* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။
* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။
နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။
ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။
ကရုဏာလက်များ ကမ်းလင့်ပေးပါ...
ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။
ပညာရေးအလှူတော် နှိုးဆော်ချက်
ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။
သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။
ဝိမုတ္တိရသ အဖွဲ့သားများ
------------------------
နောက်ဆက်တွဲသတင်း.....
ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်
ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။
ပြုလုပ်မည့်အစီအစဉ်
ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။
လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ
(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။
(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။
(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။
(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။
အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)
ဆက်သွယ်ရန်လိပ်စာ
ကိုထွန်းထွန်းလှိုင်
ဖုန်း ၀၉-၇၃၀၆၂၈၁၁
htunhtunhlaing82@gmail.com
winthu.tbyo@gmail.com
thantzin83@gmail.com
Friday, October 9, 2009
Listening to Dhamma
Last night we had a dhamma talk by Sayadaw U Sujana. It might not be what most people expected when coming to listen to dhamma. Dhamma talks in Asian countries, especially Myanmar where the teachings are so well known and studied, tend to focus heavily around the Pali language. In Sri Lanaka it is the same – whenever dhamma is discussed or taught it centers on the teachings direct from the Pali language set of scriptures. Our friend Ven Kusala commented on this – on how strange he finds it when Westerners do dhamma talks in a friendly, and hopefully entertaining manner. He was not critical in any way … but he does appreciate when the original suttas are continually referenced. Naturally this will mean a certain familiarity with the Pali words.
In fact the Pali has a range of words that are not easily translated. The translations that have become common were brought in by the pioneers of Buddhists studies in Europe around 100 ++ years ago. Sometimes they got it right, sometimes they perhaps did not pick the right word.
Take ‘merit’ for instance. Making merit is a big part of the Asian approach. But the Pali word ‘Punya’ is nothing at all like the word ‘merit’. Using the word ‘merit’ suggests that you have to do some ritual that will earn some kind of supernatural points that earn your way into heaven. Of course ‘punya’ is nothing like that, and is in fact nothing complicated. The real mechanism of punya is just a psychological process.
By returning continually to the scriptures, Asian teachers feel that there is less likelihood of going off track. And they are probably right. Looking around at some of the wacky theories and teachings around today – some of which we have been exposed to in Bangkok also – getting back to the texts would be a good thing.
The other aspect of dhamma talks in many Asian situations is the way in which they are given, rather than the words. Last night was a great example of this. It is not so important to be feeding the understanding with lots of new and interesting ideas, as a western ‘lecture’ should do. But more to lead the audience to an understanding on the feeling level. To do this you need to ‘tune in’ to where the teacher is speaking from.
Ven Sujana, as many great Myanmaese masters, spend years and years in meditation, and it shows in his demeanor. During the afternoon a few of us took the chance to ask some direct questions and then meditate together with him – and it was wonderful. In the evening those who have some experience already were able to ‘tune in’ easily and take the mind into clear and present mindfulness.
In fact for foreign monks and students in Asia, we have had to learn how to do this. Ordaining in Thai temples means endless hours of sitting through dhamma talks where you can’t understand a word. Even after a few years and some progress in the language, it can be difficult to follow Thai teachers. Yet …. some part of you feels, usually in retrospect, that you get more out of these talks than ones in your own language.
It is hard for beginners of course. Hearing streams of Pali words, and difficult concepts mentioned in passing ( like bliss as a deva for millions of years), yet it was nice to see that so many of our group were able to feel inspired by Sayadaw, and gain an experiential benefit that lies on a deeper level than mere intellectual stimulation.
Sadhu!
Read more...
သီတဂူစတား ဓမ္မဒူတမှတ်တမ်း (အပိုင်း-၁)
မှတ်ချက်။ ။ ဒေါက်တာအမ်ဘေဒကာ၏ တပည့်များ နေရာဒေသဖြစ်၍ အမ်ဘေဒကာ၏ ဓမ္မအပေါ်သုံးသပ်ချက်တို့ကို ယူ၍ ဟောခဲ့ခြင်းဖြစ်သည်ကို ကြိုတင်နားလည်စေလိုပါသည်။ သီတဂူစတားတို့ရဲ့ စောဠပူမှ ဟောပြောခဲ့သည့် အကြောင်းအရာများကို မတင်ပြသေးမီ အိန္ဒိယနိုင်ငံရဲ့ ဓလေ့ထုံးတမ်းအစဉ်အလာနှင့် ဒေါက်တာ အမ်ဘေဒကာ၏ အကြောင်းကိုတော့ အနည်းငယ် သိထားဘို့လိုပါသည်။ ဓမ္မမိတ်ဆွေများရဲ့တောင်းဆိုမှုကြောင့် တင်ပြရခြင်းဖြစ်ပါသည်။ အပိုင်းခွဲပြီး တင်ပြသွားပါမည်။
အိန္ဒိယနိုင်ငံနှင့် ဒေါက်တာအမ်ဘေဒကာ
မွေးဖွားခြင်း
ဒေါက်တာအမ်ဘေဒကာကို ခရစ်နှစ် ၁၈၉၁ ခု၊ ဧပြီလ၁၄-ရက်နေ့တွင် ဖခင် ရာမဂျီနှင့် မိခင်—-------တို့မှ အိန္ဒိယနိုင်ငံ ရတနာဂီရိခရိုင်၊ ခဒ်တလုကမြို့၊ အမ္ဗဝဒေကာရွာ၌ ဖွားမြင်ခဲ့သည်။ ဒေါက်တာ အမ်ဘေဒကာ ဖွားမြင်ခဲ့ရာ ဧပြီလ ၁၄-ရက်နေ့သည် ဂေါတမဗုဒ္ဓ ဖွားမြင်ရာနေ့ဖြစ်၍ထူးခြားမှုတစ်ခုဖြစ်သည်။ ထို့ကြောင့် သူ၏နောက်လိုက်တပည့်များသည် ဧပြီ ၁၄ ရက်နေ့ကို နေ့ထူးနေ့မြတ်အဖြစ် အထူးတန်ဘိုးထားကြသည်။ ဒေါက်တာအမ်ဘေဒကာ၏ ငယ်နာမည်မှာ ဘိဝရာမဂျိ အမ္ဗဝဒေကာ ဖြစ်ပြီး မျိုးနွယ်အမည်မှာ ဆန်ကပယ်လ ဖြစ်သည်။ အိန္ဒိယနိုင်ငံ ရိုးရာ ထုံးစံသတ်မှတ်ချက်အရ ဒေါက်တာအမ်ဘေဒကာ မွေးဖွားရာ မျိုးနွယ်သည် ဇာတ်နိမ့်မျိုးနွယ်ဖြစ်သည်။ သူ၏ဘဝတစ်လျှောက်လုံးတွင် ဇာတ်မြင့်မျိုးနွယ်ဝင်များ၏ ဖိနှိပ်မှုဒဏ်ကို ခါးစည်းခံခဲ့ရပြီး၊ ထိုဒဏ်ရာများသည် ထူးချွန်ပြောင်မြောက်သည့် သူရဲကောင်းတစ်ယောက်ဖြစ်ဘို့ရန် ခွန်အားများ လက်နက်များဖြစ်လာသည်၊ နောက်ပိုင်းကာလတွင် ထူးချွန် ပြောင်မြောက်သည့် သူရဲကောင်း တစ်ယောက်ဖြစ်အောင် ကြိုးစားခဲ့သည်။
ပညာသင်ယူခြင်း
ဒေါက်တာအမ်ဘေဒကာ အလောင်းအလျာ ဆန်ကပယ်လသည် ၁၉ဝဝ ခုနှစ်တွင် အစိုးရအထက် တန်းကျောင်း၌ ပညာစတင်သင်ကြားပြီး ၁၉ဝ၇ ခုနှစ်တွင် အထက်တန်းပညာရပ်များပြီးဆုံးသည်၊ ၁၉၁၂ ခုနှစ်တွင် အင်္ဂလိပ်၊ ပါရှားဘာသာရပ်ဖြင့် B.Aတန်းကို အောင်မြင်ခဲ့သည်။ ၁၉၁၅ ခုနှစ်တွင် M.A ၊ ၁၉၂၁ နှစ်တွင် M.Sc ဘွဲ့တို့ကို လန်ဒန်တက္ကသိုလ်မှ ရရှိခဲ့သည်၊ ၁၉၁၆ ခုမှာပင် Ph.D အတွက်စာတမ်း တင်ခဲ့သည်၊ ၁၉၂၃ ခု နှစ် D.Sc (Eco) နှင့်ကျမ်းတင်ခဲ့သည်။
ဗုဒ္ဓဘာသာဝင်ဖြစ်ခြင်း
တန်းတူးအခွင့်ရေး၊ မိတ်ဆွေစိတ်ဓာတ်၊ သူငယ်ချင်းစိတ်ဓာတ် နှင့် လူသားဆန်သော ဆက်ဆံရေးတိုကို ဗုဒ္ဓဘာသာမှတပါး အခြား ဘာသာတို့၌ မတွေ့နိုင်၊ ဗုဒ္ဓဘာသာသည်သာလျင် ဇာတ်နိမ့် (untouchable) တွေကို ကယ်တင်နိုင်မည်၊ တန်းတူညီမျှသော လူ့အခွင့်ရေးကို ဗုဒ္ဓဘာသာကသာ ပေးနိုင်ကြောင်း တွေ့မြင်သည်။ ၁၉၅၆ ခုနှစ် မေလ ၂၄ ရက်နေ့ ဘုံဘေမြို့၌ ကျင်းပသည့် ဗုဒ္ဓဇယန္တိ ပွဲတော် အခမ်းအနားတွင် ဗုဒ္ဓဘာသာဝင်အဖြစ် ကြေငြာခဲ့သည်။ ထိုအချိန်မှစတင်၍ အိန္ဒိယနိုင်ငံ ဗုဒ္ဓဘာသာ ပြန်လည်အသက်ရှင်လာရေးအတွက် အထူးတလည် ကြိုးပမ်းအားထုတ်ခဲ့သည်။ ဇာတ်နိမ့်ဘဝ လွတ်မြောက်ရေးနှင့်နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ပြီး အိန္ဒိယနိုင်ငံတော်အလံတွင် ဗုဒ္ဓဘာသာ၏ အမှတ်အသားဖြစ်သော ဓမ္မစကြာပုံနှင့် အသောကသာသနာပြုအမှတ်တံဆိပ်တို့ပါဝင်အောင် စီမံ ဆောင်ရွက်နိုင်ခဲ့သည်။ သူသည် အိန္ဒယနိုင်ငံ ဗုဒ္ဓဘာသာ ပြန်လည်ရှင်သန်လာ ရေးအတွက် အသက်ဆုံးတိုင်အထိ ကြိုးစားခဲ့သည်။ ဗုဒ္ဓဘာသာနှင့်ပက်သက်သော ရိုးရာပွဲတော်များ ကျင်းပနိုင်ဘို့ရန် မြန်မာနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံများသို့ သွားရောက်လေ့လာခဲ့သည်။ မြန်မာနိုင်သို့ ၂ ကြိမ်ရောက်ခဲ့သည်ဟု မှတ်တမ်းမှာ တွေ့ရပါသည်၊ သူသည် ဆဋ္ဌသင်္ဂါယနာ တင်ပွဲတော်နှင့် အခြားဗုဒ္ဓဘာသာအခန်းအနားတစ်ခုသို့ တက်ရောက်ခဲ့သည်။
အိန္ဒိယနိုင်ငံ၏ ရှေးဟောင်းဝါဒ
အိန္ဒိယနိုင်ငံသည် ဗြဟ္မဏဝါဒ အားကောင်းပြီး ဗြဟ္မဏဝါဒနှင့်အတူ ဇာတ်စနစ်ခွဲခြားမှုစနစ် ကြီးစိုးသော နိုင်ငံဖြစ်သည်။ ထိုဇာတ်စနစ်ခွဲခြားမှုသည် မြတ်ဗုဒ္ဓလက်ထက် မတိုင်မီကပင် အိန္ဒိယနိုင်ငံ၌ အမြစ်တွယ် တည်ရှိခဲ့သည်။ ဗြဟ္မဏဝါဒနှင့် ဇာတ်စနစ်ကို ချမှတ် တည်ထောင်ခဲ့သူ မှာ ပဇာပတိခေါ် ဗြဟ္မာဖြစ်သည် ဟုယူဆကြသည်။
ဇာတ်စနစ်ခွဲခြားမှု
ဗြဟ္မဏဝါဒတွင် လူသားများကို အဆင့်လေးမျိုးနှင့် ရပိုင်ခွင့် တာဝန်များကို ခွဲခြား သတ်မှတ်ထားသည်။ ဗြာဟ္မဏ-ပုဏ္ဏားမျိုးနွယ်သည် ပထမတန်းစား။ ခတ္တိယ-မင်းမျိုးမင်းနွယ်သည် ဒုတိယ၊ ဝေဿ-ကုန်သည်လယ်လုပ်များသည် တတိယ။ သုဒ္ဒ သူဆင်း ရဲမျိုးနွယ်သည် အညံ့စားဟု သတ်မှတ်သည်။ အမြင့်ဆုံးအမျိုးအနွယ်၏ တာဝန်မှာ အမြတ်ဆုံးပညာရပ်ဟု သတ်မှတ်ထားသော ဝေဒပညာရပ်များကို သင်ယူခြင်း ချပို့ခြင်းဖြစ်သည်။ ခတ္တိယအမျိုးအနွယ်သည် နိုင်ငံကို ကာကွယ် စောက်ရှောက်ရေး တာဝန်ယူရသည်။ ထို့ပြင် ဇာတ်မြင့်စာရင်းတွင် ပါဝင်သည်ဖြစ်ရကား ပညာသင်ခွင့်ရသည်။ ဝေဿအမျိုးအနွယ်သည် နိုင်ငံ၏ စီးပွားရေးကိုအထူး တာဝန်ယူရသည်။ ထို့ကြောင့် ချမ်းသာကြွယ်ဝသည်၊ ဇာတ်မြင့် စာရင်းတွင် ပါဝင်သဖြင့် ပညာသင်ယူခွင့်ရပြန်သည်။ သို့သော် အမျိုးနွယ်အားလုံးသည် ဗြဟ္မဏမျိုးတို့၏ အလုပ်အကျွေးများသာဖြစ်သည်ဟုသတ်မှတ်သည်။
အထူးသဖြင့် သုဒ္ဒမျိုးနွယ်များသည် အထက်ပါ မျိုးနွယ်များ၏ အလုပ်အကျွေးသက်သက်သာဖြစ်သည်။ ပညာသင်ယူခြင်း၊ တိုင်းပြည်ရာထူးအာဏာပိုင်ဆိုင်ခြင်း၊ စီးပွားကူးသန်းရှာဖွေခြင်းများကို ပြုလုပ်ခွင့်မရှိပေ။ ထို့ကြောင့် သုဒ္ဒမျိုးနွယ်များသည် ခေတ်အဆက်ဆက် အနှိမ်ခံဘဝဖြင့် ရှင်သန်ရပ်တည်ခဲ့ကြရသည်။ အိန္ဒိယနိုင်ငံ၏ ငါးပုံတစ်ပုံသည်သုဒ္ဒ(ဇာတ်နိမ့်)များဖြစ်ပြီး အများစု၏ အသားအရောင်မှာ အနက်ရောင်ဖြစ်သည်။အတတ်ပညာ သင်ယူခွင့်မရသည့်အတွက် ပညာမဲ့လူတန်းစားများဖြစ်ကြသည်။ ယနေ့ မျက်မှောက်ခေတ်တွင် ဗြဟ္မဏမျိုး (ဇာတ်မြင့်) နှင့် သုဒ္ဒမျိုး (ဇာတ်နိမ့်) ဟူ၍ လူတန်းစား နှစ်မျိုးသာ ခွဲခြားမှုရှိတော့သည်။
အပိုင်း (၂)ဆက်ဖော်ပြပါမည်။
သီတဂူးစတား
Read more...
အတင်းပြောခြင်းရဲ့ ရလာဒ်
အမေး။ ။ အရှင်ဘုရား……လူ့ပတ်ဝန်းကျင်မှာအတင်းပြောတတ်တဲ့ အကျင့်ဟာ လူမှုရေးအရ နှာခေါင်းရှုံ့ချင်စရာ ဖြစ်နိုင်ပေမယ့် ဆေးပညာအရတော့ မိန်းကလေးတွေအတွက် အကျိုးထူးတွေ ရစေနိုင်တယ်လို့ ဆိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မစ်ချီဂန်တက္ကသိုလ်က ပညာရှင်တွေက အတင်းပြောတာဟာ မိန်းကလေးတွေကို ပိုပြီးကျန်းမာစေသလို ပိုပြီးလည်း ပျော်ရွှင်စေတယ်လို့ ဖော်ထုတ်တွေ့ရှိခဲ့လို့ပါပဲ။ သုတေသီတွေရဲ့ အပြောအရတော့ အတင်းပြောတဲ့ မိန်းကလေးတွေရဲ့ ခန္ဓာကိုယ်မှာ progesteroneလို့ခေါ်တဲ့ ဟိုမုန်းတစ်မျိုး ပုံမှန်ထက် အများကြီးပိုပြီး ထွက်လာတတ်ပြီး အဲဒီဟိုမုန်းဟာ လူတစ်ယောက်ချင်းစီရဲ့ စိတ်ဖိစီးမှု ဝေဒနာကို သိသိသာသာ လျော့ပါးစေပါတယ်တဲ့။ မစ်ချီဂန်တက္ကသိုလ်က ပညာရှင်တွေဟာ ကျောင်းသူပေါင်း (၁၆၀)လောက်ကို အတွဲလိုက်သတ်မှတ်ပေးပြီး လေ့လာကြည့်တဲ့အခါမှာ အတင်းအဖျင်းပြောရင်း ဗဟုသုတဖလှယ်ကြတဲ့ မိန်းကလေးတွေက စကားနည်းပြီး အတင်းပြောရတာ ၀ါသနာမပါတဲ့ မိန်းကလေးတွေထက် ကျန်းမာရေးကောင်းပြီး ပျော်ရွှင်တက်ကြွနေတယ်ဆိုတာကို ဖော်ထုတ်နိုင်ခဲ့ကြတယ်။
တပည့်တော်များ သိချင်တာက အတင်းပြောတာနဲ့ ပတ်သက်ပြီး ဘာသာရေးရှုထောင့်က ဘယ်လိုဖြေမလဲဆိုတာ သိချင်ပါတယ်ဘုရား။
သန်းသန်းအေး
ရန်ကုန်
အဖြေ။ ။ဒီအတိုင်းဆိုရင်တော့ ကျန်းမာရေးကောင်းအောင် ပျော်ရွှင်အောင် အားအားရှိ သူတစ်ပါး အတင်းပဲ လိုက်ပြောရမလို ဖြစ်နေပြီ။ သူတစ်ပါးအတင်းပြောရရင် ပျော်ရွှင်ကြတာဟာ ပုထုဇဉ်တို့ရဲ့ သဘာဝပါ။ (ပါပသ္မိံ ရမတိ မနော) စိတ်ဟာ မကောင်းမှုမှာပဲ မွေ့လျော်တတ်တယ် လို့ ဆိုတဲ့အတိုင်း မကောင်းမှုမှာ မွေ့လျော်နေရတယ် ဆိုရင် ပျော်ရွှင်နေကြတာဟာ သဘာဝပါ။
အတင်းပြောတယ်ဆိုတာ သူများအကြောင်းတွေကို ကောင်းတာရော၊ မကောင်းတာရော အစုံပါတာဆိုတော့ ကောင်းတာနဲ့ မကောင်းတာ နှစ်မျိုးခွဲရလိမ့်မယ်။ ကောင်းတာတွေပြောရင် သူတစ်ပါးအကျိုးကို လိုလားပြီး ပြောတာဆိုရင် ကောင်းတာပြောတာပါပဲ။ ဒါဆိုရင်တော့ ဘာသာရေးရှုထောင့်ကနေကြည့်ရင် အပြစ်မရှိပါဘူး။ သူတစ်ပါးအကျိုးလိုလားပြီး ပြောကြခြင်းဖြစ်တဲ့အတွက် ကုသိုလ်တောင်ရပါသေးတယ်။ ပြောသာပြောရတာပါ၊ အတင်းပြောကြတယ်ဆိုမှတော့ မကောင်းတာပဲ များဖို့သေချာနေပါတယ်။ ကောင်းတာကတော့ အနည်းအကျဉ်းလောက်ပဲ ရှိမှာပါ။
သူတစ်ပါးအကြောင်း မကောင်းပြောတဲ့အခါမှာ မခံချင်စိတ်၊ မနာလိုစိတ်၊ သ၀န်တိုစိတ် ၊ ပူပန်စိတ်တွေနဲ့ ပြောကြမယ်ဆိုရင် အကုသိုလ်လို့ ဆိုရမှာပေါ့။ ဘုရားရှင်က ဒုစရိုက်တရား (၁၀)ပါးရှိတယ်လို့ မိန့်တော်မူထားခဲ့ပါတယ်။ ဒုစရိုက်ဆိုတာ ဒုစရိတ= မကောင်းသဖြင့် ကျင့်ခြင်း လို့ အဓိပ္ပါယ်ရပါတယ်။ ဒီအထဲမှာ ကိုယ်နဲ့ မကောင်းတာကို ပြုတာ၊ နှုတ်နဲ့ မကောင်းတာကို ပြောတာ၊ စိတ်နဲ့ မကောင်းတာကို ကြံတာရယ် လို့ သုံးမျိုးခွဲခြားထားပါတယ်။
သုံးမျိုးအနက် စကားပြောတာနဲ့ပတ်သက်ပြီး မကောင်းပြောတာက လေး မျိုး ရှိတယ်။ ဒါကို ၀စီဒုစရိုက်လေးပါး လို့ခေါ်တတယ်။ ဒီလေးပါးကို မြန်မာလိုပဲ ပြောရအောင်ပါ။
၁။ သိလျက်နဲ့ လိမ်လည်ပြောဆိုခြင်း။
၂။ ကြမ်းတမ်းစကားပြောဆိုခြင်း။
၃။ အနှစ်သာရမရှိတဲ့ စကားကို ပြောဆိုခြင်း။
၎။ အချင်းချင်းမညီညွတ်အောင် ရန်တိုက်ပြောဆိုခြင်း တို့ ဖြစ်ပါတယ်။
လိမ်ပြောတယ်ဆိုတာက သိလျက်နဲ့ သူတစ်ပါးအကျိုးယုတ်အောင် နစ်နာသွားအောင် လိမ်လည်ပြောဆိုတာကို ဆိုလိုတာပါ။ တစ်ခုတော့ရှိတယ်။သူတစ်ပါးအကျိုးကို ငဲ့ပြီး ပရိယာယ်နဲ့ ပြောဆိုတာကျတော့ မုသာဝါဒလို့ မခေါ်ပါဘူး။
ညင်သာစွာ ပြောဆိုရမဲ့နေရာမှာ ညင်သာစွာ မပြောဘဲ သူတစ်ပါးနားမချမ်းသာအောင် ကြမ်းတမ်းတဲ့စကား ပြောဆိုတာကို ဆိုလိုတာပါ။
အနှစ်မရှိတဲ့စကားပြောတယ်ဆိုတာက လောကကောင်းကျိုး လောကုတ်ကောင်းကျိုးကြည့်ပြီး ပြောကြတာကို မဆိုလိုပါဘူး။ ဘာအကျိုးအမြတ်မှ မရှိဘဲ အနှစ်မရှိ ပြိန်ဖျင်းတဲ့စကား ပြောတာကို ဆိုလိုတာပါ။
ဂုံးတိုက်တယ်ဆိုတာက ညီညွတ်နေတာကို မမြင်ချင်လို့ မညီညွတ်အောင် ရန်တိုက်ပေးတဲ့ စကားပြောတာကို ဆိုလိုတာပါ။ ဒီလိုပါပဲ အတင်းပြောတဲ့အခါ အထက်ပါ ၀စီဒုစရိုက်လေးမျိုးထဲ ပါနေရင်တော့ အကုသိုလ်ဖြစ်တဲ့အတွက် ရှောင်သင့်ပါတယ်။ တကယ်လို့ ၀စီဒုစရိုက်လေးပါးမဟုတ်ဘဲ ၀စီသုစရိုက်လေးပါးထဲ ပါဝင်နေတယ်ဆိုရင်တော့ ကုသိုလ်ဖြစ်တယ်လို့ ဆိုရမှာပါ။
ဘုရားရှင်က ကောင်းတဲ့စကားပြောခြင်းဟာ သုဘာသိတ မင်္ဂလာနဲ့ပြည့်စုံတယ်လို့ဆိုထားတဲ့အတွက် စကားပြောရင် ကောင်းတဲ့စကားပဲ ဖြစ်ဖို့ သတိထားရပါ့မယ်။ အလျဉ်းသင့်တုန်း စကားပြောတာနဲ့ ပတ်သက်ပြီး မှတ်သားဖွယ်လင်္ကာတစ်ခုကို ဖေါ်ပြပါဦးမယ်။
“စကားခြောက်ခွန်း၊ လူ၌ထွန်း၊ လေးခွန်းကိုပယ်၊ နှစ်ခွန်းတယ်” တဲ့။ အဓိပ္ပါယ်က…..
၁။ မမှန်စကား၊ ကျိုးမပွား၊ ကြားသူမနှစ်သက်။
၂။ အမှန်ပြောကြား၊ ကျိုးမပွား၊ ကြားသူမနှစ်သက်။
၃။ အမှန်ပြောကြား၊ အကျိုးများ၊ ကြားသူမနှစ်သက်။
၎။ မမှန်စကား၊ ကျိုးမပွား၊ ကြားသူလွန်နှစ်သက်။
၅။ အမှန်ပြောကြား၊ ကျိုးမပွား၊ ကြားသူလွန်နှစ်သက်။
၆။ အမှန်ပြောကြား၊ အကျိုးများ၊ ကြားသူလွန်နှစ်သက်။
ဒီစကား ခြောက်ခွန်းထဲမှာ နံပါတ်(၃)နဲ့နံပါတ်(၆) အကျိုးရှိတဲ့စကားဖြစ်သလို သုဘာသိတမင်္ဂလာလည်း ဖြစ်တယ်ဆိုတာပြောရင်း…..
စာဖတ်သူအပေါင်း ကောင်းသောစကားကိုသာ ပြောဆိုရင်း ကျန်းမာပျော်ရွှင်အောင် နေတတ်ကြပါစေ…..
အပြည့်အစုံသို့ »
Read more...
The Venerable Sayadaw U Thuzana
I've often seen monks here in Thailand sit on a high seat in a temple giving what I assume to be a Dharma talk, or perhaps reciting a Sutta, from behind a kind of ceremonial fan which I believe is called a talapatta. This is to ensure, I guess, that everyone understands it is the Dharma they are listening to, the teachings of the Buddha, and not just the individual ideas of any one particular monk.
The Venerable Sayadaw U Thuzana Bhikku last night didn't quite hold the fan directly in front of him, but the effect was just the same. Kindly hosted for the evening by the Ariyasom Villa Hotel, Sayadaw Bhikku placed his fan on his lap, put his notes behind it, and read directly from them. There were no personal stories, no jokes, no smiles. With his eyes lowered the entire time, what Sayadaw did was to formally and seriously present the Dhamma. It was wonderful.
After starting with the traditional Pali chants in homage to the Buddha, Venerable Sayadaw taught that out of compassion for all beings the Buddha came to teach the way to Sukha, or happiness, in both this life and future lives, a path that begins with faith. One should have faith, he said, in the true Buddha, the true Dhamma, the true Sangha, and, fourthly, faith in the workings of Kamma and its effects.
"All beings are the owners of their deeds" he quoted, "the heirs of their deeds: their deeds are the womb from which they sprang, with their deeds they are bound up, their deeds are their refuge." Here was no pandering to anyone's discomfort over re-birth, no suggestion of it as metaphor or speculation, "they will earn the fruits of those deeds, be it in this life, or be it in the next life, or be it in any other future life".
And the way to ensure good deeds? Through metta. If we can radiate metta, loving-kindness, if we can wish peace and happiness for ourselves and all beings, we will ensure our deeds are good. If we can cultivate metta in mind, in speech, and in body, in actions, we can be reborn in a Brahma Realm and be happy there for millions and millions of years he said. Likewise, if we do not observe the precepts, we will eventually become victims of our actions.
But beyond faith and good conduct, and beyond generosity and charity - a source of happiness and tool for breaking down attachments he said - lies samadhi; and the second half of Venerable Sayadaw's talk was about calming, or samatha, meditation based on anapanasati, or mindfulness of breathing, and about vipassana, or insight, meditation. "Of all worldly good deeds" Sayadaw Bhikku said, "the good deeds of vipassana insight meditation is the best."
It is through watching the senses, seeing how things are in the present moment, that one gains Nirvana, he said, and we finished with some practice. Personally, I'm not and have never been a good meditator, my path lies more in the earlier part of his talk and in a reliance upon the Buddha's compassion, but the concentration in the room, the seriousness that Venerable Sayadaw had inspired, was tangible, and wonderful. Phra Cittasamvaro finished with a short chant, and the evening quietly came to an end.
Links:
  • Ariyasom Villa Boutique Hotel Bangkok
  • Littlebang: Venerable Sayadaw U Thuzana
  • Read more...
    ဆန်းသစ်တီထွင်သော ကြော်ငြာများ - ၁
    ရေးသားသူ ထူးပ သောကြာနေ့၊ အောက်တိုဘာလ ၉၊ ၂၀၀၉
    ကုန်ပစ္စည်းများကို ရောင်းအားတက်စေရန် လူသိများစေရန် ယုံကြည်မှုရှိစေရန် ထူးခြားချက်ကို ပေါ်လွင်စေရန် စသည့် ရည်ရွယ်ချက်မျိုးစုံဖြင့် လူစည်ကားရာနေရာများတွင် design မျိုးစုံ၊ ပုံသဏ္ဍန်အမျိုးမျိုးဖြင့် အမြင်ကို စွဲဆောင်နေကြသည်။ ကားမှတ်တိုင်၊ မီးပှိုင့်၊ ကုန်တိုက်မျက်နှာစာ၊ မီးရထားဘူတာ၊ တံတား စသည့်နေရာအနှံ့တွင်၊ ဆိုင်းဘုတ် အကြီးစား၊ အသေးမှအစ လက်ကမ်းစာစောင်အဆုံး ပုံစံအမျိုးမျိုးဖြင့် ကြော်ငြာနေတာကို မြင်တွေ့ရတာ ကြာလာတော့ မြင်သူကို ငြီးငွေ့လာစေသည်။ လူအများကို...
    Read more...
    ပါးစပ်ထဲကဓါးမတစ်ချောင်းမှသည်..
    အော်.. ပါးစပ်.. ပါးစပ်..။ တော်တော် ထိန်းရခက်တဲ့ ပါးစပ်ပါပဲ။ ဘုရားရှင် ကိုယ်တော်မြတ်ကြီးက ဆုံးမသြ၀ါဒ ပေးခဲ့ပါတယ်..။ လူတွေကို အကုသိုလ်အပေးဆုံးဟာ စိတ်ပြီးရင် နှုတ်ဆိုတဲ ပါးစပ်ပါပဲတဲ့။ ဟုတ်ပါတယ်နော်..။ မုန်းစေချင်ရင်လည်း ဒီပါးစပ်.. ချစ်စေချင်ရင်လည်း ဒီပါးစပ်ပါပဲ..။ ဒီပါးစပ်ကြောင့် အများသူငါကို စိတ်ချမ်းသာအောင် ပြောဆိုနိုင်သလို.. အများသူငါကို အကုသိုလ်တွေ ပွားစေအောင် လုပ်နိုင်ပါတယ်နော်။ ဒီနှုတ်ကြောင့် အကုသိုလ်တွေ အများဆုံး ဖြစ်စေနိုင်ပြီးတော့ အပါယ်သို့ ဆင်းသွားရတဲ့ သာဓကတွေ.. သံသာရာတလျောက်လုံးမှာ ခန္ဓာနဲ့ အဆမတန်အောင် ပေးဆပ်သွားရတဲ့ သာဓကတွေ အများကြီးပါပဲ။ ဒါ့ကြောင့်လည်း ၀စီဆိုတဲ့ နှုတ်လေးကို ထိန်းစေချင်တာပါ။ ပြောလိုက်တဲ့ စကားလေးတစ်ခွန်းဟာ (၅)စက္ကန့်လောက်တောင် မကြာလိုက်ပေမယ့် ပေးဆပ်လိုက်ရာတာတွေက ဘ၀(၅၀၀)မကအောင်ပါပဲနော်။ ဒါ့ကြောင့်လည်း ပါးစပ်ထဲက ဓါးမတစ်ချောင်းလို့ ပြောလိုက်ရတာပါ။ ဓါးမဆိုတဲ့ စကားလေးက သေးများသေးသွားမလားတောင် မသိပါဘူးနော်။ ဓါးမနဲ့တူတဲ့ ပါးစပ်တစ်ခုကြောင့် ခန္ဓာနဲ့ အဆမတန်ပေးဆပ်သွားရတဲ့ အကြောင်းအရာလေးတွေ ပြောပြချင်ပါတယ်။
    အရင်ဆုံး ပြောပြချင်တာကတော့ ဝေသာလီရဲ့ အလှဧကရီ အမ္ဗပါလီရဲ့ အကြောင်းလေးပါပဲ။ ဘ၀တစ်ခုမှာ ပါလီဟာ ဘိက္ခူနီမ တစ်ယောက်ဖြစ်ခဲ့ပါတယ်။ ဘုရားကျောင်းမြေတွေမှာ သန့်ရှင်းရေးအမြဲလုပ်ပေးခဲ့တဲ့ သူပေါ့။ တစ်နေ့မှာတော့ သူသန့်ရှင်းရေးလုပ်နေတဲ့ နေရာကို အရိယာဘိက္ခူနီမတစ်ယောက် တံတွေးထွေးလိုက်တဲ့ တံတွေးကျန်ခဲ့တာကို ကြည့်ပြီး သန့်ရှင်းရင်း ပါးစပ်ကပြောလိုက်ပါတယ်.. ဘယ် ပြည့်တန်ဆာမထွေးသွားတာလဲ ဆိုတဲ့ စကားလေးတစ်ခွန်းပါ။ ဒီစကားလေးပြောလိုက်တာက (၉)လုံးထဲပါပဲ။ ဒါပေမယ့် ပြန်ပြီးပေးဆပ်လိုက်ရတာကတော့ ဘ၀ပေါင်း မရေမတွက်နိုင်အောင်ပါပဲ။ ဘုရားရင်ပြင်မှာ သန့်ရှင်းရေးလုပ်ခဲ့တဲ့ ကုသိုလ်ကြောင့် ဖြစ်လေရာဘ၀မှာ ရုပ်အဆင်းရူပါဟာ သူများနဲ့ မတူအောင် လှပချောမောပေမယ့်.. အရိယာကို စော်ကားမိတဲ့ စကားလေး(၉)လုံးကြောင့် ဖြစ်လေရာဘ၀အများစုဟာ ပြည့်တန်ဆာမဘ၀နဲ့ပဲ ဖြစ်ရပြီးတော့ ခန္ဓာနဲ့ အဆမတန်အောင် ပေးဆပ်သွားရတာပါ။ နောက်ဆုံး ပရိနိဗ္ဗာန်စံဝင်ရမဲ့ ဘ၀ထိပါပဲနော်။ ဒါဟာ ဘာကြောင့်လဲလို့ အဖြေရှာကြည့်တော့ နှုတ်မစောင့်ခဲ့တဲ့ စကားလေး တစ်ခုကြောင့်ပါပဲနော်။
    နောက်တစ်ဦးကတော့ ကဿဖဘုရားရှင်လက်ထက်တော်တုန်းက လက်သမားတစ်ဦးရဲ့ အကြောင်းအရာလေးပါ။ သူ့မှာ ဘုရား၊ တရားကို ကြည်ညိုယုံကြည်သော သူငယ်ချင်းတစ်ယောက် ရှိပါတယ်။ တစ်နေ့တော့ သူငယ်ချင်းက ကဿဖဘုရားရှင်ရဲ့ တရားကို သွားရောက်နာကြားဖို့ သူနဲ့ အတူလိုက်ခဲ့ရန် ခေါ်ပါတယ်။ တကယ်ဆိုရင် သူအနေနဲ့ မလိုက်လိုက မလိုက်နိုင်ကြောင်း ငြင်းဆန်လိုက်လျှင် ကိစ္စမရှိပါဘူး။ အပြစ်လည်း မဖြစ်ပါဘူး။ ဒါပေမယ့် သူငယ်ချင်းပြောတဲ့ စကားကို ကတ်တီးကတ်ဖဲ့ ပြောလိုလို့ စကားလေး ပြန်ပြောမိတယ်.. ဟေ့ သူငယ်ချင်း၊ မင်းရဲ့ဘုရားဟောမယ့် တရားတွေ လိုက်နာလို့ ငါ့အတွက် ဘာတွေများ အကျိုးရှိလာမှာတဲ့လဲ.. မင်းရဲ့ဘုရားက ငါ့လယ်ကို လာထွန်ပေးမှာတဲ့လား ဆိုတဲ့ စကားလေးတစ်ခွန်းပါနော်။ သူ့နှုတ်ထွက်စကားက ဘယ်လောက်ထိ ကံကြီးထိုက်သွားမှန်း သူမသိလိုက်ပါဘူး။ အဲ့ဒီ့ ဘုရား၊ ရဟန္တာကို ပြစ်မှားမိတဲ့ ကံကြောင့်ပဲ သေလွန်တဲ့အခါမှာ လယ်သမားပြိတ္တာဘ၀နဲ့ ဘုရားရှင်နှစ်ဆူပွင့်တော်မူပြီးတိုင်အောင် မကျွတ်မလွတ်နိုင်ခဲ့ရပါဘူး။ ပြောလိုက်တဲ့ စကားလေး (၃)စက္ကန့်လောက်ဟာ ကမ္ဘာပေါင်း မရေတွက်နိုင်လောက်အောင် ပေးဆပ်သွားရတာပါနော်။ သတိထားသံဝေဂယူစရာလေးပါပဲ။
    နောက်ဆုံးတစ်ခုအနေနဲ့ ပြောချင်တာကတော့ ပစ္စေကဗုဒ္ဓပွင့်တော်မူတုန်းက အချိန်အခါပါ။ ပစ္စေကဗုဒ္ဓဆွမ်းခံကြွလာတဲ့ ရွာတစ်ရွာမှာ ဥစ္စာပစ္စည်းချမ်းသာ ကြွယ်ဝတဲ့ သဌေးသား တစ်ဦးရှိပါတယ်။ တစ်နေ့မှာ သဌေးသားဟာ ၀တ်ကောင်းစားလှတွေဝတ်ပြီး ရွာထဲ ထွက်လာခဲ့ပါတယ်။ ရွာသူရွာသားများက သူ့လိုလှပပြီး ၀တ်ကောင်းစားလှဝတ်ထားတဲ့ သူကိုမကြည့်ပဲ အ၀တ်အစားဟောင်းနွမ်းဆွေးမြေ့ပြီး အရှက်လုံရုံလွှမ်းခြုံထားတဲ့ ပစ္စေကဗုဒ္ဓရဲ့ အေးဆေးတည်ကြည်နေပုံကို ကြည့်ပြီး ကြည်ညိုနေကြပါတယ်။ ဒီအချိန်မှာ သူပြောလိုက်တဲ့ စကားတစ်ခွန်းကတော့.. တောက်.. တော်တော်ခက်တဲ့လူတွေပဲ.. ဘယ့်နှယ့်.. ငါ့လို ၀တ်ကောင်းစားလှ ၀တ်ဆင်ထားတဲ့ သူကိုကျတော့ မကြည့်ပဲ ကူဋ္ဌနူနာ သူတောင်းစားတစ်ယောက်လို စုတ်စုတ်ပြတ်ပြတ် ၀တ်ဆင်ထားတဲ့ သူကိုမှ အာသာငမ်းငမ်း ကြည့်နေလိုက်တာဗျာ ဆိုတဲ့ စကားလေးတစ်ခွန်းပါပဲ။ အရိယာကို စော်ကားမိတဲ့ အဲ့စကားတစ်ခွန်းကပဲ သေလွန်တဲ့ အခါမှာ အ၀ီစိထိ ကျသွားစေပြီး အ၀ီစိမှ ကျွတ်လွတ်တဲ့ အခါမှာ ဘ၀ဆက်တိုင်း ကုဋ္ဌနူနာသည် သူတောင်းစားဘ၀ချည်းဖြစ်ခဲ့ ဖြတ်သန်းခဲ့ရပြီး ဂေါတမဘုရားရှင် လက်ထက်ရောက်မှ ကျွတ်လွတ်ခဲ့ရပါတယ်။ ၀စီကံများ ကြောက်မက်ဖွယ်ကောင်းလှပါဘိ။
    အထက်မှာ ဖော်ပြခဲ့တဲ့ အကြောင်းအရာလေးမှာ အမ္ဗပါလီရဲ့ အကြောင်းကို ဖတ်ပြီး စိတ်မကောင်းလည်း ဖြစ်မိပါတယ်။ ကုသိုလ်လုပ်နေရဲ့သားနဲ့ အကုသိုလ်တွေ ၀င်လာရတာဟာ ဒီမစောင့်စီးမိတဲ့ နှုတ်ကြောင့်ပါနော်။ လယ်သမားရဲ့ဘ၀ဇတ်ကြောင်းကို ပြန်ကြည့်မယ်ဆိုရင်လည်း မလိုအပ်မပြောသင့်တဲ့ စကားကို ပြောမိလို့ပါပဲ။ နောက်ဆုံး သဌေးသားကတော့ သူများအပြစ်ကို မိမိကိုယ်ကို အထင်ကြီးစိတ်ဝင်ပြီး သူတစ်ပါးကို အထင်သေးတတ်တဲ့ အတွက်ပါ။ ဒီအကြောင်းအရာတွေ အဓိကဖြစ်ရတဲ့ အကြောင်းရင်းကတော့ သူများအပြစ်ကို ဆီလို အပေါက်ရှာတတ်တဲ့ သူတွေ အများဆုံး ဖြစ်ရတာပါ။ ကိုယ်ပြောလိုက်တဲ့သူဟာ အရိယာဟုတ်မဟုတ် ဘယ်သူမှ မသိနိုင်ပါဘူး။ အရိယာဆိုတဲ့ ဆိုင်းဘုတ်လည်း ချိတ်မထားပါဘူးနော်။ အရေးကြီးဆုံးကတော့ သူ့ဘာသာ ဘာပဲဖြစ်နေဖြစ်နေ ကိုယ့်အနေနဲ့ ၀စီကံနဲ့ မပြစ်မှား မပြောဆိုမိဖို့ အရေးကြီးပါတယ်။
    ဒါ့ကြောင့် စကားတစ်ခွန်းပြောတော့မယ်ဆိုရင် မပြောခင်စဉ်းစားပါ.. ပြောနေတုန်းမှာလည်း စဉ်းစားပါ.. ပြောပြီးရင်လည်း စဉ်းစားပါ ဆိုတဲ့ အချက်သုံးချက်နဲ့ မှန်မမှန် အရင်ဆုံး စစ်ဆေးသင့်ပါတယ်။ ဘုရားရှင်ကိုယ်တော်မြတ်ကြီး ဆုံးမထားတဲ့ စကား(၆)ခွန်းထဲက (၂)ခွန်းကိုပဲ ပြောဆိုနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ အဲ့ဒါတွေကတော့ (၁) ဟုတ်တယ်.. မှန်တယ် အကျိုးရှိတယ်.. သူတစ်ပါးနာလိုတယ်၊ (၂) ဟုတ်တယ်.. မှန်တယ်.. အကျိုးရှိတယ်.. သူတစ်ပါးမနာလိုဘူး (ဒါပေမယ့် အခြေအနေနဲ့ အချိန်အခါကြည့်ပြော) ဆိုတဲ့ စကားနှစ်ခွန်းပါပဲ။ ဘုရားရှင် ကိုယ်တော်မြတ်ကြီး အဓိကဆုံးမထားတာကတော့ ဟုတ်တိုင်းလည်း မပြောနဲ့ မှန်တိုင်းလည်း မပြောနဲ့ မိမိသူတစ်ပါး အကျိုးရှိမှ ပြောဆိုတဲ့ စကားပါပဲနော်။ ဓမ္မမိတ်ဆွေ အပေါင်းလည်း.. ကိုယ်ပြောလိုက်တဲ့ စကားတစ်ခွန်းမှာ လောဘသံတွေ ဒေါသသံတွေ မောဟသံတွေ မပါအောင် ပြောနိုင်ကြပါစေလို့ အဓိက ပြောကြားလိုပါတယ်။ ဓမ္မမိတ်ဆွေအပေါင်း.. ပါးစပ်ထဲမှာရှိတဲ့ ဓါးမတစ်ချောင်းကို မိမိသူတစ်ပါး အကျိုးမဲ့စေမယ့် စကားတွေနဲ့ ကိုယ့်ကိုကိုယ် အခုတ်မခံပဲနဲ့.. ကိုယ့်ကို နှောက်ယှက်လာမယ့် လောဘ၊ ဒေါသ၊ မောဟ ဖြစ်စေမယ့် စကားတွေကြိုပန်ပြီး ခုတ်ထွန်ရှင်းလင်းနိုင်မဲ့ ဓါးမများအဖြစ် ပြောင်းလဲနိုင်ကြပါစေလို့ ဆန္ဒပြု ဆုတောင်းပေးလိုက်ပါတယ်။ ဓမ္မမိတ်ဆွေအပေါင်း ကိုယ်စိတ်နှဖြာ ကျန်းမာချမ်းသာကြပါစေ..။
    ပြန်သိမ်းပေးခဲ့ပါရန်.....
    Read more...
    အသက်နဲ့ ရင်းနှီးခဲ့ရသော သင်ခန်းစာ...
    စက်လှေကြီးတော့ စထွက်ပြီ။ ကျွန်တော်လည်း စက်လှေရဲ့ ပဲ့ပိုင်းလေးမှာ ထိုင်ရင်း ခဏတာမျှ ခွဲခွာရမည်ဖြစ်သော ဇာတိချက်ကြွေ မွေးရပ်မြေလေးကို လွမ်းတသသနဲ့ ငေးမောကြည့်နေမိတယ်။ ပင်လယ်ကမ်းစပ်က ကျွန်းလေးတွေမှာလည်း ထုံးစေတီလေးတွေက သတိသံဝေဂ ရရှိစေဖို့ သတိပေးနေသည့် အလား။
    ဆိပ်ကမ်းကနေ စက်လှေကြီးဟာ တရွေ့ရွေ့နဲ့ ထွက်ခွာနေပြီ။ မကြာမီမှာပဲ ပင်လယ်ပြင်ကြီး အထဲမှာ ခုတ်မောင်းရင် ခရီးနှင်ရတော့မှာပါလား။ သန့်ရှင်းလတ်ဆတ်လှတဲ့ ပင်လယ်လေပြေတွေကတော့ ကျွန်တော့်ရဲ့ ခန္ဓာကိုယ်ကို ထွေးပွေ့ရင်း လန်းဆန်းမှုလေးတွေ ပေးကာ မိတ်ဆက်နေကြရှာတယ်။
    ပင်လယ်ပြင်ကြီးမှာ တံငါသည်တွေကလည်း လှေငယ်လေးတွေနဲ့ ပိုက်ကွန်ပစ်နေကြတာကို တွေ့လိုက်ရတယ်။ တံငါသည်တွေဟာ ငါး၊ ပုစွန်တွေကို ရရှိဖို့အတွက် မိုးရွာရွာ နေပူပူ ရာသီဥတုဒဏ်ကို အံတုရင်း အသက်စွန့်ဆံဖျား အလုပ်လုပ်နေကြရတယ်။
    ယောက်ျား ဖောင်စီး၊ မိန်းမ မီးနေ ဆိုတဲ့ စကားပုံလေး အတိုင်းပါပဲ။ ယောက်ျားတွေကလည်း သက်စွန့်ဆံဖျား ဖောင်စီးရင်း စီးပွားရှာ ခရီး ထွက်နေရတယ်။ မိန်းတွေကလည်း သက်စွန့်ဆံဖျား မီးတွင်းအထဲမှာ မီးဖွားနေရတယ်။ ဒီလို အချိန်တွေဟာ မိမိအသက်နဲ့ ထပ်တူ ပေးဆပ်နေကြရတဲ့ အချိန်တွေပဲလေ။
    ပင်လယ်ပြင်အထက် မိုးကောင်းကင်ကြီးကို ကြည့်လိုက်ပြန်တော့လည်း အမျိုးစုံလှတဲ့ ငှက်အုပ်စုတွေဟာ အသံလေးတွေ ဆူညံသံပေးရင်း အစာရှာဖို့ တစ်နေရာက တစ်နေရာကို ပျံသန်းနေကြရှာတယ်။
    သြော်…၀မ်းစာရေးအတွက် သူသူကိုယ်ကိုယ် မိုးလင်းကနေ မိုးချုပ်တဲ့အထိ ရုန်းကန်လှုပ်ရှား နေကြရတာပဲလား။ ဘ၀ဆိုတဲ့ ရှင်သန်ခြင်းလေး တစ်ခုကို ဖြည့်ဆည်းနိုင်ဖို့အတွက် ပါပဲ။
    သူများတွေကိုသာ ကျွန်တော်က ပြောနေတာ။ ကျွန်တော့်ကိုယ် ကျွန်တော်လည်း ပြန်ပြောရဦးမယ်ဗျ။ ကျွန်တော်ကလည်း ဒီစက်လှေကြီးနဲ့အတူ ခရီးထွက်နေရတာက ကျွန်တော့်ရဲ့ ကုန်ပစ္စည်းတွေဟာ ဒီလှေကြီးအထဲမှာ ပါတယ်လေ။ စုဆောင်းထားတဲ့ ကျွန်တော့်ရဲ့ ငွေလေးတွေနဲ့ ငါးပိ၊ ငါးခြောက်၊ ပုစွန်ခြောက်တွေကို နိုင်သလောက် ၀ယ်ပြီး ဒီစက်လှေနဲ့ သယ်လာတာ။ မြန်မာပြည်ရဲ့ ကမ်းရိုးတန်း မြို့တစ်မြို့မှာ သွားရောင်းမယ်လေ။
    ကျွန်တော်ကတော့ စာရင်းလေး တွက်နေမိတယ်။ ကျွန်တော့်မှာ အခု ပါလာတဲ့ ကုန်ပစ္စည်းက ဘယ်လောက်။ ပြန်ရောင်းရင် အမြတ်ဘယ်လောက် ရနိုင်တယ်ပေါ့။ အမြတ်ရမယ့်အရေး တွေးရင်းတွေးရင်းနဲ့ စိတ်ထဲမှာ ပျော်နေတာပဲ။ ဒါပေမဲ့ ဒီစက်လှေကြီးက ပင်လယ်ပြင်ထဲမှာ ဘယ်နှစ်ရက် ခရီးနှင်နေမလဲ ကျွန်တော်လည်း အတိအကျ မပြောတတ်သေးဘူး။
    ပြီးတော့ စက်လှေမောင်းနေတဲ့ ပဲ့ကိုင်ပေါ့။ အဆင့်မြင့်မြင့် ပြောရရင် သဘောင်္ကပ္ပတိန်ပေါ့နော်။ အဲဒီ ကပ္ပတိန်ကိုလည်း သွားမမေးရဲဘူးဗျို့။ တချို့လူတွေက အယူရှိတယ်လေ။ ခရီးသွားတဲ့ အခါကျရင် ဘယ်အချိန်ရောက်မလဲ ဆိုတာ မမေးရဘူးတဲ့။ ဘာဖြစ်တတ်တယ်။ ညာဖြစ်တတ်တယ် ဆိုလားပဲ။
    သူတို့ကသာ ဘာဖြစ်မယ်၊ ညာဖြစ်မယ် ဆိုပြီး အယူသည်းနေကြတာ။ ကျွန်တော်ကြားဖူးတာကတော့ နိုင်ငံခြားမှာ ဆိုရင် လေယာဉ်တွေ၊ ရထားတွေ ဒီမြို့ကနေ ထွက်ရင် ဟိုမြို့ကို ဘယ်အချိန်ရောက်မယ် ဆိုပြီး အချိန်တွေကို အတိအကျ ကြေညာပေးထားတာ တဲ့လေ။ မြန်မာပြည်မှာကတော့ ဘစ်(စ်) ကား စီးတာတောင် ကားရဲ့အရှေ့ခန်းမှာ စာတန်းလေး ရေးထားသေးတယ်။ ရောက်မည့်အချိန် မေးမြန်းခြင်း သည်းခံပါ တဲ့လေ။
    တစ်ခါတလေကျရင် အယူသည်းမှုတွေဟာ လူတွေကို စိတ်အနှောက်အယှက် ဖြစ်စေတတ်တာပဲ။ ကျွန်တော်စီးနေတဲ့ စက်လှေကတော့ ဘယ်နေ့ပဲ ရောက်ရောက်ပေါ့လေ။ အဲဒါက ပြဿနာမရှိပါဘူး။ ရောက်တဲ့နေ့မှာ ကျွန်တော့်ရဲ့ ကုန်တွေ ရောင်းရဖို့ပဲပေါ့။ ချက်ချင်း ပုပ်သိုးသွားတဲ့ ပစ္စည်း ပါမှ မပါဘဲ။
    စက်လှေထဲမှာကတော့ ကုန်သည်ဆိုလို့ ကျွန်တော်နဲ့ အသက်ကြီးကြီး လူတစ်ယောက်တော့ပါတယ်။ ကျန်တာတွေက စက်လှေမောင်းသမားနဲ့ လှေသားတွေချည်းပဲ။ စက်လှေတစ်စီးလုံးကလည်း ကုန်တွေနဲ့ချည်း ပြည့်နေတာ။
    ဒီလိုနဲ့ ပင်လယ်ပြင်ကြီးကို ကမ်းမမြင် လမ်းမမြင် ညအိပ်ခရီး ဆက်နေရပြန်တယ်။ ညအချိန် ငွေလမင်းလေးလည်း သူ့တာဝန်အချိန် မရောက်သေးလို့လား မသိ။ ဘယ်မှာများ သွားပြီး လင်းနေရှာပါလိမ့်။ ကျွန်တော့်ရဲ့ လမ်းခရီးမှာတော့ မှောင်မဲနေပါရောလား။ စက်လှေမောင်းနေကြတဲ့ ကပ္ပတိန်ကြီးတွေကတော့ တစ်ယောက်တစ်လှည့်စီ အိပ်လိုက် မောင်းလိုက် လုပ်နေကြတာပဲ။
    ဒီလိုနဲ့ စက်လှေကြီးလည်း မမောမပန်း အားတင်းပြီး ခရီးနှင်လာလိုက်တာ သုံးနေ့နဲ့ သုံးညတောင် ရှိပါပြီကော။ နောက်တစ်ရက် နံနက်ပိုင်းကို ကျွန်တော်တို့ ကုန်ရောင်းမယ့် မြို့ကို ရောက်တော့မယ်တဲ့။
    ဒီနေ့ညတော့ လမင်းလေးလည်း အနောက်ဘက် မိုးကုတ်စက်ဝိုင်းမှာ ကွေးကွေးလေး လင်းနေရရှာတယ်။ လမင်းရဲ့ အလင်းရောင်လေးကြောင့် ပင်လယ်ရေပြင်ဟာ မှန်သားပြင်လို ကြည်လင်နေပြီး တည်ငြိမ်လွန်းလှပါဘိ။
    မဲမှောင်နေတဲ့ ပင်လယ်ပြင်ကြီးကို ကြည့်ပြီး ကျွန်တော်ဟာ သံဝေဂ အတွေးလေးတွေ နယ်ချဲ့နေမိတယ်။ လောကကြီးမှာ ရှိကြတဲ့ သတ္တ၀ါတွေဟာလည်း ကမ်းမမြင် လမ်းမမြင် သံသရာ ရေလျင်ထဲမှာ ကူးခတ်သွားလာနေကြ ရတာပဲလေ။ ဒုက္ခကို ဒုက္ခမှန်း မသိကြလို့ အပါယ်ဘုံဟာ သတ္တ၀ါတွေရဲ့ ကိုယ်ပိုင်အိမ်ကြီး ဖြစ်နေရတာ။ သံသရာမှာ ဘ၀ပေါင်းများစွာ ဖြတ်သန်းခဲ့ကြရလို့ ငိုခဲ့ရတဲ့ မျက်ရည်တွေလည်း သမုဒ္ဒရာ ရေတွေမက ရှိခဲ့ကြပြီးပြီ။ အရိုးတွေလည်း တောင်လို ပုံခဲ့ကြပြီးပြီလေ။ သံသရာဟာ ရှည်လျားလွန်းပါဘိ။
    အင်း…အတွေးတွေ များနေလိုက်တာ ညတောင် တော်တော် နက်နေပြီ။ စက်လှေထဲမှာပဲ သုံးနေ့၊ သုံးည နေနေရတာ ဆိုတော့ ပင်ပန်းနေပြီ။ ကျွန်တော့် ခေါင်းတွေလည်း ငြီးစီစီ မူးနေပြီ။ မနက်ဖြန်နံနက် ရောက်တော့မှာပဲလေ။ အားတင်းထားပေါ့။ ဒီည တစ်ရေးလောက်တော့ ကောင်းကောင်း အိပ်စက်လိုက်ဦးမယ်။
    ညသန်းခေါင်ကျော်ခါစ…
    ဝေါ….ဝေါ….
    ဟင်…ဘာသံတွေပါလိမ့်။ ကျွန်တော်လည်း အိပ်နေရာကနေ အသံတွေကြောင့် ရုတ်တရက် လန့်နိုးလာတယ်။
    ဟာ…စက်လှေကြီး ဘယ်ယိမ်းလိုက်၊ ညာယိမ်းလိုက် ဖြစ်နေပါလား။ မိုးတွေလည်း အရမ်းကို သည်းနေပြီ။ လေတိုက်လိုက်တာလည်း လွန်ပါရော။ မိုးသက်လေပြင်းလား၊ မုန်းတိုင်းလား မသိ။ စက်လှေမောင်းတဲ့ အခန်းကို ကျွန်တော်သွားမေးမှဖြစ်တော့မယ်။ အစောနက ကျွန်တော့်ရဲ့ ခေါင်းမူးနေတာလေးတောင် ဘယ်နားရောက်သွားမှန်း မသိတော့။
    လှေရဲ့နံဘေး ကုန်းပတ်နားကနေ သတိကြီးစွာနဲ့ လှေပြတင်းပေါက် နံရံကို တင်းကြပ်စွာကိုင်ရင်း သွားနေရတယ်။ လှိုင်းလုံးကလည်း ရိုက်လိုက်တာ တစ်ကိုယ်လုံး ရွဲစိုသွားတော့တာပဲ။ တော်တော်ကြမ်းတဲ့ ပင်လယ်လှိုင်းပါလား။
    ဒီနေ့ည မအိပ်ခင်လေးတင်ကပဲ ပင်လယ်ပြင်ကြီး ညီညာချောမွေ့နေပြီး ကြည်လင်နေတာ။ အခုတော့ လူကြမ်းကြီး တစ်ဦးပမာ ရက်စက်နေပါပြီကော။ ပင်လယ်ကြီးရဲ့ မာယာကို ကျွန်တော် မသိနိုင်တော့ပြီ။
    စက်လှေမောင်းတဲ့ အခန်းထဲကို ကျွန်တော်ရောက်သွားပြီ…
    “ဟေ့လူ ဟောဒီက ပလပ်စတစ်ပုံးကို ခင်ဗျားရဲ့ ကိုယ်မှာ ကြိုးနဲ့ ချည်ထားလိုက်”
    ကျွန်တော့်ကို လှေသားတစ်ယောက်က ငါးဂါလံဝင် ပလပ်စတစ်ပုံး အခွံ တစ်လုံးကို ကြိုးအတို တစ်ချောင်းနဲ့ အတူ လှမ်းပေးလိုက်တယ်။ ကျွန်တော်လည်း ကမန်းကတန်း သူပြောတဲ့ အတိုင်းလုပ်လိုက်တယ်။ သူတို့တွေလည်း ပလပ်စတစ်ပုံးတွေကို သူတို့ကိုယ်မှာ ကြိုးတွေနဲ့ ချည်နေတာပဲ။
    ကျွန်တော်လည်း လှမ်းမေးလိုက်တယ်။
    “အခုက မုန်တိုင်းကျနေတာလားဗျ”
    “ဟုတ်တယ်။ ကျွန်တော်တို့လှေက ဒီမုန်းတိုင်းဒဏ်ကို ခံနိုင်ဖို့ သိပ်မလွယ်ဘူး”
    လက်နှိပ်ဓာတ်မီး ကိုယ်စီနဲ့ လှေထဲမှာ လူတွေအားလုံး အလုပ်ရှုပ်နေကြပြီ။ စက်လှေမောင်းတဲ့ ကပ္ပတိန်ကြီးက လှမ်းပြီး ပြောနေတယ်။
    “ဟေ့ လှေသားတွေ…လှေဝမ်းထဲမှာ ရှိတဲ့ ဘိလပ်မြေအိပ်တွေ ရေထဲကို ပစ်ချကြစမ်း”
    လှေသားတွေကလည်း ဘိလပ်မြေအိပ်တွေကို ပစ်ချနေကြပြီ။ ဒါမှ လှေလည်း ၀န်ပေါ့ပြီး လှိုင်းဒဏ်ကို ခံနိုင်မယ်လေ။ ကျွန်တော်ကတော့ ကပ္ပတိန်နားမှာ သံလိုက်အိမ်မြှောင်ကို ဓာတ်မီးနဲ့ မီးထိုးပြနေရတယ်။ သံလိုက်အိမ်မြှောင်ကတော့ လမ်းကြောင်းမှန်ကို ပြနေပေမဲ့လည်း မောင်းတဲ့သူကတော့ လမ်းကြောင်းမှန်ကို မမောင်းနိုင်ဘူး။ စက်လှေက လေပြင်းနဲ့ လှိုင်းလုံးတို့ရဲ့ ခေါ်ဆောင်ရာနောက်ကိုပဲ လိုက်နေတော့တယ်။
    လှိုင်းကြီးတစ်ချက် ရိုက်ခတ်လိုက်တာ စက်လှေကြီးဟာ မှောက်တော့မည့်အလား တော်တော်လေးကို စောင်းသွားတယ်။ လှေဝမ်းဘက် ကြမ်းပြင်ဘက်မှာ ဘိလပ်မြေအိပ်တွေ ပစ်ချနေကြတဲ့ လှေသားတစ်ချို့ ရေထဲကို ကျသွားကုန်ပြီ။ ကျွန်တော့်နံဘေးနားက စက်လှေမောင်းသူလည်း ဟန်ချက်ပျက်သွားတော့ ကျွန်တော့်ကို လှမ်းဆွဲလိုက်တယ်။ ကျွန်တော်ကိုယ်တိုင်ကလည်းပဲ အခန်းရဲ့ နံရံဘေးမှာ လူးလိမ့်ပြီး လဲကျနေပြီလေ။
    ကျွန်တော် မီးထိုးပြနေတဲ့ သံလိုက်အိမ်မြောင် ရေထဲကို ကျသွားပြီ။ လှေရဲ့ အရှေ့ဘက်မှာလည်း ရေထဲကျသွားတဲ့ လှေသားတွေကို ကျန်တဲ့ လှေသားတွေကလည်း ပြန်ပြီးတော့ ကူနေရပြန်ပြီ။ တော်သေးတာပေါ့။ လှေသားတွေက ရေကူးကျွမ်းကျင်ကြလို့။ အားလုံးလှေပေါ်ကို ပြန်ရောက်လာကြတယ်။ သံလိုက်အိမ်မြောင် မရှိတော့ စက်လှေမောင်းသမားလည်း ခန့်မှန်းပြီး မောင်းနေရတော့တယ်။
    လှိုင်းကြီး လှေအောက်၊ တောင်ကြီး ဖ၀ါးအောက် တဲ့။ စာကားပုံရဲ့ အဓိပ္ပာယ်ကတော့ လှိုင်း ဘယ်လောက်ပဲ ကြီးကြီး အဲဒီလှိုင်းဟာ လှေရဲ့ အောက်ကိုပဲ ရောက်ရမယ် တဲ့။ တောင်ကလည်း ဘယ်လောက်ပဲ ကြီးကြီး ခြေဖ၀ါးရဲ့ အောက်ကိုပဲ ရောက်ရမယ် တဲ့။ ဒီအချိန်မှာတော့ ကျွန်တော်တွေးမိတာ လှိုင်းကြီးရဲ့ အောက်ကို ကျွန်တော်တို့ လှေက ရောက်သွားတော့မယ် လို့လေ။
    ပတ်ဝန်းကျင်တစ်ခုလုံးကလည်း မဲမှောင်နေပြီး မိုးသက်လေပြင်းတွေကလည်း ပြင်းထန်းလိုက်တာ တော်တော်ကြမ်းတာပဲ။ လှိုင်းလုံးတွေကလည်း အဆက်မပြတ် ဘယ်ညာ မျိုးစုံကနေ စက်လှေကို ရိုက်ခတ်နေလိုက်ကြတာ။
    ဒုတ်…ဒုတ်…ဒုတ်ဒုတ်…
    အသံကို နားနဲ့ မကြားရပေမဲ့ စက်လှေရဲ့ ၀မ်းဗိုက်က တစ်ခုခုကို တိုက်လိုက်ပြီဆိုတာ လှေပေါ်ပါတဲ့ လူတွေအားလုံး ချက်ချင်းသိလိုက်ကြတယ်။ လှေတောင် မြောက်တက်သွားတာကိုး။ လှေဝမ်းဗိုက်နဲ့ ကျောက်ဆောင် တစ်ခုခုကို ၀င်တိုက်လိုက်တာတဲ့။ ကျောက်ဆောင်နဲ့ တိုက်လိုက်တာက တစ်ချက်တည်းမဟုတ်ဘူး။ သုံးလေးချက် တိုက်လိုက်တာလေ။
    စက်လှေ မောင်းသမားကတော့ ကြိုစားပြီး လမ်းကြောင်းမှန်ကို ရောက်အောင် မောင်းနေတယ်။ အဲဒီ အချိန်မှာပဲ စက်ခန်းထဲက အသံတစ်သံ ထွက်ပေါ်လာတယ်။
    “စက်ခန်းထဲကို ရေတွေ ၀င်လာပြီဗျ။ ဘယ်လို လုပ်ကြမလဲ”
    “ဟေ့…တို့တွေ နိုင်သလောက် ခပ်ထုတ်ကြမယ်ကွ”
    “ဒီဘက်ကို ရေပုန်းပေးပါဦး”
    ကျွန်တော်လည်း လှေစက်ခန်းနားကို သွားပြီး စက်ခန်းထဲက ရေတွေကို ခပ်ထုတ်နေကြတဲ့ လှေသားတွေကို ၀ိုင်းလုပ်ကူလိုက်တယ်။ လှိုင်းတွေကြားမှာ လူးလွန့်နေတဲ့ လှေအထဲကနေ ပြုတ်မကျအောင်လည်း ကိုယ့်ကိုယ်ကို ထိန်းနေရသေးတေယ်။
    “ဟာ…ရေတွေက စက်ခန်းထဲကို ၀င်လာတာ တော်တော်မြန်တာပဲ။ ခပ်ထုတ်လို့ မနိုင်တော့ဘူးဗျ။ အစောနက ကျောက်ဆောင်ကို တိုက်လိုက်တာ လှေဝမ်းပေါက်သွားပြီ ဖြစ်ရမယ်”
    “ဒါဆိုရင် စက်ကို အကုန်သာ ဖွင့်လိုက်ပေတော့။ ကမ်းခြေနဲ့ နီးတဲ့ ဘက်နားကို မှန်းပြီးတော့ ကျွန်တော်မောင်းမယ်”
    စက်လှေမောင်းတဲ့ ကပ္ပတိန်ကတော့ သတိကြီးစွာနဲ့ မောင်းနေပြီ။ လှေရဲ့ စက်ဆရာကတော့ အင်ဂျင်စက်ကို လီဗာ အကုန် တင်လိုက်ပြီ။ စက်ကတော့ အသံကုန်အော်ဟစ်ပြီး မီးခိုးတွေ တအူအူနဲ့ သူ့တာဝန်ကျေပြွန်အောင် ထမ်းဆောင်နေပြီ။
    “လှေပေါ်က လူတွေအားလုံး အသက်ကယ် ပလပ်စတစ်ပုံးတွေနဲ့ အတူ ဟောဒီက ၀ါးလုံးရှည်ကြီးကို အားလုံး ဖက်တွယ်ထားကြတော့”
    “လူချင်း မကွဲစေနဲ့ဟေ့”
    “ပလပ်စတစ်ပုံးတွေကို သေသေချာချာ ချည်ထားကြနော”
    ဟိုလူက အော်။ ဒီလူက အော်နဲ့ ငရဲခန်းတစ်ခုကိုများ ရောက်နေသလား။
    ကပ္ပတိန်နှစ်ဦးပဲ လှေမောင်းခန်းထဲမှာ ရှိတော့တယ်။ ကျန်တဲ့လူတွေ အားလုံး လှေရဲ့ အရှေ့ကို ရောက်နေကြပြီ။ ယိမ်းထိုးလှုပ်ရှားနေတဲ့ လှေဟာ တစ်ဖြည်းဖြည်းနဲ့ နစ်မြုပ်နေပြီလေ။
    လှေဝမ်းအထဲ စက်ခန်းက အင်ဂျင်စက်ကြီးလည်း အသံကုန်ဟစ်နေရင်း သူ့ဆီကို ရေတွေ ပြည့်သွားပြီနဲ့တူတယ်။ အသံပျောက်သွားပြီ။ လှေလည်း မြုပ်သွားလိုက်တာ ရေပြင်မှာ မတွေ့ရတော့ဘူး။ လှိုင်းလေကလည်း ပြင်းထန်နေဆဲ။
    ကျွန်တော်တို့ တစ်တွေလည်း ၀ါးလုံးရှည်တွေမှာ တောက်တဲ့ ကပ်သလို ကပ်နေကြရတာ။ အားလုံးဟာ ၀ါးလုံးရှည်နဲ့ အတူ ရေထဲမှာ မျောနေကြတယ်။ ကျွန်တော်တို့ကလည်း မဟာဇနက လို ဘုရားအလောင်း မဟုတ်တော့ ပင်လယ်ထဲက မေခလာ နတ်သမီးလည်း ဘယ်လာနိုင်လိမ့်မလဲ။
    အင်း…ဘယ်အချိန်လောက်အထိ ဒီဒုက္ခကို ခံနေရဦးမယ် မသိ။ ကျွန်တော်ရဲ့ ငါးပိ၊ ငါးခြောက် အိတ်တွေလည်း စက်လှေကြီးနဲ့ အတူ ရေပြင်အောက်မှာ အရည်ပျော်နေပြီလား မပြောတတ်။
    နံနက် အရုဏ်တက်ချိန်မှာ လှေငယ်လေး သုံးစီး ရောက်လာတယ်။ အဲဒီ လှေငယ်လေးတွေက ဒီနားတစ်ဝိုက် ရွာက တဲ့။ နံနက် မိုးလေငြိမ်တော့ ငါးဖမ်းဖို့ ပင်လယ်ထဲ ထွက်လာကြတာ ဆိုပဲ။ ညတုန်းက ရက်စက်လှတဲ့ ပင်လယ်ကြီးဟာ အခုကျပြန်တော့လည်း သူမဟုတ်သလို ပါပဲလား။ တည်ငြိမ်နေလိုက်တာ။ ပင်လယ် မာယာတို့ရဲ့ လှည့်ကွက်ကို တော်တော် ခန့်မှန်းရ ခက်ပါလားနော်။
    တော်သေးတာပေါ့ ကယ်တင်ရှင်တွေ ရောက်လာလို့။ အဲဒီလှေငယ်လေးတွေက ကမ်းစပ်က ရွာနားကို ခေါ်ဆောင်သွားတယ်။ အဲဒီ ရွာထဲမှာ အသံချဲ့စက်နဲ့ ဖွင့်ထားတဲ့ သီချင်းသံတွေ ကြားနေရတော့ ကျွန်တော်လည်း မေးကြည့်တယ်။ ရွာထဲမှာ အလှူရှိတယ် တဲ့လေ။
    အောင်မလေး…၀မ်းသာလိုက်တာ။ အလှူအိမ်ရှိတယ် ဆိုတော့ ထမင်းတစ်နပ်စာအတွက် မပူရတော့ဘူးလေ။
    ဒါနဲ့ လှေမြုပ်တဲ့သတင်းက ရွာထဲကို ပျံ့နှံ့သွားတယ်။ သတင်းပျံ့တာ မြန်တာလည်း မပြောနဲ့လေ။ အလှူအိမ် အသံချဲ့စက်က စက်လှေမြုပ်တဲ့သတင်းကို တစ်ရွာလုံးကြားအောင် အော်ပြောလိုက်တာကိုး။
    “စက်လှေမြုပ်တဲ့အတွက် ရွာထဲမှ ရှိတဲ့ ရွာသူ၊ ရွာသားများ ၀ိုင်းဝန်း၍ ကူညီကြပါရန်”
    အသံချဲ့စက်ရဲ့ အသံကိုလည်း ကျွန်တော်ကြားလိုက်ရော သိပ်ကို ၀မ်းသာသွားမိတယ်။ မကြမီမှာပဲ ရွာသူ၊ ရွာသားတွေအားလုံး ဒန်အိုး၊ ဒန်ခွက် ကိုယ်စီနဲ့ ထွက်လာကြတယ်။
    နံနက်မှာ ရေကျချိန်ဖြစ်နေတော့ သောင်ပြင်ကြီး တစ်ခုလုံးကို လှမ်းပြီးတော့ မြင်နေရတယ်။ သောင်ပြင်ကြီးကလည်း ကျယ်ပြန့်လိုက်တာ ဟိုးအဝေးကြီးက လူကိုတောင် သိပ်မမြင်နိုင်ဘူး။ အဲဒီနားမှာ ကျွန်တော်တို့လှေ မြုပ်ပြီး သောင်ပေါ်မှာ တစ်ဝက် ပေါ်နေတာကို လှမ်းမြင်လိုက်ရပြီ။
    ဒါနဲ့ အစောနက ဒန်အိုး၊ ဒန်ခွက် ကိုယ်စီနဲ့ ထွက်လာကြတဲ့ လူတွေဟာ အဲဒီလှေမြုပ်တဲ့ နေရာကို သွားပြီး လှေထဲမှာ ရှိတဲ့ ပစ္စည်းမှန်သမျှ အလုအယက် ယူနေကြတော့တာပဲ။ အစပိုင်းကတော့ ကျွန်တော်တို့ကို ကူညီမယ် ထင်ခဲ့တာ။ အခုတော့ ကျွန်တော်တို့ရဲ့ ပစ္စည်းတွေကို ကျွန်တော်တို့ရဲ့ အရှေ့မှာတင် သူတို့ကိုယ်ပိုင် ပစ္စည်း ဥစ္စာအလား အပိုင်စီး ယူနေကြတော့တယ်။
    သူတို့အတွက် အလှူပေးတဲ့ ပွဲလမ်းသဘင် တစ်ခုလိုများ အောက်မေ့သွားကြလား မသိ။ ဒီလူတွေရဲ့ စိတ်ဓာတ်တွေဟာ ယုတ်ညံ့လှပါလား လို့ ပြောရမလို။
    ကျွန်တော်လည်း တွေးမတတ်အောင်ပဲ ဖြစ်သွားတော့တယ်။ ကူမယ့် လူတွေဟာ ယူမယ့် လူတွေ ဖြစ်နေကြပါလား။ ဒါဆို…မဖြစ်သေးပါဘူး။ ကျွန်တော်လည်း ကျွန်တော့်ပစ္စည်း တချို့ကို ပြန်ပြီးတော့ ယူနိုင်ဖို့ လုပ်မှ ရတော့မယ်။
    လူငှားပြီးတော့ ကျွန်တော့်ပစ္စည်းတွေကို ရအောင်လုပ်လိုက်တာ ငါးပိအိတ် သုံးအိတ်တော့ ပြန်ရပါတယ်။ အဲဒီ သုံးအိတ်ကိုပဲ လှေငယ်ငှားပြီး မြို့ကို တက်ရောင်း လိုက်ရတော့တယ်။ အပြန်အတွက် လမ်းစရိတ်တော့ ရလို့ တော်သေးတာပေါ့။
    အလာတုန်းကတော့ ကျွန်တော့် ကုန်ပစ္စည်းတွေကို ရောင်းလိုက်ရင် အမြတ်အစွန်း ဘယ်လောက်ရလိမ့်မယ် ဆိုပြီး ခန့်မှန်းတွက်ဆထားတဲ့ ကျွန်တာ်။ အခုတော့ မှန်းချက်နဲ့ နှမ်းထွက် မကိုက် ဖြစ်သွားပါပေါ့လား။ ဒီကြားထဲ ရေနစ်သူကို ၀ါးကူထိုးချင်တဲ့ လူတွေနဲ့ ထပ်တွေ့သွားရင်လည်း ထပ်ပြီး ဆုံးရှုံးမှုတွေ ဖြစ်နိုင်သေးတယ်။
    ကျွန်တော် သင်ခန်းစာတွေ ရလိုက်တယ်။
    ဘ၀မှာ ဘာကိုမှ ကြိုတင်မှန်းဆဖို့ သိပ်မလွယ်လှပါလား။ အကောင်းဆုံးကတော့ တွေ့ကြုံလာမယ့် လောကဓံကိုသာ ဘယ်ပုံ ဘယ်နည်း ကြံ့ကြံ့ခံနိုင်အောင် လေ့ကျင့်ထားမှ တော်ကာကျမယ်လေ။
    နောက်ပြီး မိမိကိုယ်ကိုယ် ဖြစ်ရမှာက သူများဆီက ယူမယ့်သူ မဖြစ်စေဘဲ သူများကို ကူညီမယ့်သူပဲ ဖြစ်ရမယ် ဆိုတာကိုပေါ့။
    လူ့လောကမှာ အသက်တစ်ရာ မနေရပေမဲ့လည်း အမှုတစ်ရာတော့ ကြုံရနိုင်ပါတယ်။ အဲဒီလို တွေ့ကြုံလာမယ့် အမှုတွေမှာ သင်ခန်းစာတွေ ကောင်းကောင်း ယူတတ်ဖို့တော့ လိုလိမ့်မယ်။ ဒါမှသာ ရှေ့ဆက်ရမယ့် အချိန်တွေ အတွက် အခက်အခက်တွေကို ကျော်လွှားနိုင်မှာပေါ့။
    ကျွန်တော်ကတော့ သင်ခန်းစာ တချို့ကို အသက်နဲ့ ရင်းပြီး ရလိုက်တာမို့ တစ်သက်မှာ ဘယ်တော့မှ မမေ့နိုင်တော့တဲ့ သင်ခန်းစာတွေ ဖြစ်နေမိမှာ အမှန်ပါပဲလေ…
    (ကျွန်ုပ်၏ ဖြစ်ရပ်မှန် တစ်ခုကို တန်ဆာဆင်၍ ရေးဖွဲ့ထားပါသည်)
    Read more...
    *သေခြင်းတရားနှင့် မေတ္တာ-၃*
    ဤ ကိုယ်ကာယပိုင်း ဆိုင်ရာ ဆင့်ကဲ ဖြစ်ပေါ်မှု ဖြစ်စဉ်တွင် ဟန်ချက်ညီမှုနှင့် အတွယ်အတာ ကင်းပျက်သွားမှု သဘောပေါက် လာသည်နှင့် တစ်ပြိုင်နက် လှပသော လွတ်မြောက်သော စိတ်၏ အရည်အသွေးများလည်း စတင်၍ ပေါ်ထွက်လာပါ တော့သည်။ ထိုစိတ် အရည်အသွေးများ အနက် တစ်ခုမှ မေတ္တာပင် ဖြစ်ပါသည်။ ကိုယ့်ကိုယ်ကို ချစ်ခင် မြန်နိုးခြင်း သဘောသည် ဖြစ်ပေါ်လာပါ တော့သည်။ ဤမေတ္တာကား တစ်စုံတစ်ခုသော အကြောင်းကြောင့် အကြောင်းအားလျော်စွာ ဖြစ်ပေါ်လာသော ချစ်ခြင်းမေတ္တာမျိုး မဟုတ်ပါ။ ထိုကဲ့သို့ အကြောင်း တိုက်ဆိုင်၍ အကြောင်း အားလျော်စွာ ဖြစ်သော ချစ်ခြင်း မေတ္တာမျိုးက ခိုင်မြဲသော မေတ္တာမျိုး မဟုတ်ပါ။ ထိုအကြောင်း ပျောက်သွားလျှင် ထိုမေတ္တာလည်း ပျောက်သွားနိုင် ပါသည်။ ဤမေတ္တာကား အရောင်းဝယ် သမားများ ထားသော မင်းငါ့ကိုချစ်ရင် ငါကလည်း မင်းကို ချစ်မှာပဲ ဆိုသော မေတ္တာမျိုး မဟုတ်ပါ။
    ပညာကို အကြောင်းခံ၍ ၀ိပဿနာဉာဏ် ဖြစ်ပေါ်လာသော မေတ္တာကား အကြောင်းကြောင့် ဖြစ်သော အကျိုးမေတ္တာ မဟုတ်ပါ။ ဤကား တစ်လောကလုံးကို ဖြန့်ကျက်၍ ထားအပ်သော မေတ္တာမျိုးသာ ဖြစ်ပါသည်။ သတ္တ၀ါအားလုံး၏ အကျိုးကို လိုလားသော စိတ်သဘောထား မျိုးသာ ဖြစ်ပါသည်။ ဘယ်သူ ဘယ်ဝါအတွက်ဟု သတ်မှတ် ရည်စူးထားသော မေတ္တာမျိုးမဟုတ်၊ အမှန်စင်စစ် အကန့်အသတ် မထားသော မေတ္တာမျိုးသာ ဖြစ်၏။ ပြည့်စုံစေမှု၊ ပြီးပြတ်စေမှု အတွက် သူတစ်ပါးကိုလည်း မျှော်မကြည့်၊ တစ်စုံတစ်ရာ လိုလားမှုဖြင့်လည်း မဆက်စပ်၊ အကန့်အသတ် မရှိ ဖြာထွက်သော မေတ္တာမျိုးသာလျှင် ဖြစ်ပါသည်။
    နောက်ထပ် ဖြစ်ပေါ်လာသော စိတ်၏ အရည်အသွေး တစ်ရပ်မှာ အကြင်နာ တရား (ကရုဏာ) ဖြစ်ပါသည်။ ဤ ကရုဏာ တရားသည် ကိုယ့်ကိုယ်ကို သနားခြင်း၊ သူတစ်ပါး အတွက် သနား ကြေကွဲခြင်းမျိုး မဟုတ်ပါ။ မိမိ၏ ဆင်းရဲ ဒုက္ခနှင့် သူတစ်ပါး၏ ဆင်းရဲဒုက္ခကို အသိအမှတ် ပြုခြင်းသည်သာ ကရုဏာ ဖြစ်ပါသည်။
    ပါဠိစကား “ကိလေသာ” ကို အင်္ဂလိပ်လို (deilement) ဟု ဘာသာ ပြန်ပါသည်။ ထိုစကား အရာမူ ညစ်ညမ်းမှု၊ မသန့်ရှင်းမှုဟုသာ အနက်ရပါသည်။ ပိုပြီး တိတိကျကျ ဘာသာ ပြန်ရလျှင် ကိလေသာသည် စိတ်ကို ညစ်ညူးစေခြင်း၊ စိတ်ကို နှိပ်စက် ညှင်းပန်းခြင်း ဟူသော အနက်ကိုသာ ရပါသည်။ ဒေါသ အတွေ့အကြုံသည် လည်းကောင်း၊ လောဘ အတွေ့အကြုံသည် လည်းကောင်း အလုံးစုံသော ကိလေသာ တရားတို့သည် စိတ်ကို ဆင်းရဲအောင် ပြုလုပ်သော သဘောချည်းသာ ဖြစ်ကြပါသည်။ ထိုအချက်သည် ထိုတရားများကို ၀ိပဿနာ ရှုသော အခါမှာ ပို၍ ပို၍ ပေါ်လွင် ထင်ရှားစွာ သိသာနိုင်ပါသည်။
    တရားထိုင်သော အခါ ကျွန်ုပ်တို့၏ ရုပ်ကို လည်းကောင်း၊ စိတ်ကို လည်းကောင်း ထိခိုက်အောင် ပြုတတ်သော သဘော ရှိကြောင်းသည် ပိုမို ထင်ရှား လာပါသည်။ ဓမ္မ၏ သဘောကို သိမြင် နားလည်လာသည်နှင့် အမျှ ထိုတရားများ ပေါ်လာသော အခါ ကျွန်ုပ်တို့ ကိုယ့်ကိုယ်ကို ပို၍ ကရုဏာ ဖြစ်ရပါသည်။ ကိုယ့်ကိုယ်ကို စီရင် ဆုံးဖြတ်ဖို့၊ အပြစ်တင်ဖို့ထက် ပို၍ သနားကြင်နာဖွယ် ကောင်းပါတော့သည်။ ထို့အတူပင် အခြားသူတို့ မှာလည်း တဏှာ၊ မာန၊ ဒိဋ္ဌိ စသော ကိလေသာ တရားတို့ နှိပ်စက် ခံနေရသည်ကို မြင်ရသော ကာလ တရားကို သိသောသူ အဖြစ်ဖြင့် ၎င်းတို့ကို အပြစ်တင်ရမည့် အစား သနားကြင်နာသော စိတ်ကသာ ပိုမို များပြားလာပါ တော့သည်။ လူသားအားလုံး ဆင်းရဲဒုက္ခ ဘုံထဲမှာ တွယ်ငြိနေကြ ရသည့် အဖြစ်ကို မြင်သိသော အခါ အချင်းချင်း သနား ကရုဏာ ပိုလာရပါသည်။
    ဆက်လက် ဖော်ပြပါမည်။
    >>> ဆရာဦးဆန်းလွင်နှင့် ဆရာဦးဟန်ဌေးတို့ ဘာသာ ပြန်ဆိုသော ဂိုးလ်စတိန်း၏ ကိုယ်တွေ့ ၀ိပဿနာ စာအုပ်မှ ကူးယူဖော်ပြ မျှဝေအပ် ပါတယ် ခင်ဗျာ...။
    လေးစားစွာဖြင့်
    ဖိုးသား
    Read more...
    ပြောမယုံ ကြုံဖူးမှသိ ရင်နာမိပါ၏... (အရှင်ပညောဘာသ)
    အရှင်ပညောဘာသ ဖိုးပညော (သပိတ်ကျင်း)
    ပြောမယုံ ကြုံဖူးမှသိ ရင်နာမိပါ၏...
    ဒီတိုင်းပြည်ခို၊ ဒီရေကိုသောက်၊
    ဒီမြေအောက်က၊ ကူထောက်စီးပွား၊
    ထုတ်ယူစားပြီ၊ ပြည်ဖွားအိမ်ရှင်၊
    ရန်သူထင်၊ အသင်မှားနေပြီ.
    အိမ်ရှင်ရိုကျိုး၊ အိမ်ရှင်ကိုးသော၊
    မျိုးရိုးဘာသာ၊ သာသနာကို၊
    ခြေရာနင်းလျှက်၊ အတင်းဖျက်၊
    ရက်စက်လွန်းနေပြီ။
    အိမ်ရှင်ကဖွား၊ သမီး သားကို၊
    ဇနီးအဖြစ်၊ လင်အဖြစ်ဖြင့်၊
    အနှစ်ကိုနှုတ်၊ အညစ်မြှပ်လျှက်၊
    မွေးထုတ်ကလေး၊ စပ်တူသွေးတွင်၊
    အရေးချက်ချာ၊ မျိုးဘာသာအား၊
    လုယူထား၊ စော်ကားလွန်းနေပြီ။
    သင့်အိမ်ခိုလျှက်၊ သင့်ကိုဖျက်၊
    သင်လက်ခံမည်လော...?
    သမီးပျော်ပါး၊ သားပျော်ပါး၊
    စော်ကားခံမည်လော...?
    Read more...
    ဟောဒီလူ့ဘ၀ ကြီးမှာ ဆက်နေရင် သေသွားရင်လဲ ကောင်းမယ်၊ ဒါမှမဟုတ် သာသနာ့ဘောင်ဝင်ပြီး ရဟန်းမ ပြုရင်လဲ ကောင်းမယ် ဆိုတာ စဉ်းစားမိပြီး အိမ်မှာ ဆွမ်းခံကြွနေတဲ့ အရှင်မ ဇိနဒတ္တာ ထံ ခွင့်တောင်းပြီး ဘိက္ခုနီမ ၀တ်လိုပေမယ့် ဖခင်ကြီးက အိမ်မှာ နေပြီး တရားအားထုတ်ပါ တဲ့- ခွင့်မပြုခဲ့ပါ ဘူး၊
    ဖခင် - ဒီဘ၀ မှာ မကောင်းမှု့ အကုသိုလ်တွေ များနေခဲ့လို့ စိတ်ဆင်းရဲခြင်းတွေကို ဖခင်တို့ရော သမီးရော အကြိမ်များစွာ ကြုံခဲ့ရပါပြီ၊ အဲဒီ မကောင်းမှု့တွေကို ဆွေးမြေ့ ပျက်ဆီး သွားအောင် သမီး လုပ်ပါရစေ ခွင့်ြ့ပုပါ ဆိုတော့မှ သာသနာ့ဘောင်ကို အပြီးပိုင် ၀င်ခွင့်ရခဲ့တယ်ဘုရား-
    အဲဒီနောက်မှာတော့ အပူအားလုံးကို ဖယ်ထားပြီး စိတ်ကို အစင်ကြယ်ဆုံးထားကာ ဘုရားရှင် အဆုံးအမ အတိုင်း အားထုတ်လိုက်တာ ( ရ ) ရက် အတွင်းမှာပဲ ရှေ့ဘ၀ နောက်ဘ၀တွေကို သိမြင်နိုင်တဲ့ ပုဗ္ဗေနိဝါသာနုဿတိ ဥာဏ်၊ လူ့ပြည် နတ်ပြည် ဘယ်နေရာ မဆို အကာအကွယ် မရှိ ထွင်းဖောက် မြင်နိုင်တဲ့နတ်မျက်စိကဲ့သို့သော ဒိဗ္ဗစက္ခုဥာဏ်နှင့်တကွ ဘ၀ပေါင်းများစွာ က ကိန်းအောင်းခဲ့တဲ့ ကိလေသာ တွေကို အားလုံးပယ်ခွာနိုင်ခဲ့ပါတယ် -
    အခုတော့ ၀ဋ်ကြွေးတွေ ဆပ်နေရခြင်းရဲ့ တရားခံကို သိရပါပြီ - ပါရမီ နုစဉ် ဘ၀တခုမှာ တပည့်တော် ဟာ ပြည့်စုံတဲ့ ရွှေပန်းတိမ်သည် သူဋ္ဌေးသား ဘ၀မှာ သူတပါး သားမယားကို ပြစ်မှား ကျူးလွန်ခဲ့ဘူးတယ်ဘုရား ၊ခံစားမှု့နောက်လိုက်ပြီး ကျူးလွန်မိတဲ့ အဲဒီ အကုသိုလ်ကြောင့် ငရဲမှာ နှစ်ပေါင်းများစွာ ခံခဲ့ရပါတယ်၊
    ပရဒါရကံ ရဲ့ အကြွင်းအကျန်အနေနဲ့ မျောက်ဘ၀ကို ရပြန်တော့လဲ မျောက်ခေါင်းဆောင်က ဝှေးစေ့ကို ကိုက်ဖြတ်ပြစ်ပါရော -
    မျောက်ဘ၀ ပြီးပြန်တော့ ကိုယ်လက် အင်္ဂါ မစုံတဲ့ သိုးမလေး ဘ၀မှာ ၁၂ နှစ် တိတိ ခြေထောက်ခွင်ခွင်နဲ့ ခဲခဲ ယဉ်းယဉ်းဘ၀ကို ဖြတ်သန်းခဲ့ရပါတယ်၊
    အကုသိုလ်ကံ မကုန်သေးလို့ နွားထီးဘ၀ ရပြန်သော်လည်း ဝှေးစေ့ ကို အပိုက်ခံခဲ့ရတယ်၊ အဲဒီဘ၀က လွန်မြောက်တော့ ပြည့်တန်ဆာမ တယောက်အိမ်မှာ မိန်းမ မဟုတ် ယောကျာင်္းမဟုတ် နပုံးပဏ္ဍုတ် ဘ၀နဲ့ ဖြစ်ခဲ့ရပြန်တယ်၊ နောက်ဘ၀ တခုမှာတော့ သူတောင်းစား အိမ်မှာ သူတောင်းစားမလေး ဘ၀ နဲ့ သူတပါးရဲ့ ၅ ယောက်မြောက် မယား အဖြစ် ကျွန်တယောက်လို လုပ်ကြွေးပြုစုပေးရပြန်တယ် ဘုရား၊
    တကယ်တော့ မြင့်မြတ်တဲ့ ယောကျာင်္းဘ၀ကို ရရှိခဲ့ပေမယ့် အကျိုး ရှိစွာ အသုံးမချနိုင်ခဲ့ပဲ တခဏတာ သာယာမိခဲ့တဲ့ ပရဒါရ အကုသိုလ်ကံကြောင့် အခု ရဟန္တာ ဖြစ်တဲ့ ဘ၀ အထိ မိန်းမ ဘ၀ အဖြစ်နဲ့သာ နိဗ္ဗာန် ၀င်ရတော့မယ် အရှင်မ မြင့်မြတ်တဲ့ ယောကျာင်္းဘ၀ကို တော့ မရနိုင်တော့ဘူး -
    ပုထုဇဉ် မှန်သမျှ တပည့်တော်မ အဖြစ်ကို သတိ သံဝေဂ ယူပြီး အကုသိုလ်မကောင်းမှု့တွေကို ရှောင်ရှားနိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်၊ တပည့်တော်မလဲ ရှည်လျားလှတဲ့ သံသရာ အဆက်ဆက်က ပြုခဲ့မိသမျှ ၀ဋ်ကြွေးတွေကို ပေးဆပ်ခဲ့ပြီမို့ ဟောဒီ သဲသောင်ပြင် ကမ်းစပ်မှာ တိုင်တည်လိုက်ပါတယ်- ၀ဋ်ကြွေးရှိလျင် ကျေပါစေတော့ ဘုရား - -
    ကျမ်းကိုး - ဣသိဒါသီ ထေရီဂါထာပါဠိ
    Read more...
    တရားဆေွးနွေးခြင်းဆိုသည်မှာ........
    Posted on 8:30 AM by peacefulness
    ဓမ္မ ကိုဆွေးနွေး တဲ့ အခါ မှာ တခါ တလေ ဓမ္မ ကနေ အဓမ္မတွေ ဖြစ်သွားတတ်ပါတယ် ဘယ်အရာရာကိုပဲ ဖြစ်ဖြစ် ဓမ္မနည်းကျဆွေးနွေး ရန်တွက် မြတ်ဗုဒ္ဓ က သေချာ စေ့စေ့စပ်စပ်ဟောပေးခဲ့ ပါတယ်.............
    အများစုသော လူတွေ ဟာ ဘယ်အကြောင်းအရာကိုပဲဖြစ်ဖြစ် အငြင်းသန်ပြီးရန်ပွဲတွေ ဖြစ်တာ ကြားဘူး သလို မုန်းသွားတတ်တာတွေလဲ ဖြစ်တတ်ပါတယ် ဒါကြောင့် ဘုရားရှင်ဟောထားခဲ့ တာ ကို သိစေချင်ပါတယ်။
    အဂုင်္တ္ထုရ် တိကနိပါတ်ထဲ က ကထာဝတ္ထု သုတ် မှ သိခြင်းနှင့် ကြည်ညိုခြင်း ဟာ စင်စစ် သိခြင်းကြည်ညိုခြင်း အကျိုးငှာ လို့ ဆိုတဲ့ စကား ဟာ သိဖို့ အတွက် ၊ ကြည်ညိုခြင်း ဖြစ်ဖို့ အတွက်သာ ပညာရှိ သူတော်ကောင်းများဟာဆွေးနွေးသင့်တယ် လို့  ဆုံးမ တဲ့ စကားဖြစ်ပါတယ် ...........
    ဘုရား စကားဟာ ဘယ်လောက်ကြည်ညို ဖို့ ကောင်းသလဲ ..... ဒီသုတ္တန် ဟာ ဘ၀ရှေ့ ဆောင် ဓာတ်မီးရောင် တခု ပါပဲ ..... ဒီသုတ်မှာ ဘုရားက တရားကို ဓမ္မနည်းကျဆွေးနွေး ပုံသဘောကို အတိကျ သတ်မှတ် ပြီး ဟောပါတယ် ဒီတရားကိုသာ တစ်ကမ္ဘာ လုံးက လူ တွေလိုက်နာ ကျင့်ကြံ မယ်ဆို ရင်တောင် ပြသာနာမှန်သမျှ ဖြေရှင်း နိုင်မယ်လို ထင်ပါတယ်....................
    ဘုရားဟောတဲ့ ဓမ္မနည်းကျ ဆွေးနွေးမူရဲ့ အဓိက ကျတဲ့ အချက် တွေရှိပါသည်။
    (၁) ပညာရှိ သည် မဆန့် ကျင် မထောင်လွှား ဘဲဆွေးနွေးသင့်တယ်၊
    (၂) မပြန့် လွင့်တဲ့ စိတ်နဲ့  ဆွေးနွေးသင့်တယ်၊
    (၃) ဂုဏ်မပြိုင် နိုင်ထက်စီးနင်းမပြု ဘဲ ဆွေးနွေးသင့်တယ်၊
    (၄) ကောင်းစွာ သိလို့ သာ ဆွေးနွေးသင့်တယ် ၊
    (၅) သူတစ်ပါးကို ချုပ်ချယ်စောင်းမြောင်း ခြင်း ကိုမပြုသင့်
    (၆)ချွတ်ချော်သောစကား ကိုလည်း အပြစ်လို့ မယူသင့် ၊
    (၇) ပါဠိ ပါဠ်သား များကိုရွတ်ဆိုပြီးလည်းမလွမ်းမိုး သင့် ၊
    (၈) အကြောင်းပြပြီး ဖိနှိပ် ခြင်းကို လည်း မပြု သင့် ၊
    (၉) အမှန်အမှား ရောထွေးတဲ့ စကားကိုလည်း မပြောသင့် ဘူးလို့ လဲ ဟောတဲ့ ဓမ္မနည်းကျ ဆွေးနွေးခြင်း လမ်းညွန်းခြင်း ကို သဘောကျနှစ်သက်မိပါတယ် ..............
    နောက် ပြီးတော့ ဘုရား က ဆွေးနွေးသင့်တဲ့ ပုဂ္ဂိုလ် နဲ့ မဆွေး နွေးသင့်တဲ့ ပုဂ္ဂိုလ် ကိုခွဲခြား ပြီး စံထား အတိကျ ဟောထား တာလည်း ထူးခြား လို့ သဘောကျ ပါတယ် ဒါကြောင့် ဆက်လက် ရေးသားချင်ပါတယ်
    (၁) ပြသာနာကို မေးလိုက်တဲ့ အခါ တိုက်ရိုက် ဖြေဆိုရမယ့် ပြသာနာမျိုး ဖြစ်ပါလျှက် တိုက်ရိုက်မဖြေချင်ဘူးတဲ့ 
    (၂) ဝေဖန်ပြီး ဖြေဆိုရမယ့်ပြသာနာကိုလည်း ဝေဖန်ပြီးမဖြေ ဘူး တဲ့ 
    (၃) တစ်ဖန်ပြန်မေးပြီး ပြန်ဖြေရမယ့် ပြသာနာ မျိုးကိုကျတော့ လည်းပြန်မေးပြီး မဖြေဘူး ၊
    (၄)တချို့ ကျတော့ပြသာနာ ကို မေးလိုက်တဲ့ အခါ အကြောင်းဟုတ်သည် မဟုတ်သည်ကို လည်းမကြည့်  ၊
    (၅) ကြံဆအပ်သောအရာကိုလည်းမကြံ ဆ၊
    (၆) သိရမည့်ဝါဒ ကိုလည်းမပြနိုင်၊
    (၇) ဖြေဆိုသူ တို့ ရဲ့ ကျင့်ဝတ်မှာလည်းမတည်ဘူးတဲ့ 
    (၈) တချို့ ကျတော့ပြသာနာ ကိုမေးလိုက်အခါ စကားတခု ကိုတခြားစကားတစ်ခု (စကားကြောင်းလွဲ) ဖုံးကွယ် တတ်ကြပါတယ် တဲ့  ၊
    (၉) မေးတဲ့ ပြသာနာနဲ့ မဆိုင်တဲ့ အပြင်စကားများကို ပြောပြီး ပြသာနာ ကို ပယ်တတ်ကြပါတယ် ၊ (၁၀) တချို့က လဲ စိတ်ဆိုး အမျက်ထွက် ပြီးမနှစ်သက်ဖွယ် အမူရာကိုလည်း ထင်စွာပြတတ်ကြပါတယ် တဲ့ ၊
    (၁၁) တချို့ ကျတော့လည်းပြသာနာ ကို မေးလိုက်တဲ့ အခါ ပါဠိ ပါဠ် သားတွေကိုတသီကြီး ရွတ်ပြပြီး တစ်ဖက်သားကို လွှမ်းမိုး ဖို့ ကြိုစား တတ်တယ်တဲ့ 
    (၁၂) တချို့က အကြောင်းမျိုးမျိုး ပြပြီးဖိနှိပ်တာ မျိုးလည်းခံရ တတ်ပါ တယ်တဲ့ 
    (၁၃) တချို့ ကတော့ တတ်ယောင်ကား ပုံစံ မျိုးနဲ့မေးသူ ရဲ့ စိတ်မှာသံသယ ရှိလာအောင် ဟားတိုက်ရယ်မောတတ်ပါတယ်တဲ့  ၊
    (၁၄) တချို့ က တော့အနည်း ငယ် မှားယွင်း ချွတ်ချော်တာတွေ့ ရင် အမှားဖမ်း တတ်ကြပါတယ် တဲ့။ အဲဒီသဘောရှိတဲ့ သူမျိုးနဲ့  မဆွေးနွေးသင့်  ဘူး လို့ ဘုရားဟောထားပါတယ်..................
    ဘုရားဟောတဲ့ သဘောတရားကို နားလည်သဘောပေါက်ပြီး ဓမ္မဆွေးနွေး ရာမှာအဓမ္မ ဆွေးနွေးခြင်းများမှ ကင်းဝေးကြပါစေလို့ .......
    Read more...
    စန္ဒာသူရိယ ဘလောင်္ဂမောင်နှမတစ်စုရဲ့အလှူ
    စန္ဒာသူရိယ ဘလောင်္ဂမောင်နှမတစ်စုရဲ့အလှူ
    စန္ဒာသူရိယ ဘလောင်္ဂမောင်နှမတစ်စုရဲ့အလှူ
    ကျွန်တော်တို့ စန္ဒာသူရိယ ဘလောင်္ဂမောင်နှမတစ်စုရဲ့ အလှူပါ။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ ကော့ထင်းဘုန်းတော်ကြီးကျောင်းမှာ အောက်တိုဘာလ ၃ရက် ၂၀၀၉ခုနှစ် (သီတင်းကျွတ်လပြည့်နေ့) မှာကျင်းပတဲ့ တတိယအကြိမ် ပလန်နက်မောင်နှမများ၏ ကထိန်နဲ့ ပရဟိတအလှူပွဲကြီးမှာ လှူဒါန်းခဲ့ခြင်းဖြစ်ပါတယ်။ လာရောက်ဖတ်ရှုသူ အပေါင်းကို ကျွန်တော်တို့မောင်နှမတစ်စု နည်းတူ ကြည်နူးပီတိဖြစ်စေရန် တင်ပေးလိုက်ခြင်း ဖြစ်ပါတယ်။
    Filed under: အမှတ်တရ
    Read more...
    လောကဓံ ရှစ်ပါး
    ၁။ လာဘော-ဥစ္စာပေါများ၍ တက်ကြွတုန်လှုပ်ခြင်း။
    ၂။ အလာဘော-ဥစ္စာနည်းပါး၍ ညှိုးငယ် တုန်လှုပ်ခြင်း။
    ၃။ ယသော-အခြံအရံများ၍ တက်ကြွတုန်လှုပ်ခြင်း။
    ၄။ အယသော-အခြံအရံနည်းပါး၍ ညှိုးငယ်တုန်လှုပ်ခြင်း။
    ၅။ နိန္ဒံ-ကဲ့ရဲ့ခံရ၍ ညှိုးငယ်တုန်လှုပ်ခြင်း။
    ၆။ ပသံသံ-ချီးမွမ်းခံရ၍ တက်ကြွတုန်လှုပ်ခြင်း။
    ၇။ သုခံ-ချမ်းသာခြင်းကို စွဲ၍ တက်ကြွတုန်လှုပ်ခြင်း။
    ၈။ ဒုက္ခံ-ဆင်းရဲခြင်းကို စွဲ၍ ညှိုးငယ်တုန်လှုပ်ခြင်း။
    သမထ ၀ိပဿနာ အကျိုး
    တရားပညာ မရှိ၊ သမာဓိ မရှိဘဲ အနှစ်တရာပတ်လုံး အသက်ရှည်နေရခြင်းထက်
    တရားပညာရှိ၍ သမထ ၀ိပဿနာကို ရှုသောပုဂ္ဂိုလ်၏ တရက်မျှ အသက်ရှည်ရခြင်းသည် မြတ်၏။
    ( ဓမ္မပဒ )
    ဆွမ်းလှူရသော အကျိုး
    ဘုရားကိုဖြစ်စေ၊ ရဟန်းသံဃာတော်ကိုဖြစ်စေ ဆွမ်းလှူတဲ့သူဟာ ဖြစ်ရာဘ၀၌-
    ၁။ အသက်ရှည်ခြင်း။
    ၂။ အဆင်းလှခြင်း။
    ၃။ ချမ်းသာခြင်း။
    ၄။ ခွန်အား (ဗလ) ကောင်းခြင်း။
    ၅။ ဉာဏ်ပညာ ထက်ခြင်း-ဆိုတဲ့ အကျိုးငါးပါးကို ရနိုင်တယ်။
    လူကိုဖြစ်စေ၊ ခွေး-နွားစသော တိရစ္ဆာန်ကိုဖြစ်စေ ချမ်းသာစေချင်တဲ့စိတ်နဲ့ ထမင်းကျွေးရင်လဲ ဒီအကျိုးများ ထိုက်တန်သလောက် ရနိုင်ပါတယ်။
    ( အမရပူရ-အရှင်ဇနကာဘိဝံသ-ဗုဒ္ဓဘာသာ လက်စွဲကျမ်း )
    ကပ်သုံးပါး
    ပျက်စီးခြင်းကို ကပ်ဟုခေါ်သည်။
    ၁။ ဒုဗ္ဘိက္ခန္တရကပ်-ပတ်မွတ်ဘေးကြောင့် ပျက်စီးခြင်း။
    ၂။ သတ္ထန္တရကပ်-လက်နက်ဘေးကြောင့် ပျက်စီးခြင်း။
    ၃။ ရောဂန္တရကပ်-ရောဂါဘေးကြောင့် ပျက်စီးခြင်း။
    ( ကပ်ဆိုက်ပုံ )
    ၁။ သတ္တ၀ါတို့ လောဘတရား ကြီးမားလွှမ်းမိုးလာသောအခါ ငတ်မွတ်ဘေးကပ် ဆိုက်ရောက်သည်။
    ၂။ သတ္တ၀ါတို့ ဒေါသတရား ကြီးမားလွှမ်းမိုးလာသောအခါ လက်နက်ဘေးကပ် ဆိုက်ရောက်သည်။
    ၃။ သတ္တ၀ါတို့ မောဟတရား ကြီးမားလွှမ်းမိုးလာသောအခါ ရောဂါဘေးကပ် ဆိုက်ရောက်သည်။
    ( ဗုဒ္ဓဘာသာတရားတော်-မှ )
    ဗြဟ္မစိုရ်တရား လေးပါး
    ၁။ မေတ္တာ-ချစ်ခင်ခြင်း။
    ၂။ ကရုဏာ-သနားကြင်နာခြင်း။
    ၃။ မုဒိတာ-၀မ်းမြောက်ခြင်း။
    ၄။ ဥပေက္ခာ-ကံတရားအတိုင်း လျစ်လျူရှုခြင်း။
    ဤကမ္ဘာကြီး သာယာငြိမ်းချမ်းအောင် ဤတရားလေးပါးက စွမ်းဆောင်နိုင်ပါသည်။
    ရှေးခေတ် သရိုး ( အင်္ဂတေ ) စပ်နည်း
    ရှေးခေတ် သရိုးစပ်ရာတွင်-
    ၁။ ကြစုရည် ၁-မြူ
    ၂။ တင်လဲရည် ၂-မြူ
    ၃။ ဥသျှစ်ရည် ၂-မြူ
    ၄။ အုံတုံခေါက်ပြုတ်ရည် ၁၂-မြူ
    ၅။ ကျွဲကော်ရည် ၆-မြူ
    စသည်ဖြင့် ဖော်ပြပါ အချိုးအစားအတိုင်း ငါးပါးရောစပ်၍ ကျိုရပါသည်။
    ယင်းသို့ကျို၍ရသော ကော်ရည်ကို ထုံးတတင်း၊ သဲတတင်းနှင့် ဆွတ်ဖျန်းရောစပ်၍ သမအောင် မွှေပေးရပါသည်။ ၅-ရက်မျှထားပြီး ခပ်ထပ်ထပ်ရှိလျှင် မောင်းဆုံတွင်ထည့်၍ ထောင်းရပါသည်။ ထောင်းပြီးနောက် ယခင်ကော်ရည်ကို လိုအပ်သလောက် ရောစပ်ပေးရပါသည်။ ထို့နောက် ရရှိလာသော အင်္ဂတေသား ကောင်း-မကောင်းကိုလည်း စမ်းသပ်ကြည့်ရပါသည်။
    စမ်းသပ်ရာတွင် ရရှိလာသော အင်္ဂတေသားကို အုတ်တွင်ကပ်၍ နေပူတွင် အခြောက်လှန်းရပါသည်။ ကွဲအက်ခြင်း၊ ပပ်သေးထခြင်း ဖြစ်ပါက ဥသျှစ်ကိုလျှော့၍ တင်လဲရည်ကို တိုးထည့်ရပါသည်။ ထို့ထက်ပိုကောင်းလိုပါက အင်္ဂတေတစုံလျှင် ငါးဆီ ၄၀-ကျပ်သား၊ ၅၀-ကျပ်သားမျှ ထပ်ထည့်ပေးနိုင်ကြောင်း မှတ်သားရပါသည်။
    ( လင်္ကာ )
    ကြစုစိမ်ရေ၊ တမြူနေ၍၊ နှစ်ထွေတင်လဲ၊ ဥသျှစ်နည်းတူ၊ ကော်မူခြောက်ဆ၊ ဒွါဒအုံတုံ၊ ငါးပါးစုံကို၊ ရောတုံပြီးမှ၊ ထုံးကတတင်း၊ သဲတတင်းနှင့်၊ ကျင်းတွင်ထည့်ပါ၊ ကော်ဆွတ်ကာထား၊ ငါးရက်ထပ်လျှင်၊ ဆုံတွင်ထောင်းပါ၊ ကော်ယူကာဖြင့်၊ အုတ်မှာကပ်မူ၊ နေပူလှန်းကြည့်၊ ပပ်သေးရှိက၊ လျှော့ရဥသျှစ်၊ တိုးလစ်တင်လဲ၊ ရှေးနည်းစပ်မီ၊ ငါးဆီလျှော်ကန်၊ ထည့်အပ်ပြန်သည်၊ သုံးရန်အင်္ဂတေ စပ်နည်းတည်း။
    ထုံးသည် အငန်ဓာတ်ပါသဖြင့် အုတ်ကိုစားခြင်းကြောင့် ဆွေးမြေ့တတ်ပါသည်။ ထို့ကြောင့် ထုံးခိုးသေစေရန် ကြစုကိုထည့်ရပါသည်။ တင်လဲ၊ ဥသျှစ်၊ အုံတုံ၊ ကျွဲကော်တို့သည် အင်္ဂတေကို မာကျောစေပါသည်။
    ဥသျှစ်များလွန်းလျှင် ကွဲအက်ခြင်း၊ ပပ်သေးထခြင်း ဖြစ်တတ်သဖြင့် သင့်လျှော်အောင် ထည့်ရပါသည်။
    ( မာဂဓီ-သာစည် )
    Read more...
    9
    နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
    နမော ဗုဒ္ဓါယ သိဒ္ဓံ
    အမိမြန်မာပြည်နဲ့အတူ မိဘညာတကာ ဇာတိရပ်ရွာကို ခွဲခွာကာဖြင့် မလေးရှားမြေသို ရောက်ရှိနေဖြစ်ခဲ့သည်မှာ တစ်နှစ်ကျော်လို့ နှစ်နှစ် နီးပါးပင် တာရှည်ခဲ့ပါပေါ့လေ.. တွေးကြည့်တော့ သီးတင်းဝါလသော်မှ နှစ်ခါကျွှတ်ခဲ့ချေပြီပဲ…..ဤမျှကြာခဲ့သော ကာလအတွင်းမှာ ဘ၀ပေးအသိနှင့်ယှဉ်ပြီး ကိုယ့်နှင့်သင့်ရာ အတ္တဟိတ ပရဟိတအကျိုးလေးတွေ ဆောင်ဖြစ်ခဲ့ပုံလေးတွေ တွေးမိတော့လဲ ရင်ထဲတွင် တမျိုးတစ်ဖုံပင် ကြည်နူးရပြန်ပါသည်. ထိုအထဲတွင်မှ ထူးထူးခြားခြား အကြောင်းလေးတွေး ပြန်တွေးကြည့်ရင်း အတိတ်တံခါးပေါက် ကို တီးခေါက်ဖွင့်လှစ်ကြည့်သောအခါ………။
    နာရီတိုက်စား ရာသီများရဲ့အောက်မှာ ပျော်တလှည့် ပျင်းတခါ…ကြုံရာလူနှင့် သင့်အောင်ပေါင်းပြီး အကြောင်းအားလျှော်စွာ နေလာခဲ့ရာ မြန်မာတို့ရဲ့ များပြားလှစွာသော လူမှု့ရေးအကြပ်တည်းများစွာကို သိမြင်ကြားသိနေရပေ၏။ သတင်းဋ္ဌာနတို့ရဲ့ ဖေါ်ပြချက်များအရဆိုလျှင် မလေးရှားပြည်တွင် လာရောက် နေထိုင်လုပ်ကိုင်နေကြသည့် မြန်မာများနိုင်ငံသားများသည် ပမာဏအားဖြင့် များပြားလှပေစွ။ ထို့များပြားလှစွာသော မြန်မာနိုင်ငံသားများ အထဲတွင် အဆင်ပြေပြေ နေနိုင်ထိုင်နိုင် စားနိုင် သောက်နိုင် စုဆောင်းမိနိုင်သူအရေအတွက်နှင့် ကြိုးစားမှု့နှုင့် အမှန်တကယ်ထိုက်တန်သော ငွေကြေးနှင့် အောင်မြင်မှု့ ရနေသူ အရေအတွက်မှာ နည်းပါးလှသည်ဟုပင် ဆိုနိုင်မည်ထင်ပါသည်… ငွေပင်ငွေးရင်းကြီးစွာဖြင့် ရင်းနှီးလုပ်ကိုင်နေငြား စီးပွားရေးလုပ်ငန်းရှင်များ. အသိပညာအတတ်ပညာကို အရင်းပြုလို့ အောင်မြင်မှု့သရဖူ စိုက်ထူ နေနိုင်သူများ ရှိပင်ရှိပါငြားသော်လည်း အားလုံးသည်ပင် သူ့နိုင်ငံ သူ့စရိုက် သူ့အကြိုက်လိုက်နေပေးရလို့ တစ်ခုမဟုတ် တစ်ခုသော ပူပင်စရာများနှင့် ကြုံတွေ့နေရသူချည်း ဖြစ်သည်ဟု ဆိုရလျှင်လဲ မှားအံ့မထင်ပါချေ ။ မရှိလို့ တောင့်တ ပူနေရသောအဖြစ်နှင့် ရှိပြိး ကြောင့်ကြ ပူနေရသည့် အဖြစ်သာ ကွာခြားအံ ထင်ပါသည်..။ မလေးရှားနိုင်ငံသို့ လာပြီး ဘ၀ တိုက်ပွဲကို ရင်ဆိုင်ဆင်နွှဲ နေရသည်ဟု ဆိုပါလျှင် အဲဒီတိုက်ပွဲထဲမှာ အရေးကြီးဆုံး တိုက်ပွဲသည် အရှိ တရား နဲ့ သတိတရား တို့ရဲ့ တိုက်ပွဲပဲ ဖြစ်ပါလိမ့်မယ် ။ ဘ၀ ရဲ့ အရှိကို မိမိတို့ ကိုယ်ပိုင် အသိနဲ့ ချင့်ချိန်သုံးသပ် ဆုံးဖြတ်လုပ်ကိုင် နိုင်စွမ်းရှိလျှက် အမြဲတမ်းသတိတရား လက်ကိုင်ထားသူတို့အတွက် အဆင်ပြေပြေ နေနိုင် ထိုင်နိုင်စားသောက်နိုင်ခြင်းနဲ့အတူ အောင်မြင်မှု့ ရလာဒ်တွေက စောင့်ကြိုနေသည့်တိုင် သိညဏ်ယွင်းမှား မစဉ်းစားပဲ ပျော်းပါးလိုက်စား သတိနဲပါး သူများအတွက် အဆင်မပြေမှု့ ကျရှုံးမှု့တွေက ရလာဒ်အဖြစ် ကြုံတွေ့နေရတာကိုလဲ သိမြင်ကြားသိနေရပြန်တော့ စိတ်မကောင်းမိပြန်ချေ..။ မည်သို့ပင်ဖြစ်စေကာမူ လူတစ်စု ပူမှု့ရယ်တဲ့ ဆယ်ကုဋေ ဆိုသော စကားပင် ရှိထားခဲ့သည်မဟုတ်ပါလား … သို့ပင်သော်လည်း အဆင်ပြေသူတို့အပူသည်ကား အလွယ်တကူ ပြေပျောက်ဖို့ ဖြေလောက်စရာတွေ့နိုင် ရှိနိုင်ပါသော်လည်း အတိတ်ကုသိုလ်ကံနဲပါး အဆင်မပြေသူများ အတွက်မှာကား ကံဆိုးမသွားရာ မိုးလိုက်လို့ ရွာနေသည့် ပမာနှယ် မလွယ်ရေးချ မလွယ်ပါချေ… တကယ်ရင်ဆိုင်နေရသော ကြိုးစားရုန်းကန်ရသော လူမှု့တောမှာ စိုးရိမ်သောက ပူပင်မှု့ ဗျာပါဒတရားတွေရဲ့ နှိပ်စက်စက်မှု့အောက်မှာ အိမ်မက်လှလှမျှပင် မက်နိုင်ဖို့ ဝေးနေရသေးသည့် အဖြစ်အပျက်များ အတွေ့အကြုံများကို နှလုံးသားဖန်သားပြင်မှာ မျက်ဝါးထင်ထင် တွေ့မြင်ပြန်ပါ၏
    ဤကဲ့သို့ အခက်စုံလင်စွာဖြင့် တွေ့ကြုံပူပင်နေရသည့် ရွှေမြန်မာတွေအတွက် တဘက်တလမ်းက တတ်စွမ်းသမျှ ကူညီဖေးရလျှင် ကောင်းပေစွလို့ တွေးမိ ရည်မှန်းမိသည်မှာလဲ ရင်ထဲမှာ အခါခါပါလေ… ရည်မှန်းမိသည့် အားလျှော်စွာပင် စိတ်စေတနာ တူညီသည့် ရွှေမြန်မာ စေတနာရှင်တွေနဲ့ လက်တွဲပြီး ရွှေမြန်မာများအတွက် ဘ၀တက်လမ်း လက်ဆင့်ကမ်းဖို့ မျှော်မှန်းဦးတည် မြန်မာ့အားမာန် ပညာရေးလေ့ကျင့်သင်တန်းကျောင်းတော်ကြီးကိုလည်း တည်ထောင်ဖွင့်လှစ်လျှက် လူတိုင်းအတွက် ပညာရေးလိုအပ်ချက်များကို သင်ကြားပို့ချ၍လဲ ပေးခဲ့ပါပြီ ..ဘ၀ရှေ့ရေး သာယာအေးမြ အနေလှကြစေဖို့ ဘာသာရေးနဲ့လဲ ဖေးမလို့ တစ်စွမ်းသမျှ ဒါန သီလ ဘာဝနာမှူ့တွေ ကိုလဲ ပွားများရယူစေနိုင်ခဲ့ပါပြီ.. လောကအလယ်မှာ မျက်နှာမငယ် ဂုဏ်ရောက်ကြွယ်စေဖို့ သိဖွယ်မှန်သမျှ လောကီလောကုတ္တရာ ဗဟုသုတ တို့ကိုလဲ စေတနာမွန်ဖြင့် အကြံပေးလမ်းညွှန်ခဲ့ဖူးပါပြီ……သို့ပင်တစ်စေ မိမိကိုယ်ကို အားရတင်းတိမ်နေခြင်းကား အလျှင်းသော်မျှ မရှိပါချေ….မြန်မာတို့တွေ့တိုင်း နက်ရှိုင်းလှသည့် ရင်ထဲတစ်နေရာမှာ ဖြစ်တည်လာသည့် ဝေဒနာတို့ကား အမည်ဖေါ်ပြခြင်းငှာပင် မစွမ်းနိုင်ပါချေ၊ ရာထူးဂုဏ်သိမ် စီးစိမ်ပြည့်ငြား လူချမ်းသားများ တွေ့ရတော့ မုဒိတာပွားရသလို နိမ့်ကျနေသေး ရွှေမြန်မာလေးတွေကို တစ်စွမ်းသမျှ ကူညီဖေးမပေးစေချင်တဲ့ ဆန္ဒစကားလေးတွေ နှုတ်ဖျားက ထွက်သွားမိပြန်ပါ၏… အတိတ်ကံဆိုး ဖန်လာလာတိုးလို့ အခက်ခဲမျိုးမျိုး နဲ့ ကြုံတွေ့နေသူတွေ တွေ့ရပြန်တော့ ..ကရုဏာထား အားပေးစကားပြောကြားရင်း ဘ၀လောကဓံကို ကုန်းမခံပဲ ရုန်းကန်ကြဖို့ တိုက်တွန်းမိပြန်ပါသည် ၊။ ဤကဲ့သို့ပင် နေလာရင်း….နေလာရင်း ဖြင့်………
    ယခု ၁၃၇၁ ခု သီတင်းကျွှတ်လပြည့်ကျော် သုံးရက်နေ့( ၀၅.၁၀.၂၀၀၉ ) တနင်္လာနေ့ တွင်တော့ မိမိဘ၀တွင် တစ်ကြိမ်တစ်ခါမျှ မကြုံဖူးသည့် ကုသိုလ်ထူးတစ်ခု ပြုနိုင်ခွင့် ကြုံခဲ့လိုက်ပါပြီ… အဲဒါကတော့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်နှင့် မနီးမဝေး ဖြစ်သော ရာဝမ်း D15/30 .JALAN SHIMPH ,UTARA 981800 ,BATU ARANT, SLENGOR အရပ်တွင် ခရစ်ယာန်သာသနာပြု ဘုန်းတော်ကြီး တစ်ပါးက ဦးစိးထည်ထောင်ထားပြီး Roselady ဟုခေါ်သော တရုတ်အမျိုးသမီး တစ်ဦး ကြီးကြပ်ကွပ်ကဲသည့် ACTS center သို့ သွားရောက်ခါ ရောဂါဝေဒနာ မျိုးစုံတို့ဖြင့် ခွဲစိတ်ကုသထားသည့် လူနာများအား တတ်စွမ်းသမျှ လှူဒါန်းနိုင်ခဲ့ခြင်းဖြစ်ပါသည်။
    ဤ နေရာသည်ကား အခက်ခဲရှိမြန်မာများအတွက် ခိုးကိုးရာ ဗိမာန်ဟု ဆိုရလျှင်လဲ မှားအံ့မထင်ပါချေ. နေရေး ထိုင်ရေး စားသောက်ရေးမှအစ အခမဲ့ တာဝန်ယူစောင့်ရှောက်ပေးပြီး ရောဂါကြီးငယ်မရွေး ကို ဆေးရုံကြီးများတွင် ပြသစစ်ဆေး လိုအပ်သလို ကုသပေးပြီး ဆေးရုံကဆင်းပြီး လူနာများအားလဲ…ပြန်လည်ကောင်းမွန်သည်အထိ လက်ခံကုသစောင့်ရှောက်ပေးသည့်နေရာတစ်ခုလည်း ဖြစ်ပါသည် ၊အကြောင်းမျိုးစုံကြောင့် မြန်မာနိုင်ငံအရပ်ရပ်မှ မလေးရှားနိုင်ငံသို့ လာရောက် အလုပ်အကိုင် ရှာဖွေလုပ်ကိုင်နေထိုင်ကြရင်း ကံအလျှင်းမသင့်သဖြင့် အက်စီးဒင့် accidents များနှင့် တွေ့ကြုံပြီး ခြေတစ်ချို့ လက်တစ်ချို့ ဖြတ်ရသော လူနာများ …ဓါတ်လေးပါး မညီမျှမှု့ကြောင့် ဖြစ်ပေါ်ခံစား အတွင်းအပခွဲစိတ်လူနားများအား တွေ့ခဲ့မြင်ခဲ့ရပါသည် ။ တာဝန်ကျ ၀န်ထန်းများနဲ့အတူ လူနာမျးအား ဆုံတွေ့လျှက် အစားအသောက် အဟာရများ..ဆေးရုံဆေးခန်းအတွင်းရှိ ၀န်ထန်းအပါအ၀င် လူနာများ အားလုံးအတွက် တစ်လစာ ဆန် ဆီ ဆပ်ပြာ ခေါက်ဆွဲခြောက် အဖျော်ရည် မျိုးစုံနှင့် အသုံးတဲ့ရာ တိုလီမိုလီများကို လှူဒါန်းနိုင်ခွင့် ရရှိခဲ့ပါသည်၊ လူနာတစ်ဦးချင်းစီအား အချိုရည်များ မုန့်များဝေငှ ကျွှေးမွေးလှူဒါန်းရာတွင် ဖြစ်ပေါ်လာသော ရင်ထဲမှ ပီတိသည်ကား ရေပြင်မှာ ပျော်ရွှင်စွာဆော့ကစားနေသည့် လှိုင်းဂယက်လေးများပမာပင်ဖြစ်ပါတော့သည်.. အလှူခံ လူနာလေးများ မျက်နှာများသည်လဲ သူတို့၏အပူကို မျှဝေခံစား အလှူရှင်များနည်းတူ ပဲ့တင်ဟပ်လျှက် အပျော်ဓါတ်များ ကူးနေသယောင်ပင် ပြုံးရိပ်ကိုယ်စီထင်နေလျှက်ရှိပါသည် ။
    ဤထူးခြားသော အလှူတော်ထူးကို မလေးရှားနိုင်ငံ ညောင်ကန်အေး သာသနာ့ရိပ်သာ (ကူချိုင်းလားမား) ဆရာတော်အရှင်နှင့် အတူ တပည့်ဒါယကာ ဒါယကာမများ . ကိုကျော်စွာမင်း +မတင်တင်လတ် (သား) မောင်မင်းဟိန်းကျော် နှင့် စေတနာရှင် ရွှေညီအကို မောင်နှမများ ၏ စုပေါင်းသဒ္ဓါတရားထက်သန်မှု့ စေတနာအလျှောက် ပါဝင်လှူဒါန်းမှု့များဖြင့် ယခုကဲ့သို့ လှူဒါန်းနိုင်ခဲ့ကြခြင်းဖြစ်ပါသည်………
    ထို့ပြင်လည်း လူနာများအား ရသည့်အချိန်တိုအတွင်းတွင် ဗုဒ္ဓနည်းကျ ဘ၀နေနည်း အတတ်ပညာကို မကျဉ်းမကျယ် ဟောပြနိုင်ခဲ့သလို ဓမ္မအမြိုက်ဆေးဖြင့်လဲ သောကတွေ ဖြေသိမ့်ပေးနိုင်ခဲ့ပါသည်..သီတင်းကျွှတ်ကာလကုသိုလ်တော်ထူးများကို ပြုလုပ်နိုင်စေရန်အတွက်လဲ မိဘကျေးဇူးသိနားလယ်နိုင်အောင် ဟောပြောခြင်းနှင့် အနန္တောအနန္တငါးပါးနဲ့ ခင်ပွန်းကြီးဆယ်ပါးတို့အား ကန်တော့ပူဇော်နိုင်အောင် အမွှေးတိုင် ဖယောင်းတိုင်များကိုလဲ စီစဉ်ပေးခဲ့ ကုသိုယူနိုင်ခဲ့ပါသည်။
    အမျိုးသမီးဆောင် အရောက်တွင်တော့ မွေးကတည်းကကျင်းကြီးစွန့်စရာ နေရာမပါလာသဖြင့် ဗိုက်မှတစ်ဆင့် ခွဲစိတ်ထားပြီး ပလတ်စတစ်ဖြင့် မစင်စွန့်နေရသောမြန်မာတိုင်းရင်သား မိဘမှပေါက်ဖွားသည့် အသက်သုံးလေးနှစ်အရွယ် မိန်းကလေးငယ်လေးကိုတွေ့ရလေရာ ကံကြမ္မာ၏ အံမခန်းဖွယ် ပရိယာယ်ကိုလည်း တွေးကြောက်လန့်မိ သံဝေဂဖြစ်မိခဲ့ပါသေးသည်…..ထို့အတူပင် မသိမိုက်မှား ညာဏ်နည်းပါးမှု့ကြောင့် ကံသုံးပါတွင် အမှားယှဉ်ခဲ့ ပြုမိခဲ့သည်ရှိသော် ဤ၀ါကျွှတ်ကာလမှာ ပြုလုပ်ရသည့် မြတ်ဒါနအထူးကြောင့် အလှူခံ အလှူပေး အားလုံးတို့သည်လည်း ၀ါကျွှတ်သလို ၀ဋ် မှန်သမျှလဲ မကျန်ရအောင် မုချမသွေ ကျွှတ်လွတ်နိုင်ရပါစေ ဟု ဆုတောင်းမိပါသည်
    အချုပ်အားဖြင့် ဆိုရသော်…….. လူသားအကျိုးပြု ပရဟိတ လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နေသူ မြောက်များစွာ ထင်ရှားရှိနေပါသော်လည်း လုံလောက်ပြီဟုကား မဆိုသာချေ.. ဥစ္စာငွေကြေး ပြည့်စုံနေကြသူတို့အနေဖြင့် ထိုကဲ့သို့ အခက်ခဲရှိသူများအား သနားကရုဏာ ချစ်မေတ္တာဖြင့် ကူညီစောင့်ရှောက်ထားသော နေရာများသို့ ကိုယ်တိုင်သွားရောက်၍ ဖြစ်စေ တစ်ဆင့်ခံ အကျိုးဆောင်များမှ တစ်ဆင့်ဖြစ်စေ လှူဒါန်းထောက်ပံ့ကြမည်ဆိုရင်ဖြင့် ကောင်းလေစွဟု ခံစားမိရင်း အများအကျိုး သယ်ပိုးဆောင်ရွက်ခြင်းသည် ကြွေးဟောင်းပြန်ဆပ်ခြင်း မဟုတ်ပဲ လူသားဆန်ခြင်းဖြစ်၏။ အများအတွက် တတ်နိုင်သည့်ဝန် ကျေပြွန်ခြင်းသည် လောကကြီးကို အထက်စီးက ကြီးစိုးထားနိုင်သည့် သိမ်းငှက်ကြီးတွေ ဖြစ်ပြီး အတ္တသမားတွေကတော့ မြောင်းထဲက ကြွက်စုတ်ပမာသာဖြစ်ပေသည် ဟူသည့် ဖတ်ခဲ့ဖူးသော စာသားလေး တစ်ခုကို သတိရနေမိပါတော့သတည်း….
    မန်မာ့အားမာန် အရှင်နန္ဒ၀ံသ (ညောင်ကန်အေး)
    Read more...
    The Offering Cloth
    A look at the protocol of the monks use of the offering cloth
    If you have been around Thai monks at all you will have seen the curious tradition of them receiving things from ladies via an ‘offering cloth’, which is a handkerchief sized orange cloth, or other handy item, spread out before the monk so that he can receive things without any physical contact.
    food_offering
    Note the monk is holding out an offering cloth
    The reason forthis custom between monks and women should be obvious. Every monastic order around the world maintains a degree of separation between the sexes. Particularly celibate orders. In fact, even cub scouts/girl guides, bathrooms and changing rooms in offices or stores, the army …. everywhere there is a degree of separation between the sexes. It is something that all societies agree on . Where there are celibate orders it obvious why the boundaries are clarified and laid out even more formally.
    The Protocol
    The etiquette with the offering cloth is this: if a female is offering food, clothing or medicine to a monk, he will lay a cloth/bowl or other suitable item in front of him. The lady puts the item on the cloth and it is then ‘offered’ – which means it has formally been given to the Sangha of monks. And of course laymen follow the same protocol with Nuns.
    Men also should formally offer food/cloth/medicine to the monks, but can do so by putting directly into the hands of the receiver.
    This tradition was seized upon by a (supposedly expert) speaker in Bangkok a few days ago, as a dire sexist travesty.
    Naturally the same protocol is followed when men are offering to Buddhist Nuns or Mae Chees- a point ignored by those who love to promote conflict
    Things are ‘offered’ in this way so there is no discrepancy between what has been given to the monk and what has not – so that he does not take something on presumption, that the owner might not feel is appropriate. If a layperson touches the offered item after this point, it is then considered ‘unoffered’ and the monk will not take it for his own use.
    Culture
    Much of this is Thai tradition rather than encoded Buddhist vinaya (list of rules for monks). In fact, by the book, you can ‘offer’ something by word, gesture or receptacle (such as a bowl). But in Thailand the culture here likes to make things more clear, so things are only ‘offered’ when put directly into the hands of the receiver.
    Only food and medicine needs to be formally 'offered'
    Only food and medicine needs to be formally 'offered'
    If on the other hand you are simply passing something to a monk rather than formally offering, such as passing a pen or book, then ladies are asked to put the item down first, and then the monk will pick the item up. If a male, you can pass the item directly into the hands of the monk. Similarly the monk will not pass something directly to a lady, but will place the item down somewhere first. If there is nowhere handy to place things, there is the funny looking ‘drop’ method where the item is dropped into the hands of the receiver – dropped either by the lady or the monk depending on who is passing to who.
    There is often a relaxation of the protocol as appropriate, so don’t be surprised if it is not always followed to the letter.
    Sensible People
    The reason for the separation should be obvious to any sensible person. Men and women are attracted to each other, the whole world over. Just because someone is a monk or a nun does not make them immune to lust. Keeping a clear cut boundary of proper behavior between the sexes is to respect a person’s decision to keep the celibate life. Sometimes Westerners ask why women are not supposed to touch a monk. To which the answer is clear – it is the monk who is not supposed to touch the women!
    The speaker several days ago jumped from this simple concept to the term ‘untouchable’as a delibarate ploy to stir controversy, knowing full well that the caste system and the ‘untouchable’ concept in India are rejected by Buddhism. As a self proclaimed ‘life-long academic’ how much research did the speaker present ? How many monks and nuns had he canvassed ? How many monks/nuns do you know who consider the whole of the opposite sex ‘unclean’ or ‘untouchable’ ? Sadly there are always those listeners who get excited by such calculated contention without questioning.
    To Reiterate
    It is very unfortunate that some people who just love conflict, like to declare that women are somehow ‘unclean’ in the eyes of monks, or that they will be somehow tainted by a woman’s touch. Try asking a monk if he considers his mother or sister ritually unclean – what would the answer be based on your experience of Buddhism? Such a view is every bit as ignorant and stupid as it seems. But there are always those who love conflict – if not actually creating it, then buying into it and adding fuel to a stupid misinformation typical of ‘gutter press’ sensationalism.
    The offering cloth is simply a protocolkept to maintain a separation between celibates and the opposite sex. It is no judgement of the opposite sex. When a man offers something to a nun he too will be asked to follow the same protocol, by placing the item down first, or by formally offering on a cloth while ladies can offer and pass things directly to nuns (and Mae Chees). Is this a judgement of the Nuns that all males are ‘unclean’? Such a view is as stupid as it sounds, yet bizarrely some people buy into this ‘blame-game’.
    Defilement
    To a celibate monastic, male or female, it is not the opposite sex that is a defilement, but lust. When you are living as a celibate, it means you are trying to put aside sexual attraction, difficult as that is for all human beings. It is a powerful urge, and famously the Buddha once taught that if there were 2 such powerful urges then the living of the Holy Life would be impossible. Respecting the degree of separation is a way to respect the person’s choice to live without sexual contact.
    The suggestion in this abrasive talk in Bangkok, was that if this protocol was about lust and not a view of females as ‘unclean’, then why is it maintained with young children and older ladies? Again the argument is as stupid as it sounds. Even young girls and older ladies can be attractive – with the advances coming from either direction. And besides, what monk or nun would waive the protocol by considering the person too old, too ugly or too young? And would the nuns be considering men also unclean rather than just maintaining the appropriate degree of separation according to the social norms?
    In fact there is often a slackening of the protocol when dealing with family members or in informal situations where there is no obvious issue of sexual attraction. And similarly more care is taken with young and beautiful people both male and female, where things are more likely to be taken out of context.
    Thai or Buddhist?
    The offering cloth is not strictly a Buddhist tradition so much as it is a Thai tradition. Sri Lankan and Myanmese monks will not usually use the offering cloth in their own countries, though of course they will follow it in Thailand out of respect for the Thai culture. Sadly there will always be people who like to try and highlight ‘faults’ of other cultures, arrogantly asserting their own standards as superior. The rest of us though can move comfortably through different cultural norms without conflict. In Thailand the separation between the sexes and monastics is maintained across the offering cloth to ensure there is no physical contact. It is quite a nice tradition in fact, and is nothing too serious.
    Theravada monks outside of Thailand do not use the offering cloth
    Theravada monks outside of Thailand do not use the offering cloth
    Indian Religions
    In India the cultural norms are again different. There is a suggestion in that culture that menstruation makes women somehow unclean. The origin of this tradition is that evil spirits linger around a menstruating woman in hope of finding a womb to give them rebirth – it is the spirits that are defiled, not the women. But anyway, it would go against everything we know and expect of the peaceful teaching of Buddhism if Buddhists were to buy into such an outlook. Yes there are some issues between the sexes in Buddhism that might be considered somewhat controversial, but we should restrict those discussions to a) a respectful and productive dialogue and b) to the factual issues. Sadly both these boundaries are ignored by some Westerners who just love their conflict at any price.
    More Interesting
    A much more interesting issue is why monastic traditions of all religions are so down on lust and sex. What is wrong with lust ? What is its effect and what is the result of renouncing it? At what point of contact or action is celibacy breached? All good topics for sensible discussion ….
    Read more...
    လာလည်ကြသူများ
    ဤဘလော့ဂ်၏ ရည်ရွယ်ချက်
    ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။
    ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။
    ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။
    ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ
    မြန်မာပြက္ခဒိန်
    မြန်မာပြက္ခဒိန်
    www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။
      © Blogger templates The Professional Template by Ourblogtemplates.com 2008
    Back to TOP