* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Thursday, October 29, 2009

ငါသာ အတော်ဆုံး

သမီး
Sophomania-ဆိုတာ ငါသာ အတော်ဆုံး၊ ငါသာ အတတ်ဆုံးဆိုပြီး ဘ၀င်မြှင့်နေတဲ့ စိတ်ရောဂါတမျိုးပဲ။ ဒီလိုရောဂါမျိုး ၀င်လာရင် သတိထားပေတာ့။ ဒါဆိုရင် အရူးတမျိုး။ ဒိဋ္ဌုမ္မတ္တက-ဖြစ်တယ်။ မာန-လို့လဲခေါ်တယ်။ အမှန်ကတော့ မိမိထက် တော်တဲ့လူ၊ တတ်တဲ့လူ၊ မြတ်တဲ့လူတွေ ရှိနေပါတယ်ဆိုတာ မသိလို့ဘဲ။ ပညာ-မာနဆိုတာ အဆိုးဆုံးပဲ။ မာန-ဟာ သကဒါဂါမ် အနာဂါမ် ပုဂ္ဂိုလ်ထိ ရှိနေသေးတယ်။

ပုထုဇဉ်ဆိုတာ ပုထုဇ္ဇနော ဥမ္မတ္တကော-ဆိုတဲ့အတိုင်း လုံးဝဥဿုံ ပြည့်စုံတတ်သိ နားလည်သူဆိုတာ မရှိဘူး။ မသေမချင်း အသိတရားကို ရှာဖွေ ဖြည့်ဆည်းနေရတာပဲဆိုတာ သတိပြုစမ်းပါ။ ဒီလိုသိရင် မာန-မရှိတော့ဘဲ နိဝါတောစ-မိမိကိုယ်ကို နှိမ့်ချခြင်းဆိုတဲ့ မင်္ဂလာတရားတော်နဲ့ ပြည့်စုံပေလိမ့်မယ်။

အနိစ္စမြင်လျှင် မာနကွာပါတယ်-တဲ့။
ဘယ်ပုဂ္ဂိုလ် ဘယ်အရာဝတ္ထုမှ မမြဲဘူးဆိုလျှင် သိလျှင် ငါဆိုတဲ့မာန ကွာသွားတာပါပဲ။ အရူးရောဂါ ပျောက်သွားပါတယ်။ ဒါကြောင့် မြတ်စွာဘုရားက-
အတ္တာဟိ ကိရဒုဒ္ဒမော-လို့ ဟောကြားခဲ့တယ်။ အဓိပ္ပါယ်က ကိုယ့်ကိုယ်ကို ဆုံးမလို့ ခက်တယ်လို့ ဟောကြားတော်မူခဲ့တယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို အရင် ဆုံးမပါ။ မိမိကိုယ်ကို နှိမ့်ချပါ။

မောင်စန်းသော်

( ချစ်သမီးသို့ စာအုပ်မှ)

Read more...

သီချင်းသံနှင့် ဟောခြင်း အပြစ်ငါးပါး

၁။ မိမိကိုယ်တိုင်လည်း ထိုအသံ၌ သာယာပြီး တဏှာကို ပွားစေတတ်ခြင်း။
၂။ ဣနြေ္ဒနုသော သူတပါးကိုလည်း ထိုအသံ၌ သာယာပြီး တဏှာကို ပွားစေတတ်ခြင်း။
၃။ ဣနြေ္ဒကြီးသော လူကြီးလူကောင်း၊ ဆရာတော် သမားတော်အပေါင်းက ကဲ့ရဲ့တတ်ခြင်း။
၎။ သီချင်းသံ မပါပါအောင်၊ နားထောင်၍ မကောင်းကောင်းအောင် အသံရှည်ကြီး ဆွဲပြီး အသံလုပ်၍ ဟောသော ဓမ္မကထိကမှာ တည်ကြည်ခြင်း မရှိဘဲ သမာဓိလည်း ပျက်တတ်ခြင်း။
၅။ နောင်လာနောက်သားများလည်း ထိုနည်းကို အကောင်းမှတ်ပြီး အတုလိုက်တတ်ခြင်း။


Read more...

“အစွဲဖြုတ်တရား”

ပါချုပ်ဆရာတော် ဟောကြားထားတဲ့ တရားတော်ဖြစ်ပါတယ်။ ဒီတရားတော်ကတော့ ၀ိပဿနာနဲ့ ပတ်သက်တဲ့ တရားတော် ဖြစ်ပါတယ်။ “အရှင်သာရိပုတ္တရာမထေမြတ်ကြီးက အနာထပိဏ်သူဌေးအား ဟောကြားထားတဲ့ တရားတော်ကို” အခြေခံကာ ဟောကြားထားတာ ဖြစ်ပါတယ်။

''အစွဲဖြုတ်''တရားလို့ဆိုတော့ လောကမှာရှိတဲ့ သတ္တဝါတွေက ဘာတွေကိုစွဲနေကြသလဲ၊ အစွဲ ဘယ်နှစ်မျိုးရှိတယ်ဆိုတာ လေ့လာကြရမယ်။ ဒီအစွဲဖြုတ်တရားကို ဘယ်သူဟောခဲ့တာတုန်းဆိုတော့ မြတ်စွာဘုရားရဲ့ အဂ္ဂသာဝက ပညာအရာမှာ ထူးခြားတဲ့ ''ရှင်သာရိပုတ္တရာ''ဟောခဲ့တဲ့တရားဖြစ်ပါတယ်။ ရှင်သာရိပုတ္တရာ မထေရ်မြတ်က ဇေတဝန်ကျောင်း ဒကာကြီး သူဌေးကြီး နောက်ဆုံးနေ့မှာ ဒီတရားကို ဟောပေးတဲ့အနေနဲ့ ဟောကြားခဲ့တာဖြစ်လို့ အင်မတန် ထူးခြားတဲ့ တရားတစ်ပုဒ်ပဲ။ ''အနာထပိဏ္ဍိက''ဆိုပြီး ဟောလို့ သြဝါဒပေးတဲ့အနေနဲ့ ဟောလို့ ''အစွဲဖြုတ်'' တရားတဲ့။ ဇေတဝန်ကျောင်းဒကာကြီး အနာတပိဏ် ဆိုတာ ဗုဒ္ဓဘာသာဝင်သူတော်စင်တို့အားလုံး ကြားဖူးကြတဲ့ ကျောင်းဒကာကြီးရဲ့ ငယ်နာမည်ကို သိချင်မှ သိမယ်။ သူ့ကို ''အနာထပိဏ္ဍိက'' ''အနာတပိဏ်'' လို့ခေါ်ကြတယ်။
''အနာထပိဏ္ဍိက''လို့ ဘာလို့ခေါ်သလဲဆိုရင် ဗုဒ္ဓဘာသာဝင်မဖြစ်ခင် ပင်ကိုယ်စရိုက်ကိုက ''အလှူအတန်း ဝါသနာပါတယ်။ အလှူအတန်း ဝါသနာပါလို့ စားရမဲ့ သောက်ရမဲ့ နေ့စဉ်အမျှ ခိုကိုးရာမဲ့ ပုဂ္ဂိုလ်တွေ အလှူကြီးပေးနေတဲ့ စေတနာရှင်ကြီးလို့ အဓိပ္ပါယ်ရပါတယ်။ သူ့ငယ်နာမည်က ''သုဒတ္ထ'' သူ့ဆီမှာ ညီတစ်ယောက်ထဲရှိတယ်။ သူ့ညီရဲ့ နာမည် က ''သုဘူတိ''။ သူဘူတိဆိုတာ သာသနာတော်မှာ ဝင်ရောက်ပြီးတော့ အလွန်ထင်ရှားတဲ့ ရဟန္တာတစ်ပါး ဖြစ်တယ်။ အဲဒီတော့ အနာတပိဏ်သူဌေးကြီးဟာ ပင်ကိုယ်စရိုက်ကိုက အလှူအတန်းဝါသနာပါတာ ဖြစ်လို့ ဗုဒ္ဓမြတ်စွာ .... ဘယ်မှာတွေ့တုံး၊ သူနေတာက သာဝတ္ထိနေပြည်တော်မှာ နေတာ ဖြစ်သော်လည်းဘဲ၊ မြတ်စွာဘုရား ပထမဆုံးတွေ့တာကတော့ ရာဇဂြိုဟ်ပြည်။ ရာဇဂြိုဟ်သူဌေးက ရာဇဂြိုဟ်ရောက်နေတဲ့အချိန်မှာ မြတ်စွာဘုရားက ဆုံရ ကြုံရလို့ ဘုရားမမြင်ဘူးခင်ကတည်းက ဘယ်လောက်ကို ကြည်ညိုသလဲဆိုတော့ ''ဘုရား''ဆိုတဲ့ အသံကြားလိုက် ကတည်းက ညအိပ်မပျော်ဘူး၊ ဒီလောက်ထိအောင် သဒ္ဓါ စွမ်းအားထက်တယ်။ ညမှာ သုံးခါ မိုးလင်းတယ် ထင်ပြီးတော့ ညကြီးမှာ 'ထ'သတဲ့။ နံနက် မိုးသောက် အလင်းမရောက်ခင် မြတ်စွာဘုရားကို အာရုံပြုပြီးတော့ ဘုရား ...ဘုရား ....ဘုရား ဆိုပြီးတော့ မလင်းခင် 'လင်းတယ်' ထင်ပြီးတော့ အိပ်ယာကနေထပြီး၊ ဟို... အပြင်ထွက်သွားလိုက်တာ တကယ်တော့ မလင်းသေးဘူး။ မြို့ပြင်ရောက်သွားတဲ့အခါကျတော့ ထိုခေတ်ထိုအခါ ကာလက ညည့်နက်သန်းခေါင်မှာ ကွယ်လွန် အနိစ္စရောက်တဲ့ ပုဂ္ဂိုလ်တွေရဲ့ အလောင်းတွေ ကို မမြှုပ်နှံနိုင်လို့ သင်္ချိုင်းမှာ ဒီအတိုင်းပစ်ထားတယ်။
သူကလည်း မိုးလင်းပြီထင်လို့ ထွက်သွားလိုက်တာ အဲဒီအလောင်းတွေနားရောက်တဲ့အခါကျတော့ သူ့ခန္ဓာကိုယ်က အလင်းရောင်ပျောက်သွားလို့ အနည်းငယ်ကြောက်စိတ်ကလေး ဝင်လာတယ်။ အဲဒီ အချိန်မှာ သူဟာ တွန့်သွားတယ်။ မိုးမလင်းသေးဘူးဆိုတာ သိတယ်။ သို့သော်လည်းပဲ အားပေးတဲ့စကားသံလေးတွေ ကြားလိုက်တယ်။ ''သူဌေးကြီး နောက်မဆုတ်နဲ့ ဆက်သွားဆက်သွား ဘုရားရှိတယ်''ဆိုပြီးတော့ ပြောဆိုသံကြီးကို ကြားလိုက်ရတယ်။ ဆက်သွားလိုက်တယ်။ မြတ်စွာဘုရားကလည်း အဲဒီမှာ သုဿန်ထဲမှာ သီတင်းသုံးနေတဲ့အချိန်၊ ဘုရား ကလည်း 'သုဒတ္ထ' ဆိုတဲ့ အနာတပိဏ်သူဌေးကြီး လာပြီဆိုတာသိလို့ ကျောင်းတော်ကဆင်းပြီးတော့ လမ်းလျှောက်နေတယ်။ အနာတပိဏ်သူဌေး ခပ်လှမ်းလှမ်း ရောက်တဲ့အခါ ကျတော့ ဟေ့'သုဒတ္ထ' ဒီကိုလာခဲ့ဆိုပြီး လှမ်းခေါ်လိုက် တယ်။ သုဒတ္ထ ဒီကိုလာခဲ့လို့ ခေါ်လိုက်တာ သူ့နာမည် ဘုရားမသိလောက်ဘူးလို့ထင်တယ်။ ဘယ်တုန်းကမှ တွေ့ဘူးတာ မဟုတ်ဘူး။ မြတ်စွာဘုရားက ငယ်နာမည် ခေါ်လိုက်တဲ့အခါမှာ သိပ်ဝမ်းသာသွားတယ်။ မြတ်စွာဘုရားထံ ချည်းကပ်ပြီးတော့ တရားဓမ္မနာယူရင်းကနေ 'သောတာပန်' ဖြစ်သွားပြီးနောက် မြတ်စွာဘုရားကို ပင့်ပြီး ဆွမ်းတွေဘာတွေကပ်ပြီး သာဝတ္ထိပြည်ကိုြ<ွကဖို့ ဆိုပြီးတော့ လျှောက်တယ်။ ချက်ချင်းပဲ သာဝတ္ထိပြည်ကို ပြန်သွားတဲ့အခါကျတော့ ဇေတမင်းသားရဲ့ ဥယျာဉ်ကြီးကို ဝယ်လိုက်တယ်။ ဥယျာဉ်ကြီးရဲ့ တန်ဘိုးဆိုတာ ဘယ်လောက်လို့ဆိုရင် ဥယျာဉ်ဟာ တန်ဖိုးသိပ်ကြီးတယ်။ ပသေနဒီကောသလမင်းရဲ့ သားတော် တပါးဖြစ်တဲ့ 'ဇေတ'မင်းသားပိုင်တဲ့ ဥယျာဉ်ကြီးကို ဝယ်ချင်တော့ ဇေတမင်းသားဆီသွားတော့ မင်းသားဥယျာဉ်ကြီး ကျွန်တော် ဝယ်ချင်တယ်။ 'တန်ဖိုးဖြတ်ပါ'လို့ ဆိုတော့ မင်းသားက မရောင်းချင်ဘူး။ မရောင်းချင်ဘူးဆိုတော့ တန်ဘိုးပြောတဲ့အနေနဲမဟုတ်ဘူး။ ဒီသူဌေး မဝယ်နိုင်လောက်ဘူးဆိုတဲ့ အနေနဲ့ ပြည်တွင်းမှာရှိတဲ့ ဒင်္ဂါးတွေ အပြည့်ခင်းပြီး ဝယ်မယ်ဆိုရင်တော့ ငါရောင်းနိုင်မယ် လို့ပြောလိုက်တာ။ ငွေကြေးပမာဏနဲ့ ဆိုရင် မြေပြင်တခုလုံးကို သူပိုင်တဲ့ ဒင်္ဂါးတွေနဲ့ ခင်းပြီးတော့ ရေတွက်တာ ဘယ်လောက်ဆိုတာ ပြောလို့မရဘူး။ အဲလိုပြောလိုက်တဲ့အခါကျတော့ ဇေတမင်းသားဟာ မရောင်းချင်လို့ပြောတာ။ 'ကောင်းပြီ'ဆိုပြီးတော့ သူရှိတဲ့ ဒင်္ဂါးတွေနဲ့ ခင်းပြီးတော့ ဒါ တန်ဖိုးဖြတ်တာပဲလို့ ပြောတာနဲ့ မင်းသားက မဟုတ်ဘူး။ ဒါမဝယ်နိုင်အောင်လို့ပြောတာ။ အဲဒါ တရားရုံးကို ရောက်သတဲ့။ အဲဒီကိစ္စဟာ မင်းသားက တန်ဘိုးဖြတ်တာမဟုတ်ဘူး။ အနာတပိဏ်သူဌေးကြီးက တန်ဘိုးဖြတ်တာပဲ။ အဲဒီတန်ဘိုးနဲ့ စကားပြောပြီးသား ''စကားတည်ရမယ်''ဆိုပြီးတော့ သူ့ရှိနေတဲ့ ငွေတွေ ထုတ်ပြီးတော့ ဒင်္ဂါးတွေနဲ့ ခင်းလိုက်တာ။ ''၅၄ ကုဋေ'' ကုန်သွားတယ်။ အဲဒီ ၅၄ ကုဋေသော ငွေကြေးနဲ့ ဇေတဝန်ဥယျာဉ်ဆိုတာကြီးကို ဝယ်ပြီးတော့ ဆောက်တာ။ အဲဒီလို ဇေတဝန်ကျောင်းတော်ဆောက်တဲ့ အခါမှာ ဘုရားအစရှိတဲ့ သံဃာတော်တွေကို ဇေတဝန်ကျောင်းတော်သို့ ပင့်တယ်။ ပင့်ပြီးတော့ ဇေတဝန်ကျောင်းတော်ကြီးကို ရေစက်ချပြီးတော့ လှူဒါန်းခဲ့တယ်။ ဒါအနာတပိဏ်သူဌေးရဲ့ ဇာတ်လမ်းပေါ့။ ငယ်နာမည် 'သုဒတ္ထ'ဆိုတာ စားရမဲ့သောက်ရမဲ့ ပုဂ္ဂိုလ်တွေကို နေ့စဉ်နှင့်အမျှ ထမင်းကျွေးနေတယ် ဆိုတဲ့ ဂုဏ်ပုဒ်နဲ့သူ့ကို အနာထပိဏ္ဍိကဿလို့ ခေါ်သွားတာ။ အဲဒီနာမည်နဲ့ပဲ ဗုဒ္ဓစာပေထဲမှာပဲ ''အနာထပိဏ္ဍိကဿ အာရာမေ''လို့ ဆိုတာ အနာထပိဏ် ဆိုပြီးတော့ မှတ်တမ်းတင်တာရှိပါတယ်။ အေးလေ အဲဒီ သူဌေးကြီးက ဇေတဝန်ကျောင်းတော် မြတ်စွာဘုရားသီတင်းသုံးနေတဲ့ အချိန်ဆိုရင် နေ့စဉ် နေ့တိုင်း သူဟာ တစ်နေ့ကို နှစ်ကြိမ်သွားတယ် ကျောင်းကိုနော်။ အဲဒီတော့ ကျောင်းဆောက်ပြီးတော့ ကျောင်းဒကာဟာ ဘုရားဆီသွားတယ်။ လက်ချည်း ဘယ်တော့မှ မသွားဘူး။ လှူစရာတစ်ခု ပါသွားတာ ချည်းပဲ။ အဲဒီလို နေ့စဉ်နဲ့အမျှ အိမ်မှာလည်းပဲ သံဃာတော်တွေကို အမြဲပင့်ပြီး အမြဲဆွမ်းကပ်တယ်။ မြတ်စွာဘုရားကိုတွေ့တဲ့အခါကျတော့လည်း အင်မတန်မှ ချစ်ကြောက်ရိုသေ သနားဂရုဏာစိတ်ကလည်း ပါသေးတယ်။ ဘုရားကို ကြည်ညိုရုံတင်မဟုတ်ဘူး။ ဇေတဝန်ကျောင်းရောက်တော့ မြတ်စွာဘုရားက တရားဟောနေရင်း မနားရမှာစိုးလို့ ပုစ္ဆာပြဿနာတွေ မမေးဘူး။ ဘုရားအပေါ်မှာ ငဲ့ညှာတယ်။ အဲဒီလို နေလာတဲ့ဒကာကြီးမို့ မြတ်စွာဘုရားကလည်း အနာတပိဏ် သူဌေးကြီးလာမယ်ဆိုရင် သူ့အတွက် တရားတစ်ပုဒ်ကို ဟောလိုက်တာပဲ။ ဒါကြောင့်မို့ အနာတပိဏ်သူဌေးကြီးနဲ့ ပတ်သက်ပြီးဟောထားတဲ့ သုတ္တန်တွေ အများကြီးရှိတယ်။ အဲဒီ အနာတပိဏ်က ဘယ်သူ့ကို ကြည်ညိုသတုန်းဘုရားမေးလို့ရှိရင် လက်ယာရံအရာမှာ ဧတဒဂ်ရတဲ့ ''ရှင်သာရိပုတ္တရာ''ကို ကြည်ညိုတယ်။ အရာရာမှာ ရှင်သာရိပုတ္တရာ မထေရ်မြတ်ကို ကြည်ညိုလို့ ရှင်သာရိပုတ္တရာကလည်း အင်မတန်မှ နာမည်ကြီး။ အဲဒီလိုနဲ့ မြတ်စွာဘုရားဟာ နှစ်ပေါင်းနှစ်ဆယ်ကျော်နဲ့ တရားဟောလာရာ အဲဒီ ကျောင်းဒကာကြီး၏ ဝမ်းသာပီတိ ဘယ်လောက်ရှိသလဲ ဆိုရင် စဉ်းစားသာကြည့်ပေတော့ပေါ့။ မှန်ပါ့ဘုရား။ ဒီကျောင်းဒကာကြီးဟာ ''သောတာပန်'' ဖြစ်သွားပြီး တော့ ဓမ္မအမြင်နဲ့ကြည့်လို့ရှိရင် အင်မတန်မှ မှတ်သား စရာ ကောင်းတယ်။ ဘုန်းကြီးတို့ တရားချစ်ခင် သူတော်စင်ပရိတ်သတ်တို့ မှတ်သားဖို့ရာ အနာတပိဏ် သူဌေးက ဓမ္မအမြင်ကောင်းခြင်း မင်္ဂလာပြောပြီးတော့ ဇေတဝန်ကျောင်းအသွား ပုရဗိုဇ်တွေ နေထိုင်တဲ့ အရပ်ထဲကို ဝင်သွား အနာတပိဏ်သူဌေးကြီးလာတော့ ဖိတ်ခေါ်ပြီးတော့ စကားပြောကြတယ်။ အနာတပိဏ် ''ဘာမေးသတုန်း'' ဆိုလို့ရှိရင် ''ကဲပြောစမ်းပါအုံး သူဌေးကြီး၊ ဂေါတမ မြတ်စွာဘုရားရဲ့ ''အယူဝါဒ''ကို ပြောပါအုံး''ဆိုလို့ရှိရင် အနာတပိဏ်သူဌေးကြီးက ဘယ်လိုပြောသလဲဆိုလို့ရှိရင် အရှင်ဘုရားတို့ မြတ်စွာဘုရားက ဘယ်အယူဝါဒရှိပါသလဲဆိုတာ ပြည့်ပြည့်စုံစုံ မသိပါဘူးတဲ့။ ဒါဖြင့် ဂေါတမ မြတ်စွာဘုရားရဲ့ အယူဝါဒမသိဘူး ဆိုလို့ရှိရင် ရဟန်းတွေရဲ့ အမြင်ဝါဒ ရောတဲ့။ ရဟန်းတွေရဲ့ အမြင်ဝါဒလည်း အကုန်လုံးဝ မသိပါဘူးလို့ဖြေတယ်။ ဒါဆို မင်းရဲ့ အယူဝါဒကို ပြောပါလို့ပြောတော့ ''အရှင်ဘုရားရဲ့ အယူဝါဒကို အရင်ပြောပါ''နောက်တော့ မိမိရဲ့ အယူဝါဒကို နောက်မှ ပြောပါ့မယ် ဆိုပြီး သူ့ဝါဒပြောပြတဲ့အခါ ဘယ်လိုပြောသတုန်းဆိုရင် ဗုဒ္ဓဘာသာတစ်ယောက်ရဲ့ အမြင်လို့ပြောရမှာပေါ့နော်။ ''ယံကိဉ္စိဘူတံ၊ သင်္ခတံ၊ ပဋိစ္စသမုပ္ပါဒါနံ ယဒတေသံ တံဒုက္ခံ၊ ယဒတ္တာနုမေသော အတ္တာ'' ဗုဒ္ဓဘာသာ တစ်ယောက်ရဲ့ ဓမ္မအမြင်တစ်ခုပေါ့။ လောကမှာ ဖြစ်ပေါ်လာတဲ့ အရာမှန်သမျှ ''ယံကိဉ္စိဘူတံ'' ဖြစ်လာတဲ့ သဘာဝတရား၊ ''သင်္ခတံ'' အကြောင်းတရားတွေက စုပေါင်းထားလိုက်တာ ပဋိစ္စသမုပ္ပါဒါနံ-အကြောင်းတရား တွေကို စွဲပြီးတော့ ဖြစ်လာတဲ့အရာ၊ ဘာပဲဖြစ်ဖြစ် အကြောင်းမပါဘဲနဲ့ ဘာမှ မဖြစ်ဘူး။ အဲဒီ အကြောင်း တစ်ခုခုကို စွဲပြီးလို့ ဖြစ်လာရတဲ့ အကျိုးတရား မှန်သမျှ သည် ''အနိစ္စ'' ဘယ်တော့မှ မမြဲဘူး။ ဘယ်အရာမှ တည်မြဲတာ မရှိဘူး။ အားလုံးဟာ ထာဝရ ပြောင်းလဲနေတာဖြစ်တယ်။ အဲဒီ ထာဝရပြောင်းလဲနေတဲ့ အရာ မှန်သမျှဟာ ကျေနပ်စရာ မကောင်းတဲ့ ဒုက္ခပဲ။ အဲဒီ ကျေနပ်စရာမကောင်းတဲ့ ဒုက္ခဟာ ''ငါပိုင်တာလို့၊ ငါ့ဟာလို့'' ဒီလိုပြောလို့မရဘူးတဲ့။ ဘယ်သူကမှ ထိန်းချုပ်ထားလို့ မရတဲ့အတွက်ကြောင့် ''အနိစ္စဖြစ်''၊ ''ဒုက္ခဖြစ်''၊ ''အနတ္တဖြစ်'' အဲဒီသဘာဝတရားမှန်သမျှသည် ''နေတံ မမ'' ငါ့ဟာလည်းမဟုတ်ဘူး။ ''နေသော ဟမသ္မိ-ငါ့ဥစ္စာလည်းမဟုတ်ဘူး။ ''နမေသော အတ္ထာ'' ငါ့ရဲ့ အတ္တလည်းမဟုတ်ဘူး။ ဒါကျုပ်ရဲ့ အမြင် ဖြစ်ပါတယ်။ ဒါဗုဒ္ဓဘာသာတစ်ယောက်ရဲ့ အမြင်ကို ပြောတာ... (မှန်ပါ့ဘုရား)။ သူတော်စင် ပရိတ်သတ်တို့ ဗုဒ္ဓတရားစာကို ကြည့်ပြီးမြင်ရမှာ အကြောင်းတရားကို စပ်ပြီးဖြစ်ပေါ်လာတဲ့ သင်္ခါရတရား ပဋိစ္စသမုပ္ပါဒ အကြောင်းတစ်ခုကို စပ်ပြီးတော့ဖြစ်လာတယ်။ ဘယ်အရာပဲ ဖြစ်ဖြစ် သူ့ဘာသာသူ ဖြစ်ပြီးလာတာ မဟုတ်ဘူး။ အကြောင်းတစ်ခုစွဲပြီးတော့ ဖြစ်လာတာပါ။ ဘုန်းကြီးတို့ တတွေ ရထားတဲ့ ''ခန္ဓာကိုယ်ကအစ'' ရှိသမျှတွေအားလုံးဟာ ပတ်ဝန်းကျင် ''သင်္ခတ''ဆိုတာ အကြောင်းတရားတွေ ပေါင်းပြီး ဖန်တီးထားတာဆိုပါစို့၊ အလင်းရောင်လေး ရနေတယ်မဟုတ်လား။ အဲဒီ အလင်းရောင်လေးဟာ လျှပ်စစ်မီးရယ်၊ ဖန်ချောင်းရယ်၊ ဝါယာကြိုးရယ် အဲဒါတွေက စုပြီး ဖန်တီးထားလို့ အဲဒီ အလင်းရောင်လေးရှိတာ၊ လျှပ်စစ်မရှိဘူး၊ ဖန်ချောင်း မရှိဘူး၊ ဝါယာကြိုးမရှိဘူး၊ တစ်ခုခု မရှိရင်ဖြစ်မလား။ အလင်းရောင်ရှိသေးလား (မရှိပါဘုရား)။ အဲဒီတော့ အလင်းရောင်လေးဟာ ဘာကို မှီနေတာလည်းဆိုတော့ သေချာစဉ်းစားကြည့်ရင် ဖန်ချောင်းကြီးရယ်၊ ကြိုးရယ်၊ လျှပ်စစ်ရယ် မူတည်ပြီးတော့ ရှိနေတာ။ အဲဒါတွေမရှိရင် ဒီအလင်းရောင်လေးက ပျောက်သွားမယ်။ ''သင်္ခတံ'' အကြောင်းတရားကို စုပြီးတော့ ဖြစ်ပေါ်လာတဲ့ အကြောင်းတရားတွေ စုပေါင်းပြီး ဖြစ်ပေါ်လာတဲ့ အကြောင်းတရားတစ်ရပ်။ ဒါ့ကြောင့်မို့ ''ယံကိဉ္စိ ဘူတံ သင်္ခတံ ပဋိစ္စသမုပ္ပါဒါနံ ယဒတေသံ'' အကြောင်းတရားတွေက ပေါင်းစပ်ပြီးတော့ ပြုလုပ်ထားတဲ့ အကြောင်းတရားပါ။ ပဋိစ္စသမုပ္ပါဒါနံ အကြောင်းကိုစွဲပြီး ဖြစ်လာတဲ့ တရားမှန်သမျှဟာ အနိစ္စံ ဘယ်တော့မှ မမြဲဘူး၊ မြဲတယ်ဆိုတာမရှိဘူး (မှန်လှပါဘုရား)။ အဲဒီမမြဲတဲ့ တရားဟာ ကျေနပ်စရာ မကောင်းတဲ့တရားတော်၊ မမြဲလို့ ဒုက္ခလို့ပြောတာ၊ ဖြစ်ပြီးလို့ ငြိမ်နေတာ မဟုတ်ဘူး။ ဖြစ်ပြီးတော့ ပြောင်းလဲနေတာ ... ဒုက္ခဟာ လည်း ကိုယ်ပိုင်တဲ့အရာ မဟုတ်ဘူး။ ထို့ကြောင့် အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဆိုတဲ့ သဘာဝတရားက ဘာကိုစွဲလမ်းနေသတုံး ဆိုရင် ''နေတံ မမ'' ငါ့ဟာပဲ၊ ''နေသောဟံမသ္မိ'' ငါပဲလို့၊ ဓမ္မရဲ့ မခိုင်မြဲတဲ့ တရား၊ မမြဲတဲ့ တရားမှန်သမျှ၊ ဒုက္ခဖြစ်တဲ့အရာမှန်သမျှ အမြင်တွေဟာ ဒုက္ခရဲ့ အမြင် တွေပါပဲ။ အကြောင်းတရားကို စွဲပြီးတော့ ဖြစ်နေတာ။ ဘယ်အရာပဲဖြစ်ဖြစ် သူ့ဖါသာသူဖြစ်နေတာ မဟုတ်ဘူး။ အဲဒါ အကြောင်းတရားကို စွဲပြီးဖြစ်လာတာ။ အကြောင်းအရာမှန်သမျှ မမြဲဘူး။ အဲဒါ ငါ့ဥစ္စာ၊ ငါ့လိပ်ပြာဟု စွဲလို့ မဖြစ်ဘူး။ အဲဒါ ''အဆင့်မြင့်တဲ့ ဓမ္မအမြင်''၊မှန်လှပါဘုရား။ အနာတပိဏ်သူဌေးကြီးဟာ ''သောတာပန်''ဘဝနဲ့ သာသနာတော်မှာ အလွန် အားကိုးရတဲ့ ဗုဒ္ဓသာသနာတော်လက်ထက်မှာ နောက် ဆုံးတော့ အသက်အရွယ်ကြီးပြီး၊ နေမကောင်းဖြစ်ပြီး၊ နောက်ဆုံးနေ့ ရောက်လာတဲ့ အခါမှာတော့ လူ တစ်ယောက်ကို လွှတ်ပြီးတော့ မြတ်စွာဘုရားကို လျှောက်ထားတယ်။ အနာတပိဏ်သူဌေးကြီးဟာ မကျန်းမမာဖြစ်နေပါတယ်ဘုရား။ မြတ်စွာဘုရားကို အဝေးကနေပြီးတော့ 'ကန်တော့ပါတယ်'။ ရှင်သာရိ ပုတ္တရာမထေရ်မြတ်ကို သူ့အား သနားငဲ့ညှာတဲ့အနေနဲ့ အိမ်ကို ကြွခဲ့ပါအုံးဟု လျှောက်ထားတယ်။ ရှင်သာရိပုတ္တရာဟာ အင်မတန်ကြည်ညိုတဲ့ မြတ်စွာဘုရားကို ပင်ပန်းမှာစိုးတယ်။ အဲဒီတော့ မြတ်စွာဘုရားကို ကြွခဲ့ပါအုံးလို့ မလျှောက်ထားဘဲ အနာတပိဏ်သူဌေးကြီး မကျန်းမမာဖြစ်နေတယ်။ အဲဒီတော့ ရှင်သာရိပုတ္တရာဟာ ရှင်အာနန္ဒာကို အနား ခေါ်ပြီးတော့ ကြွတယ်။ အနာတပိဏ်သူဌေးဆီရောက်တော့ 'အရှင်ဘုရား ဘယ်နေရာမှ မသက်သာဘူး။ တစ်ကိုယ်လုံး ကိုက်ခဲနေတယ်။ ခေါင်းကြီးကလဲ တင်းကြပ်ပြီးတော့နေတယ်။ ဗိုက်ကြီးကလည်း အောင့်နေတယ်။ အဲဒီပြင်းထန်တဲ့ ဝေဒနာ ခံစားရတယ်။ လျော့ပြီးမသွားဘူး၊ တိုးတိုးလာတယ်ဘုရား။ အဲဒါကြောင့် တစ်နေ့တစ်ခြား ရွတ်ဖတ်ပြီး နေပါတယ်ဘုရား' လို့ လျှောက်တဲ့အခါကျတော့ ရှင်သာရိပုတ္တရာက အဲဒီ 'အစွဲဖြုတ်'တရားကို မြတ်စွာဘုရား ကိုယ်စားဟောတာ (မှန်လှပါဘုရား)။ အဲဒီ 'အစွဲဖြုတ်'တရားဆိုတာ ဘုန်းကြီးတို့ ဘာတွေစွဲနေတာတုန်း။ စဉ်းစားကြည့် ကြပါဦး။ အစွဲ (၃)မျိုးရှိတယ်။ ဘာတွေ စွဲနေကြသလဲ ဆိုတော့ 'တဏှာ ဂါဟ' -တဏှာစွဲ။ တဏှာစွဲဆိုတာ ဘယ်လိုစွဲသလဲဆိုရင် ''ဧတံ မမ-ဒါငါ့ဟာပဲ''လို့ အရာရာကို ငါ့ဟာပဲလို့ သိမ်းပိုက်တာ 'တဏှာစွဲ'လို့ ခေါ်တယ်။ ဆိုလိုချင်တာက မျက်စိက စွဲလိုက်တဲ့ အာရုံ၊ နှာခေါင်းက နံလိုက်တဲ့ အာရုံ၊ နှာခေါင်းက နမ်းရှူတဲ့ အာရုံတွေ။ လျှာက အရသာအာရုံ၊ ကိုယ်ကထိရတဲ့ အထိအတွေ့အာရုံ တွေကို 'ငါ့ဟာ'၊ အဲဒါ 'တဏှာစွဲ'လို့ ခေါ်တယ်။ ငါ့ဟာ၊ ငါ့ခေါင်း၊ ငါ့လက်၊ ငါ့ခြေလို့ မစွဲဘူးလား။ ငါ့ပစ္စည်း၊ ငါ့ကား၊ ငါ့ဥစ္စာ စသည်ဖြင့် တဏှာနဲ့ သိမ်းပိုက်ထားတာ...နော်၊ အဲဒီ ငါပိုင်တယ်လို့ စွဲတာမှန်သမျှဟာ တဏှာစွဲ၊ တဏှာက ဘယ်အရာပဲ ကြည့်ကြည့် အင်မတန်ခြားနားတယ်။ မြတ်စွာဘုရားက 'ငါ့ဟာလို့ မမြင်နဲ့တဲ့'။ ''ရူပံ ဘိက္ခဝေ .. ရုပ်တရားသည် ငါ့ဟာမဟုတ်ပါ၊ ဘိက္ခဝေ-ချစ်သား ရဟန်းတို့ ဘယ်ဟာမှ သင့်ဟာ မဟုတ်ဘူး''တဲ့။ ကိုယ့် ဟာလို့ မထင်နဲ့၊ အဲလို ဘုရားဟောတဲ့အထဲမှာ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်။ မျက်စိဆိုလည်း ငါ့မျက်စိလို့ မထင်နဲ့။ နားကလည်း ငါ့နားလို့ မထင်နဲ့။ ငါ့လျှာ ပြောရုံတင်မဟုတ်ဘူး၊ တကယ်လည်းပဲ ယုံကြည်နေတယ်။ မြတ်စွာဘုရားက အဲဒီအစွဲကြီးကို ဖြုတ်ပစ်ရမယ် ငါဆိုပြီး တဏှာက အရာရာကို သိမ်းပိုက်ပြီးတော့ စွဲလမ်းတဲ့ဟာက 'တဏှာဂါဟ'၊ နောက်တခါ 'မာနဂါဟ' ဆိုတာ မာနဆိုတဲ့ သဘောတရားက 'တဏှာ'ကို အခြေခံပြီးတော့ ဖြစ်တာ။ သူကလဲ တဏှာနဲ့ ယှဉ်တွဲတဲ့သဘာဝတရား။ စွဲနေတဲ့နေရာမှာ အရည်အချင်းကို သွားပြီးတော့ ဦးတည်ထားတယ်။ အရည်အချင်းကို ဦးတည်ထားသည့်အတွက် 'ဧသော မမ-ဒါငါပဲ'လို့ ဒီလိုတွေးတတ်လာတယ်။ 'မာန'ဆိုတဲ့ သဘောလေးထဲမှာ ကိုယ်ကိုကိုယ်ထင်နေတယ်။ အရည်အသွေးဆိုတဲ့ နေရာမှာ ကောင်းရင်လည်း၊ ကောင်းတဲ့ အရည်အသွေးပေါ်မှာ ဦးတည်ထားတယ်။ ညံ့ရင်လည်း၊ ညံ့တဲ့ အပေါ်မှာပဲ။ 'မာန'ဆိုတာ လူတိုင်းလူတိုင်းမှာရှိတယ်။ တစ်ချို့'မာန'မရှိဘူးလို့ထင်တာ။ မဟုတ်ဘူး။ 'ငါ'လို့ထင်နေတဲ့ အချိန်လေးကိုက 'မာန'ပေါ်တယ်။ တစ်ချို့ 'မာန'က တရားထူးတရားမြတ် မရလောက်အောင် 'မာန'ဖြစ်တယ်။ ကိုယ့်ရဲ့ အရည်အချင်းတစ်ခု စွဲလမ်းနေရင်... ဆိုပါစို့ အရှင်အနုရုဒ္ဓါ မထေရ်မြတ်ကြီးဟာ သာသနာတော်ကို ဝင်လာပြီးတော့ ပထမဝါတွင်းမှာ 'ဒိဗ္ဗစက္ခုအဘိညာဉ်' ရတယ်။ သူ့စိတ်ထဲမှာ ဒိဗ္ဗစက္ခုအဘိညာဉ်လို အဆင့်မြင့်တဲ့ တရားမို့လို့ 'ရဟန္တာ'ဖြစ်ဖို့အတွက် မခဲယဉ်းလောက်ဘူးဟု တွက်ထားတာ။ သို့သော် ကြိုးစားအားထုတ်ရင်း ရဟန်းကိစ္စမပြီးဘူး။ ကိလေသာတွေ မကုန်ဘူး။ မကုန်တော့ လမ်းစပျောက်နေလို့ ဆက်ပြီးတော့ အရှင်အနုရုဒ္ဓါမထေရ်ဟာ ရှင်သာရိပုတ္တရာမထေရ်ထံသို့ သွားလျှောက်တယ်။ ''အရှင်ဘုရားတဲ့ 'ဒိဗ္ဗစက္ခု'ဖြင့် စကြာဝဠာတစ်ထောင်ကို တစ်ထိုင်ထဲနဲ့ ကြည့်နိုင်ပါတယ်။ ဒါသူ့ရဲ့ quality- အရည်အချင်းလို့ပြောတယ်။ သူ့ရဲ့ သမာဓိစွမ်းအားက ဒိဗ္ဗစက္ခုအဘိညာဉ်ဟာ တထိုင်တည်းနဲ့ စကြာဝဠာ တစ်ထောင်ကို ဒိဗ္ဗစက္ခုလို့ ကြည့်လို့ရတယ်။ အဲဒီလို စွမ်းရည်သတ္တိရှိရဲ့သားနဲ့ တပည့်တော် 'ရဟန္တာ' ဘာဖြစ်လို့ မဖြစ်တာလဲဆိုတော့ ရှင်သာရိပုတ္တရာ မထေရ်က ထောက်ပြလိုက်တယ်။ ''ငါ့ရှင် အနုရုဒ္ဓါ... စကြာဝဠာတစ်ထောင်ကို ဒိဗ္ဗစက္ခုနဲ့ ကြည့်နိုင်တယ်လို့ ဒီအရည်အချင်းပေါ်မှာ အထင်ရောက်နေတာဟာ ငါ့ရှင် ဒါမာနပဲ၊ အဲဒီမာနရှိနေသမျှ ငါ့ရှင်တရားထူးမရနိုင်ဘူး'' မာနက ခံနေတာ၊ စဉ်းစားကြည့်နော်၊ ဒါ သူတကယ် စွမ်းနိုင်တဲ့အရာကို ပြောတာ၊ ဒါမျိုးကို 'ယထာဝ မာန' လို့ခေါ်တယ်။ ဟုတ်မှန်တဲ့အတိုင်း ဖြစ်တာ။ ဒါ့ကြောင့်မို့လို့ တရားအားထုတ်တဲ့နေရာမှာ သတိထားဖို့ပြောတာနော်၊ တစ်နေ့တစ်နေ့ ရိပ်သာသွားနေတယ်။ တရားအားထုတ်တဲ့အခါကျတော့ သမာဓိကောင်းနေတယ်၊ ကိုယ်ရဲ့သမာဓိအပေါ်မှာ ကောင်းလိုက်တာလို့ မှတ်ဉာဏ်ကလည်း ကောင်းလိုက်တာလို့ ထင်သွားရင် အဲဒါ မှားတယ်။ မာနဖြစ်နေလို့၊ မာန မှီနေတယ်လို့ ပြောရမယ်။ သာမန်ကြည့်ရင် မာနလို့တောင် မထင်ရဘူး။ ဥပမာလေးတစ်ခု စဉ်းစားကြည့်။ မြူမှုန်လေးတွေကို လက်ဖဝါးထဲတင်ရင် သိပ်မထူးခြားဘူး။ မျက်လုံးထဲ ထည့်ကြည့်စမ်းပါ။ ဘာဖြစ်လဲ။ မျက်လုံးမှာနော် ပေကလပ် ပေကလပ်နဲ့ မျက်ရည်တွေ ထွက်လာမှာနော်၊ ကျန်တဲ့နေရာ ဘာမှမဖြစ်ဘူး။ မျက်လုံကျတော့ ဒုက္ခပေးတယ်။ ထို့အတူပဲတဲ့ အရှင်အနုရုဒ္ဓါရဲ့ 'မာန'ဟာ သာမန်ကြည့်တော့ ဘာမှမဖြစ်ဘူး။ 'မာန'ရှိတယ်လို့တောင်မထင်ရဘူး။ တရားထူး တရားမြတ်ရဖို့ဆိုတာ အင်မတန်မှ အဆင့်မြင့်လာတယ်နော်။ အဲဒါကြောင့်မို့လို့ ဒီ'မာန'သည် အင်မတန် သိမ်မွေ့တဲ့မာနပဲ ဖြစ်ဖြစ်၊ 'မာန'ရှိနေတဲ့အတွက်၊ မာနကို မဖယ်ရှားနိုင်သေးသမျှ ကာလပတ်လုံး တရားထူးတရားမြတ်တွေ မရနိုင်တော့ ဘူး၊ ''မျက်လုံးထဲက မြူမှုန်လေး''လိုပဲ၊ ခိုးလိုးခုလု ဖြစ်ပြီး ဒုက္ခရောက်နိုင်တယ်။ အဲဒါနော် အင်း... အရှင်အနုရုဒ္ဓါကို ထောက်ပြလိုက်တဲ့အခါ အဲဒီအတွေးတွေ ဖျောက်လိုက်တော့မှ လမ်းကြောင်းတည့်ပြီး တကယ်'ရဟန္တာ' ဖြစ်သွားတယ်။ ဒါမှ မဟုတ်ရင် ''ရဟန္တာ''မဖြစ်နိုင်ဘူး။ အဲဒီမာနလေးကို သူစွန့်လွှတ်လိုက်တာနော်။ အဲဒီမာနဆိုတာ အဲဒီအရည်အသွေးတစ်ခုအပေါ်မှာ သွားပြီးတော့ အထင်ရောက်နေတဲ့ တရား။ သူကလည်း လောဘ ယှဉ်တွဲပြီးတော့မှ ဖြစ်တာပါနော်။ 'မာန'ဆိုတာ တခါတလေကျတော့ သူများထက်သာတယ်လို့ ထင်တာလည်း 'မာန'ပဲ။ သူနဲ့ကိုယ်နဲ့ အတူတူပါဘဲ ဆို လည်း မာနပဲ။ ဒီလိုယူဆတာလည်း 'မာန'ပဲ။ ငါတော့ သူ့ထက်နိမ့်ကျတယ်လို့ ဒီလိုတွေးတာလည်း'မာန'ပဲ။

ဆက်လက် တင်ပေးပါမည်။

Read more...

သီလဟူသည်... ၁၄၈-မှ-၁၆၁...(တည်တောဆရာတော်)

တည်တောဆရာတော်၏ သီလဟူသည်...

စာမျက်နှာ ၁၂၆-မှ-၁၄၇-သို့...















စာမျက်နှာ ၁၆၂-မှ-၁၇၄-သို့---

Read more...

အလှတရားရှာပုံတော် (၄)

နွေမလို့ ခေါ်ချင် ခေါ်လိုက်လေ…။ တို့က ဒီလို့ပဲနေတတ်တာ…။ လွတ်လပ်တယ်။ ပေါ့ပါးတယ်။ လေးလံမှုတွေကို ခ၀ါချထားတယ်။ ဟန်မဆောင်ချင်ဘူး။ ဘာရယ်? နွေဦးရဲ့ လေရူးတွေမှာ နွေမရဲ့ လှောင်ရယ်သံတွေ ကပ်ပါနေတယ်…ဟုတ်လား။ ဟိုး..ဟိုး ဒါတော့ တဆိတ်လွန်ပြီ…။ မာယာအကြောင်း ကောင်းကောင်းသိပေမဲ့ နွေမ.. ဘယ်တုန်းက အရိုးပေါ် အရွက်ဖုံးခဲ့လို့တုန်း ပြောစမ်းပါအုံး။ ဖုန်တွေ တသောသောလို လူတကာနဲ့ ရောရော နှောနှောလို့ နွေမရဲ့ ပွင့်လင်းမှုကို ရှင် အပြစ်မြင်တယ်။ တချိန်ကတော့ နွေမရဲ့ သဘာဝက အရိုးခံအလှဆို…။ ထားပါတော့လေ…တံလျပ်ကို ရေထင်မိတာ နွေမ အမှားဆိုလည်း နွေမဘ၀နဲ့ နွေမသာ ရှိပါစေတော့…။ မိုးနဲ့ ဆောင်းကိုသာ နွေမလို နှလုံးသားတွေ မခန်းခြောက်ရအောင် သတိပေးထားရမယ်။
*****
မိုးရေလို ခေါ်လိုက်ရင်… မြောက်ကနေ တောင်ဖြစ်ပစေ အပြေးလေး အရောက်လာတတ်တာ သူအသိပါလေ။ ရွာမလိုနဲ့ ညို… ညိုမလိုနဲ့ ပြို…အဲဒါ အဲ့ဒါတွေက မူယာမာယာတွေ မဟုတ်ရပါဘူး… ချစ်လို့ ကျီစားတာပါ။ ဒါကို သူက ရိုးမယ်ဖွဲ့ပြီ်လား။ တခါတလေ စိတ်ကြီးတဲ့ မိုး… ထစ်ချုန်းသံတွေနဲ့ သူ့ရင်ကို တအုံးအုံး ထုမိတာကို ချော့ကာမှပိုဆိုး အကဲပိုလွန်းတယ်လို့ ညူစူရက်တယ်နော်။ ပျော်ရင်လည်း ငို၊ စိတ်ညစ်ရင်လည်း ငိုတတ်တဲ့ မိုးဘ၀ကို ငြီးငွေ့စရာကြီးလို့ သူယူဆမှတော့ မိုးနေရာကလည်း ခံစားကြည့်ပါဦးကွယ်လို့ ဘယ်လို ပြောသာတော့မှာလဲ…။ ရှိပါစေတော့လေ ထားရာနေ စေရာသွားရတဲ့ဘ၀မှာ လွမ်းရင်လည်း ငိုတတ်နေပါပြီ…။ မိုးငိုရင် ကလေးတွေကတော့ ပျော်ကြလို့ ဖြေသာပါတယ်။ ဆောင်းနဲ့နွေရေ မိုးလို အုံ့မှိုင်းခြင်းတွေ ကင်းဝေးကြပါစေလို့ ဆုတောင်းလိုက်ပါတယ် သူငယ်ချင်းတို့ရေ…။
*****
အခုတော့လည်း ဆောင်းရဲ့အဖော်က နှင်းလေးတွေမှတပါး အခြားမရှိတော့ပါဘူးလေ။ အေးခဲနေတဲ့ ဆောင်းနှလုံးသားကို ဖွေးဖွေးဖြူတဲ့လက်ကလေးတွေနဲ့ မွမွလေး တို့ထိလို့ အားပေးနှစ်သိမ့်ကြပါတယ်။ သူတို့ ကိုယ်တိုင်က အေးမြနေမှတော့ နွေးထွေးမှုကို သူတို့လေးတွေ ဘယ်လာဆောင်ကြဉ်းနိုင်ကြပါ့မလဲ။ ဒါကို ဆောင်းလည်း သိတယ်။ သူတို့လည်း သိပါတယ်။ သိရက်နဲ့ သိရက်နဲ့ပဲ… ပုဝါ ပါးပါးလေး ခြားထားသလို မပီပြင်ဝိုးတ၀ါးတဲ့ အိပ်မက်မြူတွေနဲ့ နေသားကျနေပါပြီလေ။ တဖြုတ်ဖြုတ်ကြွေကျတဲ့ သစ်ရွက်လေးတွေကတောင် ဆောင်းရေ… မင်းကို မချစ်လို့ မဟုတ်ပါဘူးကွယ် လို့ မလုံမလဲ ပြောသွားကြတယ် နွေနဲ့ မိုးရယ်…။ ဆောင်းတို့ ဆုံနိုင်ခွင့်ရှိသေးရဲ့လားဟင်?
ပုံကို ဤနေရာမှ ယူပါသည်။
အလှတရားရှာပုံတော် (၁)
အလှတရားရှာပုံတော် (၂)
အလှတရားရှာပုံတော် (၃)


Read more...

ကမ္ဘာသည် အဘယ်မျှလောက် ရှည်ပါသနည်း...

ပဗ္ဗတသုတ် - (တောင်)

သာဝတ္ထိပြည်၌ သီတင်းသုံး နေတော်မူ၏၊
ထိုအခါ ရဟန်းတစ်ပါးသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာ ဘုရားကို ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား...

''အသျှင်ဘုရား ကမ္ဘာသည် အဘယ်မျှလောက် ရှည်ပါသနည်း'' ဟု လျှောက်၏။

ရဟန်း ကမ္ဘာသည် ရှည်လျားလှ၏၊ ထိုကမ္ဘာကို ''ဤမျှသော နှစ်တို့'' ဟူ၍ လည်းကောင်း၊ ''ဤမျှသော နှစ်အရာတို့'' ဟူ၍ လည်းကောင်း၊ ''ဤမျှသော နှစ်အထောင်တို့'' ဟူ၍ လည်းကောင်း၊ ''ဤမျှသော နှစ်အသိန်းတို့'' ဟူ၍ လည်းကောင်း ရေတွက်ခြင်းငှါ မလွယ်ဟု မိန့်တော်မူ၏။

အသျှင်ဘုရား ဥပမာကို ပြုခြင်းငှါ တတ်ကောင်းပါ၏လောဟု လျှောက်ပြန်၏။ ''ရဟန်း တတ်ကောင်း၏'' ဟု မြတ်စွာဘုရားသည် မိန့်တော်မူ၏။ ရဟန်း ဥပမာသော်ကား မကွဲမပြတ်သော အခေါင်းမရှိသော တစ်ခဲနက်ဖြစ်သော ကျောက်တောင်ကြီးသည် အလျားအားဖြင့် တစ်ယူဇနာ အနံအားဖြင့် တစ်ယူဇနာ အစောက်အားဖြင့် တစ်ယူဇနာ ရှိ၏၊ ထို ကျောက်တောင်ကြီးကို ယောက်ျားသည် အနှစ်တစ်ရာ အနှစ်တစ်ရာ လွန်သောအခါ၌ ကာသိတိုင်းဖြစ် အဝတ်ဖြင့် တစ်ကြိမ်တစ်ကြိမ်သာ ပွတ်တိုက်ရာ၏၊ ရဟန်း ထိုကျောက်တောင်ကြီးသည် ဤလုံ့လဖြင့် လျင်စွာသာလျှင် ကုန်ခြင်းဆုံးခြင်းသို့ ရောက်ရာ၏၊ ကမ္ဘာသည် ကုန်ခြင်းဆုံးခြင်းသို့ မရောက်ရာ။

ရဟန်း ကမ္ဘာသည် ဤသို့ ရှည်လှစွာ၏၊ ရဟန်း ဤသို့ ရှည်လျားလှသော ကမ္ဘာတို့၏ ''တစ်ခုသောကမ္ဘာ'' ဟူ၍ မပြောဆိုအပ်၊ ''ကမ္ဘာတစ်ရာ'' ဟူ၍ မပြောဆိုအပ်၊ ''ကမ္ဘာတစ်ထောင်'' ဟူ၍ မပြောဆိုအပ်၊ ''ကမ္ဘာတစ်သိန်း'' ဟူ၍ မပြောဆိုအပ်။

ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း-
ရဟန်း ဤသံသရာ၏အစကို မသိနိုင်၊ ရှေ့အစွန်းသည်။ပ။ ရဟန်းတို့ ဤသို့လျှင် အလုံးစုံသော သင်္ခါရတို့၌ ငြီးငွေ့ခြင်းငှါ သင့်လှသည် သာလျှင်တည်း၊ တပ်ခြင်း ကင်းခြင်းငှါ သင့်လှသည်သာလျှင်တည်း၊ လွတ်မြောက်ခြင်းငှါ သင့်လှသည် သာလျှင်တည်းဟု ဟောတော်မူ၏။ 128

၅ - ပဗ္ဗတသုတ်၊ ပဌမဝဂ်၊ နိဒါနဝဂ္ဂသံယုတ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


Read more...

လူ့ဘ၀ရခဲခြင်း နှင့် သံသရာရှည်လှပုံ

လူ့ဘ၀ရခဲခြင်းနဲ့ သံသရာရှည်လှပုံကို အကျဉ်းရုံးတင်ပြရမယ် ဆိုရင် ဘုရားရှင်ကိုယ်တော်မြတ်ကြီးက
သုတ္တန်နှစ်ခု နဲ့ ဆုံးမတော် မူခဲ့ပါတယ် ။
တနေ့သောအခါမှာ ဘုရားရှင် ကိုယ်တော်မြတ်ကြီးဟာ လက်သည်းခွံပေါ် မြေမှုန့် အနည်းငယ်တင်ပြီး ဤလက်သည်းခွံပေါ်က
မြေမှုန့်နှင့် မဟာပထ၀ီမြေကြီး အပြည့် မြေမှုန့်တို့သည် ဘယ်မြေမှုန့်က နည်းပါသလဲလို့ မေးပါတယ်တဲ့ ။
လက်သည်းခွံပေါ်က မြေမှုန့်ဟာ တုနိုင်းလို့ မရအောင် နည်းပါးလွန်းလှပါတယ်လို့ နောက်လိုက်ရဟန်းတွေက ဖြေပါတယ်တဲ့ ။
အဲ့ခါမှာ ဘုရားရှင်က ကောင်းပြီ အသင်တို့ ပြောသော ဤနည်းပါးလှသော မြေမှုန့် ပမာဏလောက်သာလျှင် လူနတ် ဗြဟ္မာတို့ သေလျှင် လူနတ် ဗြဟ္မာ ပြန်ဖြစ်တယ် ။ ကျန်တဲ့ ဤ မဟာပထ၀ီမြေကြီး ပမာဏရှိ လူနတ်ဗြဟ္မာတို့ဟာ သေလွန်တဲ့အခါမှာ အကုန် အပါယ်ကို ဆင်းပါတယ်တဲ့ ။

ဒါကြောင့် ယနေ့ စာဖတ်သူဟာ အပါယ်က လွတ်ပါပြီလို့ ကိုယ့်ကိုယ်ကို ပြောရဲပါ့မလား ။ ကြောက်စရာကောင်းလွန်းလှပါတယ် ။
ဒါကြောင့် ၀ိပဿနာ မကျင့်သေးတဲ့ ပုဂ္ဂိုလ်ဟာ ဆင်းမှာပဲ ဆိုတာကိုတော့ စဉ်းစားစရာမလိုပဲ ဗေဒင်မေးစရာမလိုပဲ သိနိုင်ပါပြီ ။
အဲ့ တစ်ချို့က ဒီလောက်နဲ့ မသိကြသေးပဲ အပါယ်ကို သွားလည်ချင်ကြသေးတယ် ။
ဒါကြောင့် ဘုရားရှင်ဟာ အပါယ်တစ်ခေါက် သွားလည်ချင်ကြသူများအတွက် ဒုတိယ သုတ္တန်ကို ဟောပြီး ထပ်မံ ဆုံးမပါတယ် ။

အင်မတန်မှ အပြောကျယ်လှတဲ့ သမုဒ္ဒရာကြီးရဲ့ ကြမ်းခင်းပေါ်မှာ မျက်လုံး စုံကန်းနေတဲ့ လိပ်ကြီးတစ်ကောင်ဟာ
တွားသွားနေပါတယ်တဲ့ ။ သမုဒ္ဒရာအထက် ရေပြင်ပေါ်မှာလည်းပဲ သွားချင်ရာသွား မျှောချင်ရာမျှောနေတဲ့ လှည်းထမ်းပိုးတုံးလေး တစ်တုန်းရှိပါတယ်တဲ့ ။ အဲ့ ထမ်းပိုးတုံးမှာ လိပ်ခေါင်းနဲ့ စွပ်ရုံ အပေါက်လေး တစ်ပေါက် ပါပါတယ် ။
လိပ်ကန်းဟာ အနှစ် ၁၀၀ ကြာမှ ရေမျက်နှာပြင်ကို တစ်ကြိမ်ပေါ်တယ်တဲ့ ။ မျက်လုံးကန်းနေပြီး နှစ် ၁၀၀ ကြာမှ တစ်ချိန်ပေါ်တဲ့ လိပ်ကန်းနဲ့ မျှောချင်ရာ မျှောနေတဲ့ ထမ်းပိုးတုန်းက အပေါက်လေးဟာ စွပ်ဖို့ ရာ လွယ်ပါ့မလားလို့ ဘုရားရှင်က မေးပါတယ်တဲ့ ။ အဲ့ခါမှာ ရဟန်းတွေက ဘယ်လိုမှကို မဖြစ်နိုင်ပါ ဘုရား ထမ်းပိုးတုံးကို ကိုင်ပြီး ကန်းနေတဲ့ လိပ်ကန်းခေါင်းကို
လိုက်စွပ်ရင်တောင်မှာ စွပ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘုရားတဲ့ ။

အဲ့အခါမှာ ဘုရားရှင်က ရဟန်းတို့ အသင်တို့ မဖြစ်နိုင်ဘူးလို့ ပြောတဲ့ လိပ်ကြီးရဲ့ ဦးခေါင်းနှင့် ထမ်းပိုးတုံးတို့သည်
အခြေအနေ တစ်ခု ကြောင့် စွပ်ကောင်းစွပ်သွားနိုင်တယ် ။ လိပ်ကန်းကလည်း ကမ္ဘာကြီးတည်သ၍ အသက်ရှည်မယ် ၊ ထမ်းပိုးတုံးကလည်း လိပ်ကြီး အသက်ရှင်သ၍ မျှောနေဦးမယ်ဆိုရင် အလွန်အင်မတန့် အင်မတန် ကံကောင်းရင်ဖြင့် စွပ်သွားနိုင်ပါတယ်တဲ့ ။ ဒါတောင် စွပ်ပါမယ်လို့ သေချာမပြောနိုင်ဘူးနော ။ စွပ်ကောင်း စွပ်သွားနိုင်ပါတယ်တဲ့ ။
အပါယ်ကို ဆင်းသွားတဲ့ လူနတ်ဗြဟ္မာတို့ကတော့ တစ်ကြိမ်ပြန်လည်ပြီး လူနတ်ဗြဟ္မာဖြစ်ဖို့ဆိုတာ အလွန်အင်မတန်မှ ရာထောင် မက ခဲယဉ်းလှပါတယ်တဲ့ ဗျာ ။

ကဲ စာရှုသူတို့ရေ အလည်သွားချင်တဲ့ ပုဂ္ဂိုလ်များ စဉ်းစားဖို့ ကောင်းပါပြီ ။ သားသမီးအတွက်များ ဆင်းချင်သေးလား မိဘအတွက်ဆိုပြီးများ ဆင်းချင်သေးလား ချစ်သူ လင်သားအတွက် ဆိုပြီးများ ဆင်းချင်သေးလားဗျာ ။
တစ်ဘ၀စာ ဂုဏ်တွေအတွက် ရာထူးအာဏာအတွက် ငွေကြေးဥစ္စာတွေ အတွက်ရော ဆင်းချင်ကြသေးလားဗျာ ။ ဘာနဲ့မှ မလဲကြပါနဲ့ဗျာ ။ အပါယ်ကို ဘယ်လိုနည်းနဲ့မှ မသွားကြပါနဲ့ ။ မတော်တဆများ အပါယ်ကျသွားခဲ့ရင်တော့ ဘယ်လိုမှ မမှီတော့ပါဘူး ကုရာနတ္ထဆေးမရှိပါပဲဗျာ ။

ယနေ့ ကျနော်တို့ဟာ လူသားအဖြစ်ကို ရရှိနေပါပြီ ၊ အင်မတန်ကံကောင်းလှတဲ့ လူသားတွေ ဖြစ်နေပါတယ် ၊
မြန်မာနိုင်ငံဟာ ထေရ၀ါဒ ထွန်းကားတဲ့ နိုင်ငံတွေထဲမှာ အထွဋ်အထိပ်နိုင်ငံ ဖြစ်ပါတယ် ။ ဗုဒ္ဓဘာသာ မိသားစုမှာ မွေးဖွားလာရပြီးတော့ ဗုဒ္ဓရဲ့တရားတွေနဲ့လည်း အလှမ်းမဝေးပါဘူး ။ ပြီးတော့ အာရုံခြောက်ပါးလုံး ကောင်းမွန်တဲ့ ပုဂ္ဂိုလ်တွေလည်း ဖြစ်နေကြတယ် ။ ဒါကြောင့် အပါယ်မဆင်းချင်ရင်ဖြင့် ရခဲလှတဲ့ လူ့ဘ၀ ရနေတုန်းမှာ ၀ိပဿနာ ကျင့်ကြံအားထုတ်ဖို့ သတိပြုကြပါ ။

ဆက်လက်ပြီး ရှည်လျှားလှတဲ့ သံသရာကြီး အကြောင်းကို ဗဟုသုတ အနေဖြင့် ကြည့်မယ်ဆိုရင် ဘုရားရှင်ကိုယ်တော်မြတ်ကြီးက
တစ်ကမ္ဘာလေးကပဲ စပြီး ဟောခဲ့ပါတယ် ။
တစ်ကမ္ဘာကို ရေတွက်ရာမှာ ကပ်ကြီး လေးကပ် ရှိပါတယ် ။

၁ ။ အာယုကပ် ။
ဟိုး မရေတွက်နိုင်အောင် အသက်ရှည်လှတဲ့ infinity ထိ အသက်ရှည်လှတဲ့ သက်တမ်းကနေပြီး
အနှစ် ၁၀၀ ကြာတိုင်း ၁ နှစ် လျော့လျော့လာပါတယ် ။ ယနေ့ သက်တမ်းဟာ ၇၀ ကျော်သက်တမ်း ဖြစ်ပါတယ် ။
အနှစ် ၁၀၀ ကြာတိုင်း ကျဆင်းလာတာ အနိမ့်ဆုံးသည် ၁၀ နှစ်တန်းထိ ကျဆင်းပါတယ် ။
အဲ့ဒါကို ဆုတ်ကပ် လို့ ခေါ်ပါတယ် ။ တဖန် ဆယ်နှစ်ကနေပြီး အနှစ် ၁၀၀ ကြာတိုင်း နှစ်ဆ နှစ်ဆ ပြန်ပြန်တက်ပါတယ် ။
အဲ့လိုတက်လာတာဟာ ရေတွက်လို့ မရတဲ့ infinity ထိကို အသက်ရှည်ပါတယ် ။
အဲ့ဒီလို တက်လာတာကို တက်ကပ်လို့ ခေါ်ပါတယ် ။ အဲ့လို ကပ် တစ်ကပ်ချင်းကို အာယု ကပ် လို့ ခေါ်ပါတယ် ။

၂ ။ အန္တရကပ် ။
အာယုကပ် အတက်အဆင်း တကြိမ်လှည့်တာကို အန္တရကပ်လို့ ခေါ်ပါတယ်တဲ့ ။

၃ ။ အသင်္ချေယျကပ် ။
အန္တရကပ် ( ၆၄ ) ကပ်ပေါင်း၏ ကာလ ဖြစ်ပါတယ် ။

၎ ။ မဟာကပ် ။
အသေင်္ချေယျကပ် ( ၄) ကပ်ပေါင်း၏ ကာလ ( တစ်ကမ္ဘာ) ဖြစ်ပါတယ် ။

နောက်တစ်နည်းနဲ့ တစ်ကမ္ဘာကို ကြည့်မယ်ဆိုရင်
သံဝဋကပ် ကမ္ဘာပျက်ဆဲ ကာလ ဖြစ်ပါတယ် ။
သံဝဋဌာယီကပ် ကမ္ဘာပျက်ပြီး တည်နေဆဲ ( Void ) ဖြစ်ပါတယ် ။
ဝိ၀ဋကပ် တဖန်ပြန်ပြီး ကမ္ဘာကြီး ဖြစ်နေဆဲ ကာလဖြစ်ပါတယ် ။
ဝိ၀ဋဌာယီကပ် ကမ္ဘာဖြစ်ပြီး တည်နေဆဲ ဖြစ်ပါတယ် ။
အဲ့လေးခုပေါင်းကိုလည်း မဟာကပ် တစ်ခု တစ်ကမ္ဘာလို့ ခေါ်ပါတယ်တဲ့ ။

ဒီလိုဆိုရင် ကမ္ဘာ တစ်ခု တစ်ခုကို ဘယ်လောက်ကြာတယ် ဆိုတာ ကျနော်တို့ သတိပြုမိဖို့ ကောင်းပါပြီ ။ ကွန်ပျူတာပေါ်မှာ ဖော်ပြလို့ မနိုင်အောင် နှိပ်ကြည့်လို့ မနိုင်အောင် ကြာမြင့်လှပါတယ် ။ ကမ္ဘာနဲ့ ချီပြီး ငရဲခံနေရတဲ့ သူတွေအကြောင်း ဘုရားတစ်ဆူကနေ နောက်တစ်ဆူ ပွင့်တဲ့ ကာလအထိ ၀ဋ်ခံရတဲ့ ပြိတ္တာတွေ အပါယ်ဘုံသားတွေအကြောင်းဟာ ကျနော့်တို့ ဗုဒ္ဓဘာသာ နားတွေနဲ့ မစိမ်းလှပါဘူးဗျာ ။ မတော်တဆ အပါယ်များ ရောက်သွားခဲ့ရင် ဒါမှမဟုတ် ရပ်ပြစ်ရှစ်ပါးတွေ ရောက်သွားခဲ့ရင် ကျနော်တို့တတွေ စဉ်းစားလို့ မရအောင်ကို ကြာမြင့်လိမ့်မယ်ဆိုတာ သတိပြုပါ ။

တမော့တမောကို ကြာမြင့်လှမယ့် အချိန်တွေကို အပါယ်မှာ ဖြုန်းချင်သေးတယ်ဆိုရင်ဖြင့် ၀ိပဿနာကို မကျင့်ပဲ နေလို့ ရပါတယ် ။
တစ်ကယ်လို့ အပါယ်မှာ မခံချင်တော့ဘူးဆိုတဲ့ မိတ်ဆွေတို့သည် နောင်လာမယ့် ဘုံစဉ်စံပဲ ဖြစ်ဖြစ် ယခု တစ်ဘ၀တည်းပဲ ဖြစ်ဖြစ် သွားချင်တဲ့ ပုဂ္ဂိုလ်တို့သည် ၀ိပဿနာကို မကျင့်လို့ မဖြစ် မသုံးလို့ မဖြစ်အောင်ကို လိုအပ်ပါတယ် ဆိုတဲ့အကြောင်း တင်ပြရင်းနဲ့ လူ့ဘ၀ ရခဲခြင်းနဲ့ သံသရာရှည်လှပုံ အကျဉ်းကို နိဂုံးချုပ်ပါတယ်ခင်ဗျာ ။

မှတ်ချက် ။ ။ သန့် တည် ပွား ဆရာ ဦးမြင့်လွင်၏ အပါယ်ပိတ်တရားမှ ကောက်နုတ်ချက် ဖြစ်ပါသည် ။
နောက်ရက်တွေမှာ ၀ိပဿနာ အဓိပ္ပာယ်နှင့် ဘာကြောင့် အားထုတ်သင့်သလဲ ဆိုတာ ကို ဆက်လက်တင်ပြပါ့မယ်ခင်ဗျ ။
အားလုံးပဲ စိတ်၏ ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေဗျာ ။


Read more...

ကျန်းမာခြင်းသည် အမြတ်ဆုံးလာဘ်

လူများအဖို့ အလွန်အဖိုးထိုက်တန်၍ အလေးတယူ ဂရုပြုသင့်သော ဆောင်ပုဒ်တခုမှာ အာရောဂျ ပရမာ လာဘာ-ပင် ဖြစ်ပါသည်။ ယင်းဆောင်ပုဒ်ကို အများနားလည်ကြသဖြင့် ပါဠိအတိုင်းပင် အသုံးပြုနေကြသည်ကို သိမြင်နိုင်ပါသည်။ အဓိပ္ပါယ်မှာ-ကျန်းမာခြင်းသည် အမြတ်ဆုံးလာဘ်ပေတည်း-ဟု ဖြစ်၏။ ယင်းအဓိပ္ပါယ်ကိုလည်း လူအများပင် နားလည်ကြပါသည်။

ဤဆောင်ပုဒ်မှာ ဓမ္မပဒကျမ်း သုခ၀ဂ်လာ ဂါထာတခု၏ ပထမပါဒ ဖြစ်ပေသည်။ ဂါထာအပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည်။

အာရောဂျ ပရမာ လာဘာ၊ သန္တုဋ္ဌိ ပရမံ ဓနံ။
ဝိဿာသာ ပရမာ ဉာတိ၊ နိဗ္ဗာနံ ပရမံ သုခံ။
အနက်အဓိပ္ပါယ်မှာ-အနာရောဂါကင်းရှင်း (၀ါ) ကျန်းမာခြင်းသည် အမြတ်ဆုံးလာဘ်ဖြစ်၏။
မိမိရသမျှနှင့် ရောင့်ရဲတင်းတိမ်ခြင်းသည် အမြတ်ဆုံးသောဥစ္စာ ဖြစ်၏။
အကျွမ်းဝင်သောသူသည် အမြတ်ဆုံးသော ဆွေမျိုးဖြစ်၏။
နိဗ္ဗာန်သည် အမြတ်ဆုံးသော ချမ်းသာ ဖြစ်ပေသတည်း။

ဤဂါထာကို ဟောရခြင်းအကြောင်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
မြတ်စွာဘုရားရှင်သည် ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးတော်မူနေစဉ် ပသေနဒီကောသလမင်းကြီးသည် တရားနာယူရန် ဘုရားရှင်ထံ လာရောက်၏။ မင်းကြီးသည် ဆန်တစိတ်ချက်သော ထမင်းကို ဟင်းလျာအများနှင့် ပွဲတော်တည်ခဲ့သည် ဖြစ်သဖြင့် တရားတော်ကို နာယူစဉ်မှာပင် မအီမသာ တပြောင်းပြန်ပြန်နှင့် ငိုက်မျဉ်းနေသည်ကို ဘုရားရှင်တွေ့မြင်တော်မူ၏။

ထို့ကြောင့်-သတိတရားရှိ၍ ဘောဇဉ်အာဟာရ၌ အတိုင်းအရှည်ကိုသိ၍ ချင့်ချိန်တတ်သူအား ဒုက္ခဝေဒနာ နည်းပါး၏။ အသက်ကို စောင့်တတ်သူဖြစ်၍ တဖြည်းဖြည်းသာ အိုမင်းရင့်ရော်သည်-ဟု ဟောပြော၏။ ထိုဒေသနာတော်ကို ဘုရားရှင်သည် မင်းကြီး၏ တူတော်သူ သုဒဿနလုလင်အား ကျက်မှတ်စေသည်။

မင်းကြီး ပွဲတော်တည်သည့်အခါ ဤဒေသနာတော်ကို ရွတ်လေ။ မင်းကြီးသည် နောက်ဆုံး ထမင်းလုတ်ကို စွန့်လတံ့။ ထိုစွန့်သော ထမင်းလုတ်နဲ့ အညီအမျှ ပွဲတော်စာထမင်းကို လျှော့ချက်လေ-ဟုလည်း ဘုရားရှင်က မိန့်တော်မူလိုက်၏။

ထိုသို့မိန့်တော်မူသည့်အတိုင်း လိုက်နာကျင့်သုံးခဲ့ရာ ကောသလမင်းသည် ဆန်တစလယ်ချက်သာ စားသဖြင့် ကိုယ်ခန္ဓာလည်း ပိန်ငယ်လာကာ အနေအထိုင် ချမ်းသာရာရလေသည်။ ထိုအကြောင်းကို ဘုရားရှင်အား ပြန်ပြောင်းလျှောက်ထားရာ ဘုရားရှင်သည်-အာရောဂျ ပရမာ လာဘာ-စသည့် ဤဂါထာကို ဟောတော်မူ၏။

တဦးတယောက်သည် ဥစ္စာပစ္စည်းတခုခုကို ရရှိသော် လာဘ်ရသည်ဟု ပြောဆိုတတ်ပေရာ လာဘ်ဆိုသည်မှာ ရွှေငွေရတနာ ဥစ္စာပစ္စည်းစသည်ဖြင့် အမျိုးမျိုး ရှိ၏။ ထိုသို့သော လာဘ်အမျိုးမျိုးထက် ရောဂါကင်းရှင်း ကျန်းမာခြင်းသည်သာလျှင် အမွန်မြတ်ဆုံးလာဘ် ဖြစ်သည်ဟု ဆိုနိုင်ပါသည်။

အကြောင်းမှာ တစုံတယောက်သည် ဥစ္စာဓန စည်းစိမ်ချမ်းသာစသည့် ရတနာတို့နှင့် မည်မျှပြည့်ဝ ပေါကြွယ်သည်ဖြစ်စေကာမူ မကျန်းမမာ ရောဂါဝေဒနာ ခံစားနေရပါက ထိုစည်းစိမ်ဥစ္စာ ရတနာတို့ကို မည်သို့ခံစားနိုင်မည်နည်း။ အနာရောဂါဝေဒနာ ကင်းရှင်း၍ ကျန်းမာမှသာလျှင် ထိုထိုသော စည်းစိမ်ဥစ္စာ ရတနာတို့ကို ခံစားနိုင်ပေမည်။

သို့ဖြစ်သဖြင့် မကျန်းမမာ ရောဂါခံစားနေရသူ၌ရှိသော ဥစ္စာပစ္စည်းတို့သည် အကျိုးမရှိသကဲ့သို့ ဖြစ်၏ဟု ဆိုရပေမည်။ ရောဂါကင်းရှင်း၍ ကျန်းမာသောသူသည် သွားလိုရာ သွားနိုင်၍ စားလိုရာ စားနိုင်၏။ ဥစ္စာပစ္စည်းကြွယ်ဝချမ်းသာခြင်း မရှိစေကာမူ ပစ္စည်းဥစ္စာရရန် အလုပ်လုပ်နိုင်ပါသည်။ အလုပ်ကို အားကြိုးမာန်တက် စိတ်တိုင်းကျ လုပ်ကိုင်ဆောင်ရွက်နိုင်၏။ စိတ်သွားတိုင်း ကိုယ်ပါ နိုင်သည်ဖြစ်သောကြောင့် အာရောဂျ ပရမာ လာဘာ-ကျမ်းမာခြင်းသည် အမြတ်ဆုံးလာဘ် ဖြစ်ပေသည်-ဟု ဘုရားရှင် ဟောတော်မူခဲ့ခြင်း ဖြစ်ပါသတည်း။
( တက္ကသိုလ် ခေမာ-ကျိုက်လတ် )

Read more...

ဆုတောင်း ကဗျာ

ငယ်သူငယ်ချင်း ရောင်ရင်း၊

သုံးဆယ်တနှစ်၊ မွေးနေ့သစ်မှာ

ကျန်းမာရွှင်လန်း အပြုံးပန်းတွေနဲ့ ဝေပါစေ။

ဘ၀ဆိုတာ သေခြင်း၊

အလှဆိုတာ ယိုယွင်း၊

အနိစ္စသဘော၊

ဒုက္ခချောတတ်သော၊

လောကတံထွာ ဓမ္မတာကို၊

သေချာမြင်သိ၊

အမှန်တကယ်ရှိလေ၏လို့

အသိဥာဏ်ထင်လင်း၊

ဘ၀ကို ဖြိုခွင်းနိုင်သူဖြစ်ပါစေ။

( မနက်ဖြန် )

မွေးနေ့ အမှတ်တရ ကဗျာအတွက် ကျေးဇူးအထူးတင်ပါတယ် မနက်ဖြန်၊ မနက်ဖြန်တိုင်းအတွက် အမြဲတမ်း ငြိမ်းချမ်း သာသာနိုင်ပါစေ -

Read more...

ကိုယ်ယုံကြည်ရာ

ကိုယ်ယုံကြည်ရာ ခေါင်းစဉ်လေး အောက်မှ...

ညီမငယ် နေ့အိမ်မက် ရဲ့ တက်ဂ်ပိုစ့်လေးကို ရေးပါ့မယ်...<<<ကိုယ်ယုံကြည်ရာ>>>....

တဲ့ ခေါင်းစဉ်လေးက အလွန်ကောင်းတဲ့အတွက် ညီမငယ်ရေ ကျေးဇူးပါ...ညခင်း ဘလော့်လေး စတင်ခဲ့စဉ်က စုံစီနဖာ ရေးခဲ့ပါတယ်။အခုနောက်ပိုင်း မှာ ညခင်းအပါအ၀င် ဗုဒ္ဓဘာသာမြန်မာလူမျိုးများ ဒါန၊ သီလ၊ ဘာဝနာ တိုးတက်စေခြင်းငှာအကြောင်းပြုလို့ ဇာတ်တော်၊ပုံဝတ္တုလေးတွေ၊ သာဓကလေးတွေကို ပိုပြီး ရေးဖြစ်ခဲ့ပါတယ်။ ဘယ်စာသားမှ ညခင်းကိုယ်ပိုင် မရှိပါဘူး။ မြတ်စွာဘုရားရဲ့တရားတော်တွေနဲ့ လက်ဆင့်ကမ်း ဖြန့်ဝေပေးသော ဆရာတော်ကြီးများ၏ သြ၀ါဒများ၊ အသိပညာများ သာလျှင်ဖြစ်ပါတယ်။

ကိုယ်ယုံကြည်ရာ....

ညခင်း ဘာကိုယုံကြည်သလဲ... ဘာလို့ယုံကြည်သလဲ... ဘယ်လောက်ယုံသလဲ...မေးစရာရှိလာပြီနော်...
ဆက်စဉ်းစား မိတော့....ညခင်းက ဗုဒ္ဓဘာသာ ကိုယုံကြည့်ပါတယ်။ယုံကြည်တာမှ အကြွင်းမဲ့ယုံပါတယ်။

ဗုဒ္ဓဘာသာ ဆိုတာ ဘယ်လိုဟာလဲလို့
ဘာသာခြားတွေက မေးကြမယ်ဖုံဖုံ
ဘုရားကိုလဲယုံ၊ တရားကိုလဲယုံ၊ သံဃာကိုလဲယုံ
ကိုးကွယ်သည့် သရဏဂုံငါးပါးသီလလုံ
အပ္ပါယ်လေးပါး တံခါးပိတ်လေကုန်။

အဲဒီနောက်...ဘာလို့ ယုံကြည်လည်း ဆိုရင် ဝေဖန်ပိုင်းခြား ခံနိုင်လို့ဖြစ်ပါတယ်။ မြတ်စွာဘုရားသည်... ကာလမသုတ်တော်တွင်....အို ...အချင်းကာလမ အနွယ်တို့ -

သင်တို့သည် အယူဝါဒတစ်ခုကို....... တစ်ဆင့်ကြားဖြင့်၎င်း၊ အမှန်ကိုမယူကြနဲ့
ရှေးအစဉ်အလာ စကားဖြစ်ရုံနဲ့လည်း အမှန်ကိုမယူကြနဲ့

ဤသို့ဖြစ်ဘူးသတဲ့ ဆိုသဖြင့်လည်း အမှန်ကိုမယူကြနဲ့

ကျမ်းဂန်နှင့်ညီညွတ်သည် ဆိုရုံဖြင့်လည်း အမှန်ကိုမယူကြနဲ့
နည်းမှီ၍ ယူခြင်းမျိုးဖြင့်လည်း အမှန်ကိုမယူကြနဲ့
အကြောင်းခြင်းရာကို ရှာကြံထောက်ပြ ညီညွတ်သည်ဆိုရုံဖြင့်လည်းအမှန်ကိုမယူကြနဲ့
မိမိတို့ကြံစည်နှစ်သက် လက်ခံထားသော အယူနှင့် ကိုက်ညီသည်ဆိုရုံနှင့်လည်း အမှန်ကိုမယူကြနဲ့ လက်ခံထိုက်သော ပုဂ္ဂိုလ်၏ စကားဖြစ်ရုံဖြင့် အမှန်လို့မယူဆကြနဲ့

သင်တို့သည် မိမိတို့ကိုယ်တိုင်.....

ဤတရားတို့သည် အကုသိုလ်တရားတို့တည်း ၊ဤတရားတို့သည် အပြစ်ရှိသော တရားတို့တည်း၊ ဤတရားတို့သည် ပညာရှိတို့ကဲ့ရဲ အပ်သော တရားတို့တည်း၊ ဤတရားတို့နှင့် ပြည့်စုံလျှင် ဤတရားတို့ကို ဆောက်တည်လျှင် အကျိုးမဲ့ခြင်း၊ ဆင်းရဲခြင်းငှာဖြစ်ကုန်၏ ဟုသိကြသောအခါ ထိုတရားတို့ကို ပယ်ကြကုန်လော့။

ဤတရားတို့သည် ကုသိုလ်တရားတို့တည်း၊ ဤတရားတို့သည် အပြစ်မရှိသော တရားတို့တည်း၊ ဤတရားတို့သည် ပညာရှိတို့ချီးမွှမ်း အပ်သော တရားတို့တည်း၊ဤတရားတို့နှင့် ပြည့်စုံလျှင် ဤတရားတို့ကို ဆောက်တည်လျှင် အကျိုးရှိခြင်း၊ ချမ်းသာခြင်းငှာဖြစ်ကုန်၏ ဟုသိကြသောအခါ ထိုတရားတို့ကို ဆောက်တည် ကျင့်ကြံကြကုန်လော့ ဟူ၍ ဟောကြားတော်မူခဲ့ပါသည်။

မြတ်စွာဘုရား၏ အဆုံးအမကို လိုက်နာကျင့်ကြံသူအနေဖြင့်...ဒီလိုအကျိုးအပြစ်တွေကိုလည်းပြထားပါတယ်။

**ငါးအာရုံ ဘင်အစု၊ ခင်မှုနှင့် နေ့ကုန်၊ နင်ယခု မေ့ပုံကို၊ တွေ့မကြုံ စခန်း၊ ပါယ်လေးဝ သောကဘုံမှာ ၊မျောရရုံ ရှိတော့ ခမန်း။
**အောက်ဝီစိ သောင်းအငူမှာ ၊ ခေါင်းမပြူစတန်း၊ နှစ်အရှည် နစ်မည် လမ်းကိုလ၊ နင်မျှော်စမ်း နင့်ကိုယ်၊ ဒေသနာ ထင်အလင်းရယ်နှင့်၊ နင်အဖျင်း ပိုထက်သာပို။
**သည်လောဘ စရိုက်အိုကို၊ မလိုက်လို ရှောင်ပစ်လို့၊ နောင်အသစ် တကယ်ပြင်လျှင်၊ ကောင်းဘို့အစဉ်၊ ခွင့်သာခိုက်ကမှ မလိုက်ချင်လျှင်၊ အမိုက်နင့်ပြင် ရှိသေးလေလိမ့်လား။
**ခွင့်သာဆဲကမှ မခဲချင်လျှင်၊ အလွဲနင့်ပြင် ရှိသေးလေလိမ့်လား။

**ခွင့်သာတုန်ုးကမှ မရုန်းချင်လျှင်၊ အရှုံးနင်ပြင် ရှိသေးလိမ့်လား။

ဤကဲ့သို့ အကျိုးအပြစ်ကို ထင်ရှားစွာပြဆိုထားသောကြောင့် ၄င်း၊ မိမိ ကိုယ်တိုင် ကျင့်ကြံအားထုတ်မှသာလျှင် ရသောတရားများဖြစ်သောကြောင့်၎င်း အကြွင်းမဲ့ယုံကြည်ပါသည်။ထို့ပြင် စစ်မှန်သော ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်ပြီး တရားအစစ် အမှန်အကျင့်များကို လိုက်နာကျင့်သုံး ကြိုးစားအားထုတ် ပါက လက်ငင်းအားဖြင့် စိတ်ချမ်းသာမှုရရှိပြီး ၀ဋ်ဆင်းရဲအပေါင်းမှ ဧကန်မုချကင်းလွတ်နိုင်သည်ဟု မမှိတ်မသုန် ယုံကြည်သက်ဝင်သောကြောင့် ရတနာ သုံးပါးကို ယုံကြည်စွာကိုးကွယ် ဆည်းကပ်ပါတယ်လို့........။

ညီမငယ်ရေ... ဒီလောက်နဲ့ကျေနပ်ပါလို့...တောင်းပန်ပါတယ်။

ဘုရားပုံတော်လေး က ဒီဆိုဒ်မှ ကူးယူပါတယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။
ညခင်း


Read more...

ယခင်စာသင်တိုက် ယခုတက္ကသိုလ်

(၁)
ဗာရာဏသီ၏ မွှန်ထူပူလောင်သော မြို့ပြအငွေ့အသက်ကို သက်ပြင်းနှင့်အတူ မှုတ်ထုတ်ပစ်လိုက်ရသည်။ နွေခေါင်ခေါင် မန္တလေးကို မိတ္တူကူးထားသော ရှုမျှော်ခင်းပင် ဖြစ်လိမ့်မည်။

ပရိဝုဏ်တစ်ခုအတွင်းသို့ ချိုးကွေ့ ၀င်လိုက်သည့်အခါမှပင် ကျယ်ပြောလွတ်လပ်သော အသက်ရှူကွက်ကို ပြန်လည် ဆုပ်ကိုင်မိ၏။ အေးမြသော လေပြည်တို့ ရင်ဘတ်ကို တိုးဝှေ့လာသည်။

ခမ်းနားသော ညီမူရာ ခန်းမဆောင်၊ထည်ဝါသော စာသင်ဆောင်များနှင့် ညီညာစိန်းလန်းသော သစ်ပင်တန်းများ သည် ခြေလှမ်းးများကို ညှို့ငင်နေကြသည်။ ငယ်စဉ်က ကျွမ်းဝင်ခဲ့ဖူးသည့် မစိုးရိမ်ကျောင်းတိုက်ကြီးကို နောက်တစ်ကြိမ်ဖြတ်သန်းနေရသလိုမျိုးပါပဲလား။

ကျောင်းတော်ကြီး၏ ကွက်လပ်ရင်ပြင်အသီးသီးတွင် ပူဇော်ထိုက်သူတို့၏ အထိမ်းအမှတ်ရုပ်တုများ တည်ရှိသည်။ ကျေးဇူးတရားကို သင်္ကေတပုံရိပ် အထိမ်းအမှတ်ရုပ်ပွားတို့ဖြင့် ဖော်ကျူးတတ်သည်မှာ မဇ္ဈိမ၏ မြတ်သောအစဉ်အလာဖြစ်သည်။

ဗုဒ္ဓ၏ ကျေးဇူးမြတ်ကို ကမ္ဘာက မမေ့စေလိုသည့် အသောကဧကရာဇ်ကိုယ်တိုင် လိုက်နာကျင့်သုံးဖော်ဆောင်ခဲ့သော လမ်းလည်းဖြစ်သည်။ ဗုဒ္ဓဒိုင်ယာရီနှင့် ဓမ္မသတင်းစကားကို ယနေ့ ကမ္ဘာက ယုံကြည်လေးမြတ်စွာ ဖတ်ရှုနိုင်ကြသည်မှာ အသောက ကျောက်စာတိုင်များက မျှော်မှန်းသည့် ဥဒါန်းပင်ဖြစ်တော့သည်။

ဗရာမင်ဝတ်စားဆင်ယင်မှုဖြင့် ခန့်ညားစွာ ထုဆစ်ထားသည့် ဗြဟ္မဏလူကြီးလူကောင်းတစ်ဦး၏ ရုပ်တုကို တက္ကသိုလ်အစဦးတည်ထောင်သူ သမ္ပုဏ္ဏာနန္ဒ ဟုသိရလေသောအခါ မမြင်ဖူးလိုက်သည့် မစိုးရိမ်ကျောင်း ဒကာကြီး ဦးသက်ရှည်ကို မြန်မာ့ဝတ်စုံဆင်မြန်း၍ လွမ်းလိုက်မိသေးသည်။

ဗာရာဏသီမြို့သားကြီး သမ္ပုဏ္ဏာနန္ဒက သက္ကတစာပေနှင့် ဟိန္ဒူဘာသာရေးအတွက် သက္ကတစာသင်တိုက်ကို တည်ထောင်သည်။ မန္တလေးသားကြီး ဦးသက်ရှည်က ပါဠိစာပေနှင့် ဗုဒ္ဓသာသနာတော်အတွက် ပါဠိစာသင် တိုက်ကို တည်ထောင်သည်။

ကိုယ့်အမျိုးဘာသာသွေးကို နွှေးကြပုံချင်းတူသော်လည်း အတ္တနွှယ်ယှက်သော ပုဏ္ဏားကြီးက သူ့အမည်ကို ကျောင်းကမ္ပည်းတင်လိုက်သည်။ အနတ္တနွယ်ဖွား မြန်မာကြီးက ဥယျာဉ်ဟောင်းအမည်ကိုသာ ထင်ရှား စေခဲ့သည်။


(၂)

တက္ကသိုလ်စာသင်ဆောင်များဆီသို့ တိုးဝင်မိသောအခါ ရိုးရာကို တွယ်ဖက်နေဆဲဖြစ်သည့် ဗြဟ္မဏစာသင်ခန်းများအချို့က ဌာန်ကရိုဏ်းကျနသော သက္ကတကျမ်းဂန် ရွတ်ဖတ်သံများကို သိုမှီးထားလေသည်။ နိုင်ငံတကာကျောင်းသားတို့ ရုံးစုနေသည့် စာသင်ခန်းများကတော့ အရှေ့တိုင်းဒဿန၏ မြစ်ဖျားဆီ ပြန်လည်ဆန်တက်နေကြသည်။


သက္ကတစာပေဌာန၊ ပါဠိစာပေနှင့် ထေရ၀ါဒဗုဒ္ဓဘာသာလေ့လာရေးဌာန၊ အာယုဗ္ဗေဒဌာန စသည့် မဟာဌာနကြီးများနှင့် ဌာနငယ်ပေါင်းများစွာဖြင့် ဖွဲယှက်ထားသည့် တက္ကသိုလ် ကွန်ရက်က အိန္ဒိယနိုင်ငံ ပြည်နယ်အသီးသီးနှင့် နိုင်ငံရပ်ခြားမှ ကျောင်းသားများစွာကို ဖြန့် ကျက်မိနေသည်။


ကောဇောပြည့်ခင်းထားသည့် စာသင်ခန်းဦးက ဖုံလိပ်မွေ့ရာတွင် ဘာသာရပ်ဆိုင် ရာဂုရုကြီးများက အခန့်သားနေရာယူကာ သက္ကတစာပေကို သက္ကတဘာသာစကားဖြင့် ပို့ချမည်။ ပါဠိစာပေကို ပါဠိဘာသာစကားဖြင့် ပို့ချမည်။ နိုင်ငံတကာကျောင်းသားကို တိုးချဲ့ရှင်းပြဖို့တော့ အင်္ဂလိပ်ဘာသာစကားကို အသုံးပြုကြလေမည်။ လက်ထောက်ဆရာလေးများကလည်း ဆရာဂုရုကြီးများ၏ ခြေရာထပ်မျှ အရည် အချင်းကို သွေးယူနေကြသည်။

မစိုးရိမ်ကျောင်းတိုက်ကြီး၏ မမေ့နိုင်သော နေ့ရက်များက ဒစ်ဂျစ်တယ်လ်ပြကွက်များအဖြစ် အတွေးစီး ကြောင်းထဲ တဖျတ်ဖျတ်လင်းလက်လာသည်။ ညီမူရာ သာသနနယူပဒေသ အလယ်တိုက်မကြီးကို ခြံရံထားသည့် ပိဋကနယူပဒေသ၊အဘိဓမ္မာနယူပဒေသ၊ ပါဠိ နယူပဒေသ စသော ကျောင်းဆောင်အသီးသီး၏ ရွှေရည်သုတ်နံရံတိုင်းကို နာယက အဆူဆူ နှင့် စာချစာသင်တို့၏ ပိဋကတ်ကျမ်းဂန် ပို့ချရွတ်ဖတ်သံများက ဓမ္မအဆင် အသွေးခြယ် ရေးထားလေသည်။

သံသရာထွက်ရပ်လမ်းအဘိဓမ္မာ၊ နေ့စဉ်ဘ၀လမ်းညွှန်သုတ္တန္တနှင့် အထူးလိုက်နာကျင့်သုံးဖွယ် ၀ိနယဘာသာရပ်တို့ကို ပို့ချပေးနိုင်သည့် အရည်အသွေးလင်းပသော နာယကဆရာမြတ်တို့က ထောင်ပေါင်းများစွာသော စာသင်သားတို့၏ ပရိယတ္တိအသိဥာဏ်အကိုင်းအခက်ကို စိမ်းမြရှင်သန်အောင် စိုက်ပျိုးရန် တက်ကြွနေတတ်ကြမြဲ ဖြစ်လေသည်။


နာရီစင်အချက်ပေးခေါင်းလောင်းသံများကလည်း ကျောင်းတိုက်ကြီးကို ငိုက်မြည်းမနေအောင် ပုတ်နှိုးနေတတ်သည်။ ထို့ကြောင့်ပင် သာသနာတော်နှင့် ပတ်သက်၍ အရေးအရာကြုံလာတိုင်း မစိုးရိမ်သွေးက နွေးနေတတ်လေသည်။



(၃)


သက္ကတတက္ကသိုလ်ကြီး၏ သမိုင်းဆီပြန်လည်ငေးမောမိသောအခါ မစိုးရိမ်ကျောင်းတိုက်ကြီး၏ စဦးနေ့ရက်များလို တာထွက် ကောင်းခဲ့သည်တော့ မဟုတ်ပါ။


လွန်ခဲ့သော နှစ်ပေါင်းနှစ်ရာခန့်က ဗြိတိသျှလူမျိုး တစ်ဦြး့ဖစ်သည့် ယောနသန်ဒန်ခမ်ဆိုသူက အင်္ဂလိပ် ကိုလိုနီအုပ်ချုပ်မှု အောက်ရှိ နိုင်ငံများ၏ ဘာသာစကားနှင့် ယဉ်ကျေးမှုဓလေ့ထုံးစံများ လေ့လာရေးရည်ရွယ်ချက်ဖြင့် သက္ကတပဋသာလ စာသင်တိုက်ငယ်ကို တည်ထောင် ခဲ့ခြင်းဖြစ်သည်။


စာသင်တိုက်ငယ်တွင် သျှတြိ၊ အာကျရယနှင့် ၀ိဒျာဝရိဓိဟု အတန်းသုံးခုသတ်မှတ်ကာ ပညာသင်ကြားပေးလေသည်။ ဗြိတိသျှအုပ်စိုးမှုအခြေခိုင်လာသည့်အခါ ၀ိတိုးရီးယား ကောလိပ်အဖြစ် အဆင့်မြှင့်တင်ပေးခဲ့သည်။ အိန္ဒိယနိုင်ငံလွတ်လပ်ရေးရပြီးသည့်အခါတွင် ပြည်နယ်ဝန်ကြီးချုပ်ဖြစ်သူ သမ္ပုဏ္ဏာနန္ဒက တက္ကသိုလ်အဖြစ် တစ်ဆင့်တိုးမြှင့်ကာ ပြည်တွင်းကျောင်းသားများအတွက်သာမက ပြည်ပပညာတော်သင်များအတွက်ပါ သက္ကတ စာပေနှင့် အရှေ့တိုင်းပညာရပ်တို့သင်ယူရာ အဆင့်မြင့် ပညာရေးဌာနကြီးတစ်ခု ဖြစ်စေခဲ့ လေသည်။

ယခင်သတ်မှတ်ထားသော အတန်းသုံးတန်းသည်လည်း ၀ိဇ္ဇာဘွဲ့၊ မဟာဝိဇ္ဇာဘွဲ့နှင့် ပါရဂူဘွဲ့ဟူ၍ဖြစ်လာကာ နိုင်ငံတကာပညာရေးလောကတွင် ၀င်ဆန့်စေခဲ့သည်။


မစိုးရိမ်ကျောင်းတိုက်ကြီး၏ သမိုင်းကတော့ ခမ်းနားသောနေ့ရက်တို့ဖြင့် စတင်ခဲ့လေသည်။ တက္ကသိုလ်ဖွဲစည့်အုပ်ချုပ်ပုံ အခြေခံဥပဒေကဲ့သို့ပင် ခိုင်မာသည့် သြ၀ါဒါနုသာသနကတိကစာတမ်းကို ရေးဆွဲချမှတ်နိုင်ခဲ့သလို ပညာရှင်များစွာတို့၏ ကိုယ်ရောင်ကိုယ်ဝါဖြင့် သာသနာ့နယ်မြေတွင် လင်းပခဲ့လေသည်။


သက္ကတအရာတွင် ပါမောက္ခတစ်ဆူဖြစ်သည့် အရှင်သောမာဘိသိရီ၊ အင်္ဂလိပ်စာပေပညာရှင် ပထမကျော် အရှင်ဥာဏ၊ ပါဠိပညာရှင် အဂ္ဂါဘိဓဇမစိုးရိမ်ဆရာတော်လောင်းလျာ အရှင်သူရိယနှင့် အရည်အချင်းပြည့်ဝသည့် ဓမ္မာစရိယထေရ်အရှင်များစွာတို့၏ အသိဥာဏ်အရင်းအမြစ်တို့ဖြင့် ပရိယတ္တိနယ်ပယ်ကို ချဲ့ထွင်နိုင်ခဲ့ကြသည်။


ယနေ့ ကမ္ဘာ့ဗုဒ္ဓဘာသာဝင်များ အထူးအရေးထားလေ့လာနေရသည့် လယ်တီဒီပနီကျမ်းစာများကို ဦးဆောင်ဘာသာပြန်ဆိုခဲ့သူမှာ မစိုးရိမ်၏ ဂန္ထ၀င်ပုဂ္ဂိုလ်ကျော် အရှင်ဥာဏပင်ဖြစ်လေသည်။ ဂရိတ်ဗြိတိန်၊လန်ဒန်ပါဠိစာတော်မူအသင်းကြီးသည် မစိုးရိမ်ပိဋကတ်ဦးနှောက်များ၏ တန်ဖိုးကြီးမားလှသော အကြံဥာဏ်ကို နို့သက်ခံယူခဲ့ရပေသေးသည်။


မန္တလေးမြို့၏ နာမည်ကျော်ကြားလှသည့် ပရိယတ္တိသာသနဟိတ(သကျသီဟ)အသင်းကြီးမှ ဆက်ကပ်သည့် သကျသီဟဓမ္မာစရိယဘွဲ့လက်မှတ်သည် မစိုးရိမ်ကျောင်းတိုက်ကြီး၏ နာယကစာချ( ပါမောက္ခ) ခန့်အပ် စာပင်ဖြစ်တော့သည်။


မစိုးရိမ်ကျောင်းတိုက်ကြီးတွင် သင်ကြားပို့ချပေးနေသည့် သကျသီဟစာသင်တန်းသည် ၀ိဇ္ဇာဘွဲ့၊ သကျသီဟဓမ္မာစရိယ(စာချတန်း)သည် မဟာဝိဇ္ဇာဘွဲ့၊နာယကစာချအဖြစ် တာဝန်ယူပြီးသည့်နောက် ပါဠိအဘိဓာနသဟကာရီနိကာယပါဠိအဘိဓာန်ပြုစုရေးအဖွဲ့( ယခုတိပိဋက ပါဠိမြန်မာအဘိ ဓာန်ပြုစုရေးအဖွဲ့) တွင် ဆက်လက်၍ ပိဋကတ်စာပေများ သုတေသနပြုရသောအဆင့်သည် ပါရဂူဘွဲ့နှင့် ညီမျှပေလိမ့်မည်။


တဖြည်းဖြည်း စည်ပင်ကြီးထွားလာရသော သက္ကတတက္ကသိုလ်ထက်ပိုလွန်သည့် မစိုးရိမ်ကျောင်းတိုက်ကြီး၏ အားသာချက်မှာ လိုအပ်သည့် အခြေခံအဆောက်အဦနှင့် ပညာရေးမြှင့်တင်မှုစသည့် အရာမှန်သမျှကို ထောက်ပံပေးမည့် ကျောင်းဒကာကြီး ဦးသက်ရှည်၏ ထက်သန်လှသော သာသနာမြတ်နိုးမှုပင်ဖြစ်လေသည်။




(၄)


သက္ကတတက္ကသိုလ်ကြီး၏ လက်အောက်ခံကောလိပ်နှင့် စာသင်ကျောင်းပေါင်းတစ်ထောင်ခန့်ရှိသည်ဟု မှတ်သားရသည့်အခါ မစိုးရိမ်ဟုအမည်မခံသည့်တိုင် မစိုးရိမ်မျိုးဆက်တို့၏ ပရိယတ္တိသီးထပ်စိုက်ပျိုးရာ စာသင်တိုက်ကြီးငယ်များစွာကို မှန်းဆဂုဏ်ယူမိပြန်လေသည်။


သို့သော် ယခင်က ဗြဟ္မဏပုဏ္ဏားလုလင်ငယ်တို့၏ သက္ကတစာပေနှင့် ဝေဒကျမ်းဂန်တို့ရွတ်ဖတ်သင်အံရာ သံသကရိတ ပဋသာလသက္ကတစာသင်တိုက်ငယ်သည် ရာစုသစ်အပြောင်းအလဲများနှင့် အသားကျစွာ Sampurnanand Sanskrit University အဖြစ် ကမ္ဘာ့တက္ကသိုလ်များနှင့် ချိတ်ဆက်ကာ နိုင်ငံတကာ ကျောင်းသားများအတွက် အဆင့်မြင့် ပညာရေးဝင်ပေါက်တစ်ခုဖြစ်နေလေပြီ။


မစိုးရိမ်ကျောင်းတိုက်ကြီးကတော့ အမည်မခံသော တက္ကသိုလ်ကြီးအဖြစ် အရှိန်အဟုန်မြှင့် စိးဆင်းနေဆဲ။

နိုင်ငံတကာ ကျောင်းတော်သားတို့၏ အမြင်တွင် မပေါ်လွင်လှသော်လည်း ခေတ်အဆက်ဆက် သာသနာ့လုပ်ငန်းစဉ်တို့ဖြင့် ဂုဏ်ယူဖွယ်နေ့ရက်တို့ကို ရေးခြစ်နေမြဲ။

ကမ္ဘာ့သာသနာပြုအိပ်မက်ရှင်တို့ကို မွေးမြူနေမြဲသာ။



(လွန်ခဲ့သော ၂၀၀၇ ခုနှစ် အိန္ဒိယနိုင်ငံဆိုင်ရာပညာသင်မြန်မာရဟန်းတော်များသာယာဖွံဖြိုးရေးအဖွဲ့ကြီး၏ သတ္တမနှစ်လည်စာစောင်တွင် ရေးခဲ့ဖူးသည့် ပရိယတ္တိသူရဲကောင်းများအတွက် ဂုဏ်ပြုစာတမ်း။)



Read more...

ကျွန်တော်မေးလို့  ဘုန်းဘုန်းဖြေသည်...

သာသနာတော်ကို စောင့်ရှောက်သူ


ဝိမုတ္တိသုခ: ဘုန်းဘုန်းဘုရား။ တကယ်လို့ များ ရဟန်းတော်တစ်ပါးဟာ လူသူမနီး တောထဲမှာဘဲ မိမိတစ်ပါးတည်း အသက်ထက်ဆုံး သီတင်းသုံးရင်း တရားနှင့်မွေ့ လျော်နေမယ်ဆိုရင် အဲဒီရဟန်းကို (၁) လောကလူသားတို့ ရဲ့ ကောင်းကျိုးကို မသယ်ပိုး မဆောင်ရွက် သူလို့ ပြောနိုင်ပါသလားဘုရား (၂) သာသနာတော်ကို မကာကွယ် မစောင့်ရှောက်သူလို့  ပြောနိုင်ပါသလားဘုရား (၃) တကယ်လို့များ မြတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိခဲ့ရင် ဒီရဟန်းမျိုးကို ချီးကျူးတော်မူမှာလား ကဲ့ရဲ့ တော်မူမှာပါလားဘုရား။

ဦးလောကနာထ (www.lknt.org): ဒကာလေး ဝိမုတ္တိသုခ ရေ... မေးခွန်းက ကောင်းတယ် ၁-၂-၃-ဆိုပြီးတော့... ဘုန်းကြီးကတော့ လုံးချမှာ... ညာချမှာတော့ မဟုတ်ဖူးနော်... ရှင်းရှင်း လွယ်လွယ် ဖြေရရင်တော့ မြတ်ဗုဒ္ဓက သာဓုခေါ်တော်မူပါတယ်.... ကိလေသာချုပ်ငြိမ်းအောင် လုပ်နေသူကို သာဓု ခေါ်ပါတယ်... လောကမှာ စတင်ပြီး ကိလေသာခပ်သိမ်း ချုပ်ငြိမ်းလို့ မြတ်ဗုဒ္ဓ ပွင့်ပေါ်တယ် ခေါ်ရတာ... ဒီတော့ကာ မိမိ ကိလေသာ ချုပ်ငြိမ်းဖို့...၊ သတ္တဝါအများ ဆင်းရဲဒုက္ခချုပ်ငြိမ်းဖို့...၊ ဒီနှစ်မျိုးမှာ... မိမိ ကိလေသာချုပ်ငြိမ်းဖို့ ကျင့်တာကို ပဋိပတ္တိ အမည်တတ်ကြည့်မယ်... သူတစ်ပါးတွေ ကောင်းကျိုး (ကောင်းကျိုးဆိုတာထက် ဆင်းရဲဒုက္ခ(ကိလေသာခပ်သိမ်း) ချုပ်ငြိမ်းဖို့ အသုံးကို ပိုကြိုက်တယ်) အတွက် ဟောပြောပေး လုပ်ကိုင်ပေး သင်ကြားပေးတာကို ပရိယတ္တိ အမည်တတ်မယ်... ဒီလို အမည်တတ်လို့ ရပြီဆိုရင် မြတ်ဗုဒ္ဓက ဘယ်အလုပ် လုပ်တာကို နှစ်သက်သလဲ မနှစ်သက်သလဲ ဆိုခဲ့သော်... သာသနာနှစ်ရပ် ဖြစ်နေတဲ့အတွက် အထူးပြောဖွယ် မရှိလို့ မြင်ပါတယ်... ဒီတော့ ပဋိပတ္တိ ပရိယတ္တိ လုပ်နေသူများအား အပြစ်ပြောသူကိုသာ မဂ်ဖိုလ်မှ အချည်းနှီးသော ယောက်ျားဆိုပြီးတော့ မြတ်ဗုဒ္ဓက ကဲ့ရဲ့လိမ့်မယ် ထင်မိပါတယ်... ရဟန်းမှန်ရင် မြတ်ဗုဒ္ဓနှစ်သက်တဲ့ သာသနာနှစ်ရပ် တစ်ရပ်ရပ်တော့ လုပ်သင့်ပါတယ်... လုပ်ကြရမယ်... စွမ်းရည် ပြည့်စုံသူများကတော့ သာသနာနှစ်ရပ်လုံး ဆောင်ရွက်နေကြပါတယ်... ဒကာဒကာမအားလုံးပဲ ဆင်းရဲဒုက္ခ ချုပ်ငြိမ်းကြပါစေ...

ဝက်-လော့ တွေမှာ သာသနာသုံးရပ် ရေးကြရင်...

(ပဋိယတ္တိ၊ ပရိပတ္တိ၊ ပရိဝေဓ၊ ဒီလို ရေးမဲ့အစား)

(ပရိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဓ၊ ဒီလို ရေးသင့်ပါတယ်)



Read more...

One more one-day Workshop

Before they leave for an extended stay at Wat Kow Tahm, Mike and Helge will by popular demand, be leading one more one-day meditation workshop at the beautiful Ariyasom Villa Boutique Hotel.

Back in September they led 2 one day workshops over a weekend, with some 60+ participants. Everyone gave positive feedback. Their style is calm and measured - sitting and walking meditation based on mindful awareness in the Mahasi Sayadaw style, with some instruction and reflections interspersed. They will be available for private interview if anyone wishes to discuss their meditation directly.

The workshop is free of charge, so we won’t be collecting deposits. But there is only be room for 30 participants, so please be VERY sure you will be attending. It is open only to those who book in advance and who will participate in the whole day, due to shortage of space and the interest in the teachers.

Saturday 14th November

One Day Meditation Workshop

With Mike and Helge

Assist. Teachers Wat Kow Tahm

In English (questions in German also ok)

8:30 Arrive/coffee

9.00 am -9.55 am: Introduction talk (ca.20 min), meditation instructions and sitting meditation

10.00 am – 10.40 am: walking meditation instructions (ca. 10 min) and walking

10.45am – 11.30 am: short talk (ca. 7 min) and guided Compassion/Loving Kindness meditation

11.35 am – 12 pm: walking meditation

——— 12 pm – 1.30 pm lunch break (talking) ——-

1.30 pm – 2.10 pm: talk on wise reflections (ca. 20 min) and meditation

2.15 pm – 2.40 pm: walking

2.45 pm – 3.10 pm sitting

3.15 pm- 3.30 pm standing meditation instructions (ca. 4 min) and standing

3.30 pm – 3.55 pm: walking

4.00 pm: guided meditation, then public questions and answers

5 pm Official finish – those who would like to meet and chat with Mike and Helge are free to do so afterwards. The dhamma hall will remain open for meditation in the evening.

The workshop will be very structured and close with the teachers, so only those attending the FULL DAY and booked in advance may join during the daytime sessions.

Wat Kow Tahm has been well known for the last 20+ years for the regular 10 day meditation retreats open to the public. They also have longer and more private retreats for old students. The program has been led by Steve and Rosemary who gave a talk for us last time they passed through Bangkok (and have an open invite to do so again). Many of our regulars with ‘littlebang’ have done retreats at Wat Kow Tahm and it comes highly recommended.

Mike and Helge are the senior assistant teachers at Wat Kow Tahm and regularly take of the reigns leading the retreats or doing the interviews.

Mike Sansom (Australia), born 1970 and has been meditating since 1994. Helge Sansom (Germany), born 1968 and has been meditating since 1997. Both are long term students of Rosemary and Steve Weissman, living and working at Wat Kow Tahm since 1999.

Many people have commented we have had a lot of Dhamma Talks, but no so much in the way of actual ‘nitty gritty’ meditation instruction. So this workshop will focus directly on the ‘How-To’ of insight meditation based on the Foundations of Mindfulness.

Ariyasom Villa

The event is kindly hosted free of charge by the fabulous Ariyasom Villa boutique hotel, at the end of Sukhumvit Soi 1. Most of our regulars will know this location well – it is a real oasis of tranquility, style and calm, right in the middle of Bangkok. Lunch and refreshments will be provided free of charge for participants. Map and Photos are below

Booking in : Please give your name, Nationality, and email address. Do you have any prior meditation experience ? Information entered into the box below is delivered via email , and will not appear on this page.



Read more...

ပြည့်စုံပျက်စီးတရားတော်


080-PYE.SON&PYETSEE.mp3 -


Read more...

ဖြန့်နိုင်သမျှ ပြန်ဖြန့်ခြင်းဖြင့် သာသနာဆက်ပြုပါ။

FWD mail လေးကပါခင်ဗျား...ကျွန်တော်ဆီကိုသူငယ်ချင်းတစ်ယောက်ကပို့ ပေးလာလို့ ပါ ။။




ဖြန့်နိုင်သမျှ ပြန်ဖြန့်ခြင်းဖြင့် သာသနာဆက်ပြုပါ
>
> ၃၁ဘုံတွေကတော့
>
> ဗြဟ္မာ့ဘုံ ၂၀ဘုံ
>
> နတ်ဘုံ ၆ဘုံ
>
> လူ့ဘုံ ၁ဘုံ
>
> အပါယ်၎ဘုံ
>
> မိမိပါဝင်နေပါသေးတယ်။
>
> မြတ်စွာဘုရား ပရိနိဗ္ဗာန် စံဝင်ခါနီးအချိန်မှာ မှာခဲ့တဲ့ မှာတမ်းလေးက
> နောက်ဆုံးစကားလေးပြီးတာနဲ့ ပရိနိဗ္ဗာန်စံသွားတာပါ။ ၀ရဓမ္မာသင်္ခါ၇ အပ္ပမာဒေန
> သံပါဒေထ။ ချစ်သား ချစ်သမီးတို့  ငါဘု၇ား ပ၇ိနိဗ္ဗာန် စံကာနီး နောက်ဆုံး
> စကားမှာကြားမယ်.. ချစ်သား ချစ်သမီးတို့ ယခုရရှိနေတဲ့  ရုပ်နာမ် နှစ်ပါး ၊
> ခန္ဓာငါးပါး သင်္ခါရတရားတို့ သည် အမြဲတမ်း ပျက်နေတယ်။ အမြဲတမ်းပျက်နေတဲ
>့ ရုပ်နာမ် ၂ပါး ခန္ဓာ၅ပါးက အနိစ္စအမြဲမရှိပါလို့ အသစ်အသစ်တွေသာ
> အစားထိုးနေတာကို သိသိပေးဖို့ကို မမေ့မလျော့ မပေါ့မဆသော ၀ိပဿနာ တရားဖြင့်
> ရှုပွားပြီးတော့ နေရစ်ကြ လို့  မှာကြားတော် မူပါတယ်။ အခုလည်း
> ပ၇ိနိဗ္ဗာန်စံကာနီးမှာ အေးအေးချမ်းချမ်းနဲ့ လွတ်လွတ်လပ်လပ် ပရိနိဗ္ဗာန်
> မစံနိုင်ဘူး။ သူ့၇ဲ့ ချစ်သား ချစ်သမီးတို့ ဝိပဿနာ မပွားဘဲ
> နေ၇စ်မှာစိုးရှာလို့  ခန္ဓာငါးပါး အဖြစ်ပျက်ကို ၀ိပဿနာ ရှုပြီးတော့
> နေရစ်ကြပါလို့ မှာခဲ့ရှာတယ်။ မြတ်စွာဘုရား မေတ္တာ စေတနာ ပါ။
> ဒါတင်မကသေးပါဘူး။ သက်တမ်းရှည်တဲ့ ဘုရားရှင်တွေလက်ထက်မှာဆို၇င် သူတို
>့ ပရိနိဗ္ဗာန် စံသွား၇င် တခါတည်း သာသနာပါ ကွယ်သွားတယ်။ သာသနာကုန်တယ် ဆိုတာ
> မဂ်ဖိုလ်၇တတ်တဲ့  ၀ိပဿနာတရားတွေ ကုန်တာပါဘဲ။ ဘုရားတစ်ဆူပွင့်၇င်
> သတ္တ၀ါအပေါင်း နှစ်ဆယ့် လေးသင်္ခေ်ျနဲ့ ဗိုလ်ချေတစ်သိန်း ချေချွတ်၇ပါတယ်။
> ဘုရားတစ်ဆူရဲ့ တာဝန်ပါ။ ဒါပေမဲ့ ဂေါတမမြတ်စွာဘု၇ားက ဆယ်ခြောက်သင်္ချေပဲ
> ချေချွတ်နိုင်ခဲ့ပါတယ်။ ရှစ်သင်္ချေနဲ့ ဗိုလ်ချေတစ်သိန်းကျန်သေးတယ်။ အဲ့လို
> ကျန်ခဲ့တဲ့ အထဲမှာ အခုရှိနေတဲ့ မိမိတို့ အပါဝင် သတ္တ၀ါအနတ္တပါပါတယ်။ သူသာ
> သာသနာ မထားခဲ့၇င် မိမိတို့ ယောဂီတွေ ၀ိပဿနာတရား မနာနိုင်တော့ပါဘူး။
> ပျောက်သွားပါဘီ။သာသနာမရှိတဲ့ အချိန်မှာ လူဖြစ်လို့  တရားနာချင်လို
>့ ငွေသိန်းနဲ့ချီ လျှောက်ပေးအုံး ဘယ်သူမှ မဟောနိုင်တော့ဘူးတဲ့။ သာသနာကို
> မြတ်စွာဘုရားက ၅၀၀၀ ထားခဲ့တဲ့ အထဲမှာ နှစ်ပေါင်း ၂၅၄၆နှစ်ကုန်သွားဘီ။
> နောက်ထပ် နှစ်ပေါင်း ၂၄၀၀ကျော်ကျန်သေးတယ်။ သာသနာနှစ်ပေါင်း ၂၄၀၀
> ကျော်ကျန်သေးတာ ၀ိပဿနာတရားကို မနာကြားသေးပါဘူး။ အားမထုတ်သေးပါဘူးလို
>့ ပေါ့ပေါ့တန်တန်နေတတ်ကြပါတယ်။ ဒီအတွေး အခေါ်ဘယ်လောက်
> မှားယွင်းနေပါသလဲဆိုတာ။ အဲ့လို နေမယ်ဆို၇င်တော့ အမှားကြီးမှားပါဘီ။
> အဲ့ဒီ သာသနာ နှစ်ပေါင်း ၂၄၀၀မှာ မိမိနဲ့ ဘယ်လောက်များဆိုင်သလဲလို့ 
> စဉ်းစားပါ။ ဒီနေ့ ည ကိုယ်သေသွားဘီတဲ့ နောက်နေ့ အဲ့သာသနာ မိမိနဲ
>့ ဆိုင်သေးလားဆိုတော့ မဆိုင်တော့ဘူး။ ဒီတော့ ကိုယ်နဲ့ ဆိုင်တဲ့ သာသနာဟာ
> မသေခင်ကလေးမှာ သာ ဆိုင်တာပါ။ ဒါကို သတိ၇ပါ။ တချို့ ထင်တယ် ။ နောက်ဘဝ
> ပဲလူဆက်ဖြစ်ပြီး သာသနာနဲ့ ပြန်ကြုံ၇တော့မလိုလိုနဲ
>့ လွယ်တယ်မထင်လိုက်ကြပါနဲ့ ။ ဒိဋ္ဌိမပျောက်သေးတဲ့ ပုဂ္ဂိုလ်များဟာ
> သုဂတိရောက်တာ နည်းပါတယ်။ ဒုက္ခတိ..အပါယ်သွားကြတာ များပါတယ်။ ဒါကြောင့်
> ဒီဒိဋ္ဌိတွေကို ပယ်နိုင်သမျှ ပယ်နိုင်အောင် မိမိတို့ကိုယ်တိုင်လေ့ကျင့်ဘို
>့ လိုအပ်ပါတယ်။ ကိုယ်သေတာနဲ့ သာသနာနဲ့  မဆိုင်တော့ဘို့ ပါများပါတယ်။ ငရဲ၊
> တိရိစ္ဆာန် ပြိတ္တာဘ၀ရောက်သွား၇င် သာသနာနဲ့ ဆိုင်လို့  မ၇တော့ပါဘူး။
> မိမိတို့ တရက်နေ၇ရင် သာသနာနဲ့ တရက်ပဲဆိုင်တယ်။ တလနေရရင် သာသနာဟာ မိမိနဲ
>့ တလပဲ ဆိုင်တယ်။ သေတာနဲ့ မဆိုင်တော့ပါဘူး။ သေပြီးတော့ အပါယ်ကျသွား၇င်
> တော့ သွားဘီသာ မှတ်ပါ။ ဒါကြောင့် အသေမဦးခင်မှာ ဥာဏ်ဦးဖို့ အရေးကြီးပါတယ်။
> စားဝတ်နေရေးဆိုတာ သေတဲ့ အထိရှာ၇မှာပါ။ ဒါကြောင့် ဘုရားမှာခဲ့တဲ့ စကားကို
> လေးစားကျေးဇူးတင်သော အားဖြင့် နားထောင်တဲ့ အနေနဲ့ ဝိပဿနာ
> တရားရှုပွားခြင်းအလုပ်ကို မဖြစ်ဖြစ်အောင် ၂၄နာ၇ီမှာ ၁နာ၇ီ ၂နာ၇ီလောက်
> နေ့စဉ်ပေးကြည့်ကြပါလို့ တိုက်တွန်းပါတယ်။ မိမိကိုယ်ကို သနားကြပါ။
> မိမိကိုယ်ကို ပြန်ကယ်ပါ။ ကြုံတုန်းကြိုက်တုန်း..ဆိုတဲ့ အတိုင်း ကြုံတဲ့
> အချိန်မှာ ကြိုက်လိုက်ကြစမ်းပါ။ သာသနာ ၅၀၀၀ထားခဲ့တဲ့ ဘုရားရှင်ကို
> လေးလည်း လေးစားကြပါ။ ကဿပ ဘုရားရှင် ပရိနိဗ္ဗာန် စံတဲ့ အခါမှာ ဓါတ်တော်ကို
> တစ်လုံးထဲ ထားခဲ့ပါတယ်။ အဲ့ဒါကို စေတီတည်လိုက်ပါတယ်။
> ဂေါတမမြတ်စွာဘုရားသခင်ကိုယ် တော်မြတ်ကြီးကတော့ ငါနဲ့  ငါ့သာသနာ
> မကြုံလိုက်၇တဲ့ ဝေနေယျသတ္တ၀ါအပေါင်း ငါ့ဓါတ်တော်တွေ ဖူးပြီးတော့
> ဘုရား၊တရား၊သံဃာကို သတိ၇ကြပါစေ.. မဂ်ဖိုလ် ၇မဲ့အလုပ်တွေ လုပ်နိုင်ကြပါစေ။
> မဂ်ဖိုလ်၇မဲ့တရားတွေ နာကြားနိုင်ကြပါစေ။ အကျွတ်တရားရကြပါစေ .. ၀ိပဿနာ
> တရားနာကြား အားထုတ်ဖြစ်ကြပါစေလို့ စေတနာနဲ့ သူ့ ရဲ့ ဓါတ်တော်တွေကို
> အစိပ်စိပ် အမွှာမွှာကွဲအောင် အဓိဋ္ဌာန်တော်မူခဲ့ပါတယ်။ ဒါကြောင့်
> ဂေါတမမြတ်စွာဘုရား သခင်ရဲ့ ဓါတ်တော်တွေဟာ အစိပ်စိပ်အမွှာမွှာကွဲပြီး ကမ္ဘာ
> အ၇ပ်၇ပ်မှာ ပျံ့ နှံ့ လို့ နေပါတယ်။ မြတ်စွာဘုရား၇ဲ့  ဓါတ်တော်တွေ
> ဖူးပြီးတော့ အသိဥာဏ်တွေရ ၊၀ိပဿနာတရားတွေ ရှုပွားကြ အားထုတ်ကြနဲ့ 
> မဂ်ဖိုလ်ရတဲ့  ပုဂ္ဂိုလ်တွေလည်း ကမ္ဘာနဲ့ အ၀ှမ်း မှာလည်း
> အများကြီးရှိပါတယ်။ ဘုရားရှင်ကို ဒီအချက်အတွက် ကျေးဇူးတင်စရာ
> ကောင်းလွန်းပါတယ်။ပ၇ိနိဗ္ဗာန်စံ
ကာနီး အချိန်မှာတောင် အခြားဘုရားတွေကဲ့သို့
> အေးအေးဆေးဆေး မစံနိုင်ဘူး.. မိဘက သားသမီးကိုပူသလို .သူ့တရားမနာလိုက်၇တဲ့
> နောက်ပိုင်း ပုဂ္ဂိုလ်တွေ အကန်းပုထုဇဉ်ဘ၀နဲ့ သေသွား၇မှာ သိပ်စိုး၇ိမ်ပြီး
> ပရိနိဗ္ဗာန်စံကာနီး အချိန်မှာ မှာပါတယ် ။ ဘာမှာသလဲဆိုတော့ …
> ချစ်သားချစ်သမီးတို့ ငါဘုရား ပရိနိဗ္ဗာန်စံကာနီး နောက်ဆံုးစကား အဖြစ်
> အရေးကြီးစကား မှာကြားခဲ့မယ်။ ဒီရုပ်နာမ်၂ပါး ခန္ဓာငါးပါးဆိုတာ ဖြစ်ပြီး
> ပျက်နေကြတယ်။ အဲ့ဒါကို ဆရာကောင်း သမားကောင်းထံ နည်းယူပြီးတော့ မမေ့မလျော့
> မပေါ့မဆတဲ့ သတိနဲ့ စဉ်ဆက်မပြတ် ၀ိပဿနာတရား ရှုပွားပြီး နေရစ်ကြပါ…လို့
> အရေးတကြီး မှာကြားခဲ့ပါတယ်။
>
>
>
>
>
> ၁၅မိနစ်လေးပဲရရပါ။
>
>
>
> စိတ်ပင်ပန်းရင် လူပင်ပန်းလွန်းရင် ချက်ချင်း တရားထိုင်မှတ်လို့
> မရနိုင်ပါဘူး။ (အလေ့ကျင့် များလာတဲ့ ပုဂ္ဂိုလ်များအနေနဲ့ကတော့ တရားစိတ်
> သွင်းလိုက်တာ နဲ့ အမောပြေသွားပါတယ်။) ဒါကြောင့် မပင်ပန်းပဲ အိပ်ေ၇းဝတဲ
>့ မနက်ပိုင်း အချိန်လေးကို ၁၅မိနစ်ပဲရရ ဆက်တိုက် တရားနှလုံးသွင်းပေးတာ
> အကျိုး ပိုဖြစ်ထွန်းပါတယ်။ အချိန်အများကြီးထိုင်ပြီး မထိရောက်တာထက် စာရင်
> ၁၅မိနစ်နာရီဝက်မှာ အပြည့်နှလုံးသွင်းနိုင်တာ ပိုထိရောက်စေပါတယ်။

--

တစ်ချို့တွေက..အခက်အခဲကို အကြောင်းပြုပြီး..ဦးကျိုးတယ်....။
တစ်ချို့တွေက...စံချိန်ချိုးတယ်...။
(ဝီလျံအာသာဝဒ်)

Read more...

* အစက ကြိုသိခဲ့ရင် - အရှင်ဆေကိန္ဒ*


အရှင်ဆေကိန္ဒ (ဓမ္မဒူတ)

ဦးဇင်းဝိဇ္ဇောတမှ ကျွန်တော့်ထံသို့ မေးလ်နဲ့ ပို့လိုက်တာကို ထပ်လောင်း မျှဝေလိုက်ခြင်းပါ။ မိမိတို့နဲ့ နီးစပ်ရာများကိုလည်း ထပ်ဆင့်မျှဝေလို့ ကုသိုလ်ယူနိုင်ကြပါစေ။
+++++++++++++++++++++++++++++++++++++++

links များအား left click လုပ်၍၊ request download ticket အားနှိပ်၊ ထို့နောက် လေးထောင့်ကွက်ထဲက အက္ခရာများကို ဖြည့်၍ download ဒေါင်းလုပ်ယူနိုင်ပါတယ် ခင်ဗျာ...။

သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ။

လေးစားရိုသေစွာဖြင့်
ဖိုးသား

28.10.2009, WED:, 5:05:14 PM

Read more...

အပိုင်း (၇) မုသားသစ္စာ မဆိုကောင်း

အပိုင်း (၇) မုသားသစ္စာ မဆိုကောင်း

ဗာရာဏသီပြည် ဗြဟ္မဒတ်မင်းကြီး၌ မိဖုရားအများရှိ၍ တစ်ပါးသောမိဖုရားသည် ရုပ်အဆင်းအလွန်းလှပပြီး အခြားသော မိဖုရားများထက် ထူးကဲစွာထင်ပေါ်လျက်ရှိ၏။ လှပချောမောလွန်းသဖြင့် အများကလည်း ချစ်ခင်နှစ်သက်ကြ၏။

မင်းကြီးကိုယ်၌ကလည်း ထူးကဲစွာချစ်ခင်နှစ်သက်တော်မူ၍ အခွင့်အရေးပေး၏။ ချစ်ခင်နှစ်သက်သူ များသည့်အလျောက် မိဖုရားချောသည် မျက်နှာများ၍လည်းနေတတ်၏။ ၎င်းကို မင်းကြီးကမနှစ်သက်သဖြင့် အများနှင့်မရောရန်၊ မိမိဂုဏ်သိက္ခာကို ထိန်း၍ ဣနြေ္ဒဖြင့်နေရန် များစွာသတိပေးသော်လည်း ပေါ့ပေါ့နေမြဲနေလာသောအခါ မင်းကြီးမှ အမျက်ထွက်၍ ဒေါမာန်နှင့် ဆုံးမသတိပေး၏။ မိဖုရားချောသည် မင်းကြီးက အန္တရာယ်ပြုမည်ကို ကြောက်ရွံ၍ မင်းကြီးရှေ့၌ မုသားသစ္စာဆိုလေသည်။ မိမိသည် မည်သူ့ကိုမျှ ဖောက်ပြန်မှားယွင်းသော စိတ်မရှိပါကြောင်း၊ အကယ်၍ မှားယွင်းမှုရှိခဲ့ပါက တော၌အဖော်မဲ့ကျက်စားနေရသော ဘီလူးမကြီးဖြစ်ပါစေသားဟု မင်းကြီးရှေ့မှောက်တွင် မုသားသစ္စာဆိုလေသည်။

ထိုမိဖုရား သေလွန်သောအခါ မိမိဆိုခဲ့သောသစ္စာအမှားကြောင့် တောအုပ်ကြီးတစ်ခုတွင် တစ်ဦးတည်နေထိုင် ကျက်စားရသော ဘီလူးမကြီး ဖြစ်၍နေရလေသည်။ ဘီလူးမသည် မိမိပိုင်နက်တောအုပ်အတွင်း ရောက်လာကြသော လူသူသတ္တ၀ါတို့ကို ဖမ်းစား၍ အသက်မွေးဝမ်းကျောင်းရလေသည်။

တစ်နေ့သော် ထိုတောအုပ်ကိုဖြတ်၍ ကူးသန်းသွားလာရောင်းဝယ်ရန် သူဌေးသားတစ်ဦးနှင့် တပည့်များစွာတို့သည် ရောက်လာကြ၏။ ဘီလူးမသည် မိမိဝမ်းစာ ရှာထွက်ခိုက်နှင့် ကြုံ၍ သူဌေးသားနှင့် တပည့်များရှိရာသို့ အသံကြီးစွာ အော်ဟစ်ရောက်ရှိလာလေလျှင် တပည့်တို့သည် အထူးတုန်လှုပ် ကြောက်ရွံကာ သူဌေးသားအား ချန်လှပ်၍ ထွက်ပြေး လွတ်မြောက်ကြကုန်၏။ တစ်ဦးတည်း ကျန်ရစ်သော သူဌေးသားကို ၀မ်းစာအလို့ငှာ အတင်းဆွဲယူ ကျောပေါ်တင်၍ မိမိနေထိုင်ရာ ဂူအတွင်းသို့ ယူလာ၏။ ထိုအခါ သူဌေးသားဟူသော အဖိုဓာတ်နှင့် ဘီလူးမဟူသော အမဓာတ်တို့သည် ကျောပေါ်တင်၍ ယူသယ်လာသော အတွေ့အထိ ပွတ်သပ်မှုတို့ကြောင့် ဘီလူးမသည် ဂူအတွင်းရောက်သောအခါ စားရန်သယ်လာသော လူသားကို မစားတော့ဘဲ လင်အဖြစ် ပေါင်းသင်းရန် စိတ်ရာဂတို့၏ အလိုဆန္ဒအတိုင်း အကြင်လင်မယားအဖြစ် ပေါင်းသင်း၍ နေလိုက်တော့၏။

လူသားသူဌေးသားစားရန် အစာ အာဟာရတို့ကိုလည်း မိမိကိုယ်တိုင် တောမှ သစ်သီးသစ်ဥများကိုလည်းကောင်း၊ သားငါးတိရိစ္ဆာန်များကိုလည်းကောင်း၊ ရှာကြံဖမ်းယူသတ်ဖြတ်၍ ကျွေးမွေးလေ၏။

ထိုမှအချိန်ကြာလာသော် သားရတနာတစ်ဦးပင် ရလာကြတော့၏။ လူသားအဖနှစ်ယောက်တို့သည် နေ့စဉ် တောနက်လိုင်ဂူထဲ၌ နေနေရပြီး ဘီလူးမသည် အပြင်မှ စားစရာတို့ကို ရှာဖွေ၍သာ သားရတနာနှင့် လင်သား လူသားနှစ်ယောက်ကို နေစဉ်မမောနိုင်၊ မပန်းနိုင် ကျွေးရှာလေ၏။ သားလူသားသည် အချိန်တန်လူလားမြောက်လာသောအခါ မိခင်နှင့်ဖခင်တို့၏ အခြေအနေကို သိရှိလာလေသော် ဖခင်အား အမေဘီလူးမကြီးမသိအောင် လူတို့၏နေရာ မြို့ရွာများသို့သွား၍ လူသားများကဲ့သို့ လုပ်ကိုင်စားသောက်နေကြရန် တိုက်တွန်း၏။ ဖခင်သည်လည်း နေ့စဉ်ဘီလူးမ၏ လုပ်ကျွေးမှုကို စားသုံးကာ အကုသိုလ်အလုပ်ဖြင့်သာ နေရသည်ကို များစွာ စက်ဆုပ်လျက်ရှိ၏။ သို့သော် ဘီလူးမ၏ လွှမ်းမိုးမှုအရိပ်အောက်မှ လွတ်ထွက်ရန်မလွယ်ကူကြောင်းလည်း နားလည်၏။

ထိုမှ သားသည် တဖြည်းဖြည်း ကြီးပြင်းလာသောအခါ ဘ၀၏ ပါရမီတိုက်တွန်းနှိုးဆော်ချက်တို့ကြောင့် ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။ မိခင်အား ကောင်းစွာခွင့်ပန်၍ သားနှင့်အဖဖြစ်သူတို့ကို မြို့တက် လုပ်ကိုင်စားသောက်ခွင့်ပြုရန် တောင်းပန်လေ၏။ သို့သော် မိခင်ဘီလူးမသည် သားနှင့်ခင်ပွန်းတည်းဟူသော သံယောဇဉ်တို့ ချည်နှောင်လာပြီဖြစ်၍ အသက်ရှင်လျက် မခွဲခွာနိုင်တော့ပေ။ သို့ဖြစ်၍ သားငယ်သည် မိခင်၏ခွင့်ပြုချက်မရသော်လည်း ဤအတိုင်းပင် ဆက်၍နေသွားရမည်ဆိုပါက မိခင်ကိုလည်း မည်သို့မျှ ကောင်းကျိုးမပြုနိုင်သည့်အပြင် လူသားဖြစ်ကြသော ဖခင်နှင့် မိမိတို့သည်ပါ အကုသိုလ်ဝဋ္ဋ်ဒုက္ခဆင်းရဲတွင် နစ်မွန်းပြီး ဘ၀ဆုံးရှုံးရတော့မည်ကို ဉာဏ်ဖြင့်ချင့်ချိန်သိရှိကာ ဖခင်အား မိခင်မသိခိုက် အနီးနားရှိ ချောင်းစပ်သို့အရောက် ထွက်ပြေးကြရန်၊ ထိုချောင်းစပ်သည် မိခင်၏ အပိုင်နယ်ခြားဖြစ်၍ ၎င်းမှကျော်လွန်ကာ မိခင်မလိုက်လာနိုင်ကြောင်း၊ ၎င်းနေရာကို ကျော်လွန်ကာ ရွာသို့ရောက်မှသာ မိခင်အတွက် ကောင်းမြတ်သော ဘ၀သို့ ရောက်ရာရောက်ကြောင်း ကုသိုလ်တရားများ ရှာကြံပေးကြမည်ဟု ဆုံးဖြတ်၍ ဖခင်အား ခေါ်ဆောင်ကာ ထွက်ပြေးကြလေ၏။

ဘီလူးမသိသောအခါ သား၊ ခင်ပွန်းတည်းဟူသော ကြီးမားလှသည့် သံယောဇဉ်အနှောင်အဖွဲ့မှ မည်သို့မျှလွတ်မရုန်းနိုင်သည်ဖြစ်၍ ချက်ခြင်းခြေရာခံလိုက်သော် နယ်ခြားချောင်းစပ်အလယ်သို့ ရောက်နေကြပြီဖြစ်သော သားနှင့် ခင်ပွန်းအား မှီလေ၏။ ထိုအခါ ဘီလူးမက ကြီးစွာသော ချစ်ခြင်းနှောင်ကြိုးတို့ဖြင့် တား၍မရတော့ပါက ချောင်းလယ်မှ နားထောင်ပါ။ သားတို့ မြို့ရောက်ပါက သူတစ်ပါးနည်းတူ မျက်နှာမငယ်ရဘဲ လုပ်ကိုင်စားသောက်နိုင်ရန် မိခင် ဂါထာတစ်ပုဒ် သင်ပေးလိုက်မည်။ ထိုဂါထာကို အားကိုးအသုံးချ၍ သားတို့လုပ်ကိုင်စားသောက်ကြပါဟု ဆိုလေသည်။ သားအဖနှစ်ယောက်သည် ချောင်းလယ်မှနေကာ မိခင် ဘီလူးမကြီးသည် ချောင်းစပ်မှ ဂါထာကို သင်ပေး၍အပြီးတွင် ဘီလူးမသည် သားဇောတည်းဟူသော စိတ်တို့ဖြင့် ရင်ကွဲနာကျ၍ ဘ၀ဆုံးရလေ၏။ သားသည်လည်း ကောင်းစွာဦးချကန်တော့ကြပြီး ကျေးဇူးရှင် မိခင်ဘီလူးမ၏ ရုပ်အလောင်းကို မီးသင်္ဂြိုလ်၍ အမျှအတန်းပေးဝေကြလေသည်။

လူသား သားအဖနှစ်ယောက်တို့သည် မိမိတို့ ရည်မှန်းချက်အတိုင်း မြို့တက်လုပ်ကိုင်စားသောက်ကြမည်။ မိခင်အတွက် ကောင်းမှုကုသိုလ်များကို အခွင့်ရက ပြုလုပ်ကြမည်ဟူသော ဖြူစင်သောစိတ်ထားဖြင့် မြို့တက်၍ နန်းတော်သို့ဝင်ကာ မိမိတို့ သင်ယူခဲ့သော မိခင်၏စေတနာ ဂါထာဖြင့် အမှုထမ်းရန် ဘုရင့်ထံလျှောက်ထားကြလေ၏။ ၎င်းသားအဖနှစ်ယောက်သည် မိခင်ထံမှ သင်ယူရရှိခဲ့သောဂါထာ၏ အစွမ်းမှာ ဤဂါထာကိုရွတ်ဆိုလိုက်ပါက သူခိုးကို ခြေရာခံ၍ တွေ့နိုင်သောတန်ခိုးရှိလေသည်။ သူခိုးရှာပေးနိုင်သည့် အသိဉာဏ်ရ ဂါထာဖြစ်၏။

ဘုရင်မင်းမြတ်မှ သူခိုးရှာပေးနိုင်သော အသိဉာဏ်ရှိသည်ဆို၍ တစ်ချိန်တော့ နန်းတော်တွင် အသုံးပြုနိုင်ပေလိမ့်မည်ဟု စဉ်းစားကာ အကြံပေးပုဂ္ဂိုလ်များနှင့် တိုင်ပင်၍ ၎င်းသားအဖနှစ်ယောက်အား ရိက္ခာအပြည့်အစုံ ထောက်ပံ့လျက် နန်းတော်တွင်းဝယ် အိမ်တဆောင် မီးတပြောင်ဖြင့် ခမ်းခမ်းနားနား ထားပေးလေသည်။ ဤကဲ့သို့ ရက်မှလ၊ လမှနှစ် စသည်ဖြင့် အချိန်ကြာမြင့်လာခဲ့သော်လည်း နန်းတော်တွင်းသူခိုးဟူ၍ လုံးဝ မပေါ်ပေါက်လေသောအခါ မင်း၏အကြံပေး မူးမတ်တို့သည် ဤသားအဖအား ယခုကဲ့သို့ ခမ်းနားသော စည်းစိမ်ဥစ္စာတို့ ပေးကမ်းထောက်ပံ့ထားသည်ကို မနာလိုဝန်တိုမှု ဖြစ်လာပြီး ဘုရင်မင်းမြတ်အား တင်ပြကြ၏။

ဘုရင်မင်းမြတ်ကိုယ်၌်ကလည်း ယခုကဲ့သို့ နှစ်လကြာရှည်စွာ အလုပ်မရှိဘဲ ထောက်ပံ့ပေးနေရသည်ကို မနှစ်သက်ဖြစ်ကာ အကြံပေးများနှင့် တိုင်ပင်ကာ မည်သို့ ပြုလုပ်ပါက ကောင်းမည်နည်းဟု တိုင်ပင်ဆွေးနွေးလေ၏။ အကြံပေးမှုးမတ်တို့မှာ မူလကလည်း မနာလိုဖြစ်နေသည်ကတစ်ကြောင်းမို့ ဘုရင်အား ဂုံးတိုက်စကားဆိုကာ ဘီးထည့်လိမ့်စေ၏။ နန်းတော်တွင်းလူကောင်းများသာ နေကြပြီး အစောင့်များလည်း အပြည့်ရှိကြ၍ သူခိုးခိုးမှု မဖြစ်နိုင်သောကြောင့် ၎င်းသားအဖအား ထောက်ပံ့မှုအဆောင်ယောင်များ ရပ်ဆိုင်းရန် အကြံပေးလေ၏။ အကြောင်းပြချက်မရှိဘဲနှင့် ရပ်ဆိုင်းရန်မှာ မသင့်လျော်သဖြင့် ဘုရင်နှင့် အကြံပေးမှုးမတ်နှစ်ဦးတို့ တိုင်ပင်ကြပြီးနောက် ညတညတွင် ဘုရင်နှင့် မှုးမတ်တို့သည် နန်းတော်ဘဏ္ဍာတိုက်မှ ရတနာတစ်ထုပ်ကိုယူကာ မနီးမဝေးတစ်နေရာရှိ ရေအိုင်တွင်း ရွှံနွံထဲသို့နှစ်၍ ၀ှက်ထားကြ၏။

နောက်တစ်နေ့တွင် နန်းတော်ဘဏ္ဍာတိုက်မှ ရတနာထုပ် ပျောက်ဆုံးနေကြောင်း မှုးမတ်များ စုံညီရာတွင် ကြော်ငြာလေသည်။ ထိုအခါ အကြံပေးမှ ဘုရင်မင်းကြီးအား သူခိုးဖမ်းပေးနိုင်သော သားအဖအား တာဝန်ပေးသင့်ကြောင်း မှုးမတ်များရှေ့တွင် တင်ပြပြီး အကယ်၍ သူခိုးအား မရှာပေးနိုင်ပါက ၎င်းသားအဖနှစ်ယောက်အား နန်းတော်မှ ဖယ်ရှားကာ အပြစ်ဒဏ်ပေးရန် အကြံပြုလေသည်။

မင်းကြီးလည်း သဘောတူဟန်ပြု၍ ၎င်းသားအဖတို့အား မှုးမတ်များရှေ့သို့ ခေါ်စေပြီး အကယ်၍ ဤအမှုကို မဖော်ထုတ်ပေးနိုင်က ကြီးလေးသော အပြစ်ဒဏ်ကိုကျခံစေ၊ နန်းတော်တွင်း သူခိုးကို တွေ့ရှိပါက သေစေဟူသောအမိန့်ကိုချမှတ်၍ မှုးမတ်အာဏာသားတို့အား ချက်ချင်းအမိန့်ထုတ် တာဝန်ပေးလိုက်၏။

အဆိုပါသားအဖတို့သည် ရိုးသားစွာဖြင့် မိမိတို့အား သင်ကြားဆုံးမပေးလိုက်သော မိခင်ကြီးအား သတိရ အောက်မေ့လျက် ဂါထာကိုရွတ်ဆိုပြီး ခြေရာခံလိုက်ရာတွင် မကြာမီ ရေအိုင်ရွှံအိုင်ကြားမှ ရတနာထုပ်ကို တွေ့ရှိရလေသည်။ ခြေရာကို ဆက်လက်ခံယူကြည့်ရာ မည်သူမည်ဝါ ဖြစ်သည်ဆိုသည်ကို သားအဖနှစ်ယောက်မှာ ကောင်းစွာသိရှိလေသည်။ ထိုအခါ မှုးမတ်အာဏာတို့၏ တူးဖော်ဆယ်ယူမှုဖြင့် ရတနာထုပ်ကို ရရှိ၍ ဘုရင်မင်းကြီးထံ အများပြည်သူ မှုးမတ်တို့၏ ရှေ့တွင် အပ်နှင်းကြလေ၏။ မှုးမတ်တို့နှင့်အများပြည်သူတို့က များစွာချီးမွှမ်း သြဘာပေး၍ သားအဖနှစ်ယောက်အား ကောင်းချီးပေးကြလေသည်။

မင်းကြီးနှင့် အကြံပေးပုဂ္ဂိုလ်တို့သည် များစွာမကျေမနပ်ဖြစ်ကာ မိမိတို့၏အကြံဉာဏ် ဆက်လက်အကောင်အထည်ဖော်ရန် မှုးမတ်ပြည်သူများရှေ့၌ "ရတနာပစ္စည်းများရတာတော့ ဟုတ်ပါပြီ။ သူခိုးကို လက်ရဖမ်းမပေးနိုင်သည့်အတွက် ဤသားအဖအား အပြစ်ဒဏ်မှမလွှတ်ပေးနိုင်သေးကြောင်း" မိန့်ဆိုလာကြပြန်သည်။

သားအဖသည် ဘုရင်အား မေတ္တာရပ်ခံ၏။ ရတနာပစ္စည်း ပြန်တွေ့ပြီဖြစ်၍ လက်ရဖမ်းမပေးနိုင်သော်လည်း ကျေနပ်တော်မူပါရန် အမျိုးမျိုးတောင်းပန်၏။ အကြံပေး၏။ တိုက်တွန်းချက်အရ ဘုရင်မင်းကြီးက ဆက်၍မိန့်ပြန်သည်မှာ "သူခိုးကို ယခုအများပြည်သူရှေ့မှောက်၌ပင် အပြစ်ပေး၍ သေဒဏ်ပေးရန် ဆန္ဒပြင်းပြလျက်ရှိကြောင်း၊ ထို့ကြောင့် မှုးမတ်နှင့်အာဏာသားများကို ထပ်မံမိန်ကြားသည်မှာ သူခိုးကို မဖြစ်မနေ သတ်ပြစ်ရန်နှင့် အကယ်၍ သူခိုးကို ရှာမတွေ့နိုင်ပါက ဤသားအဖနှစ်ယောက်တို့သည် ၀န်ခံဂတိပြုထားသော ဉာဏ်ပညာ စွမ်းအားမရှိပါဘဲနှင့် ရှိသယောင် လှည့်စားသည့်အတွက် ဤသားအဖအား ကြီးလေးသော ပြစ်ဒဏ်ပေး၍ နန်းတော်မှ နှင်ထုတ်စေ" ဟု အမိန့်ထုတ်ပြန်၏။

ထိုအခါတွင် ရိုးသားသော သားအဖနှစ်ယောက်တို့သည် မည်သို့ပင်တောင်းပန်သော်လည်း မရနိုင်တော့သဖြင့် မှုးကြီးမတ်ရာ အာဏာသားများနှင့် အများပြည်သူများ ရှေ့မှောက်တွင်အမှန်အတိုင်း ၀န်ခံပြောဆို ထုတ်ဖော်ရန် ဆုံးဖြတ်ပြီး "ဤနန်းတော်ဘဏ္ဍာမှ ရတနာများကို ကိုယ်တိုင်ကိုယ်ထိလက်ရောက် ခိုးထုတ်သူ သူခိုးအစစ်အမှန်မှာ ယခု ပြည်သူအများ ရှေ့မှောက်တွင် ရှိနေကြသော တရားမစောင့်စည်းသည့် ဤဘုရင်းမင်းနှင့် ၎င်း၏အကြံပေး ပုဂ္ဂိုလ်နှစ်ဦးသာဖြစ်ကြောင်း" ကြေညာလိုက်လျှင် ဘုရင်နှင့် အကြံပေးတို့သည် တစ်ဦးမျက်နှာတစ်ဦးကြည့်ကာ မည်သို့မျှ ငြင်းပယ်နိုင်စွမ်းမရှိတော့ဘဲ အများပြည်သူရှေ့တွင် ဟုတ်မှန်ကြောင်း ၀န်ခံကြလေသည်။ အများပြည်သူ မှုးမတ်တို့လည်းဤမျှဆိုးသွမ်း မိုက်မဲ၍ မတရားသောဘုရင်နှင့် အကြံပေးတို့ကို ၀ိုင်းရိုက် ပုတ်ခတ်၍ နန်းတော်မှ ဖယ်ရှား မောင်းထုတ်လိုက်ကြပြီးလျှင် အကြံဉာဏ် အမျှော်အမြင်ကြီးမားပြည့်စုံ၍ တရားလက်ကိုင်ရှိသော ဤသားအဖ နှစ်ဦးတို့ကို အများသဘောတူ ဘုရင်နှင့် အိမ်ရှေ့မင်းအရာသို့ ခန့်အပ်မြှောက်စား ချီးမြှင့်လိုက်ကြလေသည်။

"ရိုးသားခြင်းသည်သာ အောင်မြင်၍မြင့်မြတ်သည်။ မရိုးသားပါက ဆုံးရှုံးပျက်ဆီး ဒုက္ခရောက်ရတတ်သည်။"



Read more...

တတိယအကြိမ်မြောက် ဆမ်ဘားဝမ်း( ဓမ္မဥယျာဉ်မြန်မာဘုန်းတော်ကြီးကျောင်း) တန်ဆောင်တိုင် ကထိန်အလှူတော်

ပီးခဲ့တဲ့ တနင်္ဂနွေနေ့ ( 25 Oct 2009 ) ရက်နေ့က နှင်း ရဲ့ ဆရာများက ဆမ်ဘားဝမ်း ဆရာတော်ဘုရားထံ ကထိန်သင်္ကန်း သွားရောက် လှူဒါန်းကြမည်ဟု အကြောင်းကြားလာသဖြင့် အိပ်ယာထ အလွန်ပျင်းသော နှင်း တစ်ယောက် နံနက်စောစော အိပ်ယာမှထကာ နှင်း တို့ အိမ်နှင့် မလှမ်းမကမ်း၌ တည်ရှိသော ဓမ္မဥယျာဉ် မြန်မာဘုန်းတော်ကြီးကျောင်း သို့ သွားရောက်ဖြစ်ခဲ့ပါတယ်....။

အဲဒီ့နေ့က စကာင်္ပူနိုင်ငံ စင်္ကာပူမြို့ Sembawang ဓမ္မဥယျာဉ် မြန်မာ ဘုန်းကြီးကျောင်း၌ ဆရာတော်ဘုရား နှင့် သံဃာတော် အရှင်သူမြတ်တို့အား စင်္ကာပူရောက် ဗုဒ္ဓဘာသာ မြန်မာမိသားစု တို့ ပေါင်းစု၍ ကထိန် သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုအစုစုတို့ကို လှူဒါန်းဆက်ကပ်ကြပြီးနောက် ၊ ကထိန်အလှူတော် အောင်ပွဲအခမ်းအနားကိုလည်း ဓမ္မဥယျာဉ်ကျောင်း အနီးရှိ Sembawang ကမ်းခြေ ၌ စည်ကားသိုက်မြိုက်စွာကျင်းပ ခဲ့ကြပါတယ်..။
ဓမ္မဥယျာဉ်ကျောင်း ဆရာတော်ဘုရားအား အမှူးပြု၍ အလှူရှင်မိသားစု များမှ စတုဒီသာ မြန်မာ့ရိုးရာ မုန့်ဟင်းခါး ၊ အုန်းနိုးခေါက်ဆွဲ ၊ ဆီချက်ခေါက်ဆွဲ ၊ သာကူ ၊ လုံးစေ့ကျောက်ကျောဖျော်ရည် ၊ ခေါက်ဆွဲသုတ် ၊ ကြာဇံဟင်းခါး စသည့် စတုဒီသာ အစုံအလင်တို့ဖြင့် ရောက်လာသူအားလုံးတို့ကို တစ်နေကုန် ဒါနပြုကြပါတယ်...။











ဆမ်ဘားဝမ်း ကမ်းခြေကို ဘတ်စ်ကားရပ်လိုက်ပြီဆိုရင်ပဲ မြန်မာ့ဆိုင်းဝိုင်းသံ မြိုင်မြိုင်ဆိုင်ဆိုင်တီးလုံးသံကိုကြားလိုက်ရတော့ ချက်ချင်းပဲ မြန်မာပြည်ကို ပြန်ရောက်သွားသလို ခံစားလိုက်ရပါတယ် ...။
အနီးနားရောက်တဲ့အခါမှာတော့ ပင်လယ်ကမ်းစပ်အနီး ဇာတ်စင်ထိုးပြီး စင်ပေါ်မှာလည်း
မြန်မာ့ဆိုင်းဝိုင်းကြီးကို တွေ့လိုက်ရတဲ့အခါ ရင်ထဲမှာ အရမ်းကို ပျော်သွားမိတယ် ...။
ဆိုနေကြတဲ့ သီချင်းတွေကလည်း ချမ်းမြေ့ပါစေ ၊ ဇေယျာကမ်းအလှပန်းချီ ၊ ငယ်ကျွမ်းဆွေ ၊ အရဟံဂုဏ်တော် စတဲ့ မြန်မာတေးသီချင်းကြီး တွေနဲ့ အားပါးတရ ဖျော်ဖြေကြပါတယ် ...။
နားထောင်လို့လဲ အရမ်းကောင်းသလို စင်္ကာပူရောက်မြန်မာတွေရဲ့ အနုပညာအရည်အချင်းတွေကိုပါ သိခွင့်ရခဲ့ပါတယ်...။
ပရိတ်သတ်တွေ ရိုးအီမသွားရအောင် ကြားဖြတ် ကံစမ်းမဲအစီအစဉ်လေးတွေပါ ထည့်ထားပါတယ် ...။
ဆရာတော်ဘုရားက ကထိန်အလှူရှင်တွေအတွက် ပထမဆု Laptop Computer ၊ ဒုတိယဆု LCD TV ၊ တတိယဆု DVD Player နဲ့ စတုတ္ထဆု Digital Camrea ၊ ပဉ္စမဆု လန်ကာဝီ ခရီးစဉ် ၂ ညအိပ် ၃ရက် နဲ့ နှစ်သိမ့်ဆုများအဖြစ် တစ်နှစ်စာ စင်္ကာပူနိုင်ငံထုတ် သဇင်မဂ္ဂဇင်း စာအုပ်များ ၊ မသီရိ ( သီရိ အလှပြင်ဆိုင် ၊ Peninsula Plaza ) ကလဲ Hair Cut Free လက်မှတ်မြောက်များကို စပွန်စာ ပေးခဲ့ပါတယ်...။ကိုယ်ကိုယ်တိုင် ဘာမဲမှ မပေါက်ခဲ့ပေမယ့် သူများတွေ မဲတွေပေါက်တာကိုကြည့်ရတာလဲ အရမ်းပျော်စရာကောင်းနေခဲ့ပါတယ် ....။
အစီအစဉ်တွေအားလုံးထဲမှာတော့ အထူးခြားဆုံးက အငြိမ့်ကဏ္ဍလေးပါပဲ လူရွှင်တော်တွေ ၊ အငြိမ့်မင်းသမီးတွေနဲ့ ဆိုင်းဆရာ စိန်မြစန်း အဖွဲ့ လိုက်ဖက်ညီညီ ကတာတွေကို ကြည့်ရတာ တစ်ကယ့် မြန်မာပြည်က အငြိမ့်တွေလိုပါပဲ ....။ အငြိမ့်မစခင်မှာ ကတဲ့ ရွှေအိုးစည်အကလေးကိုတော့ နှင်း တော်တော်လေး သဘောကျမိတယ်...။ရှမ်းတိုင်းရင်းသားလေး နှစ်ယောက်ကပြဖျော်ဖြေကြတာဖြစ်ပါတယ်...။
အားလုံးကြည့်လို့ရအောင် Video ရိုက်လိုက် ချက်ချင်း Youtube မှာလှမ်းတင်လိုက်နဲ့ နှင်း လဲ တော်တော်အလုပ်ရှုပ်သွားပါတယ် .. ပါးစပ်ကပြောတော့ အချိန်မရှိလို့ဆိုပြီး အဲဒီ့နေ့က ပြန်ရအောင်လို့ခေါ်တာကို မရလို့ နှင်းကို လက်လျှော့ပြီး နှင်းတို့ တစ်ဖွဲ့လုံး တစ်နေကုန်အောင် ထိုင်ကြည့်ခဲ့ကြပါတယ်...။

ကိုဖိုးစိုင်း နဲ့ မနန်းမေသက်အေး တို့ရဲ့ ရွှေအိုးစည် အက


မနှင်းဝေေ၀ ရဲ့ တစ်ပင်တိုင်အကအလှ


ဒေ၀စ္ဆရာ နှစ်ပါးအက








အဲဒီ့နေ့က အလှူရှင်တွေလဲ ဒါနမြောက်သွားရအောင် အုန်းနို့ခေါက်ဆွဲက ၂ ပွဲ ၊ ခေါက်ဆွဲသုတ် ၁ပွဲ ၊ မုန့်ဟင်းခါး ၁ပွဲ၊ ဆီချက် ၁ပွဲ ၊ အအေး ၂ ခွက် ၊ ရေသန့်၂ ပုလင်း ၊ တစ်နေကုန် မပြန်မချင်း အားပေးလာခဲ့ပါတယ်...။ ဗိုက်အရမ်းတင်းနေတာနဲ့ သာကူ မစားခဲ့ရဘူး .. အိမ်ပြန်ရောက်လို့ ဗိုက်ချောင်သွားတော့မှပဲ ဓါတ်ပုံလေးတွေ ပြန်ကြည့်ပြီး သာကူမစားခဲ့ရလေခြင်းဆိုပြီး နောင်တတွေတစ်လှေကြီး ရနေသေးတာ ..ဟီး ...း) ။အလှူလုပ်တဲ့အခါ လန့်ပြီးမဖိတ်ပဲ မနေကြနဲ့ဦးနော်...။ အုန်းနို့ခေါက်ဆွဲက အရမ်းကောင်းလို့ နှစ်ပန်းကန်စားပစ်လိုက်တာ နောက်တစ်နေ့ရောက်တော့ ကောင်းကောင်းမထနိုင်တဲ့အပြင် ခေါင်းတစ်ခြမ်းကလဲ အကြောညှပ်သွားပါတယ် ...။ နောက်ဆုံးတော့ နှင်းဟေမာ တစ်ယောက် လုံးဝမထနိုင်တော့လို့ ရုံးတစ်ရက် နားလိုက်ရပါတော့သတည်း .....းp

အားလုံးကို ချစ်ခင်လေးစားလျှက်
နှင်းဟေမာ


Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP