို့ပါ စိတ်ကူးပေါ်လာလို့ ဒီစာကို ခုလိုရေးလိုက်တာ။ သူ့အကြောင်း ထည့်ရေးရကောင်းလားလို့ ကိုယ့်အမတော့ စိတ်ဆိုးလိမ့်မယ် မထင်ပါဘူး၊ စိတ်ဆိုးဖို့ စိတ်ကူးရှိလျင် လည်း ‘စာရေးဆရာရဲ့ဆွေမျိုးဆိုတော့ ဒီလောက်ဆိုးမျိုးတော့ ခံရပေမပေါ့လေ’လို့သာ ဖြေတွေးပေးဖို့ ကိုယ့်အမကို ပြောလိုက်ပါရဲ့)



Read more...

သာသနာတော် တည်ရာအုတ်မြစ်ဟာ ဘာလဲ

ဒကာ။ ။သာသနာတော်ကို တည်ထောင်တဲ့နေရာမှာ မြတ်စွာဘုရားသခင်ဟာ အဓွန့်ရှည်ကြာတည်တံ့အောင် ဘာကို ဦးတည်လျက် အုတ်မြစ်ချ အခြေခံတော်မူတယ် ဆိုတာ စာပေမှာ ပါပါသလားဆရာတော်။
ဆရာ။ ။ပါတယ် ဒကာကြီးတို့၊ သုတ်သီလက္ခန် ဋီကာသစ်ဆရာက သာသနာတော်၏ ဦးတည်ချက်အခြေခံမူလကို...
ဒီဃ ဒဿီ စိရံကာလံ
ပတိဋ္ဌာပေသိ သာသနံ။
အရှည်ကို မြင်သိတော်မူသော မြတ်စွာဘုရားသခင်သည် ကြာမြင့်စွာသော ကာလပတ်လုံးတည်တံ့ နိုင်စေရန်သာသနာတော်မြတ်ကို ၀ိနည်းတရားဖြင့် သီလကိုဦးတည်ကာ အခြေခံအုတ်မြစ်ချ၍ တည်စေတော်မူခဲ့သည်ဟု ယခုလိုဆိုထားတာရှိတယ်။
လူတွေဝိနည်းတတ်အောင်သင်ပါ။
ဝိနယေ ဌိတေ သာသနံ ဌိတံ တဲ့ ။
ဒါကြောင့် သာသနာတော်အရှည်ခံ၍ တည်တံ့စေချင်ရင် လူတွေက ၀ိနည်းတရား သင်ကြားကာ ၀ိနည်း သီလ သိက္ခာနှင့် ပြည့်စုံတော်မူကြတဲ့ ရဟန်းသံဃာတော်တို့ ကိုသာရွေးချယ်စိစစ် ကိုးကွယ်ကြရမည်။ ၀ိနည်းတရားဟာ သာသနာတော်ရဲ့ အုတ်မြစ်အခြေခံ အသက်ပဲ။

ဝန်ခံချက်။ ။အရှင်သြဘာသာဘိဝံသ ရေးသားသော သုတေသန သမ္မာမဂ္ဂင်္ဂပဉှာကျမ်းမှ ထုတ်နှုတ်ရေးသားပါတယ်။



Read more...

ခုဇ္ဇုတ္တရာ ဂုဏ်ရည်


အမျိုးသမီးစွမ်းဆောင်ရှင် (အပိုင်း-၁)
၁၃၆၄ - ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော်(၁၃) ရက်၊ ညချမ်း ကာလ(၇)နာရီ (၄၅)မိနစ်အချိန်က စတင်၍ ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ (၆) ရပ်ကွက်၊ ဘူတာရုံလမ်း၊ ဇေယျဝတီပရိယတ္တိစာသင်တိုက် ဝိဇ္ဇာဓရဓမ္မ ဗိမာန်တော်မှာ ဦးအောင်ထွန်း+ဒေါ်အေးမြင့် သားသမီးတစ်စု ဓမ္မဒါနပြုသဖြင့် ဆင်ယင်ကျင်းပသော ဓမ္မသဘင်ကို ယခုမေတ္တာအာသီသဖြင့် မေတ္တာပတ္ထ နာဖြင့် စတင်ဖွင့်လှစ်ပါပြီ။
ဓမ္မသဘင်ပွဲသို့ရောက်ရှိလာသော တရားချစ်ခင် သူတော်စင်အ ပေါင်းတို့နှင့်တကွ သုံးဆယ့်တစ်ဘုံ အရပ်ဆယ်မျက်နှာ အနန္တစကြာဝဠာ၌ရှိကြကုန်သော အနန္တသတ္တဝါတွေ ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်းကင်းငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ၊ ကိုယ် စိတ်နှစ်ပါး ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေလို့ မေတ္တာဓာတ်တွေ ဖြန့်ဝေ ပြီးတော့ ဓမ္မသဘင်ကို စတင်ဖွင့်လှစ်ပါပြီ။
ဤနေ့ ဇေယျဝတီဓမ္မသဘင်မှာ အားလုံးသောတရားချစ်ခင် သူတော်စင်တွေ ဘုန်းကြီးတို့ဟောနေတဲ့ ဓမ္မအစီအစဉ်က မြတ်စွာဘုရား လက်ထက်တော်ကာလက ဧတဒဂ်ဘွဲ့ထူးရရှိတဲ့ ပုဂ္ဂိုလ်လေးမျိုးတို့ရဲ့ဓမ္မအစီအစဉ် ဖြစ်ပါတယ်။
(၁) ရဟန်းတွေရယ်။
(၂) ရဟန်းမတွေရယ်။
(၃) ဒကာတွေရယ်။
(၄) ဒကာမတွေရယ်။
အဲဒီပုဂ္ဂိုလ်လေးမျိုးတို့ကို မြတ်စွာဘုရားက ဧတဒဂ်ဘွဲ့ထူးနဲ့ သာသနာတော်မှာ ချီးမြှောက်တော်မူခဲ့တာတွေရှိတယ်။
ဧတဒဂ်ဘွဲ့ထူးရ ပုဂ္ဂိုလ်တို့ရဲ့အကြောင်း
ဒီကနေ့ အမျိုးကောင်းသားတွေ အမျိုးကောင်းသမီးတွေ အားကျ စေဖို့ အတုယူစေဖို့ မိမိတို့ရဲ့ဘဝလမ်းကြောင်း ဖြောင့်ဖြောင့်ကြီး နိဗ္ဗာန်တိုင် လျှောက်လှမ်းပြီးတော့ ဘဝနှင့်စိတ်နေသဘောထားအာလုံး မြှင့်တက်စေဖို့ရာ နည်းလမ်းမျိုးစုံကို ပေးသွားတဲ့ ဧတဒဂ်ဘွဲ့ထူးရှင် ပုဂ္ဂိုလ်တို့ရဲ့ အကြောင်းအရာ ဘုန်းကြီးတို့ စတင်ဟောနေတဲ့ အစီအစဉ်ကတော့ ဥပါ သိကာဧတဒဂ်ဖြစ်ပါတယ်၊ ဥပါသိကာဆိုတာ အိမ်နေသူ ဒကာမတွေ ခေါင်းရိပ်လို့ ရဟန်းဝတ်နိုင်ကြတာတော့မဟုတ်ဘူး။
အိမ်မှာနေရင်း သားမွေးရင်း အိမ်ထောင်ပြုရင်း လုပ်ကိုင်ဆောင် ရွက်ရင်း စီးပွားရေး ဘာညာစသည် လောကီလူမှုရေးတွေကို ဒီလိုပဲ ပုဆိုးနှင့်ထမီနဲ့ လူ့လောကမှာ လုပ်ကိုင်ဆောင်ရွက်ရင်းနဲ့ ဧတဒဂ်ဘွဲ့ကို ရယူ သွားကြတဲ့ ယောက်ျားတွေ မိန်းမတွေ ဘုရားလက်ထက်က အများကြီးရှိ ကြတယ်။ အဲဒီတော့ ယခု အစအနေနဲ့ ဘုန်းကြီးတို့ရန်ကုန်မှာဟောနေတဲ့ အစီအစဉ်ကတော့ ဥပါသိကာတဲ့။
ဥပါသိကာ ဆိုတာ အိမ်နေသူ ဒကာမ၊ နောက်တစ်ခါ ဘိက္ခုနီဆိုရင် ရဟန်းမ၊ ရဟန်းဝတ်သွားတယ်၊ ပြီးတော့မှ ဥပါသကာဆိုတာ ဒကာ ယောက်ျား၊ နောက်ပြီးတော့ ဘိက္ခုဆိုလို့ရှိရင်ရဟန်း။ အဲဒီလို ရဟန်းရယ် ရဟန်းမရယ်၊ ဒကာရယ်၊ ဒကာမရယ်၊ လေးမျိုးထဲက ဒီကနေ့ ဥပါသိကာ ဆိုတဲ့ ဒကာမ ဧတဒဂ်ရ ပုဂ္ဂိုလ်များရဲ့အကြောင်းကို ဘုန်းကြီးတို့ပြောမယ်။
အဲဒီတော့ ရန်ကုန်ရွှေမြို့တော်ကြီက အလွန်ကျယ်ပြန့်တယ်၊ အလွန်ကြီးမားတဲ့မြို့တော်ကြီးတစ်ခုဆိုတော့ ဘုန်ကြီးတို့တရားတစ်ပုဒ်ကို မြို့ရဲ့အရှေ့ အနောက် တောင် မြောက် အရပ်လေးမျက်နှာမှာနှံ့အောင် ဟောရရင်ပိုကောင်းတယ်၊ တစ်ပုဒ်တစ်နေရာ ဟောသွား၊ နောက်တစ်နေ ရာ တစ်မျိုးပြောင်းသွား၊ ဒီလိုလည်းပဲ ဟောဖို့ရာ ဘုန်းကြီးတို့တာဝန်မ လေးဘူးပေါ့။ သို့သော်လည်းပဲ မြို့ရှိတဲ့လူတွေခပ်များများကို နှံ့စပ်အောင် တရားတစ်ပုဒ်ကို ကြားသွားရရင် ပိုကောင်းတယ်။
အဲဒီလိုယူဆတဲ့အတွက်ကြောင့် ယခုဒီကနေ့ အစီအစဉ်မှာတော့ တရားတစ်ပုဒ်ကို ဘုန်းကြီးတို့ ရန်ကုန်ရွှေမြို့တော်မှာ နေရာဝေးရင်ခွဲပြီး တော့ သုံးနေရာ၊ သို့မဟုတ် လေးနေရာ ဒီလိုဟောပြီးတော့မှ နောက်အ သစ်တစ်ခုပြောင်းမယ်။
အမျိုးသမီးစွမ်းဆောင်ရှင် ခုဇ္ဇုတ္တရာ
အဲဒီတော့ ယခုဆိုလို့ရှိရင် အားလုံးမှတ်သားဖို့ကတော့ ဗဟုသု တ ဓမ္မကထိက ဧတဒဂ်ဘွဲ့ကိုရရှိတော်မူသော ဘယ်သူလဲဆိုလို့ရှိရင် ခုဇ္ဇုတ္တရာ။ ပရိသတ်ကြီး ဘယ်သူ့အကြောင်းလဲ။
ခုဇ္ဇုတ္တရာအကြောင်းပါဘုရား။
တရားရှိတဲ့ ဧတဒဂ်ဘွဲ့ ''ဗဟုသုတဓမ္မကထိက'' ပြန်ပြောကြည့် လိုက်ပါ။
ဗဟုသုတဓမ္မကထိကပါဘုရား။
ဗဟုသုတ ဆိုတာ သင်ထားတာ၊ နာထားတာ၊ မှတ်ထားတာ၊ ဖတ် ထားတာ၊ ကြားထားတာ၊ ဆောင်ထားတာ၊ အများကြီးရှိတယ်၊ အဲဒါ ဗဟုသု တခေါ်တယ်၊ ဘာတွေကို သင်ထား ဖတ်ထား မှတ်ထား ကြားထား နာထား ဆောင်ထားသလဲမေးရင် ပိဋကတ်သုံးပုံ။ ကာတွန်းတွေ မဂ္ဂဇင်းတွေ ဂျာနယ်တွေ မဟုတ်ပါဘူး၊ ပိဋကတ်သုံးပုံကို သင်ထားတာလည်းအများကြီး၊ ကြားထားတာလဲ အများကြီး၊ သင်ထား ကြားနာထားသမျှ အကုန်လုံးမှတ် မိတယ်၊ တစ်လုံးမှမေ့မပြစ်အောင်ဆောင်ထားတယ်။ အဲဒါကြောင့် သူဟာ ဘာခေါ်သလဲဆိုတော့ ''ဗဟုသုတ'' ဘာခေါ်သလဲ။ ဗဟုသုတခေါ်ပါတယ်ဘုရား။
Burst in learning သင်ကြားတဲ့နေရာမှာ အများကြီးပဲ၊ နောက် တစ်ခါ အဲဒီသင်ထား မှတ်ထား ကြားထား ဆောင်ထားတာတွေကို ပြန်ပြီး တော့ အကုန်ဟောနိုင်တယ်၊ ပြန်ပြီးတော့ဟောနိုင်တဲ့အတွက်ကြောင့် ဘာ လဲဆိုတော့ ဓမ္မကထိက၊ သင်တာ ကြားတာများတော့ ဗဟုသုတ၊ ပြန်ဟော တော့ ဓမ္မကထိက နှစ်ထပ်ရတယ်၊
အဲဒါ အိမ်နေတဲ့မိန်းမတစ်ယောက် ရဟန်းဝတ်သွားတာကို မဟုတ် ဘူး။ အိမ်မှာနေရင်းနဲ့ ဒီဘွဲ့ရတယ်၊ ပိဋကတ်သုံးပုံကို အကုန်လုံးသူက မ သင်ဘူးတာ၊ မမှတ်ဘူးတာ၊ မကြားဘူးတာ၊ မနာဘူးတာမရှိဘူးတဲ့။ ပိဋကတ် သုံးပုံအကုန်သင်ဖူးတယ်၊ သင်ဖူးသမျှလည်းပဲ သူမှတ်မိတယ်၊ မှတ်မိသမျှ လည်း ပြန်ပြီးဟောတယ်။ ဟောဒီကမာရွတ်ကအမျိုးသမီးတွေနဲ့တော့ နည်း နည်းလောက်ပဲကွာမယ်ထင်တယ်နော်။

ခုဇ္ဇာနှင့်ဥတ္တရာ ပေါင်းစည်းခြင်း၏ ဂုဏ်ရည်
အဲဒါ ဘယ်သူလဲဆိုရင် ခုဇ္ဇုတ္တရာ၊ ခုဇ္ဇာဆိုတဲ့စာလုံးရယ်၊ ဥတ္တရာ ဆိုတဲ့စာလုံးရယ် ဒီနှစ်လုံးပေါင်းထားတာ၊ ဘာနဲ့ဘာပေါင်းထားသလဲ။
ခုဇ္ဇာနဲ့ဥတ္တရာပေါင်းထားပါတယ်ဘုရား။
ခုဇ္ဇာ ဥတ္တရာပြောကြည့်လိုက်ပါ။
ခုဇ္ဇာ ဥတ္တရာပါဘုရား။
ဥတ္တရာဆိုတဲ့နာမည်က မိဘနှစ်ပါးပေးထားတဲ့နာမည်။ ခုဇ္ဇာဆိုတာ ကတော့ ဟိုကဒီက ခေါ်ရင်းနဲ့ အရပ်ကအပေါင်းအသင်းတွေက ဝိုင်းခေါ် လို့တွင်တဲ့နာမည်။ ဘာလဲဆိုတော့ ခုဇ္ဇာက ခါးကုန်းတယ်၊ ဒီမိန်းကလေး က ခါးကုန်းကုန်းလေး၊ အဲဒါ ခါးကလေးကုန်းလို့ အရုပ်ဆိုးသလိုရှိပေမဲ့ ပိဋကတ်သုံးပုံ ကျွမ်းကျင်တာကတော့ အလွန်ပဲ၊ အရှင်အာနန္ဒာကို မှီလုမှီကမ်း ကျွမ်းကျင်တယ်၊ ပိဋကတ်သုံးပုံအကုန်လုံးဆောင်တယ်၊ ဟောတယ်၊ အဲဒါ ကြောင့် ''ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝိကာနံ ဗဟုဿုတာနံ ဓမ္မကထိကာ နံ ဥပါသိကာနံ ယဒိဒံ ခုဇ္ဇုတ္တရာ'' လို့ မြတ်စွာဘုရားကိုယ်တော်မြတ် သာ ဝတ္ထိပြည်မွန် ဇေတဝန်ရွှေကျောင်း ကိန်းအောင်းတော်မူနေတဲ့ကာလ ဘွဲ့ နှင်းသဘင် ပရိသတ်ရေ ဘာလုပ်တာလဲ။ ဘွဲ့နှင်းသဘင်လုပ်ပါတယ်ဘုရား။
ဘွဲ့နှင်းသဘင်အခမ်းအနားကြီးကို ဇေတဝန်မှာ တခမ်းတနားကျင်း ပပြီးတော့မှ ဒီကလေးမကို =
ဘိက္ခဝေ - ရဟန်းတော်များ အိုချစ်သားတို့။ မမ သာသနေ - ငါ ဘုရားရဲ့သာသနာတော်မှာ။ ယဒိဒံ ယာ ဧသာ ခုဇ္ဇုတ္တရာ - အကြင်ခုဇ္ဇုတ္တ ရာဆိုတဲ့ အမျိုးသမီးငယ်သည်။ အတ္ထိ - ရှိပါပေ၏။ ဧတံ ဧသာ ခုဇ္ဇုတ္တရာ - ထိုခုဇ္ဇုတ္တရာဆိုတဲ့ အမျိုးသမီးသည်။ မမသာသနေ - ငါဘုရားရှင်ရဲ့သာ သာနာတော်မှာ။ မမသာဝိကာနံ - ငါဘုရားရှင်ရဲ့အဆုံးအမစကားကို လိုက်နာကြကုန်သော။ ဗဟုဿုတာနံ - ပိဋကတ်သုံးပုံ တရားမြတ်မှာ ဗဟုသုတ များကြကုန်သော။ ဓမ္မကထိကာနံ - တရားစကားကိုဟောပြောနိုင်စွမ်းရှိ ကြကုန်သော။ ဥပါသိကာနံ - ဒကာမအပေါင်းတို့တွင်။ အဂ္ဂံအဂ္ဂေါ - အ မြတ်ဆုံး အတော်ဆုံး အသာဆုံးသည်။ ဟောတိ - ဖြစ်ပါပေတယ်ရယ်လို့ သတ္ထာ - နတ်လူတို့ဆရာ ဘုရားရှင်ကိုယ်တော်မြတ်သည်။ ခုဇ္ဇုတ္တရံ နာမ ဥပါသိကံ - ခုဇ္ဇုတ္တရာဆိုတဲ့အမျိုးသမီးကို။ ဗဟုဿုတဓမ္မကထိကဧတဒဂ္ဂ ဋ္ဌာနေ - ဗဟုသုတ ဓမ္မကထိက ဧတဒဂ်ရာထူး၌။ ဌပေသိ - ကောင်းစွာ မသွေ ချီးမြှောက်တော်မူခဲ့ပါပေသတည်း။
သာဓု သာဓု သာဓုပါဘုရား။

မှတ်ချက်။ ။ တရားဟောလိုသော အရှင်မြတ်များနှင့် ပါဠိဘာသာကို စိတ်ဝင်စားသူများအတွက် အသုံးဝင်မည်ဟု ယုံကြည်၍ ပါဠိဘာသာနှင့် အနက်ပေးမြန်မာပြန်များကို ထည့်ပေးလိုက်ရပါသည်။

အပိုင်း(၂) ဆက်ရန်


Read more...

သာသနာတော် အရေးပေမို့..

အယသာဝ မလံ သမုဋ္ဌိတံ
တတုဋ္ဌာယ တမေ၀ ခါဒတိ။
သံကြောင့် အညစ်အကြေးဖြစ်ပေါ်လာ၏၊
ထိုအညစ်အကြေးကပင် ထိုသံကို ဖျက်ဆီး၏။ ။


သံကို သံဖျက် သံချေးတက် ဆိုတဲ့ မြန်မာစကားပုံဟာ အထက်မှာဖော်ပြထားတဲ့ ဘုရားဟော စကားတော်က ဆင်းသက်လာတာပါ၊ သံကိုအကြောင်းပြုပြီး သံချေုးဆိုတာ ဖြစ်ပေါ်လာပါတယ်၊ အဲဒီသံချေးကပဲ ခိုင်ခန့်လှဒီသံတွေကို ဆွေးမြေ့သွားအောင် ဖျက်ဆီးနိုင်စွမ်းရှိပါတယ်.

မြတ်စွာဘုရားရှင်ဟာ မရေမတွက်နိုင်လောက်အောင် ပေးဆပ်မှုများစွာ ပေးဆပ်ပြီး သာသနာတော်ကို တည်ထောင်ခဲ့တယ်၊ အားလုံးသိကြတဲ့ ပရိယတ္တိသာသနာ(သင်ကြားပို့ချ ဟောပြောဖြန့်ဝေ)၊
ပဋိပတ္တိသာသနာ(လက်တွေ့ ကျင့်ကြံ ပွားများ အားထုတ်) ပဋိဝေဓသာသနာ(ထိုးထွင်းသိ မျက်မှောက်ပြု) တို့ပဲဖြစ်ပါတယ်။

ဒီသာသနာတော် သုံးရပ်ကို မပျောက်အောင် မပျက်အောင် စာပေသင်ကြားပို့ချခြင်း ဟောပြောဖြန့်ဝေခြင်းနဲ့ ဆောင်ရွက်ရသလို စာပေအသိကို လက်တွေ့ကျင့်ကြံခြင်းနဲ့လဲ ကြိုးစားထိန်းသိမ်းကြရပါတယ်။
ဒီနေရာမှာ သာသနာပြုဆိုတာ လူတွေက ပြုလို့မရနိုင်ပါဘူး၊ လူဒကာ ဒကာမတွေက သာသနာတော်ကို မပျောက်အောင် ထောက်ပံ့ကူညီပေးနိုင်ရုံ အဆင့်ပဲ ရှိပါတယ်၊

ရေကန်ပေါင်း ရှစ်သောင်းလေးထောင် ကျောင်းပေါင်းရှစ်သောင်းလေးထောင် စေတီပေါင်းရှစ်သောင်းလေးထောင် လှူခဲ့တဲ့ အသောကမင်းကြီးက ဘုရားတပည့်တော် သာသနာပြုရာ ရောက်ပါပြီလားလို့ မေးရာ ဒီလိုလှူရုံ တန်းရုံနဲ့ သာသနာပြုရာ မရောက်သေးဘူး။ မိမိရဲ့ သားတွေ သမီးတွေကို သာသနာဘောင်တွင်း သွတ်သွင်းမှ သာသာနာပြုရာ ရောက်ကြောင်း မိန့်တော်မူခဲ့တာကို ထောက်ဆရင် လူတွေက သာသနာပြု မဖြစ်နိုင်ဘူး၊ သာသနာဝန်ထမ်းတဲ့ သံဃာတော်များကသာ သာသနာတော်ကို ရေရှည်တည်တံ့အောင် ပြုစုစောင့်ရှောက်နိုင်ပါတယ်။

စာသင် စာချ တရားဟော တရားပြလို့ဖြစ်ဖြစ် ၊စာသိကို ကိုယ်ပိုင်သိဖြစ်အောင် အားထုတ်လို့ဖြစ်ဖြစ်၊ စာသိကိုယ်ပိုင်သိကို တဆင့်ဟောပြောဖြန့်ဝေလို့ပဲ ဖြစ်ဖြစ် သာသနာ့အလုပ်ကို စိတ်ကောင်း စေတနာကောင်း ရည်ရွယ်ချက်ကောင်းနဲ့ လုပ်တာမှန်သမျှ သာသနာတော်အရေးကို ကြိုးစားအားထုတ်နေသူလို့ ဆိုနိုင်ပါတယ်၊

ဒီနေရာမှာ စာသင်စာချလုပ်နေတဲ့ ပရိယတ္တိ သမားတွေက…ပဋိပတ်အလုပ် ကြိုးစားအာထုတ်သူတွေကို ဟန်ဆောင် ပန်ဆောင် ဟန်ရေးပြသမားတွေလို့ မြင်သလို ပဋိပတ်သမားများကလဲ စာသင် စာချ လုပ်နေကြတဲ့ သံဃာတော်တွေကို နွားကျောင်းသားတွေလို့မြင်ကြ ပြောကြပြန်ပါတယ်၊ နွားကိုကျောင်း၇ုံသာ ကျောင်းပြီး နို့ရည်မသောက်ရသူတွေလို့ ဆိုလိုတာပါ။

ဒီလိုဖြစ်နေတဲ့အထဲမှာ စာတွေ့မပြောနဲ့ လက်တွေ့ပဲ ပြောဆိုတဲ့ ပဋိပတ္တိ လက်ဘက်ရည်ကြမ်းဝိုင်း စကားလုံးတွေကလဲ ပေါ်လာပါသေးတယ်။ ပေါဋ္ဌိလမထေရ်ကြီးတို့ စာခံလို့ တရားထူးမရတာဆိုပြီး ရိပ်သာသမား အချို့က သနားတောင် သနားနေကြပြန်တယ်။

တကယ်တော့ မြတ်စွာဘုရားလက်ထက်တော် မြတ်စွာဘုရား သက်ရှိထင်ရှားရှိစဉ်ကတည်းက …သာသနာ့ဘောင်ဝင်လာသူကို ..ငါဘုရားရှင်ရဲ့ သာသနာတော်မှာ မိမိရဲ့ဥာဏ်ပညာအစွမ်းအရ နိကာယ်တခုခုကိုဖြစ်ဖြစ် အကုန်လုံးကိုဖြစ်ဖြစ် ပိဋကတ်သုံးပုံလုံးကိုဖြစ်ဖြစ် သင်ကြား ပို့ချခြင်းဆိုတဲ့ ဂန္ထဓုရတာဝန်။ အသက်မွေးမှုပေါ့ပေါ့ ပါးပါးနဲ့ တောရပ်အစွန်အဖျားကျတဲ့ တောကျောင်းမှာ ၀ိပဿနာတရားကို တိုးပွားအောင် ကျင့်ကြံခြင်းဆိုတဲ့ ၀ိပဿနာဓုရ.. ဆိုတဲ့ တာဝန်နှစ်ရပ်ရှိကြောင်း...မိန့်တော်မူလေ့ရှိပါတယ်။

ဒီလိုမိန့်တော်မူတဲ့ ဘုရားရှင်ရဲ့ သာသနာတော်မှာ ပရိယတ်သမား ပဋိပတ်သမားတွေ အချင်းချင်း သူနိုင် ငါပြိုင် စကားရည်လုနေဖို့ မလိုအပ်ပါဘူး၊ နိုင်ရာ သာသနာ့တာဝန်ကို စေတနာမှန်မှန်ဆောင်ရွက်နေဖို့သာ အရေးကြီးပါတယ်။

အဲဒီအထဲကမှ စေတနာမမှန် သဘောထားမမှန်ဘဲ ဘုရားဟောတွေကို ဘုရားဟောလုပ်ချင်တဲ့ ဂိုဏ်းစတားကြီးများက ထေရ၀ါဒသာသနာ ဆိုတဲ့ စကားလုံးကို လှိုင်လှိုင်သုံးပြီး ပရိသတ်စုနေကြတာတွေ့ရတော့ တကယ့်ကို စိတ်မကောင်းဖြစ်ရပြန်ပါတယ်၊

အဲဒီဂိုဏ်းစတားကြီးတွေကို အမှန်တရားမြတ်နိုးသူ သာသနာတော်ကို ကာကွယ်စောင့်ရှောက်လိုသူတို့က ထေရ၀ါဒ ပိဋကတ်ကျမ်းစာနဲ့ မညီကြောင်း ကျိုးကြောင်းဖော်ပြ ပြောဆိုပြန်တော့ ဂိုဏ်းစတားများရဲ့ ပရိသတ်တွေက လေထဲကနေ ထအော်ကြပြန်ပါတယ်။ ဒီနေ့ ဒီအချိန်အခါမှာ အွန်လိုင်းက လေလှိုင်းတိုက်ပွဲခေါ်သံတွေ ပလူပျံ ဆူညံနေတာကို မြင်နိုင်တွေ့နိုင်ကြားနိုင် သိနိုင်ကြပါတယ်။

အဲဒီလူတွေကိုယ်တိုင်က တချိန်တုန်းက ကာလာမသုတ် သို့မဟုတ် ကေသမုတ္တိသုတ္တန်တွေကို ကိုးကားပြီး ငါတို့လေးစားလောက်တဲ့ ဆရာ့ရဲ့ စကားတိုင်းကိုလဲ မယုံကြည်နဲ့လို့ တွင်တွင်ကြီး ထအော်နေကြတာပါ၊ အခု သူတို့ရဲ့ ဆရာကြီးများကို ဝေဖန်ထောက်ပြလာတော့..အရှင်ဘုရားတို့က သူ့လောက် သီလ သမာဓိ ပညာ ရှိလို့လား သာသနာအတွက် ဘာတွေလုပ်နိုင်ပြီလဲဆိုတဲ့ မေးခွန်းတွေကို တွင်တွင်ကြီး မေးပြီး မိုးကြိုးပစ်တာကို ထန်းလက်နဲ့ ကာဖို့ကြိုးစားနေတာကို တွေ့ရပြန်တော့ အော်..အစွဲတရား ကြောက်စရာကောင်းလှပါလားလို့ သံဝေဂဖြစ်မိပါတယ်။

ထေရ၀ါဒဗုဒ်ဓသာသနာတော်ကို ကာကွယ်စောင့်ရှောက်နေသူ အချင်းချင်း…အမှန်တရားဟောပြောဖြန့်ဝေသူကို တကယ့်ကို ၀မ်းပန်းတသာနဲ့ ကြိုဆိုနေမှာပါ..ဒါပေမယ့် အမှန်ကို အမှားလုပ်.ငါပြောတာမှ အမှန် လူများပြောတာ အမှားလုပ် ဟောပြောနေသူတွေကိုတော့ ဘုရားရှင်ရဲ့ စကားတော် ပိဋကတ်ကျမ်းစာတွေနဲ့ တိုင်းတာပြီး ဝေဖန်ထောက်ပြကြမှာပါ၊ မဟုတ်ရင် မဟုတ်ဘူး ဟုတ်ရင် ဟုတ်တယ်လို့ ဖြေရှင်းရမယ်ဆိုတဲ့ ဘုရားစကားတော်ကလဲ ရှိနေပြန်တာကိုး။ ဒီလို အမှန်တရားအတွက် ဖြေရှင်းပေးနေသူတွေကိုလဲ အားပေးနိုင်ရပါမယ်။ သာသနာတော်ကို တကယ်ချစ်မြတ်နိုးတယ်ဆိုရင်ပေါ့..

အခုနောက်ပိုင်း တခေတ်ဆန်းလာပြန်တာက…တရားထူး တရားမြတ်ရသူဆိုသူတို့က အွန်လိုင်းပေါ်တက်ပြီး ကြေငြာနေကြတာပါ။ ဥတ္တရိမနုဿဓမ္မ- ၀ါကြွားလိုတဲ့စိတ်နဲ့ တကယ်တရားထူးမရဘဲ ရတယ်လို့ပြောရင် ရဟန်းဘ၀ဆုံးရှုံးပါတယ်..အမှန်တကယ်တရားထူးရလို့ ရှင်လူရဟန်းတွေကို ပြောမိရင် ပါစိတ်အာပတ်သင့်ပါတယ်၊ အရိယာသူတော်စင်တွေဟာ အသက်သာအသေခံမယ် ဘုရားဟောဝိနည်း စည်းကမ်းကို မဖောက်ဖျက်ဘူးဆိုတဲ့ ဘုရားဟောစကားနဲ့ သုံးသပ်ကြည့်သင့်ပါတယ်။ ၀ိနည်းတရားကို မလေးစားဘဲ ၀ိနည်းကိုအရေးမထား မလေးစားဘဲ လုပ်ချင်ရာလုပ်နေတယ်ဆိုရင် ဒီလူဟာ တကယ်တရားထူးရတာ ဟုတ်နိုင်ပါ့မလားဆိုတာ အလွန့်အလွန်ကို စဉ်းစားစရာကောင်းပါတယ်။
သံကို သံဖျက် သံချေးတက်..အသားထဲက လောက်ထွက်ဆိုသလိုမျိုး သာသနာတ်ာကို တွင်းတွင်းကျကျ ဖျက်ဆီးပစ်နိုင်တာ သဘောထားမမှန် စေတနာမမှန်တဲ့ သာသနာ့ဝန်ထမ်းတွေပဲ ဖြစ်ပါတယ်။

ပထမသံင်္ဂါယနာတင်စဉ်က ကြုံခဲ့ရတဲ့ သုဘဒ္ဒလို တောထွက်ရဟန်းမျိုး၊ ဒုတိယသံဂါယနာတင်စဉ်က ဆုံတွေ့ရတဲ့ ဝေသာလီရဟန်းတို့ထက် ဆိုးဝါးတဲ့ ရဟန်းတော်များ လူများ ကို သတိထားပြီး သာသနာအရေးအတွက် နှလုံးအေးတော်မမူကြဘဲ တတ်နိုင်သမျှ အမှန်တရားဖက်က ပါဝင်ကြဖို့ အားလုံးကို ရိုသေစွာ တောင်းပန်ပါရစေ။

ပထမသံဂါယနာတင်စဉ်က သံင်္ဂါယနာပွဲရဲ့ မူအဖြစ်ချမှတ်ခဲ့တဲ့…..
ပုရေ အဓမ္မော ဒိပ္ပတိ - အဓမ္မတွေ မထွန်းကားသေးခင်
ဓမ္မော ပဋိဗာဟိယျတိ- ဓမ္မတွေ မကွယ်ပျောက်ခင်
အ၀ိနယော ဒိပ္ပတိ- ၀ိနည်းမဟုတ်တဲ့တရား မထွန်းကားခင်
ဝိနယော ပဋိဗာဟိယျတိ- ၀ိနည်းတရားတွေ မပျောက်ပျက်ခင်
ပုရေ အဓမ္မ၀ါဒိနော ဗလ၀န္တာ ဟောန္တိ- အဓမ္မ၀ါဒသမားတွေ အင်အား မကြီးသေးခင်
ဓမ္မ၀ါဒိနော ဒုဗ်ဗလာ ဟောန္တိ- ဓမ္မကိုချစ်မြတ်နိုးသူတို့ အင်အားနည်း မသွားသေးခင်
အ၀ိနယ၀ါဒိနော ဗလ၀န္တော ဟောန္တိ- ၀ိနည်းကို မလိုက်နာသူတို့ အင်အားမကြီးသေးခင်
ဝိနယ၀ါဒိနော ဒုဗ်ဗလာ ဟောန္တိ- ၀ိနည်းကိုချစ်မြတ်နိုးသူတို့ အားမနည်းသေးခင်
သာသနာတော် အရှည်ခံတည်တံအောင် ၀ိုင်းဝန်းကြိုးပမ်းကြပါစို့..

သာသနာတော်ရဲ့ အဖိုးမဖြတ်နိုင်တဲ့ သီလ သမာဓိ ပညာကျင့်စဉ်တွေ ငြိမ်းချမ်းစွာ ကျင့်သုံးနိုင်အောင် ကြိုးစားကြပါစို့လို့ တိုက်တွန်းချင်ပါတယ်။ သာသနာတော်အရေးပေမို့ တတ်နိုင်တဲ့ဖက်က ၀ိုင်းဝန်းကူညီ စောင့်ရှောက်ကြဖို့ ရင်ထဲကဆန္ဒစကား လျှောက်ထား ပြောကြားရင်းဖြင့်…….



Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP