* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Wednesday, September 23, 2009

Buddhist monks plan peaceful protests during G-20


By Carl Prine, TRIBUNE-REVIEW, September 19, 2009

Pittsburgh, PA (USA) -- Dozens of Buddhist monks are coming to Pittsburgh for a week of peaceful protests during the Group of 20 summit.


When "Uprising" anarchists and other activists take to the streets for an unpermitted march toward the David L. Lawrence Convention Center on Thursday, monks and laypeople from Burma and Tibet will be strolling Downtown, in the North Side and in Oakland, to draw attention to the suffering of people living under dictators.

"We will pray," said Ashin Nayaka, a monk in the International Burmese Monks Organization. "We will pray for the people in Burma. We will sit in meditation. We will march peacefully, and we will ask the leaders to help us change Burma."

Burmese monks want the world to focus on a military junta that violently cracked down on monks during the Southeast Asian nation's 2007 "Saffron Revolution." Tibetans want to draw attention to the plight of mountainous Tibet, a former theocracy invaded by China's communist army in 1950 and later absorbed into the republic.

Dave Ackerman of Gibsonia, a local organizer, predicts 300 to 400 Tibetan Buddhists are coming to Pittsburgh, and maybe more. A weekend conference in Minneapolis, home to thousands of exiled Tibetans, is expected to enlist more volunteers to make the trek to Pittsburgh, and the popular Tibet Truth Internet site is urging Tibetans nationwide to do so.

Once here, they'll mix with the region's small Tibetan and Burmese populations and many more area college students expected to pray and rally with them.

"The thing about the issue of Tibet is that the media often don't pay attention unless somebody does something violent. But Tibetans don't try to be violent. The Tibetans who are coming here are going to be peaceful because that's their way," said Ackerman.

Ackerman said the Tibetan monks and their followers will stay at local Unitarian-Universalist churches and at people's homes.

Margaret Howe, a program director at a Bay Area Buddhist center, the Clear View Project, said the Burmese monks will stay at the City of Asylum, a refuge for exiled writers in the North Side and the home of exiled Burmese author Khet Mar. She expects more than 200 exiled Burmese dissidents to join them.

"Burmese monks eat one meal, and that's before noon," said Howe. "They'll have Burmese food cooked by the Burmese community. It's a very important dynamic in Burma that the people feed the monks food and the monks serve the people. It's an important cycle of receiving and offering."

After the Burmese monks' Thursday morning "peace walk" from the North Side to Point State Park — Tibetan monks starting from Oakland will meet them there — the spiritual Burmese leader Venerable U Kovida will speak at 3 p.m. at Emmanuel Episcopal Church in the North Side. On Friday, both groups plan to walk from Oakland toward the convention center, part of a larger "People's March" sponsored by the Thomas Merton Center in Garfield that's expected to draw thousands.

The monks will walk at the front because march organizers believe their presence calms others.

"Many people say, 'What good does it do to march quietly or stand before a building and pray?' But you have to remember that many of these monks and those who have followed them here are desperate people," said Mary-Kate Oreovicz, an International Tibet Movement organizer from Bloomington, Ind.

"Many who are coming to Pittsburgh have been tortured or imprisoned. When they show up, it means something. People in a march and the world leaders meeting both have to tell themselves, 'We now have to pay attention to them.' "



Read more...

ပရိဒေ၀ အကြောင်း


ငိုကြွေးမှုကို “ပရိဒေ၀” ဟုခေါ်၏။ ဤ ပရိဒေ၀ဟူသည် “ငိုသည်” ပင်ဖြစ်သည်။ သို့သော် ထိုငိုသံဖြစ်ခြင်၏ အကြောင်းအရင်းမှာ အတွင်းက ဒေါသ ဒေါမနဿတို့သာဖြစ်၍ ပရိဒေ၀သဘောကိုလည်း ဤနေရာမှာပင် မှတ်သားသင့်ပေသည်။ ရာထူးဂုဏ်သိန် စည်းစိမ် ဆွေမျိုး စသည်တို့တွင် တစ်ခုခု ပျက်စီးသောအခါ ပျက်စီးတော့မည်ဟု ထင်ရသောအခါ လွန်စွာ ၀မ်းနည်းကြ၏။ အားငယ်ကြ၏။ ဤ၀မ်းနည်းအားငယ်မှုကား ပြခဲ့သော “သောက” အမည်ရ ဒေါမနဿသာတည်း။ ထိုဝမ်းနည်းအားငယ်မှုကို မျိုသိပ်၍ မထားနိုင်သောအခါ ပရိဒေ၀ခေါ် ငိုကြွေးသောအသံတစ်မျိုး ပေါ်လာ၏။ “ပရိဒေ၀”မီးဟု ခေါ်ရာ၌ ငိုတဲ့ အသံကို ခေါ်ခြင်းမဟုတ်။ ထိုငိုသံ ဖြစ်လောက်အောင် ၀မ်းတွင်း၌ အပြင်းအထန် ပူပန်တောက်လောင်နေသော ဒေါသ ဒေါမနဿကို အစွဲပြု၍ ခေါ်ရခြင်း ဖြစ်သည်။

ငိုကြွေးလို့ အကျိုးရှိရဲ့လား

ဤငိုကြွေးမှုသည်လည်း စိုးရိမ်မှုကဲ့သို့ ကောင်းကျိုးမရသော တရားတစ်မျိုးပင်။ ချစ်ခင်သူ သို့မဟုတ် အားကိုးလောက်သူ တစ်ယောက်မျက်စိအောက်မှ ရုတ်တရက်ကွယ်ပျောက် သေဆုံးသွားသောအခါ ၀မ်းနည်းပူပန်ကြသည်မှာ ထုံးစံဓမ္မတာလို ဖြစ်နေ၍ အပြစ်မတင်ထိုက်လှပါ။ ဘုရားရှင် ပရိနိဗ္ဗန်စံတော်မူစဉ်က သောတာပန် အရှင်အာနန္ဒာသည်ပင် ငိုရှာပါသေးသည်။ သို့သော် ယခုကာလာလို ဟစ်အော်၍ ငိုခြင်းကာ လိုရင်းစိတ်မချမ်းသာမှုထက် မိမိကို ၀ိုင်း၍ သနားအောင် မာယာဆောင်ရွက်မှုက များသလို ဖြစ်နေပါသည်။ (များသည်ဟု အတိအလင်း မဆိုလို) လူတစ်ယောက်၏ ဟစ်အော်၍ ငိုသံသည် ကြားရသမျှလူအပေါင်း၏ စိတ်နှလုံးကို ထိခိုက်စေနိုင်သည်။ ချမ်းသာသုခရှိနေသူများပင် ငိုသံကြားက ချမ်းသာ သုခ ကွယ်ပျောက်၍ ရုတ်တရက် စိတ်ဒုက္ခ ရောက်ရ၏။

ထိုမျှလောက် လူအများကို ချောက်ချားစေနိုင်သော ငိုသံကို တစ်ယောက်ကြား၊ နှစ်ယောက်ကြား၊ တစ်အိမ်ကြား၊ နှစ်အိမ်ကြားမက တစ်ရပ်လုံး တစ်ရွာလုံး ချောက်ချားအောင် အဘယ်ကြောင့် ဟစ်အော်ငိုကြွေးလိုကြသနည်း။ ထိုမျှလောက် ဟစ်အော်ရာ၌ “မိမိမှာ ချုပ်တည်းနိုင်သော တရားများ တစ်ခုတစ်လေမျှ လက်ဆုပ်လက်ကိုင် မရှိပါ” ဟုဝန်ခံရာ ရောက်လေသည်။ ထိုကြောင့် မလွှဲသာ၍ ပရိဒေ၀မီးတောက်လာလျှင် တိုးတိုးသက်သာ ယိုကျလာသော မျက်ရည်ဖြင့် အမြန်ုငြိမ်းအောင် သိမ်းသိမ်းဆည်းဆည်း ငိုခြင်းသာလျှင် လိုရင်းအကျဆုံးဖြစ်ပါသည်။ ထိုထက်ပို၍ စိတ်ကို ချုပ်တည်းနိုင်သော အထက်တန်း သူတော်စင် ပါရမီရှင် ဖြစ်သူကား ကြုံရသော ဒုက္ခကို ငြီးငွေ့သော သံဝေဂတရားဖြင့် ဖြေသိမ့်ထိုက်ကြပါသည်။

အလောင်းတော်၏ ဖြေသိမ့်ပုံ

ဘုရားရှင်နှင့်ယသော်ဓရာ လောင်းလျာ ၂ပါးတို့ တစ်ခုသောဘ၀၀ယ် ကုဋေများစွာ ကြွယ်ဝသော သူဌေးအဖြစ်မှ စည်းစိမ်ဥစ္စာများကို သဘောတူလှူဒါန်းလျက် ရသေ့ရဟန်းပြုကာ မကွဲမကွာပင် နေကြလေသည်။ ရသေ့မလေး၏ ရုပ်ရည်မှာ လွန်စွာထူးခြားသည့် အပြင် ပြုံးရွှင်သလိုနှင့် ခံညားသော မျက်နှာ အနေအထားကြောင့် အများပင် ချစ်ခင်လေးစားကြ၏။

ထိုကဲ့သို့ တောထွက်လာခဲ့ရာ သူဌေးမျိုး သူဌေးနွယ် နုနယ်သော ရသေ့မလေးကာ ရှေးကလို မွန်မြတ်သော အစာကို မစားရပဲ ရသေ့ရဟန်းတို၏ စမ္မတာ သစ်ဥ သစ်သီးနှင့် သူပေးလူပေး အာဟာရများဖြင့်စာ မျှတရရှာသောကြောင့် အတော်ကြားလျှင် ၀မ်းသွေးရောဂါဖြင့် လွန်စွာ အားနည်းရှာလေသော် အလောင်းတော်ကိုယ်တိုင် တွဲယူကာ မြို့တခါးအနီး ဇရပ်ကြီးပေါ်မှာ အသာချထား၍ အလောင်းတော်ဘုရား ဆွမ်းခံဝင်တော်မူလေသည်။

ထိုကဲ့သို့ ဆွမ်းခံဝင်နေတော်မူနေတုန်း အချိန်မှပင် ဇရပ်ပေါ်တွင် ကျန်ရစ်သော ရသေ့မကလေးသည် သူ၏ရောဂါဒဏ်ကို ကြာရှည်ခံနိုင်သည့်အလား အလောင်းဘုရား ပြန်ချိန်ကိုမျှ မစောင့်နိုင်ရှာတော့ဘဲ ဘ၀ဇတ်အသစ်လဲရရှာလေသည်။ ထိုကဲသို့ဖြစ်ပုံကို မြို့တွင်းမှ ထွက်လာသူတို့ တွေ့ကြလေရာ ဆွေမတော်မျိုးမစပ်ပဲ လှိုက်လှိုက်လှဲလှဲ ငိုကြွေးကာ အလောင်းကို ပြင်ကြရှာလေသည်။

ထိုအခိုက်မှာပင် အလောင်းဘုရား ဆွမ်းခံပြန်လာလေသော် မမျှော်လင့်သော အဖြစ်အပျက်ကို ရုတ်တရက်တွေ့ရလျှင် အစွမ်းကုန်ငိုချင်ဖွယ် ကောင်းသော်လည်း ရင့်မာသော အလောင်းဘုရားပီပီ တည်ကြည်သော ဣနြေ္ဒဖြင့် ဇရပ်ပေါ်တက်၍ ပြင်ထားသော အလောင်း၏ ဦးခေါင်းဘက်မှ ထိုင်တော်ပြီးလျှင် ၂ ယောက်စာ ခံယူလာသော ဆွမ်းကို တစ်ပါးတည်း ဘုဉ်းပေးတော်မူပြီးမှ များစွာသော ပရိသတ်၏ ပရိဒေ၀မီးကို ကြည်လင်အေးမြသော သြ၀ါဒရေချမ်းဖြင့် ဆွတ်ဖျန်းငြိမ်းစေတော်မူလေသည်။

မလ္လိကာ စစ်သူကြီးကတော်

ဗန္ဓုလ စစ်သူကြီးကတော် မလ္လိကာ အမျိုးသမီး၏ စိတ်ထားလည်း အားရစရာပင်။ ကောသလမင်း၏ စစ်သူကြီး ဗန္ဓုလနှင့် မလ္လိကာတို့မှာ အမြွှာမွေးစားညီနောင်များဖြစ်ကြသော သားရတနာ ၃ကျိပ်၂ယောက် ထွန်းကားလေသည်။ ထူးခြားသော မိဘနှစ်ဦး၏သားများဖြစ်သည့် အားလျော်စွာ သူတို့ အခြွေအရံများနှင့်တကွ ဖခင်နောက်က ဘုရင့်ထံခစားဝင်ကြလေသောအခါ သူတို့လူစုနှင့်ပင် ပရိသတ်ကြီးတစ်ခု ဖြစ်လေသည်။

ထိုအခြင်းအရာကို မလိုလားသော အမတ်တို့က ဘုရင့်ထံ “တစ်နေ့ကြလျှင် ဗန္ဓုလစစ်သူကြီးက သူ၏သားများနှင့်အတူ တိုင်းပြည်ကိုလုပ်ကြံပါလိမ့်မည်။” ဟုကုန်းချောကြလေရာ နဂိုကပင် အဆင်အခြင်နည်းသော ရှင်ဘုရင်ကြီးသည် အလွယ်တကူ ယုံကြည်၍ သားအဖတစ်စုကို ပရိယာယ်ဖြင့် လီဆယ်ကာ အိမ်တစ်ဆောင်မှာနေခိုက် မီးတိုက်၍ သတ်စေလေသည်။

သားအဖတစ်စု အသတ်ခံရသည့်ညဥ့်၏ နောက်တစ်နေ့နံနက်မှာ မလ္လိကာလည်း ရှင်သာရိပုတ္တရာ အမှူးရှိသော သံဃာတော်များကို ဆွမ်းကပ်ဖို့ရန် စီမံထား၏။ နံနက်၌ ဆွမ်းကပ်ချိန် နီးလတ်သော် “ညဥ့်တုန်းက သားအဖအားလုံး တစ်ပြိုင်နက် ဆုံးကြောင်း” စာကို မလ္လိကာရရှိလေလျှင် ဟစ်၍သာ ငိုချင်စရာ ကောင်းသော်လည်း မျက်ရည်တစ်စက်မျှ မထွက်စေဘဲ ပြင်ဆင်မြဲဆွမ်းကို ပြင်ဆင်ကာ ထိုစာကို သိမ်းထားလိုက်လေသည်။

မှတ်ချက်

ပြခဲ့သော ၀ထ္တုနှစ်ရပ်၌ ဘုရားအလောင်း၏ ပရိဒေ၀ မဖြစ်ခြင်းမှာ ပါရမီရှင်ဖြစ်၍ ရှိပါစေဦးတော့၊ မလ္လိကာ၏ ပရိဒေ၀ချုပ်တည်းနိုင်မှုကား အများပင် အားရဖွယ်၊ အတုယူဖွယ် ကောင်းလှပါသည်။ ထို့ကြောင့် အသက်တစ်ရာမနေရသော်လည်း အမှုတစ်ရာ တွေ့ဖို့လွယ်ကူသော လောကကြီး၌ ပရိဒေ၀မီးကို အစွမ်းကုန်ငြှိမ်းသတ်နိုင်မှ သက်သာရာရဖွယ် ရှိရကား ပရိဒေ၀ဖြစ်လောက်သော ဒုက္ခ၌ “ငါ့ပါရပီ မည်မျှလောက် အခြေတည်မိပြီ” ဟု အကဲခတ်ဖို့ရာ ကြုံလာသော ဒုက္ခမှတ်ကျောက်တွင် ပါရမီကို မှတ်တင်၍ ကြည့်ကြပါကုန်။

အရှင်ဇနကာဘိဝံသ

ကိုယ်ကျင့်အဘိဓ္ဓမာ (ဒုတိယခန်း)



Read more...

Visiting Sayadaw – Talk Thrs Oct 8th


Dhamma Talk

Thursday 8th October

with visiting Bhikkhu

Venerable Sayadaw U Thuzana

from

Panditarama Forest Meditation Center in Myanmar

  • 6:00 - Gather at Ariyasom Villa for Coffee and refreshments
  • 6:30 - Dhamma Talk (relating to Mahasi Sayadaw style meditation)
  • 7:15 - Group silent meditation
  • 8:00 – Q&A
  • 8:20 – Finish (people are welcome to stay longer and talk with Sayadaw)

Thursday 8th October we will be back at the beautiful Ariyasom Villa Bangkok Boutique Hotel with visiting Myanmar meditation master Sayadaw U Sujana (Thuzana). He has been teaching meditation in Chiang Mai over the Rains retreat period, and will be in Bangkok for just 2 days before flying back to Myanmar. We are glad he will be able to share some of his experience with us during his short visit. He will be accompanied by a German Bhikkhu.

Sayadaw will be at Ariyasom for lunch (11 am) and through the afternoon, so people free in the day are welcome to come and meet/chat/meditate with Sayadaw during the day also.

Topic for this dhamma talk: “The way to happiness through vipassana meditation“. The discourse will be about virtues leading to spiritual welfare:

  1. To be endowed with faith; accomplishment of confidence
  2. To be endowed with morality; accomplishment of virtue
  3. To be endowd with generosity; accomplishment of charity
  4. To be endowed with wisdom; accomplishment of wisdom

Then, he will give guidance to the group of audience on Vipassana meditation.

Sayadaw-U-SujanaSayadaw U Sujana (U Thuzana) is the disciple of Ovadacariya Sayadawgi U Panditabhivamsa of Panditarama in Myanmar. Previously, he was the meditation teacher (Kammatthanacariya) in Malaysia Buddhist Meditation Centre (MBMC), Penang, Malaysia. He speaks English well and teaches vipassana meditation, based on the Mahasi Saydaw techniques – more information about Sayadaw U Sujana (U Thuzana)

..

..

..

Ariyasomvilla
65 Sukhumvit Soi 1, Sukhumvit Road,
Klongtoey Nua, Wattana,
Bangkok 10110
Tel. 02 254 8880

Click here for further information on Ariyasomvilla

Directions couldn’t be easier. Go down Sukhumvit Soi 1 straight to the very end, and you will see Ariyasom Villa on the left.

For Skytrain users, take the Ploen Chit Station.

Map to Ariyasom

Click for larger view-

ariyasom-villa

(Click here to go to Ariyasom Villa’s map)

ariyasom-lunchNote the monk in this picture is not the guest speaker on Oct 8th – just letting you know what the room is like if you have not been before.

ariyasom-facilities



Read more...

ရုပ်နာမ်(၂)ပါး ၏ အကြောင်း


September 23rd, 2009

ရုပ်နာမ်(၂)ပါး၏ အကြောင်း ကိုမပြောခင် ရုပ်နာမ်ကို သေသေချာချာ နားလည်ဘို့လိုပါတယ်။ (ရူပ)ဟူသော ပါဠိကို ရုပ်-ဟု ပါဠိ-မြန်မာ တွဲသုံးကြပါတယ်။ ရုပ်၏ အဓိပ္ပါယ်မှာ (ဖောက်ပြန်ခြင်းသဘော) ဟုဘာသာပြန်ပါတယ်။

ခန္ဓာကိုယ်ကို သိစရာ မျှလောက်သာ ထားပြီး သိရုံလေးသိရင် မငြိမ်မသက်တာ ကို တွေ့နိုင်တယ်။ ထိုဖြစ်စဉ် ပျက်စဉ် မငြိမ်မသက်တာကို ဝိဇ္ဇမာနပညတ်နယ် ဟုခေါ်ပါတယ်။ ထိုဝိဇ္ဇမာနပညတ်နယ် ကို (ဖောက်ပြန်သဘော)ဟုလည်းသုံးကြပါတယ်။

ထိုဖောက်ပြန်သဘောနယ် သည် သတိထားရမည့် (သတိပဋ္ဌာန်နယ်) ဖြစ်ပါတယ်။

ထိုသတိပဋ္ဌာန်နယ် ဖြစ်ပျက်စဉ်ကို သန္တတိပညတ်အစဉ် ဟုလည်းခေါ်ကြပါတယ်။ ထိုသတိပဋ္ဌာန်နယ်မှာ တွေ့ရသော အစဉ်သန္တန် ကို တစ်စက္ကန့်တွင် ကုဋေ ငါးထောင်စိတ်လိုက်ပြီး ထိုအစိတ်ထဲမှ တစ်ခု ၊တစ်စိတ် ဖြစ်ပျက်သဘောမျှသည် ရုပ်ပရမတ်ဖြစ်ပါတယ်။

(ရုပ်)ဟူသော စကားကို စာဖတ်၍ ဖြစ်စေ သူများပြော၍ ဖြစ်စေ ကြားရသောအခါ စိတ်မှာပုံဖေါ်လာခြင်းသည် အဝိဇ္ဇမာနပညတ် ဖြစ်ပါတယ်။ သတိပဋ္ဌာန်အစစ်ဖြစ်လျှင် ဝိဇ္ဇမာနပညတ် နယ်ဖြစ်ပါတယ်။ ထိုနယ် (၂)ပါးသည် ရုပ်အတုဖြစ်ပါတယ်။ ဖြစ်ပျက်သဘောမျှသည် ရုပ်အစစ်ဖြစ်ပါတယ် ရုပ်အစစ် ကို သတိပညာဖြစ်မှ သိလို့ရပါတယ်။

ရုပ်အစစ်ကိုမတွေ့သေးသမျှ ရုပ်အတုများကို အစစ်ထင်ကာ ပညတ်နယ်မှာ ဖြစ်နေကြပါတယ်။အဝိဇ္ဇာဖုံးထားသောကြာင့် ပညာမဖြစ်နိုင်ပါဘူး။

ထိုရုပ်အစစ်၏ အကြောင်းမှာ ပဋိသမ္ဘိဒါမဂ် ပါဠိတော် မှာလာသည့်အတိုင်း

အဝိဇ္ဇာ= အဟုတ်ထင်ခြင်း ၊

တဏှာ=လိုချင်ခြင်း။

ကံ=ပြုလုပ်ခြင်း ၊

အဟာရ=ထောက်ပံ့ခြင်း အားဖြင့် (၄)ပါး ရှိပါတယ်။ ဤ အကြောင်းတရား တစ်ခုမရှိလျှင် ရုပ်တရားမှာ ကိုယ်ပိုင်စွမ်းအား အနှစ်သာရများဖြင့် လုံးဝ မရပ်တည်နိုင်ပါ။ မဖြစ်နိုင်ပါ။ မဖြစ်နိုင်သောသဘော မူလကကို ပါခဲ့သောကြောင့် ဖြစ်နိုင်သော အားမှ ပျက်နေတဲ့ မူလပျက်သဘော သုညသာဖြစ်ပါတယ်။ အနိစ္စ၊ဒုက္ခ၊ အနတ္တ ဟုလည်းဆိုနိုင်ပါတယ်။

ကိုယ်ပိုင် ဖြစ်နိုင်ခြင်း စွမ်းအားမှ ကုန်နေခြင်းကြောင့်အနိစ္စ၊

အကြောင်းဆုံတိုင်းဖြစ်-အကြောင်းကုန်တိုင်း ပျက်သောကြောင့် ဒုက္ခ

ကိုယ်ပိုင် အနှစ်အသားမရှိသောကြောင့်အနတ္တ ဖြစ်ပါတယ်။

ပါဠိစကားမှာ နာမ ဖြစ်ပါတယ်။ ပါဠိ-မြန်မာ တွဲခေါ်ခြင်းသည် နာမ်ဖြစ်ပါတယ်။ မြန်မာသက်သက်ပြန်လျှင် (သိခြင်း) ဖြစ်ပါတယ်။ နာမ် ဟူသောစကားလုံးကို ကြားသိရလျှင် စိတ်ထဲမှာ အကောင် အထည် တစ်ခုခု ထင်လာခြင်းသည် အဝိဇ္ဇမာနပညတ်နယ် ဖြစ်ပါတယ်။သိခြင်းသဘော အစဉ် သန္တန်တစ်ခုခု ထင်လာခြင်းသည် ဝိဇ္ဇမာနပညတ်နယ် ဖြစ်ပါတယ်။

အရှင်ဘုရားကို သင်ပေးထားသော သတိပဋ္ဌာန် အကျင့်မှာ သိတာနှင့် သိစရာ (၂)မျိုးကိုတွေ့ရမယ်။ သိတာ အစဉ်သည် ဝိဇ္ဇမာနပညတ်နယ် တွင်သိရသော နာမ်ဖြစ်ပါတယ်။ သိစရာ-အစဉ်သည် ဝိဇ္ဇမာန ပညတ်နယ် တွင်သိရသော ရုပ် ဖြစ်ပါတယ်။ တရားအားထုတ်ရမှာ ကသိတာနှင့်သိစရာမြဲအောင် သတိပဋ္ဌာန်နယ် မှာ ကြိုးစားအးထုတ် ရမှာဖြစ်ပါတယ်။ သတိပဋ္ဌာာန်နယ် မြဲရင် မြဲသလောက် ပညာ အဆင့်ဆင့် မြင့်လာမှာဖြစ်ပါတယ်။

နာမ်တရား၏ အကြောင်းမှာ -ပဋိသမ္ဘိဒါမဂ်ပါဠိတော် မှာ လာသည့်အတိုင်း

အဝိဇ္ဇာ= အဟုတ်ထင်ခြင်း

တဏှာ= လိုချင်ခြင်း

ကံ=ပြုလုပ်ခြင်း

ဖဿ= အာရုံ၊ဒွါရ တွေ့ထိခြင်း။ ဤ (၄)ပါး ဖြစ်ပါတယ်။ဤ အကြောင်းများ တစ်ခုခု မှရှိလျှင် နာမ်တရားများမဖြစ်နိုင်ပါ။ ဖြစ်လို့မရပါဘူး။

ထိုသိတာ အစဉ် ကို တစ်စက္ကန့်လျှင် ကုဋေ တစ်သိန်းစိတ်ပြီး ထို အစိတ်ထဲမှ တစ်စိတ်သည် (သိပျက်-သဘော) နာမ်တရားအစစ် ဖြစ်ပါတယ်။ပညာဖြင့်သာနားလည် သဘောပေါက် လို့ရပါတယ်။စိတ်ထဲမှာ ပုံဖော်တွေ့ရသော တရားမဟုတ်ပါဘူး။

ထိုသိပျက်သဘောလေးသည် အကြောင်း မပါပဲလုံးဝ ဖြစ်လို့မရပါ။ တစ်ခုတည်း ဖြစ်နိုင်တဲ့အား မူလ ကကို ကုန်ဆုံး ချုပ် ပျက်နေသော သဘောပါနေခြင်းသည် မူလပျက် သုည နယ် ဖြစ်ပါတယ်။ သိတာနှင့် သိစရာကို မြဲအောင်ကြိုးစားပြီး သဘောနယ်။သုညနယ် ပါသော သိစရာ၏ ဘာမှ မဟုတ်ကြောင်းကို နားလည် သဘော ပေါက်နေခြင်းကို ဝိပဿနာတရားအား ထုတ်တယ် လို့ခေါ်ပါတယ်ဘုရား။

သစ္စာ (၄)ပါးဖွဲ့သောအခါမှာ အမှန်တရားကို ဂရုစိုက်နေသော သတိသည် ဒုက္ခသစ္စာဖြစ်ပါတယ်။ ထိုသတိမြဲနေခြင်း လောဘသည် သမုဒယ သစ္စာ ဖြစ်ပါတယ်။ထို ဒုက္ခ၊ သမုဒယ ချုပ်ငြိမ်းရာသည် နိရောဓ သစ္စာဖြစ်ပါတယ်။ထိုသစ္စာ(၃)ပါးကို ပိုင်နိုင်စွာသိမြင်ခြင်းသည် မဂ္ဂသစ္စာဖြစ်ပါတယ်။

ဤ သစ္စာ (၄)ပါး ဖွဲ့ ပုံကို စဉ်းစားကြည့်ပါ။ အရှင်ဘုရားပြောတဲ့ သတိမြဲချင်နေခြင်းကို သမုဒယသစ္စာ ဖွဲ့ထားပါတယ်။

သတိမြဲချင်နေတာဟာ သတိမြဲနေတာ မဟုတ်ပါဘူး။

သတိမြဲနေတာ ဟာလည်း သတိမြဲချင်တာ မဟုတ်ပါဘူး။

မြဲနေသောသတိကို မြဲချင်နေတာ က တားမြစ်နေပါတယ်။ကန့်ကွက်နေပါတယ်။

မြဲချင်လေ မမြဲလေ ဖြစ်နေမှာ ဖြစ်ပါတယ်။

မြဲချင်နေသောစိတ်သည်ပင် နာမ်တရားဖြစ်သောကြောင့် (ဘာမှ မဟုတ်ခြင်းသဘော)ထဲဝင်သွားပါတယ်။

မြဲချင်နေသောစိတ်ကို (ဘာမှမဟုတ်ဘူး) ဟုရှုနိုင်၊သိနိုင်လျှင် သတိမြဲသွားမှာ ဖြစ်ပါတယ်။

ဘာစိတ်ဘဲပေါ်ပေါ် အရှုခံပေါ် လာခြင်းဖြစ် သောကြာင့် သတိရတိုင်းသာရှုပွားပါဘုရား။အဆင်ပြေ သွားပါလိမ့်မယ်ဘုရား။



Read more...

တစ်သက်မှာ တစ်ကြိမ်တည်း

ရှေးအခါက

ကောသလတိုင်းမှာ အိမ်ခြေတစ်ထောင်ရှိတဲ့ တံငါရွာကြီးတစ်ရွာရှိတယ်။ အဲဒီရွာကြီးက မိန်းမတစ်ယောက်မှာ ပဋိသန္ဓေရလာတယ်။ ကိုယ်ဝန်ဆောင်ထားရတဲံ သန္ဓေသားရဲ့ ကုသိုလ်ကံက ဆိုးတယ်။ ကိုယ်ဝန်ဆောင်ထား ရတဲ့ အချိန်ကစပြီး တံငါသည်တွေ ငါးဖမ်းလို့မရတော့ဘူး၊ စီးပွားရေးကျဆင်းလာတယ်။ ရွာကို မီးခုနှစ်ကြိမ် လောင်ခဲ့တယ်။ တစ်ရွာလုံး ရှင်ဘုရင်ရဲ့ အပြစ်ပေးတာကိုလည်း ခုနှစ်ကြိမ်ခံခဲ့ရတယ်။

ွရွာသူရွာသားတွေ စဉ်းစားလာကြတယ်။ တို့ရွာဟာ အရင်က စားဝတ်နေရေး ပြေလည်တယ်။ ခုလို ဆင်းရဲ့ ဒုက္ခ မရောက်ကြဘူး။ တို့ရွာထဲမှာ ကံခေတဲ့ လူယုတ်မာတစ်ယောက်တော့ ရှိနေပြီ။ အဲဒီလူယုတ်မာကို ဖော်ထုတ်ကြရ မယ်လို့ စိတ်ကူးလိုက်ကြတယ်။

ရွာကြီးကို တစ်ဖက်ငါးရာစီ နှစ်စုခွဲလိုက်တယ်။ ကံဆိုးတဲ့ ကလေးကိုယ်ဝန်ဆောင်ထားတဲ့မိခင် ပါတဲ့အစုက ဆင်းရဲမြဲဆင်းရဲနေတယ်။ ကျန်တစ်စုက စီးပွားဖြစ်ထွန်းလာတယ်။ ဒီလိုအစုခွဲပြီးစမ်းသပ်စစ်ဆေးကြည့်တဲ့အခါ နောက်ဆုံးနှစ်ယောက်ပဲ ကျန်တော့တယ်။ အဲဒီ နှစ်ယောက်ထဲမှာ ကံဆိုးတဲ့ မိခင်က ဆင်းရဲမြဲဆင်းရဲနေတယ်။ ဒါကြောင့် အဲဒီကိုယ်ဝန်ဆောင်မိခင်ကို ရွာက နှင်ထုတ်ပစ်လိုက်ကြတယ်။

ဒုက္ခသည် သားအမိဟာ ရွာက ထွက်ခွာလာပြီးတဲ့နောက် ကလေးငယ် ဖွားမြင်ခဲ့တယ်။ ကလေးကိုချီပြီး လှည့်လည်တောင်းရမ်းစားသောက်ရင် ထမင်းတစ်စေ့မျှ မရဘူး။ ကလေး ငယ်ကို တစ်နေရာမှာ ချထားပြီး တစ်ယောက်တည်းလှည့်လည်တောင်းရမ်းရတယ်။ ကလေးငယ်လေးဟာ မ၀ရေစာ စားသောက်နေရတယ်။ ကလေးငယ်လေး လမ်းလျှောက်တတ်တဲ့အရွယ်မှာ မိခင်ဖြစ်သူဟာ ဒဏ်မခံနိုင်တော့တာနဲ့ ကလေးငယ်ကို စွန့်ပစ်ထွက်ပြေးသွားတယ်။

ခွက်တစ်လုံးနဲ့ ကျန်ခဲ့တဲ့ ကလေးငယ်လေးဟာ လိုက်လံတောင်းရမ်းပေမဲ့ ပေးကမ်းစွန့်ကြဲမယ့်သူ မရှိဘူး။ အမှိုက်ပုံတွေ ပေါ်က အကြွင်းအကျန်တွေကိုသာ ရှာဖွေစားသောက်နေခဲ့ရတယ်။ ကလေးငယ်ရဲ့ ၀ဋ်ကြွေးဟာ ကြီးမားလှပါတယ်။

အရှင်သာရိပုတ္တရာမထေရ်မြတ်ကြီးဟာ လမ်းပေါ်မှာ အတွယ်အတာမဲ့နေတဲ့ သနားစရာကလေးငယ်ရဲ့ဘ၀ကို တွေ့မြင်ပြီ၊ သနားကြင်နာတာကြောင့် ရှင်သာမဏေပြုပေးတယ်။ အသက်နှစ်ဆယ်ရောက်တော့ ရဟန်းပြု ပေးပါတယ်။ လောကသတိဿမထေရ် ဘွဲ့အမည်ရတယ်။ ရဟန်းဘ၀ရောက်လာပေမဲ့ ရှေးဘုန်းရှေးကံ အလွန်နည်းတာကြောင့် လာဘ်လာဘ ရှားပါးလွန်းလှပါတယ်။ ဘုရားရှင်တစ်ဆူ တစ်ဆူရဲ့ခေတ်အတွင်း တစ်ကြိမ်သာ ဖြစ်ပေါ်တဲ့ အသဒိသ အလှူတော်ကြီးမှာပင် ၀မ်းဝအောင် အာဟာရကို မစားသုံးခဲ့ရပေ။

ဘယ်လောက်များ အကုသိုလ်ကံ ကြီးမားသလဲဆိုတော့ လောကသတိဿမထေရ် ကို ယာဂုတစ်ဇွန်း လောင်းလှူမည့်သူက မထေရ်ရဲ့ သပိတ်ကို ကြည့်လိုက်တဲ့အခါမှာ သပိတ်တွင်းမှာ ယာဂုတွေ ပြည့်နေတယ်လို့ မြင်ယောင်လာတယ်။ သူကိုမလှူတော့ပဲ အခြားရဟန်းတစ်ပါးကို လှူတယ်။ အမှန်တော့ သပိတ်ထဲမှာ ဘာမျှမရှိသေးဘူး ၊ မသေရုံအာသာပြေကလေး ဘုန်းပေးပြီး အသက်ရှင်သန်နေခဲ့ရတယ်။ အဲဒီမထေရ်ဟာ တရားရှင်ဖြစ်နေပြီ။ ပရိနိဗ္ဗာန် စံဝင်ရတော့မည့် နေ့မှာတော့ မထေရ် အားရတင်းတိမ်အောင် အာဟာရကို စားသုံးစေမယ်လို့ ရှင်သာရိပုတ္တရာက ကြံရွယ်ပြီး၊ သူနဲ့အတူ ဆွမ်းခံကြွတယ်။ လောကသတိဿမထေရ် ကိုပြန်လွတ်လိုက်တယ်။ ရရှိလာတဲ့ ဆွမ်းတွေကို လောကတိဿမထေရ်ဆီပို့ခိုင်းလိုက်တယ်။ ဆွမ်းသွားပို့ သူဟာ မထေရ်ကို မတွေ့ခဲ့ရလို့ မိမိတို့ဖာသာစားပြီးပြန်လာခဲ့ရတယ်။ ဒီလောက်တောင် ကံက ဆိုးလှပါတယ်။

ရှင်သာရိပုတ္တရာ ကျောင်းပြန်ရောက်တဲ့အခါမှာ လောကသတိဿမထေရ် ဆွမ်းမစားရသေးကြောင်း သိလိုက်ရတယ်။ ဆွမ်းစားချိန်လည်း လွန်နေပြီ။ အဲဒီတော့ ရှင်သာရိပုတ္တရာဟာ ကောသလမင်းကြီး ထံသွားပါတယ်။ စတုမဓု အလှူခံတယ်။ ရရှိလာတဲ့ စတုမဓု ပျောက်ကွယ်မသွားရအောင် မိမိလက်နဲ့ ကိုင်တွယ်ပြီး ၊ လောကသတိဿမထေရ်ကို ဘုန်းပေးစေတယ်။

လောကသတိဿမထေရ်အဖို့ တစ်သက်မှာ ဒီတစ်ကြိမ်သာ အရှင်သာရိပုတ္တရာ ရဲ့ ကရုဏာတော်ကြောင့် စတုမဓုအာဟာရကို ရောင့်ရဲတင်းတိမ်အောင် စားလိုက်ရတယ်။ အဲဒီနေ့မှာပဲ ပရိနိဗ္ဗာန် စံဝင်တော်မူခဲ့ပါတယ်။

တရားထူး တရားမြတ် ရရှိပြီး နိဗ္ဗာန်စံဝင်ရမည့် ရဟန်းတစ်ပါးဖြစ်ခဲ့သော်လည်း အတိတ်ဘ၀က မနာလိုစိတ်၊ ၀န်တိုစိတ်တွေ က ပြန်လည် အကျိုးပေးလာတာကြောင့် လောကသတိဿမထေရ် ဟာ တစ်ကြိမ်တည်းသာ အာဟာရကို တင်းတိမ်ရောင်ရဲ့သည်အထိ ဘုဉ်းပေးသွားခဲ့ရတယ်။ အဲဒီနေ့မှာပဲ ပရိနိဗ္ဗာန်စံဝင်တော်မူ ခဲ့ပါတယ်။

တရားထူးတရားမြတ်ရရှိပြီး နိဗ္ဗာန်စံဝင်ရမည့် ရဟန်းတစ်ပါးဖြစ်ခဲ့သော်လည်း အတိတ်ဘ၀က မနာလိုစိတ်၊ ၀န်တိုစိတ်တွေက ပြန်လည်းအကျိုးပေးလာတာကြောင့် တစ်သက်မှာ တစ်ကြိမ်တည်းသာ အာဟာရကို တင်းတိမ်ရောင်ရဲသည်အထိ ဘုဉ်းပေးသွားခဲ့ရရှာပါတယ်။ (လောကသဇာတ်)

သံသရာမှာ ကျင်လည်နေကြရတဲ့ သတ္တ၀ါတွေအပေါ် ကံတရားက ဆန်းကြယ်စွာ စီရင်နေတယ်ဆိုတာ သိနိုင်ကြပါတယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။
ညခင်း

Read more...

မေတ္ထာကမ္ဘာလူမှုကူညီရေးအသင်း၏ ဒုတိယအကြိမ်မြောက်အလှူတော်အတွက်နှိုးဆော်လွှာ


မေတ္တာကမ္ဘာ လူမှုကူညီရေးအသင်း၏ စည်းရုံးရေးမှူး မနှင်ဟေမာ www.hninnaymar.blogspot.com ရဲ့ ရေးသားနှိုးဆော်မှုကို ပြန်လည် ဖော်ပြပါသည်။


စာနာထောက်ထားခြင်း၊ ဖေးမကူညီခြင်း၊ ငဲ့ညှာသနားခြင်း၊စွန့်လွှတ်အနစ်နာခံခြင်း၊ရက်ရောပေးကမ်းခြင်း၊ ချီးမြှောက်ကယ်တင်ခြင်း ၊ ဂရုဏာထားခြင်း တည်းဟူသော မေတ္တာတရား၏ အနှစ်သာရ နှင့် ဗုဒ္ဓ၏ အဆုံးအမများကို အခြေခံ၍

မိမိတို့ နိုင်ငံ၏ အမျိုးဘာသာ သာသနာတော်အား တစ်ထောင့်တစ်နေရာမှ တတ်စွမ်းသလောက် ထိန်းသိမ်း စောင့်ရှောက်သွားရန်၊

အမှန်တစ်ကယ် လိုအပ်လျှက်ရှိသော နေရာများအား မွန်မြတ်သော ပရဟိတစိတ်ဓါတ်ဖြင့် မိမိတို့ တတ်စွမ်းသလောက် ကူညီထောက်ပံ့ သွားရန်နှင့်

့်နွမ်းပါးသော ကလေးငယ်လေးများ၏ အနာဂတ် ဘ၀အခြခိုင်မာမှုအတွက် တတ်နိုင်သမျှ ကူညီဖေးမသွားကြရန်..

ဟူသော ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းတည်ထောင်ခဲ့ကြသော. မြန်မာပြည်သို့ အကူအညီပေးမည့် မေတ္တာကမ္ဘာလူမှုကူညီရေးအသင်း၏ ဒုတိယ အကြိမ်မြောက်အလှူတော်ကို ( 21-09-2009) စင်္ကာပူစံတော်ချိန် နေ့လည် ၂နာရီတွင် ပြုလုပ်ပြီးစီးသော အသင်း၏ အစည်းဝေးဆုံးဖြတ်ချက်အရ အမှန်တစ်ကယ် လိုအပ်လျှက်ရှိသော နေရာများထဲမှ အလိုအပ်ဆုံးနေရာလေးတစ်ခုအား လှူဒါန်းရန် အတည်ပြုသတ်မှတ်ခဲ့ကြပါသည်...။

အသင်းသားအားလုံး၏ သဘောတူဆုံးဖြတ်ချက်အရ အောက်တိုဘာလကုန်၌ အခြခံပညာမူလတန်းလွန်ကျောင်းလေးတွင် အရေးတကြီးလိုအပ်လျှက်ရှိသော စာသင်ဆောင် တစ်ဆောင် ဆောက်လုပ် လှူဒါန်းသွားမည် ဖြစ်ပါသည်။

အမြန်ဆုံးအကောင်အထည်ဖော်လှူဒါန်းနိုင်ရေးအတွက် စေတနာရှင် အလှူရှင်များ အနေဖြင့် ကျမ တို့ မေတ္တာကမ္ဘာလူမှုကူညီရေးအသင်း နှင့်ပူးပေါင်းပါဝင်လှူဒါန်းမှုများ ပြုလုပ်နိုင်ကြရန် ကျမ မနှင်းဟေမာ ( စည်းရုံးရေးမှူး - စင်္ကာပူ ) မှ အသင်းအဖွဲ့တစ်ခုလုံး၏ ကိုယ်စား အားလုံးသော ဘလော့ဂါ မောင်နှမများ ၊ မေတ္တာကမ္ဘာ အသင်းသားများ နှင့် စေတနာထက်သန်ကြသော အလှူရှင်များထံသို့ အသိပေးနှိုးဆော်အပ်ပါသည်....။


ဒုတိယ အကြိမ်မြောက် မေတ္တာကမ္ဘာလူမှုကူညီရေးအသင်းမှ လှူဒါန်းမည့် နေရာ

မေတ္တကမ္ဘာအသင်း၏ ဒုတိယအကြိမ်မြောက် အလှူတော် အတွက် သတ်မှတ်ချက်နေရာမှာ မန္ထလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ် အတွင်းရှိ မကြီးချိုကျေးရွာ အခြခံပညာ မူလတန်းလွန်ကျောင်း ဖြစ်ပါသည်။

ထိုကျောင်းလေးမှာ မြို့နှင့် ၁၅ မိုင်ခန့်ကွာဝေးပြီး ယခင်က မူလတန်းအဆင့်၌သာရှိ၍ သူငယ်တန်းမှ စတုတ္ထတန်းထိ ကလေးငယ်လေးများ ပညာဆည်းပူးသင်ယူလျှက်ရှိကြပါသည်....။ စတုတ္ထတန်း အောင်မြင်ပြီးကြသော ကလေးငယ် လေးများမှာ ရွာနှင့် ၄ မိုင်ခန့်ကွာဝေးလှသော ဆီမီးကန်ကျေးရွာ ၊ အခြေခံပညာ တွဲဘက် အထက်တန်းကျောင်းသို့ နေ့စဉ် ခြေလျင် တက်ရောက် ပညာသင်ကြားရပါသည်....။

လမ်းခရီးကြမ်းတမ်းမှု ၊ ရာသီဥတု ဆိုးရွားမှု နှင့် ချောင်း၊ မြောင်းဖြတ်သန်းသွားလာရန် အခက်အခဲဖြစ်မှုတို့ ကြောင့် ထိုပတ်ဝန်းကျင် ကျေးရွာလေးများမှ ကလေးငယ် များသည် စတုတ္ထတန်းအောင်မြင်ပြီးလျှင် ကျောင်းဆက်လက်မတက်ရောက်နိုင်မှု နှုန်းထား ပိုမို များပြားလာခဲ့ပါသည် ...။ ထိုအခက်အခဲအမျိုးမျိုးတို့ကြောင့် ကျေးရွာ လူကြီးများမှ ကြိုးပမ်းဆောင်ရွက်လာခဲ့ရာ ယခုနှစ်မှ စတင်၍ မူလတန်းလွန်ကျောင်းလေးအဖြစ်သို့ ရောက်ရှိလာခဲ့သည်ဟု သိရပါသည်....။

ထိုကျောင်းလေးတွင် စုစုပေါင်း စာသင်ဆောင် ၂ဆောင်ရှိရာ မူလတန်း ကလေးငယ်လေးများ၏ စာသင်ဆောင်မှာ ဆိုးရွားစွာ ယိုယွင်းပျက်စီးနေမှု ၊ အမိုးမလုံ အကာမလုံမှု ၊ ကျောင်းသစ်သားတိုင်များမှာလည်း ဆွေးမြေ့ယိုင်နဲ့နေမှု နှင့် ကျေးရွာလေး၏ စီးပွားရေးအခြေအနေအရ ပြန်လည်ပြုပြင်ရန်အခက်အခဲရှိမှုတို့ ကြောင့် ထိုကျောင်းလေးတွင် ပညာသင်ကြားပေးကြရသော ဆရာ၊ဆရာမလေးများ နှင့် ပညာသင်ယူလျှက်ရှိကြသော ကျောင်းသား ကျောင်းသူ ကငယ်လေးများမှာ အခက်အခဲများစွာဖြင့် ကြုံတွေ့နေကြရပါသည်....။


ကျောင်း၏ လိုအပ်ချက်ကွက်လပ်နှင့် လက်ရှိအခြေအနေ


ဘေးပတ်လည်မှ ယိုယွင်းပျက်စီးနေသော ကျောင်း၏ လက်ရှိအနေအထား

ကျမတို့ အသင်းအနေဖြင့် မိမိတို့တတ်နိုင်သလောက် ငွေကြေးပမာဏလေးဖြင့် လက်ရှိကျောင်းဆောင်အဟောင်းလေးအား ပြန်လည်၍ စာသင်ဆောင်အသစ်လေးတစ်ဆောင် ကို ဆောက်လုပ်လှူဒါန်းသွားကြမည်ဖြစ်ပါသည်။ထိုကျောင်းဆောင်လေးအား
လာမည့်အောက်တိုဘာလကုန်မှ စတင်ပြီး ဆောက်လုပ်သွားမည်ဖြစ်ပါသည်။

လှူဒါန်းမည့်ကျောင်းဆောင်သစ်တွင် ကျောင်းအုပ်ရုံးခန်းအပါအ၀င် သူငယ်တန်းလေး၊ သူငယ်တန်းကြီး ၊ ပထမတန်း ၊ ဒုတိယတန်း ၊ တတိယတန်း ၊ ကလေးငယ်လေးများ အတွက် စာသင်ခန်း ၅ ခန်း ပါဝင်မည် ဖြစ်ပါသည်.....။ကျမတို့ ကောက်ခံရရှိသော အလှူငွေအပေါ်တွင် မူတည်ပြီး စာသင်ဆောင်အနေအထားနှင့်ကလေးငယ်လေးများ သက်သာစွာ ပညာ သင်ယူနိုင်ရေးအတွက် စာရေးခုံလေးများပါ ထည့်ဝင်လှူဒါန်းသွားမည်ဖြစ်ပါသည်....။

အတန်းအလိုက် ကလေးငယ်လေးများ စာသင်ယူနေကြပုံ

ကျောင်းလေးမှာ အမိုးမလုံသည့်အတွက် ကလေးငယ်လေးများမှာယခုကဲ့သို့ စာသင်ယူကြရပါသည်။ မိုးတွင်းကာလ၌လည်း စာသင်ကြားရန်အတွက် အခက်အခဲရှိသည်ဟု သိရပါသည်။

သို့ပါ၍ တစ်ယောက်အားဖြင့်ယူသော်မရ တစ်သောင်းအားဖြင့်ယူမှ ရမည်ဟူသော စကားအတိုင်း အများ၏ ပူးပေါင်းမှုဖြင့် ပိုမိုကောင်းမွန် ခိုင်ခံ့သော စာသင်ကျောင်းလေးတစ်ကျောင်း ဖြစ်ပေါ်လာစေရန် နှင့် ကလေးငယ်လေးများ၏ အနာဂတ် ပညာရေးအခက်အခဲလေးများကို တစ်ဘက်တစ်လမ်းမှ ကူညီဖြည့်ဆည်းပေးကြရန်အတွက် မေတ္တာကမ္ဘာလူမှုကူညီရေးအသင်း အနေဖြင့် မိမိတို့၏ အလှူတော်တွင် ပူးပေါင်းပါဝင်လှူဒါန်းလိုကြသော အလှူရှင်အပေါင်းတို့အားလည်း လှိုက်လှဲစွာဖြင့် ကြိုဆိုဖိတ်ခေါ်အပ်ပါသည်....။

“အစားအစာကို ပေးလှူတဲ့သူဟာ ခွန်အားကို ပေးလှူရာရောက်ပါတယ်၊

အ၀တ်အထည်ကို ပေးလှူတဲ့သူဟာ အဆင်းကို ပေးလှူရာရောက် ပါတယ်၊

ဆီမီးအလင်းရောင်ကို ပေးလှူတဲ့သူဟာ မျက်စိအမြင်ဓာတ်ကို ပေးလှူရာရောက်ပါတယ်၊

အိမ်ကျောင်း အဆောက်အအုံကို ပေးလှူတဲ့သူဟာ ကောင်းကျိုးအားလုံးကို ပေးလှူရာ ရောက်ပါတယ်” ........ လို့

ကျမတို့ရဲ့ မြတ်စွာဘုရားရှင် ဟောကြားဆုံးမတော် မူခဲ့တဲ့အတိုင်း အလွန်ကြီးကျယ်မြင့်မြတ်လှသော ကျောင်းအလှူတော်ကို အမှန်တစ်ကယ် ဖြည့်ဆည်းပေးရန်လဲ လိုအပ်နေသော နေရာလေးတစ်ခုကို မိမိတို့ချွေးနည်းစာများထဲမှ တက်နိုင်သလောက် ကူညီလှူဒါန်းကြပါရန် ကျမ၏ မောင်နှမ အားလုံးကို တိုက်တွန်းနှိုးဆော်အပ်ပါတယ်ရှင်.....။


လှူဒါန်းလိုသူများအနေဖြင့် ကျမ နှင်းဟေမာ ( mwf.hninhaymar@gmail.com ) Email ထံသို့ ဆက်သွယ်၍ မေးမြန်း၍ လှူဒါန်းနိုင်ကြပါသည်....။

“ငါကောင်းစားဖို့ဟူသော ရည်ရွယ်ချက်မပါပဲ...သူတစ်ပါးကောင်းစားဖို့ ဟူသော ရည်ရွယ်ချက်ဖြင့် ဒါနပြုခြင်း၊ သီလဆောက်တည်ခြင်း၊ အများအကျိုး (ပရဟိတ) ဆောင်ရွက်ခြင်းများသည် ၀ိပဿနာတရား နာကြားအားထုတ်သည့်နည်းတူ ငါစွဲတည်းဟူသော ဒိဌိကိလေသာ ၊ ငါကောင်းစားဖို့ တည်းဟူသော လောဘကိလေသာများကို ပါ အထိုက်အလျောက် လျော့ပါးကုန်ခမ်းစေသော အကျိုးကျေးဇူးများစွာကို ရရှိစေသည့် ပရဟိတအများအကျိုးပြုလုပ်ငန်းများကို စိတ်ပါဝင်စားစွာဖြင့် မိမိတို့ တတ်စွမ်းသလောက် ပူးပေါင်းပါဝင်လှူဒါန်းမှုများ ပြုနိုင်ကြရန် အတွက် ကျမ နှင်းဟေမာ မှ မေတ္တာကမ္ဘာလူမှုကူညီရေးအသင်း၏ ကိုယ်စား တိုက်တွန်းနှိုးဆော်လိုက်ရခြင်းဖြစ်ပါသည်.....။


အားလုံးပဲ မေတ္တာစိတ်ဓါတ် ၊ တရားမြတ်ဖြင့် လွှမ်းပတ်ကမ္ဘာတည်ကြပါစေ...

နှင်းဟေမာ ( စည်းရုံးရေးမှူး )

မေတ္တာကမ္ဘာလူမှုကူညီရေးအသင်း ( စင်္ကာပူ )

မေတ္တာကမ္ဘာအတွက် ပရဟိတများအတွက် စိတ်အားထက်သန်စွာ ဆောင်ရွက်ပေးမှုများ အတွက် အသင်းမန်ဘာများရဲ့ ကိုယ်စား ကျေးဇူးတင်ပါတယ်။ ။



Read more...

ဆရာကြီး ရွှေဥဒေါင်း၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် (၅)


Wednesday, September 23, 2009

ဝိမုတ္တိရသ (http://www.vimuttirasa.com)

ဆရာကြီး ရွှေဥဒေါင်း၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် (၅)
ခုန်ချင်တိုင်း ခုန်ရာမှ


သတ္တ၀ါတို့ ၏ ‘‘ စိတ် ’’ သဘာဝမှာ ပစ္စုပ္ပန်ဟူ၍လည်း သတိမပြုမိ၊ ပစ္စုပ္ပန်တည့်တည့် အပေါ်၌လည်း မနေလို။ အာရုံနှင့် အာရမ္မဏိတ တိုက်မိ၍ (၀ိညာဉ် ) အသိစိတ်ကလေး ဖြစ်ပေါ်လာသည်နှင့် တပြိုက်နက် အတိတ်၊ အနာဂတ်နှင့် ဆက်စပ်သည့် ဆင်ခြင်စဉ်းစားမှုများသည် ချက်ချင်းပင် ၀င်လာတတ်သောကြောင့် အားထုတ် ခါစတွင် စိတ်ပျက်မိမတတ် အခက်အခဲများနှင့် ရင်ဆိုင်ရတတ်ပေသည်။ သို့ သော် လက်တွေ့ စမ်းသပ် ကြိုးစား သည့် အခါ အားရှိဖွယ်သော ‘‘ ပေါင်းကူး ’’ ကလေးများလည်း တွေ့ ရတတ်ပါသည်။


အားထုတ်လျှင်အားထုတ်ချင်း ပစ္စုပ္ပန်တည့်တည့်အပေါ်၌ ထား၍မဖြစ်သည်မှာ လူတိုင်း၏ အတွေ့ အကြုံ ဖြစ်ကောင်း ဖြစ်ပေမည်။ ‘‘ တကူးကူး ’’ ဟူသော အသံကို ကြားလိုက်ရလျှင် ကြားလိုက်ရခြင်း‘‘ ချိုး ’’ ဟု အသိစိတ်ဝင်လာခြင်းမှာ ဓမ္မတာပင် ဖြစ်ပေလိမ့်မည်။ အချို့ ကမူ မည်သည့်သစ်ပင်ပေါ်မှ ကူလေသနည်း။ ‘‘ချိုး ’’ ကူတဲ့ ရာသီက စောလှချေတကား၊ ချိုးသား မစားရသည်မှာ အတန်ကြာလေပြီ စသော စိတ်ကူးများပင် ဖြစ်ပေါ်လာပေလိမ့်မည်။ ပထမ၌ လေး ငါး ခြောက်ချက် ထိုကဲ့သို့  ကူးကျော်ပြေးလွှားရာမှ သတိနှင့်ကြိုးစားသော သူသည် ၂-ခုန်၊ ၃-ခုန်နှင့်မျှ သတိရ၍ ‘‘ ဘရိတ်အုပ် ’’ လိုက် နိုင်ပေလိမ့်မည်။ အားရှိဖွယ်သော အချက်ဟူသည် မှာ မည်မျှလောက် ခုန်၍ ကူးကျော်သွားမိသည်ဖြစ်စေ၊ နောက်ဆုံးတွင် သတိရ၍ ပစ္စုပ္ပန်တည့်တည့် သို့ ပြန်ခေါ် လာနိုင်ခြင်းတည်းဟူသော သတိသည် တန်ဖိုးရှိ၍ ရှေ့ အဖို့ ရာ၌ တိုးတက်စေဖို့  ပါရမီဖြစ်သည်ဟု နားလည် သင့်သည်။ အဘယ့်ကြောင့်ဆိုသော် သတ္တ၀ါသည် တစ်သံသရာလုံးတွင် ပစ္စုပ္ပန်တည့်တည့်ထားဖို့ ဘယ်တော့မှ သတိမရဘဲ ပေါက်လွှတ်ပဲစား ခုန်ချင်တိုင်း ခုန်လာခဲ့ကြသည်ချည်း ဖြစ်ပေသောကြောင့်တည်း။


တိုးတက်လာခဲ့ပုံ


‘‘ တတ်စရှိလျှင် တတ်ချင်ချင်တည့် ’’ ဟူသော လင်္ကာကလေးမှာလည်း ဤအလုပ်အတွက် အားရှိဖွယ်သော အထောက်အထား တစ်ခုဖြစ်၏ ။ သတိပြုစရှိလျှင် ကြာလေလေ သတိကောင်းလေလေ ဖြစ်လာတတ်သည်။ အသံတစ်ခုခုကို ကြားလိုက်ရ၍ လေး ငါး ခြောက်ခုန် ခုန်ပြီးမှ သတိရရာမှ သုံး လေးခုန် နှင့် သတိရခြင်း၊ တစ်ခုန်
နှစ်ခုန်နှင့် သတိရခြင်း စသည်ဖြင့် တိုးတက်မှုရှိလာသည်။ ထို့ နောက်တစ်ခါတရံတွင် တစ်ခုန်မျှပင် မခုန်တော့ဘဲ ကြားကာမတ္တ၊ မြင်ကာမတ္တဖြင့် တစ်မိနစ် နှစ်မိနစ် စသည်ဖြင့် နေနိုင်သော အခြေအနေသို့ ရောက်လာ တော့ သည်။


ကျွန်ုပ်အဖို့ မှ ထိုကဲ့သို့  ၁၅မိနစ်ခန့် မျှနေနိုင်အောင် သုံးလေးနှစ်မျှ လေ့ကျင့်ယူရသည်ဖြစ်ရာ ယခုအခါ၌မူ တစ်နာရီခန့် မျှ နေနိုင်သောအခြေသို့  ရောက်လျှက်ရှိပါ၏ ။ ဤကဲ့သို့  နေနိုင်ခြင်းအားဖြင့် မည်ကဲ့သို့ သော အကျိုးအာနိသင်များ ကြုံတွေ့ ရပါသနည်း။


ဘာဝနာသတ္တိ


ပထမအချက်၌ စိတ်၏ အနိစ္စသဘောတရားကို သဘောပေါက်လာတော့သည်ဖြစ်ရာ ဥပမာဆောင်၍ ပြပါအုံးမည်။


မီးရထားဖြင့်ခရီးသွားသောသူသည် အဝေး၌ရှိသော တောင်တန်းများကို မျှော်ကြည့်နေခဲ့သောအခါ မီးရထား၏ လျင်မြန်စွာ ခုတ်နှင်နေသော အဖြစ်ကို မြင်ဖို့ ခဲယဉ်း၏။ ထို့ ထက် အနီးရှိ သစ်ပင်များကို လှမ်းကြည့်သည့်အခါ ရွေ့ လျားမှုသည် သာ၍ထင်ရှားလာ၏။ ထို့ ထက် မီးရထားအနီး၌ ကပ်လျက်ရှိသော မြေကြီး၊ ကျောက်ခဲ၊ မြက်ပင်စသော အရာဝတ္ထုများကို စိုက်ကြည့်သည့်အခါ ရွေ့ လျားမှုသည် သာ၍ထင်ရှားပြန်၏။ ကြာရှည်စွာ စိုက်ကြည့်သည့်အခါ မူးသလိုလိုပင် ဖြစ်လာတတ်သည်ကို ကြုံဖူးပေလိမ့်မည်။

ထိုနည်းအတူ အတိတ်အကြောင်း၊ အနာဂတ်အကြောင်း စသည်ဖြင့် တွေးတောနေသောသူသည် စိတ်၏ရွေ့ လျားမှုကို မြင်နိုင်ခွင့်မရှိ။ ကြားကာမတ္တ၊ မြင်ကာမတ္တ၊ နံကာမတ္တစသည်ဖြင့် အသိအမှတ်ပြု၍ ရှုမှတ်သောအခါ အသိစိတ်တွေ ခဏချင်း၊ ခဏချင်း ပြောင်းလဲလျက် ရှိခြင်းကို မြင်လာတော့သည်။ မီးရထားပေါ်မှ လမ်းနံဘေးရှိ ကျောက်ခဲကလေးများကို ကြာရှည်စွာကြည့်နေ၍ အရိပ်ရိပ်ဖြစ်ပြီး “မူး” လာတတ်ခြင်းကဲ့သို့ သော အဘောမျိုး ခပ်ဆင်ဆင် ဖြစ်လာခြင်းကိုပင် ကြုံရဖူးသည်။ သို့ သော် တကယ် “မူး” လာသည်ဟူ၍ နားလည်ကြရန် မဟုတ်ပါ။ အကြိမ်ကြိမ် အထပ်ထပ် (ဘာဝနာ) လေ့ကျင့်ခြင်း၏ သတ္တိကို ဖော်ပြခြင်းမျှသာ ဖြစ်ပါသည်။

ဆက်လက်ဖေါ်ပြပေးပါမည်။

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊စက်တင်ဘာလ(၂၃)ရက်နေ့လည်(၃း၃၀)နာရီ ကူးတင်ပါသည်။


Read more...

မြန်မာသားချော့သီချင်းများ

My blog
မြန်မာကလေးကဗျာသမိုင်းရဲ့ဆက်ပါ။ဘုန်းဘုန်းဦးလောကနာထကော မကေ ကကောအားပေးလိုကျေးဇူးတင်ပါတယ်။ အခုဟာ တကယ်မြန်မာရိုးရာကလေးတေးလေးတွေအကြောင်းပါ။အားလုံးကိုကျေးဇူးတင်ပါတယ်။ကလေးချော့တေး(သားချော့တေး)က ၂၀ရာစုမတိုင်ခင်ထဲက ရှိနေပါတယ်။ မြန်မာကလေးကဗျာသမိုင်းမှာ အစောဆုံးပေါ်ထွက်လာတာ သားချော့တေးတွေပါ။

ရွှေဗျိုင်းညို ရေကန်ရိုး၊ထိုးမဲ့ငါးရှင်။
ကျောင်းအောက်ကိုဝင်တဲ့လေမှ၊
မေ့သားငယ်ရွှေစာသင်။
ကြောင်ဘားကြီးရယ်မြီးတန်တို
အဆီကိုစားပါလို့အစားကိုမျို။
ကြောင်အိုပေမြေး
ကိုက်လိမ့်မယ်လေး။
ဟီလေးရယ်တဲ့ပေါက်ပင်
ရေပေါ်လွှမ်းပါတဲ့ ကန်စွန်းပင်။
နေ၀င်ခါနီးကန်စွန်းသီး။

ဒီလို ကလေးသီချင်းတွေဟာ ၂၀ရာစုမတိုင်မီထဲက တည်ရှိနေခဲတာလို ပြောလိုရ ပါတယ်။ လှိုင်ထိပ်ခေါင်တင်ရဲ့ ရေယမုန် ပတ်ပျိုး ကလေးချော့တေး ပုံစံမျိုး ပါဝင် နေပါတယ်။ ရေယမုန်ပတ်ပျိုးဟာ လှိုင်ထိပ်ခေါင်တင်ရေးတဲ့ ၀ိဇယကာရီ ပတ်ပျိုးလေး ဖြစ်ပါတယ်။

ရေယမုန်၊ အမ္ဗုန်သီတာ တိုင်းသို့လေ။ ငှက်လိမ်မာမကြာ နောင်စေခိုင်မယ်ပလေး။ တောင်ဝိုင်းစုံလွင့်။ မြင့်တိမ်ယံတွေ ရေယဉ်စီးတဲ့ မြစ်ကြီးသောင်ခြေ။ ရွှေရွှေရွှေရောင်သား။ငွေ ငွေငွေရောင်သား။ မြရေယဉ်မှော်ပင်ကြား။ မြူးစံတဲ့ငါး။

လေးမယ်ခင်နတ်သွင်ထား။ဘုန်းပယ်တို့သား။နှုတ်ဖျားဝါ၀ါ။ပန်းလွှာရွှေသွေး။ချီကာယူလို့ပေး။ကိုယ်မွှေးသိင်္ဂါ။ဖြူစွာငွေသွေး။ကျောင်းဝင်ကလေး။ ရွှေဘုံသူကလေးငယ် တို့၊ချိုအေးသံသာ။ စုံဆယ်လီ ရှိရှင်ညောင်းတယ်။တောင်းယူခဲ့ပါ။နွဲ့နွဲ့မာန်ကိုးငယ်နှင့် အို ဆိုးလိုက်တာ။ မြမျက်ရေ ဂေါ်ဇင်ညှာက။ငိုရှာလုနီး။မောင်မောင်ကြီး ငယ့်စိန်ကြိုး သွယ်။ဟာ…..တိတ်ပါကွယ်။ကြောင်ညိုပါးငယ်။စားတတ်လှတယ်။ရေပေါ်မှာ လွှမ်းပါတဲ့။ ကဇွန်းနွယ်။ဒေါင်းဖလ်ဝါ ရောင်စုံကွယ်လို့၊ခိုင်ရွှေနွယ်သီး ဇမ္ဗ္ဗူရည်ထီးမှာ တဲ့၊အညီးတော်ပြေ။ ယိုလေသာ။စိန်ရိုးညှာလွှဲမယ်လေး။နွဲ့ဟန်လိုသာ။

နောက်ဒီလို သားချော့တေးတွေအပြင် ကျေးလက်လူထုထဲကပေါ်ထွက်လာတဲ့ သားချောတေးတွေလည်းရှိပါသေးတယ်။ မဟာမဆန်တဲ့ တကယ်လူထုသီချင်းပါ။ အောက်ကသားချော့တေးက မူကွဲတွေ အများကြီးရှိပါတယ်။အဲဒီအထဲက လူသိပ်မကြားဖူးတဲ့ မူကိုပဲ ဖော်ပြလိုက်ပါတယ်။

လူကလေးရယ်အိပ်ချင်ပြီ ၀ဲတိုင်ကိုမှီ။

အိပ်ချင်ပြီကွယ့်စံပယ်ကုံး၊ လွဲကြပါအုံး။

လူကလေးရယ်အိပ်ချင်တန် ဗျိုင်းရှေ့ကပျံ။

လူကလေးရဲ့အိပ်ချိန်နီး၊ ဗျိုင်းရှေ့ကဆီး။
အိပ်ခင်တဲ့မျက်တောင်မြှေးယောင်ယောင်

မျက်တောင်ကော့ကလေးပေမြှေးမြှေး။

နီးပါနဲ့မေ့သည်းချာ အိပ်ပါကွယ့်လူကလေး။

အမေ့ကိုဒုက္ခပေး နိုးပါနဲ့လေး။

နောက်တစ်ပုဒ်ကတော့ လူတိုင်းရင်းနှီးကြပါတယ်။ အဘတယောဦးတင်ရီတောင် ဒီသီချင်းကို အခွေထုတ်ဖူးပါတယ်။

လူကလေးရယ်ငိုခိုဖမ်းလို့ပေး ခိုဖြူခိုပြာနက်ကယ် ဖမ်းခက်လှသေး။ လူကလေးရယ်ချော့စရာ မိတ္တီလာကန်တော်အောက်က ဖားကောက်ခဲ့ပါ။ ဖားပါလျှင်တစ်ကောင်ပေးပါ၊ မျက်လုံးကြောင်တောင်တောင်နှင့် ဖားကောင်ကသေး။

ဒီကလေးကဗျာ သားချော့တေးတွေဟာ လူထုကြားမှပေါ်ထွက်လာပြီး ဘယ်သူ ဘယ်ဝါရေးသားခဲ့တာလည်းဆိုတာ မသိရပါဘူး။ လူထုမိခင်တွေရဲ့ ပါးစပ်ဖျား ရှိနေခဲ့ တာတော့သိသာပါတယ်။ဒေါက်တာတန်ဂွမ်လျောင်(မောင်ဖြူး)က သားချော့သီချင်း ဖတ်စာအမည်နဲ့ ရှိပြီးသား လူထု ကဗျာတွေကို စုပေါင်းပြီး ထုတ်ဝေခဲ့ပါတယ်။ အချို့ကဗျာတွေက ရှိပြီးသားတွေဖြစ်ပြီးတော့ အချို့ကဗျာတွေကတော့ ဒေါက်တာမောင်ဖြူး ရေးသားခဲ့ တယ်လို့ ပြောလိုရပါတယ်။ ဆရာမောင်ဖြူးရဲ့ စာအုပ်ကို ပထစ လက်ထက်မှာ ပထမတန်း ပြဌာန်းစာအုပ်ဖြစ်ခဲ့ပါတယ်။

နောက်ဗမာလူမျိုးများသာမက တိုင်းရင်းသားလူမျိုးများမှာပါ သားချော့တေး တွေရှိပါတယ်။ ကျနော်လက်လှမ်းမှီသလောက် စွယ်စုံကျမ်းထဲက

တိုင်းရင်းသား သားချော့တေး အချို့ကတော့

ရခိုင်သားချော့တေးတပုဒ်

အဘိုးသျှင်ရက်နှီးပုခက် အတာပြင်၊ သျှော်ကြိုးခက်။ အဘောင်သျှင်ရို့၊လင်းညှီလက်။ အထက်ကေခြင်ဆင်၊ယောင်စောင်းပြင်။ အမင်လွဲ၊ယိုင်းကြိုးငင်။ သားသျှင်ဇုဝေ၊အိပ်ပါမေ။ ဧလည်းယင်ယင်……..ဧ။ ဇုဝေေ၀………….လေ။

ဒီသားချော့တေးရဲ့အဓိပ္ပာယ်ကတော့ ကျနော်ရခိုင်စကား မတတ်ပါဘူး စွယ်စုံကျမ်း ထဲပါတဲ့ အတိုင်းရေးပြတာပါ။ ပုခက်ကို အဘိုးကိုယ်တိုင် ယက်လုပ်၍ အဖေကိုယ်တိုင် လျှော်ကြိုးနဲ့ ခက်ပြီး အိမ်ခန်းအ၀င်ဝ အထက်ခြင်တိုင်၌ ချည်၍ ပုခက်ဆင်ပေးရှာသည်။ အဖွားကမှု သားမောင်အိပ်ရာကိုသပ်ယက်စွာ ပြင်ဆင်ပေး၍ အမေက သားမောင်ကို ပုခက်ထဲထည့်တေးဆိုသိပ်ပါသည်။ အိပ်ပါတော့ ကလေးရယ်၊ယိုးယီးလေး……….

နောက်ရှမ်းလူမျိုးတွေရဲ့ သားချော့တေးတစ်ပုဒ်တော့

အင်း..အင်း…
လိန်လိုင်းလုပ်ငေါင်ဆောင်
လိုင်းထောင်နာကွန်ဟောင်း
နွမ်း….နွမ်း….။
ပူထောင်အွမ်ကွန်းလျှို၊
ရစ်တန်ဆတ်ခေါဟျိုတံခေါက်
နွမ်း….နွမ်း… အင်း….အင်း။

မြန်မာလိုပြန်ရင်

ိုး..အိုး
ရွှေလရောင်ထိုး၊အိမ်ခေါင်မိုး
ထိုးလာပါနဲ့၊မက်နှာပေါ်
သားလေးနိုးမယ်နော်။
အိပ်ပျော်ကာစ၊သားသားလေး
နိုးမှာစိုးလှသေး။
အဖိုးအိုတကိုယ်တည်း၊
ဆန်ဖွပ်ကာ တေးဆိုညည်း
အိပ်ပါလူလေး၊မယ်ရင်သွေး။ ။

နောက် ကရင် သားချော့တေးကတော့

၁။ မီးလဲစူအူး၊အူးအပူး၊
စူးအူးအူး အပီလီမေထူး
မီးလဲစုအူး အူးအသ
စုအူးအူး အပလီမေထ
၂။ မီးလဲစု ပူးမိုအူးအူး
မိုအယ်နားဖုလဲ့ဖုသူး
မီးလဲစုပူး မိုးထိုးဝ
မိုးအယ်နားနား မိုအယ်နား
၃။မီးလဲစုပူး မိုယယ်ယော
မိုအယ်အောအော မိုအယ်အော
မိုအယ်အောအော မိုအယ်အော
မိုမာယော်ကွဲ အေကွဲစော
၎။မိုအယ်ဝဲ၀ဲ မိုအယ်ဝဲ
မိုမာယော်ကွဲ ဒိုကနဲ
မိုးလူးအဖိုး ထိုစီကလို
မိုလူကွာ ဒေါ့အကတို
၅။မိုလူအဖိုးထိုစီကွယ်
မိုလူကွာ ဒေါ့အကမဲယ်
မိုလူဖိုးဆီမိုလူကဲ
မီးအူးအူး မီးအော်အော်အူး။

မြန်မာဘာသာပြန်ရင်တော့

၁။ပုခက်ထဲသိပ်၊အိပ်ပါလေ
ရွှေကြိုးနှင့်ဆက် ပုခက်ယဉ်
မေမေလွှဲသိပ် အိပ်ပါလေ။
သံကိုးနှင့်ဆင်၊ပုခက်ယဉ်။
၂။ပုခက်ထက်ဝယ်။မေသိပ်မယ်၊
အိမ်ပါတေ့လား၊မေ့ချစ်သား
ပုခက်ကြိုးကို၊ကိုင်ကာဆွဲ၊
မေမေကိုတိုင်တိုင်ကာလွှဲ။
၃။မေမေ့မေတ္ကာ၊ကြီးမားပါ၊
ချိုအေးနို့ရည်၊ပျားသကာ
တိုက်ကျွေးယုယ၊ပုခက်ထဲ၊
သားကိုသိပ်၍၊မေမေလွှဲ
၎။သားလှသည်းချာ၊အဖို့ရာ
မေ့မေတ္တာရည်၊စီးဆင်းလာ၊
ငယ်မှကြီးတိုင်၊ချစ်မငြီး
စောက်ရှောက်ပြုစုပေးခဲ့ပြီး။
၅။ငှက်ငယ်ပမာ၊မေ့သည်းချာ
ကြည်နူးယုယ၊ပိုက်ထွေးကာ
သားကိုမေမေ၊ပြုစုထား၊
သားကမေ့ကို၊ချစ်မှာလား
အိပ်ပါတော့လေး၊မေရင်သွေး။။

ဘယ်လောက်လှတဲ့ ကဗျာလေးတွေလဲဗျာ မိသားစုဝင်အားလုံးက ကလေးအတွက် လုပ်ပေးနေပုံလေး မိသားစုက ကလေးကို ပြုစုစောက်ေ၇ှာက်တာလေးတွေ ရေးထားတာ။ မိခင်ရဲ့မေတ္တာ မိသားစုစည်းလုံးမှုကို တကယ် ထင်ဟပ်စေပါတယ်။
နောက်အနက်အဓိပ္ပာယ် မပါပဲ။ အာလုတ်သံဆန်ဆန် သားချော့အသံ သီချင်းလေးတွေ လည်းရှိပါတယ်။ မိခင်တွေ ချက်ချင်းတီတွင်လိုက်တဲ့ သီချင်းတွေပါ။ စာသားမပါ အနက်မပေါ် ရင်ထဲကမေတ္တာ အသံကနေ ပေါ်ထွက်လာတာပါ။

အို အေးအေး အို
ကျွတ် ကျွတ်ကျွတ်
အိုအိုး အေးအေး အိုအေးအေး

နောက်မြန်မာဗုဒ္ဓစာပေထဲမှာပါတဲ့ သားချော့တေးတွေ လည်းရှိပါတယ်။ မစာပါရဲ့ သားချော့တေးက နာမည်ကြီးပါတယ်။ ဇာတ်သဘင်တွေ အငြိမ့်တွေမှာသီဆိုကြတဲ့ သားချော့တေးတွေလည်းရှိပါတယ် ဒီသားချော့တေးတွေက အချို့ဒေသတွေမှာ ခဏတဖြုတ်သာ သီဆိုကြပြီး ပျောက်ကွယ်ကုန်ပါတယ်။ အချို့ လူမသိသေးတဲ့ သားချော့တေးတွေ လည်းရှိပါတယ်။ သိတဲ့လူတွေ ရှိရင်လည်း ကွန်မန့်ပေးပြီး ဝေမျှသွားကြပါနော်။

ကလေးတွေ နည်းနည်းအသက်ကြီးလာတော့ မိဘတွေက ချောတဲ့သီချင်းပုံစံတွေ ပြောင်းလာပါတယ်။

ရွှေလက်ခုတ်အုပ်ကာသီး၊ ငှက်ပျောသီးမှည့်မှည့်စားရအောင်။

ဟေမျောက်သိုးမျောက်သိုး မင်းရာမမျောက်သိုး မယ်သီတာရအောင်ခိုး မင်းရာမမျောက်သိုး။

ဖိုးလမင်း ထမင်းဆီဆမ်း ဟင်းဆီဆမ်း ရွှေလင်ပန်းနဲ့ပေးပါကွယ်။

ဒီလိုကလေးသီချင်း ကလေးကဗျာ သားချော့တေးတွေဟာ လူကြီးမိဘ၊အရီး အဖွား အဖိုး ဆိုလေ့ရှိသော်လည်း လူကြီးတွေရဲ့ သီဆိုသံကြားရတဲ့ကလေးတွေ ဟာအသက်အရွယ်ကြီးလာပြီး လူငယ်အရွယ်မှာ ဒီကဗျာလေးတွေကိုအရွတ်ရပြီး ဆိုတတ်လာကြတယ်။ ဒီလူငယ်တွေ အရွယ်ရောက်ပြီး မိဘနေရာရောက်လာတဲ့ အခါမှာ သူတို့ငယ်ငယ်ကသိခဲ့ ကြားဖူးခဲ့ ကလေးကဗျာ သားချော့တေးတွေကို ပြန်လည်ဆိုပြီး ကလေးတွေကိုချောသိပ်ခဲ့ကြတယ်။ ဒီလိုနဲ့ မြန်မာ သားချောတေး တွေဟာ အဖွားမှ အမိ-အမိမှသမီး ဆင်းသက်လာတဲ့ တကယ်မြန်မာယဉ်ကျေးမှု ရဲ့ အလှတစ်ခုဖြစ်ပါတယ်။

ကျနော်ငယ်ငယ်က လေနာထလို့ နေမအိပ်ရ ညမအိပ်ရပဲ ချော့သိပ်ခဲ့တဲ့မေမေ နဲ့ မြန်မာမိခင်များကို ဒီပိုစ့်ဖြင့်ကန်တော့ပါတယ်။

ဆက်ရန်ကျန်ေသေးသည်။မြန်မာကလေးကစားချင်းများ

Read more...

ကျော့ကွင်းမိခြင်း မမိခြင်း... (အရှင်နာရဒ၊ ဟိုပင်)


အရှင်နာရဒ၊ ဟိုပင်၏

ကျော့ကွင်းမိခြင်း မမိခြင်း...






ဝိသာခါ ကျောင်းအမကြီး... (ဓမ္မပဒဝတ္ထု (မာဏဝ))

ဓမ္မပဒဝတ္ထု (မာဏဝ)

၂၀၉... ၂၁၀... ၂၁၁... မိသားစုသုံးဦး...
၂၁၂... သူကြွယ်တစ်ဦး...
၂၁၃... ဝိသာခါ ကျောင်းအမကြီး...
၂၁၄... လိစ္ဆဝီမင်းများ...
၂၁၅... အနိတ္ထိဂန္ဓသတို့သား...
၂၁၆... သူငယ်ငါးရာ...
၂၁၇... ပုဏ္ဏားတစ်ယောက်...
၂၁၈... အနာဂါမ်ရဟန်းတစ်ပါး...
၂၁၉... ၂၂၀... နန္ဒိယသူကြွယ်...






















Read more...

ဘုရားစေတီပုထိုးတို့တွင် တွေ့ရသော ခြင်္သေ့ရုပ်တု

9

ဘုရားစေတီပုထိုးတို့တွင် တွေ့ရသော ခြင်္သေ့ရုပ်တု

ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့သည် ဘာသာတရားကို လွန်စွာယုံကြည် ကိုးစားကာ ရိုသေကိုင်းရှိုင်းကြပေသည်။ မြန်မာပြည်တ၀န်း အရပ်ရပ်တွင် ဘုရားစေတီ ပုထိုးတို့ကို တွေ့မြင်နိုင်ပါသည်။ ယင်းစေတီပုထိုးတို့၏ မုခ်ဦးတွင် ခြင်္သေ့ရုပ်တု နှစ်ခုကို တွေ့မြင်ရသည်မှာ အထင်အရှားပင်။ ထိုကဲ့သို့ စေတီပုထိုးတို့တွင် ခြင်္သေ့ရုပ်တုကို တွေ့မြင်ရခြင်း အကြောင်းရင်းမှာ အောက်ပါ ပုံဝတ္ထုအရတို့ ဖြစ်ပါသည်။

ရှေးအခါက ၀င်္ဂတိုင်းကို အစိုးရသော ၀င်္ဂရာဇ်မင်းသည် ကာလိင်္ဂမင်း၏ သမီးတော်ကို မိဖုရားတင်မြှောက်၏။ ထိုမိဖုရားမှ သမီးတော်တပါး ဖွားမြင်၏။ သမီးတော်လေး၏ ဇာတာ စန်းလဂ်တို့ကို နိမိတ်ဖတ်ပညာရှိများက တွက်ချက်ကြည့်ရာ ဤမင်းသမီးသည် ကေသရာဇာခြင်္သေ့မင်း၏ မြောက်သား ဖြစ်လိမ့်မည်-ဟု နိမိတ်ဖတ်ကြသည်။ ထို့ကြောင့် မင်းသမီးကို ကေသရီ-ဟု အမည်မှည့်ကြ၏။ ကေသရီသည် လွန်စွာလှပ ချောမောလှသော်လည်း ကာမဂုဏ်တို့၌ ခုံမင်မက်မောအားကြီး၏။ ခမည်းတော်၊ မယ်တော်တို့ ဆိုဆုံးမခြင်းကို နာခံခြင်း မရှိသောကြောင့် ပြည်မှ နှင်ထုတ်လိုက်၏။

မင်းသမီးလည်း ဆင်းရဲသူမ အသွင်ဖြင့် လှည်းကုန်သည်တို့နှင့် လိုက်သွားလေသည်။ လာဠတိုင်းဖြစ်သော တောအုပ်သို့ ရောက်သည့်အခါ ကျောက်ဂူ၌ နေသော ကေသရာဇာခြင်္သေ့မင်းသည် လှည်းအပေါင်းကို လိုက်လေသည်။ လှည်းသားများ ကြောက်ရွံ့၍ ထွက်ပြေးပုးန်းရှောင်ကြ၏။ မင်းသမီးမှာမူ နိမိတ်ဖတ်ပညာရှိတို့ စကားကို သိထားလေရာ ခြင်္သေ့မင်းရှိရာသို့ ပြေးသွားတော့၏။ ခြင်္သေ့မင်းလည်း မင်းသမီးကို မြင်တွေ့လေသော် တပ်မက်သောစိတ်ရှိသဖြင့် ခါးအမြီးတို့ကို လှုပ်လျက် နားနှစ်ဖက်ကို ချပြီးလျှင် စောင့်နေ၏။ မင်းသမီး၌ တပ်စွန်းခြင်းရှိသောကြောင့် မိမိကျောကုန်းထက်၌ တင်ပြီးလျှင် ကျောက်ဂူသို့ ခေါ်ဆောင်သွား၏။

မင်းသမီးသည် ခြင်္သေ့မင်းဖြင့် သားတယောက်၊ သမီးတယောက် အမြွှာမွေးဖွား၏။ သားကို သီဟဗာဟု နှင့် သမီးကို သီဟသီဝလိ-ဟု အမည်မှည့်၏။ သားနှင့်သမီးတို့ တဆယ့်ခြောက်နှစ်အရွယ်သို့ ရောက်သော် မိခင်အား ၄င်းတို့သည် မိခင်နှင့်သာ အသွင်တူ၍ ဖခင်နှင့် မည်သို့သောကြောင့် အသွင်မတူသနည်းဟု မေး၏။ ထိုအခါ မိခင်က ယင်းသည် ခြင်္သေ့မင်းနှင့် ပေါင်းဖက်ရသည့်အကြောင်းကို ပြောပြလေသည်။ သားဖြစ်သူက မိခင်နှင့် နှမကိုခေါ်၍ မိမိအဘိုးရှိရာ ၀င်္ဂတိုင်းသို့ ထွက်ပြေး၏။ ၀င်္ဂတိုင်း၏ နယ်စွန်ဖြစ်သော ပစ္စန္တရာဇ်သို့ ရောက်လေရာ မင်းသမီးဦးရီးတော်၏ သားဖြစ်သူ အနုနမည်သော စစ်သူကြီးနှင့် တွေ့ဆုံကြလေသည်။ အနုနစစ်သူကြီးက အကျိုးအကြောင်းကို မေးမြန်းရာ ၀င်္ဂမင်း၏ သမီးတော်ဖြစ်ကြောင်း သိသွားသဖြင့် ၀င်္ဂမြို့သို့ ခေါ်ဆောင်သွားကာ ပေါင်းသင်းနေလေသည်။

ခြင်္သေ့မင်းလည်း အစာရှာရာမှ ပြန်လာသော် ဇနီးနှင့်သားသမီးတို့ကို မတွေ့သဖြင့် ပူပင်သောကရောက်ကာ လိုက်လံရှာဖွေရာ တိုင်းစွန်ပြည်နားသို့ပင် ရောက်ရှိခဲ့၏။ ခြင်္သေ့ဝင်သဖြင့် ရွာအများပျက်စီးကြရလေသည်။ ထို့ကြောင့် ပြည်သူအများက ၀င်္ဂမင်းကြီးအား ခြင်္သေ့ကို နှိမ်နင်းပေးပါရန် လျှောက်ထားကြသည်။ မင်းကြီးလည်း ဆင်ကုန်းထက်တွင် ဆုငွေထောင်ထုပ်ကို တင်လျက် ခြင်္သေ့ရန် နှိမ်နင်းနိုင်သူကို ရှာဖွေစေ၏။ သီဟဗာဟု သတို့သားလည်း ဤခြင်္သေ့သည် ငါတို့ကို မတွေ့သမျှ ရှာဖွေမည်သာ။ သို့ဖြစ်၍ ဤခြင်္သေ့ကို သတ်မှ ငြိမ်းအေးမည်-ဟု မယ်တော်ကို တိုင်ပင်၏။

မယ်တော်က နှစ်ကြိမ်တိုင်တိုင် တားမြစ်သည်။ သုံးကြိမ်မြောက်၌မူ မယ်တော်ကိုမပန်ကြားဘဲ အသပြာထောင်ထုပ်ကို ယူပြီးလျှင် ဓား၊ လှံ၊ လေးမြားတို့ကိုယူ၍ ခြင်္သေ့ရှိရာ ကျောက်ဂူသို့ သွားလေ၏။ ခြင်္သေ့မင်းလည်း အဝေးမှ လာနေသောသားကို မြင်ရသော် ချစ်ခြင်းမေတ္တာစိတ်ဖြင့် စောင့်လင့်ကာ နေတော့သည်။ မင်းသားလည်း မြားရောက်နိုင်သည့် နေရာမှရပ်၍ မြားဖြင့်ပစ်လွှတ်၏။ သားအား ချစ်ခြင်းမေတ္တာအဟုန်ကြောင့် မြားသည် ခြင်္သေ့မင်း၏ နဖူးကို ထိမှန်သော်လည်း စူရှခြင်းမရှိဘဲ ပြန်လည်၍ မင်းသား၏ခြေရင်း၌ ကျ၏။ ဤသို့ သုံးကြိမ်မြောက် ပစ်ပါသော်လည်း ရှေးနည်းတူပင် ပြန်လည်၍ မင်းသား၏ခြေရင်း၌ကျ၏။ ပစ်ဖန်များသော် ခြင်္သေ့မင်းလည်း အမျက်ထွက်လာသဖြင့် လိုက်၍ နှိပ်စက်ခြင်းငှါ ကိုယ်ကို လှုပ်ရှား၏။ ထိုအခါမှ ပစ်လွတ်သောမြားသည် နဖူးမှဝင်၍ ရင်သားကို ထွင်းဖောက်ကာ ကျောကုန်းမှ ထွက်ပြီးလျှင် မြေသို့ဝင်လေ၏။ ခြင်္သေ့မင်းလည်း သေဆုံးလေရာ မင်းသားသည် ခြင်္သေ့ဦးခေါင်းကို ဖြတ်၍ မင်းအား ဆက်သရန် ယူဆောင်လာခဲ့သည်။

ဝင်္ဂမင်းကြီးသည် ခြင်္သေ့ရန်ကို နှိမ်နင်းရန် သီဟဗာဟုအား စေလွှတ်ပြီးနောက် ကိုယ်တွင်းရောဂါဖြင့် ကံတော်ကုန်လေသည်။ အလောင်းကို သင်္ဂြိုဟ်ပြီး ခုနစ်ရက်မြောက်နေ့တွင် မင်းသားပြန်ရောက်လာခဲ့၏။ သီဟဗာဟုသည် ၀င်္ဂမင်း၏ မြေးတော် အရင်းလည်း ဖြစ်သဖြင့်လည်းကောင်း၊ ခြင်္သေ့ရန်ကို နှိမ်နင်းအောင်နိုင်ခဲ့သဖြင့်လည်းကောင်း၊ မှူးမတ်အပေါင်းတို့က ထီးနန်းကို အပ်နှင်းကြလေသည်။ သီဟဗာဟုလည်း မယ်တော်နှင့် ခင်ပွန်းအနုရက္ခ စစ်သူကြီးတို့အား ထီးနန်းကို အပ်နှင်းကာ မင်းပြုစေ၏။ မိမိမူကား နှမတော် သီဝလိကို မိဖုရားပြုကာ လိုက်လိုသူများကို ခေါ်ဆောင်လျက် မိမိအား မွေးဖွားရာ လာဠတောအုပ်ကို ရှင်းလင်းသုတ်သင်ပြီးလျှင် ခြင်္သေ့ဂူကို အဦးထား၍ မြို့တည်နေလေသည်။ ထိုမြို့ကို သီဟပုရမြို့-ဟု အမည်သမုတ်၏။

သီဟဗာဟုမင်းသည် မိမိ၏ဖခင်ဖြစ်သော ခြင်္သေ့မင်းကို သတ်မိသောအပြစ်ကို နောင်တတရား ရရှိကာ ဘုရားစေတီပုထိုးတို့တွင် ခြင်္သေ့ရုပ်တုကို တည်ထားကိုးကွယ်လေသည်။ ထိုအခါမှစ၍ ဘုရားစေတီပုထိုးတို့၏ မုခ်ဝတွင်လည်းကောင်း၊ ပစ္စယံ ၀န်းကျင်တွင်လည်းကောင်း၊ ခြင်္သေ့ရုပ်တုတို့ကို တွေ့မြင်နိုင်ပါသည်။ အသောကမင်းကြီး၏ စိုက်ထူသော ဆန်ချီနှင့်ဘာရု (Sanchi and Bharut) တွင်ရှိသည့် တိုင်ထိပ်၌ ခြင်္သေ့သုံးစီ၏ ရုပ်တုကို တွေ့မြင်ရပါသည်။

အထက်ပါ ပုံဝတ္ထုအရ စေတီပုထိုးတို့တွင် ခြင်္သေ့ရုပ်တုကို တွေ့ရသည်ဟု ယူဆမိပါသည်။

( တက္ကသိုလ်-ခေမာ။ ကျိုက်လတ် )

( မြတ်မင်္ဂလာ ၂၀၀၁-ခု ဇန်န၀ါရီလ )

အဘိဓမ္မာ နှင့် ၀ိပဿနာ

အဘိဓမ္မာဟူသည် အလွန်သိမ်မွေ့ နူးညံ့သော ဓမ္မ၊ အလွန်နက်နဲ ခက်ခဲသော ဓမ္မ၊ အလွန်ကျယ်ပြန့်သော ဓမ္မ၊ အလွန်ထူးကဲသော ဓမ္မ၊ ဖြစ်သည်။ ဓမ္မ-ဟူသည် အရှိတရား၊ အမှန်တရား၊ ကြောင်းကျိုးဆက်တရား၊ သဘာဝတရား၊ ပကတိတရား၊ ဉေယျတရား၊ နိဿတ္တတရား၊ နိယာမတရား၊ ပရမတ္ထတရား၊ သစ္စာတရားတို့ဖြစ်သည်။
အလွန့်အလွန် သိမ်မွေ့နူးညံ့သော၊ ခက်ခဲနက်နဲသော၊ ထူးကဲဆန်းကျယ်သော၊ သတ္တအတ္တမဟုတ်သော၊ ပင်ကိုယ်သဘာဝအားဖြင့် အရှိအမှန်ဖြစ်သော၊ သိအပ်သော ထို အဘိဓမ္မာကို မြတ်ဗုဒ္ဓသည် နတ်ပြည်၌ ဟောခဲ့သည်။ ထိုမျှ လွန်ကဲခက်ခဲသော ဓမ္မ-ကို စိတ်အစဉ်၌ အာရုံနှင့် နီဝရဏ ကြားဝင်မခုဘဲ တဆက်တည်း မရပ်မနား တောက်လျှောက် ဧကာသန ဧက၀ါရ နာကြားနိုင်မှ တတ်သိနားလည်နိုင်မည် ဖြစ်သည်။

လူတို့ဌာနေမှာ စားရေး၊ အိပ်ရေး၊ ကိုယ်လက်သန့်ရှင်းရေး စသည့် အနှောင့်အယှက်များသည် အလုပ်တိုင်း၌ ၀င်ရောက် ဟန့်တားလေ့ရှိသည်။ အလုပ်တခု၌ စိတ်ကူး စူးစိုက်နေခိုက် ကိုယ်ခန္ဓာ ပင်ပန်းခြင်း၊ အလေးအပေါ့သွားလိုခြင်း၊ အစာရေစာ ဆာလောင်ခြင်း စသည်တို့က ၀င်ရောက် နှောင့်ယှက်သောကြောင့် အလုပ်၌ စူးစိုက်ထားသော သမာဓိ ပျက်စီးရလေသည်။ ထို့ကြောင့် ပြတ်တောင်း ပြတ်တောင်း ကြိမ်ပေါင်းများစွာ ဟောရလျှင် ထိုမျှနက်နဲသည့် အဘိဓမ္မာ-သည် လူတို့ပြည်၌ အရာထင်၍ ကျန်ခဲ့မည် မဟုတ်ပေ။
နတ်တို့ ဌာနေမှာကား အချိန် ကွာခြားချက်ကလည်း ဝေးလွန်းလှသည်၊ လူ့ပြည်မှာ နှစ်တရာ၊ တာဝတိံသာနတ်ပြည်မှာ တရက် ဖြစ်သည်။ ထို့ကြောင့် စားချိန်၊ အိပ်ချိန်တို့မှာ ကျဲလွန်းလှသည်။ ကျင်ကြီးကျင်ငယ် စွန့်ရခြင်း၊ ညောင်းညာပင်ပန်းခြင်းလည်း မရှိသော ထိုနတ်များမှာ ၁၅-မိနစ် (သူတို့အချိန်ဖြင့်) ခန့်မျှသာရှိမည့် ထိုအဘိဓမ္မာ တရားပွဲကို တဆက်တည်း၊ တထိုင်တည်း၊ တစိတ်တည်း၊ တ၀ီထိတည်း နာကြားခဲ့ကြရလေသည်။ ထို့ကြောင့် ထိုနတ်များပြည်ဝယ် ဆက်တိုက်ဟောခဲ့သော ထိုအဘိဓမ္မာကို လူတို့ပြည်ဝယ် အရှင်သာရိပုတ္တရာ သာလျှင် ရက်ပေါင်း ကိုးဆယ်၊ အကြိမ် ကိုးဆယ်၊ ပြန်လည် ဟောတော်မူခဲ့ပါလေသည်။ အရှင်သာရိပုတ္တရာ ဖြစ်၍သာ ထိုအဘိဓမ္မာကို ရက်ခြား၍ နာကြားပြီး ဆောင်ထားနိုင်ခဲ့ခြင်း ဖြစ်လေသည်။

အရှင်သာရိပုတ္တရာသည် မြတ်ဗုဒ္ဓထံမှ အကျဉ်းချုပ် နာကြားခဲ့ရသော အဘိဓမ္မာကို သူ၏ တပည့် ရဟန်းငါးရာတို့အား မကျဉ်းမကျယ် ပြန်ဟောခဲ့လေသည်။ ထူးဆန်းသည်မှာ အဘိဓမ္မာကို အရှင်သာရိပုတ္တရာအထံမှာ သင်ယူကြသော ရဟန်းတို့သည် မြတ်ဗုဒ္ဓ တာဝတိံသာသို့ တက်ကြွသောနေ့ကမှ အရှင်သာရိပုတ္တရာထံ၌ ရဟန်းပြုကြသော ရဟန်းသစ်များ ဖြစ်ကြလေသည်။ သရက်ဖြူပင်ရင်းက တန်ခိုးပြာဋိဟာပွဲကို ကြည်ညိုကြသောအမျိုးကောင်းသား ၅၀၀-တို့သည် ထိုနေ့ (၀ါဆိုလပြည့်နေ့) မှာပင် ရဟန်းပြုကြ၊ ထိုနောင် တနေ့မှာပင် အဘိဓမ္မာကို နာကြားကြရလေသည်။ ထိုအဘိဓမ္မာ-တရားသည်ပင် ထိုရဟန်းတို့အတွက် ၀ိပဿနာ ဖြစ်ရပေမည်။ အဘယ့်ကြောင့်ဆိုသော် ထိုနှစ်ဝါတွင်းမှာပင် ထိုရဟန်း ၅၀၀-တို့သည် ရဟန္တာဖြစ်ကြပြီး ထိုဝါ (မြတ်ဗုဒ္ဓ ခုနစ်ဝါမြောက်) ကျွတ်မှာပင် ထိုရဟန်းများ အဘိဓမ္မာ ၇-ကျမ်း ဆောင်တို့ (အာဘိဓမ္မိက၊ သတ္တပကရဏိက) ဖြစ်ခဲ့ကြလေသည်။ မြတ်ဗုဒ္ဓသည် ဓမ္မ-အားလုံးတို့ကို ရှေးဦးစွာ စုပေါင်းသိမ်းကျုံး၍ ပြသည်။ ထို့နောင် အသေးစိတ် ခွဲခြမ်းဝေဖန်၍ ပြသည်။ တဖန် ဓာတ်ခွဲ၍ ပြသည်။ သိမ်းကျုံး၍ ခွဲခြမ်း ဝေဖန်ထားသော ထိုဓမ္မအသေးစိတ်ကို ပုဂ္ဂိုလ်နှင့် ယှဉ်စပ်သတ်မှတ်တော်မူပြန်သည်။ ထို့နောင် ၀ါဒအမျိုးမျိုးနှင့် နှိုင်းယှဉ်၍ ဝေဖန် ဆန်းစစ်တော်မူပြန်သည်။ ထို့နောင် အစုံစုံ ပြန်စုပုံ၍ အကြောင်းအကျိုး ဆက်စပ်ပြပြန်သည်။ အဘိဓမ္မာ ၇-ကျမ်း၌ စိတ် စေတသိက် ရုပ်တို့စုရုံးခြင်း၊ ဝေဖန်ခြင်း၊ ဓာတ်ခွဲခြင်း၊ ပုဂ္ဂိုလ်ခွဲခြင်း၊ ၀ါဒယှဉ်ခြင်း၊ စုံညီပြုခြင်း၊ ကြောင်းကျိုးဆက်ခြင်း ဟူသော ခုနစ်ပါးသော နည်းစနစ်တို့သည် တကယ်စင်စစ် အလွန်လေးနက်သည့် ၀ိပဿနာနည်းစနစ်များ ဖြစ်ကြကုန်၏။ ထို့ကြောင့် အဘိဓမ္မာ ၀ိပဿနာကို နာကြားကြရသော ထိုအဘိဓမ္မာ၏ အစစွာသောနေ့တွင်မှ ရဟန်းပြုခဲ့ကြသော ရဟန်းငါးရာတို့သည် အဘိဓမ္မာပြီးဆုံးသောနေ့မှာပင် သူတို့ဝိပဿနာလုပ်ငန်း ပြီးဆုံးသောနေ့ပင် ဖြစ်ရလေသည်။

ဝိပဿနာဟူသည် အထူးထူးသောနည်းတို့ဖြင့် ရုပ်နာမ်တို့၏ ပကတိ၊ သဘာဝ၊ နိယာမ၊ ကာရဏ၊ နိဿတ္တ၊ အနတ္တ၊ ပရမတ္ထတို့ကို ရှု၍၊ စူးစမ်း၍၊ ထွင်းဖောက်၍ သစ္စာနှင့် သန္တိကို ရှာဖွေသောစနစ် နည်းပညာတခုပင် ဖြစ်သည်။ ရုပ်၏ သဘာဝ ရုပ်နှင့်ရုပ်ချင်း အပြန်အလှန် ကြောင်းကျိုးဆက်ကျေးဇူးပြုပုံ၊ နာမ်၏ သဘာဝ နာမ်နှင့်နာမ်ခြင်း အပြန်အလှန် ကြောင်းကျိုးဆက် ကျေးဇူးပြုပုံတို့ကို ဉာာဏ်ဖြစ်စဉ်ဆယ်မျိုးမှာ ပြထားသည့်အတိုင်း၊ သန့်စင်ပုံ ခုနစ်မျိုး တိုးတက်ပုံများမှာ ပြထားသည့်အတိုင်း အတွင်းကိုယ်နှိုက် စူးစိုက်၍ အရှိကိုရှာဖွေသောနည်းသည် ၀ိပဿနာပင်ဖြစ်ရာ ၀ိပဿနာနှင့် အဘိဓမ္မာ တသားတည်း ဖြစ်လေသည်။

ဝိပဿနာရှုခြင်းသည် အဘိဓမ္မာကိုပင် ရှုသည်ဖြစ်သောကြောင့် ၀ိပဿနာ နှင့် အဘိဓမ္မာ ခွဲ၍မရ ဖြစ်သည်။ အဘိဓမ္မာတတ်မှ ၀ိပဿနာ ရှုရမည်ဟု ဆိုလိုသည် မဟုတ်သော်လည်း ၀ိပဿနာရှုနေခြင်းသည် အဘိဓမ္မာသင်ကြားနေခြင်း တမျိုးလည်း ဖြစ်သည်။ စိတ်၊ စေတသိက်၊ ရုပ်တို့သည် တလံမျှသော ကိုယ်၌ အစဉ်အမြဲရှိ၍နေသောကြောင့် ထိုအကြောင်းအရာကို လေ့လာနေခြင်း၊ သင်ယူနေခြင်းနှင့် ထိုစိတ် စေတသိက် ရုပ်တို့၏ သဘာဝကို စူစူးစိုက်စိုက် ကြည့်နေခြင်းတို့သည် ခွဲခြား၍ မရနိုင်သော လုပ်ငန်းများ ဖြစ်ကြသည်။

အနိမ့်ဆုံးအားဖြင့် ဆိုရပါလျှင် နာမ်ရုပ်မသိလျှင် ၀ိပဿနာမဖြစ်သောကြောင့် အဘိဓမ္မာနှင့်ဝိပဿနာ ခွဲ၍မရကြောင်း သေချာလှပါသည်။ နာမ်ရုပ်နှစ်ပါးသည် အ၀ိဇ္ဇာ တဏှာ ကံသာအကြောင်းရင်းရှိကြောင်း၊ ကံ စိတ် ဥတု အာဟာရ-သာ အထောက်အပံ့ရှိကြောင်း၊ ကောင်းစွာ ဖော်ပြသည့် အဘိဓမ္မာပါမှ ပစ္စယ ပရိဂ္ဂဟဉာဏ် အပိုင်ရ၊ ကင်္ခါဝိတရဏ ၀ိသုဒ္ဓိဖြစ်ကြောင်း ကောင်းမြတ်သော အကျိုးကျေးဇူးတို့ကို ပဋိစ္စသမုပ္ပါဒ်နှင့် ပဋ္ဌာန်းတို့ကို ကောင်းစွာထောက်ပြခဲ့ပြီ ဖြစ်ပါသည်။ ထို့ကြောင့် ၀ိပဿနာနှင့် အဘိဓမ္မာ ခွဲခြားမရသည့် အညမညပစ္စည်း စင်စစ်ဧကန် ဖြစ်သဖြင့် ၀ိပဿနာယောဂီတို့ လူ့ဘ၀ကိုလေ့လာသည့် နည်းပညာဖြစ်သည့် အဘိဓမ္မာ-ကို လက်မလွတ်သင့်ကြောင်း ကောင်းစွာတင်ပြအပ်ပါသတည်း။

သီတဂူ ဆရာတော်

( မြတ်မင်္ဂလာ ၁၉၉၉-ခု စက်တင်ဘာလ )


Read more...

သဘိယသည် ဤသို့ မေးလျှောက်၏...


သဘိယသုတ်-

သဘိယသည် ဤသို့ မေးလျှောက်၏...
မြတ်စွာဘုရား အဘယ်သို့ ရောက်သူကို ဘိက္ခုဟူ၍ ဆိုကြကုန် သနည်း၊
အဘယ်အကြောင်းဖြင့် လွန်စွာ ငြိမ်းသောသူ ဟူ၍ ဆိုကြကုန် သနည်း၊
အဘယ်သို့သောသူကို ယဉ်ကျေးပြီးဟူ၍ ဆိုကြကုန် သနည်း၊
အဘယ်အကြောင်းဖြင့် ဗုဒ္ဓဟူ၍ဆို သနည်း၊ 519

မြတ်စွာဘုရားသည် ဤသို့ ဖြေတော်မူ၏...
သဘိယ အကြင်ပုဂ္ဂိုလ်သည် မိမိပြုအပ်သော မဂ်ဖြင့် ကိလေသာငြိမ်းရာ နိဗ္ဗာန် သို့ ရောက်၏၊ ယုံမှားခြင်းကို လွန်မြောက်၏၊ ပျက်စီးဆုတ်ယုတ်ခြင်းကို လည်း ကောင်း၊ ကြီးပွါးခြင်းကို လည်းကောင်း ပယ်စွန့်၍ မဂ်အကျင့်ကို ကျင့်သုံးပြီး ဖြစ်၏၊ တစ်ဖန် ဘဝသစ်၌ ဖြစ်မှု ကုန်ခန်းပြီး ဖြစ်၏၊ ထိုပုဂ္ဂိုလ်သည် ဘိက္ခုမည်၏။ 520

အကြင်ပုဂ္ဂိုလ်သည် အလုံးစုံသော အာရုံတို့၌ ဆဠင်္ဂုပေက္ခာဖြင့် လျစ် လျူရှုတတ်၏၊ သတိရှိ၏၊ ထိုသူသည် လောကအားလုံး၌ တစ်စုံတစ်ယောက်ကိုမျှ မညှဉ်းဆဲ သြဃလေးပါးမှ ကူးမြောက်ပြီး ဖြစ်၏၊ မကောင်းမှု ငြိမ်းအေးပြီး ဖြစ်၏၊ မိစ္ဆာဝိတက်တို့ဖြင့် မနောက်ကျု၊ အကြင် ပုဂ္ဂိုလ်အား ရာဂစသော ထူပြောမှု 'ဥဿဒ' တို့ မရှိကုန်၊ ထိုပုဂ္ဂိုလ်သည် လွန်စွာ ငြိမ်းအေးသောသူမည်၏။ 521

အကြင်ပုဂ္ဂိုလ်၏ အဇ္ဈတ္တသန္တာန်၌ လည်းကောင်း၊ ဗဟိဒ္ဓသန္တာန်၌ လည်းကောင်း လောကအားလုံးဝယ် စက္ခု စသော ဣနြေ္ဒတို့သည် ပွါးများပြီး ဖြစ်ကုန်၏၊ ဤလောကကို လည်းကောင်း၊ တမလွန် လောကကို လည်းကောင်း ထိုးထွင်း သိ၍ သေရမည့် အချိန်ကာလကို ငံ့လင့်နေ၏၊ ထိုပုဂ္ဂိုလ်သည် ပွါးများပြီးဖြစ်၍ ယဉ်ကျေးသူ မည်၏။ 522

ကပ်ကမ္ဘာ အားလုံးတို့ကို လည်းကောင်း၊ နှစ်ပါးစုံသော စုတိပဋိသန္ဓေဟူသော ကျင်လည်မှု သံသရာကို လည်းကောင်း သိမြင်တော်မူပြီး၍ ရာဂမြူကင်းလျက် အညစ်အကြေးမရှိသော အထူးသဖြင့် စင်ကြယ်သော ဇာတိကုန်ရာ နိဗ္ဗာန်သို့ ရောက်တော်မူသော ထိုပုဂ္ဂိုလ်ကို ဗုဒ္ဓဟူ၍ ဆိုကြကုန်၏။ 523

သဘိယပရိဗိုဇ်သည် မြတ်စွာဘုရား ဟောအပ်သည်ကို စိတ်တိုင်းကျလျက် ရွှင်လန်း တက်ကြွကာ နှစ်သိမ့် ဝမ်းမြောက်လေသည်။

၆ - သဘိယသုတ်- မှ၊ မဟာဝဂ်၊ သုတနိပါတ်ပါဠိတော်၊ ခုဒ္ဒကနိကာယ်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

ချမ်းသာခြင်း ဝမ်းမြောက်ခြင်းများသည် ဖြစ်၍ နေရ၏...

သုခသောမနဿသုတ်

ရဟန်းတို့ တရားခြောက်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် ယခုဘဝ၌ပင် ချမ်းသာခြင်း ဝမ်းမြောက်ခြင်းများသည် ဖြစ်၍ နေရ၏၊ ထိုရဟန်းသည် အာသဝေါ တရားတို့ ကုန်ရန် အကြောင်းကိုလည်း အားထုတ်ပြီး ဖြစ်၏။

အဘယ်ခြောက်မျိုးတို့နည်းဟူမူ-

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည်

၁... တရား၌ မွေ့လျော်၏၊
၂... ဘာဝနာ၌ မွေ့လျော်၏၊
၃... အကုသိုလ်တရားကို ပယ်စွန့်မှု၌ မွေ့လျော်၏၊
၎... ဆိတ်ငြိမ်ရာ၌ မွေ့လျော်၏၊
၅... ဆင်းရဲ မရှိရာ နိဗ္ဗာန်၌ မွေ့လျော်၏၊
၆... သံသရာ နယ်ချဲ့ ပပဉ္စ တရား မရှိရာ နိဗ္ဗာန်၌ မွေ့လျော်၏။

ရဟန်းတို့ ဤတရား ခြောက်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် ယခုဘဝ၌ပင် ချမ်းသာခြင်း ဝမ်းမြောက်ခြင်း များသည်ဖြစ်၍ နေရ၏၊ ထိုရဟန်းသည် အာသဝေါတရားတို့ ကုန်ရန် အကြောင်းကိုလည်း အားထုတ်ပြီး ဖြစ်၏ ဟု မိန့်တော်မူ၏။ 78

၎ - သုခသောမနဿသုတ်၊ အရဟတ္တဝဂ်၊ ဆက္ကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


Read more...

အတုကိုခွါ အစစ်ရှာ

ဓမ္မစာပေများ
ဣဓ၀ါ- ဤလူ့ပြည်၌လည်းကောင်း၊ ဟုရံဝါ- နဂါးပြည်၊ ဂဠုန်ပြည်၌လည်းကောင်း၊ သဂ္ဂေသုဝါ- နတ်ပြည်တို့၌လည်းကောင်း၊ ယံကိဉ်္စိ- အမှတ်မရှိသော၊ ၀ိတ္တံ- နှစ်သက်အပ်သော၊ ပဏီတံ- တောင့်တအပ်သော၊ ယံ ရတနံ- အကြင်ရတနာသည်၊ အတ်္ထိ- ရှိ၏။ တံ ရတနံ- ထိုရတနာတို့တွင်၊ တထာဂတေန- မြတ်စွာဘုရားနှင့်၊ သမံ- တူသောရတနာသည်၊ နနောအတ်္ထိ- မရှိသည်သာလျှင်တည်း၊ ဤသို့ ရတနာအစစ် ဖြစ်တော်မူသော ဘုရားရှင်ကိုယ်တော်မြတ်ကြီးအား တပည့်တော် ရိုသေစွာရှိခိုးပါ၏။

ခုတလောသတင်းတွေထဲမှာ အတုတွေအကြောင်းကို တော်တော်ကြားနေရတာနဲ့ အတုတွေအကြောင်းကို ဟိုမရောက် ဒီမရောက် ရေးချင်စိတ်တွေ ပေါ်နေခဲ့ပါတယ်။ အတုဆိုတာကို ကြားဖူးခဲ့တာကြာပါပြီ။ ငယ်ငယ်တုန်းက မေမေဟင်းချက် တာကိုကြည့်ပြီး ဘာတွေလဲမေးကြည့်တော့ အသားတုတွေဖြစ်နေတယ်။ အစားအစာဆိုတာလည်း အတုရှိနေတာပါပဲ။ အဖွားကလည်း အသားတုတွေကို သွားတုတွေနဲ့ဝါးနေပြန်ပါတယ်။ စားမကောင်းမှန်းသိပါတယ်။ ဒါပေမယ့် အဖွားမျက်နှာပေါ်မှာ ဘာကြောင့်မှန်းမသိတဲ့ အပြုံးတစ်ခုကို မြင်ခဲ့တယ်။ အပြုံးတုကြီးများဖြစ်နေရောလားလို့ ခုနေအခါတွေးကြည့်မိပါ တယ်။ ဒီလိုနဲ့ပဲ အတုတွေကြားထဲမှာ ကျွန်တော်ကြီးပြင်းခဲ့တော့ ဆယ်စုနှစ် နှစ်ခု တောင်ကျော်နေခဲ့ပါပြီ။
လူတွေအားလုံး အတုနဲ့အစစ် ဘယ်ဟာကိုကြိုက်လဲမေးရင် အစစ်ကိုပဲကြိုက်တယ် ပြောကြမှာပါ။ မဟုတ်ဘူး။ သူတို့ညာနေကြတာ။ သူတို့တွေ အတုကိုကြိုက်တာများတယ်။ ကျွန်တော်သိတယ်။ အတုရှိမှလည်း အဆင်ပြေမယ်ထင်နေကြတယ်လ။ တစ်ချို့နေရာတွေမှာတော့ အတုတွေတစ်ကယ်အသုံးဝင်ပါတယ်။ တစ်ချို့နေရာတွေမှာတော့ အတုဆိုတာ မကောင်းတာတွေပါ။ ကွန်ပျုတာမှာ မှတ်ဉာဏ်တုဆိုတာက အလွန်အသုံးဝင်ပါတယ်။ ဒါပေမယ့် အခုတစ်လောကြားနေရသလို နို့မှုန့်အတုတွေ၊ ဆေးတုတွေ၊ အပြုံးတုတွေဆိုတာကတော့ မကောင်းဘူးဆိုတဲ့အထဲမှာ သူတို့တွေပါပါတယ်။ မကောင်းတာတွေကိုမှ လုပ်တတ်တဲ့သူတွေကလည်း လူတွေအပေါ်မှာ အကြင်နာတရားမရှိတဲ့ စိတ်ထားအတုပိုင်ရှင်တွေ၊ နှလုံးသားအတု ပိုင်ရှင်တွေပဲ ဖြစ်နေမလားလို့ မရေးမရာဆက်တွေးနေလိုက်ပြန်ပါတယ်။

တစ်ခါတုန်းက ရှမ်းအဖိုးကြီးတစ်ယောက် မန္တလေးမြို့ကြီးမှာ ဈေးလာဝယ်ရင်းနဲ့ အုန်းသီးဆိုင် တစ်ဆိုင်ကို ရောက်လာတယ်။ ဒါနဲ့ သူကဆိုင်မှာရှိတဲ့ အရာကိုလက်ညိုးထိုးပြီး ဒါက ဘာကြီးလဲ၊ ဘာလုပ်လို့ရတာကြီးလဲဆိုပြီးမေးပါတော့တယ်။ တစ်ကယ်တော့ သူမေးတာက အုန်သီးကြီးပါ။ ဆိုင်ရှင်ကလည်း အုန်းသီးဖြစ်ကြောင်းနဲ့ ဒီလိုအသီးမျိုးဆိုတာက တော်ဝင်နန်းသုံး မင်းမျိုးတွေသာစားသုံးကြောင်း အစစ်ထည့်ပြောလိုက်သတဲ့။ သူလည်းဘာမသိညာမသိ ဒီအသီးကြီးကို ၀ယ်သွားပြီး အိမ်ရောက်တော့ ခွဲစားလိုက်ပါတယ်။ နောက်တစ်ကြိမ် ဈေးကိုသူလာတဲ့အခါမှာတော့ အုန်းသီးဝယ်ခဲ့တဲ့ဆိုင်ကိုသွားပြီး မင်းတို့အသီးကလည်းကွာ မင်းသုံးဆောင်တဲ့ဟာမိုလို့သာ ၀ယ်စားရတယ်။ အရသာကတော့ ဖန်းတွတွပဲ လို့ဆိုလိုက်ပါတယ်။

ဟုတ်တယ်လေ။ သူစားပုံကလည်း သာမာန်အသီးတွေစားသလိုပဲ အစေ့ကိုလွှင့်ပစ်ပြီး အခွံကိုစားလိုက်တာကိုး။ အုန်းသီးမှာက အခွံကိုလွှင့်ပစ်ပြီး အစေ့ကိုခွဲစားရတာ ရှမ်းကြီးမသိလိုက်ဘူး။ ဒါကြောင့် သူဖန်တွတွကြီးလို့ ပြောလိုက်တာပါ။ ခုလည်းဒီလိုပဲ လူတွေအများစုက အနောက်တိုင်းကို အတုခိုးကြပါတယ်တဲ့။ သူတို့လုပ်နေပုံက သူတို့ဘယ်လိုဝတ်တယ်။ သူတို့တီးသလို လိုက်တီးတယ်။ သူတို့ဆိုသလို လိုက်ဆိုတယ်။ ဒီလိုလုပ်ရတာ ခေတ်မီတယ်၊ ခေတ်ဆန်တယ် ထင်နေကြတယ်။ သူတို့ ဘာတွေစားတယ်။ သူတို့ဘယ်လိုနားတယ်ဆိုတာတွေကို လိုက်ပြီးအတုယူနေကြတယ်။

တို့တွေအတုမယူတာ၊ လိုက်မလုပ်တာတွေက သူတို့တတ်တဲ့ပညာတွေ၊ နည်းပညာတွေ၊ သုတေသနလုပ်ပုံတွေ၊ ကြိုးစား ပုံတွေ၊ နောက်ဆုံးယာဉ်စည်းကမ်းလိုက်နာတာ၊ လမ်းဘေးအမှိုက်ချတာကအစ သူတို့တွေဆီက သပ်သပ်ရပ်ရပ်နဲ့ စည်းကမ်းရှိတယ်။ လိုက်ပြီးအတုခိုးသင့်တာတွေကျတော့ ခုနက နုံလိုက်အလိုက်တဲ့ ရှမ်းအဖိုးကြီးလိုပဲ အနှစ်ကို လွှင့်ပစ်ပြီး အကာတွေကို ယူနေကြတော့လည်း တို့တွေ မြင်နေ၊ ကြားနေရသမျှတွေက ဖန်းတွတွတွေဖြစ်နေတာ မဆန်းတော့သလိုပဲ။
အစစ်မဟုတ်သေးရင် အတုလိုက်ရင်းနဲ့ တူပြီး အစစ်ဖြစ်သွားတယ်။ ကောင်းတာကို အတုလိုက်ရင် ကောင်းတာဖြစ်မယ်။ ဒါကိုနားလည်ရင် မကောင်းတာကို အတုမလိုက်နဲ့။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

တစ်ခုသော နံနက်ခင်းလေးမှာ ဒုန်းစိုင်းပြေးလာတဲ့ မြင်းတစ်ကောင်နဲ့ မရပ်မနားသွားနေတဲ့ ပက်ကျိတစ်ကောင်တို့ လမ်းမှာ အမှတ်မထင် ဆုံခဲ့ကြပါတယ်။ အပြေးသန်လှတဲ့ မြင်းကမာနကြီးတစ်ခွဲသားနဲ့ ဟေ့ ပက်ကျိ၊ ငါလိုအပြေးသန်တဲ့သူပြေးတဲ့ လမ်းမှာ မင်းဘာလာရှုပ်တာလဲပေါ့။ ရန်လိုတဲ့စကားနဲ့ စလိုက်တယ်။ ပက်ကျိကလည်း အားကျမခံ မင်းဘယ်လောက်များ အပြေးသန်နေလို့လဲ။ ငါလိုပက်ကျိနဲပရော အပြေးပြိုင်ဝံ့လို့လားလို့ မကြောက်မရွံ့စိန်ခေါ်လိုက်ပါတယ်။ မြင်းကလည်း ဒီလိုမလောက်လေး မလောက်စားက စိန်ခေါ်ရမလားဆိုပြီး လောင်းကြေးအနေနဲ့ အသက်ချင်းထပ်လိုက်မယ်ပေါ့။ ရှုံးတဲ့သူရဲ့ အသားကိုစားကြေးပေါ့။ ဒီလိုနဲ့ သူတို့ချိန်းမဲ့နေကို အတိအကျသတ်မှတ်လိုက်ကြပါတယ်။

ပြိုင်ပွဲမှာစည်းကမ်းအနေနဲ့က တစ်ဦးကတစ်ဦးကို ကျော်နိုင်မှနိုင်တယ်လို့ပြောရမှာပါ။ အဲ့ဒိနောက် သူတို့ပြိုင်ပွဲကို စတင်ပါတော့တယ်။ မြင်ကတစ်ဖာလုံလောက်ပြေးပြီးတိုင်း ပက်ကျိရေလို့ ခေါ်ခေါ်ကြည့်တယ်။ ခေါ်ကြည့်တိုင်းလည်း ပက်ကျိက ငါပြေးနေတုန်းဟေ့လို့ ပြန်ပြန်ပြောသတဲ့။ တစ်ကယ်တော့ ပက်ကျိက အပြေးမပြိုင်ခင်ကတည်းက သူ့အပေါင်းဖော်တွေကို သူခေါ်ပြီးတော့ ကြိုတင်မှားထားသတဲ့။ တစ်ဖာလုံရောက်တိုင်း မြင်းကအော်ခေါ်တဲ့အခါ မင်းတို့က ပြေးနေတုန်းပဲလို့ပြော ဆိုတာကို တိုင်ပင်ထားကြတာပါ။ ဒါကို ဘာမှမသိတဲ့ မြင်းခမျာမှာ အော် ပက်ကျိက တော်တော်အပြေးသန်တဲ့ ကောင်ပဲလို့ သူထင်နေခဲ့တယ်လေ။ ဒီလောက်တောင် နုံရ၊ အရ သလားလို့ စိတ်ထဲကအပြစ်တင်နေမိပါတယ်။ တစ်ဖာလုံရောက်တိုင်း အော်ခေါ်လိုက်၊ ပက်ကျိက ထူးလိုက်နဲ့ မြင်းကြီးမှာ ပက်ကျိကိုကျော်အောင်ပြေးရင်ပဲ လမ်းခုလပ်မှာ အမောဆို့ပြီး သေပွဲဝင် ခဲ့ရှာပါတယ်။

ဒီပုံပြင်လေးကို ဖတ်ပြီး အတုတွေကို အစစ်ထင်ပြီး ဖက်တွယ်နေမိတဲ့ ကိုယ့်အဖြစ်နဲ့ နှိုင်းယှဉ်နေမိတယ်။ တစ်ကယ်တော့ ကျွန်တော်တို့ ခန္ဓာကိုယ်က ကလာပ်စည်းတွေဟာ မရပ်မနားကို ပျက်စီးနေတာပါ။ ဆဲလ်ဟောင်းတွေပျက်နေသလို ဆဲလ်သစ်တွေဟာလည်း ဖြစ်နေတာပါပဲ။ အဲ့ဒီဖြစ်နေပျက်နေတဲ့ အစဉ်(သန္တတိ)ကို တစ်ကယ်ရှိနေတည်နေတဲ့ အစုအဝေးခန္ဓာ ကိုယ်လို့ ကျွန်တော်တို့ကထင်တယ်။ ငါပဲ၊ ငါ့ခန္ဓာပဲလို့ထင်တယ်။ ကလာပ်စည်းတွေရဲ့ဖြစ်ပျက်နှုန်းဟာ မြန်လွန်းတဲ့အတွက် သာမာန်အမြင်နဲ့ မမြင်နိုင်ဘူး။ စောစောက ကလာပ်စည်းဆဲလ်တွေဟာ ခုကလာပ်စည်းဆဲလ်တွေ မဟုတ်တော့ဘူးဆိုတာကို မမြင်နိုင်ခဲ့ဘူး။ ခုနကခန္ဓာကိုယ်ဟာ၊ ခုခန္ဓာကိုယ်မဟုတ်ဘူးဆိုတာကို မသိခဲ့ဘူး။ သူပဲ၊ ငါပဲ၊ ယောက်ျား၊ မိန်းမပဲ စသဖြင့် ထင်နေကြတယ်။

ဟုတ်တယ်။ ခုနကမြင်းလိုပဲ တစ်ဖာလုံရောက်တိုင်း၊ ရောက်တိုင်း သူအော်ခေါ်လိုက်တဲ့အခါ ထူးလိုက်တဲ့ ပက်ကျိဟာ ကျန်ခဲ့တဲ့ တစ်ဖာလုံးက ပက်ကျိမဟုတ်ဘူးဆိုတာကို သူမသိခဲ့ဘူး။ နောင်တစ်ဖာလုံက ပက်ကျိဟာ အယောင်ဆောင် ပက်ကျိ၊ ပက်ကျိအတုဆိုတာကို သူမသိဘူး။ အရင်တုန်းကတော့ ဒါကိုကျွန်တော် အပြစ်တင်ခဲ့မိပါသေးတယ်။ ဒီလောက်တောင် နုံရ၊ အရ သလားပေါ့။ ခုတော့ အပြစ်မတင်ရက်တော့ပါဘူး။ ဘာကြောင့်လည်းဆိုတော့ ကျွန်တော်ကိုယ်တိုင်က အ.ရုံမက၊ မိုက်မဲနေတာတွေကြောင့်ပါပဲ။ ငါဟာ ငါမဟုတ်ပါလား။ ငါဆိုတာ မရှိပါလားဆိုတာကို ခုအထိမသိသေးပါဘူး။ ငါ ပြီးရင်း ငါ ရင်းက ငါစွဲတန်းလန်းနဲ့ သံသရာမှာ ပြေးနေရဦးမဲ့ အဖြစ်နဲ့၊ ပြေးရင်နဲ့ အမောဆို့သေရတဲ့ မြင်းရဲ့အဖြစ်တွေကို ချိန်ထိုးကြည့်နေမိပါတယ်။

လောကမှာ အတုဆိုတာလည်း ရှိပါတယ်။ အစစ်ဆိုတာလည်း ရှိပါတယ်။ အတုတွေ၊ အစစ်တွေခဏထားလို့ အတုဆိုတာ ကို အတုမှန်းသိဖို့ အရေးကြီးသလို၊ အစစ်ဆိုတာကိုလည်း အစစ်မှန်းသိဖို့ အရေးကြီးပါတယ်။ အတုနဲ့ အစစ်ကို ခွဲခြားတတ်ဖို့ ကလည်းအရေးကြီးပါတယ်။ ကိုယ်စိတ်ကထင်ချင်တာထင်ပြီး အတုကို အစစ်ထင်၊ အစစ်ကို အတုထင်နေတတ် တာကိုလည်းသတိပြု သင့်တယ်။

ပြောရင်းဆိုရင်း ကျွန်တော်နားထဲမှာ အတုယူကြပါ၊ အတုယူကြပါလို့ အမြဲပြောတဲ့ အလယ် တန်းတုန်းက သင်္ချာဆရာကြီးရဲ့ အသံကို ရုတ်တရက်ကြားလိုက်သလိုပဲ။

အားလုံးသော သတ္တ၀ါတွေ ဘေးကင်းရန်ကွာ၍ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာရှိကြပါစေ။

ဆရာကြီးနန္ဒာသိန်းဇံ၏ ဆောင်းပါများကို မှီငြမ်းပါသည်။


Read more...

U.S.A မှမေးခွန်းလွာ

0 အကြံပြုပါသည်။

ရိုသေစွာဖြင့်စာရေးလျှောက်ထားအပ်ပါသည်ဘုရား၊ဆရာတော်ကိုတပည့်တော်ဖူးခွင့်ရလိုက်တာကဓမ္မမေတ္တာဘလော့မှာပါအရှင်ဘုရားဟောခဲ့သောတရားကိုတပည့်တော်ဖတ်ပြီးနှစ်သတ်ခဲ့မိပါတယ်၊အတိုင်းအထက်လွန်လည်း ကြည်ညိုခဲ့မိပါတယ်။ဆက်သွယ်ရမည့် လိပ်စာလေးကိုတွေ့တော့တပည့်တော်ရင်ထဲမှာ...




Read more...

ငါ၏ ရှေ့လည်း ကျင်ကြီးပုံကြီးသည် ရှိ၏ဟု......




မီဠှကသုတ်-- (မီဠှ= ကျင်ကြီး၊ မစင်)
သာဝတ္ထိနိဒါန်း။ ။ရဟန်းတို့ လာဘ်ပူဇော်သကာ အကျော်အစောသည် ခက်ထန်၏။ပ။ရခြင်း၏ အန္တရာယ်ကို ပြုတတ်၏၊ ရဟန်းတို့ ဥပမာသော်ကား ကျင်ကြီးကို စားသော မစင်ပိုးသည် ကျင်ကြီးဖြင့် ပြည့်နှက်၏၊ ထိုပိုး၏ ရှေ့မှာလည်း ကျင်ကြီးပုံကြီးသည် ရှိ၏၊ ထိုကျင်ကြီးစားသော မစင်ပိုးသည် ထိုကျင်ကြီးဖြင့် တစ်ပါးသော မစင်ပိုးတို့ကို ''ငါသည် ကျင်ကြီးကို စား၏၊ ကျင်ကြီးဖြင့် ပြည့်နှက်၏၊ ငါ၏ ရှေ့မှာလည်း ကျင်ကြီးပုံကြီးသည် ရှိ၏'' ဟု မထီမဲ့မြင်ပြုရာ၏၊

ရဟန်းတို့ ဤအတူသာလျှင် ဤသာသနာတော်၌ အချို့သော ရဟန်းသည် လာဘ်ပူဇော်သကာ အကျော်အစော နှိပ်စက်အပ်သည် သိမ်းကျုံးယူငင်အပ်သော စိတ်ရှိသည်ဖြစ်၍ နံနက်အခါ၌ ကောင်းစွာ ဝတ်ရုံလျက် သပိတ်သင်္ကန်းကို ဆောင်ယူပြီးလျှင် ရွာသို့ဖြစ်စေ၊ နိဂုံးသြို့ဖစ်စေ ဆွမ်းအလို့ငှါ ဝင်၏၊ ထို ရဟန်းသည် ထိုရွာ၌ အလိုရှိတိုင်း ဆွမ်းစားပြီးသည်လည်း ဖြစ်၏၊ နက်ဖြန် စားရန်အလို့ငှါ ဖိတ်ထားသော ဆွမ်းသည်လည်း ရှိ၏၊ ထိုရဟန်းအား သပိတ်ပြည့်သော ဆွမ်းလည်း ရှိ၏၊

ကျောင်းအရံသို့သွား၍ ရဟန်းအပေါင်းအလယ်၌ ကြုံးဝါး၏-

''ငါသည် ဆွမ်းကို အလိုရှိတိုင်း စားပြီးပြီ၊ နက်ဖြန် စားရန်အလို့ငှါ ဖိတ်ထားသော ဆွမ်းလည်း ရှိသေး၏၊ ငါ့အား သပိတ်ပြည့်သော ဆွမ်းလည်း ရှိ၏၊ သင်္ကန်း ဆွမ်း ကျောင်း အိပ်ရာ နေရာ သူနာတို့၏ အထောက်အပံ့ ဆေး အသုံးအဆောင် တို့ကိုလည်း ရ၏၊ တစ်ပါးကုန်သော ဤရဟန်းတို့သည်ကား နည်းသော ဘုန်းကံရှိကုန်၏၊ နည်းသော တန်ခိုးရှိကုန်၏၊ သင်္ကန်း ဆွမ်း ကျောင်း အိပ်ရာ နေရာ သူနာတို့၏ အထောက်အပံ့ ဆေး အသုံးအဆောင်တို့ကိုလည်း မရကုန်'' ဟု ကြုံးဝါး၏၊ ထိုရဟန်းသည် လာဘ်ပူဇော်သကာ အကျော်အစောဖြင့် နှိပ်စက်အပ်သည် သိမ်းကျုံးယူငင်အပ်သော စိတ်ရှိသည်ဖြစ်၍ သီလရှိကုန်သော အခြားရဟန်းတို့ကို မထီမဲ့မြင် ပြု၏။

ရဟန်းတို့ ထိုသို့မှတ်ထင်ခြင်းသည် ထိုမဂ်ဖိုလ်မှ အချည်းနှီးဖြစ်သော ယောက်ျားအား ရှည်စွာသော နေ့ညဥ့်တို့ ပတ်လုံး အစီးအပွား မရှိခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်၏။ ရဟန်းတို့ ဤသို့လျှင် လာဘ်ပူဇော် သကာ အကျော်အစောသည် ခက်ထန်၏။ပ။

ရဟန်းတို့ ဤသို့လျှင် သင်တို့ ကျင့်ရမည် ဟု ဟောတော်မူ၏။ 161

၅ - မီဠှကသုတ်၊ ပဌမဝဂ်၊ နိဒါနဝဂ္ဂသံယုတ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


Read more...

အထွေထွေအမှတ်နှင့် မပြတ်မလပ်ရှုမှတ်ခြင်းအကျိုး


ahtwaihtwai - 003


Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP