(ကြောင်းကျိုးမှန်သမျှ ၊သူ့သဘာဝ ၊ ဆောင်ကြ ဧဝံဓမ္မတာနည်း) ဟူသည် နှင့် အညီ –အကြောင်းတရားအကျိုးတရားတို့သည် များရာသို့ လိုက် ၍ ဆောင်ကြပါတယ်။ စွန့်လွှတ်ခြင်းများလျှင် စွန့်လွှတ်ခြင်းက ဆောင်သွားပါတယ်။ အဝိဇ္ဇာ အဟုတ်ထင်ခြင်း ကများလျှင် အဝိဇ္ဇာ အဟုတ်ထင်ခြင်း ကဆောင်ကြ ပါတယ်။

ဝိဇ္ဇာဉာဏ် ကများလျှင် ဝိဇ္ဇာ ဉာဏ် ကသာ ဆောင်သွားကြပါတယ်။ ဤ သို့အကြောင်းတရား အကျိုးတရားတွေဟာ သူ့သဘာဝ အတိုင်း များရာ က ဆောင်သွားခြင်းသည် ဧဝံဓမ္မတာ နည်းဖြစ်ပါတယ်။

နာနတ္ထ နည်း က ( သဘောတရားတွေ ဟာ အနိမ့်အမြင့် ကွဲ ပြီး ဖြစ်ကြတယ်) ဟု ဆို လိုက်သော အခါ စိတ်မှာ မထင် တမျိုးဝင်လာတယ်။ ဒါဆိုရင် (လူသေ- လူဖြစ်၊ ခွေးသေ ခွေးဖြစ် )စသည် ဖြင့်သာ ဖြစ် ပျက် ကြတော့တယ်။

အနိမ့်ကနေပြီး အမြင့် ပြောင်းလို့လည်းရမှာ မဟုတ်တော့ဘူး။ အမြင့် ကနေပြီး အနိမ့်ဆင်းသွားတာလည်း ရှိမှာ မဟုတ်တော့ဘူး။ လုပ်ချင်တာ လုပ်လို့ရတယ်။ ဘဝဟာ ပုံသေနည်း ပဲ စသည်ဖြင့် အထင်ရောက်သွားတာကို အဟေတုက အကိရိယ ဒိဋ္ဌိလို့ ခေါ်ပါတယ်။

ဧဝံဓမ္မတာနည်းက ( အကိရိယ အဟေတုကဒိဋ္ဌိပယ်၏ )ဟူသည်နှင့် အညီ ပုံသေ အထင်ကို (နည်းရာကိုများရာက ဆောင်သွားတယ် ) ဟူသောအမြင်က ပယ်နိုင်ပါတယ်။

နည်း (၄)ပါး အမြင်နှင့် ဒိဋ္ဌိ(၄)မျိုး အထင်ကို အကျဉ်းချုပ်ပြီး ပြောပြပါမယ်ဘုရား။

(၁) အနှစ်ရှိတယ်-ဟုထင်သော သက္ကာယဒိဋ္ဌိ၊ အတ္တဒိဋ္ဌိ ကို ( အနှစ် မရှိဘူး သဘော (၂)ခုဘဲ) ဟုသိသော အဗျာပါရ အနတ္တနည်း ကပယ်ပါတယ်။

(၂) အကြောင်း အကျိုး တရားတွေဟာ (ပြတ်တယ်)ဟုထင်သောဥစ္ဆေဒ ဒိဋ္ဌိ ကို ဆက်စပ်ဖြစ်တယ် ဟုမြင်သော ဧကတ္ထနည်းက ပယ် ပါတယ်။

(၃)အကြောင်းနှင့် အကျိုး တရားတွေဟာ ထပ်တူဖြစ်တယ် ဟုထင်သော သဿတဒိဋ္ဌိ ကို အနိမ့် အမြင့်ကွဲတယ် ဟု မြင်သော နာနတ္ထနည်း ကပယ်ပါတယ်။

(၄) အကြောင်းအ ကျိုး တရားတွေဟာ (ပြုပြင်တိုင်းမရ) ဟုထင်သော အဟေတုကဒိဋ္ဌိ အကိရိယဒိဋ္ဌိ ကို ပြုပြင်တိုင်းရ၏ ဟု မြင်သော ဧဝံဓမ္မတာ နည်း ကပယ်ပါတယ်။

အကြောင်းအကျိုး ဆိုင်ရာကို နည်း (၄)ပါးနှင့် ဒိဋ္ဌိ (၄)မျိုး ကိုခွာပြခြင်းသည် လောက သဘာဝ အမှန်ကို အထင်ဖြင့် ဖုံးထားသောကြောင့် အမြင်ဖြင့် ပြန်ဖော်ထုတ်ရခြင်း ဖြစ်ပါတယ်။

တရားအားထုတ်ခြင်းဆိုတာ ကိုယ်ထင်ခဲ့တဲ့အထင်တွေနှင့် ကိုယ်ထင်ထားတာတွေအားလုံးကို ပယ်စွန့်ပြီး အမြင်နဲ့နေနိုင်အောင် ကြိုးစားခြင်းကို တရားအားထုတ်တယ် လို့ခေါ်ပါတယ် ဘုရား။

ပဋိစ္စသမုပ္ပါဒ် တရားများကိုလည်း ဤနည်း(၄)ပါးနှင့်သုံးသပ်ရမှာ ဖြစ်ပါတယ် ဘုရား။