* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Saturday, September 12, 2009

အနှစ်ကိုးပါး(အပိုင်း၁၁)


ထေရဝါဒနဲ့ မဟာယာန သီလကွာခြားပုံ
ဘုန်းကြီးတို့ သင်္ကန်းက သူတို့သင်္ကန်းနဲ့မတူဘူး။ သူတို့ သင်္ကန်းကတော့ အင်္ကျီကြီးလိုလို ဂါဝန်ကြီးလိုလို အဲဒါ နီညိုကြီး စွပ်ထားကြတာ။ ဘုန်းကြီးတို့ သင်္ကန်းကတော့ အခန်းနဲ့ အကန့်နဲ့ အဲဒါဘယ်ကမှ စွပ်ချလို့မရဘူး။ အလွန် ချမ်းလွန်းတဲ့အတွက်ကြောင့် ဘုန်းကြီးက နီညိုရောင် သင်္ကန်းကြီးကို ခေါင်းကနေခြုံထားတာ။ နီညိုရောင် နှစ်ထပ်သင်္ကန်းကြီးကို ခေါင်းကနေ ခြုံထားလို့ သူတို့က အဲဒါကြီး ကြည့်ပြီးတော့ ''အင်း . ဒီကိုယ်တော်လဲ တိဘက်ဘုန်းကြီးပဲ''လို့ ထင်ကြတာ။ အဲဒီကတည်းက စပြီးတော့ စိတ်ထဲဖြစ်သွားတယ်။ ''နီညိုရောင်သင်္ကန်းကြီးတွေများ အခြားတိုင်းပြည်သွားလို့ ရှိရင် ဝတ်လို့ မကောင်းဘူးထင်တယ်။ တိဘက် ဘုန်းကြီးလို့ အထင်ခံရတာကိုး''။
ဘုန်းကြီးက ''ငါ မြန်မာပြည်က လာတာ၊ မြန်မာဘုန်းကြီးတွေဟာ အထူးသဖြင့် ထေရဝါဒဘုန်းကြီးတွေဟာ မွန်းတည့် ၁၂-နာရီကျော်ပြီးရင် စားတဲ့ ထုံးစံမရှိပါဘူး''လို့ ပြောလိုက်တော့ ''ဘာကြောင့် မစားသလဲ''တဲ့။
''ငါတို့ ထေရဝါဒဝိနည်းမှာ မွန်းလဲပြီးရင် အစားအစာ မစားရဘူးဆိုတာ ဗုဒ္ဓက စည်းကမ်း ထုတ်ထားတာ''။
ဗုဒ္ဓရှင်တော်မြတ် ညစာစားသလား
''မြန်မာပြည်က ထေရဝါဒရဟန်းတော်တွေရဲ့ စည်းကမ်းက ဒီလိုဒီလိုရှိပါတယ်''လို့ရှင်းပြတော့ ကိုယ်တော် တစ်ပါးက ''အရှင်ဘုရားကို တပည့်တော် တစ်ခုပြောပါ့မယ်၊ ဘုရားကိုယ်တော်မြတ်ဟာ ဒီဗောဓိပင်ရဲ့အရှေ့ ဘက်နား နေရဉ္ဇရာမြစ်ကမ်းဘေး ဥရုဝေလတောမှာ ဒုက္ကရစရိယာ ၆-နှစ်ကြာအောင် ကျင့်တော်မူတုန်းက အစာ မစားပဲ အငတ်ခံကျင့်ခဲ့တယ်။ ဒါကြောင့် ဘုရား မဖြစ်ခဲ့ဘူး''တဲ့။ ဗောဓိပင်ရဲ့ အရှေ့ဘက်မှာ နေရဉ္ဇရာမြစ်ရှိနေတယ်။ တစ်မိုင်လောက် ကျယ်တယ်။ သဲတွေ သောင်တွေနဲ့ ရေတော့ဘုန်းကြီးတို့ တစ်စက်မှမတွေ့ခဲ့ဘူး။ သောင်ကြီးကတော့ ဖွေးလို့။သူက ဆက်ပြောတယ်။ ''ဘုရားလောင်းတော်က အစာငတ်ခံပြီး တော့ (၇) နှစ်ကျင့်ခဲ့တာဟာ ဘုရားဖြစ်သ လား။ မဖြစ်ဘူး။ ဘုရားမဖြစ်တော့မှ သေနာနိဂုံြး<ွကပြီး တော့ ဆွမ်းခံ၊ ဆွမ်းဘုဉ်းပေး။ ဆွမ်းစားပြီးတော့မှ ဒီဗောဓိ ပင်ရင်းမှာ ဆက်ကျင့်လို့ ဘုရားဖြစ်တာ''။
''အရှင်ဘုရားတို့ ထေရဝါဒရဟန်းတွေ မစားပဲနဲ့ ဒီလိုသာ အငတ်ခံကျင့်ရင် ဘယ်တော့မှ ကိုယ်တော်တို့ ဗောဓိÓဏ်ရမှာ မဟုတ်ဘူး''တဲ့။ အဲဒါ သူတို့ အယူအဆ။
သူုတို့ပြောစကားအရ ဗောဓိဥာဏ်ရချင်ရင် ညစာ စားရမလို ဖြစ်နေတယ်။ အဲဒါ လွဲနေတယ်။'အစာငတ်ခံ ကျင့်တဲ့ ဘုရားလောင်းသည် ဘုရားမှ မဖြစ်ပဲနဲ့၊ စားပြီးကျင့်မှ ဘုရားဖြစ်တာ၊ ဒါကြောင့် အခုလို ပင်ပန်းတဲ့အခါ စားပေးရတယ်''တဲ့။ဒါနဲ့ ဘုန်းကြီးက ''ကောင်းပြီဘုရား၊ အစာမစား ပဲနဲ့ အငတ်ခံကျင့်တုန်းက ဘုရားမဖြစ်တာ လက်ခံပါတယ်၊ စားပြီးတော့ကျင့်၊ အဲဒီအခါကျတော့မှ ဘုရားဖြစ်တာကိုလဲ လက်ခံပါတယ်၊ ဒါပေမဲ့ ဘုရား ဘယ်အချိန်မှာ စားတယ်ဆို တာကို သုတေသနလုပ်ပါဦး''လို့ ပြောလိုက်တယ်။
''ဘုရားကိုယ်တော်မြတ် ဗောဓိပင်နားမှာ ဆွမ်းခံစားပြီးတော့ တရားကျင့်တယ်ဆိုတာတော့ ဟုတ်ပါတယ်၊ အဲဒီဆွမ်းဟာ ကိုယ်တော်တို့လို ခုလို ညဥ့်အချိန်အခါမှာ စားတာလား၊ ပြန်ကြည့်ပါဦး''ဆိုတော့ အဲဒီကိုယ်တော် က မပြောတော့ဘူး၊ ငေးနေတယ်။ဘုန်းကြီးက ပြောလိုက်တယ်။ ''ဘုရားရှင်သည် ညစာ မစားဘူး။ မွန်းတည့်ပြီးရင် လုံးဝ အစာ မစားပါဘူး။ မြတ်ဗုဒ္ဓဟာ စားပြီးမှ ကျင့်တာတော့ မှန်တယ်။ နေမွန်း မတည့်သေး ခင်သာ ဘုဉ်းပေးတာ။ ဒါကြောင့် အရှင်ဘုရား တို့ အယူအဆ မှားတယ်''လို့။
အတင်းပေးတော့လဲ ယူခဲ့ရ
အဲဒီတော့ သူက ''အရှင် ဘုရား မစားကောင်းလို့ အခုလို ညစာ မစားချင်လဲ နေပါတော့။ မနက်ခင်းကျတော့ စားရတာပေါ့၊ ယူသွားပါ'' ဆိုပြီး အတင်းပေးတယ်။
''ဟာ . . ခက်တော့တာပဲ။ အတင်းပေးနေတာကို ငြင်းရင်လဲ ဒါဟာ ယဉ်ကျေးမှု သဘောတရားအရ မငြင်း သင့်ဘူး၊ သဒ္ဓါတရားကောင်းကောင်းနဲ့ပေးနေတာ၊ ငြင်းရင် ရိုင်းစိုင်းတဲ့သဘော သက်ရောက်တယ်'' ဆိုတာကို ဘုန်းကြီးက ကြားဖူးထားတော့ ''ဒီပန်းသီးနဲ့ ဒီငှက်ပျောသီး ငါတော့ ယူတော့ ယူမှဖြစ်မယ်၊ မယူရင်လဲ သူတို့က ငါ့ကို ကျေနပ်ကြတော့မှာ မဟုတ်ဘူး။ ယူရင်လဲ ဒီကိုယ်တော် ညစာစားတယ်လို့ ငါ့ကို ထင်တော့မှာ။ ငါဘယ်လို လုပ်ရမလဲ''လို့ စဉ်းစားကြည့်တယ်။
စဉ်းစားပြီးတော့ ''တပည့်တော်မှာ ကပ္ပိယလဲ မပါဘူး၊ ဒါကြောင့် လက်မခံပါရစေနဲ့'' ဆိုတော့ ''အရှင်ဘုရား၊ တပည့်တော်တို့က ပေးရမည့်တာဝန်ရှိလို့ ပေးတာပါ'' ဆိုပြီး လွယ်အိတ်ထဲ သူက ထိုးထည့်လိုက်တယ်။
ဘုန်းကြီးလက်ထဲမှာ လွယ်အိတ်ကလေး ကိုင်ထားတယ်၊ လွယ်အိတ်ကလေးပါတယ်။ အဲဒါနဲ့ ပန်းသီး(၂)လုံး, ငှက်ပျောသီး(၃)လုံး, ဘီစကွတ်မုန့်တွေ လွယ်အိတ်ထဲ အလိုလို ရောက်သွားတယ်။
''ဒါတွေ ငါဘယ်လိုလုပ်ပါ့မလဲ''လို့ စဉ်းစားရင်းနဲ့ ဟိုဟိုဒီဒီကြည့်လိုက်တော့ အနားမှာ (၇)နှစ်သမီး အရွယ် လောက်ရှိတဲ့ ကုလားမလေး ငယ်ငယ်လေး နှစ်ယောက် ကို တွေ့ရတယ်။

(အပိုင်း၁၂)ဆက်ဖော်ပြပါမည်။


Read more...

ဓမ္မအရေး ဆွေးနွေးစရာ အဖြာဖြာ(၁)

စာရေးသူ ဓမ္မဖိုရမ်တစ်ခုတွင် ဓမ္မမိတ်ဆွေများနှင့် အပြန်အလှန် ဆွေးနွေးချက်များကို တစ်နေရာထဲတွင် စုစည်းသိမ်းဆည်းထားလို၍ ဓမ္မရေး ဆွေးနွေးစရာ အဖြာဖြာခေါင်းစဉ် ဖြစ်ပေါ်လာပါသည်။ ထိုသို့ဆွေးနွေးရာတွင် လယ်တီဆရာတော်ကြီး မဟာစည်ဆရာတော်ကြီး မိုးကုတ်ဆရာတော်ကြီးတို့၏ ဟောကြားထားသည့် တရားတော်များ၊ ဖားအောက်ဆရာတော်ကြီး၏ ကျမ်းများနှင့် အခြား ကောင်းနိုးရာရာ ဓမ္မစာစုများကို အချိန်ယူ ဖတ်ရှုလေ့လာခဲ့ရပါသည်။ စာရေးသူ၏ ဆွေးနွေးချက်များ၌ လိုအပ်မှုများရှိပါက နားလည်ခွင့်လွတ်ပေးစေ လိုပါသည်။ ၀င်ရောက်ဖတ်ရှုသူ ဓမ္မမိတ်ဆွေ အပေါင်းအားကျေးဇူး အထူးတင်ရှိပါသည်။

***********************************************************************************************

အကိုပြေဇော်ခင်ဗျား..
အကို ရှင်းပြထားတာကို နားလည်ပေမယ့်.. သေသေချာချာ ကွဲကွဲပြားပြား သိချင်လို့ပါခင်ဗျာ.. ဒီအချက်လေးတွေကို မေးခွင့်ပြုပါခင်ဗျာ..
၁) ခန္ဓာ(၅)ပါးဟာ တစ်ပြိုက်နက်ဖြစ်၊ တစ်ပြိုင်နက်ချုပ် ဟုဆိုခြင်းသည်.. လောကီခန္ဓာနှင့် မသက်ဆိုင်ဟု ဆိုလိုပါသလား..
၂) နာမ်ခန္ဓာ(၄)ပါးသည် လောကီခန္ဓာနှင့် လောကုတ္တရာခန္ဓာတွင် အတူတူဖြစ်ပါသလား..
၃) လောကုတ္တရာခန္ဓာ(၅)ပါးတွင် ဘာ့ကြောင့် တဏှာဒိဋ္ဌိမကပ်ညိပါသလဲ
၎) အဇ္ဈတ္တ ဗဟိဒ္ဓ သက္ကာယတွေအပေါ် ဥပါဒါန် မကပ်ညှိသဖြင့် ပဉ္စခန္ဓာသက်သက်..ဆိုတာ အနုပါဒါနက္ခန္ဓာကို ဆိုလိုပါသလား
၅) ဥပါဒါနက္ခန္ဓာ၅ပါး ဟာ လောကီခန္ဓာနှင့် လောကုတ္တရာခန္ဓာ.. မည်သည့်ခန္ဓာကို မှီပါသလဲ..

လေးစားစွာဖြင့်..
KT

*************************************************************************************************
ကြိုဆိုပါတယ်ဗျာ..
၁) လောကီခန္ဓာဆိုတာကို အရင် ရှင်းပါ့မယ်။ လောကီခန္ဓာလို့ဆိုလိုတာက အာရုံနဲ့ ဒွါရတိုက်တိုင်းတိုက်တိုင်း လောကီစိတ် ၈၁ ထဲက စိတ်တစ်ခု၊ ယှဉ်ဖက် စေတသိတ်တွေရယ် မှီရာ ပဿဒရုပ်၊ အာရုံရုပ်တို့ ပေါင်းရင် လောကီ ခန္ဓာ ၅ ပါး ဖြစ်ပါတယ်။ နောက်တစ်ခုက ဘယ် ခန္ဓာ ၅ ပါး မဆို တစ်ပြိုင်တည်း ဖြစ်တာမှန်ပေမဲ့ ချုပ်တာကျတော့ တစ်ပြိုင်တည်းချုပ်တယ်လို့ ပြောရင် မမှန်ဘူး။ ရုပ်ခန္ဓာမှာပါတဲ့ ပထ၀ီအစရှိတဲ့ ရုပ်တွေသည် တပြိုင်တည်းဖြစ်၊ တစ်ပြိုင်တည်းချုပ်ဆိုရင် မှန်ပါတယ်။ နာမ်ခန္ဓာတွေ ဖြစ်တဲ့ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ၀ိဉာဏ်တို့သည် တစ်ပြိုင်တည်းဖြစ် တစ်ပြိုင်တည်းချုပ်ဆိုရင် မှန်ပါတယ်။ ရုပ်ခန္ဓာနှင့် နာမ်ခန္ဓာ သက်တမ်းမတူလို့ တစ်ပြိုင်တည်း မချုပ်နိုင်ဘူး။ ရုပ်သည် နာမ်သက် ၁၇ ချက်ရှိပါတယ်။


၂) လောကီနာမ်ခန္ဓာ ၄ ပါးနဲ့ လောကုတ္တရာနာမ်ခန္ဓာ ၄ ပါး မတူပါ။ လောကီ နာမ်ခန္ဓာတွေကို ၁ မှာ ရှင်းခဲ့ပါပြီ။ လောကုတ္တရာကျတော့ မဂ်စိတ် ၄ ဖိုလ်စိတ် ၄ ထဲ တစ်ခုခုနဲ့ ယှဉ်ဘက် စေတသိတ်များရယ် မှီရာ ဟဒယ၀တ္တုရုပ်ရယ်ပေါင်း ခန္ဓာ ၅ ပါး ဖြစ်ပါတယ်။ တစ်ခု ရှိတာက စိတ်တွေမတူလို့ ခန္ဓာ ၂ မျိုးခွဲ ပါတယ်။ ရုပ်မှာတော့ လောကီ ရုပ် လောကုတ္တရာရုပ်ဆိုပြီး မရှိဘူးလို့ ဆိုပါတယ်။ ရုပ် ၂၈ ပါး ပါပဲ။


၃) ဒီမေးခွန်းက ရှင်းရတာ ခပ်ခက်ခက်ပဲ။
ပေါ်သမျှအာရုံကို လိုချင်မှုနဲ့ အမြင်မှားမှုနဲ့ စွဲလမ်းနိုင်တဲ့ ရုပ်အစု နာမ်အစုကို ဥပါဒါနက္ခန္ဓာလို့ ခေါ်တယ်လို့ မဟာစည် ဆရာတော်ကြီးရဲ့ ဓမ္မာစင်္ကြာ တရားတော်မှာပါ ပါတယ်။

(တဏှာစွဲဆိုတာ ကာမုပါဒါန် = လိုချင်တက်မက်မှု၊ ဒိဋ္ဌိစွဲဆိုတာက အတ္တ၀ါဒုပါဒါန်၊ သီလဗ္ဗတုပါဒါန်၊ ဒိဋ္ဌုပါဒါန် သုံးခုလုံး = အမြင်မှားမှု။ )

ရှုဉာဏ်က လောကီစိတ် (တဏှာ၊ ဒိဋ္ဌိ ရှိ) အာရှုခံက ဥပါဒါနက္ခန္ဓာ ၅ ပါး။ (ပုထုဇဉ်စိတ်)
ရှုဉာဏ်က လောကီစိတ် (တဏှာ ဒိဋ္ဌိ ချုပ်) အရှုခံက ပဉ္စခန္ဓာ။ (ရဟန္တာအရှင်မြတ်တို့၏ ကြိယာစိတ်)
ရှုဉာဏ်က လောကုတ္တရာစိတ် (တဏှာ ဒိဋ္ဌိ မရှိ) အရှုခံက ရုပ်နာမ်ဟူသမျှ ကင်းဆိတ်ရာ နိဗ္ဗာန်။ (အရိယာများသာ)
လောကုတ္တရာစိတ်တွေမှာ ဘာလို့ တဏှာ ဒိဋ္ဌိကင်းတယ်လို့ ယူရတာက မဂ်ဖိုလ်တို့ရဲ့ အရှုခံအာရုံသည် ရုပ်နာမ်ကင်းဆိတ်တဲ့ နိဗ္ဗာန်ဖြစ်ပြီး ရှုဉာဏ်မှာလည်း တဏှာဒိဋ္ဌိတို့ ချုပ်ငြိမ်းမှ ဖြစ်လာရတဲ့ သဘောရှိလို့ လောကုတ္တရာစိတ်တွေသည် တဏှာဒိဋ္ဌိ မကပ်ငြိကြပါ။ ၀ိပဿနာမဂ်ကို အထပ်ထပ်ပွါးထားလို့ အားနည်းနေတဲ့ ကိလေသာ မြူတွေသည် အရိယမဂ်ပေါ်တဲ့အခါ နိဗ္ဗာန်ကို မမြင်နိုင်လောက်အောင် ပိတ်ပင်မထားနိုင် မနှောင့်ယှက်နိုင်တော့ပါ။ အဲတာကို ဓမ္မစင်္ကြာတရားတော်က ၀ီရဇံ-မြူကင်းသော၊ ၀ီတမလံ- အညစ်အကြေးကင်းသော၊ ဓမ္မစက္ခုံ- သောတာပတ္တိ မဂ်ဉာဏ်ဟူသော တရားမျက်စိသည်၊ ဥဒပါဒိ-ဖြစ်ပေါ်လေပြီလို့ မဟာစည်ဆရာတော်ကြီးက ရှင်းပြထားပါတယ်။ ကိလေသာ မြူကင်းတယ်၊ ကိလေသာ အညစ်အကြေးကင်းတယ်လို့ ယူရမယ်လို့ ရေးထားပါတယ်။
အဲသလောက်ဆိုရင် ရှင်းမယ် ထင်ပါတယ်။


၎) မိုးကုတ်ဆရာတော်ကြီးဟောကြားတဲ့ စူဠဝေဒလ္လသုတ်အရ ဘုရား ရဟန္တာတို့အဖို့ တဏှာအကြွင်းမဲ့ ပယ်ပြီးဖြစ်လို့ ဘယ်အာရုံပေါ်ပေါ် တဏှာ ဥပါဒါန် မကပ်ငြိလို့ ရိုးရိုးခန္ဓာဖြစ်ဖြစ် အနုပါဒါနက္ခန္ဓာ ဖြစ်ဖြစ် ဆိုရင် ရပါတယ်။


၅) ဆရာကြီး ဒေါက်တာမင်းတင်မွန်ရဲ့ အဘိဓမ္မာစာစောင်မှာ ဥပါဒါန်(လောဘ၊ ဒိဋ္ဌိ)တို့၏ အာရုံဖြစ်သော ခန္ဓာကို ဥပါဒါနက္ခန္ဓာလို့ အဓိပ္ပါယ်ဖွင့်ထားပါတယ်။ ထိုခန္ဓာတို့သည် လောကီစိတ်များ၊ ထိုစိတ်တို့နှင့်ယှဉ်သော စေတသိတ်များနှင့် ရုပ်တရားများ ဖြစ်သည်။ လောကုတ္တရာ စိတ်စေတသိတ်များ မပါလို့ ဖော်ပြထားပါတယ်။


ကို kt မရှင်းသေးရင် ထပ်ပြီး မေးပါဗျာ…
ကျွှန်တော်နားလည်သမျှ အတတ်နိုင်ဆုံး ဆွေးနွေးသွားပါ့မယ်။ ကျွှန်တော်ကတော့ ပါဋ္ဌိမတတ်လို့ ပရိယတ် ပဋိပတ် နှံ့စပ်သော လယ်တီဆရာတော်ကြီး မိုးကုတ်ဆရာတော်ကြီး မဟာစည်ဆရာတော်ကြီးတွေရဲ့ ဟောကြားချက်တွေကိုပဲ ကိုးကားပြီး နားလည်သလို မျှဝေထားတာပါ။ ကျွှန်တော်ရေးသမျှ အတင်း လက်ခံဖို့ မဟုတ်ပါဘူး။ ဝေဖန်ပါ၊ ဆန်းစစ်ပါ။ ပြီးမှ လက်ခံကြပါ။ ကိုယ်တွေ့ ၀ိပဿနာနဲ့ ဆန်းစစ်နိုင်ရင် အကောင်းဆုံးပါပဲ။


ချမ်းသာစစ်နဲ့ ပြည့်စုံပါစေ။

၁၁-၉-၀၉



Read more...

ဗုဒ္ဓ၏ ဗုဒ္ဓ၀ါဒ

ဘာသာရေးပတ်သက်ပြီး ပုခုံးပြောင်းတာဝန်ကို

တက်တက်ကြွကြွ စိတ်ပါဝင်စားစွာ လုပ်ကိုင်နေကြတဲ့..

လူငယ်မျိုးဆက်သစ်တွေကြားမှာ.. စိတ်မချမ်းမြေ့ဖွယ် အယူအဆတစ်ခုကို

မကြာခဏ
တွေ့ရှိနေရပါတယ်..

အဲဒါကတော့ ဘုရားဟော တရားစာပေများနဲ့ ပတ်သက်ပြီး..


ကိုယ်နားမလည်နိုင်တဲ့အယူအဆ၊ ခေတ်ကာလ.. အတွေးအမြင်နဲ့ မကိုက်ညီတဲ့


အတွေးအခေါ်..


ကိုယ့်အမြင်မှာ အတိတ္တရ၀ုတ္တိဆန်တယ်ထင်တဲ့.. အရေးအသားတွေ.. စာပေတွေ..


တွေ့ရင်၊ မြင်ရင်.. ဒါမှမဟုတ် ဘာသာခြားတွေက မေးမြန်းလာရင်..


ဒါ.. အဋ္ဌကထာထဲက ဟာတွေပဲ.. ဘုရားဟော ပါဠိတိုက်ရိုက်မဟုတ်ဘူး..


ရှင်မဟာဗုဒ္ဓဂေါသရဲ့ လက်ရာတွေပဲ.. ဒါတွေကို ကျုပ်တို့က လက်မခံဘူး..


စသဖြင့် အဋ္ဌကထာ၊ ဋီကာတွေကို ခါးသီးစွာ လူလိမ်တွေက ပြုစုထားတဲ့


ကျမ်းစာတွေပမာ.. ပြောတတ်၊ ဆိုတတ်ကြတယ်..


တချို့လူငယ်တွေကလည်း.. အဋ္ဌကထာဆိုတာ.. ပါဠိတော်တွေကို ပုံပြင်တွေနဲ့


တန်ဆာဆင် ဟောပြောထားတာပဲ.. ဘုရားဟော တိုက်ရိုက်မဟုတ်ဘူး စသဖြင့်..

အဋ္ဌကထာ

ဟူသည်.. မုသာဝါဒ အပေါင်းတို့ စုဝေးရာ စာပေသဖွယ်.. မိမိဘာသာစာပေ

အနှစ်သာရကို သေးသိမ်အောင်၊ ချိုးနှိမ်ပြောဆိုလေ့ ရှိတာကို မကြာခဏ

တွေ့မြင်နေရပါတယ်...

ဒီအတွေးအခေါ်တွေ.. ဘယ်ကရောက်လာပြီး ဘယ်လိုကျယ်ပြန့်လာတယ်ဆိုတာ

ဆန်းစစ်ကြည့်တော့..


ပင်ကိုယ် သဘာဝအားဖြင့် လူငယ်တွေဟာ.. ဆန်းသစ်မှု၊

ရှေးရိုးစွဲအယူအဆများကို


ဆန့်ကျင်လိုမှု၊ သဘာဝယုတ္တိကိုပဲ လက်ခံယုံကြည်နိုင်မှုစတဲ့


အမူအကျင့်တွေရှိတတ်ပါတယ်..


ဘာသာခြားတွေနဲ့ ဘာသာရေးကိစ္စ ငြင်းခုန်ပြောဆိုကြတဲ့အခါ..

ဒီကိစ္စနဲ့
ပတ်သက်ပြီး

သမိုင်းမှာ အခိုင်အမာရှိခဲ့တဲ့
ကျောက်ကွင်းအရေးတော်ပုံလို

မှတ်တမ်းစာအုပ်တွေကို လေ့လာကိုးကား မိတတ်ကြတယ်.. ဒါကတော့

အခုမျိုးဆက်မှ

မဟုတ်ပါဘူး.. ရှေ့ကမျိုးဆက်မှာလည်း ဒီလိုပဲ ရှိခဲ့တာပါပဲ.. ဒီစာတွေ

ဖတ်ပြီး မိမိဘာသာဖက်က ပိုင်နိုင်စွာ ချေပပြောဆိုနိုင်တဲ့

ရှင်ဥက္ကဌ-ဟာ

စာဖတ်သူရဲ့ အတွေးပုံရိပ်မှာ.. တကယ့်လူစွမ်းကောင်း ဟီးရိုးကြီးပမာ

ထင်မြင်ယူဆမိတတ်တာ သဘာဝပါ..

ဒီကိစ္စမှာ တကယ်လည်း တော်တဲ့ အရည်အချင်းရှိတဲ့

ဆရာတော်တစ်ပါးဆိုတာကိုတော့

လက်ခံရမှာပါပဲ..

ပြီးတော့ ဗုဒ္ဓဘာသာရဲ့ အနှစ်သာရကို လေ့လာချင်သူ လူငယ်တွေဟာ

စာအုပ်စင်မှာ

ဘယ်စာအုပ်ကို ဖတ်ရင်ကောင်းမလဲလို့.. စာအုပ်ခေါင်းစဉ်တွေကို


အရင်လေ့လာကြည့်တာအခါ..
ဗုဒ္ဓနှင့် ဗုဒ္ဓ၀ါဒဆိုတဲ့ စာအုပ်ခေါင်းစဉ်ဟာ

မိမိသိလိုတာတွေကို သိရှိနိုင်မယ့် စာအုပ်လို့ စာအုပ်နာမည်ကို ကြည့်ပြီး

ထင်မြင်ယူဆမိတတ်ကြတယ်..

ဒီလိုနဲ့.. ဘာသာရေးစာပေမျိုးစုံကို ထောင့်စိအောင် မလေ့လာမီ..

တနည်းအားဖြင့်.. စာဖတ်ပါးမ၀ခင်..


ဗုဒ္ဓဘာသာရဲ့ အနှစ်သာရတွေကို


မြင်နိုင်သေးတဲ့ အသိဥာဏ် မရင့်ကျက်မီ.. ဘာသာ၊ သာသနာအပေါ်ထားအပ်တဲ့


သဒ္ဓါတရား အားမကောင်းမီ.. အဲဒီစာအုပ်တွေကို ဖတ်ရှုမိသူ လူငယ်တွေဟာ..


အဲဒီစာအုပ်တွေရဲ့ အယူအဆမှားတွေကို အဟုတ်ကြီးထင်ပြီး.. တကယ့်ကို


လက်တွေ့ဆန်တဲ့ စာအုပ်တွေလို့ ထင်မြင်ယူဆသွားတတ်ကြတယ်..


တကယ်တော့ အဲဒီစာအုပ်တွေကို ရေးသားတဲ့ ပုဂ္ဂိုလ်များဟာ ဗုဒ္ဓဘာသာကို သညာသိ၊


စာသိမျှနဲ့ လမ်းဆုံးနေကြသူများ ဖြစ်တဲ့အပြင်.. ဘုရား၊ တရား၊ သံဃာ


ရတနာသုံးပါးအပေါ် သဒ္ဓါတရား လွန်စွာနည်းပါးလှတဲ့ အမည်ခံ

ဗုဒ္ဓဘာသာဝင်များသာ


ဖြစ်ပါတယ်.. သူတို့ဟာ ဘာသာရဲ့ အနှစ်သာရကို လက်တွေ့ကျင့်ကြံအားထုတ်မှု


လုံးဝ မပြုလုပ်ပဲ အနောက်တိုင်းက ဘာသာခြားစာရေးဆရာများရဲ့ လိုရာဆွဲရေးတဲ့


စာအုပ်၊ စာပေတွေကိုသာ.. တကယ့်အားကိုးအားထားပြုဖွယ်


အနှစ်သာရအစစ်အမှန်များပမာ.. ရာခိုင်နှုန်းပြည့် ကိုးကားခဲ့ကြတာပါ..


ပြည်တွင်းက ပရိယတ်၊ ပဋိပတ်စွယ်စုံ တတ်ကျွမ်းသူ.. လက်တွေ့ကျင့်ကြံ


ပြီးမြောက်ကြသူတွေ ရေးသားပြုစုတဲ့ စာပေတွေကိုတော့

မျက်ကွယ်ပြုခဲ့ကြတယ်..


အနှစ်သာရကို အထဲထိ နှိုက်ပြီးရှာဖွေဖို့ သဒ္ဓါတရား အခြေခံတောင် မရှိ၊


မဖြစ်ခဲ့ကြပါဘူး..


အဲဒီဘာသာခြား စာရေးဆရာတွေဟာ ဗုဒ္ဓဘာသာရဲ့ အနှစ်သာရ၊
သဘောသဘာဝအမှန်ကို


လက်တွေ့ကျင်ကြံမှုအပိုင်း.. လုံးဝမရှိပဲ.. ပျောက်သောသူ ရှာဖွေသလို


ဗုဒ္ဓဘာသာကို ခုနှစ်သက္ကရာဇ်၊ သမိုင်းအမှတ်အသားတွေထဲမှာ..


ရှာဖွေသုံးသပ်ကြသူတွေ ဖြစ်တယ်.. တကယ်တော့ လက်ရှိအထင်အရှား ရှိနေတဲ့


ဗုဒ္ဓဘာသာရဲ့ အဖြစ်မှန်တွေကို အမှန်တကယ်သိချင်ရင်.. အရင်အားထုတ်လေ့လာ


ကြည့်ရမှာပါ.. လောကရဲ့ အမှန်တရားတွေကို မြင်နိုင်တဲ့ အသိဥာဏ်


အထိုက်အလျောက် ရလာတော့မှ.. ဗုဒ္ဓရဲ့မဟာဥာဏ်တော်ကြီးကို အရိပ်အမြွတ်


သိနားလည်လာနိုင်တာပါ.. အနှစ်သာရကို သင့်တင့်အောင်နှလုံး သွင်းနိုင်တဲ့


အသိဥာဏ်ရှိမှ ပြင်ပဗဟိဒ္ဓိကိစ္စတွေကို သမာသမတ်ကျစွာ ဆင်ခြင်နိုင်မှာပါ..



အခုတော့ လေ့လာသိရှိထားတဲ့ သမိုင်းနယ်ပယ် ခပ်ကျဉ်းကျဉ်းလေးကိုပဲ

ဗဟိုပြုပြီး ဗုဒ္ဓဘာသာကို သုံးသပ်တင်ပြထားတာပါ..

အနောက်တိုင်းစာပေတွေကိုမှ


အထင်ကြီးကိုးကားတတ်တဲ့ ပြည်တွင်းက စာရေးဆရာကြီးအချို့ကလည်း
ဒီအမှားတွေကို


အလွန်တရာ အထင်ကြီးလေးစားစွာနဲ့ ကိုးကားပြီး ဗုဒ္ဓဘာသာကို


သေးသိမ်အောင်နှိမ့်ချ ဆော်ကားတဲ့ အရေးအသားတွေကို တွေ့နေရပါတယ်.. ဒီလို


ဆော်ကားရတာကို ဂုဏ်ပုဒ်တစ်ခုလို ယူဆပြီး သူ့ရဲ့ကလောင်အမည်အရှေ့မှာ


.....ကျမ်းပြုဆရာဆိုတဲ့.. ၀ိသေသနပုဒ်ကိုတောင်


ဖြည့်စွက်ထားလိုက်ပါသေးတယ်..


သူတို့တတွေဟာ.. ဗုဒ္ဓဘာသာကို အမြစ်ကနေ လှန်ချင်တော့ အဘိဓမ္မာဆိုတာ

ဘုရားဟောမဟုတ်ဘူး ဆိုပြီး ခုနှစ်သက္ကရာဇ်တွေကို အခြေခံပြီး


ကိုးကားပြောဆိုကြပြန်တယ်..


တကယ်တော့ အဘိဓမ္မာဆိုတာ ၀ိနည်း၊ သုတ္တံတို့ရဲ့ အနှစ်ချုပ်ပါ.. ပိုပြီး


သာလွန်မြင့်မြတ်ပါတယ်..


အဘိဓမ္မာကို နားလည်နိုင်ဖို့ဆိုတာ သညာသိ ဥာဏ်ရည်အသွေးလောက်နဲ့


မရနိုင်ပါဘူး.. သဒ္ဓါတရားကို အခြေခံပြီး ၀င်ရောက်လေ့လာရတာမျိုးပါ..


သဒ္ဓါတရားမှ အခြေခံမရှိရင် ဗုဒ္ဓရဲ့ အဘိဓမ္မာတွေကို ဘယ်လိုမှ


နားလည်နိုင်မှာမဟုတ်ပါဘူး..


ထိုအကြောင်းတို့နှင့် ပတ်သက်ပြီး ဥပမာ တခု ဖော်ပြအံ့

ဗုဒ္ဓနှင့် ဗုဒ္ဓ၀ါဒဆိုတဲ့ ခေါင်းစဉ်ကို အမည်တတ်ပြီး
ရေးသားခဲ့သူရှိပါသည်
ထိုအကြောင်းကို သိသာစေရန် ဖော်ပြပါမည်။
ထိုစာအုပ်ကို ပြုစုသူကား
ဦးအေးမောင်(စာပေဗိမာန်ဆုရ) ဆိုသောပုဂ္ဂိုလ်ဖြစ်ပေ၏။
ထိုပုဂ္ဂိုလ်သည်လည်း မြန်မာနိုင်ငံတွင်
ပြန်လည်ပေါ်ထွန်းလာသော အဓမ္မ၀ါဒီများထဲတွင်
တစ်ယောက်အပါဝင်ဖြစ်ပါတယ်။

ဦးအေးမောင်ရဲ့ ဗုဒ္ဓနှင့် ဗုဒ္ဓ၀ါဒဆိုတဲ့ စာအုပ်ကြီးဟာ
ထေရ၀ါဒပိဋကတ်တော်တို့ကို နှိမ်ချပြီးဖျက်စီးရေးသားတဲ့ စာအုပ်ကြီးဖြစ်တဲ့အတွက်ကြောင့် (၁၉၆၄) ခုနှစ်မှ ယခုချိန်ထိ တလျှောက်လုံး
နိုင်ငံတော်မှ ပိတ်ပင်ထားတဲ့ စာအုပ်ကြီးဖြစ်ပါတယ်။ သို့သော်လည်း (2004) ခုနှစ်တွင် ပါရမီစာပေမှ တအုပ်လျှင် (၆၀၀၀) ကျပ်နုံးဖြင့်
ပြန်လည် ဖြန့်ချီလာခြင်း ဖြစ်ပါတယ်။
ယခုအချိန်ထိပင် ဆက်လက်ရောင်းချနေသည်ဟု သိရပေ၏။
ဒီစာအုပ်ကြီး၏ အကျိုးဆက်အနေနဲ့ ပိဋကတ်တော်လာတရားတော်တို့ကို တပိုင်းတစလောက် သိရုံနဲ့
ခြေခြေမြစ်မြစ်မသိဘဲနဲ့ ပိဋကတ်တော်လာတရားတော်တွေက အမှားတွေဖြစ်မှာပါ
ဟူသော သိမ်ဖျင်းတဲ့ အတွေးအခေါ်များ ယူဆလာတဲ့ သူများသာ တိုးပွားလာပါသည်။
အဘိဓမ္မာပယ်ဝါဒ များလည်း တိုးပွားလာပါသည်။
ဦးအေးမောင်ရဲ့ ဗုဒ္ဓနှင့် ဗုဒ္ဓ၀ါဒဆိုတဲ့ စာအုပ်ကြီးရဲ့ ပိဋကတ်တော်လာတရားတော်များကို
နှိမ်ချရေးသားထားမူ့၊
ဖျက်ဆီးရေးသားထားမူ၊
ခေတ်အဆက်ဆက် သံဃာတော်တို့ကို စော်ကားထားမူ့
မူလဗုဒ္ဓ၀င်ကို ဖျက်ဆီးထားမူ့တို့ကြောင့် ပိတ်ပင်ထားတဲ့ စာအုပ်ကြီးဖြစ်ပါတယ်။
ထိုစာအုပ်ပါ အကြောင်းအရာကို ဆောင်းပါးရှင် ဆရာတော်
အရှင်ကောဝိဒ(ယော)
မှ ပြုစုစိစစ်၍ ဓမ္မရံသီ မဂ္ဂဇင်းတွင်း အခန်းဆက်ဆောင်းပါးများရေးသားခဲ့ဘူးပါသည်။
ယခုအခါ ထိုဆောင်းပါများကို ပြန်လည်စုစည်း၍
ဗုဒ္ဓ၏ဗုဒ္ဓ ၀ါဒ ဆိုသော စာအုပ်အမည်ဖြင့်
နှလုံးလှစာပေမှ တအုပ်လျှင် 1500 ကျပ်နုံးဖြင့် ထုတ်ဝေဖြန့်ချီနေပါသည်။
ဥိးအေးမောင် ၏ စာအုပ်သည် အဓမ္မ၀ါဒ တရားများဖြစ်ကြောင်း
သိလိုပါလျှင် ထိုစာအုပ်ကို ၀ယ်ယူဖတ်ရှူလျှင် အကောင်းဆုံးဖြစ်လိမ့်မည်ဟု
အကြံပြုအပ်ပါသည်။

သို့ဖြစ်ပါ၍ ဗုဒ္ဓဘာသာ စာပေများနှင့် အကျွမ်းဝင်မူ
နည်းပါးသေးလျှင် ထို ဗုဒ္ဓနှင့် ဗုဒ္ဓ၀ါဒ ဆိုသော
ဦးအေးမောင်(စာပေဗိမာန်ဆုရ) ဆိုသောပုဂ္ဂိုလ်၏စာအုပ်ကြီးကို
မဖတ်လျှင်ကား အကောင်းဖြစ်ပါလိမ့်မည်

ဗုဒ္ဓနှင့် ဗုဒ္ဓ၀ါဒ ဆိုသောထိုစာအုပ်ကြိးထဲမှ ရွှေမြန်မာဗုဒ္ဓဘာသာဝင်များ
မှတ်သားသင့်တဲ့ အချက်လေးတော့ ထုတ်ပြပါမည်။

မြန်မာဗုဒ္ဓ၀ါဒီတို့ ဆင်ခြင် သုံးသပ်သင့်သော ဘာသာရေး ဓလေ့ထုံးစံတစ်ခုမှာ ကလေး
သူငယ်များကို ရှင်ပြုသော ထုံးစံဖြစ်၏ ။ မြန်မာတို့သည် မိမိတို့၏ သားသမီးများကို အသက်ငယ်ရွယ်စဉ် ရှင်ပြုလေ့ရှိကြ၏ ။
ဝိနည်းပိဋကတ်၌ ဗုဒ္ဓသည် ရဟန်းတို့အား အသက် ၁၅ နှစ်

မပြည့်သေးသော သူငယ်အား ရှင်မပြုအပ် ။ ရှင်ပြုသော ရဟန်းအား ဒုက္ကဋ်အာပတ်သင့်စေဟု
ပညတ်တော်မူသည် ။
(ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ၊ စာ-၅)

ဝိနည်းပိဋကတ်လာ ပညတ်တော်မူချက်နှင့် အဖြစ်အပျက်အလုံးစုံကို
ထုတ်ပြပါမည်။
တစ်ရံရောအခါ တစ်ဥိးသော အမျိုးသည် ယဉ်းအနာ`အဟိဝါတက ရောဂါ´ ဖြင့် သေလေ၏။
ထိုအမျိုး၌ သားအဖနှစ်ယောက်တို့သည်သာလျှင် ကြွင်းကျန်ကုန်၏။ ထိုသူတို့သည် ရဟန်းတို့၏ အထံ၌
ရဟန်းပြု၍ အတူတကွ ဆွမ်းခံလှည့်လည်ကြကုန်၏။
ထိုအခါ အဖအား ဆွမ်းလှူသည်ရှိသော် သူငယ်သည် ပြေးလာ၍
`ဖခင် ကျွန်တော့်အားလည်း ပေးပါလော့၊ ဖခင် ကျွန်တော့်အားလည်း ပေးပါလော့` ဟုဆို၏။
လူတို့သည် `သာကီဝင်မင်းသာ ဘုရားအနွယ်တော်ဖြစ်သော ရဟန်းတို့သည် မမြတ်သော အကျင့်ကို ကျင့်ကုန်၏။
ဤသူငယ်သည်ကား ရဟန်းမိန်းမမှ မွေးဖွား၏` ဟု ကဲ့ရဲ့ ကုန်၏။ရှုတ်ချကုန်၏။ အပြစ်ပြ ပြောဆိုကြကုန်၏။
ရဟန်းတို့သည် ကဲ့ကဲ့ ရှုံ့ချ အပြစ်ပြောကြသော ထိုလူတို့၏ စကားကို ဘုရားရှင်အား လျှောက်ကြကုန်၏။
ထိုအခါ ဘုရားရှင်က
ရဟန်းတို့ အသက် ၁၅ နှစ်မပြည့်သေးသော သူငယ်အား ရှင်မပြုအပ် ။
ရှင်ပြုသော ရဟန်းအား ဒုက္ကဋ်အာပတ်သင့်စေဟု
ပညတ်တော်မူ၏ ။

ထိုအခါ၌ သဒ္ဓါတရားရှိ၍ ကြည်ညိုတတ်သော အရှင်အာနန္ဒာ၏ အလုပ်အကျွေး အမျိုးသည်
ယဉ်းအနာ`အဟိဝါတက ရောဂါ´ ဖြင့် သေလေသော် သူငယ်နှစ်ယောက်တို့သာ ကြွင်းကျန်ကုန်၏။
ထိုသူငယ်တို့သည် ရှေးအလေ့အကျက်အားဖြင့် ရဟန်းတို့ကို မြင်သောအခါ ပြေးလာသည်ရှိသော်
ရဟန်းတို့သည် မောင်းမဲဤနှင်ထုတ်ကြကုန်သောအခါ ထိုသူငယ်တို့သည် ငိုကြွေးကြကုန်၏။
ထိုအခါ အရှင်အရှင်အာနန္ဒာအား `မြတ်စွာဘုရားသည်
အသက် ၁၅ နှစ်မပြည့်သေးသော သူငယ်အား ရှင်မပြုအပ် ။
ရှင်ပြုသော ရဟန်းအား ဒုက္ကဋ်အာပတ်သင့်စေဟု ပညတ်တော်မူ၏။ ဤသူငယ်တို့သည် ၁၅ နှစ်မပြည့်သေးကုန်၊
အဘယ်သို့သော အကြောင်းဖြင့် ဤသူငယ်တို့သည် မပျက်စီးကုန်ရာပါအံ့နည်း` ဟု အကြံဖြစ်တော်မူ၏။
ထိုအခါ မြတ်စွာဘုရားအား လျှောက်ထားတော်မူ၏

ဘုရားရှင်က ပြန်လည်မိန့်ဆိုသည်မှာ
ချစ်သားအာနန္ဒာ ထိုရှင်ပြုချင်ကြသောကလေးတို့သည်
ကျီးတို့ ချောက်လန့်နိုင်ပါ၏လားလို့ မေးတော်မူ၏
ထိုအခါ ကျီးတို့ကို ချောက်လန့်ခြင်း၌ စွမ်းနိုင်ကြပါသည်ဟု
ဖြေလေသော် ထိုသို့ဖြစ်လျှင်
အသက် ၁၅ နှစ်မပြည့်သေးသော်လည်း
ကျီးတို့ကို ချောက်လန့်ခြင်း၌ စွမ်းနိုင်ကြပါက ရှင်ပြုပေးခြင်းကို ခွင့်ပြု၏။
ရှင်သာမဏေ ပြုပေးနိုင်၏
ရှင်ပြုခြင်းငှာ ခွင့်ပြု၏` ဟု ဘုရားရှင်းမိန့်တော်မူ၏။

အထက်ပါ ပညတ်ချက်များကို ကြည့်လျှင်
အသက် ၁၅ နှစ်မပြည့်လျှင် ရှင်မပြုအပ်ဟူသော ပညတ်ချက်သည် မူလပညတ်ချက်ဖြစ်၏။
အသက် ၁၅ နှစ်မပြည့်သေးသော်လည်း ကျီးတို့ကို ချောက်လန့်ခြင်း၌ စွမ်းနိုင်ကြပါက ရှင်ပြုပေးနိုင်၏` ဟူသော
ထိုပညတ်ချက်သည် မူလပညတ်ကို ပယ်ဖျက်ပေးရာလည်း ရောက်ပါသည်
သို့ဖြစ်ပါ၍ ယခုခေတ်တွင် အသက် ၁၅ နှစ်မပြည့်သေးသော်လည်း
ရှင်ပြုပေးခြင်းသည် အပြစ်အားဖြင့် တစုံတရာမဖြစ်ပေ။
သို့ရာတွင် မူလ ပညတ်တော်မူအပ်သော အသက် ၁၅ နှစ်အရွယ်သည်
အထက်ပါကဲ့သို့ အခက်ခဲရှိမှသာ အသက် ၁၅ နှစ်မပြည့်မီ ရှင်ပြုလိုက် ပြုပေးသင့်၏။

ထို့ကြောင့် ဗုဒ္ဓ၀ါဒ ကျမ်းဆရာ ဆက်လက်ပြဆိုအပ်သော အောက်ပါမှတ်ချက်မှာ မှန်ကန်
ကောင်းမွန်ပါသည်။
ဗုဒ္ဓဘာသာဝင် သူတော်စင်များ အလေးအနက်ထားဤ ပြုသင့်သော အချက်ဖြစ်ပေသည်။


ဤပညတ်တော်မူချက်မှာ လျော်ကန်သင့်မြတ်လှပေသည် ။ ရှင်သာမဏေအဖြစ်သည်
တတ်သိလိမ္မာသော အရွယ်သို့ ရောက်ရှိပြီးဖြစ်သည့် သူငယ်များအဖို့သာလျှင် အကျိုးရှိသည် ။
ယခုကာလ၌ မိဘများက ရှင်ပြုသော သူငယ်များမှာ အများအားဖြင့် အသက်ငယ်ရွယ် ဥာဏ်နု
နယ်သေးသော သူများ ဖြစ်ကြရကား ဘာသာရေးဘက်၌ တစ်စုံတစ်ရာထူးခြားပြောင်းလဲခြင်း
မရှိချေ ။ သို့ဖြစ်၍ ယခုခေတ် လူငယ်များသည် အားလုံးလိုလို ရှင်သာမဏေ ဖြစ်ခဲ့ကြဖူးပါလျက် ဘာသာရေးအသိတရား ခေါင်းပါးနေကြ၏ ။ မိဘများသည် မိမိတို့ပြုသောကောင်းမှု
အတွက် နှစ်သိမ့်ကျေနပ်ကြပေမည် ။ သို့ရာတွင် ကလေးကို ရှင်ပြုခြင်းသည် မိဘများ၏
ကျေနပ်မှု ၊ ကုသိုလ်ရမှုအတွက် ဖြစ်ပါသလော ။ ကလေး၏ အကျိုးစီးပွား ၊ သာသနာတော်၏
အကျိုးစီးပွားအတွက် ဖြစ်သင့်သည် မဟုတ်ပါလော ဟု မေးဖွယ်ရှိ၏ ။
(ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ၊ စာ-၅)


ဤနေရာတွင် မိဘများဘက်ကသာ ပြင်ဆင်သင့်သည်မဟုတ်သေး။
ကျောင်းထိုင်ဆရာတော်များဘက်ကလည်း ငယ်ရွယ်နုနယ်သေးသော ကလေးသူငယ်များကို
ရှင်ပြုပေးဖို့ရာ လက်မခံသင့်ပေ။
ယခုကာလ ရှင်ပြုကြသော သူငယ်အချို့ကား သင်္ကန်းနိုင်ဖို့၊ သရဏဂုံ ပီသဖို့ နေနေသာသာ
မိခင်နို့ပင် မပြတတ်သေး။
ညအိပ်လျှင် ဖခင်ဖြစ်သူက အတူလာအိပ်ပေးရ၏။
ဆွမ်းစားလျှင် ခွင့်ကျွေးရ၏။
ညညဆိုလျှင် ကလေးငိုသံ တညံညံနှင့် အမှန်ပင် စိတ်ပျက်ဖွယ်ကောင်းလှ၏။


အရှင်ဝရသာမိ
(သီတဂူ ဗုဒ္ဓတက္ကသိုလ်-ရန်ကုန်)
http://dhammaanalysis.multiply.com/

ဗုဒ္ဓသာသနာကို ချစ်မြတ်နိုးကုန်သော စာရှူသူ သူတော်ကောင်း အမျိုးကောင်းသား သမီးတို့သည် ဤစာကို မိမိတို့၏ နီးစပ်ရာ မိတ်ဆွေများသို့
ဖြန့်ဝေ၍ သာသနာပြုနိုင်ကြပါစေလို့ ဆန္ဒပြုအပ်ပါသည်။



Read more...

၅။ သမနန္တရ ပစ္စည်း



ပစ္စည်း = အနန္တရပစ္စည်းနှင့် တူ၏ ။

ပစ္စယုပ္ပန် = အနန္တရပစ္စည်း၏ ပစ္စယုပ္ပန်နှင့် တူ၏ ။

ပစ္စယသတ္တိ = ဧကရာဇ်မင်း၏ အရညဝါသီ တောထွက်၍ ရဟန်းပြုခြင်းသည် သားကြီးရတနာအား မင်းအဖြစ်ကို ရစေခြင်းငှာ ကျေးဇူးပြုသကဲ့သို့ ရှေ့ရှေ့ဖြစ်သော စိတ်စေတသိက်တို့သည် နောက်နောက် အခြားမဲ့ဖြစ်ကြသည့် စိတ်စေတသိက်တို့အား ကောင်းစွာ အခြားမရှိစေဘဲ ဖြစ်ပေါ်ရန် ကျေးဇူးပြုကြကုန်၏ ။

ရှေးရှေးစိတ်စေတသိက်တို့က နောက်နောက် စိတ်စေတသိက်တို့အား အစဉ် အဆက်မပြတ် မျိုးအညှောက်ပေးကြရာ၌ စိတ်သည် ဖဿ, ဝေဒနာ-စသည်တို့အား မပေးဘဲ စိတ်အားသာလျှင် ပေး၏ ။ ဖဿသည် စိတ်ဝေဒနာ-စသည်တို့အား မပေးဘဲ ဖဿအားသာလျှင် ပေး၏ ။ ထို့အတူ ကြွင်းသော စေတသိက်တို့ကလည်း ဇာတ်မတူသူတို့အား မပေးဘဲ အသီးသီးဇာတ်တူသားအားသာလျှင် ပေးဆက်ကြ၏ ။ ဤသို့ ဇာတိ မရောမပြောင်းစေဘဲ မိမိတို့၏ ဇာတ်တူသားအားသာလျှင် ကောင်းစွာမျိုးအစဉ် ပေးကြသောကြောင့် အနန္တရပစ္စည်းကိုပင်လျှင် 'သံ=ကောင်းစွာ' ဟူသောပုဒ်ဖြင့် အထူးပြု၍ သမနန္တရပစ္စည်းဟု ဟောတော်မူ၏ ။

အနန္တရပစ္စည်းနှင့် သမနန္တရပစ္စည်းတို့သည် တရားကိုယ်အားဖြင့် အတူတူပင် ဖြစ်ပါတယ်။ အတူတူဖြစ်ရက်သားနဲ့ မြတ်စွာဘုရား ဘာကြောင့် အနန္တရပစ္စည်းကို ဟောကြားပြီးတော့ သမနန္တရပစ္စည်းကို ထပ်ပြီး ဟောကြားရသလဲဆိုတော့ ပုဂ္ဂလဇ္ဈာသယ အားဖြင့် ထပ်ပြီး ဟောကြားတော်မူတာ ဖြစ်ပါတယ်။

အချို့အချို့သောပုဂ္ဂိုလ်တွေက "အနန္တရပစ္စယော"လို့ ဟောကြားလိုက်လို့ရှိရင် နားလည် သဘောပေါက်သွားတယ်။ နာမက္ခန္ဓာတရားတွေ အကြားမရှိ ကျေးဇူးပြုနေကြတယ်-ဆိုတာ သဘောပေါက်သွားတယ်။ အချို့အချို့သော ပုဂ္ဂိုလ်တွေက "အနန္တရပစ္စယော"လို့ ဟောလိုက်လို့ရှိရင် သဘောမပေါက်သေးပေဘူး။ သဘောမပေါက်သေးလို့ရှိရင် "သမနန္တရပစ္စယော"လို့ မြတ်စွာဘုရား ထပ်ပြီး ဟောကြားတော်မူလိုက်သောအခါကျမှ သဘောပေါက်သွားကြပေတယ်။

ရှေ့ရှေ့ နာမ်တရားတွေကနေပြီးတော့ နောက်နောက် နာမ်တရားတွေကို အခြားမရှိ၊ အကြားမရှိ ကျေးဇူးပြုတယ်ဆိုတာ ကောင်းစွာ အကြားမရှိ ကျေးဇူးပြုတာလို့ ဟောလိုက်တဲ့အခါကျတော့မှ အချို့အချို့သော ပုဂ္ဂိုလ်တွေက သဘောကျကြပေတယ်။ သဘောပေါက်ကြပေတယ်။

အနန္တရနှင့် သမနန္တရ နှစ်ပါးမှာ အနန္တရက စကြာဝတေးမင်းကြီး ကွယ်လွန်သွားတာ၊ နတ်ရွာစံသွားတာ သားကြီးရတနာ မင်းဖြစ်ဖို့ရာ ကျေးဇူးပြုသကဲ့သို့ ရှေ့စိတ် ချုပ်ပျောက်သွားခြင်းသည် နောက်စိတ်ဖြစ်ပေါ်လာအောင် ကျေးဇူးပြုတယ်လို့ ဆိုလိုပေတယ်။

သမနန္တရကလည်း ဒီအတိုင်းပဲ၊ စကြာဝတေးမင်းကြီး ရဟန်းပြုသွားတာ၊ ရဟန်းပြုလိုက်တဲ့အခါမှာ သားကြီးရတနာဟာ အကြားမရှိ၊ အခြားသော မင်းတရားတွေ ဒီမှာ အုပ်စိုးလို့ မရအောင်၊ ချက်ချင်း အကြားမရှိ မင်းဖြစ်အောင် ကျေးဇူးပြုပါတယ်လို့ ဆိုလိုပေတယ်။ စကြာဝတေးမင်းကြီး ရဟန်းပြုသွားတာဟာ သားကြီးရတနာ မင်းဖြစ်ဖို့ရာ ကောင်းစွာ ကျေးဇူးပြုသကဲ့သို့ သမနန္တရသတ္တိဖြင့် ကျေးဇူးပြုတာလည်း ဒီအတိုင်းပါပဲ။ ရှေ့ရှေ့စိတ်တွေ ချုပ်ပျောက်သွားတာ နောက်နောက်စိတ်တွေ ဖြစ်ပေါ်လာဖို့ရာ ကောင်းစွာ ကျေးဇူးပြုခဲ့ပါတယ်ဟု ဆိုလိုပါတယ်။ အနန္တရပစ္စည်းနှင့် သမနန္တရပစ္စည်းတို့သည် ဤမျှလောက်ပင် ထူးခြားကြပေသည်။

Read More...



Read more...

Software-လေးတွေ

မျက်စိအားနည်းသောသူတို့အတွက်...ဒါမှမဟုတ်-Character-Map-ကို မြင်ကွင်းကျယ်ကျယ် ကြည့်လိုသူတို့ အတွက် ..Character-Map... မြင်ကွင်း ကျယ်ကျယ် အလိုရှိမယ်ထင်ပါတယ်။ အဲဒီအတွက် သင့်ကွန်ပျူတာ-Screen- အပြည့်ကြည့်လို့ရတဲ့-Character-Map-ကလေးပါ။ အလိုရှိသူများအတွက် ရှယ်ယာ လုပ်လိုက်ပါတယ်။



ဒီ-Software-လေးကတော့ သင်-TV-မလိုပဲ...ကွန်ပျူတာနှင့် အင်တာနက်ရှိယုံနဲ့ BBC/NASA-စတဲ့ တီဗီ Channel- ၂၄-ခုလောက်အထိ ကြည့်ရှုလို့ ရနိုင်တဲ့ -Software-လေးပါ။ Install-လုပ်ပြီးက၊ လမ်းညွန်တဲ့အတိုင်း-Account-တစ်ခုလုပ်လိုက်ရင် ကြည့်လို့ ရပါပြီ။ ဘာရယ်လို့တော့ မဟုတ်ပါဘူးဗျာ.. စိတ်ဝင်စားသူများ/အလိုရှိသူများ. ပုံလေးတွေပေါ်ကို ကလစ်ကာ.. သွားယူလိုက်နော်..


Read more...

ကေလနီ မှ ကလျာဏီ( သို့ ) သီဟိုဠ် မှသည် ပဲခူးဆီသို့


သီဟိုဠ် ရှိ ကလျာဏီ သိမ်တော်ကြီး
ယခု လက်ရှိ ကလျာဏီ သိမ်နှင့် စေတီပုထိုးတော်
ကလျာဏီ သိမ်ဝင်းအတွင်းရှိ ကြီးမားသော မဟာဗောဓိ ညောင်ပင်တော်


-
ရန်ကုန်မြို့မှ ၇၂ ကီလိုမီတာခန့်ကွာဝေးပြီး လူဦးရေ ၂၄၀၀၀၀ ခန့် နေထိုင်ကာ အကျယ်အ၀န်း ၄၉၇၈၇ km^2 (လေးဒေါင့်စပ်ကီလိုမီတာ)ရှိ ပဲခူးမြို့တွင် လွန်ခဲ့သည့် နှစ်ပေါင်း ၄၀၀ ကျော်က တည်ဆောက်ထားသည့် ကလျာဏီသိမ်တော်ကြီးတည်ရှိရာ သိမ်တော်နှင့် ဆက်စပ်သည့် အကြောင်းအရာများကို ဖတ်ရှုနိုင်ပါသည်။

ဗညားထောဘွဲ့ခံ ဘုရင်မ ရှင်စောပု (၁၄၅၃-၇၂) သည် ကျိုက်မရော ဘုရား တည်ပြီးသဖြင့် ဘုရားမှာ မြေလှူ (မွန်ချုပ် ၆၁)
၁၄၅၇။

ဗညားထောသည် သမက်တော် ရာမာဓိပတိဘွဲ့ခံ ဓမ္မစေတီကို ပြည်ရေးရွာမှု စီမံရန်လွှဲ (မွန်ချုပ် ၆၁)
၁၄၅၈။

ရာမာဓိပတိသည် ရာမည ဒေသတွင် သာသနာ သန့်စင်ရေး ဆောင်ရွက်ရန် ကြံရွယ် (ကလျာ ၅၉)
၁၄၆၁။

(၁၄၇၂။ ရာမာဓိပတိ (၁၄၇၂-၉၂) မင်းအဖြစ် ဆက်ခံ။)
၁၄၇၅။

ရာမာဓိပတိသည် သာသနာကို ပြုပြင်လိုက သိမ်သမုတ်ခြင်းက စတင် ဆောင်ရွက်ရမည်ဟု သဘောပေါက်လျက် မောဂ္ဂလန် မဟာထေရ် အမှူးရှိသော သံဃာ နှစ်ဆယ့် နှစ်ပါးတို့နှင့် တိုင်ပင် (ကလျာ ၆၆ ၊ ၆၉)
၁၁ ဇန်နဝါရီ ၁၄၇၆။

သာသနာ ပြုပြင်ရေး အတွက် မောဂ္ဂလန် မထေရ်နှင့် ရဟန်း ဆယ်ပါးသည် ရာမဒူတ သင်းဘောစီးလျက် ယောဂ မြစ်ဝမှ သီဟိုဠ်သို့ စထွက် (ကလျာ ၇၂)
၂၂ ဇန်နဝါရီ ၁၄၇၆။

သာသနာပြုပြင်ရေး အတွက် သီဝလိနှင့် ရဟန်း ဆယ်ပါးသည် စိတြဒူတ သင်းဘောစီးလျက် ယောဂမြစ်ဝမှ သီဟိုဠ်သို့ စထွက် (ကလျာ ၇၂)
၁၆ ဖေဖော်ဝါရီ ၁၄၇၆။

သီဝလီမဟာထေရ်တို့ ကလမ္ဗူဆိပ်ရောက်၊ ဘုဝနေကဗာဟု မင်းကို အကြောင်းကြား (ကလျာ ၇၂)
၂၃ ဖေဖော်ဝါရီ ၁၄၇၆။

သီဝလီမထေရ်တို့ကို ဘုဝနေက ဗာဟုမင်းက ကြိုယူ။ မထေရ်တို့ အနုရာဓမြို့သို့ ဘုရားဖူးရန် ဆက်လက်ထွက်ခွာ (ကလျာ ၇၂)
၃ မတ် ၁၄၇၆။

မောဂ္ဂလန် မထေရ်နှင့် ရဟန်း ဆယ်ပါးတို့ စီးသော သင်းဘောသည် လေလှိုင်းမိ၍ ဆင်းရဲ ငြိုငြင်စွာဖြင့် ဝလ္လိရာ ဆိပ်တွင် ဆိုက်၊ ဂေါယုစီ ခေါင်းဆောင်သည့် သူပုန်တို့ သောင်းကျန်းသော ဒေသဖြစ်ခြင်းကြောင့် ခရီး မဆက်ဝံ့သဖြင့် ခေတ္တ ဆိုင်းငံ့နေရ (ကလျာ ၇၃)
၆ မတ် ၁၄၇၆။

ကျိုက်ပွန်ဘုရား တည်ခြင်းစ (မွန်ချုပ် ၆၆)
၇ ဧပြီ ၁၄၇၆။

မောဂ္ဂလန်အဖွဲ့ ခရီးဆက် (ကလျာ ၇၃)
၁၃ ဧပြီ ၁၄၇၆။

မောဂ္ဂလန်အဖွဲ့ ဇယဝဋမြို့ရောက်၊ ဘုဝနေကဗာဟုက ကြိုယူ (ကလျာ ၇၃)
၆ ဇူလိုင် ၁၄၇၆။

သီဝလိအဖွဲ့နှင့် မောဂ္ဂလန် အဖွဲ့ ပူးပေါင်းမိပြီ ဖြစ်သောကြောင့် စွယ်တော်ကို ဖူးမျှော်ရန် တိုက်ဖွင့်ပေး (ကလျာ ၇၃)
၁၆ ဇူလိုင် ၁၄၇၆။

ရာမညလာ ရဟန်းတို့ကို လူဝတ်လဲ၍ သာမဏေ ဝတ်စေပြီးမှ မထေရ်ငါးပါးကို ဦးစွာ ရဟန်းခံ၍ ပေး (ကလျာ ၇၄)
၁၇ ဇူလိုင် ၁၄၇၆။

နောက်ထပ် ဆယ်ပါး ရဟန်းခံ (ကလျာ ၇၅)
၁၈ ဇူလိုင် ၁၄၇၆။

နောက်ထပ် ဆယ်ပါး ရဟန်းခံ (ကလျာ ၇၅)
၁၉ ဇူလိုင် ၁၄၇၆။

မူလဆရာတော် နှစ်ဆယ့်နှစ်ပါးတို့၏ နှစ်ဆယ့်နှစ်ဦးတို့ ရဟန်းခံ (ကလျာ ၇၅)
၃ စက်တင်ဘာ ၁၄၇၆။

သီဟိုဠ်မှ ပြန်ခဲ့သည့် မောဂ္ဂလန်အဖွဲ့ ယောဂမြစ်ဝသို့ ဝင်၊ တဂုံမှာ ခေတ္တနားရန် ရာမာဓိပတိက စီမံ (ကလျာ ၇၇)
၂၅ စက်တင်ဘာ ၁၄၇၆။

ရွှေတိဂုံမှာ ခေါင်းလောင်းကြီး လှူရန် ရာမာဓိပတိ ပဲခူးက ထွက် (ကလျာ ၈ဝ)
၃ဝ စက်တင်ဘာ ၁၄၇၆။

တဂုံသို့ ရောက်နှင့်ပြီးသော သီဟိုဠ်ပြန် မောဂ္ဂလန်အဖွဲ့ကို ရာမာဓိပတိက ရွှေတိဂုံကုန်းသို့ ပင့်၍ ဆွမ်းကပ် (ကလျာ ၈ဝ)
၂ အောက်တိုဘာ ၁၄၇၆။

အချိန် သုံးထောင်ရှိ ခေါင်းလောင်းကြီးကို ရွှေတိဂုံမှာ ရာမာဓိပတိက ဆွဲလှူ (ကလျာ ၇၇ ၊ ၈ဝ)
၃ အောက်တိုဘာ ၁၄၇၆။

တဂုံရှိ သံဃာကုန်ကို ရာမာဓိပတိက ဆွမ်းကပ် (ကလျာ ၈ဝ)
၆ အောက်တိုဘာ ၁၄၇၆။

ရာမာဓိပတိ တဂုံမှ ပဲခူးသို့ ပြန် (ကလျာ ၈ဝ)
၁ဝ အောက်တိုဘာ ၁၄၇၆။

ရာမာဓိပတိ ပဲခူးသို့ ရောက် (ကလျာ ၈ဝ)
၁၂ အောက်တိုဘာ ၁၄၇၆။

သီဟိုဠ်ပြန် မထေရ်တို့ ပဲခူးသို့ ရောက်လာသည်ကို မင်းက ကြိုယူ (ကလျာ ၈ဝ)
၂၂ နိုဝင်ဘာ ၁၄၇၆။


သီဟိုဠ်ပြန် မထေရ်တို့နှင့် တိုင်ပင်လျက် သိမ်သစ် သမုတ်ရမည့် နေရာကို ရွေးချယ်ရာ နရသူရ အမတ်၏ ကွမ်းသီးခြံ၏ အနီးရှိ မြေကွက်ကို တွေ့ရှိ၍ အကြိုက်ညီ သဖြင့် ထိုနေရာ၌ သိမ်းသမုတ်ရန် ပြင်ဆင် (ကလျာ ၈၄)
၂၃ နိုဝင်ဘာ ၁၄၇၆။

သိမ်သစ် သမုတ်၍ ကလျာဏီသိမ်ဟု အမည်ပေး (ကလျာ ၈၄။ ၉၄၊ ၉၈)
၂၄ နိုဝင်ဘာ ၁၄၇၆။

သိမ်သစ်မှာ ရဟန်းခံမည့် သူများကို သုဝဏ္ဏ သောဘဏ မထေရ်က ဥပဇ္ဈယ်ပြု၍ အကြိမ်ကြိမ် ရဟန်းခံပွဲများ စလုပ်၊ ရဟန်းခံပွဲများမှာ အစုစု သုံးနှစ်ကြာ၊

ရဟန်းကြီး အပါး ၈ဝဝ၊ ရဟန်းငယ် ၁၄၂၆၅ ပါး ရဟန်းခံပြီး (ကလျာ ၈၈ ၊ ၉၂) သာသနာ ပြုပြင်ရေး အကြံအစည်မှာ နောင် တဆယ့်ရှစ်နှစ်ကြာမှ အောင်မြင်။
၂၇ နိုဝင်ဘာ ၁၄၇၆။

ရာမညဒေသတဝန်း နေရာများစွာ၌ သိမ်သစ်များ သမုတ်ရန် လုပ်ငန်းစ (ကလျာ ၉၅)
၃ဝ နိုဝင်ဘာ ၁၄၇၆။

ရဟန်းသစ် ၂၄၅ ပါးကို ရာမာဓိပတိက ဆွမ်းကျွေး။ နောင်အခါ ရဟန်းသစ်ကို လက်ခံသော အခါ မည်သို့သော သဘောများ ပြည့်စုံပါစေဟု မင်းက သံဃာ အပေါင်းအား ပန်ကြား (ကလျာ ၈၉)
၁၅ ဧပြီ ၁၄၇၇။

သီဟိုဠ်မင်း ဘုဝနေကဗာဟု၏ အပြန်လက်ဆောင်ကို စောင့်ကြို ယူနေရသော စိတြဒူတ သင်္ဘောစီး သီဝလိ မထေရ် ခေါင်းဆောင်သော အဖွဲ့သည် သင်္ဘောထွက်စ မုန်တိုင်းမိပြီး သင်္ဘောပျက်၍ ဖောင်ဖြင့် တောင်အိန္ဒိယရှိ နာဂပဋ္ဋဆိပ်သို့ ရောက်။

ထိုဆိပ်မှ ပြန်လည် ထွက်ခွာသော အခါ တပေါင်းတည်း သင်္ဘောနေရာ မရသဖြင့် အကွဲကွဲ စီးရ (ကလျာ ၇၉)
၂၄ ဧပြီ ၁၄၇၇။

တပါတည်း ထွက်လာသော စူဠဘယတိဿမထေရ် နာဂရာဇ်ဝ ရောက် (ကလျာ ၇၉)
၈ မေ ၁၄၇၇။

သီဟိုဠ်ပြန် မထေရ် သုံးပါး နာဂရာဇ်ဝရောက် (ကလျာ ၇၉)
၁၂ မေ ၁၄၇၇။

အဆိုပါ မထေရ်သုံးပါး ကုသိမ် (ပုသိမ်) ရောက် (ကလျာ ၇၉)
၁၅ မေ ၁၄၇၇။

စူဠဘယတိဿ ကုသိမ်ရောက် (ကလျာ ၇၉)
၂၂ ဇွန် ၁၄၇၇။

မထေရ်လေးပါး ပေါင်းလျက် ပဲခူးရောက် (ကလျာ ၇၉)
၂၃ သြဂုတ် ၁၄၇၇။

ကလျာဏီစေတီ ဌာပနာ၍ ကလျာဏီ ဗောဓိပင်စိုက် (ကလျာ ၉၉)
၈ ဇူလိုင် ၁၄၇၉။

သီဟိုဠ်မှ ပြန်လာသော ရဟန်းအချို့ သင်္ဘောပျက်၍ တောင်အိန္ဒိယသို့ ရောက်ရှိနေကြပြီးမှ မင်္ဂလ မထေရ်နှင့် ရဟန်း ငါးပါးတို့ ကောမလဆိပ်မှ ရာမညသို့ ပြန်ရန်ထွက် (ကလျာ ၇၉)
၁၅ အောက်တိုဘာ ၁၄၇၉။

မင်္ဂလ မထေရ်တို့ စီးသော သင်္ဘော နာဂရာဇ်ဝရောက် (ကလျာ ၇၉)
၂၅ အောက်တိုဘာ ၁၄၇၉။

မင်္ဂလ မထေရ် တပါးသာ ကုသိမ်ရောက်၊ ကျန် ငါးပါး လမ်းမှာလွန် (ကလျာ ၈ဝ)
၂၈ အောက်တိုဘာ ၁၄၇၉။

မင်္ဂလ မထေရ် ပဲခူးရောက် (ကလျာ ၈ဝ)
၂၄ ဖေဖော်ဝါရီ ၁၄၈ဝ။

ရာမာဓိပတိ ရဟန်းတကာ ခံသည့် ကလျာဏီသိမ်၌ ရဟန်း ၆ဝဝ ရဟန်းခံပွဲ စ (ကလျာ ၁ဝ၂ ၊ ၁ဝ၄)
၂၈ ဖေဖော်ဝါရီ ၁၄၈ဝ။

ရဟန်း ၆ဝဝ ရဟန်းခံပွဲပြီး (ကလျာ ၁ဝ၄)
၂၉ ဖေဖော်ဝါရီ ၁၄၈ဝ။

ရဟန်းသစ်တို့ကို ဆွမ်းကျွေး၊ အထူးထူးသော လှူဖွယ်ပစ္စည်းတို့ကို ပေးလှူ (ကလျာ ၁ဝ၄)
၁၄၉၂။

ဗညားရံ (၁၄၉၂-၁၅၃၆) မင်းဖြစ်
၂၃ နိုဝင်ဘာ ၁၄၉၃။

မှတ်ချက် - - http://www.yeyintnge.com/2009/05/blog-post_1461.html
http://www.wolframalpha.com တို့ကနေ ဖတ်ရှုတင်ပြထားခြင်းဖြစ်ပါကြောင်း နှင့်
ယခင်ကောလမ္ဗု သည် ယခုအခါ ကိုလံဘို ၊ အနုရာဓမြို့သည် ယခုအခါလည်း အနုရာဓမြို့ပင် ဖြစ်ပါကြောင်း-



Read more...

ဒါယိကာမကြီး မြတ်မွန် http://decembermon0312.multiply.com ၏ ဒုတိယ အကြိမ် လှူဒါန်းမှု

ဒါယိကာမကြီး မြတ်မွန် မှ စစ်ကိုင်းသင်တန်းအောင်မြင်စွာ လည်ပတ်သင်ကြားနိုင်ရန် အတွက်အလှူငွေ တစ်သိန်းကျပ် တိတိအား kokonyinyi ဒုတိယအကြိမ်မြောက် မှတဆင့်လှူဒါန်းခဲ့ပါတယ်။

ဆက်လက်ပြီး ပညာပါရမီ ဖြည့်ဆည်းသူများကတော့ မန္တလေးမြို့မှ ဒါယိကာမကြီး မနီလာနှင့် မသင်းသင်ဦးတို့မှ ကိုရန်အောင်(အမေရိကား)မှ ဘလော့မှ တဆင့် ဖတ်ရှု၍ ငါးသောင်းကျပ် လှူဒါန်းခဲ့ပါတယ်။

ဂျပန်နိုင်ငံမှ ကိုထွန်းထွန်းညိုမှလည်း ငါးသောင်းကျပ် လှူဒါန်းခဲ့ပါတယ်။ အခုလိုစစ်ကိုင်းသင်တန်း အမှတ်စဉ် (၄) သင်ကြားရာမှာ တစ်ဖက်တစ်လမ်းက အထောက်အကူ ပြုခဲ့တဲ့အတွက် ဦးဇင်းနှင့် သင်တန်းသားများအားလုံးမှ ဆုတောင်းမေတ္တာများပို့သကြပါတယ်။

ဒါယိကာမကြီးမြတ်မွန်နှင့် အလှူရှင်များအားလုံးစိတ်၏ ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းအပေါင်းတို့နှင့် ပြည့်စုံ၍ ပညာပါရမီများ ဖြည့်ဆည်းနိုင်ပါစေလို့စေလို့ဆုတောင်းမေတ္တာများပို့သလိုက်ပါတယ်။


စစ်ကိုင်းသင်တန်းအတွက် လစဉ်ကုန်ကျမှုများ...

၁။ မီးစက်ဌားရမ်း ခ (၁)လ ၄၅၀၀၀

၂။ မီးစက်ဒီဇယ် (၁)လ ၅၀ ဂါလံ (မှတ်ချက်) ယခင်(၉၀) ဂါလံအထိကုန်ကျခဲ့ဖူးပါသည်။

၃။ သင်တန်းဆရာ လခ (၂)ဦး ၄၀၀၀၀

၎။ သင်တန်းဆရာများနေ့စဉ်စားသောက်စားရိတ် နေ့စဉ် ၃၀၀၀X၃၀ ၉၀၀၀၀

၅။ သောက်ရေ (၂)ဗူးX ၁၀၀၀ ၃၀၀၀၀

၆။ အထွေထွေ သုံးစားရိတ် (၁)လ ၅၀၀၀၀

ရ။ အင်တာနက် လစဉ်ကြေး 192 speed ၁၄၅၀၀၀ (ယခု) 192 speed နှင့်အသုံးပြုနေပါသည်။

512 speed ၂၈၀၀၀၀

မန္တလေးသင်တန်းနှင့်ပါက်သက်၍ တစ်ရက်ကုန်ကျစားရိတ်ကတော့

တစ်ရက်ကိုဒီဇယ် ဂါလံဝက်ခန့်ဖြစ်ပါတယ်။

အင်တာနက်အသုံးပြုနှုန်းထားကတော့ စက်တစ်လုံးကို တစ်နာရီ ၂၅၀ ကျပ်ဖြစ်ပါတယ်။

အခြားသင်တန်း အချိန် သင်တန်းသုံးပစ္စည်းများအသုံးပြုခြင်းများ အင်တာနက် အသုံးမြ့ပုခင် စက်အသုံးပြုမှုများကိုတော့ မန္တလေးမြို့ Pro-Tech ကွန်ပျူတာမှ ဦးရဲဝင်းနောင်မှ လှူဒါန်းထားပါတယ်။ ဦးရဲဝင်းနောင် အချိန်လှူဒါန်းထားတာ အခုဆိုလျှင် တစ်နှစ်ရှိသွားပါပြီ...။

ရန်ကုန်သင်တန်းအတွက် အမှတ်စဉ် (၁) အတွက်ကုန်ကျစားရိတ်များကို

အဖြူရောင်မေတ္တာ မှ ဒါယကာဖိုးသားတို့သူငယ်ချင်းတစ်စုမှ တစ်သိန်းတစ်သောင်းကျပ် လှူဒါန်းခဲ့ပြီး အာရုဏ်ဆွမ်းတစ်ပတ်စာ ၄၀၀၀၀ လေးသောင်း ကျပ်ခန့်လှူဒါန်းပြီး ပိုသောငွေ ခုနှစ်သောင်းကျပ်အား ရန်ကုန်သင်တန်းမှ သင်တန်းသားများ ဆွမ်းကပ်လှူရာတွင် လှူဒါန်းခဲ့ပါတယ်။ ရန်ကုန်သင်တန်းအတွက်ဆွမ်း ကပ်လှူမှု အတွက် သင်တန်းအမှတ်စဉ် (၁) တစ်လျှောက်လုံး အတွက် တစ်သိန်းနှစ်သောာင်းကျပ်ကုန်ကျခဲ့ရာ ကျန်သောငွေ ငါးသောင်းကျပ်အား ကိုကျော်ဇေယျ မှလှူဒါန်းခဲ့ပါတယ်။

ဆက်လက်ပြီး အောက်တိုဘာလထဲတွင် မကွေးမြို့တွင်သင်တန်း ဖွင့်လှစ်ရန်စီစဉ်နေပါတယ်။

သင်တန်းအတွက် လိုအပ်သောစက်ပစ္စည်းများအား မကွေးမြို့ရှိ ရွှေလမ်းငွေလမ်းဝင်းကြည် မှ သင်တန်းချိန်များကိုလှူဒါန်း မှာဖြစ်ပါတယ်။ ဦးဇင်းတို့အတွက်ခရီးသွားလာစားရိတ်ပဲ စီစဉ်ရမှာဖြစ်ပါတယ်။

Read more...

အမှောင်လမ်းလော အလင်းလမ်းလော


ရှင်ရဟန်း၊ အဘိသိက် သွန်းထားသည့်မင်း၊ မင်္ဂလာဆင်တော်၊ အမျိုးသမီး ဤလေးဦးသည် မြန်မြန်သွားလျှင် မတင့်တယ်ပါ။ ဖြည်းဖြည်းသွားမှသာ တင့်တယ်ပါ၏။ ဤလေးဦး မြန်မြန်သွားလျှင် အမြင်မတော် ဆင်တော်နှင့်ခလောက်ပမာ ဖြစ်တတ်ပါ၏။ ဤပုဂ္ဂိုလ်လေးဦးပမာ မသင့်တော်သော အခြားပုဂ္ဂိုလ်တို့လည်း များစွာရှိကြ၏။ ဘုရားဒကာ အမည်ခံနေသည့် ပုဂ္ဂိုလ်တို့သည် မုဆိုး တံငါကဲ့သို့သော အလုပ်မျိုးတို့ကို လုပ်နေလျှင် မသင့်တော်ပါ။ သူတော်ကောင်းဟု အများက အထင်မြင်ခံနေရသော ပုဂ္ဂိုလ်သည် ရှင်ရဟန်းပဲဖြစ်ဖြစ်၊ လူပုဂ္ဂိုလ်ပဲဖြစ်ဖြစ်၊ သတ်ဖြတ် ခိုးဝှက် လိမ်ညာ ထန်းရည်အရက်သောက် စသော မသူတော်အလုပ်တို့ကို လုပ်နေလျှင် မသင့်တော်ပါ။ မတင့်တယ်ပါ။

သားသမီးတို့ကို လိမ္မာယဉ်ကျေးအောင် ဆုံးမသွန်သင်သည့် မိဘက အလိမ္မာမယဉ်ကျေးသည့် အမူမရာတို့ကို ပြုမူပြီး မလိမ္မာ မယဉ်ကျေးသည့် စကားတို့ကို ပြောဆိုနေလျှင် မတင့်တယ်ပါ။ မောင့်ကျက်သရေ ခေါင်းပေါင်းကို ဦးခေါင်း၌ပေါင်းထားသူသည် ခါးတောင်းကျိုက်ထားလျှင် မတင့်တယ်ပါ။ ဤသို့ မတင့်တယ်တာတွေ လောကမှာ များစွာရှိပါလေ၏။

ဤနေရာ၌ စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ၀က်လက်မြို့နယ် ရွာတရွာမှ ဆရာတော်ကြီးတပါးက သူ့တပည့်ဒကာကို မိန့်ကြားသည့် စကားလေးသည် အလွန်ပင် မှတ်သားစရာကောင်းလှပါ၏။ ထိုဒကာ၏နာမည်သည် ဦးခင်မောင် ဖြစ်၏။ အသက် ၄၀-ကျော်ရှိ၏။ ဦးခင်မောင်သည် အလှူပွဲစသော သာရေးနာရေးပွဲတို့၌ တရားစကား ဆွေးနွေးပြောဆိုသည့်စကားဝိုင်းတွင် ပရမတ်စကား၊ ဓာတ်စကားတို့ကို ပြောကြားလေ့ရှိ၏။ တရားစကားတို့ကို ဆွေူနွေးပြောကြားရာ၌ ၀ါသနာကြီး၏။ ပွဲတိုင်းကျော်ဖြစ်၏။ ထိုဆရာတော်ကြီးသည် သူ့တပည့် ဦးခင်မောင်ကို အားရကျေနပ်နေလေ၏။ ခင်မောင်ဟာ လူတော်လေးပဲ-ဟု သတ်မှတ်ယူထား၏။

ထိုရွာမှ ဘုန်းတော်ကြီးတပါးနှင့် အနီးရွာမှ ဆရာတော်ကြီးတပါးတို့ ရှေ့ဆင့်နောက်ဆင့် ပျံလွန်တော်မူကြ၏။ ထိုဘုန်းကြီးနှစ်ပါး ပျံလွန်တော်မူ၍ ဘုန်းကြီးပျံပွဲနှစ်ပွဲ ပြုလုပ်၏။ ကရ၀ိတ်ဖောင်ဖြင့် လှေလှော်ပွဲ အစီအစဉ်လည်း ထိုပွဲနှစ်ပွဲ၌ ပါဝင်၏။ ဦးခင်မောင်သည် ထိုလှေလှော်ပွဲ၌လည်း ပါဝင်နေသည်ကို ထိုဆရာတော်ကြီး မြင်တွေ့သွား၏။ ဦးခင်မောင်သည် အင်္ကျီမပါ ပုဆိုးတောင်ရှည်ဖြင့် ခါးတောင်းကျိုက်ထား၏။ ခါးတောင်းကျိုက်ထားရာ ခါးနောက်မှ အ၀တ်စအပိုသည် မျောက်အမြီးပမာ ရှည်နေ၏။ နှုတ်ခမ်းမွေးရှည်ရှည် အတုတပ်ထား၏။ ပါးစပ်ကို ဘယ်ညာရွဲ့ပြ၏။ ရွဲ့ပြတိုင်း နှုတ်ခမ်းမွေးသည် ထောင်ထောင်လာ၏။ ပါးနှစ်ဖက်၌ ပါးကွက်ကျား ပြုလုပ်ထား၏။ ရင်ဘတ်၌လည်း ကြောင်ကြောင်ကျားကျား ဆေးတွေ ရေးခြယ်ထား၏။ ထိုသို့သော သရုပ်ပျက်အနေအထားဖြင့် ကရ၀ိက်ဖောင်၌ ပဲ့ကိုင်အဖြစ်ဖြင့် လှေလှော်၏။ ထိုပွဲနှစ်ပွဲ ပြီးသွားသောအခါ ဆရာတော်ကြီးသည် ဦးခင်မောင်ကိုခေါ်၍ ဆုံးမတော်မူ၏။

ခင်မောင်၊ ခင်မောင် မင်း-ယင်ကောင်လို မလုပ်နဲ့။
ဦးခင်မောင်သည် ဆရာတော်ကြီး၏ ဆုံးမစကားကို နားမလည်နိုင်သဖြင့် ဆရာတော်ကြီးကို မျက်လုံးပြူးကာ ပါးစပ်ဟောင်းလောင်းဖြင့် ကြည့်နေမိ၏။ ဆရာတော်ကြီးက စကားဆက်၍ဆိုပါ၏။

ခင်မောင်၊ ယင်ကောင်ဆိုတာ ဘုရားဆွမ်းတော်ပွဲမှာလဲ နားတယ်၊ မစင်(ကျင်ကြီး)မှာလဲ နားတယ်၊ ခင်မောင် မင်း-အဲဒီယင်ကောင်လို မလုပ်ပါနဲ့။

ဦးခင်မောင်သည် ဆရာတော်ကြီး၏စကားကို သဘောပေါက်သွားသဖြင့် သဘောကျသွားလေ၏။
မှန်ပါဘုရား၊ တပည့်တော် ဆရာတော့်အဆုံးအမအတိုင်း လိုက်နာနိုင်အောင် ကြိုးစားပါ့မယ်-ဟုလျှောက်ကာ ဆရာတော်ကြီးကို ဦးချ၍ ပြန်သွားလေ၏။

ယင်ကောင်လိုလုပ်သည့် ဦးခင်မောင်လို လူစားမျိုး လောကတလွှား၌ မြင်နေ ကြားနေရပါ၏။ ရှားလှမည်မဟုတ်ပါ။
လောက၌ တချို့လူတို့သည် မွေးသည်မှ သေသည်အထိ အမှောင်လမ်း (ဒုစရိုက်လမ်း)ပေါ်ချည်း လျှောက်လှမ်းသွားကြ၏။ တချို့က အလင်းလမ်း (သုစရိုက်လမ်း)ပေါ်ချည်း လျှောက်လှမ်းသွားကြ၏။ တချို့ကား အမှောင်လမ်းပေါ်ရော၊ အလင်းလမ်းပေါ်ပါ လျှောက်လမ်းသွားကြ၏။ ယင်ကောင်လို လုပ်သည့် ခင်မောင်သည် အမှောင်လမ်းပေါ်ရော အလင်းလမ်းပေါ်ပါ လျှောက်လှမ်းသူ ဖြစ်ပါ၏။

စာရှုသူသည် ယင်ကောင်လိုလုပ်သညိ့ ခင်မောင်လို လူစားထဲ မပါဝင်အောင် ကြိုးစားရမည် ဖြစ်ပါ၏။ အလင်းလမ်းပေါ်ချည်း လျှောက်လှမ်းနိုင်အောင် ကြိုးစားရပါမည်။ စာရှုသူ ယခုလျှောက်နေသောလမ်းသည် အလင်းလမ်းဖြစ်ခဲ့လျှင် ဆက်လျှောက်ဖို့သာ လိုပါ၏။ အမှောင်လှမ်း ဖြစ်နေခဲ့လျှင် တပ်ခေါက်ဖို့ (နောက်ဆုတ်ဖို့) လိုပါ၏။ စာရှုသူ လျှောက်နေသောလမ်းသည် အမှောင်လမ်းလော အလင်းလမ်းလော။

( သာမဏေကျော် )

မမေ့နိုင်သော ကုသိုလ်

စာရေးသူသည် သာသနာ့ဝန်ထမ်း ရဟန်းတော်တပါး ဖြစ်ပါသည်။ စာရေးသူ ကိုရင်ငယ်ဘ၀က နေခဲ့သော ကျောင်းတိုက်ကြီးတတိုက်တွင် ခွေးများ များစွာရှိပါသည်။ ထိုခွေးများမှာ ကျောင်းကမွေးထားသော ခွေးများ မဟုတ်ကြပါ။ ဟိုအရပ် ဒီအရပ်မှ ခွေးလေခွေးလွင့်များ ကျောင်းသို့ ရောက်လာရာမှ သံဃာတော်များက စားကြွင်းစားကျန်များကို ကျွေးမွေးသဖြင့် မှီခိုစားသောက်ရသောကြောင့် အခြားအရပ်သို့ မသွားကြတော့ပေ။ ကျောင်းမှာပင် မျိုးဆက်များတိုးပွားပြီး များပြားလာခြင်းဖြစ်သည်။

သံဃာတော်များသည် ထိုခွေးများနှင့် အခြားကျေးငှက်များ ရှဥ့်ကလေးများကို နံနက်အရုဏ်ဆွမ်းစားပြီး တကြိမ်နှင့် နေ့ဆွမ်းစားပြီးတကြိမ် တနေ့လျှင်နှစ်ကြိမ်ကျ ဆွမ်းကျန်ဟင်းကျန်များကို ကျွေးလေ့ရှိပါသည်။ တနေ့၌ နေ့ဆွမ်းစားပြီးချိန်တွင် မိမိမှာပိုကျန်နေသည့် ဆွမ်းနှင့်ဟင်းများကို ခွေးများအား ကျွေးနေသည်။ ထိုစဉ် ခွေးကျားမလေးတကောင်မှာ အခြားခွေးများနည်းတူ တိုးဝှေ့လုယက်ကာ အစာမစားနိုင်ရှာဘဲ တအီအီအော်နေသည်ကို တွေ့ရသည်။

ထိုခွေးမလေးကို အနီးကပ်ပြီး သေသေချာချာကြည့်သောအခါ ခွေးမလေး၏ ညာဘက်လက်မှာ ခွေးချင်းကိုက်ရာမှ အနာဖြစ်ပြီး ရောင်နေရုံမျှမက ပြည်များပင် စိုရွှဲနေသည်ကို တွေ့ရပါသည်။ စာရေးသူလည်း သနားသဖြင့် ပြည်များကို ညှစ်ထုတ်ပြီး ရေဖြင့် ဆေးပေးပါသည်။ ပြီးလျှင် အုတ်ခဲကိုအမှုန့်ပြု၍ အနာဝကို သိပ်ပေးပြီး အ၀တ်စုတ်တခုဖြင့် အနာပေါ်မှအုပ်လျက် စည်းပေးပါသည်။ ထို့နောက် ကျန်နေသည့် အစာများကို ကျွေးရာ အနည်းငယ်သာ စားနိုင်ရှာပါသည်။

နောက်ရက်များ၌လည်း ထို့အတူ ပြုစုကျွေးမွေးခဲ့သည်။ တပတ်မျှကြာသောအခါ ခွေးမလေးမှာ အနာပျောက်၍အစာကို ကောင်းစွာ စားသောက်နိုင်လာသည်။ မိမိ၏ ပြုစုကျွေးမွေးမှုဖြင့် အခြားခွေးများနည်းတူ ထိုခွေးမလေးပျော်ရွှင်စွာ စားသောက်ဆော့ကစားနေသည်ကို စာရေးသူမြင်ရတိုင်း ကြည်နူးဝမ်းသာဖြစ်ခဲ့ရပါသည်။ ယခုအချိန်အထိ တွေးမိတိုင်းလည်း ကြည်နူးဝမ်းမြောက်၍ မဆုံးနိုင်အောင် ဖြစ်ရပါသည်။

စာရေးသူ၏ ဘ၀တွင် အခြားအခြားသော ကုသိုလ်များကိုလည်း စွမ်းနိုင်သမျှ ပြုခဲ့ဖူးပါသည်။ သို့သော် ထိုကုသိုလ်များထဲတွင် မည်သည့်ကုသိုလ်မျှ ဤကုသိုလ်ကလေးလောက် စာရေးသူ၏စိတ်ကို ကြည်နူးဝမ်းမြောက်မှု မဖြစ်စေနိုင်ကြပါ။ ထို့ကြောင့်ပင် စာရေးသူ၏ တသက်မှာ ကိုရင်ငယ်ဘ၀က ခွေးမလေးကို ပြုစုကျွေးမွေးခဲ့ဖူးသော ထိုကုသိုလ်ကလေးကို ဘယ်သောအခါမှ မေ့နိုင်လိမ့်မည်မဟုတ်ဟု စွဲမြဲစွာယုံကြည်နေမိပါတော့သည်။

( သော်တာဆွေ-အရာတော် )
ဲ( မြတ်မင်္ဂလာ ၂၀၀၁-ခု သြဂုတ်လ )

သရဏဂုံ ဆောက်တည်ခြင်းအကျိုး

ပဒုမုတ္တရမြတ်စွာဘုရားရှင် ပွင့်တော်မူစဉ် ကာလက ဖြစ်သည်။ ရှေးလွန်ခဲ့သော ကမ္ဘာတသိန်းထက်၌ ဆန္ဒ၀တီပြည်တွင် မိအိုဖအိုတို့ကို လုပ်ကျွေးနေသော အမျိုးကောင်းသားတဦးရှိသည်။ ထိုအမျိုးကောင်းသားသည် တနေ့သောအခါ ပဒုမုတ္တရ မြတ်စွာဘုရား၏ လက်ယာတော်ရံ အဂ္ဂသာဝ အရှင်နိသဘမထေရ်မြတ်ထံသို့ ရိုသေစွာသွားရောက်ကာ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ-ဟု ရွတ်ဆို၍ သရဏဂုံ ဆောက်တည်၏။

ထိုအမျိုးကောင်းသားသည် အနှစ်တသိန်းကာလပတ်လုံး သရဏဂုံကို ထိန်းသိမ်းဆောက်တည်ခဲ့၏။ ထိုဆောက်တည်ခဲ့သော အကျိုးကြောင့် သေလွန်သောအခါ နတ်ပြည်သို့ရောက်၍ ၈-ပါးသောအကျိုးတို့ကို ခံစားရ၏။ ထိုအကျိုး ၈-ပါးတို့မှာ-
၁။ နေရာမရွေး ပူဇော်ခံရခြင်း။
၂။ ဉာဏ်ပညာ လွန်စွာ ထက်မြက်ခြင်း။
၃။ များစွာသော စည်းစိမ်ချမ်းသာ ရှိခြင်း။
၎။ အားလုံး၏ ကြည်ညိုချစ်ခင်မှုကို ခံရခြင်း။
၅။ အသားအရောင် ရွှေရောင်အဆင်း တောက်ပခြင်း။
၆။ အရာရာ မိမိအလိုကျ ဖြစ်ခြင်း။
၇။ မိတ်ပျက်ခြင်းမရှိ၊ ပေါများသောမိတ်ဆွေ ရှိခြင်း။
၈။ ဂုဏ်သတင်း မွှေးပျံ့ကျော်စောခြင်း ဖြစ်၏။
ထို့နောက် ထိုဘ၀မှစုတေပြီး သိကြားမင်းအဖြစ် အကြိမ် ၈၀၊ စကြာမင်းအဖြစ် ၇၅-ကြိမ်၊ ပဒေသရာဇ်မင်းအဖြစ်ကား မရေတွက်နိုင်အောင် ဖြစ်ခဲ့သည်။

နောက်ဆုံး ဂေါတမမြတ်စွာဘုရား လက်ထက်တွင် သာဝတ္ထိပြည်၌ ချမ်းသာကြွယ်ဝသော သူဌေးအိမ်၌ လူ့အဖြစ်ရရှိခဲ့သည်။ ထို့နောက် ၇-နှစ်သားအရွယ်၌ ရဟန္တာတပါးထံ သရဏဂုံယူစဉ် ကမ္ဘာတသိန်းထက်က ဆောက်တည်ခဲ့သော သရဏဂုံကို သတိရပြီး ပီတိဖြစ်ကာ ၀ိပဿနာဉာဏ်စဉ် ရ၍ ရဟန္တာအဖြစ်သို့ ရောက်ရှိလေသည်။

ဘုရားရှင်သည် ထိုသူငယ်ကို ခေါ်၍ ရဟန်းပြုပေးတော်မူ၏။ သရဏဂုံ ဆောက်တည်ခြင်းအကျိုးကြောင့် ရဟန္တာဖြစ်ခြင်းကို အကြောင်းပြု၍ ထိုရဟန္တာအရှင်ကို တိသရဏ ဂမနိယထေရ်ဟု ဘွဲ့မည်ပေး၏။
အပဒါနပါဠိ။ ပ-၃-သုဘူတိဝဂ်။

( မြတ်သစ်ဌေး-မြတ်စေတနာ )
( မြတ်မင်္ဂလာ ၂၀၀၁-ခု သြဂုတ်လ )

မြန်မာနိုင်ငံ ပိဋကတ်သုံးပုံ ကျောက်စာ ဓမ္မစေတီများ ( ၂ )

( ကျောက်စာ ဓမ္မစေတီများ (၁)ပါ ၂၀၀၁-ခု ဇူလိုင်လထုတ် မြတ်မင်္ဂလာ စာစောင် မရှိသေးပါသဖြင့် မတင်ပြနိုင်တာကို သည်းခံခွင့်လွှတ်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ )

( ယခင်လမှ အဆက် )

ပိဋကတ်သုံးပုံ အပြည့်အစုံကို ကျောက်စာရေးထိုးခြင်း အလုပ်သည် လုပ်ငန်းပမာဏလည်း ကြီးမား၊ အချိန်ကာလအားဖြင့်လည်း အရှည်အကြာ လုပ်ရသဖြင့် နေရာအားလုံး မလုပ်နိုင်ကြပါ။ ထို့ကြောင့် ပါဠိတော်၊ ၀ိနည်းပိဋကတ်တပုံကိုသာ ကျောက်ထက်အက္ခရာတင်ထားသည့် နေရာများ ရှိပါသည်။ ၄င်းတို့မှာ မင်းကင်းမြို့ ရွှေဘုံသာဘုရားအတွင်း၌ ကျောက်ချပ်ရေ ၁၇၁-ချပ်ကိုလည်းကောင်း။
သုံးခွမြို့နယ် မင်းရွာတွင် ကျောက်ချပ်ရေ ၁၅၄-ချပ်ကိုလည်းကောင်း။
ဝမ်းတွင်းမြို့နယ် ဘုရားစုကိုးရွာ ရွာဦးကျောင်းအတွင်း၌ ကျောက်ချပ်ရေ ၁၁၀-ကိုလည်းကောင်း။
ရန်ကုန်မြို့ ကျိုက္ကဆံ ဘုရားအတွင်း၌ ကျောက်ချပ်ရေ ၉၅-ချပ်ကိုလည်းကောင်း။
ဟင်္သာတမြို့ ၁၀-ထပ်ကြီးဘုရားအတွင်း၌ ကျောက်ချပ်ရေ ၄၅-ချပ်ကိုလည်းကောင်း။ တွေ့နိုင်ပါသည်။

ဟင်္သာတမြို့တွင် ကျောက်စာများ ထုလုပ်ဆဲ၌ ဒုတိယကမ္ဘာစစ် ဖြစ်လာသဖြင့် အပြီးမသတ်ဘဲ ရပ်ဆိုင်းခဲ့ရပါသည်။ ထို့အပြင် ဒုတိယကမ္ဘာစစ်အတွင်းက ကျောက်စာတိုက်ကြီး ဗုံးဒဏ်ခံရသဖြင့် ဤမျှသာ ကျန်သည်ဟု သိရပါသည်။

ပါဠိတော် ၀ိနည်းကျောက်စာများကို ထုလုပ်ပူဇော်ရာ၌ မင်းရွာတွင် လူချမ်းသာ ဦးရွှေဖြူ၊ ဘုရားစုကိုးရွာတွင် လူချမ်းသာ ဦးရွှေခဲ၊ ဟင်္သာတတွင် ဘုရားဒါယကာ ဦးကျော်ဇံတို့က တဦးတည်းကုသိုလ်အဖြစ် လှူဒါန်းထားကြောင်းကို လေ့လာသိရှိခဲ့ရပါသည်။ အထက်ပါတို့မှာ ပိဋကတ်သုံးပုံ ပါဠိတော် ဓမ္မစေတီများအကြောင်း ဖြစ်ပါသည်။

ပိဋကတ်သုံးပုံ အဋ္ဌကထာနှင့် ဋီကာများကိုမူ ရသေ့ကြီး ဦးခန္တီသည် မန္တလေးမြို့ စန္ဒာမုနိဘုရားအတွင်း၌ ကျောက်ချပ်ရေ ၁၇၇၂-ချပ်ကို ရေးထိုးပူဇော်ခဲ့ပါသည်။
မိတ္ထီလာမြို့ ထီးသုံးဆင့်ဘုရားအတွင်း၌လည်း ကျောက်ချပ်ရေ ၅၉၇-ချပ်အပေါ်တွင် အဋ္ဌကထာများကို ကျောက်ထက်အက္ခရာတင် ပူဇော်ထားခဲ့ပါသည်။
အဋ္ဌကထာနှင့် ဋီကာမှာ ဤနှစ်နှစ်နေရာ၌သာ ရှိပါသည်။ ဤသည်တို့မှာ မြန်မာနိုင်ငံတလွှားတွင် ပိဋကတ်သုံးပုံ ကျောက်စာများ ရှိရာဒေသများသို့ သွားရောက်လေ့လာခဲ့သမျှကို အကျဉ်းမျှ တင်ပြရပါသည်။
မုဒုံမြို့နယ် ဖားအောက်တောရတွင် ၀ိနည်းကျောက်စာ အနည်းငယ်ရှိနေသည်ဟု သိရပါသည်။ ထိုနေရာသို့ ကျွန်တော် မရောက်သေးပါ။

ပိဋကတ်တော်ကျောက်စာများသည် အစောဆုံး ၁၂၂၂-ခုနှစ်မှစ၍ နောက်ဆုံး မင်းကွန်းတွင် ရေးထိုးသော သက္ကရာဇ် ၁၃၄၂-ခုနှစ်အထိ နှစ်ပေါင်း ၁၂-အတွင်း ရေးထိုးပူဇော်ခဲ့ကြသည်ကို တွေ့ရပါသည်။ အများပြည်သူတို့သည် ထိုကျောက်စာ ဓမ္မစေတီများကို ဥဒ္ဒိဿစေတီ၊ ပရိဘောဂစေတီ၊ ဓာတုစေတီတို့ကဲ့သို့ ဆီမီး၊ ရေချမ်း၊ ပန်းများ ကပ်လှူပြီး ဆည်းကပ်ကိုးကွယ်ထိုက်သော ဘုရားများဟု သဘောမပေါက်ကြပါ။ သာမန် သမိုင်းကျောက်စာများကဲ့သို့ အမှတ်တမဲ့ လျစ်လျူရှုထားတတ်ကြပါသည်။

ထို့ကြောင့် ကာလအားဖြင့် မကြာသေးစေကာမူ ဓမ္မစေတီအချို့ ပျက်စီးယိုယွင်းမှုများ ရှိနေပါသည်။ ဥပမာအားဖြင့် မူလက ကျောက်စာတိုက်ကြီးများ ရှိခဲ့သော်လည်း အချိန်ကာလနှင့် ရာသီဥတုကြောင့် တိုက်ကြီးများ ပြိုပျက်သွားရာ အမိုးအကာမဲ့နေသော ညောင်ရမ်းမှ ကျောက်စာများ၊ မူလကပင် အမိုးအကာ အလုံအလောက်မရှိခဲ့သော သထုံမြို့ ရွှေစာရံဘုရားကြီးအတွင်းမှ ကျောက်စာများမှာ မိုးရွာလျှင် စို၊ နေပူလျှင် ခြောက်၍ ရာသီဥတုဒဏ်ကို နှစ်ရှည်ခံစားကြရသဖြင့် ကျောက်စာတိုင်များမှာ ချုံနွယ်များအကြား ရေညှိများ ဖုံးအုပ်၍ စာများမှေးမှိန်နေပါသည်။

မင်းကင်း၌ ဓမ္မ္စစေတီများအပေါ် ညောင်ပင်မှစ၍ သစ်ပင်များ ပေါက်နေသဖြင့် ဓမ္မစေတီများ ပြိုကျမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရပါသည်။ အားလုံခြုံရပါလျှင် ထိန်းသိမ်းမှုကောင်းသလောက်သာ ဓမ္မစေတီများ ကောင်းမွန်သည်ကို တွေ့ရပါသည်။
ထို့ကြောင့် (က) အမိုးအကာမရှိသော ပိဋကတ်တော် ကျောက်စာများကို အမိုးအကာ ပြုလုပ်ခြင်း။
(ခ)ဓမ္မစေတီများတ၀ိုက် လိုအပ်သလို ရှင်းလင်း၍ အခါအားလျော်စွာ ရေဆေးသန့်စင်ပေးခြင်း။
(ဂ) တနှစ်တကြိမ်ဖြစ်စေ ကျောက်စာတချပ် ဆီမီးတတိုင် ထွန်း၍ ဓမ္မံ ပူဇေမိ-ဂုဏ်မြောက်အောင် ဆီမီးပူဇော်ပေးခြင်းနှင့်
(ဃ) ကျိုးပဲ့ပျက်စီးသွားသော ကျောက်စာများကို အစားထိုးပူဇော်ခြင်း စသည်တို့ကို လုပ်ဆောင်သင့်ပါသည်။

အချုပ်အားဖြင့် တင်ပြရသော် ကမ္ဘာတခွင် ဤမြန်မာပြည်၌သာရှိသော ဤဓမ္မစေတီကျောက်စာများကို သာသနာတော်အဓွန့်ရှည်ရေးအတွက် ရည်ရွယ်ပြီး ပုဂံပြည်မှ ရှေးဟောင်းစေတီ၊ ပုထိုးများကို ပြုပြင်ထိန်းသိမ်းသကဲ့သို့ မင်နှင့်ပြည်သူ ကြည်ဖြူစွာ ပူးပေါင်း၍ ထိန်းသိမ်းစောင့်ရှောက်ရန် သင့်လှပါကြောင်း တင်ပြအပ်ပါသည်။

( ဦးအောင်သူ )
မြတ်မင်္ဂလာ ၂၀၀၁-သြဂုတ်လ

ကမ္ဘာ့ဗုဒ္ဓသာသနပြု သက်တော်ရှည် ဆရာတော်ကြီး ဘဒ္ဒန္တသေဋ္ဌိလ-၏ ကိုယ်တွေ့ကျန်းမာ သက်ရှည်နည်း ( ၃ )

( သက်ရှည်နည်း ( ၁ )-၂၀၀၁-ခု ဇွန်လထုတ် မြတ်မင်္ဂလာ နှင့် သက်ရှည်နည်း ( ၂ )-၂၀၀၁-ခု ဇူလိုင်လထုတ် မြတ်မင်္ဂလာ စာစောင် မရှိပါသဖြင့် သက်ရှည်နည်း ၁ နှင့် ၂ ကို မတင်ပြနိုင်သေးတာကို သည်းခံခွင့်လွှတ်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ )

( ကမ္မဋ္ဌာန်းအားထုတ်မှုနှင့် ကျန်းမာရေး )

ဆရာတော်ကြီး အရှင်သေဋ္ဌိလသည် ကျန်းမာသက်ရှည်မှုနှင့်ပတ်သက်၍
၁။ အစားအစာ အရေးကြီးပုံ
၂။ စိတ်ချမ်းသာမှု အရေးကြီးပုံတို့ကို မိန့်ဆိုတော်မူခဲ့သည်။
ထို့နောက် ဆရာတော်ကြီးက ကျန်းမာရေး အသက်ရှည်ရေးနှင့် ပတ်သက်၍ ကမ္မဋ္ဌာန်းတရားအားထုတ်မှုသည် ကြီးစွာ အထောက်အပံ့ပြုပုံကို အရှင်ဉာဏိကအား ဤသို့ မိန့်တော်မူခဲ့သည်။

ကျန်းမာ အသက်ရှည်ရေးအတွက် အရေးအကြီးဆုံး နောက်ဆုံးတခုကတော့ စိတ်အလုပ်ပဲကွ။ တကယ့်ကို စိတ်အလုပ်လုပ်ထားတဲ့ လူတယောက်ဟာ သေချိန်ကျလို့ သေခါမှ သေရော မကျန်းမမာ ဖြစ်ခဲတယ်။ ဟိုဘ၀က ပါလာတဲ့ ကံဟောင်း၊ ကံကြွေးရှိလို့ ခံရတာမျိုးမှတပါး ကျန်းမာရေး မထိခိုက်နိုင်ဘူးဆိုတာ တို့တကယ်ယုံကြည်တယ်။ အလုပ်လုပ်နေတယ်။ အလုပ်လုပ်နေလို့ ညအိပ်ချိန် နည်းသွားမယ်။ ဘာမှမဖြစ်ဘူး။ အလုပ်ဆိုတာ စိတ်အလုပ်ပြောတာနော်။ ကမ္မဋ္ဌာန်းပေါ့။

သူများကို တရားသာဟောတယ်။ ကိုယ်က ကမ္မဋ္ဌာန်းအလုပ် မလုပ်ဘူးဆိုရင် မဟုတ်သေးဘူးကွယ့်။ မကောင်းဘူးကွယ့်။ ငါ သြစတြေးလျရောက်တော့ သူတို့ကို ကမ္မဋ္ဌာန်းအကြောင်း ပြောပြီး လက်တွေ့ အလုပ်လုပ်ခိုင်းတယ်။ ကိုယ်ကလည်း စိတ်စူးစိုက်ပြီး တကယ်လုပ်တယ်။ ဟန်လုပ်တာမဟုတ်ဘူး။ ဘုရားတရားောတ်ကို ကိုယ်တိုင် နှစ်နှစ်ကာကာကြီး ယုံကြည်ပြီးကမ္မဋ္ဌာန်းအလုပ် လုပ်ပြမှ သူတပါးလည်း နှစ်နှစ်ကာကာ ယုံကြည်လာမယ်။ ကမ္မဋ္ဌာန်းအလုပ်လုပ်မယ်။ ဒါဟာ ငါ့ဝါဒ၊ ငါ့အယူအဆပဲ။ အေး-ဒါကြောင့် ငါ့ကို ခေတ်ဆန်တဲ့ ဘုန်းကြီးဆိုပြီး အပြောသမားသက်သက် အဟောသမားသက်သက်လို့ ထင်တဲ့သူ ရှိတယ်။ ငါ ငယ်ငယ်ကတည်းကစပြီး ကမ္မဋ္ဌာန်းအလုပ်လုပ်ခဲ့တယ်။ ဒီအလုပ်ကလည်း ငါ့ကို ကျန်းမာစေတယ်လို့ ငါယူဆတယ်-ဟူ၍ ဆရာတော်ကြီးက ကမ္မဋ္ဌာန်းအလုပ် တန်ဖိုးရှိပုံကို အရှင်ဉာဏိကအား ဖွင့်ဟ မိန့်ဆိုတော်မူခဲ့သည်။

ထို့ပြင် ဆရာတော်ကြီးက နောက်တခုက ကိုယ်လက်လှုပ်ရှားခြင်းဟာ ကျန်းမာရေးအတွက် အလွန်အရေးပါတဲ့ လေးကျင့်မှုတရပ်ပဲ။ လမ်းလျှောက်ခြင်းဟာ ကမ္မဋ္ဌာန်းထိုင်တဲ့ပုဂ္ဂိုလ်များနဲ့ ထိုင်ပြီး အလုပ်လုပ်ရတဲ့သူများအတွက် အလွန်အရေးကြီးတယ်။ လမ်းမလျှောက်လို့ ဖြစ်ကို မဖြစ်ဘူး။ ပဉ္စကနိပါတ် အင်္ဂုတ္တိုရ်မှာ စင်္ကြံသွားခြင်းရဲ့ အကျိုး ၅-ပါးကို ဘုရားရှင် ဟောထားတာရှိတယ်။ ခရီးသွားနိုင်၊ ကြံ့ခိုင်အားအင်၊ ကင်းစင်ရောဂါ၊ အစာကြေညက်၊ မပျက်သမာဓိ၊ ငါးပါးရှိ၊ များ၏စင်္ကြံအကျိုးတည်း-တဲ့ ဟူ၍လည်း မိန့်တော်မူသည်။

ဒါကြောင့် ငါ အင်္ဂလန်မှာ နေတုန်းက ရာသီ ဥတု ဘယ်လောက်အေးအေး ထွက်ပြီးလမ်းလျှောက်တာပဲ။ မိုးသိပ်များလို့ မထွက်နိုင်ရင်လဲ ကျောင်းတွင်းမှာ လေ့ကျင့်ခန်းလုပ်တယ်။ Touch-toe ခြေဖျားကို ထိအောင်ကွေးညွတ်ရတဲ့ လေ့ကျင့်ခန်းမျိုး မပျက်မကွက်လုပ်လေ့ရှိတယ်။ ဒါကြောင့် နှာစေးချောင်းဆိုးမှတပါး အခြားရောဂါဖြစ်တယ်လို့ သိပ်မရှိပါဘူး-ဟူ၍ ဆရာတော်ကြီးက မိမိကျန်းမာရေး ကောင်းမွန်ပုံတို့ကို ဖွင့်ဟမိန့်တော်မူခဲ့သည်။

ဤကား ဆရာတော် အရှင်ဉာဏိက ရေးသားပြုစုသည့် ဆရာတော်ကြီး ဦးသေဋ္ဌိလ၏ ဘ၀ဖြစ်စဉ်နှင့် ကမ္ဘာ့ဗုဒ္ဓသာသနာပြု မှတ်တမ်းစာအုပ်မှ ကျန်းမာအသက်ရှည်ရေးနှင့် ပတ်သက်၍ ထုတ်နှုတ်တင်ပြချက် ဖြစ်ပါသည်။ အလွန်တန်ဖိုးရှိလှသဖြင့် တင်ပြရခြင်း ဖြစ်ပါသည်။

( မင်းယုဝေ )

ခင်ပွန်းကြီး ၁၀-ပါးကို မပြစ်မှားခြင်း အကျိုးများ

ခင်ပွန်းကြီး ၁၀-ပါးကို မပြစ်မှား မေတ္တာထား၍ ဆက်ဆံသူကား-
မျက်နှာမြင် ချစ်ခင်၊ အသံကြား သနား၊ ဆိုသည့်ဆုနှင့် ပြည့်စုံတတ်၏။
ရန်သူမျိုးငါးပါးတို့၏ အန္တရာယ်မှ လွတ်ကင်းတတ်၏။
မျက်နှာကြည်လင် စိတ်ကောင်းဝင်လျက် နေရ၏။
သူတပါးတို့ ပူဇော်သက္ကာရပြုခြင်းကို ခံရ၏။
မိမိကို သူတပါးတို့က ကျိုးနွံရိုသေစွာ ဆက်ဆံ၏။
ခံ့ညား ရိုသေ၏။
ခြွေရံသင်းပင်းတို့ တနေ့တခြား တိုးပွားစည်ပင်၏။
အလုပ်အကိုင် အကြံအစည် ထမြောက်အောင်မြင်၏။
ဆွေလယ် မျိုးလယ် တင့်တယ်၏ သြဇာရှိ၏။

( မင်းဘူး ဦးသြဘာသ-တေမိဇာတ် )

ကုသိုလ်ကြီး သုံးရပ်

ကုသိုလ်ဆိုသည်မှာ ကုသလဟူသော ပါဠိစကားမှ ဆင်းသက်လာသော ပါဠိသက်ဝေါဟာရဖြစ်သည်။ အနက်အဓိပ္ပါယ်မှာ ကောင်းမှု-ဟူ၍ဖြစ်သည်။ လူ့ဘ၀တွင် စိတ်စေတနာကောင်းမွန်သော ပုဂ္ဂိုလ်များသည် ကောင်းမှုကုသိုလ်အမျိုးမျိုး ပြုကြသည်။ ယင်းသို့ ပြုကြရာတွင် အဓိကကျသော ကုသိုလ်ကြီးသုံးရပ် ရှိသည်။ ယင်းတို့မှာ ဒါနကုသိုလ်၊ သီလကုသိုလ်၊ ဘာဝနာကုသိုလ်တို့ ဖြစ်ကြသည်။

ထိုကုသိုလ်သုံးရပ်တွင် ဒါနကုသိုလ်သည် ပေးကမ်းစွန့်ကြဲ လှူဒါန်းခြင်းတည်းဟူသော ကောင်းမှုဖြစ်သည်။
သီလကုသိုလ်သည် ငါးပါး ရှစ်ပါး ကိုးပါး ဆယ်ပါးစသော ကျင့်ဝတ်တို့ကို စောင့်ထိန်းသော ကောင်းမှုဖြစ်သည်။ ဘာဝနာကုသိုလ်မှာ သမထဘာဝနာ ၀ိပဿနာဘာဝနာတို့ကို ကျင့်ကြံပွားများ အားထုတ်သော ကောင်းမှုဖြစ်သည်။

ဤကုသိုလ်ကြီးသုံးရပ်လုံးပင် မွန်မြတ်လှသည်။ ပြုသူကို ယခုဘ၀ရော နောင်ဘ၀တွင်ပါ ကောင်းကျိုးချမ်းသာများ ဖြစ်စေနိုင်သည်။ သို့ရာတွင် ဤကုသိုလ်ကြီး သုံးရပ်မှာလည်း အကျိုးကျးဇူးကြီးမားပုံခြင်း မတူကြပေ။ ဒါနကုသိုလ်ထက် သီလကုသိုလ်က ပို၍ အကျိုးကြီးသည်။ တဖန် သီလကုသိုလ်ထက် ဘာဝနာကုသိုလ်က ပို၍ အကျိုးကြီးသည်ဟု ဝေလာမသုတ္တန်၌ ဘုရားရှင်ဟောကြားတော်မူခဲ့သည်ကို အထင်အရှားသိမြင်နိုင်ပေသည်။

ဤနေရာတွင် ဘာဝနာဆိုရာ၌ သမထဘာဝနာ ၀ိပဿနာဘာဝနာ ဟု၍ နှစ်မျိုးရှိသည်ကို ပိုင်းခြားသိမြင်ရပေမည်။ အာရုံတခုတည်း၌ တည်နေသော စိတ်ကို ထပ်တလဲလဲ ဖြစ်အောင် ပွားများခြင်းသည် သမထဘာဝနာဖြစ်ပေသည်။ သမထဘာဝနာသည် နီဝရဏကိလေသာ အပူဓာတ်တို့ကို ငြိမ်းအေးစေနိုင်သည်။
ဝိပဿနာဘာဝနာသည်ကား ပညာစခန်း ဖြစ်သည်။ ၀ိပဿနာဘာဝနာသည် ရုပ်တရား နာမ်တရားတို့၏ မမြဲခြင်း၊ ဆင်းရဲခြင်း၊ အစိုးမရခြင်းတို့ကို ထပ်တလဲလဲ ပွားများရှုမြင်၊ သိမြင်သောပညာ ဖြစ်သည်။ တနည်းအားဖြင့်-ခန္ဓာငါးပါးတို့၏ အဖြစ်အပျက်ကို မပြတ်ရှုမြင်သော ပညာ ဖြစ်သည်။ ၀ိပဿနာဘာဝနာကို ကျင့်ကြံပွားများမှသာ မဂ်တရား ဖိုလ်တရားတို့ကို ရရှိနိုင်ပေမည်။

သို့ဖြစ်၍ ကျွန်ုပ်တို့သည် ဒါနကုသိုလ်၊ သီလကုသိုလ်မျှဖြင့် မတင်းတိမ်သင့်။ ဒါနကုသိုလ် သီလကုသိုလ်အပြင် ဘာဝနာကုသိုလ်တည်းဟူသော ၀ိပဿနာတရားကိုပါ ကျင့်ကြံပွားများအားထုတ်နိုင်ရန် ကြိုးစားကြရပေမည်။ ဗုဒ္ဓဘုရားရှင်ကလည်း ခန္ဓာငါးပါးတို့၏ အဖြစ်အပျက်ကို မရှုမမြင်ဘဲ အနှစ်တရာပတ်လုံး အသက်ရှည်ရခြင်းထက် ခန္ဓာငါးပါးတို့၏ အဖြစ်အပျက်ကို မပြတ်ရှုမြင်သော ပုဂ္ဂိုလ်၏ တရက်မှ အသက်ရှည်ရခြင်းသည် မြတ်၏ဟူ၍ ဓမ္မပဒ၌ ဟောကြားထားပေသည်။ ထို့ကြောင့် အမြတ်ဆုံးဖြစ်သော ၀ိပဿနာတရားကို တတ်နိုင်သမျှ အားထုတ်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။


Read more...

အနှစ်ကိုးပါး (အပိုင်း-၁၃)



သူတို့ အနုပညာကို လေ့လာနေတာပါ
ဒီတော့ ဗောဓိဓာတ်ရအောင်, ဘုရားဓာတ်ရအောင်, ဝမ်းခေါင်းထဲ ကိန်းအောင်းတဲ့ သန္ဓေသားကလေး ဘုရားလောင်းလေး ဖြစ်လာအောင်ဆိုပြီး ဘုရားရှေ့ ကာမဂုဏ်ခံစားတဲ့ပုံ၊ ဘုရားကိုယ်တော်မြတ်ကို လည်ပင်းဖက်ပြီးတော့, မျက်နှာချင်းအပ် ပြီးတော့ အမျိုးသမီးက ထိုင်ထားတဲ့ ပုံတွေကို ကြည့်ရတာဟာ အလွန်စိတ်ပျက်စရာ ကောင်းတယ်။
နီပေါမှာဆိုရင် ညစ်ညမ်းတဲ့ပုံတွေကို ကြေးရုပ်ကလေးများ ထုပြီးတော့ ဆိုင်ပေါ်တင်ပြီး ရောင်းသေးတယ်။
ဘုန်းကြီး မြန်မာပြည်ကလူတွေကို ပြလိုက်ချင်တာ။ ဘုရားကိုးကွယ်တာဟာ ဘယ်လောက်ညံ့ဖျင်းတဲ့ ကိုး ကွယ်ခြင်းတွေ ဖြစ်နေတုန်းဆိုတာကို ပြောပြချင်လို့ပါ။
အဲဒီအရုပ်ကလေးကို ဘုန်းကြီးက ဟိုဘက်က ကြည့် ဒီဘက်ကကြည့် လုပ်နေတော့ဘုန်းကြီးတို့ရဲ့ ပစ္စည်းလေးပါး ဒကာကြီး ဦးဘရီက ''ဆရာတော် ဘာတွေ ရစ်သီ ရစ်သီ လုပ်နေတုန်း'' တဲ့။ လာမေးတယ်။ ဆိုင်ထဲမှာ နည်းတဲ့ အရုပ်တွေမှ မဟုတ်ဘဲ။ မျိုးစုံနေတာ။
ဘုန်းကြီးကလဲ ''ဒကာကြီးရာ ဒါတွေကြည့်နေတာ မဟုတ်ပါဘူး။ သူတို့ရဲ့အနုပညာတွေ လေ့လာနေတာပါ''လို့ ပြောလိုက်ရတယ်။ ဘုန်းကြီးတို့ ပရိသတ်များ ပြောစရာတွေ အများကြီးရှိတယ်။

ကိုင်ဆောင်တောင်ဝှေး လိုလိုရာ ဆေးကြိတ်တယ်
ဘုန်းကြီးတို့တိုင်းပြည်မှာ အနှစ်ပြည့်တယ်။အခြား တိုင်းပြည်မှာ ရတနာသုံးပါးရှိတယ်ဆိုပေမဲ့ အနှစ် အပြည့် အဝ မရှိဘူး။
ဒီတော့ ခုနကဘုရားရှိခိုးတာလဲ ဘယ်လိုလဲ။ မတ်တက်ရပ်ကနေပြီးတော့ ဝမ်းလျားမှောက် ရှိခိုးကြတယ်။
တရားထိုင်တဲ့ အခါမှာလဲ စည်း(သံချွင်)လေး တီး လိုက်၊ နှဲလေးမှုတ်လိုက်နဲ့ တရားထိုင်ကြတယ်။
တရားထိုင်ပြီးတော့လဲ ညစာလေးလဲ ဘုရားရှေ့ ထိုင်ပြီးတော့ စားလိုက်တယ်။
ဘုရားကိုယ်တော်မြတ်ကို ပူဇော်တဲ့အခါမှာလည်း ကာမဂုဏ်နဲ့ (ညစ်ညမ်းတဲ့ အမူအရာတွေနဲ့) ပူဇော်ကြတယ်။
ဒီကနေ့ခေတ်တော့ အဲဒါတွေက ဒါလောက်ခေတ် မစားဘူး၊ ခေတ်စားတဲ့ အချိန်ကတော့ တကယ် ခေတ်စား ခဲ့တာ။
''မဟန့်''ဆိုတဲ့ ဟိန္ဒူဘုန်းကြီးက ဒီမဟာဗောဓိ စေတီတော်ကြီးဟာ ''မဟာဒေဝ''နတ် မင်းကြီးကို ဂုဏ်ပြု ပြီးတော့ တည်ထားတဲ့ စေတီပဲဆိုပြီး ဒီစေတီကြီးကို အပိုင် စီးထားတယ်။
စေတီတော်ကြီးရဲ့ အောက်လိုဏ်ဂူထဲမှာ သျှီဝ နတ်မင်းကြီးရဲ့ 'လိင်အင်္ဂါပုံ'ကို လုပ်ထားတယ်။ မသိတဲ့ ပုဂ္ဂိုလ်တွေ ဘုရားဖူးများ သွားတွေ့လို့ရှိရင် ''ဒါဟာ ဇော်ဂျီ တပသီတွေ ဆေးကြိတ်တာပဲဟ''ဆိုပြီးတော့ အဲဒီနေရာမှာ သူတို့ ဘုရားပူဇော်တဲ့ ပန်းပွင့်လေးတွေ ကြိတ်ပြီးတော့ နဖူးတောင် သုတ်လာတယ်လို့ ကြားဖူးတယ်၊ ဘုရားဖူးမှားတာပဲ။ သတိထားကြပါ။

ဘုရားဖူးတွေကို မှာလိုက်ပါရစေ
ဒါ့ကြောင့် မှာလိုက်စမ်းပါရစေ။ ဘုရားဖူး သွား မယ်ဆိုရင် အရုပ်မြင်တိုင်း ရှိမခိုးကြပါနဲ့။ အိန္ဒိယရောက်လို့ရှိ ရင်လေ အရုပ်တွေ့တိုင်း ဘုရားထင်ကာ ကုန်းပြီးတော့ ရှိ မခိုးလိုက်ကြပါနဲ့၊ စုံစမ်းစစ်ဆေးပြီးမှ ရှိခိုးကြပါ။
ဆဋ္ဌသင်္ဂါယနာတင်တဲ့ အချိန်တုန်းက မြန်မာ ပြည် အစိုးရနဲ့ အိန္ဒိယအစိုးရတို့ အကြိတ်အနယ် ဆွေးနွေး ပြီးတော့ အဲဒီ မဟုတ်တဲ့ အတုအယောင်တွေကို အကုန်လုံး ဗောဓိစေတော်ထဲက ထုတ်ပစ်ခဲ့ရတာ။
ဒီကနေ့တော့ ဗောဓိစေတီကြီးထဲမှ အဲဒီ''လိင် အင်္ဂါ ကြီး'' မရှိတော့ပါဘူး။ သို့သော် စေတီတော်ကြီးထဲမှာ မရှိပေမဲ့ စေတီဲရဲ့ အပြင်ဘက် ၁၅-ကိုက်၊ ကိုက် ၂ဝ- လောက်ကွာတဲ့ နေရာမှာ အုတ်တိုက်ကလေးတခုနဲ့ အဲဒါ ကြီး ရှိသေးတယ်။ အပြီးအပိုင် ဖယ်လို့ မရဘူး။
ဘာ့ကြောင့် ဖယ်မရသလဲဆိုတော့ ''မဟန့်''လို့ ခေါ်တဲ့ ဟိန္ဒူဘုန်းကြီးက လက်မခံဘူး။ သူက ဒါကို အဖယ် မခံဘူး။ အတင်းအကြပ်ခံပြီး တရားစွဲချင်လဲ စွဲဆိုပြီး နေ တော့ သူနဲ့ ရန်ဖြစ်နေရတာနဲ့ ဖယ်လို့ကို မရဘူး။
စေတီတော်ကြီးရဲ့ အတွင်းအပြင်မှာ ထုထားတဲ့ ဂျိန်းရုပ်တွေကိုတော့ အကုန်ဖယ်ပစ်လိုက်တယ်။ အဲဒါတွေ ကတော့ မရှိတော့ဘူး။ နှစ်ရုပ်တော့ကျန်တယ်။
''အဝလောကိတေဆွာရ'' လို့ခေါ်တဲ့ နတ်ရုပ် တစ်ရုပ်ရယ်။ နောက်ပြီးတော့ ဘုရားလောင်း နတ်ရုပ် တစ်ရုပ် ရယ်။ အဲဒီ နှစ်ရုပ်ကျတော့ ဗောဓိစေတီတော်ကြီးရဲ့ အရှေ့ မုခ်က ဝဲယာမှာ၊ အဲဒါကတော့ ခုအထိ ရှိသေးတယ်။

အရိမေတ္တယျဘုရားအလောင်းတဲ့
တိဘက်ဘုန်းကြီးတွေနဲ့ တိဘက်ဗုဒ္ဓဘာသာ အမျိုးသား အမျိုးသမီးတွေက ဗောဓိစေတီတော်ကြီးဆီ ရောက်လာလို့ရှိရင် စေတီတော်ကြီးကို ဦးသုံးကြိမ်ချ၊ ပြီး တော့ အခုနက အဝလောကိတေဆွာရ နတ်မင်းနဲ့ ဗောဓိ သတ္တဘုရားလောင်း အရုပ်ကို အထူးတလည် ပူဇော်ကြတာ၊ ဦးတိုက်ကြတာ။
ဗောဓိပင်ကို ဒါလောက် ဦးတိုက်တာ မဟုတ်ဘူး။ အဲဒီ ဘုရားလောင်းကို သူတို့က အကြိတ်အနယ် ဦးတိုက် နေကြတာ။ သူဟာ ''အရိမေတ္တယျဘုရားလောင်း'' တဲ့။ ဒီအရိမေတ္တယျ ဘုရားလောင်း ဘုရားဖြစ်တဲ့အခါကျရင် သူတို့ တိုင်းပြည်က ဘုရားလောင်းတွေ အကုန်လုံး အဲဒီမှာ ''ဘုရားဆု''ပန်ကြမှာတဲ့။
နောင် အဆက်ဆက် ပွင့်သွားမည့် ဘုရားတွေဟာ တိဘက်ကချည်းပဲတဲ့။ အဲဒါ မှန်းသာကြည့်၊ ဟိုမှာ ဘုရား လောင်းတွေ အများကြီးပဲ။ ဘုန်းကြီးတို့ ပရိသတ်များ ဘုရားဆု ဘယ်နှစ်ခါပန်ဖူးလဲ။ တယ်ညံ့တာပဲ။ တိဘက်က ယောက်ျားမှန်သမျှ အကုန်လုံး ဘုရားလောင်းချည်းပဲတဲ့။
ဘုရားဓာတ်ရအောင်လဲ သူတို့နည်းနဲ့သူတို့ ခုနက ပြောသလို ယူထားကြပေါ့။
ဒီမှာ ဘုန်းကြီးတို့ ပရိသတ် လူဖြစ်ရတာ အလွန် ကံကောင်းပါတယ်။ ဘာဖြစ်လို့ ကံကောင်းသလဲ။ ရတနာ သုံးပါး အစစ်အမှန် ရှိနေလို့ပါ။
ရတနာ ၃-ပါးပြီးရင် သီလ၊ သမာဓိ၊ ပညာဆိုတဲ့ သိက္ခာ ၃-ပါး။
သူတို့ရဲ့ သီလဆိုတာ ခုနကပြောပြီးပါပြီ။ နှဲလေး မှုတ်လိုက်၊ ညစာလေး စားလိုက်နဲ့ တရားအားထုတ်တဲ့ သီလမျိုးပဲ။ သမာဓိဆိုတာကလဲ ပညတ်ပေါ်မှာသာလျှင် များစွာရှုတဲ့ သမာဓိမျိုးပဲ။

သြစတြေးရီးယား အမျိုးသမီးတစ်ယောက် တရားထိုင်ပုံ
ဗောဓိပင်နား တရားထိုင်တဲ့ အမျိုးသမီး တစ် ယောက်ကို ဘုန်းကြီးက အသေအချာ ထိုင်ကြည့်ပြီးတော့ မေးခဲ့တယ်။
သူထိုင်တာက တင်ပျဉ်ခွေလေးရဲ့ အပေါ်မှာ ကြေးကွမ်းအစ် သဏ္ဌာန် ကြေးခွက်ကလေး တစ်ခုရှိတယ်။ အဲဒီကြေးကွမ်းအစ် အရွယ်အစားပဲ အဖုံးလေး ဖုံးထား တယ်။ အဲဒီအထဲမှာ မိုးကုတ်က ကျောက်အဖြုန်း ကလေး တွေလို ကျောက်နီသေးသေးလေး တွေပါတယ်။
တချို့လဲ ဂျုံစေ့လေးတွေ ထည့်ထားတယ်။ တချို့ လဲ ရွေးစေ့ကလေးတွေ ထည့်ထားတယ်။ အမျိုးမျိုးပဲ။ အဲဒီလို ကြေးဗူးကလေးတွေနဲ့ လာကြတယ်။ ထိုင်ပြီးတော့ တော်တော်လေးကြာတော့ အဲဒီ အဖုံးလေးဆွဲဖွင့်၊ အထဲက ရွေးစေ့ (သို့မဟုတ်) ဂျုံစေ့ (သို့မဟုတ်) ကျောက်ခဲလေးတွေ လက်တဆုပ်လောက် ဆွဲထုတ်လိုက်ပြီးတော့မှ အဖုံးလေးရဲ့ အောက်ပိုင်း မျက်နှာစာ မျက်နှာပြင်ထက်မှာ တခါတည်း အဲဒီလက်ထဲက ဥစ္စာတွေ ပုံပြီးတော့ ချလိုက်တယ်။
ပုံပြီးချလိုက်ပြီးတော့ တအား ပွတ်တာပဲ။ ရှဲရှဲရှဲရှဲ နဲ့နေအောင် ပွတ်တာပဲ။ ပွတ်လဲပြီးရော ခုနကဂျုံစေ့တို့ ကျောက်ခဲတို့ ရွေးစေ့တို့ကို ဖယ်လိုက်တဲ့အခါ ခုနက ကြေး ခွက်ကလေးများ ပွတ်ပါများတော့ ပြောင်းပြီးတော့ အရောင် တလက်လက်ထွက်နေတယ်။ တရားထိုင်တိုင်း ဒီလိုပဲ ပွတ်နေတာ။
အရောင် တလက်လက်ထွက်နေတဲ့ ဒီကြေးခွက် ကလေးရဲ့ မျက်နှာပြင်ကို ငုံ့ပြီးတော့ သူ့တို့ သေသေချာချာ ကြည့်တယ်။ ကြည့်ပြီးတော့ တခါပြန်ပိတ်၊ ပိတ်ပြီးတော့ တခါထိုင်ကြပြန်ရော။ တော်တော်ကြာ ဆွဲထုတ်ပြီးတော့ ပွတ်ကြပြန်ရော။ ကြည့်လိုက်ကြပြန်ရော။ ပြန်ပိတ်ပြီးတော့ ထိုင်လိုက်ကြပြန်ရော။ ဒီလို လုပ်နေကြတယ်။

(အပိုင်း-၁၄)မျှော်


Read more...

မျက်ရည်မကျခင် သိစေချင်



မေတ္တာရှင် ဆရာတော်၏ ဆောင်းပါးလေးတစ်ခုပါ။ မသိသေး မဖတ်ရသေးသူများအတွက် ထပ်မံဖြန့်ဝေလိုက် ပါသည်။

လွန်ခဲ့သော (၁၅) နှစ်ခန့် ၁၃၄၃ ခုနှစ် ပြာသိုလ၏ တစ်ခုသောည၊ တစ်ည၊အချိန်အားဖြင့် ည (၁၁) နာရီ ကျော်နေပြီမို့ မြင်းခြံခရိုင် တောင်သာမြို့၏ကျက်သရေဆောင် သာသနာ့ မူလိကာရာမ ကျောင်းသစ်ကျောင်း စာသင်တိုက်ကြီးအတွင်းမှ စာချ စာသင် သံဃာတော် အရှင်မြတ် (၇၀) ကျော်တို့ မိမိတို့အိပ်ရာအသီးသီးတွင် ကျိန်းစက်တော်မူ နေကြပြီ ဖြစ်သည်။ထိုအချိန်မှာပင် ရုတ်တရက် မြင်းခွာသံများ ကြားလိုက်ရသဖြင့် စာရေးသူကအိပ်ရာမှထထိုင်ကာ နားကို အသာစွင့်ထား လိုက်မိသည်။ အချိန်မတော်မြင်းလှည်းဝင်လာပြီ ဆိုသည်နှင့် သွေးအလှူခံလာခြင်း ဆိုသည်ကိုတော့ တပ်အပ်သိလိုက်ပါပြီ။ တောင်သာမြို့လေးမှာ ခရိုင်ထဲတွင် ပါဝင်သောနယ်မြို့လေးတစ်မြို့သာ ဖြစ်သောကြောင့် လူသိတော့ သိပ်မများလှပါ။

သို့သော် မြို့သူမြို့သားများ၏ စေတနာ၊ ကျောင်းသစ်ကျောင်း စာသင်တိုက်မှပဓာနနာယက ဆရာတော်နှင့် စာချ ဆရာတော်များ၏ မေတ္တာကြောင့် စာရေးသူကဲ့သို့မန္တလေးမြို့ပေါ်မှာ ရှင်ဖြစ်သော စာသင်သား အချို့ပင် ဤကျောင်းတိုက်သို့လာရောက် ပညာသင်ကြား ရသည်အထိ သူ့အတိုင်းအတာနှင့် သူတော့ ထင်ရှားသောမြို့
တစ်မြို့ပင်။ရန်ကုန်၊ မန္တလေး ဆေးရုံကြီးများ ကဲ့သို့ ခေတ်မီပစ္စည်းများ အပြည့်အစုံမရှိသေးသောကြောင့် တောင်သာမြို့နယ် ဆေးရုံမှာ သွေးလှူရှင် ရှိသော်လည်းသွေးများကို ကြိုတင်အလှူခံပြီး သိုမှီး သိမ်းဆည်း ထားနိုင်စွမ်း မရှိပါ။ထို့ကြောင့်လည်း သွေးလိုသော အရေးပေါ် လူနာ ရောက်လာသော အခါတွင်မှ
ဦးရေများများ သွေးလှူလေ့ရှိသော စာရေးသူတို့ ကျောင်းတိုက်နှင့် မြို့နယ်မီးသတ်တပ်ဖွဲ့သို့သွေး အလှူလာခံလေ့ ရှိသည်။ကျောင်းတိုက်မှ ၀ါတော်အကြီးဆုံး စာချ ဆရာတော်ဖြစ်သော ဆရာတော်
ဦးနန္ဒောဘာသ၏ နည်းပေး လမ်းပြမှုကြောင့် စာရေးသူတို့သည်လည်း (၁၈)နှစ်သားအရွယ်မှ စတင် သွေးလှူခဲ့ရာ ယခုဆိုလျှင် အကြိမ်ပေါင်း (၃၉) ကြိမ်ရှိခဲ့လေပြီ။ သွေးလှူတတ်ရန် နည်းပေးလမ်းပြ အားပေး တိုက်တွန်းခဲ့သောဆရာတော်၏ ကျေးဇူးကို ဘယ်သောအခါမှ မေ့နိုင်စွမ်းရှိမည် မဟုတ်ပါ။ဆရာတော် ကိုယ်တိုင်လည်း အကြိမ် (၂၀) ကျော် သွေးလှူခဲ့ပြီးကျန်းမာရေးကြောင့် နောက်ပိုင်း လှူခွင့်မရတော့ခြင်း ဖြစ်ကြောင်းသိရပါသည်။

နာရီဝက်ခန့် ရှိပြီဖြစ်သော်လည်း သွေးအလှူခံလာသော မြင်းလှည်းပြန်ထွက်သွားတာ မတွေ့ရသောကြောင့် သွေးအလှူရှင် မရသေးကြောင်းကို ထပ်ဆင့်သိလိုက်ရပြန်သည်။ သံဃာ (၇၀) ကျော်တွင် သွေးလှူနိုင်သော သံဃာ (၄၀) လောက်ရှိသောကြောင့် တစ်ပါးမဟုတ် တစ်ပါးတော့ ရရမည်ဟု စားရေးသူက တွက်ဆထား သည်။ စာရေးသူ ချက်ချင်း ထမသွားခြင်းမှာ ပထမအကြိမ် လှူပြီးတာ လေးလ အတိအကျမပြည့်သေးသော ကြောင့်ပင်။ ကြာကြာ ၀ါးမည့်သွား အရိုးကြည့်ရှောင် ဟူသောစကားအတိုင်း အမြဲတမ်းသွေးလှူနေမည့် သူတစ်ယောက်အနေဖြင့်မိမိကျန်းမာရေးကိုလည်း ဂရုစိုက်ရမည်ဆိုသည့် အသိတရားကလွှမ်းမိုးထား သောကြောင့်လည်း အခြား လေးလပြည့်ပြီးသူများကို မျှော်ကိုး၍ချက်ချင်း ထမသွားခြင်းပါ။

သို့သော် နာရီဝက်ရှိသည်အထိ သွေးအလှူရှင် မရသေးဘူးဆိုတော့ လူနာအတွက် အသက်အန္တရာယ် စိုးရိမ်ရသည်။ ဒီလိုနေနေလို့ မဖြစ်တော့ ဟူသော အတွေးနှင့်အတူစာရေးသူ ခြေလှမ်းများက ကျောင်းတံခါး ပေါက်ဆီသို့ ဦးတည် လိုက်ပါသည်။တံခါးပေါက်က ပွင့်နေပြီးသား၊ ဟုတ်တာပေါ့ ဆရာတော် ဦးနန္ဒောဘာသ တော့ခြောက်ဧကခန့် ကျယ်သော ကျောင်းတိုက်ဝင်းကြီးအတွင်း လှည့်ပတ်၍ သွေးလှူရှင်ရှာနေလောက်ပေပြီ။

ကျောင်းဆောင်ရှေ့အရောက်မှာပင် ကိုရင်ဣန္ဒ၀ံသကို အသင့်တွေ့လိုက်သည်နှင့်-“ကိုရင်ဣန္ဒ၀ံသ သွေးလှူရှင် မရသေးဘူးတဲ့လား”“မရတာမဟုတ်ဘူး သွေးလှူရှင် ကိုယ်တော်တွေက ဒီလူနာမျိုးကို သွေးမလှူချင်လို့ ရှာမရဖြစ်နေတာ” “ဟာ……. ဘာဖြစ်လို့မလှူချင်ကြတာတဲ့လဲ”“လူနာက ကိုယ့်ကိုယ်ကို သေကြောင်းကြံပြီး ဆေးသောက်တာတဲ့၊ အဲဒါကြောင့်အသက်သေချင်လို့ သေကြောင်းကြံတဲ့လူနာကို အသက် ပြန်ရှင်အောင် လှူနေစရာမလိုပါဘူးဆိုပြီး မလှူကြတာပေါ့”“အဲဒီအယူအဆကို တပည့်တော် လက်မခံဘူး၊ အရှင်ဘုရားရော လက်ခံသလား ကိုရင်ဣန္ဒ၀ံသ”“တပည့်တော်တော့ လက်ခံတယ်၊ ဒါကြောင့် တပည့်တော်လဲ လိုက်မလှူတာ”

“ဒါဆို အရှင်ဘုရားကို တစ်ခုမေးပါရစေ၊ တလောက ရပ်ကွက်ထဲ ရွှေပန်းတိမ်အိမ်တစ်အိမ်က လသားအရွယ် ကလေးလေး တစ်ယောက် ရွှေသန့်စင်တဲ့ ငရဲမီးတွေကိုသောက်မိလို့ အသက်ဆုံးသွားရတယ်။အဲဒီကလေးလေး သေသွားရတာ ငရဲမီးတွေ သောက်တဲ့ကလေးရဲ့အပြစ်လား၊ ငရဲမီးကို ကလေးနဲ့ လွတ်ရာကျွတ်ရာမှာ မထားတဲ့ လူကြီးမိဘတွေရဲ့ အပြစ်လား”“ကိုရင် ဇ၀နကလဲ ဒါကတော့ လူကြီးတွေရဲ့ အပြစ်ပေါ့ ဟိုလသား အရွယ်လေး ကတော့ဘာသိတာ မှတ်လို့”“အဲဒါဆိုရင် အခုသေကြောင်းကြံတဲ့ လူနာကိစ္စမှာလဲ သေကြောင်းကြံတဲ့ လူနာမှာဘာမှ အပြစ်မရှိဘူး၊ အရှင်ဘုရားတို့၊ တပည့်တော်တို့ သံဃာတွေနဲ့မိဘတွေမှာပဲ အပြစ်ရှိ တယ်”“ဟောဗျာ… ကိုရင်ဇ၀န ကြည့်လဲလုပ်ဦး၊ ဘုန်းကြီးအမှု ရွာပတ်လို့သာကြားဖူးတယ်၊ အရှင်ဘုရားလုပ်မှ ရွာအမှု ဘုန်းကြီးပတ် ဖြစ်နေပါလား”“ဒါလဲ ဖြစ်သင့်လို့ ဖြစ်တာလို့ပဲ မှတ်ကြရအောင်၊ အရှင်ဘုရား တရုတ်ပညာရှိကြီး ကွန်ဖြူးရှပ်ရဲ့ အဆိုအမိန့်လေးတစ်ခု ကြားဘူးလားမသိဘူး”
“ဆိုစမ်းပါဦး”
“ကွန်ဖြူးရှပ်က ပြောတယ်၊ သဘောထား မပြည့်ဝတဲ့သူဟာ သူတစ်ပါး အပြစ်ကိုပဲမြင်လေ့ရှိတယ်။ သဘောထားပြည့်ဝတဲ့ သူကျတော့ ကိုယ့်ကိုယ်ပဲ အပြစ်မြင်တယ်၊ပိုပြီး သဘောထား ပြည့်ဝတဲ့ သူကျတော့ ဘယ်သူ့ကိုမှ အပြစ် မမြင်တော့ဘူးတဲ့။အဲဒီတော့ အရှင်ဘုရားတို့ တပည့်တော်တို့လဲ သဘောထား ပြည့်ဝတဲ့သူထဲ ပါအောင်ကိုယ့်အပြစ်ကိုယ်ပဲ ရှာကြည့်ကြရအောင်၊ အခု သေကြောင်းကြံတဲ့ ကိစ္စမှာ သေကြောင်းကြံတဲ့ လူနာဟာ ဘ၀တန်ဖိုး၊ ဘ၀အနှစ်သာရ၊ ဘာသာတန်ဖိုး၊ဘာသာအနှစ်သာရ ဘာမှမသိရှာဘူး၊ ဒါကြောင့် လူ့ဘ၀တစ်ခုကို လွယ်လွယ်ပြန်ရမယ်လို့ ထင်လို့သာ ကိုယ့်ကိုယ်ကို သေကြောင်း ကြံတာပေါ့”

“ဒါကြောင့် သေကြောင်းကြံတဲ့ လူနာမှာ အပြစ်မရှိဘူးလို့ ပြောခဲ့တာပေါ့၊သံဃာများနဲ့ မိဘများက ဘာ့ကြောင့် အပြစ်ရှိသလဲ ဆိုတော့ ဒီလူနာကို အခုလိုသေကြောင်း မကြံစည်မီ အချိန်တုန်းကတည်းက ဘ၀တန်ဖိုး၊ ဘာသာတန်ဖိုး၊ဘ၀အနှစ်သာရ၊ ဘာသာ အနှစ်သာရကို သေသေချာချာ နားလည်အောင် ဗိုက်ထဲမှာ
ဘုရားတည် မပေးမိတဲ့အတွက်ပဲ”“ဘယ်လို၊ ဗိုက်ထဲမှာ ဘုရားတည်မပေးတဲ့အတွက် ဟုတ်လား”
“ဟုတ်တယ်၊ ဒါက တင်စားပြောတာပါ၊ အရှင်ဘုရား အချိန်ရရင် ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွေထဲ ၀င်ကြည့်၊ အလှူခံပုံးတွေမှာ ရေးထားတဲ့စာကကလေးများဗိုက်ထဲ ဘုရားတည်ရန်တဲ့၊ ဘယ်လောက် ကောင်းလိုက်တဲ့
ရည်ရွယ်ချက်လဲလို့၊ အဓိပ္ပာယ်က နုနယ် ငယ်ရွယ်တဲ့ ကလေးဘ၀ ကတည်းက ဘာသာရေး
အသိဉာဏ်တွေကို အပြည့်အ၀ သွင်းပေးထားရမယ် ဆိုတာပါပဲ။”“ဒါကို အတုယူပြီး ဗုဒ္ဓဘာသာ ကလေးများကိုလဲ ငယ်ရွယ်စဉ်ကတည်းက ယဉ်ကျေးမှုဘာသာရေး သင်တန်းတွေ အပြည့်အ၀ သင်ပေးနိုင်အောင် ဆရာဒကာ လက်တွဲပြီးသေသေချာချာ ကြိုးစားသင့်ကြပြီ။ မြေပြင်မှာတည်တဲ့ ဘုရားထက် ဗုဒ္ဓဘာသာကလေးငယ်တွေရဲ့ နှလုံးသားမှာ တည်တဲ့ဘုရားက သာသနာအတွက် ပိုပြီး
ကျေးဇူးများမယ် ဆိုတာကို အင်ဒိုနီးရှားနိုင်ငံမှာရှိတဲ့ ကမ္ဘာကျော်ဗောဓောဗုဓု ကျောက်စေတီကြီးက သက်သေပြနေပြီလေ”

“ကလေးတွေရဲ့ နှလုံးသားထဲမှာ တည်ထားတဲ့ ဘုရားမရှိတော့ အရင်တုန်းကဗုဒ္ဓဘာသာဖြစ်ခဲ့တဲ့ အင်ဒိုနီးရှား တစ်ပြည်လုံးဟာ အခု အချိန်မှာတော့တခြားဘာသာတွေရဲ့ လက်ထဲ ရောက်ခဲ့ရပြီ မဟုတ်လား။ ဒီဘာသာခြားတွေရဲ့အန္တရာယ်မျိုးကျတော့ မြေပြင်မှာ တည်ထားတဲ့ ဗောဓောဗုဓု ကျောက်စေတီကြီးက
ဘာမှ မတတ်နိုင်တော့ဘူး မဟုတ်လား”“ကဲ တော်ပြီ စကားသိပ်ရှည်နေလို့ လူနာအသက် မမီဘူးဖြစ်နေဦးမယ်။
တပည့်တော်ကတော့ သွေးလဲလှူမယ်၊ ဘာသာရေး အသိဉာဏ် ဓမ္မကိုလဲလှူမယ်”ပြောပြောဆိုဆိုဖြင့် ထွက်ခဲ့ရာ သွေးအလှူခံလာသော မြင်းလှည်းနားသို့ရောက်လာသည်နှင့် စိုးရိမ်တကြီးဖြင့် သွေးအလှူရှင်ကို စောင့်မျှော်နေသည့်အသက် (၅၀) အရွယ် ဒကာကြီးတစ်ဦးကို တွေ့လိုက်ရသည်။ စာရေးသူက-
“ဒကာကြီး သွေးအလှူရှင်ရပလား”
“မရသေးပါဘုရား”
“ဘယ်နှစ်ပုလင်းလဲ”
“တစ်ပုလင်းပါဘုရား”
“သွေးအမျိုးအစားကရော”
“ဘီသွေးပါဘုရား”
“ကဲ ဒါဆိုရင်သွားကြစို့၊ ကိုရင်ပဲလှူမယ်၊ တခြားစောင့်မနေနဲ့၊ရမှာလဲမဟုတ်ဘူး၊ ကိုရင်ဣန္ဒ၀ံသ ဆရာတော် ဦးနန္ဒောဘာသကို လျှောက်လိုက်ပါ၊သွေးလှူဖို့ တပည့်တော် လိုက်သွားပြီလို့”ကျောင်းနှင့် တစ်မိုင်သာသာခန့် ဝေးသော ဆေးရုံဆီသို့ မြင်းလှည်းမောင်းထွက်လာသည်နှင့် စာရေးသူက မျက်နှာတွင် ညှိုးရော် ကြေကွဲရိပ်
ထင်နေသည့် ဒကာကြီးအား တစ်ချက်မေးကြည့်လိုက်သည်။“ဒကာကြီး လူနာက ဘယ်လိုဖြစ်တာတုံး၊ နည်းနည်းလောက် ပြောပြပါလား”“မှန်ပါ၊ ပြောပြပါမယ်ဘုရား၊ တပည့်တော်တို့က တောကပါဘုရား၊ သမီးလေးကိုစာတတ်ပေတတ် ဖြစ်စေချင်လို့ မြို့ပေါ်က သူ့ဦးလေးအိမ်မှာ နေစေပြီးကျောင်းတက်ခိုင်းပါတယ် ဘုရား။ အဲဒါ ဒီနှစ်ဆယ်တန်း စာမေးပွဲကျတော့စာမကြိုးစားဘဲ အပျော်အပါးနဲ့ အချိန်ကုန်နေလို့ ဖြစ်မှာပဲလို့ထင်ပြီးလူရှေ့သူရှေ့မှာ ရိုက်နှက် ဆုံးမမိပါတယ် ဘုရား။ အဲဒါ သမီးလေးက အရှက်ရပြီး
ဘာမီတွန် ဆေးပြားတွေကို တစ်ပုလင်းလုံး သောက်ပစ်လိုက်တာပါပဲ ဘုရား”“တပည့်တော်တို့ သိတဲ့အချိန်ကျတော့ ပါးစပ်က အမြှုပ်တွေတောင် ထွက်နေပြီ။ဒါနဲ့ ဆေးရုံကို ချက်ချင်း ပြေးလာကြတာပါပဲ ဘုရား၊ ဆေးရုံက သွေးလိုတယ်၊သွေးသွင်း ကုရမယ်လို့ ဆိုတာနဲ့ အရှင်ဘုရားတို့ ကျောင်းကို သွေးအလှူခံ
ရောက်လာခဲ့တာပါ။ နောက်မှ သိရတာက သမီးလေး စာမေးပွဲကျတာ အပျော်အပါးကြောင့်
မဟုတ်ဘဲ စာမေးပွဲဖြေခါနီး ကပ်ပြီး နေမကောင်းလို့တဲ့ ဘုရား၊ မစူးစမ်းမဆင်ခြင်ဘဲ လူရှေ့သူရှေ့မှာ ရိုက်နက်ဆုံးမတဲ့တပည့်တော်ရဲ့အပြစ်ပါပဲဘုရား”

ပြောနေရင်းပင် ဒကာကြီး၏ မျက်လုံးမှ မျက်ရည်များ စီးကျလာသည်ကိုတွေ့လိုက်ရသဖြင့် စကားလမ်းကြောင်းကို တစ်နေရာသို့ ပြောင်းပေးလိုက်ရသည်။“အဆိုးထဲက အကောင်းပေါ့ ဒကာကြီးရယ်။ နောက် သားသမီးတွေ ဆုံးမတဲ့အခါ ဒီလိုမဖြစ်ဖို့အတွက် သင်ခန်းစာယူရမှာပေါ့၊ စိတ်ပညာ ကျမ်းတွေရဲ့ အဆိုအရ လူဟာကိုယ့်ကိုယ်ကို အထင်အကြီးဆုံးပဲတဲ့၊ ကလေးသူငယ်တွေရဲ့ တလူလူ
တက်နေတဲ့အညွန့်ကို မိဘဆရာတွေက ချိုးမိသလိုမဖြစ်အောင် အမြဲတမ်းဂရုစိုက်ကြရမယ်၊ ဒါကြောင့် ရှေးဆရာများက မိမိတပည့်သားသမီးကိုဆုံးမတာတောင် အဆုံးမတတ်ဖို့အတွက် နည်းလမ်းလေးတွေ ပေးထားတယ်”

“တရံတဆစ်၊
အပြစ်အနာ
တွေ့သောခါဝယ်၊
ကွယ်ရာခေါ်၍
ဆုံးမလေ့၏။
သူ့ရှေ့သူ့မှောက်
ပွဲပြင်ရောက်သော်၊
မြှောက်မြှောက်စားစား၊
သားအားပိုက်ဖြူး၊
မိဘကျူးသို့၊
ကျေးဇူးကိုသာ
ရှာ၍ချည်းဆို။”

“အဓိပ္ပာယ်က တပည့်သားသမီးကို အပြစ်ပြောပြီး ဆုံးမစရာရှိရင်ကွယ်ရာမှာခေါ်ပြီး တိုးတိုးတိတ်တိတ် ဆုံးမပါတဲ့၊ လူ့ရှေ့သူ့ရှေ့မှာဆိုရင်တော့ တပည့်သားသမီးရဲ့ ကောင်းကွက်ကိုသာရှာပြီး ချီးမွမ်းပါတဲ့၊
မိဘဆရာတွေအတွက် မှတ်သားစရာပေါ့ ဒကာကြီး”“အရင်ကသာ ဒီနည်းလမ်းလေး သိထားရင် တပည့်တော် သမီးလေး ဒီအဖြစ်ဆိုးမျိုးဘယ်ကြုံရမှာတုံး ဘုရား”ဘယ်လိုပင် စကားလမ်းကြောင်း ပြောင်းပေးသော်လည်း ဒကာကြီး၏ မျက်ရည်တို့ကဘယ်လိုမှ စဲမသွားခဲ့ပါ။ သို့နှင့်ပင် ဆေးရုံဝင်းထဲသို့ မြင်းလှည်း
ရောက်သည်နှင့် စာရေးသူက သွေးဖောက်သော အခန်းထဲ ခပ်သွက်သွက်ဝင်သွားလိုက်သည်။ သွေးဖောက်နေဆဲ အချိန်မှာလည်း အာနိသင်ပိုရှိရန် သွေးကဆေးကဲ့သို့ အစွမ်းထက်ရန် လူနာသို့မှန်းပြီး မေတ္တာပို့နေလိုက်သည်။

သွေးဖောက်ပြီးသည်နှင့် စောစောက ဒကာကြီး အခန်းထဲသို့ ၀င်လာကာ-“အရှင်ဘုရား သမီးလေးအဖြစ်က သေမယ် ရှင်မယ်ဆိုတာ တပ်အပ်သေချာမပြောနိုင်တော့ ဖြစ်နိုင်ရင် လူနာဆောင်ထဲ ခေတ္တကြွပြီး သိသင့် သိထိုက်တဲ့တရားလေးများကို ဟောကြားပေးပါဘုရား”စာရေးသူ ခေါင်းညိမ့်ပြပြီး လူနာရှင် ဒကာကြီးနှင့်အတူ သွားလိုက်သည်။ လူနာဆောင်ထဲ ရောက်တော့ စာရေးသူထံမှ ထုတ်ယူသွားသော သွေးများကို လူနာအား
ချက်ချင်း ပြန်သွင်းပေနေသည်ကို တွေ့ရသည်။ ထူးခြားသော မြင်ကွင်းက စာရေးသူမျက်စိထဲမှ မထွက်၊ သေလုမြောပါး ဝေဒနာ ခံစားနေရသော်လည်း လူနာမိန်းကလေး၏မျက်နှာက တင်းမာ ခက်ထန်သယောင် ရှိနေသည်။

စကားကတော့ မပြောနိုင်ရှာတော့ပါ။ သွေးလှူရှင် ကိုရင်ကြွလာသည်ဟု မိဘများကပြောလိုက်သည်နှင့် မျက်လုံးကိုတော့ အားယူပြီး ဖွင့်ကြည့်လိုက်သည်ကိုတွေ့ရသည်။ အချိန်က သိပ်တန်ဖိုးရှိနေသည်။ စာရေးသူက အချိန်မဆွဲတော့၊လူနာအား ခေတ္တစိုက်ပြီး စိတ်ထဲမှ မေတ္တာပို့လိုက်ပြီးနောက် လူ့ဘ၀အပါအ၀င်
ရခဲခြင်းတရားငါးပါး၊ ဘ၀တန်ဖိုး၊ ဘာသာတန်ဖိုး၊ ဘ၀အနှစ်သာရ၊ ဘာသာအနှစ်သာရ။ထို့နောက် ပုထုဇဉ်တိုင်း အားကိုး အားထားပြုရမည့် အပါယ်မလားစေသောကုသိုလ်များ၊ သေခါနီးတွင် ဂတိကောင်းရန် စိတ်ထားပုံမှစ၍
တစ်နာရီခန့်ကြာအောင် တရားအလှူကို ပေးလှူလိုက်ပါသည်။ တရားအဆုံးတွင်လူနာရှင်များရော၊ ဆေးရုံဝန်ထမ်းများပါ အားလုံး ၀မ်းသာအားရ သာဓုခေါ်ကြသည်။ထူးခြားသည်က ဒေါသအရှိန်ဖြင့် တင်းမာသယောင် ရှိနေသော ဆယ်တန်းကျောင်းသူလေး၏ မျက်နှာမှာ နူးညံ့ ပျော့ပျောင်းလာပြီး လက်အုပ်ချီ
ကန်တော့ချင်သည့် အမူအရာကို ပြသဖြင့် မိဘများက သူမ၏လက်ကို လက်အုပ်ချီပြီး
ရင်ဘတ်ပေါ် တင်ပေးလိုက်ကြခြင်းပင်။မျက်စိကို အားယူဖွင့်ရင်း စာရေးသူကို ကန်တော့ရင်းကပင် ၀မ်းသာ
ကြည်နူးနေသော မျက်နှာအသွင်မှ တစ်ဖန် ၀မ်းနည်း ကြေကွဲသော မျက်နှာသို့ချက်ချင်း ပြောင်းသွားပြီး မျက်ရည်များပိုးပိုးပေါက်ပေါက်လှိမ့်ဆင်းလာကြသည်။

အမူအရာဖြင့်သာ ပြောပြနိုင်ရှာသော ဆယ်တန်း ကျောင်းသူလေး၏ စကားကို စာရေးသူ
ဘယ်လိုမှ နားမလည်နိုင်ခဲ့။ သူမပြောပြလိုသော စကားများ၏ အဓိပ္ပာယ်ကိုနောက်သုံးရက်ကြာမှ သိရသည်။ လူနာရှင် ဒကာကြီး ကျောင်းသို့ရောက်လာပြီး-“အရှင်ဘုရား တပည့်တော် သမီလေး ဆုံးသွားပါပြီ ဘုရား၊ သက်သာသလိုတော့ဖြစ်သွားသေးတယ် ဘုရား၊ အဲဒီအချိန်လေးမှာ မနည်း အားယူပြီး အရှင်ဘုရားကို
လျှောက်ခိုင်းတာလေးလဲရှိလို့ လာလျှောက်တာပါဘုရား၊ သမီးလေးပြောသွားတာကတော့ ဘ၀တန်ဖိုး၊ ဘာသာတန်ဖိုး၊ ဘ၀အနှစ်သာရ၊ ဘာသာအနှစ်သာရကိုမသေခင်မှာ သိသွားရလို့ သူသိပ်ပြီး ၀မ်းသာပါသတဲ့ဘုရား။”

“အရှင်ဘုရားကိုလဲ သွေးတင်မက တရားပါ လှူတဲ့အတွက် ကျေးဇူးတင်ရှိကြောင်းကိုသေချာ လျှောက်ထားခိုင်းပါတယ်၊ တရားဆုံးတဲ့နောက် သူ့မျက်နှာကြည်လင်သွားတာက မသေခင်မှာ သိသင့်သိထိုက်တဲ့ တရားကို သိရလို့ပါတဲ့။သူ့မျက်နှာ ညှိုးသွားပြီး မျက်ရည်ကျတာကိုလဲ တစ်မျိုးမထင်ပါနဲ့တဲ့၊
အဲဒါကတော့ ရခဲတဲ့လူ့ဘ၀ထဲကနေ ဘ၀အနှစ်သာရ ဘာတစ်ခုမှ ထုတ်မယူနိုင်တော့တဲ့အတွက် ၀မ်းနည်းပြီး ငိုမိတာပါတဲ့ဘုရား”ဟု လျှောက်ထားသွားရာ ဒကာကြီး၏ လျှောက်ထားသံက နားထဲကမထွက်။ သြော်- ဆယ်တန်းကျောင်းသူလေးကား ဘ၀တန်ဖိုး၊ ဘာသာတန်ဖိုး၊ ဘ၀အနှစ်သာရ၊ ဘာသာအနှစ်သာရကို
မျက်ရည်ကျပြီးမှ သိသွားတာပါလား၊ ကျန်သောဒကာ၊ ဒကာမများ ဘ၀တန်ဖိုး၊ဘာသာတန်ဖိုး၊ ဘာသာအနှစ်သာရကို ဆယ်တန်း ကျောင်းသူလေးကဲ့သို့ မျက်ရည်ကျပြီးမသိစေချင်ပါ၊ မျက်ရည်မကျခင် ကပင် ဘ၀တန်ဖိုး၊ ဘာသာတန်ဖိုး၊ ဘ၀အနှစ်သာရ၊ဘာသာအနှစ်သာရကို သိစေချင်လှပါသည်။
ထို့ကြောင့်လည်း ဤကျမ်းစာကို “မျက်ရည်မကျခင် သိစေချင်” ဟု အမည်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်း တင်ပြလိုက်ရပါသည်။
ချမ်းသာကိုယ်စိတ်မြဲကြပါစေ။

မေတ္တာရှင်(ရွှေပြည်သာ)
ဆရာတော်ဦးဇ၀န
မန္တလေးကျောင်းတိုက်
(၆)ရပ်ကွက်၊ ရွှေပြည်သာ၊ ရန်ကုန်။

ဆက်ဖတ်ရန်...

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP