* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Sunday, September 27, 2009

Happy, Happy, Happy

Be happy why worry! So be happy is what most of us want, and in fact we had been trying to be happy. We think that we will be happy if we have big cars or houses, or have more money and so on, as mentioned by Sayadaw U Vimala in a pre-dana session talk this morning.
There are three types of happiness, namely, happiness of human, happiness of deva and happiness of Nibbana.
Sayadaw further explained that while we had been trying to obtain material things in our quest for happiness, many of us tend to forget that our Kamma does play an important factor here. For example, if one's Kamma enable one to be beautiful, one does not have to do much to beautify oneself.
However, for one who are not that fortunate due to Kammic forces, he/she will be disappointed if beauty is the criteria set for his/her happiness.
Sayadaw U Vimala further said that when one performs Dana with correct understanding, then in the future, one may gain the happiness of the deva. Moreover, if one were to cultivate one's mind to the fullest, one may gain Nibbanic happiness or bliss which is the ultimate happiness for one.
Happiness comes with harmony, and in a community, harmony among its member will ensure that the people in the community will be happy. This advice was given by Sayadaw as a guidance before our Kathina celebration committee/devotee meeting begins. A timely advice indeed.
Sayadaw further elaborates that there are two types of people not easily encountered, that are, namely (1) people with similar desires and (2) grateful people.
Two people cannot have similar desires, said Sayadaw. Even husband and wife ofter quarreled because of dissimilar or conflicting desires. In a temple committee with so many people, it is virtually impossible for everybody to have similar desires.
Then how can we be harmony? By trying to be the second type of people, said Sayadaw. We had to try to be grateful for the help rendered to us. For example, Sayadaw said that in BMBMC, the chairman had be very helpful to the secretary and hence, the secretary must be grateful to the chairman. This is true also in reverse. By doing that, we can then create a harmonious environment with each other, seeing other in a loving-kindness eye. Happiness can then be achieved by us.
Sadhu, sadhu, sadhu.


Read more...

အို လူသား

“လူ”ဆိုတဲ့ စကားလုံးလေးရဲ့ အဓိပ္ပာယ်ကို အမျိုးမျိုး ဖွင့်ဆိုပြကြတယ်။ ကျောင်းတုန်းက ဆရာကြီးဦးစံတင်က “အညွန့်တလူလူ တက်နေတာကို လူ”လို့ ဖွင့်ပြပါတယ်။ သူဆိုလိုတာကတော့ ရှင်းပါတယ်။ လူဆိုတာ အမြဲတမ်း ရှေ့သို့ ဆိုတာပဲ ဖြစ်နေရမယ်ပေါ့။ သစ်ပင်မှာ အညွန့်လေးတွေ ဝေနေရင် တော်တော်ကြည့်လို့ ကောင်းပါတယ်။ ဆရာကြီးရဲ့ ဖွင့်ဆိုချက်ကို သဘောကျပြီးနောက်ပိုင်း ကိုယ့်ကိုကိုယ်လဲ အညွန့်ဝေနေတဲ့သစ်ပင်လေးအဖြစ် ဖန်တီးနေကြည့်တတ်ပါတယ်။ အခြားလူတွေ(အထူးသဖြင့် လူငယ်လေးတွေ)ကိုလဲ အညွန့်တွေ ဝေဆာနေတဲ့သစ်ပင်လေးတွေအဖြစ် မြင်ယောင်ကြည့်နေတတ်တယ်။ ဒီလူငယ်လေးကတော့ အညွန့်တွေ ဝေနေတာပဲ။ ဒီလူငယ်လေးကတော့ အညွန့်လေးတွေက တုံးနေတယ်။ စသဖြင့်ပေါ့။



စာသင်တိုက်မှာ စာသင်စဉ်က ၀ိဂ္ဂဟတွေ ကျက်တော့ လူလို့ အဓိပ္ပာယ်ရတဲ့ “မနုဿ”ဆိုတဲ့ ပုဒ်လေးကို စိတ်ဝင်စားမိတယ်။ သူ့ကို ဋီကာကျော်ဆရာက “မနော ဥဿန္နံ ယေသန္တိ မနုဿာ”လို့ ဖွင့်ပြပါတယ်။ ပြန့်ပွားနေတဲ့စိတ်၊ တိုးပွားနေတဲ့စိတ်ရှိသူကို လူလို့ ဆိုပါတယ်။ ဒါကလဲ အနှစ်သာရအားဖြင့်တော့ အညွန့်တလူလူတက်နေတဲ့အဓိပ္ပာယ်နဲ့ ခပ်ဆင်ဆင်ပါပဲ။ ပြန့်ပွားနေတဲ့စိတ်ရှိသူဆိုတော့ စိတ်က ဘယ်လိုစိတ်လဲလို့ မေးစရာက ရှိလာပြန်တယ်။ မကောင်းတဲ့စိတ်တွေ ပြန့်ပွားနေရင်ကော လူလို့ ဆိုရမလား။ ဓမ္မဓိဋ္ဌာန်ကျကျဆိုရရင်တော့ ဆိုနိုင်တယ်လို့ ပြောရပါမယ်။ စာကလဲ မနုဿဆိုတဲ့ ပုဒ်လေးကို အမျိုးမျိုး ဖွင့်ဆိုကြပါတယ်။ ရဲရင့်ခြင်းနဲ့ပြည့်စုံသူ၊ သတိတရားရှိသူ၊ မြင့်မြတ်သောစိတ်ဓာတ်ရှိသူကို မနုဿ=လူလို့ ခေါ်ပါတယ်။ နောက်တစ်ခုရှိတာက ဥက္ကဋ္ဌဂုဏစိတ္တာ=မြင့်မြတ်သောဂုဏ်ရှိတဲ့ စိတ်ဓာတ်ရှိသူကိုမှ လူလို့ ခေါ်ပါတယ်။ ဒီဖွင့်ဆိုချက်တွေ အလိုအရဆိုရင်တော့ မြင့်မြတ်တဲ့စိတ်ဓာတ်၊ မွန်မြတ်တဲ့စိတ်ဓာတ်ရှိတဲ့သူတွေသာ လူလို့ ဆိုနိုင်ပါတယ်။


ဖွင့်ဆိုချက်တွေက ဒီလောက်နဲ့ မရပ်သေးဘူး။ လောဘအစရှိတဲ့ မကောင်းမွန်၊ မမြင့်မြတ်တဲ့စိတ်ဓာတ်တို့နဲ့သာမက ကောင်းမွန်မြင့်မြတ်သောစိတ်ဓာတ်များနဲ့ နပန်းလုံးနေရတဲ့သူကို လူလို့ ခေါ်နိုင်ကြောင်း ထပ်မံဖွင့်ဆိုထားတယ်။ မကောင်းသောစိတ်များ၊ ကောင်းသောစိတ်များဆိုတဲ့ အကောင်း၊ အဆိုးစိတ်ဓာတ်နှစ်မျိုးလုံး စက္ကန့်မလပ်တိုးပွားအောင် လုပ်ဆောင်နေတာဟာ လူ။ ဒါဆိုရင် သဘောတရားအားဖြင့်တော့ အမေမွေးပြီဆိုကတည်းက အားလုံးဟာ လူဖြစ်ကြပြီပေါ့။ (ပါထိက၀ဂ္ဂဋီကာ၊ လက္ခဏသုတ္တ၀ဏ္ဏနာ)

ပြီးတော့ လောကမှာ ယောက်ျားပီသတယ်၊ မိန်းမပီသတယ်စသဖြင့် ဆိုနေကြသလို လူပီသရမယ်လို့ ဆိုတဲ့သူလဲ ရှိပါတယ်။ လူသားဆန်ရမယ်လို့လဲ သုံးကြတယ်။ ပြောကြတယ်။ ဒါက ဘာကို မီးမောင်းထိုးပြနေပြန်သလဲဆိုတော့ လူမပီသသူတွေလဲ ရှိနေတယ်လို့ ဆိုရာကျပါတယ်။ လူသားမဆန်သူတွေလဲ ရှိနေတယ်လို့ ဆိုရာကျပါတယ်။ ဒါဆိုရင် အမေမွေးကတည်းက လူဖြစ်ပြီဆိုတဲ့စကားလုံးကလဲ ထာဝရမမှန်ပေဘူးပေါ့။ ဆိုတော့ လူ သတ်မှတ်ချက်၊ လူ့စံနှုန်းတွေ အများကြီး ပေါ်ထွက်လာရတယ်။ အဲဒီကနေမှ လူ့ကျင့်ဝတ်တွေဆိုတာလဲ ပေါ်လာရသပေါ့။

လူ့ကျင့်ဝတ်စံနှုန်းတွေက ဘာသာအလိုက်၊ လူမျိုးအလိုက် အမျိုးမျိုး ကွဲပြားနေပေမယ့် (ယေဘုယျအနေအားဖြင့်) မကွဲပြားတဲ့၊ တူညီတဲ့ စံနှုန်းကတော့ ရှိနေပါတယ်။ အဲဒါကတော့ အကောင်းနဲ့အဆိုးပါပဲ။ ဒါတောင်မှ အကောင်းနဲ့အဆိုးမှာ စံနှုန်းတွေက အမျိုးမျိုးရှိနေသေးတာ။ ဥပမာအားဖြင့် ဗုဒ္ဓဘာသာမှာဆို လူ့ကျင့်ဝတ်အတွက် အခြေခံစံနှုန်းအနေနဲ့ ငါးပါးသီလကို ပြောထားတယ်။ ဒါပေမယ့် အချို့ဘာသာတွေက “သူ့အသက်”ဆိုတာကို လူ့အသက်လို့ အဓိပ္ပာယ်ဖွင့်ပြီး တိရစ္ဆာန်တွေကို သတ်ခွင့်ပြုထားတယ်။ စသဖြင့်ပေါ့။
ယေဘုယျအမြင်အားဖြင့်တော့ အတားအဆီးတွေ တဖြည်းဖြည်းပြိုကျလာနေတဲ့ ယနေ့ကမ္ဘာမှာ ကောင်းတာနဲ့ဆိုးတာဟာ ဘာမှ ဖွင့်ဆိုစရာမလိုအောင်ကို နားလည်နိုင်စရာ ဖြစ်ပါတယ်။ ဟုတ်ပြီ၊ ဒါဆိုရင် အညွန့်တလူလူတက်နေတယ်ဆိုတာဟာ ကောင်းမွန်ခြင်းတရားတွေ စက္ကန့်တိုင်း၊ မိနစ်တိုင်း၊ နာရီတိုင်း တိုးတက်နေမှသာ လူပီသတယ်၊ လူသားဆန်တယ်လို့ ဆိုရပါလိမ့်မယ်။ ဆိုးယုတ်တဲ့စိတ်ထားတွေ တလူလူတက်နေတဲ့သူကိုတော့ လူမပီသသူ၊ လူသားမဆန်သူလို့ ဆိုရတော့မှာပေါ့။ အဲဒီလို လူမျိုးကို လူ့ညွန့်တုံးတယ်လို့ ပြောတတ်ကြတယ်။

ဒီတော့ လူပီသဖို့အတွက် မိမိတို့ဟာ နေ့စဉ်နဲ့အမျှ မြင့်မြတ်တဲ့ စိတ်ဓာတ်အဆောက်အအုံကြီးကို တည်ဆောက်ဖို့ လိုအပ်လှပါတယ်။ ဗုဒ္ဓဘာသာအလိုအရဆိုလျှင် မြင့်မြတ်သောစိတ်ဓာတ်များ တစ်ဆင့်ချင်း တည်ဆောက်ခြင်းအားဖြင့် နောက်ဆုံး သတ္တ၀ါအားလုံးတို့ရဲ့ ကိုးကွယ်ရာ ဘုရားအထိ ဖြစ်နိုင်စွမ်းရှိပါတယ်။ လူတိုင်းလူတိုင်းကတော့ အနည်းနဲ့အများ စိတ်ကောင်းရှိပြီး တည်ငြိမ်တဲ့ဘ၀တစ်ခုကို ရလိုကြပါတယ်။ ဒါပေမယ့် ဗီဇနဲ့ပတ်ဝန်းကျင်အရ စိတ်ဓာတ်အဆောက်အအုံတွေ ပြိုလဲသွားတတ်ကြပြန်ပါတယ်။
စိတ်ဓာတ်အဆောက်အအုံ တည်ဆောက်ရာမှာ အချို့က ဘ၀တစ်သက်စာလုံး ကောင်းမြတ်ခြင်းတရားတွေကို ရင်ဝယ်ပိုက်သွားကြတယ်။ အချို့က နည်းနည်းလေး တည်ဆောက်ပြီး ဒုံရင်းဒုံရင်း မကောင်းဘက်ကို ပြန်ရောက်သွားတယ်။ အချို့က အစကတည်းက ကောင်းမြတ်ခြင်းဆိုလို့ ဘာကိုမှ မလုပ်ချင်သူများ ဖြစ်တယ်။

စိတ္တလတောင်မှာ ကန္နီနည်းနဲ့တရားအားထုတ်စဉ်က ကန္နီဆရာတော်ကြီးပြုစုတဲ့ ယောဂိပါရဂူကျမ်းကို ဖတ်ရတယ်။ အဲဒီမှာ ဘာတွေ့သလဲဆိုတော့ ပုဂ္ဂိုလ်သုံးမျိုးကို ရှင်းပြထားတာ တွေ့ရတယ်။ တရားထိုင်တဲ့အခါမှာ ကွဲပြားလာတတ်တဲ့သုံးမျိုးပါ။
၁။ နောက်ဆုတ်ထိုင်
၂။ ရှေ့တိုးထိုင်
၃။ ငုတ်တုတ်ထိုင် ဆိုပြီး ယောဂီသုံးမျိုး ရှိတတ်ပုံကို ပြောပြထားတာပါ။ အချို့ယောဂီတွေဟာ မိမိက တရားအဆင့်မြင့်တက်ပြီး ကြည်လင်သော နိမိတ်အလင်းများ ရနေသော်လည်း ရှေ့ဆက် အားထုတ်မှုမရှိဘဲ မကြည်လင်သော အဆင့်မမြင့်သော အာရုံများကို ပြန်၍ ရှုမှတ်နေတတ်ပါတယ်။ အထက်တန်းရောက်ပြီးမှ အောက်တန်းသို့ ပြန်ဆင်းသွားသောသူကို ဆိုလိုပါတယ်။

နောက် ယောဂီတစ်မျိုးလဲ ရှိသေးတယ်။ သူကတော့ သူ ရထားတဲ့ တရားအဆင့်က နိမ့်နိမ့်လေးပဲ ရှိသေးတယ်။ ဒါပေမယ့် သူစိတ်ထဲမှာ အဆင့်အမြင့်ကြီးတွေကို မှန်းပြီး အားထုတ်နေတတ်တယ်။ သူ့ကိုတော့ ၀မရှိဘဲ ၀ိလုပ်သူလို့ ဆိုရမှာပေါ့။

နောက်တစ်ယောက်က ငုတ်တုတ်ထိုင်လို့ ဆိုပါတယ်။ သူကတော့ အစကလဲ အဆင့်မမြင့်ဘူး၊ အထက်တန်းမကျဘူး။ အဆင့်မြင့်အောင်၊ အထက်တန်းကျအောင်လဲ အားထုတ်ကြိုးပမ်းလိုစိတ် မရှိဘူး။ ဒါကြောင့် သူ့ကို ငုတ်တုတ်ထိုင်လို့ ဆိုရတာပေါ့။ တရားအားထုတ်တဲ့အခါမှာ ဒီပုဂ္ဂိုလ်သုံးမျိုးထဲမပါအောင် အားထုတ်ရမယ်လို့ ဆိုပါတယ်။

လူပီသအောင်၊ လူ့စံနှုန်းမီအောင် အားထုတ်လိုတဲ့သူဟာလဲ ဒီပုဂ္ဂိုလ်သုံးမျိုးလို မဖြစ်ဖို့ လိုပါတယ်။ ရှေ့မှာဆိုခဲ့သလို လူဆိုတာ ကောင်းမြတ်ခြင်းတရားတွေနဲ့ အညွန့်တလူလူဖြစ်နေရမှာပါ။ လောကမှာလဲ အချို့ ရှိတတ်ပါတယ်။ အစကတော့ ဟုတ်မလိုလိုနဲ့ ကောင်းရာမွန်ရာတွေ လုပ်လို့ပေါ့။ နောက်တော့လဲ ဒုန်းရင်းဒုန်းရင်း မကောင်းတာလုပ်တဲ့ အနေအထား ပြန်ဖြစ်သွားတာပဲ။ သူ့ကိုတော့ နောက်ဆုတ်သူ အရှုံးပေးသမားလို့ ဆိုရမယ်။ တချို့ကျတော့ ကောင်းတာလုပ်တာက မဖြစ်စလောက်၊ ဒါပေမယ့် သူ့ကိုယ်သူ တကယ့်သူတော်ကောင်းကြီး ဖြစ်နေသလိုမျိုး ထင်နေတတ်ကြပြန်တယ်။ သူ့အတွက်ကျတော့လဲ ဘ၀အထက်တန်းကျဖို့ မလွယ်ပြန်ပါဘူး။ အဆိုးဆုံးကတော့ ငုတ်တုတ်ထိုင်သူပေါ့။ သူကတော့ အစကတည်းက အဆင့်မမြင့်၊ အထက်တန်းမကျဘူး။ အဆင့်မြင်လာအောင် အထက်တန်းကျအောင် တည်ဆောက်ရကောင်းမှန်းလဲ မသိဘူး။ အဆင့်မမြင့်တဲ့အတိုင်း၊ အထက်တန်းမကျတဲ့အတိုင်း သူ့ဘ၀သူ ကျေနပ်နေတယ်။

မိမိတို့ရဲ့ နေ့စဉ်ပတ်ဝန်းကျင်မှာ အထက်ပါ ပုဂ္ဂိုလ်သုံးမျိုးလုံးကို တွေ့နိုင်ပါတယ်။ မိမိကိုယ်ကိုလဲ မေးကြည့်ကြပေါ့။ ငါဟာ ဘယ်ပုဂ္ဂိုလ်အဆင့်ထဲမှာ ပါသလဲ။ တရားအားထုတ်မှုပိုင်းမှာတော့ အထက်ပါ သုံးမျိုးလုံးမဖြစ်အောင် ကြိုစားဖို့ တိုက်တွန်းထားပါတယ်။ လူ့လောက ကျင်လည်ရာ ရပ်ဝန်းမှာလဲ ကိုယ့်ကိုကိုယ် နောက်ဆုတ်သူလဲ မဖြစ်ရအောင်၊ မရှိတာကို အရှိထင်သူလဲ မဖြစ်ရအောင်၊ ငုတ်တုတ်ထိုင်သူလဲ မဖြစ်ရအောင် ကြိုးစားသင့်ကြပါတယ်။
အတ္တလွင်ပြင်မှ ကူးယူဖေါ်ပြပါသည်

Read more...

စကတ်တိုယဉ်ကျေးမှု


(၁)

နေ့စဉ်တွေ့မြင်နေရသော လူငယ်ကလေးများမှာ သွက်သွက်လက်လက် ဖြတ်ဖြတ်လတ်လတ်နှင့် ဖြစ်သည်။ တာဝန်ယူတတ်သော မျက်နှာပေးနှင့် ဖြစ်သည်။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နေသော မျက်နှာပေးနှင့်ဖြစ်သည်။ လူကြီးတစ်ယောက်၏ ဟန်ပန်အမူအရာနှင့် ဦးညွတ်ခြင်း၊ လက်ဆွဲနှုတ်ဆက်ခြင်း၊ ပဋိသန္ဓာရစကားဆိုခြင်းတို့ကို လုပ်ဆောင်နေရပြီ ဖြစ်သည်။ ပြစ်တင်ရှုံ့ချခြင်း၊ ဝေဖန်ခြင်း၊ စိန်ခေါ်ခြင်းများကို ဖြေရှင်းနေရပြီ ဖြစ်သည်။


ဂျင်းဘောင်းဘီဝတ်ထားသော ကောင်ကလေး နှင့် စကတ်အတိုဝတ်ထားသော ကောင်မလေးတို့သည် မက်ဒေါ်နယ်အမြန်စားဆိုင်မှ ထွက်လာကြသည်။ ထို့နောက် မချင့်မရဲဖြစ်လာဟန်နှင့် လမ်းလယ်မှာရပ်ကာ ရင်ချင်းအပ်၍ နမ်းနေကြသည်။ ဖြတ်သွားဖြတ်လာတို့က အရေးစိုက်ခြင်းမရှိ၊ အမှုမဲ့ ဖြတ်သွားကြသည်။ နမ်းပြီးတော့ အနီးက ဆေးရုံထဲဝင်သွားကြသည်။ ထိုလူငယ်ကလေးနှစ်ယောက် သည် ဂျူတီကုတ်များကို ၀တ်ဆင်လိုက်သောအခါ ဆရာဝန်ကလေးများ ဖြစ်သွားကြသည်။ သူတို့၏နှုတ်မှ ဆေးပညာကျင့်ဝတ်နှင့် နည်းပညာမူများကို မချတမ်း ပြောနေတတ်သည်။ ဟန်ပန်က "ငါဒါကိုလုပ်နိုင်တယ်၊ ဒါဟာ ငါ့တာဝန်ဖြစ်တယ်" ဆိုတဲ့ ဟန်ပန်။ မူဘောင်စည်းကမ်းများအရ ပရော်ဖက်ဆာကို လူနာကြည့်ပေးဖို့ အရေးဆိုတော့မည့် ဟန်ပန်။ လူနာများကို ကိုယ့်သားသမီးများသဖွယ် ကြင်နာလိုက်မည် ဆိုသည့် ဟန်ပန်။


ဤကား ကမ္ဘာ့အနောက်ဘက်ခြမ်းမှ ရှုကွက် အချို့ ဖြစ်ပါသည်။

ငယ်ရွယ်ခြင်း၊ ဖြတ်လတ်ခြင်း၊ တိုတောင်းခြင်း၊ ရဲရင့်ခြင်း၊ ပွင့်လင်းခြင်းနှင့် တာဝန်ယူတတ်ခြင်း၊ ကျင့်ဝတ်စံများပြောင်းလဲခြင်း။ သို့မဟုတ် ယင်းစိတ္တဇနာမ်များဖြင့် အတိပြီးသော ခေတ်။



(၂)

ရုရှားစကားသင်ရင်း သူငယ်တန်းကြီး အဆင့်လောက် ရောက်လာတော့ ဆရာမက ကျွန်တော်တို့ကို ပုံပြင်တစ်ပုဒ် ပြောပြသည်။

"မုန်လာဥကို ကြွက်ကလေးက နုတ်တယ်။ နုတ်တယ် နုတ်တယ်။ ကျွတ်ပြီလားဟေ့။ မကျွတ်သေးဘူးခင်ဗျ။ အေးအေး- မကျွတ်သေးရင် ငါလာကူမယ်လို့ ပြောပြီး ကြွက်ကလေးရဲ့ခါးကို ကြောင်က လာဖက်တယ်။

-မုန်လာဥကို ကြွက်ကလေးက ဖက်ထားတယ်။ ကြွက်ကလေးခါးကို ကြောင်ကဖက်ထားတယ်။

နုတ်ဟေ့ နုတ်ဟေ့။ နုတ်တယ်နုတ်တယ်။ ကျွတ်ပြီလားဟေ့။ မကျွတ်သေးဘူးခင်ဗျ။ အေးကွယ် မကျွတ်သေးရင် ငါလာကူမယ်လို့ ပြောပြီး ကြောင်ရဲ့ခါးကို လူကလေးက လာဖက်တယ်။

-မုန်လာဥကို ကြွက်ကလေးက ဖက်ထားတယ်။ ကြွက်ကလေးရဲ့ခါးကို ကြောင်ကဖက်ထားတယ်။ ကြောင်ရဲ့ခါးကို ကောင်ကလေးက ဖက်ထားတယ်။

နုတ်ဟေ့နုတ်ဟေ့။ နုတ်တယ် နုတ်တယ်။ ကျွတ်ပြီလားဟေ့။ မကျွတ်သေးဘူးခင်ဗျ။ အေးကွယ် မကျွတ်သေးရင် ငါလာကူမယ်လို့ ပြောပြီး လူကလေးရဲ့ခါးကို သူ့အဘွားကလာဖက်တယ်။

-မုန်လာဥကို ကြွက်ကလေးက ဖက်ထားတယ်။ ကြွက်ကလေးရဲ့ ခါးကို ကြောင်ကဖက်ထားတယ်။ ကြောင်ရဲ့ခါးကို ကောင်ကလေးက ဖက်ထားတယ်။ ကောင်ကလေးရဲ့ခါးကို သူ့အဘွားကဖက်ထားတယ်။

နုတ်ဟေ့ နုတ်ဟေ့။ နုတ်တယ် နုတ်တယ်။ ကျွတ်ပြီလားဟေ့။ ကျွတ်ပြီခင်ဗျ။ ဒုန်း"

တဲ့။

အဲဒါက မူလတန်းကလေးလေးတွေ ဆိုရတဲ့ ကဗျာပုံပြင်ကလေးဆိုပဲ။ ဆရာမက အသံနေအသံထား၊ အမူအရာနှင့်တကွ သင်ပြပေးသည်။ ကျွန်တော်တို့တတွေ မူလတန်းကလေးတွေလို ရယ်ရင်းမောရင်း လိုက်ဆိုကြသည်။ ညီညီညွတ်ညွတ်လုပ်ရင် မုန်လာဥကျွတ်ရမည်ဟု ဆိုလိုတာလား၊ "လူညီလျှင် ဤကကျွဲ" ဖြစ်တာကို ပြောချင်တာလားတော့မသိ။

အဲဒီပုံပြင်ကိုကြားရတော့ မူလတန်းဖတ်စာအုပ်ထဲက အဘိုးအိုနှင့် သားသုံးယောက် ပုံပြင်ကို သတိရမိသည်။ အဘိုးအိုက သူ့သားသုံးယောက်ကို ထင်းချောင်းများနှင့် ဥပမာပေးသည်။ ထင်းချောင်း တစ်ချောင်းတည်းဆိုလျှင် ထင်းတွေက ကျိုးအောင်ချိုးဖို့ မလွယ်ဘူးလား။ လွယ်သည်။ ထင်းစည်းတစ်စည်းလုံး ဆိုလျှင်တော့ ကျိုးအောင်ချိုးဖို့ မလွယ်ကူ။ "အေး အဲဒီထင်းစည်းဥပမာကို သင်ခန်းစာ ယူပြီး ငါမရှိတဲ့နောက်မှာ မင်းတို့ညီအစ်ကိုသုံးယောက်ဟာ စည်းစည်းလုံးလုံး ချစ်ချစ်ခင်ခင် နေကြထိုင်ကြရမယ်ကွယ့်။ စည်းစည်းလုံးလုံးနေရင် သူတစ်ပါး ရန်ပြုလို့မရဘူး။ စည်းစည်းလုံးလုံးမနေရင်တော့ သူတစ်ပါးရန်ပြုဖို့လွယ်တယ်။"

အိမ်အောက်မှာ ၀ါးထင်းစည်း ကလေးတွေဝယ်ထားတာ ရှိသည်။ လက်မတစ်လုံးစာလောက်သာ တုတ်သော ကြိမ်ဝါး ကလေးများကို ခုနစ်လုံးရှစ်လုံးပူးကာ စုချည်ထားသော ထင်းစည်းကလေးများ။ ထင်းချောင်းကလေးများကို တစ်ချောင်းချင်းစီ ဖြည်၍ ဒူးပေါ်တင်ကာ ချိုးကြည့်သည်။ အမေတွေ့သွားပြီး ဆော်ပလော်တီးသည်။

"ထင်းတစ်စည်းရဲ့ တန်ဖိုးက ဘယ်လောက်လဲ။ နင်သိရဲ့လား"

"နှစ်ကျပ်ပါအမေ"

"အေး၊ ထင်းတစ်စည်းက နှစ်ကျပ်ဆိုရင် ထင်းတစ်ချောင်းက ဘယ်လောက်တန်သလဲ"

"နှစ်ကျပ်ဆိုတော့ ပြားဖွဲ့ရင် ပြားနှစ်ရာ၊ ထင်းတစ်စည်းမှာ ထင်းရှစ်ချောင်းပါတော့ ပြားနှစ်ရာကို ရှစ်နဲ့စား"

စိတ်ထဲမှာ အလုပ်များသွားရသည်။ အဘိုးအိုနဲ့သားသုံးယောက်ပုံပြင်ကို စမ်းသပ်နေတာပါလို့ ဘာဖြစ်လို့မပြောမိလိုက်ရပါလိမ့်။ အဲဒီတုန်းကမီးဖိုက ထင်းမီးဖို။

ညီတွေ ညီမတွေ လက်ထက်ရောက်တော့ ထင်းမီးဖိုကနေ လွှစာမီးဖို ဖြစ်လာသည်။ ညီလတ်က လွှာစာမီးဖိုနှင့် မီးတွေမွှေးလာရသည်။ ကျွန်တော်က လွှစာထောင်းပေးရသည်။ မီးဖိုက သံရေပုံးအဟောင်းတစ်လုံးထဲကို ရွှံ့ထည့်ကာမံပြီး အခြောက်ခံထားခြင်း ဖြစ်သည်။ မီးမွှေးခါနီး အခါကျရင် မီးဖိုထဲကို တုံးလေးတစ်တုံး ဒေါင်လိုက်ထည့်။ အဲဒီတုံးလေးရဲ့ ပတ်ပတ်လည်မှာ လွှစာမှုန့်တွေပြည့်သိပ်နေအောင် ထောင်းထည့်ပြီးမှ တုံးလေးကို သာသာလေး ဆွဲနှုတ်ရသည်။ "ညက်နေအောင်ထောင်းနော်၊သားကြီး" ဟု အမေက သတိပေးတတ်သည်။ ညက်အောင်မထောင်းလျှင် လွှစာမှုန့်သည် ချက်နေရင်းတန်းလန်းနှင့် ပြိုကျတတ်သည်။

အနာခံမှ အသာစံရမည်ဟု ဆိုလိုတာလား၊ နာနာထုလေ သံကောင်းလေလို့ ဆိုလိုတာာလား၊ နာနာသွေးလေ ဓားထက်လေလို့ ဆိုလိုတာလား။

"ဒီမယ်ဟေ့ ခင်ခင်။ ငါ့ဘ၀မှာ မင်းနဲ့တွေ့မှ လွှစာဖိုထဲထည့်ပြီး အထောင်းခံရတဲ့ လွှစာမှုန့်များလို ဖြစ်နေရတာကွ။ အထောင်းလည်းခံရတယ်။ မီးအမြှိုက်လည်းခံရတယ်။"

အဲဒါကတော့ လွှစာမီးဖိုကိုကြည့်ပြီးရေးထားတဲ့ ကိုယ်ပိုင်ဝတ္ထုထဲက ဇာတ်လိုက်မင်းသားရဲ့ စကား။

လက်တွေ့ဘ၀ရောက်လာတော့ လွှစာမှုန့်လို အထောင်းခံနေရတဲ့ ဇာတ်ကောင်တွေ၊ မီးအမြှိုက်ခံရတဲ့ဇာတ်ကောင်တွေကို တကယ်တွေ့လာရသည်။ စိတ်က မချင့်မရဲ။ ကဗျာနှင့်နူးညံ့အောင်ပြင်ရင်း အဖေထားချင်တဲ့ ကျောင်းကြီးကြီးကို လက်မတင်ကလေး ရောက်သွားသည်။

"အိမ်ပြန်ချင်စိတ်က နူးညံ့သိမ်မွေ့ ပြီး
အိမ်ပြန်ရောက်ဖို့ လုံ့ လ၀ီရီယက ကြမ်းတမ်းတယ်။
ဟိုးခပ်ငယ်ငယ်
ချောင်းကမ်းနံဘေးဆော့ကစား
မြွေကြိုက်တဲ့ခရာချုံခရာသီး ခူးစားသလို
ဘ၀က အဆိပ်နားနီးတယ်။" (ခိုင်မြဲကျော်စွာ)

ခရာချုံထဲက ခရာသီးခူးစားသလို အဆိပ်ကောင်တွေဝိုင်းနေတဲ့ ဘ၀ထဲက ချိုမြိန်ခြင်း အသီးအချို့အ၀က်ကိုပဲ ကျွန်တော်တို့က မက်မောနေခဲ့တာ မဟုတ်ဘူးလား။ မမက်မောဘူးလား။ မက်မော၏။



(၃)

ကျောင်းပိတ်လို့ အိမ်ပြန်ရောက်ရင် နှစ်နှစ်သုံးနှစ်အရွယ် ညီမကလေးကို ပုခက်လွှဲသိပ်ရင်း ပုံပြင်ပြောပြဖို့ ကြိုးစားသည်။ "ရှေးရှေးတုန်းက ကြောင်ကြီး တစ်ကောင် သောင်းကျန်းနေတဲ့ အိမ်ငယ်လေးတစ်လုံးမှာ ကြွက်အပေါင်းတို့ မှီတင်းနေထိုင်ကြသတဲ့ကွယ်" ဟုပြောပြီး အမူအရာလုပ်ပြသည်။ ညီမကလေးက တခစ်ခစ်ရယ်သည်။

အဲသည်ကြောင်ကြီးက ကြွက်တွေကို တစ်ကောင်ပြီးတစ်ကောင် ဖမ်းစားနေတော့ ကြောင်ကြီးရန်က လွတ်ကင်းရေးအတွက် ကြွက်အပေါင်းက စည်းရုံး တိုင်ပင်ကြသတတ်။ နောက်ဆုံးတော့ ကြွက်ကလေး တစ်ကောင်က အကြံပေးသည်။ ကြောင်ကြီးကို ချူဆွဲပေးရအောင်တဲ့။ ခြူသံကြားရင် ကြွက်အားလုံး ပြေးနိုင်တာပေါ့တဲ့။ အားလုံးက သဘောတူကြသည်။ လက်ခုပ်လက်ဝါးတွေ တီးလို့။ ပျော်ကြမြူးကြလို့တဲ့။ သူတို့အတွက် အဖြေရှာပေးသည့် ကြွက်ကလေးကို ကျေးဇူးတွေတင်ကြသည်။ ဒါပေမဲ့ အချက်အချာကျတဲ့ မေးခွန်းကို ကြွက်အိုကြီး တစ်ကောင်က ထပြီးမေးမြန်းလိုက်လေသည်။ "ကောင်းပြီ၊ ဒါဖြင့် ကြောင်ကို ဘယ်သူကခြူဆွဲပေးကြမှာလဲ"။

လူတွေက သိတာ တတ်တာတွေ များလာသောအခါ လက်တွေ့ဖြစ်ရပ်များကို သတိလစ်သွားတတ်သလား။

အဲသည် သင်္ခန်းစာမပြီးဆုံးမီ ညီမကလေးက ဖြတ်ပြီးပြောသည်။ "ကိုကိုကြီး၊ ကိုကိုကြီး၊ အိုက်ပူရှမ်းတွေပါ၊ အိုက်ပူရှမ်းတွေပါ" မပီကလာပီကလာနဲ့မို့ နားမလည်။ "မောင်တူရမောင်တူရ"တဲ့။

"မေမေ၊ ကောင်မလေး ဘာတွေပြောနေတာတုန်း"

"အိုက်ပူရှမ်းတွေပါလို့ ပြောနေတာဟေ့။ မင်းလုပ်တာနဲ့ ဒီကလေးကတော့ အိပ်တော့မှာပဲ။ "မောင်သူရကလေး"ကဗျာထဲက ဗိုက်ပူရှမ်းတွေ ကို ဆိုခိုင်းနေတာ။"

"အမေတို့ကဗျာကလည်း ကျွန်တော်မသိပါလား။ "မောင်သူရကလေး"တော့ မသိဘူး။ "မနီကလေး"ပဲ သိတယ်။ ဆရာတင်မိုးကဗျာ"

"မသိသာမသိတယ်။ နင်တို့ ဒါနဲ့ကြီးလာတာပဲ။"

"သားကဘာလို့မသိတော့တာတုန်း"

"နင့်အသက်ကြီးတော့ မေ့သွားတာနေမှာပေါ့" လို့အမေက အငေါ်တူးသည်။ အမေက သူ့သမီးကို သူ့ဖာသာကဗျာ ဆိုပြပြီး ချော့သိပ်သည်။ နားထောင်လို့တော့ အကောင်းသား။ ဗိုက်ပူရှမ်းတွေပါ ဆိုသည့် စာသားကိုရောက်တော့ ညီမကလေးက မပီကလာနှင့် "အိုက်ပူရှမ်းတွေပါ"လို့ လိုက်ဆိုသည်။ ညီအစ်ကိုတွေ နားထောင်ပြီး တခိခိကြိတ်ရယ်သည်။

ညီမကလေးနှင့် ပတ်သက်ပြီး ညီလတ်က မင်းလူ၏ ၀တ္ထုစာအုပ်တစ်အုပ် ငှားလာသည်။ "မိညီမ" တဲ့။ အစ်ကိုသုံးယောက်နှင့် ညီမကလေးတစ်ယောက် ၀တ္ထု။ အစ်ကိုသုံးယောက်ဘက်က စာနာမိခဲ့သလား ဘာလားတော့မသိ။ ဇာတ်လိုက်မင်းသမီး ဓာတ်ပုံရိုက်နေတုန်း နောက်ကဖြတ်လျှောက်ရင်း ဓာတ်ပုံထဲပါသွားသော အူကြောင်ကြောင် ဇာတ်လိုက်မင်းသား အကြောင်းသာ မှတ်မိသည်။ ဒီတိုင်းဆိုလျှင်တော့ မလွယ်။

ခုခေတ်မှာ အနုစာပေ ကဗျာ၊ ၀တ္ထု၊ အက်ဆေး ကောင်းကောင်းမွန်မွန်က နည်းသွားပြီး သတင်း၊ အတင်းနှင့် အသုံးချရေး စာပေတွေက ပိုမိုခေတ်စားလာသည်။ စာအုပ်စာပေရဲ့တန်ဘိုးကို ရုပ်ပိုင်းဆိုင်ရာ လိုအပ်မှုသက်သက်နှင့် တိုင်းတာရင် ပြည့်စုံမှုရှိနိုင်ပါ့မလားဟု မေးစရာရှိလာသည်။ အတတ်ပညာ နယ်ပယ်။ အသိပညာနယ်ပယ်။ ယဉ်ကျေးမှုနယ်ပယ်။ အတွေးအမြင်နယ်ပယ်။ ဘာသာရေးနယ်ပယ်။ လူမှုရေးနယ်ပယ်။ စီးပွားရေးနယ်ပယ်။ နိုင်ငံရေးနယ်ပယ်။ စကြာဝဠာနယ်ပယ်။

တလောကတော့ စာနယ်ဇင်းတွေနှင့် အွန်လိုင်းက သတင်းဘလော့တွေမှာ စကတ်တိုတိုနှင့် မြန်မာမိန်းကလေးတွေကို ဓာတ်ပုံနှင့်တကွ ဝေဖန်ချက်တွေ ရေးသားထားတာတွေ တွေ့ရသည်။ စကတ်တိုယဉ်ကျေးမှုက နေ့စဉ်လူမှုဘ၀ထဲ ရောက်လာခဲ့သည့် သဘောလား။ ဆရာမြသန်းတင့်ရဲ့ "ဓားတောင်" ထဲက "ခေတ်ရေစီးကြောင်းလား၊ ခေတ်မြောင်းပုပ်လား"ဆိုတဲ့ စကားလုံးများကို သတိသွားရမိသည်။ နံပါတ်ဖိုးနှင့် ဟစ်ပီယဉ်ကျေးမှုကို ဖိုးစွဲနေသည့် ရဲမြင့်တို့က ခေတ်ရေစီးကြောင်း ဟုမြင်သည်။ စာရေးဆရာကိုနန္ဒက မြောင်းပုပ်ဟု မြင်သည်။

"ယဉ်ကျေးမှုဆိုတာ ဒုတိယသဘာဝဖြစ်တယ်။ သဘာဝက သတ်သတ်တစ်ခု။ လူသားတွေ တီထွင်ဖန်တီးလိုက်တဲ့ ယဉ်ကျေးမှုက ဒုတိယသဘာဝ ဖြစ်တယ်" လို့ ဂေါ်ဂင်က ပြောဖူးကြောင်း ဆရာကြည်နိုင်ရဲ့ ရသစာတမ်းတစ်ပုဒ်ထဲမှာ ဖတ်ရသည်။

"အကယ်၍ နောင်တစ်ချိန်လိုအပ်လာခဲ့ရင် စကတ်တိုတွေဝတ်ရင် ဒေါက်မြင့်ဖိနပ်နဲ့မှ တင့်တယ်တာတို့၊ ဘောင်းဘီတိုဆိုရင် ဝေါ့ကင်းရှူး နဲ့မှတို့၊ ပွဲနေပွဲထိုင်မှာ (မရိုသေ့စကား) ပန်တီဟို့စ်မပါရင် ရိုင်းတယ်တို့ဘာတို့ကို ပညာပေးရရင် မကောင်းဘူးလား"

အမျိုးသမီး မိတ်ဆွေတစ်ယောက်က အကြံပြုသည်။ "စကတ်တို ဒေါက်မြင့်ဖိနပ်နဲ့ ခြေလှမ်းရေ တစ်မိနစ် ၁၂၀ နှုန်းလျှောက်တဲ့ အသားဖြူ အမျိုးသမီးတွေကို မြင်ရရင် ငါတို့အ၀ါမိန်းကလေး တွေက ဘောင်းဘီတိုသလောက် ခြေလှမ်းမသွက်သေးဘူးလို့ စဉ်းစားမိတယ်ဟယ်" တဲ့။

"အဲဒီတော့ ဘာဖြစ်လဲ။"

"အဲဒီတော့ မလှဘူးပေါ့ဟဲ့"တဲ့။ "စကတ်တိုဝတ်ပြီး လှုပ်လီလှုပ်လဲ့လျှောက်ရင် ရွံစရာကြီး"

သူမကလည်း ဆရာဝန်မ ပီပီ လက်တွေ့ပိုင်းကိုပဲ ကြည့်ပြီး ဘယ်လိုပညာပေးရမလဲပဲ စဉ်းစားနေသည်။ စကတ်တိုယဉ်ကျေးမှု ကို နံပါတ်ဖိုးယဉ်ကျေးမှုလို ခေတ်မြောင်းပုပ်လို့ ပြောဖို့ကလည်း မဖြစ်နိုင်။

နောင်ဆယ်နှစ်ကြာရင် ညီမကလေးကို စကတ်တိုပေးဝတ်မလား ပေးမ၀တ်ဘူးလားလို့ ညီအစ်ကိုတွေ တိုင်ပင်ကြသည်။ ညီလတ်ကတော့ ပေးမ၀တ်ဘူးတဲ့။ ညီအငယ်ဆုံးကတော့ ပေးဝတ်မတဲ့။ "အစ်ကိုကြီး၊ သူတို့ခေတ်ကြရင် ကိုရီးယားကားထဲကလို စကတ်တိုက ကျောင်းယူနီဖောင်းတောင် ဖြစ်လာနိုင်တာကွ။"တဲ့။ ကိုရီးယားကားထဲက စကတ်တိုနှင့် ပန်တီဟိုစ့်နှင့် ကျောင်းဝတ်စုံ ယူနီဖောင်း ၀တ်ထားသော ကောင်မလေးများကို မြင်ယောင်မိသည်။

ထမင်းပန်းကန်ထဲက ထမင်းလုံး ကြမ်းပြင်ပေါ်သို့ကျလျှင် အမှိုက်တွေနဲ့သိမ်းကျုံး လှည်းကျင်းတာခံရသည်။ ဒါဖြင့် ညင်ညင်သာသာလေး ကောက်ပြီး ထမင်းပန်းကန်ထဲ ပြန်ထည့်လိုက်မလား။

(၄)

ဘ၀က အဆိပ်နားနီးသည်။ အပြောမတတ်လျှင် မောင်ချောနွယ်၏ ကိုက်လမ်းကဗျာထဲကလို "ငါ့သစ္စာတရားက ငါ့အသက်ကို နှုတ်ယူသွားကြပေါ့" ဟူ၍ ဖြစ်သွားမည်။ ဂျင်းဘောင်းဘီနှင့် စကတ်တို၏ ရည်ရွယ်ချက်က ခရီးတွင်မှုနှင့် သက်တောင့်သက်သာ ရှိမှုတို့ ဖြစ်သည်။ မြန်မာမိန်းကလေးတွေကရော ဘယ်လောက်အမြန်နှုန်းနှင့် လျှောက်နေကြရသလဲ။ ဓာတ်ပုံထဲမှာမို့ ကျွန်တော်တို့ မမြင်ရ။ ကင်မရာမှာ အမြန်နှုန်းတိုင်းတာစက်၊ သို့မဟုတ် ယုံကြည်မှုတွေပါသော မျက်နှာပေးကိုပါ ထည့်ရိုက်ထားဖို့ ကောင်းသည်။

"ကမ္ဘာကြီးဟာ ရွာကြီးတစ်ရွာ ဖြစ်လာရင် ယဉ်ကျေးမှုတွေ ပေါင်းဆုံစုစည်းသွားကြမယ်" တဲ့။ ဟောပြောသူ မပြောဘဲ ချန်သွားသော အချက်က အမျိုးသားရေး စိတ်ဓာတ်နှင့် တံခါးပိတ်ဝါဒတို့ဖြင့် တုံ့ပြန်တွန်းလှန် လာနိုင်သည်ဟူသော အချက်ဖြစ်သည်။ ဂလိုဘယ်လိုက်ဇေးရှင်လားက ပိုအားကောင်းသလား၊ ယဉ်ကျေးမှုများတိုးတိုက်မိခြင်းက ပိုအားကောင်းသလား။

ကျွန်တော်တို့လူငယ်များမှာရော "ငါဒါကိုလုပ်နိုင်တယ်၊ ငါ့မှာတာဝန်ရှိတယ်၊ ငါ့ကိုယ်ငါ အပြည့်အ၀ တာဝန်ယူနိုင်တယ်" ဆိုတဲ့ ဟန်ပန်တွေ ရှိချင်ရှိ မနေနိုင်ဘူးလား။ ရဲတင်းပွင့်လင်းသည့် ဟန်ပန်တွေ ရှိမနေနိုင်ဘူးလား။ အသူ အတပ်ဆိုနိုင်သနည်း။

ထင်းတစ်ချောင်းစီဖြစ်နေတော့ မုန်လာဥက ကျွတ်ဖို့ခက်သည်။ လွှစာမှုန့်လို အထောင်းလည်းခံ မီးလည်းအမြှိုက်ခံရလျှင် ခြူဆွဲပေးမဲ့သူလည်း ရှိလာမည် မဟုတ်ပေ။ ဒါနဲ့ ထမင်းလုံးတွေအားလုံးကို သိမ်းကျုံးလှည်းကျင်း ပစ်ရတာက အလွယ်ဆုံး ဖြစ်လေတော့သည်။

Read more...

ကမ္ဘာ့ဘာသာရေးခေါင်းဆောင်များသို့ ပန်ကြားလွှာ (အပိုင်း-၂)



အရှင်ရဋ္ဌပါလာ၏အဖြေမှာ-----

၁။ ဒကာတော်မင်းကြီး သတ္တ၀ါလောကကြီးတစ်ခုလုံး တလှုပ်လှုပ်ဖြစ်နေသည်။
သတ္တ၀ါလောကကြီးတစ်ခုလုံးမှာ တည်ငြိမ်မှုမရှိဘူး။ ငါသည် ဗုဒ္ဓသာသနာတော်တွင် ဘ၀၏တည်ငြိမ်မှုကို တည်ဆောက်ဖို့ ၀င်ရောက်လာခြင်းဖြစ်ည်ဟုဖြေပါသည်။
အရှင်ဘုရား၏ဘ၀တည်ငြိမ်မှုကိုဘာနှင့်တည်ဆောက်သလဲဟု မင်းကြီးကမေးလျှင်-
အရှင်ရဋ္ဌပါလက ငါ့ဘ၀ရဲ့တည်ငြိမ်မှုကို ဓမဖြင့်တည်ဆောက်နိုင်ခဲ့သည်ဟုဖြေကြားလိုက်သည်။

၂။ ဒကာတော်မင်းကြီး သတ္တ၀ါလောကကြီးတစ်ခုလုံးမှာ မီးဟုန်းဟုန်းတော်လောင်နေပါသည်။ ငါသည် မြတ်ဗုဒ္ဓ၏ သာသနာတော်တွင် တဟုန်းဟုန်းတောက်လောင်နေသောမီးကို ငြိမ်းအေးစေဖို့ဝင်ရောက်လာခြင်းဖြစ်သည်။ ဘ၀မီးတောက်မီးလျှံများကို ဓမ္ဓဖြင့် ထိန်းချုပ်နိုင်ခဲ့သည်ဟု ဖြေတော်မူခဲ့ပါသည်။

၃။ ဒကာတော်မင်းကြီး သတ္တ၀ါလောကကြီးတစ်ခုလုံး အို နာ သေ သုံးမျိုးတို့နှိပ်စက်သောအခါ ဘယ်တန်ခိုးရှင်မှ ချန်းချုပ်လို့မရဘူး။ ထို့ကြောင့် ထိုဒုက္ခသုံးမျိုးတို့ကို ထိန်းချုပ်ဖို့ ငါသည် သာသနာတော်သို့ ၀င်ရောက်လာခဲ့သည်။ ထိုဒုက္ခ သုံးမျိုးတို့ကို ငါသည်ဓမ္ဓဖြင့် ထိန်းချုပ်နိုင်ခဲ့သည်ဟုဖြေတော်မူခဲ့ပါသည်။

၎။ ဒကာတော်မင်းကြီး သတ္တ၀ါလောကကြီးတစ်ခုလုံးမှာ ပစ္စည်းဥစ္စာ ရာထူးအာဏာတွေဆိုတာ တကယ်စင်စစ် ကိုယ်ပိုင်ဥစ္စာအဖြစ် ဘာကိုမှ မပိုင်ဆိုင်ကြဘူး။ ငါ့ဥစ္စာဟုပြောနေကြသော်လည်း နှစ်ပေါင်းတစ်ရာထက်ပိုကာ ပြောဆိုပိုင်ဆိုင်ခွင့်မရှိကြဘူး။ နှစ်တစ်ရာမပြည့်မီမှာ ကိုယ်ပိုင်ဆိုင်မှုအားလုံးတို့ကို စွန့်လွှတ်ကြရစမြဲဖြစ်သည်။ သို့ဖြစ်ခြင်းကြောင့် ဗုဒ္ဓသာသနာတော်တွင် ငါသည် ကိုယ်ပိုင်ဥစ္စာရှာဖို့ ၀င်ရောက်လာခဲ့ခြင်းဖြစ်သည်။ ငါကျင့်ထားသောဓမ္ဓအာလုံးတို့ကို ငါပိုင်ခဲ့လေပြီဟု ဖြေတော်မူခဲ့ပါသည်။

၅။ ဒကာတော်မင်းကြီး သတ္တ၀ါလောကကြီးတစ်ခုလုံးသည် မည်သည့် ပစ္စည်း မည်သည့်ရာထူးအာဏာတို့ မည်မျှပင်ရထားကြစေကာမူ အလိုမပြည့်နိုင်အောင်ဖြစ်နေကြသည်။ အလိုရှိနေသမျှ မည်သို့ပင်ဖြည့်ကြသောလည်း အလိုကားမပြည့်ကြပေ။ အလိုမပြည့်မီမှာပင် လူသားအားလုံးတို့ သေကြရမည်ဖြစ်သည်။ ထို့ကြောင့် ငါသည် မြတ်ဗုဒ္ဓသာသနာတွင် ငါ၏အလိုဆန္ဒတို့ကို ပစ္စည်းဥစ္စာ ရာထူးအာဏာတို့ဖြင့် မဖြည့်ဘဲ ဓမ္ဓဖြင့် ဖြည့်ခဲ့လေပြီ။ လိုသည်ဆိုသည့် လောဘ၏နေရာ ဓမ္ဓဖြင့် အစားထိုးနိုင်ခဲ့သဖြင့် ကျွန်ုပ်အလိုပြည့်ခဲ့လေပြီဟု ဖြေတော်မူခဲ့ပါသည်။

၆။ ဒကာတော်မင်းကြီး လူသားတို့သည် (လိုသည် လိုသည်) ဆိုသည့် လိုအပ်ချက်ကိုရှာဖွေဖြည့်စွက်ကြရာတွင် လိုအပ်ချက်တို့ကို အဆုံးမသတ်နိုင်ခဲ့ကြသည့်အတွက်ကြောင့် တဏှာလောဘ၏ ကျေးကျွန်များအဖြစ်သာဖြစ်ခဲ့ကြရလေသည်။ ငါသည် တဏှာ၏ကျေးကျွန်အဖြစ်ကလွတ်ဖို့ရန်အတွက်သာ ရဟန်းဝတ်ခဲ့သည်ဟု ဖြေတော်မူခဲ့ပါသည်။

ထိုသို့လျှင် အရှင်ရဋ္ဌပါလ၏ မွန်မြတ်သောမှန်ကန်သော ရဟန်းပြုခြင်း၏ရည်ရွယ်ချက်တို့ကို မင်းကြီးကြားသောအခါ အလွန်ပင်ကျေနပ်နှစ်သက်ခဲ့လေသည်။ ကျေနပ်နှစ်သက်ခြင်းကြောင့် သူစွပ်စွဲခဲ့မိသောအပြစ်တို့ကို တောင်းပန်ဝန်ချကန်တော့ခဲ့သည်။ ထိုနေ့မှစကာ ရတနာသုံးပါးကိုကိုးကွယ်ပါ၏ဟု လျှောက်ထားခဲ့လေသည်။

သို့ဖြစ်ခြင်းကြောင့် ယနေ့နိုင်ငံအသီးသီး လူမျိုးအသီးသီး စီးပွားရေးအကြပ်အတည်းတို့နှင့်ရင်ဆိုင်ကြုံတွေ့နေကြရသောကာလတွင် နိုင်ငံအသီးသီးရှိ လူသားတော်တော်များများ အလုပ်လက်မဲ့ဖြစ်ကာ စားဝတ်နေရေး အခက်အခဲတွေ့နေကြသည်ကို မိမိတို့ဘာသာရေးခေါင်းဆောင်များအားလုံး မြင်တွေ့နေကြရပြီးဖြစ်ပါသည်။ စီးပွားရေး အကြပ်အတည်း နိုင်ငံရေးအကြပ်အတည်း ဘာသာရေးအကြပ်အတည်း ထိုသုံးခုတို့သည် တခြားစီ မနေကြဘဲ အပြန်အလှန်မှီတွယ် ကာနေတတ်ကြပေသည်။ နိုင်ငံရေးစီးပွားရေး အကြပ်အတည်းကြောင့် လူအများစု အလုပ်လက်မဲ့ဖြစ်နေကြရသည်ကိုကြည့်ကာ မိမိတို့ခေါင်းဆောင်များ ဘာသာရေး အလုပ်လက်မဲ့မဖြစ်ရလေအောင် အထူးသတိပြုကြရမည်ဖြစ်ပေသည်။

ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ မိမိတို့လုပ်ဆောင်ကြရမည့် လုမှုရေး အကျိုးပြုလုပ်ငန်းများ၊ ပိဋကတ်သင်ကြားပို့ချရေးလုပ်ငန်းများ၊ ကမ္မဋ္ဌာန်းကျင့်ကြံအားထုတ်ရေးလုပ်ငန်းများကို ယနေ့ခေတ်တွင် နှစ်ဆတိုးကြိုးစားကာ လုပ်ဆောင်ကြရမည်ဖြစ်သည်။ အရှင်ရဋ္ဌပါကကို ကောရဗျမင်းကြီးစွပ်စွဲသလို အစွပ်စွဲမခံကြရလေအောင် ကြိုးစားကြရမည်ဖြစ်ပေသည်။ ကောရဗျမင်းကြီးကဲ့သို့ ဘာသာရေးခေါင်းဆောင်တို့အပေါ် အထင်အမြင်သေးကြသည့် လူတို့၏ စိတ်နှလုံးကို ကျေနပ်နှစ်သိမ့်မှုရအောင် အရှင်ရဋ္ဌပါလကဲ့သို့ အားထုတ်ကြရမည်ဖြစ်သည်။ ထို့ပြင် လှုပ်ရှားနေသောကမ္ဘာကို တည်ငြိမ်မှုရှိအောင် ကြိုးစားဖို့မှာ မိမိတို့၏ တာဝန်ဖြစ်ပေသည်။ ကမ္ဘာကို တုန်လှုပ်စေသော လူတွေထဲမှာ မိမိတို့ ဘာသာရေးခေါင်းဆောင်များ မပါဝင်ဖို့ အရေးကြီးပါသည်။ လူ့လောကကြီး၏ လိုအပ်ချက်တို့ကို မိမိတို့ဝိုင်းဝန်းဖြည့်စွက်ပေးနိုင်ကြဖို့ အားထုတ်ကြရမည်ဖြစ်ပါသည်။ လိုအပ်ချက်ဆိုသည်မှာ စိတ်ဓါတ်ရေးရာ လိုအပ်ချက်ကိုဆိုလိုပါသည်။ သို့မှသာ ကမ္ဘာ့လူသားအများစုကဘာသာရေးခေါင်းဆောင်တို့သည် ကမ္ဘာ့လူသားအားလုံးတို့အတွက် ကျေးဇူးပြုတတ်သောအထူးအားကိုးထိုက်သော ပုဂ္ဂိုလ်များဖြစ်သည်ဟု သိမြင်လာကြမည်ဖြစ်ပါသည်။ ထိုသည်ကား မိမိ၏ တောင်ဆိုမှုပင်ဖြစ်ပါသတည်း။

ပူလောင်နေသောကမ္ဘာမှာ မိမိတို့သည် မီး၏သတ်တကားကျားသဖွယ် ကိလေသာမီး သောကမီး စစ်မီးတို့ကို ငြိမ်းသတ်နိုင်သော ပုဂ္ဂိုလ်များအဖြစ် ကမ္ဘာ့ရေးရာမှာပါဝင်ကြရမည်ဖြစ်ပါသည်။ ကမ္ဘာလောကကို မီးဝိုင်းရှို့သော လူတွေထဲမှာ ကျွန်ုပ်တို့မပါဝင်နိုင်ပေ။ မိမိတို့ဘာသာရေးခေါင်းဆောင်များသည် လူသားတို့ခံမှ ဘာကိုမျှ မတောင်းဆိုကြပါ။ သို့သော် “Jealousy ကို Joy သို့ပြောင်းကြပါ။ Evil ကို Good သို့ပြောင်းကြပါ။ Ignorance ကို Enlightenment သို့ပြောင်းကြပါ။ အ၀ိဇ္ဇာမှ ၀ိဇ္ဇာသို့ ပြောင်းကြပါ” ဟူသော Change ကိုတကယ်ပဲ တောင်းဆိုလိုပါသည်။

သီတဂူဆရာတော်
သီတဂူ စန်းလပမာချမ်းမြသာယာရှိကြပါစေ။


Read more...

နိဗ္ဗာန်ရောက်ကြောင်း ဉာဏ် (၁၆) ပါး...


(၁) နာမရူပ ပရိစ္ဆေဒဉာဏ် - ဘုံးသုံးပါး၌ ရုပ်နာမ် နှစ်ပါးကို ပိုင်းခြား၍ သိသောဉာဏ်။
(၂) ပစ္စယပရိဂ္ဂဟဉာဏ် - ရုပ်နာမ် နှစ်ပါး၏ ဖြစ်ကြောင်းတရားကို သိမ်းဆည်းသောဉာဏ်။
(၃) သမ္မသနဉာဏ် - ရုပ်နာမ် နှစ်ပါးကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဟု သုံးသပ်သောဉာဏ်။
(၄) ဥဒယဗ္ဗယဉာဏ် - ရုပ်နာမ် နှစ်ပါး ဖြစ်ပျက်ပုံကို ရှုသဖြင့် ဖြစ်ပေါ်လာသောဉာဏ်။
(၅) ဘင်္ဂဉာဏ် - ရုပ်နာမ် နှစ်ပါး ပျက်စီးခြင်းကို ရှုသည်၏ အစွမ်းဖြင့် ထင်မြင်သောဉာဏ်။
(၆) ဘယဉာဏ် - ရုပ်နာမ် နှစ်ပါး ပျက်စီးခြင်းကို ဘေးဟူ၍ ရှုသည်၏ အစွမ်းဖြင့် ထင်မြင်သောဉာဏ်။
(၇) အာဒီန၀ဉာဏ် - ထိုဘေးကို ဆင်းရဲခြင်း အပြစ်ဟု ရှုသည်၏ အစွမ်းဖြင့် ဖြစ်သောဉာဏ်။
(၈) နိဗ္ဗိန္ဒဉာဏ် - ရုပ်နာမ်ခန္ဓာ သင်္ခါရ ဖြစ်ပျက်ပုံ အလုံးစုံကို စက်ဆုပ်ရွံရှာ ငြီးငွေ့ဖွယ် ဟု မြင်သောဉာဏ်။
(၉) မုဉ္စိတုကမျတာဉာဏ် - ရုပ်နာမ်ခန္ဓာ သင်္ခါရ ဖြစ်ပျက်ခြင်းမှ လွတ်ထွက်ရာ နိဗ္ဗာန်သို့ ညွှတ်သောဉာဏ်။
(၁၀) ပဋိသင်္ခါဉာဏ် - ရုပ်နာမ်ခန္ဓာ သင်္ခါရတို့မှ လွတ်ထွက်ကြောင်း ဖြစ်ရန် ဆင်ခြင်သောဉာဏ်။
(၁၁) သင်္ခါရုပေက္ခာဉာဏ် - ရုပ်နာမ်ခန္ဓာ သင်္ခါရတို့၌ ချစ်ခြင်း၊ မုန်းခြင်း တို့မှ ကြဉ်ရှောင်၍ လျစ်လျူပြုသောဉာဏ်။
(၁၂) အနုလောမဉာဏ် - ရှေးဉာဏ်များ ဖြစ်ပေါ်ပြီးမြောက်သဖြင့် သတိပဋ္ဌာန် စသော ဗောဓိပက္ခိယတရား ၃၇ ပါးတို့အားလျော်စွာ ဖြစ်ပေါ်သောဉာဏ်။
(၁၃) ဂေါတြဘူဉာဏ် - ပုထုဇဉ်အနွယ်ကို ဖြတ်၍ အရိယာအနွယ်ကို ပွားစေသောဉာဏ်။
(၁၄) မဂ္ဂဉာဏ် - နိဗ္ဗာန်ကို သိမြင်သောမဂ်ဉာဏ်။
(၁၅) ဖလဉာဏ် - နိဗ္ဗာန်ကို သိမြင်သော ဖိုလ်ဉာဏ်။
(၁၆) ပစ္စဝေက္ခဏာဉာဏ် - မဂ်ဖိုလ် နိဗ္ဗာန်ပယ်ပြီး မပယ်ပြီးသော တရားငါးပါးတို့ကို ဆင်ခြင်သောဉာဏ်။



Read more...

ဆွမ်းတော်တင်ကို စွန့်၍ စားသင့်မစားသင့်


Posted on 9:26 PM by peacefulness


အရှင်ဘုရားတပည့်တော်ရိုသေစွာစာရေးလျှောက်ထားအပ်ပါသည်ဘုရား....အရှင်ဘုရားရဲ့ ဘလော့ထဲမှာ ပါတဲ့အကြောင်းအရာတွေကို မလွတ်တမ်းဖတ်ရှုနေ တဲ့သူတစ်ယောက်ပါဘုရား၊ အရှင်ဘုရားရဲ့ ဘလော့မှာ အမေးအဖြေလေးတွေ တွေ့လိုက်ရတော့ တပည့်တော် သိချင်တာလေး ကို အရှင်ဘုရားအားမေးလျှောက်ဖို့ စိတ်ကူးပေါ်လာပါတယ်... ဘုရားဆွမ်းတော်တင်ထားတဲ့ ဆွမ်းဟင်းတွေ ကို စွန့်ပြီးစားသုံးသင့် ၊မသင့်နဲ့ ပတ်သက်ပြီးစာအုပ်တွေထဲမှာရေးထားတာ ကွဲလွဲနေတာ ကိုဖတ်ရှုရပါတယ်ဘုရား၊ ဘုရားဆွမ်းတော်တင်ထားတဲ့ဆွမ်းဟင်းတွေ ကို စွန့်ပြီးစားသုံးလျှင် အန္တရာကင်းပါတယ်လို့ ရေးထားပါတယ် ဘုရား ..ဒါပေမယ့် တချို့စာအုပ်တွေမှာ ဘုရားဆွမ်းတော်ကို စေတနာသုံးတန် ပြတ်သားစွာနဲ့ လှူဒါန်းထားတာ ဖြစ်တဲ့ အတွက် ပြန်၍မစားသုံးကောင်းဘူး လို့ရေးထားပါတယ်ဘုရား ...ဘယ်စာက အမှန်လည်းဆိုတာကို မေတ္တာကရုဏာတော် ရှေ့ထား၍ ဖြေကြားပေးတော်မူပါဘုရား။

သိန်းမင်းအောင်(မောင်လေပြေ)

Russian federation

ဖြေ- မောင်လေပြေ မေးတဲ့မေးခွန်းက သိပ်ကောင်းပါတယ် အားလုံးလည်း သိသင့်သိထိုက်ပါတယ်.

မောင်လေပြေ ပြောသလို စာအုပ်တွေထဲ မှာလည်း အမျိုးမျိုး ရေးသားထားတာကို ဖတ်ခဲ့ဘူးပါတယ်။ ဒါပေမယ့် စာအုပ်တိုင်းမှာ လည်း ဒီကိစ္စနဲ့ပါတ်သတ်ပြီး အတိအကျ ညွန်းကြားပြသ ထားတာမတွေ့ရပါဘူး။ ဆွမ်းတော်တင်ကို ဘုရား ဝေယျာဝစ္စ လုပ်သူများ စွန် ပြီး စားကောင်းပါတယ်လို့ ဖော်ပြထားပါတယ်။ ဆွမ်းတော်တင်ကို စွန့်ပြီး စားရင် အန္တရာယ်ကင်းတယ် ။၊စေတနာသုံးတန် ဖြင့် လှုဒါန်းပြီးသော ဆွမ်တော် များကို မစားကောင်းဟု ရေးသားထားသည် များမှာ စာရေးဆရာတို့ စာဖတ်သူတို့ အပေါ် ကောင်းသောစေတနာ အာဘော်သာဖြစ်ပါလိမ့်မယ်။

စာရေးသူ ဟိုတုန်းက ဆရာတော်များများ ကိုမေး လျှောက်ထားခဲ့ဘူးပါတယ်။ ထိုဆရာတော်များသည်လည်း မြတ်စွာဘုရားလက်ထက်တော်မှာ ဒီလိုမျိုး ဆွမ်တော်တင်ကို စွန့်စားရင် အန္တရာယ်ကင်းတယ် ၊ စေတနာသုံးတန် ဖြင့် လှုးဒါန်းပြီးသော ဆွမ်တော်များကို စွန်၍့ မစားကောင်း စားလျှင်ဘာဖြစ်တယ်စသည်ဖြင့် ရေးသားထားသော စာများ နှင့် ဟောပြောချက်များကို မတွေ့ခဲ့မိပါဟု ပြန်လည် ဖြေကြားတော်မူခဲ့ပါတယ်။ ဒါကြောင့် မေးခွန်းကိုမေးလာသော မောင်လေပြေ သိသင့်သည်မှာက ဆွမ်တော်တင်ကို စွန့်ပြီး စားကောင်းပါတယ်ဆိုတာကို မှတ်ပေးပါ။ု ဆွမ်တော်တင် ပြီး လူတွေ စွန့်ပြီး မစားသင့်ဘူးဆိုရင် တိရစ္ဆာန်တွေ ပဲစားကောင်းတာလား။ တန်ဖိုးမြင့်မြတ်တဲ့ ဘုရားဆွမ်းတော်ကိုစွန့်ပြီး တိရစ္တာန်တွေတောင် စားလို့ ရသေးရင် အသိညဏ်ရှိတဲ့ လူတွေက ဘာကြောင့်မစားကောင်းပါသလဲ။

လူအတော်များများ ဆွမ်းတော်တင်ကို စွန့်ပြီး မြေပြင်ပေါ်ကို ပုံတာသိုမဟုတ် မြေပေါ်ကို ကြဲချ ပြီး ကျွေးမွေးနေတာတွေ၊ တစ်ချို့ဆို တက်တောင်နင်းသွားကြတာတွေကို နေရာတိုင်းလိုလိုမှာ တွေ မြင်နေရပါတယ် ။ ဒါလေးတွေကို မေးလျှောက်သူ မောင်လေပြေနှင့် စာဖတ်သူတို့ဘယ်လိုမြင်ပါသလဲ မိမိတို့ကိုယ်ပိုင်ညဏ်လေးနှင့်လည်း ဝေဖန်သုံးသပ်ပေးပါ ။ ဘုရားဆွမ်းတော်တင်ကို ဒီလိုမလေးမစား ပြုလုပ်လိုက်တာသည် ဘုရားကိုမလေးစားတာနဲ့တူပါတယ်။ ဒါမျိုးကြတော့ အန္တရာယ်ရှိတယ်လို့ မလုပ်ကောင်းဘူးလို့မမြင်ကြဘူး။ ဆွမ်တော်တင် ကိုစွန့်ပြီး စားသုံတာကိုတော့ မကောင်းဘူးလို့မြင်ကြတယ်။ ဆွမ်တော်တင်ကို ခုလိုမရိုမသေ စွန့်ကြဲသူနဲ့ ရိုရိုသေနဲ့ စွန့်ပြီးစားတဲ့သူ နှစ်ယောက်မှာ ဘယ်ပုဂ္ဂိုလ်မှာ ပိုပြီး အကုသိုလ်ဖြစ်နိုင်ပါသလဲဆိုတာကိုတော့ စဉ်စားနိုင်ကြပါတယ်။

"မြတ်စွာဘုရားဟောခဲ့တာ တစ်ခုရှိတယ်။ ငါဘုရားဟောပြောတဲ့စကားတွေကို ငါဘုရားစကားတော်ဆိုပြီး မယုံကြည်လိုက်ပါနဲ့ မှန်တယ်ဆိုပြီး တန်းပြီးမဆုံးဖြတ်ပါနဲ့ ။ ငါဘုရားဟောခဲ့တာတွေကို သေချာစဉ်စားပါ ဝေဖန်ပါ ပိုင်းခြားပြီးမှ မှန်တယ်သင့်တယ်ဆိုရင် လက်ခံပါ။ ဘုရားရှင် ကိုယ်တော်တိုင်ဟောခဲ့တဲ့ တရားပါ"

မေးခွန်းမေးလာသူမောင်လေပြေနှင့် စာဖတ်သူတွေ အားလုံးလည်း အတွေးအမြင်လေးတွေ ရှင်းသွားပြီးလိုထင်ပါတယ်။ အားလုံးကျမ်းမာချမ်းသာကြပါစေ....



Read more...

မြတ်ဗုဒ္ဓ၏ အဋ္ဌမဝိပါက်တော်

ရှေးလွန်လေပြီးသော ကမ္ဘာတခု၌ ဘုရားအလောင်းတော်သည် ပဒေသရာဇ်မင်း ဖြစ်တော်မူသည်။ ထိုအခါ မိုက်မဲယုတ်မာသောသူများနှင့် သေရည်သေရက် သောက်စားပြီး ပျော်ပါးမူးယစ်နေလေ့ရှိသည်။
တနေ့သောအခါ အလောင်းတော်သည် သေရည်သေရက်သောက်စား၍ မူးယစ်လာသောအခါ အပြစ်မရှိသူတယောက်ကို သူမကြိုက်သော အကြောင်းတခုနှင့် ပတ်သက်ပြီး အလွန်ဒေါသဖြစ်မိသည်။

ထိုအခါ ထိုသူကို ငါးများကို ဓားနှင့်မွန်းသလို ရက်ရက်စက်စက် ညှဉ်းဆဲတော်မူခဲ့လေသည်။ ထို့နောက် သေလောက်အောင် တခါတည်း ပွဲချင်းပြီး ထိုးသတ်လိုက်လေသည်။ ထိုအကုသိုလ်ကံဆိုးကြောင့် အပါယ်ငရဲတွင် ကြိမ်ဖန်များစွာ ခံစားခဲ့ရသည်။ နောက်ဆုံးဘုရားဖြစ်တော်မူသောဘဝတွင် ဤဝိပါက် အဆက်ပါလာပြီး ဆရာဇီဝက၏ ခြေမတော်၌ ဓားဖြင့်ခွဲ၍ ကုသခြင်းကို ခံရလေသည်။

ဘုရားကို သတ်ရန် ဒေဝဒတ်သည် ဂိဇ္ဈဂုဋ်တောင်စောင်းမှ ကျောက်မောင်းဆင်၍ လှိမ့်ချရာ ကျောက်တုံးကြီးနှင့် မထိမခိုက်ဘဲ လွဲချော်သွား၏။ သို့သော် ကျောက်တုံးကြီးအဆင်းတွင် ကျောက်နံစောင်းကို ထိပြီး ကျောက်လွှာလွင့်စဉ်လာသည်။ ထိုလွင့်စဉ်လာသော ကျောက်ချပ်ထိမှန်သောကြောင့် ခြေမတော်အဖျား ပေါက်ပြဲပြီး သွေးစိမ်းတည်၍ နေလေသည်။ ထိုအနာသည် လွယ်ကူစွာ မပျောက်ဘဲ နာကျင်တော်မူလှသဖြင့် ဆရာဇီဝကအား ကုသစေသည်။ ဆရာဇီဝကသည် ခြေမတော်မှာ ကိန်းနေသော သွေးစိမ်းများကို ဓားဖြင့်ခွဲ၍ ကုသပေးသောအခါမှ ကောင်းစွာ ပျောက်ကင်းသွားလေသည်။

ဤနေရာတွင် ကုသိုလ်စိတ်ထားနှင့် အကုသိုလ်စိတ်ထား အကျိုးပေးပုံကို သတိပြုသင့်လှ၏။ ဆရာဇီဝကသည် ဘုရားခြေမတော်ကို ဓားဖြင့်ခွဲသော်လည်း ဝေဒနာပျောက်ကင်းစေရန် စေတနာဖြင့် ပြုလုပ်ခြင်းကြောင့် အကုသိုလ်မဖြစ်သည့်အပြင် ကုသိုလ်ကောင်းကျိုးပင် များစွာရလေသည်။
ကောင်းမှု မကောင်းမှုများတွင် စေတနာသည် အရေးကြီးသောအကြောင်းဖြစ်ပုံကို သတိပြု အရေးထားဖွယ်အဖြစ် ထင်ရှားသည်။ ဘုရားအလောင်းတော်သည် ထိုအကုသိုလ်ကံကြောင့် ငရဲကျရောက်ပြီး နောက်ဆုံး ပရိနိဗ္ဗာန်ပြုရမည့်ဘဝတွင် အရှိန်မပျောက်ဘဲ အကုသိုလ်အကျိုးဆက်ကို ပေးဆပ်သွားရသေးသည်။

ထိုအကုသိုလ်အကျိုးဆက်ကို လယ်တီပဏ္ဍိတ ဆရာ ဦးမောင်ကြီးက လင်္ကာစပ်ဆိုပုံမှာ-
ကျော်လွှာခတ်လို့၊ သွေးဓာတ်ဆူပူ၊
ခြေမတော်ဦး၊ ထွတ်ဖူးတဆူ၊
သွေးညိုကိန်းလို့၊ ကျိန်းစပ်တော်မူ၊
ဇီဝက ခွဲရ-ဘယ်ဝဋ်ဟူ။

ပဒေသရာဇ်၊ မင်းဖြစ်စဉ်ဝယ်၊
မူးယစ်သောက်စား၊ ဖောက်ပြားမဖွယ်၊
လူရှင် လတ်လတ်၊ ထိုးသတ်ပြန်တယ်၊
ဓားဝိပါက် အဆက်-သူကနွယ်။

မောင်အဂ္ဂ

( မြတ်မင်္ဂလာ ၂ဝဝ၁-ခု မတ်လ )

မြတ်ဗုဒ္ဓ၏ သတ္တမဝိပါက်တော်

ဒေဝဒတ်သည် သတ်လိုသော စေတနာနှင့် ဗုဒ္ဓအား သတ်ရန် ချက်ကောင်းကို အမြဲကြံစည်၍ စောင့်နေ၏။ သို့သော် ရှင်တော်ဘုရား၏ ဘုန်းသမ္ဘာကြောင့် တခါမျှ အကြံမအောင်ပေ။ တနေ့တွင် မိမိအား ယုံကြည်ကိုးကွယ်သူ အဇာတသတ်မင်းနှင့် တိုင်ပင်ပြီး အလွန်ဆိုးဝါးသော နာဠာဂီရိဆင်ကြီးကို အရက်တိုက်လွှတ်လိုက်သည်။ ထိုဆင်ကြီးသည် ဆွမ်းခံကြွနေသော ရှင်တော်ဘုရားနှင့် သံဃာတော်များ၏ ရှေ့တည့်တည့်တွင် ရောက်ရှိလာသည်။ တိုင်းသူပြည်သား လူအများတို့သည် ခေါင်းနပန်းကြီးပြီး ကြက်သီးတွေ တဖြန်းဖြန်းနှင့် ထိတ့်လန့်နေကြသည်။ အရှိန်နှင့် ပြေးလာသော ဆင်ကြီးသည် ရှင်တော်ဘုရားနှင့် ရင်ဆိုင်တွေ့တော့သည်။

ထိုအခါ ဘုရားရှင်၏ မေတ္တာတော်အဟုန်ကြောင့် မြတ်ဘုရား၏ ခြေတော်ရင်းမှာ ဝပ်တွားဦးခိုက်နေရှာသည်။ ဒေဝဒတ်နှင့် အပေါင်းအသင်းတွေကလည်း အံ့သြဖွယ်ရာအဖြစ်ကို မြင်ရတော့ ဝေးရာပြေးပြီး ရှောင်တိမ်းပုန်းကွယ်နေကြသည်။ မြတ်စွာဘုရားနှင့် သံဃာတော်များကတော့ ခါတိုင်းလိုပဲ ဆွမ်းခံလမ်းတွင် ဆက်လက်ပြီး ဆွမ်းအလှူခံနေကြသည်။ ထိုဖြစ်ရပ်သည် အဘယ်အကြောင်းကြောင့်ဆိုလျှင်-

ရှေးလွန်လေပြီးသော အတိတ်ဘ၀က ဗာရာဏသီပြည်၌ ဘုရားအလောင်းတော်သည် ဆင်ထိန်းဆင်ကျောင်းအမျိုးမှာ ဖြစ်တော်မူခဲ့သည်။တနေ့တွင် ဆင်စီးပြီး မြို့တွင်းသို့ လှည့်လည်ရာ လမ်းမှာ ဆွမ်းခံကြွလာသည့် ပစ္စေကဗုဒ္ဓါတပါးနှင့် ပက်ပင်းဆုံမိသည်။ ထိုအခါ အလောင်းတော်ဆင်ထိန်းက ကြိမ်းဝါးမောင်းမဲပြီး-ဦးပြည်းရဟန်း၊ ရှောင်ပေးပါ၊ ဆင်နဲ့တိုက်ပြီး အသေခံချင်လို့လား၊ မရှောင်ရင် ဆင်နဲ့တိုက်လိုက်မယ်။ ဤကဲ့သို့ ခြိမ်းခြောက်သည်။ ဒီလိုခြိမ်းခြောက်ပေမဲ့ ပစ္စေကဗုဒ္ဓါ အရှင်မြတ်ကတော့ တုန်လှုပ်ခြင်းမရှိပါ၊ ရဟန်းတို့၏ ဣနြေ္ဒ မပျက်စေဘဲ သွားရိုးသွားစဉ်အတိုင်းသာ ကြွသွားတော်မူသည်။ ဒါကို ဆင်ထိန်းက မြင်တော့ ပိုပြီးဒေါသထွက်လာတယ်။

သင် ရဟန်းဟာ ငါ့ကို သက်သက် မထီလေးစားလုပ်တာပဲ-လို့ ကြိမ်းဝါးပြီး ဆင်ကြီးနှင့် တိုက်ပြန်သည်။ ထိုအခါ ရှင်ပစ္စေကဗုဒ္ဓါက လျင်မြန်စွာ ဈာန်ယာဉ်စီးပြီး ကောင်းကင်ခရီးသို့ ပျံကြွတော်မူသည်။ ဆင်ရိုင်းကြီးဘေးမှ လွတ်သွားသော်လည်း ရုတ်တရက် ကောင်းကင်သို့ ပျံကြွရသည့်အတွက် ရုံတော်မူထားသည့် သင်္ကန်းတော်ကား လျှောကျကျန်ခဲ့သည်။ ထိုသင်္ကန်းကို ဆင်ကြီးက အတင်းနင်းပြီး ကြေမွသွားအောင် ဆွဲဆုတ်ပစ်လိုက်သည်။ ဘုရားလောင်း ဆင်ထိန်းဟာ ထိုအကုသိုလ်ကြောင့် ငရဲမှာ ကြာရှည်စွာ ခံစားရပြီး အဆုံးဘ၀ ဘုရားဖြစ်တော်မူသည့်အခါ နာဠာဂီရိဆင်နှင့် တိုက်သတ်သည့် ဝဋ်-ခံတော်မူရသည်။

ထိုဝဋ်တော်နှင့် စပ်လျဉ်း၍ လယ်တီပဏ္ဍိတ ဦးမောင်ကြီးက-
ဆွမ်းခံကြွမြန်း၊ ထိပ်ပန်းဘုန်းကြွယ်၊
မုန်ကျဆင်ကြီး၊ ခရီးအကျယ်၊
ဒေဝဒတ်မိုက်၊ လွှတ်လိုက်ပြန်တယ်၊
ရင်ဆိုင်တွေ့၊ ဆင်ဝှေ့ ဘယ်ဝဋ်နွယ်။

ဆင်ထိန်းဆင်ကျောင်း၊ အလောင်းဖြစ်တုံ၊
ရှင်ပစ္စေက၊ လမ်းမအဆုံ၊
ဒေါသထားလို့၊ ပြစ်မှားသုန်မှုန်၊
ဆင်နှင့်တိုက်၊ ဝဋ်လိုက်စေဖို့ ကြုံ-ဟု စပ်ဆိုတော်မူခဲ့သည်။

မောင်အဂ္ဂ

( မြတ်မင်္ဂလာ ၂ဝဝ၁-ခု ဖေဖော်ဝါရီလ )


Read more...

အရေးယူသင့်ပြီဖြစ်ကြောင်းကိုလည်း လျှောက်ထားအပ်ပါသည်ဘုရား

အသိပေးချက်အမှတ်စဉ် (၃)

အထက်ပါတင်ပြချက်တို့ကို ၁၃၆၉-ခုနှစ်၊
နယုန်လပြည့်ကျော်(၄)ရက် (၃.၆.၂ဝဝ၇) တနင်္ဂနွေနေ့မှစ၍

စီစဉ်ရေးသားပြီး မကြာမီအတွင်းမှာပင် နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများနှင့် သက်ဆိုင်ရာသာသနာရေး အရာရှိများထံသို့ အသိပေး တင်ပြခဲ့ကြပြီး ဖြစ်ခြင်းကြောင့် မဟာနာယကဆရာတော်ကြီးများကလည်း အရေးတယူ ရှိတော်မူကြလျက် သက်ဆိုင်ရာအစိုးရအကြီးအကဲတို့ကလည်း ဂရုပြုခဲ့ကြပါသည်။ ထို့ကြောင့်ပင် ဥက္ကဋ္ဌဆရာတော်ကြီးက (၂)ကြိမ်တိုင်တိုင် သြဝါဒပေးပြီး ချီးမြှင့်ခဲ့ပါသည်။ သာသနာရေးဝန်ကြီးကလည်း ဆရာတော်ကြီး၏ သြဝါဒတော်အားလျှော်သော လျှောက်ထားချက်များဖြင့် ဖြစ်လာမည့်ကိစ္စတို့ကို အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးလိုကြောင်း လျှောက်ထားပြီး ဖြစ်ပါသည်။

ဆရာတော်ကြီး၏ ဒုတိယအကြိမ်ပေးအပ်ချီးမြှင့်ထားသည့် သြဝါဒတော်များကို သတင်းစာမှ ကူးယူ၍ ဆက်လက်လျှောက်ထား တင်ပြလိုပါသေးသည်။

ဝန်ကြီး၏ လျှောက်ထားချက်တို့ကိုလည်း အသိအမှတ်ပြုကာ မှတ်တမ်းတင်ထား လိုပါသေးသည်။

ထေရဝါဒဗုဒ္ဓသာသနာတော်နှင့်မညီသော ရေးသားခြင်း၊ ဟောပြောခြင်း၊ ပြသခြင်း၊ ပြုလုပ်ခြင်းများကို အရေးယူ တားဆီးကာကွယ်ရန် ဆောင်ရွက်ခွင့်ရရှိ။

ရန်ကုန် နိုင်ဝင်ဘာ ၂၂
ပြည်ထောင်စုမြန်မာနိုင်ငံတော် ဆဋ္ဌအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ အစည်းးအဝေး၌ မိန့်ကြားတော်မူအပ်သော သဘာပတိ၊ ဥက္ကဋ္ဌ၊ မကွေးမြို့ မဟာဝိသုတာရာမတိုက်သစ် ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂမ္ဂမဟာပဏ္ဍိတိတ ဘဒ္ဒန္တကုမာရ၏ သာရဏီယသြဝါဒကထာ အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည်။

ဆဋ္ဌအကြိမ် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ (၄၇)ပါးစုံညီ ဆဋ္ဌအစည်းအဝေးသို့ အားပေးချီးမြှောက် ကြွရောက်တော်မူလာကြသော နိုင်ငံတော်သံဃမဟာနာယက ဆရာတော်အရှင်မြတ်တို့ဘုရား-

''ဆရာတော်အရှင်မြတ်တို့ ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနှင့် ပြည့်စုံတော်မူကြ၍ သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွါးတိုးတက်အောင် ဆောင်ရွက်တော်မူနိုင်ကြပါစေ''ဟု အာသီသပတ္ထနာပြုလျက် နှုတ်ခွန်းဆက်စကား လျှောက်ထားပါသည်ဘုရား။ ဆရာတော် အရှင်မြတ်တို့ဘုရား မြတ်စွာဘုရားသည် - ယေ တေ ဘိက္ခဝေ ဘိက္ခူ အဓမ္မံ ဓမ္မောတိ ဒီပေန္တိ၊ တေ ဘိက္ခဝေ ဘိက္ခူ ဗဟုဇနအဟိတာယ ပဋိပန္နာ ဗဟုဇနအသုခါယ ဗဟုနော ဇနဿ အနတ္ထာယ အဟိတာယ ဒုက္ခာယ ဒေဝမနုဿာနံ။ ဗဟုဉ္စ တေ ဘိက္ခဝေ ဘိက္ခူ အပုညံ ပသဝန္တိ။ တေ စိမံ သဒ္ဓမ္မံ အန္တရဓာပေန္တီ တိ။ ပ ။ ရဟန်းတို့ အကြင်ရဟန်းတို့သည် တရားစစ်တရားမှန်မဟုတ်သော အဓမ္မကို တရားစစ် တရားမှန်ဖြစ်သော ဓမ္မဟုလည်းကောင်း၊ တရားစစ်တရားမှန်ဖြစ်သော ဓမ္မကို တရားစစ် တရားမှန် မဟုတ်သော အဓမ္မဟု လည်းကောင်း၊ ဝိနည်းစစ်ဝိနည်းမှန်မဟုတ်သော အဝိနယကို ဝိနည်းစစ်ဝိနည်းမှန်ဖြစ်သော ဝိနယဟုလည်းကောင်း၊ ဝိနည်းစစ် ဝိနည်းမှန်ဖြစ်သော ဝိနယကို ဝိနည်းစစ်ဝိနည်းမှန်မဟုတ်သော အဝိနယဟု လည်းကောင်း၊ မြတ်စွာဘုရား မဟောအပ် မပြောအပ်သည်ကို မြတ်စွာဘုရား ဟောအပ်ပြောအပ်ဟုလည်းကောင်း၊ မြတ်စွာဘုရားဟောအပ် ပြောအပ်သည်ကို မြတ်စွာဘုရား မဟောအပ်မပြောအပ်ဟုလည်းကောင်း၊ မြတ်စွာဘုရား အလေ့အကျင့်မပြုအပ်သည်ကို မြတ်စွာဘုရား အလေ့အကျင့် ပြုအပ်၏ဟု လည်းကောင်း၊ မြတ်စွာဘုရား အလေ့အကျင့် ပြုအပ်သည်ကို မြတ်စွာဘုရား အလေ့အကျင့် မပြုအပ်ဟုလည်းကောင်း၊ မြတ်စွာဘုရား မပညတ်အပ်သည်ကို မြတ်စွာဘုရား ပညတ်အပ်၏ဟု လည်းကောင်း၊ မြတ်စွာဘုရား ပညတ်အပ်သည်ကို မြတ်စွာဘုရား မပညတ်အပ်ဟု လည်းကောင်း ပြုကြကုန်၏။ ရဟန်းတို့ ထိုရဟန်းတို့သည် လူအများစီးပွါးချမ်းသာမဲ့ခြင်း၊ အကျိုးမဲ့ခြင်း၊ နတ်လူတို့အစီးအပွါးမဲ့ခြင်း၊ ဆင်းရဲခြင်းငှါ ကျင့်သည် မည်ကုန်၏။ ရဟန်းတို့ ထိုရဟန်းတို့သည် များစွာသော အကုသိုလ်ကိုလည်း ဖြစ်ပွါးစေသည် မည်ကုန်၏။ ထိုရဟန်းတို့သည် ဤသာသနာတော်ကိုလည်း ကွယ်ပျောက်စေသည် မည်ကုန်၏ဟု ဟောတော်မူပါသည်ဘုရား။

ဆရာတော်အရှင်မြတ်ဘုရား ယခုသာသနာတော်နောက်ပိုင်း အချိန်အခါ၌ အဓမ္မကို ဓမ္မဟု ပြခြင်း စသည်ဖြင့် လူအများစီးပွါးချမ်းသာမဲ့ခြင်း၊ အကျိုးမဲ့ခြင်း၊ နတ်လူတို့အစီးအပွါးမဲ့ခြင်း၊ ဆင်းရဲခြင်းငှါ ကျင့်ကြကုန်သည်ဖြစ်၍ များစွာသော အကုသိုလ်ကို ဖြစ်ပွါးစေကြကာ သာသနာတော်ကြီး ကွယ်ပျောက်အောင် ပြုလုပ်နေကြသည့် ရဟန်း သာမဏေများ ပေါ်ပေါက်နေကြသည်ကို ကြားသိကြရပါသည်ဘုရား။

အချို့ရဟန်းများကလည်း ထေရဝါဒဗုဒ္ဓသာသနာတော် မှေးမှိန်ကွယ်ပျောက်၍ မဟာယာနသာသနာဖြစ်ပေါ်အောင် လုပ်ဆောင်နေကြသည်ကိုလည်း ကြားသိနေရပါသည်ဘုရား။

ဆရာတော်အရှင်မြတ်တို့ဘုရား ဆိုခဲ့ပြီးသော အဓမ္မကို ဓမ္မဟု ပြခြင်း စသည်ဖြင့် နတ်လူအများ စီးပွါးချမ်းသာမဲ့အောင် ဆင်းရဲအောင် သာသနာတော်ကိုလည်း ကွယ်ပျောက်အောင် ထေရဝါဒဗုဒ္ဓသာသနာ ထွန်းကားနေသည့် မြန်မာနိုင်ငံတော်၌ မဟာယာနသာသနာ ပေါ်ပေါက်လာအောင် ပြုလုပ်နေကြသော သာသနပစ္စတ္ထိက = သာသနာ့ ရန်စွယ်ဖြစ်သော ရဟန်းသာမဏေများ အင်အားမကောင်းမီ ကြိုတင်၍ ကာကွယ်ကြရန် လိုအပ်နေပြီဖြစ်ကြောင်းကို လျှောက်ထားပါသည်ဘုရား။

ထို့ပြင် နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့များက အဓမ္မဟု ဆုံးဖြတ်ခဲ့သော ဝါဒများကို ပြန်လည်ဟောပြော နေကြသည်ကိုလည်းကောင်း၊ အဓမ္မဝါဒဟု ဆုံးဖြတ်ပြီးသော စာအုပ်စာတမ်းများကို မိတ္တူကူး၍ ဖြန့်ချိနေကြသည်ကို လည်းကောင်း ကြားသိ တွေ့မြင်နေကြရပါသည် ဘုရား။

ထိုအဓမ္မဝါဒကို ပြန်လည်ဟောပြောနေမှု၊ အဓမ္မဝါဒ စာအုပ်စာတမ်းများကို မိတ္တူကူး၍ဖြန့်ချိနေမှု စသည်တို့ကို သက်ဆိုင်ရာမှ စုံစမ်းစိစစ်၍ ဖေါ်ထုတ် အရေးယူသင့်ပြီဖြစ်ကြောင်းကိုလည်း လျှောက်ထားအပ်ပါသည်ဘုရား။

ယင်းသို့ တိတိကျကျ ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်မှုများကို မပြုလုပ်ဘဲ လျစ်လျူရှုနေပါက ယင်းအဓမ္မဝါဒများ ပြန်လည်ခေါင်းထောင် လာမည်ကို လည်းကောင်း၊ နိုင်ငံတော်ဝိနည်းဓိုရ် ဆရာတော်များ ဆုံးဖြတ်အပ် သော ဝိနိစ္ဆယများ အချီးအနှီးအလဟဿ ဖြစ်သွားမည်ကိုလည်းကောင်း စိုးရိမ်မိပါသည်ဘုရား။

ဤကိစ္စကို လေးလေးနက်နက် ဆင်ခြင်စဉ်းစား နှလုံးထားတော်မူကြပါဘုရား။

ဝိဘဇ္ဇ၀ါဒီ


Read more...

သာသနာ အရှည်တည်ကြောင်း မတည်ကြောင်း..

ကိမိလသုတ်

သာသနာ အရှည်တည်ကြောင်း မတည်ကြောင်း...

အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် -

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ကိမိလမြို့ ဝါးတော၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ အသျှင်ကိမိလမထေရ်သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေပြီးလျက် မြတ်စွာဘုရားအား-

''အသျှင်ဘုရား မြတ်စွာဘုရား ပရိနိဗ္ဗာန် စံတော်မူသည် ရှိသော် သာသနာတော် ကြာရှည်စွာ မတည်နိုင်ခြင်း၏ အကြောင်းကား အဘယ်ပါနည်း၊ အထောက်အပံ့ ကား အဘယ်ပါနည်း'' ဟု လျှောက်၏။

ကိမိလ ဤသာသနာတော်၌ မြတ်စွာဘုရားသည် ပရိနိဗ္ဗာန် စံတော်မူသည် ရှိသော် ရဟန်း ရဟန်းမိန်းမ ဥပါသကာ ဥပါသိကာမတို့သည် -

မြတ်စွာဘုရား၌ မရိုမသေ မတုပ်မဝပ် နေကုန်၏။
တရားတော်၌ မရိုမသေ မတုပ်မဝပ် နေကုန်၏။
သံဃာတော်၌ မရိုမသေ မတုပ်မဝပ် နေကုန်၏။
အကျင့် 'သိက္ခာ' ၌ မရိုမသေ မတုပ်မဝပ် နေကုန်၏။
မမေ့မလျော့ခြင်း 'အပ္ပမာဒ' ၌ မရိုမသေ မတုပ်မဝပ် နေကုန်၏။
အစေ့အစပ် ပြုမှု 'ပဋိသန္ထာရ' ၌ မရိုမသေ မတုပ်မဝပ် နေကုန်၏။

ကိမိလ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံတော်မူသည် ရှိသော်...
သာသနာတော် ကြာမြင့်စွာ မတည်နိုင်ခြင်း၏ အကြောင်းကား ဤသည်ပင်တည်း၊
အထောက်အပံ့ကား ဤသည်ပင်တည်း ဟု မိန့်တော်မူ၏။

အသျှင်ဘုရား မြတ်စွာဘုရား ပရိနိဗ္ဗာန် စံတော်မူသည် ရှိသော် သာသနာတော် ကြာမြင့်စွာတည်နိုင်ခြင်း၏ အကြောင်းကား အဘယ်ပါနည်း၊ အထောက်အပံ့ကား အဘယ်ပါနည်း ဟု (လျှောက်၏)။

ကိမိလ ဤသာသနာတော်၌ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံတော်မူသည် ရှိသော် ရဟန်း ရဟန်းမိန်းမ ဥပါသကာ ဥပါသိကာမတို့သည် -

မြတ်စွာဘုရား၌ ရိုသေမှု တုပ်ဝပ်မှု ရှိလျက် နေကုန်၏။
တရားတော်၌ ရိုသေမှု တုပ်ဝပ်မှု ရှိလျက် နေကုန်၏။
သံဃာတော်၌ ရိုသေမှု တုပ်ဝပ်မှု ရှိလျက် နေကုန်၏။
အကျင့် 'သိက္ခာ' ၌ ရိုသေမှု တုပ်ဝပ်မှု ရှိလျက် နေကုန်၏။
မမေ့မလျော့ခြင်း 'အပ္ပမာဒ' ၌ ရိုသေမှု တုပ်ဝပ်မှု ရှိလျက် နေကုန်၏။
အစေ့အစပ် ပြုမှု 'ပဋိသန္ထာရ' ၌ ရိုသေမှု တုပ်ဝပ်မှု ရှိလျက် နေကုန်၏။

ကိမိလ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံတော်မူသည် ရှိသော်...
သာသနာတော် ကြာမြင့်စွာ တည်နိုင်ခြင်း၏ အကြောင်းကား ဤသည်ပင်တည်း၊
အထောက်အပံ့ကား ဤသည်ပင်တည်း ဟု မိန့်တော်မူ၏။ 40

၁ဝ - ကိမိလသုတ်၊ ဒေဝတာဝဂ်၊ ဆက္ကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Read more...

လူမသိတဲ့ဒေါသတော့ သတိရနေပါတယ်... ( ဓမ္မဒူတ အရှင်ပညာဇောတ (မေး-ဖြေ))


ဓမ္မဒူတ အရှင်ပညာဇောတ (မေး-ဖြေ) ၈-မှ...

လူမသိတဲ့ဒေါသတော့ သတိရနေပါတယ်...




















Read more...

(PACCAYANIDDESA)-Hetupaccayo and Arammanapaccayo PACCAYANIDDESA (ANALYTICAL EXPOSITION OF THE CONDITIONS )


Translated By Dr.Hla Myint

1. Hetupaccayoti /1. ROOT CONDITION

Hetu hetusampayuttakanam dhammanam tamsamutthananabca rupanam hetupaccayena paccayo.

The roots are related to the states which are associated with roots, and the matter produced thereby, by root condition.

2. Arammanapaccayoti /2. OBJECT CONDITION

(1) Rupayatanam cakkhuvibbanadhatuya tamsampayuttakanabca dhammanam arammanapaccayena paccayo.
(i) Visible object-base is related to eye-consciousness element and its associated states by object condition.

(2) Saddayatanam sotavibbanadhatuya tamsampayuttakanabca dhammanam arammanapaccayena paccayo.
(ii) Sound-base is related to ear-consciousness element and its associated states by object condition.

(3) Gandhayatanam ghanavibbanadhatuya tamsampayuttakanabca dhammanam arammanapaccayena paccayo.
(iii) Odour-base is related to nose-consciousness element and its associated states by object condition.

(4) Rasayatanam jivhavibbanadhatuya tamsampayuttakanabca dhammanam arammanapaccayena paccayo.
(iv) Taste-base is related to tongue-consciousness element and its associated states by object condition.

(5) Photthabbayatanam kayavibbanadhatuya tamsampayuttakanabca dhammanam arammanapaccayena paccayo.
(v) Tangible object-base is related to body-consciousness element and its associated states by object condition .

(6) Rupayatanam saddayatanam gandhayatanam rasayatanam photthabbayatanam manodhatuya tamsampayuttakanabca dhammanam arammanapaccayena paccayo.
(vi) Visible object-base, sound-base, odour-base, taste-base, tangible object-base are related to respective mind-element and its associated states by object condition.

(7) Sabbe dhamma manovibbanadhatuya tamsampayuttakanabca dhammanam arammanapaccayena paccayo.
(vii) All states are related to mind-consciousness element and its associated states by object condition.

Read more...

ဒုစရိုက်(၁၀)ပါးပယ်ပုံများ


068-DUSARITE.10.mp3 -


Read more...

ဗုဒ္ဓဘာသာသမိုင်းအကျဉ်း

ဗုဒ္ဓဘာသာတို့အတွက် သိသင့်သိထိုက်တဲ့ ဗုဒ္ဓ၀င်အကျဉ်း (သို့) ဗုဒ္ဓဘာသာအကြောင်း သိကောင်းစရာအကျဉ်းလေးပါ။ သိလိုသူများအတွက် ရည်ရွယ်ကာ ရေးသား ပူဇော်လိုက်ပါသည်။

ဘုရားအလောင်းတော်သည် -၆၂၄-ဘီစီတွင် (မြန်မာလလို-၀ါဆိုလပြည့်၊ ကြာသာပတေးနေ့တွင်) မယ်တော်မာယာဝမ်းကြာ တိုက်တွင် သန္ဓေယူပါသည်။
ဘုရားလောင်းသည် -၆၂၃-ဘီစီ၊ (မြန်မာလလို ကဆုန်လပြည့်၊ သောကြာနေ့)တွင် နီပေါနိုင်ငံ၊ လုမ္ဗိနီဥယျာဉ်၌ မယ်တော်မာယာဒေ၀ီ၊ ခမည်းတော်သုဒ္ဓေါဒနမင်းကြီးတို့မှ မွေးဖွားခဲ့ပါသည်။ ဘုရားလောင်း နာမည်မှာ သိဒ္ဓတ္ထဖြစ်ပါသည်။
(၁၆-နှစ်မှ ၂၉)နှစ်အထိ နန်းစည်းစိမ်းကို ခံစားပါသည်။)
ဘီစီ-၅၉၄-(မြန်မာလလို-၀ါဆိုလပြည့်၊ တနင်္လာနေ့)တွင် အိမ်ရာတည်ထောင် လူ့ဘောင်ခွါကာ တောထွက်တော်မူပါသည်။ (သက်တော် ၂၉-နှစ် အရွယ် ဖြစ်ပါသည်။)
(၂၉-နှစ်မှ ၃၅-နှစ်အထိ ဒုက္ကရစရိယာ-ပင်ပန်းသောအကျင့် ကျင့်ခဲ့ရပါသည်။)
ဘီစီ-၅၈၈-(မြန်မာလလို-ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့)တွင် သဗ္ဗညုတဉာဏ်တော်ကို ရရှိတော်မူပါသည်။ (သက်တော် ၃၅-နှစ် အရွယ်ဖြစ်ပါသည်။)
၎င်းဘီစီ-၅၈၈-(မြန်မာလလို-၀ါဆိုလပြည့် စနေနေ့)တွင် ပထမဆုံးသော ဓမ္မစကြာသုတ်တော်ကို ဗာရာဏသီမြို့အနီး မိဂဒါဝုန် တောမှာ ဟောတော်မူပါသည်။

မှတ်ချက်။ ။ဗုဒ္ဓဂယာနှင့် မိဂဒါဝုန်တောသည် -၁၈-ယူဇနာ/ မိုင်အားဖြင့် -၁၄၄-မိုင် ဝေးပါသည်။

ဓမ္မစကြာတရားပွဲမှာ လူသားအနေနဲ့ ပဉ္စ၀ဂ္ဂီငါးဦးသာ ပါဝင်ပါသည်။ ၄င်းတရားပွဲမှာ အရှင်ကောဏ္ဍညသည် အရုဏ်မတတ်မီ သောတာပန်တည်ပါသည်။
နောက်ဆက်လက်ပြီး ဘုရားရှင်က-အနတ္တလက္ခဏသုတ်ကို ဟောသောအခါ ပဉ္စ၀ဂ္ဂီရဟန်းတော် ငါးဦးစလုံး ရဟန္တာ ဖြစ်တော်မူကြပါသည်။

ဘီစီ-၅၈၈-တွင် ဘုရားရှင်သည် ပထမဆုံးသာသနာပြုခရီးစဉ်ကို စတင် လုပ်ခဲ့ပါသည်။

ဘီစီ-၅၄၃-(မြန်မာလလို-ကဆုန်လပြည့်၊ အင်္ဂါနေ့)တွင် ဘုရားရှင် သက်တော်(၈၀)၊ ၀ါတော် (၄၅)တွင် ကုသိနာရုံ၊ အင်ကြင်းတော၌ ပရိနိဗ္ဗာန်ပြုတော်မူပါသည်။ ကဆုန်လဆုပ်(၅)ရက်၊ တနင်္ဂနွေနေ့တွင် အလောင်းတော်ကို မီးပူဇော်ပါသည်။

ပထမသင်္ဂါယနာ-
ဘုရားရှင် သက်တော်(၃၅-မှ-၈၀)အတွင်း၊ ၀ါတော်အနေအားဖြင့်(၄၅)၀ါအတွင်း ဟောကြားခဲ့သော ပိဋကတ်တော်များကို တစ်စုတစ်ဝေးတည်း စီးစဉ်ဖို့ရန် ဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီး တစ်လအကြာ--
ဘီစီ-၅၄၃-မှာ ပထမဆုံး သင်္ဂါယနာကို ရာဇဂြိုလ်မြို့၊ သတ္တပဏ္ဏိလှိုဏ်ဂူ၌ ပိဋကတ်တော်များကို စုပေါင်းရွတ်ဆိုခြင်းဟူသော သင်္ဂါယနာတင်ကြပါသည်။ ပထမသင်္ဂါယတင်ပွဲမှာ ဦးဆောင်ဆရာတော်သည် အရှင်မဟာကဿပဖြစ်၍ အရှင်ဥပါလိမထေရ်က ၀ိနည်းအရာတာဝန်ယူ၍၊ အရှင်အာနန္ဒာက သုတ္တန်အရာတာဝန်ယူပါသည်၊ အဖွဲ့ဝင်သံဃာတော် (၅၀၀) ဖြစ်ပါသည်။ ၀ါခေါင်လဆုပ် (၅)က စတင်ကျင်းပကာ (၇)လကြာပါသည်။ အထောက်အပံ့ဒကာတော်သည် အဇာတသတ်မင်း ဖြစ်ပါသည်။

မှတ်ချက်။ ။ဗုဒ္ဓပရိနိဗ္ဗာန်ပြုပြီး ပထမသင်္ဂါယနာတင်ချိန်က စတင်၍ (အင်္ဂလိပ်လို-B.E) သုန်းကာ ဗုဒ္ဓသာသနာနှစ်ကို စတင်ရေတွက်ပါသည်။ “သင်္ဂါယနာ”ဟူသည် စုပေါင်းရွတ်ဆိုခြင်းဟု အဓိပ္ပါယ်ရပါသည်။

ဘုရားရှင်ဟောကြားခဲ့သော ပိဋကတ်တော်တို့ကို အရှင်မဟာကဿပစသော မထေရ်အဆက်ဆက်တို့ ဆက်ကာဆက်ကာ ဆောင်ယူထိန်းသိမ်းခဲ့တဲ့ အစဉ်အလာကို အစွဲပြု၍ “ထေရိက”၊ နောက် မထေရ်အစဉ်အဆက်တို့ ထိန်းသိမ်းခဲ့သော ဗုဒ္ဓအယူဝါဒအနေအားဖြင့် “ထေရ၀ါဒသာသနာ”အဖြစ် အမည်တွင်ခဲ့ပါသည်။

ဒုတိယသင်္ဂါယနာ-
(BC -443/B.E-100) သာသနှစ် (၁၀၀)အရောက်မှာ ဝေသာလီမြို့၊ ၀ါဠုကာရုံကျောင်းမှာ ဒုတိယသင်္ဂါယနာတင်ပါသည်။ ဦးဆောင်ဆရာတော်သည် အရှင်ယသဖြစ်ပါသည်။ အရှင်သဗ္ဗမိမထေရ်နှင့် အရှင်ရေ၀တမထေရ်တို့က အဓိကတာဝန်ယူကာ ပိဋကတ်တော်များကို ရွတ်ဆိုကြပါသည်။ အဖွဲ့ဝင် သံဃာတော် (၇၀၀) ဖြစ်ပါသည်။ (၈)လ ကြာပါသည်။ အထောက်အပံ့ပေးသောဒကာသည် ကာလာသောကမင်းဖြစ်ပါသည်။

တတိယသင်္ဂါယနာ-
(BC-249/B.E-300) သာသနာနှစ် (၃၀၀)အရောက်မှာ ပါဋလိပုတ်မြို့တော်၊ အသောကာရုံကျောင်း၌ တတိယသင်္ဂါယနာ တင်ပါသည်။ ဦးဆောင်ဆရာတော်မှာ အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်ဖြစ်၍ အရှင်မဟာကဿပမထေရ်နှင့် ကာကဏ္ဍ၏သားဖြစ်သော အရှင်ယသမထေရ်တို့က အဓိက တာဝန်ယူဆောင်ရွက်ပါသည်။ အဖွဲ့ဝင်သံဃာတော်အရေအတွက်မှာ (၁၀၀၀) ဖြစ်ပါသည်။ ဤသံင်္ဂါယနာတင်ပွဲ၌ ၀ိနည်းရေးရာများကို အဓိကထားကာ ဆွေးနွေးခြင်း ပြုလုပ်ကြပါသည်။ အထောက်အပံ့မင်းမှာ အသောကမင်းကြီးဖြစ်ပါသည်။ ဤတတိယသင်္ဂါယနာသည် (၉)လ ကြာပါသည်။

တတိယသင်္ဂါယနာတင်ပြီးချိန်ကစပြီး (၉)တိုင်း (၉)ဌာနတို့သို့ အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်နှင့် အသောကမင်းကြီးတို့ တာဝန်ယူကာ သာသနာပြု စေလွှတ်တော်မူပါသည်။

(၉)တိုင်း (၉)ဌာနနှင့် သာသနာပြုမထေရ်များ-
၁။ ကသ္မီရနှင့်ဂန္ဓာရအရပ်=အရှင်မဇ္ဈန္တိကမထေရ် ဦးဆောင်ကာကြွ။
၂။ မဟိံသကအရပ်=အရှင်မဟာဒေ၀မထေရ် ဦးဆောင်ကာကြွ။
၃။ ၀န၀ါသိအရပ်= အရှင်ရက္ခိတမထေရ် ဦးဆောင်ကာကြွ။
၎။ အပရန္တအရပ်=အရှင်ယောနကဓမ္မရက္ခိတမထေရ် ဦးဆောင်ကာကြွ။
၅။ မဟာရဋ္ဌအရပ်= အရှင်မဟာဓမ္မရက္ခိတမထေရ် ဦးဆောင်ကာကြွ။
၆။ ယောနကအရပ်=အရှင်မဟာရက္ခိတမထေရ် ဦးဆောင်ကာကြွ။
၇။ ဟိမ၀န္တာအရပ်= အရှင်မဇ္ဈိမမထေရ် ဦးဆောင်ကာကြွ။
၈။ သုဝဏ္ဏဘူမိအရပ်= အရှင်သောဏမထေရ်နှင့် အရှင်ဥတ္တရမထေရ်တို့ ဦးဆောင်ကာကြွ။
၉။ တမ္ဗပဏ္ဏိ (သီဟိုဠ်)အရပ်=အရှင်မဟိန္ဒမထေရ် ဦးဆောင်ကာကြွ။

စတုတ္ထသင်္ဂါယနာ-
(B.C 94/ B.E 450) သာသနာတော်သက္ကရဇ် (၄၅၀)-အရောက်တွင် သီဟိုဠ်၊ မလယဇနပုဒ်၊ အာလောကလှိုဏ်တွင် စတုတ္ထသင်္ဂါယနာတင်ပါသည်။ ဦးဆောင်ဆရာတော်မှာ မဟာဓမ္မရက္ခိတမထေရ်ဖြစ်၍ အဖွဲ့ဝင်ဆရာတော်အရေအတွက်သည် (၅၀၀) ဖြစ်ပါသည်။ -၁-နှစ်အချိန်ယူကာ သင်္ဂါယနာတင်ခဲ့ကြပါသည်။ အထောက်အပံ့ပေးသောဒကာသည် ၀ဋ္ဋဂါမဏိမင်း ဖြစ်ပါသည်။ ဤစတုတ္ထသင်္ဂါယနာတွင် ပိဋကတ်တော်များကို ပေရွက်တွင် အက္ခရာရေးခြင်းဖြင့် သင်္ဂါယနာတင်ခဲ့ကြပါသည်။

နိုင်ငံများနှင့် ဗုဒ္ဓသာသနာရောက်ရှိပုံ-

ဗုဒ္ဓဘာသာနှင့်မြန်မာနိုင်ငံ-

မြန်မာနိုင်ငံမှာ 3rd Century A.D-တွင် ဗုဒ္ဓသာသနာ စတင်ရောက်ရှိပါသည်။

ဗုဒ္ဓဘာသာနဲ့တရုတ်နိုင်ငံ-
တရုတ်နိုင်ငံမှာ 1st Century A.D-တွင် ဗုဒ္ဓဘာသာစတင်ရောက်ရှိပါသည်။

ဗုဒ္ဓဘာသာနဲ့ ဗီယက်နမ်နိုင်ငံ-
ဗီယက်နမ်နိုင်ငံမှာ A.D 189-တွင် ဗုဒ္ဓဘာသာစတင်ရောက်ရှိပါသည်။ တရုတ်မှ တဆင့်ရောက်ရှိခြင်း ဖြစ်ပါသည်။

ဗုဒ္ဓဘာသာနှင့် ကိုရီးယားနိုင်ငံ-
ကိုရီးယားနိုင်ငံမှာ A.D 372-နှစ်တွင် ဗုဒ္ဓဘာသာစတင်ရောက်ရှိပါသည်။

ဗုဒ္ဓဘာသာနှင့် ဂျပန်နိုင်ငံ-
ဂျပန်နိုင်ငံသို့ A.D ၅၅၂၊ သာသနာတော်နှစ် -၁၀၉၅-တွင် ဗုဒ္ဓသာသနာစတင်ရောက်ရှိပါသည်။

ဗုဒ္ဓဘာသာနှင့် ကမ္ဘောဒီယားနိုင်ငံ-
ကမ္ဘောဒီးယားနိုင်ငံသို့ A.D -၅-ရာစုတွင့် ဗုဒ္ဓဘာသာစတင်ရောက်ရှိပါသည်။

ဗုဒ္ဓဘာသာနှင့် ထိုင်းနိုင်ငံ-
ထိုင်းနိုင်ငံသို့ A.D -၆-ရာစု၊ သာသနာတော်နှစ် -၁၃၀၀-တွင် ဗုဒ္ဓသာသနာစတင်ရောက်ရှိပါသည်။

ဗုဒ္ဓဘာသာနှင့် အင်ဒိုနီးရှားနိုင်ငံ-
အင်ဒိုနီးရှားနိုင်ငံသို့ A.D -၆-ရာစုတွင် ဗုဒ္ဓသာသနာရောက်ရှိပါသည်။

ဗုဒ္ဓဘာသာနှင့် တိဗက်နိုင်ငံ-
တိဗက်နိုင်ငံသို့ A.D -၇-ရာစုတွင် ဗုဒ္ဓသာသနာစတင်ရောက်ရှိပါသည်။

ဗုဒ္ဓဘာသာနှင့် ရုရှားနိုင်ငံ-
ရုရှားနိုင်ငံသို့ A.D -၁၇-ရာစုတွင် ဗုဒ္ဓသာသနာစတင်ရောက်ရှိပါသည်။

အိန္ဒိယနိုင်ငံနှင့် ဗုဒ္ဓသာသနာ-
အိန္ဒိယနိုင်ငံတွင် A.D -၆-ရာစုလောက်ကစပြီး ဗုဒ္ဓသာသနာ တဖြေးဖြေး ကွယ်ပျောက်သွားခဲ့ပါသည်။

မြန်မာနိုင်ငံ ပုဂံဗုဒ္ဓသာသနာ-
မြန်မာနိုင်ငံ ပုဂံသို့ A.D -၁၁-ရာစုလောက်တွင် ဗုဒ္ဓသာသနာရောက်ရှိပါသည်။ အရှင်အရဟံနှင့် အနောရထာမင်းကြီးတို့ ဦးစီးကာ မြန်မာပြည်ဗုဒ္ဓသာသနာ ပိုမိုစည်ပင်ပြန့်ပွားအောင် လုပ်ဆောင်ခဲ့ကြပါသည်။

ပဉ္စမသင်္ဂါယနာ-
A.D -၁၈၇၁/ ဗုဒ္ဓသာသနာတော်နှစ် -၂၄၁၅-ခု/ မြန်မာသက္ကရစ် -၁၂၃၂-ခုနှစ်၊ တန်ဆောင်မုန်းလတွင် မြန်မာနိုင်ငံ၊ မန္တလေးတောင်ခြေတွင် ပဉ္စမသင်္ဂါယနာတင်ပါသည်။ ဦးဆောင်ဆရာတော်မှာ မန္တလေး၊ ဒက္ခိဏာရာမကျောင်းတိုက်ဆရာတော် အရှင်ဇာဂရာဘိဝံသမထေရ်ဖြစ်၍၊ အဖွဲ့ဝင်ဆရာတော်အရေအတွက်မှာ ၂၄၀၀-ဖြစ်ပါသည်။ အထောက်အပံ့ဒကာမှာ မင်းတုန်းမင်းကြီး ဖြစ်ပါသည်။ ဤ ပဉ္စမသင်္ဂါယနာတွင် ပိဋကတ်တော်များကို ကျောက်ထက်အက္ခရာတင်ခြင်းဖြင့် သင်္ဂါယနာ တင်ခဲ့ကြပါသည်။ ကျောက်ချပ်ရေ-၇၂၉-ချပ်ရှိပါသည်။ ကျောက်ထက်အက္ခရာတင်ရာ၌ ကြာချိန်မှာ (၇)နှစ်၊ (၆)လနှင့် (၁၄) ရက်ကြာပါသည်။

ဗုဒ္ဓသာသနာတော်အလံနှင့် သမိုင်း-
A.D -၁၈၈၀-ခုနှစ်တွင် ဗုဒ္ဓသာသနာ့အလံကို အမေရိကန်နိုင်ငံသား စစ်ဗိုလ်ကြီး -Henry Steel Olcott-က စတင် တီထွင်ခဲ့ခြင်းဖြစ်ပါသည်။

အင်္ဂလန်နိုင်ငံ၌ ပထမဆုံးသော ဗုဒ္ဓသာသနာ့အဖွဲ့အစည်း-
A.D -၁၈၈၁-ခုနှစ်တွင် အင်္ဂလန်နိုင်ငံတွင်-ပါဠိကျမ်းစာအဖွဲ့အစည်း-ဆိုပြီး ပထမဆုံးသော ပိဋကတ်အဖွဲ့အစည်း အင်္ဂလန်နိုင်ငံတွင် စတင်ပေါ်ပေါက်ခဲ့ပါသည်။ တည်ထောင်သူမှာ -T.W. Rhys Davids- ဖြစ်ပါသည်။ သူသည် မူရင်း ခရစ်စ်ယာန်ဘာသာဝင်ဖြစ်ပါသည်။

ဗုဒ္ဓဘာသာ အိန္ဒိယနိုင်ငံတွင်ပြန်လည်မွေးဖွားခြင်း-
A.D -၁၈၉၁-ခုနှစ်တွင် သီရိလင်္ကာနိုင်ငံမှ အနာဂါရိကဓမ္မပါလသူတောင်စင်ကြီးဦးဆောင်ကာ အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂယာမှာ မဟာဗောဓိအဖွဲ့အစည်းဆိုပြီး ဗုဒ္ဓဘာသာ ပြန်လည်တည်ထောင်ပါသည်။
A.D -၁၉၅၆-ခုတွင် အိန္ဒိယနိုင်ငံသား Dr. B.R Ambedkar-ဦးဆောင်ပြီး အိန္ဒိယနိုင်ငံတွင် ဗုဒ္ဓသာသနာပိုမို ပြန့်ပွားအောင် လုပ်ဆောင်ခဲ့ပါသည်။ ၁၉၅၆-ခု၊ အောက်တိုဘာ -၁၄-ရက်တွင် အိန္ဒိယနိုင်ငံသား (၁)သန်းခန့် ဗုဒ္ဓဘာသာအဖြစ်သို့ ကူးပြောင်းကြပါသည်။

ဆဋ္ဌသင်္ဂါယနာ-
A.D ၁၉၅၄-၅၆/ ဗုဒ္ဓသာသနာတော်နှစ် ၂၄၉၈-ခု၊ မြန်မာသက္ကရဇ် ၁၃၁၆-ခု၊ ကဆုန်လပြည့်နေ့တွင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၊ ကမ္ဘာအေး၊ မဟာပါသာဏလှိုဏ်ဂူ၌ ဆဋ္ဌသင်္ဂါယနာတင်ပါသည်။ ဦးဆောင်ဆရာတော်မှာ ညောင်ရမ်းဆရာတော် အရှင်ရေ၀တမထေရ်ဖြစ်၍၊ အဓိကတာဝန်ယူ ရွတ်ဖတ်သရဇ္ဈာယ်သောမထေရ်များမှာ မဟာစည်ဆရာတော်နှင့် မင်းကွန်းဆရာတော်တို့ ဖြစ်ပါသည်။ အဖွဲ့ဝင်ဆရာတော်အရေအတွက်မှာ ထေရ၀ါဒ (၅)နိုင်ငံ (သီရိလင်္ကလာ၊ မြန်မာ၊ ထိုင်း၊ လော၊ ကမ္ဘောဒီယား)တို့မှ (၂၅၀၀)သော မထေရ်တို့ဖြစ်ပါသည်။ အခြားသော နိုင်ငံ (၂၄)နိုင်ငံတို့မှလည်း အကူအညီများ ပေးကြပါသည်။ အထောက်အပံ့ဒကာမှာ ၀န်ကြီးချုပ် ဦးနုနှင့် မြန်မာပြည်သူ၊ ပြည်သားများ ဖြစ်ပါသည်။

မှတ်ချက်။ ။ဤဆဋ္ဌသင်္ဂါယနာတင်ပွဲမှာ ပါဠိတော်တင်မက အဋ္ဌကထာ၊ ဋီကာများကိုပါ ပြန်လည် စစ်ဆေးဆုံးဖြတ်ခြင်းဖြင့် သင်္ဂါယနာတင်ခြင်းဖြစ်ပါသည်။

အိန္ဒိယနိုင်ငံနှင့် ၀ိပဿနာ-
A.D -၁၉၆၅၊ ဗုဒ္ဓသာသနာတော်နှစ် -၂၅၁၂-ခုနှစ်တွင် ဆရာကြီးဦးဂိုအင်ကာဦးဆောင်ပြီး အိန္ဒိယနိုင်ငံတွင် ဗုဒ္ဓဘာသာ ၀ိပဿနာတရား ပြန်လည် အမြစ်တွယ်အောင် လုပ်ဆောင်ပါသည်။

ပထမဆုံးသော ဗုဒ္ဓဘာသာဝက်ဘ်ဆိုက်-
A.D -၁၉၉၈-မေလတွင် Nibbana.com-ဟူသော ပထမဆုံးဗုဒ္ဓဘာသာဝက်ဘ်ဆိုက်ကို အင်္ဂလန်နိုင်ကနေ ဖန်တီးနိုင်ခဲ့ပါသည်။

အာဖစ်ဂန်နစ်တန်မှ (Bamiyan)ဗမီယန်ဗုဒ္ဓဆင်းတုတော်-
A.D-၂၀၀၁၊ မတ်လတွင် အာဖစ်ဂန်နစ်တန်မှ ကမ္ဘာ့အံဖွယ်ရပ်တော်မူ ဗုဒ္ဓဆင်းတုတော်ကို တာလီဘမ်တို့၏ ဖျက်ဆီးခြင်းကို ခံခဲ့ရပါသည်။

မှာပါရစေ။ ။အထက်ပါဗုဒ္ဓ၀င်(သို့) ဗုဒ္ဓဘာသာအကြောင်းသိကောင်းစရာအကျဉ်းသည် မေမေ့လပြည့်ဝန်းလေး စုစည်းထားသော ဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့ အချက်အလက်များကို တင်ပြခြင်းဖြစ်ပါသည်။ တချို့နေရာများမှာ မူကွဲ စသည်အားဖြင့် ကွဲလွဲနေခြင်း ရှိကောင်း ရှိနိုင်ပါသည်။ အခုမေမေ့လပြည့်ဝန်းလေး တင်ပြတဲ့မူသည် ထေရ၀ါဒမထေရ်များ လက်ခံထားသော ဘီစီ၊ အေဒီနှစ်များဖြစ်ပါသည်။

ကိုးကား--
ဝိနည်းစူဠ၀ါပါဠိတော်
ပါရာဇိကဏ္ဍအဋ္ဌကထာ
မဟာဝံသ
စူဠ၀ံသ
ဦးသာမြတ် “Buddhism in Southeast Asia”
www.nibbana.com

Read more...

ချမ်းမြေ့ဆရာတော်ဘုရား၏ တရားစခန်း(ဘန်ကောက်)

ချစ်ခင်လေးစား ရပါသော ထိုင်းနိုင်ငံမှ ဓမ္မမိတ်ဆွေများရှင့်

ဘန်ကောက် မှ ချမ်းမြေ့ရိပ်သာ ခွဲ ဓမ္မောဒယ ချမ်းမြေ့ရိပ်သာ ခွဲကို လာမဲ့ နိုဝင်လာ လ ၁ရက် မှနေပြီး ၁၀ရက် နေ့ အထိ ချမ်းမြေ့ ဆရာတော် ဘုရားကြီးကိုယ်တိုင် လာရောက်ပြီး တရား ပြသမှာ ဖြစ်ပါတယ်။ Nakhon Pathom နကွန် ပသွန် ဘုရားကြီးကနေတဆင့် ဆိုင်ကယ် ကယ်ရီ ဘတ် ၅၀ ပေးပြီးစီး သွားရပါတယ်။

ဆိုင်ကယ် သမားတိုင်း ဓမ္မောဒယ-ရိပ်သာ ကို သိကြပါတယ်။ ကျွန်မ ထိုင်းမှာ-ကျောင်းတက်စဉ် တုံး ကတော့ အနောက်နိုင်ငံများ ကပြန်ကြွလာတဲ့ ဆရာတော်ဘုရားခံတွင်း ပျက် နေလိမ့် မယ် စိတ်ကူး အတွေးနဲ့ ဗမာ ထမင်းဟင်းချက် ဝေယျာဝစ္စ ဆောင်ခဲ့ဘူးပါတယ်။

ကုက္ကိုရွက်နု သုပ်ကလေး၊ ငါးရံ့နဲ့ ခရမ်းချဉ်သီး ချက်ကလေး စတဲ့ မြန်မာစစ်စစ်၊ဟင်းတွေ ဘုဉ်းပေးလိုတဲ့ ဆရာတော် ဘုရားကြီး က ထိုင်းစာတွေ ကို မနှစ်သက်ပါ။ ဆွမ်း ဆက်ကပ်ကြပါရန်လည်း ကျွန်မ ကတိုက်တွန်း လိုပါတယ်ရှင့်။
ထိုင်းတွေ က ဆရာတော်ဘုရားကြီးကို အင်မတန် ကြည်ညိုကြပါတယ်။ ဆရာတော်ဘုရားကြီးက အမျိုး သမီး တွေ-ဘောင်းဘီ စကတ် ဝတ်ပြီး လာဖူးတာ ကို လုံးဝ-မကြိုက်ပါ။ ကျွန်မ တို့ဆီ ကနေ ထိုင်းမတွေ လုံချည် အတင်းလာဝယ် တာလည်းကြုံဘူးတယ်။

ချက်ချင်း အစဝယ်ချုပ် ကြတဲ့ အထိလည်းလေးစားကြပါတယ်။မြန်မာစကား သင်ယူ နေတဲ့ ထိုင်း ဥပါသိကာမ-ပညာတတ် တွေလည်း များစွာ သိကျွမ်းခင်မင် ခဲ့ဘူးပါတယ်။ အခုသတင်းကလည်း ထိုင်း ဘလော့(Little Bang) ကရတဲ့ သတင်းကို ထပ်ဆင့်ဖော်ပြလိုက်တာပါ။ အခွင့် ထူး တစ်ရပ် အဖြစ်ခံယူ ရင်း ၊ သူတော် ဆည်းကပ်ပြီး မြတ်တရားနာ ဘို့ နှိုးဆော် တိုက်တွန်းလိုက်ပါရစေ။

Dhammodaya November Retreat

The Dhammodaya meditation centre in Nakhon Pathom, just outside Bangkok, is announcing a 10 day meditation retreat with Sayadaw U Janaka. Retreat runs from Sunday 1st November to Tuesday 10th November.

Teachers

Leading the retreat will be Sayadaw U Janaka(Chinmaya Sayadaw) who is one of Myanmar’s leading lights in the meditation world. Hugely respected he has centres all over the world and thousands of disciples. He is getting older these days and it gets harder for him to travel so this is a particularly good chance to be with one of the great masters of our time.

Accompanying him will be two monks, U Sobhita and U Nyanaramsi (Malaysian/Chinese). All of them speak English fluently.

The retreat will be conducted in English, with translation into Thai throughout.

Schedule

The schedule will be posted later, but involves periods of sitting and walking most of the day long. Early rising and practise before breakfast, before lunch and through the afternoon and evening. There will be a dhamma talk once or twice a day, and all yogis will have regular interviews with the three teachers.

The retreat is recommended for those with some experience already, though beginners will also be welcome if they are keen and serious. All attendees must join for the full 10 days – no coming and going allowed, so that the retreat is well structured and consistent.

Please arrive either Saturday afternoon/evening on the 31st October, or else the Sunday morning. Retreat will finish on Tuesday 10th November after lunch. There will likely be some shared transport back to Bangkok.

Dhammodaya Centre

Click here for background information and directions to the Dhammodaya Retreat Centre .

Yogis sleep in the large salas. There is plenty of room, but no private rooms available. Excellent vegetarian food will be served throughout the retreat on a monastic schedule : that is breakfast and lunch before 12 am, and just drinks in the evening.

The weather will be getting cool at night so be prepared. The centre is set in the countryside with peaceful surroundings.

Cost: Free (Donations welcome)

You can book through our Littlebang CONTACT page. Please give your Name, male/female, nationality, and rough level of experience with meditation retreats.

Bookings will be forwarded to Khun Nay, the organiser for the centre.



Read more...

မြန်မာ့ရိုးရာ အကြောပြင်လင်္ကာနှင့်စကားပြေ(မကွေးဝင်းမြင့်)

၅၀။ မြန်မာ့ရိုးရာ အကြောပြင်လင်္ကာ

စာဖတ်သူသုတေသီများ ပိုမို သဘောပေါက်စေခြင်းငှာ ရည်သန်၍ သိမ်ဖြူဆရာတော် ရေးသားပြုစုတော်မူသော အကြောတတ်ပညာကျမ်း မှ မြန်မာ့ရိုးရာ အကြောပြင် လင်္ကာကို ကောက်နှုတ်ဖော်ပြလိုက်ပါသည်။
ဤနည်းကိုကား ရှေးဟောင်း ပေတစ်ခုမှ ရရှိသည့်အတိုင်း မူရင်းမပျက် ဖော်ပြထားပါသည်။ ကျမ်းပြုစုသော ပေစာမူကိုသာ တွေ့ရ၍ ကျမ်းပြုပုဂ္ဂိုလ်၊ ခုနှစ်သက္ကရာဇ်တို့ကား ပြည့်ုစုံစွာ ဖော်ပြထားခြင်း မရှိပါသဖြင့် ရှေးမြန်မာ့ရိုးရာ အကြောပြင်လင်္ကာဟူသော အမည်တပ်၍ ဖော်ပြထားခြင်း မရှိပါသဖြင့် ရှေးမြန်မာ့ရိုးရာ အကြောပြင်လင်္ကာဟု အမည်တပ်၍ ဖော်ပြထားပါသည်။ အကြောပြင်ဆရာ အကျော်အမော်များ စီရင်ခဲ့သော ယင်းအနှီလင်္ကာကျမ်းကို ရေးသား ဖော်ပြပါအံ့။
၁။ ကိုယ့်ဆယ့်ခြောက်ပါး ၊ ရောဂါများကို ၊ လက်ဖျားထိရောက် ၊ ကင်းကွာ ပျောက်လိမ့်၊ မှတ်လောက်စရာ၊ ရှေးဆရာတို့၊ သင်လာဥပဒေ၊ ထားခဲ့ပေသား၊ အသေအချာ နှိပ်ပုံမှာကား၊ ဂုပ်မှာ နားထင်၊ နောက်ဖယ်ပြင်၌၊ နာကျင်သလို၊ အပူရှို၍ ၊ ရင်ကိုလေးပင့်၊ တအင့်အင့်နှင့်ခံတွင်းအိမ်ထဲ၊ တသွေးခဲ၍၊ ခေါင်းခဲ အနားထိုင်း ရောဂါသည်၊ ဆရာလက်သည်၊ ဥာဏ်ကြီးကျယ်သား၊ အလွယ်တကူ၊ မှတ်ယူခြားနား ၊ ဖော်ပြငြားအံ့၊ ဒူးဖျားအထက်၊ လေးသစ် တက်၍၊ နှိပ်ချတစ်ဖုံ ဆိုတုံမပျက်၊ ပုံအတွက်နှင့် နားရွက်နောက်ပါး၊ ၀ဲယာခြား၍၊ မေးဖျား နားထင်၊ မျက်မှောက်ပြင်၌၊ လက်ပြင်ညွန့်ဖု၊ ခုလုလုဟု၊ လက်စုံချောင်းမွေ့၊ ထိထိတေ့၍၊ စေ့စေ့နှိပ်က ပျောက်နေကျတည်း၊ ပွဲရ အဟုတ်၊ ဆံပင် ချုပ်တော့ ။ ယူနုတ်ထူပစ်၊ စစ်စစ်ခေါင်းခဲ ၊ ပျောက်စမြဲတည်း။
၂။ မလွဲတစ်ချက်၊ နားလေထွက်၍၊ နားရွက်နားထူ၊ နားအူ နားလေး ၊ နားပြည်မှေး၍၊ ခေါ်မေးမရ၊ နားထိုင်းစသော ၊ ဝေဒနာကို ၊ နှိပ်လိုပါမူ၊ ကဏ္ဏအထက်၊ နားသယ်ဇက်နှင့် နားရွက်၏ နောက်၊ နားရွက်အောက်ကို၊ လျှောက်၍ အပြီး၊ နှိပ်ပုံမှီးလော့၊ စည်တီးမကြား၊ ပင်းသည့်နားလည်း၊ ကြား၏ မသက်၊ ချက်ချင်းသက်၏။
၃။ လေတက်တုံလေ၊ မူးမှိုင်းချေ၍၊ မနေမသာ၊ ရှိလေပါသော်၊ ဂီဝါ ဂုပ်စောင်း၊ အလယ်ခေါင်းနှင့်၊ တကြောင်းမျက်မှောက်ကြား၊ မျက်စုံနားရင်း၊ ဦးပြင်းဆံဇက်၊ နှိပ်ပုံထွက်၏။
၎။ တစ်ချက်ထိုမှ၊ လေပူထသော်၊ ကဏ္ဏနောက်(ပေါ်) ၊ နှိပ်ခါတော်လော့။
၅။ ထို့နောက် တစ်မျိုး၊ ကြို့ကြီးထိုးသော်၊ ဂုပ်ရိုးတစ်လျှောက်၊ နှိပ်လျှင် ပျောက်၏။
၆။ တစ်ထောက် ဒန္တာ၊ သွားဖုံးနာနှင့်၊ သွားနိုင်သွားကိုက်၊ သွားနှုတ်ရောဂါ၊ စွဲကပ်လာသော်၊ လျင်စွာပြောက်အောင်၊ လက်ထောက် မြဲမြဲ၊ မှန်မလွဲ၍ ၊ လက်ဝဲလက်ယာ၊ နှိပ်ဖိလာသော်၊ တဖြာတ၀၊ ဓားလျှင် ရှုသို့၊ သတ္တတလေ၊ တက်တွေ တပြိုင်၊ မေးခိုင်ပါမူ၊ လက်နိုင်နှိပ်လု၊ ပုံအဆိုက လည်မျိုတစ်လျှောက် နားရင်း ရောက်အောင်၊ နှိပ်မြောက်တုံလေ၊ လွတ်မြဲပေတည်း။
၇။ တတွေတဆန်၊ လေပုပ်ဆန်သော် အော့အန်တစ်မျိုး၊ ပခုံးရိုးက ဂုပ်ရိုးကျအောင်၊ ပြ၏ နှိပ်ချက်။
၈။ ပါဒရက်ကြောင့် ၊ လေတက်လက်တုန်၊ မျက်စိမှုန်၍၊ မျက်အုံဝေရီ၊ မျက်စိသီလျှက်၊ မျက်နီ မျက်ဝါ၊ မျက်စိနာနှင့် သလာတိမ်ဖုံး၊ မျက်လုံး ကြောင်တောင်၊ မျက်စိအောက်၍၊ မျက်တောင် မကြွ၊ မျက်မှောင်ကျနှင့်၊ မျက်စပိုးရှိ၊ ကျိမ်းစက်ဘိသည်၊ မျက်စိဝေေ၀၊ မျက်ရည်တွေသာ၊ ဆိုတွေ တစ်ချက်၊ မျက်တွန့်တက်၍၊ လက်တစ်လှမ်းလှမ်း၊ ဖြတ်ခြင်ယမ်းသော်၊ မျက်ခမ်းမျက်နီ၊ မှုန်သီသီနှင့်၊ ဟန်ချီမရ၊ လမ်းမဂ္ဂကို၊ ထကြွဖြောင့်မတ်၊ မသွားတတ်အောင်၊ စွဲကပ်ရိုးစု၊ ရောဂါပြု၍၊ စက္ခုအနာ အာဗာဓာကု၊ မကြာလျှင်စွာ၊ ပျောက်လိုငြားမူ၊ ကြွက်သားအဖုံ၊ ခြေသလုံးနှင့်၊ ပခုံးနှစ်ဖက်၊ အလယ်ချက်ကို၊ စုံတက်စစ်ကြော၊ နှိပ်တုံမော့သော် အဆောမကြာ၊ လွန်ချမ်းသာသည်၊ လွယ်ကနှိပ်ဖု့ စာတမ်းတည်း။
၉။ လက်ခွဲတဖြာ၊ မိန့်မှာလိုက်အံ့၊ ကံလျှာရှုဖွယ်၊ သားမိမယ်တို့၊ ကိုယ်ဝန်စွဲကပ်၊ တေဇောဓာတ်ကြောင့်၊ မီးယပ်ရင်သို့၊ ဖြစ်တုံပျို့သော်၊၊ စိမ်းညို့ဖတ်ဖတ်၊ သားမြတ်အထက်၊ မွေ့မွေ့ညက်ဘိ၊ မောင်ဆက်အနား၊ ရင်နို့သားကို ၊ နှိပ်ငြားတုံပါ လွန်ချမ်းသာလိမ့်။
၁၀။ ဟတ္တလက်ကပ်၊ လက်သေလတ်သော်၊ သားမြတ်ထက်မှာ၊ လေးသစ်ကျနှင့်၊ ရင်ဝအောက်နား၊ မောင်းကွေ့ခြားတည်း။
၁၁။ မှတ်သားတုံမြု့၊ လေဗူးဆို့လျှင်၊ ရင်ဆို့ရင်ကျပ်၊ လေထိုးလတ်သော်၊ လက်ဖို့ လက်ပြန်၊ တစ်ဖန်မဆွံပုံအရနှင့် ၊ ရင်ဝလေကြော၊ တသွယ်မှတ်ရာ။
၁၂။ နံဘေးနာနှင့် ဒူလာလေနာ၊ ရင်ဘတ်နာသော်၊ မှန်စွာမပျက်၊ နှစ်ဘက်ဘေးကြော၊ ချက်အောက်လျှော၍၊ နှိပ်သောဆရာ၊ သုံးသစ်ခွာ၍၊ ပုတ္တာဖွားမိ၊ ပယ်အိမ်ထဲကြောင့်၊ သွေးထိမကျ၊ ရှိကနှိပ်မူ၊ ရာသီခု၍၊ ဥတုမဖြောင့်၊ ဆီးကျင့်အောက်သော်၊ မီးညှောင့် အထက်၊ နှစ်သစ်တက်၍ နှိပ်ချက်အဖုံ၊ လက်ကုန်ထိုးသိပ်၊ ကောင်းစွာ နှိပ်လော။
၁၃။ အိပ်လည်း မပျော်၊ ရှိတုံသော်လည်း ဒူးဘေးတစ်လျှောက်၊ ပေါင်ခြံရောက်အောင်၊ ထို့နောက် နှိပ်ရိုး၊ ခြေဖမိုးရင်း၊ ဖနှောင့်သွင်းဖို့။
၁၄။ ကိုက်ခြင်းဆစ်မျက်၊ မုံဝေတက်သော်၊ ခြေမျက်စိနဲ့၊ ရောဂါထဲတွင်၊ အိပ်လည်း မပျော်၊ ခြေဆန့်သော်လျှင်၊ ချက်ကျော်ဝဲယာ၊ ဥာဏ်ဖွေရှာ၍၊ နှိပ်ခါမယွင်း ဒူးဖျားတွင်းက၊ နာရင်း ရောက်အောင်၊ လက်ဝါးစောင်းနှင့်၊ ထောင်၍ နှိပ်လျှင်၊ ပျောက်မြဲပင်တည်း။
၁၅။ မီးတွင်းအတူ ခြေဒူးပူသော်၊ ထိုသူမယွင်း၊ ပုဆစ်တွင်းကို မပျင်းမလျော့၊ လက်နုချောနှင့်၊ နှိပ်လော့မှန်စွာ၊ ပျောက်၏ မှန်သည်၊ ချမ်းသာ ဧကန် မလွဲတည်း။
၁၆။ မလွဲမှန်စွာ၊ ငါမိန့်မှာအံ့၊ ခါးနာခါးကိုက်၊ ခါးနှိုက်ဝေဒနာ၊ စွဲကပ်လာသော်၊ ခြေမှာ ခေါင်ရိုး၊ ခြေဖမိုးက ဒူးဆစ်ကျအောင် နှိပ်ကမှန်စွာ၊ ပျောက်မည် သာတည်း။
၁၇။ ကျင်ဝါကျင်အောင့်၊ ကျင်မဖြောင့်သော်၊ ဖနောင့်အထက်၊ ကြွက်သား သက်ကို၊ လျှောက်ကာ နှိပ်ပါ၊ လွန်ချမ်းသာတည်း။
၁၈။ ပူကာ တစ်ဖန်၊ ချမ်းကာ တစ်ဖုံ၊ ဖျားနာတုံသော်၊ နှိပ်ပုံအရ၊ မှန်စွာပြအံ့၊ ခြေမအကြား၊ ခြေဖ၀ါးမှာ၊ နှိပ်ပါလေလော့။
၁၉။ ကြီးစွာ အဖျား၊ တက်သော အားကြောင့်၊ မေးငြားမရ ၊ ငန်းလျှင်ကြွ၍ ခေါ်က မထူး၊ အပူအအေး၊ ရောဂါလေးသော်၊ နှိပ်လေအသော့၊ ဖနောင့်ကြောတည်း။
၂၀။ မှတ်လော့တစ်ခန်း၊ ငန်းငူဖမ်းသော်၊ နှိပ်လမ်းမပျက်၊ ပုံမှာတွက်သား၊ ခြေမျက်စိအောက်၊ နာနာထောက်လော့။
၂၁။ ထို့နောက် တခြား၊ တုန်၍ ဖျားသော် ခြေမခွကြား၊ ခြေဖ၀ါးလယ်၊ ဖနောင့်သွယ်ကို၊ နယ်ကာ နှိပ်မူ၊ ပျောက်မြဲဟူရှင့်။
၂၂။ ခြေမူချည့်နဲ့၊ ဖြစ်တုံခဲ့သော်၊ တဲ့တဲ့ဒူးဖျား၊ နှိပ်ချက်ထား၏။ မှတ်သားကုန်ပါ၊ ရှေးပုံလာ၍၊ လင်္ကာချိုပြား၊ သီကုံးထားရှင့်၊ နှိပ်ငြားလိုမ၊ စံပုံယူ၍ ၊ နာသူတို့ကို ကယ်စေလိုသည်၊ မဂ်ဖိုလ် နိဗ္ဗာန် စာတမ်းတည်း။


လင်္ကာ အဓိပ္ပါယ် ရှင်းလင်း ဖော်ပြချက်

ကိုးဆယ့်ခြောက်ပါးသော ရောဂါဝေဒနာများကို အကြောပြင်ဆရာ၏ လက်နှင့်ထိတွေ့ပါ။ ထို ရောဂါ ဝေဒနာများ ပျောက်ကင်းသွားလိမ့်မည် ဖြစ်ပေသည်။
၁။ ဇက်ကြောတင်ခြင်း၊ ဂုတ်နားထင် နောက်ဖယ်တို့၌ နာကျင်သကဲ့သို့ အပူရှိခြင်း၊ ရင်ခေါင်းကို လေပင့်သဖြင့် တအင့်အင့်နေခြင်း၊ ခံတွင်း၌ သလိပ်ခဲခြင်း၊ ခေါင်း ထိုင်းမှိုင်း လေးလံခြင်း၊ ဝေဒနာတို့ကို ဥာဏ်ရှိသော အကြောပြင်ဆရာသည် ဒူးဖျားအထက် လက်လေးသစ် အကွာရှိ( ရေအိုးတွင် ပါဒရက်ကြော) ကို လည်းကောင်း၊ နားရွက်နောက်ပါးတွင် ရှိသော ( ဦးဆက်ကြော)များသို့ လည်းကောင်း၊ နားရွက်အထက်ရှိ နားထင်ကြောများကိုလည်းကောင်း၊ လက်ပြင်ညွန့်ဖုတွင် ရှိသော အကြောခုလုလု အကြောထုံးလေးများကိုလည်းကောင်း၊ အကြောပြင်ဆရာ၏ လက်ချောင်းကလေးများဖြင့် စု၍စု၍ဆွဲသဖြင့် အကြောကို ပြုပြင်ပေးရာ၏။
၂။ နားလေထွက်ခြင်း၊ နားထူခြင်း၊ နားအူခြင်း၊ နားလေးခြင်း၊ နားပြည်ယိုခြင်း၊ နားထိုင်းခြင်း၊ စည်တီး နားမကြား နင်းပင်းခြင်းစသော နားနှင့် ပတ်သက်သော ဝေဒနာများ ဖြစ်လျှင် နား၏ အထက် နားသယ်ကြောကို လည်းကောင်း၊ ဇက်ကြောကိုလည်းကောင်း၊ နားရွက်၏ အောက် နားကြောကို လည်းကောင်း အစဉ်အတိုင်း ဖော်ပြပါ နှိပ်ကွင်း နှိပ်ကွက်တို့ကို ပြုပြင်ပေးရာ၏။
၃။ လေတက်ခြင်း၊ တုန်တုန်ယင်ယင်ရှိခြင်း၊ မူးခြင်း၊ မှိုင်တွေခြင်း ဖြစ်လျှင် လည်ဂုတ်စောင်းရှိ အကြောကို လည်းကောင်း၊ ဦးခေါင်း၏ အလယ်တွင် ရှိသော ငယ်ထိပ်ကြောကို လည်းကောင်း ပြုပြင်ပေးရာ၏။
၎။ လေပူထလျှင် နား၏နောက် ဦးဆက်ကြောကို နှိပ်နယ်ပြုပြင်ပေးရာ၏။
၅။ ကြိ့ကြီးထိုးလျှင် ဂုတ်ရိုးတစ်လျှောက်ရှိ အကြောများကို ပြုပြင်ပေးရာ၏။
၆။ သွားနာခြင်း၊ သွားဖုံးနာခြင်း ၊ သွားကိုက်ခြင်း စသော သွားနှင့် ပတ်သက်သော ရောဂါများ ဖြစ်ခဲ့သော် နှုတ်ခမ်းပါး စောင်းတွင် ရှိသော ပါးအကြောများကို လည်းကောင်း၊ မေးရိုး တစ်လျှောက်မှ နားဖျား အထက်ရောက်အောင် မေးကြောများကို လည်းကောင်း၊ လက်ဝဲ လက်ယာဖြန့်၍ လက်ချောင်းဖြင့် ထောက်၍ ဆွဲ၍ နှိပ်ရာ၏။
၇။ လေပုပ်ဆန်ခြင်း၊ အော့အန်ခြင်း ဖြစ်ခဲ့သော် ပခုံးစွန်း အရိုးမှ လည်ဆစ်ဂုတ်ရိုးအထိ ဆန့်တန်းလျှက်ရှိသော ပုခုံးကျောကို ထစ်၍ ထစ်၍ ညစ်၍ ညစ်၍ နှိပ်ပေးရာ၏။
၈။ ပါဒရက်ကြောင့် အထက်သို့ သည်းခြေ ဒေါသလေခိုးတက်၍ မျက်စိမှုန်ခြင်း၊ မျက်စိ ဝေရီခြင်း၊ မျက်စိသီခြင်း၊ မျက်စိနီခြင်း၊ ၀ါခြင်း၊ နာခြင်း၊ သလ္လာတိမ်ဖုံးသဖြင့် မျက်စိ ကြောင်တောင် ကွယ်ခြင်း၊ မျက်စိအောင့်ခြင်း၊ မျက်စိ မှေးခြင်း၊ မျက်တွန့်တက်ခြင်း( မျက်စိ၌ ဖြုတ်၊ ခြင်များ နားနေသည်ဟု ထင်ခြင်း)၊ မျက်ခမ်းစပ်ခြင်းဟူသော မျက်စိရောဂါတို့ကြောင့် လမ်းဖြောင့်မတ်စွာ မသွားတတ်အောင် ဖြစ်နေပါက ခြေသလုံးကြွက်သွား၏ အောက်စွန်းရှိ( သလုံးကြော)ကိုလည်းကောင်း၊ ပခုံးစွန်း နှစ်ဘက်မှ ဂုတ်ဆက်သို့ သွယ်တန်းလျှက်ရှိသော ပုခုံးကြောကို လည်းကောင်း၊ နှိပ်ပေးရာ၏။
၉။ အမျိုးသမီး ပဋိသန္ဓေတည်သောအခါ ကိုယ်ဝန်၏ တေဇောဓာတ်ကြောင့် မီးယပ်အခိုးတို့သည် အထက်သို့ တက်၍ ရင်ဆို့ခြင်း၊ ပျို့အန်ခြင်း၊ ရင်ခံခြင်းတို့ ဖြစ်ခဲ့သော် သားမြတ်၏အထက် လက်မောင်းဆက်၏ အနီးတွင် ရှိသော သားမြတ်ကြောကို နှိပ်ပေးရာ၏။
၁၀။ လက်ကပ်ခြင်း၊ လက်သေခြင်းတို့ ဖြစ်ခဲ့သော် သားမြတ်၏ အထက် လက်လေးသစ်ရှိ သားမြတ်ကြောကို လည်းကောင်း၊ ရင်ဝ၏ အ၀င်ကြောကို လည်းကောင်း၊ လက်မောင်းအောက် သားမြတ်ကြောဘေးရှိ မောင်းကွင်းကြောကိုလည်း နှိပ်ပေးရာ၏။
၁၁။ လေဆို့ခြင်း၊ ရင်ဆို့ခြင်း၊ ရင်ကျပ်ခြင်း၊ လေထိုးခြင်းတို့ ဖြစ်ခဲ့သော လက်ပြင်ကြောကိုလည်းကောင်း၊ နောက်ကြော၏ အလယ်ကို လည်းကောင်း၊ နှိပ်ပေးရာ၏။
၁၂။ နံဘေးထိုးခြင်း၊ နာခြင်း၊ ဒူလာ ညောင်းကိုက်ခြင်း၊ လေနာခြင်း၊ ရင်ဘတ်နာခြင်းတို့ ဖြစ်ခဲ့သော် နံဘေးကြောကို လည်းကောင်း၊ ချက်အောက် လက်သုံးသစ်အကွာရှိ ၀မ်းကြောကိုလည်းကောင်း၊ နှိပ်နယ်ပြုပြင်ပေးရာ၏။ ထိုသို့ ၀မ်းကြောကို နှိပ်သောအခါ သားအိမ်ကို ထိသွားတတ်သည်။ သားအိမ်သည် ၀မ်းကြောနှင့် ကပ်နေသည်။ သားအိမ်ကို နှိပ်သဖြင့် ဥတု သွေးထိန်ခြင်း၊ မမှန်ခြင်း၊ ဆီးကျင်ခြင်း၊ အောင့်ခြင်း ဖြစ်လျှင် မီးညှောင့်အထက် လက်နှစ်သစ်ရှိ မိလ္လာကြောကို လက်ကုန်ထိုးသိပ်နှိပ်ရာ၏။ ပြုပြင်ရာ၏။
၁၃။ အိပ်မပျော်လျှင် ပေါင်တွင်း အာရုံကြော တစ်လျှောက်ကိုလည်းကောင်း၊ ခြေဖမိုးဆိုင်များ ကြောကိုလည်းကောင်း၊ ဖနောင့်အနီး ခြေမျက်စိအောက်ရှိ ပထ၀ီသွေးကြောကိုလည်းကောင်း နှိပ်ရာ၏။
၁၄။ အဆစ်အမြစ် ကိုက်ခဲခြင်း၊ မျက်စိမှုန်ခြင်း၊ တသမ်းသမ်းတက်ခြင်း၊ ခြေထောက်နှင့် ခြေမျက်စိ မျက်ခြင်း။ အိပ်၍ မပျော်ခြင်း၊ ခြေထောက်ဆန့်တန်းနေခြင်းတို့ ဖြစ်လျှင် ချက်၏ အထက် ဘ၀င်ကြောကို လည်းကောင်း၊ ချက်ဝဲယာ သကြီး(သူကြီး) ကို လည်းကောင်း၊ ဒူးဖျားအတွင်း၊ တကောက်ကြောများမှ နားရင်းအထိ ပါဒရက် လိုင်းကြောကို လည်းကောင်း၊ လက်ဝါးစောင်းဖြင့် ထောင်လျက် နှိပ်ရာ၏။
၁၅။ မီးတွင်းသကဲ့သို့ ခြေဒူးပူခဲ့သော် ဒူးဆစ်အတွင်း တကောက်ကြောကို နှိပ်နယ်ပြုပြင်ပေးရာ၏။
၁၆။ ခါးနားခြင်း၊ ခါးကိုက်ခြင်း၊ ခါးပူခြင်း၊ ခါးအောင့်ခြင်း၊ ခါးမျက်ခြင်း၊ ခါးစောင်းခြင်း၊ ခါးတောင့်ခြင်း စသော ခါးနှင့် ပတ်သက်သော ရောဂါများ ဖြစ်ခဲ့သော် ခြေဖမိုးမှ ဒူးဆစ်အထိ ပါဒရက်ကြောကို နှိပ်နယ်ပြုပြင်ပေးရာ၏။
၁၇။ ဆီးဝါခြင်း၊ ဆီးအောင့်ခြင်း၊ ဆီးမဖြောင့်ခြင်း( မုတ္တကိစ်) တို့ ဖြစ်လျှင် ဖနောင့်အထက် မိုးခိုကြောတစ်လျှောက် နှိပ်ပေးရာ၏။
၁၈။ ပူတစ်ခါ ချမ်းတစ်လှည့် ငှက်ဖျားကဲ့သို့ ဖျားခဲ့သော် ခြေမအကြားရှိ ပါဒရက် ဆုံကြောကိုလည်းကောင်း၊ ခြေဖ၀ါးရှိ ပထ၀ီကြောကို လည်းကောင်း။
၁၉။ အဖျားပြင်းစွာ ကတ်သောကြောင့် မေးမြန်းမရ ငန်းဖမ်းသည် အထိ ဖြစ်ခဲ့သော် ဖနောင့်ကြော ကြွက်သား မောင်းကြောထိပ်ကို လျှင်မြန်စွာ ပြုပြင်နှိပ်ပေးရာ၏။
၂၀။ အပူကြီး၍ ငန်းဖမ်းသော် ခြေမျက်စိအောက် အပြင်ဒူလာ ပါဒရက်ကြောကို လည်းကောင်း၊ အတွင်း ပထ၀ီကြောကို လည်းကောင်း နှိပ်ရာ၏။
၂၁။ တုန်၍ ပြင်းထန်စွာ ဖျားသော် ခြေမခွကြားရှိ အကြောကိုလည်းကောင်း၊ ဖြေဖ၀ါးရှိ ပထ၀ီကြောကိုလည်းကောင်း၊ ဖနောင့်အထက်ရှိ ပါဒရက်ကြောကို လည်းကောင်း၊နယ်၍နယ်၍ နှိပ်ရာ၏။
၂၂။ ခြေထောက် ချည့်နဲ့ဖြစ်ခဲ့လျှင် ဒူးဖျားအောက်ရှိ ညို့သကြီး (သူကြီး) နှိပ်ရာ၏။
ဤကား ပေမူမှ ရရှိသော ရှေးဟောင်း မြန်မာရိုးရာ အကြောပြင် နည်းတစ်ရပ် ဖြစ်ပါသည်။

ဆက်လက်ဖေါ်ပြပေးပါမည်

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊စက်တင်ဘာလ(၂၆)ရက်၊ည(၉)နာရီ ကူးယူတင်ပါသည်။

Read more...

*ဗောဇ္ဈင်တရား ခုနစ်ပါး(၇)*

နောက်ဆုံး ဗောဇ္ဈင်တရားသည် ဥပေက္ခာ သမ္ဗောဇ္ဈင် ဖြစ်၏။ ဥပေက္ခာ သဘောသည် စိတ်၏ မတိမ်းမစောင်း ညီညာသည့် သဘော၊ တည်ကြည်သည့် သဘောကို ဆိုလိုသည်။ အမှုခပ်သိမ်းတို့တွင် အဆင်ပြေ အဆင်ချောနေသည့် အခါတွင်လည်း အရမ်း စိတ်တက်ကြွခြင်း၊ ပလွှားခြင်းမျိုးလည်း မဖြစ်၊ အမှုခပ်သိမ်း အဆင်မပြေ အဆင်မချောသည့် အခါမှာလည်း အရမ်း စိတ်ဓါတ်ကျခြင်း မရှိ၊ ပကတိ တည်ကြည်ခိုင်မြဲသော စိတ်ဖြင့် အမှုခပ်သိမ်းကို အညီအမျှ သဘောထား၍ ဆက်ဆံတတ်ခြင်းသည် ဥပေက္ခာ မည်ပါသည်။ ဥပေက္ခာကို ဥပမာအားဖြင့် ကမ္ဘာမြေကြီးပေါ်၌ ထွန်းပလျက်ရှိသော နေနှင့် နှိုင်းယှဉ်ပြလေ့ ရှိ၏။ နေသည် တစ်ချို့သော သူကိုသာ ထွန်းလင်းစေပြီး တခြားသော သူတို့ အပေါ်မှာမူ မထွန်းလင်းဟူသော သဘောမရှိ။ နေမင်းသည် အရာခပ်သိမ်းတို့ အပေါ်ဝယ် အညီအမျှသာလျှင် ထွန်းလင်းသည်။ နေမင်းသည် ကမ္ဘာသူ ကမ္ဘာသား အားလုံးတို့ အပေါ်တွင် မခွဲမခြား တစ်သဘောတည်း ထား၍သာ ဆက်ဆံသည်။ ဥပေက္ခာသည် အရာခပ်သိမ်းတို့ အပေါ် သဘောထား တစ်မျိုးတည်းဖြင့် လက်ခံခြင်း၊ သိမ်းဆည်းခြင်း သဘောသာ ဖြစ်သည်။ ငြင်းဆန်သည့် သဘော၊ လက်မခံဘဲ မျက်နှာလွှဲသည့် သဘော မဟုတ်ချေ။

လျစ်လျူရှုသည် ဆိုသော မြန်မာစကားသည် အရှိကို အရှိအတိုင်း၊ အဖြစ်ကို အဖြစ်အတိုင်း လက်ခံခြင်း သဘောဖြစ်၏။ ဥပေက္ခာ သဘောကို ဆင်ခြင်၍ ဆက်ဆံရာသည်။ ထို့ကြောင့် အလွန်ပျော်ရွှင် ချမ်းသာဖွယ် အခြေအနေ အခါအခွင့်နှင့် ရင်ဆိုင်ရသော အခါမှာလည်း ကျွန်ုပ်တို့သည် အသင့်အတင့် နှလုံးသွင်း၍ ထိုချမ်းသာ ပျော်ရွှင်ဖွယ် အခြေအနေကို မှန်ကန်စွာ သုံးသပ်နိုင်သည်။ သူတို့သည် သူတို့ အတိတ်က စိုက်ပျိုးသည့် ကံမျိုးစေ့တို့၏ အသီး အပွင့်များကို ရိတ်သိမ်း သုံးဆောင် နေကြရခြင်းသာ ဖြစ်သည်ဟု သဘောထားနိုင်သည်။ သို့မဟုတ်မူ၍ အကြင်သူသည် အတိဒုက္ခ ရောက်နေသည်ကို ကြုံတွေ့ရသော အခါမှာလည်း ထိုသူတို့အပေါ် ကရုဏာစိတ် ပွားများခြင်းဖြင့် ကမ္မနိယာမ၏ အကျိုးပေးခြင်း သဘောကို ဆင်ခြင်၍ စိတ်နှလုံး တုန်လှုပ်ခြင်း ကင်းစွာ နေနိုင်ပါတော့သည်။ ဥပေက္ခာသည် ဂရုမစိုက် အရေးမထားသည့် သဘော မဟုတ်ပါ။ ဥပေက္ခာသည် အရာရာကို ညီမျှသော ခိုင်ခံ့သော အင်အားကောင်းသော စိတ်ဖြင့် အသင့်အတင့် နှလုံးသွင်းလျက် ဆက်ဆံခြင်း၊ လက်ခံခြင်းမျိုးသာ ဖြစ်ပါသည်။

ကမ္မဋ္ဌာန်းတရား အားထုတ်သော အခါ စိတ်သည် မရမာဏုမြူအဆင့် ရုပ်နာမ်ခ ပ်သိမ်းတို့၏ ခဏမစဲ တသဲသဲ တလှုပ်လှုပ် တဖြုတ်ဖြုတ်နှင့် ရုတ်ရုတ်သဲသဲ ဖြစ်လိုက် ပျက်လိုက်နှင့် ပြောင်းလဲ ဖြစ်ပေါ်နေသည့် အခြင်းအရာကို ထိုးထွင်း သိမြင်သော ကာလ ဤဥပေက္ခာ သမ္ဗောဇ္ဈင်သည် စိတ်ကို ထိုရုပ်နာမ်တို့၏ ဖြစ်ပျက်နေမှုကား ငါမဟုတ်၊ ငါ့ဟာမဟုတ်၊ သူ့သဘော သူဆောင်၍သာ ဖြစ်ပျက်နေကြ ကုန်သည်ဟု အသင့်အတင့် နှလုံးသွင်း၍ ရှုနေနိုင်အောင် ထိန်းကျောင်းပေး ပါသည်။

ဤကား ဗောဇ္ဈင်ခုနစ်ပါး မြတ်တရား ဖြစ်၏။ ထို ဗောဇ္ဈင်ခုနစ်ပါးကို ခိုင်မာ ရင့်ကျက်လာအောင် ကျွန်ုပ်တို့၏ တရားအားထုတ်မှု ကမ္မဋ္ဌာန်းခွင်ထဲတွင် လေ့ကျင့် အားထုတ်ရပါသည်။ ဗောဇ္ဈင် ခုနစ်ပါးတွင် သုံးပါးသော ဗောဇ္ဈင် တရားသည် စိတ်ကို နှိုးဆွသော ဗောဇ္ဈင်တရားများ ဖြစ်ပါသည်။ အခြား သုံးပါးသော ဗောဇ္ဈင် တရားကား စိတ်ကို ဆိတ်ငြိမ်စေသော ဗောဇ္ဈင် တရားများ ဖြစ်ပါသည်။ ဓမ္မ၀ိစယ (ပညာ) သမ္ဗောဇ္ဈင်၊ ၀ီရိယ သမ္ဗောဇ္ဈင်နှင့် ပီတိ သမ္ဗောဇ္ဈင် တို့သည် စိတ်ကို နိုးကြားအောင်၊ စိတ်ကို ရှင်သန် ဖျတ်လတ်မှု ရှိအောင် နှိုးဆွနိုင်သော သတ္တိရှိသည့် ဗောဇ္ဈင် တရားများ ဖြစ်ပါသည်။ ပဿဒ္ဓိ သမ္ဗောဇ္ဈင်၊ သမာဓိ သမ္ဗောဇ္ဈင်နှင့် ဥပေက္ခာ သမ္ဗောဇ္ဈင် တို့သည် စိတ်ကို တည်ကြည်အောင်၊ ငြိမ်သက်အောင်၊ ခိုင်ခံ့အောင် ပြုလုပ်ပေးသော ဗောဇ္ဈင် တရားများ ဖြစ်ကြပါသည်။

ထို ဗောဇ္ဈင် တရား ခြောက်ပါးတို့သည် အချင်းချင်း အညီအမျှ သဟဇာတ ဖြစ်ဖို့ လိုပါသည်။ အကယ်၍ စိတ်ကို လှုံ့ဆော်မှုဘက်က အရှိန် ပြင်းထန်လွန်း လျှင်လည်း စိတ်သည် မငြိမ်မသက် မရပ်မနားဘဲ လှုပ်ရှားနေတတ် ပါသည်။ စိတ်ကို ငြိမ်သက် တည်ကြည်စေသော ဗောဇ္ဈင် တရားများ ဘက်က အားကောင်းသွားပြန် လျှင်လည်း စိတ်မှာ သုန်မှုန် ထိုင်းမှိုင်းပြီး အိပ်ပျော်သွားတတ် ပါသည်။ ထိုသို့ စိတ်တက်ကြွလွန်းပြီး မငြိမ်မသက် လှုပ်လှုပ်ရွရွ ဖြစ်ခြင်းမှ လည်းကောင်း၊ စိတ်ထိုင်းမှိုင်း လေးလံပြီး အိပ်ပျော်သွားခြင်းမှ လည်းကောင်း ကင်းဝေးစေပြီး နိုးကြားစွာ အခြားသော ဗောဇ္ဈင် တရားများ ကိုလည်း အားကောင်းအောင် ထိန်းသိမ်းပေးသော တရားမှာ သတိ သမ္ဗောဇ္ဈင် ဖြစ်၏။

ဤသို့ စိတ်အစဉ် ဖြစ်ပေါ် တိုးတက်မှု ဖြစ်စဉ်သည် ဤမဂ်လမ်းတွင် တရား အားထုတ်သူ၏ စိတ်ကို နှိုးဆော်မှုများ၊ အားပေးမှုများဖြင့် ပြည့်နှက်စေ ပါသည်။ သတိ သမ္ဗောဇ္ဈင်၊ ဓမ္မ၀ိစယ သမ္ဗောဇ္ဈင်၊ ၀ီရိယ သမ္ဗောဇ္ဈင်၊ ပီတိ သမ္ဗောဇ္ဈင်၊ ပဿဒ္ဓိ သမ္ဗောဇ္ဈင်၊ သမာဓိ သမ္ဗောဇ္ဈင်၊ ဥပေက္ခာ သမ္ဗောဇ္ဈင် စသော ဗောဇ္ဈင် ခုနစ်ပါးနှင့် ပြည့်စုံအောင် အားထုတ်ထားသော စိတ်အခြေ အနေကို စဉ်းစားကြည့်ပါ။ ထိုစိတ်သည်ကား အရောင်အ၀ါ ထွန်းပသော ၀မ်းမြောက်ခြင်း များဖြင့် ပြည့်စုံသောစိတ် ဖြစ်နေပါပြီ။ ထိုစိတ်မျိုး ဖြစ်ပေါ်လာအောင် ယခု ဤနေရာမှာ ကျွန်ုပ်တို့ အားထုတ်နေကြခြင်း ဖြစ်ပါသည်။

ဗောဓိဉာဏ်ကို ဖြစ်စေသော ဤ ဗောဇ္ဈင် တရားများသည် မျက်မှောက် ခဏအတွက်သာ စိတ်ချမ်းသာမှု သုခကို ပေးစွမ်းနိုင်သည် မဟုတ်ပါ။ နိဗ္ဗာန်သို့ လည်းကောင်း၊ သဗ္ဗညုတ ဉာဏ်သို့ လည်းကောင်း၊ သံသရာမှ လွတ်မြောက်ကြောင်း ၀ိမုတ္တိသို့ လည်းကောင်း လျှောကျ သက်ဝင်စေနိုင် ပါသည်။

တစ်ခါတစ်ရံ နေ့စဉ်ရက်ဆက်ပင် ခန္ဓာကိုယ်မှာ နာကျင်မှု၊ ကိုက်ခဲမှုတွေ ဖြစ်ပေါ်ပြီး စိတ် ယောက်ယက်ခတ် နေခြင်းဖြင့်သာ ရင်ဆိုင်နေရသည့် အတွက် ကျွန်ုပ်တို့ ဘာလုပ်နေကြသလဲ ဆိုသည်ကိုပင် အလွယ်တကူ မေ့သွားတတ်ကြ ပါသည်။

သို့သော မမြင်နိုင်ဘဲလျက် ခဏတိုင်း ခဏတိုင်းမှာ သေချာပေါက် ဖြည်းဖြည်းချင်းသာလျှင် ဤ ဗောဇ္ဈင်တရား ခုနစ်ပါးသည် ဖွံ့ဖြိုး တိုးတက်လျက် နေပါသည်။ ကျွန်ုပ်တို့ လုပ်ခဲ့ပြီးသမျှ အလုပ်များသည် ကြီးကျယ်သော အလုပ်များ ဖြစ်ခဲ့ပါပြီ။ ဤကား စိတ်၏ အမြင့်မြတ်ဆုံး ဆင့်ကဲ တိုးတက်နေမှု ဖြစ်စဉ်ပင် ဖြစ်ပါသည်။

>>> ဗောဇ္ဈင်တရား ခုနစ်ပါးအကြောင်း ပြီး၏။

>>> ဆရာဦးဆန်းလွင်နှင့် ဆရာဦးဟန်ဌေးတို့ ဘာသာ ပြန်ဆိုသော ဂိုးလ်စတိန်း၏ ကိုယ်တွေ့ ၀ိပဿနာ စာအုပ်မှ ကူးယူဖော်ပြ မျှဝေအပ် ပါတယ် ခင်ဗျာ...။


လေးစားစွာဖြင့်
ဖိုးသား

9/27/2009, SUN:, 12:33:25 AM



Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP