* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။
* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။
နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။
ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။
ကရုဏာလက်များ ကမ်းလင့်ပေးပါ...
ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။
ပညာရေးအလှူတော် နှိုးဆော်ချက်
ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။
သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။
ဝိမုတ္တိရသ အဖွဲ့သားများ
------------------------
နောက်ဆက်တွဲသတင်း.....
ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်
ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။
ပြုလုပ်မည့်အစီအစဉ်
ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။
လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ
(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။
(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။
(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။
(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။
အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)
ဆက်သွယ်ရန်လိပ်စာ
ကိုထွန်းထွန်းလှိုင်
ဖုန်း ၀၉-၇၃၀၆၂၈၁၁
htunhtunhlaing82@gmail.com
winthu.tbyo@gmail.com
thantzin83@gmail.com
Friday, September 25, 2009
အလကားမရ
သင့်​အောင်မြင်​မှုနှင့် စိတ်​ချမ်းသာမှုကို သင်​ကိုယ်​တိုင်​ပင် ​တောင်းဆိုယူရလိမ့်မည်။
 လောကသည် သင့်အား ဘာကိုမျှ အသားလွတ်​ပေးမည် မဟုတ်။ ဘယ်​သူကမျှ သင့်ဆီလာပြီး အသာ ပခုံးပုတ်​ကာ ​၊ အခွင့်အ​ရေး​တွေ ဟု​ပေးမည်​မဟုတ်။ ပခုံးပုတ်၍ လှည့်အကြည့်တွင် မျက်​နှာကို လက်​သီးပြင်းပြင်းနှင့် ထိုးထည့်လိုက်ခြင်းမျိုးသာ သင် ခံချင် ခံရနိုင်​သည်။
အလကား ရနိုင်​တာ ဒါမျိုးပဲ ရှိသည်။
ဒါကို လူအများလည်း သိကြသည်သို့ ​သော် ဒါကိုသိလျက် သူတို့  ဘယ်​လို​တွေးကြသနည်း။ ဘယ်​သူကမှ ငါ့ကို မကူညီလျှင် ငါဘယ်​မှာ ​အောင်မြင်​နိုင်​မည်​လဲ ဟူ၍ပဲ ​တွေးသည်။
မှားပြန်​ပါပြီ။
မည်​သူမျှသင့်ထံလာပြီး အခွင့်အ​ရေး​တွေ မ​ပေး​တော့ဘူးဆို​တော့​ကော ဘာဖြစ်​သနည်း။
သင့်အား ​အောင်မြင်​သူ တစ်ဦ်းဘဝ ​ရောက်​ရှိ​အောင် တွန်းပို့ မောင်းနှင်​ပေးမည့် စွမ်းအား​တွေ သင့်ကိုယ်​ထဲမှာ အပြည့်ရှိ​နေသည်။ သင်၌ လိုအပ်​နေသည်​မှာ သင်​သည် ဤ​လောက၌ ထိုက်​တန်​သော တစ်​နေရာကို ရပိုင်​ခွင့်ရှိသည်​ဟူ​သော ယုံကြည်​ချက်​နှင့် ထိုအရာကို ရ​အောင် ယူမည်​ဟူ​သော ခိုင်​မာသည့် စိတ်ဓါတ်တို့ သာ ဖြစ်​သည်။
ဒါ​တွေကို တခြားက မရနိုင်။ သင့်ကိုယ်​တိုင်​ထံမှပင် ​တောင်းခံယူရ​ပေမည်။
----
ကိုယ့်အား ကိုယ်​ကိုး
သင့်အား မည်​သူမျှ အ​ပေါ်အမြင့်သို့ ​ရောက်​အောင်ကြိုးဖြင့် ဆွဲမတင်​နိုင်။ကြိုးကိုကြာကြာ ဆုပ်​ကိုင် မထားနိုင်​သော အကြောင်းကြောင့်ပင် သင်ပြုတ်​ကျမည်ဖြစ်၏။ သို့​သော် ကိုယ့်​ခြေ​ထောက်​ပေါ်ကိုယ် ရပ်၍တက်​လျှင်​ကား အမြင့်ဆုံး​တောင်​ထိပ်​သို့ ​ရောက်​အောင်​ပင် သင်​တက်​နိုင်​မည်ဖြစ်​သည်။
(​ဖေမြင့်၏ ကိုယ့်ထူးကိုယ်​ချွန်​သမားများအတွက် လက်​စွဲစကားများ စာအုပ်​မှ)
Read more...
သဲအင်းဂူဆရာတော်ဟောကြားသောမဂ်ပေါက်ဖိုလ်ဝင်နိဗ္ဗာန် အမြင်(၂ )
Read more...
သက်တမ်း ရှည်နည်း...
ဒီကမ္ဘာကြီးမှာ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုတွေ၊ တီထွင်မှုတွေ တစ်နေ့တစ်ခြား များပြားလာတာကို နေ့စဉ်နေ့တိုင်း ကြားနေကြရတယ်။ မြင်တွေ့နေရတယ်။ စိတ်ပိုင်းဆိုင်ရာ အတွက် တိုးတက်မှုတွေ ကျတော့ ဘယ်နေရာမှာ လိုက်ရှာရမှန်း မသိဘူး။ တစ်နေ့တစ်ခြား မနာလိုမှု၊ ရန်လိုမှုတွေနဲ့ပဲ ရင်ဆိုင်နေရတယ်။
အခုခေတ်မှာ ဆိုရင် တယ်လီဖုန်းတွေ၊ ကွန်ပြူတာတွေ၊ အင်တာနက်တွေရဲ့  လုပ်ဆောင်မှုတွေဟာ အံ့မခန်းလိလိ တိုးတက်လာကြတယ်။ လူတွေက အဲဒီ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုတွေ၊ ထူးဆန်းမှုတွေရဲ့  နောက်ကိုပဲ လိုက်ကြတယ်။ စိတ်ဝင်စားကြတယ်။
အဲဒီ ရုပ်ပိုင်း ဆိုင်ရာတွေကို ဖြစ်လာအောင် တီထွင်လိုက်တဲ့ စိတ်ပိုင်းဆိုင်ရာ၊ စိတ်ရဲ့  ဆန်းကျယ်မှုကိုတော့ ဘယ်သူမှ စိတ်မ၀င်စားကြဘူး။ ကမ္ဘာမှာ ကျော်ကြားနေတဲ့ သိပ္ပွံပညာရှင်တွေဟာ တော်တော်လေးကို ဦးနှောက်ကောင်းကြတယ်။ တီထွင်နိုင်တဲ့ စွမ်းအားတွေ သူတို့မှာ ရှိကြတယ်။ ဒါပေမဲ့ သူတို့ရဲ့ တီထွင်နိုင်တဲ့ စိတ်စွမ်းအားတွေ ဘယ်ကလာတယ် ဆိုတာကိုတော့ သူတို့ကိုယ်တိုင် မသိကြဘူး။
လူတွေကလည်းပဲ သိပ္ပံပညာရှင်တွေရဲ့ တီထွင်မှုကိုပဲ ချီးမွမ်းနေကြတယ်။ တီထွင်နိုင်ဖို့ ဖြစ်လာတဲ့ စိတ်ကိုတော့ စိတ်မ၀င်စားကြဘူး။
ဒါကြောင့် ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုနှုန်း မြင့်လေလေ၊ စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုနှုန်း ကျဆင်းလေလေ ဖြစ်နေတယ်။
လူတွေဟာ ရုပ်ပိုင်းကိုပဲ ဖွံ့ဖြိုးတိုးတက်အောင် ပြုလုပ်ဖို့ သတိရကြပြီးတော့ စိတ်ပိုင်းကို ဖွံ့ဖြိုး တိုးတက်အောင် ပြုလုပ်ဖို့ မေ့နေကြတယ်။
အခုခေတ်မှာ လူတွေဟာ မိမိတို့ရဲ့  ရုပ်ခန္ဓာကိုယ်ကို လှပအောင်၊ ကျန်းမာအောင် ဘယ်လောက်ပဲ လုပ်လုပ်၊ တစ်နေ့တစ်ခြား အိုမင်းရင့်ရော်လာပြီး လူ့သက်တမ်းက တဖြည်းဖြည်းနဲ့ တိုလာတာပဲ။
တခြား သွားမကြည့်နဲ့ဦး။ သင်္ချိုင်းကုန်းက အုတ်ဂူတွေကိုပဲ အရင်ကြည့်။ အုတ်ဂူတွေမှာ သေသွားတဲ့လူရဲ့  အမည်နဲ့ အသက်ကို ရေးထားတယ်။ အုတ်ဂူအသစ်တွေ ဆိုရင် အသက်ငယ်ငယ်နဲ့ သေသွားတဲ့ လူတွေချည်းပဲ။ ဟိုး အရင်က သေသွားခဲ့တဲ့ အုတ်ဂူ အဟောင်းတွေမှာ ကျတော့ အသက် ရှည်ရှည်နေပြီးမှ သေသွားတဲ့ လူတွေကိုပဲ တွေ့ရတယ်။
အဲဒါက သက်သေတစ်ခုပဲ။ အခုခေတ် လူတွေဟာ သက်တမ်း တိုလာကြပြီ ဆိုတာလေ။
ဆေးရုံ၊ ဆေးခန်းတွေ ဘယ်လောက်ပဲ ပေါများ ပေါများ၊ ခေတ်မီဆေးဝါးတွေ၊ ဆေးပညာ နည်းစနစ်တွေ ဘယ်လောက်ပဲ ထွန်းကားတိုးတက်၊ ဆရာဝန်တွေ၊ ပါရဂူတွေက လူတွေရဲ့  အသက်ကို ဘယ်လောက်ပဲ ကယ်တင် ကယ်တင် လူတွေရဲ့  သက်တမ်းကတော့ တိုလာ ကြတာပဲ။ အဲဒါတွေ ဖြစ်လာရတဲ့ အဓိက အကြောင်းအရင်းက လူတွေရဲ့  လောဘ၊ ဒေါသ၊ မောဟ တွေက တစ်နေ့ တစ်ခြား တိုးပွားလာလို့ပေါ့။
လောဘ၊ ဒေါသ၊ မောဟတွေ တိုးလာလေလေ သက်တမ်းက တိုလာလေလေပဲ။
မြတ်စွာဘုရားကတော့ သက်တမ်းရှည်ရှည် နေချင်ရင် သီလကို လုံအောင် စောင့်ထိန်း ကြရမယ် လို့ မိန့်မှာခဲ့တယ်။ မိမိရဲ့  စိတ်ကို စင်ကြယ်သန့်ရှင်းအောင် နေရမယ်။ လောဘ၊ ဒေါသ၊ မောဟ တွေကို ကင်းအောင်နေထိုင်ရမယ်။ အဲဒါဟာ လူတွေအတွက် အကောင်းဆုံး အားဆေးပဲလေ။
ဒါကြောင့် ကျွန်ုပ်တို့ဟာ သက်တမ်းရှည်ရှည် နေချင်ရင် သီလကို လုံခြုံအောင် အမြဲတမ်း စောင့်ထိန်းရမယ်။ မိမိတို့ရဲ့  စိတ်ကိုလည်း အချိန်တိုင်းမှာ သန့်ရှင်းနေအောင်၊ ကြည်လင်နေအောင်၊ အကုသိုလ် ကင်းနေအောင် နေထိုင်ကြရမယ်။
စက္ကန့်တိုင်း စက္ကန့်တိုင်းမှာ စိတ်တွေဟာ ဖြစ်ပြီးရင် ပျက်ကုန်ကြတာချည်းပဲ။ စိတ်ကလေး မပျက်သွားခင် ဖြစ်နေတဲ့ အခိုက်အတန့်လေးကို ကြည်လင်အောင် လုပ်နိုင်ဖို့တော့ လိုအပ်တယ်။ ခန္ဓာကိုယ်မှာ စိတ်ကြောင့် ဖြစ်လာတဲ့ ရုပ်တစ်ခုလည်း ပါတယ်လေ။ မိမိရဲ့ စိတ်ကလည်း သန့်ရှင်း ကြည်လင်နေရင် အဲဒီစိတ်ကြောင့် ဖြစ်လာမယ့် ရုပ်လည်းပဲ သန့်ရှင်း ကြည်လင်နေမှာပဲ။
လောဘအလွန်ကြီးတဲ့ လူတွေလည်းပဲ တငွေ့ငွေ့နဲ့ လောင်နေတဲ့ ဖွဲမီးလို မိမိရဲ့ စိတ်ထဲမှာ လောဘမီးတွေ လောင်နေတတ်တယ်။ အဲဒါလည်း ခန္ဓာကိုယ်ကို မီးရှို့နေတာနဲ့ အတူတူပါပဲ။ မိမိကိုယ် မိမိ သက်တမ်းတိုအောင် လုပ်နေတာလေ။
ဒေါသထွက်နေတဲ့ လူတွေရဲ့ မျက်နှာကို ကြည့်ရင် ပိုပြီးတော့ သိသာနိုင်တယ်။ အဲဒီ လူတွေရဲ့ မျက်နှာတွေဟာ ဒေါသထွက်နေချိန် မှာ နီရဲနေတတ်တယ်။ နှလုံးသွေး ခုံနှုန်းတွေလည်း မမှန် ဖြစ်နေတယ်။ ခန္ဓာကိုယ်ရဲ့ သွေးလှည့်ပတ်မှုတွေဟာလည်း မမှန်တော့ပဲ လူကို ဒုက္ခပေးတော့တာပဲ။
သက်တမ်းတိုဖို့ သင်္ကေတတွေကို ပြနေတာနဲ့ အတူတူပါပဲ။
မောဟအားကြီးတဲ့ လူတွေဆိုရင်လည်း စိတ်တွေဟာ အချိန်တိုင်းလိုလို ထိုင်းမှိုင်းနေတတ်တယ်။ စိတ်တွေ ထိုင်းမှိုင်းနေတော့ စိတ်ကြောင့် ဖြစ်လာမယ့် ရုပ်တွေဟာလည်းပဲ ထိုင်းမှိုင်းလာတော့တာပဲ။ အဲဒီတော့ ဘာမှ မလုပ်ချင်၊ မကိုင်ချင် ဖြစ်နေလိမ့်မယ်။ လန်းဆန်းမှု မရှိတော့ဘူးလေ။
အဲဒါဆိုရင် လောဘ၊ ဒေါသနဲ့ မောဟကို နည်းအောင် လုပ်နိုင်မယ် ဆိုရင် စိတ်တွေဟာ ကြည်လင် လန်းဆန်းလာပြီး စိတ်ကြောင့် ဖြစ်လာမယ့် ရုပ်တွေဟာလည်း ကြည်လင် လန်းဆန်း လာလိမ့်မယ်။ ဒါမှမဟုတ်ပဲ လောဘ၊ ဒေါသနဲ့ မောဟကို များအောင် လုပ်နေမယ် ဆိုရင်တော့ စိတ်တွေဟာ မတည်ငြိမ်ဘဲ ထိုင်းမှိုင်းလာပြီး စိတ်ကြောင့် ဖြစ်လာမယ့် ရုပ်တွေဟာလည်း တည်ငြိမ်မှု မရှိတော့ဘဲ ရုပ်တွေ ပျက်စီးဖို့ ပဲ ရှိပါလိမ်မယ်။
ဒီလောက်ဆိုရင် မိမိတို့ရဲ့  သက်တမ်းက ပိုပြီး ရှည်လာအောင် ဘာတွေကို ရှောင်ပြီး ဘာတွေကို ဆောင်ရမယ် ဆိုတာကို သိပြီး ကျင့်ကြံအားထုတ်နိုင်ပါပြီ...
Read more...
သူငယ်တော်တောရ ဆရာတော်၏ နေ့ စဉ်ဟောပြ သြ၀ါဒ (၁၄)
ဘုရားနဲ့ တွေ့ သူ
ဘုန်းကြီးတို့  ယောဂီသူတော်စင်တွေ အားလုံး သိထားရမှာက တရားတွေ့ မှ ဘုရားနဲ့ တွေ့ တယ်။ တရားမတွေ့ ရင် ဘုရားနဲ့ မတွေ့ ဘူးလို့ မှတ်ရမယ်။ ဒီတော့ဘုရားနဲ့ တွေ့ ချင်ရင် တရားတွေ့ အောင် ကြိုးစားမှတ်ရမယ်။
ဗုဒ္ဓဘာသာသုံးမျိုး
အောက်တန်း ဗုဒ္ဓဘာသာ၊ အလယ်တန်း ဗုဒ္ဓဘာသာ၊ အထက်တန်း ဗုဒ္ဓဘာသာ၊ ဗုဒ္ဓဘာသာ သုံးမျိုးရှိတယ်။ ကံနဲ့  ကံ၏အကျိုးကို ယုံကြည်တဲ့အဆင့်ဟာ အောက်တန်းဗုဒ္ဓဘာသာဖြစ်တယ်။ အနိစ္စ-မမြဲဘူး၊ ဒုက္ခ-ဆင်းရဲတယ်၊ အနတ္တ-အစိုးမရဘူးလို့  လက္ခဏာရေးသုံးပါးကို ဆင်ခြင်ပြီးတော့ ဥာဏ်ထဲမှာ ဆင်ခြင်တဲ့သဘောကတော့ အလယ်တန်းဗုဒ္ဓဘာသာ၊ မဂ်ဥာဏ် ဖိုလ်ဥာဏ်ရပြီး သစ္စာလေးပါး ကို မြင်သွားတဲ့အဆင့်ကတော့ အထက်တန်းဗုဒ္ဓဘာသာဖြစ်တယ်။ အောက်တန်း၊ အလယ်တန်း အဆင့်မျှနဲ့ ပဲ အားရတင်းတိမ် မနေကြဘဲ အထက်တန်းဗုဒ္ဓဘာသာဝင်တွေ ဖြစ်အောင်ယောဂီသူတော်စင်တွေအားလုံး ကျင့်ကြံ အားထုတ်ကြရမယ်။
ယောက်မ နဲ့  လျှာ
ဘုန်းကြီးတို့  ယောဂီသူတော်စင်တွေ ကိုယ့်ကိုကိုယ် ယောက်မနဲ့ တူတဲ့ပုဂ္ဂိုလ်မဖြစ်စေနဲ့ ။ ယောက်မဟာ အရသာနှင့်ပြည့်စုံတဲ့ဟင်းတွေ ဘယ်လောက်ပဲ ချက်ချက်၊ မွှေမွှေအရသာ မသိဘူး။ လျှာကသာအရသာမျိုးစုံကို သိနိုင်တယ်။ ဒါ့ကြောင့် တရားတော်တွေကို သိအောင် နာကြား၊ ကြိုးစား ပြီးတော့လဲ ပွားများ အားထုတ်၊ လျှာနဲ့ တူတဲ့ပုဂ္ဂိုလ်တွေဖြစ်အောင် ကျင့်ဆောင် အားထုတ်ကြရမယ်။
သူငယ်တော်တောရဆရာတော်၏ နေ့ စဉ်ဟောပြသြ၀ါဒများ (တင်ထားပြီးသမျှ)
Read more...
မိစ္ဆာဒိဋ္ဌိနှင့် သမ္မာဒိဋ္ဌိနှစ်ဖြာသိကောင်းစရာ
067-MAITSAR&THAMMAR.DATE.HTI.mp3 -
Read more...
ရလဒ်
ကမ္ဘာမြေရေ
မင်းအတွက်ပေးဆပ်ခဲ့တဲ့ကောင်
ခေါင်းခေါင်းမာမာနဲ့
ဘလော့ဂါဆိုတဲ့ ၀ိသေသလေးကို
ရွှေးချယ်ခဲ့တာပါ။
ငါဟာ နာကျင်ခြင်းတွေခပ်များများနဲ့
လည့်ကွက်ဆန်ဆန် ယန္တာရားအောက်မှာ
ဘယ်လို ထူထောင်ဆောက်တည်ရမှန်းမသိတဲ့
အမှောင်မှာ အိမ်ပြန်တော့မယ့်သူ
ကြယ်တွေမသိ လားရာမရှိ
အချိန်တွေတတိတိကုန်နေ
မင်းရဲ့မေတ္တာတရားကို တွေ့လိမ့်နိုးနိုးနဲ့
လွတ်မြောက်ရာလမ်းဆီဦးတည်နေပြီ
အညံစားအတ္တတွေထမ်းပိုးရင်း
အနတ္တချောက်ထဲ ခုန်ချ
ရှင်သန်နိုင်တဲ့အသက်ဓာတ်ဆိုတာ
ခပ်ယဲ့ယဲ့ပဲကျန်တယ်
အဝေးဆုံးလမ်းကို
ခရီးနှင်ချင်သူတစ်ယောက်ရဲ့
နောက်ဆုံးရလဒ်ကတော့
စိုက်ပျိုးပြီးလို့ရိတ်သိမ်းခဲ့တာတွေအားလုံး
ရိုးပြတ်တောတွေချည်းပဲကွယ်။
Read more...
ခံစားချက်ကဗျာများ.......
Posted on 12:38 AM by peacefulness
"ဒီစိတ်"
ငါ့ဘ၀င်မှာ
မထချင်ပေမယ့်လို့
ဘ၀အစဉ်ပြတ်အရေး
မျှော်တွေးကာအားထုတ်
တရားအလုပ်, လုပ်မှာမို့
ဒီစိတ် ကလေးကို ပြန်ကာရှု
နိုးထမှုပြုခဲ့...။
တစ်ခါတစ်လေ
လုပ်နေကျအလုပ်တွေ
လုပ်နေကျအချိန်မှာ
ပုံမှန်လုပ်နိုင်ဖို့
သွေဖီ မိုက်မဲ
ခက်ခဲနေလိုက်တာ
အလေလိုက်တဲ့ ဒီစိတ် ကြောင့်...။
အလျှော့ပေးပေါင်းများတော့လည်း
လျော့ကျနေတဲ့ ဒီစိတ်
အတိတ်မှာပျော်
အနာဂတ်မျှော်လို့
အော်...
လက်ရှိမှာတော့
တော်တော်နေသားမကျတာပဲ...။
သာယာလိုက်... ပျော်မွေ့လိုက်...
စိတ်ကွက်လိုက်... အလိုမကျလိုက်...
ပျင်းရိလိုက်... ထိုင်းမှိုင်းလိုက်...
လူးလွင့်လိုက်... စီးမျောလိုက်...
လှုပ်ရှားလိုက် ...ဆောက်တည်ရာမဲ့လိုက်...
ယုံမှားလိုက်... သံသယဖြစ်လိုက်...
အော်... ဒီစိတ် နှယ်
ဂနာကို မငြိမ်ပါလားနော်...။
အဆိပ်ကို အဆိပ်နဲ့ ဖြေသတဲ့
သိုင်းကားတွေထဲမှာလေ...။
ခုတော့ ငါလည်း
အစိုးမရတဲ့ ဒီစိတ်
အလေလိုက်တဲ့ ဒီစိတ်
ဂနာမငြိမ်တဲ့ ဒီစိတ်
အစိုးရအောင် အားပြု
အဆိပ်ကို အဆိပ်နဲ့ ကုစားသလို
စိတ် ကို စိတ် နဲ့ပဲ ရှုပွားရတော့မပေါ့...။
ဖိုးသား...
--------------------------------------------
"လွမ်းတငွေ့ငွေ့ ရင်၌မေ့သော်"
အို...
တစ်မြေနယ်ခြား၊ ငါ့စိတ်ကားလျှင်
စိတ်အားရယ်ငယ်၊ လွမ်းမောဖွယ်တည်း........
စစ်ကြောဝေဖန်၊ ပိုင်းဖြတ်ပြန်လျှင်
ရှင်သန်လောက၊ ပညာရရန်
ရင်မှလွမ်းစိတ်၊ စီးယိုဖိတ်လည်း
ကြိတ်မှိတ်သည်းခံ၊ လမ်းကြောင်းမှန်သား
အားမာန်ကိုတင်း၊ လမ်းကိုခင်းအံ့
ရောင်းရင်းလုံ့လ၊ ဝိရိယနှင့်
ကံမှမျှော်ရည်၊ စိတ်ခြေတည်၍
ငါသည်လှော်ခတ်၊ ခြေစုံရပ်မည်
ဖြတ်မည့်ခရီး၊ ပင်ပန်းကြီးစေ
ရင်းနှီးပညာ၊ လိုချင်ရှာကြောင့်
ငါ၏မိဘ၊ ဆွေမျိုးမှသည်
ချစ်ရသူပင်၊ ဝေးဖယ်ကျဉ်ခဲ့
ချစ်ခင်နိုင်ငံ၊ ကောင်းဖို့ရန်နှင့်
ရှင်သန်တည်လတ်၊ အနာဂတ်တိုင်
မှတ်ကျောက်ကမ္ပည်း၊ ထိုးရစ်ပြီးသော်
ရောင်မီးထိန်ဝါ၊ သသာနာနှင့်
ဘာသာအကျိုး၊ ငါမျှော်ကိုးသည်
စိုးမိုးလွှမ်းပတ်၊ ဤစိတ်မြတ်ကြောင့်
လွမ်းတတ်ဖို့ပင်မေ့ခဲ့တည်း.........
(အားလုံးနှင့်အဝေးခံ၍ ရည်ရွယ်ချက်အတွက် ရုန်းကန်နေသူများသို့ရည်ရွယ်၍...)
ဇောတိက(ဝီရမြေ)........
--------------------------------------------------
စာရေးသူ ဒီအစီအစဉ်လေးကို လုပ်ဖြစ်သွားတာက ကဗျာကိုချစ်မြတ်နိုး သူတွေအတွက် မိမိတို့စိတ်ကြိုက် ရေးသား နိုင်ပြီး စာဖတ်သူတို့အတွက် သီးသန့် လုပ်ပေးထားတဲ့ အစီအစဉ်လေးပါ... ဒါကြောင့် ကဗျာကိုချစ်ခင်သူများ မိမိတို့တင်ချင်ပါက ရေးသားပြီးသော ကဗျာများကို အမည်နှင့်တကွ ပို့ပေးနိုင်ကြပါတယ်။ ဒီအစီအစဉ်လေးမှာ တပေါင်းတည်း ပြန်လည်ဖေါ်ပြသွားမှာ ဖြစ်ပါတယ်။
Read more...
ဗုဒ္ဓဖြစ်စဉ် (၂၂)
ဘုရားရှင် ဝေသာလီပြည် မဟာဝုန်တော ကူဋာဂါရသာလာကျောင်းမှာ သီတင်းသုံးနေစဉ် သစ္စကပရိဗိုဇ်က ဘုရားရှင်နှင့် ၀ါဒပြိုင်ဖို့ ရောက်လာပါတယ်။ သစ္စကပရဗိုဇ်က သူ့ဝါဒကို ရေရွတ်လိုက်ရင် သဗ္ဗညုလို့ဝန်ခံတဲ့ ပုဂ္ဂိုလ်မပြောနဲ့ အသက်မဲ့တဲ့ ကျောက်တိုင်တောင်မှ တုန်လှုပ်ရပါတယ်လို့ ကြုံးဝါးထားသူ ဖြစ်ပါတယ်။ အဲလိုပြောနိုင်လောက်အောင်လည်း သူက သာသနာပ၀ါဒပေါင်းမြောက်များစွာကို တတ်မြောက်ထားသူဖြစ်ပါတယ်။ သူအခု ဘုရားရှင်နဲ့ ၀ါဒပြိုင်ဖို့ လိစ္ဆ၀ီအစည်းအဝေးကို သွားပြီး လူစုလိုက်ပါပြီ။
သစ္စကအကြောင်းက ဒီလို။ တစ်ခါက ၀ါဒငါးရာစီကို ပိုင်ဆိုင်ထားတဲ့ ပရိဗိုဇ်နှစ်ယောက်ဟာ တစ်မြို့ဝင် တစ်မြို့ထွက် ၀ါဒပြိုင်ရင်း မင်းဆက်ပေါင်း ၇၇၀၇ ဆက်အုပ်ချုပ်နေတဲ့ လိစ္ဆ၀ီတို့နေတဲ့မြို့ကို ရောက်ခဲ့ကြတယ်။ ပရိဗိုဇ်နှစ်ယောက် ၀ါဒပြိုင်ကြတယ်။ ဘယ်သူ့ဝါဒကိုမှ ဘယ်သူ မဖြေဆိုနိုင်ပါဘူး။ ဒါကို လိစ္ဆ၀ီတို့က ဒီနှစ်ယောက်သာ ငါတို့မြို့မှာရှိရင် ငါတို့မြို့ဂုဏ်တက်မှာပဲလို့ တိုင်ပင်ပြီး ၀ါဒပြိုင်တဲ့သူကိုကြည့်လိုက်တော့ ယောင်္ကျားပျိုနှင့် မိန်းမပျိုဖြစ်နေတာနဲ့ အတူပေါင်းသင်းစေပြီး ဒီမြို့မှာနေထိုင်ဖို့ နေရာတွေ စီမံပေးလိုက်ပါတယ်။ သူတို့ ညားကြတော့ သမီးလေးယောက်နှင့် သားတစ်ယောက် ထွန်းကားပါတယ်။ သစ္စကက သူတို့ရဲ့ သားထွေးလေးပေါ့။
သမီးလေးယောက်က သာဝကဝေနေယျမို့ အရှင်သာရိပုတ္တရာက ခြွေချွတ်တော်မူခဲ့ပါတယ်။ သမီးလေးယောက်ကလည်း မခေပါဘူး။ အရွယ်ရောက်စကတည်းက မိဘနှစ်ပါးရဲ့ ၀ါဒငါးရာစီကို ပိုင်ဆိုင်ထားသူတွေပါ။ မိဘတွေ ကွယ်လွန်ပြီးနောက်ပိုင်း နယ်တကာလှည့်ပြီး ၀ါဒဆရာတွေများစွာနဲ့ ၀ါဒလိုက်ပြိုင်နေကြသူတွေလည်း ဖြစ်ပါတယ်။ ၀ါဒတွေ လိုက်ပြိုင်ရင်း မြို့တစ်မြို့အရောက် မြို့အ၀င်မှာ သဲပုံမှာသပြေခက်စိုက်ပြီး “ငါတို့နဲ့ ၀ါဒပြိုင်မယ့်သူတွေ ဒီသပြေခက်ကို ဖျက်ဆီးစေ” ဆိုပြီး မြို့ထဲဝင်ခဲ့ကြတယ်။ အရှင်သာရိပုတ္တရာက အဲဒီနေ့ ကျောင်းမှာ ရေအိုးစင်ရေဖြည့်၊ တံမျက်လှည်း၊ ဂိလာနတွေကို ပြုစုရတာမို့လို့ မြို့ထဲ ဆွမ်းခံဝင်နည်းနည်း နောက်ကျနေတယ်။ မြို့အ၀င်မှာ ကလေးတွေ ဆော့နေတဲ့ကြားက ဘယ်သူမှ မထိတဲ့ သပြေခက်ကို သတိထားမိလိုက်တယ်။ ကလေးတွေကို သပြေခက် အကြောင်းမေးတယ်။ ကလေးတွေကလည်း ပရိဗိုဇ်မလေးယောက်က သူနဲ့ ၀ါဒပြိုင်မယ့်သူဆိုရင် ဒီသပြေခက်ကို ဖျက်ဆီးနိုင်တာကို မှာသွားကြောင်း လျှောက်ထားတယ်။ ဒါဆို အဲဒီသပြေခက်ကို ဖျက်လိုက်ပါလို့ ကလေးတွေကို ခိုင်းလိုက်တယ်။ ကလေးတွေက ကြောက်နေသေးပေမယ့် ရှင်သာရိပုတ္တရာက ခပ်ရဲရဲပဲ ဖျက်လိုက်ဖို့ အကြောင်းကို ပြောတာနဲ့ ကလေးတွေက ဖျက်လိုက်ပါတယ်။
ဒီလိုနဲ့ သစ္စာ လောလာ အ၀ဓာရိကာနှင့် ပဋိစ္ဆာဒါတို့ ညီအစ်မလေးယောက် ကျောင်းကိုလာနေပြီဆိုတာ သိတာနဲ့ အရှင်သာရိပုတ္တရာက ကျောင်းထဲမှာ မာတုဂါမတွေနဲ့ မသင့်တော်ဘူးဆိုပြီး ဓမ္မာရုံလို လူအများမြင်နိုင်တဲ့ နေရာမှာ ထိုင်စောင့်နေလိုက်တယ်။ ရောက်လာတော့ ညီမလေးဖော်က
“တပည့်တော်တို့ရဲ့ သပြေခက်ကို အရှင်ဘုရား ဖျက်ဆီးခိုင်းပါသလား” လို့မေးတယ်။
ရှင်သာရိပုတ္တရာက ၀န်ခံတယ်။
“ဒါဆို အရှင်ဘုရားနဲ့ တပည့်တော်တို့ ၀ါဒပြိုင်ရတော့မှာပေါ့၊ ဘယ်သူ အရင်စမေးရမလဲဘုရား” လို့ ညီမလေးဖော်က လျှောက်တယ်။
“သင်တို့က မိန်းကလေးဆိုတော့ သင်တို့ပဲ စမေးပါ” လို့ သာရိပုတ္တရာက လမ်းဖွင့်တယ်။ အဲဒီနောက် သာရိပုတ္တရာက ညီမလေးဖော်မေးတဲ့ ၀ါဒတစ်ထောင်လုံးရဲ့ ပုစ္ဆာကို ကြာရိုးကို ဓားထက်ထက်နဲ့ ဖြတ်သလို တိခနဲ ပြတ်အောင် ရှင်းလိုက်တယ်။
“ဆက်မေးပါဦး”
ရှင်သာရိပုတ္တရာက မေးခွန်းထပ်တောင်းတယ်။
“တပည့်တော်တို့ မေးစရာ မရှိတော့ပါဘူးဘုရား”
ညီမလေးဖော်က လျှောက်တယ်။
“ဒါဆို ငါမေးတဲ့အလှည့်ပေါ့”
ရှင်သာရိပုတ္တရာက အဲလိုမိန့်တော့ ညီမလေးဖော်က တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်တယ်။
“တပည့်တော်တို့ ဖြေနိုင်ရင် ဖြေပါ့မယ်ဘုရား” လို့ မတင်မကျ ပြန်လျှောက်တယ်။
“ငါမေးမယ့် မေးခွန်းက ဒီနေ့မှ ၀တ်လာတဲ့ ကိုရင်တောင် ဖြေနိုင်ပါတယ်၊ ဒါကို သင်တို့ဖြေပါ၊ တစ်ခုတည်းသော တရားဟာ ဘာတရားလဲ” လို့ ရှင်သာရိပုတ္တရာက မေးပါတယ်။
အတော်ကြာတော့ တစ်ယောက်က ထလျှောက်တယ်။
“တပည့်တော်တို့ မသိပါဘုရား”တဲ့။
“ဒါဆို ဘယ်သူနိုင်ပြီး ဘယ်သူရှုံးပါသလဲ”
ပရိဗိုဇ်မလေးတွေမှာ သူတို့ရဲ့ မိဘအမှာစကားလေး ပါလာပါတယ်။ အဲဒါကတော့ ၀ါဒချင်းပြိုင်လို့ ရှုံးခဲ့ရင် အဲဒီဝါဒရှင်က ယောက်ျားဖြစ်ရင် လင်ယောကျာ်းအဖြစ် ပြုစုပါ။ ရဟန်းဖြစ်ရင် တပည့်အဖြစ် နေပါဆိုတဲ့စကားပါ။ သူတို့ မိဘရဲ့ စကားကို သူတို့ လိုက်နာရပါပြီ။
“တပည့်တော်တို့ကို တပည့်အဖြစ် လက်ခံပါဘုရား”
“အိမ်း” ဆိုပြီး သာရိပုတ္တရာဟာ ညီမလေးဖော်ကို မိထွေးတော်ဂေါတမီဆီ လွတ်လိုက်ပါတယ်။ သူတို့ဟာ မကြာမတင်မှာပဲ ရဟန္တာမတွေ ဖြစ်သွားကြပါတယ်။
သစ္စကက ဘုရားရှင်နဲ့ ၀ါဒပြိုင်ချင်နေတာတော့ ကြာပါပြီ။ ဘုရားရှင် ဘယ်လိုဝါဒကို လက်ကိုင်ထားမှန်း မသိသေးလို့။ ဒါပေမယ့် တစ်နေ့တော့ သစ္စက အခွင့်သာသွားတယ်။ ဘုရားရှင်ရဲ့ သာဝကကြီးအဿဇိမထေရ် ဆွမ်းခံချိန်နဲ့ သူလမ်းလျှောက်ချိန်သွားတိုးတာကိုး။
“အရှင်ဘုရား ၊ အရှင်ဘုရားတို့ရဲ့ ဆရာက အရှင်ဘုရားတို့ကို ဘယ်လို ဆုံးမသလဲဘုရား”
“ရုပ်နာမ်အားလုံးတို့သည် အနတ္တ၊ ရုပ်နာမ်အားလုံးတို့သည် အနိစ္စလို့ ဆုံးမပါတယ်တကာ”
“တင်ပါ ကျေးဇူးတင်ပါတယ်ဘုရား”
အရှင်အဿဇိက ဒုက္ခကို ချန်ထားပြီး ဖြေလိုက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ “ဒုက္ခဆိုရင် အရှင်ဘုရားတို့ အခုလို ရဟန်းဝတ်နေတာ ဒုက္ခပဲ မဟုတ်လား”လို့ စောဒနာဖွယ်ရှိလို့ပါ။ (စောဒနာ – အပြစ်တင်သည်)
သစ္စက ကြိတ်ပြုံးလိုက်တယ်။ ၀မ်းသာလွန်းလို့ လိစ္ဆ၀ီတွေ စည်းဝေးတဲ့နေရာကိုတောင် ဘယ်လိုလုပ်ရောက်လာမှန်း မသိဘူး။
“လိစ္ဆ၀ီတို့ လာကြ လာကြ၊ ငါ ဂေါတမနဲ့ဝါဒပြိုင်သွားမယ်။ ဂေါတမကို သူ့ဝါဒတွေကို အပြစ်တင်ပြီး အမျိုးမျိုးကစားပြလိုက်စမ်းမယ်”
လိစ္ဆ၀ီတို့ မျက်ခုံးကိုပင့်ပြီး တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြတယ်။ ဘယ်လိုလဲလို့ မေးတွေနဲ့ မေးကြတယ်။ ခေါင်းကို အသာညိတ်ကြတယ်။ လိစ္ဆ၀ီတွေ အိမ်ပြန်ပြီး ပြင်ဆင်ကာ စည်းဝေးရာဇရပ်ကို လာကြတော့ သူလည်းစိတ်ဝင်စား ငါလည်းစိတ်ဝင်စားဖြစ်သွားတယ်။ တော်တော်များများ လိုက်လာကြတယ်။ ဘုရားရှင်က မိုးသောက်ယံအချိန်မှာ စကြာဝဠာတိုက်တစ်သောင်းကို သဗ္ဗညုတဉာဏ်နဲ့ ဆင်ခြင်ကြည့်လိုက်တော့ ဒီနေ့မှာ သစ္စကဟာ ပရိသတ်များစွာနဲ့ ၀ါဒလာပြိုင်မယ်ဆိုတာကို ဆင်ခြင်တော်မူမိတဲ့အတွက် နေ့သန့်ရာအဖြစ် မဟာဝုန်တောထဲက သစ်ပင်တစ်ပင်ရင်းအောက်ကိုပဲ ရွေးချယ်လိုက်တယ်။ ကျောခင်းခြင်းမပြုတဲ့ဓုတင်ကို ဆောင်တဲ့ရဟန်းအချို့က ဘုရားရှင်ကို ဝေယျာဝစ္စပြုစုပေးပြီး ကျောင်းထဲ စင်္ကြပြန်လျှောက်နေချိန် သစ္စကတို့ရောက်လာတယ်။ ဘုရားရှင် ဘယ်မှာသီတင်းသုံးလဲလို့ မေးလျှောက်တော့ ရဟန်းတွေက ချက်ချင်းညွန်ပြလိုက်တယ်။ ဘုရားရှင်ရှိရာဆီ သစ္စက ရောက်လာတယ်။
“အကယ်၍ အရှင်ဘုရားခွင့်ပြုမယ်ဆိုရင် တပည့်တော် နည်းနည်းမေးချင်တယ်ဘုရား”
“မေးပါ အဂ္ဂိဝေဿန”
ဘုရားရှင်က သစ္စကရဲ့ အနွယ်အမည်ကို ခေါ်လိုက်ပါတယ်။
“အရှင်ဘုရားရဲ့ တပည့်ရဟန်းသံဃာတွေကို အရှင်ဘုရား ဘယ်လိုများ ဆုံးမသလဲဘုရား”
ဘုရားရှင်က အဿဇိဖြေထားတဲ့ အဖြေကို သဗ္ဗညုတဉာဏ်နဲ့ သိပြီးသားဖြစ်ပါတယ်။ ဒါကြောင့်
“ရဟန်းတို့ ရုပ်နာမ်တို့သည် အနတ္တ အစိုးမရ၊ အနိစ္စမမြဲဘူးလို့ ဆုံးမပါတယ် အဂ္ဂိဝေဿန”
“ဟောဒီ ကမ္ဘာမြေကြီးအခိုင်အမာပေါ်မှာ မှီပြီးတော့မှ သစ်ပင်တွေ ပေါက်နိုင်တယ်။ လုပ်ချင်တာ လုပ်နိုင်ပါတယ်ဘုရား၊ တစ်စုံတစ်ရာ အခိုင်အမာမရှိဘဲ ဘာမှ မဖြစ်နိုင်ဘူးဘုရား၊ အဲဒီလိုပဲ တပည့်တော်တို့ရဲ့ ခိုင်မြဲတဲ့ ခန္ဓာကိုယ်ကို မှီတည်ပြီးတော့မှ ပြုလုပ်တဲ့ကံက ဖြစ်ပေါ်ရမှာပေါ့ဘုရား၊ အရှင်ဘုရားဟာ တပည့်ရဟန်းသံဃာတွေကို မသင့်တော် မအပ်စပ်တဲ့စကားတွေနဲ့ ဆုံးမနေတာဟာ သိပ်ကို မှားယွင်းနေပါတယ်ဘုရား”
“ရုပ်နာမ်ကို ခိုင်မြဲတယ် အတ္တ၊ တည်တံ့တယ်အနိစ္စလို့ သင်ပြောချင်တာလား အဂ္ဂိဝေဿန”
“တပည့်တော်မှ မဟုတ်ပါဘူးဘုရား၊ အားလုံးက အဲလို သိပါတယ်ဘုရား”
သစ္စကဟာ ဘုရားရှင်ရဲ့ အဖြေကို သူတစ်ယောက်တည်း ခေါင်းမခံပါဘူး။ အားလုံးကို သေဖော်ညှိလိုက်ပါတယ်။ အဲလို ခေါင်းဆောင်ဆရာမျိုးကို သတိထားသင့်ပါတယ်။
“အားလုံးကို ငါမေးခြင်းမဟုတ်၊ သင့်ကိုသာ ငါမေးချင်းဖြစ်တယ် သင်ကသာလျှင် ငါဘုရားကို ၀ါဒပြိုင်မယ်ဆိုပြီး ရောက်လာသူဖြစ်ပါတယ် အဂ္ဂိဝေဿန”
“မှန်ပါ တပည့်တော်ကတော့ ရုပ်နာမ်ဟာ အတ္တ နိစ္စလို့ ဆိုပါတယ်ဘုရား၊ ဒါကလည်း တပည့်တော်က အမှန်ကို အရှင်ဘုရားအနေနဲ့ သိအောင်လျှောက်ပြတာပါဘုရား”
“ဒါဆို သင့်ကို ငါမေးပါဦးမယ် အဂ္ဂိဝေဿန”
“မေးပါဘုရား”
“ကောသလမင်းနဲ့ အဇာတသတ်မင်းဟာ သူ့နိုင်ငံမှာ နေထိုင်တဲ့ တိုင်းသူပြည်သားများအပေါ် နှင်ထုတ်သင့်သူကိုနှင်ထုတ်ခြင်း၊ ရိုက်ပုတ်သင့်သူကို ရိုက်ပုတ်ခြင်း၊ ထောင်ချသင့်သူကို ထောင်ချခြင်း၊ သတ်ဖြတ်ထိုက်သူကို သတ်ဖြတ်ခြင်း ပြုနိုင်ပါသလား အဂ္ဂိဝေဿန”
“ပြုနိုင်တာပေါ့ဘုရား”
အဂ္ဂိဝေဿနနွယ်ဖွား သစ္စကဟာ သူ့လည်ပင်းကိုဖြတ်မယ့်ဓားကို သူကိုယ်တိုင် ထက်အောင် ပြန်သွေးလိုက်တယ်။
“ဒါဆို သင်အစိုးရတဲ့ မြဲမြံခိုင်ခံ့တဲ့ သင်ရုပ်အပေါ်လည်း သင်အာဏာထားနိုင်မှာပေါ့ အဂ္ဂိဝေဿန”
ငုတ်တုတ်။ တစ်ကြိမ် ၊ နှစ်ကြိမ် သစ္စကဟာ ငုတ်တုတ်လေး ထိုင်နေလိုက်ပါတော့တယ်။
လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းဖြည့်ကျင့်တော်မူခဲ့တဲ့ ဘုရားရှင်ရဲ့ ပါရမီအဟုန်ကြောင့် ဘုရားရှင်ကို ညဉ်းဆဲသူမှန်သမျှဟာ ခေါင်းခုနှစ်စိတ်ကွဲရပါတယ်။ ဒါကြောင့် ဘုရားရှင်ဟာ သစ္စကို မေးခွန်းပုံစံ ပြောင်းမေးပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘုရားရှင်က သူ့ဝါဒကို မဖြေတာနဲ့ သစ္စကခေါင်းကို ခွဲပစ်လိုက်တယ်လို့ လူတွေထင်ကုန်မှာ စိုးလို့။
“သင် ဆိတ်ဆိတ်နေရမယ့် အချိန်မဟုတ်တော့ဘူး အဂ္ဂိဝေဿန”
သစ္စကဟာ တင်းခံမြဲတင်းခံနေတာကြောင့် သဟမ္ပတိဗြဟ္မာက ဘုရားရှင်ကို တရားဟောပါလို့ တောင်းပန်စဉ်က တပည့်တော်လည်း အရှင်ဘုရားသာသနာအတွက် တစ်တပ်တစ်အား ကူညီပါ့မယ်ဘုရားလို့ လျှောက်ထားဖူးတဲ့ သိကြားမင်းရောက်လာပါတယ်။ တင်းပုတ်ကြီးကို ကိုင်ထားတဲ့ ဘီလူးပုံစံနဲ့ ရိုက်မယ်နက်မယ် တကဲကဲအသွင်နဲ့ပေါ့။ ဒါကို သစ္စကနဲ့ ဘုရားရှင်ပဲ မြင်ပါတယ်။ သစ္စကက သူများများ မြင်သေးလားလို့ နောက်ပြန်လှည့်ကြည့်သေးတယ်။ အားလုံးက အေးဆေးပဲ။ ဒီအချိန်မှ ဘီလူကြီးလို့ ထအော်ရလောက်အောင်ကလည်း “ခင်ဗျားပဲ မျက်လုံးရှိတာ ကျနေတာပဲ၊ ရှုံးရင် ရှုံးတယ်ပေါ့” ဘာညာနဲ့ ၀ိုင်းအပြစ်တင်မှာ သေချာတယ်။ ဘီလူးကြီးကလည်း တကယ့်ကြောက်စရာ။ မေးခွန်းကို မဖြေရင် တကယ်ရိုက်မယ့်ပုံ။ ပညာတွေ များလွန်းလို့ ပေါက်ကွဲထွက်မှာ ကြောက်ပြီး သံပြားတွေနဲ့ ကာထားရတဲ့ ဗိုက်ထဲကလည်း အူတွေ ပြောင်းပြန်လှန်ကုန်ပြီ။ အားကိုးရာ ရှာလိုက်တော့ ဘုရားပဲ ရှိတော့တယ်။ အဲဒီအချိန်မှာဘဲ ဘုရားရှင်ဟာ တတိယမေးခွန်းကို မေးလိုက်ပါတယ်။
“မြဲမြံခိုင်ခံ့တည်တံ့တဲ့ သင့်ရုပ်သင့်နာမ်အပေါ် သင်အာဏာထားနိုင်ပါသလား အဂ္ဂိဝေဿန”
“မှန်ပါ ဘုရား၊ မထားနိုင်ပါဘူးဘုရား”
“စဉ်းစားပါဦး အဂ္ဂိဝေဿန၊ သင့်စကားတွေ ရှေ့နောက် မညီဘူး”
“မှန်ပါ ဒီရုပ် ဒီနာမ်အပေါ် တကယ်ပဲ အာဏာ မထားနိုင်ပါဘူးဘုရား”
“ထပ်မံ စဉ်းစားပါဦး အဂ္ဂိဝေဿန၊ သင့်စကားတွေ ရှေ့နောက်မညီဘူး”
“တပည့်တော် ၀န်ခံပါတယ်ဘုရား၊ ရုပ်နာမ်အပေါ် အာဏာမထားနိုင်ပါဘူးဘုရား”
ဘုရားရှင်က အဲဒီမှာ အနိစ္စ အနတ္တ အပြင် ဒုက္ခကိုပဲ ဆက်ဟောပါတယ်။
“သင် အာဏာမထားနိုင်တဲ့ သင့်ရုပ်သင့်နာမ်ဟာ ချမ်းသာ သလား ဆင်းရဲသလား အဂ္ဂိဝေဿန”
“မှန်ပါ၊ ဆင်းရဲကြောင်းပါဘုရား”
“အဂ္ဂိဝေဿန၊ သင်ပြောတော့ သင်ဝါဒကို ရေရွတ်လိုက်ရင် သဗ္ဗညုတအဖြစ် ၀န်ခံတဲ့သူမပြောနဲ့ ထုံးသုတ်ထားတဲ့တိုင်တွေတောင် တုန်လှုပ်ရတယ်၊ လူဆိုရင် ချွေးတီးတီးကျပြီး အူပြောင်းပြန်လှန်သွားရတယ်ဆို အခု ငါ့ကိုယ်တော်မှာ ချွေးတစ်စက်မှ မရှိပါဘူး”
ဘုရားရှင်က ရုံထားသော သင်္ကန်းကို လှစ်ဟပြီး လက်ကတီးကို ပြတော်မူပါတယ်။ လိစ္ဆ၀ီအချို့ဟာ သစ္စကကို အမြင်တော်တော်ကပ်ပါတယ်။ ဘာလို့လဲဆိုတော့ ဆရာကြီးစတိုင် တအားလုပ်လွန်းလို့။ သူသိ သူတတ်လုပ်လွန်းလို့။ ဒါကြောင့် လိစ္ဆ၀ီတစ်ယောက်က ဘုရားရှင်ကို ခွင့်တောင်းတယ်။
“တပည့်တော် ဥပမာလေးတစ်ခု လျှောက်ပါရစေဘုရား”
“သင့် ဥပမာကို လူအလယ်မှာ ထင်ရှားပါစေ”
“ကလေးတွေ ရေထဲက ဂဏန်းကိုဖမ်းပြီး ကုန်းပေါ်တင်၊ ပြီးတော့ ခြေတွေ အကုန်ချိုးလိုက်တဲ့အခါ ဂဏန်းဟာ ရေထဲ ပြန်မဆင်းတတ်တော့သလို အခု သစ္စကဟာ အဲလိုဖြစ်နေတယ် ဘုရား”
“တိတ်စမ်း ဒုမ္မုခ၊ မင်းအတော်ရိုင်းတယ်၊ အလိုက်ကန်းဆိုး မသိတတ်ဘူး” လို့ သစ္စကက ထငေါက်ငမ်းတယ်။ ဆရာအရှိန်နဲ့မို့ လိစ္ဆ၀ီလေး ငြိမ်ကျသွားတယ်။ အခြား လိစ္ဆ၀ီတွေလည်း သစ္စကကိုတွယ်ချင်နေကြတာပါ။ အခွင့်မသာလို့။
“ခုနက အရှင်ဘုရားကို တပည့်တော် ဘာတွေ ရောင်ရမ်းပြီး ပြောမိမှန်း မသိဘူးဘုရား၊ အရှင်ဘုရားရဲ့ တပည့်တွေကို ယုံမှားခြင်းကင်းအောင် ဘယ်လို နေထိုင် ကျင့်ကြံစေပါသလဲဘုရား”
“ဤရုပ်ဟာ အနတ္တ၊ ဒုက္ခ၊ အနတ္တလို့ ၀ိပဿနာရှုခိုင်းပြီး နေထိုင်စေပါတယ်။ အဲလိုနေထိုင်ရင် အယူဝါဒတွေအပေါ် သံသယ မ၀င်တော့ပါဘူး အဂ္ဂိဝေဿန”
“ဘယ်လို ဆက်လက်ကျင့်ကြံရင် ရဟန္တာဖြစ်ပါသလဲ ဘုရား”
“ရဟန်းတို့ ဖြစ်ပြီး ဖြစ်လတံ့ ဖြစ်ဆဲ အတွင်း အပ အကြမ်း အနု အညံ့ အကောင်း အဝေး အနီး ဒီတရားစုတွေဟာ ငါမဟုတ်၊ ငါ၏ အတ္တမဟုတ်လို့ ကြာမြင့်စွာ ၀ိပဿနာရှုရင် ရဟန္တာဖြစ်ပါတယ် အဂ္ဂိဝေဿန”
(ဘုရားဟောတဲ့ တရားကို ဆက်ရေးရင် ရှည်သွားမှာမို့လို့ ချန်ခဲ့ပါတယ်)
အဆုံးမှာ သစ္စကဟာ ဘုရားကို ယုံကြည်ဆည်းကပ် ကိုးကွယ်ပါတယ်။ ပြီးတော့ နောက်တစ်နေ့မှာ ဘုရားရှင်ကို ဆွမ်းစားပင့်ပါတယ်။ ဘုရားရှင်က ဆိတ်ဆိတ်နေ ၀န်ခံတော်မူပါတယ်။ သစ္စက ဆွမ်းစား ပင့်ပုံက ဒီလို။
“အရှင်ဘုရား တပည့်တော်က အရှင်ဘုရားနဲ့ ၀ါဒပြိုင်သင့်တယ် လို့ ထင်မှတ်မှားခဲ့တယ် ဘုရား၊ ဘယ်လိုလဲ ဆိုတော့ မုန်ယိုနေတဲ့ဆင်ကို တပည့်တော်က ကစားလို့ ရတယ်လို့ ထင်ခဲ့တယ်ဘုရား၊ အလျံညီးညီးတောက်နေတဲ့ မီးကို တပည့်တော်က ကစားလို့ ရတယ်လို့ ထင်ခဲ့မိတယ် ဘုရား။ အဆိပ်ပြင်းတဲ့မြွေကို တပည့်တော်က ကစားလို့ ရတယ်လို့ထင်ခဲ့တယ်ဘုရား၊ တပည့်တော် အပြစ်ကို ချေဖျက်တဲ့အနေနဲ့ အရှင်ဘုရားကို ဆွမ်းကပ်ချင်ပါတယ်ဘုရား” တဲ့။
ဒါပေမယ့် သစ္စကက တကယ်လုပ်တာ မဟုတ်ပါဘူး။ မြို့ထဲလည်း ပြန်ရောက်ရော လိစ္ဆ၀ီမင်းသားအပေါင်းကို ခေါ်ပြီး “မင်း ဘာပစ္စည်းယူခဲ့၊ မင်းဘာလုပ်” ဆိုပြီး လူစုံအောင် လိုလေသေး မရှိအောင် ခိုင်းလိုက်တာပါ။ ဘုရားရှင်ကို သူကိုယ်တိုင် ဆွမ်းစားပင့်ခဲ့ပါတယ်။ ဘုရားရှင် ကြွလာပြီး ဆွမ်းစားလို့ အနုမောဒနာတရား ဟောကြားမယ် လုပ်တဲ့အခါ သစ္စကက
“ဤကောင်းမှု ကုသိုလ်ကို လိစ္ဆ၀ီမင်းအပေါင်းတို့အား ထင်ရှားပါစေဘုရား” လို့ လျှောက်ပါတယ်။ ဟုတ်တယ်လေ။ အလှူက သူလုပ်တာမှ မဟုတ်တာ။ သစ္စက လုံးဝလိမ္မာသွားပြီလေ။ သူမလုပ်တဲ့အလှူကို ကုသိုလ်ကို ဘယ်သူရစေသင့်တယ်ဆိုတာ သူသိသွားပြီ။
“၀တ္ထုကို ပေးလှူသော လိစ္ဆ၀ီအပေါင်းတို့အား ကုသိုလ်သည် ထင်စေ၊ အလှူလုပ်ဖို့ရာတိုက်တွန်းတဲ့ သင့်အားလည်း အလှူကုသိုလ်ထင်စေ” လို့ ဘုရားရှင်က ပြန်လည် မိန့်ကြားပါတယ်။
အဲဒါကို စူဠသစ္စကသုတ်လို့ ခေါ်ပါတယ်။ ဘုရားရှင်က သစ္စကကို နောက်ထပ် တရားတစ်ပုဒ် ဆက်ဟောပါတယ်။ အဲဒီတရားကို မဟာသစ္စက သုတ်လို့ ခေါ်ပါတယ်။ တရားအဆုံးမှာ သစ္စကဟာ သောတာပတ္တိမဂ်လည်းမရ၊ ဖိုလ်လည်းမရ၊ ဘာမှလည်းမရပါဘူး။ သစ္စကဟာ ကျွတ်ထိုက်တဲ့ ပုဂ္ဂိုလ်စာရင်းထဲ မပါပါဘူး။ ဒါပေမယ့် ဘာလို့ ဟောကြားလိုက်ရသလဲဆိုတော့ သစ္စကမှာ တရားအထုံလေး ပါသွားအောင်လို့ ဟောကြားလိုက်ခြင်းသာ ဖြစ်ပါတယ်။ ဒါကြောင့် စာဖတ်သူအားလုံးဟာလည်း မဂ်ဖိုလ်ပေါက်ဖို့ မဟုတ်သည့်တိုင် စိတ်မပါသည့်တိုင် အထုံလေးပါအောင်တော့ တရားနာသင့် ဖတ်ရှုသင့်ပါကြောင်း။
Read more...
The Way of Wisdom: The Hitchhiker's Guide to Buddhism
The Lotus Sutra has been a theme over the past month or so. First I read the fabulous new translation by Gene Reeves, then there was my visit to the Thai Rissho Friendship Foundation and reading Nikkyo Niwano's commentary, and last night Phra Cittasamvaro Bhikku completed his final talk in his rains-retreat series with a mention of the famous parable of the burning house.
It came at the end, in response to a question I asked about how he'd have structured the series if the theme had been compassion rather than wisdom, but it was entirely in line with the evening's teaching on the hitchhiker's way to Enlightenment: "an approach where you can jump ship and switch cars at any point, so long as you are travelling in the right direction".
In the parable, of course, a kind father wishes to save his children from a burning house and does so by promising them the carts they wanted. One wanted a goat cart, one wanted a deer cart, one wanted an ox cart, and the father calls to them telling them the carts are waiting outside. The house being, of course, the world of Samsara and the carts the various Buddhist teachings.
And once outside, the children are rewarded not with the carts they were originally after, but with carts that far surpass anything they could have even imagined! The promise of the earlier carts was the compassionate skillful means of the father, suited according to individual differences but all designed to get the children to the very same, unimaginably wonderful, place.
"This place", Phra Pandit said last night, "is the pure mind beyond the six senses, it is a positive goal, the ultimate goal, that goes beyond anything we might have thought we were going to achieve by taking up practice", and he spoke about how that practice is beautiful in the beginning, when we start, beautiful in the middle, when we see the peace of letting go, and beautiful in the end.
And that wrapped up this year's rains-retreat Dharma talks by Phra Pandit with a beautiful affirmation that all those following any of the teachings of the Buddha are travelling what the Lotus calls the One-Buddha-Vehicle, and focusing clearly on the goal. It's been a magnificent eight weeks. Thank you to everyone who made it possible and especially to Phra Cittasamvaro Bhikku for so generously sharing the teachings.
Link:
  • Littlebang: Notes on The Hitchhikers Guide to Buddhism
    Photo: Main Buddha image, and early 18th century murals, in Wat Ko, Phetchaburi.
  • Read more...
    စာပေ ပွဲတော် သို့လေ့လာရေး
    ဒီတပတ်မှာတော့ သီရိလင်္ကာနိုင်ငံရဲ့ မြို့တော် ကိုလံဘိုမှာ စက်တင်ဘာ ၁၉ ရက်မှ ၂၇ ရက် ထိကျင်းပနေတဲ့ နိင်ငံတကာ စာပေပွဲတော် ကို လေ့လာရေး အနေနဲ့ ရော စာအုပ်လေးတွေ မွှေချင်တာရောကြောင့် ရောက်အောင်သွားဖြစ်ခဲ့ပါတယ်၊ တဆက်တည်းမှာပဲ စာပေကို မြတ်နိုးကြတဲ့ သီဟိုဠ်ပြည်သူ ပြည်သားတွေရဲ့ ဓလေ့လေးတွေကို တွေ့ရတော့ ထင်ထားတာထက် ပိုပြီး အံ့သြရတယ်၊
    စာအုပ်စာပေ လူ့မိတ်ဆွေ ဆိုသလိုပဲ စာပေဟာ လူသားအားလုံးအတွက် မရှိမဖြစ် လိုအပ်တဲ့ အရာတခုဆိုရင် မှားမယ် မထင်ပါဘူး၊ လူငယ်တယောက် ( သို့ ) ကလေးတယောက်ကို ကိုယ် နှုတ် စိတ် သုံးပါးလုံး ယဉ်ကျေးစေချင်တဲ့ မိဘများ ဆရာသမားများဟာ ကလေးကို စာပေနဲ့ ထိတွေ့နိုင်အောင် တနည်းအားဖြင့် စာဖတ် ၀ါသနာပါအောင် နည်းအမျိုးမျိုးနဲ့ ပြောဆို စည်းရုံး သင့်တယ် လို့ သိရပါတယ်၊ ဒါကြောင့် အမေရိကန် သမ္မတကြီး ရုစဗဲ့ က ပြောခဲ့တာကို သတိရမိသေးတယ်၊ ကျွနုပ်အတွက် စာမဖတ်လိုက်ရတဲ့ နေ့ဟာ အမင်္ဂလာနေ့ ပါပဲ တဲ့ ၊ ဒါကြောင့်လဲ ဒီလိုအခြေအနေ ရောက်ခဲ့တာေ နမှာပေါ့လေ။
    အထက်က ပုံကတော့ သီဟိုဠ်နိုင်ငံရဲ့ မျိုးရိုးစဉ်ဆက်အလိုက် နိုင်ငံကောင်းကျိုးပြု ခေါင်းဆောင်များ ဖြစ်ခဲ့ကြတဲ့ ချန္ဒရာ ဗန္ဓရ နာယကေ နဲ့ သူ့ဇနီး သူ့ သမီး တို့ သမိုင်းတွင်အောင် လုပ်ဆောင်ခဲ့တာကို ဂုဏ်ပြုတဲ့ အနေနဲ့ ဆောက်လုပ်ထားတဲ့ ဟောခန်း အဆောက်အဦးကြီး ဖြစ်ပါတယ်၊ အဲဒီမှာ ပဲ Colombo International Books fair 2009 ပွဲတော်ကို ကျင်းပခဲ့တာပါ၊
    အထက်က ပုံကတော့ အထပ်တိုင်း အထပ်တိုင်းမှာ အခုလို ဆိုင်ခန်းလေးတွေ အစီအရီ ချပေးထားပြီး ကြိုက်နှစ်သက်ရာ စာအုပ်စာပေ ကို ၀ယ်ယူနိင်ပါတယ်၊
    ဒါပေမယ့် ဇိမ်နဲ့ ရွေးရမယ် လို့တော့ မထင်လေနဲ့၊ မြန်မြန်ရွေး မြန်မြန်ထွက်ပဲ။ တိုးနိုင်မှ တော်ကာ ကျမယ် -
    ဒါကတော့ သီဟိုဠ် သမိုင်းတလျောက် အထိမ်းအမှတ်ပွဲတော်တိုင်းမှ အမှတ်တရ ထုတ်ဝေခဲ့တဲ့ တံဆိပ်ခေါင်း ပုံစံ မျိုးစုံ ရောင်းချတဲ့ အရောင်းဆိုင်မှာ လုယက်တိုးဝှေ့ပြီး ရိုက်ခဲ့ရတယ်၊ - ခရစ်စမတ်ပွဲတော် ၀ိဆက်ပွဲတော် အိန္ဒိယ ယဉ်ကျေးမှု့ဆိုင်ရာ ပွဲတော်များအပါအ၀င် စာအိပ်ခေါင်းများကို တနေရာထည်း ရရှိနိင်ပါတယ်-
    အထက်က ပြောပြခဲ့တဲ့ နိုင်ငံခေါင်းဆောင်ပိုင်းက မမေ့နိုင်စရာ မိသားစုရဲ့ ရုပ်ထုတွေပါ၊
    Read more...
    အကောင်းဆုံး အုန်းမှုတ်ခွက်နင်းနည်း
    ၄၈။ အကောင်းဆုံး အုန်းမှုတ်ခွက်နင်းနည်း
    နောက်ဆုံးတွေ့ရှိချက်
    တလောက၊ ရုပ်ပြတွေ ရေးသည့် ရာမထံ ရောက်သွားသည်။ ရာမသည် မကွေးသား စစ်စစ် ဖြစ်ပါသည်။ သူ့ကို “ ရာမ” ဘ၀ရောက်အောင် ကျွန်တော်က ကာတွန်း ကိုသုတ ဆီ ရာမကို လက်ခံ၍ သုံးပေးပါဟု စာရေးပေးလိုက်ရသည်။
    ရာမ အောင်မြင်ပါသည်။ အောင်မြင်သည်နှင့်အမျှ လူကြီးသူမ များကို ရိုသေ ကိုင်းရှိုင်းပါသည်။ ပြောစကားကိုလည်း နားထောင်ပါသည်။
    “ ဟိုတစ်လောက ဆရာ ဦးသော်ဇင်က ခင်ဗျားကို မေးနေတယ် ” ရာမက ပြော၏။
    “ ဒါဖြင့် သူအိမ်သွားရအောင်”
    ရာမ အိမ်နှင့် ဆရာ ဦးသော်ဇင်အိမ် နီးပါသည်။ ကျွန်တော်တို့ ရောက်သွားတော့ ဆရာသည် အုန်းမှုတ်ခွက် တစ်လုံးပေး ခြေထောက်တင်၍ ထိုင်နေပါသည်။ လက်က ရေနွေးကြမ်းပန်းကန်ကို ကိုင်၍ သောက်နေ၏။
    “ အတော်ပဲ ကိုရင်လာတာ၊ ကိုရင့်ကို ကျုပ်သတိရနေတာ ”
    “ ဆရာ အခု ဘာလုပ်နေတာလဲ ”
    ကျွန်တော်သည် မျက်စိပေါက် ပိတ်မတတ် ရယ်မိပါသည်။ ပြီးမှ…
    “ ဆရာရယ်….အုန်းမှုတ်ခွက် နင်းတာ အဲဒီလို မဟုတ်ဘူး ဆရာရဲ့”
    “ ဒါဖြင့် ဘယ်လိုလဲ”
    “ အုန်းမှုတ်ခွက်နင်းတော့မယ်ဆိုရင် အပေါ်က လက်တန်းလုပ်ရမယ်၊ ၀ါးလုံးတောင့်တောင့် ခိုင်ခိုင်ပေါ့ဆရာ၊ နင်းမယ့်လူရဲ့ လက်ခုပ် တစ်ဖောင်လောက် တန်းလုပ်ရမယ်၊ အဲဒါကို လက်နှစ်ဖက် ဆွဲပြီး အုန်းမှုတ်ခွက် နှစ်လုံးပေါ် ဘယ်ယိမ်း ညာယိမ်း ယီးလေးခိုပြီး ခြေသလုံးကြော၊ ပေါင်တွင်းကြော၊ ဖနောင့်ကြေမိအောင် နင်းရတယ်ဆရာ၊ဒီလို နင်းတဲ့အခါ အောက်ပိုင်း အပူအခိုးတွေ ထွက်ပြီး ချွေးတွေ စို့လာတာပေါ့ ဆရာ၊ အပေါ်ပိုင်း၊ အောက်ပိုင်း ခန္ဓာကိုယ် မ လေးမ ၊ ခွ လေးခွ၊ ချွေးထွက်ညီနေရေင် ကျန်းမာပါတယ်ဆရာ”
    “အေးဗျ၊ကိုယ်ရင်ပြောမှပဲ ဒီလို နင်းရမှပဲ သာဓု၊ သာဓု၊ သာဓု” ဟု ဆရာက ဆုပေးပါသည်။
    ၄၉။ မနင်းတက်ရင် ဘေးဖြစ်သွားမယ်
    “ အုန်းမှုတ်ခွက်နင်းတာ ဘာမှတ်သလဲ၊ သတိထားကိုယ့်လူ၊ မနင်းတတ်ရင် ဘေးဖြစ်သွားမယ်” ဟု အတည်လိုလို၊ နောက်သလိုလိုနှင့် ပြောတတ်ကြပါသည်။
    ကျွန်တော်သည်လည်း မသိဟန်ဆောင်၍ ခပ်ကုတ်ကုတ်၊ ခပ်ရို့ရို့ကလေး မေးမြန်းမိပါသည်။
    “ မနင်းတတ်ရင် ဘာဖြစ်ပါသလဲ”
    “ သိချင်ရင် စာအုပ်ဝယ်ဖတ်ပေါ့ဗျ၊ စာအုပ်ဝယ်ဖတ်ပြီးမှာ နည်းမှန် လမ်းမှန် သိရမှာပေါ့”
    ထိုသူက ခပ်ပြတ်ပြတ်၊ ခပ်မာမာနှင့် ပြောပါသည်။
    သြော်….သိပြီ…သိပြီ ။ သူက စာအုပ်ရောင်းသူကိုး။ စာအုပ်ရောင်း ကောင်းအောင် ဖန်တီး ပြောဆိုသည့်စကား။
    ခပ်မာမာနှင့် စာအုပ်ရောင်းသူရဲ့ အဟောက်ခံရပေမယ့် ကျွန်တော် စိတ်မဆိုးပါ။ ကျွန်တော် ပြုံးမိပါသည်။
    အဘယ်ကြောင့်ဆိုသော စာအုပ် ရောင်းသူသည် ကျွန်တော့် ကျေးဇူးရှင်များဖြစ်၍ စာအုပ်ဖတ်သူများသည် ကျွန်တော့်ထမင်းရှင်များ ဖြစ်သောကြောင့်ပါတည်း
    အုန်းမှုတ်ခွက်နင်း၍ ရောဂါ ခပင်း ကင်းဝေးကြပါစေ။
    မကွေးဝင်းမြင့်
    ၂၃-၆-၁၉၈၉
    အမှတ်(၆)၊ မဲထီးလမ်း၊
    ဈေးရပ်၊ မကွေး
    ဆက်လက်ဖေါ်ပြပေးပါမည်။
    ရွှေလမ်းငွေလမ်းဝင်းကြည်
    ၂၀၀၉ ခု၊စက်တင်ဘာလ(၂၅)ရက်၊နေ့(၁၁း၃၀)နာရီ ကူးရေးတင်၏။
    Read more...
    သိဒ္ဓတ္ထနှင့် သိဒ္ဓတ္ထ... ( မစိုးရိမ်စာသင်သား)
    မစိုးရိမ်စာသင်သား၏... သိဒ္ဓတ္ထနှင့် သိဒ္ဓတ္ထ...
    ဗုဒ္ဓသာသနာတွင်းကာလမှာ ဗုဒ္ဓကို ဆရာအရာ၌ မထားဘဲ ကိုယ့်ကိုယ်ကို ဆရာထားသူများ...
    ရှင်ရာဟုလာ ကိုရင်ဘဝ၌ ရဟန္တာဖြစ်ပါသည်... (တည်တောဆရာတော် (မေး+ဖြေ))
    တည်တောဆရာတော် (မေး+ဖြေ) ၃-မှ...
    ၁... ရှင်ရာဟုလာ ကိုရင်ဘဝ၌ ရဟန္တာဖြစ်ပါသည်၊ အသက် ၂၀-ပြည့်သောအခါ ရဟန်းခံပါသေးသလားဘုရာ။
    ၂... တောဒေယျပုဏ္ဏားဟာ သေပြီး ခွေးဖြစ်ပါသည်၊ အနာဂတဝင်ကျမ်းက ဘုရားလောင်းလို့ဆိုထားပါသည်၊ မှန်ပါသလားဘုရား။
    ၃... ဂေါတမဘုရားအလောင်းတော်ဟာ နိယတဗျာဒိတ်ရပြီးသော လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းအတွင်းမှာ အပါယ်လေးပါး ကျရောက်ပါသေးသလားဘုရား။
    Read more...
    သံဝေဂ
    နုနယ်ရုပ်ဆင်း၊ တောင့်တင်းခိုင်မာ။
    ဇရာထောင်းတော့၊ ကောင်းကောင်း မမာ။
    ဗျာဓိနာခြင်း၊ လာညှဉ်းလေတာ။
    မရဏ၊ သေရ နောက်ဆုံးပါ။
    ထေရ၀ါဒ ဗုဒ္ဓဘာသာ နှင့် မဟာယာန ဗုဒ္ဓဘာသာ နှိုင်းယှဉ်ဝေဖန်ချက် ( ၂ )
    ( မှတ်ချက် )
    ထေရ၀ါဒ ဗုဒ္ဓဘာသာ နှင့် မဟာယာန ဗုဒ္ဓဘာသာ နှိုင်းယှဉ်ဝေဖန်ချက် ( ၁ ) ပါ
    မြတ်မင်္ဂလာ စာစောင် မရှိသေးပါသဖြင့် မတင်ပြပေးနိုင်တာကို သည်းခံခွင့်လွှတ်ကြပါရန်။
    ( ယခင်လမှ အဆက် )
    မြတ်စွာဘုရားကို မဟာသက္ကရာဇ် ၆၈-မှာ မွေးတော်မူခဲ့တယ်။ မြတ်စွာဘုရား မွေးတော်မူတာဟာ ခရစ်တော်ထက် ၆၂၃-နှစ် စောတယ်။ မဟာသက္ကရာဇ် ၆၈-ဆိုတာက ဘိုးတော် အဉ္စနဖြိုပြီး ၁-နှစ်မှ စမှတ်လာတဲ့နှစ်၊ ဘိုးတော်အဉ္စန ဆိုတာ မဟာမာယာရဲ့ ဖခင်၊ သိဒ္ဓတ္ထမင်းသားရဲ့ ဘိုးတော် ဖြစ်တယ်။ အစ္စလာမ်ဘာသာ မိုဟာမက်ကတော့ သက္ကရာဇ် ၁၁၇၀-မှာမွေးတယ်။ ဗုဒ္ဓဟာ ပထမဦးဆုံး ဘာသာရေး သာသနာရေး စတင်တည်ထောင်တဲ့ ပုဂ္ဂိုလ်ကြီးအဖြစ် သတ်မှတ်ထားပါ။ ဂုဏ်ယူပါ။
    မဟာသက္ကရာဇ်၊ ၆၈-ကြုံ၊ ကဆုန်လပြည့်၊ သောကြာနေ့ဝယ်၊ မဟီလှိုက်ဆူ၊ ဖွားတော်မူသည်၊ နတ်လူအောင်မြို့၊ လမ်းပါကိုး-လို့ ဆိုထားတာ မှတ်ထားပါ။
    ကလေးအများ သင်တန်းတက်ဖူးလို့ သိနေကြတယ်။ လူကြီးတွေ ကောင်းကောင်းသိထားဖို့ အရေးကြီးပါတယ်။ မြတ်စွာဘုရား အဲဒီလိုမွေးလာတာ နိဗ္ဗာန်တည်းဟူသော အောင်မြို့ကို သွားဖို့ မွေးလာတာ။ မွေးလာတာနဲ့ တပြိုင်နက် သီဟနာဒ-ခြင်္သေ့ဟောက်သလို ရဲရဲတောက် စကားသုံးခွန်း ပြောပါတယ်-
    အဂ္ဂေါဟမသ္မိ လောကဿ-ငါသည် ဒီလောကမှာ အမြတ်ဆုံးပဲ။
    အယမန္တိမာ ဇာတိ-ငါ ဒီပဋိသန္ဓေဟာ နောက်ဆုံးပဲ။
    နတ္ထိ ဒါနိ ပုနဗ္ဘဝေါ-နောက်တဖန် မွေးဖွားခြင်း မရှိတော့ဘူး။
    သိဒ္ဓတ္ထမင်းသား မွေးဖွားလာပုံကို ဒီလိုတခမ်းတနား ပြထားတယ်။ မဟာယာနဂိုဏ်းသားများအဆိုကို နောက်တပတ် ဟောပြပါမယ်။ ထေရ၀ါဒနှင့်မတူ။ မဟာယာနက တမျိုး ပြထားတယ်။ ငါသည် အမြတ်ဆုံးလို့ ထင်ရှားကြေညာထားတဲ့ ဂေါတမမှာ ဒီကမ္ဘာမှာ သူ-ရှိခိုးစရာလူ ရှိသေးသလား၊ မရှိတော့ဘူး နော်။ အဲဒါကို ပီပီသသ အမှတ်တရပြုထား။
    မဟာယာနကျတော့ တခုလေးပြောပြရမယ်ဆိုရင် ဘုန်းကြီး ဂျပန်ပြည်ကို အကြိမ်ကြိမ်ရောက်ဖူးတယ်။ အားလုံး မဟာယာနချည်းပဲ။ ထေရ၀ါဒအနေနဲ့ ကျွန်းမြောက်ပိုင်းမှာ မြန်မာဘုန်းကြီးကျောင်း တကျောင်းပဲ ရှိတယ်။ သူတို့ဆီရောက်တုန်း သူတို့ရဲ့ နေထိုင်ကိုးကွယ်ပုံ ဓလေ့ထုံးစံတွေ သိချင်လို့ သူတို့နဲ့အတူ တနေ့နေကြည့်တယ်။ သူတို့က မနက်ခင်း အိပ်ရာကထပြီးရင် မျက်နှာသစ်၊ ကိုယ်လက်သန့်ရှင်းပြီး မြတ်စွာဘုရားရှေ့သွားပြီး ဘုရားရှိခိုးတယ်။ အဲဒါပဲ။ အဲဒီဘုရားခန်းကို ကြည့်လိုက်တော့ ဘုရားကိုယ်တော်မြတ်က အလယ်မှာ။ ဘုရားကိုယ်တော်မြတ် ဘေးပတ်လည်ကတော့ ဘုရားလောင်းတွေ အများကြီးတွေ့ရတယ်။ ဒီလိုဘုရားလောင်းတွေ မွေးပေးတဲ့ အမေကိုလဲ ရှိခိုးရသေးတယ်။ ဘုန်းကြီးတို့မြန်မာပြည်မှာ မယ်တော်ကြီး၊ မယ်တော်ကြီးနဲ့ ကိုးကွယ်ဆည်းကပ်သူ တွေ့ ရဖူးတယ်။ ဘယ်ကမယ်တော်ရယ်လို့တော့ မသိဘူး။ ဂျပန်ကတော့ အဲဒီဘုရားလောင်းတွေ မွေးပေးတဲ့ မယ်တော်ပဲ။ နောက်ပြီး အဲဒီဂျပန်ဘုရား ဘေးနားမှာ နတ်မင်းကြီး ၄-ပါးလဲ ရှိသေးတယ်။ အဲဒီနတ်တွေလဲ ဘုန်းကြီးတွေက ရှိခိုးကြရသေးတာ တွေ့ခဲ့တယ်။
    ဘုန်းကြီးတို့မြန်မာပြည် ဘုရားတွေမှာ နတ်တွေ၊ ဘီလူးတွေ၊ နဂါးတွေလဲ ရှိတယ်။ ဒါပေမယ့် ဘုန်းကြီးတွေကတော့ ရှိမခိုးကြပါဘူး။ ဒါက သေချာတယ်။ ဘုရားနားက နတ်ဟာ ဘုရားကို စောင့်ရှောက်ဖို့ပဲ ဖြစ်မယ်။ ကိုးကွယ်ရှိခိုးဖို့တော့ မဟုတ်ဘူး။ ဂျပန်ဘုရားခန်းမှာတော့ ဘုရားလဲ ရှိခိုး၊ ဘုရားလောင်းတွေလဲ ရှိခိုး၊ မယ်တော်ကြီးဆိုတာကိုလဲ ရှိခိုး၊ နတ်ကြီးလေးပါးလဲ ရှိခိုးနေတာနဲ့ အချိန်တွေ အများကြီးကုန်သွားတယ်။
    ဓမ္မဆိုတဲ့ဥစ္စာက သီလက ကိုယ်နှင့်နှုတ်ပေါ်မှာ ကျင့်ရမယ်။ သမာဓိက စိတ်ပေါ်မှာ ကျင့်ရမယ်။ ပညာက စိတ်ထဲ ရုပ်ထဲမှာ ကျင့်ရမယ်။ ရှိခိုးတာကို တခမ်းတနားကြီးလုပ်ပြီးနေခြင်းဖြင့် ဘာသာရေး လုပ်ငန်းတခုအနေနဲ့ ပြီးသွားမယ်ဆိုရင် အဲဒါ မဟာယာနပဲ။ အဲဒါကို rites, rituals, ceremonies လို့ ခေါ်တဲ့ အပိုအလုပ်တွေပဲ။ ပူဇော်ခြင်း။ ရှိခိုးခြင်း အခမ်းအနားများပေါ့။ အဲဒါတွေကို အစီအစဉ်များစွာနဲ့ လျှို့ဝှက်တဲ့နည်းစနစ်တွေပါ ထည့်သွင်းပြီးတော့ တခမ်းတနားလုပ်ကြတာဟာ မဟာယာနပဲ။
    ကျုပ်တို့ဘုရားလောင်းတော် မွေးခါစ မင်းသားကလေးက ချက်ချင်း ကြွေးကြော်လိုက်တာက-ငါသည် လောကမှာ အမြတ်ဆုံး၊ ဒီပဋိသန္ဓေသည် နောက်ဆုံး၊ နောက်ထပ်တဖန် ပဋိသန္ဓေနေခြင်း ငါ့မှာ မရှိတော့ဘူး။ ရဲရဲတောက်စကားသုံးခွန်း မိန့်ကြားခဲ့တယ်။ သူ ရှိခိုးစရာ သတ္တ၀ါ မရှိဘူးဆိုတာ ဟောခဲ့တယ်။
    မြန်မာပြည်က ထေရ၀ါဒဗုဒ္ဓဘာသာနဲ့ သိပ်ကွဲပြားခြားနားတာပေါ့။ ဒီမှာက ပရိယတ် ပဋိပတ် ပဋိဝေဓ ဆိုပြီး ရှင်းရှင်းလင်းလင်း သန့်သန့်ရှင်းရှင်း ရှိပြီး အလေးအနက် အယူရှိကြတာ။ မြတ်စွာဘုရားဟာ မဟာသက္ကရာဇ် ၁၀၃-ခုမှာ ဘုရားဖြစ်တော်မူတယ်။ ဒါ အထင်အရှား ပြသနိုင်တယ်။ သက်တော် ၃၅-နှစ်မှာ ဗုဒ္ဓဖြစ်တော်မူတယ်။ ခရစ် ၅၈၈-ခုနှစ်မှာပေါ့။ တရားအပေါင်း ကိုယ်တော်တိုင် အပင်ပန်းခံပြီး ကျင့်တော်မူတယ်။ သယမ္ဘူဉာဏ် ရတော်မူတယ်။ ဒီနေရာမှာ မှတ်သားထားဖို့က သယံ-ဆိုတဲ့ စကားလုံးပဲ။ ဘယ်သူကမှ ပြတာ၊ သင်ပေးတာ မဟုတ်ဘူး။ သယံ-ကိုယ်တော်တိုင် ကျင့်သုံးပြီး ရတော်မူတဲ့ ဓမ္မတွေ။ သမ္မာသမ္ဗုဒ္ဓေါ-ကောင်းစွာ ဟောကြားထားတဲ့ တရားဓမ္မတွေ။
    ဒါနဲ့ မြတ်စွာဘုရား ပွင့်တော်မူခါနီးတော့ သစ်ပင်၊ ပန်းပင်တွေ ရာသီမဟုတ်ဘဲ ပွင့်၊ လူတွေ ပျော်ရွှင်ကြ၊ နတ်၊ ဗြဟ္မာတွေ မြူးတူးရွှင်ပြကြ၊ အင်မတန်ထူးခြားတဲ့ အချိန် ကြုံရတယ်။ အကြောင်းက သတ္တ၀ါတွေကို မျက်စိပေးမယ့် လူ ပေါ်လာတော့မယ်တဲ့။ စက္ခု-ဆိုတာ မံသစက္ခုကို ဆိုလိုတာ မဟုတ်။ ဉာဏစက္ခုကို ဆိုလိုတာ။ လူတွေဟာ ကန်းနေကြတယ်။ ဉာဏစက္ခု လိုတယ်။ ယခု ဉာဏစက္ခုပေးမယ့် ပုဂ္ဂိုလ် ပေါ်လာပြီဆိုပြီးတော့ လောကကြီးတခုလုံး မြူးပျော်ကြတာ။ အဲဒီဉာဏစက္ခုဟာ အခုအခါမှာ ပိုပြီးတောင် လိုလာတယ်။ အကြောင်းကတော့ ဘုရားဟောဓမ္မကို ဓမ္မအတိုင်း မကျင့်သုံးဘဲ လွဲမှားတဲ့အယူတွေ တဖြည်းဖြည်း စိမ့်ဝင်လာတာ တွေ့နေရတယ်။ လူတွေဟာ သစ်ပင်ကို ကိုးကွယ်ရတာနဲ့။ ကျောက်တုံး ကျောက်ခဲ ဘုရားစင်ရှေ့ထားပြီး ကိုးကွယ်ရတာနဲ့ ပွဲအမျိုးမျိုးပေးပြီး ဆုတောင်းရတာနဲ့ အတော် ရောယှက်ရှုပ်ထွေးလာကြတယ်။ မြတ်စွာဘုရားက စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ လို့ အထင်အရှားဟောခဲ့တာ သတိမထားဘူး။
    ကမ္ဘာမှာ အချို့ဘာသာတွေဟာ မည်မည်ရရ ဘာမှမရှိဘဲနဲ့ တို့ဘုရားက ဒီလိုယူရမယ်တဲ့ဆိုပြီး ဘာမှစဉ်းစားခွင့်မပေးဘဲ မျက်စိမှိတ်ယူရတဲ့ အယူဝါဒတွေ တော်တော်များများ ရှိတယ်။ ဘုန်းကြီးက တခြားဘာသာတွေကို ဘာမှပြောဖို့ မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာ ထေရ၀ါဒအမည်ခံပြီး အလွန်ကွဲပြားခြားနားတဲ့ မဟာယာနဆိုတဲ့ ဗုဒ္ဓအယူဝါဒကို စိတ်ဝင်စား လိုက်နာနေကြတဲ့ သာသနာဝင်အကြောင်းကို ဟောပြဖို့ ရည်ရွယ်ထားတာပါ။
    မြတ်ဗုဒ္ဓဟာ အသက် ၃၅-နှစ်မှာ ဘုရားအဖြစ်သို့ ရောက်တော်မူပြီးနောက် မိဂဒါဝုန်ခရီးသွားတော်မူတဲ့အခါ ဂယာသီသ တောလမ်းမှာ ကိုယ်တုံးလုံး ဆရာကြီးဥပကနဲ့ တွေ့တော်မူတယ်။ မြတ်စွာဘုရားရဲ့ ကြည်ညိုဖွယ် ရုပ်နဲ့ ထူးခြားတဲ့ ဣနြေ္ဒတော်တို့ကို တွေ့မြင်ရတဲ့အခါ-သင့်ဆရာ ဘယ်သူလဲ-လို့ မေးတော့ မြတ်ဗုဒ္ဓက ( သယံ အဘိညာယက ဗုဒ္ဓိသေယျ )ငါ့မှာ ဘယ်သူကမှ လမ်းညွှန်တာ မရှိ၊ ဆရာမရှိ။ မိမိအလိုလို တရားတော်တွေ သိတာ-လို့ ပြောတော့ ဥပကကြီးက ခေါင်းညိတ်လက်ခံပြီး ဟုတ်ပေလိမ့်မယ်-လို့ ဆိုပြီး သူ့ခရီး သူဆက်သွားတယ်။
    ဒီလိုသမ္မသမ္ဗုဒ္ဓ အရှင်မြတ်ကို ထေရ၀ါဒဗုဒ္ဓဘာသာတိုင်း ဘယ်သူမှ သံသယမရှိ၊ ဒါကို မဟာယာနဂိုဏ်းအချို့က ဘုရားကို တန်ခိုးရှင်တဦးက ပူးဝင်ပြီး ဓာတ်စီးပြီးပြောတာလို့ တွေးခေါ်ကြသေးတယ်။ မြတ်စွာဘုရားဟာ တရာအပေါင်းကို မိမိအလိုလို ကိုယ်တော်တိုင် ထိုးထွင်းပြီး သိတော်မူတာ။ သီလ သမာဓိ ပညာကို အဓိကဟောတော်မူတာ။ စိတ်ကူးကြံဆပြီး ပြောတာ ဟောတာ တီထွင်တာ မဟုတ်ဘူး။ ဒါကြောင့် ဘုန်းကြီးက ထေရ၀ါဒဗုဒ္ဓဘာသာသည် ဘုရား၏ဘာသာ (စကား) ဖြစ်သည်။ ကိုးကွယ်စရာအဖြစ် ကြံဖန်စီစဉ်ထားသော အယူဝါဒ (Religion) မဟုတ်လို့ ရဲရဲကြီး ပြောနေတာ။ realistic teaching တိကျမှန်ကန်နက်နဲသော အယူအကျင့်များသာ ဖြစ်တယ်။
    တဖန် မဟာယာနက နိဗ္ဗာန်ကို သူတို့စိတ်ကူးနဲ့ အဓိပ္ပါယ်ဖွင့်ထားတာ ရှိသေးတယ်။ နိဗ္ဗာန်ရောက်တယ်ဆိုတာ အရဟတ္တဖိုလ်စိတ်နဲ့ အထူးဖြစ်ပေါ်လာတဲ့ ရုပ် နာမ် တမျိုးနဲ့ နိဗ္ဗာန်ဘုံကို ရောက်သွားတာတဲ့။ အဲဒီဘုံမှာ အစဉ်အမြဲ ဘယ်တော့မှမပျက်စီးတော့ဘဲ နိဗ္ဗာန်အရသာကို အမြဲခံစားနေတာတဲ့။ လူ့ပြည်က တင်ပလ္လင်ခွေ ထိုင်ရင်း သေသွားရင်လဲ နိဗ္ဗာန်မှာ အဲဒီလို ထိုင်ပြီး အမြဲတမ်းစံစားနေရတယ်တဲ့။ ထေရ၀ါဒက နိဗ္ဗာန်ရောက်တယ်ဆိုတာ မီးစာလဲ ကျွမ်း၊ ဆီလဲခန်းပြီး ငြိမ်းချမ်းသွားတဲ့ သဘော။ မီးတောက်ငြိမ်းသွားပြီ၊ ငြိမ်းပြီး ဘယ်ရောက်သွားသလဲ။ စိစစ်နေစရာမလို၊ ထေရနဲ့ မဟာယာန ကွဲပြားခြားနားပုံတွေ များစွာရှိတယ်။
    နောက်အပတ်တွေမှာ သာသနာဝင်တွင် ဘယ်လိုဂိုဏ်းကွဲတွေ ပေါ်လာပြီး ၀ါဒသစ်တွေ သွတ်သွင်းပြီး ဗုဒ္ဓတရားတွေ လွဲမှားစွာ ခံယူနေကြပုံများကို ဆက်ဟောမယ်။ အခုတော့ ဆုတောင်းအမျှဝေပြီး ရပ်နားကြဦးစို့။
    ( ရှေ့လ ဆက်ရန် )
    သီတဂူ ဆရာတော်
    ( မြတ်မင်္ဂလာ ၂၀၀၁-ဇန်န၀ါရီလ )
    Wednesday, September 23, 2009
    ကောင်းမှုလုပ်သူ ကောင်းကျိုးရ
    ကျွန်တော်သည် စာအုပ်စာပေများကို ဖတ်ရှုရန် များစွာ ၀ါသနာပါလွန်းသူတဦး ဖြစ်ပါသည်။ ကျွန်တော်ဖတ်ရှုခဲ့သော စာပေများထဲမှလည်း ကျွန်တော့်ဘ၀အတွက် ယူစရာသင်ခန်းစာများ၊ ဆောက်တည်စရာ ကိုယ်ကျင့်တရားများ၊ ကျင့်သုံးစရာ ဆင်ခြင်တုံတရားများ အများအပြား ရရှိခဲ့ပါသည်။ ရယူခဲ့ဖူးပါသည်။ သို့အတွက်လည်း ကျွန်တော်၏ ဘ၀တည်ဆောက်ရာ၌ အထိုက်အလျောက် အောင်မြင်မှုများ ရရှိခဲ့သည်ဟု ကျွန်တော် ယုံကြည်ပါသည်။
    ယခုအခါတွင်တော့ သူတပါး၏ အတွေ့အကြုံများမှ သင်ခန်းစာကို ကိုယ်ယူခဲ့သည့်နည်းတူ ကျွန်တော့်အတွေ့အကြုံများကိုလည်း သူတပါးအား မျှဝေပေးလိုသည့်ဆန္ဒများ ပြင်းပြလာ၍ ဤစာစုကို ရေးဖွဲ့မိခြင်း ဖြစ်ပါသည်။ ဤစာစု၏ခေါင်းစဉ်ကို မြတ်မင်္ဂလာစာစောင်၏ ဆောင်ပုဒ်တခု ဖြစ်သည့်-
    ကောင်းမှုလုပ်သူ ကောင်းကျိုးရ၏
    မကောင်းမှုလုပ်သူ မကောင်းကျိုးရ၏
    အကြင်မျိုးစေ့ကို စိုက်ပျိုး၏
    ထိုအသီးကို သုံးဆောင်ရ၏-ဆိုသည့် ဗုဒ္ဓဘုရားရှင်၏ အဆုံးအမစာစုထဲမှ ရယူမိပါသည်။
    ကျွန်တော်၏ဘ၀သက်တမ်း အတွေ့အကြုံ တလျှောက်ဝယ် ကောင်းကျိုးရသော အတွေ့အကြုံများ ရှိခဲ့ပါသည်။ ထိုနည်းတူ မကောင်းမှုလုပ်၍ မကောင်းကျိုးရသော အတွေ့အကြုံများလည်း ရှိပါသည်။ ကောင်းကျိုးဆိုးကျိုး တွေ့ကြုံခံစားခဲ့၊ ကြားမြင်သိရှိခဲ့သည့် အဖြစ်အပျက် များစွာရှိခဲ့သည်။ ယင်းတို့ကို လှိုက်လှဲပ်ီတိဖြစ်မှုများ၊ ကြောက်ရွံ့ထိတ်လန့် ခါးသီးဖွယ် ခံစားရမှုများဖြင့် အကြိမ်ကြိမ် ဖြစ်တည် ခံစားခဲ့ဖူးပါသည်။ ယင်းတို့ထဲမှ ပထမအဖြစ်အပျက်တခုကို ဖော်ပြလိုပါသည်။
    ကျွန်တော် ပဲခူးမြို့တွင် နေထိုင်စဉ်အခါက ဖြစ်သည်။ ကျွန်တော့်အမ၀မ်းကွဲ တဦးက ပဲခူးနှင့် ၇-မိုင်လောက်ဝေးသော သနပ်ပင်မြို့နားရှိ ရွာကလေးမှာ နေပါသည်။ အမ၏ လည်ချောင်းရင်းမှာ အသားပိုဖု(ဘု) လုံးကြီးဖြစ်နေသဖြင့် ရန်ကုန်မြို့ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်းကု ဆေးရုံကြီးတွင် ပြသထားပါသည်။ ထိုနေ့က အမ၏လည်ချောင်း ခွဲစိတ်ကုသဖို့ ဆေးရုံကို ကျွန်တော်လိုက်ပို့ရမည် ဖြစ်သည်။
    သနပ်ပင်-ရန်ကုန်သွား မှန်လုံကားက နံက် ၄-နာရီထွက်သည်။ သူတို့ညီအမနှစ်ယောက်က ထိုင်ခုံ ၃-ခုံ လက်မှတ်ဖြတ်လာပြီး ကျွန်တော်က ပဲခူးကနေ ဖြတ်စီးရမည်ဖြစ်သည်။ မှန်လုံကား ပဲခူးရောက်တော့ နံနက် ၄-၁၅ မိနစ်လောက် ရှိပါပြီ။ အမနှစ်ယောက်က ၂-ခုံတွဲ၊ ကျွန်တော်က အခြားခရီးသည်တဦးနှင့် တွဲပြီးထိုင်ရပါသည်။ မနက်စောစော နှင်းတွေကြောင့် မှောင်မှောင်မည်းမည်းမို့ ကျွန်တော်လမ်းဘေးဝဲယာကိုသာကြည့်ပြီး ပါလာခဲ့သည်။ ကျွန်တော့်ခုံနေရာက ကားအတွင်းဘက်လမ်းနှင့် ကပ်နေသဖြင့် မတ်တတ်စီးကြသော ခရီးသည်များနှင့် ပူးပူးကပ်ကပ် ဖြစ်နေသည်။ ကျွန်တော် ပတ်ဝန်းကျင်ကို သတိထားကြည့်လိုက်သောအခါမှာတော့ ကားကမြို့ပြင်ဘက် ရောက်နေပါပြီ။ ရဟန်းတော်တပါးကို ခရီးသည်ယောက်က်ျား၊ မိန်းမတွေကြားမှာ တိုးတိုးဝှေ့ဝှေ့နှင့် မတ်တတ်ရပ် လိုက်ပါနေသည်ကို တွေ့ရသည်။
    မြင်တွေ့လျှင်မြင်တွေ့ချင်းပင် ကျွန်တော် နေရာကထပြီး ဖယ်ပေးလိုက်ဖို့ စိတ်ကူးမိပါသည်။ သို့သော် ကိုယ်သွားရမည်က ပဲခူး-ရန်ကုန် မိုင် ၅၀-ခရီးကြီး၊ ခရီးရှည်ကြီးမို့ ဖယ်၍ မပေးချင်ပါ။ သို့ဖြင့် ကိုယ်ကို အသာပြန်ကျုံ့ထိုင်ရင်း မျက်လုံးကို အသာပိတ်ပြီး မမြင်သလို လုပ်နေလိုက်သည်။ သို့ရာတွင် စိတ်ထဲမှာတော့ မလုံမလဲနှင့် ဖယ်ပေးရကောင်းနိုးနိုး၊ ဆက်ထိုင်နေရ ကောင်းနိုးနိုးနှင့် ဝေခွဲမရ ဖြစ်နေပါသည်။ ထိုအချိန်တုန်းက ကျွန်တော် ပဲခူးမှာနေရာ၊ ရန်ကုန်-ပဲခူး ခရီးကို အိမ်ဦးနှင့်ကြမ်းပြင်လို သွားနေရင်း လိုင်းကားစီးနေကျဖြစ်သည်။ တခါတရံ ထိုင်ခုံ အဆင်မပြေလျှင် ပဲခူး-ရန်ကုန် မတ်တတ်လိုက်တန် လိုက်နေကျ ဖြစ်ပါသည်။
    နောက်ဆုံး၌ စိတ်ကို ခိုင်ခိုင်မာမာ ဆုံးဖြတ်လိုက်သည်။ အခါတိုင်းလည်း သည်ခရီးကို မတ်တတ်တွယ်လိုက်ဖူးတာပဲ၊ ယခု ကိုယ့်အသက်အရွယ်အရရော၊ ကျန်းမာရေးအရရော ငါလိုက်နိုင်တာပဲ။ ငါဖယ်ပေးမယ်-ဟု စိတ်ပိုင်းဖြတ်လိုက်သည်။ ဦးပဉ္စင်း ဒီနေရာ ထိုင်တော်မူပါဘုရား-ဟု လျှောက်ထားပြီး နေရာကို ဖယ်ပေးလိုက်သည်။ ရဟန်းတော်က ဒကာကြီး ဘယ်သွားမှာလဲ-ဟု မေးရာ ကျွန်တော်က ရန်ကုန်ကိုပါဘုရား-ဟု လျှောက်ပါသည်။
    သည်အချိန်မှာ ရဟန်းတော်က ကျွန်တော့်ကိုကြည့်လိုက်သော မျက်လုံးအကြည့်ကို ကျွန်တော်နားလည်လိုက်ပါသည်။ အေးချမ်းတည်ငြိမ်စွာနှင့် ကျေးဇူးတင်သည့်အကြည့်၊ ခရီးရှည်တခု ဖြစ်ပါလျက် ရဟန်းသံဃာတော်ကို အမွန်အမြတ်ပြုသော စိတ်ကို သာဓုခေါ်သည့်အကြည့်ပင်၊ ကျွန်တော့်ရင်ထဲမှာ အေးခနဲ၊ စိမ့်ခနဲ ဖြစ်သွားသည်။ ကျွန်တော့အပြုအမူ ကျွန်တော့်ဆုံးဖြတ်ချက်အတွက် ကျွန်တော့်ကိုယ် ကျွန်တော် ကျေးဇူးအလွန်တင်သွားပါသည်။
    ရဟန်းတော်က ကျွန်တော်ဖယ်ပေးသောနေရာမှာ အသာအယာ ၀င်ထိုင်လိုက်ပါသည်။ မျက်လွှာစုံချပြီး တည်ငြိမ်သောဣနြေ္ဒ ၀ါရွှေသောသင်္ကန်း အရောင်တို့နှင့် လိုက်ဖက်တင့်တယ်နေသော ရဟန်းတော်ကိုကြည့်ရင်း ကျွန်တော့်တကိုယ်လုံး ပီတိတွေလှိုက်၊ ကြက်သီးတွေ ဖြန်းဖြန်းထသွားသည်။ မထင်မှတ်ဘဲ ပြုလိုက်ရသော ကုသိုလ်လေးတခုအတွက် ၀မ်းသာကျေနပ်မှုတွေကို အတော်လေး ခံစားလိုက်ရပါသည်။
    ထိုအချိန်ပိုင်းကလေးအတွင်းမှာပင် ကျွန်တော့်နှင့် ဘေးချင်းယှဉ်ထိုင်နေသော လူရွယ်တဦးသည် သူ့နေရာမှ ချက်ချင်းထပြီး ကျွန်တော့်ကို ထိုင်ဖို့ နေရာဖယ်ပေးပါသည်။ ကျွန်တော်လည်း အံ့အားသင့်သွားသည်။ ချက်ချင်းပင် ထိုင်ဖို့ ငြင်းလိုက်ပါသည်။ သို့သော်မရပါ၊ လူရွယ်က အတင်းထိုင်ခိုင်းနေသည်။ ကျွန်တော်တို့ စကား ရုတ်ရုတ်သဲသဲဖြစ်နေသည်ကို ဘေးကခရီးသည်တွေ အာရုံပြုမိလာကြပါသည်။
    ထိုအခါ လူရွယ်က လှည်းကူးအထိတော့ ထိုင်ပါခင်ဗျာ၊ လှည်းကူးရောက်ရင် ကျွန်တော်တလှည့် ပြန်ထိုင်ပါ့မယ်-ဟု တောင်းတောင်းပန်ပန် ပြောနေသည်။ ဘေးကလူတွေလည်း ထိုင်ကြည့်နေကြသည်။ ကျွန်တော်လည်း ထိုင်ချလိုက်ရသည်။ ရဟန်းတော်ကတော့ ကျွန်တော်ဖယ်ပေးသော နေရာကလေးမှာ တည်ငြိမ်သောဣနြေ္ဒဖြင့် အသာအယာ ထိုင်နေဆဲပင်။
    လှည်းကူးရောက်ရောက်ချင်း ကျွန်တော်နေရာကထပေးသည်။ လူရွယ်ကိုတလှည့် အတင်းထိုင်ခိုင်းလိုက်ရပါသည်။ လူရွယ်ထိုင်ပြီးပြီးချင်းပင် ကားရှေ့ပိုင်းမှ ကျွန်တော့်နာမည်ခေါ်သံ ကြားရသည်။ လှမ်းကြည့်လိုက်တော့ အသိမိတ်ဆွေတဦး ဖြစ်နေသည်။ စောစောကတော့ လူတွေနှင့်ကွယ်နေ၍ မတွေ့မိပါ။ လှည်းကူးမှာ ခရီးသည်တွေ အတော်အတန်ဆင်းသွားသဖြင့် ကျွန်တော့်ကိုတွေ့သွားပြီး လှမ်းခေါ်ပုံရသည်။ သူ့အနားမှာ ခုံတနေရာစာ လွတ်နေသဖြင့် ထိုခုံနေရာမှာပင် ထိုင်လျက် ရန်ကုန် ရောက်သည်အထိ ကျွန်တော် သက်သောင့်သက်သာ လိုက်ခဲ့ရပါသည်။
    ရဟန်းတော်ကို နေရာဖယ်ပေးခဲ့သော်လည်း ခရီးစဉ်တလျှောက်လုံးမှာ ကျွန်တော် ထိုင်ခုံဖြင့်သာ လိုက်ခဲ့ရသည်ကို အံ့သြမိပါသည်။ အမှတ်မထင် သေးငယ်သော ကုသိုလ်ကလေး၏ အဟုန်သည် သည်မျှနှင့် ရပ်မသွားသေးပါ။ ထိုနှစ်အတွင်းမှာပင် ဌာနက ကျွန်တော့်အတွက် ရုံးကားတစီး သုံးခွင့်ပြုသည်။ ကျွန်တော် ယခုအချိန်အထိ သတိထားမိသည်မှာ ထိုကုသိုလ်ပြုပြီးသည့် နောက်ပိုင်းတွင် ယာဉ်၊ ရထား၊ ကား၊ လေယာဉ် ဘယ်ခရီးပင်ဖြစ်စေ ကျွန်တော့်အတွက် ကြံဖန်ပြီး လွယ်လွယ်ကူကူ ဖြစ်နေပါသည်။ မရတော့ဘူးဟု ထင်သော လက်မှတ်၊ မသွားဖြစ်တော့ဘူးဟုထင်သော ခရီးစဉ်တွေမှာ အံ့သြဖွယ်ကောင်းလောက်အောင် ချောမောသွားသည်ကို တွေ့ရသည်။ ပြည်တွင်းပြည်ပ ခရီးစဉ်တွေတိုင်းမှာလည်း သက်သောင့်သက်သာနှင့် အန္တရာယ်ကင်းကင်း သွားနေရသည်ကိုလည်း သတိထားမိပါသည်။
    အမှတ်မထင်ပြုခဲ့သော မုန့်ညင်းစေ့ပမာဏ သေးငယ်သော ကုသိုလ်ကလေး၏ အဟုန်ကို ပြောပြ၍မကုန်နိုင်အောင် ယခုတိုင် ခံစားနေရဆဲပင်။ ကျွန်တော့်ကိုယ်တွေ့ အမှန်ဖြစ်ရပ်ကို မြတ်မင်္ဂလာ ပရိသတ်အား ဆီမီးတိုင်သဖွယ် ကူညှိခံစားရစေခြင်းငှါ တင်ပြလိုက်ရခြင်း ဖြစ်ပါသည်။
    မောင်စံလွင် (ငါး-ဦးစီး)
ဲ( မြတ်မင်္ဂလာ ၂၀၀၁-ဇန်န၀ါရီလ )
    မြတ်ဗုဒ္ဓ၏ ဆဋ္ဌမ၀ိပါက်တော်
    ( မှတ်ချက် )
    ပထမ, ဒုတိယ, တတိယ, စတုတ္ထ, ပဉ္စမ ၀ိပါက်တော်-ပါ စာအုပ် မရှိသေးပါသဖြင့် မတင်ပြနိုင်သေးတာကို သည်းခံခွင့်လွတ်ပါရန် မေတ္တာရပ်ခံပါသည်။
    တန်ခိုးတော်အနန္တနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားသည် ဗုဒ္ဓအဖြစ်သို့ ရောက်သည်အထိ ဒေ၀ဒတ်၏ ကျောက်တုံးကြီးဖြင့် ကြိတ်ချေသတ်ဖြတ်ရန် ကြိုးစားမှုကို ခံတော်မူရသေးသည်။ အကြောင်းမှာ
    တခုသောဘ၀က ညီဖြစ်သူအား အမွေခွဲဝေမပေးလိုသော လောဘကြောင့် ကျောက်ခဲနှင့် မသေမချင်း ထုသတ်ခဲ့သော အကျိုးဆက် ဖြစ်လေသည်။
    ထိုမျှ ကြမ်းကြုတ်ရက်စက်စွာ ပြုမှုကြောင့် နောက်ဆုံးဘ၀ထိ အပြစ်ခံရခြင်း ဖြစ်သည်။ ထိုမျှမက ခြေမကို ကျောက်လွှာထိ၍ နာကျင်သော ဝေဒနာလည်း ခံရသေးသည်။ သံသရာတလျှောက် မတော်တဆ ထိမှန်ခြင်းခံရသည်လည်း အကြိမ်များစွာ ရှိသည်။ ထိုခံရမှုတို့မှာ အမှတ်မထင် မြူးတူးပျော်ပါး ကစားရင်းဖြင့် ရရှိသောအပြစ် ဖြစ်ခဲ့လေသည်။
    ရှေးလွန်လေပြီးသော ဘ၀တခုတွင် ဘုရားအလောင်းတော်သည် မထင်ရှားသောအမျိုးမှာ ဖြစ်တော်မူခဲ့သည်။ အရပ်ထဲတွင် သူငယ်ဘာဝ အခြားသော အရွယ်တူကလေးများနှင့် လမ်းပေါ်မှာ ပြေးလွှားခုန်ပေါက် ပျော်ရွှင်မြူးတူးစွာ ကစားနေကြသည်။ ကလေးများနှင့် ရွှင်ပျော်မြူးတူးနေစဉ် ခပ်လှမ်းလှမ်းတွင် ဣနြေ္ဒသိက္ခာနှင့် ဖြည်းညင်းစွာဆွမ်းခံကြွလာသော ပစ္စေကဗုဒ္ဓါကို တွေ့မြင်လေသည်။
    ထိုအခါ လက်တည့်စမ်းလိုသည့် သဘောနှင့် ကျောက်ခဲလေးတလုံးကို ကောက်ယူကာ ရှင်ပစ္စေကဗုဒ္ဓါဆီသို့ မှန်းပြီး ပေါက်လိုက်လေသည်။ ကျောက်ခဲသည် ရှင်ပစ္စေကဗုဒ္ဓါ၏ ခြေမတော်ကို မှန်လေသည်။ အတွင်းကြေ ကြေကာ သွေးများ ယိုစီးသွားသည်။ ဤသို့ အမှတ်မထင်ပြုမိသော အကုသိုလ်ကံကြောင့် ငရဲတွင်ခံရပြီးနောက် လူ့ဘ၀ပြန်ရောက်သောအခါ မတော်တဆ ထိခိုက်မှုများ မကြာခဏ ခံရ၊ ကြုံရလေသည်။
    ဘုရားရှင်ဘ၀တွင်လည်း ဒေ၀ဒတ်၏ ကျောက်တုံးကြီးဒဏ်က လွတ်ခဲ့ရသော်လည်း ခြေမတော် သွေးစိမ်းတည်ခြင်းကို ဆရာဇီဝက၏ ကုသမှုခံရပြီးမှ ပျောက်ကင်းလေသည်။ အမှတ်မထင် မြူးတူးပျော်ပါး ကစားလိုသည့်စိတ်ပင် ဖြစ်လင့်ကစား သူတော်ကောင်းကို ပြစ်မှားမိက အကုသိုလ်အပြစ်မှ မလွတ်ကင်းပေ။ ထို့ကြောင့် သတိထားဖွယ် ဖြစ်သည်ကို အထူးသိရန် လိုအပ်လှပေသည်။ ဤ၀ဋ်တော်နှင့် ပတ်သက်၍ လယ်တီပဏ္ဍိတ ဦးမောင်ကြီး၏ အမေးအဖြေ လင်္ကာမှာ-
    ကျောက်လွှာထိပါး၊ မြတ်ဖျားထွတ်တင်၊
    တည်နေ၀ပ်ကိန်း၊ သွေးစိမ်းအရှင်၊
    ခြေမတော်ထဲ၊ ကိုက်ခဲနာကျင်၊
    သူငယ်ဖြစ်ခိုက်၊ လမ်း၌ပျော်ရွှင်၊
    ရှင်ပစ္စေက၊ ဝေးမှအမြင်၊
    ခဲနှင့်ပစ်လိုက်၊ ထိခိုက်ခြေတွင်၊
    သွေးယိုဆင်း၊ ရှေးရင်းဝိပါက်ပင်။
    မောင်အဂ္ဂ
    ( မြတ်မင်္ဂလာ ၂၀၀၁-ဇန်န၀ါရီလ )
    Read more...
    ၅၀၀၀ ကျပ်တန်အသစ်ကြောင့် ကုန်ဈေးနုန်းအဆမတန် ခုန်တက်မယ်လို့ သင်ယူဆ ပါသလား...
    ငါးထောင်တန်ငွေစက္ကူများမြန်မာနိုင်ငံတွင်ထွက်ရှိ
    မဇ္ဈိမသတင်းဌာန
    ကြာသပတေးနေ့၊ စက်တင်ဘာလ 24 ရက် 2009 ခုနှစ် 20 နာရီ 00 မိနစ်
    အောက်တိုဘာလ ၁ ရက်နေ့မှစ၍ ငါးထောင်ကျပ်တန် ငွေစက္ကူသစ်များ ထုတ်လုပ် ဖြန့်ဝေတော့မည် ဖြစ်ကြောင်း မြန်မာ့ ရုပ်မြင်သံကြားက ယနေ့ည သတင်းတွင် ကြေညာသွားသည်။
    နေပြည်တော်ရှိ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ထုတ်ပြန် ကြေညာချက်ကို မြန်မာ့ရုပ်မြင်က ထုတ်လွှင့်သွားရာတွင် အောက်တိုဘာ ၁ ရက်နေ့မှ စတင်၍ ပြည်သူလူထုအတွင်း လည်ပတ် သုံးစွဲသွားမည် ဖြစ်ကြောင်းနှင့် ငွေစက္ကူတွင် ဆင်ဖြူ ရတနာပုံနှင့် နေပြည်တော်ကို နောက်ခံထားသည်။
    ထင်မှတ်ထားခြင်း မရှိသော ကြေညာချက်ကြောင့် လူအများ အုတ်အော်သောင်းနင်း ဖြစ်ကုန်ပြီး ကုန်ဈေးနှုန်းများ အဆမတန် တက်တော့မည်ဟု စိုးရိမ် ကုန်ကြသည်ဟု ရန်ကုန်ရှိ မဇ္ဈိမ သတင်းထောက်က ပြောသည်။
    xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
    ၅၀၀၀ တန်ငွေစက္ကူအသစ်တွေ ထွက်တော့မည် တဲ့။ အင်း..မဆိုးပါဘူး။ ထုတ်သင့်တာကြာပီပဲ။ ပြည်တွင်းမှာ ကုန်ဈေးနုန်းတွေက အာရှစံချိန်မှီ နေတာကြာပီ။ လစာ က တိုးမလာတော့ လုပ်ပိုင်ခွင့်နည်းတဲ့ ၀န်ထမ်းအများစု စားဝတ်နေရေး အတွက်အတော်ရုန်းကန်နေကြရတာ။
    မှတ်မိပါသေးတယ်.။ ၂၀၀၆ ဧပြီ လ က.. ၀န်ထမ်းလစာ တစ်ကြိမ်တိုးပေးတယ်။ တိုးမပေးခင်က ဒေါ်လာငွေလဲနုန်းက ၁၀၀၀ ၀န်းကျင်။ လစာ လဲ တိုးပေးရော.ကုန်ဈေးနုန်းလဲ အနဲဆုံး ငါးဆ လောက်ခုန်တက်တော့မယ် လို့ ထင်ကြေးပေးပြီး မျက်လုံး မျက်ဆန်ပြူးကုန်ကြတာ။
    ဒါပေမဲ့..ခု ၂၀၀၉ ကုန်တော့မယ်။ ထင်သလို ဖြစ်မလာခဲ့ဘူး။ ငွေ လဲဈေးနုန်းက ၁၁၀၀ ၀န်းကျင်မှာ ပဲ ငြိမ်ချက်သား ကောင်းတုံး။
    ဖြစ်နိုင်ချေရှိတာ က.. ဒီအစိုးရမှာ hide hand ရှိနေတယ်။ မမြင်ရတဲ့လက်မဲ ကြီး ပေါ့။ ငွေကြေးဈေးကွက်ကို ထိန်းညှိနိုင်လောက်တဲ့ အရံငွေကြေး အသင့်ရှိနေတယ်လို့ ယုံကြည်ရတယ်။ ဘယ်က ရလာသလဲ။ ဘယ်လိုဖြစ်နိုင်မလဲ။
    တခြား ဟုတ်ပါရိုးလား၊ သဘာဝ ဓါတ်ငွေ့ တွေ ထုတ်ရောင်း လို့ရလာတဲ့ ဒေါ်လာတွေ။ နိုင်ငံခြားငွေတွေ။ သူတို့လိုရင် ၆ ကျပ်နဲ့လဲ သုံး။ ဈေးကွက်က တောင်းဆိုလာရင် ပေါက်ဈေး နဲ့ ထုတ်ရောင်း ပါလိမ့်မယ်။
    ပြည်တွင်း စားသုံးကုန်ဈေးက အာရှ စံချိန်မှီခဲ့တာ ကြာပြီ။ ပြည်တွင်း မှာဈေးတက်ရဲ တက်ကြည့်... ၀င်လာလိုက်မယ်ဖြင့်ခြင်း၊ အိန္ဒိယ၊ တရုပ်နဲ့ ထိုင်းက စားသောက်ကုန်တွေ။
    တလောက ပဲ ပြည်တွင်း ကြက်သွန်ဈေးတက်လို့ ဆိုပြီး အိန္ဒိယ ဘက်က ကြက်သွန်တွေ ၀င်လာတာ။
    ပြည်ပ က သကြားဝယ်လက်ရှိပါသတဲ့။ ဒါပေမဲ့ ပြည်တွင်းဈေးကွက်မှာရောင်းတာက ပိုကိုက် ဆိုပဲ ။အဲဒါပဲ ကြည့်တော့..စံချိန်မှီနေပြီဖြစ်တဲ့ကုန်ဈေးနုန်း အနေအထားကို။
    ကဲ..ဘယ်သူဈေးတက်ရဲသလဲ..
    ၂၀၀၆ အေပြီ မှာ ၀န်ထမ်းလစာ တိုးပေးတုန်းက ကုန်ဈေးနုန်းတွေ ထိုးတက်လိမ့်မယ်လို့ ခန့်မှန်းပေမဲ့ ဖြစ်မလာခဲ့ဘူး။
    ခု ဒီအချိန်..
    ၅၀၀၀ ကျပ်တန် ထုတ် ရုံမက၊ ၀န်ထမ်းလစာ နောက်ထပ် ၅ ဆ တိုးပေးလဲ ကုန်ဈေးနုန်းက ထိုင်း.အိန္ဒိယ.တရုပ် တို့ထက် ကျော်လွန်ပြီး ထိုးတက်လိမ့်မယ် ဟု ဆိုပါက အခြေအမြစ်မရှိ၊ လေဖမ်း ဒါန်းစီး သူများရဲ့ ပြော စကားအဖြစ် ယူဆမိပါကြောင်း..................
    24 September 2009
    ကိုယ်နှင့်မကွာ သွားလေရာသယ်ယူဖတ်ရှုနိုင်မည့် ဒစ်ဂျစ်တယ်တိပိဋက
    Thursday, 24 September 2009
    ပြည်တွင်းနည်းပညာကုမ္ပဏီတစ်ခုမှ သာသနာပြုဘုန်းတော်ကြီးများနှင့်ဓမ္မကို လေ့လာသင်ယူဆည်းပူးနေသူများ အထောက်အကူဖြစ်စေရန်အတွက် ဒီဂျစ်တယ်နည်းပညာပစ္စည်းတစ်မျိုးဖြစ်သော အိတ်ဆောင်တိပိဋကနည်းပညာ ပစ္စည်းတစ်မျိုးကို ထုတ်လုပ်လိုက်ကြောင်းသိရသည်။
    အဆိုပါအိတ်ဆောင်တိပိဋက၌ ၀ိနယ၊ သုတ္တန္တ၊ အဘိဓမ္မဟူသော ပိဋကအားဖြင့် (၃) ပုံ၊ ဒီဃ၊ မဇ္ဈိမ၊ သံယုတ္တ၊ အင်္ဂုတ္တရ၊ ခုဒ္ဒကဟူသော နိကာယ်အားဖြင့် (၅) ရပ်၊ ဓမ္မက္ခန္ဓာအားဖြင့် (၈၄,၀၀၀) များပြားလှသော ပိဋကပါဠိတော်နှင့် ယင်း၏ ၃ ဆမျှရှိသောအဖွင့် အဋ္ဌကထာ၊ ဋီကာ၊ အနု၊ မဓု၊ ယောဇနစသည့် ကျမ်းဂန်အရပ်ရပ်ရှိပုဒ်ပါဠိများကို မြန်မာအက္ခရာရှိ မင်အက္ခရာများဖြင့် အလွယ်တကူရှာဖွေနိုင်ပါကြောင်းသိရသည်။ ထို့အပြင် ပါဠိဝေါဟာရပုဒ်များ အားလုံးပါဝင်ပြီး မြန်မာရဟန်းတော်များရေးသားပြုစုထားသည့် တိပိဋကပါဠိ- မြန်မာအဘိဓါန်ကြီး ဦးဟုတ်စိန်၏ ပါဠိ- မြန်မာအဘိဓါန်စသည့် အဘိဓါန်များပါဝင်သည့်စက်ဖြစ်ကြောင်းသိရသည်။
    သိရှိလိုသည့်စာလုံးများကို အဘိဓါန်တွင်ရှာဖွေရာတွင် ရှာဖွေလိုသောစကားလုံးအား မြန်မာ roman စာလုံးဖြင့် အဘိဓါန်များတွင်ရှာဖွေနိုင်ပြီး၊ တွေ့ရှိချက်များအား တိပိဋကပါဠိမြန်မာအဘိဓါန်၊ ဦးဟုတ်စိန်အဘိဓါန်နှင့် ဓါတ် english တို့ကိုဖော်ပြပေးပြီး တိပိအဘိဓါန်အတွင်းရှိ စာအုပ်နှင့်စာမျက်နှာကိုဖော်ပြပေးမည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် ရှာဖွေသည့်စာလုံးအဖြစ်စတင်သည့် သုတ်ခေါင်းစဉ်များကို ရှာဖွေပြီးတွေ့ရှိသည့် ဂါထာသုတ္တံတို့၏တည်နေရာ စာအုပ်အား စာမျက်နှာအားတိကျ စွာညွှန်းပြပြီး ဆဋ္ဌမ စာမျက်နှာအတိုင်းတွေ့ရှိသည့် မူလ၊ အဋ္ဌကဃာ၊ ဋီကာတို့တွင်ဖတ်ရှုနိုင်ပြီး ဖတ်ရှုနေစဉ်တွေ့မြင်ရသော ဝေါဟာရစာလုံးအားရွေးချယ်၍ အဘိဓါန်တွင် ဆက်လက်ရှာဖွေနိုင်မည်ဖြစ် ကြောင်းသိရသည်။ စာလုံးတွဲများ ကို အလိုအလျောက်ခွဲခြားပြသခြင်း၊ ဖြတ်တောက်ပြသခြင်းများကိုလည်း ပြုလုပ်ပေးကြောင်းသိရသည်။
    ကျမ်းစာများကို ရှာဖွေဖတ်ရှုခြင်း၌ ဆဋ္ဌသံဃာယနာတင် ပုံနှိပ် မူပါဠိစာအုပ် ၁၅၉ အုပ်အား မူရင်း စာမျက်နှာအလိုက်မြန်မာပါဠိ roman pal တို့ဖြင့်လိုအပ်ရာစာမျက် နှာကို ဖတ်ရှုလေ့လာနိုင်ကြောင်းသိ သိရသည်။ တည်ပုဒ် (စာလုံး) များအားရှာဖွေရာတွင် ရှာဖွေလိုသည့်စာလုံးအား ပါဠိတော်အတွင်း မတူညီစွာတည်ရှိနေသော စာလုံး ၁ သန်းခန့်မှ ရွေးချယ်ပြီးစာအုပ် ၁၅၉ အုပ်အတွင်း မည်သည့်ကျမ်းတွင် မည်သည့်စာမျက်နှာပါရှိသည်ကို ရှာဖွေညွှန်းပြပေးပြီး အဆိုပါစာ မျက်နှာတွင် မည်သို့ပါရှိသည်ကို သိရှိရန်ဖော်ပြပေးမည်ဖြစ်ကြောင်း သိရသည်။ တစ်နေရာထက် ပိုမိုတွေ့ရှိပါကလည်း ဆက်လက်ကြည့်ရှုနိုင်ရန် စီစဉ်ပေးထားကြောင်းသိရသည်။ စာလုံးမတွေ့ရှိပါက ရှိသည့်စာလုံးများမှ အနီးစပ်ဆုံးရွေးချယ်နိုင်ရန် ဖော်ပြပေးသွားမည်ဖြစ်ကြောင်းသိရသည်။ ဖတ်ရှုနေစဉ်မြန်မာ roman စာလုံးကိုပြောင်းလဲနိုင်မည်ဖြစ်သလို၊ ဖတ်နေသည့်စာမျက်နှာရှိ စာလုံးအားလုံးကို အ ဘိဓါန်တွင် ဆက်လက်ရှာဖွေနိုင်ကြောင်းသိရသည်။
    အိတ်ဆောင်တိပိဋကစက်တွင် အခြားသောလုပ်ဆောင်နိုင်မှုများအနေဖြင့် MP3 နှင့်အသံဖိုင်များကို ဖွင့်နိုင်ခြင်းအသံသွင်းနိုင်ခြင်း၊ MP4 AVI နှင့် အခြားရုပ်ရှင်ဖိုင်များအား ကြည့်ရှုနိုင်ခြင်း၊ Microsoft office 2003, 2007 ၏ word, excel, powerpoint များကိုဖတ်ရှုခြင်း၊ တည်ဆောက်ခြင်းများကို ပြုလုပ်နိုင်ခြင်း၊ PDF ဖိုင်များကို ဖတ်ရှုနိုင်ခြင်း၊ လိပ်စာများမှတ်သားခြင်း၊ ရှာဖွေနိုင်ခြင်း၊ ပြက္ခဒိန်တွင်လုပ်ဆောင်ရန်များ မှတ်တမ်းတင်သတိပေးစေခြင်း၊ wifi ရှိသောနေရာတွင် အင်တာနက်အသုံးပြုနိုင်ခြင်းတို့ကို လုပ်ဆောင်နိုင်ကြောင်းသိရသည်။
    Windows Mobile 6.1 OS ကိုအသုံးပြုထားသဖြင့် ဂဏန်းတွက်စက်၊ ဂိမ်းစသည်တို့နှင့်လိုအပ်သည်များကို ထပ်မံထည့်သွင်းသုံးစွဲနိုင်ခြင်းနှင့် USB 2.0 ကိုအသုံးပြု၍ PC (Windows/ Mac) တို့နှင့် ချိတ်ဆက်သုံးစွဲနိုင်ကြောင်း သိရသည်။ Bonous အနေဖြင့် မဟာဂန္တာရုံဆရာတော်ဘုရားကြီး၏ အခြေပြုပဋ္ဌာန်းတရားတော်အသံဖိုင် ၁၉ နာရီနှင့် pdf စာအုပ်ဖတ်ရှုရန်ထည့်သွင်းပေးထားသလို မြန်မာ-အင်္ဂလိပ်၊ အင်္ဂလိပ်မြန်မာ online dictionary ဖြစ်သော Omagai Dictionary ကိုလည်း ထည့်သွင်းပေးထားကြောင်းသိရသည်။
    “အိတ်ဆောင်တိပိဋကစက်ကို Mandalay ICT Expo 2009 မှာ စတင်ရောင်းချပေးမှာဖြစ်ပါ တယ်။ စက်ရဲ့သတ်မှတ်ဈေးနှုန်းက နှစ်သိန်းတစ်သောင်းကျပ်ဖြစ်ပြီး ပြပွဲမှာ တစ်သိန်းကိုးသောင်းကိုးထောင်ကျပ်နဲ့ ရောင်းချပေးမှာပါ။ ရန်ကုန်အတွက်ကတော့ မစီစဉ်ရသေးပါဘူး။ Inforithm ကဖြန့်မယ့်ပုံရှိပါတယ်။ ဒီ pocket PC က windows mobile 6.1 ကိုသုံးထားပါတယ်။ စက်မှာအသုံးပြုထားတဲ့ CPU က RAM 9400 MHz ဖြစ်ပြီး memory က 128 MB နဲ့ Storage SD က 4GB ဖြစ်ပါတယ်။ WiFi ပါပြီး screen က ၂.၈ လက်မရှိပါတယ်။ USB 2.0 mini, mic, built in speaker တွေပါဝင်ပြီး အလေးချိန်ကတော့ 96g ဖြစ်ပါတယ်။ အရွယ်အစားမှာ ၉၇/၆၂/၁၇ mm ဖြစ်ပြီး ၉၀၀ က AH Battery ကိုအသုံးပြုထားပါတယ်” ဟု Alpha ကွန်ပျူတာ (မန္တလေး) မှတာဝန်ရှိသူ ဦးရဲမြတ်သူမှအင်တာနက်ဂျာနယ်သို့ပြောသည်။
    ဒီနေရာ မှကူးယူဖေါ်ပြပါတယ်
    Read more...
    လူသားကို စားလေယောင် တကားဟု ကဲ့ရဲ့ကုန်၏...
    ဒန္တပေါနသိက္ခာပုဒ် - (ဒန်ပူ)
    လူသားကို စားလေယောင် တကားဟု ကဲ့ရဲ့ကုန်၏...
    ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဝေသာလီပြည် မဟာဝုန်တောတွင် ပြာသာဒ်ဆောင်ပေါက်သော ကျောင်းကြီး၌ သီတင်းသုံး နေတော်မူ သောအခါ ရဟန်းတစ်ပါးသည် ပစ္စည်း အလုံးစုံ ပံ့သကူဓူတင်ကို ဆောင်၍ သုသာန်၌ နေ၏။ ထိုရဟန်းသည် လူတို့ပေးလှူသည်ကို ခံယူခြင်းငှါအလိုမရှိ၊ သုသာန်၌ လည်းကောင်း၊ သစ်ပင်ရင်း၌လည်းကောင်း၊ တံခါးခုံ၌လည်းကောင်း သေလွန် သော မိဘဘိုးဘွား စသည်တို့၏ အကျိုးငှါ စွန့်ထားသော ခဲဖွယ်ဘောဇဉ်တို့ကို ကိုယ်တိုင်ယူ၍ စား၏။
    လူတို့က ဤသို့ ပြောဆိုကြသည်...
    ''အဘယ့်ကြောင့် ဤရဟန်းသည် ငါတို့၏ သေလွန်သော မိဘဘိုးဘွား စသည် တို့၏ အကျိုးငှါ စွန့်ထားသော ခဲဖွယ်ဘောဇဉ်တို့ကို ကိုယ်တိုင်ယူ၍ စားဘိသနည်း၊ ဤရဟန်းသည် ဆူဖြိုး၏၊ လူသားကို စားလေယောင် တကား'' ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။
    သူတော်ကောင်းတွေ ကြည့်စမ်းပါ ဝိနည်း စည်းကမ်း မသတ်မှတ်သေးခင် ဓာတ်ကောင်းကိန်းနေသောသူများဟာ ဒါကတော့ဖြင့် မလုပ်သင့်ဘူးဆိုပြီး အပြစ်ပြောကြတယ် ကဲ့ရဲ့ကြတယ်၊ မလှူဒါန်း မပေးကမ်းသောအစာကို စားလို့ လူသားများစားနေသလားလို့တောင် ကဲ့ရဲ့ကြပါတယ်။ အဓိကတော့ မသင့်တော်တာတွေ လုပ်ရင် ကဲ့ရဲ့ကြတယ်၊ ခု ဒကာဒကာမတို့က မသင့်တော်တာလုပ်နေတာတွေ့ရင် မပြောနဲ့ မပြောနဲ့ အပြစ်ဖြစ်လိမ့်မယ်၊ သူတို့က သင်္ကန်းကြီးတွေနဲ့ ဖက်ပေါ်ဆူးကျဖက်ပေါက် ဆူးပေါ် ဖက်ကျတော့လည်း ဖက်ပေါက်နော် တိတ်တိတ်နေ မပြောကြနဲ့ဆိုပြီး ဒီလိုဖြစ်နေကြပါတယ်။ စဉ်းစားကြနော် လူသာသနာပြုများ။
    ရဟန်း တို့သည် ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုကြသော ထိုလူတို့၏ စကားကို ကြားကြသည်သာတည်း။
    အလိုနည်းသော ရဟန်းတို့က ဤသို့ ပြောဆိုကြ၏ ...
    ''အဘယ့်ကြောင့် ရဟန်းသည် မပေးအပ်သော 'အကပ်မခံရသေးသော' အာဟာရကို ခံတွင်းဝသို့ ဆောင်ဘိသနည်း'' ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။
    ဝိနည်းမသတ်မှတ်သေးခင်တောင် အလိုနည်းတဲ့ ရဟန်းတော်များကလည်း အမြင်မတော်တာတွေ့ရင် အပြစ်ပြ ပြောဆိုကြတယ်။ ခုခေတ်ရဟန်းတော် တချို့လည်း ဝိနည်းစည်းကမ်း မလိုက်နာရင် အပြစ်ပြ ပြောဆိုကြပါတယ်၊ တချို့ကတော့ ဟိုငဲ့ဒီငဲ့ ငဲ့နေကြပြန်တယ်၊ ကျွန်ုပ်လည်း ငဲ့တဲ့ထဲပါတာပါပဲ အပြစ်မပြောပဲ ငဲ့နေသော ကျွန်ုပ်သည်မကောင်းပါ။
    မြတ်စွာဘုရားက ဤသို့မိန့်တော်မူ၏...
    ''ရဟန်း သင်သည် မပေးအပ်သော 'အကပ်မခံရသေးသော' အာဟာရကို ခံတွင်းဝသို့ ဆောင်၏ဟူသည် မှန်သလော'' ဟု စိစစ် မေးမြန်းတော်မူ၏။
    မှန်ပါသည် မြတ်စွာဘုရားဟု လျှောက်၏။
    ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ မဂ်ဖိုလ်မှ အချည်းနှီးဖြစ်သော ယောက်ျား အဘယ့်ကြောင့် သင်သည် မပေးအပ်သော 'အကပ်မခံရသေးသော' အာဟာရကို ခံတွင်းဝသို့ ဆောင်ဘိသနည်း။ မဂ်ဖိုလ်မှ အချည်းနှီးဖြစ်သော ယောက်ျား ဤ သင်ပြုမိသော အမှုသည် မကြည်ညို သေးသော သူတို့အား ကြည်ညိုစေခြင်းငှါ လည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။ 263
    ''အကြင်ရဟန်းသည် မပေးအပ်သော 'အကပ်မခံရသေးသော' အာဟာရကို ခံတွင်းဝသို့ ဆောင်ငြားအံ့၊ ထိုရဟန်းအား ပါစိတ်အာပတ် သင့်၏'' ဤသို့ ပြကြကုန်လော့ဟု မိန့်တော်မူ၏။ ဤသို့လျှင် မြတ်စွာဘုရားသည် ရဟန်းတို့အား ဤသိက္ခာပုဒ်ကို ပညတ်တော်မူ၏။ က
    မြတ်ဗုဒ္ဓက မဂ်ဖိုလ်မှ အချည်းနှီးဖြစ်သော ယောက်ျားတဲ့၊ ဘုန်းကြီးများ ဘာကြောင့် ရဟန်းဝတ်ကြသလဲဆို မဂ်ဖိုလ် လိုချင်လို့ ဝတ်ကြတာလို့ ဖြေကြရမှာပါ၊ ခုတော့ သူတစ်ပါးက မပေးလှူ၊ အကပ်မခံပဲနဲ့ စားလို့ အပြစ်တင်လိုက်တဲ့စကားလုံးက မဂ်ဖိုလ်မရနိုင်တဲ့သူတဲ့၊ အလွန်အလွန်ကို ကြောက်စရာကောင်းလှပါတယ်။ ဒါဆို ဝိနည်းစည်းကမ်း သတ်မှတ်ပြီးမှ အပြစ်ကျူးလွန်သူ ရဟန်းများဆို မြတ်စွာဘုရား ဘယ်လောက်များ ပြစ်တင် ကဲ့ရဲ့လိုက်မလဲလို့ စဉ်းစားမိပါတယ်။
    ထိုအခါ ရဟန်းတို့သည် ရေ, ဒန်ပူတို့ကို မအပ်ဟု တွေးတောမှု ''သံသယကုက္ကုစ္စ' ရှိကြကုန်၏။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ ''ရဟန်းတို့ ရေ, ဒန်ပူကိုကိုယ်တိုင် ယူ၍ သုံးဆောင်ခြင်းငှါ ခွင့်ပြုတော်မူ၏'' ဟု မိန့်တော်မူ၏။
    ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။ 264
    ''အကြင်ရဟန်းသည် ရေ, ဒန်ပူကို ကြဉ်၍ မပေးအပ်သော 'အကပ်မခံရသေး သော' အာဟာရကို ခံတွင်းဝသို့ ဆောင်ငြားအံ့၊ ထိုရဟန်းအား ပါစိတ်အာပတ် သင့်၏'' ဤသို့ ပြကြကုန် လော့ဟု မိန့်တော်မူ၏။ ၈၉။ ၄ဝ- (ခ) ၂၆၅။
    အပြစ်ဖြစ်မှာစိုးလို့ သံသယကုက္ကုစ ဖြစ်ပြီး မသုံးဆောင်တဲ့ ရဟန်းနဲ့၊ ဝိနည်းပြစ် ရှိမှန်းသိရဲ့သားနဲ့ လုပ်ချင်တာ လုပ်တဲ့ရဟန်း ဘယ်လောက်ကွာ ခြားသွားပြီလဲ။
    ခုတော့
    ပါစိတ်က ချာတိတ်ပါကွာလို့
    တချို့က ပြောကုန်ပါပြီ မြတ်စွာဘုရား
    သူတော်ကောင်းအပေါင်းတို့ သာသနာကို စောင့်ရှောက်နိုင်ကြပါစေ...
    ၁ဝ - ဒန္တပေါနသိက္ခာပုဒ်၊ ၄ - ဘောဇနဝဂ်၊ ဘိက္ခုပါစိတ်၊ ပါစိတ်ပါဠိတော်။
    ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
    သာဓု... သာဓု... သာဓု...။
    မိမိကို လုပ်ကျွေး ပြုစုရန်အတွက် လူအပေါင်းကို ပြောဆိုခြင်းငှါ အလိုမရှိ...
    ကမ္မဝိပါကဇသုတ် - (ကံ၏အကျိုးကြောင့်ဖြစ်သည်)
    21
    အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-
    အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ် သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ ရဟန်း တစ်ပါးသည် မြတ်စွာဘုရား၏ မနီးမဝေး၌ ကိုယ်ကို ဖြောင့်မတ်စွာ ထား၍ တင်ပျဉ်ခွေပြီးလျှင် ရှေးကံ၏ အကျိုးကြောင့် ဖြစ်သော ထက်မြက် ကြမ်းတမ်း စပ်ရှားသော ဆင်းရဲဝေဒနာကို သည်းခံလျက် အမှတ်ရမှု 'သတိ' ဆင်ခြင်ဉာဏ် 'သမ္ပဇဉ်' ရှိသည်ဖြစ်၍ မပင်မပန်း ထိုင်နေ၏။
    မြတ်စွာဘုရားသည် မနီးမဝေး၌ ကိုယ်ကို ဖြောင့်မတ်စွာထား၍ တင်ပျဉ်ခွေပြီးလျှင် ရှေးကံ၏ အကျိုးကြောင့် ဖြစ်သော ထက်မြက် ကြမ်းတမ်း စပ်ရှားသော ဆင်းရဲဝေဒနာကို သည်းခံလျက် အမှတ်ရမှု 'သတိ' ဆင်ခြင်ဉာဏ် 'သမ္ပဇဉ်' ရှိသည် ဖြစ်၍ မပင်မပန်း ထိုင်နေသော ထိုရဟန်းကို မြင်တော်မူ၏။
    မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌-
    ''ကံအလုံးစုံကို စွန့်ပယ်ပြီး၍ ရှေးက ပြုဖူးသော ရာဂစသော မြူကို ခါထုတ်လျက် ငါ ငါဟု မစွဲလမ်းဘဲ နိဗ္ဗာန်၌ တည်သော တာဒိဂုဏ်နှင့် ပြည့်စုံသော ရဟန်းအား မိမိကို လုပ်ကျွေး ပြုစုရန်အတွက် လူအပေါင်းကို ပြောဆိုခြင်းငှါ အလိုမရှိ'' ဟု ဤဥဒါန်းကို ကျူးရင့် တော်မူ၏။ 21
    ၁ - ကမ္မဝိပါကဇသုတ်၊ နန္ဒဝဂ်၊ ဥဒါန်းပါဠိတော်၊ ခုဒ္ဒကနိကာယ်။
    ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
    သာဓု... သာဓု... သာဓု...။
    Read more...
    လာလည်ကြသူများ
    ဤဘလော့ဂ်၏ ရည်ရွယ်ချက်
    ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။
    ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။
    ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။
    ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ
    မြန်မာပြက္ခဒိန်
    မြန်မာပြက္ခဒိန်
    www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။
      © Blogger templates The Professional Template by Ourblogtemplates.com 2008
    Back to TOP