* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Sunday, November 22, 2009

ပညာသင်စရိတ်ထောက်ပံ့လှူဒါန်း (မဟာချိုင်)


ဒေါ်မိုး ဦးဆောင်သော မဟာချိုင်မြို့  DDရုံ မိုစီအလုပ်သမားမိသားစုများမှ မြန်မာကျောင်းသားကျောင်းသားရဟန်းတော်များအဖွဲ့သို့ ၂၂-၁၁-၂၀၀၉ နေ့တွင် ပညာသင်စရိတ် အဖြစ် ဆက်ကပ်လှူဒါန်းသော ဘတ်၂၀၀၀ အား ၊ အဖွဲ့ကိုယ်စား ဥက္ကဌဆရာတော် ဦးဇောတိက မှ လက်ခံရရှိကြောင်း သတင်းရရှိပါသည်။



Read more...

အနှစ်တရား တိုးပွားစေချင်


လူ့ဘ၀ဆိုတာ အကာနဲ့အနှစ် ခွဲခြားသိမြင်တတ်မှသာ အကာကိုခွဲပြီး အနှစ်ကို ဆွဲထုတ်ယူနိုင်လိမ့်မယ်။ အကာလောက်ကိုသာ အနှစ်ထင်နေရင် သို့မဟုတ် အကာနှင့်အနှစ် ပြောင်းပြန်အမြင်လွဲနေရင် အဖိုးတန်လှတဲ့လူ့ဘ၀မှာ အနှစ်မတွေ့ရတော့ဘဲ အကာနဲ့သာ တစ်ဘ၀လုံးဆုံးတတ်ပါတယ်။ ဗုဒ္ဓသာသနာဆိုတာအကာကို အကာမှန်းသိအောင်၊ အနှစ်ကို အနှစ်လို့မြင်အောင် ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ညွှန်ပြပေးနေတဲ့ လမ်းစဉ်ပါ။ မိမိတို့သည် နေ့စဉ်မပြတ် အမြဲတမ်းလုပ်ဆောင်နေသော ကာယကံ၊ ၀စီကံ၊ မနောကံတည်းဟူသော လုပ်ဆောင်နေမူများသည် အကာလား၊ အနှစ်လား ဆိုတာကို မိမိ၏ကိုယ်ပိုင်ဥာဏ်ဖြင့် တွေးတောကြည့်ကာ သတိထားစေချင်ပါသည်။ အ၀ိဇ္ဇာတည်းဟူသော အမိုက်မှောင်ဖုံးလွမ်း၍သာ အကာကို အနှစ်ထင်၊ အနှစ်ကို အကာထင်၍ လူ့ဘ၀မှ ထွက်ခွါသွားရမည်ဆိုလျှင် လွန်စွာပင် ၀မ်းနည်းဖို့ကောင်းပေသည်။

လူ့ဘ၀တွင် လူသားစစ်စစ်တစ်ယောက် ပီသစေရန် အတ္တဟိတနှင့် ပရဟိတကို ညီညွတ်မျှတအောင် မိမိတို့ စွမ်းနိုင်သလောက် ကြိုးစားရပေမည်။ သို့မှသာ လူ့ဘ၀၏ အနှစ်တရားများကို ရှာဖွေတွေနိုင်ပေလိမ့်မည်။ လူ့ဘဝကိုရ၍ လူဖြစ်လာသည်နှင့်တစ်ပြိုင်နက် တာဝန်နှစ်ခုကို မလွဲမသွေဆောင်ရွက်ရမည်ဖြစ်ပေသည်။ ထိုတာဝန်နှစ်ခုကို ဆောင်ရွက်ရန်အလို့ငှာ လူဟူ၍ ဖြစ်လာခြင်းပင်ဖြစ်ပေသည်။ ထိုတာဝန်နှစ်ခုမှာ အနစ်နာခံခြင်းနှင့် သူတစ်ပါးအကျိုး ကိုဆောင်ရွက်ခြင်းပင်ဖြစ်ပေသည်။ ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားသည် မိမိ၏ ကိုယ်ကျိုးစွန့်၍ လောကအတွက် အနစ်နာခံခြင်းဖြင့် တဏှာကို ပယ်သတ်တတ်သော အရဟတ္တမဂ်ဥာဏ်တော်ကို ရခဲ့၏။ ကိုယ်ကျိုးမစွန့်နိုင်ခြင်းသည် တဏှာကို မပယ်သတ်နိုင်သောကြောင့်ဖြစ်၏။ သူတစ်ပါးအကျိုးကိုဆောင်ရွက်ခြင်းဖြင့် သဗ္ဗညုတဥာဏ်တော်ကို ရခဲ့ပေသည်။

ထို့ကြောင့် အနစ်နာခံခြင်းသည် သာမာန်မဟုတ်ပေ။ အရဟတ္တမဂ်ဥာဏ်တော်ကို ရနိုင်စွမ်းရှိပေသည်။ သူတစ်ပါး၏ အကျိုးကိုဆောက်ရွက်ခြင်းဆိုသည်မှာလည်း သဗ္ဗညုတဥာဏ်တော်ကို ရစေနိုင်စွမ်းရှိပေ၏။ ထိုကြောင့် အနစ်နာခံခြင်းနှင့် သူတစ်ပါးအကျိုး ဆောင်ရွက်ခြင်းကို လူ့ဘ၀၏အနှစ်သာရဖြစ်သော တာဝန်နှစ်ရပ်ဟုဆိုရပေမည်။ မိမိတို့သည်လည်း အနှစ်သာရတရားများရင်ထဲတွင် တိုးပွားအောင် ဆောင်ရွန်ရန်လိုအပ်ပေသည်။ လောကမှာ မြတ်စွာဘုရားရှင်သာ အမြင့်မြတ်ဆုံး ပရဟိတ စွမ်းဆောင်ရှင်ဟုဆိုလျှင် သံသယဖြစ်ပွားစရာအလျဉ်းမရှိပေ။ မြတ်စွာဘုရားရှင်သည် အကြီးမားဆုံး အမြင့်မြတ်ဆုံး၊ အတိကျဆုံး၊ အပြည့်ဝဆုံး၊ အသေချာဆုံး၊ ပရဟိတ စွမ်းဆောင်ရှင်ဖြစ်ပေသည်။ ပရဟိတစိတ်နဲ့ပဲ ခက်ခဲတဲ့ ပါရမီတွေဖြည့်ခဲ့တယ်ဆိုတာလည်း သတ္တ၀ါအားလုံး အတွက်ပင် ဖြစ်ပေသည်။

အတ္တဟိတ သက်သက်သာဆိုရင် ဘုရားဖြစ်အောင် ကျင့်နေဖို့တောင်မလိုတော့ပေ။ အဘယ်ကြောင့်ဆိုသော် သုမေဓါ ရှင်ရသေ့ဘ၀က သာဝကပါရမီပြည့်နေပြီဖြစ်ပေသည်။ ဆက်အားထုတ်လိုက်ရင် ရဟန္တာဖြစ်ပြီး နိဗ္ဗာန်ကို လက်တစ်ကမ်းတွင် ယူနိုင်စွမ်းရှိပေသည်။ ပရဟိတစိတ်ကြောင့်သာအသက် စည်းစိမ်များစွာ စွန့်လွှတ် အနစ်နာခံပြီး ဘုရားဖြစ်ကြောင်း ပါရမီကောင်းမှုတွေကို ဖြည့်ကျင့်ခဲ့ဖြင်းဖြစ်ပါသည်။ အကြီးကျယ်ဆုံး ပရဟိတ လုပ်ငန်းကို လုပ်ဆောင်ပေးလိုသောကြောင့် အကြီးကျယ်ဆုံး သဗ္ဗညုတဥာဏ်တော်ကြီး ရဖို့အတွက် ကိုယ်ကျိုးစွန့်ခဲ့ခြင်းဖြစ်ပေသည်။ ပရဟိတအတွက် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းကြာအောင်အနစ်နာခံကာ သတ္တ၀ါများအတွက်ဆောက်ရွက် ပေးခဲ့သည်မှာ မြတ်စွာဘုရားရှင်၏ မေတ္တာတရား၊ ကရုဏာတရားမှာ အနန္တပင်ဖြစ်ပေသည်။ ကိုယ်ကျိုးစွန့် အနစ်နာခံလိုက်ခြင်းသည် ပါရမီဖြည့်ခြင်းပင်ဖြစ်ပေသည်။

ပါရမီဆိုသည်မှာ မြင့်မြတ်သူတွေရဲ့ အလုပ်၊ တစ်နည်း မြင့်မြတ်သူ ဖြစ်ကြောင်းအလုပ်၊ မြင့်မြတ်သူ ဖြစ်စေနိုင်တဲ့အလုပ်၊ မြင့်မြတ်သူအဖြစ် ပို့ဆောင်ဖန်တီးနိုင်တဲ့အလုပ်၊ နောက်ထပ်တဖန် `ပါရ´ဆိုတာ သံသရာ တစ်ဖက်ကမ်း နိဗ္ဗာန်၊ `မီ´ ဆိုတာ ရောက်စေနိုင်တဲ့တရား၊ ထို့ကြောင့် `ပါရမီ´ဆိုတာ `သံသရာ တစ်ဖက်ကမ်း နိဗ္ဗာန်ကို ရောက်စေနိုင်တဲ့ တရား´ဟူ၍ နားလည်ရပေမည်။ ပရဟိတဆိုတာ ကိုယ်ကျိုးကို မငဲ့ဘဲ သူ့အတွက်ကောင်းကျိုးကို လုပ်ပေးတာဖြစ်ပါသည်။ သီးခြား အလှူဒါနကြီးတွေ လုပ်ကြတယ်ဆိုတာလည်း သူ့အတွက်ပါတယ်ဆိုပေမယ့်ကိုယ့်အတွက် ဦးတည်ပြီး လုပ်ကြခြင်းဖြစ်ပါသည်။ ဗုဒ္ဓဘာသာ ၀င်တို့ရဲ့ နောက်ဆုံးပန်းတိုင်ဖြစ်သော ကိုယ့်ရဲ့မဂ်ဖိုလ်နိဗ္ဗာန်ရရေးကို အဓိက ဦးတည်ခြင်းလဲဖြစ်ပေသည်။ ထို့ကြောင့် သီလရှိတဲ့မြင့်မြတ်တဲ့ အလှူခံပုဂ္ဂိုလ်တွေကို ရွေးချယ်ပြီး လှူကြတယ်ဆိုတာ ကိုယ့်အတွက်ငဲ့ပြီး ရွေးချယ်၍ လူခြင်းဖြစ်ပါသည်။

ပရဟိတဆိုတာကတော့ သူ့ဆီက ဘာတစ်ခုမှ မျှော်လင့်ချက်မထားပါဘူး၊ ငါတို့က ဒီလို ကူညီဆောင်ရွက်ပေးလိုက်ရင် သူတို့ကငါတို့ကို အသိအမှတ်ပြုပေးကြလိမ့်မယ်၊ ငါတို့ လိုအပ်တဲ့အခါ သူတို့က ပြန်ကူညီစောင့်ရှောက်ပေးကြလိမ့်မယ်လို့ လုံးဝမျှော်လင့်ချက်မထားပါဘူး၊ ပရဟိတသဘောဆိုတာ ကိုယ့်ကြောင့် သူချမ်းသာရင် မိမိရဲ့စိတ်ထဲမှာ ကျေနပ်နေမူမျိုးဖြစ်ပေသည်။ ကိုယ့်အတွက် မငဲ့မှ မြင့်မြတ်တဲ့ပရဟိတ စိတ်ဖြစ်မျိုးဖြစ်ပေမည်။ မြတ်စွာဘုရားရှင်ဟာဆိုရင် ကိုယ့်အတွက် ဘာအကျိုးမှမငဲ့ပြီး သဗ္ဗညုတဥာဏ်တော်ကြီးကို လိုချင်တာလည်း လောကအလယ်မှာ ကြွားဝါဖို့မဟုတ်ပေ။ ဥာဏ်ကြီးကျယ်မှအကြီးအကျယ်ဆုံး ပရဟိတလုပ်ငန်းကို လုပ်ဆောင်ရွက် အတွက်ပဲ ဖြစ်ပေသည်။ များများသိမှ များများပေးနိုင်မယ်၊ ကြီးကြီးသိမှ ကြီးကြီးလုပ်ပေးနိုင်မယ်၊ ကောင်းကောင်းသိမှလဲ ကောင်းကောင်း ဖန်တီးပေးနိုင်မည်ဖြစ်ပေသည်။ ထို့ကြောင့် ကြီးကြီးကျယ်ကျယ် လုပ်ပေးချင်လို့ ကြီးကျယ်တဲ့ဥာဏ်ကို ရဖို့အတွက် အကြီးကျယ်ဆုံး ပါရမီလုပ်ငန်းကို သတ္တ၀ါအားလုံးအတွက် ပါရမီဖြည့်ခြင်းပင်ဖြစ်ပေသည်။

ပရဟိတဆိုတာ ပေးဖို့သက်သက်တစ်ခုတည်းပါ။ လှူတဲ့အခါသီလရှိသူတွေ ရွေးချယ်ကြတာက ကိုယ့်အတွက်ငဲ့လို့သော အလူမျိုး ဖြစ်ပေသည်။ ပရဟိတသည် အယုတ်၊ အလတ၊် အမြတ်မရွေး၊ လူမျိုးမရွေး ဘာသာမရွေး၊ ပုဂ္ဂိုလ်မရွေး သတ္တ၀ါမရွေးအားလုံးရဲ့ အကျိုးအတွက် သူတို့ဆီကဘာတစ်ခုမှလဲ မျှော်လင့်ချက် မထားပါပဲ ကိုယ်ကြောင့် သူတစ်ပါး တွေချမ်းသာစေလိုချင်တဲ့ စိတ်မျိုးဖြစ်ပေသည်။ ဥပမာဆိုရသော် ခွေးကလေး တစ်ကောင် ရေနစ်မွမ်းလို့ ပင်ပန်းနေတာ ကိုမြင်လိုက်ရသောအခါ ကရုဏာအပြည့်နဲ့ မဖြစ်မနေ ဆယ်တင်ပေးလိုက်ပါတယ်။ လမ်းဘေးမှာ အစာငတ်ပြတ်လို့ အားအင်ချိနဲ့နေတဲ့ ခွေးငတ်ကလေး တစ်ကောင်ကို တွေ့မြင်လိုက်ရရင် ကရုဏာအပြည့်နဲ့ အစာကျွေးပေးလိုက်တယ်။ ခွေးလေးဆီကနေ ဘာကိုမှ မျှော်လင့်တောင့်တစရာ မထားပါဘူး။ ခွေးကလေးက ကျေးဇူးတင်ပါတယ်ဗျာ လို့ ကျေးဇူးတင်စကားလေးတောင် တုန့်ပြန်နိုင်စွမ်း မရှိပါဘူး။

သူ့ဆီက ဘာကိုမှ မလိုပါဘူး။ ကိုယ့်စေတနာ ကိုယ့်မေတ္တာ ကရုဏာကြောင့် ခွေးကလေး ဒုက္ခလွတ်ပြီး ချမ်းသာသွားရင် ပြီးပြီပဲ။ သူက မတုန့်ပြန်ပေမယ့် ကိုယ့်ရဲ့ အောင်မြင်တဲ့ စွမ်းဆောင်ချက်ကိုကြည့်ပြီး ကိုယ့်ဟာကိုယ် ကြည်နူး ၀မ်းသာရတာက လောကမှာ ဘယ်အရသာနဲ့မှ မလဲနိုင်တဲ့ အရသာပါ၊ ကိုယ့်စေတနာဟာ ကိုယ့်လုပ်ခ ရတာပဲဖြစ်ပေသည်။ ပရဟိတ စေတနာရှင်ဟာ ဒုက္ခလွတ်ပါစေဆိုတဲ့ ကရုဏာ၊ ချမ်းသာပါစေဆိုတဲ့ မေတ္တာနဲ့ပဲ ကူညီတတ်တယ်၊ ပေးကမ်းတတ်တယ်၊ ထောက်ပံ့တတ်တယ်၊ မေတ္တာ ကရုဏာအရင်းခံတဲ့ မြင့်မြတ်တဲ့ စေတနာနဲ့ပဲဆောင်ရွက်ပေးပါတယ်။ ဒါကြောင့်လဲ မြင့်မြတ်သူတွေရဲ့အလုပ်ဖြစ်တယ်။ ပရဟိတဆိုတာ သူ့အတွက် ကိုယ်အနာခံပေးတာ၊ သူလျှောက်လှမ်းနိုင်ဖို့ ကိုယ်က တံတားခင်းပေးတာ၊ အမြင့်မြတ်ဆုံး ပရဟိတစွမ်းဆောင်ရှင်ဖြစ်တဲ့ မြတ်ဗုဒ္ဓရဲ့ ဓာတ်ကောင်းတွေ စိမ့်ဝင် ကူးစက်နေမှသာ မိမိတို့ရဲနှလုံးသားမှာ မြင့်မြတ်တဲ့ ပရဟိတစိတ်တွေ ကိန်းနေမှာ ဖြစ်ပါတယ်။

ပရဟိတ အလုပ်ကို မလုပ်ပဲ မနေနိုင်ဘူး၊ မြင့်မြတ်တဲ့ စိတ်ရှိသူပီပီ ဒါငါလုပ်ရမှာပါလို့ သိနေကြတယ်။ ထိုသို့ဆောင်ရွက်မှသာ မြတ်ဗုဒ္ဓရဲ့ လမ်းစဉ်ကို လိုက်နာကျင့်သုံးရာရောက်ပါတယ်။ မိမိတို့သည်လည်း ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသည့်အတွက် မြတ်စွာဘုရားရှင်ရဲ့ လမ်းစဉ်အတိုင်း မလွဲမသွေ လိုက်နာလုပ်ဆောင်အပ်ပေသည်။ သီတဂူ ဆရာတော်ဘုရားကြီးဟောကြားထားသော အရှင်ဓမ္မပါလဆုတောင်းတရားတော်မှ အနည်းငယ်ဖော် ပြလိုပါသည်။ မိမိတို့ပတ်ဝန်းကျင်မှာရှိတဲ့ နွားမတွေဟာ နို့ပေးပြီး လောကကို ကောင်းကျိုးပြုတယ်။ နွားထီးတွေဟာလဲ ပခုံးပွန်းအောင်ရုန်းပြီး လူသားတွေရဲ့ အကျိုးကို ဆောက်ရွယ်ပေးပါသည်။ ထိုနည်းအတူ သစ်ပင်တွေဟာလဲ လောကကို အကျိုးပြုတယ်။ သို့သော်ငြားလည်း သူတို့တွေဟာ အသိဥာဏ်မရှိတဲ့အတွက် ဘာကုသိုလ်မှ မရပါဘူး။ ဘာလို့လဲဆိုတော့ စားမယ်၊ အိပ်မယ်၊ ကာမဂုဏ်မှီဝဲမယ်ဆိုတဲ့ အသိကြောင့် ဘာကုသိုလ်မှ မရခြင်းဖြစ်ပါတယ်။

လူသားတစ်ယောက်ရဲ့ တန်ဖိုးဆိုတာ ဂုဏ်တွေ ငွေတွေ မဟုတ်ပါဘူး။ လူသားတစ်ယောက်ရဲ့ တန်ဖိုးဆိုတာ အသိဥာဏ်ပါ။ အသိရှိသော၊ စိတ်ဝိဥာဏ်ရှိသော၊ ဥာဏ်ရှိသော၊ သတိ၊ ၀ီရိယ၊ သဒ္ဓါရှိသော လူသားတစ်ယောက်ဟာ ကိုယ့်အကျိုးအတွက်ပဲ လုပ်သွားမယ်ဆိုရင် ဒီကမ္ဘာမြေကြီးပေါ်မှာ မရှိထိုက်ပါဘူး၊ သူများအကျိုအတွက်ရော လုပ်ဆောင်ပေးမှသာ လူသားစစ်စစ်ဖြစ်ပေမည်။ လူသားတစ်ယောက်ရဲ့အသက်နှင့် ခန္ဓာဟာ အနှစ်တစ်ရာအတွင်း ပျက်စီးနိုင်ပါတယ်။ လူသားတွေရဲ့ကောင်းကျိုးကို လုပ်ဆောင်သွားတဲ့ ဂုဏ်သတင်းကတော့ ဘယ်တော့မှ ပျက်စီးခြင်း ဖြစ်လိမ့်မည်မဟုတ်ပေ။ ကမ္ဘာဆုံးအောင် တည်တံ့နေလိမ့်မည်ဖြစ်ပေသည်။ အသိဥာဏ်ရှိသော လူသားတစ်ယောက် အနေနှင့် လောကီ၊ လောကုတ် နှစ်ဌာနသော အကျိုးစီးပွားတို့အား ဆောက်ရွက်ရင်း လောကအလှပန်းများ ဆင်နိုင်အောင် ကြိုးစားအားထုတ်အပ်ပေသည်။ အနစ်နာခံခြင်းနှင့် သူတစ်ပါးအကျိုးစီးပွားလုပ်ဆောင်ရန် ရောက်ရှိလာသော လူသားများ ဖြစ်ကြပါစေဟု ပရဟိတစိတ်ဓါတ်ခွန်အားများ ဆထက်တစ်ပိုး တိုးပွားစေရန် ရည်သန်၍ ရင်ထဲကဆန္ဒအမှန်အား ရေးသားရင်း နိဂုံးချုပ်အပ်ပါသည်။

ငါမွန်အမြတ်၊ ငါအတတ်ဟု၊ စာဖတ်သူအပေါ်၊ ခေါင်းကိုကျော်၍၊ ငါသော်ဆရာ မလုပ်ရခြင်းအမှန်ပါ။ ကျွန်တော်စုဆောင်း မိသမျှ၊ဖတ်မှတ်လေ့လာမိသမျှကို တရားအလှူ၊ ဓမ္မဒါနအလှူအဖြစ် မျှဝေခြင်းသာဖြစ်ပါတယ်။ တစ်စုံတစ်ရာ အမှား အယွင်းများရှိခဲ့သော် အပြစ်မပါ မေတ္တာရှေ့ထားကာဖြင့် ပြုပြင်ပေးစေလိုပါသည်။

အသိတရားလက်ကိုင်ထား ဆောင်ရွက်နိုင်ပါစေ။

ကိုညီ



Read more...

မိုးကုတ်ဆရာတော်ဘုရားကြီး၏ သံဝေဂ အစု...

(၁) ငါသည် မုချသေရမည်။ အချိန်ပိုင်းသာ လိုတော့သည်။
(၂) အဇ္ဇေ၀ သုဝေက။ ယနေ့လား နက်ဖြန်လား သေနိုင်ပါသည်။(၃) ရခဲလှတဲ့ လူ့ဘ၀ကို အလွဲသုံးစား မလုပ်နဲ့။ အချိန်အလကား မဖြုန်းနဲ့။
(၄) မမျှော်လင့်ဘဲ ဗြုန်းခနဲ နာလည်း နာနိုင်သည်။
(၅) မမျှော်လင့်ဘဲ ဗြုန်းခနဲ သေလည်း သေနိုင်သည်။
(၆) ခန္ဓာကိုယ်က မွေးကတည်းက အသေဖက် တရစပ် ပြေးနေတယ်။
(၇) မနေ့ကထက် ယနေ့ သေဖို့ တစ်ရက် ပိုနီးသွားပြီ။
(၈) သက်တမ်းတိုတဲ့ ဘ၀လေးမှာ တရားအားမထုတ်ဘဲနှင့် ချောင်ခိုနေရင် လူဖြစ်ရှုံးပြီမှတ်။
(၉) အသေစောက ကိုယ်ကျိုးအနည်းကြီး နည်းပြီမှတ်။
(၁၀) အပြေးမရပ်တဲ့ ခန္ဓာကိုယ် သုဿန်မရောက်ခင် မဂ္ဂင်အလုပ် မြန်မြန်လုပ်။
(၁၁) လူပြောသူပြော မယုံနဲ့။ ခန္ဓာပြောတာသာ အယုံကြီး ယုံလိုက်ပါ။

(၁၂) လူပြောယုံတော့ သူများပါးစပ် လမ်းဆုံး။ ခန္ဓာပြောတာ ယုံတော့ သံသရာ လမ်းဆုံး။
(၁၃) ရှေ့နောက်ခွဲတတ်ပါစေ။ သားရေးသမီးရေး နောက်ထား။ ကိုယ့်ကိုယ်ကို ကယ်တင်မယ့်အရေး ရှေ့ထား။
(၁၄) ကိုယ့်ကိုယ်သနားရင် ၀ိပဿနာ လုပ်ကြ။ ကိုယ့်ကိုယ်ကို မသနားရင် သားရေးသမီးရေး စီးပွားရေး လုပ်ကြ။
(၁၅) ဘုန်းကြီးက ပြောရက်လိုက်လေ မလုပ်နဲ့။ ခင်ဗျားတို့ အဖြစ်က ဆိုးလွန်းလို့ ဖော်ပြောပြနေတာ။
(၁၆) ခင်ဗျားတို့မှာ ကိလေသာရေနစ်နေတာ လည်ပင်းရောက်နေပြီ။ သေခါနီးတွေက သေခါဝေးတွေ အတွက် ပူမနေနဲ့။
(၁၇) ယခု သားနဲ့ သမီးနဲ့ ဆွေနဲ့ မျိုးနဲ့ ပစ္စည်းတွေနဲ့ ဒီလို မသိပြုံး ပြုံးနေသလောက် မသိပျော် ပျော်နေသလောက် သေခါနီး အိပ်ရာညောင်စောင်း ထက်မှာ မျက်ရည်ကျရပါလိမ့်မယ်။



Read more...

ပီနန်ဆရာတော်ကြီးက သီဟိုဠ်သံဃာတွေကို အားကိုးပါတယ်လို့ ကြားဖူးတယ်

Custom Message မှာ “သီဟိုဠ်မှာ ငတ်ကြီးကျတွေက ပိုများတာပဲ……”ဟူ၍ ရေးလိုက်ပါတယ်။ စိတ်ထဲမှာ မကောင်းလွန်း၍ ရေးလိုက်ရခြင်းဖြစ်တယ်။ ကိုယ်လေးစားရသူတွေက အဲသလိုကြီးတော့ မရေးသင့်ဟု ဆုံးမကြတယ်။ ထို့ကြောင့် ဤနေရာမှာ ရေးရခြင်းဖြစ်တယ်။

ကိုယ့်မှာလဲ ကိုယ့်အကြောင်းနှင့်ကိုယ်။
ဒီကိုရောက်လာတဲ့ ဒီအုပ်စုဟာ

အမျိုးကို ဖျက်ဆီးသူများ ဖြစ်တယ်။
သာသနာကို ဖျက်ဆီးသူများ ဖြစ်တယ်။
ဘာသာကို ဖျက်ဆီးသူများ ဖြစ်တယ်။
အာဏာတည်မြဲရေးအတွက် ဘုရားကိုလဲ သေနတ်နဲ့ ပစ်ရဲသူများဖြစ်တယ်။
အပြစ်မဲ့ ပြည်သူတွေကို သတ်တယ်။

ကိုယ်ကျိုးအတွက် နိုင်ငံကို ဖျက်ဆီးသူများလဲ ဖြစ်တယ်။
အခုအချိန်အထိ အပြစ်မဲ့ပြည်သူတွေ ထောင်ထဲမှာ အကျဉ်းကျနေဆဲလဲ ဖြစ်တယ်။

တိုင်းပြည်မှာ ကျွန်ုပ်တို့ရဲ့ အနာဂတ်မျိုးဆက်သစ်ဆိုသူလေးတွေကို ကြည့်ပါ။
ငဲ့ညှာစောင်းကြည့်ပါ။

သူတို့လေးတွေဘ၀ ဘယ်လို ရုန်းကန်နေရသလဲ။
ပညာတွေ တတ်မြောက်ကြသလား။
လူလိုသူလို နေခွင့်ရသလား။
စဉ်းစား။

ငါတို့ဟာ သာသနာ့ဝန်ထမ်းရဟန်းများ ဖြစ်တယ်။
သူတို့ဟာ လောလောလတ်လတ် သံဃာတွေကို သတ်ဖြတ်ထားသူများ ဖြစ်တယ်။
ငါတို့ဟာ သာသနာ့ဝန်ထမ်းရဟန်းများ ဖြစ်ကြတယ်။

တစ်ပြိုင်တည်းမှာပဲ ငါတို့ဟာ ပြည်သူများလဲ ဖြစ်ကြတယ်။
တစ်ပြိုင်တည်းမှာ ငါတို့ဟာ အဖိနှိပ်ခံ လူတန်းစားများ ဖြစ်ကြတယ်။

တစ်ပြိုင်တည်းမှာ ပြည်သူတွေဟာ အောက်ကျနောက်ကျ ဖြစ်နေကြရတယ်။
တစ်ပြိုင်တည်းမှာ သူတို့ဟာ ဂုတ်သွေးစုတ်နေကြဆဲလဲ ဖြစ်တယ်။
ငါတို့ဟာ သာသနာ့ဝန်ထမ်းရဟန်းများ ဖြစ်ကြတယ်။

တစ်ပြိုင်တည်းမှာ အာဏာရှင်တွေ စုတ်ယူဝါးမြိုလာတဲ့
ပြည်သူ့သွေးများကို သီဟိုဠ်သံဃာများက
အားရပါးရ စားသောက်လိုက်ကြတယ်။


တစ်ပြိုင်တည်းမှာ……………………………

Read more...

စိတ်ဓာတ်

ဒီပိုစ့်လေးကို အရှင်ပညာနန္ဒ ဘလော့မှ ကူးယူဖော်ပြပါသည်။

ညီ ညီမလေးတို့ရေ.. ဒီတခါပြောပြမှာလေးက " စိတ်ဓါတ်" ဆိုတဲ့ အကြောင်းလေးပေါ့ကွယ်.. တကယ်တော့ စိတ်ဆို တာ ကောင်းတဲ့စိတ် နဲ့ မကောင်းတဲ့ စိတ်ဆိုပြီး နှစ်မျိုးနှစ်စားရှိတယ်၊ မိမိ မြင်လိုက် သိလိုက်တဲ့ အပေါ်မှာ မူတည်ပြီး တော့ ပြောင်းလဲသွားတာပေါ့၊ အများအားဖြင့် လူတစ်ယောက်မှာ ဖြစ်ဖို့အလွယ်ကူဆုံးက မကောင်းတဲ့ စိတ်ပဲ။ မကောင်းတဲ့စိတ် ရှိနေတဲ့ လူတစ်ယောက်ဟာ ဘယ်တော့မှ သူထံမှာ ကောင်းတာတွေ ရှိမနေတက်ဘူး။

ဥပမာ မာရ်နတ်.. သူက မြတ်စွာဘုရားအပေါ်မှာ ဘယ်တုန်းက ကောင်းခဲ့ဘူးသလဲ ဟိုတုန်းကလည်း မကောင်းခဲ့ဘူး ဘယ်ထိတောင်မကောင်းခဲ့သလဲဆိုရင် မြတ်စွာဘုရား ဘုရားဖြစ်တော့မယ်အချိန်အထိ လိုက်ပြီး မကောင်းစိတ်နဲ့ နှောက်ယှက်နေခဲ့တာ။ နောက်တစ်ယောက်က မြတ်စွာဘုရားရဲ့ ယောက်ဖတော် ရှင်ဒေ၀ဒတ်ပါ ပဲ. မကောင်းတဲ့စိတ်ကြောင့်ပဲ အမျိုးမျိုး ဘုရားကို တိုက်ခိုက်ခဲ့တယ် နောက်ဆုံး သတ်တဲ့အထိ သူကာယကံ မြောက် လွန်ကျူးခဲ့တယ်။ တော်တော်လေးကြောက်ဖို့ကောင်းပါတယ်။ သူတို့တွေသေတော့ ဘယ်ရောက်ကြလည်း ငရဲ ကိုရောက်သွားတာ ပေါ့။

အဲဒီစိတ်က ခုလက်ရှိအချိန်လည်း ကောင်းကျိုးကိုမပေးသလို နောက်ဘ၀အတွက်လည်း ကောင်းကျိုးကိုမ ဖြစ်စေဘူးကွဲ့။ ဒါကြောင့် လက်ရှိအချိန်မှာလည်း ကောင်းကျိုးကိုမပေး နောက်ဘ၀အတွက်လည်း ကောင်းကျိုးကို မဖြစ်စေတဲ့ စိတ်မျိုးကို မမွေးစေချင်ဘူးကွယ်. ပြီးတော့ ကောင်းတဲ့စိတ် နဲ့ မကောင်းတဲ့ စိတ်နဲ့ တိုက်ရိုက်တွေ့ပြီ ဆိုရင် မကောင်းတဲ့စိတ်က အမြဲရှုံးတတ်ပါတယ်။ လက်တလော နိုင်တယ်ထင်နေပေမယ့် သေချာပြန်စဉ်းစားလို့ ရှိရင် တကယ်နိုင်တာက ကောင်းစိတ်ကလေးပါ။ ညီ ညီမလေးတို့ကလည်း မကောင်းတဲ့စိတ်ကို လက်မခံပါနဲ့ မောင်းထုတ်လိုက်ပါ ရစ်သီရစ်သီတောင် အကပ်မခံပါနဲ့။

ကောင်းတဲ့စိတ်ကလေး ကိုတော့နိုင်သလောက်က လေး ထိမ်းထားကြပါ။ ကောင်းတဲ့စိတ် ကိန်းနေတည်နေတဲ့ အချိန်လေးမှာ အကုသိုလ်ဟူသမျှ ကင်းနေတယ်၊ စိတ်ကလေးကိုက ဖြူစင်နေတာ အဲဒီစိတ်ကလေး ကပဲ ခုလောလောဆယ် ဘ၀မှာရော နောင်ဘ၀မှာပါ ကောင်းတဲ့အကျိုးကိုပေးစေပါတယ်။ ဒီတော့ ဘယ်အချိန်မှာမှ ကိုယ့်အတွက် ကောင်းကျိုးမပေးတဲ့ စိတ်ကို မွေးထားဖို့မသင့်ပါဘူး တကယ်လို့ ရှိနေရင်လည်း ဖျောက်နိုင်အောင်ကြိုးစားပေးပါ။

ဒါမှ ညီ ညီမလေးတို့ ဘ၀ဟာ လောကအလယ်မှာ ဖြူစင်စွာနဲ့ ၀င့်ဝင့်ကြွားကြွား တင့်တင့်တယ်တယ် ရှိနေပြီး လူတကာတွေ၇ဲ့ ကြည်ညိုလေးစားခြင်းကို ခံစားရမှာပါ။ မကောင်းတဲ့စိတ် နဲ့သေရင် သူက ညီ ညီမလေးတို့ကို ငရဲကို ဆွဲခေါ်သွား မှာ အေးကောင်းတဲ့စိတ်နဲ့ သေမယ်ဆိုရင်တော့ သူက နတ်ပြည်တင် မကဘူး ကိုယ်ကျင့်ခဲ့တဲ့ ကောင်းမှုပေါ်မူတည် ပြီး နောက်ဆုံး ညီ ညီမလေးတို့ သွားချင်တဲ့ ရွေပြည်မြတ်ထံကို ရောက်သွားမှာကွဲ့။

သူတပါးကို လည်း ကောင်းမွန်တဲ့ စကား၊ ကောင်းမွန်တဲ့ အပြုအမူနဲ့ ဆက်ဆံပေးပါ။ သူများတွေရဲ့မကောင်းတာကို ကြည့်နေမယ့် အစားကိုယ်ကိုကိုယ် မြင်အောင်ကြည့်ပါ။ ငါကော အကုန်လုံးဖြူစင်နေပါသလား။ သူများအပြစ်ကို ကြည့်ပြီး အမြဲတန်း အပြစ်ပြောနေလို့ ငရဲကိုကျသွားရှာတဲ့ အဖြစ်အပျက်အကြောင်းအရာလေးရှိတယ်. ဘုရားရှင် လက်ထက်တုန်းက ရွာကလေးတရွာမှာ အမျိုးသမီးတစ်ယောက် သူ့ရဲ့အတိတ်ကမကောင်းမှုကံကြောင့် ဒီရွာ ကလေးမှာ ပြည့်တန်ဆာမလေး လာဖြစ်နေတယ်။

တနေ့တော့ သူ့မှာ ကုမရတဲ့ ရောဂါက ကပ်မိသွားတော့ ရှက်လည်းရှက် ကြောက်လည်းကြောက်ပြီး ရွာနဲ့ ဝေးတဲ့ နေရာကလေးတစ်ခုမှာ တဦးတည်း သွားရောက်နေ ထိုင်ခဲ့ရရှာတယ်။ အဲဒီနေရာကလေးနဲ့ မနီးမဝေးမှာလည်း ဖိုးသူတော်တစ်ပါး ရှိနေတယ်။ ဖိုးသူတော်ဟာ နေ့ရှိသ၍ ပြည့်တန်ဆာမလေးရဲ့ အကြောင်းပဲ တွေးတယ် ပြီးတော့ အပြစ်ကိုလည်း အမြဲရှာပြီး ကြားအောင်တမျိုး မကြားအောင်တစ်မျိုး ပြောပြောနေခဲ့တယ်။ မကြာပါဘူး ဖိုးသူတော်ဟာ ရုတ်တရက် သေဆုံးသွားပါလေရော သေတော့ဘယ်ရောက်သွားသလဲဆိုတော့ ငရဲကိုရောက်သွားရှာတယ်လေ ဘာကြောင့်လည်း ကိုယ်အပြစ်ကို ကိုယ် မြင်အောင်မကြည့်ခဲ့ဘဲ သူများအပြစ်တွေကိုပဲ ကြည့်နေခဲ့မိလို့.. ခုလို့ဖြစ်ရတာလေ။ ဒီတော့ပြောချင်တာ လေးက သူတပါး၏ အပြစ်ကိုမကြည့်မိအောင်နေပြီး ကိုယ်ကိုကိုယ်ပဲ အပြစ်ကိုမြင်အောင်ကြည့်စေချင်တယ်။ ပြီးတော့ စိတ်ကောင်းကလေးကိုလည်း ကိုယ်နဲ့မကွာ တစ်သက်လုံးရှိနေစေချင်တယ်။ သူများကောင်းတာမကောင်းတာကို မကြည့်ပါနဲ့ ကိုယ်ကောင်းဘို့က အရေးကြီးပါတယ်။ ကိုယ်က သူများတွေ ရဲ့အပေါ်မှာ အတိုင်းထက်လွန် ပြီး ကောင်းပြလိုက်ပါ သူကောင်းမှ ကိုယ်ကောင်းမယ်ဆိုတဲ့ စိတ်ကိုမမွေးပါနဲ့။

တကယ်လို သူက ကိုယ်ပြုံးပြလိုက်သားနဲ့တောင် ကိုယ့်ကိုပြန်ပြီး ပြုံးမပြဘူး ဆဲသွားတယ်ဆိုရင်တောင် သူ၏နောက်ကျော ကိုကြည့်ပြီး သူ့ကိုအပြစ်မမြင်ပဲ ငါ့မှာသာအပြစ်တွေရှိနေလို့ သူဒီလို လုပ်သွားတာပဲလေ ဆိုပြီး ကိုယ့်အပြစ်ကိုယ် တွေ့အောင်ရှာပေးပါ. ..ကဲ ဒါလေးပါပဲ အားလုံးသော စာဖတ်သူတွေ စိတ်ကောင်းကလေးနဲ့ပဲ ထာဝရ တည်ရှိနေနှိင်ကြပါစေ..........

ရွှင်လန်းချမ်းမြေ့ကြပါစေ။

Read more...

web ဒီဇိုင်းဖန်တီးမှု့ 

Learning Web Design

Read more...

Samanera programme in BMBMC

Lord Buddha once said in Dahara Sutta
"There are these four things, great king, that shouldn't be despised & disparaged for being young.

Which four? A noble warrior, great king, shouldn't be despised & disparaged for being young. A snake... A fire... And a monk shouldn't be despised & disparaged for being young. These are the four things that shouldn't be despised & disparaged for being young"

Today and for the next 10 days, twenty four young men decided to forgoes their school holidays to become samaneras in BMBMC under the guidance of Venerable Sayadaw U Vimala.Add Image video


Read more...

A Buddhist Perspective of '2012'

by Shen Shi'an, The Buddhist Channel, Nov 22, 2009

Dharma Inspired Movie Review: www.whowillsurvive2012.com

Singapore -- In the 'Sutra of the Eight Realisations of Great Beings', this is taught – 'Wholeheartedly, day and night, disciples of the Awakened One [Buddha] should recite and meditate on the Eight Realisations discovered by the Great Beings.

The First Realisation is the awareness that the world is impermanent. Political regimes are subject to fall. Things composed of the four elements [earth, water, fire and wind] are empty [of lasting substantiality], containing within them the seeds of suffering…' (http://plumvillage.org/practice/discourses/58-discourse-on-the-eight-realizations-of-the-great-beings.html) Indeed, our true refuge cannot be in the fickle elements or even great nations; it must rest upon the personal realisation of immutable truths, which would set us free. The film '2012' bears testimony to this.

'2012' is arguably the melting pot of many disaster movies. It proposes that due to alignment of heavenly bodies in our solar system, there will be a sharp increase of solar activity, which would create havoc at the Earth’s core, causing its tectonic plates to shift, along with its poles. But since the current climate crisis is already more than enough to tear the Earth apart via increasingly violent and more frequent earthquakes, floods, tornadoes and such, what sorely missing from the movie extravaganza was the message of the urgent need to pull back our human destruction of the environment by being more consciously green.



During the recent Asia Vegetarian Congress, Dr Art-Ong Jumsai, who was involved in NASA’s Viking Space Project, proposed that due to the meltdown in the Arctic, there could be more earthquakes and tsunamis from the shift in weight of flowing ice, which puts pressure on the tectonic plates. What does this have to do with vegetarianism? Meat-eating produces more greenhouse gases than all the motor vehicles in the world combined! Instead of proposing what we can do to save the world, '2012' focuses on the idea that we can do next to nothing. That's not very helpful, especially when there might be movie-goers who leave the theatre feeling haplessly apprehensive about an 'impending doom'.

Anticipating worldwide disasters, governments begin a race against time to fund and build giant arks as vehicles of salvation to tide through the greatest flood ever - for the rich, influential and those with good genes. Strangely, nothing was mentioned about saving the good. The arks are clearly inspired by the biblical one. However, according to the book, there is supposed to be no more monster floods; though there are still many ongoing killer floods in history. With multiple arks built without divine instruction, and them being much larger than the 'original' one, does this imply that humans are wiser and kinder in wanting to save more? With masses in fervent prayer killed, does the story hint of the absence or rage of any almighty one? There were also shocking scenes of the statue of 'Christ the Redeemer' being shattered, and 'The Creation of Adam' in the Sistine Chapel being destroyed by an initial crack that separated the 'Creator' from 'Adam'.

Surprisingly, there were clear Buddhist concepts introduced instead. A wise Rinpoche shares a key teaching from the Kalama Sutta on active investigation for the truth with his disciple Nima when the latter voices his suspicions that there is a huge conspiracy going on in the mountains – 'Do not believe in something, simply because you have heard it.' (This is golden advice for those who speculate on hearsay of what's going to happen in 2012!) He then does the classic Zen act of filling the young monk's cup till it overflows and says, 'Like this cup you are full of opinions and speculations. To see the light of wisdom, you first must empty your cup.' He then passes him the key to a jeep for him to go check it out. Nima later flees for the arks with his family and a band of strangers. When asked to send the strangers away, he says, 'I am a follower of our great Lama Rinpoche. You know I cannot do that. We are all children of the Earth.' Indeed, Bodhicitta, that most excellent aspiration based on compassion and wisdom to save all from suffering will be that which liberates us all.

They say that in the worst of times, you get to witness both the worst and the best in humans. A turning point of great selflessness versus great selfishness. While some leave the vast majority 'in God's hands', some 'play God' to do what they can to rescue every one they can – up till the very last second. For what purpose do we strive to continue our kind, if we are to lose our kindness in the process? For us to be a human civilisation, we must be humane and work together in a civilised manner. As mentioned by one of the protagonists, 'The moment we stop fighting for each other, that's the moment we lose our humanity.' At the climax, most of humanity votes for greater humanity. Despite being on many separate arks, we are already one on a spaceship called Earth, that hurtles on through space.

Controversial indeed was the concealment of the truth from the masses, that most were going to die due to the lack of time to build enough arks for all. Is this compassionate or cruel? Even whistle-blowers with good intentions to reveal the truth were killed due to fear of panic and chaos if the 'secret' leaked. But do we not all have the right to know the truth, so as to tie up our loose ends in time, to bid farewell, express gratitude, offer comfort, seek forgiveness…?

Though there is no Buddhist prophesy of any special upcoming event in 2012, I can no longer hide a universally true prophesy. Here is it… Due to impending death and the uncertainty of when it arrives, we might die any time before 2012. We might even pass away today, for life is uncertain, while death is certain. Whether you believe something ill will happen in 2012 or not, it always makes sense to live life fully with the Dharma – NOW. Since Buddhists believe in the phenomenon of rebirth, of both sentient lives and entire world systems, the physical 'end of the world' is to us, somewhat overhyped, while it is end of our spiritual life that is the most truly terrifying. As the Buddha exhorted in his last words, 'Subject to change are all conditioned things. Strive on with diligence!'


Read more...

စစ်ကိုင်တောင်ရဲ့ လပြည့်ဝန်းလမ်းလေး ညအမှောင်ချိန် လမ်းမီးလင်းနေပြီ

စစ်ကိုင်းမြို့ဟာ ဆိုရင် မြန်မာနိုင်ငံမှာ သာသနာ အနွယ်ဝင် သံဃာတော် အများဆုံး သီတင်းသုံးတဲ့ မြို့တစ်မြို့ ဆိုတာလည်း လူတိုင်း သိမှာပါ။ စစ်ကိုင်းမြို့မှာ ဆိုရင် သံဃာတော်၊ သီလရှင်တွေ အတွက် ပရိယတ်အဖြစ် ဗုဒ္ဓစာပေ သင်ကြားရာ တက္ကသိုလ်၊ စာသင်ကျောင်းတွေ အများဆုံး ရှိတဲ့ မြို့တစ်မြို့ ဖြစ်သလိုပဲ ပဋိပတ်အဖြစ် ဝိပဿနာတရား အားထုတ်ရာ ရိပ်သာ၊ တရားစခန်း အများဆုံး ရှိတဲ့ မြို့တစ်မြို့လည်း ဖြစ်ပါတယ်။ ဗုဒ္ဓစာပေ အဓိက ဖြန့်ချီရာ ဒေသလည်း ဖြစ်တဲ့ စစ်ကိုင်းမြို့ကို အနယ်နယ် အရပ်က သံဃာတော်တွေ အနေနဲ့ လက်လွတ်မခံဘဲ လာရောက် ဆည်းပူးကြရပါတယ်။ ဒါကြောင့်လည်း သာသနာနွယ်ဝင် အများစု မှီတင်းရာ ဒေသအဖြစ် စစ်ကိုင်းမြို့ဟာကမ္ဘာာမှာ ထင်ရှားတာ လူတိုင်း သိပြီးသားပါ။

စစ်ကိုင်းမြို့ ၊စစ်ကိုင်တောင်ရိုးမှာရှိတဲ့လပြည့်ဝန်းလမ်းလေးဟာဆိုရင်လည်း လမ်သွားလမ်းလာ များတဲ့လမ်းလေးတစ်ခုပေါ့။ အဲဒီလမ်းလေးရဲ့ ညနေပိုင်းမှာ လမ်းမီးကအလင်းရောင်မရှိတော့ ဆရာတော်ကြီးတွေလမ်းလျှောက်ကြွတဲ့အချိန်မှာ လမ်းလျှောက်တုတ်လေးတွေ ကိုင်ပြီးစမ်းသွားကြရတယ်။ တစ်ချို့ သီလရှင်များက စစ်ကိုင်းတောင်ရိုး မိုးကုတ်ရိပ်သာဆိုတာရှိတယ် အဲဒီမှာ တရားသွားထိုင်ပြီးအပြန်
ဆိုရင်နဲနဲမှောင်စပြုလာပြီ။ မိုးတွင်းဆိုရင်လမ်းဘေးက မြက်တွေနည်းနည်းရှိတော့ မြွေ၊ ကင်း၊ စတဲ့အကောင်တွေလည်း လမ်းပေါ်မှာ ရှိနေတတ်ပါတယ်။ အဲဒီအချိန်မှာ လမ်းမီးကမရှိတော့ စမ်းတဝါးဝါးသွားနေကြရတယ် စစ်ကိုင်းတောင်မှာ သီတဂူ ဆေးရုံကြီး ရှိတော့ အနယ်နယ်အရပ်ရပ်က ဒါယကာတွေဒါယိကာမတွေလည်း နီးစပ်ရာကျောင်းတွေမှာ တည်းခိုပြီးတော့ ဆေးဝါးကုသခံယူ ရာမှာလလည်း ညပိုင်းလမ်းပေါ်ကနေပဲ လျှောက်သွားကြရတယ်။ အဲဒီလို ရဟန်း၊သာမဏေ၊သီလရှင်များနှင့်
လူပုဂ္ဂိုလ်များအားလုံးအတွက် ချမ်သာစွာ လမ်းလျှောက်နိုင်ရေးအတွက် လမ်းမီး ထွန်းဖို့ဆန္ဒရှိခဲ့ တာတော့ကြာပါပြီ။ ဦးဇင်းမှာလည်းအခြား အလုပ်လေးတွေနဲ့ဆိုတော့ အဲဒီဘက်ကို ဦးစားမပေးနိုင်ခဲ့ဘူး။ အခု တော့ဦးဇင်းဆီကို ဒါယကာကိုရန်အောင်တို့ကထိန်လျှောက်ပြီးခင်းမည့်ရက်မှာ ရန်ကုန်က ကိုညီညီတို့
လာကြတယ်လေ။ အဲဒီမှာကိုညီညီတို့ကို ညပိုင်းလမ်းကိုပြတယ်။ ဒါယကာဘယ်လိုမြင်လဲ ။

ဦးဇင်းကတော့ အဲဒီလမ်းမှာမီးထွန်းချင်တယ်။ အများချမ်းသာဖို့အရေး ဒါယကာတို့ ကိုရန်အောင်တို့ကို အကျိုးအကြောင်းပြောပေးဖို့ ပြောလိုက်တော့ သူတို့လည်းသဘောပေါက်နားလည်ကြပါတယ်။ ချက်ချင်းလိုပဲ ကိုရန်အောင်တို့က လှူဖို့သဘောတူကြတော့ ဦးဇင်းလည်းတော်တော် လေးဝမ်းသာသွားမိတယ်။ ဆွမ်းလောင်းရက် မနက်ပိုင်းဆိုရင် ဆွမ်းခံကြွကြတဲ့သံဃာတော်တွေ အမှောင်ထု လမ်းပေါ်ကနေ ကြွနေရာကနေ အခုဆိုရင် အလင်းရောင်ရှိတဲ့လမ်းလေးပေါ်က ကြွလာကြနေပါပြီ။






Read more...

ကျန်းမာရေးဆိုင်ရာ ကမ္ဘာ့စကားပုံများ

အစားရှောင်ခြင်းကြောင့် အသက် မသေနိုင်။
အစားလွန်မှသာ သေဆုံးတတ်သည်။(ရုရှား)

အစားလွန်၍ သေဆုံးရသူ ဦးရေမှာ
စစ်ပွဲတွင် ရရှိသော ဓားဒဏ်ရာဖြင့် သေဆုံးရသူများထက်
ပိုလွန်နေသည်။ (ပြင်သစ်)

တန် ဆေး၊ လွန် ဘေး။
(သင့်ရုံ တန်ရုံ စားသောက်လျှင် ဆေးဖြစ်သည်။
အလွန်အကျွံ စားသောက်လျှင် ဘေးဖြစ်သည်) (မြန်မာ)

ရေကို ၀ယ်ယူရသော နေရာမျိုး၌ မိမိအတွက် အိမ်မဆောက်မိပါစေနဲ့။ (စပိန်)

ညသန်းခေါင်ကျော်ပြီးသည့်တိုင် အိပ်ရာမ၀င်သေးက သေဖို့နီးပြီဟု မှတ်။ (အင်္ဂလိပ်)

အစားအသောက်က ဆရာဝန်၏ ဓားထက်
သင်၏ကျန်းမာရေးကို အကူအညီပြုသည်ကို သတိရှိပါ။(စပိန်)

အသက်ရှင်ရေးအတွက် ကြောင်ကဲ့သို့ အစားကို စားပါ။
ပြီးနောက် ခွေးကဲ့သို့ ရေသောက်ပါ။ (ဂျာမန်)

လိမ္မော်ရည် သံပုရာရည်တို့သည် ဘုရားရှိခိုးကျောင်းမှ ရေစင်ကဲ့သို့ ကောင်းမွန်၏။ (စပိန်)

ကျန်းမာနေလိုလျှင် အ၀တ်အစား နွေးနွေးထွေးထွေးကိုဝတ်ပြီး အစားကို လျှော့စားပါ။ (အင်္ဂလိပ်)

အစားလျှော့စားခြင်းက ရောဂါဘယကို ကင်းဝေးစေသည်။ (အာရပ်)

အစား တပန်းကန်ထက်မပိုက ဆေးဆရာ လိုခဲသည်။ (အင်္ဂလိပ်)

အစားအစာသည် ပထမဆုံး ဆေးဝါးဖြစ်သည်။ (အီတလီ)

ယနေ့ အစားလွန်က နက်ဖြန် အလောင်းကောင်ဖြစ်သွားနိုင်သည်။ (ပြင်သစ်)

ပေါင်မုန့်နဲ့ ဒိန်ခဲသည် ကျန်းမာသောသူတို့၏ ဓာတ်ဆေးဝါးပင် ဖြစ်သည်။ (ပြင်သစ်)

ညနေ အစာစားပြီးက ခေတ္တအနားယူပါ။
ညစာ စားပြီးက တမိုင်ခရီးခန့် လမ်းလျှောက်ပေးပါ။ (လက်တင်)

ခြေထောက်ကို ခြောက်သွေ့အောင်ထားပြီး လည်ပင်းကို နွေးအောင် ထားပါ။
လားကဲ့သို့ အစာစားပြီး နွားကဲ့သို့ ရေသောက်ပါ။ (အီတလီ)

ရောဂါကို တအောင်စမျှ ကာကွယ်ခြင်းသည်
တပေါင်ဖိုး ကုသခြင်းထက် သာလွန်သည်။ (စပိန်)

အကောင်းဆုံး ရေဟူသည် အနံ့ အရသာ အရောင် အဆင်း ကင်းရမည်။ (စပိန်)

အစဉ်ကျန်းမာလိုလျှင် လူကြီးများ၏ စိတ်နေစိတ်ထားမျိုး ထားပေးပါ။ (စပိန်)

ကြက်သွန်နီဥက ရောဂါ ၇-မျိုးကို ကုသနိုင်စွမ်းရှိသည်။ (ဂျာမန်)

ဦးနှောက်ကို အေးအေးထား၍ အစာအိမ်ကို အနားပေးကာ
ခြေထောက်ကို အစဉ်နွေးထွေးအောင် ထားပါ။ (ရုရှား)

ကြက်သွန်နီဥနှင့် ရေနွေးက ရောဂါမျိုးစုံကို ကုသနိုင်စွမ်းရှိ၏။ (ဂျာမန်)

အစာလျှော့စားခြင်းကြောင့် အသက်ရှည်စေနိုင်သည်။ (စကော့)

စောစောအိပ်၍ စောစောထသူသည်
ကျန်းမာချမ်းသာပြီး ပညာရှိသူဟု ဆိုရမည်။( အမေရိကန်)

တသွင်သွင် စီးဆင်းနေသော ရေက လူတို့အသက်ကို ရန်မရှာ။
မစီးဆင်းဘဲ တည်ငြိမ်နေသော ရေကသာ ဒုက္ခပေးတတ်သည်။ (စပိန်)

ဤကား ကျန်းမာရေးဆိုင်ရာ ကမ္ဘာ့စကားပုံများကို ကွယ်လွန်သူ ဆရာဝန်တင်ရွှေ၏ ရှာဖွေတင်ပြချက်များဖြစ်သည်။

( မင်းယုဝေ)

Read more...

ကြုံတိုင်း ကြိုက်ကြသလား?

ဓမ္မမိတ်ဆွေများ ကြုံကြိုက်လို့ဆိုတဲ့ မြန်မာစကားကြဘူးမယ်ထင်ပါတယ်။ ကြံကြိုက်လို့ သင်ယူတာ၊ ကြုံကြိုက်လို့ စားတာ၊ ကြုံကြိုက်လို့ ၀င်လည်တာစသည်စသည်။ ဒီနေရာမှာ မေမေ့လပြည့်ဝန်းလေး တင်ပြမည့် ကြုံတိုင်း ကြိုက်သလားဆိုတဲ့ စကားက ဗုဒ္ဓမြတ်စွာသာသနာနှင့်စပ်ပြီး တင်ပြပေးပါမယ်။ သာသနာနှင့် ကြုံတဲ့လူတိုင်း ဗုဒ္ဓမြတ်စွာရဲ့ အဆုံးအမကို ကြိုက်ကြသလား၊

သာသနာနှင့် တွေ့ကြုံတဲ့ လူတိုင်း အကြိုက်နဲ့ တွေ့သွားကြသလားဆိုတာပါ။ မိမိတို့တစ်တွေဟာ ဘုရားရှင်ထားခဲ့တဲ့ သာသနာအသက်ရှိပါသေးတယ်။ အဲဒီတော့ ဗုဒ္ဓမြတ်စွာသာသနာနှင့် ကြုံနေဆဲပါ၊ အကြိုက်ကော ဖြစ်ပီလား စဉ်းစားဖို့၊ အကြိုက်မတွေ့သေးရင် ဖော်ပြပါ သံဝေဂရဖွယ် သာဓကများကို လေ့လာပြီး ဘယ်လို ပြင်ကြမလဲဆိုတာ သိစေချင်တဲ့ ဆန္ဒနဲ့ ဒီစာတမ်းလေးကို တင်ပြလိုက်ပါတယ်။
မိမိတို့ရဲ့ ဂေါတမဗုဒ္ဓမြတ်စွာသည် သက်တမ်း -၈၀-ပဲ နေရတာ ဖြစ်ပါတယ်။ သက်တမ်းတိုလွန်းတော့ ဗုဒ္ဓမြတ်စွာသည် အများအတွက် အချိန်ပို အများကြီးပေးပြီး အလုပ်လုပ် ခဲ့ရပါတယ်။ ကိုယ့်အတွက် နေ့စဉ် ကျိန်စက်အနားယူချိန် -၁-နာရီနဲ့ မီးနစ်-၂၀-ခန့်သာ အနားယူပါတယ်။
လောကအတွက် အချိန်ပြည့်အလုပ်လုပ်သွားခဲ့တဲ့အတွက်ကြောင့် ဟောရမည့်တရားနှင့် ဗုဒ္ဓကိုယ်တိုင် ချွတ်ရမည့် ဝေနေယျသတ္တ၀ါလည်း မကျန်ခဲ့ပါဘူး။ အချိန်တိုလွန်းပေမယ့် တရားကို အပြည့်အစုံဟောခဲ့တာဆိုတော့ ယနေ့အထိ သုံးလို့ မကုန်နိုင်လောက်အောင် စွမ်းအားက မရေမတွက်နိုင်လောက်အောင်ပဲ ဖြစ်ပါတယ်။ ဘုရားရှင်ကိုယ်စား သင်ယူ/လေ့လာ/နာယူလို့ရမည့် ပရိယတ္တိတရားတွေ ထားခဲ့တာဖြစ်လို့ တရားရှိနေသေးမျှ ဘုရားရှိနေသေးတယ်လို့ ဆိုနိုင်ပါတယ်။ ဗုဒ္ဓသာသနာနှင့် တွေ့ကြုံခိုက် ဆင်းရဲအပူအားလုံးကို အချိန်မရွေး ငြိမ်းအေး ချမ်းသာကြောင်း တရားစွမ်းအားကောင်း ဖြစ်အောင် ပြောင်းလဲ အသုံးချခွင့်ရနိုင်ပါတယ်။ ဗုဒ္ဓမြတ်စွာရဲ့ တရားစွမ်းအားကောင်းကို အသုံးချတ်မယ်ဆိုရင်အဆိုးမှန်သမျှကို အနိုင်ယူဖို့ပဲ သာသနာပေါ်ပေါက်လာတာ အမှန်ပါဘဲ။
ဒါကြောင့် ကံကောင်းလို့ ဘုရား တရားရှိတဲ့ နေရာမှာ နေရပေမယ့် သဒ္ဓါနဲ့စိတ်ကို မသန့်ရှင်းနိုင်ရင် ပညာနဲ့ အမြင်ရှင်းအောင် မကြည့်နိုင်ရင် ဘုရားကို မြင်ရပါရက်နဲ့ မတွေ့ရပါဘူး။ နှလုံးသားထဲ အသိစိတ်ထဲ တရားစွမ်းအားမရောက်ပဲ ဆုံးရုံးနစ်နာ တတ်ပါတယ်။ ကံကောင်း ဉာဏ်ကောင် စိတ်ကောင်းနဲ့ ကြိုဆိုနိုင်မှ စည်ပင်ဖွံ့ဖြိုးတိုးတက် နိုင်ပါတယ်။
အရှင်ဒေ၀ဒတ်ဟာ ဘုရားရှင်ရဲ့ ဆွေမျိုးဖြစ်ရုံသာမက တန်ခိုးရှင် ရဟန်းတောင် ခဏဖြစ်ခဲ့ရပါသေးတယ်။ ဒါပေမယ့် သဒ္ဓါပညာနွမ်းပါးခဲ့လို့ ဘုရားကို မြင်ရပြီး တကယ်မတွေ့ခဲ့ရပါဘူး။ အသိစိတ်ထဲ ဘုရားရော တရားပါ မရောက်ခဲ့ပါဘူး ဘုရားကိုတော်လှန်, တရားကို အဆိပ်ပမာ ထွေးအံမိခဲ့လို့ ယနေ့အထိ အ၀ီစိ ငရဲမှာ ပူလောင်စွာ ခံနေရတုန်းပါ။ တကယ်တော့ မရှိတာထက် မသိတာက ပိုခက်ပါတယ်။
နောက်တစ်ခု ဘုရာအဇာတသတ်ဟာလည်း တိဟိတ်ဉာဏ်ကြီးရှင် ဖြစ်ပေမယ့် ဘုရားကို မြင်ရုံသာ မြင်ရပြီး အတွေ့နောက်ကျသွားခဲ့လို့ ဖခင်ကို သတ်မိသည်အထိ အမှားကြီး မှားခဲ့ပါတယ်။ နောက်ပိုင်းရောက်မှ ဘုရားနှင့်တွေ့ရလို့ အ၀ီစိငရဲမှ လွတ်လောက်အောင် ပြစ်ဒဏ်သက်သာခဲ့သော်လည်း ခြေလွန်လက်လွန် အမှားကြီးက လက်ဦးသွားခဲ့လို့ လောဟကုမ္ဘီငရဲမှာ ယနေ့အထိ ပူလောင်တဲ့ ဆင်းရဲ့ကို ခံနေရတုန်းပါ။ သူသည် နှစ်ပေါင်း -၆၀၀၀၀-သောင်းကြာအောင် ယင်းငရဲမှာ ခံရမှာဖြစ်ပါတယ်။ အကောင်းဆိုတာ လက်ဦးလေ စိတ်အေးရလေ, ကြိုတင်လေစိတ်ချရလေပါပဲ။ ဘုရင်အဇာတသက်ရဲ့ အမတ်ချုပ်ကြီးဖြစ်တဲ့ ၀ဿကာရဟာလည်း ဘုရားသာသနာနှင့် ကြုံရပေမယ့် မကြိုက်ခဲ့ပါဘူး။ အရှင်မဟာကစ္စည်း ရဟန္တာကို “မျောက်ကြီး”လို့ နှုတ်နဲ့ပြောဆို ပြစ်မှားမိခဲ့တာကြောင့် သေတော့ မျောက်ကြီး ဖြစ်သွားရရှာပါတယ်။ ကိုယ့်တရားခံ အစစ်ဟာ ကိုယ်ပဲဆိုတာ ဒီသာဓကလည်း ထင်ရှားစေပါတယ်။
ဗုဒ္ဓမြတ်စွာလက်ထက်တော်က သိန်း -၈၇၀၀-ကြွယ်ဝတဲ့ တောဒေယျသူဌေးကြီးဟာလည်း ဘုရားရှင်ကို မြင်ယုံသာ မြင်ရပြီး အသိစိတ်ထဲ ဘုရားမရောက်ခဲ့တော့ မတွေ့လိုက်ရပါဘူး။ တရားနဲ့ဝေးခဲ့ရပါတယ်။ ပစ္စည်းစွဲလမ်းမှု လောဘကကြီး, နှမြောမှု မစ္ဆေရကထူ, ဒေါသ-အပူက အလွန်များလွန်းလို့ သေတော့ သူ့အိမ်ထဲမှာပဲ ခွေးကြီး ဖြစ်ခဲ့ရပါတယ်။ လူ့ချမ်းသာကို ပစ္စည်းအထုပ်နဲ့ မတိုင်းတာရပါဘူး။ ပစ္စည်းအထုတ်နဲ့ပဲ ကိုယ့်ဘ၀ကို တိုင်းတာတဲ့ လူရဲ့ တန်ဖိုးဟာ ပစ္စည်းအထုတ်ပျက်တာနဲ့ လူ့ဘ၀ကျရှုံးတာဟာ တစ်ထပ်တည်း ဖြစ်တာပါဘဲ။ အခု ဒီတောဒေယျသူဌေးကလည်း အထုပ်ကိုနိုင်တဲ့ အလုပ်နဲ့သာ တိုင်းတာသတ်မှတ် ဘောင်ခတ်ထားပါတယ်။
အဲဒါကြောင့်လည်း လောကမှာ အသိမပါပဲ အထုတ်လောက်သာ ရှိတဲ့ လူတွေဟာ အထုပ်ပီပြီး ဒုက္ခရောက်တတ်စမြဲပါ။
ကဿပဘုရားရှင် သာသနာတုန်းက ပိဋကအကျော်အမော် စာချဆရာတော် အရှင်ကပိလဟာလည်း ပိဋကတ် -၃-ပုံ တစ်ဖက်ကမ်းခက် ပါရဂူမြောက်တတ်ကျွမ်းပြီး နှစ်ပေါင်းများစွာ စာပေပို့ချနေခဲ့သော်လည်း အသိစိတ်ထဲမှာ ဘုရားရှင်နှင့် တရား လေးလေးနက်နက် မရောက်ခဲ့ပဲ ကြုံရုံသာ ကြုံခဲ့ပြီး မကြိုက်လိုက်ရပါဘူး။ စာပေနှင့် ဘ၀ကို အလွဲသုံးစား လုပ်မိလို့ သေတော့ငရဲကျရရှာခဲ့ပါတယ်။ ဒါကြောင့် အရှင်ကပိလမထေရ်မြတ်ဟာ ပျံတော်မမူရပဲ လျှိုးတော်မူခဲ့ရပါတယ်။ အကျင့်မပါတဲ့ အသိဟာ အသိသေနေတာဖြစ်တဲ့အတွက်ကြောင့် တကယ့်အရေးမှာ ကိုယ့်ကို မကယ်နိုင်သေးဘူးဆိုတာ မှတ်သားရပါတယ်။
ကဿပဗုဒ္ဓမြတ်စွာသာသနာတုန်းမှာပဲ (ဒု-သ-န-သော)လို့ နာမည်ကြီးတဲ့ သူဌေးသား -၄ - ယောက်ဟာလည်း သာသနာနှင့် ကြုံခဲ့ရပေမယ့် မကြိုက်ခဲ့ကြပါဘူး။ အသိထဲ တရားမရောက်ပဲ ဘ၀နှင့် ပစ္စည်း ကုဋေ-၄၀-ကို အလွဲသုံးစာလုပ်ပြီး မကောင်းမှုကိုသာ တစ်ဘ၀လုံး လွန်ကျူးနေမိခဲ့လို့ သေတော့ လောဟကုမ္ဘီငရဲကို ရောက်ခဲ့ကြရပါတယ်။ ယနေ့အထိ ပူလောင်တဲ့ ငရဲ့ဒုက္ခကို ခံနေရတုန်းပါပဲ။
ငရဲရောက်တော့မှ လူ့ဘ၀တန်ဖိုးကို သိကြပါတယ်လို့ ဆိုပါတယ်။ ဒါကြောင့် နောင်တဆိုတာ နောင်မှ တရတာဖြစ်လို့ ပူရုံကလွဲလို့ ဘာမှ အကျိုးမရှိတော့ပါဘူး။
ဂေါတမဗုဒ္ဓမြတ်စွာလက်ထက် ဗာရာဏသီမြို့က သူဌေး ဇနီးမောင်နှံဆိုတာလည်း ရှိခဲ့ပါတယ်။ သူတို့ဟာ မိဘအမွေကုဋေ -၁၆၀-ရခဲ့ကြပါတယ်။ သူတို့ဟာ အရိယာဖြစ်နိုင်လောက်အောင်လည်း အတိက်ကံ အမွေပါခဲ့ကြပါတယ်။ ဒါပေမယ့် တရားဆက်သွယ်ရေး မရှိတော့ ဘ၀အသိမွဲခဲ့ကြပါတယ်။
အသိထဲ တရားမရောက်ပဲ လူညံ့ လူဖျင်းတွေသာ ဖြစ်သွားခဲ့ကြပါတယ်။ အမွေလည်း အကုန်ဆုံး, အိမ်လည်း လက်လွတ်ပြီး ဗလာသုညတွေ ဖြစ်သွားခဲ့ကြရပါတယ်။ အရိယာလည်း မဖြစ်၊ သူဌေးလည်း မဖြစ်ကြရတော့ပဲ ကျက်သရေမဲ့တဲ့ သူတောင်းစားဘ၀နဲ့ ဘ၀နိဂုံးချုပ်ခဲ့ကြရပါတယ်။ သာသနာနှင့် ကြုံခဲ့ရပေမယ့် မတွေ့လိုက်ရပါဘူး။ သဒ္ဓါကြွယ်ပေမယ့် ပညာငယ်နေရင်လည်း သာသနာနှင့်ကြုံရက်သားနဲ့ လွဲတတ်ပါတယ်။
မေမေ့လပြည့်ဝန်းလေးတို့ ဘုရားရှင်လက်ထက်မှာပဲ တစ်ဦးတည်းသော သူဌေးသား အရှင်သုဒိန်ဟာ သဒ္ဓါတရားကောင်းလွန်းလို့ အသက်နှင့်လဲလှယ်ပြီး ရဟန်းပြုခဲ့သူ ဖြစ်ပေမယ့် ချင့်ချိန်နိုင်တဲ့ ပညာ နည်းပါးတော့ အမှားကို ကျူးလွန်မိပြီး တစ်ဘ၀လုံး ပူလောင်မှုနဲ့ပဲ အဆုံးသတ်ခဲ့ရပါတယ်။ သာသနာတွင်း ရောက်တာတောင် သာသနာနှင့် မတွေ့လိုက်ရတဲ့ သဘောပါ။

အလွန်မှတ်သားစရာ သာဓက တစ်ခုပါဘဲ။ နစ်နာစရာအင်မတန်ကောင်းပါတယ်။ အသိမရှိရင် သူများအိမ် ၀င်ရောက်တည်းခိုဖို့ဆိုတာ အသာထား၊ ကိုယ့်ခန္ဓာမှာတောင် တည်းခိုလို့ မရပါဘူး။ ဘယ်အာရုံမှာမှ လုံလုံခြုံခြုံတည်းခိုခွင်ရမှာလည်း ဟုတ်ပါဘူး။ ဘ၀အသိဆိုတာ လူ့မျက်လုံးပါဘဲ။ လူ့မျက်လုံး မရှိရင် ဒုက္ခထွက်ပေါက်တရားကို မသိမြင်နိုင်လောက်အောင် မသိမှု “အ၀ိဇ္ဇာ”က ဘ၀ကို အမှောင်ချထားလိုက်ပါတယ်။ အဲဒီတော့ တဏှာက အရှုပ်အပူထဲ ပိတ်လှောင်ထားပြီး ဆင်းရဲမျိုးစုံ ဒုတ်တွေနဲ့ အချိန်ပြည့် ရိုက်နှက်နေတော့တာပါပဲ။
ကံကောင်းလို့ ဘုရားတရားရှိတဲ့ နေရာမှာ နေရသူဟာ သဒ္ဓါနဲ့စိတ်ကို သန့်ရှင်းလို့ ပညာနဲ့ အမြင်ရှင်းအောင် ကြည်နိုင်ရင် ဘုရားရှင်ကို မြင်တိုင်း တွေ့နိုင်ပါတယ်။ သာသနာနှင့် ကြုံတော့လည်း ကြိုက်နိုင်ပါတယ်။
နောက်သာဓကတစ်ခုက ဒီဘုရားရှင်လက်ထက်မှာပဲ ရာဓဆိုတဲ့ အမျိုးသားကြီး တစ်ယောက် ရှိခဲ့ဘူးပါတယ်။ အသက်အရွယ်ကြီးလာတော့ မိသားစုတွေက သူ့ကို တန်ဖိုးမထားကြတော့ပါဘူး။
လူအိုကြီးမလို့ အိမ်မှာ ပိုတယ် ရှုပ်တယ်လို့ ထင်လာကြတယ်။ မထေမဲ့မြင် အပေါ်စီးဆက်ဆံချင်ကြတယ်။ ပြက်ရယ်ပြု ပြောင်လှောင် ချင်ကြတယ်။ ကိုယ်က အိမ်ထောင်ဦးစီး ဖြစ်ပေမယ့် ကိုယ့်မိသားစုကို ဘာတစ်ခုမှ စီမံခန့်ခွဲပိုင်ခွင့် မရှိတော့ဘူ။ ရာဓပုဏ္ဏားကြီးဟာ အလိုက်မသိတတ်တဲ့ မိသားစုနှင့် အတူနေရမှာကို ရွံမုန်းစက်ဆုပ် ငြီးငွေ့ သွားတယ်။ သူတို့လည်း ကိုယ့်ကို မခင်တွယ်ကြတော့၊ ကိုယ်လည်း သူတို့ကို လုံးဝ မခင်တွယ်တော့ဘူး၊ တရားကျင့်လိုသူအတွက် ဒါဟာ အခွင့်အရေး အောင်ပွဲတစ်ခုပါပဲ။
ဘာမှ အထူးဖြတ်ဖို့ မလိုတော့ပါဘူး။ အလိုလိုပြတ်နေပြီးသား၊ တကယ်တော့ လောက်ဖက်ကဆိုးပြရင် တရားဖက်က ကောင်းပြရုံပါပဲ။ သာသနာနှင့်တွေ့ဖို့ မိသားစုက သံယောဇဉ်ပြတ်လောက်အောင် စိမ်းကားပြပြီး ကူညီလိုက်ကြတယ်။ တရားအတွက် ကျေးဇူးတင်စရာပဲ။
မိသားစုနှင့် အတူမနေလိုတော့ပဲ ရဟန်းပြုလိုတဲ့ ဆန္ဒနဲ့ ဘုရားသီတင်းသုံးရာ ကျောင်းတော်ကို သွားပြီး ဝေယျာဝစ္စပြုနေတယ်။ ရာဓပုဏ္ဏားကြီး လမ်းတစ်ဝက်မက အောင်မြင်သွားပါတယ်။ ရဟန်းတော်တစ်ပါးချင်းထံ သွားပြီး ရဟန်းပြုခွင့်တောင်းပေမယ့် “လူအိုကြီး”ဆိုပြီး ဘယ်ရဟန်းကမှ လက်မခံကြပါဘူး။ ခွင့်လည်း မပြုကြပါဘူး။ တစ်နေ့တော့ အရှင်သာရိပုတ္တရာရဲ့ ချီးမြှောက်မှုနဲ့ ရဟန်းအဖြစ် ရသွားခဲ့ပါတယ်။ ရာဓရဟန်းကြီးက ဟိုတစ်ချိန်တုန်းက အရှင်သာရိပုတ္တရာအတွက် ဆွမ်းတစ်ဇွန်း လောင်းလှူခဲ့ဖူးပါတယ်။ အဲဒီဆွမ်းတစ်ဇွန်းကျေးဇူးကြောင့် အရှင်သာရိပုတ္တရာက ရာဓပုဏ္ဏားကို သပိတ်သင်္ကန်းပေးစွန့်ပြီး ရဟန်းပြုပေးလိုက်တာပါ။
ဒီနေရာမှာ မှတ်သားစရာ စကား တစ်ခုက “တစ်လုပ်စားဖူး သူ့ကျေးဇူး ဆိုတဲ့” မြန်မာစကားပါ။ အဲဒီစကားသည် ဒီရာဓပုဏ္ဏားဝတ္ထုကနေ ဆင်းသက်လာခဲ့တယ်ဆိုတာ ဗဟုသုတအနေနဲ့ မှတ်သားသင့်ပါတယ်။
တစ်သတ်လုံး ကျွေးမွေးစောင့်ရှောက်ကူညီထားခဲ့ရတဲ့ ကိုယ့်သွေးသားအရင်းဖြစ်တဲ့ မိသားစုတွေက ဘာကျေးဇူးမှ မသိပဲ မိုက်ရိုင်းစွာ စိမ်းကားလိုက်ကြပေမယ့် ဆွမ်းတစ်ဇွန်းကို တစ်ကြိမ်မျှသာ လောင်းလှူကူညီခံခဲ့ရဖူးတဲ့ အရှင်သာရပုတ္တရာက ကျေးဇူးသိပြီး ဥပဇ္ဈာယ်ပြု ရဟန်းခံပေးလိုက်တယ်ဆိုတာ ကြက်သီးထက်စရာကောင်းလောက်အောင် အံ့သြချီးကျူးစရာပါပဲ။ ဒီနေရာမှာ သူတော်ကောင်းတို့ရဲ့ ကျေးဇူးရှင်အပေါ် ကျေးဇူးသိတ်ပုံနဲ့ သာမာန်ပုဂ္ဂိုလ်တို့ရဲ့ ကျေးဇူးရှင်အပေါ် ကျေးဇူးတုန့်ပြန်ပုံကို မှတ်သားစရာ ပါပဲ။
အရှင်သာရိပုတ္တရာက အသက်အရွယ်ကြီးမှ ရဟန်းပြုခွင့်ရတဲ့ အရှင်ရာဓမျက်နှာ မငယ်ရ အားမငယ်ရအောင် စားရေး နေရေးပါ မကျန် အကုန်တာဝန်ယူလိုက်ပါတယ်။ ချီးမြှင့်ပေးကမ်းထားတယ်။ နေ့တိုင်း အနားခေါ်လို့ ဟောပြောဆုံးမ ပေးပြီး တရားနဲ့လည်း ချီးမြှောက်ပေးပါတယ်။ အရှင်ရာဓဟာ ပြောဆိုဆုံးမလို့ သိကောင်းတဲ့ အရှင်သာရိပုတ္တရာရဲ့ တပည့်ရဟန်းကြီးတစ်ပါးပါပဲ။ ဆရာသမားစကားကို သိပ်ပြီး တန်ဖိုးထားလေးစားတဲ့ ရဟန်းကြီးပါပဲ။ ဆုံးမတဲ့အတိုင်း တကယ်ကျင့်သုံးအားထုတ်ပါသတဲ့ဗျာ။
ဒီနေရာမှာ မှတ်သားစရာအကောင်းဆုံးစကားက “မွန်းတိမ်းမှ လှန်းတဲ့စပါးဟာ နာနာမွှေပေးမှ အချိန်မှီ ခြောက်တယ်”ဆိုတဲ့ သဘောမျိုးလို့ သဘောထားပြီး သဲသဲမဲမဲ တရားအားထုတ်လိုက်တာ မကြာခင်ပဲ ရဟန္တာဖြစ်သွားခဲ့ပါတယ်။ ရာဓရဟန်းကြီးကနေပြီး အခါနှောင်းပေမယ့် အလာကောင်းတဲ့ သာသနာရဲ့ အာဇာနည်ကြီးအဖြစ် အသက်အရွယ်ကြီးသူများအတွက် အားဆေးတစ်ခွက်ပဲဆိုတာ မှတ်သားရပါမယ်။
ကမ္ဘာကျော်လူဆိုးကြီး အင်္ဂုလိမာလကြီးကိုလည်း လေ့လာကြည့်လိုပါအုန်း။ သူသည် အပြစ်မဲ လူ -၁၀၀၀-နီးပါးကို မဆင်မခြင် မိုက်မိုက်ကန်းကန်း သတ်ဖြတ်ခဲ့သူ ဖြစ်ပမေယ့် ကံကြီးမထိုက်သေးတော့ ဘုရားရှင်နှင့် တွေ့ရတဲ့အခါ တရားနာရလို့ သဒ္ဓါ, ပညာတွေ ရရှိတိုးပွားခဲ့ပါတယ်။ ရဟန်းအဖြစ်နဲ့ တရားအားထုတ်လိုက်တာ ရဟန္တာဖြစ်သွားခဲ့ပါတယ်။ ဘုရားကိုမြင်တော့ တွေ့ရတယ်။ သာသနာနှင့် ကြုံတော့ ကြိုက်နိုင်ခဲ့ကာ သဒ္ဓါ ပညာပြည်စုံတဲ့အတွက် သာသနာနှင့်တွေ့ရလို့ ကောင်းကျိုးချမ်းသာ ရသွားသူတွေ တခြားလည်း အများကြီး ရှိပါသေးတယ်။
တိရစ္ဆာန်တွေထဲမှာလည်း နာဠာဂိရိဆင်၊ ဗုဒ္ဓရက္ခိတကြက်တူရွေး၊ လင်းနို့သား -၅၀၀-၊ ဖားနတ်သားစတဲ့ တိရစ္ဆာန်တွေလည်း သာသနာနှင့်တွေ့ခွင့်ရလို့ တိရစ္ဆာန်ဘ၀အလျောက် ကောင်းကျိုး ရသွားကြသေးတာပဲ။ မိမိတို့တစ်တွေက လူဘ၀ဆိုတော့ အထူးအထွေ ပြောစရာလိုမယ်မထင်ပါဘူး။ ဗုဒ္ဓသာသနာဟာ သတ္တ၀ါတွေအတွက် ပေါ်ပေါက်လာတာဖြစ်လို့ တကယ့်အားကိုး စရာကြီးပါပဲ။
ဓမ္မမိတ်ဆွေများ ဗုဒ္ဓမရှိတော့ပေမယ့် ဗုဒ္ဓမြတ်စွာက မိမိတို့အတွက် ကြုံဖို့ရန် ပေးထားခဲ့တဲ့ သာသနာကို ကြိုက်အောင် လုပ်ဆောင်ဖို့ပဲ လိုပါတယ်။ အထက်ပါသာဓကများကို မိမိတို့နှလုံးမှာ ကိန်းကာ ကြုံတုန်း ကြိုက်အောင် အားထုတ်နိုင်ကြပါစေ...

ကျမ်းကိုး---
ဝိနည်းမဟာဝါ
ဓမ္မပဒ
ဇာတက
မင်းကွန်းဆရာတော်ဘုရားကြီး၏ဗုဒ္ဓ၀င်
တိပိဋကယောဆရာတော်၏ တရားတော်များ


Read more...

ကုလားထိုင် လှုပ်နိုင်သူ


ဆုတောင်း ၆ မျိုး(အပိုင်း-၅)

အချိန်မဖြုန်းနဲ့
အဲဒီတော့ လူ့အသက်က တိုတိုလေးဘဲ၊ အိပ်လိုက် တဲ့အချိန်က ပိုများနေရင် ဘဝဟာ အလကားဘဲ၊ ကဲ ဒကာတော်လှသိန်း၊ တစ်နေ့ မင်းဘယ်လောက်အိပ်လဲ?၊ (၂၄) နာရီတစ်ရက်မှာ အိပ်ချိန်နာရီပေါင်း ဘယ်လောက်ရှိသလဲ၊ ည ၇-၈နာရီအိပ်၊ ညနေ(၆)နာရီ အိပ်ကြည့်စမ်းပါ။
မနက်(၆)နာရီထတယ်ဆိုရင် အိပ်တဲ့နာရီပေါင်း (၁၂) နာရီနော်၊ တစ်ရက်ကို (၂၄)နာရီရှိတယ်၊ (၁၂) နာရီ အိပ်ပြီးရင် နေ့တစ်ဝက်က အိပ်တာနဲ့ ကုန်မသွားဘူးလား၊ အဲဒီလို တစ်ဝက်နှုန်းနဲ့ တွက်ကြည့်ရတယ်၊ နှစ်တစ်ရာ အသက်ရှည်မယ်ဆိုရင် အိပ်ချိန်ဟာ နှစ်(၅ဝ) ဒီလိုမနေ ဘူးလား၊ အလကား ကိုယ့်ဘဝကို ဖျက်ဆီးနေတာလား။
ဒကာလှသိန်း ပြောတာက ည(၉)နာရီ အိပ်တယ်တဲ့၊ မနက်(၅)နာရီထတယ်၊ ဒါဆိုရင်တောင်မှသူ ဘယ်လောက် အိပ်သေးလဲ၊ (၈)နာရီလောက်အိပ်တာ၊ ည(၉) နာရီလောက်ကနေ နံနက်(၅)နာရီမှ အိပ်ရာမှထတာ၊ အဲဒီ (၈)နာရီလောက် အိပ်တယ်ဆိုရင် ဘဝရဲ့ဘယ်နှစ်ပုံ ကုန်သွားပြီလဲ၊ ဒါတွက်ကြည့်ရမယ်၊
နှစ်တစ်ရာ အသက်ရှည်တဲ့ လူ့ဘဝမှာ အိပ်တဲ့ အချိန်လေးက ဒီလောက်ကုန်သွားရင် စီးပွားရေးအတွက် အလုပ်လုပ်ချိန် ဘယ်လောက်ရှိလဲ၊ တိုင်းပြည်အတွက် သာသနာတော်အတွက် အလုပ်လုပ်ချိန် ဘယ်လောက်ရှိ သလဲ၊ ဘဝသံသရာအတွက် ကိုယ်အားထုတ်တာ အချိန် ဘယ်လောက်ရသလဲ၊ တွက်ကြည့်လိုက်ရင် ရှုံးတယ်တဲ့။
ကိုယ်ရလိုက်တဲ့ အချိန်လေးမှာ အလုပ်လုပ်ရတာ ကနည်းပြီး အိပ်ပြီးတော့ အချိန်ဖြုန်းတာက ပိုများနေတယ်၊ ဘုန်းကြီးတို့ဘုရားက ဒါတွေသိပ်ပြောတယ်၊ 'မောဃ ကာလံ န ခေပယေ-အကျိုးမရဘဲနဲ့ အချိန်မဖြုန်းကြနဲ့'လို့ ဘုရား သိပ်ပြောတယ်။
ယခုဒီမှာ ကဏှရသေ့ကဈာန်ရပြီး နောက်ပိုင်းမှာ ဉာဏ်ရချင်လို့ အားထုတ်တာ၊ ညဥ့်သုံးယံမှာ တစ်ယံ ဘဲအိပ်ပြီး တရားအားထုတ်တာ၊ ဒါနဲ့လဲ တရားကမရဘူး၊ ညလဲမအိပ်ဘူး နေ့လဲမအိပ်ဘူး၊ (၂၄)နာရီ တရားအား ထုတ်တာ နည်းတယ်ကွာ။
တစ်လတရားထိုင်၊ နှစ်လသုံးလ ခြောက်လ လောက် တင်ပလ္လင်ခွေမဖျက်ဘဲ တရားထိုင်၊ ဒါနဲ့ ဘယ်လို လုပ်ပြီးစားသလဲဆိုတော့ အနားမှာကြွေကျနေတဲ့အသီးအ ရွက်ကိုကောက်စား၊ စိမ်းစိမ်းစိုစို လန်းလန်းဆန်းဆန်း မတွေ့ရင် သစ်ရွက်ခြောက်ဘဲတွေ့လဲ သစ်ရွက်ခြောက် ကောက်စား၊ အဲဒီသစ်ရွက်ခြောက် ဘာညာကုန်သွားပြန် တော့လည်း မြက်ပင်လေးတွေပေါက်လာ၊ အဲဒီမြက်ပင် လေးတွေနှုတ်စား၊ ဒီနည်းနဲ့တရားကိုဘဲအားထုတ် ခဲ့ပါတယ်။
အဲဒီလိုနဲ့ အားထုတ်သွားတာ ထိုင်နေတာ နှစ်လ သုံးလငါးလ မြေကြီးနဲ့ထိထားတော့ တင်ပါးတွေ ပေါင်ရိုး တွေ ဒူးရိုးတွေ တင်ပါးရိုးတွေ အကုန်ပွန်းပဲ့၊ အသားတွေက ဆွေးမြေ့ကုန်တော့တာပါဘဲ၊ အဲဒီလောက် အပြင်းအထန် ကြီး အားထုတ်တာတောင် ဉာဏ်ရသလားဆိုတော့ မရ ဘူးတဲ့၊ ဘာဖြစ်လို့လဲဆိုတော့ ဝီရိယလွန်ကဲနေတဲ့ အတွက် ကြောင့် ဉာဏ်ရမလာဘူး။

ဝီရိယလွန်ကဲရင်
ဘာဖြစ်ရင်ဉာဏ်ရမလာဘူးလဲ?၊ ဝီရိယလွန်ကဲတဲ့ အတွက်ကြောင့် ဉာဏ်ရမလာပါဘုရား၊ ''အတိပဂ္ဂဟိတံ စိတ္တံ သမာဓိဿ ပရိပန္ထော''၊ အလွန့်အလွန် ပြင်းပြင်း ထန်ထန် ကျင့်ကြံကြိုးကုတ် ခန္ဓာကိုယ်ကိုနှိပ်စက်၍ အား ထုတ်တဲ့အတွက်ကြောင့် သမာဓိပျက်စီးပြီးတော့ ဉာဏ်မတက်ဘူး။
အဲဒါကြောင့် အလွန့်အလွန်ပြင်းပြင်းထန်ထန် အားထုတ်ခြင်းဆိုတဲ့ဝီရိယလွန်ရင် စိတ်တွေပျံ့လွင့်ပြီး ဥဒ္ဓစ္စဖြစ်တယ်၊ ဥဒ္ဓစ္စဖြစ်ရင် စိတ်တွေပြန့်ကျဲပြီးတော့ ပူပန်လာတာ၊ ဒါပေမယ့် တရားကျင့်တုန်း၊ ထူးထူး ဆန်းဆန်း ဘာဖြစ်သွားသလဲဆိုတော့ ကဏှရသေ့ရဲ့ အကျင့်တန်ခိုး တေဇော်အာနုဘော်ကြောင့် သိကြားမင်းရဲ့ ဝေဇယန္တာ ဗိမာန်ကြီး တုန်လှုပ်သွားတယ်။
သိကြားမင်းရဲ့ဘုံဗိမာန်က နဝရတ်(၉)ပါးနဲ့ ဆောက်လုပ်ပြီး (၁၂)ယူဇနာကျယ်တယ်၊ တစ်ယူဇနာ (၁၂) မိုင်နှုန်းနဲ့တွက်ကြည့်ရင် (၁၂)ကို (၁၂)နဲ့ မြှောက် မိုင်(၁၄၄) ရှိတယ်၊ ဒီလောက်ကြီးကျယ်တဲ့ဘုံဗိမာန်ကြီး တုန်လှုပ် သွားတာ၊ အဲဒီသိကြားမင်းမှာလဲ မိဖုရားကြီး(၄)ယောက် ရှိတယ်၊ သုဇာတာ, သုနန္ဒာ, သုစိတ္တာ, သုဓမ္မာဆိုတဲ့ မိဖုရား ကြီး(၄)ယောက်။
တာဝတိံသာနှင့် စတုမဟာရာဇ်နတ်ပြည်နှစ်ပြည်မှာ ချောပေ့ဆိုတဲ့နတ်သမီးတွေကို လိုက်ကောက်ပြီး မိဖုရား မြှောက်ထားတာ၊ အရံမိဖုရားထားတာက (၂)ကုဋေနဲ့ (၅)သန်း၊ မောင်လှသိန်း သိကြားမင်းဖြစ်ချင်စိတ်ပေါက်သွားပြီလား။
(၂)ကုဋေနဲ့ (၅)သန်း မိဖုရားတွေဆိုတော့ နည်းတာ မဟုတ်ဘူး၊ အဲဒီဗိမာန်ကြီးက လှုပ်ရှားလာတာ ငလျှင် လှုပ်သလို လှုပ်လှုပ်လာတော့ 'ဟာ-ငါ့ဗိမာန် တုန်လှုပ်တယ် ဘာဖြစ်သလဲ' သိကြားမင်းကတွေးတယ်၊ ''တစ်ယောက် သောလူသားက ဒါန,သီလကို အပြင်းအထန်လုပ်ပြီးတော့ သိကြားမင်းဖြစ်ဖို့ ဆုတောင်းပြီထင်တယ်''လို့ တွေးတယ်။
သိကြားမင်းဖြစ်ချင်လို့ တစ်ယောက်ယောက်က ကောင်းမှုပြုပြီးတော့ 'သိကြားမင်းဖြစ်ရပါလို၏'လို့ ဆုတောင်းရင် သိကြားမင်းဗိမာန်လှုပ်တယ်။
အဲဒါကြောင့် မတောင်းတတို့ ရွာသစ်ကြီးတို့ကို မှာထားမယ် သိပ်မလုပ်ကြနဲ့၊ သမထ,ဝိပဿနာတွေ ဘာတွေ ဒါနတို့ သီလတို့ သိပ်မလုပ်ကြနဲ့၊ ခပ်လျော့လျော့လုပ်ကြ၊ သိပ်လုပ်လို့ရှိရင် ဟိုမှာသိကြားမင်းဗိမာန် လှုပ်သွားမှာစိုးရတယ်၊ သိပ်မလုပ်ကြနဲ့။
ခင်ဗျားတို့က သိပ်ကျင့်ရင် ဟိုမှာ တလှုပ်လှုပ်ဖြစ်တတ်တယ်၊ အခုသိကြားမင်းဗိမာန် ဘာဖြစ်လဲ? လှုပ်နေတယ်၊ ဘာကြောင့်လည်းဆိုတာ သိချင်လာတော့ သိကြား မင်းက ထွက်ရှာတယ် 'တယောက်ယောက်သော သူက သိကြားမင်းဖြစ်ချင်လို့ ဆုတောင်းပြီထင်တယ်၊ ငါ့ဗိမာန် လှုပ်တယ်'၊ ဒါကြောင့် သိကြားမင်းထွက်လာတယ်၊ သိပ်စိတ် မချဘူးဆိုပြီး ထွက်ရှာရတော့တာပါဘဲ။
ကုလားထိုင်လှုပ်ရင် သိပ်စိတ်မချဘူးလေ၊ အဲဒါကြောင့် သိကြားမင်းက ထွက်ရှာရတယ်၊ ငါ့ကုလားထိုင် ဘယ်ကောင်ဆွဲလှုပ်သလဲ?၊ ရှာတော့မှ တောထဲမှာ ကဏှ ရသေ့ကြီးကို သွားတွေ့တယ်၊
ဟာ...ဒီလောက်ပြင်းထန်စွာ ကျင့်တဲ့ ဒီရသေ့ဟာ သိကြားဖြစ်ချင်လို့နေမှာဘဲ၊ ငါတော့ အနှောက်အယှက်ပေး ရမယ်၊ အနှောက်အယှက်ပေးလို့ ဒီရသေ့အကျင့်ပျက်ရင် သိကြားမဖြစ်ဘူးပေါ့၊ သိကြားမဖြစ်ရင် ဘာဖြစ်လဲ? ထန်း လျှက်ဘဲ ဖြစ်မှာပေါ့။
အဲဒီ သိကြားမင်းက မနာလိုဝန်တိုဖြစ်ပြီးတော့ သုဇာတာမိဖုရားကိုခေါ်ပြီး ဆင်းလာတယ်၊ ရသေ့ကြီးဘေး နားကနေ ဝိုင်းဝှက်ပြီးတော့ လင်မယားနှစ်ယောက် ရသေ့ကို ချောင်းတော့တာဘဲ၊ ရသေ့က သမာဓိသိပ်ကောင်းနေတော့ သိကြားလင်မယား ရောက်နေတာ မသိရှာဘူးတဲ့။
အဲဒီတော့ ဒီရသေ့ကို ချောင်းနေတာကြာလှပြီ၊ ဒို့လာတာကို ဂရုမစိုက်ဘူး၊ သိလည်းမသိဘူး၊ ငါ ဒီရသေ့ကို သမာဓိပျက်အောင်တော့ လုပ်ဦးမယ်ဆိုပြီး ကပ်ပြီးတော့မှ အော်ပြောတာ။ ဟောဒီရသေ့ဟာ အသားမည်းလိုက်တာ၊ အစတုန်းကပြောလာတာက ကဏှရသေ့ဟာ အသားမည်းတယ်တဲ့။
တကယ့်ကိုပဲ အသားမည်းတဲ့ကုလားကြီးတစ်ယောက်၊ ကပ္ပလီကြီးတစ်ယောက်ပါပဲ၊ ခင်ဗျားတို့ ဟောဒီ 'မတောင်းတ' ကိုလာရင် ဟေး...အသားမည်းကြီးလို့ သွား အော်ပြောလို့ရှိရင် အဲဒီလူကကြိုက်ပါ့မလား? မကြိုက်လဲ ခင်ဗျားတို့ကပြောတာဘဲ၊ ခင်ဗျားတို့ ဟောဒီလူက ဖြူတယ်, မည်းတယ်, အရပ်ကပုတယ်,ရှည်တယ်, ဝတယ်,ပိန်တယ် စုံနေတာဘဲ ပြောကြတာ။
ဘုန်းကြီး အခုဝင်လာတုန်းကတောင် တိုးတိုးလေး ပြောနေတာကြာတယ်၊ ဟာ...ဘုန်းကြီးကလဲ ဝလိုက်တာ၊ ဒီလိုပြောတယ်၊ သူများရဲ့ ကိုယ်ရေးကိုယ်တာကိစ္စကို တယ်ပြီးပြောချင်တာပဲ၊ ဗမာတွေဘာကြောင့် ဒီလောက်ပြောချင်သလဲလို့ ဘုန်းကြီးက စဉ်းစားတယ်၊ ပြောလိုက်တာ တချို့ များ 'ဟဲ့ကောင်...မင်း မိန်းမ မရသေးဘူးလားကွ'၊ ဟိုကလည်းပြောတယ် 'ကလေးဘယ်နှစ်ယောက်ရပြီ'၊ 'ဟာ... မင်းတော်တော်ကြိုးစားသား ပဲ' ချီးမွမ်းလိုက်သေးတယ်။
အဲဒီလို ကိုယ်ရေးကိုယ်တာတွေကို အားကြီးဝင်စွက်တယ်၊ အဲဒီတော့ ဒီသိကြားမင်းက ကဏှကို ဘာလာ ပြောသလဲ?၊ ရသေ့အသားမည်းတာကို လာပြီးပြောတာ၊ ဒို့ဗမာတွေ မဆိုးဘူး၊ သိကြားမျိုးတွေ ထင်တယ်၊ သိကြားတောင်ပြောသေးတာပဲ၊ ဘုန်းကြီးတို့ဗမာတွေလဲ သိကြား အတိုင်းပဲဆိုတော့ ဘုန်းကြီးက စိတ်မဆိုးပါဘူး ပြောပါများတော့။
ယောဂီတွေ တရားစခန်းမှာ အဲဒါတွေဒုက္ခဖြစ်တာဘဲ၊ အသံ(သို့မဟုတ်) ကြားရတယ် ဒီနှစ်ခု ကြိုက်တာကို မှတ်၊ အသံမှတ်ချင်မှတ်၊ (သို့မဟုတ်)အသံကြားရတယ်၊ ဒီ နှစ်ခု တစ်ခုခုမှတ်၊ အဲဒါမှမရပ်နိုင်လို့ ဘာသံလဲ သီချင်းသံ၊ ဘယ်သူဆိုတာလဲ ရီရီသန့်ဆိုတာ၊ မာမာအေးဆိုတာ၊ ဘယ်အိမ်ကဖွင့်တာလဲ၊ အဲဒီအိမ်ကသာမှုလား၊ နာမှုလား၊ လူသေတာလား၊ မင်္ဂလာဆောင်တာလား၊ ဘယ်သူသေသွားလဲ၊ ဘယ်သူနဲ့ဘာတော်လဲ၊ အဲဒီကောင် ငါနဲ့မတည့်တဲ့အကောင် သေတာတောင် ကောင်းသေးတယ်။
အသံရဲ့နောက်မှာဖြစ်တာတွေ၊ အဲဒါကြောင့် ကြားတဲ့နေရာမှာ ရပ်နိုင်အောင်ရှုမှတ်ပါ၊ ကမ္မဋ္ဌာန်းဟောတာတော့ မဟုတ်ပါဘူး၊ အသံရဲ့နောက်မှာ ဖြစ်ချင်တာတွေ၊ အဲဒါကြောင့် အစားမည်း,အသားမည်း,အဝတ်မည်း, နေရာ မည်းတဲ့ ဒီရသေ့ကို ဒို့မကြိုက်ဘူး မကြည်ညိုဘူးလို့ ထပ်ခါ ထပ်ခါပြောတော့ ဒီရသေ့လည်း သမာဓိပျက်ပြီးတော့ ဒီအသံကြားတယ် ဘယ်သူ့အသံလဲ? သိကြားအသံ၊ သိကြား ဘာကြောင့်ပြောသလဲလို့ ရသေ့လည်းဘဲ တွေးနေပြီပေါ့။
ဘာပြောသလဲဆိုတော့ သြော်...သူ့ဗိမာန်လှုပ်တာ ကိုက သူ့စည်းစိမ်လိုချင်လို့ ကျင့်တယ်ထင်ပြီးတော့ ငါ့ဆီ ဆင်းလာပြီး အနှောက်ယှက်ပေးတာ၊ တကယ်တော့ ဒီအကျင့်တွေရဲ့တန်ခိုးကြောင့် ဓမ္မတာကနေနှိုးဆော်ပြီး လှုပ်တာ၊ ငါကလှုပ်စေချင်တဲ့ဆန္ဒမရှိပါဘူး။


(အပိုင်း-၆)မျော်


Read more...

အမေ့ဘဝ မျက်နှာငယ်ရတယ်... (ဖိုးပညော (သပိတ်ကျင်း))





အရှင်ပညောဘာသ- ဖိုးပညော (သပိတ်ကျင်း)

အမေ့ဘဝ မျက်နှာငယ်ရတယ်...








Print this post

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP