* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။
* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။
နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။
ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။
ကရုဏာလက်များ ကမ်းလင့်ပေးပါ...
ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။
ပညာရေးအလှူတော် နှိုးဆော်ချက်
ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။
သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။
ဝိမုတ္တိရသ အဖွဲ့သားများ
------------------------
နောက်ဆက်တွဲသတင်း.....
ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်
ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။
ပြုလုပ်မည့်အစီအစဉ်
ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။
လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ
(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။
(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။
(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။
(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။
အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)
ဆက်သွယ်ရန်လိပ်စာ
ကိုထွန်းထွန်းလှိုင်
ဖုန်း ၀၉-၇၃၀၆၂၈၁၁
htunhtunhlaing82@gmail.com
winthu.tbyo@gmail.com
thantzin83@gmail.com
Wednesday, September 30, 2009
ဗုဒ္ဓ ဘာသာ ကို Apple ကုမ္ပဏီမှ ဒီဇိုင်နာ က စော်ကားလိုက်ခြင်း
Category:Other
ဗုဒ္ဓ ဘာသာ ကို Apple ကုမ္ပဏီမှ ဒီဇိုင်နာ က စော်ကားလိုက်ခြင်း
http://www.fastcompany.com/blog/gizmodo-staff/gizmodo/important-message-about-apple-industrial-design-jon-ive-blockquote
အဲဒီ link ကို ၀င်ကြည့်ကြပါ ...
Jonathan Ive (senior vice president of industrial design at Apple)
ဆိုသူက ဗုဒ္ဓ ရဲ့ ပုံတော်က မျက်နှာတော်ကို သူ့မျက်နှာနဲ့ အစားထိုးရုံတင်မက
ဗုဒ္ဓရဲ့ လက်တော်ထဲမှာပါ Apple logo နဲ့ ipod တို့ကို ထည့်ထားပြီး
စော်ကားချင်တိုင်း စော်ကားထားပါတယ်။
အဲဒီလူရဲ့ ဓာတ်ပုံကို အောက်ပါ link မှာ တွေ့နိုင်ပါတယ်။
http://www.123people.com/s/jonathan+ive
ဒီလူတင် မက Apple ကိုပါ ၀ိုင်းဝန်းကန့်ကွက်၍ ဗုဒ္ဓဘာသာ ၀င်တို့အား
ပြန်လည်တောင်းပန်ရန် တောင်းဆိုကြပါ။
Read more...
နာမရူပ ပရိစ္ဆေ္တဒဉာဏ်နှင့် ဒိဋ္ဌိဝိသုဒ္ဓိ အပိုင်း(၇)
ကဲဆက်ကြအုံးစို့နော်။ မြတ်စွာဘုရားအလိုကျ ပြောရမယ်ဆိုရင် တရားကိုအရင် အားထုတ်ကြပါ၊ အိမ်မှာရှိတဲ့ အလုပ်တွေကို နောက်မှလုပ်လို့ ဆိုလိုတယ်နော်။ တရားတော်များ၏ ပိုင်ရှင်ဖြစ်တော်မူသော မြတ်စွာဘုရား ဟောကြားတော်မူသည်မှာ တရားကို တကယ်အားထုတ်မယ်ဆိုရင် ပလိဗောဓ-ကြောင့်ကြတွေငြိမ်း၍ တရားများ လည်း မြင်လွယ်ရလွယ်ပါလိမ့်မယ် ဟောကြားတော်မူခဲ့ပါပေသတည်း။
သာဓု သာဓု သာဓုပါဘုရား။
အိမ်အလုပ်တွေ စီးပွါးရေးတွေလုပ်နေရင်း ဘယ်တော့သေမလဲ၊ ဘယ်အချိန်မှာ သေရမယ်မသိနိုင်ဘူးနော်၊ သေသွားရင်လည်း ဘယ်ရောက်မယ်လို့ ပိုင်းခြားနိုင်ပါ့ မလား။
ဖြေ။ မပိုင်းခြားနိုင်ပါဘုရား။
ပုထုဇဉ်တို့၏ သေခြင်းသည် ဝိနီပါတ ဒုက္ခတဲ့၊ လွင်တီးခေါင်မှာ သစ်ပင်တစ်ပင်ပေါက်နေသကဲသို့ လေတိုက် တဲ့အခါမှာ သစ်ရွက်ကလေးတို့သည် ဘယ်နေရာ ဘယ်လယ်ကွက်ကျမယ်ဆိုတာ မသိနိုင်၊ သိပါသော်လည်း ပက်လက်ကျမယ်၊ မှောက်ရက်ကျမယ်ဆိုတာ မသိနိုင်ဘူးတဲ့။ ကျချင်သလို ကျသွားတဲ့ ပုံပမာလိုပဲ ပုထုဇဉ်တို့၏ သေခြင်းသည်ကား သံမုဋ္ဌှမရဏ-များလှပါပေတယ်နော်၊ သတိလေး တွေတွေဝေဝေနဲ့ တရားကို လက်လွတ်ပြီး သကာလ ကယောင်ကတမ်း မြည်တမ်းပြီးတော့ သေတာက များကြပါပေတယ်၊ အဲဒီလိုများ သေမယ်ဆိုရင် များသောအားဖြင့် အပါယ်ဘုံကိုသာ ကျကြလိမ့်မယ်ဆိုတာမှတ်၊ ဒါ့ကြောင့် ယနေ့ကြံစည်နေရင် ယနေ့ပင်အား ထုတ်၊ နက်ဖြန်ခါ သဘက်ခါ မရွေ့ပါနဲ့လို့၊ ကိစံ္စ-ပါရမီတွင် အချုပ်၊ အလုပ်ထဲတွင် အသာ၊ ချမ်းသာတကာ တို့တွင် ထိပ်တန်းစားဆိုတဲ့ ဝိပဿနာလုပ်ငန်းများကို၊ အဇ္ဇေဝ ကာတဗံ္ဗ-အားမထုတ်လိုက်ရရင် ဘေးတွေ့တော့မယ်၊ အားထုတ်လိုက်မှသာ ဤဘေးတွေ ကွယ်တော့မယ်လို့ ကြံလည်း ကြံစည် စိတ်တွင်လည်း စေ့ဆော်ကာ စိတ်ကူး ကြံစည်သည့်နေ့တွင်ပင် အဆောတလျှင် မြန်မြန်ကြီး အားထုတ်ပြုကျင့်လိုက်သင့်ရာ၏။ သုဝေမရဏံ-နက်ဖြန် ခါကျ သေရခြင်းကို ကောဇညာ-ဒို့ဟာဖြင့် အမာကြီးရှိသေးတယ် အသက်လေးငယ်ငယ်လေး ရှိပါသေးတယ်၊ မသေနိုင်သေးပါဘူးလို့ မုချပိုင်ပိုင် မည်သူသိနိုင်ပါသလဲ၊ မည်သူမှ မသိနိုင်ရာတော့သည်သာလျှင်သတည်း။
သာဓု သာဓု သာဓုပါဘုရား။
ဘုရားရှင်ကိုယ်တော်မြတ်ကြီးနဲ့ အကျွမ်းဝင်တဲ့ဒကာတစ်ယောက်က အိမ်အလုပ်လေး လုပ်နေလို့ လေးငါးရက် ကြာသွား၊ နောက်တနေ့ ဘုရားကျောင်းတော်ရောက်တဲ့အခါ ဘုရားရှင်ကိုယ်တော်မြတ်ကြီးက ဒကာ ကျောင်းသို့ အလှည့်ပေးတာဝေးလှပါလားလို့ မိန့်တော်မူသတဲ့။ ဒီတော့ အိမ်မှာ စဉ်းစားကြနော်၊ တရားအလုပ် လုပ်ဖို့အတွက် နက်ဖြန် သဘက် ချိန်ခါ ရွေးနေကြတယ်၊ ဘုရားကျောင်းကန်များ သွားဖို့ အလှည့်ပေးတာနဲတယ်။ စီးပွါးရေး၊ သားရေး သမီးရေး မိသားစုအရေးတွေ အတွက်သာ အချိန်ပေးတာများကြတယ်နော်။ ဒီလိုမြတ်စွာဘုရားက မိန့်တော်မူတဲ့အခါ ဒကာက ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား-တပည့်တော် မြတ်စွာဘုရားကို မရိုသေ လို့လည်းမဟုတ်ပါ၊ တရားတော်နှင့် သံဃာတော်ကို မရိုသေလို့လည်း မဟုတ်ပါဘုရား၊ တပည့်တော်အိမ်တွင် အလုပ်ကိစ္စလေးတွေကို ပြီးပြတ်အောင်လုပ်ဆောင် နေရပါသောကြောင့် လေးငါးရက်ကြာ မရောက်ဖြစ်တာပါ ဘုရားလို့ လျှောက်သတဲ့နော်။ ဒီလိုလျှောက်ထားတဲ့အခါ မြတ်စွာဘုရားက သံဝေဂဖြစ်တော်မူသတဲ့၊ သြော် ဘုရားနဲ့လည်း ရင်းနှီး၊ သံဃာတော်တွေနဲ့လည်း အကျွမ်းတဝင်ရှိပါလျှက်ကယ်နဲ့၊ တရားတော်တွေသည်လည်း နေလို လလို ထွန်းကားလို့ နာကြားခွင့်ရနေလျှက်နဲ့ ကျောင်တော်ကို မှန်မှန်မလာနိုင်ခြင်းသည်၊ တရားတော် များကို မှန်မှန် မနာကြားနိုင်ခြင်းသည် အာဟာရ ပရိယေသနဒုက္ခ စီးပွါးရှာခြင်းပါတဲ့။ အာဟာရ ပရိယေသနဒုက္ခ-အလွန့်အလွန်ကို ကြောက်စရာ လန့်စရာ သံဝေဂ ရစရာကောင်း လှပါပေတော့၏တကား။
သာဓု သာဓု သာဓုပါဘုရား။
မြတ်စွာဘုရားသံဝေဂ ဖြစ်သလို ဖြစ်ကြပါ၊ လောကမှာ အာဟာရ ပရိယေသန ဒုက္ခဆိုတာ အကြီးဆုံးပါတဲ့၊ နေ့ရှိ သမျှ ဒုက္ခပါတဲ့နော်။ ဒီဒုက္ခတွေ ဘယ်တော့မှ ပြီးမလဲ။
ဖြေ။ မပြီးနိုင်ပါဘုရား။
မေး။ ဘယ်ရောက်မှ ပြီးမလဲ။
ဖြေ။ နိဗ္ဗာန်ရောက်မှ ပြီးပါမယ်ဘုရား။
ဒါ့ကြောင့် အက္ခေယျံ-အသက်လိပ်ပြာ အကောင်သတ္တဝါမဟုတ်တဲ့ နာမ်အစစ် ရုပ်အစစ်တွေကို အပရိညာယ-ပိုင်းခြားထင်ထင် ကိုယ့်ကိုယ်တိုင် ကိုယ်ပိုင်ဉာဏ်ဖြင့် မသိမမြင်သည့် အတွက်ကြောင့် မစ္စုနော-အိုမင်း နာမင်း သေမင်း မာရ်နတ်မင်း၏၊ ယောဂံ-သူပိုင်နက်ထဲတည်းဟူသော သုံးဆယ့်တစ်ဘုံနယ်ထဲသို့၊ အာယန္တိ-မုချမသွေ လည်ပတ်နေကုန်တော့၏သတည်း။
သာဓု သာဓု သာဓုပါဘုရား။
ယောဂီသူတော်ကောင်းတို့ကို နာမရူပ ပရိစ္ဆေ္တဒဉာဏ်နှင့် ဒိဋ္ဌိဝိသုဒ္ဓိ ကလျာဏပုထုဇဉ် အဆင့်အတန်း အပါယ်ခွင် မရောက်ဝေးပုံ၊ နိဗ္ဗာန်ပေါက် လမ်းစပေးပုံတို့ကို တကန့်စီ တကန့်စီ ကရုဏာသန်သန်ထား၍ မေတ္တာတွေများများ နှင့် ဟောကြားလိုက်ပါသည်။ ဟောကြားလိုက်သောတရားကို နားမှ ကြား၍ သင်သူတော်ကောင်းအပေါင်းတို့၏ နာမ်အစဉ်မှာ အသိဉာဏ်များ ဝင်၍ ဝမ်းမြောက်ဝမ်းသာများ ဖြစ်ကြပါလျှင် ကြားလောက်တဲ့နေရာ နေရာဋ္ဌာနတိုင်းက စိတ်ပါလက်ပါ အားရပါးရ သာဓု သုံးကြိမ် ခေါ်ဆိုနိုင်ကြပါစေကုန်သတည်း။
သာဓု သာဓု သာဓုပါဘုရား။
(မူလ-ကသစ်ဝိုင်ကျေးဇူးရှင်ဆရာတော်ဘုရားကြီးဟောကြားတော်မူခဲ့သော နာမရူပ ပရိစ္ဆေ္တဒဉာဏ်နှင့် ဒိဋ္ဌိဝိသုဒ္ဓိတရားတော်ကို ဆရာတော်ဦးတေဇောသာရ(အောင်မင်းခေါင်ကုန်းမြေဓမ္မရိပ်သာ-ပဲခူး) ရေးသားပူဇော်ထားသော ကသစ်ဝိုင် ဆရာတော်ဘုရားကြီး၏ ထေရုပ္ပတ္တိနှင့် တရားတော်များစာအုပ်မှ ထပ်ဆင့် ကူးယူ၍ ကသစ်ဝိုင်ကျေးဇူးရှင်ဆရာတော်များကိုယ်စား အင်တာနက်စာမျက်နှာတွင် စေတနာ၊ မေတ္တာများဖြင့် ရေးသားဖေါ်ပြလိုက်ပါသည်။)
Read more...
သစ္စကနောက်ဆက်တွဲ
သစ္စက ကို ဘာကြောင့်အထုံဖြစ်ရုံလောက်လေးဘဲ ဘုရားရှင်က တရားဟောခဲ့သလဲ
သစ္စကဟာ အထုံဖြစ်ရုံလောက်သာ တရားနာခဲ့ရတဲ့ အကျိုးကြောင့် နောင် သာသနာနှစ် (၂၀၀) မှာ သီဟိုဠ်ကျွန်းမှာ အမတ်သားတစ်ယောက် ဖြစ်ခဲ့ပြီး အထုံကြောင့် သာသနာ့ဘောင်ထဲ ၀င်ခဲ့ပါတယ်။ ပိဋကစာပေကို တစ်လုံးမကျန်အောင် သွားရောက် သင်ယူပြီးနောက် ဥပဇ္ဈာယ်ဆရာကို လာပြန်ကန်တော့ပါတယ်။ ဥပဇ္ဈာယ်ဆရာက တစ်ချိန်က သစ္စကဖြစ်ခဲ့ဖူးပြီး ဒီအချိန်မှာ ကာလဗုဒ္ဓရက္ခတမည်တဲ့ ရဟန်းကို စကားလက်ခံ မပြောပါဘူး။ ကာဠဗုဒ္ဓရက္ခတက ၀မ်းနည်းစွာနဲ့ မနက်လင်းတော့ ဆရာ့ကို သွားကန်တော့ပါတယ်။ ဘာကြောင့် သူ့ကို စကားမပြောသလဲလို့လည်း မေးပါတယ်။
“ကာဠဗုဒ္ဓရက္ခတ၊ မင်းက စာတတ်တာနဲ့ ရဟန်းကိစ္စပြီးပြီလို့ ထင်နေတာလား”
“တပည့်တော် ဘာလုပ်ရမလဲ ဘုရား”
“မင်းသင်ထားတဲ့အတိုင်း ကျင့်ရမှာပေါ့ကွာ”
အဲဒီလိုနဲ့ သစ္စကပရဗိုဇ်ဖြစ်ခဲ့ဖူးသူ ကာဠဗုဒ္ဓရက္ခတိရဟန်းဟာ တရားကိုကျင့်ကြံလိုက်တော့ ခဏတွင်းချင်းမှာ ရဟန္တာဖြစ်သွားပါတယ်။
အဲဒီအချိန်မှာ ကာဠဗုဒ္ဓရက္ခတနေတဲ့ နိုင်ငံဟာ တိဿမင်းစိုးစံနေတဲ့ နိုင်ငံဖြစ်ပါတယ်။ သူ့အမတ်ရဲ့ သားရဟန်းကို သူသိပါတယ်။ အဲဒါကြောင့် အကယ်၍ ကာဠဗုဒ္ဓရက္ခိတရဟန်း တရားဟောခဲ့ရင် သူ့ကို အကြောင်းကြားပါလို့ စေတိယတောင်ရဲ့ လိုဏ်ဂူတစ်ခုမှာ ဥပုသ်စောင့်ရင်း ရဟန်းအချို့ကို မှာထားပါတယ်။ တစ်ချိန်မှာ ကာဠဗုဒ္ဓရက္ခိတကို တစ်ရက်မှာ ဆွမ်းတစ်နပ်ကို တစ်ထိုင်တည်းသာဘုဉ်းပေးခြင်းပြုတဲ့ ဓုတင်ဆောင်ရဟန်းက “ဒီနေ့ တရားပွဲနေ့ပါဘုရား”လို့ လျှောက်တယ်။ ဒါဆို ငါတရားဟောမယ်။ ငါ့ရှင်တို့ တရားဟောဖို့ ထိုင်ရာအင်းပျဉ်ကို ယူခဲ့”လို့ မှာတယ်။ အဲဒီအချိန် ရဟန်းငယ်တစ်ပါးက တိဿဘုရင်ကို ကာဠဗုဒ္ဓရက္ခိတ တရားဟောပြီဖြစ်ကြောင်း တိဿဘုရင်ကို သွားပြောတယ်။
တရားနိဒါန်းမဆုံးခင်မှာ ဘုရင်ရောက်လာပြီး အရပ်သားအသွင်နဲ့ ဘေးတစ်နေရာမှာ ရပ်ပြီး တရားကို နာယူပါတယ်။ တရားပွဲဆုံးသွားတော့ ကာဠဗုဒ္ဓရက္ခိတက ရှင်ဘုရင်ကို လှမ်းတွေ့လိုက်တယ်။
“အရှင်မင်းကြီးလည်း တရားလာနာတာလား”
“တင်ပါ”
“ဘယ်အချိန်က ရောက်လာတာလဲ”
“တရားနိဒါန်း မဆုံးခင်လေး ရောက်လာပါတယ်ဘုရား”
“ငါဟောလိုက်တဲ့ တရားကို မှတ်မိလိုက်ပါသလား”
“အရှင်ဘုရားဟောလိုက်တဲ့ တရားကို တပည့်တော်မီတဲ့နေရာကနေ စပြီး တစ်လုံးမကျန်အောင် မှတ်မိပါတယ်ဘုရား၊ မေးကြည့်ပါဘုရား၊ အကယ်၍ တစ်လုံးတစ်ပါဒလောက်ကို တပည့်တော် မေ့နေရင် ဟောဒီမြေကြီး ကြိမ်တစ်ထောက်စာလောက်မျှ တပည့်တော် မပိုင်ဆိုင်နိုင်ပါစေသတည်းလို့ ကျိန်ရဲပါတယ်ဘုရား”
“ကောင်းပါလေ့ တကာတော်မင်းမြတ်”
အဲဒီအချိန် ကာဠဗုဒ္ဓရက္ခိတဟောလိုက်တဲ့ တရားက ဘုရားရှင်ရဲ့ ဂုဏ်တော်တွေကို ချီးမွှမ်းတဲ့ ကာဠာရာမသုတ်ဖြစ်ပါတယ်။
“ဘုရားရှင်ရဲ့ ဂုဏ်တော်က ဒီလောက်လေးပဲလားဘုရား”
တိဿဘုရင်က မေးပြီ။
“ဥပမာနဲ့ ဖြေမယ် တကာတော်။ လယ်ပယ် သုံးပယ်လောက် ကျယ်တဲ့ သလင်းတစ်ခုကိုလုပ်၊ စပါးကို အဲဒီ သလင်းထဲစပါးကို ပုံလိုက်၊ အဲဒီ စပါးပုံနဲ့ စပါးနှံတစ်နှံထဲက စပါးတွေ ဘယ်က များမယ်ထင်လဲ မင်းကြီး”
“အပုံကြီးကွာပါတယ်ဘုရား”
“ပြီးတော့ မင်းကြီး၊ ဂင်္ဂါမြစ်ရေနှင့် အပ်နဖားထဲက ရေ ဘယ်က ပိုများသလဲ မင်းကြီး”
“အဲဒါလည်း အပုံကြီးကွာပါတယ်ဘုရား၊ ဥပမာ ထပ်ပေးပါဦးဘုရား”
“ပျံလွှားငှက်ပျံနိုင်တဲ့ အနေအထားနဲ့ ကောင်းကင်က ဘယ်က ပိုကျယ်သလဲ မင်းကြီး”
“အကွာကြီး ကွာပါတယ်ဘုရား”
“ငါဟောတဲ့ တရားက စပါးနှံတစ်နှံစာလောက်၊ အပ်နဖားထဲက ရေလောက်၊ ပျံလွှားငှက်ပျံနိုင်တဲ့ ကောင်းကင်စာလောက်ပဲရှိပါသေးတယ်၊ ဘုရားဂုဏ်ကတော့ စပါးပုံလောက်၊ ဂင်္ဂါမြစ်ရေလောက်၊ အပြောကျယ်တဲ့ ကောင်းကင်လောက်ရှိပါတယ် မင်းကြီး”
“အဲလောက်တောင်လားဘုရား၊ တပည့်တော်မှာ အရှင်ဘုရားကို တစ်စုံတစ်ခုလှူဒါန်းချင်ပေမယ့် တပည့်တော် ဘာလှူရမလဲ မသိဘူးဘုရား၊ အဲဒီတော့ ဟောဒီ တပည့်တော်ရဲ့ နိုင်ငံကိုပဲ အလှူခံတော်မူပါဘုရား၊ တပည့်တော်တတ်နိုင်တဲ့ အဆင်းရဲဆုံး အလှူပါဘုရား”
“မင်းကြီး သင်ဟာ ငါ့ကို တိုင်းပြည်ကို လှူခဲ့လေပြီ၊ သင်မင်းကြီးအား တိုင်းပြည်ကို ပြန်စွန့်ပါတယ်။ တရားနဲ့ အညီအုပ်ချုပ်နေရစ်ပါ”
ဆိုပြီး ကာဠဗုဒ္ဓရက္ခိတက ရှင်ဘုရင်ကို သဒ္ဓါတရား ပိုခိုင်မာအောင် တရားဟောပါတယ်။
ကျွန်တော်ရေးတဲ့ ဗုဒ္ဓဖြစ်စဉ်နဲ့ မစပ်လို့ ချန်ထားခဲ့တာပါ။ ထိုသို့သော နောက်နောင် သာသနာတွင် အကျိုးများအံ့သောကြောင့် သစ္စကကို ဘုရားရှင်မှ တရားများစွာ ဟောကြားခဲ့လေသည်။
Read more...
သက်ရင့်အိုးတစ်လုံးရဲ့  ဝေဒနာ
လှိုင်းလိပ် တစ်လိပ်လိုပါပဲ
စိတ်ဓာတ်တွေက ကျလိုက်တက်လိုက်
သူလဲသူ့လို ကိုယ်လဲကိုပါပဲ လုံးချာလိုက်
ဖြေလျှော့စရာ ချည်မျှင်အစ ဖွေရှာနေကြသူချည်း။
တစ်ရာသီပြီး တစ်ရာသီ
ကမ္ဘာမြေကြီးပေါ် မှီတွယ်ကပ်လို့
နံညှပ်ရိုးကြားက သမုဒ္ဒရာ တစ်ထွာပြင်စာ အတွက်
အဆက်မပြတ် ယုယုယယ ဖေးမမှုတွေ ပေးနေရဆဲရယ်။
နယ်ခြားမြေခြားပဲ တောမကျွမ်းလဲ
မုဆိုးတိုင်က သားကောင်ရှာသူချည်းပါ၊
သက်တမ်းရင့် အတွေ့ကြုံနဲ့ပဲ
အားမငယ်ကြစေအောင် ဟင်းစာလဲ ပေးဆောင်ခဲ့ဘူးပြီး၊
ကွန်ချက်လဲ ပြထားပေးတောင် ကွန်ပိုက်တစ်ဖုံ အပိုတောင်းမြဲ
မပြည့်ဝပဲ ဘောင်ဘင်ခတ်တဲ့ အိုးသံတွေက
စေတနာကို ဆူဝေစေခဲ့တယ်။
ကြွက်များရင် တွင်းမတိမ်စေဖို့
အားလုံးအတွက် ခပ်နက်နက်ကြီးကို ဇက်ပခုံးအဖေးတက်
တူးထားပေးခဲ့ပါတယ်၊
သူငယ်ချင်းရဲ့ သူငယ်ချင်း...
သူငယ်ချင်းရဲ့ သူငယ်ချင်း ယောက်ဖ...
သူငယ်ချင်းရဲ့ သူငယ်ချင်း ယောက်ဖရဲ့သူငယ်ချင်း...
သူငယ်ချင်း...,.....,....,......,..,တွေအတွက်
လုပ်ပါဗျ...လုပ်ပါနဲ့..........ရက်စက်ကြတယ်။
ဟူး..တော် . တော်ပါပြီး...
အသစ်သူငယ်ချင်း သူငယ်ချင်းနောက်အသစ်ထက်
စာအုပ်အသစ် တစ်အုပ်ပဲ ၀ယ်ဖတ်တော့မယ်၊
စိတ်ပျက်တယ်။
စိတ်နောက်လေတိုင်း ဂစ်တာခေါက်ရလို့
အာခေါင်းတောင် ခြောက်ခမ်း ကုန်ပြီး၊
ရနိုင်မယ်ဆိုရင် chat-room တစ်နေရာရာမှာ
အရင်ကလို ပြန်မရနိုင်တော့မယ့်
ကလေးငယ် တစ်ယောက်အဖြစ် နေချင်မိတယ်။
ဥက္ကာပျံ(ဘီလူးကျွန်း)
Read more...
ဖတ်မိသမျှစာများ(၄)
သာသနာတော် သန့်ရှင်း၊ တည်တံ့ ၊ ပြန့်ပွားရန်
ဖတ်မိသမျှစာများမှ သာသနာတော် သန့်ရှင်း၊ တည်တံ့ ပြန့်ပွားနိုင်ရန်အတွက် မကွေးဆရာတော်ကြီးရဲ့ သာရဏီရကထာကို ဖေါ်ပြပေး လိုက်ပါတယ်။
ပြည်ထောင်စု မြန်မာနိုင်ငံတော် ဆဋ္ဌမအကြိမ် နိုင်ငံတော်သံဃနာယကအဖွဲ့(၄၇)ပါးစုံညီ သတ္တမ အစည်းအဝေးတွင် မိန့်ကြားတော်မူအပ်သော သဘာပတိဥက္ကဌ အဘဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ မကွေးမြို့ မဟာဝိသုတာရာမတိုက်သစ် ဆရာတော် ဘဒ္ဒန္တကုမာရ မဟာထေရ၏ သာရဏီယ သြ၀ါဒကထာမှ ကောက်နှုတ်ဖေါ်ပြပါသည်။
နိုင်ငံတော် သံဃမဟာနာယက ဆရာတော် အရှင်မြတ်တို့ဘုရား…
ဆရာတော်အရှင်သူမြတ်တို့ သာသနာတော် သန့်ရှင်းတည်တံ့ ပြန့်ပွားရေးဟူသော ဦးတည်ချက်ဖြင့် စုံစုံညီညီ ကြွရောက်တော်မူလာကြသည့် အတွက် “ယာဝကီဝဉ္စ ဘိက္ခဝေ ဘိက္ခု သမဂ္ဂါ သန္နိပတိဿန္တိ၊ သမဂ္ဂါ ၀ုဋ္ဌဟိဿန္တိ၊ သမဂ္ဂါ သံဃကရဏီယာနိ ကရိဿန္တိ၊ ၀ုဒ္ဓိယေ၀ ဘိက္ခဝေ ဘိက္ခူနံ ပါဋိကင်္ခါ နောပရိဟာနိ(ဒီ၊ ၂၊ ၆၅) ဟူသော ဘိက္ခု အပရိဟာနိယ ဒေသနာတော်နဲ့ ညီညွတ်သည့်အတွက် နှစ်သစ်ရွှင်လန်း ၀မ်းမြောက်ရပါသည် ဘုရား။
ဆရာတော်အရှင်မြတ်တို့ဘုရား…
ဘုရားတပည့်တော်တို့၏ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့် ဖွဲ့စည်းမှု၏ ရည်ရွယ်ချက် (၇)ချက်တို့တွင် (က)တွင် သာသနာတော်သန့်ရှင်း တည်တံ့ပြန့်ပွားရန် ဖြစ်သည်ဟု ဆိုထားရာ ဘုရားတပည့်တော်တို့ ဆောင်ရွက်ရမည့် သာသနာတော်ကိစ္စများမှာ-
သာသနာတော် သန့်ရှင်းရန်၊
သာသနာတော်တည်တံ့ရန်၊
သာသနာတော် ပြန့်ပွားရန်တို့ ဖြစ်ပါသည်။
ထိုရည်ရွယ်ချက် (၃)ရပ်တို့တွင် သာသနာတော်သန့်ရှင်းရန်အတွက် ဂိုဏ်းပေါင်းစုံ သံဃအဖွဲ့အစည်း ဖွဲ့စည်းပြီး၊ ပထမငါးနှစ်အတွင်းတွင် ရဟန်းတု ရဟန်းယောင်များကို ဖယ်ရှားခြင်း၊
ပိဋကတ်တော်နှင့်မညီသော ရေးသားခြင်း၊ ဟောပြောခြင်း၊ ပြသခြင်း၊ ပြုလုပ်ခြင်းများကို နိုင်ငံတော် သိခြားဝိနည်းဓိုရ်အဖွဲ့များဖြင့် ဓမ္မ-အဓမ္မ ဆုံးဖြတ် စေခြင်းစသည်ဖြင့် သာသနာတော် သန့်ရှင်းရန်ကိစ္စများကို ဆောင်ရွက်ခဲ့သဖြင့် အထိုက်အလျောက် အောင်မြင်ခဲ့ပါသည်ဘုရား။
သို့ရာတွင် နှစ်ကာလ ကြာမြင့်လာသောအခါ ထိုရဟန်းတု ရဟန်းယောင်များ အဓမ္မ၀ါဒများ တစ်စတစ်စ ခေါင်းထောင်လာသည်ကို ဆရာတော်များ ကြားသိတော်မူကြပြီး ဖြစ်ပါလိမ့်မည်ဘုရား..
ဆရာတော် အရှင်မြတ်တို့ဘုရား..
နိုင်ငံတော်သံဃနာယကအဖွဲ့ဝင် ဆရာတော်အရှင်သူမြတ်တို့သည်-
(၁)ခမာ-အရာရာ၌ သည်းခံခြင်းဂုဏ်၊
(၂) ဇာဂရိယ- နိုးကြားခြင်းဂုဏ်၊
(၃)ဥဋ္ဌာန- ထကြွလုံ့လ၀ီရိယ ရှိခြင်းဂုဏ်၊
(၄) သံဝိဘာက- ခွဲခြားဝေဖန်ခြင်းဂုဏ်၊
(၅) ဒယာ- သနားငဲ့ညှာခြင်းဂုဏ်၊
(၆)ဣက္ခဏ- စေ့စေ့ငုငှု ကြည့်ရှုဆင်ခြင်းဂုဏ် ဟူသော နာယကဂုဏ်အင်္ဂါခြောက်ပါးတို့နှင့် ပြည့်စုံတော်မူကြသည့် အရှင်မြတ်များချည်းသာ ဖြစ်ကြရပါမည်ဘုရား။
ဤနာယကဂုဏ် ခြောက်ပါးတို့တွင်လည်း နောက်ဆုံးဖြစ်သော စေ့စေ့ငုငု ကြည့်ရှုဆင်ခြင်ခြင်းဟူသော “ဣက္ခဏ” ဂုဏ်အင်္ဂါကို ကိစ္စကြီးငယ် သွယ်သွယ်၀၀ ဟူသမျှတို့၌ ရှေ့ဂုဏ်အင်္ဂါ ခြောက်ပါးထက် အလွန်အကြူး အထူးအားဖြင့် အလိုရှိသင့်၊ အလိုရှိထိုက်၊ ပြည့်စုံစေသင့် ပြည့်စုံစေထိုက်လှပါသည်ဘုရား။
အဘယ်ကြောင့်နည်းဟူမူ အကြီးအမှူး ဦးစီးနာယက ဖြစ်ကြသော ပုဂ္ဂိုလ်တို့သည် မိမိတို့ကြီးမှူးရာ နယ်ပယ်အတွင်း၌ အကြောင်းအရာ ၀တ္ထုအစုစုတို့ကို တစ်ခုမကျန် ဝေဖန်ပိုင်းခြား ပြတ်သားစွာ သိမြင်အောင် ကြည့်ရှုဆင်ခြင်ပြီး၊ ပဂ္ဂဟ၊ နိဂ္ဂဟ ကိစ္စကြီးငယ် အသွယ်သွယ်တို့ကို ဆောင် ရွက်ပြုလုပ်မှသာလျှင် ချို့ယွင်းချက်မရှိ တိကျမှန်ကန်သော ဆောင်ရွက်ချက်ဖြစ်သဖြင့် လိုအပ်သော အကျိုးများ ပြီးစီးအောင်မြင်နိုင်သောကြောင့် ဖြစ်ပါသည်ဘုရား။
သို့ရာတွင် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ကြီးသည် ကျောင်း၊ကျောင်းတိုက် ပိုင်ဆိုင်မှု အငြင်းပွားခြင်း၊ ကျောင်းသစ်ဆောက်လုပ်မှု အတည်ပြုခြင်း အစရှိသော အသေးအဖွဲကိစ္စများကိုသာ ဆောင်ရွက်နေကြရသည်က များပါသည်ဘုရား။
လွန်စွာ အရေးကြီးသည့် သာသနာသန့်ရှင်းရေးကိစ္စများကိုမူ စိတ်ပါဝင်စားသော အရှင်မြတ်များ အနည်းငယ်မျှသာ ရှိသည်ဟု ထင်မြင်ယူဆမိပါသည်ဘုရား။
နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ကြီးသည် သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်တွင် အမြတ်ဆုံး အဖွဲ့အစည်းကြီး ဖြစ်သည့်အတွက် သာသနာတော်သန့်ရှင်းရေးကိစ္စများသည် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကြီးမှာ တာဝန်အရှိဆုံး ဖြစ်ပါသည်။
ထို့ကြောင့် ဗုဒ္ဓမြတ်စွာ သာသနာတော်ကြီး၌ မည်သည့် အညစ်အကြေးများ၊ မည်သည့် ဘေးရန်များ၊ မည်သည့် အနှောက်အယှက်များ ဖြစ် ပေါ်နေသည်ဟု တိကျပြတ်သားစွာ သိမြင်အောင် ဆင်ခြင်ထောက်လှမ်း စုံစမ်းလေ့လာမှု အမြဲပြုနေကြဖို့ လိုပါသည်ဘုရား။
ယခုအခါ ပိဋကတ်တော်နှင့် မညီညွတ်သော ရေးသားခြင်း၊ ပြသခြင်း၊ ပြုလုပ်ခြင်း၊ ဟောပြောခြင်းများ ပေါ်ပေါက်နေသည်ကို လည်းကောင်း၊ ယခင် ကအဓမ္မဟု ဆုံးဖြစ်အပ်ခဲ့ပြီးသော အဓမ္မ၀ါဒများ ပြန်လည်ခေါင်းထောင်နေသည်ကို လည်းကောင်း ကြားသိတွေ့မြင်နေရပါ သည်ဘုရား။
ယင်းကိစ္စများသည် သာသနာတော်အတွက် ကြောက်မက်ဖွယ်ကောင်းသည့် လွန်စွာကြီးမားသော အညစ်အကြေးများ ဖြစ်ကြပါသည်ဘုရား။
ထိုသာသနာ့ဘေးရန်ကို မည်သို့မည်ပုံ တားဆီးကာကွယ်ရမည်၊ သုတ်သင်ပယ်ရှားရမည် စသည်တို့ကို လေးလေးနက်နက် စဉ်းစား နှိုင်းချိန်၍ မိမိတို့အချင်းချင်းလည်းကောင်း၊ နိုင်ငံတော် ဗဟိုသံဃ၀န်ဆောင် ဆရာတော်များနှင့်လည်းကောင်း၊ အခြားပညာရှင်မှားနှင့်လည်းကောင်း၊ တိုင်ပင်ညှိနှိုင်း၍ အလေးအနက်ထားကာ ဆောင်ရွက်တော်မူကြပါရန် လျှောက်ထားပါသည်ဘုရား။
အပြည့်အစုံသို့ »
Read more...
မလင့်စေလို တင့်စေဖို့ကိုဆန္ဒပို
မောင်မေတ္တာနှင့် မသစ္စာ ဟု ဇာတ်ကောင်ရှာ၍ ခေါင်းစဉ်ကို ကြိုးစား သရုပ်ဖော်ပြပါမယ်။ ဇာတ်ကောင်နှစ်ဦး၏ အခြေအနေကို အနည်းငယ်မျှ ရေးဖော်ပြလိုပါသည်။ မသစ္စာသည် မြန်မာနိုင်ငံနှင့်ဝေးသော နိုင်ငံတစ်ခုမှာ နေထိုင်ဖို့ အခြေပေး ဘဝအတွက် အမြဲရုန်းကန်နေရသူဖြစ်သည်။ မောင်မေတ္တာကတော့ မြန်မာ နိုင်ငံမှာ နေထိုင်သူဖြစ်သည်။ တိုတိုမျှပြောရလျင် သူတို့နှစ်ဦးမှာ မေတ္တာမျှ ချစ်ခင်နေကြ၏။
တစ်နေ့ မောင်မေတ္တာတစ်ယောက်မှာ ဤသို့ အကြံထွက်ပေါ်၏ “ ငါသည် မြတ်စွာဘုရားရှင်၏ သာသနာနဲ့ ကြုံကြိုက်ခွင့်ရသူဖြစ်ပါ
လျက် မိမိမှာ မြတ်စွာဘုရားရှင်၏ အဆုံးအမနဲ့ ကင်းနေပါရော့လား၊ မြတ်စွာဘုရားရှင်၏ အဆုံးအမတရားတို့သည် မိမိနှလုံးသားမှာ အရှင်းကင်း၍ ဗလာနတ္ထိဖြစ်နေပါရော့လား…“ ။
ထိုအကြံသည် မြတ်ဗုဒ္ဓ အဆုံးအမတရားတော်အား ကြားနာလိုသော စိတ်ရဲ့ အားကို ထက်သန်စေမှုသို့ ကျေးဇူးပြု၍ မိမိတို့ မြို့အနီးရှိ ဖားအောက်တောရ ကျောင်းသို့ ချည်းကပ်၏။ ထိုကျောင်းတော်ရှိ ဆရာတော်ဘုရားအား သူ့အကြံကို လျှောက်တင်၍ မြတ်ဗုဒ္ဓ၏ အဆုံးအမနှင့် ဝေးကွာနေသော တပည့်တော်အား နီးစပ်အောင် တပည့်တော်အား ဆုံးမ သွန်သင်ပါဘုရား ဟု လျှောက်တင်၏။ ဆရာတော်ဘုရားမှ ဤသို့ မိန့်တော်မူ၏ “ သီလ-သမာဓိ-ပညာ ဟုဆိုအပ်သော သိက္ခာသုံးရပ်အကျင့်မြတ်ကို ဘုရားအလိုတော်ကျ ဆုံးမတော်မူသည့်အတိုင်း စနစ်တကျနဲ့ ဒကာကြီး ကျင့်ကြံအားထုတ်မယ်ဆိုရင် မြတ်ဗုဒ္ဓ အဆုံးအမကို ဒကာကြီးက ကောင်းစွာခံယူ၍ ထိုအဆုံးအမ၏ ကျေးဇူးကို ဒကာကြီး ကိုယ်တွေ့နားလည်လာမှာပဲ…”။ ဒီလိုနဲ့ ကိုမေတ္တာ၏ စိတ်သည် မသစ္စာဆိုတဲ့ အာရုံ၌ ကျက်စားစိတ်ကူးခွင့်မရဘဲ၊ အရိယာသစ္စာလေးပါးအား မြတ်စွာဘုရားရှင်၏ အဆုံးအမဖြင့် ကိုယ်တိုင်ထိုးထွင်းသိအောင် ကျင့်ဆောင်၍ နေနေလေရက်ဗျ။
ဒီလိုနဲ့ မောင်မေတ္တာမှာ ကိုယ်တိုင်ကျင့်ရ သိမြင်ရသော သန္ဒိဋ္ဌိကော အကျိုးသည် ထင်ရှားဖြစ်ပေါ်ခဲ့၏။ ထိုအကျိုးသည် နောက်အကျိုးတစ်ခုဖြစ်ပေါ်ရန် အကြောင်းရင်းခံဖြစ်၏။ ထိုနောက်တစ်ခု အကျိုးအား သဟဇတပစ္စယော သတ္တိဖြင့် အတူတကွ(မီးဖြစ်လျင် အလင်းထင်ရှားပေါ်သကဲ့သို့) အကြောင်းခံ ကျေးဇူးပြုသည်ကား အကာလိကော ဟု ဆိုအပ်သော ချက်ချင်း လက်ငင်း အကျိုးဖြစ်၏။ ထိုချက်ချင်း လက်ငင်းအကျိုးဆိုသည်မှာ (လောဘ၊ဒေါသ၊မောဟ ဦးဆောင်သော ကိလေသာစေတသိက် အစုနှင့် အဖက်ကင်း၍ ဖြစ်သော) ချမ်းသာသုခကို ဆိုလို၏။ ထိုသို့ ကိလေသာကင်း၍ အစားထိုး ထင်ရှားဖြစ်ပေါ်သော (အလောဘ၊ အဒေါသ၊ အမောဟ ဦးဆောင်သော ကုသိုလ်စေတသိက်အစုနှင့် ယှဉ်ဖက်၍ဖြစ်ပေါ်သော) ချမ်းသာသုခသည် ကိလေသာကင်း၍ ချမ်းသာသော သန္တိသုခကို ခံစားသိမြင်ခွင့်ရရန် အားကြီးသော အထောက်အပံ့ ဖြစ်သည့် ဘာဝနာကံဖြစ်သည်။ ထိုသို့ ကိုယ်တိုင်ကျင့်ရ သိမြင်ရသော သန္ဒိဋ္ဌိကောကြောင့် ချက်ချင်းလက်ငင်း အကျိုး အကာလိကောသည်ထင်ရှားဖြစ်ပေါ်၊ ထိုအာကလိကောသည် နောက် ဩပနေယိကောဟု ဆိုအပ်သော ကိန်းအောင်းမှု ကို အတူတကွကျေးဇူးပြုပါတယ်။ ဘယ်မှာကိန်းသလဲဆိုတော့ စက္ကန့်မလပ် သူ့အကြောင်းအကျိုးလိုက် ကျေးဇူးပြု ဖြစ်ပေါ်နေသော ခန္ဓာ့စဉ်၌ တစ်ပါတည်း ကိန်း၏။ ထိုသို့ သူတော်ကောင်းတရားများ အမြဲကိန်း၍ ကျေးဇူးပြုနေသည်ကို ကိုယ်တိုင်ကျင့်ရ သိမြင်ရသော မောင်မေတ္တာမှသာ သိခွင့်ရှိ၏။
ထိုသို့ မောင်မေတ္တာ သိခွင့်ရသော အသိကို မသစ္စာအားလည်း ထင်ရှားသိစေလို၏။ ထိုသိစေလိုသော စိတ်သည် တစ်ပါးသူ၏အကျိုးကို လိုလားသော မေတ္တာ ကရုဏာပြဋ္ဌာန်းသော စိတ်ဖြစ်သည်။အတိုမျှပြောပြရလျင် တစ်နေ့၌ မောင်မေတ္တာက မသစ္စာကို ဤသို့ ဖွင့်ဆို၏။ အခုမြန်မာနိုင်ငံက ဖားအောက်တောရ ကမ္မဋ္ဌာန်းပြကျောင်းမှာ အလွန်ဝေးကွာတဲ့ နိုင်ငံရပ်ခြားတွေမှ လာရောက်၍ ဗုဒ္ဓအဆုံးအမကို မြတ်နိုးတန်ဖိုးထား၍ ဆောင်ယူ နေကြတယ်။ မသစ္စာလည်း သမာဓိဓာတ်ခံ အားကောင်းပြီးသားဆိုတော့ မြန်မာနိုင်ငံကို ရောက်တဲ့အခါ ဖားအောက်တောရမှာ တစ်လ နှစ်လ ခန့်တော့ အားထုတ်ပါနောလို့ အကြံပေး နှိုးဆော်ပြောကြား၏။ ဒီတော့ မသစ္စာက ဘယ်လိုပြန်နောက်လဲ ဆိုတော့။မြန်မာနိုင်ငံကို ပြန်လာရင် အတူသွား၊ အတူစားပြီး အတူမနေချင်းဘူးပေါ့တဲ့…
ဒီတော့ မောင်မေတ္တာက ပြောပြရတယ်။ အဲလိုမဟုတ်ပါဘူး။“မြတ်စွာဘုရားရှင်၏ သာသနာတော်ကြီးနဲ့ တွေ့ကြုံခိုက်၊ မြတ်ဗုဒ္ဓအဆုံးအမတရားတော်များကို ကောင်းစွာ ဟောညွှန်ပြပေးနိုင်တဲ့ သံဃာတော်အရှင်မြတ်တို့ နဲ့ တွေ့ကြုံခွင့်ရခိုက် ဆိုတဲ့ အခွင့်အခါ အချိန်အခါကို မလင့်စေဘဲ သူတော်ကောင်းရတနာတွေနဲ့ တင့်တယ်စေဖို့” အတွက်ပါကွယ်လို့ မောင်မေတ္တာက ရှင်းပြပါတယ်။ ထပ်ရှင်းပြသည်မှာ ချစ်သူမေတ္တာ နှင့် မိခင်မေတ္တာ ၏ ကွာခြားမှု။
ချစ်သူမေတ္တာကို နားလည်အောင် တိုတိုမျှ ပြောရလျင် - အဆင်း၊ အနံ့၊ အထိအတွေ့၊ အပြောအဆို၊ အနေအထိုင်၊ စိတ်သဘောထား တို့ကို နှစ်သက်မိခြင်းမှ ထိုအရာတို့၌ ကပ်ညှိနေသောစိတ်၊ တစ်နည်း- မိမိ၏ အထီးကျန်မှုကို ဖြေသိမ့်ရန်၊ မိမိအား စောင့်ရှောက်ထိန်းသိမ်းကာကွယ်မှုကို လိုလားသော စိတ်ဆန္ဒကြောင့် ဖြစ်လာတဲ့ မေတ္တာကို ချစ်သူမေတ္တာဟု ခေါ်ဆိုသည်၏ အဓိပ္ပာယ်ဖွင့်လိုသည်။ ထိုမေတ္တာမှာ မေတ္တာအမည်ခံမျှသာတည်း။ သူ့အသွင် အမှန်က ရာဂဟု ဆိုသော သံယောဇဉ် အနှောင်အဖွဲ့သာတည်း။
မိခင်မေတ္တာ ဆိုသည်ကား တစ်လုံးတည်းပြောပါဆိုလျင် ကောင်းကျိုးချမ်းသာကို လိုလားသောစိတ်ဖြင့် မိမိရဲ့ဆန္ဒ အာသီသကို ဥပေက္ခာပြုသည်းခံနိုင်သော စိတ်ထားဖြစ်သည်။
ကွာခြားမှုကို ဥပမာပေးပြောရလျင် – မိခင်သည် သားနဲ့ မခွဲခွာလိုသော သူ့ဆန္ဒအာသီသကို ဥပေက္ခာပြုသည်းခံ၍ သား၏ အကျိုးစီးပွားကို လိုလားကာ တက္ကသိုလ်ဆက်တက်ရန် ထောက်ပံ့စေလွှတ်၏။ အချစ်ကတော့ တက္ကသိုလ်မကလို့ ဘာသိုလ် ညာသိုလ် ထည့်မတွက်ဘဲ မိမိနဲ့ မခွဲမခွာ အတူနေလိုသော ဆူပါဂလူးနဲ့တူသည့် ဆွဲငင်သည့်ဓာတ် နှောင်ဖွဲ့သည့်ဓာတ်ရှိ၏။
ဤသို့ မောင်မေတ္တာက အနည်းငယ်မျှ ရှင်းလင်းပြ၍ မိမိသည် မသစ္စာက မြန်မာနိုင်ငံသို့ လာသည့်အခိုက်မှာ အတူစား၊ အတူသွား၊ အတူနေလိုသော ဆန္ဒအာသီသ ရှိသည်ကား အမှန်၊ သိုပေမယ့် မိမိ၏ ဆန္ဒအာသီသကို ဥပေက္ခာပြုသည်းခံ၍ မသစ္စာအပေါ်မှာ အကျိုးလိုလားသော မိခင်နဲ့တူသော မိခင်မေတ္တာစိတ်ဖြင့် ဤသို့ နှိုးဆော် တိုက်တွန်း ပြောရခြင်းဖြစ်ပါတယ်လို့ ပြောပြပါတယ်။အဲဒီတော့မှ မိခင်မေတ္တာစိတ်နှင့်တူသော တစ်ဖက်သားအပေါ်မှာ အကျိုးလိုလားသောစိတ်ထားအရင်းဓာတ်ခံ ရှိသည့် မသစ္စာအဖို့ မိခင်မေတ္တာနဲ့ ခင်းပြမှ ရှင်းလင်းနားလည်မှု ရသွားရ၏။အဲဒီလိုနားလည်မှုသည် မသစ္စာအဖို့ကား အရိယာသစ္စာလေးပါးကို သိမြင်ခွင့်ရရန် အားထုတ်ခွင့်ဆိုတဲ့အခွင့်ကို မလင့်စေဘဲ အားထုတ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ကျေးဇူးပြုဖြစ်စေ၏။
ဤသို့ ဓမ္မမိတ်ဆွေများအဖို့လည်း မလင့်စေလို့ တင့်စေဖို့ကို ဆန္ဒပို၍ မောင်မေတ္တာ - မသစ္စာ ဇာတ်ကောင်ရှာ၍ အကျဉ်းမျှ ရေးသားဖော်ပြမှုကို အဆုံးသတ်ပါပြီ။ အချိန်မရ၍ သဘောမျှခင်းပြ အတိုမျှရေးသားဖော်ပြမှု၌ လိုအပ်ချက် များစွာ ရှိနေပါလိမ့်မည်။ လိုအပ်ချက်များကို ဓမ္မမိတ်ဆွေများမှ အကြံပေး ဖြည့်စွက်ပေးကြပါ။
ခင်မင်လေးစားစွာဖြင့်
ဝင်းမြင့်
(29/09/2009)
Read more...
အကအခုံဖြင့်ပူဇော်
ညနေပိုင်းတွင်း ဗုဒ္ဓဘာသာမိန်းကလေးငယ်လေးများက ရိုးရာအကဖြင့် နဖူးမှာ သာသနာ့အလံများ စည်းကာ အကဖြင့်ပူဇော်ကြသည်၊ ညပိုင်းတွင် အမျိုးသားငယ်လေးမှာက တစ်မြို့လုံးလှည့်လည်ကာ ရိုးရာအကဖြင့်ပူဇော်ကြည်သည်မှာ မြန်မာနိုင်ငံ ကထိန်းပွဲလှည့်သည်ပမာ၊ ရက်ကွက်တစ်ခုပအတွက် အုပ်စုတစ်စုရှိသည်၊ ထိုအုပ်စုတိုင်းတွင်း ရှေ့က ကားကြီးများအပေါ်တွင် ရုပ်ပွားဆင်းတုတော်ကြီးများ ပင့်ဆောင်ကာ နောက်ကားများမှာတော့ အကအခုံတွေနှင့်အလွန်စည်းစည်ကားကား ပူဇော်ကြသည်။
တရားနာယူစဉ်
မြန်မာပြည် နှစ်ဆန်းတစ်ရက် နေ့ ရက်ကွက် ဓမ္မာရုံးတိုင်းမှာ သီလယူ တရားနာကြသလိုမျိုး လုပ်ကြသည်မှာ မြန်မာပြည် ပြန်ရောက်သလို အောင့်မေ့မိသည်၊ သီတဂူစတားနှင့် ကောင်းမွန် (အရှင်ကုသလ)၊ အရှင်စန္ဒာဝရတို့ အလှည့်ကျ တရားဟောရသည်၊ အိန္ဒိယသား ဒကာလေး တစ်ယောက်က မာရတီလိုဘာသာပြန်ပေးသည်၊ (မဟာရဋ္ဌ ပြည်နယ် စကားသည် မာရတီစကားဖြစ်)၊ ဘာသာပြန်နှင့်ဟောရသဖြင့် သိပ်အဆင်မပြေလှပါ၊ တိုက်ရိုက်ဟောနိုင်လျင်ပိုအဆင်ပြေသည်၊သီတဂူစတားတို့ရဲ့ပထမဆုံး အင်္ဂလိပ်လိုဟောခွင့်ရသည့် အတွေ့ကြုံလည်းဖြစ်သည်၊ သီတဂူစတားသည် ပထမပွဲတွင် the essence of Buddhism အကြောင်းဟောသည်၊ ဒုတိယပွဲတွင် Buddhist karma theory ( ကံအကြောင်း) ဟောခဲ့သည်။ အရှင်ကုသလ (ကောင်းမွန်) သည် ဓမ္မစကြာနှင့် ဒုတိယပွဲတွင် မြန်မာနိုင်ငံဗုဒ္ဓဘာသာအကြောင်း နှင့် အရှင်စန္ဒဝရ အရှင်မြတ်ကတော့ ပထမပွဲနှင့် ဒုတိယပွဲတွင် ငါးပါးသီလအကြောင်းဟောခဲ့ကြသည်။ ညပိုင်းတရားပွဲမှာကိုတော့ မိုးပြင်းထန်စွာ ရွာချသဖြင့် တရားပွဲတစ်ပွဲ နားလိုက်သည်။
သံဃာရှားပါး
သို့သော် ဘုန်းကြီးကျောင်းမရှိ၊ ရဟန်းသံဃာမရှိဖြစ်နေသည်၊ သီတဂူစတား တို့အဖွဲ့ရောက်သွားတော့ စောဠပူသားတွေ တအံ့တသြဖြစ်နေကြသည်၊ လာပြီးဦး တိုက်ကြသည်၊ သီတဂူစတားတို့ဆီပြေးလာကြပြီး ခြေဖမိုးကိုး နဖူးနှင့်တိုက်သည်၊ လက်နှင့်ပွတ်သည်၊ အလွန်းသနားစရာကောင်းပါသည်။
သီတဂူစတားရဲ့ ဓမ္ဓဓူတခရီးမှတ်တမ်း
သီတဂူစတားနှင့်အဖွဲ့သည် ၂၇-၉-၂ဝဝ၉ တနင်္ဂနွေနေ့ညနေမှ စတင်၍ ရထားဖြင့်ခရီးစတင်ထွက်ခဲ့ကြသည်။ သီတဂူစတားတို့ခရီးသည်ကား အိန္ဒိယနိုင်ငံ မဟာရဋ္ဌပြည်နယ်၏ ခြောက်ခုမြောက်မြို့ဖြစ်သည့် စောဠပူရ အမည်ရှိ ခရိုင်မြို့တစ်မြို့ပင်ဖြစ်သည်။ ဝမ်းမြောက်စရာကောင်းသည်မှာ ထိုမြို့ရှိလူဦးရေ ၄၆ရာခိုင်နုန်းသည်ကား ဗုဒ္ဓဘာသာဝင်များဖြစ်ကြသည်၊ ဘုရားပွင့်ရာအိန္ဒိယနိုင်ငံသည် ဘုရား တရား သံဃာ ရတနာသုံးပါးတို့ဖြင့်ကင်းကွာလာသည်မှာ ရာစုနှစ်ပေါင်းပင် ကြာခဲ့လေပြီ၊ အများစုလူဦးရေမှာ ဟိန္ဒူဘာသာဝင်တွေလွမ်းမိုးနေပါသည်၊ ရတနာသုံးပါးအဖျက်ဆီးခံရသည်မှာလဲ ထိုဟိန္ဒူဘာသာဝင်တွေရဲ့လွမ်းမိုးမှုလည်း ပါဝင်ပါသည်၊ သီတဂူစတားတို့နေသည့် ပူနေးမြို့မှာ ရထားဖြင့် လေးနာရီအကြာ စီးရသည်၊ ထိုမြို့ရဲ့လူဦးရေမှာ ၅သိနိးကျော်ကျော်ရှိ၊ တက္ကသိုလ်တစ်ခုနှင့် ကောလိပ်ပေါင်း ၁ဝဝကျော်ရှိသည်၊ အိန္ဒိယနိုင်ငံသည် ပညာရေးကိုဦးစားပေးသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ တက္ကသိုလ်ကြီးတွေ ကောလိပ်တွေ များစွာရှိသည်။ နိုင်ငံရဲ့ Fund ငွေကိုလည်း ပညာရေးအတွက် အသုံးများသည်ဟုသိရပါသည်။ သီတဂူစတားနှင့် အဖွဲ့သည် ညနေ ၆နာရီရထားဖြင့် ထွက်ခဲ့ရာ စောဠပူရ မြို့သို့ ည ၁ဝ နာရီရောက်သည်၊ ဟိုတယ်မှာ တည်းခိုဘို့ စီစဉ်ပေးသည်၊ ခရီးသည်ကား ပင်ပန်းပေမည့် သီတဂူစတားတို့အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံပင်ဖြစ်သည်။ နံက် ၉-၃ဝ ကနေ ဟိုတယ်ကနေ ထွက်လိုက်တာ ည ၁ဝကျော်မှ ဟိုတယ်မှာ ပြန်အနားယူရသည်။ ပွဲကျင်းပပုံမှာ တမူထူးခြားသည်၊ မြန်မာနိုင်ငံလို ရက်ကွက်တိုင်းမှာ ဓမ္မာရုံတစ်ခုစီရှိသည်။ တချို့ ဓမ္မာရုံတွေသည် အဖြစ်သဘောမျှသာ၊ တချို့သည် ကြီးကျယ်သည့် ဓမ္မာရုံတွေရှိ ကြသည်။
Read more...
Question: Morality, Concentration, Wisdom
Question: Buddhism teaches that three things: sila, samādhi and pañña—or morality, concentration and wisdom—are fundamental to a successful meditation practice. And we must have good sila or morality as a first step toward a successful meditation practice. Could you please elaborate?
http://usera.imagecave.com/robek/av/0z99.JPG
A: In using the word morality for sila I would also suggest the words “discipline” or “restraint,” perhaps even in place of the word “morality,” which has a philosophical connotation.
And, yes, it is correct to say that practicing sila—acting with discipline and restraint in daily life—lays an essential foundation for a good meditation practice.
Depending on how disciplined we are, our practice becomes successful. When we don’t have sufficient discipline, our practice will be difficult. Mindfulness may then be hard to attain or to sustain. We must have good discipline to be mindful.
Most of the time we don’t remember to be mindful—we are not mindful of mindfulness! It’s harder yet when our minds are distracted or bothered by unwholesome actions we may have undertaken or be involved in.
http://cabrennan.com/images/buddhaeyes.jpg
The Pāli word sila recalls the word “sealant” in English. When you want to close a crack, you use a sealant and seal it off. You lay the foundation for a house and cover all the cracks, so no water will seep in, no insects will enter, and the foundation won’t collapse. As a result, the foundation for your house remains firm and is sturdy enough to build upon.
Sila is like that when it comes to meditation. It’s the foundation. Through restraint, through wholesome actions and decisions made in our daily lives, we lay this foundation.
If we don’t lay a good foundation for meditation, we can directly see the results in our practice. You may be meditating regularly, sitting a half-hour or an hour. All of a sudden one day, you can’t even sit for 10 minutes.
http://farm4.static.flickr.com/3160/2745796888_a0d636cefe.jpg
Your mind is agitated, you’re constantly distracted, you simply can’t focus. Something you have done in your life—becoming enraged with someone, sexual misconduct, addictive behavior of all sorts or some other unwholesome action of body, speech or mind—has deeply registered in your subconscious mind. It keeps coming back up, making you feel remorseful, guilty, restless, full of worries. You just can’t sit!
On the other hand, it’s unrealistic to expect people to become paragons of virtue before they ever begin to meditate. If we wait until we are saints, if we put off meditation until our sila is perfect, then we will never meditate! Whatever our moral situation, we must begin.
We make the commitment to root out unwholesome behavior and to encourage wholesome habits in our lives. It helps to make the commitment and to come back to it, time and time again: “OK, from now on I’m going to undertake this meditation practice and I’m going to try not to break my principles.”
http://upload.wikimedia.org/wikipedia/commons/thumb/6/6e/Japanese_buddhist_monk_by_Arashiyama.JPG/400px-Japanese_buddhist_monk_by_Arashiyama.JPG
If you do, then learn from those consequences. Feel the heaviness in your mind and in your life. Our goal is to make the mind light, to make our life light. After all, we are seeking to attain en-light-enment, aren’t we?
Sila, though, should not be confused with a set of commandments. It is something you undertake by yourself, on your own accord. If you don’t make the effort, if you commit some unwholesome behavior, you reap the consequences and it affects your meditation practice. If you do make the effort, you’ll also see the positive consequences—it’s very cause and effect.
http://www.buddhisteducation.co.uk/images/cover.jpg
We practice sila for own self-confidence and to overcome our weaknesses. So, sila is a way of behaving, that we ourselves choose. We undertake it by ourselves for the sake of a steady state of mind, for the sake of progress in our practice.
Good sila strengthens our courage and ability. It gives support to our meditation practice and provides psychological strength. It is this foundation that is absolutely necessary to gain concentration.
Read more...
Making Strange: responses to the Heart Sutra as womb
A look at chapter seven, Joyous Negations, of 'Buddhist Scriptures as Literature: Sacred Rhetoric and the Uses of Theory' by Ralph Flores, (SUNY Press, 2008) and a partial response to a review of the same by Will Buckingham in the Western Buddhist Review, volume five.
No eyes, no ears, no nose, no tongue, no body, no mind; no color, no sound, no smell, no taste, no touch, no object of mind; no realm of eyes and so forth until no realm of mind consciousness. The Heart Sutra's compelling cadence clearly has much to do with its immense popularity. Whether in Korean, Japanese, or English, it is little wonder that this is a daily chant for millions of people.
Trying to apply its teaching, however, is quite another matter. First there's the decision over what that message is. Is it to be found in the philosophy (form does not differ from emptiness, emptiness does not differ from form) or in the mantra (the great transcendent mantra, the great bright mantra, the utmost mantra, the supreme mantra, able to relieve all suffering, true not false)?
How is either to be applied outside of recitation? The mantra is performed in its repetition. As are the negations. Ralph Flores, in a magnificent image in his book Buddhist Scriptures as Literature, describes the Sutra's "obsessive, emphatic reiteration of "no"" as being like "a shooting booth in a country fair" knocking down rows of cardboard ducks. "Comfortingly," he writes "negations are partial, emptiness is form: they'll all pop up again, so the shooting spree can be re-performed on the next ritual occasion."
Flores makes the point that the teachings, difficult to grasp, "indeed, they oppose all grasping", seem to provide very little to do outside of ritual, and it is in the ritual re-enactment of Avalokita's vision, keeping us in emptiness for the duration of the chant, that the sutra has meaning. It provides, as Flores describes it, borrowing a phrase from an earlier text, a "concentration of the heart", but where, he asks, "having burnt our bridges and recycled our rafts", are we now headed?
To answer this question Flores brings the ideas of ideology, transformations, incorporations, and, most importantly, re-tropings, to the Sutra. Looking at the Sutra's literary themes leads him into some quite astonishing but revealing comparisons. We move from Alice in Wonderland to Freud to Joseph Conrad's Heart of Darkness. And along the way we encounter, in Donal Lopez' interpretation of a Tibetan version of the sutra, "a scenario of Oedipal rivalry and incest".
It is at this point that one reviewer of Ralph's book found himself in what he admits was the ignoble position of sniggering. Will Buckingham, author of the Think Buddha blog, writing in the Western Buddhist Review, describes how the presentation of the Heart Sutra in terms of the Buddha uniting with the mother goddess Prajnaparamita in a "primal scene of parental intercourse" forms something of a breaking point for his laughter, albeit one that leads to further questions concerning just how these texts are to be read.
In contrast to Flores' approach, which he finds "too reverent and too tentative", and in possible opposition to what he describes as the "guardians of orthodoxy", Buckingham calls for "a writer willing to throw everything in the air, committed only to the play of ideas and images, to the stuff of imagination, a writer willing, if necessary, to snigger at those things that should not be sniggered at, to titter and snicker, to chortle, to chuckle and to guffaw."
Sniggering at the sacred texts of Buddhism, though possibly a natural reaction in some, is however a much less useful response to the difficulties of the tradition than reaching for understanding. If there is a role for Buckingham's guffaws, and the Zen tradition in which the Heart Sutra has a place is full of deliberately shocking irreverence, the laughs surely come only after the serious work of immersion and understanding is complete.
Red Pine, in his excellent commentary on the Sutra, describes how his reading of the text was unexpectedly transformed by the realisation that the Heart Sutra was itself Prajnaparamita's womb, into which buddhas enter to await their rebirth. Red Pine, rather than sniggering, a preclusive act of vandalism if it had formed the totality of his response, went on to entitle his commentary "The Womb of the Buddhas" and explored the theme with the seriousness it deserves.
Flores does the same and, returning to the questions posed at the start, pursues his exploration of the Sutra from his unique perspective beyond the realm of ritual re-enactment and into what the joyous negations of the text might actually mean for practitioners in their daily lives. Drawing from some most unexpected comparisions, Flores completes his analysis of the Sutra by revealing what it at first seems to withhold - a next step.
"To rely on nothing" Flores writes, "is to achieve great stability. One no longer works from the viewpoint of the 'I', with its wants, hopes, hates, fears, or illusions of control. We thus do not try to escape from mundane life, but like bodhisattvas in our own way, continue to live amidst the errors and confusions that surround us... Our task is to discover how emptiness in the mind matches, or becomes, emptiness everywhere."
Links:
  • The Heart Sutra: English and Korean
  • Amazon: Buddhist Scriptures as Literature, Ralph Flores
  • Western Buddhist Review, volume five: Will Buckingham
  • ThinkBuddha: Literature and Laughter
  • Marcus' Journal: Heart Sutra Resources
  • Read more...
    ထေရဝါဒဗုဒ္ဓဖွားနှစ်
    ဗုဒ္ဓပရိနိဗ္ဗာန်စံတဲ့ နှစ်ကစပြီး သာသနာနှစ် ၁-လို့ စတင်ရေတွက်ပါတယ်။ ယနေ့ (မြန်မာက္ကရာဇ် ၁၃၇၁- ခုနှစ်) ဆိုရင် သာသနာနှစ် ၂၅၅၃-ပါ။ ရောက်ဆဲ ခရစ်နှစ် ၂၀၀၉-ကို သာသနာ ၂၅၅၃-မှ နုတ်ရင် ဘီစီ ၅၄၄၊ ဒါ ဗုဒ္ဓပရိနိဗ္ဗန်စံတဲ့နှစ်။ ပရိနိဗ္ဗာန်စံတဲ့နှစ်ကို နုတ်ပြီး သက်တော် ၈၀-ကို ထပ်ပေါင်းရင် ဗုဒ္ဓဖွားမြင်တာ (၅၄၃+၈၀) ဘီစီ ၆၂၃။
    -------ရောက်ဆဲသာသနာတော်နှစ်ကို သိလိုလျှင်-
    --------
    ယခုရောက်ဆဲ ခရစ်နှစ်ထဲကို -၅၄၄-ပေါင်းထည့် လိုပ်က်ပါ၊ ဒါဆို သင်သိလိုတဲ့ ရောက်သာသနာနှစ် သိပြိပေါ့။
    ဥပမာ=၂၀၀၉+၅၄၄=၂၅၅၃။
    -----------------------------------------------------
    သီဟိုဠ်၊ မြန်မာ၊ ယိုးဒယား၊ ကမ္ဘောဒီးယား၊ လာအိုစတဲ့ ထေရ၀ါဒဗုဒ္ဓဘာသာနိုင်ငံတွေ လက်ခံတဲ့ မြတ်ဗုဒ္ဓ ဖွားမြင်တော်မူတဲ့နှစ် ဖြစ်ပါတယ်။ ဒါဟာ သီရိလင်္ကာနိုင်ငံနဲ့ ဗုဒ္ဓသာသနာသမိုင်းစဉ်ကိုဖော်ပြတဲ့ မဟာဝံသကျမ်း၊ အဋ္ဌထကာကျမ်းတွေနှင့် အညီဖြစ်ပါတယ်။ မဟာဝံကျမ်းကို သီဟိုဠ် မဟာဝိဟာရကျောင်းတိုက်က ပညာရှင်တွေ သီဟိုဠ်ဘာသာနဲ့ ရေးသားခဲ့ပြီး အေဒီ ၅၂၀ ခန့်မှာ ပါဠိဘာသာ ပြန်ဆိုခဲ့ပါတယ်။ ယနေ့ ထေရ၀ါဒနိုင်ငံတွေမှာ လက်ခံနေကြတဲ့ ဗုဒ္ဓဘာသာ ပါဠိစာပေ အားလုံးနီးပါးကို မဟာဝိဟာရကျောင်းတိုက်ထွက် ပညာရှင်တွေ ရေးခဲ့တာပါ။ ဒါကြောင့် (ဘီစီ ၆၂၃) ဗုဒ္ဓမွေးနေ့ အဆိုဟာ မဟာဝိဟာရကျောင်းတိုက်က မထေရ်စဉ်ဆက် မှတ်ယူလာတဲ့ အယူအဆ၊ ထေရ၀ါဒမှတမ်းများရဲ့ အယူအဆ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ထေရ၀ါဒ နိုင်ငံတွေမှာ လွန်ခဲ့ နှစ်(၅၃)လောက်က ဗုဒ္ဓသာသနာ (၂၅၀၀) ပြည့်ပွဲတွေ ကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။
    ကမ္ဘာ့သမိုင်းနှင့် ရှိခြင်း
    မဟာဝံသနှင့် အဋ္ဌကထာကျမ်းများ အဆို၊ မဇ္ဈိမဒေသမင်းဆက်၊ ကမ္ဘာ့သမိုင်းမှတ်တမ်းများ၊ သံဂါယနာမှတ်တမ်းများ၊ ဆရာစဉ်ဖော်ပြချက်၊ အသောကကျောက်စာ၊ မြောက်ပိုင်းဗုဒ္ဓ ဘာသာမှတ်တမ်းများ၊ အိန္ဒိယတောင်ပိုင်းမှ ရှေးဟောင်းကျောက်စာအချို့၊ အဲဒါတွေ အားလုံးကို ညှိနှိုင်းတိုက်ဆိုင်ပြီးနောက် ဘီစီ ၆၂၃- ဗုဒ္ဓဖွားနှစ်အဆိုနဲ့ ပတ်သက်ပြီး စဉ်းစားစရာ တွေ့လာရတယ်။ ပညာရှင်တွေက ဗုဒ္ဓဖွားနှစ်ကို (ဘီစီ ၅၆၃) လို့ ယူဆလိုကြတယ်။ ဒါလည်း မဟာဝံသကျမ်း(အခန်း ၅၊ ဂါထာအမှတ် ၂၁) မှာ ဖြော်ပတဲ့ အိန္ဒိယဧကရာဇ် အသောကမင်းဟာ ဗုဒ္ဓပရိနိဗ္ဗာန်စံပြီးနောက် ၂၁၈-နှစ် အကြာမှာ နန်းတက်တယ်ဆိုတဲ့ အချက်ကိုပဲ အခြေခံတာပါ။ မဟာဝံသနဲ့ ၀ိနယအဋ္ဌကထာကျမ်းများအလိုအရ အဇာတသတ္တု (ဗုဒ္ဓမလွန်မှီ ၈-နှစ် လွန်ပြီးနောက်) ၂၄၊ ဥဒယဘဒ္ဒ ၁၆၊ အနုရုဒ္ဓ နှင့် မုဏ္ဍ ၈၊ နာဂဒါသက ၂၄၊ သုသုနာဂ ၁၈၊ ကာဠာသောက ၂၈၊ ၄င်းမင်း၏သား ဆယ်ယောက် ၂၂၊ နန္ဒမင်းသား ကိုးယောက် ၂၂၊ စန္ဒဂုတ္တ ၂၄၊ ဗိန္ဒုသာရ ၂၈၊ အသောက (အဘိသိက်မခံမှီ ၄ +) နန်းစံ ၁၈-နှစ်မြောက် (ဗုဒ္ဓလွန်ပြီးနောက် နှစ်ပေါင်း ၂၃၆-နှစ်အကြာ)မှာ အသောကရဲ့သားတော် အရှင်မဟိန္ဒ သီဟိုဠ်ကို ရောက်ပါတယ်။ စန္ဒဂုတ္တဟာ အသောကရဲ့ ဘိုးတော်ပါ။ အသောကဟာ နန်းရပြီး ၄-နှစ်ကြာမှ အဘိသိက်ခံတာဖြစ်လို့ ဘိုးတော် စန္ဒဂုတ္တမင်းနဲ့ အသောကတို့အကြား ဖော်ပြပြီး နန်းစံနှစ်တွေအရ ၅၆-နှစ် ကွာတယ်။ ဒါကြောင့် စန္ဒဂုတ္တဟာ ဗုဒ္ဓနောက် (၂၁၈–၅၆) ၁၆၂-နှစ် အကြာမှာ နန်းစိုက်တယ်။ အိန္ဒိယသမိုင်းအရ စန္ဒဂုတ္တနန်းတက်နှစ်ဟာ ဘီစီ ၃၂၁။ ဒီတော့ ဗုဒ္ဓပရိနိဗ္ဗာန်စံနှစ်ဟာ ဘီစီ (၃၂၁+၁၆၂) ၄၈၃။ သက်တော် ၈၀ ပေါင်းရင် မြတ်ဗုဒ္ဓ မွေးဖွားနှစ်ဟာ (၄၈၃+၈၀) ဘီစီ ၅၆၃။ ကမ္ဘာ့သမိုင်းအရ ဂရိဘုရင် အလက်စန္ဒာသဂရိတ်ဟာ ဘီစီ ၃၂၅-မှာ အိန္ဒိယနိုင်ငံ ပန်ဂျပ်ပြည်နယ်အထိ အောင်နိုင်ပြီး အိန္ဒိယမှအပြန် ဘီစီ ၃၂၃-မှာ ကွယ်လွန်တယ်။ အိန္ဒိယဘုရင် စန္ဒဂုတ္တမောရိယမင်းက အလက်စန္ဒာရဲ့ လူတွေကို နှိမ်နင်းခဲ့တယ်။ အဲဒီအချိန်က အသောကမင်း မမွေးဖွားသေးဘူးလို့ အိန္ဒိယသမိုင်းနဲ့ ကမ္ဘာ့သမိုင်းတွေမှာ ဆိုတယ်။ ဒါကြောင့် ဗုဒ္ဓဖွားနှစ်ကို ဘီစီ ၆၂၃-ယူရင် စန္ဒဂုတ္တနဲ့ အလက်စန္ဒာတို့ကို ခေတ်ပြိုင်ဆိုတဲ့ အဲဒီသမိုင်းတွေနဲ့ ဆန့်ကျင်ပါလိမ့်မယ်။
    မင်းဆက်နှစ်-ပိုလာခြင်း
    ၁၉၀၇-ခုနှစ်က မဟာဝံသပါဠိကို အင်္ဂလိပ်ဘာသာပြန်ဆိုခဲ့တဲ့ ပါမောက္ခ ၀ီလျံဂိုင်ဂါ (Wilhelm Geiger) ဟာ မဟာဝံသနဲ့ စူဠ၀ံသကျမ်းတွေမှာဖော်ပြတဲ့ သီဟိုဠ်မင်းဆက်ကို အသေးစိတ် လေ့လာတဲ့အခါ အေဒီ ၁၀၀၀-ခန့်က အိန္ဒိယတောင်ပိုင်း စောဠတိုင်းသားတို့ သီဟိုဠ်ကို ကျူးကျော်တဲ့အချိန်ကို ဖော်ပြတဲ့ သက္ကရာဇ်တွေမှာ ၆၂-နှစ်လောက် ကွာဟနေတာကို တွေ့ရှိခဲ့တယ်။ တွေ့ရှိပုံက ဒီလိုပါ။ စူဠ၀ံသကျမ်း အခန်း ၅၃-မှာ တတိယဥဒယမင်း (ဗုဒ္ဓနှစ် ၁၄၉၇-နန်းတက်) ပရက္ကမပဏ္ဍုမင်း (ဗုဒ္ဓနှစ် ၁၅၉၀-နန်းတက်)တို့ အကြားကာလကို ၉၃- နှစ်နှင့် ၈-ရက်လို့ ဆိုတယ်။ အိန္ဒိယတောင်ပိုင်း နယ်က စောဠဘုရင် ရာဇိန္ဒြရာဇစောဠဒေ၀မင်း ရေးထိုးခဲ့တဲ့ ကျောက်စာမှာ စူဠ၀ံသကျမ်း ဆိုတဲ့အတိုင်း တတိယဥဒယမင်း နန်းတက်ပြီးစမှာ စောဠတိုင်းသားတို့ သီဟိုဠ်ကို စစ်ချီကြောင်း ဖော်ပြလို့ ဒီမင်းနှစ်ပါး ခေတ်ပြိုင်နေတာကို တွေ့ရတယ်။ စောဠဒေ၀ရဲ့ နန်းတက်နှစ်ကို အေဒီ ၁၀၁၁-လို့ အိန္ဒိယသမိုင်း ဆရာတို့ ဆိုတယ်။ စောဠတို့ သီဟိုဠ်ကို စစ်ချီတာ စောဠဒေ၀မင်း နန်းစံ ၄-နှစ်မြောက် (အေဒီ ၁၀၁၅)။ ဒါဟာ စူဠ၀ံသကျမ်းလာ တတိယဥဒယ နန်းတက်နှစ် (ဗုဒ္ဓနှစ် ၁၄၉ရ) ဖြစ်နေတယ်။ ဒီတော့ ဗုဒ္ဓနှစ် ၁၄၉၇-ဟာ အေဒီ ၁၀၁၅ (ဒီအလို ပုံမှန် သမိုင်းဆရာတို့ ပြသလို တတိယဥဒယ နန်းတက်နှစ်ကို အေဒီ ၉၄၆-လို့ မဆိုနိုင်တော့ဘူး)။ ဒါဆို ဗုဒ္ဓပရိနိဗ္ဗာန်စံ နှစ် (၁၄၉၇-၁၀၁၅) ဘီစီ ၄၈၃၊ မွေးဖွားနှစ် ဘီစီ ၅၆၃-လို့ အဓိပ္ပာယ် သက်ရောက်သွားတာပဲ။
    တတိယဥဒယမင်းကစပြီး ပထမပရက္ကမဗာဟုမင်းတိုင်အောင် မင်းဆက်ကို အသေးစိတ် ရေးခဲ့သူ စူဠ၀ံသကျမ်းပြုဆရာဟာ တတိယဥဒယမင်း နန်းတက်နှစ်ကို ဗုဒ္ဓနှစ် ၁၄၉၇ (စောဠမင်း ကျောက်စာနှင့်အညီ အေဒီ ၁၀၁၅)၊ ပရက္ကမပဏ္ဍု နန်းတက်နှစ်ကို ဗုဒ္ဓနှစ် ၁၅၉၀ (အေဒီ ၁၀၄၆)၊ ပထမပရက္ကမဗာဟု နန်းတက်နှစ်ကို ဗုဒ္ဓနှစ် ၁၆၉၇ (အေဒီ ၁၁၅၃) လို့ ဖော်ပြခဲ့ပေမဲ့ တတိယ ဥဒယနန်းတက်နှစ်မှာ ကျန်ဘုရင် နှစ်ပါးနန်းတက်နှစ်နဲ့ မတူတဲ့အခြေခံ (သမိုင်းမှတ်တမ်းများ)က လာတယ်ဆိုတာကို သတိမပြုခဲ့မိပုံမရဘူး။ တတိယဥဒယနှင့် ပရက္ကမဘဏ္ဍု အကြား- ၉၃-နှစ် ဆိုပေမဲ့ အမှန်တော့ (အေဒီ ၁၀၁၅-၁၀၄၆) ၃၁-နှစ်သာ ကွာပြီး ၆၂-နှစ် ပိုထွက်လာတာကို တွေ့ရပါတယ်။
    ဗုဒ္ဓဖွားနှစ် ၂မျိုး ဖြစ်သွားခြင်း
    အဲဒီလို ၆၂-နှစ် ပိုထွက်လာတာ ဘယ်မင်းဆက်ရယ်လို့ အတိအကျ မပြနိုင်ဘူးလို့ဆိုပြီး သံသယဖြစ်နိုင်တဲ့ အချက်အချို့ကို ဂိုင်ဂါက ထောက်ပြခဲ့တယ်။ ဥပမာ အသက် ၃၇-နှစ်မှာ မင်းဖြစ်ပြီး နန်းသက် ၇၀-ကြာခဲ့တဲ့ ပဏ္ဍုကာဘယ (ဘီစီ ၄၃၇-၃၆၇) (ဒီမင်းလဲ အသက် သိပ်ရှည်လို့ စဉ်းစားစရာပဲတဲ့)ကို ဆက်ခံတဲ့ သူ့ရဲ့သားဖြစ်သူ မုဋသိဝဟာ ပဏ္ဍုကာဘယ မင်းမဖြစ်ခင် (အသက် ၃၇ နှစ်မတိုင်ခင်)က လက်ထပ်ခဲ့တဲ့ မိဖုရားသုဝဏ္ဏ၀တီက ဖွားမြင်သတဲ့။ ဒါကြောင့် မုဋသိဝ မင်းပြုတဲ့အခါ အနည်းဆုံး အသက် ၇၀။ ဒါပေမဲ့ မုဋသိဝ နန်းစံ သက်တမ်း ၆၀-နှစ်လို့ မဟာဝံသမှာ ဆိုတယ်။ ဒါဆိုရင် မုဋသိဝ အသက် ၁၃၀- ဖြစ်သွားနိုင်တာမို့ ယုတ္တိမတန်ဘူး။ သီဟိုဠ်အစဉ်အလာသမိုင်းဟာ အချို့ ဖြစ်စဉ်တွေကို အမှန်အတိုင်း ထိန်းသိမ်းထားနိုင်မှာဖြစ်ပေမဲ့ ဘုရင့်နန်းစံနှစ်တွေနဲ့ ပတ်သက်ရာမှာတော့ ၀ိဇယမင်း သီဟိုဠ်မှာ နန်းစံနှစ်ကို ဗုဒ္ဓပရိနိဗ္ဗာန်စံနှစ်နှင့် ထပ်တူဖြစ်အောင် ဆွဲဆန့်ထားဖွယ်ရှိတယ်လို့ ဂိုင်ဂါက ယူဆခဲ့တယ်။ အဲဒီလို ယူဆလို့ ဂိုင်ဂါဟာ မဟာဝံသအဆို ဗုဒ္ဓဖွားနှစ် ဘီစီ ၅၄၄-နှစ်ထဲက (ကမ္ဘာ့သမိုင်းတွေနဲ့အညီ) ၆၁-နှစ် လျော့ပစ်ဖို့ တင်ပြခဲ့တာကို ပညာရှင်တွေ မငြင်း၊ သို့မဟုတ် လက်ခံကြတဲ့အတွက် အနောက်တိုင်း ပညာရှင်တွေအကြား ဗုဒ္ဓပရိနိဗ္ဗာန်စံနှစ် ဘီစီ ၄၈၃၊ ဗုဒ္ဓဖွားနှစ် ဘီစီ ၅၆၃-လို့ ဆိုကြတာပါ။
    မဟာဝံသအလို ဗုဒ္ဓပရိနိဗ္ဗာန်စံတဲ့နှစ်မှာ ၀ိဇယမင်း သီဟိုဠ်ကို ရောက်တယ်ဆိုပေမဲ့ ပထမဆုံး ဗြဟ္မီအက္ခရာနဲ့ ရေးထိုးထားတဲ့ သီဟိုဠ် အနုရာဓပုရမြို့နားမှာရှိတဲ့ ဆိရမ် ဒေရနိယဂါလ (Siran Deraniyagala) ကျောက်စာအရ အဆိုပါဝိဇယမင်း သီဟိုဠ်ရောက်ချိန်ဟာ ဘီစီ ၄၈၀-ခန့် ဖြစ်တာကို တွေ့ရတယ်။ ဒါကြောင့် မဟာဝံသအလို ၀ိဇယဘုရင် သီဟိုဠ် ရောက်နှစ်နှင့် အဲဒီပြာကရိတ် ဗြဟ္မီကျောက်စာအဆို ကွဲလွဲနေတာဟာ ဂိုင်ဂါရဲ့ အယူအဆ (ဘီစီ ၅၆၃ ဗုဒ္ဓဖွား) ကို ထောက်ခံသလို ဖြစ်နေတယ်။
    ----------------------------------------------------------------
    ဗုဒ္ဓမွေးဖွားတဲ့နှစ်တွက်နည်းကို ဗဟုသုတအနေနဲ့ ဆက်လက်တင်ပြလိုက်တာပါ။ အယူအဆများစွာ ရှိပေမယ့် မေမေ့လပြည့်ဝန်းလေး အရင်စာတမ်းမှာ တင်ပြခဲ့သလို့ ထေရ၀ါဒမထေရ်ဆရာတော်ကြီးများလက်ခံထားတာက -ဘီစီ-၆၂၃-နှစ်ကို ဗုဒ္ဓဖွားနှစ်အဖြစ် တညီတညွတ်တည်း လက်ခံထားကြပါတယ်။
    ဗုဒ္ဓပရိနိဗ္ဗာန်စံသွားတာ နှစ်ပေါင်း (၂၅၀၀)ကျော်လာပြီဆိုတော့ မူကွဲတွေ.. အယူအဆ အမျိုးမျိုးတွေကတော့ ရှိမှာပါ။ နှစ်ကြာလာရင် အယူအဆတွေ အမျိုးမျိုးကွဲသွားတာကလည်း ဓမ္မတာပဲလေ။ တကယ်ကြည့်မယ်ဆိုရင် ဗုဒ္ဓအတွက် မွေးနှစ်က ဒီလောက်အရေးကြီးတာတော့ မဟုတ်ပါဘူး။ ဗုဒ္ဓဟောကြားခဲ့တဲ့ “အမှန်တရား လေးပါးကို” သိအောင် ကျင့်ကြံခြင်းက အရေးကြီးတာပါ။ တကယ်တရားမြင်ရင် ဘုရားမြင်မယ်၊ ဘုရားအစစ်ကို မြင်ရင် တရားစစ်၊ တရားမှန်လည်း မြင်သွားမှာပါ။ အဲဒီအခါကျရင် ဘုရားရှင်ကိုလည်း တကယ်ကြည်ညို သွားမှာပါ။
    Read more...
    အသက်ရှည်ဆေး
    သ, မ, ထော, ပျား, တောကကျား, သက်ကား ရာကျော်ရှည်လတံ့။
    သ-သကြား။
    မ-မကျီးနှစ်။
    ထော-ထောပတ်။
    ပျား-ပျားရည်။
    တောကကျား-ဆင်တုန်းမနွယ် အမှုန့်။
    ဆတူ ရောသမမွေပြီး မနက်တကြိမ် ညတကြိမ် လဘက်စားဇွန်းစာ စားက ဓာတ်လေးပါးညီညွတ်၍ အသက်ရာကျော် ရှည်မည်။
    ( ညောင်သုံးပင် ဆရာတော်-မိုးကုတ် )
    ထေရဝါဒ ဗုဒ္ဓဘာသာနှင့် မဟာယာန ဗုဒ္ဓဘာသာ နှိုင်းယှဉ်ဝေဖန်ချက် ( ၄ )
    ( ယခင်လမှ အဆက် )
    ငါဘုရားပရိနိဗ္ဗာန်စံပြီးသည့်နောက် တယောက်သောပုဂ္ဂိုလ်က အယူအဆသစ် တင်သွင်းလာတော့မယ်ဆိုရင် အဲဒီဝါဒကို ပိဋကတ်သုံးပုံထဲမှာ ထည့်ကြည့်လိုက်ပါ။ ညှိကြည့်လိုက်ပါ။ သုတ္တန်တွေထဲ ထည့်ကြည့်၊ ကိုက်ညီတယ်၊ ဝင်သွားတယ်ဆိုရင် ဒါ လက်ခံနိုင်တယ်။ သုတ္တန်မှာ မဝင်ရင် ဝိနည်းမှာထည့်ကြည့်ပါ၊ ဝိနည်းထဲ ဝင်သွားသလား၊ ဒါဆိုရင် ကောင်းတယ်၊ မဝင်ဘူးဆိုရင် အဘိဓမ္မာထဲမှာ ထည့်ကြည့်ပါ။ အဲဒါ အံဝင်ခွင်ကျ ဝင်သွားရင်ကောင်းတယ်၊ သုတ္တန် ဝိနည်း အဘိဓမ္မာ ဘယ်မှာမှမဝင်ဘူးဆိုရင် အဋ္ဌကထာမှာထည့်ကြည့် ၊ အဋ္ဌကထာထဲဝင်သွားတယ်၊ ညီညွတ်တယ်ဆိုရင် ကောင်းတယ်၊ အဋ္ဌကထာထဲမှာ မဝင်ဘူးဆိုရင် ဋီကာထဲမှာ ထည့်ကြည့်ပါ။ ဝင်သွားရင်ကောင်းတယ်၊ ဘယ်မှာမှ ထည့်လို့မရရင် အာစရိယဝါဒနှင့် ညှိကြည့်ပါ၊ အာစရိယဝါဒဆိုတာ အရှင်မဟာကဿပ၊ အရှင်အာနန္ဒာ၊ အရှင်ဥပါလိတို့လို ပုဂ္ဂိုလ်များကို ပြောတာ။ အာစရိယဝါဒထဲ ဝင်သွားတယ်ဆိုရင်လဲ တော်ပါသေးတယ်။ အဲဒီလေးမျိုးနှင့် ညှိလို့မရတဲ့ အယူအဆဝါဒမျိုးဆိုရင် ပစ်ပယ်လိုက်။ အဲဒါ မဟာပဒေသလေးပါးပဲ။
    ပါဠိတော်ရယ်၊ အဋ္ဌကထာရယ်၊ ဋီကာရယ်၊ အာစရိယဝါဒရယ် အားလုံးလေးပါးပေါ့။ အဲဒီ အားကိုးအားထားပြုရမဲ့ အာစရိယဆိုတာက မဟာပဒေသလေးပါးကို လိုက်နာကျင့်ဆောင်တဲ့ ပုဂ္ဂိုလ်မျိုး ဖြစ်ရမယ်။
    လက်မခံတဲ့ဆရာမျိုးနဲ့ဆိုရင် မဖြစ်ပြန်ဘူး။ ပါဠိတော် အဋ္ဌကထာ ဋီကာတွေကို ကျွမ်းကျင်တဲ့ပုဂ္ဂိုလ် ဖြစ်ဖို့လိုတယ်။ ဒါကြောင့် ပေါ်ပေါက်လာတဲ့ ဝါဒကွဲများကို မဟာပဒေသနှင့်သွင်းညှိပြီး ကိုက်ညီဖို့ အရေးကြီးတယ်ဆိုတာ။ ဒါဟာ သာသနာကို ကြည့်ညိုတဲ့ပုဂ္ဂိုလ်တွေ အကျေအလည်သိထားဖို့ လိုအပ်တယ်။ နောက်ပြီး တန်ခိုးကိစ္စနဲ့ပတ်သက်ပြီး ပြောစရာတွေရှိတယ်။ အဲဒါနဲ့ပတ်သက်ပြီး ကေဝဋသုတ် ဟောတဲ့အခါကျမှ ဟောပြမယ်။ အခုတော့ ဝါဒဆိုင်ရာကိစ္စနှင့် ပတ်သက်ပြီး ဒါလောက်ပဲ မှတ်ထားဦး။
    ( မြတ်ဗုဒ္ဓရုပ်ကလာပ် မီးရှို့၍ မလောင်)
    မြတ်စွာဘုရားပျံလွန်ပြီး ရုပ်ကလာပ်တော်ကို ကုသိနာရုံအရှေ့ဘက် နံ့သာထင်းပုံပေါ်မှာ တင်ပြီး မီးပူဇော်ကြဖို့ ဆောင်ရွက်ကြတယ်။ အဲဒီအခါမှာ မလ္လာမင်းများက မီးရှို့ဖို့ ပြင်ဆင်ကြတာ။ မီးက ရှို့လို့မလောင်ဘူး။ အရှင်အနုရုဒ္ဓါက ကြည့်နေတယ်။ ထင်းပုံကြီးက မီးမစွဲနိုင်ဘူး။ နောက်တော့ နတ်တွေက အရှင်အနုရုဒ္ဓါကို လာလျှောက်ကြတယ်။ အခုအခါမှာ အင်မတန်အရေးကြီးပုဂ္ဂိုလ် မရောက်လာသေးလို့ မီးမလောင်တာပါ။ လာမည့် သာသနာတော်တရပ်လုံး ပခုံးပေါ်လွဲပြောင်းတဲ့ ပုဂ္ဂိုလ်ကြီး ရောက်အောင်စောင့်ပါဦး၊ အလောင်းတော်ကို ဖူးမြော်ခွင့်ပေးပါဦး။ မီးသင်္ဂြိုဟ် မစောပါနဲ့။ သာသနာတော်ကို ဆက်လက်ထမ်းဆောင်မည့်ပုဂ္ဂိုလ်က လာနေတုန်းရှိပါသေးတယ်။ ရောက်အောင်စောင့်ပါဦး။ သာသနာတော်ကြီးတရပ်လုံးကို အရှင်အာနန္ဒာလဲ မထမ်းဆောင်နိုင်ဘူး။ အရှင်အနုရုဒ္ဓါ၊ အရှင်ဥပါလိတို့လဲ မထမ်းဆောင်နိုင်ဘူး။ ထမ်းဆောင်ဖို့ ပခုံးလွှဲပြောင်းပေးထားတဲ့ ပုဂ္ဂိုလ်က အရှင်မဟာကဿပသာ ဖြစ်ပါတယ်။
    ( အရှင်မဟာကဿပ တာဝန် )
    အရှင်မဟာကဿပရဲ့ ဂုဏ်စွမ်းရည်ကို သိမြင်ပြီး ဘဒ္ဒိယတိုင်းပြည်က အရှင်မဟာကဿပအလောင်း လူဝတ်နဲ့ ရာဇဂြိုဟ်ပြည်ကို ကြွလာတဲ့အချိန်မှာ မြတ်စွာဘုရားက ခြောက်မိုင်လောက်သွားကြိုပြီး စောင့်နေခဲ့ဖူးပါတယ်။ အရှင်မဟာကဿပ ရဟန်းမဖြစ်မီ လူ့ဘ၀ကစပြီး ကြိုဆိုတာဟာ-ဒီပုဂ္ဂိုလ်ဟာ ငါဘုရားမရှိတဲ့နောက် သာသနာကို ထိန်းသိမ်းမယ့်ပုဂ္ဂိုလ် ဖြစ်လာမယ်ဆိုတာ ကြိုတင်မြင်တော်မူလို့-ဖြစ်ပါတယ်။ ဆရာသမားတွေက ချီးမြောက်တဲ့နေရာမှာ ဒီလိုကြိုတင်မြော်မြင်ပြီး မြင်ကြတာဟာ အလွန်အံ့ကြချီးကျူးစရာ ကောင်းတယ်။ ဒီအရည်အချင်းကို ဧကဒဿီလို့ ခေါ်ရမှာပေါ့။ အနာဂတ်ရှည် ဝေးစွာသောကာလကို မျှော်ပြီး မြင်တတ်တဲ့ပုဂ္ဂိုလ်မြတ်တွေပဲ။ ဒီလိုပုဂ္ဂိုလ်မျိုးကို လောကစက္ခု (လောကမျက်လုံး) လို့လဲခေါ်ရတယ်။ ရှင်မဟာကဿပက ဆွေမျိုးတွေလဲ အလွန်ပေါတယ်။ သူဌေးမျိုးဖြစ်တဲ့ ရှင်မဟာကဿပကို ဆွေမျိုးတွေက အလွန်နူးညံ့ပြီး ချောမွတ်နေတဲ့ ကာသိတိုင်းဖြစ်အဝတ်ကို နှစ်ထပ်သင်္ကန်းကြီး ချုပ်ပြီး လှူလိုက်ကြတာကို အရှင်မဟာကဿပက ပခုံးပေါ်တင်လာတယ်။ ဘုရားရှင်အနီးရောက်လို့ ရှိခိုးဦးချတဲ့အခါ ဘုရားရှင်က အဲဒီသင်္ကန်းကို ကိုင်ကြည့်ပြီးတော့ ချောမွေ့လိုက်တာ၊ နူးညံ့လိုက်တာ ဆိုပြီး ချီးမွမ်းစကား ပြောတယ်။ ဒီတော့ ကဿပအရှင်က မြတ်စွာဘုရား နှစ်သက်တယ်ဆိုပြီး သူ့ပခုံးပေါ်က သင်္ကန်းကြီးကို ကပ်လှူလိုက်တယ်။ ဘုရားကိုယ်တော်က ရှင်မဟာကဿပ တိစီဝရိတ်ဓုတင် ဆောင်တော်မူတာ သိတယ်။ အမြဲ တောမှာနေတယ်။ ဓုတင် ၁၃-ပါးကို အမြဲဆောင်တော်မူတယ်။ ဓုတင်ပုဂ္ဂိုလ်ဖြစ်တော့ တနေ့လုံးမှာ တထပ်တည်း တထိုင်တည်းသာ ဘုဉ်းပေးတော်မူတယ်။ ဒီလိုပုဂ္ဂိုလ်မြတ်မျိုး သာသနာတော်မှာ ခေါင်းဆောင်ဖြစ်စေတော်မူဖို့ အထူးရွေးချယ်တော်မူတာ။ တိစီဝရိတ်ဆောင် သံဃာတော်က သူ့သင်္ကန်းကြီး ဘုရားလှူလိုက်တော့ သူ့မှာ သင်္ကန်းနှစ်ထည်သာ ကျန်တော့တယ်။ မြတ်စွာဘုရားက သူကိုယ်တိုင် ဆောင်ထားတဲ့ နှစ်ထပ်သင်္ကန်း ကြမ်းကြမ်းထူထူကြီးကို အရှင်မဟာကဿပ ပခုံးပေါ် တင်ပေးလိုက်တယ်။ နောင်လာမည့် သာသနာတော်ကို ပခုံးလွှဲပေးလိုက်တာ ဖြစ်တယ်။
    ( လောက်အပြည့်နဲ့ အဝတ် လျှော်ဖွပ်ယူသော မြတ်ဗုဒ္ဓ)
    ဘုရားရှင်ရဲ့ ပံ့သကူသင်္ကန်းကလဲ အလွန်မွန်မြတ်တဲ့ သင်္ကန်း။ ဘုရားကိုယ်တော်တိုင် သုဿာန်သွားပြီး ပုဏ္ဏာဆိုတဲ့ ကျွန်မတယောက် အလောင်းက ခွါယူလာခဲ့တာ။ ပုဏ္ဏာကျွန်မအလောင်းကို ပိတ်တွေနဲ့တင်းကျပ်အောင်စည်းပြီး သင်္ချိုင်းမှာ သွားတွေ့တော့ မြတ်စွာဘုရားက ပုပ်ပွနေတဲ့ အလောင်းကောင်ပေါ်ကအဝတ်ကို ခွါယူတယ်။ အသားတွေပါ ကပ်ပါလာပြီး တရှဲရှဲမြည်အောင် ခွါယူလိုက်တော့ လောက်တွေ တဖွားဖွားတက်နေတာကို ဝါးခြမ်းပြားနဲ့ ခြစ်ထုတ်ရတာ။ တပြည်လောက်ရတယ်။ အဲဒီအသားပုပ်တွေ ကပ်နေတဲ့အဝတ်ကို အလောင်းကောင်က ခဲခဲယဉ်းယဉ်း ခွါယူပြီး အစိရဝတီမြစ်ထဲမှာ ရေလျှော်တော်မူတယ်။ ဒီအခါမှာ မဟာပထဝီမြေကြီး ပြင်းစွာလှုပ်သွားတယ်။ အဲဒီအဝတ်စကို သင်္ကန်းချုပ်၊ အညိုရောင်ဆိုးပြီးတော့ ဘုရားသုံးဆောင်တော်မူတာ။ အဲဒီလိုပံ့သကူ သင်္ကန်းဟာ မြတ်လွန်းလို့ ဥက္ကဋ္ဌပံ့သကူလို့ ခေါ်တယ်။ ဒီထက်ညံ့တဲ့ ပံ့သကူမျိုးကိုတော့ သြမက ပံ့သကူလို့ခေါ်တယ်။
    အခုခေတ်မှာလဲ ပံ့သကူပစ်တာ ရှိကြပါတယ်။ ခုခေတ်မှာတော့ ဆိုင်ပေါ်က အကောင်းဆုံးသင်္ကန်း ဝယ်ယူပြီး စင်စင်ကြယ်ကြယ် လုံလုံခြုံခြုံထုပ်ပြီး ဖုန်မတင်အောင် ဖုံးဖိပြီး ထားတတ်ကြတယ်။ ပြီးတော့မှ ဆရာတော်များ ကြွလာမည့်လမ်းမှာ ချထားပြီး ဘယ်ဆရာတော် ကောက်ယူသွားသလဲဆိုတာ ကွယ်ရာက ချောင်းကြည့်လေ့ရှိတယ်။ ပံ့သကူဆိုတာ မြေမှုန်အထပ်ထပ် ပေကပ်နေပြီး မြေပေါ်ပစ်ထားတာ။ အခုတော့ မြေမလိမ်း၊ ရွှံ့မတင်၊ ဖုန်မဝင်အောင် အပေါ်ကအဝတ်အထည်တွေဖုံးပြီး ထားလေ့ရှိကြတယ်။ ဘုန်းကြီး သပိတ်အိုင်မှာနေတုန်းက ကိုယ်တိုင်ကောက်ယူပြီး သုံးဖူးတာ။ ကိုယ်တွေ့ပြောပြနေတာ။ အဲဒီပုဏ္ဏာအလောင်းက ခွါယူထားတဲ့သင်္ကန်းကို ဘုရားရှင်က ရှင်မဟာကဿပ ပခုံးပေါ် တင်ပေးလိုက်တယ်။ ဒီသာသနာတခုလုံးကို ထိန်းသိမ်းစောင့်ရှောက်ဖို့ တာဝန်ကို ငါ့အပ်လိုက်တာပဲဆိုတာ အရှင်ကလဲ နားလည်တော်မူတယ်။ ဘုရားမရှိတဲ့နောက် သာသနာတော်ကို ငါစောင့်ရှောက်ရမယ်။ ငါ့ပခုံးပေါ် သာသနာတခုလုံး ရောက်သွားပြီ။ အဲဒါ ဘုရားရှင်ကိုယ်တော်တိုင် သာသနာ့တာဝန်ကို လွှဲအပ်ခဲ့ပုံ ထေရဝါဒပုံစံပဲ။ မဟာယာနခေါင်းဆောင်ရွေးပုံက တမျိုး။ ဒါနောက်ပိုင်း ပြောပြမယ်။
    Read more...
    ရဟန်းတော်များနှင့် အမျိုးသားရေးတာဝန်... (မရဏဘွား (စူဠဘာတိက))
    မရဏဘွား (စူဠဘာတိက)
    ရဟန်းတော်များနှင့် အမျိုးသားရေးတာဝန်...
    အဖေ့ရဲ့ ပေးဆပ်မှုတွေ... ( အရှင်ပညောဘာသ)
    အရှင်ပညောဘာသ ဖိုးပညော (သပိတ်ကျင်း)
    အဖေ့ရဲ့ ပေးဆပ်မှုတွေ...
    Read more...
    ဉာဏ်ပညာနှင့်ပြည့်စုံသူ... မုနိသုတ်-
    မုနိသုတ်- (ဉာဏ်ပညာနှင့်ပြည့်စုံသူ၊ ရဟန်း၊ ဘုရား၊ ရဟန္တာ။)
    တဏှာ ဒိဋ္ဌိဟူသော ပေါင်းသင်းဆက်ဆံမှုကြောင့် ကိလေသာဘေး ဖြစ်ရ၏၊ အာရုံခြောက်ပါး တည်းဟူသော အိမ်မှ ကိလေသာမြူ ဖြစ်ရ၏၊ ကိလေသာ အိမ်မရှိသော ပေါင်းသင်းဆက်ဆံမှု မရှိသော ဤနိဗ္ဗာန်ကို ဘုရားတည်း ဟူသော မုနိသည် မြင်နိုင်စွမ်း ပေစွတကား။ 209-1
    အကြင် မြတ်စွာဘုရားသည် ဖြစ်ခဲ့ဖူးသော ကိလေသာကို အကြွင်းမဲ့ ပယ်ဖြတ်ပြီး၍ နောင်ဖြစ်ပေါ်လာမည့် ကိလေသာကိုလည်း မစိုက်မပျိုးတော့ပေ၊ ကိလေသာ ဖြစ်ပေါ်လာမည့် အကြောင်းကိုလည်း မဝင်ရောက်စေ၊ ထိုမြတ်စွာ ဘုရားကို မုနိတို့တွင် ကိလေသာ အဖော်မမှီး တစ်ပါးတည်း လှည့်လည် ကြွသွားတတ်သော မုနိဟူ၍ ဆိုကြကုန်၏၊ သီလဂုဏ် ကျေးဇူးကို ရှာမှီးသော ထိုမြတ်စွာဘုရားတည်းဟူသော မုနိသည် ငြိမ်းအေးသော နိဗ္ဗာန်ကို မြင်တော်မူပြီ။ 210-2
    အကြင် မြတ်စွာဘုရားသည် ကိလေသာ၏ တည်ရာ ခန္ဓာစသော မြေရာတို့ကို ဉာဏ်ဖြင့် ဆင်ခြင် ပိုင်းခြား၍ အဘိသင်္ခါရဝိညာဉ်ဟူသော မျိုးစေ့ကို ဖျက်ဆီးပြီးလျှင် တဏှာဒိဋ္ဌိဟူသော အစေးကို ထိုမျိုးစေ့သို့ မသက်ဝင်စေ၊ ဇာတိ ကုန်ရာ နိဗ္ဗာန်ကို မြင်သော ထိုမြတ်စွာဘုရားတည်းဟူသော မုနိသည် အကုသလဝိတက်ကို ပယ်ပြီး၍ သတ္တဝါဟူသော ခေါ်ဝေါ်ခြင်းသို့ မရောက်နိုင်တော့ပေ။ 211-3
    အကြင် မြတ်စွာဘုရားသည် ကာမဘဝစသော နေရာ အိမ်အားလုံးတို့ကို သိသောကြောင့် ထိုနေရာအိမ်တို့တွင် တစ်ပါးပါးသော အိမ်ကိုမျှလည်း မတောင့်တ၊ ထိုမြတ်စွာဘုရားတည်းဟူသော မုနိသည် မက်မောမှု တဏှာကင်းသည် တပ်မက်မှု မရှိသည်ဖြစ်၍ နိဗ္ဗာန်တည်းဟူသော ကမ်းတစ်ဖက်သို့ ရောက်ပြီး ဖြစ်ရကား ကုသိုလ် အကုသိုလ်ကံကို အားမထုတ်တော့ပေ။ 212-4
    ခန္ဓာစသောတရားအားလုံးကို နှိမ်နင်းပြီးသော တရားအားလုံးကို သိပြီးသော ကောင်းသော ပညာရှိသော ခန္ဓာစသော တရားအားလုံးတို့၌ တဏှာဒိဋ္ဌိအားဖြင့် မလိမ်းကျံသော ခန္ဓာစသော တရား အားလုံးကို စွန့်ပယ်ပြီးသော တဏှာကုန်ရာ နိဗ္ဗာန်၌ ညွတ်သော ထိုပုဂ္ဂိုလ်ကိုလည်း ပညာရှိတို့သည် မုနိ ဟူ၍ သိကုန်၏။ 213-5
    ပညာတည်းဟူသော အားရှိသော သီလအကျင့်နှင့် ပြည့်စုံသော ကောင်းစွာ တည်ကြည်သော ဈာန်၌ မွေ့လျော်သော သတိရှိကာ ကပ်ငြိမှု 'ရာဂ' မှ လွတ်သော ငါးပါးသော ငြောင့်တံသင်း မရှိသော အာသဝေါ မရှိသော ထိုပုဂ္ဂိုလ်ကိုလည်း ပညာရှိတို့သည် မုနိ ဟူ၍ သိကုန်၏။ 214-6
    တစ်ပါးတည်း လှည့်လည်သွားလာသော မောနေယျအကျင့်နှင့် ပြည့်စုံသော မမေ့မလျော့သော ကဲ့ရဲ့ခြင်း ချီးမွမ်းခြင်းတို့ကြောင့် တုန်လှုပ်မှု မရှိသော အသံတို့ကြောင့် မထိတ်လန့်သော ခြင်္သေ့မင်း ကဲ့သို့ အနိစ္စစသည်တို့ကြောင့် မထိတ်လန့်သော ပိုက်ကွန်၌ မကပ်ငြိသော လေကဲ့သို့ ခန္ဓာ စသည်တို့၌ မကပ်ငြိသော ရေဖြင့် မလိမ်းကျံ မကပ်ငြိသော ကြာကဲ့သို့ လောကဖြင့် မလိမ်းကျံ မကပ်ငြိသော သူတစ်ပါးတို့ကို အရိယမဂ်ဖြင့် ဆောင်တတ်သော မိမိကိုမူ သူတစ်ပါးက မဆောင်အပ်သော ထိုပုဂ္ဂိုလ် ကိုလည်း ပညာရှိတို့သည် မုနိ ဟူ၍ သိကုန်၏။ 215-7
    အကြင်သူသည် သူတစ်ပါးတို့ ပြောဆိုသော ချီးမွမ်းခြင်း ကဲ့ရဲ့ခြင်းစသော စကားကြောင့် ဝမ်းမြောက်ခြင်း ဝမ်းနည်းခြင်း မဖြစ်မူ၍ ရေချိုးဆိပ်၌ ကြေးပွတ်တိုင်ကဲ့သို့ ဖြစ်၏၊ ထိုသို့ သဘော ရှိသော တပ်စွန်းမှု 'ရာဂ' ကင်းသော ကောင်းစွာ ထားအပ်သော ဣနြေ္ဒရှိသော ထိုပုဂ္ဂိုလ်ကိုလည်း ပညာရှိတို့သည် မုနိ ဟူ၍ သိကုန်၏။ 216-8
    အကြင်ပုဂ္ဂိုလ်သည် စင်စစ် တည်ကြည်သော စိတ်ရှိ၏၊ ယက်ဖောက်ကဲ့သို့ ဖြောင့်၏၊ ယုတ်မာသော အကုသိုလ်ကံတို့ကို စက်ဆုပ်၏၊ မညီညွတ်မှု ကာယဝိသမစသည်ကို လည်းကောင်း၊ ညီညွတ်မှု (ကာယသမစသည်) ကို လည်းကောင်း စုံစမ်းဆင်ခြင် တတ်၏၊ ထိုပုဂ္ဂိုလ်ကိုလည်း ပညာရှိတို့သည် မုနိ ဟူ၍ သိကုန်၏။ 217-9
    အကြင်ပုဂ္ဂိုလ်သည် ကမ္မဒွါရတို့၌ စိတ်ကို ကောင်းစွာ စောင့်စည်း၏၊ စောင့်စည်းသော စိတ်ရှိသည် ဖြစ်ရကား ပဌမအရွယ်၌ တည်သည်ဖြစ်၍ လည်းကောင်း၊ မဇ္ဈိမအရွယ်၌ တည်သည်ဖြစ်၍ လည်းကောင်း မကောင်းမှုကို မပြု၊ ထို ရဟန္တာမုနိကို ကိုယ် နှုတ်တို့ဖြင့် ထိပါး ခြုတ်ခြယ်ခြင်းငှါ မထိုက်၊ ထိုမုနိသည်လည်း တစ်စုံတစ်ယောက်ကိုမျှ မထိပါး မခြုတ်ခြယ်၊ ထိုပုဂ္ဂိုလ်ကို လည်း ပညာရှိတို့သည် မုနိ ဟူ၍ သိကုန်၏။ 218-10
    စားဦးစားဖျားမှသော် လည်းကောင်း၊ စားနေဆဲတစ်ဝက်တစ်ပျက် အလယ်မှသော်
    လည်းကောင်း၊ စားပြီး အကြွင်းအကျန်မှသော် လည်းကောင်း ဆွမ်းကို ရခဲ့မူ သူတစ်ပါးတို့ ပေးသည်ကိုမှီ၍ အသက်မွေးရသူ ရဟန်းသည် အဦး အဖျားရသဖြင့်လည်း ချီးမွမ်းရန် မထိုက်၊ အကြွင်းအကျန် ရသဖြင့်လည်း ဆန့်ကျင်ဘက် စကား ပြောရန်မထိုက်၊ ထိုပုဂ္ဂိုလ်ကိုလည်း ပညာရှိတို့သည် မုနိ ဟူ၍ သိကုန်၏။ 219-11
    အကြင်သူသည် ပျိုမျစ်နုနယ် ငယ်ရွယ်စဉ် အချို့သော မိန်းမအဆင်း၌ မေထုန် ရာဂဖြင့် မကပ်ငြိ မဖွဲ့ယှက်၊ မောနေယျ အကျင့်နှင့် ပြည့်စုံလျက် လှည့်လည်နေသော မေထုန်အကျင့်မှလည်း ကင်းလွတ်၍ မာန်ယစ်ခြင်း မေ့လျော့ ခြင်းမှလည်း ကင်းလွတ်သော ကိလေသာ အနှောင်အဖွဲ့မှ လွတ်မြောက်သော ထိုပုဂ္ဂိုလ်ကိုလည်း ပညာရှိတို့သည် မုနိ ဟူ၍ သိကုန်၏။ 220-12
    ခန္ဓာစသော လောကကို ပိုင်းခြားသိ၍ မြတ်သော နိဗ္ဗာန်ပရမတ္ထသစ္စာကို မြင်ပြီးသော သြဃလေးပါးနှင့် ခန္ဓာ အာယတနစသော သမုဒ္ဒရာကို ကူးမြောက်ပြီး၍ တာဒိလက္ခဏာသို့ ရောက်ပြီးသော ထိုသို့ သဘောရှိသော ထုံးဖွဲ့မှု 'ဂန္တ' ကို ဖြတ်ပြီးသော (တဏှာဒိဋ္ဌိကို) မမှီသော အာသဝေါကင်းသော ထိုပုဂ္ဂိုလ်ကိုလည်း ပညာရှိတို့သည် မုနိ ဟူ၍ သိကုန်၏။ 221-13
    ရဟန်းနှင့်လူ နှစ်ယောက်သူတို့သည် မတူညီကြကုန်၊ ဝေးသောနေရာ သေးငယ်သော အသက်မွေးမှု ရှိကုန်၏၊ လူသည် သားမယားကို လုပ်ကျွေး၏၊ ရဟန်းသည် မက်မောခြင်းလည်း ကင်း၍ အကျင့်လည်း ကောင်း၏၊ လူသည် တစ်ပါးသော သတ္တဝါတို့ကို သတ်ဖြတ်မှုမှ မစောင့်စည်း၊ ရဟန်းသည် အမြဲ စောင့်စည်းသည်ဖြစ်၍ သတ္တဝါတို့ကို စောင့်ရှောက်၏။ 222-14
    ဦးစွန်းရှိသော စိမ်းညိုသော လည်ရှိသော ဥဒေါင်းငှက်သည် ဟင်္သာ၏ လျင်မြန်ခြင်းကို တစ်ရံတစ်ခါမျှ မမီနိုင် သကဲ့သို့ ဤအတူ လူသည် မုနိဟု ဆိုအပ်သော ကိလေသာမှ ကင်းဆိတ်၍ တော၌ ဈာန်ဝင်စားလေ့ရှိသော ရဟန်း၏ လျင်မြန်ခြင်းကို အတုလိုက်၍ မပြုနိုင် ဟု မိန့်တော်မူ၏။ 223-15
    ၁၂ - မုနိသုတ်၊ ဥရဂဝဂ်၊ သုတ္တနိပါတ်ပါဠိတော်၊ ခုဒ္ဒကနိကာယ်။
    ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
    သာဓု... သာဓု... သာဓု...။
    Read more...
    သင့်မျက်လုံးကိုသနားလျှင်
    ယနေ. အိုင်တီခေတ်ကြီးမှာ လူကြီးရော လူငယ်ပါ ကွန်ပြူတာ ဖြင့် နေစဉ် ရက်ဆက်
    အလုပ်လုပ်ကိုင် နေကျရခြင်းကြောင့် မျက်စိ ချွတ်ယွင်း၊ အားနည်းခြင်း
    တို.ဖြစ်ပေါ်လာတာ ထူးဆန်းတဲ့ အရာတော့မဟုတ်ပါဘူး။ ဒီလို မချွတ်ယွင်း၊
    အားမနည်းအောင် ကျွန်တော် တို.ဘယ်လိုကာကွယ်ကျမလဲ။ အောက်ပါ နည်းလမ်းလေး တွေ
    ကိုလိုက်နာပေးလိုက်ပါ။
    နေရာ မှန်ပါစေ
    သင့်ရဲ. ကွန်ပျူတာ၊ keyboard၊ mouse တို. ကို နေရာ မှန်
    ထားတက်ဖို.အရေးကြီးပါတယ်။ သင်.ရဲ. ကွန်ပျူတာ screen ဟာ သင့်မျက်လုံးကနေ
    သင့်ရဲ.
    လက်တဆန်.စာ အကွာ နဲ. မျက်လုံးရဲ. ၂၀ ဒီဂရီအောက် နိမ့် နေရပါမယ်။
    အလင်းရောင်
    သင့် အခန်းတွင်း အလင်းရောင်ပျံ.နှံ.နေပါစေ။ ဒါမှ ကွန်ပျူတာ screen
    မှလာသော
    reflection တွေကို လျှော့ချနိုင်မှာဖြစ်ပါစေ။ ကွန်ပျူတာ screen အား
    သင့်မျက်စိ
    နှင့် သင့်တော်ရာ အလင်း၊အမှောင် setting လုပ်ထားပါ။
    မျက်မှန်
    Anti-reflective Lenses ပါသော မျက်မှန် ကို တပ် ပေးခြင်းဖြင့် တောက်ပသော
    အရာမှမှလာသော reflection တွေကို ကာကွယ်နိုင်ပါတယ်။ သင့်ရဲ.မျက်စိဆရာဝန်က သင့်
    အားကွန်ပျူတာ နှင့် ထိတွေ.နေသူမှန်းသိရင် ထို Anti-reflective Lenses
    ထည့်ထားတဲ့မျက်မှန်ကို ညွန်းပါလိမ့်မယ်။
    မိနစ် ၂၀၊ ပေ ၂၀၊ အခါ ၂၀
    ကွန်ပျူတာ နှင့် အလုပ်လုပ်သူများ မိနစ် ၂၀ လောက် ကြာတိုင်း ခေါင်းကို ခဏ
    ဘေးကိုလှည့်ပြီး ပေ၂၀ လောက်ဝေးတဲ. အရာတခုခုကို ကြည့်ကြည့်ပေးပါ။
    ဒါနည်းလမ်း ဟာ
    သင့်ရဲ. ပင်ပန်းနေတဲ့ မျက်လုံးအား သက်သာရာ ရစေပါတယ်။ နောက်ပြီး အခါ ၂၀
    လောက်
    မျက်စိ အား ပိတ်လိုက်ဖွင့် လိုက်လုပ်ခြင်းဖြင့် မျက်လုံး စိုစွတ်ခြင်းကို
    ရယူပါ။ ပြီးရင် ခဏ ထိုင်ခုံမှ ထပြီး ခြေလှမ်း ၂၀
    လောက်လမ်းလျှောက်ခြင်းဖြင့်
    သွေးလှည်ပတ် စေပါတယ်။
    မျက်စဉ်း ခတ်ပေးပါ
    လူတယောက်ဟာ ၁ မိနစ်အတွင်း ပုံမှန် ၁၂ ခါ မျက်တောင်ခတ် ကျပါတယ်။ ဒါပေမယ့်
    ကွန်ပျူတာနဲ. အလုပ်လုပ်နေရရင် ၅ ခါ လောက်သာ မျက်တောင်ခတ် တာကို
    သင်သတိထားမိပါသလား။ အကျိုးဆက်အနေဖြင့် မျက်စိအား ခြောက်ကပ်နေစေပါတယ်။
    ထိုသို.
    ခြောက်ကပ် မနေအောင် မျက်စဉ်း ခတ်ပေးနိုင်ပါတယ်။
    လက်ဖ၀ါးအုပ်ခြင်း
    ထိုင်ခုံပေါ်တွင် မတ်မတ်ထိုင်ပြီး သင်.၇ဲ.လက်ဖ၀ါး နှစ်ခုအား နွေးလာသည်အထိ
    ပွတ်ပေးပါ။ ထိုနွေးနေသော လက်ဖ၀ါးနဲ. သင့်မျက်စိနှစ်ဖက်ကို
    ၁မိနစ်လောက်ဖုံးအုပ်ပေးလိုက်ပါ။ သင့်မျက်စိညောင်းကိုက်၊ ပင်ပန်းလာတိုင်း
    ၂ကြိမ်၊ ၃ကြိမ်လောက်လုပ်ပေးပါ။ ထို လက်ဖ၀ါးမှ လာသော နွေးထွေးမူသည်
    သင့်ရဲ.
    ပင်ပန်းနေသော မျက်စိအား သက်သာစေပါတယ်။
    မျက်နှာသစ်ခြင်း
    အားတဲ့အချိန်မှာ မျက်စိမှိတ်ပြီး ရေအေးဖြင်. မျက်နှာသစ်ပေးပါ။ အင်မတန်
    လန်းဆန်း
    ခြင်းကို ခံစားရပါလိမ့်မယ်။
    လက်ဖက်ခြောက် အထုပ်
    သောက်ပြီး သား လက်ဖက်ခြောက် အထုပ် ကလေး များကို လွင့်မပစ်ပဲ
    ရေခဲသေတ္တာထဲထည်.ထားပြီး အားတဲ့အချိန်ကျရင် ထို လက်ဖတ်ခြောက်အထုပ်
    ၂ထုပ်အား
    သင့်မျက်စိ တဖတ်စီိတွင် တင်ပြီး အနားယူပါ။ မျက်စိအားအေးမြ စေပါသည်။
    အစားအသောက်
    ဗီတာမင် အေ၊စီ၊အီး ပါသော အစားအစာများ ပိုစားပါ။ သံပရာရည်၊
    အသီးအရွက်၊ခရမ်းချဉ်သီး၊ ဥ နှင့် နို.ထွက်ပစ္စည်းများ လဲ ပိုစားပေးပါ။
    မျက်စိရောဂါ ကင်းဝေကြပါစေ။
    ခင်မင်လျက်ဆူမိုပေါက်စီ.
    ပြန်သိမ်းရန်...
    Read more...
    ဘာရဒွါဇသုတ္တန် တရားတော်
    တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက၊ ဆဋ္ဌသံဂီတိ ဝိဿဇ္ဇက
    အဂ္ဂမဟာပဏ္ဍိတ၊အဘိဓဇမဟာရဋ္ဌဂုရု
    မင်းကွန်းတောင်ရိုး ဓမ္မနာဒဆရာတော်
    ဘဒ္ဒန္တဝိစိတ္တသာရာဘိဝံသ
    ဘာရဒွါဇသုတ္တန် တရားတော်
    (သီလဝန္တသုတ္တန် အကျဉ်း ပါဝင်သည်။)
    ဘုန်းကြီး ဟောမယ့်တရားရဲ့ သုတ်နာမည်က ဘာရဒွါဇသုတ် လို့ ခေါ်ပါတယ်။ သင်္ဂါယနာတင် မထေရ်မြတ်များက နိဒါန်းအနေဖြင့် တရားဦး စပျိုးပေးလိုက်တာက-
    ဧကံ သမယံ အာယသ္မာ ပိဏ္ဍောလဘာရဒွါဇော ကောသမ္ဗိယံ ဝိဟရတိ ဃောသိတာရာမေ။
    (သံ၊ ၂။ ၃၂၈)
    Read more...
    စွန်းလွန်းနှင့် သူ့တရားများ ( ၄ )
    မိမိ နှာသီးဖျားမှာ လေတိုးထိတာကို သတိနှင့် သုံးသပ်ပါများသော် ဈာန် သတ္တိ ဆိုတာ ဖြစ်ပေါ်လာလိမ့်မယ်၊ ကိလေသာတွေ လောင်ကျွမ်းသွားတာကို ဈာန်လို့ ခေါ်တယ်ကွဲ့၊ အဲဒါ ဈာန ပစ္စယော ပဲ။ မှန်လှပါ ဘုရား၊
    ဘုန်းကြီးက ခန္ဓာကိုယ်ပေါ်မှာ ပူမှန်းသိတဲ့အခါ အေးမှန်းသိတဲ့ အခါမျိုး ကျတော့ ပူမှု့နှင့် သိမှတ်မှု့ ၊ အေးမှု့နှင့် သိမှတ်မှု့ တွေ ချုပ်သွားလိမ့်မယ်၊ အဲဒါ မဂ်ခရီး ရောက်ခြင်းကြောင့် မဂ္ဂ ပစ္စယော လို့ ခေါ်တယ်၊ မှန်လှပါဘုရား။
    ၎င်းမဂ် ခရီးကို သွားပါများ၍ သမာဓိ အားကောင်းလာသော် ဖြစ်ခြင်း ချုပ်ခြင်းကို သိသော ဥာဏ်အမြင်ရင့်သန်လာခြင်းကြောင့်
    မရှိတာကိုလဲ ကျေးဇူးပြုလိမ့်မယ်၊ ရှိတာကိုလဲ ကျေးဇူးပြုလိမ့်မယ်၊ မရှိတာက ငါ့ခြေ ငါ့လက် ငါ့ခေါင်း ၊ ရှိတာက စိတ် စေတသိက် ရုပ် နိဗ္ဗာန် ပရမတ္ထတရားပဲ။
    ကင်းတာကိုလဲ ကျေးဇူးပြုလိမ့်မယ်၊ မကင်းတာကို လဲ ကျေးဇူးပြုလိမ့်မယ်၊မကင်းတာက သင်္ခတ ဓာတ်၊ ကင်းတာက အသင်္ခတ ဓာတ် မဟုတ်လား၊
    ဟုတ်ပါ၏ ဘုရား။
    အဲဒါ အတ္ထိ ပစ္စယော ၊ နတ္ထိ ပစ္စယော၊ ၀ိဂတ ပစ္စယော၊ အ၀ိဂတ ပစ္စယော လို့ခေါ်တယ်၊
    ( မှတ်ချက် )
    ။ ဤနေရာမှ စ၍ နိုင်ငံတော် ၀န်ကြီးချုပ် ဦးနု နှင့် စွန်းလွန်း ဆရာတော်တို့ ၀ိပဿနာအကြောင်း ၊ ၀ိနည်း အကြောင်း၊ အဘိဓမ္မာသဘော တရားများ ဆွေးနွေးခန်း ပြီးဆုံးပါပြီ။
    သို့ပါသော်လည်း စာအုပ်ပါ စိတ်ဝင်စားစရာ ကောင်းနိုးရာရာအကြောင်းအရာများကိုအလျင်းသင့်သလို ဖော်ပြသွားပါမည်၊
    ထိုခေတ် ထိုအခါက ရဟန္တာ တစ်ပါး ဟု ထင်ရှား သတင်းကြီးနေသော ဆရာတော်အား ဘ၀တစ်လျောက်လုံး ရောက်လေရာနေရာ၌ တွေ့ရာ ဆ၇ာတော်ကြီးများ ၊ သံဃာတော်များက ၀ိပဿနာအကြောင်း သာသနာရေးအကြောင်းကို စာမတတ်သော ဆရာတော်ကြီး၏ အဖြေစကားများက ကျမ်းဂန် အထောက်အထားများနှင့် ညီ၊ မညီ၊ကို အချိန်ရလျင် ရသလို၊ စစ်ဆေး ၊ မေးမြန်း စမ်းသပ်လေ့ရှိ ကြရာ ဆရာတော်ကြီး၏ အံသြဖွယ်ရာ အဖြေစကားများသည် ကျမ်းဂန်များနှင့် အားလုံးကိုက်ညီနေသည်ကို တွေ့ကြရကား နောင်လာနောက်သားတို့ အတုယူဖွယ် ကြည်ညိဖွယ် ဖြစ်စေရန် မှတ်တမ်းတင်အပ်ပါသည်။ စွန်းလွန်းဖြေကြားသော နိဗ္ဗာန် အကြောင်း ဆောင်းပါးကို ဆက်လက်ဖတ်ရှု့ကြပါကုန် ---- --
    Read more...
    ကမ္ဘာ့ဘာသာရေးခေါင်းဆောင်များသို့ပန်ကြားလွှာ
    မြတ်စွာဘုရားသည် သူ၏မြောက်မြားစွာသော နေ့စဉ်လုပ်ငန်းတို့တွင် သတ္တလောကကြီး၏ အခြေအနေကို တစ်နေ့နှင့်တစ်ညဥ့်လျှင် ခြောက်ကြိမ်မျှကြည့်ရှုတော်မူခြင်းတည် အလွန်အရေးပါသော လုပ်ငန်းကြီးတစ်ရပ် အဖြစ်ပါဝင်ပါသည်။ သတ္တလောကကြီး၏ အခြေအနေသည် သို့မဟုတ် ဒေသတစ်ခု။ သတ္တ၀ါတစ်စုစု၏ အခြေအနေသည် ကာမရာဂ လွန်ကဲသောင်းကြမ်းသည်ဟု မြင်တော်မူလျှင် ထိုကာမရာဂကိုငြိမ်အောင် ထိန်းသိမ်းဖို့ သမ္မာကျင့်စဉ်ကို ညွှန်ပြတော်မူသည်။
    ရံခါ ဒေသတစ်ခု သတ္တ၀ါတစ်စုစုမှာ သို့မဟုတ် မင်းစိုးရာဇာတို့လောကမှာ အာဏာမက်မောမှုတည်းဟူသော အကြောင်းကြောင့် သတ်ဖြတ်နှိပ်စက်ခြင်းများသည်ကို မြင်တော်မူလျှင် ဒေါသကိုနှိမ်နှင်းဖို့ မေတ္တာလမ်းစဉ်ကို ညွှန်ကြားတော်မူသည်။
    ရသေ့ ရဟန်း ယောဂီ သမဏဗြဟဏတို့အား အညာလမ်းစဉ်ကို လိုက်နာကျင့်သုံးကြဖို့ ဟောကြား တော်မူသည်။ ထိုသို့မြတ်စွာဘုရားသည် သတ္တ၀ါလောကကြီး၏ အခြေအနေကို ရှုမြင်သုံးသပ်ကာ အခြေအနေအားလျော်စွာ ကျင့်သုံးပုံနည်းစနစ်များကို ဟောကြားညွှန်ပြတော်မူသည်ကိုကျွန်ုပ်တို့ ဘာသာရေး ခေါင်းဆောင်များသည် မျက်စိနှင့်နားကို ကျယ်ကျယ်ဖွင့်ကာ လောကကြီး၏ အခြေအနေကို အစဉ်မပြတ် ကြည့်ရှုသုံးသပ်နေသင့်ပါသည်။ လူ့လောကကြီး၏ လိုအပ်ချက်အရ အစဉ်မတ်ြကြည့်ရှု ဖြည့်စွက်ပေးဖို့ရန်မှာ ကျွန်ုပ်တို့ ဘာသာရေးခေါင်းဆောင်များ၏ တာဝန်တစ်ရပ်ဖြစ်ပါသည်။ ကျွန်ုပ်တို့ဘာသာရေးခေါင်းဆောင်များ ဓမကိုဖြန့်ချိခြင်းသည် လူ့လောကကြီး၏ လိုအပ်ချက်နှင့်ကိုက်ညီဖို့အရေးကြီးပါသည်။ ဓမ္မနှင့်လူသား တစ်ထပ်တည်းကျအောင် ဖြန့်ချိနိုင်ပါမှ လူ့လောကကြီး၏ လိုအပ်ချက်ပြည့်စုံမည်ဖြစ်ပါသည်။
    သို့မှသာ လူသားအများစုတို့က ဘာသာရေးခေါင်းဆောင်တို့သည် လူ့လောကကြီးအတွက်မရှိမဖြစ် လိုအပ် သော ပုဂ္ဂိုလ်များဖြစ်ကြသည်ဟု ယုံကြည်စိတ်ချ ကျေးဇူးတင်လာကြမည်ဖြစ်ပါသည်။ သိပ္ပံနှင့် နည်းပညာ တစ်ဟုန်ထိုးတိုးတက်ထွန်းကားလာသောယနေ့ခေတ်တွင် လူ့လောကကြီး၏ လိုအပ်ချက်ကို မဖြည့်စွက် နိုင်သောလောကနှင့် ဓမ္မကို တစ်သားတည်းကျအောင် ဦးမဆောင်နိုင်သော ဘာသာရေးခေါင်းဆောင်တို့ကို လူသားတို့က တစ်နေ့တခြား လူ့လောကကြီး၏ အပိုအလျှံများသဖွယ် မြင်လာနေကြပြီး သိပ္ပံနှင့် နည်းပညာ သည် သာလျှင် လောကကို ကောင်းကျိုးပြုသည်ဟု တစ်ဖက်သတ်မြင်လာနေကြပေပြီ။ သို့သော် ထိုသိပ္ပံနှင့် နည်းပညာသည် လောကကောင်းကျိုးကို ပြုပင်ပြုငြားသောလည်း လူလောကကြီးကို လူညွန့်တုန်းအောင် သတ်ဖြတ်နှိပ်စက်သည်မှာလည်း ယင်းတို့ပင်ဖြစ်ကြသည်ကို သတိပြုကြရန် လိုအပ်လှပါသည်။ တက်ထရာ ဆိုင်ကလင်းဆေးသည် အဖျားပျောက်ဆေးတို့တွင် အကောင်းဆုံးပင်ဖြစ်သောလည်း အစာအိပ်ကို လောင်ကျွမ်းစေကာ ရောဂါတစ်မျိုးထပ်တိုးစေသည်မျာလည်း ထိုဆေးပင်ဖြစ်ပါသည်။ (၅၊၈၊၁၉၄၇)ရက်တွင် ဂျပန်နိုင်ငံရှိ နာဂါဆာကီနှင့် ဟီရိုရှီးမားမြို့တို့မှာ လူသိန်းပေါင်းများစွာကို သတ်ခဲ့သောအဏုမြူဗုံးသည် သိပ္ပံဆရာများတီထွင်ခဲ့သောလက်နက်ပင်မဟုတ်ပါလော။
    ဘာသာရေးတိုင်သည် လူသားတို့၏ စိတ်နှလုံးကို သူ့နည်းသူ့ဟန်ဖြင့် အသီးသီး ငြိမ်းချမ်းမှုပေးနိုင်ကြပြီး လူသားတို့စိတ်နှလုံးကို ယဉ်ကျေးစေနိုင်သည်ဟု ကျွန်ုပ်တို့ယုံကြည်မျှော်လင့်ပါသည်။ ယနေ့မျက်မှောက် ခေတ်တွင် ကျွန်ုပ်တို့ဘာသာရေးခေါင်းဆောင်အားလုံးသည် လူ့လောကကြီး၏ မရှိမဖြစ်လိုအပ်သော ပုဂ္ဂိုလ်များဖြစ်ကြောင်းလူသားအများစု နာလည်ခံယူလာအောင် ကျွန်ုပ်တို့အားထုတ်ကြရမည်ဖြစ်ပါသည်။
    မြတ်ဗုဒ္ဓလက်ထက်တော်ကာလက ကုရုတိုင်း၊ ထုလ္လကောဋ္ဌိကမြို့သို့ မြတ်စွာဘုရားရောက်သွားသောအခါ မြတ်ဗုဒ္ဓ၏ဓမ္မကို နာကြားရသဖြင့် ဘီလျံနာသူဌေး ရဋ္ဌပါလရဟန်းပြုခဲ့သည်။ ဘီလျံပေါင်းများစွာသော ပစ္စည်းဥစ္စာတို့ကိုစွန့်ကာ ရဟန်းပြုခဲ့သော အရှင်ရဌပါလကို ကောရဗျမင်းကြီးက အောက်ပါအတိုင်း မေးလျှောက်ပါသည်။
    (အရှင်ဘုရားသည် ထိုမျှကြီးကျယ်သော ပစ္စည်းဥစာတွေကိုစွန့်ပြီး မည်သည့်ချမ်းသာသုခကိုမြင်ကာ ရဟန်း ပြုခဲ့ပါသနည်း)
    အရှင်ရဌပါလာက ပြန်လှန်ကာ မေးခွန်းထုတ်ပါသည်။
    (ဒကာတော်မင်းကြီး ရသေ့ရဟန်းတို့အပေါ်မှာ သင်သည် အဘယ်ကဲ့သို့မြင်ပါသနည်း)
    မင်းကြီးကဆိုပါသည်။
    (လူတွေဟာ စီးပွားပျက်သောကြောင့်လည်းကောင်း။ ဆွေမျိုးပျက်သောကြောင့်လည်းကောင်း။ အိုမင်းရင့်ရော် သောကြောင်လည်းကောင်း။ ကျန်းမာရေးပျက်သောကြောင့်လည်းကောင်း။ စားဝတ်နေရေး အခက်တွေတဲ့လူ တွေဟာ ဘာသာရေးခေါင်းဆောင် ၀င်လုပ်ပြီး စားစရာ။ ၀တ်စရာ။ နေစရာ တွေကိုရှာကြတာပဲ)
    တိုင်းပြည်နှင့် လူသားတွေအတွက် ဘာအကျိုးကျေးဇူးမှမပြုသည့်အဓိပ္ပါယ်ကို မင်းကြီးကဆိုလာသည်။ ဘာသာရေးခေါင်းဆောင်တွေဟာ လူပိုတွေ အချောင်သမားတွေလို့မြင်တဲ့ အမြင်ရှိသူအချို့ ဗုဒ္ဓရှင်တော် လက်ထက်တော် အခါကပင်လျှင် ရှိဖူးပါသည်။ ပညာမဲ့သော လူသားတို့ ထိုသို့မြင်သည်မှာ အလွန်အရေး မကြီးလှသော်လည်း ကောရဗျမင်းကဲ့သို့ မင်းစိုးရာဇာတို့က ထိုအမြင်မျိုးရှိသည်မှာ ကျွန်ုပ်တို့ ဘာသာရေး ခေါင်းဆောင်များ သတိပြုစရာပင်ဖြစ်ပါသည်။
    အရှင်ရဌပါလာ၏အဖြေမှာ-----
    ၁။ ဒကာတော်မင်းကြီး သတ္တ၀ါလောကကြီးတစ်ခုလုံး တလှုပ်လှုပ်ဖြစ်နေသည်။
    သတ္တ၀ါလောကကြီးတစ်ခုလုံးမှာ တည်ငြိမ်မှုမရှိဘူး။ ငါသည် ဗုဒ္ဓသာသနာတော်တွင် ဘ၀၏တည်ငြိမ်မှုကို တည်ဆောက်ဖို့ ၀င်ရောက်လာခြင်းဖြစ်ည်ဟုဖြေပါသည်။
    အရှင်ဘုရား၏ဘ၀တည်ငြိမ်မှုကိုဘာနှင့်တည်ဆောက်သလဲဟု မင်းကြီးကမေးလျှင်-
    အရှင်ရဌပါလက ငါ့ဘ၀ရဲ့တည်ငြိမ်မှုကို ဓမ္မဖြင့်တည်ဆောက်နိုင်ခဲ့သည်ဟုဖြေကြားလိုက်သည်။
    ၂။ ဒကာတော်မင်းကြီး သတ္တ၀ါလောကကြီးတစ်ခုလုံးမှာ မီးဟုန်းဟုန်းတော်လောင်နေပါသည်။ ငါသည် မြတ်ဗုဒ္ဓ၏ သာသနာတော်တွင် တဟုန်းဟုန်းတောက်လောင်နေသောမီးကို ငြိမ်းအေးစေဖို့ဝင်ရောက် လာခြင်းဖြစ်သည်။ ဘ၀မီးတောက်မီးလျှံများကို ဓမ္မဖြင့် ထိန်းချုပ်နိုင်ခဲ့သည်ဟု ဖြေတော်မူခဲ့ပါသည်။
    ၃။ ဒကာတော်မင်းကြီး သတ္တ၀ါလောကကြီးတစ်ခုလုံး အို နာ သေ သုံးမျိုးတို့နှိပ်စက်သောအခါ ဘယ်တန်ခိုး ရှင်မှ ထိမ်းချုပ်လို့မရဘူး။ ထို့ကြောင့် ထိုဒုက္ခသုံးမျိုးတို့ကို ထိန်းချုပ်ဖို့ ငါသည် သာသနာတော်သို့ ၀င်ရောက်လာခဲ့သည်။ ထိုဒုက္ခ သုံးမျိုးတို့ကို ငါသည်ဓမ္မဖြင့် ထိန်းချုပ်နိုင်ခဲ့သည်ဟုဖြေတော်မူခဲ့ပါသည်။
    ၄။ ဒကာတော်မင်းကြီး သတ္တ၀ါလောကကြီးတစ်ခုလုံးမှာ ပစ္စစည်းဥစ္စာ ရာထူးအာဏာတွေဆိုတာ တကယ်စင်စစ် ကိုယ်ပိုင်ဥစာအဖြစ် ဘာကိုမှ မပိုင်ဆိုင်ကြဘူး။ ငါ့ဥစာဟုပြောနေကြသောလည်း နှစ်ပေါင်း တစ်ရာထက်ပိုကာ ပြောဆိုပိုင်ဆိုင်ခွင့်မရှိကြဘူး။ နှစ်တစ်ရာမပြည့်မီမှာ ထိုပိုင်ဆိုင်မှုအားလုံးတို့ကို စွန့်လွှတ်ကြရစမြဲဖြစ်သည်။ သို့ဖြစ်ခြင်းကြောင့် ဗုဒ္ဓသာသနာတော်တွင် ငါသည် ကိုယ်ပိုင်ဥစာရှာဖို့ ၀င်ရောက်လာခဲ့ခြင်းဖြစ်သည်။ ငါကျင့်ထားသောဓမ္မအာလုံးတို့ကို ငါပိုင်ခဲ့လေပြီဟု ဖြေတော်မူခဲ့ပါသည်။
    ၅။ ဒကာတော်မင်းကြီး သတ္တ၀ါလောကကြီးတစ်ခုလုံးသည် မည်သည့် ပစ္စည်း မည်သည့်ရာထူးအာဏာတို့ မည်မျှပင်ရထားကြစေကာမူ အလိုမပြည့်နိုင်အောင်ဖြစ်နေကြသည်။ အလိုရှိနေသမျှ မည်သို့ပင်ဖြည့်ကြ သောလည်း အလိုကားမပြည့်ကြပေ။ အလိုမပြည့်မီမှာပင် လူသားအားလုံးတို့ သေကြရမည်ဖြစ်သည်။ ထို့ကြောင့် ငါသည် မြတ်ဗုဒ္ဓသာသနာတွင် ငါ၏အလိုဆန္ဒတို့ကို ပစ္စည်းဥစ္စာ ရာထူးအာဏာတို့ဖြင့် မဖြည့်ဘဲ ဓမ္မဖြင့် ဖြည့်ခဲ့လေပြီ။ လိုသည်ဆိုသည့် လောဘ၏နေရာ ဓမ္မဖြင့် အစားထိုးနိုင်ခဲ့သဖြင့် ကျွန်ုပ်အလိုပြည့်ခဲ့လေပြီဟု ဖြေတော်မူခဲ့ပါသည်။
    ၆။ ဒကာတော်မင်းကြီး လူသားတို့သည် (လိုသည် လိုသည်) ဆိုသည့် လိုအပ်ချက်ကိုရှာဖွေ ဖြည့်စွက်ကြရာတွင် လိုအပ်ချက်တို့ကို အဆုံးမသတ်နိုင်ခဲ့ကြသည့်အတွက်ကြောင့် တဏှာလောဘ၏ ကျေးကျွန်များအဖြစ်သာဖြစ်ခဲ့ကြရလေသည်။ ငါသည် တဏှာ၏ကျေးကျွန်အဖြစ်ကလွတ်ဖို့ရန်အတွက်သာ ရဟန်းဝတ်ခဲ့သည်ဟု ဖြေတော်မူခဲ့ပါသည်။
    ထိုသို့လျှင် အရှင်ရဋ္ဌပါလ၏ မွန်မြတ်သောမှန်ကန်သော ရဟန်းပြုခြင်း၏ရည်ရွယ်ချက်တို့ကို မင်းကြီးကြား သောအခါ အလွန်ပင်ကျေနပ်နှစ်သက်ခဲ့လေသည်။ ကျေနပ်နှစ်သက်ခြင်းကြောင့် သူစွပ်စွဲခဲ့မိသော အပြစ်တို့ကို တောင်းပန်ဝန်ချကန်တော့ခဲ့သည်။ ထိုနေ့မှစကာ ရတနာသုံးပါးကိုကိုးကွယ်ပါ၏ဟု လျှောက် ထားခဲ့လေသည်။ သို့ဖြစ်ခြင်းကြောင့် ယနေ့နိုင်ငံအသီးသီး လူမျိုးအသီးသီး စီးပွားရေးအကြပ် အတည်း တို့နှင့်ရင်ဆိုင်ကြုံတွေ့နေကြရသောကာလတွင် နိုင်ငံအသီးသီးရှိ လူသားတော်တော်များများ အလုပ် လက်မဲ့ဖြစ်ကာ စားဝတ်နေရေး အခက်အခဲတွေ့နေကြသည်ကို ကျွန်ုပ်တို့ဘာသာရေးခေါင်းဆောင် များအားလုံး မြင်တွေ့နေကြရပြီးဖြစ်ပါသည်။ စီးပွားရေး အကြပ်အတည်း နိုင်ငံရေးအကြပ်အတည်း ဘာသာရေးအကြပ်အတည်း ထိုသုံးခုတို့သည် တခြားစီ မနေကြဘဲ အပြန်အလှန်မှီတွယ် ကာနေတတ် ကြပေသည်။ နိုင်ငံရေးစီးပွားရေး အကြပ်အတည်းကြောင့် လူအများစု အလုပ်လက်မဲ့ဖြစ် နေကြရသည် ကိုကြည့်ကာ ကျွန်ုပ်တို့ခေါင်းဆောင်များ ဘာသာရေး အလုပ်လက်မဲ့မဖြစ်ရလေအောင် အထူးသတိပြုကြ ရမည်ဖြစ်ပေသည်။ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ မိမိတို့လုပ်ဆောင်ကြရမည့် လူမှုရေး အကျိုးပြုလုပ်ငန်းများ၊ ပိဋကတ်သင်ကြားပို့ချရေးလုပ်ငန်းများ၊ ကမ္မဋ္ဌာန်းကျင့်ကြံအားထုတ်ရေးလုပ်ငန်းများကို ယနေ့ခေတ်တွင် နှစ်ဆတိုးကြိုးစားကာ လုပ်ဆောင်ကြရမည်ဖြစ်သည်။ အရှင်ရဌပါကကို ကောရဗျမင်းကြီးစွပ်စွဲသလို အစွပ်စွဲမခံကြရလေအောင် ကြိုးစားကြရမည်ဖြစ်ပေသည်။ ကောရဗျမင်းကြီးကဲ့သို့ ဘာသာရေးခေါင်းဆောင် တို့အပေါ် အထင်အမြင်သေးကြသည့် လူတို့၏ စိတ်နှလုံးကို ကျေနပ်နှစ်သိမ့်မှုရအောင် အရှင်ရဌပါလကဲ့သို့ အားထုတ်ကြရမည်ဖြစ်သည်။ ထို့ပြင် လှုပ်ရှားနေသောကမ္ဘာကို တည်ငြိမ်မှုရှိအောင် ကြိုးစားဖို့မှာ ကျွန်ုပ်တို့၏ တာဝန်ဖြစ်ပေသည်။ ကမ္ဘာကို တုန်လှုပ်စေသော လူတွေထဲမှာ ကျွန်ုပ်တို့ ဘာသာရေး ခေါင်းဆောင်များ မပါဝင်ဖို့ အရေးကြီးပါသည်။ လူ့လောကကြီး၏ လိုအပ်ချက်တို့ကို ကျွန်ုပ်တို့ဝိုင်းဝန်း ဖြည့်စွက်ပေးနိုင်ကြဖို့ အားထုတ်ကြရမည်ဖြစ်ပါသည်။ လိုအပ်ချက်ဆိုသည်မှာ စိတ်ဓါတ်ရေးရာ လိုအပ်ချက် ကိုဆိုလိုပါသည်။ သို့မှသာ ကမ္ဘာ့လူသားအများစုကဘာသာရေးခေါင်းဆောင်တို့သည် ကမ္ဘာ့လူသားအားလုံး တို့အတွက် ကျေးဇူးပြုတတ်သောအထူးအားကိုးထိုက်သော ပုဂ္ဂိုလ်များဖြစ်သည်ဟု သိမြင်လာကြမည် ဖြစ်ပါသည်။ ထိုသည်ကား ကျွန်ုပ်၏ တောင်းဆိုမှုပင်ဖြစ်ပါသတည်း။
    ပူလောင်နေသောကမ္ဘာမှာ ကျွန်ုပ်တို့သည် ကိလေသာမီး သောကမီး စစ်မီးတို့ကို ငြိမ်းသတ်နိုင်သော ပုဂ္ဂိုလ်များအဖြစ် ကမ္ဘာ့ရေးရာမှာပါဝင်ကြရမည်ဖြစ်ပါသည်။ ကမ္ဘာလောကကို မီးဝိုင်းရှို့သော လူတွေထဲမှာ ကျွန်ုပ်တို့မပါဝင်နိုင်ပေ။ ကျွန်ုပ်တို့ဘာသာရေးခေါင်းဆောင်များသည် လူသားတို့ခံမှ ဘာကိုမျှ မတောင်း ဆိုကြပါ။ သို့သော် “Jealousy ကို Joy သို့ပြောင်းကြပါ။ Evil ကို Good သို့ပြောင်းကြပါ။ Ignorance ကို Enlightenment သို့ပြောင်းကြပါ။ အ၀ိဇ္ဇာမှ ၀ိဇ္ဇာသို့ ပြောင်းကြပါ” ဟူသော Change ကိုတကယ်ပဲ တောင်းဆိုလိုပါသည်။
    သီတဂူ စန်းလပမာချမ်းမြသာယာရှိကြပါစေ။
    သီတဂူဆရာတော်
    စစ်ကိုင်း
    Read more...
    ချစ်တတ်ပြီ
    အတိတ်က အချစ်
    သဘာဝအတိုင်း ဖာသိဖာသာ ကြီးပြင်းလာရင်း အချစ်သည် ဖောက်ပြန်တတ်သည်ဟု သိလိုက်ရသော အချိန်၌ နှလုံးသားလေးက အလွန်သေးငယ်လွန်း နေခဲ့သေးသလို ဦးနှောက်ကလည်း အရည်တည်လေးမျှသာ ရှိသေးသည်။
    ဒီလိုနဲ့ အချစ်ဆိုတာ ကြီးစွာသော သတိ၊ လုံလောက်သော ပညာတို့ဖြင့် ရင်ဆိုင်ကိုင်တွယ်ရမည့် အရာအဖြစ်သို့ အလိုအလျောက် ရောက်ရှိသွားတော့သည်။
    အချစ်ကို ယုံကြည်မှုနည်းပါးစွာ ဖြတ်သန်းခဲ့သော အချိန်ကာလများတွင် အချစ်သည် တကိုယ်ကောင်းဆန်ခြင်းဖြစ်သည်ဟု နားလည်စေခဲ့ပြန်သည်။
    အချစ်ဟာ ကံကောင်းခြင်းလက်ဆောင်ဟု ထင်ယောင်ထင်မှား ပြုမိချိန်သည် ကံဆိုးမိုးမှောင်ကျသော အချိန်ဖြစ်သည်။ အချစ်ဆိုတာ သွေးသားတို့ရဲ့ လိုအပ်ချက်လို့ သေးနုတ်သိမ်ငယ်စွာ တွေးတောမိခဲ့သည်လည်း ရှိသည်။
    အချစ်သည် ဟိုနားဒီနား အတူသွားလောက်သာ ဖြစ်သည်ဟု ယူဆသူများလည်း ကိုယ့်ဘေးနားက ဖြတ်လျှောက်သွားကြသည်။
    အချစ်ကို တန်းတန်းဆွဲ လိုက်မရှာခဲ့သလို သူ့ဖာသာရောက်လာလိမ့်မည်ဟုလည်း မျှော်လင့်မနေခဲ့ပါ။
    *****
    နှလုံးသားကို တို့ထိလိုက်တဲ့ အချစ်ကို ဦးနှောက်က ဒါအချစ်ပဲ လို့ ဆုံးဖြတ်ချက်ချတယ်။ နှလုံးသားနဲ့ ဦးနှောက် ပြိုင်တူ ထပ်ကာ ထပ်ကာ မြည်တမ်းကြပြီးနောက်မှာတော့ အချစ်တွေက တကိုယ်လုံး ပျံ့နှံသွားတော့တယ်။
    အချစ်တခုကို ပိုင်ဆိုင်ခွင့်ရခဲ့ပြီလို့ ကြွေးကြော်ရအောင် အချစ်က တခု၊ နှစ်ခု၊ ရေတွက်လို့ရတဲ့အရာမဟုတ်။
    ဟယ် အချစ်ဆိုတာ တကယ်ရှိတယ်လို့ အလန့်တကြား ထအော်ရအောင်လည်း အချစ်ကို အားနာဖို့ကောင်းလှပါသည်။
    *****
    အခြား အရာများလိုပင် အချစ်တခုဖြစ်ဖို့ အကြောင်းတရားများစွာတို့ ပေါင်းဆုံဖို့လိုပါသည်။ ဆန့်ကျင်ဘက်တို့သာ ပေါင်းစုံခြင်း မဟုတ်။ အချိန်တန် အရွယ်ရောက်၍ လူမှုဆက်ဆံရေးနယ်ပယ်၌ လူသားနှစ်ဦး ပေါင်းသင်းနေထိုင်ကြခြင်း၌် အချို့အတွက် အချစ်သည်အရေးပါသော ကဏ္ဍမှ ပါဝင်ခဲ့သလို၊ အချို့ကလည်း ဦးနှောက်၏ စေခိုင်းမှုကြောင့်ဟု ဆိုကြလေသည်။ အချို့လည်း ဖြစ်ရိုးဖြစ်စဉ် တခုကို ဖြတ်သန်းသွားခြင်းမျှသာ။
    အနည်းဆုံးတော့ အနီးဆုံးလူသားများကြား အချစ်သည်လိုအပ်ပါသည်။ အချစ်ကို တန်ဖိုးထားကြလျှင် ထိုအချစ်ကို ရှင်သန်အောင် ကြီးထွားအောင် ပြုစု ပျိုးထောင်ကြရန် တာဝန်ရှိပါသည်။ သစ္စာကို မဏ္ဍိုင်ပြုရပါသည်။ ကိုယ်ကျိုးစွန့်ခြင်း၊ အနစ်နာခံခြင်းတို့သည် အချစ်၏ ပြယုဂ်တို့ ဖြစ်လာကြသည်။ လူတဦး၏ စာရိတ္တ၊ ၀ါရိတ္တတို့ကို အချစ်ဖြင့် တည့်မတ်နိုင်သည်။ အချစ်သည် စွမ်းအားရှိသော တန်ခိုးသတ္တိ ဖြစ်သည်။ မိမိတို့၏ ဘ၀ကို ဂုဏ်သိက္ခာတို့ဖြင့် မွမ်းမံမည် ဆိုပါက အချစ်သည် ဂုဏ်သိက္ခာနှင့် အလိုက်ဖက်ဆုံးသော ဆုတံဆိပ်ဟု ဆိုချင်ပါသည်။
    အချစ်သည် ရယူခြင်းမဟုတ်သလို၊ ပေးဆပ်ခြင်းလည်း မဟုတ်။ မြင့်မြတ်ခြင်းသာ ဖြစ်သည်။
    Read more...
    လာလည်ကြသူများ
    ဤဘလော့ဂ်၏ ရည်ရွယ်ချက်
    ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။
    ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။
    ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။
    ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ
    မြန်မာပြက္ခဒိန်
    မြန်မာပြက္ခဒိန်
    www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။
      © Blogger templates The Professional Template by Ourblogtemplates.com 2008
    Back to TOP