ကရုဏာလက်များ ကမ်းလင့်ပေးပါ...

စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်
သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။
ဝိမုတ္တိရသ အဖွဲ့သားများ
------------------------
နောက်ဆက်တွဲသတင်း.....
ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်
ထေရ၀ါဒဗုဒ္ဓဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။
ပြုလုပ်မည့်အစီအစဉ်
ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။
လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ
(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။
(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။
(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။
(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။
အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)
ဆက်သွယ်ရန်လိပ်စာ
ကိုထွန်းထွန်းလှိုင်
ဖုန်း ၀၉-၇၃၀၆၂၈၁၁
htunhtunhlaing82@gmail.com

Thursday, October 8, 2009
မိမိကိုယ်ကို ဆင်ခြင်နည်း
မိမိကိုယ်ကို ဆင်ခြင်နည်း
၁။ ပါပိစ္ဆာ--
၂။ အတ္တုက္ကံသန ပရဝမ္ဘန--
၃။ ကောဓန--
၎။ ဥပနာဟီ --
၅။ အဘိသင်္ဂိ --
၆။ ကောဓနော ကောဓသာမန္တဝါစံ နိစ္ဆာရေတာ --
၇။ ပရိပ္ဖရတိ--
၈။ အပသာဒေတိ--
၉။ ပစ္စာရောပေတိ--
၁၀။ အညေနညံ ပဋိစရတိ ဗဟိဒ္ဓါ ကထံ အပနာမေတိ ကောပဉ္စ ဒေါသဉ္စ အပ္ပစ္စယဉ္စ ပါတုကရောတိ--
၁၁။ အပဒါနေ န သမ္ပာယတိ--
၁၂။ မက္ခီ ပဠာသီ--
၁၃။ ဣဿုကီ မစ္ဆရီ--
၁၄။ သဌော မာယာဝီ --
၁၅။ ထဒ္ဓေါ အတိမာနီ --
၁၆။ သန္ဒိဋ္ဌိ ပရာမာသီ အာဒါနဂ္ဂါဟီ ဒုပ္ပဋိနိဿဂ္ဂီ --
ဤသို့ နေ့ရော ညပါ အခါမလပ် ရှုဆင်ခြင်ပါက “ပီတိ ပါမောဇ္ဇ” တရား တနေ့တခြား တိုးပွားလာသည့်အပြင် ကြေးမုံ မှန်ပြင်ကို ကြည့်ရှုသောသူသည် မိမိမျက်နှာရိပ်ကို ထင်ရှားစွာ တွေ့မြင်ရဘိသကဲ့သို့ --
“အပါယဂမနီယ အကုသိုလ်ပါပဓမ္မများ” ကို “မိမိလက်ကို အတင်းအကြပ် ဆွဲခေါ်နေသော သူသတ်သမား” အသွင် ထင်မြင်လာပါတော့သည်။
(ယောအသင်း) ဘုန်းဘုန်းဘလော့ မှ ကူးယူဖော်ပြ မျှဝေအပ်ပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ။
ညခင်း
Read more...
သိမ် အကြောင်းသိကောင်းစရာ
သိမ်ထဲမှဖြစ်ပေါ်လာသောအရှင်မြတ်တို့ဖြစ်ပါသည်။သိမ်မရှိလျှင်နောက်ထပ်ရဟန်းသံဃာတော်အစစ်အမှန်များ မပေါ်ပေါက်လာနိုင်တော့ပါ။သိမ်ရှိသော်လည်းသိမ်မမြောက်ပါလျှင်၊သိမ်မအောင်ပါလျှင်ရဟန်းသံဃာအစစ် အမှန်များမပေါ်ပေါက်နိုင်ပါ။ရဟန်းသံဃာအစစ်အမှန်များမရှိလျှင်အသွင်မျှသာကျန်ပြီးသာသနာဆိတ်သုဉ်း ကွယ်ပျောက်ပါလိမ့်မည်။
သာသနာတော်သန့်ရှင်းတည်တံ့ပြန့်ပွားရေး၊သာသနာတော်အသက်ဆက်ရေးတို့အထောက်အကူပြုသောအား ဖြင့်သိမ်ဖြစ်မြောက်ရေး လျှင်မြန်ချောမောစွာ အောင်မြင်နိုင်ရန် အဘက်ဘက်မှ အကူအညီပေးနိုင်ရန် သိမ်နှင့်ပတ်သက်သောအကြောင်းအရာ အချို့ကို ဗဟုသုတဖြစ်စေရန် တင်ပြလိုက်ရပါသည်။
သိမ်ကိုမြတ်စွာဘုရားခွင့်ပြုပုံ။
ဝိနည်းမဟာဝါခန္ဓက၌မြတ်စွာဘုရားရှင်သည်အတူနေသံဃာများအတူဥပုသ်ကံစသည်တို့ပြုခြင်းဖြင့်ညီညွတ်မူကိုဖြစ်စေလိမ့်မည်ဟုရည်ရွယ်၍ သိမ်သမုတ်ခြင်းကိုခွင့်ပြုခဲ့ပါသည်။
သိမ်ဆိုသည်မှာ
“သိမ်”ဆိုသည်မှာ ကံကြီး၊ကံငယ်ပြုလုပ်ရန် သီးခြား နယ်မြေလေးတစ်ခုအနေ သတ်မှတ်ထားသော ဌာနတစ်ခုမျှသာဖြစ်ပါသည်။ ယင်းသိမ်သည်---
(၁) ကမ္မဝါစာဖြင့် သမုတ်ထားသည့် “ဗဒ္ဓသိမ်”၊
(၂) ကမ္မဝါစာဖြင့်သမုတ်ထားခြင်း မရှိ အလိုလို သိမ်ဖြစ်နေသည့် “အဗဒ္ဓသိမ်”၊ ဟူ၍ နှစ်မျိုးရှိပါသည်။
ထိုသိမ်နှစ်မျိုးတို့တွင် “ဗဒ္ဓသိမ်” သည် ခဏ္ဍသိမ် စသည်ဖြင့်သုံးမျိုးရှိသလို “အဗဒ္ဓသိမ်”သည်လည်း ဂါမသိမ်စသည်ဖြင့်သုံးမျိုးစီပင် ရှိပါသည်။ ဗဒ္ဓသိမ်သည် ဂါမသိမ်ပေါ်၌ ကမ္မ ဝါစာရွက်ဖတ်၍ သမုတ်ရပါသည်။ ကမ္မဝါစာဖြင့်ရွတ်သမုတ်ခြင်းသည် သိမ်အဖြစ်မြဲစေရန် ဖြစ်ပါသည်။
သိမ်သမုတ်နည်း
သိမ်သမုတ်နည်းသည်--
(၁) ဝိသုံဂါမ (သီးခြားရွာ) တောင်း၍ သမုတ်နည်း၊
(၂) ရွာနယ်မြေတစ်ပိုင်း သိမ်း၍ သမုတ်နည်းဟူ၍ နှစ်မျိုးရှိပါသည်။
ယင်းနှစ်မျိုးတို့တွင် “ဝိသုံဂါမသိမ်”ဟူသည် ပကတိဂါမ (ပကတိရွာတစ်ရွာ) မှ ဝိသုံဂါမ (သီးခြားရွာ) သိမ်တစ်နေရာစာကို ရွာစားနာမည်တပ်၍ နိုင်ငံတော်အစိုးရတို့က သတ်မှတ်ပေးလိုက်သည်နှင့် တစ်ပြိုင်နက်လိုလို သိမ်အဖြစ်သို့ ရောက်လာသော သိမ်ဖြစ်ပါသည်။
ရွာနယ်မြေတစ်ပိုင်းသိမ်း၍ သမုတ်ဟူသည်မှာ သိမ်သမုတ်ရာသို့ တနယ်လုံးရှိ ရဟန်းသံဃာအားလုံးကို သိမ်းပြီးပင့်ဖိတ်ရပါသည်။ အကယ်၍ သိမ်သမုတ်ရာသို့မကြွနိုင်သောသံဃာများရှိပါက ထိုသံဃာရှိရာကျောင်း တိုက်သို့သွား၍ ဆန္ဒမသိုးစေရန် နေချင်းပြီး ဆန္ဒတောင်းပြီးမှ ကမ္မဝါစာဖြင့်ရွတ်ဖက်သမုတ်ရသောသိမ် ဖြစ်ပါသည်။
တခါတရံ မိမိတို့သတင်းသုံးရာ ဂါမခောတ် (ရွာနယ်မြေ) မှာကျယ်ဝန်းလွန်း၍ နယ်မသိမ်းနိုင်သော ကြောင့်လည်းကောင်း၊လှည်း၊မော်တော်ကား၊ရထား စသည် ဖြတ်သွားဖြတ်လာ အဝင်အထွက် အလွန်များသဖြင့် နယ်သိမ်းရန်ခတ်ခဲသောကြောင့်လည်းကောင်း၊ နယ်သိမ်းသိမ်သမုတ်ရန် မကြွနိုင်သော တနယ်လုံးသံဃာများ၏ ဆန္ဒကို တောင်းခံတဲ့အခါ ဆန္ဒကိုဒေသနာနှင့်အညီ
(၁)ဆန္ဒံ ဒမ္မိ-တပည့်တော် ဆန္ဒပေးပါ၏၊
(၂)ဆန္ဒံ မေ ဟရ- တပည့်တော်၏ ဆန္ဒကို သံဃာ့ထံသို့ ဆောင်သွားပါ၊
(၃) ဆန္ဒံ မေ အာရောစေတိ- တပည့်တော်၏ ဆန္ဒကို သံဃာတော်အားလျှောက်ထား
ပါလို့ပေးတက်သောရဟန်းတော်များရှားပါးနေပါကလည်းကောင်းနယ်သိမ်းသိမ်သမုတ်ရန်အခတ်အခဲနှင့်ကြုံရတက်ပါသည်။
ဝိသုံဂါမ(သီးခြားရွာ) တောင်း၍ သမုတ်ခြင်း
ယင်းသို့သော အခတ်အခဲများကိုကျော်လွားနိုင်ရန် ယင်းဂါမခောတ်၊ဂါမသိမ်မှ သီးခြားသိမ်တစ်လုံးစာ ရွာစားနာမည်မှည့်၍ ရွာနယ်မြေကလေး တောင်းပြီး သိမ်သမုတ်ကြခြင်းကို ဝိသုံဂါမ(သီးခြားရွာ) သိမ်ဟုခေါ်ပါသည်။ကျောင်းတိုက်တစ်ခုတစ်တိုက်လုံးတည်ထောင်ပြီး၊ဆောက်လုပ်ပြီးယင်းကျောင်းတိုက် အတွင်းမှ သိမ်ကျောင်းတစ်နေရာစာလေးကို ဝိသုံဂါမ (သီးခြားရွာ)လို ကျောင်းဒကာ(သို့)လျှောက် ထားသူ ပိုင်မြေဟု ရွာစားနာမည် ပေးလိုက်ခြင်းဖြင့်မည်သူ့ကိုမှမထိခိုက်၊မနစ်နာစေပါ။ အရှိမြေကွက်တစ်ခုကို ဝိသုံဂါမ(သီးခြားရွာ)ဟု သတ်မှတ်ပေးလိုက်ခြင်းမျှသာဖြစ်ပါသည်။ ယင်းသို့သက်မှတ်ပေးရာ၌ ယင်းမြေကွက်ကို ဖျတ်မရအောင် အပိုင်အဆိုင် ပေးမူမပေးမူနှင့်လည်း မသက်ဆိုင်ပါ။ သိမ်သမုတ်လို့လွယ်ကူစေရန် လျှေက်ထားသူကိုရွာစားနာမည်မှည့်၍ ဝိသုံဂါမ(သီးခြားရွာ)ဟု ပေးလိုက်ခြင်းသာ ပဓာနဖြစ်ပါသည်။ အချို့ကျောင်းတိုက်မှာ သာသနာ့မြေဟု သက်မှတ်ပြီးမှ ခိုင်သထက်ခိုင်၊မြဲသထက်မြဲရန်၊အထူးသန့်ရှင်းရန် ယင်းသာသနာ့မြေထဲမှ သိမ်တစ်လုံးစာကို ဝိသုံဂါမ(သီးခြားရွာ) အဖြစ်လျှောက်ထား၍ ပေးခြင်းမှာလည်းမည်သူ့ကိုမျှ မထိခိုက် မနစ်နာစေခြင်းကြောင့် သိမ်မိန့်ပေးနိုင်သူ၊သာသနာတော်ကို အထူးကြည်ညိုသူများက အလွယ်တကူချပေးသင့်ပါသည်။ သာသနာသန့်ရှင်းတည်တံ့ ပြန့်ပွားရေးကို အထူးဆောင်ရွက် ပေးလိုက်ခြင်းလည်းမည်ပါသည်။ အမိန့်ချပေးလိုက်သော ဝိသုံဂါမ (သီးခြားရွာ) သည် သိမ်သမုတ် ကံအောင်မြင်ရန် ရာနူန်းပြည့်ရှိပါသည်။ ယင်းသို့သိမ်မိန့်တောင်းခံ၍ အစိုးရမင်းတို့မှ ဝိသုံဂါမ(သီးခြားရွာ)အဖြစ်ရရှိပြီးနောက် သိမ်အဖြစ်မြဲနေစေရန် ကမ္မဝါစာဖြင့် ရွက်ဖက်၍ သမုတ်သောသိမ်သည် “ဗဒ္ဓသိမ်”ဖြစ်ပါသည်။
သိမ်သည်သာသနာတော်၏အသက်
အောင်မြင်သောသိမ်ဖြစ်ပါမှ ရဟန်းအစစ်များပေါ်ပေါက်ပြီး ဝိနည်းလေးစားသော ရဟန်းတော်များအတွက် ဥပုသ်ကံ ပဝါရဏာကံ စသော ကံကြီး ကံငယ်များ ဆောင်ရာတွင် အထူးချမ်းသာမည်ဖြစ်ပါသည်။ အောင်မြင်သောသိမ်၌ ရဟန်းခံခြင်း၊ဥပုသ်ပြုခြင်းပြုသည့်အခါ ယုံမှားသံသယ မဖြစ်စေဘဲ ကိုယ်ရောစိတ်ပါ နှစ်ဖြာသုခ ရရှိကြမှာ အမှန်ဖြစ်ပါသည်။ မိမိတို့ရဟန်းတော်များအတွက် သိမ်သည် အသက်တမျှအရေးကြီးလှ၍ သာသနာတော်၏အသက်ဟုခေါ်ဆိုရမည်ဖြစ်ပါသည်။
သိမ်ရှိမှ ရဟန်းဖြစ်မည်။
ဝိနည်းစူဠဝါအဋ္ဌကထာ၊သံဃဘေဒကက္ခန္ဓက၌ရဟန်းဖြစ်ရန်အင်္ဂင်္ါ(၅)ချက်ရှိ ပါသည်။ ထိုအချက်များမှာ (၁)ဝတ္ထုသမ္ပတ္တိ- ရဟန်းခံနိုင်လောက်သော လူပုဂ္ဂိုလ် ဗျတ္တိ၊ပဋိဗလနှင့်ပြည့်စုံခြင်း (၂)ဉတ္တိသမ္ပတ္တိ-သုဏာတုမေ စသည်ဖြင့် ဉာတ်ထားမူနှင့်ပြည့်စုံခြင်း။ (၃)ပရိသာ သမ္ပတ္တိ- ကာရက ရဟန်းသံဃာ အနည်းဆုံး (၄)ပါးနှင့်ပြည့်စုံခြင်း။ (၄) ကမ္မဝါစာ သမ္ပတ္တိ- ကမ္မဝါစာ(၃)ကြိမ် ရွတ်ဖက်မူ၏ ပြည့်စုံခြင်း။ (၅) သီမာသမ္ပတ္တိ- သိမ်ရှိမူ၏ ပြည့်စုံခြင်းတို့ဖြစ်ပါသည်။ အထက်ပါအချက်ငါးချက်တို့တွင် သိမ်တစ်ခုဖြစ်ဖို့အလွန်အရေးကြီးသလို၊အလွန်တရာမှခတ်ခဲလှပါသည်။သိမ်တစ်ခုဖြစ်ရန်သက်ဆိုင်ရာမှခွင့်ပြု
မိန့်ယူရခြင်၊ခွင့်ပြုမိန့်ရပြီးပါကသံဃာတော်များစွာပင့်ဖိတ်၍အကြိမ်ကြိမ်အခါခါသိမ်နူတ်ခြင်း၊သိမ်သမုတ်ခြင်းများ
ပြုရခြင်း၊ သိမ်အဆောက်အဦးဖြစ်ရန် နဝကမ္မ ဝတ္ထုငွေကြေးများ မတည်စုဆောင်းရခြင်း စသော ကိစ္စများမှာ ခတ်ခဲမည်မှာအမှန်ဖြစ်ပါသည်။
သိမ်အရေးကြီးပုံနှင့်ပတ်သက်ပြီးစာသင်သားဘဝကအဖြစ်အပျက်လေးတစ်ခုကို သတိရမိပါသေးသည်။ မိမိသည် ပဲခူးမြို့ သာသနမဏ္ဍိုင်ကျောင်းတိုက်၌ အပတ်စဉ် ပထမငယ်တန်း ဝိနည်း စာမေးပွဲဖြေစဉ်ကဖြစ်ပါသည်။ထိုစဉ်သာသနမဏ္ဍိုင်ကျောင်းတိုက်၌အဖိတ်နေ့စာဖြေ၍၊ဥပုသ်နေ့တွင်သတ်
ဆိုင်ရာစာချဘုန်းကြီးမှ တပါးစီ၏ ဖြေလွာ များကို ပြန်ဖတ်ပြလေ့ရှိပါသည်။ ဝိနည်းဖြေရသော နေ့ရောက်သောအခါ ထုံးစံ အတိုင်းစာချ ဘုန်းကြီးက ဖြေလွာများဖက်ပြပါသည်။ စာသင်သားတပါး၏ ဖြေလွာကို ဖက်ပြသောအခါ သံဃာများ သဘောကြခဲ့ရပါသည်။ ဝိနည်း၌ ရဟန်းဖြစ်ခြင်းအင်္ဂါ(၅)ပါးကို မေးထားရာ စာဖြေရှင်စာသင်သားမှာ အထက်ပါ လေးပါးကို သာမှတ်မိ၍ မှန်မှန်ကန်ကန်ရေးနို်င်သော်လည်း နောက်ဆုံး အချက်သီမာသမ္ပတ္တိ-သိမ်၏ပြည့်စုံခြင်းဟုဖြေရမည်ကို မေ့နေသောကြောင့် ထိုနေရာတွင် နံပါတ်ထိုး ၍ “ပိုက်ဆံရှိလျှင်ဖြစ်နိုင်ခြင်း”ဟုဖြေချလိုက်ပါသည်။ယခုပြန်စဉ်းစားကြည့်သောအခါ ရဟန်းဖြစ်ဖို့ သိမ် အရေးကြီးသလို၊သိမ်ဖြစ်ဖို့လည်းသိမ်ကုသိုလ်ရှင်လည်းအမှန်တကယ်လိုအပ်မှာမို့သိမ်မိန့်စသည်ရပြီးပါကလည်းသိမ်ကုသိုလ်ဖြစ်မြောက်ရေးကို အထူးအကူအညီပေးသင့်ကြပါသည်။
သိမ်အလှူသေမဖြစ်စေဘဲ သိမ်အလှူရှင်ဖြစ်အောင်လုပ်ဖို့လိုအပ်
ယခုအခါသာသနာတော်မှာသိမ်တစ်လုံးဖြစ်မြောက်မူဟာသနာတော်အတွက်အလွန်အရေးကြီးပါသည်
မိမိတို့ဗုဒ္ဓဘာသာဝင်များအမြဲပြောလေ့ရှိသောဆိုရှိးစကားတစ်ခုရှိပါသည်။ဆွမ်းမှာ ပိဏ်၊သင်္ကန်းမှာကထိန်၊ ကျောင်းမှာသိမ် ဟူ၍ ဖြစ်ပါသည်။ ဆွမ်းအလှူများထဲတွင် ပိဏ္ဍပါတ်ဆွမ်လှူဒါန်းခြင်းသည် အမြတ်ဆုံးဒါနဟူ၍ လည်းကောင်း၊ သင်္ကန်းအလှူများထဲတွင် ကထိန်သင်္ကန်းလှူဒါန်းရခြင်းသည် အမြတ်ဆုံးဟူ၍ လည်းကောင်း၊ ကျောင်းအလှူများထဲတွင်လည်း သိမ်ကျောင်းဆောင်လှူဒါန်းရခြင်းသည် အမြတ်ဆုံးဟူ၍ လည်းကောင်း ပြောဆိုသုံးနူံးနေကြပါသည်။အဘယ်ကြောင့်အမြတ်ဆုံးဟူပြောဆိုရပါသနည်း။ု ဤဆွမ်း၊သင်္ကန်း၊ကျောင်းတို့ကို လက်ခံသော အလှူခံ များကဤ ပစ္စည်းများကို အမှန်တကယ်လိုအပ်နေပြီး လိုအပ်သောနေရာများ တွင် အကျိုးရှိရှိ အသုံးချမည်ဖြစ်သောကြောင့်ဖြစ်ပါသည်။ ဤကဲသို့အသုံးချမှသာအလှူရှင်များအနေဖြင့်အသုံးကျသောအလှူဖြစ်ပြီးမြတ်သောအကျိုးကိုခံစားရမည် ဖြစ်သောကြောင့်ဖြစ်ပါသည်။သို့ဖြစ်ပါ၍အလှူရှင်များအကျိုးများစေရန်သိမ်ကျောင်းဆောင်ကြီးသည် သံဃာကိစ္စမျာအတွက်အမြဲတမ်းအသုံးချ ထားသော ကျောင်းဆောင်ကြီးဖြစ်ဖို့ လည်းအရေးကြီးပါသည်။သို့မှသာ အလှူရှင်များ၏ အလှူသည် လည်း အမြဲတမ်းရှင်သန်နေသောအလှူဖြစ်ပြီး ဆရာဒကာ သံသရာ အတွက်အကျိုးများမည်ဖြစ်ပါကြောင်းတင်ပြလိုက်ရပါသည်။
Posted by မြန်မာ့အားမာန် at 9:13 PM 0 comments
Labels: article
သီတင်းကျွတ်လပြည့်ဆီးမီးပူဇော်ပွဲအမှတ်တရ
Posted by မြန်မာ့အားမာန်Read more...
အနှစ်ကိုးပါး (အပိုင်း-၁၈)
ဇိမ်ခံဖို့နဲ့ ညှဉ်းဆဲဖို့ အားထုတ်နေကြတယ်
ဒါ့ကြောင့် ရတဲ့ပုဂ္ဂိုလ်တွေကလဲ ဘယ်လောက်ပဲ ရရ၊ မကျေနပ်ကြဘူး။ အဲဒါ လောဘ။ အဲဒီရတာတွေကို စည်းစိမ်ခံ၊ ကိုယ်ရသလို သူများကို မရစေချင်ဘူး။ အဲဒါ မစ္ဆရိယ။
မရှိဘူး, မရဘူးဆိုတဲ့ ပုဂ္ဂိုလ်တွေကလဲ ရတဲ့ လူတွေ အပေါ်မှာ မကျေနပ်တဲ့ ဣဿာ(မနာလိုမှု)၊ အဲဒီ ဣဿာ ရဲ့ နောက်နားကနေ ''မင်းတို့တော့ ချလိုက်ဦးမယ်''ဆိုတဲ့ ဒေါသ။ တစ်ဘက်စွန်းပဲ။
မဟာသက္ကရာဇ် ၁ဝ၃-ခုနှစ် ဝါဆိုလပြည့်နေ့ မိဂဒါဝုန်မှာ မြတ်စွာဘုရားရှင် ၅-ယောက်သော ပုဂ္ဂိုလ်တို့ ကို စတင်ဟောဖော် ကြွေးကြော် တော်မူခဲ့တဲ့ဒေသနာက ဓမ္မစကြာ။ အဲဒီတရားတော်ထဲမှာ အစွန်း ၂-ခုဆိုတာကို မိန့်တော်မူထားပါတယ်။
တစ်ဘက်က ဇိမ်ခံဖို့ အားထုတ်နေတာ။ တစ်ဘက်က ညှင်းဆဲမယ်လို့ အားထုတ်နေတာ။ ကိုယ့်ကိုယ်ကို ညှင်းဆဲရုံတင်မကဘူး၊ သူတပါး ညှင်းဆဲဖို့အားထုတ်တာက ပိုများတယ် ထင်တာပဲ။
အတ္တကိလမထာနုယောဂေါ၊ ကိုယ့်ကိုယ်ကို ညှင်း ဆဲဖို့အားထုတ်တယ်။
ကိုယ့်မှာ ဒေါသနဲဣဿာဖြစ်ရင် ကိုယ့်ကိုယ်ကို ညှင်းဆဲပြီသား။ သူတပါး ညှင်းဆဲတာက နောက်၊ ဒါကြောင့် ကိုယ့်ကိုယ်ကိုညှင်းဆဲတဲ့အလုပ်ဟာ ကိုယ့်ဒုက္ခ ကိုယ့်ကိုကိုယ် ဖန်တီးနေတာပဲ။
ကမ္ဘာမှာ ''စနစ်တွေ ဘယ်လောက်ပဲ များပါတယ်၊ ဝါဒတွေ ဘယ်လောက်ပဲများပါတယ်''ပြောပြော၊ အဲဒီနှစ်စု ထဲ အကုန်ဝင်နေတယ်။
မြတ်ဗုဒ္ဓက အဲဒီအစွန်း ၂-ခုကို ရှောင်သွားတယ်။ ဒီအစွန်း နှစ်ဘက်ကိုလဲ ရှောင်ဖို့ရန် တိုက်တွန်းခဲ့တယ်။
ဗုဒ္ဓဘာသာဖြစ်ခွင့် ရလိုက်တော့ အဲဒီအစွန်း၂-ဘက်ကို လွတ်အောင် ရှောင်နိုင်ကြတယ်။ ရှောင်တတ် ကြတယ်။
သာသနာဟာ အမြဲတမ်း ပြောင်းရွှေ့နေတယ်
ဒါ့ကြောင့် မြန်မာလူမျိုးတွေ မြန်မာပြည်က ပုဂ္ဂိုလ် တွေ ချမ်းသာနေကြတာဟာ အဲဒီအစွန်းနှစ်ခုကို လွတ် အောင် ရှောင်နိုင်ကြလို့ပါပဲ။
ကမ္ဘာမှာ အဲဒီအစွန်းနှစ်ဘက်ကို လွတ်အောင် မရှောင်နိုင်တဲ့ ပုဂ္ဂိုလ်တွေ သိပ်ကို ဒုက္ခဖြစ်နေကြတယ်။
ဆဋ္ဌသံင်္ဂါယနာတင်တဲ့ အချိန်တုန်းက ထေရဝါဒ သာသနာထွန်းကားတဲ့ နိုင်ငံဆိုလို့ မြန်မာရယ်၊ သီဟိုဠ်ရယ်၊ ကမ္ဘောဒီးယားရယ်၊ လာအိုရယ်၊ ယိုးဒယားရယ်ဆိုပြီး ၅-နိုင်ငံပဲ ရှိတယ်။
ဗုဒ္ဓဘာသာ သာသနာကြည်ညိုတဲ့ နိုင်ငံတွေ အများကြီးထဲက ပိဋကတ်သုံးပုံ နိကာယ်ငါးရပ်ကို နှစ်ပေါင်း (၂၅ဝဝ)စလုံး မပြုမပြင်ပဲနဲ့ ပကတိအတိုင်း ထိန်းသိမ်း စောင့်ရှောက်ပြီးတော့ လာခဲ့တဲ့ ထေရဝါဒသာသနာ ထွန်း ကားတဲ့ နိုင်ငံသည် ဒီ ၅-နိုင်ငံပဲ။
သာသနာဟာ အမြဲတမ်းပြောင်းရွှေ့နေကြတယ်။ အိန္ဒိယပြည်မှာ အခု ပြောပြီးပြီ၊ သာသနာ့မှတ်တိုင်ပဲ ကျန် တော့တယ်။
ဗုဒ္ဓဂါယာက ဗောဓိပင်ကြီးအကြောင်း အခုနက ပြောပြီးပြီ။ မဟန့်တို့က အကုန်လုံး ဝင်နှောင့်ယှက်ထားတာ။ သန့်ရှင်းအောင် မနည်းလုပ်ယူရတယ်။ ဒီကနေ့ မှတ်တိုင် အဖြစ်ပဲ ကျန်တော့တယ်။ နောက်ပြီးတော့ ဟိုဘက်က မိဂဒါဝုန်စေတီတော်ကြီးလဲ ပြိုလို့။ ရွှေဆိုရင် တစမှ မရှိ တော့ဘူး။ ရာဇဂြိုဟ်ဆိုလို့ရှိရင်လဲ အထိမ်းအမှတ် အဖြစ် အုတ်ရိုးပဲ ရှိတော့တယ်။ သာဝတ္ထိမြို့ ဇေတဝန်ကျောင်း ဆိုတာလဲ အုတ်ရိုးပဲရှိတော့တယ်။ ဒီတော့ သာသနာဟာ နေရာ ရွေ့ရွေ့ သွားတယ်။
ရွေ့တယ်ဆိုရင် တော်သေးတာပေါ့။ လုံးဝ မကွယ်ပျောက်ဖို့ အရေးကြီးတယ်။ ဘာသာခြားတွေရဲ့ ခြေလှမ်းကို သတိထားဖို့ လိုတယ်။
တိဘက်တွေဆိုရင် တိုင်းပြည်ပါ ပျောက်သွားတယ်။ တိဘက်ဗုဒ္ဓဘာသာလူမျိုးတွေဟာ နီပေါနဲ့ အိန္ဒိယမှာ ခိုနေကြတယ်။ တိဘက်နိုင်ငံရယ်လို့ ကမ္ဘာမှာ ရှိကိုမရှိတော့ ဘူး။
နောက်ပြီးတော့ ဟိုဘက်က မွန်ဂိုလီယား ဆိုလို့ရှိ ရင်လဲ ရှိတော့ရှိတယ်။ ဒါပေမဲ့ ကမ္ဘာမှာ မထင်ရှားဘူး။ အညတရ ဖြစ်နေတယ်။ ဂျပန်ကျပြန်တော့ ''မဟာယာန''။ အရှေ့ဘက်ကတော့ အဲဒီလို ဖြစ်နေတယ်။
ဒီကနေ့ခေတ်မှာ အားရစရာ တစ်ခုကောင်းတာက အမေရိကတို့ အင်္ဂလန်တို့ ဥရောပတို့မှာ သာသနာ ရောက်နေခြင်းပဲ။ ရှေ့ဆက်ပြီး တိုးတက်အောင် လုပ်ဖို့တော့ လိုသေးတယ်။
မြတ်စွာဘုရား ဆုံးမတော်မူတဲ့ အဆုံးအမအတိုင်း ကျင့်ကြံအားထုတ်တော် မူကြတဲ့အတွက်ကြောင့် ချမ်းသာခွင့် ရကြတာ။
အစွန်းလွတ်အောင်နေ ကမ္ဘာကြီးချမ်းသာတယ်
ဘုန်းကြီး စင်္ကာပူနှင့် သီဟိုဠ်နိုင်ငံမှာ တရားဟောတုန်းက အစွန်း ၂-ပါးမှ လွတ်အောင်နေဖို့ အဓိက ဟော ခဲ့ပါတယ်။
ခုနက ပြောခဲ့တဲ့ ကမ္ဘာ့အုပ်စုကြီးနှစ်ခု ပဋိပက္ခ ဖြစ်နေတာကို ငြိမ်းချမ်းအောင် ဘယ့်နှယ့်လုပ်မလဲ၊ သူတို့က ''မေတ္တာတရားနဲ့လုပ်ရမယ်''လို့ ပြောလိမ့်မယ် ထင်ထားတာ။ အဲဒီနေရာမှာ ဘုန်းကြီးက မေတ္တာတရား ထပ်မပြောတော့ဘူး။ ပြောရင် သက်သက်လွတ်ပုဂ္ဂိုလ်နဲ့ တွေ့ရင် ခက်နေဦးမှာ။
''အစွန်းလွတ်အောင်နေ၊ ကမ္ဘာကြီးချမ်းသာတယ်'' ဆိုပြီး ဘုန်းကြီးက ဟောလိုက်တယ်။ အားလုံးငြိမ်နေတာ ပဲ။ တချို့ကလည်း ဦးခေါင်းတငြိမ့်ငြိမ့်နဲ့ သဘောကျနေကြတယ်။
ပိဋကတ်တော်လာ အနှစ်သုံးပါး
ပိဋကတ်သုံးပုံကို အဆီ ညှစ်ထုတ်လိုက်တဲ့အခါ တရား သုံးမျိုးထွက်လာတယ်။
၁။ ရတနာသုံးပါး
၂။ လက္ခဏာသုံးပါး
၃။ သိက္ခာသုံးပါး
ဗုဒ္ဓ၊ ဓမ္မ၊ သံဃာ ဒီသုံးခုကို ''ရတနာ''လို့ခေါ် တယ်။ ''ရတနာ''လို့ ခေါ်ခြင်းရဲ့ အကြောင်းတွေ ရှိပါတယ်။
''ရတနာ''ခေါ်ရခြင်း၏အကြောင်း
စိတ္တီကတံ မဟဂ္ဃဉ္စ၊ အတုလံ ဒုလ္လဘဒဿနံ။
အနောမသတ္တပရိဘောဂံ၊ ရတနံ တေန ဝုစ္စတိ။
စိတ္တီကတံစ၊ ဆန်းကြယ်သော သဘောရှိသည်၏ အဖြစ်လည်းကောင်း။ မဟဂ္ဃဉ္စ၊ တန်ဖိုးကြီးမားသည်၏ အဖြစ် ကြောင့်လည်းကောင်း။ အတုလံ၊ တုလို့မရ အတုမဲ့ တဲ့ သဘောလည်းကောင်း။ ဒုလ္လဘဒဿနံ၊ တွေ့ရခဲ ကြုံရခဲ ဆုံရခဲ မြင်ခဲတဲ့ သဘောလည်းကောင်း။ အနောမသတ္တ ပရိဘောဂံ၊ မြင့်မြတ်သော ပုဂ္ဂိုလ်တို့မှ သုံးဆောင်ထိုက်သည့် အဖြစ်လည်းကောင်း။ ဣတိ၊ ဤသို့။ ဣမေဟိ ကာရဏေ ဟိ၊ ဤအကြောင်းတို့ကြောင့်။ ရတနန္တိ၊ ရတနာဟူ၍။ ဝုစ္စတိ၊ မုချကိန်းသေ ဆိုအပ်ပါပေ၏။
စိန် ရွှေ ငွေစတဲ့ ပစ္စည်းတွေကို ''ရတနာ''လို့ခေါ် တယ်။ ရတနာခေါ်ထိုက်တဲ့ အကြောင်း ၅-ပါးရှိတယ်။
၁။ စိတ္တီကတ၊ ဆန်းကြယ်တဲ့သဘောခြင်း။
၂။ မဟဂ္ဃ၊ တန်ဖိုးကြီးမားခြင်း။
၃။ အတုလ၊ အတုမရှိခြင်း (အတူမရှိခြင်း)။
၎။ ဒုလ္လဘဒဿနံ၊ တွေ့ဖို့ရန်ခက်ခဲခြင်း။
၅။ အနောမသတ္တ ပရိဘောဂံ၊ မြတ်သော သူတို့မှ သာလျှင် သုံးစွဲထိုက်ခြင်းတို့ဖြစ်ပါတယ်။
ထိုနည်းတူစွာပါပဲ။ ဗုဒ္ဓ ဓမ္မ သံဃာ ဆိုတဲ့ ဒီ ရတနာ သုံးပါးဟာလဲပဲ အလွန်ဆန်းကြယ်ပါတယ်။ အလွန့် အလွန် တန်ဖိုးကြီးပါတယ်။ တုလို့လဲ မရကြပါဘူး။ တွေ့ရခဲ ကြုံရခဲပါတယ်။ မြတ်သော သူတို့မှသာလျှင် ဖူးတွေ့ရ တယ်။ ဒါ့ကြောင့် ဗုဒ္ဓ ဓမ္မ သံဃာကို ရတနာလို့ခေါ်တယ်။
(အပိုင်း-၁၈)ကိုမျှော
Read more...
အသည်းစွဲပြီးမှ အသည်းမကွဲပါစေနဲ့... (ဖိုးပညော (သပိတ်ကျင်း))
မိတ္တာမိတ္တဇာတ်... မိတ်ဆွေနှင့် ရန်သူ... (၅၅၀ ဇာတ်တော်)
၄၆၄... စူလကုဏာလဇာတ်...
၄၆၅... ဘဒ္ဒသာလဇာတ်... ဆွေမျိုးများကိုစောင့်ရှောက်သူ...
၄၆၆... သမုဒ္ဒဝါဏိဇာတ်... ခေါင်းဆောင်နှစ်ယောက်...
၄၆၇... ကာမဇာတ်... ကံပေးသမျှယူပါ...
၄၆၈... ဇနသန္ဓဇာတ်... လမ်းပြတတ်သူ...
၄၆၉... လောကကို အလှဆင်ခြင်း...
၄၇၀... ကောသိယဇာတ်...
၄၇၁... မေဏ္ဍကပဥှာဇာတ်...
၄၇၂... မဟာပဒုမဇာတ်... ပြန်လှည့်လာသော မြှားဦး...
၄၇၃... မိတ္တာမိတ္တဇာတ်... မိတ်ဆွေနှင့် ရန်သူ...
Read more...
ကာလာမသုတ် - ပွင့်လင်းသော နှလုံးသားဖြင့် ထောက်တည်ရာ ရှာမှီးခြင်း - ၂
အသိပညာ သုံးမျိုး
မှန်လျှင်မှန် မှားလျှင်မှားနိုင်သော အကျိုးနှစ်မျိုးရှိ၍ တစ်ထစ်ချအမှန်အဖြစ် မယူနိုင်သော ပမာဏများအား ပြန်လည်သုံးသပ်ပါက နှစ်သက် ယုံကြည်ခြင်းပေါ်တည် မှီ၍နေသည်။ အချို့သည် မိမိ လေးစားကြည်ညိုသော ဆရာ, ကျမ်းဂန်စာပေနှင့် မိရိုးဖလာအစဉ်အလာတို့မှ တဆင့်ကြားသိ၍ လက်ခံ ယုံကြည်ခြင်းဖြစ်သည်။ အချို့သည် ဖြစ်နိုင်ကောင်းသည်ဟု ထင်၍ လက်ခံယုံကြည်ကြသည်။ ယုတ္တိဗေဒကဲ့သို့ နည်းတစ်ခုခုကိုယူ၍ စနစ်တကျ တွေးခေါ်ထားခြင်း, စူးစမ်းဆင်ခြင်ထားခြင်းတို့ကြောင့် မှန်သည်ဟု လက်ခံယုံကြည်ကြသည်။ ထို့ကြောင့် ကာလာမသုတ်နှင့် စင်္ကီသုတ်တို့တွင်လာသော ပမာဏများကို ထပ်မံ၍ အကျဉ်းခြုံးပါက တစ်ဆင့်ကြားမှု (အနုဿဝန) နှင့် စဉ်းစားဆင်ခြင်မှု (တက္က ၀ီမံသ) ဟူသော ပမာဏနှစ်မျိုး အဖြစ် တွေ့နိုင်သည်။ တစ်ဆင့်ကြားမှုနှင့် စဉ်းစားတွေးခေါ်မှုသည် စိတ်ချသေချာသော ပမာဏများ မဟုတ်သေးပါက မည်သည့်ပမာဏကို အခြေပြု၍ အမှန်တရားကို သိရှိနိုင်ပါသနည်း။
တခါက ဘာရဒွါဇနွယ်ဖွား သိင်္ဂါရ၀လုလင်သည် မြတ်စွာဘုရားအား ဘာသာတရားတို့ကို အစဦးတီထွင်သူဟု ၀န်ခံကြသူများအနက် အရှင်ဂေါတမသည် မည်သို့သော ပုဂ္ဂိုလ်မျိုးဖြစ်သနည်း မေးလျှောက်ဖူးသည်။ “မျက်မှောက်၌ တရားထူးသိမြင်ကာ ဆုံးခမ်းတိုင်အောင်ရောက်၍ မြတ်သောအကျင့်၏ အစဦးကို ၀န်ခံသူ (ဒိဋ္ဌဓမ္မဘိညာ ဝေါသာနပါရမိပ္ပတ္တာ အာဒိဗြဟ္မစရိယံ ပဋိဇာနန္တိ)” ဟု သုံးနှုန်းထားသော်လည်း “ဘာသာတရားတို့ကို အစဦးတီထွင်သူ” ဟု အကျဉ်းအားဖြင့် နားလည်နိုင်ပါသည်။
(၁) ဘာရဒွါဇ… တစ်ဆင့်ကြားလက်ခံသူ (အနုဿာဝိက) သမဏ, ဗြာဟ္မဏ အချို့ရှိသည်။ ထိုသူတို့သည် တစ်ဆင့်ကြားဖြင့် ဘာသာတရားတို့ကို အစဦးတီထွင်သူဟု ၀န်ခံကြကုန်၏။ ဥပမာကား ဝေဒသုံးပုံဆောင် တေ၀ိဇ္ဇ ဗြာဟ္မဏတို့တည်း။
(၂) ဘာရဒွါဇ… ယုံကြည်မှုသက်သက်မျှဖြင့် (ကေ၀လံ သဒ္ဓမ္မတ္တကေန) ဘာသာတရားတို့ကို အစဦးတီထွင်သူဟု ၀န်ခံသော သမဏ, ဗြာဟ္မဏ အချို့လည်းရှိ၏။ ဥပမာကား စဉ်းစားတွေးခေါ်သူတို့ (တက္ကီ ၀ီမံသီ) တည်း။
(၃) ဘာရဒွါဇ… ထို့အပြင် ရှေးကမကြားဖူးသေးသော တရားတို့အား (အနနုဿုတေသု ဓမ္မေသု) ကိုယ်တိုင် ထိုးထွင်းသိမြင်ကာ (သာမံယေ၀ ဓမ္မံ အဘိညာယ) ဘာသာတရားတို့ကို အစဦးတီထွင်သူဟု ၀န်ခံသော သမဏ, ဗြာဟ္မဏ အချို့လည်းရှိ၏။ ထိုသူတို့တွင် ငါသည် တစ်ပါး အပါအ၀င်တည်း။ (မ-၂-၄၇၄၊ မဇ္ဈိမနိကာယ်၊ မဇ္ဈိမပဏ္ဏာသ၊ ဗြာဟ္မဏ၀ဂ်၊ သိင်္ဂါရ၀သုတ်)
အထက်ပါ ဒေသနာအရ တစ်ဆင့်ကြားမှု (အနုဿဝန), စဉ်းစားဆင်ခြင်မှု (တက္က ၀ီမံသ), ကိုယ်တိုင် ထိုးထွင်းသိမြင်မှု (သယံ အဘိညာ) ဟူသော ပမာဏသုံးမျိုးတွင် ဗုဒ္ဓသည် ကိုယ်တိုင် ထိုးထွင်းသိမြင်မှုကို အလေးပေးကြောင်း တွေ့ရသည်။ တစ်ဆင့်ကြားမှုဖြင့်ရသော သုတမယပညာ, စဉ်းစားဆင်ခြင်မှုဖြင်ရသော စိန္တာမယပညာနှင့် သီလ, သမာဓိ, ပညာတို့ကို အဆင့်ဆင့် ပွားများအားထုတ်၍ ကိုယ်တိုင်ထိုးထွင်းသိမြင်သော ဘာဝနာမယပညာတို့တွင် ဘာဝနာမယပညာကသာ စိတ်ချရသော အသိပညာဖြစ်သည်။
သမ္မာသမ္ဗုဒ္ဓဘုရားရှင်နှင့် ပစ္စေကဗုဒ္ဓတို့မှလွဲလျှင် သူတစ်ပါးထံမှ တစ်ဆင့်ကြားနာမှု မပါပဲ သစ္စာတရားအား ကိုယ်တိုင် ထိုးထွင်းသိနိုင်ခြင်းမရှိ။ “ယောနိသော မနသိကာရ” ခေါ် မှန်ကန်သော နှလုံးသွင်းမှုဖြင့် ပြည့်စုံလျှင် သူတစ်ပါးထံမှ တစ်ဆင့်ကြားနာခြင်းသည် သမ္မာဒိဋ္ဌိဖြစ်စေရန် အခြေခံ အကြောင်းရင်းဖြစ်သည်။ သို့သော် နှလုံးသွင်းမှားပါက မိစ္ဆာဒိဋ္ဌိပင် ဖြစ်စေနိုင်သည်။ မိရိုးဖလာအစဉ်အလာသမားများ, ကျမ်းဂန်စာအုပ်သမားများသည် သုတမယပညာမျှကို တရားသေဆုပ်ကိုင်ကာ (မိုးကုတ်ဆရာတော်ကြီး၏ စကားဖြင့် ပြောရလျှင်) “သူတစ်ပါး ပါးစပ်ဖျားတွင် လမ်းဆုံးနေကြသူများ” ဖြစ်သည်။
ဗုဒ္ဓ၀ါဒသည် ပိုင်းခြားဝေဖန်၍ ဆိုလေ့ရှိသော “၀ိဘဇ္ဇ၀ါဒ” ဖြစ်သည့်အားလျှော်စွာ ပိုင်းခြားဝေဖန်ခြင်း, စူးစမ်းဆင်ခြင်ခြင်းတို့သည် အရေးပါသည်။ ဆရာကောင်း ဟုတ်မဟုတ်ကိုလည်း စူးစမ်းဆင်ခြင်ရသည်။ မိမိဝါဒ, သူတစ်ပါးတို့၏ ၀ါဒကိုလည်း ကွဲပြားအောင် စူးစမ်းဆင်ခြင်ရသည်။ ကုသိုလ်, အကုသိုလ်, အကြောင်း, အကျိုးစသဖြင့် တရားသဘောတို့ကိုလည်း စူးစမ်းဆင်ခြင်ရသည်။ သို့သော် သစ္စာတရားကို စဉ်းစားတွေးခေါ်မှုသက်သက်ဖြင့် ချဉ်းကပ်မရ။ စဉ်းစားတွေးခေါ်မှုနယ်ကိုကျော်လွန်သော (အတက္ကာဝစရ) တရားဖြစ်သည်။ ထို့ကြောင့် ကာလာမသုတ်မှ ပမာဏ (၁၀) မျိုး (တနည်း စင်္ကီသုတ်မှ ပမာဏ ငါးမျိုး) တို့ဖြင့်ရသော သုတမယပညာ, စိန္တာမယပညာတို့သည် အသိဉာဏ်စာရင်း သွင်းရသော်လည်း ကိုယ်ပိုင်ဉာဏ်အစစ် မဟုတ်သေး။
ရဟန်းတို့ … “အတ္တသည်လည်းကောင်း, လောကသည်လည်းကောင်း မြဲ၏။ ဤအယူသာမှန်၍ အခြားအယူတို့သည် အချီးနှီးသာတည်း” ဟုပြောဆိုလေ့ရှိသော သမဏ, ဗြာဟ္မဏတို့အား စင်စစ် ယုံကြည်ခြင်း, နှစ်သက်ခြင်း, တစ်ဆင့်ကြားခြင်း, အခြင်းအရာကို ကြံစည်ခြင်း, အယူကို စူးစိုက်ဆင်ခြင်၍ နှစ်သက်လက်ခံခြင်း ဟူသောအကြောင်းတို့မှ လွဲ၍ စင်ကြယ်ပြည့်စုံသော ကိုယ်ပိုင်ဉာဏ် (ပစ္စတ္တံယေ၀ ဉာဏံ) ဖြစ်ရန် အကြောင်း မရှိ။ စင်ကြယ်ပြည့်စုံသော ကိုယ်ပိုင်ဉာဏ်မရှိသဖြင့်၊ ဤအယူတို့၌ အသိဉာဏ်အဖို့သို့ (ဉာဏဘာဂမတ္တမေ၀) သက်ဝင်ငြားသော်လည်း၊ ထိုသို့သက်ဝင်ခြင်းအား အစွဲအလန်း (ဥပါဒါန်) ဟုသာ ဆိုအပ်၏။ (မ-၃-၂၈၊ မဇ္ဈိမနိကာယ၊ ဥပရိပဏ္ဏာသ၊ ဒေ၀ဒဟ၀ဂ်၊ ပဉ္စတ္တယသုတ်)
သုတမယဉာဏ်နှင့် စိန္တာမယဉာဏ်တို့ကို ငြင်းပယ်ရန် မဟုတ်သော်လည်း ထိုအသိဉာဏ်သက်သက်မျှကို အားကိုးကာ “ဤသည်သာ အမှန်”ဟု တရားသေစွဲယူပါက အစွဲအလန်းဥပါဒါန်သာ ဖြစ်လေသည်။ ထို့ကြောင့် ကိုယ်တိုင်သိမြင်မှုဖြင့် သိသောအသိဉာဏသည်သာ အားထားရာဖြစ်၏။ “ကိုယ်တိုင်သိမြင်မှု” ဆိုသော်လည်း “မျက်စိဖြင့် မြင်သိခြင်း, နားဖြင့် ကြားသိခြင်း, နှာခေါင်းဖြင့် နံသိခြင်း, လျှာဖြင့် အရသာသိခြင်း, ကိုယ်ဖြင့် ထိသိခြင်း” ဟူသည့် အာရုံခံအင်္ဂါ (ပသာဒ) ငါးပါးဖြင့် ကိုယ်တိုင် သိသော ပဉ္စာရုံသိမျိုး (Empirical Knowledge) မျိုးမျှကို ဆိုလိုသည် မဟုတ်။ ထိုအသိတို့သည် အဖြူ, အနီစသဖြင့် ခွဲခြားမှတ်သားမှု သညာကိုအခြေခံသည့် အသိမျိုးသာ ဖြစ်သည်။ သညာသိတို့သည် (တံလျှပ်မြင်က ရေရှိသည်ဟု ထင်အောင်) လှည့်ဖျားတတ်သော အသိမျိုးဖြစ်၍ အားကိုးနိုင်သော အသိမဟုတ်သေး။ ပညာအစစ် မဟုတ်သေး။ ဗုဒ္ဓအဆုံးအမအရ သင်္ခါရတရားအားလုံးတို့၏ “အနိစ္စ, ဒုက္ခ, အနတ္တ” ဟူသည့် လက္ခဏာကို မြင်အောင် သိနိုင်သော အသိမျိုးသည်သာ ပညာအစစ်ဖြစ်သည်။ သစ္စာလေးပါးအား ပိုင်းခြားသိမြင်သော အသိမျိုးသည်သာ မဂ္ဂင်ထိုက်သော ပညာအစစ်ဖြစ်သည်။ ထိုအသိပညာသည် ထိုးထွင်းသိခြင်း, ပိုင်းခြားသိခြင်း, ကိလေသာကို ပယ်စွန့်ခြင်းဟူသော အကျိုးရှိသည် (အဘိညတ္ထာ, ပရိညတ္ထာ, ပဟာနတ္ထာ)။ ထိုအသိပညာမျိုးသည် မနောဝိညာဏ်၌သာ ဖြစ်ပေါ်နိုင်သည်။ ပညာနှင့် ၀ိညာဏ်တို့၏ ခြားနားချက်မှာ ပညာသည် ပွားများရသော ဘာဝေတဗ္ဗတရားဖြစ်၍ ပညာနှင့် ယှဉ်သောအသိ ၀ိညာဏ်သည် ပိုင်းခြားသိသော တရားဖြစ်သည်။ (မ-၁-၄၄၉၊ မ-၁-၄၅၁၊ မဇ္ဈိမနိကာယ်၊ မူလပဏ္ဏာသ၊ စူဠယမက၀ဂ်၊ မဟာဝေဒလ္လသုတ်)
ထို့ကြောင့် ကိုယ်တိုင် ထိုးထွင်း၍ သိမြင်သော ဉာဏ်ရရှိရန် သီလ, သမာဓိ, ပညာဟူ၍ အဆင့်အဆင့် ပွားများအားထုတ်ခြင်း ဘာဝနာအမှုကို ပြုကြရသည်။ လောဘ, ဒေါသ, မောဟတရားတို့ ကိုယ်နှင့်နှုတ်တွင် မလွန်ကျူးစေရန် အားထုတ်ရသည်။ စိတ်အစဉ်တွင် မထကြွစေရန် အားထုတ်ရသည်။ အကြွင်းမဲ့ ပယ်သတ်နိုင်ရန် အားထုတ်ရသည်။ ထိုသို့အားထုတ်မှု အဆင့်ဆင့်တွင် လောဘ, ဒေါသ, မောဟတို့ ဖြစ်လျှင် ဖြစ်ပေါ်သည်, မဖြစ်လျှင် မဖြစ်ပေါ်သည်ကို မိမိတို့ အားထုတ်နေသော ဉာဏ်အဆင့်အလျှောက် ကိုယ်တိုင် သိရှိနိုင်ပေသည်။ ထိုသို့သိသော အသိတို့သည် “ယုံကြည်ခြင်း, နှစ်သက်ခြင်း” စသည်တို့ သက်သက်ပေါ်တွင် အခြေခံသော အသိများမဟုတ်တော့ပဲ ပညာဖြင့် ကိုယ်တိုင် သိမြင်သော အသိများဖြစ်လေသည်။
ရဟန်းတို့ … ရဟန်းသည် မျက်စိဖြင့် အဆင်းကို မြင်စဉ် မိမိတို့၏ အဇ္ဈတ္တသန္တာန်၌ ရာဂ, ဒေါသ, မောဟ ထင်ရှားရှိသော် “ငါ၏ အဇ္ဈတ္တသန္တာန်၌ ရာဂ, ဒေါသ, မောဟ ရှိသည်” ဟု သိ၏။ မိမိတို့၏ အဇ္ဈတ္တသန္တာန်၌ ရာဂ, ဒေါသ, မောဟ ထင်ရှား မရှိသော် “ငါ၏ အဇ္ဈတ္တသန္တာန်၌ ရာဂ, ဒေါသ, မောဟ မရှိ” ဟု သိ၏။ ရဟန်းတို့ … ဤသို့သိခြင်းသည် ယုံကြည်မှုဖြင့် သိခြင်းလော၊ နှစ်သက်မှုဖြင့် သိခြင်းလော၊ တစ်ဆင့်ကြားဖြင့် သိခြင်းလော၊ အခြင်းရာအား ကြံစည်၍ သိခြင်းလော၊ အယူကို စူးစိုက်ဆင်ခြင်၍ နှစ်သက်လက်ခံကာ သိခြင်းလော။ မဟုတ်ပါအရှင်ဘုရား… ။ ရဟန်းတို့ … ဤတရားတို့ကို ပညာဖြင့် သိမြင်သည် မဟုတ်လော။ မှန်ပါသည် အရှင်ဘုရား။ (သံ-၄-၁၅၃၊ သဠာယတန၀ဂ္ဂသံယုတ်၊ သဠာယတနသံယုတ်၊ န၀ပုရာဏ၀ဂ်၊ အတ္ထိနုခေါပရိယာယသုတ်)
ကုသိုလ်နှင့် အကုသိုလ်
မြတ်စွာဘုရားသည် ကာလာမတို့အား ယုံမှားသံသယဖြစ်ဖွယ် ပမာဏများပေါ်တွင် တစ်ထစ်ချ ကောက်ယူခြင်း မပြုရန် ဟောကြားပြီးနောက် မိမိတိုအဆင့်အားလျှော်စွာ ကိုယ်တိုင်သိနိုင်သည့် အကုသိုလ်တရားတို့ကို ပယ်စွန့်ရန်, ကုသိုလ်တရားတို့ကို ပွားများရန် ဆက်လက် ဟောကြားတော်မူ၏။
[…] ကာလာမတို့ … “ဤတရားတို့သည် အကုသိုလ်တရားတည်း။ အပြစ်ရှိသော တရားတည်း။ ပညာရှိတို့ ကဲ့ရဲ့အပ်သောတရားတည်း။ လက်ခံကျင့်သုံးပါက အကျိုးစီးပွားမဲ့ခြင်းငှာ, ဆင်းရဲခြင်းငှာ ဖြစ်ကုန်၏။” ဟု
သင်တို့သည် မိမိတို့ကိုယ်တိုင်ပင် သိငြားအံ့ (အတ္တနာဝ ဇာနေယျာထ)၊ ထိုတရားတို့အား ပယ်စွန့်ကြရာ၏။
ကာလာမတို့… “မိမိတို့၏ အတွင်းသန္တာန်၌ လောဘ, ဒေါသ, မောဟ ဖြစ်သော် အကျိုးစီးပွားရှိခြင်းငှာ ဖြစ်သလော၊ အကျိုးစီးပွားမဲ့ခြင်းငှာ ဖြစ်သလော” အဘယ်သို့ ထင်မှတ်သနည်း။ (အကျိုးစီးပွားမဲ့ခြင်းငှာ ဖြစ်ပါသည် အရှင်ဘုရား။ )
ကာလာမတို့…. လောဘ, ဒေါသ, မောဟတို့ ဖုံးလွှမ်းသိမ်းယူထားသည့် တပ်မက်သူ, အမျက်ထွက်သူ, တွေဝေသူသည် အသက်ကို သတ်၏။ မပေးသည်ကိုလည်း ယူ၏။ တစ်ပါးသူ၏ မယားကိုလည်း ပြစ်မှား၏။ မမှန်သောစကားကိုလည်း ဆို၏။ တစ်ပါးသူတို့ကိုလည်း ထို့အတူပင် ပြုစေ၏။ ဤသို့ဖြစ်သော် အရှည်သဖြင့်တွင့် အကျိုးစီးပွားမဲ့ခြင်းငှာ ဆင်းရဲခြင်းငှာ ဖြစ်ရာသည် မဟုတ်လော။ (ဖြစ်နိုင်ပါသည် အရှင်ဘုရား။)
[…] ကာလာမတို့ … “ဤတရားတို့သည် ကုသိုလ်တရားတည်း။ အပြစ်မရှိသော တရားတည်း။ ပညာရှိတို့ ချီးမွမ်းအပ်သောတရားတည်း။ လက်ခံကျင့်သုံးပါက အကျိုးစီးပွားရှိခြင်းငှာ, ချမ်းသာခြင်းငှာ ဖြစ်ကုန်၏။” ဟု သင်တို့သည် မိမိတို့ကိုယ်တိုင်ပင် သိငြားအံ့၊ ထိုတရားတို့အား ပြည့်စုံကြစေရာ၏။
ကာလာမတို့… “မိမိတို့၏ အတွင်းသန္တာန်၌ အလောဘ, အဒေါသ, အမောဟ ဖြစ်သော် အကျိုးစီးပွားရှိခြင်းငှာ ဖြစ်သလော၊ အကျိုးစီးပွားမဲ့ခြင်းငှာ ဖြစ်သလော?” အဘယ်သို့ ထင်မှတ်သနည်း။ (အကျိုးစီးပွားရှိခြင်းငှာ ဖြစ်ပါသည် အရှင်ဘုရား။)
ကာလာမတို့…. လောဘ, ဒေါသ, မောဟတို့ ဖုံးလွှမ်းသိမ်းယူထားခြင်း မရှိသည့် မတပ်မက်သူ, အမျက်မထွက်သူ, မတွေဝေသူသည် အသက်ကို မသတ်။ မပေးသည်ကိုလည်း မယူ။ တစ်ပါးသူ၏ မယားကိုလည်း မပြစ်မှား။ မမှန်သောစကားကိုလည်း မဆို။ တစ်ပါးသူတို့ကိုလည်း ထို့အတူပင် မပြုစေ၏။ ဤသို့ဖြစ်သော် အရှည်သဖြင့်တွင် အကျိုးစီးပွားရှိခြင်းငှာ ချမ်းသာခြင်းငှာ ဖြစ်ရာသည် မဟုတ်လော။ (ဖြစ်နိုင်ပါသည် အရှင်ဘုရား။)
(အံ-၃-၆၆၊ အဂုင်္တ္တရနိကာယ်၊ တိကနိပါတ်၊ မဟာဝဂ်၊ ကေသမုတ္တိသုတ်)
ဤတရားဒေသနာသည် အနောက်တိုင်းဒဿနပညာမှ ပဓာနကျသည့် ကိုယ်ကျင့်တရားနှင့်ပတ်သက်သော အယူအဆသုံးမျိုးအား အကျဉ်းအားဖြင့် ခြုံငုံမိနေသည်ကို တွေ့ရပေမည်။ ပထမအုပ်စုသည် အပြုအမူတို့၏ နောက်ဆက်တွဲ အကျိုးဆက်ကို အလေးပေး၍ ကောင်းဆိုးခွဲခြားသော အယူအဆ Consequentialism/Utilitarianism ဖြစ်သည်။ ဒုတိယအုပ်စု Deontological Ethics သည် ကျင့်ဝတ် စည်းမျည်းတို့အား လိုက်နာမှုကို ပဓာနထားသည်။ တတိယအုပ်စု Virtue Ethics က အဇ္ဈတ္တသန္တန်မှ သူတော်ကောင်းတရား (Virtue) တို့ကို မြတ်နိုးတန်ဖိုးထား၍ ယင်းစရိုက်ကောင်းများကို မြှင့်တင်ပေးရန် လေ့ကျင့်ပညာပေးမှုကို အလေးထားသည်။
ကာလာမသုတ်ဒေသနာတွင် “အပြစ်ရှိခြင်း, သူတော်ကောင်းတို့ ကဲ့ရဲ့အပ်ခြင်း, အကျိုးစီးပွားမဲ့၍ ဆင်းရဲကို ဖြစ်စေခြင်း” စသည့် နောက်ဆက်တွဲ အကျိုးဆက်များဖြင့် အကုသိုလ်၏ အနက်ပရိယာယ်ကို ဟောကြားထားသည်။ နောက်ဆက်တွဲ အကျိုးဆက် ဆိုရာတွင် မျက်မှောက်ဘ၀၌ ခံစားရမည့် အကျိုးဆက်နှင့် နောင်တမလွန်ဘ၀၌ ခံစားရမည့် အကျိုးဆက်ဟူ၍ နှစ်မျိုး ရှိသည်။ သုတ္တန်တို့တွင် နာကြားသူ၏ စရိုက်, စကားဆက်စပ်မှုတို့ပေါ်တည်၍ တမလွန်အကျိုးကို ဦးစားပေး၍ ဟောသည်ရှိသလို, မျက်မှောက်အကျိုးကိုဦးစားပေး ဟောကြားသည်လည်း ရှိသည်။ အချို့လည်း မျက်မှောက်, တမလွန်နှစ်မျိုးလုံး ထည့်သွင်းဟောကြားသည်။ ဥပမာ အတ္တာနုဝါဒသုတ် (အံ-၄-၁၂၁၊ အင်္ဂုတ္တရနိကာယ်၊ စတုကနိပါတ်၊ ဘယ၀ဂ်၊ အတ္တာနုဝါဒသုတ်) တွင် (၁) မိမိကို မိမိ ကဲ့ရဲ့စွပ်စွဲအပ်သော အတ္တာနုဝါဒဘေး (၂) သူတစ်ပါးတို့က ကဲ့ရဲ့စွပ်စွဲအပ်သော ပရာနုဝါဒဘေး (၃) အပြစ်ဒဏ်ခတ်ခြင်း ခံရသော ဒဏ္ဍဘေး (၄) သေလွန်က မကောင်းသော လားရာသို့ရောက်သော ဒုဂ္ဂတိဘေးဟူ၍ အကျိုးနှစ်မျိုးလုံး ထင်ရှားအောင် ဟောကြားထားသည်။ ဤကာလာမသုတ်ဒေသနာ၌မူ မျက်မှောက်ဘ၀၌ “မိမိတို့ ကိုယ်တိုင်ပင် သိနိုင်သော” (အတ္တနာဝ ဇာနေယျ) အကျိုးများကိုသာ ဟောကြားထားသည်ကို တွေ့နိုင်သည်။
ကုသိုလ်, အကုသိုလ်၏ အနက်အား အကျိုးဆက် သက်သက်ဖြင့် ဝေဖန်ခြင်းသည် မပြည့်စုံ။ ကုသိုလ်, အကုသိုလ်၏ မူလအကြောင်းရင်းမြစ်သည်လည်း အရေးပါသည်။ လောဘ, ဒေါသ, မောဟတရားတို့သည် အကုသိုလ်၏ မူလရင်းမြစ်ဖြစ်၍ အလောဘ, အဒေါသ, အမောဟတရားတို့သည် ကုသိုလ်၏ မူလရင်းမြစ်ဖြစ်သည် (မ-၁-၈၉၊ မဇ္ဈိမနိကာယ်၊ မူလပဏ္ဏာသ၊ မူလပရိယာယ၀ဂ်၊ သမ္မာဒိဋ္ဌိသုတ်) (အံ-၃-၇၀၊ အင်္ဂုတ္တရနိကာယ်၊ တိကနိပါတ်၊ မဟာဝဂ်၊ အကုသလမူလသုတ္တံ)။ မိမိတို့၏ အတွင်းသန္တာန်တွင် လောဘ, ဒေါသ, မောဟတရားတို့ဖြစ်ပွားပါက အကုသိုလ်ဟု သတ်မှတ်၍ ထိုတရားတို့ကို ပယ်သတ်ရန် ဟောကြားထားသည်။ တစ်ဖန် “အပြစ်ရှိခြင်း, သူတော်ကောင်းတို့ကဲ့ရဲ့အပ်ခြင်း, မိမိကို မိမိ လိပ်ပြာမလုံခြင်း, သူတစ်ပါးက ကဲ့ရဲ့စွပ်စွဲခြင်း” စသည်တို့သည် အကျိုးဆက်ဖြစ်သည် မှန်သော်လည်း၊ တနည်းအားဖြင့် အရှက်, အကြောက်တရားတို့ကို ရည်ညွှန်းသည်။ ဗုဒ္ဓဘာသာတွင် မကောင်းမှုပြုရန် ရှက်ခြင်း (ဟိရီ), မကောင်းမှုပြုရန် ကြောက်ခြင်း(သြတ္တပ္ပ)ကို အလေးပေးတန်ဖိုးထားသည်။ ရှက်ခြင်းသည် မိမိကို မိမိ လေးစားသောအားဖြင့် မကောင်းမှု မပြုခြင်းဖြစ်၍၊ ကြောက်ခြင်းသည် (မိမိမှ တစ်ပါးသော) သူတော်ကောင်းတို့ ကဲ့ရဲ့စွပ်စွဲမည်ကို ငဲ့၍ ကြောက်ခြင်းဖြစ်သည်။ ဤတရားနှစ်ပါးသည် မကောင်းမှုကို ရှောင်ကြဉ်ရန်အတွက် အရေးပါသော လောကပါလတရားများဟု သတ်မှတ်သည် (အံ-၂-၉၊ အင်္ဂုတ္တရနိကာယ် ဒုကနိပါတ်၊ ကမ္မကရဏ၀ဂ်၊ စရိယသုတ်)။ “သဒ္ဓါ, သီလ, ဟိရီ, သြတ္တပ္ပ, သုတ, စာဂ, ပညာ” ဟူသော သူတော်ကောင်း ဥစ္စာခုနှစ်ပါးတွင် ထည့်သွင်းထားသည်။ လောဘ, ဒေါသ, မောဟ ပယ်သတ်ခြင်း, သူတော်ကောင်းတရားများ ပွားများစေခြင်းတို့အား အနောက်တိုင်းဒဿနမှ Virtue Ethics မှ စာရိတ္တပညာရေးနှင့် နှိုင်းယှဉ်ကြည့်နိုင်ပေသည်။ သို့သော်လည်း ဗုဒ္ဓသာသနာ၏ နောက်ဆုံးပန်းတိုင်သည် အရစ္စတိုတယ်၏ Nicomachean Ethics မှ magnanimous man ခေါ် သူတော်ကောင်း ဖြစ်ရေး, သူရဲကောင်း ဖြစ်ရေး သက်သက်မဟုတ်၊ သံသရာဝဋ်ဒုက္ခမှ လွတ်မြောက်ရေး ၀ိမုတ္တိရသ အတွက် ဖြစ်လေသည်။
အခြားသောရှုထောင့်သည် ကုသိုလ်အမှု, အကုသိုလ်အမှုတို့ကို ဖြစ်စေသော လမ်းကြောင်း (ကမ္မပထ) မှ ဝေဖန်ခြင်းဖြစ်သည်။ “သူ့အသက်သတ်ခြင်း, မပေးသည်ကိုယူခြင်း” စသည်တို့သည် အကုသိုလ်အမှုတို့ကို ဖြစ်စေသည့် လမ်းကြောင်း (အကုသလ ကမ္မပထ) ဖြစ်၏။ ယင်းတို့ကို ရှောင်ကြဉ်ခြင်းသည် ကုသိုလ်အမှုတို့ကို ဖြစ်စေသည့် လမ်းကြောင်း (ကုသလ ကမ္မပထ) ဖြစ်၏။ သမ္မာဒိဋ္ဌိသုတ်နှင့် အခြားသောသုတ္တန်ဒေသနာများတွင် အကုသိုလ်အား အကုသလကမ္မပထ (၁၀) ပါးဖြင့် သတ်မှတ်၍ ဟောကြားသည်။
(၁) သူ့အသက်သတ်ခြင်း (ပါဏာတိပါတာ)
(၂) မပေးသည်ကို ယူခြင်း (အဒိန္နာဒါန)
(၃) ကာမ၌ မှားယွင်းစွာ ကျင့်ခြင်း (ကာမေသုမိစ္ဆာစာရ)
(၄) မဟုတ် မမှန် ပြောဆိုခြင်း (မုသာဝါဒ)
(၅) ကုန်းချော ပြောဆိုခြင်း (ပိသုဏာဝါစာ)
(၆) ကြမ်းတမ်းစွာ ပြောဆိုခြင်း (ဖရုသာဝါစာ)
(၇) ပြိန်ဖျင်းသော စကားကို ပြောဆိုခြင်း (သမ္ပပ္ဖလာပ)
(၈) (သူတစ်ပါး၏ ပစ္စည်း ဥစ္စာအား) မက်မော ရှေးရှုကြံစည်ခြင်း (အဘိဇ္ဈာ)
(၉) သူတစ်ပါးအား ပျက်စီးစေလိုခြင်း (ဗျာပါဒ)
(၁၀) မှားယွင်းသောအယူရှိခြင်း (မိစ္ဆာဒိဋ္ဌိ)
ကမ္မပထ ဆယ်ပါးအနက် ပထမသုံးပါး (၁ မှ ၃ ထိ) သည် ကိုယ်ဖြင့် ပြုမူသော ကာယကံအမှုများဖြစ်သည်။ ဒုတိယလေးပါး ( ၄ မှ ၇ ထိ) သည် နှုတ်ဖြင့် ပြောဆိုသော ၀စီကံအမှုများဖြစ်သည်။ နောက်ဆုံးသုံးပါး ( ၈ မှ ၁၀ ထိ) သည် မနောဖြင့် ကြံစည်သော မနောကံအမှုများ ဖြစ်ကြသည်။ ဤတွင် ကိုယ်နှုတ်နှစ်ပါးဖြင့် (တနည်း ကမ္မပထအားဖြင့် ၇-ပါးသော အမှုများဖြင့်) အကုသိုလ် မဖြစ်ပွားစေရန် ရှောင်ကြဉ်ခြင်းအား သီလစောင့်ထိန်းခြင်းဟု ခေါ်သည်။ ငါးပါးသီလစသဖြင့်သော ကိုယ်ကျင့်သိက္ခာပုဒ်များသည် “မသတ်ရ, မခိုးရ” တားမြစ်ထားသည်များကို ရှောင်ကြဉ်ခြင်း (၀ိရတီ) သဘောဖြင့် ပြလေ့ရှိသည်။ ဤသို့သော သီလတို့အား ၀ါရိတ္တသီလဟု ခေါ်သည်။ မြတ်သောအကျင့်၏ အခြေခံအစ ဖြစ်သဖြင့် အာဒိဗြဟ္မာစာရိက သီလဟုခေါ်သည်။ သို့သော် “မသတ်ရန်, မခိုးရန်” သာမက “သတ္တ၀ါတို့အား လစ်လျူရှုမထားပဲ အစဉ်သနားသောအားဖြင့် သတ္တ၀ါတို့၏ အကျိုးစီးပွားကို စောင့်ရှောက်ရသည်”။ ဤသို့ ၀တ္တရားများအား ဖြည့်ကျင့်ရခြင်းအား စာရိတ္တသီလဟု ခေါ်သည်။ အခြေခံထက်ပို၍ မွန်မြတ်သောကြောင့် အာဘိသမာစာရိက သီလဟု ခေါ်သည်။ ထို့ကြောင့် မြတ်သောအကျင့်အား ကျင့်သုံးသူသည် အခြေခံဖြစ်သော ရှောင်ကြဉ်မှု အာဒိဗြဟ္မာစာရိကမျှဖြင့် တင်းတိမ်နေရန် မဟုတ်ပဲ၊ ပို၍ မွန်မြတ်သော လိုက်နာကျင့်သုံးမှု အာဘိသမာစာရိကကိုလည်း ဖြည့်ဆည်းရန် လိုအပ်သည်။ မဖြည့်ဆည်းပါက သီလပြည့်စုံခြင်း မဖြစ်နိုင်၊ သီလပြည့်စုံခြင်း မဖြစ်လျှင် သမာဓိပြည့်စုံခြင်း မဖြစ်နိုင်ဟု ဟောကြားထားသည်။ (အံ-၅-၂၁၊ အင်္ဂုတ္တရနိကာယ်၊ ပဉ္စကနိပါတ်၊ ပဉ္စင်္ဂိက၀ဂ်၊ ပဌမအဂါရ၀သုတ်)
ဤသို့ ရှောင်ကြဉ်ရန် စည်းကမ်းများ (၀ါရိတ္တ) နှင့် လိုက်နာရန် စည်းကမ်းများ (စာရိတ္တ) များဖြင့် ကုသိုလ်, အကုသိုလ်အား သတ်မှတ်ခြင်းသည် အနောက်တိုင်းကိုယ်ကျင့်ဒဿနအလိုအရ Deontological Ethics ဖြစ်သည်။ ထို့ကြောင့် ကာလာမသုတ်ဒေသနာတွင် ပယ်စွန့်ရန် အကုသိုလ်နှင့် ဖြည်ဆည်းရန် ကုသိုလ်တရားတို့အား အကျိုး (၀ိပါက), အကြောင်း (မူလ), ကံဖြစ်စေသည့် လမ်းကြောင်း (ကမ္မပထ) ဟူသော ရှုထောင့်သုံးရပ်လုံးမှ ဟောကြားထားသည်ကို တွေ့ရသည်။ သို့သော် အနောက်တိုင်းဒဿနများမှ consequentialism, vritue ethics နှင့် deontological ethics တို့ကဲ့သို့ အမြင်တစ်ခုနှင့် တစ်ခု အငြင်းပွားနေရန်မလိုပဲ ရှုထောင့်သုံးရပ်လုံး တစ်စည်းတစ်လုံးတည်းရှိကာ ကိုယ်ကျင့်သီလထက် ပိုမိုအဆင့်မြင့်သော သမာဓိ, ပညာနှင့် ၀ိမုတ္တိတရားတို့သို့ တက်လှမ်းရန် ဖြစ်သည်။
[…] သီလ၌ တည်၍ ဖြစ်စေအပ်သော သမာဓိသည် များစွာသော အကျိုး အာနိသင်ရှိ၏။ သမာဓိ၌ တည်၍ ဖြစ်စေအပ်သော ပညာသည် များစွာသော အကျိုး အာနိသင်ရှိ၏။ ပညာ၌ တည်၍ဖြစ်သော စိတ်သည် ကာမာသ၀, ဘ၀ါသ၀, အ၀ိဇ္ဇာသ၀ဟူသော အာသဝေါတို့မှ ကောင်းစွာ လွတ်မြောက်၏။ (ဒီ-၂-၁၅၅၊ ဒီဃနိကာယ်၊ မဟာဝဂ်၊ မဟာပရိနိဗ္ဗာနသုတ်)
Read more...
တော်သေးတယ်.
ဘ၀ .. ဘ၀ ငါ့ ဘ၀ ဆရာတော်က ပညာသွားသင်ဆိုလို့ ရန်ကုန်ကိုအလာ လမ်းမှာ ပိုက်ဆံလေး အိပ်ထဲထည့် ပြီး ကားပေါ်မှာ အိပ်ပျော်သွားလိုက်တာ အနားကကိုယ်တော် သူ့အိပ်ထင်ပြီး လမ်းမှာ ဆွဲကာ ဆင်းသွားတာကို မသိလိုက် သတိရလို ကြည့်လိုက်မိသောအခါ ဘေးမှာ သူ့အိပ်ကလေးကို မြင်လိုက်တယ် မြင်လိုက်ပြီးဆိုသည်နှင့် မှားသွားပြီးဆိုသည်ကို သိလိုက်ပါပြီး အိပ်ထဲကို ဖွင့်ကြည့်လိုက်တော့ တွေ့လိုက်ပါပြီ ရှားရှားပါးပါး ပိုက်ဆံ ၅၀ တန်လေးတစ်ရွက်ထဲ စိတ်ထဲမှာ တွေးမိတယ် တော်သေးတယ် မျက်နှာသစ်ဖို့ ရေဖိုးလေးရလို့............
နိုင်ငံခြားကိုပညာသင် လာတော့လည်း လေယာဉ်ပေါ်မှာ လေယာဉ်မယ်က ဘာစားမလဲလို့ မေးတော့ ရပါတယ် ကြိုက်တာပေးဆိုတော့ ၀ီစကီလာချပေးသွားတယ် တော်သေးတယ် အနားက ဒကာက မြန်မာဖြစ်နေလို့...........
ကုလားပြည်မှာ သံဃာတွေ ဆွမ်းကပ်ရှိတော့ ကုလားဘုန်းကြီးတွေ နှင့်အတူ လိုက်သွားခဲ့ပါသည် ဆွမ်းကပ်တော့ ဟင်းပန်ကန်တွေချမပေးပဲ လိုက်ထည့်ပေးသော စနစ်ကိုသုံးပါသည် ယူမလား ဆိုတော့ ခေါင်းကလေးညိမ့်ညိမ့် ပြခဲ့မိပါသည် သဘောက ယူမယ်ပေါ့ ဒါပေမယ့် နောက်ဆုံး စားလို့ရပြီးဆိုတော့ ကိုယ့်ပန်ကန်ထဲမှာ ဟင်းတစ်မျိုးမှ ရှိမနေခဲ့ပါဘူုး တော်သေးတယ် အဆောင်က ပါလာသော ငါးပိဗူးလေး ရှိနေလို့..........( မှက်ချက်။ ကုလားတို့၏ ဓလေ့သည် ခေါင်းခါသည်ကို လက်ခံသည်ဟု ယူ၍ ခေါင်းညိမ့်သည်ကို ငြင်းဆန်သည် ဟု ယူဆပါသည်) ထို့ကြောင့်သာလျင် အကျွန်ုပ်သည်...........
အရှင် နှစ်ဝက်ပတ်ဝန်ကျင်လောက်က ကိုရီးယားကို အတန်းဖေါ် တရုတ်ဘုန်းတော်ကြီးတပါး နှင့်အတူ အလည် သွားတော့ မြန်မာပြည်ထုတ် ကတီးပါ ဖိနပ်အသစ်ကလေးကို စီးလို့ပေါ့ .. ဖြစ်ချင်တော့ လေယာဉ်ကအဆင်း ဗိုလ်ကပြားကြီးတစ်ဦးက အရှင်၏ ဖိနပ်နောက်ပိုင်းအစွန်းကို အားရပါးရ ဖိပြီးအနင်း အရှင်က ရှေ့ကို အလှမ်း ဟတ်ထိုးလဲကျကာ ရှေ့မှာသွားနေသော ဗိုလ်ကပြားမကြီး၏ နောက် တင်ပါးကို ခေါင်းနှင့်ဝင်တိုက်မိသွားပါတယ် ဒါနဲ့ အရှင်က ကပြားမကြီးကို (Sorry Madam..) လို့ဆိုလိုက်တော့ သူကပြန်ပြောတယ် (Oh. .. feeling is so good. ) ဆို ပြီး အရှင့်ကို မျက်လုံးတစ်ဖက် မှိတ်ပြသွားခဲ့ပါသည် တော်သေးတယ် မျက်လုံးနှစ်ဖက်မှိတ်မပြခဲ့လို့....... ( နောက်တော့ ခင်မင်သွားခဲ့ပါသည်)......
Read more...
ဗုဒ္ဓဟောကြား ကမ္ဘာဦးအစနှင့် သိပ္ပံအမြင်

Read more...
ဓုတင် (၁၃) ပါး...
Read more...
ထူးဆန်းသော ဖြစ်ရပ်
စက်ကြီးသင်္ဘောသည် ခါတိုင်းနေ့များနှင့်မတူ ခရီးစတင်ထွက်ခွါရာတွင် ဘယ်ညာလူးလိမ့်နေလေသည်။ ထိုသို့ လူးလိမ့်နေရာမှ တချက်တချက်တွင် တုန်ခါလျက် ရှေ့တိုးနောက်ဆုတ် လှုပ်ရှားနေလေသည်။ ရေယာဉ်အုပ်နှင့် တာဝန်ရှိသူတို့ ခေါင်းချင်းဆိုင် တိုင်ပင်ပြီး သင်္ဘောကို အရှိန်လျှော့၍ မောင်းနှင်စေသည်။ ခရီးသည်များ ငြိမ်ငြိမ်သက်သက် ထိုင်နေကြရန်လည်း တိုက်တွန်းမေတ္တာရပ်ခံကြသည်။ သို့သော် စက်ကြီး သင်္ဘောသည် တုန်ခါမြဲတုန်ခါလျက် လူးလိမ့်မြဲလူးလိမ့်နေလေသည်။
သင်္ဘောစီးခရီးသည်တို့သည် အကြောက်ကြီးကြောက်ကြပြီး တယောက်တပေါက် ပြောဆိုလာကြသည်။ ဤဒေသ ဤခရီးတွင် အချို့စီးပွားရေသမားတို့သည် ကိုယ်ကျိုးအတွက် မသမာမှုအမျိုးမျိုး လုပ်ကိုင်တတ်ကြသည်၊ မကြာခဏ အန္တရာယ်နှင့်လည်း ကြုံတွေ့တတ်လေသည်။ အတွေ့အကြုံအရ သင်္ဘောပေါ်တွင် အမှားတခုခုတော့ဖြစ်နေပြီဟူ၍လည်း ပြောလာကြကုန်သည်။
မော်လမြိုင်မှထွက်လာပြီး ဘုရားဖြူအရောက်တွင် လုံခြုံရေးအဖွဲ့တို့က ပစ္စည်းရှာဖွေခြင်း၊ မှတ်ပုံတင်စစ်ဆေးခြင်းကို ပြုလေသည်။ အထူးသဖြင့် သင်္ဘောပေါ်တွင်မမှန်မကန်ပြုလုပ်မှု ရှိ-မရှိ အထူးအလေးထားပြီး ရှာဖွေကြလေသည်။
သင်္ဘောသည် ဇာသပြင်အနီး ရောက်သောအခါတွင် လူးလိမ့်တုန်ခါနေခြင်းသာမကတော့ချေ။ သင်္ဘောခေါင်မိုးပေါ်ရှိ အပေါ်ပိုင်းခေါင်တိုင်မှာ နီရဲလာလေသည်။ သင်္ဘောအပေါ်ထပ်စီးသူများ ခေါင်းတိုင်နား မနေနိုင်အောင် ပူပြင်းလာလေသည်။ ခေါင်းတိုင်နှင့်ဝေးသောနေရာ အောက်ထပ်တို့ကို ပြေးဆင်းကြလေသည်။ ခဏအကြာတွင် သင်္ဘောခေါင်းတိုင်ကြီး မီးထတောက်လေသည်။ လုံခြုံရေးအဖွဲ့များက ခရီးသည်များကို မထိန်းနိုင်တော့ချေ။ သင်္ဘောပေါ်တွင် တမဟုတ်ချင်း ယောက်ယက်ခတ်နေကြတော့သည်။
ထိုစဉ် ရှာဖွေရေးအဖွဲ့တို့က သင်္ဘောအောက်ထပ် နောက်ခန်းတွင် ဂုန်နီအိတ်နှင့်ပတ်ထားသော ထူးခြားသည့် ရှည်မျောမျော သေတ္တာသဏ္ဍာန်တလုံးကို တွေ့ရှိလေသည်။ ထိုသေတ္တာပေါ်တွင် အမျိုးသမီးတစုက ထိုင်နေကြသည်။ ရှာဖွေရေးအဖွဲ့တို့က သေတ္တာကို ဂုန်နီအိတ်ဖြင့် ပတ်ချည်ထားခြင်းမှာ ထူးဆန်းနေသဖြင့် အမျိုးသမီးများကို ဖယ်ရှားလိုက်ကြသည်။ သေတ္တာတွင်ပတ်ထားသော ဂုန်နီအိတ်ကို ဓားပါးဖြင့်ဖြတ်ပြီး ခွာယူလိုက်သည်။ ထိုအခါ သေတ္တာခပ်ကျဲကျဲဖြင့် ရိုက်ထားသော ကြေးဆင်းတုတော် မတ်ရပ်ရုပ်ပွားတော်တဆူကို သေတ္တာအတွင်းမှ တွေ့ရှိလေသည်။
ရှာဖွေရေးအဖွဲ့တို့က ချက်ချင်းပင် ထိုသေတ္တာကိုထမ်းယူပြီး သင်္ဘောအပေါ် ဦးခန်းသို့ ပင့်ဆောင်သွားကြသည်။ သင်္ဘောဦးခန်းတွင် စားပွဲတလုံးပေါ်တင်ပြီး ပူဇော်ကန်တော့၍ ဆုတောင်းကြလေသည်။
ထိုသို့ ကြေးဆင်းတုရုပ်ပွားတော်ကို ပူဇော်စဉ်မှာပင် သင်္ဘောမှာ လူးလိမ့်တုန်ခါခြင်း ချက်ချင်းပျောက်၍ ငြိမ်သွားလေသည်။ ပို၍ထူးခြားသည်မှာ ခေါင်းတိုင်မီးလောင်နေသည်မှာလည်း လေမတိုက်၊ ငြိမ်းသတ်မှုမရှိဘဲ အလိုလိုငြိမ်းသွားလေသည်။
သင်္ဘောခရီးသည်တို့က သင်္ဘောဦးခန်းသို့ တိုးဝင်၍ ကြေးဆင်းတုတော်ကို အလုအယက်ဝင်ဖူးနေကြသည်။ နောက်ဆုံး မထိန်းနိုင်တော့၍ သင်္ဘောဦးခန်းတံခါးကို ပိတ်လိုက်ရသည်။ ထိုနေ့ညက ကျုံဒိုးဆိပ်ကမ်းသို့ သင်္ဘောဆိုက်ကပ်ချိန်တွင် တဆင့်စကား သတင်းကြားသည့် ပရိသတ်များက အလုအယက် သင်္ဘောပေါ်တက်ရောက်ပြီး ကြေးဆင်းတုတော်ကို ဖူးမြော်ကြသည်။ ပရိသတ်တို့ကို မထိန်းနိုင်တော့သဖြင့် တာဝန်ရှိသူတို့က ပင့်ဆောင်ပြီး ကျုံဒိုးကမ်းနားရှိ ဆုတောင်းပြည့်အေးစေတီတော် ဓမ္မာရုံတွင် ခေတ္တပူဇော်ထားကြသည်။ ထိုနေ့ ညတညလုံး ကျုံဒိုးရွာကြီးသည် ဘုရားဖူးတို့ဖြင့် စည်ကားနေလေသည်။
ဘုရားရုပ်ပွားတော်ကို သစ်သားပြားများဖြင့် ကာ၍ ရိုက်သွင်းထားလျက် ဂုန်နီကြိုးဖြင့် အခိုင်အခံ့ပတ်၍ ချုပ်ထားသည်။ ထိုသေတ္တာထဲတွင် ဘာရှိသည်ကိုမသိကြသော အမျိုးသမီးတို့က တက်ထိုင်နေကြသည်။ ဤသို့သော မဖွယ်မရာ အပြုအမူတို့ကြောင့် အန္တရာယ်ကြုံတွေ့ရပြီး သီသီလေးလွတ်မြောက်ကြရသည်။ ဘုရားဆင်းတုတော်က အန္တရာယ်ကို နိမိတ်ပြခြင်းနှင့် ရှာဖွေရေးအဖွဲ့တို့က ရှာဖွေတွေ့ရှိခြင်းသည် ခရီးသည်အားလုံးအတွက် အလွန်ကံကောင်းလှသည်ဟူ၍ ပြောဆိုကြသည်။
ထိုနေ့က တွေ့ရှိရသော ကြေးဆင်းတုရုပ်ပွားတော်သည် ခြေစုံရပ်တော်မူလျက် အောက်ခံပလ္လင်ကို ခြင်္သေ့သုံးစီးဖြင့် သွန်းလုပ်ထားသည်။ ညာလက်တော်မှာ ရင်ဘတ်တော်ပေါ် တင်တော်မူသော ကရုဏာမုဒြာဖြစ်သည်။ ဉာဏ်တော်အမြင့် ၁၂-ပေ ၆-လက္မ ရှိသည်။ ကြေးပိဿာချိန် ၁၅-ပိဿာ ရှိ၏။
မသမာသော စီးပွားရေးသမားများမှာ လူယောင်ဖျောက်ထားကြသဖြင့် မည်သူမည်ဝါဖြစ်သည်ကို မသိကြ၊ ဖမ်းမမိလိုက်ပေ။ သို့ရာတွင် ထိုမသမာသူများသည် ယခုဘဝတွင်ပင် ဘေးဆိုးကြမ္မာဆိုးများ ကြုံတွေ့ကြရမည်မှာ မုချမလွဲဖြစ်သည်။ မည်သို့ပင်ဖြစ်စေ တန်ခိုးပြတော်မူသော ကြေးဆင်းတုတော်ကား ပြည်ပသို့မရောက်ဘဲ မြန်မာပြည်သူတို့လက်ဝယ် ပြန်လည်ရောက်ရှိ၍ ပူဇော်ခွင့်ရခဲ့သည်မှာ ကံထူးလှပေသည်။
( မန်းသင့်နောင်-ကော့ကရိတ် )
Read more...
ဆရာကြီး ရွှေဥဒေါင်း၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် (၁၅)
ကောင်းပါပြီ။ ကြံစည်ချင်ရာ ကြံစည်တတ်သော စိတ်ကလေးကိုပင် ပိုင်ဆိုင်သူမရှိဟု ဆိုပါလျင် ဖြစ်ချင်ရာဖြစ်၊ ပစ်ထားရတော့မည်လော။ ၄င်းကို ချုပ်ကိုင်ကြိုးကိုင်ခြင်း မပြုရတော့ပြီလော။ အဘယ်သို့ သော အခြင်းအရာဖြင့် ၄င်းကို ထိန်းသိမ်းအုပ်ချုပ်ပါမည်နည်း ဟူသောမေးခွန်းများ ပေါ်ပေါက်လာရတော့မည်။ ဟုတ်ပေသည်။ တရားအားထုတ်ခြင်းဟူသည်မှာ စိတ်ကို အထိုက်အလျောက် ကြိုးကိုင်နိုင်စေရန်၊ သို့ မဟုတ် ကြိုးကိုင်နည်းတွေ့ ရှိရန် ဖြစ်ပေသည်။ စိတ်ကို ပိုင်ဆိုင်သူရှိမရှိ အပထား၍ စိတ်၏သဘာဝသည် တောင်ခုန် မြောက်ခုန် ပြေးလွှား၍သာ နေချင်တတ်သည်။ တစ်နေရာထဲ၌ ကြာရှည်စွာမနေတတ်ချေ။ “ဒိဋ္ဌေဒိဋ္ဌမတ္တံ” နည်းအတိုင်း အလုပ်လုပ်သောအခါတွင်လည်း “အိပ်မက်လောက” ထဲသို့  ဖျတ်ခနဲ ဖျတ်ခနဲ ခုန်ဝင်သွားတတ်၏။ “ငါ” က မခုန်ပါနှင့် ဆိုသော်လည်း မရ၊ ခုန်မြဲတိုင်း ခုန်ပြေးတတ်၏။ ဤတွင် “ငါ” အနေနှင့် အမိန့် ပေး၍မရ။ “သတိ” ၏ အကူအညီတောင်းမှ ဖြစ်တော့မည်ဟု သဘောပေါက်လာတော့သည်။ “သတိ” သည် “ငါ” မဟုတ်ကြောင်းလည်း မြင်လာသည်။ “သတိ” စောင့်လျက်ရှိသောအခါ၌ “အိပ်မက်လောက” ထဲသို့  မ၀င်တော့။ သို့ သော် လစ်သည်နှင့် တပြိုင်နက် “ဒိဋ္ဌလောက” ထဲမှ ထွက်ပြေးသည်ကို တွေ့ ရသည်။ ဤတွင် “ငါ”က ဘာမျှမတတ်နိုင်သည် မဟုတ်။ သတိစေတသိက်က ကြိုးကိုင်၍ သူတို့ အချင်းချင်း ထိန်းသိမ်းခြင်းမျှသာ ဖြစ်သည်။ အစိုးမရသော အနတ္တတရားကြီးပေတကားဟု သဘောကျမိပါတော့သည်။
စောင့်ကြည့်ခြင်းနှင့် တွေးတောခြင်း
“ဒိဋ္ဌေဒိဋ္ဌမတ္တံ” နည်းလမ်း၏ တန်ဖိုးရှိသောအဖြစ်ကို တနည်းအားဖြင့် ဖော်ပြလိုသေး၏။ စိတ်သည် “အိပ်မက်လောက” ထဲ၌ မျောပါလျက်ရှိစဉ်၊ “ငါ” တည်းဟူသော ဒိဋ္ဌိသဘောသည် ထပ်ကြပ်မကွာ ပါလျက်ရှိ၏။ ၀န်ကြီးဥပမာ၌ အမျိုးသမီးကလေးများက ငါ့ကို ပန်းစည်းဆက်ကြသည်။ တစ်မြို့ လုံးက ငါ့ကို သောင်းသောင်းဖြဖြ ကြိုဆိုကြသည်။ မည်သည့်အယ်ဒီတာက ငါ့ကို ပမာမခန့် ရေးသည် စသည်ဖြင့် တငါတည်း “ငါ”လျက်ရှိတော့သည်။ အကယ်၍ ထိုဝန်ကြီးသည် “အိပ်မက်လောက”ကို ဖျက်သိမ်း၍ ဆိုဖာပေါ်၌ ထိုင်လျက်ရှိစဉ် “ဒိဋ္ဌလောက” ထဲသို့  ၀င်လိုက်သည် ဆိုကြပါစို့ ။ ကားသံနှင့် ဟွန်းသံကြားခြင်းကို သိမည်။ နှင်းဆီပန်းမွှေးခြင်းကို သိမည်။ ခွေးကလေးတက်လာခြင်းကို မြင်သည်ဟု သိမည်။ ဆိုဖာ၏ တအိအိနူးညံ့သော အတွေ့ ကို သိမည်။ ထိုဝန်ကြီးက နာမ်ရုပ်တို့ ၏ သဘာဝကို စောင့်ကြည့်လျက် ရှိသည်ဟူ၍ (ပထမတွင်) သဘောမပေါက်သေးသော်လည်း သူသည် မိမိ၏နာမ်ကို သူတစ်ပါးအနေဖြင့် (objectively) အပြင်မှ စောင့်ကြည့်သကဲ့သို့  ဖြစ်နေတော့သည်။ ရင့်ကျက်လာသောအခါတွင် ရုပ်၏သဘော၊ သို့ မဟုတ် စိတ်၏သဘောကို ရိပ်မိလာ၍ ၄င်းတို့  အနိစ္စလက္ခဏာ၊ သို့ မဟုတ် ဒုက္ခလက္ခဏာ၊ သို့ မဟုတ် အနတ္တလက္ခဏာကို တစ်ကြိမ်တစ်ခါတွင် ထိုးထွင်းသိမြင်နိုင်ဖွယ်ရာ ရှိလေသည်။ (ဤသည်ကား စိတ်အကြောင်းကို ဉာဏ်ရှိတိုင်း တွေးတောကြံဆနေကြသော စိတ်ပညာဆရာကြီးတို့ ၏ အလုပ်နှင့် ခြားနားခြင်းကြီး တရပ်ပေတည်း။)
(ဆရာကြီးရွှေဥဒေါင်း ၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် တင်ပြီးသမျှ အတွဲ (၁) မှ ယခုအထိ ဖတ်လိုလျင်)
ဆက်လက်ဖတ်ရှုရန်
Read more...
အဖေအားမကိုးထိုက်ပေမဲ့ သားဆိုး သားမိုက်တော့မဟုတ်ပါအဖေရယ်…ဆိုသောစာရေးဆရာ….
ဘာသာရေး အမြင်
ရွှေလမ်းငွေလမ်းဝင်းကြည်
သူ့ကိုသိခဲ့ရသည်မှာ(၅)နှစ်ခန့်လောက်ရှိမည်ထင်ပါသည်။ သူက လျှပ်စစ်အင်ဂျင်နီယာတစ်ဦးပါ။မှတ်မှတ်ရရ မကွေးလေယာဉ်ကွင်းအသစ်တည်ဆောက်အပြီး မိတ်ဆွေဖြစ်ခဲ့ရပါ၏။ အသက်(၅၂)ခန့်ရှိပေမည်။ လူက ပိန်ပိန်ပါးပါး။ နေရပ်လိပ်စာက တောင်ငူသားပါ။စာရေးဆရာမကွေးဝင်းမြင့်မှတဆင့် သူ့ကိုခင်မင်ရင်းနှီးခွင့်ရခဲ့ပါသည်။
“ကျွန်တော်က ဆရာမကွေးဝင်မြင့်တို့လို စာတွေရေးပြီး စာရေးဆရာဖြစ်ချင်တာပါခင်ဗျာ”
ထိုစဉ်အခါ..သူက ကျွန်တော်တို့ စာပေ၀ိုင်းကို ခပ်လျှိုလျှိုဖြင့် ပြောဆိုဝင်လာသူပါ။ ဒါပေမဲ့ ယနေ့ဘာသာရေးမဂ္ဂဇင်းများတွင် သူစာမူများအား လစဉ်ပါ၍ စာဖတ်ပရိသတ် လူကြိုက်များနေပေပြီ။ လစဉ်ပါနေကြမဂ္ဂဇင်းမှာ အပမ္မာဒမဂ္ဂဇင်းဖြစ်၏။ ထေရ၀ါဒ အတွေးခေါ်ပါသော တကယ့်ဖြစ်ရပ်မှန် ဆောင်းပါး တရားဇာတ်လမ်းများ ကိုသာ သူရေးသားပါသည်။သူ့စာများအား ဖတ်ရသည်မှာ အလွန်အားရစရာသိပ့်ကောင်းပါ၏။ ဆိုလိုရင်းအား ဒိုးကနဲ ဒေါက်ကနဲ ပေါ်လွင်ထင်ရှားအောင်၊ရှင်းလင်းအောင် အထူးရေးသားနိုင်သူပါ။ ထေရ၀ါဒ ကိုသာ တစ်စိုက်မတ်မတ်သက်ဝင် ယုံကြည်ကိုးကွယ်သူဖြစ်သည်။ ဘုရား၊တရား၊သံဃာ၊ကံ၊ ကံ၏အကျိုး မှတစ်ပါး အားကိုးအားထားရာမရှိဟု ဆို၏။ အသိနှင့် အကျင့် တစ်ထပ်တည်းဖြစ်ရန် နေ့စဉ်အမြဲမပြတ် သတိကပ်ထားသည်ဟုလည်း သူဆိုပါသည်။ကျွန်တော်တို့ကိုပင် သူသိသမျှ ကျင့်သမျှ တရားထူးတရားမြတ်များအား နှုတ်တိုက် ပါဠိစာများဖြင့် ပူးတွဲရွတ်ဆို ဘာသာပြန်ပြီး ပြောဆိုရှင်းပြပေးနိုင်သူဖြစ်၏။ ၀ိပသနာ တရားသမား ဆိုသော်လည်း အလှူဒါနဘက်တွင် သူတို့မိသားစုတစ်ဦးတည်းဖြင့် ဘုန်းတော်ကြီးကျောင်းများ (၃)ကျောင်းဆောက်လုပ် လှူဒါန်းပူဇော်ခဲ့သူဖြစ်ပါသည်။ သံသယာရှည်မူကို ဆုမတောင်းပဲ နိဗ္ဗာန်ကိုသာဆုတောင်း လှူဒါန်းသည်ဟု သူဆိုပါ၏။
သူသည် ထေရ၀ါဒ ဗုဒ္ဓဘာသာလူမျိုးစစ်စစ်ကြီး ဖြစ်နေပေပြီ။ သူနှင့်အတူ ညီအကိုတော်စပ်သူ(၆)ဦးလုံးအားလည်း သူ၏အသိတရားများကို ပြောဆိုဖြန့်ဝေခဲ့ပါသည်။ သူသိသလို ကျင့်နေသလို ထေရ၀ါဒ ဗုဒ္ဓအယူကို သက်ဝင်ယုံကြည်ကိုးကွယ် ဆည်းကပ်စေနိုင်ခဲ့ပါသည်။
ထိုသူ၏ ရင်ဖွင့်စကားများကြောင့် စာရေးသူကျွန်တော် သူတို့မိသားစုများအတွက် ၀မ်းနည်းပက်လက်ဖြစ်ခါ မျက်ရည်များလည်လာမိပါ၏။
“ ကျွန်တော့် အဖေက အသက်(၈၅)နှစ်၊ အမေက(၇၅)နှစ်တွေပါ။ ယခုအထိ သက်ရှိထင်ရှားရှိနေပါသေးတယ်။ မွေးချင်းမောင်နှမတွေက (၁၂)ယောက်ပါ။ ယောင်္ကျားလေး(၆)ယောက်၊ မိန်းကလေး(၆)ယောက်ပါ။အားလုံးသက်ရှိထင်ရှား ရှိနေကြပါသေးတယ်။ ကျွန်တော်နဲ့ ကျွန်တော့်ညီအကိုတွေ(၆)ဦးလုံးက ထေရ၀ါဒ ဗုဒ္ဓဘာသာအယူကို ပြောင်းယူလိုက်ကြပါတယ်။ အဖေနဲ့ အမေ၊ အမ၊ညီမလေးတို့ကတော့…
ဒီဘ၀မှာ ဘယ်လိုမှ စည်းရုံးလို့မရတော့ပါဘူးဗျာ..။သူတို့အတွက် ကျွန်တော် တော်တော်လေးစိတ်မောရပါတယ်.။တရားနဲ့ပဲ နှစ်လုံးသွင်းရှုမှတ်ဖြေနေရပါတယ်လေ...။အော် သူတို့အားလုံး အယူမှား အယူလွဲနေကြပါပြီ…။ ဟိုတစ်နေ့က သူတို့နေ့ထူးနေ့မြတ်ရက်မှာ.. အဖေကဖုန်းဆက်ပါတယ်…”။
““ သား လူလေး..မမိုက်ချင်၊ မဆိုးချင်စမ်းပါနဲ့ကွယ်..။အဖေလဲ အသက်ကြီးလို့သေခါနီးနေပါပြီလူကလေးရယ်..။ အဖေ မသေခင် အဖေ့ကို ကျေးဇူးဆပ်တဲ့အနေနဲ့ အဖေ့ဆီ်..အဖေတို့ ဘာသာကိုသာ.. ပြန်ဝင်လာပါတော့သားလေးရယ်..နော်..။ အဖေမသေခင် အဖေရဲ့စကားကို နားထောင်ပေးပါသားလေးရယ်….နော်…။““ ငိုသံဖြင့်ဖုန်းချ၍သွားပါသည်။
“အဖေ့ဆီက ဖုန်းသံကြောင့် ကျွန်တော်ရင်ဆို့သွားပါတယ်..။ဒါပေမဲ့ အဖေတို့ဘာသာကိုတော့ ဘယ်တော့မှပြန်မသွားတော့ပါ..။ အဖေနဲ့ အမေကိုတော့ သနားပါတယ်ဗျာ…..ဒါကြောင့် ညက အဖေတို့အမေတို့အတွက် စာတစ်ပုဒ်ရေးလိုက်ပါတယ်…..။ လာမဲ့လမှာ မဂ္ဂဇင်းမှာကျွန်တော့်ဒီစာမူကို ရွေးထားပါတယ်။ဖေါ်ပြပေးပါလိမ့်မယ်…။ခေါင်းစဉ်ကတော့..
အဖေအားမကိုးထိုက်ပေမဲ့ သားဆိုသားမိုက်တော့ မဟုတ်ပါအဖေရယ်……….။”
သူတို့အားအတုယူပြီး ကျွန်တော်တို့ တစ်တွေ မိရိုးဖလာဗုဒ္ဓဘာသာမှ ထေရ၀ါဒ ဗုဒ္ဓဘာသာသို့ ကူးပြောင်းအားထုတ်ကြပါစို့..။
အထက်ပါ စာမူအား ကျွန်တော်လဲ မဖတ်ရသေးပါ။ စာရေးသူ၏အမည်နှင့် ယင်းဆောင်းပါးအား ခွင့်ပြုချက်ယူ၍ ဆက်လက်ဖေါ်ပြပေးပါမည်။
ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊ အောက်တိုဘာလ(၇)ရက်၊ ည(၉း၄၅)နာရီ ရေးပါသည်။
တရားအားထုတ်လျင် ပါရမီ မလိုခြင်း နှင့် ပါရမီ လိုခြင်း
ဓမ္မဓရ=====တပည့်တော်နားမလည်တာရှိပါသေးတယ်ဘုရား။ တရားအားထုတ်လျင် ပါရမီ မလိုခြင်း နှင့် ပါရမီ လိုခြင်း အကြောင်းကို ဟောကြားတော်မူပါဘုရား။
ဦးဝိဇယ==== တရားအားထုတ်ရင် (ပါရမီလိုတယ်)ဟူသောစကားသည် လည်းမှန်ပါတယ်။ (ပါရမီ မလိုဘူး) ဟူသော စကားလည်းမှန်ပါတယ်။ (ပါရမီလိုတယ်) ဟူသော စကားဘာကြောင့် မှန်ပါသလဲ ဆိုရင် (အမှန်တရားကို နာနိုင်ခြင်း၊ နှလုံးသွင်းနိုင်ခြင်း) အထိမရောက်သေးသော ပုဂ္ဂိုလ်များအတွက် ပါရမီ လိုပါတယ်။ အများထင်ထားသလို ဟိုဟာလိုလို ဒီဟာလိုလို ပါရမီမျိုးတော့မဟုတ်ပါဘူး။
ယခုခေတ်မှာ ယခုပြောခဲ့တဲ့ အမှန်တရား ကို နားလည်နိုင် လောက်သော အသိဉာဏ်ရှိတဲ့ ပုဂ္ဂိုလ်တွေ အများကြီး ရှိပါတယ်။ ဒါပေမဲ့ အမှန်တရားကိုနာကြားနိုင်ခြင်း၊ နှလုံးသွင်းနိုင်ခြင်း မရှိကြသောကြောင့် အမှားနယ်ထဲက မထွက်နိုင်ကြပါဘူး။ အမှားကို အဟုတ်ထင်ပြီး ရခဲလှသော လူ့ဘဝ ၏ တန်ဘိုး ကို ဖြုန်းပစ်နေကြပါတယ်။ သံဝေဂရစရာကောင်းပါတယ်။
(ပါရမီ မလိုဘူး)ဟူသော စကားဘာကြောင့် မှန်ရသလဲဆိုရင် ပါရမီသည် အမှန်တရားကို နာကြား နိုင်ခြင်း ၊နှလုံးသွင်းနိုင်ခြင်း အထိရောက်ဘို့ လှေကားနဲ့တူပါတယ်။ လှေကားနဲ့ မတက်ရင် အိမ်ပေါ်ကို ရောက်မှာမဟုတ်ပါဘူး။ အိမ်ပေါ်က လူနှင့် အိမ်အောက်ကလူ တွေကွာခြားနေသလို အမှန်တရားကိုနာကြားနိုင်တဲ့ ပုဂ္ဂိုလ်တွေ ၊အမှန်တရားကို နှလုံးသွင်း နိုင်တဲ့ ပုဂ္ဂိုလ်တွေဟာ အိမ်ပေါ်က လူတွေနဲ့ တူပါတယ်။
အမှန်တရားကို နာကြားခွင့် မရသော ပုဂ္ဂိုလ်တွေ ၊ အမှန်တရားကို နှလုံးမသွင်းနိုင်သော ပုဂ္ဂိုလ်တွေဟာ အိမ်အောက်က လူတွေနဲ့တူပါတယ်။
အဓိပ္ပါယ်ကတော့ —ပညတ် (၂)မျိုးနယ် ပုဂ္ဂိုလ်တွေဟာ အိမ်အောက်က လူတွေနဲ့ တူပြီး သဘော(၂)ခုသိခွင့်၊ကျင့်ခွင့်ရသော ပုဂ္ဂိုလ် တွေဟာ အိမ်ပေါ်ကလူတွေနဲ့တူပါတယ်။
အိမ်ပေါ်ကလူတွေဟာ အိမ်အောက်ကလူတွေကိုသေချာမြင်နိုင်ပြီး ၊အိမ်အောက်ကလူတွေဟာ အိမ်ပေါ်ကလူတွေကို မမြင်နိုင်သကဲ့သို့ ထို့အတူ အသိဉာဏ် ပိုင်းဆိုင်ရာမှာလည်း ပညတ် (၂)မျိုးနယ် က ပုဂ္ဂိုလ်တွေဟာ သဘော(၂)ခု နယ် ကပုဂ္ဂိုလ်တွေကို မမြင်နိုင်ပါဘူး။
သဘော (၂)ခုနယ်ကို သိကျင့်နေသော ပုဂ္ဂိုလ်တွေကသာ ပညတ် (၂)မျိုးနယ်က ပုဂ္ဂိုလ်တွေကို သနားစရာ သတ္တဝါ များအဖြစ် ထင်ထင်ရှားရှားတွေ့မြင်နေရပါတယ်။
သဘော (၂)ခုကို သိနိုင်ကျင့်နိုင်ကြမယ်ဆိုရင်၊ ဒီဘဝ အတွင်းမှာ လွတ်မြောက်နိုင်ကြတာမို့ (ပါရမီ မလိုပါဘူး) ဟုဆိုကြပါတယ်။
အဓိပ္ပါယ် အကျဉ်းကတော့ သဘော (၂)ခု နယ်ကို ထပ်ခါထပ်ခါ သိရမှာကိုမေ့ပြီး ပါရမီ နှင့်မကျင့်ဖြစ်အောင် တွေးမနေပါနဲ့ ဟုဆိုလိုရင်းဖြစ်ပါတယ် ဘုရား။ ဒီလောက်ရှင်းပြလိုက်ရင် ပါရမီ လို -မလို သဘောပေါက်လောက်ပါပြီ။
Read more...
Lunch/movie Sat 24th Oct.
7 October, 2009 by Cittasamvaro
Saturday 24th October
Lunch and Movie
At the Tai Pan Hotel
Following the same format as previous events at the Tai Pan Hotel, on Sat 24th we will be meeting for the famous 206 baht buffet lunch (which is very good!) at the Tai Pan Hotel on Sukhumvit 23. Following that we’ll move up to the 5th floor meeting room for the film.
This time round, as a private group we will be looking at the incomparable film The Life of Brian by the Monty Python team.
This film changed comedy from that point on. It is regularly voted as the world’s funniest film (which is very subjective of course). And it is a masterpiece in terms of taking serious issues and showing them in a foolish light to highlight people’s attachments, and in this case, their need to follow leaders in religious nonsense.
The Life of Brian is silly, odd, and at times pretty outrageous. Which is what got it banned in Britain for a long time, and denounced by the Catholic church. Though it is set in Biblical times, the Python team always said the film is a comment on organised religion as a whole, and not about any one tradition.
Despite the silliness, the film is in fact a very sharp comment on religion, and people’s need to follow leaders. As a group we will pick apart many of these observations, and discuss the truth behind them – did the Python team mis-understand the essence of religion? Do their observations apply to Buddhism? What were the issues behind the various scenes? All just for fun, and to get to know some of the regular characters in the group. If you are not comfortable with a mic you do not have to speak. And no matter what you think of it all, always look on the bright side of life…
- 11am – 12:30 Lunch (arrive anytime in this period. It’s all informal and easy going)
- 1pm – move up to the meeting room
- 4 ish – finish
All ‘Littlebang’ visitors are welcome to join. You don’t have to know anyone before hand, just be sure to say hello at our tables when you arrive. There is always a diverse mix of interesting characters. The idea is to get to know some of the regular crowd a bit better.
Lunch is 206 baht per person (regular Hotel rate)
Room hire is 2500 baht, which is not much divided between us all.
Directions:
Goto Asoke BTS or Underground line. Walk East and go down Sukhumvit 23 for 336 meters (thanks Google Earth). Turn left into the Tai Pan Hotel. Restaurant is on the ground floor as you enter the building. Make sure to come and announce yourself – or they might not give you our discounted price for lunch!
Read more...