* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Thursday, September 3, 2009

စေတနာသုခအသင်းမှ ဘက ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများရှိ ကျောင်းသားငယ်လေးများကို ပန်းချီပြိုင်ပွဲကျင်းပပေးမည်။


စေတနာသုခ ဘုန်းတော်ကြီးသင်နှင့် သီလရှင်သင်(အမျိုးသမီး) ပညာရေးကျောင်းများသို့ထောက်ပံ့သောအသင်းမှ
ရန်ကုန်တိုင်းအတွင်းရှိ ဘက ကျောင်းအချို့မှ ကျောင်းသား/သူ လေးများကို ပန်းချီပြိုင်ပွဲ တစ်ခုကျင်းပပေးလိုသည့် ရည်မှန်းချက်များမှာ

*ကလေးသူငယ်များ၏ စိတ်ဓာတ်များကို ညိုးနွမ်းခြင်းမှ ကင်းဝေးရန်၊
*၄င်းတို့ကျောင်းတွင် အစိုးရကျောင်းများကဲ့သို့ မည်သည့် ပြိုင်ပွဲမှ မရှိသဖြင့် ယှဉ်ပြိုင်ခြင်းကင်းဝေးနေသော စိတ်ဓာတ်မှ ကင်းဝေးစေရန်၊
*ကလေးသူငယ်များသည် ၄င်းတို့အား စောင့်ရှောက်ကျွေးမွေး ပညာသင်ကြားပေးနေသော ဘုန်းတော်ကြီးများ၊ ဆရာလေးများ၏ ဂရုစိုက်မှုအပြင် ကျွန်တော်တို့ စေတနာသုခ၏ မောင်နှမများလည်း ဂရုစိုက်ကြောင်း နွေးထွေးသည့် စိတ်ခံစားမှုတစ်ခု ရရှိစေရန်နှင့်
*၄င်းတို့အား ပေးကမ်းလို၍ တစ်ကြောင်း၊ ပျော်ရွှင်စေလို၍ တစ်ကြောင်း

ကျင်းပရခြင်းဖြစ်ပါသည်။

၎င်းပြိုင်ပွဲတွင် ဘက ကျောင်းမှ အမိအဖမဲ့၍ ကျောင်းတော်တွင် စောင့်ရှောက်ထားသော ကလေးငယ်များကိုသာ ဖိတ်ခေါ်ကျင်းပသွားပါမည်။ အများဆုံး တစ်ကျောင်းလျှင် (၅) ယောက်။ (၅) ကျောင်း ဖိတ်ခေါ်ကာ ပြိုင်ပွဲကျင်းပပါမည်။ ကလေးငယ် (၂၅) ယောက်နှင့် အုပ်ထိန်းသူ (၅)ဦး လာရောက်ခွင့်ပြုမည် ဖြစ်ပါသည်။
စုစုပေါင်း (၃၀)ဦး ဖိတ်ခေါ်ပါမည်။

အသင်း၏ဆောင်ရွက်မှုအနေဖြင့်
ဖိတ်ခေါ်စဉ်တွင် ဖိတ်ခေါ်ထားသောကျောင်းများမှ ကလေးငယ်များနှင့် အုပ်ထိန်းသူများကို လိုင်းကားခပေးထားမည်ဖြစ်သည်။ ကလေးငယ်များနှင့် အုပ်ထိန်းသူများကို ထမင်းကျွေးမွေးမည်ဖြစ်ပါသည်။ ပန်းချီဆွဲမည့် စက္ကူများ နှင့် ရောင်စုံခဲတံများကိုလည်း အသင်းမှ ပေးကမ်းသွားပါမည်။
ပန်းချီပြိုင်ပွဲမှ ဆုပေးရန်အတွက် ပန်းချီပညာရှင်တစ်ဦးကို ဖိတ်ခေါ်အကဲဖြတ်စေမည် ဖြစ်ပါသည်။


မှုလတန်းအတွက်သာ ကျင်းပပေးမည်ဖြစ်သဖြင့်
*(၁) တတိယတန်းနှင့် စတုတ္ထတန်းကို တစ်အုပ်စု
*(၂) ပထမတန်းနှင့် ဒုတိယတန်းကို တစ်အုပ်စု အုပ်စုနှစ်ခုခွဲ၍ ကျင်းပပေးပါမည်။

ဆုကြေးအနေဖြင့်
အုပ်စု(၁)အတွက်
ပထမဆု (၂၅၀၀၀ိ/-ကျပ်)
ဒုတိယဆု ( ၂၀၀၀၀ိ/-ကျပ်)
တတိယဆု (၁၅၀၀၀ိ/-ကျပ်)
နှစ်သိမ့်ဆု တစ်ဆုလျှင် (၅၀၀၀ိ/-ကျပ်)ဖြင့် (၅) ဆု

အုပ်စု(၂)အတွက်
ပထမဆု (၁၀၀၀၀ိ/-ကျပ်)
ဒုတိယဆု ( ၇၀၀၀ိ/-ကျပ်)
တတိယဆု (၅၀၀၀ိ/-ကျပ်)
နှစ်သိမ့်ဆု တစ်ဆုလျှင် (၃၀၀၀ိ/-ကျပ်)ဖြင့် (၅) ဆု

၎င်းဆုများအပြင် အသင်းမှနေ၍ ယှဉ်ပြိုင်သူတိုင်းကို ဗလာစာအုပ် (၁)ဒါဇင်နှင့် ခဲတံ (၁)ဒါဇင် ပေးဆောင်ပါမည်။

ဤကဏ္ဍတွင် အသင်းမှ မောင်နှများများကို တောင်းခံလိုသည်မှာ ကလေးများအတွက်ကိုယ့်ပတ်ဝန်းကျင်တွင်
ပရဟတိတ လုပ်ငန်းတွင် စိတ်ဝင်စားသူ အသိမိတ်ဆွေများရှိပါက ကလေးငယ်များအား ပေးကမ်းလိုသူများကိုလည်း ဖိတ်ခေါ်နိုင်ပါသည်။ ကလေးငယ်များကို မုန့်သော်လည်းကောင်၊ အချိုအအေးသော်လည်းကောင်း ကျွေးမွေးပေးကမ်းမှုကို လက်ခံသွားပါမည်။

ကျင်းပမည့်နေရာသည် ဘက ကျောင်းတစ်ကျောင်းတွင်သာကျင်းပပါမည်ဖြစ်ပါသည်။ နေရာ အတိအကျကို သတ်မှတ်မှုမရှိသေးချေ။ နေ့ရက်ကို လာမည့်စက်တင်ဘာလ၊ (၂၈)ရက် တနလာင်္နေ့၊ ၂၀၀၉ ခုနှစ်ဟု သတ်မှတ်ထား ပါသည်။ ထိုနေ့ရက်သည် တက္ကသိုလ်ကျောင်သားကျောင်းသူများအားလုံး စာမေးပွဲကြီးပြီးဆုံးပြီဖြစ်သည်။
ထိုကြောင့် မောင်နှမများအားလုံးကို စာမေးပွဲပြီးလျှင်ပြီးချင်း ချက်ချင်းမပြန်ဘဲ ကလေးငယ်မျး၏ ပြိုင်ပွဲကို ပါဝင်ဆောင်ရွက်ပေးကြပါရန်။ အသင်းမှ တောင်းဆိုချင်ပါသည်။

၎င်းပြိုင်ပွဲအတွက် အသင်းမှ အလှူငွေ သီးသန့်ကောက်ခံမည်မဟုတ်ဘဲ အသင်းတွင် စုစည်းထိန်းသိမ်းထားသော
အသင်းပိုင် fund ၇၄၄၀၀၀ိ/-ကျပ်ထဲမှ ၂၂၀၀၀၀ိ/-ကျပ်ဝန်းကျင်တွင် အသုံးပြုမည်ဖြစ်ပါသည်။ သို့သော်လည်း ထိုပွဲအတွက် လှူဒါန်းလိုသူများရှိလျှင်လည်း အလှူငွေများကို လက်ခံပါမည်။

၎င်းပြိုင်ပွဲသည် ကြီးကျယ်ခမ်းနားမည်မဟုတ်ပေမဲ့ အထက်တွင်ဖော်ပြခဲ့သော ရည်ရွယ်ချက်များကိုဖော်ဆောင်လို၍ ကျင်းပခြင်းဖြစ်ပါသည်။ ဤ post အောက်တွင် ဆန္ဒပြုနိုင်သလို အကြံပေးနိုင်ပါသည်။ အသင်းမှ ဂရုတစိုက် အလေးထားစဉ်စား ဆောင်ရွက်သွားပါမည်။

ချစ်ဆွေများအာလုံး ကိုယ်ကျန်းမာစိတ်ချမ်းသာရှိနိုင်ပါစေ.....။

Read more...

ဂရုဓမ္မ-စာရိတ္တ မှ သည် ပါရမီသီလ ဆီသို့

မေမေချစ်သော သားသားနဲ့ မီးမီးရေ..။

အရင်နေခဲ့ တဲ့ တောင်ပေါ်မြို့လေးကို ခဏပြန်ရောက်နေတဲ့ မေမေဟာ တော်သလင်း လပြည့် အကြိုည လပြည့်ဝန်း တောင်စောင်းမှ ထွက်ပြူလာတာ ကို အဆောင်ပန်းခြံထဲ ကနေ ဝင်းဝင်းပပ၊အေးမြစွာ တွေ့မြင်နေရပါတယ်။ တစ်လတာ ကုန်ဆုံးခဲ့ပြန်ပါပကောလား။
ယင်းမာကြိုင်သင်း၊ လ-တော်သလင်း ဆိုတာဟာ မြန်မာမှာတော့ မိုးနှောင်းကာလ အခါသမယ မဟုတ်လား။ တော်သလင်းနေမင်း ကတော့ ပုစွန်သေအောင် ပူပြင်းနေရောပေါ့နော် ။

သည်တစ်ခါ မေမေ့ရဲ-့တော်သလင်းလပြည့် ဓမ္မလက်ဆောင် ကတော့ မေမေ အရင် ကပြောခဲ့သလို ဆယ်ပါးသော ပါရမီ ကျင့်စဉ်များထဲက သီလပါရမီ နဲ့ ဆက်စပ် လို့နေပါတယ် ကလေးတို့ရေ..။ တော်သလင်းလပြည့် ဂရုဓမ္မ အခါတော်နေ့ လို့ သတ်မှတ် ထားတာမဟုတ်လား။သတ်မှတ်ရတဲ့ အကြောင်းအရင်းမှာ ၅၅၀ နိပါတ်တော် ပါ ဇာတ်လမ်းလေး မှာပါတဲ့ ဂရုဓမ္မကို လုံခြုံစွာဆောက် တည်ကြခြင်း ကို အကြောင်းပြု လို့ ခေါ်ဝေါ် သတ်မှတ်ခဲ့တာပေါ့လေ..။

ရှေးအခါတုံးက ကုရုတိုင်းမှာ နေထိုင်ကြတဲ့ ရှင်ဘုရင် နဲ့ တကွသော တိုင်းသူ ပြည်သားတွေဟာ ငါးပါးသီလ ကို လုံခြုံစွာဆောက်တည်နိုင်ကြတဲ့ အတွက် မိုးလေဝသ ရာသီ ဥတုမှန်ကန်ပြီး အစာရေစာ ပေါများကာ သာယာဝပြောလျက် ကပ်ကြီး သုံးပါးမှ လွတ်မြောက်ကြပါတယ်။ အဲဒီ အချိန်မှာ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ကလိင်္ဂ တိုင်းမှာ မိုးခေါင်ရေရှား အစာရေရှားပါးခြင်း=ဒုဗ္ဘိ က္ခန္တရ ကပ် ၊ အနာရောဂါတွေ ဖြစ်ပွားခြင်း=ရောဂန္တရကပ် ၊ လက်နက်ဖြင့် လုယက်နှိပ်စက်ခြင်း=သတ္တ န္တရကပ် တည်းဟူသော ကပ်ကြီးသုံးပါး ဆိုက် ရောက်နေလေတော့ အိမ်နီးချင်းတိုင်းပြည်ကို လှမ်းကြည့်ပါတယ်။

အိမ်နီးချင်း--ကုရုတိုင်း မှာ မိုးလေဝသ မှန်တာကတော့ အဉ္စနသန္နိဘ ဆင်ဖြူတော်ကြီး ရှိလို့ဖြစ်မှာပဲ လို့ယူဆ ကြပြီး အလှူခံ ကြ ပါတယ်။ ဆင်ဖြူတော် ရရှိခဲ့သော်လည်းမိုးကမရွာတော့မှ ပြန်ဆန်းစစ်ရပါတယ်။
အမှန်မှာ ကတော့ ကုရုတိုင်းနေ လူ အပေါင်းတို့ ကျင့်သုံးနေတဲ့ ငါးပါးသီလ-ကုရုဓမ္မ ကြောင့် ဖြစ်တယ်ဆိုတာ နောက်တော့မှ အမှန်သိမြင် သွားကြပါတယ်။ အဲဒီတော့မှ ကုရုတိုင်းမှာ ကျင့်သုံးကျတဲ့ ကုရုဓမ္မ ကိုရွှေ ပြားနဲ့ကူးယူ ကြရန် ကိုယ်စားလှယ်တော် များစေလွှတ်ခဲ့ပါတယ်။

ရွှေပြားမှာ ရေးသားထားတဲ့ ငါးပါးသီလတော်မြတ်ကို ကလိင်္ဂ တစ်တိုင်း တစ်ပြည်လုံးကျင့်ကြံအားထုတ် ကြလို့ ရာသီ ဥတု မှန်ကန်ပြီး သာယာဝပြောလာ ခဲ့တာ၊ကပ်ကြီးသုံးပါးကို လည်းကျော်လွှားနိုင်ခဲ့ ပါတယ်။

ဘုန်းဘုန်း အရှင် တိက္ခ ဉာဏလင်္ကာရကသည်လိုပေးပို့ထားပါတယ်။ဖတ်ကြည့်ပါအုံးနော်။
အမှန်တော့ ဂရုဓမ္မ ဆိုတာကတော့ ဂရု = ရိုရိုသေသေ လေးလေးစားစား မြတ်မြတ်နိုးနိုး ။
ဓမ္မ = စောင့်ထိန်းရမည့် ကျင့်ကြံရမည့် လိုက်နာရမည့် တရားများ ဟု ဆိုလိုပါသည်။
ကိုယ်စီ ကိုယ်စီ ကျင့်ကြံလိုက်နာရမည့်ကိုယ်ကျင့်တရားများပဲဖြစ်ပါတယ်။

၁။ သူတော်စင်များ အလေးဂရုထား ကျင့်သုံးအပ်သောကြောင့် ဂရုဓမ္မ သီလ တစ်နည်းဆိုသော် ငါးပါးသီလခေါ် ပဉ္စသီလပင်ဖြစ်ပါသည်။
၂။ ထိုငါးပါးသီလကိုပင် ကမ္ဘာဦးအစက စတင်ဖြစ်ပေါ်လာသော တရားဖြစ်သောကြောင့် ပဝေဏီ ဓမ္မ္မ (သို့ ) ပဝေဏီသီလ ဟုလည်း ခေါ်ပါသည်။ ၀ါရိတ္တသီလ
၃။ စကြ၀တေးမင်းတို့  ဓမ္မသတ်သဘွယ် ကျင့်သုံးလိုက်နာခဲ့သောကြောင့် စက္ကဝတ္တိဓမ္မသတ် ဟုခေါ်ခဲ့သည်။
၎။ ကုရုတိုင်းသားများ အမြဲကျင့်သုံးခဲ့သောတရားဖြစ်သောကြောင့် ကုရုဓမ္မ ဟုလည်း ခေါ်ကြသည်။
၅။ ငါးပါးအရေအတွက် ရှိသောကြောင့် ပဉ္စသီလ ဟုလည်း ခေါ်ဆိုပြန်ပါသည်။
၆။ လူအများ ကျင့်သုံးအပ်သောကြောင့် ဂဟဌ သီလ ဟုလည်း ခေါ်ပါသည်။
၇။ လူတို့  (ခါးဝတ်ပုဆိုး လုံချည် တို့ကဲ့သို့ ) အမြဲ စောင့်သုံးအပ်သောကြောင့် နိစ္စသီလ ဟုလည်း ခေါ်ပါသည်။
၈။ မပြုလုပ်အပ် မပြောဆိုအပ်ဟု တားမြစ်ထားသောတရားဖြစ်သောကြောင့် လည်း ဝါရိတ္တ သီလ လို့ခေါ်သည်။ ၉။ အရိယာဝင် သူတော်စင်တို့ မြတ်နိုးခင်မင်သောတရားဖြစ်သောကြောင့် အရိယကန္တ သီလ လည်းဖြစ်သည်။
၁၀။ ကျင့်သုံးအပ် ကျင့်သုံးထိုက်သောကြောင့် သိက္ခာပဒသီလ လည်း ခေါ်ပါသည်။
တန်းစီရေးသားဖေါ်ပြထားတဲ့ နာမည် အမျိုးမျိုး နဲ့ ကျင့်သုံးလိုက်နာကြတာ ကို ကြည့်ရင် ဘယ်လောက် အရေးကြီးတယ် အလေးထားလိုက်နာဘို့ လိုတယ်ဆိုတာ မေမေ ကသိစေ မှတ်စေလိုလှပါတယ်။
သီလ ဆိုတာ--- မိမိ ရဲ့ ကာယကံ၊ဝစီကံ။မနောကံတွေ နဲ့ ပတ်သက်ပြီး မိမိကော သူတစ်ပါးကော မဆင်းရဲအောင်ထိန်းသိမ်း စောင့်ရှောက်တာ သီလ ဖြစ်ပါတယ် ကလေးတို့ရေ..။

အခုငါးပါးသီလ ဟာ မိမိရဲ့ ကာယကံ၊ယစီ ကံတွေနဲ့ သူတပါးဆင်းရဲအောင်မလုပ်ဘူး။ငါတို့ရှောင်ကျဉ်ကြမယ် ပေါ့။ မြန်မာလိုပြောရရင် ရှောင်သီလပေါ့။ ပါဠိလိုဆိုရင်တော့ ဝါရိတ္တ သီလပေါ့လေ..။ မရှောင်ကျဉ်ပဲပြုလုပ်လျှင် ယခု လက်ရှိဘဝ မှာ လည်း ရာဇဝတ်ဘေးဒဏ်၊မင်းဘေးဒဏ် သင့်တတ်ပါတယ်။ သေလွန်လျှင် အပါယ်ဘေး ကို ကျရောက်ရပါလိမ့်မယ်။

ဒါကြောင့် အပါယ်ဘေးကို မကျရောက်အောင် တားမြစ်အပ်တဲ့ အတွက် ပါတိမောက္ခသံဝရသီလ လို့လည်းခေါ်ပါတယ်။ အပါယ်ဘေးက မကျရောက် အောင်စောင့်ရှောက်မဲ့ သီလတွေဖြစ်ပါတယ်။
သည်နေရာမှာ မေမေသင်ပေးချင်တဲ့ စိတ်ထားလေးကတော့ အခုမေမေပြောတဲ့ ဘေးတွေငါတို့ကြောက် တယ်....။ရှောင်သီလတွေ ဆောက်တည်တော့မယ် ဆိုတာ လည်းကောင်းပါတယ်။
တကယ် နှလုံးသွင်းစေချင်တာကတော့ ကိုယ်ချင်းစာတရားပါ..။
ငါလည်း ငါ့ဘဝကိုမြတ်နိုးတယ် သူလည်း မြတ်နိုးမှာ ပဲ။
ငါလည်းငါ့ဥစ္စာကို မဆုံးရှုံးချင်သလို သူလည်း နှမျော မှာပါပဲ။
ငါ့ကို လိမ်လည် လှည့်ဖြားတာ ငါမကြိုက်ဘူး၊ သူလည်းကြိုက်ရှာမယ် မထင်ဘူး။
ငါလည်းငါ့အိမ်ယာကို မပြိုကွဲစေချင်ဘူး။ သူလည်းပြိုကွဲချင်မှာ မဟုတ်ဘူး။
ဆိုတဲ့ ကိုယ်ချင်းစာစိတ်နဲ့ရှောင်သီလ ကို စောင့်ထိန်းစေချင်ပါတယ်။
နောက်တစ်မျိုးကတော့ -စာရိတ္တ သီလပေါ့လေ..။
မိမိရဲ့ ကာယကံ၊ဝစီ ကံတွေနဲ့ ပြုလုပ်သင့်ပြုလုပ်ထိုက် တဲ့ကောင်းမှုတွေ-တနည်း ပုည ကြိယဝတ္ထု ၁၀ပါး၊စတာ တွေကို ဆောင်ရွက်တယ်ဆိုရင် မြန်မာလို ဆောင်သီလ၊ပါဠိ လို စာရိတ္တ သီလ ဆောက်တည်တယ်လို့ခေါ်ပါတယ်။
တွေ့ကြုံဆုံဆည်းရတဲ့သူတွေ ကို၊အရိုအသေပြုတယ်၊နေရာထိုင်ခင်းပေးတယ် ခရီးဦးကြိုဆိုပြုတယ်၊နှုတ်ကလည်းယဉ်ယဉ်ကျေးကျေး ပြောဆိုဆက်ဆံတယ်။ဒါဟာ စာရိတ္တသီလ ပါ ကလေးတို့ရေ..။
ကြီးသူ ကိုရိုသေ ၊ရွယ်တူကိုလေးစား ၊ငယ်သူကိုသနား၊ တပည့်နေရာမှာဆို တပည့်ဝတ္တရား၊ ဆရာ နေရာမှာ ဆို ဆရာ့ ဝတ္တရား၊ ဒါယကာနေရာမှာဆို ဒါ ယကာ့ ဝတ္တရား၊မိဘနေရာဆို မိဘဝတ္တရား။ အလုပ်ရှင်ရဲ့ဝတ္တရား လက်အောက် ၊ငယ်သားဝတ္တရား၊စသည် တို့ ကိုကျေပွန်အောင် ဆောင်ရွက်တာ စာရိတ္တ သီလပေါ့လေ..။
သည်နေရာမှာသင်ပေးချင်တဲ့စိတ်ထားလေးကတော့ လူမြင်ကောင်းအောင်၊ သူတပါး ချီးကျူးတာခံရအောင် ဟန်ပြ စာရိတ္တ သီလ မဖြစ်ဘို့တော့လိုပါတယ်။တကယ့်ရင်ထဲက လှိုက်လှဲတဲ့ စေတနာစစ်စစ် ဖြင့်သာ စာရိတ္တ သီလ မျိုး ဆောက်တည်နိုင်ပါစေ ကလေးတို့ရေ..။

စာရိတ္တ သီလ ကို ပြည့်စုံအာင် မဖြည့်ဆည်း ခဲ့ရင် သေလွန်လျှင်အပါယ်တော့ မကျဘူး။
ဘေးကြီး ၂ပါးတော့သင့်နိုင်ပါ တယ်။ ပရာနုဝါဒဘေး ဆိုတဲ့ သူတပါးကဲ့ရဲ့စွပ်စွဲတဲ့ဘေး။သားသမီးဖြစ်ပါရက်နဲ့ မိဘကို ပြစ်ထားလိုက်တာ၊ဒါယကာ ဖြစ်ပါလျှက်နဲ့ရဟန်းတွေပေါ် မစ္စည်းလေးပါးနဲ့ မစောင့် ရှောက်လိုက် တာ။စသည်ဖြင့် သူတပါးက ကဲ့ရဲ့တဲ့ ပရာနုဝါဒ ဘေး တော့သင့်ပါတယ်။
နောက်တစ်ခုကတော့ မိမိ ကို ကိုစွပ်စွဲနိုင်တဲ့ အတ္တာနုဝါဒဘေး သင့်တာပေါ့လေ။
မိဘတွေ မရှိတော့မှ ငါမစောင့်ရှောက်လိုက် ရလေခြင်း၊ဆရာမရှိတော့မှ တာဝန်မကျေမိလေခြင်း။ လုပ်သင့်လုပ်ထိုက်တာကိုလုပ်သင့်တဲ့အချိန်မှာ မလုပ်မိလေခြင်း ဆိုတဲ့ နောင်တတဖန်ပူပန်မိတဲ့ အတ္တာနုဝါဒဘေး- သင့်တတ်ပါတယ်။စာရိတ္တ သီ လပြည့်စုံအောင် မဖြည့်ဆည်းခဲ့လို့ လို့ ကြုံနိုင်တဲ့ ဘေး ဘေးတွေပါပဲ။

အဲလို သီလဆောက်တည်တဲ့လူတွေဟာ ယခုဘဝမှာ တမဂ်တစ်ဖိုလ် မရစေကာမူ သေလွန်တဲ့အခါမှာ ကာမ၁၁ ဘုံထဲမှာ အပါယ်လေး ဘုံ က လွတ် ပြီး ၊ ကာမ-သုဂတိ ၇ ဘုံ ကိုရောက်စေပါ တယ်။
ဒါနသည် ဘောဂ သမ္ပတ္တိ ကို ဖြစ်စေသလို ၊ သီလ သည် ဘဝသမ္ပတ္တိ ကိုဖြစ်စေပါတယ်။မေမေတို့ ပြန်ဆန်း စစ်ကြည့်ရင် မေမေတို့ရဲ့ ပန်းတိုင်၊ရည်ရွယ်ချက်သည် သည် သီလဆောက်တည်ရင် အပါယ် ဘေးမကျဘူး၊ မကျအောင် ကြိုးစားမယ်။
ဘေးကလွတ်အောင်ရယ် ပန်းတိုင် က လူ့ဘဝ နတ်ဘဝ ဆိုတဲ့ သုဂတိဘဝ ကိုရောက်ချင်နေတဲ့ ပန်းတိုင်ဖြစ်နေတတ်ပါတယ်။ မေမေတို့ဟာ ယနေ့ အချိန်မှာ ဝါရိတ္တ၊ စာရိတ္တ သီလ ထိုက်သင့် လျှောက်ပတ် သလောက်ဖြည့်ဆည်း ကြရင်း သည်လောက်ကလေးနဲ့ကျေနပ်နေမိကြတယ်။
ရှောင်သီလ တွေ၊ဆောင်သီလတွေ ဆောက်တည်ခဲ့ တာ ဘဝသမ္ပတ္တိ ရသော်လည်း အိုနာသေ လမ်းကြောင်းကမလွတ်ပါဘူးနော်။ ဒါဟာ အရေးကြီးလှပါတယ် ။ သာမန် သီလ ဖြစ်နေတာမြင်စေချင်ပါတယ် ကလေးတို့ရေ..။
လူ့အိုနာသေ၊နတ်အိုနာသေ ရှိ အုံးမှာ အသေအချာပါပဲ။ လူ့ အိုနာသေ။ နတ်အိုနာသေ တွေပြန်ဖြစ်ရင်း
အများချမ်းသာရေး၊ အများကောင်းစားရေးထဲမှာ မပါပြန်ဘူး။ ဝါရိတ္တ သီလ စာရိတ္တ သီလ နဲ့တင် မတင်းတိမ်ပဲ ပါရမီသီလ ဖြည့် ကျင့်ဘို့လိုအပ် တာကို မေမေ သတိပေးလိုက်ပါတယ် ကလေးတို့ရေ..။
ကျေးဇူးတော်ရှင်မြတ်စွာဘုရားတိုင်း ကလည်းဟောကြားထားတော်မူခဲ့ပါတယ်။
(မကောင်း မှုရှောင်၊ ကောင်းမှုဆောင် စင်အောင်စိတ်ကို ထား)ဆိုတာမှာ မကောင်းမှုရှောင်၊ကောင်းမှုဆောင်တာ တင်မဟုတ်ပဲ အပြီးအပြည့်စိတ်ကို စင်အောင်ထား ဘို့တွေလိုနေပါသေးတယ်။
မကောင်းတဲ့ အကုသိုလ်စေတသိတ်တွေလုံးဝ-မပါအောင်သတိထားရတော့မယ်။ကြိုးစားရတော့မယ်။
စိတ်လေးမှာ လောဘ ငွေ့ဒေါသငွေ့ တွေမပါအောင် ပါရမီသီလ ဆိုတဲ့ ဖြည့်ဆည်းမှု အပိုင်းလို အပ်ပါတယ်။ ပါရမီသီလ ဆိုတာကတော့ သီလပါရမီ နဲ့ အတူတူပါပဲ။

ပါရမီ ၏ အဓိပ္ပါယ် ကတော့မြင့်မြတ်သူ၊ သူတော်ကောင်းတို့ရဲ့ အလုပ်ကျင့်စဉ်ဖြစ်ပါတယ်။ သည်လိုပဲ
လူတော် လူကောင်း၊ သူတော်ကောင်းဖြစ်လိုသူတိုင်းလည်း သည် ကျင့်စဉ် တွေ အတိုင်းပဲ ဖြည့်ကျင့်ရမှာ ပါပဲ။မြင့်မြတ်ဖြူစင်သောသူများ ဖြစ်လိုသူတိုင်း ဖြည့်ကျင့်ရမဲ့အလုပ် လို့လည်းပြော လို့ရပါတယ် ကလေး တို့ရေ..။
သည်ထက်ပိုအရေးကြီးတာကတော့ အရိယာမဂ်ဉာဏ်၊ ဗောဓိဉာဏ်ကိုရရှိ၍ နိဗ္ဗာန် ကိုမျက်မှောက်ပြုလိုသူ တိုင်း ရောက်လိုသူတိုင်း တိုင်းဖြည့်ကျင့်ရမည့်အလုပ်၊ ဘုရားအလောင်းစသည်တို့ရဲ့ လုပ်ငန်းကျင့်စဉ် အားလုံး ဟာ ပါရမီပါပဲကလေးတို့ရေ..။
မြင့်မြတ်သော ပါရမီ ရှင် ကြီး များ သည် ကာယံ၊ ဝစီကံ များကို စောင့်ရှောက် ထိန်းသိမ်းလေ့ရှိပြီး သူတပါးချမ်းသာရေး၊အများကောင်းစားရေး ကို ပါရမီရှင်ကြီးများသည်အစွမ်းကုန်ပြု လုပ်လေ့ရှိပါတယ်။
ဒါကြောင့် သီလပါရမီကျင့်စဉ် ကို အတုယူ ပြီး အတူဖြစ်အောင် ဂရုဓမ္မနိစ္စသီလ၊စာရိတ္တသီလ မှသည် ပါရမီသီလ ထိ သီလပါရမီ ကို အစွမ်းကုန် ဖြည့်ကျင့်ကြ ရအောင် တော်သလင်းလပြည့်ဓမ္မ လက်ဆောင်ပေးလိုက်ပါရစေ ချစ်သောကလေးတို့ရေ..။


Read more...

ဗုဒ္ဓယဉ်ကျေးမှု သင်ခန်းစာ ( ၁+၂ )

( သြကာသ ကန်တော့ခန်း )

သြကာသ သြကာသ သြကာသ ကာယကံ ၀စီကံ မနောကံ တည်းဟူသော အပြစ်ခပ်သိမ်း ပပျောက်ငြိမ်း၍ အသက်ရှည်စွာ အနာမဲ့ရေး ရန်ဘေးကင်းကြောင်း ကောင်းမှုမင်္ဂလာ ဖြစ်ပါစေခြင်း အကျိုးငှါ ဘုရားရတနာ, တရားရတနာ, သံဃာရတနာ တည်းဟူသော ရတနာမြတ်သုံးပါး ( မိဘ-ဆရာသမား ) တို့ကို အရိုအသေ လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျှော့ ကန်တော့ပါ၏ အရှင်ဘုရား။

ကန်တော့ရသော ဤကောင်းမှုကံ စေတနာတို့ကြောင့် အပါယ် ၄-ပါး, ကပ် ၃-ပါး, ရပ်ပြစ် ၈-ပါး, ရန်သူမျိုး ၅-ပါး, ၀ိပတ္တိတရား ၄-ပါး, ဗျသနတရား ၅-ပါး, အနာမျိုး ၉၆-ပါး, မိစ္ဆာဒိဋ္ဌိ ၆၂-ပါးတို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်သာဖြစ်၍ မဂ်တရား, ဖိုလ်တရား, နိဗ္ဗာန်တရားတော်မြတ်ကို လျင်မြန်စွာ ရပါလို၏ အရှင်ဘုရား။


( ဗုဒ္ဓပွင့်ပေါ် ကျေးဇူးတော် )
၁။ ဘုရားရှင်တော်, မပွင့်ပေါ်လျှင်, လူတော်အများ, စိတ်ကောင်းထားလည်း, ဤကားကုသိုလ်, အကုသိုလ်နှင့်, ထိုထိုဘုံဘ၀, မသိရ, များလှအပြစ်တွေ။
၂။ ဘုရားရှင်တော်, ပွင့်ထွန်းပေါ်၍, ဟောဖော်ညွန်ကြား, မြတ်တရားကြောင့်, ဤကားကုသိုလ်, အကုသိုလ်နှင့်, ထိုထိုဘုံဘ၀, သိကြရ, များလှ ကျေးဇူးတွေ။ ( ဗုဒ္ဓ-၁ )


( ဗုဒ္ဓ၀ါဒီ စွဲ၍တည်မည် )
အိုးမဖုတ်ခင်, အိုးလုပ်စဉ်တွင်, အိုးတွင်နှိပ်ခတ်, တံဆိပ်မှတ်ကား, မပြတ်မစဲ, အိုးပင်ကွဲလည်း, အမြဲတစေ, တည်ရှိနေသို့, ထွေထွေသွေးသား, ကလေးများ၌, ဘုရားတံဆိပ်, ဘာသာစိတ်ကို, ခတ်နှိပ်နိုင်မှ, သက်ဆုံးကျအောင်, ဗုဒ္ဓ၀ါဒီ, စွဲ၍တည်မည်, ကိုယ်စီ ခတ်နှိပ်နိုင်စေသတည်း။


( ဘုရားဖြစ်တော်စဉ် )
၁။ ပဋိသန္ဓေ ယူခန်း-
သုံးလူ့ရှင်ပင်, ကျွန့်ထိပ်တင်, သောင်းခွင်စကြ၀ဠာ, နတ်ဗြဟ္မာတို့, ညီညာရုံးစု, တောင်းပန်မှုကြောင့်, ရတုနဂိုရ်, ရွှန်းရွှန်းစိုသည်, ၀ါဆိုလပြည့်, ကြွက်မင်းနေ့ဝယ်, ချမ်းမြေ့ကြည်ဖြူ, သန္ဓေယူသည်, နတ်လူငြိမ်းဖို့ ကိန်းပါကိုး။

၂။ ဖွားတော်မူခန်း-
သန္ဓေယူခါ, ဆယ်လကြာသော်, မဟာသက္ကရာဇ်, ခြောက်ဆယ့်ရှစ်ကြုံ, ကဆုန်လပြည့်, သောကြာနေ့ဝယ်, ချမ်းမြေ့စုံညီ, လုမ္ဗိနီ၌, မဟီလှိုက်ဆူ, ဖွားတော်မူသည်, နတ်လူအောင်မြို့ လမ်းပါကိုး။

၃။ တောထွက်တော်မူခန်း-
ဖွားမြင်မြောက်သော်, ဆယ့်ခြောက်နှစ်ရွယ်, ပျိုနုနယ်၌, သုံးသွယ်ရွှေနန်း, သိမ်းမြန်းပြီးလစ်, ဆယ့်သုံးနှစ်လျှင်, ဘုန်းသစ်လျှံလူ, စံတော်မူ၍, ရွယ်မူနုဖြိုး, နှစ်ဆယ့်ကိုးဝယ်, လေးမျိုးနိမိတ်, နတ်ပြဟိတ်ကြောင့်, ရွှေစိတ်ငြင်ငြို, သံဝေပိုက, ၀ါဆိုလပြည့်, ကျားမင်းနေ့ဝယ်, ချမ်းမြေ့ရဂုံ, တောရိပ်လှုံသည်, စုံမြိုင်ပင်ရိပ် ခမ်းမှာကိုး။

၎။ ဘုရားဖြစ်တော်မူခန်း-
တောရပ်မြိုင်ပေါ်, ခြောက်နှစ်ကျော်၍, ခါတော်တဖုံ, ပွင့်ချိန်ကြုံက, ကဆုန်လပြည့်, ဆင်မင်းနေ့ဝယ်, မြေ့ပရမေ, ပလ္လင်ဗွေထက်, ရွှေညောင်တော်ကြီး, ဗိတာန်ထီးနှင့်, မငြီးကြည်ဖြူ, နေတော်မူလျက်, ရန်သူခပင်း, အမိုက်သင်းကို, အလျှင်းပယ်ဖျော်, အလင်းပေါက်က, ထွန်းတော်ဘုန်းတော်, သောင်းလုံးကျော်သည်, သုံးဖော်လူတို့ ငြိမ်းဖွယ်ကိုး။

၅။ ဓမ္မစကြာ တရားဦးဟောခန်း-
ဘုရားဖြစ်ခါ, မိဂဒါသို့, စကြာရွှေဘွား, ဖြန့်ချီသွား၍, ငါးပါးဝဂ္ဂီ, စုံအညီနှင့်, မဟီတသောင်း, တိုက်အပေါင်းမှ, ခညောင်းကပ်လာ, နတ်ဗြဟ္မာအား, ၀ါဆိုလပြည့်, စနေနေ့ဝယ်, ကြွေ့ကြွေ့လျှံတက်, ဓမ္မစက်ကို, မိန့်မြွက်ထွေပြား, ဟောဖော်ကြားသည်, တရားနတ်စည် ရွမ်းတယ်ကိုး။

၆။ ပရိနိဗ္ဗာန် စံတော်မူခန်း-
တရားနတ်စည်, ဆော်ရွမ်းလည်က, သုံးမည်ဘုံသိုက်, တသောင်းတိုက်ဝယ်, ကျွတ်ထိုက်သသူ, နတ်လူဗြဟ္မာ, သတ္တ၀ါကို, ခေမာသောင်သို့, ဖောင်ကုတို့ဖြင့်, ဆောင်ပို့ပြီးခါ, ၀ါ-လေးဆယ့်ငါး, သက်ကား ရှစ်ဆယ်, စုံပြည့်ကြွယ်က, ရာလေးဆယ့်ရှစ်, သက္ကရာဇ်ဝယ်, နယ်မလ္လာတိုင်း, စံနှိုင်းမယုတ်, ကုသိနာရုံ, အင်ကြင်းစုံ၌, ကဆုန်လပြည့်, အင်္ဂါနေ့ဝယ်, ချမ်းမြေ့နိဗ္ဗူ, စံတော်မူသည်, ၀ှန်းဆူသောင်းလုံး ကျော်တယ်ကို။

၇။ တေဇောဓာတ် လောင်တော်မူခန်း-
နိဗ္ဗူစံပြီ, ရှုမအီသား, သိင်္ဂီရွှေလှော်, အလောင်းတော်ကို, ထိုရော်ကဆုန်, လဆုတ်ကြုံ၍, ဂဠုန်နေ့ဝယ်, ခိုးငွေ့မနှော, ဓာတ်တေဇောလျှင်, ရှင်စောဉာဏ်စက်, ဓိဋ္ဌာန်ချက်ဖြင့်, လျှံတက်ကော်ရော်, မီးပူဇော်သည်, မွေတော်ရှစ်စိတ် ကြွင်းတယ်ကို။
( လယ်တီ ဆရာတော်ဘုရားကြီး )


( ဓာတ်တော် နှင့် မွေတော် )
ဗုဒ္ဓမြတ်စွာ၏ အရိုးတော်များကို ဓာတ်သဘောများ ဖြစ်သောကြောင့် ဓာတ်တော်-ဟုခေါ်ဆို၍
ဘုရားရှင်က ကိုးကွယ်ဖို့ရာ အမွေပေးခဲ့သောကြောင့် အမွေတော်-ဟုလည်း ခေါ်ပါသည်။

( မြတ်စွာဘုရား၏ နေ့ထူးနေ့မြတ် ခုနစ်နေ့ )
၁။ ပဋိသန္ဓေ ယူတော်မူသောနေ့-
မဟာသက္ကရာဇ် ၆၇-ခုနှစ် ၀ါဆိုလပြည့် ကြာသပတေးနေ့ ဖြစ်ပါသည်။

၂။ ဖွားမြင်တော်မူသောနေ့-
မဟာသက္ကရာဇ် ၆၈-ခုနှစ် ကဆုန်လပြည့် သောကြာနေ့ ဖြစ်ပါသည်။

၃။ တောထွက်တော်မူသောနေ့-
မဟာသက္ကရာဇ် ၉၇-ခုနှစ် ၀ါဆိုလပြည့် တနင်္လာနေ့ ဖြစ်ပါသည်။

၎။ ဘုရားဖြစ်တော်မူသောနေ့-
မဟာသက္ကရာဇ် ၁၀၃-ခုနှစ် ကဆုန်လပြည့် ဗုဒ္ဓဟူနေ့ ဖြစ်ပါသည်။

၅။ ဓမ္မစကြာတရားဦး ဟောတော်မူသောနေ့-
မဟာသက္ကရာဇ် ၁၀၃-ခုနှစ် ၀ါဆိုလပြည့် စနေနေ့ ဖြစ်ပါသည်။

၆။ ပရိနိဗ္ဗာန် စံတော်မူသောနေ့-
မဟာသက္ကရာဇ် ၁၄၈-ခုနှစ် ကဆုန်လပြည့် အင်္ဂါနေ့ ဖြစ်ပါသည်။

၇။ တေဇောဓာတ် လောင်တော်မူသောနေ့-
မဟာသက္ကရာဇ် ၁၄၈-ခုနှစ် ကဆုန်လဆုတ် ၁၂-ရက် တနင်္ဂနွေနေ့ ဖြစ်ပါသည်။
( မဟာဗုဒ္ဓ၀င်- ပဉ္စမတွဲ ၅၅၀ )

( အကျဉ်းဆောင်ပုဒ် )
မ, သိ, ကြ, လတ်၊ တွေး, ဆ, အပ်၊ နေ့မြတ် ခုနစ်ထွေ။
သန်, ဖွား, တော, ပွင့်၊ စက်, စု, သင့်၊ ရှင်ပင့် သာကီဆွေ။

တနည်း လင်္ကာ-
မ, သိ, ကြ, လျှင်, တွေး, ဆ, ဦး။

တနည်း လင်္ကာ-
ကြွက်-သန်၊ ပူး-ဖွား၊ ကျား-တောသွား၊ ဆင်-ဘုရားဖြစ်၊ စက်လှည့်-နာဂ၊ နိဗ်-သီဟ၊ ဂဠု-ဓာတ်မီးလောင်။
( မော်လူး )


( ရတနာသုံးဂုဏ် တို့လွှမ်းခြုံ )
အိပ်ရာဝင်သော် သတိရလို့, ဗုဒ္ဓ-ဓမ္မ-သံဃာရယ်၊
ကိုးကွယ်ပါတယ် စိတ်မှာညွတ်လို့, နှုတ်ပါတွတ်တွတ် ရွတ်ရတယ်။
အိပ်ရာထပြန် တဖန်ထပ်လို့, မှန်မှန်မပြတ် ရွတ်ပါကွယ်၊
ဘေးအန္တရာယ် ရန်စွယ်ကင်းလို့, ကောင်းခြင်းသုခ ရလိမ့်မယ်။
ရမယ် ရမယ်။

( ဘုရားဂုဏ်တော် ၉-ပါး ပါဠိ )
ဣတိပိ သော ဘဂ၀ါ အရဟံ,
သမ္မာသမ္ဗုဒ္ဓေါ,
ဝိဇ္ဇာစရဏသမ္ပန္နော,
သုဂတော,
လောက၀ိဒူ,
အနုတ္တရော ပုရိသ ဒမ္မသာရထိ,
သတ္ထာ ဒေ၀မနုဿာနံ,
ဗုဒ္ဓေါ,
ဘဂ၀ါ။

( အနက် )
၁။ အရဟံ-
လွန်ကဲထူးမြတ်သော သီလဂုဏ်, သမာဓိဂုဏ်, ပညာဂုဏ်, ၀ိမုတ္တိဂုဏ်, ၀ိမုတ္တိဉာဏဒဿနဂုဏ်တို့နှင့် ပြည့်စုံတော်မူသောကြောင့် လူနတ်ဗြဟ္မာ သတ္တ၀ါအပေါင်းတို့၏ ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရား။

၂။ သမ္မာသမ္ဗုဒ္ဓေါ-
သစ္စာလေးပါး ခပ်သိမ်းသောတရားတို့ကို သူတပါးထံ နည်းမခံဘဲ ကိုယ်ပိုင်ဉာဏ်အဟုန်အစွမ်းဖြင့် စူးစမ်းရှာဖွေကာ မှန်ကန်စွာ သိတော်မူပေသော မြတ်စွာဘုရား။

၃။ ၀ိဇ္ဇာစရဏ သမ္ပန္နော-
ဝိဇ္ဇာမည်သော ဉာဏ်ထူးသုံးပါး ဉာဏ်ထူးရှစ်ပါး, စရဏမည်သော အခြေခံအကျင့်တရား ၁၅-ပါးတို့နှင့် ပြည့်စုံတော်မူပေသော မြတ်စွာဘုရား။

၎။ သုဂတော-
သတ္တ၀ါတို့အား အကျိုးများကြောင်း ဟုတ်မှန်သော စကားကောင်းကိုသာ မြွက်ဆိုတော်မူပေသော မြတ်စွာဘုရား။

၅။ လောက၀ိဒူ-
လောက၏အကြောင်းအရာ အလုံးစုံကို အကုန်အစင် သိမြင်တော်မူပေသော မြတ်စွာဘုရား။

၆။ အနုတ္တရော ပုရိသဒမ္မသာရထိ-
ဆုံးမထိုက်သော ပုဂ္ဂိုလ်တို့အား ညွှန်ကြားသွန်သင် ပဲ့ပြင်ဆုံးမမှု၌ အတုမရှိ အမြတ်ဆုံး ဖြစ်တော်မူပေသော မြတ်စွာဘုရား။

၇။ သတ္ထာ ဒေ၀မနုဿာနံ-
ချမ်းသာရကြောင်း လမ်းကောင်းညွှန်ပြ ဆုံးမတော်မူတတ်၍ လူနတ်တို့၏ ဆရာအစစ် ဖြစ်တော်မူပေသော မြတ်စွာဘုရား။

၈။ ဗုဒ္ဓေါ-
တရားအလုံးစုံကို အကုန်အစင် သိမြင်တော်မူပေသော မြတ်စွာဘုရား။

၉။ ဘဂ၀ါ-
ဘုန်းတော်အနန္တ, ကံတော်အနန္တ, ဉာဏ်တော်အနန္တ, တန်ခိုးတော်အနန္တတို့နှင့် လုံးဝဥဿုံ ပြည့်စုံတော်မူပေသော မြတ်စွာဘုရား။

အရဟံ အစရှိသော ကိုးပါးသောဂုဏ်တော်, ဆယ်ပါးသောဂုဏ်တော်, အနန္တဂုဏ်တော်, ကျေးဇူးတော်အပေါင်းတို့နှင့် ပြည့်စုံတော်မူသော သက်တော်ထင်ရှား သဗ္ဗညုမြတ်စွာဘုရားကို ဘုရားတပည့်တော်သည် ရိုသေမြတ်နိုး လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျှော့ ကန်တော့ပါ၏ အရှင်ဘုရား။


( တရားဂုဏ်တော် ၆-ပါး ပါဠိ )
သွာက္ခာတော ဘဂ၀တာ ဓမ္မော,
သန္ဒိဋ္ဌိကော,
အကာလိကော,
ဧဟိပဿိကော,
သြပနေယျိကော,
ပစ္စတ္တံ ဝေဒိတဗ္ဗော ၀ိညူဟိ။

( သံဃာ့ဂုဏ်တော် ၉-ပါး ပါဠိ )
သုပ္ပဋိပန္နော ဘဂ၀တော သာဝကသံဃော,
ဥဇုပ္ပဋိပန္နော ဘဂ၀တော သာဝကသံဃော,
ဉာယပ္ပဋိပန္နော ဘဂ၀တော သာဝကသံဃော,
သာမိစိပ္ပဋိပန္နော ဘဂ၀တော သာဝကသံဃော,
ယဒိဒံ စတ္တာရိ ပုရိသယုဂါနိ အဋ္ဌပုရိသပုဂ္ဂလာ ဧသ ဘဂ၀တော သာဝကသံဃော,
အာဟုနေယျော,
ပါဟုနေယျော,
ဒက္ခိဏေယျော,
အဉ္ဇလိကရဏီယော,
အနုတ္တရံ ပုညက္ခေတ္တံ လောကဿ။


Read more...

အေးချမ်းစေသော စကားလုံးကလေးများ

၂၀၀၀-ခုနှစ်ကုန်ခါနီး တနှစ်တာအတွက် မှတ်တမ်းဟောင်းများကို စိစစ်ပြီးနောက် နှစ်သစ်အတွက် မှတ်စုစာအုပ်များကို ပြင်ဆင်ရင်း ယခုဆောင်းပါးကို နှစ်သစ်ကူးလက်ဆောင်အဖြစ် ရေးလိုက်ရပါသည်။ အိမ်ထောင်သက်တမ်း တလျှောက်မှာ ကျွန်တော့်အတွက် အကျပ်အတည်း အခက်အခဲများ တွေ့တိုင်း ချစ်ဇနီးက ကျွန်တော့်ကို အားပေးပြောကြားသော စကားလုံးများ ဖြစ်ပါသည်။

ဤစာကို ရေးနေသော ဒီဇင်္ဘာ ၂-ရက်နေ့သည် ကျွန်တော်တို့ အိမ်ထောင်သက်တမ်း ၂၈-နှစ်ရှိ၍ အသက်အရ ၅၅-နှစ်နှင့် ၅၀-ပြည့်ခါနီး အချိန်လည်းဖြစ်ပါသည်။ မေတ္တာစေတနာအပြည့်နှင့် ရင်တွင်းကနေ ပြောပြထားထားသဖြင့် ဘ၀တခုလုံးကို ပြောင်းစေနိုင်သည်ဟု စာရှုသူများ ယူဆကြမည်ထင်ပါသည်။ ကျွန်တော်၏ဇနီးသည် ကျွန်တော်နှင့်ထပ်တူ အိမ်ထောင်၏တာဝန်ကို ယူရသည့်အပြင် သားတွေ မြေးတွေ ကိစ္စအတော်များများကိုလည်း ၀တ္တရားမပျက် ဆောင်ရွက်နေရသူ ဖြစ်သည်။

အိမ်ထောင်သက်တမ်းတလျှောက် တခါမျှ အပြင်းအထန် စိတ်ဆိုးခြင်းမရှိပါ။ မိသားစုနှင့် အဆင်မပြေခြင်း မရှိပါ။ ဒေါသထွက်၍ ဆူပူခြင်း မတွေ့ခဲ့ဘူးပါ။ အိမ်ထောင်ကိစ္စ အခက်အခဲများရှိလာတိုင်း ကျွန်တော့်ကို စိတ်အေးအေးထား စဉ်းစားပြီး လုပ်နိုင်သောလမ်းကို အစရှာပေးသည်။ တိုင်ပင်အားပေးသည်။ ကျွန်တော့်မှာသာ အိပ်မပျော် စားမရနှင့် အပူတွင်းမှာ နစ်နေသလို ခံစားခဲ့ရသည်။

ယခုတင်ပြသည်တို့မှာ ဖတ်မိသူများနှင့် ကျွန်တော်၏ သားသမီးများ တနေ့တချိန် ဖတ်မိနိုင်ခဲ့လျှင် အကျိုးရှိနိုင်သည်ဆိုသော ဆန္ဒနှင့် ဘ၀ တကွေ့က မထင်မှတ် ဂရုမမူမိခဲ့သော ကိစ္စအသေးကလေးများသည် မည်မျှထိရောက် အရေးကြီးသည်ကို သိစေလို၍ ဖြစ်ပါသည်။

( ဉာဏ်စွမ်းရည် )
နားလည်သဘောပေါက်နိုင်စွမ်း ဉာဏ်မရှိသောသူကို ဘာတွေပြောပြော ဘယ်တော့မှ ထူးလာမှာ မဟုတ်ပါ။ နားမလည်သရွေ့ သဘောမပေါက်နိုင်ပါ။ သဘောမပေါက်လျှင် ဘယ်တော့မှ အကြံဉာဏ်သစ်ကို ပြောင်းဖို့ လက်ခံမှာ မဟုတ်ပါ။ အချိန်ကုန်၊ ဒေါသထွက်ခြင်းသာ ကိုယ့်အတွက် ရလဒ်ဖြစ်သည်။

( ဝေဖန်မှု )
သူများကိုဝေဖန် သုံးသပ်နေလျှင် မပြေလည်မှုများ ပိုများလာမည်၊ ကိုယ့်ဖြစ်ရပ်များ ကိုယ့်ကိစ္စများကိုသာ အချိန်များများသုံးပြီး အမှားများကို ဝေဖန် စိစစ်သုံးသပ်ပါ။ လမ်းမှန်ပေါ် ရောက်ရန် ကြိုးစားပါ။ သူများတွေနှင့်လည်း ပို၍ အဆင်ပြေလာမည်။

( အားလုံးနှင့် ပြေလည်လိုလျှင် )
ကျွန်မဘ၀မှာ အားလုံးနှင့် အဆင်ပြေအောင်နေဖို့ ဒီလိုနေကြည့်တာ အောင်မြင်တယ်။ လုပ်ကြည့်စမ်းပါလား-ရှင်။ သူများမကြိုက်တာ ဆန့်ကျင်တာ ဝေဖန်တာတွေကို မပြောမိအောင် နေတယ်။ ကိုယ့်အကြောင်း မကောင်းတာ၊ ကိုယ်မနှစ်သက်တာကို ကိုယ့်ရှေ့မှာပဲ ပြောပြော ဘာမှ ပြန်မပြောမိအောင်နေပြီး ကြိုးစားနားထောင်ပေးလိုက်ပါတယ်။

သတ္တိမရှိ ကြောက်လို့ ပြန်မချေပဘဲ ငြိမ်နေတာမဟုတ်ပါ။ ပြောတတ် ပြောချင်တဲ့စကားလုံးတွေ လျှာဖျားအထိ ရောက်လာပေမဲ့ ပြန်မျိုချထားလိုက်တယ်။ ခုလိုအောင့်အည်း သည်းခံလိုက်ရတဲ့ ဒုက္ခက ခဏလေးပါ။ သည်းမခံနိုင်လို့ လက် နှုတ်နှင့်ပြန်ချေပမိလိုက်ရင် တွေ့ရမယ့် အရှုပ်အရှင်းပြဿနာက ပိုကြီးမယ်။ လုပ်ငန်း အလုပ်ဌာနမှာ ဆိုရင် အဆင်မပြေတာတွေ များလာပြီး အလုပ်လက်မဲ့ ဖြစ်နိုင်တယ်။ နှုတ်ပိတ်သည်းခံလိုက်ရတဲ့ ဒုက္ခက နောက်ထပ် တွေ့ရမယ့်ပြဿနာတွေနဲ့ ဘာမှ မယှဉ်သာပါဘူးရှင်။ သည်းခံလိုက်ရတဲ့အကျိုးကြောင့် ပတ်ဝန်းကျင်နဲ့ အဆင်ပြေတာတွေလည်း တိုးလာပါတယ်။

( ဘ၀အဖြစ်အပျက်နှင့် ခံယူချက် အဆက်အစပ် )
လူတိုင်းရဲ့ ဘ၀အဖြစ်အပျက်-အားလုံးဟာ သူခံယူထားတဲ့ ခံယူချက်နဲ့ တိုက်ရိုက်ဆက်စပ်နေတယ်။ ခံယူချက်-မပြောင်းသရွေ့ အခြေအနေ ဘယ်တော့မှ မပြောင်းပါ။ မွေးစကလေးမှာ ဗီဇ-ပါလာတယ်လို့ ပြောကြပေမယ့် သူ့ကိုယ်ပိုင်ဉာဏ်ကနေ ပတ်ဝန်းကျင်မှာ တွေ့ထိသမျှကို ဝေဖန်ပြီး ခံယူချက်-အနေနဲ့ လက်ခံလိုက်တာပဲ။ အချိန်ကြာသွားလေလေ ခံယူချက်-က ပြောင်းဖို့ ခက်လေလေပါပဲ။

ပထမဆုံးလိုအပ်တာက အမှား-အမှန် ကောင်း-မကောင်း လုပ်သင့်-မလုပ်သင့်ကို ဝေဖန်နိုင်စွမ်းရှိတဲ့ဉာဏ်။ ဒုတိယက ၄င်းဉာဏ်ဖြင့် မှန်သော၊ ကောင်းသော လုပ်သင့်သော အချက်များကို လက်ခံနိုင်စွမ်းရှိတဲ့ အသိစိတ်၊။
တတိယအချက်က မှားနေသော လက်ခံယူထားပြီးသား ခံယူချက်များအစား မှန်သော ကောင်းသော လုပ်သင့်သော ခံယူချက်-အသစ်များဖြင့် အစားထိုး ပြောင်းလိုသည့်ဆန္ဒ-နဲ့ ပြောင်းနိုင်စွမ်းရှိတဲ့ စွမ်းရည်များ အဓိက လိုအပ်ပါတယ်။

( မကျေနပ်မှုဖြစ်တိုင်း ဒီလိုမြင်ပါ )
လူတယောက်ကို မကျေမနပ် ကိုယ်စိတ်တိုင်းကျ ဖြစ်မလာတိုင်း စိတ်ဆိုးပြီး ဆုံးဖြတ်ချက် လွယ်လွယ်လေးနဲ့ အပြစ်မမြင်ပါနဲ့။ သူဘာတွေဖြစ်နေလဲ သူဘယ်လောက် ဒုက္ခတွေ့နေလဲ ဆိုတဲ့ သနားတဲ့စိတ်နဲ့ သူ့နေရာကနေ နေပြီး ခွင့်လွှတ်စိတ်အပြည့်နဲ့ တွက်တတ်ပါ။ ကိုယ်လည်း အခက်အခဲ အများကြီးတွေ့ဖူးလို့ တခြားတယောက်က ကိုယ့်ချွတ်ယွင်းချက်ကို ခွင့်လွှတ်ဆက်ဆံရင် ဘယ်လောက် ၀မ်းသာမလဲရှင်။

( အခက်အခဲ ပြဿနာများ၏ တရားခံ )
အိမ်ထောင်တိုင်းမှာ တွေ့ဆုံနေရတဲ့ အခက်အခဲ ပြဿနာတွေရဲ့ ၇၀%ဟာ ကိုယ့်ကြောင့်၊ ကိုယ်မဆင်ခြင်၊ ကြိုတင် မစီစဉ်လို့ ဖြစ်တာတွေ များပါတယ်။ ခက်နေတဲ့ကိစ္စကို ရှင်းဖို့ လမ်းရှာတာထက် လွယ်နေတာကို ရှုပ်အောင်လုပ်ပစ်ပြီး နောက်ဆုံး အခြေအနေနဲ့ ပတ်ဝန်းကျင်-ကိုသာ အပြစ်တင်ကြတာ များတယ်။

( စိတ်ညစ်ချိန်မှာ )
စိတ်ညစ် စိတ်ရှုပ်စရာတွေ တွေ့ချိန်တိုင်းမှာ စိတ်ကို အေးအောင် ကြည်အောင် ရှင်းအောင် ထားပါ။ ခက်သွားအောင် မလုပ်ပါနဲ့၊ အပိုစိတ်ရှုပ်အောင် အပူတွေ ထပ်မပေါင်းပါနဲ့။ ပို၍ စိတ်ညစ်စရာတွေ ရှုပ်ပြီး များလာလျှင် ပြေလည်အောင် ဖြေရှင်းဖို့၊ အကြံဉာဏ်ကောင်းတွေ ၀င်လာဖို့ နေရာရှိမှာ မဟုတ်တော့ပါ။ စိတ်အေးအေးထား ဆုံးဖြတ် အစီအစဉ်ဆွဲတတ်ပါစေ။

( အကောင်းဆုံးအမြင်-စိတ် )
ဘာအကြောင်းကလေးပဲဖြစ်ဖြစ် ကောင်းတဲ့ရှုထောင့်က တွေးပါ။ မြင်ပါ။ သနားခွင့်လွှတ်နိုင်တဲ့ စိတ်ကို အခြေခံထားပါ။ ကိုယ့်နေရာ ကိုယ်ဖြစ်ချင်တဲ့ပုံ၊ ဆန္ဒတွေနဲ့မြင်ပြီး မကျေမနပ်ဖြစ်ပြီး စိတ်တိုင်းမကျ အပြစ်တင်နေသရွေ့ ဘယ်သူနဲ့မှ ဆက်ဆံမှု ပြေလည်မှာ မဟုတ်ပါ။ သူ့နေရာကနေ ကိုယ်ချင်းစာပြီး တွက်ပါ။ သူ့ရဲ့အဖြစ်မှန် အခြေအနေကို ဘာမှသေချာမသိဘဲနဲ့ ကိုယ်လိုချင်တဲ့ဆန္ဒ အတိုင်းအတာအတိုင်း ဖြစ်မလာတာကို ဝေဖန်အပြစ်တင်တတ်တာမျိုး ရှောင်ပါ။ ဒီလိုအကောင်းဆုံး-အသိ-အမြင်-စိတ် အားလုံးအပေါ် ထားနိုင်ရင် လူတိုင်းနဲ့ ပြေလည်ပါမယ်။

( ဒေါသ နှင့် မေတ္တာ )
တခုတည်းသော ချွတ်ယွင်းချက် မရှိ၊ ထာဝရမှန်နေသည့် နိယာမမှာ ဤသို့ဖြစ်ပါသည်။
ဒေါသတိုင်းမှရသော ရလဒ်သည်-ဘာကောင်းကျိုးမှ မပေး။ ဆုံးရှုံးမှုနှင့် အဆုံးသပ်သည်။ နှစ်သက်မြတ်နိုးသူ မရှိ။ ဒေါသကို ပိုင်ထားသူတိုင်း အပူသောကနှင့် စိတ်ဆင်းရဲနေရသည်။

မေတ္တာတိုင်းမှရသော ရလဒ်သည်-
အမြဲကောင်းကျိုးပေး၏။ အောင်မြင်မှုနှင့် အဆုံးသပ်သည်။ လူတိုင်းနှစ်သက်မြတ်နိုး၏။ မေတ္တာကို ပေးတတ်သောသူနှင့် လက်ခံရသူ နှစ်ဦးစလုံး စိတ်ချမ်းမြေ့ အေးချမ်းမှုကို ရယူနိုင်ကြသည်။

( ကုန်ကျမှု နှင့် ၀င်ငွေ )
အသက်ရှင်နေသော အသက်အရွယ်ရောက်သူတိုင်းမှာ စားဝတ်နေထိုင်မှု ကုန်ကျစရိတ် ကာမိအောင် ၀င်ငွေရတဲ့ အလုပ် ရှိကိုရှိရမည်။ လောကမှာ အလုပ်က နှစ်မျိုးပဲ ရှိသည်။ သန့်ရှင်းသောအလုပ်က ရသော ငွေနှင့် မဖြောင့်မတ်သောလမ်းနှင့် ရှာ၍ရသော ငွေ။

( ချမ်းသာလိုလျင် )
ချွေတာမှ စုနိုင်မည်။ စုနိုင်မှ ချမ်းသာမည်။

( သုံးသပ်ခြင်း )
သူများအကြောင်း အခြေအနေကို အချိန်များများယူ သုံးသပ်ဝေဖန်နေလျှင် သူများနှင့် အဆင်မပြေလည်မှု ပိုများလာမည်။ ကိုယ့်ကိုယ်ကို များများသုံးသပ်ဝေဖန်ပြီး မှားနေတာတွေကို ပြင်နိုင်လျှင် သူများတွေနှင့် ဆက်ဆံရတာ ပို၍ အဆင်ပြေလာမည်။

( မှတ်သားလိုက်နာခြင်း )
သင်ခန်းစာအဖြစ် မှတ်ယူသင့်သည့်စကားလုံး စာကြောင်းစာတန်းများကို အခွင့်အခါကြုံတိုင်း ရေးယူ မှတ်သားခြင်းတို့သည် အလွန်ကောင်းသောအကျင့်ပင်။ ရေးထားသမျှ မှတ်တမ်းတွေကို စာအုပ်အဖြစ်ရေးဖို့ တခုတည်းသာ ရည်ရွယ်လျှင် စာဖတ်ပရိသတ်အတွက် တန်ဖိုးရှိသော စာအုပ်ရေးတတ်သည့် စာရေးဆရာပင် ဖြစ်သွားနိုင်သည်။ ကိုယ်ရေးမှတ်ထားသော စာတွေထဲက တန်ဖိုးရှိသော စာသားတွေအတိုင်း ကိုယ်ကြိုးစား လိုက်နာနိုင်ဖို့လည်း မမေ့သင့်ပါ။

( မှတ်ချက် )
ရေးသမျှ စာအားလုံးအတိုင်း လိုက်နာနိုင်ဖို့ ကျွန်တော့်မှာ အရည်အချင်း မရှိသေးပါကြောင်း ၀န်ခံပါသည်။ အတတ်နိုင်ဆုံး ကြိုးစားနေပါကြောင်း ကတိပြုပါသည်။

( ဖိုးဝမောင် )


Read more...

၅။ သမနန္တရ ပစ္စည်း



ပစ္စည်း = အနန္တရပစ္စည်းနှင့် တူ၏ ။

ပစ္စယုပ္ပန် = အနန္တရပစ္စည်း၏ ပစ္စယုပ္ပန်နှင့် တူ၏ ။

ပစ္စယသတ္တိ = ဧကရာဇ်မင်း၏ အရညဝါသီ တောထွက်၍ ရဟန်းပြုခြင်းသည် သားကြီးရတနာအား မင်းအဖြစ်ကို ရစေခြင်းငှာ ကျေးဇူးပြုသကဲ့သို့ ရှေ့ရှေ့ဖြစ်သော စိတ်စေတသိက်တို့သည် နောက်နောက် အခြားမဲ့ဖြစ်ကြသည့် စိတ်စေတသိက်တို့အား ကောင်းစွာ အခြားမရှိစေဘဲ ဖြစ်ပေါ်ရန် ကျေးဇူးပြုကြကုန်၏ ။

ရှေးရှေးစိတ်စေတသိက်တို့က နောက်နောက် စိတ်စေတသိက်တို့အား အစဉ် အဆက်မပြတ် မျိုးအညှောက်ပေးကြရာ၌ စိတ်သည် ဖဿ, ဝေဒနာ-စသည်တို့အား မပေးဘဲ စိတ်အားသာလျှင် ပေး၏ ။ ဖဿသည် စိတ်ဝေဒနာ-စသည်တို့အား မပေးဘဲ ဖဿအားသာလျှင် ပေး၏ ။ ထို့အတူ ကြွင်းသော စေတသိက်တို့ကလည်း ဇာတ်မတူသူတို့အား မပေးဘဲ အသီးသီးဇာတ်တူသားအားသာလျှင် ပေးဆက်ကြ၏ ။ ဤသို့ ဇာတိ မရောမပြောင်းစေဘဲ မိမိတို့၏ ဇာတ်တူသားအားသာလျှင် ကောင်းစွာမျိုးအစဉ် ပေးကြသောကြောင့် အနန္တရပစ္စည်းကိုပင်လျှင် 'သံ=ကောင်းစွာ' ဟူသောပုဒ်ဖြင့် အထူးပြု၍ သမနန္တရပစ္စည်းဟု ဟောတော်မူ၏ ။

အနန္တရပစ္စည်းနှင့် သမနန္တရပစ္စည်းတို့သည် တရားကိုယ်အားဖြင့် အတူတူပင် ဖြစ်ပါတယ်။ အတူတူဖြစ်ရက်သားနဲ့ မြတ်စွာဘုရား ဘာကြောင့် အနန္တရပစ္စည်းကို ဟောကြားပြီးတော့ သမနန္တရပစ္စည်းကို ထပ်ပြီး ဟောကြားရသလဲဆိုတော့ ပုဂ္ဂလဇ္ဈာသယ အားဖြင့် ထပ်ပြီး ဟောကြားတော်မူတာ ဖြစ်ပါတယ်။

အချို့အချို့သောပုဂ္ဂိုလ်တွေက "အနန္တရပစ္စယော"လို့ ဟောကြားလိုက်လို့ရှိရင် နားလည် သဘောပေါက်သွားတယ်။ နာမက္ခန္ဓာတရားတွေ အကြားမရှိ ကျေးဇူးပြုနေကြတယ်-ဆိုတာ သဘောပေါက်သွားတယ်။ အချို့အချို့သော ပုဂ္ဂိုလ်တွေက "အနန္တရပစ္စယော"လို့ ဟောလိုက်လို့ရှိရင် သဘောမပေါက်သေးပေဘူး။ သဘောမပေါက်သေးလို့ရှိရင် "သမနန္တရပစ္စယော"လို့ မြတ်စွာဘုရား ထပ်ပြီး ဟောကြားတော်မူလိုက်သောအခါကျမှ သဘောပေါက်သွားကြပေတယ်။

ရှေ့ရှေ့ နာမ်တရားတွေကနေပြီးတော့ နောက်နောက် နာမ်တရားတွေကို အခြားမရှိ၊ အကြားမရှိ ကျေးဇူးပြုတယ်ဆိုတာ ကောင်းစွာ အကြားမရှိ ကျေးဇူးပြုတာလို့ ဟောလိုက်တဲ့အခါကျတော့မှ အချို့အချို့သော ပုဂ္ဂိုလ်တွေက သဘောကျကြပေတယ်။ သဘောပေါက်ကြပေတယ်။

အနန္တရနှင့် သမနန္တရ နှစ်ပါးမှာ အနန္တရက စကြာဝတေးမင်းကြီး ကွယ်လွန်သွားတာ၊ နတ်ရွာစံသွားတာ သားကြီးရတနာ မင်းဖြစ်ဖို့ရာ ကျေးဇူးပြုသကဲ့သို့ ရှေ့စိတ် ချုပ်ပျောက်သွားခြင်းသည် နောက်စိတ်ဖြစ်ပေါ်လာအောင် ကျေးဇူးပြုတယ်လို့ ဆိုလိုပေတယ်။

သမနန္တရကလည်း ဒီအတိုင်းပဲ၊ စကြာဝတေးမင်းကြီး ရဟန်းပြုသွားတာ၊ ရဟန်းပြုလိုက်တဲ့အခါမှာ သားကြီးရတနာဟာ အကြားမရှိ၊ အခြားသော မင်းတရားတွေ ဒီမှာ အုပ်စိုးလို့ မရအောင်၊ ချက်ချင်း အကြားမရှိ မင်းဖြစ်အောင် ကျေးဇူးပြုပါတယ်လို့ ဆိုလိုပေတယ်။ စကြာဝတေးမင်းကြီး ရဟန်းပြုသွားတာဟာ သားကြီးရတနာ မင်းဖြစ်ဖို့ရာ ကောင်းစွာ ကျေးဇူးပြုသကဲ့သို့ သမနန္တရသတ္တိဖြင့် ကျေးဇူးပြုတာလည်း ဒီအတိုင်းပါပဲ။ ရှေ့ရှေ့စိတ်တွေ ချုပ်ပျောက်သွားတာ နောက်နောက်စိတ်တွေ ဖြစ်ပေါ်လာဖို့ရာ ကောင်းစွာ ကျေးဇူးပြုခဲ့ပါတယ်ဟု ဆိုလိုပါတယ်။ အနန္တရပစ္စည်းနှင့် သမနန္တရပစ္စည်းတို့သည် ဤမျှလောက်ပင် ထူးခြားကြပေသည်။

ဆက်ရန် ... သဟဇာတသ

Read more...

အသက်ရှည်လိုလျှင်

လူတိုင်း ကျန်းမာပြီး အသက်ရှည်လိုကြသည်။ ထို့ကြောင့် နေ့စဉ် စားသောက်ခြင်းပြုကြသည်။ အစာအာဟာရအကြောင်း အခြေခံသဘော သိထားပြီး စားသောက်ကြလျှင် အကျိုးသက်ရောက်ပါမည်။ သာမန်အားဖြင့် ဆာလောင်မှုနှင့် ရသတဏှာကို အလေးပေးပြီး စားသောက်ကြလျှင် ငွေကုန်ပင်ပန်းပြီး မိမိလိုအပ်ချက် ကျန်းမာရေးပန်းတိုင်သို့ မရောက်နိုင်ပါ။


စားသောက်ရခြင်း၏ အကြောင်းရင်းကို အခြေခံသိထားသင့်ပါသည်။ အသား (ပရိုတင်းဓာတ်) စားသောက်ရခြင်း၏ လိုအပ်ချက်ကို တင်ပြလိုပါသည်။

ခန္ဓာကိုယ် တကိုယ်လုံးမှာ
(၁) ရေ ၆၅% ၆၇%
(၂) ပရိုတင်း အသားဓာတ် ၁၇%၊ အဆီဓာတ် ၁၄%၊ ကစီဓာတ် ၁.၅%
(၃) ထုံးဓာတ်နှင့် မီးစုံးဓာတ် ၀.၅%
(၄) ဓာတ်သတ္ထု အမျိုးမျိုး အနည်းငယ်တို့ ပါဝင်ပါသည်။
ကျွန်တော်တို့ နေ့စဉ်အတွေ့အကြုံအရ ဆန်ထမင်း (ကစီဓာတ်)ကို နေ့စဉ် ခန္ဓာကိုယ်တွင်းသို့ ၁-ပန်းကန်၊ ၂-ပန်းကန်၊ ၃-ပန်းကန် စသည်ဖြင့် စားသောက်သုံးဆောင်လေ့ ရှိပါသည်။ သို့သော် အထက်ဖော်ပြချက်အရ ခန္ဓာအလေးချိန်တွင် ကစီဓာတ် ၁.၅% သာရှိသည်ကို တွေ့ရသည်။

စားသောက်သည့် ဆန်ထမင်းသည် အူသိမ်အတွင်း ဂလူးကို့စ် ဖြန့်ဖြူးပါသည်။ တစက္ကန့်တွင် ၅၈၀၀-ဖြစ်ပျက်နေသည့် ခန္ဓာကိုယ် ပြုပြင်မှု (သင်္ခါရ) တရားက လိုအပ်သော အင်အားကို ဤဂရူးကို့စ်က ထုတ်ပေးပါသည်။ စားရာတွင် များသည်ကို မြင်ရသော်လည်း ပိုနေသော ဂလူကို့စ်ကို အသားကလာပ်စုများသို့ Glycogen (စုဆောင်းဂလူးကို့စ်) အဖြစ် ပြုပြင်ကာ စုဆောင်းပါသည်။ ထမင်းစားချိန်မရောက်မီ လိုအပ်သော အင်အားကို ဤဂလိုက်ကိုဂျင်က သုံးစွဲပါသည်။ ပိုလျှံသော ဂလူးကို့စ်ကို ခန္ဓာရှိအဆီဌာနတွင် စုဆောင်းလိုက်ပါသည်။ ထမင်းများများစားသူများ ဆူဝလာသည့်အကြောင်းရင်း တခုပါ။

ဤဆောင်းပါး၏လိုရင်း ပရိုတင်းဓာတ်အကြောင်း ဖော်ပြပါရစေ။
ဤခန္ဓာ၏ ၃၂-ကောဋ္ဌာသတို့သည် ကလာပ်စည်း (ဆဲလ်) ပေါင်း ကုဋေကုဋာတို့ စုပေါင်းပြီး ပြုပြင်ထားပါသည်။ ထို(ဆဲလ်)ကလာပ်စည်း တခုစီတွင် ပရိုတင်း၊ အဆီ၊ ကစီဓာတ်တို့ လိုအပ်သလို အချိုးကျ ရေထဲတွင် ပေါင်းစည်း ဖွဲ့စည်းထားပါသည်။

ခန္ဓာအတွက် လိုအပ်သည့် ပရိုတင်း အသားဓာတ်ကို အခြေခံအားဖြင့် တိရစ္ဆာန်အသားများနှင့် ပဲအမျိုးမျိုးတို့မှ ရရှိပါသည်။ အမဲသား၊ ၀က်သား၊ ကြက်သား၊ ဆိတ်သား၊ ဥနှင့်၊ နို့တို့ကို စားသောက်မှီဝဲသူများနှင့် ပဲအမျိုးမျိုးတို့ကို စားသောက်မှီဝဲသူများ ဟူ၍ အုပ်စုနှစ်ခု ရှိပါသည်။

လူတိုင်း ခံတွင်းတွေ့နေသည့် အမဲသား၊ ၀က်သား၊ ကြက်သားတို့တွင် ပရိုတင်းဓာတ် ၁၇% ၁၈% ပါရှိပါသည်။
ဆိတ်သားမှာ-၁၃%သာ ရှိပါသည်။
ပဲအမျိုးမျိုးမှာလည်း အသားနည်းတူ ပရိုတင်းဓာတ် ပါရှိသည်။ ထူးခြားချက်မှာ ပဲပုပ်ပဲတွင် အမဲသားထက် ပရိုတင်း နှစ်ဆပါရှိပြီး ခန္ဓာရှိ ကလာပ်စု(ဆဲလ်)များ လိုအပ်သည့် ပရိုတင်းဓာတ် လုံလောက်စွာ ပါရှိသည်။ ပဲပုပ်ပဲမှာ ပရိုတင်း ၃၉% ပါရှိပါသည်။

အနောက်ဥရောပနိုင်ငံ အမေရိကပြည်ထောင်စု ဂျပန်တို့မှ ဆေးသုတေသီများ ခံယူချက်မှာ တိရစ္ဆာန်များ၏ အသားကို မှီဝဲစားသောက်နေမှ ခန္ဓာ ထွားကျိုင်းကျန်းမာသည်ဟု ခံယူလေ့ရှိသည်။ ဒုတိယကမ္ဘာစစ်ကြီး ပြီးသည့်နောက်ပိုင်းတွင် တိရစ္ဆာန်အသားများ စားသောက်သောသူများနှင့် ပဲစေ့အမျိုးမျိုးနှင့် နို့မှီဝဲသော လူများစု၏ ကျန်းမာ သက်ရှည်မှုတို့ကို လေ့လာကြပါသည်။

တိရစ္ဆာန်အသားမှ အသားပရိုတင်းဓာတ်ကို မှီဝဲသောသူများတွင် သွေးတိုးရောဂါ၊ နှလုံးသွေးကြောပိတ်ရောဂါ၊ ဒူးဆစ်၊ လက်ဆစ်ရောင်ရောဂါ၊ ကျောက်ကပ်ရောဂါ၊ အစာအိမ်နှင့် အူမကြီးကင်ဆာ ရောဂါတို့ ဖြစ်တတ်ကြပြီး သက်တမ်းတိုကြသည်ကို တွေ့ရပါသည်။

သစ်သီးသစ်ရွက်နှင့် ပဲစေ့အမျိုးမျိုး၊ နို့စသည်တို့ကို မှီဝဲသောသူများတွင် အထက်ဖော်ပြပါ ရောဂါများ ကင်းရှင်းပြီး အသက်ရှည်ကြောင်း တွေ့ရပါသည်။ နှလုံးသွေးကြောပိတ်ရခြင်း အကြောင်းနှင့် အသားများစွာ စားသောက်သောသူများတွင် ကိုလက်စထရော ( Cholesterol )အဆီဓာတ် သွေးထဲတွင် များနေသည်ကို တွေ့ရသည်။ ဤအဆီဓာတ်ကို နှလုံး၊ သွေးတိုးရောဂါ တရားခံအဖြစ် သတ်မှတ်ကြသည်။

ပဲများအနက် ပဲပုပ်ပဲ သုံးစွဲသောသူများ၏ သွေးထဲတွင် ကိုလက်စထရော နည်းပါးပြီး နှလုံးရောဂါဖြစ်မှု နည်းပါးကြောင်း တွေ့ရပါသည်။
အထက်ဖော်ပြချက်အရ နှလုံးရောဂါ၊ သွေးတိုးရောဂါ ကာကွယ်သည့်အနေဖြင့် အသားများအစား ပဲပုပ်ပဲကို ပရိုတင်းအာဟာရအဖြစ် မှီဝဲသုံးဆောင်သင့်ကြောင်း တင်ပြလိုပါသည်။

ပဲအမျိုးမျိုးကို သုံးဆောင်ရာတွင် လွယ်ကူစေရန် ချက်ပြုတ်နည်းကို တင်ပြပါမည်။
(လွယ်ကူသလိုနဲ့ အခက်အခဲတွေ့မှာ စိုးပါသည်)။
သုံးဆောင်မည့်ပဲ (လက်ရွေးစင်) ဥပမာ-နို့ဆီဘူးဝက်ကို စားဆိုဒါ လက်ဖက်ရည်ဇွန်း တဇွန်း ( အထူးပြည့်လျှံရန် မလိုပါ) ထည့်ပြီး ရေနှင့် ၁၀-နာရီ ၁၂-နာရီ ခန့် စိမ်ထားပါ။
ပြုတ်မည့်အခါ ရေဖြင့် ၂-ထပ်၊ ၃-ထပ် ဆေးပါ။ ပဲစေ့မျက်နှာပြင်နှင့်အညီ ရေထည့်ပြီး ပြုတ်ပါ။
၁၅-မိနစ် ၂၀-မိနစ် အတွင်း ကောင်းစွာနူးပြီး ချိုဆိမ့်အရသာ တွေ့ရပါမည်။ အထူးသဖြင့် ပဲပုပ်ပဲကို ဤနည်းဖြင့် ပြုပြင်ရန်လိုပါသည်။ ပြုတ်ပြီး မိမိကြိုက်သလို ချက်စားပါ။ အရသာလည်းရှိ၍ အာဟာရဓာတ်လည်း ပြည့်ဝစွာ ရရှိပါသည်။

( အညတြ ဆရာဝန် )


Read more...

လူငယ်တို့အတွက်အားမာန်

ကျွန်တော်တို့လူငယ်မောင်မယ်များတွင်ရှိသင့်သောစိတ်ဓါတ်မှာ“မြဲမြံခိုင်ခံသောစိတ်ဓါတ်ရှိခြင်း”
ပင်ဖြစ်ပါသည်။ ကျွန်တော်တို့လျောက်လှမ်းနေသောဘ၀ခရီးလမ်းတွင်အခက်အခဲအတားအဆီး
များရှိနေလျှင်လည်း“ငုပ်မိသဲတိုင်၊တက်နိုင်ဖျားရောက်”ဟူသောအဆိုအမိန့်အတိုင်းစိတ်ဓါတ်ကျ
ခြင်းမရှိဘဲအခက်အခဲအတားအဆီးများကိုရင်ဆိုင်ကျော်လွားပြီးအောင်မြင်မှုပန်းတိုင်ကိုအရောက်
လှမ်းရမည်ဖြစ်ပါသည်။
ကျွန်တော်တို့ ဗုဒ္ဓဘာသာတွင်လူငယ်မောင်မယ်တို့အတွက်စံထားထိုက်သော မြတ်စွာဘုရားရှင်
သည်သုမေဓာရသေ့ဘ၀မှဝေဿန္တရာဘ၀အထိလေးသင်္ချေနှင့်ကမ္ဘာတစ်သိန်းတိုင်အောင်ဒါနပါ
ရမီ၊သီလပါရမီ၊နေက္ခမ္မပါရမီ၊ပညာပါရမီ၊၀ီရိယပါရမီ၊ခန္ဓီပါရမီ၊သစ္စာပါရမီ၊အဓိဌာန်ပါရမီ၊မေတ္တာပါ
ရမီနှင့်ဥပေက္ခာပါရမီဟူသောပါရမီတော်ဆယ်ပါးကိုဖြည့်ကျင့်တော်မူခဲ့ပါသည်။ မြတ်စွာဘုရားရှင်
သည်“သဗ္ဗညုတ”ရွေဥာဏ်တော်(အလုံးစုံကိုဆရာမကူဆရာမရှိသိသောဥာဏ်)ရရှိအောင်သားမ
ယားမိဘဆွေမျိုးထီးနန်းစည်းစိမ်တို့ကိုစွန့်လွတ်ပြီးဥရုဝေလတောအုပ်ထဲတွင်(၆)နှစ်တိုင်အောင်
ဇွဲလုံ့လ၊ ၀ီရိယ ပြင်းစွာဖြင့်မိမိလိုရာပန်းတိုင်သို့ အရောက်လှမ်းခဲ့သည်မှာ ကျွန်တော်တို့လူငယ်
မောင်မယ်လေးများအတွက်အတုယူသင့်ပါသည်။ အောင်ပွဲရရန်ချီတက်သောလမ်းတစ်လျောက်
တွင်အခက်အခဲအတားအဆီးဆိုတာရှိစမြဲဖြစ်ပါသည်။အောင်မြင်မှု၊ဆုံးရှုံးမှုတို့ကိုတွေ့ရမည်မှာမ
လွဲဧကန်ပင်ဖြစ်ပါသည်။ထိုအခါစိတ်ပျက်အားလျော့ခြင်းမရှိဘဲအမှားကိုသင်ခန်းစာယူ၍အမှန်ကို
ရောက်အောင်ဆင်ခြင်သုံးသပ်နိုင်ရမည်ဖြစ်ပါသည်။ ပန်းတိုင်သို့ လျောက်လှမ်းရာ ခရီးလမ်းတွင်
ကျဆုံးခြင်းနှင့်တွေ့ကြုံရပါကစိတ်ဓါတ်အားမာန်တင်းနိုင်ကြစေရန်ကဗျာဆရာအေးငွေ၏“ကဗျာ
အားမာန်စာအားမာန်”ကဗျာလေးကိုဖော်ပြလိုက်ပါတယ်။
*လေထိုင်တိုင်းသာ၊ပွင့်ကြွေပါမူ၊
ဘယ်မှာပန်းများ၊ကျန်မည်နည်း။
*လှိုင်းပုတ်တိုင်းသာ၊ကမ်းပြိုပါမူ၊
ဘယ်မှာမြေကြီးကျန်မည်နည်း။
*ကျရှုံးတိုင်းသာ၊ငိုရပါမူ
ဘယ်မှာမျက်ရည် ကျန်မည်နည်း။
*အမှောင်တစ်ဝက်၊လင်းတစ်ဝက်သည်
တစ်ရက်တစ်ခါ၊ကြုံမြဲသာတည့်။
*အရှုံးတစ်လှည့်၊နိုင်တစ်လှည့်မှာ
မျက်လှည့်ပမာ၊တွေ့မြဲသာတည့်။
*ဘ၀သည်ကား၊တိုက်ပွဲများပင်
လှုပ်ရှားရသော၊လူ့၇ွာတောဝယ်
လင်းသော-မှောင်သော၊အောင်သော-ရှုံးသော
မုန်းသော-ချစ်သော၊သစ်သော-ဟောင်းသော
ပူသော-အေးသော၊နုသော-ကြမ်းသော
စောကြောစိတ်ဖြာ၊မနေသာပေ။
*လဲရာကထ၊ကျရာကတက်
ပျက်ရာကဆောက်၊ရှေ့သို့လျှောက်၍
ရောက်ရာဘ၀၊အားမာန်ပြရင်း
ရုန်းရကန်ရမည်တကား။
လောကီလူဘုံလျောက်လှမ်းနေသောဘ၀ခရီးလမ်းတွင်မှန်ကန်သော၊မြင့်မြတ်သော၊ကြံခိုင်သော
စိတ်ဓါတ်ဖြင့်ဆရာဇော်ဂျီရေးသားသော “ပန်းပန်လျှက်ပါ” ကဗျာထဲက ဒီရေအတက်အကျလှိုင်း
လေပုတ်ခတ်မှု၊ဘဲအုပ်တို့၏ထိုးဆိတ်မှုကိုကြံ့ကြံ့ခံရင်း“ဗေဒါပျံအံကိုခဲ၊ပန်းပန်လျှက်ပဲ”ဆိုတဲ့ဗေ
ဒါပန်းလေးလိုအောင်ပွဲခံနိုင်ကြပါစေ။


Read more...

အမျက်ထွက်သော နဂါးလေး...

၅၅၀-ဇာတ်တော် မှ...

၃၀၁... စူဠကာလိင်္ဂ ဇာတ်... စစ်နိုင်ရာမှ ရှုံးရသော ကာလိင်္ဂမင်း...
၃၀၂... မဟာအဿရောဟ ဇာတ်... ကျေးဇူးဆပ်သော မြင်းစီးကြီး...
၃၀၃... ဧကရာဇ ဇာတ်... မင်းကောင်းနှင့် မင်းယုတ်မာ...
၃၀၄... ဒဒ္ဒရ ဇာတ်... အမျက်ထွက်သော နဂါးလေး...












Read more...

မြတ်ဗုဒ္ဓသာသနာ ပုံတော်သမိုင်း

မတ်ဗုဒ္ဓသာသနာ ပုံတော်သမိုင်း ၅-မှ...











Read more...

အနှစ်ကိုးပါး(အပိုင်း၁၀)




ယိမ်းထွက်နေတာလိုပဲ

ဘုန်းကြီးကတော့ အဲဒါတွေ အကုန်လုံးလျှောက် ကြည့်နေတယ်။ ဘေးကကြည့်ရင်တော့ ဒီကိုယ်တော်ကတော့ သမာဓိမရှိဘူးလို့ ထင်ရမယ်။ သမာဓိလဲ မရပါဘူး။ သမာဓိ မရဘူးဆိုတာ သေချာတယ်။ သူတို့လုပ်တာပဲ ကြည့်နေရတာကိုး။ အချိန်က ည ၈-နာရီလောက် ဖြစ်သွားပြီ။ ကြည့်ပြီးတော့ ထိုင်နေတယ်။
နောက် တော်တော်ကြာတော့ ဘာလုပ်ပြန်တုန်းဆိုရင် အလယ်ကကိုယ်တော်ကြီးက ဂလိုင်လေးကို တိုးတိုး တိုးတိုးနဲ့လှုပ်ပြန်တော့ ''ဒါဟာ တရားဖြုတ်တဲ့သဘောရှိတယ်၊ တရားထိုင်တဲ့ အလုပ်ကို ရပ်ခိုင်းတဲ့သဘောရှိတယ်'' လို့ ဘုန်းကြီး တွေးမိတယ်။ ဂလိုင်လေးကို ဖြည်းဖြည်း ဖြည်းဖြည်းနဲ့ မျှဉ်းပြီးတော့ လှုပ်ပေးလိုက်တယ်။
ဖြည်းဖြည်းဖြည်းဖြည်း မျှဉ်းပြီးတော့ လှုပ်ပေးလိုက်တဲ့အချိန်မှာ ပရိသတ်အကုန်လုံးဟာ အသံလေးကို တိုးတိုးတိုးတိုးနဲ့ သူတို့ရွက်ကြပြန်ရော။
အသံလေး တိုးတိုးတိုးတိုးနဲ့ သူတို့ ရွတ်ပြီးတော့မှ အသံဟာ တဖြည်းဖြည်း မြင့်မြင့်မြင့်မြင့်ပြီးတော့ တက်လာ နောက်ဆုံးကျမှ အသံရပ်သွားတယ်။ အသံလဲ ရပ်သွားရော လက်ဝဲဘက် အစွန်မှာနေတဲ့ နှဲအရှည်ကြီး ကိုင်ထားတဲ့ ကိုယ်တော်က စပြီး နှဲကြီးကို ''တော်''ဆိုပြီးတော့ မှုတ်လိုက် တော့တာကိုး။
နှဲသံကြီးကို ''တော်''ဆိုပြီး တအား မှုတ်လဲချလိုက်ရော ဘေးနားက နှဲအသေး နှစ်လက် ကိုင်ထားတဲ့ ကိုယ် တော်နှစ်ပါးရယ်, ဟိုဘက်က ဘင်ကြီးကိုင်ထားတဲ့ ကိုယ်တော်ရယ် အကုန်လုံး တပြိုင်နက်ထပြီးတော့ နှဲမှုတ်တဲ့ ကိုယ်တော်က မှုတ်၊ စည်းလိုက်တဲ့ ကိုယ်တော်ကလိုက်၊ ဘင်ကြီး ကိုင်ထားတဲ့ ကိုယ်တော်ကလဲ ဒိန်းဒိန်းဒိန်းဒိန်းနဲ့ ဘင်ကြီးထုဆိုတော့ ယိမ်းထွက်နေတာနဲ့ တူလိုက်တာ။
နှဲမှုတ်တာကလဲ ဘုန်းကြီးကိုယ်တိုင်က မှုတ်တာ။ လူတွေမှုတ်တာ မဟုတ်ဘူး။ တိဘက်ဘုန်းကြီးတွေက နှဲ မှုတ်။ ဘေးနားကနေပြီးတော့ တဒိန်းဒိန်းနဲ့ ဘင်ကြီးထု။မှုတ်လို့ ထုလို့ ခတ်လို့ တီးလို့ တော်တော်လေး အရှိန်ရ ကျေနပ်ပြီဆိုတော့ မန္တာန်တွေ ရွက်လိုက်ကြပြန်ရော။ ဘုရား ရှိခိုးကြပြန်ရော။ ပြီးတော့ တရားထိုင်လိုက် ကြပြန် ရော။
သူတို့ ဘုရားရှိခိုးကြပုံ
သုံးကြိမ်သုံးခါ အဲဒီလို ပြီးသွားပြီးဆိုတော့ အချိန် က ၉-နာရီ-၄၅-မိနစ်လောက် ဖြစ်သွားတယ်။ ၉-နာရီ ၄၅-မိနစ်လောက် ဖြစ်သွားတော့မှ အဲဒီလုပ်ငန်းတွေ အကုန်ရပ်ပြီး၊ အားလုံး မတ်တတ်ထပြီးတော့ သူတို့ ဘုရား ရှိခိုးကြတယ်။
မတ်တတ်ရပ်ပြီးတော့ ဘယ့်နှယ်ရှိခိုးသလဲဆိုရင် လက်တွေအကုန်လုံးကို တပြိုင်နက် လက်အုပ်ချီပြီးတော့ ကောင်းကင်မြှောက်လိုက်ကြတယ်။ လက်တွေ အကုန်စုပြီး လက်အုပ်ချီ၊ ကောင်းကင်မြှောက်၊ ခေါင်းပေါ်မှာ လက်ကလေးတွေ စီပြီးတော့ မြှောက်ထားတယ်။
လက်နှစ်ဘက် လက်အုပ်ချီ ကောင်းကင်မြှောက် ခေါင်းပေါ် ရောက်သွားပြီးတော့မှ ထိုင်နေတဲ့ ကိုယ်တော် ကြီး(ဆရာကြီး)က တစ်ချက် အော်ပေးလိုက်တယ်။ ဘာအော်ပေးလိုက်တယ်တော့ မသိဘူး။ ခေါင်းပေါ် မြှောက်ထားတဲ့ လက်တွေကို တပြိုင်နက် နဖူးအထိ ချလိုက်တယ်။ လက်အုပ်ချီပြီးသား မတ်တတ်။
နောက် တစ်ချက်အော်ပေးလိုက်တော့ နဖူးက လက်တွေ မေးစေ့အောက်သို့ တစ်ဆင့် ချလိုက်ကြတယ်။ မေးစေ့အောက်ကနေ နောက်တစ်ခါ အော်လိုက်ပြန်တော့ ရင်ဘက်သို့ တစ်ဆင့်ချလိုက်ကြတယ်။
နဖူး၊ မေးစေ၊့ ရင်ဘတ်၊ သုံးဆင့်။ ရင်ဘတ်သို့ လက်ကိုရောက်အောင် ချပြီးပြီဆိုတော့မှ နောက်တစ်ချက် အော်လိုက်တဲ့ အခါမှာတော့ ဗြုန်းကနဲဆို အကုန်လုံး အဲဒီ လူအုပ်ကြီး တစ်ခုလုံးဟာ လက်တွေကိုရှေ့တိုးပြီးတော့ ဗောဓိပင်ဘက်ကို ဦးတည်ပြီးတော့ အကုန်လုံး ဝမ်းလျား မှောက်ကြတယ်။
အကုန်လုံး ဗြုန်းကနဲဆို ဝမ်လျားမှောက် လိုက်ကြတယ်။ ဘုန်းကြီးက ရုတ်တရက်တော့ လန့်သွားတယ်။ ''ဒီလူ တွေ မေ့လဲကုန်ပြီလား၊ ဘာဖြစ်တာလဲ၊ တစ္ဆေဖမ်းသလား'' လို့ တွေးမိတယ်။
ဝမ်းလျားမှောက်ချလိုက်ပြီးတော့မှ တစ်ယောက်မှ ခေါင်းမဖော်ကြဘူး။ လက်အုပ်ချီထားတဲ့ လက်ကလေးတွေ ကို ရှေ့တိုးပြီးတော့ မှောက်ခုံလေးတွေနေကြတယ်။ မှောက်ခုံလေးတွေနေကြတော့ ဆရာကြီးလုပ်သူက နည်းနည်းကလေး တိုင်ပေး၊ မှောက်လျက်က လိုက်ဆိုကြတယ်။ ပြီးတော့ တစ်ခါပြန်ထ။
ထလိုက် ဝမ်းလျားမှောက်လိုက်၊ မတ်တတ် ထ လိုက်၊ ဝမ်းလျားမှောက်လိုက် အဲဒီလို သုံးကြိမ်တိုင်တိုင် ဦးချပြီးတော့မှ အကုန်လုံး ထိုင်ပြီး အပန်းဖြေကြတယ်။ပေနေတဲ့ ဖုန်လေးတွေ ဘာလေးတွေ သုတ်ပြီးတော့ ထိုင်ကြ တယ်။
သူတို့က တရားအားထုတ်လိုက်၊ နှဲကလေး မှုတ်လိုက်ဆိုတော့ သမာဓိ ဘယ်လိုလုပ်ဖြစ်မှာလဲ။ သူတို့ မစဉ်း စားကြဘူး။ ကိုယ့်ဟာကိုယ် အဟုတ်ထင်နေကြတယ်။
တရားသိမ်း အပန်းဖြေနည်း
ပြီးတော့မှ အငယ်ကိုယ်တော် သုံးပါးလေးပါးက ထပြီးတော့ ရှေ့နားက တောင်းကြီးတွေ ဆွဲဖွင့်၊ အဝတ်ဖြူ ကြီးတွေနဲ့အုပ်ထားတာ။ ဆွဲဖွင့်လိုက်တော့မှ အထဲကထွက် လာတဲ့ ပန်းသီးတို့ ငှက်ပျောသီးတို့ ဘီစကွတ်မုန့်တို့ နို့ဆီဗူး တို့ အကုန်ထွက်လာကြတယ်။
ပန်းကန်ပြားတွေ ဆွဲထုတ်ပြီးတော့ အဲဒါတွေ ထည့်။ ပန်းသီးတို့ ငှက်ပျောသီးတို့ ဘီစကွတ်တို့ ချိုချဉ်ခဲတို့ အကုန်ထည့်ပြီးတော့မှ ခုနက တရားအားထုတ်တဲ့ ကိုယ် တော်တွေ အဲဒီမှာ ဝေပြီတော့ စားကြတာ။
တရားအားထုတ်လို့အပြီး ဗောဓိပင်အောက်မှာ သူတို့အကုန်စားကြတာ။ ဘုန်းကြီးရော သီလရှင်ရော အကုန်ပဲ အဲဒီမှာ စားကြတာ။
ဘုန်းကြီးက ''ဒါဟာ ဆွမ်းတော်ကြီး တင်တာနဲ့ တူပါတယ်''လို့ထင်တာ။ မဟုတ်ဘူး။ မြန်မာပြည် ဆွမ်းတော်ကြီး တင်တဲ့နည်းလို့ ဘုန်းကြီးက အောက်မေ့မိတာ။ ဘုရားရှေ့ တောင်းကြီးတွေချထားတော့ ''သြော် စားစရာတွေ ဆွမ်းတော်ကြီးတင်တာ ဖြစ်မှာပဲပေါ့''။
မြန်မာပြည်ကတော့ ဆွမ်းတော်ကြီးတင်တာ ညကတည်းက တင်တာကိုး။ ဘဲကင်ရော၊ ကြက်ကင်ရော၊ ဝက်အူ ချောင်းရော ဘုရားရှေ့ ညကတည်းက တိုးလို့တွဲလောင်း၊ အကုန်ချိတ်ထားတယ်။ ဘဲကင်ကြီးတွေကြည့်လိုက်ရင် ခြေ ထောက်တွေထောင်လို့။
အဲဒီလိုလုပ်ကြတော့ မြန်မာပြည်က ဆွမ်းတော်ကြီး တင်နည်းကတော့ ဟောဒီ ရောက်နေပြီထင် တယ်လို့ အောက်မေ့တာ။ မဟုတ်ဘူး။ ဘုရားတင်တာ မဟုတ်ဘူး။ တရားအားထုတ်လို့အပြီးမှာ အဲဒီဟာတွေကို ဘုန်းကြီးတွေ အကုန်ထိုင်စားကြတာ။
ညစာစားပွဲ ကျင်းပသလိုဖြစ်နေ
အဲဒီအချိန်ကျတော့ ''မဖြစ်ဘူး၊ ငါထ တော့မှပဲ'' ဆိုပြီးတော့ ဘုန်းကြီး ထတယ်။ အဲဒီလိုထတော့ သြစတြေး ရီးယား ကိုယ်တော်တစ်ပါးက လက်ဆွဲပြီးတော့ အထိုင်ခိုင်း တယ်။ ''ပြန်ထိုင်ပါ''တဲ့။ ''ဘာလို့ထိုင် ရမှာလဲ''လို့ ပြောနေ တုန်း ရှိသေးတယ်။ ကိုယ်တော်တစ်ပါးက ပန်းကန်ပြား တချပ်ကိုင်ပြီး ယူလာတယ်။
အဲဒီပန်းကန်ပြားထဲမှာ ပန်းသီး(၂)လုံးပါတယ်။ ငှက်ပျောသီးက (၃)လုံးပါတယ်။ ဘီစကွတ်မုန့်ကလဲ (၅)ခု လောက်ပါတယ်။ ချိုချဉ်ခဲလေးက (၇)ခဲပါတယ်။ အဲဒါလေး ဘုန်းကြီးကို လာပေးတယ်။ ''ဘုဉ်းပေးပါ''တဲ့။ သူတို့နဲ့ အတူတူ မိတ်ဖြစ်ဆွေဖြစ်ပေါ့တဲ့။ ညစာစားပွဲကျနေတာပဲ။
ဘုန်းကြီးက ပြောလိုက်ပါတယ်။ ''ငါတို့ ထေရဝါဒ ရဟန်းတော်များဟာ နေမွန်းတည့်ပြီးလို့ နေ့ ၁၂-နာရီ ကျော်ပြီးလို့ရှိရင် နောက်တစ်ရက် နေရောင်ကို မမြင်ရ မချင်း ငါတို့ ဒီလိုအစားအစာများကို စားတဲ့ ထုံးစံ မရှိပါ ဘူး''လို့။
အဲဒီတော့မှ မေးတယ်။ ''ဟာ .အရှင်ဘုရားတို့ ဘယ်တိုင်းပြည်ကလဲ''တဲ့။
ဘုန်းကြီးကို သူတို့က တိဘက် ဘုန်းကြီးပဲ အောက် မေ့နေကြတာ။ ''ငါ မြန်မာပြည်က'' ။ အဲဒီတော့မှ သူတို့က ဘုန်းကြီးကို ခြေဆုံးခေါင်းဆုံး အသေအချာ ကြည့်ကြတယ်။

အပိုင်း (၁၁)မျှော်)


Read more...

ဂရုဓမ္မ အခါတော်နေ့


နိုင်ငံတိုင်း လူမျိုးတိုင်းမှာ မတူညီတဲ့ ဘာသာရေး ယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာတွေ ရှိပါတယ်၊ လူမျိုးတိုင်းကလည်း မိမိရဲ့ ဘာသာရေးပွဲတော် ယဉ်ကျေးမှု ဓလေ့ထုံတမ်း စဉ်လာတွေကို အမြတ်တနိုး ထိန်းသိမ်းကြပါတယ်၊ မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးတမ်း စဉ်လာမှာတော့ ဘာသာရေး ပွဲတော် အခါကြီး ရက်ကြီးများ အဖြစ် ရာသီ ၁၂ လ တိုင်းမှာ ဆင်နွှဲကျင်းပလေ့ ရှိပါတယ်.. မြန်မာ့ယဉ်ကျေးမှုနဲ့ သတ်မှတ်ထားတဲ့ ဘာသာရေးပွဲတော်တွေကတော့

တန်ခူးလ- နှစ်သစ်ကူးပွဲတော်
ကဆုန်လ- (ဗုဒ္ဓနေ့)ညောင်ရေသွန်းပွဲတော်
နယုန်လ- မဟာသမယနေ့
ဝါဆိုလ- ဓမ္မစကြာအခါတော်နေ့
ဝါခေါင်လ- မေတ္တာအခါတော်နေ့
တော်သလင်းလ- ဂရုဓမ္မအခါတော်နေ့
သီတင်းကျွတ်လ- အဘိဓမ္မာအခါတော်နေ့
တန်ဆောင်မုန်းလ- သာမညဖလ အခါတော်နေ့
နတ္တော်လ- ဓမ္မစာဆိုတော်များနေ့
ပြာသိုလ်လ- ရှင်တစ်ထောင်အခါတော်နေ့
တပို့တွဲလ- ဩ၀ါဒပါတိမောက်အခါတော်နေ့
တပေါင်းလ- မြတ်ဗုဒ္ဓ ပြည်တော်ဝင် အခါတော်နေ့ တို့ဆိုပြီး သတ်မှတ်ထားပါတယ်။

အဲဒီပွဲတော်များအနက် ယနေ့ မြန်မာကောဇာ သက္ကရာဇ် ၁၃၇၁ ခု တော်သလင်း လပြည့်နေ့မှာ ကျရောက်တဲ့ ဘာသာရေး ပွဲတော်ကတော့ ဂရုဓမ္မ အခါတော်နေ့ဖြစ်ပါတယ်

ဘုရားရှင် လက်ထက်တော် အခါက ရဟန်းငယ်နှစ်ပါး အစီရ၀တီမြစ်မှာ ရေချိုးပြီး နေပူဆာလှုံနေတဲ့ အချိန်မှာ ဟင်္သာငှက် နှစ်ကောင်ဟာ ကောင်းကင်ကနေ ပျံသန်းလာပါတယ်၊ ရဟန်းငယ်တစ်ပါးက- တပည့်တော် ဒီငှက် ကျောက်ခဲနဲ့ ပစ်ပြမယ်လို့ဆိုတော့ ကျန်တဲ့ ရဟန်းငယ်တစ်ပါးက ဒါကတော့ မဖြစ်နိုင်ပါဘူး လို့ ပြန်ပြောပါတယ်။ ပြောပြောဆိုဆိုနဲ့ ရဟန်းငယ်တစ်ပါးက ကျောက်ခဲကို ကောက်ကိုင်ပြီး ကောင်းကင်မှာ ပျံသန်းနေတဲ့ ဟင်္သာငှက်ကို ပစ်လိုက်ရာ ဘယ်ဖက်မျက်စိကနေ ဖောက်ဝင်သွားပြီး ညာဖက်မျက်စိကနေ ထွက်သွားပါတယ်၊ ဒါကို ကျန်တဲ့ အခြားရဟန်းတွေ မြင်ပြီး .. ဘုရား သာသနာတော်မှာ ရဟန်းပြုနေပြီး ဒီလို လူများအသက်ကို သတ်ရသလား လို့ ကဲ့ရဲ့ကြပြီး ဘုရားရှင်ထံ ခေါ်သွားပါတယ်၊ ဘုရားရှင်က ရှေးရှေး ပညာရှိ သူတော်ကောင်းတွေဟာ မကောင်းမှုကို အနည်းငယ် လုပ်ရုံမျှနဲ့ နောင်တရတတ်ကြတယ်.. သင်တို့က ငါဘုရား သာသနာမှာနေပြီး ဒီလို အမှုကို လုပ်ကြတယ်လို့ မိန့်တော်မူတော့ ရဟန်းတော်များက ရှေးပညာရှိ သူတော်ကောင်းတွေရဲ့ ပြုမူပုံကို ပြန်လည် ဟောပြပါလို့ လျှောက်ထားတဲ့အတွက်…

တချိန်က.. ဘုရားလောင်းတော်ဟာ ကုရုတိုင်း ဣန္ဒပတ္တမြို့ ဓနဉ္စယမင်းကြီးနဲ့ မိဖုရားကြီးတို့ရဲ့ သားတော်တစ်ပါး ဖြစ်ပါတယ်၊ တက္ကသိုလ်ပြည်မှာ ပညာသင်ယူပြီး ပြန်လာတော့ ကုရုတိုင်းမှာ အိမ်ရှေ့မင်းသား ဖြစ်ပါတယ်.. နောက်ပိုင်း ခမည်းတော် မင်းတရားကြီး နတ်ရွာစံတော့ တိုင်းပြည်ရဲ့ ရှင်ဘုရင်ကြီး ဖြစ်လာတယ်.. သူဘုရင်ဖြစ်တဲ့ အချိန်ကစပြီး မင်းကျင့်တရားဆယ်ပါးနဲ့ တိုင်းပြည်ကို အုပ်ချုပ်သလို ကုရုဓမ္မလို့ခေါ်တဲ့ ငါးပါးသီလကို ကိုယ်တိုင်လည်းစောင့် တိုင်းသူပြည်သားတွေ ကိုလည်း လုံလုံခြုံခြုံစောင့်စည်း စေခဲ့တယ်၊ ဘုရားလောင်းအုပ်ချုပ်တဲ့ တိုင်းပြည်မှာ လူတိုင်းငါးပါးသီလ လုံခြုံတဲ့အတွက် မိုးလေ၀သ မှန်ကန်ပြီး တိုင်းပြည်သာယာ ၀ပြောခဲ့တယ်၊

တစ်ဖက်မှာတော့ မိတ်ဆွေ ကလိင်္ဂမင်း အုပ်ချုပ်တဲ့ ကလိင်္ဂတိုင်း ဒန္တပုရမြို့မှာတော့ မိုးလေ၀သ မမှန်လို့ လူတွေ တိရိစ္ဆာန်တွေ ဒုက္ခ ရောက်ကြရပါတယ်၊ မိတ်ဆွေ (ဘုရားလောင်း) အုပ်ချုပ်တဲ့ ကုရုတိုင်းမှာ မိုးတွေ မှန်နေတယ်ဆိုတာ သိရတော့. ကလိင်္ဂတိုင်းသူ တိုင်းသားတွေ အထင်က အဲဒီကုရုတိုင်းမှာ အဉ္စနသန္နိဘ ခေါ်တဲ့ ဆင်ဖြူတော်ကြီးကြောင့် မိုးမှန်တာဖြစ်တယ်.. အဲဒီဆင်ကို ကလိင်္ဂတိုင်းကို ရအောင်ယူရင် မိုးမှန်မယ်လို့ ဆိုတဲ့အတွက် ဘုရားလောင်းပိုင်တဲ့ ဆင်ဖြူတော်ကြီးကို ကလိင်္ဂတိုင်း သယ်ဆောင် လာပါတော့တယ်။ ဒါပေမယ့်လဲ ကလိင်္ဂတိုင်းမှာ မိုးရွာသွန်းခြင်း မရှိခဲ့ဘူး။

နောက်ဆုံးတော့ ဘုရားလောင်း အုပ်ချုပ်တဲ့ ကုရုတိုင်းမှာ မိုးရွာရခြင်းရဲ့ လျှို့ဝှက်ချက်က ရှင်ဘုရင် အပါအ၀င် တိုင်းသူ ပြည်သားအားလုံး ကုရုဓမ္မခေါ်တဲ့ ငါးပါးသီလကို စောင့်ထိန်းလို့ မိုးမှန်တယ်ဆိုတာ သိရတော့ ကလိင်္ဂမင်းလည်း ကုရုဓမ္မကို ရွှေပေလွှာမှာ ကူးယူစေပြီး ကိုယ်တိုင်လည်းကျင့် သူတစ်ပါးကိုလည်း ကျင့်သုံးစေတဲ့အတွက် တိုင်းပြည်သာယာပြီး မိုးမှန် လေမှန် ဖြစ်ခဲ့ပါတယ်၊ ဒီလို ကုရုတိုင်းသားတွေ မြတ်မြတ်နိုးနိုး စောင့်ထိန်းခဲ့တဲ့ တရားမို့ ကုရုဓမ္မလို့ ခေါ်တွင်ပါတယ်။ နောက်ပိုင်းမှာ အဲဒီ ငါးပါးသီလဟာ လူတိုင်း အမြတ်တနိုး စောင့်ထိန်းအပ်တဲ့အတွက် ဂရုဓမ္မလို့ ခေါ်ဆိုရခြင်း ဖြစ်ပါတယ်။ ဒီတရားတော်ကို ဟောကြားချိန်ဟာ တော်သလင်း လပြည့်နေ့ဆိုတာ တိကျတဲ့ စာပေ အထောက်အထား မရှိပေမယ့် မိုးတွင်းကာလ မိုးခေါင်တဲ့အချိန်မှာ ဒီ ဂရုဓမ္မလို့ခေါ်တဲ့ ငါးပါးသီလကို လူတိုင်း စောင့်ထိန်းတဲ့ အတွက် မိုးလေ၀သ မှန်ကန်တာကို အကြောင်းပြုလို့ မိုးကာလမှာ ပါဝင်တဲ့ တော်သလင်း လပြည့်နေ့ကို ဂရုဓမ္မ အခါတော်နေ့ အဖြစ် မြန်မာ့ယဉ်ကျေးမှု က လက်ခံခဲ့တယ် ဆိုတာကို နားလည်နိုင်ပါတယ်၊ လူတိုင်း လိုက်နာသင့်တဲ့ အခြေခံလူ့ကျင့်ဝတ် ငါးပါးသီလကို ကြိုးစား စောင့်ထိန်းခြင်းဖြင့် ယနေ့ကျရောက်တဲ့ ဂရုဓမ္မ အခါတော်နေ့ကို ဆင်နွှဲကြပါစို့။ ။

အရှင်တိက္ခဉာဏာလင်္ကာရ


Read more...

သေမှာမကြောက်ကြသူများ ...

ဤလောက၌ ပုထုဇင် ပုဂ္ဂိုလ်သတ္တ၀ါ မှန်သမျှသည် သေရမည်ကို ကြောက်ကြ၏။ ထို့ကြောင့်လည်း သေရမည့်ဘေးနှင့် ကြုံကြသည့်အခါ လွတ်ရာလမ်းကို နည်းအမျိုးမျိုးဖြင့် ကြိုးစားရှာဖွေကြခြင်း ဖြစ်၏။ အသက်ရှင်အောင် နည်းအမျိုးမျိုးဖြင့် အားထုတ်ကြ၏။ သေဘေးနှင့် မကြုံရအောင် အသက်ရှင် ရပ်တည်နိုင်ရေး နည်းလမ်းကို ရှာဖွေကြ၏။ အစာမစားလျှင် သေရမည်ကို ကြောက်ကြသဖြင့် အစာ စားကြ၏။ ရေမသောက်လျှင် သေမည်စိုးသဖြင့် ရေသောက်ကြ၏။ ရောဂါကြောင့် သေမည်ကို ကြောက်ကြ သဖြင့် ရောဂါမဖြစ်အောင်၊ ဖြစ်လာလျှင်လည်း ပျောက်ကင်းသက်သာအောင် အားထုတ်ကြ၏။ မှန်၏။ ထို့အတွက်ကြောင့်လည်း စည်းစိမ်ဥစ္စာနှင့် ခြေလက်အင်္ဂါတစ်ခုခု ယှဉ်လာလျှင် စည်းစိမ်ဥစ္စာကို စွန့်၍ ခြေလက်အင်္ဂါကို ရွေးချယ်ကြခြင်းဖြစ်၏။ ခြေလက်အင်္ဂါတို့နှင့် အသက်ယှဉ်လာလျှင် ခြေလက်အင်္ဂါတို့ကို စွန့်၍ အသက်ကို ရွေးချယ်ကြခြင်းဖြစ်၏။ မသေဘူးဆိုလျှင် အသက်ကလွဲ၍ ကျန်သည့်အရာများကို စွန့်လွတ်ရန် ၀န်မလေးတတ်ကြပေ။ ဤသည်တို့မှာ သေရမည်ကို ကြောက်ကြသောကြောင့်ပင် ဖြစ်၏။ သာမန်သူများ မဆိုထားဘိ လောကတွင် ဒုက္ခအမျိုးမျိုးနှင့် ကြုံတွေ့ရသဖြင့် မခံစားနိုင်ဖြစ်ပြီး မိမိကိုယ်ကို သတ်သေရန် ကြိုးစားကြသည့် သူများပင်လျှင် လက်တွေ့သေကြရမည် ဆိုသောအခါ ကြောက်လန့်မှု ဖြစ်ကြသေး၏။
ကြားဖူးသည့် ပုံပြင်လေး တစ်ခုရှိ၏။ ရှေးတုန်းက ကျေးရွာတစ်ရွာတွင် အလွန်ဒုက္ခဆင်းရဲ ဖြစ်သဖြင့် မိမိကိုယ်ကို ဆွဲကြိုးချသေရန် ကြိုးစားသည့် သူတစ်ယောက်ရှိ၏။ တစ်နေ့ ထိုသူသည် မိမိကိုယ်ကို သတ်သေရန် ကြိုးအရှည်တစ်ချောင်းကို ယူကာ ရွားထိပ်က သစ်ပင်ကြီးရှိရာ အရပ်သို့ သွား၏။ သစ်ပင်ရှိရာသို့ ရောက်သည့်အခါ ကြိုးတစ်စကို သစ်ပင်၏သစ်ကိုင်း တစ်ခုတွင် ချည်ပြီး ကျန်တစ်စကို မိမိ၏ လည်ပင်းတွင် ချည်ကာ သစ်ပင်ပေါ်မှ ခုန်ချလေ၏။ သို့သော် မည်သို့ပင် ကြိုးစားကြိုးစား ဘာမျှမဖြစ်ဘဲ အသက်ရှင်လျှက်သာရှိ၏။ စင်စစ် ထိုသို့ဖြစ်ခြင်းမှာ သူ၏ကြိုးမှာ သစ်ကိုင်းနှင့် မြေကြီးထက်နှစ်ဆလောက် ရှည်နေသောကြောင့် ဖြစ်၏။ ထို့ကြောင့်လည်း ခုန်ချတိုင်း ကြိုးစက မြေကြီးပေါ်တွင် ပုံလျက်သားဖြစ်ကာ မသေခြင်းဖြစ်၏။ ထိုအချင်းအရာကို မြင်းစီးပြီး တစ်နေရာသို့ ခရီးသွားသည့် သူတစ်ယောက်က တွေ့ကာ ``ဟေ့လူ… ဘာလုပ်နေတာလဲ`` ဟု မေး၏။ ထိုအခါ သစ်ပင်ပေါ်မှ သူက ``ကျွန်တော်ကိုယ့်ကိုယ်ကို သတ်သေမလို့ပါ။ ဒါပေမယ့် ဘယ်လိုဖြစ်မှန်း မသိ၊ သေလို့ကို မရဘူးဖြစ်နေတယ်``ဟု ပြန်ပြော၏။ ထိုအခါ ခရီးသွားက အခြေအနေကို ကြည့်ပြီး ``ဟာ… ခင်ဗျားနှယ်… အ ရန်ကော… ခင်ဗျားလုပ်တာက ဟုတ်မှမဟုတ်ဘဲ… လာဆင်းခဲ့ ကျွန်တော်ပြမယ် သေသေချချာကြည့်`` ဟု ဆိုကာ သေကြောင်းကြံမည့် သူဆီမှ ကြိုးကိုယူပြီး သူကိုယ်တိုင် သစ်ပင်ပေါ်တက်သွားကာ အောက်ကလူကို ``ဟေ့လူ… ဒီမှာ ကျုပ်ပြမယ် သေသေချချာကြည့်.. ခင်ဗျားဟာက ကြိုးရှည်နေလို့ ဖြစ်တာ၊ ကြိုးကို ဒီလိုတိုအောင် ဖြတ်၊ ပြီးရင် ဒီလို လည်ပင်မှာ ချည်ပြီး ဒီလိုခုန်ချရတယ်..`` ဟု ဆိုကာ သူ့လည်ပင်းကို ကြိုးကွင်းစွပ်ကာ သူကိုယ်တိုင် ခုန်ချပြလိုက်၏။ အပြကောင်းသည့် ခရီးသွားကား တစ်ခါတည်း မိမိကိုယ်ကို မိမိသတ်သေပြီး ဖြစ်သွားလေ၏။ ထိုအခြင်းအရာကို မြင်သည့်အခါ အမှန်တကယ် မိမိကိုယ်ကို သတ်သေရန် ကြိုးစားသည့် ရွာသားမှာ အလွန်အမတန် ကြောက်လန့်ပြီး ``ဟာ… သေတာဟာ ကြောက်စရာကြီးပါလား…`` ဟု ရေရွတ်ပြီး မသေရဲတော့ဘဲ ကြောက်အားလန့်အား ရွာထဲပြန်ဝင် ပြေးသွားလေ၏။ ဤပုံပြင်လေးသည် ဟာသဆန်ဆန် ပုံပြင်လေးဖြစ်သော်လည်း တစ်ဘက်က ကြည့်ပါက အမှန်တကယ် သေချင်ကြသည့် သူများပင်လျှင် လက်တွေ့သေရမည် ဆိုသောအခါ ကြောက်လန့်တတ်ကြကြောင်း သွယ်ဝိုက်ပြီး နားလည်သဘောပေါက်နိုင်၏။ ထို့ကြောင့် သေရမည်ကို မကြောက်သည့်သူ မရှိဟု ပြောဆိုကြခြင်း ဖြစ်၏။

သို့သော် သေမှာမကြောက်သူများသည် အမှန်ပင်ရှိ၏။ မည်သို့သော သူများသည် သေမှာမကြောက် ကြကြောင်း ဗုဒ္ဓစာပေတွင် ဘုရားရှင်ကိုယ်တော်တိုင် ဟောကြားတော်မူထားသည်များ ရှိ၏။ အင်္ဂုတ္တရ နိကာယ်၊ စတုက္ကနိပါတ် ပါဠိတော် အဘယသုတ်တွင် သေမှာမကြောက်သည့် ပုဂ္ဂိုလ်လေးယောက် ရှိကြောင်း မြတ်ဗုဒ္ဓဟောတော်မူထား၏။ ဤတရားတော်သည် ဇာဏုေဿာဏီ အမည်ရှိသော ပုဏ္ဏားကြီး၏ မေးမြန်းလျှောက်ထားချက်ကို မြတ်စွာဘုရားရှင်မှ ဖြေကြားဟောထားခြင်းဖြစ်၏။ ဤအဘယသုတ်တွင် သေမှာကြောက်သည့်သူများ နှင့် သေမှာ မကြောက်သည့် သူများကို ဟောတော်မူထားသော်လည်း ဤနေရာတွင် သေမှာမကြောက်သူများကိုသာ တင်ပြလိုပါ၏။ အဘယ့်ကြောင့်ဆိုသော် သေမှာမကြောက် သူများကို တင်ပြလိုက်ကာမျှဖြင့် အပြန်အားဖြင့် သေမှာကြောက်သည့် သူများကိုလည်း အလွယ်တကူ နားလည်နိုင်မည် ဖြစ်သောကြောင့်ပင် ဖြစ်၏။
မြတ်စွာဘုရားရှင်မှ ပုဏ္ဏားကြီးအား
``- ပုဏ္ဏား… ဤလောက၌ အချို့သောသူသည် ကာမဂုဏ်တို့၌ ရာဂကင်း၏။ ဆန္ဒကင်း၏။ ချစ်မြတ်နိုးခြင်းကင်း၏။ မွတ်သိပ်ခြင်းကင်း၏။ ပူပန်ခြင်းကင်း၏။ တဏှာကင်း၏။ ထိုသူသို့ ပြင်းပြသော ရောဂါအနာ တစ်မျိုးမျိုး ကျရောက်သောအခါ ``ချစ်ခင်ဖွယ် ကာမဂုဏ်တို့သည် ငါ့ကိုဧကန် စွန့်ကြလိမ့်မည်၊ ငါသည်လည်း ချစ်ခင်ဖွယ်ရာ ကာမဂုဏ်တို့ကို စွန့်ရတော့မည်``ဟု (မိမိကိုယ်ကို) အကြံမဖြစ်။ မစိုးရိမ်။ မပင်ပန်း။ မငိုကြွေး။ ရင်ဘက်စည်တီး မမြည်တမ်း။ ပြင်းစွာတွေဝေခြင်းသို့ မရောက်။ ပုဏ္ဏား… သေခြင်းသဘောရှိသည် ဖြစ်လျက် သေခြင်းမှ မကြောက်သော၊ ထိတ်လန့်ခြင်းသို့ မရောက်သော သူဟူသည် ဤသူပင်တည်း။
- ပုဏ္ဏား… နောက်တစ်မျိုးကား.. ဤလောက၌ အချို့သောသူသည် ကိုယ်၌ ရာဂကင်း၏။ ဆန္ဒကင်း၏။ ချစ်မြတ်နိုးခြင်းကင်း၏။ မွတ်သိပ်ခြင်းကင်း၏။ ပူပန်ခြင်းကင်း၏။ တဏှာကင်း၏။ ထိုသူသို့ ပြင်းပြသော ရောဂါအနာ တစ်မျိုးမျိုး ကျရောက်သောအခါ ``ချစ်ခင်ဖွယ် ကိုယ်သည် ငါ့ကိုဧကန် စွန့်ကြလိမ့်မည်၊ ငါသည်လည်း ချစ်ခင်ဖွယ်ရာ ကိုယ်ကို စွန့်ရတော့မည်``ဟု (မိမိကိုယ်ကို) အကြံမဖြစ်။ မစိုးရိမ်။ မပင်ပန်း။ မငိုကြွေး။ ရင်ဘက်စည်တီး မမြည်တမ်း။ ပြင်းစွာတွေဝေခြင်းသို့ မရောက်။ ပုဏ္ဏား… သေခြင်းသဘောရှိသည် ဖြစ်လျက် သေခြင်းမှ မကြောက်သော၊ ထိတ်လန့်ခြင်းသို့ မရောက်သော သူဟူသည် ဤသူပင်တည်း။
- ပုဏ္ဏား… နောက်တစ်မျိုးကား.. ဤလောက၌ အချို့သောသူသည် မကောင်းမှုကို မပြု။ ကြမ်းကြုတ်မှုကို မပြု။ ညစ်နွမ်းမှု အကုသိုလ်ကို မပြု။ ကောင်းမှုကို ပြုပြီးဖြစ်၏။ ကုသိုလ်ကို ပြုပြီးဖြစ်၏။ ကြောက်မက်ဖွယ်မှ တားမြစ်ရေးကို ပြုပြီးဖြစ်၏။ ထိုသူသို့ ပြင်းပြသော ရောဂါအနာ တစ်မျိုးမျိုး ကျရောက်သောအခါ ``ငါသည် မကောင်းမှုကို မပြု၊ ကြမ်းကြုတ်မှုကို မပြု၊ ညစ်နွမ်းမှုကို မပြု၊ ကောင်းမှုကို ပြုပြီးပြီ၊ ကုသိုလ်ကို ပြုပြီးပြီ၊ ကြောက်မက်ဖွယ်မှ တားမြစ်ရေးကို ပြုပြီးပြီ၊ အချင်းတို့ စင်စစ် မကောင်းမှုကို မပြုသော၊ ကြမ်းကြုတ်မှုကို မပြုသော၊ ညစ်နွမ်းမှုကို မပြုသော၊ ကောင်းမှုကို ပြုပြီးသော၊ ကြောက်မက်ဖွယ်မှ တားမြစ်ရေးကို ပြုပြီးသော သူတို့၏ လားရာဂတိ ဟူသမျှသို့ ဘ၀နောင်ခါ ငါလားရတော့အံ့ တကား``ဟု (မိမိကိုယ်ကို) အကြံဖြစ်၏။ ထိုသူသည် မစိုးရိမ်၊ မပင်ပန်း၊ မငိုကြွေး၊ ရင်ဘက်စည်တီး မမြည်တမ်း၊ ပြင်းစွာတွေဝေခြင်းသို့ မရောက်။ ပုဏ္ဏား… သေခြင်းသဘောရှိသည် ဖြစ်လျက် သေခြင်းမှ မကြောက်သော၊ ထိတ်လန့်ခြင်းသို့ မရောက်သော သူဟူသည် ဤသူပင်တည်း။
- ပုဏ္ဏား… နောက်တစ်မျိုးကား.. ဤလောက၌ အချို့သောသူသည် သူတော်ကောင်းတရား၌ မယုံမှား။ ဝေခွဲနိုင်၏။ ဆုံးဖြတ်နိုင်၏။ ထိုသူသို့ ပြင်းပြသော ရောဂါအနာ တစ်မျိုးမျိုး ကျရောက်သောအခါ ``ငါသည် စင်စစ် သူတော်ကောင်းတရား၌ မယုံမှား၊ ဝေခွဲနိုင်၏၊ ဆုံးဖြတ်နိုင်၏``ဟု (မိမိကိုယ်ကို) အကြံဖြစ်၏။ ထိုသူသည် မစိုးရိမ်၊ မပင်ပန်း၊ မငိုကြွေး၊ ရင်ဘက်စည်တီး မမြည်တမ်း၊ ပြင်းစွာတွေဝေခြင်းသို့ မရောက်။ ပုဏ္ဏား… သေခြင်းသဘောရှိသည် ဖြစ်လျက် သေခြင်းမှ မကြောက်သော၊ ထိတ်လန့်ခြင်းသို့ မရောက်သော သူဟူသည် ဤသူပင်တည်း။ ပုဏ္ဏား… သေခြင်းသဘောရှိသည်ဖြစ်လျက် သေခြင်းမှ မကြောက်သော၊ ထိန်လန့်ခြင်းသို့ မရောက်သော သူတို့သည် ဤလေးမျိုးတို့တည်း`` ဟု မိန့်တော်မူ၏။

အထက်ပါ ဟောကြားချက်တွင် မြတ်ဗုဒ္ဓမှ သေမှာ မကြောက်သည့် ပုဂ္ဂိုလ်လေးမျိုးကို ခွဲခြားဟောကြားတော် မူထားသည်ကို ဖတ်ရှုကြည်ညိုနိုင်ကြမည် ဖြစ်၏။ ထိုဟောကြားချက်ကို အနှစ်ချုပ် အလွယ်နားလည်အောင် ကောက်ချက်ချပြရလျှင် သေမှာ မကြောက်သူတို့ဟူသည်
၁။ ကာမဂုဏ်တို့၌ တပ်မက်မှုရာဂ၊ တွယ်တာမှုသံယောဇဉ်၊ ဆာလောင်မွတ်သိပ်ပူပန်ခြင်း ကင်းသောသူ
၂။ ခန္ဓာကိုယ်၌ တွယ်တာနှစ်သက် တပ်မက်မှုတဏှာ ကင်းသောသူ
၃။ မကောင်းမှု အကုသိုလ်ကို မပြု၊ ကောင်းမှုကုသိုလ်ကို ပြုပြီးသောသူ
၎။ သူတော်ကောင်းတရား၌ ယုံမှားသံသယ မရှိသောသူ ဟူသော ဤလေးမျိုးတို့ပင် ဖြစ်ပါ၏။

မှန်၏။ စင်စစ် လူ့ဘ၀တွင် နေသည့်အခိုက် ကာမဂုဏ်အာရုံများ နောက်သို့သာ လိုက်နေကြသူများ၊ ``ငါ၊ င့ါခန္ဓာ``ဟု စွဲလမ်းတပ်မက်မှု ရှိနေကြသူများ၊ ကုသိုလ်ကောင်းမှု မရှိ အကုသိုလ်များဖြင့်သာ အချိန်ကုန်နေကြသူများ၊ သူတော်ကောင်းတရားကို မသိနားမလည်သူများသည် သေခါနီးအခါကာလတွင် မိမိတို့ ဘ၀သံသရာအတွက် အားကိုးအားထားပြုစရာ တစ်စုံတစ်ခုမျှ မရှိသည့်အတွက် သေရမည် ဆိုသည့်အခါ ကြောက်ကြခြင်းဖြစ်၏။ အပြန်အားဖြင့် အသက်ရှင်နေသည့်အခိုက် ကာမဂုဏ်အာရုံများ နောက်သို့မလိုက်သူ၊ ငါ၊ ငါ့ခန္ဓာဟု တပ်မက်စွဲလမ်းမှု မရှိသူ၊ အကုသိုလ်ကိုပြုခြင်းမရှိ ကုသိုလ် များဖြင့်သာနေသူ၊ သူတော်ကောင်းတရားကို သိရှိနားလည် လိုက်နာကျင့်ကြံနေသူများ အတွက်ကား မိမိတို့သံသရာအတွက် ရိက္ခာအပြည့်ထုတ်ပြီး ဖြစ်သဖြင့် ယခုဘ၀သေရမည့် အရေးတွေးပြီး ကြောက်စရာမလိုကြခြင်း ဖြစ်၏။ အထူးသဖြင့် မဟုတ်သည့်အရာများ၊ မကောင်းသည့်အမှုများကို ပြုလုပ်ထားခြင်း မရှိကြသည့်အတွက် မိမိကိုယ်ကိုမိမိ ယုံကြည်မှုအပြည့် ရှိနေပြီး မည်သည့်နေရာ၊ မည်သည့်အချိန်တွင်ဖြစ်စေ မည်သို့သော အရာမျိုးကိုမှ ကြောက်လန့်တုန်လှုပ်မှု မရှိနိုင်တော့ပေ။

ထို့အပြင် သေခြင်းတရားနှင့် ပတ်သက်၍ ဓမ္မပဒ၊ အပ္ပမာဒ၀ဂ်၊ သာမာဝတီဝတ္ထုတွင် မြတ်ဗုဒ္ဓ ဟောတော်မူထားသည့် တရားတစ်ပုဒ်ကိုလည်း သတိရမိ၏။ မြတ်ဗုဒ္ဓက သာမာဝတီကို အကြောင်းပြု၍ အောက်ပါဂါထာ တစ်ပုဒ်ဖြင့် သတိပေးစကား ဟောကြားခဲ့၏။
``အပ္ပမာဒေါ အမတံ ပဒံ၊ ပမာနော မစ္စုနော ပဒံ၊
အပ္ပမတ္တာ န မီယန္တိ၊ ယေ ပမတ္တာ ယထာ မတာ။`` ဟူသော ဤတရားဂါထာ၏ ဆိုလိုရင်းမှာ ``မမေ့လျှော့ခြင်းသည် သေခြင်းကင်းရာ နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်ပြီး မေ့လျှော့ပေါ့ဆခြင်းသည် သေခြင်း၏ အကြောင်းဖြစ်၏။ မမေ့မလျှော့ နေကြသူများသည် သေခြင်းကင်းသူများနှင့် တူကုန်ပြီး မေ့မေ့လျှော့လျှော့ ပေါ့ပေါ့ဆဆ နေကြသူများသည် အသက်ရှင်နေသော်လည်း သေနေကြသူများနှင့် တူကြကုန်၏။`` ဟူ၍ဖြစ်၏။

ဓမ္မပဒလာ ထိုတရားစကားသည် မြတ်ဗုဒ္ဓနေ့စဉ် မိန့်တော်မူနေကြဖြစ်သည့် အပ္ပမာဒေန သမ္ပာဒေထ - မမေ့မလျော့ မပေါ့မဆသော သတိတရားနှင့် ပြည့်စုံအောင်နေကြ ဟူသော မိန့်မှာချက်ကို ထပ်ဆင့်အထူးပြု သတိပေးထားသကဲ့သို့ ဖြစ်၏။ မြတ်ဗုဒ္ဓ၏ ဤမိန့်မှာချက်ကို ဆက်စပ်ယူလိုက်လျင် အထက်တွင် ဖော်ပြခဲ့သည့် သေမှာမကြောက်သူများ ပြည့်စုံရမည့် အချက်များနှင့် ပြည့်စုံသူများအား မမေ့မလျော့ မပေါ့မဆ နေကြသူများအဖြစ် ညွှန်ပြနိုင်မည်ဖြစ်ပြီး သေမှာမကြောက်သူများဟူသည် သတိရှိကြသူများ ပင်တည်းဟု ကောက်ချက်ချနိုင်မည် ဖြစ်၏။
ထို့ကြောင့် လောကတွင် သေရမည်ကို လူတိုင်းကြောက်ကြသည် ဆိုသော်လည်း သေမှာမကြောက်သည့် သူများလည်း ရှိသည်ကို အထက်ဖော်ပြပါ မြတ်ဗုဒ္ဓ ဟောတော်မူချက်များက သက်သေပြုနေပြီး ဖြစ်သဖြင့် မိမိတို့ ယခုလက်ရှိဘ၀တွင် သေခြင်းတရားကို ရင်ဆိုင်နိုင်ရန်၊ သေရမည့်အရေး တွေးကြောက်စရာ မလိုသည့် သေမှာမကြောက်သူများ ဖြစ်စေရန် အချိန်ရှိခိုက် သတိစိုက်၍ ကြိုးစားကြရန်သာ လိုအပ်ပေတော့၏။ ထိုသို့ ကြိုးစားကြရန်လည်း တိုက်တွန်းလိုပါ၏။ အဘယ့်ကြောင့်ဆိုသော် သေခြင်း တရားဟူသည် အချိန်မရွေး၊ နေရာမရွေး၊ အရွယ်မရေး ဧကန်မုချ လာနိုင်သောကြောင့်ပင် ဖြစ်ပါ၏။


Read more...

ကဲင်ဆယ်လေးရှင်းနေ့ရက်များ


အားလုံးအဆင်သင့်ဖြစ်ပြီဆိုပြီး အထုပ်အပိုးလေးတွေကို ဖောင်ဖွဲ့ပြီးကာမှ ဖုန်းမစ်စ်ကောလ်တစ်ခုက သူ့မဇ္ဈိမဒိုင်ယာရီကို ဆွဲဆန့်လိုက်ပြန်တယ်။ ရထားလက်မှတ်ကို ကဲင်ဆယ်လေးရှင်းလုပ်ရမယ်။ လေယာဉ်လက်မှတ်ကို နေ့စွဲအသစ်တစ်ခုနဲ့ အစားထိုးရမယ်။ မရေရာမှုများသာ သေချာလှတဲ့ အကြောင်းသေချာသွားပြီမဟုတ်လား။

အမေရေ လွမ်းလက်စလေးမပျက်အောင် ဆက်လွမ်းဦးပေါ့။ လေယာဉ်စီးမယ်လို့သတ်မှတ်ထားတဲ့နေ့မှာမှ ပါမောက္ခဆရာကြီးဆီက အင်တာဗျူးတစ်ခုထိုင်ရမယ် ဆိုတဲ့သတင်းကြားလိုက်ရတာပါ။
တကယ်တော့ ပါမောက္ခဆရာကြီးရဲ့ စေတနာဖြစ်သလို တက္ကသိုလ်ရဲ့ လုပ်ထုံးလုပ်နည်းတွေလည်းဖြစ်ပါတယ်။

ပါရဂူဘွဲ့အတွက် ကျောင်းအပ်ရမယ့် ကျောင်းသားတစ်ယောက်အနေနဲ့ မဟာဌာနမှူး(Dean) သို့မဟုတ် ဌာနမှူး (Head of Department) ပါမောက္ခဆရာတစ်ဆူရဲ့ အသိအမှတ်ပြုမှုဟာ အရေးပါအသက်ဝင်လှပါတယ်။ ပါမောက္ခဆီမှာ ကျောင်းသားက သူရေးမယ့် ကျမ်းစာရဲ့ ပဏာမစာတမ်းငယ်(Synopsis) ကို တင်ပြရပြီး ရေးမယ့်အချက်အလက်တွေကို ဆွေးနွေးရပါတယ်။ ပါမောက္ခနှစ်သက်ပြီဆိုရင် မော်ကွန်းထိန်းရုံး (Register Office )ကို ပါရဂူဘွဲ့အတွက် လျှောက်လွှာတင်သွင်းခွင့်ရတာပါ။

မော်ကွန်းထိန်းရုံးက ကျောင်းသားအတွက် မှတ်ပုံတင်ဖို့စီစဉ်ရတာပါ။ မဟာဌာနမှူး၊ (သို့) ဌာနမှူးနဲ့ ကျမ်းကြီးကြပ်မယ့် ဆရာတို့က ရေးမယ့်ကျမ်းရဲ့ အကြောင်းအရာတွေ၊ အခန်းခွဲပုံတွေကို ဆွေးနွေးညွှန်ကြားတဲ့အနေနဲ့ Viva တစ်ခုစီစဉ်ပေးလေ့ရှိပါတယ် ။
Viva က ဗီဇာရပြီးမှ ဆောင်ရွက်ရင်လည်း ရပါတယ်။ အဓိကကတော့ ပါမောက္ခလက်ခံဖို့က အရေးကြီးတာပါ။ ပါမောက္ခရဲ့ ထောက်ခံချက်ရပြီဆိုတာနဲ့ ကိုယ့်မိခင်နိုင်ငံကို ပြန်ပြီး အိန္ဒိယသံရုံးမှာ သုတေသနဗီဇာ(Research Visa)လျှောက်ထားရတာပါ။
ခုတော့ ပါမောက္ခဆရာကြီးက သူမပြန်ခင် Viva အတွက်ပါ စီစဉ်ပေးမှာဆိုတော့ သူ့အပြန်လမ်းက နှေးသွားရတာပါ။ စပီးဒ်(Speed)လျှော့လိုက်ရတာပေါ့။
သူကလည်း ဥပါဒါန်တွေ နယ်ကျွံသွားခဲ့တာကိုး။
ပြန်မယ် ပြန်မယ် ဆိုတာတွေက စောချင်နေတာခဲ့တာကိုး။

ဘာပဲဖြစ်ဖြစ် အိန္ဒိယရဲ့ စံတော်ချိန်ဟာ ရွှေပြည်ကြီးထက် အမြဲတမ်းတစ်နာရီနောက်ကျလေ့ရှိပါတယ်။ ဘယ်အရေးကိစ္စမျိုးမှာမဆို တစ်နာရီလောက်ပိုပြီးတော့လည်း စောင့်ရတတ်ပါတယ်။ တစ်ချို့အရေးတွေကတော့ ရက်တွေ လတွေ နှစ်တွေချီပြီးတောင် စောင့်ရလေ့ရှိတာပါ။ အိန္ဒိယသတင်းစာတွေရဲ့ အဆိုအရပေါ့လေ။ ခုလိုမျိုးထူးခြားဖြစ်စဉ်မျိုးတွေလည်း ရှိတတ်တာပါပဲ။

ဗာရာဏသီမြို့ကြီးမှာတော့ မြန်မာရဟန်းတော်တွေ တက်ရောက်ပညာသင်ကြားနေတဲ့ တက္ကသိုလ်ကြီးက နှစ်ခုရှိပါတယ်။ B.H.U (Banaras Hindu University)လို့နာမည်ကျော်တဲ့ ဗာရာဏသီဟိန္ဒူတက္ကသိုလ်ကြီးနဲ့ S.S.U ( Sampurnanand Sanskrit University) လို့လူသိများတဲ့ သမ္ပုဏ္ဏာန္ဒ သက္ကတတက္ကသိုလ်ကြီးတို့ပါပဲ။တိဘက်တန်တက္ကသိုလ်၊ မဟတ္တမဂန္ဓီကာသိတက္ကသိုလ်နဲ့ မူစလင်တက္ကသိုလ်တို့လို အခြားအထင်ကရ တက္ကသိုလ်ကြီးသုံးခုလည်းရှိနေပါသေးတယ်။



Read more...

မြို့ကို မြို့၏ အခြံအရံ ခုနစ်ခုတို့ဖြင့် ကောင်းစွာ ခြံရံအပ်၏...

နဂရောပမသုတ် - (နဂရ= မြို့၊ သြပမ= ဥပမာ၊ နှိုင်းယှဉ်ခြင်း)

ရဟန်းတို့ အကြင်အခါ၌ မင်း၏ အစွန်အဖျားကျသော မြို့ကို မြို့၏ အခြံအရံ ခုနစ်ခုတို့ဖြင့် ကောင်းစွာ ခြံရံအပ်၏၊ လေးပါးသော အာဟာရတို့ကိုလည်း အလိုရှိတိုင်း ရ၏၊ မငြိုမငြင် ရ၏၊ မပင်မပန်းရ၏၊ ရဟန်းတို့ ထိုအခါ၌ မင်း၏ အစွန်အဖျား ကျသော ဤမြို့ကို ပြည်ပ၌ ရှိသော ဆန့်ကျင်ဘက် ရန်သူတို့သည် အကျိုးမဲ့ ပျက်စီးအောင် မပြုပြင်နိုင် ဟု ဆိုအပ်၏။

အဘယ်ခုနစ်မျိုးသော မြို့၏ အခြံအရံတို့ဖြင့် ကောင်းစွာ ခြံရံအပ်သနည်းဟူမူ -

၁...
ရဟန်းတို့ ဤလောက၌ မင်း၏ အစွန်အဖျား ကျသော မြို့၌ တုရိုဏ်းတိုင်သည် နက်သော တွင်းရှိ၏၊ ကောင်းစွာ မြေ၌ စိုက်မြှုပ်အပ်၏၊ တုန်လှုပ်ခြင်း မရှိ၊ ထိုမှဤမှ ယိမ်းယိုင်ခြင်း မရှိ။ မင်းသည် အစွန်အဖျားကျသော မြို့ကို မြို့တွင်း၌ နေကုန်သော သူတို့၏ လုံခြုံစေရန် လည်းကောင်း၊ မြို့ပ၌ နေကုန်သော ရန်သူတို့ကို တားမြစ်ရန် လည်းကောင်း ဤပဌမမြို့၏ အခြံအရံဖြင့် ကောင်းစွာ ခြံရံအပ်၏။

၂...
ရဟန်းတို့ နောက်တစ်မျိုးကား မင်း၏ အစွန်အဖျား ကျသော မြို့၌ ကျုံးသည် နက်လည်း နက်၏၊ ကျယ်လည်း ကျယ်၏။ မင်းသည် အစွန်အဖျား ကျသော မြို့ကို မြို့တွင်း၌ နေကုန်သော သူတို့၏ လုံခြုံစေရန် လည်းကောင်း၊ မြို့ပ၌ နေကုန်သော ရန်သူတို့ကို တားမြစ်ရန် လည်း ကောင်း ဤဒုတိယမြို့၏ အခြံအရံဖြင့် ကောင်းစွာ ခြံရံအပ်၏။

၃...
ရဟန်းတို့ နောက်တစ်မျိုးကား မင်း၏ အစွန်အဖျားကျသော မြို့၌ မြို့တံတိုင်း အတွင်း ထက်ဝန်းကျင် လှည့်လည်နိုင်သော လမ်းခရီးသည် မြင့်လည်း မြင့်၏၊ ကျယ်လည်း ကျယ်၏။ မင်းသည် အစွန်အဖျား ကျသော မြို့ကို မြို့တွင်း၌ နေကုန်သော သူတို့၏ လုံခြုံစေရန် လည်း ကောင်း၊ မြို့ပ၌ နေကုန်သော ရန်သူတို့ကို တားမြစ်ရန် လည်းကောင်း ဤတတိယမြို့၏ အခြံအရံဖြင့် ကောင်းစွာ
ခြံရံအပ်၏။

၎...
ရဟန်းတို့ နောက်တစ်မျိုးကား မင်း၏ အစွန်အဖျားကျသော မြို့၌ မြားစသော ပစ်လွှတ်အပ်သော လက်နက်ကို လည်းကောင်း၊ (ဓားစသော) ကြွင်းသော လက်နက်ကို လည်းကောင်း လက်နက် များစွာကို သိုမှီးအပ်၏။ မင်းသည် အစွန်အဖျားကျသော မြို့ကို မြို့တွင်း၌ နေကုန်သော သူတို့၏ လုံခြုံစေရန် လည်းကောင်း၊ မြို့ပ၌ နေကုန်သော ရန်သူတို့ကို တားမြစ်ရန် လည်းကောင်း ဤစတုတ္ထမြို့၏ အခြံအရံဖြင့် ကောင်းစွာ ခြံရံအပ်၏။

၅...
ရဟန်းတို့ နောက်တစ်မျိုးကား မင်း၏ အစွန်အဖျားကျသော မြို့၌ များစွာသော စစ်သည် ဗိုလ်ပါ အပေါင်းသည် နေ၏။ အဘယ်စစ်သည် ဗိုလ်ပါ အပေါင်းနည်း။ ဆင်စီးသူရဲ၊ မြင်းစီးသူရဲ၊ ရထားစီးသူရဲ၊ လေးသည်တော်၊ အောင်လံကိုင်၊ စစ်ဆင်သူ၊ တစ်ဖက်စစ်တပ်သို့ ဝင်၍ ဦးခေါင်းကို အတုံးအတစ် ဖြတ်တောက် သွားနိုင်သူ၊ စစ်ရေး၌ ထူးချွန် ကျော်စောသော မင်းသား၊ တဟုန်တည်း ပြေးဝင် စစ်ထိုးနိုင်သူ၊ ဆင်ပြောင်ကြီးကဲ့သို့သော သူရဲ၊ လွန်စွာ ရဲရင့်သူ၊ ချပ်ဝတ်သူရဲ၊ ကျွန်ယုံတော်များတို့ပင်တည်း။ မင်းသည် အစွန်အဖျားကျသော မြို့ကို မြို့တွင်း၌ နေကုန်သော သူတို့၏ လုံခြုံစေရန် လည်းကောင်း၊ မြို့ပ၌ နေကုန်သော ရန်သူတို့ကို တားမြစ်ရန် လည်းကောင်း ဤပဉ္စမမြို့၏ အခြံအရံဖြင့် ကောင်းစွာ ခြံရံအပ်၏။

၆...
ရဟန်းတို့ နောက်တစ်မျိုးကား မင်း၏ အစွန်အဖျားကျသော မြို့၌ ပညာရှိ၍ လိမ္မာသော၊ ထက်မြက်သော ပညာနှင့် ပြည့်စုံသော၊ မသိသူတို့အား တားမြစ်တတ်၍ သိသူတို့အား ဝင်စေတတ်သော တံခါးမှူးရှိ၏၊ မင်းသည် အစွန်အဖျားကျသော မြို့ကို မြို့တွင်း၌ နေကုန်သော သူတို့၏ လုံခြုံစေရန် လည်းကောင်း၊ မြို့ပ၌ နေကုန်သော ရန်သူတို့ကို တားမြစ်ရန် လည်းကောင်း ဤဆဋ္ဌမြို့၏ အခြံအရံဖြင့် ကောင်းစွာ ခြံရံအပ်၏။

၇...
ရဟန်းတို့ နောက်တစ်မျိုးကား မင်း၏ အစွန်အဖျား ကျသောမြို့၌ မြို့တံတိုင်း သည် မြင့်လည်းမြင့်၏၊ ကျယ်လည်းကျယ်၏၊ အပေါက် အလုံးစုံ ပိတ်ဆို့သော အင်္ဂတေလိမ်းကျံခြင်းနှင့် လည်း ပြည့်စုံ၏။ မင်းသည် အစွန်အဖျားကျသော မြို့ကို မြို့တွင်း၌ နေကုန်သော သူတို့၏ လုံခြုံစေရန် လည်းကောင်း၊ မြို့ပ၌ နေကုန်သော ရန်သူတို့ကို တားမြစ်ရန် လည်းကောင်း ဤသတ္တမမြို့၏ အခြံအရံဖြင့် ကောင်းစွာ ခြံရံအပ်၏။

ဤ မြို့၏ အခြံအရံခုနစ်ပါးတို့ဖြင့် ကောင်းစွာ ခြံရံအပ်၏။

အဘယ် လေးပါးကုန်သော
အာဟာရတို့ကို အလိုရှိတိုင်း မငြိုမငြင် မပင်မပန်းရသနည်း။

၁...
ရဟန်းတို့ ဤလောက၌ မင်း၏ အစွန်အဖျားကျသော မြို့၌ မြို့တွင်းနေသူတို့ မွေ့လျော် ပျော်ပိုက် စေရန် မထိတ်လန့်စေရန် ချမ်းသာစွာ နေနိုင်ရန် အပဖြစ်သော ရန်သူတို့ကို တားမြစ်ရန် များပြားသော မြက် ထင်း ရေကို သိုမှီးသိမ်းဆည်းအပ်၏။

၂...
ရဟန်းတို့ နောက်တစ်မျိုးကား မင်း၏ အစွန်အဖျားကျသော မြို့၌ မြို့တွင်းနေသူ တို့ မွေ့လျော် ပျော်ပိုက်စေရန် မထိတ်လန့်စေရန် ချမ်းသာစွာ နေနိုင်ရန် အပဖြစ်သော ရန်သူတို့ကို တားမြစ်ရန် များပြားသော သလေးစပါး မုယော စပါးတို့ကို သိုမှီး သိမ်းဆည်းအပ်၏။

၃...
ရဟန်းတို့ နောက်တစ်မျိုးကား မင်း၏ အစွန်အဖျားကျသော မြို့၌ မြို့တွင်း နေသူတို့ မွေ့လျော် ပျော်ပိုက် စေရန် မထိတ်လန့်စေရန် ချမ်းသာစွာ နေနိုင်ရန် အပဖြစ်သော ရန်သူတို့ကို တားမြစ်ရန် များပြားသော နှမ်း ပဲနောက် ပဲကြီး ကြွင်းသော ပဲအမျိုးအပေါင်းတို့ကို သိုမှီး သိမ်းဆည်းအပ်၏။

၎...
ရဟန်းတို့ နောက်တစ်မျိုးကား မင်း၏ အစွန်အဖျားကျသော မြို့၌ မြို့တွင်း နေသူတို့ မွေ့လျော် ပျော်ပိုက်စေရန် မထိတ်လန့်စေရန် ချမ်းသာစွာ နေနိုင်ရန် အပဖြစ်သော ရန်သူတို့ကို တားမြစ်ရန် များပြားသော ဆေးပစ္စည်းတို့ကို သိုမှီး သိမ်းဆည်းအပ်၏၊
အဘယ်ဆေးပစ္စည်းတို့ နည်း -
ထောပတ် ဆီဦး ဆီ ပျား တင်လဲ ဆား ဤဆေးပစ္စည်းတို့ပင်တည်း။
ရဟန်းတို့ ဤလေးပါးကုန်သော အာဟာရတို့ကို အလိုရှိတိုင်း မငြိုမငြင် မပင် မပန်းရ၏။

ရဟန်းတို့ အကြင်အခါ၌ မင်း၏ အစွန်အဖျား ကျသော မြို့ကို အခြံအရံ ခုနစ်မျိုးတို့ဖြင့် ကောင်းစွာခြံရံအပ်၏၊ ဤအာဟာရ လေးမျိုးတို့ကိုလည်း အလိုရှိတိုင်းရ၏၊ မငြိုမငြင်ရ၏၊ မပင် မပန်းရ၏။ ထိုအခါ အစွန်အဖျားကျသော မြို့ကို အပဖြစ်သည့် ဆန့်ကျင်ဘက် ရန်သူအပေါင်းတို့သည် အကျိုးမဲ့ ပျက်စီးအောင် မပြုနိုင်ဟု ဆိုအပ်၏။ 67

ရဟန်းတို့ ဤအတူသာလျှင်... ဒုတိယပိုင်း...

၃ - နဂရောပမသုတ်၊မှ၊ မဟာဝဂ်၊ သတ္တကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


Read more...

မှတ်သားဖွယ်ရာ ၀၁

အကောင်းအဆိုး ဒွန်တွဲနေတဲ့ သဘာဝလောကကြီးထဲမှာ တချို့ကျတော့ ဘုရားရှင်သာသနာနှင့် တွေ့ပြီး အကျိုးတရားများ ရသွားခဲ့ကြတယ်။ တချို့ကျတော့လည်း ဘုရားရှင်သာသနာနှင့် တွေ့ကြသော်လည်း အလွန်ဝမ်းနည်းဖွယ်ရာ အဖြစ်ဆိုးများနှင့် တွေ့ကြုံသွားခဲ့ ကြရသည်။ ကျွန်တော်တို့တစ်တွေလည်း ဘုရားရှင် ထားခဲ့သော သာသနာကျန်ရှိနေပါသည်။ ဘယ်အမျိုးအစားထဲ ပါဝင်အောင် လုပ်ကြမလဲ...နေ့စဉ်” မဟုတ်ဘူး၊ ရပ်နေစဉ်, သွားနေစဉ်, လျောင်းနေစဉ်, စားနေစဉ်... စသည့်“နေစဉ်”မေးကြည့်ဖို့ လိုမယ်နဲ့တူတယ်နော်။ သက်တမ်းကာလက တိုတောင်းတော့.. နေ့စဉ်ဆိုရင် နဲနဲဝေးနေမလားလို့ပါ။
ဘုရားရှင်နှင့် အနီးလည်းနေ အနေလည်းနီးသွားကြတဲ့ ပုဂ္ဂိုလ်ထူးများနှင့် နောက် အနီးသာနေပြီး အနေ ဝေးသွားကြတဲ့ ၀မ်းနည်းဖွယ်ရာ ပုဂ္ဂိုလ်များကို သိလိုသူများအတွက် ဗဟုသုတအဖြစ် တင်ပြလိုက်ပါတယ်။

ဂေါတမဘုရားရှင်သာသနာတော်အတွင်း၌ လူဝတ်နှင့် အရဟတ္တဖိုလ်ရ၍ လူ့အဖြစ်နှင့်ပင် ပရိနိဗ္ဗာန် စံသွားကြသည့် လူရဟန္တာပုဂ္ဂိုလ် ငါးယောက်-
(၁) ဥဂ္ဂသေန သူကြွယ်၊ (၂) သန္တတိ အမတ်ကြီး၊ (၃) ဝီတသောက လုလင်၊ (၄) ဗာဟိယဒါရုစိ ပရိဗိုဇ်၊ (၅) ခမည်းတော် သုဒ္ဓေါဒနမင်းကြီးတို့ ဖြစ်၏။

Free Image Hosting at www.ImageShack.us


ဂေါတမဘုရားရှင် သာသနာတော် အတွင်း၌ အရှင်လတ်လတ် မြေမျိုသွားသူ ငါးယောက်-
(၁) ဒေဝဒတ် ရဟန်း၊ (၂) စိဉ္စမာန မိန်းမယုတ်၊ (၃) သုပ္ပဗုဒ္ဓ သာကီဝင် (ဘုရားရှင်ရဲ့ ဦးလေး)၊ (၄) နန္ဒက ဘီလူး၊ (၅) နန္ဒမည်သော လုလင်တို့ ဖြစ်၏။

့်ဘုရားတရားတော်နှင့် အနီးလည်းနေ အနေလည်းနီးနိုင်ကြပြီး.. သတိသံဝေဂတရားများ တိုးပွားကြပါစေ

မေမေ့လပြည့်ဝန်းလေး



Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP