* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Friday, September 4, 2009

ယသော်ပမာ ချစ်တတ်ပါစေ

မွေးဖွားခြင်းနဲ့ သေဆုံးခြင်းဆိုတဲ့ ဘ၀တသက်တာကာလမှာ ချစ်ခြင်း၊ မုန်းခြင်းဆိုတဲ့ သဘောကို လူတိုင်းမကင်း နိုင်ကြပါဘူး။ မချစ်တတ်၊ မမုန်းတတ်တဲ့ သူဖြစ်ရင်တော့ အကောင်းဆုံးပေါ့။ ဒါပေမယ့်လည်း လူတိုင်းက အချစ်နဲ့မှ မကင်းနိုင်သေးပဲလေ။ အချစ်ဆိုတာကို အမျိုးမျိုး ပြောဆိုကြတာရှိပါတယ်။ အချစ်ဆိုတာ ပကတိ အနေအထား အတိုင်းရှိနေတဲ့ လူတယောက်ကို ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ စိတ်ရဲ့ အမှန်အတိုင်း ချစ်နေဖို့ပဲ လိုတယ်။ ဘာလုပ်ပေးမှ၊ ဘယ်လိုနေမှ၊ ဘာဖြစ်ရမှ ဆိုတဲ့ အတ္တကို စေခိုင်းတာမျိုးကျတော့လည်း အချစ်လို့ မခေါ်နိုင်တော့ဘူး။ အမှန်တော့ အချစ်စစ်ဆိုတာ ရယူလိုခြင်းမဟုတ်၊ ပေးဆပ်ခြင်းသာ၊ ပိုင်ဆိုင် လိုခြင်း မဟုတ်၊ ပိုင်ဆိုင်စေလိုခြင်းသာ၊ သိမ်းပိုက်လိုခြင်းမဟုတ်၊ စွန့်လွှတ်ခြင်းသာ၊ အသာစံခြင်း မဟုတ်၊ အနာ ခံခြင်းသာ ဖြစ်ပါတယ်။ ကမ္ဘာဦးကတည်းက စခဲ့တဲ့ အချစ်ဟာ ကမ္ဘာဆုံးလည်း မဆုံးနိုင်ပါ။ သံသရာ မဆုံးသေး သရွေ့ အချစ်မဆုံးနိုင်၊ သံသရာ ဆုံးမှသာ အချစ်ဆုံးပါမယ်။


ဂေါတမဘုရားရှင် နိယတဗျာဒိတ်ပန်း ဆင်မြန်းခဲ့တဲ့ သုမေဓာ ရသေ့ဘ၀ကို မှန်းဆကြည့်မိပါတယ်။ အဲဒီအချိန် တုန်းက ရမ္မာဝတီမြို့ကို သုမဓာရသေ့ ရောက်သွားတဲ့ အခါမှ ဒီပင်္ကရာ ဘုရားရှင်နဲ့ သံဃာတော်တွေ ကြွလာမှာ ဖြစ်လို့ လမ်းများကို သန့်ရှင်း ပြင်ဆင်နေတဲ့ လူတွေကို တွေ့လိုက်တယ်။ ဘုရားကြွလာမယ် ဆိုတာကို သိလိုက် ရတဲ့ သုမေဓာရသေ့ဟာ သူလည်းပဲ ဒီလို လမ်းတွေ သန့်ရှင်းပြင်ဆင်နေတဲ့ ကုသိုလ်ပွဲမှာ ပါဝင်လိုက်ပါတယ်။ သူတာဝန်ယူပြီး မြေဖို့တဲ့ ညွန်ဗွက်မပြီးခင် ခန္ဓာကိုယ်တလျားလောက် ကျန်နေချိန်မှာပဲ ဒီပင်္ကရာ ဘုရားရှင်နဲ့ သံဃာတော်တွေ ကြွလာတာကြောင့် သူ့ရဲ့ ခန္ဓာကို အလျားစင်းပြီး တံတားခင်းပေးလိုက်ပါတယ်။ ဒီပင်္ကရာ ဘုရားရှင်နဲ့ သံဃာတော်တွေက သုမေဓာရသေ့နားကို ရောက်တဲ့ အချိန်မှာ တံတားသဖွယ်ခင်းထားတဲ့ ခန္ဓာ ကိုယ်ပေါ်ကို နင်းကြွခြင်းမပြုပဲ သုမေဓာရသေ့ရဲ့ စိတ်ဓာတ်ကို ဆင်ခြင် ကြည့်လိုက်ပါတယ်။ အဲဒီအခါမှာ တကိုယ်တည်း လွတ်မြောက်ရာကို မျက်မှောက်ပြုလိုရင် ဂါထာဝက် (အက္ခရာ ၁၆လုံး) ဟောလိုက်တာနဲ့ နိဗ္ဗာန် ရောက်သွားနိုင်တယ်။ ဒါမှမဟုတ် လေးသင်္ချေနဲ့ ကမ္ဘာတသိန်းကြာအောင် ပါရမီဖြည့်ရင် သဗ္ဗညုတ ဘုရားရှင် အဖြစ် သတ္တ၀ါတွေကို ကယ်တင်နိုင်မယ့် ဘုရားဖြစ်နိုင်တဲ့ အစွမ်းရှိတယ်လို့ သိမြင်တော်မူတဲ့ အတွက် သုမေဓာရသေ့ကို အကြောင်းစုံ ရှင်းပြပြီး ကြိုက်ရာရွေးနိုင်ကြောင်း မိန့်ကြားလိုက်ပါတယ်။


အဲဒီအချိန်မှာပဲ သုမိတ္တာဆိုတဲ့ အမျိုးသမီးလေးက အနီးမှာ ရှိတဲ့ ရေကန်ထဲက ကြာပန်းရှစ်ခိုင်ကို ယူပြီး သုမေဓာ လက်ထဲကို ကြာပန်းငါးခိုင် လှမ်းပေးလိုက်တယ်။ သူကိုယ်တိုင်လည်း ကြာပန်းသုံးခိုင်ကို ကိုင်ပြီး သုမေဓာရသေ့ ခြေရင်းမှာ ထိုင်ဖူးမြော်ရင်း ဒီပင်္ကရာ ဘုရားရှင် မိန်းကြားတဲ့ စကားတော်ကို နာယူနေပါတယ်။ သုမေဓာရသေ့က ငါကိုယ်တိုင် ကိလေသာ အနှောက်အယှက် အပူအပင်တွေ ကင်းဝေးငြိမ်းအေးပြီး ငိုကြွေးခြင်း များ ရပ်သွားသလို သူတပါးတို့လည်း ကိလေသာ ကင်းပြတ် ငိုကြွေးခြင်းတွေ ရပ်စေရမယ် ဆိုကာ ကိုယ်တိုင် အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်ကို ထိုးထွင်းသိလိုတဲ့ ဆန္ဒ၊ သတ္တ၀ါတို့ရဲ့ အကျိုးစီးပွားချမ်းသာကို ဆောင်ရွက်လိုတဲ့ ဆန္ဒများနဲ့ သဗ္ဗညုတဉာဏ်ဆီ စွဲမြဲစူးစိုက် ရှေးရှုဆောင်မှု အဘိနီဟာရ (ဘုရားဆုကို ပန်ဆင် ခြင်း) ပြုလိုက်ပါတယ်။ အဲဒီအချိန်မှာပဲ ခြေတော်ရင်းမှာ ထိုင်နေတဲ့ သုမိတ္တာက ပီတိအဟုန် တုန်ခါသွားပြီး “ဒီ ရှင်ရသေ့ ပါရမီတော်တွေကို ဖြည့်ကျင့်နေစဉ် ကာလတလျောက် သူလည်း လိုအပ်သမျှကို ဖြည့်ဆည်း ပေးတဲ့ ပါရမီ ဖြည့်ဘက် ဖြစ်ပါရစေ” လို့ ဆုပန်လိုက်ပါတယ်။


ဒီနေရာမှာ နှစ်ဦးလုံး ချစ်ခြင်းမေတ္တာ အပြည့်ရှိသူတွေပါပဲ။ သုမိတ္တာက ဘုရားအလောင်းတော် အလိုပြည့်ဖို့ ချစ်တတ်သူ၊ သုမေဓာကတော့ သတ္တ၀ါတွေ အားလုံးအပေါ်မှာ ချစ်တတ်သူလို့ ဆိုရမှာပေါ့။ ဘုရားဆုပန်ပြီး ချိန်မှ စလို့ ပါရမီ ဖြည့်ကျင့်ရမှာ ပါရမီ ဆယ်ပါးကို မိမိရဲ့ ပစ္စည်းဥစ္စာ၊ စည်းစိမ်အာဏာ၊ သားမယား အပါအ၀င် သက်ရှိ သက်မဲ့ တွယ်တာစရာမှန်သမျှကို စွန့်လွှတ်ပြီး ဖြည့်ကျင့်ရတဲ့ ရိုးရိုးပါရမီ။ ခြေ၊ လက်၊ မျက်စိ စတဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေကို စွန့်လွှတ်ဖြည့်ကျင့်ရတဲ့ ဥပပါရမီ။ မိမိအသက်ကို စွန့်လွှတ်ဖြည့်ကျင့်ရတဲ့ ပရမတ္ထပါရမီ စသဖြင့် ပါရမီ ဆယ်ပါးလုံးကို သုံးဆင့်ပြည့်အောင် ဖြည့်ရပါတယ်။ ဒါကို ပါရမီဆယ်ပါး အပြားသုံး ဆယ်လို့ ဆိုပါတယ်။ အဲလိုနဲ့ ပါရမီတော်တွေကို လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းတိုင်အောင် ဖြည့်ကျင့်ခဲ့ရပါတယ်။
နောက်ဆုံး ဘုရားဖြစ်မယ့် ဘ၀မှာ ဘုရားလောင်းမွေးဖွား ပြီးတာနဲ့ ဖခင် သဒ္ဓေါဓနမင်းကြီးက ဘုရားမဖြစ်စေလို ပဲ စကြ၀တေးမင်း ဖြစ်စေလိုတဲ့ အတွက်ကြောင့် တောမထွက်နိုင်အောင် အခိုင်မြဲဆုံးဆိုတဲ့ သံယောဇဉ်ကြိုးနဲ့ ချည်နှောင်ဖို့ သိဒ္ဓတ္တမင်းသားကို အသက် ၁၆နှစ် မှာပဲ ယသော်ဓရာနဲ့ လက်ဆက်ပေးခဲ့ပါတယ်။ ယသော်ဓရာ ဆိုတာ ဒီပင်္ကရာ ဘုရားလက်ထက်မှာ နိယတဗျာဒိတ်ကို ခံယူစဉ်ကတည်းက ပါရမီဖြည့်ဖက်အဖြစ် ဆုပန်ခဲ့ပြီး ဘ၀ပေါင်းများစွာ မရေတွက်နိုင်အောင် ဆင်ရဲချမ်းသာကို မျှဝေခံစားဖက်အဖြစ် အတူနေခဲ့ဖူးတဲ့ သံယောဇဉ် ဓာတ်ခံအားကြီးသူ ဖြစ်လို့ အခုတွေ့တော့လည်း သံယောဇဉ်ဓာတ်ခံချင်း ပေါင်းစပ်မိပြီး ငြင်းဆန်ဖို့ ခွန်းအား ရပ်တန့်စေခဲ့ပါတယ်။


ဘုရားလောင်း ၂၉နှစ်ရောက်တဲ့ အချိန်မှာတော့ အိုသူ၊ နာသူ၊ သေသူ တို့ကို မြင်တွေ့ပြီး သတ္တ၀ါအားလုံးကို ကယ်တင်မယ်ဆိုတဲ့ ကရုဏာဓာတ်တွေ ပြန်လည်နိုးထလာသလို ဒုက္ခလွတ်လပ်ရေးအတွက် တရားကျင့်နေတဲ့ ရဟန်းတပါးကို တွေ့မြင်လိုက်ရတဲ့ အခါမှာ တောထွက်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲလိုဆုံးဖြတ်တဲ့ နေ့မှာပဲ တိုက်တိုက်ဆိုင်ဆိုင် သားဦးရတနာလေးဖွားမြင်ကြောင်း သိလိုက်ရတဲ့အခါ “ငါ့ရဲ့ဘ၀လမင်းကို ဖမ်းချုပ်မယ့် ရာဟုဂြိလ်တခု တိုးလာပြန်ပါပေါ့” လို့ သံဝေဂနဲ့ ညဉ်းညူရေရွတ် လိုက်ပါတယ်။ အဲဒီညရဲ့ သန်းခေါင်ယံမှာပဲ ကြီးမားတဲ့ စည်စိမ်များနဲ့ အတူ နှလုံးသားရဲ့ ကိုယ်ပွားပမာ တွယ်တာရတဲ့ ဇနီးနဲ့ သားဦးလေး ကိုပါ စွန့်ခွာပြီး တောထွက်ခဲ့ပါတယ်။


သားဦးလေးဖွားမြင်တဲ့ နေ့မှာပဲ ဇနီးနဲ့ သားကို စွန့်ခွာသွားတာဟာ ခင်ပွန်းတဦးအနေနဲ့ကော ဖခင်တယောက် အနေနဲ့ပါ တရားမျှတမှု ရှိပါရဲ့လားလို့ စောဒကတတ်ချင်ရင် “ဒါတွေကို သံသရာအဆက်ဆက် ပါရမီ ဖြည့်လာခဲ့ရတဲ့ ယသော်ဓရာသာ အသိဆုံးပါ” လို့ ဖြေရပါလိမ့်မယ်။ နိယတဗျာဒိတ်ကို ခံယူပြီးတဲ့ သဗ္ဗညုတ ဗုဒ္ဓလောင်းလျာ တစ်ယောက် ပါရမီ ဖြည့်တယ်ဆိုတာ ဇနီးမယားကို သာမက အင်္ဂါခြေလက် အသက်ကိုပါ စွှန့်လွှတ်ပြီး ဖြည့်ရတယ်ဆိုတာ ဒီပင်္ကရာ ဘုရားရှင်ထံ တော်မှောက်ကတည်းက သုမေဓာကော သုမိတ္တာပါ ကြားသိကြပါတယ်။ သုမေဓာက ဒါတွေအားလုံးကို ဖြည့် ကျင့်မယ်လို့ ခံယူတာကို ကြားသိရတဲ့အခါ သုမိတ္တာအမျိုးသမီးလေးက ယောကျာ်းသားတစ်ယောက်တည်း ပါရမီဖြည့်ရမယ် ဆိုရင် ဇနီးမယားနဲ့ သားသမီးတို့ကို စွှန့်လွှတ်စရာ ဘယ်မှာ ရှိတော့မလဲ။ လစ်လပ်နေတဲ့ ဒီကွက်လပ်ကို သူဖြည့်စွက်မယ်လို့ အခိုင်အမာဆုံးဖြတ်ပြီးမှ “ပါရမီဖြည့်ဖက်” အဖြစ် ခံယူခဲ့တာမို့ အစွန့်လှူခံ ဇနီးမယား တစ်ယောက်ရဲ့ ရုတ်တရက် ငိုကြွေးရခြင်းနဲ့ နောက်ဆက်တွဲ ဂုဏ်ယူကြည်နူးရခြင်း ဆိုတဲ့ ဆန့်ကျင် ဘက်ရသ နှစ်ခုကို သုမိတ္တာဘ၀ကနေ ယသော်ဓရာ ဘ၀အထိ ဘ၀ပေါင်းအသင်္ချေတွေမှာ အတူယှဉ်တွဲ သရုပ်ဆောင်ခဲ့ဖူးတာက လွှဲလို့ ဘယ်သူမှ မျှဝေခံစား နားလည်နိုင်စွမ်းရှိမည် မဟုတ်ပါ။


နောက်ဆုံး ယသော်ဓရာ ထေရီမကြီးကိုယ်တိုင် ဘုရားရှင်ကို လျှောက်ထားရာမှာတော့ ဒီလိုပါရမီဖြည့်ဖက် ဖြစ်ရဖို့ ဘုရားပစ္စေကဗုဒ္ဓါနဲ့ ရဟန္တာမထေရ် မရေမတွက်နိုင်တို့ ထံမှာ ဆုတောင်းခဲ့ရတယ်။ ဘ၀ပေါင်းများစွာမှာ ဇနီးအဖြစ်သိမ်းပိုက်ရန် အတွက်သာမက အစားအစာအဖြစ် အသုံးပြုရန်ပါ သူတပါးကို ပေးလှူခဲ့ပေမယ့် စိတ်ကွက်ခဲ့ခြင်း မရှိခဲ့ပါ။ အရှင်ဘုရား သဗ္ဗညုတဉာဏ်ကို ရရှိရေးအတွက် ပါရမီဖြည့်စွက်ရာမှာ ချမ်းသားခြင်းနဲ့ ကြုံတဲ့အခါ ၀မ်းမြောက်ခဲ့ပါတယ်။ ဆင်းရဲမှုတို့နဲ့ ကြုံရတဲ့ အခါမှာလည်း စိတ်မချမ်းမသာ မဖြစ်ခဲ့ပါဘူး။ ရှေးဆုတောင်များကြောင့် ဒီပင်္ကရာ မြတ်စွာဘုရားခြေတော်ရင်းမှာ ဘ၀များစွာ ချစ်ကြင်နာခဲ့ပြီး နှစ်လိုဖွယ်ရာ စွဲဆောင်နိုင်စွမ်းရှိတဲ့ အရှင်ဘုရားအလောင်းအလျာ သုမေဓာရှင်ရသေ့ရဲ့ မျက်နှာကို ဖူးမြင်လိုက်ရ ကတည်းက “ငါ့ရဲ့ အသက်ရှင်ခြင်းဟာ ရကျိုးနပ်လိုက်လေ” အောက်မေ့မှတ်ထင် ခဲ့ပါတယ်။ အဲဒီကတည်းက ပါရမီ ဖြည့်ဖက် အဖြစ် ကျေနပ်စွာဆုပန်ခဲ့သလို ဒီအခွင့်ကို လက်မလွတ်စေဖို့လည်း ဘုရားပစ္စေကဗုဒ္ဓါ ရဟန္တာအဆူ ဆူတို့ ထံမှာ အကြိမ်များစွာ ဆုတောင်းခဲ့ရပါကြောင်း ကျေနပ်ပီတိ အဟုန်နဲ့ လျှောက်ထားခဲ့တာတွေကို ကြည့်မယ် ဆိုရင် ယသော်ဓရာရဲ့ရင်မှာ ဘယ်လိုခံစားမှုရှိတယ်ဆိုတာ အကဲခတ်နိုင်ပါလိမ့်မယ်။


တောထွက်ခါနီးမှ အလောင်းတော်မင်းသားရဲ့ သတိပေး၊ ကတိပေးစကားများဖြစ်တဲ့…
“ကျေနပ်မှု အတွက် တောင့်တတဲ့ ချစ်စိတ်ဟာ ဆန္ဒပြင်းထန်သလောက် ခံနိုင်ရည် ချည့်နဲ့လှတယ်။ ကြီးမြတ် လိုမှု အတွက် ဘုရင်တကာတို့ရဲ့ ဘုရင်အဖြစ်ကို လက်ခံမိရင် မြင့်မြတ်ခြင်းနဲ့ အေးငြိမ်းမှုတို့ကို လက်လွှတ်ဆုံး ရှုံးရလိမ့်မယ်။ ကျေနပ်မှုတိုင်းဟာ ငိုကြွေးမှုနဲ့ နိဂုံးချုပ်ရမြဲ ဖြစ်တယ်ဆိုတာ ဘ၀ပေါင်းများစွာ၊ ဖြစ်ရပ်ပေါင်းများစွာက သက်သေပြခဲ့ပြီး တစ်လောကလုံး မျက်ရည်စဲစေဖို့ အတွက် အချစ်ဆုံး တို့မျက်ရည်ကို ကျောခိုင်းရပေဦးမယ်”။


“သောကကြောင့် ကျခဲ့ရတဲ့ မျက်ရည်တွေဟာ လောကရဲ့မျက်ရည်တွေကို ဆေးကြောပေးမယ့် ကမ္ဘာပြိုမိုးကြီး ဖြစ်လာမယ်ဆိုတာ ယုံကြည်ပြီး မင်း ဖြေရစ်လေဦး” ဆိုတဲ့ သိဒ္ဓတ္ထရဲ့ ရင်တွင်းစကားကိုလည်း သားငယ်ကို ချော့မြူသိပ်ရင်း နိုးတ၀က် အိပ်တ၀က်နဲ့ မျက်ရည်စက်လက် ဖြစ်နေတဲ့ ယသော်ဓရာ သိလိုက်ပါတယ်။ မိုးဖြစ်မယ့် မျက်ရည်တွေကို မိုးဖြစ်အောင် စွမ်းဆောင်မယ့်လက်နဲ့ မသုတ်စေလိုလို့သာ မတားခဲ့လေသလား ဆိုတာလည်း ယသော်ဓရာပဲ အသိဆုံးဖြစ်မှာပါ။ ဒီနေရာမှာ ဘ၀အဆက်ဆက် ပါရမီ ဖြည့်ဖက်တယောက်မို့ သာ ယသော်ဓရာနှလုံးသားမှာ ခွဲခွာခြင်းခံနိုင်ခဲ့ရတာပါ။ သာမန် ချစ်တတ်လွန်းတဲ့ မိန်းမသားတယောက် အတွက်ဆိုရင် စိတ်နှလုံးမှာ တုန်လှုပ် ၀မ်းနည်းသွားစေမယ်လို့ တွေးမိပါတယ်။

ဒီလိုနဲ့ ဘုရားလောင်းဟာ ဆန္ဒအမတ်၊ စီးတော်မြင်း တို့ကို ခေါ်ပြီး ယသော်ဓရာကို ကျောခိုင်းလို့ သစ္စာရှာဖို့ အတွက် လှမ်းခဲ့ပါတော့တယ်။ သန်ခေါင်ယံအချိန်ရဲ့ တိတ်ဆိတ်မှုနဲ့ အတူ နန်းဆောင်ကို ကျောခိုင်လို့ ခြေလှမ်းတွေကို လှမ်းထွက်ခဲ့ပါတော့တယ်။ ချစ်တာသိပေမယ့် သစ္စာရှာရမှာမို့ ခွဲခွာခဲ့တာကို ယသော်ဓရာ ကိုယ်တိုင် သိခဲ့ပါတယ်လေ။ ဘုရားအဖြစ်ကို ရောက်တော်မူပြီးတဲ့နောက် ကပ္ပိလ၀တ်ပြည် ပြန်လာတဲ့အချိန်မှာ ယသော်ဓရာ ရှိတဲ့ နန်းဆောင်ကို အရောက်သွားလို့ တရားရေအေးနဲ့ သောကတွေကို ငြိမ်းအေးရအောင် ကျေးဇူးဆပ်တော်မူခဲ့ပါတယ်။ ပါရမီဖြည့်ဖက် အဖြစ်နဲ့ ရှည်လျားတဲ့ ကာလတလျောက် မိမိအပေါ်မှာ တန်ဖိုး ထား ပေးဆပ်ဖြည့်ဆည်းပေးခဲ့တဲ့ ယသော်ဓရာကို ဘုရားရှင်ကိုယ်တိုင် “ယသော်ဓရာသည် မိမိအပေါ်မှာ ကျေးဇူးကြီးမားခဲ့ပါပေတယ်” လို့ ဖွင့်ဟ ၀န်ခံခဲ့ပါတော့တယ်။

ချစ်လျှင်မြတ်နိုး ချစ်ပင်ပျိုးကြသူတိုင်း ကောင်းသောချစ်ခြင်းနှင့် ထာဝရချစ်နိုင်ကြပြီး ကောင်းကျိုးချမ်းသာကို အတူရရှိ ခံစားနိုင်ကြပါစေ…

ကိုးကားချက်။ ။ဓမ္မဘေရီ ဆရာတော်ကြီး ရေးသားသော ဘုန်းရယ် ကံရယ် ကုသိုလ်ရယ် စာအုပ်။

1 ရေးသားခဲ့ရန်

Read more...

လယ်တီဆရာတော်ဘုရားကြီး-၏ သံခိပ်

၁။ အ၀ိဇ္ဇာ-မိုက်မဲစွာလှ၊ မှောင်ကြီးကျ၊ မောဟအ၀ိဇ္ဇာ။
၂။ သင်္ခါရ-ကု-အကုမှာ၊ စေတနာဓမ္မ၊ ကံသုံးဝ၊ မှတ်ကြသင်္ခါရာ။
ပုညာ-ပုည၊ အာနေဉ္စ၊ သုံးဝ ခွဲစိတ်ဖြာ။
၃။ ၀ိညာဏ်-သန္ဓိ ပ၀တ္တိ၊ နှစ်မျိုးရှိ၊ ၀ိပါက် ၀ိညာဏာ။
၎။ နာမ်ရုပ်-စေတသိက်မူ၊ နာမ်ဟုယူ၊ ရုပ်မူ ကမ္မဇာ။
ဝိညာဏ်နည်းတူ၊ နှစ်မျိုးယူ၊ အတူယှဉ်မကွာ။
၅။ သဠာယတန-သဠာယတန၊ ခြောက်ဒွါရ၊ မန၀ိပါက်သာ။
၆။ ဖဿ-ဝေဒနာ-၀ိညာဏ်ခြောက်ဝ၊ ယှဉ်ကုန်ကြ၊ ဖဿ-ဝေဒနာ။
၇။ တဏှာ-ခြောက်ပါးအာရုံ၊ သာယာတုံ၊ ခြောက်စုံ ညစ်တဏှာ။
၈။ ဥပါဒါန်-ကာမ ဒိဋ္ဌိ၊ သီလဗ္ဗတ၊ အတ္တစွဲသန်၊ ဥပါဒါန်၊ လေးတန်သရုပ်ဖြာ။
၉။ ဘ၀-ကုသလာ ကုသလ၊ ကမ္မပထံ၊ ဤနှစ်တန်၊ ကမ္မဘ၀သာ။
၁၀။ ဇာတိ ဇရာ မရဏ-၀ိပါက် ခန္ဓာ၊ ကမ္မဇာ-ဟု၊ ရုပ်နာမ်စု၊ ဥပပတ္တိသာ။
ဖြစ်မှု-ရင့်မှု၊ ပျက်ဆုံးမှု၊ ဥပပတ္တိမှာ။


Read more...

A Discipline of Sobriety




There was a lively debate following my last post. Thank you to everyone who contributed. I'd like to write a follow-up pretty soon, but in the meantime here's a powerful essay by Bhikkhu Bodhi, reprinted under the 'Access to Insight' Terms of Use, which puts things so much better than I ever could.

For his lay followers the Buddha has prescribed five precepts as the minimal moral observance: abstinence from killing, stealing, sexual misconduct, false speech, and the use of intoxicants. He did not lay down these precepts arbitrarily or out of compliance with ancient customs, but because he understood, with his omniscient knowledge, which lines of conduct lead to our welfare and happiness and which lead to harm and suffering.

The fifth precept, it should be stressed, is not a pledge merely to abstain from intoxication or from excessive consumption of liquor. It calls for nothing short of total abstinence. By this rule the Buddha shows that he has understood well the subtle, pernicious nature of addiction. Alcoholism rarely claims its victims in a sudden swoop. Usually it sets in gradually, beginning perhaps with the social icebreaker, the drink among friends, or the cocktail after a hard day's work. But it does not stop there: slowly it sinks its talons into its victims' hearts until they are reduced to its helpless prey.

To dispel any doubt about his reasons for prescribing this precept, the Buddha has written the explanation into the rule itself: one is to refrain from the use of intoxicating drinks and drugs because they are the cause of heedlessness (pamada). Heedlessness means moral recklessness, disregard for the bounds between right and wrong. It is the loss of heedfulness (appamada), moral scrupulousness based on a keen perception of the dangers in unwholesome states. Heedfulness is the keynote of the Buddhist path, "the way to the Deathless," running through all three stages of the path: morality, concentration, and wisdom. To indulge in intoxicating drinks is to risk falling away from each stage.

The use of alcohol blunts the sense of shame and moral dread and thus leads almost inevitably to a breach of the other precepts. One addicted to liquor will have little hesitation to lie or steal, will lose all sense of sexual decency, and may easily be provoked even to murder. Hard statistics clearly confirm the close connection between the use of alcohol and violent crime, not to speak of traffic accidents, occupational hazards, and disharmony within the home. Alcoholism is indeed a most costly burden on the whole society.

When the use of intoxicants eats away at even the most basic moral scruples, little need be said about its corrosive influence on the two higher stages of the path. A mind besotted by drink will lack the alertness required for meditative training and certainly won't be able to make the fine distinctions between good and bad mental qualities needed to develop wisdom. The Buddhist path in its entirety is a discipline of sobriety, a discipline which demands the courage and honesty to take a long, hard, utterly sober look at the sobering truths about existence. Such courage and honesty will hardly be possible for one who must escape from truth into the glittering but fragile fantasyland opened up by drink and drugs.

It may well be that a mature, reasonably well-adjusted person can enjoy a few drinks with friends without turning into a drunkard or a murderous fiend. But there is another factor to consider: namely, that this life is not the only life we lead. Our stream of consciousness does not terminate with death but continues on in other forms, and the form it takes is determined by our habits, propensities, and actions in this present life. The possibilities of rebirth are boundless, yet the road to the lower realms is wide and smooth, the road upward steep and narrow. If we were ordered to walk along a narrow ledge overlooking a sharp precipice, we certainly would not want to put ourselves at risk by first enjoying a few drinks. We would be too keenly aware that nothing less than our life is at stake.

If we only had eyes to see, we would realize that this is a perfect metaphor for the human condition, as the Buddha himself, the One with Vision, confirms (see SN 56:42). As human beings we walk along a narrow ledge, and if our moral sense is dulled we can easily topple over the edge, down to the plane of misery, from which it is extremely difficult to re-emerge.

But it is not for our own sakes alone, nor even for the wider benefit of our family and friends, that we should heed the Buddha's injunction to abstain from intoxicants. To do so is also part of our personal responsibility for preserving the Buddha's Sasana. The Teaching can survive only as long as its followers uphold it, and in the present day one of the most insidious corruptions eating away at the entrails of Buddhism is the extensive spread of the drinking habit among those same followers.

If we truly want the Dhamma to endure long, to keep the path to deliverance open for all the world, then we must remain heedful. If the current trend continues and more and more Buddhists succumb to the lure of intoxicating drinks, we can be sure that the Teaching will perish in all but name. At this very moment of history when its message has become most urgent, the sacred Dhamma of the Buddha will be irreparably lost, drowned out by the clinking of glasses and our rounds of merry toasts.

©Buddhist Publication Society, 1997.
©Access to Insight, 1998–2009 John T. Bullitt.
Reprinted under Access to Insight copyright terms of use.
For reasons of space, the first four introductory paragraphs have been omitted from this re-print.

Link:
  • Access to Insight: "A Discipline of Sobriety", by Bhikkhu Bodhi

  • Read more...

    မိုးပြာဂိုဏ်းအကြောင်းအစီရင်ခံစာ

    Buddhism Break Down

    Read more...

    ရဟန်းနဲ့ ပရဟိတ...

    ဒကာတော်။ ။ တချို့က ပြောကြတယ်ဘုရား။ ရဟန်းဆိုတာ ပိဋကတ် စာပေတွေကို သင်ယူခြင်း၊ ပို့ချခြင်း တာဝန်ဖြစ်တဲ့ ဂန္ထဓုရ၊ တရားအားထုတ်ခြင်း တာဝန် ဖြစ်တဲ့ ၀ိပဿနာ ဓုရ။ အဲဒီ ဓုရနှစ်ဖြာကိုပဲ ကျင့်ကြံ အားထုတ်ရမယ် လို့ ပြောကြတယ် ဘုရား။ ပရဟိတ လုပ်ငန်းတွေဟာ ရဟန်း သံဃာတွေနဲ့ မဆိုင်ဘူး တဲ့ ဘုရား။ အဲဒီ စကားကို တပည့်တော် ဘယ်လို နားလည်ရမှန်း မသိ ဖြစ်နေတယ် ဘုရား။
    ဆရာတော်။ ။ အင်း… ဒကာတော်။ ပရဟိတ လုပ်ငန်းတွေဟာ ရဟန်း သံဃာတွေနဲ့ မဆိုင်ဘူး ဆိုတဲ့ စကားဟာ အမှားကြီး မှားတာပေါ့ကွယ်။ ပြောတဲ့လူတွေက ပရဟိတရဲ့ အဓိပ္ပာယ်ကို ကောင်းကောင်း မသိသေးလို့ ဖြစ်ပါလိမ့်မယ်။
    ဒကာတော်။ ။ မှန်ပါ။ ပရဟိတရဲ့ အဓိပ္ပာယ်လေးကို ဆက်ပြီးတော့ မိန့်ပါဦး ဘုရား။
    ဆရာတော်။ ။ ဘုန်းကြီး ပြောပြမယ်။ ပရ ဆိုတာ သူတစ်ပါး။ ဟိတ ဆိုတာ အကျိုး။ အဲဒီတော့ ပရဟိတ ဆိုတော့ သူတစ်ပါး အကျိုးပေါ့။ ပရဟိတ အလုပ် ဆိုတော့ သူတစ်ပါး အကျိုးကို လုပ်ဆောင်ပေးတဲ့ အလုပ် လို့ အဓိပ္ပာယ် သက်ရောက်ပါတယ်။ အဲဒီ စကားလုံးရဲ့ ဆန့်ကျင်ဘက်ကတော့ အတ္တဟိတ လေ။ အတ္တ ဆိုတာ မိမိ။ ဟိတ ဆိုတာ အကျိုး။ အတ္တဟိတ ကျတော့ မိမိ အကျိုး ဖြစ်သွားတယ်။
    ဒကာတော်။ ။ ဒါဆိုရင် သူတစ်ပါး အကျိုး အားလုံးကို လုပ်ဆောင်ပေးတဲ့ အလုပ်တိုင်း ပရဟိတ လို့ ခေါ်လို့ ရမလား ဘုရား။
    ဆရာတော်။ ။ ရတာပေါ့ ဒကာတော်။ တစ်ခုတော့ ရှိတယ်။ သူများအတွက် လုပ်ပေးတယ် ဆိုတာ ကုသိုလ် ဖြစ်စေဖို့ အလုပ်တွေကို ပြောတာနော်။ အကုသိုလ် ဖြစ်စေတဲ့ အလုပ်တွေကို လုပ်ဆောင်ပေးတာ မွန်မြတ်တဲ့ ပရဟိတမှ မဟုတ်ဘဲ။
    မြတ်စွာဘုရားဟာ သတ္တ၀ါတွေ အားလုံးရဲ့ အကျိုးအတွက် ဘုရားဖြစ်အောင် ကျင့်ကြံအားထုတ်ခဲ့တယ်။ ဘုရား ဖြစ်လာတော့လည်း သတ္တ၀ါတွေကို သံသရာ ဒုက္ခကနေ လွတ်မြောက်ဖို့ ကယ်တင်ခဲ့တယ်။ အဲဒါတွေ အားလုံးဟာ အများအကျိုးအတွက် ပရဟိတ တွေပါပဲ။
    ဒကာတော်။ ။ ဟုတ်တယ် ဘုရား။ မြတ်စွာဘုရားဟာ ကမ္ဘာပေါင်းများစွာ ပါရမီတွေ ဖြည့်ခဲ့ရတာ။
    ဆရာတော်။ ။ မြတ်စွာဘုရားက စိတ်မကောင်းတဲ့ လူတွေကိုလည်း စိတ်ကောင်းအောင် ပြုပြင်ပေးနိုင်ခဲ့တယ်။ စိတ်ရိုင်း စိတ်မိုက် ရှိနေသူတွေကိုလည်း စိတ်သန့်စင်အောင် ဆေးကြောပေးခဲ့တယ်။ ရူးနေတဲ့ သူကိုတောင် အရူးပျောက်အောင် ကူညီပေးခဲ့တယ်။ မီးမဖွားနိုင်တဲ့ အမျိုးသမီးကိုလည်း မီးဖွားနိုင်အောင် စီမံပေးခဲ့တယ်။ နတ်ပြည် ရောက်နိုင်တဲ့ သူတွေကို နတ်ပြည်ရောက်အောင် ပို့ပေးခဲ့တယ်။ နိဗ္ဗာန် ရောက်နိုင်တဲ့ သူတွေကိုလည်း နိဗ္ဗာန်ရောက်အောင် ပို့ဆောင်ပေးခဲ့တယ်။ အဲဒါတွေ အားလုံးဟာ မြတ်စွာဘုရားရဲ့ ပရဟိတတွေပါပဲ
    ဒကာတော်။ ။ ဘုန်းကြီးကျောင်းတွေမှာ စာချ ဆရာတော်တွေက ပိဋကတ်တော်တွေကို စာသင်၊ စာချ လုပ်ပေးနေတာတွေဟာ ပရဟိတလုပ်နေတယ် လို့ ပြောလို့ ရပါ့မလား ဘုရား။
    ဆရာတော်။ ။ ဘုန်းကြီးကျောင်းထဲမှာ ရှိကြတဲ့ ကိုရင်တွေ၊ ဦးပဉ္ဇင်းတွေကို စာသင်၊ စာချ လုပ်ပေးနေတာကလည်း ပရဟိတ အလုပ်တွေပါပဲ။ သာသနာ အကျိုး၊ အများအကျိုးကို ထမ်းဆောင်နေကြတာလေ။ နောင်တစ်ချိန်မှာ အဲဒီ စာသင်သားတွေက မိမိတို့ သင်ယူ တတ်မြောက်ထားတဲ့ တရားဓမ္မတွေကို ဒကာ၊ ဒကာမတွေကို ပြန်ပြီးတော့ ဟောပြောရမှာလေ။ အများ အကျိုးအတွက်ပဲပေါ့။
    ဒကာတော်။ ။ ဆရာတော် မိန့်တာ သိပ်မှန်တာပဲ ဘုရား။ တပည့်တော်တို့ အစက ထင်တာ ဘ/က ကျောင်းတွေ၊ ဆေးရုံ ဆေးခန်းတွေ အဲဒါတွေကိုသာ လုပ်တဲ့ ရဟန်းတွေသာ ပရဟိတ လုပ်ငန်းတွေ လုပ်နေတယ် ထင်တာ။ အခု ဆရာတော် မိန့်တဲ့ အများကောင်းကျိုးတွေကို လုပ်ပေးနေတာ မှန်သမျှဟာ ပရဟိတ ပါပဲ ဆိုတာ သဘောပေါက်ပါပြီ ဘုရား။
    ဆရာတော်။ ။ ပရဟိတက ရဟန်းတွေသာမက လူပုဂ္ဂိုလ်တွေလည်း လုပ်နေကြတာပဲ။ မြန်မာနိုင်ငံမှာ ဆိုရင်လည်း လူမှု အဖွဲ့အစည်းတွေ အများကြီးပဲ။ ဒါတွေဟာ ပရဟိတ တွေပဲလေ။ မြန်မာနိုင်ငံက ဗုဒ္ဓဘာသာဝင်တွေဟာ ပရဟိတက ရဟန်းတွေနဲ့ မဆိုင်ဘူး။ လူတွေနဲ့ပဲ ဆိုင်တယ်လို့ အမှတ်မှားနေကြတာလေ။
    ဒကာတော်။ ။ ဟုတ်တယ် ဘုရား။ တပည့်တော် သိရသလောက်တော့ ဘာသာခြားတွေဟာ ပရဟိတနဲ့ သူတို့ရဲ့ ဘာသာထဲ လူတွေဝင်လာအောင် လုပ်ကြတယ် ဘုရား။
    ဆရာတော်။ ။ မြန်မာနိုင်ငံမှာ ပရဟိတကို လုပ်ကြတဲ့ ရဟန်းတွေက တော်တော် နည်းပါးနေသေးတယ်။ အဲဒါ သာသနာရဲ့ ဟာကွက်တစ်ခုပဲ။ ဘုန်းကြီးရဲ့ အမြင်ကို ဒကာကြီးကို ပြောပြမယ်။
    ဒကာတော်။ ။ မှန်ပါ။ မိန့်ပါဦးဘုရား။
    ဆရာတော်။ ။ ရဟန်းတွေဟာ ပိဋကတ်စာပေတွေ သင်ယူပြီးတာနဲ့ ဒီအတိုင်း အချိန်ဖြုန်းမနေသင့်ဘူး။ စာပြန်ချပေးတဲ့ အလုပ်ကို လုပ်မလား။ ကိုယ့်ရပ်ရွာ ပြန်ပြီးတော့ ရပ်ရွာရဲ့ သာသနာ ဖွံ့ဖြိုးရေး လုပ်ငန်းတွေကို လုပ်မလား။ ဒါမှမဟုတ် ဒကာ၊ ဒကာမတွေရဲ့ အကူအညီနဲ့ မြန်မာနိုင်ငံ မှာ ဗုဒ္ဓဘာသာ မဖွံ့ဖြိုးသေးတဲ့ နေရာတွေကို သွားပြီး သာသနာ ပြုကြမလား။
    အဲဒီလို သာသနာ ပြုနည်း တစ်ခုခု ကိုတော့ ပြုလုပ်သင့်တယ်လေ။ အဲဒီလိုမျိုး မလုပ်ချင်ရင်တော့ တရားစခန်းတွေကို သွားပြီး တရားအားထုတ်နေလိုက်။ အဲဒါလည်း ရတယ်။ ဒီအထဲက တစ်ခုကိုမှ မလုပ်ချင်ဘူး ဆိုရင်တော့ အဲဒီ ရဟန်းဟာ စိတ်တွေ လေလွင့်နေပြီး သာသနာအတွက် အပိုတစ်ဦးပဲ ဖြစ်နေတော့မှာပေါ့။
    ဒကာတော်။ ။ တချို့နေရာတွေမှာ ရဟန်းတွေကို တပည့်တော်တွေ့ရတာ အချိန်တွေကို အလကား ဖြုန်းနေသလိုပဲ ဘုရား။
    ဆရာတော်။ ဆိုစမ်းပါဦး။ ဘယ်လို အရာမျိုးတွေကို ဒကာတော်က တွေ့လို့တုန်း။
    ဒကာတော်။ ။ တချို့ မြို့တွေမှာ ရဟန်းတွေက ချဲတွက်တယ်။ ဘောလုံးပွဲတွေ ကြည့်ပြီး လောင်းကြတယ်။ ဗေဒင်ဟောတယ်။ အဲဒီလိုမျိုး လူလုပ်တဲ့ အလုပ်တွေ လိုက်လုပ်နေကြတယ် ဘုရား။ ကိုယ့်နိုင်ငံ သာသနာတိုးတက်အောင် မစဉ်းစားဘဲ သာသနာ ဘာဖြစ်ဖြစ် ငါနေချင်သလို နေမယ် ဆိုတဲ့ ပုံစံမျိုးတွေ ဖြစ်မနေဘူးလား ဘုရား။ အဲဒါ သာသနာကို ညစ်နွမ်းအောင် လုပ်နေတာလို့ တပည့်တော် မြင်မိတယ် ဘုရား။
    ဆရာတော်။ ။ ဒကာတော်ပြောတာတွေကို ဘုန်းကြီး အပြည့်အ၀ ထောက်ခံပါတယ်။ ဘုန်းကြီး မိဘမဲ့ ကလေးတွေ ရှာဖို့ ခရီးထွက်တုန်းက ရွာတစ်ရွာကို ရောက်တယ်။ အဲဒီရွာက ဘုန်းကြီးကျောင်းမှာပဲ ညကို ကျိန်းလိုက်ရတယ်။ အဲဒီ ရွာကျောင်းက ဘုန်းကြီးတွေဟာ ဘုရားဝတ်တက်တဲ့ အချိန်ပဲ ဘုရားဝတ်တက် ကြတယ်။ ကျန်တဲ့ အချိန်တွေကတော့ ချဲနဲ့ ဘောလုံးကိုပဲ စိတ်ဝင်စားနေကြတယ်။ သူတို့ရွာမှာ ဘာသာခြားတွေ လာစည်းရုံးလို့ ကိုယ့်ရွာသား ဗုဒ္ဓဘာသာတွေ ဘာသာခြား ဖြစ်ကုန်တာကို စိတ်မ၀င်စားကြဘူး။
    ဒါနဲ့ အဲဒီအကြောင်းတွေကို ဘုန်းကြီးက သူတို့ကို ပြောပြတော့လည်း သူတို့က စိတ်မ၀င်စားကြပြန်ဘူး။ ပြောပြတဲ့ ဘုန်းကြီးပဲ အလကား အလုပ်လာပြီး အလုပ်ရှုပ်တယ်လို့ ထင်နေတယ်။
    ဒကာတော်။ ။ အဲဒီရွာက ဘုန်းကြီးတွေက သာသနာဘက်မှာ စိတ်မ၀င်စားတာလား ဘုရား။
    ဆရာတော်။ ။ အဲဒါလည်း ပါတယ်လေ။ အဓိက ကတော့ သာသနာကို ကြည်ညိုတဲ့ သဒ္ဓါတရား ခေါင်းပါးနေကြလို့ပဲ ကွဲ့။ နောက်တစ်ခုက အမျိုး၊ ဘာသာ၊ သာသနာကို ချစ်တဲ့ စိတ် မရှိကြလို့ပေါ့။
    ဒကာတော်။ ။ ဆရာတော် အခုမိန့်တာ အချက်နှစ်ချက် တွေ့ရတယ်ဘုရား။ ပထမက သဒ္ဓါတရား၊ နောက် ဒုတိယက အမျိုး၊ ဘာသာ၊ သာသနာ ချစ်တဲ့ စိတ်ဓာတ်။ ဟုတ်တယ် မဟုတ်လား ဘုရား။
    ဆရာတော်။ ။ ဟုတ်တာပေါ့ ဒကာတော်။ ရဟန်းတစ်ပါးဟာ အနည်းဆုံး အဲဒီ အချက်နှစ်ချက် ပြည့်စုံနေရင် သာသနာပြုမယ့် စိတ်ဓာတ်တွေ တဖွားဖွား ဖြစ်လာတော့တာပဲ။ အမှန်တော့ ရဟန်းဆိုတာ ကိုယ်ပိုင် စီးပွားရေး ရှိကြတာမဟုတ်ဘူး။ ဒကာ၊ ဒကာမတွေ လှူဒါန်းတဲ့ ပစ္စည်းလေးပါးနဲ့ သင့်တင့်အောင် သီတင်းသုံးနေထိုင် ရတာလေ။
    ဒကာ၊ ဒကာမတွေ လှူဒါန်းတာကလည်း ရဟန်းတွေ သာသနာ အကျိုးကို ပိုပြီးတော့ ထမ်းဆောင်နိုင်အောင်လို့ လှူကြတာလေ။ သာသနာ အလုပ်ကို မလုပ်ဘဲ လူအလုပ်တွေ လုပ်နေရင် အဲဒီ ရဟန်းဟာ ဒကာ၊ ဒကာမတွေဆီက ပစ္စည်းလေးပါးကို လိမ်ပြီးတော့ ယူနေတာနဲ့ အတူတူပါပဲ။ ငရဲ ကျဟေ့ ဆိုရင် အဲဒီ ရဟန်းကတော့ ရှေ့ဆုံးကပေါ့။
    ဒကာတော်။ ။ ဆရာတော် မိန့်မှပဲ တပည့်တော်တောင် ရဟန်းဘ၀နဲ့ နေရမှာ ခန့်လန့်လန့် ဖြစ်လာတယ် ဘုရား။
    ဆရာတော်။ ။ လန့်စရာတော့ မဟုတ်ပါဘူး ဒကာတော်။ ကိုယ့်ဝိနည်း စည်းကမ်းလေးနဲ့ နေထိုင်ရင် အပြစ်မဖြစ်ဘဲ ကုသိုလ်တောင် ရပါသေးတယ်။
    ဒကာတော်။ ။ ဒါနဲ့ အစောနက ဆရာတော် မိန့်တဲ့ ပရဟိတ အလုပ်တွေကို လုပ်နေကြတဲ့ ရဟန်းတွေဟာ တော်ရုံတန်ရုံ စိတ်ဓာတ်တွေနဲ့ လုပ်လို့ မရဘူးနော် ဘုရား။
    ဆရာတော်။ ။ ဟုတ်တယ် ဒကာတော်။ စိတ်ရှည်၊ ဇွဲသန်၊ သည်းညည်းခံ မုချ အောင်ပွဲစံ ဆိုတဲ့ မင်းကွန်းဆရာတော်ကြီးရဲ့ ဆုံးမ သြ၀ါဒကို လက်ကိုင်ထားရတာပေါ့။ ဒကာ၊ ဒကာမတွေကလည်း ပရဟိတ အလုပ်တွေကို လုပ်နေကြတဲ့ ပုဂ္ဂိုလ်တွေကို အားတက်သရော လှူဒါန်းသင့်ပါတယ်။ ရဟန်းတွေကလည်း အချိန်တွေကို အလကား မဖြုံန်းဘဲ ပရဟိတလုပ်ငန်းတွေ များများ လုပ်ကြဖို့ လိုအပ်တယ်။ ဒါမှသာ ဘုန်းကြီးတို့ ဗုဒ္ဓသာသနာဟာ အဓွန့်ရှည် တည်တံ့ နိုင်တော့မှပါ။
    ဒကာတော်။ ။ စကားပြောကောင်းနေလိုက်တာ အခု ဆွမ်းချိန်ရောက်ပြီ ဘုရား။
    ဆရာတော်။ ။ အင်း…ဟုတ်သားပဲ။ ဒကာတော် လှူတဲ့ ဆွမ်းတွေနဲ့ ဒကာ၊ ဒကာမတွေအားလုံးကို မေတ္တာပို့ပြီး ဘုဉ်းပေးလိုက်ဦးမယ်။ နောက်မှပဲ ထပ်ပြီး ဆွေးနွေးကြတာပေါ့နော်။
    ဒကာတော်။ ။ ကျေးဇူးတင်ပါတယ် ဘုရား။

    Read more...

    လျှပ်တပျက်ဖတ်မိသောစာမျက်နှာ


    ဘာရယ်မဟုတ်ပါဘူး။ ရေးချင်တဲ့ အကြောင်းအရာလေးတစ်ခု Google Search မှာရှာရင်း ဒါလေးကို တွေ့သွားတာပါ။ အိန္ဒိယနိုင်ငံမှာ ခုထိ ထွန်းကားနေဆဲဖြစ်တဲ့ ဆာဒူးယဉ်ကျေးမှုအကြောင်းပါပဲ။ ဒါပေမယ့် အဲဒီ ၀တ်လစ်စလစ်ဂိုဏ်းဂဏထဲ ဗုဒ္ဓအရှင်ကိုပါ ထည့်သွင်းထားကို တွေ့လိုက်ရတော့ နည်းနည်းတော့ ထိသွားပါတယ်။ ဖတ်ကြည့်ပေါ့လေ။ ဘယ်လိုခံစားရသလဲ၊ စိတ်မ၀င်စားရင်တော့ ရှင်းမပြတော့ဘူး။ အပိုအလုပ်တွေ လုပ်တယ်လို့ပြောမှာစိုးလို့ပါ။ သာဓု သာဓု။ တကယ်တော့ သာဓုဆိုတာ (Sadhu) ဆိုပဲ။ အော် ဆိုးလင့်တေး ဆိုးလင့်တေး။

    ဘုရားရှင်ကိုယ်တော်ကြီးကလည်း သူတို့လိုပဲလို့ ပြောထားကြလေရဲ့။ အနီရောင်စာပိုဒ်တွေကို ဖတ်ကြည့်လေ။ ရွာက ဘုန်းတော်ကြီးကိုလည်း ဒီအကြောင်းလေး လျှောက်ရဦးမယ်။ ရွာက ကိုရင်လေးတွေကို ပရိတ်ကြီးတွေချည်း ဖိကျက်ခိုင်းမနေနဲ့လို့ တပည့်တော်တို့ ကိုယ်တော်ကြီးတော့ အင်္ဂလိပ်စာတွေနဲ့ ဆော်ကုန်ကြပြီလို့။

    မရမ်းရောင်စာပိုဒ်လေးကိုလည်း မှတ်ပေးပါဦး။ နောင်ရေးချင်တဲ့ စာလေးတစ်ပုဒ်အတွက် အကိုးအကားလေးပါ။ ဗာရာဏသီမှာ ဆာဒူး(အမှန်တကယ် ဆာဓူးလို့စာလုံးပေါင်းမှ မှန်မှာပါ Sadhu ကိုး)တွေကို ဂင်္ဂါမြစ်ကမ်းပါးမှာ တွေ့ရတုန်းပါ။ တွေ့နေရဦးမှာလည်း ဖြစ်ပါတယ်။ ဒီနေ့တွေ့နေရတဲ့ သူတို့အကြောင်းကို ရေးချင်နေတာပါ။ ဒီဖော်ပြထားတဲ့ အကိုးအကားလေးကို ဖတ်ပြီးရင်တော့ ဆက်ဆွေးနွေးကြသေးတာပေါ့။ သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းကတော့ သူ့ရေးဦးစစာအုပ်တစ်အုပ်မှာ “ဒီစာအုပ် ဖတ်ကောင်းရန်တာဝန်မယူ”ဆိုလား ဖော်ပြဖူးဆိုပဲ။

    ဒါပေမယ့် ပြောပြချင်တဲ့ အိန္ဒိယရဲ့ ဘာသာတရားတွေနဲ့ ဗုဒ္ဓအရှင်ဖြတ်သန်းခဲ့ရပုံအကြောင်းကတော့ စိတ်ဝင်စားဖွယ်ရာကောင်းကြောင်းသေချာပါတယ်။
    အိန္ဒိယမှာပဲ ဘုရားရှင်ပွင့်ခွင့်ရတဲ့ အခြေခံအကြောင်းတွေကလည်း သဘာဝယုတ္တိကျလွန်းနေပါတယ်။ ဘာပဲဖြစ်ဖြစ် ဒါလေးတော့ ဖတ်ကြည့်လိုက်ပါဦး။

    The Naked Saints of India

    [The Naked Saints of India, written by Dadaji, was originally published in the now defunct Indian magazine Values, edited by the late John Spiers.]

    In some of the oldest scriptural texts of India, we find references to naked saints and sannyasins. In the Rig Veda of Vedic Aryan tradition reference is made to them but worded in such a way that shows the Brahmins did not properly understand them but were held in wonder by the spiritual and psychic powers some of them possessed.

    These naked Sadhus belonged to the non-Vedic or pre-Aryan religion which flourished long before the Vedic religion was introduced into India. The scriptures of these people were known as Agamas and the same teachings were later written as Tantras. The earlier texts of the Agamas are mostly dialogues where the spiritual teaching is put into the mouth of the Lord Shiva as Guru teachings to Parvati the Mother Goddess as sishya. The same teachings found their way into the Vedic texts and were known as Upanishads. The Agamas tell us of naked sannyasins as revealing the highest expression of renunciation and suggests that he who wants nothing of the world does not want its rags either.

    Another reference tends to be critical of one who claims to be a high initiate and yet hides the lingam (penis) which is the sacred symbol of Shiva. The sannyasins of the non- Vedic religion practised tapas or austerity. It was the path between needless and foolish physical discomforts on one hand and sensual luxury-seeking on the other. It was the path of moderation which was later introduced into Buddhism as the Middle Way. These sadhus did not take any vow or make any promises.

    Nakedness was accepted as part of their way of life, but there was nothing to prevent a sadhu from using clothes to protect himself from extreme cold or in time of sickness. There can now be little doubt that complete nakedness was the accepted pattern for the majority of sadhus and a pattern which still existed till the time of Gautama the Buddha and Mahavira the Jaina. Although the Buddha probably remained naked until the day he died, his followers introduced robes into the Buddhist order. Also among the Jain followers of Mahavira, there came a division into two separate sects -- the Svetambars, clad in white cloth and the Digambars who sometimes wore clothes but were expected to end up naked at some future date. Nakedness was never practised by laymen in the Jain community Many foreign visitors have often rushed to see a Digambar Jain only to find he was a decorously dressed shopkeeper. Household Jains take their designation from the sect which they follow.

    The feature of naked sadhus is still fairly common, even in modern India. Overseas visitors seldom see them because they seldom live or visit the tourist fleshpots and city terminals. When Allen Ginsberg, the American poet, visited India some years back, he expressed in letters which were printed in City Lights his sad disappointment at not seeing even one naked sadhu. This could be surprising because in Banaras, which he visited, it is doubtful if this great city of Shiva has ever been without naked sadhus and in considerable numbers.

    Banaras is still the one city in India where you can walk about naked and yet remain unnoticed. Even beggars display mutilated genitals to reveal a mental inclination to celibacy and a great sacrifice which would make physical delinquency impossible. In these days most naked sadhus wear a cloth in public or when travelling. They neither wish to draw needless attention to themselves or amuse the schoolboy population now sadly conditioned by modern education. Hindu Digambar sadhus have outnumbered, and still d0, the naked Jains by thousands to one. Many city councils have introduced bylaws forbidding public nudity even among sadhus. A new sense of Western respectability has come to India just at a time when the West is abandoning its Puritanism.

    Even today the great names and outstanding sadhus of Indian history and tradition have mostly been naked. In the years which followed the Muslim invasion of India it became obvious that there were many things which they did not like about Indian Paganism. They showed their aversion to images by smashing them and destroying temples. They loathed the sight of the naked sadhus, yet for some reason feared to interfere with them.

    There is only one record where a man was executed by King Aurangzeb for public nudity. He was not actually a sadhu. Born in Persia as a Jew, he became a convert to Islam. As a Muslim he came to India selling embroidered garments in Delhi. There he changed again and became a devotee of Rama and wrote many beautifu] songs. Even this might have been ignored but he began to dance around the streets in the nude. The Muslims would not recognize that a Muslim could possibly embrace another religion. He was executed by the king as a degenerate Muslim who exhibited himself naked. Indian

    Paganism made its inroads into Islam and in India, unique among all other Muslim communities, we have records of numerous Muslim and Sufi saints who adopted nakedness. Some exist even today. It was the Muslims who seem to have first used the word Hindu and therefore it is a very recent addition to Indian words. It sprang from their own references to "people living on the other side of the Indus,' who were the "Indus' and later refined to Hindu. Many Indians still find the word unacceptable although it enjoys common usage. It is not found in the Vedas, Upanishads or the Bhagavad Gita. Since there was a time when the religion of old India enjoyed a monopoly, a name was unnecessary. After the invasion of the Aryans, the non-Vedic people began to use the term Sanatana Dharma, the eternal wisdom or teachings. When the Vedic and non-Vedic religions merged, the term came to be generally accepted.

    The Agamas of the original Indians have been ignored by Western scholars in favour of Vedic literature. This, in spite of the fact that it is the Agama teachings which have dominated Indian spiritual life for three to four thousand years.

    They and not the Aryan Vedas form the basis of all that is taught in all the Puranas, the Upanishads, the Bhagavad Gita, the Uddhava Gita and other Gitas.

    The Avadhut Gita and the Jivanmukti Gitas, generally studied only by sadhus, are regarded as teaching the highest principles of spiritual life and refute much of what is taught in the Aryan Vedas.

    Historically the sannyasin goes back to primordial times. Some Indian scholars, free from Western conditioning, have speculated that they began in an age when nobody wore clothes and retained their naked status even after woven cloths and linens came into common usage. It is only an idea but the spiritual leaders of many religions do tend to preserve customs and forms long afar the lay population has abandoned them.

    Beyond this, we can consider that stronger than all other motives was the desire of the sadhu to remain a natural man in his natural environment. This separated him from the tendencies of worldly people to become more and more affluent and cling firmer to those delusions which he had abandoned.

    All Upanishadic and Gita teachings lead to the one simple but inescapable truth that we are not bodies but immortal souls. So what does an immortal want to hide and should they try to look like worldly men? The word Digambar is taken from the Sanskrit Dig-ambara. Its literal meaning is wearing the sky or sky-clothed. Though often used as a synonym for naked, it has a much deeper meaning. A householder is separated from his environment by his clothes, and when he removes his clothes he is separated from his environment by his skin. He fails to understand or realize the oneness of all nature and life. This should not be so with the sadhu and when he is digambar he is one and absolute with everything.

    Artwork is © Jan Bailey, 1995. Translations are © Mike Magee 1995. Questions or comments to ac70@cityscape.co.uk

    Home Page

    Read more...

    ပြုသူအသစ် ခံရသူအဟောင်း

    အော် - --

    သီဟိုဠ်မှာ တိရ စ္ဆာန်ဖြစ်ကြရတာ ကံကောင်းလိုက်တာ၊ ဘာအကြောင့်ကြောင့်မှ ဘယ်သူ့ကိုမှ ကြောက်စရာမလိုဘူး၊ အသက်အန္တရာယ် ဆိုတာကတော့ ဝေလာဝေးပေါ့ ၊

    စာပေမှာ စကားတခု ရှိတယ် ကာကောလောကနနည်း ( ကာက + သြလောကန )တဲ့၊ ကျီးကန်းတွေဟာ အစာ စားတော့မယ် ဆိုရင် အစာကို မျက်စိက တဖက် ရန်သူကို တဖက်ကြည့်ပြီးမှ စားကြလေ့ရှိတယ်၊ ဒီမှာတော့ ကြည့်စရာ မလိုဘူး၊ စာပေကိုပဲ ပြင်ရတော့မလိုလို - -

    သီဟိုဠ်မှာတော့ ကျီးကန်းတွေ ဥသြငှက် ကြက်တူရွေး ငှက်အားလုံးနဲ့ ခွေးတွေ ဖွတ်တွေ ကြွက်တွေ လက်လှမ်းမှီရာအနီးအနားကသတ္တ၀ါအားလုံး ကို ရွတ်ပြလိုက်တာပါ၊

    အားလုံးဟာ အေးအေးချမ်းချမ်း အစာစားချင်ရင် ဘာကိုမှ ဂရုမစိုက်ဘူး၊ ကြောက်စရာ ရန်သူမရှိဘူး ပေါ့။ ဘယ်လူတွေကမှလဲ ရန်မမူကြဘူးလေ၊ စာရေးသူ ဟာ တောမှာ မွေးဖွားခဲ့ပေမယ့် ဖွတ်သတ္တ၀ါ ဆိုတာကို မမြင်ဖူးခဲ့ဘူး၊

    ဘယ်မြင်ရမလဲ လူတွေက ဖွတ်ကို တွေ့ရင် အလွတ်မပေးတော့ဘူး၊ တောင်ပို့ထဲ ၀င်သွားရင်တောင် ၃ ယောက် ၄ ယောက်စုပေါင်းပြီး အဲဒီတောင်ပို့ကို ဖြိုပြီး ရအောင် သတ်ကြတယ်လို့ ကြားဖူးတယ်၊ အဲလောက်ထိ မြန်မာပြည်မှာ ပါဏာတိပါတကို စောင့်ထိန်းကြတယ်၊

    သီဟိုဠ် ရောက်မှပဲ ကိုလံဘို မြို့တော်ကြီးမှာ မြင်ဖူးရတာ ကိုယ့်ကိုယ်ကိုတောင် အံ့သြလို့ မဆုံး။ လူတွေရဲ့ သီလ စောင့်ထိန်းပုံလေးကို ယှဉ်ပြတာပါ ။ခြားနားချက်ကတော့ သီဟိုဠ်ယဉ်ကျေးမှု့အရ သက်သက်လွတ်စားကြတာက အဓိကကျမယ် ထင်ပါတယ်၊

    ခါးဝတ်ပုဆိုးလို မြဲအောင် စောင့်ထိမ်းရမယ် ဆိုတဲ့ ငါးပါးသီလကို ထမင်းစားရေသောက် ဘာမှ မဖြစ်သလို ချိုးဖျက်နေကြတာကို မြင်ရလို့ ဒီပို့စ်လေး ရေးဖြစ်လိုက်တာပါ၊

    တကယ်တော့ မကောင်းမှု့ ဆိုတာ ၀ဋ်ကြွေးပါလာရင် ဘုရားရှင်သော်မှ မကယ်နိုင်ဘူး။ နောက်ဆုံး အတောင်ပံပေါက်ပြီး ကောင်းကင်ပျံ ရှောင်အုံးတော့ မလွတ်နိုင်၊ သမုဒ္ဒရာထဲ ၀င်ပုန်းအောင်းနေပါစေ၊ မလွတ်ရေးချ မလွတ်ပါ ၊

    ကဲ အောက်က ပုံလေးကို ကြည့်ပြီး အော် ( ပြုသူအသစ် ခံရသူအဟောင်း ) သတ်သူက အကုသိုလ်တွေ ၀ယ်နေတယ်၊ သတ်ခံရသူက ၀ဋ်ကြွေးကို ပေးဆပ်နေတယ် လို့ တွေးမိပြီး သံဝေဂ ပွားမိတယ်၊

    ယုန် ၁၀ ကောင် လိုက်လို့ရမှ ယုန်အရိုးကို တခါ ကိုက်ရတဲ့ မုဆိုးနောက်က သားကောင်လိုက် ခွေးလို ဘ၀မျိုးမှာ (မကောင်းမှု့မှာ ပျော်မွေ့မနေဖို့ လူ့ဘ၀ရခိုက် မှာ အရေးကြီးပါတယ်)


    သတ္တ၀ါ အားလုံးအပေါ် မေတ္တာ ကရုဏာ ထားနိုင်ကြပါစေ --

    | |

    Read more...

    ကမ္ဘာကြီး ဘယ်ကစဖြစ်ပါသလဲ


    အမေး။ ။ What does Buddhism believe how the world was made?
    ဗုဒ္ဓဘာသာမှာ ကမ္ဘာကို ဘယ်ကစတာလဲလို့ ယုံကြည်ပါသလဲဘုရား။
    မောင်တိုးနန္ဒ
    Sydney, Australia
    အဖြေ။ ။ တစ်ခြားခြားသော ဘာသာများက ကမ္ဘာကြီးကို ထာဝရဘုရားက ဖန်ဆင်းတယ်လို့ ပြောပါတယ်။ ဘုရားရှင်ကိုယ်တော်မြတ်ကတော့ ကမ္ဘာကြီးကို ဘယ်သူမှ ဖန်ဆင်းတာ မဟုတ်ပါဘူး၊ သဘာဝတရားက ဖြစ်လာတာပါ လို့ ပြောရပါ့မယ်။ လူသားများဟာ ဘယ်က စတင်ဖြစ်တယ်ဆိုတာ မမြင်နိုင်သလို ကမ္ဘာကြီးဟာ ဘယ်ကစဖြစ်တာလဲဆိုတဲ့ အမေးအတွက် အဖြေမရှိပါဘူး၊ ကြက်ဥအစရှာမရသလိုပါပဲ။ ဒါပေမဲ့ မြတ်စွာဘုရားက ကမ္ဘာကြီး ဖြစ်ပေါ်လာပုံကိုတော့ မိန့်တော်မူထားတာရှိပါတယ်။ အဲဒါကို ခေတ်နဲ့လျော်ညီအောင် ပြောပေးပါ့မယ်။

    မှောင်မိုက်မဲမဲ ဟင်းလင်းပြင်ကြီးအတွင်း တစ်နေရာမှာ ကမ္ဘာစတင်ဖြစ်ဖို့အတွက် ရှေးဦးစွာ ကမ္ဘာပြုမိုးလို့ခေါ်တဲ့ မိုးဖွဲလေးများကျ လာပါတယ်။ ဒါကြောင့် ကမ္ဘာအစ မိုးဖွဲက လို့ ပြောရမလိုလိုပင်။ ထိုမိုးဖွဲလေးများဟာ တစ တစနှင့် ကြာရိုးလောက် ကြီးလာပါတယ်၊ ကြာလာတော့ ၀ါးလုံးလောက် ကြီးလာပါတယ်၊ ၀ါးလုံးလောက်ကနေ၊ ကျည်ပွေ့လောက်ကြီးလာပါတယ်၊ ကျည်ပွေ့မှတဆင့် ထန်းပင်လုံးလောက် မိုးရေအယဉ်ကြီးပြီး အဆက်မပြတ်ရွာသွန်းတဲ့အခါ ယခင်က ကမ္ဘာမီးလောင်ခဲ့တဲ့နေရာမှာ ရေများပြည့်လာပါတယ်။
    ထိုရေများကို အောက်သို့ မဆင်းသွားရလေအောင် “အဇဋာကာသ” လို့ အောက်ဖက်ကောင်းကင်မှ လေအဟုန်ထပြီး အထက်သို့ပင့်တိုက်တင်ထားသလို၊ ရေအယဉ်များ နံဘေးသို့ မထွက်အောင် လေများ ပတ်လည်တိုက်ပြီး တားဆီးပေးထားတယ်။ ရေအယဉ်များ ဟာ လေကြောင့် အောက်သို့လည်းမကျ နံဘေးကိုလည်း မထွက်ဘဲ ပဒုမ္မာကြာရွက်ပေါ်က ရေပေါက်များလို တလုံးတခဲတည်း တည်နေပါတော့ တယ်။
    ကာလကြာတဲ့အခါ ကမ္ဘာဖြစ်မဲ့ ရေအယဉ်လုံးကြီးဟာ တဖြည်းဖြည်း အောက်သို့ လျှောချ ခန်းခြောက်လာပြီး ယခင်က ကမ္ဘာမြေကြီး တည်ရာအရပ်ကို ရောက်တဲ့အခါ အလွန်အားကြီးတဲ့ လေအဟုန်ကြီးတစ်ခု ဖြစ်ပေါ်လာပါတယ်။ ဥပမာ- မတ်ခွက်ကို ဖင်အောက်မှာ အပေါက်ဖေါက်ထားပြီး မတ်ခွက်ထိပ်ကို ပိတ်ထားလိုက်ရင် လေကချူပ်ထားတဲ့အတွက် ရေအောက်ကို မဆင်းတော့ပါဘူး။ ထို့အတူ လေအဟုန်က ရေအယဉ်တွေကို ချူပ်ထားတဲ့အတွက် ရေအယဉ်များ အောက်သို့ မလျှောကျဘဲ ရေပြင်ကြီး ရပ်တည်နေပါတယ်။
    ဒီလို ရေပြင်ကြီး ရပ်တည်နေလာရာက ကာလကြာတဲ့အခါ ထိုရေအယဉ်များဟာ ရသပထ၀ီ လို့ခေါ်တဲ့ မြေအဆီအဖြစ်သို့ ပြောင် လွဲလာပါတော့တယ်။ (ရေများအနည်ထိုင်လို့ကြာရင် နွံဖြစ်သလို) ထိုရသပထ၀ီ မြေအဆီများဟာ နို့ရည်အထက်၌ တက်နေတဲ့ မလှိုင်များလို ကြိုင်မွေး ချိုဆိမ့်သော အနံ့အရသာ ရှိတယ်။
    ဒီလို ကမ္ဘာသစ်တည်ထောင်မိသော်လည်း လ နေ နေက္ခတ်တို့ မစုံသေးပါဘူး။ လ နေ နေက္ခတ်ပြည့်စုံမှ ကမ္ဘာတည်တာပြည့်စုံတယ် လို့ ဆိုရပါမယ်။ ဒီလိုနဲ့ ရသပထ၀ီ မြေအဆီများတည်နေတဲ့အချိန်မှာ ယခင်ကမ္ဘာပျက်တုန်းက မပါတဲ့ ဗြဟ္မာ့ဘုံမှ ဗြဟ္မာများဟာ ကံအရှိန်ကုန်လို့ ဖြစ်စေ၊ သက်တမ်းစေ့လို့ပဲဖြစ်စေ၊ စုတေကြကာ အောက်ဘုံများသို့ ရောက်ခဲ့ကြတယ်။ တစ်ချို့ဆိုရင် လူ့ပြည်မှာ ပဋိသန္ဓေ တည်ကြပါတယ်။ (ဆိုလိုတာက ဗြဟ္မပြည်မှ စုတေပြီး လူ့ပြည်မှာ လူလာဖြစ်တာပါ) ကမ္ဘာဦးလူသားတွေဟာ ဗြဟ္မစိတ်အထုံပါတဲ့အတွက် ကာမစိတ်ကို အားပေးတဲ့ ဣတ္ထိဘာဝ၊ပုရိသာဘ၀ရုပ် မပေါ်သေးပါ။ ကိုယ်ရောင်ကိုယ်ဝါတို့ဖြင့် ကောင်းကင်မှာ သွားလာနိုင်ကြတယ်။ ဘာအစားအစာမှ မစားရဘဲ ပီတိနဲ့သာ နေနိုင်ကြပါတယ်။
    ကာလအတန်ကြာတဲ့အခါ လူတစ်ယောက် လက်ဆော့ပြီး မြေဆီလွှာကို “ဘယ်လိုများနေမလဲ” ဆိုပြီး လက်နဲ့တို့ကာ စားကြည့်တော့ အရသာရှိလှတာ တွေ့ရပါတယ်။ “ ကောင်းမှန်းသိ သာအိတစိုစို” ဆိုတဲ့အတိုင်း ထပ်ကာထပ်ကာ လျက်စားပါတော့တယ်။ အတုမြင်အတတ်သင် ဆိုသလို တစ်ခြားသူများကလည်း လိုက်ပြီး လျက်ကြည့်ကြရာ နောက်တော့ အဆုပ်လေးလုပ်ပြီး ထမင်းလို စားလာကြ ပါတယ်။ အဲဒီအခါမှာ အရသာပေါ်တတ်မက်တဲ့ ရသတဏှာ ဖြစ်လာကာ ကိုယ်ရောင်များ ပျောက်ကွယ်ပြီး အမှောင်ကြီး ကျရောက်လာတော့ တယ်။
    ကမ္ဘာဦးလူအများဟာ အမှောင်ကြီးထဲ နေရတာ အလွန်ကြောက်ကြတဲ့အတွက် ရဲ့ရင့်စေနိုင်ရန် ကံအားလျော်စွာ အရှေ့လောကဓာတ်မှ ယူဇနာအားဖြင့် (၅၀)မိုင်အားဖြင့် (၄၀၀)ခန့် အချင်းရှိတဲ့ အရောင်ဝန်းကြီးတစ်ခု ထွန်းတောက်လာပါတယ်။ ထိုအရောင် ၀န်းကြီးဟာ ကမ္ဘာ့လူများကို ရဲရင့်စေတတ်တဲ့အတွက် ‘နေ’ လို့ခေါ်တွင်ပါတယ်။ သူရံ ဇနေတိ သူရိယံ = အရဲဓါတ်ကိုဖြစ်စေတတ်တဲ့အတွက် သူရိယ (နေ)လို့ ခေါ်တွင်ခဲ့ပါတယ်။ နေ၀န်းကြီးပျောက်သွားတဲ့နောက် ညဉ့်အခါသို့ ရောက်သောအခါ လူတွေက “ အရင်ရောင်ဝန်းကြီးနှင့်တူတဲ့ အရောင်တစ်ခု ထပ်ထွက်ရင်ကောင်းမှာပဲ” လို့ ဆန္ဒတွေ ဖြစ်ပေါ်ကြပြန်တယ်။ အလိုဆန္ဒအတိုင်း ၄၉ ယူဇနာ၊ ၃၉၂ မိုင်ခန့် ရှိတဲ့ အရောင်ဝန်းတမျိုး ဖြစ်ပေါ်ခဲ့ပြန်ပါတယ်။ ကမ္ဘာဦးလူသားများ ဆန္ဒအတိုင်းဖြစ်ပေါ်လာတဲ့အတွက် ကာလကြာတဲ့အခါ ဆန္ဒမှ စန္ဒ ဖြစ်လာပါ တယ်။ နေနဲ့လတို့ ဖြစ်ပေါ်လာတဲ့အခါ အခြား နက္ခတ်များလည်း ပေါ်လာပါတော့တယ်။ ဒါဟာ ကမ္ဘာကြီး ဖြစ်ပေါ်လာပုံပါပဲ။
    (သဂြိလ်ဘာသာဋီကာ၊ နှာ -၃၂၃၊၃၂၄)

    Read more...

    လုပ်ကြံမှုများကြားက ဗုဒ္ဓဘာသာ (၂)


    (Bhikkhu K. Tanchangya ရဲ့ Buddhism under siege from within ဆိုတဲ့စာကို ဘာသာပြန်တယ်။ ဘာသာပြန်ဖို့ တိုက်တွန်းပေးတဲ့ အရှင်တေဇောဘာသ (ဂျာမဏီ)ကို ကျေးဇူးတင်ပါတယ်။ မြန်မာမှာ နေရင်း ဟိုသွားဒီသွား မအားမလပ်တဲ့ကြားက (စိတ်အားထက်သန်လွန်းလို့) ဖြစ်သလို ဘာသာပြန်လိုက်ရတဲ့အတွက် အမှားအယွင်းများ ပါရှိခဲ့ရင် ခွင့်လွှတ်ကြပါ။ လေးလေးနက်နက် ဖတ်ရှုနိုင်ကြပါစေ၊ ဖတ်ရှုရုံမက စာရေးသူပေးလိုက်သော မက်ဆေ့အစစ်ကို ရရှိသွားနိုင်ကြပါစေလို့ ကျိတ်ကျိတ်လေး ဆုတောင်းနေပါတယ်။ ဒီပို့စ်က အရမ်းကို ကောင်းပါတယ်။ ဗုဒ္ဓဘာသာဝင်တွေအားလုံ ဖတ်သင့်တယ်လို့ ထင်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။)

    .....ဗုဒ္ဓဘာသာနိုင်ငံတိုင်းမှာရှိတဲ့ ဘုန်းတော်ကြီးကျောင်းက သံဃာတွေ ပိုင်ဆိုင်တဲ့ ပုဂ္ဂလိကပိုင်ဆိုင်မှုတွေဟာ အစိုးရပိုင်ဆိုင်မှုထက် ကောင်းကောင်းကြီး ကျော်လွန်သွားနိုင်စရာရှိတယ်လို့ ယုံကြည်ရပါတယ်။ မြောက်မြားလှစွာသော အလှူကြီးတွေက အချမ်းသာဆုံး ဆရာတော်တွေကို မွေးထုတ်ပေးပါတယ်။ ဗုဒ္ဓဘာသာသမိုင်းမှာ တစ်ခါမှ မရှိဖူးသေးတဲ့ကျောင်းတော်ကြီးတွေ မွေးထုတ်ပေးပါတယ်။ ကျွန်ုပ်တို့လို မထင်မရှား ဗုဒ္ဓဘာသာတွေကိုတော့ `ကိုယ့်လမ်းကိုယ်လျှောက်´ဆိုပြီး ထားရစ်ခဲ့ကြပါတယ်။ ဥပေက္ခာတရားတွေ ထွန်းကားပြီး မေ့ထားလိုက်ကြပါတယ်။

    သေးငယ်ပြီး အလှမ်းဝေးတဲ့ ဗုဒ္ဓဘာသာအဖွဲ့အစည်းတွေ ဥပမာအားဖြင့် မြန်မာနိုင်ငံက ချောင်းသာ၊ အိန္ဒိယက ခမိယန်း၊ ထိုင်းက ဟွေ၊ နီပေါလ်က ကူတန်း၊ တိဗက်က ဂစောင်၊ ဘူတန်က ဘရုတ်ကတ်စ်ဆိုတဲ့ ဗုဒ္ဓဘာသာအဖွဲ့အစည်းတွေရဲ့ လက်ရှိဖြစ်ပျက်နေပုံကို ``ပညာတွေ အထူးတလည်တတ်မြောက်ပါတယ်၊ ချမ်းသာကြွယ်ဝပါတယ်´´ဆိုတဲ့ ဗုဒ္ဓဘာသာဝင်တွေ မသိကြပါဘူး။ အခု ဥပမာအဖြစ် ပေးလိုက်တဲ့ နာမည်တွေဟာ နည်းနည်းလေးပဲ ရှိပါသေးတယ်။


    အဲဒီဒေသတွေမှာရှိတဲ့ ဗုဒ္ဓဘာသာအဖွဲ့အစည်းတွေဟာ ကြမ်းတမ်းပြင်းထန်တဲ့ လက်ရှိအစစ်အမှန် ဖြစ်တည်မှုတွေနဲ့ အသက်ဆက်နိုင်အောင် သူတို့ရဲ့ ဗုဒ္ဓဘာသာ ကိုယ်ပိုင်အမှတ်လက္ခဏာတွေကို ကိုင်စွဲပြီး ခက်ခက်ခဲခဲ စီမံနေကြရပါတယ်။ ဒါကိုလဲ ဖိနှိပ်တဲ့ တရားမမျှတတဲ့ အစိုးရတွေရဲ့လက်အောက်မှာ လုပ်နေကြရတာပါ။

    ``ဒါ….သူတို့ရဲ့….ကံပဲလေ´´။
    အဲဒီလို ပြောလိုက်ကြမလား…….။

    နေစဉ်အဖြစ်မှန်တွေနဲ့ ရင်ဆိုင်နေရတဲ့ အဲဒီလူမျိုးတွေကို ဗုဒ္ဓဘာသာဆိုတဲ့ အဖွဲ့အစည်းကြီးအောက်မှာ ဆက်လက်တည်ရှိဖို့ ကျွန်ုပ်တို့အနေနဲ့ ဘယ်လောက်ကြာကြာ ထပ်စောင့်ကြရအုံးမှာလဲ။

    ဗုဒ္ဓဘာသာဟာ သူတို့ရဲ့ ကံကြမ္မာကို ပြောင်းမပေးနိုင်ဘူးလားဗျာ။ သူတို့တစ်တွေ ဆင်းရဲတွင်းကနေ ရုန်းထွက်ဖို့ ဗုဒ္ဓမြတ်စွာကို ကိုးကွယ်ဆည်းကပ်မှုက မျှော်လင့်ချက်နဲ့အခွင့်အရေးတွေ မပေးနိုင်ကြတော့ဘူးလား။ ``ဒို့မြတ်စွာဘုရားတောင်မှ လူသားတွေရဲ့ ဘ၀အဆင့်အတန်းကို ပြောင်းလဲပေးနိုင်စွမ်း မရှိဘူး´´လို့ ပြောနေ ဟောနေတဲ့သူတွေ ရှိတယ်။ အဲဒီလို ပြောကြားချက်တွေဟာ ဘာမှ အဓိပ္ပာယ်မရှိပါဘူး။ ဒီကိစ္စမှာ မြတ်စွာဘုရားရှင်ဟာ ပိုမိုကောင်းမွန်တဲ့ဘ၀နဲ့ အပြောင်းအလဲကို တမ်းတမ်းတတဖြစ်နေတဲ့ ခွဲခြားခံနေရတဲ့ လူသားတွေကို ကူညီဖို့ ကတိမပေးခဲ့ဘူးဆိုရင် ``ချက်ချင်းလက်ငင်း စည်းစိမ်ဥစ္စာကို ပေးမယ်၊ အပြောင်းအလဲတွေ ဖြစ်ပေါ်လာအောင် လုပ်ပေးမယ်၊ နောက်ဘ၀မှာလဲ ကောင်းကင်ဘုံကို ပို့ပေးမယ်´´လို့ ကတိပေးတဲ့ နိုင်ငံခြားက ထာဝရဘုရားကို ဘာဖြစ်လို့ မကိုးကွယ်သင့်ရမှာလဲ။ မကိုးကွယ်သင့်စရာ အကြောင်းမရှိလှဘူး။

    ဟုတ်ပါတယ်။ ``ဘုရားအသစ်၊ တိုင်းပြည်အသစ်´´ဆိုတဲ့ စကားတစ်ခွန်းရှိပါတယ်။ ဒီစကားက ခေတ်သစ်ကိုရီးယားကို ခရစ်ယာန်ဘာသာရဲ့ အောက်ကို ဆွဲသွင်းဖို့ ခရစ်ယာန်ဆရာတွေ မကြာခဏ အသုံးပြုခဲ့တဲ့ စကားတစ်ခွန်း ဖြစ်ပါတယ်။ အဲဒီစကားဟာ အခုအချိန်အထိ ခရစ်ယာန်ဆရာတွေ သယ်ဆောင်လာပေးတဲ့ အပြောင်းအလဲပြယုဂ်ကို ဆွဲဆောင်သိမ်းသွင်းနေဆဲ၊ မျက်စိကျစရာ ဖြစ်နေဆဲပဲ ဖြစ်ပါတယ်။

    တိုးတက်တဲ့အမြင်ရှိတဲ့ ဗုဒ္ဓဘာသာတိုင်းအတွက် ဒီအချက်ကို အာရုံစူးစိုက်ဖို့ အချိန်ကျရောက်နေပါပြီ။
    မှန်ပါတယ်။ ဒီဗုဒ္ဓဘာသာအဖွဲ့အစည်းတွေဟာ ဆင်းရဲနုံချာလှပြီး ပညာလည်း မတတ်ကြပါဘူး။ ခရစ်ယာန်စည်းရုံးရေးသမားတွေအတွက်တော့ ဒီအခြေအနေဟာ အလွန်လွယ်ကူတဲ့ ပစ်မှတ်များ ဖြစ်နေပါတယ်။ ဒါပေမယ့် ခရစ်ယာန်စည်းရုံးရေးသမားတွေဟာ (သူတို့)ဘာသာရေးအကြောင်းကို နည်းနည်းမှ မပြောသေးခင်မှာပဲ ပညာရေးနဲ့ ရုပ်ဝတ္တုပိုင်းဆိုင်ရာ အထောက်အပံ့တွေ ပေးကြပါတယ်။ ခရစ်ယာန်စည်းရုံးရေးသမားတွေဟာ အဲဒီလို အလုပ်တွေ လုပ်နေကြပါတယ်။

    ဒီလိုအမေ့လျော့ခံ ဗုဒ္ဓဘာသာဝင်တွေရဲ့ နစ်နာချက်တွေကို လေ့လာစုံစမ်းပြီး အလည်အပတ်သွားရောက်ဖို့အတွက် အချမ်းသာဆုံးဆိုတဲ့ ဘုန်းကြီးတွေ၊ အချမ်းသာဆုံးဆိုတဲ့ ကျောင်းတော်ကြီးတွေနဲ့ ချမ်းသာကြွယ်ဝတဲ့ ကမ္ဘာက အချမ်းသာဆုံးဆိုတဲ့ အဖွဲ့အစည်းကြီးတွေဟာ တကယ်အလုပ်လုပ်တဲ့ အသင်းအဖွဲ့တွေကို ဘာကြောင့်များ စည်းရုံးလှုံ့ဆော်မပေးနိုင်ကြရတာလဲ။

    ကိုယ်ကိုယ်တိုင်ကတော့ ဘာမှ စွမ်းဆောင်မပေးဘဲ အဲဒီလို အကူအညီတွေ ပေးနေတဲ့ ခရစ်ယာန်တွေကို ကျွန်ုပ်တို့အနေနဲ့ ဘာကြောင့်များ အော်ဟစ်ရုံသာ အော်ဟစ်နေကြရတာလဲ။

    ကံတရား၊ ဘ၀သစ်ဖြစ်ပေါ်ခြင်း၊ ဆင်းရဲဒုက္ခ၊ တစ်ကိုယ်ကောင်းမဆန်ခြင်းနဲ့ တင်းတိမ်ရောင့်ရဲမှုစတဲ့ ဗုဒ္ဓဟောကြားချက်တွေဟာ ပညာအတတ်ဆုံး၊ ကြွယ်ဝပြီး ယဉ်ကျေးတဲ့ ဗုဒ္ဓဘာသာတွေကြားထဲမှာတောင်မှ နက်နက်နဲနဲကို နားလည်မှုလွဲမှားတဲ့ အခြေအနေရဲ့ အစိတ်အပိုင်းများ ဖြစ်နေဆဲပါပဲ။ ဒီနားလည်မှုလွဲမှားနေတဲ့ တရားတော်တွေဟာ ၀ိသမလောဘသမား သာသနာပြုတွေအတွက်တော့ ကိုယ့်အကျိုးစီးပွား တိုးပွားစေဖို့ အမြတ်ထုတ်စရာ သို့မဟုတ် ဘုန်းကြီးတွေရဲ့ ရိုက်စားလုပ်ဖို့ကောင်းတဲ့ ဟောကြားချက်တွေ ဖြစ်ပါတယ်။

    ဟုတ်ပါတယ်၊ ကံမကောင်းအကြောင်းမလှခဲ့လို့ သူဟာ ဆင်းရဲချို့ငဲ့စွာ မွေးဖွားခဲ့ရသူ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ပြီးတော့ သင့်လျော်တဲ့ ဆေးကုသမှုမရှိဘဲ ဆင်းရဲဒုက္ခတွေကို ခံစားရင်း သေဆုံးနေကြရတယ်။
    အဲဒါ ဘာဖြစ်လို့လဲ။

    သူဟာ နောက်လာမယ့်ဘ၀များ မွေးဖွားရအုံးမှာပါ။ တစ်စုံတစ်ယောက်ဟာ ဆင်းရဲပေမယ့် အဆင့်အတန်းမြင့်တဲ့ဘ၀ကို ပိုင်ဆိုင်ချင်ပါတယ်။ (ဗုဒ္ဓဘာသာဘုန်းကြီးတွေဟာ) ကျွမ်းကျင်မှုနဲ့ အခွင့်အရေးတွေကို ဖြည့်ဆီးထောက်ပံ့ပေးရမယ့်အစား တင်းတိမ်ရောင့်ရဲတတ်ဖို့ ညွှန်ကြားနေကြပါတယ်။ ဒီလိုမျိုး ဟောပြောချက်တွေဟာ လူ့အဖွဲ့အစည်းရဲ့အောက်ခြေမှာ ရှိနေကြတဲ့ ဗုဒ္ဓဘာသာတွေအတွက်တော့ ဆိုးရွားလှတဲ့ စိတ်နေသဘောထားတစ်ရပ် ဖြစ်တယ်လို့ ဆိုရပါမယ်။

    ဘယ်လောက်ပဲ ပွင့်ပွင့်လင်းလင်း ငြင်းဆန်နေကြပါစေ ဒီကိစ္စဟာ ဆက်လက်ပြီး ဖြစ်ပေါ်နေဦးမယ့် ၀မ်းနည်းစွာ တည်ရှိနေဆဲ ကိစ္စတစ်ရပ် ဖြစ်ပါတယ်။ အဆင့်အတန်း အလွန့်အလွန် မြင့်မားတဲ့ ဘုန်းကြီးများနဲ့ ဗုဒ္ဓဘာသာဝင်စစ်စစ်ဆိုသူတွေဟာ ရုပ်ပိုင်းဆိုင်ရာ လိုအပ်မှုကို ဆက်လက်ပြီး မျက်ကွယ်ပြုနေကြဦးမယ့် အနေအထားပါပဲ။

    ဒီနေရာမှာ အဲဒီဗုဒ္ဓဘာသာဝင်ဆိုသူတွေ မေ့နေတဲ့အချက် ရှိပါတယ်။ အဲဒါကတော့ ဆင်းရဲမှုတွေနဲ့နပန်းလုံးနေရပြီး ငတ်မွတ်ခေါင်းပါးနေတဲ့သူတွေနဲ့ ပြည့်နှက်နေတဲ့ဒေသမှာ စိတ်ပိုင်းဆိုင်ရာ ဘယ်လောက်မြင့်မြတ်တဲ့တရားတွေကို ဟောနေပါစေ ဘယ်သူမှ လက်ခံနိုင်ကြလိမ့်မယ် မဟုတ်ဘူးဆိုတာပါပဲ။ ဒါ့အပြင် အယူသီးမှု၊ မသိနားမလည်မှုနဲ့ စာပေမတတ်မြောက်တဲ့သူတွေ ပြည့်နှက်နေတဲ့ဒေသမှာ ခိုင်မာတဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေများ မတည်ရှိနိုင်ပါဘူး။

    ကြွယ်ဝတဲ့ ဗုဒ္ဓဘာသာကမ္ဘာက လူတွေဟာ ခရစ်ယာန်စည်းရုံးရေးသမားတွေနဲ့အပြိုင် ကျောင်းတွေ၊ ကောလိပ်တွေ၊ ဆေးရုံဆေးခန်းတွေ၊ သက်ကြီးရွယ်အိုတွေအတွက် ရိပ်သာတွေကို ဆောက်လုပ်ပေးဖို့ ပျက်ကွက်ခဲ့ကြပါတယ်။ အောက်ခြေမှာ ရှိတဲ့ဗုဒ္ဓဘာသာဝင်တွေအတွက် အသက်ရှူပေါက်ဖြစ်တဲ့ အေးငြိမ်းချမ်းသာရာအလုပ်တွေကို ပြုလုပ်ဆောင်ရွက်ပေးဖို့ ပျက်ကွက်ခဲ့ကြပါတယ်။ ဒါတွေကနေ ဒေသတွင်း အဖွဲ့အစည်းတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆီးပေးဖို့ ကြီးမားတဲ့လိုအပ်ချက်တွေကို ညွန်ပြနေပါတယ်။ မထင်ရှားတဲ့ ကမ္ဘာ့အစိတ်အပိုင်းက အမေ့လျော့ခံ ဗုဒ္ဓဘာသာဝင် သန်းပေါင်းများကို အကျိုးသက်ရောက်မှု မရှိသေးတဲ့ အချက်တွေလည်း ဖြစ်ပါတယ်။

    ပြီးတော့ စုစည်းညီညွတ်တဲ့၊ ရံပုံငွေအားကောင်းတဲ့၊ စွဲစွဲမြဲမြဲရှိတဲ့၊ စိတ်ကူးစိတ်သန်းလည်း ကောင်းမွန်တဲ့ ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်းကြီးတွေ တည်ထောင်ဖို့ အရမ်းကို လိုအပ်နေပြီ ဖြစ်ပါတယ်။ ဒါမှသာ အဆိုပါ အမေ့လျော့ခံ ဗုဒ္ဓဘာသာဝင်တွေရဲ့ လက်ရှိကြုံတွေ့နေရတဲ့ အနေအထားတွေကို တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ပေးခြင်းအားဖြင့် ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။
    ဒါပေမယ့် အပြောလွယ်သလောက် တကယ်လုပ်တော့ ခက်နေပါလိမ့်မယ်။

    ယုံချင်ယုံ မယုံချင်နေ၊ ဗုဒ္ဓဘာသာတွေဟာ စိတ်ကြီးဝင်ပြီး ကိုယ့်လုပ်ဖော်ကိုင်ဖက် ဗုဒ္ဓဘာသာဝင်အချင်းချင်းမှာတောင် သံသယတွေ ပွားနေကြပါဦးမယ်။ ပြောရမယ်ဆိုရင် ထိုင်းဗုဒ္ဓဘာသာသံဃာ့အဖွဲ့အစည်းဟာ သူတို့ရဲ့ မြေပေါ်မှာ အခြားဗုဒ္ဓဘာသာနိုင်ငံ ဘုန်းကြီးကျောင်းတွေကို ဆောက်ခွင့်မပေးပါဘူး။ ကိုရီယားနိုင်ငံမြေပေါ်မှာတော့ ထေရ၀ါဒကျောင်းတွေ ဆောက်လို့ရပါတယ်။ ဒါပေမယ့် အံ့သြစရာကောင်းတာက ထေရ၀ါဒဗုဒ္ဓဘာသာဘုန်းကြီးတွေရဲ့ ရည်ရွယ်ချက် တာ့ဂတ်က မဟာယာနဗုဒ္ဓဘာသာဝင်တွေကို ထေရ၀ါဒဇာတ်သွင်းဖို့ ဖြစ်နေပါတယ်။ ဒါတွေဟာ ဗုဒ္ဓဘာသာတိုင်းပြည်အသီးသီးက ဗုဒ္ဓဘာသာတွေအတွင်းမှာကို လွဲမှားတဲ့ သံသယတွေနဲ့ စိတ်ကြီးဝင်မှုတွေပါပဲ။

    ဆက်လက်ဖော်ပြပါမည်....

    [+/-] Show Full Post...


    Read more...

    ပြုလိုသေးသော သုတေသန(၂)


    မနက်က သူငယ်ချင်းအဖေ ဆုံးသွားတယ်လို့ ကြားရတယ်။ လွန်ခဲ့တဲ့ လေးရက်လောက်က သူ့အဖေ ဆေးရုံတက်နေရတဲ့ အကြောင်းကို သူမဟုတ်တဲ့ အခြားသူငယ်ချင်းတစ်ယောက်က အကြောင်းကြားတယ်။ အစာအိမ်သွေးကြော ပေါက်တယ်လို့ ပြောတယ်။
    Esophageal varices က ပေါက်တာဖြစ်ဖို့များတယ်လို့ ကိုယ့်ဖာသာ ပြင်တွေးလိုက်တယ်။ သွေးအန်တာက မရပ်မနား အများအပြားလို့ ဆိုတာကိုး။ အခုနပြောတဲ့ Esophageal varices (မြန်မာလို အစာရေမြို သွေးကြောထုံး) တွေက သွေးကြောပေါက်တာကို အရပ်ထဲမှာ အစာအိမ်သွေးကြောပေါက်တယ်လို့ပဲ ပြောကြတယ်။ သူက အဖြစ်များတယ်။ အသည်းခြောက်လာရင် ဒါမှမဟုတ် အသည်းကင်ဆာ ဖြစ်လာရင် အစာရေမြိုနဲ့ အစာအိမ်အစပ်ကြားက မမြင်ရတဲ့ သွေးကြော သေးသေးလေးတွေက ဖောင်းကားတင်းမာပြီး တီကောင်သာသာ ဖြစ်လာတယ်။ ဒီတော့ပေါက်ဖို့ အခွင့်အလန်းများတယ်။ အသည်းခြောက်တာမျိုး ဖြစ်တဲ့လူတွေဟာ ကျန်တာတွေထက် အဲဒီ နေရာက သွေးကြောတွေပေါက်လို့ သေဆုံးတဲ့လူများတယ်။

    ဒါပေမဲ့အစာအိမ်အနာက တစ်ဆင့် အစာအိမ်အနောက်ဖက်က သွေးကြောကို လှိုက်စားပြီး သွေးကြောပေါက်တာလည်း ဖြစ်နိုင်သေးတယ်။ ဒါကိုလည်း အစာအိမ်သွေးကြောပေါက်တယ်လို့ ခေါ်ကြတာပဲ။ တူတာကတော့ မတူဘူး။ တခြားစီပဲ။

    မနက်က သူငယ်ချင်းရဲ့အဖေ ဆုံးသွားတယ်လို့ ကြားတာနဲ့ စိတ်မကောင်းတာနဲ့အတူ ထုံးစံအတိုင်း အချက်အလက်တွေ ပြန်မေးနေမိတယ်။ ကရုဏာမရှိဘဲ မေးနေတာတော့ မဟုတ်ပါဘူး။ ဖြစ်သင့်ဖြစ်ထိုက်တာတွေကို ကိုယ်ကသိထားရမှ ထပ်ဆင့်အကြံပေးလို့ ရမှာကိုး။ အမေးခံရတဲ့ သတင်းပို့ပေးတဲ့ သူက အဲဒီဆုံးသွားတဲ့ ဦးလေးမှာ အသည်းရောင်အသားဝါ စီပိုးရှိတယ် ဒေါက်တာခင်မောင်ဝင်း နဲ့ပြနေရတယ် လို့ ပြောတယ်။ အသိမိတ်ဆွေတွေထဲက ဒီလိုနည်းနဲ့ ဆုံးသွားတာကို ကြားရတာ အခုနှစ်အတွင်း ဒါကဒုတိယအကြိမ်ပဲ။ ပထမတစ်ဦးက ရှစ်တန်းတုန်းက ဆရာမ တစ်ဦး။ သူလည်း စီပိုးရှိတယ်၊ လင်ဇီးဘာညာလည်း သောက်တယ်၊ ဆရာဝန်လည်းပြတယ်၊ အစုံပေါ့၊ နောက်တော့ အစာအိမ်သွေးကြောပေါက်ပြီး ဆုံးသွားတယ်။

    သူ့ရဲ့မိတ်ဆွေ ဆရာမတစ်ဦး (သူငယ်ချင်းနောက်တစ်ဦးရဲ့ အဒေါ်)မှာလည်း စီပိုးရှိနေတယ်လို့ ဆိုတယ်။ ဒါနဲ့ သူငယ်ချင်းတစ်ဦးရဲ့ အဘွားမှာ အသည်းကင်ဆာ နဲ့ဆုံးသွားတယ် ဆိုတာကို သတိရနေတယ်။ အဲဒီအဘွားလည်း စီပိုးပဲ။ သူငယ်ချင်းရဲ့ မောင်မှာလည်း စီပိုးရှိနေတယ် ဆိုတယ်။

    အဲဒါနဲ့ ရူပဗေဒဘွဲ့ရ၊ ဂျီတီအိုင် နည်းနည်းတက်ဖူးပြီး၊ သဘောင်္သားလုပ်နေတဲ့ ညီအစ်ကိုလိုကောင် မြို့ပြန်သွားတယ် ကြားတော့ လှမ်းမေးလိုက်တယ်။ "ငါတို့မြို့က စီပိုးနဲ့ဘီပိုးရှိတဲ့လူ တော်တော်များနေတယ်၊ မင်းသိသလောက် ပြောစမ်းပါ"လို့ဆိုတော့ "အေးကွ ၄၀ ရာခိုင်နှုန်းလောက်တောင် ရှိမယ် ထင်တယ်" ဟိုလူတွေ ဒီလူတွေ ရှိနေတယ်လို့ ပြောပြတယ်။၄၀% ဆိုတာကတော့ များလွန်းတယ်၊ မဖြစ်နိုင်ပါဘူး။ ၄၀ ရာခိုင်နှုန်းဆိုတာ လူဆယ်ယောက်ထိုင်နေရင် လူလေးယောက်က စီသို့မဟုတ်ဘီ ပိုးရှိရမှာကိုး။ ဒါက (ဆရာ)မေ့ဆေးစိုးမြင့် ရေးတဲ့ "အာဖရိကရောက် မြန်မာတစ်ယောက်"စာအုပ်ထဲကလို နမီးဘီးယားမှာ HIV ပိုး ၃၀ ရာခိုင်နှုန်းရှိတာနဲ့ သွားတူနေတယ်။ လူဆယ်ယောက်ထိုင်နေရင် သုံးယောက်မှာ HIV ပိုးရှိတယ်လို့ သူရေးဖူးတယ်။ နောက်တော့ အဲဒီမှာ HIV ပိုးရှိတာဟာ မဆန်းတော့ဘူးတဲ့။ ပိုးရှိသူကိုလည်း အိမ်ထောင်ပြုကြ လက်ထပ်ကြတာပဲတဲ့။

    ၄၀ % ဟုတ်ချင်မှ ဟုတ်မှာ ဖြစ်ပေမဲ့ စီပိုးနဲ့ဘီပိုးရှိနေတဲ့သူ တော်တော်များတာကတော့ အသေအချာပဲ။ မြို့က အရင်က ခဏခဏ ရေကြီးတတ်တော့ ရေကြောင့်ကူးတာနဲ့ တူတယ်လို့ သူငယ်ချင်းက လုပ်သေးတယ်။ အဲဒါနဲ့ ပိတ်ဟောက်လိုက်ရတယ်။ ဘီပိုးနဲ့စီပိုးဟာ ရေက မကူးတတ်တာကို မသိဘဲ B.Sc ဘွဲ့ကို ယူခဲ့သေးတယ်လို့။ (ဘာရယ်မဟုတ်ပါဘူး စိတ်ထဲထိထိခိုက်ခိုက် စွဲသွားအောင် နှိမ်လိုက်တာပါ။)

    သွေးကပဲ ကူးတာများပါတယ်။ လိင်ကတစ်ဆင့် ကူးရအောင်ကလည်း ဆရာမ နှစ်ယောက်လုံးက အပျိုကြီးတွေ။ အခုဆုံးသွားတဲ့ သူငယ်ချင်းရဲ့ အဖေကလည်း လိင်ကတစ်ဆင့်ကူးလောက်တဲ့ လူလည်း မဟုတ်ဘူး။ မူးယစ်ဆေး အကြောထဲ သွင်းရလောက်အောင်လည်း မြို့ကလူတွေက ဒီလောက်ခက်ခက်ခဲခဲ ဆေးရှာတာ၊ ဆေးသွင်းတာ မလုပ်တတ်ဘူး။ နယ်စပ်မှာလို ဒီဘက်က မလွယ်ဘူးလေ။ လွယ်တဲ့မြို့ကို တကူးတကသွားပြီး လူအတော်များများ မူးယစ်ဆေးသုံးစွဲနေတယ်လို့ ယူဆရင်တော့ မပြောတတ်ဘူး။ ဒီတော့ ဘီပိုးဆိုရင်တော့ ရေသောက်တဲ့အခါမှာ ဖန်ခွက်တစ်ခုတည်း သွားရည်က တစ်ဆင့်ကူးတာလည်း ဖြစ်နိုင်သေးတယ်။ အိမ်သားအချင်းချင်း ကူးတာတွေပေါ့။ ဒါကတော့ ဒုတိယအဆင့်ကူးတာမျိုး ဖြစ်နေတယ်။ ဒါလည်း သေချာတဲ့ ကူးစက်နည်းမဟုတ်ဘူး။ စီပိုးက တံတွေးကမှ မကူးတာ။ နောက်တစ်ခုကမေးစရာရှိတာက အိမ်သားအချင်းချင်း မဟုတ်ဘဲ အပြင်က ကိုယ့်အိမ်သားထဲကို ဘယ်လိုနည်းနဲ့ကူးလာခဲ့သလဲ။ ဒီလောက်များများနဲ့ ထိထိရောက်ရောက် ပြန့်ပွားနိုင်လောက်တဲ့ နည်းလမ်းကဘာလဲ။


    ဘီကတော့ လိင်ကတစ်ဆင့် ကူးတယ်။ စီပိုးက လိင်ကကူးတာ ရှိတယ်။ နည်းနည်းပါးပါးပဲ ကူးတဲ့လူရှိတာ ဖြစ်တဲ့အတွက် ဒီလောက်များပြားတဲ့ စီပိုး ကူးစက်ခံရသူနဲ့ ဒီဝန်ဆောင်မှုကို အသုံးချတဲ့လူတွေထဲမှာ အပျိုကြီးတွေတော့ မပါသင့်ဘူးလို့ တွက်ဆထားတယ်။ သိပ်မဖြစ်နိုင်ဘူး။

    သွေးကကူးတာကရော။ အသေအချာပဲ။ သွေးက ကူးတာဖြစ်ဖို့များပါတယ်။ သွေးက ဘယ်ကနေဘယ်လို ဒီလူနာတွေဆီ ရောက်လာရသလဲ။ မုတ်ဆိတ်ရိတ်တာတို့ tattoo ထိုးတာတို့များလား။ လုပ်ကြံပြီး အဖြေထုတ်ရသလို ဖြစ်နေတယ်။ မဟုတ်မှန်းက သိနေတယ်။

    တစ်အိမ်တည်း အတူနေတဲ့ ညီအစ်ကို မုတ်ဆိတ်ရိတ်ဓားကို မျှဝေသုံးစွဲတယ် ဆိုတာမျိုးကတော့ ဟုတ်ချင်ဟုတ်မယ်။ အပြင်က လူနဲ့ မျှသုံးခဲ့တာကတော့ ဟုတ်မယ် မထင်ဘူး။ အရင်က ပွဲဈေးတန်းမှာ တက်တူးထိုးပေးတာတွေရှိတာကို တရားခံရှာရမလိုဖြစ်နေတယ်။

    နောက်တစ်နည်းကတော့ သွေးသွင်းတာနဲ့ ဆေးထိုးအပ်အပါအ၀င် ဆေးရုံပစ္စည်းတွေကနေ ကူးတာပါ။ ၁၉၉၀ မှာ နိုင်ငံတကာအနေနဲ့ effective bloodscreening for virus ဗိုင်းရပ်စ်အတွက် အလှူခံထားတဲ့သွေးတွေကို ထိထိရောက်ရောက် စစ်ဆေးတဲ့နည်း ပေါ်လာတဲ့ အတွက် သွေးသွင်းပြီးတဲ့နောက် အသည်းရောင်ပိုးကူးတာကို (၁၉၉၀မှ ၁၉၉၃အတွင်း) ၅%နှုန်းလျှော့ချနိုင်ခဲ့တယ် လို့ဆိုတယ်။ ဒါက သူများနိုင်ငံက အခြေအနေ။ တစ်မြို့လုံးအတိုင်းအတာနဲ့ သွေးလည်း သိပ်သွင်းရတာမဟုတ်လို့ တစ်မြို့လုံးက လူတော်တော်များများ စီပိုးရှိနေဖို့အထိတော့ ဒီအဖြေက သိပ်မသေချာသေးပါဘူး။

    အဲဒီမှာ တစ်ခုသွားသတိရတယ်။ ကျွန်တော်တို့ လေးငါးတန်းလောက်အထိ ဆေးထိုးခံရရင် ဆေးထိုးပြွန်က ဖန်ပြွန်ကြီးတွေ။ တစ်ခါထိုးပြီးရင် ရေနွေးနဲ့ပြုတ်ပြီး ထပ်ထပ်ပြီး ပြန်ပြန်သုံးတယ်။ မြန်မာလူမျိုးကလည်း အအေးမိနှာစေးတာကအစ ဆေးထိုးဖို့ပူဆာတတ်တာဆိုတော့ ဆရာဝန်ပဲဖြစ်ဖြစ် အပ်ပုန်းပဲဖြစ်ဖြစ် လူနာကသာ အိမ်ကြွပါလို့ လာပင့်ရင် ဆေးတစ်လုံးလောက်ဖြစ်ဖြစ် ထိုးပစ်ခဲ့တာပါပဲ။ ထိုးပြီးရင် အိမ်က ရေနွေးလေး တည်ထားတာရှိတယ်။ ဇလုံလေးတစ်ခုထဲကို ရေနွေးထည့်ပြီး အဲဒီဆေးထိုးအပ်ရော ပြွန်ရောထည့်ပြီး စိမ်လိုက်တယ်။ အဲဒါကို ပြုတ်တယ်လို့ ပြောလိုက်တယ်။ ပြီးတော့ အဲဒီအပ်ကို ပြန်သုံးတယ်။

    ဒီအခြေအနေက လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်ဝန်းကျင်က မှတ်မိတဲ့ အပိုင်းအစလေးတစ်ခု။ အခုခေတ်မှာ ဘယ်လိုတွေ လုပ်နေကြသလဲတော့ မပြောတတ်ဘူး။ လူထုကြားထဲ ထဲထဲဝင်ဝင် ဆင်းပြီး စပ်စုတဲ့လူမှ ပဲပြောတတ်မယ်။ လီနင်မော်စီတုန်း သမားတွေ လေထွားထွားနဲ့ ပြောသလို ပြည်သူ့အတွက်ဆရာဝန် ပေါ့လေ။ အဲဒီလိုစပ်စုတဲ့လူမျိုးရှိမှ ကောင်းတာတော့ အမှန်ပဲ။ အခုခေတ်မှာ အကြောဆေးထိုးတာ ခေတ်စားနေတာလောက်တော့ သတိပြုမိတယ်။ ဒါနဲ့ပဲ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်စုက ဆေးထိုးခဲ့တာတွေက ဒီခေတ်မှာ စီပိုးအနေနဲ့များ လာဒုက္ခပေးနေသလားလို့ ဟိုက်ပိုသီးဆစ်ထုတ်မိတယ်။

    တင်ပါးပဲဖြစ်ဖြစ် လက်ကသွေးကြောထဲဖြစ်ဖြစ် ဆေးထိုးအပ်တစ်ချောင်းဝင်သင့်တဲ့ အခြေအနေဟာ အင်မတန်နည်းပါးပါတယ်။ ဆိုလိုတာက မ၀င်သင့်ဘဲ စိတ်ချမ်းသာအောင် placebo အနေနဲ့ အပ်နဲ့ထိုးခဲ့တာတွေက ဒုက္ခပေးနေတယ်နဲ့ တူပါတယ်။

    လောလောဆယ်တော့ လွန်ခဲ့တဲ့ဆယ်စုနှစ်တစ်ခုနှစ်ခုက ဆေးထိုးအပ်တွေ မသန့်ခဲ့လို့များ ဒီပိုးတွေပျံ့နှံ့နေသလားလို့ သံသယဖြစ်ပါတယ်။ သုတေသန လုပ်သင့်ပါတယ်။ ရမ်းပြောဖို့ မသင့်ပေမဲ့ ဟိုက်ပိုသီးဆစ်လို့ပဲ သဘောထားပေးပါ။ ၁၉၉၀ နောက်ပိုင်းမွေးတဲ့ကလေးတွေမှာ စီပိုးဘီပိုးဖြစ်တာ နည်းမယ်ထင်ပါတယ်။ တစ်ချို့ပြောသလို အများသုံးရေကို ဓာတ်ခွဲကြည့်ပြီး Arsenic များတယ်ဆိုတာတို့ ရေခဏခဏကြီးလို့ အသည်းရောင်တယ်ဆိုတာတို့ နဲ့လျှောချလိုက်တာကတော့ ဘီနဲ့စီအတွက် တော်တော် ရယ်စရာကောင်းတယ်။

    တစ်ခါသုံးအပ်သုံးတဲ့ခေတ်မှာ ဆိုပေမဲ့ တရားမ၀င် ခွဲစိတ်ခြင်းတွေ ရှိသေးတယ်။ သားကြောဖြတ်တာကအစ အိမ်မှာ ယောကျာ်းရဲ့ သုက်ကြောကို ဖြတ်တာမျိုး မြင်ဖူးပါတယ်။ အဲဒီကိရိယာတွေကို ဘာလုပ်သလဲ။ ရေနွေးနဲ့စိမ်ပါတယ်။ တောသာသာ မြို့မှာက သာမန်ဆေးခန်းတွေမှာက ရေနွေးနဲ့ပြုတ်တာပဲ တတ်နိုင်မှာပဲ။ ဒါပေမဲ့ ပြုတ်ဖို့ဖြစ်ပါတယ်။ စိမ်တာနဲ့ ပြုတ်တာက လုံးဝမတူတာကို မသိတာက အခက်ကြီး ခက်တယ်။

    ဆေးရုံကြီးမှာတောင် autoclave နဲ့ပေါင်းထားတဲ့ဟာတွေကို အသေးစားခွဲစိတ်မှုတွေမှာ သုံးမယ်မထင်ဘူး။ ကျွန်တော်တို့လည်း မရှိတဲ့နေရာမှာ အသေးစားခွဲစိတ်မှုဆိုရင် ရေနွေးနဲ့ ကျကျနန ပြုတ်တယ်။ Oven ထဲ ထည့်ပေါင်းပြီး ကိရိယာတွေကို ပြန်သုံးရတာပါပဲ။ ဒါက ကျကျနန ဆိုတဲ့ စကားလုံးကို သတိရရင် စိတ်ချရပါတယ်။ အချို့ကျတော့ ကျကျနနလုပ်တာ မရှိဘူး။ ပြီးပြီးရောလုပ်ပစ်လိုက်တယ်။ ဂရုတစိုက်ကြပ်ကြပ်မတ်မတ်မလုပ်တော့ အန္တရာယ်များပါတယ်။ တောဘက်က အချို့သောအကျင့်တွေက ဆေးပညာဘွဲ့မရဘဲနဲ့ လက်စွမ်းပြချင်တာရယ် နာမည်ရချင်တာရယ်တွေ ရှိနေတယ်။ ဆေးပညာဘွဲ့ရတဲ့ ပုဂ္ဂိုလ်တွေကတော့ တောဘက်မှာ အလုပ်မ၀င်တော့ဘူး။ လခနည်းတာရယ် အဆင့်အတန်း နိမ့်တာရယ်ကြောင့်။ ဒီတော့ ကျကျနန မလုပ်တတ်တဲ့လူတွေက စွန့်စားပြီး ဆေးကုပေးနေတာကို ကျေးဇူးတင်ရမလို ဖြစ်တယ်။

    ဘီပိုးက ၈၀ ရာခိုင်နှုန်းလောက် အလိုအလျောက် ပျောက်နိုင်သေးတယ်။ စီပိုးကျတော့ သေချာပေါက်နီးပါးပဲ အသည်းကင်ဆာအထိ ဇာတ်ပြောင်းသွားတယ်။ ကုလို့ မရဘူးလားဆိုတော့ (ဆရာ)ဒေါက်တာခင်မောင်ဝင်းတို့ကတော့ ဒီပိုးနှစ်ခုလုံးကို interferon နဲ့ ကုနေတယ်။ မပျောက်ဘူးတော့မဟုတ်ဘူး။ တစ်ဦးနဲ့တစ်ဦး အခြေအနေမတူတော့ ကုလို့မရတဲ့ လူတွေလည်း ရှိတယ်။ ဒီပိုစ့်က အချက်အလက် အစုံအလင်ပေးမဲ့ ပိုစ့်မဟုတ်ပါဘူး။ စဉ်းစားစရာပေးဖို့ ကတမ်းကတမ်းရေးရတဲ့ပိုစ့်ပါ။ သတိပေးချင်တာလည်း ပါပါတယ်။

    နာမည်ကျော်အင်တာဖရွန်နဲ့ ပတ်သက်ရင်တော့ ပျောက်ဖို့သေချာသလောက်ရှိမှ ကုချင်တယ်လို့ ဆရာခင်မောင်ဝင်းတို့က ပြောဖူးတယ်။ အချို့လူနာတွေကျတော့ ဘာပဲဖြစ်ဖြစ် ကုမယ်လို့ လုပ်တာလည်း ရှိတော့ မလိုအပ်ဘဲ ပေးလိုက်ရတာတွေ ရှိပြီး အသေစောကုန်ပြန်တယ်။ အသက်ရှည်သင့်သလောက် မရှည်ရတဲ့ အကြောင်းကတော့ အတိုင်းအရှည်ကို မသိလို့ပါပဲ။ မလိုအပ်ဘဲ ဆေးထိုးခြင်း ဆေးသောက်ခြင်းများလုပ်ခြင်းနဲ့ လိုအပ်ရဲ့သားနဲ့ ဆေးထိုးဆေးသောက် မလုပ်တာကြောင့် အသေစောရတယ်။

    ခုနက တောင်တောင်အီအီတွေ ရေးထားတာက ပြုလိုသေးတဲ့သုတေသန(၂)ပါ။ အကြားအမြင်များ၍ မင်္ဂလာရှိကြစေကုန်သတည်း။

    Read more...

    Notes on the Fridge Light

    Notes on The Refigerator Light

    Consciousness is the hot topic in neurology, psychology and philosophy right now. It is something we cannot touch, cannot measure and cannot quantify, even though it is perhaps our most basic experience as a human being. What is it?

    Thomas Aquinas philosophized three levels of consciousness

    1. Vegetative
    2. Sensitive
    3. Rational

    It is hard to imagine how anyone can determine that a plant or tree has consciousness, other than it being a matter of belief. Pythagoras, when he wasn’t drawing triangles, apparently remembered a previous life as a tree, but otherwise there is little justification for the idea.

    The sensitive would be the animal kingdom. Animals certainly seem to be conscious. Is their consciousness equal to humans? Perhaps it is, but their brains – what they are conscious of – are inferior. Just like with ourselves. In the morning we are dull and sleepy, but still just as conscious. It is just that we are conscious of the dullness.

    The rational might be the self-knowing quality of Human’s consciousness. We are not just conscious, but we know we are conscious.

    So where is consciousness, and what is it? Just because we cannot touch or measure something does not mean that it is not there. We relate to electrons, black holes, dark matter and dark engery as if they are real, even though we can’t directly experience them. Perhaps we can look at consciousness in the same way?

    A materialist (philosophically speaking) would hold that consciousness is just an illusion of matter. A functionalist would hold that consciousness is a separate real phenomena, but that it is a function of matter. Break apart the matter (body) and the consciousness will cease with it. In theory if these theories were true, it is possible (though perhaps infeasible) to build a machine that is actually conscious. An idealist would hold that only consciousness is real – since we can only e aware of consciousness, and never things-in-themselves.

    Philosophically speaking the topic of consciousness is still wide open, with lots of views and ideas, all very interesting.

    Psychology

    Psychology has a few things to say that set the picture for the Buddhist model of vinyana (vi`n`naana) that we translate as ‘consciousness’.

    One of the true Grandfathers of psychology investigated what it is to be conscious – from the inside. He and his students came up with some observations that were never given their due place in the realm of psychology.

    They observed that there is a wide field of experience it is possible to know at any point. They called it the Blickfeld – ‘field of seeing’ [thanks Rien for the translation]. From within this field of sense data, you can select something to bring into your centre of consciousness – called blickpunct. Quite remarkably this was thoroughly investigated, and published in 1897 . The very keen research can click here for some of the original text .

    The resulting experience was called apperception.

    There have been various researchers who added to this theory. One says we have 400million bits of information hitting the senses every second, but that we are only aware of about 2000 bits. Another shows that we actually have a very short term memory/awareness of a lot of data, but that we cignore it unless something jumps out. So if you are busy reading a book, and someone behind you mentions your name, when it is sensed it jumps out and you then turn your awareness to it. This is the important point. You sense and are aware of it, before you become conscious of it. It is the faculty of attention that makes something actually conscious. The very mindful might notice a time lag between something sensed, and the turning of attention on to it to make it conscious. Such as hearing the starting gun at a race – your body has already started moving in reaction to the starting gun, before your attention is able to make the sound conscious.

    It is highly probable that schizophrenia is a disorder of this process, where people are conscious of several things at the same time.

    Buddhist Model

    The Buddha’s model of this process is interested in the ‘making conscious’ part only. It is perhaps the purest Buddhist teaching that we have, and the one most commonly used to explain Dhamma in the suttas. It is fairly straightforward, at least until it comes to the actual practice.

    Conscious-Model

    You need a sense organ. You need an object of the sense. You put attention onto that object, and then cognition (usually translated as consciousness) arises. Once something is in conscious attention, you then have ‘Contacting’ which is a process of ‘following after’ that sense impression. It means you are interested in it and pay further attention. Then the following list varies a little depending on the context of the sutta. Usually you have something like ‘Exploring’ (mano pavicaara) which is often described as ‘paying attention to the signs and features of something’. Often this is summed up as ‘nandi’ or ‘delighting in’. From this comes feeling of liking/disliking, craving, and often mental proliferation (papa`nca).

    A number of fascinating observations can be made around this topic – some of which will be mentioned in following talks.

    The Refrigerator Light

    Within the blickfeld – the field of awareness, there is a special object of focus. The awareness itself. This is what in English we would call the feeling of being conscious. This is nothing supernatural – anyone can feel it anytime. Right now do you feel conscious ? If you stop and look, you can feel it. Whenever you ask the question ‘am I conscious’ you can feel it. This is called Sampajanya (sampaja`n`na) in the Pali. It is translated as ‘awareness’.

    Because you can feel it every time you ask the question you assume that you feel it the whole time. In fact you don’t. It is rather like the light in the fridge (what Americans call refrigerator). It is on every time you take a look. But actually when you are not looking it is off.

    So with the feeling of awareness, you assume you feel it the whole time. But though it is always there to be felt with all possible mind states, in fact you spend very very little time knowing you are conscious.

    This here then, is the practice of Sati Sampajanya – that which in Buddhism is called mindfulness.

    • Sati means to call into mind. Recall.
    • Sampajanya is the feeling of Awareness

    Put these two words together and you get that fridge light – calling into your mind the feeling of awareness.

    More that What You are Doing

    So this feeling is to be maintained throughout activities. This is proper mindfulness practice. Mindfulness is not just about being present for your current action. It is about keeping that fridge light on. About knowing that feeling of knowing you are conscious and aware, even while engaged in various activities.

    Take the example of Alain Robert – he just climbed 80 storeys of a building in Kuala Lumpur. Tap his name into YouTube and there are lots of videos of him.

    While climbing he is most certainly ‘present for what he is doing’. He is not thinking of the past or the future. He is in the present moment, and knows what he is doing. But he is not getting enlightened. Mindfulness in Buddhism is something more than just knowing what you are doing. In this model of COGNITION one watches the process. One moment you are aware and getting into meditation mode. Then one of the senses impinges on your consciousness, and you lose self awareness, and get caught up in that sense. Be it feeling with the body, thinking of something, or even getting caught up and lost in the meditation object, such as the breathing. The moment you realize you got caught up is the moment of self-knowing. Of knowing you are aware.

    Meditation then is spotting, valuing and cultivating this sense of knowing the feeling of consciousness. It is lucid and present. And if you can maintain it the mind starts to re-collect and center itself. It becomes bright, and if you can really keep it going, the mind becomes very bright and powerful.

    One nice analogy the Buddha gave was of a mountain spring. As it comes out of the ground it trickles away and soaks into the ground in one of six directions. If you build a wall around it, then the water is collected and can be used for cleaning, bathing etc.. If then you were to break the wall at any point the water would go rushing in that direction with force. So too if you are maintaining mindfulness, without it trickling out and being absorbed with the conscious engagement of a sense, then it builds up the power and ‘wieldiness’ to attain to super-mundane states and knowledge.

    Note that though one is ‘self-aware’ it does not need to be confused with either ego or atman. The ego comes from thinking and the mind. Awareness is much more pure than this – and when you find yourself thinking, or the ego springing up, it is just another sense impression. In this case it is the mind sense. You can keep knowing the awareness, even through thoughts, just as you can through activity such as walking, or feelings of pain in the body. If mindfulness is maintained, all of the senses will lose the power to enthrall, while your sense of presence increases. That includes the ego and thinking sense – it loses its power to distract you from the meditation.

    ———————————————————————-

    The suttas themselves are a little difficult to read until you are accostomed to the style and topics. This model of cognition appears frequently, such as the Chachakka Sutta or the Salayatanavibhanga sutta.

    A 20 page document on the nature of consciousness/ cognition in Psy and Buddhism :

    Consciousness Suttanta assignment



    Read more...

    အဆိပ်သင့် ပင်စည် (အပိုင်း-၁)

    အဆိပ်သင့် ပင်စည်


    ကိုယ်ထင်ရင် ကုတင်ရွှေနန်းလို့စကားပုံကဆိုခဲ့ပါသည်။ အထင်သည်မမြဲခဲ့ပါ။ ပြောင်းလဲခဲ့ရပါပြီ။ ဒီတော့ ကုတင်သည် ရွှေနန်းမဟုတ်ပဲသူမအတွက်အလျှံငြီးငြီးတောက်လောင်နေသော သံနှောင်အိမ်ဖြစ်ခဲ့ရပါလေပြီ။

    "ချိုရယ်မင်းရဲ့ အပြစ်ကင်းတဲ့အပြုံးလေးရယ်၊ ၀ါဝင်းတဲ့အသားလေးရယ်ဟာ ကိုယ့်ကိုပထမဆုံးဖမ်းစား လိုက်တာပါပဲ"
    ချစ်သူ၏နွေးထွေးသောစကားသံများသည်သူမအတွက်ငြိမ့်ညောင်းသောဂီတသံများဖြစ်ခဲ့ဖူး ပါသည်။
    "မချိုရယ် ညည်းအိမ်ထောင်ကျ သိပ်ကံကောင်းတာပဲ" ဘ၀တူမိန်းကလေးများ၏ ချီးကျူးမှုကိုခံရသောအခါ သူမမပွင့်တစ်ပွင့်ပြုံးပြခဲ့ပါသည်။ရင်ထဲမှာတော့ တိတ်တခိုးပီတိလှိုင်းတို့ အလိပ်လိုက်တက်နေခဲ့ပါသည်။မင်္ဂလာဆောင်ပြီး နောက်တစ်နေ့မှာတော့ သူမ၏ပီတိလှိုင်းတို့စတင်ညစ်နွမ်းစပြုခဲ့ရပါပြီ။ " ချိုမင်းကိုယ်တို့ မွတ်စလင်ဘာသာထဲဝင်ရမယ်.။"
    "ဟင်..ကိုယ်ကြိုက်တဲ့ဘာသာယူလို့ရတယ်မဟုတ်ဘူးလား" "မရဘူးချိုကိုယ့်ခင်ပွန်းရဲ့ဘာသာကိုဇနီးသည်က လိုက်ယူရတာကိုယ်တို့ မွတ်စလင်ဘာသာရဲ့ထုံးစံပဲ၊ ဒါကြောင့်ချိုမဖြစ်မနေပြောင်းမှဖြစ်မယ်"။
    "အကိုပဲလက်ထက်ပြီးရင်ချို့အလိုကျအားလုံးဖြစ်စေရမယ်ဆို" "အေးလေအားလုံးချို့အလိုကျထားတယ်လေ အခုချို့မှာတီဗွီ၊ဗီစီဒီ၊ရေခဲသေတ္တာ၊အဲယ်ကွန်း၊ တယ်လီဖုန်း၊သွားစရာရှိရင်ကား အားလုံးပြည့်စုံနေပြီ။ဒါတွေအားလုံးချို့ကိုချစ်လွန်းလို့
    ကိုယ်ပြည့်ပြည့်စုံစုံထားပေးတာလေ"အိမ်ထောင်ရှင်မိန်းမတစ်ယောက်ရဲ့ဘ၀ဟာခေတ်မှီင်္တဲ့ရုပ်ဝတ္ထုပစ္စည်းတွေပြည့်စုံနေရင်လုံလောက်ပြီလို့ ထင်ခဲ့တဲ့သူမရဲ့အသိဟာနောက်ကျခဲ့ရပါပြီ။အရှုံးပေးလက်မြောက်ခြင်းနဲ့ပဲသူမခင်ပွန်းရဲ့အလိုကျဘာသာ ပြောင်းခဲ့ရပါပြီ။
    "ဟယ်...အမေလာတယ်၊၀မ်းသာလိုက်တာအမေရယ်သမီးလေအမေ့ကိုအရမ်းအောက်မေ့နေတာ၊ အမေနေကောင်းတယ်-နော်"
    "အေး..ကောင်းပါတယ်သမီးရယ်၊.အမေလည်းငါသမီးသားဦးလေးမွေးတယ်ကြားကတည်းကလာချင်နေတာအိမ်မှာလေးချက်ပြုတ်ရေး တာဝန်လက်လွဲလို့မရတာနဲ့တော်တော်နဲ့မလာဖြစ်ဘူး။ဒါနဲ့ငါမြေးကြီးကြည့်စမ်းပါ ရစေအုံး ဟယ်။ငါ့မှာမြေးဦးသင်္ကန်းချီရတော့ မှာဆိုတော့ ၀မ်းသာနေတာ..ဟဲ့။"
    အမှတ်မထင်ပြောလိုက်သောမိခင်ဒေါ်ရင်၏စကားသံကြောင့်သူမထိပ်ထိပ်ပြာပြာဖြစ်သွားရသည်။သူမ၏
    ခင်ပွန်းကမီးဖိုခန်းမှာထမင်းစားနေခိုက်ဖြစ်၍တော်ပေသေးသည်။ဒေါ်ရင်ကတော့သူမအဖြစ်ကိုမသိရှာပဲ
    ကလေးကိုကောက်ယူပွေ့ချီချော့မြူနေပါသည်။

    ........*................*.........*

    အကြားအမြင်ဗဟုသုတနည်း၍ရိုးသားလွန်းသောမိခင်နှင့် မွတ်လင်ဘာသာဝင် ခင်ပွန်းသည်တို့အကြား
    ပဋိပက္ခမဖြစ်စေရန် သူမသတိကြီးစွာထား၍ဂရုစိုက်ခဲ့သည့်ကြားမှာပင်ပြဿနာကရိုင်းပြစွာဝင်ရောက်လာခဲ့ ပါသည်။
    "ဒီမှာချို မင်းအမေလုပ်ပုံကောင်းသေးရဲ့လား" "ဟင်...အမေဘာလုပ်မိလို့လဲ"
    "ဘာလုပ်ရမှာလဲကွ မနက်ကဘုန်းကြီးတစ်ပါးကို ဆွမ်းထွက်လောင်းတာငါကိုယ်တိုင်မြင်လိုက်လို့ပေါ့"
    "သြော်-အစ်ကိုရယ်ရွာမှာလဲအမေကနေ့တိုင်းဒီလိုဆွမ်းလောင်းနေကျလေ။ဒီမှာလည်းထမင်းဟင်းအဆင်
    သင့်ကျက်ပြီးသားဖြစ်နေတာနဲ့လောင်းလိုက်တာနေမှာပါ"
    "မလိုချင်ဘူးကွာ-သူအိမ်မှာသူဘာလုပ်လုပ် ငါ့အိမ်မှာငါမကြိုက်တာမလုပ်ရဘူး။ ဒီကိစ္စမင်းပြောရင်ပြော
    မင်းမပြောရင်ငါပြောရလိမ့်မယ်။"
    "အို-အကိုပြောစရာမလိုပါဘူး၊ချို့ဘာသာ အဆင်ပြေအောင်ကြည့်ပြောပါ့မယ်။" မိခင်အားရန်လိုထိပါးလာမည့် ကိစအတွက်သူမကြမ်းတမ်းစွာ တုန့်ပြန်လိုက်ချင်ပါသည်။သို့သော်ပြဿနာက ပိုကြီးထွားလာနိုင်သည့်အတွက် နာကျင်မှုတို့ရောစွက်နေသောဒေါသကိုအသာမျိုသိပ်ထားလိုက်ရသည်။ သူ့မိခင်ပြန်သောနေ့တွင်မော်တင် သင်္ဘောဆိပ်သို့သူမကိုယ်တိုင်လိုက်ပို့ဖြစ်သည်။ ကားပေါ်ကအဆင်းမှာပင် ယခင်ကသူမနှင့်အတူဈေးရောင်းခဲ့သော ရွာသူအိမ်နီးချင်းမိန်းကလေးများနှင့်ဆုံဖြစ်သည်။
    "ဟယ်-မချိုဝလာလိုက်တာဟယ်၊သူဌေးမရုပ်တကယ်ကျတယ်သိလား၊နင်ငါတို့ကိုသတိရသေးရဲ့လား-ဟင်။
    ငါ့မှာတော့နင့်ကိုနေ့တိုင်းသတိရနေတာ။"
    "အေးမာရယ်-ငါလည်းနင်တို့ကိုသတိရပါတယ်၊ငါမှာအပြင်လဲကောင်းကောင်းထွက်ခွင့်မရ၊သားလေးကလည်း
    ရှိနေတော့အိမ်ထဲမှာပဲအောင်းနေရတယ်။"
    "သြော်ဒါနဲ့မချို-ဒီနှစ်ရွာဦးကျောင်းကထိန်မှာဆိုင်းပါတယ်သိလား၊တန်ဆောင်တိုင်မီးပန်းတောင်းလှည့်ပွဲကလဲ အရင်နှစ်တွေထက်ပိုစည်မှာရန်ကုန်ကဦးကျော်မြင့်တို့က-ကထိန်မှာငွေမတည်ပြီးမီးပန်းတောင်းပွဲကိုအထူး စပါယ်ရှယ်လုပ်ပေးမှာတဲ့။အဲဒါ-နင်လာခဲ့ပါ့လားဟယ်။"
    "အေးဟယ်ငါလာချင်လိုက်တာ နင်တို့ပြောမှ ငါရွာကိုပိုပြီးတောင်သတိရလာတယ်။"
    ပြောသာပြောရသည်သူမဘ၀သည်ရွာကစည်ကားလှသောအလှူပွဲ၊ကထိန်ပွဲများနှင့်အဆက်ပြတ်ခဲ့ရပြီဖြစ်သည်။ "မည့်သည့်ပွဲတော်ကိုမျှမသွားရဟု" တချက်လွတ်အမိန့်ထုတ်ခံခဲ့ရပြီးဖြစ်သည်။ကိုယ့်ဝမ်းနာကိုယ်
    သာသိမို့သူငယ်ချင်းများကိုရွာအကြောင်းမပြောဖြစ်အောင်စကားလမ်းကြောင်းပြောင်းလိုက်ရသည်။
    မိမိ၏ကျဉ်းကျပ်သောဘ၀နှင့်ရွာကိုလွမ်းဆွတ်သောရင်တွင်းဝေဒနာတို့ကိုသူငယ်ချင်းများမရိပ်မိစေရန်အပြုံး
    တုဖြင့်ဖုံးထားရင်းစကားပြောနေရသည်။
    အပြန်လမ်းတစ်လျှောက်တွင်ကားပေါ်လိုက်ပါရင်းရွာကပွဲတော်တွေအကြောင်းသူမတွေးနေမိသည်။ သူမ၏
    အပျိုစင်ဘ၀အပျော်ဆုံးအချိန်များသည် ရွာမှပွဲတော်ရက်များပင်ဖြစ်ခဲ့ရသည်။ အလှူပွဲ၊ဘုရားပွဲ၊ရှိပြီဆိုလျှင်
    တဒေါက်ဒေါက်ဓါးချက်သံလေးများဖြင့် စည်းချက်ညီညာသောကြက်သွန်လှီးပွဲမှာသူမပါဝင်စမြဲ။ ကွမ်းတောင်ပန်းတောင်ကိုင် အဖွဲ့နှင့်အမျိုးသမီးဝေယျာဝစ္စအဖွဲ့များတွင် သူမသည်အရေးပါသူတစ်ယောက်။ ၀ါတွင်းဥပုသ်နေ့များနှင့် သင်္ကြန်ရက်များတွင်ဥပုသ်သည်များအား ကျွေးမွေးရန်မုန့်လုံးရေပေါ်လုပ်ရသည်မှာလဲ ပျော်စရာကောင်းလှသည်။ ရွာမှာကျန်ရစ်ခဲ့သောသူငယ်ချင်းများမှာ ပျော်ရွှင်စရာဤပွဲတော်ရက်များကိုဆက်လက်ဆင်နွဲကျပေဦးတော့မည်။ သူမမှာတော့ပွဲတော်ရက်များရောက်တိုင်းလွမ်းမောခြင်းနဲ့သာအချိန်ကုန်နေရပြီဖြစ်သည်။
    ကြိုတင်တွေးမထားမိသောဆုံးရှုံးမှုများကိုသူမဆက်ပြီးမစဉ်းစားချင်တော့။ မျက်လုံးအစုံကိုပိတ်၍အတွေးကိုရပ်
    ရန်ကြိုးစားလိုက်သည့်တိုင်မျက်ရည်စီးကြောင်းတို့က ပါးပြင်ပေါ်သို့လိမ့်ဆင်းလာသည်။

    *................*...........xxxxxxx........*......................*

    ဤခုနှစ်ဆူကုန်သော......မြတ်စွာဘုရားကိုယ်တော်အပေါင်းတို့သည်...ဤမင်္ဂလာမဏ္ဍပ်.....ကျောင်းတော်
    အမှတ်ဖြင့်သာလျှင်...ရွှေဖ၀ါးရတနာ...စကြာရွှေဖ၀ါး....ဖြန့်ငြား........ဖြန့်ငြားပါစေသော်။

    သူမတို့နေရာနှင့်မလှမ်းမကမ်းတွင်ရှိသော မဟာသိမ်တော်ကြီးကျောင်းတိုက်မှလွင့်ပျံလာသောအသံချဲ့စက်
    အသံ။ဤသီချင်းသံသည်ရွာမှာအလှူဘုရားပွဲရှိတိုင်းဖွင့်နေကျသီးချင်းသံဖြစ်သည်။အခုမှပို၍တမ်းတစွာ
    နားထောင်ဖြစ်သည်။ရွာကိုပို၍သတိရမိသည်။
    သူမတို့အရပ်တွင်အလှူအစနေ့တွင် အသံချဲ့စက်ရောက်သည်နှင့်တပြိုင်နက်သီချင်းသံကိုစတင်ကြားရသည်။
    ထိုအချိန်တွင်သူမတို့အမျိုးသမီးအုပ်စုက ကြက်သွန်လှီး၊ ကြက်သွန်ခွာဖြင့်အလုပ်ရှုပ်ကျမည်။ ဦးညွန့်တို့
    ဦးအောင်လံတို့၊ ဦးကြီးများကအကျီဗလာကျင်း၍ ပုဆိုးခေါင်းပေါင်းဖြင့်လာရောက်ထမင်းချက်ကြမည်။ ကလေးတသိုက်က ဆူညံစွာပြေးလွှားဆော့ကစား၍အချို့ကအသံချဲ့စက်နားတွင်ဝိုင်းအုံနေကြမည်။ ညနေပိုင်းတွင် အလှူအိမ်ကကျွေးမွေးသော သီးစုံချဉ်ရေဟင်း၊ ငံပြာရည်ချက်၊ တို့စရာတို့ဖြင့်ကလေးလူကြီးအားလုံး ပျော်ပျော်ပါးပါးစားသောက်ကျတော့မည်။

    ဤသီချင်းနှင့်စိတ်ကူးထဲကရွာအလှူပွဲ၏ ပုံရိပ်မြင်ကွင်းအစုံသည် သူမနှလုံးသားထဲအသွေးအသားထဲအထိ
    ရုန်းကြွလှုပ်ရှားဆူဝေလာစေ၏။ ရင်တလှပ်လှပ်တုန်လာသည်အထိ ရွာကိုအောင်းမေ့မိ၏။ အိမ်အပြင်ထွက်၍
    အသံချဲ့စက်အသံကြားရာသို့ သူမထွက်ကြည့်လိုက်သည်။ ယောဂီလုံချည်များဝတ်လျှက်သာသနာတော်အကျိုးအတွက် ငွေဖလား ကိုယ်စီကိုင်ကာအလှူခံနေသူများ၊တက်စွမ်းသရွေ့ထည့်ဝင်လှူဒါန်းသွားကျသူများ၊ ကျောင်းတော်ကြီးအတွင်း ၀င်၍ဘုရားဝတ်ပြုနေသူများ၊ကျက်သရေရှိလှသောမြင်ကွင်းအစုံကို သူမလွမ်းမောစွာငေးကြည့်နေမိသည်။

    ဖြစ်လိုရာဖြစ်စေတော့ပိုက်ဆံအိတ်ထဲမှငွေသုံးထောင်ကျပ်ကိုထုတ်ယူ၍ခပ်သုတ်သုတ်သွားလှူလိုက်သည်။
    ဘ၀တသက်တာအတွင်းမှာအရသာအရှိဆုံးအလှူဟုသူမဘာသာမှတ်ချက်ပြုရင်းကြည်နူးလိုက်သည်ဖြစ်ခြင်း။

    အပိုင်း (၂) မျှော်

    (ဤ၀တ္ထုတိုလေးသည်အဖြစ်ပျက်မှန်တစ်ခုအားအခြေခံပြီး ခံစားရေးဖွဲ့ထားသောဝတ္ထုတိုတပုဒ်ဖြစ်ပါသည်။)
    မှတ်ချက်။ ။ အင်တာနက်မှရှာဖွေ၍ ဝေငှပါသည်။


    Read more...

    တရားသဘောများ


    မထင်မှတ်ဘဲ
    ရှည်လာတဲ့ဆံပင်တွေ
    ဖြတ်လိုက်ပြီ

    ခေါင်းက ဆံပင်ဖြူတွေကို
    လူမမြင်အောင် ဖုံးဖိနေဦးမှာလား

    အရာရာအားလုံးကတော့
    ပေါ်တင်ချဲပြီး ထွက်လာကြမှာပဲ

    မမြဲခြင်းကိုက မြဲနေတာ
    သိစိတ်တွေကိုက ခဲနေတာ
    (မသိစိတ်တွေကိုက ကဲနေတာ)

    မြဲနေတဲ့ မမြဲခြင်းနဲ့
    ဒွိဝဲ ဆွဲနေတဲ့ စိတ်မှာ
    ဘ၀က တိုသလောက်
    သံသရာက ရှည်နေဦးမှာပဲ

    (ဘာကိုမှ အရေးကြီး မနေပါနဲ့တော့)
    အရေးကြီးတယ်ဆိုတဲ့ စကားတောင်
    အရေးမှ မကြီးတော့တာ

    မမှိတ်ခင်လေးသာ မှတ်
    သံသရာစက်လေးဟာ ရပ်သွားလိမ့်မယ်

    ကပ်နေသော ဆံပင်ဖြူများ
    မိမိကိုယ်ကို သတ်သေလို့သွား၏။

    လေပြည် (၄-၉-၂၀၀၉၊ နံနက် ၁၁း၄၅)

    Read more...

    ရောမရောက်တိုင်း ရောမလိုကျင့်သင့်ပါသလော…


    ``When in Rome do as the Romans do.​ ရောမရောက်ရင် ရောမလိုကျင့်`` ဟူသော စကားပုံတစ်ခု ရှိ၏။ ဤစကားပုံသည် အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံရပ်ခြား ရောက်နေကြသူများအား မိမိတို့ရောက်ရှိ နေသော နိုင်ငံအသီးသီး၏ မတူညီသည့် ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ စသည်တို့နှင့် အံဝင်ခွင်ကျ ဖြစ်စေရန် သူ့နိုင်ငံရောက်လျှင် သူ့စည်းကမ်း၊ သူ့ယဉ်ကျေးမှု၊ သူ့ဓလေ့ထုံးစံအတိုင်း လိုက်နာကျင့်သုံး နေထိုင်ကြရန် သတိပေးတိုက်တွန်း လမ်းညွှန်ပေးသည့် စကားပုံဖြစ်၏။ မှန်၏။ တစ်ကျောင်းတစ်ဂါထာ၊ တစ်ရွာတစ်ပုဒ်ဆန်း ဆိုသကဲ့သို့ ကမ္ဘာ့နိုင်ငံအသီးသီးတွင် မတူညီသည့် ယဉ်ကျေးမှုဓလေ့ စရိုက်များရှိပြီး ထိုမတူညီမှုများ ကြောင့်ပင် အနေအထိုင်၊ အပြောအဆို၊ အလုပ်ကိုင်များတွင် တစ်နည်းနည်းဖြင့် ဒုက္ခတွေ့ကြသည်သာ ဖြစ်၏။ ထို့ကြောင့်လည်း ထိုဒုက္ခများကို အဆင်ပြေကျော်လွှားနိုင်စေမည့် နည်းလမ်းတစ်ခုအဖြစ် သူ့နိုင်ငံ၊ သူ့စည်းကမ်း၊ သူ့ယဉ်ကျေးမှုအတိုင်း လိုက်နာနေထိုင်နည်းကို လက်ခံကျင့်သုံး လာကြခြင်းဖြစ်၏။ ရောမရောက်ရင် ရောမလိုကျင့်သင့်သည်ဟု ပြောဆိုတိုက်တွန်းလာကြခြင်း ဖြစ်၏။ သူ့နိုင်ငံ၊ သူ့စည်းကမ်း၊ သူ့ယဉ်ကျေးမှုများအတိုင်း လိုက်နာကျင့်သုံးပါက အမှန်တကယ်လည်း အဆင်ပြေလာသည်ကို သတိပြုမိကြမည် ဖြစ်၏။ သို့သော် ``နေရာတကာတိုင်းမှာ ရောမရောက်တိုင်း ရောမလို ကျင့်သင့် သလား``ဟု မေးစရာဖြစ်လာ၏။ မတူညီသည့် ဘာသာတရား၊ ယဉ်ကျေးမှုများနှင့် ဖွဲ့စည်းထားသည့် လူ့အဖွဲ့အစည်းတွင် ဆိုင်ရာဆိုင်ရာ လက်ခံကျင့်သုံးရမည့် စည်းကမ်းဥပဒေများသည် တစ်နိုင်ငံနှင့် တစ်နိုင်ငံတူညီမှု မရှိဖြစ်နေသောကြောင့် ထိုနိုင်ငံမှာနေသဖြင့် ထိုနိုင်ငံအတိုင်း လိုက်နာရန်အတွက် မိမိတို့တစ်သက်လုံး ထိန်းသိမ်းကျင့်သုံးလာသည့် အကျင့်တရားများ၊ ယုံကြည်မှုများ စသည်တို့ကို ပယ်စွန့်ပြီး ``ဘာပဲဖြစ်ဖြစ် လိုက်နာကျင့်သုံးသင့်သလား``ဟု စောဒကတက်စရာ ဖြစ်လာ၏။ အထူးသဖြင့် ထေရ၀ါဒဗုဒ္ဓဘာသာ အဆုံးအမ အကျင့်သီလတို့ကို လက်ခံလိုက်နာ ကျင့်သုံးနေကြသည့် မြန်မာဗုဒ္ဓ ဘာသာများအတွက် ပိုပြီးမေးခွန်းထုတ်စရာ ဖြစ်လာ၏။ သူ့နိုင်ငံမှာ နေသည့်အခိုက် အဆင်ပြေစေရန် တစ်ခုတည်းကို ကြည့်ပြီးဘာပဲဖြစ်ဖြစ် လက်ခံလိုက်နာကျင့်သုံး ကြမည်လော…

    စာဖတ်သူများ မည်သို့စဉ်းစားလက်ခံမည် ဆိုသည်ကို မသိသော်လည်း စာရေးသူ၏ တစ်သီးပုဂ္ဂလခံယူချက် အနေဖြင့်ကား မကျင့်သုံးသင့်ဟု ထင်မိ၏။ ရောမရောက်ရင် ရောမလိုကျင့်ဟု ဆိုသော်လည်း ရောမ ရောက်တိုင်း ရောမလိုမကျင့်သင့်ဘဲ ကျင့်နိုင်သည့်အရာ ကျင့်သင့်သည့် အရာများကိုသာ လက်ခံလိုက်နာ ကျင့်သုံးသင့်သည်ဟု ခံယူမိ၏။ သူ့နိုင်ငံမှာ နေသည့်အခိုက် အဆင်ပြေစေမှု တစ်ခုတည်းကို ကြည့်ပြီး မိမိ၏ ကိုယ်ကျင့်သီလများ ပေးဆပ်လိုက်ရသည်အထိ မတူညီမှုများကိုကား လက်ခံလိုက်နာ ကျင့်သုံးမှု မပြုသင့်ဟု ထင်မိ၏။ စာရေးသူ၏ ဤယူဆချက်သည် လွဲကောင်းလွဲနိုင်သော်လည်း ဤယူဆချက်သည် စာရေးသူ ယခုလက်ရှိနေထိုင်သည့် နိုင်ငံ၏ အစဉ်အလာ ယဉ်ကျေးမှုများကို လက်ခံကျင့်သုံးနေကြသည့် ရွှေမြန်မာ များ၏ လက်တွေ့ဘ၀များကိုကြည့်ကာ ကောက်ချက်ချမိခြင်းဖြစ်၏။

    စာရေးသူ ယခုလက်ရှိ နေထိုင်သာသနာပြုနေသည့် နိုင်ငံကို တိုက်ရိုက်အမည် မဖော်လိုသော်လည်း ဤနိုင်ငံသည် အရက်ကို အလွန်နှစ်နှစ်ကာကာ သောက်သုံးဧည့်ခံသည့် ဓလေ့ထုံးစံရှိသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်၏။ မည်သည့်ပွဲမဆို အရက်မပါလျှင် မပြီးသည့်အနေအထားမျိုး ဖြစ်နေ၏။ အရက်မပါလျှင် အလုပ်မဖြစ်သကဲ့သို့ အရက်မသောက်လျှင်လည်း အပေါင်းအသင်းပင် မရှိနိုင်သည့် အနေအထား ရှိ၏။ ယောက်ျားလေး၊ မိန်ကလေး၊ လူကြီးလူငယ်၊ စသည်ခွဲခြားမှု မရှိဘဲ ၀ိုင်းထိုင်မိလျှင် အရက်နှင့်သာ အစပြုတတ်၏။ အရက်မသောက်တတ်သူသည် သူတို့နှင့်အံဝင်ခွင့်ကျ မရှိဘဲ တစ်ဖြေးဖြေး ဘေးရောက်သွား တတ်သည်အထိ အရက်ယဉ်ကျေးမှုက လွှမ်းမိုးနေ၏။ ထိုသို့သော အခြေအနေမျိုးတွင် မလာမဖြစ်လာပြီး အလုပ်လုပ်နေကြသည့် ရွှေမြန်မာများအတွက် သူ့နိုင်ငံသားများ၊ အထူးသဖြင့် အလုပ်ရှင်များနှင့် အဆင်ပြေစေ ရန်အတွက် သူတို့နှင့်အတူ လိုက်ပြီးသူ့ထုံးစံအတိုင်း နေထိုင်ခြင်းသည်သာ အကောင်းဆုံး အနေအထား ဖြစ်နေ၏။ တစ်ဘက်ကလည်း မိမိတို့ ကိုးကွယ်သည့် ဘာသာတရား အဆုံးအမ အကျင့်သီလများကို ချိုးဖောက်ရာ ရောက်နေ၏။ မည်သို့လက်ခံကြမည်နည်း။ မိမိတို့၏ ကိုယ်ကျင့်သီလကို အပျက်ခံပြီး တဒင်္ဂအခိုက်အတံ့ အဆင်ပြေစေရန်အတွက် သူ့ဓလေ့ထုံးစံကို လိုက်လုပ်ကြမည်လော… ရောမရောက်နေသည့်အတွက် ရောမလို လိုက်ကျင့်ကြမည်လော… စသည်ဖြင့် မေးခွန်းထုတ်စရာ ဖြစ်လာ၏။

    ထိုအခက်အခဲသည် လူ့ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းတွင်သာမက စာရေးသူတို့ ဘာသာရေးပိုင်းအထိ ရိုက်ခတ်မှုဖြစ်လာ၏။ ဗုဒ္ဓဘာသာဟု ဆိုသော်လည်း ဗုဒ္ဓဘာသာတွင်လည်း မတူညီသည့် ဂိုဏ်းကွဲများ ရှိသည်ကို အားလုံးသိကြပြီးဖြစ်၏။ အထူးသဖြင့် ထေရ၀ါဒ၊ ဗုဒ္ဓဘာသာနှင့် မဟာယာနဗုဒ္ဓဘာသာ ဟူသည့် ဂိုဏ်းကြီးများမှာ ပိုမိုထင်ရှား ကျော်ကြားလျက်ရှိသည်ကို တွေ့ကြရမည်ဖြစ်၏။ မြန်မာ၊ သီရိလင်္ကာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအိုဟူသော ငါးနိုင်ငံကို ထေရ၀ါဒဗုဒ္ဓဘာသာ ကိုးကွယ်သည့် နိုင်ငံဟူ၍ သိကြပြီး တရုတ်၊ ဂျပန်၊ ကိုရီးယား၊ တိဗက်၊ မွန်ဂိုစသော နိုင်ငံများကို မဟာယာန ဗုဒ္ဓဘာသာကိုးကွယ်သည့် နိုင်ငံများဟု ယေဘုယျအားဖြင့် ဆိုနိုင်၏။ ထေရ၀ါဒဟူသည် ဘုရားဟောတရားတော်များကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ နုတ်ပယ်ခြင်းမရှိ ပကတိအတိုင်း လက်ခံလိုက်နာ ကျင့်သုံးသည့် ဗုဒ္ဓဘာသာဟု ထေရ၀ါဒ နိုင်ငံများက လက်ခံယူဆသကဲ့သို့ မဟာယာန ဗုဒ္ဓဘာသာသည်လည်း မြတ်စွာဘုရားရှင်၏ တရားတော်များကို လူတိုင်း လွယ်ကူရှင်းလင်းစွာဖြင့် ပုဂ္ဂိုလ်မရွေး၊ အဆင့်အတန်းမရွေး နားလည်သဘောပေါက်စေရေး ဟူသော ရည်ရွယ်ချက်ဖြင့် အားလုံးနှင့်အဆင်ပြေစေရန် ခေတ်ကာလာအခြေအနေသို့ လိုက်၍ ဘုရားဟောဓမ္မများကို ပိုမိုကျယ်ပြန်စွာ ဖြန့်ဝေပေးနေသည့် ဘာသာဟု မဟာယာနနိုင်ငံများက ဆိုကြပေမည်။ သို့သော် မဟာယာနဗုဒ္ဓဘာသာ၏ မျက်မှောက်ခေတ်အခြေအနေများကို ကြည့်ပါက အားလုံးနှင့်အံဝင်ခွင်ကျ ဖြစ်စေ ရန် လိုက်နာကျင့်သုံးရာမှ မြတ်ဗုဒ္ဓ၏ မူရင်းဒေသနာတော်များမှာ မူရင်းအတိုင်း မရှိတော့ဘဲ တိမ်မြုတ်ပျောက် ကွယ် လာသည်ကို တွေ့ရပေ၏။ နိုင်ငံတစ်ခု၏ အခြေအနေနှင့် အံဝင်ခွင်ကျ ဖြစ်စေရန် လိုက်နာနေထိုင်ရာမှ ဘုရားဟောဓမ္မ အစစ်အမှန်များ တဖြည်းဖြည်း လွဲမှားလာသည်ကို တွေ့ရ၏။ ထို့ကြောင့်လည်း မျက်မှောက် ခေတ် မဟာယာန နိုင်ငံအချို့တွင် ရဟန်းတော်များအတွက် နေလွဲညစား စားမှုသည် အထူးအဆန်း မဟုတ်တော့သည့်အပြင် အရက်သောက်၍ရသည့်ဂိုဏ်း၊ အိမ်ထောင်ပြု၍ရသည့် ဂိုဏ်းများအထိ ဂိုဏ်းများ ကွဲပြားလာခြင်းကြခြင်း ဖြစ်သည်ဟု ဆိုနိုင်၏။ ဤသည်မှာ နေရာဒေသတစ်ခုတွင် အဆင်ပြေစေရန် လိုက်နာကျင့်သုံးရာမှ၊ တစ်နည်းအားဖြင့် ဆိုရသော် ရောမရောက်ရင် ရောမလိုကျင့်သုံးရာမှ မူရင်းအစစ် အမှန်များ တိမ်မြုတ်ပျောက်ကွယ်ရခြင်း ဖြစ်သည်ဟု ယူဆရမည့် အချက်တစ်ချက်ပင် ဖြစ်၏။
    စာရေးသူတို့ ယခုလက်ရှိရောက်နေသည့် နိုင်ငံတွင် စာရေးသူတို့၏ ကိုယ်တွေ့အရ အံ့သြစရာများနှင့် ကြုံတွေ့ခဲ့ရ၏။ ရောက်ရောက်ချင်း မဟာယာန ဘုန်းတော်ကြီးတစ်ပါးကို တွေ့လိုက်ရပြီး ထိုင်ပဲရှိခိုးရမလို လက်အုပ်ပဲချီပြီး အရိုအသေမျှ ပြုပေးရမလို အနေအထားနှင့် ကြုံတွေ့ရ၏။ အဘယ့်ကြောင့်ဆိုသော် ထိုဘုန်းတော်ကြီးသည် ဆံပင်အရှည်လူပုံစံ ဖြစ်နေပြီး အနားတွင်လည်း ထိုဘုန်းတော်ကြီး၏ ဇနီးမိန်းမပါ ရှိနေသောကြောင့်ဖြစ်၏။ ထိုအခြေအနေတွင် စာရေးသူတို့ မည်သို့လုပ်သင့်သနည်း။ ထေရ၀ါဒရှုထောင့်မှ ကြည့်လျှင် အလွန်လက်ခံရန် ခက်ခဲသည့်အနေအထား ဖြစ်နေ၏။ ထို့ကြောင့် ထိုအခိုက်မှာ ရှိမခိုးတော့ဘဲ လက်အုပ်ချီ၍သာ အရိုအသေပြုမိ၏။ ထို့အပြင် မဟာယာန ဘုန်းတော်ကြီးများနှင့် လူကြီးအချို့က ၎င်းတို့နိုင်ငံသည် အလွန်အေးသဖြင့် မြန်မာရဟန်းတော်များ၏ သင်္ကန်းတော်သည် အအေးဒဏ်ကို ခံနိုင်မည်မဟုတ်ကြောင်း၊ ထို့ကြောင့် ၎င်းတို့ဝတ်သကဲ့သို့ မဟာယာနဘုန်းတော်ကြီး အ၀တ်အစားများကို ပြောင်းဝတ်သင့်ကြောင်း၊ အအေးဒဏ်ခံနိုင်ပြီး စာပေများပိုမိုလေ့လာနိုင်ရန် ညစာစားပြီး ၎င်းတို့နေသကဲ့သို့ သောက်စားနေသင့်ကြောင်း တစ်ယူသန်အစွဲမထားဘဲ ရောမရောက်ရင် ရောမလိုကျင့်သင့်ကြောင်း စသဖြင့် တိုက်တွန်းပြောဆိုကြ၏။ စာရေးသူတို့မှ ``ရောမရောက်ရင် ရောမလိုကျင့်သင့်သည် ဆိုသော်လည်း ကျင့်သင့်သည့်အရာ ကျင့်နိုင်သည့်အရာများကိုသာ ကျင့်နိုင်မည်ဖြစ်ကြောင်း ဘုရားဟော ဓမ္မများ၊ ၀ိနည်းသိက္ခာပုဒ်များနှင့် ဆန့်ကျင်သည့်အရာများကိုကား လိုက်နာပြီး မကျင့်နိုင်ကြောင်း`` ပြောဆိုလိုက်၏။ ထိုအတိုင်းပင် စာရေးသူတို့ကိုယ်တိုင် ရာသီဥတုဒဏ်ကို ခံနိုင်မည့်နည်းများဖြင့် ထေရ၀ါဒ ရဟန်းတော် အသွင်ကို မပျောက်စေဘဲ နေထိုင်လာခဲ့သည်မှာ ယခုဆိုလျှင် ငါးနှစ်ကျော် ခြောက်နှစ်ထဲ ရောက်လာခဲ့ပြီ ဖြစ်ပါသည်။ ဤကဲ့သို့ နေပြလိုက်ခြင်းကပင် ထေရ၀ါဒ၏စံ ထေရ၀ါဒအသွင်ကို ပိုမိုပေါ်လွင်စေခဲ့၏။ တစ်ယူသန်အစွဲ ထားခြင်းမဟုတ်ဘဲ အမှားအမှန်ကို ခွဲခြားကာ နေပြလိုက်ခြင်း ဖြစ်၏။ ရောမရောက်တိုင်း ရောမလို မကျင့်ဘဲ ကျင့်သင့်သည့်အရာ၊ ကျင်နိုင်သည့်အရာများကိုသာ ကျင့်ပြလိုက်ခြင်းဖြစ်၏။

    ထို့အတူပင် နိုင်ငံရပ်ခြား အသီးသီးတွင် ရောက်နေကြသည့် ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်များသည်လည်း စာရေးသူတို့ ကျင့်သုံးသကဲ့သို့ ကျင့်သုံးသင့်၏။ သူ့နိုင်ငံ သူ့ယဉ်ကျေးမှု၊ ဓလေ့ထုံးစံအတိုင်း လိုက်နာကျင့်သုံး နေထိုင်သင့်သော်လည်း မိမိတို့ ကိုးကွယ်ယုံကြည်ထားသည့် ဘာသာတရား အဆုံးအမများနှင့် ဆန့်ကျင်သည့် ဓလေ့ထုံးစံများကိုကား မလိုက်နာ မကျင့်သုံးသင့်ပေ။ ၎င်းတို့အရက်ယဉ်ကျေးမှုကို လိုက်၍ မိမိတို့၏ ခါးဝတ်ပုဆိုးကဲ့သို့ လုံအောင်ထိမ်းရမည့် သုရာမေရယဟူသော ကိုယ်ကျင့်သိက္ခာပုဒ်ကို ပယ်စွန့်သည်အထိ မလိုက်သင့်ပေ။ တစ်ခါသာအမုန်းခံပြီး မိမိတို့ဘာသာတရား အဆုံးအမအရ မသောက် သင့်ကြောင်း၊ မသောက်နိုင်ကြောင်း ပြောဆိုငြင်းပယ်လိုက်လျှင် မိမိတို့ကို အတင်းအဓမ္မ ရိုက်နှက်ချုပ် နှောင်ပြီး ပြုလုပ်ကြလိမ့်မည်ဟု မထင်ပေ။ ခဏတာ အဆင်ပြေမှုကို ကြည့်ပြီး ပစ္စုပ္ပန် သံသရာ နစ်မွန်းစေမည့် လုပ်ရပ်များကို မလုပ်သင့်ပေ။ မိမိတို့ လုပ်နိုင်သည့်အရာ၊ လုပ်ပေးသင့်သည့် အရာများကိုသာ လိုက်နာလုပ်ဆောင်သင့်ပေသည်။ အခိုက်အတံ့ပင် ဖြစ်သော်လည်း မကောင်းမှုဟူသည် အစမလုပ်မိခြင်းက ပိုကောင်း၏။ အစလုပ်မိပါက အဆုံးမရှိဖြစ်တတ်ပြီး နောက်ပိုင်းမလုပ် မနေနိုင်အောင် ဖြစ်တတ်သည်ကို အထူးဆင်ခြင်သင့်လှ၏။ အရက်သောက်ခြင်းမှမဟုတ် အခြားမည်သည့် အကုသိုလ်မျိုးမဆို မလုပ်ဘဲ နေသည်က အကောင်းဆုံးဖြစ်၏။

    ထို့ကြောင့် ဤနေရာမှာ စာရေးသူ တိုက်တွန်းလိုသည်မှာ `ရောမရောက်ရင် ရောမလိုကျင့်`ဟု ဆိုသော်လည်း ရောမရောက်တိုင်း ရောမလို မကျင့်သင့်ဘဲ ကျင့်သင့်သည့်အရာ ကျင်နိုင်သည့်အရာများကိုသာ လိုက်နာကျင့်သုံးကြရန်၊ မိမိတို့၏ ကိုယ်ကျင့်သီလ ပျက်စေမည့် အရာများကိုကား သံသရာနှင့်ရင်းပြီး မကျင့်သုံးကြရန် နှင့် တစ်ဘ၀၊ တစ်ခဏကို မကြည့်ဘဲ သံသရာကိုကြည့်ပြီး လိုက်နာကျင့်သုံးကြရန်.. စသည် စသည်တို့ ဖြစ်ပါကြောင်….


    Read more...

    လာလည်ကြသူများ

    ဤဘလော့ဂ်၏ ရည်ရွယ်ချက်

    ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

    ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

    ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

    ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

    မြန်မာပြက္ခဒိန်

    မြန်မာပြက္ခဒိန်
    www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

      © Blogger templates The Professional Template by Ourblogtemplates.com 2008

    Back to TOP