ကရုဏာလက်များ ကမ်းလင့်ပေးပါ...

စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်
သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။
ဝိမုတ္တိရသ အဖွဲ့သားများ
------------------------
နောက်ဆက်တွဲသတင်း.....
ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်
ထေရ၀ါဒဗုဒ္ဓဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။
ပြုလုပ်မည့်အစီအစဉ်
ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။
လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ
(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။
(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။
(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။
(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။
အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)
ဆက်သွယ်ရန်လိပ်စာ
ကိုထွန်းထွန်းလှိုင်
ဖုန်း ၀၉-၇၃၀၆၂၈၁၁
htunhtunhlaing82@gmail.com

Sunday, December 6, 2009
မှန်ကြည့်လိုက်ပါ…
“ကံမသိ မှန်ကြည့်“ ဟူသော စကားရှိ၏။ ကြည်လင်ပြတ်သားရှင်းလင်းသည့် မှန်သည် ကြည့်သူများကို မျက်နှာလိုက်ခြင်းမရှိ အရှိအတိုင်း ထင်ရှားစေ၏။ မည်သူကြည့်ကြည့် ကြည့်သူ၏ အမူအရာအတိုင်း တစ်ထပ်တည်း ပေါ်လွင်စေ၏။ မှန်သည် ရာထူးကြီးသူကြည့်လျှင်လည်း အရှိအတိုင်းပေါ်လွင်စေ၏။ မည်သည့်ရာထူးမျှ မရှိသူကြည့်လျှင်လည်း အရှိအတိုင်းဖော်ပြ၏။ ထို့အတူ ရုပ်ဆိုးသူ၊ ရုပ်လှသူ၊ ပိုက်ဆံရှိသူ၊ မရှိသူ၊ နာမည်ကြီးသူ၊ မကြီးသူ၊ အသားဖြူသူ မဖြူသူ စသည့် မည်သည့်ပုဂ္ဂိုလ်မျိုးကပင် ကြည့်ကြည့် အရှိအတိုင်း ထင်ရှားစေ၏။ မျက်နှာကြီးရာ ဟင်းဖတ်ပါဆိုသကဲ့သို့ မျက်နှာလိုက်၍ လှအောင်ကောင်းအောင် ထင်ရှားပေါ်လွင်စေခြင်းသည် မှန်၌မရှိပေ။ မှန်သည် မျက်နှာလိုက်တတ်သည့် အရာမဟုတ်ပေ။ ထို့အတူ ကံတရားသည်လည်း မျက်နှာလိုက်၍ အကျိုးပေးသည်ဟူ၍ မရှိပေ။ မည်သူမဆို ကောင်းသည့်အလုပ်လုပ်လျှင် ကောင်းကျိုးကို ဖြစ်ပေါ်စေပြီး မကောင်းသည့် အလုပ်လုပ်လျှင် မကောင်းပြစ်ကို ဖြစ်ပေါ်စေ၏။ ရာထူးဌာနန္တရ၊ ပညာဂုဏ်စသည်ကြီးမား၍ ကောင်းကျိုးကို ဖြစ်စေ၊ အသက်သိက္ခာဂုဏ်ဝါ နိမ့်ကျ၍ မကောင်းကျိုးကိုဖြစ်စေ၊ အသားဖြူ၍၊ ချမ်းသာ၍ ကောင်းကျိုးကို ဖြစ်စေ၊ အသားမည်း၍ ဆင်းရဲ၍ မကောင်းကျိုးကိုဖြစ်စေသည့် မျက်နှာလိုက်ပြီး အကျိုးပေးမှုမျိုးသည် ကံတရား၌ လုံးဝမရှိပေ။ ထို့ကြောင့် ကံကိုမသိ၊ ကံကို မယုံသူများသည် မှန်ကိုသာ ကြည့်ကြည့်ပါဟု ဆိုခြင်းဖြစ်ပါ၏။
ဓမ္မနီတိတွင် ကံနှင့်ပတ်သက်၍ ဖော်ပြထားသည့် ဂါထာလေး တစ်ခုရှိ၏။
“ပုညံပါပဖလံ ယော စေ၊ နသဒ္ဓဟတိ သစ္စတော။
သော ဝေ သကနာနံ ခိပ္ပံ၊ အာဒါသတလ မာနယေ“ ဟူသော ဤဓမ္မနီတိ စကား၏ ဆိုလိုရင်းမှာ
“အကြင်သူသည် ကုသိုလ်ကံအကုသိုလ်ကံတို့၏ အကျိုးအပြစ်ကို အမှန်အတိုင်း မယုံကြည်ငြားအံ့ စင်စစ် ထိုသူသည် မိမိ၏မျက်နှာကို အလျင်အမြန် မှန်ရှေ့သို့ ဆောင်ယူ၍ ကြည့်ရှုရာ၏“ ဟူ၍ ဖြစ်၏။
ဆိုလိုသည်မှာ ကံကံ၏ အကျိုးကို မယုံကြည်သူသည် မှန်ကိုယူပြီး မိမိမျက်နှာကို မှန်ဖြင့်ကြည့်ကြရန် ဆိုလို၏။ မိမိ၏ မျက်နှာသည် လှပပြီး မိမိတစ်ကိုယ်လုံးသည်လည်း ကိုယ်လက်အင်္ဂါစုံလင်စွာဖြင့် တင့်တယ်နေလျှင် မိမိ၏ အတိတ်က ပြုခဲ့သည့် ကောင်းကံ၏ အကျိုးဆက်အဖြစ် မြင်နိုင်မည်ဖြစ်ပြီး မှန်ကြည့်သည့်အခါ မိမိ၏မျက်နှာသည် မလှမပ၊ ကိုယ်လက်အင်္ဂါလည်း မစုံမလင် မိမိကိုယ်ကို မိမိပြန်ကြည့်၍မှ မကျေနပ်မနှစ်သက်နိုင်သည့် အနေအထားကို တွေ့ရလျင် မိမိအတိတ်က ပြုခဲ့သည့် အကုသိုလ်ကံ တစ်ခုခု၏ အကျိုးဆက်အဖြစ် မြင်နိုင်မည်ဖြစ်၏။ ထို့ကြောင့် အတိတ်က မိမိဘာဖြစ်ခဲ့သည် ဘာလုပ်ခဲ့သည်ဆိုသည့်ကို သိလိုသူများသည် မိမိကိုယ်ကို မှန်ဖြင့်ကြည့်ပြီး မိမိလက်ရှိ ရရှိထားသည့် အခြေအနေကို ကြည့်ကာသိနိုင်ကြောင်း ဆိုခြင်းဖြစ်၏။
မှန်၏ လူချင်းတူသော်လည်း အကျိုးပေးကွာခြားသည်မှာ အခြားသူလုပ်၍ ဖြစ်သည်မဟုတ် မိမိကိုယ်တိုင် ပြုလုပ်ခဲ့၍သာ ဖြစ်ပါ၏။ ထို့ကြောင့် လောကကြီးတစ်ခုလုံးကို ကြည့်လိုက်လျင် လူအမျိုးမျိုး စရိုက်အမျိုးမျိုး ဘ၀အမျိုးမျိုး ဖြစ်နေကြသည်ကို တွေ့နေရခြင်းဖြစ်၏။ ဗုဒ္ဓဘာသာ၏ ကမ္မ၀ါဒ သဘောအရ လူအမျိုးမျိုး အဖုံဖုံဖြစ်နေခြင်းသည် မိမိတို့ ပြုလုပ်ခဲ့သည့် ကောင်းကံ၊ မကောင်းကံများ၏ အကျိုးဆက်ကြောင့် ဖြစ်ကြောင်း နားလည်သဘောပေါက်နိုင်ကြ၏။
ဗုဒ္ဓမြတ်စွာဘုရား သက်တော်ထင်ရှား ရှိစဉ်အချိန် သုဘအမည်ရှိသော လုလင်ငယ်တစ်ယောက်က ဘုရားရှင်အား လူအမျိုးမျိုးဖြစ်နေရခြင်း၊ ကွဲပြားနေရခြင်း အကြောင်းကို မေးလျှောက်ဖူး၏။
သုဘလုလင်က“အရှင်ဘုရား… လောက၌ အချို့သောသူများသည် အသက်တိုပြီး အချို့သည် အသက်ရှည်ကြသည်ကို တွေ့ရပါသည်။ ထိုသို့ဖြစ်ခြင်းမှာ မည်သို့သော ကံများကို ပြုလုပ်ခဲ့၍ ဖြစ်ပါသနည်း ဘုရား“ဟု မေးလျှောက်၏။ ထိုအခါ မြတ်စွာဘုရားရှင်က “ချစ်သား သုဘ… လောက၌ အချို့သောသူများသည် သတ္တ၀ါတို့အပေါ်တွင် သနားခြင်းကင်းလျက် ရက်ရက်စက်စက် သတ်ဖြတ်ကြ၏။ ထိုသူတို့သေလျှင် ငရဲသို့ကျရောက်တတ်ပြီး ရှေးကုသိုလ် တစ်ခုခုကြောင့် ငရဲသို့မကျဘဲ လူ့ဘ၀ရလာပါက ကြာရှည်စွာ မနေရဘဲ အသက်တိုတတ်၏။ အချို့သူများသည်ကား သတ္တ၀ါတို့အပေါ်တွင် ကရုဏာတရားထားကာ သူ့အသက်ကို သတ်ဖြတ်ခြင်းမှ ရှောင်ကြဉ်ကြ၏။ ထိုသူများသေလျှင် အထက်နတ်ပြည်သို့ ရောက်ရတတ်ပြီး လူ့ပြည်သို့ ရောက်လာလျှင်လည်း အသက်ရှည်စွာ နေကြရ၏“ဟု ဖြေတော်မူ၏။
ဆက်လက်၍ သုဘလုလင်က “အရှင်ဘုရား… လောက၌ အချို့သူတို့သည် အနာရောဂါထူပြောပြီး အချို့မှာ အနာရောဂါ ကင်းရှင်းကြသည်ကို တွေ့ရပါသည်။ ထိုသူတို့သည် မည်သို့သော ကံများကြောင့် ကွဲပြားမှု ဖြစ်ရသနည်း ဘုရား“ဟု လျှောက်၏။ “ချစ်သား… လောက၌ အချို့သူတို့သည် သတ္တ၀ါတို့အပေါ် သနားညှာတာခြင်း ကင်းမဲ့ပြီး တုတ်၊ ဓား၊ လက်နက် စသည်ဖြင့် ညှဉ်းဆဲနှိပ်စက်လေ့ရှိ၏။ ထိုသူတို့သေလျှင် ငရဲသို့ ကျရောက်တတ်ပြီး ရှေးကုသိုလ် တစ်ခုခုကြောင့် ငရဲသို့ မကျရောက်ဘဲ လူ့ဘ၀ရလာပါက အနာရောဂါ အမျိုးမျိုးဖြင့်သာ ခံစားနေထိုင်ကြရ၏။ အချို့ကား သတ္တ၀ါတို့အပေါ် သနားညှာတာစိတ်ထားက ညှဉ်းပမ်းနှိပ်စက်ခြင်းမှ ရှောင်ကြဉ်ကြ၏။ ထိုသူများသေလျှင် အထက်နတ်ပြည်သို့ ရောက်ရတတ်ပြီး လူပြည်သို့ ရောက်လာပါကလည်း အနာရောဂါကင်း၍ ကျန်းမာစွာနေရ၏“ ဟု ဘုရားမြတ်စွာ ဖြေကြားတော်မူ၏။
ထိုအပြင် လုလင်ငယ်မှ ဆက်လက်၍ “လောက၌ အချို့သူများမှာ ရုပ်အဆင်းအင်္ဂါ ဆိုးရွားလှပြီး အချို့မှာ ရုပ်အဆင်းအင်္ဂါ လှပတင်တယ်ကြကြောင်း၊ အချို့မှာ အခြံအရံ မိတ်ဆွေအပေါင်းအသင်း မရှိဘဲ အထီးကျန်လှပြီး အချို့မှာ အခြံအရံ မိတ်ဆွေအပေါင်းအသင်း ပေါများလှပါကြောင်း၊ အချို့မှာ ဥစ္စာမရှိ အလွန်ဆင်းရဲလှပြီး အချို့မှာ စည်းစိမ်ဥစ္စာအပြည့်ဖြင့် အလွန်ချမ်းသာလှပါကြောင်း၊ အချို့မှာ အမျိုးဇာတ်ယုတ်နိမ့်ပြီး အချို့မှာ အမျိုးဇာတ်မြင့်မြတ်လှပါကြောင်း၊ အချို့မှာ အသိအလိမ္မာ ဉာဏ်ပညာ အလွန်နည်းပါပြီး အချို့မှာ ဉာဏ်ပညာ အလွန်ကြီးမားလှပါကြောင်း ထိုသို့ဖြစ်ရခြင်းမှာ အဘယ်သို့သော အကြောင်းကံများကြောင်း ဖြစ်ပါရသနည်းဘုရား…“ဟု မေးလျှောက်ပြန်၏။
ထိုလုလင်၏ အမေးများကို မြတ်စွာဘုရားရှင်က “ ဒေါသအလွန်ကြီးပြီး သူတစ်ပါးကို ပုတ်ခတ်ပြောဆိုလေ့ရှိသော သူတို့သည် ရုပ်အဆင်းအင်္ဂါမလှမပ ဖြစ်တတ်ပြီး ဒေါသမထွတ်၊ သူတပါးအပြစ်ကို ပြောလေ့မရှိ၊ စိတ်ကြဉ်လင် အေးမြသူတို့သည် ဖြစ်လေရာ ဘ၀တိုင်းတွင် ရုပ်အဆင်းအင်္ဂါ လှပတင့်တယ်တတ်ကြောင်း၊ သူတပါးအပေါ် မနာလိုခြင်း၊ ငြူစူခြင်း ဣဿာ အားကြီးသူများသည် အခြံအရံ မိတ်ဆွေအပေါင်းအသင်းမရှိ ရှားပါးကာ အထီးကျန်တတ်ပြီး ဣဿာနည်းပြီး ၀မ်းမြောက်ခြင်း မုဒိတာ အားကောင်းသူများသည် အခြံအရံ မိတ်ဆွေအပေါင်း အသင်း ပေါများတတ်ကြောင်း၊ စွန့်ကြဲပေးကမ်း လှူဒါန်းခြင်းမရှိဘဲ ၀န်တိုမှု မစ္ဆေရ အားကြီးသော သူများသည် ဥစ္စာမရှိ ဆင်းရဲမွဲတေတတ်ပြီး ၀န်တိုမှု မစ္ဆေရ မရှိဘဲ လှူဒါန်းပေးကမ်း စွန့်ကြဲလေ့ရှိသော သူတို့သည် စည်းစိမ်ဥစ္စာ ပြည့်စုံကာ ချမ်းသာတတ်ကြောင်း၊ ထောင်လွှားတက်ကြွပြီး မောက်မာသည့် မာန်မာနရှိသူများသည် အမျိုးဇာတ်ယုတ်ညံ့တတ်ပြီး မာနမရှိဘဲ မိမိကိုယ်ကို နှိမ့်ချလေ့ရှိသည့်အပြင် ရိုသေထိုက်သူကို ရိုသေတတ်သူများသည် အမျိုးဇာတ် အလွန်မြင့်မြတ်တတ်ကြောင်း၊ ပညာရှိသူတော်ကောင်းတို့ထံ ချည်းကပ်၍ ကုသိုလ်အကုသိုလ်ကိုလည်းကောင်း၊ အပြစ်ရှိမရှိကိုလည်းကောင်း၊ မှီဝဲသင့် မမှီဝဲသင့်ကိုလည်းကောင်း သံသရာ ကောင်းစေမည့် တရားအနှစ်သာရ တို့ကိုလည်းကောင်း မေးမြန်းလေ့မရှိဘဲ ထင်မိထင်ရာ ဒုစရိုက်မှုများဖြင့်သာ ကျင်လည်နေကြသူများသည် အသိဉာဏ်ပညာမရှိ ဖြစ်တတ်ပြီး ပညာရှိသူတော်ကောင်းတို့ထံ ကြည်ဖြူနှစ်သက် လေးမြတ်စွာ ဆည်းကပ်လျက် ဓမ္မအနှစ်သာရများကို မေးမြန်းစီစစ် နားကြားလေ့ရှိသော သူတို့သည် အသိဉာဏ် ပညာ အလွန်အားကြီးတတ်ကြောင်း“ တစ်ခုချင်း ဖြေကြားပေးတော် မူခဲ့လေ၏။ (စူဠကမ္မ၀ိဘင်္ဂသုတ်)
အထက်ပါ အမေးအဖြေများကား သုဘလုလင်မေးသဖြင့် ဘုရားရှင် ဖြေကြားပေးတော်မူခဲ့သည့် ကံအကျိုးပေးမှုများ အကြောင်းပင် ဖြစ်ပါ၏။ ဤအမေးအဖြေများသည် ဗုဒ္ဓဘာသာ၏ ကမ္မ၀ါဒကို မီးမောင်းထိုးပြပေးတော်မူထား၏။ မည်သူမဆို ယခုလက်ရှိ မိမိရရှိထားသည့် အနေအထားများသည် အတိတ်က မိမိလုပ်ခဲ့သည့် လုပ်ရပ်များ၏ အကျိုးရလာဘ်များအဖြစ် မှန်ကြည်သကဲ့သို့ ထင်ရှားစွာ တွေ့မြင်နိုင်၏။ ရုပ်ဆိုးခြင်း ရုပ်လြှခင်း၊ အမျိုးယုတ်ခြင်း အမျိုးညြံ့ခင်း၊ ဉာဏ်ကောင်းခြင်း မကောင်းခြင်း စသည့် ကွဲပြားခြားနားမှုများ၏ အဓိက အကြောင်းရင်းမှာ မိမိကိုယ်တိုင် ပြုလုပ်ခဲ့ခြင်းများသာ ဖြစ်ပါ၏။ မိမိမျက်နှာကို မိမိမှန်ဖြင့် ပြန်ကြည့်နေရသကဲ့သို့ ကံတရားများ၏ အကျိုးပေးမှုများက တန်ပြန်သက်ရောက်မှုကို ဖြစ်စေ၏။ အချုပ်ကြည့်လျှင် မိမိကိုယ်တိုင်၏ ဖန်တီးမှုများပင် ဖြစ်၏။ ထို့ကြောင့်လည်း မြန်မာစကားတွင် “ဘယ်သူမပြု မိမိမှု“ဟု ဆိုကြခြင်းဖြစ်၏။ ဘုရားရှင်က “မိမိမကောင်းမှု ပြုမိလျှင် မိမိသည်သာ ထိုမကောင်းမှု၏ အကျိုးကို ခံစားရမည်ဖြစ်ပြီး မိမိကောင်းမှုပြုလျှင်လည်း မိမိကိုယ်တိုင်ပဲ ထိုကောင်းမှု၏ အကျိုးကို ခံစားရမည်ဖြစ်ကြောင်း“ မိန့်ကြားတော်မူ၏။ ဤစကားသည် ကံတရား၌ မျက်နှာလိုက်ခြင်း၊ မျက်နှာသာပေးခြင်း မရှိသည်ကို ထင်ရှားသိမြင်စေ၏။ မှန်ကြည်သည့်အခါ မြန်မာပဲကြည့်ကြည့် ကိုရီးယားပဲကြည့်ကြည့်၊ အမေရိကန်ပဲကြည့်ကြည့်၊ ဂျပန်ပဲကြည့်ကြည့်၊ ဖြူသူပဲကြည့်ကြည့် မဲသူပဲကြည့်ကြည့် မည်သူပင်ကြည့်ပါစေ မှန်တွင်ပေါ်လာသည့် ထင်ဟပ်မှုသည်ကား အရှိအတိုင်းပင် ဖြစ်ပေါ်သကဲ့သို့ ကံတရားသည်လည်း မည်သည့်နိုင်ငံ၊ မည်သည့်လူမျိုးက မည်သည့်အလုပ်ကို လုပ်သည်ဖြစ်စေ တန်ပြန်အကျိုးသက်ရောက်မှုကား ထိုသူတို့ ပြုသည့်အတိုင်းသာ၊ ထိုသူတို့စိတ်စေတနာ အတိုင်းသာ ဖြစ်ပါ၏။ ကံတရား၏ အကျိုးပေးမှုသည် ဂုဏ်ပကာသနမရှိ၊ ရာထူးဌာနန္တရမရှိ၊ ပစ္စည်းဥစ္စာမရှိ သတ္တ၀ါမှန်သမျှ တစ်ပြေးညီတည်းသာ ဖြစ်ပါ၏။ ထို့ကြောင့် “ကံမသိ မှန်ကြည့်“ဟု ဆိုကြခြင်းဖြစ်၏။
Posted by ဘုန်းဘုန်း ဦးဝိစိတ္တ at 11:19:00 PM 0 comments Links to this post
Labels: ၄။ ဓမ္မရသစာစုများ
ဝစီကံနဲ့ သီရိမာ
အနန္တောအနန္တ ငါးပါးအစပြု၍ သက်ကြီးရွယ်အို ရိုသေလေးစား ဂါရ၀ပြုသင့်သူများအား ကန်တော့ကြသည့် သုစရိုက်ကုသိုလ် ကောင်းမှု ပြုကြသူများကို တွေ့ရ၊ မြင်ရ၊ ကြားရသလိုပဲ သူတို့နဲ့ ဆန့်ကျင်ဘက်ဖြစ်သော ဒုစရိုက် အကုသိုလ် မကောင်းမှုများ ရှိနေကြသည်ကိုလည်း တွေ့ရ၊ မြင်ရ၊ ကြားရမှာ ဖြစ်ပါတယ်။ အေး ဒီလိုပဲ သုစရိုက်၊ ဒုစရိုက်အမှုများ ဖြစ်ပေါ်လျက်ရှိသည်ဖြစ်၍ မနောသည် အတွင်းသန္တာန်၌ ဖြစ်ပေါ်လျက်ရှိတာကြောင့် သူ့ကိုတော့ မမြင်နိုင်မကြားနိုင်ဘူးပေါ့။ အေး ဒါပေမယ့် ကာယကံ နဲ့ ၀စီကံကို ပြုလုပ်တဲ့နေရာမှာတော့ ပြင်ပသန္တာန်က ဖော်ပြ သဖြင့် သိသာတယ်။
ကာယကံ နဲ့ ၀စီကံ မှာ သုစရိုက်ဖြစ်စေ၊ ဒုစရိုက်ဖြစ်စေ၊ ဖော်ပြတဲ့နေရာမှာ ၀စီကံက ပိုမိုထင်ရှားတယ်။ အထူးသဖြင့် သက်ကြီးရွယ်အိုများ မိမိအတွက် ကျေးဇူးသိတက်ရမည့် ကျေးဇူးရှင်သူများထက် ငါးပါးသော အနန္တတွင် အကျုံးဝင်သည့် ဆရာ၊ မိဘတို့အား မရိုမသေ မလေမစားဘဲ ရွယ်တူချင်းဆက်ဆံသကဲ့သို့ ပြုမူပြောဆိုပါက မိမိ အမှတ်တမဲ့ ပြုမူသည် ပင်ဖြစ်ငြားသော်လည်း ဒုစရိုက်မှုဖြစ်နေသောကြောင့် ဖြစ်လာမည့် အကုသိုလ်နှင့်ငရဲဝဋ်ကြွေးက ခွင့်လွှတ် လိမ့်မည်မဟုတ်ပေ။
သာဓကလေးတစ်ခုကိုပြောပြပါ့မယ် ဘုရားရှင်လက်ထက်တော်အခါက ရာဇဂြိုဟ် ပြည်မှာ အလွန်တရာ ချောမောလှပတဲ့ သီရိမာဆိုတဲ့ ပြည့်တန်ဆာမလေးတစ်ယောက်ရှိတယ်။ တစ်နေ့မှာ နန္ဒသူဌေးက မယ်ဥတ္တရာ ဥပုသ်ဝင်လို၍ သူ့ကိုယ်စားလာနေဖို့ သီရိမာကို အသပြာတစ်သောင်း ငါးထောင်ဖြင့် ဆယ့်ငါးရက်စာ ငှားရမ်းပြီး မယ်ဥတ္တရာလေးက ဘုရားကျောင်းကိုသွားခဲ့တယ်။ တစ်နေ့မှာ မယ်ဥတ္တရာလေး ဘုရားဆွမ်းကပ်ဖို့အတွက် ပြင်ဆင်နေတုန်း သူ့နေရာကို လိုချင်နေတဲ့ သီရိမာ က ဆီပူနဲ့ခေါင်းပေါ်ကနေ လောင်းဖို့လာတာကို မြင်တော့ မယ်ဥတ္တရာလေး က ဒေါသမပွားပဲ သူ့ထံကို ငါခုလိုဘုရားကို လုပ်ကျွေးခွင့်ရတာသူ့ကြောင့်ပဲ ဆိုပြီးမေတ္တာပဲပို့နေတော့ လောင်းချလိုက်တဲ့ဆီပူတွေဟာ သူ့အပေါ်ကို စမ်းရေပမာ အေးမြစွာ စီးဆင်း သွားတာပေါ့။
ဝိုင်းပြီးရိုက်နေကြတဲ့ အခြွေအရံတွေကို ရပ်ခိုင်းပြီး ရရှိနေတဲ့ ဒဏ်ရာတွေကို ကုသပေးလိုက်တော့ သူ့အမှားကို သူသိသွားပြီး မယ်ဥတ္တရာလေးကို အပြစ်တွေ ကျေအေးဖို့ တောင်းပန်တော့ ဘုရားခွင့်လွှတ်မှသာ ငါခွင့်လွှတ်မယ်ဆိုတော့ သီရိမာ ကဘုရားထံရောက်သွားပြီး တရားတော် ကိုနာကြားရင်းပဲ စိတ်ဝင်စားပြီး ထိုတစ်ထိုင်ထဲမှာပင် သောတာပတ္တိမဂ်အဆင့် ရောက် သွားတယ်။ နောက်ပိုင်း ရတနာသုံးပါးကို ကြည်ညိုပြီး ဒါန သီလ အမှုပြုလျက်ပဲ အသက်ရှည်စွာမနေရှာခဲ့ပေ။
သူ့ရုပ်ကလာပ်ကို မြတ်စွာဘုရားက ရဟန်းတွေအပါအ၀င် ရောက်လာသူလူအပေါင်းကို ကြည့်ရှုခိုင်းစေတယ်. သူ့ခမျာ သူတပါးတွေကဲ့ သို့  ကိုယ်ပိုင် အိုးအိမ် အရှင်သခင် သားသမီးတွေနှင့် လူ့ဘ၀တွင် သန့်ရှင်းခိုင်ခံ့စွာ မနေရပဲ သူတပါး အလိုကို အမြဲတမ်းအကြိုက်လိုက်ကာ အနိမ့်ဆုံး အယုတ်ဆုံး ပြည့်တန်ဆာမ ဘ၀မှ အနားယူသွားရှာတယ်။ သိရီမာ ဟာ ရုပ်ဆင်းအင်မတန် လှပသော်လည်း အယုတ်ဆုံး ပြည့်တန်ဆာ ဘ၀ကို ရရှိရသည်မှာ အတိတ်က ၀စီကံဒုစရိုက်ကြောင့်ဖြစ်ရ ခြင်းဖြစ်တယ်။ တစ်ခုသောအတိတ်ဘ၀က သူမဟာ ဘုရားရင်ပြင်တော်ပေါ်မှာ လည့်လှည်ကာ ဘုရားဖူးရင်း သန့်ရှင်းရေးတွေလုပ်ဖို့အတွက် မိမိရဲ့ ခြုံလာသောတစ်ဘက်မြိတ်ဖြင့် သုတ်သင်လိုက်ရာ မထင်မှတ်စွာ သူမ၏နှုတ်မှမကျေနပ်သံဖြင်"့ ကြည့်စမ်းပါဦး ဒီရင်ပြင်တော်ပေါ်မှာ ဘယ်ပြည့်တန်ဆာမ တံတွေးထွေးသွားတယ် မသိဘူးဟု" ပြောလိုက်မိသွားတယ်။
တကယ်တော့ ဒီအညစ်အကြေးဟာ ဘုရားဖူးကြွရောက်လာတဲ့ ရဟန္တာအရှင်မကြီးတစ်ပါး၏ နှာချေလိုက်ရာမှ ကျခဲ့ခြင်းဖြစ်တယ်. အေး သူမခမျာ သေချာစွာ မသိဘဲ ပြောဆိုလိုက်ပေမယ့်လည်း အရိယာအရှင်မကြီးကို ပြစ်မှားလိုက်သလို ဖြစ်ခဲ့မိတဲ့အတွက် နောက်ကြုံကြိုက်ရာ ဘ၀များစွာမှာ ဘုရားရင်ပြင်ကို သန့်စင်စေရန် မိမိ၏ တစ်ဘက်ဖြင့်သုတ်သင်ပေးခဲ့ခြင်း၊ သုစရိုက်ကြောင့် ရုပ်ဆင်းသူမတူအောင် လှပခြင်းအကျိုးကို ရရှိခဲ့ပေမယ့်လည်း နှုတ်မစောင့်စည်းပဲ ရိုင်းပြစွာ ပြောဆိုလိုက်မိတဲ့အတွက် ၀စီကံဒုစရိုက်၏ ဆိုးကျိုးက ရုပ်လှပြီး အယုတ်နိမ့်ဆုံး ပြည့်တန်ဆာမတစ်ဦးဖြစ်လာခဲ့ရရှာတယ်။
ဒါကြောင့် အရေးကြီးတာကို ပြောချင် တာကတော့ "" ကာယ၊ ၀စီ၊ မနော ချီကြရာတွင် ၀စီကံအမှုသည် လူတို့မှာ အလွယ်ဆုံးကိစ္စ ဖြစ်တယ်။ အမူ့မဲ့ အမှတ်မဲ့ပင်ဖြစ်စေ၊ တမင်လုပ်သည်ဖြစ်စေ သူတစ်ပါးအား မကောင်းပြောလိုက်သည့် ဒုစရိုက်အကုသိုလ် ပင်ဖြစ်ကြောင်းသတိမူ မိသူများ ရှိသလို သတိမမူဘဲ ပေါ့ပေါ့မြင်၊ ပေါ့ပေါ့ပြောလေ့ရှိနေတတ် ကြသည်မှာ လူတို့၏သဘာဝဖြစ်တယ်။ ၀စီဒုစရိုက်မဖြစ်ရအောင် သတိမရှိပါက နောင်ဖြစ်လေရာ သံသရာတစ်လျှောက်မှာ "ဘယ်သူမပြု မိမိ မှု" သာဖြစ်ရပေလိမ့်မယ်။ ဒါကြောင့် အရာရာကို မလုပ်ခင်စဉ်စားကြပါလို့ပြောရင်း စာဖတ်သူတွေ အားလုံး အသိပညာတွေ များများတိုး တက်နိင်ကြပါစေ......................
ရွှင်လန်းချမ်းမြေ့ကြပါစေ။
ပိုစ့်အမျိုးအစား - ဘာသာရေး

အနော်ရထာမင်းကြီး၏ ကောင်းမှုတော် စွယ်တော်စေတီများ
ပထမမြန်မာနိုင်ငံတော်ကို တည်ထောင်ခဲ့တော်မူသော အနော်ရထာမင်းကြီးသည် စွယ်တော်စေတီ (၄)ဆူကို သစ္စာအဓိဌာန်ပြုကာ တည်ထားခဲ့သည်။ ထိုစွယ်တော်မြတ် လေးဆူမှာ-
(၁) ရွှေစည်းခုံစေတီတော်
(၂) တန့်ကြည်တောင်စေတီတော်
(၃) တုရင်တောင်စေတီတော်
(၄) လောကနန္ဒာစေတီတော် တို့ဖြစ်သည်။
ရွှေစည်းခုံစေတီတော်
တန့်ကြည်တောင်စေတီတော်
လောကနန္ဒာစေတီတော်
တုရင်တောင်စေတီတော်
Posted by အောင်မြေ at 12:51 AM 0 comments Links to this post
Labels: ပုဂံအနီးတ၀ိုက်ရှိထင်ရှားသော စွယ်တော်မြတ်စေတီများ
Read more...
ဝပ်တလုမ်ကျောင်းတိုက်၌ ဆောင်းရာသီ ခြုံစောင်များဆက်ကပ်လှူဒါန်း။
Sunday, December 6, 2009
ဝတ်တလုမ်=၆-၁၂-၂၀၀၉။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဝပ်တလုမ်ကျောင်းတိုက်တွင် သီတင်းသုံးနေထိုင်တော်မူရင်း တက္ကသိုလ်အသီးသီးတို့၌ ပညာသင်ကြားနေကြသော မြန်မာရဟန်းတော် ၅၀ ကျော်တို့အား၊ ကိုထွန်းလင်း ဦင်္းဆောင်သော စေတနာရှင် မြန်မာအလုပ်သမားများမှ ဆောင်းရာသီသုံး ခြုံစောင်းများနှင့် အလှူတော်ငွေ ဘတ် ၂၁၀၀ တိတိတို့ကို ဘဏ္ဍာတော်ငွေအဖြစ် ဆက်ကပ်လှူဒါန်းပြီး။ နေ့ဆွမ်းအတွက် ကိုထွန်းလင်း နှင့် မမလေး တို့မှ ဆက်ကပ်လှူဒါန်းကြောင်း သိရှိရသဖြင့် စေတနာရှင်များ သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ရန် အသိပေးအပ်ပါသည်။
Posted by ရွာဦးကျောင်း ဆရာတော် at 12:45 AM | Labels: သတင်းစဉ် | 0 comments
14-09(Guided Vipassana Meditation)
14-09.01 KO AUNG NAING(32) | 14-09 | Sayadaw | |||
14-09.02 ma ni ni thaung(32) | 14-09 | Sayadaw | |||
14-09.03 MA WIN WIN HTWE(32) | 14-09 | Sayadaw | |||
14-09.04 20090918 Answer To Ma Nwe(32) | 14-09 | Sayadaw | |||
14-09.05 20090913.CMN Answer(32) | 14-09 | Chit Myat Noe | |||
14-09.06 20090913 With CMN(32) | 14-09 | Chit Myat Noe | |||
14-09.07 20090919 TMCAbandon(32) | 14-09 | Sayadaw | |||
14-09.08 20090922 TMC Reality(32) | 14-09 | Sayadaw | |||
14-09.09 20090917 TMC Ma Khin Shwe Amya(32) | 14-09 | Sayadaw | |||
14-09.10 20090921 TMC Reality(32) | 14-09 | Sayadaw | |||
14-09.11 20090920 CMN ZER0(32) | 14-09 | Chit Myat Noe | |||
14-09.12 20090917 Yuzana Garden Patient(32) | 14-09 | Sayadaw | |||
14-09.13 20090915 UKL Amya(32) | 14-09 | Sayadaw | |||
14-09.14 20090914 TMC(32) | 14-09 | Sayadaw | |||
14-09.15 20090912 TMC Cause Copy(32) | 14-09 | Sayadaw | |||
14-09.16 20090910 TMC From Effect To Cause(32) | 14-09 | Sayadaw | |||
14-09.17 20090909 TMC Way of Buddha(32) | 14-09 | Sayadaw | |||
14-09.18 20090906TMC Practise(32) | 14-09 | Sayadaw |
အမျိုးသမီးများ နှင့် ဗုဒ္ဓဘာသာ
တရားပွဲအတော်များများမှာ တရားပွဲပြီးလို့ မေးခွန်းတွေ မေးပါလို့ ဆိုလိုက်တဲ့အခါ မေးတတ်တဲ့ မေးခွန်းတစ်ခုက
“တစ်ချို့ဗုဒ္ဓစာပေတွေကို ဖတ်ရတဲ့အခါ အမျိုးသမီးများနဲ့ ပတ်သက်ပြီး မကောင်းကြောင်း ဟောထားတာတွေ၊
တန်းတူအခွင့် အရေးမရှိတာတွေကို သိရတော့ စိတ်ထဲမှာ ခံစားရတယ်၊ ဘာကြောင့်လဲ..“
ဆိုတဲ့ မေးခွန်းလေးတစ်ခုပါ။
ဟိုတစ်လောကလည်း ကလေးမလေးတွေက
”ဘယ်နေရာရောက်ရောက် အမျိုးသမီးတွေဟာ အမြဲနိမ့်ကျပြီး ခွဲခြားခံရတယ်၊
မြန်မာပြည်မှာဆို ပိုလို့တောင်ဆိုးသေးတယ်၊
ဘာသာရေးနဲ့ ပတ်သက်တဲ့ နေရာတွေဆိုရင် အမျိုးသမီးများ မသွားရ၊
မတက်ရဆိုတဲ့ နေရာတွေ အများကြီးရှိတယ် စသဖြင့် ပြောပြီး အဲဒါဟာ ဘာကြောင့်လဲ…”တဲ့။
မှန်ပါတယ်။
ဒီလိုပြဿနာမျိုးက နေရာတိုင်း၊ နိုင်ငံတိုင်းမှာ ကြုံတွေ့ရမယ့် ပြဿနာပါ။
အမျိုးသမီးများ ဘက်ကကြည့်ရင် သူတို့ကို ခွဲခြားဆက်ဆံတယ်၊
နှိမ့်ချဆက်ဆံတယ်ဆိုတဲ့ အတွေးတွေ ၀င်မိကြမှာပါ။
ဒီလိုဝင်မိတာလည်း အပြစ်လို့ ပြောလို့မရပါဘူး။
တစ်ချို့ကလည်း ဒါဟာ ဘာသာတရားကြောင့် ဘာသာတရားမှာ ဟောကြားထားတဲ့
အမျိုးသမီးတွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကြောင့် ဒီလို ခွဲခြားခံရတာလို့ တွေးကြပါတယ်။
အထူးသဖြင့် ဗုဒ္ဓစာပေတွေမှာ ဖော်ပြတဲ့ အမျိုးသမီးများ မကောင်းကြောင်း ဇာတ်တော်နိပါတ်တော် စတာတွေကြောင့် အမျိုးသမီးများအပေါ် မကောင်းမြင်တဲ့သဘော၊ အမျိုးသမီးများကို ယုတ်နိမ့်တဲ့သဘောစသည်ဖြင့် မြင်နေကြတာ ဖြစ်ကြောင်း မခံမရပ်နိုင် ပြောဆိုလာကြပါတယ်။
လူလူချင်းအတူတူ ခွဲခြားဆက်ဆံခံရတဲ့ အတွက် စိတ်ထဲမှာ မခံချိမခံသာ ဖြစ်မိတယ်လို့လည်း တစ်ချို့က ရင်ဖွင့်လာကြပါတယ်။
တကယ်တော့ ဒီလိုဖြစ်လာတာ ဗုဒ္ဓဘာသာနှင့် မသက်ဆိုင်ဘူးလို့ မြင်မိပါတယ်။
ယောက်ျား၊ မိန်းမဆိုတဲ့ သဘာဝနိယာမ သဘောက ခွဲခြားပေးခဲ့ခြင်းသာ ဖြစ်ပါတယ်။
အမျိုးသားများအဖြစ်၊ အမျိုးသမီးများ အဖြစ် ကွဲပြားလာစေတဲ့ ကိုယ်အင်္ဂါ အစိပ်အပိုင်းများကြောင့်ပဲ
နေရာတကာမှာ ရင်ဘောင်တန်းလို့ မရတဲ့ အနေအထားတွေ ဖြစ်နေတာပါ။
ဒီသဘာဝ နိယာမတွေကြောင့်ပဲ အမျိုးသမီးများမှာ အမျိုးသားများလို လွတ်လပ်မှုမရှိတာ၊
အမျိုးသားများထက် ပိုတဲ့ခန္ဓာဝန် ဒုက္ခတွေ ရှိလာတာ ဖြစ်ပါတယ်။
သေချာတာကတော့ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ဒုက္ခတွေ ပိုများတယ်ဆိုတာ သေချာပါတယ်။
ထင်ရှားအောင် ပြရရင် ကိုယ်ဝန်ဆောင်ရတဲ့ ဒုက္ခ၊ လစဉ်ဓမ္မတာ ဆင်းရတဲ့ဒုက္ခ၊ သားသမီးမွေးဖွားရတဲ့ ဒုက္ခ စတာတွေဟာ အမျိုးသားများထက် ပိုတဲ့ အမျိုးသမီးများမှာသာ ရှိနေတဲ့ ဒုက္ခတွေပါ။
ဗုဒ္ဓဘာသာလာ ကမ္မနိယာမ သဘောတရားအရ ကြည့်ရင် အတိတ်ကပြုခဲ့တဲ့ ကမ္မသတ္တိ ကံစွမ်းတွေအရ ဒီလို ဒုက္ခပိုများတဲ့ လူသားအဖြစ် မွေးဖွားလာရခြင်း ဖြစ်ပါတယ်။ ဒုက္ခပိုများတာဟာ မကောင်းတဲ့ အကျိုးတွေ ပိုများလို့ပါ။
မကောင်းတဲ့ အကျိုးပိုများတာဟာ မကောင်းတဲ့ အကြောင်းတွေ ရှိခဲ့လို့ဖြစ်ပါတယ်။
အတိတ်အတိတ်ဘ၀တွေက လုပ်ခဲ့တဲ့ မကောင်းတဲ့ ကံတွေ၊ စွဲလမ်းတပ်မက်တတ်တဲ့ တဏှာတွေ၊ မသိမှု အ၀ိဇ္ဇာတွေကြောင့် ရရှိလာတဲ့ အကျိုးဆက်တွေလို့ ပြောနိုင်ပါတယ်။
အမရပူရ ဆရာတော်ကြီးကတော့ အမျိုးသမီး အဖြစ်မွေးဖွားလာရတာ အတိတ်ဘ၀ တစ်ခုခုက ကျူးလွန်ခဲ့တဲ့ ကာမေသုမိစ္ဆာစာရကံကြောင့်လည်း ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါက အတိတ်ကို ပြောပြတာပါ။
ဒီသဘောအရ ကြည့်ရင် ယောက်ျားအဖြစ်၊ မိန်းမအဖြစ် မွေးဖွားမှုဟာ ကံအကျိုးပေး ကွာခြားမှုကြောင့်လို့လည်း ပြောလို့ရပါတယ်။ တစ်ချို့လည်း အမျိုးသမီးဘ၀ကိုပဲ တပ်မက်တတ်တဲ့ တဏှာကြောင့် အမျိုးသမီးအဖြစ် ပြန်မွေးနေကြတာတွေ ရှိပါတယ်။ ထားပါတော့။ ဒါက အမျိုးသမီးအဖြစ်ကို ရလာတတ်တဲ့ အကြောင်းလေးကို ပြောပြတာပါ။
ဒါပေမယ့် ဒီလို မိန်းမယောက်ျား အဖြစ်ကွဲပြားနေပေမယ့် တူညီတဲ့ တန်ဖိုးမဖြစ်နိုင်တဲ့ ကောင်းကျိုးကတော့ ရခဲတဲ့ လူ့ဘ၀ကို ရလာခြင်းဆိုတဲ့ အချက်ပါ။ ရခဲ့တဲ့ လူဆိုတဲ့ ဒုလ္လဘတရားမှာ အမျိုးသား၊ အမျိုးသမီးလို့ ခွဲခြားမှုမရှိပါဘူး။
ဗုဒ္ဓဘုရားရှင် ကိုယ်တော်တိုင်လည်း အမျိုးသား၊ အမျိုးသမီး ခွဲခြားမှု မရှိသလို
အမျိုးသမီးများကို နှိမ့်ချဆက်ဆံတဲ့သဘော၊
ခွဲခြားဆက်ဆံတဲ့ သဘော၊
ယုတ်ညံ့တဲ့ လူသားအဖြစ် ထုတ်ဖော်ဟောကြားတဲ့ သဘောများ မရှိခဲ့ပါဘူး။
အမျိုးသမီးများကိုလည်း
လူသားများအဖြစ် လူ့တန်ဖိုး၊ လူ့သိက္ခာ၊ လူ့အသိဉာဏ်ရှိတဲ့ သူများအဖြစ် ချီးမြှောက်ပါတယ်။
တရားဟောတဲ့အခါမှာလည်း အမျိုးသားများဖြစ်လို့ ဟောတယ်။ အမျိုးသမီးများ ဖြစ်လို့ မဟောဘူး စတာတွေ မရှိပါဘူး။
အမျိုးသားများ သောတာပန် ဖြစ်နိုင်သလို အမျိုးသမီးများလည်း သောတာပန် ဖြစ်နိုင်ကြပါတယ်။
အမျိုးသားများ အာသဝေါကုန်ခမ်း ရဟန္တာဖြစ်နိုင်သလို အမျိုးသမီးများလည်း ရဟန္တာ ဖြစ်နိုင်ပါတယ်။
အမျိုးသားများ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်သလို အမျိုးသမီးများလည်း နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ပါတယ်။
နောက်ဆုံး အမျိုးသမီးများ သာသနာ့ဘောင်ဝင်လာရင် ပြဿနာ အမျိုးမျိုးရှိလာနိုင်တာ၊ အမျိုးသမီးရဟန်းမများရဲ့ သာသနာဟာ ကြာကြာမတည်နိုင်တာကို သိရှိပေမယ့် အမျိုးသမီးများကို အခွင့်အရေး ပေးလိုတဲ့အတွက် ဘိက္ခုနီသံဃာ့ အဖွဲ့အစည်းကို ခွင့်ပြုပြီး ဘိက္ခုသံဃာ အဖွဲ့အစည်းအတိုင်း သာသနာတော်မှာ အသိအမှတ်ပြုပေးခဲ့ပါတယ်။ ဒါကြောင့် ဘုရားရှင်အနေနဲ့ တစ်နည်းအားဖြင့် ဗုဒ္ဓဘာသာအနေနဲ့ အမျိုးသမီးများအပေါ် နိမ့်ချခြင်း၊ ခွဲခြားဆက်ဆံခြင်း၊ အခွင့်အရေး မပေးခြင်းများ မရှိခဲ့ပါဘူး။
ဟိုဟိုဒီဒီ ပြောစရာမလိုဘဲ ဗုဒ္ဓဘာသာရဲ့ အဓိက အရေးကြီးဆုံးဖြစ်တဲ့ လွတ်မြောက်ရေးဆိုတဲ့
နိဗ္ဗာန်ကို မျက်မှောက်ပြုရတဲ့ နေရာမျိုးနဲ့ ချိန်ထိုးကြည့်ရင် သိနိုင်ပါတယ်။
အမျိုးသမီးများ ဖြစ်နေလို့ တရားမရဘူး ဆိုတာမရှိခဲ့ပါဘူး။
ဒီအချက်တစ်ချက်တည်းကို ကြည့်လိုက်ရင်ပဲ ဗုဒ္ဓဘာသာရဲ့ ဒီမိုကရေစီ ကျမှု၊ တန်းတူအခွင့် အရေးရှိမှု၊ တစ်ပြေးညီတည်း ဆက်ဆံမှုကို သိနိုင်ပါတယ်။
သဘာဝက ပေးလိုက်တဲ့ ခန္ဓာကိုယ် ဖွဲ့စည်းမှု အနေအထားအရ အမျိုးသမီးများကို အားနည်းတဲ့ သူများအဖြစ်သာ သဘောထားပါတယ်။
ယုတ်ညံ့တဲ့ သူများအဖြစ် မသတ်မှတ်ပါဘူး။
ဗုဒ္ဓကိုယ်တော်တိုင်လည်း အမျိုးသား အမျိုးသမီး ကွဲပြားတဲ့အတွက် အရိယာသူတော်စင် မဖြစ်ရဘူးလို့ မသတ်မှတ်ပါဘူး။
အမျိုးသားဖြစ်စေ အမျိုးသမီးဖြစ်စေ ပါရမီအဟုန်ရှိပြီး အကျင့်သိက္ခာပြည့်စုံစွာနဲ့ ကြိုးစားအားထုတ်ပါက တရားရနိုင်တယ်ဆိုတာ သက်သေပြခဲ့ပါတယ်။ အမျိုးသမီး ရဟန်းမများကိုလည်း အမျိုးသား ရဟန်းတော်များ နည်းတူ ဧတဒဂ် ရထူးများနဲ့ ချီးမြှင့်ပေးခဲ့ပါတယ်။
သို့သော် ဗုဒ္ဓဘာသာမှာ အဆင့်မြင့်မှု မမြင့်မှု ခွဲခြားမှုတော့ ရှိပါတယ်။
ဒါကလည်း ယောက်ျား မိန်းမဆိုတဲ့ သဘာဝနိယာမ ကွဲပြားမှု၊ ပညာတတ်မှု မတတ်မှု စတာတွေကို လိုက်ပြီး ခွဲခြားတာ မဟုတ်ပါဘူး။
သူတို့ရဲ့ ကိုယ်ကျင့်သီလ မြင့်မှု၊ မမြင့်မှုကို ကြည့်ပြီး တစ်လင်တစ်မယားထဲမှာပဲ အမျိုးသမီးက အမျိုးသားထက် အကျင့်သိက္ခာမြင့်မြတ်ရင် အမျိုးသားထက်သာသူအဖြစ် ချီးကျူးတော်မူပါတယ်။
အမျိုးသားဖြစ်ပေမယ့် အကျင့်သိက္ခာ မကောင်းရင် ဘယ်မျက်နှာမှ မထောက်ဘဲ ကဲ့ရဲ့တော်မူပါတယ်။
ဘုရားရှင်ရဲ့ ကဲ့ရဲ့တော်မူတဲ့အခါ သုံးတဲ့စကားက “မောဃပုရိသ- မဂ်ဖိုလ်မပြီး အချည်းနှီးသော ယောက်ျား“ ဆိုတဲ့စကားပါ။
ပြီးတော့ တစ်အိမ်ထောင်တည်း ဖြစ်ပေမယ့် လင်ယောက်ျားက သီလလုံခြုံပြီး မယားက သီလမလုံခြုံရင်
နတ်သားလင်နှင့် သေသူမယားတို့ ပေါင်းသင်းခြင်းနှင့် တူကြောင်း၊
မယားက သီလလုံခြုံပြီး ယောက်ျားက သီလမလုံခြုံရင် နတ်သမီးမယားနှင့် သေသူလင်တို့ ပေါင်းသင်းခြင်းနှင့် တူကြောင်း
စသည်ဖြင့် မိန်းမယောက်ျား မခွဲခြားဘဲ အကျင့်သီလကိုသာ အဓိကထားကာ အဆင့်အနိမ့်အမြင့် သတ်မှတ်ပေးပါတယ်။
ဒါတွေကို ကြည့်ရင် ဗုဒ္ဓဘာသာဟာ လူတန်းစား ခွဲခြားတတ်တဲ့၊
အမျိုးသမီးများကို နှိမ်ချတတ်တဲ့ ဘာသာမဟုတ်ဘူး ဆိုတာ နားလည်သဘောပေါက် နိုင်ပါတယ်။
အချုပ်အားဖြင့် ပြောချင်တာက
ကံအကျိုးပေးကြောင့် ယောက်ျားအဖြစ်၊ မိန်းမအဖြစ် မွေးဖွားလာခဲ့ရပြီး ရရှိလာတဲ့ အခွင့်အရေးများဟာလည်း အနည်းငယ်ကွဲပြားနေတာ၊
ဒုက္ခတွေ ပိုနေတာ၊ နည်းနေတာ ရှိတတ်ပေမယ့်
စစ်မှန်တဲ့ သဘောသဘာဝ အနေဖြင့်ကတော့ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ နိဗ္ဗာန်မရသေးသမျှတော့ ခန္ဓာကိုယ်ရလာတဲ့သူ မှန်သမျှ ဒုက္ခတွေကတော့ ရှိနေကြမှာ ဖြစ်တယ်ဆိုတာပါ။
အမျိုးသားဘ၀ဟာ ဘုရားဖြစ်နိုင်၊ စကြာဝတေးမင်းတွေ ဖြစ်နိုင်တဲ့အတွက် မြင့်မြတ်တယ်လို့ ဆိုနိုင်ပေမယ့် ဒုက္ခအပေါင်းမှ ငြိမ်းရာနိဗ္ဗာန်ကို ၀င်ကြတဲ့အခါမှာတော့ အမျိုးသမီးများလည်း အမျိုးသားများ တန်းတူရနိုင်၊ ရောက်နိုင်တယ်ဆိုတာ ငြင်းလို့မရတဲ့ အမှန်တရားဖြစ်ပါတယ်။
ကံအကျိုးပေးအရ အမျိုးသမီးများ အဖြစ်ဘ၀ကို ရရှိလာမှုနှင့်အတူ အမျိုးသမီးများ၏ ဒုက္ခများလည်း ခံစားလာရမှုတွေ ရှိနေကြတဲ့အတွက်
အမျိုးသမီးများကို အားနည်းသူများအဖြစ် မြင်နိုင်ကြပေမယ့်
ယုတ်နိမ့်တဲ့သူများ၊
အဆင့်နိမ့်တဲ့သူများကတော့ မဟုတ်ကြဘူးဆိုတာပါ။
ဒါပေမယ့် အကျင့်သိက္ခာတွေ ပျက်ပြားနေမယ်၊ အကုသိုလ်တွေများနေမယ် ဆိုရင်တော့ ဒီလိုသူမျိုးကို နိမ့်ကျတဲ့သူများလို့ ပြောနိုင်ပါတယ်။
ဒီနိမ့်ကျမှုကတော့ အမျိုးသမီးဖြစ်ရလို့ မဟုတ်ပါဘူး။ အမျိုးသားပဲ ဖြစ်ဖြစ် အမျိုးသမီးပဲ ဖြစ်ဖြစ် ကိုယ်ကျင့်ပျက်ရင်တော့ အကုန်နိမ့်ကျသူတွေ ဖြစ်နေမှာပါ။ အဲလိုမျိုးသူတွေ ဆိုရင်တော့ ဘယ်နေရာသွားသွား ခွဲခြားဆက်ဆံခံနေကြရမှာပါ။
ဒါကြောင့် ကံပေးမှုနဲ့ သဘာဝတရားအရ ရလာတဲ့ အမျိုးသမီးများဟာ
အမျိုးသားများတန်းတူ အရာရာ ရင်ဘောင်မတန်းနိုင်ကြပေမယ့်
အကျင့်သီလကောင်းပြီး ကိလေသာကုန်ရာ လမ်းစဉ်ကို လိုက်နာကျင့်သုံးနေမယ်ဆိုရင်
နိဗ္ဗာန်ဆိုတဲ့ အခွင့်အရေး တံခါးက အမြဲဖွင့်လစ်ထားနေမှာ ဖြစ်တဲ့အတွက်
ဟိုတွေးဒီတွေး ကလေးအတွေးတွေ မတွေးကြဘဲ
အမျိုးသမီးဖြစ်ပေမယ့် အမျိုးသားများထက်သာအောင်၊
အမျိုးသားများထက် အဆင့်မြင့်အောင် ကိုယ့်ရဲ့ သီလ၊သမာဓိ၊ပညာ သိက္ခာတရားများ မြင့်မားအောင်သာ ကြိုးစားသင့်ပါတယ်
http://www.venvicitta.com/ မှ ကူးယူဖော်ပြပါသည်။
Read more...
စွန်းလွန်း ဖြေကြားသော နိဗ္ဗာန် အကြောင်း( ဒု )
ဖက်ပင်အိုင်။ ။ ဦးက၀ိ တပည့်တော်များသည် တပါးနှင့် တပါးဘွားကနဲ ယခုမှ တွေ့မြင်ဘူးကြသည် မဟုတ်ကြပေ၊ ရှေးကလည်း တွေ့ဘူး မြင်ဘူးသူများ ဖြစ်ကြ၍ တပါးကို တပါး အားနာစရာ မရှိ၊ မေးစရာ ရှိသလောက်တော့ မေးမြန်းခွင့် မရှိပေဘူးလား ဘုရား။
ဖြေ ။ ။ မှန်လှပါ အရှင်ဘုရား၏ တပည့်ကို အလိုရှိသလိုသာ ဆုံးမတော် မူပါဘုရား။
ဖက်ပင်အိုင် ။ ။ ကဲ ဒါဖြင့် ရှေးကတော့ ပဲခူးမြို့ အရှေ့ဖျား အဗျားရွာမှာ တွေ့စဉ်တုံးကတော့ ဗြုန်းကနဲ တွေ့ရတာက တကြောင်း အာဂန္တုက ချင်းဖြစ်နေတာလဲ တကြောင်းမို့ မေးသင့်သလောက်သာ မေးရပေတယ်။ ယခုတော့ ဆက်လက်မေးရပြန်တာပေါ့။
မေး။ ။ ဦးက၀ိ ရဲ့ - ယခု သီတင်းလဲ ကျွတ်ခါနီးနေပြီ ၀ါတွင်းမှာ ဘာကိုများ အာရုံပြု သီတင်းသုံးနေပါသတုံး ဘုရား။
ဖြေ။ ။ သာသနာတော်ကို အာရုံပြုနေပါတယ် ဘုရား။
မေး။ ။သာသနာတော်ကို ဘယ်ပုံ အာရုံပြုပါသတုံး ဘုရား။ သာသနာ ဆိုတာ ပရိယတ် ပဋိပတ် နှစ်ပါး ရှိနေတော့ ဘယ်သာသနာကို ဘယ်ပုံ အာရုံပြုနေပါသတုံး ဘုရား။
ဖြေ။ ။ ဘုရားတပည့်တော်မှာ စာကလဲ မတတ်တော့ ပရိယတ် သာသနာကို ချီးမြှင့်ခြင်းငှါ မစွမ်းနိုင်ပါ၊ ဒါကြောင့် ပဋိပတ် ပေါ်တွင်သာ သမာဓိ မရသေးသော သူများ သမာဓိ ရလေအောင်၊ ရပြီးသူများလဲ ရင့်ကျက်သည်ထက် ရင့်ကျက်အောင်၊ ရင့်ကျက်ပြီးသူများလဲ လိုရင်းကိစ္စပြီးစီးကြအောင်ကို အာရုံပြုနေပါ၏ ဘုရား။
မေး ။ ။ ဒါဖြင့်လျင် မေတ္တာပေါ့ ဘုရား၊
ဖြေ။ ။ မှန်လှပါ ဘုရား၊
မေး။ ။ မေတ္တာ ဆိုတော့ သတ္တပညတ်ပေါ်၌ စိတ်ကိုထား၍ လောကီ ရှိပါသေးတယ်။ လောကုတ္တရာကိုကော ဘယ်လို အာရုံပြုပြီး စိတ်ကို ထားပါသတုံး ဘုရား၊ အဲဒီပေါ်မှာကော စိတ်ကို မထားဘူးလား၊
ဖြေ။ ။ လောကုတ္တရာပေါ်မှာလဲ စိတ်ကို ထားပါရဲ့ ဘုရား၊
မေး.။ ။ အဲဒီ လောကုတ္တရာ ပေါ်မှာပဲ စိတ်ကိုထားပါတော့လား ဘုရား၊ အဘယ်ကြောင့် လောကီ ဘက်ကို စိတ်တွေ ရောက်နေရသေးလဲ ။
ဖြေ။ ။ လောကုတ္တရာချည်း သက်သက် စိတ်ကို မထားနိုင်ပါဘုရား။ ခန္ဓာဝန်ကြီးက အလွန်လေးလံသောကြောင့် လောကီ တလှည့် လောကုတ္တရာ တလှည့် ပြောင်းခံနေရပါတယ် ဘုရား။
မေး။ ။ ကဲ ဒါဖြင့် လောကီ ပညတ် အာရုံ ပြုပုံကိုတော့ ထားလိုက်ပါတော့ ၊ လောကုတ္တရာ ပရမတ်ကိုရော ဘယ်ပုံ အာရုံပြုပါသတုံး ဘုရား။
ဖြေ။ ။ မိမိ မြင်ဘူးတာကို အာရုံပြုရပါတယ် ဘုရား။
မေး။ ။ ဒါဖြင့် တခြား ဟာတွေကို ထားလိုက်ပါတော့ ၊ သဂြိုဟ် ထဲက အတိုင်းဆို ပေစ္စဝေက္ခဏာ ပေါ့ဘုရား။
ဖြေ။ ။ မှန်လှပါ ဘုရား။
မေး။ ။ ဒါဖြင့် မဂ် ဖိုလ် နိဗ္ဗာန်ကို အာရုံပြုရတာနှင့် ပညတ်ကို အာရုံပြုရတာ ဘယ်က သာခက်သတုံး။ မဂ် ဖိုလ် နိဗာန်ကို အာရုံပြုရတာက သာပြီး မခက်ပေဘူးလား ဘုရား။
ဖြေ။ ။ တပည့်တော် အတွက်ဖြင့် ဘယ်သင်းက မှ မခက်ပါဘုရား။
မေး.။ ။ မဂ်ကို အာရုံပြုပုံ ပြောပြစမ်းပါ ဘုရား။
ဖြေ။ ။ ဥပမာ - ယောဂီတယောက်သည် ၀ိပဿနာ တရားအားထုတ်ပြီး တက်လာတယ် ဆိုပါတော့ ဘုရား၊ အဲနောက်တော့ ဘ၀င် အနည်းငယ်မျှ ကျသွားပြီးနောက် ရှေးစိတ်သုံးပါးက ကိလေသာတရားကို ဖယ်ရှားပေးပါရော ဘုရား၊နောက်စိတ်က နိဗ္ဗာန်ကို မြင်ပါရော၊
ဒါနဲ့ စိတ်စေတသိက် ရုပ် ဆိုတဲ့ တရားသုးံပါး ဖြစ်ချုပ် ဖြစ်ချုပ် ဖြစ်နေတာကိုပင် ကြီးစွာသော ဆင်းရဲကြီးပါတကား၊ ဒီဆင်းရဲဟာ ဘယ်သူ့ကြောင့်လဲလို့ ဆန်းစစ်လိုက်တော့ ပြုလုပ်ပေးတတ်တဲ့ လောဘကိုမြင်ပါရော ဘုရား။
ယခုပြောနေတာက တခုစီ ပြောရလို့ ကြာနေတာပါ၊ ဟိုမှာတော့ ဘာမှ မကြာပါဘုရား။ ဆင်းရဲကို သိတာနဲ့ တပြိုင်နက်ထဲ ဖြစ်သွားတာပါ၊
ကဲ ပြောသာ ပြောပါဘုရား။
အဲဒီလို လုပ်ပေးတဲ့ သူကို မြင်တော့ နိုင်တဲ့သူက ဗြုန်းကနဲ ဆိုသလို ပြုလုပ်ပေးတဲ့သူကို သတ်လိုက်ပါရော၊ အဲဒါက မဂ်ပါပဲ ဘုရား၊ ဒီတော့ စိတ်စေတသိက် ရုပ် တရားများလဲ ဖရိုဖရဲ ဖြစ်သွားပြီး အကြောင်းအကျိုး ပြတ်သွားပါရော။ အဲဒါ နိဗ္ဗာန်ပါဘဲ ဘုရား၊ နောက်တော့ ဖိုလ်ဇော အုပ်သွားပါရော။ အဲဒါ မြင်ဘူးတာတွေ ပါဘဲ ဘုရား၊
မေး။ ။ နေစမ်းပါအုံး ဘုရား။ အဲဒီ မဂ် ဖြစ်တဲ့ အခါများ ထင်ထင်ရှားရှား မဂ်ဖြစ်မှန်း သိရဲ့လား။
ဖြေ။ ။ မသိပါဘုရား။ နောက် ဆင်ခြင်မှ သိရပါတယ် ဘုရား။
မေး။ ။ ကျမ်းဂန် လာတဲ့အတိုင်း လောဘ ကို မဂ်က ပယ်တယ် ဆိုတာ ဟုတ်ပါရဲ့။ သို့သော်လည်း ယခု အခါ တိုင်းတပါးက ရန်သူစစ်သည်ကို တိုက်ခိုက်ရန် ထွက်သွားသော စစ်သူကြီးသည် မိမိ တယောက်တည်း မသွားပဲ နောက်လိုက် ဗိုလ်ပါများစွာနှင့် ထွက်ပြီး ရန်သူကို တိုက်ခိုက် နှိမ်နှင်းသလို ဒီနေရာမှာလဲ လောကုတ္တရာ မဂ်ဟာ လောဘကို သတ်ဖို့ အဖော်များ ရှိသေးသလား။ တယောက်ထဲဘဲ သတ်လေရော့သလား။ အဖော် ရှိရင် ထည့်ပေးပါအုံး။
ဖြေ။ ။ ယောဂီ တယောက်သည် ၀ိပဿနာ တရားအားထုတ်ပြီး အထွတ်အထိပ်သို့ ရောက်ခါနီး ရှေ့စိတ်သုံးပါးက ကိလေသာ တရား ကင်းစင်သွားအောင် ပယ်ရှားလိုက်ပါရော ဘုရား။ အဲဒီလို ကိလေသာ စင်နေတော့ နိဗ္ဗာန်ကို မြင်တဲ့စိတ် ပေါ်ပေါက်လာပါရော ဘုရား။ ၄င်း စိတ်က နိဗ္ဗာန်ကို မြင်တော့ ယင်းစိတ်မြင်သော နိဗ္ဗာန်ကို မဂ်က မှီခို တွယ်ကပ်ပြီး လောဘကို ပယ်သတ်လိုက်ပါရော ဘုရား။
မေး။ ။ မဂ်တော့ သဘောကျပါပြီ ဦးက၀ိ ရယ်။ အလွန် သိမ်မွေ့ နက်နဲ တဲ့ နေရာတွေနော်၊ တပည့်တော် များကတော့ စာတွေ့ ပြောရတာ။ ဒါနဲ့ မဂ်နောင် ဖိုလ်ဇော အုပ်လိုက်တယ် ဆိုတာ စိတ်ထဲမှာ ဘယ်နှယ် နေသတုံးဘရား၊
ဖြေ။ ။ ကောင်းကောင်း မသိလိုက်ရပါ ဘုရား၊
မေး။ ။ မဂ်နောင် ဖြစ်တဲ့ ဖိုလ်က အာနန္တရိက ဖိုလ် ခေါ်တယ်၊ဘုရား၊ နှစ်ကြိမ် သုံးကြိမ်တည်း ဖြစ်တာ ဆိုတော့ စိတ်ကလဲ အလွန်လျင်မြန်တဲ့ အတွက် ကောင်းကောင်း သိလိုက်မှာ မဟုတ်ဘူး၊ ဒါထက် မဂ်ကို ဆင်ခြင်တဲ့ အခါ သိရှိပုံများ ဘယ်လို နေသတုံး ဘုရား။
ဖြေ ။ ။ ယောဂီ တယောက် ဟာ ဥပမာ သောတာပတ္တိမဂ်ကို ရတယ် ဆိုပါတော့ ။ ၄င်းယောဂီ သည် မိမိရသော မဂ်ကို ဆင်ခြင်သောအခါ ငါ သောတာပတ္တိမဂ်ကို ရပြီ ဟု သိရုံပါဘဲ ဘုရား။
မေး။ ။ ဖိုလ်ကို ဆင်ခြင်တဲ့ အခါ ဘာကို အာရုံပြု သတုံးဘုရား၊ အဲဒီ ဖိုလ်စိတ် ဖြစ်နေတဲ့ အချိန် စိတ်ထဲမှာ ဘယ်လိုများ ခံစားနေရသတုံး ဘုရား၊
ဖြေ။ ။ မိမိ မြင်ဘူးတဲ့ အကြောင်းအကျိုး ပြတ်ရာကလေးကို အာရုံပြုလိုက်တာနဲ့ ဖိုလ်စိတ် ဖြစ်လာပါေ၇ာ၊ အဲဒီတော့ စိတ်ချမ်းသာပြီး မှိန်းနေပါရော ဘုရား၊
ဆရာတော် အဲဒီလို ဆင်ခြင်ပြီး ၀င်စားတာက ၀လဉ္စန ဖိုလ် ခေါ်တယ်၊ အဲဒီ ဖိုလ်ကျမှ သေသေချာချာ သိရတယ်၊ တယ်ပြီး သိမ်မွေ့တယ် ဘုရား။ ကဲ တပည့်တော်လဲ ညောင်းသေးတယ် ၊ အနင်း ခံပါအုံးမယ် ဟု ပြောပြီး ဖက်ပင်အိုင် ဆရာတော်ကြီးသည် ဦးခေါင်း တညိမ့်ညိမ့်ကျေနပ် ၀မ်းသာသော မျက်နှာ ဖြင့် ကျောင်းပေါ်သို့ ကြွသွားလေ၏ ။
နားထောင်နေကြသော ရဟန်းသံဃာ အပေါင်း ဒကာ ဒကာမ အပေါင်း တို့မှာလည်း ကျေနပ်အားရသော မျက်နှာကိုယ်စီဖြင့် မြင်းခြံ ဆရာတော်အား အကြိမ်ကြိမ် ဦးချ ကန်တော့ နေကြလေတော့ ၏။
မှတ်ချက်၊ ဤဆောင်းပါးများကို တစုတဝေးတည်း ရှာဖွေ လေ့လာလိုပါက ဤဘလော့အတွင်းမှ ဖတ်လိုရာ ရှာဖွေရအောင်မှာ တွေ့နိုင်ပြီး ဤ ၀က်ဆိုက် မှာလည်း ရှာဖွေ လေ့လာနိုင်ပါတယ်။
Read more...
သီတဂူဆရာတော်ကြီး၏ စီမံကိန်း လုပ်ငန်းများ
အပြည်ပြည်ဆိုင် သီတဂူ ၀ိပဿနာ ကမ္မဋ္ဌာန်းဌာန (စစ်ကိုင်း)
SITAGU INTERNATIONAL VIPASSANA ACADEMY (SAGAING)
သီတဂူသာသနာပြုအဖွဲ့ကြီး၏ ဦးစီးပဓာနဖြစ်တော်မူသော သီတဂူဆရာတော်ဘုရားကြီးသည်
၁။ စစ်ကိုင်းတောင် ရေလှူတော်စီမံကိန်း
၂။ သီတဂူအာယုဒါ ဆေးရုံတော်
၃။ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)နှင့်
၎။ သီတဂူ ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
၅။ သီတဂူ ဗုဒ္ဓတက္ကသိုလ် (မန္တလေး) နှင့်
၆။ သီတဂူဗုဒ္ဓ၀ိဟာရ (အမေရိက) အစရှိသော ပရဟိတ စီမံကိန်းကြီးများကို ပြည်တွင်း ပြည်ပ အလှူရှင်များ၏ ထောက်ပံ့လှူဒါန်းမှုဖြင့် အောင်မြင်စွာ တည်ထောင်နိုင်ခဲ့ပြီ။ စစ်ကိုင်းတောင်သည် သမိုင်းအစဉ်အလာအရ ပရိယတ္တိ ပဋိပတ္တိ ပဋိဝေဓသာသနာ ထွန်းကားခဲ့ရာနေရာဖြစ်ပါသည်။ ယခုအခါ ထိုမြေမြတ်မဟာဝယ် အပြည်ပြည်ဆိုင်ရာ သီတဂူ ၀ိပဿနာကမ္မဋ္ဌာန်းဌာနကြီးကို အကောင်အထည်ဖော်နေပါပြီ။ အလှူဒါနပြုရန် အခွင့်ကောင်းကို ချောင်းနေသူများအတွက် အသိပေးလိုက်ပါသည်။
အဆောက်အဦး ဖွဲစည်းပုံနှင့် အလှူရှင်များ-
အဆောင်များ၏ ဦးထိပ်ဝယ်
၁။ သီတဂူ ဒီပင်္ကရစေတီ (လှူရှင်- မင်းသီဟ (ကျပ်သိန်း ၁၀၀၀)
၂။ ထိုစေတီနှင့် ဘေးချင်းယှဉ်ကပ် ဂါလံ ၅၀၀၀၀ (ငါးသောင်း) ဆန့် ရေလောင်ကန်ကြီး ၂လုံး (တစ်လုံးလျင်- သိန်း ၁၅၀၊ အလှူရှင်ရပြီး)။
၃။ ဆရာတော်နှင့် လက်ထောက်ဆရာတော်များ ၂ ဆောင်အတွက် (တစ်ဆောင်လျင် သိန်း ၈၀၀၊ အလှူရှင်ရပြီး)။
၎။ ၀ိပဿနာဓမ္မဗိမာန်တော် (ကျပ်သိန်း ၅၀၀၊ အလှူရှင်ရပြီး) ထိုဗိမာန်တော်သည် အမျိုးသား အမျိုးသမီး ယောဂီဆောင် ၂ ဆောင်ကြား၌တည်ရှိသည်၊ ယောဂီပေါင်း ၃၀၀ တပြိုင်းတည်း ကမ္မဋ္ဌာန်းတရားထိုင်နိုင်သည်။
အောက်ပါအဆောင်များအတွက် လှူဒါန်းနိုင်ရန် အလှူရှင်များအခွင့်အရေးရှိပါသေးသည်။
၁။ အမျိုးသားယောဂီဆောင်ငယ်ပေါင်း ၁၀၀ အတွက် (တစ်ဆောင်လျင် ကျပ်သိန်း ၅၀)။
၂။ အမျိုးသမီးယောဂီဆောင်ငယ်ပေါင်း ၁၀၀ အတွက် (တစ်ဆောင်လျင် ကျပ်သိန်း ၅၀)။
၃။ အမျိုးသားယောဂီ ထမင်းစားဆောင်နှင့် မီးဖိုဆောင် (ကျပ်သိန်း ၂၅၀)။
၎။ အမျိုးသမီးယောဂီ ထမင်းစားဆောင်နှင့် မီးဖိုဆောင် (ကျပ်သိန်း ၂၅၀)။
ဆက်သွယ်လှူဒါန်းရန်ဌာန--
၁။ ၀၁-၅၈၁၇၇ (ရန်ကုန်) ။
၀၁-၅၈၁၉၉၉ (ရန်ကုန်)။
၀၁-၅၈၁၆၆၆ (ရန်ကုန်)။
၂။ ၀၇၂-၂၁၆၁၁ (စစ်ကိုင်း)။
၀၇၂-၂၁၅၈၇ (စစ်ကိုင်း)။
၀၇၂-၂၂၂၆၀ (စစ်ကိုင်း)။
ပဋိပတ္တိမဟာဌာနကြီး အလှူတော်အတွက် ၀မ်းမြောက်နုမော် သာဓုခေါ်ပါသည်။
Posted by အရှင်နာယကာလင်္ကာရ
at 12/05/2009 03:15:00 PM
Labels: သတင်း 0 comments
Read more...
မညှင်းဆဲသူ ... ကိုယ့်အမည်နဲ့ကိုယ် တန်အောင်နေ...
သာဝတ္ထိနိဒါန်း
ထိုအခါ အဟိံသက ဘာရဒွါဇပုဏ္ဏားသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ်စကားကို ပြောဆိုပြီးဆုံးစေ၍ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား...
အသျှင်ဂေါတမ အကျွန်ုပ်သည် အဟိံသကပါတည်း၊
အသျှင် ဂေါတမ အကျွန်ုပ်သည် အဟိံသကပါတည်း ဟု လျှောက်၏-
''အကြင်သူသည် ကိုယ်, နှုတ်, စိတ်ဖြင့် သူတစ်ပါးကို မသတ်ဖြတ် မညှဉ်းဆဲ၊ ထို သူသည် အဟိံသက ဖြစ်၏။ သင်သည် အဟိံသက ဖြစ်ခဲ့မူ အမည်အားလျော်စွာ မညှင်းဆဲသူ ဖြစ်ပါလေလော့။ မှန်၏၊ အကြင်သူသည် သူတစ်ပါးကို မသတ်ဖြတ် မညှင်းဆဲ၊ ထိုသူသည်သာလျှင် အဟိံသက အမှန်ဖြစ်၏'' ဟု မိန့်တော်မူ၏။
ဤသို့ မိန့်တော်မူသည်ရှိသော် အဟိံသက ဘာရဒွါဇပုဏ္ဏားသည် မြတ်စွာဘုရား အား ဤစကားကိုလျှောက်၏၊ အသျှင်ဂေါတမ တရားတော်သည် အလွန် နှစ်သက်ဖွယ် ရှိပါ၏။ပ။ သိ၏။
အသျှင်အဟိံသက ဘာရဒွါဇသည် ရဟန္တာပုဂ္ဂိုလ်တို့တွင် တစ်ပါး အပါအဝင် ဖြစ်၏။ 191
၅ - အဟိံသကသုတ်၊ အရဟန္တဝဂ်၊ သဂါထာဝဂ္ဂသံယုတ်ပါဠိတော်။
သည်တရားတော်လေး ဖတ်ပြီးတဲ့အခါ ဒီလိုဆင်ခြင်မိတယ်...
ငါတို့ ရဟန်းတော်တွေ ရဟန်းဝတ်ကြရင်ဖြင့် ဆရာဘုန်းကြီးတွေက အမည်ကောင်းလေးတွေ မှည့်ပေးကြပေတယ်... ဒါပေမဲ့ ငါတို့က ငါတို့ရဲ့ဘွဲ့တော်နဲ့ လိုက်ဖက်စွာမှ နေခဲ့ကြရဲ့လား... ဒီလို တရားလေးတွေ ဖတ်ပြီးနောက်ကော ဆက်လက်ပြီးတော့ မိမိအမည် ဘွဲ့တော်နဲ့ လိုက်ဖက်စွာ နေထိုင်ကြတော့မှာလားလို့ တွေးမိပါတယ်... ခုခေတ်မှာ ဘွဲ့အမည်ဆိုးတဲ့ ဘုန်းကြီး၊ သီလရှင်ဆိုတာဟာ ရှာမှ ရှားပါပဲ...
ကျွန်ုပ်ရဲ့ဘွဲ့တော်က အရှင်လောကနာထတဲ့...
အရှင်ဆိုတာက ပိုင်ဆိုင်သူကို ရည်ညွန်းသလို သတ္တဝါတို့ရဲ့ အရှင်သခင်ကိုလည်း ရည်ညွန်းမယ်ထင်တယ်... လောကဆိုတာကတော့ သတ္တလောက သြကာသလောက သင်္ခါရလောကလို့ ခေါ်ဆိုတဲ့ လောကသုံးပါးကို ရည်ညွန်းပါတယ်... နာထဆိုတာကတော့ ကိုးကွယ်ရာတဲ့... ဒီတော့ ပေါင်းလိုက်ရင် လောကကြီးရဲ့ကိုးကွယ်ရာ... လောကကြီးရဲ့ ကိုးကွယ်ရာ အရှင်သခင်တဲ့...
အော်...
ကိုယ်ဘွဲ့နဲ့မှ ကိုယ်မတန် ကျင့်ရပါဦးမည်...
သံသရာတစ်လျှောက် ကျင့်ရပါဦးမည်...
သင်ကော...
ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။
Read more...