* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Thursday, October 1, 2009

မယုံရင် ပုံပြင်ပဲမှတ်ရမှာလား

အမေး။ ။ဘုန်းကြီးနှင့် သားသတ်သမား တို့ကမိတ်ဆွေတွေဖြစ်ကြတယ်။ ဘုန်းကြီးက မနက်တိုင်းထပြီး ဘုရားစာတွေ ရွတ်တယ်။ သားသတ်သမားလဲ စောစောထပြီး သားသတ်ပြီးရောင်းလေ့ရှိတယ်။ မနက်အိပ်ယာထနောက်မကျအောင်လို့ တစ်ဦးကို တစ်ဦး နိုးဖို့ ပြောကြတယ်။ ဒီလိုနဲ့ သူတို့တွေ သေဆုံးတော့ သားသတ်သမားက နတ်ပြည်ရောက်ပြီး ဘုန်းကြီးကတော့ ငရဲပြည်ရောက်သွားတယ်။ အဲဒါဘာ့ကြောင့်ပါလဲဘုရား။ ဒီအကြောင်းဟာ ဗုဒ္ဓဘာသာမှာကော ရှိပါသလားဘုရား။ ဒါမှမဟုတ် မယုံရင် ပုံပြင်ပဲ မှတ်ရမှာလားဘုရာ။
မယ်အေး
ရန်ကုန်
အဖြေ။ ။ဒီဟာက ပုံပြင်အဆင့်မှာပဲ ရှိပါတယ်။ ဒါကြောင့် ဘာသာခြားတွေရဲ့ ပုံပြင်တစ်ခုလို့ပဲ သတ်မှတ်လိုက်ပါ။ ဒီအမေးအတွက် အဖြေမရှိပါဘူး။ ဒါပေမဲ့ မေးခွန်းရှင်အတွက် ကျေနပ်လောက်တဲ့ အဖြေလေးတော့ ပေးလိုက်ပါရစေ……..

ဒီအမေးအတွက် ကံနဲ့ ကံအကျိုး ယုံကြည်တဲ့ ဗုဒ္ဓဘာသာဝင်များအဖို့ တော့ အမြင်ရှင်းကြပါလိမ့်မယ်။ ဘုရားရှင်က စိတ္တေန နီယတိ လောက - လောကကို စိတ်က ဦးဆောင်တယ် လို့ဆိုထားပါတယ်။ ဒါကိုပဲ စိတ်သာရှင်စောဘုရားဟော လို့လဲ ပြောကြပါတယ်။အတူတူပါပဲ၊ ပုထုဇဉ်လူသားတစ်ယောက်မှာ ကုသိုလ်မရှိရင် အကုသိုလ်ရှိမယ်။ အကုသိုလ်မရှိရင် ကုသိုလ်ရှိမယ်။ တစ်ခုမဟုတ် တစ်ခုရှိမယ်။
ဒါကြောင့် ကုသိုလ်၊အကုသိုလ် ကို သဘောပေါက်အောင် အရင်ပြောပါ့မယ်။
လူတွေဟာ အကုသိုလ်ဆိုလို့ရှိရင် မကောင်းတာပဲ သိတယ်၊ ဘာမကောင်းတာလဲ ဆိုတာ မသိဘူး။ ဒါကြောင့် အကုသိုလ်ရဲ့ သဘောကို အရင်ပြောပါမယ်။
အကုသိုလ်ဆိုတာ အပြစ်ရှိတယ်၊ ဆင်းရဲတဲ့အကျိုးပေးခြင်းလက္ခဏာရှိတယ်။ အပြစ်ဆိုတာ ရလိုမှု၊ လိုချင်မှု အပြစ်၊ မခံသာ၊နှလုံးမသာမှုအပြစ် တွေပါ။ ဒါတွေဟာ စိတ်ထဲရှိနေသမျှ ကာလပတ်လုံး စိတ်ဟာ ရှုပ်ထွေးနေမယ်၊ ဒီအပြစ်တွေကြောင့် စိတ်လွတ်လပ်မှု မရှိတော့။ လွတ်လပ်မှုမရှိတဲ့စိတ်ဟာ ဆင်းရဲစေပါတယ်။ အဲဒါကိုပဲ အကုသိုလ် လို့ခေါ်တယ်။
ကုသိုလ်ဆိုတာ ကောင်းတယ်လောက်ပဲ သိကြတယ်။ ဒါကြောင့် ကုသိုလ်ရဲ့သဘောကို ပြောပါ့မယ်။ ကုသိုလ်ဆိုတာ အပြစ်မရှိခြင်း၊ ကောင်းတဲ့အကျိုးကို ပေးတဲ့ လက္ခဏာ ရှိတယ်။ အဲဒါကို ကုသိုလ်လို့ခေါ်တယ်။ နားလည်အောင် ဆက်ပြောရရင်…
လိုချင်မှုတွေကင်းနေတာရယ်၊ မခံသာမှုတွေကင်းနေတာရယ်ကြောင့် စိတ်ဟာ ရှင်းပြီး လွတ်လပ်ပေါ့ပါးနေပါတယ်။ ပေါ့ပါးလွတ်လပ်ပြီး အပြစ်ကင်းနေတဲ့စိတ်ဟာ ချမ်းသာစေတပါတယ်။ အဲဒါကိုပဲ ကုသိုလ် လို့ခေါ်တာပါ။
ဥပမာ….အနာရှိတဲ့ လက်နဲ့ ဆားကိုင် မိရင် စပ်မှာပါ၊ အနာမရှိတဲ့ လက်နဲ့ ဆားကိုင်ရင် မစပ်ပါဘူး။ ဘုရားရှင်လက်ထက်က လင်က မုဆိုး၊ မယားက သောတာပန်ပါ။ အဲဒီမှာ မုဆိုးတောလည်သွားဖို့အတွက် မနက်ပိုင်းမှာ မယားက မြှားတွေကို ပြင်ဆင်ပေးရပါတယ်။ အဲဒီမှာ လင်မုဆိုးရဲ့အလုပ်မှာ မယားက စိတ်ပါလို့ လုပ်ပေးတာမဟုတ်ဘူး၊ မယားဝတ္တရားပျက်ကွက်မှာ စိုးလို့ လုပ်ပေးခြင်းဖြစ်တယ်။ ဒါကြောင့် အနာမရှိတဲ့ လက်နဲ့ဆားကိုင်တော့ မစပ်သလိုပဲ မယားမှာ အကုသိုလ်မဖြစ်ပါဘူး။
ဓမ္မပဒအဋ္ဌကထာ၊ စက္ခုပါလမထေရ်ဝတ္ထုမှာ မျက်စိကွယ်နေတဲ့ စက္ခုပါလမထေရ်ဟာ ကျောင်းအရှေ့ ပုရွက်ဆိတ်တွေရှိတဲ့ နေရာမှာ စက်ြန်လျှောက်နေပါတယ်။ အဲဒိမှာ ပုရွက်ဆိတ်လေးတွေဟာ မထေရ်က နင်းလို့ သေကုန်ပါတော့တယ်။ မထေရ်ဟာ သတ်လိုတဲ့စေတနာမရှိဘူး။ သူဟာ မျက်စိကွယ်နေတဲ့အတွက် ပုရွက်ဆိတ်ကို မမြင်ဘဲ လမ်းလျှောက်မိတာပါ။ နင်းမိလို့ ပိုးတွေသေသွားသော်လည်း သတ်လိုတဲ့စိတ် မရှိတဲ့အတွက် အကုသိုလ် မဖြစ်ပါဘူး။
ဒါကြောင့်လည်း စိတ်သာရှင်စော ဘုရားဟောလို့ ပြောတာပေါ့။ ဒါကြောင့် အချူပ်ပြောရရင် စိတ်ထဲမှာ အကုသိုလ်ဖြစ်ရင်တော့ ဆင်းရဲ့တဲ့အကျိုးခံစားရမယ်။ ကုသိုလ်စိတ်ဖြစ်ရင် ချမ်းသာတဲ့အကျိုးခံစားရမှာဖြစ်တယ် ဆိုတဲ့အကြောင်းဖြေကြားပေးလိုက်ပါတယ်။

« ပြန်ခေါက်ထားရန်



Read more...

ကြံတန်ဖိုးနှင့် ကုသိုလ်အဖို့


ဝိပဿီမြတ်စွာဘုရား ပွင့်တော်မမူမီ သာသနာပ ကာလက ညီအစ်ကိုနှစ်ယောက်ရှိပါတယ်။

တစ်နေ့တော့ ညီဖြစ်သူက ကြံခင်းကို သွားပါတယ်။ အပြန်ကျတော့ အိမ်မှာကျန်ခဲ့တဲ့ အစ်ကိုအတွက် တစ်ချောင်း၊ သူ့အတွက် တစ်ချောင်းဆိုပြီး ကြံနှစ်ချောင်းခုတ်ခဲ့ပါတယ်။

သူတို့ခေတ်က ကြံကို စက်နဲ့ကြိတ်စရာမလိုပါဘူး၊ ကြံပင်ကို အရင်းကပဲဖြစ်ဖြစ်၊ အဖျားကပဲဖြစ်ဖြစ်မြှောက်လိုက်ရင် ကြံရည်တွေ ထွက်ကြလာပါတယ်။ဒါကြောင့် ညီဖြစ်သူက ကြံရည်တွေ အပြင်ထွက်မကျအောင် ဖြတ်ထားတဲ့ အရင်းပိုင်းကို သစ်ရွက်နဲ့အုပ်ချည်ချည်ပြီး ယူခဲ့ပါတယ်။

ဒီလိုနဲ့ကြံပင်နှစ်ချောင်းကို ယူလာရင်း လမ်းမှာ ပစ္စေက ဗုဒ္ဓါအရှင်မြတ်တစ်ပါးနဲ့တွေ့ပါတယ်။ ညီဖြစ်သူက အရှင်မြတ်ကို ခေတ္တထိုင်ခိုင်းပြီး သပိတ်ထဲကို ပါလာတဲ့ ကြံနှစ်ချောင်းထဲက တစ်ချောင်းကို စိုက်ချလိုက်ပါတယ်။ ဒီတော့ ကြံရည်တွေ သပိတ်ထဲကို ကျလာပါတယ်။

ပစ္စေကဗုဒ္ဓါအရှင်မြတ်ကလည်း နေရာမှာတင် ထိုင်လျက် ဘုဉ်းပေးပါတယ်။ အရှင်မြတ်တစ်ခါတည်း ဘုဉ်းပေးတာကို ကြည့်ပြီး သဒ္ဓါတရားတွေ ပိုဖြစ်သွားပါတယ်။ ဒါကြောင့် အစ်ကိုဖြစ်သူရဲ့ ကြံချောင်းကို ကိုင်းရင်း အစ်ကို့အနေနဲ့ ကြံတန်ဖိုးကို ယူချင်ယူ၊ ဒါမှ မဟုတ် ကုသိုလ်အဖို့ကို ယူချင်ယူ အစ်ကို့ရဲ့ကြံချောင်းကိုလည်း လှူလိုက်တော့မယ် လို့ တွေးပြီး အစ်ကိုလုပ်သူရဲ့ ကြံချောင်းကိုပါ လောင်းထည့်ပြီး လှူလိုက်ပါတယ်။

ဒါပေမဲ့ ပစ္စေက ဗုဒ္ဓါအရှင်မြတ်က ပထမ ကြံချောင်းနဲ့တင် ပြည့်စုံသွားပြီဆိုတော့ ဒုတိယကြံချောင်းကိုတော့ အခြားပစ္စေကဗုဒ္ဓါ အရှင်မြတ်တွေအတွက် အလှူခံလိုက်ပါတယ်။

ညီဖြစ်သူလည်း အရှင်မြတ်ကို ရှိခိုးဦးချပြီး ဘုရားတပည့်တော်သည် ဤကြံရည် လှူဒါန်းရသော ကုသိုလ်ကောင်းမှုကြောင့် နတ်ပြည် လူ့ပြည်တို့၌ စည်းစိမ်ကို ခံစားစံစား သုံးဆောင်ပြီးလျှင် အဆုံးဘ၀နောက်ကာလ၌အရှင်မြတ်သိတဲ့ တရားကိုသာ ရရပါလို၏ လို့ ဆုတောင်းလိုက်ပါတယ်။

အရှင်မြတ်ကလည်း သင်ဆုတောင်းတဲ့ ဆု အတိုင်းပြည့်စေလို့ ဆုပြန်ပေးလိုက်ပါတယ်။

နောက်တော့ အရှင်မြတ်လည်းကောင်းကင်ခရီးနဲ့ ပြန်ကြွသွားပါတယ်။ ကောင်းကင်ခရီးနဲ့ကြွသွားတဲ့ အရှင်မြတ်ကိုကြည့်ပြီး ညီဖြစ်သူက ပိုပြီး သဒ္ဓါတရားတွေ ဖြစ်သွားရပြန်ပါတယ်။

အိမ်ရောက်တော့ အစ်ကိုဖြစ်သူကို အကြောင်းစုံပြောပြပြီး ကြံဖိုးကို ယူမလား၊ ကုသိုလ်အဖို့ကို ယူမလားလို့မေးပါတယ်။ အစ်ကိုဖြစ်သူကလည်း နေပါဦး အရှင်မြတ်အကြောင်းကို သေချာပြောပြပါဦးလို့မေးပါတယ်။

ဒီတော့ညီဖြစ်သူက အစ်ကိုရယ်အရှင်မြတ်က ကပ်တဲ့ကြံရည်ကို နေရာမှာတင်ထိုင်ပြီးဘုဉ်းပေးတယ်။ အစ်ကို့အတွက် လှူတဲ့ကြံရည်ကို အခြားပစ္စေကဗုဒ္ဓါအရှင်မြတ်တွေအတွက် အလှူခံပြီး ကောင်းကင်ခရီးနဲ့ပြန်ကြွသွားတယ် အစ်ကိုရလို့ ရှင်းပြပါတယ်။

အစ်ကိုဖြစ်သူက သူ့အတွက်လှူတဲ့ကြံရည်ကို အခြားပစ္စေကဗုဒ္ဓါအရှင်မြတ်တွေ ဘုဉ်းပေးဖို့ယူသွားတာရယ်၊ ကောင်းကင်ခရီးနဲ့ကြွသွားတာရယ်ကို ကြားလိုက်ရတော့ တစ်ကိုယ်လုံးပီတိတွေဖြစ်သွားပါတယ်။ ဒါကြောင့် လက်အုပ်လေးချီးပြီး ဤသို့ လှူဒါန်းရသော ကုသိုလ်ကြောင့် ပစ္စေကဗုဒ္ဓါအရှင်မြတ်တို့သိအပ်သော တရားထူးကိုသာရရပါလို၏ လို့ ဆုတောင်းလိုက်ပါတယ်။

ညီအစ်ကိုနှစ်ယောက် ကုသိုလ်ပြုပြီးဆုတောင်းတဲ့နေရာမှာ ညီက လူ့စည်းစိမ် နတ်စည်းစိမ်ရယ် နိဗ္ဗာန်ရယ်ဆုတောင်းပါတယ်။ အစ်ကိုကတော့ နိဗ္ဗာန်တစ်ခုပဲဆုတောင်းပါတယ်။ ညီကတော့ အပိုအဆစ်လောကီဆုလေးပါ တွဲတောင်းပါတယ်။ ဆုတောင်းကွာတော့ အကျိုးပေးလည်းကွာပါတယ်။ အစ်ကိုဖြစ်သူက ၀ိပဿီမြတ်စွာဘုရားလက်ထက်မှာ အရဟတ္တမဂ် အရဟတ္တဖိုလ်ရပြီး ရဟန္တာဖြစ်သွားပါတယ်။ ညီဖြစ်သူကတော့ သူ့ဆုတောင်းအတိုင်း လူ့နတ်စည်းစိမ်တေါ အပြည့်အ၀ခံစားပြီး ဂေါတမ ဘုရားလက်ထက်ကျမှ အရဟတ္တဖိုလ်ရသွားပါတယ်။

ဒီပုံဝတ္တုလေး ကိုဖတ်ရခြင်းအားဖြင့် သက်ရှိတစ်စုံတစ်ယောက်ဟာ သက်ရှိတစ်စုံတစ်ယောက်အတွက် ကုသိုလ်ပြုပေးလို့ရတယ်ဆိုတာ သိရပါတယ်။ ကိုယ်ကြည်ညိုလေးစားတဲ့ ကျေးဇူးများတဲ့ ချစ်ခင်ရတဲ့ တစ်စုံတစ်ယောက်အတွက် ကုသိုလ်ပြုပေးမယ် ဆိုရင် ဟိုတစ်ဖက်သားမှာ ကုသိုလ်တွေ ရသွားပါတယ်။ သိအောင်လည်း ၀မ်းမြောက်အောင်လည်း ပြောပြဖို့လိုပါတယ်။ ဒါမှလည်း တဖက်သားမှာ ကုသိုလ်တွေဖြစ်မှာပါ။ ဥပမာ- ကိုယ် ခရီးဝေးတစ်ခုသွားမယ် ရောက်တဲ့အရပ်မှာ ကိုယ်အမေအတွက် အမေ့နာမည်နဲက ကုသိုလ်ကောင်းမှုလေးတွေပြုခဲ့မယ်။ အိမ်ပြန်ရောက်တဲ့အခါ လှူဒါန်းထားတဲ့ အလှူခံဖြတ်ပိုင်းလေးကိုပြပြီး အမေ့အတွက် လှူခဲ့ပါတယ်။သာဓုခေါ် ဆုတောင်းပါလို့ပြောပြမယ်ဆိုရင်လည်း ကိုယ့်မိဘအတွက်ကျေးဇူးဆပ်ခြင်းတစ်မျိုးပါ။ ဒီလိုပါပဲ...

ကိုယ်သံယောဇဉ်ရှိတဲ့ မိတ်ဆွေတစ်ယောက်ရဲ့ မွေးနေ့မှာ ငါးဈေးတန်းက သတ်တော့မယ် ငါးအရှင် လတ်လတ်တွေကို ၀ယ်ပြီး မြစ်ချောင်းတစ်ခုခုမှာ ဘေးမဲ့လွှတ်ပေးမယ်ဆိုရင်လည်း သူငယ်ချင်းမိတ်ဆွေအတွက် ထူးခြားတဲ့ ဇီဝိတဒါန မွေးနေ့လက်ဆောင် ကောင်းတစ်ခုပါပဲ။

ပစ္စည်းဝတ္တုကိုပေးတာက ဒီဘ၀အတွက်ပါ၊ ကုသိုလ်ပြုပေးတာက သံသရာတစ်လျှောက်လုံးအတွက်ပါ။ အမှန်တကယ် သံယောဇဉ်ရှိတယ်၊ အကျိုးလိုလားတယ်ဆိုရင် ပစ္စည်းဝတ္တုတင်မကဘဲ ကုသိုလ်လေးတွေပါ ပြုပြုပေးတာက အကောင်းဆုံးလက်ဆောင်တစ်ခုပါ။

ဆုတောင်းရာတွင်လည်း နိဗ္ဗာန်တစ်ခုပဲ ဆုတောင်းသူနဲ့၊ နိဗ္ဗာန်နဲ့ အတူ လောကီအကျိုးကိုပါ တွဲဖက် ဆုတောင်းသူတို့ရဲ့ ကွာဟချက် ၊ မြန်မြန်ရစေတဲ့ဆုတောင်းနဲ့ နှေးနှေးရစေတဲ့ ဆုတောင်းတို့ရဲ့ကွာခြားချက်ကို သိရပါတယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။
ညခင်း



Read more...

*သေခြင်းတရားနှင့် မေတ္တာ-၁*

ဝိပဿနာ တရား အားထုတ်ခြင်းကို ပုံရိပ်ဖြင့် ထင်အော် သရုပ်ဖော် ပြောဆိုကြရာတွင် ဤလုပ်ငန်းသည် ကြိုးတန်းလျှောက်သော အလုပ်နှင့် တူသည်ဟု ပြောဆိုလေ့ ရှိပါသည်။ ကြိုးတန်း လျှောက်သောအခါ ထင်ရှားသော အချက်တစ်ချက်မှာ ကိုယ်နေဟန်ထား မှန်အောင် ဟန်ချက် ညီနေအောင် သတိကို မြဲမြဲထားရခြင်း ဖြစ်သည်။ ကြိုးတန်း လျှောက်နေစဉ်မှာပင် အမျိုးမျိုးသော အာရုံများက ကျွန်ုပ်တို့ကို လေဖြတ်တိုက်သလို ဖြတ်သန်း တိုက်ခိုက်နေပါသည်။ အမျိုးမျိုးသော မြင်ကွင်းများ၊ အမျိုးမျိုးသော အသံများ၊ အမျိုးမျိုးသော ခံစားချက်များ၊ အမျိုးမျိုးသော အတွေးများ၊ အမျိုးမျိုးသော အကြံအစည်များ ဖြစ်ပါသည်။

ထိုအရာများသည် အကယ်၍ နှစ်သက်ဖွယ် အာရုံများ ဖြစ်လျှင် နှစ်သက်ဖွယ် အာရုံတို့၌ ကျက်စား ငြိတွယ်တတ်သော အထုံပါနေသော စိတ်သည် ထိုအာရုံများကို ဖက်တွယ်ရန် ကြိုးစားပြီးလျှင် ထိုအာရုံများ ဆက်လက် တည်နေစေရန်လည်း အားထုတ်ပြန်သည်။ အကယ်၍ ထိုအဆင်းများ၊ ထိုအသံများသည် မနှစ်သက်ဖွယ်သော အာရုံများ ဖြစ်ကြပြန်လျှင်လည်း စိတ်၏ အလေ့အထုံမှာ ထိုအာရုံများဆီသို့ မလိုမုန်းထားသော သဘောဖြင့် ရောက်သွားပြီးလျှင် ထိုအာရုံများကို မောင်းနှင်ဖယ်ရှား သုတ်သင်ပစ်ရန် အားထုတ်ပြန်တော့၏။ ထိုဖြစ်ရပ် နှစ်ခုစလုံးတွင် ကျွန်ုပ်တို့သည် သတိ ချွတ်ယွင်းကာ ကိုယ်နေဟန်ထား ပျက်ပြီး ကြိုးတန်းပေါ်က လိမ့်ကျရ လေတော့သည်။ လက်ခံသော တုံ့ပြန်မှုပဲ ဖြစ်ဖြစ်၊ ငြင်းပယ်သော တုံ့ပြန်မှုပဲ ဖြစ်ဖြစ် အန္တရာယ် များခြင်း၌ သဘောချင်း အတူတူပင် ဖြစ်၏။ မည်သည့် အရာဖြစ်စေ၊ နှစ်သက် ဂုဏ်ယူဖွယ်သော အရာဖြစ်စေ၊ သို့မဟုတ် မနှစ်သက်ဖွယ်ရာ ကြောက်မက်ဖွယ်ရာ အာရုံဖြစ်စေ ကျွန်ုပ်တို့အား စိတ်အာရုံ ညီမျှမှု ပျက်ပြားအောင် ဆောင်ရွက်သော ကိစ္စ မှန်သမျှသည် ကျွန်ုပ်တို့ကို ခြေချော် လိမ့်ကျအောင် ဖန်တီးသော အရာချည်းသာ ဖြစ်ကြပါသည်။

ထို့ကြောင့် ကျွန်ုပ်တို့သည် မိမိတို့၏ စိတ်ကို တဏှာရာဂ ဆွဲဆောင်ရာ နောက်သို့လည်း မပါအောင်၊ အမျက်ဒေါသ အမုန်းနောက်သို့လည်း မပါအောင် စောင့်ရှောက် ထူထောင်ရမည်။ မည်သူ့ကိုမျှ တွယ်တာခြင်း မရှိ၊ တပ်ငြိခြင်း လုံးဝမရှိ၊ သူ့ဘာသာဖြစ်ပြီး ပျက်သွားသော သဘောရှိသော စိတ်ကို ဖြစ်ပေါ်အောင် ထူထောင်ကြရမည် ဖြစ်သည်။

အနိစ္စ ၀ိဇ္ဇာဉာဏ်ကို ရသော ၀ိပဿနာ ထိုးထွင်းသိမြင်မှု ဖြစ်ပေါ်လာသော အခါ သံယောဇဉ် ကင်းသည့်သဘော၊ တဏှာ ကပ်ငြိမှု ကင်းသောစိတ် ဖြစ်ပေါ်လာပါသည်။ ဤဉာဏ် အဆင့် တစ်ဆင့်သို့ ရောက်သောကာလ မရဏဆိုသော သေခြင်းတရားသည် မလွှဲမရှောင်သာ ရင်ဆိုင်ရမည့်၊ မကြာခင် ဖြစ်ပေါ်လာတော့မည့် ကိစ္စဖြစ်သည်ကို သဘောပေါက်နေ ပါတော့သည်။


ဆက်လက် ဖော်ပြပါမည်။

>>> ဆရာဦးဆန်းလွင်နှင့် ဆရာဦးဟန်ဌေးတို့ ဘာသာ ပြန်ဆိုသော ဂိုးလ်စတိန်း၏ ကိုယ်တွေ့ ၀ိပဿနာ စာအုပ်မှ ကူးယူဖော်ပြ မျှဝေအပ် ပါတယ် ခင်ဗျာ...။

လေးစားစွာဖြင့်
ဖိုးသား


Read more...

a comic interlude



I very much appreciated Will Buckingham's excellent and very kind response to my post yesterday. In the very gentlest of ways he pointed out how his review of Ralph Flore's magnificent book concentrated on themes that I didn't fully address in my own response, and his conclusion, the danger of taking both reverence and irreverence to extremes, is one I very much agree with.

Of course I imagine we differ in the level of irreverence we are comfortable with, after all I'm the kind of person who instinctively recoils when I read a Zen master calling the Buddha a shitstick. Buckingham almost certainly giggles. There's room for, and lessons to be learnt, in each response. No wonder Jack, on his blog, calls me a saint, while others call me all kinds of things!

But some lovely humour came my way this week and, though it hardly makes the criteria for this blog, I just had to share. It's so sweet, and in its portrayal of the characters, my enthusiasms and Ikumi's patience, so true. It happened like this. I've been sick all week with the flu, with only one daily crawl down to the Internet cafe, and Ikumi, naturally enough, was concerned about me.

She sent me a list of symptoms, pointing to H1N1 no doubt, and encouraged me to get to the hospital if I had them. I wrote back asking her not to worry and playfully promising, as you do, that if I die I'll see her in the Pure Land, and could she be sure to chant some Namu Amitabul at the funeral. Well, I often talk about how good a writer Ikumi is, but her response was the very best yet!

"Are we going to meet up in the Pure Land when we die?" she wrote. "I can just imagine the situation:"

"Excuse me, I've just arrived here and I'm looking for Marcus. Do you know where he is?"

"GTM Marcus? Oh yes, of course! And you are Ikumi, right? He often talks about you. But I'm awfully sorry, he left a few days ago. I believe he's gone to Heaven."

"What? Heaven? Why? Is he coming back?"

"Erm, yes, I think so. He said that there was something... erm... Christmas? Anyway, after that, he'll be back."

"Oh, okay, thank you. I'm sure he'll be back by the end of December, he won't want to miss the bell at New Years. I'll just pick some flowers while I wait for him."

Thank you Ikumi!


Read more...

ကောင်းမွန် ဓမ္မဒူတခရီးသွားမှတ်တမ်း (အပိုင်း-၄)





အခန်းအနားအစီအစဉ်

နံနက်ပိုင်း အစီအစဉ်
အခမ်းအနားကို နံနက် (၉း၃ဝ) နာရီတွင် စတင်သည်။ ဟောပြောကြမည့်ပုဂ္ဂိုလ်များမှာ စာရေးသူတို့ သုံးပါးနှင့် ဘိက္ခုနီမတို့ဖြစ်ကြသည်။ အခမ်းအနားမှူးမှာ ဥပါသကာ မစ်စတာ စဂါရ် ဖြစ်သည်။ ပရိသတ်မှာ ၅ဝ ခန့်ရှိပြီး အမျိုးသား အမျိုးသမီး ကလေး လူငယ် လူလတ် လူကြီး စုံညီစွာ တက်ရောက်ကြသည်။ အထူးသဖြင့် အမျိုးသားများသည် ဝတ်ဖြူစင်ကြယ် တူညီဝတ်ဆင်ထားကြသည်။ ရှေးဦးစွာ ရုပ်ပွားဆင်းတုတော်မြတ်အား ဖယောင်းမီး နံသာအမွှေးတိုင်များ ထွန်းညှိပူဇော်ရသည်။ ထို့နောက် အန်ဘေဒကာ၏ ဓာတ်ပုံအား ဖယောင်း နံသာတိုင်ဖြင့် ထွန်းညှိရသည်။ ထို့နောက် (နှင်းဆီပန်းများကို ချွေထားသော) ပန်းဖတ်များကို ကြဲဖြန့်လှူဒါန်းရသည်။ ထို့နောက် ဟောပြောကြမည့် စာရေးသူတို့အား ပန်းစည်း လက်ဆောင်များ ပေးကြသည်။ ထို့နောက် ဘုရားရှိခိုး၊ ငါးပါးသီလတောင်း။ မေတ္တာပို့ကြသည်။ ထို့နောက် ဟောပြောပွဲစတင်သည်။ ရှေးဦးစွာ အရှင်ကောဝိဒသိရီ (သီတဂူစတား) ဟောပြောပြီး စာရေးသူ ဦးစန် ဘိက္ခုနီမတို့ အစဉ်အတိုင်း ဆက်လက် ဟောပြောကြသည်။ အရှင်ကောဝိဒသိရီ (သီတဂူစတား) က ဗုဒ္ဓဘာသာရဲ့ အနှစ် (the essence of Buddhism) အကြောင်း၊ စာရေးသူက ဓမ္မစကြာအနှစ်ချုပ်၊ ဦးစန်က the foundation of Buddhism )ငါးပါးသီလ အကြောင်းကို ဟောပြောသည်။ ဟောပြောသောအခါ အင်္ဂလိပ်လိုဟောပြောရပြီး ဘာသာပြန်အဖြစ် ဥပါသကာ ဝိက ကဆောင်ရွက်သည်။ ဘိက္ခုနီမမှာ စောဠပူရမြို့ သူဖြစ်သည့်အားလျှော်စွာ မိခင် မာရတီဘာသာဖြင့် တရားနာ ပရိသတ် ကလေး လူကြီး စိတ်ဓာတ် တက်ကြွလာအောင် မြိုင်မြိုင်ကြီး ဟောပြောသွားနိုင်သည်ကို တွေ့ရသည်။ တရားပွဲအခမ်းအနားသည် ၂ နာရီခန့်ကြာမြင့်သည်။ တရားပွဲပြီးသောအခါ အမျိုးသား အမျိုးသမီးလေးများ စာရေးသူတို့ အနားသို့ ရောက်လာပြီး အရိုအသေပေး ကန်တော့ကြသည်။ အမှတ်တရ အော်တိုများ အရေးခိုင်းကြသည်။

ကောင်းမွန် ဓမ္မဒူတခရီးသွားမှတ်တမ်း (အပိုင်း-၃)




နံနက်စာစားပြီးလျှင် အနီးရှိ ဗုဒ္ဓဘာသာ ဘုရားကျောင်းဆောင်သို့ ပင့်ဆောင်ကြ၏။ ကျောင်းဆောင်မှာ သန့်ရှင်းသပ်ရပ်သော ၇ ခန်း ၄ ခန်း နှစ်ထပ်ကျောင်းဆောင်ကြီးဖြစ်သည်။ ကျောင်းဆောင် တည်ရှိရာ ဧရိယာ အကျယ်အဝန်းမှာ နှစ်ဧကခန့် ကျယ်ဝန်းပြီး သီးသန့် ပရိဝုဏ်အရံအတားဖြင့် ထားရှိသည်။ ထောင့်နေရာတွင် ဗောဓိညောင်ပင်တည်ရှိသည်။ ကျောင်းပရိဝုဏ်၏ ဘေးပတ်လည်တွင် ဗုဒ္ဓဘာသာဘာသာဝင်များ နေထိုင်သော အိမ်များကို စနစ်တကျ တည်ဆောက်ထားသည်။ ဤသို့ပင် အခြားရပ်ကွက်များတွင်လည်း ဘုရားကျောင်းဆောင်ကို ဗဟိုထား၍ လူနေအိမ်များကို တည်ဆောက်နေထိုင်ကြကြောင်း သိရသည်။ အဖွဲ့အစည်းတစ်ခုတွင် လူနေအိမ် ၄၅ အိမ်ခန့် ရှိကြောင်းသိရသည်။
ဘုရားဆောင်
ကျောင်းဆောင်အတွင်း ဘုရားခန်းတွင် ဗုဒ္ဓဆင်းတုတော်နှင့် အန်ဘေဒကာ၏ ဓာတ်ပုံများထားရှိသည်။ ဗုဒ္ဓဆင်းတုတော်မှာ ဥာဏ်တော် ၂ ပေခန့်ရှိပြီး ထိုင်းနိုင်ငံမှ လက်ဆောင်ရထားခြင်းဖြစ်ကြောင်း သိရသည်။ဆင်းတု ရုပ်ပွားတော်ကို ပလ္လင်ထက်တွင် ထားရှိပြီး တစ်ဖက်တစ်ချက် နံရံများတွင် အန်ဘေဒကာ၏ ခန်းလုံးပြည့် ဓာတ်ပုံကြီးများကို ထားရှိသည်။ ဆင်းတုတော်၏ နောက်ကပုံမှာ ဗုဒ္ဓဦးခေါင်းတော်နနှင့် အန်ဘေဒကာ၏ ဦးခေါင်းပုံ တစ်ဝက်စီပေါင်းစပ် ရေးဆွဲထားသည်ကို တွေ့ရသည်။ သူတို့သည် အန်ဘေဒကာ၏ ကျေးဇူးကြောင့် ဗုဒ္ဓဘာသာဝင်များဖြစ်လာရသည်ဖြစ်၍ အန်ဘေဒကာကို ကျေးဇူးတင်သောအားဖြင့် ယခုကဲ့သို့ အန်ဘေဒကာကို ဗုဒ္ဓဘုရားနှင့် ထပ်တူပြု ကိုးကွယ်ကြခြင်းဖြစ်ကြသည်။ နေရာတိုင်းတွင် ဘုရားနှင့် အန်ဘေဒကာကို တန်းတူထား၍ ကိုးကွယ်ကြသည်ကို တွေ့ရသည်။

ကောင်းမွန် ဓမ္မဒူတခရီးသွားမှတ်တမ်း (အပိုင်း-၂)


နံနက်စာအလှူရှင်
၂ဝဝ၉ နိုဝင်ဘာလ ၂၈ ရက်နေ့ နံနက် (၈း၃ဝ) နာရီအချိန်တွင် ဥပါသကာ မစ်စတာ ဝိကနှင့် သူ၏ သူငယ်ချင်းတို့ ရောက်လာကြပြီး နံနက်စာ စားရန်နှင့် အခမ်းအနားတက်ရောက်ရန် ကားဖြင့် ပင့်ဆောင်ကြသည်။ အိမ်တစ်အိမ်ရှေ့တွင် ကားရပ်လိုက်ပြီး အိမ်ထဲသို့ ကြွရန်ပင့်ဆောင်သဖြင့် လိုက်ပါသွားကြရာ အိမ် ဧည့်ခန်းတွင် သင်္ကန်းရောင်ဝတ်ဆင်ထားသော အမျိုးသမီး (ဘိက္ခုနီ) တစ်ဦးနှင့် အသက် ၆ဝ အရွယ်ခန့်ရှိ အမျိုးသမီးကြီးတစ်ဦးကို တွေ့ရသည်။ ဘိက္ခုနီမ၏ အမည်မှာ သုနီတိ ဖြစ်ပြီး သူသည် လွန်ခဲ့သော သုံးနှစ်က ဘုံဘေမြို့ရှိ ဆရာတစ်ယောက် ထံတွင် ဘိက္ခုနီဝတ်ခဲ့ကြောင်း ပြောပြသည်။ အမျိုးသမီးကြီး၏ အမည်မှာ့Miss amdatai ဖြစ်ပြီး စောဠပူမြို့ ဗုဒ္ဓဘာသာဦးဆောင်တစ်ဦးဖြစ်ကြောင်း သိရသည်။ ဗုဒ္ဓပူဇနိယပွဲများတွင် တရားပွဲများဖြစ်မြောက်ရန် အတွက် ဘိက္ခုနီမနှင့်တွဲဖက်လျက် ဆောင်ရွက်နေသူဖြစ်သည်။
အိမ်ဧည့်ခန်းတွင်ထိုင်နေခိုက် အိမ်ထဲမှ အိမ်ရှင်အမျိုးသမီးနှင့် သမီးဖြစ်သူတို့ထွက်လာပြီး အရိုအသေပေး ကန်တော့ကြသည်။ ထို့နောက် အိမ်ထဲသို့ ပြန်ဝင်သွားပြီး သမီးဖြစ်သူသည် စတီးလင်ဗန်းငယ်ဖြင့် သောက်ရေများ ယူဆောင်လာပြီး တစ်ပါးတစ်ခွက် ဆက်ကပ်သည်။ ခဏကြာလျှင် ထမင်းကြော်များ ယူဆောင်လာပြီး တစ်ပါး တစ်ခု ဆက်ကပ်ပြန်သည်။ ပြီးလျှင် ရေတစ်ခွက်စီ။ ထို့နောက် နွားနို့တစ်ခွက်စီ ဆက်ကပ်သည်။ စာရေးသူတို့၏ နံနက်စာသည် ခဏချင်းမှာပင် ပြီးစီးအောင်မြင်သွား၏။

ကောင်းမွန် ဓမ္မဒူတခရီးသွားမှတ်တမ်း (အပိုင်း-၁)

အရှင်ကုသလ (ကောင်းမွန်) မှတ်တမ်းတင်သည့် ဓမ္မဒူတခရီးသွားမှတ်တမ်းကို ဆက်လက်လေ့လာနိုင်ရန်ဖော်ပြပါသည်။

စောဠပူရမြို့ ဗုဒ္ဓဘာသာအကျိုးတော်ဆောင်များအဖွဲ့မှ ဓမ္မစကြာအခါတော်နေ့နှင့် ဗုဒ္ဓဘာ သာခေါင်း ဆောင် အန်ဘေဒကာ၏ (၅၃) နှစ်မြောက် အထိန်းအမှတ်ပွဲတော်သို့ တက်ရောက်ရန် ပင့်ဖိတ်ချက်အရ ၂ဝဝ၉ ခု နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ညနေ (၆း၃ဝ) နာရီ ရထားဖြင့် စောဠပူရမြို့သို့ ထွက်ခွါခဲ့ကြသည်။ စောဠပူရသို့ ခရီးသွား အဖွဲ့တွင် အရှင်ကုသလ( M.A Part i) ၊ အရှင်ကောဝိဒသိရီ (M.A Part ii သီတဂူစတား)၊ အရှင်စန္ဒာဝရ (M.A Part i) နှင့် အကျိုးတော်ဆောင် ဥပါသကာ မစ်စတာ ဝိကတို့ပါဝင်သည်။ ဥပါသကာ မစ်စတာ ဝိကသည် ဗုဒ္ဓဘာသာဝင် စောဠပူရ မြို့သားဖြစ်ပြီး ယခုအခါ ပူနေးမြို့ ပူနေးတက္ကသိုလ်တွင် အမ်အေ ကျောင်းတက်နေသော ကျောင်းသားတစ်ယောက်ဖြစ်သည်။ ထို့ကြောင့် ပူနေးတွင် ကျောင်းတက်နေသော မြန်မာ ထိုင်း သီရိလင်္ကာ ရဟန်းတော်များနှင့် ရင်းနှီးကျွမ်းဝင်ပြီး စောဠပူရမြို့တွင် တစ်နှစ်တစ်ခါ ကျင်းပသော ဗုဒ္ဓဘာသာပွဲတော်သို့ မြန်မာရဟန်းတော်များကို တရားစကားပြောရန် ပင့်ဖိတ်လေ့ရှိသည်။

စောဠပူရမြို့သည် အိန္ဒိယနိုင်ငံ တောင်ဘက်ပိုင်း မဟာရဋ္ဌပြည်နယ်၏ ခြောက်ခုမြောက်မြို့တော်ဖြစ်ပြီး ပူနေးမြို့၏ တောင်ဘက် ကီလိုမီတာ (၂၅ဝ) ဝေးကွာသော အရပ်တွင် တည်ရှိသည်။ ရထားဖြင့် လေးနာရီ ကြာသွားရောက်ရသည်။ ဗုဒ္ဓဘာသာဝင် လေးဆယ့်ခြောက်ရာခိုင်နှုန်းရှိပြီး အိန္ဒိယနိုင်ငံ၏ ဗုဒ္ဓဘာသာဝင် ဒုတိယအများဆုံး မြို့တော်အဖြစ်ထင်ရှားသည်။ အိန္ဒိယနိုင်ငံ၏ ဗုဒ္ဓဘာသာဝင်အများဆုံးမြို့တော်မှာ နာဂပူရမြို့တော်ဖြစ်ပြီး စောဠပူရမြို့သည် ဒုတိယ၊ ပူနေးမြို့သည် တတိယအများဆုံးဖြစ်ကြောင်း သိရသည်။

စာရေးသူတို့ စီးနင်းလိုက်ပါလာသော ရထားသည် ည (၁ဝး၃ဝ) နာရီအချိန်တွင် စောဠပူရမြို့သို့ ဆိုက်ရောက်သည်။ ရထားဆင်းလျှင် လာရောက်ကြိုဆိုကြသူများနှင့် အဆင်သင့်တွေ့ရပြီး တည်းခိုရမည့် မြို့လယ်ရှိ မဟာရှီရဝ (မင်္ဂလာ) ဟော်တယ်သို့ ကားဖြင့် ပင့်ဆောင်ကြသည်။ ဟော်တယ်တွင် စာရေးသူတို့အား နေရာချ ထားပေးပြီး လိုအပ်သည်များကို မှာကြားရန်နှင့် နက်ဖြန် နံနက်ပိုင်းတွင် တက်ရောက်ရမည့် အခမ်းအနားများကို ပြောပြပြီး ဥပါသကာ ဝိကတို့အဖွဲ့ ပြန်သွားကြသည်။


Read more...

ဗုဒ္ဓါနုဿတိနဲ့ပဲ နေတော့မယ်... (ဓမ္မဒူတ အရှင်ပညာဇောတ (မေး-ဖြေ))




ဓမ္မဒူတ အရှင်ပညာဇောတ (မေး-ဖြေ) ၅-မှ...

ဗုဒ္ဓါနုဿတိနဲ့ပဲ နေတော့မယ်...













Read more...

လရောင်နဲ့မေတ္တာ

လရိပ်ကကျောင်းထဲ ဖြာဆင်းနေတယ်၊ လရောင် အလင်းတန်းတွေကြားမှာ ၊နှင်းအမှုံလေးတွေ ကိုကျနော်တွေ့ရတော့စိုက်ကြည့်ပြီး၊..အော်..အေးချမ်းလိုက်တာလို့တွေးနေမိတယ်၊ပတ်ဝန်း ကျင်ကတော့တိတ်ဆိတ်ငြိမ်သက်လို့၊တချက်ချက်အော်တတ်တဲ့ညဥ့်ငှက်တွေအသံမှတပါးတ ခြားမရှိ၊လူတောထဲမှာတွေ့ရလေ့ ရှိတဲ့ ဆူညံတဲ့ဂီတသံ၊မူးရစ်ရည်ဝေဖွယ်ကောင်းတဲ့အလှ၊ အနားဖြတ်လျှောက်စဉ်၊ရတတ်တဲ့ အမွေးနံ့သာနဲ့ပေါင်းစပ်ပြီးထွက်လာတတ်တဲ့ ကိုယ်သင်းနံ့ တွေမရှိ၊ မရယ်ချင်ရယ်ချင် နဲ့ဟန်ဆောင်ပြီးရယ်နေကြတဲ့ မာယာသံတွေမရှိ၊ မလုပ်ချင်ပဲအတင်းဇွတ်လုပ်နေရတဲ့နှလုံးသားမဲ့အလုပ်သမားမရှိ၊ငါက..ဘာကောင်ကွဆိုတဲ့ အာဏာပြသူမရှိ၊စိန်သံမရှိငွေသံမဲ့ဇုံ၊ငြိမ်းချမ်းရေးဇုံပေါ့လေ၊ကိုယ်စိတ်နှစ်ပါးငြိမ်းချမ်းရာဇုံတစ်ခုပါလေ၊ခပ်လှမ်းလှမ်းကျောင်းဆောင် တစ်ခု ထဲကထွကလ်ာနေတဲ့၊ ပရိတ်မေတ္တာအသံလှိုင်းက၊ ကျနော့် နားစည်မှတဆင့် ရင်ထဲရောက်လာတယ်၊တကယ့်ငြိမ်းချမ်းရေး သံစဉ်တစ်ခုက လောကထဲဖြတ်ထွက်လာတယ်၊ နာရီကိုက် ကာရံအလိုက်၊ အပြစ်ဆိုဘွယ်မရှိ၊ဒေါသကင်းတဲ့ မြတ်ဘုရား၏နုတ်ထွက်တော်မဟာပရိတ်ကိုသားတော်အရှင်သူမြတ်ကပူဇော်ပေါပြီကော၊ရွှတ်ဖတ်ပူဇော်နေတဲ့သူရဲ့ အတွင်းသဏ္ဍန်က၊ မေတ္တာ အလင်းတွေဖြန့်ကျက်လို့လေ၊

မနှေးမမြန်မှန်ရွတ် နေတဲ့ မေတ္တာ ပရိတ်တော်ကို၊ ကျနော် လည်းစိတ်ထဲမှလိုက်ပါ ရွှတ်ဆိုပူဇော် နေမိရင်း မေတ္တာ အလင်း ကို ဖြန့်ကျင့်နေမိတယ် ၊ ဘယ် လောက် ပဲ ပူပင် သောက ဗျာပါဒတွေ ရင်ထဲ ကိန်းနေပါစေ မေတ္တာ ဘ၀နာ ကိုသေချာစွာ ပွားကြည့် ပါ ကတနေ့တခြား အပူငြိမ်း လာတာ ကိုတွေ့ရ ပါ့ မယ် ၊ငွေကြေးဥစ္စာ မပြည့်စုံပါသော်လည်း ရင်ထဲ ကိန်းတဲ့မေတ္တာကြောင့် အပူငြိမ်းစွာနေရ ပါ လိမ့်မယ် လေ၊

တစ်ချိန်တုံးကငယ်ဆရာတော်ဦဇာဂရဆုံးမခဲ့တဲ့စကားကိုနားထဲပြန်လည်ကြားရောင်လာမိတယ် ကျနော်နဲ့ဆရာတော်က လပြည့်လကွယ်နေ့တိုင်း မနက်အာရုံဆွမ်းကို သစ်သီမျိုးစုံ ပန်းပေါင်းစုံနဲ့သမုတ်သိမ်ထဲပူဇော်လေ့ရှိပါတယ်၊ကျနော်ကဆွမ်းပွဲတွေပြင်ပေးရင်းဆရာတော်က နေရာတကျရှိမရှိ ကြည့်ပြီး သိမ်ထဲရှိသော မဟာမြတ်မုနိ ပုံတူကိုယ်စားတော်ကြေးဘုရား ကြီးကို မျက်နှာသစ်တော်ရေ ဆက် ကပ်လေ့ ရှိတယ်၊ အလဲလို လပြည့် နေ့အာရု့မတက်ခင် ကတည်း က သိမ်ထဲမှာပဲဆရာတော် သီတင်းသုံးလေ့ရှိတာ မို့ ကျနော် လဲဆရာတော်နဲ့အတူနေထိုင် ၀တ်ဖြည့် ခွင့်ရခဲ့ သလို အဆုံးအမ တွေအများကြီးရခဲ့တာ ပါ၊

မှတ်မှတ်ရရ သီတင်းကျွှတ် လပြည့်နေ့ည ပေါ့လေ၊ သိမ်တော်ကြီးဆီက အဘိဓမ္မာ ခုနှစ် ကျမ်း လုံး ရွတ်ဖတ်ပူဇော်ပွဲက လွင့် ထွက်လာတဲ့ တရားသံကို နာနေမိတယ်၊ ပြီးတော့ သိမ်အပြင်ဖက်က လရိပ်ကို ငေးမောကြည့်နေမိတယ် ၊တိုက်တိုက်တွေပျံပြီး လ ၀န်းနား ချည်း ကပ်နေပေမဲ့ မဖုံးနိုင်၊ လမိုက်ညမှာ လင်း အားကောင်းတဲ့ကြယ်လေးတွေ မလင်းနိုင်၊ လ၀န်းကြီးရှိနေတာကိုး၊ မြတ်စွာ ဘုရား နတ်ပြည်က လူ့ပြည်ကို ဆင်းတဲ့နေ့၊ ရောင်ခြည် ခြောက်သွယ်နဲ့ဘုန်းရောင်ညဏ်ရောင် .. တုဘက် ကင်းတဲ့ကျက်သရေနဲ့ပြည့်စုံနေတဲ့ည တောက်ပ မှုအား လုံးရဲ့ အရှင်သခင်..လို့တွေးရင်းရွတ်ဆိုမိတာက။

ဒိဝါတပတိ အာဒိစ္စော..
ရတ္တိမာဘာတိစန္ဒိမာ
သန္နဒ္ဓေါခတ္တိရော တပတိ
ဈာယီတပတိဗြဟ္မဏော
အထ သဗ္ဗမဟောရတ္တိံ
ဗုဒ္ဓေါတပတိ တေဇသာ။

ဆိုတဲ့ ဘုရားရှိခိုး ကို လေးလေးနက် နက် ရွှတ်နေဆဲမှာပဲ၊ ကျနော်ရနံ့ တစ်ခုရ လိုက်တယ် ၊သင်းသင်းလေးနဲ့မွှေးတဲ့ရနံ့၊ဂိုရာမဟုတ်၊ ရှယ်နယ်မဟုတ်၊သနပ်ခါးမွှေးသလို မျိုး လည်း မဟုတ် ပြန်၊ မျက်လုံးဖွင့်ကြည့် လိုက် တော့ မှ ဆရာတော် ရောက် နေမှန်းသိတယ်၊ ဘုရားအာရုံပြုနေ လားမေးတော့ ခေါင်း ညိတ်ရင်း တင် ပါ့ လို့ ဖြေတယ်၊သိမ်ထဲဝင် ကြမယ် ပြောတော့နေက် တော် ပါး က လိုက် နေရင်း ပဲ သရဏ ဂုံကိုပွားနေမိတယ်။

သိမ်ထဲရောက်တော့ သီတင်းသုံးတဲ့ အိပ်ရာပေါ်ဆရာတော် လဲနေတုံး ကျနော် ၀တ် ဖြည့် ခွင့်ရတယ်၊

“ လ ရောင်က အေးတယ် ၊ အဲလို ပဲသူတော် ကောင်းတွေရဲ့ အရိပ် ကပိုအေးတယ်၊ဒီထက်ပိုပြီး၊ ဘုရားရှင်ရဲ့ အရိပ် က ပိုအေးတာ ဘာကြောင့် လဲသိ လား’

လို့မေးတော့ ကျနော် မဖြေနိုင်၊ မေတ္တာရိပ် ကြောင့် မှတ် ထားနော် ၊လူဖြစ်စေ၊နတ်ဖြစ်စေ မေတ္တာကို သာ ပွားနေပါ ဒီပတ်ဝန်းကျင်၊ဒီင်္အရိပ် လည်းရောက်ရော တခါးတည်းအေးချမ်း သွားသလို ကို ခံစားရတော့တာ ပဲကွာ.. လို့ မိန့်တော်မူတယ်၊ တကယ့်သူတော်ကောင်းတွေရှေ့ရောက်ရင် အမှန်တကယ် အေး ချမ်းသွားရတယ်၊ အ၀တ်သူတော် ကောင်းလား၊ အစားသူတော်ကောင်း လား၊တကယ့်သူတော် ကောင်း လားဆိုတာ ကို၊သူ့ရှေ့ေ၇ာက်ရင် ကိုယ် ဘယ် လောက် အေးငြိမ်းသွား လဲဆို တာနဲ့တိုင်းကြည့်ရတယ် လို့ ဆက်ပြီးမိန့်တာ ကို ခံရပြန်တယ် လေ။

အခု ပစ္စပ္ပန် မှာတော့ ကျနော် ဆရာတော်ကြီးရှိတဲ့တောရကျောင်း ဆီရောက် နေတယ် ပြေးထွက် သွားတဲ့ အတိတ်ကို ပြန်ပြီးတော့ လိုက် ဖမ်း ပစ္စုပ္ပန်မှာနေ ခိုင်းရတာ တခါတလေ မီးခဲကို ကိုင်မိတဲေ့မျောက် လို ပဲ ခုန်ဆွခုန်ဆွ၊ ဟိုပြေဒီပြေး တော် တော် ကို မလွယ် ပါ လားနော်၊ တောရကျောင်းထဲက ကျနော့် စိတ် က လွန်ခဲ့တဲ့အနှစ် နှစ် ဆယ် ကို ပြန် ပြေးလိုက်တာ ခဏလေး မှ ခဏလေး အတွေးနဲ့ အတူ သဏ္ဍန်န ပညတ် လို့ခေါ်တဲ့ အရိပ် တွေထင် လာ၊ ကိုယ်က ပါ လိုက်ပါစီးမျှော၊ တသက်လုံးသွား လဲ မကုန်နိုင်တဲ့ အတွေး၈နိုင်ကြီးပါ လား လို့တွေးမိပြန်တယ်၊ ပြောတာက ဆုံး လို့ရသေးတယ်၊တွေးတာက တော် တော် ကောင်းဗျ၊အရှေ့ကိုပြေး လိုက် ၊ အနောက်ကိုပြန်လိုက်၊ အထက်တက်လိုက်၊ အောက်ဆင်းလိုက်နဲ့လေ…သတိအားနည်းသောကျနော့်အတွက်၊ အတွေးသည် အလုပ် အတွက် အကြီးဆုံးဘေး ဖြစ်နေခဲ့တာပါ၊

သတိက ကိုယ့်ဆီပြန်ရောက် ချိန်မှာတော့ မေတ္တာ ပရိတ် အသံတိတ်နေပါပြီလေ၊၊ ရင်ထဲကမေတ္တာ လှိုင်းကတော့ပျံ့လွင့်နေပါဦးမည်၊

ကျနော့် လို အတေွးများပြီး သတိမနိုင်တဲ့ လူအတွက် သမာဓိကိုခြည် ဖို့က မေတ္တာကမ္မဋ္ဌန်းက
အကောင်းဆုံးပါ လို့ကျနော် ယုံတယ် လေ၊ အတွေးကထွက်သွားပညတ်ရိပ် တွေက ပေါ်လာ၊အဲ လိုပေါ်နေဆဲတခါတည်းမေတ္တာပွား လိုက်၊ရောက်ရက်မခတ့််နိုင်တော့ ပါ ဘူးဒီစိတ်
ဟုတ်ပြီ မေးစရာက သေဆုံးပြီးသွားတဲ့ပိုဂ္ဂိုလ်တွေအာရုံထဲ ထင် လာရင်တော့ အမျှဝေပါ ၊ တောတောင် တွေ၊ အိမ်တွေ စတဲ့သက်မဲံတွေထင် လာရင် သက်ဆိုင်ရာ အစောင့်ရှောက် တွေ နတ်တွေ ကို မှန်းပြီးပို့ သိပ်မကြာခင် စိတ်လေး အေးငြိမ်း လာတဲ့အခါ ကိုယ့်ရဲ့ မူလကမ္မဋ္ဌန်းကို ပြန်သွား ပိုပြီးထင်ထင်ရှားရှားသိရလိမ့်မယ်လေ၊။

ပညတ်ကိုအာရုံတင်ပြီး ပွားရတဲံမေတ္တာကမ္မဋ္ဌန်းကိုတော့ ဖြစ် အောင်ပွားကြည့်စေချင်တယ်၊ ကျနော်ဆရာတစ်ဦးပြောခဲ့ ဘူးတယ် ဗျ၊

လောကီမှာ အားအကြီးဆုံးက မေတ္တာ၊ လောကုတ္တရာမှာ အားအကြီးဆုံးက ၀ိပဿနာ

တဲ့လေ၊ မေတတာပရိတ်သံစဲပြီမို့ ကျနော် လည်း အိပ်ရာဝင်ဖို့ ဆရာတ်ေကြီး သီတင်းသုံးတဲ့ ကျောင်း ကို လှမ်း ပြီး ၀င် ခဲ့တယ်လေ၊ရင်ထဲမှာတော့ငြိမ်းချမ်းလို့လေ။

ငြိမ်းချမ်းကြပါစေ

Read more...

အနုမောဒနာပြုရမည့် ဝတ်ကိုပြဆိုခြင်း

အနုမောဒနာပြုရမည့် ဝတ်ကိုပြဆိုခြင်း...


ထိုအခါက ရဟန်းတို့သည် ဆွမ်းစား ဇရပ်၌ အနုမောဒနာ မပြုကုန်။
လူတို့သည် ''အဘယ့်ကြောင့် သာကီဝင်မင်းသား ဘုရား အနွယ်တော် ဖြစ်သော ရဟန်းတို့သည် ဆွမ်းစား ဇရပ်၌ အနုမောဒနာ မပြုကုန်ဘိ သနည်း'' ဟု ကဲ့ရဲ့ ကုန်၏၊ ရှုတ်ချ ကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။

(ရှေးသူတော်ကောင်းများက ဆွမ်းကပ်ပြီးနောက် တရားမဟောသည့် အတွက် ရဟန်းတို့ကို ကဲ့ရဲ့ကြပါသည်၊ ယခုသော်ကား ကဲရဲ့ဖို့ နေနေသာသာ၊ တရားဆို တိုမှ ဖြစ်ကုန်ကြပါပြီ။)


ရဟန်းတို့သည် ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုကြသော ထိုလူတို့၏ စကားကို ကြားကြသည်သာတည်း။ ထိုအခါ ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ဤ အကြောင်းကို လျှောက်ကြကုန်၏၊

ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကြောင့် တရားစကားကို ဟောတော်မူပြီးလျှင် ရဟန်းတို့ကို ''ရဟန်းတို့ ဆွမ်းစားဇရပ်၌ အနုမောဒနာ ပြုခြင်းငှါ ခွင့်ပြု၏'' ဟု မိန့်တော်မူ၏။

ထိုအခါ ထိုရဟန်းတို့အား ''အဘယ် ရဟန်းသည် ဆွမ်းစား ဇရပ်၌ အနုမောဒနာ ပြုသင့် သနည်း'' ဟု အကြံဖြစ်၏၊ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်း အရာကြောင့် တရားစကားကို ဟောတော်မူပြီးလျှင် ရဟန်းတို့ကို ''ရဟန်းတို့ မထေရ်ကြီး ရဟန်းကို ဆွမ်းစား ဇရပ်၌ အနုမောဒနာပြုခြင်းငှါ ခွင့်ပြု၏'' ဟု မိန့်တော်မူ၏။

ထိုအခါ အသင်း တစ်သင်းသည် သံဃာကို ဆွမ်းကျွေး၏၊ အသျှင် သာရိပုတြာသည် သံဃထေရ်ဖြစ်၏၊ ရဟန်းတို့သည် ''မထေရ်ကြီး ရဟန်းကို ဆွမ်းစား ဇရပ်၌ အနုမောဒနာ ပြုခြင်းငှာ မြတ်စွာဘုရား ခွင့်ပြုတော်မူ၏'' ဟု အသျှင် သာရိပုတြာကို တစ်ပါးတည်း ချန်ထားခဲ့၍ ဖဲသွား ကုန်၏။ ထိုအခါအသျှင် သာရိပုတြာသည် ထိုလူတို့ကို အနုမောဒနာ ပြုပြီးလျှင် နောက်မှ တစ်ပါးတည်း ကြွ၏၊

မြတ်စွာဘုရားသည် အဝေးမှ တစ်ပါးတည်း လာသော အသျှင်သာရိပုတြာကို မြင်၍ ''သာရိပုတြာ အသို့နည်း၊ ဆွမ်းသည် ပြည့်စုံ၏လော'' ဟု မိန့်တော်မူ၏။ မြတ်စွာဘုရား ဆွမ်းသည် ပြည့်စုံပါ၏၊ သို့ပြည့်စုံပါငြားလည်း ရဟန်းတို့သည် အကျွန်ုပ်ကို တစ်ဦးတည်း ချန်ထားခဲ့၍ ဖဲသွား ပါကုန်၏'' ဟု လျှောက်၏။ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်း အရာကြောင့် တရားစကားကို ဟောတော် မူပြီးလျှင် ရဟန်းတို့ကို ''ရဟန်းတို့ ဆွမ်းစား ဇရပ်၌ မထေရ်ကြီး မထေရ်ငယ် ရဟန်းလေးပါး ငါးပါးတို့ကို ဆိုင်းငံ့ စိမ့်သောငှာ ခွင့်ပြု၏'' ဟု မိန့်တော်မူ၏။

ထိုအခါ မထေရ်တစ်ပါးသည် ဆွမ်းစား ဇရပ်၌ ကျင်ကြီး နှိပ်စက်သော်လည်း ဆိုင်းငံ့၏၊ ထိုမထေရ်သည် ကျင်ကြီးကို မအောင့်နိုင်ဘဲ တွေဝေလျက် လဲကျ၏၊ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြ ကုန်၏။ ရဟန်းတို့ ပြုဖွယ်ကိစ္စ ရှိလတ်သော် အနီး၌ ရှိသော ရဟန်းကို ပန်ကြား၍ သွားရန် ခွင့်ပြု၏ ဟု မိန့်တော်မူ၏။ 362

(မြတ်စွာဘုရား၏ စကားတော်ကို ပင်ပန်းဆင်းရဲခံကာ မြေဝယ်မကျ နားထောင်ခဲ့သော သူတော်ကောင်းဓာတ်ကို လေးစားကြည်ညိုမိပါသည်။ ဘုရားသားတော်တို့သည် မြတ်စွာဘုရား၏ စကားတော်ကို ဤသို့ လိုက်နာဖို့ သင့်လှပေသည်။)


၎ - အနုမောဒနာပြုရမည့် ဝတ်ကိုပြဆိုခြင်း၊ ဝတ္တက္ခန္ဓက၊ စူဠဝဂ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


Read more...

မေတ္တာသုတ်သမိုင်း

ဘုရားရှင်လက်ထက်တော်အခါက ကမ္မဋ္ဌာနယောဂီရဟန်းငါးရာတို့သည် မြတ်စွာဘုရားထံ ကမ္မဋ္ဌာန်းယူကြပြီး၊ မြတ်စွာဘုရား၏ သြ၀ါဒအတိုင်း ဟိမ၀န္တာတောအရပ်ကိုမှီကာ ဂန္ဓဓူရခေါ် ရဟန်းတရားကို အားထုတ်ပြီး သီတင်းသုံးနေကြကုန်၏။

ရဟန်းတော်များ၏ သီလတန်ခိုးကြောင့် တောစောင့်နတ် တောင်စောင့်နတ်တို့သည် မိမိတို့နေရာ သစ်ပင်၊ တောတောင်တို့၌ မနေ၀ံ့ကြသည့်အတွက် ရဟန်းတော်များအား စိတ်ဆင်းရဲကာ တရားအားမထုတ်တော့ဘဲ တောမှ ပြန်သွားအောင် ညအခါ ကြောက်မက်ဖွယ်သော အဆင်း၊ အသံတို့ဖြင့် နည်းမျိုးစုံသုံးကာ ခြောက်လှန့်ကြသောကြောင့် ရဟန်းတော်များမှာ ဖြောင့်မတ်စွာ တရားကို နှလုံးမသွင်းနိုင်၊ သမာဓိ မရနိုင် ဖြစ်ကြ၍ မြတ်စွာဘုရားထံပြန်၍ အကြောင်းစုံကို လျှောက်ထားကြရာ..

မြတ်စွာဘုရားရှင်က နတ်များ အနှောင့်အယှက်ပေးခြင်းမှ ကင်းဝေးစေရန်နှင့် မေတ္တာကမ္မဋ္ဌာန်း-ပွားများတတ်ရန်အလို့ငှာ၊ ဤမေတ္တာသုတ်ပရိတ်တရားတော်ကို သင်ကြားပေးပြီး ပြန်လွှတ်လိုက်လေ၏။

ရဟန်းတော်တို့သည် မိမိတို့ သီတင်းသုံးရာ ဟိမန္တာတောအရပ်သို့ ပြန်ကြွသွားကြပြီးလျှင် မေတ္တာသုတ်ပရိတ်တော်ကို ရွတ်ဖတ်သရဇ္ဈာယ်ကြပြီး မေတ္တာကမ္မဋ္ဌာန်းကို စီးဖြန်းမှုကြောင့် တောစောင့်နတ် တောင်စောင့်နတ်များ ချစ်ခင်မြတ်နိုးလာကြကာ ကူညီစောင့်ရှောက်မှုကိုပင် ရကြ၍ ၀ိပဿနာတရားများကို ရှေးကထက် ပိုပြီး အားထုတ်နိုင်ကြသဖြင့် သီတင်းကျွတ်သောအခါ ထို-အရည၀ါသီ တောကျောင်းနေ ရဟန်းငါးရာတို့သည် အရဟတ္တဖိုလ်သို့ရောက်၍ ရဟန္တာများ ဖြစ်ကြကြောင်း ခုဒ္ဒကပါဠိသုတ္တနိပါတ်တို့ကို ဖတ်ရှုသောအားဖြင့် သိနိုင်ပါသည်။ ထို့ပြင် အဂုင်္တ္တရနိကာယ် ဧကဒသကနိပါတ် အနုဿတိဝဂ် ၅ခုမြောက် သုတ်၌လည်း မေတ္တာတရားကို အဖန်ဖန် ပွားများကြပါလျှင်.. ရရှိမည့်အကျိုးကျေးဇူးများကို ဖော်ပြထားပါတယ်။ (မေတ္တာ၏အကျိုးကျေးဇူးများနှင့်လက်တွေ့ကျင့်စဉ် ပို့စ်အဟောင်းသို့ အကျယ်ဖတ်ရှုပါရန်..)

၎င်းအပြင် သုဝဏ္ဏသာမဇာတ်တော်၌လည်း ဘုရားလောင်းသုဝဏ္ဏသာမသည် ခြင်္သေ့၊ သစ်ကျား၊ တောကျွဲ၊ တောဝက်၊ သမင်များနှင့် တော၌ အတူခြံရံနေသည်မှာ မေတ္တာစွမ်းရည်ကြောင့်ပင် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ မေတ္တာသုတ်တရားတော်မှာ လွန်စွာ အာဏာတန်ခိုး ကြီးမားလှသော ပရိတ်တော်ဖြစ်၍ ရဟန်း ရှင် လူ ပုဂ္ဂိုလ်အများ မေတ္တာအကျိုးကို ယုံကြည်စွာဖြင့် ရွတ်ဖတ်ပူဇော်ကြပါကုန်…။

မေတ္တာသုတ် မြန်မာပြန်

၁ + ၂။ မေတ္တာသုတ်ပရိတ်တော်၏ အာနုဘော်ကြောင့် နတ်ကြမ်း၊ ဘီလူးကြမ်းတို့သည် ကြောက်မက်ဖွယ် အာရုံအမျိုးမျိုးကို မပြ၀ံ့ကြကုန်။ မေတ္တာသုတ်ပရိတ်တော်ကို နေ့၌ဖြစ်စေ၊ ညဥ့်၌ဖြစ်စေ၊ မပျင်းမရိ အထပ်ထပ် ရွတ်ဖတ်သရဇ္ဈာယ်သော သူသည် ချမ်းသာစွာ အိပ်စက်ရခြင်း၊ အိပ်ပျော်သော သူအား အိပ်မက်ဆိုးများ မမြင်မက်ခြင်း စသော အကျိုးများကို ရရှိနိုင်၏။ အို- သူတော်ကောင်းတို့ ထိုကဲ့သို့ အာနိသင်နှင့် ပြည့်စုံသော မေတ္တာသုတ် ပရိတ်တော်ကို ကျွန်ုပ်တို့ ရွတ်ဖတ်ကြပါကုန်စို့။

၃။ ငြိမ်းအေးသော နိဗ္ဗာန်သို့ ဉာဏ်ဖြင့် သက်ဝင်၍ နေလိုသော အကျိုးစီးပွား၌ လိမ္မာသော သူသည် ဤ ဆိုလတ္တံ့သော စည်းကမ်းနည်းလမ်းကို ပြုကျင့်အပ်၏။

(၁) အကျင့်ကို ကျင့်နိုင်သော စွမ်းရည်ရှိရမည်။

(၂) ကောက်ကျစ်ဉာဏ်မရှိရ။

(၃) စိတ်နေစိတ်ထား ကောင်းစွာ ဖြောင့်မတ်ရမည်။

(၄) ဆိုဆုံးမ လွယ်ရမည်။

(၅) စိတ်ထား နူးညံ့သိမ်မွေ့ရမည်။

(၆) လွန်ကဲမြင့်မောက်သော မာန မရှိရ။

၎။ (၇) ရှိတာလေးနှင့် ရောင့်ရဲလွယ်ရမည်။

(၈) ပြုစုမွေးမြူလွယ်ရမည်။

(၉) အမှုကိစ္စ နည်းပါးရမည်။

(၁၀) အသုံးအဆောင် နည်းပါးရမည်။

(၁၁) ငြိမ်သက်သော ဣနြေ္ဒရှိရမည်။ (မတည်ငြိမ်သူ မဖြစ်ရ)

(၁၂) ရင့်ကျက်သော ပညာရှိရမည်။

(၁၃) ကိုယ်နှုတ်နှလုံး ကြမ်းတမ်းခြင်း မရှိရ။

(၁၄) မိဘဆွေမျိုးတို့၌ တပ်မက်မှု ကင်းရမည်။

၅။ ပညာရှိတို့ ကဲ့ရဲ့စွပ်စွဲနိုင်မည့် ဒုစရိုက်ကို စိုးစဉ်း အနည်းငယ်မျှလည်း မပြုကျင့်ရာ။ (ဤ ၁၄ပါးတို့ကား မေတ္တာမပွားမီ ဖြည့်ကျင့်ရမည့် ရှေ့ပြေး ကျင့်စဉ်များဖြစ်သည်) ခပ်သိမ်းသော သတ္တ၀ါတို့သည် ချမ်းသာခြင်းနှင့် ပြည့်စုံကုန်သည်၊ ဘေးကင်းကုန်သည်ဖြစ်၍ ချမ်းသာသော ကိုယ်စိတ်ရှိကြပါစေကုန်သတည်း။

၆။ ကြွင်းမဲ့ဥဿုံ အလုံးစုံကုန်သော(သက်ရှိသက်မဲ့) သတ္တ၀ါတို့သည်လည်းကောင်း၊ ထိတ်လန့်တတ်သော (ပုထုဇဉ်)ပုဂ္ဂိုလ်တို့သည်လည်းကော်ငး၊ စိတ်ဓာတ်ခိုင်ခံ့သော(ရဟန္တာ)ပုဂ္ဂိုလ်တို့သည်လည်းကောင်း၊ ရှည်သောကိုယ်ရှိသော သတ္တ၀ါတို့သည်လည်းကောင်း၊ ကြီးသော ကိုယ်ရှိသော သတ္တ၀ါတို့သည်လည်းကောင်း၊ အလတ်စား ကိုယ်ရှိသော သတ္တ၀ါတို့သည်လည်းကောင်း၊ ပုတိုသော ကိုယ်ရှိသော သတ္တ၀ါတို့သည်လည်းကောင်း၊ သေးဖွဲသိမ်မွေ့သော ကိုယ်ရှိသော သတ္တ၀ါတို့သည်လည်းကောင်း၊ နုပျိုသော ကိုယ်ရှိသော သတ္တ၀ါတို့သည်လည်းကောင်း။

၇။ မြင်ဖူးသော သတ္တ၀ါတို့သည်လည်းကောင်း၊ မမြင်ဖူးသော သတ္တ၀ါတို့သည်လည်းကောင်း၊ အဝေး၌နေသော သတ္တ၀ါတို့သည်လည်းကောင်း၊ အနီး၌နေသော သတ္တ၀ါတို့သည်လည်းကောင်း၊ (ရဟန္တာ)ပုဂ္ဂိုလ်တို့သည်လည်းကောင်း၊ (ပုထုဇဉ်သေက္ခ)ပုဂ္ဂိုလ်တို့သည်လည်းကောင်း၊ ခပ်သိမ်းသော သတ္တ၀ါတို့သည် ချမ်းသာသော ကိုယ်စိတ် ရှိကြပါစေကုန်သတည်း။

၈။ တစ်ယောက်က တစ်ယောက်ကို အမျက်မထွက်ပါစေလင့်၊ တစ်စုံတစ်ယောက်သော အရာ၌ တစ်စုံတစ်ယောက်ကိုမျှ ချုပ်ချယ်ခြင်းဖြင့်လည်းကောင်း၊ ရန်လိုသော စိတ်ဖြင့်လည်းကောင်း မထီမဲ့မြင် မပြုပါစေလင့်၊ အချင်းချင်း ဆင်းရဲမှုကို အလိုမရှိပါစေလင့်။

၉။ မိခင်သည် ရင်၌ဖြစ်သော တစ်ဦးတည်းသော သားကို မိမိအသက်တမျှ အစဉ် စောင့်ရှောက်ဘိသကဲ့သို့ ဤအတူပင် သတ္တ၀ါ ခပ်သိမ်းတို့၌ အတိုင်းအရှည်မရှိသော မေတ္တာစိတ်ကို ပွားများရာ၏။

၁၀။ အထက်ဘ၀ဂ် အောက်အ၀ီစိ ဖီလာကန့်လန့် အလုံးစုံသော လောက၌ ကျဉ်းမြောင်းခြင်း မရှိသော အတွင်းရန် အပြင်ရန် ကင်းသော အတိုင်းအရှည်မရှိသော မေတ္တာစိတ်ကို ပွားများရာ၏။

၁၁။ ငိုက်မျဉ်းခြင်းကင်း၍ ရပ်နေသမျှ၊ သွားနေသမျှ၊ ထိုင်နေသမျှ၊ လျောင်းနေသမျှ၊ ကာလပတ်လုံး ဤ(မေတ္တာနှင့်ယှဉ်သော) သတိကို ပွားများအံ့ဟု ဆောက်တည်ရာ၏။ ဤသာသနာတော်၌ မေတ္တာနှင့်ယှဉ်သော သတိဖြင့်နေခြင်းကို မြတ်သောနေခြင်း အထက်တန်းကျသောနေခြင်း “ဗြဟ္မ၀ိဟာရ”ဟူ၍ မြတ်စွာဘုရားတို့ ဟောတော်မူကုန်၏။

၁၂။ (ထိုမေတ္တာ ကမ္မဋ္ဌာန်း စီးဖြန်းသော သူသည်) သက္ကာယဒိဋ္ဌိအစွဲပြုတ်ပြီး (လောကုတ္တရာ) သီလရှိသည်ဖြစ်လျက် သောတာပတ္တိမဂ်ဉာဏ်အမြင်နှင့် ပြည့်စုံသည်ဖြစ်၍ ၀တ္ထုကာမတို့၌ တပ်မက်တွယ်တာမှုကို အပြတ်ရှင်းနိုင်ပါက အမိဝမ်း၌ တစ်ဖန်(ပဋိသန္ဓေ)နေခြင်းသို့ မရောက်တော့ပေ။

မေတ္တာသုတ် မြန်မာပြန်ပြီး၏။


Read more...

ဓမ္မစေတီ၏ ဟောတရား အခန်း (၁၄)

အခန်း (၁၄)

ဓမ္မစေတီ၏ ဟောတရား

ဆူးလေဦးမြင့်သိန်း၊ ဦးဥက္ကံသဗုဒ္ဓိ၊ ဦးနာရဒ၊ ဦးကောသလ္လ စသူတို့၏ ''ပဉ္စက္ခန္ဓာ၌ ဥပါဒ် ဌီ ဘင် ခဏသုံးပါးရှိ၏။ ပဉ္စုပါဒါနက္ခန္ဓာ၌ ခဏငယ် သုံးပါးမရှိ''-ဟူသော စကားသည် ပါဠိတော် အဋ္ဌကထာ ဋီကာ ဘယ်မှာမျှ မရှိသော(ဝါ) ဘုရားမဟောသော မတရားသာတည်း။











Read more...

The Gentle Tackle


In the early part of this decade a rugby player called Johnny Wilkinson was the name on every sportsman’s lips. His famous boot took the English Rugby team to their only Wrold Cup in Australia.

johnny Wilkinson When taking a kick at goal, he would stop with his hands in almost a prayer posture. He said he focussed his mind at the centre of the body, and then let the power surge from there out through his boot, and on to the spot between the goal posts where inevitably the ball would end up passing.

At the time – this sounded uncannily like some form of meditation. Especially the centre of the body which is where the mind gathers when is has no object.

He has always been a perfectionist, driving, and blaming, himself hard. Now 30 years old and more comfortable with himself it turns out that he was indeed using meditation to ground him before those fabulous goals…. Reports the Guardian:

Wilkinson’s impossible pursuit of sporting perfection has forced him to seek serenity in different fields – from Buddhism to quantum physics to studying French and music. “Definitely. I’ve been searching for tranquillity in a world created by obsessive thoughts. The panic and doom that comes from thinking ‘if I don’t get this last kick it means this or that – and if I don’t do that well enough today I’ll regret it the rest of my life.’ Those feelings went into creating a world induced by fear of failure. The whole search was to break away from that.”

Does Buddhism still help him achieve tranquillity? “Yeah, definitely. It’s a philosophy and way of life that resonates with me. I identify with it. I agree with so much of the sentiment behind it. I enjoy the liberating effect it’s had on me to get back into the game – in a way that’s so much more rewarding because you’re enjoying the moment of being on the field. In the past it was basically me getting into the changing room, wiping my brow, and thinking, ‘Thank God that’s over.’ I just managed to keep my head above water.”

Wilkinson will always require something beyond the banality of sport to maintain his equilibrium. But in the past he seemed less comfortable discussing Buddhism. “I was still worried about what people thought then. I’m aware there is this faddish feel of people diving into these things and trying to find immediate escape. But it has become part of my journey. That’s not to say you don’t need to look in the mirror.


Read more...

“ကျွန်တော်ဖတ်လိုက်ရသောဆောင်းပါးတစ်ပုဒ်”

0 အကြံပြုပါသည်။

ဒီပိုစ်လေးကတော့(30.09.09)ဗုဒ္ဓဟူးနေ့ထုတ်(WEEKLY ELEVEN)မှာပါတဲ့လူထုစိန်ဝင်းရေးသားတဲ့ဆောင်းပါးလေးတစ်ပုဒ်ဖြစ်ပါတယ်။ကျွန်တော်ဖတ်နေရင်းနဲ့စိတ်ထဲမှာမြန်မာလူမျိုးတစ်ယောက်အနေနဲ့စာဖတ်သူများကိုသိစေချင်တဲ့ဆန္ဒနဲ့မူရင်းအတိုင်းပြန်လည်ဖော်ပြလိုက်ခြင်းဖြစ်ပါတယ်။ဆောင်းပါးလေးအမည်ကတော့-အိမ်ဦးနတ်အစွဲနဲ့ရောင်းကုန်စိတ်ဓာတ်ဒီခေတ်ဂျာနယ်၊မဂ္ဂဇင်းတွေဖတ်ရတာတော်တော်အကုသိုလ်ဖြစ်ပါတယ်။မြန်မာမိန်းခလေးတွေရဲ့ဝတ်ပုံစားပုံလော်လီတာတွေကိုကြည့်ပြီးစိတ်ထဲက...


Read more...

မင်းထင်တိုက်အလှူ ၂၉.၉.၂၀၀၉ ကိုပီကေ ၏ဆောင်ရွက်မှု

ဒါယကာကျော်စိုးအောင်နှင့်အတူ ကြွရောက်လှူဒါန်းခဲ့ပါတယ်။ အလှူရှင်များကတော့
ဦးသန်းဦးအားရည်စူး၍ ဒေါ်တင်တင်ဝင်းမိသားစု (ကိုပီကေ) မိသားစုမှ စာချဆရာတော်
အတွက်လိုအပ်သော ကျမ်းစာအုပ်များနှင့် စာသင်သားသံဃာတော်များအတွက် ဗလာစာအုပ်များလှူဒါန်းခဲ့ပါတယ်။





SANY1597.JPG




SANY1596.JPG




SANY1594.JPG




SANY1600.JPG




SANY1600.JPG



Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP