* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Friday, October 2, 2009

မှန်သော သစ္စာ

အဖြေ မတတ်တဲ့ ပုစ္ဆာကြောင့်
အစာငတ် ရေငတ်ခဲ့ရတဲ့ နေ့ ညပေါင်းက
ရေတွက်မရတော့…

အဖြေခက်လို့ မဖြေရက်ပေမဲ့
ဂရုဏာ တစ်ချက် မသက်ခဲ့တာလဲ
ပြန် မတွေးချင်တော့…

အညတြ ဘ၀မို့ 
အလှအပကို စာစီပြောနေလို့ လဲ
အပိုပါပဲ…

လိုတာပဲ ဆွဲတွေးနေမှတော့
ချိုသကာ စကားတွေကို
လျှိုကာထားလိုက်တော့မယ်..
ခါးချင်လည်း ခါးတော့…

မှန်ရာကို ဆိုရလို့ 
အဖန်တစ်ရာ ငိုရမယ်ဆိုလည်း
ပြိုလဲကာ သွားစေတော့…

အရှုံးတွေနောက်မှာ အံကျိတ်လို့ 
အမုန်းတွေအောက်မှာ အသံတိတ်ရမယ်ဆိုရင်
မနေ့ က ပေါင်းများစွာဆီမှာ
အရိပ်တွေထည့်ကာ ပြန်အိပ်စို့ …
ကာရံဆူး


Read more...

သီတင်းကျွတ် လပြည့် ပ၀ါရဏာနေ့


သီတင်းကျွတ်လသည် မြန်မာတို့ ၏ (၁၂) လရာသီတွင် သတ္တမမြောက်လဖြစ်ပြီး ၀ါတွင်းကာလ၏ နောက်ဆုံးလဖြစ်ပါသည် ။
ရာသီခွင်မှာ တူရာသီ ဖြစ်ပြီး အဿဝတီ ကြယ်နှင့် လမင်းတို့ စန်းယှဉ်ကာ
မွန်းတည့်ကြသည် ။ရာသီပန်းမှာ ကြာဖြူပန်း ( Nymphaea Lotus ) ဖြစ်ပါသည် ။ သီတင်းကျွတ်လကို ရှေးမြန်မာကျောက်စာများ၌ `သန္တူလ´ ဟုရေးထိုးကြသည် ကိုတွေ့ရပါသည်။ ချိန်ခွင်ပုံ ကြယ်တာရာ နက္ခတ်တို့  စုဝေးသော မိုးကာလဟု လည်းကောင်း ၊ တောင်သူလယ်သမားတို့ စိုက်ပျိုးထားသောစပါးပင်များ သန်စွမ်းစွာထောင်မတ်သောလဟု လည်းကောင်း ပညာရှိများ ဖွင့်ဆိုကြပါသည်။

မြန်မာတို့ သည့် စိတ်ရင်းရိုးသား တည်ကြည်ကြသူများ ဖြစ်သည်နှင့်အညီ
စစ်မှန်သော ထေရ၀ါဒ ဗုဒ္ဓသာသနာတော်ကို
ပုဂံခေတ် အနော်ရထာမင်းတရား နှင့်ရှင်အရဟံ မထေရ်မြတ်တို့၏ ကျေးဇူးတရားကြောင့် ဆည်းကပ်ကိုးကွယ်ခွင့် ရကြပြန်သောအခါ
ဗုဒ္ဓမြတ်စွာ၏ အဆုံးအမ တရားတော်များနှင့်
လိုက်လျောညီထွေစွာ အေးချမ်းပျော်ရွှင်ဖွယ် ကောင်းသော လူနေမှုဘ၀များဖြင့် လောကဓံတရားများကို ရင်ဆိုင်ကျော်လွှားနိုင်သော ၊
ရောင့်ရဲတင်းတိမ်တတ်သော စိတ်နှလုံးကိုခေတ်အဆက်ဆက် ပိုင်ဆိုင်ခဲ့ကြသူများ ဖြစ်ကြပါသည် ။ ဤစိတ်ဓာတ်များ အရင်းခံဖြင့် (၁၂) လရာသီရှိသည့်အနက် အခါကြီး၊ ရက်ကြီးနေ့များတွင် ရတနာသုံးပါးအား ရည်စူး၍ ကောင်းမှုကုသိုလ်များ ပြုလုပ်လေ့ရှိကြပါသည် ။

သီတင်းကျွတ် မီးထွန်းပွဲတော်သည် မြန်မာတို့၏ (၁၂) လရာသီ ပွဲတော်များတွင် ထင်ရှားသောပွဲတော် တစ်ခုဖြစ်ပြီး ပွဲတော်စတင်ကျင်းပခဲ့သည့် အစဉ်အလာမှာ
ဘုရားရှင် သက်တော်ထင်ရှား ရှိခဲ့စဉ်အခါကပင် ဖြစ်ပါသည် ။
ဗုဒ္ဓမြတ်စွာဘုရားရှင်သည် သတ္တမမြောက်ဝါကို တာဝတိံသာ နတ်ပြည်၌ ၀ါကပ်တော်မူပြီး မယ်တော်ဖြစ်ခဲ့ဖူးသော
သန္တုဿီတနတ်သားအားအမှုးပြု၍ စကြ၀ဠာနေရာ အနှံ့ မှ နတ်ဗြဟ္မာ အပေါင်းတို့ အား အဘိဓမ္မာတရားတော်မြတ်ကို ဟောကြားတော်မူသည် ။
သီတင်းကျွတ်လပြည့်နေ့  ရောက်သောအခါ ဘုရားရှင်သည် နတ်ဗြဟ္မာ အပေါင်းခြံရံကာ ရွှေစောင်းတန်း ၊ ငွေစောင်းတန်း ၊ပတ္တမြားစောင်းတန်းများဖြင့် စီခြယ်အပ်သော ရတနာစောင်းတန်းဖြင့် လူ့ ပြည်ဖြစ်သော သင်္ကဿနဂိုရ်ပြည်သို့ ပြန်လည်ဆင်းသက်ကြွမြန်းတော်မူသည် ။
ထိုအခါ သမယတွင် ပြည်သူပြည်သားအပေါင်းတို့က မီးရှူးမီးတိုင်များ ၊မီးပန်းများ၊ ဆီမီးများ ပန်း၊ ရေချမ်းများဖြင့် ကပ်လှူပူဇော်ကြသည် ။
တာဝတိံသာနတ်ပြည်ရှိ စူဠာမဏိစေတီတော် ကိုလည်း ပူဇော်သည့် အထိမ်းအမှတ်ဖြင့် မီးပုံးများပြုလုပ်၍ ကောင်းကင်သို့ လွှတ်တင် ပူဇော်ကြသည် ။ထိုကဲ့သို့ ပူဇော်ကြသည်ကို အကြောင်းပြုကာ ယနေ့ ခေတ်အခါတိုင်အောင်
မြန်မာတစ်နိုင်ငံလုံး၌ နှစ်စဉ်ကျင်းပ ပြုလုပ်မြဲ ဖြစ်သည် ။

သီတင်းကျွတ် လပြည့်နေ့တွင် ပုရိမ၀ါမှ ထမြောက်ကြသော သံဃာတော်အရှင်မြတ်များ သည် မိမိတို့အချင်းချင်း အပြစ်ကြီးငယ်ရှိပါက သည်းခံခွင့်လွတ်ရန်၊ လမ်းမှန်ကိုညွန်ပြရန်၊ သွန်သင်ဆုံးမရန် တောင်းပန်ကြပြီး ပ၀ါရဏာပြုကြပါသည်။
ထို့ကြောင်း သီတင်းကျွတ် လပြည့်နေ့ကို ပ၀ါရဏာနေ့ဟုလည်း ခေါ်ကြပါသည်။

ထို့အတူ မြတ်ဗုဒ္ဓ၏ အဆုံးအမ၌ တည်ကြသော မြန်မာလူမျိုးတို့သည်လည်း မိမိထက်အသက် ဂုဏ်ဝါကြီးသူ၊မြင့်မြတ်သူ၊ ရိုသေလေးစားထိုက်သူတို့အပေါ် အပြစ်ကြီးငယ်များရှိပါက သည်းခံခွင့်လွတ်ကြရန် ငယ်သူ ၊ နိမ့်ကျသူတို့က ပူဇော်ကန်တော့လေ့ ရှိကြသည်။

ထို့ပြင် ဤထူးမြတ်သော ၀ါကျွတ်သော အချိန် အခါသမယတွင် မိမိတို့တတ်နိုင်သမျှ ပူဇော် သက္ကာရတို့ ဖြင့် သက်ကြီးဝါကြီးများ ၊ မိဘဆရာများကို ပူဇော်ကန်တော့လေ့ရှိကြ၏ ။
ထို့ကြောင့် ၀ါကျွတ်ကာလသည် မြန်မာတို၏
တစ်ဦးကို တစ်ဦး ရိုသေလေးစားတတ်သော သဘော ၊
မာန်မာနကို နှိမ့်ချတတ်သော သဘော၊
အပြန်အလှန် မေတ္တာစေတနာ ထားတတ်သောသဘော စသည်ဖြင့် အမျိုးကောင်း သားသမီးတို့၏ ယဉ်ကျေးသိမ်မွေ့သော စိတ်နေစရိုက် ကိုဖော်ကျူး ပြသနေသော အမျိုးဂုဏ်ကို မြှင့်တင်ပေးနေသည့် အချိန်အခါ ဖြစ်ပါသည်၊၊
သို့ဖြစ်ရာ မြန်မာပြည်များအားလုံး
ကောင်းသောအကြံ ၊
မှန်သောအကျင့် ၊
သင့်သောအယူ ၊
ဖြူသောနှလုံး ၊
သူတော်ထုံး´ တို့ ဖြင့် သီတင်းကျွတ် မီးထွန်းပွဲတော်ကို ပျော်ရွှင်စွာ ပါဝင်ဆင်နွဲ နိုင်ကြပါစေ..ဟု ဆန္ဒပြုလိုက်ပါသည်။ ။
ဖော်ပြပါကဲ့သို့ သီတင်းကျွတ်ကာလ၏ ပျော်ရွှင် ချမ်းမြေ့.သာယာပုံကို ရှေးစာဆိုတစ်ဦး၏ ကဗျာတစ်ပုဒ်ဖြင့် နိဂုံးချုပ်လိုက်ရပါသည်။

ဆီမီးရယ်ထိန် ၊
အိုင်မင်းရေကြည်က .. ၊
ကြာငါးမည် ငုံအာစွင့်တယ်.. ၊
ဖူးပွင့်ချိန်ခါ .. ။
အဿဝဏီ ယှဉ်ကာချဉ်းပါလို့ .. ၊
လင်းလာတဲ့
ငွေတာရိန်ရယ်.. ၊
ပြာမှိန်လျက် မြူချေဆိုင်း .. ။
ဂါရဝေ ၊ သဒ္ဒါခြွေ ကန်တော့ပွဲကိုလ .. ၊
မစဲပေါင် ကုသိုလ်နှိုးကြတယ် .. ၊
မျိုးမြန်မာတိုင်း။ ။


http://www.dhammaflavour.netမှ
reply

Read more...

ကောင်းမွန် ဓမ္မဒူတခရီးမှတ်တမ်း (အပိုင်း-၇)



ညနေပိုင်းတရားပွဲ
မစ်စ် သရတိတို့ ဘုရားကျောင်းသည် အဝတ်များဖြင့် တန်ဆာဆင်ထားသဖြင့် မိုးရွာသောအခါ မိုးရေများဖြင့် စိုစွတ်နေ၏။ ထို့ကြောင့် သန့်ရှင်းရေးလုပ်ဆောင်နေရသည်မှာ အချိန်အတော်ကြာမြင့်သွားသဖြင့် ညနေ ၆ နာရီလောက်မှ အခမ်းအနားစဖြစ်သည်။ ကလေး လူကြီး ၃ဝ ခန့်တက်ရောက်သည်။ ဘုရားရှိခိုး၊ ငါးပါးသီလယူ၊ ပန်းပေး၊ မိတ်ဆက်၊ တရားဟော။ ဦးကောဝိဒ ဟောပြောပြီးလျှင် စာရေးသူအလှည့်။ စာရေးသူ ဟောပြောနေစဉ် ရုတ်တရက် မိုးရွာလာသဖြင့် အခမ်းအနားကို ခေတ္တရပ်နားပြီး မစ်စတာ သတိဝန်တိ အိမ်ထဲသို့ ရွှေ့ပြောင်းပြု လုပ်ကြသည်။ အိမ်ထဲရောက်သောအခါ ဦးစန်နှင့် ဘိက္ခုနီမတို့ ဆက်လက်ဟောပြောကြသည်။

ကောင်းမွန် ဓမ္မဒူတခရီးမှတ်တမ်း (အပိုင်း-၆)




ဘုရာပင့်

စာရေးသူတို့ ရောက်လျှင် ဆင်းတုတော်တင်ဆောင်ထားသော ကားပေါ်သို့ တက်ရောက်ရန် ပင့်ဆောင်ကြ၏။ အကအဖွဲ့မှာ ကားရှေ့ ခပ်လှမ်းလှမ်းနေရာတွင် အားပါးတရ ကခုန်နေကြသည်ကို တွေ့ရသည်။ ကားပေါ်တွင် တင်ဆောင် ပူဇော်ထားသည့် ဆင်းတုတော်မှာ ဥာဏ်တော် ၇ ပေခန့်ရှိပြီး ဖိုင်ဘာဖြင့် ဖန်တီးထားသည် ဟုသိရသည်။ အမှတ်တမဲ့ ကြည့်လျှင် ကြေးနီရောင် အဆင်းရှိသဖြင့် ကြေးဆင်းတုတော်ဟု ထင်မှတ်ရသည်။ ကားထွက်ခွါရန် အချိန်ရောက်ပြီဖြစ်သော်လည်း စွမ်းအင်ဝန်ကြီး၏ သမီး အခမ်းအနားသို့ တက်ရောက်လာမည်ဖြစ်၍ သူမအား စောင့်စားနေခြင်းဖြစ်ကြောင်း ပြောပြသည်။ ထို့ကြောင့် သည့်ခံပြီး စောင့်စားပေးပါရန် တောင်းပန်စကား ဆိုကြသည်။ ထို့နောက် တာဝန်ခံ ရဲအရာရှိ တစ်ဦးရောက်လာပြီး စာရေးသူတို့အား နှုတ်ဆက်စကားဆိုသည်။ ထို့နောက် ဆင်းတုတော်ကြီးကို ထုဆစ်ပုံဖော်သော ဗိသုကာဆရာရောက်လာပြီး စာရေးသူတို့အား မိတ်ဆက် စကားဆိုလာသည်။ ခဏကြလျှင် စာရေးသူတို့သည် ရုပ်ပွားတော်အား ဖယောင်း နံသာထွန်း ညှိပူဇော်ကြရသည်။ထိုအချိန်တွင် ရုတ်တရက် မိုးသက်လေပြင်းကျလာသဖြင့် မိုးလွတ်ရာ တိုက်ခန်းတစ်ခုသို့ ဝင်ရောက်နားခိုကြရသည်။ ကခုန်သူများသည် မိုးရွာထဲတွင် အရှိန်အဟုန်မပျက် ဆက်လက် ကခုန်နေကြဆဲဖြစ်သည်။ မိုးတိတ်လျှင် ဘုရားလှည့်အဖွဲ့အား နှုတ်ဆက်ပြီး မစ်စ်သရတိ တို့ ဘုရားကျောင်းဆောင်သို့ ကားဖြင့် ပြန်လာခဲ့ကြသည်။ မစ်စ် သရတိတို့ ဘုရားကျောင်းဆောင်တွင် ညနေ ၄ ခွဲတွင် တရားဟောဘို့ စောစီးစွာကပင် စီစဉ်ထားသဖြင့် ဘုရားလှည့်ရာသို့ လိုက်ပါနိုင်ခြင်း မရှိတော့ပေ။ ထို့ပြင် လူအများစု တက်ရောက်သော ညနေ ၆ နာရီပွဲနှင့် တခြားအခမ်းအနားတစ်ခုတို့က ပင့်ဖိတ်ထားသော်လည်း အချိန်လောက်ငခြင်း မရှိသဖြင့် ပင့်ဖိတ်မှုကို လက်မခံလိုက်ကြောင်း ဥပါသကာ ဝိက က ပြောပြသည်။

ကောင်းမွန် ဓမ္မဒူတခရီးမှတ်တမ်း( အပိုင်း-၅)




နေ့လည်စာအလှူရှင်

တရားပွဲပြီးသောအခါ နေ့လည်စားစားရန်နှင့် တရားဟောရန် အခြားတစ်နေရာသို့ ကားဖြင့် ပင့်ဆောင် သွားကြပြန်သည်။ နေ့လည်စာကို ဥပါသကာ သတိသဝန်တိ အိမ်တွင် စားသောက်ရသည်။ နေ့လည်စာကို ချပါတီ ပူရီတို့ဖြင့် ကျွေးမွေးဧည့်ခံသည်။ ဦးစွာ ရေသန့်နှစ်ခွက်လာချသည်။ ထို့နောက် ချပါတီ ပူရီ အာလူး ထည့်ထားသော ပုဂံပြားတစ်ချပ်စီ ချသည်။ ထို့နောက် ဟင်းရေသောက်၊ နွားးနို့၊ ခရမ်းသီးချက်ပုဂံများ အသီးသီးလာရောက်ချပေး သည်။ အဆင့်သင့်ဖြစ်လျှင် စားသောက်ကြသည်။ ချပါတီကို အာလူးဖြင့် စားရပြီး ဒူရီကိုမူ နို့ဖြင့် တို့စားရသည်။ ထမင်းကြော်နှင့် ရိုးရိုးထမင်းကိုလည်း လိုအပ်လျှင် စားသုံးရန် အနီးတွင် ချထားပေးထားသည်။ နေ့လည်စာ စားပြီးလျှင် ဆွမ်းဒကာ မိသားစုအား ဆုတောင်း မေတ္တာပို့သောအားဖြင့် မေတ္တာသုတ်ပရိတ်ချီးမြှင့်ကြသည်။

ခေတ္တအနားယူ
နေ့လည်စာ စားပြီးလျှင် အနီးရှိ မစ်စ် သရတိ တို့ အိမ်သို့ သွားရောက် အနားယူကြသည်။ နေ့ ၂ ခွဲလျှင် အခြား အခမ်းအနားသို့ တက်ရောက်ရန် သုံးဘီးကားငယ်ဖြင့် ပင့်ခေါ်သွားကြပြန်သည်။ အခမ်းအနားမှာ ဘုရားဆင်းတုတော်ပင့်ဆောင်ရာတွင် ဘုရားဆင်းတုတော်အား ပူဇော်ရန် အစီအစဉ်ဖြစ်သည်။ ယနေ့သည် အန်ဘေဒကာ၏ ဆောင်ရွက်မှုကြောင့် ဗုဒ္ဓဘာသာဝင်များအဖြစ်သို့ ရောက်ကြသည့် ၅၃ နှစ်ပြည့် အထိန်းအမှတ် နှင့် ဓမ္မစကြာအခါ တော်နေ့ အထိန်းအမှတ်ပွဲတော်ဖြစ်သည့်အားလျှော်စွာ တစ်မြို့လုံးရှိ ရပ်ကွက် အသီးသီးမှ ဗုဒ္ဓဘာသာဝင်များသည် ဘုရားဆင်းတုတော်များကို ကားဖြင့် တင်ဆောင်ပြီး မြို့ကို လှည့်လည် ပူဇော် ကခုန်ကြ မည်ဖြစ်သည်။


Read more...

“The Road Less Travelled” နှင့် ချစ်တတ်ပြီ


“အချစ်သည် ရယူခြင်းမဟုတ်သလို၊ ပေးဆပ်ခြင်းလည်း မဟုတ်။ မြင့်မြတ်ခြင်းသာ ဖြစ်သည်။”
မသီတာက “ချစ်တတ်ပြီ” ဟု ဆိုလာတော့ … ချစ်တတ်အောင် အချစ်ကို ဋီကာဖွင့်ပြသည့် စာအုပ်တစ်အုပ်ကို ပြေးသတိရမိသည်။ စာအုပ်အမည်က “The Road Less Travelled” ဖြစ်သည်။

“The will to extend one’s self for the purpose of nurturing one’s own or another’s spiritual growth.”
အချစ်ဟူသည် “မိမိကိုမိမိ ဖြစ်စေ, တစ်ပါးသူတစ်ဦးကိုဖြစ်စေ စိတ်ဓာတ် ရင့်ကျက် မြင့်မားလာစေရန် ပြုစုပျိုးထောင်မည်ဟူသော ရည်ရွယ်ချက်ဖြင့် မိမိ၏ စိတ်နှလုံးအား ဆန့်ထုတ်သည့် စိတ်စေတနာ” ဟု အဓိပ္ပါယ်ဖွင့်ပြသည်။

“အသွားနည်းသော လမ်း” ဟူသည့် စာအုပ်နာမည်နှင့် လိုက်အောင်ပင် စာရေးသူ M. Scott Peck ဖွင့်ပြသော အချစ်၏ အဓိပ္ပါယ်က တွေ့ဖူးနေကြ အဓိပ္ပါယ်များနှင့် မတူ။ စိတ်ရောဂါကု ဆရာဝန်တစ်ဦးဖြစ်သည့်အလျောက် စိတ်ပိုင်းဆိုင်ရာ တိုင်ပင်ဆွေးနွေးမှု အတွေ့အကြုံများကို အခြေခံ၍ ဖွင့်ဆိုထားခြင်းဖြစ်သည်။

အချစ်သည် စိတ်ဓာတ် ရင့်ကျက်မြင့်မားလာစေရန်ဟူသော ရည်ရွယ်ချက်ရှိရမည်။ မိဘတို့သည် မိမိသားသမီး ကောင်းစားရေးအတွက် တစ်နယ်တစ်ကျေးသို့ ကျောင်းထားပေးရသည်လည်း ရှိသည်။ သားသမီးကို မခွဲနိုင်၍ ကျောင်းမလွှတ်ခြင်းသည် အချစ် ဟုတ်ပါ၏လော…။ Peck က မဟုတ်ဟု ဖြေမည်။ “မင်းမရှိရင် အသက်မရှင်ချင်ဘူး” ဟူသော အချစ်မျိုးကို စာရေးသူက အချစ်ဟု မသတ်မှတ်၊ “Passive dependent personality disorder” စိတ်ရောဂါတစ်မျိုးဟု သတ်မှတ်သည်။ အချစ်မဟုတ်ယုံသာမက Anti-love ဟုသတ်မှတ်သည်။ အချစ်သည် ရည်ရွယ်ချက်ပါရသည်။

ထို့ကြောင့် အချစ်သည် စိုက်ထုတ်မှု ကင်းမဲ့သော မတော်တဆကိစ္စတစ်ခု မဟုတ်။ ရင်ခုန်ခြင်း, ချိုမြိန်ခြင်း, တသလွမ်းမောခြင်း, စူးရှကြွေကွဲခြင်းများသည် အချစ်မဟုတ်။ မတော်တဆ ခလုပ်တိုက်လဲသလို ချစ်မိ, ကြိုက်မိသွားခြင်းမျိုး “Falling in love” သည် အချစ်မဟုတ်ဟု ဆိုသည်။ ထိုအချစ်များသည် ကာမဂုဏ်စိတ်နှင့် ဆက်စပ်နေပြီး၊ တာရှည်ခံသော အချစ်မျိုးမဟုတ်။

စိတ်ပညာအရ မွေးကင်းစကလေးငယ်များသည် မိမိနှင့် ပတ်ဝန်းကျင်ကို ခွဲခြားမသိနိုင်သေး။ ကိုယ် ငိုလျှင် လောကလုံး ငိုသည်။ ကိုယ်ဆာလျှင် လောကကြီး ဆာသည်။ အတ္တ-လောကဟူသော စည်းဘောင်မရှိသေး။ လအတန်ကြာမှ မိမိသည် ပတ်ဝန်းကျင်လောကကြီးနှင့် သီးခြားဖြစ်နေသည်ကို ရိပ်မိလာသည်။ ကိုယ် ဆာနေသော်လည်း မိခင်ကနို့ချိုတိုက်ချင်မှ တိုက်မည်။ ကိုယ် ကစားချင်သော်လည်း မိခင်က ချော့မြူချင်မှ ချော့မြူပေလိမ့်မည်။ အရွယ်ရောက်လာသည်နှင့်အမျှ အတ္တဥခွံက အရည်ထူလာသည်။ အတ္တဘောင် (ego boundary) အတွင်း ပုန်းအောင်းရင်း အထီးကျန်ဝေဒနာကို ခံစားလာရသည်။ အချို့မှာ ငယ်စဉ်ဘ၀တွင် တွေ့ကြုံရသည့် နာကျဉ်းဖွယ် ခံစားချက်များကြောင့် လောကကြီးအပေါ် သံသယစိတ်များဖြင့် စိုးရွံ့၍ပင် နေတတ်သည်။ ချစ်ကြိုက်မိခြင်းက ထိုအထီးကျန်ဝေဒနာကို ခေတ္တဖြေဖျောက်ပေးသည်။ မိမိ၏ စိတ်နှလုံးအား ချစ်သူအပေါ် အပ်နှင်းလိုက်ခြင်းက မိမိ၏ အတ္တဥခွံလေးအား ဖောက်ခွဲလိုက်သလိုဖြစ်ကာ သာယာမှုကိုပေးသည်။ သို့သော် အမှန်တကယ် အတ္တဘောင်ကို ချိုးဖောက်လိုက်ခြင်း မဟုတ်။ ချဲ့ထွင်လိုက်ခြင်းမဟုတ်။ ထို့ကြောင့် “ချစ်ကြိုက်မိ” သွားခြင်းမျိုးက ယာယီခဏသာခံ၍ ဖောက်ပြန် ပြောင်းလဲတတ်သည်။ သို့သော် ချစ်ကြိုက်မိခြင်းကို အစပြုကာ အချစ်စစ်ကို ပြုစုပျိုးထောင်ပေးသွားနိုင်သည်။

ပြုစုပျိုးထောင်ခြင်းသည် ပန်းပျိုးသူတစ်ဦးကဲ့သို့ မြတ်နိုးနှစ်သက်မှုရှိသည်။ ပန်းချစ်သူသည် ပန်းပင်တို့ကို ပစ်မထား။ ရေလောင်း, ပေါင်းသင်, မြေသြဇာထည့်တတ်ရသည်။ မိမိချစ်ခင်သော သူ/အရာဝတ္ထုပေါ်တွင် မိမိ၏ စိတ်ဝင်စားမှု, စိတ်ခံစားမှုတို့ကို ရင်းနှီးမြှုပ်နှံသည်။ တာဝန်ယူရသည်။ ဤဖြစ်စဉ်ကို စိတ်ပညာက Cathexis ဟုခေါ်သည်။ Cathexis သည်လည်း မိမိ၏ အတ္တဥခွံကို ချဲ့ထွင်သည်။ သို့သော်လည်း ဤမျှနှင့်တော့ အချစ်စစ်မဟုတ်သေးဟု Peck ကဆိုသည်။ မိခင်သည် ရင်သွေးငယ် နို့ချိုတိုက်ကြွေး, ယုယပိုက်ထွေးကာ ပြုစုပျိုးထောင်သည်။ သို့သော်လည်း မိမိ၏ ရင်သွေးကြီးပြင်းလာ၍ မိမိအား မနာခံတော့သောအခါ အချစ်ကုန်ခမ်း သွားတတ်သေးသည်။ စိတ်နာကျည်းသွား တတ်သေးသည်။ ထို့ကြောင့် Cathexis သက်သက်သည်လည်း အချစ်စစ် မဟုတ်သေး။ မိမိပြုသမျှ နာခံမည့် အိမ်မွေးတိရစ္ဆာန်လေးများအား ချစ်သော အချစ်မျိုးသာဖြစ်သည်ဟု Peck ကဆိုသည်။

ပြုစုပျိုးထောင်မှုဆိုသော်လည်း ခံစားမှု (emotion) ကို ဗဟိုပြုသော ပြုစုပျိုးထောင်မှုမျိုးမဟုတ်။ မိမိကိုယ်တိုင်နှင့် မိမိချစ်သူတို့၏ စိတ်ဓာတ် အရည်အသွေး မြင့်မားလာစေရန် အသိပညာဖြင့် ထိန်းကွပ်မှုပါသည့် စေ့ဆော်မှု (volition) စေတနာကို အချစ်ဟုသတ်မှတ်သည်။ ထို့ကြောင့် သူ၏အဓိပ္ပါယ်အဖွင့်တွင် အလိုဆန္ဒ (desire) ဟုမသုံးပဲ စေတနာ (will) သုံးသည်။ “ရေကူးချင်တယ်” နှင့် “ရေကူးမယ်” ဟူသောစကားရပ်နှစ်ခုတွင် အလိုဆန္ဒနှင့် စေတနာတို့၏ ခွန်အားကွာခြားပုံကို သိနိုင်သည်။ ထို့ကြောင့် အချစ်သည် စွန့်စားဝံ့သော သတ္တိခွန်အား ပါသည်။ အချစ်သည် ပေးဆပ်ခြင်းမဟုတ်သော်လည်း ပေးဆပ်ဝံ့သည်။ အနစ်နာ ခံဝံ့သည်။ အဆုံးအရှုံးခံဝံ့သည်။ မိမိအလိုအတိုင်းမဖြစ်၍ အချစ်သည် ကုန်ခမ်းမသွား။ သတိပညာဖြင့် ရင်ဆိုင်နိုင်သည်။ အချစ်စစ်သည် မိမိ၏ စိတ်နှလုံးအား ဖြန့်ထုတ်ထားသည့် စိတ်ဖြစ်သည်။ မြင့်မြတ်ခြင်းဖြစ်သည်။

Peck သုံးသွားသော ဝေါဟာရများနှင့် ဖွင့်ဆိုသွားသော အချစ်၏ အဓိပ္ပါယ်သည် နားလည်ရ ခက်လောက်အောင် နက်ရှိုင်းသည် ဆိုရသော်လည်း၊ ဗုဒ္ဓဘာသာဝင်တို့အနေဖြင့် မေတ္တာတရားကို ပုံဖော်ထားသော ဝေါဟာရများနှင့် နှိုင်းယှဉ်ကြည့်နိုင်သည်။ ( မေတ္တာနှလုံးကိုယ်စီသုံး)

ဧရာ(မန္တလေး)

ချစ်တတ်ပြီ ပို့စ်အတွက်
sonata-cantata said...
ကွန်မန့်ဖြင့် ဖြည့်စွက်ပေးကြတဲ့ ဘလော့မိတ်ဆွေ အားလုံးနဲ့ ဖတ်သွားကြတဲ့သူ အားလုံးကို ကျေးဇူးပါ...
ဝန်ခံချင်တာကတော့ "ချစ်တတ်ပြီ" ဆိုတဲ့ ခေါင်းစဉ်လေး စိတ်ကူးနဲ့ တင်လိုက်ပါတယ်...တကယ် ချစ်တတ်ပြီလား ဆိုတာကတော့...
စာတွေ ဆက်ရေးချင်ပါသေးတယ်။

October 2, 2009 10:30 AM

မသီတာ



Read more...

သီလဟူသည်... ၁၂၆-၁၄၇ (တည်တောဆရာတော်)



တည်တောဆရာတော်၏ သီလဟူသည်...

စာမျက်နှာ ၁၁၄-မှ-၁၂၅-သို့...























Read more...

ဉာဏ်စဉ်တရားတော်


nyanzin - 006


Read more...

နှစ်သက်မိသော ဇင် ပုံပြင်များ (၁၃)

The Nature of Things




Two monks were washing their bowls in the river when they noticed a scorpion that was drowning. One monk immediately scooped it up and set it upon the bank. In the process he was stung. He went back to washing his bowl and again the scorpion fell in. The monk saved the scorpion and was again stung. The other monk asked him, "Friend, why do you continue to save the scorpion when you know it's nature is to sting?"
"Because," the monk replied, "to save it is my nature."


Read more...

Fast quickly

Why shouldn’t you do what you like ? Isn’t feeding the senses what life is all about ?

In fact no one can just do what they like. And no sense is safe when over fed. The Buddhist way was always about ‘RESTRAINT’.

A nice little article in The Daily Beast examines the benefits of fasting. Practically all religions, spiritual movements and even just health movements have proclaimed the benefits of fasting. It seems to have a strengthening effect on the spirit just as much as a healthy (when done right) effect on the body.

Abnegation is a way of adding oomph to any ritual; putting your stomach where your mouth is. It’s like saying, “Hey, God, I really mean it!”

The article points to research of fasting with arthritis, fertility, jet lag and ageing.

Very much like the mind. Fill it with exciting passtimes, and soon your energy depletes. If you try and meditate then the mind will simply leap about – because you have trained it to feed on stimulation. You have trained it to grasp. So it simply does what you have taught it to do. If you appreciate peace – the kind of peace that is vibrant, present and as bright as it is sharp, rather than the peace of a day-off or the peace of a nice snooze – then in meditation the mind settles more quickly. After, if you need to, you can direct the mind to whatever task you need it to perform.

The Sutta description is of a mountain spring that exits the ground and leaks away back into the soil. Compared to the spring that is walled up and the water collected so that it can be used for bathing, washing or drinking. When the wall is broken the water goes rushing in that direction. So does the mind rush to perform what task you set it if you have let it gather itself.

Another analogy from the suttas is that of a carriage with a team of fresh horses waiting at a crossroads. You only have to point the horses and click the reigns and they will charge in that direction.

The benefits of restraint are manifold, in both body (with fasting etc..) and mind. For all that, it has not become very popular in an age where youth and exctiement are held as the Holy Grail.



Read more...

The Six Councils


Three month after demise of Lord Buddha, in 543 B.C., the first great Samgha council was held at Rajagaha, the state capital of Magadha, modern Bihar of India. At this council the great disciple Mahakassapa presided over the 500 enlightened arahant monks. Upali recited the entire Vinaya, Ananda recited the entire Sutta, the eminent 3 disciples of Sariputtara recited the Abhidhamma. This council, all the disciplines of Lord Buddha decided unanimously to convene the Samgha council in order to preserve the purity of the teachings of the Buddha. They unanimously agreed that these were the pure original and real teachings of Lord Buddha. They neither substituted nor changed anything, they only maintained the Dhamma as the Buddha had taught. At this council all of the essential things were support by King Ajatasatthu of Magadha.


The second Buddhist Samgha council was held at Vesali, Bihar, India in 443 B.C. Seven hundred Mahatheras formed a committee and Venerable Yasa was elected president.

The notorious ten points of controversy were presented one bye one in the full assembly of the council which decided unanimously all of them to be illegal and immoral. After the declaration of the unanimous verdict of the assembly, the seven hundred monks engaged in the recital of the Vinaya and the Dhamma in chorus.

The monks who could not subscribe to the orthodox views convened another rival council in which ten thousand protesting monks participated. It was a great congregation of monks and they are known as Mahasamgikas as distinguished from the orthodox elder Theravadins. Thus, occurred the first schism in the Samgha which accounted for the origin of two schools: the Theravada school and the Mahasamghika School. The Mahasamghikas were the earliest to secede and were the forerunners of Mahayana Buddhism.


The third general Samga council was held at Pataliputta, modern Patana, Bihar, India, in 307 B.C. At that council, one thousand elders participated, headed by Tissa Thera, supported by the great Emperor Asoka. Then the pious King Asoka motivated the council to dispatch missionaries to nine different countries of the world for the propagation of Dhamma.


Dhammarikkhita Tera presided over the forth Buddhist council which was held at Aloka Cave, in the village of Mtale, Sri Lanka Dipa, in 93 B.C. Five hundred Maha Theras participated and pious King, Vattagamani Abhaya, supported the council. At the end of the council, the canonical texts along with commentaries were inscribed on palm leaves.


The fifth Buddhist council was held in Mandalay, Myanmar, in 1871 A.D. or 2414 years after the Buddha, under the patronage of King Mindon. Jagara Maha Thera presided over the twenty-four hundred learned monks who participated at the council. After the recitation of Tipitaka, canonical texts in Pali, recording of the entire cannon in Myanmar Pali characters on seven hundred twenty nine marble slabs continued for five months. Recording and editing were very carefully supervised by the most learned Myanmar Mahathera and the finished slabs were sheltered in shrines at the foot of the Mandalay Hills. This collection is now standing as the largest library of its nature in the modern world and if each slab were put together back-to-back, it would be the world’s largest book.


The sixth Buddhist Samgha council was held in Yangon, Myanmar in 1954 by twenty-five hundred learned monks from the five Theravada countries of the world and headed by Revata Thera. Delegations from India, Ceylon, Nepal, Combodia, Thailand, Laos, Pakistan, Tibet, Korea, China, Japan and other Asian countries participated with high honor and due respect.

The non-aggressive practical ethical and psychological system taught by the Buddha is called the Dhamma. The Dhamma never demands blind faith from its followers and it never teaches dogmatic system of belief. It never urges superstitions rites and ritual ceremonies from its followers. However, the Dhamma declares its supreme means that guides its disciples through pure living and pure thinking to the attainment of real wisdom and deliverance form all evil and misery. Such kind of teaching expounded by the Buddha is called ‘The Dhamma’.

It is popularly known as Buddhism. The Buddha has passed a way, but the sublime Dhamma still exists in its pristine purity. Although the Buddha has left no written records or His teachings, His distinguished disciples preserved them by committing to memory and transmitting them orally from generation to generation. Immediately after the demise of the Buddha, five hundred great elder disciples held a convocation to rehearse the Buddha’s teaching originally as taught by the teacher. All of the Buddha teachings are divided into three division which are called three baskets. The Tipitaka was compiled and arranged in its present form by chief Enlightened Mahatheras.

Reference book: The Great Occasion Of The Buddha By Dr. A Shin Nyanissara (Sitagu)

ရှေ့သို့ဆက်ရန်...

Tuesday, September 29, 2009

ရာဇဂြိုဟ် အငွေ့အသက်ကို ခိုလှုံ-ခံစားကြည့်မိခြင်း

ရာဇဂြိုဟ် အငွေ့အသက်ကိုJustify Fullခိုလှုံ-ခံစားကြည့်မိခြင်း


တီချယ် ဒေါ်အေးအေးသန့် - ထံ

တီချယ် ဥုးဇင်း မေးလ်လက်ခံရရှိပါတယ်။ တီချယ်လည်း ပြန်ဖို့ရာရက်နီးလာပြီထင်တယ်။ ဒီစာရေးနေတဲ့ အချိန်မှာပဲ တီချယ်ရဲ့ Home Stayဆောင်းပါးလေးကို ဖတ်ပြီးသွားပါပြီ။

ဆောင်းပါးလေး ဖတ်ရင်းနဲ့ တစ်ခါတုန်းက ဥုးဇင်းဖုန်းဆက်တော့ တီချယ်က မဆလာ များများနဲ့ချက်လေ့ရှိတဲ့ အိန္ဒိယအစားအစာကို သူငယ်ချင်းတွေနှင့် ကြုံတဲ့အခါ ခေါင်းမဖော် အောင်ဖော် စားတတ်တယ်-လို့ ပြောဖူးတာသတိရပြီး အိန္ဒိယ အစားအစာ ချက်ကျွေးလိုက်ရင်လည်း ပြီးတာပါပဲလေလို့ စိတ်ထဲက ပြောနေ မိပါသေးတယ်။

ဒါပေမယ့် တီချယ့် ဆောင်းပါးလေးရဲ့ မထင်မှတ်တဲ့ တစ်နေရာမှာ - မြန်မာ အလှူတွေ မှာကျွေးတဲ့ ကြက်သားနဲ့ အာလူးပဲ လက်စွမ်းပြတော့မယ်- ဆိုတာ တွေ့ရတော့ လူမျိုးရေးစိတ်ဓာတ်နဲ့ ဘာသာရေးစိတ်ဓာတ်နှစ်ခု ယှဉ်တွဲ ဆက်စပ်နေတာကို မြင်ယောင်နေမိပြန်ပါတယ်။

တစ်ကယ်တော့လည်း မြတ်ဗုဒ္ဓရဲ့ လမ်းစဉ်အောက်မှာ လျှောက်လှမ်းကြီးပြင်းခဲ့ရတဲ့ တပည့်သား ရဟန်းတစ်ပါးအနေနဲ့ ဖ-ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်က အဖြစ် အပျက်တွေ အာရုံထဲမှာ ပေါ်လာပါတယ် တီချယ်။ ဥုးဇင်းတို့ နာလန္ဒာတက္ကသိုလ်မှာ ဥုးဇင်းနေတဲ့ အဆောင်ကနေ လှမ်းပြီးတော့ ကြည့်လိုက်ရင် ဟိုး … အဝေးက မှိုင်းပျပျ တည်ရှိနေတဲ့ ဂိဇ္ဈကုဋ်တောင်တန်းကြီးကို မြင်နေရပါတယ်။ အဲဒီဂိဇ္ဈကုဋ်တောင်အနီးက ရာဇဂြိုဟ်မြို့ရဲ့ မြို့ဦးမြို့ထိပ်မှာ ဗုဒ္ဓမြတ်စွာသီတင်းသုံးတော်မူစဉ်မှာပဲ ရာဇဂြိုဟ်တိုင်း ပြည်ကြီးကို အုပ်ချုပ်နေ တဲ့ ဘုရင်ကြီးက အများသိကြတဲ့ သောတာပန်ရှင်ဘုရင်ကြီး ဗိမ္ဗိသာရမင်းမြတ်ပါ။

သောတာပန်ရှင်ဘုရင်ကြီး အုပ်ချုပ်တဲ့တိုင်းနိုင်ငံရဲ့ အစွန်းအဖျားမှာ သူပုန်သူကန်ဘေး တွေ တွေ့ကြုံလာတော့ ဗိမ္မိသာရမင်းမြတ်က စစ်သူကြီးတွေ၊ ၀န်ကြီးတွေကို အစည်းအဝေးခေါ်ယူပြီး သူပုန်သူကန်ဘေးတွေ ငြိမ်းချမ်းသွားအောင် စီမံတော်မူခဲ့ပါတယ် တီချယ်။ အဲဒီလိုနည်းနဲ့ တိုင်းပြည်ကို အုပ်ချုပ်တော်မူတဲ့ ဗိမ္ဗိသာရဘုရင်မင်းမြတ်ဟာ လောကုတ္တရာ အဆင့်အတန်းနဲ့ ကြည့်ရင်လည်း အခုခေတ် ဘယ်တိုင်းပြည်ရဲ့ ခေါင်းဆောင်တွေမှာမှ မရှိနိုင်တဲ့ အရည်အချင်းဖြစ်တဲ့ သောတာပန် - ဆိုတဲ့ ဂုဏ်ထူးကို ဆွတ်ခူးပိုင်ဆိုင်ထားသူ ဆိုတာကိုလည်း သတိထားစေလိုပါတယ်။ သောတာပန်ဘုရင်ရဲ့ ကိုးကွယ်ခံဘာသာဟာ ဗုဒ္ဓဘာသာဖြစ်သလို ဘာသာရဲ့ခေါင်းဆောင်ဟာလည်းမြတ်ဘုရားကိုယ်တော်တိုင် သက်တော်ထင်ရှား ရှိနေတဲ့အချိန်မှာပါ …. ဒီလိုအချိန် ဒီလိုအခါ ဒီလိုအနေအထားမျိုး သောတာပန် ဘုရင်လက်ထက်မှာပဲ စစ်တိုက်ခဲ့ရတဲ့ အဖြစ်အပျက်တွေ။ ကာက၀လ္လိယလို သူခိုးကို တံကျင်လျှိုထိုးပြီး သေမိန့် ပေးခဲ့ရတာတွေ။ အခါကြီးရက်ကြီးမှာ သားငါးတွေမသတ်ရဘူး-လို့ဘုရင်က အမိန့်ထုတ်တားပေမယ့် အခါလေး ရက်ကလေးမှာတော့ သားငါးတွေ သတ်နေကြတာကို ဒကာဖြစ်တဲ့ သောတာပန်ရှင်ဘုရင်က မတားမြစ်ခဲ့သလိုပဲ ဆရာဖြစ်တဲ့ မြတ်ဘုရား ကိုယ်တော် တိုင်လည်း ဗိမ္ဗိသာရမင်းမြတ်ရဲ့ အုပ်ချုပ်ရေးစနစ်မှာ ၀င်ရောက်စွက်ဖက် ပိတ်ပင်မှုတွေ မပြုလုပ်ခဲ့ပါဘူး တီချယ်။

ဒီအကြောင်းအရာကို ဘာဖြစ်လို့ ပြောပြနေရတာလဲဆိုတော့ - The World Is Flat-ကမ္ဘာပြားတဲ့(21)ရာစု ဒီကမ္ဘာလူသားတော်တော်များက ဗုဒ္ဓဘာသာဟာ ဘာမလုပ်ရဘူး။ ဘယ်လို ပိတ်ပင်တယ်။ ဘယ်လို တားမြစ်တယ် - ဆိုတဲ့ အကြောင်းမဲ့ စွပ်စွဲချက်မျိုးတွေကို တွေ့ရ၊ မြင်ရ၊ ကြားနေလို့ပါ တီချယ်။ အထက်ပါ ဖော်ပြမှုပါ သာသနာမှာဆရာဖြစ်တဲ့ ဗုဒ္ဓမြတ်စွာကိုယ်တောင်တိုင်နဲ့ တိုင်းပြည်အုပ်ချုပ်မှုမှာ အဓိကနေရာက ပါဝင် နေတဲ့ ဗိမ္ဗိသာရ ဘုရင်မင်းမြတ်တို့ရဲ့ ဆရာ/ဒကာ သာသနာ ပြုခဲ့ပုံတွေကို သိနားလည်နိုင်စေဖို့ပါ တီချယ်။

နောက်ပြီး တီချယ်ရဲ့ ဆောင်းပါးတွေကို ဖတ်လိုက်ရတိုင်း အမျိုးသားရေးစိတ်ဓာတ်နဲ့ ဘာသာရေးအခြေခံ အတွေးအခေါ်တွေ၊ ယဉ်ကျေးမှုအမွေအနှစ် တန်ဖိုးထား မှုတွေ တော်တော်များများကို တွေ့ထိခံစားရတာလည်း တစ်ကြောင်း၊ တစ်ခါ တီချယ်ဟာ ကိုယ်သိသလို သူတစ်ပါးကို (အထူးသဖြင့် လူငယ်တွေကို) သိစေချင်၊ မြင်စေချင်၊ တက်စေချင်၊ ရစေချင်တဲ့ဆန္ဒများစွာဟာ - ဆရာအောင်သင်း စကားလုံး ငှားသုံးရမယ် ဆိုရင်တော့ - မျိုးဆက်သက်တို့ တိုးတက်ရစ်ဖို့ - လို့ဆိုရင် ဥုးဇင်းအမြင် မှားမယ်မထင်ပါဘူး။ ဒီလိုအကြောင်း များစွာရှိလို့လည်း ဒီစာကိုရေးဖြစ်တာလည်းပါပါတယ်။

(မှတ်ချက်)တီချယ့်ဆောင်းပါးကို ဖတ်ပြီးပြီးချင်း ရေးလိုက်ရလို့ အမှားများပါ သွားခဲ့ရင် နားလည်းပေးပါရန် ဖော်ပြအပ်ပါတယ်။

တီချယ်တို့မိသားစုနှင့်တကွသောAAT–မိသားစုအားလုံးကိုယ်ကျမ်းမာ၊ စိတ်ချမ်းသာ လိုရာ ဆန္ဒ ပြည့်ဝကြစေလို့ ဆုမွန်ဆန္ဒ ပြုလိုက်ရပါတယ်။


သတိတရ - မေတ္တာဖြင့် …..
ဥုးဇင်း (ခေတ္တ - အိန္ဒိယ)



ကျမ်းကိုး ….

ခုဒ္ဒကနိပါတ၊ ဓမ္မပဒ အဋ္ဌကထာ

ရှေ့သို့ဆက်ရန်...



Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP