* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Monday, September 28, 2009

Research Proposals and Papers Competition ( Prize=US$ 30,000)

Written by သစ္စာအလင်း PDF Print E-mail

ချစ်ခင်လေးစားရပါသော ဓမ္မမိတ်ဆွေ များရှင့်

ကျွန်မတို့ Developing Countries မှ Researchers များအတွက် Global Development နဲ့ပတ်သက်တဲ့ Research Proposals and Papers Competition သတင်းလေးတစ်ခုကို မျှဝေ ချင်ပါတယ်။ ဆုကြေး ကလည်း မြန်မာ ငွေ သိန်း၃၀၀ ပတ်ဝန်းကျင်လောက် နဲ့ Global Development Network Annual Conference ကျင်းပမဲ့ Prague, Czech Republic ကို အသွားအပြန်လေယာဉ် လေယာဉ်လက်မှတ် လည်းရမှာ ဖြစ်ပါတယ်။ တင်သွင်းရမဲ့ နောက်ဆုံးရက် ကတော့ အောက်တိုဘာ ၁၄ ရက်ဖြစ်ပါတယ်။ အပြည့်အစုံ ကို ဆက်ပြီုး ဖတ်ကြည့်လိုက်ပါအုံး။

http://www.gdnet.org/cms.php?id=2009awards

2009 Global Development Awards and Medals Competition

2009 research themes "truly global"

The 2009 Global Development Awards and Medals Competition

The Global Development Network (GDN) is now accepting submissions for its annual competition for development research proposals and papers. Submissions for development projects are no longer being accepted. Researchers from developing and transition countries are invited to participate in the competition. The competition is generously funded by the Ministry of Finance, Government of Japan and other donors.

Deadline for submitting research proposals/papers has been extended till October 14, 2009.

The competition focuses on key issues such as globalization, regional integration and international migration against the backdrop of the current global economic and financial crisis, the political and economic repercussions of which can already be felt across countries and regions. The impact of these crises on the architecture of developing countries cannot be understated. They have prompted many to challenge globalization and they are also likely to hasten the structural shift in global economic power from Western countries to emerging markets.

Prizes

The finalists will win cash prizes and a round-trip air fare with all boarding and lodging expenses paid to travel to the GDN Annual Conference where they will present their proposals/papers and showcase an interesting on-project before an eminent jury for the final round. This year the final selection will be held in Prague, Czech Republic. The Awards are funded by the Government of Japan and the Medals are funded by prestigious donors.

The 2009 Global Development Awards and Medals Competition themes are:

  1. Globalization, Regulation and Development
  2. International Migration: Crossing Borders, Changing Lives?
  3. Regional Integration- Convergence Big Time, or, an Opportunity Wasted?

Note: Those applying to the competition under the Japanese Award for Outstanding Research on Development need to apply in the template provided, while the Medals for Research on Development may apply online as per the guidelines provided below. Submissions for the Most Innovative Development Project are no longer being accepted.

Deadline:
October 14, 2009, for the Japanese Award for Outstanding Research on Development and Medals for Research on Development


The competition is open to researchers from developing & transition countries.

Submissions will be accepted under the following two categories:

Category 1: Japanese Award for Outstanding Research on Development

Eligibility:

  • Applicants who have outstanding new research proposals that provides a new dimension to research on any of the three topics listed above
  • Citizens and permanent residents of developing and transition countries or who are temporarily based in a developed country for not more than five years
  • Staff of bilateral/multilateral agencies are not eligible to apply.

Prizes: First Prize: US $30,000; Second Prize: US $5,000. GDN will sponsor finalists to attend the Eleventh Annual Global Development Conference, Prague, Czech Republic from January 16-18, 2010 and present their proposals.

Age Limit: 45 years
Deadline: October 14, 2009

Guidelines: More »
Template: More »

Category 2: Medals for Research on Development

Eligibility:

  • Applicants who have completed research papers on any of the three topics
  • Citizens and permanent residents of developing and transition countries or who are temporarily based in a developed country for not more than five years
  • Staff of bilateral/multilateral agencies are not eligible to apply.

Prizes: First Prize: US $10,000; Second prize: US $5,000 in each of the three topics mentioned above. GDN will sponsor finalists to attend the Eleventh Annual Global Development Conference, Prague, Czech Republic from January 16-18, 2010 and present their papers.

Age Limit: 45 years
Deadline: October 14, 2009

Contact Us
Our international secretariat is based in New Delhi, India

Second Floor, West Wing, ISID Complex
Plot No. 4, Vasant Kunj Institutional Area
Vasant Kunj, New Delhi 110 070, INDIA

Tel: + (91) 11-2613-9494, + (91) 11-2613-6885
Fax: + (91) 11-2613-6893
Email:
gdni@gdnet.org


Read more...

ကမ္ဘာပျက်ပုံ ဖြစ်ပုံများ

ကမ္ဘာပျက်တာနဲ့ ပတ်သတ်ပြီး တပည့်တော်မ သိချင်ပါတယ်ဘုရား။ ယခုကမ္ဘာဟာ ဘဒ္ဒကမ္ဘာလို့ ဆိုပါတယ်။ သို့သော်လည်း ဂင်္ဂါဝါဠုသဲစုမက ဘုရားတွေ ပွင့်ခဲ့တယ်ဆိုတဲ့အဆိုက ဘယ်လိုမျိုးများကို ဆိုလိုတာလည်း ဘုရား၊ ကမ္ဘာပျက်တာက ဘယ်လိုမျိုးဖြစ်တာလည်းဘုရား။ ဘာကြောင့် ကမ္ဘာပျက်ရတယ်ဆိုတာကိုလည်း သိချင်ပါတယ် ဘုရား။



ကမ္ဘာပေါင်းများစွာ ဖြစ်ပေါ်ခဲ့ပါတယ်။ ကမ္ဘာပေါင်းများစွာ ပျက်ခဲ့ပါတယ်။ ရေတွက်လို့ မရပါ။ ကမ္ဘာဟာ ရေတွက်လို့ မရသလို သတ္တ၀ါတစ်ယောက်ရဲ့ ဘ၀ဟာလည်း ရေတွက်လို့မရအောင် များပြားလှပါတယ်။ ဗုဒ္ဓလက်ထက်က ဥပသာလက အမည်ရှိတဲ့ ပုဏ္ဏားကြီးဟာ ရာဇဂြိုလ်မြို့ကို ရံပတ်ထားတဲ့ တောင်ငါးလုံးထဲက ဂုဇ္ဈကုဋ်တာင်ပေါ်ကို တက်သွားပြီး တောင်ထိပ်က မြေပြန့်လေးမှာ သူ့ကိုမြုတ်ဖို့ သားဖြစ်သူကို ပြတယ်။

ပြီးတာနဲ့ တောင်အောက်ကို ပြန်ဆင်းလာတဲ့အခါ ဘုရားရှင်နဲ့တွေ့တယ်၊ အကျိုးအကြောင်း မေးပြီးတာနဲ့ ဘုရားရှင်ဟာ လူသေ မမြုပ်ဖူးသေးဘူးလို့ ပုဏ္ဏားကြီးယူဆထားတဲ့ နေရာကို လိုက်ကြည့်ပြီး ဒီဂါထာကို ဟောကြားပါတယ်။ ဒီဂါထာ အဆုံးမှာ ပုဏ္ဏားကြီးဟာ သောတာပန်တည်ပါတယ်။ ဒီဂါထာဟာ သတ္တ၀ါတစ်ယောက်ရဲ့ ဘ၀တွေဟာ ဘယ်လောက်ထိအောင် များပြားတယ်ဆိုတာကို ပြပါတယ်။

ဥပသာလက နာမာနိ၊

သဟဿနိ စတုဒ္ဒသ။

အသ္မိံပဒေသေ ဒဂနိ

နတ္တိလောကေ အနာမတံ။

ပုဏ္ဏားကြီး သင်ယခုညွှန်ပြသော နေရာ၌ ဥပသာလကဟူသော အမည်ဖြင့် သင်၏အလောင်းကောင်ပေါင်း တစ်သောင်း လေးထောင်တိတိ မီးသဂြိုလ် လောင်ကျွမ်းမြုပ်နှံခဲ့ဖူးလေပြီ။ လောကမြေအပြင်၌လူသေကောင်ပုတ် မမြုတ်ဖူးသောနေရာ ဟူ၍ မရှိပေ။


တောင်ပေါ်က သုံးပေခြောက်ပေနေရာ ကွက်လပ်လေးမှာတောင် အလောင်းကောင်ပေါင်း ဥပသာလကအမည် တစ်ခုတည်းနဲ့တင် တစ်သောင်းလေးထောင် မြုတ်နှံပြီးသွားပြီဆိုတော့ တခြားနာမည်နဲ့၊ တခြားမြေပြန့်နေရာတွေမှာ ဘယ်လောက်ထိ သေခဲ့မြှပ်နှံခဲ့မယ်ဆိုတာ သတိသံဝေဂ ယူသင့်ပါတယ်။

ဘုရားတွေ ပွင့်တယ်ဆိုတာ သူ့ကမ္ဘာနဲ့သူ ပွင့်တာကို ပြောတာပါ။ ဒီဘဒ္ဒကမ္ဘာမှာ ဘုရားငါးဆူပွင့်ပြီး မပြီးမချင်း၊ ကမ္ဘာက မပျက်ပါဘူး။ ကမ္ဘာပျက်ပုံရယ် ဘာကြောင့် ပျက်ရတယ်ဆိုတာရယ်ကိုပေါင်းပြီး ဖြေပါမယ်။ ကမ္ဘာဟာ မီးဖျက်တဲ့ ကမ္ဘာ၊ ရေဖျက်တဲ့ ကမ္ဘာ၊ လေဖျက်တဲ့ ကမ္ဘာလို့ သုံးမျိုးရှိပါတယ်။

လိုချင်တဲ့ လောဘဓါတ်တွေ လူသားတွေ သန္တာန်မှာ အားကြီးလာရင် ကမ္ဘာလောကကြီး အငတ်ဘေးဆိုက်တယ်၊ လောဘဓါတ်ဟာ ဒီထက်ပို၍ အားကြီးလာမယ်ဆိုရင် ကမ္ဘာလောကကြီးဟာ မီးလောင်ပြီးပျက်စီးသွားရတယ်။ ကမ္ဘာဖျက်မီးလောင်ရင် မြေကြီးပါ မကျန်အောင် လောင်ကျွမ်းတဲ့အတွက် အပါယ်လေးဘုံ၊ လူ့ဘုံ၊ နတ်ပြည်ခြောက်ထပ်၊ ဗြဟ္မဘုံ နှစ်ဆယ်ထဲက ပထမဈာန် ဗြဟ္မဘုံ ၃ဘုံ ပါသွားတယ်။

စိတ်ဆိုးတဲ့ အမျက်ထွက်တဲ့၊ ရန်ငြိုးဖွဲ့တဲ့ ဒေါသဓါတ်တွေ လူသားတွေ သန္တာန်မှာ အားကြီးလာရင် ကမ္ဘာလောကကြီးက လက်နက်ဘေး(စစ်ပွဲဘေး) ဆိုက်တယ်၊ စစ်ပွဲမှန်သမျှဟာ ဒေါသကြောင့် ဖြစ်ရတာချည်းပါ။ ဒီထက် ဒေါသဓါတ်တွေများလာမယ်ဆိုရင် ကမ္ဘာလောကကြီးဟာ ရေတွေလွှမ်းမိုးပြီး ပျက်စီးသွားရတယ်။ ရေကြောင့် ကမ္ဘာပျက်ပြီ ဆိုရင် အပ္ပါယ်လေးဘုံ၊ လူ့ဘုံ၊ နတ်ဘုံ၊ ပထမဈာန် ဗြဟ္မဘုံ၃ဘုံ နှင့် ဒုတိယဈာန် ဗြဟ္မဘုံ ၃ဘုံ ပျက်စီးသွားပါတယ်။

အမှန်ကိုမသိတဲ့၊ တွေဝေတဲ့ မောဟဓါတ်တွေ လူသားတွေ သန္တာန်မှာ အားကြီးလာမယ်ဆိုရင် ကမ္ဘာလောကကြီး ဟာ ရောဂါဘေးဆိုက်တယ်။ အေအိုင်ဒီအက်(စ်)တို့၊ ဆားစ်ရောဂါတို့၊ ကြက်တုပ်ကွေး၊ ၀က်တုပ်ကွေးရောဂါတွေဟာ မောဟဓါတ်ကြောင့် ဖြစ်လာတာပါ၊ ဒီ့ထက် မောဟဓါတ်တွေ အားကြီးလာမယ်ဆိုရင် ကမ္ဘာလောကကြီးဟာ လေတွေလွှမ်း မိုးပြီး ပျက်စီးသွားရပါတယ်။

လေကြောင့် ကမ္ဘာပျက်ပြီဆိုရင် အပါယ်လေးဘုံ၊ လူ့ဘုံ၊ နတ်ဘုံ၊ ပထမဈာန်ဗြဟ္မာဘုံသုံးဘုံ၊ ဒုတိယဈာန် ဗြဟ္မာဘုံသုံးဘုံ၊ တတိယဈာန်ဗြဟ္မာဘုံသုံးဘုံထိ ပျက်စိးသွားပါတယ်။ ကျန်တဲ့ဗြဟ္မာဘုံ (၁၁)ဘုံကတော့ မီး၊ ရေ၊ လေ ဘာပဲဖျက်ဖျက် မပျက်ဘဲ ကျန်ခဲ့ပါတယ်။ ကမ္ဘာလောကမှာ လူစဖြစ်တယ်ဆိုတာ အဲဒီကျန်ခဲ့တဲ့ ဗြဟ္မာဘုံ(၁၁)ဘုံက ဗြဟ္မာတွေ ဗြဟ္မာသက်ကုန်လို့သေပြီး လူ့ဘ၀ရောက်ရာကနေ စကြတာပါပဲ။

အကျဉ်းချူပ်လိုက်ရင်တော့ ဘာကြောင့်ကမ္ဘာပျက်ရတာလဲ ဆိုရင် လူသားတွေရဲ့ သန္တာန်မှာ ဖြစ်ပေါ်လာတဲ့ လောဘ၊ ဒေါသ၊ မောဟ ဆိုတဲ့ ကိလေသာတွေကြောင့်ပါပဲ။ ဒါကြောင့် လောဘကုန်ဖို့ အတွက်

ဒါနများများပြုပါ

ဓူတင် ဆောက်တည်ပါ

အသုဘ ဘာဝနာပွါးပါ

ဝိပဿနာတရား နာကြားရှုပွါးပါ။

ဒေါသကုန်ဖို့ အတွက်

မေတ္တာဘာဝနာအမြဲပွါးပါ။

မောဟကုန်ဖို့အတွက် ရဟန္တာဖြစ်တဲ့အထိ ၀ိပဿနာတရားကို နာကြားရှုပွါးပါ။



၆ - ခုမြောက် ပုစ္ဆာမဖြေမီမှာ ဒါနနဲ့ပက်သက်ပြီး အရေးကြီးသိသင့်တဲ့ ဆရာတော်ရဲ့လိုတိုရှင်း ဒဿနလေးများကို ဓမ္မလက်ဆောင် ထည့်ပေးလိုက်ပါတယ်။

ရယူခြင်းနှင့် ပေးဆပ်ခြင်းတို့တွင် ပေးဆပ်ခြင်း၌ ပျော်မွေ့သူသည်သာ တကယ့်သူတော်ကောင်း ဖြစ်သည်။ မျှော်လင့်ချက်တစ်ခုခုဖြင့် ပေးကမ်းခြင်းကို ဒါနဟု မခေါ်သင့် အမြတ်ရဖို့ အရောင်းအ၀ယ်လုပ်ခြင်း၊ တစ်မျိုးဟုသာ ခေါ်သင့်သည်။

မည်သည့်မျှော်လင့်ချက်မှ မပါဘဲ ပေးကမ်းထောက်ပံမှုကိုသာ လောဘကုန်ဖို့ပြုသော ပါရမီထိုက်သည့် ဒါနဟု ဆိုသင့်သည်။

မည်မျှ လှူပြီးပြီဟု ကြွားဝါဖို့မလို လောဘကိလေသာ မည်မျှကုန်သွားပြီဟုသာ သိဖို့ လိုသည်။

ချမ်းသာချင်စိတ် ရှိတာချင်းလည်းတူပါလျှက် ချမ်းသာအောင် စီးပွားရှာတာချင်းလည်း တူပါလျှက် လူတစ်ရာတွင် တစ်ယောက်သာချမ်းသာပြီး၊ ကျန် ၉၉ယောက်က ဆင်းရဲနေရသည်မှာ အဘယ်ကြောင့်နည်း။

အဖြေကား - လူတစ်ရာတွင် တစ်ယောက်ခန့်သာလှူရမှု၌ ပျော်မွေ့ပြီး၊ ကျန် ၉၉ ယောက်သည် ယူရမှု၌ ပျော်မွေ့ ခဲ့သောကြောင့် ပေတည်း။

မျှော်လင့်ချက်တစ်ခုခုဖြင့် ပြုသောပါရမီမထိုက်သော ဒါနသည် လူ့ချမ်းသာ၊ နတ်ချမ်းသာ ကိုပေးသော်လည်း ကိလေသာကုန်ရာ နိဗ္ဗာန်သို့မပို့၊ အကြောင်းကား အလှူခံကောင်းစားဖို့၊ ချမ်းသာဖို့ လှူခြင်းမဟုတ်၊ ငါကောင်းစားဖို့၊ ငါချမ်းသာဖို့ ရည်ရွယ်ချက်ဖြင့် လှူခဲ့သောကြောင့် ဖြစ်သည်။ ငါ-ဟူသည် ဒိဋ္ဌိကိလေသာ၊ ကောင်းစားဖို့ဟူသည် လောဘကိလေသာ။ ထိုဒိဋ္ဌိ နှင့် လောဘ၀င်ရှုပ်သောကြောင့် ပါရမီ မထိုက်သောဒါနသည် နိဗ္ဗာန်သို့  မပို့နိုင်ခြင်းဖြစ်၏။

မည်သည့်မျှော်လင့်ချက်မှ မပါဘဲ ပြုသောပါရမီထိုက်သည့် ဒါနသည် လူချမ်းသာ၊ နတ်ချမ်းသာကိုလည်း ပေးသည်။ နိဗ္ဗာန်သို့လည်း ပို့သည်။ အကြောင်းကား ဒါနပြုစဉ်ကတည်းက ငါကောင်းစားဖို့ဟူသော ဒိဋ္ဌိနှင့် လောဘကို သတ်ပြီးသား ဖြစ်နေသောကြောင့်ပေတည်း။

သဒ္ဒါစိတ်ကြီးမားသူအတွက် လှူစရာပစ္စည်းတွေ အမြဲတမ်း ပိုနေတတ်သည်။ လောဘဓါတ် ကြီးမားသူ အတွက် ယူချင်စရာပစ္စည်းတွေ အမြဲတမ်း လိုနေတတ်သည်။

အသာစံခြင်းဝါဒကို အရှင်ဒေ၀ဒတ် တည်ထောင်ခဲ့သည်။ အသာစံခြင်းဝါဒ၏ နောက်ဆုံး ပန်းတိုင်သည် အပါယ်လေးပါး၊ အသာစံခြင်းဝါဒကို တည်ထောင်ခဲ့သော အရှင်ဒေ၀ဒတ်ကိုယ်တိုင် ယခုအခါ အ၀ီစိငရဲသို့ ကျရောက်နေပြီ ဖြစ်သည်။ အသာစံခြင်းဟူသည် ပယ်သတ်ရမည့် သမုဒယသစ္စာခေါ် တဏှာကို ဆောင်ထားခြင်း ဖြစ်သည်။

အနာခံခြင်းဝါဒကို ဘုရားရှင်ကိုယ်တိုင် တည်ထောင်တော်မူခဲ့သည်။ အနာခံခြင်းဝါဒ၏ နောင်ဆုံး ပန်းတိုင်သည် နိဗ္ဗာန်။ အနာခံခြင်းဝါဒကို တည်ထောင်ခဲ့သော ဘုရားရှင်ကိုယ်တိုင် ယခုအခါ နိဗ္ဗာန်၏ သန္တိသုခ ချမ်းသာကို ခံစားနေပြီဖြစ်သည်။ အနာခံခြင်းဟူသည် ပယ်သတ်ရမည့် သမုဒယသစ္စာခေါ် တဏှာကို အလုပ်ဖြင့် လက်တွေ့ပယ်သတ်ခြင်း ဖြစ်သည်။

ကမ္ဘာတွင် ဒါနအပြုဆုံးသည် မြန်မာဖြစ်ပါလျှက် အဆင်းရဲဆုံးတွင်လည်း မြန်မာဖြစ်နေရခြင်းမှာ တကယ်လိုအပ်သည့်နေရာတွင် မလှူဘဲ၊ မလိုအပ်တော့ သည့်နေရာများတွင် အိတ်သွန်ဖါမှောက် လှူနေကြ သောကြောင့်ပင်ဖြစ်သည်။

ဥပမာအားဖြင့် နာဂစ်ကြောင့် ဧရာဝတီတိုင်းတွင် ပျက်စီးသွားသော စာသင်ကျောင်းပေါင်း လေးထောင်ကျော်ရှိရာ နှစ်ထောင်ခန့်သာ ပြန်လည်ပြင်ဆင်နိုင်သေးသည်။ ကျန်နှစ်ထောင်ကျော်ကို ပြင်ဆင်ဆောက်လုပ်နိုင်ခြင်း မရှိသေးပေ။

ထိုကဲ့သို့သောနေရာတွင် မလှူဘဲ နာမည်ကြီးအောင်၊ ရာထူးတက်အောင် အာဏာတည်မြဲအောင် ဟူသော ရည်ရွယ်ချက်ဖြင့် မလိုအပ်ဘဲ ဘုရားတည် နေကြခြင်းမျိုးပင်တည်း။

မြန်မာအများစု ဗုဒ္ဓဘာသာဖြစ်ပါလျှက် ဒါနပြုပါလျှက် ဆင်းရဲရခြင်းအကြောင်း ၁၁ ချက်-

၁။ လိုအပ်နေသောနေရာတွင် မလှူဘဲ၊ မလိုအပ်သောနေရာတွင် စုပြုံ၍ လှူကြခြင်း။

၂။ သမ္ပဒါလေးးပါး ချို့ယွင်းခြင်း။

၃။ စီးပွါးရှာရာ၌ မေတ္တာစေတနာကို အဓိကမထားဘဲ၊ ငွေကြေးကိုသာ အဓိကထားခြင်း။

၎။ ပျင်းရိခြင်းကို ရောင့်ရဲခြင်းဟု အထင်မှားခြင်း။

၅။ မိမိကိုယ်ကို ထိန်းသိမ်းနိုင်စွမ်း မရှိခြင်း၊ နည်းနည်းချမ်းသာလာသည်နှင့် မယားငယ်ထားခြင်း၊ လောင်းကစား လုပ်ခြင်း၊ သေရည်သေရက်သောက်ခြင်းတို့ဖြင့် အောက်ခြေလွတ်လာတတ်ကြသည်။ ထိုကြောင့် ခေတ်သစ် စကားပုံတစ်ခုပေါ်နေ၏ ။ မြန်မာ ကောင်းစား တစ်မွန်းတည့်။

၆။ အချိန်တန်ဖိုး မသိခြင်း၊ ကုန်သွားသော ဥစ္စာပစ္စည်းတစ်ခုခုကို အချိန်အားဖြင့် ပြန်ရှာ၍ရသော်လည်း အလကား ကုန်သွားသော အချိန်ကို မည်သည့်ဥစ္စာပစ္စည်းနှင့်မျှ မရနိုင်သောကြောင့် လောက၌ တန်ဖိုးဖြတ်၍ မရအောင် အဖိုးတန်သောအရာကား အချိန်ပင်ဖြစ်သည်။


စက္ကန့်၊ မိနစ်၊ နာရီ၊ နေ့၊ ရက်၊ လ၊ နှစ် စသော အချိန်တိုလေးများကို ပေါင်းစည်းထားခြင်းကိုပင် အသက်ဟုခေါ်၏။ ထို့ကြောင့် အချိန်ဟူသည် အသက်။ အသက်ဟူသည် အချိန်၊ အသက်တန်ဖိုးထားသူသည် အချိန်ကို တန်ဖိုးထားရမည်။ အချိန်ကိုတန်ဖိုးထားလျှင် လူ့ဘ၀နေရသမျှ အချိန်တိုင်းမှ ဥစ္စာ၊ ကုသိုလ်၊ ပညာဗဟုသုတ ဤသုံးမျိုးအနက် တစ်မျိုးမျိုးကို အမြဲတမ်း ရရှိနေရမည်။ ထိုသုံးမျိုးအနက် တစ်မျိုးမှမရဘဲ အချိန်ကိုဖြုန်းသူသည် မိမိ လူ့ဘ၀ရမည့် အသက်ကို ဖြုန်းခြင်းပင်ဖြစ်သည်။

၇။ ကိုယ့်ထက်သာလျှင် မနာလိုခြင်း ကိုယ့်ထက်သာသူအပေါ် ၀မ်းသာလျှင် မုတိတာကုသိုလ် ဖြစ်သည်။ မနာလိုလျှင် ဣဿာအကုသိုလ် ဖြစ်သည်။ ကုသိုလ်ယူလို့ရပါလျှက်၊ အကုသိုလ်ကို ယူခြင်းသည် စိတ်ဓါတ်လူစဉ်မမီခြင်းပင် ဖြစ်သည်။

ဓမ္မပဒအဋ္ဌကထာ၌ ဆွမ်းငတ်ပြီး ပရိနိဗ္ဗာန်စံရသော လေသကတိဿ အမည်ရှိရဟန္တာတစ်ပါး အကြောင်း ပါရှိသည်။ သူသည် တစ်ခုသောဘ၀က ကျောင်းထိုင်ဘုန်းကြီး ဖြစ်ခဲ့သည်။ သူ့ကျောင်းတွင် ခေတ္တလာတည်းခိုသော ရဟန္တာတစ်ပါးအပေါ် မနာလိုဝန်တိုစိတ်ဖြစ်ခါ ရဟန္တာ အတွက် ထည့်ပေးလိုက်သော ဆွမ်းနှင့်ဟင်းများကို လမ်းမှာ သွန်ပစ်ခဲ့သည်။ ထိုအကုသိုလ်ကံကြောင့် သေသောအခါ အ၀ီစိငရဲသို့ ကျရသည်။ ငရဲမှလွတ်သောအခါ ခွေးဘ၀ငါးရာ၊ ဘီလူးဘ၀ငါးရာ ဖြစ်ရသည်။ နောက်ဆုံး ယခုဘုရားလက်ထက် ရဟန္တာဖြစ်ရမည့် ဘ၀များမှပင် သူတောင်းစားရွာ၌ သွား ဖြစ်ရသည်။ ငယ်စဉ်ကတည်းက ငတ်ပြတ်ဆင်းရဲလိုက်သည်မှာ ရဟန္တာဖြစ်သည့် ဘ၀ထိဖြစ်သည်။ လောသကတိဿမထေရ်ကို ဆွမ်းလောင်းမည့် အလှည့်ရောက်လျှင် လောင်းလှူမည့် ဒကာ၊ ဒကာမတို့က သူ့အား ဆွမ်းလောင်းချင်သော်လည်း လောင်းလှူလို့  မရခြင်းဖြစ်သည်။

ထို့ ကြောင့် အသက်ငယ်ငယ်နှင့် ပရိနိဗ္ဗာန်စံခဲ့ရသည်။

မွေးမည့်မွေးလျှင် ကြက်တွေ၊ ဘဲတွေပဲ မွေးပါ။ မနာလိုစိတ်နှင့်ဝန်တိုစိတ်ကို မမွေးပါနှင့်၊ အကုသိုလ်ဖြစ်တာချင်း တူသော်လည်း ကြက်တွေဘဲတွေ မွေးခြင်းက ကြက်ဥ၊ ဘဲဥစားပြီးမှ အပါယ်ကျရသည်။ မနာလိုစိတ်နှင့် ၀န်တိုစိတ်ကိုမွေးခြင်းအတွက်ကား ဘာမျှမစားရဘဲ အပါယ်လေးပါးသို့ ကျရသောကြောင့်ပင်တည်း။

၈။ စာပေဗဟုသုတမရှိသောကြောင့်

၉။ ဒေသန္တရဗဟုသုတမရှိသောကြောင့်

၁၀။ ခေါင်းဆောင်စိတ်မရှိသောကြောင့်

၁၁။ ကိုယ့်အားကိုယ်ကိုးလိုစိတ်မရှိသောကြောင့်

မြန်မာ အများစုသည် မဆင်းရဲသင့်ဘဲနှင့် ဆင်းရဲနေကြရခြင်းဖြစ်သည်။

ဤ(၁၁)ချက်၏ အကြောင်းအရာအကျယ်ကိုသိလိုလျှင် ဆရာတော်ရေးသားသော “မေတ္တာဖြင့်စီးပွါးရှာခြင်း” စာအုပ်ကို ဖတ်ပါ။ မေတ္တာဖြင့်
အရှင်ဇ၀န ( ရွှေပြည်သာ )



Read more...

အဆင်တူ အမြင်တူ... ( အရှင်နာရဒ၊ ဟိုပင်)


www.fastcompany


အရှင်နာရဒ၊ ဟိုပင်၏

အဆင်တူ အမြင်တူ...

ပုက္ကုသာတိဟာ အာနာပါနကို ရှုမှတ်နေတယ်...
ဒါကို ဘုရားက ဒိဋ္ဌိဟု ပုက္ကုသာတိကိုပြောတယ်...








Read more...

ဆွမ်းကပ်နေပြီ










မနက် ၅ နာရီ ၁၀ မိနစ်မှာ အရုဏ်ဆွမ်း စကပ်ပါတယ်။

အရုဏ်ဆွမ်း
ဆွမ်းဆီဆမ်း+ပဲပြုတ်၊ ခရမ်းချဉ်သီးထောင်း
(ဆရာတော် ဦးလောကနာထ၊ အယ်ဆိုဘရန်တီ အလိုတော်ပြည့်ကျောင်းတိုက်)

နေ့ဆွမ်း
ဆွမ်းထမင်း ဦးမောင်မောင်အေး+ဒေါ်အေးအေးသန်းနှင့် သမီးများ (မြားနတ်မောင် ရွှေဆိုင်းနှင့် သိကြားမင်း ဗရွှဆိုင်း)

ဆွမ်းဟင်း - ဝက်သား+ဂေါ်ရခါးသီးချက်။ ငရုတ်သီး+ငါးခြောက်ကြော်၊ သရက်ချဉ်
(မဝါဝါခိုင်မင်း၊ကိုရန်အောင် JulyDream၊ ရွာသားလေးဝိုင်တီယူတို့၏ နေ့ဆွမ်းအလှူရှင်များ အဖွဲ့နှင့် ဒေါ်နန်းသန္တာအောင် (စင်ကာပူ)

ပဲနီချက် - ကိုဖြိုး+ကိုထက် (ရွှေအိမ်ဖြူ တယ်လီဖုန်း ရောင်းဝယ်ရေး)

ဆီ - ဒေါ်ချို (ဒေါ်ချို ကုန်မျိုးစုံ ရောင်းဝယ်ရေး-ရွှေဘိုမြို့)

ခေါင်းရိတ်ဓား-မခိုင်ခိုင်မိုး

''ခရမ်းချဉ်သီးထောင်း ချပေးပါဦး''

''ခုံမလောက်ဘူး''

''ဦးဇင်း...ပြည့်စုံလားဘုရား''

''ဟိုနားကဝိုင်းတွေ ခရမ်းချဉ်သီး ချပြီးပြီလား၊ ကြည့်လိုက်ဦး''
ဆွမ်းဆီဆမ်းကို ပဲပြုတ်၊ ခရမ်းချဉ်သီးထောင်းများနဲ့ ဆက်ကပ်နေပါတယ်။ နားခွဲရမှာမို့ သီတဂူတက္ကသိုလ်က အစမ်းစာမေးပွဲ မဖြေလိုက်ရတဲ့ ဦးဇင်း ဦးသုဇာတ မနေ့ကတည်းက မန္တလေးက ရောက်လာပြီး ဆွမ်းချက်ဖို့ စီမံပေးတယ်။ အရုဏ်ဘုဉ်းပေးနေတဲ့ ကိုယ်တော်တွေ၊ ခုံမလောက်သေးလို့ စောင့်ဆိုင်းပေးနေတဲ့ ကိုယ်တော်တွေနဲ့ အရုဏ်ဆွမ်း ဘုဉ်းပြီးလို့ နေ့ဆွမ်း ဆက်ကပ်ခံနေတဲ့ သံဃာတွေနဲ့ ဝေယျာဝစ္စတွေလဲ မနားတမ်း ကပ်လှူနေရပါတယ်။


Read more...

ပတ်ဝန်းကျင်က မြတ်ဓမ္မ (၁)

နေရာရှာဖွေခြင်း
တစ်နေ့ ကျောင်းသို့ အသက်ကြီးပြီဖြစ်တဲ့ အမျိုးသမီးကြီးတစ်ဦး ရောက်ရှိလာတယ်။ သူ့မျက်နှာကို ကြည့်ရတာ ညိုးနွမ်းပြီး တစ်ခုခုကို ပူပန်နေပုံရပါ တယ်။ ဒါနဲ့ စာရေးသူက “နေကောင်းရဲ့လား….ဒကာမကြီး” မေးတော့ သူက “ကောင်းပါတယ်ဘုရား” ပြန်ဖြေပါတယ်။ စာရေးသူက “ဒါဖြင့် ဘာတွေများ တွေးနေတာလဲ” ဆိုတော့ သူက “တပည့်တော် စဉ်းစားနေတယ်ဘုရား” ။ “ပြောပြလို့ရရင် ပြောပြပါဦး” ဆိုသောအခါ …
သူက “အရှင်ဘုရား …တပည့်တော် အရင်ကနဲ့မတူ တကိုယ်လုံးလည်း နှုံးပြီး ချည့်နဲ့နေတယ်ဘုရား၊ တပည့်တော်မှားရင်လည်း ပြင်ပေးပါဘုရား၊ တပည့်တော် တကယ်လို့ သေမယ်ဆိုရင် အိမ်မှာပဲ သေရကောင်းမလား၊ ကျောင်းမှာပဲ သေရကောင်းမလား၊ ဘယ်နေရာမှာ သေရကောင်းမလဲဆိုတာကို စဉ်းစားနေတာဘုရား၊ တပည့်တော် သေတဲ့အခါ အသုဘစရိတ်အတွက် လူမှုရေးအသင်းအဖွဲ့တွေမှာ အတော်များ များ ပါဝင်ထားပါတယ်ဘုရား။ ဒါကြောင့် တပည့်တော် ကျောင်းမှာ သေမယ်ဆိုတာတောင်မှ အသင်းအဖွဲ့တွေရဲ့ အသုဘစရိတ်အကူအညီနဲ့ ဆိုတော့ ကျောင်းမှာလည်း တာဝန်မကြီးတော့ဘူးပေါ့ဘုရား”

ဒါက အသက် (၈၀)ကျော်အရွယ် အဖွားအိုတစ်ယောက်ရဲ့ အတွေးနယ်လွန်တယ်လို့ ယူဆရတဲ့ အတွေးတစ်ခုပါ။ ဒီအတွေးမျိုးကို အဖွားအိုအပြင် အခြားသူများလည်း တွေးကြမှာပါ။ အမှန်က ဒီအတွေးဟာ ထိရောက်တဲ့ အတွေးတစ်ခု မဟုတ်ပါ။
ရှိပါသေးတယ်၊ မသေခင် ကိုယ့်အသုဘစရိတ်အတွက် ကြောင့်ကြစိုက်ရတာမျိုး ကြားဖူးတယ်။ တွေးမိတာက လူတွေဟာ မသေခင်သာ တွေးပူနေကြတာပါ၊ တကယ်သေသွားတော့လည်း သူ့ဟာနဲ့သူ ဖြစ်သွားတာပါပဲ၊ သေပြီးလို့ ရက်ကြာရင် ပုပ်ပွလာတဲ့အတွက် ဘယ်သူမှ လမ်းပေါ်မှာ ပစ်မထားကြပါ။ သုဿာန်ရောက်အောင်တော့ ပို့ကြပါလိမ့်မယ်။ ဒါကြောင့် အသုဘစရိတ်အတွက် တွေးပူစရာမလိုပါဘူး။ အမှန်တွေးပူရမှာက ဘ၀ကူးကောင်းဖို့ပဲ ပူပန်ရမှာပါ။ မပူပန်ရအောင် မသေခင် ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်များ ကြိုးစားပြုထားကြဖို့ပဲ လိုပါတယ်။
သေကြမှာကို လူတိုင်းသိကြပေမဲ့ ဘယ်အချိန် ဘယ်အရွယ် ဘယ်ရောဂါ ဘယ်နေရာမှာ သေရမယ်ဆိုတာ ဘယ်ပုထုဇဉ် လူ၊ နတ်၊ဗြဟ္မာ၊ ဘယ်တန်ခိုးရှင်ကမှ မသိနိုင်ပါ။
တစ်ခါက သက်တော်ရှည် စံကင်းဆရာတော်ကြီးအား ဗေဒင်ဆရာများက အသက်၊ အချိန်ဘယ်လောက်မှာ ပျံတော်မူမယ်ဆိုတာကို ဆရာတော်ရဲ့ ဇာတာကို တွက်ချက်ပြီး အတိအကျ ဟောကိန်းထုတ်တယ်။ ဒါပေမဲ့ ဆရာတော်ဟာ ဗေဒင်ဆရာ ဟောတဲ့ နှစ်အထိ ပျံတော်မမူသေးပါဘူး။ ဆိုလိုတာက ဘယ်အရွယ်မှာ သေမယ်ဆိုတာ ဘယ်သူမှ မသိကြလို့ပါပဲ။
ကိုယ်သေရမယ့်နေရာကို ကြိုတင်ရွေးချယ်နေမဲ့အစား၊ ကိုယ့်အသုဘစရိတ်ကို တွေးပူနေမဲ့အစား အရေးကြီးတာက ဘ၀ကူးကောင်းဖို့ပါ၊ ဒါအတွက် ကောင်းတဲ့ဖက်မှာ နေနိုင်အောင် စိတ်ကို များများ လေ့ကျင့်ပေးရပါ့မယ်။ ကုသိုလ်အာရုံ များများ ရအောင်ပေါ့၊ ဒါမှလည်း သေခါနီး ကုသိုလ်အာရုံက စိတ်ထဲမှာ နေရာယူနိုင် မှာပါ။
ဒါနဲ့စပ်လို့ မသေမီ ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်ကောင်းမှုများကို ကြိုးစားပြုသွားကြဖို့ ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော်ဘုရားကြီးက လင်္ကာလေးတွေနဲ့ သတိပေး ဆုံးမတော်မူခဲ့ပါတယ်။ လင်္ကာလေးက
“ယခုပင်လျှင် မအိုခင်က ကြိုတင်ကောင်းမှု ကြိုးစားပြုလော၊့
ယခုပင်လျှင် အနာခင်က ကြိုတင်ကောင်းမှု ကြိုးစားပြုလော့၊
ယခုပင်လျှင် အသေခင်က ကြိုတင်ကောင်းမှု ကြိုးစားပြုလော့” ………..တဲ့
ဆရာတော်ဘုရားကြီးက မေ့နေသူများအတွက် သတိပေးခဲ့ဟန်တူပါတယ် ၊ ကျေးဇူးကြီးမားလှပေစွ။

« ပြန်ခေါက်ထားရန်



Read more...

အွန်လိုင်းပေါ်မှသာဓုခေါ်သံများ(၂)

သိရိလင်္ကာတွင် စာပေပရိယတ္တိများသင်ကြားနေသော ဆရာတော် အရှင်ပညာနန္ဒ(ကြံခင်း)မှ သစ္စာ(၄)ပါးတရားအပိုင်း(၂)ကို ၂၆.၉.၂၀၀၉(စနေနေ့)ညတွင် တရားနာပရိတ်သတ်များအား ဆက်လက် ဟောကြားခဲ့ပါတယ်။ ဆရာတော်ဟောကြားသော သစ္စာတရားကို ဓမ္မမိတ်ဆွေများ မှတ်သားနာယူ ကျင့်သုံးနိုင်စေဖို့ အလို့ငှာ ထပ်မံရေးသား ဖော်ပြပေးလိုက်ပါတယ်။

သစ္စာ(၄)ပါးတရားအပိုင်း(၂)
တရားနာတယ်.. တရားအားထုတ်တယ်ဆိုတာ မိမိတို့ အသက်ရှင်သန်နေတဲ့ အချိန်အခိုက်အတန့် လေးမှာပဲ လုပ်ဆောင်နိုင်တဲ့ အရာတွေပါ။ အသက်ရှင်နေတုန်း သံသရာကို ပြတ်စေတဲ့တရား၊ အို၊နာ၊သေဘေးမှ ကင်းလွတ်နိုင်မယ့် သစ္စာတရားတွေကို နာကြားလိုက်နာ ကျင့်သုံးကြဖို့ လူသားအားလုံးအတွက် အင်မတန် အရေးကြီးပါတယ်။ အသက်ရှင်နေစဉ် အခိုက်အတံ့မှာ မိမိရထားတဲ့ ခန္ဓာကိုယ်ကြီးဟာ သံသရာဒုက္ခစက်ဝိုင်းကြီးတစ်ခုနဲ့ တူပါတယ်။ ဒီဘ၀ ပုထုဇဉ်ဘ၀နဲ့ သေဆုံးသွားခဲ့မယ်ဆိုရင် နောက်ဘ၀ဆိုတာတွေ ရှိဦးမယ်။ နောက်ဘ၀ဆိုတာတွေရှိမယ်ဆိုရင် အမိဝမ်းထဲမှာနေရတဲ့ ဆင်းရဲဒုက္ခတွေ.. မွေးဖွားလာရတဲ့ဒုက္ခတွေ.. မွေးဖွားလာပြီးရင် မွေးလာတာနဲ့အမျှ တရွေ့ရွေ့အိုနေရတဲ့ ဒုက္ခတရားတွေ.. တရွေ့ရွေ့အိုခြင်းကနေ နာခြင်းဆိုတဲ့ ဒုက္ခတရားတွေကို မလွဲမသွေခံစားကြရဦးမှာပါ။ ဒီလိုမျိုး အို၊နာ၊သေဆိုတဲ့ စက်ဝိုင်းကြီးထဲကနေ မလွတ်နိုင်တဲ့အတွက်လည်း ဒီခန္ဓာကိုယ်ကြီးကို သံသရာဒုက္ခစက်ဝိုင်းကြီးတစ်ခုနဲ့ တူတယ်လို့ ထင်စားထားတာပါ။

သေတုန်းကလည်း ဒုက္ခသစ္စာနဲ့သေတယ်.. မွေးဖွားလာတော့လည်း ဒုက္ခသစ္စာနဲ့ မွေးဖွားလာတယ်.. အိုတုန်းကျပြန်တော့လည်း ဒုက္ခစ္စာနဲ့ အိုကြရပြန်တယ်။ ဒီလိုမျိုး မွေး၊ အို၊ နာ၊ သေဆိုတဲ့ ဘေးလေးပါးမှာ ဒုက္ခသစ္စာနဲ့လွတ်တဲ့ တရားရယ်လို့ မရှိပါဘူး။ ဒီလိုမျိုး ဒုက္ခသစ္စာနဲ့ မလွတ်နိုင်ပဲ အဖန်ဖန်အိုကြ နာကြ သေကြတဲ့အတွက်လည်း သတ္တ၀ါတွေအားလုံးရဲ့ အစကို ဘယ်ကစခဲ့တယ်လို့တောင် အဖြေရှာလို့ မရနိုင်ခဲ့ပါဘူး။ ဒီလိုမျိုး ဒုက္ခဆင်းရဲတွေနဲ့ ကြုံတွေနေကြရပြီးတော့ အဖန်တလဲလဲ ကျင်လည်နေကြရတဲ့ အဓိကအကြောင်းအရင်းကတော့ ဗုဒ္ဓမြတ်စွာဟောကြားခဲ့တဲ့ သစ္စာတရားကို မသိခဲ့ကြတဲ့အတွက်ပါပဲ။


အနာသိရင် ဆေးရှိတယ်ဆိုတဲ့ ဆိုရိုးစကားရှိပါတယ်။ အနာပျောက်အောင် သစ္စာဆေးကို သောက်မှဖြစ်ပါမယ်။ သစ္စာဆိုတဲ့ဆေးကို သောက်မှလည်း အို၊ နာ၊ သေဆိုတဲ့ အဖန်ဖန်ဆင်းရဲရခြင်းဆိုတဲ့ အနာဆိုတာ ပျောက်မှာပါ။ ဆရာဝန်တစ်ဦးက လူနာကို ကုသပေးတဲ့အခါမှာ လူနာကိုတိုက်ဖို့ ဆေးမရှိလို့.. ဆေးမမှီလို့ မသောက်လိုက်ရဘူးဆိုတာဟာ ဘာမှမဖြစ်ပေမယ့်.. ဆေးလည်းမှီတယ်.. လူနာလည်းသောက်နိုင်ရဲ့သားနဲ့ မသောက်တာဟာ အင်မတန်ဆိုးဝါးပါတယ်။ ဒီလိုပါပဲ ဓမ္မမိတ်ဆွေများဟာလည်း ဆရာတော်က သစ္စာဆိုတဲ့ဆေးကို တိုက်ကျွေးနေတယ်.. သောက်နိုင်တဲ့ ခွန်အားလည်းရှိတယ်.. ရောဂါလည်းပျောက်နိုင်ရဲ့သားနဲ့ မသောက်တာဟာ ဘယ်လောက်ဆိုးဝါးလည်းဆိုတာတော့ မိမိကိုယ်တိုင် တွေးကြည့်စေချင်ပါတယ်။


သစ္စာဆိုတာ မိမိရဲ့ခန္ဓာမှာ တစ်ခုပြီးတစ်ခုဖြစ်ပျက်နေတဲ့ ပရမတ်တရားတွေရဲ့ သဘောမှန်ကို အမှန်အတိုင်း သိလိုက်တာ.. ဝေဒနာ တစ်ခုပြီးတော့တစ်ခု ဖြစ်ပြီးတော့ ပျက်သွားတဲ့ သဘောတရားလေးကို သိလိုက်တာ ခေါ်ပါတယ်။ မိမိခန္ဓာကိုယ်မှာ အမြဲမပြတ် ဖြစ်တာပျက်တာ ဖြစ်နေတာဟာ ဒုက္ခသစ္စာပါ။ ဖြစ်တာပျက်တာကို ကိုယ်ပိုင်ဥာဏ်နဲ့ သိလိုက်တဲ့ သဘောတရားလေးဟာ မဂ္ဂသစ္စာပါ။ ဖြစ်ချင်းပျက်ခြင်း အမှန်တရားကို သိသွားတာဟာ သစ္စာတရားကို သိသွားတာပါ။ သစ္စာကိုသိရင် သံသရာဆိုတာ မလည်တော့ပါဘူး။ ရပ်သွားပါတယ်။ ဒီလိုမျိုး သံသရာမလည်ဖို့ သစ္စာဆိုတဲ့ဆေးကို အမြဲတမ်း သောက်သုံးနေဖို့ လိုအပ်ပါတယ်။ အစားမစားရလို့ အ၀တ်မ၀တ်ရလို့ အပါယ်လေးဘုံ မသွားရပါဘူး.. သစ္စာဆိုတဲ့ ဆေးကို မသောက်ရင်တော့ အပါယ်သွားရမယ်ဆိုတာတော့ မလွဲပါဘူး…။


သစ္စာဆိုတဲ့ တရားကို နာနေတဲ့ အခါမှာ သေချာအာရုံစိုက် နားထောင်ဖို့ လိုအပ်ပါတယ်။ ဆရာဝန်က ဒီဆေးမှန်တယ်.. ဒီဆေးကို သောက်ပါလို့ ပေးနေတဲ့အချိန်မှာ ကြိုက်ကြိုက် မကြိုက်ကြိုက် မိမိအနာပျောက်ဖို့.. အနာနဲ့ဆေးတည့်ဖို့အတွက် မဖြစ်မနေသောက်ရမှာပါ။ အနာရောဂါဖြစ်နေတဲ့အချိန်မှာ လူနာဟာ ဆေးကိုရွေးချယ်ပိုင်ခွင့်မရှိသလို.. အို၊ နာ၊ သေဆိုတဲ့ ဒုက္ခတရားတွေကို ခံစားနေရတဲ့ ဓမ္မမိတ်ဆွေတို့မှာလည်း သစ္စာဆိုတဲ့ဆေးကို မသောက်ဖူးလို့ ရွေးချယ်ခွင့်မရှိပါဘူး။ ကိုယ့်ထက် သိနားလည်တဲ့ ဆရာဝန်ကတိုက်ရင်တော့ သောက်ကို သောက်ရပါမယ်။


ဓမ္မမိတ်ဆွေအပေါင်း ရသင့်ရထိုက်တဲ့ သစ္စာတရားကိုရှာကြပါလို့ အထူးအလေးအနက် မှာလိုပါတယ်။ ဆံဖျားကနေ ခြေဖျားထိ မိမိရဲ့ စိတ်အစဉ်မှာ သစ္စာတရားတွေ ပြေးနေအောင် လုပ်ဆောင်စေချင်ပါတယ်။ အချိန်ဆိုတာအကုန်မြန်တဲ့အတွက် မိမိရဲ့စိတ်အစဉ်မှာ ဖြစ်နေပျက်နေတဲ့ ဒုက္ခသစ္စာတွေကို အမြဲမပြတ် ဥာဏ်နဲ့ဆင်ခြင်ပြီး သိပေးနေဖို့ အရေးကြီးပါတယ်။ အသိဥာဏ်ဆိုတာ ကြီးတာငယ်တာနဲ့ မဆိုင်ပါဘူး.. မိမိလုပ်သင့်တဲ့အလုပ်.. မိမိအားထုတ်သင့်တဲ့အရာတွေကို အချိန်နဲ့အမျှ ကျင့်ကြံအားထုတ်ပါလို့ မှာကြားလိုပါတယ်။


သမင်တစ်ကောင်ကို လိုက်လံရှာဖွေပြီး အမဲလိုက်တဲ့ မုဆိုးဟာ တောရှင်းပြီးမှ သမင်ကို တောနင်းရှာရသလိုပါပဲ.. ပုထုဇဉ်ဆိုတဲ့ လူသားအားလုံးဟာလည်း မိမိတို့ရဲ့ စိတ်အစဉ်မှာ ဖြစ်ပျက်နေတဲ့ တကယ့်ပရမတ်တရားတွေကို ကိုယ်ပိုင်ဥာဏ်နဲ့ဆင်ခြင်ပြီးတော့ ဒုက္ခသစ္စာတွေကို တွေ့ရှိရအောင် ကြိုးစားကျင့်ကြံ အားထုတ်ကြရမှာ ဖြစ်ပါတယ်။ ဒီအတိုင်းသမင်သား စားချင်တယ်လို့ အော်နေရုံနဲ့ သမင်မရနိုင်တဲ့ အတိုင်းပါပဲ.. ဒီအတိုင်း အို၊ နာ၊ သေဘေးဆိုတဲ့ ဘေးတွေက လွတ်ချင်တယ်လို့ အော်နေရုံနဲ့တော့ မလွတ်နိုင်ပါဘူး။ ဒါ့ကြောင့် မိမိသောက်ချင်တဲ့ဆေးဖြစ်စေ မသောက်ချင်တဲ့ဆေးဖြစ်စေ ဆရာဝန်က အနာပျောက်မယ်ဆိုရင်တော့ ကြိုက်ကြိုက် မကြိုက်ကြိုက် သောက်ဖြစ်အောင် သောက်လိုက်ပါလို့ အထူးမှာကြားလိုက်ပါတယ်။


သစ္စာတရားကို အများကြီးဟောကြားချင်ပေမယ့် ဓမ္မမိတ်ဆွေအပေါင်း အခြေခံလောက်ပဲ သိနိုင်လောက်အောင် ပါဋ္ဌိစာသားနည်းနည်းနဲ့ ဟောကြားသွားပါတယ်။ အကျယ်ချဲ့ ဟောမယ်ဆိုရင်တော့ အင်မတန် ကျယ့်ပြန့်တဲ့ တရားတော်ပါ။ ဆရာတော်အနေနဲ့ သစ္စာတရားဆိုတဲ့ဆေးကို ဘာကြောင့်အရေးတကြီး သောက်သင့်တယ်ဆိုတာ.. သစ္စာတရားဆိုတာ ဘုရားရှင်ပွင့်မှ နာကြားနိုင်ခွင့်ရတယ်ဆိုတဲ့ အချက်တွေကိုပဲ နားလည်သဘောပေါက်အောင် ပြောပြပေးသွားတာပါ။ မိမိကိုယ်တိုင် ကြိုးစားအားထုတ် ကျင့်ကြံမှပဲ နိဗ္ဗာန်ဆိုတဲ့ အရသာကို ကိုယ်တိုင်ခံစားနိုင်မှာဖြစ်ပါတယ်။ ဓမ္မမိတ်ဆွေအပေါင်းကို နောက်ဆုံးမှာကြားချင်တာကတော့ ဘုရားရှင်ကိုယ်တောင်မြတ်ကြီး နောက်ဆုံးမှာကြားသွားတဲ့ ဆုံးမစကားတစ်ခွန်းအတိုင်းပါပဲ.. မမေ့မလျော့မပေါ့မဆ မြဲမြံတဲ့ သတိတရားနဲ့ ကိုယ်စီကိုယ်င ပြည့်စုံအောင် ကြိုးစားအားထုတ်ရင်းဖြင့် မဂ်ဖိုလ်နိဗ္ဗာန်သို့ တက်လှမ်းနိုင်ကြပါစေလို့ ဆန္ဒပြု ဆုတောင်းပေးလိုက်ပါတယ်။ ဓမ္မမိတ်ဆွေအပေါင်း.. ကုသိုလ်ကိုများအောင်စုပြီး ကောင်းမှုကို များအောင်ကြံကာ သစ္စာတရားကို ရှာဖွေသောက်နိုင်ကြတဲ့ သူတော်ကောင်းသူမြတ်လောင်းများ ဖြစ်နိုင်ကြပါစေ…။



ဆရာတော် အရှင်ပညာနန္ဒ(ကြံခင်း)မှ တရားပွဲပြီးဆုံးသော အခါမှာ သတ္တ၀ါအားလုံးကို မေတ္တာပို့လွှတ်၍ ရေစက်ချ အမျှဝေခဲ့ပါတယ်။ ဆရာတော်ဘုရားနဲ့ ဓမ္မမိတ်ဆွေအပေါင်းရဲ့ ကုသိုလ်ကောင်းမှုတွေကို ဓမ္မမိတ်ဆွေအပေါင်းတို့အား အမျှပေးဝေအပ်ပါတယ်။ အားလုံး.. အမျှ အမျှ အမျှ.. ယူတော်မူကြပါကုန်လော့…။ သာဓု သာဓု သာဓု…။


ကျွန်တော်အနေနဲ့လည်း ဆရာတော်ဟောကြားတဲ့ တရားဓမ္မတွေကို ဓမ္မမိတ်ဆွေများ သာဓုခေါ်စေခြင်း အလို့ငှာ အတိုချုံးပြီး မှတ်မိသလောက် ပြန်လည်ဖော်ပြပေးခြင်းဖြစ်ပါတယ်။ ဓမ္မမိတ်ဆွေအပေါင်း စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ…။

ပြန်သိမ်းပေးခဲ့ပါရန်.....



Read more...

အ..ရဟံဂုဏ်တော်၊ လောကပါ လ တရားများနဲ့ ကျနော်

လောကပါ လ တရား ဆိုတာ လောက ကိုစောင့်တဲ့ တရားတဲ့ လူတိုင်း သိတယ်၊ဒါ ပေမဲ့ ဘယ် လို လောက ကိုစောင့် သလဲဆိုတာတော့ တွေးရတယ်လေ၊ တရာတော် တွေထဲမှာတော့ လောက ကို သုံမျိုးခွဲပြီးပြတယ်
သတ္တလောက ၊သြကာသလောက၊ နဲ့သင်္ခါရလောက..ဒီသုံမျိုးသော လောကထဲမှာ ကျနော်တို့သိ နား လည်တဲ့
အရှက်နဲ့ အကြောက်ဆိုတဲ့ လောကပါ လတရားနှစ်ပါး က သတ္တလောကကို စောင့်ပါတယ်၊

အထူးသဖြင့် ကျနော်တို့ ပုခုံးနှစ်ဘက် ကြားက ခေါင်းပေါက်ပြီး ဒါဝင် ပြောတဲ့ မျောက် ကဆင်းသက် လာ တဲ့ အမျိုးကိုစောင့် ပါ သတဲ့ ကျနော်ဆိုလို တာ က လူသာမျိုးနွယ် ဆင်းသက် လာ ပုံ ကို မဟုတ် ဘူးဗျ၊ လူ ဟာ မျေက် ကပဲဆင်း ဆင်း ဗြဟ္မာက ပဲ လာ လာ၊ လူ သား ကမ္ဘာကိုတော့ရောက်လာ ခဲ့ပါ ပြီ လူ့ယဉ်ကျေး မှု၊ လူ့ သမိုင်း တွေ ကို လက် ဆက် ကမ်း ခဲ့ ကြ၊ တည် ဆောက် ခဲ့ကြ ပြီးတော့ ဖြိုဖျက် ခဲ့ကြပြီးပါပြီ၊ အခု ကျနော် တို့ရဲ့ကမ္ဘာ ပေါ့ ဗျာ
ကျနော်တို့ အလှည့်၊ တည် ဆောက် မလား၊ဖြိုပျက်မ လား ကြိုက်တာ လုပ်ကြလေ၊။

ကျနော်တို့နှလုံးသားမှာ အရှက်တရားနဲ့ အကြောက်တရား တကယ်ကို ကိန်းနေကြပါ ရဲ့ လား လို့မေးခွန်း ထုတ်ကြည့် ပါ ၊ ဘာကိုရှက် ပြီး ဘာ ကိုကြောက်ရမလဲ ဆို တာ က လူ တိုင်း သိ ပြီးသား မကောင်းမှု တွေ လုပ်ရ မှာ ကိုရှက် ပြီး အကုသိုလ် ကံတွေကျူး လွန်ရမှာ ကိုကြောက်ရမှာလို့ လူတိုင်း သိတယ်၊ဗုဒ္ဓဘာ သာ ၀င်တိုင်း လည်း သိတယ် ဒါပေမဲ့ လူရှေ့ ကျ တော့် ရှက်တတ် ကြောက်တတ် ပြီး ကွယ်ရာကျ တော့ ဒီတရားနှစ် ပါး ဘယ်မှာ ပစ် ထားကြ လဲ မသိတာ က ဆိုးနေ တယ်၊

မြတ်စွာဘုရားရှင်ရဲ့ အရဟံ ဂုဏ်တော် ကြီး ကို မှန်းဆပူ ဇော်မိ လေ ဘုရားရှင်ရဲ့ လော ကို ကျေးဇူးသိတတ် မှုနဲ့ ကျေးဇူးဆပ်တတ် မှု ကို ပိုပြီးကြည် ညိုရလေ ပါ ပ။

အ….ရဟံ ဆိုတဲ့ဂုဏ်တော် အဖွင့် က မကောင်း မှု ကိုရှေ့တည့် နောက် ကွယ် စိတ် တော်နဲ့တောင်မှ ပြု လုပ်ကျူး လွန်မှုမရှိတဲ့ ဂုဏ်တော် ဒီတော့ ကျနော့် စိတ်နဲ့ မနိုင်း ကောင်း နိုင်း ကောင်း ပြန် ပြီးယှဉ်ကြည့်တယ်
အပါယ် ကို တိုက်ရိုက်သွားနိုင်မဲ့ လော ဘ၊ ဒေါ သ မော ဟ၊ ၀န်တို မစ္ဆေယ စိတ် တွေနဲ့ ခန္ဓာ ၀န် ကို ထမ်း သူ လို့ ပိုပြီး သိ လာ တယ်၊ ပါးစပ်က ဘုရား လက်က လည်းတရား သို့သော် နှလုံး သား က အဓမ္မ ကိုမက် မော စွာတွယ် ဖက်ထားနေတာကိုတွေ့ရတယ်။

လောက ကို ငြိမ်း စေ ချင် သော်၊ လောက ပါ လတရား ကို ထိန်းရ ပါ့ မယ်ဆိုတာ အသိ အဆင့် မှ အကျင့် အဆင့် ကို တက် မှ ရ မယ် ဆို တာနား လည် လာ သလို၊ ကိုယ့် ရဲ့ ကာယကံ ၊၀စီကံ၊ မနောကံ ကို
ထိန်း သိမ်းရ ပါ့ မယ်၊.. အခု က အမိနဲ့သား၊ အဘနဲ့သမီး မကြည့် ၀ံ့သော် ကာ လပေါ် ၀တ်စားဆင်ရင် ပုံများ ကို အတု ခိုးမှား ပြီး လူ လယ် ခေါင် ၀တ။်မပြော သင့် တဲ့စကား ပြော၊ မကောင်း မှုနဲ့ကောင်း မှု တောင်မှ ခွဲ ခြား မသိနိုင် တော့ သော ခေတ် တခုဖြစ် နေ လို ကျနော် ထင် ပါတယ်၊
အဲ လိုတွေ ၀တ် လာတော့ မင်းသား ခေါင်းဆောင်း ပန်းစား ဘီ လူးတွေ လည်းပေါ လာ တယ်။လူသားမှရွှေးစားတဲ့ မယ်ဂမ္ဘီတွေများ လာတယ်။ လောက အသီးသီးမှာ ရှိတဲ့ ကျင့် ၀တ် သိကခာ ကိုစောင့် စည်း မှုတွေ နည်း လာ တယ်၊စာ ခိုး၊သီချင်း ခိုး၊အနုပညာ သူ ခိုးတွေ လည်း ဖောင်း ပွ လာ တယ်
နဲနဲလောက် တော့ရှက်ကြည့် စေ ချင် ပါတယ်၊ကြောက် လည်း ကြောက် ကြည့်စေ ချင် ပါတယ်၊ တဘ၀စံ ခရီသွားများ အတွက် လောက ပါ လ တရားနှစ် ပါး က စဉ်းစားစရာ မလို သော် လည်း သံသရာ ကိုယုံကြည် သူ များ အနေဖြင့် လော ကပါလ တရားကို မြတ်နိုး သင့် ပါကြောင်း။။။

လေးစားစွာ ဖြင့်
ဥပသကာ
ငြိမ်း ချမ်းကြပါစေ


Read more...

သေတစ်နေ့ မွေးတစ်နေ့…..

လူဆိုသည်မှာ သေတစ်နေ့ မွေးတစ်နေ့တည်းသာ ရှိပါသည်။ မွေးနေ့ဆိုသည်မှာ မွေးသောနေ့ တစ်နေ့တည်းကိုသာ ဆိုလိုပြီး သေနေ့ဆိုသည်မှာလည်း သေသောနေ့ တစ်နေ့တည်းကိုသာ ခေါ်ဆိုနိုင်ပါသည်။ သို့သော် အများစုသော လူတို့သည် နှစ်စဉ်နှစ်တိုင်း မွေးနေ့ပွဲဆိုပြီး ကျင်းပလေ့ အသိအမှတ်ပြုလေ့ ရှိနေကြပါသည်။ အမှန်စင်စစ် မွေးနေ့ဟု ခေါ်ဆိုမည့်အစား သေရမည့်နေ့ နီးလာခြင်းကြောင့် သေနေ့ဟု သတ်မှတ်သင့်ပါသည်။

သေခြင်းတရားဟူသည် အသက်ကြီးငယ် ရာထူးအကြီးအသေး ချမ်းသာဆင်းရဲ အဆင့်အတန်း မခွဲခြား မည်သူမဆို အချိန်တိုင်း နေရာတိုင်းမှာ လူတိုင်း ကြုံတွေ့နေရပါသည်။ မိမိပြုခဲ့သော ကုသိုလ်ကံ အကုသိုလ်ကံ အလိုက် သေခြင်းတရားကို ရင်ဆိုင်ရလေ့ရှိပါသည်။ သေခြင်းတရားကို ရှောင်လွှဲနိုင်သော သက်ရှိဟူ၍ ဤလောကတွင် မရှိပေ။

တရားအရှိနှင့် တရားအသိ…
တချို့သောလူများသည် တရားဟူသည် ရှာမှ ရမည်ဟု ယုံမှတ်မှားနေကြပါသည်။ အမှန်စင်စစ် တရားဟူသည် ဝေးဝေးလံလံရှာနေစရာ မလိုအပ်ပေ။ မိမိ၏ မနောစိတ်အတွင်း၌ တည်ရှိနေပေသည်။

ပင်ကိုယ် စိတ်အရင်းခံ သူတော်ကောင်းစိတ်ဓာတ် ရှိသူများသည် စစ်မှန်သော တရားများကို နာယူလိုက်သည်နှင့် အသိဥာဏ် အလင်းပေါက်ကာ ပိုမိုမြင့်မြတ်သော စိတ်နေစိတ်ထားဖြင့် လောကီကောင်းကျိုးသာမက သံသရာကောင်းကျိုးအတွက်ပါ ဖြည့်ဆည်းကျင့်ကြံကြပါသည်။ ရိုးသားမှုအရင်းခံသော စိတ်ထားရှိသူများဖြစ်သောကြောင့် အသိဥာဏ်မပြည့်စုံ၍ ကြန့်ကြာမှု ရှိသော်ငြားလည်း ယုံကြည်မှုအရင်းခံကာ အရှိမှ အသိ၊ အသိမှ အကျင့်သို့ အလွယ်တကူ ကူးပြောင်းနိုင်ကြပါသည်။

သူတော်ကောင်းစိတ်ဓာတ် မရှိသူများသည် စစ်မှန်သောတရားများကို အလွယ်တကူ နားလည်သဘောပေါက်သော်လည်း ယုံကြည်မှုမရှိ ကောက်ကျစ်သော စိတ်ထားများဖြင့် သံသယဝင် ယုံမှတ်မှား အယူမှားများဖြင့် အသိမှ အရှိသို့ပင် မတက်လှမ်းနိုင်ကြပေ။ မြတ်စွာဘုရား၏ တရားဓမ္မစာပေများကို ဖြည့်စွက်ပြင်ဆင် ပြောင်းလဲခြင်းဖြင့် သံသရာချောက်အတွင်း ဆင်းသက်သည်အထိ အသိဥာဏ်အမှောင်ဖုံး အဆုံးမရှိ မိုက်မဲလျက်ရှိနေကြပါသည်။

သိပြီးမှကျင့်…
တရားသောစိတ်ဓာတ်၊ တနည်းအားဖြင့်ကိုယ်ချင်းစာတရားရှိသော သူတော်ကောင်းများအနေနှင့် မြတ်စွာဘုရား၏ တရားတော်များကို နားလည်သဘောပေါက်အောင် သေသေချာချာ သိအောင် အရင်ဆုံး ကြိုးစားသင့်ပါသည်။ သို့မှသာ ကျင့်ကြံမှု လွယ်ကူပြီး ခက်ခဲကြန့်ကြာမှုမှ ကင်းဝေးကာ သံသရာစက်ဝိုင်းမှ အမြန်ဆုံး ထွက်မြောက်နိုင်မည် ဖြစ်ပါသည်။

ရှိအောင်လုပ်ပြီးမှ ကျင့်သင့်ပါတယ်…..
အသိဥာဏ်နှင့် ပြည့်စုံသော်လည်း သူတော်ကောင်းစိတ်ဓာတ်အရင်းခံမရှိသော ကောက်ကျစ်မှု မတရားမှု ကိုယ်ချင်းစာတရားမရှိသောလူများ တရားကျင့်မည် ဆိုပါက မိမိ၏ စိတ်ဓာတ်ကို အရင်ဦးဆုံး သူတော်ကောင်းစိတ်ဓာတ်ဖြစ်အောင် သီလ သမာဓိနှင့် ပြည့်စုံစေရန် အလေ့အကျင့် ဦးစွာ ပြုလုပ်သင့်ပါသည်။ သူတော်ကောင်းစိတ်ဓာတ်၊ သူတော်ကောင်းအမူအကျင့်များနှင့် တရားကျင့်ကြံအားထုတ်မှသာလျှင် သုံးဆယ့်တစ်ဘုံမှ လွတ်မြောက်နိုင်မည်ဖြစ်ပါသည်။

ဤသို့ တရားအရှိနှင့် တရားအသိ တစ်ထပ်တည်းကျပြီး သီလ၊ သမာဓိ၊ ပညာ စသည့် မဂ္ဂင်ရှစ်ပါး အကျင့်တရားများနှင့် ပြည့်စုံပြီဆိုပါက မိမိအလိုရှိရာ ပန်းတိုင်သို့ မပင်မပန်း လွယ်လင့်တကူ သွားရောက်နိုင်မည်ဖြစ်ပါသည်။

အလုပ်နှစ်မျိုး၊ စိတ်နှစ်မျိုး
လောကတွင် တရားအလုပ်နှင့် မတရားအလုပ် တနည်းအားဖြင့် ကုသိုလ်အလုပ်နှင့် အကုသိုလ်အလုပ်ဟု နှစ်မျိုးသာလျှင် ရှိပါသည်။ ကာယကံ၊ ဝစီကံ၊ မနောကံဟူ၍ ကံသုံးပါး ရှိသော်ငြားလည်း၊ မနောကံတည်းဟူသော စိတ်အလုပ်သည်သာလျှင် အဓိက ကျပါသည်။ စိတ်တွင်လည်း ကုသိုလ်စိတ်နှင့် အကုသိုလ်စိတ် နှစ်မျိုးသာလျှင် ရှိပါသည်။

မည်သည့်အလုပ်မဆို ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ စိတ်က အရင်ကြံစည်စိတ်ကူးပြီးမှသာလျှင် လက်တွေ့ပြောဆို လုပ်ကိုင်ကြရပါသည်။ မိမိစိတ်ကမပါပဲ ခိုင်း၍ လုပ်ရပါသည်၊ ကြောက်၍လုပ်ရပါသည်ဟု ဆင်ခြေပေး ကာကွယ်တတ်ကြသော်လည်း၊ ယင်း ကြောက်စိတ်သည်ပင်လျှင် အကုသိုလ်စိတ်ဖြစ်နေပါသည်။ အမှန်တရားကို ကိုးကွယ်တတ်သော သူတော်ကောင်းစိတ်ဓာတ်ရှိသူ ဖြစ်မည်ဆိုပါက၊ မိမိအသက်သာလျှင် အသေခံမည်၊ မည်သည့် အကုသိုလ်အလုပ်ကိုမျှ ကြံစည်စိတ်ကူးတော့မည် မဟုတ်ပေ။

စစ်မှန်သောသူတော်ကောင်း ဟူသည် လောကကောင်းကျိုးကို ကိုယ်ကျိုးစွန့်ကာကွယ်ခဲ့သော ဘုရားလောင်း၏ ပါရမီဖြည့် ကျင့်စဉ်ကို မလွဲမသွေ လိုက်နာလေ့ရှိကြပါသည်။

ကုသိုလ်ကောင်းမှုဆိုသည်မှာ….
ကုသိုလ်ကောင်းမှုဆိုသည်မှာ သီးခြား အချိန်ပေး လုပ်ဆောင်ရမည့် အလုပ်မဟုတ်ပေ။ အချိန်မရွေး နေရာမရွေး မည်သည့်အလုပ်မဆို ကုသိုလ်စိတ်နှင့်လုပ်မည်ဆိုပါက ယင်းသည် ကုသိုလ်ကောင်းမှုပင်ဖြစ်ပါသည်။ တရားသဖြင့် လုပ်ဆောင်မှု မှန်သမျှသည် တရားအလုပ်ပင်ဖြစ်ပါသည်။

မွေးနေ့ဟု ခေါ်ဆိုသော သေနေ့တွင်….
လွဲမှားစွာ အပျော်ရှာကျင်းပနေကြသော မွေးနေ့တွင် အမှန်တကယ်လုပ်သင့်သည်မှာ ဒါနကောင်းမှုများပြုလုပ်ခြင်း၊ သီလ စင်ကြယ်စွာ ဆောက်တည်ခြင်း၊ သံဝေဂတရားများနာယူခြင်း၊ ဘာဝနာပွားများခြင်းများကို ခါတိုင်းနှင့်မတူ ပိုမို၍ တိတ်ဆိတ်ငြိမ်သက်စွာ ပြုလုပ်သင့်ပါသည်။

ယနေ့ခေတ်အခါတွင် လူများကို မဆိုထားနှင့် တချို့သော ရဟန်းသံဃာတော်များသည် မိမိတို့၏ မွေးနေ့ပွဲကို ငွေကုန်ကြေးကျ များစွာ အကုန်အကျခံလျက် အငြိမ့်ပွဲ ပျော်ပွဲရွှင်ပွဲများဖြင့် လွဲမှားစွာ ကျင်းပကြပါသည်။ မိမိတို့သည် သေရမည့်နေ့နှင့် ပိုမိုနီးကပ်လာနေသည်ကို မသိချင်ယောင်ဆောင်လျက် မွေးနေ့ပွဲများကို လူများနှင့်အပြိုင် ကျင်းပကြပါသည်။

သို့ရာတွင် ရခဲလှသော လူ့ဘုံဘဝတွင် ကုသိုလ်ကောင်းမှုများကို တနေ့တရက်တည်းပြုလုပ်ကြမည့်အစား နေ့စဉ်နေ့တိုင်း အချိန်တိုင်း နေရာတိုင်း ကုသိုလ်စိတ်နှင့် ကုသိုလ်တရားများ ဆောင်ကျဉ်းနိုင်မည်ဆိုပါက လူဖြစ်ရကျိုးနပ်မည်မှာ သေချာလှပါသည်။ ။

.


Read more...

Report on 2009 Talk Series

The 2009 Talk Series finished on Thrs Oct 24th . It is always a bit sad – all that work making posters, leaflets, leaflet holders, finding inexpensive sitting mats and cushions … finding a venue … to have it all pass into history.

First we should thank California WOW for generously providing the great facilities for us. It is no small thing to use such a large space right in the centre of town. And thanks to the Planet Yoga division of CA WOW who went to so much trouble borrowing chairs for us, storing the gear and re-arranging their schedule to fit us in at the busiest time of the day. Everything was provided free of charge so that we could meet together to look into dhamma and practise meditation.

Also special thanks to Somboon Printing for donating the leaflets (roughly 9 000 baht)

Donations

Although we put out our donation box regularly, as often mentioned, we are not a big charity. We don’t have buildings to build or maintain, nor offices and staff to pay for. It is just a kitty for our own group so that we can buy things occasionally – like the sitting mats or the sound system. Everyone within the group donates their time and effort for free.

When we invite other speakers of course we have to arrange taxis and sometimes a donation to the speaker’s temple or group. For instance we have invited Sayadaw U Sujana on October 8th and will be arranging transport for him.

So during my own talks once a year we accumulate some funds, and then use that to sponsor ongoing activities and speakers. Arranging this years talks cost our own fund about 10 000 baht – mostly for the sitting mats/cushions and for the leaflet holders.

Dr Holly holds all our funds, and anyone who wants to know how much there is or how it is being used is welcome to ask her. She reports that we had 13 000+ baht left over from last year. During the 8 Planet Yoga talks we received 27 650 baht. After giving a few tips to the staff who helped us over the last 2 months Holly is now holding 40 380 baht – which is plenty to keep us active through the next year. There is also a futher 8 000 baht kept separately which we will use to facilitate events with H.H. Phakchok Rinpoche when he next comes to Thailand.

For Myself

Since it is a bit much to be both the speaker and the organiser, I only do one set of talks per year. Other times I am glad to accept invitations, but usually it is for specail groups and not advertised publicly. Perhaps this can change if we got a centre of our own – something that is possible at this point, even if something of a long shot. Plus, in true Hitchhiker’s style, it is good to keep mixing things up by inviting other teachers. Some people prefer the academic approach, and some the strict ‘boot-camp’ workshop style. Sometimes we meet just for lunch informally, and somtimes socially for movies etc… If you are not attached to fixed views, then getting different angles on dhamma is enriching. Plus it is always nice to keep meeting up and getting to know the regular crowd.

Thanks to everyone who contributed in ways big and small – perhaps we will be changing to the Big-Bang next year…

The image in the WOW posters and icons etc.. is of the Earth Goddess Dharani. This is a traditional artistic depiction of the night of Enlightenment the Buddha was attacked by the armies of Mara – the God of Delusion. He called upon the Earth to pay witness to the good deeds he had done. Good deeds were represented by water in Brahmanic society, which is why we have the water pouring at temples today. Dharani washes the water from her hair, and this carries aways the army of demons.



Read more...

ဇာတိမလာရေးနှင့် နိဗ္ဗာန် အမြင်-၅ (ပိုင်းလော့ဆရာတော်)

နိ-ဝါန = နိဗ္ဗာန် အကြောင်း
------------------------------

ဒီတော့မှတ်ပါ..။ ဘုန်းဘုန်းတို့ မကြသေးခင်က ခန္ဓာဝန် ကျသွားတဲ့ စာပေပရိယတ်ရော၊ အလွန်ကြည်ညိုစရာ ကောင်းတဲ့ အသက်(၁၀၄)နှစ်ရှိတဲ့ ရွှေဟင်္သာ ဆရာတော်ဘုရားကြီးကို ကြားဘူးပါ လိမ့်မယ်။ ရွှေကျင်သာသနာပိုင်ကြီးနော်။ အားလုံး ကရဟန္တာလို့ ပဲသမုတ်ကြတယ်။ ဓာတ်တော်ကျသွားတာကိုး။

မိုးကုတ်ဆရာတော် ဘုရားကြီးလိုပဲ ပျားတွေ၊ ငှက်တွေလာတယ်။ အင်မတန် အံ့သြစရာကောင်းတယ်။ ဆရာတော်ဘုရားကြီးက မသေခင် တည်းကသူများအကြံ တွေသိတယ်။ ထူးခြားတဲ့ ဆရာတော်ဘုရားကြီး ဆိုတော့ သိနေတာပေါ့။ ဆရာတော် ဘုရားကြီး ဆုံးမတဲ့စကား အင်မတန် မှတ်စရာကောင်းတယ်။
နိဗ္ဗာန် ကောက်ယူပုံ ကို ရေးပြမယ်နော်။

နိဗ္ဗာန်-------ဆိုတဲ့စကားသည်
----------------------------

နိ(+) ဝါန
နိ + ဗ + -ါ + န
နိ + ဗ္ဗ + -ါ + န
နိဗ္ဗာန = နိဗ္ဗာန်
နိ အပေါင်း ( + ) ဝါန ၊
နိဝါန ကလာတာလို့ပြပါတယ်။ ဒါဟာ စာပေ နဲ့ အညီ ပေါ့နော်။

နိ -ဆိုတာ မြန်မာလို မရှိခြင်း တဲ့ ။ ဝါန- က တဏှာ လို့ခေါ်ပါတယ်။ ပေါင်းလိုက်တော့ တဏှာ မရှိခြင်း။ နောက်စာပေ အရ ဝကို ဗ ပြုတာပါတဲ့။ သဒ္ဒါနည်း အရ- ဗောဝဿ သုတ် ဆိုတာရှိတယ်။

ပြီးတော့ ဒွေးဘော်ပြု+ ဗ ထပ်တယ်။ ရေးချ (-ါ) က အရေးချ အာကိုသုံးတာနော်။ နောက်တစ်ခါ ဗ ထပ်ထည့်တယ်။ ဒီဘက်က နိ လို့ရေးတယ်။ နောက်တစ်ခါ ပြန်ပြီး ကပ်ကြတယ်။

ပြန် ကပ်တဲ့ အခါ နိ-ဗ- က အသတ် ဖြစ်သွားတယ်။နိဗ် ခေါ်တယ်။ ဗ ကိုရေးချပေါင်းတော့ ဗာ - နိဗ်ဗာ နငယ်ရေ န- နိဗ္ဗာန ၊နိဝါ နကနေ နိဗ္ဗာန ဖြစ်တာတဲ့ ။ ပြီးတော့ မြန်မာ တွေ ဟာ တံခွန် ထည့်သုံးကြပါတယ်တဲ့။ တံခွန် ဆိုတာ အသတ်ကိုပြောတာ။ နငယ်မှာ အသတ်ထည့်လိုက်တော့ ဗာန် ဖြစ်သွားကော နိဗ္ဗာန် လို့ သုံးကြတယ်။

တဏှာ မရှိခြင်းသဘောတရားကိုသာခေါ်တာပါတဲ့။ တဏှာ မရှိတဲ့ သဘောတရားကို ရောက်ပြီိဆိုရင် ဘုန်းဘုန်းတို့ နိဗ္ဗာန် ပေါ်ပြီ ။တစ်ခုတော့ အထူး သတိပြုစရာရှိတယ်။

( နိဗ္ဗာန် ဆိုတာ မြင်စရာ မဟုတ်ဘူး။ ခံစားစရာ မဟုတ်ဘူး။) ပရိယာယ်အားဖြင့်သာ မျက်မှောက်ပြုတယ်။ မြင်တယ်ပြောတာပါတဲ့။ မြင်ရမှာ နိဗ္ဗာန်ကိုမြင်ရမှာမဟုတ်ဘူး။ ခံစားစရာ မဟုတ်ဘူး ။ နိဗ္ဗာန်ကို ခံစားစရာ၊ မြင်စရာ အဖြစ်နဲ့ ရှာ ကြတယ်။ တစ်သက်လုံးတွေ့ မှာ မဟုတ်ဘူး။ သဘောပေါက်ရဲ့လား။

ပရိယာယ် နဲ့ဟောထားတာကို နားလည်ရတယ်။ စာပေမှာ ပရိယာယ်က နည်း-၄၀-တောင် ရှိတာကိုး။ တိုက်ရိုက်မြင်ရမှာက (အရှိကို အရှိ အတိုင်း မြင်ရမှာ)

တကယ့်အရှိ အမှန်ကို အမှန်အတိုင်းမြင်ဘို့ပဲရှိတယ်။ ဒီတော့ တဏှာ ဆိုတာသည် ဘယ်လိုဟာလဲ အရင် ကြည့်ရအောင်နော်။
**************************************************************

Read more...

နက်ဖြန်အတွက် ဆွမ်းချက်အစီအစဉ်

နက်ဖြန် တနင်္လာနေ့ အရုဏ်ဆွမ်း၊ နေ့ဆွမ်း လောင်းလှူဖို့
ညနေကတည်းက စီမံချက်ပြုတ်နေကြပါပြီ။

အယ်ဆိုဘရန်တီ အလိုတော်ပြည့်ကျောင်း ဆရာတော် အရှင်လောကနာထက ကပ္ပိယကာရကမှတစ်ဆင့် အပ်စပ်အောင် တာဝန်ပေး စေခိုင်းချက်ဖြင့် သံဃာတော်များအား အရုဏ်-ဆွမ်းနဲ့ ပဲပြုတ်၊ ခရမ်းချဉ်သီးထောင်း ဆက်ကပ်ပါမယ်။

ဆရာတော်က အရုဏ်ဆွမ်းကို ခရမ်းချဉ်သီးထော
င်းနဲ့ ဆက်ကပ်ချင်တယ်လို့ အမိန့်ရှိလို့ ဝေယျာဝစ္စအဖွဲ့က ခရမ်းချဉ်သီးထောင်းကို ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီးများနဲ့ ရောမွှေပြီး နံနံပင် အုပ်ပါမယ်။ ချက်ပြုတ်တဲ့ ဒကာမကြီးက ဒေါ်ကြည်ဌေး ဖြစ်ပါတယ်။
ဒီနေရာမှာ သံဃာတော်များအတွက် အပတ်စဉ် ဆွမ်းချက်ပြုတ် ကုသိုလ်ပြုပေးနေတဲ့ ဒကာမကြီး ဒေါ်ကြည်ဌေး သားအမိအကြောင်း ပြောလိုပါတယ်။ ဒေါ်ကြည်ဌေး သားအမိဟာ ကျောက်စက်မှာ ကျောက်သယ်ပြီး အသက်မွေးရပါတယ်။ သမီးငယ် မငြိမ်းအိထွေးက နှစ်တန်းနဲ့ ကျောင်းထွက်ပြီး အမေကို ကူညီနေရသူပါ။ အပတ်တိုင်း လာရောက် ချက်ပြုတ်ပေးနေတဲ့ ဒေါ်ကြည်ဌေးကို တစ်လ တစ်သောင်းခွဲ (၁၃ ဒေါ်လာခန့်) ဈေးဖိုး တုံ့ပြန်ကူညီပါတယ်။ ဝက်သား တစ်ပိဿာ လေးထောင် ကျော်နေတဲ့ ဒီနေ့ ကုန်ဈေးနှုန်းနဲ့ဆိုရင် ဒါ အားနာစရာ ကောင်းအော
င် နည်းပါတယ်။ ဒကာမကြီးကတော့ အပတ်တိုင်း တက်တက်ကြွကြွ လာလုပ်ကိုင် ကပ်လှူပေးနေလျက်ပါ။
၂ တန်းနဲ့ ကျောင်းထွက်ထားရတဲ့ သမီးလေး မငြိမ်းအိထွေးက အသက် ၁၁ နှစ် ရှိပါပြီ။ အမေနဲ့အတူ လိုက်လိုက်လာပြီး ဆွမ်းချက်ရာမှာ ကလေးခွန်အားလေးနဲ့ နိုင်သလောက် ဝိုင်းကူပေးနေတဲ့ ဒီသမီးငယ်လေးကို ကျောင်းပြန်တက်စေချင်လို့ လမ်းစရှာနေကြပါတယ်။ ဝေယျာဝစ္စကုသိုလ်ရှင် သမီးလေးေ
ကျာင်းပြန်တက်ခွင့် ရပါစေကြောင်း ဝိုင်းဆုတောင်းပေြး
ကပါ၊ မေတ္တာပို့ပေးကြပါလို့ အနယ်နယ်အရပ်ရပ်က ဆွမ်းအလှူရှင်တွေကို ပန်ကြားပါတယ်။
သမီးလေးက ကျောင်းနေချင်တယ်၊ ကျောင်းပြန်တက်ချင်တယ်လို့ ပြောရှာပါတယ်။ ကျောက်သယ်ရတဲ့ အမေက သမီးကို ပညာတတ်စေချင်ပေမယ့် ထားမပေးနိုင်ရှာပါဘူး။ စားသောက်ဆိုင် တန်းလျားမှာ နေပြီး မနက်ပိုင်း ကျောက်သယ်၊ ညနေပိုင်း ဝန်ထမ်းတွေအတွက် ထမင်းချက်ရပါတယ်။ အလှူရှိတဲ့ ရက်တိုင်း သမီးလေးနဲ့ နှစ်ယောက်အတူ လာပြီး ဆွမ်း ဆွမ်းဟင်းတွေ ချက်ပြုတ်ပေးကြတယ်။
''ဆွမ်းချက်ရတာ ပျော်တယ်။ မိုးရွာတဲ့အခါတော့ ထင်းေ
ရစိုတော့ တော်တော်ကို ကြိုးစား ချက်ရတယ်''
ဒကာမကြီးက ပြောပါတယ်။ သံဃာတွေကို
နက်ဖြန် ဝက်သားနဲ့ ဂေါ်ရခါးသီးချက် အပါအဝင် ဆွမ်းမယ်ပေါင်းစုံ စီမံချက်ပြုတ်မယ့် ဒကာမကြီးက အိမ်မှာတော့ ဒီနေ့ မျှစ်ကြော်နဲ့ ချဉ်ရည်ဟင်း ချက်ပါတယ်။
အခုတော့ သံဃာကို လုပ်ကျွေးနေတဲ့ လုပ်အား

ဒါနက ချက်ချင်း အကျိုးပေးပါပြီ။ သမီးငယ်ကို ကျောင်းပြန်ထားပေးမယ်လို့ ဆွမ်းအလှူရှင် တစ်ဦးက ကမ်းလှမ်းလာပါတယ်။ သမီးငယ်ရဲ့ ကျောင်းစာသင်ခန်း ပြန်အဝင်လမ်း ချောမောအဆင်ပြေပါစေကြောင်း မေတ္တာပို့သပေးကြစေချင်ပါတယ်။
နေ့ဆွမ်း အလှူရှင်က ဦးမောင်မောင်အေး၊ ဒေါ်အေးအေးသန်းနှင့် သမီးများ (မြားနတ်မောင် ရွှေဆိုင်းနှင့် သိကြားမင်း ရွှေဆိုင်း) ဖြစ်ပါတယ်။ ဆွမ်းဟင်းက ကိုရန်အောင်၊ မဝါဝါခိုင်မင်း၊ JulyDream၊ ရွာသားလေး YTU တို့ရဲ့ နေ့ဆွမ်းအလှူရှင်များအဖွဲ့နဲ့ ဒေါ်နန်းသန္တာအောင် (စင်ကာပူ)က ဒီအပတ် ဝက်သား+ဂေါ်ရခါးသီး၊
ခါးခြောက်+ငရုတ်သီးကြော်၊ သရက်ချဉ် ဆက်ကပ်ပါမယ်။

ကိုထက် (ရွှေအိမ်ဖြူ တယ်လီဖုန်း ရောင်းဝယ်ရေး)က ပဲနီပြား လောင်းလှူပါမယ်။ ဒကာကိုထက်က မုံရွာဘက်မှာ ပိုးထိတဲ့ လူနာတွေအတွက် မြွေဆိပ်ဖြေဆေးများစွာ လိုအပ်နေတယ် သတင်းရလို့ မြွေဆိပ်ဖြေဆေး သွားလှူပြီး ဒီနေ့ပဲ နေ့ချင်း ပြန်ရောက်လာပါတယ်။

မခိုင်ခိုင်မိုးက သံဃာတော်များကို အပါးစေ့ ခေါင်းရိတ်ဓား ကပ်လှူပါတယ်။



Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP