* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။
* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။
နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။
ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။
ကရုဏာလက်များ ကမ်းလင့်ပေးပါ...
ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။
ပညာရေးအလှူတော် နှိုးဆော်ချက်
ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။
သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။
ဝိမုတ္တိရသ အဖွဲ့သားများ
------------------------
နောက်ဆက်တွဲသတင်း.....
ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်
ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။
ပြုလုပ်မည့်အစီအစဉ်
ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။
လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ
(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။
(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။
(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။
(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။
အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)
ဆက်သွယ်ရန်လိပ်စာ
ကိုထွန်းထွန်းလှိုင်
ဖုန်း ၀၉-၇၃၀၆၂၈၁၁
htunhtunhlaing82@gmail.com
winthu.tbyo@gmail.com
thantzin83@gmail.com
Wednesday, September 9, 2009
ဖတ်မိသမျှ စာများ (၂)
ဒီတခါ ဖတ်မိသမျှစာထဲမှာ (ဓမ္မရံသီမဂ္ဂဇင်းမှာ) အရေးကြီးတဲ့ ဆောင်းပါးတစ်ပုဒ်ပါလာပါတယ်။ စာရေးဆရာ သတ္တိဇော် ရေးတဲ့ ဆောင်းပါးတစ်ပုဒ်ပါ။ ခေါင်းစဉ်က “ပစ္စုပ္ပန် ကမ္မ၀ါဒ” ဆိုလို့ စိတ်ဝင်စားသွားတယ်၊ ယခုတလော ဒီအကြောင်းတော်တော်များ ကြားရတယ်၊ သူများရောယောင် ကိုယ်ရောယောင်ဆိုတာလို မဖြစ်ရလေအောင် စာဖတ်သူများအားလုံး အတွက် အမှားအမှန် ခွဲခြားဝေဖန်တတ်ရန် တဆင့် ပြန်လည်တင်ပြပေးလိုက်ပါတယ်။
ပစ္စုပ္ပန်ကမ္မ၀ါဒ
စာရေးသူနေထိုင်ရာ ပြည်မြို့ အိမ်သို့ ဦးပဉ္စင်းနှစ်ပါး ကြွလာသည်။ တစ်ပါးက မြို့ခံဖြစ်သည်၊ တစ်ပါးမှာ ရေနီမှ ကြွလာသည်ဟု သိရပါသည်။ ရေနီတွင်နေသော စာရေးသူ၏ တက္ကသိုလ်ကျောင်းနေဖက်သူငယ်ချင်းကို အကြောင်းပြု၍ ကြွရောက်လာကြခြင်းဖြစ်ပါသည်။
ရေနီဦးပဉ္စင်းနှင့် စကားပြောရင်း တရားဘက်သို့ ရောက်သွားပါသည်။ ထိုဦးပဉ္စင်းထံမှ ထူဆန်းထွေလာ တရားစကားများကို ကြားသိ ရပါသည်။ စာရေးသူမှာ စိတ်နှလုံး မသက်မသာဖြင့် အောင့်ကာ နားထောင်လိုက်ရပါသည်။
ထိုဦးပဉ္စင်းမှာ ပြည်မြို့၌ နှစ်လခန့် သီတင်းသုံးမည်ဖြစ်ကြောင်း တရားဆွေးနွေးလိုပါက ကျောင်းသို့ လာနိုင်ကြောင်း မြို့ခံ ဦးပဉ္စင်းက ဖိတ်ခေါ်ပြီး ပြန်ကြွ သွားကြပါသည်။ ရေနီမှာ သူငယ်ချင်းက စာတစ်စောင်ပါပေးလိုက်သဖြင့် ဦးပဉ္စင်းများ ပြန်ကြွသွားမှ ဖွင့်ဖတ် ဖြစ်ပါသည်။ လွန်ခဲ့သော ၂၃ နှစ်က ကွဲကွာသွားသော သူငယ်ချင်းဖြစ်သည်။ စာရေးသူသည် မသိရသေးသော သူ၏မိသားစု အကြောင်း စီးပွား ရေးအကြောင်း၊ များအပြင် ဘာသာရေးအကြောင်းကိုလည်း ထည့်သွင်း ရေးထားသည်။
သူသည် အခုမှဘာသာရေးကို ထဲထဲဝင်ဝင်သိကြောင်း၊ မိတ်ဆွေများနှင့် ညနေတိုင်းညတိုင်း တရားဆွေးနွေးကြကြောင်း ရေးထား၍ စာရေးသူ ၀မ်းသာမိပါသည်။ ရေနီကို လာလည်ဖို့လည်း လိပ်စာ ပေးထားပါသည်။ စာရေးသူသည် မတွေ့ရတာကြာပြီဖြစ်သော သူငယ်ချင်းနှင့် တွေ့ရန် နောက်တစ်နေ့တွင် ပြည်မှ ရန်ကုန်၊ ရန်ကုန်မှ ရေနီသို့ ရထားဖြင့် အရောက်သွားခဲ့ပါသည်။
စာရေးသူသည် သူငယ်ချင်းအိမ်သို့ ရောက်၍ အမောအပန်းဖြေပြီးသည်နှင့် သူငယ်ချင်းက အာဝဇ္ဇန်း ရွှင်ရွှင်ဖြင့် တရားစတင်ဟော ကြားပါတော့သည်။ ပါဠိပါဌ်သား အကိုးအကားဖြင့် ဟောပါသည်။ စာရေးသူသည် သူငယ်ချင်းကို ကြည့်၍ အထင်ကြီးမိသည်။
“ အဘိဓမ္မာတရားတော်ဟာ ဘုရားဟောမဟုတ်၊ အဋ္ဌကထာဆရာတို့၏လက်ရာ၊ ပထမသင်္ဂါယနာတင်စဉ်က အဘိဓမ္မာမပါ” စသည်ဖြင့် ဟောပြောလိုက်ပါသည့်အခါတွင်ကား စာရေးသူ ကျောစိမ့်ရပါပြီ။ အဘိဓမ္မာပိဋကကို အဘယ့်ကြောင့် ပစ်ပယ်လိုကြသနည်း။ နတ် ပြည်တွင်ဟောသော တရားဖြစ်၍လား…… ပဋိသန္ဓေစိတ်၊စုတိစိတ်တို့ ပါသော တရားဖြစ်၍လား…။
အတန်ကြာ ဟောပြော၍ စကားလိပ်ပတ်လည်မှ သူတို့ကိုးကွယ်သော ဘာသာမှာ ပစ္စုပ္ပန်ကမ္မ၀ါဒ ဗုဒ္ဓဘာသာဖြစ်ကြောင်း၊ သူတို့ ဆရတော်မှာ အသက် (၈၀)ကျော်ပြီဖြစ်၍ သင်္ကန်းအပြာရောင်ဝတ်ကြောင်း၊ စာရေူးအိမ်သို့ ကြွလာသော ရေနီဦးပဉ္စင်းမှာလည်း သင်္ကန်းအပြာ ရောင် ၀တ်လိုသူဖြစ်ကြောင်း၊ ဆရာတော်က ခွင့်မပြု၍ မ၀တ်ရကြောင်း၊ ပြည်မြို့သို့ သာသနာပြုရန် ကြွလာကြောင်းစသည့် သူတို့ဝါဒ၏ အတွင်းသရုပ်ကို အလုံးစုံ သိရပါတော့သည်။ အဘိဓမ္မာပိဋကကို အဘယ့်ကြောင့် ပစ်ပယ်ရသည်ကို စာရေးသူ ရိပ်စားမိပါပြီ။
သူတို့ဝါဒက ပစ္စုပ္ပန်တစ်ဘ၀ကိုသာ ကြည့်၏။ အတိတ်ဘ၀၊ အနာဂတ်ဘ၀ရှိသည်ဟု မယုံကြည်။ အတိတ်ဘ၀၊ အနာဂတ်ဘ၀ ရှိသည်ဟု ဆိုသူများကို ပါဠိပါဌ်သား အထောက်အထားများ လိုရာဆွဲယူ ရွတ်ဆိုပြ၍ ဒိဋ္ဌိဟု စွပ်စွဲသည်။ လူဝင်းစားဆိုသည်များ မဟုတ်နိုင်ဟု အချက်ကျကျ ဇွတ်အတင်း ပြောသည်။ ပစ္စုပ္ပန်တစ်ဘ၀တည်းတွင် အတိတ်၊ ပစ္စုပ္ပန်၊အနာဂတ်ဟု ကာလသုံးပါးခွဲ၍ ပဋိစ္စသမုပ္ပါဒ်ကို လှည့်ပြ သည်။
အနိစ္စဆိုတိုင်း မကောင်းသည် မဟုတ်။ အနိစ္စကြောင့် လောကကြီး တိုးတက်သည်။ အနိစ္စသာမရှိလျှင် မင်းလည်း ကလေးဘ၀က တက်မည်မဟုတ်။ သရက်စေ့လည်း စားကောင်းသော သရက်သီး ဖြစ်လာမည်မဟုတ်ဟု ယုတ္တိဗေဒနည်းဖြင့် မျက်စိလည်သွားအောင်ကို အနိစ္စ ချီးမွန်းခန်းဖွင့်သည်။
လက်ရှိ ခန္ဓာကိုယ်ကို ဒုက္ခဟုထင်နေလျှင် နိုက်ထရစ်အက်ဆစ် တစ်ရာရာခိုင်နှုန်း အပြည့်ထည့်ထားသော ကန်ကြီးထဲသို့ ခုန်သာချ ပေရော့ဟု ငေါ့တော့တော့ ပြောသည်။ အရှိခန္ဓာကို ဒုက္ခဟု ဟောတာမဟုတ်၊ အစွဲခန္ဓာကို ဒုက္ခဟု ဟောတာ။ “ပဉ္စုပါ ဒါနက္ခန္ဓာပိ ဒုက္ခာ” ပါဠိ များ ရွတ်လိုက်သေးသည်။
ကာမေသုမိစ္ဆာစာရကို အနက်ဖွင့်ရာ၌မူ လက်ဖျားခါယူရသည်။ “ ကာမေသုမိစ္ဆာစာရ” ဆိုတာသူတစ်ပါး သားမယားကို ပြစ်မှားတာ ချည်းမဟုတ်ဘူး။ ကာမေသုဆိုတာ ကာမဂုဏ်အာရုံတို့၌၊ မိစ္ဆာစာရ - လွဲမှားစွာကျင့်တာပဲ။ တို့ကတော့ သူတစ်ပါးသားမယား ပြစ်မှားဖို့ နေနေသာသာ မီးရထားပေါ်မှာ ကိုယ့်ဘေးကခုံ နေရာလွတ်သွားရင်တောင် ခြေဆင်းမထိုင်ဘူး။ ခြေဆင်းထိုင်လိုက်ရင် ကာမေသုမိစ္ဆာစာရ ပဲ ဟူလေသည်။
၃၁ ဘုံရှိသည် ဆိုသည်ကို မယုံကြည်။ တိရစ္ဆာန်ဘုံကို မြင်နေရသားပဲ ဟု ဆင်ခြေတက်သူကို ၃၁ ဘုံမှာ ၂ဘုံပဲမြင်ရတာကို ရေးကြီး ခွင်ကျယ်ပြောနေ၊ ၂၉ဘုံက ပျောက်နေပါပေါ့လားဟု ပညာရှင်လေသံမျိုးဖြင့် ပြောသည်။ ဇာတ်ကြီး ဆယ်ဘွဲ့တို့ ၊ငါးရာငါးဆယ်နိပါတ်တော်တို့ ကို လူအများ စိတ်ဝင်စားအောင် ပြောပြသည့် ပုံပြင်တွေ ဟု ဆိုသည်။
လူအတွက် အကျိုးရှိမည်ဆိုပါက တိရစ္ဆာန်တွေကို သတ်သင့်က သတ်ရမည်။အပြစ်မရှိ။ အကျိုးမရှိဘဲနှင့်တော့ မသတ်နှင့် လူသတ်လျှင်တော့ အပြစ်ရှိသည်ဟု ဆိုသည်။
ရဟန်းတော်များပင် လူသတ်မှ ပါရာဇိက အပြစ်ကြီးကြီးသင့်သည်။ တိရစ္ဆာန်ကို သတ်လျှင် ပါစိတ် ဆိုသည့် အာပတ် သေးသေး ကလေးသာ သင့်သည်။ လူတွေ တိရစ္ဆာန်ကို သတ်မှုကျမှ အပြစ်ကြီး မဖြစ်နိုင်။ အပြစ်ဖြစ်သည်ဟုဆိုလျှင် ဆရာဝန်ပေးသည့် ပဋိဇီဝဆေး (antibiotic)ကိုပင် မသောက်နှင့်၊ အသက်ရှိသည့် ဗက်တီးရီးယားတွေ သေကုန်မည်ဟု ဆိုသည်။
သူငယ်ချင်းအိမ်သို့ လာလည်သော သူ့မိတ်ဆွေ အများစုမှာ အသားတိုးကြက် မွေးမြူသူများ ဖြစ်ပါသည်။ သူငယ်ချင်းက စာရေးသူ အကြောင်း ပြောသည့်အခါ “ ဒီကောင်က ကြက်မွေးတာကို အကုသိုလ်လို့ ထင်နေတာ” ဟု မှတ်ချက်ပေး ပြောပါသေးသည်။ စာရေးသူမှာ ၀ိုင်း အရိုက်မခံရသည်ကိုပင် ကျေးဇူးတင်ရပါသေးသည်။ လူကိုရိုက်လျှင် အပြစ်ရှိသည်ဟု ယူဆ၍ ဖြစ်ပါလိမ့်မည်။
တန်ခိုးမကြီးသည့် ရဟန်းတော်များမှာ သွားလေရာသို့ ကပ္ပိယကို စရိတ်အကုန်ခံ၍ မခေါ်နိုင်။ ထို့ကြောင့် ရဟန်းတော်များကို ငွေကိုင်ခွင့်ပြုသင့်သည်။ အများဆုံးကိုင်ရမည့် ငွေပမာဏကို သတ်မှတ်ပေးသင့်သည်။ (ဥပမာ။ ။ငွေတစ်သောင်းကျပ်ထက် မများစေရ) ဟု ဆိုပါသည်။
အနှစ်ချူပ်ကြည့်သော် ပစ္စုပ္ပန်ကမ္မ၀ါဒ ဗုဒ္ဓဘာသာသည် မျက်မြင်ဒိဋ္ဌကို အားပြု၍ လူပြိန်းများ လက်ခံသဘောကျအောင် ခေတ်နှင့် အညီ ပြုပြင်ပြောင်းလဲထားသော (modified) ၀ါဒများဖြစ်ကြောင်း ထင်ရှားပါသည်။
သူငယ်ချင်းမှာ စီးပွားရေး ပြေလည်သူ ဖြစ်ပါသည်။ သူဆောက်ထားသော တိုက်တွင် ဘုရားကျောင်းဆောင် လုံးဝမထည့်။ နံရံကပ်ရုပ်ပုံတော်များ၊ ရုပ်ပွားတော်များလည်း လုံးဝမထား။
“ဘုရားက လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၅၀၀)ကျော်ကတဲက ဘ၀ဆုံးသွားပြီကွ။ မင်းဆွမ်းတော်ကပ်လဲ မသိတော့ဘူး။ ဘာမှ အကျိုးမရှိ တော့ပါဘူး” ဟု ဆိုပါသည်။
သင်္ကန်းအပြာရောင်ဝတ်သော သူတို့ ဆရာတော်ကြီး၏ ဧရာမဓါတ်ပုံကြီးကိုကား သက်ရှိ ထင်ရှားမို့လို့လားမသိ ၊ ခေါင်းရင်းဖက်တွင် တလေးတစား ချိတ်ဆွဲထားသည်။ ဓါတ်ပုံ၏ အောက်ခြေတွင် ပစ္စုပ္ပန်ကမ္မ၀ါဒ ဗုဒ္ဓဘာသာ ဆရာတော်ကြီးပုံ ဟု ကမ္ပည်း ရေးထိုးထားပါသည်။ “ဒါကတော့ respect ပေးတာပေါ့ကွ”ဟု မြန်မာစကားထဲတွင် အင်္ဂလိပ်စကားညှပ်၍ ပြောပါသည်။
သူငယ်ချင်း၏ အိမ်အပေါ်ထပ်တွင် အနတ္တလက္ခဏာသုတ် စသော တရားကက်ဆက်ခွေများကိုလည်း တွေ့ရပါသည်။ ထိုဆရာတော်ကြီး၏ ဟောတရားများဟု သိရပါသည်။ မည်ကဲ့သို့ ဟောထားသည်ကို မနာခဲ့ရပါ။ ထို့ပြင် ထိုပစ္စုပ္ပန်အဖွဲ့မှ ထုတ်ဝေထားသော စာပေစိစစ်ရေးမဲ့ တရားစာအုပ်များကိုလည်း အမြောက်အမြား တွေ့ခဲ့ရပါသည်။
သူတို့သည် အိမ်မှာ ဘုရားကျောင်းဆောင် မထားသော်လည်း ဘုရား ဟူသော စကားအခေါ်အဝေါ်ကိုတော့ မပစ်ပယ်ကြပါ။ သူတို့ ၀ါဒသည် ဘုရားဟောပါဠိနှင့်အညီ အစစ်အမှန်ဖြစ်သည်ဟု ဆိုပါသည်။ သူတို့ဝါဒနှင့် မကိုက်ညီသည်များကို အဋ္ဌကထာဆရာတို့၏ တီထွင်ချက်ဟူ၍ စွဲချက်တင် ပါသည်။
ထိုဝါဒကို သက်ဝင်ယုံကြည်ကြသူများမှာ စာရေးသူ၏ သူငယ်ချင်းမျှသာ မဟုတ်ပါ။ သူ့ဇနီးနှင့်တကွ သူ့မိတ်ဆွေ လင်စုံ မယားဖက် အားလုံး သက်ဝင်ယုံကြည်နေကြသည်ကို အံ့သြစွာ တွေ့ရပါသည်။ ထိုအထဲတွင် ပညာတတ်ဘွဲ့ရ ကျောင်းဆရာမများ၊ ရုံးအရာရှိများ ပါဝင်ပါ သည်။
ကျောင်းဆရာမတစ်ယောက်က စာရေးသူကို ရိုးရာဗုဒ္ဓဘာသာကို ယုံကြည်သူဖြစ်သဖြင့် ကမ္ဘာပြားသမား ဟု တစ်ဖက်သတ် စွပ်စွဲ ပါသည်။ “ကျောင်းတွင် ကမ္ဘာသည် လုံး၍ အိမ်တွင် ကမ္ဘာသည် ပြားသည်ပေါ့ဟုတ်လား”ဟု လှောင်လွတ်လိုက်ပါသေးသည်။
သူတို့ကအများ စာရေးသူက တစ်ယောက်တည်းဖြစ်၍ သူတို့ ၀ိုင်းဝန်းတရာချသည်ကို နားပူအောင် ခံခဲ့ရပါသည်။
သူတို့ဘာသာဝင် ဖြစ်လိုလျှင် အနည်းဆုံး ငွေ (၂၀၀၀)ကျပ်ထည့်ဝင် လှူဒါန်း၍ ၀င်နိုင်သည်ဟု ဆိုပါသည်။ သူတို့ဝါဒရေးရာ စာပေး စာယူသင်တန်း ရှိသည်ဟုလည်း သိရပါသည်။ ရန်ကုန်နှင့်မန္တလေးတွင် တစ်နှစ်တစ်ကြိမ် သူတို့ဝါဒဆိုင်ရာ ကွန်ဖရင့်ကြီး ရှိသည်ဟုပင် ဆိုပါ သည်။
သူတို့ဝါဒကို အင်္ဂလိပ်ဘာသာပြန်၍ နိုင်ငံခြားသို့ပို့ရာ လက်ခံကြောင်း(စာကိုလက်ခံတာလား၊ ၀ါဒကို လက်ခံတာလား မကွဲပြားပါ၊ ပို့သည့်ဌာနကို ပြောပြရာ မမှတ်မိတော့ပါ)။ မြို့နယ်သံဃာမဟာနာယက အဖွဲဝင်ဆရာတော်တစ်ပါးကပင် လက်ခံကြောင်း၊ သူတို့ကို တာဝန်ခံ ကြောင်း ပြောပြကြပါသည်။
နိုင်ငံကျော် စာရေးဆရာကြီးတစ်ဦး၏ ဟိန္ဒီဘာသာပြန်တွင် မာရ်နတ်ဆိုတာ မရှိ။ မကောင်းသောစိတ်ကိုပင် မာရ်နတ်ဟု တင်စား ပြောသည် စသည်ဖြင့်ပါရာ ထိုစာရေးဆရာကြီးကို မဆိုးဟု သဘောကျနေကြသည်။
သူငယ်ချင်းက ပြည်သို့ သာသနာပြုရောက်နေသည်ဆိုသော ရေနီဦးပဉ္စင်းထံ သွားရောက်ဆည်းကပ်ရန်လည်း မှာကြားလိုက်ပါသေး သည်။ စာရေးသူမှာ အဘိဓမ္မာ မတောက်တခေါက် တတ်သူဖြစ်၍ ရေနီဦးပဉ္စင်းက အဘိဓမ္မာနှင့်ယှဉ်ပြီး ဟောပြောချေချွတ်ပေးလိမ့်မည် ဟူသ တတ်။
ဤသို့ စာရေးသူ ကြုံတွေ့ခဲ့ရပုံများကို တင်ပြရသည်မှာ ပစ္စုပ္ပန်ကမ္မ၀ါဒ ဗုဒ္ဓဘာသာမှာ အန္တရာယ် မသေးလှကြောင်း စာရှုသူတို့ ဆင်ခြင်မိစေရန် ဖြစ်ပါသည်။ မြတ်ဗုဒ္ဓ၏ တရားစစ်တရားမှန် ပြန့်ပွားရေးကို ရှေးရှုသော ဗုဒ္ဓ၀ါဒအစစ်အမှန် ကိုးကွယ်သောနိုင်ငံတွင် ပစ္စုပ္ပန်ကမ္မ၀ါဒ ဗုဒ္ဓဘာသာဟူ၍ အကာတူ အနှစ်ကွဲဝါဒတစ်ခုသည် ရဟန်းတော်များနှင့် ပညာတတ်ဘွဲ့ရများအထိ စနစ်တကျ ပြန့်ပွား လာပြီ ဖြစ်ပါသဖြင့် အချိန်မီ ကာကွယ်တားဆီးနိုင်ကြပါစေ…………..
သတ္တိဇော်
အပြည့်အစုံသို့ »
Read more...
ကမ္ဘာကျော် မိန်းခွန်းတော် ၁၀-ချက်
မြတ်ဗုဒ္ဓ၏ အံ့ဩဖွယ်ကောင်းသော လမ်းညွှန်ချက်၊ လွတ်လပ်သောအတွေးအခေါ်၊ လွတ်လပ်သော ကိုယ်ပိုင်ဆုံးဖြတ် ခွင့်တို့ကို ပေးထားခဲ့သည်မှာ ဘာသာရေးသမိုင်းတွင် ပြိုင်ဘက်ကင်းသည့် တစ်ခုတည်းသော လမ်းညွှန်ချက်ဖြစ်ခဲ့ပေသည်။ မည့်သည့် ဘာသာရေး၌မဆို ဤကဲ့သို့သော လမ်းညွှန်ချက်မရှိပေ။
မြတ်ဗုဒ္ဓသည် ကောသလနိုင်ငံတော်၌ ခရီးလှည့်လည်စဉ် ကေသမုတ္တိအမည်ရှိသော မြို့ကလေးတစ်ခုသို့ ရောက်ခဲ့သည်။
ထိုမြို့ကလေး၌ ကာလာမလူမျိုးတို့ နေထိုင်ကြ၏။ မြတ်ဗုဒ္ဓ ထိုရွာသို့ ဆိုက်ရောက်သွားသောအခါ ကာလာမ လူမျိုးတို့ စုရုံး ရောက်ရှိလာကြကုန်၏။
မြတ်ဗုဒ္ဓကို သူတို့ အရိုအသေပေး လျှောက်ထားကြသည်မှာ "အို မြတ်စွာဘုရား မြောက်များစွာသော ရသေ့ ရဟန်းတို့သည် ကျွန်ုပ်တို့ရွာသို့ တစ်ယောက်ပြီးတစ်ယောက် အဆက်မပြတ် လာရောက်ကြပါ၏၊ ရောက်လာတိုင်းသော ရသေ့ရဟန်းတို့သည် သူတို့၏ ကိုယ်ပိုင်ဝါဒကိုသာ အကောင်းပြော၍ ထွန်းကားအောင် ဟောပြောကြပါ၏။ သူတပါးတို့၏ ဝါဒကိုမူကား ရှုံ့ချအပြစ်ဆို၍ ပျက်ပြားအောင်ပြုကြပါ၏၊ ရသေ့ရဟန်းပေါင်းမြောက်များစွာတို့ ကျွန်ုပ်တို့ကေသမုတ္တိ ရွာသို့ ရောက်တိုင်း မိမိတို့အယူဝါဒကို လက်ခံဖို့ရန် သူတပါးတို့၏အယူဝါဒကို စွန့်ပစ်ဖို့ရန် အသီးအသီး ပြောသွားကြပါ၏ဘုရား။
ထို့ကြောင့် ယခုအခါ ကျွန်ုပ်တို့ ကေသမုတ္တိရွာသားအားလုံး စိတ်ရှုတ်၍နေကြကုန်ပါပြီဘုရား၊ မည်သူ၏ဝါဒ မှားသည်၊ မည်သူ၏ဝါဒ မှန်သည်ဟု မဆုံးဖြတ်နိုင်အောင် သံသယများ ဝင်နေကြကုန်၏ဘုရား။ အို အရှင်ဂေါတမဗုဒ္ဓ- အရှင်သည်ကော မည်သို့ဟောပြနိုင်မည်နည်း"-ဟု မေးလျှောက်ကြကုန်၏။
"အို ကာလမတို့- သင်တို့မှာ ယုံမှားသံသယဖြစ်သည် ဆိုလျှင် ဖြစ်ထိုက်ပေ၏။ သင်တို့ရွာ၌ ဆရာများသလောက် ဝါဒလည်းများကုန်၏။ သင်တို့၏ကိုယ်ပိုင်ဥာဏ်ကို ဆရာ့ဝါဒတို့နှင့် သံသယတို့က ဖုံးလွှမ်း၍ နေကြကုန်၏။ ငါသည်မူကား ထိုဆရာတို့ကဲ့သို့ မပြောလို၊ သင်တို့၏ ကိုယ် ပိုင်အတွေးအခေါ်၊ ကိုယ်ပိုင်ဥာဏ်၊ ကိုယ်ပိုင်အဆုံးအဖြတ် သည်သာလျှင် သင်တို့၏ကိုယ်ပိုင်ဥစ္စာ၊ ကိုယ်ပိုင်လမ်းညွှန် ချက်ဖြစ်သင့်သည်ဟု ဆိုချင်သည်။ ထို့ကြောင့်
(၁)တဆင့်စကား အဆင့်ဆင့်ကြားရသည်တို့အပေါ် မှာလည်း အပြီးသတ် ဆုံးဖြတ်ချက်မချကြကုန်နှင့်။
(၂) သင်တို့အထက်က ဘိုးဘေးဘီဘင် အစဉ်အဆက်လာ ဓလေ့ထုံးတမ်းများကိုလည်း အဆုံးသတ် အားကိုးပြီး အဟုတ်မှတ်၍ မကျင့်သုံးကြကုန်နှင့်။
(၃)အခြေအမြစ်မပါသည့် သူပြောငါပြော ကောလာဟလ စကားတို့ကိုလည်း လက်ခံမမှားကြကုန်နှင့်။
(၄)ဘာသာရေးကျမ်းစာတို့၏ အရှိန်ဩဇာအောက်မှာလည်း နစ်မြုပ်၍မနေကြကုန်နှင့်။
(၅) အကျင့်နှင့် အသိမပါ တက္ကီဝါဒီတို့၏ အတွေးအခေါ်များကိုလည်း ဟုတ်ပြီ မှန်ပြီဟု အတည်မယူကြကုန် နှင့်။
(၆)အခြားအခြားသောလူတို့ အခြားအခြားသော အယူဝါဒတို့ထံမှ ပုံတူကူး၍ ကျင့်သုံးခြင်းသည်လည်း မိမိတို့ဘဝနှင့် အပ်စပ်လိမ့်မည်ဟု အတည်တကျ မယူကြကုန်နှင့်။
(၇) မိမိတို့အတွေးအခေါ် အယူအဆကို မိမိတို့၏ အတွေးဖြင့်သာလျှင် အကြောင်းယုတ္တိပေး၍ တင်ပြနိုင်ရုံမျှ ဖြင့် ကိုယ့်အတွေး ကိုယ့်ယုတ္တိ ဟုတ်ပြီဟု မယူကြကုန်နှင့်။
(၈)ဆရာတစ်ယောက်ယောက် လာရောက်ဟော ပြောချက်သည် မိမိတွေးထင်ထားသည်နှင့် ကိုက်ညီ သွားပြီဆို ရုံမျှဖြင့်လည်း ဟုတ်ပြီမှန်ပြီဟု မယူဆကြကုန်နှင့်။
(၉) လေးစားထိုက်သော လောကကဂရုပြုနေသည့် ပုဂ္ဂိုလ်ကြီးတစ်ယောက်၏ဝါဒသည် ဖြစ်နိုင်ဖွယ်ရှိသည်ဟူ၍လည်း တစ်ထစ်ချ မယူကြကုန်နှင့်။
(၁၀) မိမိတို့ ဆည်းကပ်ကိုးကွယ်သော ဆရာတို့၏ စကားတိုင်းသည်လည်း ဟုတ်ပြီမှန်ပြီ အကျိုးရှိပြီဟု အပြီးသတ် မမှတ်ယူကြကုန်နှင့်။
"အိုကာလာမတို-အကောင်းအဆိုး ဘယ်ဟာမျိုးမဆို သင်တို့အတွက် သင်တို့ကိုယ်တိုင် သိအောင်လုပ်ကြ၊ ဤသည်ကား အကောင်းတရား၊ ဤသည်ကား အဆိုးတရား၊ ဤသည်ကားအမှား၊ ဤသည်ကားအမှန်၊ သင်တို့ကိုယ်တိုင် သိအောင် လုပ်ကြ။ ဤသည်ကား အမှား၊ ဤသည်ကား အဆိုး- ဆိုးကျိုး သာဖြစ်လိမ့်မည်။ ဤသည်ကား အကောင်း၊ ဤသည်ကား အမှန်- ကောင်းကျိုးသာ ဖြစ်လိမ့်မည် ဆိုသည့်အချက်ကို သူတပါးတို့ထံ ဆုံးဖြတ်ခံစရာမလို သင်တို့ကိုယ်ပိုင်ဥာဏ်ဖြင့် ကိုယ်ပိုင်သိအောင်လုပ်ကြ။
"ဤသည်ကား အမှား၊ ဤသည်ကား အဆိုးဖြစ် လိမ့်မည်"ဟု သင်တို့ကိုယ်တိုင်သိ၍ ဆုံးဖြတ်နိုင်လျှင် သင်တို့ ကိုယ်တိုင် ထိုဝါဒကို ပယ်စွန့်နိုင်ခွင့်ရှိသည်။
ဤသည်ကား အကောင်း၊ ဤသည်ကား အမှန်၊ ဤ အကောင်းအမှန်ကြောင့် သင်တို့မှာ ကောင်းကျိုးဖြစ်လိမ့်မည် ဟုဆိုလျှင် မြင်လျှင် သင်တို့ကိုယ်တိုင် ထိုအကျင့်ကို လက်ခံ ပိုင်ခွင့်ရှိသည်။ သင်တို့ကိုယ်ပိုင်အသိ၊ ကိုယ်ပိုင်အကျင့်၊ ကိုယ်ပိုင်ဆုံးဖြတ်ချက် သည်သာလျှင် သင်တို့ဘဝ၏ အရှင်သခင် ဖြစ်သည်။ သင်တို့ဘဝ၏ ကောင်းကျိုး ဆိုးကျိုးကို သင်တို့၏ အကျင့်နှင့် အသိက အဆုံးအဖြတ်ပေးလိမ့်မည်။
ထို့ကြောင့် ကိုယ်တိုင် သိအောင်လုပ်ကြ။ ကိုယ့်အသိနှင့် ကိုယ်တိုင်ဆုံးဖြတ်ကြ။ ကိုယ့်အဆုံးအဖြတ်အတိုင်း ကိုယ်တိုင်ကျင့်သုံးကြ။ သင်တို့ဘဝ၏ လွတ်မြောက်ရာ တံခါးကို သင်တို့ကိုယ်တိုင် ဖွင့်နိုင်ခွင့်ရှိသည"ဟု ကေသမုတ္တိရွာသား ကာလာမတို့အား မိန့်ကြားတော်မူခဲ့ပါသည်။
ဤမြတ်ဗုဒ္ဓ၏အဆုံးအမများသည် ဘာသာရေးသ မိုင်းတွင် တစ်ခုတည်းသော အနှိုင်းမဲ့လွတ်လပ်သော အတွေး အခေါ်အတွက် လမ်းညွှန်ချက်ဖြစ်သည်။
Read more...
တကယ် တရားထိုင်တော့မှာလား
ကျွန်တော်ကလည်း သောတာပန်နဲ့ ပတ်သက်လို့ ရေးမိရင်းက ရေးစရာတွေ အများကြီး ဖြစ်လာတယ်။ လောလောဆယ် တရားထိုင်တာနဲ့ ပတ်သက်ပြီး ကျွန်တော့်ဘက်က တွေးမိတာလေး ရေးချင်လာပြန်တယ်။ တရားထိုင်တယ်။ ဘာကြောင့် ထိုင်တာလဲပေါ့။ အဟမ်း. အဟမ်း. ရေးပြရမှာတော့ ရှက်စရာကြီး။ ဒါပေမယ့် ကိုယ်ကိုယ်တိုင် တရားတစ်ခါမှ မထိုင်ဖူးတာကိုတော့ ကြို မပြောထားလို့ မရဘူး။ ဒီတော့ ကျွန်တော်က ကလေးတစ်ယောက် ရွှေကို သိတဲ့ ပုံစံမျိုးနဲ့ပဲ ရေးထားခြင်းမျှသာ ဖြစ်ကြောင်း ၀န်ခံထားပါရစေ။ တော်ကြာ အတော်လေး မဂ်ပေါက် ဖိုလ်ပေါက် ဖြစ်နေလို့ ဒီလိုရေးနိုင်တယ်လို့ ထင်ပြီး လာကိုးကွယ်နေမှာ စိုးလို့။ ရယ်စရာ ပြောတာပါ။
ကျွန်တော် တရားစခန်းတွေကို တစ်ခါမှ မရောက်ဖူးဘူး။ ဒီတော့ တရားစခန်းတွေက တရားလာထိုင်တဲ့ သူတွေကို ဘယ်လို ရည်ရွယ်ချက်တွေ ထားစေလဲ ကျွန်တော် မသိဘူး။ အားနာပါတယ်။ ဘယ်လို မျှော်လင့်ချက်တွေပေးလဲ ကျွန်တော်မသိဘူး။ (ရိုင်းသွားလား မသိဘူး။) အဲ ထိုင်တဲ့သူကပဲ မျှော်လင့်ချက်နဲ့ သွားထိုင်ရင်တော့ မပြောတတ်ဘူး။ မျှော်လင့်ချက်ဆိုတာက ထီပေါက်ဖို့ အချုပ်အနှောင်ကလွတ်ဖို့စတဲ့ အညံ့စား မျှော်လင့်ချက်မျိုးကို ပြောတာပါ။ မျှော်လင့်တော့ မျှော်လင့်ရမှာပဲလေ။ ဘာကို မျှော်လင့်မလဲပေါ့။ မျှော်လင့်ပြီဆိုရင်တော့ ခပ်မြင့်မြင့် မျှော်လင့်ရမှာပေါ့။ ဒါပေမယ့် ကိုယ့်သီလ အကြောင်း ကိုယ့်စိတ်အကြောင်း ကိုယ်ပဲ အသိဆုံးမဟုတ်ပါလား။ သွားရမယ့်လမ်းက ဒီသီလ မစင်ကြယ်ရင် ဒီစိတ်မစင်ကြယ်ရင် ရောက်မယ့်လမ်းမှ မဟုတ်တာကိုး။ လက်ထဲမှာ ငွေတစ်ထောင်ပဲ ရှိတာ။ ကိုယ်က ငွေတစ်သောင်းတန် ပစ္စည်းလိုချင်နေလို့ ရတာမှ မဟုတ်ဘူး။ အပြင်မှာတော့ အကြွေးရရင် ရမယ်။ ဒီတရားလမ်းမှာ အကြွေးယူလို့ မရဘူးလေ။
သေချာတာကတော့ ငြိမ်းအေးမှုကို လိုချင်လို့ တရားထိုင်တာပါပဲ။ အိမ်မှာနေရင်း ပူလောင်လာတဲ့ ငွေရေးကြေးရေး အပူတွေ၊ မိသားစုရေး အပူတွေ၊ လူမှုရေးအပူတွေစတဲ့ အပူတွေဖြစ်ရင်လည်း ဖြစ်မယ်။ လောဘအပူ ဒေါသအပူ မောဟအပူတွေလည်း ဖြစ်ရင်ဖြစ်မယ်။ သို့မဟုတ် နေထိုင်မှုအရ ဘာမှ ပူစရာမရှိပေမယ့် ဒီဇာတိ ဇရာ မရဏအပူတွေကတွေ ငြိမ်းချင်လို့ တရားထိုင်တာလည်း ဖြစ်ရင်ဖြစ်မယ်။ ဟုတ်ပြီ။ အေးငြိမ်းချင်လို့ တရားထိုင်တာဆိုရင် ကျွန်တော်တို့ လက်ရှိ ပူလောင်နေလို့ပေါ့။ အဲယားကွန်းနဲ့ နေတာလို့တော့ မလုပ်နဲ့လေ။ တရားစခန်းလည်း အဲယားကွန်းနဲ့ပဲဟာကို။ ဟုတ်တယ်။ ကျွန်တော်တို့ ပူလောင်နေတယ်။ ဒါဆို ပူလောင်မှုတွေက ဘာတွေလဲ။ ဇာတိတွေ ဇရာတွေ ဗျာဓိတွေ မရဏတွေ ပြီးတော့ သောက ပရိဒေ၀ ဒုက္ခ ဒေါမနဿ ဥပါယာသတွေ။ ပူလောင်လိုက်တာ။ ပူလောင်လိုက်တာ။ အဲဒီ အပူက ဘယ်ကနေ စတာလဲ။ အ၀ိဇ္ဇာပစ္စယာ သင်္ခါရာ ဆိုတော့ အ၀ိဇ္ဇာကနေ စတာပေါ့။ အ၀ိဇ္ဇာကကော ဘယ်ကစလည်းပေါ့။ အာသ၀ကနေစတာပေါ့။ အာသ၀ကကော ဘယ်ကစသလဲပေါ့။ ဟင် ဒီစရိုက်တွေအကြောင်းပဲ ရောက်လာပြန်ပြီ။ အဲဒီ ဘ၀ဆက်ဆက် စွဲလန်းနေရတဲ့ စရိုက်တွေကြောင့် ကျွန်တော်တို့ အာသ၀တွေဖြစ်နေတာ။ အာသ၀ what? အာသ၀။
တရုတ်သိုင်းဝတ္ထုထဲက စကားနဲ့ ပြောရမှာပေါ့။ အာသ၀ဆိုတာ နှစ်တစ်ရာ အရက်လို့။ ကြာကြာ စိမ်နိုင်လေ။ မူးလေ။ ဘယ်ထဲစိမ်နေတာလဲ။ ဒုစရိုက်တွေထဲမှာ စိမ်နေတာလေ။ ကျွန်တော်တို့ ပုထုဇဉ်တွေဟာ ခန္ဓကိုယ်ဆိုး အလိုအိုးမှာ ဒုစရိုက်တွေကို အကြာကြီးစိမ်ထားပြီး ကျွန်တော်တို့ ကိုယ်တိုင် ပြန်မှီဝဲသုံးဆောင်နေကြတယ်။ ဒါကို သင်သိပါသလား။ လုံးဝ မသိပါ။ ဘာကြောင့် မသိတာလဲ။ ဘ၀တစ်ခုရလာပြီဆိုရင် အတူတူရလာတဲ့ အတ္တ၊ မာန၊ ဒိဋ္ဌိတွေက အဲဒါကို သိစေချင်တယ်လို့ ကျွန်တော်တို့ ထင်ပါသလား။ သူက အဲဒါကို အမှန်ပါလို့ ကျွန်တော်တို့ကို အတင်းအဓမ္မခေါင်းညိတ် လက်ခံခိုင်းထားလေသမျှ ကျွန်တော်တို့ဟာ အမှားကြီးကို အမှန်ပါလို့ အမြဲ ခေါင်းညိတ်နေခဲ့ရပါတယ်။
နောက် ငရဲသားတွေ ငရဲမှာ နေရတာ ပျော်တယ်။ ကျားတစ်ကောင်ဟာ ကျားဖြစ်ရတဲ့ဘ၀ကို ဂုဏ်ယူတယ်။ လောက်တစ်ကောင်ဟာ လောက်ဖြစ်ရတာကို ကြည်နူးတယ်။ ခွေးတစ်ကောင်က ခွေးဖြစ်ရတာကို ကျေနပ်တယ်။ လူဖြစ်ရင်လည်း ယောင်္ကျားကတစ်ယောက်က ယောင်္ကျားဘ၀ကို မိန်းမတစ်ယောက်က မိန်းမဘ၀ကို ပဏ္ဍုပ်တစ်ယောက်က ပဏ္ဍုပ်ဘ၀ကို ခုံမင်တယ်။ ကျွန်တော်တို့ လူတွေ တိရစ္ဆာန်တွေ ငရဲတွေတင်ပဲလား။ မဟုတ်ဘူး။ နတ်တွေလည်းပဲ သူတို့ နတ်ဖြစ်ရတာကို သဘောကျတယ်။ ဗြဟ္မာတွေလည်း ဗြဟ္မာဖြစ်ရတာကို နှစ်သက်တယ်။ အဲဒီလို ဘ၀တွေကို ကျွန်တော်တို့ စွဲလန်းခုံမင်လွန်းလို့ ကုသိုလ်ကောင်းမှုပြုရင် ယောင်္ကျားဘ၀ဖြစ်ရပါလို့၏ လို့ဆုတောင်းတယ်။ မိန်းမဘ၀သာ ဖြစ်ရပါလို၏လို့ ဆုတောင်းတယ်။ (မယုံရင် စာရေးဆရာမဂျူးရဲ့ အင်တာဗျူးတွေကို လိုက်ဖတ်ကြည့် သူမက အတိအလင်း ကြေငြာတယ်။ မိန်းမဘ၀ပဲ ပြန်ဖြစ်ရပါလို၏ တဲ့။) နတ်တွေလည်း အဲလိုပဲ။ သေရင် နတ်ပြန်ဖြစ်တာက များတယ်။ သူတို့က နတ်ပဲဖြစ်ချင်နေတယ်။ ဗြဟ္မာတွေလည်း အဲလိုပဲ။ အဲဒီနောက် ငရဲသားလည်း အဲလိုပါပဲ။ ဘာကြောင့်လဲ။ ဘ၀ကို စွဲလန်းတဲ့ နှစ်တစ်ရာအရက်ကို သောက်ထားကြလို့ပဲ။
နောက်တစ်ခုက အယူဝါဒအပေါ် စွဲလန်းတာ။ အယူဝါဒထဲ နစ်မွန်းတာ။ အယူဝါဒ နှစ်တစ်ရာ အရက်သောက်ထားတာ။ ရှင်မောဂ္ဂလာန်နဲ့ ရှင်သာရိပုတ္တရာရဲ့ ဆရာဆိုရင် ဘုရားပွင့်တာသိတယ်။ ဘုရားဝါဒမှန်တယ်ဆိုတာ သိတယ်။ ဒါပေမယ့် သူ့အယူဝါဒကို စွန့်သလား။ မစွန့်ဘူး။ ဘာကြောင့်လဲ။ သူ့အယူဝါဒထဲမှာ သူနစ်မွန်းနေတာလေ။ သစ္စက ကလည်း သူ့ဝါဒမှန်တာပဲ။ သူကသာ ဘုရားရှင် ငါနဲ့ ပြိုင်ရင် ဇောချွေးပြန်သွားမယ်လို့ လိစ္ဆ၀ီတွေကို ကြွားထားလို့ ဘုရားက ချွတ်လိုက်တာ။ ပေါဋ္ဌပါဒ (အမည် မှားနိုင်ပါသည်) ပုဏ္ဏားဆိုရင် ဘုရားမှန်တယ်ဆိုတာကို သူလက်ခံတာပဲ။ ဒါပေမယ့် သူဝါဒကို သူစွန့်မသွားဘူး။ အယူဝါဒ နှစ်တရာအရက်သောက်ထားလို့ မူးနေတာလေ။
ကျန်သေးတယ် တစ်ခု။ မောဟ။ အဲဒါကတော့ အားလုံးကြားဖူးနေကြတာမို့လို့ မရှင်းတော့ဘူး။ အဲဒီလေးခုကြောင့် အ၀ိဇ္ဇာဖြစ်ရတာ။ မိုးကုတ်မှာ တရားထိုင်မိရင်တော့ အ၀ိဇ္ဇာဘယ်ကဖြစ် အာသ၀ကဖြစ်လို့ တရားနာရင်း သင်လိုက်အော်မိပါလိမ့်မယ်။ ကဲ တရားထိုင်တော့မှာလား။ အ၀ိဇ္ဇာ ပစ္စယာ အစား။ အ၀ိဇ္ဇာ နိရောဓောလုပ်တော့မှာလား။ တကယ်တော့ စရိုက်ကို အရင်ရှင်းတာပဲလေ။ ကျွန်တော်တို့ဘုရားရှင်က အလွန်ကြည်ညိုဖို့ကောင်းတာ။ တရားဟော သွားရာမှာ ဘယ်မှာမှ ချွင်းချက်မရှိဘူး။ ဘုရားရှင်သာ မပွင့်ပေါ်ခဲ့ရင် ကျွန်တော်တို့ ဒါတွေ သိနိုင်မှာ မဟုတ်ဘူး။ ဒါနဲ့ စကားမစပ် အာသ၀ကို သိထားတော့ ဘာလုပ်ရမှာလဲ။ ဟမ် အနာသိတော့ ဆေးရှိတာပေါ့ဗျာ။
Read more...
မြန်မာ့စွယ်စုံကျမ်း CD RUM
{676,578 km2 (40th)/ 261,227 sq mi}-ကျယ်ဝန်းတဲ့၊ လူမျိုးပေါင်းစုံနေထိုင်တဲ့ မြန်မာပြည် သမိုင်း ကြောင်းကို တစ်နေရာ/တစ်ထိုင်ထဲကနေ သိချင်တယ်/ကြည့်ရှုချင်တယ်ဆိုရင် ဒီ-CD RUM-လေးကိုသင့်စက်ထဲ ထည့်ကာ
လေ့လာကြည့်ရှုနိုင်ပါတယ်။
မေမေ့လပြည့်ဝန်းလေး-Virtual-Drive-Format-လုပ်ထားတာပါ။ မူရင်း-CD-ဆိုက်ဆိုရင် ဖိုင်ပမာဏကြီးတော့ Download-ယူရတာကြာမယ်။ နောက် စာဖတ်သူရဲ့ -CD Drive-လည်း မနာရအောင် တခါ-ကွန်ပျူတာထဲ
ထည့်ထားရုံနဲ့ နောက်တစ်ခါ -CD-ထပ်ထည့်စရာမလိုပဲ အချိန်မရွေး သုံးရနိုင်မည့် -Virtual-Drive-Format လုပ်ထားတာပါ။ -Virtual-Drive-နဲ့ သုံးနည်းကတော့ အရင်ရေးသားပြီးသားဆိုတော့ တခါထပ်ပြီး မရေးတော့ဘူးနော်။ မြန်မာသမိုင်းကြောင်းစသည်ကို-CD-RUM-အသုံးပြုပြီး လေ့လာလိုသူများ-Virtual Drive-နဲ့ အသုံးပြုပုံကို ရှာဖတ်ပြီး အသုံးပြုနိုင်ပါတယ်။ အရင်တခါက တင်ပြဘူးသလို -Virtual Drive-အသုံးပြုပုံ၊ -Install-တင်ပုံတွေအကုန်တူပါတယ်။ Virtual-Driveတစ်ခါ Install-တင်ပြီးရင် Install-မကျမချင်း ထပ်တင်စရာမလိုပါဘူး။ -Virtual-Drive-ကို Install-တင်စဉ်က -Virtual-Drive-တစ်ခုထဲယူခဲ့က အလဲအလှယ် လုပ်ကာ သုံးနိုင်ပါတယ်။ ဆိုလိုတာက အင်္ဂလိပ်+မြန်မာအဘိဓာန်ကို ပထမဆုံး -Virtual-Drive-ထဲထည့်ထားက အဲဒါကို Eject-လုပ်၊ ဒီ -Myanmar-Encyclopedia-ကို -Insert-လုပ်ယုံပါဘဲ။ ကိုယ်သုံးချင်တာကို -Insert လုပ်လိုက်၊ မလိုတာကို-Eject -လုပ်လိုက်အနေနဲ့ သုံးယုံပါဘဲ။ CD-Drive-မှာ ကိုယ်သုံးချင်တဲ့ -CD-ထည့် -Play-တာနဲ့ အတူတူပါဘဲဗျာ။ တစ်ခုမှာစရာရှိတာက-Myanmar-Encyclopedia CD RUM-ကို -Install-ပြီးလို့ ဖွင့်သုံးတဲ့အခါ အောက်မှာပြထားတဲ့ -Error-လေး ပြတတ်ပါတယ်။ Ok-ကနေပိတ်ပိတ်၊ Cross-ကနေ ပိတ်ပိတ်၊ ပိတ်ပြစ်လိုက်ပါ၊ ကိစ္စမရှိပါဘူး။ ခဏနေရင် -Myanmar-Encyclopedia-ပွင့်လာမှာပါ။ မကြာမှီ လာမည်မျှော်ပေါ့။ စက္ကန့် (၃၀)လောက်ပါ။
မေမေ့လပြည့်ဝန်းလေးတို့ ဆရာတော်ကြီး အမိန့်ရှိဘူးသလို “နိဗ္ဗာန်တောင် စောင့်လာကြတာ အခုထက်ထိ မရသေးဘူး”။
ငါမလာမချင်း စောင့်ပေါ့တဲ့။ ဆရာတော် သြ၀ါဒပေးခါနီး တခြားအကြောင်း ကိစ္စတခုခုကြောင့် ဆရာတော်လာဖို့
နောက်ကျတဲ့အခါ မိန့်လေ့ရှိတဲ့ စကားပါ။
အခုလည်း ခဏလေးတော့ စောင့်လိုက်ပါ။ အိုကေ???
မေမေ့လပြည့်ဝန်းလေး
Read more...
ကပ်စေးနဲများ အဖွဲ့ချုပ်
မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်အခါက သာဝတ္တိပြည်မှာ ကပ်စေနဲသူများနဲ့ ပါဝင်ဖွဲ့စည်းထားတဲ့ ဂိုဏ်းတစ်ဂိုဏ်းရှိခဲ့တယ်။ အဖွဲ့ဝင်တွေဟာ ချမ်းသာကြွယ်ဝတဲ့ လူကုံထံတွေ၊ အထက်တန်းလွှာက လူတွေ ဖြစ်ပါတယ်။ ငွေကို မိမိအသက်ထက်ချစ်ခင်မြတ်နိုး တန်ဖိုးထားသူများဖြစ်ကြတယ်။ စားချင်တာကို မစားကြဘူး။ ၀တ်ချင်တာကို မ၀တ်ကြဘူး။ အငတ်ခံပြီး ၊ စုတ်စုတ်ပြတ်ပြတ်နဲ့ ဖြစ်သလိုနေနေကြတယ်။ အသေခင်က ပြိတ္တာဖြစ်နေသူတွေလို့ ဆိုနိုင်ပါတယ်။
အဲဒီ ဂိုဏ်းသားတွေဟာ မနာလို ၀န်တိုစိတ်ရှိသူတွေဆိုတော့ လှူဖို့ တန်းဖို့ ပေးဖို့ကမ်းဖို့ ဆိုတာ ဝေလာဝေး စိတ်ကူးတောင် မရှိကြပါဘူး။ မြတ်စွာဘုရား နဲ့ တပည့်သား သံဃာတွေအပေါ် ကြည်ညိုသူတွေကတော့.... ဆွမ်း၊ ပစ္စည်းလေးပါး၊ တို့နဲ့ သဒ္ဓါတရားထက်သန်စွာ သာသနာတော်ကြီး အဓွန့်ရှည်ကြာအောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ငွေကြေးဥစ္စာ အမြောက်အမြား ကို နှမြောတွန့်တိုခြင်း အလျဉ်းမရှိဘဲ၊ နောင်သံသရာအတွက် ကုသိုလ်ထုပ် မြုပ်သည့်သဘော တန်ဖိုးရှိရှိသုံးနေကြတယ်။ ဒါတွေကို မြင်တွေ့နေကြတဲ့ ကပ်စေးနဲ့ ဂိုဏ်းသားတွေကတော့ ငွေကုန်မှာစိုးလို့ မြတ်စွာဘုရားကို မကိုးကွယ်ကြဘူး။ ကျောခိုင်းပြီး ဝေးဝေးနေကြတယ်။ သူတို့ရဲ့ မနာလိုဝန်တိုစိတ်က ကြီးမားလွန်းတာကြောင့် သေလွန်သွားတဲ့အခါ ပြိတ္တာဘ၀ ရောက်ရှိခဲ့ ကြရပါတော့တယ်။
တစ်ခုသော နံနက်ခင်း ဆွမ်းခံချိန်မှာ-
ဇေတ၀န်ကျောင်းတော်က ထွက်ခွာလာတဲ့ ရှင်မောဂ္ဂလာန် ဟာ သာဝတ္တိမြို့တွင်း မရောက်ခင် လမ်းခုလတ်မှာ ခြေချင်းလိမ်နေတဲ့ ပြိတ္တာအုပ်ကြီးနဲ့ ထိပ်တိုက်ရင်ဆိုင်မိတယ်။ အဲဒီအချိန်မှာ အရှင်မောဂ္ဂလာန်ဟာ သပိတ်ပိုက်ပြီး ခေတ္တရပ်တော်မူနေလိုက်တယ်။ပြိတ္တာတွေရဲ့ အသွင်ဟာ အသားအရောင်က နက်ခြောက်ခြောက်၊ မျက်ကွင်းတွေက ဟောက်ပက်ပက်၊ နံရိုးတွေက အပြိုင်းပြိုင်း ပေါ်၊ သွားတွေကလည်း ခေါထွက်နေတယ်။ အ၀တ်မပါ ဗလာနတ္တိ၊ တစ်ချို့ဆို မိမိရဲ့ ဆံပင်အရှည်ကြီးတွေနဲ့ အရှက် မပေါ်အောင်မလုံမလဲဖုံးဖိထားကြတယ်။
ဒါကို မြင်တွေ့ရတော့ အရှင်မောဂ္ဂလာန်က မေးပါတယ်။ အချင်း ဒါယကာတို့ …အဘယ်သို့များ ဖြစ်နေကြတာလဲ အ၀တ်အစား မပါ၊ ကြောက်မက်ဖွယ်ရာ ရုပ်အဆင်းနဲ့ ပိန်လှီခြောက်ကပ် လို့ ဘယ်သူတွေလဲ…..။
ပြိတ္တာတွေက တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်နေကြတယ်။ သူပြန်လျောက်နိုး၊ ငါပြန်လျောက်နိုးစောင့်နေကြတယ်။ ခဏကြာမှ တစ်ယောက်က-
ကိုယ်တော်မြတ်ကြီးဘုရား
တပည့်တော်တို့ဟာ ပြိတ္တာတွေဖြစ်ကြပါတယ်။ ယမမင်းကြီးရဲ့ လက်အောက်က ဒုက္ခဘုံသားတွေဖြစ်ပါတယ်။ လူ့ဘ၀တုန်းက စိတ်ထားမှားပြီးမကောင်းမှုတွေ ပြုလုပ်မိခဲ့ ကြလို့ အခုလိုဘ၀မျိုး ရောက်နေကြရ ပါတယ်ဘုရား…တပည့်တော်တို့သည် လှူထိုက်တဲ့ အလှူခံပုဂ္ဂိုလ်တွေ ပေါများနေပါလျက် ငွေအသပြာပဲဝက် လောက်ဒါန ကိုပင် မပြုခဲ့ဘူးပါ။ နှမြောတွန့်တိုပြီး လှူကြတန်းကြသူတွေ ကိုလည်း ပြစ်တင်ရှုတ်ချ ၊ ကဲ့ရဲ့ ခဲ့ကြပါတယ်။
နောက်တစ်ဖန် ခံစားနေရသောဒုက္ခ များကိုလည်း ရင်ဖွင့်လျောက်ထားကြတယ်။ တပည့်တော်တို့ဟာ ဆင်းရဲတွင်း နက်လှပါတယ်။ ရေငတ်လွန်းလို့ တသွင်သွင်စီးဆင်နေတဲ့ မြစ်နားသွားရောက်ပြီး အငမ်းမရ သောက်မယ်လုပ်လိုက်တဲ့အခါမှာ မြစ်ရေတွေဟာ ရွှံ့နွံအနှစ်တွေ ဖြစ်ကုန်ကြပါတယ်။ ကျောကုန်း တွေမှာခြစ်ခြစ်တောက်အောင် နေပူဒဏ်ခံထား ရလို့ သက်သာရာရအောင် သစ်ပင်ရိပ်ကောင်းအောက် ၀င်ခိုပြန်တော့လည်း သစ်ပင်ရိပ်ပျောက်ပြီး နေပူပြင်းကြီးဖြစ်သွားပြန်ပါတယ်။ တိုက်ခတ်လာ တဲ့ လေတွေကလည်း ပူလောင်လှပါတယ်။ တစ်ကိုယ်လုံးဟာ မီးလောင်မြိုက်နေသလိုခံစားနေရပါတယ်ဘုရား၊ ကိုယ့်အကြောင်းနဲ့ကိုယ်ဆိုတော့ ကြိတ်မှိတ်ခံစားနေရပါတယ်ဘုရား ။ ၀မ်းဗိုက်ဟာ ဆာလောင်မွတ်သိပ် နေတာမို့ ထမင်းလုံးတစ်စေ့၊ ရေတစ်စက်လောက်ရအောင် ခရီးမိုင် ပေါင်းများစွာကို လှည့်လည်သွားလာ ရှာဖွေနေကြရပေမယ့် မရရှိခဲ့ကြပါ။ တချို့ဆို ပင်ပန်းလွန်းလို့ အားပြတ်ပြီး ခရီးမြေပြင်မှာ ဘုန်းဘုန်းလဲကျကာ ဒဏ်ရာအနာတရဖြစ်ကြရပါတယ်။
ဝဋ်ကြွေးရှိသမျှခံစားပြီး ၀ဋ်ကြွေးကုန်လို့ လူ့ဘ၀ပြန်ရောက်လာခဲ့ရင် တပည့်တော်တို့ဟာ သူတော်ကောင်း တွေရဲ့အဆုံးအမကို နာယူပါ့မယ်။ သီလစောင့်ထိန်းကာ ဒါနအစရှိတဲ့ ကုသိုလ်ကောင်းမှုတွေကို ပြုကြပါမယ် ဘုရား လို့ အစရှိတာတွေကို လျှောက်ထားပြီး ရိုသေစွာ လမ်းဖယ်ပေးကြပါတယ်။
အရှင်မောဂ္ဂလာန်ဟာ မြင်တွေ့ခဲ့သမျှကို မြတ်စွာဘုရားထံ ချဉ်းကပ်ကာ လျှောက်တင်လိုက်တော့ မြတ်စွာဘုရားက ၀န်တို မစ္ဆေရစိတ်အားကြီးလို့ ပြိတ္တာဖြစ်ခဲ့ရသူတွေအကြောင်းကို ပရိသတ်တို့အား ဟောကြားပေးတော်မူခဲ့ပါတယ်။
မစ္ဆေရရဲ့ သဘောသဘာဝဟာ နှမြော ၊တွန့်တို ၀န်တိုမှု ဖြစ်ပါတယ်။ မစ္ဆေရဟာ လှူဒါန်းပေးကမ်းမှုနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပါတယ်။ ကပ်စီးနဲများ အဖွဲ့ချုပ်က ဂိုဏ်းဝင်တွေဟာ ကျွန်ုပ်တို့ကို သင်ခန်းစာပေး နမူနာပြသွားခဲ့ကြပြီဖြစ်ပါတယ်။ ဒါကြောင့် ကြောက်စရာကောင်းတဲ့ မစ္ဆေရစိတ်ကို မိမိတို့ရဲ့ စိတ်သန္တာန်မှာ ဖြစ်ပေါ်မလာနိုင်အောင် ဆင်ခြင်ပယ်သတ်ကြရမှာ ဖြစ်ပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ။
ညခင်း
Read more...
Personal reflections on precepts and light
The debate on the precepts last week took up a fair bit of time and mental energy. There was a lot of responding to comments and reading other people's blog posts on the subject, and away from the computer a lot of mental busyness, much of it unproductive. Sitting helps the brain settle of course, and another great resource is going back to Kun Daehaeng's teachings.
In "No River to Cross" she writes about how the precepts are positive aspirations, best realised in the world when you rely upon and entrust everything to Juingong, or Buddha-nature. Entrusting the precepts to your foundation, she teaches, will lead to them being applied naturally in daily life. "Let the precepts, which are already within you", she says, "come out naturally".
My teacher Chong Go Sunim, kindly adding his thoughts to the debate, wrote that "in the end, I suppose it boils down to something the Korean Patriach Hanam said. Everything we do in our daily life has the effect of making our minds and spirits either brighter or darker. Do the things that make your heart brighter, and avoid those that make your heart darker."
I thought about this on Saturday night at the Hanmaum Seonwon, where we had an intimate, lively and positive discussion with Kun Hyaedan Sunim on aspects of chapter two of "No River to Cross", and again the next day at an all-day meditation workshop led by Mike and Helge, two senior assistant teachers from Wat Kow Tahm, at the gloriously beautiful Ariyasom Villa.
The workshop itself was superb, even if for me, unused to such long periods of meditation, rather challenging. But the most difficult part came in the final session when Mike led us through a guided meditation in which we were invited to find times in our lives when we were kind, patient, generous and so on, and to find joy in those examples of our goodness. This was tough.
Pra Pandit, who was also helping out during the day, said how difficult he had found the exercise, and in the short discussion that followed I agreed, describing those few examples of goodness that I was able to find as little more than pinpricks of light in what was otherwise a dark ocean of my rottenness. I wasn't kidding. What I saw in the exercise was far from pretty.
Anyone who knows my history knows how rotten it is. No sooner, as a teenager, had I decided I was no longer a Christian, than I was drinking and fighting and hurting people. I left my first wife a number of times, hurting her badly, and did the same to the girlfriends that came next too. Instead of understanding the treasures I had, I treated people with callousness and cruelty. This pattern continued for years.
So it ought to have been no surprise when, years later, Dao left me and took Joseph. How could I not get back exactly what I'd earlier put out? Of course Karma can't be explained quite so mechanically, but in this case it seems obvious enough. I'd created this. I'd treated people cruelly, acted according only to my own inflated ego, and never considered how I was treating others or even, ultimately, myself.
How could the self-shot arrows of past Karma, of all the time I'd lived without light, not fly back to me? They are certainly still on their way back to me in countless unknown ways right now. As Phra Bhasakorn Bhavilai writes in a little book called 'Karma for Today's Traveler', "Huge, violent, killer waves of our own making are bearing down on us, ready to smash us against the rocks."
But, he writes, "Then, somehow, we see more clearly, we improve ourselves, we reject our past behaviour and we embrace the five precepts. By changing our mental state like that... the power of our bad deeds to effect us has been reduced... The waves will hit us, we can't stop them; but they only take a limb or an eye or some teeth. We are left alive. The five precepts will reduce the negative effects from our past."
The few examples of light I found in my life during that meditation on Sunday, minuscule and hard to find but there, were the light of precepts, those few times when the spirit of the precepts have managed to break through into my life. And since embracing the precepts and entrusting myself to them, and entrusting them to my Buddha-nature, that light has thankfully managed to shine a little more brightly.
I still have a lifetime of bad habits to break. For years I stifled the promptings within me and lived in total disregard to what my inner guide was trying to say, and changing such patterns doesn't happen overnight. But my aspiration now, supported by the Buddhas and Bodhisattvas, is to change that. To move from the hungry ghost of my past to the upright stone of my Dharma name and ultimate nature.
Kun Daehaeng Sunim's positive formulation of the precepts are: Love all beings equally and compassionately. Give alms and create virtue. Cultivate a pure and upright body and mind. Speak only the truth and uphold trust. Always maintain bright and upright wisdom. Reaching up from a sea of darkness, this is my aspiration, this the path of light, the working of Buddha-nature. This is what I take refuge in.
Links:
  • The Teachings of Daehaeng Kun Sunim
  • Wat Kow Tahm International Meditation Center
  • Ariyasom Villa, Boutique Hotel, Bangkok
  • Marcus' Journal: What the Precepts mean to me
    Photo: If you are in Thailand, get yourself down to the Post Office. Today, the 9th of September 2009, the Thai Post Office is releasing a new postage stamp featuring Guan Yin. Each stamp costs just 9 baht, and they can also be purchased in special presentation packs.
  • Read more...
    သန်းခေါင်ယံ နေထွက်ခြင်း
    NordkappNorwayသန်းခေါင်ယံက အမေးအဖြေများ စာအုပ်မှာ ဘာသာရေး အမေးအဖြေများကို သန်းခေါင်ယံကစခဲ့တဲ့အတွက် နာမည်ပေးရတာဖြစ်သလို ယခုလည်း သန်းခေါင်ယံမှာ နေမ၀င်ဘဲ နေထွက်ခဲ့တဲ့အတွက်ကြောင့် နေမ၀င်ညများ လို့ ပြောရမလိုလိုပါ (သို့) သန်းခေါင်ယံ နေ လို့ နာမည်တတ်ရမလိုလိုပင်....
    ယခုတလော နေကြတ်တာတွေ ကြားနေကြရပါတယ်။ တစ်ချို့နေရာတွေမှာ နေ့အခါ နေမသာနိုင်ဘဲ နေကြတ်နေပေမယ့်၊ ကမ္ဘာ့မြောက်ဝင်ရိုးစွန်းဒေသဘက်ကျတဲ့ နေရာတစ်ချို့မှာတော့ ညဖက်မှာ လသာရမယ့်အစား လပျောက်လို့ နေသာ ဖြစ်ခဲ့ရတယ်လေ.....
    သန်းခေါင်ယံအချိန်ကျရောက်ဖို့ နီးလာလေလေ နေလုံးကြီးက တောင်စွယ်နေကွယ်ဖို့ နီးလာလေလေပါ။ ဒါပေမယ့် ည ၁၁း၃၀ နာရီလောက်မှာ နေလုံးကြီးဟာ မ၀င်တော့ပဲ အပေါ်ပြန်တက် လာတယ်လို့ သိလိုက်ရတယ်။ အဲဒါကိုပဲ နိုင်ငံအသီးသီးမှာ နေထိုင်ကျတဲ့လူများက သန်းခေါင်ယံအချိန် နေကို အထူးအဆန်းသဖွယ် လာရောက်ကြည့်ရှုခဲ့ကြတယ်။
    ဒါကြောင့်လည်း နေမ၀င်ညများလို့ ပြောလိုပြော (midnight sun )သန်းခေါင်ယံမှာ ထွက်တဲ့ နေ လို့ ပြောချင်သလို ပြောခဲ့ကြပြီလေ......
    ဒီလို ထူးဆန်းတဲ့ ဖြစ်ရပ်မျိုးကို ကမ္ဘာ့မြောက်ဖျားဒေသ တစ်ချို့နေရာများဖြစ်တဲ့ နော်ဝေ၊ ဆွီဒင် စတာတွေမှာ တွေ့ရတတ်ပါတယ်။
    အချိန်ကား နှစ်စဉ် အများအားဖြင့် မေလ (၁၄)ရက်မှ ဂျူလိုင်လ (၂၉)ရက်အထိ ဒီအတောအတွင်းမှာ နေမ၀င်ညများ ဖြစ်လေ့ရှိတယ်လို့ ဒီwebsite မှာ ဖေါ်ပြထားပါတယ်။ ယခုရက်ပိုင်း အတွင်း ဒီမိုကရက်တစ် TV လိုင်းက ဒီအကြောင်းကို "နေမ၀င်ညများ" ဆိုပြီး အသံလွင့်ပေးနေပါတယ်။ ပိုပြီးလည်း ပြည့်ပြည့်စုံကြားရတာပေါ့၊ ဒါကြောင့် အကြောင်းညီညွတ်ရင် စာဖတ်သူ များ ကြည့်ဖြစ်အောင် ကြည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။
    လောကမှာ နေမ၀င်ညများ ရှိသလို.......
    ဘ၀နေ၀င်ချိန်ဆိုတာ မရှိတော့ရင် ကောင်းမှာပဲ......ဘ၀နေ၀င်ချိန်မရှိတော့ရင် အိုနာသေဆိုတာလည်း မလာတော့ဘူးပေါ့.....
    ဒါကြောင့် ဘ၀နေ၀င်ချိန် မရှိစေရေးအတွက် အခုကတည်းက ပါရမီကုသိုလ်တွေကို စွမ်းအားရှိသလောက် ပြုနေကြရတာပါ၊ ရာဝင်အိုးကြီးထဲသို့ မိုးစက်တွေ တစ်စက်ချင်း ကျနေတဲ့အတွက် ဘယ်အခါမှ ပြည့်မယ်လို့ မပြောနိုင်ပေမယ့် တစ်နေ့တော့ ပြည့်ရုံတင်မက လျှံတောင်ကျလာဦးမှာပါ။ စာဖတ်သူများလည်း ကိုယ်စွမ်းရှိသလောက် ပါရမီကုသိုလ်တွေကို ဖြည့်ကျင့်ကြဖို့ တိုက်တွန်းပါရစေ........ပါရမီကုသိုလ်တွေဆိုတာ အချိန်မရွေး နေရာမရွေး ပြုလို့ရနိုင်တဲ့အတွက် သတိတရားသာ ထားပြီး ပြုကြဖို့ပါ.....
    Read more...
    သွေးတိုးရောဂါ အထိရောက်ဆုံး ကာကွယ်ကုသနည်းများ ( ၂ )
    ( ကုသခြင်း )
    သွေးတိုး (၁၅၀/၉၀) အထိ အမြဲရှိသူတိုင်းကို ကုသပေးရန် လိုသည်။ ရောဂါကို ဆေးကုသမှု မခံယူခြင်းကြောင့် ရတတ်သောအန္တရာယ်ကို ဝေဒနာရှင်အား ရှင်းပြဖို့ သင့်သည်။
    အဓိကလိုက်နာရမည့် အချမ်းများမှာ-
    စီးကရက်သောက်သည့် ဓလေ့ရှိပါက စီးကရက် ဖြတ်လိုက်ပါ။
    အလေးချိန် တိုးနေသူ ဖြစ်ပါက အလေးချိန် လျှော့ချပါ။
    ဆားကို အလွန်စားသုံးသည့် ဓလေ့ရှိပါက ဆားကို တတ်နိုင်သမျှ လျှော့စားပါ။
    အသက်အရွယ်လိုက်ပြီး အောက်ပါမူအရ ဆေးဝါးများကို ဆရာဝန်များ ညွှန်လေ့ရှိပါသည်။
    သွေးတိုးရေဂါရှိနေပြီဟု သတ်မှတ်ခံရသူအားလုံးကို ဆေးကုပေးစရာ မလိုသေးပါ။ တလတွင် တကြိမ်ဆိုသလိုသာ စစ်ပေးရန် လိုသည်။ အသက် ၅၀-အောက်၊ သို့မဟုတ် အခြားသွေးတိုးက ဒုက္ခပေးမည့်လက္ခဏာတခုခု ရှိသူများကိုသာ ဆေးကုသပေးရပါမည်။
    သွေးပေါင်ချိန် ၁၈၀/၁၁၀၊ ၂၀၀/၁၃၀ အကြားရှိသော လူနာများအား ဆေးဝါးဖြင့် ထိထိရောက်ရောက် ကုသပေးရပါမည်။ သွေးပေါင်ချိန် ၂၀၀/၁၃၀ အထက်ရှိနေသော လူနာကို ချက်ချင်း ဆေးရုံတင်ပေးရပါမည်။ အသက်အန္တရာယ်နီးသောသူဟု သတ်မှတ်ရပါသည်။
    ( ဆေးဝါးများ )
    သွေးတိုးရောဂါသည်ကို ဆေးကုမည်ဆိုလျှင် ဆီးရွှင်သောဆေးများ၊ ဥပမာ Diruton Esidrex စသည် (Lasix မပေးရပါ။ ပြင်းလွန်းသည်။)
    Beta Blocker အုပ်စုဝင်ဆေး၊ ဥပမာ-Inderal (propranolol) ဆေးတခုခုကို စပြီး ပေးရပါမည်။
    ဒီဆေးတွေနဲ့ မထိမိပါမှ အခြားဆေးများသို့ တက်လှမ်းရပါမည်။
    ဆီးရွှင်ဆေးများ၏ စွမ်းပကား-
    ဈေးချို၏။ အသုံးကာလကြာခဲ့ပြီး ဖြစ်၏။ ပိုတက်ဆီယမ်ဓာတ် ယုတ်လျော့စေသည်ဆိုပြီး နာမည်မကောင်း ဖြစ်ခဲ့သေး၏။ သို့ရာတွင် ယခုအမြင်က အန္တရာယ်ကင်းပါသည်။ စိတ်ချရပါသည်ဟု ဆိုနေ၏။
    B Blockers ဤဆေးအုပ်စု (Proprannolol) များကို အသုံးပြုခြင်းဖြင့် သွေးတိုးရောဂါကြောင့် လေဖြတ်ခြင်းကို ကာကွယ်ပေးမည့်အပြင် နှလုံးသွေးကြောပိတ်ဆို့ခံရခြင်း ရောဂါကိုပါ အကာအကွယ်ပေးနိုင်မည်ဟု သိရ၏။
    ( အားကိုးလောက်သည့် ဆေးဝါးသစ်များ )
    ယခုအခါ Nifedipine, Verapamil (Calcium Blockers) ဆေးအုပ်စုနှင့် Captopril Enalapril ဆေးများပေါ်ထွန်းလာပြီးဖြစ်သည်။
    ဆေးများကို ရောဂါအနည်းအများ အဆင့်အလိုက် အသက်အရွယ်လိုက်ပြီး တဆင့်ပြီးတဆင့် လိုအပ်သလို သုံးစွဲလေ့ရှိပါသည်။ ဆေးအများစုကို ဆရာဝန်များ အညွှန်းဖြင့်သာ သုံးစွဲသင့်ပါသည်။
    ( အပန်းဖြေအနားယူခြင်း၊ တရားထိုင်ခြင်း )
    အပန်းဖြေ အနားယူခန်း၌ ခေတ္တသွားရောက် နေထိုင်ခြင်း၊ ၈-ပတ်မျှကြာအောင် တရားထိုင်ခြင်းတို့ကြောင့် သွေးပေါင်ချိန် ကျနိုင်ကြောင်း အထောက်အထားများ ရှိပါသည်။
    အနားယူဖြေလျှော့ခြင်းနည်းများ (Relaxation Methods) ဖြင့်လည်း ဝေဒနာ သက်သာပျောက်ကင်းမှုရနိုင်ကြောင်း ဆေးသိပ္ပံ ပညာရှုင်များ လက်တွေ့လုပ်ဆောင် သိရှိလာကြပြီ ဖြစ်သည်။
    အနားယူဖြေလျှော့ခြင်း (Relaxation) သည် သာမန်အနားယူခြင်း (Rest) နှင့် မတူညီပေ။ အနားယူ ဖြေလျှော့နည်းပေါင်း များစွာရှိသည်။ အခြေခံအားဖြင့် အတူတူ ဖြစ်ကြပါသည်။ စနစ်တကျ ပြလုပ်လေ့ကျင့်မှသာ စစ်မှန်သောအနားယူ ဖြေလျှော့ခြင်းကို ရရှိမည် ဖြစ်သည်။ ခန္ဓာကိုယ်အား သဘာဝကျကျ အနားပေးခြင်းဖြင့် ခန္ဓာကိုယ်၌ မှီတွယ်တည်ရှိနေသော စိတ်ကိုလည်း အနားပေးခြင်းဖြင့် စိတ်ကြောင့်ဖြစ်ပေါ်နေသော ခန္ဓာကိုယ်ကြွက်သားများ တင်းခြင်း၊ တောင့်ခြင်းများအားလည်း ဖြေလျှော့ပေးနိုင်လာမည်ဖြစ်သည်။
    ခန္ဓာကိုယ် ကျန်းမာသန်စွမ်းရေးအတွက် ကိုယ်လက်လှုပ်ရှားလေ့ကျင့်မှုများ ပြုလုပ်ပေးရန် လိုအပ်သကဲ့သို့ ခန္ဓာကိုယ်နှင့် စိတ် နှစ်မျိုးစလုံး ကျန်းမာရေးအတွက် အနားယူဖြေလျှော့ခြင်း ပြုလုပ်ပေးရန် လိုအပ်ပေသည်။ အနားယူ ဖြေလျှော့ပေးခြင်းဖြင့် ကျန်းမာရေးအကျိုးတရားတခုသာ မဟုတ်မူဘဲ အခြားသောအကျိုးတရားများလည်း ပူးတွဲရရှိလာနိုင်သည်ဖြစ်၏။
    ဥပမာ-ပျော်ရွှင်ခြင်း၊ အကြံသစ် ဉာဏ်သစ်များ ထွက်ပေါ်လာခြင်း၊ အပင်ပန်းခံနိုင်ခြင်းများ ဖြစ်ကြလေသည်။ ထို့ပြင် ခန္ဓာကိုယ်အနေအထားနှင့် အပြုအမူဆိုင်ရာမှားယွင်းမှုများ၊ ချွတ်ယွင်းမှုများကိုလည်း အမှန်သို့ရောက်အောင် ပြုပြင်လာနိုင်မည်ဖြစ်သည်။
    ( အထွေထွေရောဂါကု ကျန်းမာရေးလုပ်သားများ၏ တာဝန် )
    ယခုခေတ်တွင် ကူးစက်ရောဂါများပြီးလျှင် နှလုံး လေဖြတ်နှင့် ပတ်သက်သောရောဂါများသည် အဓိက လူသေစေသောရောဂါစု ဖြစ်၏။ ဤရောဂါများ ဖြစ်စေသည့် အကြောင်းများတွင် သွေးတိုးရောဂါ အခံရှိခြင်းသည် အဓိကအချက်တခု ဖြစ်သည်။ ထို့ကြောင့် ကျန်းမာရေးလုပ်သားများသည် မိမိတာဝန်ယူရသော ဒေသ၊ ဥပမာ-ကျေးရွာ၊ တိုက်နယ်၊ စက်ရုံ၊ အလုပ်ရုံ စသည်မှ အသက် ၃၀-အထက် လူအားလုံးကို အခွင့်အရေး ပေါ်တိုင်း သွေးပေါင်ချိန်တိုင်းပေးရန် လိုသည်။
    ( ဥပမာ-ကမ္ဘာ့ကျန်းမာရေးနေ့၊ ပြည်ထောင်စုနေ့ အခမ်းအနား စသည်။ )
    မြို့နယ်ဆေးရုံများကဲ့သို့ ဆေးရုံမျိုးတွင် သွေးတိုးရောဂါသည်များကို တရက် သတ်သတ် မှတ်မှတ် ဆေးခန်းဖွင့်ပေးနိုင်လျှင် ပိုပြီးကောင်း၏။ သူနာပြု ဆရာမတဦးကို ကောင်းစွာလေ့ကျင့်ပေးပြီး သွေးတိုးတိုင်းပေးခြင်း၊ ဆေးဝေငှပေးခြင်း၊ ၀ယ်သင့်သည်ကို ၀ယ်စေခြင်း၊ ဆေးလိပ်မသောက်ရန်၊ ဆေးခန်းမှန်မှန် လာရန်၊ သွေးတိုးရောဂါကို ကုသမှု မပြုပါက ရနိုင်သော အန္တရာယ် စသည်တို့ကို ရှင်းလင်းဖော်ပြသင့်ပါသည်။
    အထူးသဖြင့် အောက်ပါလူမမာများကို အထူးကု သမားတော်ကြီးများဖြင့် မလွဲမသွေ စစ်ဆေးပေးရပါမည်။
    ၁။ သွေးတိုး အလွန်အမင်း မြင့်မားနေသူများ။
    မျက်လုံးအတွင်း၌ သွေးယိုနေသည့်လက္ခဏာ ရှိသူများ။
    ၂။ သွေးတိုးရောဂါ ကုဆေးများဖြင့် ကုသပေးနေပါလျက် ရောဂါမသက်သာသူများ။
    ၃။ အသက် ၃၀-အောက်လူနာများ။
    ၄။ ချွေးအလွန်အမင်းထွက်ခြင်း စသည့် ထူးခြားသော လက္ခဏာရှိသူများ။
    ၅။ ဆီးထဲ၌ ပရိုတင်းဓာတ်၊ ဆီးထဲ၌ သကြားဓာတ်နှင့် သွေးထဲ၌ အပြောင်းအလဲရှိသူများ။
    ( ဆရာဝန် တင်ရွှေ )
    ( မြတ်မင်္ဂလာ ၁၉၉၉-ခု ဇန်န၀ါရီလ )
    မှတ်ချက်။
    ၁၉၉၈-ခု ဒီဇင်ဘာလထုတ် မြတ်မင်္ဂလာ မဂ္ဂဇင်း မော်လူးထံ မရှိပါသဖြင့် သွေးတိုးရောဂါ အထိရောက်ဆုံး ကာကွယ်ကုသနည်းများ ( ၁ ) ကို မတင်ပြနိုင်သေးပါ။ တွေ့ရှိသည့်အခါ တင်ပြပါမည်။
    မေတ္တာဖြင့်
    မော်လူး
    Read more...
    550 monks, nuns receive certificates for Buddhist studies
    VOVNews, Sept 8, 2009
    Ho Chi Minh City, Vietnam -- Nearly 550 monks and nuns have graduated from the 6th training course of the Vietnam Buddhist Studies Institute, with 49 percent of them receiving excellent certificates.
    This was the first training course held in Ho Chi Minh City. The certificate award ceremony was held at Pho Quang Pagoda in the city.
    Venerable Thich Quang Hieu, a new graduate, said that with four years of hard study at the Institute, trainees have gained knowledge and improved their moral character in order to better serve their religious cause, human life and other people.
    Buddhists urged to do away with wasteful ways
    Daily Express, September 08, 2009
    Kota Kinabalu, Malaysia -- The Buddhist Tzu-Chi Merit Society has urged its members and supporters to review the manner they celebrate their religious rituals, in order to be more environment-friendly and not to be wasteful.
    Ong Tuen Yiok, the Person-in-Charge cum Commissioner of Tzu-Chi Kota Kinabalu, proposed they gradually do away with the burning of massive amount of incense papers and offerings of animals such as pigs, chickens and fish to the deceased during the annual Hungry Ghost Festival, as such practice is deemed to be wasteful and to a certain extent harmful to the environment.
    The money spent on such items could instead be better used for charity purposes which is more meaningful, he said.
    He proposed this while speaking at the mass prayer session organised by the Society at Jalan Teluk Likas, here, last Saturday.
    He also considered the usual practice of simply displaying the offerings on the ground as inappropriate and disrespectful to the spirit of the deceased.
    Towards this end, Ong hoped members and supporters of Tzu-Chi could seriously consider the proposal and take the lead to make a difference.
    He also noted that while the Chinese community traditionally regard the seventh month of the Chinese lunar calendar as a "ghost month" with plenty of taboos, the Buddhists, however, regard it as a joyous and auspicious month to express one's gratitude and affection towards their ancestors and deceased loved ones, adding this can be found in various Buddhism scriptures.
    Through the mass prayer session, Tzu-Chi hoped to impart and instil the noble virtue of love and compassion to all living beings on earth, a philosophy vigorously advocated by its founder, Master Cheng Yen, he added.
    Besides the mass prayer session, the organiser also put up some elegantly designed donation cans for the faithful and supporters to adopt.
    These donation cans will be returned to the Centre once they are filled up, to be used for charity purposes.
    Read more...
    သူတို့ လက်မှတ်ထိုးကုန်ကြပြီတဲ့...
    Read more...
    Hard Skills and Soft Skills
    ချစ်ခင်လေးစားရပါသော ဓမ္မမိတ်ဆွေများရှင့်
    " ကျွန်မ ရဲ့ စီနီယာ တစ်ယောက် ရေးသားတဲ့ နှစ်သက်မိသော .စာတပုဒ် ... " ကို Email မှရရှိလာတဲ့အတွက် လက်ဆင့်ကမ်းဖော်ပြလိုက်ပါတယ်။
    ကျွန်မ ကိုယ်တိုင်လည်း Hard Skills ကို အားထားတဲ့ လူတစ်ယောက်ပါ..။တကယ့်လက်တွေ့ လုပ်ငန်းခွင်မှ လိုအပ်ချက်များ ဖြစ်တဲ့ Soft Skills အရေးပါမှုကို နာယူမှတ်သားမိလိုက်ပါတယ်။
    Hard Skills and Soft Skills( Saw Win Naing)
    ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားတာကြောင့်ရော၊ အလုပ်သဘောအရပါ နိုင်ငံတကာပညာရေးနဲ့ပတ်သက်တဲ့ Education Seminar လို့ခေါ်တဲ့ နိုင်ငံတကာ ကျောင်းတွေ၊စကောလားရှစ်တွေ အကြောင်း မိတ်ဆက် ရှင်းလင်းပွဲတွေကို မကြာခဏတက်ဖြစ်ပါတယ်။ဒီလို Seminar မျိုးတက်တဲ့ အခါတိုင်း တက်လာတဲ့ ပရိသတ်အများစုက လူငယ်တွေ
    ဖြစ်နေတာကိုလည်း သတိပြုမိပါတယ်။ လူငယ်တွေ နိုင်ငံတကာ ပညာရေးကိုစိတ်ဝင်တစား ရှိနေတာတွေ့ရတာ အတော်လေး အားရမိပါတယ်။ အချို့သော Seminar
    တွေက တက်လာသူတွေ အတွက် သိသင့်သိထိုက်တာလေးတွေကို တင်ပြကြ၊ဆွေးနွေးကြဆိုတော့ တက်လာတဲ့ သူတွေအတွက် အတော်လေး ဗဟုသုတရပြီး
    အကျိုးရှိသလို၊ တချို့ Seminar တွေကျတော့လည်း ကြော်ငြာ သက်သက်လိုဖြစ်နေတာ မျိုးလည်း ကြုံရတတ်ပါတယ်။
    မှတ်မှတ်ရရ တစ်ခုသော အိုင်တီနဲ့ ပတ်သက်တဲ့ ပညာရေး Seminar တစ်ခုမှာဟောပြောတဲ့သူက ဟောပြောတဲ့ အပိုင်းပြီးလို့ ထုံးစံအတိုင်း အပြန်အလှန်မေးမြန်းဖြေကြားတဲ့ အပိုင်းရောက်တော့ လာတက်တဲ့ အထဲက လူငယ် ပရိသတ်တစ်ဦးကထမေးပါတယ်။ "ဒီသင်တန်း တက်ပြီးရင် လစာ ဘယ်လောက်ရတဲ့ အလုပ်မျိုးရနိုင်သလဲ၊ ဒီဘွဲ့ရထားရင် စင်ကာပူမှာဆိုရင် လစာ ဘယ်လောက် ရတဲ့ အလုပ်မျိုးရနိုင်သလဲ" လို့မေးပါတယ်။ မေးတဲ့ မေးခွန်းက နည်းနည်း ဂွတီးဂွကျနိုင်သလိုရှိပေမယ့် တကယ်တမ်းကျတော့ Seminar လာတတ်တဲ့ အခြား လူငယ်တွေကလည်းသူ့လိုပဲ သိချင်နေကြပါတယ်။ ဒါကလည်း နိုင်ငံရပ်ခြားမှာ ပညာသင်သွားဖို့စိတ်ကူးတဲ့သူတွေ အနေနဲ့ ကိုယ် ကျောင်းပြီးရင် ဘယ်လိုအလုပ်မျိုးရနိုင်မလဲဆိုတဲ့ အိပ်မက်ကလည်း ရှိနေပြီးသား ဆိုတော့ ဒီလိုမျိုး
    မေးခွန်းမေးတာ ထူးသလိုနဲ့ မဆန်းဘူးလို့ပဲ ဆိုရမှာပါ။
    ဒါကို ဟောပြောသူက တိုတိုနဲ့ ရှင်းရှင်းပဲ ပြန်ဖြေခဲ့ပါတယ်။ "ခင်ဗျားရဲ့ပရိုဖက်ရှင်နယ် အရည်အချင်း (Professional Capacity) ပေါ်မှာပဲ မူတည်ပါတယ်"လို့ ဖြေခဲ့ပါတယ်။ ပြန်ဖြေတဲ့ အဖြေအပေါ် မေးတဲ့ လူငယ်ရော၊ တက်လာတဲ့ အခြားလူငယ် ပရိသတ်ကော ဘယ်အတိုင်း အတာထိ သဘောပေါက် တယ်ဆိုတာ မသိပေမယ့်လည်းအဲဒီအဖြေအပေါ် ကျွန်တော် အတော်လေး သဘောကျနေမိပါတယ်။
    မှန်ပါတယ်။ ဘယ်ကျောင်းက ဘယ်ဘွဲ့တွေ ဘယ်လိုပဲရရ၊ လူတစ်ယောက် အနေနဲ့သူ့ဘ၀မှာ ဘယ်လို အသက်မွေးဝမ်းကျောင်း အလုပ်မျိုးနဲ့ ရပ်တည်မလဲ၊ကိုယ်ရပ်တည်တဲ့ အလုပ်မှာ ဘယ်လောက် အတိုင်းအတာ အထိ အောင်မြင်နိုင်မလဲဆိုတာ လူတစ်ဦးချင်းစီရဲ့ ပရိုဖက်ရှင်နယ် အရည်အချင်းပေါ်မှာပဲ မူတည်နေတယ်လို့ပဲ ဆိုပါရစေ။
    လုပ်ငန်းတစ်ခုမှာ လူတစ်ယောက်ကို အလုပ်ခန့်တယ် ဆိုတာ တတ်ထားတဲ့ ပညာရပ်၊ရထားတဲ့ အောင်လက်မှတ်၊ ဘွဲ့လက်မှတ် တစ်ခုတည်းနဲ့တင် ဆုံးဖြတ်တာမဟုတ်ပါဘူး။ လုပ်ငန်း အတွေ့အကြုံ၊ ကိုယ်ရည်ကိုယ်သွေးအပါအ၀င်အခြားအချက်တွေကိုလည်း လေ့လာပြီး ခန့်မယ့် လုပ်ငန်းရဲ့လိုအပ်ချက်နဲ့ရွေးချယ်ပြီးဆုံးဖြတ် ကြပါတယ်။ သို့ပေမယ့် အသက်မွေးဝမ်းကျောင်းဆိုင်ရာပညာရပ်တွေကို လေ့လာသင်ယူတဲ့သူ တွေ၊ အထူးသဖြင့် တိုင်းခြားရပ်ပြည်မှာ သွားပြီး ပညာသင်တဲ့၊ ပညာသင်ဖို့ ကြိုးစားနေတဲ့ သူတွေအနေနဲ့ကိုယ်စိတ်ကူးထားတဲ့ ဘာသာရပ်ကို သင်ပြီးရင် ဘယ်လိုအလုပ်မျိုး ရနိုင်မလဲဆိုတာကို မျှော်တွေးတတ်ကြတာ သဘာဝပါ။
    ဒီနေရာမှာ ပညာသင်ယူမှုနဲ့ ပရိုဖက်ရှင်နယ်လစ်ဇင်တို့ ဆက်စပ် ပတ်သက်မှုလေးကို နည်းနည်းလောက် ပြန်စဉ်းစားဖို့ လိုလာပါပြီ။ ခက်တာက ကျွန်တော်တို့
    မြန်မာမှု နယ်ပယ်မှာ ဘယ်သူကစပြီး စကားဖလှယ် သုံးခဲ့တယ်တော့ မသိ။ ပရိုဖက်ရှင်နယ် (Professional) ကို ကြေးစားလို့ ဘာသာပြန် သုံးစွဲခဲ့တာတွေ
    ရှိခဲ့ပါတယ်။ အားကစား လောကမှာ Armature ကို အပျော်တမ်းလို့ ဘာသာပြန် ဆိုတာကြောင့် ဒါနဲ့ လိုက်လျော ညီထွေဖြစ်အောင်များ Professional ကိုကြေးစားလို့များ ဘာသာပြန်လိုက်မိလေ သလားလို့လည်း တွေးမိပါတယ်။ တကယ်တော့ပရိုဖက်ရှင်နယ် ဆိုတဲ့ စကားရဲ့ နောက်ကွယ်မှာ ကျယ်ဝန်းတဲ့ အဓိပ္ပာယ်တွေ ပါနေတယ်လို့ ဆိုနိုင်သလို မြန်မာစကားနဲ့ လုံးကောက် တိုက်ရိုက်ဖလှယ်သုံးလို့ရတဲ့ စကားလုံး မရှိဘူးလို့ပဲဆိုရမှာပါ။
    ဒီတော့ ပရိုဖက်ရှင်နယ်ဆိုတာ ဘာလဲလို့ ဆိုရရင် အတတ်ပညာ တစ်ခုခု၊ ပညာရပ်တစ်မျိုးမျိုးကို အသက်မွေးဝမ်းကြောင်း အလုပ်တစ်ခု အနေနဲ့ ရပ်တည်နိုင်လောက်အောင် ကျွမ်းကျင်စွာ တတ်မြောက်တဲ့ သူလို့ပဲ အကြမ်းဖျင်းဆိုပါရစေ။ ဒါဟာ ပညာရပ်ဆိုင်ရာ အသက်မွေးဝမ်းကြောင်း လုပ်ငန်းနယ်ပယ်တစ်ခုတည်း ကိုသာဆိုလိုတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ နေ့စဉ်
    ကြုံတွေ့နေတဲ့ လူမှု ပတ်ဝန်းကျင်မှာပါ ပတ်သက် ဆက်နွယ် နေတတ်ပါတယ်။ဈေးရောင်းတဲ့ ဈေးသည်အပါအ၀င် တက္ကစီ ကားဆရာကစလို့ ကော်ပိုရေးရှင်းကြီးရဲ့
    စီအီးအို အဆုံး၊ ကားပြင်တဲ့ ၀ပ်ရှော့ဆရာအပါအ၀င် အင်ဂျင်နီယာပညာရှင်တွေအဆုံး၊ ကိုယ်လုပ်တဲ့အလုပ်ကို အသက်မွေးဝမ်းကြောင်း တစ်ခုအနေနဲ့ထူးချွန်စွာ ကျွမ်းကျင်တတ်မြောက်တဲ့ သူတိုင်းကိုဆိုလိုပါတယ်။ သို့ပေမယ့် စီမံခန့်ခွဲမှုဆိုင်ရာ ပညာရှင်များကတော့ ပရိုဖက်ရှင်နယ်လို့ဆိုရင်အဓိကအားဖြင့် စီနှစ်လုံး (Two C) လို့ခေါ်တဲ့ Competency နဲ့ Characters
    ပြည့်စုံဖို့ လိုတယ်လို့ သတ်မှတ်ကြပါတယ်။ ဆိုလိုတာက ပရိုဖက်ရှင်နယ်တစ်ယောက်ဖြစ်ဖို့ဆိုရင် အတတ်ပညာ တစ်ခုခုကို ကျွမ်းကျင်စွာ တတ်မြောက်တဲ့
    (Competency) ရှိနေဖို့ လိုအပ်သလို ပရိုဖက်ရှင်နယ် တစ်ဦးမှာ ရှိသင့်ရှိထိုက်တဲ့ ကျင့်ဝတ်စရိုက်နဲ့ စိတ်ဓာတ် (Characters) ပါ
    ပြည့်စုံနေဖို့ ဆိုလိုပါတယ်။ ဒီနှစ်ခုလုံး ပြည့်စုံမှ စစ်မှန်တဲ့ ပရိုဖက်ရှင်နယ် တစ်ယောက် ဖြစ်လာမှာလို့ ဆိုတဲ့သဘောပါ။
    တကယ်တော့ ကမ္ဘာပေါ်မှာ ရှိရှိသမျှသော အဆင့်မြင့်ပညာ သင်ကြားပေးနေတဲ့ကျောင်းကြီး တွေဟာ ပညာရပ်ဆိုင်ရာ ဘာသာရပ်တွေနဲ့ နည်း ပညာဆိုင်ရာပညာရပ်တွေကို သင်ကြားနေကြတာဟာ တက်ရောက် သင်ကြားကြတဲ့ကျောင်းသား တွေရဲ့ဘာသာရပ်အလိုက် လိုအပ်တဲ့ ကျွမ်းကျင်မှု (Competency) ကို ဦးတည်ပြီးသင်ကြားပေးကြတာပါ။ ပညာရပ် နယ်ပယ်အစုံ၊ ကျောင်းအမျိုးမျိုးမှာ တက်ရောက်သင်ယူနေတဲ့ ကျောင်းသားတွေ အနေနဲ့ကလည်း အနာဂတ်မှာ ပရိုဖက်ရှင်နယ်နယ်ပယ်တစ်ခုမှာ အတိုင်းအတာ တစ်ခုအထိ ရပ်တည် ရှင်သန်နိုင်မယ်ဆိုတဲ့မျှော်လင့်ချက်၊ ယုံကြည်ချက်နဲ့ ကြိုးစားသင်ယူ နေကြတာပါ။သင်ယူလို့ရလာတဲ့ ဘွဲ့လက်မှတ်တွေ၊ အောင်လက်မှတ်တွေဆိုတာ တကယ်တော့ကိုယ်သင်ရတဲ့ ဘာသာရပ် တစ်ခုခုကို သတ်မှတ်ချက်အတိုင်း တာတစ်ခုအထိ
    အောင်မြင်တယ်၊ ပြီးမြောက်တယ်လို့ အသိအမှတ်ပြုတဲ့ သက်သေခံ Certificateတစ်ခုပါ။
    ဒီလို သင်ယူ တတ်မြောက်လို့ ရလာတဲ့ ကျွမ်းကျင်မှု၊ တတ်ကျွမ်းမှုတွေကိုစီမံခန့်ခွဲမှု ပညာရှင်တွေက Hard Skill လို့ခေါ်ကြပါတယ်။ ပရိုဖက်ရှင်နယ်တစ်ယောက် အနေနဲ့ ရပ်တည်ဖို့အတွက် Hard Skill ဟာ မရှိမဖြစ်လိုအပ်ပါတယ်။ ဒါမှလည်း လူတစ်ယောက်အနေနဲ့ ပရိုဖက်ရှင်နယ်နယ်ပယ် တစ်ခုကိုဝင်ဆန့်မှာပါ။ ဆေးကျောင်း တက်ထားတဲ့ သူအနေနဲ့ ဆေးပညာရပ်နယ်၊ အင်ဂျင်နီယာတတ်တဲ့သူ အနေနဲ့လည်း သက်ဆိုင်ရာ အင်ဂျင်နီယာနယ်ပယ်၊ ဟိုတယ်ပညာတတ်တဲ့သူအနေနဲ့လည်း ဟိုတယ်လုပ်ငန်း ၀န်းကျင် စသည်စသည် ဖြင့် ကိုယ်ကျွမ်းကျင်တဲ့
    အတတ်ပညာ၊ အသိပညာနဲ့ နီးစပ် ကျွမ်းကျင် နယ်ပယ်တွေဝင်ရောက်ရပ်တည်နိုင်မှာပါ။
    သို့ပေမယ့် ပရိုဖက်ရှင်နယ် တစ်ယောက်ဖြစ် ဖို့ရာမှာ Hard Skill တစ်ခုတည်းနဲ့ မလုံလောက်ဘူး လို့ဆိုပါတယ်။ Hard Skill လို့ဆိုတဲ့ပရိုဖက်ရှင်နယ် တစ်ယောက်မှာ လိုအပ်တဲ့၊ ရှိလည်းရှိသင့်တဲ့ တန်ဖိုးထားမှု၊ကျင့်ဝတ်၊ စရိုက်နဲ့ အမူအကျင့်တွေ (Professional Characters) လည်းရှိဖို့လိုအပ်ပါတယ်။ ပြောတဲ့အတိုင်း လုပ်တတ်တာ၊ အချိန် မှန်တာ၊ ကိုယ်လုပ်နေတဲ့ လုပ်ငန်းနဲ့အတတ်ပညာ အပေါ် အမြဲတမ်း ပိုကောင်းအောင်၊ ပိုကျွမ်းကျင် နေအောင်
    ကြိုးစားနေတာ၊ ကိုယ်ရပ်တည်တဲ့ ပညာရပ်နဲ့ ကျွမ်းကျင်မှုအပေါ် တန်ဖိုးထားလေးစားတာ၊ ကိုယ့်ရဲ့ကျွမ်းကျင်မှုကို အပြည့်အ၀ယုံ ကြည်မှုရှိသလိုယုံကြည်တဲ့ အတိုင်း မှန်မှန်ကန်ကန် ပြောရဲဆိုရဲ၊ လုပ်ကိုင်ရဲတဲ့သတ္တိရှိတာတွေဟာ ပရိုဖက်ရှင်နယ် ပီသသူတွေမှာရှိတဲ့ အရည်အသွေး တွေပါ။အပေါင်းအသင်းဆန့်တာ၊ တစ်ပါးသူကို ကူညီတတ်တာ၊ အကောင်းဘက်က တွေးတတ်တာ၊
    အများနဲ့ မတူတဲ့ ရှုထောင့်ကနေ ကြည့်တတ်၊ မြင်တတ်တာတွေဟာလည်း အောင်မြင်တဲ့ပရိုဖက်ရှင်နယ်တွေမှာ တွေ့ရတတ်တဲ့ ကိုယ်ရည် ကိုယ်သွေးတွေလို့ဆိုကြပါတယ်။
    ဖြစ်ချင်တော့ ကျွန်တော်အပါအ၀င် လူငယ် အများစုက Hard Skill နောက်တကောက်ကောက်လိုက်ရင်း (လိုက်ဖို့လည်းလိုအပ်ပါတယ်) Hard Skill ကိုလည်း
    တည်ဆောက်ဖို့ လိုတယ်ဆိုတာကို သတိမပြုမိကြတော့ပါဘူး။ ငယ်စဉ် ကလေးဘ၀ကတည်းကကျောင်းမှာ စာတော်အောင်၊ စာမေးပွဲတွေမှာ အမှတ်ကောင်းအောင် အပြိုင်အဆိုင်
    ကြိုးစား အားထုတ်နေကြတဲ့ ပတ်ဝန်းကျင်မျိုးမှာ ကြီးပြင်းလာတဲ့ သူတွေဆိုရင်ပိုဆိုးပါတယ်။ စာတော်တာ၊ ကျောင်းကောင်းကောင်းက ကျောင်းပြီးတာ၊နာမည်ရှိတဲ့ အောင်လက်မှတ် ကောင်းကောင်းရတာ ဘ၀မှာ အောင်မြင်တဲ့သူ၊အဆင်ပြေတဲ့သူဖြစ်ဖို့ နည်းလမ်းတွေလို့ တစ်ထစ် ချထင်နေတတ်ပါတယ်။ ဒါဟာအတိုင်းအတာ တစ်ခုအထိသာ မှန်နိုင်ပေမယ့် အောင်မြင်တဲ့ ပရိုဖက်ရှင်နယ်တစ်ယောက်ဖြစ်ဖို့အတွက် လုံလောက်တဲ့ အကြောင်းတရားလို့ မဆိုနိုင်ပါဘူး။အလုပ်ခွင်မှာ မပျော်တာ၊ လုပ်ငန်းခွင်မှာ ဆက်ဆံရေး အဆင်မပြေဖြစ်တာ၊
    အလုပ်မကြာခဏ ပြောင်းနေရတာ၊ လုပ်ငန်းမှာ ကိုယ့်ရဲ့တိုးတက်မှု အလားအလာနဲ့ ပတ်သက်လို့ အမြဲ ကိုယ့်အခြေ အနေကို မကျေမနပ် ဖြစ်နေတတ်တာ တွေဟာ Hard
    Skill တစ်ခုတည်းနဲ့ မလုံလောက်ဘူး ဆိုတာရဲ့ အဖြေတစ်ခုပါ။
    ခက်တာက ကမ္ဘာပေါ်မှာ ဘယ်ကျောင်း၊ ဘယ်တက္ကသိုလ်ကမှ လူတစ်ယောက်ကို Professional Character ရှိလာအောင် တကယ်တမ်း သင်မပေး နိုင်ပါဘူး။
    ကျောင်းတွေမှာ ဘာသာရပ် အလိုက် Ethics လို့ခေါ်တဲ့ လူမှုကျင့်ဝတ်နဲ့ ဆိုင်တဲ့ ဘာသာရပ်ကို အချို့ဘာသာရပ်တွေမှာ တွဲဖက်သင်ကြား ပေးနေတာ
    ရှိပေမယ့်လည်း လူတစ်ယောက်ကို သူရပ်တည်တဲ့ နယ်ပယ် အလိုက် ရှိသင့်ရှိထိုက်တဲ့ လူမှုကျင့်ဝတ်တွေ ရှိလာအောင် လုပ်ပေးဖို့
    အာမမခံနိုင်ပါဘူး။ ပြောရရင် ဒီအပိုင်းဟာ ကျောင်းတွေက တိုက်ရိုက် လေ့ကျင့်ပေး၊ လုပ်ပေးနိုင်တဲ့ အပိုင်းလည်း မဟုတ်ပါဘူး။ Soft Skill ဟာလူတစ်ဦးချင်းစီရဲ့ ခံယူချက်၊ ဘ၀အပေါ် တန်ဖိုးထားမှုနဲ့ ကြိုးစားအားထုတ်မှု၊ကြီးပြင်းလာတဲ့ မိသားစုဘ၀တွေအပေါ်မှာ များစွာမှီတည်နေတယ်လို့စီမံခန့်ခွဲမှုပညာရှင်များက ဆိုပါတယ်။ Hard Skill ကို ကျောင်းတွေ၊
    သင်တန်းတွေမှာ လေ့လာသင် ယူလို့ရပေမယ့် Soft Skill ကတော့ ကိုယ်ကိုယ်တိုင်နေ့စဉ် ကြုံ တွေ့နေရတဲ့ လူမှုဘ၀ထဲမှာ ဖြတ်သန်းရင်းလေ့ကျင့်ပြုစုပျိုးထောင်ကြရတဲ့ အရည်အသွေးမျိုးလို့ ဆိုပါတယ်။
    ပရိုဖက်ရှင်နယ်နဲ့ ပတ်သက်လို့ စီးပွားရေး လုပ်ငန်းကဏ္ဍ ပေါင်းစုံကပရိုဖက်ရှင်နယ်တွေကို နှစ်နဲ့ချီပြီး သုတေသနလုပ်ခဲ့တဲ့ နာမည်ကျော်
    စီမံခန့်ခွဲမှု ပညာရှင် ဒေါက်တာဒေ့ဗ်ခါလီက အောင်မြင်နေတဲ့ပရိုဖက်ရှင်နယ်တွေမှာ တွေ့ရ လေ့ရှိတဲ့ကိုယ်ရည်ကိုယ်သွေးနဲ့ပတ်သက်လို့ တူညီတဲ့အချက် ၁၀ ချက်ကို စုစည်းတင်ပြထားတာ ရှိပါတယ်။ ပရိုဖက်ရှင်နယ် ကိုယ်ရည် ကိုယ်သွေးရှိလာဖို့ကိုယ်ကိုယ်တိုင်လေ့ကျင့် ပျိုးထောင်ပေးခြင်းဖြင့် တည်ဆောက်လို့ ရနိုင်တယ်ဆိုတာလည်း သူကဆိုပါတယ်။ ဒီအချက် ၁၀ ချက်ကို ကြုံတုန်းပြန်ပြီးဖောက်သည် ချပါရစေ။
    (၁) အလုပ်အပေါ် အလေးထားမှု
    အောင်မြင်တဲ့ ပရိုဖက်ရှင်နယ်တွေဟာ သူတို့လုပ်တဲ့ အလုပ်တိုင်းကို
    အလေးထားပြီး စိတ်ရော ကိုယ်ပါနှစ်ပြီး လုပ်ကိုင်ကြပါတယ်။ သူတို့အတွက်
    ဘယ်လို အလုပ်မျိုးမှ အရေးမပါတဲ့ အလုပ်မရှိပါဘူး။ ကိုယ်လုပ်တဲ့ အလုပ်အပေါ်
    အလေးထားမှုဟာ အောင်မြင်တဲ့ ပရိုဖက်ရှင်နယ် တစ်ယောက်ရဲ့ သိသာ
    ထင်ရှားတဲ့အရည်အချင်း တစ်ခုပါ။ သူတို့ချမှတ်ထားတဲ့ ရည်မှန်းချက်ကို
    တစ်စိုက်မတ်မတ်နဲ့ စွဲစွဲမြဲမြဲဦးတည်ပြီး လုပ်တတ်ကြပါတယ်။
    ကိုယ့်ဦးတည်ချက်ကို ဘယ်လို အခက်အခဲမျိုး ကြုံပါစေ နောက်မဆုတ်ဘဲ
    ကြိုးစားကျော်လွှားပြီး အောင်မြင်အောင် လုပ်တတ်ကြသလို ကိုယ့်ရဲ့လုပ်ဖော်
    ကိုင်ဖက်တွေကိုလည်း သူယုံကြည်တဲ့ အတိုင်း ဦးဆောင်မှု ပေးနိုင်ကြပါတယ်။
    (၂) အမြဲ ပိုကောင်းအောင် လုပ်ချင်တဲ့စိတ်ဓာတ်
    အောင်မြင်တဲ့ ပရိုဖက်ရှင်နယ်တွေဟာ သူတို့ရဲ့ အလုပ်နဲ့ပတ်သက်ရင် အမြဲတမ်း
    ကောင်းသထက်ကောင်းအောင်၊ တိုးတက်အောင် လုပ်လို့ ရနိုင်သမျှ
    ပိုတိုးတက်အောင် အမြဲတမ်း ကြံစည် ကြိုးစား အားထုတ်နေတဲ့ သူတွေလို့
    ဆိုပါတယ်။ သူတို့ဟာ ပြိုင်ဘက်တွေ၊ အခြားသူတွေကို အနိုင်ယူချင်တဲ့
    စိတ်ဓာတ်ထက် ကိုယ့်အလုပ်ကို အမြဲတမ်း ပိုကောင်းအောင် လုပ်တဲ့ အကျင့်
    ရှိတယ်လို့ဆို ကြပါတယ်။ တစ်နည်းအားဖြင့် ကိုယ့်ကိုယ်ကို
    ပြိုင်ကြတယ်ဆိုတဲ့ သဘောပါ။ သူတို့ဟာ အောင်မြင်မှုကို ယစ်မူးသာယာနေကြတဲ့
    သူမျိုးမဟုတ်ကြဘဲ အောင်မြင်တစ်ခု ရပြီးသွားရင် နောက်တစ်ခုအတွက် အမြဲတမ်း
    အဆင်သင့်ဖြစ်နေကြပါတယ်။
    (၃) မမျှော်လင့်ထားသည်များကို အကောင်းဆုံး ရင်ဆိုင်နိုင်ခြင်း
    လောကမှာ အသေချာဆုံးက မသေချာတာပဲလို့ အဆိုရှိပါတယ်။ ကိုယ်
    မျှော်လင့်ထားတာတွေ ဖြစ်မလာတဲ့အခါ၊ မမျှော်လင့်တာတွေ ဖြစ်လာတဲ့အခါ
    အကောင်းဆုံး ရင်ဆိုင် ဖြေရှင်းနိုင်တဲ့ စိတ်ဓာတ်နဲ့ အလေ့အကျင့်
    ရှိဖို့လိုအပ်ပါတယ်။ အောင်မြင်တဲ့ ပရိုဖက်ရှင်နယ်တွေဟာ မသေချာမှုတွေ၊
    အဆင်မပြေမှုတွေနဲ့ ကျဉ်းထဲကျပ်ထဲအခြေ အနေတွေ ကြားထဲမှာပဲ
    အဆင်အပြေဆုံးဖြစ်အောင် ရင်ဆိုင် ဖြေရှင်းတတ်ကြပါတယ်။ လိုအပ်ရင်
    လိုအပ်သလို အခြေအနေနဲ့အလိုက် ပြောင်းလွယ်ပြင်လွယ် လုပ်နိုင်ကြပြီး
    ကိုယ့်ရည်မှန်းချက်ကို မရောက်ရောက်အောင် သွားနိုင်တဲ့ စိတ်ဓာတ်
    ရှိကြပါတယ်။
    (၄) ဆက်ဆံ ပြောဆိုမှုကောင်းမွန်ခြင်း
    ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ်၊ ဘယ်လိုအလုပ်မျိုး မှာလုပ်လုပ်၊ ဘယ်လို
    ရာထူးမျိုးနဲ့ပဲနေနေ ပြောဆို ဆက်ဆံကောင်းမွန်မှုဟာ နေ့စဉ်ကြုံတွေ့နေရတဲ့
    လုပ်ငန်းခွင်မှာ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ အောင်မြင်တဲ့
    ပရိုက်ဖက်ရှင်နယ်တွေ အနေနဲ့ ကိုယ်ပြောချင်တဲ့၊ သိစေချင်တဲ့
    အကြောင်းအရာကို ရှင်းရှင်းလင်းလင်း၊ တိတိ ကျကျ၊ ယုံကြည်မှုရှိရှိနဲ့
    ပြောတတ်ဆိုတတ်၊ တင်ပြတတ်ကြပါတယ်။ ဒါကြောင့် ကိုယ့်အနေ နဲ့
    သူတစ်ပါးနဲ့ပြောဆို ဆက်ဆံရာမှာ ရှင်းရှင်း လင်းလင်း ပြောဆို ဆက်ဆံတတ်တဲ့
    အလေ့ အကျင့်ကောင်းကို ပျိုးထောင်ထားဖို့ လိုပါမယ်။
    (၅) သွက်လက်တက်ကြွတဲ့ အလေ့အထရှိခြင်း
    ဘယ်အလုပ်မဆို လေးတိလေးကန်လုပ်လို့ မပေါက်ရောက် နိုင်ပါဘူး။
    စာသင်တာပဲဖြစ်ဖြစ်၊ အလုပ်လုပ်တာပဲဖြစ်ဖြစ် သွက်လက်တက်ကြွတဲ့ သူတွေဟာ
    အမြဲတမ်း အလုပ်ပိုပြီးလေ့ ရှိပါတယ်။ ဘယ်လိုနယ်ပယ်မှာပဲ ဖြစ်ဖြစ်
    အောင်မြင်တဲ့ ပရိုဖက်ရှင်နယ်တွေဟာ သူတို့အလုပ်နဲ့ ပတ်သက်ရင် အမြဲတမ်း
    တက်တက်ကြွကြွနဲ့ အဆင်သင့် ဖြစ်နေတတ်ကြတာကို တွေ့ရပါတယ်။ သူတို့ အလုပ်နဲ့
    ပတ်သက်လို့ ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်းတွေဟာ သူတို့ရဲ့အလုပ်နဲ့
    ပတ်သက်တဲ့ ထက်မြက်သွက်လက်မှုကို ဘယ်လိုမှ မထိခိုက်နိုင်ပါဘူး။
    (၆) ရိုင်းပင်းကူညီတတ်သည့် အလေ့အထရှိခြင်း
    ပရိုဖက်ရှင်နယ်ကောင်းများဟာ မိသားစုဝင်တွေ အချင်းချင်းရော၊
    လုပ်ငန်းခွင်မှာပါ ကူညီ ရိုင်းပင်းတတ်တဲ့ သူမျိုးတွေဖြစ်နေတာကို
    တွေ့ရပါတယ်။ စုပေါင်းလုပ်ဆောင်နိုင်မှု (Team Work) ကို အထူးအလေးထား
    တန်ဖိုးထားတတ်ကြသလို အခါများစွာမှာ သူတစ်ပါးကို ကူညီဖို့ လည်း အဆင်သင့်
    ဖြစ်နေတတ်ပါတယ်။ အောင်မြင်တဲ့ ပရိုဖက်ရှင်နယ်တွေမှာ အပေါင်းအသင်း
    မိတ်ရင်း ဆွေရင်းတွေ အများအပြား ရှိနေတတ် ကြပြီး အဆက်အသွယ် ကောင်းတွေလည်း
    ရှိနေ တတ်ကြပါတယ်။
    (၇) ကိုယ်တိုင်စလုပ်ခြင်း
    အောင်မြင်တဲ့ ပရိုဖက်ရှင်နယ်တွေရဲ့ အလေ့ အထတစ်ခု ကတော့ လုပ်သင့်တယ်ထင်တဲ့
    အလုပ်တွေကို ဘယ်သူကမှ ခိုင်းတဲ့အထိမစောင့်ဘူး ဆိုပါတယ်။ အသေးအမွှား
    အလုပ်ကစလို့ အရေးကြီးတဲ့ လုပ်ငန်းကြီးတွေအထိ လုပ်သင့်တယ်လို့ ယုံကြည်ရင်
    ဘယ်တော့မှ လက်တွန့်နေတာ၊ နှောင့်နှေးနေတာမျိုး မရှိဘဲ တာဝန်ယူတတ်တဲ့
    စိတ်၊ တာဝန်ခံတတ်တဲ့ စိတ်မျိုးနဲ့ ကိုယ်ကစပြီး လုပ်ကိုင်တတ်ကြပါတယ်။
    (၈) အလုပ်ဖိအားဒဏ်ကို ခံနိုင်ရည်ရှိခြင်း
    တကယ်အလုပ် လုပ်ကြတဲ့အခါ ဘယ်လုပ်ငန်းခွင်မှ စိတ်ဖိစီးမှု မရှိတဲ့
    အလုပ်ရယ်လို့ မရှိသလောက်ပါပဲ။ ထူးချွန်တဲ့ ပရိုဖက်ရှင်နယ်တွေအတွက်
    လုပ်ငန်းခွင် စိတ်ဖိစီးမှုဟာ သူတို့ အလုပ်အတွက် တွန်းအားတစ်ခုလို့
    ဆိုပါတယ်။ အလုပ်နဲ့ပတ်သက်လို့ စိတ်ဖိစီးမှုတွေ ရှိတဲ့အခါမျိုးမှာ
    တည်တည်ငြိမ်ငြိမ်နဲ့နေပြီး ကိုယ်လုပ်ရမယ့် အလုပ်ကို အကောင်းဆုံး
    လုပ်သွားနိုင်တဲ့ အရည်အချင်းတွေ သူတို့ဆီမှာရှိကြပါတယ်။ အဲဒီလို
    အခြေအနေမျိုးမှာ သူတစ်ပါးကို အလွယ် တကူအပြစ်ပုံချတာမျိုး၊
    ခေါင်းရှောင်တာမျိုး မရှိကြပါဘဲ လုပ်သင့်တာကို မှန်မှန်ကန်ကန်
    ဆုံးဖြတ်နိုင်ကြပါတယ်။
    (၉) စဉ်ဆက်မပြတ်လေ့လာနေခြင်း
    ပရိုဖက်ရှင်နယ်တွေဟာ ကိုယ်ရပ်တည်တဲ့ ပရိုဖက်ရှင်နယ် နယ်ပယ်မှာ
    ကျွမ်းကျင်မှု ရှိရုံသာမက ကိုယ့်ကျွမ်းကျင်တဲ့ အတတ်ပညာ နယ်ပယ်နဲ့
    ပတ်သက်လို့ အမြဲတမ်း စဉ်ဆက်မပြတ် လေ့လာနေကြပါတယ်။ အသစ်အသစ်သော
    တိုးတက်ဖြစ်ပေါ်မှုတိုင်းကို မျက်ခြေပြတ်မခံဘဲ တတ်သိနားလည်အောင် ကြိုးစား
    အားထုတ်ကြပါတယ်။
    (၁၀) ဦးဆောင်နိုင်တဲ့အရည်အချင်းရှိခြင်း
    ခေါင်းဆောင်နိုင်မှု အရည်အချင်းဟာ နယ်ပယ် အသီးသီးမှာရှိနေတဲ့ အောင်မြင်တဲ့
    ပရိုဖက်ရှင်နယ်တိုင်းမှာ တွေ့ရတတ်တဲ့ အရည်အသွေး တစ်ခုပါ။ သူတို့ဟာ
    ကိုယ်လုပ်နေတဲ့ အလုပ်နဲ့ ပတ်သက်လို့ အခြေအနေမှန်ကို အကောင်းဆုံးသုံး
    သပ်နိုင်တဲ့ သူတွေဖြစ်ကြပါတယ်။ အခက်အခဲ တွေကို လမ်းသစ်ထွင်
    စဉ်းစားနိုင်တဲ့သူ၊ ပြဿနာ တွေကို ဖြေရှင်းနိုင်တဲ့ သူတွေဖြစ်ကြတယ်လို့
    ဆိုပါတယ်။ လုပ်သင့်တဲ့ ကိစ္စတွေကို သတ္တိရှိရှိနဲ့ လုပ်ရဲ၊ ကိုင်ရဲ၊
    ပြောဆိုရဲတဲ့ သူတွေဖြစ်ကြလို့ လုပ်ငန်းခွင်မှာ လူအများက လေးစားအားကိုး
    ခံရတဲ့သူတွေအနေနဲ့ တွေ့ရပါတယ်။ တကယ်တော့ ပရိုဖက်ရှင်နယ်စိတ် ဓာတ်ရှိမှု၊
    တစ်နည်းအားဖြင့် ပရိုဖက်ရှင်နယ် ဆန်မှု၊ မဆန်မှုဟာ လူတစ်ယောက်ချင်းစီရဲ့
    အကျိုးစီးပွားသာ မကဘဲ နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးအပါအ၀င် ကဏ္ဍ
    အသီးသီးရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ တိုက်ရိုက်အကျိုးသက် ရောက်မှုရှိပါတယ်။
    ယနေ့နိုင်ငံတကာမှာ ပရိုဖက်ရှင် နယ်အင်အား တောင့်တင်းတဲ့
    လူ့စွမ်းအားအရင်းအမြစ် ကောင်းတွေရှိတဲ့ နိုင်ငံတွေဟာ သက်ဆိုင်ရာ
    နိုင်ငံတကာ ဈေးကွက်တွေမှာ ဦးဆောင်နေရာ ယူထားနိုင်ကြတာကို တွေ့ရမှာပါ။
    ဒီလို လူသားအရင်း အမြစ်ကို မူတည်လို့ နည်းပညာ ဖွံ့ဖြိုးတိုးတက်မှု၊
    ရင်းနှီးမြှုပ်နှံမှုစီးဝင်မှု၊ ကုန်ထုတ်လုပ်မှု တိုးတက်မှု စတဲ့
    ဖွံ့ဖြိုးတိုးတက်မှု အကျိုးဆက်တွေ ဆင့်ကဲ ဖြစ်ထွန်းလာပါတယ်။
    ဒီဖွံ့ဖြိုးတိုးတက်မှု တွေကလည်း တစ်ခါပြန်ပြီး သက်ဆိုင်ရာ ကဏ္ဍတွေမှာ
    ပရိုဖက်ရှင်နယ်တွေ ပိုမို ထွက်ပေါ်လာအောင် တွန်းအားပြန်ပေးပါတယ်။ ဒီလိုနဲ့
    ပရိုဖက်ရှင်နယ် ဖွံ့ဖြိုးတိုးတက်မှုနဲ့ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုတို့
    အပြန်အလှန် အကျိုးပြုပြီး ဖြစ်ထွန်း လေ့ရှိပါတယ်။ အချုပ်အားဖြင့်ဆိုရရင်
    ပရိုဖက်ရှင်နယ် ဆိုတာ အတတ်ပညာရော အသိပညာပါ ရှိတဲ့သူလို့ ဆိုရမှာပါ။
    ပရိုဖက်ရှင်နယ်ကောင်း တစ်ယောက် ဖြစ်ဖို့ရာမှာ ကိုယ်တိုင်လေ့လာ
    သင်ယူမှုတွေနဲ့ ရေရှည် တည်ဆောက်သွားရတဲ့ ခရီးရှည် တစ်ခုပါ။ ဒါကြောင့်
    လူငယ်တွေအနေနဲ့ အခြေခံပညာပြီးလို့ အဆင့်မြင့် ပညာသင်ယူတဲ့ အခါမှာ
    ကိုယ်ဝါသနာပါတဲ့၊ ကိုယ့် အတွက် အမှန်တကယ် အသက်မွေးဝမ်းကျောင်း
    လုပ်နိုင်မယ့် ပညာရပ်တွေကို သေသေချာချာရွေး ချယ်ပြီး
    လေ့လာသင်ယူဖို့လိုသလို၊ တစ်ချိန်တည်းမှာပဲ ပရိုဖက်ရှင်နယ်ကောင်း
    တစ်ယောက်မှာ ရှိသင့်တဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ ပတ်သက်တဲ့ အလေ့အကျင့်
    ကောင်းတွေကို လေ့ကျင့်ဖြည့်ဆည်းသွားဖို့ လိုအပ်တယ်။ ဒါမှ
    ဘက်စုံထူးချွန်တဲ့ ပရိုဖက်ရှင်နယ် ကောင်းတွေဖြစ်လာမှာပါ။ မြန်မာလူငယ်များ
    အောင်မြင်တဲ့ ပရိုဖက်ရှင်နယ်များ ဖြစ်နိုင်ပါစေကြောင်း ဆန္ဒပြုရင်း...။
    သူရိန်ငယ်
    Ref: Ten Traitrs of Successful Professionals by Dave Kahle.
    --
    Thanks
    Regards
    Saw Win Naing
    Leads Engineering (s) Pte Ltd
    Comments
    Read more...
    မြှင့်နိုင်သလောက်မြှင့်ပေးပါ..
    သီတဂူဆရာတော်ဘုရားကြီးရဲ့ သြ၀ါဒစကားကို နားထဲကကြားယောင်မိပါတယ်.. ဒို့ ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေ ဘုရားရှင်ဆုံးမတဲ့အတိုင်းသာ လိုက်နာကျင့်ကြံမယ်ဆိုရင် ဒို့လူမျိုးကို ကမ္ဘာက စံထားပြီး မော်ကြည့်ရလိမ့်မယ် တဲ့။ အင်မတန် မှတ်သားသင့်တဲ့ ဆုံးမစကားတစ်ခွန်းပါ။ ဆရာတော်ဘုရားကြီးပြောသွားတဲ့ စကားရဲ့ အနှစ်သာရမှာ အဓိပ္ပါယ်ပေါင်းများစွာ ပါဝင်ပါတယ်။ ဖြန့်တွေးနိုင်ရင် ဖြန့်တွေးနိုင်သလောက် အင်မတန်အကျိုးများစေတဲ့ အတွေးအခေါ်ပါ။ ဗုဒ္ဓဘာသာ အများစုဟာ ဗုဒ္ဓဘာသာလို့ အမည်ခံသာများပြီး ဘုရားရှင်ဆုံးမတဲ့ ဆုံးမစကားကျတော့ လိုက်နာကျင့်ကြံကာ လိုက်ပါလုပ်ဆောင်သူဟာ အင်မတန် ရှားပါတယ်။ ဒါကြောင့်လည်း အောင်မြင်သင့်သလောက် မအောင်မြင်.. ကြီးပွားသင့်သလောက် မကြီးပွားကြရတာပါ။ ဒါတွေဟာ ဘာလို့လည်း..?
    ဗုဒ္ဓဘာသာဝင်တစ်ယောက်အတွက် အရေးကြီးဆုံး အခြေခံဟာ သရဏဂုံနဲ့ ငါးပါးသီလပါပဲ။ ရှေးဆရာတော်ဘုရားကြီးများရဲ့ စကားအတိုင်းဆိုရင်.. ငါးပါးသီလကို လုံခြုံအောင် မစောင့်ထိန်း မလိုက်နာရင်ကို ဗုဒ္ဓဘာသာစစ်စစ် မဟုတ်တော့ပဲ အမည်ခံ ဗုဒ္ဓဘာသာဝင်သာ ဖြစ်တယ်လို့ ဆိုရပါမယ်။ ဘုရားရှင်က ဆိတ်ကွယ်ရာမှာမကောင်းတာမလုပ်နဲ့.. လူသားအချင်းချင်း မေတ္တာထားပါ.. မနာလိုဝန်တိုတဲ့ စိတ်တွေ လုံးဝမဖြစ်ပါစေနဲ့ဆိုပြီး စသည့် ဆုံးမစကားပေါင်း မြောက်မြားစွာကို သတ္တ၀ါတွေအားလုံးရဲ့ ရင်ထဲနှလုံးသားထဲကို ထည့်သွင်းဆုံးမပေးခဲ့တာပါ။ ဒါပေမယ့် အခုဖြစ်နေတာကျတော့ ဘုရားနဲ့ကျောခြင်းကပ်ရပ်ပဲပါ.. ကျောခြင်းကပ်ရပ်ဆိုတဲ့ အဓိပ္ပါယ်ကတော့ ဘုရားရှင်ရဲ့ ဆုံးမစကားနဲ့ အနီးဆုံးမှာ ရှိနေပေမယ့် ဘုရားရဲ့ စကားကိုနားမထောင်ပဲ ဘုရားကိုကျောပေးထားပြီး ကိုယ်လုပ်ချင်တာတွေလုပ်နေ တဲ့ သဘောပါပဲ။
    ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတွေထဲမှာ ရေခြားမြေခြား သွားရောက်ပြီး အလုပ်လုပ်ကိုင်နေတဲ့လူတွေ၊ ပညာသင်နေတဲ့လူတွေ အများအပြားရှိပါတယ်။ ကိုယ်ကဘယ်နေရာရောက်ရောက် ဘယ်အချိန်မှာပဲဖြစ်ဖြစ် ဘယ်သူတွေနဲ့ပဲ နေရနေရ ကိုယ့်ဘာသာ ကိုယ့်လူမျိုး ကိုယ့်သာသနာကို ညစ်နွမ်းစေမဲ့ အပြုအမူတွေ မလုပ်မိဖို့.. ကိုယ်တတ်စွမ်းသရွေ့ တတ်နိုင်တဲ့ဘက်ကနေ ဘုရားရှင်ရဲ့ အဆုံးအမသာသနာကို မြှင့်တင်ပေးဖို့ လိုအပ်ပါတယ်။ ဓမ္မဒူတဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒရဲ့ ဆုံးမစကားအတိုင်းဆိုရင်တော့ မသင့်တော်တဲ့နေရာကို ရောက်ခဲ့မယ် ဆိုရင်တောင်မှ ကောင်းတဲ့ သင့်တော်တဲ့အကျင့်တွေကိုတော့ မဖျောက်ပြစ်ပါနဲ့ ဆိုတဲ့ ဆုံးမစကားလေးအတိုင်းပါပဲ။ ဘယ်လောက်ပဲဆိုးတဲ့ နေရာပဲရောက်နေပါစေ.. ဘုရားရှင်သွန်သင်ဆုံးမပေးထားတဲ့ ကောင်းမွန်တဲ့ အကျင့်တရားတွေနဲ့ နေထိုင်ကျင့်ကြံဖို့ ကိုယ့်မှာ တာဝန်ရှိပါတယ်နော်။
    ဒီလိုရေးမိတော့.. သူငယ်ချင်းတစ်ယောက်နဲ့ လမ်းသွားရင်း ပြောမိတဲ့ စကားလေးကို သတိရမိပါတယ်။ လမ်းတူတူလျောက်လာရင်း မီးပွိုင့်စောင့်နေရတဲ့ အချိန်ပါ။ သူကဘာပြောလည်းဆိုတော့ မီးပွိုင့်ကလည်း ကြာလိုက်တာကွာ ဖြတ်ကူးကြရအောင်လို့ ပြောလိုက်တာပါ။ ကျွန်တော်သူ့ကို တားလိုက်မိပါတယ်.. ငါတို့တွေက ဗုဒ္ဓဘာသာဝင်တွေပါ.. ဘုရားရှင်ကဆုံးမထားတယ်.. ဆိတ်ကွယ်ရာမှာ မကောင်းတာ မလုပ်နဲ့တဲ့ သူငယ်ချင်း.. ဘုရားရှင်ကို ရှိခိုးနေမှ ဘုရားရှိခိုးတာ မဟုတ်ဘူး.. ဘယ်အရာပဲလုပ်လုပ် ဘုရားအဆုံးအမအတိုင်း လိုက်နာကျင့်ကြံပြီး ဘုရားရှင်ရဲ့ ဆုံးမစကားကို နားထောင်လိုက်တာဟာ အဲ့ဒီအချိန်အတွင်းမှာ ဘုရားရှင်ကို ရှိခိုးလိုက်တာပဲ.. မင်းအခု မီးပွိုင့်ရပ်စောင့်နေတဲ့ အချိန်တိုလေးအတွင်းမှာ မင်းဟာ ဘုရားရှင်ရဲ့ (အ-ရဟံ.. ဆိတ်ကွယ်ရာအရပ်မှာပင် မကောင်းမှုကို ပြုတော်မမူသော မြတ်စွာဘုရား) ဂုဏ်တော်ကို ရှိခိုးနေတာပဲ သူငယ်ချင်း..။ ဒီလိုပါပဲ.. သူငယ်ချင်းပါမှ သူများပါမှ မဟုတ်ပါဘူး.. ကိုယ်တစ်ယောက်ထဲဖြစ်နေပါစေ.. ဘယ်သူမှမသိရင်နေပါစေ.. ဘယ်အချိန်ဖြစ်ဖြစ် ဘုရားအဆုံးအမကို နှလုံးသွင်းပြီး လိုက်နာကျင့်ကြံလိုက်တာဟာ ဘုရားကို ရှိခိုးနေတာပါပဲနော်။ ဆိတ်ကွယ်ရာအရပ်မှာ မကောင်းတာမလုပ်နဲ့လို့ ဆုံးမထားရင်.. ကျန်တဲ့ အကုသိုလ် အသေးအဖွဲတွေကိုတော့ ပြောစရာမလိုတော့ပါဘူး.. ဖြန့်တွေးလို့ရလောက်ပါပြီ။ ဆရာတော်အရှင်ဇ၀နက ဆုံးမသြ၀ါဒ ပေးဘူးပါတယ်.. အ-ရဟံဆိုတဲ့ ဆုံးမစကားတစ်ခုနဲ့ ကမ္ဘာတည်လို့ရတယ်ဆိုတဲ့ စကားတစ်ခွန်းပါ။ ဟုတ်ပါတယ်နော်…။
    ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး ကိုယ့်ဘာသာသာသနာရဲ့ အကျိုးတရားတွေကို မစောင့်ရှောက်နိုင်ရင် နေပါစေ.. မဖျက်ဆီးမိစေဖို့ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေ အားလုံးမှာ တာဝန်ရှိပါတယ်။ ယခုအချိန်အခါမှာ အမိနိုင်ငံကို စွန့်ခွာပြီးတော့ ပင်လယ်ရပ်ခြားမှာ သွားရောက်လုပ်ကိုင်နေကြတဲ့ ဗုဒ္ဓဘာသာဝင်တွေ အများအပြားရှိပါတယ်။ ဘာသာမတူတဲ့ လူမျိုးခြားတွေနဲ့ ပေါင်းသင်းဆက်ဆံပြီး ပြောဆိုလုပ်ကိုင်နေရတာတွေဟာလည်း အများအပြားပါ။ ကိုယ်လုပ်လိုက်တဲ့အလုပ်တစ်ခု ကိုယ်ပြောလိုက်တဲ့ စကားတစ်ခွန်း၊ ကိုယ်တွေးလိုက်တဲ့ အတွေးတစ်ခုဟာ ဘုရားအဆုံးအမကို ဆန့်ကျင်ဖက်ဖြစ်စေပြီး ဘာသာခြားတွေ ကိုယ့်ဘာသာအပေါ်မှာ အထင်အမြင်သေးစေတဲ့ အလုပ်မျိုး အပြောမျိုး အတွေးမျိုး မဖြစ်မိစေဖို့ လိုအပ်ပါတယ်။ သာသနာကိုစောင့်ရှောက်တယ်ဆိုတာ ဘုရားရှင်အဆုံးအမကို ကိုယ့်ရင်ထဲမှာ မပျောက်ပျက်အောင် မိမိကိုယ်တိုင် ထိန်းသိမ်းပြီးတော့ အများသူငါကိုလည်း ဘုရားအဆုံးအမကို လိုက်နာကျင့်ကြံစေနိုင်အောင် လုပ်ဆောင်ပြလိုက်တာဟာ သာသနာကို စောင့်ရှောက်လိုက်တာနဲ့ အတူတူပါပဲနော်။
    ဆရာတော်ဘုရားကြီးပြောသလိုပါပဲ.. ဗုဒ္ဓအဆုံးအမကို မှန်တယ်မှန်တယ်လို့ ပြောနေမယ့် အစား.. မိမိကိုယ်တိုင်က မှန်အောင်နေပြလိုက်ဖို့ ပိုအရေးကြီးတယ် ဆိုတဲ့အချက်ပါ။ ဟုတ်ပါတယ်နော်.. ဈေးရောင်းတဲ့သူဟာ သူ့ပစ္စည်းအစစ်ပါဗျာလို့ အော်ပြောနေမယ့်အစား.. ဒါအစစ်ပါလို့ မှတ်ကျောက်အတင်ခံနိုင်ဖို့က ပိုအရေးမကြီးပေဘူးလား? အရေးကြီးပါတယ်နော်.. ဒီလိုပါပဲ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်လူမျိုးတွေဟာလည်း ငါတို့ ဗုဒ္ဓရဲ့ အဆုံးအမကမှ မှန်တယ်လို့ အော်နေမယ့်အစား.. မိမိကိုယ်တိုင်က ဘုရားရှင်ရဲ့ အဆုံးအမအတိုင်း လိုက်နာနေထိုင်ပြပြီး.. ဒီလိုနေရတယ်.. ဒီလိုပြောရတယ်.. ဒီလိုတွေးရတယ်ဆိုတဲ့ အတွေးကောင်းတွေနဲ့ နေထိုင်ပြောဆိုလုပ်ကိုင်ပြပြီးတော့ မိမိရဲ့ ဘာသာသာသနာကို မြှင့်တင်ပေးဖို့က ပိုအရေးကြီးပါတယ်နော်။
    ဘယ်နေရာရောက်ရောက် ကိုယ်က ဘယ်ဘာသာ ကိုးကွယ်နေတာလည်းဆိုတာ မမေ့ပါနဲ့.. ကိုယ်ကဘာလူမျိုးလဲ.. ကိုယ့်ရဲ့ဘာသာ ကိုယ့်ရဲ့ယဉ်ကျေးမှုကဘာလဲ.. ဘုရားအဆုံးအမက ဘယ်လိုနေထိုင်ရမှာလဲဆိုတဲ့ အတွေးတွေ မပျောက်ပျက်စေဖို့ အရေးကြီးပါတယ်။ ကိုယ်ကဘယ်နိုင်ငံမှာနေရနေရ ဘယ်လူမျိုးနဲ့ လုပ်ကိုင်ရလုပ်ကိုင်ရ.. ကိုယ့်ဘာသာရဲ့ အဆုံးအမကို သူတကာ ချီးကျူးခံနိုင်အောင် လုပ်ကိုင်ပြောဆို ကျင့်ကြံတတ်ကြစေဖို့ တိုက်တွန်းလိုပါတယ်။ ဒီလိုမျိုးလုပ်ကိုင်ပြလိုက်ရင်ကို အစစ်ပါလို့ ပြောစရာမလိုတော့ပဲ ဒါအစစ်ပဲကွာဆိုတာ သူ့အလိုလို သိလာကြမှာပါ။ ဒါ့ကြောင့် ဘယ်နေရာရောက်ရောက် ဘယ်အချိန်ရောက်ရောက်.. ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး ကိုယ့်ဘာသာရဲ့ အဆုံးအမတွေကို မြှင့်တင်ပေးကြဖို့.. ဘုရားရှင်ရဲ့ အဆုံးအမတွေ မပျောက်ပျက်အောင် စောင့်ထိန်းကျင့်ကြံကြစေဖို့ အလေးအနက်ထား မှာကြားလိုပါတယ်။ ဓမ္မမိတ်ဆွေအပေါင်း စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် ဘုရားရှင် အဆုံးအမကို လိုက်နာကျင့်ကြံနေထိုင်ရင်း သာသနာတော်ကို မြင့်သထက် မြင့်အောင် မြှင့်တင်ပေးနိုင်ကြပါစေလို့… ဆန္ဒပြုလျှက်..။
    Read more...
    “ထိကေ” အခန်းအပြင်ဘက်မှာ
    ဗာရာဏသီမှာ မီးတွေပျက်တာနဲ့ပဲ သူရေးချင်တာတွေ ရေခွင့်မရ။ စောင့်ဖတ်နေတဲ့ ဘလော့ချစ်သူများကလည်း ခပ်ပါးပါးမို့ ရေးလက်စတွေ ရပ်ထားလိုက်ပါတယ်။ ရပ်ထားတဲ့အချိန်တွေမှာ ၀င်ရေးကြမှာမို့ စီဘောက်စ်ကိုလည်း ပိတ်ထားလိုက်ပါတယ်။ ဒီရက်တွေမှာမှ ဗာရာဏသီမီုးကလည်း အငြိုးနဲ့ရွာခဲ့ပါသေးတယ်။ နေခဲ့တဲ့ သုံးနှစ်သက်တမ်းမှာ အေးလောက်အောင်ကို ရွာခဲ့တာပါ။ သတင်းစာတွေတော့ မဖတ်ရဲအောင်ပဲ။ လွန်ခဲ့တဲ့ လေးရက်လောက်က ရဟတ်ယာဉ်ပျက်ကျလို့ ကွယ်လွန်သွားတဲ့ အန္ဓရာပရာဒေ့ရှ်ပြည်နယ်ဝန်ကြီိးချုပ်ကို ချစ်ကြသူတွေက လိုက်သေကြတာ ခုဆို တစ်ရာကျော်သွားပြီ။ အင်း သူတို့လည်း အစွဲကြီးသူတွေပေပဲပ။
    သူလည်း တက္ကသိုလ်ဗိုက်ဗာ( ဆိုရရင်တော့) အင်တာဗျူးပေါ့လေ အောင်အောင်မြင်မြင် ပြီးသွားပါပြီ။ အမှန်တကယ်တော့ ဗိုက်ဗာဆိုတာက သူထင်တာထက်နည်းနည်းတော့ ပိုပါတယ်။ တက္ကသိုလ်အဓိပတိရုံးခန်းမှာပြုလုပ်တဲ့ အင်တာဗျူးဟာ ပေါ့ပေါ့ပါးပါးမဟုတ်တာ သေချာခဲ့ပါတယ်။ ကံကောင်းတာလားတော့ မသိဘူး။ ဒုတိယအဓိပတိက အခါတိုင်း ပါရဂူကျောင်းသားတွေရဲ့ ဗိုက်ဗာကို ကိုယ်တိုင်တက်ရောက်လေ့ရှိပေမယ့် ဒီနေ့တော့ ခရီးလွန်နေဆိုပဲ။
    သူ့ကို ဌာနဆိုင်ရာပါမောက္ခက ပါရဂူကျောင်းသားအဖြစ် လက်ခံလိုက်ပြီဆိုပေမယ့် လက်ခံလိုက်တဲ့ ကျောင်းသားက ပါရဂူကျမ်းပြုဖို့ အရည်အချင်းပြည့်မီကြောင်း အခြားတက္ကသိုလ်က ဆရာတွေရှေ့မှာ သက်သေပြရတဲ့သဘောပါ။ အဲဒီတော့ သူ့အတွက် မေးခွန်းတွေက ချိန်ကိုက်ဗုံးတွေလို ပေါက်ကွဲဖို့ အသင့်ရှိနေခဲ့လေမလား။
    ပါမောက္ခဂုရုကြီးတွေ စုဝေးရာ အခန်းထဲ သူဝင်ရောက်သွားတာနဲ့ သူ့ရဲ့ ထူးခြားတဲ့ ရဟန်းအသွင်အပြင်က အားလုံးကို ဖမ်းစားလိုက်တယ်ထင်ပါတယ်။ ဟိန္ဒူကျောင်းသားတွေကြားထဲမှာ သူဦးပြည်းစိမ်းစိမ်းက ဘာသာရပ်အသစ်ဖြစ်နေခဲ့တာပါ။
    သူ့ပါမောက္ခက သူနဲ့ အနီးဆုံးက ခုံမှာထိုင်ခိုင်းပါတယ်။ ပြီးတော့ သူ့ကို ကြွရောက်လာကြကုန်သော ဂုဏ်သရေရှိပါမောက္ခဆရာကြီးတွေနဲ့ မိတ်ဆက်ပေးပါလေရော။ ဘယ်ဘာသာနဲ့ ဖြေမှာတုန်းလို့လည်း မေးပါသေးတယ်။ “ပါဠိဘာသာယစေ၀ အင်္ဂလိသဘာသာယစ ၀ိဿဇ္ဖေမိ ။” လို့ လုပ်ထည့်လိုက်တော့ ပါမောက္ခတော်တော်များများက ကုလားထိုင်ကို ခပ်တည်တည်နဲ့ နောက်မှီလိုက်ကြတော့တာပါ။ ပါဠိဘာသာကို နည်းနည်းတော့ တွန့်သွားတာပါ။ အသက်ရှစ်ဆယ်ကျော်ရှိပြီဖြစ်တဲ့ ဂုရုကြီးကတော့ ရှေ့တိုးလာပါတယ်။ သူ့အတွက်ပျော်စရာကောင်းတဲ့ မေးခွန်းတွေ တစ်ခုပြီး တစ်ခုမေးတော့တာပါ။ အဲဒီဆရာကြီးက သူ့ကို သိနေပါတယ်။ လွန်ခဲ့တဲ့ တစ်ပတ်လောက်က သူနဲ့ စကားပြောခွင့်ရခဲ့ဖူးပါတယ်။ အင်္ဂလန်နိုင်ငံ ဘာမင်ဂန်ဆရာတော် ဒေါက်တာအရှင်ရေ၀တဓမ္မက သူ့တပည့် ဆိုပဲ။ အဲဒီတော့ သူကလည်း ဒေါက်တာရေ၀တဓမ္မဆီမှာ နှစ်ရက်ခန့်( ထေရ၀ါဒတက္ကသိုလ်တက်စဉ်က) တပည့်တော်ဖူးလေတော့ ဆရာ့ဆရာဆိုပြီး တရုတ်သိုင်းကားတွေထဲကလို ဆွေမျိုးစပ်ရတော့တာပါ။
    ဆရာကြီးကလည်း ချစ်စရာဖြစ်သလို သူ့ပါမောက္ခကလည်း အားကိုးစရာကောင်းပါတယ်။ ဆရာကြီးရဲ့ ရေပက်မ၀င် ပါဠိဘာသာမေးခွန်းတွေက ၀ူတန်းတောင်ပေါ်က နဂါးနိုင်ဓားကွက်တွေလို လှပသိပ်သည်းနေသလို သူငယ်ငယ်တုန်းက အမြင်ကပ်ကပ်နဲ့ ကျက်ခဲ့တဲ့ စာတွေကလည်း နေလစကြာအတွင်းအားတွေဖြစ်နေခဲ့ပါရောလား။ ဆရာဂုရုကြီးကလည်း ပျော်နေတာပါ။ ပါမောက္ခကတော့ နှုတ်ခမ်းမွှေးတွေထောင်နေအောင် ပြုံးနေတော့တာ။ ကျန်တဲ့ ပါမောက္ခတွေကလည်း လေးစားလောက်တဲ့ ဆရာကြီးရဲ့ မေးခွန်းတွေနဲ့ သူ့ရဲ့ ဗရာမင်ဟန်အသံနဲ့
ံ( ကြိုတင်လေ့ကျင့်ထားခြင်းဖြစ်သည်)အဖြေတွေကို ခေါင်းတရမ်းရမ်းနဲ့ ကောင်းချီးပေးကြတာပါ။
    နောက်တော့ ပါမောက္ခတစ်ယောက်က ငါလည်း အင်္ဂလိပ်လို မေးဦးမယ်ကွာလို့လုပ်တာပါ။ သူ့ပါမောက္ခကလည်း မေးချင်ရာမေးပေါ့။ အဲဒီပါမောက္ခကလည်း ဘာရယ်မဟုတ်တော့ပါဘူး။ ပါဠိဆရာဂုရုကြီးနဲ့ အမေးအဖြေလုပ်နေတာကို သူက ပျော်နေဟန်တူပါတယ်။ ဗာရမာဝါလားလေးတော့ မဆိုးဘူးပေါ့လေ။ ဖြေနိုင်တာတွေ မေးတာကိုး။ သူက “ ငါမေးချင်တာက ဒီနေ့ခေတ် အိန္ဒိယနိုင်ငံသား ဗုဒ္ဓဘာသာအဘိဓမ္မာစာပေပညာရှင်ကို သိလား”တဲ့။
    သူ့စိတ်ထဲမှာ ပေါ်လာတာတွေက ရာဟုလာသံကစ္စည်း၊ အာနန္ဒာကောသလ္လာယန၊ ဓမ္မရက္ခိတ တို့ပါ။ သူတို့သုံးယောက်အမည်တွေကို ပြောပြလိုက်မိတယ်။ အဟတ် တစ်ပါးကျန်သွားတယ်။ ကျန်တဲ့ တစ်ပါးက အဖြေမှန်ပါ။ “ဇာဂဒိသ ကဿပကို မသိဘူးလား ” တဲ့။ “Oh Yes, he was the first director of Nava Nalanda Mahavira” အဲဒီအခါမှ ပေါက်သွားတာပါ။ နာလန္ဒာတက္ကသိုလ်အဟောင်းကြီးဘေးမှာ ဒီနေ့ခေတ် နာလန္ဒာတက္ကသိုလ်အသစ်ကို တည်ထောင်သူကိုယ်တော်ကြီးကို မေ့နေပါရောလား။
    ဘာပဲဖြစ်ဖြစ် “ထိကေ ထိကေ“ အသံတွေနဲ့ အတူ သူထွက်လာနိုင်ခဲ့ပါတယ်။ ထိကေ ဆိုတာ အိုကေပေါ့။ အိန္ဒိယရောက်ရင် ထိကေလေးတော့ သိထားဦးမှ။ ထိကေရဲ့ အလွန်မှာ အပြုံးတွေ အပြုံးတွေ။
    Read more...
    လာလည်ကြသူများ
    ဤဘလော့ဂ်၏ ရည်ရွယ်ချက်
    ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။
    ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။
    ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။
    ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ
    မြန်မာပြက္ခဒိန်
    မြန်မာပြက္ခဒိန်
    www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။
      © Blogger templates The Professional Template by Ourblogtemplates.com 2008
    Back to TOP