* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Saturday, November 7, 2009

*တရားရေစင် သွန်းလောင်းချင်မိ-၂*




















လေးစားရိုသေစွာဖြင့်
ဖိုးသား

06.11.2009, FRI:, 05:01:19 PM

Read more...

ဓမ္မရနံ့သင်းပျံ့ပါစေ...



ညီမလေးရေ...

အလုပ်တစ်ဘက်၊ ကျောင်းတစ်ဘက်နဲ့မို့လို့ သိပ်ကိုပင်ပန်းနေရှာမှာပဲဆိုပြီး မနှောင့်ယှက်ဘဲထားလိုက်တာ ကြာသွားတော့ မေ့တောင်သွားပြီလား မသိပါဘူး။ နှစ်သစ်ကူး ဓမ္မလက်ဆောင် ပို့ပေးလိုက်ပါတယ်။
ပတ်ဝန်းကျင်မှာ အားငယ်စရာတွေ၊ စိတ်ဓာတ်ကျစရာတွေနဲ့ ကြုံတိုင်း အချိန်မရွေး၊ အကြောင်းမရွေး တိုင်ပင်နိုင်ပါတယ်။ ဘ၀ဆိုတာကတော့ ကောင်းတစ်ချီ ဆိုးတစ်လှည့်ပေါ့။ အမြဲတမ်းကြီး နေ့မဟုတ်သလို အမြဲတမ်းကြီးလည်း ညမဖြစ်ပါဘူး။ လောကထဲမှာ ရှိနေသရွေ့ကတော့ လောကဓမ္မဆိုတဲ့ လောကဓံတရားတွေနဲ့ ကြုံနေရမှာပဲလေ။ အကောင်းလောကဓံ၊ အဆိုးလောကဓံ နှစ်မျိုးရှိတဲ့အထဲက အကောင်းများများကြုံဖို့ကတော့ ဒါန၊ သီလ၊ ဘာဝနာ များများလုပ်ဖို့ပါပဲ။ ဒါနက ပြင်ပပစ္စည်း စိုက်ထုတ်ဖို့ လိုပေမယ့် ကျန်တဲ့နှစ်ခုကတော့ လုပ်ချင်စိတ်လေးရှိရုံနဲ့ လုပ်လို့ရတာပဲလေ။ ဘာမှလည်း မကုန်ဘူး။ အကျိုးလည်း ပိုကြီးတယ်။ အဆိုးတွေနဲ့ ကြုံရတယ်ဆိုတာ ဘယ်သူ့ကြောင့်မှ မဟုတ်ဘူး။ ဘယ်သူ့ကိုမှ အပြစ်တင်လို့ မရဘူး။ အကုသိုလ်အကျိုးမပေးနိုင်လောက်အောင်ကို ငါ့ရဲ့ ကုသိုလ်တာရိုးက မလုံသေးပါလားလို့ပဲ မှတ်ရမယ်။ ပိုလုံအောင်၊ ပိုကောင်းအောင်ပဲ ကြိုးစားရမယ်။ ဒီလိုမှ မဟုတ်ဘဲ စိတ်တိုနေမယ်၊ စိတ်ဆင်းရဲနေမယ်ဆိုရင်တော့ အကုသိုလ်အတိုးယူသလို ဖြစ်နေမှာပဲ။ ဘ၀ထဲမှာ အလိုက်သင့်နေတတ်ဖို့က အရေးကြီးပါတယ်။ ဘာသာရေးအသုံးအနှုန်းနဲ့ ပြောရရင် ယောနိသောမနသိကာရ ရှိဖို့ပါ။ ခပ်ပေါ့ပေါ့ပြောရရင် အကောင်းမြင်တတ်ခြင်းပါ။ အဲဒါက ကုသိုလ်ဖြစ်ခြင်းရဲ့ အနီးဆုံးအကြောင်းပါပဲ။ မဂ်၊ ဖိုလ်ကိုတောင် ပေးနိုင်ပါတယ်။ ဥပမာဆိုရရင် လှိုင်းထန်တဲ့ ရေပြင်ကျယ်ကို လှေငယ်နဲ့ ဖြတ်ကူးတဲ့အခါ လှိုင်းရိုက်တာကို အလိုက်သင့်ခံပြီး လိုရာကို သွားတတ်ဖို့က အလွန်ပဲအရေးကြီးပါတယ်။ ဒီလိုမှ မဟုတ်ဘဲ ကန့်လန့်ကြီး သွားခံမယ်ဆိုရင်တော့ ကိုယ့်လှေပဲ တစ်စစီဖြစ်ပြီး နစ်မြုပ်ဒုက္ခရောက်ရမှာပေါ့။ ဒီလိုပါပဲ လောကဓံလှိုင်းထန်တဲ့ သံသရာရေကြောကို ဖြတ်တဲ့အခါမှာလည်း ပညာနဲ့ အလိုက်သင့်ခံပြီး လိုရာပန်းတိုင်ကို ရောက်အောင်သွားတတ်ရပါမယ်။ ကြားဖူးတဲ့စကားလေးတစ်ခွန်းနဲ့ ခိုင်မာအောင် ပြောပါဦးမယ်။ (စိတ်ဓာတ်မပြည့်ဝသေးတဲ့သူဟာ ပြဿနာတစ်စုံတစ်ခု ကြုံရရင် သူများကို အပြစ်တင်တတ်တယ်တဲ့။ အထိုက်အလျောက် ပြည့်ဝတဲ့သူကတော့ မိမိကိုယ်ကို အပြစ်တင်တတ်တယ်တဲ့။ လုံးဝပြည့်ဝပြီးသူများကတော့ ဘယ်သူ့ကိုမှ အပြစ်မတင်တော့ဘူးတဲ့။) လောကဓမ္မကို အမှန်အတိုင်း သိမြင်ပြီး မတုန်မလှုပ် လက်ခံသွားနိုင်တာပါ။ ဒါကို အလိုက်သင့်ခံယူတတ်တယ်လို့ ဆိုချင်တာပါ။
လောကမှာ အန္တရာယ်များတဲ့ ရေလမ်းခရီးကို သွားတဲ့အခါ ကိုယ့်လှေလေးကိုယ် အကောင်းဆုံးဖြစ်အောင်၊ ခိုင်သထက်ခိုင်အောင် ပြင်ဆင်၊ ရိက္ခာတွေ စိတ်တိုင်းကျ ဖြည့်တင်းပြီးမှ သွားကြသလို မိမိတို့ရဲ့ ရှေ့ဆက်ရမယ့် သံသရာခရီးကြီးအတွက် ပစ္စုပ္ပန်ဘ၀ဆိုတဲ့လှေလေးကို ကုသိုလ်တရားတွေနဲ့ အကောင်းဆုံးဖြစ်အောင်၊ ခိုင်သထက်ခိုင်အောင် ပြင်ဆင်၊ ရိက္ခာတွေ ဖြည့်တင်းထားရပါမယ်။ ရိုးရိုးခရီးက ကိုယ်စိတ်တိုင်းကျတဲ့နေ့မှ သွားလို့ရပေမယ့် သံသရာခရီးက ဘယ်အချိန်သွားရမယ်ဆိုတာ ကြိုမသိနိုင်တဲ့အတွက် အမြဲအသင့်ဖြစ်နေဖို့ အရေးကြီးပါတယ်။ သတိတရားလေး လက်ကိုင်ထားပြီး ကိုယ့်စိတ်ကိုယ် ကုသိုလ်ဖြစ်တိုင်း၊ အကုသိုလ်ဖြစ်တိုင်း အတတ်နိုင်ဆုံး သိနေပေးမယ်ဆိုရင် သတိပဌာန်တရား ပွါးများပြီးဖြစ်လို့ လှေကတော့ ခိုင်ပါပြီ။ ဒါန၊ သီလ ရိက္ခာတွေပါ တင်ထားပြီးပြီဆိုရင်တော့ ကိုယ့်ကိုယ်ကို အစိုးမရတဲ့ဘ၀မှာ သူက ဘယ်အချိန်လာထွက်ခိုင်း၊ ထွက်ခိုင်း ကျေကျေနပ်နပ်ကြီး သွားလို့ရပြီပေါ့။
ဓမ္မလက်ဆောင်ကတော့ ဒါပါပဲ။ ညီမလေးတစ်ယောက် ဘ၀ထဲမှာ အလိုက်သင့် နေတတ်ထိုင်တတ်ရှိနိုင်ပါစေ။
ဆရာလေး (ဓမ္မရနံ့)


( ဒီစာလေးက မြန်မာနှစ်သစ်ကူး နှစ်တစ်နှစ်မှာ နှင်း ကို စိတ်ဓါတ်တွေယိမ်းယိုင်ပြီး ပြိုလဲမကျခင်မှာ သတိတရားနဲ့ ထိမ်းနိုင်အောင် ၊လမ်းမှားသို့ မရောက်ရလေအောင် အမြဲသတိပေးဆုံးမခဲ့တဲ့ ငယ်ဆရာဖြစ်တော်မူသော ဆရာလေးတစ်ပါးကနေ ပို့ပေးလိုက်တဲ့ စာလေးတစ်စောင်ဖြစ်ပါတယ်...။
ဒီစာလေးကြောင့် ဘ၀လမ်းကြောင်းတွေဖြောင့်တန်းခဲ့ဘူးတယ် ၊ ဒီစာလေးကြောင့် စိတ်ပင်ပမ်း ညှိုးနွမ်းမှုတွေ အားလုံးကို ပြန်လည်လန်းဆန်းစေခဲ့ပါတယ်..။ကျမစိတ်ဓါတ်ကျနေတဲ့အချိန်တိုင်း ၊ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိလောက်အောင် အခက်အခဲတွေနဲ့ကြုံတွေ့ရတိုင်း ဒီစာလေးတစ်စောင်က ကျမရဲ့ စိတ်ဓါတ်ခွန်အားတွေကို ဖြည့်ဆည်းပေးနိုင်ခဲ့ပါတယ်...။
နှင်းဟေမာ ရဲ့ စိတ်အားဖြည့် ဓမ္မရနံ့ ဖြစ်သည့်အတွက် အားလုံးသော နှင်း ရဲ့ ဘလော့ဂါ မောင်နှမများနဲ့ စာဖတ်သူမောင်နှမများအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်...။
ဒီစာလေးကို ရေးသားပေးပို့ပြီး ကြုံရင်ကြုံသလို ကျမကို ဆုံးမသွင်သင်ခဲ့သော၊ ငယ်ငယ်ကတည်းက ပါးစပ်ကပြောလို့မရရင် ဒုတ်နဲ့ရိုက်ပြီး ဆုံးမခဲ့သော ၊ အချိန်အတိအကျဖြင့် ဘာသာ ရေးစာပေများကို
စိတ်ဝင်စားလာအောင် ဖတ်တတ်လာအောင်အလေ့အကျင့်ကောင်းလေးတစ်ခုကိုပြုစုပျိုးထောင်ပေးခဲ့သော ဆရာကောင်းတစ်ယောက်လည်း ဖြစ်ခဲ့ပါတယ်...။
သူကိုယ်တိုင် နေ့ ည မနား စာဝါများကို ကျက်မှတ်ရင်း ၊ အတန်းငယ်သီလရှင်ဆရာလေးများကိုပါ
စာဝါများပြန်လည်ပို့ချရင်းဖြင့်ပင် အတန်းစဉ် မြန်မာတစ်ပြည်လုံးမှာ ပထမ ရခဲ့ရုံသာမက အဂ္ဂမဟာကျော်ဘွဲ့တံဆိပ်တော် ကိုပါ ဆပ်ကပ်ခြင်းခံခဲ့ရသော သာသနာ့အာဇာနည် သီလရှင်ဆရာလေးတစ်ပါး လည်းဖြစ်ပါတယ် ။
ကျမငယ်စဉ်ကလေးဘ၀မှာ ဘာသာတရားအပေါ် ကြည်ညိုတက်တဲ့ သူတစ်ယောက်ဖြစ်လာအောင် လမ်းညွှန်မှုများလည်းပေးခဲ့တဲ့ အတွက် ဆရာလေး ရဲ့ဂုဏ်ကျေးဇူးတွေကို
ထာဝစဉ်ရှိခိုးဦးညွှတ်လျှက် ဤပို့စ်လေးအား ဖော်ပြလိုက်ရခြင်းပါတယ်............။
( ခွင့်ပြုချက်မယူပဲ ဤပို့စ်လေးအား ရေးသားဖော်ပြလိုက်ရသည့်အတွက် ခွင့်လွှတ်ပေးပါဆရာလေး ဘုရား ၊ အရိုက်မခံရတာ နည်းနည်းကြာသွားလို့ပါဘုရားးP)

“လူ့ဘ၀တစ်ခုမှာ အဆုံးအမ မရှိရင် သေနေတဲ့သူနဲ့အတူတူပါပဲ...ဒါ့ကြောင့်လူတိုင်း လူတိုင်းဟာ ပုဂ္ဂိုလ်ထူးကို မရှာကြပဲ မိမိကို အမှန်တစ်ကယ် ဆုံးမပဲ့ကိုင်နိုင်တဲ့ ဆရာကောင်းကိုတော့ ရှာမှီးကြ ဆိုတဲ့ ဆရာတော်ဥူးသုမင်္ဂလ ဟောကြားဆုံးမထားတဲ့ စကားလေးအတိုင်း ကျမတို့ အားလုံးပဲ ရှင်လျှက်သေနေကြသူများမဖြစ်ရလေအောင် ကျန်ရှိနေသေးတဲ့ အချိန်တိုလေးအတွင်းမှာ ဆရာကောင်းများရဲ့ အဆုံးအမများကို အတူတစ်ကွ နာယူကြပြီး ၊ နာယူထားတဲ့အတိုင်းလည်း ကျင့်ကြံကြိုးကုတ် အားထုတ်ကြပါစို့ဟု ကျမရဲ့မောင်နှမများအားလုံးကို တိုက်တွန်းလိုက်ပါတယ် ....။


အားလုံး၏ နှလုံးသား၌ စိတ်အားဖြည့်ဓမ္မရနံ့တို့ဖြင့် သင်းပျံ့ကြိုင်လှိုင် ရနိုင်ကြပါစေ...
နှင်းဟေမာ
( 6 Nov 2009 )

(ဓမ္မရနံ့ရေးသားသော စာပေများကို ဒီနေရာလေးမှာ သွားရောက်ဖတ်မှတ်နိုင်ကြပါတယ်)


Read more...

သီတဂူဗုဒ္ဓတက္ကသိုလ် (မန္တလေး)

သီတဂူဗုဒ္ဓတက္ကသိုလ် (မန္တလေး) စတင်ဖွင့်လှစ်

သီတဂူဗုဒ္ဓ တက္ကသိုလ်(မန္တလေး) ဖွင့်ပွဲနှင့် ကျောင်းအလှူရေစက်ချပွဲ ကို အောက်တိုဘာလ ၂၉- ရက်နေ့က တက္ကသိုလ်တည်ရှိရာ မန္တလေးတောင်ခြေ၌ ကျင်းပခဲ့သည်။ ဖွင့်ပွဲတွင် မန္တလေးတောင်ပေါ်နှင့် အနီးပတ်ဝန်းကျင် ကျောင်းတိုက်များရှိ သံဃာတော် အပါး ၂၀၀-ကို သပိတ်၊ ဆွမ်း၊ ဆေး စသဖြင့် လှူဖွယ်ဝတ္ထုအစုစုကိုဆက်ကပ်ပြီး ပင့်သံဃာတော် ၂၅-ပါးကို လည်း ဆွမ်းကပ်လှူဒါန်းခဲ့သည်။
သီတဂူဗုဒ္ဓ တက္ကသိုလ်(မန္တလေး)ကို ပင်မနှစ်ထပ် စာသင်ဆောင် အပါအ၀င် စာကြည့်တိုက်၊ ရုံးခန်း၊ စီမံရေးနှင့် အစည်းအဝေးခန်းမ၊ကထိကဆောင်၊ ဓမ္မာရုံ၊ လောကနန္ဒာမော်ကွန်း စေတီတော်များဖြင့် တည်ဆောက်ထားသည်။

တက္ကသိုလ်၏ ပထမစာသင်နှစ်တွင် ရဟန်းရှင်လူ၊ သီလရှင် စသည့် စာသင်သား ၁၁၂- ဦး တက်ရောက်သင် ကြားလျက်ရှိကြောင်း သိရသည်။

သီတဂူစတား
၆-၁၁-၂၀၀၉


Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP