* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Tuesday, October 27, 2009

သီတဂူဆရာတော်၏အိန္ဒိယခရီးစဉ်


သို့/
သက်ဆိုင်ရာ ဦးဇင်းများသို့
အိန္ဒိယနိုင်ငံ ရက်စွဲ၊ 27/10/2009


အကြောင်းအရာ၊ ၊ သီတဂူဆရာတော်၏အိန္ဒိယခရီးစဉ်

အထက်ပါအကြောင်းအရာနှင့်ပတ်သက်၍ သီတဂူအဓိပတိဆရာတော်သည် အောက်ပါ ခရီးစဉ် အတိုင်း ကြွရောက်မည်ဖြစ်ကြောင်း အကြောင်းကြားပါသည်။

ဒီဇင်ဘာ ၄ ရက်၊
Thai TG 8820 ဖြင့် နေ့လည် (၂း၀၀) နာရီတွင် ဂယာမြို့သို့ ဆိုက်ရောက် မည်ဖြစ်ပြီး၊ ညနေပိုင်း (၆) နာရီတွင် ဆရာတော်၏ တရားပွဲ အစီစဉ်ရှိပါသည်။
ဗုဒ္ဓဂယာရှိ Lotus Nikko (သို့မဟုတ်) Royal Residential Hotel ၌ တည်းခိုပါမည်။


ဒီဇင်ဘာ ၅ ရက်၊

ဗုဒ္ဓဂယာတွင် ဆရာတော် ရှိနေပါမည်။
ညနေပိုင်းတွင် ပညာသင်မြန်မာရဟန်းတော်များ၏ သြ၀ါဒခံယူပွဲကို ကြွ ရောက်၍ သြ၀ါဒကထာ မြွက်ကြားပါမည်။ ယင်းဟိုတယ်၌ တည်းခိုပါမည်။

ဒီဇင်ဘာ ၆ ရက်၊
နံနက်ပိုင်း Indian Airlines - 410 ဖြင့် လေယာဉ်ဖြင့် ပတ္တနားမှ ဒေလီသို့ ကြွရောက်မည်ဖြစ်ရာ နံနက် ၁၀း၃၀ နာရီတွင် ဒေလီ (IGI) လေဆိပ်သို့ ဆိုက်ရောက်ပါမည်။ ထိုလေဆိပ်မှတဆင့် Indigo-105 ဖြင့် 14:20 တွင် ပုနေးသို့ ဆက်လက်ကြွရောက်မည်ဖြစ်ပါသည်။

Patna to Delhi, Indian Airlines -410, Dep 09:05 – Arr 10:35
Delhi to Pune, Indigo-105, Dep:14:20 – Arr 16:30

မှတ်ချက်။ ပတ္တနားလေယာဉ် နောက်ကျလျှင် စိုးရိမ်ကြောင့်ကြမှု ကင်းဝေးရန်၊ ဒေလီ လေဆိပ်တွင် နေ့ဆွမ်း အေးအေးဆေးဆေး ဘုဉ်းပေးချိန် ရရန်၊ ပုနေးသို့ Business class ဖြင့် ဆရာတော် သက်တောင့်သက်သာ စီးနိုင်ရန်၊ Transit ဖြစ်၍ သေချာပေါက် နောက်ဆက်စီး လေယာဉ်မီရန် တို့ကို ရည်ရွယ်၍ 14:20 အချိန်ကို ရွေးလိုက်ပါသည်။ 12:40 အချိန် လေယာဉ်ရှိသော်လည်း Business class မပါ၍ မရွေးချယ်ပါ။
Seasons An Apartment Hotel ၌ တည်းခိုပါမည်။

ဒီဇင်ဘာ ၇ ရက်
နံနက်ပိုင်းတွင် ပုနေးမြို့ အနီးရှိ ရှေးဟောင်းဗုဒ္ဓဘာသာ လိုဏ်ဂူများသို့ ကြွရောက်လေ့လာပြီး ညနေပိုင်းတွင် ပုနေးတက္ကသိုလ်တွင် ဆရာတော် သင်တန်းတစ်ခု သင်ကြားပြသပေးမည်။ ညနေပိုင်း (၇) နာရီ တွင် Jet Airways-364 ဖြင့် ဒေလီသို့ ပြန်လည် ကြွရောက်မည်ဖြစ်ပါသည်။
Pune to Delhi, Jet Airways-364, Dep: 19:00 Arr 21:10
Ashok Hotel တွင် တည်းခိုပါမည်။

ဒီဇင်ဘာ ၈ ရက်၊
ညသန်းခေါင် Thai TG 316 (00:05/ 09-12-09) ဖြင့် ဒေလီ မှ ဘန်ကောက်သို့ ပြန်လည် ကြွရောက်မည် ဖြစ်ပါသည်။


မေတ္တာဖြင့် -
အရှင်ကုမာရ
ဒေလီတက္ကသိုလ်၊
ဖုန်း ၉၈၁၁၉၂၃၂၈၈


Read more...

*မွေးနေ့ဆုတောင်း - အရှင်သုနန္ဒာလင်္ကာရ*

အရှင်သုနန္ဒာလင်္ကာရ


*မွေးနေ့ဆုတောင်း*

မွေးနေ့မွေးရက် ကုသိုလ်ဆက်
ဘုန်းဘုန်းအတွက် ဖြစ်ပါစေ။

မွေးနေ့မှသည် ရှေ့သို့ချီ
များကျိုးပီပီ ထမ်းနိုင်စေ။

မွေးနေ့မှာပင် ပြန်ဆင်ခြင်
မကောင်းမှုတွေ ကြဉ်နိုင်စေ။

သာသနာ့အကျိုး မိမိကျိုး
ရှေ့ဆက်၍လည်း ကြိုးနိုင်စေ။

ပန်းတစ်ပွင့်အသွင် တင်စားချင်
နမ်းရှိုက်လျှင် သင်းပါစေ။

ပင်ယံပင်မြင့် စွယ်စုံတင့်
ရင်နင့်အောင်လည်း မွှေးပါစေ။

ပန်းကမ္ဘာမှာ လန်းဖြာစွာ
ချမ်းချမ်းသာသာ ရေးနိုင်စေ။

လွယ်ကူကျန်းမာ လျှင်မြန်စွာ
မဂ်ဖိုလ်ချမ်းသာ ရပါစေ။

မွေးနေ့ကဗျာ ရေး၍သာ
စိတ်မှာပူဇော် ဦးတင်ပေ။

ဖိုးသားပြုသမျှ ကုသလ
လက်ဆောင်အဖြစ် အမျှဝေ။
ဘုန်းဘုန်း ကျန်းမာချမ်းသာစေ။
သက်ကျော်ရာကျော် ရှည်ပါစေ။

( ၂၇ . ၁၀ . ၀၉ ) နေ့တွင် ကျရောက်သော ဘုန်းဘုန်း ဦးသုနန္ဒာလင်္ကာရ ၏ ၃၁ နှစ်ပြည့် မွေးနေ့အား ရည်မှန်း၍ ပူဇော်ရေးသားလိုက်ပါတယ် ဘုရား။


ရိုသေလေးစားစွာ ဦးတင်လျက်
ဖိုးသား

10/27/2009 6:20:16 PM


Read more...

အရှင် ဂုဏိန္ဒ ဆရာတော်ကြီး သြ၀ါဒ ကိုဥာဏ်ကွန့် ထားတာပါ

နေရက် သေရက် ရေကာတွတ်သော်

ဘ၀အသက်ကို ခဏ ခဏ ရေတွတ်ကြည့်လိုက်တော့
နေရက်ကနည်းသွားပြီ.............
သေရက်က နီးကပ်နေပြီ ၊
ဒီတော့ လောဘ ဒေါသ မောဟ မာန တွေဖြစ်ဖို့ 
အချန်မပေးသင့်တော့ပါဘူး ။

ဒီလိုတွေးမိတယ်..........

လူကို ဒုက္ခပေးတာ လောဘ ၊
လူကို ဒုက္ခပေးတာ ဒေါသ ၊
လူကို ဒုက္ခပေးတာ မောဟ ၊
လူကို ဒုက္ခပေးတာ မာန ။

ကိုယ့်ကို ကိုမေး မေးခွန်းလေး

သေခါလဲ နီးပြီ .............

* လောဘတွေနဲ့  လော တုန်းပဲလား ?
* ဒေါသတွေနဲ့  သ တုန်းပဲလား ?
* မောဟတွေနဲ့  မော တုန်းပဲလား ?
မောဟတွေနဲ့  ဟ တုန်းပဲလား ?
* မာနတွေနဲ့  မာ တုန်းပဲလား ?
မာနတွေနဲ့  န တုန်းပဲလား ?
* သောကတွေနဲ့  သော တုန်းပဲလား ?
သောကတွေနဲ့  က တုန်းပဲလား ?
-------------။ ။------------
ဆရာတော် ကြီးရဲ့  ဂုဏ်ကျေးဇူး ကိုအောင့်မေ့သတိရလျက်

Read more...

Stopwatch နာရီ ရဲ့ သတိပေးသံ (သို့ ) ဘုန်းဘုန်း (ပန်းကမ္ဘာ)အတွက် အမှတ်တရ မွေးနေ့ လက်ဆောင်

ဒီညနေ အီးမေးလ်စစ်တော့မှ ဘုန်းဘုန်း (ပန်းကမ္ဘာ) ဆီက ပို့ လိုက်တဲ့ မွေးနေ့ အမှတ်တရ ကဗျာလေးဖတ်ရပြီး ဒီနေ့ ဘုန်းဘုန်း မွေးနေ့ မှန်း သိရပါတယ်။ ကြိုမသိတော့ ဘုန်းဘုန်းအတွက် မွေးနေ့ အမှတ်တရ ဖြစ်အောင် တစ်ခုခုရေးပေးဖို့ အချိန်မရလိုက်ဘူးဖြစ်သွားတယ်။ ဘုန်းဘုန်းနှင့် အွန်လိုင်းမှာတွေ့ တော့ မှီသေးတယ်။ အမှတ်တရဖြစ်အောင် ရေးပါလို့  တိုက်တွန်းတာနှင့် အခု ဒီပို့ စ်ကို ဘုန်းဘုန်းမွေးနေ့ အတွက် အချိန်မီ ကတိုက်ကရိုက် ရေးဖြစ်ပါတယ်။

ကျွန်တော့်မှာ အကျင့်တစ်ခုရှိပါတယ်။ ကောင်းလား မကောင်းလားတော့မသိပါဘူး။ ဘာလဲဆိုတော့ အကြောင်းအရာ တစ်ခုကိုစဉ်းစားဖြစ်ရင် တစ်ဆုံးတွေးတတ်တာရယ်၊ ဆန့် ကျင်ဘက် ဖြစ်နိုင်ချေကို ချက်ချင်း တွေးတတ်တာရယ်၊ ကိုးရိုးကားယား တွေးပြီးပုံဖော်တတ်တာရယ်ပါ။ ငယ်ငယ်ကလေးဘ၀တုန်းက အဲလိုတွေးဖြစ်လို့  လူကြီးတွေ ကို ထုတ်ပြောမိရင် အဆဲခံထိတတ်ပါတယ်။ ဒီကောင် မဟုတ်တာတွေ လျှောက်ပြောတယ်ဆိုပြီးတော့။ ကြီးလာတဲ့အချိန်ကျတော့ ပါးစပ်ကတော့ထုတ်မပြောဖြစ်တော့ပါဘူး။ ဒါပေမယ့် ကိုယ့်ဖာသာတွေးပြီး ပြုံးစိပြုံးစိဖြစ်နေတတ်ပါတယ်။

အခုလည်း ဘုန်းဘုန်းက မွေးနေ့ လို့ ပြောလိုက်တော့ ခေါင်းထဲချက်ချင်းရောက်လာတာ ဆန့် ကျင်ဘက် သေခြင်းတရားအကြောင်းပါဘဲ။ အမှန်က သေခြင်းတရားနှင့် ပတ်သက်ရင် တော်တော်လေး စိတ်ဝင်စားတတ်တာ ကျွန်တော့်အကျင့်တစ်ခုပါဘဲ။ တစ်နေ့ ကတောင် You Tube မှာ သေခါနီးလူတွေရဲ့ နောက်ဆုံးအချိန်မိနစ်ပိုင်းလေးတွေကို အမှတ်တရရိုက်ထားတာတွေ ရှာကြည့်ဖြစ်ပါသေးတယ်။ တော်တော်လေး သံဝေဂရမိပါတယ်။ သေတော့မယ်ဆိုတာ သိနေပြီဖြစ်တဲ့လူတွေရဲ့ နောက်ဆုံးမြင်ရတဲ့မြင်ကွင်း၊ သူတို့ တွေရဲ့  စိတ်ခံစားမှု၊ စိုးရိမ်ကြောင့်ကြဖြစ်နေမှုတွေကို ကွက်ကွက်ကွင်းကွင်းမြင်နေရပါတယ်

တကယ်တော့ နှစ်တိုင်းကျရောက်လာတဲ့ မွေးနေ့ ဆိုတာကို ကျွန်တော်ကတော့ Stopwatch နာရီရဲ့  သတိပေးသံလို့ မြင်ပါတယ်။ Stopwatch နာရီရဲ့ သဘောက ဥပမာ ၁၅မိနစ်စာ ချိန်ထားမယ်ဆိုရင် စစချင်းမှာ ၁၅မိနစ်ကနေစပြီး တဖြည်းဖြည်းစက္ကန့် လေးတွေလျော့လာပါတယ်။ တစ်မိနစ်ပြည့်တိုင်း တစ်ခါအသံပြုတတ်ပါတယ်။ ဒီလိုနှင့် သုညစက္ကန့် ဖြစ်တဲ့အခါကျတော့ အသံအရှည်ကြီးမြည်ပါတော့တယ်။ ကျွန်တော်တို့ ရဲ့ အသက်ရှင်မှုကလည်း အဲဒီသဘောတရားအတိုင်းလို့  ကျွန်တော်ထင်ပါတယ်။ မွေးတဲ့အချိန်ကနေ စလိုက်ပြီးတော့ သုညစက္ကန့် ဆိုတဲ့ဆီရောက်ဖို့ ခရီးနှင်နေကြတဲ့သူတွေချည်းပါဘဲStopwatch နှင့်မတူတာတစ်ခုက သူက စစချင်း ဘယ်နှစ်မိနစ်၊ ဘယ်နှစ်နာရီကို Setting လုပ်ထားတယ်ဆိုတာ မြင်ရပေမယ့် ကျွန်တော်တို့ တွေကတော့ ကိုယ့်ဘ၀ကို Setting ဘယ်လောက်လုပ်ထားသလဲဆိုတာ မသိနိုင်၊ မမြင်နိုင်ကြပါဘူး။ ဒီလိုနှင့် မွေးလာတဲ့နေ့ ကစလို့ တစ်နှစ်ပြည့်လို့ မွေးနေ့ တစ်ခါရောက်ရင် ဘယ်နှစ်နှစ်မြောက်မွေးနေ့ ဆိုပြီး Alarm သံတစ်သံကြားရမှာဖြစ်ပါတယ်။ တကယ်တော့မွေးနေ့ ဆိုတဲ့နေ့ ဟာ သတိလက်လွတ်ပျော်ဖို့ ထက် “မင်းသေဖို့  ပိုနီးလာပြီနော်” လို့  သတိပေးလိုက်တဲ့ နေ့ တစ်ခုလို့  (Alarm သံတစ်ခုလို့ ) ကျွန်တော်တော့မြင်ပါတယ်။

ကျွန်တော်တို့ အားလုံးဟာ ဘယ်နေ့ ဘယ်အချိန်မှာ ဘယ်နေရာမှာ ဘယ်လိုသေရမလဲဆိုတာ သိမှမသိနိုင်ကြတာဆိုတော့ လုပ်စရာရှိတဲ့ လုပ်သင့်လုပ်ထိုက်တဲ့ မိမိအတွက်၊ သူတစ်ပါးအတွက် အကျိုးဖြစ်စေမယ့် ကိစ္စအားလုံးကို အခုလက်ရှိအသက်ရှင်နေတဲ့အချိန်မှာ အချိန်မဆွဲ၊ အချိန်မဖြုန်းဘဲ စိတ်အား၊ ခွန်အား၊ ၀ီရိယအားအပြည့်နှင့် တစ်စိုက်မတ်မတ် လုပ်နေသင့်ပါတယ်။ ဒါမှသာ တစ်ချိန်ချိန် သေခြင်းတရားက ကိုယ့်ဆီရောက်လာပြီး “လာသွားစို့ ” လို့ ခေါ်တဲ့အချိန်မှာ ပေါ့ပေါ့ပါးပါးဘဲ “အိုကေလေ၊ Ready ဘဲ။ သွားတာပေါ့” ဆိုတဲ့ ပုံစံမျိုးလုပ်လို့ ရမှာဖြစ်ပါတယ်။

အချိန်မဆွဲဖို့ ၊ လုပ်စရာရှိတာကို လုပ်ဖို့ နှင့်ပတ်သက်ပြီး မြတ်စွာဘုရားရှင်ရဲ့ အဆုံးအမတော်လည်း တရားတော်ထဲမှာ အထင်အရှားရှိနေပါတယ်။ အဲဒီအဆုံးအမကို ကျွန်တော်ကတော့ တော်တော်လေးကို သဘောကျနှစ်သက်မိလို့  ခဏခဏနှလုံးသွင်းဖြစ်ပါတယ်။ ဘုန်းဘုန်းအတွက်လည်း မြတ်စွာဘုရားရဲ့  အဲဒီအဆုံးအမတော်ကိုဘဲ တပည့်တော် မွေးနေ့ လက်ဆောင်အဖြစ်အမှတ်တရ ပေးလိုက်ပါတယ်ဘုရား။


အဇ္ဇေဝ ကိစ္စမာတပ္ပံ၊ ကောဇညာ မရဏံ သုဝေ။

နဟိနော သင်္ဂရံတေန၊ မဟာသေနေန မစ္စုနာ။

(မြတ်ဗုဒ္ဓ)


Ajjeva kiccam atappam.

Ko janna maranam suve.

Na hi no sangaran tena.

Mahasenena maccuna.

(Lord Buddha)

သုဝေ= မနက်ဖြန်အခါ၌..

ဇီဝိတံဝါ= အသက်ရှင် နေရဦးမည်ကိုလည်းကောင်း...

မရဏံဝါ= သေရဦးမည်ကိုလည်းကောင်း...

ကောဇညာ= အဘယ်သူသိနိုင်ပါအံ့နည်း...

ဣတိ= ဤသို့နှလုံးသွင်း၍...

အာတပ္ပံ= ကိလေသာတို့ကို ပူလောင်စေတတ်သော ဝိပဿနာအားထုတ်မှုကို...

အဇ္ဇေဝ= နက်ဖြန် သန်ဘက် နေ့ရက်မရွှေ့ ယနေ့ပင်လျှင်...

ကိစ္စံ= မဆိုင်းမရပ် ပြုလုပ်အပ်၏...

ဟိ= နက်ဖြန် သန်ဘက် သေမည်ရှင်မည် မသိနိုင်ခြင်းအကြောင်းကား...

မဟာသေနေန= ရေ မီး လက်နက်စသည်ဖြင့် သေစေနိုင်ကြောင်းများစွာရှိသော...

တေနမစ္စုနာ= သေမင်းဟုခေါ်သော သေခြင်းတရားနှင့်...

နော= ငါတို့အား...

သင်္ဂရံ= ရက်ချိန်းပေးထားခြင်း တံစိုးလက်ဆောင်ပေးထားခြင်း...

နအတ္ထိ= မရှိချေ...

တသ္မာ= ထို့ကြောင့်...

သုဝေ မရဏံ= မနက်ဖြန် ရှင်ဦးမည် သေဦးမည်ကို...

ကောဇညော= ဧကန်တိတိ အဘယ်သူ သိနိုင်ပါအံ့နည်း...။

(သင်တို့ အချိန်ပြည့် နှလုံးသွင်းရမည်)


Do not procrastinate, do what should be done today, we don't know whether we will be still alive tomorrow.

Today, now, do what should be done, try to accomplish.


ဘုန်းဘုန်း အသက်ရာကျော်ရှည်လို့  သာသနာ့အကျိုး၊ လောကလူသားများအကျိုးကို စွမ်းစွမ်းတမံ သယ်ပိုးရွက်ဆောင်နိုင်ပါစေကြောင်း တပည့်တော် မေတ္တာပို့ ဆုတောင်းပါတယ် ဘုရား။

ရိုသေစွာ ရှိခိုးဦးတင်လျက်
ဝိမုတ္တိသုခ


Read more...

ဖျက်ထည့်ပြင်ကမှားကုန်ကြလိမ့်... (အမှားနှင့်အမှန် (မစိုးရိမ်စာသင်သား))

အမှားနှင့်အမှန် (မစိုးရိမ်စာသင်သား)၏...

ဖျက်ထည့်ပြင်ကမှားကုန်ကြလိမ့်...








Read more...

လူမျိုးမပျောက်ရေး စိတ်မအေးနဲ့

လူမျိုးမပျောက်ရေး စိတ်မအေးနဲ့

မူဆလင်ဘာသာဝင်ခေါ်တောကုလားတို့

သည်ဗမာ၊ကရင်၊ရခိုင်၊မွန်၊ကချင်၊ကယားစသော မြန်မာ

တိုင်းရင်းသားလူမျိုးများကို ဝါးမျိုရန်နှင့်ဗုဒ္ဓဘာသာ သာသနာကို ဝါးမျိုရန်

အစွမ်းကုန် ကြိုးစားအား ထုတ်လျက် ရှိကြပါတယ်။

တိုင်းရင်းသားတို့ဟာ စိတ်ကောင်းရှိ၍ ၊ မိတ်ဆွေ တာဝန်ကျေပွန်တတ်ကြတယ်

။ လူချင်း နီးစပ်လာလျင် ဘယ်လူမျိုးကို မဆို ၊ ခင်မင်တတ်ကြ ၊

ယုံကြည်တတ်ကြတယ် ။ မူဆလင်တို့ဟာ ဤ အချက်ကို ၊ ချက်ကောင်းသိ၍

မြန်မာအမျိုးသမီးများကို ထိမ်းမြားကာ ၊ မူဆလင်ဘာသာဝင်များ ဖြစ်အောင်

သိမ်းသွင်းနေကြပါတယ် ။

ရိုးရိုးသိမ်းသွင်း၍ မရလျှင် ငွေကြေးဖြင့် ပစ်ပေါက်၍ သိမ်းသွင်းကြတယ်။

တိုင်းရင်းသားတို့အား ပစ္စည်းဥစ္စာရှာဖွေရာမှာဖြစ်စေ သုံးရာမှာဖြစ်စေ

အခြားလူမျိုးများနှင့် မတူပဲ စနစ်တကျမရှိဘဲ ပေါ့ပေါ့

တန်တန်သဘောထားကြတယ်။ သုံးလျှင်လည်းမသိ ကုန်လျှင်ကုန်မှန်မသိဘဲ

နောက်ဆုံး ကုန်သွားသည့် အခါ ထိုဒုက္ခကို ရင်မဆိုင်ရဲကြသဖြင့်

လူမျိုးနှင့်ဘာသာကို ဘေးချိတ်ပြီး ကြုံတက်ကြတယ်။ လူမျိုးနှင့်ဘာ သာကို

ဝါးမျိုမခံရအောင် ဤအချက်ကိုလည်း အထူးသတိပြူ စေချင်ပါတယ်။

သတိမပြုမိကြပါက ကုလား တို့ ထောင်ထားတဲ့ ထောင်ချောက်ထဲ

မိသွားနိုင်ပါတယ်။

မြန်မာတိုင်းရင်းသူတို့ကို ထိမ်းမြားရန်လွယ်ကူသဖြင့် မူဆလင်တို့က သူတို့၏

လျှို့ဝှက်လက် ကမ်းစာစောင်တွင် ‘ မြန်မာတိုင်းရင်းသူတို့ကို ပြည်တန်ဆာမနှင့်

တူနေကြောင်း၊ လက်ထပ်ဖို့ လွယ်ကြောင်း ‘ ဖော်ညွှန်းရေးသားထားရာ

ကိုယ့်လူမျိုးအတွက် ဘယ်လောက်ရင်နာစရာ ကောင်းသလဲ ဆိုတာ၊ မူဆလင်

ခေါ်တောတွေ ဘယ်လောက် ယုတ်မာရိုင်းဆိုင်းလည်းဆိုတာ သိရှိလိုပါတယ်။

နောက်ပြီး မူဆလင် ကုလားတွေက အဆင့်အတန်း၊ ရာထူး အဆင့်အတန်း

အလိုက် မြန်မာတိုင်းရင်းသူ တစ်ယောက်ယူနိုင်သူတိုင်းကိုလည်း ငွေကြေး

ထောက်ပံ့ကာ ဘာသာနှင့် လူမျိုးမျိုနိုင်အောင် ကြိုးစား လျက်ရှိရာ

ဘာသာရေးအခြေခံ နှင့် မျိုးချစ်စိတ်ဓာတ်နည်းပါးပါက နောင်နှစ်ပေါင်းများ

(၁၀၀) ကျော်တွင် ဗုဒ္ဓသာသနာတော်ကြီးနှင့် မြန်မာတိုင်းရင်းသားတို့ဟာ

ကြက်ပျောက်ငှက်ပျောက်ပျောက်သွားမှာ မလွဲ ဧကန်ပါဘဲ။

မြန်မာတိုင်းရင်းသူတို့ ဗုဒ္ဓဘာသာ အခြေခံရှိစေရန် မိဘများ ၊

ဆရာတော်များနှင့် ဘာသာရေး အသင်းဖွဲ့များမှာ တာဝန်အရှိဆုံး ဖြစ်ပါတယ်။

ယင်းပုဂ္ဂိုလ်များက တိုင်းရင်းသူ တိုင်းရင်းသား တို့အား ကလေးဘဝ မှစတင်၍

သာသနာတော်အကြောင်း နားသွင်းပေးခြင်း၊နွေရာသီကျောင်းပိတ်ရက်၌

ယဉ်ကျေးမှုသင်တန်းများ ဖွင့်လှစ်၍ တက်ရောက်ခိုင်းခြင်း၊

လူမျိုးခြားဘာသာခြားများနှင့် ရင်းရင်းနှီနှီး မဆက်ဆံရန် မထိမ်းမြားရန်

ကြောင်းကျိုးညွှန်ပြဆုံးမခြင်း၊ မျိုးချစ်စိတ်ဓါတ် ထက်သန်မည့် သမိုင်း

ကြောင်းများ ပြောပြခြင်း စသည့် လုပ်ငန်းစဉ်များကိုမဖြစ်မနေ ဆောင်ရွက်ဖို့

တိုက်တွန်းလိုပါတယ်။ ယင်းသို့ဆောင်ရွက်မှသာ နောင်မှနောင်တရ ကြသူများ

မဖြစ်ကြမှာ ဖြစ်ပါတယ်။

ဗုဒ္ဓဘာသာရဟန်းတော်များနှင့် မြန်မာတိုင်းရင်းသူတိုင်းရင်းသားတို့ဟာ

ဤအချက်ကို ဥာဏ် မျက်စိပွင့်လင်းဖို့လိုပါတယ်။ ကုလားတို့က‘

မြန်မာတိုင်းရင်းသူတစ်ယောက်ကိုရလျှင် သူတို့ ဘာသာ ရေး

လူမျိုးရေးအတွက် စစ်သားငါးရာ ရသည်နှင့်တူသည် ‘ ဟု ဆိုထားပါတယ်။

အထက်ပါအချက်အလက်များကို ကြည့်၍ ကိုယ့်အမျိုးဘာသာမကွယ်ပျောက်ဖို့

အရေးမြန်မာ တိုင်းရင်းသားအပေါင်းတို့ စိတ်အေးမနေသင့်ကြပါဘူး။


Read more...

သမ္မတကြီး စပ်ရွှေသိုက်က ဘွဲ့တံဆိပ်တော် ဆက်ကပ်နေပုံ...


မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးခေတ်တွင် ပထမဆုံး တိပိဋကဓရဘွဲ့တံဆိပ်တော်အား မြန်မာနိုင်ငံ၏ ပထမဆုံး သမတကြီး စပ်ရွှေသိုက်က တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဘွဲ့တံဆိပ်တော်အောင်လက်မှတ်ကို ဆက်ကပ်နေပုံ

Read more...

ဒေါင်းမြူးချောင်းတေး(၂)

ဝန်းသိုမြို့လေး၏ အ၀န်းအ၀ိုင်းတွင် ဘုန်းတော်ကြီးကျောင်းဆယ် ကျောင်းသာ ရှိသည်။ မြို့အရှေ့ပိုင်းမှာက မြို့ဦးလွင်တောရကျောင်း၊ မြို့ရှေ့ရေ၀န်းကျောင်း၊ ကုန်းသာလေးထပ် ကျောင်း၊ မြို့မြောက်ဘက်ပိုင်းမှာက လယ်ပြင်ကျောင်း၊သင်တိုင်းတောင်ကျောင်း၊မှန်ကျောင်း ။ မြို့အနောက် ဘက်ခြမ်းမှာက ရွှေကျောင်း၊ မဟာဗောဓိကျောင်း၊ ခန္တီးစာသင်တိုက်တို့ရှိသည်။ မြို့လေး၏ တောင်ဘက်ခြမ်း ခပ်လှမ်းလှမ်းတောင် ကုန်းလေးဆီမှာတော့ ကျောင်းတောင်ဟု ဒေသခံများက ခေါ်လေ့ရှိသည့် ခန္တီးရိပ်သာကြီးရှိသည်။


ရဟန္တာဟုပင် ကိုးစားယုံကြည်ရသော အဂ္ဂါဘိဓဇခန္တီး ဆရာတော်ကြီးက ထိုရိပ်သာမှာ သီတင်းသုံးနေပါလေသည်။ ဆရာတော်ကြီးက ဘ၀တစ်သက် တာလုံး မြို့တွင်းက ခန္တီးစာသင်တိုက်ကြီးမှာ ပရိယတ္တိ စာပေတွေ ဦးစီးပို့ချကာ သာသနာ့မျိုးဆက်သစ်တွေကို မွေးထုတ်ပေး ခဲ့သည်။ သက်ရွယ် တော်ရလာသည့်အချိန်မှာ တော့ ခန္တီးရိပ်သာအဖြစ် ထင်ရှားလာမည့် တောင်ကုန်းလေးဆီ တိုးတိုးတိတ် တိတ်ကြွရောက် တရားအားထုတ်ခဲ့သည်။ ခြုံအုပ်အုပ်လေးတစ်ခုထဲမှာ မှက်ခြင်တွေတ၀ီဝီ ပျံသန်းကိုက်ခဲ နေသည့်ကြားက မတုန်မလှုပ်တရားစီးဖြန်းမြဲ စီးဖြန်းလျှက်ရှိ သော ဆရာတော်ကြီးကို တံငါမုဆိုးကြီးက ဖူးလိုက်ရသည်။

ထိုအချိန်ကစလို့ မြို့လေးတစ်မြို့လုံးက ပိပိရိရိ အလိုနည်းစွာ တစ်ကိုယ်တည်း ဧကစာရီကျင့်သုံးနေသည့် ဆရာတော်ကြီး အကြောင်းကို သိသွားကြသည်။ ထိုသို့ဖြင့် ဆရာတော်ကြီးထံနည်းခံ တရားအားထုတ် လိုသော အနယ်နယ်အရပ်က ယောဂီများအတွက် တရားကျောင်းလေးတွေ ပေါ်ပေါက်လာခဲ့သည်။ နောက်တော့လည်း တောင်ရိုးတစ်ခုလုံး ဘုရားကျောင်းကန်တွေ စည်စည်ဝေေ၀ဖြစ်ကာ မြို့လေး၏ ဂုဏ်ဆောင်နေရာ တစ်ခုဖြစ်သွားသည်။ မုဆိုးကြီးကိုယ်တိုင်လည်း ဆရာတော်ကြီးကို ကြည်ညို လေးမြတ်စိတ်ဖြင့် သူ့အသက်မွေးဝမ်းကျောင်းကို စွန့်ကာ ဆရာတော်ကြီး၏ ကပ္ပိယဒကာကြီးဖြစ်သွားသည်။

ပရိယတ္တိစာပေအသိတွင် ပဋိပတ်အကျင့်ကိုပါ အထွတ်တင်သော ဆရာတော်ကြီး၏ “စက်ဖြတ်ဝိပဿနာ” ကျမ်းစာသည် လူရှင်ယောဂီတို့ အားထားစရာ ၀ိပဿနာလမ်းညွှန်ဖြစ်သည်။ နိုင်ငံအ၀ှမ်းက ဆရာတော်ကြီး ကို ဖူးမျှော်ရန်လာရောက်သူများဖြင့် မြို့လေး၏ ဘူတာရုံလေးသည် စိုပြေစိမ်းလန်းနေခဲ့ဖူးသည်။ ဆရာတော်ကြီး၏ သိက္ခာသုံးရပ်အကျင့်မြတ်ကို မြတ်နိုးစွာပင် နိုင်ငံတော်အစိုးရကလည်း အဂ္ဂမဟာပဏ္ဍိတနှင့် အဘိဓဇမဟာ ရဋ္ဌဂုရုဘွဲ့တံဆိပ်တော်တို့ကို အသီးသီးဆက်ကပ်ခဲ့သည်။


ယခုလိုမျိုးသီတင်းဝါလကျွတ်ပြီဆိုလျှင် မြို့ပေါ်ရှိဆရာတော်ကြီးများကို လှည့်လည် ကန်တော့ရသည်က ကြည်နူးစရာကောင်းသည်။ ၀ါတော်ငယ်သည့် ဘုန်းတော် ကြီးများက ၀ါတော်ကြီးမြတ်သည့် ဆရာတော်ကြီးများကို ကိုယ်တိုင်ကိုယ်ကျ ကြွရောက်ကန်တော့ကြသည်။ ၀ါတော်ကြီးသည့် ဆရာတော်ကြီးများကလည်း တပည့်လက်သားများကို စေလွှတ်ကာ ၀ါတော်ငယ်သည့် ဘုန်းတော်ကြီးများကို ကန်တော့စေသည်။


ထိုစဉ်က သူ့ဆရာတော်၏ ၀ါတော်မှာ အရေအတွက်နည်းသေးသည်မို့ တစ်မြို့လုံး လောက်နီးပါး လှည့်လည်ကန်တော့ရလေသည်။ ကျောင်းထိုင်ဆရာတော်ကြီး များကလည်း ဆရာဘုန်းကြီး၏ နောက်တော်ပါးက ကန်တော့ပွဲထမ်းလိုက်ရသော သူတို့လိုကိုရင်လေးများကို စားဖွယ်မုန့်များ၊ဆပ်ပြာသွားတိုက်ဆေးနှင့် ၀တ္ထုငွေစ လေးများ စွန့်ကြဲတတ်ပါလေသည်။


ခန္တီးဆရာတော်ကြီး ရိပ်သာကျောင်းကိုတော့ သူတို့ကိုရင်လေးတွေ သည်းသည့်လှုပ် လိုက်ချင်ကြသည်။ ဆရာတော်ကြီးကို ဖူးမျှော်ရသည်က ပျော်စရာကောင်းသည်။ ဆုပေးလျှင်လည်း တိုတိုနဲ့ လိုရင်းကျအောင် ပေးတတ်သည်။ စစ်ဘေးစစ်ဒဏ်များကြား ခါးသည်းစွာ ဖြတ်သန်းခဲ့ရသည့် ဆရာတော်ကြီး၏ ဆုပေးထဲတွင် “ဗုံးဘေး အမြောက်ဘေး ကင်းဝေးကြပါစေ ”ဆိုတာလည်း ပါသည်။ နားထဲတွင် ယခုတိုင်ကြားယောင်နေသည်ကတော့

“ကြံတိုင်းအောင် ဆောင်တိုင်းမြောက်

နိဗ္ဗာန်ပေါက် နိဗ္ဗာန်ရောက်

ချမ်းသာကြပါစေ” ဟု လေးလေးပင်ပင် မိန့်လိုက်သော အသံတော်ပင်ဖြစ်သည်။


ထူးခြားသည်က ဆရာတော်ကြီး၏ ဥပဓိရုပ်ရည်ပင် နှစ်ပေါင်းသုံးဆယ်ကျော် ဘ၀ဖြတ်သန်း မှုတွင် ဆရာတော်ကြီးလို ဥပဓိရုပ်ရည်မျိုး မဖူးတွေ့ရသေး။ အခြားအခြားသော ဆရာတော်ကြီးများသည်လည်းဘုန်းကံတော်အလျောက်ထူးခြားကြသည်ပင်။

သို့သော် ခန္တီးဆရာတော်ကြီး၏ ဥပဓိအသွင်တော်ကတော့ တစ်ဘာသာပင်ဖြစ်သည်။


ဘုန်းကံကြီးမားသည့်ဆရာတော်ကြီးဘေးမှာ သင်္ကန်းထီးဘိနပ် မျက်နှာသုတ်ပုဝါ စသည့် လှူဖွယ်ပစ္စည်းတွေက ပုံနေသည်။ ဆရာတော်ကြီးက ပစ္စည်းဝတ္ထုကို ပမာမပြုဘဲ နီးရာလှမ်းဆွဲကာ စွန့်ကြဲတတ်သည်မို့ မျက်စိမှိတ်ဆုတောင်းရသည်။ ကိုယ်လိုချင်သည့် အရာကို ဆရာတော်ကြီးဆွဲမိပါစေ ၊ ဘုရား ဘုရား ။


သည်တော့လည်း သီတင်းဝါလကျွတ်ချိန်များသည် သူတို့အတွက် ရေဆူသော ရာသီအဖြစ် မျှော်ရပါလေသည်။




Read more...

ပြိုင်ပွဲ

ဒကာမြှောက်တော့ ဆရာလဲ။ ဆရာမြှောက်တော့ ဒကာမွဲ-ဟူသောစကားလေးကို ငယ်စဉ်ကပင် ကြားခဲ့ဖူးပါသည်။ ဒကာမြှောက်သဖြင့် လဲသွားသောဆရာနဲ့ ဆရာမြှောက်သဖြင့် မွဲသွားသော ဒကာတို့သည် ရှေးကလည်း ရှိခဲ့ပါသည်။ ယခုလည်း ရှိနေပါသည်။ နောင်လည်း ရှိနေပါလိမ့်ဦးမည်။
လဲသွားသော ဆရာသည် မလဲခင်က သတိမ၀င်နိုင်။ မြှောက်လေ မြောက်လေ ဖြစ်နေသဖြင့် အမြောက်ထဲမှာ ယစ်မူးနေပါသည်။ နစ်မျောနေပါသည်။ မွဲသွားသော ဒကာသည်လည်း မမွဲခင်က သတိမမူနိုင်။ မြှောက်လေ မြောက်လေ ဖြစ်နေသဖြင့် အမြောက်ထဲတွင် ယစ်မူးနေပါသည်။ နစ်မျောနေပါသည်။ ဆရာလည်း လဲကျသွားခါမှ၊ ဒကာလည်း မွဲပျာကျသွားခါမှ နော်တကို ရင်ဝယ်ပိုက်ကာ နေကြရပါတော့သည်။ အမြှောက်ကြိုက်ခြင်း၏ ခါးသီးသောအရသာတို့ကို တ၀ကြီး ခံစားနေကြရပါတော့သည်။

လောကသတ္တ၀ါတို့ အမြှောက်ကြိုက်တတ်ပုံကို အောက်ပါပုံပြင်လေးက ဖော်ပြထားပါ၏။
လူတယောက်သည် အလွန်အမြှောက်ကောင်းကြောင်း နာမည်ကြီးလှပါ၏။ သူမြှောက်ပြောလိုက်တိုင်း အမြှောက်ခံရသူတို့မှာ မြောက်မြောက်သွားကြ၏။ သိသိသာသာ မြောက်သွားသည်နှင့် မသိမသာ မြောက်သွားသည်သာ ကွာခြားပါ၏။ သူ၏အမြှောက်ကို ခံရသူတိုင်း မြောက်သွားကြသည်ချည်းပင်။

ထိုလူ၏ အမြှောက်ကောင်းမှု ဂုဏ်သတင်းသည် လူ့ပြည်တွင်သာ ပျံ့သင်းနေသည် မဟုတ်ပါ။ ငရဲပြည်အထိပင် ပျံ့သင်းနေပါလေ၏။ အမြှောက်ကောင်းလှသော ထိုလူသည် သေသွားသည့်အခါ ငရဲသို့ ရောက်သွားပါလေတော့၏။ ငရဲရောက်သွားသည့်အခါ ငရဲထိန်းတို့က ငရဲသားဖြစ်သော ထိုလူကို ယမမင်းကြီးထံ အစစ်ဆေးခံဖို့ ခေါ်သွားပါလေ၏။ ထိုလူသည် ငရဲရောက်သွားသော်လည်း သူ့ဗီဇ သူ့ဝါသနာကို မဖျောက်နိုင်သဖြင့် ယမမင်းကြီးကို ဤသို့ ပြောပါလေတော့၏။

ယမမင်းကြီး၊ ကျွန်တော်မျိုး လူ့ပြည်တုန်းက ယမမင်းကြီးဆိုတာ အင်မတန် အရုပ်ဆိုးတယ်လို့ ကြားခဲ့ရပါတယ်။ အခု ယမမင်းကြီးကို ကျွန်တော်တွေ့ရတော့ လူ့ပြည်တုန်းက ကျွန်တော်ကြားဖူးထားတာနဲ့ တခြားစီဖြစ်နေပါတယ်။ လူ့ပြည်က လူတွေက ယမမင်းကြီး ရုပ်လှတာကို မနာလိုလို့ ယမမင်းကြီးကို အင်မတန် အရုပ်ဆိုးတယ်လို့ ပြောကြတာ ဖြစ်ပါလိမ့်မယ်။ ယမမင်းကြီးက လူ့ပြည်ကလူတွေ ပြောသလို ရုပ်မှမဆိုးတာ။ ယမမင်းကြီးက အရမ်းအရမ်းကို လှတာပဲ။

ထိုအခါ ဘေးမှ ငရဲထိန်းတို့က ဤလူ အလွန်မြှောက်ပြောတတ်မှန်း သိထားကြသဖြင့် ယမမင်းကြီးကို ဤသို့ သတိပေးစကား ပြောကြားကြပါ၏။
ယမမင်းကြီး၊ သတိထားပါ၊ အဲဒီလူဟာ မြှောက်ပြောတတ်တဲ့နေရာမှာ အလွန်နာမည်ကြီးတဲ့လူ ဖြစ်ပါတယ်။ ယမမင်းကြီးကို အခု အဲဒီလူက မြှောက်ပြောနေပါတယ်။

ထိုအခါ ယမမင်းကြီးက ငရဲထိန်းတို့အား ဤသို့ ပြောလိုက်ပါလေ၏။
မင်းတို့ကလဲကွာ၊ ဒီလူ မှန်တာပြောနေတာ ပြောစမ်းပါစေ။

ဤပုံပြင်လေးသည် လောကသတ္တ၀ါတို့ အမြှောက်ကြိုက်တတ်ကြသဖြင့် သရော်ကာ သတိပေးထားသည့် ပုံပြင်လေးဖြစ်ပုံရပါသည်။

ရုပ်မလှသူပင်ဖြစ်သော်လည်း သူ့ကို ရုပ်လှသည်ဟုပြောလျှင် သူ့ကိုယ်သူ ရုပ်မလှမှန်း သိလျက်နှင့်ပင် သဘောကျနေတတ်သည်။ ပေါ်ပေါ်လွင်လွင် မပြုံးသော်လည်း ရင်ထဲမှာ ကြိတ်၍ပြုံးနေတတ်ပါသည်။ အမြောက်မကြိုက်ပါဟု ကြွေးကြော်နေသူတို့ပင်လျှင် မြှောက်မှန်းမသိသာအောင် ယုတ္တိယုတ္တာ ရှာကြံကာ မြှောက်ပင့် အပြောခံလိုက်ရလျှင် ယမမင်းကြီးပြောသလို မှန်တာပြောတာ ပြောစမ်းပါစေကွာဟု ဆိုမိကြမည်ပင်။

ဘေးပတ်ဝန်းကျင်မှ မြှောက်ပင့်ပေးကြမှုတို့သည် အပြိုင်ဝါသနာပါသူတို့ကို တဦးနှင့်တဦး အပြိုင်ခိုင်းကြပါလေတော့၏။ ပြိုင်ပွဲဝင်သူတို့ ဖတ်ဖတ်မောသွားတတ်ကြပုံကို အောက်ပါပုံပြင်လေးက သတိပေးထားပြန်ပါလေ၏။

တောရွာက ကျောင်းထိုင်ဘုန်းကြီးနှစ်ပါးသည် အခြားရွာသို့ အတူသွားကြ၏။ ထိုကျောင်းထိုင် ဘုန်းကြီးနှစ်ပါးတွင် ကျောင်းသားလေးတယောက်စီ ပါလာကြ၏။ ဘုန်းကြီးနှစ်ပါးသည် စကားတပြောပြောနှင့် ရှေ့က သွားကြ၏။ ကျောင်းသားလေးနှစ်ယောက်ကား နောက်ခပ်လှမ်းလှမ်းမှ စကားပြောရင်း လိုက်လာကြ၏။ ခရီးအတော်လေး သွားလိုက်သောအခါ ကျောင်းသားတယောက်က-ငါတို့ဘုန်းကြီးက ရှေ့ကရောက်တယ်၊ မင်းတို့ဘုန်းကြီးက နောက်မှာကျန်ရစ်တယ်-ဟုဆို၏။

နောက်ကျောင်းသားတယောက်က ဟော-ကြည့်ကွ။ အခု ငါတို့ဘုန်းကြီးက ရှေ့က ရောက်သွားပြီ။ မင်းတို့ဘုန်းကြီးက နောက်ကျသွားပြီ-ဟုဆိုလိုက်သည်။
ကျောင်းသား ၂-ယောက်သည် သူ့ဘုန်းကြီး ရှေ့ရောက်တယ်။ ငါ့ဘုန်းကြီးက ရှေ့ရောက်တယ်-ဟု ငြင်းခုံနေကြ၏။ ဘုန်းကြီးနှစ်ပါးသည် ထိုငြင်းခုံသံကို နားထောင်ရင်း သူ့ထက်ငါ အမြန်ရှေ့ရောက်အောင် သွက်သွက်လက်လက် သွားကြရာမှ ဖိနပ်နှစ်ဖက်ကို ချွတ်ကာ ခြေစုံပစ် ပြေးကြသည်အထိ ရောက်သွားကြပါ၏။ ဖတ်ဖတ်မော၍ ဟောဟဲ ဟောဟဲ ဖြစ်သွားကြပါလေ၏။

ဤပြုံပင်လေးသည်လည်း ယမမင်းကြီး ပုံပြင်လိုပင် တကယ့်အဖြစ်အပျက်တော့ မဟုတ်နိုင်ပါ။ ဘေးပတ်ဝန်းကျင်၏ အမြှောက်အပင့်ခံရလျှင် အပြိုင်ဝါသနာပါသူတို့ ပြိုင်ပွဲဝင်သွားတတ်မိကြပုံကို သတိပေးထားပုံရပါသည်။ အမြှောက်အပင့် ကြိုက်ပြီး အပြိုင်ဝါသနာပါသူတို့ လောကကြီး၌ ကားပြိုင်ပွဲ၊ အိမ်ပြိုင်ပွဲ၊ ရွှေပြိုင်ပွဲ၊ ငွေပြိုင်ပွဲ၊ အ၀တ်အစားပြိုင်ပွဲ၊ သားပြိုင်ပွဲ၊ သမီးပြိုင်ပွဲ၊ ခင်ပွန်းပြိုင်ပွဲ၊ ဇနီးပြိုင်ပွဲ၊ ဆရာပြိုင်ပွဲ၊ တပည့်ပြိုင်ပွဲ၊ ရာထူးပြိုင်ပွဲ၊ ဘွဲ့ထူးပြိုင်ပွဲ၊ စသည့် ပြိုင်ပွဲပေါင်းများစွာ ပြုလုပ်ကျင်းပနေကြသည်ကို နေရာတကာမှာ မြင်တွေ့နိုင်ကြပါသည်။ အကုသိုလ်ပွားစေမည့် ပြိုင်ပွဲတို့ကို ရှောင်ရှားပြီး ကုသိုလ်ပွားစေမည့် ပြိုင်ပွဲတို့ကို ပြုလုပ်ကျင်းပနိုင်ကြပါမူ ကောင်းလေစွ။

သာမဏေကျော်

( မြတ်မင်္ဂလာ ၂၀၀၁-ခု ဒီဇင်ဘာလ )

Read more...

တရားလေးမျိုးတို့နှင့် ပြည့်စုံသူသည်...

နိရယသုတ် - (ချမ်းသာကင်းသော)

ရဟန်းတို့ တရားလေးမျိုးတို့နှင့် ပြည့်စုံသူသည် ဆောင်ယူ၍ ချထားအပ်သကဲ့သို့ ဤအတူ ငရဲသို့ ကျရောက်ရ၏။

အဘယ်လေးမျိုး တို့နည်းဟူမူ-

၁... သူ့အသက်ကို သတ်လေ့ရှိ၏၊
၂... မပေးသည်ကိုယူလေ့ရှိ၏၊
၃... ကာမဂုဏ်တို့၌ မှားသောအားဖြင့် ကျင့်လေ့ရှိ၏၊
၎... မဟုတ်မမှန်သော စကားကို ပြောလေ့ရှိ၏၊

ရဟန်းတို့ ဤတရားလေးမျိုးတို့နှင့် ပြည့်စုံသော သူသည် ဆောင်ယူ၍ ချထားအပ်သကဲ့သို့ ဤအတူ ငရဲသို့ ကျရောက်ရ၏ ဟု မိန့်တော်မူ၏။

သူ့အသက်သတ်ခြင်းကို လည်းကောင်း၊ မပေးသည်ကို ယူခြင်းကို လည်းကောင်း၊ မဟုတ်မမှန်သော စကားကို ဆိုခြင်းကို လည်းကောင်း၊ သူတစ်ပါးသားမယား၌ သွားလာခြင်းကို လည်းကောင်း ပညာရှိတို့သည် မချီးမွမ်းကုန် ဟု ဆိုအပ် သတည်း။ 64

၎ - နိရယသုတ်၊ ပတ္တကမ္မဝဂ်၊ စတုက္ကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


Read more...

*ရွေဟင်္သာဆရာတော်ဘုရားကြီး၏ မိန့်ကြားချက်*

စစ်ကိုင်းတောင်ရိုး၊ရွေဟင်္သာချောင်မှ ရွေဟင်္သာဆရာတော်ဘုရားကြီး ဘဒ္ဓန္တပဏ္ဍိတသည်သက်တော်
ရှည်တော်မူ၏။အသက်တော်တစ်ရာကျော်လာသောအခါဟိုက သည်က မေးလျှောက်ကြ၏၊“အသက်
ရှည်အောင်ဘာဆေးဘုဉ်းပေးပါသလဲဘုရား”တဲ့၊ထိုအခါဆရာတော်ဘုရားကြီးကဖြေတော်မူရသည်-
၁။ ဘာဆေးရယ်လို့ထူးထူးထွေဘုဉ်းပေးသည်တော့မဟုတ်ပါ၊အဲ...အရာရာတော့ သတိထားရတာ
ပေါ့၊ဥပမာနံပါတ်(၁)စိတ်ကိုချမ်းသာအောင်ထားတတ်ရမယ်။
၂။ ပြီးတော့နံပါတ်(၂)သင့်တော်တဲ့ ရာသီဥတုမှာမျှတအောင်နေရမယ်၊ဘုန်းကြီးဆိုလျှင်မြန်မာပြည်
အောက်ပိုင်းဒေသ သားဖြစ်ပေမယ့် အောက်ပြည် အောက်ရွာနဲ့မတည့်ဘူး၊ခဏ ခဏဖျားတယ်၊နာ
တယ်၊အောက်ပိုင်းညောင်တုန်းမှာနေတုန်းကဆိုရင်ကျန်းမာတယ်လို့မရှိဘူး။
တစ်ခါတော့ကိစ္စတစ်ခုနဲ့မြန်မာပြည်အထက်ပိုင်း စစ်ကိုင်းကိုရောက်သွားတယ်၊နေလို့ကောင်းလိုက်
တာ၊တစ်လကျော်ကျော်အတွင်းမှာသိသိသာသာကြီးကျန်းမာရေးတွေကောင်းလာတယ်၊ဒါနဲ့စစ်ကိုင်း
တောင်ရိုးမှာအမြဲနေလိုက်တော့တယ်။
၃။ အဲဒီနောက်နံပါတ်(၃)အစာအဟာရကိုလဲလွန်လွန်ကဲကဲမစားရဘူး၊မျှတရုံစားရတယ်၊မတည့်တာ
ကိုလဲရှောင်ရတယ်။
၎။ အဲ...နောက်ဆုံးနံပါတ်(၄) စင်္ကြံသွားတဲ့အလေ့လဲရှိရတယ်၊ ဘုန်းကြီးကတော့နှစ်ကိစ္စပြီးအောင်
ဆွမ်းခံကြွလိုက်တယ်၊အဲဒီတော့ပိဏ္ဍစာရိက၀တ်လဲပြည့်၊စင်္ကြံကြွတဲ့ကိစ္စလဲပြီးသွားတယ်။
အဲဒီလိုမျှတအောင်နေလို့အသက်ရှည်တာပါ၊အခုဆိုရင်(၁၀၀)နဲ့(၂)လရှိလာပြီ”၊
ဤသို့မိန့်တော်မူပါသည်။
မှတ်ချက်*သက္ကရာဇ် ၁၃၃၅-ခုတပေါင်းလတွင်မိန့်တော်မူခြင်းဖြစ်ပါသည်။
ဆရာတော်ကြီး၏မိန့်ကြားချက်များအရကျွန်တော်တို့သည်ဘယ်နေရာ၊ဘယ်ဒေသရောက်ရောက်အ
ရာရာကိုသတိနဲ့ဆင်ခြင်ပြီးနေထိုင်ရမှာဖြစ်ပါတယ်။ကိုယ်နေတဲ့နေရပ်ဒေသရာသီဥတုလိုမျိုးမဟုတ်
တဲ့အတွက်ဖြစ်ပါတယ်။“ဥစ္စာကံစောင့်၊အသက်ဥာဏ်စောင့်”ဆိုတဲ့ဆောင်ပုဒ်လေးတောင်ရှိတာဘဲ။
လူတိုင်းကသေနေ့ရောက်လာရင်တော့ဘယ်လိုမှတားလို့မရပါဘူး။သေခြင်းတရားကိုမလွန်ဆန်နိုင်
ပါဘူး။ဒါပေမယ့်သေနေ့ မရောက်ခင် သေနေကြတာတွေကို ခုခေတ်မှာ တွေ့နေရပါတယ်။တစ်ချို့
တွေဆိုမူးယစ်ဆေးဝါးသုံးစွဲပြီး ကားတွေ၊ ဆိုင်ကယ်တွေကိုမဆင်မခြင်မောင်းလို့ငယ်ငယ်ရွယ်ရွယ်နဲ့
သေသွားကြတာတွေ၊ဒီနေ့ကမ္ဘာမှာ ကုရာနတ္တိဆေးမရှိတဲ့ HIV/AIDS ရောဂါတွေဖြစ်ပြီး သေသွား
ကြတာတွေကိုတွေ့ရတယ်။အဲဒါဆို မိဘ ဆွေမျိုးအသိုင်းအ၀ိုင်းမှာလည်းနာမည်ပျက်ရတဲ့အပြင်မိဘ
တွေအတွက်လည်းဆုံးရှုံးရပါတယ်။အဲဒီလိုသေနေ့မရောက်ခင်သေသွားကြရတာတွေဟာကိုယ်ကိုယ်
တိုင်ကျန်းမာရေးကိုမဆင်မခြင်လို့၊ အရာရာကိုသတိမရှိဘဲရှေ့မှာ ဥပမာတွေရှိနေရဲ့သားနဲ့ မှားမှန်း
သိတာကိုမပြင်ဘဲလူငယ်ပီပီ လက်တည့်စမ်း စူးစမ်းချင်တဲ့ စိတ်တွေကြောင့်ဖြစ်ပါတယ်။“ပိုးဖလံမျိုး၊
မီးကိုတိုး” ဆိုသကဲ့သို့ပင်ဖြစ်ပါတယ်။ကောင်းတဲ့ ပညာရပ်တွေကိုသာ စူးစမ်း လေ့လာရမှာ ဖြစ်ပါ
တယ်။ဒါမှသာကိုယ်အတွက်ရော၊မိဘ ဆွေမျိုးအသိုင်းအ၀ိုင်းတွေအတွက်ရောအဖိုးမဖြတ်နိုင်တဲ့သား
သမီးရတနာလေးတွေဖြစ်လာမှာဖြစ်ပါတယ်။ကျွန်တော်လည်း ဆရာတော်ကြီး အသက်ရှည်ရတဲ့အ
ကြောင်းဖတ်ရင်းနဲ့ကျွန်တော့်ပတ်ဝန်းကျင်မှာတွေ့နေရတာတွေကိုရောက်သွားတယ်ဗျာ။
ဓမ္မမိတ်ဆွေသူတော်ကောင်းအပေါင်းတို့လည်းအရာရာကိုသတိတရားလက်ကိုင်ထားပြီးဆင်ခြင်သုံး
သပ်နိုင်ကြပါစေ။

Read more...

မေးစရာ

ကျွန်တော်က ဘာသာရေးဘက်မှာ စိတ်နည်းနည်းပါတော့ မေးခွန်းလေးတွေ မေးပြီး သင်ယူရတာဝါသနာပါပါတယ်
ကျွန်တော့်လိုပဲ ၀ါသနာပါတဲ့သူတွေလေ့လာနိုင်အောင် ပုစ္စာလေးတွေနဲ့ တင်ပြပါ့မယ်
မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ တစ်စုံတစ်ရာသောအတွေးလေးတွေ ၀င်သွားမယ်ဆိုရင် ကျွန်တော်ရေးရကျိုးနပ်ပါတယ်
မေးခွန်းလေးက တော်တော်လွယ်ပါတယ်
ဒါပေမယ့်ဖြေတဲ့သူရဲ့ ဘာသာရေးအတွေးလေးကိုအဖြေကနေတဆင့် လေ့လာဆန်းစစ်လို့ တစ်စိတ်တစ်ဒေသရနိုင်ပါလိပ်မယ်
ဒီလိုပါဗျာ
ကျွန်တော်ငယ်ငယ်ကကြုံရတဲ့ကိစ္စလေးပါ
တနေ့ ကျောင်းကအပြန်လမ်းလျှောက်လာရင်း အမှတ်မထင်တွေ့ လိုက်ရတာပါ
မြွေလေးတစ်ကောင်က ဖားလေးကိုမြိုဖို့ ကြိုးစားနေတာပါ
ကျွန်တော်ဖားလေးရဲ့ အသက်ကိုကယ်တင်လိုပါတယ်
သူတစ်ပါးရဲ့ အသက်ကို ကယ်တာဟာ ဗုဒ္ဓဘာသာကောင်းတစ်ယောက်ရဲ့ အလေ့ကောင်းတစ်ခုမဟုတ်လား
ကျွန်တော် ဖားလေးကိုကယ်ဖို့ ကြိုးစားလိုက်ပါတယ်
နီးရာတုတ်တစ်ချောင်းကိုကောက်ပြီးမြွေလေးကိုချောက်ဖို့ လုပ်တဲ့အခါ မော့လာတဲ့မြွေလေးရဲ့ မျက်နှာမှာ တစ်စုံတစ်ရာ တွေ့.လိုက်မိသလိုခံစားရပါတယ်
ဖားဆိုတာသူ့ ရဲ့ အစာပါတဲ့
ကျွန်တော်မှာများသွားတာလား
သူတစ်ပါးရဲ့ အစားအစာကိုနှောက်ယှက်တဲ့သူလည်းကျွန်တော်မဖြစ်ချင်ပါဘူး
မြွေလေးရဲ့ စကားသံကိုကျွန်တော်ကြားနေမိသလိုပါပဲ
ဖားလေးကလဲကယ်ပါယူပါလို့ အော်နေမှာ
သူတို့ ရဲ့ အသံကိုကျွန်တော်နားမလည်ပါဘူး
ဒါပေမယ့် ကျွန်တော်ထင်ပါတယ် ဒီလိုပဲပြောမှာပါပဲ
ကျွန်တော်ဘာလုပ်ရမှန်းမသိအောင်တွေဝေနေခဲ့မိပါတယ်ဗျာ
ကဲ....မိတ်ဆွေ.................
သင်ရော ဘယ်လိုဆုံးဖြတ်မှာလဲဆိုတာပြောပြပေးပါလား
(aungkha09@gmail.com)

Read more...

အမှုဖြစ်ပွားခြင်း အကြောင်းရင်း အကျဉ်းချုပ်... (သိမ်သမုတ်မှုဆိုင်ရာ ဝိနိစ္ဆယ)

သိမ်သမုတ်မှုဆိုင်ရာ ဝိနိစ္ဆယ ...

အမှုဖြစ်ပွားခြင်း အကြောင်းရင်း အကျဉ်းချုပ်...
































သိမ်
Be the first to rate this [?]

Read more...

မွေးနေ့ကို ဖြတ်သန်းခြင်း




လူ့ဘ၀ကို ရောက်လာတာ တော်တော်ကြာပြီပဲ၊

အချိန်တွေ ကုန်လွန်ပြီး ဘာတွေကို ပိုင်ဆိုင်ခြဲ့ပီ လဲ၊

နောက်ထပ်ရော နေဖို့ ဘယ်လောက် ကျန်သေးသလဲ၊

မွေးနေ့ဆိုတာ အသက်ပေးပြီး လူ့လောကထဲကို ခေါ်ဆောင်ခဲ့တဲ့

မိဘတွေကို ကျေးဇူးဆပ်သင့်တဲ့နေ့ပါ၊

တကယ်တော့ ဇရာဖက်ကို ရွေ့နေတာရော သင်သတိထားမိသလား၊

သေမင်းနဲ့ နီးဖို့ နေရာ ရွှေ့ပေးလိုက်ရတယ်ဆိုရင် ပိုမှန်လိမ့်မယ်၊


ငယ်ရွယ်စဉ်ကတော့ ငါဟာ ငယ်သေးတယ် ဆိုပြီး၊

ငယ်ဂုဏ် ဆိုတဲ့ ယောဗ္ဗနမာန် မျိုး၊

သန်မာတယ် အရာရာကို လုပ်နိုင်စွမ်းရှိတယ်ဆိုတဲ့ အာရောဂျမာန် နဲ့၊

ငါ မသေနိုင်သေးပါဘူး မသေသေးပါဘူး ဆိုတဲ့ ဇီဝိတမာန်တွေ အားလုံး

ခုတော့ သေမင်းနဲ့ တနှစ် နီးချိန်မှာ ပြိုလဲခဲ့ပေါ့၊


ခန္ဓာကိုယ်နဲ့ ပက်သက်လို့ နှစ်ပေါင်း ၂၅၀၀ ကျော်က ၊

အလှမာန်ယစ်ပြီး တရားမနာချင်တဲ့၊

ရာဇဂြိုလ် အလှဒေ၀ီ မိဖုရားခေမာ ကို သတိရမိရဲ့၊

ဂေါတမ ဗုဒ္ဓက ရုပ်တရား အပြစ်တွေချည်း ဟောနေတာ၊

တရားမနာချင်ပါဘူး ဆိုပြီး အရှိတရား ( ဇရာ ) ကို လက်မခံချင်သူ၊

နောက်ဆုံးတော့ ဇရာကို မတွန်းလှန်နိုင်ပဲ၊

အကျွတ်တရား ရခဲ့သူပေါ့၊


မနှစ်ကထက် ဒီနှစ်မှာ ငါ ဟာ - -

အကုသိုလ်နည်းပြီး ကုသိုလ်ကောင်းမှု့တွေ များလာသလား ?

ကိုယ်စိတ်ဆင်းရဲတာတွေ လျော့ပြီး ချမ်းသာမှု့ ပီတိတွေ များလာသလား ?

လောဘ ဒေါသ အ၀ိဇ္ဇာ နည်းပြီး ဒါန သီလတွေ ပိုလုပ်နိုင်လာသလား ?

လူမှု့ရေး ဘာသာရေး သာသနာရေး( စီးပွားရေး ) ကိစ္စတွေမှာ

လစ်ဟင်းတာတွေ နည်းပြီး ပိုလုပ်နိုင်လာသလား ?

အတ္တ ပရ အတွက် အရင်ကထက် ကျေနပ်အောင် ဆောင်ရွက်နိုင်လာသလား ?

နောက်ဆုံးပန်းတိုင်အတွက် အသိ နဲ့ အကျင့် တထပ်တည်းကျဖို့

အချိန်တွေ လျော့ရဲ လာသလား၊ ပိုကျင့်ကြံ လာနိုင်သလား -?

အမေ့ဂုဏ်ကို အာရုံပြု ဒီနေ့တော့ စိစစ်ရအုံးမည်၊


အားလုံးချုံလိုက်တော့ --

ဘ၀ဆိုတာ ပိုင်ဆိုင်နေရတဲ့ လက်ရှိအနေအထားလေးမှာ စိတ်ကိုတည်ငြိမ်

အေးချမ်းစွာထားပြီး ကျေနပ်စွာ ဖြတ်သန်းနေနိုင်ဖို့ပဲ မဟုတ်လား၊

နောင်လာမယ့် မွေးနေ့တိုင်းအတွက် ကောင်းမွန်တဲ့ သမိုင်းမှတ်တိုင်လေး

ရေးထိုးနိုင်ရင် ကောင်းသော ဖြတ်ကျော်ခြင်းပဲပေါ့။ ။

စာကြွင်း၊ ၊ ကဗျာအရ မိမိကိုယ် မိမိ စိတ်ချမ်းသာစရာ အဖြေကို ပေးနိင်ခဲ့သော ( ၂၇ . ၁၀ . ၀၉ ) နေ့တွင် ကျရောက်သော မိမိ၏ ၃၁ နှစ်ပြည့် မွေးနေ့အား
အမှတ်တရ အဖြစ် ရေးဖွဲ့ပါသည်။ ။

Read more...

တကယ်လို့ ကမ္ဘာပျက်မယ် ဆိုရင်ပေါ့...


ကမ္ဘာကြီး ပျက်မယ်ဆိုတာ ယုံကြည် သိထားပေမဲ့ ၂၀၁၂ ဆိုတာကြီးတော့ မယုံကြည်ပါဘူး။
ဒါကလည်း 'လူဆိုတာ သေတတ်တယ်' ဆိုတာကို ယုံကြည်ပေမဲ့ 'ငါသေမှာကိုတော့ မယုံကြည်သလိုမျိုး' ဖြစ်နိုင်ပါတယ်…။ ဘာပဲဖြစ်ဖြစ် စိတ်ကူးနဲ့ မကြာမီ အချိန်အတွင်း ကမ္ဘာကြီး ပျက်ကြည့်လိုက်ပါ့မယ်…။ ဒါမှ ဘလော့အကိုကြီး ကိုအောင်သာငယ် လက်ဆင့်ကမ်းလိုက်တဲ့ တဂ်ဂိမ်းကို ဘလော့ မောင်နှမတွေနဲ့ ကစားလို့ရမှာ...Ready 1, 2, 3


၁။ ဘယ်သူတွေနဲ့ရှိနေချင်လဲ...

အင်း..ဖြစ်နိုင်ရင်တော့ ချစ်တဲ့သူတွေနဲ့ပဲ အတူ ရှိနေချင်တယ်…။ သေရတော့မှာမို့ စိတ်ညစ်နေရတဲ့အထဲ… မုန်းတဲ့သူတွေနဲ့ ဟာ...မဖြစ်ပါဘူးကွာ။

၂။ဘာတွေခံစားနေရမလဲ...

ခန္ဓာကိုယ်ကြီးကတော့ အပူတွေဟပ်ပြီး ပူလောင်နေမယ်…။ စိတ်တွေက ကစဥ့်ကလျား ဖြစ်နေနိုင်တယ်… ။ အလိုလိုနေရင်းတောင် ပျံ့လွင့်လွန်းတဲ့ စိတ်အာရုံတွေကို သေခါနီးမို့ သေချာစုစည်းဖို့ ကြိုးစားရင်း ရုန်းရင်းဆန်ခတ်လည်း ဖြစ်နေနိုင်သလို အေးအေး ဆေးဆေးလေးလည်း ဖြစ်နေနိုင်တယ်။

၃။ ဘာတွေပြင်ဆင်ထားမလဲ...

ပြင်ဆင်မှာပါ… ။ ကိုယ်စွမ်း ဉာဏ်စွမ်းရှိသလောက်ပေါ့…။ အချိန်တွေ နည်းလာတာနဲ့အမျှ လုပ်စရာတွေလည်း နည်းပါးသွားနိုင်သလို… ကျန်တဲ့ အချိန်လေးကို အကျိုးရှိရှိ အသုံးချဖို့ စက္ကန့်မလပ်လည်း အလုပ်များနေနိုင်တယ်။

၎။ ၀မ်းနည်းမိမှာက...

ချစ်သောကမ္ဘာရေ မင်းနဲ့ကိုယ် အိုးစားကွဲကြပေါ့…။

၅။ကြောက်လန့်မိတာက...

မီးတောက်တွေက ကိုယ့်ကို ၀ါးမြိုကြမှာ… မူးဝေနောက်ကျိ ချာချာလည်နေမှာ… အမှောင်ထုထဲကို ကစဥ့်ကလျားကျသွားမှာ…။

၆။ဆောင်ထားချင်တာ...

ကြည်လင်ပြတ်သားတဲ့ အသိစိတ်တခု

၇။ဘာတွေရေးမိမလဲ...

အသိစိတ်အာရုံထဲ ရောက်လာတာတွေရေးမယ်။

ဂ။တွေးမိတွေးရာ အတွေး...

ကိုယ်ရော စိတ်ပါ ဆောက်တည်ရာမရအောင် ပင်ပန်းလာရင်၊ ကိုဧရာကို “စာဖတ်ပြ” လို့ ပူဆာတတ်တယ်။ ဖိုးဖတ်ချင်ကြီးကလည်း “ဘာဖတ်ပြရမလဲ” ဆိုပြီး အမြဲအဆင်သင့်။ အဲ့လိုအချိန်မှာတော့ သူလည်း သူ့စိတ်နဲ့ သူ့ကိုယ် သူ့သေခြင်းတရားကို ရင်ဆိုင်ပါစေလေနော့ … ။ ဒီတော့ ကိုယ့်ကိုယ်ကို အားကိုးရလိမ့်မယ်။ ကိုယ်ဘယ်လောက်ထိ စွမ်းသလဲ။

၉။ဂုဏ်ယူချင်တာက...

ဤကမ္ဘာမြေမှာ လူဖြစ်ခဲ့တာ ဂုဏ်ယူစရာပါ။

၁၀။ရှာကြံဖြေသိမ့်မိတာက...

ရှေ့ကလူတွေ သေသာသွားကြရော ကမ္ဘာပျက်တာ ကြုံမသွားကြရှာဘူး…။

၁၁။ကျူးရင့်ချင်တဲ့ ဥဒါန်း...

အို ကမ္ဘာမြေ…
ဤလူကို ထမ်းခဲ့သမျှ
လေးလှသကွလို့
ပစ်ကာရယ် မချ…။

“သည်းခံခြင်း” ဆိုတဲ့
မင်းရဲ့ အခြားအမည်

ဝသုန်မြေ ပျက်ကြွေပြုန်းချိန်မို့
သိကြားစေ သက်သေညွှန်းလို့ရယ်
နောက်ဆုံးအကြိမ်အဖြစ်
ကျူးရင့်ခဲ့သည်။ ။

ဆက်ပြီး Tag ချင်တာက
သင်းနွယ်ဇင် (ကလေးတွေ စာမေးပွဲပြီးရင်ရေးပေးနော်)

Read more...

သီတဂူစတား ဓမ္မဒူတမှတ်တမ်း အပိုင်း (၃)

စာဖက်ပရိသတ် (ဓမ္မမိတ်ဆွေ) တို့ ---သီတဂူစတားရဲ့ဓမ္မဒူတ မှတ်တမ်းနှင့် အလှမ်းဝေးကွာသည်မှာ ၃ ပါတ်ပင်ရှိပြီထင်ပါသည်၊ ကြားထဲမှာ ဆရားတော်ကြီး၏ ဟောစဉ်များနှင့် သီတဂူစတား၏လေ့လာရေးမှတ်တမ်းများက နေရာယူထားသည်မှာ ၃ပါတ်လောက်ရှိသွားသောကြာင့်ပင်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အပိုင်း (၁)နှင့် အပိုင်း (၂)တို့ကို ပြန်ဆက်မိအောင် ဖက်စေလိုပါသည်။

လွတ်မြောက်ရေးနည်းလမ်း
ထိုသို့သောဖိအားများသည် သူ့အတွက် လွတ်မြောက်ရေးနည်းလမ်းကို ရှာဖွေဘို့ ခွန်အားများဖြစ်လာခဲ့သည်။ သူသည် ဇာတ်နိမ့်ဘဝမှ လွတ်မြောက်အောင် အဘယ်ကဲ့သို့ ကြိုးပမ်း ဆောင်ရွက်ရမည်ကို အမြဲတမ်းတွေးဆနေခဲ့သည်။ ဇာတ်မြင့်များကို တော်လှန်နိုင်ဘို့နှင့် ဇာတ်နိမ့်ဘဝမှ လွတ်မြောက်ရေးအတွက် အကောင်းဆုံး လက်နက်မှာ အတတ်ပညာသာဖြစ်သည်ဟု သိမြင်လာသည်။ ထို့ကြောင့် ပညာကိုထူးချွန်ပြောင်မြောက်အောင် အထူးကြိုးစား သင်ယူခဲ့သည်၊ စီးပွားရေး၊ နိုင်ငံရေးနှင့် ဥပဒေဘွဲ့များစွာကို အင်္ဂလန်၊ အမေရိကနိုင်ငံ တို့မှ ရယူခဲ့သည်။

စာဖတ်ဝါသနာ
သူသည် စာဖတ်ဝါသနာပါသည့် အားလျော်စွာ စာပေများစွာကို စုဆောင်းဖတ်ရှုလေ့လာခဲ့သည်၊ သူ့အတွက် ပညာရေး စကောလရှ် ထောက်ပံ့သည့် ငွေများဖြင့် အစားအသောက်ကို ချွေတာစားသောက်ပြီး စာအုပ်များစွာကို ဝယ်ယူဖတ်ရှုခဲ့သည်။ အင်္ဂလန်တွင် ကျောင်းတက်စဉ်က စားအုပ်ပေါင်း သုံးထောင် (၃ဝဝဝ) ဝယ်ယူနိုင်ခဲ့ပြီး အမေရိကမှာ ကျောင်းတက်စဉ်က စာအုပ်သေတ္တာကြီး အလုံး သုံးဆယ် (၃ဝ) ကို သင်္ဘောဖြင့် တင်ပို့နိုင်ခဲ့သည်။

စာပေမှအဖြေရ
ကျောင်းသားဘဝက ဇာတ်မြင့် ဆရာများက သူ့အား ဆန်စကရစ်ဘာသာ မသင်ရဟု တားမြစ်ခဲ့သည်၊ အကြောင်းကား ဗြဟ္မဏဝါဒ(ဝေဒ)ကျမ်းများသည် ထိုဘာသာဖြင့်သာ တည်ရှိနေသောကြောင့်ဖြစ်သည်။ သို့သော် နောက်ပိုင်းကာလတွင် ဆန်စကရစ်ဘာသာရပ်ကို ဆရာတစ်ဆူဖြစ်သည်အထိ သင်ယူတတ်မြောက်ခဲ့သည်၊ ဆန်စကရစ်ဘာသာဖြင့် ရေးသားထားသော ဗြဟ္မဏဝါဒနှင့် ဗုဒ္ဓစာပေများကို လေ့လာစဉ် အဖြေတစ်ခုကို ရခဲ့သည်။ ထိုအဖြေမှာ ဇာတ်မြင့်တွေကို တော်လှန်ရန် အကောင်းဆုံး နည်းလမ်းသည် ဗုဒ္ဓဝါဒဖြစ်သည်၊ ဇာတ်နိမ့်များကို ကယ်တင်ဘို့ လမ်းသည်လည်း ဗုဒ္ဓဝါဒပင်ဖြစ်သည်ဟူ၍ ဖြစ်သည်။ ဤနည်းအားဖြင့် သူသည် ဗုဒ္ဓဘာသာသို့ ချဉ်းကပ်တိုးဝင်ခဲ့သည်။ ဗုဒ္ဓစာပေများကို လူအဖွဲ့အစည်းနှင့် လူမှုရေးဘက်တွင် တွင်တွင်ကြီးအသုံးချ၍ ဇာတ်နိမ့်များစွာကို လွတ်မြောက်ရေးလမ်းဆီသို့ ပို့ဆောင်ပေးနိုင်ခဲ့သည်။

စည်းရုံးရေးဆင်း
သူသည် နယ်အသီးသီးသို့ သွား၍ ဗုဒ္ဓဝါဒကို ဟောပြောကာ စည်းရုံးခဲ့သည်၊ အထူးသဖြင့် အိန္ဒိယနိုင်ငံ၏ ချမ်းသာကြွယ်ဝဆုံးဒေသဖြစ်သော မဟာရဋ္ဌပြည်နယ်တစ်ဝိုက်ကို လှည့်လည် ဟောပြောခဲ့ သည်။ ထိုတွင် ဘုံဘေ၊ ပူနေး၊ နာဂပူရ၊ စောဠပူရ စသည့် မြို့ကြီးများသည် အဓိက ပါဝင်သည်။ ဘုံဘေမြို့တွင် သူသည် ဗုဒ္ဓဘာသာဝင်ဖြစ်ကြောင်း တရားဝင်ကြေငြာခဲ့သည်။ ထိုတွင် အစ်စလမ်ဘာသာ၊ ခရစ်ယာန်ဘာသာနှင့် ဆစ်ခ်ဘာသာရေး ခေါင်းဆောင်များက သူအား လာရောက်စည်းရုံးကြသည်။ အကယ်၍ သူတို့ဘာသာဘက်သို့ပြောင်းမည်ဆိုလျှင် နောက်ပါတပည့်များနှင့်တကွ လိုအပ်သည့် စည်းစိမ်များကို ပေးမည်ဟု မြူဆွယ်ကြသည်။ သို့သော် အမ်ဘေဒကာသည် ထိုစည်းစိမ်ဘက်သို့ အနည်းငယ်မျှ ယိမ်းယိုင်ခြင်းမရှိခဲ့ပေ။ သူ၏ ကိုယ်ပိုင် ပစ္စည်းများစွာကိုပင် သူ၏ဗုဒ္ဓဘာသာအဖွဲ့အတွက် စွန့်နိုင်ခဲ့သည့်အတွက် ယနေ့ အမ်ဘေဒကာ အဖွဲ့သည် စာသင်ကျောင်း၊ ဘာသာရေးကျောင်း၊ ပညာရေး Fund ငွေတွေ များစွာ ကျန်ရှိနေခဲ့သည်၊ နောင်လာနောက်သားတို့ ကြိုးပမ်းမှုကြောင့် ပိုပြီးတောင့်တင်းခိုင်မာလာသည်။

ဗုဒ္ဓဘာသာသို့ ကူးပြောင်း
သူ၏ ဟောပြော စည်းရုံးမှုကြောင့် မြောက်မြားစွာသော ပြည်သူများ ဗုဒ္ဓဘာသာဘက်သို့ ဝင်ရောက်ခဲ့ကြသည်၊ မဟာရဋ္ဌပြည်နယ်၏ တတိယမြို့တော်ဖြစ်သည့် နာဂပူရ မြို့တွင် ငါးသိန်းကျော်သော ပြည်သူများသည် တစ်နေ့တစ်ရက်တည်းမှာပင် ဗုဒ္ဓဘာသာဝင်အဖြစ်သို့ ကူးပြောင်းလာခဲ့ကြသည်၊ ယခုအခါ ထိုမြို့၏ ၈၅ ရာခိုင်းနှုန်းသော လူဦးရေသည် ဗုဒ္ဓဘာသာဝင်များဖြစ်ကြပြီး အိန္ဒိယနိုင်ငံတွင် ဗုဒ္ဓဘာသာဝင် အားအကောင်းဆုံးသော ဗုဒ္ဓဘာသာမြို့တော်အဖြစ် လူသိများသည်။ သီတဂူစတားတို့အဖွဲ့ သွားရောက်ခဲ့သော စောဠပူရမြို့သည် ဗုဒ္ဓဘာသာဝင်ဦးရေ ၄၆ ရာခိုင်နှုန်းဖြင့် ဒုတိယနေရာရှိပြီး ပူးနေးမြို့သည် ၁၆ ရာခိုင်နှုန်းဖြင့် တတိယနေရာလိုက်သည်။

ကယ်တင်ရှင် ဘုရားအလောင်း
အိန္ဒိယနိုင်ငံရှိ ဗုဒ္ဓဘာသာဝင်များသည် ဒေါက်တာ အမ်ဘေဒကာကို သူတို့ဘဝ၏ ကယ်တင်ရှင်၊ ကျေးဇူးရှင်၊ လူစွမ်းကောင်းဟု အမွှမ်းတင် ဂုဏ်ပြုကြသည်။ ဘုရားအလောင်းဟူ၍ အသိအမှတ် ပြုကြသည်။ သူတို့အတွေးအခေါ်အရ ဘုရားလောင်းတို့သည် လူလောက ရဲ့အဆင်းအရဲဆုံးနေရာမှာ နေခဲ့ပြီးမှ လူသားတွေရဲ့ ဆင်းရဲခြင်းကိုသိမြင်နိုင်မည်၊ အမ်ဘေဒကာသည်လည်း အဆင်းရဲဆုံး ဇာတ်နိမ့်ဘဝမှာ ဖြစ်ရသည်အတွက် ဘုရားလောင်းဟု အသိအမှတ်ပြုကြသည်၊ သူ၏ဇွဲလုလ္လ၊ ရည်မှန်းချက်၊ အဓိဋ္ဌာန်ချက်တွေကို ထောက်ဆပြီး ဘုရားလောင်းဟု သက်မှတ်ကြသည်။
အမ်ဘေဒကာ၏ အထိမ်းအမှတ်ပွဲတော်များကို နှစ်စဉ်ကျင်းပ၍ ဂုဏ်ပြုကြသည်။ တိုင်းပြည်ကောင်းကျိုးကို များစွာဆောင်ရွက်ခဲ့သော ဒေါက်တာ အမ်ဘေဒကာကို ဗုဒ္ဓဘာသာဝင်များသာမက တစ်နိုင်ငံလုံးရှိ ပြည်သူများကပါ လေးစားဂုဏ်ပြုကြသည်။

ဘာသာတရားနှင့် အမျိုးသမီးများအခွင့်အရေး
ဗုဒ္ဓဘာသာတွင် လူတန်းစားခွဲခြားမှုစနစ်မရှိ၊ အားလုံးတန်းတူ ညီမျှအခွင့်အရေးရှိသည်။ အမျိုးသမီးများသည် စိတ်ဓာတ်(spiritual) ပိုင်းဆိုင်ရာ တိုးတက်မြင့်မားမှုနှင့် အသိပညာပိုင်းဆိုင်ရာ အခွင့်အရေးများတွင် အမျိုးသားများနှင့် တန်းတူညီမျှ အခွင့်အရေးရှိသည်၊ သို့သော် ကိုယ်ပိုင်း (physical) ဆိုင်ရာတွင် ခန္ဓာကိုယ်ဖွဲ့စည်းပုံမတူရကား ယဉ်ကျေးမှုအရ အမျိုးသားများနှင့်တန်းတူအခွင့်အရေးမရှိနိုင်ပါ၊ ဥပမာ- မြတ်ဗုဒ္ဓသည် ဘိက္ခုနီမများ သာသနာ့ဘောင် အတွင်း ဝင်ခွင့်တားမြစ်ခြင်းနှင့် ခွင့်ပြုခဲ့သော်လည်း အမျိုးသားများထက် ထူးခြားသည့် စည်းကမ်းများ ချမှတ်တော်မူခဲ့သည်။ ဗြဟ္မဏ ယဉ်ကျေးမှုတွင် ဇာတ်နိမ့်အမျိုးသား နှင့်အမျိုးသမီးများသာမက ဇာတ်မြင့်အမျိုးသမီးများပင် ပညာသင်ယူခွင့်မရှိပေ။ အိမ်အတွင်း ပုန်းနေရသော အိမ်တွင်းပုန်းအဆင့်တွင်သာနေရသည်။ ဒေါက်တာအမ်ဘေဒကာလက်ထက်တွင် အမျိုးသမီးများအားလုံး ပညာသင်ခွင့်ရအောင် ဆောင်ရွက်နိုင်ခဲ့သော်လည်း၊ အမျိုးသမီးအခွင့်အရေးအတွက် ကြိုးပမ်းနိုင်ခဲ့ပေမဲ့ သူကွယ်လွန်ပြီးနောက်ပိုင်းတွင် ရှေးဟောင်း ဗြဟ္မဏ ဥပဒေ ပြန်လည်ဦးမော့လာခဲ့ပြီး အမျိုးသမီးပညာသင်ကြားမှု အခွင့်အရေးများ လျော့နည်းလာခဲ့ရပြန်သည်။

ယနေ့ခေတ် ဗုဒ္ဓဘာသာဝင်အမျိုးသမီးများ
ဒေါက်တာအမ်ဘေဒကာ၏ ကောင်းမှုကြောင့် အိန္ဒိယနိုင်ငံရှိ ဗုဒ္ဓဘာသာဝင် အမျိုးသမီးများသည် ပညာရေးတွင် အရှိန်အဟုန်မပျက် ဆက်လက်ချီတက်နိုင်ခဲ့သည်။ ယခုအခါ ခေတ်ပညာတတ် ဗုဒ္ဓဘာသာဝင် အမျိုးသမီးအရေအတွက်သည် ဗြဟ္မဏ (ဟိန္ဒူ) အမျိုးသမီးများထက်ပင် ပိုမိုများပြားလာသည်ဟုဆိုသည်။ ယခင်က လုပ်ကိုင်ခွင့် မရခဲ့သော အဆင့်မြင့် ရာထူး လုပ်ငန်းဌာနများတွင် ဗုဒ္ဓဘာသာဝင် အများအပြားဝင်ရောက် နေရာယူလာနိုင်သည်ကို တွေ့ရသည်။ ဥပမာအားဖြင့် ပူနေးတက္ကသိုလ်၏ vice chancellor သည် ဗုဒ္ဓဘာသာဝင် တစ်ဦးဖြစ်သည်ကို တွေ့နိုင်သည်။


သီတဂူစန်းလပမာ ချမ်းမြ သာယာရှိကြပါစေ။
သီတဂူစတား
၂-၁ဝ-၂ဝဝ၉


Read more...

ဘလော့ဂါကမ္မဌာန်း

ချစ်ခင်ပေါင်းသင်း

ကော်နက်ခ်ရှင်းကား


ကွေကွင်းနောက်ဆုံး “ကျ”ချေသည်။


Read more...

ပထမဦးဆုံး အွန်လိုင်းမှ မြန်မာနိုင်ငံသာသနာကို ဖျက်ဆီးနေသော ဆိုက်များ

၁။ ။ http://sayamvasi.googlepages.com/ ပစ္စုပ္ပန်ကမ္မ၀ါဒ

၂။ ။ http://www.yatanar.co.cc/ ရတနာ

၃။ ။ http://human-buddha.blogspot.com/ လူသားဗုဒ္ဓ

၎။ ။ http://buddhismabc.blogspot.com/ ဗုဒ္ဓဘာသာကကြီးကခွေး

၅။ ။ http://toiletwall.ning.com/ ဘာသာရေးဆွေးနွေးခန်း

၆။ ။ http://forums.myanmarcommunity.com/ ဆွေးနွေးခန်း

၇။ ။ http://www.mandalaygazette.net/ မန္တလေးဂေဇက်မဂ္ဂဇင်း

၈။ ။ http://azai.mmgenius.com/ အပါယ်ရတနာ

ဖော်ပြပါဆိုဒ်များသည် အဓမ္မ၀ါဒ အဖြစ်သတ်မှတ်ထားသော
မိုးပြာဝါဒများကို ဖြန့်ဝေနေသော ဆိုဒ်များဖြစ်ပါသည်။
Prev: မိုးပြာဂိုဏ်း၏ ဟောပြောချက်အချို့ နှင့် သူတို့၏ ထုတ်ဝေပြီးသော စာအုပ်များ

Read more...

A teaching from Engaku-ji



Last October I was in Japan with Ikumi, and readers from that time will remember my long blog posts listing all the temples we visited and all the incredible beauty we encountered. Tidying up a few days ago, I came across a leaflet I'd picked up from one of those temples and which I'd slipped into a book for safe-keeping.

The leaflet is from Engaku-ji, which I remember being a two minute walk from Kita Kamakura station, and the first temple of that particular day. I also recall that despite a crowd of schoolkids all buying amulets from him at the same time, the man at the entrance produced for me some incredibly dramatic calligraphy.

There was a high garden cut into the cliff, and we admired the flowers, the views, and the same eagle we'd seen the day before. A metal Buddha was set against the rock face with a cloak containing dozens of smaller Buddhas in the folds, and all of the few people who passed by stopped to take photos and comment on its beauty.

Another interesting thing was the number of thatched buildings, including the mausoleum, a wonderful, almost diamond-shaped structure housing the thirteenth century founder and a statue of Kannon. We sat on benches there and drank thick frothy green tea, and this was where, I think, I picked up the leaflet.

One side contains, in English and Japanese, a short history of the mausoleum, and on the other side there is a teaching entitled Spoon. I don't know if it's familiar now from having heard it before somewhere, or from simply having read this leaflet a few times. But it's a wonderful text and one that certainly speaks to me.

Doug, in the comments section of his blog on Japan, has recently written about maintaining a productive ratio between study and practice; it's easy and fascinating to study Dharma, but without practice very little gets absorbed. So I'm reading less and reading slower, writing less and sitting more, and going for the taste.

--- Spoon ---

Although the spoon is soaked in soup many times a day, it cannot understand the taste of the soup. But, unlike the spoon, just one drop of soup on your tongue can give you a complete idea of what it tastes like.

What this means is that there is no benefit in meeting the most honorable men or reading the most excellent books if you are as insensitive as a spoon. It is completely worthless reading many books or receiving a high education if you are too insensitive to learn from what you've experienced.

One who tries to get a sense of peace by giving pain to others will never be able to cut himself off from a chain of grudges against him. We should not be like that. So, wishing for this year to be better than last year, let's uphold a wish to do something good every day, no matter how small it is.

--- ---

Text: This is more or less the exact text of the leaflet, I've just cleared up a few errors in the English. There is no indication of it being copyright material.

Photo: I didn't have a camera during my visit to Japan, so this was taken more recently here in Thailand. Perhaps one day I'll return to Engaku-ji and come back to this post with a new photo.

Postscript: After our tea, we walked down the slope out of the temple past walls made of massive stone blocks covered in moss, ferns, and tree roots. Ikumi and I ran our hands over them, and that precise moment, leaning into the soft moss, the damp against our fingertips and palms, was one of pure joy.


Read more...

လက်ချောင်းထိုးသဖြင့်...



အဂုင်္လိပတောဒကသိက္ခာပုဒ်

ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဆဗ္ဗဂ္ဂီ ရဟန်းတို့သည် သတ္တရသဝဂ္ဂီဂိုဏ်းသား ရဟန်းကို လက်ချောင်းထိုးသဖြင့် 'ကလိထိုးသဖြင့်' ရယ်ရွှင်စေကုန်၏၊ ထိုရဟန်းသည် ပင်ပန်းသည်ဖြစ်၍ ထွက်သက် ဝင်သက် ပြတ်သောကြောင့် သေလေ၏၊

အလိုနည်းသော ရဟန်းတို့သည် ''အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီရဟန်းတို့သည် ရဟန်းကို လက်ချောင်းထိုးသဖြင့် 'ကလိထိုးသဖြင့်' ရယ်ရွှင်စေကုန်ဘိ သနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။

''ရဟန်းတို့ သင်တို့သည် ရဟန်းကို လက်ချောင်းထိုးသဖြင့် 'ကလိထိုးသဖြင့်' ရယ်ရွှင်စေကုန်၏ ဟူသည် မှန်သလော'' ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ သင်တို့သည် အဘယ့်ကြောင့် ရဟန်းကို လက်ချောင်းထိုးသဖြင့် 'ကလိထိုးသဖြင့်' ရယ်ရွှင် စေကုန်ဘိသနည်း။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ ဤ (သင်တို့ပြုမိသောအမှု)သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါ လည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။ 300

''လက်ချောင်းထိုး 'ကလိထိုး' ခြင်းကြောင့် ပါစိတ်အာပတ် သင့်၏'' ဤသို့ ပြကြကုန်လော့ဟု မိန့်တော်မူ၏။ 331

၂ - အဂုင်္လိပတောဒကသိက္ခာပုဒ်၊
၆ - သုရာပါနဝဂ်၊ ဘိက္ခုပါစိတ်အခန်း၊ ပါစိတ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP