* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Saturday, September 5, 2009

စူဠသောတာပန်ဖြစ်ဖို့ ဆိုရင်


မဟာသောတာပန်ခေါ် သောတာပန်အစစ်ကို မဖြစ်နိုင်တော့ဘူးလို့ ကိုယ်ကိုယ်ကို သတ်မှတ်လိုက်တယ်လို့ ဆိုပါစို့။ ဒီဘ၀ကို ရလာ ရောက်လာရတာ အမြတ်ရဖို့ပဲ။ အရှုံးပေးပြီးတော့ ပြန်သွားရရင် အမှောင်ထဲကနေလာပြီး အမှောင်ထဲကို ပြန်ဝင်သွားဖို့ဆိုတာ မဖြစ်သင့်ဘူးလို့ တွေးမိပြီး ဒီဘ၀ကနေ စူဠသောတာပန်တော့ ဖြစ်သွားမှ ဖြစ်မယ်လို့ မှန်းထားတယ်ဆိုပါစို့။ ကျင့်ချင်လာပြီဆိုပါစို့။ ကျွန်တော် အရင်က သောတာပန်သို့သွားရာလမ်းထဲက ဆိုခဲ့သလို သီလစင်ကြယ်ရမယ် စိတ်စင်ကြယ်ရပါမယ်။

သီလစင်ကြယ်ရမယ်ဆိုရာမှာ ပါဏာတိပါတာ သူ့အသက်ကို မသတ်ရုံမကပါဘူး။ သူ့အသက်ကို မညှဉ်းဆဲရပါဘူး။ မညှဉ်းဆဲရဘူးဆိုတာက ကိုယ့်ကြောင့် မိဘ၊ ဆွေမျိုး၊ အသိုင်းအ၀ိုင်း၊ ပတ်ဝန်းကျင်ကလူတွေ စိတ်ပင်ပန်းမှု မဖြစ်စေရပါဘူး။ ဖြစ်ရင် ပါဏာတိပါတရဲ့ အစိတ်အပိုင်းပြစ်မှု မြောက်ပါတယ်။ အဒိန္နဒါနာမှာလည်း အဲလိုပဲ။ မခိုးဘဲနေနေရုံနဲ့ မပြီးသေးပါဘူး။ ကိုယ့်ကြောင့် သူတပါးစီးပွား မဆုတ်ယုတ်စေရပါဘူး။ မဆုတ်ယုတ်စေရဘူးဆိုတာထက် ကိုယ့်ကြောင့် သူတပါးစီးပွားရေး တိုးတက်နေရမယ်။ ကာမေသုမှာလည်း အဲလိုပါပဲ။ မကျူးလွန်ရုံလေး မဟုတ်ပါဘူး။ မမြူဆွယ်ရပါဘူး။ ကိုယ်နဲ့ နှုတ်နဲ့အပြင် ပြစ်မှု မမြောက်ပါဘူးဆိုတဲ့ စိတ်နဲ့လည်း မပြစ်မှားရဘူး။ ပြစ်မှားမယ့်အနေအထားရှိသူတွေကိုလည်း ကာကွယ်ပေးရပါတယ်။ မုသာဝါဒကတော့ လေးပါး။ ဒါတွေလည်း သိပြီးသားတွေပါ။ ကဲ ဒီသီလတွေ ချိုးဖျက်မိခဲ့တယ်။ ကိုယ့်သီလကို ကိုယ်ပြန်သံသယ၀င်လာတယ်ဆိုရင် ချက်ချင်းပဲ ဘုရားရှေ့သို့မဟုတ် ရဟန်းသံဃာတစ်ပါးပါးရှေ့မှာ သီလကို ချက်ချင်း ပြန်ဆောက်တည်ရပါမယ်။

နောက်တစ်ချက်က စိတ်စင်ကြယ်ရပါမယ်ဆိုတာက ရူပါရုံတစ်ခုခုကို တွေ့လို့ ဣဋ္ဌာရုံပဲ အနိဋ္ဌာရုံပဲလို့ မဆင်ခြင်ရဘူး။ လောဘဖြစ်ရင် ဒေါသဖြစ်ရင် ဖြစ်နေပါလားလို့ သိနေရမယ်။ အမြင်အာရုံအပေါ် စိတ်က ကြည်လင်ပြတ်သားနေရမယ်။ အဆိုးမမြင်ရဘူး။ အကောင်းမမြင်ရဘူး။ အရှိအတိုင်း မြင်တတ်ရမယ်။ ကြားတဲ့အခါ အသံကြောင့် မသာယာရဘူး။ ဒေါသမထွက်ရဘူး။ စသဖြင့် အာရုံခြောက်ပါးအပေါ် စိတ်ကို ထိန်းချုပ်နိုင်နေရပါမယ်။ စိတ်က မကောင်းမှုနောက် လိုက်သွားမိရင်လည်း စိတ်ကို မထိန်းချုပ်ရပါဘူး။ ကိုယ့်စိတ်ကို ပြန်ကြည့်ရမယ်။ ကြည့်လို့မှ မရရင် ကိုယ့်စိတ်ကို ပြန်အရှက်ခွဲရပါမယ်။ ဘယ်လိုအရှက်ခွဲရမလဲ ဆိုရင် ငါလိုလူရဲ့စိတ်က ဒီလို အတွေးမျိုးတွေးရသလားဟ၊ သို့မဟုတ် ဘယ်သူ့ရဲ့ သား/သမီးဖြစ်သူက ဒီလိုတွေးနေပါလားဟ! စသဖြင့် အရှက်ခွဲရပါတယ်။ အဲလိုဆိုရင် စိတ်ကို နည်းနည်းထိန်းချုပ်နိုင်ပြီပေါ့။ နောက် စိတ်ညစ်ထေးတွေပေါ်နေပြီဆိုရင် ၀ိပဿနာကို ချက်ချင်းရှုပစ်ရပါမယ်။ အဲလို သီလနဲ့ စိတ် စင်ကြယ်နေမှ တရားထိုင်သင့်ပါတယ်။ တရားထိုင်ရင်း ဒီအဆင့်ကို ကျော်လွန်လာပါမယ်။ ဘာအဆင့်လဲ ဆိုတော့ ယုံမှားမှုအဆင့်တွေ ဖြစ်ပါတယ်။ ဘာတွေလဲ ဆိုတော့ …
၁။ အတိတ်က ငါရှိခဲ့သလား။
၂။ ငါ မဖြစ်ဖူးဘဲ ရှိခဲ့သလား။
၃။ ငါ ဘယ်လိုလူမျိုး ဖြစ်ခဲ့ပါလိမ့်။
၎။ ငါ့ပုံစံက ဘယ်လိုလေးလဲ မသိဘူး။
၅။ အရင်ဘ၀ရဲ့ အထက်က ဘ၀တွေကော ဘယ်လိုလဲမသိဘူး။
၆။ နောင်ဘ၀ရော ငါရှိနေဦးမလား။
၇။ နောက်ဘ၀ ငါဖြစ်ဦးမလား။
၈။ ငါ ဘာလူမျိုးများ သွားဖြစ်မလဲ မသိဘူး။
၉။ င့ါပုံစံက ဘယ်လိုပုံစံ သွားဖြစ်နိုင်လဲ။
၁၀။ အဲဒီနောက်ဘ၀ရဲ့ နောက်ကိုကော ငါဘာဖြစ်မလဲ။
၁၁။ အခုခန္ဓာကတော့ ငါ့ခန္ဓာဖြစ်နိုင်ရဲ့။
၁၂။ ငါမှ ဟုတ်ရဲ့လား။
၁၃။ ငါမဟုတ်ဘဲ ဖြစ်နေရော့လား။
၁၄။ ငါ ဘာလူမျိုးလဲ။
၁၅။ ငါ့အတ္တ ငါ့ဝိဉာဉ်ကောင်လေးက ဘယ်လိုလဲ။
၁၆။ ဘယ်ကလာပြီး ဘယ်ကိုသွားရဦးမှာပါလိမ့်နော်။

ဆိုတဲ့ယုံမှားမှု (၁၆) မျိုးကို ကျော်လွန်လာပါတယ်။ အဲဒီ ယုံမှားမှုကို ကျော်လွန်ပြီးတဲ့အပြင်
၁။ ဘုရားဆိုတာ ဟုတ်လို့လား။ ဘုရားဒီကမ္ဘာပေါ်မှာ တကယ်လာပွင့်ခဲ့သလား။ ဖန်ဆင်းရှင်လိုလား။
၂။ တရားဆိုတာ ဟုတ်လို့လား။ ပညာရှင်တစ်ယောက်ယောက်က လျှောက်ရေးထားတာကော မဖြစ်နိုင်ဘူးလား။
၃။ သံဃာဆိုတာ ဟုတ်လို့လား။ ဘုန်းကြီးတွေက ဘောလုံးပွဲကြည့်လိုက် ဟိုဟိုဒီဒီသွားလိုက်နဲ့ သံဃာဂုဏ်ရှိပါ့မလား။
၎။ သီလ ၊ သမာဓိ ၊ ပညာဆိုတာ ဖြစ်နိုင်ပါ့မလား။
အဲဒီနောက်
၅။ ရှေ့ အစွန်းကိုယုံမှားခြင်း
၆။ နောက်အစွန်းကိုယုံမှားခြင်း
၇။ ရှေ့နောက် အစွန်းကိုယုံမှားခြင်း
၈။ ဇာတိ၊ ဇရာ၊ မရဏကို ယုံမှားခြင်းတို့ကို ကျော်လွန်ပါတယ်။ အဲဒါတွေကို ကျော်လွန်ပြီးမှ စူဠသောတာပန်ဆိုတာ ဖြစ်ပါတယ်။
(၅) (၆) (၇) (၈) က ရှင်းရင် အတော်လေးရှည်သွားမှာမို့လို့။ နောက် သီလစင်ကြယ်တဲ့ အပိုင်းက စာရိတ္တသီလလေးကိုလည်း ထည့်ပြောချင်တယ်။ စာရိတ္တသီလလည်း ပြည့်စုံရပါတယ်။ ဘယ်လိုလဲဆိုရင် ယောကျာ်းတစ်ယောက်ဆိုပါတော့ ငယ်စဉ်အခါမှာ သားသမီးဝတ်ကျေရမယ်။ အိမ်ထောင်ကျခဲ့ရင် လင်ဝတ်ကျေရမယ်။ သားသမီးရလာတဲ့အခါ မိဘ၀တ်ကျေရမယ်။ မိတ်ဆွေအပေါ် မိတ်ဆွေဝတ်ကျေရမယ်။ စသဖြင့် ပြုသင့်တဲ့ဝတ်တွေ ကျေပွန်မှ စာရိတ္တသီလပြည့်စုံပါတယ်။ ၀ါရိတ္တသီလနဲ့ချည်း မရပါဘူး။ စာရိတ္တသီလလည်း ပြည့်စုံရပါမယ်။ ကဲ စူဠသောတာပန် ဖြစ်နိုင်ပါပြီ။


Read more...

အနှစ်ကိုးပါး(အပိုင်း၁၁)


ထေရဝါဒနဲ့ မဟာယာန သီလကွာခြားပုံ
ဘုန်းကြီးတို့ သင်္ကန်းက သူတို့သင်္ကန်းနဲ့မတူဘူး။ သူတို့ သင်္ကန်းကတော့ အင်္ကျီကြီးလိုလို ဂါဝန်ကြီးလိုလို အဲဒါ နီညိုကြီး စွပ်ထားကြတာ။ ဘုန်းကြီးတို့ သင်္ကန်းကတော့ အခန်းနဲ့ အကန့်နဲ့ အဲဒါဘယ်ကမှ စွပ်ချလို့မရဘူး။ အလွန် ချမ်းလွန်းတဲ့အတွက်ကြောင့် ဘုန်းကြီးက နီညိုရောင် သင်္ကန်းကြီးကို ခေါင်းကနေခြုံထားတာ။
နီညိုရောင် နှစ်ထပ်သင်္ကန်းကြီးကို ခေါင်းကနေ ခြုံထားလို့ သူတို့က အဲဒါကြီး ကြည့်ပြီးတော့ ''အင်း . ဒီကိုယ်တော်လဲ တိဘက်ဘုန်းကြီးပဲ''လို့ ထင်ကြတာ။
အဲဒီကတည်းက စပြီးတော့ စိတ်ထဲဖြစ်သွားတယ်။ ''နီညိုရောင်သင်္ကန်းကြီးတွေများ အခြားတိုင်းပြည်သွားလို့ ရှိရင် ဝတ်လို့ မကောင်းဘူးထင်တယ်။ တိဘက်ဘုန်းကြီးလို့ အထင်ခံရတာကိုး''။
ဘုန်းကြီးက ''ငါ မြန်မာပြည်က လာတာ၊ မြန်မာဘုန်းကြီးတွေဟာ အထူးသဖြင့် ထေရဝါဒဘုန်းကြီးတွေဟာ မွန်းတည့် ၁၂-နာရီကျော်ပြီးရင် စားတဲ့ ထုံးစံမရှိပါဘူး''လို့ ပြောလိုက်တော့ ''ဘာကြောင့် မစားသလဲ''တဲ့။
''ငါတို့ ထေရဝါဒဝိနည်းမှာ မွန်းလဲပြီးရင် အစားအစာ မစားရဘူးဆိုတာ ဗုဒ္ဓက စည်းကမ်း ထုတ်ထားတာ''။
ဗုဒ္ဓရှင်တော်မြတ် ညစာစားသလား
''မြန်မာပြည်က ထေရဝါဒရဟန်းတော်တွေရဲ့ စည်းကမ်းက ဒီလိုဒီလိုရှိပါတယ်''လို့ရှင်းပြတော့ ကိုယ်တော် တစ်ပါးက ''အရှင်ဘုရားကို တပည့်တော် တစ်ခုပြောပါ့မယ်၊ ဘုရားကိုယ်တော်မြတ်ဟာ ဒီဗောဓိပင်ရဲ့အရှေ့ဘက်နား နေရဉ္ဇရာမြစ်ကမ်းဘေး ဥရုဝေလတောမှာ ဒုက္ကရစရိယာ ၆-နှစ်ကြာအောင် ကျင့်တော်မူတုန်းက အစာ မစားပဲ အငတ်ခံကျင့်ခဲ့တယ်။ ဒါကြောင့် ဘုရား မဖြစ်ခဲ့ဘူး''တဲ့။
ဗောဓိပင်ရဲ့ အရှေ့ဘက်မှာ နေရဉ္ဇရာမြစ်ရှိနေတယ်။ တစ်မိုင်လောက် ကျယ်တယ်။ သဲတွေ သောင်တွေနဲ့ ရေတော့ဘုန်းကြီးတို့ တစ်စက်မှမတွေ့ခဲ့ဘူး။ သောင်ကြီးကတော့ ဖွေးလို့။
သူက ဆက်ပြောတယ်။ ''ဘုရားလောင်းတော်က အစာငတ်ခံပြီးတော့ (၇) နှစ်ကျင့်ခဲ့တာဟာ ဘုရားဖြစ်သ လား။ မဖြစ်ဘူး။ ဘုရားမဖြစ်တော့မှ သေနာနိဂုံြး<ွကပြီး တော့ ဆွမ်းခံ၊ ဆွမ်းဘုဉ်းပေး။ ဆွမ်းစားပြီးတော့မှ ဒီဗောဓိ ပင်ရင်းမှာ ဆက်ကျင့်လို့ ဘုရားဖြစ်တာ''။
''အရှင်ဘုရားတို့ ထေရဝါဒရဟန်းတွေ မစားပဲနဲ့ ဒီလိုသာ အငတ်ခံကျင့်ရင် ဘယ်တော့မှ ကိုယ်တော်တို့ ဗောဓိÓဏ်ရမှာ မဟုတ်ဘူး''တဲ့။ အဲဒါ သူတို့ အယူအဆ။
သူုတို့ပြောစကားအရ ဗောဓိဥာဏ်ရချင်ရင် ညစာ စားရမလို ဖြစ်နေတယ်။ အဲဒါ လွဲနေတယ်။
''အစာငတ်ခံကျင့်တဲ့ ဘုရားလောင်းသည် ဘုရားမှ မဖြစ်ပဲနဲ့၊ စားပြီးကျင့်မှ ဘုရားဖြစ်တာ၊ ဒါကြောင့် အခုလို ပင်ပန်းတဲ့အခါ စားပေးရတယ်''တဲ့။
ဒါနဲ့ ဘုန်းကြီးက ''ကောင်းပြီဘုရား၊ အစာမစား ပဲနဲ့ အငတ်ခံကျင့်တုန်းက ဘုရားမဖြစ်တာ လက်ခံပါတယ်၊ စားပြီးတော့ကျင့်၊ အဲဒီအခါကျတော့မှ ဘုရားဖြစ်တာကိုလဲ လက်ခံပါတယ်၊ ဒါပေမဲ့ ဘုရား ဘယ်အချိန်မှာ စားတယ်ဆို တာကို သုတေသနလုပ်ပါဦး''လို့ ပြောလိုက်တယ်။
''ဘုရားကိုယ်တော်မြတ် ဗောဓိပင်နားမှာ ဆွမ်းခံစားပြီးတော့ တရားကျင့်တယ်ဆိုတာတော့ ဟုတ်ပါတယ်၊ အဲဒီဆွမ်းဟာ ကိုယ်တော်တို့လို ခုလို ညဥ့်အချိန်အခါမှာ စားတာလား၊ ပြန်ကြည့်ပါဦး''ဆိုတော့ အဲဒီကိုယ်တော်က မပြောတော့ဘူး၊ ငေးနေတယ်။
ဘုန်းကြီးက ပြောလိုက်တယ်။ ''ဘုရားရှင်သည် ညစာ မစားဘူး။ မွန်းတည့်ပြီးရင် လုံးဝ အစာ မစားပါဘူး။ မြတ်ဗုဒ္ဓဟာ စားပြီးမှ ကျင့်တာတော့ မှန်တယ်။ နေမွန်း မတည့်သေးခင်သာ ဘုဉ်းပေးတာ။ ဒါကြောင့် အရှင်ဘုရား တို့ အယူအဆ မှားတယ်''လို့။
အတင်းပေးတော့လဲ ယူခဲ့ရ
အဲဒီတော့ သူက ''အရှင် ဘုရား မစားကောင်းလို့ အခုလို ညစာ မစားချင်လဲ နေပါတော့။ မနက်ခင်းကျတော့ စားရတာပေါ့၊ ယူသွားပါ'' ဆိုပြီး အတင်းပေးတယ်။
''ဟာ . . ခက်တော့တာပဲ။ အတင်းပေးနေတာကို ငြင်းရင်လဲ ဒါဟာ ယဉ်ကျေးမှု သဘောတရားအရ မငြင်းသင့်ဘူး၊ သဒ္ဓါတရားကောင်းကောင်းနဲ့ပေးနေတာ၊ ငြင်းရင် ရိုင်းစိုင်းတဲ့သဘော သက်ရောက်တယ်'' ဆိုတာကို ဘုန်းကြီးက ကြားဖူးထားတော့ ''ဒီပန်းသီးနဲ့ ဒီငှက်ပျောသီး ငါတော့ ယူတော့ ယူမှဖြစ်မယ်၊ မယူရင်လဲ သူတို့က ငါ့ကို ကျေနပ်ကြတော့မှာ မဟုတ်ဘူး။ ယူရင်လဲ ဒီကိုယ်တော် ညစာစားတယ်လို့ ငါ့ကို ထင်တော့မှာ။ ငါဘယ်လို လုပ်ရမလဲ''လို့ စဉ်းစားကြည့်တယ်။
စဉ်းစားပြီးတော့ ''တပည့်တော်မှာ ကပ္ပိယလဲ မပါဘူး၊ ဒါကြောင့် လက်မခံပါရစေနဲ့'' ဆိုတော့ ''အရှင်ဘုရား၊ တပည့်တော်တို့က ပေးရမည့်တာဝန်ရှိလို့ ပေးတာပါ'' ဆိုပြီး လွယ်အိတ်ထဲ သူက ထိုးထည့်လိုက်တယ်။
ဘုန်းကြီးလက်ထဲမှာ လွယ်အိတ်ကလေး ကိုင်ထားတယ်၊ လွယ်အိတ်ကလေးပါတယ်။ အဲဒါနဲ့ ပန်းသီး(၂)လုံး, ငှက်ပျောသီး(၃)လုံး, ဘီစကွတ်မုန့်တွေ လွယ်အိတ်ထဲ အလိုလို ရောက်သွားတယ်။
''ဒါတွေ ငါဘယ်လိုလုပ်ပါ့မလဲ''လို့ စဉ်းစားရင်းနဲ့ ဟိုဟိုဒီဒီကြည့်လိုက်တော့ အနားမှာ (၇)နှစ်သမီး အရွယ် လောက်ရှိတဲ့ ကုလားမလေး ငယ်ငယ်လေး နှစ်ယောက် ကို တွေ့ရတယ်။

(အပိုင်း၁၂)ဆက်ဖော်ပြပါမည်။


Read more...

ဘ၀အတွက်ဆုံးဖြတ်ချက်

သင့်ဘ၀မှာ သင်၏ကြိုးစားအားထုတ်မှု့ကြောင့်တစ်နေ့တော့ ချမ်းသာလာမှာပေါ့။ ဒီလိုချမ်းသာလာခဲ့ရင် ဘ၀ကို
သင်ဘယ်လို အဆုံးသတ်သွားမှာလဲ? ဘယ်လိုဘ၀ကို အဖိုးတန်ဆုံး (အနှစ်သာရပြည့်ဆုံး)လို့ သင်ထင်ပါသလဲ?

ဆန္ဒလေးတွေ သိပါရစေ..... ဟဲဟဲ.. ကိုနဲ့များကိုက်လေမလားလို့ပါ။ ကိုနဲ့ မကိုက်လည်း တစ်ခြားသူနဲ့ ကိုက်ချင်ကိုက်နေမှပေါ့။

Read more...

မြင် ကြား ရှူ စား စိတ် ထိများ ကူး ပွါး ထူးခြားလာ...




ဤကမ္ဘာပေါ်တွင် နေ့ စဉ်ကြားနေ မြင်နေရတဲ့ ကူးစက်တတ်တဲ့ ရောဂါများ သိပ်များလာတာကို သတိပြုမိမှာပါ။ ရှေးခေတ်က ထင်ရှားခဲ့တဲ့ ကူးစက်တတ်တဲ့ ရောဂါများအနက် ကျောက်ရောဂါ ၊ ပလိပ်ရောဂါနှင့် ကာလ၀မ်း
ရောဂါတို့ သည် လျင်မြန်စွာ ကူးစက်တတ် ပျံ့ ပွါးတတ်ပြီး သေကြေပျက်စီးမှု စံချိန်တင်ခဲ့သောကြောင့်လည်း
ကမ္ဘာကပ်ရောဂါကြီးများအဖြစ် ထင်ရှားခဲ့ကြသည်။



Read more...

သင် အိပ်နေခြင်းမှ ထလော့...



ဥဋ္ဌာနသုတ်

ရဟန်းတို့...
အိပ်ခြင်းမှ ထကြကုန်လော့၊ ကမ္မဋ္ဌာန် အားထုတ်ရန် ထိုင်နေကြကုန်လော့၊ သင်တို့အား အိပ်သဖြင့် အဘယ်အကျိုး ရှိအံ့နည်း၊ ကိလေသာ နှိပ်စက် အခံခက်၍ နေကြကုန်သော ရာဂမြား စူးဝင်ကုန်သည်ဖြစ်၍ ဖောက်ပြန်ကုန်သော သင်တို့အား အိပ်ခြင်းသည် အဘယ်အကျိုး ရှိအံ့နည်း။ 334-1

ရဟန်းတို့...
အိပ်ခြင်းမှ ထကြကုန်လော့၊ ကမ္မဋ္ဌာန်အားထုတ်ရန် ထိုင် နေကြကုန်လော့၊ နိဗ္ဗာန် အကျိုးငှါ ပြင်းပြင်းထန်ထန် ကျင့်ကြကုန်လော့၊ သေမင်းသည် မေ့လျော့နေသော သင်တို့ကို သိ၍ မိမိအလိုသို့ လိုက်စေသည်ကို ပြုကာ မတွေဝေစေလင့်။ 335-2

ရဟန်းတို့...
လူတို့သည် လည်းကောင်း၊ နတ်တို့သည် လည်းကောင်း အကြင်တဏှာဖြင့် အလိုရှိကုန်သည် ဖြစ်၍ မှီလျက် တည်ကုန်၏၊ ကပ်ငြိတတ်သော ထိုတဏှာကို သင်တို့သည် လွန်မြောက်ကုန်လော့၊ ဗုဒ္ဓုပ္ပါဒနဝမခဏသည် သင်တို့ကို မလွန်စေလင့် ဗုဒ္ဓုပ္ပါဒနဝမ ခဏကို လွန်စေသူတို့သည် ငရဲ၌ ကျရောက်ကြ ရကုန်သည် ဖြစ်၍ စိုးရိမ်ရကုန်၏။ 336-3

ရဟန်းတို့...
မေ့လျော့ခြင်းသည် မြူမှုန် အညစ်အကြေး မည်၏၊ မေ့လျော့ခြင်းသို့ အဖန်ဖန် ကျရောက်နေသော မေ့လျော့ခြင်းသည်လည်း မြူမှုန် အညစ်အကြေးပင် ဖြစ်၏၊ မမေ့လျော့ခြင်းဖြင့် လည်းကောင်း၊ အာသဝက္ခယ (ဝိဇ္ဇာ) ဉာဏ်ဖြင့် လည်းကောင်း မိမိစိတ်နှလုံး၌ စူးဝင်နေသော မြားငြောင့်ကို နုတ်ရာ၏။ 337-4

၁ဝ - ဥဋ္ဌာနသုတ်၊ စူဠဝဂ်၊ သုတ္တနိပါတ်၊ ခုဒ္ဒကနိကာယ်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Read more...

ပန်းတစ်ပွင့်ရဲ့ ဒိုင်ယာရီ


မြတ်စွာဘုရားရှင် သာသနာမှာ ကျင့်ရမယ့် အကျင့်သုံးမျိုး ( သို့မဟုတ်) သိက္ခာသုံးပါး ရှိပါတယ်၊ သီလသိက္ခာ၊ သမာဓိသိက္ခာနဲ့ ပညာ သိက္ခာတို့ပဲ ဖြစ်ပါတယ်၊ အဲဒီအထဲမှာ သီလဟာ သိက္ခာသုံးရပ်မှာ အခြေခံ အကျဆုံး ဖြစ်သလို ကာမကုသိုလ် မဟဂ္ဂုတ်ကုသိုလ် လောကုတ္တရာ ကုသိုလ်လို့ ခေါ်တဲ့ ကုသိုလ်အားလုံးရဲ့ အစ မူလ ပဓာနလည်း ဖြစ်ပါတယ်၊ နောက်သိက္ခာနှစ်ပါးကို ဖြည့်ကျင့်လိုတယ်ဆိုရင် သီလသိက္ခာကို အရင် ဖြည့်ကျင့်ရပါတယ်၊ ဘုရားရှင်ရဲ့ တရားတော်တွေမှာတော့ သီလေ ပတိဋ္ဌာယ နရော သပညော စိတ္တံ ပညဉ္စ ဘာဝယေ- ဆိုပြီး မိန့်တော်မူပါတယ်၊ သီလမှာ အခြေခံပြီး သမာဓိနဲ့ ပညာကို ပွားများကျင့်ရင် စိတ်အရှုပ်တွေကို ရှင်းလင်းနိုင်မယ်လို့ ဆိုလိုတာပါ၊ အများသိနေတဲ့ သီလအကြောင်းကိုပဲ မိမိနားလည်သလို ပြောပြချင်ပါတယ်၊

တကယ်တော့ သီလဆိုတာ ကိုယ်နှုတ် အမူအရာတွေနဲ့ မကောင်းမှု ဒုစရိုက် မလွန်ကျူးမိအောင် ကောင်းစွာထားခြင်း စောင့်ထိန်းခြင်းကို သီလလို့ ခေါ်ဆိုတာပါ၊ ခြင်၊ ကြမ်းပိုးစတဲ့ သတ္တ၀ါ အငယ်လေးတွေက စလို့ သက်ရှိသတ္တ၀ါ အားလုံးရဲ့ အသက်ကို မသတ်တာ၊ လူများပစ္စည်းကို ပိုင်ရှင်မပေးဘဲ ပိုင်ရှင်မသိအောင် မခိုးယူတာ၊ သူတစ်ပါး သားမယားကို မပြစ်မှားတာ၊ မဟုတ် မမှန်တဲ့စကား၊ အကျိုးမရှိတဲ့စကား၊ ကြမ်းတမ်းတဲ့စကား၊ ညီညွတ်နေသူတွေကို ကွဲပြားအောင် ကုန်းတိုက်တဲ့စကား စတာတွေကို မပြောမဆိုတာ၊ သေရည် အရက် မူးယစ်ဆေးဝါးကို မမှီဝဲ မသုံးဆောင်ဘဲ မိမိရဲ့ ကိုယ်အမူအရာ၊ နှုတ်အမူအရာကို ကောင်းကောင်း မွန်မွန်ထားတာဟာ သီလပါ၊

မိမိရဲ့ ကိုယ်နှုတ်အမူအရာကို ကောင်းကောင်း မွန်မွန်ထားပြီး စောင့်စောင့်စည်းစည်း နေတော့ သူ့အသက် သတ်ဖြတ်တာ ထိခိုက်နာကျင်အောင် ပြုလုပ်တာ လူများပစ္စည်း အတင်းအဓမ္မ မရယူတာ အိမ်ထောင်ရေး လူမှုရေးဖောက်ပြန်တာ နှုတ်မစောင့်စည်းဘဲ လိမ်ညာ လှည့်ဖျား လှည့်ပတ်ပြောဆိုတာ၊ အရက်သေစာ သောက်စား မူးယစ်တာတွေ မပြုမိတော့ပါဘူး၊ ဒီလို ကာယဒုစရိုက်၊ ၀စီဒုစရိုက်ကို မပြု မပြော မလွန်ကျူးတော့ဘဲ နေတာကို မိမိရဲ့ ကိုယ်နှုတ်အမူအရာကို ကောင်းစွာထားတယ်လို့ ပြောဆိုကြတာပါ၊ လူကြီး လူကောင်းဆန်လိုသူ ရင့်ကျက်တည်ငြိမ်လိုသူ ဘ၀မှာ စိတ်ချမ်းမြေ့စွာ နေလိုသူဟာ မိမိရဲ့ ကိုယ်အမူအရာ နှုတ်အမူအရာကို ကောင်းကောင်း ထားဖို့ အမှန်တကယ် လိုအပ်လှတယ်. ဒီလို ကောင်းကောင်း ထားတတ်သွားပြီဆိုရင် ဒီလူရဲ့ အပြူအမူဟာ ယဉ်ကျေး သိမ်မွေ့ ချိုသာနူးညံ့ပြီး သူတစ်ပါး ထိခိုက်နစ်နာမယ့် အလုပ်မျိုးကို ဘယ်တော့မှ မလုပ်တော့ပါဘူး၊ ဒီလို လူတစ်ယောက်ရဲ့ စိတ်ဟာလည်း တကယ့်ကို ကြည်လင်အေးချမ်း လန်းဆန်းတက်ကြွနေမှာ အမှန်ပါ။

မိမိရဲ့ ကိုယ်အမူအရာ နှုတ်အမူအရာ တွေကို ဒုစရိုက် မလွန်ကျူးမိစေဘဲ ကောင်းကောင်းမွန်မွန် စောင့်ထိန်းတဲ့သူဟာ ကောင်းမှုကုသိုလ်တွေ (ကောင်းတာတွေ)ကို ဆင့်ကာ မြှင့်ကာ ကြိုးစားပြုလုပ်လာမှာ သေချာလှပါတယ်၊ ဒါကြောင့် ဘုရားရှင်က သီလံ အာဒိမှိ ကလျာဏံ- ကောင်းမှုအားလုံးရဲ့ အစဟာ သီလပဲလို့ မိန့်တော်မူခဲ့တာ ဖြစ်ပါတယ်။

သီလရဲ့ အဓိက ဆောင်ရွက်မှုကတော့ ဒုဿီလ လို့ခေါ်တဲ့ သီလမရှိခြင်း ကိုယ့်ကျင့်တရား ဖောက်ပြန်ခြင်းကို ပယ်ရှားပေးပါတယ်၊ ဒီနေရာမှာလဲ ဒုဿီလ သီလမရှိခြင်း ကိစ္စကို ပယ်ရှားတယ် ဆိုရာမှာ ငါးပါးသီလ ရှစ်ပါးသီလ ကိုးပါးသီလ ဆယ်ပါးသီလ စတဲ့ ရှောင်ကြဉ်ရမယ့် ၀ါရိတ္တသီလကို ရည်ရွယ်တာပါ၊

တကယ့်တော့ လက်တွေ့ပြုကျင့်ရမယ့် စာရိတ္တသီလ လို့ခေါ်တဲ့ မိဘကျင့်ဝတ် ဆရာ့ကျင့်ဝတ် လင့်ကျင့်ဝတ် မယားကျင့်ဝတ် တပည့်ကျင့်ဝတ် စတဲ့ ကျင့်ဝတ်တွေ ကျေပွန်သူကို လူတိုင်းက ကဲ့ရဲ့ ပြစ်တင် ပြောဆိုခြင်း မရှိသလို ကိုယ်အမူအရာ နှုတ်အမူအရာ ယဉ်ကျေးသိမ်မွေ့သူ ကိုယ့်ကျင့်တရားနဲ့ ပြည့်စုံလို့ လေးစား ချီးကျူး ပြောဆိုကြမှာ သေချာပါတယ်၊ ဒီလို ချီးကျူးပြောဆိုခြင်းကို သီလရဲ့ ရသ အဖြစ် မှတ်သားနိုင်ပါတယ်၊ သီလကို ပြည့်ပြည့်၀၀ စင်စင်ကြယ်ကြယ် စောင့်ထိန်းသူဟာ ကိုယ့်ရဲ့ စင်ကြယ်တဲ့သီလကို သတိရတိုင်း ဆင်ခြင်တွေးမိတိုင်း ၀မ်းမြောက် ၀မ်းသာဖြစ်ရ သလို သီလ စောင့်ထိန်းနေစဉ်လည်း လောဘ၊ ဒေါသစတဲ့ စိတ်ညစ်ညူးစရာတွေ ၀င်မလာအောင် အတတ်နိုင်ဆုံး စောင့်စည်း တားမြစ်တာဖြစ်လို့ စိတ်နှလုံးကြည်ရွှင် အေးမြ လန်းဆန်းရပါတယ်၊ ဒုစရိုက်အမှုကို မလွန်ကျူးဘဲ ကိုယ်တွေ နှုတ်တွေကို ကောင်းစွာ စောင့်ထိန်းထားသူဟာ တရား အားထုတ်စဉ်မှာလည်း မိမိရဲ့ စင်ကြယ်တဲ့ အပြစ်ကင်းတဲ့ ကိုယ်နှုတ်အမူအရာ တွေဟာ ဥာဏ်မှာထင်လာပြီး တရားဘာဝနာ ရှုမှတ်ရာမှာ အလွန်ထိရောက်တာကို တွေ့ရပါတယ်၊ ဒီလို သီလပြည့်စုံသူ ကိုယ့်ကျင့်တရားကောင်းသူ မိမိရဲ့ ကိုယ်နှုတ် အမူအရာတွေကို ကုသိုလ်ကောင်းမှုမှာ ကောင်းစွားထားနိုင်သူဖြစ်ဖို့ အဓိက အခြေခံအကြောင်းတရား နှစ်မျိုး ရှိဖို့လိုအပ်တယ်။ အဲဒါကတော့ ဟိရီနဲ့ ဩတ္တပ္ပ ဆိုတဲ့ တရား နှစ်မျိုးပါ၊

ဟိရီ-ဆိုတာကတော့ မကောင်းမှုလုပ်ရမှာကို ရှက်တတ်ခြင်း ဖြစ်ပြီး ဩတ္တပ္ပကတော့ မကောင်းမှု ပြုလုပ်ရမှာကို ကြောက်တာဖြစ်ပါတယ်၊ အရှက် အကြောက်ကင်းမဲ့သူရဲ့ အပြူအမူဟာ ယဉ်ကျေးသိမ်မွေ့ခြင်းမရှိသလို မကောင်းတာမှန်သမျှ အကုန်လုပ်ရဲတယ် လက်ရဲ ဇက်ရဲ နိုင်လှပါတယ်၊ ဒီနေရာမှာ ရှက်သင့်တာကို ရှက်ခြင်း ကြောက်ခြင်းနဲ့ မရှက်သင့်တာကို မရှက်ခြင်း မကြောက်ခြင်းကိုလဲ ခွဲခြား နားလည်သင့်ပါတယ်၊ မြန်မာဗုဒ္ဓဘာသာဝင် တစ်ယောက်က ဘုန်းတော်ကြီးကျောင်းသွားရမှာ ရဟန်းသံဃာတွေကို ရှိခိုးရမှာ စေတီတော်တွေကို ဖူးမြော်ရမှာ တရားစခန်းဝင်ရမှာ ဥပုသ်စောင့်ရမှာ မိဘတွေကို ရိုသေရမှာ စတာတွေဟာ ကုသိုလ်အလုပ်တွေဖြစ်လို့ မရှက်သင့် မကြောက်သင့်တဲ့အလုပ်တွေပါ၊

သူတစ်ပါးကို လိမ်လည်လှည့်ဖျား မဟုတ်တာပြော မိဘဆရာတွေရဲ့ စကားကို နားမထောင် မိဘတွေကို စိတ်ဆင်းရဲအောင်လုပ် ကျောင်းပြေး ကျူရှင်ပြေး စတာတွေဟာ မကောင်းမှုတွေဖြစ်လို့ ဒါတွေကို လုပ်ရမှာကို ရှက်တတ် ကြောက်တတ်ရမှာပါ၊ အင်္ဂလိပ် စကားလုံးမှာတော့ Shy နဲ့ Shame လို့ ခွဲခြားပြထားပါတယ်၊ ဒီလို ရှက်သင့်တဲ့နေရာမှာ ရှက်ခြင်း ကြောက်ခြင်းဟာ သီလရဲ့ အနီးကပ်ဆုံး အကြောင်းတရားတွေပါ၊ သီလရဲ့ ဝေးတဲ့ အကြောင်းတွေ အနေနဲ့ သူတော်ကောင်းကို ပေါင်းဖော် ဆည်းကပ်ခြင်း သူတော်ကောင်း တရားကို ကြားနာခြင်း ကံ ကံရဲ့ အကျိုးကိုယုံကြည်ခြင်း ရတနာသုံးပါး အပေါ် သက်ဝင်ယုံကြည်ခြင်း သတ္တ၀ါ အားလုံးပေါ် မေတ္တာ ကရုဏာထားခြင်း ရှေးက စောင့်ထိန်းခဲ့ဖူးတဲ့ သီလအထုံ ရှိခြင်းတွေဟာ ကိုယ်နှုတ်အမူအရာ ကောင်းစွာ ထားနိုင်ဖို့ရဲ့ ဝေးသော အကြောင်းတွေပါပဲ။

ဒီနေရာမှာ ပြောပြချင်တာက- ငါကတော့ မကောင်းတာ မလုပ်ဘူး၊ သူတစ်ပါး နစ်နာအောင် မလုပ်ဘူး ဘုန်းကြီးကျောင်းသွားစရာ မလို သီလခံယူ ဆောက်တည်စရာ မလိုဘူး ဆိုတဲ့ စကားတွေကို ကြားရဖူးပါတယ်၊ တကယ်တော့ သီလ စင်ကြယ်ပြီးသူလည်း ထပ်ပြီး စင်ကြယ်အောင် ပါရမီထိုက်တဲ့ သီလဖြစ်အောင် အထုံဝါသနာပါတဲ့ သီလဖြစ်အောင် စောင့်ထိန်း ဆောက်တည်သင့်တာမို့ လူတိုင်း လူတိုင်း မိမိတို့ရဲ့ သီလလေးကို အမြဲဖြူစင်နေအောင် စောင့်ထိန်းသင့်တယ် ဆိုတာပါပဲ၊ သိက္ခာသုံးပါးဟာ ပန်းသုံးပွင့်နဲ့ တူတယ်ဆိုရင် အခုပြောပြတာကတော့ သီလသိက္ခာ ပန်းတစ်ပွင့်အကြောင်းလို့ ဆိုပါစို့။ ။

(ဆက်လက်ဖော်ပြပါမည်)

အရှင်တိက္ခဉာဏာလင်္ကာရ


Read more...

မြတ်စွာဘုရား ၀ါဆိုစဉ်

၁။ ပဉ္စ၀ဂ္ဂီ အစရှိကုန်သော ခြောက်ကျိပ်ကုန်သော သူတို့အား၎င်း၊ ထိုသူတို့၏ မိဘဆွေညာ ဒါယကာတို့အား၎င်း၊ တရားအမြိုက် တိုက်ကျွေးတော်မူ၍ ဗာရာဏသီပြည် မိဂဒါဝုန်တော၌ နန္ဒိယမည်သော ဥပါသကာသည် ဆောက်လုပ်သော ကျောင်း၌ ပဌမ၀ါ ဆိုတော်မူသည်။

( ခြောက်ကျိပ်ကား-ပဉ္စ၀ဂ္ဂီ ၅-ဦး၊ ရှင်ယသ၊ ရှင်ယသ၏ အဆွေသူဌေးသား ပုဏ္ဏားလေးယောက်၊ သူဌေးသား ငါးကျိပ်။)


၂-၃-၄ ။ တနေ့သ၌ ဘုရားသခင်သည် နန်းတော်တွင် ဆွမ်းဘုဉ်းပေး၍ အပြီးတွင် ဘခင်မင်းကြီးက-အရှင်ဘုရား ဒုက္ကရစရိယာ ကျင့်စဉ်က မထင်ရှားသော နတ်သားတယောက်သည် လာ၍ ရှင်မင်းကြီးသား ဘုရားမဖြစ်နိုင်ပြီ။ စင်္ကြံဦးတွင် ကမ္မဋ္ဌာန်းစီးဖြန်းစဉ် လည်း၍ အသည်းကွဲသဖြင့် သေရှာပြီ-ဟု သုံးကြိမ် လေးကြိမ် ပြောဆိုလာသည်။ ထိုစကားကို အကျွန်ုပ်မယုံပါ။ ငါ၏သားသည် ဘုရားမဖြစ်ဘဲကို မသေနိုင်ရာဟု ဆိုလိုက်ပါသည်။ ဆိုသည့်အတိုင်းပင် ယခု မှန်ပေသည်။ ထိုအကြောင်းကို အောက်မေ့၍ အလွန်ဝမ်းမြောက်ပါသည်-ဟု နားတော်လျှောက်၏။ ဘုရားသခင်လည်း- ခမည်းတော်မင်းကြီး ယခုဘ၀၌ ပါရမီရင့်လှပြီကို အဘယ်မှာ ယုံပေအံ့နည်း၊ ပါရမီနုစဉ်သာ ဖြစ်သေးသော ရှေးလွန်လေပြီးသောဘ၀က မဟာဓမ္မပါလ သူဌေးဖြစ်သောအခါ ဒိသာပါမောက္ခ ဆရာသည် တူရာအရိုးကို ယူဆောင်၍ ပြသဖြင့် အသင့်သားသေပြီ-ဟု အလီလီပြောသော်လည်း မယုံကြည်ဘူးလေပြီ-ဟု အတ္ထုပ္ပတ္တိ ကိုပြ၍ မဟာဓမ္မပါလဇာတ်ကို ဟောတော်မူလေ၏။ ထိုအခါ မင်းကြီး အနာဂါမ်တည်လေ၏။ ယင်းသို့ ခမည်းတော်မင်းကြီးအား သုံးပါးသော ဖိုလ်၌ တည်စေပြီးမှ ၀ါဆိုလတွင် ရာဇဂြိုဟ်ပြည်သို့ ပြန်၍ ဝေဠုဝန် ကျောင်းတော်၌ ဒုတိယ, တတိယ, စတုတ္ထ သုံးဝါကပ်တော်မူသည်။


၅။ ထို့နောင် လူနတ်ဗြဟ္မာ သတ္တ၀ါအပေါင်းတို့ကို မဂ်,ဖိုလ်ခရီး၌ တည်စေတော်မူလျက် ဝေသာလီပြည် မဟာဝုန်တောဝယ် စုလစ်မွန်းချွန်တပ်သော ဇရပ်ကျောင်း၌ ပဉ္စမ ၀ါဆိုတော်မူသည်။


၆။ ထို့နောင် မကုဠတောင် ချရားတော၌ ဆဋ္ဌမ ၀ါတိုတော်မူသည်။


၇။ ထို့နောင် တာဝတိံသာနတ်ပြည်ဝယ် ပင်လယ်ကသစ်ပင်ရင်း၌ ခင်းထားအပ်သော ပဏ္ဍုကမ္ဗလာ ကျောက်ဖျာအထက်၌ သတ္တမ ၀ါဆိုတော်မူသည်။


၈။ ထို့နောင် ဘဂ္ဂတိုင်း သံသုမာရဂိရိပြည် ဘဂ္ဂါသယဇနပုဒ်အနီးဖြစ်သော ဘေသကလ မိဂဒါဝုန်တော၌ အဋ္ဌမ ၀ါဆိုတော်မူသည်။


၉။ ထို့နောင် ဥတေနမင်း၏နေရာ ကောသမ္ဗီပြည်၌ ကောသမ္ဗက သူဌေးတို့ ဆောက်လှူအပ်သော ဃောသိတာရုံ, ကုက္ကုဋာရုံ, ပါဝါရိကာရုံ ကျောင်းသုံးရပ်၌ န၀မ ၀ါဆိုတော်မူသည်။


၁၀။ ထို့နောင် ကောသမ္ဗီပြည်သား ရဟန်းတို့၏ ၀ိဝါဒကို ဆုံးမခြင်းမှ ရှောင်တော်မူလျက် ပါလိလေယျက တောအုပ်၌ ပလလဆင်မင်း၏ အလုပ်အကျွေးကိုခံ၍ ကိုယ်တော်တည်းပင်လျှင် အင်ကြင်ပင်ရိပ်၌ ဒသမ ၀ါဆိုတော်မူသည်။


၁၁။ ထို့နောင် နာဠမည်သော ပုဏ္ဏားရွာအနီး နာဠိကာရုံကျောင်းကြီး၌ ဧကာဒသမ ၀ါဆိုတော်မူသည်။


၁၂။ ထို့နောင် ဝေရဉ္ဇပုဏ္ဏား ပင့်ဘိတ်သည်ဖြစ်၍ ဝေရဉ္ဖတိုင်း၏အနီး ကြီးစွာပေါက်ရောက်အပ်သော နဠေရုအမည်ရှိသော ဘီလူးသည် စောင့်ရှောက်အပ်သော တမာပင်ရင်း၌ ဒွါဒသမ ၀ါဆိုတော်မူသည်။


၁၃။ ထိုအခါ ၀သ၀တ္တီမာရ်နတ်မင်းသည် ဘုရားသခင်ကို နှိမ်နင်းလိုသောဆန္ဒဖြင့် နေ့ညကြည့်ရှု၍ နေသဖြင့် အခွင့်ရလေရကား ဝေရဉ္ဇပုဏ္ဏားနှင့်တကွ တိုင်းသူ တိုင်းသားတို့ကို ဖီတား၍ မေ့လျော့စေသဖြင့် ဘုရားရှိသည်ကို သတိမရသော်ကြောင့်၎င်း, မိုဃ်းရေခေါင်းပါ၍ အစားအစာ လွန်စွာရှားပါးသောကြောင့်၎င်း, ဘုရားနှင့်တကွသော သံဃာတော်ငါးရာတို့ လွန်စွာ ဆွမ်းပန်းခေါင်းပါးကြသတည်း။

ထို့နောက် နတ်ဘီလူးအပေါင်းတို့အား တရားဟောရွတ် ချွတ်တော်မူ၍ စာလိယတောင်၌ တေရသမ ၀ါဆိုတော်မူသည်။


၁၄။ ထို့နောင် အနာထပိဏ်သူဌေးတို့ ပင့်လျှောက်သည်ကို ထောက်တော်မူ၍ သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်၌ စုဒ္ဒသမ ၀ါဆိုတော်မူသည်။


၁၅။ ထိုအခါ လူတို့ ကောဇာသက္ကရာဇ် ၁၁၇-ခု နွယ်တာ (၀ါဆို) လဆန်းလေးရက်နေ့ နေလွဲ တဘ၀ါးတွင် သင်္ဃာတော်တို့ အတိုင်းမသိသော ပညာတော်နှင့် ပြည့်စုံတော်မူသည်ကို ချီးမွမ်းကြသောစကားစပ်တွင် ဂါထာတထောင်ဖြင့် တန်ဆာဆင်အပ်သော မဟာဥမင်္ဂဇာတ် (မဟောသဓဇာတ်)ကို ဟောတော်မူသည်။ ထိုနှစ် တန်ဆောင်မုန်းလဆန်း တရက် သောကြာနေ့ ညချမ်းအခါတွင် သင်္ဃာတော်တို့ မဟာဘိနိက္ခမန(မြတ်သော တောထွက်တော်မူခြင်း)ကို ချီးမွမ်းကြသော စကားစပ်ဖြစ်၍ အတ္ထုပ္ပတ္တိကို ပြလျက် တရာ့နှစ်ဆယ့်လေးဂါထာရှိသော မဟာဇနကဇာတ်ကို ဟောတော်မူသည်။ ထို့နောက် နတ်တော်လဆန်း လေးရက် ဗုဒ္ဓဟူးနေ့ ညအခါ မဟာဘိနိက္ခမနကို ချီးမွမ်းကြသော စကားစပ်ဖြစ်၍ တရာ့သုံးဂါထာရှိသော တေမိဇာတ်ကို ဟောတော်မူသည်။ အကြားအကြား၌ ဟောတော်မူအပ်သော သုတ် နိပါတ် ဇာတ်ဒေသနာတော်ကား အပရိမာဏပင် ဖြစ်သတည်း။

ထို့နောက် ဆွေတော်မျိုးတော်တို့ကို သင်္ဂြိုဟ်တော်မူခြင်းငှါ ကပိလ၀တ်ပြည် နိဂြောဓာရုံကျောင်း၌ ပန္နရသမ ၀ါဆိုတော်မူသည်။


၁၆။ ထိုအခါ ဤကျောင်းရာတွင်ပင် ဈာန်ချမ်းသာဖြင့် ရှေးသောအခါ ငါနေဘူးပြီ-ဟု မဟာကဏှဇာတ်ကို ဟောတော်မူသည်။

( ဗုဒ္ဓ၀င်ဒေသနာကိုလည်း ဤတဆယ့်ငါးဝါမြောက်မှ ဟောတော်မူသည်-ဟု အနာဂတ၀င် အဋ္ဌကထာ၌ ဆိုသည်။

ဗုဒ္ဓ၀င်အဋ္ဌကထာ၌ကား ပဌမကြွတော်မူစဉ်ကပင် ဟောတော်မူသည် ဟူ၏။ နှစ်ကျမ်း မတူညီကြ )

ထို့နောက် အာဠာဝကဘီလူး အစရှိသော သတ္တ၀ါတို့ကို ကောင်းစွာ ချေချွတ်တော်မူလျက် အာဠ၀ီပြည်၏ အနီး မဟာဝုန်ကျောင်းကြီး၌ သောဠသမ-၀ါ ဆိုတော်မူသည်။


၁၇။ ထို့နောင် နတ်ဘီလူးအပေါင်းတို့အား တရားရသကို ဝေငှတိုက်ကျွေးတော်မူ၍ ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်၌ သတ္တရသမ-၀ါ ဆိုတော်မူသည်။


၁၈-၁၉။ ထိုအခါ ယောက်ဖတော် ဒေ၀ဒတ်သည် အဇာတသတ်မင်းကို ညီညွတ်၍ တောင်ပေါ်မှ ကျောက်ကို လှိမ့်ခြင်း, လေးဖြင့်ပစ်ခြင်း,နာဠာဂီရိဆင်ကို လွှတ်ခြင်း စသည်ကိုပြုသည်။ သားတော် အဇာတသတ်မင်းကိုလည်း ခမည်းတော် ဗိမ္ဗိသာရမင်းကို သတ်စေသည်၊ ဗိမ္ဗိသာရ မင်းကြီးကား သက္ကရာဇ် ၁၂၀-ပြည့်တွင် လွန်တော်မူသည်။ ထိုမင်းကား ဘုရားသခင်အောက် နှစ်-နှစ်ငယ်သည်။ ထိုဝါ၌ အဇာတသတ်, ဒေ၀ဒတ်တို့ကို အကြောင်းစပ်လျဉ်းမိ၍ အသီတိနိပါတ်၌ မဟာသုဝဇာတ်, ကပိရာဇဇာတ်, ၀ါနရဇာတ်, သောမနဿဇာတ် အစရှိသော များစွာသော ဇာတ်တို့ကိုလည်း ဟောတော်မူသည်။

နယုန်လဆန်း လေး၇က် တနင်္ဂနွေနေ့ နေမွန်းလွဲအချိန်တွင် ဂါထာကိုးဆယ်ရှိသော စန္ဒကုမာရဇာတ်ကို ဟောတော်မူသည်။ ထို့နောင် နတ်ဘီလူးတို့ကို ဆုံးမတော်မူလျက် စာလိယတောင်၌ အဋ္ဌာရသမ-၀ါ ဧကူန၀ီသတိမ-၀ါ ဆိုတော်မူသည်။


၂၀။ ထို့နောင် သတ္တ၀ါအပေါင်းတို့အား တရားအမြိုက်ဆေး တိုက်ကျွေးတော်မူလျက် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်၌ ၀ီသတိမ-၀ါ ဆိုတော်မူသည်။


၂၁-၂၂-၂၃-၂၄-၂၅-၂၆-၂၇-၂၈-၂၉-၃၀-၃၁-၃၂-၃၃-၃၄-၃၅-၃၆-၃၇-၃၈-၃၉။ ထိုအခါ အဇာတသတ်မင်းသည် ဘခင်ကိုသတ်မိ၍ နှလုံးမသာ ချမ်းသာမရ ရှိလေသော် ဆရာဇီဝကကိုမှီ၍ ဘုရားအထံတော်သို့ လာသဖြင့် တရားတော်ကို နာရသော် ဘုရားသာသနာတော်၌ လွန်စွာစုံမက်၍ မစက်မရက် မြတ်နိုးသဖြင့် ချီးမြှင့်ပူဇော်လေသည်။ များစွာသော သုတ် နိပါတ် ဇာတ်တို့ကိုလည်း ဟောတော်မူသည်။ ထိုပနောင် ဝေနေယျအများကို တရားရသ ဝေငှတော်မူ၍ သာဝတ္ထိပြည်၏ တောင်မျက်နှာ ရှစ်ပယ်စားခန့်တွင် ဆောက်လုပ်အပ်သော ဇေတ၀န်ကျောင်းတော်မြတ်၌ ဧက၀ီသတိမ-၀ါမှ စ၍ တဆယ့်ကိုးဝါတိုင်တိုင် နေတော်မူသည်။


၄၀-၄၁-၄၂-၄၃-၄၄-၄၅။ ထို့နောက် ၀ိသာခါ ဒါယိကာမမြတ်သည် ဆောက်လှူအပ်သော ပုဗ္ဗာရုံကျောင်းတော်မြတ်၌ စတ္တာလီသမ-၀ါမှစ၍ ခြောက်ဝါတိုင်တိုင် ၀ါဆိုတော်မူသည်။

အဆုံးစွန်သောကာလ၌ကား ဝေဠုဝရွာ၌ ၀ါကပ်တော်မူသည်။


( လင်္ကာ )

သုံးလူ့သခင်၊ ငါးမာရ်သင်၍၊ ပလ္လင်ပတ်ရံ၊ သတ္တဌာန်ဝယ်၊ သတ္တာဟံဘွဲ့၊ စမ္ပယ်ခဲ့ပြီ၊ တဆယ့်ရှစ်ယူဇနာ၊ ထိုမှကွာသည်၊ ဗာရာနဂရ၊ မိဂဒ၌၊ နန္ဒိယ၀ိဟာ၊ ပဌမ ၀ါတည့်၊ ဒွါ,တိ,ဇယ၊ ရာဇဂဟံ၊ ဝေဠုဝန်ပျော်၊ ငါးသော် ဝေသာလီ၊ လိစ္ဆ၀ီ ၀ိဟာ၊ ဆ၀ါ မကုဠ၊သတ္တမ ၀တိံသာ၊ အဋ္ဌာ ဘဂ္ဂ၊ န၀မ ကောသမ္ဗီ၊ ဃောသီရွှေဘုံ၊ ရဂုံပလလေယျ၊ ဒသမတည့်၊ နာဠပုဏ္ဏားရွာ၊ ဧကာဒသဉ်၊ ဝေရဉ် ဗာရသ်၊ တောင်မြတ် စာလိယ၊ တေရသ တည့်၊ စုဒ္ဒသ ၀ါ၊ သာဝတ် တောင်စွန်၊ ဇေတ၀န်စံမှီ၊ ကပီ ပန္နရသ်၊ ကျောင်းမြတ် နိဂြော၊ သောဠသမီ၊ အာဠ၀ီတည့်၊ ဂီရိဗ္ဗဇ၊ သတ္တရသာ၊ ဆယ့်ရှစ်ဝါနှင့်၊ န၀ါဒသ၊ စာလိယကပ်ဆို၊ ရာဇဂြိုဟ်ဝီသ၊ ဤထိုမျှကား၊ ပဌမဗောဓိ၊ အနိယတ်ဝါ၊ နောင်လာတွက်ဘွဲ့၊ နှစ်ဆယ့်လေးတန်၊ ဇေတ၀န်ပုဗ္ဗာ၊ လှည့်လည်ကာဖြင့်၊ ခေမာနီးသော်၊ ရွာကြီးဝေဠုဝ၊ ၀ါတော်မျှ၍၊ ပဉ္စစတ္တာလီ၊ အသီတျာယု၊ တိုင်သမှုဖြင့်၊ ဤလူ့သက္ကရာဇ်၊ အဌ်-ဇော-ဧက်၌၊ နှစ်သစ်ကဆုန်၊ ပုဏ္ဏမီစေ့၊ အင်္ဂါနေ့တွင်၊ နိဗ္ဗာန်ဝင်သား၊ ရှင်ဘုရားကို၊ ညွတ်တွားဝန္ဒနာ၊ ပူဇော်ပါ၏။


အဋ္ဌကထာပါဌ်ဖြင့် မှတ်သားလိုမူကား-

၁။ ပဌမ၀ဿံ ဣသိပတနေ မိဂဒါယေ ဓမ္မစက္ကံ ပ၀တ္တေတွာ အဋ္ဌာရသ ဗြဟ္မကောဋိယော အမတပါနံ ပါယေတွာ ဗာရာဏသိံ ဥပနိဿာယ ဣသိပတနေ မိဂဒါယေ ၀သိ။


၂။ ဒုတိယ၀ဿံ ရာဇဂဟံ ဥပနိဿာယ ဝေဠုဝန မဟာဝိဟာရေ။

၃-၄။ တတိယ စတုတ္ထာနိပိ တတ္ထေ၀။

၅။ ပဉ္စမံ ဝေသာလိံ ဥပနိဿာယ မဟာဝနေ ကုဋာဂါရသာလာယံ။

၆။ ဆဋ္ဌံ မကုဠပဗ္ဗတေ။

၇။ သတ္တမံ တာဝတိံသ ဘ၀နေ။

၈။ အဋ္ဌမံ ဘဂ္ဂေသု သံသုမာရဂိရိံ နိဿာယ ဘေသကလာဝနေ။

၉။ န၀မံ ကောသမ္ဗိယံ။

၁၀။ ဒသမံ ပါလိလေယျက ၀နသဏ္ဍေ။

၁၁။ ဧကာဒသမံ နာဠာယံ ဗြာဟ္မဏဂါမေ။

၁၂။ ဒွါဒသမံ ဝေရဉ္ဇာယံ။

၁၃။ တေရသမံ စာလိယပဗ္ဗတေ။

၁၄။ စုဒ္ဒသမံ ဇေတ၀နေ မဟာဝိဟာရေ။

၁၅။ ပဉ္စဒသမံ ကပိလ၀တ္ထု မဟာနဂရေ။

၁၆။ သောဠသမံ အာဠာဝကံ ဒမေတွာ စတုရာသီတိပါဏသဟဿာနိ အမတပါနံ ပါယေတွာ အာဠ၀ိယံ။

၁၇။ သတ္တရသမံ ရာဇာဂဟေယေ၀။

၁၈။ အဋ္ဌာရသမံ စာလိယပဗ္ဗတေယေ၀။

၁၉။ တထာ ဧကူန၀ီသတိမံ။

၂၀။ ၀ီသတိမံ ပန ၀ဿံ ရာဇဂဟေယေ၀ ၀သိ၊ တေန ၀ုတ္တံ ဘဂ၀ါ ဟိ ပဌမဗောဓိယံ ၀ီသတိဝဿာနိ အနိဗဒ္ဓံ နိဝါသေတွာ ယတ္ထ ယတ္ထ ဖာသုကံ ဟောတိ၊ တတ္ထ တတ္ထေ၀ ဂန္တွာ ၀သီတိ။


၂၁-၄၅။ တတော ပဋ္ဌာယ ပန သာဝတ္ထိံယေ၀ ဥပနိဿာယ ဇေတ၀နမဟာဝိဟာရေ စ ပုဗ္ဗာရာမေ စ ဓုဝပရိဘောဂ၀သေန ၀သိ။ ဟူသော အဋ္ဌကထာပါဌ်ကို ဆောင်ရာသည်။


( အနက် )

၁။ ပဌမ၀ဿံ-ရှေးဦးစွာသောဝါကို၊ ဣသိပတနေ-ဣသိပတန အမည်ရသော၊ မိဂဒါယေ-မိဂဒါဝုန် တောရဂုံ၌၊ ဓမ္မစက္ကံ-ဓမ္မစကြာကို၊ ပ၀တ္တေတွာ-ဖြစ်စေ၍၊ အဋ္ဌာရသဗြဟ္မကောဋိယော-တဆယ့်ရှစ်ကုဋေသော နတ်ဗြဟ္မာတို့ကို၊ အမတပါနံ-အမြိုက်တည်းဟူသော အဖျော်ကို၊ ပါယေတွာ-သောက်စေပြီး၍၊ ဗာရာဏသိံ-ဗာရာဏသီပြည်ကို၊ ဥပနိဿာယ-အမှီပြု၍၊ ဣသိပတနေ-ဣသိပတနအမည်ရှိသော၊ မိဂဒါယေ-မိဂဒါဝုန် တောရဂုံ၌၊ ၀သိ-၀ါဆိုတော်မူ၏။


၂။ ဒုတိယ၀ဿံ-ဒုတိယ၀ါကို၊ ရာဇဂဟံ-ရာဇဂြိုဟ်ပြည်ကို၊ ဥပနိဿာယ-အမှီပြု၍၊ ဝေဠုဝန မဟာဝိဟာရေ-ဝေဠုဝန်အမည်ရှိသော ကျောင်းကြီး၌၊ ၀သိ-၀ါဆိုတော်မူ၏။


၃-၄။ တတိယ စတုတ္ထာနိပိ-တတိယ, စတုတ္ထ၀ါတို့ကိုလည်း၊ တတ္ထေ၀-ထိုရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်၌သာလျှင်၊ ၀သိ-၀ါဆိုတော်မူ၏။


၅။ ပဉ္စမံ-ပဉ္စမ၀ါကို၊ ဝေသာလိံ-ဝေသာလီပြည်ကို၊ ဥပနိဿာယ-အမှီပြု၍၊ မဟာဝနေ-မဟာဝုန်တောကြီး၌၊ ကုဋာဂါရသာလာယံ-စုလစ်မွန်းချွန်တတ်သော ဇရပ်၌၊ ၀သိ-၀ါဆိုတော်မူ၏။


၆။ ဆဋ္ဌံ-ဆဋ္ဌ၀ါကို၊ မကုဠပဗ္ဗတေ-မကုဠတောင်၌။

၇။ သတ္တမံ-သတ္တမ၀ါကို၊ တာဝတိံသ ဘ၀နေ-တာဝတိံသာနတ်ပြည်၌။

၈။ အဋ္ဌမံ-အဋ္ဌမ၀ါကို၊ ဘဂ္ဂေသု-ဘဂ္ဂတိုင်းတို့၌၊ သံသုမာရဂိရိံ-ငါးမိကျောင်း၏ ဦးခေါင်းတူပြီ တောင်ကိုမှီ၍ တည်အပ်သောကြောင့် သံသုမာရဂိရိ မည်ရှိဝေါဟာ မြို့ပြည်ရွာကို၊ နိဿာယ-မှီ၍၊ ဘေသကလာဝနေ-ဘေသကလာ မိဂဒါဝုန်တော၌၊ ၀သိ-၀ါဆိုတော်မူ၏။


၉။ န၀မံ-န၀မ၀ါကို၊ ကောသမ္ဗိယံ-ကောသမ္ဗီပြည်၌။

၁၀။ ဒသမံ-ဒသမ၀ါကို၊ ပါလိလေယျက၀နသဏ္ဍေ-ပါလိလေယျက တောအုပ်၌။

၁၁။ ဧကာဒသမံ-ဧကာဒသမ၀ါကို၊ နာဠာယံ-နာဠအမည်ရှိသော၊ ဗြာဟ္မဏဂါမေ-ပုဏ္ဏားရွာ၌၊ ၀သိ-၀ါဆိုတော်မူ၏။


၁၂။ ဒွါဒသမံ-ဒွါဒသမ၀ါကို၊ ဝေရဉ္ဖာယံ-ဝေရဉ္ဇာပြည်၌။

၁၃။ တေရသမံ-တေရသမ၀ါကို၊ စာလိယပဗ္ဗတေ-စာလိယတောင်၌။

၁၄။ စုဒ္ဒသမံ-စုဒ္ဒသမ၀ါကို၊ ဇေတ၀န မဟာဝိဟာရေ-ဇေတ၀န်အမည်ရှိသော ကျောင်းကြီး၌၊ ၀သိ-၀ါဆိုတော်မူ၏။


၁၅။ ပဉ္စဒသမံ-တဆယ့်ငါးကြိမ်မြောက်သော ၀ါကို၊ ကပိလ၀တ္ထု မဟာနဂရေ-ကပိလ၀တ် ပြည်မြတ်၌၊ ၀သိ-၀ါဆိုတော်မူ၏။


၁၆။ သောဠသမံ-သောဠသမ၀ါကို၊ အာဠာဝကံ-အာဠ၀ကဘီလူးကို၊ ဒမေတွာ-ဆုံးမတော်မူ၍၊ စတုရာသီတိပါဏသဟဿာနိ-ရှစ်သောင်း လေးထောင်သော သတ္တ၀ါတို့ကို၊ အမတပါနံ-အမြိုက်အရသာကို၊ ပါယေတွာ-သောက်စေတော်မူ၍၊ အာဠ၀ိယံ-အာဠ၀ီပြည်၌၊ ၀သိ-၀ါဆိုတော်မူ၏။


၁၇။ သတ္တရသမံ-သတ္တရသမ၀ါကို၊ ရာဇဂဟေယေ၀-ရာဇဂြိုဟ်ပြည်၌သာလျှင်၊ ၀သိ-၀ါဆိုတော်မူ၏။

၁၈။ အဋ္ဌာရသမံ-အဋ္ဌာရသမ၀ါကို၊ စာလိယပဗ္ဗတေယေ၀-စာလိယတောင်၌သာလျှင်၊ ၀သိ-၀ါဆိုတော်မူ၏။

၁၉။ တထာ-ထို့အတူ၊ ဧကူန၀ီသတိမံ-တဆယ့်ကိုးဝါကို၊ စာလိယပဗ္ဗတေယေ၀-စာလိယတောင်၌သာလျှင်၊ ၀သိ-၀ါဆိုတော်မူ၏။


၂၀။ ၀ီသတိမံ-နှစ်ဆယ်ပြည့်မြောက်သော၊ ၀ဿံပန-၀ါကိုကား၊ ရာဇဂဟေယေ၀-ရာဇဂြိုဟ်ပြည်၌သာလျှင်၊ ၀သိ-၀ါဆိုတော်မူ၏၊ တေန-ထို့ကြောင့်၊ ဘဂ၀ါ-(ပ)၀သီတိ-၀သိဟူ၍၊ ၀ုတ္တံ-မိန့်ဆိုတော်မူအပ်၏။


၂၁-၄၅။ တတော-ထိုဝါနှစ်ဆယ် ပြည်သည်မှ၊ ပဋ္ဌာယပန-စ၍ကား၊ သာဝတ္ထိံယေ၀-သာဝတ္ထိပြည်ကိုသာလျှင်၊ ဥပနိဿာယ-အမှီပြု၍၊ ဇေတ၀န မဟာဝိဟာရေ စ-ဇေတ၀န်ကျောင်းတော်ကြီး၌၄င်း၊ ပုဗ္ဗာရာမေ စ-ပုဗ္ဗာရုံကျောင်းတော်၌၄င်း၊ ဓုဝပရိဘောဂ ၀သေန-အမြဲနေခြင်းအစွမ်းဖြင့်၊ ၀သိ-၀ါဆိုတော်မူ၏။


( ကျီးသဲလေးထပ် ဆရာတော် )



Read more...

ထင်းခုတ်သမားနှစ်ဦး


တစ်ခါက ထင်းခုတ်သမား လူငယ်တစ်ဦး တောင်တက်ပြီး ထင်းခုတ်လေသည်။ မကြာမီ ထင်းခုတ်သမား အဘိုးအိုတစ်ဦးလည်း ရောက်လာခဲ့သည်။ ထင်းများကို ခုတ်ကြရင်း ညနေစောင်းချိန်တွင် အဘိုးအို၏ ထင်းမှာ လူငယ်ထက် ပိုများနေခဲ့သည်။ အဘိုးအိုမှာ နောက်ကျမှ ရောက်လာပြီး သူ့ထက် ထင်းပိုများနေသည်ကို သတိပြုမိသောလူငယ်က နောက်ရက်တွင် စောစောထပြီး ထင်းခုတ်ထွက်ရန် ဆုံးဖြတ်လိုက်သည်။

နောက်တစ်နေ့တွင် လူငယ်မှာ အဘိုးအိုထက် စောပြီး ထင်းခုတ်ရန် ထွက်ခဲ့သည်။ စိတ်ထဲတွင် အဘိုးအိုထက် ထင်းပိုရမည်ဟု တွေးနေမိသည်။ သို့သော် အလုပ်သိမ်းချိန်တွင် အဘိုးအို၏ ထင်းမှာ သူ့ထက် ပိုများနေသည်ကို တွေ့ပြန်သည်။ သို့နှင့် လေး၊ ငါးရက်ဆက်တိုက် တောင်ပေါ်သို့ ရောက်နှင့်နေပြီ မိုးချုပ်နေ၀င်မှ အိမ်ပြန်ခဲ့ သော်လည်း သူ၏ထင်းမှာ အဘိုးအိုထက် နည်းနေခဲ့သည်။

ခြောက်ရက်မြှောက်နေ့တွင် သူသည် မအောင့်နိုင်သည့်အဆုံး အဘိုးအိုအား မေးမြန်းခဲ့သည်။ “ အဘိုး.... ကျွန်တော်က အဘိုးထက် အားသန်တယ်... အဘိုးထက် စောပြီး တောင်ပေါ်ရောက်အောင် လာခဲ့တယ်.. နောက်ကျမှ အိမ်ပြန်တယ်။ ဒါပေမယ့် ကျွန်တော်ခုတ်ရတဲ့ ထင်းက အဘိုးထက် နည်းနေခဲ့တယ်... ဘာကြောင့်လဲ”

“ဒီိလို လူလေး... အဘိုးက ထင်းခုတ်ပြီး အိမ်ပြန်ရောက်တိုင်း အဘိုးရဲ့ ပုဆိန်ကို သွေးတယ်။ လူလေးက မသွေးခဲ့ဘူး။ အဘိုး အသက်ကြီးပြီ နောက်ကျမှ တောင်ပေါ်ရောက်သလို လူလေးထက် စောပြီး အလုပ်သိမ်း ခဲ့တယ်။ ဒါပေမယ့် အဘိုးရဲ့ ပုဆိန်က လူလေးပုဆိန်ထက် ထက်တယ်။ အဘိုး လေး ငါးချက်ခုတ်လို့ ပြတ်တဲ့ သစ်ပင်ကို လူလေးက ဆယ်ချက်လောက်ခုတ်ရတယ်... ဒါကြောင့် လူလေးရဲ့ ထင်းတွေ နည်းနေတာပါ”

အလုပ်ထဲက လူတွေကို ဟောပြောပွဲ သွားနားထောင်ဖို့၊ အချိန်ပို သင်တန်းတွေ တက်ဖို့ ကျွန်တော် အမြဲ တိုက်တွန်းတတ်တယ်။ တစ်ချို့လူတွေက “အလုပ်ပင်ပန်းရတဲ့ ကြားထဲ သင်တန်းတွေ ဟောပြောပွဲတွေ တက်ဖို့ အချိန်မရှိဘူး” လို့ ညည်းကြရင်း ဒီပုံပြင်နဲ့ ခိုင်းနိုင်းပြီး သူတို့ကို ကျွန်တော် ပြောတတ်တယ်။ “ထင်းပဲခုတ်နေပြီး ပုဆိန်သွေးဖို့ မေ့နေကြရင် အလုပ်အပြည့် လုပ်ပြီး ရလဒ်တစ်ဝက်ပဲ ခံစားရမယ် ဆိုတာကို တစ်ချိန်ချိန်ကျရင် သိလာလိမ့်မယ်”

လူ့ဘ၀ လမ်းတစ်လျောက်မှာ ရှင်သန်ကြီးပြင်းဖို့ ကြိုးစားနေသလို တစ်ဖက်ကလည်း ကိုယ့်ကို ဗဟုသုတတွေနဲ့ ပေါများနေသင့်တယ်။ အရင်ခေတ်တုန်းကတော့ ထင်းခုတ်ပြီး အသက်မွေးဝမ်းလို့ ရပေမယ့် ပြောင်းလဲနေတဲ့ ဒီခေတ်မှာ ထင်းပဲခုတ်နေလို့ မလုံလောက်တော့ဘူး။ တစ်ဖက်က ထင်းခုတ်ရင်း တစ်ဖက်ကလဲ ပုဆိန်ကို သွေးနေသင့်တယ်။ နို့မဟုတ်ရင် ခေတ်က ကိုယ့်ကို ပယ်ထုတ် သွားနိုင်တယ်

ဆက်ဖတ်ရန်...



Read more...

ပရိနိဗ္ဗာန်စံလွန်ပြီး ရဟန္တာထံ မေတ္တာပို့ခြင်း... (တည်တောဆရာတော် (မေး+ဖြေ))

တည်တောဆရာတော် (မေး+ဖြေ) ၆-မှ...

ပရိနိဗ္ဗာန်စံလွန်ပြီး ရဟန္တာထံ မေတ္တာပို့ခြင်း...


Read more...

ကာမေသုမိစ္ဆာစာရ







ကျွန်တော်ခုတင်လိုက်တာကတော့ဆရာတော်အရှင်ဇနကဘိဝံသရေးသားတဲ့ကာမေသုမိစ္ဆာစာ
ရအကြောင်းဖြစ်ပါတယ်။အများသိပြီးသားလည်းဖြစ်နေမှာပါ။ မူရင်းအတိုင်း ကျွန်တော်တင်လိုက်
တာဖြစ်ပါတယ်။ ကြည့်ရတာ အဆင်တော့ သိပ်မပြေဘူး ဖတ်ရင်အဲဒီနေရာလေးကိုကလစ်ပြီးအ
ကျယ်ကိုဖတ်ရှုနိုင်ပါသည်။
သတ္တ၀ါအားလုံးသတိတရားလက်ကိုင်ထား၍ဆင်ခြင်နိုင်ကြပါစေ။


Read more...

ဝိပဿနာတရားကို နယ်လေးပါးနှင့် ပိုင်းခြားခြင်း

ဦးဝိဇယ==ဤ နယ် (၄)ပါး တရားကို နာကြားပြီး တပည့်တော် သဘောပေါက်တာလေး လျှောက်ထား ပါအုံးမည် ဘုရား။(၃၁)ဘုံမှာ ရှိကြကုန်သော သတ္တဝါတွေဟာ အဟုတ်ထင်ခြင်း အဝိဇ္ဇာ ပိတ်ဖုံးထားသောကြောင့် အဆင့်မြင့်သိစရာများကို ဘာမှသိခွင့်မရကြပါဘူးဘုရား။တစ်ဘဝမှာ သင်ထားကြား ထားတဲ့ အသိတွေဟာလည်း အမှန်တကယ်မရှိသော ( အဝိဇ္ဇမာန ပညတ်နယ်) အထင် မျှသာဖြစ်သောကြောင့် ဘာတစ်ခုမှ ရေရာမှုမရှိကြပါဘူး။ မရေရာသော ဘဝမှာ မရေရာ သော အထင် အထည် တွေနှင့် ဆင်းရဲမျိုးစုံနှင့် သံသရာမှာ ခန္ဓာတွေဆက်ကာဖြစ်နေရပါတယ်။

မြတ်စွာဘုရားပွင့်လာမှသာ အဆင့်မြင့်သိစရာများကိုသိခွင့်ရကြပါတယ်။ ယခု အချိန်မှာလည်း ဘုရားအဆုံး အမ တွေရှိနေသေးသောကြာင့် ဘုရားရှိသကဲ့သို့ပင် တရားတွေဟာ အားကိုးလောက် ပါတယ်။ ဒါပေမယ့် ထိုတရားတွေဟာ ပါဠိစကားဖြင့်သာ တည်ရှိပါတယ်။ထိုပါဠိစကား၏ ဆိုလိုချက် အမှန်ကို သိဖို့ရန် မိမိခန္ဓာရှိ တရားများကိုမလေ့လာပဲ လုံးဝသိနိုင်မှာ မဟုတ်ပါဘူး။ ကိုယ်ထင်ရာ ကိုယ့်စိတ်မှာ ပုံဖော်သည့်အတိုင်း ဘာသာပြန်ကြလျှင်လည်း အဆင့်မြင့် သိစရာများကို သိနိုင်ကြမှာ မဟုတ်ပါဘူး။ယခုခေတ် သာသနာလောကကြီးမှာ စာဘက်သန်သူများ ကလည်း ခန္ဓာဘက်သန် သူများ ကို အပြစ်ပြောနေကြပါတယ်။ ခန္ဓာနှင့်စာ တစ်သားတည်းဖြင့်မှ သာသ နာနှင့်တွေ့ရကျိုးနပ် ကြမှာပါဘုရား။ရရှိတဲ့ လက်ရှိဘဝ ကို အကျိုးရှိရှိ အသုံးချနိုင်ကြမှာပါဘုရား။

ဒါန၊သီလ ၊သမထ ၊ဝိပဿနာ ဟူသော အကျဉ်းချုပ် သာသနာ အလုပ်များကိုကြားရသောအခါ အဝိဇ္ဇာမာန ပညတ်နယ် မှာပင် သုံးမျိုးကွဲသွား လိမ့်မယ်။ ပထမဦးဆုံး ကြားရသောသူများမှာ (ဘာမှန်းမသိဘူး) ဟူသောစိတ်မှာ ပုံဖော်ပြီး အထင် အထည် ပေါ်လာလိမ့်မယ်။ ထို အထင်အထည် ပုံဖြင့်ပင် အဆင့်မြင့်သိစရာများကို သိခွင့်မရဘဲ အသိဉာဏ် ကန်းနေကြကုန်သော သတ္တဝါတွေများစွာရှိပါတယ်။ လူ့လောကကြီးမှာပင် အလွန်များပါတယ်။

မိမိ နှလုံးသွင်းမှားမှုကြောင့် ဘာသာစွဲ၊ပုဂ္ဂိုလ်စွဲများဖြင့် ဒါန၊သီလ၊ သမထ၊ဝိပဿနာ ဟူသောစကားကို ကြားရသောအခါ (ဆိုးတယ်)ဟူသော အထင် အထည် ကြီး စိတ်မှာပေါ်လာတတ်ပါတယ်။ ထို အထင်အထည်ကြီးကို မှန်မမှန် စိစစ်ခွင့်မရကုန်သော သတ္တဝါတွေလည်းမြောက်များစွာ ရှိနိုင်ပါတယ်။ဤ လူ့လောကကြီးမှာပင် အလွန်များပါတယ်။ တန်ဘိုးဖြတ်မရသော လူ့ဘဝ၏ တန်ဘိုးကို မသိဘဲ တန်ဘိုးမရှိသော အလုပ်တွေနှင့်သာ ဘဝနိဂုံးချုပ်ကြရပါတယ်။

(ဘာမှန်းမသိဘူး) ဟူသောအထင်အထည် နှင့် (ဆိုးတယ်) ဟူသော အထင် အထည် များကို ကျော်ဖြတ် ပြီး (ကောင်းတယ်) ဟူသောအထင်အထည်ပုံများ စိတ်မှာထင်လာပါတယ်။ ထို (ကောင်းတယ်) ဟူသော အထင်အထည် ပုံများ ကိုအမှီ ပြုပြီး စိတ်ထဲမှာ ကောင်းတယ် ထင်တာတွေ ပြုလုပ်နေကြပါတယ်။(စွန့်လွှတ်ခြင်း၊ ချမ်းသာခြင်း) စိတ်အစဉ် သည် ကောင်းတယ်ဟု အသိဉာဏ် အဆင့်မတက်သေးသမျှ အဝိဇ္ဇာမာန ပညတ်နယ်မှာ ကိုယ်ထင်ရာကိုယ်လုပ်နေကြပါတယ်။

ဗုဒ္ဓဘာသာလောကမှာ ကောင်းခြင်း အမှန်တရားကို မသိမမြင်ကြတဲ့အတွက်ကြောင့်ဒါန အမည်တပ်ပြီး ထင်ရာလုပ်ခြင်း၊ သီလ အမည်တပ်ပြီး ထင်ရာလုပ်ခြင်း၊ သမထ အမည် တပ်ပြိး ထင်ရာလုပ်ခြင်း။ ဝိပဿနာ အမည်တပ်ပြီး ထင်ရာလုပ်ခြင်း များပေါ်ပေါက်နေ ပါတယ်။အမှန်မသိသေးသရွေ့ ထိုအလုပ်များ ရပ်မည် မဟုတ်ပါဘူး။ငွေကုန်၊လူပန်း အချိန်ဖြုန်းပြီး တန်ဘိုးရှိလှတဲ့ လူ့ဘဝကို တန်ဘိုး မသိဘဲ သေသွားကြတဲ့ ပုဂ္ဂိုလ်တွေလည်း မြောက်များစွာရှိပါတယ်။

အဝိဇ္ဇာမာနပညတ်နယ်ကိုလွန်ပြီး ဝိဇ္ဇာမာနပညတ်နယ် အထိ အဆင့်မြင့်လာပြန်တော့လည်း ကိုယ့်အောက် အသိဉာဏ်နိမ့် သူများကများသောကြာင့် ရပ်တည်ရာ မရကြပါဘူး။ အသိဉာဏ်ဖြစ်စေ ချင်သော ဆန္ဒတွေကများပြီး ပြုလုပ်ပြောဆိုကာ ဖြစ်ချင် တိုင်းဖြစ်ရင် လောဘ၊ မဖြစ်လာလျှင် ဒေါသ များဖြင့် အောက်ဆင့်ကို သာပြန်ရောက်နေကြ ပါတယ်။ကိုယ့်အသိနဲ့ကိုယ် မနေနိုင်ဘဲ အနိမ့် အမြင့်ပြော ကာ ဆင်းရဲနေကြပြန် ပါတယ်။ လွတ်လပ်ခြင်း ၊ချမ်းသာခြင်း ကို မရနိုင်ကြပြန်ပါဘူး။အမှန်မဟုတ်သော အထင် အထည်ကြောင့် ဘဝရဲ့ရပ်တည်ရာကို မရနိုင်ကြပါဘူး။တရားသမားများသတိထားစရာဖြစ်နေပါတယ်။

ဝိဇ္ဇာမာနပညတ်နယ်ကိုကျော်လွန်ပြီး သဘောနယ်ကိုရောက်သော အခါ သဘောနယ်မှ သိစရာသည် အလွန်သိမ်မွေ့လွန်းနေပါတယ်။ သိမ်မွေ့သောသိစရာ ကိုသိမ်မွေ့သောစိတ်ဖြင့်သာ သိနိုင်သာကြောင့် အခါခပ်သိမ်းသိနိုင်ဘို့ ခက်ခဲနေပြန်ပါတယ်။

ဝိပဿနာ ဟူသောစကားကို စာအုပ်ဖတ်၍ ဖြစ်စေ၊ပြောပြ၍ ဖြစ်စေ၊ကြားရလျှင် (ဘာမှန်းမသိဘူး) ဟူသော အထင်အထည် အဆင့်၊ ဆိုးတယ်ဟူသော အထင်အထည် အဆင့်၊ (ကောင်းတယ်)ဟူသော အထင်အထည်အဆင့် အားဖြင့် (၃)ဆင့်သောအထင်အထည်နယ် သည် အဝိဇ္ဇာမာနပညတ်နယ် ဖြစ်ပါတယ်။

(ငါ့ ခန္ဓာကိုယ် )ဟူသော အစွဲကို စွန့်လွှတ်ခြင်း၊ချမ်းသာခြင်း၊ အမှတ်အသား လက္ခဏာ ပါသော စိတ်အစဉ် အထင်အထည်ကို (ဝိဇ္ဇာမာန ပညတ်နယ်) ဟုခေါ်ပါတယ်။

ဝိဇ္ဇာမာန ပညတ်နယ် ဖြစ်သေ စိတ်အစဉ် အထင်အထည်ကို တစ်စက္ကန့်မှာ အစိတ်ေပေါင်းကုဋေ တစ်သိန်းစိတ်ပြီး ထိုအစိတ်များထဲမှ တစ်ခုသော ခန္ဓာစွဲကို (စွန့်လွှတ်ခြင်း၊ ချမ်းသာခြင်း) အမှတ်အသားပါဝင်သော ဖြစ်ပျက်သဘောလေးကို (သဘောနယ်)ဟုခေါ်ပါတယ်။

ထိုသဘောနယ်မှာပါဝင်သော ဖြစ်ပျက်သဘောလေး တစ်ခုသည် အကြောင်းမပါပဲ ဖြစ်လို့မရခြင်း၊ကိုယ်ပိုင်စွမ်းအားနှင့်ဖြစ်နိုင်ခြင်းမှ ကင်းဆိတ်ခြင်း၊ ကာလသုံးပါးတွင် ကိုယ်ပိုင်အနှစ်အသား မပါဝင်ခြင်းကြောင့် မူလ ဖြစ်ပျက်ခြင်းသဘောသည် (သုညနယ်)ဖြစ်ပါတယ်။

ဝိပဿနာဋ္ဌ တိုက်ရိုက်အဓိပ္ပါယ်မှာ သဘောနယ်နှင့် သုည နယ်ကို သိမြင်ခြင်းဖြစ်ပါတယ်။ ဝိပဿနာ အလုပ်ကို အားထုတ်တယ် ဆိုရာမှာ သဘောနယ် နှင့် သုည နယ်မှာရှိ သော သိစရာ အာရုံကို အာရုံပြုနေနိုင်သော အချိန်သည် ဝိပဿနာအားထုတ် တဲ့ အချိန်ဖြစ်ပါတယ်။ ပညတ် (၂)မျိုးကို အာရုံပြုအားထုတ်နေလျှင် (ဝိပဿနာ) ဟု နာမည်တပ်သော်လည်း ဝိပဿနာ အတုသာ ဖြစ်ပါတယ်။

ဘာကြောင့်ဝိပဿနာ အတုတွေ ဖြစ်နေရသလဲဆိုရင် အဝိဇ္ဇာမာန ပညတ်နယ် ကို အသိဉာဏ်ဖြင့် မကျော်လွန်နိုင်သောကြောင့် (ကောင်းတယ်)ဟူသော အထင်အထည်ဖြင့် ခန္ဓာကိုယ်ကို အမျိုးမျိုး ပုံစံချကာ ကောင်းတာတွေ့နိုးနိုးဖြင့် ပင်ပန်းဆင်းရဲနေကြပါတယ်။

စိတ်ကိုလည်းအမျိုး မျိုး ဘောင်ခတ်ချုပ်တည်းကာ ကောင်းတာတွေ့နိုးနိုးဖြင့် ကြိုးစားပင်ပန်းနေကြပါ တယ်။ ခန္ဓာကိုယ်ချုပ် ၊စိတ်ကိုလည်းချုပ်ပြီး ကြားဘူးတဲ့စကားများဖြင့် ထင်သလိုပုံဖေါ်ကာ ထင်တာတွေ တွေ့နိုးနိုးဖြင့် လိုက်ရှာနေကြပါတယ်။ တပည့်တော် ကိုယ်တိုင်ပင် အသိဉာဏ် မမြင်ခင်က နှစ်တော်တော် ကြာကြာလုပ်ခဲ့ဘူးပါတယ်။ဟုတ်သလိုလို ဖြင့် ဘာမှ မဟုတ်ခဲ့ပါဘူးဘုရား။

ဟုတ်သလိုလို ကို အဟုတ်ထင်ခြင်းမောဟ။အဝိဇ္ဇာ အားကောင်းလာလျှင် ထိုမဟုတ်တဲ့ အတု အလုပ် ကို စွန့်လွှတ်ဘို့ ခဲယဉ်းတယ်။အတုအလုပ်လို့ သိဘို့ရာပင် မလွယ်ကူတော့ပါဘူး။ရာထူးတိုးခြင်း၊အခြံအရံများခြင်း၊ ကျော်ကြားခြင်း အစရှိသော လောကီဂုဏ်များက ထပ်ဖိလိုက်အုံးမယ်ဆိုရင် လူတစ်ယောက်ကို မြင့်မိုရ်တောင်နဲ့ ဖိခံရသလိုဖြစ်လာပါတယ်။

သိဉ္စည်းဆရာကြီးကဲ့သို့ ရေလောင်းအိုးကြီး ဘဝမှ ရေထည့်အိုး ဘဝသို့အရောက်ခံနိုင်မှာ မဟုတ်ပါဘူး။မိမိ မသိမှုဖြင့်ပြခဲ့သော အလုပ်အတုကြီး ကို အလုပ်အစစ်ဖြစ်အောင် ဘုရားပါဠိတော်များကို ကိုးကားပြီး ကိုယ်ထင်ရာ ဆွဲပြော ကာ သာသနာပြုနာမည်တပ်ပြီး အသိဉာဏ်နည်းသူတွေ အလွန်များလာပါတယ်။တရား အစစ်အမှန် ကိုတွေ့ဘို့ အလွန်ခက်ခဲနေကြပါတယ်။အသိဉာဏ်ဖြင့် ကိလေသာ ငြိမ်းအေးအောင် မလုပ်နိုင်ကြ သောကြောင့် ကိလေသာအာရုံ ဂုဏ်လာဘ် ဘက်မှာ မျောနေကြသည်မှာ သနားစရာ ပင်ဖြစ်ပါတယ် ဘုရား။

အချို့သော တရားသမားတွေကတော့ အဝိဇ္ဇာမာနပညတ်ကို ကျော်လွန်ကြပါတယ်။ ဝိဇ္ဇာမာန ပညတ်နယ်ကိုရောက်တဲ့အခါ အမှန်တွေ့ ပြီထင်ပြီး ကိုယ့်ကိုကို အထင်ကြီးနေကြပါတယ်။ (သဘော၊သဘော) ဟူသော စကားကို တသောသော သုံးပြီး ကိုယ်ထင်ရာကိုယ်ပြောနေကြပါတယ်။ အနိမ့်အမြင့် တိုင်းပြီး ငြင်းကြ၊ ခုံကြ ပြောကြ ဆိုကြနှင့် တန်ဘိုးရှိသော လူ့ဘဝကို ဖြုန်းနေကြသည် မှာလည်း သနားစရာပင် ဖြစ်နေပြန်ပါတယ်။

မမြင်ဘူး မူးမြစ်ထင်–ဟူသောစကားပုံကဲ့သို့ ပါဠိစကားလုံး ကြီးကြီးသုံးပြီး နေကြပြန်ပါတယ်။ လွတ်လပ်ခြင်း၊ချမ်းသာခြင်း မရရှာကြပါဘူး။ အစဉ် သန္တန်ပညတ် ကိုပရမတ်ထင်ကာ အဟုတ်ထင်ခြင်း အဝိဇ္ဇာဓာတ်ကြီး လွှမ်းမိုး ဖိစီး ခံနေရပြန်ပါတယ်။

ထိုဝိဇ္ဇာအား ကောင်းရင် အားကောင်းသလောက် သမုဒယပွား ဒုက္ခတွေများနေကြပါတယ်။ လွတ်လပ်ခြင်း၊ချမ်းသာခြင်း ဟူသော ဝိမုတ္တိရသကို တွေးလုံးတွေနှင့် ဘဝဆုံးသွားကြပါတယ်အစစ်ကိုမရဘဲ အတုနှင့်သာ ရင်ဆိုင် နေရပါတယ်။



Read more...

*စာလုံးပေါင်း-၂*


ဒီတစ်ခါတော့ မြန်မာစာ စာလုံးပေါင်းမှာ မှားတတ်တဲ့ ကျ နဲ့ ကြ အသုံးအနှုန်း လေးကို သူငယ်ချင်း တစ်ယောက်က တောင်းဆိုလို့ ကျွန်တော် သိသလောက် ပြောပြ ပါရစေ။ ဥပမာ စာကြောင်းလေး တွေနဲ့ယှဉ်၍ ဖတ်ကြည့်ပါဦး။

၁။ အသေမဦးခင် ဉာဏ်ဦးအောင် လုပ်ကြ။
စာကြောင်းက တိုက်တွန်းတဲ့ အဓိပ္ပါယ်.. တစ်ယောက်ထက်ပိုတဲ့ နောက်တစ်မျိုး ပြောရရင် အဖွဲ့လိုက် လုပ်ကြ၊ ကိုင်ကြ၊ ပြေကြ၊ ဆိုကြ ဒီလို နေရာမျိုးမှာ ရရစ် ကြကို သုံးပါတယ်။

၂။ မရှိတောင့်တ၊ ရှိကြောင့်ကြ။
ကြောင့်ကြကိုလည်း ရရစ်နဲ့ပဲ သုံးရပါတယ်။

၃။ မနွယ်သည် ထမင်းဝိုင်းကို ကျကျနန ပြင်ဆင်ထားသည်။
ဒီနေရာမှာတော့ ယပင့် ကျ ကိုသုံးပါတယ်။ ကြကြနန လို့ မသုံးပါဘူး။

၎။ ကျပန်းစကားပြော ပြိုင်ပွဲမှာ မောင်မောင် ပထမရသည်။
ကျပန်းစကားကိုတော့ ယပင့်နဲ့ သုံးတာ အကုန်လုံးနီးပါး သိကြမှာပါ။

၅။ သတိထားနော.. လိမ့်ကျမယ်။
အမြင့်ကနေ အနိမ့်ကို လိမ့်ကျတာတို့၊ အပါယ်ကျတာတို့၊ စာမေးပွဲ ကျတာတို့ကိုတော့ ယပင့် ကျ နဲ့ သုံးပါတယ်။

၆။ စာကြိုးစား၍ စာမေးပွဲ အောင်ကြသည်။
ဒီနေရာမှာလည်း နံပါတ် တစ်စာကြောင်း လိုပါပဲ..။ တစ်ယောက်ထက်ပိုတဲ့ အများရဲ့ လုပ်ဆောင်မှု၊ ဖြစ်တည်မှု တွေကို ရရစ် ကြ နဲ့သာ သုံးပါတယ်။ ကြိုးစား ကိုလည်း ရရစ်နဲ့ပဲ သုံးပါတယ်။

၇။ စာမကြိုးစား၍ စာမေးပွဲ ကျကြသည်။
စာမေးပွဲ ကျ တာကတော့ ယပင့် ကျပေါ့။ စာမေးပွဲ ကျတာက တစ်ယောက်ထက် ပိုလို့ ကျကြသည်လို့ သုံးသွားတာပါ။

၈။ နွေရာသီရောက်၍ သစ်ရွက်များကြွေကြသည်။
၉။ သစ်ပင်ပေါ်မှ သစ်ရွက်များ မြေပြင်ပေါ်သို့ ကြွေကျသည်။
ဒီစာကြောင်း နှစ်ကြောင်းကတော့ နည်းနည်း ရှင်းမှရမယ်..။ အပေါ်စာကြောင်းက ကြွေကြသည်မှာ ရရစ် ကြ နဲ့ သုံးထားတဲ့အတွက် အဓိပ္ပါယ်က သစ်ရွက်တွေရဲ့ ပုံမှန် ကြွေတဲ့သဘောကို ပြတယ်၊ နောက်တစ်မျိုး ကိုယ်တိုင် ဖြစ်ပျက်တာကို ဆိုလိုတယ်၊ ဘေးလူရဲ့ အမြင်မပါဘူး၊ အရှိကို အရှိအတိုင်း ဖော်ပြတာ၊ အောက်က စာကြောင်းနဲ့ နှိုင်းယှဉ်ပြီး ပြောရရင် မြေကြီးပေါ် ရောက်သည်အထိ ကြွေတဲ့သဘော မယူရဘူး၊ သစ်ပင်ပေါ်ကနေ မြေကြီးပေါ် မရောက်ခင် စပ်ကြား ကာလလို့ ပြောလို့လည်း ရတယ်။

နံပတ်ကိုး စာကြောင်းကတော့ ကြွေတော့ ကြွေတာပဲ၊ ဒါပေမယ့် ကြွေကျသည်လို့ ပယင့် ကျ ကို သုံးလိုက်တဲ့ အတွက် မြေကြီးပေါ်အထိ ရောက်တဲ့ အဓိပ္ပါယ် ပါသွားတယ်။ ဒီနေရာမှာ ဒီသစ်ရွက် ကြွေကျတာ ကျတော့ ဘေးလူရဲ့ အမြင်ပါတယ်၊ နောက်တစ်မျိုး ပြောရရင် မြေကြီးအထိ ရောက်တဲ့ direction ပါတယ်၊ နံပါတ် ရှစ်ကတော့ direction တော့ပါတယ်၊ ဒါပေမယ့် လေမှာ ၀ဲနေတဲ့ အခိုက်အတန့်ပဲ၊ မြေကြီးနဲ့ မထိသေးတဲ့ အခြေအနေပါ။

၁၀။ လုပ်နေကျ အလုပ်တွေ လုပ်နေကျ အချိန်မှာ ပုံမှန်လုပ်နေကြသည်။
ရှေ့က လုပ်နေကျသည် အချိန်ကာလ တစ်ခု ပုံမှန်ရှိသော ပုံမှန် လုပ်ဆောင်မှု သဘောကို ညွှန်း၍ နောက်မှ လုပ်နေကြသည် တစ်ယောက်ထက် ပိုသော လူအများ၏ လုပ်ဆောင်မှုကို ဖော်ဆောင်ပါတယ်။ လုပ်နေကျ၊ ဖြစ်နေကျ၊ သွားနေကျ ကဲ့သို့သော အသုံးမျိုးတွင် ယပင့် ကျ ကိုသာ သုံးရပါမည်။

၁၁။ ရင်ထဲမှာ ကျလိကျလိ ခံစားနေရလား..။
ကျလိကျလိ အသုံးတွင် ယပင့်ကိုသာ သုံးရပါမည်။

၁၂။ အပ်ကျသံ ကြားရလောက်အောင် တိတ်ဆိတ်နေ၏။
ဤနေရာတွင် အပ်သည် အမြင့်တစ်နေရမှ ကျ ခြင်းဖြစ်၍ ယပင့် ကျ ကိုသာ သုံးရပါမည်။

၁၃။ အံမာ ထမင်းစားဖို့ကျတော့ မင်းက မငြင်းဘူး။
ဤစာကြောင်းမျိုးတွင်လည်း ရရစ် ကြ ကိုမသုံးရပါ။ ယပင့် ကျ ကိုသာ သုံးရပါမည်။

ကကြီး ရရစ် ကြနှင့် ကကြီး ယပင့် ကျတို့နှင့် သက်ဆိုင်သော အသုံးလေးများကို လေ့လာကြည့်ပါဦး..။

ကြုံတောင့်ကြုံခဲ၊ ကြံကြံဖန်ဖန်၊ ကြိမ်ဖန်များစွာ၊ ကြိမ်လုံး၊ (သူတစ်ပါးကို) အားကျသည်၊ (အင်္ကျီက) ကြပ်တယ်၊ ကျပ်စေ့၊ ထမင်းကျက်ပြီ၊ စာကျက်သည်၊ စားကျက်၊ ကြက်တောင်ရိုက်၊ လဲကျသည်၊ အကြောင်းအကျိုး၊ ခဲတံကျိုးသည်၊ လမ်းကျွံ၊ အလွန်အကျွံ၊ ကျွမ်းကျင်၊ လောင်ကျွမ်း၊ ကြင်နာ၊ နာကျင်၊ ကျိန်းစက်၊ ကြောင်တောင်တောင်၊ အလိမ်ကကျစ်၊ ကြိုးကျစ်သည်၊

ဒီ အောက်မှာ ကျွန်တော်သိတဲ့ ကကြီးယပင့် နဲ့ ကကြီးရရစ် အသုံးလေးတွေကို နှိုင်းယှဉ် ဖတ်ရှုနိုင်ဖို့ ရေးသားပေးလိုက်ပါတယ်။

ပြုတ်ကျ၊ သဘောကျ၊ စာမေးပွဲကျ၊ ကျစွာမင်း၊ ကျဆုံး
လုပ်ကြ၊ ကိုင်ကြ၊ ပြောကြ၊ ဆိုကြ၊

ကျာ အသုံးလောလောဆယ် စဉ်းစားမရပါ။
ကြာပန်း၊ အချိန်ကြာ

ကျားတိရစ္ဆာန်၊ ကျားကျားရားရား
အသံကြား၊ နားမကြား၊ ကြားခိုသည်၊ ချောင်ကြိုချောင်ကြား၊ သိကြားမင်း

ကျိကျိတက် (ချမ်းသာ)၊ (အသံ) တကျိကျိမြည်၊
ကြိယာ၊ ကြိယာစိတ်

စပါးက်ီ၊ အက်ႌ
ကြီအသုံး မတွေ့ဖူးပါ။

ကျီးကန်း၊ ကျီးစာ
အသက်ကြီး၊ အရွယ်အစားကြီးမား

ကျည်ပွေ့၊ ကျည်ဆံ၊ ၀ါးကျည်တောက်
ကြည်စား၊ အသံကြည်လင်၊ ကြည်ကြည်ဖြူဖြူ၊ ကြည်နူး၊ ယုံကြည်

ကျူပင်၊ ကျူရှင်၊ (ကောင်မလေးနဲ့) ကျူ
ကြူကြူမွှေး (ရနံ့ သင်းပျံ့တာကို ဆိုလိုသည်။)

ကျူးကျော်၊ အမှုကျူးလွန်
အစားကြူးသည်၊ အလွန်အကြူး၊ အတတ်ကြူး အရူးဖြစ်

ကျေနပ်၊ တာဝန်ကျေ၊ အကြွေးကျေ၊ ကျေရာကျေကြောင်း ပြောသည်၊ ကျေအေးသည်၊
(အ၀တ်အစား) တွန့်ကြေ

ကျေးဇူး၊ ကျေးသား (ငှက်)
ပိုက်ဆံကြေးငွေ၊ ကြေးစား၊ လောင်းကြေး (ထပ်)၊ ကြေးနီ

အရည်ကျဲ၊ နေပူကျဲကျဲ
ပျိုးကြဲသည်။

ကျယ်ဝန်း၊ ကျယ်ပြန့်၊ လွင်ပြင်ကျယ်
ကြယ်တာရာ

ကျော့ကွင်း၊ မူယာကျော့ကျော့၊ ကျော့ရှင်း
ကြော့ အသုံး လောလောဆယ် စဉ်းစားမရ။

ကျော်ကြား၊ ကျူးကျော်
ငါးကြော်၊ အကြော်စုံ

ကျောကုန်း၊ (ငါ့ကို) လာမကျောနဲ့၊ ကျောက်ကျော
မာကြော၊ (ခန္ဓာကိုယ်)အကြော

ကျံ့အသုံး မတွေ့ဖူးပါ။
ကြံ့ တိရစ္ဆာန်၊ ကြံ့ကြံ့ခံ

ကျန့် အသုံး မတွေ့ဖူးပါ။
(အချိန်) ကြန့်ကြာ

ပေကျံ၊ လိမ်းကျံသည်။
အကြံဉာဏ်၊ ကြံစည်တွေးတော၊ ကြံပင်

လက်ကျန်၊ အကြွင်းအကျန်
ကြန်အင်လက္ခဏာ

ကျမ်းစာ၊ ကျမ်းကိုး၊ ကျမ်းကျိန်
ကြမ်းတမ်း၊ လမ်းကြမ်း၊ ကြမ်းပြင်၊ ကြမ်းကြုတ်၊

ကျန်းမာ
ကြန်း အသုံး မတွေ့ဖူးပါ။

အောက်ကျို့
ကြို့ပင်ကောက်၊

ရေနွေးကျို၊ ကျိုချက်
ကြိုဆိုရေး

လက်ကျိုး၊ သစ်ကိုင်းအကျိုး
အပ်ချည်ကြိုး၊ ကြိုးစား

ကျွတ်ကနဲ စုပ်သတ်သည်၊ ဘောင်းဘီကျွတ်၊ လေထိုးကျွတ်ဖာ
ကြွတ် အသုံးတော့ မတွေ့ဖူးပါ။

ကြွပ်ဆတ်၊ ကြွပ်ကြွပ်အိတ်
ကျွပ်အသုံး မတွေ့ဖူးပါ။

နယ်ကျွံ၊ အပေါက်ကျွံ
ကြွံအသုံး မတွေ့ဖူးပါ။

ဤလောက်ဆိုလျှင် ကျ နှင့် ကြ ကို သဘော ပေါက်လောက်ပြီ ထင်ပါသည်။

***********************************************

စာရေးသားရာတွင် တစ်ချို့ မှားတတ်သော လျက် နဲ့ လျှက်၊ တက်နဲ့ တတ် အသုံးများကိုလည်း သိသလောက် ရေးသားပေးလိုက်ပါတယ်။

၁။ လျက် နဲ့ လျှက်
သူ ထမင်းစားပြီးတိုင်း လျက်ဆား စားသည်။
မဗေဒါက တစ်ပင်တည်း၊ ပန်းပန်လျက်ပဲ။
မောင်မောင်သည် မတ်တပ်ရပ်လျက် စာကျက်နေသည်။

လျက်ဆား၊ လျှာနဲ့လျက် ဟူသည့် အသုံးမျိုးတွင် လယပင့် လျက် ကိုသာသုံးသည်။
ပန်းပန်လျက်၊ ထမင်းစားလျက်၊ မတ်တပ်ရပ်လျက် ဟူသည့် အသုံးများတွင် တစ်ချို့က လျှက် ကို သုံးကြသည်ကို တွေ့ရပါသည်။ သို့သော် အမှန်မှာ လျက် ကိုသာ သုံးရပါမည်။ လျှက် အသုံးအား ယခင့် ယခင် စာပေ အရေးအသားများတွင် တွေ့ရသော်လည်း ယနေ့ခေတ်တွင်တော့ အသုံး မရှိသလောက် ဖြစ်သွားပါပြီ။

၂။ တတ် နဲ့ တက်
စာတတ်ဖို့နဲ့ စိတ်ကောင်းထားတတ်ဖို့ ဘယ်ဟာ အရေးကြီးသနည်း။
သူ ကားမောင်းတတ်သည်။
သစ်ပင်က အမြင့်ကြီး.. မတက်နဲ့.. လိမ့်ကျနေဦးမယ်။
လှော်တက်မရှိဘဲ လှေဘယ်လို လှော်မလဲ။
သူ တစ်နေ့လုံး အဖျားတက်နေတယ်။
ဒီရွာက အရင်ကထက်စာရင် ဖွံ့ဖြိုး တိုးတက်လာတယ်။

လုပ်တတ်၊ ကိုင်တတ်၊ ပြောတတ်၊ ဆိုတတ် ဟူသော (ability) ကို ပြလိုလျှင် တ၀မ်းပူတသတ် (တတ်) ကိုသုံးပါသည်။
သို့သော် အမြင့် တစ်နေရာသို့ တက်ခြင်း၊ လှော်တက်၊ အဖျားတက်၊ တိုးတက်၊ တက်လမ်း ကဲ့သို့သော အသုံးများတွင်တော့ တက် ကိုသာ သုံးရပါမည်။


ဤအထက်ပါ အသုံး အနှုန်းများတွင် ကျွန်တော်သည် ကျွန်တော် သိထားတာလေး ကိုသာ လက်တန်း ချရေးသည်ဖြစ်၍ လိုအပ်သည်များနှင့် မှားနေသည်များ ရှိပါက မထောက်မညှာ ပြုပြင်လို့ သွန်သင်ပေးကြဖို့ တလေးတစား ပြောကြားပါရစေ။


+++++++++++++++++++++++++++++++++++++++++++++++++

လေးစားစွာဖြင့်
ဖိုးသား



Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP