* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Thursday, December 3, 2009

အ၀ိဇ္ဇာပဟာနသုတ္တန်၊ သင်္ဂဟသုတ္တန်၊ ပညာကောင်းခြင်းတရားတော်၊ သီလကောင်းခြင်းတရားတော်၊ မခိုးနိုင်ရာ မြတ်ဥစ္စာ။

အ၀ိဇ္ဇာပဟာနသုတ္တန်

Get this widget | Track details | eSnips Social DNA

သင်္ဂဟသုတ္တန်

Get this widget | Track details | eSnips Social DNA

ပညာကောင်းခြင်းတရားတော်

Get this widget | Track details | eSnips Social DNA

သီလကောင်းခြင်းတရားတော်

Get this widget | Track details | eSnips Social DNA

မခိုးနိုင်ရာ မြတ်ဥစ္စာ

Get this widget | Track details | eSnips Social DNA


Read more...

What is Buddhism? Part 2 (Spanish Version)

Cuatro Verdades Nobles

La enseñanza central del Buda alrededor del que todas sus otras enseñanzas revuelven, es las Cuatro Verdades Nobles:

1. La vida envuelve el sufrimiento. Todos los seres están sujeto a la vejez, enfermedad y muerte. Experimentarán alguna desilusión, incomodidad, tristeza, ansiedad o dolor inevitablemente.

2. La causa de la raíz de sufrir está pidiendo para el placer sensual, para existencia, para no-existencia o para las cosas ser diferente que son. Pidiendo se alimenta por gusta y detesta, manejado por la ilusión de 'yo' y 'mío', qué es a su vez debido a entender mal la verdadera naturaleza de realidad.

3. Fines sufridos con el fin de pedir. Éste es el logro de esclarecimiento, Nibbana (o Nirvana). El esclarecimiento es el permitiendo completo va de la ilusión de un ego permanente e independiente o alma. Una persona ilustrada se llama un Arahant.

4. El esclarecimiento se logra a través de un entrenamiento gradual, un camino llamó la Media Manera o el Camino Ocho
veces Noble.

Budismo es una religión realista en eso enfrenta hasta el hecho de vida muchos imperfecciones y optimista en eso ofrece una solución práctica: esclarecimiento en esta misma vida.

Porque todas las cosas que se levantan de una causa están en un estado constante de cambio, son inherentemente incapaces proporcionar felicidad permanente o la satisfacción fiable. Asiendo y aferrándose hacia cualquier aspecto de primacías de experiencia a la fricción, tensión o desilusión cuando esas cosas, las personas o situaciones se marchitan y desaparecen. Con tal de que sufriendo se vea como algo antinatural o anormal eso será temido, se evitará o se rechazará, será imposible de desarraigar sus causas y vivir una vida verdaderamente feliz. Al grado que la naturaleza sutil y todo-penetrante de sufrir se reconoce, uno puede aceptar y puede ser libre de él. Esto es por qué la reflexión en sufrir se da énfasis a como la llave a la última liberación, y ésos que han comprendido el esclarecimiento son ejemplos inspiradores de felicidad profunda, amoroso-bondad y compasión.

Read more...

သူငယ်တော်တောရ ဆရာတော်၏ နေ့ စဉ်ဟောပြ သြ၀ါဒ (၁၅)

အချိန်ရှိခိုက် လုံ့ လစိုက်

ရခဲလှသော လူ့ ဘ၀ကြီးတွင် ကြုံ ခဲလှသော သာသနာတော်ကြီးနှင့် တွေ့ ကြုံတုန်း အဖိုးတန်သော သူတော်ကောင်း ဥစ္စာ( ၇ )ပါးကို ရအောင်ကြိုးစား အားထုတ်ရမယ်။

လွတ်ရေး ဘယ်မမြင်

ယောဂီသူတော်စင်တွေအားလုံး သက္ကာယဒိဋ္ဌိ နှောင်ကြိုးကြီးချည်နှောင်ခံထားရတဲ့အပြင် တဏှာရေလျဉ် ကြောမှာ မျောနေကြတဲ့သူတွေဖြစ်ရင်တော့ အို နာ သေရေး ဒုက္ခဘေးတို့ မှ လွတ်မြောက် နိုင်ကြမှာ မဟုတ်ဘူး။

သက္ကာယဒိဋ္ဌိ နဲ့  အပါယ်လေးပါး

သက္ကာယဒိဋ္ဌိရှိနေသမျှကာလပတ်လုံး လူ့ ဘ၀တွင် စကြာမင်း၊ နတ်ဘ၀တွင် သိကြားမင်း၊ ဗြဟ္မာမင်း ဖြစ်နေသော်လည်း ငရဲ တိရစ္ဆာန် ပြိတ္တာ အသူရကာယ် ဆိုတဲ့ အပါယ်လေးပါးက မလွတ်မြောက်နိုင်သေးဘူး။


သူငယ်တော်တောရဆရာတော်၏ နေ့ စဉ်ဟောပြသြ၀ါဒများ (တင်ထားပြီးသမျှ)



Read more...

မြန်မာ စိတ်ဓာတ်

မြန်မာတို့၏ စိတ်ဓာတ်သည် မိမိတို့ကိုးကွယ်သည့် ဗုဒ္ဓဘာသာအပေါ် များစွာ တည်မှီနေပါ၏။
စိတ်ဓာတ်အရာတွင် တည်ငြိမ်မူ့ရှိသည်။
ပြင်းထန်သော တက်ကြွမူ့ မရှိသလို ဒုက္ခတစ်စုံတစ်ရာနှင့် တွေ့ကြုံရသောအခါတွင်လည်း စိတ်ကျဆင်းမူ့ မပြင်းထန်လှပါ။
အလုပ်တစ်ခု လုပ်ဆောင်ရန် ပြင်းထန်သော တက်ကြွမူ့ လုံးလ မရှိသလို အလုပ်တစ်ခု မအောင်မြင်သောအခါတွင်လည်း
အလွန်အမင်း စိတ်ဓာတ်ကျဆင်းခြင်း မရှိပါ။
(ဗုဒ္ဓဘာသာ၏ အဆုံးအမ ဖြစ်သော ကံကံ၏ အကျိုးကို ယုံကြည်ကြ၏။
မြန်မာဗုဒ္ဓဘာသာဝင်တို့သည် တမလွန်ဘ၀ ရှိသည်ဟု ယုံကြည်ကြ၏။
ယခုဘ၀နှင့် တမလွန်ဘ၀ အဆက်စပ်ရှိသည်ဟုလည်း ယုံကြည်ကြသည်။
ယခု ဘ၀တွင် ဆင်းရဲ့မူ့၊ ချမ်းသာမှု သည် ရှေးယခင် ဘ၀က ကောင်းတာ လုပ်ခဲ့မူ့၊ မလုပ်ခဲ့မူ့တို့၏
အကျိုးဆက်ဟု ယုံကြည်၏။ ယခု ဘ၀တွင် ကောင်းတာလုပ်ပါက နောင်တမလွန်ဘ၀တွင်
ကောင်းကျိုးခံစားရမည်ဟု ယုံကြည်ကြ၏။
မြန်မာတို့သည် ရန်ငြိုးရန်စ တေးမှတ်ထားခြင်းများလည်း မရှိတတ်။
သို့သော် မြန်မာလူမျိုးတို့သည် ရုတ်ချည်း ဒေါသထွက်သော ခဏတွင်ကား ကြောက်စရာကောင်းလောက်အောင်
ပြင်းထန်တတ်သည်။
ဒေါသ ပျောက်သွားလျှင်ကား ဘာရန်ငြိုးရန်စမှ မထားခဲ့ကြ။

မြန်မာတို့သည် ပေါ့ပေါ့ဆဆနေတတ်သော သဘောလဲ ရှိ၏။
အပြစ်များကို အလွယ်နှင့် ခွတ်လွတ်တတ်ကြ၏။
(ချီးမွမ်း ခုနှစ်ရက် ကဲ့ရဲ့လည်း ခုနှစ်ရက်ဟု သဘောထားကြ၏။
လူတစ်ယောက်ကို ၀ိုင်းပယ်သည် ဟူသော အလေ့အကျင့် မြန်မာများတွင် မရှိတတ်။
အပြစ်ရှိသူ အပြစ်ဒဏ် ခံရပြီးသော အခါ ၀ိုင်း၍ပင် သနားတတ်ကြ၏။
မြန်မာလူမျိုးများသည် ကြင်နာသနားသော စိတ် ကြီးမားသူများဖြစ်သည်။

ဂျပန်များသည် မြန်မာတို့အပေါ် အလွန်ရက်စက်စွာ အုပ်စိုးခဲ့ကြသည်။
ဂျပန်ခေတ်တွင် ဂျပန်တို့က မြန်မာတို့အား လက်သည်းခွံကို ခွာ၍ ရေနွေးပူလောင်းခြင်း၊
ဗိုက်ကို ဖောက်၍ ဗိုက်ထဲသို့ ကြွက်ကို ထည့်ခြင်း၊
မြန်မာတို့ အထွတ်မြတ်ထားသော ပါးကို ရက်ရက်စက်စက် ရိုက်ခြင်း၊
မြန်မာ မိန်းကလေးများအား သားမယား ပြုကျင့်ခြင်း စသည်တို့ ပြုလုပ်သော်လည်း လပိုင်း
ရက်ပိုင်း ရက်ပိုင်း အတွင်း ဂျပန်တို့ စစ်ရှုံး၍ ထွက်ပြေးကြသောအခါ မြန်မာများသည်
စစ်ပြေးဂျပန်တို့အား အင်္ဂလိပ်များ လက်တွင်းမှ ကယ်ဆယ်ကြ၏။
အင်္ဂလိပ်များ မတွေ့အောင် ၀ှက်ထားကြ၏။
တောထဲတွင် ၀ှက်ထားက ထမင်းပို့ပေးကြသည်။ ဂျပန်များအပေါ် ရက်ပိုင်း အတွင်း ဘာအာဃာတမှ
မထားဘဲ လူသားချင်းစာနာတတ်သော စိတ်ထားဖြင့် ကူညီမူ့များသည်
မြန်မာတို့၏ ကြိးမားသော ခွတ်လွတ်တတ်သည့် စိတ်ထားပင် ဖြစ်၏။
ထိုစိတ်ဓာတ်၏ အခြေခံမှာ ဗုဒ္ဓ၏ အဆုံမပေါ်မှ ပေါက်ဖွားလာသော စိတ်ဓာတ်ပင် ဖြစ်ပါ၏။

အလားတူပင် အင်္ဂလိပ်များသည် မြန်မာနိုင်ငံအား အနှစ် ၁၀၀ တိုင်အောင်ကျွန်ပြု၍ မြန်မာတို့၏
ဇာတိသွေး ဇာတိမာန်ကို ချိုးနှိမ်ကာ မြန်မာတို့၏ သစ်၊ ကျောက်သံပတ္တမြား၊ ဆန်ရေစပါး စသည်တို့ကို
ယူငင်ခြင်း၊ သုံးကြိမ်တိုင် မတရား စစ်ပြုခြင်း၊ မြန်မာဘုရင်အား ဖမ်းဆီးခေါ်ဆောင်သွားခြင်းတို့ ပြုခဲ့သော်လည်း
လွတ်လပ်ရေး ရရှိသော အခါ အင်္ဂလိပ်တို့အား ရန်ငြိုးရန်စ မထားဘဲ လေးစားချစ်ခင်စွာ
ဆက်ဆံနေထိုင်ကြသည်။
အင်္ဂလိပ်တို့အား ဆွေမျိုးများသဖွယ် သဘောထားကြသည်မှာ မြန်မာတို့၏ စိတ်ဓာတ်ပင်ဖြစ်ပါ၏။

မြန်မာတို့သည် တင့်တိန်ရောင့်ရဲသော လူမျိုးဖြစ်သည်။
မြန်မာနိုင်ငံတွင် ဆန်ရေစပါး ပေါများသောကြောင့် အိပ်စရာ ဖျာတစ်ချပ်နှင့် ခေါင်းအုံး တစ်လုံးရှိပါက
စားသောက်ဖို့ မပူရပေ။
မည်သူ့အိမ်တွင်မဆို တက်စား၍ ရသောကြောင့် မြန်မာလူမျိုးတို့သည် အပျင်းစိတ်ဓာတ်လည်း ရှိကြ၏။

မြန်မာများသည် မိတ်ဆွေဖြစ်မှုကို အလွန်မှ တန်ဖိုးထားကြ၏။
ဧည့်သည်များကို အထူးဂရုစိုက်ကြ၏။ တစ်ရွာ တကျေးမှ ဧည့်သည်များ လာရောက်ပါက မိမိတို့အိမ်အား
မွမ်းမံခြင်း၊ အိပ်ရာ နေရာအသစ်ပေးခြင်း၊ ထမင်းကောင်း ဟင်းကောင်းများ ချက်ကျွေးခြင်း၊
အိမ်ဦးခန်းတွင်ထား၍ အပြန်တွင် လက်ဆောင်ပစ္စည်းများပေးခြင်း စသည်တို့ကို ပြုလုပ်၏။
သူစိမ်းတစ်ရံဆံ များအပေါ် အလွန်မှ ဖော်ရွှေသော လူမျိုးဖြစ်ပါ၏။

မြန်မာတို့သည် အပေးအကမ်း ရက်ရောသော လူမျိုးများ ဖြစ်သည်။
အလှူရေစက် လက်နှင့်မကွာ ပြုလုပ်ကြသည်။
အလှူတန်းများ ပြုလုပ်လျှင် ထမင်းရည်ချောင်းစီး လှူကြသည်။
(ထမင်းရည် ချောင်းစီး ဆိုသည်မှာ အလှူတစ်ခု ပြုလုပ်ပါက ထမင်းအိုးမှ ငှဲ့ထုတ်သော ထမင်းရည်များသည်
ချောင်းလိုစီးကြသည်။)
မိမိတွင် မရှိသည်ကို အကျွေးယူ၍ နှစ်ကျပ်ဖိုး လှူဒါန်းကြသည်။ ပြီးမှ ထိုအကြွေးကို ဆပ်၏။
ထိုသို့လှူဒါန်းသည်ကို မြန်မာတို့က ဂုဏ်ယူကြ၏။

မြန်မာတို့သည် စည်းစိမ်ဥစ္စာ မချမ်းသာကြသော်လည်း စိတ်ချမ်းသာကြသည်။
မြန်မာတို့သည် လောဘလည်း သိပ်မကြိးကြ။ မိမိတို့ ရှိသမျှနှင့် တင့်တိန်ရောင့်ရဲသောလူမျိုးဖြစ်၏။
နိုင်ငံခြားသားများသည် မြန်မာတို့၏ ဖော်ရွှေမူ့၊ အပေးအကမ်း ရက်ရောမှု၊ ဧည့်ဝတ်ကျေပွန်မှုတို့အတွက်
တအံတသြ ဖြစ်ကြပါ၏။ မြန်မာတို့တွင် အခြားလူမျိုးများနှင့် မတူသည့် အားနာသည်ဟူသော
စကားတစ်ရပ်ရှိ၏။
အားနာသည်ဆိုသည်မှာ သူတစ်ပါး အပြစ်ကို ထုတ်ဖော်ရန် ၀န်လေးခြင်း၊
သူတစ်ပါးတောင်းပါက ပေးကမ်းလိုခြင်း၊ လိုက်လျောခြင်း၊ သူတစ်ပါးကို ဆန့်ကျင်ရမည်ကို မပြုလိုခြင်းသည်
အားနာခြင်း ဖြစ်၏။
အားနာခြင်းသည် စိတ်ဓာတ်မခိုင်မာခြင်း တစ်မျိုးဖြစ်ပြီး ယင်းစကားလုံသည် အင်္ဂလိပ် အဘိဓာန်တွင် မရှိဟု
သိရ၏။ အားနာမူသည် မြန်မာတို့၏ သဘောကောင်းလွန်းမှုပင်ဖြစ်၏။

(မြန်မာတို့သည် စိုးရိမ်ကြောင့်ကြကင်းစွာ နေတတ်၏။ ထို့ကြောင့်လည်း အရာရာကို ပေါ့ပေါ့တန်တန် သဘောထားတတ်ကြသည်)
မြန်မာတို့သည် ဟာသဥာဏ်ထက်သန်သော လူမျိုးဖြစ်သည်။
ပျော်ရွှင်စွာလည်း နေတတ်၏။
မြန်မာတို့သည် တစ်နှစ်တွင် ၁၂ လရှိရာ ၁၂ လစလုံး ပွဲလမ်းသဘင်များရှိသည်။
မြန်မာလူမျိုးတို့အား ဘာကိုမှ အလေးအနက် မထားဘဲ၊ အတေးအမှတ်မရှိဘဲ ပျော်ရွင် စိတ်ချမ်းသာစွာနေ၍
ပေးကမ်းလှူဒါန်းတတ်သော လူမျိုးဟု ခေါ်လျှင်လည်း ရပါ၏။
မြန်မာများသည် ဖော်ရွှေစွာ နေတတ်ပြီး တစ်ခါတစ်ရံ ဒေါသ ထွက်တတ်သော လူမျိုးဟု ဆိုနိုင်ပါ၏။

မြန်မာတို့သည် ဒေါသအလျောက် မဟုတ်မခံ လုပ်တတ်ကြသော်လည်း ချက်ချင်း ခွင့်လွတ်၍
မဖြစ်သလို နေတတ်ခြင်းမှာ မြန်မာတို့၏ ဓလေ့စရိုက်တစ်ရပ် ဖြစ်ပါ၏။

မြန်မာဖြစ်ရတာကို ဂုဏ်ယူတတ်ပြီး မြန်မာပီသသော မြန်မာများဖြစ်ကြပါစေဟု
တောင်းဆု ဆိုလျက်…….

ကိုးကား- ချစ်စံဝင်း



Read more...

ရသေ့ကြီး ဦးခန္တီ

လွန်ခဲ့သော နှစ်ပေါင်း ၁၃၅-နှစ်ခန့်က မထင်ရှားသော ရွာငယ်တရွာတွင် မထင်ရှားသော မိဘနှစ်ပါးက သားငယ်တဦးကို ဖွားမြင်ခဲ့သည်။ ထိုသားငယ်သည် ငယ်ရွယ်စဉ်က မထင်ရှားခဲ့ပေ။ သို့သော်လည်း ကြီးပြင်းလာသောအခါတွင်ကား မြန်မာနိုင်ငံရှိ ထင်ရှားသော ပုဂ္ဂိုလ်ကြီးများတွင် တဦးအပါအ၀င် ဖြစ်လာခဲ့သည်။ မြန်မာသာမက ကမ္ဘာကပါ သိသောပုဂ္ဂိုလ်ကြီးဖြစ်လာခဲ့သည်။ ထိုပုဂ္ဂိုလ်ကြီးကား ရသေ့ကြီး ဦးခန္တီပင်တည်း။

ဦးခန္တီသည် ခေတ်အဆက်ဆက် ခိုင်ခံ့တည်ရှိနေမည့် ဗုဒ္ဓသာသနာရေးဆိုင်ရာ အဆောက်အအုံများကို မန္တလေးတောင်နှင့် မြန်မာနိုင်ငံရှိ မြို့နယ်ပေါင်းများစွာ၌ ဦးစီးဆောင်ရွက် တည်ထားခဲ့သူဖြစ်သည်။ သူ့ခေတ်တွင် သူ့အမည်ကို မသိသူဟူ၍ မရှိသလောက်ပင်။ မြန်မာတို့သာမက နိုင်ငံခြားသားများကပါ ဦးခန္တီကို လေးစားမြတ်နိုးခဲ့ကြပေသည်။

၁၉၅၈-ခုနှစ်တွင် စာရေးဆရာကြီးနှင့် သတင်းစာဆရာကြီး လူထုဦးလှသည် ဗြိတိရှအစိုးရ၏ ဧည့်သည် အဖြစ်ဖြင့် ဗြိတိန်နိုင်ငံသို့ ခေတ္တသွားရောက်ခဲ့သည်။ ထိုစဉ် ဗြိတိသျှစစ်တပ်မှ ဗိုလ်ချုပ်ကြီးစလင်းက ဦးလှတို့ကို ဖိတ်ခေါ်သည်။ မန္တလေးအကြောင်းနှင့် ရသေ့ကြီးဦးခန္တီ အကြောင်းကို မေးမြန်းခဲ့သည်။ ဗိုလ်ချုပ်ကြီး စလင်းက ရသေ့ကြီးဦးခန္တီကို သူကြည်ညိုလေးစားကြောင်းလည်း ထုတ်ဖော်ပြောဆိုခဲ့သည်။ ဗိုလ်ချုပ်ကြီး စလင်းသည် ဒုတိယမ္ဘာစစ်အတွင်းက အမှတ် ၁၄-တပ်မတော်ကို ဦးစီးကာ မြန်မာပြည်ကို သိမ်းပိုက်ရန် မြောက်ပိုင်း၌ ထိုးစစ်ဆင်ခဲ့သူဖြစ်သည်။

လူထုဦးလှသည် ဗိုလ်ချုပ်ကြီး စလင်းနှင့်သာမက ဒုတိဗိုလ်ချုပ်ကြီး ရီးစ်နှင့်လည်း တွေ့ဆုံခဲ့သည်။ ဒုတိယဗိုလ်ချုပ်ကြီး ရီးစ်သည် ဒုတိယမ္ဘာစစ်ကြီး ပြီးခါနီးတွင် မန္တလေးကို မဟာမိတ်တပ်များက ပြန်လည်တိုက်ခိုက်သိမ်းယူစဉ် တာဝန်ယူ၍ ကိုယ်တိုင် စီမံခန့်ခွဲ တိုက်ခိုက်ရသူဖြစ်သည်။ လူထုဦးလှတို့ ရောက်သွားသော အချိန်တွင် တပ်မှ အငြိမ်းစားယူပြီး ဝေလနယ် စက်မှုဒေသတခု၌ မြို့သစ် တမြို့ တည်ထောင်ရာတွင် စီမံအုပ်ချုပ်သူ အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်နေသည်။ သူက မန္တလေးတောင် အပျက်အစီးပြုပြင်ပြီး အခြေအနေနဲ့ ရသေ့ကြီးဦးခန္တီ အကြောင်း လူထုဦးလှကို မေးမြန်းခဲ့သည်။ သို့မေးမြန်းရာမှ ဦးခန္တီ၏ ချီးကျူးဖွယ် စွမ်းဆောင်ချက်များကို ဘေးက သူ့လက်အောက်အရာရှိများ နားလည်အောင် လှည့်၍ ရှင်းလင်းပြောပြသည်ဟု ဆိုပေသည်။

ဦးခန္တီသည် သာသနာ့အဆောက်အအုံများကို မြန်မာပြည် မြို့နယ်အနှံ့အပြား ပေါ်ထွန်းအောင် စေတနာရှင်များကို စည်းရုံးလှုံ့ဆော်နိုင်သူလည်း ဖြစ်သည်။ ထိုသာသနာ့အဆောက်အအုံများကို အရှည်တည်တံ့ခိုင်မြဲအောင် အင်ဂျင်နီယာမျက်စိဖြင့် ကြည့်၍ သူကိုယ်တိုင် စီမံဦးဆောင် တည်ဆောက်နိုင်သူလည်း ဖြစ်သည်။ ထို့ကြောင့်လည်း နိုင်ငံခြားသားများက အံ့သြချီးကျူးခဲ့ကြခြင်း ဖြစ်ဟန်တူသည်။

၁၉၃၆-ခုနှစ် ဇူလိုင်လထုတ် သူရိယသတင်းစာ ၂၅-နှစ်မြောက် အထိမ်းအမှတ်စာစောင်တွင် ထိုခေတ်ကပေါ်ထွန်းခဲ့သော မြန်မာ့သားကောင်း အာဇာနည်များအကြောင်း ဖော်ပြထားသည်။ တနေရာတွင် ရသေ့ကြီးဦးခန္တီ အကြောင်းကိုလည်း ချီးကျူးဖော်ပြထားသည်။ ဦးခန္တီသည် မန္တလေးတောင်၌ သံထည်ပစ္စည်း များဖြင့် တတောင်လုံးကို စောင်းတန်းသဖွယ် ဖောက်၍ နတ်ဘုံနတ်နန်းပေါက်အောင် တည်ထောင် တည်ဆောက်နိုင်သူ ဖြစ်သည်။ မန္တလေးတောင်တွင်သာမက စစ်ကိုင်း၊ ကျောက်ဆည်၊ ပျဉ်းမနား၊ တောင်ငူ၊ ပုသိမ်၊ ပုပ္ပါး စသည့် အမြို့မြို့ အရပ်ရပ်ရှိ ဘုရားစေတီတို့တွင် သံစောင်းတန်းများ သွယ်ဖောက်လျက် ရှိသည်။ ဦးခန္တီမှာ အင်ဂျင်နီယာကြီး တဦးကဲ့သို့ အဆောက်အအုံဘက်၌ ကျွမ်းကျင်သည်။ အုတ်၊ အင်္ဂတေ အထူအပါးကို သိ၍ ခေတ်မီသော မျက်စိလည်း ရှိပေသည်-စသည်ဖြင့် ချီးကျူးဖွယ် ဖော်ပြထားပေသည်။

ထို့ပြင် နန်းတော်ရှေ့ ဆရာတင်က မြန်မာဂုဏ်ရည် သီချင်းတွင် ရှေးက မြန်မာများ စွမ်းရည်ရှိ၍ ဂုဏ်ယူဖွယ်ကောင်းပုံ၊ ၀န်ချီစက်မပါဘဲ မင်းကွန်းခေါင်းလောင်းကြီးကို ရွှေ့ပြောင်း သယ်ယူနိုင်ပုံ၊ ရခိုင်ပြည်နယ်မှ မဟာမြတ်မုနိဘုရားကြီးနှင့် ကြေးရုပ်ကြီးများကို မန္တလေးသို့ ခက်ခက်ခဲခဲ သယ်ယူနိုင်ပုံ၊ ယိုးဒယား အမြောက်ကြီး များကို မန္တလေးသို့ သယ်ယူနိုင်ပုံ၊ ရသေ့ကြီးဦးခန္တီသည် အင်ဂျသ်နီယာ မခေါ်ဘဲ မန္တလေးတောင်တော်တွင် သံတန်ဆောင်းများကို တည်ဆောက်နိုင်ပုံ စသည်တို့ကို ရေးစပ်ခဲ့သည်။ တနေရာတွင်-

ရသေ့ရှင်ခန္တီ၊ မန္တလေးတောင်တော်မဟီ၊ အင်ဂျင်နီယာကို မခေါ်၊ ရသေ့ကိုယ်တိုင် ကြံစည်ပါသည်။ ရာဇ၀င်များမှာ ထင်ရှား မြန်မာ့ဂုဏ်ရည်-ဟူ၍ ဦးခန္တီ၏ စွမ်းဆောင်ချက်ကို ဂုဏ်ယူထည့်သွင်း စပ်ဆိုခဲ့သည်။ ထိုသီချင်းကို လေဘာတီ မမြရင်က သီဆိုခဲ့သည်။

ဦးခန္တီ ဦးဆောင်တည်ဆောက်ခဲ့သော သာသနာအဆောက်အုံ့သည် ဤသိုထူုးခြားသည်နှင့်အမျှ အရေအတွက်လည်း များပြားလှသည်။ ဦးခန္တီ ကြီးမှူးနှိုးဆော်၍ ပြုလုပ်သည့်ကောင်းမှုများမှာ အလွန်များပြားလှ သဖြင့် တန်ဖိုးဖြတ်ရန် မလွယ်ကူချေ။ အချို့က သန်း ၂၀-ကျော်ဖိုး ရှိသည်ဟု ခန့်မှန်းကြလေသည်။ အနှစ် ၄၀-ကျော်အတွင်း မြို့ပေါင်း ၂၀၊ ဌာနပေါင်း ၄၇-ဌာနတို့တွင် အမျိုးမျိုးသော အဆောက်အအုံတို့ကို တည်ဆောက်ရာ စစ်အတွင်းက ပျက်စီးသွားသော အဆောက်အအုံအချို့ပင် သိန်း ၂၀-ကျော်တန်ဖိုးရှိသည်ဟု ခန့်မှန်းကြသည်-စသည်ဖြင့် မြန်မာ့စွယ်စုံကျမ်းတွင် ဖော်ပြထားသည်။

ဖော်ပြထားသော ကျပ် သန်း ၂၀-ကျော်မှာ စစ်မဖြစ်မီက ကာလတန်ဖိုးဖြစ်သည်။ ထိုအချိန်က ရွှေဒင်္ဂါး တပြားလျှင် ၁၀-ကျပ်၊ ၁၂-ကျပ် ဈေးနှုန်းသာ ရှိသည်။ ထိုဈေးနှုန်းအရ ဆိုပါက သန်း ၂၀-သည် ယခုခေတ်တွင် မည်မျှတန်ဖိုးရှိသည်ကို တွက်ဆနိုင်ပါသည်။

သည်လို အံ့ချီးဖွယ် စွမ်းဆောင်နိုင်သော ဦးခန္တီကို ၁၂၂၉-ခုနှစ် ၀ါခေါင်လပြည့်ကျော် ၅-ရက် တနင်္လာနေ့ (ခရစ်နှစ် ၁၈၆၇-ခုနှစ်၊ သြဂုတ်လ ၁၉-ရက်နေ့)တွင် ရွာသာရွာ၌ ဖွားမြင်သည်။ ရွာသာရွာမှာ ရမည်းသင်းမြို့ တောင်ဘက်အနီးရှိ ညောင်လွန့်ရွာနှင့် ၃-မိုင်ခန့် ကွာဝေးသည်။ မင်းဝန်တောင်စွယ် တောစပ်၌ တည်ရှိသည်။

ဦးခန္တီသည် အဖ ဦးရွှေလှ+အမိဒေါ်ကံ ခေါ်-ဒေါ်ခိုဥ တို့၏ သားဖြစ်သည်။ အမည်ရင်း မောင်ဖိုးမောင် ဖြစ်သည်။ မွေးချင်းညီအကို မောင်နှမ ၄-ဦးရှိသည့်အနက် အငယ်ဆုံး ဖြစ်သည်။ မောင်ဖိုးမောင် ၁၀-နှစ်သားအရွယ်တွင် တခုသော မိုးရာဦ၌ မိုးကြီး သည်းထန်စွာ ရွာသွန်းသည်။ ရွာမှာ အဖျားအနာထူ၍ အသေပျောက်များလှသည်။ သည်တွင် ရွာသူရွာသားအများတို့ ထိတ်လန့်ကာ ရွာကိုစွန့်ခွာသွားကြသည်။ မြောက်ဘက်ကုန်းတန်းသို့ ပြောင်းရွှေ့ကာ ပျော်ရွာ-အမည်ရှိ ရွာသစ်ကို တည်၍နေထိုင်ကြသည်။

မောင်ဖိုးမောင်၏ မိဘများမှာမူ ပျော်ရွာသို့ ပြောင်းရွှေ့မနေ။ သိမ်ကုန်းရွာကြီးသို့ ပြောင်းရွှေ့နေထိုင်ကြသည်။ သိမ်ကုန်းရွာမှာ ရမည်းသင်းမြို့ အရှေ့မြောက်ယွန်း ၄-မိုင်ခန့်အကွာတွင် တည်ရှိသည်။ မောင်ဖိုးမောင်သည် ထိုရွာရှိ ကျောင်းမကျောင်း ဆရာတော်ထံတွင် ပညာဆည်းပူးသည်။ ၁၃-နှစ်အရောက်တွင် ရှင်သာမဏေ ပြုသည်။ ဘွဲ့အမည် ရှင်ခန္တီ ဖြစ်သည်။ သာမဏေဘ၀ဖြင့် ဆက်လက်နေထိုင်လာရာမှ အသက် ၂၀-အရွယ်သို့ ရောက်သောအခါ ရဟန်းပြုသည်။ သိမ်ကုန်းရွာ ပြာသာဒ်ကျောင်းဆရာတော် ဦးတေဇောထံတွင် ရဟန်းပြုသည်။ ဆရာတော် ဦးတေဇောမှာ ရှင်ခန္တီ၏ နောင်တော်အရင်းပင် ဖြစ်သည်။

ဦးခန္တီသည် ရဟန်းဖြစ်လာသောအခါ ပညာဆက်လက်ဆည်းပူးရန် မန္တလေးသို့ တက်သွားသည်။ ပထမရွှေကျင်ဆရာတော်ဘုရားကြီး၏ အရိပ်အာဝါသကို ခိုလှုံလျက် သစ်ဆိမ့်ဆရာတော်။ ဘုရားကြီး ဆရာတော်။ ထွဋ်ခေါင်ဆရာတော်၊ တို့ထံတွင် စာပေပရိယတ္တိနှင့် ပဋိပတ္တိတို့ကို ကျနစွာ လေ့လာသင်ယူသည်။ သမထဘာဝနာ ၀ိပဿနာဘာဝနာတို့ကို ဆရာနှင့် တွဲဖက်၍ အထူးဝီရိယစိုက်ထုတ်ကာ ကျင့်ကြံကြိုးကုတ် အားထုတ်သည်။ မကြာခဏလည်း ဆရာနှင့်ခွဲခွာလျက် တပါးတည်း ကျင့်ကြံကြိုးကုတ် အားထုတ်သည်။ ရွှေဂူကန်ပေါက်တောရ၊ န၀င်းတောရ၊ ပင်စုရွှေဆံတော် တောရတို့တွင် ဆရာနှင့်ခွဲခွာပြီး ဧကစာရီ တပါးတည်း တရားအားထုတ်သည်။ ယင်းသို့အားထုတ်ရာ၌ ကပ္ပိယ မပါ။ ကျောင်းသား မပါ။ ပတ္တပိုဏ်ဆွမ်း တထပ်တည်းသာ ဘုဉ်းပေးပြီး တရားအားထုတ်သည်။

ထို့နောက် သိမ်ကုန်းရွာသို့ ပြန်ကြွပြီးလျှင် ရွာနှင့်မနီးမဝေးရှိ ကန်မြင့်ကျောင်းဆရာတော်ထံတွင် ခိုလှုံနေထိုင် သည်။ ကန်မြင့်ကျောင်းဆရာတော်မှာ နာမည်ကျော် ညောင်ကန်ဆရာတော် ဦးဗုဓ်၏ တပည့်ရင်း ဖြစ်သည်။ ဦးခန္တီသည် ရဟန်းဘ၀ဖြင့် ၁၂-၀ါတိုင်တိုင် သီတင်းသုံးနေထိုင်ခဲ့သည်။ ထို့နောက် ၁၂၆၁-ခုနှစ် သက်တော် ၃၂-နှစ်၊ သိက္ခာတော် ၁၂-၀ါအရောက်တွင် ငါသည်မူလည်း ဘုရားလောင်းလျာ ဈာန်မှာပျော်မွေ့ ရသေ့အဖော် သုမေဓာကျော်တို့၏ ထုံးကို နှလုံးသွင်း ဆင်ခြင်တော်မူကာ များစွာသောဒါယကာ ဒါယယိကာမအပေါင်းတို့အား အပါယ်တံခါးပိတ်စေလျက် လူ့ပြေ(ပြည်) နတ်ရွာသား၊ တံခါးတို့ကို ပွင့်စေပြီး နိဗ္ဗာန်တည်းဟူသော သောင်အထက်သို့ ပို့ဆောင်ရလျှင် အမှန်ပင် အကျိုးများမည်ဟု နှလုံးတော်ရည်လျက်-ဟူ၍ ဆုကြီးပန်ကာ ရသေ့အဖြစ်သို့ ကူးပြောင်းလိုက်သည်။

ဦးခန္တီသည် အဖော်တို့နှင့်မနေလို။ တပါးတည်းသာ သွားလာနေထိုင်လိုသည်။ ထို့ပြင် ဘုရားအလောင်း သုမေဓာရသေ့ထုံးကို နှလုံးမူလျက် ဧကစာရီ ကျင့်သုံးနေလိုသည်။ ထို့ကြောင့် ရသေ့ဘ၀သို့ ကူးပြောင်းခြင်း ဖြစ်သည်ဟု ဆိုကြပေသည်။ ဦးခန္တီသည် အလွန်အရပ်မြင့်သည်။ ၆-ပေကျော်ရှိသည်။ ရသေ့အ၀တ်ဖြင့် ထူးခြားသော အသွင်ကို ဆောင်နေပေသည်။

သိမ်ကုန်းရွာ အရှေ့ဘက်တမိုင်ကျော်အကွာတွင် ရွှေမြင်တင်တောင် ရှိသည်။ ထိုတောင်ပေါ်တွင် ရွှေမြင်တင် ဘုရားလည်း ရှိသည်။ ထိုဘုရားအနီး တောင်နံရံဝယ် လိုဏ်ဂူငယ်တို့ရှိကြသည်။ ဦးခန္တီသည် ထိုလိုဏ်ဂူငယ် များသို့ တပါးတည်းပြောင်းရွှေ့နေထိုင်သည်။ ကမ္မဋ္ဌာန်းတရားများ ဆက်လက်ကျင့်ကြံအားထုတ်သည်။ နောင်အခါ သိမ်ကုန်းရွာမှ စေတနာရှင်များက ထိုနေရာတွင် ကျောင်းငယ်တဆောင် ဆောက်လုပ်လှူဒါန်းသည်။ ထိုအခါတွင်မှ ဦးခန္တီသည် ကျောင်းဖြင့် နေထိုင်လာခဲ့သည်။

ရသေ့ဦးခန္တီသည် တောင်ပေါ်တွင်နေထိုင်သော်လည်း အကျင့်သီလကောင်းလှသဖြင့် ဒကာ ဒကာမများက တကူးတက လာရောက်ဖူးမြော်ကြသည်။ ဦးခန္တီထံတွင် တရားနာကြသည်။ အဆုံးအမ သြ၀ါဒခံယူကြသည်။ ဦးခန္တီကလည်း ဒကာ ဒကာမတို့အကျိုးကို ဆောင်ရွက်ပေးသည်။ သည်လိုဆောင်ရွက်ပေးရာမှ စိတ်ထဲတွင် သာသနာ့အဆောက်အအုံများ တည်လိုသောဆန္ဒများ တဖွားဖွား ပေါ်လာသည်။

သို့ဖြင့် ဒကာ ဒကာမများအား ဒီနေရာတွင် ဘုရားတည်ရသော် ကောင်းလေစွ။ ဟိုနေရာတွင် တန်ဆောင်း ဆောက်ရသော် ကောင်းလေစွ-စသည်ဖြင့် ထုတ်ဖော်မိန့်ဆိုသည်။ မကြာပါချေ။ သူ့ဆန္ဒကို ဖြည့်စွမ်းသော ဒကာ ဒကာမများ ပေါ်လာသည်။ အချို့က ဘုရားတည်ရန် ငွေလှူကြသည်။ အချိုက ဇရပ်ဆောက်ရန် ငွေလှူကြသည်။ အချို့က တန်ဆောင်းဆောက်ရန် ငွေလှူကြသည်။ ထိုအလှူငွေများဖြင့် ဦးခန္တီက ဦးဆောင်၍ တည်ဆောက် လေသည်။

သို့ဖြင့် ၈-နှစ်အတွင်းတွင် ရွှေမြင်တင်တောင်ပေါ်၊ တောင်အောက် ၀န်းကျင်၌ စေတီ ၇၄၉-ဆူ၊ ဗုဒ္ဓရုပ်ပွားတော် ၁၅-ဆူ၊ ရဟန္တာရုပ်တုတော် ၁၅-ဆူ၊ စက်တော်ရာ ၁-ဆူ၊ ဇရပ်ကြီး ငယ် ၆၆-ဆောင်၊ သံဃိကကျောင်း ၃၄-ကျောင်း၊ ကျောက်ဂူကြီး ၁-ဂူ၊ ရေတွင်း ၇-တွင်း၊ ရေကန် ၂-ကန်တို့ ပေါ်ထွန်းလာသည်။ ယင်းတို့မှာ အာရံခံသံပြာသာဒ်ကြီးများ သံတန်ဆောင်းကြီးများ အုတ်လှေကားကြီးများနှင့် ခံ့ညားတင့်တယ်နေလေသည်။
(ရှေ့လဆက်ရန်)

( မင်းယုဝေ)
( မြတ်မင်္ဂလာ ၂၀၀၂-ခု သြဂုတ်လ)


Read more...

မစိုးရိမ်အလွမ်းပြေ

ဒီနေ့မနက်စောစောအိမ်ရာက နိုးနေပါတယ်၊
ဗာရာဏသီဆောင်းက အေးစပြုပါပြီ။ စောင်ထူထူခြုံကွေးရင်း အိပ်ရာဘေးမှာ အသင့်တွေ့ရတဲ့ ညတုန်းက အိပ်ရာမ၀င်မီ ဖတ်လက်စ လက်ရှိမစိုးရိမ်တိုက်သစ်ဆရာတော်ဘုရားကြီးရဲ့ စိန်ရတုအထိမ်းအမှတ်သြ၀ါဒကထာများစာအုပ်ထူထူကြီး ဆက်ဖတ်နေမိပါတယ်။
အဲဒီအချိန်မှာပဲ ဖုန်းခေါ်သံ တစ်ခုက မင်္ဂလာရှိစွာ ၀င်ရောက်လာပါတယ်။ အမေရိကန်ပြည်ထောင်စု၊နယူးယော့ခ်မှာ နေတဲ့ စပွန်ဆာမယ်တော်ဆီက န၀ကမ္မပေးပို့လိုက်ပြီဆိုတဲ့ အကြောင်းပါ။ ကိုညီညီလင်းနဲ့ မချိုမာအေးမိသားစုက သူအိန္ဒိယမှာ ပညာသင်နေတဲ့ကာလအတွင်းမှာ အစစအရာရာပံပိုးပေးခဲ့ကြတာ ကျေးဇူးများလှပါတယ်။ ဓမ္မဂင်္ဂါဖြစ်လာဖို့အတွက် ရေလောင်းခဲ့ကြတဲ့ မယ်တော်တို့က အမည်မဖော်လိုပေမယ့် အင်တာနက်မှာ တင်လိုက်ပါတယ်။

ဒီတစ်ခေါက် မြန်မာပြည်ပြန်ဖြစ်တော့ သူ့နာမည်က သူ့အသိုင်းအ၀ိုင်းကျဉ်းကျဉ်လေးမှာ ထင်ထင်ရှားရှားဖြစ်သွားပါတယ်။ အိန္ဒိယတက္ကသိုလ်တစ်ခုမှာ ကထိကဖြစ်သွားပြီဆိုတဲ့ သတင်းကြီးသွားတာနဲ့ အိန္ဒိယပြန်ဖို့ လမ်းစရိတ်လှူမယ့်လူတောင် မရှိဖြစ်သွားရတာပါ။ ဒီကြားထဲ ဓမ္မဒါနစစ်စစ်တရားပွဲကလည်း နာမည်ကြီးခဲ့ပါသေးတယ်။

မြန်မာပြည်က စပွန်ဆာဒကာကြီးတစ်ယောက်ကတော့ အကြောင်းသိသွားလို့ တပည့်တော်လှူပါမယ်လို့လျှောက်ထားပြီး ဖြစ်ပေမယ့် ဗုဒ္ဓဂယာဘုရားဖူးရာသီမှာ လေယာဉ်လက်မှတ်တွေက အခက်အခဲရှိတတ်လို့ စောစောဝယ်မှ ဖြစ်မယ်ဆိုတာကိုတော့ ဒကာကြီးကို မပြောရဲပြန်ပါဘူး။ ဒီအကြောင်းကို စင်ကာပူမှာ သီတင်းသုံးနေတဲ့ မိတ်ဆွေရဟန်းတော်တစ်ပါးကို အင်တာနက်မှာ ချတ်ရင်း ညီးပြဖြစ်ပါတယ်။
ဘာပဲဖြစ်ဖြစ် အလုပ်ဖြစ်သွားပါတယ်။ လေယာဉ်လက်မှတ်တစ်စောင်ဖြစ်သွားပါတယ်။ သာဓု သာဓု သာဓု။
မိတ်ဆွေရဟန်းတော်တစ်ပါးပြောတာလည်း မှတ်မှတ်ရရဖြစ်သွားခဲ့ပါသေးတယ်။ “အင်း ငါ့ရှင်တို့ ဒကာ ဒကာမတွေအပေါ်မှာ မာနကြီးသမျှ လူရင်းတွေကို လာထိတယ်ဗျား ” တဲ့။
အလှူခံမရဲသမျှတော့ လူရင်းတွေကိုပဲ ၀င်ဝင်ဆွဲရတော့တာပါ။

အဲဒါမစိုးရိမ်အမွေပါပဲ။ မန္တလေးမြို့ မစိုးရိမ်တိုက်သစ်မှာ လေးနှစ်တာနေထိုင်ခဲ့စဉ်အတွင်း မစိုးရိမ်ဆရာတော်တွေရဲ့ သြ၀ါဒတွေ နားထဲစွဲခဲ့တာက အလှူခံအလုပ်ကြီးကို တွန့်ဆုတ်စေခဲ့ပါတယ်။ ရန်ကုန်မှာ စာသင်တိုက်ထောင်ပြီး ရဟန်းသာမဏေတွေ မွေးမြူစာချဖြစ်တဲ့အခါမှာလည်း မစိုးရိမ်ထွက်ကျောင်းထိုင်ဆရာတော်၊ နာယကစာချဆရာတော်တွေချည်းစုစည်းဖြစ်ခဲ့ကြတာမို့ ရပ်ကွက်ထဲမှာ ဆွမ်းဆန်စိမ်းအလှူခံဖို့တောင် မရဲခဲ့ကြပါဘူး။

ပထမဆုံးနှစ်တွေကတော့ ဒကာတွေ တွန်းအားကြီးလို့ သင်္ကြန်အတွင်းမှာ နှစ်နှစ်လောက်တော့ ရပ်ကွက်ထဲမှာ နေပူကြဲကြဲထဲ ဆွမ်းဆန်စိမ်းခံ စာချစာသင်သံဃာတော်တွေ ကြွဖြစ်ခဲ့ကြပါသေးတယ်။ နောက်တော့လည်း ဒါဟာ မစိုးရိမ်သွေးမဟုတ်ဘူးလို့ ကျောင်းထိုင်ဆရာတော်က မျက်နှာပူခဲ့ပါတယ်။ နောက်နှစ်များမှာ နာယကဆရာတော်များနဲ့တိုင်ပင်ပြီး မစိုးရိမ်ထုံးစံ အလှူမခံကြေးဆုံးဖြတ်ပြီး ဆက်မကြွဖြစ်တော့ပါဘူး။

အမေရိကားက မယ်တော်က ကုတ်ဒ်နံပါတ်တစ်ခုကို ပေးပြီး “ ဖတ်လိုက်စ ဆက်ဖတ်ပါ၊ ဦးဇင်းရဲ့ ဘလော့ကိုတော့ ဆက်ရေးပါ၊ အမာခံပရိသတ်တစ်ဦးတော့ အခိုင်ရှိပါတယ် ” လို့ သတင်းကောင်းပေးပါတယ်။ အမြဲတမ်းဖတ်နေတဲ့ပရိသတ်ကတော့ နယူးယော့ခ် လောကချမ်းသာကျောင်းက ဂေါပကဒကာကြီးဦကျော်တင့်ပါ။ မယ်တော်ရဲ့ ဖခင်ပါပဲ။

ဖုန်းကျသွားတာနဲ့ ဖတ်လက်စမစိုးရိမ်ဆရာတော်ကြီးရဲ့ သြ၀ါဒများကို ဆက်ဖတ်ဖြစ်ပါတယ်။ ကိုယ်တိုင်လည်း နားထောင်ခဲ့ဖူးတာမို့ နားထဲမှာ ထိထိမိမိရှိခဲ့သလို စာနဲ့မှတ်တမ်းတင်ထားတော့လည်း ဖတ်ရတာ အရသာရှိနေတုန်းပါ။

မစိုးရိမ်ဆရာတော်အရှင်ရာဇဓမ္မာဘိဝံသဆိုတာက စကားပြောရင် တည့်တည့်ပြောတတ်ပါတယ်။ ပိဿာလေးနဲ့ နံဘေးပစ်ဆိုတာမျိုး အပြောခံရတဲ့သူကတော့ အောင့်အောင့်သွားတတ်ပါတယ်။ ဘာပဲဖြစ်ဖြစ် နာနာကျင်ကျင် အပစ်မြင်တိုင်း ၀မ်းတွင်းမသို ဟုတ်တိုင်းဆိုသား ကျိုးလိုစိတ်က ဆုံးမတတ်သူ ဆရာဟူလော ဆိုတဲ့ ဆရာမျိုးမို့ ရဟန်းသံဃာထုတစ်ရပ်လုံးက လေးစားကြရတဲ့ဆရာတော်ကြီးပါ။

သံဃာသုံးထောင်လောက်ရှိတဲ့ မစိုးရိမ်တိုက်ကြီးသုံးတိုက်ကို အုပ်ချုပ်တော်မူဆဲဆရာတော်ကြီးမို့ သြဇာလည်း ကြီးတော်မူပါတယ်။ရဟန်းလေးမျိုးရှိတယ်လို့ဖတ်ဖူးပါတယ်။ အမျိးသမီးတွေချည်းသာ ကြည်ညိုတဲ့ ရဟန်း (ညံ့)။ အမျိုးသားတွေပါ ကြည်ညိုတဲ့ ရဟန်း( သင့်)၊ ရဟန်းတော်အချင်းချင်း ကြည်ညိုတဲ့ ရဟန်း (တော်)။ ကိုယ့်ကိုယ်ကို ကြည်ညိုတဲ့ရဟန်း(အတော်ဆုံး) တဲ့။ အတော်ဆုံးကိစ္စကတော့ ဆရာတော်ကြီးရဲ့ ကိုယ်ရေးကိုယ်တာမို့ မသိရပေမယ့် တော်အဆင့်မှာတော့ ဆရာတော်ကြီးက မတ်မတ်မားမားရှိနေခဲ့ပါတယ်။

ဆရာတော်ကြီးက စကားပြောပြတ်သလို လက်သီးထိုးလည်း ကြမ်းပါတယ်။ အဟုတ် သူကိုယ်တိုင် မစိုးရိမ်တိုက်သစ်မှာ လေးနှစ်တာနေထိုင်ခဲ့စဉ်အတွင်း အချိုးမပြေလို့ လက်သီးနဲ့ သုံးခါအထိုးခံခဲ့ရဖူးပါတယ်။ မမေ့ဘူးဘုရား။ လွမ်းတာ လွမ်းတာ။ သြော်ဆရာတော်ကြီးတောင် သက်တော်(၇၅) ပြည့်ရှာပြီ။

ဆရာတော်ကြီးရဲ့ သြ၀ါဒတွေကို ဆက်ဖတ်ဖြစ်ပါတယ်။
“မင်းတို့ သံဃာသုံးထောင်လောက်နီးပါးထဲမှာ ဆိုးတဲ့သူ သိပ်မရှိပါဘူးကွ။ အလွန်ဆုံးရှိရင် တစ်ရာ တစ်ရာ့ငါးဆယ် နစ်ရာပေါ့။ အဲဒီနှစ်ရာလောက် ဆိုးတဲ့ပုဂ္ဂိုလ်ရှိတာနဲ့ ကောင်းတဲ့ပုဂ္ဂိုလ်တွေ အထိအခိုက်မခံနိုင်ဘူး။ ဆိုးတဲ့ပုဂ္ဂိုလ်တွေ ပြင်ရင်ပြင်၊ မပြင်နိုင်ရင် ပြောင်း ဒါပဲရှိတယ်။ မင်းတို့ကို ချော့မထားဘူး၊ ပြီးတော့ ဒို့တိုက်က မွေးမြူရေးလုပ်တဲ့ တိုက်မဟုတ်ဘူး။မွေးမြူရေးလုပ်တဲ့တိုက်ဆိုတာကတော့ သံဃာများရင် အကျိုးရှိတယ်။ ဒီသံဃာပြပြီး စပါးအလှူခံ၊ပဲအလှူခံ၊နှမ်းအလှူခံ၊ အဲဒါတွေရောင်းပြီး ကားစီး တိုက်ဆောက် မင်းတို့အချို့တိုက်တွေက အဲဒါတွေလုပ်နေတာ ဦးဇင်းတွေကို ဟုတ်တိပတ်တိ ကျွေးတာမှ မဟုတ်ဘဲ၊ အဲဒို့ဆီက ပဲအလှူခံ နှမ်းအလှူခံမရှိဘူးဗျာ၊ မစိုးရိမ်တိုက်သစ်အတွက် ဆိုပြီးတော့ အလှူခံနေရင် အဲဒီကောင်ညာတာ မှတ်ထား၊ ဒို့ဆီက ဘယ်တော့မှ အလှူမခံ၊ ဒါကြောင့် မွေးမြူရေးတိုက်မဟုတ်ဘူး မွေးမြူရေးတိုက်ဆိုတာက သံဃာများလေ သူ့အတွက် အကျိုးရှိလေ၊ ဒို့ဆီက သံဃာရှိရှိမရှိရှိ။ ရှိတဲ့သံဃာ ပညာရေးတိုးတက်အောင် လို့ပို့ချပေးမယ်။ ဒါပဲ ဒီပြင် အစားအသောက်တွေ ဘာတွေ ဒို့က ဘာမှ တာဝန်မယူဘူး။ ”(၁၃၆၅ ခု နယုန်လပြည့်နေ့သြ၀ါဒ)

ဒီလိုသြ၀ါဒများကို အပတ်စဉ်တိုင်းကြားရလေ့ရှိပါတယ်။ နားထဲမှာ စွဲနေတော့တာပါ။ အကြွားအ၀ါမဟုတ် အလုပ်တကယ် လုပ်ကြရမယ်ဆိုတာကို နွှေးပေးနေခဲ့တာပါ။ အများဒကာ ဒကာမတွေအမြင်မှာတော့ မစိုးရိမ်ကိုယ်တော်တွေ ကြည့်ရတာ ဆောင့်ကြွားကြွားမို့ ကြည့်ရတာ အချိုးမပြေလှပါဘူး။ ဒါပေမယ့် ကျောင်းတိုက်ကြီးထဲ ၀င်ကြည့်လိုက်ရင်တော့ ကြိုက်သွားကြတာပါ။ စာကျက်ကြ စာတက်ကြသံဃာတော်တွေကို အရင်းအတိုင်းတွေ့လိုက်ရလိုပါပဲ။ နေရာအနှံ့သံဃာတွေချည်းပြည့်နေတော့တာပါ။ ဘုရားလက်ထက်တော်က ဇေတ၀န်ကျောင်းကြီးမြင်ဖူးချင်ရင် မစိုးရိမ်တိုက်သစ်ကိုသာ သွားကြည့်ပေရော့။

အလှူမခံပေမယ့် ကျောင်းကြီးတွေ ဟီးဟီးထအောင် ဆောက်လှူကြတော့တာပါ။ မစိုးရိမ်တိုက်ထဲမှာ ကျောင်းဆောက်တဲ့ ဒကာတွေဟာ တစ်ကျောင်းတည်းနဲ့ ရပ်သွားလေ့မရှိပါဘူး၊ မသေမချင်းကို တစ်ကျောင်းပြီးတစ်ကျောင်း ဆောက်ကြတော့တာပါ။ သေသွားရင်လည်း သံဃာတွေအတွက်ဆိုပြီး နေတဲ့အိမ်ကို ရေစက်ချခဲ့တာပါပဲ။ သားစဉ်မြေးဆက်လည်း ကျောင်းတွေဆက်ဆောက်ကြတော့ မြေကွက်အလပ်မရှိအောင် ကျောင်းချင်းထိစပ်တဲ့အထိ သာသနာကို မြှင့်ခဲ့ကြပါတယ်။

ကျောင်းတွေ ဆောက်တိုင်းဆောက်တိုင်း သံဃာတွေက စုပြုံတိုးနေကြတာပါပဲ။ မစိုးရိမ်ရဲ့ ပညာရေးအရိပ်က လုံခြုံတော့လည်း ခိုကိုးကြတာပါ။ သူလည်း ပျော်ပျော်ကြီးတိုးခဲ့ပါသေးတယ်။ မစိုးရိမ်အလွမ်းတွေလည်း ဆက်ပါဦးမယ်.။ ဆရာတော်ရဲ့နိုင်ငံ၊ လူမျိုး၊ သာသနာအပေါ်မှာ ဘယ်လောက်ချစ်သလဲဆိုတာ ထင်ဟတ်စေတဲ့ သြ၀ါဒတော်တွေကိုလည်း မျှချင်ပါသေးတယ်။


Read more...

ဖြူးဆရာတော်၏ အသံ တရားတော်များ...



ဓမ္မကထိကဗဟုဇနဟိတဓရ သာသနဓဇ ဓမ္မာစရိယ

ဖြူးဆရာတော် ဘဒ္ဒန္တနရပတိ (မဟာစည်)

သက်တော် ၆၈- နှစ်၊ သိက္ခာတော် ၄၉- ဝါ
၂၀၀၉- ခုနှစ် နိုဝင်ဘာလ ၂၄- ရက် နံနက် ၇- နာရီ ပျံလွန်တော်မူသည်။


ဆရာတော် ဟောကြားတော်မူခဲ့သော နိဗ္ဗာန်ရောက်ကြောင်းတရားတော်များ

၁။ အမြတ်ဆုံးပူဇော်ဖွယ်၊ ၁၂.၁၄.၁၉၉၃
၂။ မီးလောင်ပြင်မှာပွင့်တဲ့ပန်း- ၁။
၃။ မီးလောင်ပြင်မှာပွင့်တဲ့ပန်း- ၂။
၎။ လှသောည၏စကားအလင်္ကာ- ၁၊ ၁၁.၉.၁၉၈၃
၅။ လှသောည၏စကားအလင်္ကာ- ၂၊ ၁၁.၉.၁၉၈၃
၆။ နတ်တို့တန်းတလူ့ဘဝ- ၁၊ ၁၂.၁၄.၁၉၉၇
၇။ နတ်တို့တန်းတလူ့ဘဝ- ၂၊ ၁၂.၁၄.၁၉၉၇
၈။ ဖိတ်ခေါ်ပါသည် အိုယောဂီ- ၁၊ ၃.၅.၁၉၉၉
၉။ ဖိတ်ခေါ်ပါသည် အိုယောဂီ- ၂၊ ၃.၅.၁၉၉၉
၁ဝ။ စံပြကုသိုလ်ရှင်သူလိုဖြစ်စေချင်- ၁၊ ၁၂.၁၆.၁၉၉၈
၁၁။ စံပြကုသိုလ်ရှင်သူလိုဖြစ်စေချင်- ၂၊ ၁၂.၁၆.၁၉၉၈
၁၂။ အမေ့ကျေးဇူးမကျေ ငါမသေဘူး- ၁၊ ၈.၃ဝ.၁၉၉၈
၁၃။ အမေ့ကျေးဇူးမကျေ ငါမသေဘူး- ၂၊ ၈.၃ဝ.၁၉၉၈
၁၄။ မွေးနေ့မှသည် နိဗ္ဗာန်ပြည်၊ ၁၂.၁၆.၁၉၉၃
၁၅။ ဝိပဿနာအကျိုးချစ်မြတ်နိုး၊ ၁၂.၁၃.၁၉၉၁
၁၆။ အရှေ့ကနေဝန်းထွက်သည့်ပမာ၊ ၁၂.၁၇.၁၉၉၃
၁၇။ သာဓုသုတ္တံ ကောင်းမှကောင်း- ၁။
၁၈။ သာဓုသုတ္တံ ကောင်းမှကောင်း- ၂။
၁၉။ ဘေးလွတ်ရာသွားအိုလူသား- ၁၊ ၁၁.၂၇.၁၉၉၂
၂၀။ ဘေးလွတ်ရာသွားအိုလူသား- ၂၊ ၁၁.၂၇.၁၉၉၂
၂၁။ သွေးနဲ့ရေးတဲ့သာသနာ- ၁၊ ၁၂.၂၂.၁၉၉၄
၂၂။ သွေးနဲ့ရေးတဲ့သာသနာ- ၂၊ ၁၂.၂၂.၁၉၉၄
၂၃။ ရတနာထိုက်တဲ့ချစ်သမီး- ၁၊ ၁၂.၅.၁၉၉၇
၂၄။ ရတနာထိုက်တဲ့ချစ်သမီး- ၂၊ ၁၂.၅.၁၉၉၇
၂၅။ စာအံသံကြားတရားရ- ၁၊ ၁၂.၂၁.၁၉၉၇
၂၆။ စာအံသံကြားတရားရ- ၂၊ ၁၂.၂၁.၁၉၉၇
၂၇။ ကာမသုတ္တန် တရားတော်- ၁၊ ၂ဝဝဝ
၂၈။ ကာမသုတ္တန် တရားတော်- ၂၊ ၂ဝဝဝ
၂၉။ အသက်သေသော်လည်း မျက်ရည်မကျစတမ်း- ၁၊ ၁၂.ဝ၆.၁၉၉၈
၃၀။ အသက်သေသော်လည်း မျက်ရည်မကျစတမ်း- ၂၊ ၁၂.ဝ၆.၁၉၉၈
၃၁။ ပါဝေယျကဆင် တိုက်ပွဲဝင်၊ ၂၂.၁၂.၁၉၇၈
၃၂။ ဘယ်ကုသိုလ် အမြတ်ဆုံးပါလိမ့်၊ ၁၈.၁၂.၁၉၈၃
၃၃။ ဘေးလွတ်ရာသွား အိုလူသား၊ ၁၂.၁၂.၁၉၉၂
၃၄။ သံဃဂုဏပကာသကသုတ္တန်၊ ၂ဝ.၅.၁၉၉၃
၃၅။ မဟာသတိပဋ္ဌာန် တရားတော်၊ ၂၃.၁၂.၁၉၉၄
၃၆။ ရင်မှာစွဲရမည့် ပုလဲရတနာ၊ ၉.၁၂.၁၉၉၅
၃၇။ ခရီးသွား ခရီးနား၊ ၂၈.၁၂.၁၉၉၆
၃၈။ ကောင်းမှကောင်း၊ ၁၅.၁၂.၁၉၉၈
၃၉။ အဖြူနဲ့အမဲ တမူကွဲတရား၊ ၉.၈.၁၉၉၉
၎ဝ။ လူငါးယောက်နှင့် ကြီးလေးကြီး၊ ၁၉.၁၁.၁၉၉၉

တရားနာပြီး တရားအတိုင်း ကျင့်ကြံနိုင်ကြပါစေ

မကြာမီ တပည့်တော်လည်း လိုက်လာခဲ့ပါမည်...

မအိုချင်လို ငါကဆိုလည်း ဆိုတိုင်းမရ အနတ္တခန္ဓာကိုယ်...
မနာချင်လို ငါကဆိုလည်း ဆိုတိုင်းမရ အနတ္တခန္ဓာကိုယ်...
မသေချင်လို ငါကဆိုလည်း ဆိုတိုင်းမရ အနတ္တခန္ဓာကိုယ်...

Read more...

အကြောင်းတရားထဲက စွမ်းအားများ... (မစိုးရိမ်စာသင်သား)

အကြောင်းတရားထဲက စွမ်းအားများ...(မစိုးရိမ်စာသင်သား)







Print this post

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP