* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Thursday, September 17, 2009

ယနေ့လူသားများရဲ့ နက်ဖန်ကမ္ဘာ အခန်း ၀၃




ဒီအခန်း ၃-မှာ ကမ္ဘာ့ကြောက်မက်ဖွယ် ရောဂါဆိုးစသည်တွေ ဘာကြောင့်ဖြစ်လာတယ်ဆိုတာ ဆရာတော်က ဘုရားရှင်မိန့်ကြားခဲ့တဲ့ ပါဠိတော်များအတိုင်း ရှင်းပြထားပါတယ်။
ဟော-တစ်သောင်းတမ်းကနေပြီးတော့ငါးထောင်တမ်းအထိ ကျသွားတယ်။ အဲဒီငါးထောင်တမ်းအထိအောင် ကျသွားတဲ့အခါကျတော့ ဘာတွေဆက်ပေါ်-နေတုန်းဆိုလို့ရှိရင် အဘိဇ္ဈာတဲ့၊ ဗျာပါဒ၊ ဖရုသ၀ါစာ၊ သမ္ဖပ္ပလာပတဲ့၊ လူတွေဟာ ငါးထောင်တမ်းရောက်တဲ့ အခါကျတော့ လူတွေဟာ ဆဲတတ်လာတယ်၊ အရင်တုန်းက မဆဲတတ်ဘူး၊ ယုတ်ယုတ်မာမာတွေ မပြောတတ်ဘူး၊ လူတွေက စကားပြောလို့ရှိရင် ယုတ်ယုတ်မာမာတွေ ဆဲတာဆိုတာတွေ မလုပ်ဘူး၊ ဘုန်းကြီးတို့ငယ်ငယ်တုန်းကတော့ တစ်ချို့အိမ်တွေမှာ ဆဲတာဆိုတာ သိပ်မကြားရဘူး၊ မိဘတွေက ဆုံးမထားတယ်၊ မဆဲရဘူး၊ စကားမများရဘူး၊ ယဉ်ယဉ်ကျေးပြောတယ်၊ ကျယ်ကျယ်တောင် မပြောရဘူး၊ တချို့မိဘတွေက။ တစ်ချို့အိမ်ကျတော့ နင်ပဲငါပဲ ဆဲနေကြတာ မကြားဝံ့မနာသာ၊ ဘုန်းကြီးတို့ ငယ်ငယ်တုန်းကကို မဆဲတဲ့အိမ်တွေ ရှိတယ်။ ဆဲတယ်ဆိုတာ မရှိဘူး။ ပြောတယ်ဆိုရင် ယဉ်ယဉ်ကျေးကျေးပြောတယ်။ တစ်ချို့အိမ်ကြတော့ သားသမီးမိဘ ဆဲနေကြတာပဲ။ အမေအဖေကလည်း သားသမီးဆဲတာပဲ၊ သားသမီးကလည်း အမေအဖေပြန်ဆဲတာပဲ။ လူတွေဟာ အနှစ်တစ်သောင်း တမ်းကနေ ငါးထောင်-တမ်းရောက်တဲ့အခါကြတော့ ဖရုသ၀ါစာ-လို့ဆိုတဲ့ လူတစ်ယောက် မခံနိုင်-လောက်အောင် ကြမ်းတမ်းတဲ့ ရိုင်းပြတဲ့စကားမျိုးတွေ ပြောတတ်လာတယ်၊ ဆဲတတ်လာတယ်။ ဆဲယုံတင်မကဘူး၊ သမ္ဖပ္ပလာပ- မဟုတ်တမ်း လျောက်ပြောတာတွေလည်း ပေါ်လာတယ်၊ အဲဒီလိုပေါ်လာတဲ့ အတွက်ကြောင့် ဒီဒုစရိုတ် ပြစ်မှုကြောင့် ရာသီဥတုတွေ changes-ဖြစ်တယ်။ Changes-ဖြစ်သွားတော့ အာဟာရတွေ အဆီသြဇာတွေ ယုတ်လျော့သွားတယ်။ ယုတ်လျော့သွားတော့ လူ့ရဲ့အသက်တမ်းဟာ အနှစ်ငါးထောင်တမ်းကနေ ထက်ဝဂ် ကျိုးပြီး ကျသွားတယ်။ နှစ်ထောင့်ငါးရာ သို့မဟုတ် နှစ်ထောင်တမ်း အထိကျသွားတယ်။
အဲဒီနှစ်ထောင်တမ်းရောက်တော့ ဘာတွေဖြစ်လာတုန်းဆိုရင် အဘိဇ္ဈာ-လူတွေဟာ သူများပစ္စည်းကို ကိုယ့်ပစ္စည်းလုပ်ချင်တဲ့ စိတ်တွေ ပေါ်လာတယ်။ သူများရှိတာကိုမှ ကိုယ့်ဟာလုပ်ချင်တာ။ သူများပစ္စည်း ငါ့ပစ္စည်းဖြစ်ရင် ကောင်းမှာဘဲလို့ ဆိုပြီး သူများပစ္စည်းကို ခုနအဒိန္နာဒါနခိုးမှုဆိုတာ တစ်မျိုး၊ သူများပိုင်တာကို ကိုယ်ပိုင်လုပ်ချင်တာက တစ်မျိုး။ အဘိဇ္ဈာ-လို့ခေါ်တယ်။ သူများပစ္စည်းကို မျက်စိကျလာတယ်၊ သရေ ကျလာတဲ့စိတ်တွေဟာ ပွားများ လာတယ်၊ အဲဒါအဘိဇ္ဈာ-လို့ခေါ်တယ်။ ဗျာပါဒ-တစ်ယောက်နဲ့ တစ်ယောက် မုန်းတီးမှုတွေ များလာတယ်။ ဟော-အဲဒီ ဒုစရိုတ်တွေ ၀င်လာတဲ့အခါ မျိုးဆက်သစ်တွေရဲ့ အသက်တမ်းဟာ ထပ်မံပြီးတော့ ကျသွားတာ။ ဘယ်ထိအောင် ရောက်သွားတာတုန်းဆိုရင် နှစ်ထောင် (သို့မဟုတ်) နှစ်ထောင့် ငါးရာကနေပြီးတော့ တစ်ထောင်တမ်းအထိအောင် ကျသွားတယ်။ လူ့ အသက်ဟာ ကျလာတာ။ ရှစ်သောင်းတမ်းကနေ တဖြေးဖြေးနဲ့ကျလာတာ အခုနက Side-effect-တွေ ၀င်လာပြီးတော့ ကျသွားတယ်။ ဒုစရိုတ်တွေကလည်း မရပ်ဘူး၊ တစ်ထောင်တမ်းရောက်သွားတယ်။
ကဲဘာဒုစရိုတ်တွေ ဖြစ်လဲ? ပြန်ပြီးတော့ ကြည့်ရအောင်၊ နံပါတ်တစ် ကျူးလွန်တာက အဒိန္နာဒါန၊ အဒိန္နာဒါနဘာ့ကြောင့် ကျူးလွန်တာတုန်း? တိုင်းပြည်အုပ်ချုပ်တဲ့ ဘုရင်ကနေပြီးတော့ ထောက်ပံ့မှု မပေးလို့။ မွဲလာတယ်၊ မွဲလို့ အဒိန္နာဒါနဖြစ်လာတယ်။ အဲဒီကစ ဒုစရိုတ်စတာ၊ နောက် ပါဏာတိပါတဖြစ်လာတယ်၊ နော်ပြီးတော့ ဘာဖြစ်လာလဲ? မုသာဝါဒ ဖြစ်လာတယ်၊ နောက် ပိသုဏ၀ါစာ။ နောက်ပြီးတော့ ဘာဖြစ်လာတုန်း? ကာမေသုမိစ္ဆာစာရ ဖြစ်လာတယ်။ နောကပြီးတော့ ဖရုသ၀ါစာ သမ္ဖပ္ပလာပ ဖြစ်လာတယ်။ နောက် အဘိဇ္ဈာနဲ့ ဗျာပါဒဖြစ်လာတယ်။ ဟော- ကြည့် ဒုစရိုတ်ဟာ ကိုးခုဖြစ်သွားတယ်။ ဒုစရိုတ်ဆယ်ပါး၊ အကုသလကမ္မပထ တရားဆယ်ပါးရှိရာမှာ အခု ကိုးခုဖြစ်သွားပြီ။
အဲဒီနောက် လူတွေရဲ့ သက်တမ်းတစ်ထောင်ဖြစ်လာတဲ့အခါကျတော့ ဘာပေါ်လာတုန်း ဆိုရင် ဖီလိုဆိုဖီ(Philosophy)ဆိုပြီးတော့ လူတွေဟာ (wrong-view)လို့ဆိုတဲ့ မိစ္ဆာဒိဋ္ဌိတွေ ပေါ်လာတယ်။ အတွေးအခေါ်သမားတွေက သူ့တိုကိုယ်သူတို့ Thinker, တို့-Philosopher-လို့ဆိုပြီးတော့ အတွေးအခေါ်တွေ ထော်လော်ကန့်လန့်အတွေ လျှောက်တွေးလာတယ်။ မိစ္ဆာအယူဝါဒတွေ ပေါ်လာတယ်။ ဟို ကံ+ကံ၏ အကျိုးဆိုတာ မရှိပါဘူးတို့၊ လူတွေသေသွားရင် တမလွန်ဘ၀ဆိုတာ မရှိပါဘူးတို့, အကုသိုလ်ဆိုတာ လုပ်လို့မရပါဘူးလို့ ဒီလိုစတဲ့ အမြင်မျိုးတွေ မိစ္ဆာဝါဒတွေထပ်ပေါ်လာပြန်တယ်။ အဲဒါတွေကို မိစ္ဆာဒိဋ္ဌိလို့ ခေါ်တယ် (Wrong-view)ပေါ့။
အဲဒီ-View-တွေဟာ အခုခေတ်လည်း ကြည့်လေ၊ ဖီလိုဆိုဖီဆိုပြီးတော့ ခေါ်နေတာပဲလေ။ သူ့ဒဿန၊ ငါ့ဒဿနဆိုပြီးတော့ ဒဿနဆိုတဲ့ နာမည်လေးတွေ၊ ဖီလိုဆိုဖီဆိုတဲ့ နာမည်တွေ သုန်းပြီးတော့-view-အမျိုးမျိုး အတွေးအခေါ်အမျိုးမျိုးတွေ ပေါ်နေတာပဲ။ အဲဒီခေတ်ကနေ စပြီးတော့ မှန်ကန်တဲ့အတွေးတွေကနေ လမ်းကြောင်းပြောင်းလာတယ်၊ မိစ္ဆာအယူဝါဒဟာ လူတွေရဲ့ အနှစ်တစ်သောင်းတမ်းမှာ ပေါ်လာတယ်။ ပေါ်လာတဲ့အခါကျတော့ အဲဒါကို အကြောင်းပြုပြီးတော့ ဒုစရိုတ်ဆယ်ပါးပြည့်သွားတယ်။ မနောဒုစရိုတ်၊ အဲဒီဒုစရိုတ် ဆယ်ပါးပြည့်သွားတဲ့အခါ လူ့ရဲ့အသက်တမ်းဟာ အနှစ်ငါး ထောင်တမ်းကနေ ဘယ်ထိအောင် ရောက်သွားတုန်းဆိုရင်၊ တစ်ထောင်ကနေ ဘယ်ထိကျသွားတုန်း? ထက်ဝဂ်ချိုးလိုက်တော့ ငါးရာတမ်း၊ လူ့ရဲ့ အသက်ဟာ ငါးရာရောက်သွားပြီးနော်။ မရပ်သေးဘူး၊ ဒုစရိုတ်တွေ ကုန်သွားပြီ၊ တစ် ထောင်တမ်း ရောက်တာနဲ့ တစ်ပြိုင်နက် ဒုစရိုတ်ဆယ်ပါးဆိုတာ ကုန်သွားပြီ။ ဒုစရိုတ်ဆယ်ပါးဆိုတာ သိတယ်နော်၊ ကာယဒုစရိုတ်သုံးပါးက - ပါဏာတိပါတ၊ အဒိန္နာဒါန၊ ကာမေသုမိစ္ဆာစာရ။ ၀စီဒုစရိုတ် လေးပါက - မုသာဝါဒ၊ ပိသုဏ၀ါစာ၊ ဖရုသ၀ါစာ၊ သမ္ဖပ္ပလာပ၊ မနောဒုစရိုတ် သုံးပါးက အဘိဇ္ဈာ၊ ဗျာပါဒ၊ မိစ္ဆာဒိဋ္ဌိ။ စုံသွားပြီ၊ တစ်ထောင်တမ်းအထိ အကုန်လုံး ဒုစရိုတ်တွေ ကုန်သွားပြီ။ ဘယ်မှ မကျန်တော့ဘူး၊ လူ့လောကကြီးဟာ အကျင့်တွေလုံးဝ ပျက်သွားပြီ။
Morality-ဆိုတာ တခါတည်းကို ရစရာမရှိအောင် လူ့လောကကြီးဟာ ရွှေခေတ်ကြီးကို ဖျက်ဆီးပြစ်လိုက်တာ၊ လူတွေရဲ့ အကျင့်ကနေ ဖျက်ဆီး ပြစ်တာနော်။ ငြိမ်းချမ်းတဲ့ ခေတ်ကြီးတစ်ခေတ်လုံးကို ကုန်ဆုံးသွာပြီိ။ အသက်တမ်းတွေကလည်း လျော့ကျလိုက်တာ အနှစ်ငါးရာတမ်းရောက်သွားပြီ။ ကဲ ဒါဖြင့် အနှစ်ငါးရာတမ်းရောက်လို့ လူတွေဟာ လိမ္မာလာလားလို့ဆိုရင် ဒုစရိုတ်တွေ ကုန်တဲ့နောက်မှာ ဘာများ ဒုစရိုတ်များရှိသေးလဲလို့ဆိုရင်၊ ဒုစရိုတ်တွေ ရှိသေးလားလို့ဆိုရင်…sexes-နဲ့ပတ်သက်လို့ တရားသုံးပါး ထွန်းကားလာတယ်။ ဘာများတုန်းဆိုရင်- အဓမ္မရာဂ၊ ၀ိသမဓမ္မ၊ မိစ္ဆာဓမ္မ။ ဒီတရားသုံးမျိုး၊ ဒါပါဠိလိုပြောတာ၊
မြန်မာလိုပြောရင် - အဓမ္မရာဂဆိုတာ သဘာဝကိုဆန့်ကျင်တဲ့ တဏှာ၊ ရာဂစိတ်တွေပေါ်လာတယ်။ စာပေက အဲဒါဘာပြောထားတုန်းဆိုရင် - မဖြစ်သင့် မဖြစ်ထိုက်တဲ့ ဒီ-Sex-နဲ့ ပတ်သက်တဲ့စိတ်ဓာတ်တွေဟာ အမေနဲ့ သားဖြစ်တယ်၊ သမီးနဲ့ အဖေဖြစ်တယ်၊ မောင်နှမ အချင်းချင်းဖြစ်တယ်။ ဟော ဒါမျိုးတွေ ဖြစ်လာတယ်။ အဲဒါကို အဓမ္မရာဂ-လို့ခေါ်တယ်၊ ကနေ့ခေတ်ကော မရှိဘူးလား? အဲဒါမျိုးက အမေနဲ့သားပြန်ဖြစ်တာတို့၊ သမီးနဲ့အဖေ ပြန်ဖြစ်တာတို့၊ မောင်နှမ အချင်းချင်း ဖြစ်တာတို့၊ အဲဒါတွေကို အဓမ္မရာဂ-လို့ခေါ်တယ်၊ လူ့ရဲ့စိတ်ထဲမှာ ဆွေမျိုး မရွေးတော့ဘူး, ဖြစ်လာတယ်၊ ဘာပြောတုန်းဆိုရင် အမျိုးချင်းထပ်ရင် မြတ်တယ်ဆိုပြီးတော့ လုပ်လာတယ်၊ ဟော-အဲဒါတွေ ပေါ်လာတယ် အနှစ်ငါးရာတမ်းမှာ။ Sex-နဲ့ပတ်သက်လို့၊ အဲဒါကို အဓမ္မရာဂလို့ခေါ်တယ်။ မဖြစ်သင့် မဖြစ်ထိုက်တဲ့ တဏှာစိတ်တွေ။ ၀ိမလောဘဆိုတာ ဘာကို ပြောတာတုန်းလို့ဆိုရင် ဇနီးမောင်နှံ အချင်းချင်းပင် ပိုပြီးတော့ ဆိုးဝါးလာတယ်၊ ဒီစိတ်တွေ ပိုပြင်းထန်လာတယ်။ ဒါကို ၀ိသမလောဘလို့ခေါ်တယ်၊ မိစ္ဆာဓမ္မလို့ဆိုတာ ဘာတုန်းလို့ဆိုရင်- အခုပြောနေကြတဲ့ homosexuality- ပြောရမယ်၊ စာထဲမှာ ဒီအတိုင်းပဲ ဖွင့်ထားတာနော်။
ဘုန်းကြီးနယ်သာလန်သွားတုန်းက အဲဒီနယ်သာလန် -Gay-အုပ်စုတစ်ခု-ကနေပြီးတော့ interview-လုပ်တာ gay-က၊ အဲဒီနယ်သာလန်Gay-က တရား ၀င်ခွင့်ပြုထားတာ။ Gay-တွေအချင်းချင်းအိမ်ထောင်ပြုလို့ရတယ်၊ နယ်သာ လန်မှာ ဥပဒေနဲ့ကို ခွင့်ပြုထားတာ၊ တခြားနိုင်ငံတွေက ခွင့်မပြုဘူး၊ နယ်သာလန်နိုင်ငံက ဥပဒေနဲ့ကို ခွင့်ပြုထားတာ၊ အဲဒီမှာ Gay-အုပ်စုတစ်ခုနေ အဘိဓမ္မာသင်တန်းလာတတ်ရင်းကနေ သူတို့ Interview-လုပ်တယ်၊ သူတို့ပြောချင်တာက ဘာတုန်းလို့ဆိုရင် သူတို့ homosexuality-တင် မဟုတ်ဘူး၊ Sex-ဟာ အတူတူပဲပေါ့၊ တဏှာစိတ်ပေါ့၊ ဘာပဲဖြစ်ဖြစ် သူတို့ဟာလည်း တရားတယ်ဆိုတဲ့ အဓိပ္ပါယ်မျိုးကို သူတို့ရောက်စေချင်တာ။
ဘုန်းကြီးက အဲဒါတွေကို ဘာပြောတုန်းဆိုရင် မင်းတို့ဟာ ဒို့စာပေ-တွေထဲမှာ လူတွေဟာ အနှစ်ငါးရာတမ်း ကတည်းက ပေါ်တာ၊ အခုမှပေါ်တာ မဟုတ်ဘူး၊ ဒါကို မိစ္ဆာဓမ္မ-wrong-practise-လို့ခေါ်တယ်။ Wrong-practise, မင်းတို့ဟာ Normal-မဟုတ်ဘူး၊ Unnormal-ဖြစ်နေတာ၊ ကျား ကျားချင်း၊ မ မချင်းဆိုတာ ဒါ-homosexuality၊ ဒါ-wrong-practise-ပဲ။ သဘာဝမဟုတ်ဘူး၊ မင်းတို့ သဘာဝကို ဆန့်ကျင်ပြီးတော့ wrong-practise-ဆိုပြီး မှားမှားယွင်းယွင်း ပြုကျင့်တာပဲ၊ ဘယ်လိုပဲပြောပြော desire-တော့-desire-ပဲ၊ သို့သော် မင်းတို့ဟာ wrong-practise-ပိုဆိုးတယ်လို့ ပြောပြီး နောက်ဆုံး နိဂုံးချုပ်လိုက်ရတယ်။ အဲဒါသူတို့က သူတို့-website-ထဲမှာကို ထည့်ထားတယ်၊ ဘယ် website- ထဲမှာတော့ မသိဘူး၊ အဲဒီ website-ထည့်ထားတာ ရှိလိမ့်မယ်။ အဲဒီလို-gay ပါတီတစ်ခုကနေပြီးတော့ Interview-လုပ်တာ။
အဲဒီမှာ လူ့အသက်တမ်း ငါးရာမှာ မိစ္ဆာဓမ္မလို့ဆိုတဲ့ homosexuality-တွေ ပေါ်လာတယ်။ ကျား ကျားချင်း၊ မ မချင်းဆိုတဲ့ ပြဿနာတွေ၊ sex-နဲ့ပတ်သက်တဲ့ အင်မတန်ဆိုးဝါးတဲ့ လူတွေရဲ့ စိတ်ဓာတ်တွေဟာ အဲဒီလိုထိအောင် ပေါ်လာတယ်။ အဲဒါကြည့်၊ လူတွေရဲ့ သက်တမ်းတစ်လျောက်မှာ ဒုစရိုတ် ဆယ်ပါးလုံး ပေါ်လာပြီးနောက်မှာ ဒ-ီsex-နဲ့ပတ်သက်တဲ့ တရားသုံးပါး ထွန်းကားလာတယ်။ အဲဒါက အလွန်ဆိုးဝါးတဲ့ စိတ်ဓာတ်တွေဖြစ်သည့် အတွက်ကြောင့် ထိုစိတ်ဓာတ်တွေရဲ့ effect-က ရာသီဥတုတွေကို သွားပြီးတော့ ထိခိုက်တယ်။ ရာသီဥတွေရဲ့ effect-က ဘယ်သွားထိခိုက်တုန်းဆိုရင် အာဟာရ-တွေကို သွားထိခိုက်တယ်။ ဒါကြောင့်မိုလို့ လူတွေရဲ့ အသက်တမ်းဟာ ငါးရာတမ်းကနေ နှစ်ရာ့ငါးဆယ်တမ်းအထိ ကျဆင်းသွားတယ်။
စဉ်းစားကြည့်၊ သုတ္တန်တစ်ခုမှာဆိုရင် မြတ်စွာဘုရားကဟောတယ်၊ လူ့လောက လူတွေသေကြ ကျေကြတာ ဘာဖြစ်လို့တုန်းလို့ဆိုရင်၊ ဒုက္ခတွေ ဘာ့ကြောင့် ဒီလိုဖြစ်ရတာတုန်းဆိုရင် မြတ်စွာဘုရားက အဲဒီတရား သုံးပါး ထွန်းကားလာလို့ရှိရင် လူ့လောကကြီး ပျက်စီးသွားတယ်။ တစ်ချိန်တုန်းက အင်ပါယာကြီးတစ်ခုဖြစ်ခဲ့တဲ့ ကောင်းစားခဲ့တဲ့ ရောမမြို့ကြီးဟာ homo-sexuality-ကြောင့် ပျက်စီးတယ်လို့ တစ်ချို့လူတွေက ယူဆတယ်။ အခု ဒီကနေ့ခေတ်မှာလည်း ကြည့်လေ၊ HIV-တို့-AIDS-တို့ဟာ ဒီကနေ မြစ်ဖျားခံပြီးတော့ လူတွေ ပျက်စီးဖို့ရာအတွက် ဖြစ်လာတယ်။ ဒါလက်တွေ့ပဲ၊ ဒါမြတ်စွာဘုရားက လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ထောင့်ငါးရာက ဟောခဲ့တဲ့တရားပါ။
ဒီကနေ့ခေတ်မှာ အဲဒါတွေ ထွန်းကားလာသည့်အတွက်ကြောင့် လူ့လောကကြီးဟာ ဆုတ်ယုတ်ပျက်စီးဖို့အတွက် ဖြစ်လာတယ်။ ဒါ့ကြောင့်မို့ လူတွေရဲ့ သက်တမ်းဟာ ထိုးကျသွားတယ်၊ ငါးရာတမ်းကနေ နှစ်ရာ့ငါးဆယ် (သို့မဟုတ်) နှစ်ရာတမ်းအထိအောင် ထိုးကျသွားတယ်။ အဲဒီမှာ ဘာတွေ ပေါ်လာပြန်တုန်းဆိုရင် အမေတ္တေယျတာ-အမေကို ထော်လော် ကန့်လန့် လုပ်တာတွေပေါ်လာပြန်တယ်။ ဒီဒုစရိုတ်တွေ ကုန်သွားတဲ့အခါကျတော့။ အပေတ္တေယျတာ-အဖေကို ကျေးဇူးမသိတတ်တဲ့ သူတွေ ပေါ်လာပြန်တယ်။ အဖေကို ပြန်စော်ကားလာတယ်၊ အမေကို ပြန်ဆဲလာတယ်၊ အမေကို ပြန်စော်ကားလာတယ်၊ အဖေကို ပြန်ဆဲလာတယ်။ အမေ အဖေကို ပြစ်ပယ်လာတယ်၊ အမေတ္တေယျတာ။ န ကုလေ ဇေဋ္ဌပဇာယိတာ ဆွေထဲ မျိုးထဲက ဦးကြီး ဦးလေးတွေကို ဒါတွေကို အလေးပေးရမှုကို မပြုဘူး၊ အန်တီတို့ ဘာတို့ ဂရုမစိုက်ဘူး။ ကိုယ့်အမျိုးထဲက အစ်ကိုတွေ အမတွေကို ဂရုမစိုက်ဘူး။ အဲဒီလို ဂရုမစိုက်တဲ့ စိတ်တွေ၊ အလေးမပေး, Respect-မပေးတဲ့ စိတ်ဓာတ်တွေ ပေါ်လာတယ်။ ဒါနှစ်ပေါင်း နှစ်ရာ့ငါးဆယ်လောက်က ပေါ်တာ၊ အသက်တမ်း နှစ်ရာ့ငါးဆယ်လောက်က ပေါ်တာ လူ့လောကမှာ။ အဲဒါတွေက ပေါ်လာတော့ ရပ်သွားတာမဟုတ်ဘူး၊ တဖြေးဖြေး တဖြေးတဖြေး ကြီးထွားလာတာ၊ ဒီကနေ့ခေတ် အထိအောင် ဒါဆက်ပြီးတော့ ဒါစပေါ်တဲ့ခေတ်ကလေးကို ပြောတာ။ အရင်တုန်းက မကြားဘူးဘူး၊ Just introducation-ပဲ။ Introduce လုပ်တာ။
အဲဒီအချိန်ကစပြီး ဒါတွေပေါ်လာတာ။ အေမေတၱယ်တာ၊ အေပ-ေတၱယ်တာ၊ အသာမညတာ၊ အျဗညတာ၊ န ကုလေဇေဋ္ဌ မစာယိတာ။ ဘာသာရေးဆရာတွေကို လေးစားမှုတွေ ပျောက်ကွယ်သွားတယ်။ ပြန်စော်ကား-မှုတွေ ပေါ်လာတယ်။ လူတွေဟာ အဲဒီလို အကျင့်ပျက်လာတဲ့အခါကျတော့ ဘာဖြစ်လာတုန်းလို့ဆိုရင်- လူတွေရဲ့ အသက်တမ်းဟာ အနှစ် နှစ်ရာတမ်းကနေ တစ်ရာတမ်းအထိ ကျဆင်းသွားတယ်။ အသက်တရာတမ်း၊ အဲဒီ တစ်ရာ တမ်းရောက်တဲ့ အခါကျတော့ အဆိုးတွေ ကုန်မနေဘူးလား? နောက်ထပ် ဒီထက်ဆိုးစရာ မရှိတော့ဘူး။ အမေကို စော်ကားရဲလာပြီ၊ အဖေကို စော်ကားရဲလာပြီ၊ သူတော်ကောင်းတွေကို ပြစ်မှားရဲလာပြီ။ ကိုယ့်အမျိုးထဲက ကြီးတဲ့လူတွေကို ဘယ်သူ့မှ respect-မပေးတော့ဘူးဆိုတော့ ဖြစ်လာပြီတော့ အဆိုးသံသရာဟာ ကုန်သွားပြီ လူလောကမှာ။ ရွှေခေတ်ဟာ လုံးဝပျောက်သွားပြီး အနှစ်တစ်ရာတမ်း ရောက်တော့။

ဆက်လက်ဖော်ပြပါမည်


Read more...

ဒဿန စာပေများ..

Posted on 12:40 AM by peacefulness

Read more...

မုဒြာအကြောင်း သိကောင်းစရာ


အသောက မင်းတရားကြီး ကောင်းမှု့တော် ဖြစ်သော အလိုတော်ပေါက် ဘုရားအတွင်းက ကြည်ညိုစရာ ရုပ်ပွားတော်တစ်ဆူ

မုဒြာ အကြောင်းတွေကို စိတ်ဝင်စားလို့ စုစည်းနေတာ ကြာခဲ့ပါပြီ၊ သို့သော်လည်း ကျေနပ်ရလောက်အောင် အချက်အလက် စုံစုံညီညီ တော့ မစုဆောင်းနိုင်သေးပါ၊ ကလေးဘ၀ အရွယ်ကတည်းက ဘုရားရှင်ပုံတော် အမျိုးမျိုးတွေမှာ လက်တော် ပုံစံ အမျိုးမျိုး ထုလုပ်ပူဇော်ထားတာကို တွေ့ရသော်လည်းဘာကြောင့် လဲ ဆိုတာ မစဉ်းစားနိုင်ခဲ့ဘူး၊

မြန်မာပြည်မှာ ကတည်းက ရုပ်ပုံတွေနှင့်တကွ စာပေတွေကိုရော စုဆောင်းထားပေမဲ့ အဲဒီ မှတ်စုက ကျန်ရစ်ခဲ့တဲ့ အတွက် ယခုတော့ လက်လှမ်းမှီရာ လောက်သာ စုစည်းတင်ပြလိုက်ပါတယ်၊

တကယ်တော့ မုဒြာ ဆိုတာ မဟာယာန အနွယ် တန္တရ ယာန ဂိုဏ်းက နေ ဆင်းသက် ကူးစက်လာတယ်လို့ ဗုဒ္ဓသာသနာ ၂၅၀၀ ခရီး စာအုပ်မှာ ဖော်ပြထားတာ တွေ့ရပါတယ်၊ ဒါကြောင့် ကနဦး အနေနဲ့ မုဒြာ ဟာ ထေရ၀ါဒ ဗုဒ္ဓဘာသာ နဲ့ ရာနှုန်းပြည့် မသက်ဆိုင်ပေမဲ့ အနည်းငယ် ရောယှက်နေတာကိုတော့ ၀န်ခံရမှာပါ၊

အခု တင်ပြထားတာတွေကတော့ မြန်မာပြည်တုံးက ရှမ်းပြည်တောင်ပိုင်းဒေသ အင်းလေးဖောင်တော်ဦးဘုရား ကို အသွား နန်းပန် ရွာအနီးက အလိုတော်ပေါက် ဘုရားမှာ တွေ့လို့ ရှားရှားပါးပါး မှတ်တမ်းအနေနဲ့ ရိုက်ယူထားတဲ့ ပုံတော် အချို့ကို ဗဟုဿုတအနေနဲ့ မျှဝေလိုက်ပါတယ်၊ ၎င်းဘုရားဟာ အသောက မင်းကြီးရဲ့ နေရာအနှံ့ကုသိုလ်ပြုရာ စေတီပေါင်း ၈၄၀၀၀ စာရင်းမှာပါဝင်တယ် လို့ ကြည်ညိုဖွယ်ရာ မှတ်သားရပါတယ်။

( မုဒြာ ဆိုသည်မှာ လက်နေလက်ထားဟန် ခြေနေခြေထားဟန်တို့ကို သရုပ်ဖော်ထားခြင်း ဖြစ်၏ )

သန္တိဒ မုဒြာရုပ်ပွား ဆင်းတုတော်ကို ကိုးကွယ်လျင် ဘေးရန်ကင်းခြင်း ၊ ငြိမ်းချမ်းသာယာခြင်း၊ စီးစိမ် ကျက်သရေတိုးပွားခြင်း၊ ကိုယ်စိတ်နှစ်ပါး ချမ်းသာခြင်း၊ တရားထူးကို ရရှိခြင်း သိဒ္ဒိပေါက်ခြင်း၊ ဆုတောင်းပြည့်ခြင်း အကျိုးထူးများကို ရရှိနိုင်သည် ဟု ဆိုသည်၊ ( သန္တိ - ငြိမ်းအေးခြင်း ကို ၊ ဒ - ပေးတော်မူဟန် )



အဘယ မုဒြာ ရုပ်ပွားတော်ကို ကိုးကွယ်သူသည် အစိမ်းသားရဲ သင်းကွဲ ပြိတ္တာ နတ်မိစ္ဆာတို့၏ နှောက်ယှက်မှု့မှ ကင်းဝေးသည်၊ ရဲရင့်တက်ကြွ သူရသတ္တိနှင့် ပြည့်စုံစေသည်၊

ရန်သူ စစ်သည် သူပုန် သူစိမ်း မုဒိမ်း ဓားပြတို့ ရန်မှ ကင်းဝေးသည်၊ စိတ်အားငယ်ခြင်း စိတ်ဓာတ်ကျဆင်းခြင်းမှ လွတ်ငြိမ်းပပျောက်စေသည်၊ စသော အကျိုးထူးများကို ရရှိခံစားနိုင်ကြောင်း ပြဆိုထားသည်၊ ( ဘယ - ဘေးရန်ဟူသမျှ။ အ- မရှိခြင်း၊ )


ဆက်လက်ဖော်ပြပါမည် --


Read more...

www.ahlataya.blogspot.com မှ http://ahlatayar.co.cc သို့

ahlataya.blogspot.com မှ http://www.ahlatayar.co.cc သို့ ပြောင်းထားပါတယ်။ အရင်လိပ်စာ အတိုင်း လာရင်လည်း ဒီကိုပဲ ရောက်မှာ ဖြစ်ပါတယ်။ blogspot.com ကို မေတ္တာမပျက်ပါဘူး။ မြန်မာပြည်က ကျော်ခွဝင်ရတဲ့ ဒုက္ခကို စာနာလို့ ပြောင်းလိုက်ပါတယ်။ လိပ်စာအသစ်နဲ့ link များချိတ်ပေးရင် ကျေးဇူးအထူးတင်ပါတယ်။


Read more...

ဦးပြည်း ရဟန်းယုတ်တို့သည် သောက်ရေကို မသောက်ကြရစေကုန်လင့်...


မြတ်ဗုဒ္ဓအပေါ်တွင် ယုတ်မာသူတို့သည်
ရှေးကထဲက ရှိခဲ့ကြလေသည်
ယခုလည်း ရှိပေသည်
နောင်ကိုလည်း ရှိလိမ့်ဦးမည်...

ဥဒပါနသုတ်

အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-
အခါတစ်ပါး၌ မြတ်စွာဘုရားသည် များစွာသော ရဟန်းသံဃာနှင့် အတူ မလ္လတိုင်း၌ ဒေသစာရီ လှည့်လည်တော်မူလတ်သော် မလ္လမင်းတို့၏ ထူဏမည်သော ပုဏ္ဏားရွာသို့ ဆိုက်ရောက်၏။ ထူဏရွာသား ပုဏ္ဏားနှင့် အမျိုးသားတို့သည် ''အချင်းတို့ သာကီဝင်မင်းသားဖြစ်သော သာကီဝင်မင်းမျိုးမှ ရဟန်းပြုသော ရဟန်းဂေါတမသည် များစွာသော ရဟန်းသံဃာနှင့်အတူ မလ္လတိုင်း၌ ဒေသစာရီ လှည့်လည်ခဲ့ရာ ထူဏပုဏ္ဏားရွာသို့ ဆိုက်ရောက်၏'' ဟု ကြားကြကုန်၏။ ထိုအခါ ထူဏရွာသား ပုဏ္ဏားနှင့် အမျိုးသားတို့သည် ''ဦးပြည်း ရဟန်းယုတ်တို့သည် သောက်ရေကို မသောက်ကြရစေကုန်လင့်'' ဟု (နှလုံးပိုက်ကာ) ရေတွင်းကို မြက်ဖြင့် လည်းကောင်း၊ ဖွဲဖြင့် လည်းကောင်း ရေတွင်း နှုတ်ခမ်းဝတိုင်အောင် ဖို့ကြကုန်၏။

ထိုအခါ မြတ်စွာဘုရားသည် လမ်းခရီးမှ ဖဲ၍ သစ်ပင်ရင်းသို့ ချဉ်းကပ်လျက် ခင်းထားအပ်သော နေရာ၌ ထိုင်တော် မူပြီးသော် အသျှင်အာနန္ဒာအား ''အာနန္ဒာ ငါခိုင်းလို၏။ သင်သည် ငါဘုရား သောက်ရန် ထိုရေတွင်းမှ သောက်ရေကို ဆောင်ခဲ့လော့'' ဟု (မိန့်တော်မူ၏)။

ဤသို့ မိန့်ဆိုလတ်သော် အသျှင်အာနန္ဒာသည် မြတ်စွာဘုရားကို ''အသျှင်ဘုရား ယခုအခါ ဦးပြည်း ရဟန်းယုတ်တို့သည် သောက်ရေကို မသောက်ကြစေကုန်လင့်'' ဟု နှလုံးပိုက်ကာ ရေတွင်းကို ထူဏရွာသား ပုဏ္ဏားနှင့် အမျိုးသားတို့သည် မြက်ဖြင့် လည်းကောင်း၊ ဖွဲဖြင့် လည်းကောင်း ရေတွင်း နှုတ်ခမ်းဝတိုင်အောင် ဖို့ထားကြ ပါကုန်သည်'' ဟု (လျှောက်၏)။

နှစ်ကြိမ်မြောက်လည်း။ပ။ သုံးကြိမ်မြောက်လည်း မြတ်စွာဘုရားသည် ''အာနန္ဒာ ငါခိုင်းလို၏။ သင်သည် ငါဘုရား သောက်ရန် ထိုရေတွင်းမှ သောက်ရေကို ဆောင်ခဲ့လော့'' ဟု (မိန့်တော်မူ၏)။

''အသျှင်ဘုရား ကောင်းပါပြီ'' ဟု အသျှင်အာနန္ဒာသည် မြတ်စွာဘုရား၏ (စကားကို) ဝန်ခံ၍ သပိတ်ကို ယူလျက် ထိုရေတွင်းသို့ ချဉ်းကပ်၏။ ထိုအခါ အသျှင်အာနန္ဒာ ချဉ်းကပ်လတ်သော် ထိုရေတွင်းသည် ထိုအလုံးစုံသော မြက်ကို လည်းကောင်း၊ ဖွဲကို လည်းကောင်း ရေတွင်းနှုတ်ခမ်းဝမှ အန်ထုတ်၍ ကြည်လင်သော မနောက်ကျုသော အထူးကြည်လင် သော ရေဖြင့် တွင်းနှုတ်ခမ်းဝ
တိုင်အောင် ပြည့်လျက် စီးထွက်သကဲ့သို့ တည်၏။

ထိုအခါ အသျှင်အာနန္ဒာအား ဤအကြံသည် ဖြစ်၏ ''အချင်းတို့ မြတ်စွာဘုရား၏ တန်ခိုး အာနုဘော် ကြီးသည်၏ အဖြစ်သည် အံ့သြဖွယ်ရှိပေစွ၊ မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ၊ ငါ ချဉ်းကပ် မိသောအခါ ဤရေတွင်းသည် အလုံးစုံသော မြက်ကို လည်းကောင်း၊ ဖွဲကို လည်းကောင်း တွင်းနှုတ်ခမ်းဝမှ အန်ထုတ်၍ ကြည်လင်သော မနောက်ကျုသော အထူးကြည်လင် သော ရေဖြင့် ရေတွင်း နှုတ်ခမ်းဝတိုင်အောင် စီးထွက်သကဲ့သို့ တည်၏'' ဟု (အကြံဖြစ်၏၊) အသျှင်အာနန္ဒာသည် ဤသို့ ကြံပြီးလျှင် သပိတ်ဖြင့် သောက်ရေကို ယူဆောင်လျက် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍...

မြတ်စွာဘုရားကို ''အသျှင်ဘုရား မြတ်စွာဘုရား၏ တန်ခိုးအာနုဘော် ကြီးသည်၏ အဖြစ်သည် အံ့သြဖွယ်ရှိပါပေစွ၊ မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ၊ အသျှင်ဘုရား တပည့်တော် ချဉ်းကပ်မိသောအခါ ထိုရေတွင်းသည် အလုံးစုံသော မြက်ကို လည်းကောင်း၊ ဖွဲကို လည်းကောင်း တွင်းနှုတ်ခမ်းဝမှ အန်ထုတ်၍ ကြည်လင်သော မနောက်ကျုသော အထူးကြည်လင်သော ရေဖြင့် တွင်းနှုတ်ခမ်းဝ တိုင်အောင် ပြည့်လျက် စီးထွက် သကဲ့သို့ တည်ပါ၏။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ရေကို သောက်တော်မူပါ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား သည် ရေကို သောက်တော်မူပါ'' ဟု လျှောက်၏။

မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသော အချိန်၌ -

''ရေတို့သည် အခါခပ်သိမ်း အရပ်အားလုံး တို့၌ အကယ်၍ ဖြစ်ပေါ်နေကြကုန်မူ ရေတွင်းဖြင့် အသို့ ပြုရအံ့နည်း။ အလိုရှိသည်ကို မရခြင်းကြောင့် ဖြစ်သော ဆင်းရဲ၏ အကြောင်းဖြစ်သော တဏှာ၏ အမြစ်ကို ဖြတ်၍တည်သော ငါကဲ့သို့သော ဘုရားသျှင်သည် အဘယ့်ကြောင့် ရှာမှီးရန် လှည့်လည်ရအံ့နည်း'' ဟု
ဤဥဒါန်းကို ကျူးရင့်တော်မူ၏။ 69

၉ - ဥဒပါနသုတ်၊ စူဠဝဂ်၊ ဥဒါန်းပါဠိတော်။ ခုဒ္ဒကနိကာယ်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။




ဆက်ဖတ်သင့်တယ်နော်- Read More...



Read more...

ဆေးတက္ကသိုလ် ဓမ္မသဘင်


( ပညာ )
Highest stage in Buddha teaching. It is wisdom insight စာလုံးပေါင်းမှားသွားဦးမယ်။ စာလုံးပေါင်း မှားသွားရင် (inside) အထဲ ရောက်သွားမယ်။ တို့ငယ်ငယ်က မြှးဖူးတယ်။ ဒါကြောင့်ပြောတာ။
ဪ-အထဲကိုကြည့်တဲ့ ကမ္မဋ္ဌာန်းကို Insight ဆိုတဲ့ စကားလုံးလေးဟာ နက်နဲတဲံဉာဏ်ကို ပြောတာ။ အပေါ်ယံ ကြည့်တဲ့ဉာဏ်မဟုတ်ဘူး။ စိုက်စိုက်စူးစူး ကြည့်တဲ့ဉာဏ်က Insight နော်။ အဲဒီပညာ အမြင့်ဆုံးကျင့်စဉ်က မဂ္ဂင် ၈-ပါးထဲမှာဆိုရင် Right understanding နဲ့ Rihgt thinking ဒီနှစ်ခု။ ဒါဟာ Wisdom ပဲ။ နောက် မြန်မာစကားလုံးထဲက ဗမာစကားတောင် မဟုတ်ဘူး။ မြန်မာစကားလုံး ဖြစ်နေတာ။ ပညာ-ပ ဆိုတာက တလုံး၊ ညာ-ဆိုတာက တလုံး၊ ပ-က အသေးစိတ်လို့ အဓိပ္ပါ.်ရတယ်။ ညာ-က သိတာ။ ပညာ-အသေးစိတ် သိရှိနားလည်ခြင်း။ Understanding in detail ဒီလိုရှိတယ်။ ပညာ အဲဒီ Understanding in detail ကတော့ စာအုပ်ဖတ်လို့၊ ဆွေးနွေးလို့ ပြောတာကို နားထောင်လို့်သိတဲ့ အသိမျိုး မဟုတ်ဘူး။

မိမိရဲ့ကိုယ်ထဲက ခုနက Concentrated mind ကို ထည့်ရမယ်။ ဒီတလ့လောက်ရှိတဲ့ ဒီကိုယ်ထဲမှာ သိစရာတွေ အများခည်းပဲ။ မိမိရဲ့ကိုယ်ထဲမှာ ရှိနေတဲ့ အရှိတရားတွေကို ခုနက ငြိမ်နေတဲ့စိတ်ကို ဒီကိုယ်ထဲထည့်။ အပြင်မရောက်စေနဲ့။ အထဲကိုစိုက်ပြီး ရှိတာတွေကို ရှိတဲ့အတိုင်း ဖြစ်နေတာတွေကိုအဖြစ်အတိုင်း မြင်အောင် ကြည့်တဲ့အကြည့်ကို ခေါ်တာ။ အဲဒါ ပညာ။ မိမိကိုယ်ထဲမှာ ရှိတာတွေကို စိုက်ကြည့်ရမယ်။ အဲဒါ Insight meditation ပဲ။Highest stage ပဲ။ ဗုဒ္ဓ ဓမ္မမှာ အမြင့်ဆုံး ကျင့်စဉ်ပဲ။

အဲဒီပညာတွေနဲ့ ကိုယ်မှာရှိတဲ့ အရှိတရားကို Reality အဲဓီအရှီတွေကို အရှိအတိုင်း သိပြီး as it thy really are သူတို့ရှိနေတဲ့ အရှိအတိုင်း အဲဒါတွေကို စိုက်ာကည့်ရင်း၊ ကြည့်ရင်း၊ ကြည့်ရင်းနဲ့ နောက် ဘာဖြစ်လာလဲ။ အမှန်ကိုမြင်လာတယ်။ truth သစ္စာနော်။ အရှိတရားများ (ပါဠိလိုပြောမယ်) ပရမတ္ထ အရှိတရားကို ပရမတ္ထ။ အြ=ဲဒီ ပရမတ္ထအရှိကို မြင်ရင် နောက် ဘာမြင်လဲ။ အမှန်သစ္စာကို မြင်တယ်။ ပညာက အတိုချုံ့ရင် ဒီနှစ်ခုကို သိတဲ့ အသိပညာဟာ ဥပမာလေးတခု ပြောမယ်၊ နွားကြီးနှစ်ကောင် လမ်းပေါ်မှာ လူတယောက်က မောင်းချသွား၊ ဟေ့-လမ်းပေါ်မှာ ဘာသွားနေလဲမေးရင်း မင်းတို့ ဘာပြောမလဲ။ လှည်း သွားတယ် ပြောတယ်နော်။ နွားတော့ မောင်းနေတယ်။ လူတွေက ဘာပြော၊ ဟို-ဘာလုပ်တာလဲ၊ လှည်းမောင်းနေတယ်။ မောင်းတာ ပြောနေတာ။ ကမ္ဘဦးကတည်းက ပြောနေတာ။ ခုထိ ပြောနေတာ။ လှည်းမောင်းတယ်။ လှည်းကို မောင်လို့ရလား။ လှည်းကိုမောင်းတာလား၊ နွားကို မောင်းတာလားဆို၊ မှန်တာ တခုမှ မပြောဘူး။ အများကြီးပဲ၊ ဒါမျိုးတွေ လှည်းမောင်းတယ်၊ ဘယ်လှည်း မောင်းရလို့လဲ။ နွားမောင်ရတာ။ ဘာသွားနေလဲ၊ လှည်းသွားတယ်။ တကယ်သွားတာက လှည်း-မဟုတ်ဘူး။ နွားသွားတာ။

တရားကျမိပါသည်

စာရေးသူသည် ကျောင်းဆရာက အငြိမ်းစားယူပြီး သားရှိရာ ရန်ကုန်မြို့တွင် ဇနီးနှင့်အတူ သွားရောက်နေထိုင်ခဲ့သည်မှာ ၉-လကြာခဲ့ပြီ။ ယခုမှ ပင်စင်ထုတ်ရန် သရက်မြို့သို့ ပြန်လာခဲ့ခြင်းဖြစ်သည်။
သရက်မြို့ ရောက်ရောက်ချင်း ယခင်က လက်ထောက် ဆရာမများ ဖြစ်သော ဒေါ်ညွန့်ညွန့်စိန်၊ ဒေါ်အေးသိန်း၊ ဒေါ်မြင့်မြင့်ဝင်း၊ ဒေါ်တင်တင်ယု တို့နှင့် တွေ့၍ အားရပါးရ စကားပြောမည်မကြံသေး။ ကြားရသောသတင်းကြောင့် တော်တော် စိတ်မကောင်း ဖြစ်သွားပါသည်။ ကြားရသည့်သတင်းမှာ ဆရာဦးကြိုင် အခြေအနေ မကောင်းဘူး။ သွားကြည့်ပါဦး ဆရာ-ဟူ၍ ဖြစ်၏။

ဆရာဦးကြိုင်မှာ ကျောင်းနေဖက် သူငယ်ချင်းဖြစ်ရုံသာမက မိမိ၏ လက်ထောက်တဦးလည်းဖြစ်သည်။ ကျောင်းတွင် ဆရာဆို၍ သူနှင့်ကျွန်တော် နှစ်ယောက်သာ ရှိသည်။ ကျန်သူတွေက ဆရာမတွေသာ ဖြစ်၏။ ဆရာနှစ်ယောက်တွင် သူနှင့် ကျွန်တော် သက်တူရွယ်တူ ဖြစ်သော်လည်း သူက ကျန်းမာရေး ကောင်းသူ၊ ကျွန်တော်က ချောင်းဆိုး၊ ပန်းနာရင်ကျပ် ရှိ၍ မိုးနှင့်ဆောင်း အေးသောရာသီများတွင် နှစ်စဉ် ရောဂါထသူ။

သူက မပိန်လွန်း၊ မ၀လွန်း၊ ရိုးပြည့်၊ သားပြည့်နှင့် သွက်လက်ဖျတ်လတ်သူ။ ကျွန်တော်က အသားလေးဖြူဖပ်ဖြူရော်နှင့် ပိန်လှီချိနဲ့သူ။ အေးသောရာသီဥတုရောက်တိုင်း သူက ရာဦဥတု အေးတယ်နော် ကိုဘသီ၊ သတိထား-ဟု အမြဲတမ်း ကျွန်တော့်ကို သတိပေးသည်။ ကျွန်တော့်မှာ အမြဲတမ်း အနွေးထ်ာနှင့် ခြေအိတ် စွပ်နေရသည်။ သူကတော့ နေပူမိုးရွာမရှောင်၊ ခေါင်းတုံးဆံတောက် ခေါင်းပြောင်ပြောင်နှင့် အမြဲတမ်း သွားလာနေသူဖြစ်ပါသည်။

ကျွန်တော်သည် သူ့သတင်းကို ကြားကြားချင်း စက်ဘီးနှင့် ပြေးခဲ့ပါသည်။ ခြင်ထောင်ထဲတွင် ညာဘက်ကို ခပ်စောင်းစောင်းလေး အိပ်နေပါသည်။ ကျွန်တော်လည်း သူ့ညာဘက်ကခြင်ထောင်ကို မ,တင်ကြည့်လိုက်ရာ မျက်စိကို ဖွင့်လိုက် ပိတ်လိုက်နှင့် ဖြစ်နေပါသည်။ သူ့လက်ကို ဆွဲကိုင်လိုက်ပြီး ကိုကြိုင်၊ ကိုကြိုင်-ဟု ခေါ်သော်လည်း အကြောင်းမထူးပါ။ သူ့ညီမောင်သိန်းက အနားလာပြီး-ဆေးတိုက်ထားလို့ အိပ်ချင်နေတယ်ထင်တယ်-ဟု ပြောပါသည်။ ဒါပေမဲ့ သူ့မျက်လုံးများကို ကြည့်ရသည်မှာ အာရုံခံစားမှု လုံးဝမရှိတော့ပါ။

ဘေးလူများက ဆရာဦးကြိုင်သည် လေ-နှစ်ခါ ပြန်ဖြတ်ကတည်းက သူ့ကျန်းမာရေးမှာ မကောင်းတော့ဟု ပြောကြပါသည်။ သူ၏ခေါင်းရင်းခန်းတွင် အသက် ၉၉-နှစ်ရှိ သူ့အမေ ရှိပါသေးသည်။ ကျန်းမာပါ၏။ နားလေးသည်က လွဲ၍ အားလုံး အကောင်း၊ မျက်စိလည်း ကောင်းသည်။ သူ့သားအနားသို့ လာပြီး ကိုယ်ကိုစမ်းကြည့်ကာ ကိုယ်မပူတော့ဘူး၊ နေကောင်းလို့ အိပ်နေတယ်-ဟု ပြောကြောင်း သူ့အမကပြော၍ သိခဲ့ရသည်။ ထိုအချိန်တွင် ကိုကြိုင် လူမှန်းမသိတော့ပါ။ ဪ-မိဘမေတ္တာ၊ မိဘမေတ္တာ-

ထိုအချိန်တွင် ကိုကြိုင်၏ ရုပ်လက္ခဏာပျက်နေလေပြီ။ နဂိုရုပ် နဂိုပုံ မရှိတော့ပါ။ အရင်က ကိုကြိုင်သည် ငယ်စဉ်ကစ၍ ကုန်းသတ္တ၀ါအသား မစား။ ကြက်ဥ၊ ဘဲဥပင် မစား၊ သို့သော် စားလုံး သောက်လုံး ကောင်းသည်။ ဘာနှင့်စားစား စားနိုင်သူဖြစ်သည်။

ပစ္စည်းဥစ္စာ မချမ်းသာသော်လည်း လူပျိုကြီးဖြစ်၍ မကြောင့်ကြရ၊ သူ၏ ကိုယ်လုံးကိုယ်ပေါက်မှာ ဂင်တိုဖြစ်၍ မပိန်၊ မ၀၊ ကြည့်၍ကောင်းသည်။ စကားပြောကောင်းသည်။ စကားကို အားရှိပါးရှိ ပြောတတ်သူဖြစ်သည်။ ချစ်ခင်ကြည်ညိုသူ တပည့်ပေါများသည်။

သူ၏ ကမ္မဋ္ဌာန်းရုပ်ကြီးကိုကြည့်ပြီး ကျွန်တော်သည် ရွှေမင်းဝံဆရာတော်ဘုရားကြီး၏ သေလျှင် ခြောက်ချက်-ဟူသော အောက်ပါမရဏာနုဿတိ တရားတော်ကို သွားသတိရမိပါသည်။ ယင်းတရားတော်မှာ-
၁။ အစားအသောက် မည်မျှ စားနိုင်သည်ဆိုစေကာမူ အပြီးသတ် ငတ်၍ သေရလိမ့်မည်။
၂။ ပစ္စည်းဥစ္စာ မည်မျှ ချမ်းသာစေကာမူ မွဲ၍ သေပါလိမ့်မည်။
၃။ ဆဒ္ဒန်ဆင်မင်း ခွန်အားမျှ ကောင်းသည်ဆိုစေကာမူ အားကုန်၍ သေပါလိမ့်မည်။
၎။ စကားပြော မည်မျှ ကောင်းသည်ဆိုစေကာမူ အ,၍ သေပါလိမ့်မည်။
၅။ နတ်မမီ လူမမျှ လှပသည်ဆိုစေကာမူ အရုပ်ဆိုး၍ သေပါလိမ့်မည်။
၆။ စုံမက်ချစ်ချင်သူ မည်မျှများစေကာမူ အမုန်းခံ၍ သေရပါလိမ့်မည်-ဟူသတည်း။

နောက် ၃-ရက်အကြာတွင် ဆရာဦးကြိုင် ဆုံးပြီ-ဟု ဆရာဦးသန်းဦးနှင့် ဒေါ်မြင့်မြင့်ဝင်းတို့က လာပြောကြသည်။ မနက်ဖြန် ညနေ ၃-နာရီ သင်္ဂြိုဟ်မည်-တဲ့။ ကျွန်တော်ချက်ချင်း ပြေးခဲ့သည်။ အိပ်ရာပေါ်တွင် ပက်လက်ကလေး။ ရုပ်ပျက်နေပါပြီ။ အရင် ကျွန်တော်လာတုန်းကလို မျက်လုံးကလေး ဖွင့်လိုက် မှိတ်လိုက် မလုပ်ရှာတော့ပေ။

ဪ-ချစ်သူငယ်ချင်း ကိုကြိုင် ကောင်းရာသုဂတိသို့ ရောက်ပါစေ-ဟုသာ ဆုတောင်း၍ အနားမှ ခွာလိုက်ရပါသည်။ ကျန်းမာရေးကို ဂရုစိုက်နော် ကိုဘသီ-ဟု အမြဲတမ်း စိုးရိမ်တကြီး သတိပေးတတ်သော ကိုကြိုင်၊ ယခုတော့ သူကိုယ်တိုင် ကျန်းမာခြင်းရဲ့ လာဘ်ကြီးကို စွန့်ခွာပြီး မရဏစခန်းသို့ မြန်းရရှာလေခြင်း ကိုကြိုင်ရယ်-ဟုသာ ရင်တွင်းက ရေရွတ်မိပါတော့သည်။

ဪ-သေခြင်းတရားဆိုသည်မှာ ဆင်းရဲ-ချမ်းသာ မရွေး၊ အယုတ်-အလတ် အမြတ် မရွေး၊ အကြီး-အငယ် မရွေး၊ ကျန်းမာရေး ကောင်းသူ-မကောင်းသူ မရွေး ကံတရား၏ စီမံရာ ကွေးသောလက် မဆန့်မီ၊ ဆန့်သောလက် မကွေးမီ ရှေ့နှင့်နောက် သွားကြရစမြဲပင်။ စာရေးသူ တရားရခဲ့ပါသည်။

စာရေးသူမှာ အသက် ၂၀-လောက်ကစ၍ ကျန်းမာရေး ချို့တဲ့ခဲ့သည်။ တောင်ကြီးဆေးရုံ၊ ရန်ကုန်ဆေးရုံကြီး၊ ပဲခူး ဆေးရုံ၊ မြောက်ဥက္ကလာပ ဆေးရုံအပြင် ရန်ကုန်က သီတာဦး ဆေးခန်း၊ မေတ္တာမွန် ဆေးခန်းများသို့လည်း ရောက်ခဲ့ရသည်။ ထိုစဉ်က ငါ-အသက် ၄၀-လောက် နေရရင် တော်ပါပြီ-ဟုပင် တွေးခဲ့ဖူးပါသည်။ ဒီလောက်ရောဂါ ထူသူဖြစ်ပါသည်။

ကျွန်တော့်ရောဂါကို ကုသပေးခဲ့ကြသော ဒေါက်တာ ခင်ကြိုင်၊ ဒေါက်တာ မိုးကျော်အောင်တို့လည်း သေဆုံးခဲ့ပါပြီ။ ကျွန်တော် ဆေးကုသရာတွင်၎င်း၊ ဆေးရုံတက်ရာတွင်၎င်း၊ ကူညီခဲ့ကြသည့် အကို ကိုသန့်၊ သူငယ်ချင်း ဓာတ်ခွဲမှူး ကျော်ဇံလှ၊ အနီးကပ် ပြုစုသော ကျွန်တော့်အကိုရင်း ဦးကိုလေးနှင့် ယောက်ဖ ဗိုလ်ကြီး မောင်သိန်း-တို့မှာလည်း ကွယ်လွန်ခဲ့ကြပြီ။ ကျွန်တော် လူမမာသာလျှင် ကျန်နေပါပကော။

ဒါတွင်မက ကျွန်တော့်တပည့်လေးတွေလည်း သေသည်မှာ မနည်းကြတော့။ သက်တူ ရွယ်တူ သူငယ်ချင်းများမှာလည်း တနှစ်ထက် တနှစ် ရှားလာပြီ။ ကျွန်တော့်အသက် ယခု-၆၃ နှစ်ဆိုတော့ ဒီပတ်ဝန်းကျင်မှာပဲ သေကြတာ များသည်။

အတွေ့အကြုံတခု ပြောရဦးမည်း။ မင်းတုန်းမြို့က ကျွန်တော့်အမျိုး ဒေါ်တင်ရွှေမှာ အသက် ၈၀-ကျော်ရှိ၍ နားမျက်စိမကောင်း။ ဘာမှမလုပ်နိုင်သဖြင့် လူ့လောကမှာ မနေချင်တော့၊ သေချင်လှပြီ-ဟု ခဏခဏညဉ်း၏။ သူက မသေ။ တအိမ်လုံးကို လုပ်ကိုင်ကျွေးမွေးသည့် အိမ်ထောင်ဦးစီးလုပ်သူ သားသမက်ဖြစ်သူ အသက် ၅၀-ကျော်ကျော်ရှိ မောင်ကိုကြီးက ဖြုန်းခနဲ လေဖြတ်၍ သေရရှာသည်။

ထို့ကြောင့် ( ဣတ္ထိပုရိသ၊ ဖြစ်လာကြတိုင်း၊ ရုက္ခာသီးပွင့်၊ ခါမလင့်ဘဲ၊ ရင့်တဖုတ်ဖုတ်၊ ကင်းဖြုတ်ဖြုတ်နှင့်၊ ညှာပြုတ်ကြွေကျ၊ မမြဲကြသို့၊ ဘ၀ပျက်ပြို၊ လူထိုထိုကား၊ ရွယ်ပျိုရွယ်လတ်၊ ကျန်မလွတ်သည်၊ မချွတ်သေအံ့ အပြီးတည်း )-ဟု ဆိုသည့် မဃဒေ၀လင်္ကာကို သတိရမိပါသည်။

ကျွန်တော်သည် လုပ်ဖော်ကိုင်ဖက် ကျောင်းနေဖက် သူငယ်ချင်း ကိုကြိုင်အား နောက်ဆုံးတာဝန်အနေဖြင့် သင်္ဂြိုဟ်ရန် သုသာန်အထိ လိုက်ပို့ရင်း သတိထားမိလိုက်ပါသည်။ ဂူများသည် ယခင်က အသုဘပို့ လိုက်သူများ ထိုင်နား စောင့်နေကြသည့် ကွင်းပြင်ထဲအထိ နေရာယူရောက်နေကြပြီ။ အဓိပ္ပါယ်မှာ တို့ထက်ကြီးသူ၊ ငယ်သူ၊ ရွယ်တူသူများ ဒီနေရာ ရောက်နှင့်နေကြပြီ။ မင်းအတွက် နေရာ ဆိုသည့်သဘောပင်။

ကိုကြိုင်အလောင်း မြေကျ၍ အပြန်တွင် လမ်းတလျှောက်လုံး ငါလဲ ဒီလမ်းသွားရဖို့ နီးလာပြီ။ သွားရမည့်နေ့ကို ထမင်းစား စောင့်နေရုံနှင့် မပြီး၊ တရားဘာဝနာ ပွားများပြီး ၀ိပဿနာတရား ရှုမှတ်ရင်း စောင့်ဆိုင်းနေမှ တော်တော့မည်-ဟူ၍။

( မင်းတုန်း ဘသီ-သရက် )
( မြတ်မင်္ဂလာ ၁၉၉၉-ခု မတ်လ )


Read more...

အနိပ်တော် (မကွေးဝင်းမြင့်)

၇။ အနှိပ်တော်

ရှေးက အကြောပြင် အတတ်ပညာ ကောင်းစွာ တတ်ကျွမ်း နားလည်သူများရှိခဲ့ကြပါသည်။ နင်းခြင်း၊ နှိပ်ခြင်းဖြင့် ရောဂါဘယ ကင်းစင်စေခဲ့၏။ ထို့ကြောင့် ကုန်းဘောင်ခေတ်၊ ဘိုးတော်မင်း တရားလက်ထက်မှ အစပြု၍ မင်းတုန်းမင်း လက်ထက်အထိ ၎င်းပညာရပ်များ ထွန်းကားခဲ့သည်ဟု ရာဇ၀င် အထောက်အထားများအရ သိကြရပါသည်။ ရှေးဘုရင်များ အနင်း-အနှိပ် ကျွမ်းကျင်သူများကို “အနှိပ်တော်” ရာထူးများပေးကာ ချီးမြှင့်မြှောက်စားခဲ့ကြသည်ဟု ဆိုပါသည်။
သို့သော် “ တစ်ဦးကောင်း ပညာ သေရွာပါ” ဆိုသလို ဆင့်ပွားပညာပေးခဲ့ခြင်းများ နည်းပါးလှပါသောကြောင့် (တတ်ကျွမ်းသည့် ပညာများ လျှို့ဝှက်ထိန်ချန် ဆရာစားချန်ခဲ့ကြဟန် တူပါ၏။) တစ်စတစ်စ တိမ်ကော ပပျောက်လာခဲ့ပါတော့သည်။
ပြီးတော့ စစ်ပြီးခေတ်တွင် နင်းကြသူ နှိပ်ကြသူများမှာ တကယ်တတ်ကျွမ်းသူ နည်းပါးလာပြီး ယင်းအလုပ်ကို ဘိန်းစားများ နေရာယူလာပါသည်။ အနှိပ်သည်ဆိုသည်မှာ အောက်တန်းစား အလုပ်ဟု အထင်အမြင် သေးလာပါသည်။ ထို့ကြောင့် အကြောနားလည်သူများ ပါးရှားခဲ့ကြပါသည်။


၈။ မန္တလေးက ဦးရွှေကြူး

စစ်ပြီးခေတ်က မန္တလေးမြို့တွင် ဆရာဝန် ဦးရွှေကြူးဆိုသည့် ပုဂ္ဂိုလ်ရှိပါသည်။ ဆေးကုသရာတွင် နာမည်ကျော်ဖြစ်ပါသည်။ ဦးရွှေကြူးသည်သာမက ၎င်း၏ သားလည်း ခေတ်မီ ဆေးဝါး အတတ်ပညာ နိုင်ငံခြားပြန်ပင် ဖြစ်ပါသည်။ တစ်နေ့ ဦးရွှေကြူး၏ ဇနီး နေထိုင်မကောင်း ဖြစ်ပါတော့သည်။ ဆရာဝန်ဇနီး ဆိုတော့ ခပ်ပေါ့ပေါ့ နေလာခဲ့ပါသည်။ တစ်စ တစ်စဖြင့် ရောဂါ ရင့်လာပြီး အိပ်ရာထဲတွင် ဗိုင်းဗိုင်း လဲပါတော့သည်။ အဖေက ဆရာဝန်၊ သားက ဆရာဝန်၊ နှစ်ယောက်သား အားကြိုးမာန်တက် ကုသကြပါသည်။ သို့သော် ဦးရွှေကြူး ဇနီး ရောဂါပါ မသက်သာပါ။ နောက်ဆုံး မေ့မြောသွားပါသည်။
ထိုအခြင်းအရာကို ဆရာဝန် ဦးရွှေကြူးတိုက်နှင့် တစ်အိမ်ကျော်က အနှိပ်သည် ဆရာကြီးက သိ၏။ ထို့ကြောင့် မေ့မြောနေသူအား သတိပြန်လည်အောင် လုပ်ပေးလို ကြောင်းကို ဆရာဝန် ဦးရွှေကြူးအား မရဲတရဲ ခွင့်တောင်း၏။ ဦးရွှေကြူးက ခွင့်မပြုပါ။ နိုင်ငံခြား ခေတ်မီ ဆေးဝါးများထက် ဘယ်ဟာမျှ အစွမ်းမထက်ဟု တဇွတ်ထိုး ယုံကြည်နေပါ၏။
တစ်ရက်မှ နှစ်ရက်မြောက်သော ဦးရွှေကြူးတို့ သားအဖ လက်လျှော့လိုက်ပါသည်။ အနှိပ်သည် ဆရာကြီးကိုလည်း “ ကဲ - နှိပ်ချင် နှိပ်တော့ ” ခွင့်ပေးပါတော့သည်။ ဦးရွှေကြူး ခွင့်ပြုသည်နှင့် တစ်ပြိုင်နက် အနှိပ်သည် ဆရာကြီးသည် ဆရာဝန် ဦးရွှေကြူး၏ ဇနီး ခြေသလုံးသားများကို လည်းကောင်း၊ ပယ်ပယ်နယ်နယ် နှိပ်ပါတော့၏။ အနှိပ်သည် ဆရာကြီး၏ လက်မောင်းနှင့် တစ်ကိုယ်လုံး ချွေးသီးချွေးပေါက်များ အောက်သို့ တပေါက်ပေါက် ကျလာပါတော့သည်။
တစ်နာရီနီးပါးမျှ ကြာသောအခါ ဆရာဝန် ဦးရွှေကြူး၏ ဇနီး မေ့ရာက လူးလွန့်လာပါသည်။ မျက်စိကို အားယူဖွင့်၏။ ရေတောင်းတော့သည်။ ဆရာဝန် ဦးရွှေကြူးတို့ သားအဖ ၀မ်းမြောက်ဝမ်းသာ ဖြစ်ကြသည်မှာ ဆိုဖွယ်မရှိ။
လူ၏ အကြောတို့ကို နှိပ်ခြင်း(၀ါ) ပြုပြင်ပေးခြင်းဖြင့် မေ့မြော နေသူတောင်မှ သတိလည် အသက်ရှင်နိုင်ပါလားဟု မှတ်မှတ်ရရ သတိထားလိုက်သူကတော့ ယင်းဖြစ်ရပ်အလုံးစုံကို မြင်လိုက်ရသူ ကွယ်လွန်သူ အမျိုးသား ခေါင်းဆောင်ကြီး ဦးရာဇာတ်၏ ညီအရင်း မန္တလေးက ဦးဘကျော်ပင် ဖြစ်ပါသည်။


၉။ ဦးဘကျော်

ဦးဘကျော်သည် မန္တလေးဇာတိဖြစ်ပါသည်။ ယခု အသက်(၆၅)နှစ်ရှိပါပြီ။ ပင်စင် အငြိမ်းစား ဖြစ်ပါသည်။ ဦးဘကျော်သည် မန္တလေးတိုင်း ပြည်သူ့ရဲတပ်ဖွဲ့ရုံးတွင် ရုံးအုပ်စာရေးကြီးအဖြစ် အမှုထမ်းခဲ့သူ ဖြစ်ပါသည်။ ဦးဘကျော်သည် လွန်ခဲ့သော ၁၂ နှစ်လောက်က လေဖြတ်ခြင်း ခံခဲ့ရသည်။ ထို့ကြောင့် ရဲမင်းကြီးထံ( ထိုစဉ်က ရဲမင်းကြီးဟု ခေါ်သည်။) မိမိလေဖြတ်သဖြင့် ခွင့်ငါးရက်မျှ ပေးပါရန် ခွင့်စာရေးတင်လိုက်၏။
နံနက် ၁၀ နာရီ ခွင့်စာတင်ခိုင်းလိုက်ပြီး ညနေစောင်းသော အခါ လုပ်ဖော်ကိုင်ဖက်များနှင့် ရဲအရာရှိများ ရောက်ရှိလာပါသည်။ နာရေးကိစ္စဆိုတော့ ရဲမင်းကြီးလည်း ရောက်ရှိလာပါသည်။
ရဲမင်းကြီးက “ ဦးဘကျော်၊ ခင်ဗျား ကိုယ်တစ်ခြမ်း လေဖြတ်တာ ပေါ့ပေါ့ လုပ်မနေပါနဲ့။ ခွင့်ငါးရက်နဲ့လဲ မဖြစ်ပါဘူး ” ဟု ပြောတော့ ဦးဘကျော်က “ ဖြစ်ပါတယ်၊ ကျွန်တော့်ရောဂါ ငါးရက်ရှိရင် သက်သာမှာပါ”
“ ဟုတ်ရဲ့လားဗျာ၊ ခင်ဗျား ဝေဒနာ လေဖြတ်တာနော်” ဟု ပြောသော်လည်း ဦးဘကျော်ကတော့ လက်ငါးချောင်းသာ ထောင်ပြတောင်းလိုက်ပါသည်။ ဦးဘကျော်၏ လက်ဝဲလက် ဆုပ်မရ လှုပ်မရပါ။ ယာလက်သာ လှုပ်ရ ဆုပ်ရ၏။ (လေဖြတ်ခံရသူများသည် ၀ဲလက်လေဖြတ်ရပါက စကားပြောနိုင်ပြီး ယာဖက်ဖြစ်က စကားမပြောနိုင်ဟု အတွေ့ အကြုံများအရ သိပါသည်။)
ဦးဘကျော်သည် လေဖြတ်ခံနေရသော်လည်း အပြုံးမပျက်ပါ။ စိုးရွံ့ခြင်း၊ ထိန့်လန့်ခြင်း၊ အမူအရာမပြ၊ အဘယ့်ကြောင့်ဆိုသော် ဦးဘကျော်တွင် အားကိုးအားထား ဆေးစွမ်းကောင်းတစ်လက်ရှိနေပါသည်။ ထိုဆေးကား အုန်းမှုတ်ခက်နင်းခြင်းပေတည်း.။


ဦးဘကျော်၏ ယောက်ဖ လေဖြတ်စဉ်က


ဦးဘကျော်၏ ယောက်ဖ လေဖြတ်ခံရပါသည်။ ထိုစဉ်က ဦးဘကျော်က အကောင်းဆုံး ဆရာဝန်များက ဆရာဝန်များကို ပြပပေး၏။ အမျိုးမျိုးသော ဆေးဝါးများကို ရှာကြံကုသစေပါသည်။ သို့သော် ရောဂါ မသက်သာပါ။
တစ်နေ့ ကံကောင်းထောက်မသဖြင့် အနှိပ်သည် အဘိုးကြီးတစ်ယောက်နှင့် တွေ့ရပါတော့သည်။ ထိုအဘိုးကြီးးကို သာမန်အနှိပ်သည်ဟုသာ သိသည်။ အနှိပ်သည်အဘိုးကြီးက သွေးကြောလေကြောများက စမ်းသပ်ပြီး--
“ ကဲကွယ်…ဘာမှ ထွေထွေထူးထူး လုပ်မနေပါနဲ့တော့၊ ဘာဆေးတွေမှလဲ စားမနေပါနဲ့တော့၊ အုန်းမှုတ်ခွက်သာ နင်းတော့” ဆိုလေတော့၏။
အုန်းမှုတ်ခွက် နင်းပုံနင်းများ ချက်ချင်းပြသလိုက်သည်။ ဦးဘကျော်၏ ယောက်ဖမှာ လေဖြတ်ထားသဖြင့် မိမိဘာသာ မတ်တပ် မရပ်နိုင်ပါ။ ထို့ကြောင့် အုန်းမှုတ်ခွက်နင်းရသောအခါ ဘေးလူနှစ်ယောက်က တွဲရပေသည်။ ယုံကြည်မှု၊ ဇွဲရှိမှုကြောင့် ဆိုရပါသည်။ ဦးဘကျော်၏ ယောက်ဖသည် နှစ်လအတွင်း သက်သာ ပျောက်ကင်းသွားပါသည်။
ယင်းဖြစ်ရပ်ကို မျက်မြင်ကိုယ်တွေ့ သိရသူလည်း ဦးဘကျော် ဖြစ်ပါသည်။ ထို့ကြောင့် ဦးဘကျော်ကိုယ်တိုင် လေဖြတ်ခြင်းခံရသော အခါ တုန်လှုပ်မှု မရှိခြင်းမှာ ထို့ကြောင့်ပင် ဖြစ်ပါတော့၏။
ဦးဘကျော်သည် မိတ်ဆွေ သင်္ဂလ ပေါသူဖြစ်ပါသည်။ သူနေမကောင်း ဖြစ်သောအခါ လာသမျှ လူတွေ့ဧည့်ခံရင်း အုန်းမှုတ်ခွက် တွင်တွင်နင်းပါတော့သည်။ ဦးဘကျော်၏ အပေါင်း အသင်းများက ကန့်ကွက်ကြသည်။ ပြုံးကြထေ့ကြပါသည်။ ငွေကြေးတတ်နိုင်ပါလျှက်နှင့် တစ်ပြားတစ်ချက်မှ မကုန်သော အလုပ်လုပ်ရပါမို့လား၊ အင်္ဂလိပ် ဆေးကောင်း ၀ါးကောင်းများ ရှိပါလျှက် စားပါတော့လားဟု အပြစ်တင်ကြသည်။ ဦးဘကျော်က ဘာမျှ မပြော၊ ပြုံး၍သာ နေပါသည်။
ငါးရက်မျှ အုန်းမှုတ်ခွက်နင်းလိုက်သောအခါ ဦးဘကျော် ရုံးတက်နိုင်တော့၏။ ရဲမင်းကြီးလည်း အံ့သြသွားသည်။ သို့သော် ဦးဘကျော်၏ လက်မှာ မြှောက်၍ မရ၊ ဆုပ်၍ မရသေးချေ။ ရဲမင်းကြီးက “ ခင်ဗျား အုံးမှုတ်ခွက်နင်း မဆိုးဘူးဗျ၊ ဒါပေမယ့် အခု ရှင်းရှင်း ပျောက်သေးတာ မဟုတ်တော့ ခွင့်ထပ်ယူဦးဗျာ” ဟု ပြောကာ ခွင့် ဆယ့်ငါးရက် ထပ်ပေးလိုက်တော့၏။
ဦးဘကျော်သည် ထို ဆယ့်ငါးရက်အတွင်း အုန်းမှုတ်ခွက်ကို အားကြိုးမာန်တက် နင်းပါတော့သည်။ တစ်ရက်ပြီး တစ်ရက် သိသိသာသာ သက်သာလာပြီး လက်မောင်း မြှောက်နိုင်လာ၏။ လက်သီးလည်း ကောင်းကောင်းဆုပ်နိုင်လာသည်။ နောက်ဆုံး၌ ရက်ပေါင်း နှစ်ဆယ်အကြာ လူကောင်းပကတိ ဖြစ်သွား၏။
ထို့နောက်မှ စ၍ ဦးဘကျော်က လေဖြတ်ခံရသူများကို အုန်းမှုတ်ခွက်နင်းရန်တွင်တွင် တိုက်တွန်းလေတော့သည်။ တစ်ခါတစ်ရံ အုန်းမှုတ်ခွက်ကို ရှာကြံပြီး အနင်းခိုင်းလေတော့သည်။





ဆက်လက်ဖေါ်ပြပေးပါမည်။

ရွှေလမ်းငွေလမ်းဝင်းကြည်

Read more...

ပညာရဲ့သဘော(တက္ကသိုလ်ဘုန်းနိုင်)

Phone_naing-Pyin Nyar Yae ThaBaw



Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP