Posted on 7:59 AM by peacefulness

အချိန်က နံက် ၅ နာရီ မိုးမလင်းတလင်း ပြာသိုလ်လ ဖြစ်သည်အလျောက် ကောင်းကင်ယံထက်တွင် မြူနှင်း မြူခိုးများက သိပ်သည်းစွာ တွယ်ကပ် ရစ်တွယ်နေသလို မြေပြင်သို့လည်း ကျဆင်းနေပါသည်။ ပြာသိုလ်၏ ဘုရင်မဖြစ်သော ဆောင်ဟေမာန်သည် လောကကို အတ္တ ဖြင့် အလင်းရောင်ကိုမပေး သည့်အပြင် သူမ၏ ဆံပင်ကိုပါ ဖားလျားချလျက် အမှောင်ကိုချထားသောအချိန်ကာလ။ လေတိုက်သောအသံ နှင့်အတူ အကောင်ငယ် လေး များ၏ တစ်ခါ တစ်ခါ အော်ဟစ်နေသော အသံများ။ ပုံမှန်မဟုတ်သော တိတ်ဆိတ်ငြိမ် သတ်ခြင်းမျိုးဖြင့် ငြိမ်သတ်နေသော ဘုန်းတော်ကြီးကျောင်းနှင့် ရွာကလေး တစ်ရွာ။ တစ်ခါတစ်လေ မှ သာလျင်ကြားရသော သက်ကြီးရွယ်အို များ၏ချောင်းဆိုးသော အသံနှင့် ကလေးငယ် လေးများ၏ ငိုယိုသံအချို့။ ဘုန်းတော်ကြီးကျောင်းအတွင်းဝယ် မီးတုတ်ကိုယ်စီ ကိုင်၍ ပြာပြာပြာပြာဖြင့် သွားလေနေကြကုန် သော ရွာသူ ရွာသားများ၊ ပုံမှန်မဟုတ်သော လျောက်လှမ်းပုံမျိုး ဖြင့် လျောက်လှမ်းတော် မူနေကြကုန်သော ရဟန်း သာမဏေအရှင်သူမြတ်များ၊ စိုးရိမ်သံ၊ သောကသံတွေနှင့်အတူ တစ်ခုခုဖြစ်မည်ကို စိုးရိမ်းသည့်အလား ပြောဆိုနေကြကုန် သော ဟိုတစ်စု ဒီတစ်စု ရွာသူ ရွာသားများ။ ခွေအကောင်ရေများ၍ အမြဲတန်းဆူညံ နေသော ခွေးအုပ်သည် ယနေ့မနက် တစ်စုံတစ်ခု ဖြစ်လာမည့် ကို ကြိုတင်သိထားသည့်အလား တိတ်ဆိတ်ငြိမ်သတ် နေကြပုံများ .. ဘာတွေလည်း ဘာတွေ ဖြစ်နေတာလည်း ဆိုပြီး သံသယ များနှင့် လှေကားပေါ်ကိုအတက် ကြားလိုက်ရသည့် အသံများကြောင့်..............
အရှင် စီးနင်းလိုက်ပါလာသော ကားသည် တခါမှ မဖြစ်စဘူး ယနေ့ညကျမှ ဘာကြောင့်ယခု လိုမျိုးဖြစ် နေရ ပါ လိမ့်။ ရန်ကုန်က ည ၈ နာရီစတင်ထွက်ခွာလာသော အဝေးပြေးကားကြီးသည် ပြည်မရောက်ခင်အထိ ကားဘီး နှစ်ခါဆက်တိုက် ပေါက်ပါသည်။ စိတ်က ရွာကိုသာ မြန်မြန်ရောက်ချင် နေသည်ဆိုမှ ကားကလည်း ခဏခဏကို ပျတ်ပြနေပါသည်။ ကောင်းသွား၍ ကားပုံမှန်သွားနေသော အခါတွင်လည်း အမြန်ရောက်ချင်သည့် စိတ်ကြောင့် နှေးသည်ဟု ထင်နေပါသည် ၊ နောက်ကို လှည့်ကြည့်မိလိုက်တော့ ခရီးသည်တွေ အားလုံးသည် ပင်ပန်း၍သောလည်းကောင်း၊ ရာသီဥတုက အေးလွန်းသောကြောင့်သောလည်ကောင်း အိပ်ပျောနေကြပါသည်။ ပုံမှန်ဆို အရှင်သည်လည်း ဒီအချိန်ဆိုလျင် ကားပေါ်မှာ ကျိန်းနေကြပါ သို့သော ယခု ကျိန်းနိုင်ခြင်းမရှိပါ စိုးရိမ်းစိတ် တွေ၊ သောကစိတ်တွေကြောင့် တစ်ကိုယ်လုံး ချွေးတွေထွက်ခဲ့သည့်အထိ ပူလောင်နေပါသည်။
နုတ်မှာလည်း "မဖြစ်နိုင်ဘူး" "မဖြစ်နိုင်ဘူး" စသည်ဖြင့် အရှုးတစ်ယောက်လို ရေရွတ်နေမိရင်း အိပ်ထဲမှ စာရွက်ကလေးကို တစ်ခါထပ်ပြီး ဖတ်လိုက်မိတော့ စာရလာပုံလေးကို သွားပြီး မြင်ယောင်မိလိုက်ပါသည် ။ မော်လမြိုင်မြို့ ရဲကျောင်းစာသင်တိုက်တွင် မနက် ၈ နာရီစာဝါအချိန် စာသင်သားတွေနှင့် အတူ စာချဆရာတော် ၏ စာချမှုအပေါ်မှာ ရိုသေစွာနာယူ နေတုန်း မျက်လုံးထောင့်မှစာပို့သမားလုင်တဦး ဆရာတော်ကို စာပေးခဲပြီး ထွက်သွားတာကို မြင်လိုက် မိပါသည်။ မိမိထံလာသော စာမဟုတ်လောက်ဟု ထင်ပြီး စာကို ပြန်ပြီး အာရုံစိုက်နေတုန်း ပုခုံးကို လာရောက်ကိုင်လိုက်သော လက်တစ်စုံကြောင့် နောက်ကိုလှည့်ကြည့်လိုက်မိတော့ တွေ့လိုက်သည်က ကျောင်းထိုင်ဆရာတော် ဆရာတော်ကိုယ်တိုင် လာပြီးခေါ်တာဆိုတော့ အကြောင်းထူးပြီးပေါ့ ဆရာတော်က တခြားစာသင်သားတွေ စာပျက်မည်ဆိုး၍ အရှင့်လက်ကိုဆွဲပြီး တစ်နေရာကို ခေါ်သွားပါတယ် လူရှင်းသောနေရာ ရောက်တော့ မင်းရွာကို အမြန်ပြန်ရမယ် ဆိုသောအခါ အံ့အြသွားခဲ့မိပါသည်။ တပည့်တော်မှာများ ဆရာတော်တို့ကျောင်းနှင့် ပတ်သတ်၍ အမှားလုပ်မိတာရှိလို့လား ဘုရားဆိုတော့ မဟုတ်ဘူးတဲ့ ဒီညနေ ရသောကား နှင့် ပြန်လိုက်ပါဆိုတော့ ဘာကြောင့်လည်းမေးတော့ ဆရာတော်က သံကြိုးစာလေးကို ထုတ်ပြပြီး ဒါအတွက်ကြောင့်ပြောတာပါလို့ပြောပါသည်။
ပြောနေရင်း ဆရာတော်ကိုကြည့်လိုက်တော့လည်း.. အို.. ဆရာတော်၏ မျက်လုံးမှာလည်း စိတ်မကောင်းဟန်တွေနှင့်ပါလား၊ စာကိုတောင် မဖတ်ရဲအောင် ဖြစ်သွားခဲ့မိပါသည်။ "သဘာဝတရားကို မည်သူမှ လွန်ဆန်လို့မရဘူးတဲ့" ဘုရားရေ ဘာကြောင့်ဆရာတော်က ဒီလိုပြောလာပါလိမ့်ဆိုပြီး သံကြိုးစာကလေးကို ဖတ်ကြည့်လိုက်တော့ အရှင် အရုပ် ကြိုး ပြတ်မတဲ့ ခံစားပြီး မိုက်ခနဲဖြစ် သွားခဲ့ပါသည်။ ဆရာတော်ကထိန်းပြီး စိတ်ကို အေးအေးထားပါ ဆိုပြီး သွားတော့ လုပ်စရာရှိတာလုပ်ဟု ပြောပြီး အနားမှ ထွက်သွားပါသည်။ ဆရာတော်ကျောပြင်ကို ကြည့်နေမိရင်း ငါများစာဖတ်မှားတာလားမသိဘူးဆို ပြီ စာထဲက အကြောင်းအရာလေးကို နုတ်ကထွက်ပြီး ဖတ်ဖို့အားယူလိုက်တော့ .. ကားစပါတ်ယာက ဦးဇင်းရွာနားကိုရောက်ပြီးလို့အော်လိုက်တော့ တွေးလက်စအတွေးတွေ ဖြတ်ပြီး အထုပ်ကိုင်ပြီး ကားပေါ်ကနေ ဆင်းလိုက်ပါသည်။
နာရီကိုကြည့်လိုက်တော့ နံနက် ၅ နာရီ နှင်းတွေက ကောင်းကင်မှာပါ တွဲလွဲခိုနေသလို မြေပြင်ပေါ်ကိုလည်း ကျလျက်ရှိပါသည်။ ပုံမှန်ဆို အရှင်စာသင်တိုက်က နေပြန်လာရင် မောင်နှစ်မတွေ ရွာသူရွာသားတွေက ဘယ်လောက်ပင် မှောင်နေပါသောလည်း မီးတုတ်တွေကိုင်ပြီး လာကြိုကြပါသည်။ ရွာထဲမှာရှိ သော ခွေးတွေသည် လည်း အရှင့်ကိုမှတ်မိသည့်အလား အူလိုက်ကြသည်မှာ တရွာလုံး ဆူညံသွားတဲ့ အထိပါပဲ။ ခုကြည့်စမ်းပါဦး အရှင့်ကို ဘယ်သူမှာလည်း ကြိုမည့်သူမရှိ ရွာကလည်း ရွာသူ ရွာသား တွေမ ရှိသည့်အလား တိတ်ဆိတ်ငြိမ်သတ်၍နေပါသည်။ ခွေဟောင်သံတောင်မကြားရပါလား ဘုရားရေ.. ဘာတွေ.. ဘယ်လိုတွေ ဖြစ်ကုန်ပြီးလည်းဆိုပြီး စိုးရိမ်စိတ်တွေ သောကစိတ်တွေ ငယ်ထိပ်အထိ ရောက်လာပြီး မှောင် မှောင်မည်းမည်းထဲကနေ ရွာဦးကျောင်းကို မပြေးသည်တမယ် လျောက်ခဲ့ပါသည်။ ရွာထဲရှိအားလုံးသော အရိပ်အရောင်တွေကလည်း ၀မ်းနည်းမှုတွေကို ဖော်ဆောင်နေသယောင်ရှိပါသည်။ ရွာ၏ထိပ် ကျောင်းဝန်ထဲရောက်၍ ခပ်မြင့်မြင့် တောင်ပေါ်မှာ ဆောက်ထားသော ကျောင်းကိုလှမ်းကြည့်လိုက်တော့ မီးတုတ်တွေ တကျောင်းလုံး မှာ စိုက်ထားပါလား ကောင်ကင်ကိုမော့ကြည့်လိုက်သောအခါမှာလည်း ပြာသိုလ်၏ ဘုရင်မဖြစ်သော ဆောင်ဟေမာန်သည် လောကကို အတ္တ ဖြင့် အလင်းရောင်ကိုမပေး သည့်အပြင် သူမ၏ ဆံပင်ကိုပါ ဖားလျားချလျက် အမှောင်ကိုချထားသောအချိန်ကာလ။ ဘေးပတ်လည်ကို အာရုံစိုက်ပြီး ကြည့်လိုက်မိသော အခါမှာလည်း ၊ လေတိုက်သောအသံ နှင့်အတူ အကောင်ငယ် လေး များ၏ တစ်ခါ တစ်ခါ ဟောဟစ်နေသော အသံများ။ ပုံမှန်မဟုတ်သော တိတ်ဆိတ်ငြိမ် သတ်ခြင်းမျိုးဖြင့် ငြိမ်သတ်နေသော ဘုန်းတော်ကြီးကျောင်းနှင့် ရွာကလေး တစ်ရွာ။ တစ်ခါတစ်လေ မှ သာလျင်ကြားရသော သက်ကြီးရွယ်အို များ၏ချောင်းဆိုးသော အသံနှင့် ကလေးငယ် လေးများ၏ ငိုယိုသံအချို့။ ဘုန်းတော်ကြီးကျောင်းအတွင်းဝယ် မီးတုတ်ကိုယ်စီ ကိုင်၍ ပြာပြာပြာပြာဖြင့် သွားလေနေကြကုန် သော ရွာသူ ရွာသားများ၊ ပုံမှန်မဟုတ်သော လျောက်လှမ်းပုံမျိုး ဖြင့် လျောက်လှမ်းတော် မူနေကြကုန်သော ရဟန်း သာမဏေအရှင်သူမြတ်များ၊ စိုးရိမ်သံ၊ သောကသံတွေနှင့်အတူ တစ်ခုခုဖြစ်မည်ကို စိုးရိမ်းသည့်အလား ပြောဆိုနေကြကုန် သော ဟိုတစ်စု ဒီတစ်စု ရွာသူ ရွာသားများ။
ခွေအကောင်ရေများ၍ အမြဲတန်းဆူညံ နေသော ခွေးအုပ်သည် ယနေ့မနက် တစ်စုံတစ်ခု ဖြစ်လာမည့် ကို ကြိုတင်သိထားသည့်အလား တိတ်ဆိတ်ငြိမ်သတ် နေကြပုံများ ကိုသာတွေ့ရ မြင်လိုက်ရပါသည်။ .. ဘာတွေလည်း ဘာတွေ ဖြစ်နေတာလည်း ဆိုပြီး သံသယ များနှင့် လှေကားပေါ်သို့တစ်ထစ်ချင်း တက်လာပြီး ဆရာတော် သီတင်းသုံးနေသော အဆောင်နားရောက်သည့်အခါမှာ အိပ်ထဲမှာ စာရွက်ကလေးက ထွက်ကြလာပါသည်။ မီးရောင်အောက်ကလေးမှာ ၃ ကြိမ်မြောက် ဖတ်လိုက်သည့် စာ၏အကြောင်းအရာကတော့ အရှင့်နာမည် နှင့် "အမြန်ပြန်လာပါ ဆရာတော်၏ အသက်ကို မီချင်ရင်"စာကို အိပ်ထဲပြန်ထည့်ရင်း ဆရာတော်၏ အဆောင်နားကိုရောက်တော့ တအားမောနေပါသည်သုံးထစ်မျ သာရှိသော လှေကားကို စပြီးအတက် နောက်ဆုံးလေကားထစ်မှာ ကြားလိုက်ရသည့် အသံများကြောင့် အရှင့်လက်ထဲမှာ ကိုင်ထားသော အိပ်သည် တောင်အောက်သို့ အတားအဆီးမဲ့စွာ ကျသွားခဲ့သလို အရှင့်၏ ဒူးခေါင်းတွေသည်လည်း ဒယိမ်းဒယိုင်ဖြစ်သွားခါ လက်တန်းလေးကို ကိုင်လိုက်မိပါသည် အကယ်၍ မကိုင်လိုက်မိပါက အရှင်သည်လည်း အိပ်နှင့်အတူ ရောသွားပါလိမ့်မည်။
အားတင်းပြီးအထ နောက်တစ်ခါထပ်ပြီး ကြားလိုက်ပြန်ပါသည် ဒီတခါတော့ တရွာလုံးအသံပါလား ဘုရားရေ.. ဒါတွေက တကယ်ဖြစ်ခဲ့ပါပြီးကော်... ဆိုပြီး ကျောင်းပေါ်ကိုတက်အသွား တွေ့လိုက်ပါပြီး ကျေးဇူး တော်ရှင်ဆရာတော်ကို ရွာသူ ရွာသား နယ်သူ နယ်သားတွေရဲ့ အလယ် ဘုရားဆင်းထုတော် ၏ရှေ့ ကုတင်လေးမှာ မျက်လွာလေးကိုချ တရားထိုင်နေသည့်အလား ပျံလွန်တော်မူသွားနေသောဆရာတော်။ အရှင်လာတာကို မြင်လိုက်တယ်ဆိုသည် နှင့် "အမလေး ဆရာတော် ဆရာတော်ဘုရား မျော်နေသော ဆရာတော်၏ တပည့်လာပြီးလေ ငါတပည့်ကို ငါမသေခင်မှားသွားချင်ဆို ခုရောက်လာပါပြီးဘုရား ထပြီးကြည့်ရှု ဆုံးမပါအုံး ဆိုပြီး အော်ငိုလိုက်ကြသော ရွာသူရွာသားတွေ ၏ အသံအောက်မှာ အသက်ငယ်ငယ်ရွယ်ရွယ် ပုတုဇဉ်ရဟန်းတစ်ပါး ခံနိုင်ပါရော့လား။
မျက်လုံးမှ မျက်ရည်တို့သည် တွဲခိုနေသည်ကို အားမရပဲ အလုံးအရင်းနှင့် ပါးပြင်ပေါ်ကို အလုအယက် ဆင်းလားခဲ့ပါတော့သည်။ ဆရာတော်၏ နားကိုသွားတော့ မင်းလာတာနောက်ကျလိုက်တာကွာ လို့ ပြောသလို့ခံစားလိုက်ရပါသည်။ တပည့်ကို ခွင့်လွတ်ပါ ဆရာတော်။ ခင်ဗျာတို့ ဘာကြောင့် အရှင့်ကို ကြိုပြီးအကြောင်းမကြားတာလည်း ဆိုတော့ ဆရာတော်က မပြောခိုင်းတာတဲ့ ပြောရင် သူ့ကြောင့် အရှင့်မှာ စိတ်ပူပြီး စာမလုပ်နိုင်မှာဆိုလို့ ဖြစ်မှ ဖြစ်ရလေ ဆရာတော် တပည့်ကို ကြိုပြောသင့်ပါတယ် ရှိတာမှာ ဆရာနှင့်တပည့် ဘာကြောင့်ခုလို့လုပ်ရတာလည်း ဆိုပြီး ယူကြုံးမရခံစားခဲ့ပါသည်ဘုရား ဆရာတော် ကျမ်းမာရေးမကောင်းတာကိုတောင် ပြုစုခွင့်မရလိုက်သောတပည့် မကောင်းပေမယ့် ကောင်းသလို တပည့်ရှေ့မှာ ဟန်ဆောင်ပြီး ကွယ်ရာမှာ တပည့် မသိအောင် ကြိတ်ပြီး ခံစားနေရသော ဆရာတော်။ တပည့်မှတ်မိပါသေးတယ်ဆရာတော် တပည့်ဆရာတော်ကျောင်းကို ရောက်တော့ တပည့်နေမကောင်းဖြစ်တာ ဆရာတော် တစ်ညလုံးမအိပ်ပဲ တပည့်ကို စောင့်ရှောက်ခဲ့တာလေ ။ မျက်လုံးနာလို ဆရာဝန်က မြန်မြန်ပျောက်ချင်ရင် အိပ်ရာမထခင် မျက်နှာမသစ်ခင် နှာနေသောမျက်လုံးကို မျက်ဝတ်တွေ နှင့်တကွ လျာနှင့်လျှက် လိုက်လျင်ပျောက်တာမြန်တယ်ဆိုလို့ ဆရာတော်ကိုယ်တိုင် တပည့်မနိုးခင် မရွံမရှာလုပ်ပေးခဲ့သော ဆရာတော် တပည့်တော် ဘယ်လိုဖြေရမှာလည်း ဘုရား။ ဆရာတော်ကြတော့ တပည့်စာပျက်မှာ ဆိုးလို့ဆိုပြီး ဘာမှ မလုပ်ခိုင်းခဲ့ဘူး တပည့်တော် ဘယ်လိုလုပ်ပြီး ဖြေရမှာလည်း ဘုရား။ ကျလာသောမျက်ရည်တွေကို မထိမ်းနိုင်လို့ ရွာသူ ရွာသားတွေကို အရှင်က အားလုံး ခဏအောက်ဆင်းသွားဖို့ပြောတော့ အားလုံးဟာ ငိုသူငို တက်သူတက် နှင့် အောက်ကို ဆင်းသွားပေးကြပါသည်။ ကျောင်တော်ကြီးပေါ်မှာ ဆရာတော် နှင့် ချစ်တပည့် နှစ်ဦးတည်းပေါ့။ ပုံမှန် အရှင်စာသင်ကပြန်လာတိုင်း ဒီနေရာလေး မှာ ထိုင်ပြိး ဆရာတော်ကိုကန်တော့ ဆရာတော်က ဆုံးမှစကားတွေပြော တခါတလေ မင်းကတော်တော်မိုက်တယ် ဆိုပြီး သူလက်နှင့် အရှင့် ကျောကုန်းကို မနာအောင်ရိုက်ကာ ဆုံးမတက်သောဆရာ။ မင်းငါစကားကိုနားမထောင်ဘူး ငါမကြိုက်တဲ့ လူအလုပ်တွေကို မင်းလုပ်တယ်ဆိုပြီး ဒုတ်နှင့်ရိုက်ဆုံးမခဲ့သောဆရာတော်။
ဆရာတော်၏ နုးညံ့သော ခြေဖ၀ါးတော်လေးကို လက်နှစ်ဘက်နှင့်တရိုတသေကိုင် မျက်နှာလေးနှင့်ကပ်ပြီး တပည့်ပြန်လာပြီးလေ ဆုံးမစကားပြောပါအုံး။ တပည့်ကို ရိုက်ပါအုံး မင်းမိုက်တယ်ကွာလို့ ဆူပါဦးဘုရား။ တပည့် နိုင်ငံအတွင်းမှာ ကျော်ကြားတာကို ကြည့်ချင်တယ်ဆို .. တပည့် ကိုအမြဲတန်းအားပေးမူတွေ လုပ်ပေးခဲ့သောဆရာတော်။ တပည့် လူထွက်မှာဆိုးလို့ အမျိုးမျိုး ချော့ကာတလည့် ခြောက်ကာတလည့်နှင့် သာသာနာတော်မှာ အမြဲနေဘို့ပြောခဲ့သောဆရာတော်။ ခုတပည့်တော် ဆရာတော်အနားမှာလေဘုရား။ တပည့်တော် ဆရာတော်အသက်တောင်မမှီလိုက်ခဲ့ဘူးဘုရား။ တပည့်လေ ဆရာတော် စာရရ ခြင်း အမြန်လာခဲ့ပါတယ်ဆရာတော် တပည့်တော် ဆရာတော်၏ ကျောင်းလှေကားသုံးထစ်အရောက်မှာ ပျံလွန်တော်မူခဲ့တာပါဆရာတော်။ ကံဆိုးခဲ့ပါသည် ဘုရား။ အကယ်၍ လမ်းမှာ ကားသာကောင်းခဲ့ရင် အသက်ကို မီလောက်ပါတယ်ဘုရား။ ခု တပည့်ပါးပြင်မှာ မျက်ရည်မိုးတွေ ရွာသွန်းနေပါပြီးဘုရား မျက်ရည်တွေနှင်အတူဆရာတော်ကို တပည့်နောက် ဆုံးအကြိမ်ကန်တော့လိုက်ပါသည်ဘုရား။
ဆရာတော်ကို ဖတ်ဖတ်ပြီးငိုလိုက်တာ ဘယ်လောက်ကြလိုက်မှန်းမသိ လူတွေက တက်ခွင့်တောင်းတော့ မျက်ရည်တွေကို ကဗျာကရာထိမ်း လာကြလို့ ပြောလိုက်တော့ လူတွေငိုသံတွေအ စုံနှင့် တက်လာကြပေါ့ တပည့်ခံနိုင်မရှိခဲ့ပါဘူး ဆရာတော်။ တခြားကိုယ်တော်တွေက ခံနိုင်ရည်ရှိပေမယ့် မျက်ရည်တွေကို ထိမ်းလို့မရခဲ့ပါဘူးဆရာတော်။ ဒါကြောင့် တပည့် တစ်နေရာမှာ ငိုမလိုသွားတော့ တကာတစ်ယောက်ကခေါ်တယ် ဘာလည်းလို့ပြောတော့ သူက ပြောတယ် ဆရာတော်လက်ထဲမှာ စာလေးတစ်စောင်ရှိတယ်တဲ့ ဆရာတော်က သူအသက်မမီရင် အရှင်လာရင်ပေးပေးပါလို့ပြောခဲ့တယ် ဘုရားရေ ဘာစာလည်းဆိုပြီး ဖတ်ကြည့်လိုက်တော့ စာကိုဖတ်ပြီး အရှင်ဘယ်လိုမှ မျက်ရည်တွေကို လူတွေကြား မထိမ်းနိုင်ခဲ့တော့ပါဘူး။ ဆရာတော်၏ ကိုယ်ပေါ်ကိုခေါင်းစိုက်ပြီး အားရပါးရ ငိုခဲ့ရပါသည် ဆရာတော်။
တပည့် မမိုက်ပါနဲ့။ မထောင်လွားပါနဲ့။ မပါးလွားပါနဲ့။ ရိုးရိုးကျင့်ပါ မြင့်မြင့်ကြံပါ။ မင်း ကျောင်းဆက်တက်ဖို့အတွက် ငါ့ဗီရိုထဲမှာ ငွေတွေခွဲထားတယ်၊ မင်းကျောင်းစရိတ်အတွက် တစ်ပုံ။ ကျန်တဲ့နှစ်ပုံကို ကို လာသမျသံယာတွေကို လှုလိုက်ပါ ငါကို ကြာကြာမထားနဲ့ စည်းစည်းကားကားမလုပ်နဲ့ ငါကိုအကြောင်းပြုပြီးတော့ စီးပွားရေးလုပ်မည့်သူတွေကို တားပေးပါ။ ဒါဆိုရပြီးတပည့် တဲ့ .......
ပျံလွန်တော်မူသွားတာတောင် အရှင့်ကို ဆုံးမသွားခဲ့သောဆရာတော် ဘယ်လိုဖြေရပါမလည်း တပည့်မဖြေနိုင်ခဲ့ပါဘူးဆရာတော် ဆရာတော်ရုပ်ကလပ်နားက မခွာပဲ အမြဲတန်း လူတွေနဲအပြိုင်ငိုနေတာကိုလည်း သဘောကြမှာ မဟုတ်ဘူးဆိုတာသိပါတယ်။ အသက်ကို တောင်မမီလိုက်တဲ့ တပည့်ကို ဒီအခွင့်အရေးလေးတော့ပေးပါဘုရား။ ဆရာတော်ကို ချစ်လွန်းအား လေးစားလွန်းအားကြီးလို့ သံဃာတွေ တားနေသည့်ကြားမှ ငိုခဲ့ရပါသည်။ တပည့် အပေါ်မှာ မပျံလွန်တော်မူစဉ်ကလည်း ကောင်းခဲ့ ပျံလွန်တော်မူသွားသောအခါ၌လည်း ကောင်းခဲ့သော ဆရာတော်၏ အသက်ကို ဘာကြောင့်များ မမီလိုက်ပါသလဲ ဘုရား တပည့် တစ်သက်လုံး ဘယ်လိုဖြေပြီး ဘယ်လိုအစားထိုးရပါမလဲ၊
ဆရာတော်ကို မီးသင်္ဂြိုလ်ကြတော့ တပည့်နောက်တခါ ခံနိုင်ရည်မရှိခဲ့ပါဘူး တပည့် လူအများကြားမှာ တောင် ဟန်ဆောင်အပြုံးတွေ မပြုံးနိုင်ခဲ့ပါဘူးဘုရား။ ဆရာတော်ရဲ့ မီးခိုးတွေကို ကြည့်ပြီး တပည့်နောက်ဆုံးအကြိမ် မျက်ရည်မိုးနှင့်တကွ လက်ဆယ်ဖြာ ထိပ် မှာ မိုးလို့ ရှိခိုး ကန်တော့လိုက်ပါတယ် ဆရာတော်မရှိသော ကျောင်းမှာ တပည့် နေရခတ်ခဲ့ပါသည်ဘုရား။ တပည့် တနေရာကနေပြန်လာတိုင်း မေးခွန်းတွေ မေးပြီး မှားတာကို မှန်အောင်ဆုံးမခဲ့သောဆရာ၊ ခုဆို တပည့် ပြန်တိုင်း ဆရာတော်ကို မတွေ့ရ တာ ၃ နှစ်ကျော်ခဲ့ပြီးပေါ့။ တပည့်ကို ဆရာတော်လို ဘယ်သူမှ ဆုံးမမည် သူမရှိဘူး၊ ခုဆရာတော် မြင်ချင်တဲ့အတိုင်း ဖြစ်နေစပြုနေပြီး ဆရာတော် ပြုစုပြိုးထောင်ခဲ့သောပန်းကလေး လောကအလယ်မှာ တင့်တင့်တယ်တယ် ဖြစ်နေစပြုနေပြီးလေ ဘုရား နိုင်ငံခြားကို သွားခါနီးလေယာဉ်တက်တုန်းကလည်း တပည့် တစ်ညလုံးငိုခဲ့ရပါသည် ။ နိုင်ငံခြားက ပြန်လာတော့လည်း ကျောင်းအ၀င် ဆရာတော်ထံကိုပြေး တပည့်၏ အောင်မြင်မှု့တွေကို အားရပါးရ ပြောပြချင်ပေမယ့် အခွင့်မရေးတွေမရှိတော့ဘူးဆရာ ကျောင်းထဲကို တစ်ပါးတည်း ၀င်သွား ဆရာသီးတင်းသုံးခဲ့သော နေရာလေးကို ကြည့်ပြီး အကြိမ်ကြိမ်ငိုခဲ့ရပါသည် ဆရာတော်ကြိုက်မှာ မဟုတ်ပါဘူး ပုထုဇဉ်ရဟန်းငယ်၏ ခံစားချက်ကို နားလည်းပေးပါဘုရား တပည့် မှတ်မိတာ နောက်တစ်ခုရှိသေးတယ် လာသမျသော ဒကာတွေ ရှေ့မှာ ငါ့တပည့်က တစ်နေ့ ပြည်တွင်း ပြင်ပမှာ တကယ့်ရဟန်းအကျော်အမော် ဖြစ်မှာ နောက် ငါတပည့်ကို ငါမှီပြီး နိုင်ငံခြားတွေ ကို ဘုရားဖူးသွားမှာဆိုသော လူအများရှေ့မှာ တပည့်ကို ချီးကျုးမှု့တွေ အကြိမ်ကြိမ်လုပ်ခဲ့ပြောခဲပါသည်။ ခု ဆရာစကားတွေက မှန်နေပါပြီး ဒါပေမယ့် ဒီလိုဖြစ်လာချိန်မှာတော့ ကျေးဇူးရှင် ဆရာတော် ရှိမနေခဲ့တော့ပါဘူး တပည့် ဘယ်လိုမှ ဖြေလို့မရခဲ့ဘူးဆရာ။ ဆရာတော် ဖူးချင်သော နိုင်ငံခြားမှာ ရှိသော ဘုရားများကိုလည်း တပည့် တစ်ပါးလုံး နိုင်ငံခြား မှာ ရှိနေပါလျက် ဖူးခွင့် မရလိုက်သော ဆရာတော်။ တပည့် နားလည်းပါတယ်ဆရာ လူတိုင်းတနေ့ သေကြမယ်ဆိုတာ သိပါတယ်ဆရာ ဒါပေမယ့် ဒီသေမင်းတမာန် က ရက်စက်လိုက်တာ ဆရာတော်နှင့် တပည့်ကြားကို ရုတ်တရက်ကြီး ဘာကြောင့်များ ဓါးထက်ထက်နှင့် တစ်ချက်တည်း ခုတ်ဖြတ်လိုက်တာလည်း ဘုရား ခုလည်း တပည့် ရွာပြန်တိုင်း ရွာသူရွာသားတွေက တပည့်ကို ဆရာတော်ရှိစဉ်ကအတိုင်း ကြိုကြပါတယ် စောင့်ရှောက်ကြပါတယ် ဒါပေမယ့် တပည့် ရွာထိပ်ကိုရောက် သော အခါ ဆရာတော် ၏ ကျောင်း သုံးထစ်မြောက်လှေကားကို မြင်လိုက်သောအခါ တပည့် ရဟန်းတစ်ပါးဖြစ်နေပါလျက် သတိကို မထိမ်းနိုင်ခဲ့ပါဘူး ယခုအချိန်အထိပါဘုရား..ရွာသူ ရွာသားတွေ က တပည့်ပြန်လာတိုင်း ကျောင်းကိုပြန်လာပြီး ဆရာတော်ကို အောင်းမေ့လို ငိုကြတယ် တပည့် ပရိတ်သတ်ကို ဖြစ်ပျတ်အကြောင်းကို တရားပြအပြီး အခန်းထဲ ရောက်တော့ တပည့် ဘယ်လိုမှမထိမ်းနိုင်ခဲ့ဘူး ဟန်မဆောင်နိုင်တော့ဘူးဘုရား အသံမထွက်အောင် အားရပါးရ ငိုကြွေးခဲ့ရပါသည် ဆရာတော်။်
မြင်စေချင်ပါသည်။ ကြားစေချင်ပါသည်။ သိစေချင်ပါသည်။ ဆရာတော်စိုက်ခဲ့သည့် ပန်းပင်ကလေး မသန်ခင် ပန်းသခင် အရင်ဦးပေမယ့် မနွမ်းအောင် မကြွေအောင် လေဒဏ် မိုးဒဏ်တွေ ကြားထည်းမှာ ကိုယ်ဘာသာကို ကြိုးစားပြီးရပ်တည်နေခဲ့တာကို သိခဲ့ပါလျင် တပည့်ချစ်သော ဆရာသည်......................
Labels: ခံစားချက်ဆောင်ပါးများ
Read more...