* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Wednesday, September 16, 2009

ဆရာတော်ဦးလောကနာထ အလှူတော် ၁၆.၉.၂၀၀၉

ယနေ့ဆရာတော်ဦးလောကနာထရဲ့အလှူတော် ဖြစ်ပါတယ်။ ရွှေလမ်းငွေလမ်းဝင်းကြည်မှ
ဝေယျဝစ္စ ကုသိုလ်လာရောက်ယူပါတယ်။





SANY0019.JPG




SANY0020.JPG




SANY0016.JPG




SANY0009.JPG

Prev: 14.9.2009 အလှူတော်

Read more...

Parami Dhamma Web, Tipitaka in Myanmar Language


Parami Dhamma Web, Tipitaka in Myanmar Language
Link: http://www.paramis.org/

ပိဋကတ်မြန်မာပြန်


Read more...

ဖတ်ဖြစ်အောင်ဖတ်စေချင်ပါသည်...........





ဒီတခါ ပြောပြမှာကတော့ စာရေးသူတို့ ယခုလက်ရှိပညာသင်ယူနေတဲ့ သီရိလင်္ကာနိုင်ငံလေး၇ဲ့ ယျဉ်ကျေးမှု ပွဲတော်လေး တစ် ခုကိုပါ၊ ယခုစာဖတ်သူတို့မြင်နေရတဲ့ ပုံလေးတွေကတော့ ကဆုန်လပြည့်နေ့ မှာ ပြုလုပ်ခဲ့တဲ့ ပွဲတော်လေးဖြစ်တယ်။ သူတို့ ကိုယ်ပိုင် ယျဉ်ကျေးမှုလေးတွေ နဲ့ ဘယ်ပွဲတော်မဆို ဆင်ယင်ကျင့်ပခဲ့ ကြပါတယ်။ တကယ်တော့ သီရိလင်္ကာဆိုတဲ့ နိုင်ငံက နိုင်ငံသေးသေးလေးဖြစ်သလို လူဦးရေးကလည်း နည်းပါးလှပါတယ်။ လူဦးရေနည်းပါးသလိုပဲ သံဃာတော်တွေရဲ့ ဦးရေဟာလည်း မများလှပါဘူး။ နိုင်ငံသေးသလောက် လူဦးရေ နှင့် သံဃာတော်တို နည်းပါးလှပေမယ့် ဗုဒ္ဓဘာသာ ဖွင့်ဖြိုးတိုး တက်မှုဟာ လူဦးရေး များစွာရှိသော ထိုင်း၊ မြန်မာ၊ ဆိုတဲ့ ထေရ၀ါဒ နိုင်ငံများထက် သာလွန်နေပါတယ်။

ဘာကြောင့်လည်း ဆိုတာကို စာရေးသူနောက်ရေးမယ့် ( သာသနာနှင့် သီရိလင်္ကာ) ဆိုတဲ့ ဆောင်ပါးမှာဖတ်ရပါလိမ့်မယ်။ စာရေးသူတို့နိုင်ငံလိုပါပဲ သူတို့တွေဟာ ရာသီအလိုက် ပွဲတော်ကိုကျင့်ပခဲ့ကြပါတယ်။ စည်းကားသောပွဲတော်များအနက် ကဆုန်လပြည့်နေ့ ပွဲတော်ကလေးဟာဖြင့် အလွန့်ကို ကြည့်နူးဖို့ ကောင်းလှတဲ့ ပွဲတော်လေးပါ။ ပွဲတော်မရောက်ခင် ၅ ရက်လောက်အလိုကတည်းက မိမိတို့ဆိုင်ရာ မြို့ သို့မဟုတ် ရပ်ကွက် ကျေးရွာ တွေမှာ ရှိတဲ့ ဘုန်းကြီးကျောင်းတွေကို လာရောက်ကြပြီး ကျောင်းပတ်ဝန်းကျင်နှင့် ကျောင်းတော်အတွင်းမှာ ရှိတဲ့ ဘုရားဆင်းတုတော် အစရှိတဲ့ ဆောင်ရွက်မှုတွေကို သူ့အလည့်ကျစနစ်နဲ့ လာရောက်ပြီးလုပ်ကိုင် ဆောင်၇ွက်ကြပါတယ်။ နောက်တစ်ခုက ပွဲတော်မလာခင် ၂ ပါတ်လောက် ကတည်းက ညနေ ၆ နာရီကနေ ၈နာရီခွဲအထိ ကျောင်းတိုင်း ကျောင်းတိုင်းမှာ နာမည်ကြီး ဆရာတော်တွေကိုပင့်ပြီး ပွဲတော်အကြို တရားပွဲတွေကို ပြုလုပ်ခဲ့ကြပါတယ်။

တကယ့်ကို မှတ်သားစရကောင်းလွန်းလှပါတယ်။ တရားပွဲစလို့ လာရောက်ကြတဲ့ တရားနားထောင်သူတွေထဲမှာ သုံးပုံနှစ်ပုံဟာဖြင့် အသက် ၅ နှစ်မှ၂၀ သာရှိသေးတဲ့ ကလေး သူငယ်တွေသာဖြစ်ကြပါတယ်။ ကဲ့ ဘယ်လောက် ဂုဏ်ယူစရာ ကောင်းလိုက်သလဲ ။ ဒါကအရေးကြီးဆုံးအချက်နော် စာဖတ်သူတို့ပေါ့ပေါ့ မဖတ်လိုက်ကြပါနဲ့ ပေါ့ပေါ့လေး မတွေးလိုက်ကြပါနဲ့ ၊၊ နောက်ရေးမယ့် စာ ဆောင်ထဲကနေပြီး သူတို့သာသနာနဲ့ပါတ်သတ်လို့ နည်းနည်းလေး ပြောပြချင်ပါတယ်။

ဘာကြောင့် လူဦးရေနှင့် သံဃာတွေ နည်းပါးပြီး လူဦးရေ နှင့် သံဃာတွေများပြားတဲ့ ထိုင်း၊ မြန်မာဆိုတဲ့ ထေရ၀ါဒနိုင်ငံတွေထက် ပိုပြီး သာသနာထွန်းကားသလဲဆိုတော့ အတွင်းသာသနာ ပိုကောင်းလို့၊ အတွင်း သာသနာကောင်းမှ အပြင်ကို သွားရောက်ပြီး ပြုရမယ့်သာသနာက ကောင်းလာမှာ တိုးတက်လာမှာ။ သူတို့နိုင်ငံရဲ့သာသနာကို ဦးဆောင်နေတဲ့ ဆရာတော်ကြီးရဲ့ သြ၀ါဒ လေးကို ပြောပြမယ် "ကလေးတွေကို ပျော်ရွင်အောင်ထားပါ တက်အောင်သင်ပေးပါ ဘုန်းကြီးကျောင်းတွေကို နေ့တိုင်း သို့မဟုတ် တစ်ပါတ်ကို ၃ ရက်လာခိုင်းပါ။ ငါတို့မင်းတို့တွေက အသက်ကြီးလာပြီး သာသနာကို ညွန်ကြားတာလောက်ပဲလုပ်နိုင်တော့ ငါတို့လက်ထည်း မှာ သာသနာ မရှည် နိုင်တော့ဘူး ဒီတော့ ဘယ်သူတွေကို ငါတို့ထမ်းနေတဲ့သာသနာကိုပေးရမလည်းလို့ မင်းတို့တွေးကြည့် စမ်းဆိုပြီး ဆက်ပြောတယ် သာသနာတည်ဖို့ဆိုတာ ကလေးသူငယ်တွေရဲ့လက်ထည်းမှာကွ" တဲ့။

ကဲ မဟုတ်ဘူးလား ဆရာတော်ပြောပြသွားတာ ဘယ်လောက်မှတ်သားစရာကောင်းသလဲ စာရေးသူတို့နိုင်ငံမှာလည်း ဆရာတော် တွေကပြောကြပါတယ် ဒါပေမယ့် လူတွေက ဖြစ်မြောက်အောင်မလုပ်နိုင်ခဲ့ကြဘူး။ ဒီနိုင်ငံကြတော့ ဆရာတော်တွေ ပြောတဲ့အတိုင်း သူတို့လိုက်နာတော့ ကလေးတွေက ၁၀ သားနှစ်သားလောက်ဆို ဘာသာရေးတွေ ကြွယ်ဝနေပြီး မေးတဲ့သူတိုင်းကိုလည်း ရှင်းပြနိုင်ပြီး တခြားဘာသာကလေးတွေက သူတို့ကိုလာ ပြီးပြောလည်း ပြန်ပြောနိုင်ကြပြီး ဘာကြောင့်လည်း သူတို့ရဲ့စိတ်ထည်းကို ဘာသာရေးတွေ သွင်းပေးခဲ့လို့ပေါ့။ ဒီနေရာမှာ စာရေးသူပြောချင်တာက အတွင်းသာသနာဆိုတာ နိုင်ငံတွင်းသာသနာကိုပါ။


ဘာကြောင့်သာသနာတော်ဟာ သီရိလင်္ကာမှာ တည်နေသလည်း ထွန်းကားနေသလဲဆိုတာကိုဆိုတာကို သဘောပေါက်လောက်ပါပြီး။ ကလေးတွေဟာ နောက်သာသနာရဲ့အဓိကသူတွေပဲ ဆိုတာကို ကလေးတွေ သိလာအောင် အမျိုးမျိုး ဆရာကပြောပြလိုက် မိဘကပြောပြလိုက် ဘုန်းကြီးတွေက ပြောပြလိုက်နဲ့ သွန်သင်ဆုံးမပေးကြတယ်။

နိုင်ငံက ကလေးတွေကို အရမ်းဦးစားပေးတယ် ဒါကြောင့်ခုစာဖတ်သူတို့မြင်တဲ့အတိုင်း ပွဲတော်တိုင်းမှာ ကလေးတွေကို အချင်းချင်းဦးဆောင်းခိုင်းတယ် တချို့က ကလေးနဲ့လူကြီး အပြိုင်အဆိုင်လေးတွေ တောင်လုပ်ကြပါတယ်။ ပွဲတော်ရာသီတိုင်းမှာ အကအခုန်လေးတွေဆိုရင်လည်း ရိုးရာလေးတွေကို ဦးစားပေးပြီး လုပ်တာများပါတယ်။ ဒါက ဘာသဘောလည်း ဆိုရင် မိမိတို့ရဲ့ယျဉ်ကျေးမှုကို မပျောက်ပျက်အောင် ကလေးတွေ ကို တနည်းအားဖြင့် စောင့်ထိန်းခိုင်းလိုက်တာပါပဲ။ “

ပွဲတော်စတာနဲ့ ကျောင်းကနေ စပြီးအကအခုန်တွေနဲ့ ဆိုင်ရာအရပ်ဒေသလောက်ပဲ အသီးသီးလည့် လှည်ခဲ့ကြပါတယ်.ပြီးတော့လမ်းမှာလည်း ကလေးအတွက် လိုလေစိတ်မရှိ အိမ်တိုင်းလိုလိုက စားစရာ သောက်စ ရာ အစရှိတာတွေကို စီစဉ်ပေးခဲ့ကြပါတယ်။ လည့်လှည်ပြီး ကျောင်းကိုပြန်ရောက်တော့ သူတို့လေးတွေဟာ ဆရာတော်တွေရဲ့ တရားတော်တွေကို နားထောင်ကြရပါတယ်. ကလေးအချင်းချင်းလည်း ဘာသာရေးကို အားလပ်တဲ့အချိန်လေးတွေမှာ ဆွေးနွေး ကြတယ် တကယ်ကိုလူကြီးလေးတွေအတိုင်းပါပဲ။

စာရေးသူကတော့ ဒီပွဲတော်လေးကိုတော့ ဘယ်တော့မှမေ့နိုင်တော့မှာမဟုတ်ပါဘူး ဘာကြောင့်လည်းဆိုရင် သူတို့က ပွဲတော်မှာ ပျော်ရွင်မှုတွေကို သိပ်ဦးစားမပေးကြဘူး။ ပွဲတော်အချိန်လေးအတွင်းမှာ ပဲ ကလေးတွေဟာ တရားထိုင်ခြင်း။ တရားဆွေးနွေးခြင်း၊ တရားနာခြင်းဆိုတာတွေကို လူကြီးတွေနဲ့အတူ အရွယ်နှင့်မလိုက်အောင် လုပ်ဆောင်နေကြလိုပါပဲ။

ဒါကြောင့် စာဖေတ်သူတို့ သူတို့နိုင်ငံတွေမှာ ကျင့်ပနေတဲ့ ပွဲတော်ဆိုတာ ဒီလိုပါပဲလား ပျော်ရွင်မှု သတ်သတ် လုပ်တာ မဟုတ်ဘူး ဆိုတာကို သိအောင်လို့ သိသလောက်ကလေး တင်ပြလိုက်ပါတယ်.. စာဖတ်သူတွေ ကိုယ်စိတ်နှစ်ပါး ကြည်လင်ချမ်းမြေ့ကြပါစေ..........(အပေါ်ဆုံးဓါတ်ပုံရက်စွဲ စာရေးသူ ဓါတ်ပုံရိုက်စဉ် ပြင်ရန်မေ့သွားခဲ့ခြင်းဖြစ်သည်)

Read more...

ဆေးတက္ကသိုလ် ဓမ္မသဘင်

9

( သီလ ၊ သမာဓိ )

( သီလ )
ဒီကနေ့ သီလကိုပြောမယ်၊ သီလဆိုတာ ဘာလဲဟေ့လို့ ပြောရင် ဘယ်လိုပြောမလဲ ။ အများနှင့်ဆိုင်သော အားလုံးအတွက် Common ဖြစ်သွားအောင်ပြောမယ်ဆိုလို့ရှိရင်နော်။ သီလဆိုတာ ကိုယ် နှုတ် တို့၏စည်းကမ်း၊ သီလအမျိုးအစားတွေ ဒီကနေ့ အကျယ်တ၀င့်ပြောဖို့ အချိန်မရဘူး။ သီလ အမျိုးအစားတွေ မြောက်မြားစွာရှိတယ်။ ပါတိမောက္ခသံဝရ သီလ၊ ဣန္ဒြိယသံဝရ သီလ၊ အာဇီဝပါရိသုဒ္ဓိ သီလ၊ ကျောင်းသူ ကျောင်းသားများအတွက် ဒီလောက်ထိမလိုသေးပါဘူး။ ခုနက ၂-လုံး ရရင်ပြီးပြီ။

ကိုယ် နှုတ် တို့၏ စည်းကမ်း၊ ကိုယ်၏စည်းကမ်း၊ နှုတ်၏စည်းကမ်း၊
Bodily discipline and verbal discipline thi is Sila ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
I undertake the precept not to kill any living beings အသက်ရှိ သတ္တ၀ါမှန်သမျှ မသတ်ရဘူးဆိုတဲ့ သိက္ခာပုဒ်ကို အကျွန်ုပ် စောင့်ထိန်းပါ၏။ အဲဒါဟာ ဘာလဲဆိုရင် Bodily discipline ပဲ။ ဒီ ကိုယ်အမူအရာဖြင့် သတ်တဲ့အမှုကို မလွန်ကျူးမိအောင် ကာယကံကို ဘာလုပ်ရမလဲ ထိန်းပေးရမယ်။

အဒိန္နာဒါနာ။ ဒီလက်နဲ့ သူတပါးရဲ့ပစ္စည်းကို မတရားသောနည်းဖြင့် မယူမိအောင် ကိုယ်အမူအရာကို ထိန်းတယ်။
ကာမေသုမိစ္ဆာစာရလဲ ဒီအဓိပ္ပါယ်ပဲဆိုတော့ ကိုယ်အမူအရာ ထိန်းတဲ့စည်းကမ်းဟာ အနည်းဆုံး ဘယ်လောက်ရှိမလဲ။ သုံးခုရှိပါတယ်။
သတ်ခြင်း ညှင်းဆဲခြင်း မလုပ်ဘူး၊ ခိုးဝှက်ခြင်း မလုပ်ဘူး။ ကာမဂုဏ်ကို မှားယွင်းစွာ ကျင့်သုံးတဲ့အကျင့်ကို မကျင့်ဘူး။
တိရစ္ဆာန်ဆိုတာကတော့ အမေရယ်၊ အမရယ်၊ ဘာမှ မခွဲဘူး။ အထီးရယ်၊ အမရယ် ဘာမှမခွဲဘူး။ အကုန်လုံး စပ်ယှက်တာပဲ။ လူကျတော့ ဒီလိုစည်းကမ်းနဲ့ နေလာတာ။ စည်းလေး ကမ်းလေးနဲ့ ကာမဂုဏ်ကို မစပ်ယှက်သင့်တာ ရှောင်သင့်တာ ရှောင်။ တရားဝင် ကိုယ်နှင့်လက်ခံထားတာလေး ကိုယ့်ဟာကိုယ် ပေါင်းသင်း ဆက်ဆံ ဒီလိုသွားတာ။

လူကတော့ စည်းနဲ့ ကမ်းနဲ့ နေတာ။ ဒါကြောင့် သီလဆိုတာ စည်းကမ်း။ အဲဒါတွေဟာ ဘုရားပွင့်ပွင့် မပွင့်ပွင့် တရားဟောဟော မဟောဟော ကမ္ဘာဦးလူတွေပေါ်တဲ့ အချိန်ကစလို့ ရှိကောင်းတဲ့ အကျင့်။ အဲဒါကို ကိုးကွယ်စရာ Religion ဆိုတဲ့ထဲမှာ သွားထည့်စရာကို။ သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ ဖြစ်လာတယ်။
သမ္မာဝါစာ-Right speech. သမ္မာကမ္မန္တ-Right action. How to actrightly ကို ပြောပြီးပြီ၊ To refrain from three kind of evil action-မကောင်းတဲ့ အကျင့်သုံးခု ရှောင်လိုက်ရင် Action တွေ အကုန်လုံး မှန်သွားတယ်။ မကောင်းတဲ့ ၆-ခုကို ရှောင်လိုက်ရင် ကောင်းတဲ့စကားတွေ အလိုလို ထွက်လာလိမ့်မယ်။ Right Speech ဖြစ်တာပေါ့။

Right livelyhood-ပေါ့၊ ဒါလေး နည်းနည်း အပိုလေးပေါ့။ မှတ်ထားလိုက်ဦး။ Right livelyhood-သိဖို့ ကောင်းတယ်။ ဗုဒ္ဓရှင်တော်ရဲ့ အဆုံးအမများစွာမှာ အသက်မွေးမှုနဲ့ ပတ်သက်လို့ မလုပ်ကောင်းတဲ့အချက် ၅-ခု ပြောထားတယ်။ မလုပ်ကောင်းတာ-
Poison Trading-အဆိပ်ကို ကုန်သွယ်ရောင်းဝယ်ခြင်း မလုပ်ရဘူး။
Weapon Trading-လက်နက် ကုန်သွယ်ရောင်းဝယ်ခြင်း မလုပ်ရဘူး။
Intoxicating Trading-ယဇ်မှုကို ကုန်သွယ်ရောင်းဝယ်ခြင်း မလုပ်ရဘူး။
Animal Trading-အသားစားသတ္တ၀ါကို ကုန်သွယ်ရောင်းဝယ်ခြင်း မလုပ်ရဘူး။
Human Trading-လူသတ္တ၀ါကို ကုန်သွယ်ရောင်းဝယ်ခြင်း ဆိုတဲ့နေရာမှာ For Prostitute (ပြည့်တန်ဆာ)၊ or slave (ကျေးကျွန်)၊ အဲဒီနှစ်ခုအတွက် Human Trading မလုပ်ရဘူး။ ၅-ခုရတယ်နော်။
အဆိပ်, လက်နက်, ယဇ်မှု, အသားစားသတ္တ၀ါ, လူ-အဲဒီ ၅-ခုက လွတ်သွားရင် Livelyhood-က ဘာဖြစ်လဲ။ Right livelyhood-နော်။ အဲဒါဟာ ဗုဒ္ဓရှင်တော်သည် ရှေးဟောင်းအိန္ဒိယယောဂီတို့ရဲ့ အကျင့်ကို ၆-နှစ်ကျင့်ပြီးတော့ ဒီအကျင့်တွေ ကောင်းကျိုးမပေးဘူး ဆိုပြီးတော့ ကိုယ်တိုင်ချတဲ့အခါ ရှေးဦးစွာ ချမှတ်လိုက်တာ။ ဘာကျင့်စဉ်လဲ။ သီလ။ အဲဒီသီလရဲ့ အကျဉ်းချုပ်သည် ကိုယ်နှုတ်နှစ်ပါးကို ထိန်းထားပေးတဲ့ စည်းကမ်းပဲတဲ့။

အဲဒါကြောင့် Bodily discipline, verbal discipline, Thi is Sila.အဲဒီသီလကို ကျင့်သွားရင် ဘာဖြစ်မလဲ။ ဗြဟ္မာ့ပြည် ရောက်မယ်။ နတ်ပြည် ရောက်မယ်။ ဒီမျက်မှောက်ချက်ချင်းကိုပဲ To be a good person (လူကောင်းဖြစ်ပြီ) ပဲ။ ကာယကံမှာ စည်းကမ်းရှိရင် ၀စီကံမှာ စည်းကမ်းရှိတယ်။ ကိုယ်နှင့်နှုတ်မှာ စည်းကမ်းရှိရင် ခရစ်ယာန်ဖြစ်ဖြစ်၊ ဟိန္ဒူဖြစ်ဖြစ်၊ အစ္စလာမ်ဖြစ်ဖြစ်၊ ဂျူးဖြစ်ဖြစ်၊ ဗုဒ္ဓပဲဖြစ်ဖြစ်၊ သူဘာဖြစ်လဲ Good person(လူကောင်း) ဘာသာရေးက မတတ်နိုင်ဘူး။ ကိုယ်တိုင်လုပ်မှရတာ။

လူကောင်းတယောက်ဖြစ်လာဖို့အတွက် အားလုံး ကိုယ် နှုတ်မှာ စည်းကမ်းရှိကြပါတဲ့။ ဘုန်းကြီးကျောင်းမှာ တရားရိပ်သာမှာ ပြောသလိုမျိုး ပြောရင်တော့ သီလမြဲကြပါပေါ့။ အခုတော့ ဒါကလေးတွေဆိုတော့ ကိုယ် နှုတ်မှာ စည်းကမ်းရှိကြမယ်ပေါ့။ ကိုယ်နှုတ်ရဲ့ စည်းကမ်းကို ထိန်းနိုင်တဲ့ပုဂ္ဂိုလ်သည် ဘာဖြစ်မလဲ။ Good person-လူကောင်း။ အဲဒီတော့ ကာယကံရဲ့ ကျူးလွန်မှု။ ၀စီကံရဲ့ ကျူးလွန်မှုတွေ အကုန်လုံးကို ဒီသီလက ထိန်းလိုက်တဲ့အတွက်ကြောင့် လူကောင်းတော့ ဖြစ်လာတယ်။ ဒါပေမဲ့ How to control the mental violence. It is more important then to control the body and speech. စိတ်ထဲ သောင်းကျန်းနေတာတွေ ကျတော့ ဘယ်လိုလုပ် ထိန်းမလဲ။

( သမာဓိ )
ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမဒိယာမိ-I undertake the precept not to kill any living beings. ဘယ်သတ္တ၀ါကိုမှ ကျွန်ုပ်မသတ်ပါဘူး။ သတ်လို့လဲ မဖြစ်ဘူး။ သတ်ချင်တဲ့စိတ်တွေ ဘယ့်နှယ်လုပ်မလဲ။ အဆင့်က အဲလို လာတယ်။ အဆင့်ဆင့်ရှိတယ်။ ဒီတော့ ကိုယ်နှုတ်နှင့် မလွန်ကျူးတော့ဘူးဆိုရင်ပဲ တကမ္ဘာလုံးက သူ့ကို လူကောင်း ခေါ်တော့တာပဲ။ သီလကျင့်သုံးရင် လူကောင်းတော့ဖြစ်တယ်။ It is primary stage in Buddhism.ပဲ၊ သီလဟာ Primary stage-ပဲ ရှိသေးတယ်။ Middle stage လိုသေးတယ်။ high stage လိုသေးတယ်။ university level တောင် မရောက်သေးဘူး။ မင်းတို့က University ရောက်ပြီဆိုပြီးတော့ သိပ်ပြီးတော့ အထင်ကြီးမနေနဲ့။ သီလမပြည့်စုံရင် မင်းတို့ Primary မှာပဲ ရှိသေးတယ်။ အခု မင်းတို့ကို ဘုန်းကြီး Primary stage ကို နည်းနည်းလေး သင်ပေးထားတယ်။ တကယ်အရေးကြီးတဲ့ အပိုင်း၊ အဲဒီတော့ ဒုတိယအပိုင်းက ဘာလဲဆိုတော့ အဲဒီစိတ်ရဲ့ သောင်းကျန်းမှုတွေ၊ ထကြွမှုတွေ ပါဠိစားလုံးလေး ပြောလိုက်ပရစေဦး၊ ပရိယုဋ္ဌာန ခေါ်တယ်။ ကိုယ်နဲ့ နှုတ်နဲ့ လွန်ကျူးနေတာကိုတော့ ၀ီတိက္ကမ ခေါ်တယ်။

ဝီတိက္ကမ-ကိုယ်နဲ့ နှုတ်နဲ့ လွန်ကျူးတာကို သီလနဲ့ ထိန်း။ ကိုယ် နှုတ် စည်းကမ်းရှိတော့ သူသည် လူကောင်းတယောက်ဖြစ်လာတယ်။ ဘာပြစ်မှုမှ မရောက်တဲ့အတွက်ကြောင့် ဘာဥပဒေနဲ့မှ အရေးယူခြင်းမခံရဘူး။ သို့သော် စိတ်ထဲမှာ သောင်းကျန်းနေတာရှိရင် ဘာဖြစ်လဲ ဘာမှတော့ မဖြစ်ဘူး။ မြတ်ဗုဒ္ဓက တို့သံဃာတော်တွေရဲ့ ၀ိနည်းတော်မှာတောင်မှ-မနောဒွါရေ အာပတ္တိနာမ နတ္ထိ-တဲ့။ စိတ်နဲ့ပြစ်မှားတာ အာပတ်မသင့်ဘူး။ ကိုယ်နဲ့ နှုတ်နဲ့ ပြစ်မှားမှ အပြစ်ရောက်တာ။ အဲသလောက် ထိန်းနိုင်ရင်ကိုပဲ တိုင်းပြည်က တော်တော်ကောင်းနေပြီ။ ကမ္ဘာလဲ အတော်ကောင်းနေပြီ။ စိတ်သောင်းကျန်းမှုတွေကို ထိန်းဖို့ကတော့ ကိုယ်တိုင်ရဲ့ ချမ်းသာခြင်းအတွက် စိတ်ထဲက ထကြွသောင်းကျန်းနေတာတွေကို မထိန်းနိုင်လျှင် ကိုယ်တိုင်လဲ ချမ်းသာခြင်းကို မရနိုင်ဘူး။ Physical happiness ကိုယ်ချမ်းသာခြင်းနှင့် Mental happiness စိတ်ချမ်းသာခြင်း၊ ဒီ ၂-ခုမှာ Mental happinrss မှသာလျှင် တကယ့်အတွေ့ချမ်းသာအစစ်ပါ။

ဟို အမေရိကန် အင်္ဂလန် အနောက် တိုးတက်တဲ့နိုင်ငံကြီးတွေမှာ သွားကြည့်ရင် ဟို physical တွေကတော့ very very advanced ပဲ။ သိပ်တိုးတက်တာပဲ။ ဒါပေမယ့် သူတို့တတွေရဲ့ စိတ်ဟာ သိပ်ဆင်းရဲတယ်။ ဘာနဲ့တူနေသလဲ ဆိုတော့ ဘောလုံးအကြီးကြီးတလုံးကို ပြောင်ချောနေတဲ့ စားပွဲပေါ်မှာတင်၊ အဲဒီဘောလုံးကြီးပေါ်မှာ သစ်သားတန်းကြီးကို အလယ်တည့်တည့် တင်လိုက်ပေါ့။ တင်လိုက်ပြီး ဒီဘက်မှာ လူတယောက် ဟိုဘက်မှာ လူတယောက် ခွစီး။ အဲဒီလူနှစ်ယောက် balance ဖြစ်ရင်ဖြစ်၊ မဖြစ်ရင် နှစ်ယောက်စလုံး သေလိုက်။ သူတို့ အဲဒီလို ဖြစ်နေကြတယ်။

တကမ္ဘာလုံးမှာလေ balance ဖြစ်အောင် သူတို့ မနည်း လုပ်နေကြရတာ။ အလွန့်အလွန် တိုးတက်နေတဲ့အပိုင်းက နေပြီးတော့ ဟို အစအထိ ကမ္ဘာဦးက ကျောက်ခေတ်၊ ကြေးခေတ်ကိုများ ပြန်ရောက်သွားမလား ဆိုပြီးတော့ ပူပြီးနေရတာ။ Tension, Tension ပေါ့။ စိတ်ထဲမှာ ပူပြီးတော့ နေရတာတွေဟာ အလွန်ပြည့်စုံနေပါလျက် သူတို့မချမ်းသာကြဘူး။ အဲဒါကြောင့် သူတို့ မြန်မာပြည်မရောက်ဘူးတဲ့ ဟိုဘက်က လူတွေက မေးတယ်။ မြန်မာပြည် ဘယ်လိုလဲတဲ့။ အို-Physically very poor but mantally is very rich နှလုံးသား အလွန်ကြွယ်ဝတဲ့ လူမျိုးပါကွာလို့ လာကြည့်စမ်းပါ။ တချို့ ရောက်လာတယ်။ ဟာ-ဒီကနေ ယုယုယယ ပြုစုစောင့်ရှောက်ပေးကမ်း ကျွေးမွေးတည်းခို သွားလဲပဲ ဘုန်းကြီးကျောင်းတွေ တည်းမလား။ ဘယ်သူ့အိမ် တည်းမလဲ။ တပည့်တွေ အမေရိကန်တွေ၊ အင်္ဂလိပ်တွေ လာကြတယ်။ ဘယ်သူကမှ သူတို့ Charges အခကြေးငွေ မလုပ်ဘူး။ ဟိုကဖိတ်ကျွေး၊ ဒီကဖိတ်ကျွေး၊ လက်ဆောင်တွေပေး။ လေယာဉ်ဆင်းတဲ့အချိန်ကစပြီး ၀ိုင်းကူကြ၊ ပြန်တက်တဲ့အထိ ပြန်သွား ပျော်ပျော်သွားကြပါတယ်။

ဟာ-ဒီလိုတိုင်းပြည်မျိုး ဘယ်မှာမှမတွေ့ဖူးဘူး။ ဘာဖြစ်လို့ ဒီလူတွေ ဒီလောက် နှလုံး ဒါလောက်လှနေတာလဲ။ ဒါလောက် ကြွယ်ဝချမ်းသာနေတာလဲလို့ သူတို့ ဒါမေးတယ်။ အဲဒါကြောင့် ဘုန်းကြီးက ပြောတယ်။ This is land of Dhamma ဓမ္မနိုင်ငံတော်။ တို့တိုင်းပြည်က ဒါကြောင့်မို့ ဒီလူတွေ ကြွယ်ဝချမ်းသာတာ။ ဓမ္မဖြင့် နှလုံးသား ဘာဖြစ်နေလဲ ကြွယ်ဝချမ်းသာတာ။ သူတို့တိုင်းပြည်တွေ ရောက်သွားလို့ရှိရင် ဟေ့-ကျုပ် အခုမအားသေးဘူး။ ဘယ်နေ့တော့မှ ခင်ဗျားပြောလို့ရမယ်။ ဒါဖြင့် ခင်ဗျားတည်းဖို့ ဘယ်ဟိုတယ်မှာ ကျုပ်တို့လုပ်ထားတယ်။ အဲဒီသွားတည်း။ အဲဒီမှာစား။ အချိန်ကျ ကျုပ်လာရှင်းမယ်။ ဒါမျိုးတော့ လုပ်ချင်လုပ်မယ်။ သူ့အိမ်လာတည်းပါလို့ ဘယ်တော့မှ မရှိဘူး။

သူ့ကို လိုက်ပို့မယ်။ သူ့ကို ပင်တိုင်ချက်ကျွေးမယ်။ ဘယ်တော့မှ ဒီလိုမရှိကြဘူး။ ရှားပါတယ်။ ကဲ အခုကြည့်လေ။ ဘာလဲ Mental violence ပါဠိလိုပြောရင် ပရိယုဋ္ဌာန စိတ်ချမ်းသာခြင်းကို မရနိုင်ကြတဲ့အကြောင်း၊ ဟိုဘက်တိုင်းပြည်တွေမှာ ပစ္စည်းပစ္စယတွေ ပြည့်စုံပြီးတော့ စိတ်မချမ်းသာကြဘူး။ ဒီထဲမှာ ဘုန်းကြီးတို့ ပစ္စည်းပစ္စယ မပြည့်စုံပေမယ့်လဲ အလွန်စိတ်ချမ်းသာအောင် နေတတ်တယ်။ ဘုန်းကြီးတို့လူမျိုးဟာ အဲဒါ ဘာစွမ်းရည်လဲလို့ဆိုရင် ဒီဓမ္မရဲ့ စွမ်းရည်ကြောင့်ပါပဲ။ အဲဒီတော့ Satge က ဘုန်းကြီးတို့မှာ ဘာရှိသလဲ ဆိုရင် သမာဓိ ရှိတယ်။ အေး-သမာဓိ ဆိုတာ ဘာလဲမေးရင် Mental discipline ပဲ ၊ Concentration ဆိုတာကတော့ လူသိများတယ်။

ဒီကနေ့ ဘုန်းကြီးတို့ဖြန့်ချိတာက Mental discipline အဓိပ္ပါယ်။ စိတ်၏ စည်းကမ်း၊ တောထဲက မျောက်တွေ သွားကြည့်၊ အစာတွေ ၀အောင်စား၊ ထပ်စားတယ်၊ ပါးစောင်ထဲ မျိုထား၊ လက်ထဲကလဲ ဆုပ်လိုက်သေးတယ်။ ဒီလောက် ၀နေတဲ့အကောင် ငြိမ်ငြိမ်လေး နေလားဆိုတော့ မနေဘူး။ ဟိုအပင်ခုန်၊ ဒီအပင်ကူးလိုက် ဒီအပင်ခုန် ဟိုအပင်ကူးလိုက် မျောက်၊ မျောက်ပြောတာ။(ရယ်သံများ)။ အလွန့်ကို စည်းမဲ့ ကမ်းမဲ့နိုင်တဲ့ကောင်။ မင်းတို့စိတ် ဘာနဲ့တူလဲ ။ ဘုန်းကြီးတို့စိတ်လဲပဲ ဘာနဲ့တူလဲဆိုရင် မျောက်နဲ့တူတယ်။ အမြဲတမ်း အလိုမပြည့်နိုင်ဘူး။ တစုံတခုကို တောင့်တနေတာ။ တခါတလေကျတော့လဲ စိတ်ဟာ ဘယ်လိုဖြစ်လဲဆိုတော့ အလွန်မုန်းတီးထားတဲ့ လူတယောက်ကိုလေ ချစ်တဲ့လူထက်တောင်မှ စွဲစွဲလမ်းလမ်း ဖြစ်နေသေးတယ်။(ရယ်သံများ)။

ချစ်တဲ့လူကို ဘယ်တော့မှ မမေ့ဘူးဆိုတာက တော်သေးတယ်။ ချစ်လို့ မမေ့တာ ထား။ ဟာ-မုန်းပါတယ်ဆိုလဲ သူလဲ မမေ့ဘူး။ ဘာဖြစ်လို့ မမေ့တာလဲဆိုတော့ မုန်းလို့ကို မမေ့တာ။ အဲဒီတော့ attachemen ဆိုတာ နှစ်မျိုးလုံးပဲ။ ချစ်သူတို့ အပေါ်မှာ စွဲလမ်းတာရော၊ မုန်းသူ ရန်သူတို့အပေါ်မှာ စွဲလမ်းတာရော attachemen ပဲ၊ အဲဒါတွေ များလာပြီဆိုရင် စိတ်ဟာ မျောက်လိုဖြစ်လာတယ်။ စိတ်ဟာ အမြဲတမ်း ခုန်ပျံပြေးလွှားနေတာ။ အဲလို မျောက်ကဲ့သို့ ခုန်ပျံပြေးလွှားနေတဲ့စိတ်ကို ငြိမ်သွားစေဖို့ရန် ကျင့်ရမယ့်ကျင့်စဉ်ကို ခေါ်တာက သမာဓိ၊ သို့မဟုတ်ရင် သမထ။

( သီတဂူ ဆရာတော် )
( မြတ်မင်္ဂလာ ၁၉၉၉-ခု ဖေဖော်ဝါရီလ )

သားထူး သားမြတ်

မောင်ကြွေသည် မွေးချင်းမောင်နှမ သုံးယောက်တွင် အငယ်ဆုံးဖြစ်၏။ သူတို့ မွေးချင်းသုံးယောက်မှာ မစောညွန့်က အကြီးဆုံး၊ မောင်ဘသောင်းက အလတ်၊ မောင်ကြွေက အငယ်ဆုံးဖြစ်သည်။ သူတို့မိခင် ဒေါ်မြိုင်သင်းမှာ မောင်ကြွေတို့ မောင်နှမသုံးယောက် အရွယ်မရောက်ခင် အိမ်ထောင်ပျက်၏။ မုဆိုးမဘ၀ဖြင့် သားသမီး ၃-ယောက်ကို ဈေးတောင်းခေါင်းရွက်ပြီး ကျွေးမွေးပညာသင်ပေးခဲ့သည်။

ထိုစဉ်က ဒေါ်မြိုင်သင်း၏ အသက်မှာ ၃၀-မျှသာရှိသေး၏။ နောက်အိမ်ထောင်ပြုမည်ဆိုက ပြုနိုင်၏။ သင့်လည်းသင့်တော်၏။ သို့သော် သားသမီးများမျက်နှာကိုထောက်၍ နောက်ထပ်အိမ်ထောင်မပြုဘဲ ဇာတိမင်းတုန်းမြို့တွင် နေထိုင်ခဲ့ကြ၏။ ကြီးပြင်းလာသောအခါ သမီး ဒေါ်စောညွန့်နှင့် သား-မောင်ဘသောင်းတို့သည် အိမ်ထောင်ပြုပြီး တရပ်တ၇ွာ ပြောင်းသွားကြသည်။

မောင်ကြွေလေးသည် မိခင်မုဆိုးမကြီး ဈေးတောင်းခေါင်းရွက်ပြီး ကျွေးမွေးပညာသင်ကြားခဲ့မှုကြောင့် သတ္တမတန်းကို အောင်သည်အထိ ကျောင်းနေခဲ့သည်။ ကျောင်းကထွက်ပြီး ပန်းတိမ်ပညာနှင့် ဆံပင်ညှပ်ခြင်း အတတ်ကို တပြိုင်တည်း သင်ယူခဲ့သည်။
ပညာနှစ်ရပ်စလုံးကို အသက်မွေးဝမ်းကျောင်းနိုင်လောက်အောင် တတ်မြောက်သောအခါ အမေ-အေးအေးဆေးဆေး နေပါ၊ ကျွန်တော် လုပ်ကျွေးပါ့မယ်။ ပန်းတိမ်လုပ်ကျွေးရမလား၊ ဆံပင်ညှပ်ကျွေးရမလား-ဟုမေး၏။ သူ့မိခင် သဘောကျရာအလုပ်နှင့် လုပ်ကျွေးမည်ပေါ့။

ထိုစဉ် မောင်ကြွေ၏အသက်မှာ ၁၅-နှစ်သာရှိသေးသည်။ အိမ်မှာလည်း သူနှင့် သူ့မိခင်ကြီး နှစ်ယောက်တည်းသာ ရှိ၏။ မိခင်ကြီးက ပန်းတိမ်လုပ်လျှင် မီးပူမည်၊ ညောင်းမည်၊ ရောဂါရမည်ဆိုကာ ဆံပင်ညှပ်ပေါ့မောင်ရယ်-လို့ပြောသည်။ သို့ဖြင့် ဆံပင်ညှပ်၍ မိခင်ကို ကျွေးမွေးစောင့်ရှောက်သည်။ သူ့အမ ဒေါ်စောညွန့်ကား စာရေးသူ၏အမေ။ သူက စားရေးသူ၏ ဦးလေး။

မောင်ကြွေလေးမှာ လူငယ်တို့ဘာသာဘာဝ ချစ်သူရှိခဲ့ပါ၏။ သို့သော် မိခင်မုဆိုးမကြီးနှင့် မတည့်မှာစိုး၍ အိမ်ထောင်မပြုခဲ့။ မိခင်တိမ်းပါးမှ အိမ်ထောင်ပြုမည်ဟု ဆုံးဖြတ်ခဲ့၏။
မောင်ကြွေအသက် ၃၀-ခန့်တွင် မိခင်ကြီး မျက်စိရောဂါရကာ မျက်စိကွယ်ခဲ့သည်။ မောင်ကြွေသည် မိခင်အား ဆံပင်ညှပ်ကျွေးရသည့်အပြင် ထမင်း၊ ဟင်းများ ချက်ပြုတ်ကျွေးရသေး၏။ မိခင်ကြီး ရေချိုးရန် ရေကိုလည်း ဝေးလံသော ချောင်းထဲမှ ခပ်ပေးရသေး၏။ ဤအလုပ်သည် မောင်ကြွေ၏ နေ့စဉ်နိစ္စဓူဝ မညည်းမညူ လုပ်ရသည့် အလုပ်ပင်။

ထိုမျှမကသေး မိခင်ကြီး၏ အင်္ကျီ လုံချည် (ထဘီ) များကို ပခုံးပေါ်တင်ယူ၍ ချောင်းထဲမှာ သွားလျှော်ပေး၏။ သူများက အမြင်မတော်၍ ကူလျှော်ပေး၏။ သူများက အမြင်မတော်၍ ကူလျှော်ပေးလျှင် မကြိုက်။ ကိုယ်အမေ့လုံချည် လျှော်ပေးတာ ကုသိုလ်ရပါတယ်-ဟု ပြန်ပြောတတ်၏။
သူ့မိခင်ကြီးအနားတွင် ဘာမှ လိုလေသေးမရှိအောင် အားလုံး အဆင်သင့် စီမံထား၏။ မိုးလင်းအိပ်ရာထလျှင် မျက်နှာသစ်၊ သွားတိုက်ရန် ရေ၊ ဆား၊ မျက်နှာသုပ်ပုဝါ အဆင်သင့်၊ စားစရာ သောက်စရာ အဆင်သင့်။ ထို့ပြင် မိခင်လက်ဖြင့် ကိုင်၍ လမ်းလျှောက်နိုင်ရန် အိမ်ခြံထဲတွင် ၀ါးတန်းများ လုပ်ပေးထား၏။ အခင်းကြီး အခင်းငယ်သွားရန် အိမ်နားတွင် သီးခြား လုပ်ပေးထား၏။

မိခင်ကြီး ဘုရားဝတ်ပြုရန်၎င်း၊ ဘုရားစင်မှာ အရုဏ်ဆွမ်းကပ်ရန်၎င်း၊ နေ့စဉ် ဆွမ်းစောစောထချက်ပေး၏။ ပန်း ရေချမ်း ကပ်နိုင်ရေးအတွက်လည်း မိခင်ကြီး၏ လက်တကမ်းတွင် စီမံချထားပေးသေးသည်။ ဆီမီးပူဇော်နိုင်ရန်လည်း အထူးစီမံပေးထားသည်။ မိခင်ကြီး ကုသိုလ်ဒါနပြုရေးအတွက်လည်း မလစ်ဟင်းစေရပါ။
တခါတရံ မိခင်ကြီးက မောင်ကြွေ၊ မောင်ကြွေ -ဟု အော်ခေါ်၍ ပြန်မထူးမိလျှင် အနားကိုလာစမ်း၊ ထိုအခါ မောင်ကြွေက အနားသွားပြီး မိခင်၏လက်ကို ကိုင်ပြီး ပါးကို ပေးရ၏။ မိခင်ကြီးက စိတ်ဆိုး၍ ပါးကိုရိုက်လျှင် ပြုံရယ်ပြီး ခံ၏။

မောင်ကြွေသည် ကိုယ့်မိခင်ကိုသာမဟုတ်၊ အခြားသက်ကြီးရွယ်အိုများကိုလည်း ပြုစုစောင့်ရှောက်၏။ လိုအပ်သည်များကို ကူညီသည်။ ပတ်ဝန်းကျင်က လမ်းများ မကောင်းလျှင်လည်း တယောက်တည်း ပြုပြင်၏။ ကျောက်စရစ်ခဲများ ခင်းသည်။ သစ်ပင်၊ ပန်းပင်များ စိုက်သည်။ ထို့ကြောင့် အချို့က သူ့အိမ်ရှေ့က လမ်းမကြီးကို ဦးကြွေလမ်း-ဟု ခေါ်ကြသည်။

သူသည် လက်သမားအလုပ်လည်း တတ်သဖြင့် ဘုရား ဓမ္မာရုံ ၀တ်ကျောင်းများတွင် လိုအပ်သည်များကို သွားရောက်ပြုပြင်လုပ်ကိုင်ပေး၏။ ပန်း ရေချမ်း ကပ်မည့်နေရာများ၊ ၀တ်တက် ၀တ်ဆင်းတီးရန် စည်ကြီးကိုလည်း ကိုယ်တိုင်ထွင်းလုပ်လှူဒါန်းသည်။ ဘုရား ကျေင်းဆောင်ကို လှပစွာ ပန်းဆွဲ ပန်းခက်များ တတ်နိုင်သလောက် ကြည့်ကောင်းအောင် ပြုလုပ်ပေးသည်။

ဝါတွင်းကာလတွင် မိခင်ကြီး၏ကောင်းမှုအတွက် သီတင်းဥပုသ်နေ့တိုင်း ဥပုသ်ဇရပ်များ၌ သံဃာတော်များအတွက် တတ်စွမ်းသမျှ ဆွမ်းများလှူဒါန်း၏။ မိခင်ကြီးသည် အသက် ၈၃-နှစ်တွင် သူ၏လက်ပေါ်မှာပင် ကွယ်လွန်ခဲ့သည်။ မိခင်ကြီး ကွယ်လွန်သည်အထိ ဆံပင်ညှပ်အလုပ်ဖြင့် လုပ်ကိုင်ကျွေးမွေး ကျေးဇူးဆပ်ခဲ့သည်။

မိခင်ကြီး ကွယ်လွန်သည့်အချိန်တွင် သူ၏အသက်သည် ၆၀-ပင်ရှိခဲ့ပေပြီ။ အိမ်ထောင်လည်း မပြုတော့၊ သူ့ချစ်သူမှာလည်း သူ့လိုပင် အိမ်ထောင်မပြုဘဲ အပျိုးကြီးဘ၀နှင့်ပင် အရိုးထုတ်ခဲ့၏။ သစ္စာကြီးမားကြသော ချစ်သူများပါပေ။ ချီးကျူးမှတ်တမ်းတင်လောက်ပါပေသည်။

မောင်ကြွေလေး ဘ၀မှ ကိုကြွေ၊ ကိုကြွေဘ၀မှ ဦးကြွေဘ၀အထိ သူ့မိခင်ကြီးအား တသက်လုံး စိတ်ချမ်းသာစွာဖြင့် အလှူဒါနပြု၊ တရားဘာဝနာ ပွားများနိုင်အောင် အနီးကပ်စောင့်ရှောက်ပြုစုခဲ့သည်။ ရှာမှရှားသော သားထူးသားမြတ်ပါပေ။ မိခင်ကြီး ကွယ်လွန်ပြီးနောက် ကျွန်တော်တို့အိမ်တွင် ဦးလေးဦးကြွေအား ခေါ်ထားသဖြင့် မြေးများ၊ တူများနှင့် ပျော်ရွှင် စိတ်ချမ်းသာစွာ အတူနေထိုင်ပြီး အသက် ၇၀-ခန့်တွင် ကွယ်လွန်ခဲ့ပါသည်။

သူသည် သူ့မိခင်ကြီးအတွက် မည်မျှတာဝန်ကျေပါသနည်း၊ လိမ္မာသိတတ်သော သား ဖြစ်ပါသနည်း ဆိုသော် မိခင်ကြီး မကွယ်လွန်မီ ကျန်းမာစွာ ရှိစဉ်ကပင် မိခင်ကြီး ကွယ်လွန်ခဲ့သော် ဈာပနအတွက် အခေါင်းစပ်ရန် ကျွန်းသားပေပျဉ်များ၊ ခြင်ထောင်ချုပ်ရန် ဇာစများ၊ အလောင်းပတ်ရန် ပိတ်စများ၊ အငှားရလွတ်အောင် သူကိုယ်တိုင် လုပ်သော လှပသော ခုတင်နှင့် သင်္ဂြိုဟ်စရိတ် ၅၀၀-ကို သီးခြားစုဆောင်းထားသည်။ မိခင်ကြီး အိပ်ရာခေါင်းအုံးအောက်တွင် အမြဲတမ်း ထားပေးသည်။

မိခင်ကြီးကလည်း သူ့သား၏ အမြော်အမြင်ကြီးမားစွာ စီမံထားသည်ကို အမြဲတမ်း သာဓုခေါ်နေခဲ့၏။ ကွယ်လွန်သောအခါ မည်သူ့ကိုမှ ဒုက္ခမရှာ၊ အကူအညီ မတောင်း၊ အားလုံးအဆင်သင့်၊ ကူငွေမခံဘဲ ရက်လည်ဆွမ်းသွတ်သည်အထိ လှလှပပ ဒါနပြုပြီး ရေစက်ချအမျှပေးဝေနိုင်ခဲ့သည်။

ဤမျှ မိခင်ကြီးအပေါ် တာဝန်ကျေစွာ ကျေးဇူးဆပ်ခဲ့သော အတုယူ ချီးကျူးစရာကောင်းသည့် သားထူးသားမြတ် ဦးကြွေသည် ကျွန်တော်တို့အိမ်မှာပင် နေထိုင်ခဲ့သည်။ သူ့ကို တမြို့လုံးက ကလေး လူကြီး ယောက်ျား မိန်းမ မကျန် ချစ်ခင်လေးစားကြသည်။ ကျွန်တော်တို့ မိသားစုခေါ်သလို မောင်-ဟု ခေါ်ခြင်းကို ခံယူလျက် သေပန်းပွင့်သွားရှာပါသည်။

( မင်းတုန်း ဘသီ-သရက် )
( မြတ်မင်္ဂလာ ၁၉၉၈-ခု နိုဝင်ဘာလ )


Read more...

ရဟန္တာ... (မစိုးရိမ်စာသင်သား)

မစိုးရိမ်စာသင်သား

ရဟန္တာ...











Read more...

ဒီအတွက်နဲ့တော့မကိုးကွယ်သင့်ပါ..


အထပ်ဖော်ပြပါစာလေး လက်ခံရမိတော့ ရင်ထဲမှာ ပြောချင်တဲ့ စကားလေးတွေ ပေါ်လာမိပါတယ်။ သာမညတောင် ဆရာတော်ဘုရားကြီးရဲ့ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တွေကို ရှိခိုးဦးခိုက် ကြည်ညိုပါတယ်။ ဒါပေမယ့် ဒီစာမှာပါတဲ့ အချက်တွေကို ဘယ်သူရေးတာမှန်းမသိပေမယ့် မဖြစ်သင့် မဝေသင့်တဲ့စာဖြစ်တဲ့အတွက် ဒီပိုစ့်လေးကို ရေးလိုက်တာပါ။ ဒီစာစောင်လေး တစ်ခုတင် မဟုတ်ပါဘူး.. ခုတလော ဂျီမေးလ်မှာ ဒီလိုမျိုး စာလေးတွေ ဖြန့်ဝေနေတာ အမြဲတွေ့နေရတာကြောင့် လူအများ စိတ်ထဲမှာ အလွဲတွေးပြီး အတွေးလွဲကုန်မှာ ဆိုးလို့ပါ။ ဒီစာကိုဝေပါ.. မဝေရင် ဒုက္ခရောက်မယ်.. ဝေရင် ဘယ်အကျိုးတွေရမယ် ဆိုတဲ့အချက်တွေကို ဘာသာရေးအသိရှိတဲ့သူတွေအတွက် ဘာမှအရေးမကြီးပေမယ့် မသိသေးတဲ့သူတွေ အတွက်တော့ သိသင့်တဲ့ အချက်တစ်ချက်ပါ။ စိတ်ထဲမှာ တကယ်ထင်မှတ်ပြီး လိုက်လုပ်လို့ တိုက်ဆိုင်မှုတွေ ဖြစ်ခဲ့မယ်ဆိုရင် လွဲပြီးရင် လွဲနေမှာမလို့ပါပဲ။ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေအတွက်တင် ပြောချင်တာ မဟုတ်ပေမယ့် ဗုဒ္ဓဘာသာဝင်တွေကို အဓိကထားပြီး အသိပေးလိုတဲ့ အကြောင်းအရာလေးပါပဲ။








ဆက်လက်ဖတ်ရှုရန်.....



Read more...

ဖြူစင်မြင့်မြတ်တဲ့ပါရမီအချစ်

ကျွန်တော်တို့လိုပုထုဇဉ်လူသားတွေအတွက်သံသရာမှာကျင်လည်နေသမျှကာလပတ်လုံးလောကီနယ်ပယ်မှာအချစ်ဆိုတာနဲ့ ဘယ်သူမှအနည်းနှင့်အများ မကင်းနိုင်ကြပါဘူး။ဒီနေ့လိုတိုးတက်နေတဲ့ခေတ်ကြီးမှာအချစ်ဆိုတာကိုလွယ်လွယ်လေးနဲ့ပြောနေကြတာကြားနေရတာမဆန်းတော့သလိုပါဘဲ။ဒါကြောင့်လည်းဒီနေ့ချစ်တယ်ပြော၊...


Read more...

ညွှန်းဆို ဖွဲ့သီအပ်သော မေတ္တာတရား

မေတ္တာသည် ရန်ကင်းငြိမ်း၏

အကြင်သူသည် သတ္တဝါအားလုံးတို့အပေါ် ၌ မေတ္တာစိတ် အဖို့အစုရှိသည်ဖြစ်၍
တစ်စုံတစ်ယောက်ကိုမျှ မိမိကိုယ်တိုင်လည်း မညှဉ်းဆဲ၊ သူတစ်ပါးကိုလည်း မသတ်ဖြတ်စေ။
မိမိကိုယ်တိုင်လည်း အနိုင်မယူ၊
သူတစ်ပါးတို့ကိုလည်း အနိုင်မကျင့်စေ။
ထိုမေတ္တာပွားသူအား တစ်စုံတစ်ခုသော အတွင်းရန် အပြင်ရန်ဟူ၍ မရှိနိုင်။
(အင်္ဂုတ္တိုရ်ပါဋ္ဌိတော် ။ ပထမတွဲ မေတ္တသုတ် .. ၄၄၃။)

မေတ္တာ၏ အကျိုးအာနိသင်

မေတ္တာ၏ အကျိုးအာနိသင်သည် အလွန်များပြား ကြီးမားမြင့်မြတ်၏။ ဘဝသမ္ပတ္တိ
အကျိုးပေးသန်သော ကောင်းသောကံတကာထဲတွင် ဤမေတ္တာကံသည် အထွတ်မြတ်ဆုံး
အသာဆုံးတည်း။ မေတ္တာကံကို တုပြိုင်နိုင်သော ကံဟူ၍ မရှိပေ။
သေက္ချတောင်ဆရာတော်ဦးတိလောက

မေတ္တာအာနိသင်

မေတ္တာတရားကို ပွားများခြင်းသည် အကျိုး စီးပွားကို
အလိုရှိသူတို့အတွက်လည်း ကောင်း ၊ အလိုမရှိသူတို့အတွက်လည်းကောင်း
ကုသိုလ်ကျေးဇူးကို ဆောင်ရွက်နိုင်၏။
လူတိုင်း လူတိုင်းသည် အာနိသင်ကြီးမားလှသော မေတ္တာ
ပွားများခြင်းကို ကောင်းစွာ မှီဝဲအပ်၏။
(မိလိန္ဒပဥှာ၊ မေတ္တာဘာဝနာနိသံသ-၁၉၇။)

ဒေါသကိုမေတ္တာဖြင့်ဖြေသိမ့်

ဒေါသကို သူယုတ်တို့ မှီဝဲ၏။
မေတ္တာကို သူတော်ကောင်းတို့ မှီဝဲ၏။
မေတ္တာသည် အရှုံးပေးခြင်း မဟုတ်။
ဒေါသသည်သာ ဆုံးရှုံးခြင်းဖြစ်၏။
ဒေါသဟူသည် ထွက်စရှိလျှင် ထွက်ချင်၏။
မေတ္တာဖြင့် ဖြေသိမ့်နှိပ်ကွပ်ဖန်များလျှင်
ဒေါသသည် အပိုးသေ၍လာ၏။
ခြံခုန်တတ်သော နွားကို နှိပ်ကွပ်ဖန်များလျှင်
ခြံမခုန်တော့သကဲ့သို့ ဖြစ်၏။

(ဒေါသကထာ၊ မောင်းထောင်ဆရာတော်)


မေတ္တာသည် သီတာရေစင်

မေတ္တာတရားတည်ရှိရာ ထွန်းကားရာ အရပ်များ၌
မည်သို့သော ချမ်းသာမှုမျိုးနှင့်မျှ မတူသော
ချမ်းမြေ့မှုများ ကိန်းဝပ်နေမြဲဖြစ်၏။
ထို့ကြောင့် သီလကို ပန်းရနံ့နှင့်နှိုင်း၏။
မေတ္တာကို သီတာရေစင်နှင့် ဥပမာပြုကြသည်။



ဆက်လက်ဖတ်ရှုရန်..

လူတိုင်း ကိုယ်စိတ်နှစ်ဖြာ အစဉ်ထာဝရအေးငြိမ်းချမ်းသာ ရှိကြပါစေ


Read more...

What is Buddhism? (အပိုင်း ၆)

Do Buddhists Believe In A God?

Buddhism s a non-theistic religion in that one does not worship a God, creator or savior Progress on the Buddhist path to enlightenment is not dependent on an external force but on one's own effort. Buddhist cosmology does recognize the existence of heavenly realms, and the divine beings living there are very similar to what people would associate with gods or God. Because of the fundamental law of impermanence however, even these beings are subject to passing away and being reborn, still caught in the cycle of birth and death, and therefore not taken as an ultimate refuge.

(to be continued.....)

What is Buddhism? (အပိုင်း ၁)
What is Buddhism? (အပိုင်း ၂)
What is Buddhism? (အပိုင်း ၃)
What is Buddhism? (အပိုင်း ၄)
What is Buddhism? (အပိုင်း ၅)


ဆက်လက်ဖတ်ရှုရန်


Read more...

ကထိန်နှင့်စပ်၍ သိမှတ်ဖွယ်ရာ



တစ်နှစ်မှ တစ်ခါလှူဒါန်းရသော ကထိန်နှင့်ပတ်သက်လို့ စာဖတ်ပရိတ်သတ်တစ်ဦးမေးလာသဖြင့် မေမေ့လပြည့်ဝန်းလေး သိသလောက် ဘုရားရှင်မိန့်ကြားခဲ့တဲ့ “၀ိနည်းမဟာဝါပါဠိတော်”ကို အခြေခံကာ ရေးသားတင်ပြလိုက်ပါသည်။


ဗုဒ္ဓဘုရားသည် ဇေတ၀န် ကျောင်းတော်မြတ်၌ ကိန်းဝပ် စံမ္ပယ် တင့်တယ်စွာ သီတင်းသုံးနေတော်မူစဉ် သင်္ကန်းလျာ နွမ်းနယ်ပါးရှား ပါဝေယျကတိုင်းသား ဘဒ္ဒ၀ဂ္ဂီညီနောင် သုံးကျိပ်(၃၀)ပါးတို့အား အကြောင်းပြု၍ ကထိန်အလှူ ဖြစ်ပေါ်လာပါသည်။ ကထိန-ဟူသောပါဠိစကားသည် “ခင်းခြင်း (သို့) (ရဟန်းတော်များအား) ကပ်လှူခြင်း”ဟု အဓိပ္ပါယ်ရသည်။ ကထိန်အလှူကို လူများသာမက ရဟန်းတော်များကိုယ်တိုင်လည်း လှူဒါန်းနိုင်သည်။ နတ်များလည်း လှူဒါန်းခွင့်ရှိသည်။

ကထိန်ခင်းရန် လိုအပ်သည့်ကိစ္စ -၈-ပါး

၁။ ကထိန်သင်္ကန်းကို အလှူခံမှု၊

၂။ ကထိန်ခံထိုက်သောပုဂ္ဂိုလ်ကို သံဃာတော်တို့က စိစစ်ရွေးချယ်ပေးမှု၊

၃။ ထိုရွေးချယ်ခံရသူအားသိမ်တွင်း၌ ကမ္မဝါဖတ်၍ ကထိန်သင်္ကန်းကို ပေးမှု၊

၎။ တိစီဝရိက် အဓိဋ္ဌာန်တင် သင်္ကန်းဟောင်းကိုပစ္စဒ္ဓိုရ်ပြု အဓိဋ္ဌာန်စွန့်မှု၊

၅။ ခင်းမည့် သင်္ကန်းသစ်ကို ကပ္ပဗိန္ဒုထိုးမှု၊

၆။ သင်္ကန်းအမည်ဖြင့်အဓိဋ္ဌာန်တင်မှု၊

၇။ နှုတ်မြွက်၍ ခင်းမှု၊

၈။ အနုမောဒနာပြုမှု။

ကထိန်ခင်းခံရမည့် ရဟန်း၏ အင်္ဂါ -၈-ပါး

၁။ ပုဗ္ဗကရဏံဇာနာတိ- ရှေးဦးစွာ ပြုလုပ်ရမည့်ကိစ္စရပ်တို့ကို သိရ ပြုရခြင်း၊

၂။ ပစ္စုဒ္ဓါရံ- ပစ္စုဒ္ဓိရ်ပြုတတ်ရခြင်း၊

၃။ အဓိဋ္ဌာနံ- အဓိဋ္ဌာန်တင်တတ်ရခြင်း၊

၎။ အတ္ထာရံ- ခင်းပုံခင်းနည်း သိထားရခြင်း၊

၅။ မာတိကံ- မာတိကာကို သိထားရခြင်း၊

၆။ ပလိဗောဓံ- ကြောင့်ကြကို သိထားရခြင်း၊

၇။ ဥဒ္ဓါရံကထိန်နှုတ်ပုံကိုသိထားရခြင်း၊

၈။ အာနိသံသံ- အာနိသင်တို့ကို သိထားရခြင်း။ ၄င်းအင်္ဂါရှစ်ပါးနှင့်ပြည့်စုံသော ရဟန်းမှသာ ကထိန်ခံထိုက်သည်။

ကထိန်အာနိသိသင် -၅-ပါး

ကထိန်ခင်းရသော ရဟန်းတော်များ ခံစားရသည့် ကထိန်အကျိုး-၅-ပါးဖြစ်သည်။

၁။ အနာမန္တ စာရ- ထင်ရှားရှိသော ရဟန်းကို မပန်ကြားမူ၍ မြို့တွင်းရွာတွင်း ဆွမ်းဖိတ်ရာအိမ်သို့သွားနိုင်ခြင်း၊

၂။ အ သမာဒါန စာရ- အဓိဋ္ဌာန်တင်ပြီး ဆောင်သောသင်္ကန်းကို မယူမူ၍ သွားနိုင်နေနိုင်ခြင်း၊

၃။ ယာဝ ဒတ္ထစီဝရ- အလိုရှိတိုင်း သင်္ကန်းကို အဓိဋ္ဌာန် ဝိကပ္ပနာမပြုမူ၍ထားနိုင်ခြင်း၊

၎။ ဂဏ ဘောဇန- ထမင်းစားကြွပါ စသည်ဖြင့် မအပ်သောဖိတ်ခြင်းရှိသောဆွမ်းဘောဇဉ်ကို စားနိုင်ခြင်း၊

မှတ်ချက်။ ။ ပုံမှန်အရဆိုလျှင် ရဟန်းသံဃာများကို ဆွမ်းစားပင့်လျှင် “ဒကာ+ဒကာမတို့က တပည့် တော်တို့အိမ် “ဆွမ်းဘုဉ်းပေးကြွပါဘုရား၊ မုန့်တီဆွမ်းဘုဉ်ပေးကြွပါဘုရား”စသည်ဖြင့် မိမိကပ်လှူမည့် စားဖွယ် နောက်ဝယ် “ဆွမ်း”ဟူသော စကားလုံးထည့်ပြီး ပင့်ဖိတ်မှ ရဟန်းတော်များ ဒကာ+ဒကာမများ ပင့်ဖိတ်၍ ကပ်လှူသောဆွမ်းခဲဖွယ်များ ဘုဉ်းပေးကောင်းသည်။ ဒါပေမယ့်ဘုရားရှင် ခွင့်ပြုလိုက်သော ကထိန်ကြောင့် ကထိန်အကျိုးခံစားခွင့်ရသော ရဟန်းတော်များ စားဖွယ်နောက်ဝယ် “ဆွမ်း”ဟူသော စကားလုံးမပါဘဲ ဖိတ်မန်၍ လှူဒါန်းကလည်း ဘုဉ်းပေးကောင်းသည်။

၅။ ကထိန်ခင်းသော ကျောင်းတိုက်၌ ကထိန်ခင်းပြီးနောက် တပေါင်းလပြည့်နေ့အတွင်း သံဃာအားလှူသောသင်္ကန်းလျာပုဆိုးကိုလည်းကောင်း၊ သို့မဟုတ် သင်္ကန်းကိုလည်းကောင်း၊ ထိုကျောင်းတိုက်ရှိ ကထိန် အနုမောဒနာပြုသော ရဟန်းတို့သာ ရနိုင်ခြင်း၊

မှတ်ချက်။ ။ ဒကာ+ဒကာများက ကထိန်အာနိသင်ရသော ရဟန်းတော်များအား ဤအကျိုး-၅-ပါး ခံစား ရအောင် လုပ်ပေးလိုက်ခြင်းဖြစ်သည်။

ရဟန်းတော်များ အကျိုး-၅-ပါးရရှိသလို ဒကာ+ဒကာမများလည်း အန္တရာယ်ကင်းစွာ ခရီးသွားနိုင်ခြင်း၊ အဆိပ် အတောက် မခံစားရခြင်းစသည့် အကျိုးများ ရရှိနိုင်ပါသည်။

ကထိန်းသင်္ကန်း-၃-မျိုး

ကထိန်ခင်းရန်အတွက်ဘုရားရှင်ခွင့်ပြုတော်မူခဲ့သောသင်္ကန်းသုံးမျိုး ရှိသည်။

၁။ သံဃာဋိ- ဒုကုဋ်ခေါ်နှစ်ထပ်သင်္ကန်းကြီး

၂။ ဥတ္တရာသင်္ဂေါ- ကိုယ်ဝတ်ခေါ် ဧကသီ

၃။ အန္တရဝါသကော-ခါးဝတ်ခေါ် သင်းပိုင်

အထက်ပါသင်္ကန်း-၃-ထည်တို့တွင် ကထိန်ခင်းမည့်သင်္ကန်း၌ လိုအပ်သော အင်္ဂါများ

အဟတေန အတ္တတံ ဟောတိ ကထိနံ

သင်္ကန်းအသစ်ဖြင့် ကထိန်ခင်းမှ ကထိန်မြောက်ပါသည်။

အနိမိတ္တကတေန အတ္ထတံ ဟောတိ ကထိနံ

ဘယ်သင်္ကန်း ၊ ဘယ်အမျိုးအစား သင်္ကန်း စသည်ဖြင့် နိမိတ်မပြပဲ အလိုလို ဖြစ်ပေါ်လာသော သင်္ကန်းဖြင့် ကထိန်ခင်းမှ ကထိန်မြောက်ပါသည်။

အပရိကထာကတေန အတ္ထတံ ဟောတိ ကထိနံ

ဤသင်္ကန်းဖြင့် ကထိန်ခင်းမည်ဟု ပရိယာယ်မဆိုပဲ အလိုလို ဖြစ်ပေါ်လာသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန်မြောက်ပါသည်။

အကုက္ကုကတေန အတ္ထေတံ ဟောတိ ကထိနံ

မငှားသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန်မြောက်ပါသည်။

အသန္နိဓိကတေန အတ္ထတံ ဟောတိ ကထိနံ

ကထိန်ခင်းမည့် နေ့မရောက်မီ ကျောင်း၌ မသိုမှီး မထိန်းသိမ်းထားသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန်မြောက်ပါသည်။

အနိဿဂ္ဂိယေန အတ္ထတံ ဟောတိ ကထိနံ

ကထိန်ခင်းမည့် နေ့မရောက်မှီ ကျောင်းကို ကြိုတင် ပို့မထားသော သင်္ကန်း ၊ ကထိန်ခင်းမည့် နေ့ရောက်မှ ကျောင်းကို ပို့သော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန်မြောက်သည်။

ပဉ္စကေန ဝါ အတိရေကပဉ္စကေန ဝါ တဒဟေဝ သဥ္ဆိန္နေန သမဏ္ဏလီကတေန အတ္ထတံ ကထိနံ။

ကထိန်ခင်းသည့် နေ့တွင် အိမ်ကြီးအိမ်ငယ်နှင့်တကွ ငါးခန်း (သို့မဟုတ်) ငါးခန်းထက်ပိုအောင် ဖြတ်ချုပ်ထားသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန်မြောက်သည်။

ကထိန် မမြောက်သော သင်္ကန်းများ

န ဒဠှီကမ္မကရဏ မတ္တေန အတ္ထတံ ဟောတိ ကထိနံ

နှစ်လွှာစပ်ကာမျှဖြင့် နှစ်လွှာစပ်ထားသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန်မမြောက်။

န နိမိတ္တကတေန အတ္ထတံ ဟောတိ ကထိနံ

ဤသင်္ကန်းဖြင့် ကထိန်ခင်းမည်ဟု နိမိတ်ပြသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန်မမြောက်။

န ပရိကထာကတေန အတ္ထတံ ဟောတိ ကထိနံ

ဤသင်္ကန်းဖြင့် ကထိန်ခင်းမည်ဟု ပရိယာယ်ဆို၍ ရသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန် မမြောက်။

န ကုက္ကုကတေန အတ္ထတံ ဟောတိ ကထိနံ

ခေတ္တ ငှားသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန် မမြောက်။

န သန္နိကတေန အတ္ထတံ ဟောတိ ကထိနံ

ကထိန်ခင်းမည့် နေ့ မရောက်မီ ကျောင်း၌ သိုမှီးထားသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန် မမြောက်။

န နိဿဂ္ဂိယေန အတ္ထတံ ဟောတိ ကထိနံ

ကထိန်ခင်းမည့် နေ့ မရောက်မီ ကျောင်းကို ကြိုတင်ပို့ထားသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန် မမြောက်။

န အညတြ ပဉ္စကေန အတိရေကပဉ္စကေန ဝါ တဒဟေဝ သဦ္ဆန္နေန သမဏ္ဏလီကတေန အတ္ထတံ ဟောတိ ကထိနံ

ကထိန်ခင်းသည့် နေ့တွင် အိမ်ကြီးအိမ်ငယ်နှင့်တကွ ငါးခန်း (သို့မဟုတ်) ငါးခန်းထက် ပိုအောင် ဖြတ်မထားသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန် မမြောက်။ (အိမ်ကြီး/အိမ်ငယ်)ဟူသည် သင်္ကန်းမှာ ပါသော အဖွဲ့များကို ဆိုလိုသည်။)

ကထိန်သင်္ကန်းအား ညတ်သင်္ကန်း၊ ကထိန်လျာသင်္ကန်း၊ မိုးပေါ်ကျသင်္ကန်း၊ မသိုးသင်္ကန်းဟု အမျိုးမျိုး ခေါ်ဝေါ်ကြသည်။

ကထိန် “ညတ်သင်္ကန်း”ဆိုသည်မှာ..

ကထိန် ခင်းထိုက်သော ရဟန်းအား ကထိန်ခင်းမည့် သင်္ကန်းကို “ညတ္တိဒုတိယ ကမ္မ၀ါစာ”ဖတ်ပြီး ပေးအပ်ရသည်ကို စွဲ၍ ကထိန်းသင်္ကန်းကို “ညတ်သင်္ကန်းကြီး”ဟု ခေါ်ကြပါသည်။ ကထိန်ခင်းမည့် သင်္ကန်းသည် ဒုကုဋ် နှစ်ထပ်သင်္ကန်းမှ “ညတ်”သင်္ကန်းဟု မဆိုလိုပါ။ သင်းပိုင်၊ ဧကသီ တထည်ထည်ဖြင့် လည်းကောင်း၊ သင်းပိုင်၊ ဧကသီ ထွဲထားသည့် ဒွိစုံဖြင့် လည်းကောင်း ကထိန်လှူဒါန်း နိုင်ပါသည်။

ကိုးကားသောကျမ်းစာအုပ်

၁။ ဝိနည်းမဟာဝါ- ကထိနက္ခန္ဓက (ပါဠိတော်နှင့် မြန်မာပြန်)



Read more...

အွန်လိုင်းပေါ်တက်ကြတဲ့ အမျိုးသမီးများ သတိ


အွန်လိုင်းပေါ်တက်ကြတဲ့ အမျိုးသမီးများ သတိထားဖို့အတွက် ဒီနေရာမှာ ဖတ်ပါ

အပြည့်အစုံသို့ »



Read more...

Bongeunsa and a thousand days of prayer



Founded in 794, I first went to Bongeunsa temple in 2002 and was amazed at such beauty in the centre of Gangnam. At that time I sometimes went with Dao, and once with Colin when he came to stay in Korea on a visa run from Thailand. And I'd often go alone. I'd find a quiet place to sit and I'd listen to the chanting going on in the halls and look up at the trees and the temple roofs.

I started going more regularly with Ikumi when I went back to Korea in 2007. We'd go whenever we were in the area and one time, while we were still finding our way around the order of chants in the evening services, a kind Korean woman came over to us who could speak Japanese and pencilled in for us what and when to chant, when to sit, when to stand, and when to bow.

Later, I used to go every week with my Dharma friends after Saturday Sangha discussions at the Buddhist English Library. We'd travel across the city together, stopping for coffee before going into the temple, and almost always pick up some Buddhist nick-knacks in the temple shop. I can still remember the smell of the main hall, a smell of evening sunshine, warm wood and incense.

The temple drums would be sounded outside as everyone settled into quietness, with laypeople sitting towards the sides of the temple and the monks on different coloured cushions in the middle. The deep sound of bells marked the start of the service and the first chant was the Heart Sutra. That was followed by the Thousand Hands Sutra and then came the Kwan Seum Bosal chant with 108 bows, a practice I always dedicated to my son Joseph.

To make a full prostration, oh-che-tu-ji, in a Korean temple, you start from a standing position and, with your palms together in front of you and your back upright, kneel on the floor. Then place your hands on the floor and bend until your forehead rests between them. Next turn your palms upwards and lift them from your elbows to the level of your ears. Put your hands back down and lift your body back into a kneel. Then stand and repeat.

I remember the very first time Ikumi and I tried to do a full 108 bows during the Kwan Seum Bosal chanting. After just fifteen minutes I'd totally lost count of the number of prostrations and my admiration for the mainly elderly temple regulars had skyrocketed. My leg muscles were trembling and I was worried I'd be sick. The ajumas in front of me were making two perfect bows to every one of my sloppy ones, and I redoubled my efforts.

We made it, but only just. After some half-bows, ju-doo, to the people around us with the wish that they may become Buddhas and three final painful full prostrations to the Buddha, Ikumi and I clung to each other as we shakily approached the temple steps. The slope down to the gate was agony. We crossed the road and headed straight for the nearest coffee shop, glad to be able to sit for a while and take the whole experience in.

Over the following months I got better at it, and by the time I took formal refuge in May 2008, performing 108 bows was a lot less of a challenge. That's not to say I could do it particularly skillfully, and I certainly couldn't match the incredible bowing of the monk with the glasses who was always there at the back of the hall every time we ever went to a service at Bongeunsa.

I later learnt his name was Venerable Myeongjin and that he was the abbot of the temple. His bows were perfect. Every prostration identical to the one before and the one after, and all in perfect timing. He was like a metronome for the rest of the hall, the model that everyone aspired to copy. He also looked like a really nice person, with a ready smile and a calm manner.

What I didn't know was that Ven. Myeongjin was carrying out a 1000-day prayer retreat confined to the temple and performing not 108, but a full 1000 prostrations each day. This incredible practice started on December 5, 2006, and ended on August 30, 2009. During that period he left only once, to attend the funeral of the former President on May 29, 2009.

"To keep this promise with Bongensa Temple members as well as Korean Buddhists," Myeongjin said in an interview just before he completed his retreat "I would often set two alarm clocks on the days I went to bed late. There has not been a single day that has passed in leisure. There were times of distress, but with the faith and support of the faithful I will finish in good shape."

The aim, he said, was to make the temple a place of genuine practice. And from what I saw and experienced there, he achieved his goals. The people I met in that temple, both the regulars and others, were not just welcoming, but also clearly committed to practice. The main hall was always full of people bowing, sitting, and quietly chanting, and there was never any noise and always a feeling of complete devotion.

Venerable Myeongjin's period of practice also saw membership of the temple rise from 200,000 in 2006 to 250,000 members now. Likewise, temple income also rose and, under Myeongjin's leadership, all financial records were made available to the public. Again it seems to confirm what has been my overall impression of Korean Buddhism, an impression of openness, strength and a seriousness about the Dharma and its future.

Ikumi used to wait for me on the bench outside the shop before going together to the main hall, and after the service we'd walk around the temple buildings, or sit together quietly. My friend Joseph met a woman there one week who later became his wife. Carl performed prostrations with a determination we all admired. And Joe knew the chants off by heart and I'd follow his voice as I stumbled through them myself. There are very few places in this world I love more.

Photo: The amazing picture at the top of this post was taken by my friend Joseph and is used here with permission. For more of Joseph's great pictures of Bongeunsa, and many other places too, follow the link below. Highly recommended.

links:
  • Jogye Order: Bongeunsa Abbot's 1000-day Prayer Retreat
  • Wikipedia: Bongeunsa
  • Bongeunsa Temple English site
  • Joseph Bengivenni's incredible photos


  • Read more...

    မကွေးမြို့တွင် (AMM Digital Photo Studio ) ဓာတ်ပုံကူးစက်ဆိုင်သစ်ကြီး ဖွင့်လှစ်

    uesday, September 15, 2009





    မကွေးမြို့တွင် (၁၃-၉-၂၀၀၉) နေ့မှာ NORITSU စက်ကြီးဖြင့် ဓာတ်ပုံကူးစက်
    ဆိုင်သစ်ဖွင့်လိုက်ပြန်တယ်။ အောင်မြင့်မိုရ် (AMM Digital Photo Studio )
    ဆိုင်ကြီးပါ။ ပြည်တော်သာလမ်းနှင့် ဆေးရုံထောင့်၊ မကွေးမြို့မှာ
    ဖွင့်ထားပါတယ်။ (4x6) မှ (12x8) အထိ ဓာတ်ပုံများကို
    ရန်ကုန်ဈေးနှုန်းအတိုင်း အမြန်ကူးပေးမည် ဖြစ်ကြောင်း ဆိုင်ပိုင်ရှင်
    ကိုလေးလှိုင်၊ ကိုအေးကိုကို တို့က ရှင်းလင်း ပြောဆိုကြပါတယ်။

    AMM အောင်မြင့်မိုရ် ဓာတ်ပုံဆိုင်ကြီးမှ မကြာမီ မည်သည့် ကင်မရာဖြင့်
    မဆို ရိုက်ကူးထားသော (12x18) ဆိုဒ် ဓာတ်ပုံပြိုင်ပွဲကြီး
    ကျင်းပပေးမယ်လို့ သိရပါတယ်။

    ပထမဆု 1st SLR အဆင့်မြင့် ကင်မရာ တစ်လုံး

    ဒုတိယဆု 2nd SLR အနိမ့် ကင်မရာ တစ်လုံး

    တတိယဆု 3rd Hard Drive 5oo2 ဆုများ ချီးမြင့်ပေးမည် ဖြစ်ကြောင်း သိရပါတယ်။

    ပြိုင်ပွဲရက်နှင့် စည်းကမ်းချက်များကိုတော့ ဓာတ်ပုံပြိုင်ပွဲရွေးချယ်ရေး
    ကော်မတီ ဖွဲ့ပြီး ထပ်မံကြော်ငြာပေးပါမယ်လို့ ဆိုင်ရှင် နှစ်ဦးက
    ပြောကြားသိရှိခဲ့ရပါတယ်။

    ဓာတ်ပုံများပူးတွဲဖေါ်ပြထားပါသည်။


    ရွှေလမ်းငွေလမ်းဝင်းကြည်
    ၂၀၀၉ ခု၊စက်တင်ဘာလ(၁၄)ရက်၊နံနက်(၈း၃၀)နာရီတွင် ရေး၏။

    Read more...

    သာသနာ့ကျေးကျွန် ဖြစ်ရပါလို၏

    ဘုန်းကြီးသည် စာသင်သား ဦးပဉ္စင်းလေးဘ၀က ပထမကြီးတန်းကို လေ့လာဆည်းပူး သင်ယူနေခိုက်မှာ ဒီပဲယင်း ဆရာတော်ဘုရားကြီး၏ ပရမတ္ထစက္ခုကျမ်းကို ဖတ်ရှုခဲ့လေသည်။ အစပဏာမမှ အဆုံးနိဂုံးအထိ ဖတ်ကြည့်ရာ ထိုကျမ်း၏နိဂုံး၌ ဆရာတော်ကြီး၏ ဆုတောင်း ဂါထာများကို တွေ့မိဖတ်မိလေသည်။
    ဆုတောင်းဂါထာ သုံးပုဒ်ရှိသည်။ အလွန်ကောင်းသော ဘ၀လမ်းညွှန်၊ မွန်မြတ်သည့် စိတ်ဓာတ်ကို မြှင့်တင် ပေးသည့် ဆုတောင်းဖြစ်သည်ဟု ခံယူသဘောပေါက်မိသည်။ မိမိသည် ထိုစဉ်ကပင် ထိုဆုတောင်းကို အရဆောင်၍ ဘုရားဝတ်တက်တိုင်း, ကောင်းမှုပြုတိုင်း ယင်းဆုတို့ကို တောင်းဆိုခဲ့လေသည်။
    သစ်ပင်တို့သည် အသီးတို့ဖြင့် သတ္တ၀ါတို့ကို ကျေးဇူးပြုတတ်ကုန်၏၊ မြစ်ချောင်းတို့သည် ရေဖြင့် သတ္တ၀ါတို့ကို ကျေးဇူးပြုကုန်၏၊ နွားမတို့သည် နို့ရည်ဖြင့် လူတို့ကို ကျေးဇူးပြုကုန်၏၊ နွားထီးတို့သည်လည်း ကောက်ပဲသီးနှံတို့ဖြင့် လူတို့ကို ကျေးဇူးပြုကုန်၏၊ “နေ” သည် နွေးသောရောင်ခြည်ဖြင့် လူတို့ကို ကျေးဇူးပြု၏၊ “လ” သည်လည်း အေးမြသောရောင်ခြည်ဖြင့် လူတို့ကို ကျေးဇူးပြုကုန်၏၊
    လူတို့သည်လည်း မိမိတို့စွမ်းနိုင်သလောက် သတ္တ၀ါတို့၏အကျိုးစီးပွားကို ဆောင်ရွက်ရမည်သာ ဖြစ်သည်။ ကမ္ဘာမြေကြီးပေါ် ရောက်လာသောလူတို့သည် လူ့လောကကို ကျေးဇူးပြုမှ ဤကမ္ဘာမြေပေါ်ဝယ် နေရကျိုးနပ် မည်၊ လူတို့သည် အကြောင်းအကျိုးကို နားလည်သည်၊ အကောင်း အဆိုးကို သိမြင်သည်၊ ဆင်ခြင်တုံတရား ရှိသည်။
    ထို့ကြောင့် ကံကောင်းထောက်မ၍ ရခဲစွာလှ လူ့ဘ၀ကို ရကြသူတို့သည် စဉ်းစားဆင်ခြင်ရန်မှာ “ငါသည် လူသားတို့အတွက် ဘာတွေကို ထားပြစ်ခဲ့မလဲ” “ငါသည် ငါ့အတွက် ဘာတွေကို ယူသွားမလဲ”။ ဤအချက်ကို အလေးအနက် လူသားတိုင်း စဉ်းစားဆင်ခြင်အပ်လေသည်။
    သိဒ္ဓတ္ထဂေါတမ မြတ်ဗုဒ္ဓသည် အရိုးကြေကြေ အရေခမ်းခမ်း အားထုတ်တော်မူ၍ လောကကြီးအတွက် ဓမ္မတစ်ခု ထားရစ်ခဲ့လေသည်၊ သတ္တ၀ါအားလုံးစားသုံး၍ မကုန်နိုင်အောင် ရှိပေသည်။ လောက၌ ကံစွမ်း ဥာဏ်စွမ်း ၀ီရိယစွမ်း ရှိသူတို့ကား ရှားပါးကုန်၏၊ ကံစွမ်း ဥာဏ်စွမ်း ၀ီရိယစွမ်း နည်းပါးသူတို့သာ များပြားကုန်၏။ ကံစွမ်း ဥာဏ်စွမ်း ၀ီရိယစွမ်း ကြီးမားသူတို့သည် ကံ ဥာဏ် ၀ီရိယအား နည်းပါးသူတို့၏ မှီခို အားထားရာ ဖြစ်သင့်ပေသည်။
    လူတို့၏ နှုတ်တွင် စကားပုံပေါင်း မြောက်မြားစွာ ပြောဆိုကြသည်။ ဥပမာ … “ရေကြည်ရာ မြက်နုရာ” ဆိုသော စကားမျိုးဖြစ်သည်။ ဤစကားရပ်၌ မိမိနေသောအရပ်၌ ရေနောက်လျှင် ရေကြည်ရှိရာ အရပ်သို့ သွားရမည်။ မိမိနေသော အရပ်၌ သစ်ပင် မြက်ပင်တို့ ခြောက်သွေ့လျှင် စိမ်းစိုသော အရပ်သို့ သွားရမည် ဟု ဆိုလိုဟန်ရှိသည်။
    တကယ်ဖြစ်သင့်သည်ကား မကြည်သောရေကို ကြည်အောင်လုပ်ရမည်။ မနုသောမြက်တို့ကို နုအောင်စိုက်ပျိုးရမည်၊ ပူပြင်းခြောက်သွေ့ ရေရှားပါးသော အရပ်ကို စိမ်းလန်းစိုပြေအောင် သောက်ရေ သုံးရေရအောင် လုပ်ရမည်ဟုသာ မိမိခံယူသည်။
    ဤခံယူချက် ဤဆုတောင်းများကြောင့် ဘုန်းကြီးသည် ယနေ့ စစ်ကိုင်းတောင်တွင် ရေအလှူ၊ ဆေးအလှူ၊ ကျောင်းအလှူ၊ တက္ကသိုလ်အလှူတို့ကို အတော်အတန် လှူဖြစ်ခဲ့လေပြီ။ သို့သော် အားရကျေနပ်မှု မရှိသေးပါ။
    ဆက်လက်၍ ဆုများကို တောင်းချင်သေးပါ၏။ - - -
    “လောဘ၏ ကျေးကျွန်အဖြစ် ဘယ်ဘ၀မှာမှ မဖြစ်ရပါလို။ သာသနာတော်၏ ကျေးကျွန်သာ ဖြစ်ရပါလို၏၊ ငါတည်းဟူသော အကြောင်းကြောင့် သူတပါးတို့ ဒုက္ခမဖြစ်ကြပါစေနဲ့၊ ဆင်းရဲဒုက္ခရောက် သူတို့ကို ငါ အစွမ်းရှိသလောက် စောင့်ရှောက်နိုင်ရပါလို၏” ။
    ပရေသံ ဟိတမိစ္ဆေယျံ ၊ ဟိတံ မေ ဣစ္ဆတံ ပရော။
    နာညဿ ဒုက္ခ မိစ္ဆေယျံ၊ မာ မေ ဒုက္ခံ ဣစ္ဆတံ ပရော။
    (ဒီပဲယင်းဆရာတော်)

    ------------------------

    သီတဂူဆရာတော်
    အရှင်ဉာဏိဿရ
    စစ်ကိုင်းတောင်ရိုး


    Read more...

    လာလည်ကြသူများ

    ဤဘလော့ဂ်၏ ရည်ရွယ်ချက်

    ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

    ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

    ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

    ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

    မြန်မာပြက္ခဒိန်

    မြန်မာပြက္ခဒိန်
    www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

      © Blogger templates The Professional Template by Ourblogtemplates.com 2008

    Back to TOP