ဝိဉာဏ်တရား ကိုလည်း နယ်လေးပါး နည်းလေးပါး နှင့် ရှင်းပြပါအုံးမယ် ဘုရား။ ဝိဉာဏ် ဟူ သော စကားကို ကြားသိရသောအခါ မသိခြင်း အထင်၊ ကောင်းခြင်း အထင်၊ဆိုးခြင်း အထင် အားဖြင့် အထင် (၃)မျိုးတွင် တစ်ခုခု စိတ်မှာထင်လာပါတယ်။

စိတ်မှာထင်လာသော အထင် အထည် သိစရာကို (အဝိဇ္ဇမာန ပညတ်နယ်) ဟုခေါ်ပါတယ်။ စိတ်မှာထင်လာသည့်အတိုင်း (ငါထင်တာအမှန်၊ အခြား အထင်အမှား) ဟု အဟုတ်ထင်ခြင်း၊ အဝိဇ္ဇာ ဟုခေါ်ပါတယ်။

စိတ်မှာ ထင်လာသော (အထင်အထည်တွေဟာ တကယ်မရှိ၊ ပြောဆို ဆက်သွယ် လို့ရရုံသာ တပ်ထားသော နာမည်မျှသာဖြစ်ပါတယ်။ ဟုသိမြင်ခြင်း ကို ဝိဇ္ဇာဉာဏ် လို့ခေါ်ပါတယ်။

ဝိဇ္ဇာ ဉာဏ်ဟူသော စကား၏ ခန္ဓာ တွင် တွေ့လို့ရသော တရားကိုယ်မှာ သိမှု အစဉ်သည် ( ဝိဇ္ဇမာန ပညတ်နယ် )ဖြစ်ပါတယ်။ ( မသိ၊ ဆိုး၊ကောင်း) ဟူသည်မှာ သတ်မှတ်ချက် အထင်မျှ သာ ဖြစ်ပါတယ် ။

အမှန်ရှိသော တရားမဟုတ်ပါ။ သိမှု အစဉ် ဝိဉာဏ်တရားကို (ဒါပဲရှိတယ်၊ တခြားဟာတွေ မရှိ)ဟု ဘောင်ခတ်ပြီး အဟုတ်ထင်လျှင် *အဝိဇ္ဇာ* ဖြစ်တယ်ခေါ်ပါတယ်။

သိမှု အစဉ် ဝိဉာဏ်တရားသည် (၁)နာရီ၊ (၁)မိနစ် တပြိုင်နက် ရ လာသည် မဟုတ်။တစ်စက္ကန့်ကို ကုဋေ တစ်သိန်းစိတ် ပြီး ထို အစိတ်ထဲ မှ တစ်ခုစီ တစ်ခုစီသော ဖြစ်ပျက်သဘောလေးသာ တပြိုင်နက်ရခြင်း ဖြစ်ပါတယ်။

ထို ဖြစ်ပျက်သဘောလေးတွေ ကုဋေ တစ်သိန်းပေါင်းမိမှ တစ်စက္ကန့်ဖြစ်ပါတယ်။စက္ကန့် (၆၀) မှ တစ်မိနစ် ဖြစ်ပါတယ်။မိနစ် (၆၀) မှ တစ်နာရီ ဖြစ်ပါတယ်။

သိမှု ဝိဉာဏ်တရား၏ ကုဋေ တစ်သိန်းသော အစိတ် ထဲမှ တစ်ခုသော ဖြစ်ပျက်သဘောလေး သည် ( သဘောနယ်) ဖြစ်ပါတယ်။ ထိုသဘောနယ်တွင်သိရသော ဖြစ်ပျက်သဘောလေး တစ်ခုသည် ဝိဉာဏ်၏ ဘဝ အစစ်ဖြစ်ပါတယ်။

ဝိဉာဏ်၏ ဘဝ အစစ် ကို သိ ရသော အခါ ဝိဇ္ဇမာနပညတ်နယ် တွင်သိရသော အစဉ်သန္တန် များ အမှန်မရှိပဲ ၊စိတ်ထဲမှာ ထင်ရုံမျှသာ ဖြစ်ပြီး ဝိဉာဏ်၏ ဘဝ အတုသာဖြစ်ကြောင်းကို မြင်သိခြင်းသည် * ဝိဉာဏ်*ဖြစ်ပါတယ်။

ထိုဝိဇ္ဇာ ဉာ ဏ် ထက် အဆင့်မြင့်သော အဝိဇ္ဇာ တရားရှိပါသေးတယ်။ ဖြစ်ပျက် သဘော လေး တစ်ခု သာရှိသော ဝိဉာဏ်တရားကို ( ဒီ ဖြစ်ပျက်လောက် လောက်တော့ သူစွမ်းသေးတယ် )ဟု အဟုတ်ထင်သော အဝိဇ္ဇာတရားသည် ဖြစ်နေပြန်ပါတယ်။

ထိုဖြစ်ပျက်လေး တစ်ခုသည် သင်္ခါရ မပါပဲ လုံးဝ မဖြစ်နိုင်ပါဘူး။ ဖြစ်နိုင်တဲ့ အားမှ မူလက ပျက်နေသော ကြောင့် (သုည)သာ ဖြစ်ပါတယ်။ ဤ မူလပျက် သဘော သုည နယ် ကို သိလိုက်မှ အဝိဇ္ဇာ ဖြစ်ခွင့်မရပဲ ဝိဇ္ဇာ ဉာဏ်သာ ဖြစ်ပါတယ်ဘုရား။

နည်းလေးပါးနှင့်ပိုင်းခြားလိုလျှင် ၊ ဝိဉာဏ်တရားတစ်ခုကို ( ဖြစ်ပျက်သဘော နှင့် မူလပျက်သဘော ) ဟု ပိုင်းခြားသိမြင်ခြင်းသည် အဗျာပါရ အနတ္တ နည်းဖြစ်ပါတယ်။ ဤ နည်းဖြင့် (ဝိဉာဏ်ကို အနှစ်သာရ ရှိတယ်။) ဟုထင်သော သက္ကာယဒိဋ္ဌိ အတ္တဒိဋ္ဌိကို ပယ်နိုင်ပါတယ်။

သင်္ခါရနှင့်ဝိဉာဏ်တို့သည် ဆက်စပ်ပြီးဖြစ်ကြတယ်ဟုသိမြင်ခြင်းသည် ဧကတ္ထနည်း လို့ ခေါ်ပါ တယ်။ ဤနည်းဖြင့် (တရားတစ်ခုသည် သဘော နှစ်ခုရှိတယ်၊ လုံးဝ မဆက်စပ်ဘူး)။ဟုထင်သော ဥစ္ဆေဒဒိဋ္ဌိ ကို ပယ်နိုင်ပါတယ်။

သင်္ခါရနှင့် ဝိဉာဏ်တရား တို့သည် ( သင်္ခါရ အနိမ်၊့အမြင့်၊ဝိဉာဏ် အနိမ်၊့အမြင့် ရှိကြတယ် ) ဟုသိမြင်ခြင်းသည် နာနတ္ထနည်းဖြစ်ပါတယ်။ ဤနည်းဖြင့် (ဆက်စပ်လျှင် ပုံစံတစ်မျိုးတည်း ဖြစ်ရမည်။) ဟုထင်သော သဿတဒိဋ္ဌိ ကိုပယ်နိုင်ပါသည်။

သင်္ခါရကောင်းသလောက်၊ ဝိဉာဏ်ကောင်းမည် ။ သင်္ခါရဆိုးသလောက် ဝိဉာဏ်ဆိုးမည် အကြောင်းအကျိုးတရား တွေဟာ များရာသို့ ဆောင်တတ်တယ် ဟုသိမြင်ခြင်းသည် ဧဝံ ဓမ္မတာ နည်း ဖြစ်ပါတယ်။

ဤနည်းဖြင့် ( အနိမ့်အ မြင့်ရှိလျှင် ပြောင်းလဲမှု မရှိတော့ဘူး။ လုပ်တိုင်း မဖြစ်ဘူး) ဟုထင် သော အဟေတုကဒိဋ္ဌိ၊ အကိရိယဒိဋ္ဌိကိုပယ်နိုင်ပါတယ်။

ဝိဉာဏ်အကြောင်း ဒီလောက်ဆိုနား လည်လောက်ပါပြီ။