* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Tuesday, October 20, 2009

မျှော်လင့်ခြင်းသစ္စာ

ဘ၀ ကံ ၀ဋ်ကြွေးက
အပြစ်ဒဏ်ခတ်လေသလား
နက်ဖြန် ခါများအတွက်
အိမ်မက်တွေမက်ရင်း
စုံဖက်ခဲ့တဲ့ တို့ နှစ်ယောက်ကြားမှာ
မှုန်တိုင်းတွေက
အလုံးအရင်းနဲ့  တိုက်ခတ်
ပြိုလဲ ပျက်ဆီးသွားတဲ့
တို့ နှစ်ယောက်ရဲ့ ပျော်ရွင်မှုတွေ က
ဟင်းလင်းပြင်မှာ အတုံးအရုန်း
ဆုံးရှုံးခဲ့တဲ့ နေရက်တွေကို
မျက်ရည်စတွေနဲ့ ဆေးကြောရင်း
အသက်ပင်သေစေတော့ချစ်သူရေ
တို့ နှစ်ယောက်ရဲ့ ရုပ်ခန္ဓာ
ဝိညာဉ်တွေ ကင်းလွတ်မသွားခင်
သစ္စာတရားကို ရင်ဝယ်ပိုက်
သောကမှုန်တိုင်း တွေကြားမှာ
ဟားတိုက် ရယ် လိုက်ကြရအောင်
ထွန်း(တာမာမြေ)

Read more...

ကျွန်တော်မေးလို့  ဘုန်းဘုန်းဖြေသည်...

သံဃာတော်များနှင့် Pirate Softwares

ဝိမုတ္တိသုခ: ဘုန်းဘုန်းဘုရား။ သံဃာတော်များ ကွန်ပျူတာသုံးစွဲရာတွင် တရားဝင် လိုင်စင်ဖြင့်ဝယ်ထားတာမဟုတ်တဲ့ ဆော့ဖ်ဝဲများ (Pirate Softwares) ကို အသုံးပြုပါက ၀ိနည်းတော်နှင့် ညီ၊ မညီ သိလိုပါတယ်ဘုရား။

ဦးလောကနာထ (www.lknt.org): ဒကာလေး ဝိမုတ္တိရေ... ဘုန်းကြီးတို့ စည်းရိုးနားတော့ ရောက်လာပြီ... ပိုင်ရှင်က ရောင်းစားတဲ့ ဆော့ဖ်ဝဲများကို တရားမဝင် အသုံးပြုရင် ဘုရားဝိနည်းတော်အရ အပြစ်ရှိပါတယ်... အပြစ် အကြီး အသေးကတော့ အခြေအနေအားလုံးအပေါ်မှာ မူတည်ပါလိမ့်မယ်... လေးနက် သိမ်မွေ့မှုတော့ အများကြီး ရှိပါတယ်... ရှောင်နိုင်ရင်တော့ အကောင်းဆုံးပါပဲ...

ဒုတိယပါရာဇိက ခိုးမှုကို ဆုံးဖြတ်နိုင်ဖို့ အချက် ၅-ချက်ကို ထည့်သွင်းစဉ်းစားဖို့ ပြထားပါတယ်...

၁... ပိုင်ရှင်၏ သဘောထား...

၂... ခိုးယူသည့် အချိန်ကာလ...

၃... ခိုးယူရာ အရပ်ဒေသ...

၎... ခိုရာပါပစ္စည်း တန်ဖိုး...

၅... ခိုရာပါပစ္စည်း သုံးစွဲမှုတို့ ဖြစ်ပါတယ်...

အကျယ်ကိုတော့ ဒုတိယပါရာဇိကအခန်းမှာ အတော်စုံပါတယ်... ဆက်လက်လေ့လာပါ... စိတ်ချမ်းသာပါစေ...



Read more...

*ဖတ်၊ မှတ်၊ လေ့လာ၊ ကျင့်ကြံပါ*

အဆုံးအမတွေ ခဏခဏ ဖတ်နေရတော့ စာဖတ်သူတွေကို စာတွေနဲ့ ထုံပြီး ငြီးငွေ့သွားမှာ၊ နောက် တစ်ခုက သိပြီးသားတွေပါပဲ ဆိုပြီး ပေါ့ပေါ့တန်တန် သဘောထားကြမှာကိုလည်း တွေးကြောက်မိသေးတယ် ကျွန်တော်...။ ဘာပဲပြောပြော အဆုံးအမတစ်ခုကို သိလိုက်ပြီး အဲဒီ အဆုံးအမ တစ်ခုကိုပဲ ပိုင်ပိုင်နိုင်နိုင် ကျင့်ကြံမယ်ဆိုရင် ကျင့်ကြံသူအတွက် တကယ့်ကို အကျိုးကျေးဇူး များနေပါပြီလေ...။




















လေးစားစွာဖြင့်
ဖိုးသား

20.11.2009, TUE:, 04:11:58 PM

Read more...

ဆောင်ရန်ရှောင်ရန်.........


လောက၌ ရှောင်ရန် ၄-ပါး

၁။ ဦးချိုရှိသော သတ္တ၀ါတို့ကို အတောင် ၅၀ ရှိလောက်သော အရပ်ကနေ ရှောင်ကြဉ်ရာ၏။
၂။ အဆွယ်ရှိသော ဆင်ကို အတောင် ၁၀၀ ရှိသော အရပ်မှနေ ရှောင်ကြဉ်ရာ၏။
၃။ မြင်း သတ္တ၀ါတို့ကိုကား အတောင် ၁၀၀ အရပ်မှာနေ ရှောင်ကြဉ်ရာ၏။
၎။ မကောင်သော လူယုတ်မာ တို့ကိုကား အရပ်ကို စွန့်သဖြင့် လျှင်မြန်စွာ ရှောင်ကြဉ်ရာ၏။

သရဏဂုံ(စရဏဂုံ) ဆောက်တည်ခြင်း အကြောင်း -၄ ပါး

၁။ အမျိုးအမှတ်ဖြင့် ရှိခိုး ကိုးကွယ်ခြင်း ၊ မမြောက်ပါ

၂။ ဘေးကိုကြောက်သောအားဖြင့် ကိုးကွယ်ခြင်း၊ မမြောက်ပါ
၃။ ကျေးဇူးရှင် ဆရာအဖြစ်ဖြင့် ကိုးကွယ်ခြင်း၊ မမြောက်ပါ
၎။ မြတ်သော အလှူကို ခံတော်မူထိုက်သော အားဖြင့် ရှိခိုးကိုကွယ်ခြင်း၊ သရဏဂုံ (စရဏဂုံ) မြောက်ပါသည်။

သီးခံခြင်း အကျိုး ၅- ပါး

၁။ လူအများချစ်ခင်ခြင်း

၂။ ရန်ငြိမ်းခြင်း
၃။ အပြစ်နည်းခြင်း
၎။ အတွေမဝေသေရခြင်း
၅။ သုဂတိသို့ လားရခြင်း

သီးမခံခြင်း အကျိုး ၅ - ပါး

၁။ လူအများ မနှစ်လိုခြင်း
၂။ ရန်များခြင်း
၃။ အပြစ်များခြင်း
၎။ တွေဝေ၍ သေခြင်း
၅။ အပါယ်သို့လားရခြင်း

အားလုံးသော စာဖတ်သူတွေ အရှင်တင်ထားသော စာကိုဖတ်ပြီး ရှောင်နိုင် ဆောင်နိုင်ကြပါစေ.................

Read more...

သီတဂူစတားလေ့လာရေးမှတ်တမ်း (၆)





ဆယ်ကြီးနား
ပန်းခြံနှင့်စက်ရုံတို့ကိုလေ့လာပြီး မြင်းဇောင်းဆီသို့သွားကြရသည်၊ ပြိုင်ပွဲမြင်းများဖြစ်သည်၊ အလွန်လှပါသည့်မြင်းတွေဖြစ်သည်၊ သြစတေးလျစသည့်ပြည်ပမှ မှားယူးထားသည်ဟုသိရပါသည်။ ထိုနှင်းဆီကုန်းပိုင်ရှင်သည်၊ ကိုယ်ပိုင်ဆယ်ကြီးပါ ပိုင်ဆိုင်သည်၊ သုံးရေနှင့် သစ်ပင်များအတွက် ရေကို ထိုဆယ်ကန်ကြီးမှ မော်တာဖြင့်စုပ်ယူပါသည်။

ဓာတ်ပုံရိုက်ကြ
အစုလိုက်အစုလိုက် ဓာတ်ပုံရိုက်ကြည်သည်၊ ကိုယ်ခင်ရာ မင်ရာခေါ်ကြပြီးဓာတ်ပုံရိုက်ကြသည်၊ အဲဒီအထဲမှာ သီရိလင်္ကာသူလေးတစ်ယောက်ပါသည်၊ သူလဲ တော်တော် ရေးပန်းစားသည်၊ အသားရေက သီတဂူစတားလောက်တော့ မဲသည်၊ ဒါပေမဲ့ မျက်နှာပန်းလှတော့ လူချစ်လူခင်ပေါသည်၊ သူနှင့်ဓာတ်ပုံရိုက်ချင်သူတွေပေါမှပေါပဲ၊ ထိုင်းဘန္တေကြီးကတော့ အမိအရ တွဲရိုက်လိုက်သေးသည်၊ သီတဂူစတားတော့ ရှက်တာနဲ့ ဟန်လုပ်လိုက်ရသည်။ နိုင်ငံပေါင်းစုံက သူငယ်ချင်းတွေ အခုလို တွဲပြီးဓာတ်ပုံရိုက်ကြခြင်းဖြင့် တစ်ယောက်နှင့်တစ်ယောက် ပိုမိုရင်းနှီးစေသည်။ နေကလဲအရမ်းပူနေပါသည် သို့သော် အားလုံးရဲ့မျက်နှာမှာ ပျော်နေကြသည်။ သီတဂူစတားနှင့် အခန်းခြင်းကပ် အခန်းနံပါတ် ၉၀ က အီရန်က သီတဂူစတားကို ဓာတ်ပုံရိုက်ဖို့လာခေါ်သဖြင့် ရိုက်ဖြစ်သွားသည်၊ အဲနောက် အခြားနိုင်ငံက ကျောင်းသားတွေလဲ ရိုက်ချင်ပါတယ်ဆိုပြီး ပြေးလာကြသည်၊ ပြီးတော့ အီရန်ကျောင်းသားက သီတဂူစတားကို အာဖရိက ၊ကညာ၊ မွန်ဂိုနှင့် အာဖကန်နစ္စတန် ကျောင်းသားတွေနှင့်မိတ်ဆက်ပေးသည်၊ သူပြောပုံက- he is my good friend who live in room number 95 and he is a good monk. သူဟာ ငါ့ရဲ့ သူငယ်ချင်းကောင်းပါ၊ အခန်းနံပါတ် ၉၅ ကပါ၊ သဘောကောင်းတဲ့ ရဟန်းတစ်ပါးပါ၊ ဟု သီတဂူစတားအကြောင်းကို ပြောပြကာ မိတ်ဆက်ပေးသည်၊ သီတဂူစတားက သူ့အတွက် ကောင်းမှာပေါ့၊ သီတဂူစတားထံမှ ဆီလိုလျင် ဆီယူလို့ရသည်၊ ဆားလိုလျင် ဆားယူလို့ရသည်၊ ပရင့်ထုတ်ချင်ရင် ပရင့်ထုတ်လို့ရသည်။ သီတဂူစတားတို့ရဲ့ ထူးဆန်းသော အ၀တ်သည် သူတို့အတွက် ပိုပြီး ထူးဆန်းသစ်လွင်ပြီး အမှတ်ရစေပါသည်။

သီတဂူစတားလေ့လာရေးမှတ်တမ်း (၇)လာပါဦးမည်


Read more...

စင်္ကာပူတွင် ကျင်းပသော ဆရာတော်အရှင်ပုညနန္ဒ၏ တရားပွဲတွင်ဖြန်.ဝေသော တရားဓမ္မများ








Read more...

ဘုရားရှင် ၀ါကပ်တော်မူခဲ့တဲ့နေရာများ

အမေး။ ။ အရှင်ဘုရား………တပည့်တော်များ ဘာသာရေးစာပေများကို ဖတ်တဲ့အခါ ဘုရားရှင် ၀ါကပ်တော်မူခဲ့တဲ့ နေရာများကို များစွာ တွေ့ရပါတယ်။ တပည့်တော်သိချင်တာက မြတ်စွာဘုရားသက်တော်ထင်ရှား ရှိတော်မူစဉ်က ၀ါကပ်တော်မူခဲ့တဲ့နေရာများကို စုံစုံလင်လင် သိချင်ပါတယ်။ အားလုံးလည်းသိရအောင်လို့ အဖြေပေးတော်မူပါအရှင်ဘုရား။
မနွယ်နွယ်အေး
ရန်ကုန်

အဖြေ။ ။မြတ်စွာဘုရား ဘုရားအဖြစ်သို့ ရောက်တော်မူပြီးတဲ့အခါ ပဌမဗောဓိလို့ ခေါ်တဲ့ ၀ါတော်(၂၀)အတွင်း ကျွတ်ထိုက်တဲ့ ဝေနေယျများရှိရာ နေရာအသီးသီးသို့ ကြွရောက်ကာ ၀ါကပ်တော်မူခဲ့ပါတယ်။ ဒါကြောင့် ပဌမဗောဓိဆိုတဲ့ ၀ါတော် (၂၀)အတွင်း ၀ါကပ်တဲ့နေရာဌာနများကို အနိဗဒ္ဓ ၀ါဆိုရာဌာနများ လို့ ခေါ်ဆိုရပါတယ်။
(၁) ဘုရားရှင်ဟာ ဗာရာဏသီပြည်အနီး ဣသိပတန မိဂဒါဝုန်တောမှာ ပဉ္စ၀ဂ္ဂီ ငါးဦးတို့အား တရားရေအေး တိုက်ကျွေးတော်မူပြီး၊ ဗာရာဏသီပြည်ကို ဂေါစဂံပြုကာ မိဂဒါဝုန်တော မှာ ပဌမ၀ါ ကပ်တော်မူခဲ့ပါတယ်။
(၂-၃-၄) ရာဇဂြိုလ်ပြည်ကို အမှီပြုပြီး ဝေဠုဝန်ကျောင်းတိုက်မှာ ဒုတိယ၀ါ ၊ တတိယ၀ါ၊ စတုတ္ထ၀ါ ကပ်တော်မူခဲ့ပါတယ်။
(၅) ဝေသာလီပြည်ကို အမှီပြုပြီး မဟာဝုန်တောအုပ် အတွင်းမှာစုလစ်မွန်းချွန် အထွတ်တတ်တဲ့ ကျောင်းတော်မှာ ပဉ္စမ၀ါ ကပ်တော်မူခဲ့ပါတယ်။
(၆) မကုဋတောင် ချယားတောကျောင်းမှာ ဆဋ္ဌ၀ါ ကပ်တော်မူခဲ့ပါတယ်။
(၇) တာဝတိံသာနတ်ပြည် ပင်လယ်ကသစ်ပင်ရင်း ခင်းထားတဲ့ ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာထက်မှာ အဘိဓမ္မာတရားတော်များကို ဟောကြားတော်မူကာ သတ္တမ၀ါ ကပ်တော်မူခဲ့ပါတယ်။
(၈) ဘဂ္ဂတိုင်း သုသုမာရဂိရ ပြည်ကို အမှီပြုပြီး သားတို့ကို ဘေးမဲ့ပေးရာဖြစ်တဲ့ ပဲစင်းခုံတော (တနည်း= ဘေသကဋ္ဌာအမည်ရှိတဲ့ ဘီလူးမ စိုးအုပ်တဲ့ တောအုပ်)မှာ အဋ္ဌမ၀ါ ကပ်တော်မူခဲ့ပါတယ်။
(၉) ကောသမ္ဗီကို အမှီပြုပြီး ဃောသိတာရုံကျောင်းတိုက်မှာ န၀မ၀ါ ကပ်တော်မူခဲ့ပါတယ်။
(၁၀) ပါလိလေယျကတောအုပ်(ပလလဲတောအုပ်)မှာ ပလလဲဆင်မင်းရဲ့ ပြုစုလုပ်ကျွေးမှုကို ခံယူတော်မူကာ ဒသမ၀ါ ကပ်တော်မူခဲ့ပါတယ်။
(၁၁) နာဠအမည်ရတဲ့ ပုဏ္ဏားရွာကို အမှီပြုပြီး နာဠိကာရုံကျောင်းတိုက်မှာ ဧကာဒသမ၀ါ ကပ်တော်မူခဲ့ပါတယ်။
(၁၂) ဝေရဉ္ဇာပြည်ကို အမှီပြုပြီး၊ နဠေရု ဘီလူးအုပ်စိုးတဲ့ တမာပင်အနီးမှာ ဒွါဒသမ၀ါ ကပ်တော်မူခဲ့ပါတယ်။
(၁၃) စာလီပြည် ဇန္တုရွာကို အမှီပြုပြီး၊ စာလီယတောင်ကျောင်းမှာ တေရသမ၀ါ ကပ်တော်မူခဲ့ပါတယ်။
(၁၄) ကောသလတိုင်း သ၀တ္ထိပြည်ကို အမှီပြုပြီး၊ ဇေတ၀န်ကျောင်းတိုက်မှာ စုဒ္ဒသမ၀ါ ကပ်တော်မူခဲ့ပါတယ်။
(၁၅) သက္ကတိုင်း ကပိလ၀တ်ပြည်ကို အမှီပြုပြီး၊ နိဂြောဓာရုံကျောင်းမှာ ပန္နရသမ၀ါ ကပ်တော်မူခဲ့ပါတယ်။
(၁၆) အာဠ၀ီပြည်ကို အမှီပြုပြီး၊ အဂ္ဂါဠ၀ နတ်ကွန်းကျောင်းတိုက်မှ သောဠသမ၀ါ ကပ်တော်မူခဲ့ပါတယ်။
(၁၇) မဂဓတိုင်း ရာဇဂြိုလ်ပြည်ကို အမှီပြုပြီး၊ ဝေဠုဝန်ကျောင်းတိုက်မှာ သတ္တရသမ၀ါ ကပ်တော်မူခဲ့ပါတယ်။
(၁၈-၁၉) စာလီယပြည် ဇန္တုရွာကို အမှီပြုပြီး၊ စာလီယတောင်ကျောင်းမှာ အဋ္ဌာရသမ၀ါ ၊ ဧကူန၀ီသတိမ၀ါ ကပ်တော်မူခဲ့ပါတယ်။
(၂၀) မဂဓတိုင်း ရာဇဂြိုလ်ပြည်ကို အမှီပြုပြီး ဝေဠုဝန်ကျောင်းတိုက်တော်မှာ ၀ီသတိမ၀ါ ကပ်တော်မူခဲ့ပါတယ်။
ဒါက ပဌမဗောဓိ ၀ါတော်(၂၀)အတွင်း ၀ါကပ်တော်မူခဲ့တဲ့နေများပါ။
(၂၁-၂၄) ၂၁ ၀ါမှစကာ ၂၄၀ါအထိ ၄၄ ၀ါတိုင်အောင် ကောသလတိုင်း သာဝတ္ထိပြည်ကို အမှီပြုပြီး၊ ဇေတ၀န်ကျောင်းတိုက်တော်နဲ့ ပုဗ္ဗာရုံကျောင်းတိုက်တော်တို့မှာ ၀ါကပ်တော်မူခဲ့ပါတယ်။
နောက်ဆုံး ၄၅ ၀ါမြောက်ကိုတော့ ပရိနိဗ္ဗာန်စံခါနီး ဝေသာလီပြည် ဝေဠုဝရွာငယ်မှာ နောက်ဆုံး ပဉ္စစတ္ထာလီသမ၀ါ ကပ်တော်မူခဲ့ပါတယ်ဆိုတာ ဖြေကြားပေးလိုက်ပါတယ်။
(မဟာဗုဒ္ဓ၀င်၊ တတွဲ၊ နှာ၁၆၁-၁၆၃)


Read more...

အမျိုးပျောက်မှာ စိုးကြောက်ပါတော့သည်...



အမျိုးပျောက်မှာ စိုးကြောက်ပါတော့သည်...

လူမျိုးခြား ဘာသာခြားတွေနဲ့ အိမ်ထောင်ပြုမိကြတဲ့
ဗုဒ္ဓဘာသာ မြန်မာ မိန်းကလေးတွေ အနေနဲ့
မိမိတို့ဘက်က ဘာသာရေးနဲ့ ပါတ်သက်လာရင်
ဘယ်လောက်အထိ ဆုံးရှုံးနစ်နာမှု ရှိသလဲဆိုတာ
ဥပဒေရှုထောင့်မှ ရှင်းလင်းပြတ်သားစွာ မြင်နိုင်အောင်
မီးမောင်းထိုးပြထားပါတယ်...


Read more...

ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသော် လက်အုပ်ချီခြင်းငှါ ခံထိုက်၏...

သီလသုတ်

ရဟန်းတို့ တရားငါးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် (အရပ်ဝေးမှ) ဆောင်လာ၍သော်လည်း ပေးလှူ ပူဇော်အပ်သော အလှူကို ခံထိုက်၏၊ ဧည့်သည်တို့ အလို့ငှါ စီမံထားသော ဝတ္ထုကို ခံထိုက်၏၊ တမလွန်အတွက် ရည်မျှော်သော အလှူကို ခံထိုက်၏၊ လက်အုပ်ချီခြင်းငှါ ခံထိုက်၏၊ သတ္တဝါ အပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေဖြစ်၏။

အဘယ်ငါးမျိုးတို့နည်းဟူမူ -
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည်

စောင့်ထိန်းမှု 'သီလ' နှင့် ပြည့်စုံ၏၊
တည်ကြည်မှု 'သမာဓိ' နှင့် ပြည့်စုံ၏၊
သိမှု 'ပညာ' နှင့် ပြည့်စုံ၏။
ကိလေသာမှ လွတ်မြောက်မှု အရဟတ္တဖိုလ် နှင့် ပြည့်စုံ၏။
အရဟတ္တဖိုလ်ကို သိသော ဉာဏ်အမြင် 'ပစ္စဝေက္ခဏာဉာဏ်' နှင့် ပြည့်စုံ၏။

ရဟန်းတို့ ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် အရပ်ဝေးမှ ဆောင်လာ၍ သော်လည်း ပေးလှူ ပူဇော်အပ်သော အလှူကို ခံထိုက်၏၊ ဧည့်သည်တို့ အလို့ငှါ စီမံထားသော ဝတ္ထုကို ခံထိုက်၏၊ တမလွန် အတွက် ရည်မျှော်သော အလှူကို ခံထိုက်၏၊ လက်အုပ်ချီခြင်းငှါ ခံထိုက်၏၊ သတ္တဝါ အပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေဖြစ်၏ ဟု မိန့်တော်မူ၏။ 107

၇ - သီလသုတ်၊ ဖာသုဝိဟာရဝဂ်၊ ပဉ္စကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


Read more...

ဆောင်းပါးအမှတ်စဉ်-၁

ဓမ္မစေတီ၏ဟောတရားထဲကအမှားတွေအကြောင်း
(ဘုရားဖြစ်ခန်းဟောပြောချက်များကြောင့်
ဘာသာရေးစာပေကြီးတစ်ခုလုံးမှားယွင်းသွားပြီမို့ နိဗ္ဗာန်နှင့်လွဲကြပြီ)

(ဆောင်းပါးအမှတ်စဉ်-၁)


''အဲဒါတွေကိုထောက်၍-
(၁) ပဋိစ္စသမုပ္ပါဒ်ဖြင့် ဘုရားဖြစ်။ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာဖြစ်။
(၂) သတိပဋ္ဌာန်လေးပါးဖြင့် သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ၊ ဘုရားဖြစ်။
(၃) ဥပါဒါနက္ခန္ဓာငါးပါးကို ဖြစ်ပျက်ရှုပြီး ဘုရားဖြစ်။

အခု - ပဋိစ္စသမုပ္ပါဒ်၊ သတိပဋ္ဌာန်၊ ဥပါဒါနက္ခန် (၃)ခုကို ညှိနှိုင်းဟောကြားမည့် ဓမ္မကထာဖြစ်လေသောကြောင့် အခု တတိယနည်းဖြစ်တဲ့ ထေရဝါဒ ဒဿန သမ္ပဒါနည်းက ဥပါဒါနက္ခန္ဓာငါးပါးကို ဇောင်းပေးပြီး ကိုင်ပါတယ်။

''ပဋိစ္စသမုပ္ပါဒ်ကိုသိပြီး ဘုရားဖြစ်တော်မူခဲ့တယ်။
''မဟာသတိပဋ္ဌာန်လေးပါး တစ်ပါးပါးကို အားထုတ်၍ ဘုရားဖြစ်တော်မူခဲ့တယ်။
အကုန်လုံးဟာ ပါဠိတော် အဋ္ဌကထာ ဋီကာတွေမှာ ရှိပြီးသားတွေပါပဲ။ ခုဒ္ဒကနိ ကာယ်၊ ဗုဒ္ဓဝင်အဋ္ဌကထာ။ သံယုတ္တနိကာယ်၊ နိဒါနဝဂ္ဂသံယုတ္တအဋ္ဌကထာ။ ဒီဃနိကာယ်၊ သတိပဋ္ဌာန်သုတ် အဋ္ဌကထာ။ မဟာဝဂ္ဂပါဠိတော်၊ ဗြဟ္မသုတ်။ ဒီလို ဒီဃနိကာယ်၊ သံယုတ္တနိကာယ်၊ ခုဒ္ဒကနိကာယ် အကုန်လုံး ညှိနှိုင်းပြီး ဟောကြားခဲ့ပါပြီ။

အခု ဒီဃနိကာယ်၊ မဟာပဒါနသုတ်မှာ (ပ) ဝိပဿီမြတ်စွာဘုရားသည် ဥပါဒါ နက္ခန္ဓာငါးပါးတို့အပေါ်မှာ ဖြစ်ပျက်ရှုပြီး နေထိုင်တော်မူတယ်။
(ဣတိ ရူပံ၊ ဣတိ ရူပဿ သမုဒယော၊ ဣတိ ရူပဿ အတ္ထင်္ဂမော၊ ဒါကတော့ ရူပုပါဒါနက္ခန္ဓာပဲ။ ဣတိ ဝေဒနာ၊ ဣတိ ဝေဒနာယ သမုဒယော၊ ဣတိ ဝေဒနာယ အတ္ထင်္ဂမော။ ဒါက ဝေဒနုပါဒါနက္ခန္ဓာပဲ။ ဒါက ဝေဒနုပါဒါနက္ခန္ဓာရဲ့အကြောင်း၊ ဒါက ဝေဒနုပါဒါနက္ခန္ဓာရဲ့ ချုပ်မှုသဘော။ ရုပ်ရယ်၊ ရူပုပါဒါနက္ခန္ဓာရယ်၊ ရူပုပါဒါနက္ခန္ဓာရဲ့ အကြောင်းရယ်။ ရူပုပါဒါနက္ခန္ဓာ ဖြစ်လာတယ်။ ရူပုပါဒါနက္ခန္ဓာပျက်သွားတာရယ်။ အဲဒီလိုရှိပါတယ်။ ခန္ဓာငါးပါး သုံးချက်စီဆိုတော့ ဆယ့်ငါးပါး။ ဆယ့်ငါးခု။ လွယ်လွယ်ပါ။ သိပ်မများပါဘူး (ပ)

ဥပါဒါနက္ခန္ဓာ-၅-ပါးမှာ စွဲလမ်းစရာ ရုပ်ကလေး ပေါ်လာတယ်။ ပေါ်မှန်းသိလိုက်။ သူဘာကြောင့် ပေါ်သလဲ- အကြောင်းကလေးကို သိလိုက်။ သူချုပ်ငြိမ်းသွားတာကို သိလိုက်။ သုံးခုကိုသိရင် သုံးငါးလီဆယ့်ငါး။ အဲဒီ ဆယ့်ငါးလောက်ပဲ သိလိုက်။ အများကြီး မသိနဲ့အုံး။
(မြတ်စွာဘုရားရှင်သိအပ်သောတရား။ ဗွီစီဒီခွေ။)

စိစစ်ချက်။ ။အထက်ပါခွေကို ပြုစုထားသည့် စာမူမှာ စာမျက်နှာ(၁၉)ပါရှိရာ စာမျက်နှာ (၁၂) မှာ အထက်ပါစာစု ပါရှိကြပါသည်။ ယင်းတရားခွေပါ စာတို့ကို ဝေဖန်ပြပေးပါရန် စာရေးသူထံလာပို့ပြီး အကူအညီတောင်းသူက တောင်းလာပါ သည်။ အစမှနေအဆုံးထိအောင် ဖတ်ကြည့်ပါသည်။ ဟုတ်မှန်သော တရားသားက နည်းနည်း ကလေးမျှသာ ပါရှိပြီး မဆိုင်တာတွေက များစွာပါရှိကြောင်းတွေ့ရပါသည်။

ဥပမာအားဖြင့် မဆိုင်တာတွေကို ထုတ်ဆောင်ပြရလျှင်

(က) ''စာသင်မခက်- စာတတ်ခက်။ စာတတ်မခက်- စာကြည့်ခက်။ စာကြည့်မခက်- စာညှိခက် ဆိုတာ ဒါ ပြောတာ။ ကျမ်းကို ညှိပြီး စာသင်တာပဲ။ သင်တိုင်းမတတ်ဘူး။ တတ်တော့တတ်တာပဲ။ တတ်တိုင်း မကြည့်တတ်ဘူး။ ကြည့်တော့ကြည့်တယ်။ ဒါပေမယ့် တစ်ကျမ်းတည်း ပြောရုံပဲ နားလည်တယ်။ ကျမ်းမညှိတတ်ဘူး။ ဘုန်းကြီးတို့က ကျမ်းကိုးကျမ်းကားနဲ့ ပညာရှင်များ ဆရာတော် သံဃာတော်များ လေ့လာနိုင်အောင်၊ သုတေသနပြုချင်တဲ့ စာရေးဆရာတွေ ဓမ္မကထိကတွေ။ ဒီလို အရှင်ဘုရားတွေအတွက် ရည်ရွယ်ပြီး လွယ်လွယ် ကူကူရှာနိုင်ရအောင် ဓမ္မစေတီတို့က ကျမ်းကိုးကျမ်းကားကလေးနဲ့ ပြောတာပါ။ လူသားများအတွက် အဲဒီကျမ်းကိုးကျမ်းကားတွေက မလိုအပ်ပါဘူး။
(၎င်းစာမျက်နှာ- ၃။)

(ခ) ''အချို့ပါဠိတွေတော့ ဘုန်းကြီးတို့က စာမျက်နှာ တိတိကျကျ အလွတ်ပြောနိုင်ပါတယ်။ တချို့ကိုကြည့်ပြီးမှ ပြောနိုင်ပါတယ်။ အကုန်လုံးလဲ အလွတ်မရပါဘူး။ ဝန်ခံပါတယ်။ ဒီလောက်စာမျက်နှာများတဲ့ဟာတွေကို အရင်တုန်းကတော့ အကုန်နီးနီး ခေါင်းထဲမှာ ထည့်ထားတယ်။ အခုတော့ အကုန်မထည့်နိုင်ပါဘူး။ ထည့်စရာတွေလဲ မလိုတော့ဘူး။ ခေတ်မီပစ္စည်းတွေ ပေါ်လာတာဖြစ်ခြင်းကြောင့် ပါဠိအဋ္ဌကထာ ဋီကာတော်တော်များများကို ခပ်စောစောက အာဂုံဆောင်ခဲ့ပါတယ်။ အဲသလို အာဂုံဆောင်ရမယ့်ခေတ် မဟုတ်တော့ပါဘူး။ ဦးနှောက်ထဲမှာရှိတဲ့ မန်မိုရီချပ်ကလေးတွေ လေးကုန်မှာစိုးလို့။ အရင်တုန်းခေတ်တွေကတော့ ဘုန်းကြီးတို့က ဒီပါဠိတွေရပြီသားပါ။ (ပ) သို့သော် တိတိကျကျကလေးဖြစ်ချင်လို့ ကျမ်းဂန်ကို ကြည့်ပြီးတော့ (ကွန်ပျူတာနဲ့) ပြောပါတယ်။ အခြားသူ ရှာချင်တဲ့ပုဂ္ဂိုလ်အတွက် စာမျက်နှာ ညွှန်းလိုက်ရင် မှားသွားမှာ စိုးလို့။ (၎င်းစာမျက်နှာ -၄။)

(ဂ) ''ဗုဒ္ဓရဲ့ ဗုဒ္ဓဝင်တွေ၊ ဗုဒ္ဓရဲ့ဇာတ်လမ်းတွေ၊ ဗုဒ္ဓဟောတဲ့ ဒေသနာတော်တွေကို ဒီကနေ့ နားထောင်ကောင်းရုံ စာရေးသားလို့။ ဒါက စီးပွားရေး။ ဘာသာရေး အနေနဲ့ တရားဟောမယ်။ ကျောင်းဆောက်မယ်။ နာမည်ကြီးရုံနဲ့တော့ အဲလိုလုပ်ရင်တော့ အဓိပ္ပါယ်မရှိဘူး။ (ပ) ''ဆွမ်းသင်္ကန်းကျောင်းဆေးတွေဟာ ပစ္စည်းတွေဟာ တရားဟော လာရင် ပိုပြီးတော့ ဝင်ငွေကောင်းတယ်။ ပိုပြီးတော့ အခြေအနေကောင်းတယ်''ဆိုတဲ့ စိတ်ဓာတ်နဲ့ ဟောရင်တော့ဖြင့် ဒီတရားတွေဟာ ဘာအဓိပ္ပါယ်မှ မရှိပါဘူး။ ဒီစာပေတွေကို ရေးရင် ဘာအဓိပ္ပါယ်မှ မရှိပါဘူး။ ဘုန်းကြီးတို့လဲ ကိုယ်တိုင် ဖတ်ဖူးတယ်။ ''ခင်ဗျား- ကဗျာမရေးတော့ဘူးလား ဆိုတော့ လွယ်လွယ်ကူကူ ပိုက်ဆံရတဲ့ ဘာသာရေး ဆောင်းပါးဆရာပဲ လုပ်တော့မယ်''လို့ ရေးထားပါတယ်။ အော် - မကောင်းလိုက်တာ။ ကဗျာတစ်ပုဒ်မှားသွားတာ ဘာမှမဖြစ်ဘူး။ (ပ) ဒါပေမယ့်ဘာသာရေးစာပေကြီး တစ်ခုလုံုံးမှားသွားရင်တော့ဖြင့် နိဗိဗ္ဗာန်နဲ့ လွဲသွားပြီ- အပါယ်အထိ ကျသွားနိုင်ပါတယ်။ ဒါကြောင့်မို့လို့ ဘာသာရေးစာက မလွယ်ပါဘူး။ အခုကြည့်ပါ။ (၎င်း စာမျက်နှာ ၉-၁ဝ။)

(ဃ) ''နိကာယ်ငါးရပ် ညှိခြင်းကိစ္စ ပြီးပါပြီ။ ဒါ့ကြောင့်မို့ ဒဿနသမ္ပဒါနည်းပဲ ပြောပြော။ ပဋိစ္စသမုပ္ပါဒ်ကိုသိ၍ ဘုရားဖြစ်တယ်ပဲဆိုဆို။ သတိပဋ္ဌာန်လေးပါးကို သိပြီးဘုရားဖြစ်တယ်ပဲပြောပြော။ ဥပါဒါနက္ခန္ဓာ ၅-ပါးကို မြင်ပြီး ဘုရားဖြစ်တယ်ပဲ ပြောပြော။ အကုန်လုံးအတူတူ။ (ပ) သန္ဓေတောထွက် ဓမ္မစက် လမြတ်လဝါဆိုလို့ ဆိုသောကြောင့် သန္ဓေယူသောလ၊ တောထွက်သောလ၊ ဓမ္မစေတီဆရာတော် ကတော့ နိုင်ငံခြားကိုသွားတဲ့လ။ လန်ဒန်၊ သြစတြေးလျ၊ ယူအက်စ်အေတို့ကို ဝါတွင်း သွားပါတယ်။ ဒါ့ကြောင့် ဓမ္မစေတီအနေနဲ့ပြောရင်နိုင်ငံခြားသို့ ထွက်ခွာသောလ- အမှတ်တရ။ (၎င်းစာမျက်နှာ - ၁၉။)

စိစစ်ချက်။ ။အထက်ပါ(က)(ခ)(ဂ)(ဃ)တို့ကြိုကည့်လျှင်တရားမဟုတ်ကုန်သော ဝေဖန်ရေးများနှင့် ကြွားဝါချက်များ၊ အထင်ကြီးအောင် လုပ်ယူထားချက်များ ဖြစ်နေကြကြောင်း ထင်ရှားလှပါသည်။

ဘုရားဖြစ်ပုံမှာ-
(၁) ''အထ မဟာပုရိသောပိ တံ သမာရံ မာရဗလံ (ပ) ဝိဒ္ဓံသေတွာ (ပ) ပစ္စူသသမယေ သဗ္ဗဗုဒ္ဓါနံ အာစိဏ္ဏေပစ္စယာကာရေ ဉာဏံ သြတာရေတွာ အာနာပါန စတုတ္ထဇ္ဈာနံ နိဗ္ဗတ္တေတွာ တမေဝ ပါဒကံ ကတွာ ဝိပဿနံ ဝဍ္ဎေတွာ မဂ္ဂပဋိပါဋိယာ အဓိဂတေန စတုတ္ထမဂ္ဂေန သဗ္ဗကိလေသေ ခေပေတွာ သဗ္ဗဗုဒ္ဓဂုဏေ ပဋိဝိဇ္ဈိတွာ သဗ္ဗဗုဒ္ဓါ စိဏ္ဏံ - 'အနေကဇာတိသံသာရံ (ပ) ခယမဇ္ဈဂါ'တိ ဥဒါနံ ဥဒါနေသိ။ (ဗုဒ္ဓဝံ၊ ဋ္ဌ၊ ၃၄ဝ။)

(၂) ''သဗ္ဗဗောဓိသတ္တာ ဟိ အာနာပါန စတုတ္ထစ္ဈာနတော ဝုဋ္ဌာယ ပစ္စယာကာရေ ဉာဏံ သြတာရေတွာ တံအနုလောမ ပဋိလောမံ သမ္မသိတွာ ဗုဒ္ဓါ ဟောန္တီတိ ပဋိပါဋိယာ သတ္တသုတ္တေသု ဗုဒ္ဓဝိပဿနာနာမ ကထိတာ။
(နိဒါနဝဂ္ဂသံယုတ္တ၊ ဋ္ဌ၊ ၂၁။)

ထပ်မံစိစစ်ချက်။ ။အထက်ဖော်ပြပါ အဋ္ဌကထာတို့ကို ထောက်၍

(၁) ပဋိစ္စသမုပ္ပါဒ်ဖြင့် ဘုရားဖြစ်ဟူ၍ ဓမ္မစေတီက ဟောပါသည်။ ယင်းဟောချက် သည် မှန်ပါသလော သို့မဟုတ် မှားပါသလောဆိုတာကို သိမြင်နိုင်ရန် အထက်ဖော်ပြပါ အဋ္ဌကထာကို အစဉ်အတိုင်း မြန်မာပြန်ပြပါ့မည်။
(၁) ထိုသို့ မာရ်နတ်လည်းပြိုကျ ၊ မာရ်နတ်ပရိတ်သတ်တို့လည်း ပြန့်ကျဲသွားရာ အခါ၌ ဘုရားလောင်းသည်လည်း မာရ်နတ်နှင့် မာရ်နတ်ပရိသတ်တို့ကို ကိုယ်တော်၏ (ခန္တီ၊ မေတ္တာ၊ ဝီရိယ၊ ပညာ-အစရှိကုန်သော) ပါရမီတို့၏ အာနုဘော်ဖြင့် ဖျက်ဆီးပြီး၍ ပထမယာမ်၌ ပုဗ္ဗေနိဝါသကို အစဉ်အောက်မေ့တော် မူပြီး - မဇ္ဈိမယာမ်၌ ဒိဗ္ဗစက္ခုကို သုတ်သင်ပြီး - မိုးသောက်ယံ(အရုဏ်ဦး)၌ ''ဘုရားရှင်မှန်သမျှတို့၏ လေ့ကျက်အပ်ရာဖြစ်သော ပစ္စယာကာရ =ပဋိစ္စသမုပ္ပါဒ်၌ ဉာဏ်ကိုသက်ဝင်စေပြီး- ''အာနာပါန စတုတ္ထဈာန်ကို ဖြစ်စေပြီး-ထိုအာနာပါန စတုတ္ထဈာန်ကိုပင် အခြေခံထား၍ ဝိပဿနာကို တိုးပွားစေပြီး မဂ်အစဉ်ဖြင့် ရအပ်သော အရဟတ္တမဂ်ဖြင့် ကိလေသာအားလုံးကို ကုန်စေပြီးလျှင်- ဘုရားရှင်မှန်သမျှတို့၏ ဂုဏ်တော်တို့ကို ထိုးထွင်း သိမြင်ပြီး၍ ဘုရားရှင်မှန်သမျှတို့၏ အလေ့အကျင့်ဖြစ်သော 'အနေကဇာတိ'ဥဒါန်းတော်ကို ကျူးရင့်ခဲ့ပေပြီ။

(၂) 'ချဲ့ဦးအံ့။ ဗောဓိပလ္လင်တော်၌ ထိုင်နေတော်မူကြကုန်သော ဘုရားလောင်းမှန်သမျှတို့အား တစ်ပါးသော သာမဏက (သို့)ဗြာဟ္မဏက (သို့)ဒေဝက (သို့)မာရက (သို့)ဗြဟ္မာက ''အတိတ်ကာလက ဘုရားလောင်းတွေဟာ ပစ္စယာကာရ= ပဋိစ္စသမုပ္ပါဒ်ကို သုံးသပ်ပြီးလျှင် ဘုရားဖြစ်ခဲ့ကြတာပဲ''ဟူ၍ မဟောနိုင်ပါသော်လည်း ကမ္ဘာဦးကာလ မိုးရွာချခဲ့ရာ ယင်းရေ၏ စီးရာလမ်းအတိုင်းပင် နောက်နောက်မိုးရေ ရွာချသမျှ စီးတတ်သကဲ့သို့
ထို့အတူ အတိတ်ကာလက ဖြစ်တော်မူကြသည့် ထိုထိုဘုရားတို့ ကြွသွားအပ်သောလမ်းစဉ် (ပစ္စယာကာရ) ဖြင့်သာလျှင် နောက်နောက်ဘုရားတို့ ကြွတော်မူကြသည်။ မှန်လှ၏။ ဘုရားလောင်းမှန်သမျှတို့သည် ''အာနာပါန စတုတ္ထဈာန်မှ ထတော်မူပြီး- ''ပစ္စယာကာရ= ပဋိစ္စသမုပ္ပါဒ်၌ ဉာဏ်ကိုသက်ဝင်စေပြီး- ထိုပစ္စယာကာရ= ပဋိစ္စသမုပ္ပါဒ်ကို အနုလုံ ပဋိလုံ သုံးသပ်တော်မူပြီး- ဘုရားဖြစ်ကြသည်။ ဤသို့လျှင် ဘုရားခုနှစ်ဆူတို့၏ (၇) သုတ်တို့၌ ဗုဒ္ဓဝိပဿနာမည်သည်ကို အစဉ်အားဖြင့် ဟောအပ်၏''။

အထက်ပါဘာသာပြန်များမှာ အပိုထည့်ထားသည့် မဟုတ်မမှန်စကားလုံး တစ်လုံးမျှ မပါကုန်။ လိုနေအောင် ချန်ထားသည့် စကားလုံးလည်း တစ်လုံးမျှ မပါကုန်။ ထိုကြောင့် လိုသလိုချဲ့ကား၍ မလိုသလို ရောမွှေ ထားခြင်း လုံးဝမရှိ သော မူရင်းအစစ်ဘုရားဖြစ်ပုံဟူ၍ ရဲရဲ ရင့်ရင့် မှတ်ယူနိုင်ပါကြောင်း တာဝန်ယူ၍ ကတိပြုပါသည်။

ဘုရားဖြစ်ပုံအစီအစဉ်(၅)ချက်
(၁) ပဋိစ္စသမုပ္ပါဒ်၌ ဉာဏ်သက်ဝင်စေခြင်း၊
(၂) အာနာပါန စတုတ္ထဈာန်ကို ဖြစ်စေခြင်း။
(၃) ဝိပဿနာကို တိုးပွားစေခြင်း။
(၄) အရဟတ္တမဂ်ဖြင့် ကိလေသာအားလုံး ကုန်စေခြင်း။
(၅) ပထမအရဟတ္တဖိုလ်ခဏ၌ သဗ္ဗညုတာဉာဏ်ကို ရရှိတော်မူခြင်း။
ထို(မဂ်-ဖိုလ်)ခဏအတွင်းမှာပင် ''ဘုရား'' ဖြစ်သည်။

တစ်နည်းမှာ
(၁) အာနာပါန စတုတ္ထဈာန်ကို ဖြစ်စေခြင်း၊ ပြီး၍ ထိုဈာန်မှ ထတော်မူခြင်း။
(၂) ပစ္စယာကာရ(ပဋိစ္စသမုပ္ပါဒ်)၌ ဉာဏ်သက်ဝင်စေခြင်း။
(၃) ဝိပဿနာကို တိုးပွားစေခြင်း။ (သမ္မသိတွာ-ဖြင့် ဝိပဿနာကို ဆိုသည်)။
(၄) (၅) နှစ်ချက် တိုက်ရိုက်မပါသော်လည်း အတူတူသာတည်း။
ဤသည်တို့ကို ထောက်၍ (၁) 'ပဋိစ္စသမုပ္ပါဒ်ဖြင့် ဘုရားဖြစ်'' ဟူသော ဟောပြောချက်ကို အပြည့်အစုံမှန်သော အမှန်ဟူ၍ လုံးဝမမှတ်ထိုက်ပေ။

အာနာပါနစတုတ္ထဈာန်နှင့် သတိပဋ္ဌာန်မပါသော ပဋိစ္စသမုပ္ပါဒ်သက်သက်ဖြင့် ဘုရားဖြစ်သည်ဟူ၍ မရှိ။

ဝိဘဇ္ဇ၀ါဒီ

Read more...

မည်းညစ်ဖြူစင်တရားတော်



079-BLACK&WHITE.mp3 -

Read more...

ကမ္ဘာ့ အကောင်းဆုံး ဘာသာရေးဆု ဗုဒ္ဓဘာသာက ရရှိ



ယခုနှစ်အတွက် International Coalition for the Advancement of Religious and Spirituality (ICARUS) အဖွဲ့က ပေးအပ်တဲ့ ကမ္ဘာ့အကောင်းဆုံး (သို့မဟုတ်) လွတ်လပ်မှု အရှိဆုံး ဘာသာရေးဆုကို ဗုဒ္ဓဘာသာ အဖွဲ့အစည်းက ရရှိသွားတဲ့ သတင်းပါ။ မသိရှိသေးတဲ့ စာဖတ်ပရိတ်သတ်များ သိရှိစေရန် မူရင်း (ဒီဆိုက်မှာ) ဖော်ပြထားသည့် အတိုင်း တင်ပြလိုက်ပါတယ်။

Wednesday July 15, 2009

In advance of their annual Leading Figure award to a religious figure who has done the most to advance the cause of humanism and peace, the Geneva-based International Coalition for the Advancement of Religious and Spirituality (ICARUS) has chosen to bestow a special award this year on the Buddhist Community. "We typically prefer an under-the-radar approach for the organization, as we try to embody the spirit of modesty found in the greatest traditions," said ICARUS director Hans Groehlichen in a phone conference Monday. "But with organized religion increasingly used as a tool to separate and inflame rather than bring together, we felt we had to take the unusual step of creating a "Best Religion in the World" award and making a bit of a stir, to inspire other religious leaders to see what is possible when you practice compassion."

Groehlichen said the award was voted on by an international roundtable of more than 200 religious leaders from every part of the spiritual spectrum. "It was interesting to note that once we supplied the criteria, many religious leaders voted for Buddhism rather than their own religion," said Groehlichen. "Buddhists actually make up a tiny minority of our membership, so it was fascinating but quite exciting that they won."

Criteria included factors such as promoting personal and community peace, increasing compassion and a sense of connection, and encouraging preservation of the natural environment. Groehlichen continued "The biggest factor for us is that ICARUS was founded by spiritual and religious people to bring the concepts of non-violence to prominence in society. One of the key questions in our voting process was which religion actually practices non-violence."

When presenting the information to the voting members, ICARUS researched each of the 38 religions on the ballot extensively, offering background, philosophy, and the religions role in government and warfare. Jonna Hult, Director of Research for ICARUS said "It wasn't a surprise to me that Buddhism won Best Religion in the World, because we could find literally not one single instance of a war fought in the name of Buddhism, in contrast to every other religion that seems to keep a gun in the closet just in case God makes a mistake. We were hard pressed to even find a Buddhist that had ever been in an army. These people practice what they preach to an extent we simply could not document with any other spiritual tradition."

At least one Catholic priest spoke out on behalf of Buddhism. Father Ted O'Shaughnessy said from Belfast, "As much as I love the Catholic Church, it has always bothered me to no end that we preach love in our scripture yet then claim to know God's will when it comes to killing other humans. For that reason, I did have to cast my vote for the Buddhists." And Muslim Cleric Tal Bin Wassad agreed from Pakistan via his translator. "While I am a devout Muslim, I can see how much anger and bloodshed is channeled into religious expression rather than dealt with on a personal level. The Buddhists have that figured out." Bin Wassad, the ICARUS voting member for Pakistan's Muslim community continued, "In fact, some of my best friends are Buddhist." And Rabbi Shmuel Wasserstein said from Jerusalem, "Of course, I love Judaism, and I think it's the greatest religion in the world. But to be honest, I've been practicing Vipassana meditation every day before minyan (daily Jewish prayer) since 1993. So I get it."

Groehlichen said that the plan was for the award to Buddhism for "Best Religion in the World" to be given to leaders from the various lineages in the Buddhist community. However, there was one snag. "Basically we can't find anyone to give it to," said Groehlichen in a followup call late Tuesday. "All the Buddhists we call keep saying they don't want the award." Groehlichen explained the strange behavior, saying "Basically they are all saying they are a philosophical tradition, not a religion. But that doesn't change the fact that with this award we acknowledge their philosophy of personal responsibility and personal transformation to be the best in the world and the most important for the challenges facing every individual and all living beings in the coming centuries."

When asked why the Burmese Buddhist community refused the award, Buddhist monk Bhante Ghurata Hanta said from Burma, "We are grateful for the acknowledgement, but we give this award to all humanity, for Buddha nature lies within each of us." Groehlichen went on to say "We're going to keep calling around until we find a Buddhist who will accept it. We'll let you know when we do."


ဂုဏ်တက်အောင် လုပ်ဖို့ထက်၊ ရှိပြီးသား ဂုဏ်ကို ထိန်းသိမ်းဖို့က ပို၍ ခက်၏။


ကိုယ်ယုံကြည်လို့ ကိုယ်ကိုးကွယ်တဲ့ ဘာသာကို ကိုယ့်ကြောင့် ဂုဏ်မတက်ချင်နေပါစေ၊ ကိုယ့်ကြောင့် ဂုဏ်သိက္ခာမကျအောင် ကြိုးပမ်းကြပါစို့. . . .



Read more...

မြန်မာပြည်မှ အမိန့်ရ အေးဓားပြ ပြင်ပ အထူးကုဆေးခန်းများ

မြန်မာပြည်မှ အမိန့်ရ အေးဓားပြ ပြင်ပ အထူးကုဆေးခန်းများ

အမြင်
ရွှေလမ်းငွေလမ်းဝင်းကြည်


အင်း… ဒီကိစ္စ ဒီအကြောင်းလေးကို မရေးချင်ပေမဲ့ ဘလော့မိတ်ဆွေ http://anam308.blogspot.com
အနမ်းရဲ့ ၀မ်းနည်းကြောင်းလေးကို ဖတ်ရလို့ ဇာတ်လမ်းတစ်ပုဒ် အဖြစ် ရွေးထုတ်တင်ပြလိုက်မိပါ တယ်ကွယ်။ ကျမ်းမာရေးအတွက် လူတိုင်းအထူး သံဝေဂယူကြစေချင်ပါတယ်။


ကျွန်တော့်ရဲ့ ညီလေးက လည်ချောင်းကင်ဆာနဲ့ အဆုတ်ရောဂါနှစ်မျိုး ခံစား နေရတာပါ။ ပထမအကြိမ် အဆုတ်ရောဂါက တစ်နှစ်တိတိဆေးထိုး၊ ဆေးစားနဲ့ ကုသလို့ ပျောက်ကင်းခဲ့ပါတယ်။ လည်ချောင်းကင်ဆာကိုတော့ မသေခင်(၂)လ အလိုကမှ သိခဲ့ရပါတယ်။ မစားနိုင်တာကတော့(၆)လလောက် ခံစားခဲ့ရပါတယ်။ ကင်ဆာလို့ ဆေးစစ်သိရချိန်မှာ ယခင်က အဆုတ်ရောဂါပါ ပြန်လည်တွေ့ရှိရပါတယ်။

နယ်မှာ ကုမရတော့ ဆရာဝန်ကြီးများညွှန်ကြားစာနဲ့ ပထမအကြိမ် မန္တလေးဆေးရုံကြီးကို သွားရောက်ကုသပါတယ်။ သက်ဆိုင်ရာ ဆရာဝန်ကြီးက ပြင်ပအထူးကုဆေးခန်းမှာဆိုတော့ အဲဒီဆေးခန်းကို သွားရောက်ပြသရပါတယ်။ လည်ချောင်းက အစာ၊ရေ လုံးဝမမြိုနိုင်တော့ ဗိုက်ခွဲပြီး ပိုက်တပ်ရမယ်၊ အစာသွင်းရမယ်၊ အားပြည့်လာရင် လည်ချောင်းကို ချဲ့မယ်။ပြီးရင် ဓာတ်ကင်ကြမယ် လို့ပြောပါတယ်။ ဒီပြင်ပအထူးကုဆေးခန်းမှာ စုစုပေါင်း ကုန်ကျငွေ(၆)သိန်း ကုန်ပါမည်။ (စားစရိတ်၊ကားခများမပါသေးပါ)။ ကုန်စရာငွေ မတတ်နိုင်ကြောင်း ရင်ဖွင့် ပြောရပါတယ်။ ဒါကြောင့် အဲဒီဆရာဝန်ကြီးက မန္တလေးတိုင်းဆေးရုံကြီးကို တက်ရန် လက်မှတ်ရေးထိုးပေးပါတယ်။ ငွေမတတ်နိုင်ကြောင်း ပြောလို့ တိုင်းဆေးရုံမှ စိုက်ထုတ် ကုသပေးရန် ပြောပါတယ်။ ဒါပေမဲ့ ဗိုက်ခွဲခါနီးမှာ ကျွန်တော့ညီက မခွဲရဲတော့ပါ။ ကြောက်တာရယ်၊ ခွဲပြီး(၂)လ (၃)လ နေရရင် မဖြစ်ဘူး ဆိုပြီး ပြန်ဆင်းလာခဲ့ပါတယ်။ မန္တလေးတိုင်းရင်းဆေးရုံကြီးကို ပြောင်း၍ တက်ရောက်ကုသပါတယ်။ အနည်းငယ် သက်သာလာ ခဲ့ပါတယ်။ သက်သာလို့ နယ်အိမ်ကိုပြန်ဆင်းလာခဲ့ပါတယ်။ အစာက ဆန်ပြုပ် ခပ်ကျဲကျဲ ကိုသောက်နိုင်လာပါတယ်။မန်းမှာ (၂၅)ရက်လောက်ကြာခဲ့ ပါတယ်။

အိမ်ပြန်ရောက်တော့ တစ်ပါတ်လောက်နေပါတယ်။ ရောဂါများ မသက်သာပြန်လို့ ရန်ကုန်မြို့ကိုဆင်းကုကြပြန်တယ်။ ပြသမဲ့ဆရာဝန်ကြီးက ပြင်ပ အထူးကုဆေးခန်းမှာဆိုတော့ သူရှိရာကို လိုက်လံပြသခဲ့ပါတယ်။ ဆရာဝန်ကြီးက ဒီပြင်ပဆေးခန်းမှာ လုပ်ရင် ငွေကုန်ကြေးကျများမယ်၊ ငွေ(၁၀)သိန်းလောက်ကုန်လိမ့်မယ်သိရပါတယ်။ ဒါကြောင့် ရန်ကုန် ဆေးရုံကြီးကို တင်ပေးလိုက်ပါတယ်။ အထူးကူညီပေးရန်စာလည်း ရေးပေး လိုက်ပါတယ်။ ငွေကုန်ကြေးကျလည်း တော်တော်သက်သာပါတယ်။ ဗိုက်ခွဲ၍ ပိုက်တပ်ပြီး အစာ၊ဆေးများကို သွင်းပေးပါတယ်။ တစ်ပါတ်လောက်ကြာတော့ ဆေးရုံကဆင်းပေးပါတယ်။ (၂၃)ရက်နေ့ ပြန်ပြသရန်ပြောပါတယ်။ မသက်သာရင် ရန်ကုန်(သို့မဟုတ်) တောင်ကြီးကို ပို့ပြီးကုပေးမယ် ပြောပါတယ်။ ဒါကြောင့် နယ်က အိမ်ကိုပဲပြန်လာပါတယ်။

အိမ်ပြန်ရောက်တော့ တီဘီဆေးကို ပိုက်ကပဲ နံနက်(၅)နာရီအချိန်မှန် နေ့စဉ်သွင်းပေးပါတယ်။ အစာကို တစ်ရက်(၄)ကြိမ် ပိုက်ကပဲ သွင်းပေးရပါတယ်။ (၄)(၅)ရက်အတွင်း လူကတော်တော်လေး မာလာပါတယ်။ ပြောနိုင်၊ဆိုနိုင်၊သွားနိုင်၊လာနိုင်ကြီးပါ။ အဲ တစ်ညနေမှာ ဗိုက်ဖေါက်တပ်ထားတဲ့ ပိုက်က ကျွတ်ထွက်လာပါတော့တယ်။ အစာတွေ အပေါက်က ပန်းထွက်လာပါတယ်။ အရေးပေါ် မော်တော်ဆိုင်ကယ်နောက်က တင်စီးပြီး မြို့ထဲက မိသားစုဆရာဝန်ဆေးခန်းကို သွားပါတယ်။ ဆေးခန်းကပိတ်ထားတာကို တွေ့ရပါတော့တယ်။ ဒါနဲ့ အဲဒီဆေးခန်းနဲ့ကပ်လျှက်(……..) နာမည်သုံးလုံးပါတဲ့ ပြင်ပအထူးကုဆေးခန်းကြီးကို အားကိုး တကြီးနဲ့ ၀င်လိုက်မိပါတော့တယ်။ ဆေးခန်းနာမည်ကိုတော့ မပြောလိုတော့ပါဗျာ..။

ဆရာဝန်ကို သွားခေါ်နေတာက တစ်နာရီလောက်ကြာမယ်။ ရောက်လာပြန်တော့ ဟိုလူငေါက်၊ ဒီလူငေါက်နဲ့ပါ။ ကဲလာ ခွဲရမယ်..ပြောပါတယ်။ လူနာ ဆေးခန်းကိုရောက်တာက ညနေ(၆)နာရီပါ။ ကုန်ကျငွေကို သိပါရစေ ဆိုတော့ (၃)(၄)သိန်းကျမယ်။ လုပ်မှာလား၊ မလုပ်ဘူးလား၊ မလုပ်ရင် တိုင်းဆေးရုံကြီးကိုသွား။ လာမဲ့အပါတ် အင်္ဂါနေ့မှ ခွဲရမယ်။ (၅)ရက်စောင့်နေရမယ်ဟု ပြောနေပါတယ်။ ဒါနဲ့ ငွေကိုရအောင်ရှာရမှာပဲ လူက အရေးကြီးပါတယ်။ ခွဲပါဆရာရယ် လို့တောင်းပန်ပြီးအပ်လိုက်ပါတယ်။ ဒါတောင် သူ့ရှေ့မှာ တစ်ယောက်ရှိနေသေးတယ်။ စောင့်ရပါဦးမယ်ပြောလို့ စောင့်နေရပါတယ်။ ည(၁၁)နာရီမှာ ကျွန်တော့်ညီကို ခွဲစိတ်ခန်းထဲကထွက်လာရပါတယ်။

လူနာမှာ အစာမစားနိုင်တာရယ်၊ အရင်ရန်ကုန်ဆေးရုံကြီးမှ ခွဲတဲ့ချုပ်ရိုးဖြီထားရတော့ အသား မကျက်သေးပါ။ အဲဒီဘေးက ဓါးတစ်ကြောင်းရာ ထပ်ခွဲရတာဆိုတော့ တော်တော်လေးကို ခံစားနေရပါတော့တယ်။ မျော့မျော့လေးသာ နေရပါတော့တယ်။ (အော် ..လူနာရဲ့ ခံနိုင်ရည်အားကို မကြည့်ပဲ သူတို့ ငွေရရေးကိုသာ အထူးအလေးထားကြတာကိုး) ဟု စဉ်းစားမိပါတော့တယ်ဗျာ..။ လူနာ မေ့ဆေးပြေတော့ သူတို့ဗိုက်ခွဲပြီးတပ်ပေးတဲ့ပိုက်ကနေ ဆေးသွင်းပါတယ်။ မရတော့ပါ။ ခဲရာခဲစစ် နာရီဝက် တစ်ခါသွင်းပါမှ နည်းနည်းသာ ၀င်ပါတော့တယ်။တာဝန်ခံဆရာမကိုသွားပြောတော့(ကျမတို့ဆေးခန်းမှာ ဒါမျိုးကေ့စ်မလုပ်ဘူးပါတဲ့။ ဗိုက်ကိုထပ်ခွဲပြီး အထဲကပိုက်ကိုပြန်ပြင်ရမည်ဟု ပြောပါတယ်။ မလုပ်ပါနဲ့ဗျာ..ငွေထပ်မကုန်သော်လဲ လူနာက ယဲ့ယဲ့လေးသာကျန်ပါတော့တယ်..ထပ်တော့ မခွဲပါရစေနဲ့လို့တောင်းပန်ရပါတော့တယ်..။)။ ခွဲပေးသော ဆရာဝန်ကြီးကလည်း တစ်ရက် တစ်ခေါက်လာကြည့်သော်လည်း လူနာကို လုံးဝကိုင်မကြည့်ပဲ ဆရာဝန်ကြေးငွေ(၂၀၀၀) ကျပ်ပေးရပါတယ်။ ပြောသွားတဲ့ စကားကလည်း (ကျူပ်တာဝန်က ခွဲပြီးပြီ.. ကျန်တာကို သမားတော် လာကြည့်လိမ့်မယ်…။) တဲ့ဗျာ….။ တစ်ရက်ထက် တစ်ရက် လူနာက အစာမ၀င်တော့ ပိုဆိုးလာပါတော့တယ်..။ အကြောင်းမထူးတော့ပါ။ အထူးကုဆေးခန်းက မလိုအပ်ပဲ ၀ယ်ထားရတဲ့ဆေးတွေနဲ့ ငွေတောင်းတဲ့ ဘောက်ချာစာရွက်တွေကသာ လူနာကို တစ်ကိုယ်လုံး လုံအောင် ခြုံလို့ပေးရင်ရပါတော့မည်….။အထူးကုဆေးခန်းက ဆေးဝယ်ရတဲ့ ဈေးနှုန်းတွေကလည်း အပြင်ဆေးဆိုင်တွေထက် တစ်ဝက်ပိုများနေပါတယ်။ (၃)ရက်မြောက်နေ့မှာ အခြေအနေ မကောင်းတော့ လူနာကို ဆေးရုံပေါ်ကအတင်းဆင်းခိုင်းလိုက်ပါတယ်..။ နေ့(၃)နာရီမှဆေးရုံကဆင်းပြီး အိမ်ရောက် တော့ ညနေ(၆း၃၀)နာရီမှာ ကျွန်တော့ညီလေး သေဆုံးသွားပါတော့တယ်…..။

ကျွန်တော် ဘယ်သူ့ကိုမှတော့ အပြစ်မဆိုချင်တော့ပါ။ ညီလေးရဲ့ ကံတရား..အကျိုးပေးကိုက ကိုယ်ချင်းစာစိတ်မရှိ၊(ငွေရရှိရေးကိုသာ အဓိကထားကြတဲ့) ဗြဟ္မာစိုရ်တရားခေါင်းပါးသူတွေ လောကမှ အမြန် လွတ်ထွက်သွားပြီ.. ဟုသာခံစားတင်ပြလိုက်ရပါသတည်း။


လူတိုင်း၊လူတိုင်း ကျမ်းမာနေစဉ် အသေတတ်၊ အနေတတ်စေမဲ့ တရားတွေဖြင့် နာယူ၊ ကျင့်ကြံ နိုင်ကြပါစေ….။



ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊အောက်တိုဘာလ(၁၉)ရက်၊နေ့(၁း၄၀)နာရီတွင် ရေးပါသည်။

Read more...

သင်ဘာရည်ရွက်ချက်နဲ့ လူဖြစ်နေသလဲ


အားလုံးသော လူတိုင်း လူတိုင်းကိုပေါ့ ဘာရည်ရွက်ချက်နဲ့ လူဖြစ်နေသလဲ?
လူဖြစ်ရခြင်းရဲ့ ရည်ရွက်ချက်က ဘာလဲ? လို့မေးရင် တိကျမှန်ကန်စွာ
ဖြေနိုင်ဖို့တော့ ခက်ခဲမယ် ထင်ပါရဲ့

ဥပမာ ဆိုပါစို့
လူတစ်ယောက်ကို မေးမယ် သူက ဆရာဝန်ကြိးလုပ်မယ်
တစ်ယောက်က အင်ဂျင်နီယာ၊ တစ်ယောက်က ဂျာနယ်လစ်
တစ်ယောက်က သတင်းစာဆရာ ဘာ ညာ စသဖြင့်ပေါ့
သူတို့တွေ အားလုံးရဲ့ ရည်ရွက်ချက်တွေ မတူညီတာကို တွေ့ရပါလိမ့်မယ်
တူညီမူ့ မရှိဘဲ ထွက်လာပါလိမ့်မယ်။
ကဲ ဒီလိုဆိုရင် လူတစ်ထောင်ရှိရင် ရည်ရွက်ချက် တစ်ထောင်ထွက်လာနိုင်တာပေါ့နော်။

လူသားတိုင်းမှာ မရှိမဖြစ်တဲ့ ရည်ရွယ်ချက် ရှိသင့်တာပေါ့
အဲဒီ ရည်ရွက်ချက်က လူသားအားလုံးနဲ့ ဆိုင်တဲ့ common ဖြစ်တဲ့ ရည်ရွက်ချက်
ဖြစ်ရမယ်။
အဲဒီရည်ရွက်ချက်က ဘာလဲဆိုလို့ရှိရင် တို့များရဲ့ ဗုဒ္ဓ ဘုရားရှင်က ဟောထားပါတယ်။
အားလုံးလဲ သိကြ၊ ရဖူးကြမှာပါ ပရိတ်ကြိးထဲက ရတနာ့သုတ်ထဲမှာ ပါပါတယ်။
လောကတ္ထစရိယ၊ ဥာတတ္ထစရိယ၊ ဗုဒ္ဓတ္ထစရိယာတိ တိေဿာ စရိယာယော......လို့

လောကတ္ထစရိယ- ဆိုတာ
ချစ်သူ၊ မုန်းသူ၊ လူကောင်း၊ လူဆိုး၊ ဝေးသူ၊ နီးသူ၊ ဖြူသူ၊ မဲသူ၊ ကိုးကွယ်တဲ့ ဘာသာအမျိုးမျိုး
အသားအရောင် အမျိုးမျိုး၊ လူမျိုးအထွေထွေ ဘယ်မျက်နှာမှ မကြည့်ဘဲနဲ့ အသက်ရှိသတ္တ၀ါ အားလုံးရဲ့
ကောင်းကျိုးကို ငါဆောင်ရွက်မယ် ဆိုတဲ့ ရည်ရွက်ချက်ကို လောကတ္ထစရိယ လို့ဆိုပါတယ်။
ဒီလူ့အကျိုးတော့ ငါဆောင်ရွက်မယ်၊ ဟိုလူ့အကျိုးတော့ ငါမဆောင်ရွက်ဘူး ဒီလို မဟုတ်ဘဲ
အလွန်ကျယ်ပြန့်တဲ့ ရည်ရွယ်ချက် နံပါတ် တစ် လောကတ္ထစရိယ
အားလုံး သေသည်အထိ နှလုံးသားထဲမှာ စွဲနေအောင် မှတ်ထားစေချင်ပါတယ်။
တလောက်ကလုံးအတွက် မတတ်နိုင်ရင် နည်းနည်းလေး လျှော့လိုက်
ဒုတိယက ဥာတတ္ထစရိယ တဲ့

ဥာတတ္ထစရိယ- ဆိုတာ
ဆွေမျိုးများ၊ မိတ်ဆွေများ အတွက် အကျိုးစီးပွား ဖြစ်အောင် အားထုတ်ခြင်း၊
(၁) တစ်တိုင်းလုံး တစ်ပြည်လုံးမှာရှိတဲ့ လူသားအားလုံးတို့ရဲ့ အကျိုးစီးပွားကို
ငါဆောင်ရွက်မယ်။
(၂) အဲဒီလောက် မလုပ်နိုင်ရင် ဘယ်လောက်လုပ်မလဲ ကိုယ့်ရပ် ကိုယ့်ရွာက ကိုယ့်ဆွေကိုယ့်မျိုး များရဲ့
အကျိုးစီးပွားအတွက် ငါဆောင်ရွက်မယ်။
ရည်ရွယ်ချက် နှစ်ပါးနော် အဲဒီရည်ရွယ်ချက် နှစ်ပါးစလုံးက ပရဟိတ တွေချည်းပဲ။

ဗုဒ္ဓတ္ထစရိယ- ဆိုတာ
မြတ်ဗုဒ္ဓကတော့ သူ့အတွက် ဗုဒ္ဓ ဖြစ်ဖို့ဆိုတော့ “ဗုဒ္ဓတ္ထစရိယ” လို့ ပြောတာနော်
အဲဒါကို ဦးဇင်းတို့ စာဖတ်သူတို့နဲ့ ကိုက်ညီအောင် စကားလုံးပြောင်းပြီး ပြောရမယ်
အတ္တတ္ထ စရိယ” လို့
အတ္တတ္ထ စရိယ - မိမိ ကိုယ်ကျိုးစီးပွားအတွက်နော်
ငါသည် လောကလူသားအားလုံးရဲ့ အကျိုးစီးပွားအလို့ငှါ လူဖြစ်လာတာ လောကတ္ထစရိယ
အဲဒီလောက် မတတ်နိုင်ဘူး ဆိုရင်
ငါသည် ငါ့ရပ် ငါ့ရွာရဲ့ အကျိုးစီးပွါးအတွက် လူဖြစ်လာတာ ဥာတတ္ထစရိယ
အဲဒီ ရည်ရွယ်ချက် နှစ်ပါးကို ဆောင်ရွက်နိုင်ဖို့အတွက် လူသားတစ်ယောက်သည် ဘာလုပ်ရမလဲ
အတ္တတ္ထ စရိယ - မိမိရဲ အကျိုးစီးပွါး ပြည့်စုံအောင် ဆောင်ရွက်ရမယ်။
အတ္တတ္ထ စရိယ- ကိုယ်ကျိုး စီးပွားလို့ဆိုလိုက်လို့ စာဖတ်သူတို့ တစ်မျိုး သွားပြီးတော့ စိတ်မကူးနဲ့နော်
ငါတိုက်ဆောက်ဖို့ ကားစီးဖို့ အရင်လုပ်ရမယ် ဆိုတာမျိုး သွားမတွေးနဲ့
အဲဒါ ပြောတာ မဟုတ်ဘူး ကိုယ်ကျိုးစီးပွားဆိုတာ
မိမိကိုယ်တိုင် ကိုယ်ကျင့်တရားနှင့် ပြည့်စုံဖို့၊ သီလ နဲ့ပြည့်စုံဖို့ အရင်လုပ်ရမယ်လို့
ဆိုလိုတာ သီလ ဆိုတော့ ဒို့ သီလမတတ်နိုင်ဘူးလို့ ဒီလို သွားမတွက်နဲ့

သီလဆိုတာ ဘာလဲ လို့မေးရင်
Bodily discipline and Verbal discipline.
This is Sila.

Bodily discipline- ဆိုတာ ကိုယ်၏ စည်းကမ်း၊
Verbal discipline- ဆိုတာ ပါးစပ်စည်းကမ်း အဲဒါကို သီလ လို့ခေါ်တယ်။

ပါဏာတိပါတာ ဝေရမဏိ- အသက်ရှိသတ္တ၀ါတွေကို မသတ်ဘူး
Not to kill any living beings.

အဒိန္နာဒါနာ ဝေဒမဏိ- ပိုင်ရှင် မပေးတဲ့ပစွည်း ဘာမှ မယူဘူး၊
Not to take anything, not given by owner.

Not to do sexual misconduct -သူတပါးသားမယားကို မဖျက်စီးဘူး
လိင်နဲ့ပတ်သက်တဲ့ မှားယွင်းတဲ့ အကျင့်ကို မကျင့်ဘူး ဒါတွေဟာ ကာယကံ စည်းကမ်း၊

နောက် ဒုတိယ က
Verbal discipline- ပါးစပ်စည်းကမ်း
မုသာဝါဒါ ဝေဒမဏိ -မဟုတ်မမှန်တဲ့ စကားကို မပြောဘူး
I undertake the precept not telling lie.
ရှင်းအောင် ထပ်ပြောကြစို့
ဘုန်းကြိးပြော ပြောမယ်ဆိုရင်ပေါ့
မုသာဝါဒါ၊ ပိသုဏ၀ါစာ၊ ဖရုသ၀ါစာ၊ သမ္ပပ္ပလာပ၀ါစာ လို့လာပါတယ်။
ဒါကို ခေတ်နဲ့ ကိုက်ညီအောင် ပြောရရင်

Must be true
မှန်တာကို ပြော၊ မှန်တိုင်းလဲ ပြောရမလား ဆိုတော့ မှန်တိုင်းလဲ မပြောနဲ့တဲ့ မှန်တာတွေ အကုန်လျှောက်ပြော
နေလို့ ဖြစ်တာ မဟုတ်ဘူး မဟုတ်လား။

Must be honest
ရိုးရိုးသားသား ပြော၊ ရိုးသားတဲ့ စိတ်နဲ့ပြောတဲ့

Must be polite
ယဉ်ယဉ်ကျေးကျေးပြော တဲ့ ဒီလောက်နဲ့ ဒီစကားဟာ လုံလောက်ပြီလားဆိုရင် မလုံလောက်သေးဘူး

Must be beneficial for others and oneself.
မိမိအတွက်ရော သူတစ်ပါးအတွက် အကျိုးဖြစ်မယ့် စကားကို ပြောရမယ်။

Must be harmonious
ညီညွတ်ရမယ် တစ်ယောက်နဲ့ တစ်ယောက် ရန်ဖြစ်ရမယ့် စကားမျိုးတွေ သွားမပြောနဲ့ ချစ်ခင်နေတဲ့
လူနှစ်ယောက် ကွဲသွားအောင် သွားမပြောနဲ့ ကွဲနေတဲ့လူကို စေ့စပ်တဲ့ စကားမျိုးပဲပြောတဲ့

Must be pleasant
နားချမ်းသာ အောင်ပြောရမယ်

စကားအရာ အင်္ဂါခြောက်ပါးနော် နှလုံးသားထဲမှာ စွဲနေအောင် ဖတ်ပါ မှတ်သားပါ
ထိုကဲ့သို့ စကားကို ကောင်းစွာပြောခြင်းသည် ဘာ မင်္ဂလာ ဖြစ်သလဲ ဆိုရင်
မင်္ဂလ သုတ်ထဲမှာ ပါပါတယ်
သုဘာသိတာစ ယာဝါစာ ဧတံမင်္ဂလ မုတ္တမံ ဆိုတာ ဘယ်လောက်ကောင်းသလဲ
စကားကိုကောင်းစွာ ပြောခြင်းသည် သုဘာသိတ မင်္ဂလာ ဖြစ်နေတယ်တဲ့
ဘယ်လောက် လူတွေနဲ့ ဆက်စပ်တဲ့ အဆုံးအမ တွေကို မြတ်ဗုဒ္ဓ ဆုံးမတော် မူထားသလဲ?

ကိုးကား
သီတဂူ ဆရာတော် ဘုရား၏
တောင်ကြိးတက္ကသိုလ်တွင် ဟောကြားအပ်သော တက္ကသိုလ် ဓမ္မသဘင်မှ တရားတော်များကို
မှီငြမ်းရေးသားပါသည်။

အရှင်ဝရသာမိ
http://www.sbay-student.org/
http://www.dhammaanalysis.multiply.com/


Read more...

တရားကျင့်သူများအတွက် မှာတမ်း


တရားကျင့်လတ်၊ ယောဂီမြတ်တို့၊
သိမှတ်ဖို့ရာ ၊ အချက်မှာကား၊
မြတ်စွာဗုဒ္ဓ ၊ သုံးလူ့ဘ၏၊
ဓမ္မရသာ၊ ရတနာသည်၊
လွန်စွာမျိုးမှန် ၊ အဖိုးတန်၏။

မဂ်ဖိုလ် နိဗ္ဗာန်၊ အမြန် ရောက်လို၊ ယောဂီ ပျိုတို့၊
ဝန်တို နည်းပါး၊ သဒ္ဓါ များလျက်၊ စကား မပေါ၊ သဘော စဉ်ဖြူ၊
ငြူစူ ကင်းကွာ၊ အဘိဇ္ဈာဖြင့်၊ မ၀ါ မကြွား၊ မပါ့ လွှားပဲ၊
တရားသက်ဝင်၊ အပြစ် စင်အောင်၊ ဆင်ခြင် တိုင်းထွာ၊ နေကြရာ၏။
လေ့လာတရား၊ မထင်ရှားပဲ၊ လူများရှေ့မှာ၊ ပါပိစ္ဆာဖြင့်၊
ကြွားဝါ လေပင့်၊ ဘ၀င်မြင့်လျက်၊ လာဘ်ပွင့်စေကြောင်း၊ မပြောကောင်းရှင့်။

ကံကောင်းထောက်ပင့်၊ ပါရမီ ရင့်၍ ၊ ထိုက်သင့် သလောက်၊ အမြင်ပေါက်လည်း၊
စိန်ကျောက်ပမာ၊ လျှို့ဝှက်စွာဖြင့်၊ ပြောရာ ပြောသင့်၊ အခါခွင့်နှင့်၊
ပြောသင့်သူသာ၊ ပြောကြားရာ၏။

မြတ်စွာသေဋ္ဌ်နင်း၊ တရားမင်းက၊ သားရင်း တို့ကို၊ သနားပို၍၊
မဂ်ဖိုလ်အနီး၊ အထင်ကြီးအောင်၊ ရီးတီး ယားတား၊
ငါ့ချစ်သားတို့၊ ၀ါကြွား လစ်ခြွေ၊ မပြောလေနှင့်၊
အဖေဗုဒ္ဓ၊ စက်ဆုပ်လှဟု၊ ၀ိနယ ပညတ်၊ သတိချတ်ဖို့၊
သိမှတ်စေရန်၊ မိန့်တော် ပြန်သည်၊ ဝေဖန်အကျယ် သိလေတည်း။ ။

လင်္ကာရေးစပ်သူ - အမည်မသိ ရှေးပညာရှင်များ
ကျမ်းကိုး။ ကန္နီနည်း ၀ိပဿနာကျင့်စဉ်ကျမ်း

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP