* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Thursday, October 22, 2009

မြန်မာ့အားမာန် အမှတ်စဉ်(၂) သင်တန်းဆင်းပွဲ ဖိတ်ကြားလွှာ


မြန်မာ့အားမာန် ပညာရေးလေ့ကျင့်သင်တန်းကျောင်းတော် လက်တွေ့အသုံးချ ကွန်ပြူတာသင်တန်း
အမှတ်စဉ် ၂/၂၀၀၉ သင်တန်းပြီးဆုံးအောင်မြင်ခြင်း အခမ်းအနား ဖိတ်ကြားလွှာ
မလေးရှားနိုင်ငံ အတွင်း မှီတင်းနေထိုင်လျှက်ရှိကြပါကုန်သော ရွှေမြန်မာအပေါင်း တို့… ခေတ္တ/အမြဲ မလေးရှား နိုင်ငံအတွင်းသို့ ရောက်ရှိနေထိုင်လျှက်ရှိပါကုန်သော ရွှေမြန်မာ စေတနာရှင်အပေါင်းတို့၏ စုပေါင်း ကုသိုလ်ယူ ပါဝင်လှူဒါန်းမှု့ .ကိုအောင်ဆန်းဦး မသန်းသန်းဋ္ဌေး မိသားစုအပေါင်းတို့၏ မတည် လှူဒါန်းမှု့ တို့ဖြင့် ညောင်ကန်အေး ပုည၀ဎနအသင်းကြီမှ ဦးဆောင်စီစဉ်ဖွင့်လှစ်အပ်သော မြန်မာ့အားမာန် ပညာရေးလေ့ကျင့်သင်တန်းကျောင်းတော်သည် ပညာလိုလား လူငယ်များအတွက် ရည်ရွယ်လျှက် လက်တွေ့အသုံးချ ကွန်ပြူတာသင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်ပို့ချလျှက်ရှိရာ ယခုအခါတွင် ဒုတိယမြောက် အပတ်စဉ်ကို အောင်မြင်စွာ ဖွင့်လှစ်ပို့ချနိုင်ခဲ့ပြီးဖြစ်ပါသည်။
သင်တန်းကြီးတွင် ပါဝင်ပို့ချ ပညာဒါနပြုခဲ့ကြသော ဆရာဆရာမများအား ဂုဏ်ပြုခြင်း နှင့်အတူ သင်တန်းကာလပြီးဆုံးအောင် တက်ရောက်လေ့လာ သင်ယူခဲ့သော သင်တန်းသား သင်တန်းသူတို့အား သင်တန်းဆင်းလက်မှတ် အပ်နှင်းခြင်းအခမ်းအနားကို (၂၅ .၁၀ .၂၀၀၉ ) တနင်္ဂနွေနေ့ နံနက်တွင် မြန်မာ့အားမာန် ပညာရေးလေ့ကျင့်ရေးသင်တန်းကျောင်းတည်ရာ ညောင်ကန်အေးသာသနာ့ရိပ်သာ ကြီးတွင်အစီစဉ်တကျ ကျင်းပမည်ဖြစ်ပါသည်
သို့ဖြစ်ရာ အမျိုးဘာသာ သာသနာအကျိုးကို သယ်ပိုးဆောင်ရွက် ထောက်ပံ့လျှက်ရှိပါကုန်သော စေတနာရှင် ကုသိုလ်ရှင်များနှင့်အတူ ပညာရှင်ကြီးများ .သင်တန်းနည်းပြ ဆရာဆရာမများ. သင်တန်းသူ သင်တန်းသား များ အားလုံးတို့အား ၂၅.၁၀.၂၀၀၉ တနင်္ဂနွေနေ့ နံက် ၉ နာရီအရောက် မပျက်မကွက် ပါဝင်တက်ရောက်နိုင်ပါရန် ခင်မင်လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။
တာဝန်ခံ
မြန်မာ့အားမာန် ပညာရေးလေ့ကျင့်သင်တန်းကျောင်း
ဖုံး ၀၁၃၃၀၆၈၈၂၀


Read more...

ဗုဒ္ဓဘာသာသာသနာပြန့်ပွားရေးအသင်းကြီး


(မန္တလေး၊ အောက်တိုဘာ ၉-ရက်)
ဗုဒ္ခသာသနာပြန့်ပွားထွန်းကားလာအောင် ဆောင်ရွက်နေသည့် မန္တလေးမြို့တွင် အခြေစိုက်ထားသော ဗုဒ္ဓဘာသာ သာသနာပြန့်ပွားရေးအသင်းကြီးသည် နယ်စပ် ဒေသနှင့် တောင်တန်းဒေသများတွင် သာသနာပြုလုပ်ငန်းများနှင့် လူမှုရေး အကျိုးပြု လုပ်ငန်းများ တွဲဖက်ဆောင်ရွက်နေလျက်ရှိပါသည်။ ယင်းအသင်းကြီးသည် အသင်း ထောက် ၁၉၈-သင်းတို့၏ ပူးပေါင်းလှူဒါန်းမှုဖြင့် ပြည်နယ်နှင့် တိုင်းမြို့နယ်များရှိ ကျောင်းပေါင်း ၉၁၉ ကျောင်းတွင် အောက်တိုဘာလ ၇-ရက်နေ့ မှာ ကထိန်ခင်းခဲ့ပါသည်။
ကျောင်းပေါင်း ကိုးရာကျော်တွင် ကထိန်သင်္ကန်း၊ ဂွမ်းစောင်အပါအဝင် အခြားလှူဖွယ်ပစ္စည်းများကို လှူဒါန်းသွားမည်ဖြစ်ပြီး ပဒေသာပင်တစ်ခုလျှင် ပစ္စည်းဝတ္ထုကျပ် ငါးသောင်းဖိုးခန့်ရှိကြောင်း၊ ကထိန်အောင်ပွဲကို ၂ဝ၁ဝခုနှစ် မတ်လ ၄ ရက်မှ၁ဝ ရက်နေ့အတွင်း ဆရာတော်ကြီး၏ သာသနာပြုခရီးစဉ်အတွင်း ကျင်းပမည်ဖြစ်ကြောင်း ¤င်းကဆိုသည်။ ကထိန်သင်္ကန်းများနှင့် လှူဖွယ်ပစ္စည်းများကို သီတင်းကျွတ်လပြည့်မှ တန်ဆောင်မုန်းလပြည့်နေ့အထိ အလှူခံမည်ဖြစ်ကြောင်း ယင်းအသင်း၏ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ဗုဒ္ဓဘာသာသာသနာပြုအသင်းကြီးသည် ၂ဝဝ၈-ခုနှစ် ပထမအကြိမ် ကထိန်ခင်းစဉ်က ကျောင်းတိုက် ၆ဝဝ -ကျော်ကို ကထိန်နှင့် ဆက်စပ်သည့် ပစ္စည်း တန်ဖိုးကျပ်သိန်း ၁ဝဝ- နီးပါးဖိုး လှူဒါန်းနိုင်ခဲ့သည်။ ယင်းအသင်းကြီးကို ဗြဟ္မစိုရ် လူမှုရေးအသင်း ထူထောင်ခဲ့သည့် ဆရာတော် ဘဒ္ဒန္တတိက္ခ (အဂ္ဂမဟာပဏ္ဏိတ)က ဦးဆောင်၍ ရှင်ပြုရဟန်းခံပွဲများ၊ ဗုဒ္ဓဘာသာအဆုံးအမခံယူပွဲများကို နှစ်စဉ် ပြုလုပ်လျက်ရှိသည်။

Read more...

ဗုဒ္ဓရုပ်ပွါးတော်မှ မျက်ခုံး၊ မျက်လုံး၊ နုတ်ခမ်းတော်၊ ပါးစပ်တော်များ လှုပ်ရှားခြင်း ထူးခြားအံ့ဖွယ် ဖြစ်ရပ်ဆန်း

ပြည်မြို့၊ တိုင်းပြည်လုံးချမ်းသာ ဆုတောင်းပြည့်ဆယ်ထပ်ကြီးဘုရား၏ ထူးခြားဖြစ်စဉ်

၁၃၇၁ ခုနှစ် တော်သလင်းလဆန်း ၁၂ ရက် 31.8.2009 ရက် တနလာင်္နေ့၊ ညနေ ၅ နာရီအချိန်
ရန်ကုန်မြို့ ကျောက်မြောင်း သီတာလမ်းနှင့် အင်းဝလမ်းထောင့်၊ အမှတ် ၄၃ နေ မောင်ထွန်းထွန်းနိုင်သည်
ရွှေစံတော်စေတီတော်မြတ်ကြိး၏ အရှေ့ဘက် အောင်မြေရှူခင်းသာလက်ရန်းမှ ဆယ်ထပ်ကြိးဘုရားအား
လှမ်းမျှော်ဖူးမြော်ရာ ထူးခြားအံဖွယ်တွေ့ရသဖြင့် ၄င်း၏ လက်ကိုင်ဖုံးဖြင့် မှတ်တမ်းတင် ပူဇော်ထားခြင်း ဖြစ်ပါသည်။


ဆက်သွယ်ရန်
အမှတ် (၃) ရပ်ကွက်
ဥယဉ်လမ်း
ကံမမြို့
ဖုံး-063..23410

ဆိုင်ခန်း (၂)
ဆယ်ထပ်ကြီးဘုရားဆိုင်ခန်း
န၀ဒေးလမ်း၊ ပြည်မြို့
ဖုံး--053..21085

တဆင့် ဓမ္မဒါနပြု ဖြန့်ဝေအပ်ပါသည်။

အရှင်ဝရသာမိ
http://www.sbay-student.org/
www.dhammaanalysis.multiply.com/



Download this and other original video files with Multiply Premium.

Read more...

ဝိသာခါဥပသိကာဝတ္ထု

သာဝတ္ထိပြည်၌ နေတော်မူသောအခါ နှစ်ဆယ့်ခုနစ်ကုဋေသော ဥစ္စာတို့ဖြင့် ပုဗ္ဗာရုံကျောင်း

တော်ကြီး ကိုဆောက်၍ သာဓုခေါ်စေပြီးသောအဆုံး၌ ၀မ်းမြောက်ဝမ်းသာ ဥဒါန်းကျူးသော ၀ိသာခါ ဒါယိကာမကို အကြောင်းပြု၍



ယထာပိ ပုပ္ဖရာသိမှာ၊ ကိယိရာ မာလာဂုဏေ ဗဟူ။

ဧ၀ံ ဇာတေန မစ္စေန၊ ကတ္တဗ္ဗံ ကုသလံ ဗဟုံ။

ဤဂါထာကိုဟောတော်မူသည်။


ပုပ္ဖရာသိမှာ၊ များစွာသော ပန်းအစုမှ။ ဗဟူ၊များစွာကုန်သောမာလာဂုဏေ၊ပန်းကုံးတို့ကို၊ ကယိရာယထာ၊ ပြုသကဲ့သို့။ ဧ၀ံဘထာ၊တူ။ဇာတေနမွေးဖွားသော။မစ္စေန၊သတ္တ၀ါသည်။ ၀ါ-ဇာတေန၊ ပဋိသန္ဓေနေတတ်သောမစ္စေန၊သေတတ်သော။ ပုဂ္ဂလေန၊ သည်။ ပုပ္ဖရာသိမှာ၊ ဥစ္စာတည်းဟူသောပန်း,သဒ္ဓါတည်းဟူသော ပန်းအစုမှ။ ဗဟုံ၊များစွာသော။ ကုသလံ၊ကုသိုလ်ပန်းကုံးတို့ကို။ကတ္တဗ္ဗံ၊ပြုအပ်၏။


ဝတ္ထုရှည်အားဆက်လက်ဖော်ပြပါမည်

Read more...

စပ်မိစပ်ရာ

၁-၁၀-၂၀၀၉ ရက်နေ့ နံနက် ကော့သောင်းမြို့ကို ရောက်ခဲ့တယ်၊ ကထိန်အလှူ ကိစ္စနဲ့ဆိုပါတော့၊ ရောက်လို့မှ တစ်နေ့တောင်မှ မပြည့်သေး၊ ဖုန်းလာတယ်၊ ကျောင်းမှာ အလှူလုပ်ချင်လို့ သင်္ကန်းကပ်ချင်လို့ ဆိုပြီး ဖုန်းတွေကလဲ တဂွမ်ဂွမ်၊ အလုပ်ကို ရှုပ်လို့………….
မမျှော်လင့်တဲ့စကားတစ်ခွန်း ကြားလိုက်ရပါတယ်။ “ဘုန်းဘုန်းဘုရား…မန္တလေးမှာ ဘုန်းဘုန်းရဲ့ ‘သန်းခေါင်ယံ အမေးအဖြေ’ စာအုပ်နဲ့ ‘တုနှိုင်းမမီ’ စာအုပ် ရောင်းအားကောင်းတယ်ဘုရား၊ အခုပဲ တစ်မျိုးကို စာအုပ်၊ အုပ်ငါးဆယ်စီ ရောင်းရငွေကို ရှင်းပေးလိုက်ပြီဘုရား” ဒါက ဆရာလေး မဓမ္မစာရီ ဆီက လာတဲ့ ကောင်းသတင်းလေးပါ။
စာအုပ်တိုက်ကို စာအုပ်ပို့ထားပြီး တစ်လအကြာမှာ အခုလို သတင်းကြားလိုက်ရတာပါ။
ကြားရတဲ့စကားကြောင့် ပီတိသောမနဿများ တဖွားဖွားဖြစ်ခဲ့ရသလို စာပေနယ်မှာ အတိုင်းအတာတစ်ခုအထိ ရလာတာကို တွေးမိပြီး၊ စာပေနယ်ထဲ ဆက်လက်လျှောက်လမ်းဖို့အတွက် တွန်းအားတွေ ဖြစ်ခဲ့တယ်ဆိုပါတော့။
နောက်တစ်အုပ်လည်း ကြိုးပမ်းနေရာက စာပေစိစစ်ရေးကျလာပါပြီ၊ စိစစ်ရေးက တစ်ချို့စာလေးတွေ အဖြတ်ခံရတယ်။ အရေးမကြီးပါဘူး၊ ကင်းကင်းရှင်းရှင်းဖြစ်ဖို့က စာရေးသူရဲ့ ဆန္ဒပါ။
ကြွားလိုက်အုံးမယ်…အခုဆိုရင် ကော့သောင်းမှာ အင်တာနက်သုံးရတာ အဆင်ပြေတယ်၊ အဲဒါလဲ ဒကာများရဲ့ကောင်းမှုကြောင့်ပါ။ THAI , CDMA WIFI စနစ်နဲ့ သုံးရတယ်။ speed – 3.1mbps ဆိုတော့ မြန်တယ်။ FTP နဲ့ audio file upload တင်ရတာလည်း စိတ်ချမ်းသာစရာကောင်းလှပေါ့။ အင်း……အကြာကြီးနေရ ကောင်းမှာ၊ ဒါပေမဲ့ လူတွေမှာ လူမှုကိစ္စရှိသလို ဘုန်းကြီးများမှာ လည်း ဘုန်းကြီးကိစ္စ များလှတာမို့ မကြာခင်ပြန်ရအုံးမှာပေါ့၊ စာရေးသူတို့ မြို့မှာလည်း cdma wifi , 3.1mbps ကို ဘယ်တော့များမှ ရမလဲလို့ မတွေးရဲ တွေးရဲ တွေးနေမိနေလေရဲ့……


Read more...

meditation and offerings



It is often said that one of the big differences between western Buddhism and Buddhism in Asia is that Asian Buddhists don't meditate. To some extent this is true. The average lay Buddhist in Asia is likely to put much more emphasis on offerings and chanting in their practice than on silent meditation, and certainly there are many Asian Buddhists who never meditate at all.

And yet meditation does happen, certainly in the two countries with which I am most familiar. The temples in Korea, though filled with chants, are also filled with meditative silence, and last weekend I was lucky enough to witness how rigorous meditation practice is part and parcel of most Thai people's experience of Buddhism from a very young age.

Most Thai men, for a short period in their lives, ordain as monks, and many are encouraged to do this while still in their teens. The son of a good friend of mine here in Bangkok is currently ordained at a popular retreat centre outside the city run by the Young Buddhists Association of Thailand, and I was kindly invited along last weekend to visit him and see how he was getting on.

For the first week the boys were novices and wore white and the meditation came as a shock. Each sit lasts one hour, which would be too much for me let alone a teenage boy with little experience, and at the end of the first week over half decided not to continue. Given the length and intensity of the retreat, combined with natural feelings of homesickness, I'm surprised it wasn't more.

The young man I went to see had also found it tough going at first but eventually settled into it, and by the time I saw him, three weeks into the retreat, he'd been transformed from typical teenager into Buddhist Bhikku. It was a Sunday and all the families there had brought special treats for lunch. Large boxes of pizza, and, from the group I went up with, huge bags of fried chicken.

The young monks ate while their relatives watched, and when they had finished the lay people took their turn to eat. As volunteer helpers cleaned up, the young monks had a little free time to spend with their visitors. Mothers and fathers knelt down in front of their children and bowed three times and paid them all the respect due to an ordained member of the Sangha.

The family I was with chatted and laughed and then, finally, we placed our palms together for a blessing from the young monk. Next week he'll be back home and, even if he never meditates again, there are things he'll always remember. The chants for sure, the behaviour he was expected to maintain, and whatever insights he gained from his month of silent sitting and walking meditation.

I suspect that this young man will maintain his practice, but even those that don't will still benefit from the experience. Everyone does, both ordained and lay. With families coming together to organise and visit the retreat, offering food to the entire Sangha, providing the young Bhikkus with support and respect, everyone is tied closer together, and closer to the Triple Gem.

It was a wonderful experience for me to see this young man practicing hard and supported by both his family and the wider Buddhist community, and I'd like to thank both him and them for allowing me to briefly be a part of it and to share in some of the closeness that such Buddhist practice, the practices of both meditation and making offerings, brings. Thank you.

Read more...

ဥပါဒါန်နက်တ်ဝပ်ခ်

ပျော်ပါရဲ့လား

ဒီနေ့ညနေကလည်း

မနေ့ကသင်္ခါရအတိုင်း

စင်တော်ကျနာရီတွေကို

ကျောပိုးအိပ်ထဲမှာထည့်လို့..။

အဲလစ်ဇဘက်တေလာသတင်းဘာထူးလဲ

စိတ်ယားယံမှုပေါ် ဟစ်ဟော့သီချင်းတစ်ပုဒ်က

ပြောပြောဆိုဆိုဖြတ်လျှောက်သွားသေးရဲ့

ယောဂီ သတိလေးကပ်ထား

ကိုယ့်တရားကိုယ်ရှုမှတ်...။

စိတ်ထဲကထွက်စင်ကျလာတဲ့မီးစတွေ

တောအုပ်လေးကိုပါစွဲလောင်တယ်။

ရေချမ်းစင်တိုင်းကရေတွေတော့

အေးလေ့အေးထရှိတတ်ပါသတဲ့....။

အ၀ိဇ္ဇာမှ ၀ိဇ္ဇာသို့ကော်နက်ရှင်မကောင်းဘူး

Ok လား

Yes လား

No လား

တစ်ခုခုကိုသာ မျက်စိမှိတ်လိုက်တော့......။

ရင်ဘတ်ထဲက ဆော့ဖ၀ဲယားတွေကိုပဲပြန်စစ်ကြည့်

အမိုက်ပုံးထဲမှာအမှန်တွေပါရောပါသွားလေရဲ့...။



Read more...

ထေရ၀ါဒ ဗုဒ္ဓဘာသာ နှင့် မဟာယာန ဗုဒ္ဓဘာသာ နှိုင်းယှဉ်ဝေဖန်ချက် ( ၁၂ )

( ယခင်လမှ အဆက် )

ထေရဝါဒဗုဒ္ဓဘာသာဝင်တွေ ထေရဝါဒဗုဒ္ဓဘာသာဝင် ပီပီသသဖြစ်လာရေးမှာ မြတ်ဗုဒ္ဓဟောကြားတဲ့ ဒီသုတ္တန်မှာဖြင့် ဘုန်းကြီးတို့ သေသေချာချာ အထောက်အကူဖြစ်တယ်လို့ ယုံကြည့်ပြီးတော့ အဲဒါကိုထပ်ပြောမယ်။ အဲဒါက အင်္ဂုတ္တိုရ်မှာရှိတဲ့ စဏ္ဍာလသုတ္တန်၊ ဒီလိုမှတ်ရမယ်။ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီးတဲ့နောက် နှစ် ၂၃၆-မှာ တတိယသင်္ဂါယနာတင်။ ကိုးဌာနသာသနာပြုလွှတ်၊ အဲဒီအထိ သာသနာ့သမိုင်း၊ သာသနာတော်မှာ ထေရဝါဒနဲ့ မဟာယာနဂိုဏ်းကွဲပြီးတော့ အယူအဆတွေ အမျိုးမျိုးဖြစ်လာတဲ့ သမိုင်းကြောင်းကြီးကို ၁၄-ပွဲအထိ ဘုန်းကြီးတို့ပြောပြထားပြီးပြီ။ ကျန်တဲ့အပိုင်းတွေ ဘုန်းကြီးတို့ပြောဦးမှာ။ စတုတ္ထသင်္ဂါယနာတင်ပွဲ ဘုန်းကြီးတို့မရောက်သေးဘူး။ ဒီတော့ ဒီစဏ္ဍာသုတ္တန်မှာ အချက်အလက်ပေါင်း မြတ်ဗုဒ္ဓ ငါးခုဟောရမှာ ထေရဝါဒဗုဒ္ဓဘာသာ ပီသရေးအတွက် အဓိကကျတဲ့ အချက်သုံးခု ရှိပါတယ်။ အဲဒီအချက်သုံးခုနဲ့တကွ ငါးခုကိုခြုံမိအောင် ပြောပြပါမယ်။

နာမည်က စဏ္ဍာလ၊ သင်္ဂါယနာခြောက်တန်လုံးတင်ထားတဲ့ ပိဋကတ်မှာရှိတဲ့ အမည်ကိုက ဒီအတိုင်းပဲ။ ဒါဘုန်းကြီးတို့ပေးတဲ့ နာမည်လည်းမဟုတ်ပါဘူး။ စဏ္ဍာလ-ဆိုရင် လူတွေအားလုံး နားလည်သဘောပေါက်တာက သုသာန်ရဲ့ အမှုကိစ္စ အလုပ်နဲ့ အသက်မွေးတဲ့လူမျိုးလို့ သိထားကြတယ်။ စဏ္ဍ-ဆိုတာ ကြမ်းတမ်းတယ်၊ ယုတ်မာတယ်၊ အလ-ဆိုတာက လုပ်နိုင်စွမ်းရှိတယ်။ လုပ်ရဲတယ်။ ကြမ်းတမ်းသော ရုန့်ရင်းသောအလုပ်တွေကို လုပ်ရဲသောပုဂ္ဂိုလ်လို့ အဓိပ္ပါယ်ရတယ်။ ကြမ်းတမ်းရုန့်ရင်းသော အလုပ်တွေကို လုပ်ဖို့ရန်စွမ်းသော ပုဂ္ဂိုလ်ဟာ စဏ္ဍာလ။ အဲဒီအဓိပ္ပါယ်အတိုင်းသာ မှတ်ရင် သုသာန်ထဲနေနေ၊ မနေနေ၊ ရဲတိုက်ကြီးထဲ နေနေ၊ မနေနေ၊ နေချင်တဲ့နေရာ နေ၊ ကြမ်းတမ်းရုန့်ရင်းတဲ့ အလုပ်ကိုလုပ်ရဲရင် စဏ္ဍာလ ဖြစ်သွားမှာပဲ။

သုတ်တော်အရ စကားလုံးတော်အရ စဏ္ဍာလအဖြစ်က လွတ်အောင် ကိုယ် နှုတ် စိတ် ၃-ပါးမှာ ကြမ်းတမ်းရုန့်ရင်းသော အပြော အလုပ် အကြံတို့ကို မဖြစ်အောင်ရှောင်ပြီးတော့ ယဉ်ကျေးသိမ်မွေ့ နူးညံ့ဖြူစင်ကောင်းမြတ်တဲ့ အကျင့်တွေ ကျင့်သုံးနေရင် အဲဒီပုဂ္ဂိုလ်ဟာ စဏ္ဍာလမဟုတ်တော့ဘူး။ အေး-ရွှေချထားတဲ့ မှန်တွေ စိန်တွေ တပြောင်ပြောင်စီထားတဲ့ ပြာသာဒ်ကြီးမှာနေလဲပဲ ရုန့်ရင်းခဲ့ရင် စဏ္ဍာလဖြစ်သွားမှာပဲ။ ဓမ္မသဘာဝ အားဖြင့် စဏ္ဍာလဖြစ်-မဖြစ် ဒီလိုသိထားကြရမယ်။

မြတ်စွာဘုရားက ဒီစဏ္ဍာလသုတ်ကို သာဝတ္ထိမြို့ ဇေတဝန်ကျောင်း သံဃာတော်တွေ စည်းဝေးရာ မန္တလာရာမဆိုတဲ့ ဓမ္မာရုံကြီးထဲမှာ ဟောတော်မူပါတယ်။ ညဥ့်ဦးယံမှာဟောတဲ့ တရားပွဲဆိုတော့ သံဃာတော်တွေချည်း မဟုတ်ဘဲ သာဝတ္ထိမြို့တံခါးကလဲ မပိတ်သေးတော့ သာဝတ္ထိမြို့သူ မြို့သားတွေပါ ညဥ့်ဦးယံပွဲကို အားခဲလို့လာကြတယ်။ တရားက လူတွေကိုဦးတည်ပြီးဟောတာ။ မြတ်စွာဘုရားက တရားဟောရင်းခေါ်တဲ့ အခါကျတော့ လူတွေကို မခေါ်ဘဲနဲ့ ရဟန်းတော်တွေကိုခေါ်ပြီးတော့ ဟောသွားတယ်။ ဘုရားရှေ့အနီးအနားမှာ ထိုင်တာက ရဟန်းတွေဖြစ်လို့ ဘိက္ခဝေ-ဆိုတဲ့စကားတွေ ဒီသုတ်ထဲမှာ ခပ်များများပါတယ်။

ရဟန်းတို့ ဒီအချက်အလက်ငါးမျိုးနဲ့ ပြည့်စုံတဲ့ပုဂ္ဂိုလ်ကို ဥပါသကာ စဏ္ဍာလ-လို့ ခေါ်ရမယ်။ ဥပါသကာ မလ္လ-လို့ခေါ်ရမယ်။ ဥပါသကာ ကိလိဋ္ဌ-လို့ခေါ်ရမယ်။ ဥပါသကာဆိုတဲ့ စာလုံးကို ရှေးဦးစွာ ရှင်းဖို့လိုတယ်။ ရတနာသုံးပါးကို ဆည်းကပ်ကိုးကွယ်သူကို ဥပါသကာ-လို့ ခေါ်တယ်။ အမျိုးသမီးကျတော့ ဥပါသိကာ-လို့ခေါ်တယ်။ ရတနာသုံးပါးကို ဆည်းကပ်သူ-လို့ အဓိပ္ပါယ်ရတယ်။ ဒီကနေ့ သီလခံယူကြတယ်။ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ စသည်ဖြင့် သရဏဂုံသုံးပါးကို အကုန်လုံး ဆောက်တည်ကြတယ်။

ဘုရားကို ကိုးကွယ်ဆည်းကပ်ပါ၏။ တရားတော်ကို ကိုးကွယ်ဆည်းကပ်ပါ၏။ သံဃာတော်ကို ကိုးကွယ်ဆည်းကပ်ပါ၏။ အဲဒီလို ကိုးကွယ်သိမှတ် ဆည်းကပ်ပါ၏လို့ မိမိရဲ့ရင်ထဲ နှလုံးထဲမှာ ရတနာသုံးပါးကို ကြည်ညိုတတ်တဲ့ သဒ္ဓါတရား ဝင်လာပြီဆိုရင် နှုတ်ကပဲဆိုဆို၊ သို့မဟုတ်-စိတ်ထဲကပဲ ဆောက်တည် ဆောက်တည် တနည်းနည်း တခြားစကားလုံးနဲ့ သွယ်ဝိုက်လို့ပဲပြောပြော ဥပမာ-တခြားစကားလုံးနဲ့ သွယ်ဝိုက်ပြောမယ်ဆိုလို့ရှိရင် -ငါသည် ဒီကနေ့ကစ ဦးခေါင်းရွက်ပြီးတော့ ရှိခိုးစရာ ရှိတယ်။ ဗုဒ္ဓ, ဓမ္မ, သံဃကိုသာလျှင် ရှိခိုးတော့မယ်။ တခြား ငါ ရှိမခိုးတော့ဘူး။-လို့ စိတ်ကဆုံးဖြတ်ရင်လဲပဲ ဒါ သရဏဂုံ ဆောက်တည်တာပဲ။ အဲဒါ ပဏိပါတသရဏဂုံလို့ ခေါ်တယ်။


Read more...

ခြေတော်ရာစေတီတော်...

ပုံအကြီးလိုလျှင် ဒီမှာယူပါ...



Read more...

အရှင်မြတ်သို့....

ကဲ့ရဲ့တင်းဆို
ရန်ငြိုးသိုလျက်
အပြစ်မြင်လည်း
ဆရာ မလုပ်၊ ဆရာဟုတ်တာ
တပည့်တော်တို့ သိပါတယ်..
အရှင်ဘုရား….။

အတိတ်ဝဋ်ကြွေး
ဝိပါတ် ကံကြမ္မာ
ဘယ်ရှောင်မရ
အဟောင်းပေးသူ ဆရာရှင်နှင့်
အသစ်ယူသူ ထိုလူမိုက်တို့
လားရာမတူ ဆန့်ကျင်မူကို…
သူတော်ကောင်းတိုင်း သိပါတယ်….
အရှင်ဘုရား….။

ဆရာလျှောက်လှမ်း မဂ္ဂင်လမ်း
သူတို့လားရာ အပယ်လမ်းပါ
ခန္ဓာနဲ့ရင်း ပေးဆပ်ရတာ...
ပါးစပ်ကတရား လက်က ကားရား
အမြဲလုပ်သူ ထိုလူမိုက်တို့..
ဘုရားရှင်ချွတ်တောင် မကျွတ်နိုင်တာ..
လူတိုင်းနီးပါး သိပါတယ်..
အရှင်ဘုရား…။

တပည့်တော်တို့
ကံသုံးပါးနှင့် ပြစ်မှားမိသည်
ရှိခဲ့ပါသော်…
သည်းခံခွင့်လွှတ် ပေးတော်မူပါ..
အရှင်ဘုရား…။

အရှင်ပြုခဲ့ ဓမ္ဓကုသိုလ်
မြတ်ဘာဝနာကြောင့်
မြင့်မြတ်ဘုံဘဝ စံစားရမှာ
ခံစားသိနှင့် သိနေပါသည်…
အရှင်ဘုရား…..။

(၁၀.၂၁.၂၀၀၉ တွင် ပျံလွန်တော်မူသွားသော အရှင်ပုညနန္ဒသို့ ရည်စူးလျက်….)

ရေးသားသူ
ထက်စုနှင်းဆီ (၁၀.၂၁.၂၀၀၉)

Read more...

အောက်တိုဘာ (၂၂)


မနက်ဖြန် ....မနက်ဖြန်....
အော် ဘာလိုလိုနဲ့
မနက်ဖြန် အမေရိကကိုရောက်တာ
နှစ်နှစ်တောင် ပြည့်ခဲ့ပြန်ပေါ့။

တဖြေးဖြေးနဲ့ရွေ့လာတဲ့ မနက်ဖြန်၊
ခရီးတွေလည်း မပြီးဆုံးခဲ့ပြန်။

စနိုးကိုလည်း ချစ်ခဲ့၊
ဆောင်းနှင်းကိုလည်း တွယ်ခဲ့၊
ခုတော့ နှစ်ပတ်လည် နေ့ရက်နဲ့ စနိုးနဲ့လည်း ဝေးခဲ့ပေါ့။

စနိုးလေးရေ ...
မင်းကတော့ အောက်တိုဘာရဲ့ လေပြေအေးနဲ့တူတူ
ဖွေးဖွေးဖြူနေရောပေါ့။

ငါတော့ မှန်းဆတမ်းတယုံကလွဲလို့
ဘာတတ်နိုင်ဦးမလဲ။

ဘာဖြစ်ဖြစ် ...င့ါရဲ့ ခြေချလာတဲ့
နေ့ရက်မှာ မင်းကြိုဆိုခဲ့သလိုပဲ
မနက်ဖြန်ကျရောက်လာမဲ့
မနက်ဖြန်ရဲ့
အောက်တိုဘာ (၂၂)နေ့ကိုလည်း
ငါ့ကိုလွမ်းတဲ့အနေနဲ့ ဖွေးဖွေးဖြူအောင်
ရွာချလိုက်စမ်းပါ မေပယ်စနိုးရယ်။



Read more...

*ဗုဒ္ဓ၏ နေ့စဉ်အလုပ်များ*


မြတ်စွာဘုရားရှင်သည် ဘုရားဖြစ်တော်မူပြီးချိန်မှ ပရိနိဗ္ဗာန်ပြုတော်မူသည့်အချိန်ထိ (၄၅)၀ါပတ်လုံး
သတ္တ၀ါတို့အား တရားရေအေးအမြိုက်ဆေးကိုနေ့စဉ်တိုက်ကျွေးခဲ့ပါသည်။
ဗုဒ္ဓရှင်တော်မြတ်သည် နံနက်စောစောထ၍ ယနေ့အဖို့ ကျွတ်ထိုက်သူများကို ဥာဏ်တော်ဖြင့် ဖြန့်၍
ကြည့်ရှု့တော်မှု၏။ဥာဏ်တော်အတွင်း၌ ပါဝင်တွေ့မြင်လာလျှင်သင့်တော်သောအချိန်၌ ထိုသူရှိရာ
ကြွ၍ တရားဟောတော်မူ၏။နံနက်မိုးသောက်သော် အလင်းရောက်သောအခါ ရောက်လေရာ မြို့ရွာ
တွင်းသို့ကိုယ်တော် တစ်ပါးတည်းသီးခြားဖြစ်စေ၊ ရဟန်းတော်များနှင့်အတူဖြစ်စေ ထိုက်သလိုဆွမ်းခံ
ဝင်တော်မူ၏။ထို့သို့ဆွမ်းခံတော်မူရင်းမကြာမကြာတရားဟော၍အကျွတ်တရားရစေတော်မူ၏။ဆွမ်း
ခံပြန်၍ ဆွမ်းဘုဉ်းပေးတော် မူပြီးနောက် ရဟန်းတော်အားလုံး ဆွမ်းစားပြီးသည့်တိုင်အောင်စောင့်
ဆိုင်းတော်မူပြီးလျှင် စုံညီသည့်အခါ “အပ္ပမာဒေန ဘိက္ခဝေ သမ္ပာဒေထ” အစရှိသော သြ၀ါဒကိုပေး
တော်မူ၏။ထိုနေရာ၌အချို့ရဟန်းတို့အား ကမ္မဋ္ဌာန်း ပေးတော်မူ၏။ထို့နောက်ဂန္ဓကုဋ္ဋိသို့ဝင်တော်
မူ၍ တစ်ခဏမျှ ကျိန်းစက်လိုလျှင်ကျိန်းစက်တော်မူ၏၊ထို့နောက် ထတော်မူ၍ ချွတ်ထိုက်သူများကို
ကြည့်တော်မူပြီးလျင်နေလွဲအချိန်၌ တရားတော်နာ လာကြသော ပရိတ်သတ်တို့အား တရားဟော
တော်မူ၏။ညနေစောင်း၍ပရိတ်သတ်များပြန်သွားသောအခါ ရေသုံးသပ်တော်မူ၏။ထို့နောက်တစ်ခ
ဏမျှတစ်ပါးတည်းကိန်းအောင်းတော်မူသည်။
နေ၀င်၍မကြာခင် ရဟန်းတော်များ ရောက်လာကြ၏။တချို့ကပြသနာမေးကြ၊ တစ်ချို့က ကမ္မဋ္ဌာန်း
တောင်းကြ၊တချို့ကတရားဟောတော်မူရန်တောင်းပန်ကြ၏။ဗုဒ္ဓရှင်တော်မြတ်လည်းအားလုံးအလိုကို
ဖြည့်ပေးတော်မူ၏။ထိုရဟန်းများပြန်သွားသောအခါညဉ့်ဦးယံကုန်လွန်၍(၁၀)နာရီကျော်လူခြေတိတ်
ချိန်လောက်ရောက်နေလေပြီ။ထိုအခါနတ်ဗြဟ္မာအများပင်ဘုရားဖူးတရားနာပြဿနာမေးလာကြ၏။
ထိုနတ်ဗြဟ္မာများလည်း အလိုပြည့်၍ပြန်ကြသောအခါ သန်းခေါင်ကျော်၍ နာရီပြန်(၂)ချက်လောက်
ရှိပေမည်။ထိုအခါမှစ၍ နောက်ဆုံးမိုးသောက်ယံကို(၃)ပိုင်းပိုင်းပြီးလျှင်ပထမပိုင်းအချိန်ဝယ်တစ်နာရီ
ကျော်ကျော်စင်္ကြံလျှောက်တော်မူ၏။(တစ်နေ့လုံး တစ်ညလုံးအထိုင်များသောကြောင့်အညောင်းဖြေ
တော်မူခြင်းဖြစ်ဟန်တူပါသည်။)ဒုတိယပိုင်းအချိန်၌ ဂန္ဓကုဋ္ဋိသို့ဝင်တော်မူ၍ လျောင်းစက်တော်မူ၏။
တတိယပိုင်းအချိန်၌ကား အစ၌ပြခဲ့သည့်အတိုင်းချွတ်ထိုက်သူများကိုကြည့်ရှု့တော်မူကာထို့နေ့အ
တွက်ကိစ္စလုပ်ငန်းများကိုစတော်မူပြန်သည်။
အထက်ဖော်ပြပါတို့သည် မြတ်စွာဘုရားရှင်၏ နေ့စဉ်လုပ်ဆောင်သောတစ်နေ့တာလုပ်ငန်းများပင်
ဖြစ်ပါသည်။ဤသို့အားဖြင့် မြတ်စွာဘုရားရှင်သည် သက်တော် (၈၀) ပရိနိဗ္ဗာန်ပြုတော်မူသည်အထိ
ဆောင်ရွက်ခဲ့ပါသည်။
ဓမ္မမိတ်ဆွေသူတော်ကောင်းအပေါင်းတို့ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပါစေ။


Read more...

သာမာဝတီ ဥပါသိကာမတို့၏ လားရာဂတိကား အဘယ်ပါနည်း...


ဥတေနသုတ်

အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် ကောသမ္ဗီပြည် ဃောသိတာရုံ ကျောင်း၌ သီတင်းသုံး နေတော်မူ၏။ ထိုအခါ ဥတေနမင်းသည် ဥယျာဉ်သို့ ထွက်သွားစဉ် နန်းတော်ကို မီးလောင်၏။ သာမာဝတီ အမှူးရှိသော မိန်းမငါးရာတို့သည်လည်း သေကြကုန်၏။

ထိုအခါ များစွာသော ရဟန်းတို့သည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ် သင်္ကန်းကို ယူဆောင်လျက် ကောသမ္ဗီပြည်သို့ ဆွမ်းခံဝင်ကုန်၏။ ကောသမ္ဗီပြည်၌ ဆွမ်းခံ လှည့်လည်ပြီး၍ ဆွမ်းစားပြီးနောက် ဆွမ်းခံရွာမှ ဖဲကြကုန်လျက် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ''အသျှင်ဘုရား ယနေ့ ဥတေနမင်း ဥယျာဉ်သို့ ထွက်သွားစဉ် နန်းတော်ကို မီးလောင်ပါ၏။ သာမာဝတီ အမှူးရှိသော မိန်းမငါးရာတို့သည်လည်း သေကြကုန်၏။ အသျှင်ဘုရား ထိုဥပါသိ ကာမတို့၏ လားရာဂတိကား အဘယ်ပါနည်း။ တမလွန်ဘဝကား အဘယ်ပါနည်း'' ဟု လျှောက်ကုန်၏။

ရဟန်းတို့ ဤဥပါသိကာမအပေါင်းတို့တွင်... သောတာပန် ဥပါသိကာမတို့သည် ရှိကုန်၏။ သကဒါဂါမ်ဥပါသိကာမတို့သည် ရှိကုန်၏။ အနာဂါမ် ဥပါသိကာမတို့ သည် ရှိကုန်၏။ ရဟန်းတို့ အလုံးစုံသော ဥပါသိကာမတို့သည် အကျိုးမဲ့ မဟုတ်ကုန်မူ၍ သေကြရကုန်၏ဟု မိန့်တော်မူ၏။

ထိုအခါ မြတ်စွာဘုရားသည်
ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသော အချိန်၌ -

''လောကသည် မောဟဖြင့် ဖွဲ့ယှက် ဖုံးလွှမ်းရကား အကြောင်းနှင့် ပြည့်စုံသကဲ့သို့ ထင်ရ၏။ ဥပဓိတို့ဖြင့် အဖွဲ့ခံရသော သူမိုက်သည် အဝိဇ္ဇာဟူသော အမိုက်တိုက်ဖြင့် ခြံရံအပ်ရကား မြဲသကဲ့သို့ ထင်ရ၏။ အနိစ္စစသည်တို့၏ အစွမ်းဖြင့် ရှုသူ မဂ်ပညာဖြင့် မြင်သူအား ရာဂစသော ကြောင့်ကြမှု မရှိနိုင် တော့ချေ'' ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။ 70

၁ဝ - ဥတေနသုတ်၊ စူဠဝဂ်၊ ဥဒါန်းပါဠိတော်၊ ခုဒ္ဒကနိကာယ်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Read more...

မန္တလေး ကျောက်တော်ကြီးဘုရား

မန္တလေးမြို့ရှိ ကျောက်တော်ကြီးဘုရားသည် မင်းတုန်းမင်းတရားကြီး၏ ကောင်းမှုတော်ဖြစ်သည်။ မန္တလေးမြို့ မန္တလေးတောင်ခြေရင်း သုဓမ္မာဇရပ်များအနီးတွင် တည်ရှိသည်။ ကျောက်တော်ကြီးဘုရားမှာ ထက်ဝယ်ဖွဲ့ခွေ နေတော်မူသည့်ရုပ်ပွားတော်ဖြစ်သည်။ မဟာသကျ မာရဇိန်-ဟုဘွဲ့တော်ရှိသည်။ သို့သော် စကျင်တောင်မှရသော ကျောက်ကို အစွဲပြုသဖြင့် ကျောက်တော်ကြီးဘုရား-ဟု လူအများက ခေါ်ဝေါ်သမုတ်ကြသည်။

၁၂၂၆-ခုနှစ် ၀ါခေါင်လ (၁၈၆၄-ခုနှစ် သြဂုတ်) တွင် မန္တလေးမြို့၏ မြောက်ဘက် မိုင် ၂၀-ခန့်ဝေးကွာသော စကျင်တောင်မှ ထိုရုပ်ပွားတော် ထုလုပ်မည့်ကျောက်ကို တူးဖော်ရရှိသည်။ ရှေးဦးစွာ ကျောက်ကို ရုပ်ပွားတော်သဏ္ဌာန် အကြမ်းဆတ် ထုလုပ်သည်။ ထို့နောက် ဖောင်ဖွဲ့ထားသောသမ္ဗန်တော်ကြီး ၂-စင်းပေါ်၌တင်၍ မန္တလေးနေပြည်တော်သို့ ပင့်ဆောင်ကြသည်။ ခရီးစတင်မထွက်မီ မန္တလေးနန်းမြို့ရှိ ရွေးတော်ယူတံခါးတိုင် ကြားရသော အမြောက်သံ ပစ်ဖောက်အချက်ပေးသည်။ ရေလမ်းတလျှောက် သမ္ဗန်တော်တွင် အတီးအမှုတ်၊ အကအခုန်တို့ဖြင့် ပွဲသဘင်ဆင်ယင်ကျင်းပလျက် ပင့်ဆောင်သည်။ မြွေရွာမြစ်ဝသို့ရောက်လျှင် သုဓမ္မာဆရာတော်ကြီးတို့က ခတ်လှေတော်နှင့် ကြိုယူပင့်ဆောင်ကြသည်။

ဝါခေါင်လပြည့်ကျော် ၂-ရက်နေ့ (သြဂုတ်လ ၂-ရက်)တွင် ဖောင်တော်ကို မြနန်းစကြာမီးသင်္ဘောဖြင့်ဆွဲယူ၍ မန္တလေးအနောက်ပြင် အီကင်းရွာဆိပ်သို့ ရောက်သည်အထိ ပင့်ဆောင်ကြသည်။ ထိုမှ ခံကုန်းရွာမြောက်၊ ရွှေတချောင်းမြောင်းကို ချိုး၍ မြောင်းတွင်းသို့ သွင်းဆောင်ခဲ့ကြသည်။ ထို့နောက် ကျောက်တော်ကြီးရုပ်ပွားတော်ကို ဖောင်တော်မှ ကုန်းပေါ်သို့ တင်ကြသည်။ ကုန်းပေါ်သို့ရောက်သော် ရုပ်ပွားတော်ကို စွတ်ဖားပေါ်သို့ တင်ကြသည်။ စွတ်ဖားလမ်းလုပ်၍ တလိမ့်တုံးများခံကာ ကြိုးလွန်များဖြင့် ဆွဲယူကြသည်။ အစုအမှုထမ်းပေါင်း ၁၂၀၀၀-ကျော်တို့ကို အိမ်ရှေ့မင်း (ကနောင်မင်းသားကြီး)၊ ၀န်ကြီး၊ အတွင်းဝန် စသော ပုဂ္ဂိုလ်များက ကြပ်မတ်၍ မန္တလေးတောင်ခြေအရောက် ပင့်ဆောင်ကြသည်။ ထိုနှစ် တန်ဆောင်မုန်းလဆန်း ၂-ရက် (အောက်တိုဘာလ ၃၁-ရက်) နေ့တွင် ပလ္လင်ပေါ်သို့ ရုပ်ပွားတော် ရောက်ရှိလေသည်။

ကျောက်တော်ကြီးရုပ်ပွားတော်ကို ကျောက်ဆတ်ပညာသည်အကျော်တို့က ဆက်လက်၍ အချောထုလုပ်ကြသည်။ မျက်နှာတော်ကို ထုလုပ်စဉ် မင်းတုန်းမင်းကြီး ကိုယ်တော်တိုင် ကြည့်ရှုညွှန်ပြသည်။
၁၂၂၇-ခုနှစ် ကဆုန်လတွင် အလုံးစုံ ထုလုပ်ပြီးမြောက်သည်။ ပြီးမြောက်အောင်မြင်သည့်အခမ်းအနား ကျင်းပရန် ကဆုန်လပြည့်ကျော် ၇-ရက် (၁၈၆၅-ခုနှစ် မေလ ၁၆-ရက်) နေ့တွင် မင်းတုန်းမင်းကြီးသည် မိဖုရားခေါင်ကြီးနှင့်အတူ ဦးဆောင်၍ စစ်မြင်းရထား၊ စစ်အင်္ဂါလေးပါး၊ တပ်ဝန်းအခမ်းအနား အကြီးအကျယ် ဆင်ယင်ကျင်းပတော်မူလျက် ထွက်တော်မူသည်။ မင်းတုန်းမင်းတရားကြီး ကိုယ်တော်တိုင် ကျောက်တော်ကြီးဘုရား၏ မျက်ခုံးတော်၊ မျက်ရေးတော်စသော လက္ခဏာတော်များကို ရွှေစုပ်တော်ကို အသုံးပြု၍ ရွှေမင်ဖြင့်ရေးကာ မျက်နှာတော်ဖွင့်လှစ်သည်။

မဟာသကျမာရဇိန် ကျောက်တော်ကြီးဘုရား၏ အရွယ်ပမာဏမှာ ထက်ဝယ်တော်အပြန့် ၁၂-တောင်၊
အ၀န်း ၂၈-တောင်၊ ၂-မိုက်၊ ၄-သစ်။
ခါးတော်အ၀န်း ၁၀-တောင်၊ ၂-မိုက်၊ ၄-သစ်။
ရင့်ပွင့်တော် ပုခုံးစွန်းဝဲယာ အကျယ် ၈-တောင်၊ အ၀န်း အတောင် ၂၀။
ဦးခေါင်းတော်အ၀န်း ၁၃-တောင်။
စမ္မခဏ်မှ ရောင်လျှံတော်ဖျားအထိ ဉာဏ်တော်အမြင့် ၁၇-တောင်၊ ၁-မိုက်၊ ၄-သစ်။
(၂၆-ပေ၊ ၃-လက်မ)။ ဖြစ်လေသည်။

ထိုကျောက်တော်ကြီး မဟာရံတံတိုင်းအတွင်း ပတ်လည်၌ အုတ်ဂူပြသာဒ် ၈၀-တည်ဆောက်၍ ဧတဒဂ်ရ ရဟန္တာရုပ်ပွားတော် ၈၀-ကို ပူဇော်ထားရှိသည်။ ထိုရုပ်ပွားတော် ၈၀-ကို ရုပ်ပွားတော်မြတ်ရှိရာသို့ အသီးသီးမျက်နှာမူလျက်ရှိအောင် တည်ထားသည်။ မင်းမှူးမတ်တို့က ကျောက်တော်ကြီးဘုရား မဟာရံတံတိုင်းပြင်ပတွင် ဇရပ်ပေါင်း ၃၃-ဆောင်ကို ဆောက်လုပ်လှူဒါန်းကြသည်။ ထိုမဟာရံပြင်တံတိုင်းအတွင်း အရှေ့မြောက်ထောင့်နှင့် အနောက်မြောက်ထောင့်တို့၌ မဇ္ဈိမဒေသ ဗောဓိပင်တော်မှ ပင့်ဆောင်ခဲ့သော ဗောဓိပင်များကို မင်းတုန်းမင်းတရားကြီးကိုယ်တော်တိုင် စိုက်ပျိုးတော်မူထားပေသည်။
အကိုး။ (၁) အနှစ် ၁၀၀-ပြည့် မန္တလေး။
(၂) မြန်မာ့စွယ်စုံကျမ်း အတွဲ ၂။


Read more...

မကောင်းမှု

ပုဂ္ဂိုလ်သည် မကောင်းမှု ပြုမိစေကာမူ ထိုမကောင်းမှုကို ထပ်ကာထပ်ကာ မပြုမိစေရာ။
ထိုမကောင်းမှု၌ စိတ်အလိုဆန္ဒကို မပြုရာ။
မကောင်းမှုကို ပွားစေခြင်းသည် ဆင်းရဲခြင်း၏ အကြောင်းတည်း။

ဓမ္မပဒ

Read more...

*ကမ္ဘာပျက်ပုံ*


ဖြစ်ဖြစ်သမျှ အရာဝတ္ထု အစုစုသည် တစ်နေ့ကျလျှင် ဧကန်ပျက်ရမည့် အနိစ္စတရားသာ ဖြစ်သည်။ ထို့ကြောင့် သတ္တ၀ါတို့ တည်ရာ ဤ ကမ္ဘာလောကကြီးလည်း ထို အနိစ္စ နယ်ပယ်တွင် ပါဝင်ရကား ခိုင်မြဲ တည်တံ့နိုင်မည် မဟုတ်။ တစ်နေ့ကျလျှင် ဧကန်မုချ ပျက်ရချေမည်။ ကမ္ဘာလောက ပျက်ဖို့ရာ အကြောင်းမှာ မီး၊ ရေ၊ လေအားဖြင့် သုံးမျိုးရှိ၏။ မီးကြောင့် ပျက်စီးရမည့် ကမ္ဘာကြီး၌ ပျက်ချိန်တန်လျှင် ရှေးဦးစွာ နေနှစ်စင်း ပေါ်လာ၏။ ရိုးရိုးနေက နေ့အခါထွက်၍ နေသစ်က ညဥ့်အခါ ဆက်လက် တက်လာသဖြင့် ညဥ့်အခါဟု မရှိတော့ပြီ။ ထိုနေအသစ်၏ ပူလောင်မှုကြောင့် မြစ်ငယ် ချောင်းငယ်များ၌ ရှိသော ရေတွေ ခြောက်ခန်းရ တော့သည်။ ထို့နောက် သုံးစင်းမြောက် နေအသစ် ပေါ်လာပြန်သော အခါ မြစ်ကြီးများ၌ ရှိသော ရေတွေ ခြောက်ခန်း၏။ လေးစင်းမြောက်နေ ပေါ်လာပြန်လျှင် ဟိမ၀န္တာ အတွင်းရှိ အိုင်ကြီး ခုနစ်အိုင်လည်း ခြောက်ခန်း ရတော့သည်။

ထို့နောက် ငါးစင်းမြောက်နေ ပေါ်လာပြန်လျှင် သမုဒ္ဒရာရေ ခြောက်ခန်း၏။ ခြောက်စင်းမြောက်နေ ထွက်လာသော အချိန်မှာ ကမ္ဘာလောက၌ အစိုအစေး ဟူ၍ လုံးဝမရှိတော့။ ခုနစ်စင်းမြောက်နေ ပေါ်လာသော အခါ ဤကမ္ဘာလောကမျိုး တစ်သိန်းမျှ မီးဟုန်းဟုန်းထလျှက် ကာလအတော်ကြာလျှင် ကမ္ဘာမြေပြင်မှ ပထမဈာဉ် ဗြဟ္မာ့ဘုံတိုင်အောင် မီးတောက်မီးလျှံ စွဲရကား ဟိမ၀န္တာတောင်၊ မြင်းမိုရ်တောင်၊ စကြ၀ဠာ တောင်ကြီးများနှင့် တကွ ငွေ၊ ရွှေ၊ ရတနာ၊ နီလာ၊ မြသား၊ အလွန်ကြီးမားသော ဗိမာန်များလည်း မတိမ်းသာ မရှောင်သာ လောင်စာချည်း ဖြစ်ရလေတော့၏။ မီးလောင်စာ မရှိ၍ မီးတောက်မီးလျှံ ငြိမ်းလျက် ပြာအမှုန့်မျှ မကျန်တော့သည့် အခါကျမှ ကမ္ဘာပျက်ခြင်းကိစ္စ ပြီးတော့သည်။ [ရေဖျက်၊ လေဖျက်ဖို့ အလှည့်ကြုံသည့် အခါ၌လည်း ဆားငန်ရေထိ၍ မြေ့မြေ့ကြေရပုံ၊ လေမုန်တိုင်းကျ၍ မွမွကြေရပုံများကို သိပါလေ။]

ဤသို့ ကမ္ဘာ လောကဓါတ်ကြီး၏ ပျက်စီးနေရာ အချိန်အခါသည် “နှစ်ပေါင်း မည်မျှကြာသည်ဟု” မခန့်မှန်းနိုင် လောက်အောင်ပင် ကြာ၏။ ၁၀ နှစ်တန်းမှ တဖြည်းဖြည်းတက်၍ အသက် အသင်္ချေတန်းသို့ ရောက်၊ ထို အသင်္ချေတန်းမှ တဖြည်းဖြည်း ဆုတ်၍ ၁၀ နှစ်တန်းသို့ရောက်၊ ဤ တက်ကပ်၊ ဆုတ်ကပ် တစ်စုံကို အန္တရကပ် (အကြားကပ်) ဟု ခေါ်၏။ ကမ္ဘာလောကကြီး မီးလောင်၍ ပျက်စီးနေရာ အချိန်အခါသည် ထို အန္တရကပ်ပေါင်း ၆၄ ကပ်မျှ ကြာသတဲ့။ ထိုကဲ့သို့ ပျက်စီးပြီးနောက် (အိမ်တစ်ဆောင်ကို မီးလောင်ပြီးနောက် အိမ်အသစ် မဆောက်ခင် ပျက်မြဲအတိုင်း တည်နေသကဲ့သို့) ကမ္ဘာအသစ် မတည်ခင် ပျက်မြဲအတိုင်း တည်သောအချိန်လည်း အန္တရကပ် ၆၄ ကပ်မျှ ကြာသတဲ့။

သတ္တ၀ါတိုင်း ဗြဟ္မာ့ပြည်မှာ

ထိုသို့ ကမ္ဘာ ပျက်နေတုန်းအခါ ပျက်မြဲတိုင်း တည်နေသော အခါဝယ် သတ္တ၀ါတို့လည်း မီးမလောင်သော အထက်ဗြဟ္မာ့ဘုံသို့ ရောက်နေကြ၏။ “ကမ္ဘာ ပျက်လိမ့်မည်” ဟု အနှစ် တစ်သိန်းလောက်ကပင် နတ်များ ကြွေးကြော် ထားကြသောကြောင့် ကြားကြားသမျှ သတ္တ၀ါတွေ ရှေးကလို မမေ့မလျော့ နိုင်ကြဘဲ ကုသိုလ်တရား ပွားများ၍ နေကြလေရာ ကမ္ဘာပျက်ခါနီး အခါဝယ် အားလုံးပင် ဗြဟ္မာ့ပြည်သို့ ရောက်ဖို့ရန် ဈာဉ်ကို ရကြလေသည်။ ထို့ကြောင့် နိယတ မိစ္ဆာဒိဋ္ဌိ အယူရှိသူမှတစ်ပါး သတ္တ၀ါဟူသမျှ တစ်ကမ္ဘာလျှင် တစ်ခါတော့ ဗြဟ္မာ့ပြည်၌ ဖြစ်ကြ၏။ [နိယတ မိစ္ဆာအယူ ရှိသူတို့ကား ငရဲသက် မစေ့သေးလျှင် မပျက်သော ကမ္ဘာသို့ ပြောင်းရွှေ့၍ ငရဲခံရသတဲ့။]
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာ မှ

လေးစားစွာဖြင့်
ဖိုးသား

10/21/2009, WED:, 8:50:00 PM



Read more...

မြေမြိုလို့လူမျိုးမပြုတ်ဘူး.. လူမျိုရင်လူမျိုးပြုတ်မယ်..


အောက်ဖော်ပြပါလင့်အားကလစ်ပေးပြီးဒေါင်းလုပ်နိုင်ပါသည်...

http://ifile.it/3q061zr/amyo%20ko%20chit%20barthar%20ko%20ma%20pyit%20ne.pdf

ဒီခေါင်းစဉ်လေးရဲ့ အဓိပ္ပါယ်ဟာ အင်မတန် တန်ဘိုးရှိပါတယ်။ ဗုဒ္ဓဘာသာမြန်မာလူမျိုး အများစု အမြဲတမ်းနှလုံးသွင်းထားသင့်တဲ့ စာသားလေးပါ။ ဒီအကြောင်းအရာလေးကို ဖော်ပြရတဲ့ ရည်ရွယ်ချက်ဟာ တခြားဘာသာအယူအဆတွေကို ထိခိုက်စော်ကားလိုတဲ့ သဘောမျိုးနဲ့ ပြောလိုတာ မဟုတ်ပါဘူး.. ကျွန်တော်တို့ ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေ.. ကိုယ့်လူမျိုး.. ကိုယ့်ဘာသာသာသနာကို အမြတ်တနိုးတန်ဖိုးထားတတ်ပြီး ထိန်းသိမ်းစောင့်ရှောက်စေချင်လို့ပဲ ဖြစ်ပါတယ်။ လူတိုင်းလူတိုင်းမှာ ကိုယ့်အမျိုး ကိုယ့်ဘာသာသာသနာကို တိုးတက်အောင် မစွမ်းဆောင်နိုင်ချင်နေပါစေ… စောင့်ရှောက်ရမယ့် တာဝန်ဆိုတာတော့ လူတိုင်းလူတိုင်းမှာ တာဝန်ရှိပါတယ်။ မိဘတွေရဲ့ သားသမီးတွေအပေါ်မှာ ထားရှိတဲ့ မျှော်လင့်ချက်ငါးခုဖြစ်တဲ့ ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမ၊ံ မွေခံထိုက်စေ၊ လှူမျှဝေ၍၊ စောင့်လေမျိုးနွယ် ၀တ်ငါးသွယ် ဆိုတဲ့အချက်မှာ နောက်ဆုံးအချက်ဖြစ်တဲ့ စောင့်လေမျိုးနွယ်ဆိုတဲ့ အဓိကအချက်ကို ပြောပြလိုခြင်း ဖြစ်ပါတယ်။

ဘာလို့ စောင့်လေမျိုးနွယ်ဆိုတဲ့ အချက်ကို အဓိကလို့ ပြောရတာလဲ ဆိုတာလေးကို အရင်ဆုံး ဖော်ပြလိုပါတယ်။ ယခုလို တိုးတက်လာတဲ့ ခေတ်ကြီးထဲမှာ အဖက်ဖက်မှ မိမိဘာသာ မိမိလူမျိုးကို ဘက်ပေါင်းစုံကနေ တိုက်ခတ်မှုတွေ ရှိပါတယ်။ ကိုယ့်နိုင်ငံထဲမှာတင်ပဲ ကိုယ့်လူမျိုးကို သူ့လူမျိုးဖြစ်အောင်.. ကိုယ့်ကိုးကွယ်နေတဲ့ ဘာသာသာသနာကို သူ့ဘာသာသာသနာဘက် ရောက်သွားအောင် ငွေကြေးနဲ့ သိမ်းပိုက်၊ ယုတ်မာမှုတွေနဲ့ မတရားသိမ်းပိုက်ခံနေရတာ တွေရှိပါတယ်။ အဓိကကတော့ လူမျိုးခြားတွေနဲ့ လက်ထပ်ပြီး ကိုယ့်ဘာသာသာသနာကို အများအလယ်မှာ အဖတ်ဆယ်လို့မရအောင် ဖြစ်သွားတဲ့ အကြောင်းတွေကြောင့်ပါပဲ။ ဘယ်လောက်ကြီးပဲ ချစ်ပါတယ်ပြောပြော.. ကြိုက်ပါတယ်ပြောပြော.. ကိုယ့်ရဲ့ အတ္တတစ်ခုကို ရှေ့တန်းမတင်သင့်ပါဘူး။ ဘာလို့လဲဆိုတော့ ဘာသာခြားတစ်ယောက်နဲ့ လက်ထပ်လိုက်တာဟာ မိမိတစ်ယောက်ထဲ ဆုံးရှုံးသွားတာ မဟုတ်တဲ့ အတွက်ကြောင့်ပါ။

ဘာသာခြားတစ်ယောက်နဲ့ အိမ်ထောင်ကျမယ်ဆိုရင် သူနဲ့အတူနေပြီး ရလာမယ့် သားသမီးတွေ ရှိလာပါမယ်။ ဖခင်ကဦးစီးပြီး လုပ်ကိုင်ရှာဖွေ ကျွေးမွေးရတဲ့အတွက် အချိန်ကြာလာတာနဲ့အမျှ ဒီသားသမီးတွေဟာလည်း တခြားဘာသာဝင်တွေ ဖြစ်သွားမယ်ဆိုတာ မလွဲပါဘူး။ ချစ်စခင်စ ကြင်နာစ မယူခင်တုန်းကတော့ မင်းလည်း မင်းဘာသာ လွတ်လွတ်လပ်လပ်ကိုးကွယ်.. ငါလည်း ငါ့ဘာသာ လွတ်လွတ်လပ်လပ် ကိုးကွယ်မယ်ဆိုတဲ့ စကားတွေဟာ ရပြီးနောက်ပိုင်း အနေကြာလာတော့မှ ဗြောင်းပြန်တွေ ဖြစ်ကုန်မှန်း.. မှားမှန်းသိရတဲ့ မြန်မာအမျိုးသမီးတွေ မရေမတွက်နိုင်အောင် များလွန်းလာတဲ့ အတွက်ကြောင့်လည်း ပါပါတယ်။ နောက်ဆုံးတော့ အမှားတွေကို မှားပြီးရင်းမှားရင်း.. ကိုယ့်အပေါ်မှာမူတည်ပြီး ရလာမယ့် သားသမီးတွေပါ ဗုဒ္ဓဘာသာကနေ တခြားဘာသာကို ပြောင်းလဲသွားကြရတာပါပဲ။ ဒါ့ကြောင့်လည်း ဗုဒ္ဓဘာသာ မြန်မာမိန်းကလေးတစ်ယောက် ဘာသာခြားနဲ့ လက်ထပ်လိုက်တာဟာ သူတစ်ယောက်ထဲ ဆုံးရှုံးသွားတာ မဟုတ်ဘူးလို့ အဓိက ပြောလိုခြင်းဖြစ်ပါတယ်။


ဒီခေတ်ကြီးထဲမှာ တစ်ချို့တွေက ပြောကြပါတယ်။ အချစ်ဆိုတာ လွတ်လပ်စွာ ချစ်ပိုင်ခွင့်ရှိတယ် ဆိုတဲ့ စကားတစ်ခုပါ။ ဟုတ်ပါတယ်.. ကျွန်တော်လည်း လူငယ်တစ်ယောက်ဖြစ်တဲ့အတွက် ဒီစကားကို လက်ခံပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ အတ္တတစ်ခုကို ရှေ့တန်းတင်ပြီးတော့ ကိုယ့်အမျိုး ကိုယ့်ဘာသာ ကိုယ့်သာသနာကို ခြေစုံကန်ပြီး ကိုယ့်ရဲ့မျိုးဆက်တွေကိုပါ ဘာသာခြား ဖြစ်သွားစေမယ့် အထိတော့ အချစ်ကို လွတ်လပ်စွာ မကိုးကွယ်သင့်ဘူးလို့ ကျွန်တော်ကတော့ ယူဆမိတယ်။ ဓမ္မဘေရီဆရာတော် ဆုံးမသြ၀ါဒ ပေးသလိုမျိုးဆိုရင်တော့.. မိဘက ကိုယ့်သားသမီးကို ကိုယ့်သားသမီးပါလို့ မပြောချင်လောက်အောင်.. ဆရာက ကိုယ့်တပည့်ကို ကိုယ့်တပည့်ပါလို့ မပြောချင်လောက်အောင်တော့ မမိုက်သင့်ပါဘူး.. ဆိုတဲ့ ဆုံးမစကားလေးပါပဲ။ ဒီစကားလေးဟာ ဗုဒ္ဓဘာသာ မြန်မာမိန်းကလေးတွေ အမြတ်တနိုး တန်ဖိုးထား လိုက်နာသင့်တဲ့ ဆုံးမစကားလေးပါ။


ကျွန်တော်ပြောတဲ့အထဲမှာ ဗုဒ္ဓဘာသာ မြန်မာမိန်းကလေးတွေကို အဓိကထားပြီးပြောတာဟာ အကြောင်းအရင်း ရှိပါတယ်။ ဘာသာခြားတွေနဲ့ အများဆုံးအိမ်ထောင်ကျတာ ကြည့်လိုက်ရင် ဗုဒ္ဓဘာသာ မြန်မာမိန်းကလေးတွေပါ။ ဒါဘာလို့လည်းဆိုတော့ လူမျိုးပြုတ်အောင် လူအချင်းချင်း မြိုလိုက်တဲ့ အဓိပ္ပါယ်ပါပဲ။ သူနဲ့ရလာမယ့် သူရဲ့မျိုးဆက်ကိုပါ ဘာသာခြားအဖြစ် စည်းရုံးသိမ်းသွင်းလိုတဲ့ အတွက်ပါ။ သူ့ကျွန်အောက် ရောက်သွားမယ် ဆိုရင်တောင် ပြန်တော်လှန်လို့ ရပါသေးတယ်နော်.. လူမျိုးအချင်းချင်း အမြိုခံရရင်တော့ ဘယ်တော့မှ ပြန်တော်လှန်လို့ မရသလို ဗုဒ္ဓဘာသာမြန်မာလူမျိုးဆိုတဲ့စကားပါ ကမ္ဘာ့မြေပုံမှာ ပျောက်သွားပါလိမ့်မယ်။ ဒါ့ကြောင့်လည်း ဒီအကြောင်းအရာလေးကို အဓိကထား ပြောပြချင်တာပါ။


အခုခေတ်မှာ ဗုဒ္ဓဘာသာလူမျိုးအများစုဟာ ဘာသာရေးအသိတရား အင်မတန်နည်းပါတယ်။ မိဘကလည်း ဘာသာရေးအသိမရှိ.. သားသမီးကလည်း ဘာသာရေးအသိ မရှိတဲ့အတွက်.. မိရိုးဖလာ ဗုဒ္ဓဘာသာတွေများပြီး ဘာသာခြားတွေနဲ့ လွယ်လွယ်ကူကူ အိမ်ထောင်ကျကာ ကိုယ့်ဘာသာကနေ တခြားဘာသာတွေ ဖြစ်သွားကြတာလည်း မရေမတွက်နိုင်ပါပဲ။ အင်မတန် ၀မ်းနည်းစရာပါ။ ဒီလိုဖြစ်လာတာကို အထင်မသေးပါနဲ့..။ လူလူချင်းမြိုပြီး လူမျိုးပါ အပျောက် ဖြစ်သွားအောင် လုပ်နေတာပါ။ ဘာသာရေးအသိမရှိပဲနဲ့ မွေးလာတဲ့ သားသမီးတွေဟာလည်း ကိုယ့်ဘာသာကို တန်ဖိုးထားရမှန်း မသိတောတဲ့အတွက် ဘုရား၊ တရား၊ သံဃာကို ကြည်ညိုရမှန်း မသိတော့ပါဘူး။ မကြည်ညိုတော့ သာသနာတော်ကို စောင့်ရှောက်ထိန်းသိမ်းနေတဲ့ ဘုရားတပည့်သား သံဃာတော်တွေကို ကိုးကွယ်ဆည်းကပ်ရမယ် ဆိုတာလည်း နားမလည်တော့ပါဘူး။ သာသနာတော်ကို ထိန်းသိမ်းစောင့်ရှောက်တဲ့ ရဟန်းတွေပဲရှိပြီး.. သာသနာတော်ကို ထောက်ပန့်ကြည်ညိုတတ်တဲ့ လူပုဂ္ဂိုလ်တွေမရှိရင် သာသနာဟာ အနှေးနဲ့ အမြန်ကွယ်ပျောက်မယ်ဆိုတာ မလွဲဧကန်ပါပဲ


ဒါ့ကြောင့် ကိုယ်တတ်နိုင်တဲ့ ဘက်ကနေ တစ်ယောက်သိသိ နှစ်ယောက်သိသိ သိအောင်တော့ ပြောပေးပါလို့ အကြံပေးလိုပါတယ်။ ကိုယ့်ဘာသာသာသနာကို ကိုယ့်လူမျိုးဗုဒ္ဓဘာသာတွေမှ မကြည်ညိုရင် ဘယ်သူမှ မကြည်ညိုပါဘူး။ ကိုယ်မှ တန်ဖိုးမထားရင် ဘယ်သူမှ တန်ဖိုးမထားပါဘူး။ ကိုယ်ကတော့ တရားတွေ အားထုတ်.. ရိပ်သာတွေဝင်ပြီး.. ကိုယ့်သားသမီး မြေးမြစ်တွေကတော့ ဘာသာခြားတွေ ဖြစ်ကုန်မယ်ဆိုရင်တော့ အိပ်ပေါက်နဲ့ ဖားကောက်ရုံတင် မဟုတ်တော့ဘူးနော်.. ဖားတွေပါ မျိုးတုန်းပြီး ကောက်စရာမကျန်အောင် ဖြစ်သွားပါလိမ့်မယ်။ ဒါ့ကြောင့် ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေရဲ့ နှလုံးသားထဲမှာ ဗုဒ္ဓရဲ့အဆုံးအမတွေ.. ဗုဒ္ဓဘာသာရဲ့ တန်ဖိုးတွေကို မိမိလည်းသိအောင်ကြိုးစားပါ.. မိမိသိသလို အခြားသူငါကိုလည်း မိမိသိသလောက်လေး ပြောဆိုအကြံပေးပြီး ထိန်းသိမ်းစောင့်ရှောက်ပါလို့ တိုက်တွန်းလိုပါတယ်။


မေတ္တာရှင်ဆရာတော် အရှင်ဇ၀နရဲ့ ဆုံးမစကားလေးကို သတိရမိပါတယ်။ သာသနာပြုတယ်ဆိုတာ ဘုရားတွေလိုက်တည်တာကို ပြောတာမဟုတ်ဘူး.. လူတွေရဲ့နှလုံးသားထဲမှာ ဘုရားရှင်ရဲ့ အဆုံးအမတွေ လိုက်နာကျင့်ကြံတတ်အောင်.. ဘုရားအဆုံးအမတွေ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ပေးတာကို သာသနာပြုတယ်လို့ ခေါ်တယ်.. ဆိုတဲ့ ဆုံးမစကားလေးပါပဲ။ ဒါ့ကြောင့် ကျွန်တော်တို့တွေဟာလည်း ကျွန်တော်တို့ တတ်နိုင်တဲ့ ဘက်ကနေ ဘုရားရှင်ရဲ့ အဆုံးအမတွေ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ဖို့ တာဝန်ရှိပါတယ်။


ဗုဒ္ဓဘာသာ မြန်မာမိန်းကလေးတွေကို အနုနည်းနဲ့တစ်ဖုံ အကြမ်းနည်းနဲ့တစ်မျိုး စည်းရုံးသိမ်းသွင်းပြီး ဘာသာခြားတွေ ဖြစ်မှန်းမသိ ဖြစ်သွားတဲ့အကြောင်းကို အထက်မှာ ဖော်ပြထားတဲ့ စာအုပ်မှာ ဖော်ပြထားပါတယ်။ အားလုံးကိုလည်း အဲ့ဒီ့စာအုပ်လေးကို ဖတ်ဖြစ်အောင် ဖတ်ပါလို့ တိုက်တွန်းလိုပါတယ်။ စာမျက်နှာ (၁၄၃)မျက်နှာပဲ ပါရှိပါတယ်။ ကျွန်တော့်လို စာဖတ်ပျင်းတဲ့လူတောင် တစ်ခါထဲပြီးအောင်ဖတ်ပြီး ၀မ်းနည်းစွာနဲ့ မခံနိုင်အောင် ဖြစ်မိပါတယ်။ ဗုဒ္ဓဘာသာမြန်မာလူမျိုးတိုင်း ဗုဒ္ဓဘာသာမှန်ရင်တော့ မဖြစ်မနေဖတ်သင့်တဲ့ စာအုပ်ကောင်း တစ်အုပ်ပါပဲ။ ဒီအကြောင်းတွေ သိမှလည်း ဗုဒ္ဓဘာသာမြန်မာမိန်းကလေးတွေ ဒီလိုဘာသာခြားတွေရဲ့ လူလူချင်းအမြိုခံရတဲ့ အန္တရယ်တွေက ကင်းဝေးနိုင်မှာ ဖြစ်ပါတယ်။


ကျွန်တော့်ဂျီမေးလ်ထဲမှာ.. ဒီစာကိုဖြန့်ရင် ဒီကလေးအတွက် (၅)ရာခိုင်နှုန်းရပါတယ်ဆိုတဲ့ ဖော်ဝက်မေးလေး ဆယ်ကြိမ်မက ရောက်ပါတယ်။ ဒီမေးလ်လေးဟာ ဒီကလေးတစ်ယောက်အတွက် (၅)ရာခိုင်းနှုန်းလောက်ပဲ ရတာပါနော်.. ဒီစာအုပ်လေးကို ကျွန်တော်တို့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးအချင်းချင်း လက်ဆင့်ကမ်းပြီး ဖတ်ပေးမယ်ဆိုရင်တော့ ကျွန်တော်တို့ လူမျိုးတွေအတွက် (၁၀၀)ရာခိုင်းနှုန်းတိတိ သာသနာပြုရာ.. အကျိုးပြုရာ.. ရောက်ပါတယ်။ ကိုယ်ပေးလိုက်တဲ့ စာအုပ်လေးကို အမှတ်တမဲ့ ဖတ်မိတဲ့ မြန်မာမိန်းကလေးတစ်ယောက် အသိတရားတစ်ခု ရသွားမယ်ဆိုရင် သူ့ရဲ့မျိုးဆက်တစ်ခုလုံးကို ကယ်တင်လိုက်ရာ ရောက်ပါတယ်။ ဒါ့ကြောင့်လည်း စာအုပ်လေးကို ဆက်လက် လက်ဆင့်ကမ်းဖြန့်ဝေပေးပါလို့ အလေးအနက်မှာလိုတာပါ။ ကျွန်တော်ရေးသားထားတဲ့ စာသားတွေ.. ကျွန်တော့် နာမည်တွေမပါချင်နေပါ.. ဆရာတော် အရှင်ပညောဘာသရေးသားတဲ့ (အမျိုးကိုချစ် ဘာသာကိုမပစ်နဲ့)ဆိုတဲ့ စာအုပ်လေးကိုတော့ ဖြန့်ဝေပေးရင်း တတ်နိုင်သလောက် သာသနာပြုပေးကြပါလို့ ဆန္ဒပြုတိုက်တွန်းလိုပါတယ်။ အရှင်ပညောဘာသအား ရှိခိုးဦးတင်ရင်း.. ဆန္ဒပြုလိုသည်မှာ.. ဗုဒ္ဓ၏အဆုံးအမများ ကမ္ဘာတည်သ၍ ဆက်လက် တည်တံ့ပါစေသော်…။

Read more...

သီတဂူ အထူးသတင်း

စစ်ကိုင်းတောင်ရိုး သီတဂူဆရာတော်ဘုရားကြီး၏ သီတဂူ အာယုဒါနဆေးရုံတော်တွင် အောက်တိုဘာလ နောက်ဆုံးပတ်မှ နိုဝင်ဘာလအတွင်း ခွဲစိတ်အထူးကု အစီအစဉ်များ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်းယင်းဆေးရုံ၏ထုတ်ပြန်ချက်အရ သိရှိရသည်။
ယင်းဆေးရုံတွင်---------
(က)အောက်တိုဘာလ ၂၄ ရက်နေ့မှ ၂၈ ရက်နေ့တို့တွင် အမေရိကန်ပြည်ထောင်စုမှ Aloha Medical Mission အဖွဲ့၊
(ခ)နိုဝင်ဘာလ ၁ ရက်နေ့မှ ၆ရက်နေ့တွင် ဂျာမနီနိုင်ငံမှ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲအထူးကုပါရဂူအဖွဲ့၊
(ဂ)နိုဝင်ဘာလ ၉ ရက်မှ ၁၆ ရက်နေ့တွင် ဘယ်လ်ဂျီယံမှ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲအထူးကုပါရဂူအဖွဲ့၊ နှင့်
(ဃ)၄င်း ၉ ရက်နေ့မှ ၁၆ ရက်နေ့တွင် ဘယ်လ်ဂျီယံနိုင်ငံမှ မျက်စိပါရဂူအဖွဲ့၊
(င)နိုဝင်ဘာလ ၁၇ ရက်နေ့မှ ၂၄ ရက်နေ့တွင် အင်္ဂလန်နိုင်ငံမှ မျက်စိအထူးကု ဆရာဝန်များအဖွဲ့တို့က လာရောက်ကုသပေးမည်ဖြစ်ကြောင်း သိရှိရသည်။

Read more...

ဘ၀အရေး စိတ်အေးကြောင်း အခန်းဆက် -၂



လက်ရှိဘ၀၊ တမလွန်ဘ၀အတွက် စိတ်အေးရအောင် အာဠ၀ကသူတော်ကောင်း ဘီလူးကြီးက ဘယ်လိုဆက်ပြီး ဘုရားရှင်ကို လျှောက်ထားတယ်ဆိုတာ ဆက်လက် မှတ်သားဖို့ တင်ပြလိုက်ပါတယ်။ ဖတ်မှတ်ပြီးကလည်း ကျွန်တော်တို့တစ်တွေ ဘီလူးကြမ်းကြီးလို့ အများထင်နေကြတဲ့ ဘီလူးထက် မမိုက်ဖို့ လိုက်နာကျင့်သုန်းရမယ်နဲ့ တူတယ်။ လောကဆိုရိုး စကားတစ်ခု “သူများ လက်ညှိုးတစ်ချောင်းထိုးရင် ကိုယ့်မှာ ကျန်လက်လေးချောင်းနဲ့ ပြန်ထိုးခံနေရတယ်တဲ့”။ ဘာဆိုင်လဲ ဆိုတော့...

အကောင်းဆုံးအရသာ?
ဘာမေးလဲဆိုတော့''ကိံသု သာဓုတရံ ရသာနံ” အရသာတွေထဲမှာ အကောင်းဆုံးအရသာက ဘာလဲ?''
ကဲ ဒီမေးခွန်းရဲ့အဖြေလေးကို စဉ်းစားကြည့်လိုက်၊ လောက လူတွေကို ဒီအမေး မေးလို့ရှိရင်၊ ဝက်သား ကြိုက်တဲ့လူက ဝက်သားလို့ မပြောပေဘူးလား?၊ ဒါကြောင့်မို့ ဗမာစကားပုံတောင် အဆိုရှိသေးတယ်၊ “အသီးသရက် အသားဝက်တဲ့”၊ သရက်သီးကြိုက်တဲ့ လူက သရက်သီးကောင်းတယ်လို့ ပြောတယ်၊ သရက်သီးဟာ အရသာ အရှိဆုံးလို့ ဒီလို ထင်ကြတယ်၊ လောကလူတွေဟာ အရသာရှိတယ်ဆိုတာ ကိုယ်ကြိုက်တာကို အရသာ အရှိဆုံးလို့ ထင်ကြတာပဲ၊ ပြောကြတာပဲ၊ အမျိုးမျိုးဖြေတယ်၊ အဲဒီ ကောင်းတယ်ဆိုတဲ့ အရသာတွေဟာ အကုန်လုံး အကန့်အသတ်နဲ့ချည့်ပဲ၊ ကဲ ဝက်သား ကြိုက်တဲ့လူတွေကို နေ့တိုင်း ဝက်သားချည့် ချက်ကျွေး လို့ရှိရင် သူစား နိုင်မလား?၊ မစားနိုင်ဘူးလား?၊ ကိုယ့် ဘာသာကိုယ်ပဲ စဉ်းစားကြည့်၊ ကောင်းတယ်ဆိုတဲ့ အရသာကို ဒါချည့်းပဲနေ့တိုင်း ကျွေးမယ်၊ ဒီပုဂ္ဂိုလ်က မစားနိုင်တော့ဘူး။
အဲဒီတော့ မြတ်စွာဘုရားရဲ့အဖြေက လောကလူတွေ မဖြေနိုင်တဲ့အဖြေမျိုး၊ မသိနိုင်တဲ့အဖြေမျိုးကို ဖြေ ထားတယ်၊ မှန်လည်းလုံးဝမှန်တဲ့ အဖြေမျိုး၊ မြတ်စွာဘုရားက ''သစ္စံ သာဓုတရံ ရသာနံ-လောကမှာ အကောင်းဆုံးအရသာဟာ သစ္စာပဲ'' မှန်တာကိုပြောတဲ့ သစ္စာစကား။
ဘာဖြစ်လို့ ကောင်းတဲ့အရသာလို့ပြောတာတုန်း၊ လောကလူတွေဟာ မှန်တဲ့စကားကို ပြောနေလို့ရှိ ရင် နွယ်မြက်သစ်ပင်တောင် ဆေးဖက်ဝင်တယ်ဆိုတယ် မဟုတ်လား၊ ဝစီသစ္စာနဲ့ ပြောရင် အရာခပ်သိမ်း အောင်မြင်နိုင်တယ်။
ဝစီသစ္စာလို ကောင်းတဲ့အရသာက ဘယ်တော့မှ အီမသွားဘူး၊ ဝက်သားစားရင် အီသွားမယ်၊ အချိုတွေလည်းစားရင် အီသွားမယ်၊ အချဉ်တွေလည်း ကြာရှည် မစားနိုင်ဘူး၊ ဒိပြင်အရသာတွေလည်း အတိုင်း အတာ အကန့်အသတ်နဲ့ ချည်းပဲ၊ မှန်တဲ့စကားဟာ အကြိမ် တစ်ရာပြောလည်း အရသာမပျက်ဘူး။
ရလာတဲ့အကျိုးဟာလည်း အင်မတန်ကြီးမားတယ် - လူသားကိုမဆိုထားဘိ၊ ဘုရားအလောင်းငုံး ဖြစ်စဉ်က တောမီးလောင်လာတဲ့အခါ မှန်တာကို ပြောလိုက်တယ်၊ ''သန္တိ ပက္ခာ အပတနာ- သူ့မှာ အတောင်တော့ပေါက်ပြီး မပျံနိုင်သေးဘူး''တဲ့၊ ''သန္တိ ပါဒါ အဝဉ္စနာ-သူ့မှာခြေထောက်တွေတော့ရှိတယ်၊ မသွားနိုင်ဘူး''တဲ့၊ ''မာတာ ပိတာ စ နိက္ခန္တာ- အမေ၊ အဖေ တွေကလည်း ထွက်ပြေးကုန်ကြပြီ''တဲ့။ ဟော သူပြောတဲ့ စကား ၃-ခွန်းစလုံး မှန်တယ်၊ အဲဒီ မှန်တဲ့စကားကြောင့် တောမီးကြီး သူ့ကို ရှောင်သွားပါစေလို့ သစ္စာ ဆိုတာ၊ မီးက သူ့ဆီ လုံးဝရောက်မလာနိုင်ဘူး၊ ဒါ မှန်တဲ့စကား၏ အရသာရှိပုံပဲ၊ မှန်တဲ့စကားဟာ ဘေးရန်အန္တရာယ်များကိုလည်း ကာကွယ်နိုင်တယ်။
သို့သော် လောကလူတွေဟာ မှန်တဲ့စကားကို အရသာခံပြီး ပြောနိုင်လားဆိုတော့ မပြောနိုင်ဘူး၊ မပြောနိုင်လို့ မှန်တာကို ပြောရရင် လင်္ကာမချောဘူးတဲ့၊ ဒါကြောင့်မို့ 'မုသားမပါ လင်္ကာမချော'တဲ့၊ မှန်တာ ပြောရရင် စကားက တယ်မချောလို့၊ တယ်ပြီးတော့ အဆင်မပြေလို့၊ နဲနဲလေးတော့ အလိမ်အကောက်ကလေး ထည့်လိုက်ချင်တာ လင်္ကာချောအောင် လိမ်တာလေးတော့ ထည့်ချင်သေးသပေါ့၊ အဲလောက်ထိအောင် မှန်တဲ့ စကားနဲ့ ဝေးကွာနေတယ်။
မြတ်စွာဘုရားက လောကမှာ အရသာတွေထဲမှာ အကောင်းဆုံးအရသာဆိုတာ ဝစီသစ္စာကို ပြောတာ ပါတဲ့၊ အမှန်ပြောတာဟာ အရသာအရှိဆုံးပဲ၊ ဘယ်တော့မှလည်း အမှန်ပြောရသည့်အတွက် အီ-မသွားဘူး၊ လိမ်တတ်တဲ့ပုဂ္ဂိုလ်တွေကတော့ အမှန် ပြောချင်မှာ မဟုတ်ဘူးနော်။ ဒ့ါဖြင့် တို့တတွေဟာ ဘဝအရေးမှာ အကောင်းဆုံးသောအရသာကို စားဖို့လိုအပ်နေတယ်။ ဘယ်လိုတုန်းဆို မှန်ကန်တဲ့စကားကိုပြောပြီး သစ္စာဆိုမယ်ဆိုရင် ကိုယ်လိုချင်တာတွေလုပ်လို့ ရပါတယ် စမ်းကြည့်ပေါ့၊ မဟုတ်တာတော့ မပါစေနဲ့၊ လင်္ကာချောအောင်တော့ သွားမထည့်နဲ့နော်။
ဆိုပါစို့-ဘုရားရှိခိုးရမှာ ပျင်းတဲ့လူက သစ္စာဆိုလို့ရတယ်၊ 'ကျွန်ုပ်သည် နေ့စဉ်နှင့်အမျှ ဘုရားရှိခိုးရမှာ အလွန်ပျင်းပါတယ် ဘယ်တော့မှလည်း ရှိမခိုးပါဘူး၊ ဤမှန်သောစကားကိုဆိုရသောကြောင့်'ဆိုပြီး သစ္စာဆို လို့ရတယ်၊ တစ်ခုခုလိုချင်တာကိုပြော၊ စွမ်းအားသတ္တိပြည့်လာတဲ့ နေ့မှာ အောင်မြင်လာမှာပဲ၊ တစ်ခုခု မဟုတ်တာ လုပ်တာကလည်း မဟုတ်တာလုပ်တာကို သစ္စာဆိုလို့ရတယ်၊ သစ္စာဆိုတာ မှန်တာကို ပြောတာ၊ ဒါကြောင့်မို့ သစ္စာဆိုတဲ့ စကားတစ်ခုဟာ အင်မတန်မှ အရသာရှိတဲ့ အရာတစ်ခုဖြစ်တယ်လို့ မြတ်စွာဘုရားက ဒီမှာ ဖြေတယ်။
အကောင်းဆုံးသောအသက်ရှင်နည်း?
နောက်မေးခွန်းတစ်ခုက ''အရှင်ဘုရား ...လောကလူတွေဟာ ဘဝမှာ နည်းအမျိုးမျိုးနဲ့ အသက်ရှင် နေကြတယ်၊ ဘာနဲ့ အသက်ရှင်ရင် အကောင်းဆုံး ဖြစ်မလဲ?''
ဘာနဲ့အသက်ရှင်ရမလဲ?၊ လူတွေကတော့ အဖြေ အမျိုးမျိုး ထုတ်ကြမှာပေါ့၊ ထမင်းစားပြီး အသက်ရှင်တဲ့လူ ရှိတယ်၊ အလုပ်အကိုင်အမျိုးမျိုးနဲ့ အသက်ရှင်တဲ့လူ ရှိတယ်၊ ဝန်ထမ်းအလုပ်မျိုးစုံနဲ့ အသက်ရှင်ကြတာ ရှိတယ်၊ အဲဒီလို အသက်မွေး အသက်ရှင်ဖို့ လုပ်ငန်းတွေ အများကြီးထဲမှာ ဘာနဲ့အသက်ရှင်တာဟာ အကောင်းဆုံး လဲဆိုတာ မြတ်စွာဘုရားက ဖြေတယ်။ ''ပညာ ဇီဝိံ ဇီဝိတမာဟု သေဋ္ဌံ - အသက်ရှင်ဖို့ အသက်မွေးတဲ့ အထဲမှာ အသိပညာနဲ့ အသက်ရှင်တာအသက်မွေးတာ အကောင်းဆုံးပဲ''။
လောကမှာ အကောင်းအဆိုး အကြောင်း အကျိုးမှ မသိတဲ့ ပုဂ္ဂိုလ်တစ်ယောက်ရဲ့ အသက်ရှင်နေမှုက တန်ဖိုးမရှိပါဘူးတဲ့၊ အရာရာ အကောင်းနဲ့အဆိုး အကြောင်းနဲ့အကျိုး ခွဲခြားသိပြီးတော့ ထိုအသိ ပညာနဲ့ အသက်ရှင်တဲ့လူကမှ တကယ် အကောင်းမြတ်ဆုံး အသက်ရှင်ခြင်းပဲ။
ဆိုလိုတာက လူ့ဘဝရလာလို့ လူဖြစ်လာရင် ပညာရှိပါစေ၊ ပညာဆိုတာ – အခုခေတ်ပြောတဲ့ သင် ထားတဲ့ အတတ်ပညာတွေကိုချည်းပြောတာ မဟုတ်ဘူးနော်၊ အကောင်းနဲ့အဆိုး အကြောင်းနဲ့အကျိုးကို ခွဲခြားသိ တတ်တဲ့ အသိဉာဏ်ကို ပြောတာ၊ အဲဒီ အသိဉာဏ်ကို ရဖို့ဆိုရင် ပညာသင်ရတယ်ပေါ၊့ သိထားတဲ့ပညာပေါ်မှာ ထပ်ဆင့်ပြီးစဉ်းစားတတ်တဲ့ အသိဉာဏ်မျိုးဟာ အင်မတန်မှအရေးကြီးတယ်။
ဒိထက် အဆင့်မြင့်လာလို့ရှိရင်လည်း ... ကြည့်၊ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်က ဟောထားတယ်လေ-“သင်္ခါရတရားတွေရဲ့ သဘာဝကို မသိဘဲနဲ့ အနှစ်တစ်ရာ အသက်ရှည်ရတာထက် သင်္ခါရတရားတွေကို သိတဲ့အသိဉာဏ်နဲ့ တစ်နေ့တာ အသက်ရှင်ရတာက ပိုကောင်းတယ်”တဲ့၊ အနှစ်တစ်ရာ အသက်ရှင်နေပေမဲ့လို့ အသိဉာဏ်ဖြင့် အသက်ရှင်ရသည့် တစ်နေ့တာလောက် တန်ဖိုးမရှိဘူးလို့ ဒီလိုဟောတာ။
အဲဒါကြောင့်မို့ အသိပညာဆိုတဲ့နေရာမှာ လောကီပညာပဲဖြစ်စေ၊ လောကုတ္တရာပညာပဲဖြစ်စေ၊ အကောင်းအဆိုး အကြောင်းအကျိုးကို သိပြီးတော့ ကိုယ့်ဘဝလမ်းကြောင်းကို လျှောက်လှမ်းဖို့ကို ကိုယ့်ကိုယ်ကို ဆုံးဖြတ်နိုင်စွမ်းရှိတဲ့ အသိဉာဏ် အနည်းဆုံးရှိဖို့ လိုအပ်တယ်တဲ့၊ ဒီထက် အဆင့်မြင့်လာလို့ရှိရင် ဝိပဿနာပညာတို့ မဂ်ပညာတို့ ဒါတွေရှိရမှာပေါ့၊ အဲဒီ အဆင့်မြင့်တဲ့ ဓမ္မပညာတွေအထိအောင် ရှိရမယ်။
အဲတော့ လောကမှာ ပညာမဲ့တို့၏ အသက် ရှင်မှုသည် လုံးဝတန်ဖိုးမရှိဘူးတဲ့၊ ပညာရှိရှိနဲ့ အသက် ရှင်ရတာကသာ တန်ဖိုးရှိတယ်၊ ပညာရှိပြီဆိုရင် ဘဝအရေးလည်း စိတ်မအေးရဘူးလား?။
အခက်အခဲကို ဘာနဲ့ဖြတ်ကျော်ရမလဲ?
နောက်တစ်ခုက လူ့လောက လူရယ်လို့ဖြစ်လာပြီး ဘဝတစ်ခု လျှောက်လှမ်းလာပြီဆိုတဲ့အခါမှာ အခက်အခဲတွေဖြတ်ကျော်ရတာ မရှိဘူးလား?၊ အခက် အခဲတွေကို ဖြတ်ကျော်ရမယ်ဆိုရင် ဘာနဲ့ ဖြတ်ကျော်မလဲ?၊ ဘာရှိဖို့လို့လဲ? အဲဒီ မေးခွန်းလေးကို ဆက်မေးတာ။
ဆိုပါစို့-ကိုယ်သွားမဲ့လမ်းမှာ တောင်ကျရေတွေ တသွင်သွင်စီးနေတယ်၊ အဲဒီ တောင်ကျရေတွေကို “သြဃ” လို့ခေါ်တယ်၊ ဝဲသြဃကြီး၊ အင်မတန်မှ ပြင်းထန်တဲ့ အဟုန်နဲ့ စီးနေတယ်၊ အဲဒါကို ဖြတ်ကူးဖို့ဆိုတာ အင်မတန်မှ ခဲယဉ်းတယ်၊ ဒီလိုပဲ လောကမှာရှိတဲ့ အခက်အခဲတွေကို ဖြတ်ကျော်ဖို့အတွက် ဘာလိုလဲဆိုရင်၊ မြတ်စွာဘုရားက ''သဒ္ဓါယ တရတိ သြဃံ'' ယုံကြည်ချက် လိုတယ်တဲ့၊ သဒ္ဓါကို ဒီနေရာမှာ ထပ်ဟောတယ်၊ ယုံကြည်ချက် မရှိဘူးဆိုရင် ဘဝမှာအခက်အခဲပေါင်း မြောက်မြားစွာကို သူဖြတ်ကျော် နိုင်ပါ့မလား?၊ မကျော်နိုင်ဘူး။
ဘဝရဲ့အခက်အခဲ-သြဃတွေဟာ ဘယ်လောက်ခက်ခဲလည်းဆိုရင် ကာမဂုဏ် အာရုံထဲမှာ စိတ်ဝင်စားနေတဲ့ လောဘဆိုတာ အင်မတန် ကြီးမားတဲ့ အရှိန်အဟုန်နဲ့ မိမိသန္တာန်မှာ ဖြစ်နေတာ၊ ဒါကို စွန့်ပယ်တယ်ဆိုတာ ဖြတ်ကျော်တာပဲ၊ သူ့ကို စွန့်ဖို့ လွယ်လား?၊ မလွယ်ဘူး။ ကာမဂုဏ်အာရုံတွေကို စွန့်ပယ်ပြီး တစ်ဖက်ကမ်းကို ရောက်အောင်သွားဖို့ ဆိုတာ သိပ်ခဲယဉ်းတယ်၊ ဒါလည်း သြဃတစ်ခုပဲ။
ဒီကာမဂုဏ်အာရုံတွေကိုတော့ စွန့်ပယ်နိုင်ပြီး ဈာန်တွေရလို့ သမထကျင့်စဉ်တွေ အောင်မြင်, သမထ ကျင့်စဉ်တွေနဲ့ ပျော်ပြီးနေတယ်၊ အဲဒီ သမထကျင့်စဉ်တွေ ရထားတဲ့ ဘဝတစ်ခုကို ကျော်လွှားဖို့ရန်ကျတော့ အခက်အခဲရှိပြန်တယ်၊ အဲဒါကတော့ ဘာနဲ့ ဖြတ်ကျော်မတုန်း?၊ သဒ္ဓါနဲ့ပဲ ဖြတ်ကျော်မယ်၊ ယုံကြည်ချက်ရှိဖို့ လိုတယ်။
ယုံကြည်ချက်မရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ အခက်အခဲတွေကို ကျော်လွှားဖို့ မဖြစ်နိုင်ဘူး၊ တရားကျင့် တဲ့နေရာမှာပဲဖြစ်စေ၊ လောကအရေးမှာပဲဖြစ်စေ၊ အခက်အခဲတွေကိုကျော်လွှားဖို့ဆိုတာ နံပါတ်တစ်က ဘာအရေး ကြီးတာလဲ?၊ ယုံကြည်ချက်တဲ့၊ အခက်အခဲတွေကို ယုံကြည် ချက်နဲ့ ကျော်ဖြတ်ရမယ်တဲ့၊ ဒါ အာဠဝကမေးတာ၊ ဘဝမှာ အခက်အခဲတွေနဲ့ ကြုံလာရင် ဘယ်လိုကျော်ဖြတ်ရမလဲ? ယုံကြည်ချက်နဲ့ ကျော်ဖြတ်ရမယ်၊ ယုံကြည်ချက်ရှိလာပြီဆိုတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ အခက်အခဲတွေကို ကျော်လွှားနိုင်တယ်။

ကျယ်ပြောတဲ့ဘဝကြီးကို ဘာနဲ့ဖြတ်ကူးမလဲ?
နောက်တစ်ခုဟာ သိပ်ကျယ်ပြောတဲ့ သိပ်ဝေးလံတဲ့ အရာတစ်ခုကို ဖြတ်ကူးမယ် ဆိုပါစို့-ဥပမာ ပင်လယ်ကြီးကို ဖြတ်ကူးတော့မယ်၊ လူ့လောကမှာ ဘဝခရီးကြီးကိုလျှောက်လှမ်းကြတာဟာ ပင်လယ်ကြီး ဖြတ်ကူးနေရတာနဲ့ အတူတူပဲ၊ အင်မတန်မှကျယ်ပြောတဲ့ ဘဝကြီးတစ်ခုကို ဖြတ်ကူးနေရတယ်၊ ဘာနဲ့ ဖြတ်ကူး ကြမလဲ။
မြတ်စွာဘုရားက ''အပ္ပမာဒေန အဏ္ဏဝံ'' ကာမဂုဏ်အာရုံတွေပေါ်မှာ စိတ်လွှတ်မထားဘဲနဲ့ ကုသိုလ်ကောင်းမှုပေါ်မှာ အမြဲတမ်းသတိရနေတဲ့ အပ္ပမာဒဆိုတဲ့ သတိနဲ့ ဖြတ်ကူးရမယ်တဲ့”။
ကြည့်လေ အဲလို မကူးနိုင်ဘူးဆိုရင်၊ လူတွေရဲ့ ဘဝဟာ ဘယ်လောက်ကျယ်ပြောတာလဲဆိုရင် မျက်စိက မြင်ရတဲ့အရာတွေဟာ အများကြီးကျယ်ပြောတယ်၊ နားက ကြားရတဲ့အသံတွေဟာလည်း အများကြီး ကျယ်ပြောတယ်၊ ဒါကို ဖြတ်ကူးဖို့ရန် တော်တော်ခက်တယ်၊ ဟုတ်ရဲ့လား၊ မျက်စိနဲ့ မြင်ပြီးတော့ ဖြစ်တဲ့ ပျော်ရွှင်မှုကြီးကို ဖြတ်ကျော်ဖို့ခက်တယ်၊ နားက ကြားပြီးတော့ သာယာတဲ့အသံတွေပေါ်မှာ ပျော်မြူးနေတာကို ဖြတ်ကျော်ဖို့ရာ ခက်တယ်၊ လျာက အရသာခံနေတာတို့၊ နှာခေါင်းက မွှေးကြိုင်တဲ့အနံ့ပေါ်မှာ ပျော်ရွှင်နေတာတို့၊ ခန္ဓာကိုယ်ကနေ ထိတွေ့တဲ့အရာတွေပေါ်မှာ ပျော်ရွှင်နေတာတို့၊ အာရုံငါးပါး ကာမဂုဏ်တရားတွေဟာ ဖြတ်ကျော်သွားဖို့ အင်မတန်ခဲယဉ်းတယ်၊ ကျယ်ပြော နေတယ်၊ အဲဒါတွေကို ဖြတ်ကျော်ချင်ရင် သတိကြီးစွာ ထားပြီး ဖြတ်ကျော်ရမယ်။
သတိကို တည်ဆောက်တယ်ဆိုတာ၊ ကြည့်လေ သတိပဋ္ဌာန်တရားပွားတဲ့အခါမှာ လူတွေဟာ ဘယ်လောက် သတိမေ့တတ်သလဲဆိုတာ သတိပဋ္ဌာန်တရား ပွားကြည့်တဲ့အခါမှာ ကိုယ့်နှာခေါင်းက အမြဲလေလေး ထွက်နေတာကိုပဲ အစဉ်ထာဝရ ထွက်တိုင်း ထွက်တိုင်း သိရဲ့လား?၊ မသိဘူးနော်၊ မေ့သွားတာချည်းပဲ၊ ကိုယ်ဘာ လုပ်နေတယ်ဆိုတာ မေ့နေတယ်။
လူတွေကတော့ ကိုယ့်ကိုယ်ကို သတိရှိတယ်လို့ ထင်နေကြတယ်၊ သို့သော် လူတွေ လုပ်နေတာနဲ့ တွေးနေတာက တစ်ခြားစီ၊ ဥပမာ-လူကတော့ ထိုင်နေတယ်၊ စိတ်ကတော့ တစ်ခြားရောက်နေတယ်၊ လူက အိပ်နေတယ်၊ စိတ်က တစ်ခြားရောက်နေတယ်၊ အဲဒါဟာ မေ့နေတယ် ခေါ်တယ်နော်၊ ဒါပေမဲ့ လူတွေက အဲဒါကို မေ့နေတယ်လို့ မထင်ဘူး သတိရှိနေတယ်လို့ပဲ ထင်တယ်။
ကိုယ်ထိုင်နေတာ ထိုင်နေတယ်လို့ မသိဘူးလေ၊ အိပ်နေရင်လည်း အိပ်နေတယ်လို့ မထင်ဘူး၊ သွားနေရင်လည်း သွားနေတယ်လို့ မထင်ဘူး၊ ဘာလို့ တုန်းဆို စိတ်က အမြဲတမ်း တစ်နေရာရောက်နေတယ်။
ဘာနဲ့ ဥပမာတူတုန်းဆို “အိမ်တံခါးဖွင့်ပစ်ခဲ့ပြီး သွားချင်ရာသွားနေတာနဲ့” မတူဘူးလား၊ ကိုယ့်ခန္ဓာ ကိုယ်ထဲ စိတ်မရှိဘူး တစ်ခြားရောက်နေတယ်၊
အဲဒါကြောင့်မို့ အင်မတန်ကျယ်ပြောတဲ့ ဘဝခရီးကြီးကို ဖြတ်ကူးတဲ့နေရာမှာ ကိုယ်ဘာလုပ်နေလဲ ဆိုတဲ့အပေါ်မှာ ထားနိုင်တဲ့သတိဟာ အင်မတန်မှ အရေးပါတယ်လို့ဆိုပြီး မြတ်စွာဘုရားက ဒါကိုပြောတာ။
ဒုက္ခကို ဘာနဲ့ဖယ်ရှားမလဲ?
ကဲ နောက်တစ်ခု - ဆင်းရဲဒုက္ခတွေကို ကျော်လွှားဖို့က ဘာအရေးကြီးလဲ? ဘာနဲ့ ဆင်းရဲဒုက္ခတွေ ကို ကျော်ဖြတ်မလဲတဲ့။
ခုနတုန်းက အခက်အခဲကို ကျော်ဖြတ်တယ်၊ ကျယ်ပြောတဲ့အရာကြီးကို ဖြတ်ကူးတယ်၊ အခုတစ်ခါ ဒုက္ခကို ဘာနဲ့ ဖယ်ရှားနိုင်တုန်းဆိုရင် မြတ်စွာဘုရားက “ဝီရိယေန ဒုက္ခမစ္စေတိ- ကြိုးပမ်းအားထုတ်မှုဝီရိယဖြင့် ဆင်းရဲဒုက္ခကို ဖယ်ရှားပစ်နိုင်တယ်”။ ဆင်းရဲမှု သံသရာကို ကျော်လွှားချင်ရင် ကြိုးစားကြရမှာပေါ့၊ ဒါ ပြောတာပေါ့၊ ဟုတ်ရဲ့လား?၊ မကြိုးစားဘဲနဲ့ ဆင်းရဲမှု သံသရာကြီးမှ မလွတ်မြောက်နိုင်ဘူး၊ ဒါကြောင့်မို့ လွတ်မြောက်ရန်အတွက် ဝီရိယနဲ့ ကြိုးစားအားထုတ်ကြရမယ်။
စိတ်ဖြူစင်အောင် ဘယ်လိုလုပ်ရမလဲ?
ဒါဖြင့် လောကလူတွေရဲ့စိတ်ဟာ ဖြူစင်သွားအောင် ဘာနဲ့လုပ်ရမတုန်းဆို မြတ်စွာဘုရားက ''ပညာယ ပရိသုဇ္ဈတိ- ပညာဖြင့်သာ ဆေးကြောလို့ရမယ်'' လူတွေရဲ့စိတ်ဟာ ပညာဖြင့်ဆေးကြောတယ်ဆိုရင် ကိုယ့်စိတ်ထဲမှာ ကြည်နေတယ်။
နံနက်မိုးသောက် အလင်းရောက်လို့ မျက်စိနှစ်လုံးပွင့်လာတဲ့ အချိန်ကစပြီး ကိုယ့်စိတ်ကို check လုပ်၊ ဘာတွေတွေးနေလဲ၊ ကိုယ့်စိတ်ထဲမှာ လောဘရှိနေလား၊ ဒေါသရှိနေလား၊ မောဟရှိနေလား၊ စိတ်ရဲ့ အညစ်အကြေးတွေ ရှိသလား၊ အာရုံနဲ့တွေ့ရင် စိတ်ဟာ အညစ်အကြေးတွေ ရှိနေလားဆိုတာ ကိုယ်က check-လုပ်ရမယ်၊ လုပ်တဲ့အခါကျတော့ ဉာဏ်မရှိရင် သိပါ့မလား?၊ မသိဘူးတဲ့၊ ကိုယ်ဝတ်တဲ့အဝတ်မှာတော့ ပေတယ် ဆိုတာ မသိဘူးလား၊ သိတယ်၊ စိတ်မှာလည်းပဲ ညစ်ပေလာရင် သိရမယ်၊ မသိရင် ညစ်ပေမှုကို ဖယ်ရှား နိုင်မှာ မဟုတ်ဘူး။
အဲဒါကြောင့်မို့ စိတ်၏အညစ်အကြေးကို သိဖို့ပညာလိုအပ်တယ်တဲ့၊ ပညာနဲ့သာလျှင် စိတ်ရဲ့ အညစ်အကြေးတွေကို ဖယ်ရှားပစ်နိုင်တယ်၊ ဒါကြောင့်မို့ သိအောင်ကြိုးစားရမယ်လို့ ဒီလိုပြောတာ။
ကိုယ့်စိတ်လေးဖြူစင်ဖို့ အရပ်စကားပြောရင်တော့ လွယ်တာပေါ့၊ “စိတ်ကို ဖြူစင်အောင်ထား-ဖြူစင် အောင်ထားဆိုတာ ဘယ်ဟာက ဖြူစင်တာတုန်း ဘယ်ဟာက မည်းတာတုန်းလို့ မသိရင် ဘယ်လိုလုပ် ဖြူစင်အောင်ထားမလဲ?”၊ မသိနိုင်ဘူး၊ ဟုတ်ရဲ့လား?၊ ဖြူစင်တာကို မည်းတယ် ထင်နေတယ်၊ မည်းတာကို ဖြူစင်တယ် ထင်နေတယ်၊ ဘယ်လိုလုပ် ဖြူစင်အောင် လုပ်လို့ရမလဲနော်။ ပညာရှိမှ ဖြူ၊ မဖြူ သိနိုင်မယ် မဟုတ်လား?။ ဒါ့ကြောင့်မို့ မြတ်စွာဘုရားက ဒီမေးခွန်းရဲ့အဖြေမှာ ''ပညာနဲ့ ဖြူစင်စေရမယ်လို့''ဖြေလိုက်တာ။
ပညာကို ဘယ်လိုရအောင်ယူမလဲ?
အဲဒီလို ဖြေလိုက်တော့ နောက်ထပ် အာဠဝကကြီးက မေးခွန်းတစ်ခု ထပ်မေးတယ်။ ပညာနဲ့ ဖြူစင်အောင်လုပ်ရတယ်ဆိုတော့ စိတ်ဓာတ်ကို ဒီလို ဖြူစင်စေတတ်တဲ့ပညာမျိုးကို ဘယ်လိုလုပ်ပြီးရအောင် ယူမလဲ?၊ ဒါ မေးခွန်းတစ်ခု။
မြတ်စွာဘုရားက ပညာရတဲ့နည်းကို ဖြေတယ် ''သုဿုသာ လဘတေ ပညံ'' နားလည်ချင်တဲ့စိတ်၊ နားထောင်ချင်တဲ့စိတ်၊ နားထောင်ချင်တဲ့ဆန္ဒရှိရင် ပညာရပါတယ်”။
ကြည့်လေ တရားပွဲလာ တရားနာတယ်ဆို ပညာမရဘူးလား၊ ဒါ-တရားနာချင်တဲ့ စိတ်ကြောင့်မို့ ဒီပညာက ရတာ၊ တရားနာနေတဲ့ အချိန်မှာလည်း ကြိုးစားပြီးတော့ မှတ်မှတ်သားသားနာမယ်ဆိုတဲ့ စိတ်ရှိတဲ့သူက မမှတ်မိဘူးလား?၊ အေးဒါကိုပြောတာ မြတ်စွာဘုရားက ပညာရချင်တယ်ဆိုရင် တတ်ချင်တဲ့စိတ်က အဓိက၊ တတ်ချင်တဲ့စိတ် ရှိရင်တတ်ပြီ။
ရှေးတုန်းက ဆရာတော်ကြီးတစ်ပါးက ပြောလေ့ရှိတယ် လူငယ်တွေကိုတွေ့ရင် ''မင်းစာတတ်ချင် လား?''တဲ့ ''တတ်ချင်ပါတယ်''လို့ပြောတဲ့အခါ ''အေး တတ်ချင်ရင် တတ်ပြီကွာ''လို့ ပြောတယ်၊ ဘာဖြစ်လို့တုန်းဆိုတော့ “တတ်ချင်တဲ့ စိတ်ဟာ ပညာရဲ့မုခ်ဦးပဲ”၊ စာတတ်ဖို့ရန်အတွက် စာတတ်ချင်တဲ့ စိတ်ဟာ အဓိက၊ ဒါကြောင့်မို့ ပညာရဖို့အတွက် ပညာရချင်တဲ့, သင်ချင်တဲ့ စိတ်ဟာ အဓိကမကျဘူးလား?၊ ကျတယ်၊ သင်ချင်တဲ့စိတ် ရှိတဲ့ ပုဂ္ဂိုလ်ကမှ ပညာကိုရအောင်သင်တာတဲ့၊ ဒါကို မြတ်စွာဘုရားက ''သုဿုသာ လဘတေ ပညံ''လို့ ပြောတာ။
ပညာဆိုတာလည်း အဆင့်ဆင့်ပဲ၊ လောကီရှိတယ်, လောကုတ္တရာပညာရှိတယ်၊ သိချင်တဲ့ပညာ တစ်ခုထက်တစ်ခု မြင့်လာတယ်၊ ဝိပဿနာပညာဆိုတာ ဘာလဲ?၊ မဂ်ပညာဆိုတာ ဘာလဲ?၊ သိချင်လာတယ်၊ သိချင်လာလို့ ကြိုးစားတယ်၊ သင်တယ်၊ ကျင့်တယ်၊ ဒါ မြတ်စွာဘုရားက ပညာရခြင်းအကြောင်းကို ဖြေတာ။
ဥစ္စာကို ဘယ်လိုရှာမလဲ?
ဒါဖြင့် လောကီလူတွေဘဝမှာ နေ့စဉ်သုံးဖို့ ပစ္စည်းဥစ္စာ မရှိရင်လည်း မဖြစ်ဘူးတဲ့၊ ဘဝအရေးမှာ နေ့စဉ်သုံးဖို့ စားဖို့အတွက် ပစ္စည်းဥစ္စာက လိုသေးတယ်၊ ခုနကပြောတဲ့ ပစ္စည်းဥစ္စာက သဒ္ဓါဆိုတဲ့ ပစ္စည်းဥစ္စာ အခိုင်မာဆုံးကို ရည်ညွှန်းပြီး ပြောတာ၊ နေ့စဉ်စားဖို့အတွက် ပိုက်ဆံရော မလိုအပ်ဘူးလား?၊ လိုအပ်တယ်။
အဲဒီလို လောကီဓနတွေရဖို့အတွက် ဘာလုပ်ရ မတုန်းဆိုတော့ မြတ်စွာဘုရားက ''ပတိရူပကာရီ ဓုရဝါ၊ ဥဋ္ဌာတာ ဝိန္ဒတေ ဓနံ- ပစ္စည်းဥစ္စာရချင်ရင် ရနိုင်တဲ့နည်းလမ်းကို ကျင့်သုံးတဲ့”၊ ကြိုးစားတဲ့ လုံ့လ ဝီရိယ ရှိရမယ်''တဲ့၊ လုံ့လဝီရိယ ရှိပြီးတော့ တက်တက်ကြွကြွကြိုးစား အားထုတ်တဲ့၊ အားထုတ်လို့ရှိရင် လောက မှာရှိတဲ့ စီးပွားဥစ္စာတွေ၊ တိုးပွားလာနိုင်တယ်၊ ဒါတော့ ဟုတ်တာပဲ။
မြတ်စွာဘုရားပြောတဲ့ အထဲမှာ ''ပတိရူပ ကာရီ'' ဆိုတာပါသေးတယ်၊ အဲဒါ ဘာကိုရည်ညွှန်းတာလဲဆို ပစ္စည်းဥစ္စာ ကြီးပွားခြင်း၊ ရခြင်း၊ တိုးပွားခြင်း အတွက်က ကြိုးစားဆိုတာ ဒါ-အဓိကတစ်ခု၊ အဲဒီ ကြိုးစားဆိုတဲ့ အထဲမှာ ဘာတွေပါတုန်းလို့ဆို သုတ္တန်တစ်ခုမှာ မြတ်စွာဘုရားက “နည်းပညာကျွမ်းကျင်မှု၊ လုပ်ငန်းကျွမ်းကျင်မှု ပါရမယ်၊ ဇွဲကောင်းမှု ပါရမယ်”၊ ဟော-၃-ခု၊ ကြိုးစားတိုင်းလည်း ရချင်မှရမယ်လေ၊ သာမန်ကြိုးစားပြီး နည်းပညာ မပါရင် အောင်မြင်ပါ့မလား?၊ လုပ်ငန်းမကျွမ်းကျင်ရင်ကော အောင်မြင်ပါ့မလား ?၊ မအောင်မြင်ဘူး၊ အဲဒါကြောင့်မို့ ကြိုးစားဆိုတဲ့ အထဲမှာ လုပ်ငန်းကျွမ်းကျင်မှုရယ်၊ ဇွဲကောင်းမှုရယ်၊ နည်းပညာရယ်၊ ခုခေတ်လိုပြောလို့ရှိရင် technology- ဆိုတာ အရေးကြီးတယ်လို့ ပြောတာနော်။ “ဘုရားက လွန်ခဲ့တဲ့နှစ်ပေါင်း -၂၅ဝဝ- ထဲက ပြောခဲ့ပြီးသား” စီးပွားရေး ပညာနဲ့ ပတ်သက်ပြီး ကြိုးစားအားထုတ်လို့ရှိရင် ပစ္စည်း ဥစ္စာရနိုင်တယ်၊ ဟောဒါ တစ်ခု။
အကျော်အစောရှိရန် ဘယ်လိုလုပ်ရမလဲ?
နောက်တစ်ခု သူကဆက်မေးတယ်၊ လောကမှာ ပစ္စည်းဥစ္စာတော့ ရှိပါပြီ၊ အချို့ကျ အကျော်အစော မဲ့တယ် ဂုဏ်သတင်း မရှိဘူးပေါ့၊ လူဆိုတာ ပိုက်ဆံရှိရုံနဲ့တင် မပြီးဘူး ဂုဏ်သတင်းကလည်း မကြီးချင်ဘူးလား?၊ လူကြားထဲမှာ သူကလည်း နာမည်လေးက ထွက်ချင်သေးတာကိုး၊ လူတိုင်းလူတိုင်းမှာ ပိုက်ဆံလေးရှိလာရင် နာမည်လေးက ရချင်တယ်။
ဒါဖြင့် နာမည်ရချင်ရင် ဘာလုပ်ရမတုန်းဆို မြတ်စွာဘုရားဖြေတာ''သစ္စေန ကိတ္တိံ ပပ္ပေါတိ''တဲ့ မှန်ကန်ဖို့လိုတယ်၊ မှန်ကန်ရင် နာမည်ရပါတယ်၊ ဟုတ်ရဲ့လား?၊ ဘာလုပ်လုပ် အမှန်တရားပေါ်မှာ ရပ်တည်ပြီးလုပ်ဖို့ လိုတယ်၊ အရပ်ထဲမှာပဲ ကြည့်လေ ဟောဒီလူက လူမှန် ဆိုပြီး သူ့ကို မလေးစားကြဘူးလား?၊ လေးစားကြတယ်၊ ဒီလူဟာ ဘယ်တော့မှ မဟုတ်တာ မလုပ်ဘူး, မှန်ကန်တယ်, သမာဓိရှိတယ်ဆိုပြီး ဂုဏ်သတင်းက ထွက်လာတာပဲ၊ အဲဒါကြောင့်မို့ ''သစ္စေန ကိတ္တိံ ပပ္ပေါတိ'' လူတစ်ယောက်ဟာ သစ္စာရှိတယ်၊ ကတိတည်တယ်၊ မှန်ကန်တယ်ဆိုရင် ဒီပုဂ္ဂိုလ်ဟာ ကျော်စောလာတာပဲ။
မိတ်ဆွေတွေရချင်ရင် ဘယ်လိုလုပ်ရမလဲ?
ထင်ပေါ်ကျော်ကြားပြီးတော့ အချို့က အပေါင်းအသင်းမိတ်ဆွေများချင်တယ်၊ လူတွေဟာ ပြောကြတယ်လေ ''တစ်ရွာကို တစ်ကျီဆောက်''ဆိုတဲ့၊ အဲဒါ ဂိုဒေါင်တွေ လိုက်ဆောက်ခိုင်းတာမဟုတ်ဘူး”၊ ရွာတိုင်း, နေရာတိုင်းမှာ မိတ်ဆွေတွေရှိရမယ် ပြောတာနော်၊ ဒါဖြင့် မိတ်ဆွေတွေရအောင် ဘယ်လိုလုပ်ရမလဲဆိုရင် မြတ်စွာဘုရားက ဖြေတယ် ''ဒဒံ မိတ္တာနိ ဂန္ထတိ''တဲ့ မိတ်ဆွေတွေ များများရအောင်ကတော့ ပေးပါတဲ့၊ ပေးတဲ့လူက မိတ်ဆွေများများရတယ်၊ ဟုတ်ရဲ့လား?၊ ပေးရမယ်၊ နှမြော နေရင် မိတ်ဆွေမရှိဘူး။
ဒါကြောင့်မို့ ဗမာစကားမှာ အခြွေအရံလို့ ပြောကြတယ်လေ၊ အခြွေအရံဆိုတာ ခြွေနိုင်မှရံတယ်တဲ့၊ ကိုယ်ပေးနိုင်, ကမ်းနိုင်ရင် မိတ်ဆွေတွေ မပေါဘူးလား၊ အဲဒီအဓိပ္ပါယ်ကို ဘုန်းကြီးတို့က အိန္ဒိယတို့, သီဟိုဠ်တို့ နေတုန်းက ပိုသဘောပေါက်သွားတယ်၊ သီဟိုဠ်မှာ နေတုန်းကဆိုရင် ဘုန်းကြီးတို့ကို နိုင်ငံခြားသား ဆိုပြီးတော့ လာလာပြီး မိတ်ဆွေဖွဲ့တယ်၊ မိတ်ဆွေဖွဲ့ပြီး ဟိုဟာလေးတောင်း, ဒီဟာလေးတောင်း တောင်းတတ်တယ်၊ သူတို့ ဝါသနာ၊ ကိုယ်ကပေးရင် မိတ်ဆွေပေါတယ်၊ အဲဒီမှာ။ အော် - မြတ်စွာဘုရားက အိန္ဒိယတို့, သီဟိုဠ်တို့ ကြည့်ပြီး ဒါဟောပုံ ရတယ်လို့၊ ပေးနိုင်လို့ရှိရင် မိတ်ဆွေ အလွန်ပေါတယ်။
ဟိုးရှေးတုန်းက သီဟိုဠ်ကို ဗမာပြည်က အများကြီးလှူခဲ့တယ်၊ အများကြီး ထောက်ပံ့ခဲ့တယ်၊ အဲဒီတုန်းက မြန်မာကို သူတို့က “ဗုရုမာ”လို့ ခေါ်တယ်၊ “ဗုရုမာ”ဆို မသိတဲ့ လူမရှိဘူး၊ အခုနောက်ပိုင်းကျတော့ မြန်မာပြည်က အဆက်အသွယ်ပြတ်သွားတယ်၊ အဆက် အသွယ်ပြတ်သွားပြီး နောက်ဘယ်သူတွေ အဆက်အသွယ်များတုန်းဆို ထိုင်းတွေက အဆက်အသွယ်များလာတယ်၊ ထိုင်းတွေကလှူတယ်, တမ်းတယ်ဆိုတော့ ထိုင်းကိုပဲသိကြတယ်၊ ဗမာကို မသိတော့ဘူး၊ ကြည့်''ဒဒံ မိတ္တာနိ ဂန္ထတိ''ဆိုတာ ဒါကိုပြောတာနော်၊ ပေးနိုင် ကမ်းနိုင်ရင် မိတ်ဆွေတွေရတယ်တဲ့။
နောက်ဆုံးမေးခွန်း
ကဲ ကောင်းပြီဘုရားတဲ့၊ နောက်ဆုံးမေးခွန်းလေးက ဘာလဲဆိုတော့-နောက်ဘဝအရေးနဲ့ ပတ်သက် ပါတယ်၊ ဒီဘဝတော့ ဒီလောက်ဆို လုံလောက်ပြီ၊ မိတ်ဆွေလည်းပေါပြီ၊ အကျော်အစောတွေလည်းရပြီ၊ ပစ္စည်းဥစ္စာတွေလည်း ချမ်းသာနေပြီ၊ ပညာလည်းရပြီဆို မလုံလောက်သေးဘူးလား?၊ လုံလောက်သွားပြီ၊ ဒါပေမဲ့ နောက်ဘဝအရေး စိတ်အေးဖို့ ဘာလိုသေးတုန်းဆိုပြီး မြတ်စွာဘုရားကိုမေးတယ် ''အရှင်ဘုရား နောင်ဘဝမှာ စိတ်အေးဖို့ ဘာတွေလိုတုန်း ဘယ်တရားတွေ ကျင့်သုံးမှ နောက်ဘဝအရေး စိတ်အေးမလဲ?''မေးတော့ မြတ်စွာဘုရားက ''သစ္စံ ဒမ္မော ဓိတိ စာဂေါ''ဆိုပြီး တရား -၄-မျိုးကို ဟောတယ်။
“သစ္စံ”ဆိုတဲ့ အမှန်တရားရှိဖို့ လိုတယ်တဲ့၊ “ဒမ္မော”-ဆိုတဲ့ အသိပညာရှိဖို့ လိုတယ်တဲ့၊ “ဓိတိ”-ဆိုတဲ့ လုံ့လဝီရိယရှိဖို့ လိုတယ်တဲ့၊ “စာဂေါ”-ဆိုတဲ့ စွန့်ကြဲ ပေးကမ်းမှုရှိဖို့ လိုတယ်။
ဆိုလိုတာက ဘဝခရီးအတွက် စိတ်အေးရအောင် လိုအပ်တဲ့အချက်တွေကတော့ မှန်ကန်တာကို ပြောဖို့လိုတယ်၊ ကိုယ့်ဘဝကိုယ့်အကြောင်း, အကောင်းနဲ့အဆိုး, အကြောင်းနဲ့အကျိုးသိတဲ့ပညာ လိုတယ်၊ ကြိုးပမ်း အားထုတ်မှု လုံ့ဝီရိယလိုတယ်၊ စာဂဆိုတဲ့ ကိုယ်တစ်ယောက်တည်း မသုံးစွဲဘဲနဲ့ ကိုယ့်ရှိတဲ့ ပစ္စည်းကို အများနဲ့မျှဝေသုံးစွဲတတ်တဲ့ စွန့်ကြဲမှုဆိုတာ လိုတယ်တဲ့၊ အဲဒီ -၄-မျိုးနဲ့ ပြည့်စုံရင် နောက်ဘဝအရေး စိတ်အေးရ ပါတယ်တဲ့၊ မြတ်စွာဘုရားက အာဠဝကကြီးကို ဟောတာနော်၊ အားလုံးမေးခွန်းပေါင်း -၁၃- ခုနှင့် အဖြေ -၁၃- ခု။
တရားချစ်ခင်သူတော်စင်ပရိသတ်တို့ ဗုဒ္ဓမြတ်စွာက အာဠဝကသုတ္တန်မှာ ဒီအချက်တွေ ဟောထားတယ်၊ ဒီမေးခွန်းတွေရဲ့ အဖြေတွေဟာ ကဿပမြတ်စွာဘုရားဖြေခဲ့တဲ့ အဖြေတွေနဲ့ ဂေါတမမြတ်စွာဘုရား ဖြေခဲ့တဲ့အဖြေတွေဟာ လုံးဝထပ်တူပါပဲ၊ ကဿပမြတ်စွာဘုရား ဖြေခဲ့တဲ့ အဖြေအတိုင်း ဂေါတမမြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က ထပ်ဆင့်ဖြေတယ်၊ ဒီသုတ္တန်ကြီးဟာ ကဿပဘုရားရှင် လက်ထက်က မေးခွန်းတွေကို ဖြေထားတဲ့ သုတ္တန်၊ ဂေါတမဘုရားရှင် လက်ထက်မှာလည်းဖြေထားတဲ့ သုတ္တန်ဆိုတော့ ဘုရားနှစ်ဆူ ဟောထားတဲ့ သုတ္တန်ဖြစ်တယ်၊ ဒီလိုမှတ်ရမယ်။
ဒီအဖြေတွေဟာ ဘဝအရေးစိတ်အေးဖို့ရန်အတွက် ဘုရားနှစ်ဆူဖြေခဲ့တဲ့ အဖြေတွေ၊ အခုပြောခဲ့တဲ့ အချက်အလက်တွေ မိမိတို့သန္တာန်မှာ မရှိသေးလို့ရှိရင် ရှိအောင်ကြိုးစားအားထုတ်ဖို့ လိုအပ်တယ်၊ တရားနာပြီးရင် လိုက်နာကြရမှာ ဒီအချက်တွေကို ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့တဲ့ အခု“အာဠဝကသုတ္တန်”မှာ လာတဲ့အတိုင်း မိမိတို့ကိုယ်တိုင် လိုက်နာကျင့်သုံးကြပြီဆိုရင် လူတိုင်းလူတိုင်းဟာ ဒီဘဝအရေးပဲဖြစ်စေ၊ နောက်ဘဝ အရေးပဲဖြစ်စေ၊ ယ္ခုဘဝ နောက်ဘဝဆိုတဲ့ ဘဝအရေးတွေမှာ စိတ်အေးနေရပါပြီ။
အားလုံးသော တရားချစ်ခင် သူတော်စင်ပရိသတ်တို့သည် ဘဝအရေးစိတ်အေးရလေအောင် ဟောဒီတရားများကို ကျင့်ကြံကြိုးကုတ် အားထုတ်တော် မူနိုင်ကြပါစေကုန်သတည်း။

သာဓု သာဓု သာဓု

ပြီးပါပြီ။

Read more...

စစ်ကိုင်းသင်တန်းတွင်မီးစက်အဆင်ပြေhttp://kovida.multiply.com/journal/composeခြင်း



စစ်ကိုင်းသင်တန်းတွင်အောက်ပါအလှူရှင်များကောင်းမှုနဲ့မီးစက်အဆင်ပြေသွားခဲ့ပါတယ်။

(၁)(ဦးအောင်ဖေ)အားရည်စူး၍ ဇနီးဒေါ်နန်းသန္တာအောင် သမီးမဖေသဲစု၊မဖေသဲချစ်
သား မောင်ဖေထက်အောင်
မိသားစု မန္တလေးမြို့ မြန်မာငွေကျပ် ၁၉၀၀၀၀၀ တစ်ဆယ့်ကိုးသိန်းကျပ်
(၂)Dr.Nyan+ဒေါ်ဝါ၀ါခိုင်မင်း ၊ သမီးလေး မေမြတ်နိုးခိုင် မိသားစု (ဂျပန်)မှ အလှူငွေ ၅၀၀၀၀ ကျပ်
(၃)မသန်းသန်းမြင့် (စင်္ကာပူ)မှ မိဘများဖြစ်သူ ဦးစိန်ထိုက် + ဒေါ်အေးအေးသန်းတို့ကို ဦးထိပ်ပန်ဆင်၍ အလှူငွေ စင်္ကာပူဒေါ်လာ ၁၀၀(S$ 100)
(၄).စံ + နုနု မိသားစု( ဂျပန်)မှ ယန်း ၁၃၀၀၀
(၅)ပိုးပိုး(စင်္ကာပူ)မှ (ဖေဖေ ဦးတင်ဦး + မေမေ ဒေါ်လှမြင့်သန်း)တို့ ကို ဦးထိပ်ပန်ဆင်ပြီး အလှူငွေ စင်္ကာပူဒေါ်လာ ၃၀ ( S$30.00)
(၆)မရတနာခင်လတ် နဲ့ နမ်းခမ်းမိုင်( စာဖတ်သူ-ဂျပန်) မှ အလှူငွေ ယန်း ၅၀၀၀
(၇)ကိုမြင့်သူ+မမွှေးမွှေးကြူ ၊ သမီးဇင်မွန်ထက် (ကနေဒါ)မှ အလှူငွေ အမေရိကန်ဒေါ်လာ ၁၀၀(US$100.00) (၇)ကိုသိန်းပို+မနီနီထွေး ၊ သမီး မငြိမ်းစုထွေး မိသားစု (စာဖတ်သူ-စင်္ကာပူ)မှ (S$40.00)(transfered)
(၈)ကိုမျိုးကျော်+မချောစုစုဝင်း(စာဖတ်သူ-စင်္ကာပူ)မှ (S$40.00)
(၉)ကြည်ဖြူပိုင်(စင်္ကာပူ)မှ စင်္ကာပူဒေါ်လာ ၃၀(S$30.00)

အလှူရှင်များအားလုံးစိတ်၏ချမ်းသာခြင်းကိုယ်၏ ကျန်းမာခြင်းအပေါင်းတို့နှင့်ပြည့်စုံကြပါစေလို့ ဦးဇင်းဆုတောင်းမေတ္တာများအစဉ်အမြဲပို့သနေပါတယ်။

Read more...

ကြိုမသိနိုင်သော အရာ (၅) မျိုး


၁) ဇီဝိတိ = ဘယ်အသက်အရွယ်မှာ သေရမယ်ဆိုတာ ကြိုမသိနိုင်ဘူး
၂) ဗျာဓိ = ဘယ်အနာရောဂါနဲ့ သေရမယ်ဆိုတာ ကြိုသိနိုင်ဘူး
၃) ကာလိ = မနက် ၊ နေ့လည် ၊ ည ၊ ဘယ်ကာလမှာ သေမယ်ဆိုတာ ကြိုမသိနိုင်ဘူး
၎) ဒေဟနိက္ခေပနိံ = ဘယ်နေရာ ၊ ဘယ်ဒေသမှာ သေမယ် ၊ ဘယ်သုဿာန်မှာ သင်္ဂြီုဟ်မယ်ဆိုတာလည်း မသိနိုင်ဘူး
၅) ဂတိ = ဘယ်ဘုံရောက်မယ်ဆိုတာလည်း ကြိုမသိနိုင်ဘူး

ဒီလောက် ဘ၀အာမခံချက်မရှိတဲ့ ပုထုဇဉ်ဘ၀မှာ ဒိဋ္ဌိပြုတ်ကြောင်းတရားကို နာကြားအားထုတ်မထားဘဲ ပေါ့ပေါ့တန်တန်နေကြသူတွေအတွက် အင်မတန်မှ ရင်လေးစရာ ကောင်းပါတယ်…။

ကျမ်းကိုး။ ။ မေတ္တာရှင် (ရွှေပြည်သာ) ၏ မဂ်တား ၊ ဖိုလ်တား အန္တရာယ်များ

Read more...

ဘ၀ချမ်းသာရေးလမ်းစဉ်

အားလုံးပဲမင်္ဂလာပါ.... အခုတစ်လော စာမေးပွဲရက်လေးနီးကပ်လာသည်က တစ်ကြောင်း ၊ ရုံးအလုပ်ကိစ္စလေးတွေ များနေသည်ကတစ်ကြောင်း ၊ အကြောင်းအမျိုမျိုးတို့ကြောင့် စာတွေမရေးအားသေးတဲ့အတွက် အသစ်မတင်နိုင်ဖြစ်နေခဲ့ပါတယ် ...။
နေ့စဉ်လာရောက်ကြတဲ့ ဘလော့ဂါမောင်နှမတွေနဲ့ စာဖတ်သူမောင်နှမများအားလုံးအတွက် အကျိုးရှိစေဖို့ရည်ရွယ်ပြီး ဘာသာရေးဆိုင်ရာလေးတွေ နဲ့ ကျမ ဖတ်မှတ်ထားသမျှလေးတွေကို အချိန်ရသမျှလေးမှာ ပြန်လည်၍ ဝေမျှပေးသွားဖို့ စိတ်ကူးမိပါတယ်...။
စာမေးပွဲကြီးပြီးမှပဲ စာလေးတွေ ကဗျာလေးတွေ နဲ့ နှင်း ရဲ့ စိတ်ကူးထဲက ရောက်တက်ရာရာလေးတွေ ကို အတိုးချပြီး ပြန်ရေးပါ့မယ်လို့ အားလုံးကို အသိပေးရင်း အားလုံးကို ခေတ္တနှုတ်ဆက်ပါတယ်ရှင်...။

ကျေးဇူးတော်ရှင် အဘိဓဇမဟာရဋ္ဌဂုရု တိပိဋ္ဋကဓရ ဓမ္မဘဏ္ဍာဂါရိက
ဘဒန္တ၀ိစိတ္တသာရာဘိဝံသဆရာတော်၏ ဘ၀ချမ်းသာရေးလမ်းစဉ်



၁။ နေ့စဉ်ကောင်းမှုကုသိုလ်တရားများ၌ မမေ့မလျော့စဉ်းစားပါ။


၂။ လူဖြစ်လာလျှင် လူ၏တန်ဖိုးကို သိအောင်ကြိုးစားပါ။


၃။ မည်သူတရားပျက်ပျက် သင်မပျက်ပါစေနဲ့၊ သတိထားပါ။


၎။ သင့်ကို အကြောင်းပြုပြီး သူများစိတ်မဆင်းရဲပါစေနဲ့။


၅။ မိဘကို စားနိုင်တဲ့အခါမှာ ကျွေးပါ၊ သေမှ ငိုမနေပါနဲ့။


၆။ သူများအပြစ်ကို မပြောပါနဲ့၊ ကိုယ့်အပြစ်ကိုသာ ရှုပါ။


၇။ ဗြဟ္မစိုရ်တရားအမြဲပွားများ၍ ကိုယ်တွင်းသီလတရားမြဲပါစေ။


၈။ အလိုက်သိပါ၊ အားနာပါ၊ အရှက်အကြောက်ရှိပါ။


၉။ ကြီးသူကို ရိုသေပါ၊ ရွယ်တူကိုလေးစားပါ၊ ငယ်သူကိုသနားပါ။


၁၀။ မစူးမစမ်းမဆင်ခြင်ပဲမပြောပါနဲ့၊ မလုပ်ပါနဲ့၊ အမြဲသတိထားပါ။


၁၁။ နေရာတိုင်းမှာ စိတ်သဘောကြီးကြီးထားပါ။


၁၂။ နိုင်လိုသူကို အရှုံးပေးက စိတ်နှလုံးအေးမြသည်။


၁၃။ စကားပြောသောအခါ မျှမျှတတပြောဆိုပါ။


၁၄။ မိမိကိုယ်ကို နေ့စဉ်စစ်ဆေးနိုင်မှ ကြီးပွားနိုင်သည်။


၁၅။ မကောင်းတဲ့ အကုသိုလ် စိတ်ရိုင်းစိတ်မိုက်များကို ပယ်ရှားပါ။


၁၆။ သူများကြီးပွားချမ်းသာတာကို မနာလိုမရှုစိမ့် မရှိပါစေနဲ့။


၁၇။ နေရာတိုင်းမှာ ကိုယ်ချင်းစာတရား များများထားပါ။


၁၈။ မိမိကိုယ်ကို ဆုံးမခြင်းက သာလွန်၍ ကောင်းသည်။


၁၉။ မာနကိုနှိမ့်ချ၊ လူ၏ တန်ဖိုးကိုမြှင့်တင်ပါ။


၂၀။ အရာရာမှာ စေတနာသန့်သန့်နှင့် စိတ်ကောင်းတစ်ခုထားပါ။


(မွန်မြတ်သော ၀ိပဿနာတရားကို ရသမျှအချိန်လေးမှာ အားထုတ်ဖြစ်အောင် ကြိုးစားပါ။)

ဆရာတော်ဘုရားကြီး လမ်းညွှန်ဆုံးမတော်မူခဲ့တဲ့ ဘ၀ချမ်းသာရေးလမ်းစဉ်များကို သတိတရားလက်ကိုင်ထား၍ ကျမတို့တက်နိုင်သလောက် အတူတူကြိုးစားအားထုတ်ကြည့်ကြပါစို့....။
အားလုံးပဲ ချမ်းသာခြင်းရဲ့ အတုနဲ့အစစ်ကို ခွဲခြားသိမြင်ပြီး ရခဲလှတဲ့လူ့ဘ၀တိုတိုလေးမှာ ချမ်းသာပျော်ရွှင်စွာနဲ့ ဖြတ်သန်းနိုင်ကြပါစေ... လို့ တောင်းဆုပြုလိုက်ပါတယ်...။

အားလုံးကို ချစ်ခင်လေးစားလျှက်

နှင်းဟေမာ
( 21 Oct 2009 )


Read more...

သံသယဆူးငြောင့်

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

သဒ္ဓါယ တရတိ သြဃံ”- ယုံကြည်မှုသည် အခက်အခဲဟူသမျှတို့ကို လွတ်မြောက်နိုင်စွမ်း ရှိပေသည်။ ဘယ်အရာပဲလုပ်လုပ်၊ ဘယ်အရာကိုပဲ ရချင်ရချင် ကိုယ့်လုပ်နေသည့် အလုပ် သည် အောင်မြင်နိုင်သည့် နည်းလမ်းဟူ၍ မယုံကြည်လျှင် ထိုအလုပ်ကို လုပ်မည်မဟုတ်ပေ။ မယုံကြည်ဘဲ လုပ်နေလျှင်လည်း အောင်မြင်မှု ရလာနိုင်မည် မဟုတ်ပေ။ ယုံကြည်မှု အားအင် သတ္တိသည် မရှိမဖြစ်လိုအပ်သောအရာပင်ဖြစ်ပါသည်။ အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်ခြင်း၊ အမှန်အတိုင်းဖြစ်ရန် ဆင်ခြင်နိုင်ခြင်း၊ အကြောင်းအကျိုး၊ အကောင်းအဆိုးကို ခွဲခြားသိမြင်နိုင် ခြင်းဟူသော ပညာဉာဏ်သည်လည်း သဒ္ဓါတရားနှင့် အတွဲညီနေရန် လိုအပ်၏။ ချိန်ခွင်လျှာ အစွန်းမထွက်ဘဲ ရှိသကဲ့သို့ သဒ္ဓါနှင့်ပညာ တရားနှစ်ပါး ညီမျှနေရမည်ဖြစ်ပါသည်။


ယုံကြည်မှုရှိမှ အခက်အခဲမှန်သမျှ ကျော်လွှားပြီး အောင်မြင်နိုင်သည်ကမှန်၏။ အမှားကို ယုံကြည်နေမိပြန်လျှင်လည်း မဟုတ်သေးပေ။ အမှားကို ယုံကြည်နေက အမှန်ကို မမြင်နိုင် ဖြစ်နေမည်။ ဘုရားရှင် မပေါ်ထွန်းသေးခင်က လူတို့သည် တော၊ တောင်၊ နတ်၊ နဂါး၊ မီး၊ ပင်လယ်၊ သမုဒ္ဒရာ စသဖြင့် ကိုယ့်ယုံကြည်မှုအလိုက် အသီးသီးကိုးကွယ်ကြသည်။ ထိုသို့ ယုံကြည်ပြီး ပူဇော်ပသကြလျှင် ကျရောက်လာမည့် ဘေးအန္တရာယ်၊ ရန်စွယ် မှန်သမျှ ပပျောက်သွားကြမည်၊ ကောင်းကျိုးချမ်းသာ အဖြာဖြာတို့ ရောက်ရှိလာကြမည် အစရှိသည်ဖြင့် ယုံကြည်နေကြသည်။ ကိုးကွယ်ရာအမှန်ဟုလည်း မှတ်ယူထားကြသည်။ ထင်သည့်အတိုင်း ဖြစ်လာကြသည်ဟူ၍ တိုက်ဆိုင်မှုတို့ကို အမှန်အဖြစ် တစ်ထစ်ချမှတ်ယူပြီး ပို၍ ပို၍ ယုံကြည်နေကြခြင်းပင်ဖြစ်သည်။

မပြောင်းလဲနိုင်သော အမှန်တရားတို့မှာ စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်ဟူသော သဘော အမှန်၊ သမုဒယသစ္စာ၊ ဒုက္ခသစ္စာ၊ မဂ္ဂသစ္စာ၊ နိရောဓသစ္စာ အစရှိသော ပရမတ္ထသစ္စာ သဘောတရားတို့ပင်ဖြစ်၏။ ပညတ်ထားသော အခေါ်မှန်သမျှတို့မှာကား အမြဲပြောင်းလဲ နေကြမည်ဖြစ်သည်။ ထိုသို့ပင် အထင်မှားနေသော အရာအားလုံးတို့သည်လည်း တစ်နေ့၌ အမှန်သို့ ပြောင်းလဲသွားမည်ဖြစ်သည်။ အမှန်ကို သိမြင်သွားမှသာလျှင် အမှားသို့ ပြန်လည်၍ မပြောင်းလဲနိုင်တော့ခြင်းဖြစ်သည်။ အမှား၌ ကျင်လည်နေသော သဘောတရားတို့သည်သာ သံသယစက်ကွင်းတွင် ရှိနေသောကြောင့် ဆူးငြောင့်သဖွယ် အနှောင့်အယှက်က အမြဲကာဆီး ထားပြီး အလင်းမရနိုင်ဘဲ အမှောင်သက်သက်ဖြင့်သာ ကျင်လည်နေခြင်း ဖြစ်ပေသည်။

အမှန်တရားသို့ မရောက်သေးသမျှ တည်ငြိမ်မှုသည် အလျှင်းမရှိနိုင်သေးပေ။ ရင့်ကျက်မှု သဘောသည် အမှန်တရား၏အရိပ်ကို ထင်ဟပ်ပြသနေခြင်းသာဖြစ်ပေသည်။ ရဲရင့်ခြင်းသတ္တိ သည် သံသယတည်းဟူသော အမှောင်ကို ဖြိုးခွင်းနိုင်မှသာလျှင် ရရှိနိုင်သည့် ဆုလာဘ် တစ်ခုပင်ဖြစ်၏။ ဘုရားတည်းဟူသောရတနာ၊ တရားတည်းဟူသောရတနာ၊ သံဃာတည်းဟူ သောရတနာဟုဆိုအပ်သော ရတနာမြတ်သုံးပါးတို့နှင့် နှိုင်းယှဉ်လိုက်လျှင် တစ်ခြားတစ်ခြား သော လောကီရတနာတို့သည် အချည်းအနှီးမျှသာ တန်ဘိုးရှိတော့၏၊ မြတ်နိုးဖွယ် ရတနာ အစစ်ကား ဘုရား၊ တရား၊ သံဃာ ရတနာတို့သာ အမှန်စင်စစ် ဧကန်ဖြစ်တော့၏ဟု သံသယမရှိတော့သည့်အခါတွင် အနှောင့်အယှက်ဆူးငြောင့်တို့ ကင်းလာသည်။ သစ္စာဉာဏ် ဖြင့် သက်ဝင်ယုံကြည်သွားလျှင် သံသယဆူးငြောင့်မှာ လုံးဝ ကင်းရှင်းသွားပေသည်။ ရဲရင့်ခြင်း ဆုလာဘ်ကို ပိုင်ဆိုင်သွားသည်ဖြစ်ခြင်းကြောင့် သေရမှာပင် မကြောက်မလန့် သေနိုင်တော့ ၏။

ငါဘယ်က လာပါသနည်း။ ငါဘယ်သို့ သွားမည်နည်း။ ငါဆိုသည့် ငါကရော ဘယ်လိုမျိုးကို ခေါ်ဝေါ်သတ်မှတ်ထားသနည်း။ သံသယတို့နှင့် ရောထွေးလို့နေ၏။ ဗုဒ္ဓ၏ သစ္စာတရားအရ ငါဆိုသည်မှာ အခေါ်မျှသာရှိ၏။ အမှန်အားဖြင့် မရှိပေ။ အမှန်အားဖြင့် ရုပ်နာမ်နှစ်ပါး၊ ထိုနှစ်ပါးကို ချဲ့ပြောလျှင် ခန္ဓာငါးပါးတို့သာလျှင်ရှိပေသည်။ ဖောက်ပြန်တတ်သော ရုပ်သဘော တရားတို့က မည်သူ့အလိုကိုမျှမလိုက်ဘဲ သူ့သဘောအတိုင်း ဖောက်ပြန်ပျက်ဆီး၍သာနေကြ ၏။ ခံစားတတ်သော သဘောတရားက ခံစားမှုအလုပ်ကိုသာ သူလုပ်နေသည်။ မည်သူက ခိုင်းလို့ လုပ်နေခြင်းမျိုးမဟုတ်ပေ။ ခံစားမှုအလုပ်သည် သူ့သဘော၊ သူ့အလုပ်ဖြစ်၍ သူ့အလို လို လုပ်နေခြင်းသာဖြစ်သည်။ ကြံစည်တွေးတောတတ်သောသဘောက ကြံစည်တွေးတော ခြင်းအလုပ်၊ မှတ်သားတတ်သောသဘောတရားတို့က မှတ်သားခြင်းအလုပ်၊ သိတတ်သော သဘောတရားတို့က သိတတ်ခြင်းအလုပ် အစရှိသည်ဖြင့် မည်သူ့အလိုမျှမလိုက်၊ သူ့သဘော သူ့အလို သူ့အလုပ်ကိုသာ တသွင်သွင်လုပ်နေခြင်း ဖြစ်သည်ဟု ဉာဏ်ဖြင့်သိမြင်လျှင် ငါ၊ သူတစ်ပါး၊ ယောက်ျား၊ မိန်းမတို့သည်မရှိ၊ ဓမ္မတို့၏သဘောသာလျှင်ဖြစ်၏ဟု သံသယကင်း လျှင် ဆူးငြောင့်လည်းကင်းပါသည်။

သံသယအမှောင်ရှိနေသ၍ ဆူးငြောင့်သဖွယ် အနှောင့်အယှက် ရှိနေပေဦးမည်ပင်။ သံသယ သည် မည်သည့်အောင်မြင်မှုကိုမှ မရနိုင်သည် အနှောင့်အယှက် ဆူးငြောင့်တစ်ခုကဲ့သို့ဖြစ်၏။ မိဘနှင့်သားသမီး၊ ညီနှင့်အစ်ကို၊ မောင်နှင့်နှမ၊ လင်နှင့်မယား၊ ဆရာနှင့်တပည့်၊ သူငယ်ချင်း မိတ်ဆွေ၊ ခေါင်းဆောင်နှင့်နောက်လိုက် အစရှိသည့် ပေါင်းဖွဲ့ထားသည့် နှစ်ယောက်နှင့် အထက်အရေအတွက်ရှိသည့် အဖွဲ့အစည်းမှန်သမျှ တစ်ယောက်နှင့် တစ်ယောက် ယုံကြည်မှုမရှိ သံသယရှိနေကြလျှင်လည်း ထိုအဖွဲ့အစည်းအတွက် အောင်မြင်မှုတို့ကို မရရှိနိုင် ဘဲ သံသယရှိခြင်းက တိုးတက်အောင်မြင်မှုတို့၏ အတားအဆီးဆူးငြောင့်သဖွယ် အနှောင့် အယှက် ဖြစ်နေပေမည်။ အဖွဲ့ဖြင့်မဟုတ်ဘဲ တစ်ဦးတည်းဖြစ်လင့်ကစား မိမိနှင့် ပတ်သက်နေ သော အလုပ်တို့၌လည်းကောင်း၊ မိမိကိုယ်ကို လည်းကောင်း လုပ်မှ လုပ်နိုင်ပါ့မည်လား စသဖြင့် ကိုယ့်ကိုယ်ကို သံသယရှိခြင်း၊ ကိုယ်လုပ်နေသောအလုပ်သည် ကိုယ်အလိုရှိသော ပန်းတိုင်သို့ ရောက်ရှိနိုင်ပါမည်လောဟူသော သို့လောသို့လောဖြင့် သံသယရှိနေသည့်စိတ်က ပင် မိမိ၏အောင်မြင်မှုတို့ကို တားဆီးနေမည်ဖြစ်ပေသည်။

သံသယရှိသည့် အခြေအနေ အရပ်ရပ်တို့သည် တစ်ခုနှင့်တစ်ခု မတူဘဲ ကွဲပြားနိုင်ပါသည်။ တူညီသောသဘောတရားမှာကား သံသယရှိခြင်းသည် ယုံကြည်မှုအပြည့်အ၀ မရှိခြင်းပင်ဖြစ် သည်။ ယုံကြည်မှုမရှိက ရဲရင့်ခြင်းသတ္တိ မရှိနိုင်။ ယုံကြည်ခြင်းကို ထပ်ပြီးချဲ့ပြောလျှင် ယုံမှ ကြည်လင်နိုင်သည့် သဘောဖြစ်၏။ မယုံလျှင် မကြည်လင်နိုင်သေးပေ။ မြတ်စွာဘုရားသည် သစ္စာလေးပါးမြတ်တရားကို ကိုယ်တိုင် သိမြင်သော၊ လူနတ်ဗြဟ္မာ သတ္တ၀ါအားလုံးတို့၏ ဆရာတစ်ဆူဖြစ်တော်မူသော သမ္မာသမ္ဗုဒ္ဓဖြစ်သည်ဟု သံသယမရှိပါက ဘုရားရှင်ကို ကိုးကွယ်ဆည်းကပ်ခြင်း၊ နိဗ္ဗာန်ရောက်ကြောင်းဟူသည့် ဟောကြားခဲ့သော တရားများကို နာကြားခြင်း၊ ဟောကြားထားသော နည်းလမ်းအတိုင်း တရားအားထုတ်ခြင်း အစရှိသော နိဗ္ဗာန်ရောက်ကြောင်းအလုပ်တို့ကို ယုံယုံကြည်ကြည်ဖြင့် လုပ်ဆောင်မည်ဖြစ်သည်။ မယုံ ကြည်လျှင် မလုပ်ဆောင်သေးပေ။

မယုံကြည်ဘဲ လုပ်ဆောင်နေလျှင် သဒ္ဓါဗိုလ် အားနည်းနေသောကြောင့် သတိဗိုလ်၊ သမာဓိ ဗိုလ်၊ ၀ီရိယဗိုလ်၊ ပညာဗိုလ်တည်းဟူသော ဗိုလ်ငါးပါးတရားတို့ အားနည်းလာကြမည်။ စစ်ပွဲတွင် စစ်သူကြီးငါးဦးတို့က အဓိကဦးဆောင်တိုက်ခိုက်ရမည့် တာဝန်ဖြစ်လျှင် ထိုစစ်သူကြီး တို့ကိုယ်တိုင်က သတ္တိမရှိ၊ တိုက်လိုခိုက်လိုသည့် အားအင်တွေယုတ်လျော့ပြီး အောင်မြင်နိုင် မည်ဟု ယုံကြည်မှုမရှိလျှင် စစ်မအောင်နိုင်သလို တရားအားထုတ်ရာတွင်လည်း သဒ္ဓါ၊ သတိ၊ သမာဓိ၊ ၀ီရိယ၊ ပညာ ဗိုလ်ငါးဖြာတို့ အားနည်းနေလျှင်၊ ဘုရားရှင် ဆိုဆုံးမထားသော တရားများအတိုင်း အားထုတ်လျှင် နိဗ္ဗာန်ချမ်းသာကို ရရှိခံစားရမည်မှာ မလွဲဧကန်သာဖြစ်၏ဟူ ၍ ယုံကြည်မှုမရှိလျှင် တရားကျင့်ကြံအားထုတ်ခြင်းကို လုပ်မည်မဟုတ်ပေ။ မယုံတယုံ၊ စမ်း တ၀ါးဝါးဖြင့်လုပ်နေလျှင် ဆူးငြောင့်သဖွယ် သံသယစိတ်တို့က စဉ်ဆက်မပြတ် နှောင့်ယှက် နေပေတော့မည်။

ကိုးကွယ်ရာ၌ ကိုးကွယ်ရာအစစ်အမှန်ဖြစ်သည့် ဘုရား၊ တရား၊ သံဃာတို့ကိုသာ ကိုးကွယ် သော၊ တရားအားထုတ်ရာ၌ နိဗ္ဗာန်ရောက်ကြောင်း မဂ္ဂင်ရှစ်ပါးအကျင့်ကို ကျင့်ကြံ ပွါးများအား ထုတ်သော၊ အမှန်သိမြင်ရာတွင်လည်း သစ္စာလေးပါးကို ဉာဏ်ဖြင့် အမှန်စင်စစ် ထိုးထွင်း သိမြင်ပြီးသော အရိယာပုဂ္ဂိုလ်တို့၌သာ သံသယတည်း ဟူသောဆူးငြောင့် မရှိတော့သော ကြောင့် ခိုင်မြဲသောသီလ၊ တည်ငြိမ်သော သမာဓိ၊ မဖောက်ပြန်သော ပညာတရားတို့ ပြည့်စုံ သွား၏။ စောင့်ရှောင့်နိုင်သည့် သီလ၊ သမာဓိ၊ ပညာတို့အလိုက် အေးချမ်းမှု အရသာတို့ ကိုလည်း ဆထက်တိုး၍ ခံစားနိုင်ပေသည်။ အဆုံး၌ရှိသော သီလ၊ သမာဓိ၊ ပညာတရားတို့နှင့် ပြည့်စုံသွားလျှင် အအေးချမ်းဆုံးသော သန္တိသုခကိုလည်း ရရှိခံစားနိုင်ပေတော့၏။

အဆုံးစွန်သော သန္တိသုခ နိဗ္ဗာန်ချမ်းသာကို ရရှိခံစားနိုင်ရန်အတွက် အစဦးဆုံး ရှင်းလင်းရမည့် အနှောင့်အယှက် အမှောင်ထုကြီးမှာ သံသယဆူးငြောင့်ပင်ဖြစ်၏။ သံသယဆူးငြောင့်တို့ကို မည်ကဲ့သို့ ရှင်းလင်းရပါမည်နည်း။ မင်္ဂလသုတ်တရားတော်အတိုင်း ဦးစွာပထမ လူမိုက်တို့ကို ရှောင်ကြဉ်ရ၏။ လူမိုက်တို့နှင့် ပေါင်းဖော်နေရလည်း လူမိုက်တို့တရားကို မနှစ်သက် မမြတ်နိုး မိအောင်နေရမည်။ တရားတို့ကို သံသယကင်းရှင်းစွာသိထားသော သံဃာတော်များ၊ ပညာရှိ များကို ဆည်းကပ်ရပါမည်။ ထိုသံဃာတော်အရှင်သူမြတ် အစဖြာသော ပညာရှိတို့က ဘုရားရှင်၏ တရားနှင့်လျော်ညီအောင် ဟောကြားတော်မူသော တရားတို့ကို လက်တွေ့ ကျင့်ကြံပွါးများ အားထုတ်ရပါမည်။ ဓမ္မတို့အပေါ်၌ သံသယစိတ် များဝင်လာလျှင် ပညာရှိတို့နှင့် တရားဆွေးနွေးမေးမြန်းရပါမည်။

တရားကျင့်ကြံပွါးများ အားထုတ်နေသော ယောဂီသည် နိဗ္ဗာန်ချမ်းသာ ရရှိနိုင်ရေးကိုသာ ဦးတည်ပြီး ပုဂ္ဂလအဓိဋ္ဌာန်ကိုပယ်၊ ဓမ္မအဓိဋ္ဌာန်အတိုင်းသွား၊ အတွင်းရန်သူနှစ်ပါးဖြစ်သည့် ဣဿာ၊ မစ္ဆရိယတရားတို့ကို ဖယ်ရှား၍ အ၀တ်၌ အစွန်းအထင်းထင်တိုင်း ဆပ်ပြာ၊ ရေတို့ဖြင့် လျှော်ဖွတ်သလို စိတ်အညစ်အကြေးကိလေသာတို့ကိုလည်း သတိ၊ ဉာဏ်ပညာတို့ဖြင့် အချိန်တိုင်းလျှော်ဖွတ်နေရပါမည်။

သတ္တ၀ါအားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝနိုင်ပြီး သံသယဆူးငြောင့်တို့ ကင်းပျောက်၍ နိဗ္ဗာန်သို့ မျက်မှောက်ပြုနိုင်ကြပါစေ။


Read more...

ကိုယ့် ကိုယ်ကို ဆန်းစစ်ကြမယ်

၁။ ပြစ်တင် ရှုတ်ချ ခံရမှုတွေနဲ့ နေခဲ့ရတဲ့ ကလေးဟာ သူရဲဘောကြောင် လူတောမတိုးတဲ့ စိတ်ဓာတ်တွေ ရလာစေတယ်။

၂။ ဝေဖန်မှုတွေနဲ့ နေခဲ့ရတဲ့ ကလေးဟာ ပုတ်ခက် ပြောဆိုတတ်တဲ့ စိတ်ဓာတ်တွေ ရလာစေတယ်။

၃။ ယုံကြည့် စိတ်ချမှု ကင်းမဲ့စွာနဲ့ နေခဲ့ရတဲ့ ကလေးဟာ လိမ်ညာလှည့်စားတဲ့ စိတ်ဓာတ်ကို ရလာစေတယ်။

၎။ ချစ်ခင်နှစ်သက်မှုနဲ့ နေခဲ့ရတဲ့ ကလေးဟာ ချစ်တတ် ခင်တတ်တဲ့ စိတ်ဓာတ်ကို ရလာစေတယ်။

၅။ အားပေးမှုတွေနဲ့ နေခဲ့ရတဲ့ ကလေးဟာ ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချတဲ့ စိတ်ဓာတ်ကို ရလာစေတယ်။

၆။ မှန်ကန် ဖြောင့်မတ်သူတွေနဲ့ နေခဲ့ရတဲ့ ကလေးဟာ တရားမျှတမှု စိတ်ဓာတ်ကို ရလာစေတယ်။

၇။ ချီးကျူး ထောမနာ ပြုမှုတွေနဲ့ နေခဲ့ရတဲ့ ကလေးဟာ တန်ဖိုးထား လေးစားတတ်တဲ့ စိတ်ဓာတ်ကို ရလာစေတယ်။

၈။ မျှဝေ ခံစားမှုတွေနဲ့ နေခဲ့ရတဲ့ ကလေးဟာ စာနာတတ် သက်ညှာတတ်တဲ့ စိတ်ဓာတ်ကို ရလာစေတယ်။

၉။ အသိဥာဏ် ဗဟုသုတတွေနဲ့ နေခဲ့ရတဲ့ ကလေးဟာ သည်းခံတတ်တဲ့ စိတ်ဓာတ်ကို ရလာစေတယ်။

၁၀။ ပျော်ရွှင်မှုတွေနဲ့ နေခဲ့ရတဲ့ ကလေးဟာ သည်းခံတတ်တဲ့ စိတ်ဓာတ်ကို ရလာစေတယ်။

၁၁။ ပျော်ရွင်မှုတွေနဲ့ နေခဲ့ရတဲ့ ကလေးဟာ မေတ္တာတရားနဲ့ အလှအပတို့ကို ရှာဖွေ တွေ့ရှိလိမ့်မယ်။

လူထုစိန်ဝင်း ဘာသာပြန်သည်
| |

Read more...

ရတနာသုံးပါး စွပ်စွဲခဲ့သော်... (ဗုဒ္ဓ၏ဗုဒ္ဓဝါဒ အရှင်ကောဝိဒ (ယော))



ဗုဒ္ဓ၏ဗုဒ္ဓဝါဒ အရှင်ကောဝိဒ (ယော)

ရတနာသုံးပါး စွပ်စွဲခဲ့သော်...






















Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP