* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Monday, October 19, 2009

သီတဂူစတားလေ့လာရေးမှတ်တမ်း (၄)



ကျောင်းသားအားလုံး နံနက်စာ စားအပြီး ဒေ၀ါလီပါတီ မစမီ ဟိုနားဒီနားလျှောက်ကြည့်ကြသည်၊ တချို့လဲစကားတွေပြောကြသည်၊ တစ်ဆောင်တည်းမှာ အတူနေကြတယ်ဆိုပေမဲ့ သိပ်မရင်းနှီးကြ၊ မေးထူးခေါ်ပြောရုံလောက်သာရှိသည်။ ယခုအခါ တစ်ခရီးတည်းအတူသွားလာရသောအခါ ပိုပြီးရင်းနှီးလာသည်၊ စကားတွေလဲများများပြောဖြစ်သည်၊ အထူးသဖြင့်မတူတဲ့နိုင်ငံ ၊လူမျိုး၊ ဓလေ့ထုံးတမ်းအစဉ်အလာတွေနှင့်လာပြီး ပေါင်ဖက်မိသောအခါ အထူးအဆန်းလေးတွေ ဖြစ်လာသည်၊ အာဖရိကတိုက ကညာနိုင်ငံ ကညာအမျိုးသမီးနှစ်ယောက် သီတဂူစတားနှင့် ထိုင်းဘုန်းတော်ကြီးကို လာမိတ်ဆက်သည်၊ အထူးသဖြင့်ဓာတ်ပုံတွဲရိုက်ချင်သည်၊ သီတဂူစတားအား မေးခွန်းများစမေးပါတော့သည်၊ ဘယ်နိုင်ငံကလဲ------ မေးတော့ သီတဂူစတားက I am from Myanmar လို့ပြောတော့ နားမလည်၊ နောက်တစ်ခါ ပြောင်းပြီး ဖြေရသည်၊ I am from Burma ဟု ဖြေလိုက်မှ နားလည်သွားသည်၊ သီတဂူစတားတို့ အဲဒီအတွေ့အကြုံတော့ ကောင်းကောင်းရ နေပြီးဖြစ်သည်။ နောက်တစ်ခုမေးပြန်သည်၊ In your country do all of the people usually wear this dress? မင်းတို့နိုင်ငံကလူတွေအားလုံ ဒီလိုအ၀တ်ကို ၀တ်ကြတာလားဟု သင်္ကန်းကို လက်နှင့်ကိုင်ပြီးမေးပါသည်၊ No, this dress is for only monks. All lay people usually use dress as you wear. မဟုတ်ပါဘူး၊ လူတိုင်းမ၀တ်ပါဘူး၊ ဒီအ၀တ်ဟာ ရဟန်းတော်တွေ အတွက်သာဖြစ်ပါတယ်၊ သာမန်လူဝတ်ကြောင်တွေက မင်းတို့လို ၀တ်ကြပါတယ်။ Because I am a Buddhist monk, I usually wear this dress. ငါက ဗုဒ္ဓဘာသာ ရဟန်းတော်တစ်ပါးဖြစ်လို့ ဒီအ၀တ်ကိုဝတ်ရတာပါ။ သီတဂူစတားက ကျွန်ုပ်က ရဟန်းတစ်ပါးဟုပြောလိုက်သောအခါ ပိုစိတ်ဝင်းစားဟန်တူသည်၊ If so, what do monks do? အဲလိုဆိုရင် ရဟန်းတွေက ဘာလုပ်သလဲတဲ့၊ All of Monk have two duties namely, learning and teaching. I not only learn but also teach other people. တို့ရဟန်းတွေဆိုတာ အဓိကအားဖြင့် တာဝန် နှစ်ရက်ရှိတယ်၊ ၁-ကိုယ်ကိုတိုင်သင်ယူခြင်းနှင့် ၂-သူတပါးတွေအား ပြန်လည် သင်ပေးခြင်း ဟောပြောခြင်းပဲဖြစ်တယ်။ Oh!—Good! ဟုပြောကာ ခေါင်းငြိမ့်နေပါသည်။

God အကြောင်းမေး
နောက်မေးခွန်း= On diwali (dipawali), we are praying under God. He knows what we need. ငါတို့က God ထာဝရဘုရားဆီမှာ ဆုတောင်းတယ်၊အသနားခံတယ်၊ သူက ဒို့ဆုတောင်းတာကို နားလည်တယ်၊ သနားတယ်၊ ဒါကြောင့် လောကကြီးကိုဖန်တီးပေးတယ်။ What do you pray under God? သူဆိုလိုတာက မင်းတို့ ထာဝရဘုရားထံကနေ ဘာဆုတွေတောင်းသလဲပေါ့။ But Buddhism does not accept the existence of God. ဒါပေမဲ့ တို့ဗုဒ္ဓဘာသာက ထာဝရဘုရားရှိတယ်ဆိုတာကို လက်မခံဘူး။ ဘာလို့ဆိုတော့ ငါဥပမာပြောမယ်၊ Ok! I will explain you why Buddhism rejects the existence of God. I am going to ask you a question, now you have collected a lot of knowledge before you come here. Why have you got this much knowledge? မင်းကို မေးခွန်းတစ်ခုပြန်မေးမယ် ဥပမာကွာ မင်းအခု ဒီမလာခင်ကနှင့်စာရင် ဗဟုသုတတွေ အများကြီးရနေပြီ၊ အဲဒီဗဟုသုတတွေ ဘယ်လိုရလဲ။ Yes, I have hard study to get this knowledge. ငါကြိုးစားလို့ရတာပေါ့။ အဲလိုဆိုတော့ သီတဂူစတားရဲ့ လမ်းကြောင်းထဲဝင်လာပြီး၊ if so, is your knowledge not given by God? ဒါဆိုရင် မင်းရဲ့အသိဥာဏ်တွေက ထာဝရဘုရားကပေးတာမဟုတ်ဘူးပေါ့ဟု ပြန်မေးလိုက်သောအခါ တွေဝေသွားသည်။ မင်းရဲ့အသိဥာဏ်တွေဟာ ထာဝရဘုရားကပေးတာမဟုတ်ပါဘူး မင်းကိုယ်တိုင်ကြိုးစားလို့ရတာပါ၊ မင်းမလုပ်ဘဲနေရင် ဘာမှရလာမှာမဟုတ်ပါဘူး။ နောက်ဆက်ပြီး သီတဂူစတားက နမူနာတစ်ခုနှင့်ရှင်းပြလိုက်စဉ် ပန်းခြံလေ့လာဘို့ ခေါင်းဆောင်ကခေါ်သောအခါ၊ ကျေးဇူးတင်ပါတယ်၊ မင်းနဲ့စကားပြောလို့ကောင်းတယ်၊ နောက်အချိန်ရရင် မင်းနဲ့ထက်ဆွေးနွေးချင် ပါသေးတယ်ဟုပြောသွားကာ စကားဆက်ပြတ်သွားပါသည်။ သီတဂူစတားလဲ နောက်တစ်ကြိမ် သူနဲ့ဆွေးနွေးဘို့ မျော်လင့်ပါသည်၊ ကိုယ်ကိုတိုင်လဲ အင်္ဂလိပ်စကားပြောဖြစ်သည်၊ ဒီမလာခင်က ဒီလိုမေးခွန်းမျိုးကို ကိုယ်ကိုတိုင်အမေးခံပြီး ကိုယ်ကိုတိုင် တစ်ခါမှ မဖြေကြားခဲ့ဘူးပါ။ ဆွေးနွေးခြင်းသည် အသိဥာဏ်ကို ကျယ်ပြန့်စေသည်၊ အတွေးအခေါ် ပိုမိုရင့်လာစေပါသည်။ သီတဂူစတားသည် အိန္ဒိယရောက်မှ နိုင်ငံခြားသားများ အမေးခံရဖူးတာ (၄)ကြိမ်လောက်ရှိပြီ။ အိန္ဒယလူမျိုး၊ အီရန်အမျိုသမီး ၂ယောက်၊ အာဖရိကတိုက် ကညာကနိုင်ငံ အမျိုးသမီး၂ ယောက်နှင့် ကိုရီးယားက ကျောင်းသားတစ်ယောက်တို့ ဖြစ်သည်။ ကိုရီးယားဘုန်းတော်ကြီးနှင့် ထိုင်းနိုင်ငံက ဘုန်းတော်ကြီးတို့နှင့်တော့ မကြာမကြာ ဘာသာရေးအကြောင်းနှင့်ကိုယ့်ယဉ်ကျေးမှု သူ့ယဉ်ကျေးမှု အကြောင်းတို့ကို ဆွေးနွေးဖူးပါသည်။ တကယ်တော့ သီတဂူစတားသည် အလွန်စကားနဲသူ တစ်ယောက်ပါ၊ အဟောအပြောကလဲ မကောင်းတော့ စင်ပေါ်မတက်နိုင်ခဲ့ဘူးသေး၊ သို့သော် မေးလာလျင်တော့ အနဲအကျဉ်းတော့ ထွက်လာပါတယ်။ အနည်းငယ်သော သီတဂူစတားရဲ့ အတွေ့အကြုံလေးတွေပါ။

သီတဂူစတားလေ့လာရေးမှတ်တမ်း (၅)


Read more...

ကာမကို မှီဝဲမှုတို့သည် ဤသုံးပါးတို့တည်း...

ကာမူပပတ္တိသုတ်...

ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏၊ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်- ရဟန်းတို့ ကာမကို မှီဝဲမှုတို့သည် ဤသုံးပါးတို့တည်း၊

အဘယ်သုံးပါးတို့နည်း-

၁...
အမြဲထင်ရှားရှိသော ကာမကို မှီဝဲသူတို့ လည်းကောင်း၊

၂...
ကိုယ်တိုင် ဖန်ဆင်း၍ မွေ့လျော်တတ်သူ နိမ္မာနရတိနတ်တို့ လည်းကောင်း၊

၃...
သူတစ်ပါးတို့ ဖန်ဆင်းသော ကာမ၌ မိမိအလိုသို့ လိုက်စေသော ပရနိမ္မိတ ဝသဝတ္တီနတ်တို့ လည်းကောင်းတို့တည်း၊

ရဟန်းတို့ ကာမကို မှီဝဲမှုတို့သည် ဤသုံးပါးတို့တည်း၊ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏၊

ထိုသုတ်၌ ဤအနက်သဘောကို -
''အကြင် ပရနိမ္မိတဝသဝတ္တီနတ်တို့သည် သူတစ်ပါး ဖန်ဆင်းသော ကာမ၌ မိမိ အလိုသို့ လိုက်စေကုန်၏၊ အကြင် နိမ္မာနရတိနတ်တို့သည် ကိုယ်တိုင်ဖန်ဆင်း၍ မွေ့လျော်တတ်ကုန်၏၊ ဆိုခဲ့ပြီးသော နတ်တို့မှ တစ်ပါးကုန်သော အကြင်လူ အစရှိသော ကာမ ခံစားသူတို့သည် အမြဲထင်ရှားရှိသော ကာမကို မှီဝဲကုန်၏၊ ထိုသတ္တဝါအားလုံးတို့သည် ဤဘဝ တစ်ပါးသောဘဝဟု ဆိုအပ်သော သံသရာ ကို မလွန်နိုင်ကုန်။

ပညာရှိသည် ကာမ ခံစားသူတို့၌ ဖြစ်သော ထိုအပြစ်မျိုးကို သိ၍ နတ်၌ ဖြစ်သော ကာမလူ၌ဖြစ်သော ကာမအားလုံးတို့ကို စွန့်ပစ်ရာ၏။

ပညာရှိတို့သည် ချစ်အပ်သော သဘောရှိသော ရူပါရုံစသည်တို့၌ သုခဝေဒနာကို သာယာမှုဖြင့် တပ်မက်သော လူသာမန်တို့ လွန်မြောက်နိုင်ခဲသည့် တဏှာ အလျဉ်ကို အရဟတ္တမဂ်ဖြင့် ဖြတ်၍ အကြွင်းမဲ့ ငြိမ်းအေးကြကုန်ပြီ၊ အကြွင်းမဲ့ ဆင်းရဲမှ လွတ်မြောက်ကြကုန်ပြီ။ အရိယသစ္စာတရားကို သိမြင်ကုန်သော မဂ်ပညာဖြင့် သံသရာအဆုံးသို့ ရောက်ကုန်သော ပညာရှိတို့သည် (ကုသိုလ် ခန္ဓာစသည်ကို) ကောင်းစွာသိ၍ ဇာတိကုန်ရာ နိဗ္ဗာန်ကို ထူးသော အရဟတ္တမဂ်ဉာဏ်ဖြင့် သိသောကြောင့် တစ်ဖန် ဘဝသစ်သို့ မရောက်ကြရကုန်'' ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း-
မြတ်စွာဘုရားဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။ 95

၆ - ကာမူပပတ္တိသုတ်၊ ပဉ္စမဝဂ်၊ ဣတိဝုတ်ပါဠိတော်။ ခုဒ္ဒကနိကာယ်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


Read more...

ရဟန္တာကိုယ်တိုင်ရွတ်တဲ့ကဗျာ

ဆန္နာ မေ ကုဋိကာ သုခါ နိဝါတာ၊
ဝဿ ဒေ၀ ယထာသုခံ။
စိတ္တံ မေ သုသမာဟိတံ ၀ိမုတ္တံ၊

အာတာပီ ၀ိဟရာမိ ၀ဿ ဒေ၀။

(ထေရဂါထာပါဠိတော်)

မိုးကာလိုက်ပြီ ငါ့ေ
ကျာင်းလေး ချမ်းသာဆောင် လေကိုလည်း ရှောင်နိုင်ပေါ့၊
ရွာချင်သလိုသာ ရွာတော့ မိုး။

ငါ့စိတ်ဟာ တည်ငြိမ် လွတ်မြောက်၊
လုံ့လသည်းစွာ ငါနေသမို့ ရွာသာရွာပါ့ မိုး။

အရှင်သုဘူတိရဟန္တာကိုယ်တော်ကြီး ကြည်နူးရွှင်ပျစွာ ရွတ်ဆိုလိုက်တဲ့ ကဗျာပါ။
မိုးလေထန်
တဲ့ ရာသီကြမ်းကြမ်းထဲ အမိုးအကာလုံတဲ့ သူ့ရဲ့ သစ်ခက်တဲကျောင်းလေးကို ကြည့်ပြီး ရွတ်ဆိုမိတဲ့ကဗျာပေါ့။
ပါဠိလိုဆိုရင်တော့ ဂါထာအဖွဲ့ပေါ့လေ။
ညတုန်းက အိပ်ရာမ၀င်မီ ပိဋကတ်စာအုပ်စင်ကို မမှီမကမ်းလှမ်းဆွဲရင်း လက်ထဲပါလာတဲ့ ထေရဂါထာပါဠိတော်ကို လှန်လှောမိတဲ့အခါ အာသဝေါကင်းတဲ့ စိတ်နဲ့ ဖွဲ့သီထားတဲ့ အလှဆုံးကဗျာတွေကို တွေ့လိုက်ရတာပါ။ ရဟန္တာမထေရ်မြတ်တွေနဲ့ ထေရီမကြီးတွေ ရွတ်ဆိုသီဖွဲ့ကြ၊ ကျူးရင့်ကြတဲ့ နှောင်ကြိုးမဲ့ကဗျာတွေပဲဖြစ်ပါတယ်။
ပုထုဇဉ်ကဗျာဆရာဆိုရင် အာသဝေါတရားမူးမူးနဲ့သာ ရေးဖွဲ့ဖြစ်မှာဆိုတော့ ဘယ်လောက်လှတဲ့ ကဗျာပဲဖြစ်ဖြစ် လောကီအညှီနံ့လေးတော့ ရှိုက်မိပါသေးတယ်။
အာသဝ
တရားဆိုတာက ကာမအမူး၊ဘ၀အမူး၊ဒဿနအမူးနဲ့ အ၀ိဇ္ဇာအမူးတွေပါပဲ။အားလုံးသိကြတဲ့ အာသဝေါတရားလေးပါးပေါ့။

ပုထုဇဉ်တစ်ယောက်ရဲ့ နေ့စဉ်ရုန်းကန်ရခြင်းမှာ တစ်ခုခုနဲ့တော့ အမြဲတမ်းမူးနေတတ်ပါတယ်။
အရက်မသောက်လည်း မွေးရာပါမူးပြီးသား။
မူးကြပေါ့လေ။
ပုထုဇဉ်သွေးမကုန်ခင်မူးကြရတာကလား။
ဒါပေမယ့်
အမူးများရင်များသလောက် မှောက်တတ်တာဆိုတော့ ကိုယ်ဖြစ်ကိုယ်ခံပေါ့။
မှောက်လျက်လဲရင် ဇောက်ထိုးလည်း ကျတတ်ပါတယ်။

သုဘူတိကိုယ်တော်ကြီးကတော့ ရဟန္တာဆိုတော့ အာသဝေါအမူးပြေသွားပြီဆိုတော့ သမ္မာဒဿနအမြင်နဲ့ ကြည်လင်နေပါတယ်။ ရြတ္လိုက္တဲ့ ကဗ်ာေ
လးက ရိုးစင်းပါတယ်။ ဒါပေမယ့် အဲဒီကဗျာရဲ့ စကားလုံးလေးတွေ၊ပါဒလေးတွေကို အဖွင့်ကျမ်းတွေက ခုလို ခွဲစိတ်ဖြေပြမှသာ ရင်သပ်ရှုမောဖွယ် ကဗျာတစ်ပုဒ်ဖြစ်မှန်း အတွေးတိမ်တိမ်လေးက နက်သွားရတာပါ။

ခက်ဆစ်က ဒီလိုပါ။
အမိုးအကာ=၀ိပဿနာပညာ ၊မဂ်ဖိုလ်ပညာ
ကျောင်း =
ခန္ဓာကိုယ်အတ္တဘောဟူသောကျောင်း
ချမ်းသာ =ကိလေသာကြောင့်ဖြစ်သောဒုက္ခတို့မှ ကင်းခြင်းချမ်းသာ
လေ = ထောင်လွှားမှု မာနဟူသောလေ
ယစ်မူးမှု မဒဟူသောလေ
ခက်မာမှု ထမ္ဘဟူသောလေ
ချုပ်ချယ်မှု သာရမ္ဘဟူသော လေ
မိုး=ကိလေသာတရားများ
တည်ငြိမ်= မဂ်ဖိုလ်သမာဓိ
လွတ်မြော
က်=သံယောဇဉ်အားလုံးတို့မှလွတ်မြောက်မှုနိဗ္ဗာန်

ကိလေသာမိုးစက်များ ဘယ်လိုပဲ ရွာရွာ
ခန္ဓာဆိုတဲ့ကျောင်းလေးကို
ပညာဆိုတဲ့ အမိုးအကာနဲ့ လုံခြုံအောင်ထွေးပွေ့ထားလိုက်ပြီ။
မျက်စိနားနှာလျှာကိုယ်စိတ်ဆိုတဲ့ ယိုပေါက်တွေထဲက တိုးဝှေ့ရောက်လာမယ့် အာရုံတွေနဲ့ အပြိုင်တိုက်ခတ်မယ့် မာနအစရှိတဲ့ လေတွေ မတိုးဝင်နိုင်အောင် သတိ ၀ီရိယနဲ့ စောင့်ကြပ်ထားလိုက်ပြီ။
မဂ်ဖိုလ
်သမာဓိနဲ့ တည်ငြိမ်၊
လွတ်မြောက်မှုနိဗ္ဗာန်ကို ရရှိပြီ။
ကိလေသာမိုးစက်တွေ ရွာချင်သလိုသာ ရွာတော့။
မိုးမယိုမှတော့ မိုးမစိုနိုင်တော့ဘူးပ။

ကဗျာရဲ့ ပါဒေ
လးတွေကိုလည်း သိက္ခာသုံးရပ်နဲ့ စိတ်ဖြာကြပါသေးတယ်။
၁)မိုးကာလိုက်ပြီ ငါ့ကျောင်းလေး ချမ်းသာဆောင် မိုးကိုလည်းရှောင် ဆိုတဲ့ အပိုဒ်က သီလသိက္ခာ
၂)ငါ့စိတ်ဟာ တည်ငြိမ် ဆိုတဲ့ အပိုဒ်က သမာဓိသိက္ခာနဲ့
၃)လွတ်မြောက် ဆိုတဲ့ အပိုဒ်က ပညာသိက္ခာကို ရည်ညွှန်းပါသတဲ့။


ဒီကဗျာလေးမျိုးရွတ်နိုင်ဖို့တော့ အပေါက်တွေ ဖာထေးကြရဦးမှာပါ။
ပါရမီကနည်းနည်း အပေါက်က ပြဲပြဲ။
အိုဇုန်းလွှာပါးသလို သမာဓိကလည်း ခပ်ကြဲကြဲမို့။

ခက်တာက ယိုကျတဲ့မိုးတွေကို ချိုတယ်ဆိုပြီး မော့မော့သောက်မိတော့တာပါ။
တစ်ချို့ကတော့ တစ်ကိုယ်လုံးကို စိမ်ချိုးကြတော့တာကလား။

အရှင်ဘုရားရေ
နေတာတော့ ကွန်ကရိတိုက်ကျောင်းမှာပါ။
မိုးကတော့ မလုံးရေးချမလုံသေးပါကလား။

မစ္စတာအယ်လ်ဂိုးနဲ့ပေါင်းပြီး မသက်မသာအမှန်တရားဆိုတဲ့ နောက်ထပ်ဇာတ်ကားတစ်ကားရိုက်ရဦးမှာပါ။
ကမ္ဘာ့ရာသီဥတုထက် ကိုယ့်ခန္ဓာကိုယ်ပေါ်က ရာသီကိုတောင် မထိန်းချုပ်နိုင်သေးပါကလား။


Read more...

စာရိုက်ခြင်းဟာ ဘယ်ကံမြောက်ပါသလဲ

အမေး။ ။အရှင်ဘုရား….အွန်လိုင်းပေါ်ကနေ စာရိုက်ပြီး လူတစ်ယောက်ကို အပြစ်တစ်ခုခု ကျူးလွန်မိရင် ဘယ်ကံ မြောက်နိုင်ပါသလဲ။ လက်နဲ့ စာရိုက်ရတော့ ကာယကံလို့ ထင်မိပါတယ်ဘုရား။ တပည့်တော်အား ကာယကံ ဟုတ်မဟုတ် ဖြေကြားပေးစေလိုပါတယ်ဘုရား။
စုမြတ်စန္ဒီ
ဝါးခယ်မ

အဖြေ။ ။ အွန်လိုင်းပေါ် စာရိုက်တယ်ဆိုတာ စာပေရေးသားတာနဲ့ အတူတူပါပဲ။ ဒီပြဿနာမှာ စာရိုက်တာဟာ စုမြတ်စန္ဒီ ပြောသလို လက်နဲ့ စာရိုက်တဲ့အတွက် ကာယကံက အနည်းငယ်တော့ ပါပါတယ်။ ဒါပေမဲ့ “ဗာဟုလ္လ၀ုတ္တိတော” ၀စီဒွါရမှာ အများအားဖြင့် ဖြစ်တတ်တဲ့အတွက်အကြောင့် စာပေရေးသားခြင်းဟာ ၀စီဒွါရမှာ အများဆုံးဖြစ်တယ်လို့ ဖြေကြားပေးလိုက်ပါတယ်။
(သဂြိုလ်ဘာသာဋီကာ၊နှာ၊၃၇၇)


Read more...

ကမ္ဘာအရပ်ရပ်မှမြန်မာလူမျိုးများ၏ ပထမအကြိမ် စုပေါင်းမဟာဘုံကထိန် အကြို ဆွမ်းလောင်း







အရုဏ်ဆွမ်း - မုန့်ဟင်းခါး (အလှူရှင် .........)

နေ့ဆွမ်း
ဝက်သားဆီပြန်၊ ပဲနှပ်၊ သရက်ချဉ်၊ ငရုတ်သီးကြော်
(မဝါဝါခိုင်မင်း၊ ကိုရန်အောင်၊ JulyDream၊ ရွာသားလေး ဝိုင်တီယူတို့၏ နေ့ဆွမ်းအလှူရှင် မောင်နှမများအဖွဲ့၊ ဒေါ်နန်းသန္တာအောင်၊ ကိုဖြိုး+ကိုထက်)

ဆွမ်းထမင်း+ ပဲနှပ် - ကိုဖြိုး+ကိုထက်
ဆီ - ဒေါ်ချို (ဒေါ်ချို ကုန်မျိုးစုံ ရောင်းမျိုးစုံ ရောင်းဝယ်ရေး၊ မုံရွာမြို့)

ဆပ်ပြာမှုန့်၊ ဘောပင်၊ ခေါင်းရိတ်ဓား - ဆရာတော် ဦးလောကနာထ၊ အယ်ဆိုဘရန်တီ အလိုတော်ပြည့်ကျောင်း၊ အမေရိကန် ပြည်ထောင်စု

ဝေယျာဝစ္စဒါန

ဦးအာဒိစ္စ၊ ဦးပညာဝံသ၊ ဦးသုဇာတ၊
ဆရာလေး မစရဏမဉ္စရီ
ကိုညီညီ၊ ဒေါ်ဥမ္မာဌေး၊ ကိုဇော်၊ ကိုဇော်ထွေးဦး၊ ကိုဝေ၊ ကိုဂစ်တာ

မနက် ၅ နာရီ ၁၅ မိနစ်မှာ အရုဏ် မုန့်ဟင်းခါးဆွမ်း စကပ်နေပါပြီ။ စစချင်း သံဃာ အပါး ၁၀၀ ဘုဉ်းပေးနေပါတယ်။ ကိုဖြိုးနဲ့ ကိုထက်က ဆွမ်းလောင်းအတွက် ဝက်သား ၁၅ ပိဿာ ထပ်လှူတော့ ဒီနေ့ အာလူး ရောစရာ မလိုဘဲ ဝက်သားဆီပြန် ကပ်နိုင်သွားတယ်။ ကိုဖြိုးတို့က ဟင်းချက်ဖို့လဲ မန္တလေးက ဒကာလေးဦး လာပို့ပေးသွားတယ်။ ကထိန်အတွက် ရန်ကုန်က ရောက်လာတဲ့ ဒကာဒကာမတွေလဲ ဆွမ်းလောင်းမှာ ဝိုင်းစီမံပေးနေတယ်။

''ဆရာလေးတို့ ပဲထည့်ပေးပါဦး၊ ပဲ''
''ဆပ်ပြာမှုန့်ထုပ်တွေ စားပွဲပေါ် ထုတ်ပေးပါ.... ဒေါက်တာ''

''ဇိနောတန်း ပြီးသွားပြီ။ ကျန်တဲ့ သံဃာတွေ ဒီဘက်က ကြွပါဘုရာ့''
''ဒကာမကြီးတို့...ဆွမ်းလောင်းရအောင်''

မနက် ၆ နာရီမှာ အပါး ၂၀၀ ကျော် အရုဏ် ဘုဉ်းပေးပြီးတော့ မုန့်ဖတ် ပြတ်သွားတယ်။ ထပ်မှာရတယ်။ အပြင်မှာလဲ နေ့ဆွမ်းကပ်ရင်း၊ ဆပ်ပြာမှုန့်၊ ဘောပင်နဲ့ ခေါင်းရိတ်ဓားတွေ လှူနေတယ်။ လှူရင်း ခေါင်းရိတ်ဓား မလောက်လို့ ပြေးဝယ်သူ ဝယ်တယ်။ သံဃာ အပါး ၆၀၀ ကျော်ပါတယ်။



Read more...

မစိုးရိမ်စာသင်သား၏ မိတ်ဆက်စာ... (ဗုဒ္ဓ၏ဗုဒ္ဓဝါဒ အရှင်ကောဝိဒ (ယော))

ဗုဒ္ဓ၏ဗုဒ္ဓဝါဒ အရှင်ကောဝိဒ (ယော)

မစိုးရိမ်စာသင်သား၏ မိတ်ဆက်စာ...










Read more...

ကိုယ့်ဘက်ပါလာတဲ့ အ-မ (အင်ဒိုနီးရှားအမျိုးသမီး) ကို တရားဝင်လက်ထပ်ချင်သတဲ့.


ဒီနေ့ အတွေ့အကြုံလေးပါ....

KLကနေ ဘတ်စ် ကားနဲ့ အပြန်ပေါ့။ ကားလက်မှတ်မှာခုံနံပတ် က ၂၃။ ကိုယ်ထိုင်ရမဲ့ခုံမှာထိုင်နေတာက ခေါင်းမြီးခြုံ ကုလားမလေး။ ကွိုင်ပဲ။ ခုံနံပတ်ချင်းတိုက်နေသလား လို့သေချာအောင်.လက်မှတ်ကို ပြတော့ အနောက်ဘက် ခုံကို ထိုးပြတယ်။ ကောင်းပြီ။ ထိုင်ပါတယ်ဗျာ။ Lady First ပေါ့။

ကားထွက်လို့မကြာမှီ မြန်စကား ဖြင့်ဖုန်းသံကြားရတော့စိတ်ဝင်စားသွားတယ်။အော်..ရှေ့ကုလားမဘေးက ကောင်မလေး ဆီက ပါလား။ ဒီလိုကုလားပြည်မှာ တစ်ယောက်ထဲ မကြောက်မရွံ့ခရီးသွားနေတဲ့ မြန်မာမ လေး ကို စိတ်ဝင်စား သွားတယ်။ တိုတိုပဲ ပြောကြပါစို့..။ ဒီလို နဲ့ တစ်ယောက်နဲ့တစ်ယောက် မိတ်ဆက်.. .. သိလိုက်ရတာက..မြန်မာပြည် တောင်ဖျားနဲ့မြောက်ဖျား က နှစ်ဦးသား ဆုံတဲ့အဖြစ်။ သူက ပူတာအိုက လီရှော မလေး ၊ ဗုဒ္ဓဘာသာ တော့မဟုတ်ဘူး။သူတို့ဆီမှာ မြန်မာတွေ အများကြီး ဆိုပဲ။
ဒါနဲ့ နေရာဒေသ တီးခေါက်ကြည့်တော့ လားလား..ကိုယ်နေတဲ့နေရာ နဲ့ လမ်းလျှောက်ရင် ခဏလေးနဲ့ရောက်တဲ့နေရာ။ လိုက်လည် လို့ ရမလား..ဆိုတော့ ရသတဲ့။ ဒါနဲ့ ဘယ်ရမလဲ..ဆင်းရမဲ့နေရာ ကိုကျော်ပြီး သူတို့ဆီမှာ ဆင်းလိုက်တယ်။ အလည်ခေါ်သွားတဲ့အတွက် အမြဲအမှတ်ရနေမှာပါ။ ကျေးဇူး..နိုနို။


တွေ့ပါပီ ကိုရွှေမြန်မာများ....နေ့တိုင်းနီး ဖြတ်သွား ဖြတ်လာနေတာ ကို ရှိမှန်းမသိတဲ့အဖြစ်။ သူတို့နဲ့မိတ်ဆက်စကားတွေပြောပြီး ကြုံတွေ့ရတဲ့ အခက်အခဲတစ်ချို့ ပြောပြတယ်။ အီးမေး လုပ်ချင်လို့သွားတာ..သူ့စကား ကိုယ်မရ ကိုယ့်စကား သူမတတ်လို့ မရသေး ဘူးတဲ့။

ပါလာတဲ့ကွန်ပြူတာ ကို ထုတ်၊ အင်တာနက် ချိတ်ပြီး စိတ်ဝင်စား သူ တစ်ချို့အတွက် ဂျီးမေး လုပ်ပေးလိုက်တယ်။

သူတို့လဲ အင်တာနက် သုံးချင်ပါသတဲ့။ကောင်းပြီ။.. ငါဒီမှာရှိနေရင်.. အားလုံးကို သင်ပေးမယ်.. ။ ကွန်ပြူတာ အင်တာနက်..အင်္ဂလိပ်စာ....ဘာညာ..ဘာညာ..ပေါ့။

မြန်မာပြည်မှာ ဆို ဒီလိုအခွင့်အရေး မရနိုင်။ သိန်း ၂၀ လောက်အကုန်ခံနိုင်မှ နံပါတ်ပုံသေ နဲ့ ဟန်းဖုံးသုံးခွင့်ရမယ်။ကိုယ်ပိုင်အင်တာနက် သုံးချင် တယ်ဆိုရင်လဲ နောက်ထပ် သိန်း ၃၀ လောက်အကုန်ခံ ရဦးမယ်။

တယ်လီဖုံး.အင်တာနက် လူတိုင်းသုံးနိုင်ဖို့ အတော်မလွယ်တဲ့ မြန်မာပြည်၊(လူတိုင်း သုံးစွဲခွင့် မရအောင် လက်လှမ်းမမှီအောင် တမင် တကာ လုပ်ထားတယ်လို့ ပဲ ယုံကြည်ရတယ်။ ခိုင်လုံတဲ့အထောက်အထားနဲ့ ကန့်ကွက်ပြောတဲ့သူ ခုထိတော့ မတွေ့ဖူးသေးဘူး၊ နောင်လဲ တွေ့မယ်လို့ မထင်မိဘူး။)

ဖုန်းနဲ့ချိတ်ဆက်ပီး အင်တာနက်သုံးတာ မမြင်ဘူးသေးတော့သူတို့အတွက် ကအဆန်းဖြစ်နေတာ.။ ဒီလို အခွင့်အရေး မျိုး ဒီမှာပဲ ရတာ။ ရောက်တုံးရောက်ခိုက် သုံးထား လို့။ အထွေအထွေလုပ်သားအဖြစ် လာလုပ်နေတဲ့ တို့ရွှေမြန်မာတွေ။ ပညာအရည်အချင်းက မနိမ့်ကျ။ ၁၀ တန်းအောင်..ဘွဲ့ကြို ဘွဲ့ရ လူငယ်လေးတွေ။ တိုင်းပြည်အတွက် နှမျောပါဘိ။

ကောင်လေးတစ်ယောက်ရဲ လက်ကိုင်ဖုန်း ထဲ က စုံတွဲ ပုံလေး ။ ဒါ အိမ်က ဇနီးလား လို့ မေးကြည့်တော့..ဟုတ်ပါဘူး။ လက်ထပ်ဖို့ရည်ရွယ်ထားတဲ့..အ.မ (အင်ဒိုနီးရှားသူ) ပါတဲ့။

ကိုယ့်ဘက်ပါအောင်တော့ လုပ်ထားပုံရတယ်။ သေချာတယ်ဆိုတော့လဲ မြှောက်ပေးရတာပ။

ဒါဆို အတည်ယူကွာ..ဟုတ်ပလား။

အဲဒါပဲခက်နေတာ..ဘယ်လိုလုပ်ရမှန်းမသိလို့.ပါတဲ့။ နည်းလမ်းရှိရင်ပြောပြပါဦး..ဆိုတော့ လဲ

ကြားဘူးတဲ့ အဖြစ်အပျက်တွေကိုပြောပြရတယ်။

ဒီလိုရှိတယ်ကွာ..
တစ်ချို့ ရွှေတွေက အ-မ တွေ ကို လက်ထပ်ခေါ်သွားကြတယ်။ ဟိုရောက်တော့ သနပ်ခါးတွေ အဖွေးသားလိမ်း၊ ဘုရားသွားကျောင်းတက်ပေါ့။ ဒါပေမဲ့ နိုင်ငံခြားသူပဲ ဖြစ်နေသေးတာမို့ အင်မီဂေးရှင်းနဲ့ တစ်နေ့မဟုတ် တစ်နေ့ ငြိ... ..နောက်တော့ ကွိုင် ဖြစ်တာပဲ။

ဒါတော့ .. လုပ်သင့်တာက..

မြန်မာပြည်ကို အလယ်အပတ် ဗီဇာ နဲ့ခေါ်သွားလိုက်။ ဟိုရောက်မှ တရားရုံတက် လက်မှတ်ထိုး လက်ထပ်ယူ။ လက်ထပ်စာချုပ်ကို ပြ ပြီး အ-မ အတွက် ရက်ရှည်နေထိုင်ခွင့်လျှောက်၊ ကလေးတွေ ရလာချိန် မြန်မာနိုင်ငံ သား အဖြစ် ခံယူ လိုက်..ပေါ့..လို့။

အလိမ်မာ အိမ်ပါ..ဘုရားသွားကျောင်းတက်ဖြစ်လာမဲ့ နိုင်ငံခြားသူအမျိုးသမီးများ ကို အောင်အောင်မြင်မြင် လက်ထပ်ယူနိုင်ခြင်းကို ကုသိုလ်ရတဲ့ သာသနာပြုဆောင်ရွက်ချက် တစ်ခု အဖြစ်..၀မ်းမြောက်စွာ ကြိုဆို ရမည်သာဖြစ်ပါကြောင်း ဝေမျှသိစေခဲ့ပါတယ်။

Read more...

လာလော့ လူထွက်၍ စည်းစိမ်တို့ကို သုံးဆောင်ခံ့စားပါလော့ဟု ဆိုခဲ့သော်.....

သလဠာဂါရသုတ်

အခါတစ်ပါး၌ အသျှင်အနုရုဒ္ဓါသည် သာဝတ္ထိပြည် ထင်ရှူးပင်ကျောင်း၌ သီတင်းသုံး နေတော်မူ၏၊ ထိုအခါ အသျှင်အနုရုဒ္ဓါသည် ရဟန်းတို့ကို ခေါ်တော်မူ၏။ပ။

ငါ့သျှင်တို့ လူအပေါင်းသည် အရှေ့သို့ ညွတ်ကိုင်းရှိုင်းသော ဂင်္ဂါမြစ်ကို အနောက်သို့ ညွတ်ကိုင်းရှိုင်းအောင် ပြုကုန်အံ့ဟု ပေါက်တူး ခြင်းတောင်းကို ယူလျက် လာရာ၏။ ငါ့သျှင်တို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ ထိုလူအပေါင်းသည် ဂင်္ဂါမြစ်ကို အနောက်သို့ ညွတ်ကိုင်း ရှိုင်းအောင် ပြုလုပ်နိုင်အံ့လောဟု မေးလေ၏။

ငါ့သျှင် မပြုလုပ်နိုင်ပါ။

ထိုမပြုလုပ်နိုင်ခြင်းသည် အဘယ့်ကြောင့်နည်း၊
ငါ့သျှင် ဂင်္ဂါမြစ်သည် အရှေ့သို့ ညွတ်ကိုင်းရှိုင်းအောင် ပြုလုပ်ရန် မလွယ်ပါ။
ပြုလုပ်သမျှ ကာလပတ်လုံး လူအပေါင်းအား ပင်ပန်းဆင်းရဲခြင်း ဖြစ်ရာ၏။
ငါ့သျှင်တို့ ဤအတူပင် သတိပဋ္ဌာန်လေးပါးတို့ကို ပွါးများသော ကြိမ်ဖန်များစွာ ပြုလုပ်သော ရဟန်းကို မင်းတို့သည် လည်းကောင်း၊ မင်းအမတ်ကြီးတို့သည် လည်းကောင်း၊ မိတ်ဆွေတို့သည် လည်းကောင်း၊ ခင်ပွန်းတို့သည် လည်းကောင်း၊ ဆွေမျိုးတို့သည်လည်းကောင်း၊ သားချင်းတို့သည် လည်းကောင်း ''အမောင် ယောက်ျား လာလော့၊ ဤဖန်ရည်ဆိုးထားသော သင်္ကန်းကို ဝတ်ခြင်းဖြင့် အဘယ်အကျိုး ရှိအံ့နည်း၊ ခေါင်းတုံးရိတ်လျက် ခွက်လက်စွဲကာ လှည့်လည် ခြင်းဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ လာလော့ လူထွက်၍ သုံးဆောင်ခံစားဖွယ် စည်းစိမ်တို့ကို သုံးဆောင်ခံစားပါလော့၊ ကောင်းမှုတို့ကိုလည်း ပြုလုပ်ပါလော့'' ဟု စည်းစိမ်တို့ဖြင့် ရှေးရှုဆောင်၍ ဖိတ်ကြားကုန်ငြားအံ့။

ငါ့သျှင်တို့ သတိပဋ္ဌာန်လေးပါးတို့ကို ပွါးများပြီးသော ကြိမ်ဖန်များစွာ ပြုလုပ်ပြီး သော ထိုရဟန်းသည် သိက္ခာချ၍ လူထွက်အံ့ဟူသော ဤအကြောင်းသည် မရှိ။ ထိုသို့ မရှိခြင်းသည် အဘယ့်ကြောင့်နည်း၊ စိတ်သည် ရှည်ကြာသော ကာလပတ်လုံး (ကိလေသာမှ) ဆိတ်ခြင်း၌ ညွတ်ကိုင်းရှိုင်း၏၊ ထို့ကြောင့် လူထွက်လိမ့်မည်ဟူသော ဤအကြောင်းသည် မရှိနိုင်။ ငါ့သျှင်တို့ အဘယ်သို့လျှင် ရဟန်းသည် သတိပဋ္ဌာန်လေးပါးတို့ကို ပွါးများသနည်း၊ ကြိမ်ဖန်များစွာ ပြုလုပ် သနည်း။

ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ ရှိသည်ဖြစ်၍ နေ၏၊ ဝေဒနာတို့၌။ပ။ စိတ်၌။ပ။ ပြင်းစွာ အားထုတ်သည် ဖြစ်၍ ဆင်ခြင်ဉာဏ်ရှိသည် ဖြစ်၍ သတိရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် သဘောတရားတို့၌ သဘောတရား တို့ကို အကြိမ်ကြိမ် ရှုလေ့ ရှိသည်ဖြစ်၍ နေ၏။ ငါ့သျှင်တို့ ဤသို့လျှင် ရဟန်းသည် သတိပဋ္ဌာန်လေးပါးတို့ကို ပွါးများ၏၊ ကြိမ်ဖန်များစွာ ပြုလုပ်၏ဟု မိန့်ဆို၏။ 906

၈ - သလဠာဂါရသုတ်၊ ရဟောဂတဝဂ်၊ မဟာဝဂ္ဂသံယုတ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...


Read more...

မြတ်ကထိန် ဆက်ကပ်လှူဒါန်းပွဲ















Read more...

မင်္ဂလာတရား၁၂ပါး


မြန်မာလူမျိုးတွေ သတ်မှတ်သောမင်္ဂလာတရား၁၂ပါးကို သိချင်ပါတယ်ခင်ဗျာ... သိရင်ပြောပြပေးပါ။
kohtike

အကိုပြောတာ လောကီမင်္ဂလာ ၁၂ပါးကို ပြောတာထင်ပါတယ်။ မြန်မာလူမျိုးတွေ သတ်မှတ်ထားတဲ့ မင်္ဂလာဆိုတာတော့ သီးသန့် မတွေ့ဖူးပါဘူး။ လောကီမင်္ဂလာကိုပဲ မင်္ဂလာလို့ ယူဆထားကြတာပါ။

လောကီမင်္ဂလာ ၁၂-ပါး
(၁) ပဋိသန္ဓေ အချိန် အခါ၊ လ၊ ရက် စေ့ရောက်သဖြင့် ဖွားမြောက်အောင်မြင်ခြင်း ၀ိဇာတ မင်္ဂလာများ။
(၂) ဖွားသည်မှနောက် ၃-ရက် မြောက်သောနေ့၌ ရတနာသုံးပါးဘိုးဘွားဟူသော နန္ဒိမုခနတ်တို့အား ရှိခိုးပူဇော်စေခြင်းမုခ ဒဿနမင်္ဂလာ။
(၃) ဖွားသည်မှနောက် ၇-ရက် မြောက်သောနေ့၌ ဆံရိတ်ခြင်းဟူသော ကေသစ္ဆေဒန မင်္ဂလာ။
(၄) ကမ္ဘာဦးပညတ် ရှေးသူဟောင်းတို့အမှတ်ဖြင့် ကောင်းမြတ်တင့်တယ်သော နေ့ရက်၌ ပုခက် ဧယာဉ် တင်ခြင်း ဟူသော ဒေါလာ ကရဏမင်္ဂလာ။
(၅) ဖွားသည်မှနောက် ၇၅-ရက် မြောက်သောနေ့၌ ကွမ်းဦးခွန့်ခြင်းဟူသော တမ္ဗုလ ပတ္တမင်္ဂလာ။


(၆) ဖွားသည်မှနောက် ၃-လ မြောက်သောနေ့၌ နေ လ တို့ကို ပြသကြည့်ရှု စေခြင်း ဟူသော ရ၀ိန္ဒု ဒဿန မင်္ဂလာ။
(၇) ဖွားသည်မှနောက် ရက်ပေါင်း ၁၀၀-မြောက်၌ အမည်သညာမှည့်ခြင်း ဟူသော နာမ ကရဏမင်္ဂလာ။
(၈) ဖွားသည်မှနောက် ၆-လ မြောက်၍ ထမင်းဦး ခွန့်ခြင်း ဟူသော ပဌမ ဘတ္တ မင်္ဂလာ။
(၉) သင့်တင့်လျောက်ပတ် ချိန်ရွယ် ရောက်လတ်သောအခါ ဆံထုံးဥသျှောင် ဖွဲ့ထုံးခြင်း ဟူသော ကေသ ဗန္ဓန မင်္ဂလာ။
(၁၀) သင့်တင့်လျောက်ပတ် ချိန်အရွယ် ကျရောက်လတ်သောအခါ နားထွင်းခြင်း ဟူသော ကဏ္ဏစ္ဆိဒ္ဒ မင်္ဂလာ။
(၁၁) သင့်တင့်လျောက်ပတ် အချိန်အရွယ် ကျရောက်သောအခါ သာသနာတော် တွင်းသို့ သွတ်သွင်း ချီးမြှင့်ခြင်းဟူသောသာသနာ နုဂ္ဂဟ မင်္ဂလာ။ ပဗ္ဗဇ္ဇမင်္ဂလာ လည်း ဟူ၏။
(၁၂) သင့်တင့်လျောက်ပတ် အချိန်အရွယ် ကျရောက်သောအခါ မျိုးနွယ်ဇာတ် ဂုဏ် လုံးစုံတူသော သတို့သား သတို့သမီးနှင့် စုလျားရစ်ပတ် လက်ထပ် ထိမ်းမြား ရခြင်း ဟူသော အာဝါဟ ၀ိဝါဟမင်္ဂလာ။
သုတေသန သရုပ်ပြအဘိဓာန်စာအုပ်မှ...။

မင်္ဂလာတရားနဲ့ ပတ်သတ်လို့ အနည်းကျဉ်းထပ်ဖြည့် ပြောချင်ပါတယ်။ မင်္ဂလာမှာ ဆောင်ရမယ့် မင်္ဂလာနဲ့၊ ပယ်ရမယ့် မင်္ဂလာ ဆိုပြီးရှိပါတယ်။ ဆောင်ရမယ့် မင်္ဂလာက ဘုရားဟော မင်္ဂလာသုတ်မှာပါတဲ့ ၃၈ဖြာ မင်္ဂလာတရားတော်တွေပဲ ဖြစ်ပါတယ်။ (ဒီနေရာမှာ မင်္ဂလာဆောင်(လက်ထပ်) တော့မယ့် မိတ်ဆွေတွေကို မင်္ဂလာဆောင်တယ်ဆိုပြီး လက်ထပ်ကြ သလို ၃၈ဖြာ မင်္ဂလာတရားတွေကိုလည်း ဆောင်ကြပါလို့ အသိပေးလို့ ရပါတယ်)။
ပယ်ရမည့် မင်္ဂလာများ ဆိုတာက တရားနဲ့ စပ်တဲ့ ၃၈-ဖြာ မင်္ဂလာအစစ်တွေ မဟုတ်ပါဘူး၊ လောကသားတွေက မင်္ဂလာလို့ ယူဆစွဲလမ်းအပ်တဲ့ မင်္ဂလာ အတုတွေကိုသာ ဆိုလိုပါတယ်၊ အဲဒါတွေက ဒိဋ္ဌမင်္ဂလာ၊ သုတမင်္ဂလာ၊ မုတမင်္ဂလာလို့ သုံးမျိုးရှိပါတယ်။

ဒိဋ္ဌမင်္ဂလာ
ဒိဋ္ဌမင်္ဂလာဆိုတာ အကောင်းအမြတ်ကို မြင်တွေ့ရရင် ကောင်းကျိုးကိုရတယ်၊ မကောင်းတာ ဆိုးတာကို မြင်ရရင် မကောင်းကျိုးကို ရတယ်လို့ ယူဆချက်ပါပဲ။ ဘယ်လိုဟာလဲဆိုတော့ နံနက် အိပ်ရာမှ ထခါစမှာ ပျံလွှားငှက်၊ မိုးစာငှက် လူ့စကားပြောတတ်တဲ့ ငှက်ကို မြင်ရရင်၊ ကိုယ်ဝန်ဆောင်၊ အပျို၊ လူပျိုကို၊ ရေပြည့်အိုး၊ အာဇာနည်မြင်း၊ နွားလားဥဿဖ စတဲ့ နှစ်သက်ဖွယ်အဆင်းကို မြင်ရရင် ကောင်းခြင်းမင်္ဂလာ ဖြစ်တယ်လို့ ယူဆကြတယ်။ ရှေးတုန်းက အိန္ဒိယမှာ ယူဆပုံ တွေပါပဲ။ ယခုခေတ် မြန်မာပြည်မှာလဲ ထိုက်သည့်အားလျော်စွာ ယူဆစွဲလမ်းချက်ဟာ အတော်အတန်တော့ ရှိတာပါပဲ။ သူတောင်းစား ဒွန်းစဏ္ဍားကိုမြင်ရရင် အမင်္ဂလာဖြစ်တယ်လို့ ရှေးခေတ်က အယူအဆရှိခဲ့တယ်။

သုတမင်္ဂလာ
သုတမင်္ဂလာဆိုတာကတော့ အကြားကောင်းကို မင်္ဂလာလို့ယူပြီး အကြားဆိုးကို အမင်္ဂလာလို့ ယုံကြည်စွဲလမ်းတာပါပဲ။ ၀မ်းမြောက်ပျော်ရွင်ဖွယ် အသံကောင်း အဆိုကောင်းကို ကြားရရင် မင်္ဂလာလို့ ထင်မှတ်တယ်။ မသာ(လူသေ) အကြောင်း၊ လွမ်းဆွတ်ငိုကြွေးသံ တို့ကို ကြားရရင် အမင်္ဂလာလို့ ယူဆတယ်။ ဇီးကွက်မြည်သံကြားရရင် မင်္ဂလာရှိတယ်လို့ ယူဆတယ်၊ ငှက်ဆိုးသံ ကြားရရင် အမင်္ဂလာဖြစ်တယ်လို့ ယူဆတယ်၊ ဒါမျိုးတွေပါပဲ။

မုတမင်္ဂလာ
မုတမင်္ဂလာ ဆိုတာကတော့ အနံ့ကောင်းကို နံရတာ၊ အရသာအထူးကို စားရတာ၊ အတွေ့ကောင်းကို တွေ့ထိရတာ ဒါမျိုးတွေကို မင်္ဂလာလို့ ယူဆတယ်။ အဲဒါနဲ့ ဆန့်ကျင်တဲ့ အနံ့အရသာ အတွေ့မျိုးကို အမင်္ဂလာလို့ ယူဆတယ်။ အိန္ဒိယက
ဇာတ်အယူဝါဒအရဆိုရင် ဇာတ်နိမ့် ဒွန်းစဏ္ဍားကိုယ်နဲ့ ထိတာကို အမင်္ဂလာလို့ ယူဆတယ်။

အမှန်တကယ်ပဲ တရားအလုပ် အားထုတ်တဲ့ သူတွေအနေနဲ့ အထက်က ပြောခဲ့တဲ့ မင်္ဂလာတရားတွေကိုလည်း ပယ်ရပါမယ်။ လောကီမင်္ဂလာတွေကိုလည်း ပယ်ရမယ်။ တရားအားထုတ်နေပြီး ဒီလို အယူတွေ စွဲနေသေးတယ်ဆိုရင် မဟုတ် သေးဘူးလို့ ဆုံးဖြတ်ချက် ချလို့ ရပါတယ်။ ဒါတွေက မြန်မာအတော်များများ စွဲနေကြတဲ့ အယူတွေလည်း ဖြစ်ပါတယ်။ အားလုံးကိုလည်း ဒီအကြောင်းတွေ သိစေချင်ပါတယ်။ ရေးသားဖြစ်အောင် မေးလိုက်တဲ့ ကိုထိုက် ကို ကျေးဇူးတင်ပါတယ်။


သူတော်ကောင်းဓာတ် တရားမြတ် လွှမ်းပတ်ကမ္ဘာတည်စေသော်…

Read more...

*ဒုက္ခ*

ဟိုလုပ်ဒီလုပ်နဲ့
ရှုပ်နေတဲ့ လောကကြီး
ဒုက္ခကလည်း တကယ်ကြီးပ…

ဒုက္ခကို ဒုက္ခမှန်း
ယောင်ချာချာသိလာတော့
ဗုဒ္ဓကိုလည်း အကြိမ်ကြိမ် ဦးတိုက်မိပါ့
ဒီလိုသိအောင် ဟောခဲ့လို့လေ
ပေးခဲ့တဲ့ အသိတရားတွေကလည်း
ရှစ်သောင်းလေးထောင်တဲ့…

ဟုတ်တယ်လေ
ဗုဒ္ဓသာ မပွင့်ခဲ့ရင်
ယုတ်စွအဆုံး
ဒုက္ခကို ဒုက္ခမှန်း သိပါ့မလား…

မွေးလာတဲ့ ဒုက္ခ
အို၊ နာ၊ သေ ဆိုတဲ့ ဒုက္ခ
ချစ်သူနဲ့ကွဲ
မုန်းသူနဲ့ တွဲရတဲ့ ဒုက္ခ…

ဒါတင်ပဲလား ဆိုတော့
မဟုတ်
ရတာမလို
လိုတာမရတဲ့ ဒုက္ခကလည်း ကျန်သေး…

ဆိုချင်တာကတော့ဗျာ
ပျိုကညာတွေလည်း
အိုနာသေမှာပဲ…
ကြီး၊ ငယ်၊ ရွယ်မဟူ
အပြီးသတ် နောက်ဆုံးတော့
ဒုက္ခ ဆိုတဲ့
ဒီလမ်းပဲလေ…။

>> တောင်တွေး မြောက်တွေးရင်း ရေးမိတဲ့ ကဗျာလေးပါ။

လေးစားစွာဖြင့်
ဖိုးသား

10/18/2009, SUN:, 3:21:40 PM

Read more...

ဗုဒ္ဓဘာသာတွေ ကိုးကွယ်သောဘုရားများ

အများကြီးသိလို့ ဒီအကြောင်းကိုရေးခြင်းမဟုတ်ကြောင်း ၀န်ခံပါရစေ၊သိသလောက် မြင်

သလောက်လေး ကံမြင်ဗုဒ္ဓဘာသာကနေ ဥာဏ်မြင်ဗုဒ္ဓဘာသာ ပြောင်းနိုင်အောင် တင်ပြ

တာပါနော်။ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ကျေးဇူးရှင်ဖြစ်တော်မူကြတဲ့ သဲအင်းဂူ

ဆရာတော်ဘုရားကြီး၊ ဆရာတော် ဦးဥတ္တမသာရ တို့ဟောကြားခဲ့တဲ့တရားတော်တွေ

လည်းရှိပါတယ်။ကံနဲ့ဥာဏ်ဟာ အဆအင်မတန်ကွာပါတယ်။ဥာဏ်စစ်စစ်ကို မမှီသေးပေမဲ့

လည်း ကံနဲ့ဥာဏ်ဟာ ပြောမပြနိုင်အောင် ကွာတယ်ဆိုတာတော့ သိခဲ့လို့ တင်ပြပေးတာပါ။

ဗုဒ္ဓဘာသာတွေများစွာကိုတွေ့ဘူးပါတယ်။တစ်ချို့ ပုံတော်ကို ဦးချရုံလေးပါပဲ။တစ်ချို့ ကျတော့

ဂုဏ်တော်လေးနဲ့ပေါ့။တစ်ချို့ ကျပြန်တော့ မိရိုးဖလာ သက်သက်အမည်ခံရုံသာရှိပါတယ်နော်။

ဘုရားကိုဦးချတဲ့အခါ ဘယ်လိုဘုရားကိုဦးချသလဲဆိုတဲ့အမေးကိုဖြေကြည့်စေချင်ပါတယ်နော်။

ဘုရားဦးချပါတယ်ပြောနေ ဘယ်လိုဘုရားကိုဦးချသလဲ မေးတော့ ဘုရားကိုပါပြောနေ ဘုရား

ကိုပေါ့လို့ ဖြေမဲ့ မိရိုးဖလာသမားတွေများစွာရှိပါတယ်။ဒီလိုလူတွေကိုမေးကြည့်ရမဲ့မေးခွန်းတွေကတော့

  • သိသင့်သိထိုက်တဲ့ဘုရားဇာတ်ကြောင်း တနည်း ဗုဒ္ဓ၀င်ကိုမေးလိုက်ရင် မသိတာကများပါတယ်။

ဘုရားခမည်းတော် မယ်တော် သုမေဓာ သုမိတ္တာဘ၀စတဲ့အကြောင်းအရာလေးတွေပေါ့။

  • ဘုရားရှင်ရဲ့ လုပ်ဆောင်ခဲ့တဲ့အလုပ်တွေ ကိုယ်ကျိုးမဖက် ဝေနေယျတွေအတွက်စွန့်လွတ်အနင့်

နာခံခဲ့တာတွေ အတုမရှိ အနိုင်မဲ့တဲ့ ပု ဒိ အာ နဲ့ ဝေနေယျတွေကို ချွေချွတ်ခဲ့တာတွေစသည်ပေါ့။

ဒီအကြောင်းတွေမှမသိပဲနဲ့ ရှိခိုးနေလို့ကတော့ သူများဆေးရေးပန်ချီနဲ့ ဖန်တီးထားတဲ့ ရုပ်ပုံသက်သက်ကို

မိဘက ဘုရားဆိုတာဒါပဲ အတုမရှိဘူး ရှိခိုးရတယ်ဆိုတာလောက်နဲ့ပဲ ရှိခိုးတာဖြစ်ပါလိမ့်မယ်။ဒါဆိုဘယ်

မှာလာ ကုသိုလ်ထူးရနိုင်တော့မလဲနော်။ဒါကပထမ အမျိုးအစား ဗုဒ္ဓဘာသာတွေပေါ့။ဒုတိယအမျိုးအစား

ကတော့ နည်းနည်းတဆင့်တက်လာပါတယ်။အပေါ်မှာပြောခဲ့တဲ့ အကြောင်းအရာတွေသိတယ်။ရှိခိုးတဲ့

အခါမှာလည်းပဲ ပုံတော်ကိုဂုဏ်တော်သွင်းပြီးရှိခိုးတက်ပါတယ်တဲ့။ပန်းရေချမ်းဆီမီး ပူဇော်ပါတယ်။

ဒါပေမဲ့ သူတို့ရွှတ်ဆိုပူဇော်တဲ့ ဂုဏ်တော်က သူများပြောပြထားလို့ သိတဲ့ဂုဏ်တော်ဖြစ်နေပြန်ပါတယ်နော်။

ဆရာက အရဟံဆိုတာ လူနတ်တွေနဲ့ ဆရာဖြစ်တဲ့ဘုရား ကိုယ်ပိုင်ဥာဏ်နဲ့သစ္စာလေးပါးကိုသိတဲ့ဘုရား

ကိလေသာတွေကင်းတော်မူတဲ့ဘုရားလို့ ပြောလိုက်တော့ ကိုယ်ကလဲဒီအတိုင်းလိုက်မှတ်ပြီး ပူဇော်တဲ့

ဗုဒ္ဓဘာသာပါအမျိုးအစားပါ။ဒါကတော့ အခုဗုဒ္ဓဘာသာအများစုပါတဲ့။တနည်းခေါ်မယ်ဆိုရင် ကံနယ်မှာ

သာကျင်လည်နေတဲ့ဗုဒ္ဓဘာသာ တဖန်ခေါ်မယ်ဆိုရင် ပညတ်နယ်ကဗုဒ္ဓဘာသာလိုခေါ်နိုင်ပါတယ်နော်။

နောက်ဆုံးဗုဒ္ဓဘာသာကတော့ ကံနယ်ဗုဒ္ဓဘာသာတွေသိတဲ့အသိကိုလည်းသိတယ်။နောက်ထပ်သိတာ

က ၀ိပဿနာပါ။ဒါဟာ တနည်းပြောမယ်ဆိုရင် တရားကိုသိအောင်လုပ်ခြင်းပါ။ဘုရားကလည်း “တရား

ကိုသိမှ ငါ့ဘုရားသိမယ်”လို့ ဟောခဲ့ပြီးသားပါနော်။ဘုရားတောင်မှ သုံးဆယ့်တစ်ဘုံမှာ ဆရာရှာခဲ့တာ

တရားသာ ငါဘုရားကိုးကွယ်ရာရှိတယ်လို့ ဟောခဲ့ပါတယ်။ ဒီတော့ ၀ိပဿနာစစ်စစ်ကိုသိဖို့ အလွန်မှကို

အရေးကြီးပါတယ်နော်။ဝိပဿနာဆိုတဲ့နေရာမှာလည်း တကယ်စစ်စစ်ကိုသိမှရပါလိမ့်မယ်။စစ်မစစ်ကို

ဘာနဲ့တိုင်းသလဲမေးရင်တော့ ကိလေသာပါးမှုနဲ့တိုင်းတာပါမယ်။ဆရာကောင်းနဲ့တိုင်းတာပါမယ်။တရား

ကိုသိလာသူတွေဟာ ပုံတော်ကိုဂုဏ်တော်သွင်းရုံတင်မကပါဘူး ဥာဏ်တော် ကိလေသာကင်းစင်မှုတွေ

ပါထည့်သွင်း ရှိခိုးတက်လာပါတယ်။တနည်း ပုံတော် ဂုဏ်တော်နောက်က ပရမတ်ဘုရားကိုခြေရာခံမိ

လာတဲ့သဘောပါနော်။တဖြေးဖြေး ကိလေသာပါးလာတာနဲ့အမျှ သြော် ဘုရားဆိုရင် ဘယ်လောက်

ချမ်းသာလိုက်မလဲ ကျေးဇူးကြီးလိုက်တာစတဲ့အတွေးမျိုးတွေ များစွာဖြစ်ပေါ်လာပါတယ်တဲ့။နောက်

တင်ပြချင်တာကတော့ ဘုရားအပေါ်ထားတဲ့စိတ်သဘောလေးပါ။ ဘုရားကိုရှိခိုးတယ်ဆိုပေမဲ့ကိုသိ

တဲ့ဘုရားကိုရှိခိုးကြတာပါနော်။တနည်း ကိုယ့်စိတ်မှာ ကိုယ်မှတ်မိသလောက် အကြားအမြင်ဗဟုသုတ

အပေါ်အခြေခံပြီး ရုပ်လုံးဖော်ကြတာပါ။ဥပမာ ရွှေတိဂုံဘုရားကိုမမြင်နိုင်တဲ့နေရာကနေ ရှိခိုးတယ်ဆို

ပါစို့။ဒါဆို တကယ့်ရွှေတိဂုံဘုရားပုံတော်ကို ဘယ်မှာလာအကုန်အစင်တူအောင် စိတ်မှာမှန်းဆနိုင်မလဲ။

ကိုယ်ဘုရားဖူးသွားစဉ်က ကိုယ်မြင်ခဲ့သလောက် ကိုယ်မှတ်မိသလောက် ရုပ်လုံးဖော်ကြတာပါ။ဗုဒ္ဓဘာသာ

တော်တော်များများက အဲလိုရုပ်လုံးဖော်လို့ရတဲ့ဘုရားလောက်ပဲကိုးကွယ်နေကြတာပါ။ရုပ်လုံးဖော်ပြလို့မရ

တဲ့ တနည်း ရုပ်လုံးဖော်စရာကိုမလိုတဲ့ ဥာဏ်အမြင် ပညတ်တက်စရာမရှိအောင် သိမ်မွေ့တဲ့ ပရမတ်သဘော

လေးတွေကို နားလည်လာတဲ့အခါ ဘုရားရှင်ရဲ့ ဥာဏ်တော်ဟာ အတုမဲ့တာ အနိုင်းမဲ့တာကိုအလိုလိုသိမြင်

လာပါတယ်တဲ့။ဒီတော့ ဘုရားအစစ်ကိုဖူးချင်ရင် ဥာဏ်နဲ့ဖူးမှပဲရပါလိမ့်မယ်။ ရုပ်လုံးဖော်တဲ့ဘုရား၊ သူများ

ဆေးရေးပန်ချီနဲ့ဖန်တီးထားတဲ့ဘုရား ၊ပန်ပုဆရာတွေဖန်တီးထားတဲ့ဘုရားတွေမှသည် သစ္စာလေးပါးကို

သိမြင်တော်မူတဲ့ တကယ့်ဘုရားစစ်ကိုဖူးမြင်နိုင်ကြပါစေ။

သိင်္ခ



Read more...

The Three Refuges

A recent ‘Buddhist Intellectual’ who spoke in Bangkok recently, pointed a lot of criticism at Thailand. While doing so he addressed the question of his qualification to throw blame around. He is not a meditator, and not a follower of Buddhism on anything but a scritural level. He asked ‘am I a Buddhist’, and then agreed that many could rightly say he is not. But he does know the scriptures, and then continued to pour blame on ‘Buddhists’ for not having any idea of what the teachings actually are.

In fact many have a thorough knowledge of the scriptures. Especially in Thailand. But it is a mark of intellectual-only people that they can rarely agree, and they tend to view other scriptural experts as wrong.

On the other hand, the Buddha told his followers to blend like ‘milk and water’. Those who want to argue and bicker over different points are not ‘blenders’.

On the other hand those who take the ‘Three Refuges’ of the Buddha, Dhamma and Sangha, tend to blend very harmoniously. And this is what it means to be a Buddhist.

Refuges

The ‘Buddha’ means faith that there have been and are those yogis who have discovered the ‘Unconditioned’ or enlightenment, and taught it to others. And that you yourself have the potential. It does not depend on your birth status, your money, your race, or what club you belong to. Everyone has the capacity to discover enlightenment.

The ‘Dhamma’ means the teaching that was given. The Dhamma is supposed to be universal – the laws of the universe. Even a Buddha cannot change these laws; only point them out to others so they can use it for their own progress.

The ‘Sangha’ means literally ‘community’. Traditionally this has meant the monks and nuns. But the actual texts say ‘those who have practised well’ - ss a group, and not as individuals – i.e. you don not judge who you think is worthy, but take your refuge with the community of followers. This includes the laypeople who can also gain enlightenment.

That’s it! You are a Buddhist on a ‘refuge’ level. Years of study and exams and foreign languages are not a necessity. In the suttas we see lots of instances where people are enlightened after only a few words of teaching. With just a few pointers people can progress on the path.

These are the communtiy of followers, and for the most part, when the refuge is genuine, there really is a blending like milk and water. Mahayana monks meet with Theravada without dispute. Vajrayana followers meet with warmth Zen monks from Korea or Japan. Male and female Buddhists are all recognised as contributing. Genuine meditators mix with common faith followers without problem. The ‘Intellectual Buddhists’ on the other hand, tend to dispute with anyone who will listen. And then congratulate themselves for bravery.

****

Marcus had some comments on the Refuges too : http://marcusjournal.blogspot.com/2009/10/disciples-of-buddha.html



Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP