* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Sunday, September 13, 2009

၁၃.၉.၂၀၀၉ ရက်နေ့သီလရှင်များအလှူပွဲ


သီလရှင်ဆရာလေးများ မုန့်ဟင်းခါးဘုန်းပေးနေပုံ

စစ်ကိုင်းမြို့တော်တွင် သီတင်းသုံးနေထိုင်သော သီလရှင်အပါး(၉၀)တို့အား ယနေ့
ဆရာတော်ဦးလောကနာထမှ သီလရှင်ဝတ်စုံ
(ခါးဝတ်) တစ်စုံစီလှူဒါန်းမှုပြုခဲ့ပြီးဂျပန်နိုင်ငံမှ ဒါယိကာမကြီးဒေါ်ဝါ၀ါခိုင်မင်းမှတဆင့် ခွန်သဒ္ဒါ(ဂျပန်)မှ အာရုဏ်ဆွမ်း
မုန့်ဟင်းခါးကပ်လှူခဲ့ပါတယ်။ ထုံးစံအတိုင်း ဦးဇင်းကတော့ အကျိုးဆောင်သူပေါ့၊ အိပ်ရေးပျက်ရတာတွေ အဆင်မပြေမှု အနည်းငယ်ဖြစ်ရတာတွေကိုတော့ မပြောလိုတော့ပါဘူး၊ ဒီလိုအကျိုးဆောင်ပေးရင်း ပျော်နေတတ်တာကိုက ဦးဇင်းရဲ့ ဘဝတစ်ခုလို ဖြစ်နေပြီလေ၊ အလှူရှင်တွေမှာ ပီတိဖြစ်ရသလို ဦးဇင်းမှာလည်း ထပ်တူပီတိတွေနဲ့ပေါ့။ ဒီပီတိတွေနဲ့ပဲ သီလရှင်ဆရာကြီး၊ ဆရာလေးများရဲ့အကြောင်းကို
ဆက်ပြီး ဖတ်ရှုမိသလောက်ရေး လိုက်မိတယ်။

ယခုခေတ်တွင် သီလရှင်များစွာကို တွေ့မြင်နေရသော်လည်း ထိုသီလရှင်ဆရာလေးများ၏ သဘောသဘာဝကို စိတ်ဝင်တစား လေ့လာသူနည်းပါးလိမ့်မည်ဟု ယူဆမိပါသည်။ ဦးဇင်းအနေဖြင့် ထိုသီလရှင် ဆရာလေးများ၏ဘဝကို လေ့လာမိသမျှကို အနည်းငယ်ပြန်လည် ပြောပြလိုပါသည်။ သီလရှင်ဆိုတာဘာလဲဟူသော မေးခွန်းကို ဦးစွာဖြေဆိုရမည်ဆိုလျင်…….

သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးရပ်ကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေကြသာ၊ နိက္ခမဓာတ်ခံအားကြီးသော၊ လူဝတ်ကြောင်တို့၏ အသွင်အပြင်ကို ပယ်၍ ဦးပြည်းခေါင်းတုံးလျက် သံဃာတော် မဟာနာယက ဆရာတော်ဆရာတော်ကြီးများ သတ်မ

တ်ထားသော ဝတ်စုံကို ဝတ်ဆင်ပြီး သာသနာနွယ်ဝင် မှတ်ပုံတင် ကိုင်ဆောင်ထားသူများကို သီလရှင် ဆရာကြီး ၊ဆရာလေးများဟု အပြင်ပန်း အြ

မင်တစ်ခုဖြင့် သိမြင်နိုင်ပါသည်။ ထိုထက်ပို၍ လေ့လာလျင်ကား ပို၍ခက်ခဲနက်နဲသော သီလရှင်တို့၏ ဘဝသမိုင်းကြောင်းကို တွေ့မြင်ကြရပါမည်။

အမျိုးသမီးသာသနာစတင်ပေါ်ပေါကချိန်

မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်းတော်၌ တတိယ, စတုတ္ထ၀ါဆိုတော်မူကာ သတ္တ၀ါဝေနေယျတို့အား တရားရေအေး တိုက်ကျွေးတော်မူပြီး ပဉ္စမ၀ါကို ဝေသာလီအနီး မဟာဝုန်တောကြီးအတွင်း ကူဋာဂါရကျောင်းတိုက်၌ ၀ါကပ်ဆိုတော်မူလေ

၏။ ထိုအချိန်တွင် မိထွေးတော်ဂေါတမီနှင့် သာကီဝင်မင်းသမီးငါးရာတို့ ရဟန်းပြုကြသွား၍

ရဟန္တာဖြစ်ကြ ပြီးသောအခါ ထိုရဟန်းငါးရာတို့၏လူဖြစ်စဉ်အခါက ကြင်ရာဇနီးဟောင်း ငါရာတို့သည် ယခုအခါ ငါတို့မှာ သူတစ်ပါးအိမ်သို့ သွားဖို့ရန် အိမ်ထောင်သစ်ပြုဖို့မသင့်လျှော်တော့ချေ။ မိထွေးတော်ကြီး မဟာပဇာပတိဂေါတမီထံသို့ သွားရောက်ကြပြီးလျှင် မြတ်စွာဘုရား မြတ်စွာဘုရားထံ၌ အမျိုးသမီးများကို ဘိက္ခူနီမ ပြုလုပ်ခွင့်ရအောင် တောင်းပန်စေ၍ ရှင်ရဟန်းမပြုလုပ်ကြကုန်အံ့ဟု ကြံစည်ကြ၍ မိထွေးတော်ဂေါတမီကြီးထံသို့ သွားရောက်ကြလျက် အို မိထွေတော်ဂေါတမီ အရှင်မကြီးဘုရား ကျွန်တော်မျီုးမတို့ကို မြတ်စွာဘုရားထံ၍ သာသနာ့ဘောင်သို့ ၀င်ရောက်၍ ဘိက္ခုနီမပြုလုပ်ရန် ခွင့်ပြုချက်ရအောင် တောင်းပန်လျှောက်ထားပေးပါကုန်ဘုရားဟု တစ်ညီတစ်ညွတ်တည်း အသနာခံပြောဆိုကြသောအခါ မိထွေးတော်ဂေါတမီသည် မြတ်စွာဘုရားရှင် နိဂြောဓာရုံကျောင်း၌ သီတင်းသုံးတော်မူစဉ် ပထမအကြိမ် မြတ်စွာဘုရားရှင်ကို မာတုဂါမ မင်းမိန်းမများ ဤသာသနာတော်၌ ဘိက္ခုနီမပြုလုပ်ရန် ခွင့်တောင်းလျှောက်ထာပါသော်လည်း အခွင့်မရခဲ့သဖြင့် ဒုတိယ အကြိမ်၌ကား ဆတ္တာသည်ကို ခေါ်စေ၍ မိမိနှင့်တကွ သာကိဝင်မင်းသမီးငါးရာတို့၏ ဆံပင်များကို ပယ်ရှားရိတ်ဖြတ်စေပြီးလျှင် ဖန်ရည်ဆိုးသောအ၀တ်ငါးရာတို့ ၀တ်ရုံကြကာ ရွှေနန်းတော် အတွင်းမှာပင် မြတ်စွာဘုရားရှင်ကို ရည်ညွှန်း၍ ရဟန်းမိန်းမအသွင်ကို ကိုယ်တိုင်လည်းယူပြီး သာကီဝင်မင်းသမီး ငါးရာတို့အားလည်း ယူစေပြီးလျှင် ရဟန်မလောင်းငါးရာတို့နှင့် အတူတကွ ကပိလ၀တ်နန်းတော်မှ ဝေသာလီပြည် မြတ်စွာဘုရား သီတင်းသုံးးတော်မူရာ မဟာဝန်တောသို့ သွာရောက်ရန် စီမံကြလေသည်။ ဘုရားကျောင်းသို့ရောက်သောအခါ ထိုအမျီုးသမီးတို့သည် ငါးဆယ်တစ်ယူဇနာကွာ မိုင်အားဖြင့်လေးရာကျော်ဝေးလှစွာသောခရီးကို ခြေလျင်သာ ခြေလျင်သာလာခဲ့သဖြင့် အလွန်နူးညံ့သူများ ဖြစ်ရကား ထိုအမျိုးသမီးတို့၏ ခြေတို့်၌ အဖုအလုံးများ တစ်လုံးပြီးတစ်လုံး ပေါက်ကြကာ ခြေနှစ်ဖက်စလုံးတို့တွင် ဖူးဖူးယောင်ကြွလျက် ရှိကြလေကုန်၏။ ထိုဖြစ်ရကား မိထွေးတော် ဂေါတမီသည် သာကီဝင်မင်းသမီးငါးရာတိုနှင့်တကွ ဝေသာလီပြည် မဟာဝန်တော ကူဋာဂါရကျောင်းတိုက် တံခါးမုခ်သို့ ရောက်လတ်သောအခါ ဖူးဖူးရောင်သော ခြေရှိလျက် မြူလိမ်းကျံသော ကိုယ်တို့ဖြင့် ဆင်းရဲပင်ပန်းစွာ မျက်ရည်နှင့်ပြည့်သော မျက်နှာတို့ဖြင့် ငိုကြွေး၍ သာလျင် တံခါးမုခ်၏ အပြင်ဘက်၌ ရပ်တန့်၍သာ နေကြကုန်၏။ ထိုအခါ မိထွေတော် မဟာပဇာပတိဂေါတမီသည် အရှင်ဘုရားအာနန္ဒာ မြတ်စွာဘုရားရှင်က အမျိုးသမီးမာတုဂါမများကို ဤဓမ္မ၀ိနယသာသနာတော်၌ ဘိက္ခုနီ ရဟန်းမ ပြုလုပ်ရန် ခွင့်ပြုတော်မမူသောကြောင့် ဤကဲ့သို့ ဆင်းရဲးကြီးစွာ တံခါမုခ်၏ အပြင်ဘက်၌ ငိုကြွေးလျှက် ရပ်တည်၍နေပါသည်ဟု အရှင်အာနန္ဒာမထေရ်အား အကြောင်းစုံကို လျှောက်ထားလေရာ အရှင်အာနန္ဒာမထေရ်သည် မိထွေးတော်ဂေါတမီ၏ ဘုရားရှင်အပေါ်၌ ကျေးဇူးများခဲ့ပုံကို မြတ်စွာဘုရားအား လျှောက်ထား၍ မိထွေးတော် ဂေါတမီကို သာသနာတော်၌ ဘိက္ခုနီမ ပြုခွင့်ရအောင် သုံးကြိမ်တိုင်တိုင် အကြောင်းအမျီုးမျီုးဖြင့် လျှောက်ထားတောင်းပန် အသနားခံလေ၏ ။ ထိုအခါ မြတ်စွာဘုရားရှင်သည် စည်းကမ်းရှစ်ချက် လွန်လေးနက်ထား ဂရုဓံရှစ်ပါကို ဟောကြားတော်မူ၍ ချစ်သာအာနန္ဒာ မိထွေတော်ဂေါတမီသည် စည်းကမ်းချက်ရှစ်ချက် ဤဂရုဓံရှစ်ပါး ကျင့်ဝတ်တရားများကို ခံယူလိုက်နာခြင်းသည်ပင် မိထွေးတော် ဂေါတမီ၏ ရဟန်းမ အဖြစ်ကို ရစေရမည်ဟု မိန့်ကြားတော်မူပြီးလျှင် ဤဂရုဓံရှစ်ပါး ကျင့်ဝတ်တရားကို ဟောကြားတော်မူကာ ဘိက္ခုနီသာသနာကို ဝေသာလီပြည် မဟာဝုန်တော ကူဋာဂါရကျောင်းတိုက်တွင် ပဉ္စမငါးဝါမြောက် အချိန်၌ စတင်ခွင့်ပြုတော်ပြီး၍ အမျိုးသမီး ဘိက္ခုနီမ ရဟန်းသာသနာ စတင်၍ ပေါ်ပေါက်ခဲ့သည်။

ဒါကတော့ ဘိက္ခူနီမ သာသနာပေါ်ပေါက်လာခြင်းအကြောင်း ဖတ်ရှုမိသမျှ စာအုပ်များမှ မှတ်မိသလောက် ရေးသား ဖော်ပြလိုက်ပါတယ်… ဆက်ရေးမယ်ဆိုရင်တော့အများကြီးပါပဲ

နောက်တစ်ခေါက်လှူဖြစ်မှ တစ်ခါ ထပ်တင်ပါတော့မယ်…...

ယနေ့ပြုသမျှကုသိုလ် ကောင်းမှု အစုစု၏ အဖို့ဘာဂကို အလှူရှင် များနှင့်တကွ ဝေယျာဝစ္စ အဖွဲ့များအားလုံးအပါအ၀င် သုံးဆယ့်တစ်ဘုံ ၌ ကျင်လည်ကုန်သောဝေနေယျ သုခိတ ဒုက္ခိတ သတ္တ၀ါ များအားလုံးအား အမျှ ပေးဝေပါကုန်၏။

အမျှ…အမျှ…အမျှ… ယူတော်မူကြပါကုန်လော့ အားလုံးကိုအမျှ ရ၍ ကိုယ်စိတ်နှစ်ဖြာာ ကျန်းမာ

ချမ်းသာကြသည်ဖြစ်ကြပါစေသောဝ်….


သီလရှင်ဆရာလေးများမေတ္တာပို့သနေပုံ




Read more...

၁၃၇၁ ခုနှစ်တော်သလင်းလပြည့်ကျော် (၁၀) ရက် သီလရှင်များအလှူပွဲ






စစ်ကိုင်းမြို့တော်တွင် သီတင်းသုံးနေထိုင်သော သီလရှင်အပါး(၉၀)တို့အား ယနေ့ဆရာတော်ဦးလောကနာထမှ သီလရှင်ဝတ်စုံ (ခါးဝတ်) တစ်စုံစီလှူဒါန်းမှုပြုခဲ့ပြီး
ဂျပန်နိုင်ငံမှ ဒါယိကာမကြီးဒေါ်ဝါ၀ါခိုင်မင်းမှတဆင့် ခွန်သဒ္ဒါ(ဂျပန်)မှ အာရုဏ်ဆွမ်းမုန့်ဟင်းခါးကပ်လှူခဲ့ပါတယ်။ ထုံးစံအတိုင်း ဦးဇင်းကတော့ အကျိုးဆောင်သူပေါ့၊ အိပ်ရေးပျက်ရတာတွေ အဆင်မပြေမှု အနည်းငယ်ဖြစ်ရတာတွေကိုတော့
မပြောလိုတော့ပါဘူး၊ ဒီလိုအကျိုးဆောင်ပေးရင်း ပျော်နေတတ်တာကိုက ဦးဇင်းရဲ့ ဘဝတစ်ခုလို ဖြစ်နေပြီလေ၊ အလှူရှင်တွေမှာ ပီတိဖြစ်ရသလို ဦးဇင်းမှာလည်း ထပ်တူပီတိတွေနဲ့ပေါ့။ ဒီပီတိတွေနဲ့ပဲ သီလရှင်ဆရာကြီး၊ ဆရာလေးများရဲ့အကြောင်းကိုဆက်ပြီး ဖတ်ရှုမိသလောက်ရေး လိုက်မိတယ်။



ယခုခေတ်တွင် သီလရှင်များစွာကို တွေ့မြင်နေရသော်လည်း ထိုသီလရှင်ဆရာလေးများ၏ သဘောသဘာဝကို စိတ်ဝင်တစား လေ့လာသူနည်းပါးလိမ့်မည်ဟု ယူဆမိပါသည်။ ဦးဇင်းအနေဖြင့် ထိုသီလရှင် ဆရာလေးများ၏ဘဝကို လေ့လာမိသမျှကို အနည်းငယ်ပြန်လည် ပြောပြလိုပါသည်။ သီလရှင်ဆိုတာဘာလဲဟူသော မေးခွန်းကို ဦးစွာဖြေဆိုရမည်ဆိုလျင်…….

သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးရပ်ကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေကြသာ၊ နိက္ခမဓာတ်ခံအားကြီးသော၊ လူဝတ်ကြောင်တို့၏ အသွင်အပြင်ကို ပယ်၍ ဦးပြည်းခေါင်းတုံးလျက် သံဃာတော် မဟာနာယက ဆရာတော်ဆရာတော်ကြီးများ သတ်မှတ်ထားသော ဝတ်စုံကို ဝတ်ဆင်ပြီး သာသနာနွယ်ဝင် မှတ်ပုံတင် ကိုင်ဆောင်ထားသူများကို သီလရှင် ဆရာကြီး ၊ဆရာလေးများဟု အပြင်ပန်း အမြင်တစ်ခုဖြင့် သိမြင်နိုင်ပါသည်။ ထိုထက်ပို၍ လေ့လာလျင်ကား ပို၍ခက်ခဲနက်နဲသော သီလရှင်တို့၏ ဘဝသမိုင်းကြောင်းကို တွေ့မြင်ကြရပါမည်။



အမျိုးသမီးသာသနာစတင်ပေါ်ပေါက်ချိန်
မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်းတော်၌ တတိယ, စတုတ္ထ၀ါဆိုတော်မူကာ သတ္တ၀ါဝေနေယျတို့အား တရားရေအေး တိုက်ကျွေးတော်မူပြီး ပဉ္စမ၀ါကို ဝေသာလီအနီး မဟာဝုန်တောကြီးအတွင်း ကူဋာဂါရကျောင်းတိုက်၌ ၀ါကပ်ဆိုတော်မူလေ၏။ ထိုအချိန်တွင် မိထွေးတော်ဂေါတမီနှင့် သာကီဝင်မင်းသမီးငါးရာတို့ ရဟန်းပြုကြသွား၍ ရဟန္တာဖြစ်ကြ ပြီးသောအခါ ထိုရဟန်းငါးရာတို့၏လူဖြစ်စဉ်အခါက ကြင်ရာဇနီးဟောင်း ငါရာတို့သည် ယခုအခါ ငါတို့မှာ သူတစ်ပါးအိမ်သို့ သွားဖို့ရန် အိမ်ထောင်သစ်ပြုဖို့မသင့်လျှော်တော့ချေ။ မိထွေးတော်ကြီး မဟာပဇာပတိဂေါတမီထံသို့ သွားရောက်ကြပြီးလျှင် မြတ်စွာဘုရား မြတ်စွာဘုရားထံ၌ အမျိုးသမီးများကို ဘိက္ခူနီမ ပြုလုပ်ခွင့်ရအောင် တောင်းပန်စေ၍ ရှင်ရဟန်းမပြုလုပ်ကြကုန်အံ့ဟု ကြံစည်ကြ၍ မိထွေးတော်ဂေါတမီကြီးထံသို့ သွားရောက်ကြလျက် အို မိထွေတော်ဂေါတမီ အရှင်မကြီးဘုရား ကျွန်တော်မျီုးမတို့ကို မြတ်စွာဘုရားထံ၍ သာသနာ့ဘောင်သို့ ၀င်ရောက်၍ ဘိက္ခုနီမပြုလုပ်ရန် ခွင့်ပြုချက်ရအောင် တောင်းပန်လျှောက်ထားပေးပါကုန်ဘုရားဟု တစ်ညီတစ်ညွတ်တည်း အသနာခံပြောဆိုကြသောအခါ မိထွေးတော်ဂေါတမီသည် မြတ်စွာဘုရားရှင် နိဂြောဓာရုံကျောင်း၌ သီတင်းသုံးတော်မူစဉ် ပထမအကြိမ် မြတ်စွာဘုရားရှင်ကို မာတုဂါမ မင်းမိန်းမများ ဤသာသနာတော်၌ ဘိက္ခုနီမပြုလုပ်ရန် ခွင့်တောင်းလျှောက်ထာပါသော်လည်း အခွင့်မရခဲ့သဖြင့် ဒုတိယ အကြိမ်၌ကား ဆတ္တာသည်ကို ခေါ်စေ၍ မိမိနှင့်တကွ သာကိဝင်မင်းသမီးငါးရာတို့၏ ဆံပင်များကို ပယ်ရှားရိတ်ဖြတ်စေပြီးလျှင် ဖန်ရည်ဆိုးသောအ၀တ်ငါးရာတို့ ၀တ်ရုံကြကာ ရွှေနန်းတော် အတွင်းမှာပင် မြတ်စွာဘုရားရှင်ကို ရည်ညွှန်း၍ ရဟန်းမိန်းမအသွင်ကို ကိုယ်တိုင်လည်းယူပြီး သာကီဝင်မင်းသမီး ငါးရာတို့အားလည်း ယူစေပြီးလျှင် ရဟန်မလောင်းငါးရာတို့နှင့် အတူတကွ ကပိလ၀တ်နန်းတော်မှ ဝေသာလီပြည် မြတ်စွာဘုရား သီတင်းသုံးးတော်မူရာ မဟာဝန်တောသို့ သွာရောက်ရန် စီမံကြလေသည်။ ဘုရားကျောင်းသို့ရောက်သောအခါ ထိုအမျီုးသမီးတို့သည် ငါးဆယ်တစ်ယူဇနာကွာ မိုင်အားဖြင့်လေးရာကျော်ဝေးလှစွာသောခရီးကို ခြေလျင်သာ ခြေလျင်သာလာခဲ့သဖြင့် အလွန်နူးညံ့သူများ ဖြစ်ရကား ထိုအမျိုးသမီးတို့၏ ခြေတို့်၌ အဖုအလုံးများ တစ်လုံးပြီးတစ်လုံး ပေါက်ကြကာ ခြေနှစ်ဖက်စလုံးတို့တွင် ဖူးဖူးယောင်ကြွလျက် ရှိကြလေကုန်၏။ ထိုဖြစ်ရကား မိထွေးတော် ဂေါတမီသည် သာကီဝင်မင်းသမီးငါးရာတိုနှင့်တကွ ဝေသာလီပြည် မဟာဝန်တော ကူဋာဂါရကျောင်းတိုက် တံခါးမုခ်သို့ ရောက်လတ်သောအခါ ဖူးဖူးရောင်သော ခြေရှိလျက် မြူလိမ်းကျံသော ကိုယ်တို့ဖြင့် ဆင်းရဲပင်ပန်းစွာ မျက်ရည်နှင့်ပြည့်သော မျက်နှာတို့ဖြင့် ငိုကြွေး၍ သာလျင် တံခါးမုခ်၏ အပြင်ဘက်၌ ရပ်တန့်၍သာ နေကြကုန်၏။ ထိုအခါ မိထွေတော် မဟာပဇာပတိဂေါတမီသည် အရှင်ဘုရားအာနန္ဒာ မြတ်စွာဘုရားရှင်က အမျိုးသမီးမာတုဂါမများကို ဤဓမ္မ၀ိနယသာသနာတော်၌ ဘိက္ခုနီ ရဟန်းမ ပြုလုပ်ရန် ခွင့်ပြုတော်မမူသောကြောင့် ဤကဲ့သို့ ဆင်းရဲးကြီးစွာ တံခါမုခ်၏ အပြင်ဘက်၌ ငိုကြွေးလျှက် ရပ်တည်၍နေပါသည်ဟု အရှင်အာနန္ဒာမထေရ်အား အကြောင်းစုံကို လျှောက်ထားလေရာ အရှင်အာနန္ဒာမထေရ်သည် မိထွေးတော်ဂေါတမီ၏ ဘုရားရှင်အပေါ်၌ ကျေးဇူးများခဲ့ပုံကို မြတ်စွာဘုရားအား လျှောက်ထား၍ မိထွေးတော် ဂေါတမီကို သာသနာတော်၌ ဘိက္ခုနီမ ပြုခွင့်ရအောင် သုံးကြိမ်တိုင်တိုင် အကြောင်းအမျီုးမျီုးဖြင့် လျှောက်ထားတောင်းပန် အသနားခံလေ၏ ။ ထိုအခါ မြတ်စွာဘုရားရှင်သည် စည်းကမ်းရှစ်ချက် လွန်လေးနက်ထား ဂရုဓံရှစ်ပါကို ဟောကြားတော်မူ၍ ချစ်သာအာနန္ဒာ မိထွေတော်ဂေါတမီသည် စည်းကမ်းချက်ရှစ်ချက် ဤဂရုဓံရှစ်ပါး ကျင့်ဝတ်တရားများကို ခံယူလိုက်နာခြင်းသည်ပင် မိထွေးတော် ဂေါတမီ၏ ရဟန်းမ အဖြစ်ကို ရစေရမည်ဟု မိန့်ကြားတော်မူပြီးလျှင် ဤဂရုဓံရှစ်ပါး ကျင့်ဝတ်တရားကို ဟောကြားတော်မူကာ ဘိက္ခုနီသာသနာကို ဝေသာလီပြည် မဟာဝုန်တော ကူဋာဂါရကျောင်းတိုက်တွင် ပဉ္စမငါးဝါမြောက် အချိန်၌ စတင်ခွင့်ပြုတော်ပြီး၍ အမျိုးသမီး ဘိက္ခုနီမ ရဟန်းသာသနာ စတင်၍ ပေါ်ပေါက်ခဲ့သည်။

ဒါကတော့ ဘိက္ခူနီမ သာသနာပေါ်ပေါက်လာခြင်းအကြောင်း ဖတ်ရှုမိသမျှ စာအုပ်များမှ မှတ်မိသလောက် ရေးသား ဖော်ပြလိုက်ပါတယ်… ဆက်ရေးမယ်ဆိုရင်တော့အများကြီးပါပဲ

နောက်တစ်ခေါက်လှူဖြစ်မှ တစ်ခါ ထပ်တင်ပါတော့မယ်…...

ယနေ့ပြုသမျှကုသိုလ် ကောင်းမှု အစုစု၏ အဖို့ဘာဂကို အလှူရှင် များနှင့်တကွ ဝေယျာဝစ္စ အဖွဲ့များအားလုံးအပါအ၀င် သုံးဆယ့်တစ်ဘုံ ၌ ကျင်လည်ကုန်သောဝေနေယျ သုခိတ ဒုက္ခိတ သတ္တ၀ါ များအားလုံးအား အမျှ ပေးဝေပါကုန်၏။

အမျှ…အမျှ…အမျှ… ယူတော်မူကြပါကုန်လော့ အားလုံးကိုအမျှ ရ၍ ကိုယ်စိတ်နှစ်ဖြာာ ကျန်းမာ

ချမ်းသာကြသည်ဖြစ်ကြပါစေသောဝ်….


Read more...

တည်တောဆရာတော် (မေး+ဖြေ)

ဦးဘသက် အမေးနှင့်အဖြေ...

















Read more...

မေတ္တာများဖြင့်အေးမြစေ(ကိုဥဂ္ဂါ မွေးနေ့ဆုတောင်း)


မိန်းမသားဆိုတာ---အားနွဲ့ပါသတဲ့---
သေချာရဲ့လား ဟုတ်ရဲ့လားဟင်..။
ဖောင်သာစီးဘူး ၍ မီးမနေဘူးသူတို့ရဲ့ သတ်မှတ်ချက်
အထင်သက်သက် သာဖြစ်ပေ...လိမ့် …..။
နာကျင်မှုတွေ အဆုံးစွန်...
လျင်မြန်စွာ လွန်မြောက်ပါစေသား။
ခွန်အားဆိုတာ ကိုယ်တွင်းမှာသာရှိ။
ပြင်ပမှာလည်းရှိမနေ။
ချွေးစက်တွေက ---ဇီးကင်းတမျှ
မျက်ရည်များလည်း မကျချင်။
လက်သီးဆုပ်ထား၊ မာန်တင်းထားပေါ့။
သတ္တိ သွေးတွေ...စွေးစွေးနီ..၊
ခိုင်ကျည် စိတ်ဓာတ်----မြင့်မြတ်ပါစေ။
ဒါဟာ တိုက်ပွဲ----ရဲရင့်ပါစေ။
သင့်ရဲ့ ဘဝသမိုင်း----- မရိုင်းစေနဲ့။
နူးညံ့ခြင်း မှာ စွမ်းအားရှိ ၊ ဘယ်သူအဖြေညှိချင်သလဲ..။
ကဲ----အစွမ်းကုန် စုစည်း
ကြီးမြတ်တဲ့ သင့်မေတ္တာ နဲ့ သင်ကျော်ဖြတ်နိုင်မှာပါ..။

ဘာလေးလဲဟင်၊
အင်္ဂါစုံလား....ပေါင်ပြည့်လား နဲ့
မနားနိုင်ပါ။
သား---ဆိုပါ့လား၊
လျှပ်ပျက်သွားသလို....လင်းလက် စွာစီးဆင်း
ကရုဏာ မြစ်တစ်စင်း၊ ချစ်ခြင်းလှိုင်းထ
ခုဏ ဝေဒနာ သူမဟုတ်သလိုပါပဲ
ရင်ထဲက ပီတိ ၊ နှိုင်းပြစရာမရှိခဲ့တာ
အသေအချာမှတ်မိနေခဲ့တယ်။

သား--တဲ့
ဤမျှ အဓိပ္ပါယ်ပြည့်ဝသောစကား၊
အရင်က မသိခဲ့ မရှိခဲ့
အခုမှ သိ...ထိထိရှရှ--မိမိရရ
ကျန်တာဘာမှ အရေးမကြီး
ကျန်တာ ဘာမှ အဓိပ္ပါယ် မရှိ
ကျန်တာ ဘာမှ အဓိက မကျ..
ဒါသာလျင် ပဓာန တဲ့
ကျောက်ချ...ထုဆစ်
ရွှန်းသစ်သော မိခင်ဘဝ အဲဒီနေ့ကစတင်၊
သန့်စင်စွာ နိုးထ၊အရပ်ရှစ်မျက်နှာ မက---
လောကကို လည်းကြည့်ရဲ၊ မာနကိုလည်း လွှင့်ရဲ၊
ရဲတဲ့နေ့ တွေ ရှည်ခဲ့တယ်။

ရှာဖွေကြည့် ပါ၊
၃၂ ကောဋ္ဌာသ မှာ နို့ရည် ဆိုတာမပါဝင်
ဆင်ခြင်ဉာဏ် စိတ်သွင်း နော်.....ဖန်ဆင်းရှင် မရှိ
ပကတိ စွမ်းအားရှင်-----မိခင် ဖြစ်တယ် ကလေးရေ..။

ကြီးကျယ်သောမေတ္တာတရား
အရာရာအားပြောင်းလဲစေ၊
နီသောသွေးတွေ ဖွေးဖွေးဖြူခဲ့ ….။
နှိုင်းပြုစရာ ၊ ဥပမာဆောင်---
မြင့်မိုရ်တောင်ဟာ နွားချိုလောက်သာ ရှိပါသတဲ့။
မဟာသမုဒ္ဒရာဟာ ရေအိုင်ငယ် သဖွယ်တဲ့။
ကမ္ဘာမြေကြီး ဟာ ဝါးရွက်လောက်သာ ရှိသတဲ့ ။

တကယ်လို့များ
သားရဲ့အမေ၊ သည်အမေ ဟာ
တဏှာမြှေးယှက် ၊ မပေးရက်သူ။
ပေမ ငါးမျိုး ၊ မကိုးစားသူ။
မျှော်လင့်ချင်စိတ် ၊တိတ်တိတ် ဖြေသူ။
အလွမ်းမီးငြှိမ်း၊ သိမ်းဆည်းတတ်သူ။
သံယောဇဉ် မပါ၊ မေတ္တာဖြူစင်၊ ကြည်လင်ချင်သူ။
တာဝန်ကျေခြင်း၊ဝဋ်နှောင်ကင်း သူ။
ကျေးဇူးရှင် ဂုဏ်ပုဒ် ၊မဖေါ်ထုတ်ချင်သူ။
ဘဝဇာတ်ထုပ်၊ကကြိုးမရှုပ်လို၊
ဟိုအဝေးမှ အေးမြစေသူ။
ထိုထိုသူများ၊ ဖြစ်နေငြားလျှင်
မေတ္တာသည်ကား၊ မေတ္တာတရားအဖြစ်
ခံစား နားလည်
သားကျေနပ်မယ် ယုံကြည်တယ်။
ချစ်သောမေမေ
(လွန်ခဲ့သော ၂၂နှစ် - (၁၃.၉.၁၉၈၇) သားကြီး ကိုဥဂ္ဂါ ဘဝထဲကိုရောက်ရှိခဲ့သော မွေးနေ့အမှတ်တရ အဖြစ်)


Read more...

မြတ်စွာဘုရား၏ စကားတော်ကို သက္ကတဘာသာဖြင့် မတင်အပ်...

ခုဒ္ဒကဝတ္ထုက္ခန္ဓက-မှ...


ထိုအခါ ယမေဠကရွာ၌ ကုဋမည်သော ပုဏ္ဏားမျိုး ရဟန်းညီနောင် နှစ်ဦးတို့ ရှိကုန်၏၊ အပြော အဆိုကောင်း အသံကောင်းသူတို့ ဖြစ်ကုန်၏။ ထိုရဟန်း ညီနောင်တို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေကြကာ မြတ်စွာဘုရားအား-

''အသျှင်ဘုရား ယခုအခါ ရဟန်းတို့သည် အမည်အမျိုးမျိုး ရှိပါကုန်၏၊ အနွယ် အမျိုးမျိုး ရှိပါကုန်၏၊ ဇာတ်အမျိုးမျိုး ရှိပါကုန်၏၊ အမျိုးအသီးသီးမှ ထွက်၍ ရဟန်းပြုပါကုန်၏။ ထိုရဟန်းတို့သည် မိမိတို့ဘာသာဖြင့် မြတ်စွာဘုရား၏ စကားကို ဖျက်ဆီးပါကုန်၏၊ အသျှင်ဘုရား ယခုအခါ အကျွန်ုပ်တို့သည် မြတ်စွာ ဘုရား၏ စကားကို သက္ကတဘာသာဖြင့် တင်ပါကုန်အံ့'' ဟု လျှောက်ကုန်၏။

ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ (မဂ်ဖိုလ်မှ) အချည်းနှီး ဖြစ်သော ယောက်ျားတို့ သင်တို့သည် ''အသျှင်ဘုရား ယခုအခါ အကျွန်ုပ်တို့သည် မြတ်စွာဘုရား၏ စကားကို သက္ကတဘာသာဖြင့် တင်ပါကုန်အံ့'' ဟု အဘယ့်ကြောင့် ပြောဆိုကုန်ဘိ သနည်း။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ ဤ သင်တို့ လျှောက်ဆိုသော အမှုသည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါ လည်းကောင်း။ ပ ။
ကဲ့ရဲ့တော်မူပြီး၍ တရားစကားကို ဟောတော်မူပြီးလျှင် ရဟန်းတို့ ကို-

''ရဟန်းတို့ မြတ်စွာဘုရား၏ စကားတော်ကို သက္ကတဘာသာဖြင့် မတင်အပ်၊ တင်သော ရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏။ ရဟန်းတို့ မိမိတို့ ဘာသာဖြင့် မြတ်စွာဘုရား၏ စကားကို သင်ယူခြင်းငှါ ခွင့်ပြု၏'' ဟု မိန့်တော်မူ၏။ 285

၅ - ခုဒ္ဒကဝတ္ထုက္ခန္ဓ၊ စူဠဝဂ်ပါဠိတော်၊ ဝိနည်းပိဋက။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။



Read more...

အပူစာ အအေးစာ နှင့် တိုင်းရင်းဆေး အမြင်


လူတိုင်း နေ့စဉ် စားသုံးနေရသော အစာအာဟာရများအနက် အပူစာဆိုတာ ဘာကိုခေါ်သလဲ၊ အအေးစာဆိုတာ ဘာကိုခေါ်သလဲ၊ အပူစာ စားလျှင် အကျိုးအပြစ် ဘယ်လိုရှိမလဲ။ အအေးစာ စားလျှင် အကျိုးအပြစ် ဘယ်လိုရှိမလဲ။ ဘယ်ရာသီမှာ အပူစာ စားသင့်သည်။ ဘယ်ရာသီမှာ အအေးစာ စားသင့်သည် စသည်ဖြင့် လူအများပင် သိထား နားလည်လိုကြပါသည်။ ထို့ကြောင့် ဤဆောင်းပါးကို ရေးသားတင်ပြပါသည်။

အပူစာ အာဟာရများ ( အသား နှင့် ဥများ )
၁။ ကြက်သာ-ကြက်ဥ
၂။ ဆိတ်သား
၃။ နွားသား
၎။ ချေသား
၅။ ယုန်သား
၆။ သမင်သား
၇။ ကြောင်သား
၈။ သိုးသား
၉။ စာကလေးသား-စာကလေးဥ
၁၀။ ဖွတ်သား
၁၁။ ပုတတ်သား
၁၂။ ချိုးသား-ချိုးဥ
၁၃။ ခါသား
၁၄။ ခိုသား-ခိုဥ
၁၅။ ငုံးသား-ငုံးဥ

အပူစာ အသီအရွက်များ
၁။ တမာရွက်
၂။ သင်္ဘောရွက်-ပွင့်၊
၃။ သင်္ဘောသီးအစိမ်း
၎။ကြောင်လျှာသီး-အရွက်
၅။ ပင်စိမ်းရွက်
၆။ ဇီရာရွက်
၇။ နံနံပင်ရွက်
၈။ စပါးလင်
၉။ မဆလာ
၁၀။ ချင်း
၁၁။ ငရုတ်သီးမျိုးစုံ
၁၂။ ငရုတ်ကောင်း
၁၃။ မိဿလင်
၁၄။ နနွင်းစိမ်း
၁၅။ မိုးနှံရွက်
၁၆။ ရဲယိုရွက်-သီး
၁၇။ အုန်းနှဲရွက်
၁၈။ ကြိတ်မှန်ရွက်
၁၉။ ပိုးစာရွက်
၂၀။ ထနှောင်းရွက်
၂၁။ ကြာဟင်းရွက်-ဆူး
၂၂။ ကြက်ဆူရိုးနီရွက်
၂၃။ ဂုံမင်း
၂၄။ သရက်ကင်းဥ
၂၅။ ပတဲကော
၂၆။ ပျဉ်းတော်သိမ်
၂၇။ မလွသီး
၂၈။ ကြက်သွန်ဖြူ
၂၉။ မာလာဖူး
၃၀။ ဒန့်သလွန်သီး-ရွက်
၃၁။ ဥသျှစ်သီး-ရွက်
၃၂။ ဥသျှစ်ကင်း
၃၃။ ပိတ်ချင်းသီး-ရွက်
၃၄။ မြန်မာကုက္ကိုရွက်
၃၅။ ရှောက်ရွက်
၃၆။ ပူစီနန်
၃၇။ မျှစ်
၃၈။ ယင်းပြားရွက်
၃၉။ မျှစ်ချဉ်
၄၀။ တောက်တာဥ
၄၁။ ဆိတ်ဖူး
၄၂။ သက်ရင်းကြီးရွက်
၄၃။ ကြောင်ပန်းရွက်
၄၄။ ဖျောက်ဆိပ်ရွက်
၄၅။ မယားကြီးရွက်
၄၆။ ဂုံခါးရွက်
၄၇။ ခွေးတောက်ရွက်
၄၈။ တောက်တာဖူး
၄၉။ ခံတက်ချဉ်
၅၀။ ဟင်းဂလာချဉ်
၅၁။ စောင်ချမ်း
၅၂။ ပဲကြီး
၅၃။ ကုလားပဲ
၅၄။ ပဲစဉ်းငုံ
၅၅။ ပဲနောက်
၅၆။ အရက်အမျိုးမျိုး
၅၇။ ချင်းသုပ်
၅၈။ ဒူးရင်းသီး-ယို

အသားနှင့်အသီးအရွက်တို့ကို ဖော်ပြပြီးနောက် ငါး ပုဇွန်တို့ကို အပူစာ၊ အအေးစာများအဖြစ် ခွဲခြားပြသရန် လိုပါသည်။ ငါး ပုဇွန်သည် ရေထဲ၌သာနေ၍ ကျက်စားသော သတ္တ၀ါများဖြစ်သဖြင့် အအေးအစာအာဟာရသာ ဖြစ်ပါသည်။ အပူအစာအာဟာရအဖြစ် တိုက်ရိုက်ယူ၍ မရပါ။ သို့ရာတွင် အကြေးရှိသော ငါးနှင့် အကြေးမရှိသော ငါး နှစ်မျိုးအနက် အကြေးရှိသော ငါးသည် အကြေးမရှိသော ငါးလောက် မအေးပါ။

ဥပမာ-အင်္ကျီဝတ်ထားသူနှင့် အင်္ကျီချွတ်ထားသူ နှစ်ဦးတွင် အင်္ကျီချွတ်ထားသူသည် အင်္ကျီဝတ်ထားသူထက် ပို၍အေးသကဲ့သို့ အကြေးရှိသော ငါးသည် အကြေးမရှိသောငါးထက် အအေးသက်သာပါသည်။ အကြေးရှိသော ငါး ပုဇွန်တို့ကို အပူစာ တိုက်ရိုက်မဟုတ်သော်လည်း အပူအစာအာဟာရအဖြစ် ငရုတ်သီး၊ မဆလာ၊ ကြက်သွန်ဖြူ၊ ချင်း၊ ငရုတ်ကောင်း၊ ရဲယိုရွက်၊ ဒန့်သလွန်ရွက် စသည်တို့ဖြင့် ရောနှော၍ ချက်ပြုတ်စားသောက်နိုင်ပါက အပူစာအာဟာရကဲ့သို့ အကျိုးသက်ရောက်နိုင်ပါသည်။

အအေးအစာအာဟာရများ ( အသား နှင့် ဥများ )
၁။ ၀က်သား
၂။ ကျွဲသား
၃။ ဘဲငန်းသား
၎။ ရေကြက်
၅။ လိပ်သား
၆။ ဖားသား
၇။ ဗျိုင်း
၈။ စစ္စလီ
၉။ မန်ဒါလီ
၁၀။ ငါးအမျိုးမျိုး
၁၁။ ငါးရှဥ့်
၁၂။ ပုဇွန်အမျိုးမျိုး
၁၃။ ၀မ်းဘဲဥ
၁၄။ လိပ်ဥ
၁၅။ ငါးဥများ
၁၆။ ကိုင်းဥ
၁၇။ အင်ဥ
၁၈။ မြေဥ
၁၉။ ပိန်းဥ
၂၀။ ကန်စွန်းဥ
၂၁။ မှိုဥ
၂၂။ ပဲမြစ်
၂၃။ အာတာလွတ်ဥ
၂၄။ အာလူး
၂၅။ ထန်းမြစ်
၂၆။ မျောက်ဥ
၂၇။ ပြောင်းဖူး
၂၈။ နို့အမျိုးမျိုး
၂၉။ ထောပတ်
၃၀။ မြေပဲ

အအေးစာ အသီးအရွက်များ
၁။ ဘူသီး-ရွက်
၂။ ဖရဲသီး
၃။ ကျောက်ဖရုံသီး
၎။ ရွှေဖရုံသီး
၅။ သခွားသီး
၆။ ရုံးပတီသီး
၇။ ပုံလုံသီ-ရွက်
၈။ အုန်းသီး
၉။ ငှက်ပျော်သီး အမျိုးမျိုး
၁၀။ သရက်သီးမှည့်
၁၁။ မရန်းသီးမှည့်
၁၂။ မင်းကွတ်သီး
၁၃။ ပိန္နဲသီး-နု
၁၄။ ပန်းသီး
၁၅။ ကတွတ်သီး
၁၆။ သင်္ဘောသီးမှည့်
၁၇။ သပြေသီး
၁၈။ သစ်တော်သီး
၁၉။ နာနတ်သီးမှည့်
၂၀။ သီဟိုဠ်သီး
၂၁။ လိမ္မော်သီး
၂၂။ ရှောက်သီး
၂၃။ သံပရာသီး
၂၄။ ကျွဲကောသီး
၂၅။ ရှောက်ချိုသီး
၂၆။ မာလကာသီး
၂၇။ သြဇာသီး
၂၈။ သလဲသီး
၂၉။ ခရမ်းချဉ်သီး
၃၀။ ခရမ်းကဆော့သီး
၃၁။ စောင်းလျားသီး
၃၂။ ဆီးသီး
၃၃။ ဖန်ခါးသီး
၃၄။ ဂွေးသီးမှည့်
၃၅။ နှင်းသီး
၃၆။ သဖန်းသီး
၃၇။ ခ၀ဲသီး
၃၈။ မြို့ပျက်ခရမ်းသီး
၃၉။ ဆီးဖြူသီး
၄၀။ သခွားသီးမွှေး
၄၁။ ထောပတ်သီး
၄၂။ စတော်ဘယ်ရီသီး
၄၃။ ကြက်မောက်သီး
၄၄။ စပျစ်သီး
၄၅။ မက်မန်းသီး
၄၆။ သစ်ကြားသီး
၄၇။ မန်ကျည်းသီးမှည့်
၄၈။ ကနစိုးသီး
၄၉။ သီးသီး
၅၀။ သစ်ဆိမ့်သီး
၅၁။ ကြက်ဟင်းခါးသီး-ရွက်
၅၂။ ကင်းပုံသီး-ရွက်
၅၃။ သပွတ်ခါးသီး
၅၄။ ကြက်သွန်နီ

အအေးစာ အရွက်နှင့် အရည်များ
၁။ ကန်စွန်းရွက်
၂။ မန်ကျည်းရွက်
၃။ သနပ်ရွက်
၎။ သဖန်းရွက်
၅။ ညံရွက်
၆။ လယ်ပတူရွက်
၇။ ပီလောရွက်
၈။ ပြည်ပန်းညိုရွက်
၉။ ကြက်ဟင်းခါးရွက်
၁၀။ ကင်းပုံရွက်
၁၁။ ပုံလုံရွက်
၁၂။ လယ်ဟင်းခါး
၁၃။ ကုလားမျက်စိ
၁၄။ ကန့်ကလာ
၁၅။ ဂန့်ခါး
၁၆။ မုန်ညင်းရွက်
၁၇။ ဆူးလေရွက်
၁၈။ ချဉ်ပေါင်ရွက်
၁၉။ ကင်ပွန်းရွက်
၂၀။ ဘူးရွက်
၂၁။ ရွှေဖရုံရွက်
၂၂။ ကျောက်ဖရုံရွက်
၂၃။ ဆလတ်ရွက်
၂၄။ ဂေါ်ဖီထုပ်
၂၅။ မှိုနတိုချဉ်
၂၆။ ဟင်းနုနယ်ရွက်
၂၇။ ကညွတ်ရွက်
၂၈။ ဇရစ်ရွက်
၂၉။ စားတော်ပဲရွက်
၃၀။ ပဲကတ္တီပါ
၃၁။ ပဲလွန်းရွက်
၃၂။ မြေပဲရွက်
၃၃။ မြင်းခွါရွက်
၃၄။ လက်ဖက်
၃၅။ ကြံ
၃၆။ ကြံရည်
၃၇။ ရေခဲရေ
၃၈။ ပျားရည်

အကျိုးအပြစ်
အပူစာအာဟာရများကို စားသုံးခြင်းကြောင့် ရအပ်သော အကျိုးတရားများမှာ ၀မ်းမီးကို ကောင်းစေသည်။ အစာကို ကြေစေသည်။ နှုတ်ကို မြိန်စေသည်။ ချွေးကို ထွက်စေသည်။ ပိုးနာ ယားနာ တို့ကို ပျောက်ကင်းစေသည်။ အဆီကို ပြေစေသည်။ သွေးကြော လေကြောတို့ကို ပွင့်စေသည်။ သလိပ်ကို နိုင်စေသည်။

သို့သော် ၄င်းအပူအစာအာဟာရများကို အလွန်အကျွံ စားသောက်ပါက ရေငတ်ရောဂါ၊ အရေပြား၌ အနာအမျိုးမျိုးပေါက်သော ရောဂါ၊ ဆံပင်ကျွတ်ရောဂါ၊ ဆံပင်ဖြူရောဂါ၊ အရေတွန့်ရောဂါ၊ သုက်ခန်းရောဂါ၊ အဖျားရောဂါ၊ မူးဝေသောရောဂါ၊ ပိန်ကျုံသောရောဂါ၊ အသားအရေ ခြောက်ခန်းသောရောဂါ၊ လျှာ နှုတ်ခမ်းကွဲရောဂါ၊ ဆီးပူညောင်းကျသော ရောဂါ၊ မျက်စိဝေ မျက်စိမှုန်ရောဂါ၊ ခေါင်းကိုက်ရောဂါ၊ နားလေထွက်ရောဂါ၊ နှာခေါင်းသွေးလျှံရောဂါ၊ လည်ချောင်းကွဲ လည်ချောင်းနာရောဂါ၊ နှလုံးခုန် ရင်တုန်ရောဂါ၊ မောဟိုက်သောရောဂါ၊ အသည်းရောင်ရောဂါ၊ အသားဝါရောဂါ၊ အစာအိမ် အပူလောင်ရောဂါ၊ ကျောက်ကပ်ရောဂါ၊ မီးယပ်သွေးလွန်ရောဂါ၊ စမြင်းထိုးရောဂါ၊ လိပ်ခေါင်းရောဂါ၊ သွေးဝမ်းရောဂါ စသည်တို့ကို ဖြစ်စေနိုင်ပါသည်။

အအေးအစာအာဟာရများကို စားသုံးခြင်းကြောင့် ရအပ်သောအကျိုးတရားများမှာ ခွန်အားကို တိုးပွားစေသည်။ ရသာရည်၊ သွေး၊ အသား၊ အဆီ၊ အရိုး၊ ချဉ်ဆီ၊ သုက် စသည့် ဓာတ်ခုနစ်ပါးတို့ကို တိုးပွားကြီးထွားစေသည်။ နို့ရည်ကို တိုးပွားစေသည်။ ရေငတ်ရောဂါ၊ မူးဝေရောဂါတို့ကို ပျောက်ကင်းစေသည်။ အပူနာရောဂါ အမျိုးမျိုးတို့ကို ပျောက်ကင်းစေသည်။ ချွေးလွန်သောရောဂါကို ပျောက်ကင်းစေသည်။ ဆီး ၀မ်း လေတို့ကို မှန်စေသည်။

သို့သော် ၄င်းအအေးစာ အာဟာရများကို အလွန်အကျွံ စားသောက်ပါက သလိပ်ပွားသောရောဂါ၊ ပန်းနာရင်ကျပ်ရောဂါ၊ ချောင်းဆိုးရောဂါ၊ သွေးကြော၊ လေကြောတို့၌ အဆီပိတ်သောရောဂါ၊ အဆီတိုးပွားသောရောဂါ၊ အဆုတ်နာရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ အစာမကြေ ရင်ပြည့်ရင်ကယ်ရောဂါ၊ ၀မ်းဖော၊ ၀မ်းရောင်၊ ၀မ်းပျက်ရောဂါ၊ ထုံကျဉ်သော ရောဂါ၊ ကိုယ်လက်လေးလံသောရောဂါ၊ သွက်ချာပါဒခေါ်ကိုယ်တခြမ်းသေရောဂါ၊ မီးယပ်သွေးချုပ်ရောဂါ၊ သွေးကျန်ရောဂါ၊ အခိုးပိတ်ချွေးငုပ်ရောဂါ၊ ခေါင်းအုံဇက်လေးရောဂါ၊ ငိုက်မျဉ်းသောရောဂါ စသည်တို့ကို ဖြစ်နိုင်ပါသည်။

အရသာ ၆-ပါး
အပူစာ၊ အအေးစာတို့၏ အမည်သရုပ်နှင့် အကျိုးအပြစ်တို့ကို ဖော်ပြပြီးနောက် ထိုအပူစာ၊ အအေးစာတို့၌ ပါဝင်သော အရသာ ၆-ပါးကို ဆက်လက်ဖော်ပြပါမည်။ ၄င်းတို့မှာ-
၁။ အချို
၂။ အချဉ်
၃။ အငန်
၎။ အစပ်
၅။ အဖန်
၆။ အခါး အားဖြင့် ၆-ပါးဖြစ်ပါသည်။

ထို့အပြင် ရာသီအလိုက်စားရမည့် အစာအာဟာရများမျာ-
၁။ နွေရာသီ၌ အချိုအရသာ ဦးဆောင်သော ထန်းလျက်၊ ထန်းရည်ချို၊ နွားနို့၊ ထောပတ်၊ ပျားရည်၊ ကြက်သား၊ ဆိတ်သား၊ အကြေးရှိသော ငါး၊ ပုဇွန်၊ ကြက်ဥ၊ ငုံးဥ စသည့် အချိုအရသာရှိသော အစာအာဟာရများကို ဦးစားပေး၍ စားသောက်သင့်ပါသည်။

၂။ မိုးရာသီ၌ အခါးအရသာ ဦးဆောင်သော ခွေးတောက်ရွက်၊ ရဲယိုရွက်၊ တမာရွက်၊ ငါးရံ့ပတူရွက်၊ ကန့်ကလာ၊ ကြောင်လျှာသီး-ရွက်၊ ကြက်ဟင်းခါးသီး-ရွက်၊ စသည့် အခါးအရသာရှိသော အစာအာဟာရများကို ဦးစားပေး စားသောက်သင့်ပါသည်။

၃။ ဆောင်းရာသီ၌ အချဉ်အရသာ ဦးဆောင်သော ရှောက်သီး၊ သံပရာသီး၊ မတ်ကျည်းသီး၊ ဆီးသီး၊ ကင်ပွန်းချဉ်၊ ဆီးဖြူသီး၊ ခရမ်းချဉ်သီး၊ မရန်းသီး၊ ဖန်ခါးသီး၊ နာနတ်သီး၊ ကြက်မောက်သီး၊ လိမ္မော်သီး၊ စောင်းလျားသီး၊ သလဲသီး၊ မက်လင်ချဉ်သီး စသည့်အချဉ်အရသာရှိသော အစာအာဟာရများကို ဦးစားပေး၍ စားသောက်သင့်ပါသည်။

( ဦးမြတ်ထွန်း-တိုင်းရိုင်းဆေး )


Read more...

မလေးရှား-မှ-ဗုဒ္ဓရုပ်ပွါးတော်ဖျက်ဆီးနေခြင်း

Read more...

*ကိုယ့်ကိုယ်ကို သတိထားကြည့်ရင်...*


လူတွေမှာ ဘာလို့ မျက်လုံး နှစ်လုံးပါနေလဲသိလား…

တစ်ဖက်ထဲနဲ့ ကြည့်ရင် အမြင်မှားတတ်လို့ လေ.

အဲဒါကြောင့်… တစ်စုံတစ်ယောက်၊ တစ်စုံတစ်ရာကို ကြည့်မယ်ဆိုရင်…ဘယ်တော့မှ တစ်ခါထဲနဲ့ မဆုံးဖြတ်ပါနဲ့

အနည်းဆုံး နှစ်ခါပြန်ကြည့်ပြီးမှ ကောက်ချက်ချက်တာ ပိုမှန်ပါလိမ့်မယ်။

လူတွေမှာ နှာခေါင်းက ဘာလို့ မျက်နှာပေါ်မှာ ချွန်ထွက်ပြီး ရှည်ရှည်လေးဖြစ်နေလဲသိလား…

လေကောင်းလေသန့် ကို သူအရင်ဆုံးရအောင်လို့ ပေါ့…

ပြီးတော့ နှာခေါင်းလမ်းကြောင်းတစ်လျှောက် အဆင့်ဆင့် စစ်ပြီးမှ အဆုတ်ထဲရောက်တာ…

အဲဒါကြောင့် တမင်တကာကြီး မကောင်းတဲ့အရာတွေကို ရှူမထည့်ကြပါနဲ့

လူတွေရဲ့ ပါးစပ်မှာ ဘာလို့ နှုတ်ခမ်းပါနေလဲသိလား…

ထွက်သွားတဲ့ လေကို ထိန်းဖို့ ပေါ့….

အဲဒါကြောင့်…ပြောတဲ့ စကားတိုင်းကိုလဲ…အထိန်းအကွပ်ရှိလို့ လိုပါတယ်…

လူတွေရဲ့ နားရွက်က…ဘာလို့ ပြားပြားထောင်ထောင်ကြီး နဲ့ နှစ်ဖက်ရှိနေလဲသိလား…

များများ နားထောင်နိုင်အောင်လို့ ပေါ့…နောက်ပြီး နှစ်ဖက်ကြားအောင်…

အဲဒါကြောင့်…. ကိုယ်နားထောင်ချင်တဲ့စကားပဲ နားထောင်တာမျိုး မလုပ်သင့်ပါဘူး…

နောက်ပြီး ဘယ်တော့မှ တစ်ဖက်ထဲကစကားကို နားမယောင်သင့်ဘူးပါဘူးနော်..

နောက်ပြီး နားရွက်က နှစ်ဖက်ရှိပြီး ပါးစပ်က တစ်ပေါက်ထဲရှိတာနော်….

အဲဒါကတော့…နားထောင်တာနဲ့ ပြောတာရဲ့ အချိုးက နှစ်အချိုး တစ်ရှိသင့်တယ်ဆိုတာပါပဲ…

နောက်ပြီး လက်က ဘာလို့ နှစ်ဖက်ရှိပြီး ဦးနှောက်က တစ်လုံးထဲရှိနေတာလဲသိလား…

အလုပ်ကိုများများလုပ်ပြီး စဉ်းစားတာကို နည်းနည်းပဲစဉ်းစားဖို့ လေ….

မစဉ်းစားဘဲ အလုပ်ချည်းပဲလုပ်နေလို့ မဖြစ်သလို….မလုပ်ဘဲ စဉ်းစားချည်းပဲ စဉ်းစားနေလို့ မဖြစ်ဘူးလေ…

သူလဲ နှစ်အချိုး တစ်ပဲ…

ဘာလို့ ဦးနှောက် အပေါ်ရောက်နေပြီး နှလုံးသားက အောက်ရောက်နေလဲသိလား

ခံစားချက်နဲ့ ဦးနှောက်နဲ့ ယှဉ်လာရင်… ဦးနှောက်ကို ဦးစားပေးပါတဲ့….

ကိုယ့်ကိုယ်ကို ပြန်ကြည့်လိုက်မယ်ဆိုရင်….ဘ၀မှာ ကိုယ်ဘယ်လို နေထိုင်သင့်သလဲဆိုတာ…. သဘောပေါက် နားလည်နိုင်ပါတယ်…

စေ့စေ့တွေးလေ သဘောပေါက်လေပေါ့…

ဘယ်အရာမဆို…သူ့ အကြောင်းပြချက်နဲ့ သူရှိပါတယ်….နားလည်တတ်၊ ကြည့်တတ်ဖို့ ပဲလိုတာပါ…

+++++++++++++++++++++++++++++++++++++

မေးလ်က ရလာတာလေးကို ထပ်ဆင့် မျှဝေလိုက်ခြင်းပါ။


လေးစားစွာဖြင့်
ဖိုးသား


Read more...

ပဉ္စမအနာဂတ်ဘေး


" ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရား ဟောကြားတော်မူသော အနာဂတဘယသုတ် (အနာဂတ်ဘေး) အသံသွင်းတရားခွေမှ (လွယ်ကူစွာနားလည်စေရန် )ကောက်နုတ်ဖော်ပြချက်"

တတိယနှင့်စတုတ္ထအနာဂတ်ဘေးများ လေ့လာရန်

ကာယဘာဝနာ စိတ္တဘာဝနာ ပညာဘာဝနာတွေ မပွားများတဲ့ ပုဂ္ဂိုလ်တွေထဲမှာ မထေရ်ကြီးတွေ ရှေ့ဆောင်ခေါင်းဆောင် ပုဂ္ဂိုလ်ကြီးတွေပေါ့လေ ပါလာတယ်။ ( ဂိုဏ်းခေါင်းဆောင် ပုဂ္ဂိုလ်ကြီးတွေ၊ ဆရာသမားကြီးတွေ၊ အသက်အရွယ်ကြီးတဲ့ ပုဂ္ဂိုလ်တွေ၊ ကျောင်းထိုင်ပုဂ္ဂိုလ်တွေလည်း ပါမှာပေါ့လေ၊ အကုန်လုံး ပါသွားမှာပေါ့) အဲဒီမထေရ်ကြီးတွေက ဘာဝိတ-ပစ္စည်းများအောင် အားထုတ်တယ်။ လာဘ်လာဘများအောင်၊ ဘုန်းကြီးအောင် အားထုတ်ကြတယ်။ ဒါပဲ ကြိုးစားကြလိမ့်မယ်တဲ့။ လျော့ရဲသော အကျင့်ရှိကုန်သည်။ သီလသမာဓိ အကျင့်ဘက်ကျ လျော့တယ်တဲ့။ ဒီကျတော့ကို ခပ်လျော့လျော့ပဲတဲ့။ တင်းတင်းရင်းရင်း မကျင့်ကြဘူး။

အောက်တန်းကို ကျဆင်းဖို့ရာ အကြောင်းဖြစ်တဲ့ နီဝရဏလုပ်ငန်းတွေကျတော့ နီဝရဏတရားတွေ၊ နီဝရဏတရားတွေနဲ့ဆိုင်တဲ့ ကိစ္စတွေကျတော့ သူတို့ကရှေ့သွားတွေပဲတဲ့။ ကာမစ္ဆန္ဒနီဝရဏ-ကာမအာရုံတွေနဲ့ စပ်ပြီးသကာလ ၊နှစ်သက်တပ်မက်မှု သာယာမှုလုပ်ငန်းတွေကျတော့ သူတို့ကရှေ့ဆောင်ပဲတဲ့။ သူတို့က ရှေ့ကနေပြီးတော့ လမ်းညွှန်တွေဖြစ်နေတယ်။ နောက်ကတပည့်တွေက သူတို့နောက်လိုက်တာပေါ့။ ရှေ့ကဆရာက ဒီလိုလုပ်နေတော့ တပည့်တွေက ဒီလိုလိုက်ကုန်တာပေါ့။ ကာမအာရုံတွေကို နှစ်နှစ်သက်သက် ရှာမှီးတယ်။ ရလာတဲ့ ကာမအာရုံတွေကို မြိန်မြိန်ယှက်ယှက်နဲ့ သုံးဆောင်တယ်။ ဆွမ်းဆိုပါတော့ ဆွမ်းကောင်းဟင်းကောင်းတွေကို ရှာမှီးမယ်။ ရလာတဲ့အခါကျတော့ မြိန်မြိန်ယှက်ယှက်နဲ့ စားမယ်။ တစ်ချို့က မြိန်စာသိပ်လုပ်စားတာ။ စားရေးသောက်ရေးတွေ သိပ်ပြီးတော့ ဂရုစိုက်တယ်။

ရှာဖွေပြီးတော့ သကာလ ချက်ပြုတ်ပြီးတော့ ကိုယ်တိုင်ညွှန်ကြားပြီးတော့ ချက်ပြုတ်ပြီးတော့စား၊ သူများတွေကိုလည်းပဲ ချက်ဖို့ပြုတ်ဖို့ပြော၊ စားရေးသောက်ရေးနဲ့ဆက်စပ်ပြီးတော့ သိပ်ချီးမွမ်းတာ။ ဘယ်ဟာကောင်းတယ်၊ ဘယ်ဟာလုပ်၊ သက်ဆိုင်တဲ့ ဒကာဒကာမတွေကိုလည်း ဘယ်ဟာကောင်းတယ် ဘယ်ဟာချက်လိုက်စမ်းပါဦး၊ ဘာလုပ်လိုက်စမ်းပါဦး၊ ဒီလိုဟာတွေက ရှိတာပေါ့။ အဲဒါတွေက အပုင်္ဂမိပုဗ္ဗင်္ဂမာပဲ။ ဆွမ်းနဲ့ဆက်စပ်ပြီးတော့လည်း ရှိတယ်။ သင်္ကန်းနဲ့ စပ်ပြီးတော့လည်း ရှိတယ်။ နေရာထိုင်ခင်းနဲ့ စပ်ပြီးတော့လည်း ရှိတယ်။ တပည့်ပရိသတ်တွေနဲ့ ဆက်စပ်ပြီးတော့လည်း ရှိတယ်။ ဒီ့ပြင်ဟာတွေလည်း ရှိတတ်ပါတယ်။ ပြောမကောင်း ဆိုမကောင်းတာတွေလည်း ရှိတယ်။ ကာမဂုဏ်နဲ့စပ်ပြီးတော့ ကာမစ္ဆန္ဒနီဝရဏလို့ ခေါ်တဲ့ ကာမရာဂ ပွားစေတတ်တဲ့ လုပ်ငန်းတွေမှာ သူတို့က ရှေ့ဆောင်လမ်းပြတွေတဲ့။

ဆရာတွေက ဒီလိုလုပ်တော့ တပည့်တွေကလည်း လုပ်။ ပွဲတွေဘာတွေလည်း အပြုခံတာပဲတဲ့။ ပွဲလမ်းသဘင်တွေလည်း လုပ်။ ဒီဥစ္စာတွေလည်း အတူတူပဲ။ ဒါက အကြီးအကျယ်ဘက် ရောက်လာတာပေါ့။ အဲဒါတွေ အားပေးတယ်တဲ့။ ရှေ့ဆောင်လမ်းပြတွေ ဖြစ်နေတယ်။

ဗျာပါဒ-ဒေါသတွေဖြစ်တဲ့ နေရာမှာလည်းပဲ အဲဒီလိုပဲ လောဘ ဒေါသဖြစ်စရာအကြောင်းတွေ ရှိတော့ ရာဂ ဒေါသ ဖြစ်ရင်လည်းပဲ ဆရာသမားကပဲ ရှေ့ဆောင်ဖြစ်ပြီးသကာလ တိုက်တွန်းနှိုးဆော်ပြီး၊ အားပေးပြီးတော့ ဒီလိုဟာတွေ ဖြစ်တာပဲ။ ဒေါသဖြစ်အောင်။

ထိနမိဒ္ဓတဲ့- ထိုင်းမှိုင်းပျင်းရိမှု။ တောကျောင်း တောင်ကျောင်းတွေကို မနေချင်ဘူး ပျင်းတယ်ဆိုတာ ထိနမိဒ္ဓ ခေါ်တယ်။ ပြီးတော့ ကမ္မဋ္ဌာန်းဘာဝနာတွေ ပွားများအားထုတ်ရတာ ပျင်းတယ်ဆိုရင် ဒါ ထိနမိဒ္ဓ ခေါ်တယ်။ ပရိယတ် လုပ်ငန်းတွေကို အားမထုတ်ချင်ဘူး ပျင်းတယ်ဆိုရင် ဒါ ထိနမိဒ္ဓ ခေါ်တယ်။ ပဋိပတ်လုပ်ငန်းတွေကို အားမထုတ်ချင်ဘူး ပျင်းတယ်ဆိုရင် ထိနမိဒ္ဓခေါ်တယ်။ အဲဒါတွေကို သူတို့က မထေရ်ကြီးတွေက ရှေ့ကခေါင်းဆောင်ဖြစ်ရင် သူတို့ကိုက ဒီလိုလုပ်နေတာကိုး။ သူတို့တပည့်တွေက နောက်ကလိုက်လာမှာပေါ့။ အဲတော့ ဗျာပါဒ၊ ထိနမိဒ္ဓ။

နောက် ဥဒ္ဓစ္စ-ပျံ့လွင့်တာ။ သမာဓိရအောင် အားမထုတ်ဘူး။ စိတ်တွေသွားချင်တိုင်းသွား လွှတ်ချင်တိုင်းလွှတ်ထားတယ်။ ကုက္ကုစ-ပူပန်တယ်။ ဒါကတော့ ပူပန်စရာရှိမှပဲ ဖြစ်မှာပဲ။

ဝီစိကိစ္ဆာတဲ့-အရေးကြီးတယ်။ ၀ီစိကိစ္ဆာ ယုံမှားခြင်းတွေ။ ဆရာက ကိုက တရားတွေပွားများ အားမထုတ်ထားတော့ ၀ီစိကိစ္ဆာက မကင်းဘူး။ ဘုရားအပေါ်မှာလည်း ၀ီစိကိစ္ဆာက မကင်းဘူး။ တရားအပေါ်မှာလည်း မကင်းဘူး။ သံဃာအပေါ်မှာလည်း မကင်းဘူး။ ဟိုဟာ ၀ီစိကိစ္ဆာဖြစ် ဒီဟာ ၀ီစိကိစ္ဆာဖြစ်။ သူဝီစိကိစ္ဆာ ဖြစ်ရုံတင်မဟုတ်ဘူး။ တော်ကြာ သူမယုံတဲ့ ဥစ္စာတွေကို တပည့်တွေဘာတွေ လျှောက်ပြောတော့ တပည့်တွေလည်း ၀ီစိကိစ္ဆာတွေလျှောက်ဖြစ်ကုန်တာ။ အဲလိုဟာတွေ ရှိပါတယ်။ အဲဒါဝီစိကိစ္ဆာ။

အဲဒီနီဝရဏလုပ်ငန်းတွေမှာ သူတို့ကရှေ့သွားခေါင်းဆောင်တွေ ဖြစ်လိမ့်မယ်တဲ့။ မထေရ်ကြီးတွေဟာ ။ သူတို့ကပဲ လမ်းပြ။ တပည့်တွေက နောက်က လိုက်တော့မှာပေါ့။

နိဗ္ဗာန်ရောက်ကြောင်းဖြစ်တဲ့ ကိလေသာကင်းကြောင်းဖြစ်တဲ့ သမထ၊၀ိပဿနာ လုပ်ငန်းတွေကျတော့ ဒါကျတော့သူ ၀န်ချထားပြီတဲ့။ ဒီအလုပ်ကို မလုပ်ဘူးဆိုတဲ့ဟာ။ လုပ်ဖို့ဟာလည်း စိတ်မကူးဘူးတဲ့။ အစကတည်းက မလုပ်ဘဲနေတာတွေ မလုပ်ဖို့ စိတ်ကူးထားတာတွေလည်း ရှိပါတယ်။ အချို့လည်း အသင့်အတင့်လုပ်ပြီးတော့ တော်ပါပြီ မဖြစ်ပါဘူးဆိုပြီးတော့ အရှုံးပေးပြီး ၀န်ချထားတာတွေ ရှိပါတယ်။ အဆိုးဆုံးကတော့ အစကတည်းက ဘာမှအားထုတ်မထားဘဲ အားထုတ်ကောင်းရကောင်းမှန်း မသိဘဲနဲ့ လုံးလုံး ၀န်ချထားတာတွေ ရှိပါတယ်။ အဲဒါတွေက သာပြီးတော့ဆိုးတယ်။ ဒီလုပ်ငန်း မလုပ်ဘူးလို့ ဆိုတာပါပဲ။

အခုနက မထေရ်ကြီးလုပ်တဲ့ ပုဂ္ဂိုလ်တွေက နီဝရဏဖြစ်စရာ လုပ်ငန်းတွေမှာ ရှေ့ဆောင်လမ်းပြဖြစ်ပြီးတော့ သူတို့ကိုယ်တိုင်က နီဝရဏတွေပွားများနေတယ်။ နီဝရဏ ကင်းစေတတတ်တဲ့ သမထ၀ိပဿနာ လုပ်ငန်းတွေကျတော့ သူတို့ဟာ လက်လျှော့ပြီးတော့ ၀န်ချပြီးတော့ ထားတယ်တဲ့။ အားမထုတ်ကြဘူးတဲ့။

မရောက်သေးတဲ့ တရားကို ရောက်ရအောင် အားမထုတ်ကြဘူးတဲ့။ ကိုယ်မရောက်သေးတဲ့ မဖြစ်သေးတဲ့ သမာဓိဖြစ်အောင်၊ မဖြစ်သေးတဲ့ ၀ိပဿနာဥာဏ်တွေရအောင် မဂ်ဥာဏ် ဖိုလ်ဥာဏ်တွေ ရအောင် အားမထုတ်ဘူးတဲ့။ မရသေးတဲ့ တရားရအောင်လည်း အားမထုတ်ဘူးတဲ့။ မျက်မှောက်မပြုရသေးတဲ့တရား ကိုယ်တိုင်မသိသေးတဲ့ တရားတွေ ကိုယ်တိုင် သိအောင်လည်း အားမထုတ်ရသေးဘူးတဲ့။ ဒါတွေဟာ အတူတူပါပဲ။ မရောက်သေးတဲ့တရားဆိုတာ၊ မရသေးတဲ့တရား မရသေးတဲ့တရားဆိုတာ မျက်မှောက်မပြုရသေးတဲ့တရား။ ဒါအတူတူပါပဲ၊ ပရိယာယ်နဲ့သုံးတာတွေပဲ။

မရောက်သေးတဲ့တရားတွေ၊မျက်မှောက် မပြုရသေးတဲ့တရားတွေ ရောက်အောင် ရအောင် ကိုယ်တိုင်တွေ့ရအောင် မျက်မှောက်ပြုရအောင် ဆိုပြီးတော့ ကြိုးကြိုးစားစား အားမထုတ်တော့ဘူး။ အားမထုတ်ဘဲနဲ့ နေကြလိမ့်မယ်တဲ့။ အင်း ဒါအရေးကြီးတယ်။ အဲဒီတော့ နောင်လာနောက်သားတွေက သူတို့တပည့်တွေကိုး။ ရဟန်းတပည့်တွေ၊ လူတပည့်တွေရော အကုန်လုံးဖြစ်မှာပေါ့။ အရေးကြီးတာကတော့ ရဟန်းတပည့်ကပိုအရေးကြီးတယ်။ တပည့်အဆက်ဆက်တွေက မိမိတို့ဆရာသမား ဖြစ်တဲ့ ခေါင်းဆောင်ပုဂ္ဂိုလ်ကြီး မထေရ်ကြီးတွေကို ကြည့်ပြီးတော့ အတုလိုက်သွားလိမ့်မယ်။

ဆရာလုပ်တဲ့ပုဂ္ဂိုလ်က ကာယိနြေ္ဒလည်းအချိုးကျအောင် မပြုပြင်၊ သီလလည်းပဲ ပြည့်ပြည့်စုံစုံဖြစ်အောင် မစောင့်ရှောက်၊ သမာဓိပညာတွေလည်း မပွားများ မရသေးတဲ့ တရားရအောင်တော့ အားမထုတ် ဒီလိုနေလို့ရှိရင် တပည့်တွေကလည်းပဲ ဒီလိုပဲ နေသွားမှာပဲ။ လာဘ်လာဘပွားများအောင် ဘုန်းကြီးအောင် ဒီလိုပဲသူအားထုတ်ပြီးတော့ နေမယ်။ တပည့်တွေကလည်း ဒီလိုပဲ အားထုတ်မှာပဲ။ သူကြီးလို့ရှိရင် ဒီလိုလုပ်ရမှာပဲလို့ ဒီလိုအောက်မေ့မယ်။

ငယ်တဲ့ပုဂ္ဂိုလ်တွေက ကြီးတဲ့ပုဂ္ဂိုလ်တွေကို ကြည့်ပြီး ဒီလိုပဲ လုပ်ရတယ် အောက်မေ့တာပဲ။ ကြီးလာလို့ရှိရင် ဒီလိုလုပ်ဖို့ရာပဲ ကြည့်တယ်။ သားသမီးတွေက မိဘတွေကို ကြည့်တယ်။ မိဘတွေ ဘာလုပ်တယ် ကြည့်ပြီးတော့ ကြီးလာလို့ရှိရင် သူတို့လည်း ဒီလိုလုပ်ရမှာပဲ အောက်မေ့တယ်။ အချို့မိဘတွေက သေရည်သေရက်တွေကိုသောက် လောင်းကစားတွေကို လုပ်နဲ့ သားသမီးတွေက ကြီးလာလို့ရှိရင် သေရည်သေရက်သောက်ဖို့ လောင်းကစားဖို့ သူစဉ်းစားနေတာပဲ။ ဒါလုပ်ရလိမ့်မယ် အောက်မေ့တာပဲ။ မိဘတွေက မကောင်းတာလုပ်ရင် သားသမီးတွေကလည်း မကောင်းတာ ဖို့ စဉ်းစားတယ်။ မိဘတွေက ကောင်းတာလုပ်ရင် သားသမီးတွေက သူလည်း ကြီးရင် ဒီလိုလုပ်ရမှာပဲလို့ အောက်မေ့တယ်။

သာသနာဘက်ကကြည့်ရင်လည်း ဒီအတိုင်းပဲ။ ခေါင်းဆောင်လုပ်တဲ့ မထေရ်ကြီးတွေက သီလအစရှိတဲ့ ဂုဏ်ကျေးဇူးတွေနဲ့ ပြည့်စုံအောင် ကြိုးကြိုးစားစား အားမထုတ်ဘူးဆိုရင် တပည့်တွေကလည်း ကြိုးကြိုးစားစားအားမထုတ်ဘူး။ ခေါင်းဆောင်ဖြစ်မထေရ်ကြီးတွေက လာဘ်လာဘပွားများအောင် ဘုန်းကြီးအောင် အားထုတ်ရင် တပည့်တွေကလည်း ဒီလိုပဲ အားထုတ်ရတယ် အောက်မေ့မှာပဲ။ ကြီးရင်သူတို့ ဒီလိုလုပ်ရမယ်ပဲ အောက်မေ့တယ်။ အဲဒီကနည်းလမ်းတွေ ယူတယ်။ ပြောပုံဆိုပုံ ဟောပုံတွေ ဘာလုပ်ရတယ် ညာလုပ်ရတယ်ဆိုတာတွေ နည်းခိုးပြီးတော့ တပည့်လုပ်တဲ့သူတွေကလည်း ဒါပဲ လိုက်တာပဲ။ ဆရာလုပ်တဲ့ပုဂ္ဂိုလ်က သီလသမာဓိပညာ ပြည့်စုံအောင် အားထုတ်ပြီးတော့ နေတယ်။ ကိုယ်တိုင်လည်း အားထုတ် သူများလည်း တိုက်တွန်းပြီးတော့ နေတော့ တပည့်တွေကလည်း ဒီလိုပဲလိုက်ပြီးတော့ ကျင့်ရမယ်ဆိုတာ သိကြတယ်။ အကုန်လုံးမဟုတ်တောင်မှ လိုက်တဲ့ပုဂ္ဂိုလ်တွေ ရှိတာပေါ့လေ။ လိုက်တဲ့ပုဂ္ဂိုလ်တွေ ရှိပါတယ်။

အခုဟာကတော့ မထေရ်ကြီးတွေက ရှေ့သွားပြီးတော့ နေတော့ တပည့်တွေက အတုလိုက်လာတယ်။ အတုလိုက်လာတော့ တပည့်တွေကလည်းပဲ ဆရာလိုပဲ အဘာဝိတကာယ (ကာယိနြေ္ဒတွေ မှာလည်း အချိုးမကျ၊) အဘာဝိတသီလ-)(သီလမှာလည်း အချိုးမကျ) ၊ သမာဓိပညာတွေမှာလည်း အချိုးမကျ၊ ဒါတွေလည်း မပွားများဘူးတဲ့။ ပစ္စည်းလေးပါး ပေါများအောင် ဘုန်းကြီးအောင် သူတို့လည်း ဒီလိုအားထုတ်တယ်။ ပဋိပတ်အကျင့်တွေကျတော့ လျော့နေတယ်တဲ့။ (သာဓနိက အကျင့်။ )မရသေးတဲ့တရား ရအောင်၊ မသိသေးတဲ့တရား သိအောင်၊ ဒီလိုအားထုတ်မှုလည်းပဲ သူတို့မရှိဘူး။ အားမထုတ်ကြဘူး။

ဤသို့လျှင် သမထ၀ိပဿနာတရား၏ ပျက်ခြင်းကြောင့် ကိုယ်ကျင့်တရား၏ ပျက်ခြင်းကြောင့်၊ သံဃာတော်များ ၀ိနည်းတရား၏ ပျက်စီးခြင်းသည် ဖြစ်၏။

ဤဆိုခဲ့ပြီးသော အနာဂတ်ဘေးသည်ကား ငါးခုမြောက်ဖြစ်သော အနာဂတ်ဘေးတည်း။ ယခု မြတ်စွာဘုရား လက်ထက်အခါ၌ မဖြစ်ပေါ်သေး။ နောင်အခါကာလ၌ ဖြစ်ပေါ်၍ လာလတ္တံ့။ နောင်အခါကာလ၌ ဖြစ်ပေါ်လတ္တံ့သော အနာဂတ်ဘေးကို သိသင့်သိထိုက်၏။ ထိုအနာဂတ်ဘေးကို ပယ်ခြင်းငှာ အားထုတ်သင့် အားထုတ်ထိုက်လှ၏။ ပယ်အောင် အားထုတ်ထိုက်တယ်တဲ့။ အဲဒါဟာ ပဉ္စမအနာဂတ်ဘေးပါပဲ။

(နားနဲ့ထောင်ရတော့ ပါဠိတွေကို မြန်မာဘာသာနဲ့ ဖြေရေးရပါတယ်။ ဒါတောင် မကျွမ်းကျင်တော့ ပါဠိအမှားလေးတွေ ပါမှာပါပဲ။ ပြင်ပေးသွားရင် ကျေးဇူးတင်ပါတယ်။)



Read more...

The Way of Wisdom: Welcome Back to Your Self



When I arrived at last week's Dharma talk, held up by ferocious rain and Bangkok traffic, Phra Cittasamvaro Bhikku was talking about the fella who thinks he's in charge when the boss is away. You know, the boss is out for the day and everyone slacks off. People put their feet up, get a coffee, read the paper.

And there's always one chap who goes around telling people they'd better get back to work. Does anyone listen? Of course not. They tell him to get lost. Our thoughts do the same. We think we're the boss. We think we're in charge, and our thoughts ignore us completely. "Work? Who's going to make me?"

This is, of course, the monkey mind. It leaps from branch to branch, now swinging to this idea, now that. Phra Pandit also described it as the caterpillar mind, one end of it reaching out to cling onto the next bit of leaf before letting go of the last. And with each touch, he suggested, comes Dukkha. It's all in the contact.

The funny thing is, we can step back and see it in action. In a short meditation exercise at the end of his talk, Phra Pandit guided us to examine the sense of our body. Then sounds. Then what you can see, the light behind the eyelids, what you can smell, and, finally, the passing of thoughts. And then back to the breath.

Of course, thoughts flew around. Possibly, without anything visual to engage them, much more furiously than they do when you are not meditating. Then, with the commitment to focus on the breath, they very gradually slow down, and I sit and watch them. I still don't fully understand why it's good to do this.

Yet even when it's not immediately calming, I still feel that somehow meditation has a beneficial effect on my day and in my life. That's why I try to keep doing it. But I'm not good at it, and on Thursday night I helped myself out by accompanying each breath with a word from Thich Nhat Hanh's silent gatha:

In, out
Deep, slow
Calm, ease
Smile, release
Present moment, wonderful moment.

I like using this as it brings peace and calm right away. As Thich Nhat Hanh says, "we practice not to be happy in the future; we practice to be happy right in the present moment. When we’re sitting, we should have happiness as we are sitting." I also like to chant, especially the name of the Bodhisattva of Compassion, and sometimes to pray too.

I suspect that these practices may take me away from the direct observation of the body and mind that Phra Pandit talks about, but I feel they are useful for accessing what he describes as our non-conceptual inherent Wisdom, that which lies beyond our normal conventional selves. Better known to me as Buddha-nature. They are a welcome back to True Self.

The Mindfulness Bell:
  • Thich Nhat Hanh: Sitting in the Wind of Spring


  • Read more...

    Zen Club Meet Oct 4

    Bangkok’s Korean Soen (Zen) club,

    Sat. 3rd October : 7-9pm (sharp)

    (a wholesome way to spend your Saturday evening)

    This month we will be studying chapter two of Kunsunim’s ‘No River to Cross’ and it would be wonderful if as many people as possible could (re)read the chapter before coming. But if you don’t have a copy of the book, nevermind, come along anyway!

    Bangkok Seon Club

    The Bangkok Seon Club is an English-language Zen group that will be meeting monthly at the Bangkok Hanmaum Seonwon aka the One-mind Zen Centre near Ekamai BTS (map and directions below) to share experiences and study Korean Zen in general, and the teachings of Zen Master Daehaeng Kunsunim in particular. First up is informal study of Daehaeng Kunsunim’s book “No River to Cross” – copies of which will be available at the centre.

    Meetings will be open to all comers interested in Korean Zen Buddhism, whatever your background in Buddhism or meditation.

    Background:

    Daehaeng SunimThe Bangkok Hanmaum Seon Center is an overseas branch ofHanmaum Seonwon, established by Seon Master Daehaeng Kunsunim (a female Seon master widely respected throughout Korea) in 1972, and part of the Jogye Order of Korean Buddhism – the largest Buddhist Order in Korea with a history stretching back over 1,200 years.

    ‘Seon’ by the way, is the Korean word for ‘Zen’, and Master Daehaeng’s teaching is to realize and awaken to our inherent nature, also called Buddha-nature, inherent mind, or Juingong.

    Daehaeng Kun Sunim teaches people to

    Believe in your foundation, Juingong, and entrust it with everything that confronts you. Then go forward while observing and experimenting with what you experience.

    The Bangkok branch of Hanmaum Seonwon was established ten years ago and serves the spiritual needs of Korean residents and visitors in the city. It is very much a centre of the Korean Buddhist community, and many families attend regularly with children of all ages.

    The founder does not reside at this branch temple, but it is run by two resident female sunims (teachers) who arrange regular ceremonies and teachings.

    Our meetings will be led by the senior resident Sunim Kun Hyaedan Sunim, who has been ordained for many years, and/or by the other Sunim at the centre, Kun Hyaegyu Sunim. Regular attendees include English-speaking members of the Seon Centre (who kindly help with translation when needed), Dr. Lee Bhikkhuni (American)from the Women’s International Meditation Centre in Rayong, and a number of other non-Koreans interested in Seon Buddhism.

    The monthly Bangkok Seon Club meetings is the first major English-language project undertaken by the centre, and despite being a new group is already generating much interest.

    Meditation

    This Korean lineage differs somewhat from the more well known Japanese Zen schools in meditation style. One surrenders to ones own Buddha-nature (Juingong), a giving up of the self to the natural flow of Dhamma and wisdom. Instructions will be given for the formal sitting period at the start of each meeting, so please arrive before time so as not to disturb the sitting.

    A few points to note:

    • * Please try to arrive in plenty of time as the meetings start with a short meditation, and we try to finish at 9pm sharp too.
    • * There are no bare feet in Korean temples, it would be much appreciated if those wishing to come will remember to bring socks!
    • * It is a good idea to buy a copy of the book we are studying, ‘No River to Cross’, if you intend to attend regularly. Copies will be available at the centre.
    • * This is a good chance here in Bangkok to study in a Zen Buddhist temple with fully ordained Zen monks in a close and supportive practice group. See you on Saturday!


    Location:

    The Bangkok Hanmaum Seon Centre

    86-1 Soi 4 Sukhumvit 63

    BTS Ekamai Station – Exit 1

    Take Exit 1 from Ekamai Station, and go down Ekamai Road (aka Sukhumvit 63). Turn right along Soi 4 and go to the end. Turning left you will see the Centre on your right a few meters along.

    A motorcycle from Ekamai can also take you there cheaply. Ask for the ‘Wat Gao-lii’ (Korean temple).

    Click map for a lager version:

    Korean-Temple



    Read more...

    လာလည်ကြသူများ

    ဤဘလော့ဂ်၏ ရည်ရွယ်ချက်

    ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

    ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

    ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

    ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

    မြန်မာပြက္ခဒိန်

    မြန်မာပြက္ခဒိန်
    www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

      © Blogger templates The Professional Template by Ourblogtemplates.com 2008

    Back to TOP