* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်

ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Saturday, October 31, 2009

ဆင်းရဲဒုက္ခဆိုတာ ဘာကိုဆိုလိုတာလဲ

ဆင်းရဲဒုက္ခဆိုတာ နှစ်မျိုးရှိတယ်။ နှစ်မျိုးဆိုတာက ပညတ်ဆင်းရဲ နှင့် ပရမတ်ဆင်းရဲ။
ပညတ်ဆင်းရဲဆိုတာ ပဋိသန္ဓေနေရတာ ဆင်းရဲတယ်။ အိုရတာ ဆင်းရဲတယ်။ နာရတာ ဆင်းရဲတယ်။ သေရတာ ဆင်းရဲတယ်။ ကိုယ်ဆင်းရဲရတယ်။ စိတ်ဆင်းရဲရတယ်-ဆိုတဲ့ ဆင်းရဲခြင်းမှန်သမျှ ပညတ်ဆင်းရဲလို့ခေါ်တယ်။
ပညတ်ဆင်းရဲကို လူတိုင်းသိကြပါတယ်။ လူတိုင်းမသိတာက ပရမတ်ဆင်းရဲဖြစ်တယ်။

ပရမတ်ဆင်းရဲဆိုတာ သစ္စာထိုက်တဲ့ ဒုက္ခသစ္စာဖြစ်တယ်။ ဒုက္ခ-ဆိုတာ ဆင်းရဲခြင်း။ သစ္စာ-ဆိုတာက မှန်ကန်ခြင်း။ အမှန်ဆင်းရဲတဲ့ ဒုက္ခသစ္စာ-ဆိုတာ ဘာလဲလို့ကြည့်လိုက်တော့ ဒုက္ခံ တေဘူမကံ ၀ဋ္ဋံ-လို့ သင်္ဂြိုဟ်ကျမ်းမှာ ပြထားတာကို တွေ့ရတယ်။
တေဘူမကံ-ဘုံသုံးပါး၌ဖြစ်သော၊ ၀ဋ္ဋံ-၀ဋ်တရားသည်၊ ဒုက္ခံ-ဒုက္ခသစ္စာမည်၏-တဲ့ ဘုံသုံးပါးမှာဖြစ်တဲ့ ၀ဋ်တရားဟာ ဒုက္ခသစ္စာ အစစ်အမှန်ပါပဲတဲ့။ ဒီစကားရပ်မှာ ဘုံသုံးပါးဆိုတာနဲ့ ၀ဋ်သုံးပါးဆိုတာ အသိခက်နေတယ်။
ဘုံသုံးပါးဆိုတာ-ပုထုဇဉ်အများ ကျင်လည်ရာဘုံဟာ ကာမဘုံ၊ ရူပဘုံ၊ အရူပဘုံလို့ ဘုံသုံးပါးသာရှိတယ်။
ဘုံသုံးပါးကို အကျယ်ချဲ့လိုက်လျှင် ၃၁-ဘုံ ဖြစ်လာတယ်။
ဘုံသုံးပါးက ဘယ်လို ၃၁-ဘုံ ဖြစ်သွားတာလဲဆိုတော့ ကာမဘုံအတွင်းမှာ အပါယ်လေးဘုံ(၄)၊ လူ့ဘုံ(၁)၊ နတ်ပြည်ခြောက်ထပ်(၆)၊ အားလုံး ၁၁-ဘုံကို ကာမတရားရဲ့ ကျင်လည်ရာဖြစ်လို့ ကာမဘုံလို့ခေါ်တယ်။
ရူပဘုံ-ဆိုတာက ရုပ်ရှိတဲ့ ဗြဟ္မာဘုံကို ခေါ်တယ်။ ရုပ်ရှိတဲ့ ဗြဟ္မာဘုံပေါင်းက ပထမဈာန်သုံးဘုံ၊ ဒုတိယဈာန်သုံးဘုံ၊ တတိယဈာန်သုံးဘုံ၊ စတုတ္ထဈာန် ခုနစ်ဘုံရယ်လို့ ရူပ ၁၆-ဘုံ ရှိတယ်။
အရူပ ရုပ်မရှိတဲ့ဘုံက လေးဘုံရှိတယ်။ အားလုံး ၃၁-ဘုံရှိတယ်။

ပုထုဇဉ်သတ္တ၀ါမှန်သမျှ ဒီ ၃၁-ဘုံက မထွက်နိုင်ဘူး။ တဘ၀ဆုံးသွားလျှင် တဘ၀ ဆက်တာပဲ။ ဆုံးပြီး ဆက်တာကို ဘ၀လို့ခေါ်တယ်။ ဘ၀ကို အရကောက်ပြပါဆိုတော့ ရုပ်တရားနဲ့ နာမ်တရားကိုသာ အရကောက်လို့ရတယ်။ ယောက်ျား မိန်းမ လူ နတ် စတဲ့ ပညတ်ကို အရမကောက်နိုင်ဘူး။ ဒါကြောင့် ၀ဋ်သုံးပါးဆိုတာလည်း ရုပ်နာမ်ကိုပဲ ဆိုလိုရင်းဖြစ်တယ်။ ဒီစကားရပ်ကို ပဋိစ္စသမုပ္ပါဒ်နှင့် တွက်ကြည့်သင့်တယ်။ ပဋိစ္စသမုပ္ပါဒ်အရ ၀ဋ်သုံးပါးဆိုတာ ကိလေသ၀ဋ်၊ ကမ္မ၀ဋ်၊ ၀ိပါက၀ဋ် ပါပဲ။

ကိလေသ၀ဋ်ဆိုတာ-အ၀ိဇ္ဇာ၊ တဏှာ၊ ဥပါဒါန် ဆိုတဲ့တရားတွေက စိတ်ဓာတ်ကို ညစ်ညူးအောင် ပြုလုပ်တတ်တဲ့အတွက် ကိလေသ၀ဋ်လို့ ခေါ်တယ်။ အ၀ိဇ္ဇာပစ္စယာ သင်္ခါရာ-အရ အ၀ိဇ္ဇာကြောင့်ဖြစ်လာတဲ့ သင်္ခါရအမည်ရတဲ့ ကံတရားရယ်၊
ဥပါဒါနပစ္စယာ ဘဝေါ-အရ ဥပါဒါန်ကြောင့်ဖြစ်လာတဲ့ ကမ္မဘ၀ရယ်၊ ဒီတရားနှစ်ပါးကို ကမ္မ၀ဋ်လို့ခေါ်တယ်။
ဥပါဒါနပစ္စယာ ဘဝေါ-အရ ဥပါဒါန်ကြောင့်ဖြစ်တဲ့ဘ၀ကို ကမ္မဘ၀၊ ဥပပတ္တိဘ၀လို့ နှစ်မျိုးခွဲလိုက်တယ်။
ကမ္မဘ၀ကို ကမ္မ၀ဋ်ထဲ ထည့်ပြီးပြီ။ ကြွင်းကျန်တဲ့ ဥပပတ္တိဘ၀နှင့် ကျန်တဲ့ ၀ိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ ဇာတိ၊ ဇရာ စတဲ့ တရားတွေကိုတော့ ၀ိပါက၀ဋ်ထဲ ထည့်ပါတဲ့။

ဒါကြောင့်ဝဋ်သုံးပါးဆိုတာဟာ ပဋိစ္စသမုပ္ပါဒ် လည်ပြီးဖြစ်နေပုံ ပြတာပါပဲ။
အ၀ိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်၊ ဆိုတဲ့ ကိလေသ၀ဋ်ကြောင့် ကံတည်းဟူသော သင်္ခါရဖြစ်တယ်။
သင်္ခါရဆိုတဲ့ ကမ္မ၀ဋ်ကြောင့် ၀ိညာဏ်၊ နာမ်ရုပ် စတဲ့ ၀ိပါက၀ဋ်ဖြစ်တယ်။
ဝိညာဏ်၊ နာမ်ရုပ် စတဲ့ ၀ိပါက၀ဋ်ကြောင့် အ၀ိဇ္ဇာ၊ တဏှာ၊ ဥပါဒါန် ဆိုတဲ့ ကိလေသ၀ဋ်ဖြစ်တယ်။
ကိလေသ၀ဋ်ကြောင့် ကမ္မ၀ဋ်ဖြစ်၊ ကမ္မ၀ဋ်ကြောင့် ၀ိပါက၀ဋ်ဖြစ်၊ ဒီလိုရုပ်နာမ်မစဲ ထပ်တလဲလဲ ဖြစ်တာကို ၀ဋ်သုံးပါးလို့ခေါ်တာပဲ။

ဝဋ်သုံးပါးဆိုတာဟာ ရုပ်တရား နာမ်တရားပါပဲ။ ဒီရုပ်တရား နာမ်တရားက ဘယ်မှာဖြစ်တာလဲဆိုတော့ ဘုံသုံးပါးမှာဖြစ်တာပါပဲ။ ဒါကြောင့် ဘုံသုံးပါးမှာဖြစ်တဲ့ ၀ဋ်သုံးပါးဆိုတာဟာ ရုပ်တရား နာမ်တရားပဲဖြစ်တယ်။ ရုပ်တရား နာမ်တရားဆိုတဲ့ ဒီဝဋ်သုံးပါးက ဘာလဲဆိုတော့ ဒုက္ခသစ္စာ=စစ်မှန်သော ဆင်းရဲခြင်းဖြစ်တယ်။

( တည်တော ဆရာတော်)
ကိ-မိုး-မှ

Read more...

အရှင်ပေါဋ္ဌိလ ... (ဓမ္မပဒဝတ္ထု (မာဏဝ))

ဓမ္မပဒဝတ္ထု (မာဏဝ)

၂၇၃-၂၇၆... ရဟန်းငါးရာ လမ်းစကားပြောသူများ ...
၂၇၇... အနိစ္စလက္ခဏာ ...
၂၇၈... ဒုက္ခလက္ခဏာ ...
၂၇၉... အနတ္တလက္ခဏာ ...
၂၈၀... အရှင်တိဿ(ပေါင်ကျိုးသူ)
၂၈၁... ဝက်ပြိတ္တာ ...
၂၈၂... အရှင်ပေါဋ္ဌိလ ...
၂၈၃-၂၈၄... ရဟန်းအိုကြီးငါးပါး ...
၂၈၅... ရွှေပန်းတိမ်သည်၏သား ရဟန်း ...
၂၈၆... မဟာဓနကုန်သည် ...
၂၈၇... ကိသာဂေါတမီ ...
၂၈၈-၂၈၉... ပဋာစာရာ ... ပဋာစာရီ

Read more...

ဓာတ်ကြီးလေးပါး

ဓာတ်ကြီးလေးပါးက.....ပထ၀ီ..အာပေါ...တေဇော....၀ါယော....ဖြစ်ပါတယ်...

ပထ၀ီဓာတ်.....အကြောင်းစပြီးတင်ပြပါ့မယ်

မာတဲ့သဘော ၊ ပျော့တဲ့သဘော ၊ နူးညံ့တဲ့သဘော ၊ ချောတဲ့သဘော ၊ သိမ်မွေ့တဲ့သဘော ၊ ကြမ်းတဲ့သဘောကို ခေါ်ပါတယ်

သတ္တုမီးခြစ်တစ်ခုကို လက်နဲ့ကိုင်ကြည့်၊ထိကြည့်တို့ကြည့်တဲ့အခါ ဘာတွေတွေ့လဲ...ဘယ်လိုနေလဲလို့မေးရင်...မာတယ်လို့ သူသူငါငါပြောကြမယ်

ကျောက်ခဲကိုကိုင်ကြည်၊ သံချောင်းကလေးကို ကိုင်ကြည့်၊ သူတို့လည်းမာတယ်...ဒါကြောင့် ကျောက်ခဲဟာ သံချောင်းဟာ မာတာပဲမို့ မီးခြစ်လားလို့မေးရင်

မဟုတ်ဘူး..ကျောက်ခဲဟာ ကျောက်ခဲပဲ သံချောင်းဟာသံချောင်းပဲ မီးခြစ်ဟာ မီးခြစ်ပဲလို့ဖြေမယ်။

အဲဒီတော့ မီးခြစ်ကလေးဟာ..မာတယ်ဆိုတော့ မီးခြစ်ဆိုတဲ့ ပညတ်..မရှိတရားက တစ်ပါး၊ မာတယ်ဆိုတဲ့ပရမတ်..အရှိတရားက

တစ်ပါး...နှစ်ပါးထပ်နေပါတယ်

...........အဲဒီတစ်ရားနှစ်ပါးမှာ မရှိတရားဆိုတဲ့ ပညတ် တရားကိုဖျောက်ပြီး ဘုရားရှင်ဟောကြားတဲ့ ပရမတ်..အရှိတရားဆိုဒ်အောင် ကြည့်ပုံက...............

အဲဒီမီးခြစ်ကလေးကို ပေပေါ်တင် တူနဲ့ပြားနေအောင် ထုရင် .... ပြားသွားမယ်...အဲဒီအပြားလေးကို ဘာလဲလို့မေးရင် မီးခြစ်လို့

ဘယ်သူမှမပြောတော့ဘူး

သတ္တုပြားလေးလို့ပဲပြောလိမ့်မယ်...မီးခြစ်ဆိုတဲ့ ပုံပန်းသဏ္ဍာန် ပျောက်သွားတာမို့ပါ....အဲဒီသတ္တုပြားလေးကို ကိုင်ကြည့်

၊ထိကြည့်၊တို့ကြည့် ဘာတွေ့သလဲဆိုရင်မာတာကိုပဲတွေ့ရတယ်....သဘောက မီးခြစ်ဆိုတဲ့ မရှိတဲ့ ပညတ်တရားပျောက်သွားပြီး

...မာတယ်ဆိုတဲ့ ပထ၀ီဓာတ် ပရမတ်...အရှိတရား က မပျောက်တာကို တွေ့ရတာပါ.....အဲဒီသတ္တုပြားလေးကို အရည်ကျိုပြီး

သွန်းလောင်းလိုက်ပြန်ရင်လည်း....ဘာလဲလို့မေးရင် သတ္တုခဲကလေးလို့ ပြောကြပါလိမ့်မယ်....သတ္တုပြားလေးလို့မပြောတော့ပါဘူး...

ဘာလို့လဲဆိုတော့ မူလ သဏ္ဍာန်..မရှိတရားပညတ်က ပျောက်သွားလို့ပါ..အဲဒီသတ္တုခဲကလေးကို ထိကြည့်၊ ကိုင်ကြည့်၊တို့ကြည့်

ပြန်ရင်လည်း မာတယ်ဆိုတဲ့ ပထ၀ီဓာတ်အရှိတရားကတော့မပျောက်ပါဘူး...အဲဒီသတ္တုခဲကလေးကိုတံစဉ်းနဲ့စား..အမှုန့်

ကလေးတွေဖြစ် အောင်လုပ်ပြန်တဲ့ အခါမှာလည်း...အဲလိုပဲ သတ္တုခဲဆိုတဲ့ ပညတ်တရားပျောက်ပြီး သတ္တုမှုန့်ဖြစ်လာပေမယ့်...

မာတယ်ဆိုတဲ့ ပထ၀ီဓာတ် အရှိတရားကတော့ လုံးဝ မပျောက်ပါဘူး...

အဲဒီသတ္တုအမှုန့်တွေကို လုံလေးထဲထည့်ပြီး ဖိုထိုး....ဘာလဲလို့မေးရင်... ပြာတွေလို့ပြောလိမ့်မယ်...သတ္တုမှုန့်ဆိုတဲ့

ပညတ်သဘောပျောက်သွားတာဖြစ်ပါတယ်

ပြာကို လက်နဲ့ ကိုင်ကြည့်၊ထိကြည့်၊တို့ကြည့်တော့....နူးညံ့တဲ့ ပထ၀ီဓာတ်အရှိတရား က လုံးဝမပျောက်ပါဘူး..အဲဒီပြာတွေကို

ရည်နဲ့ဖျော်ပြီး မြေပေါ်လောင်းချ လိုက်လို့ လေးငါးလ ကြာတဲ့အခါ အဲဒီနေရာကိုကိုင်ကြည့်တဲ့အခါမာတယ်ဆိုတဲ့ပထ၀ီသဘောပဲ

တွေ့ရမှာ ဖြစ်ပြီး...ပြာရည်ဆိုတဲ့ ပညတ်သဘောကပျောက်သွားတာတွေ့ရမှာဖြစ်ပါတယ်

ပရမတ်ဆိုတဲ့ အရှိတရားဟာ...ဘယ်လိုဖျက်ဖျက်..ဘယ်လောက်ပဲဖျက်ဖျက် မပျောက်မပျက်ဘဲ ပညတ်မရှိတရားကတော့

ပျောက်ပျက်သွားတဲ့သဘောပါ

ပညတ်မီးခြစ်ဟာ...ပညတ် သတ္တုပြားကလေးကို အောက်ခံ ကိုယ်ထည်...အဖုံးလုပ်..ကျောက်ထည့်...ဘီးကလေးတပ်..မီးစာ

..ဂွမ်း...ဓာတ်ဆီထည့် ..လှည့်ပေးရင် မီးတောက်ပွင့်ထွက်လာလို့ မီးခြစ်ရယ်လို့ ခေါ်ဆိုကြစို့ဆိုတဲ့ ပညတ်သဘောတရားပါပဲ...

မူလမြေကြီးထဲမှာ တော့ မီးခြစ်ရှိတာမဟုတ်ပါဘူး...ဂဏပညတ်..သင်္ခါရပညတ်တွေဖုံးနေတာပါ...တစ်ကယ့်လက္ခဏာ..တစ်ကယ့်အရှိက

...မာတာ ပျော့တာ နူးညံ့တာ ချောတာ ဆိုတဲ့ ပထ၀ီဓာတ် ပရမတ်လက္ခဏာပါပဲ

အဲဒီမပျောက်ပျက်တဲ့မာတာ၊ပျော့တာ၊နူးညံ့၊တာချောတာ.......ကိုလည်းယူပြလို့မရနိုင်ပါ..ချိန်တွယ်လို့လဲမရနိုင်ပါ..အရောင်အားဖြင့်လဲ

မပြနိုင်ပါ... ပုံသဏ္ဍာန်အားဖြင့်လဲမပြနိုင်ပါ.......မာသော..ပျော့သော...နူးညံ့သော..ချောသော..သဘောတရားသက်သက် သာဖြစ်

ပါတယ်။

ဥာဏ်မျက်စိနဲ့သာ မြင်ရ သိရပါတယ်....ပကတိမျက်စိနဲ့ မမြင်နိုင်ပါဘူး.......မရှိတရား ပညတ်ကတော့မြင်နိုင်ပေမယ့်ပျောက်

ပျက်တဲ့သဘောရှိပြီး...ရှိတရား ကတော့ မမြင်နိုင်(ဥာဏ်မျက်စိနဲ့ မြင်နိုင်ပြီး) ဘဲ လုံးဝ ဖျောက်ဖျက်လို့မရနိုင်ပါဘူးဆိုတာပါပဲ

အာပေါဓာတ်

ဖွဲ့စည်းတဲ့သဘော...ယိုစီးတဲ့သဘော သည် အာပေါဓာတ်သဘောဖြစ်ပါသည်...အလွန်သိမ်မွေ့သော သုခုမရုပ်ဖြစ်သောကြောင့်

ကိုင်..ထိ..စမ်းလို့ရကောင်းသောရုပ်မဟုတ်သဖြင့် ဥာဏ်ကိုအသုံးချရပါမည်....ရေနှင့် တစ်မှုန်တစ်မွှားစီ ကစင့်ကလျှားလွင့်ပါးနေသော

ဖုန်မှုန့်ကလေးများကို နယ်လိုက်လျှင် အတုံးအခဲ ပုံမျိုး လုပ်လို့ရခြင်းမှာ.....အာပေါဓါတ်က ဖွဲ့ခြင်းကြောင့် ဖြစ်ပါသည်...သက်ရှိသက်မဲ့

တည်းဟူသော အတုံးအခဲ ပုံသဏ္ဍာန် မှန်သမျှသည် အာပေါဓါတ်ကြောင့်ဖြစ်နေသည်

ယိုစီးတတ်သောသဘောက....ဖွဲ့စည်းတဲ့သဘော လွန်ကဲတဲ့အခါ ဖြစ်ပေါ်တတ်ပါသည်.......ရေကိုရွှံ့ခဲ တစ်ခုသို့လောင်းချလိုက်ပါက

အရည်ပျော်ယိုစည်းသွားမည်ကို အထင်အရှားတွေ့ရမည်ဖြစ်သည်.....

တေဇောဓာတ်

တေဇောဓာတ်ရဲ့ မြန်မာလိုက....ရင့်ကျက်ခြင်း...ဖြစ်သည်

ဥဏှတေဇော၊ သီတတေဇော ..... ပူသဘော..အေးသဘော...ကြောင့် ရင့်ကျက်စေပါသည်

ပူလို့ရင့်ကျက်ပုံဥပမာက.........ရွှံ့ပျော့ပျော့ ကို အိုးခွက်ပုံချပြီး နေပူလှန်း....မာလာတော့ မီးထဲဖုတ်တဲ့အခါ နီမြန်းပြီး

အလွန်မာကျောလျှက် ကျက်လာစေပါသည်

ရွှံ့ဘ၀မှ တစ်ဖြေးဖြေးမာလာတာကို ပကတိမျက်စိဖြင့်မမြင်နိုင်....အကြောင်းမှာ.........ပူလို့ရင့်ကျက်စေတယ်ဆိုရာတွင် ပူတာသည်

ပရမတ် တေဇောမဟုတ်....ရင့်ကျက်စေတတ်ခြင်းတည်းဟူသော ပရမတ်တေဇောဓါတ်ရဲ့ အကြောင်းပရိယာယ်မျှသာဖြစ်ပြီး ရင့်လာတဲ့

ကျက်လာတဲ့အရည်အသွေးအရောင်ကို ကြည့်ရင်းမှ မြင်ရသဖြင့်.....ဥာဏ်မှာသာမြင်နိုင်ပါသည်အအေးဓာတ်ကြောင့်ရင့်ကျက်

တာကတော့........အင်ကြင်းကျောက်တုံးများကို ကြည့်ရင်းမြင်နိုင်ပါသည်....အင်ကြင်းပင်ဘ၀မှ..အေးသော မြေထဲ..ရေထဲ တွင်

မြုတ်နေရင်း...ကျောက်တုံးများအဖြစ်ရင့်ကျက်သွားမှု့ဖြစ်ပါသည်

ဝါယောဓာတ်

ထောက်ကန်...လှုပ်ရှားတဲ့ သဘောကိုခေါ်ပါသည်

သစ်ပင်ကိုလေတိုက်လို့လှုပ်ပြီးမလဲမပြိုနေခြင်းသည်...သစ်ပင်ကထောက်ကန်ထားသည်မဟုတ်....သစ်ပင်ကလှုပ်သည်မဟုတ်....

သစ်ပင်က ပညတ်မျှသာဖြစ်ပြီးမထောက်ကန်/မလှုပ်နိုင်....ပရမတ်ဖြစ်သော ၀ါယောဓာတ်ကသာထောက်ကန်လှုပ်ရှားနေခြင်းဖြစ်သည်

လူသည်လည်း စိတ္တဇ၀ါယော လှုံဆော်မှု့ကြောင့် သွားနိုင်လာနိုင်လှုပ်ရှားနိုင်ခြင်းဖြစ်သည်

ပထ၀ီ...အာပေါ...၀ါယော...တေဇော တည်းဟူသော ဓာတ်လေးပါးလုံးသည် လက္ခဏာကွဲပြားသော်လည်း သဘောသက်သက်သာရှိပါသည်......

မိမိဥာဏ်ဖြင့် ပြတ်ပြတ်သားသား ကြေညက်စွာသိနေဖို့လိုပါသည်

အချုပ်အနေနဲ့.......မရှိတရားပညတ်ကတော့မြင်နိုင်ပေမယ်ပျောက်ပျက်တဲ့သဘောရှိပြီး........ရှိတရားကတော့

ပကတိမျက်စိနဲ့မမြင်နိုင်ပေမယ့် (ဥာဏ်မျက်စိနဲ့ မြင်နိုင်ပြီး) ဘဲ လုံးဝ ဖျောက်ဖျက်လို့မရနိုင်ပါဘူးဆိုတာပါပဲ

ဓာတ်ဆိုတာ သဘောတရားမည်ပါတယ်....သဘောတရားဆိုတာ ကိုင်တွယ်/ချိန်တွယ်/ရောင်အားဖြင့်/ပုံအားဖြင့် ပြလို့မရလို့

ဘာမှမရှိပါ......ဘာမှမရှိလို့ ပုဂ္ဂိုလ်သတ္တ၀ါမရှိပါ.......................................................................................

ခန္မာမှာ...အထက်ဖော်ပြခဲ့တဲ့ ဓါတ်ကြီးလေးပါးအပြင်

ဝဏ္ဍဓါတ်....အဆင်းရုပ်
ဂန္မဓါတ်.....အနံ့ရုပ်
ရသဓါတ်...အရသာရုပ်
သြဇဓါတ်....သြဇရုပ်

ဆိုပြီး ဓါတ်လေးပါး ထပ်ပေါင်းပါဝင်ပါတယ်

Read more...

နတ်ကတော် အကြောင်း သိကောင်းစရာ ၂

ဒါ့ကလောက် တတ်လျှင်ဖြင့် ဘ၀တစ်သက်တာ ငတ်စရာမရှိ ကြီးပွားဖို့သာရှိကြောင်းကျွန်ုပ်က ရဲရဲကြီး အာမခံပါသည်။
နတ်ကတော်လောကတွင်ကျင်လည်ကျက်စား သာမန်နတ်ကတော်များထက် တစ်ကွက်သာစေရန်
ဆောင်ရန်နည်းလမ်းများကိုလဲ အရူးချေးပန်း ပရမ်းပတာ ရှင်းပြပါဦးမည် ။

၁။ ကြက်သားကိုလဲ အုပ်ရမည် ၊ ၀က်သားကိုလဲတုတ်ရမည် ။
ကြက်သားကို အုပ်မှ ကြက်ငှက်တုပ်ကွေးဖြစ်နိုင်သည် ၊ ၀က်သားကို တုတ်မှ
ဝက်ပုပ်ကလေးဖြစ်နိုင်သည် ။

၂။ ပရမ်းပတာလဲ ပြောရမည် ၊ လမ်းမှာလဲဟောရမည် ။
ပရမ်းပတာ ပြောမှ အဟုတ်ထင်သည် ၊ လမ်းမှာ ဟောမှအလုပ်တွင်သည်။

၃။ ငါးခြောက်ကိုလဲ ကြော်ရမည် ၊ အခြောက်လိုလဲ ပျော်ရမည် ။
ငါးခြောက်ကိုကြော်မှညှော်မိသည် ၊ အခြောက်လိုပျော်မှ အဖေါ်ရှိသည် ။

၎။ လင်ကိုလဲ ညာတတ်ရမည် ၊ အချဉ်ကိုလဲ ရှာတတ်ရမည် ။
လင်ကိုညာတတ်မှ မိုက်လို့ကောင်းသည် ၊ အချဉ်ကို ရှာတတ်မှ ရိုက်လို့ကောင်းသည်။

၅။ ဒိုင်ခံစရာ ကျပ်ငွေ အပိုလဲရှိရမည် ၊ နိုင်ငံတကာ နတ်တွေကိုလဲ သိရမည် ။
ဒိုင်ခံစရာ ကျပ်ငွေ အပိုရှိမှ အလျော်အစားမြိုင်သည် ၊ နိုင်ငံတကာ
နတ်တွေကိုသိမှ ကျော်ကြားနိုင်သည် ။

၆။ တောအရက်လဲ သောက်ရမည် ၊ ဟောချက်လဲပေါက်ရမည် ။
တောအရက်သောက်မှ ခံတွင်းသန့်ပြီး လျှောက်လည်ဟောနိုင်သည် ၊ ဟောချက်ပေါက်မှ
သတင်းပျံ့ပြီးဖောက်သည်ပေါနိုင်သည် ။

၇။ အပျော်ကိုလဲ ကြိုက်ရမည် ၊ စားတော်ကိုလဲ တိုက်ရမည် ။
အပျော်ကြိုက်မှ အတွဲအသစ်ထားနိုင်သည် ၊ စားတော် တိုက်မှ အသည်းအမြစ်စားနိုင်သည် ။

၈။ မြွေတောကိုလဲ ဖြတ်ရမည် ၊ ကြွေဟောကိုလဲ တတ်ရမည် ။
မြွေတောကိုဖြတ်မှ မြွေပြီးနိုင်သည် ၊ ကြွေဟောကိုတတ်မှ လေကြီးနိုင်သည် ။

၉။ ဘူတာကိုလဲ တစ်ရက်ကြိုပြေးရမည် ၊ လူတကာကိုလဲ မျက်နှာချိုသွေးရမည် ။
တစ်ရက်ကြိုပြေးမှ သွားစရာ တီးကတ်ရသည် ၊ မျက်နှာချိုသွေးမှ စားစရာဖရီးနှက် ရသည်

၁၀။ အကြွေးလဲ ဆန်ဆီ မကျန်ဖြဲရမည် ၊ အပြေးလဲ ချန်ပီယံ ဆွဲရမည် ။
ဆန်ဆီမကျန်ဖြဲမှ အမြတ်ထွက်ချေသည် ၊ ချန်ပီယံဆွဲမှ နတ်သက်ရှည်သည် ။

တတ်မှစားရသည် မဟုတ်ပါ ၊ နပ် လျှင်လဲ စားရပါသည်။
ငတ်မှလာဘ်မျှော်ဖြစ်သည် ၊ နပ်မှ နတ်ကတော်စစ်သည်။

လိပ်ပြာသိပ်မှ နတ်ကတော်ဖြစ်သည်မဟုတ်ပါ၊ ရိတ်စရာ ရိတ်လျှင်လဲ နတ်ကတော်ဖြစ်ပါသည်

ရေစင်သောက်မှဖြစ်သည်လဲမဟုတ်ပါ ၊ ရေသန့်သောက်လဲ ဖြစ်ပါသည် ။
လူလိုမှ နတ်လိုပါသည် ၊ အူစိုမှ အငတ်ပိုပါသည်။ မေးလ်တခုမှ ရရှိပါသည်၊ မည်သူ မည်ဝါရေးသည် ကို မသိပါ၍ သည်းခံဖတ်ရှု့ပါကုန်၊

နီကိုရဲလက်ကျန်များ(၂)

သြော်...လူ့ပြည်လောက၊လူ့ဘ၀ကား
အိုရနာရသေရဦးမည်
မှန်ပေသည်တည့်။

အိုစေ၊ နာစေ၊ သေစေဆိုတဲ့ အရေးယူမှုတွေကိုတော့ ခန္ဓာရလာတဲ့ပြစ်မှုတစ်ခုတည်းနဲ့ပဲ မလွဲမရှောင်သာခံနေကြရဦးမှာပါ။ လူ့ဘ၀ လူ့ခန္ဓာကို ရပြီးဆိုမှတော့ ချိန်းချက်မထားပေမယ့် သေခြင်းတရားက ဒကာ နီကိုရဲကြီးဆီကို ရောက်လာတော့တာပါ။ သူ့ရဲ့ဈာပနမျက်ရည်မြစ်ထဲမှာ လွမ်းသူ့ပန်းခွေတွေလည်း မျောလို့ပါပဲ။

သူ့ကို ချစ်တဲ့သူတွေအတွက် သူ လက်ကျန်လေးတွေ ထားခဲ့တာ သေချာခဲ့ပါတယ်။

အကောင်းတွေကို သူတူးဖော်စိုက်ပျိုးခဲ့တာ သေချာခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ကောင်းစလေးတွေကို ရှည်အောင် မထိန်းနိုင်ခဲ့တာတော့ သူ့အတွက်ရော၊ သူ့မိသားစု ။ သူ့ဝန်းကျင်၊ သူ့နိုင်ငံ၊ သူ့ကမ္ဘာအတွက် ကြေကွဲစရာပါ။ ဘာပဲဖြစ်ဖြစ်

သို့တပြီးကား၊ သင်သေသွားသော်
သင်ဖွားသောမြေ၊ သင်တို့မြေသည်
အခြေတိုးမြှင့် ကျန်ကောင်းသင့်၏။

ဘ၀ကတိုတိုလေးပေမယ့် အလွမ်းတွေက အရှည်ကြီး။ သံသရာကို ယုံကြည်သူတွေအတွက်တော့ တမလွန်ဖြတ်သန်းမှုတွေက အရှည်ကြီးဖြစ်နေဦးမှာပါပဲ။ ကံတရားနဲ့ ကိလေသာတွေကို ၀တ်ဆင်ထားကြဦးမယ်ဆိုရင်ပေါ့။ ကိုယ့်စွဲလမ်းမှုနဲ့ကိုယ် ကောင်းကံ ဆိုးကံတွေကို ပြုဖြစ်နေကြဦးမှာပဲမဟုတ်လား။

မသေမီ ဘ၀ဖြစ်တည်မှုလေးမှာ သမုတိနဲ့ ပရမတ္ထနယ်ကို စည်းရိုးခြားနားလည်ဖို့တော့ လိုပါလိမ့်မယ်။ ငါ၊ ငါ့မိသားစု၊ ငါ့ရပ်ဝန်း၊ ငါ့ဒေသ၊ ငါ့နိုင်ငံ၊ ငါ့ကမ္ဘာ ဆိုတဲ့ ငါတွေကို လှပအောင် ခြယ်ရေးတတ်ဖို့ပါ။ သမုတိနယ်ထဲက “ ငါ ” ဆိုတာကို ပရမတ္ထနယ်ထဲက “ငါ” နဲ့ မကွဲပြားတော့တဲ့အခါ လမ်းပျောက်သွားတတ်ပါတယ်။

“ငါ အစွဲတွေကို ဖြုတ်ကြ ” ဆိုတဲ့ ငါက ပရမတ္ထနယ်ထဲက သက္ကာယတရားတွေနဲ့ ပူလောင်နေတဲ့ ငါ ပါ။ ဖြတ်ထုတ်စွန့်ပယ်ပစ်ရမယ့် သက္ကာယ ငါ နဲ့

ဝန်ဆောင်ထမ်းပိုးရမယ့် သမုတိနယ်ထဲက ငါ .....။

ဆရာဇော်ဂျီရဲ့ “သင်သေသွားသော်” ကဗျာက သမုတိနယ်ထဲက “ငါ” ကို ညွှန်းပါတယ်၊ ဆရာဇော်ဂျီက သူ့ကိုယ်သူ လက်ညှိးထိုးရင်း

လူမှုလောကကြီးထဲက မလွတ်မြောက်သေးသူတိုင်းကိုလည်း

ပုခုံးပုတ်လိုက်ပါတယ်။

“ဘာလုပ်သွားမှာလဲ”တဲ့။ ”သင်သေသွားသော်” တဲ့။

တစ်ခုခုတော့ ကမ္ဘာမြေကို ပေးခဲ့ကြရမယ်ပေါ့။

လောကီတာဝန်လေးတွေတော့ ကြေခဲ့ကြရမယ်ပေါ့။

ဒကာ နီကိုရဲကြီး ဘယ်ဝန်တွေကိုများ ထမ်းခဲ့ပါလိမ့်။

ဆရာဇော်ဂျီကတော့ခေါင်းလေးဆတ်ပနဲ ညိတ်ရင်း ပြုံးမိသွားမှာပါ။

သင်၏မျိုးသား၊ စာစကားလည်း
ကြီးပွားတက်မြင့်၊ ကျန်ကောင်းသင့်၏။

နီကိုရဲဟာ စာတွေကို တကုတ်ကုတ်ရေးခဲ့လေသပေါ့။

စာပေအသစ်တွေကို ဖန်တီးခဲ့လေသပေါ့။ ဆရာကြီးမောင်ထင်တို့ ကုသတို့ ဇ၀နတို့ ဖောက်ခဲ့တဲ့လမ်းကို ထပ်လျှောက်ရင်း အရောက်သွားခဲ့လေသပေါ့။

သင်ဦးချ၍ အမျှဝေရာ
စေတီသာနှင့် သစ္စာအရောင်
ဥာဏ်တန်ဆောင်လည်း
ပြောင်လျှက်ဝင်းလျှက်ကျန်စေသတည်း။
သင်သေသွားသော်

သြော်...လူ့ပြည်လောက၊လူ့ဘ၀ကား
အိုရနာရသေရဦးမည်
မှန်ပေသည်တည့်။

သို့တပြီးကား၊ သင်သေသွားသော်
သင်ဖွားသောမြေ၊ သင်တို့မြေသည်
အခြေတိုးမြှင့် ကျန်ကောင်းသင့်၏။

သင်၏မျိုးသား၊ စာစကားလည်း
ကြီးပွားတက်မြင့်၊ ကျန်ကောင်းသင့်၏။

သင်ဦးချ၍ အမျှဝေရာ
စေတီသာနှင့် သစ္စာအရောင်
ဥာဏ်တန်ဆောင်လည်း
ပြောင်လျှက်ဝင်းလျှက်ကျန်စေသတည်း။

ဘာပဲဖြစ်ဖြစ်ပေါ့လေ

သူတစ်ကိုယ်တည်းဆိုင်တဲ့စာမျက်နှာတွေကို သူပဲ ရေးသွားပါလိမ့်မယ်။

ပရမတ္ထနယ်က “ငါ” ကို သူဘယ်လို ကိုင်တွယ် သုံးသပ်လေသလဲဆိုတာပါ။

Read more...

ဓမ္မဒါနအကြောင်း

အမေး။ ။ဓမ္မဒါနအကြောင်းနဲ့ပတ်သက်ပြီး တပည့်တော် သိချင်ပါတယ်၊ ဖြေကြားတော်မူပါဘုရား။
ကိုမျိုး
သြစတေးလျား

အဖြေ။ ။ဓမ္မဒါနဆိုတာ တရားအလှူပါ၊ တရားအလှူနဲ့ ပတ်သက်ပြီး ကိံ ဒဒသုတ်မှာ “အမတံ ဒဒေါ စ သော ဟောတိ၊ ယော ဓမ္မမနုသာသတိ” လို့ ဘုရားရှင် ဟောကြားထားပါတယ်။
အဓိပ္ပါယ်က ဘုရားဟောစာပေများ ပို့ချပေးခြင်း၊ သင်ကြားပေးခြင်း၊ ဘာသာရေး အမေးပြဿနာများကို ရှင်းလင်းဖြေကြားပေးခြင်း၊ ကမ္မဋ္ဌာန်းတရားပြသပေးခြင်း၊ သွန်သင်ဆုံးမ နည်းလမ်းညွန်ပြပေးခြင်းစတဲ့ တရားအလှူများဟာ သံသရာဝဋ်က လွတ်ရာလွတ်ကြောင်း လမ်းကောင်းကို ညွန်ပြပေးနေတာ ဖြစ်တဲ့အတွက်ကြောင့် အမတဒါန အမြိုက်နိဗ္ဗာန်ကို ပေးလှူရာ ရောက်ပါတယ်။
ဒါကြောင့်လည်း အလှူဟူသမျှတို့မှာ ဓမ္မဒါန ဆိုတဲ့ တရားအလှူဟာ အသာဆုံး အမြတ်ဆုံး လို့ ဓမ္မပဒပါဠိတော်၊ တဏှာဝဂ်၊ သက္ကပဥှဝတ္ထု (၆၄)မှာ ဘုရားရှင် ဟောတော်မူခဲ့ပါတယ်။
သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။
သဗ္ဗရတိံ ဓမ္မရတိ ဇိနာတိ၊ တဏှာက္ခယော သဗ္ဗဒုက္ခံ ဇိနာတိ။
တရားအလှူဟာ အလှူဟူသမျှတို့ကို အောင်နိုင်တယ်၊ (အသာဆုံးအမြတ်ဆုံးဖြစ်တယ်)။ တရားအရသာဟာ အရသာဟူသမျှတို့ကို အောင်နိုင်တယ်၊ (အသာဆုံးအမြတ်ဆုံးဖြစ်တယ်)။ တရားနဲ့ မွေ့လျော်တာဟာ မွေ့လျော်မှု ဟူသမျှတို့ကို အောင်နိုင်တယ်၊(အသာဆုံးအမြတ်အဆုံးဖြစ်တယ်)။ တဏှာကုန်ရာ နိဗ္ဗာန်တရားဟာ ဆင်းရဲဒုက္ခဟူသမျှကို အောင်နိုင်တယ်။ ဒါဆိုရင် ဓမ္မဒါနအကြောင်း သဘောပေါက်ပြီထင်ပါတယ်။

Read more...

သာမညဖလ အခါတော်နေ့ (သို့မဟုတ်) သံဃာ့ကျေးဇူး မမေ့ဘူး အထူးပူဇော်မယ်…

မေမေချစ်သော သားသား နဲ့မီးမီးရေ
လောက၌ အမြတ်ဆုံး ရတနာ သုံးပါးရှိတဲ့အထဲမှာ တန်ဆောင်မုန်းလပြည့် အချိန်အခါ ကာလ သမယဟာ သံဃာ ရတနာရဲ့ ဂုဏ်ကျေးဇူးကို ပူဇော် ကြတဲ့ အချိန်အခါ ဖြစ်နေပါတယ်နော်။ အဲလို အချိန်မျိုးမှာ မေမေဟာ ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော် ဘုရားကြီးရဲ့ တရား ရိပ်သာမှာ တရားအားထုတ်ဘို့ ရောက်ရှိလို့ နေခဲ့တဲ့ အတွက် ထူးကဲတဲ့ ကံတရားကို ကျေးဇူးတင်နေမိပါတယ်။ ကျေးဇူးတော်ရှင် ပိုင်းလော့ ဆရာတော်ဘုရားကြီး ကလည်း ကျေးဇူးတော်ရှင် မိုးကုတ် ဆရာတော်ဘုရားကြီး ရဲ့ ကျေးဇူးကို တုန့်ဆပ် ပူဇော် လိုတဲ့အတွက် မိုးကုတ် မြို့ မင်္ဂလာ တိုက်ဟောင်းမှာ တရားပြသ နေရာမှ တန်ဆောင်မုန်း လပြည့် မတိုင်ခင် နှစ်ရက် အလိုမှာ ပြန်လည် ကြွ ရောက်ခဲ့ပါပြီ။
တရားစခန်းသိမ်းပွဲ အဖြစ် ဆရာတော် ဘုရားကြီးက မိုးကုတ်မြို့မှ ဝါရင့် မိုးကုတ်ယောဂီများကို ဟောကြားတဲ့ တရားကို မေမေတို့ကို ပြန်လည် ဟောကြားပေးတာနာယူရတော့ မေမေ့မှာ အလွန် ဝမ်းမြောက်ပီတိ ဖြစ်ရပါသေးတယ်။ မေမေတို့ ယောဂီ သီလရှင် များ အားလုံး ပူဇော်ကန်တော့ခွင့် ရရှိခဲ့ တာကတော့မေမေ့ ဘဝမှာ ထူးကဲတဲ့ တိုက်ဆိုင်မှုပါပဲလေ။ မေမေ့ဘဝထဲမှ ကျေးဇူးရှိ ခဲ့ဘူးသော သံဃာ ရတနာ များအားလုံး ကို ပူဇော် ဦးခိုက်တဲ့ အနေနဲ့ သည်စာစုကို ရေးဖြစ်ပါတော့တယ် ကလေးတို့ရေ..။

အခုဆိုရင် မိုးညှင်းသိင်္ဂီကျောင်းတိုက်ရဲ့ ဓမ္မာရုံ ထဲမှာ ပဒေသာပင် လာရောက်လှူ ဒါန်းကြသူများနဲ့ စည်ကားနေတာပေါ့လေ။
မေမေတို့ ငယ်ငယ် ကတော့ တော်တော်လေး ပျော်ခဲ့ဘူးပါတယ်။ တန်ဆောင်တိုင်ပွဲတော် ဆိုရင် ကန်တော့ တန်ဆောင်တိုင် မီးထွန်းပွဲတော်၊ ကထိန် သင်္ကန်း အလှူ ပွဲတော် မသိုးသင်္ကန်း ယက်လုပ် ပူဇော်ပွဲတော်၊ မဲ ဇလီ ဖူးသုပ် ဝေငှသော ပွဲတော်၊ ကျီးမနိုးပွဲတော် တွေကိုပြုလုပ်ခဲ့ ကြတာရဲ့ အတိတ်ခန္ဓာ အစဉ်တန်းဟာ အခုပြန် တွေး အခု ပြန် ပေါ်လာတော့တာပေါ့။
တန်ဆောင်မုန်း လပြည့်နေ့ကို သာမည ဖလ အခါတော်နေ့ အဖြစ် သတ်မှတ်တာ ကတော့မေမေ အရင် က မပြောပြ ဘူးသေး ပါဘူး။
ဂေါတမ ဘုရားရှင်လက်ထက်တော် အခါက တန်ဆောင်မုန်း လပြည့် ညမှာ အဇာ တသတ် မင်းသား မူးမတ် ပေါင်းစုံလင်စွာဖြင့် ညီလာခံသဘင်ဆင်ယင်ကျင်းပနေပါတယ်။ ဆီးနှင်းမြူတိမ် သူရိန်မီးခိုး ညစ်မျိုး ငါးဝကင်း စင်ပပြီး ကြည်နူးသာယာ ဘွယ်ကောင်းတဲ့ တန်ဆောင်မုန်းလပြည့် ညရဲ့ အလှအပကို ကြည့်ပြီး အဇာတသတ် မင်းသားက
၁။ ရမဏီယာ ဝတ= မွေ့လျော်ဖွယ်ကောင်းသော ညပါတကား။
၂။ အဘိရူပါ ဝတ= အလွန်လှပသော ညပါတကား။
၃။ ဒဿနီယာ ဝတ = ရှုဖွယ်ကောင်းသောညပါတကား။
၎။ ပါသာဒိကာ ဝတ=ကြည်လင် ရွှန်းပသော ညပါတကား။
၅။ လက္ခညာ ဝတ= မေ့မရနိုင်သောညပါတကား။
လို့ စကားငါးခွန်းနဲ့ ချီးမွမ်းတော် မူပါသတဲ့။ အဇာတသတ်မင်းတရားဟာ အဖေကို သတ်မိတဲ့အကုသိုလ်ကံ ကြောင့် အလွန် ကြည်နူးသာယာ ဖွယ်ကောင်းတဲ့ တန်ဆောင်မုန်း လပြည့်ညရဲ့ အလှအပကို မခံစားနိုင်ပဲ အိပ်စက် မရအောင် ဖြစ်နေပါတယ်။
အဇာတသတ် မင်းသားလေးဟာ ငယ်ရွယ်စဉ် အခါမှာ ဒေဝဒတ် ကိုဆရာတင်မိပြီး အပေါင်းအသင်း မှားတဲ့ အတွက် ဖခင် ဘုရင်ကြီးကို သတ်မိသည်အထိ ဆိုးသွမ်း ခဲ့ဘူးတာ ကလေးတို့ သိပြီးသားဖြစ်မှာပါ။ ပဉ္စာနန္တိယ ကံကြီးထိုက်ပြီးတဲ့ အချိန်က စလို့ အိပ်မပျော်တဲ့ ရောဂါဝေဒနာ စွဲကပ်ခဲ့ပါတယ်။
အဲဒီ ဝေဒနာပျောက်ကင်းအောင် မည်သည့်ဆေး နှင့်မှ ကုစား မရဖြစ်နေခဲ့တာ အမတ်တွေအကြံ ပေးတဲ့အတိုင်း တိတ္ထိ ဆရာကြီး ၆ ယောက် တို့ ထံ သွားရောက်ခဲ့ပါတယ်။ အဇာတသတ် ဘုရင်က သူသိလိုတဲ့ သာမညဖလ (ရဟန်း ပြုခြင်း အကျိုး ) ကိုမေးတဲ့ အခါ မှာ ကျေနပ်လောက်တဲ့အဖြေကို မရတဲ့အတွက် ပြန်လာခဲ့ရပါတယ်။
သမားတော်ကြီး ဇီဝက ကျေးဇူးကြောင့် ဘုရားရှင်ကို ဖူးတွေ့ မေးမြန်းသိရှိပြီးမှ အိပ်စက်လို့ ရသွားပါတော့တယ်။
အဇာတသတ်မင်းတရား ဘုရားရှင်ကို အဖူးအမျှော်သွားရောက်တဲ့အချိန်ဟာ တန်ဆောင်မုန်းလပြည့် ညချမ်း ချိန်ခါ ကလေးပေါ့။ အဲဒီ အချိန်မှာ မြတ်စွာဘုရားဟာ ရာဇဂြိုလ် မြို့အနီး သမားတော် ကြီး ဆရာ ဇီဝက လှူ ဒါန်း ထားတဲ့ သရက် ဥယျာဉ် မှာ သီတင်းသုံးနေတဲ့ အချိန်ဖြစ်နေပါသေးတယ်။ သရက်ဥယျာဉ် ထဲမှာပဲ ဘုရားရှင်ဟာ အဇာတသတ်မင်းကို သာမညဖလ သုတ္တန် ဒေသနာတော်ကို ဟောကြားတော်မူခဲ့ပါတယ်။
အလွန် သာယာလှပတဲ့ တောတောင်ရိပ်နဲ့ လပြည့်ညမှာ ဟောကြားတဲ့ တရားတော်ဟာ နောင်တ တစ်ဖန် ပူပန်မှုတွေနဲ့ ဆူပွက်လောင်မြိုက်တဲ့ နှလုံးသားကို အေးချမ်းသာယာမှုကို ဆောင်ကျဉ်း ပေးနိုင်ခဲ့တာပေါ့လေ..။
အဲဒီ သာမညဖလသုတ္တန်ဟာ ဒီဃ နိကာယ်၊ သီလက္ခန္ဓ ဝဂ္ဂ ပါဠိတော်မှာ ပါရှိပါတယ်။ ရဟန်းသံဃာတော်တွေ အတွက် ကြေးမုံမှန်တစ်ချပ် သဖွယ်ဖြစ်ပြီး ကိုယ်ကျင့်သီလ ရှိတယ် မရှိဘူးဆိုတာကို ဤသုတ္တန် ဖြင့်ထင်ဟပ်စေနိုင်ပါတယ်။
ရဟန်းပြုခြင်း အကျိုးတွေကို ဟောကြားတဲ့ နေ့ဖြစ်တဲ့အတွက် တန်ဆောင်မုန်း လပြည့်နေ့ကို သံဃာ တော်များနေ့လို့ ခေါ်ဆိုခဲ့တာ ကိုလည်းမှတ်သားထားလိုက်ပါ အုံးနော်။
သာမည ဖလ = ရဟန်းပြုခြင်း၏ အကျိုးကျေးဇူးတွေကတော့------
၁။ မင်းခစားဘဝနှင့် မင်းပြစ် မင်းဒဏ်မှ လွတ်ကင်းခြင်း အကျိုး။
၂။ အခွန်ထမ်းဆောင်မှု မှ လွတ်ကင်းခြင်း အကျိုး။
၃။ ပါတိမောက္ခ သံဝရသီလ နှင့် ပြည့်စုံသဖြင့် အပါယ်ဘေးမှ ကင်းဝေးခြင်း အကျိုး။
၎။ ဒုစရိုက်ကို ရှောင်သဖြင့် ဒုစရိုက် ဒုက္ခ မှ ကင်းလွတ်၍ စူဠ သီလ နှင့်ပြည့်စုံ ခြင်း အကျိုး။
၅။ ပွဲသဘင် အမျိုးမျိုး၊ ကစားပွဲ အမျိုးမျိုး မကောင်းသောစကားအမျိုးမျိုး တို့မှ ရှောင်ကြဉ် သဖြင့် ထိုဒုက္ခများမှ ကင်းလွတ်၍ မဇ္ဈိမ သီလနှင့်ပြည့်စုံခြင်း အကျိုး ။
၆။ နက္ခတ်ဗေဒင် ၊ယတြာ လက္ခဏာ ဆေးကုခြင်း စသည်တို့မှ ရှောင်ကြဉ်သဖြင့် အာဇီဝ ပါရိသုဒ္ဓိ သီလ နှင့် ညီညွတ်၍ မဟာသီလနှင့် ပြည့်စုံခြင်းအကျိုး ။
၇။ ဣနြေ္ဒ ၆ပါး ၌ အကုသိုလ် မဖြစ်အောင် စောင့်စည်းနိုင်ခြင်း အကျိုး။ (ဤ သည်တို့ကား အခြေခံ သီလများဖြစ်ပါသည်)။
၈။ သတိ နှင့် ပြည့်စုံခြင်း အကျိုး။
၉။ သမ္ပဇဉ် (ဆင်ခြင်တုံ ) တရားနှင့်ပြည့်စုံခြင်း အကျိုး။
၁၀။ သန္တောသ ( ရောင့်ရဲခြင်း) အကျိုး။
အခြေခံသီလ ၊သတိ သမ္ပဇဉ် ၊ သန္တုဋ္ဌီ တရားများနှင့် ပြည့်စုံသော ရဟန်းသည် သမထ ဝိပဿနာ တရားကို ဆက်လက်အားထုတ်ပါက အေက်ပါ အကျိုး များကို လက်တွေ့ ခံစားရရှိနိုင်ပါသေးတယ်။
၁၁။ နီဝရဏ ငါးပါးမှ လွတ်ကင်းခြင်း အကျိုး
၁၂။ ဈာန်တရား ရနိုင်ခြင်း အကျိုး
၁၃။ ဝိဇ္ဇာ ရှစ်ပါး နှင့် ပြည့်စုံ၍ မဂ် ဖိုလ် ရနိုင်ခြင်း အကျိုး။
အဇာတသတ်မင်းသားဟာ သာမညဖလသုတ္တန် ကိုနာယူလိုက်ရတဲ့အချိန်က စပြီး ဗုဒ္ဓသာသနာတော်ကို သက်ဝင်ယုံကြည်လာပြီး ပုထုဇဉ်များထဲမှာ ရတနာ သုံးပါးကို အကြည်ညို ဆုံး ပုဂ္ဂိုလ် ဖြစ်လာခဲ့ပါတယ် ကလေးတို့ရေ..။
သူရဲ့ အမှား ကို နောင်တ ဖြစ်ပြီး သတိတရားရလာ ခဲ့ပါတယ်။ ဗုဒ္ဓသာသနာတော် ကို အသက်ပေးပြီး ကြည်ညိုလာ တဲ့သူဖြစ်လာ ပါတယ်။
****မြတ်စွာဘုရား တပည့်တော်သည် မိုက်၍ တွေဝေ၍ မလိမ္မာ၍ အပြစ်သည် တပည့်တော်ကို လွှမ်းမိုးသွားခဲ့ပါပြီ။ တရားစောင့်သော တရားသဖြင့် မင်းပြုသော ခမည်းတော်ကို မင်းစည်းစိမ် ( အာဏာ) ဟူသော အကြောင်းကြောင့် တပည့်တော် သတ်မိခဲ့ပါ၏။ ထို တပည့်တော် ၏ အပြစ်ကို နောင် အခါစောင့်စည်းခြင်းငှာ အပြစ်ဟု မြတ်စွာဘုရား ကလက်ခံတော် မူပါဘုရား။**** လို့ ဘုရားရှင်ထံပါး မှာ လျှောက်ထားခဲ့ပါတယ်။
မင်းကြီး အကြင်သူသည် အပြစ်ကို အပြစ်ဟု အကြောင်းအားလျော်စွာ ကုစား၏။ နောင်အခါ စောင့်စည်း၏။ ထိုသူ၏ ကုစားစောင့်စားခြင်းသည် အရိယာ၏ ဝိနည်း အဆုံး အမ၌ ကြီးပွားခြင်း ပင်တည်းဟု ပြန်လည် မိန့်တော်မူ ပြီးစိတ်သက်သာရာရ စေခဲ့ပါတယ်။
နောက်တော့လည်းသူဟာပထမ သင်္ဂါယနာ တင်ပွဲကြီး ဖြစ်မြောက်အောင် ဒါယကာ အဖြစ်ခံယူ ကူညီခဲ့ပါတယ်။ ဗုဒ္ဓသာသနာတော် နှစ်ကို အတိအကျ သတ်မှတ်ပေးခဲ့ပါတယ်။
ပိဋကတ်တော်များ ကို မပျက် မစီးရအောင် သံင်္ဂါ ယနာ အဆက်ဆက် တင်၍ ယနေ့တိုင်အောင် ထိန်းသိမ်း ထားနိုင်တာတွေ၊ ဓာတ်တော်များကို ရှာဖွေ ပြီး စုဆောင်း ထိန်းသိမ်းထားခဲ့လို့သာ သီရိဓမ္မာသော ကမင်းကြီး ကစေတီပေါင်း ရှစ်သောင်းလေးထောင် တည်ထား၍ သာသနာ ပြုနိုင်တာတွေဟာ အဇာတသတ်မင်းသားရဲ့ ကျေးဇူးလို့ နားလည် လက်ခံရမှာပါပဲ ကလေးတို့ရေ..။
အဇာတသတ်မင်း တရား ဘုရားရှင်ကို အဖူးအမျှော် သွားရောက်တဲ့အချိန်ဟာ တန်ဆောင်မုန်းလပြည့် ညချမ်းချိန်ခါ ကလေးပေါ။ နန်းတော်က ဘုရား ကျောင်းဆောင်ကို သွားတဲ့အခါ နန်းမြို့တော် အရှေ့ဘက် တံခါးကထွက် ရလို့ အရှေ့ဘက်ရှိတောင်ရိပ်နဲ့ သစ်ပင် အရိပ်များလူသွားလမ်းပေါ် ကျရောက်နေလို့ မှောင်မဲ နေတာပေါ့လေ..။ ဒါကြောင့် လိုက်ပါသူတွေအားလုံးဟာမီးရှူး မီးတိုင်တွေ အလင်းရောင်တွေ ထွန်းညှိပြီး သွားရောက်ခဲ့တာက အစပြုလို့ တန်ဆောင်တိုင် မီးထွန်းပွဲတော်ဟာ ဘုရားရှင်ကို ပူဇော်ပွဲအလေ့အထ စတင် ဖြစ်တည်ခဲ့ရပါတယ်။
ကျေးဇူးတော်ရှင် မြတ်စွာဘုရား ဟောကြားခဲ့တဲ့ သာမညဖလ သုတ္တန်ကို နာကြားခဲ့လိုက်တဲ့ အဇာတသတ်မင်းတရား အဘို့ တရားအဆုံးမှာ သောတာပန် တည်နိုင်တာပေါ့။ သူကျူးလွန်ခဲ့တဲ့ ကံက မဂ်ဉာဏ် ဖိုလ် ဉာဏ် ကို တားမြစ်ထားခဲ့တာပေါ့လေ..။ ဒါကို သင်္ခန်းစာယူရပါလိမ့်မယ်။ သည် ဘဝမှာ မဂ်ဉာဏ် မရနိုင်တာကို သိပေမဲ့ အားတော့ မလျှော့ပါဘူး။ ကျေးဇူးတော်ရှင် မြတ်စွာဘုရားကို ကြည်ညိုပြီးသာသနာကို ကြိုးစား စောင့်ရှောက်ခဲ့ပါတယ်။
၁။ အိပ် မပျော်တဲ့ ရောဂါ ဝေဒနာ ငြိမ်းအေးသွားခဲ့ပါတယ်။
၂။ ရတနာသုံးပါးကို နှစ်နှစ် ကာကာ ယုံကြည် လာပါတယ်။
၃။ ပုထုဇဉ်တွေ ထဲမှာ ရတနာ သုံးပါးကို အကြည်ညို ဆုံး ပုဂ္ဂိုလ် အဖြစ်မှတ်တမ်းတင်ခံရပါတယ်။
၎။ အပြစ်ကြီးလေးသော မဟာ အဝီ စိ ငရဲ မှာ မခံစားရတော့ပဲ အပြစ်ပေါ့တဲ့ လောဟ ကုမ္ဘီ ငရဲမှာသာ ခံရ ပါတော့တယ်။
၅။ နောင် အနာဂတ်ကာလမှာ ဝိဇိတာဝီ အမည် ဖြင့် ပစ္စေက ဗုဒ္ဓါ ဖြစ်ပြီး ကျွတ်တမ်းဝင် ရပါလိမ့်မည်။
မေမေ ကတော့ ပိုင်းလော့ဆရာ တော်ဘုရားကြီးသင်ကြားပေးလိုက်တဲ့ လင်္ကာလေးကို အမှတ်ရမိတယ်။
ကိုယ် မိုက်- မိုက်မှန်းသိ --- လူမိုက်ပညာရှိ
ကိုယ်ဆိုး- ဆိုးမှန်းသိ - လူဆိုးပညာရှိ
ဆိုးလျက်နဲ့ပင် တော်သည်ထင် ဆိုးမြဲ ဆိုးမည်ပင်။
ကလေးတို့လည်း အဇာတသတ်မင်းသားကို နမူနာ ယူပြီး သံသရာမှာ ကိုးကွယ် ဆည်းကပ်သင့်တဲ့ ဆရာမှားခဲ့ လို့ရခဲ့တဲ့ ဆိုးကျိုးတွေ အပေါ် သင်္ခန်းစာယူ နိုင်ကြပါစေ။ မေမေတို့ ကို သံသရာ့ချောက်ထဲမကျအောင် လမ်းကြောင်း မှန်ကိုသွန်သင် ဆုံးမသင်ကြားပြသပေးတဲ့ ကျေးဇူးတော်ရှင် သံဃာတော် အပေါင်းကို သာမညဖလ အခါတော်နေ့မှာ ရိုသေလေးမြတ်စွာ ရှိခိုးပူဇော်ကြရအောင်နော်။

(မာဂဓီ-သာစည်ရဲ့ ရာသီပွဲတော် နေ့များစာအုပ်ကို ဖတ်ရှု ကိုးကားရေးသား ပါတယ်။ မာဂဓီ-သာစည် အရှင်မြတ်ကိုလည်း ပူဇော် ဦးခိုက်လိုက်ပါတယ်)

Psycho Buddhists

Dr Holly and co. have been thinking long about a psychology and Buddhism meeting of some kind. Getting things underway there will now be a meeting every month (ish) at a cafe somewhere in town. First attempt was Starbucks, but it proved a little noisy.

Next meet will be Tuesday 10th November, 4 pm.

In the Indigo, just off soi Convent. (Sala Daeng BTS).

leave a message below to be included on the email notification or connect by telephone.

Over the last 10 years meditation, and especially mindfulness meditation, has become the watchword in psychology, with lots of genuine research. How far can Buddhist principles help psychologists, and how much can psychology help Buddhist meditators with their practise ? There is certainly lots of cross-over.

The next meeting will discuss the ego and ’self’.

Read more...

ကထိန်သင်္ကန်းအကြောင်း သိကောင်းစရာ

အလှူရေစက်လက်နှင့်မကွာ လှူဒါန်းကြသော မြန်မာဗုဒ္ဓဘာသာတို့ နယ်ပယ်၌ “ကျောင်းမှာ သိမ်၊ သင်္ကန်းမှာ ကထိန်” ဟူသော ဆိုရိုးစကားလေးကို လူတိုင်း ကြားဘူးကြမည်ထင်ပါသည်။ ကျောင်းလှူတာခြင်း အတူတူ “သိမ်ကျောင်း” လှူတာက ပိုမြတ်သည်ဟု ဆိုလိုရင်းဖြစ်ပေသည်၊အဘယ့်ကြောင့်ဆိုသော် သိမ် ကျောင်းသည် ရဟန်းပြုခြင်း၊ ဥပုသ် ပြုခြင်း၊ အခြားသော သံဃာ့ကိစ္စတို့ကို ပြုလုပ်ခြင်းတို့၌ အကျိုးပြုသောကြောင့် ဖြစ်ပေသည်။ ထို့အတူ သင်္ကန်းလှူတာခြင်း အတူတူ “ကထိန်သင်္ကန်း” လှူ ဒါန်းခွင့်ရခြင်းက ပိုမြတ်သည်ဟု ဆိုလိုခြင်း ဖြစ်ပေသည်၊ အဘယ့်ကြောင့်ဆိုသော် ကထိန် သင်္ကန်း လှူဒါန်းရာ၌ ထူးခြားချက်များစွာ (စည်းကမ်း များစွာ)ရှိနေသောကြောင့်ဖြစ်ပေသည်။ ကထိန် သင်္ကန်းအလှူ၏ထူးခြားချက်(စည်းကမ်းတို့ )ကို အနည်း ငယ်မျှ ရှင်းပြပါဦးမည်၊ ကထိန်သည် လှူဒါန်းမှု ဖြစ်ပေါ် လာပုံအားဖြင့်လည်းကောင်း၊ အချိန်ကာလအားဖြင့် လည်းကောင်း၊ အလှူခံအားဖြင့်လည်းကောင်း ၊ လှူဒါန်းဖွယ်ရာ ပစ္စည်းအားဖြင့်လည်းကောင်း၊ လှူနည်းအားဖြင့်လည်းကောင်း၊ (၀ိနည်းသိက္ခာပုဒ် ကင်းလွတ်ခွင့်ရခြင်း )အကျိုး အားဖြင့် လည်းကောင်း ၊ တစ်ခြားသော ဒါနတို့နှင့်မတူ “ မူ”များစွာ ထူးခြားနေ သည်ကို တွေ့ရှိနိုင်ပေသည်။

၁။ တခြားသော ပစ္စည်းတို့ကို လိုအပ်လျှင် မိဘကိုသော်လည်းကောင်း ၊ဆွေမျိုးကိုသော်လည်း ကောင်း ၊ဖိတ်မာန်ထားသူ (ရဟန်းဒကာ ရဟန်းအမ စသူ) တို့ကိုသော်လည်းကောင်း နှုတ်မြွက်၍ အလှူခံ ကောင်း (တောင်းကောင်း )၏ ၊ကထိန်သင်္ကန်းကိုကား မိဘကို သော်မှလည်း နှုတ်မြွက်၍ သိစေခြင်းငှာ (အလှူခံခြင်းငှာ) မအပ်ပေ၊ တစ်ခြားသူတို့ကိုကား အဘယ်မှာ ဆိုဘွယ်ရာ ရှိပါတော့အံ့နည်း၊ သူ့အလိုလို သဒ္ဓါတရားဖြစ်ပေါ်၍ လှူသော ကထိန်သင်္ကန်းကိုသာ အလှူခံခွင့်ရှိ၏၊ အလှူ ခံကောင်း၏ ၊ ( ကောင်းကင်မှ ကျလာသော သန့်ရှင်း ကြည်လင်သော မိုးရေမိုးပေါက်ကဲ့သို့သဒ္ဓါတရား သန့် သန့် လေးဖြင့်လှူသော “ကထိန်သင်္ကန်း” ဖြစ်ရပေမည်။ ယင်းကဲ့သို့သော ကထိန်သင်္ကန်းကိုပင် “မိုးကျကထိန်” ဟု ပြောဆိုကြခြင်း ဖြစ်ပေသည်။ (ကထိနံနာမ အတိဥက္ကဋ္ဌံ ၀ဋ္ဋတိ ၊ မာတရမ္ပိဝိညာပေတုံ န၀ဋ္ဋတိ၊အာကာသတော သြတိဏ္ဏသဒိသမေ၀ ၀ဋ္ဋတိ ၊)

၂။ကထိန်သင်္ကန်းသည်တစ်ခြားသော လှူဖွယ် တို့ကဲ့သို့ လှူချင်သည့်အချိန်လှူခွင့် မရပေ၊ သတ်မှတ် ထားသော သီတင်းကျွတ် လပြည့်ကျော်(၁) ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့ထိ တစ်လတိတိ အချိန်ကာလ အတွင်းသာ လှူခွင့်ရှိ၏။ ( ကထိန်ခင်းခွင့် ရှိ၏ ) ကျန်သော အချိန်များ၌ကား လှူခွင့် လုံးဝ မရှိပေ၊ ထို့ပြင် ကထိန်သင်္ကန်းသည် တစ်နှစ်မှ တစ်လ၊တစ်လမှ တစ်ရက်၊ တစ်ရက်မှ (တစ်ကျောင်း ) တစ်ကြိမ်သာ လှူခွင့် ရှိလေသည်။

၃။လှူဖွယ်ပစ္စည်းအားဖြင့် ကထိန်ခင်းရန် အတွက် သင်းပိုင်၊ ဧကသီ ၊ ဒုကုဋ် ( နှစ်ထပ် ) သင်္ကန်းတို့တွင် တစ်မျိုးမျိုး ဖြစ်ရပေမည်။ ( တခြားသော လှူဖွယ်ပစ္စည်းများကို အခြံအရံအဖြစ် လှူဒါန်းနိုင်ပါသည် )

၎။ လှူနည်းအားဖြင့်သံဃိကဒါနအဖြစ် သံဃာ အားသာ လှူဒါန်းရမည်ဖြစ်ပေသည်။
(ပုဂ္ဂိုလ်စွဲဖြင့် ပုဂ္ဂလိကဒါနအဖြစ် လုံးဝမလှူကောင်းပေ)၊ သံဃာတော်များက ထိုသင်္ကန်းကို အလှူခံယူပြီး သိမ်အတွင်း၌ ဉတ်ကမ္မ၀ါ ရွတ်ဖတ်၍ သင့်တော်သည့် ရဟန်းတော် တစ်ပါးပါးအား လှူဒါန်းရ၏ ဉတ်ကမ္မ၀ါ ရွတ်ဖတ်၍ လှူဒါန်းရသောကြောင့် ကထိန်ခင်းမည့် သင်္ကန်းကို “ ဉတ်သင်္ကန်း” ဟု ခေါ်ဆိုကြလေသည်။

၅။အလှူခံသော ရဟန်းသည်လည်း ပုရိမ၀ါ ကပ်၍ (၀ါမကျိုး မပျက်သော ) သီတင်းကျွတ် လပြည့် နေ့၌ ၀ါမှကျွတ်သော ရဟန်းတော်များသည်သာအလှူခံ ခွင့် ရှိလေသည်။ (ထိုရဟန်းတို့တွင်လည်း ဆင်းရဲနွမ်းပါး ဆုံးဖြစ်သော ရဟန်းကို ပထမဦးစားပေး၍ လှူဒါန်းရမည်ဖြစ်ပေသည်၊ ထိုရဟန်းမရှိမှ မထေရ်ကြီးစသည့် ရဟန်း တစ်ပါးပါးအား လှူဒါန်း ရမည် ဖြစ်ပေသည်။

၆။ အကျိုးအားဖြင့် ကထိန်အာနိသင်ရသော (ကထိန်ခံသော ရဟန်းနှင့်အနုမောဒနာပြုသော) ရဟန်းတော်များသည် ၀ိနည်းသိက္ခာပုဒ် နှင့်သက် ဆိုင်သည့် ကင်းလွတ်ခွင့် (၅) မျိုးကို သီတင်းကျွတ်လပြည့်ကျော် - ၁ -ရက်နေမှစ၍ တပေါင်းလပြည့် နေ့ထိ ၅ - လ တိုင်တိုင် ရရှိကြလေသည်။

ရဟန်းတော်များ ရနိုင်သောအကျိုး (၅) ပါး

၁။ မပန်မကြား ၊ လိုရာသွား ၊ ပြစ်များမသင့်ပြီ။
ဒကာ ဒကာမတို့၏အိမ်သို့( မြို့တွင်းရွာတွင်းသို့ ) သွားလို သည့်အခါ ထင်ရှားရှိသောရဟန်းကို ခွင့်မပန်ပဲ သွားနိုင် ပါသည် ။ (အကယ်၍ ကထိန်အာနိသင်မရမူ ခွင့်မပန်ပဲ သွားလျှင် အာပတ်သင့်၏ )

၂။ သုံးထည်ထဲမှာ ၊ ထားလိုရာ ၊ ထားကာ သွားနိုင်သည်။
တိစီဝရိတ်ဓုတင်ဆောင် ရဟန်းတော် ဖြစ်လျှင် သင်္ကန်း သုံးထည်တို့တွင်(သင်းပိုင် ဧကသီ ဒုကုဋ် )တစ်ထည် ထည်ကို ထားခဲ့ပြီး၍ သွားလိုရာ သွားနိုင်ပါသည်။ (အကယ်၍ ကထိန်အာနိသင် မရပဲ သင်္ကန်းတစ် ထည်ထည်ကို ထားခဲ့ပြီး၍ သွားလိုရာ သွားလျှင် အာပါတ်သင့်၏ )

၃။လေးပါးတူပင် ၊ ဂိုဏ်းဘောဇဉ် ၊ စားလျှင် စားနိုင်သည်။
ပင့်ဖိတ်သူဒကာ၊ ဒကာမတို့က အပင့်အဖိတ်မတတ်၍ အရှင်ဘုရား၊ တပည့်တော်တို့အိမ် ထမင်းစားကြွပါ ဘုရား၊ မုန့်ဟန်းခါးစား ကြွပါဘုရား၊ စသည်ဖြင့် မအပ်သော အသုံးအနှုံးဖြင့် ပင့်ဖိတ်သော်လည်း ဘုဉ်းပေးခွင့် ရှိ၏၊(အကယ်၍ ကထိန်အာနိသင် မရပဲ ဘုဉ်းပေးလျှင် အာပါတ်သင့်၏)

၎။ သင်္ကန်းများစွာ ၊ ငါးလမှာ ၊ သိမ်းကာ ထားနိုင်သည်။
မိမိရရှိသောသင်္ကန်းကို အဓိဋ္ဌာန် ၀ိကပ္ပနာ မပြုပဲ (သင်္ကန်းကာလ- ၅ -လအတွင်း ) ထားပိုင်ခွင့် ရှိသည်၊
( အကယ်၍ ကထိန်အာနိသင် မရရှိပဲမိမိ ပိုင်သင်္ကန်းကို အဓိဋ္ဌာန် ၀ိကပ္ပနာ မပြုပဲ ထားရှိပါက - ၁၀ - ရက်ကျော်လျှင် အာပါတ်သင့်၏)။

၅။သံဃာလှူငြား ၊ သင်္ကန်းများ ၊ သူအားသာ ဖြစ်သည်။
ကထိန်ခင်းသောကျောင်း၌ သင်္ကန်းဖြစ်ပေါ်လာတိုင်း ကထိန်ခင်းသော(ကထိန် အာနိသင်ရသော) ရဟန်းတို့ ပိုင်ဆိုင်ခွင့် စိတ်ကြိုက် ဝေဘန်ခွင့် ရှိသည်။ (အကယ်၍ကထိန်အာနိသင်မရပဲ ထိုကဲ့သို့စိတ်ကြိုက် ဝေဘန် လျှင် အာပါတ်သင့်နိုင်၏ )။
ကထိန်နှင့်ပါတ်သက်၍ ရဟန်းတော်များ ထူးခြားသော အကျိုးတို့ကို့ ရရှိနိုင်သကဲ့သို့ ကထိန် သင်္ကန်း လှူဒါန်းကြသော အလှူရှင်များမှာလည်း အကျိုးထူး များ ရရှိနိုင်ပါသည်။

လှူသူမှာလဲ ၊ နည်းတူပဲ ၊ ရမြဲကျိုးငါးမည် ။

၁။ တားဆီးကင်းကွာ ၊ လွတ်လပ်စွာ ၊ လိုရာသွားနိုင်သည် ။
မိမိသွားလိုရာအရပ်သို့ အဆီး အတား အပိတ်အပင် အနှောင့်အရှက်မရှိ လွတ်လွတ်လပ်လပ် သွားလာ နိုင်သည်။

၂။တာဝန်ကိစ္စ၊ မလေးရ၊ ပေါ့လှလေတော့သည် ။
မည်သည့်ကိစ္စပဲ ဆောင်ရွက်ဆောင်ရွက် တာဝန်ကြီး လေးသည်ဟု မရှိ ၊ပေါ့ပေါ့ပါးပါးဖြင့် အောင်မြင်အောင် ဆောင်ရွက်နိုင်သည်။

၃။ စားလိုရာများ ၊ စားသော်ငြား ၊ ဘေးကား မဖြစ်ပြီ။
မည့်သည့် အစားအစာကိုပဲစားစား အစား အသောက် ကြောင့် ဘေးဖြစ်ခြင်း ၊ အစာအဆိပ် သင့်ခြင်း မဖြစ်နိုင်။ (အစာကို ကြေညက် အောင် ချေဖျက်နိုင်သော ပါစက ၀မ်းမီးနှင့် ပြည့်စုံသည် )။

၎။ ပစ္စည်းအများ ၊ သိမ်းပိုက်ထား ၊ ဘေးကား မရှိပြီ။
မိမိပိုင်ဆိုင်သောပစ္စည်းများ ပျက်စီးအောင် ဖျက်ဆီး တတ်သော ဘေးရန်များ မကျရောက်နိုင်။

၅။ ကိုယ့်ပစ္စည်းများ ၊ သူတစ်ပါး ၊ ယူသွား ကင်းပသည် ။
မိမိပိုင်ဆိုင်သော ပစ္စည်းဥစ္စာများကို မိမိကမပေးပဲ မည်သူတစ်ဦးတစ်ယောက်မျှ မယူနိုင် ၊ မသိမ်းပိုက်နိုင်။ ကထိန်ဒကာ၊ ကျိုးငါးဖြာ၊ ကောင်းစွာ ရနိုင်သည်။
ထို့ပြင် ကထိန်သင်္ကန်းလှူဒါန်းသော အလှူ ရှင်များမှာ --ရွှေအဆင်းကဲ့သို့ ၀ါဝင်းသော အသား အရေရှိခြင်း၊ ခန္ဓာကိုယ်၌ ( မြူ စသော ) အညစ် အကြေး ကင်းစင်ခြင်း ၊ ( အလှဖျက် အနာအဆာ မရှိခြင်း ) ၊ ခန္ဓာကိုယ်နူးညံ့ပြေပြစ်ခြင်း ၊ ကိုယ်ရောင် ကိုယ်ဝါ တောက်ပခြင်း ၊ ညိုရွှေဖြူနီစသော ခေတ်ပေါ် အ၀တ်အထည် အမျိုးမျိုးကို ဆင်မြန်းခွင့် ၀တ်ဆင်ခွင့်ရခြင်း ၊ ကျောင်းအမကြီး ၀ိသာခါစသူတို့ကဲ့သို့ မဟလ္လတာ တန်ဆာကို ဆင်မြန်းခွင့်ရရှိ ခြင်းတို့နှင့် အရဟတ္တဖိုလ်ပေါက် နိဗ္ဗာန်မျက်မှောက် ပြုနိုင်ခြင်း ဟူသော အကျိုးတရားများစွာ တို့ကိုလည်း ရရှိနိုင် ပေသည်။

ကထိန်သင်္ကန်းဖြစ်ပေါ်လာပုံသမိုင်းအကျဉ်း
သုံးလောကထွဋ်ထား ရှင်တော်မြတ်ဘုရားသည် သာသနာပြုရာ၌ ဗဟိုဌာနချုပ်သဖွယ်ဖြစ်သော သာဝတ္ထိပြည် အနာထပိဏ်သူဌေး ( သူဌေးကတော်ပုညလက္ခဏဒေ၀ီ ) ဆောက်လုပ်လှူဒါန်းအပ်သော ဇေတ၀န် ကျောင်းတော်ကြီး၌ သီတင်းသုံးနေတော်မူ၏။
ထိုစဉ်အခါ တောရကျောင်း၌ သီတင်းသုံး နေထိုင်ခြင်း အာရညက ဓုတင်၊ဆွမ်း ခံ၍ဘုဉ်းပေးခြင်း ပိဏ္ဍပါတ် ဓုတင်၊ လူတို့ကမသုံးလို၍ အမှိုက်ပုံစသည်၌ စွန့်ပစ်ထားသော မြေမှုန့်အလိမ်းလိမ်းကပ်ငြိနေသော အ၀တ်စုပ်ကို သင်္ကန်းချုပ်ဆိုးကာဝတ်ရုံသုံး ဆောင်ခြင်း ပံသူကူဓု တင်၊ သင်းပိုင် ဧကသီ ဒုကုဋ်ဟူ သောသင်္ကန်း သုံးထည် ကို အမြဲဆောင်ခြင်း တိစီဝရိက်ဓုတင်၊ ယင်းဓုတင် အကျင့်မြတ်တို့ကိုကျင့် သုံးကြသော ဘဒ္ဒ၀ဂ္ဂီ ညီနောင်သုံးကျိပ်တို့သည် ရှင်တော်မြတ် ဘုရားကို ဖူးမြင်ရန် သာဝတ္တိပြည် ဇေတ၀န်ကျောင်းတော်သို့ လာကြ ရာ ၀ါဆိုရက် နီးကပ်နေ၍ သာဝတ္ထိ ပြည်သို့လည်း ၀ါဆိုရန်မမှီတော့သည့်အတွက် လမ်းခရီးအကြား သာဝတ္တိ ပြည်နှင့် ခြောက်ယူဇနာ ဝေးသော (တစ်ယူဇနာ- ၈ -မိုင်နှုန်း ) သာကေတမြို့၌သာ ၀ါဆိုကြရရှာလေသည်။ ထိုရဟန်းတော်သုံးကျိပ်တို့ သည် ရှင်တော်မြတ်ဘုရားနှင့် “နီးလျှက်နဲ့ဝေး” ဖြစ်နေကြသောကြောင့် မပျော်ပိုက်ပဲ တစ်ဝါတွင်းလုံ၊ နေကြရလေသည်။
ဝါကားကျွတ်လေပြီ၊ သို့သော် မိုးကား မလွတ် သေးပေ၊ မိုးလွတ်သည်ထိလည်း အချိန်ကုန်ခံ၍ စောင့် မနေနိုင်တော့ပေ၊ ထို့ကြောင့် ၀ါကျွတ်၍ ပ၀ါရဏာပြုပြီး သည်နှင့် တပြိုင်နက် မိမိတို့ ၀ါဆိုရာ သာကေတမှ ဘုရားရှင် သီတင်းသုံးရာ သာဝတ္ထိသို့ မိုးထဲရေထဲ ရွှံထဲဗွက်ထဲ မှာပင် ဘုရားရှင်ကို ဖူးမြင်ရန် ဆန္ဒ ပြင်းပြကြသဖြင့် မိုးရေစိုရွှဲ ပင်ပမ်းဆင်းရဲစွာ ကြွတော်မူ ကြရလေသည်။
ဘုရားရှင်ထံမှောက် ရောက်ကြ၍ လက်အုပ် ချီမိုး ရှိခိုးကြပြီး သင့်တော်ရာ၌ ထိုင်နေကြသော ထိုဘဒ္ဒ ၀ဂ္ဂီ ညီနောင်သုံးကျိပ်တို့အား ဘုရားရှင်က “ရဟန်းတို့
အသို့နည်း၊ ကျန်းမာကြကုန်၏လော ၊မျှတကြကုန်၏လော၊ အညီအညွတ် ၀မ်းမြောက်ဝမ်းသာ မငြင်းခုံဘဲ ချမ်းသာစွာ ၀ါကပ်ခဲ့ကြပါကုန်၏လော၊ ဆွမ်းအတွက် မပင်ပမ်းပဲ ရှိကြပါကုန်၏လော”ဟု မေးမြန်းတော်မူရာ၊ ရဟန်းတော်များက “ ကျန်းကျန်းမာမာ မျှမျှတတ ညီညီညွတ်ညွတ် နှင့် နေခဲ့ကြရပါသည် ၊ ဆွမ်းအတွက် လည်း မပင်ပမ်းပဲ ရှိကြပါသည်။ သို့သော် သာဝတ္ထိသို့ ၀ါဆိုမှီရန် လာကြပါသော်လည်း ၀ါဆိုရက်နီးကပ်လွန်း သဖြင့် လမ်းခရီးအကြား သာကေတ၌သာ ၀ါဆို ခဲ့ကြရ ပါသည်၊၀ါကျွတ်၍ ပ၀ါရဏာပြုပြီး သည်ဆိုရင်ပဲ မိုးထဲ ရေထဲရွှဲ့ထဲဗွက်ထဲ စိုရွှဲသောသင်္ကန်း များဖြင့်ပင်ပင် ပမ်းပမ်း လာခဲ့ကြရပါသည်ဘုရားဟု” အကြောင်းစုံကို ရှင်တော်မြတ်ဘုရားအား လျှောက်ထားကြလေသည်။ ထိုပါဝေယျကတိုင်းသား ရဟန်းတော်တို့၏ နှစ်ထပ် သင်္ကန်းကိုယ်စီ ဆောင်ထားကြလျှက် မိုးထဲရေထဲ ရွှံ့ထဲ ဗွက်ထဲ၌ မိုးရေများစိုရွှဲကာ ပင်ပမ်းဆင်းရဲကြီးစွာဖြင့် -လာကြရသည်ကို အကြောင်းပြု၍ “ အနုဇာနာမိ ဘိက္ခဝေ ၀ဿံ ၀ုဋ္ဌာနံ ဘိက္ခူနံ ကထိနံ အတ္ထရိတုံ၊ ရဟန်းတို့ ၀ါကျွတ်သော ရဟန်းတို့အား ကထိန်ခင်းခြင်းငှာ ခွင့်ပြု၏” ဟု အစရှိသည်ဖြင့် ကထိန်ခင်းခြင်း (ကထိန်သင်္ကန်း) ကို ရှင်တော် မြတ်ဘုရား ခွင့်ပြုတော်မူပါသည်။

၁။ ဥစ္စာဓန၊ ပေါကြွယ်ဝလည်း၊ လောဘစုံမက်၊
မလှူရက်က၊ တသက်လျှာ လူဖြစ်နာ၏။

၂။ ဘုရားသာသနာ၊ ကြုံတွေ့ပါလည်း၊ ကောင်းစွာ
သီလ၊ မတည်ကြလျှင်၊ ဘ၀တွက်တာ လူဖြစ်နာ၏။

၃။ သူတော်တရား၊ နာရငြားလည်း၊ လေးစားကြိုး
ကုတ်၊ အားမထုတ်က၊ ဆုတ်ယုတ်သင့်မှာ လူဖြစ်နာ၏။

၎။ ဗုဒ္ဓတရား၊ ရှိနေငြားလည်း၊ အမှားနှစ်ခြိုက်
လမ်းလွဲလိုက်က၊ အမိုက်ထိပ်ဆုံး လူဖြစ်ရှုံး၏။

၅။ လက်ရှိဘ၀၊ မရှုံးရအောင်၊ ဒါနသီလာ၊ ဘာဝနာကို၊ မကွာနေ့ည၊ ကြိုးစားကြလော့…. ။

အရှင်ကိတ္တိဇယ(ညောင်ကန်အေး)
http://www.linkardipa-ashin.co.cc/ မှ ကူးယူဖော်ပြပါသည်။

အရှင်ဝရသာမိ
http://www.sbay-student.org/

www.sbay-student.co.cc/

Read more...

Portugal's Paper Festival

ရေးသားသူ ထူးပ သောကြာနေ့၊ အောက်တိုဘာလ ၃၀၊ ၂၀၀၉

စာရွက်များဖြင့် ပန်ချီပုံဖော်ထားတဲ့ အနုပညာလက်ရာများဖြင့် ပြပွဲလေးကို ပေါ်တူကီမှာ ကျင်းပခဲ့ရာမှာ ပြင်ဆင်ထားတဲ့ ပုံလေးတွေပါ။
လှလည်းလှ စာရွက်တွေလည်း အတော်ကုန်မဲ့ပုံပဲ။ အချိန်တော်တော်ယူပြီး လူအင်အားနဲ့ အားစိုက်ထုတ်ရမယ်နော်။ ဒါပေမယ့် ပြပွဲပြီးသွားတဲ့အခါ ဘာလုပ်လိုက်မလဲလို့ တွေးမိပါတယ်။

Beautiful Paper Festival in Portugal

Beautiful Paper Festival in Portugal

Beautiful Paper Festival in Portugal

Beautiful Paper Festival in Portugal

Beautiful Paper Festival in Portugal

Beautiful Paper Festival in Portugal

Beautiful Paper Festival in Portugal

Beautiful Paper Festival in Portugal

Beautiful Paper Festival in Portugal

Beautiful Paper Festival in Portugal

Beautiful Paper Festival in Portugal

Beautiful Paper Festival in Portugal

Beautiful Paper Festival in Portugal

Beautiful Paper Festival in Portugal

Beautiful Paper Festival in Portugal

Beautiful Paper Festival in Portugal

Beautiful Paper Festival in Portugal

Beautiful Paper Festival in Portugal

Beautiful Paper Festival in Portugal

Beautiful Paper Festival in Portugal

Beautiful Paper Festival in Portugal

Beautiful Paper Festival in Portugal

ရွှင်လန်းချမ်းမြေ့ပါစေ။
Printer Friendly

Read more...

Vietnam: Buddhists offer free education for poor children

VietNamNet Bridge, Oct 29, 2009

Ho Chi Minh City, Vietnam -- Lien Hoa pagoda in HCM City is the place, where hundreds of poor children from the ‘immigration village’ at Nhi Thien Duong bridge pier go to learn.

Like other classes, the class at the Lien Hoa pagoda has a teacher and students. However that is where similarities end.

As the children of rural migrants, students here have neither cash nor “ho khau” a permanent residential book enabling them to go to local schools.

Each class starts with Buddhist prayers. The children say “Nam mo a di da Phat” (Glory to Buddha Amitabha) 10 times before each lessons. Nguyen Van Tong, the teacher of the class, says students need to pray to Buddha because they need to learn morality before learning lessons.

Tong, a retired school teacher from a traditional school, is unpaid.

Despite the circumstances the conditions are impressive. They have textbooks, pens and school bags which the Buddhists have donated. There are plastic tables and chairs in the class. However, the tables appear a little small for fourth and fifth grade students. Only recently have they acquired a blackboard.

Monk Thich Thien Quy opened the class in 2006. In that year, Buddhists had to visit each family to persuade parents to allow their children to come to the class. However they found the children eager to learn and he class soon gathered 30 students.

The children here are learning free of charge and most of the teachers are otherwise retired. Teacher Tong is now 66 years old and teacher Nguyen Thi Ngoc Tuyet is 67.

As a result many children have learned to read and write. They go to class in the morning or afternoon, and often spend the rest of the time helping their families to earn a living.

Student Le Thi Kim Ngan, goes to class in the morning and then sells lottery tickets in the afternoon with her father. Despite being only eight years old she helps earn 100,000 dong a day to pay for food.

Hoang Anh Truong Thang, born in 1999, is now living with his great-grandmother, who is 83 years old, because his father passed away and his mother left.

He helps at the pagoda every day, cleaning rooms and gardening. His biggest fear is who will take care of him when his great grandmother dies.

One child suffers anemia and has to be hospitalised every month. Others have problems with their sight.

However, they are all still trying to learn as well as continuing to earn money for food.

Each of them hopes that education will ultimately help them escape poverty.

Read more...

သေမင်း မမြင်ရာ နိဗ္ဗာန်သို့ ...

နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။

သူတို့ထင်ရှား ရှိကြကုန်၏...
သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။

Thursday, October 29, 2009

သေမင်း မမြင်ရာ နိဗ္ဗာန်သို့ ...

စူဠပန္ထကသုတ်...

အကျွန်ုပ်သည်ဤသို့ ကြားနာခဲ့ရပါသည်-
အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ် သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ အသျှင် စူဠပန္ထကသည် မြတ်စွာဘုရား၏ မနီးမဝေး၌ သတိကို ရှေးရှုထင်စေပြီးလျှင် ကိုယ်ကို ဖြောင့်မတ်စွာ ထား၍ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေ၏။

မြတ်စွာဘုရားသည် မနီးမဝေး၌ သတိကို ရှေးရှုထင်စေပြီးလျှင်ကိုယ်ကို ဖြောင့်မတ်စွာထား၍ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေသော အသျှင်စူဠပန္ထကကို မြင်တော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသော အချိန်၌-

''ကောင်းစွာ ထားအပ်သောကိုယ် ကောင်းစွာ ထားအပ်သော စိတ်ရှိသည်ဖြစ်၍ ရပ်သော် လည်းကောင်း၊ ထိုင်သော် လည်းကောင်း၊ ထိုမှတစ်ပါး လျောင်းသော် လည်းကောင်း ဤသို့ သတိကို ကောင်းစွာထားသော ရဟန်းသည် ရှေ့နောက်ဖြစ်သော အကျိုးထူးကို ရရာ၏။ ရှေ့နောက်ဖြစ်သော အကျိုးထူးကို ရသောကြောင့် သေမင်း မမြင်ရာ နိဗ္ဗာန်သို့ ရောက်နိုင်ရာ၏'' ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။ 50

၁ဝ - စူဠပန္ထကသုတ်၊ သောဏဝဂ်၊ ဥဒါန်းပါဠိတော်၊ ခုဒ္ဒကနိကာယ်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP