* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Wednesday, September 2, 2009

အစိုးမရ

@ အလိုဆန္ဒ မရှိပေမယ့်လဲ အများသူငှာ
ဏိန်းဂဏန်းများကို စိတ်ဝင်တစား စားသုံးနေချိန်မှာ
မခံချင် စိတ်ရိုင်းကြောင့် ငါလဲပဲ မိုးခါးရေ တစ်ကျိုက် မျိုသွပ်မိခဲ့ပြီး
ဒါတောင် ..လူတောထဲ သူလိုကိုယ်လို အိပ်မောကျချိန် ကောင်းကောင်းမရခဲ့သေး။

@ ဆန္ဒရင်းခံ တစ်ကိုယ်ကောင်း မဆန်ဖို့ 
အသင်ကြား ခံခဲ့ရဘူးတယ်
ဒါပေမယ့် အရာရာတိုင်း င့ါစိတ်ရဲ့  ကိုယ်ကြီးက
သူဖြစ်ချင်တာကိုချည်း လိုက်ပြီး အဆုံးစွန် ဖြည့်စွက် နေတုန်း
ကိုယ့်ကိုယ်ထက် အချစ်ဆုံးဆိုတာကို တွေ့ ချင်နေတယ်။

@ လမင်းက ခွေးကိုမလှောင်သလို ခွေးကလဲ လမင်းကို ဟောင်ခဲ့လို့ လား
ဗန္ဓုလ ဖောင်ဖျက်ဖို့  မကြိုးစားဖူး သလို
ဓနုဖြူ တိုက်ပွဲမှာ ရော ဘုရင့်နောင် ကျဆုံးဖို့  အခွင့်ရေး ရခဲ့လိုလား။

@ ထပ်တူမကျ နိုင်တဲ့ အခြေအနေ အချိန်ခါမို့ 
သုခချမ်းသာခြင်းရဲ့ု့အနှစ်သာရကို မသိမြင်သေးသလို
ဒုက္ခဆင်းရဲခြင်းရဲ့ အဖိုးခကို ယနေ့ ထိ ငါ တန်ဖိုးမဖြတ်တတ်သေး။

@ "ကိုယ်ထင်ရင် ကုတင်ရွှေနန်း" တဲ့
ဒီပါးစပ် စကားပုံထဲပဲ အဖန်လဲလဲ တ၀ဲဝဲငါ
ထင်ရာစိုင်း နှစ်မွန်း သွားနေရဆဲရယ်။
ဥက္ကာပျံ(ဘီလူးကျွန်း)

Read more...

The Debate of King Milinda (00)

source:

  • "The Debate of King Milinda, an Abridgement of The Milinda Panha"
  • Edited by “Bhikkhu Pesala”
  • Previously Published by
  • Inward Path, Penang, Malaysia

Prologue


Milinda was the king in the city of Sagala. He was learned in the arts and sciences and was of an inquiring disposition. He was skilled in debating and no one could resolve his doubts about religious matters. Though he questioned all the famous teachers none could satisfy him. Assagutta, one of a large number of arahants living in the Himalayas, knew of the king’s doubts by means of supernormal power. So he convened an assembly to ask if there was anyone who could answer the king. There was no one, so the whole assembly ascended to the heaven of the thirty-three and requested the god Maha-sena to take birth as a man in order to protect the religion. One of the monks, Rohaoa, agreed to go to Kajangala where Maha-sena had been reborn and wait for him to grow up.
The boy’s father, Brahman Sonuttara, had the boy educated in the three Vedas but the boy, Nagasena, declared:
“Empty are these three Vedas and as chaff. There is in them neither reality, worth nor essential truth.”
Realising that the boy was ready, Rohaoa appeared and the parents consented to their son becoming a novice. So, Nagasena studied the Abhidhamma. After gaining perfect knowledge of the seven books of the Abhidhamma, Nagasena was admitted to the Order of monks and Rohaoa sent him to Vattaniya Hermitage to study with Assagutta. While spending the rainy season there, Nagasena was asked to preach a sermon to the pious lady who was Assagutta’s supporter. As a result of the discourse both the lady and Nagasena attained the Eye of the Dhamma, the knowledge that whatsoever has a beginning also has the inherent quality of passing away. Assagutta then sent Nagasena to Dhammarakkhita at the Asoka Park in Panaliputta where, within the space of three months, he mastered the remainder of the Tipinaka. Dhammarakkhita admonished his pupil not to be content with mere book knowledge and the very same night the diligent pupil Nagasena gained “Arahantship”. He then went to join the other “Arahants” who were still staying in the Himalayas. Having completed his education Nagasena was ready to meet anyone in debate.


Meanwhile, King Milinda continued his spiritual quest by visiting the Bhikkhu Ayupala at the Saukheyya
Hermitage and asked him why the monks renounced the world. The elder replied,
“It is for the sake of being able to live in righteousness and in spiritual calm.”
Then the king asked,
“Is there, venerable sir, any layman who lives so?”
The elder admitted that there were many such laymen, and the king retorted:
“Then most venerable Ayupala, your going forth is of no use. It must be in consequence of sins committed in some former birth that recluses renounce the world and even subject themselves to the added constraints of one or other of the ascetic practices such as wearing only ragrobes, eating only one meal a day, or not lying down to sleep. There is no virtue therein, no meritorious abstinence, no righteousness of life!”
When the king had spoken thus the venerable Ayupala was silenced and had not a word to say. Then the five hundred Bactrian Greeks who accompanied the king said,
“The elder is learned but he is also diffident, so he makes no reply.”
To this the king replied by exclaiming:
“All India is an empty thing, it is like chaff. There is no one who is capable of debating with me and dispelling my doubts!”
However, the Bactrian Greeks were unmoved so the king asked,
“Is there then, my good men, any other learned sage who is able to discuss things with me and dispel my doubts?”
Then the minister Devamantiya said,
“There is, Great King, an elder named Nagasena who is learned, of subdued manners yet full of courage; he is capable of discussing with you. He is now staying at this Saukheyya Hermitage, you should go and put your questions to him.”
At the mere mention of the name ‘Nagasena’ the king became alarmed and the hairs of his body stood on end. Then the king sent a messenger to say that he was coming. Attended on by the five hundred Bactrian Greeks, the king mounted his royal chariot and went to the place where Nagasena was staying.
To be continued…………



Read more...

အမျက်ဒေါသ

  • အမျက်ဒေါသကို စွန့်ရာ၏၊ မာနကို ပယ်ရာ၏၊ သံယောဇဉ် အနှောင်အဖွဲ့ အားလုံးကို လွန်မြောက်ရာ၏၊ နာမ်ရုပ်၌ ငါ၏ စိတ် ငါ ၏ ကိုယ် ဟူ၍ မငြိတွယ် မကြောင့်ကြသော သူထံသို့ ဆင်းရဲဒုက္ခတို့သည် မလာကုန်။
    One should give up anger, renounce pride, and overcome all fetters. Suffering never befalls him who clings not to mnd and body an dis detached.
  • လိမ္မာသော ရထားထိန်းသည် လျင်မြန်စွာသွားသော ရထားကို လမ်းမလွဲအောင် ကောင်းစွာ စောင့်ရှောက်သကဲ့သို့ မိမိ၌ ဖြစ်ပေါ်လာသော အမျက်ဒေါသကို တားဆီးနိုင်သောသူကို လိမ္မာသော ရထားထိန်းဟု ငါ ဘုရား ခေါ်တော်မူ၏၊ မတားဆီးနိုင်သော သူတို့သည် ကြိုးကိုင်သာ ဖြစ်ကုန်၏။
    He who checks rising anger as a charioteer checks a rolling chariot, him I call a true charioteer. Others only hold the reins.
  • အမျက်ထွက်တတ်သော သူကို အမျက်မထွက်ခြင်းဖြင့် (မေတ္တာဖြင့်) အောင်ရာ၏၊ မကောင်းသောသူကို ကောင်းသော သဘောဖြင့် အောင်ရာ၏၊ နှမြောဝန်တိုသောသူကို ပေးကမ်းခြင်းဖြင့် အောင်ရာ၏၊ မဟုတ်မမှန် ပြောဆိုတတ်သောသူကို မှန်ကန်သော စကားပြောဆိုခြင်းဖြင့် အောင်ရာ၏။
    Overcome the angry by non-anger; overcome the wicked by goodness; overcome the miser by generosity; overcome the liar by truth.

  • မှန်သော စကားကို ပြောဆိုရာ၏၊ အမျက်ဒေါသ မထွက်ရာ ၊ သူတပါးတို့ တောင်းသည်ရှိသော် ပစ္စည်းဝတ္ထု အနည်းငယ်မျှကိုသော်လည်း ပေးလှုရာ၏၊ ဤသုံးပါးသော အကြောင်းတို့ဖြင့် နတ်ပြည်ကို သွားရာ၏၊
    Speak the truth; yield not to anger; when asked, give even if you only have a little. By these three means can one reach the presence of the gods.
  • သူတပါးတို့ကို ညှဉ်းဆဲခြင်းမရှိ ၊ ကိုယ့်ကို အမြဲ စောင့်ရှောက်ကုန်သော သူတော်ကောင်းတို့သည် စိုးရိမ်ခြင်း ကင်းရာ၊ သေခြင်းကင်းရာဖြစ်သော နိဗ္ဗာန်သို့ ရောက်၏။
    Those sages who are inoffensive and ever restrained in body, go to the Deathless State, where, having one, they grieve no more.
  • အမြဲ နိုးကြားထကြွ ရှိကုန်လျက် ၊ နေ့ညမပြတ် သူတော်ကောင်း အကျင့်ကို ကျင့်ကုန်သော ၊ နိဗ္ဗာန်သို့ စိတ်ညွတ်ကုန်သော ပုဂ္ဂိုလ်တို့မှာ ကာမ စသော အာသဝေါတို့သည် ကုန်ခမ်းကုန်၏။
    Those who ever vigilant, who discipline themselves day and night, and are ever intent upon Nibbana__ their defilements fade away.
  • အို အတုလ၊ ဤကဲ့ရဲ့ခြင်း သဘောသည် ရှေးအခါမှ စ၍ ဖြစ်လာသော အလေ့တည်း၊ ယခုမှ ဖြစ်သော အလေ့မဟုတ်၊ စကားမပြော ဆိတ်ဆိတ်နေသော သူကိုလည်း ကဲရဲ့ကုန်၏၊ စကားများများပြောသော သူကိုလည်း ကဲ့ရဲ့ကုန်၏၊ စကားနည်းနည်းပြောသော သူကိုလည်း ကဲ့ရဲ့ကုန်၏၊ လောက၌ အကဲ့ရဲ့လွတ်သောသူ မရှိ။
    O Atula! Indeed, this is an ancient practice, not one only of today: they blame those who remain silent, they blame those who speak much, they blame those who speak in moderation. There is none in this world who is not blamed.

  • လုံးလုံး အကဲ့ရဲ့ခံရသောသူ ၊ လုံးလုံးအချီးမွမ်းခံရသောသူ ဟူ၍ ရှေးအခါ၌ မရှိခဲ့ဖူး၊ နောင်အခါ၌လည်း ရှိလိမ့်မည် မဟုတ်၊ ယခုအခါ၌လည်း မရှိ။
    There never was, there never will be, nor is there now, a person who is wholly blamed or wholly praised.
  • ကောင်းသော အသက်မွေးခြင်းရှိ၍ ပညာနှင့်လည်း ပြည့်စုံ၊ သီလနှင့်လည်း ပြည့်စုံသော သူကို ပညာရှိတို့သည် ဟုတ်တိုင်းမှန်ရာသိ၍ နေ့တိုင်းနေ့တိုင်း (ထပ်ခါ ထပ်ခါ) ချီးမွမ်းကြလျှင်
    But the man whom the wise praise, after observing him day after day, is one of flawless character, wise, and endowed with knowledge and virtue.
  • အကောင်းဆုံး ဗမ္ဗူရာဇ် ရွှေပြားနှင့်တူသော ထိုသူကို အဘယ်သူ ကဲ့ရဲ့နိုင်မည်နည်း၊ ထိုသူကို နတ်တို့သည်လည်း ချီးမွမ်းကုန်၏၊ ဗြဟ္မာတို့သည်လည်း ချီးမွမ်းကုန်၏။
    Who can blame such a one, as worthy as a coin of refined gold? Even the gods praise him; by Brahmas, too, is he praised.
  • ကိုယ်နှင့် ဆိုင်ရာ မကောင်းမှု (သုံးမျိုး) ကို စောင့်ရှောက်ရာ၏၊ ကိုယ်ဖြင့် မကောင်းမှုမှ စောင့်ရှောက်ရာ၏၊ ကိုယ်ဖြင့် မကောင်းသော အကျင့်ကို ပယ်၍ ကိုယ်ဖြင့်ပင် ကောင်းသော အကျင့်ကို ကျင့်ရာ၏။
    Let a man guard himself against irritability in bodily action; let him be controlled in deed. Abandoning bodily misconduct, let him practise good conduct in deed.
  • နှုတ်နှင့် ဆိုင်ရာ မကောင်းမှု (သုံးမျိုး) ကို စောင့်ရှောက်ရာ၏၊ နှုတ်ဖြင့် မကောင်းမှုမှ စောင့်ရှောက်ရာ၏၊ နှုတ်ဖြင့် မကောင်းသော အကျင့်ကို ပယ်၍ နှုတ်ဖြင့်ပင် ကောင်းသော အကျင့်ကို ကျင့်ရာ၏။
    Let a man guard himself against irritability in speech; let him be controlled in speech. Abandoning verbal misconduct, let him practise good conduct in speech.
  • စိတ်နှင့် ဆိုင်ရာ မကောင်းမှု (သုံးမျိုး) ကို စောင့်ရှောက်ရာ၏၊ စိတ်ဖြင့် မကောင်းမှုမှ စောင့်ရှောက်ရာ၏၊ စိတ်ဖြင့် မကောင်းသော အကျင့်ကို ပယ်၍ စိတ်ဖြင့်ပင် ကောင်းသော အကျင့်ကို ကျင့်ရာ၏။
    Let a man guard himself against irritability in thought; let him be controlled in mind. Abandoning mental misconduct, let him practise good conduct in thought.
  • ပညာရှိတို့သည် ကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း မကောင်းမှုမှ စောင့်ရှောက်ကုန်၏၊ ထို ကိုယ် နှုတ် စိတ် သုံးပါးတို့ဖြင့် ကောင်းစွာ စောင့်ရှောက်သော ပညာရှိတို့သည်သာလျှင် ကောင်းစွာ စောင့်ရှောက်သော သူတို့ မည်ကုန်၏။
    The wise are controlled in bodily action, controlled in speech and controlled in thought. They are truly well-controlled.

ကျမ်းကိုး ။ ။ ဓမ္မပဒ ၊ ပြုစုသူ –> ဦးသေဋ္ဌိလ ၊ Acharya Buddharakkhita



Read more...

လူချင်းတူပေမယ့်

တချို့လူတွေများ အသွားအလာသေသပ်လိုက်တာ။ နေပုံထိုင်ပုံ ပိပြားလိုက်တာ။ အပြောအဆိုကလည်း ယဉ်ကျေးသိမ့်မွေ့လိုက်တာ။ တချို့ကျတော့လည်း ဘယ်သူတွေဖြစ်ဖြစ် လှူချင်တယ်။ ဒါန်းချင်တယ်။ မာယာတွေ သာဌေယျတွေ နားမလည်ဘူး။ ဒါသူတို့ကိစ္စ။ လှူတာ ငါ့ကိစ္စ အဲလိုစိတ်ထားပြီး လှူနိုင်လိုက်တာ။ အား… တချို့ကျတော့လည်း သွားတာလာတာက အစ ကြမ်းထန်းလိုက်တာ လွန်ရော။ စားတာကလည်း ပက်စက်လိုက်တာမှ နှစ်ယောက်မရှိဘူး။ တချို့ကျတော့လည်း သိတတ်လိုက်တာ လွန်ရော။ ဒါမျိုးသင့်တော်တယ်။ ဒါမျိုး မသင့်တော်ဘူးလို့ သိပ်သိတတ်တာ။ တချို့ကျတော့လည်း ယဉ်ကျေးသိမ်မွေ့ချင် ဟန်ဆောင်တယ်။ တချို့ကျတော့လည်း မှတ်မှတ်ရရကို မရှိဘူး။ ပြောပြောပြီးပြီး။ သူတို့ကို ပြောရတာ ကျွဲပါး စောင်းတီးရသလို ပြောတဲ့သူကသာ မောသွားတာ။ သူတို့ကတော့ဖြင့် တစ်လုံးမှ နားမလည်ဘူး… စသဖြင့် စသဖြင့် လူတွေ လူတွေ ဘယ်လို လူတွေမှန်းကို မသိဘူး။ ဒီလောကကြီးကလည်း ဘယ်လိုလူတွေ မွေးထုတ်ပေးနေတာလဲ မသိဘူး။ များပြားလိုက်တဲ့ လူတွေအတွက် စရိုက်တွေက အမျိုးမျိုး။ အဲဒီ အမျိုးမျိုးသော စရိုက်ကို တွက်ကြည့်လိုက်တာ လူတွေမှာ စရိုက်လက္ခဏာတွေ (၆၃) မျိုးတောင် ရှိတယ်။ ဟာ များလှချည်လား။ များတယ်။ တို့ဘုရားရှင်က ငါတော့ ဆရာစားချန်ထားဦးမှ ဆိုပြီး ဟောခဲ့တဲ့ တရားမရှိဘူး။ ဟုတ်လို့လား။ ဘုရားရှင်က သစ်တောထဲက သစ်ရွက်တွေနဲ့ ငါ့လက်ထဲက သစ်ရွက်တွေ ဘယ်ကပိုများလဲ လို့မေးပြီး အရှင်ဘုရားလက်ထဲက သစ်ရွက်ကနည်းပြီး သစ်တောထဲက သစ်ရွက်တွေကများတယ်လို့ ရဟန်းတွေဖြေတော့ ငါဟောတဲ့တရားဟာ ငါ့လက်ထဲက သစ်ရွက်တွေ လောက်ပဲရှိပြီး ငါမဟောတဲ့တရားဟာ ဟောဒီတောအုပ်ထဲက သစ်ရွက်တွေလောက်ရှိတယ် လို့ ပြောခဲ့တာလဲလို့ မေးလာစရာရှိတယ်။ ကျွန်တော်တို့ ဘုရားရှင်က သက်တမ်းတစ်လျှောက်လုံး အကျိုးမဲ့တဲ့ စကားတစ်ခွန်းမှကို မပြောခဲ့ဖူးပါဘူး။ အဲဒါကြောင့် ခုထက်ထိ ဘုရားရှင်ရဲ့ တရားတွေ ခိုင်မြဲနေတာပေါ့။ ကျွန်တော်တို့ဘုရားရှင်ရဲ့ သက်တမ်းက တိုလွန်းတဲ့အတွက် ဘုရားရှင်ဟာ ဖလသမာပတ်ဝင်စားချိန်တောင် သိပ်မရှိခဲ့ပါဘူး။ ကျွတ်ထိုက်တဲ့ သတ္တ၀ါတွေ အားလုံး ကျွတ်တမ်းဝင်သွားအောင် ဘုရားရှင်အလုပ်လုပ်ခဲ့ပါတယ်။ ဘုရားတစ်ဆူပွင့်တိုင်း ကျွတ်ထိုက်တဲ့သတ္တ၀ါတွေအားလုံး မဖြစ်မနေကျွတ်ပါတယ်။ ဒီတရားနဲ့ကျွတ်တမ်းဝယ်မယ် ဆိုရင် ဒီတရားကိုဟောတယ်။ ဟိုတရားနဲ့ ကျွတ်တမ်းဝင်မယ်ဆိုရင် ဟိုတရားနဲ့ ဟောတယ်။ စူဠပန္ထကတို့လို့ ပုဂ္ဂိုလ်က ဘယ်လို တရားနဲ့ သင့်တော်မလဲ။ အဲလို ကျွတ်ထိုက်တဲ့ သတ္တ၀ါတွေ အတွက် တရားတွေကို ပုဂ္ဂိုလ်အလိုက် စရိုက်အလိုက်ဟောခဲ့ရတယ်။ ဟောလိုက်လို့မှ ဘာအကျိုးမှ မရရင် ဘုရားရှင် မဟောခဲ့ပါဘူး။ အဲဒါကြောင့် မာလုကျပုတ္တကို ဘုရားရှင် တရားမဟောခဲ့တာပေါ့။ ကျွတ်ထိုက်တဲ့ သတ္တ၀ါအားလုံးအတွက် သင့်လျှော်တဲ့ တရားအားလုံးကိုသာ ဘုရားရှင်ဟောခဲ့တယ်။ သို့သော် အဲဒီတရားတွေက လက်ထဲက သစ်ရွက်တွေလောက်ပဲ ရှိခဲ့ပါတယ်။

အဲဒီ သစ်ရွက်လောက် တရားတွေထဲက ဟောဒီလူတွေရဲ့ စရိုက်ကတော့ဖြင့် (၆၃) မျိုးရှိခဲ့ပါတယ်လို့ အဘိဓမ္မာထဲမှာဟောပြခဲ့ပါတယ်။။ (၆၃) မျိုးကို ချုံ့လိုက်ရင်တော့ (၆) မျိုးတည်းရှိတယ်။ (အင် ဖြစ်ရပြန်ပြီ။ သူပဲ အမျိုးမျိုး၊ ဟုတ်ပါတယ်။ ချဲ့ရေးရင် မျက်စိရှုပ်ကုန်မှာ) အဲဒီ ခြောက်မျိုးကတော့ ဒီလို

၁။ အသွားအလာ ယဉ်ကျေးသော ကျနစွာ ၀တ်စားဆင်ယင်တတ်သော အမွှေးအကြိုင်ကို ကြိုက်နှစ်သက်သော အလှအပ ရူပါရုံကိုစွဲလန်းသော ရာဂစရိုက်ရှိသူ။

၂။ အလှူအဒါန်းရက်ရောသော ရဟန်းသံဃာ၊ ဘုရားဝတ်ကျောင်းကို ခုံမင်သော သဒ္ဓါစရိုက်ရှိသူ။

၃။ အလုပ်လုပ်ရာတွင် သပ်ရပ်မှုနည်းသော၊ မကောင်းသောအာရုံကို စိတ်ဆိုးလွယ်သော၊ ရန်ငြိုးဖွဲ့တတ်သော၊ ဂုဏ်တုဂုဏ်ပြိုင်လုပ်လိုသော ဒေါသစရိုက်ရှိသူ။

၎။ အပြောအဆိုကြမ်းသော်လည်း ဆုံးမလွယ်သော၊ စိတ်ဆိုး စိတ်ပြေလွယ်သော ရှေ့ရေး နောင်ရေးမျှော်တွေးတတ်သော ပညာစရိုက်ရှိသူ။ (ဗုဒ္ဓိစရိုက်ရှိသူ ဟုလည်းခေါ်)

၅။ မယဉ်မကျေးသွားလာတတ်သော၊ ရိုသေလေးစားမှုနည်းသော၊ အလိုက်ကန်းဆိုး မသိတတ်သော၊ တစ်ယောက်တည်းရှုပ်နေတတ်သော၊ အများက ကဲ့ရဲ့လျှင် လိုက်ကဲ့ရဲ့ အများက ချီးမွှမ်းလျှင် လိုက်ချီးမွှမ်းတတ်သော၊ ဖျင်းအသော၊ စိတ်ကူးယဉ်လွန်းသော မောဟစရိုက်ရှိသူ။

၆။ ကောင်းသော လုပ်ငန်းမှာ အစွမ်းအစမရှိ၊ လိုအပ်သည်ထက် စကားပေါလျှက် လူတကာနဲ့တွဲ လမ်းတကာလှည့်တတ်သော ၀ိတက်စရိုက်ရှိသူ။

ပါတဲ့။ (စရိုက်တွေအားလုံးမှာ အစိတ်စိတ်တွေ ထပ်ခွဲလို့ရပါသေးတယ်။ ဒါတွေက အနည်းအကျဉ်းလေးမျှသာ ဖော်ပြတာဖြစ်ပါတယ်။)

(၆၃) မျိုးက ဘယ်လိုဖြစ်လာတာလဲဆိုတော့ တချို့က ရာဂစရိုက်ပါမကဘူး၊ ဒေါသစရိုက်ပါရှိတယ်။ တချို့က မောဟစရိုက်ပါတွဲပါလာတယ်။ ဒီလိုနဲ့ တစ်ချို့က စရိုက်နှစ်မျိုး။ တစ်ချို့က သုံးမျိုးဖြစ်ရင်းပဲ (၆၃) မျိုးဖြစ်လာတယ်။ ပါဠိစကားနဲ့ ပြောရရင် မူလ မူလီသွပ်တယ်လို့ ခေါ်ပါတယ်။ ဘယ်လိုလုပ်တာလဲဆိုတော့ ရာဂကို တည်။ ဒေါသနဲ့ပေါင်း၊ (၁) မျိုး၊ မောဟနဲ့ပေါင်း (၁) မျိုး။ ပညာနဲ့ပေါင်း (၁)မျိုး။ သဒ္ဓါနဲ့ပေါင်း (၁) မျိုး။ စသဖြင့် အားလုံးပေါင်တော့ (၆၃) ပါးဖြစ်ပေါ်လာပါတယ်။ (တွက်ကြည့်နိုင်ပါတယ်။ မပြည့်လို့ရှိရင် မကျေနပ်လို့ရှိရင် ကျွန်တော့်ကို လှမ်းပြောပါ။ ကျွန်တော် တွက်ပြပါ့မယ်)

ကဲလူချင်းတူပါလျက်ကယ်နဲ့ ဘာလို့ ဒီလိုစရိုက်တွေ ကွဲပြားနေရတာလဲ။ အတိတ်ဘ၀နဲ့သာ ဆိုင်ပါကြောင်းခင်ဗျာ။ ဘယ်လိုမှ ငြင်းပယ်လို့မရတဲ့ မဖြစ်မနေလက်ခံလိုက်ရတဲ့ ဘာဝါ ဘဝေကပါလာတဲ့ ၀ါသနာအလေ့လေး ဖြစ်ပါတယ်။ ဘယ်သူမှ ဒီ (၆၃) ပါးသော စရိုက်ထဲက ပြေးမလွတ်ပါဘူး။ ဘယ်သူမှာ ဘာစရိုက်ပါလာတယ်ဆိုတာကိုတော့ ကိုယ့်ကိုယ်ကို အနည်းအကျဉ်းခန့်မှန်း နိုင်ပါတယ်။ ဘယ်သူ ဘာစရိုက်ရှိလဲဆိုတာကို သူ့ရဲ့ အသွားအလာ အနေအထိုင် အပြောအဆိုကနေ သိနိုင်ပါတယ်။ တကယ်တမ်းပြောရရင်တော့ ပရစိတ္တ၀ိဇာနာနဉာဏ်ရမှ သိနိုင်တာပါ။ ဒီလိုစရိုက်ကို ဘုရားရှင်တစ်ပါးတည်းသာ စွန့်နိုင်ခဲ့ပါတယ်။ အဲဒီစရိုက်တွေက ကျွန်တော်တို့ကို ဥပါဒါန်ဖြစ်စေပါတယ်။ ဥပါဒါန်ဖြစ်သည့်အလျှောက် ဘ၀တွေ ဖြစ်ရပါတယ်။ ဘ၀ပစ္စယာ ဇာတိတွေကြောင့် ကျွန်တော်တို့ သံသရာမှာ တ၀ဲလည်လည် လည်ရပြန်ပါတယ်။ ထပ်ခါထပ်ခါ ဖြစ်ပါတယ်။ စရိုက်တွေဟာ တကယ်တော့ ဥပါဒါန်တွေပါ။ ကဲ ကျွန်တော်တို့ ဘယ်လိုဖြတ်မလဲ။ ဒီဘ၀မှာ ကတည်းက အဲဒီစရိုက်ဟာ မကောင်းတဲ့စရိုက်ဖြစ်နေရင် ကျွန်တော်တို့ ပါးလျှသွားအောင် လုပ်ရပါမယ်။ လေးသမားတွေ မြှားကို မီးနဲ့ကင်ပြီး ဖြောင့်ရသလို စရိုက်ဆိုးတွေမှာ တိမ်းပါးနေတဲ့ကျွန်တော်တို့ရဲ့စိတ်ကို ၀ိပဿနာမှာ ကင်ရပါမယ်။ သက်ဆိုင်ရာ ၀ိပဿနာတွေရှိ ပေသော်ငြားလည်း ဒီခေတ်မှာတော့ တရားပြဆရာတော် တော်တော်များများက အာနာပါန တစ်မျိုးတည်းကိုသာ ရှုခိုင်းပါတော့တယ်။ ဘာလို့ အဲဒီ အာနာပါန တစ်မျိုးတည်းကို ရှုခိုင်းသလဲဆိုတော့ စရိုက်အားလုံးကိုလည်း ဒီအာနာပါနက ဖြတ်နိုင်လို့ပါ။ သို့သော် သူ့သက်ဆိုင်ရာ စရိုက်နဲ့ သက်ဆိုင်ရာ ၀ိပဿနာနဲ့ ညှိပြီး ရှုနိုင်ရင်တော့ ဒီစရိုက်တွေ အလွယ်တကူ ပျက်နိုင်တာပေါ့။ ဒါပေမယ့် အားလုံးသိတာက တရားထိုင်ရမယ်။ ၀ိပဿနာရှုရမယ်ဆိုရင် အာနာပါနကိုပဲ သိကြတော့တာကိုး။ အာနာပါနက ဘာနဲ့တူသလဲဆိုတော့ ဆရာဝန်တစ်ယောက်က နှာစေးနေလို့ပါဆိုပြီးလာတဲ့သူကို ပါရာစီတမောပေးတယ်။ ကိုက်ခဲနေလို့ပါဆိုပြီးလာတဲ့သူကိုလည်း ပါရာစီတမောပေးတယ်။ ဖျားနေလို့ပါဆိုပြီး လာတဲ့သူကိုလည်း ပါရာစီတမောပေးတယ်။ အာနာပါနက အဲဒီပါရာစီတမောနဲ့ သွားတူပါတယ်။ ရောဂါပျောက်တော့ ပျောက်တယ်။ ဒါပေမယ့် အရှင်း မဟုတ်ဘူးပေါ့ဗျာ။

(ဒီပိုစ့်နဲ့ ပြောချင်တာက ဘယ်လိုတရားထိုင်ထိုင် ၀ါသနာစရိုက်ကို မစွန့်နိုင်သေးဘူးဆိုတာကိုပါ။ ဘလော့ဂါတစ်ဦးရဲ့ အမေးကို ဖြေလိုက်တာပါ။ သူ့အမေးမှာ ဘုရားကို စော်ကားရာကျမလား။ တရားကို စော်ကားရာကျမလားလို့ ပါတယ်။ တရားစခန်းကိုတော့ စော်ကားရာကျမှာပဲ။ အဲဒီ တရားစခန်းက ပြန်လာတာလေ။ စွံပါဘူး။ အရင်အတိုင်းပါပဲလို့ ဖြစ်နေမှာပေါ့။ ဟုတ်ဘူးလား။ တရားစခန်းကပြန်လာ အရင်လို ရပ်ကွက်အော့ကြောလန်ပြန်ဖြစ်တဲ့သူတွေ ရှိနေရတာက ဘုရားရှင်သာလျှင် ၀ါသနာစရိုက်ကို စွန့်နိုင်တာမို့ပါ။ ဒါပေမယ့် ကိုယ့်စရိုက်က မကောင်းတဲ့ဘက်ကို ယိမ်းနေတယ်ဆိုရင်တော့ တဖြည်းဖြည်းပါးအောင်တော့ လုပ်နေရမှာပေါ့လေ။ အရက်တို့ ဘိန်းတို့ဖြတ်တာထက် ဆိုးပါကြောင်းတော့ သတိပေးလိုက်ပါတယ်။)



Read more...

ဒဿနသမ္ပဒါ ဟူသည်

သာသနာတော်နှစ် ၂၅၅၃၊ ကောဇာသက္ကရာဇ် ၁၃၇၁ ခုနှစ်၊ တော်သလင်းလဆန်း (၁၁)ရက်၊ ခရစ်နှစ် ၂၀၀၉ ခုနှစ်၊ သြဂုတ်လ ၃၀ ရက်နေ့၊ အမေရိကန် နိုင်ငံ၊ အော်စတင် မြို့တွင် ဓမ္မစေတီဆရာတော် ဘဒ္ဒန္တကောသလ္လ ဟောကြားတော်မူခဲ့သော တရားတော် ဖြစ်ပါတယ်။
တရားချစ်ခင် သူတော်စင်များ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာဖြင့် တရားတော်ကို နာယူကြည်ညို နိုင်ကြပါစေ…




Read more...

ဂရုဓမ္မအခါတော်နေ့ (ငါးပါးသီလ)


မနက်ဖြန် တော်သလင်းလပြည့်နေ့ ဂရုဓမ္မအခါတော်နေ့ (ငါးပါးသီလ)အခါတော်နေ့ ဖြစ်ပါတယ်။
မင်းတုန်းဘုရင်လက်ထက်တွင်၎င်း၊ ဘိုးတော်မင်းတရားလက်ထက်တွင် ၄င်း ဂရုဓမ္မအမိန့်တော်ပြန်တမ်းကို ဆင်ပေါ်တင် ၍ လေးပြင်လေးရပ်လှည့်လည်ပြီး ငါးပါးသီလ စောင့်ထိန်းကြရန် တိုင်းသူပြည်သားတို့ အားနှိုးဆော်လေ့ရှိပါသည်။

၁၁၄၆ခု၊ ဘိုးတော်မင်းတရားလက်ထက် ထုတ်ပြန်သော ဂရုဓမ္မ အမိန့်တော်ပြန်တမ်း

ပြည်သူ လူတကာ သတ္တ၀ါအပေါင်းတို့ ယခုဝါဆိုကာလ ရောက်ပြီ

သူ့အသက်သတ်ခြင်း၊
သူ့ဥစ္စာခိုးခြင်း၊
သူ့အိမ်ရာ ပြစ်မှားခြင်း၊
မဟုတ်မမှန်သောစကားကို ဆိုခြင်း၊
သေရည်သေရက်ကို သောက်ခြင်း

တရားငါးပါးကို မကြည်မရှောင် ပြုကုန်သော သူတို့သည် ငရဲ၊ တိရ စ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ် အပါယ်လေးဘုံ၌ တလူးလာလာ နစ်မွန်းကုန်ရာသည်။

တရားငါးပါးကို ကြဉ်ရှောင်၍ အလှူပေးခြင်း၊ သီတင်းသီလ ဆောက်တည်ခြင်းကို ပြုသောသူတို့သည် လူမင်း နတ်မင်း စည်းစိမ်ကို ခံစား၍ နတ်ရွာ နိဗ္ဗာန်ချမ်းသာသို့ ရောက်ရာသည်ကို အသင် နှလုံးသွင်းလျက် သရဏဂုံသုံးပါး၊ ပဉ္စသီငါးပါး၊ အဋ္ဌသီရှစ်ပါး တို့ကို မပြတ်ဆောက်တည်ကြကုန်။

ထိုပြန်တမ်းကို ...နှစ်စဉ် ၀ါဆိုလဆန်း ၅ရက်နေ့ ရောက်တိုင်း ဆင်ပေါ်တင်၍ လူ ၅၀ ထမ်းရသော တရားစည်ကြီးကို တီးပြီး ၀င်းခင်း၍ ကြီးစွာသော ရွှေမောင်းကြီးကို တီးခတ်ကာ လှည့်လည် ဖတ်ကြား ကြောင်းမှတ်သားရပါသည်။

လယ်တီဆရာတော် သြ၀ါဒ

ငါးပါးသီလ၊ လူတရားကို မမှားစေမှု၊ အလေးပြု။
မြွေဆိုး ၊ ကျားဆိုး၊ ဘီလူးဆိုးကို ၊ မတိုးဝံ့ငြား၊ ဝေးစွာရှားသို့။
ငါးပါးသီလ၊ မရှိကြသူ ၊လူ မသူတော် ၊ လူပျက်ချော်ကို ၊ အဖော်မပြု ၊ ဝေးစေမှု။

သီလပျက်စီးသူ ၏ အပြစ်ငါးပါး

၁။ စည်းစိမ်ပျက်လျှင်း၊
၂။ သတင်းဆိုးနှံ့၊
၃။ ကြောက်ရွံ့ပရိသာ၊
၎။ သေခါတွေဝေ၊
၅။ သေငရဲလား ၊ ပြစ်ငါးပါး၊ မှတ်သား ဒုဿီလ။

သီလစောင့်ထိန်းသူ၏ အကျိုးငါးပါး။

၁။ စည်းစိမ်ရလျှင်း၊
၂။ သတင်းကောင်းနှံ့၊
၃။ မရွံ့ပရိသာ၊
၎။ သေခါမတွေ၊
၅။ သေနတ်ရွာလား ၊ ကျိုးငါးပါး၊ မှတ်သား သီလ၀န္တ။ (တိပိဋကဓရ၊ ဆရာတော် ဦးဝိစိတ္တရေးသည်။)


မြတ်စွာဘုရား ဟောကြားခဲ့သော ဂရုဓမ္မဇာတ်တော် နှင့် ဂရုဓမ္မအခါတော်နေ့ ပေါ်ပေါက်လာရခြင်း အကြောင်းကိုလည်း မှတ်သား လိုပါက...ဧရာဝတီစာကြည့်တိုက် တွင်ဖတ်ရှုနိုင်ပါတယ်။ ဂရုဓမ္မအခါတော်နေ့ မှာ ငါးပါးသီလ ကို လုံခြုံအောင် စောင့်ထိန်းကြပါစို့လို့ လဲတိုက်တွန်းအပ်ပါတယ်။

ဗုဒ္ဓ၀ါဒ ကမ္ဘာကသိပါစေ

ပဉ္စသီငါးဖြာ ကိုယ်ကျင့်တရားကို၊ ပျက်ပြားနေကြ ကမ္ဘာမြေ။
ဟိုတိုင်း ဒီပြည် ရန်စစ်ခင်းလို့၊ လူနှင့် လူချင်း သတ်ကာနေ။
ငြိမ်းချမ်းပါစေ အာသီသနဲ့၊ စွမ်းနိုင်ရာက ကူညီသလေ။
ပဉ္စငါးပါး ကိုယ်ကျင့်တရား၊ ရေးသားဖြန့်ကာဝေ။
အဖိုးတန်တဲ့ ဗုဒ္ဓ၀ါဒ ကမ္ဘာက သိပါစေ။


ရွှင်လန်းချမ်းမြေ့ကြပါစေ။
ညခင်း


Read more...

ငြိမ်းချမ်းရေးတာဝန်

ဓမ္မစာပေများ

ကျွန်တော်တို့ ထေရ၀ါဒဗုဒ္ဓဘာသာလူငယ်မောင်မယ်များအနေဖြင့် ၁၆ကြိမ်မြောက်အဖြစ် ၁၂.၈.၂၀၀၉ ရက်နေ့တွင် လယ်ဝေးမြို့နယ်၊ ပေါင်းလောင်းကျေးရွာရှိ မူလတန်းကျောင်း ပျက်ဆီးနေမှုများ ပြုပြင်ဆောက်လုပ်ရန်အတွက် အလှူငွေ ငါးသိန်း(၅၀၀၀၀၀ိ/- ကျပ်)ကို ဒေါ်ဆွေဆွေလှ (၉/ပမန (နိုင်) ၀၅၈၅၉၃) ထံသို့ ဒေါ်ခင်မေလွင်သမီး မနီလာမြင့်အောင် (၁၄/ဖပန (နိုင်) ၁၄၉၀၉၅) မှ ပျဉ်းမနား(ရိုးမဘဏ်)ကို ပေးပို့လှူဒါန်းခဲ့သည်။ ၁၄.၈.၂၀၀၉ ရက်နေ့တွင် အမှတ်(၂)ရပ် ကွက်၊ ကနီမြို့၊ မုံရွာခရိုင်၊ စစ်ကိုင်းတိုင်းရှိ အနောက်တောရကျောင်းဆောက်လုပ်ရန်အတွက် မတည်အလှူငွေ ငါးသိန်း (၅၀၀၀၀၀ိ/- ကျပ်)ကို မသန္တာဦး (ဗကညီညီရှိန်၏ဇနီး) (အမှတ်-၄၅၊ ၆-လွှာ၊ ကျောက်မြောင်းကြီးရပ်ကွက်၊ အောင်မင်္ဂလာ လမ်း၊ တာမွေမြို့ နယ်) ထံသို့ သွားရောက်လှူဒါန်းခဲ့သည်။ ၁၅.၈.၂၀၀၉ ရက်နေ့တွင် သာသနမာမက ဘုန်းတော်ကြီးသင် ပညာရေးမူလတန်းကျောင်း၊ ၁၂လမ်း၊ ကာယရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်တိုင်းအတွက် (ဆရာမ ၆ဦးအား တစ်လစာ လစာပေးရန် တစ်သိန်း ရှစ်သောင်းကျပ် (၁၈၀၀၀၀ိ/-)နှင့် ကျောင်းဆောင်နံရံတည် ဆောက်ရန် နှစ်သိန်းခုနစ်သောင်းရှစ်ရာကျပ် (၂၇၀၈၀၀ိ/-)တို့ကို ကျောင်းအုပ်ဆရာတော် ဦးဣန္ဒာစရိယအား ထေရ၀ါဒလူငယ်များ အနေဖြင့် အသီးသီး သွားရောက်လှူဒါန်းခဲ့ကြပါသည်။ စုစုပေါင်းလှူဒါန်းခဲ့သည့်ငွေမှာ တစ်ဆယ့်လေးသိန်း ငါးသောင်း ရှစ်ရာ (၁၄၅၈၀၀ိ/- ကျပ်)ဖြစ်ပါသည်။

ထိုသို့ လှူဒါန်းနိုင်ရန် ကျောင်းများအလိုက် ကောက်ခံရရှိမှု အလှူငွေစာရင်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

ကျောင်းအမည် ကောက်ခံရရှိသော အလှူငွေ
MEPhI 10290 Rubles
MAI 9330
MIET 6488
BMSTU 3320
MIPT 5300
MSMU 2110
MUCTR 1920
MATI 1840
MSTU 790
TOTAL 44888 Rubles

လှူဒါန်းခဲ့သော မှတ်တမ်းဓါတ်ပုံ၊ အလှူငွေလက်ခံရရှိမှုဖြတ်ပိုင်း၊ ငွေလွှဲဘောင်ချာတို့အား ၀မ်းမြောက်ဝမ်းသာ သာဓု အနုမောဒနာ ခေါ်ဆိုနိုင်စေရန် ဤနေရာတွင် ဖော်ပြအပ်ပါသည်။

မိမိတို့လှူဒါန်းခဲ့သော အလှူများ (တစ်နည်း) ကျရာတာဝန်ကိုထမ်းဆောင်ခဲ့သော အရာများသည် မိမိနှလုံးသား၊ မိမိနိုင်ငံမှ အစပြု၍ လောကကြီးငြိမ်းချမ်းအောင် တာဝန်ယူဆောင်ရွက်နေခြင်းဖြစ်သည်ကို အနည်းငယ်တင်ပြလိုပါသည်။

အနာရောဂါကင်းခြင်းသည် အလွန်ကဲဆုံး လာဘ်တည်း။ ရောင့်ရဲမှုသည် အလွန်ကဲဆုံး ဥစ္စာတည်း။ ချစ်ကျွမ်းဝင်သူသည် အလွန်ကဲဆုံး ဆွေမျိုးတည်း။ နိဗ္ဗာန်သည် အလွန်ကဲဆုံး ချမ်းသာတည်း၊ ဟု ဓမ္မပဒ သုခ၀ဂ်မှာ လာသည့်အတိုင်း မိမိတို့၏ ဖြူစင်လှသော ငွေကြေးများကို တပ်မက်သောတဏှာ ရောဂါကင်းအောင်၊ လျော့အောင် ကြိုးစားလှူဒါန်းကြသည်။ ရရှိသောငွေကြေးများကို အတတ်နိုင်ဆုံး ခြွေတာသုံးစွဲကာ ရောင့်ရဲမှုဖြင့် ကြိုးစားလှူဒါန်းကြသည်။ လိုအပ်လျှက်ရှိသော နေရာများတွင်လည်း မေတ္တာကရုဏာ သက်ဝင်စွာဖြင့် စေတနာအထွတ်မြတ်ထားကာ လှူဒါန်းခဲ့ကြသည်။ နိဗ္ဗာန်တည်း ဟူသော ချမ်းသာကို ရလိုသော ဆန္ဒဖြင့်လည်း လှူဒါန်းကြသည်။ ဤသည်ပင် ချမ်းသာခြင်းသုခဖြစ်သကဲ့သို့ မြင့်မြတ်သော ဒါန ဟုလည်းခေါ်ဆိုနိုင်ပေမည်။

မြင့်မြတ်သည်ဆိုသည်မှာလည်း မိမိတို့ လုပ်ဆောင်လိုက်သော အလုပ်တွေ၊ ပြောဆိုမှုတွေ၊ ကြံတွေးမှုတွေသည် တစ်စုံ တစ်ရာသော အကျိုးတွေကို မမျှော်ကိုးပဲ ကိုယ့်မှာကျရောက်လာတဲ့ တာဝန်ကို ကျေပွန်အောင် ဆောင်ရွက်မယ်လို့ အားခဲလျှက် စေတနာအရင်းခံ သက်သက်ဖြင့် လုပ်ဆောင်ခြင်းကို မြင့်မြတ်သူတို့လုပ်ရပ်၊ မြင့်မြတ်တယ်လို့ ခေါ်ဆိုနိုင်မှာဖြစ်သည်။ ထိုသို့ဆိုလျှင် မြင့်မြတ်သောဒါနဆိုသည်မှာလည်း အမှန်တကယ်လိုအပ်လျှက်ရှိသော နေရာများကို ကာယကံ မေတ္တာထား၍ မိမိတတ်အားသရွေ့ လှူဒါန်း၊ ပေးကမ်း၊ စွန့်ကြဲခြင်းအမှုတွေကို စေတနာအရင်းခံထားပြီး တာဝန်ကျေ အောင် ဆောက်ရွက်ခြင်းဖြစ်သည်။

တာဝန်ဆိုသည်မှာလည်း နေရာယူလိုခြင်းသဘော မဟုတ်ပဲ ရရာ ရောက်ရာမှာ ထမ်းရွက်ခြင်းဖြစ်သည်။ ခေါင်းဆောင်မှ တာဝန်ရှိသည်မဟုတ် လက်အောက်ငယ်သားတွင်လည်း ဆိုင်ရာတာဝန်ရှိသည်။ လူသားတိုင်းတွင်လည်း ဆိုင်ရာတာဝန် ရှိသည်။ ၀ိသယှဇာတ်တော်မှ ၀ိသယှသူဋ္ဌေး၏ တာဝန်သိမှု၊ တာဝန်ကျေမှုမှာ အံ့လောက်ဖွယ်ရာဖြစ်၏။ အနည်းငယ်ဖော်ပြ ရလျှင် ၀ိသယှသူဋ္ဌေးသည် သူ့မှာရှိသော စည်းစိမ်ဥစ္စာများကို နေ့စဉ်လှူဒါန်းလိုက်သည်မှာ နောက်ဆုံး ပစ္စည်းဥစ္စာတွေ အကုန်စင်အောင် လှူဒါန်းခဲ့သည်။ ဥစ္စာမရှိသော်ငြားလည်း မြက်ရိတ်ရောင်းစားပြီး မြက်ရိတ်ခကို မစားဘဲ ဆက်၍လှူခဲ့သည်။ ခုနှစ်ရက်တိုင်တိုင် မယားနှင့်တကွ အစာငတ်အခံ၍ မူးမေ့သည်တိုင်အောင် လှူဒါန်းခဲ့ကြသည်။ ထိုသို့သော မြင့်မြတ်သူတို့လုပ်ရပ်၊ ဆောင်ရွက်ချက်ကြောင့်ပင် သိကြားမင်း ဗိမာန်တောင် တုန်ခါနိုင်လောက်အောင် စွမ်းအားတွေ ဖြစ်ခဲ့ရသည်။

ဝိသယှသူဋ္ဌေး၏ ရင်ထဲတွင် တပ်မက်မှုတဏှာ အဘယ်မျှလောက် ကုန်ခမ်းနေမည်ဆိုတာ တွေးဆကြည့်လျှင် ကြက်သီးများပင် ထလောက်ပါ၏။ တပ်မက်မှုတဏှာဆိုသော အရာသည်လည်း ပယ်သတ်ဖို့ရာ အတော်ပင် ခက်ခဲသည်မှာ မှန်ပေသည်။ တဏှာကို တရားကိုယ်ကောက်လျှင် လောဘဖြစ်သည်။ လောဘဆိုသော လိုချင်မှုရမ္မက်သည်လည်း ရသလောက်နှင့်သာ ကျေနပ်ပါပြီ၊ တင်းတိမ်ပါပြီဟူ၍ မရှိပဲ ရသလောက်ကို လက်ခံတတ်သော သဘောရှိပေသည်။ ထို့သို့ လောဘကို ပယ်သတ်ရန်မှာ လိုချင်လျှင်ဆင်းရဲ၊ မလိုချင်လျှင် ချမ်းသာဟု နှလုံးမူ၍ အကြမ်းနုအားဖြင့် ဒါနပြုခြင်း၊ သီလဆောက်တည်ခြင်း၊ သမထ၀ိပဿနာပွားများခြင်း အမှုတို့ဖြင့် ပယ်သတ်ရမည်ဖြစ်သည်။ တက်မက်မှု၊ လိုချင်မှု ကင်းမှသာလျှင် မိမိ၏နှလုံးသား၊ မိမိ၏နိုင်ငံမှ အစပြု၍ လောကကြီး ငြိမ်းချမ်းနေမည် ဖြစ်သည်။ တပ်မက်မှု အားကြီးနေသမျှ ကာလပတ်လုံး လောကကြီး ဘယ်သောအခါမှ ငြိမ်းချမ်းလိမ့်မည်မဟုတ်ပေ။

လောကကြီး ငြိမ်းချမ်းအောင် ဆောင်ရွက်ရာတွင်လည်း လူသားတိုင်းတွင် တာဝန်ရှိသည်။ လူသားတိုင်း ဆောင်ရွက် သင့်သောအရာဖြစ်သည်။ ဤသည်မှာလည်း သမိုင်းကပေးသော မိမိတာဝန်ပင်ဖြစ်သည်။ ထိုကဲ့သို့ တာဝန်တွေ ဆောင်ရွက်ရာမှာ မိမိရင်ထဲမှာ ကိန်းအောင်းနေသော တပ်မက်မှုတဏှာ နည်းအောင်၊ မိမိ၏ ကိုယ်ကျိုးကို ပဓာနမထားပဲ အများအကျိုးဆောင်ရွက်လိုသော စေတနာ၊ ဆန္ဒတွေကို တတ်အားသရွေ့ဆောင်ရွက်ရင်း မိမိတာဝန်ကို ကျေပွန်အောင် ဆောင်ရွက်ရမည်ဖြစ်သည်။

လောကကြီး ငြိမ်းချမ်းရေးကို ဦးတည်၍ မိမိနိုင်ငံ မိမိလူမျိုး ငြိမ်းချမ်းသာယာရေးအတွက် အမှန်တကယ်လိုအပ်လျှက်ရှိ သော နေရာများကို ရွေးချယ်လှူဒါန်းစေလိုသည်။ တာဝန်ကိုယ်စီ ရှိသည်ဟု မှတ်ယူစေလိုသည်။ မိမိအတ္တနှင့်ယှဉ်သော အရာများကို ချိုးနှိမ်၍ အများအတွက် ဆောင်ရွက်လိုသော စိတ်ထားများကို မွေးမြူစေလိုသည်။ မိမိသဏ္ဍာန်တွင် ကိန်းအောင်းလျက်ရှိသော တပ်မက်မှု၊ တွန့်တိုမှု၊ နှမြေမှု၊ မပေးကမ်းလိုမှု စသော တရားများကို တစ တစ စွန့်လွှတ် စေချင်သည်။ ဤသို့သော တရားများကို ကျင့်ဆောင်ခြင်း၊ ဆောင်ရွက်ခြင်းသည်ပင်လျှင် လောကကြီး ငြိမ်းချမ်းအောင် မိမိကိုယ်တိုင် တာဝန်ယူဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း တင်ပြရင်း မိမိတို့လှူဒါန်းခဲ့သော လှူဒါန်းမှုအစုအစုတို့ကို သာဓုခေါ်ဆို၍ စာဖတ်သူများ အသိတရား တိုးပွားရရှိကြပါစေ။

ရေးသည့်စာမူ၊ ရေးသည့်ကြောင်းရာ၊ ရေးပုံဟန်သွင်၊ ယူထားသုံးနှုန်း၊ မနှစ်ဦးက၊ သီးခံပြုရန်၊ ဦးစွာပန်၏။

ငါဘိတတ်ခြင်း၊ ငါသိခြင်းနှင့်၊ ကျော်ဇော်ဂုတ်သတင်း၊ မရှိဧကန်၊ ဖြစ်ရိုးမှန်၏။

ဆိုသည့်စကား၊ သစ္စာထား၍၊ များသည့်ဝေနေ၊ သတ္တာဝါထွေ၊ ကာယသုခ၊ ပြည့်စုံလှ၍၊ ဒုက္ခဘယ၊ ကင်းစင်လှစေသောဝ်။

အမောင်(ရေနံ့သာ)



Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP