* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Tuesday, August 25, 2009




Read more...

Bhutan Teacher visit…

Following event is announced by the 1000 stars Tibetan group - in English stopping for translation into Thai:

The Thousand Stars Foundation is pleased to invite interested persons to attend a dharma teaching by Tertoen Chador Lingpa from Bhutan on Saturday August 29, 2009, 10-12 am. at the Foundation House, 695 Ladprao Soi 11. There will be a translation into Thai. There is no registration fee. Rinpoche will also do some chanting for happiness and long life. Please reply to this message or call 0814585871 for reservation.
TERTOEN CHADOR LINGPA

He was reborn as a combination of Guru Rinpoche (Padmasambhava) and Channa Dorji (Vajrapani) known as Tertoen Chador Lingpa (treasures discoverers).
The present reincarnation was born in Belung village, Trongsa region, Bhutan. He had meditated in cave of Sangye phu(loin cave) for two month at Taktshang Goemba, Taktshang is the famous of Bhutan’s monasteries, perched on the side of a cliff 900m above the floor of Paro valley. It is believed that the important saint Guru Rinpoche (Padmasambhava) have flown to the site of the monastery on the back of a tigress. He then meditated in cave here for three months.

Source: http://www.bhutanpeaceful.com/profile.html

Click here for more information and background on the Thousand Stars group



Read more...

မဂဓတက္ကသိုလ်ကျောင်းသား


(၁)
သူငေးမျှော်ကြည့်နေမိသောဂယာသည် လွန်ခဲ့သော နှစ်ဆယ့်ငါးရာစုကျော်ဆီက ညနေချမ်တစ်ခုနှင့် ကွဲပြားခြားနားနေတော့မည်မှာ သေချာလှပါသည်။ ဤနေရာသည် တစ်ချိန်က ၀ိဝေကမြတ်နိုးသည့် သူတော်စင်တို့အတွက် ဆိတ်ငြိမ်အေးချမ်းသော ဥရုဝေလတောအုပ်လေးဖြစ်သည်။ နေရဉ္ဖရာမြစ်ကမ်းပါးဆီက ခြေကျွံလာသော လေအေးအေးသည် ဤတောအုပ်လေးကို ဓမ္မသိင်္ဂါရဖြင့် ထွေးပွေ့ထားပေမည်။

ယခုဂယာသည် ရာစုသစ် ဒစ်ဂျစ်တယ်လ်ပြကွက်ထဲက တဖျတ်ဖျတ်လက်နေသော ဂယာဖြစ်နေသည်။
အထွတ်အထိပ်အသိဉာဏ်သီးပွင့်ရာ ညောင်မြတ်မဟာသည်ပင် ဗုဒ္ဓအရှင်ကို အလွန်အကျွံလေးမြတ်သူတို့၏ သဒ္ဓါယိုစီးမှုဖြင့် ယိမ်းယိုင်နေခဲ့ပြီ။ ယမန်နေ့က အိန္ဒိယတိုင်းသတင်းစာ( ၁၇၊၃၊၂၀၀၈)တွင် မဟာဗောဓိညောင်ပင်မြတ်သည် အတိုင်းအဆမဲ့စွာ မီးပူဇော်ကြသည့်အတွက် ကာဗွန်ဒိုင်အောက်ဆိုဒ်လွန်ကဲသော ဒဏ်ကြောင့် ကျန်းမာရေးချို့တဲ့နေပြီဖြစ်ကြောင်း၊ ထို့ကြောင့် အခြားနေရာတစ်ခုကို ပူဇော်ရာနေရာတစ်ခုအဖြစ် သတ်မှတ်သင့်ပြီဖြစ်ကြောင်း စသည်ဆွေးနွေးတိုင်ပင်ကြသည့် သတင်းတစ်ပုဒ်ကို ဖတ်လိုက်ရသည်။

တစ်ကမ္ဘာလုံး၏ သဒ္ဓါအနမ်းအောက်က ညောင်ပင်အိုသည် သူကိုယ်တိုင် မနာယူလိုက်ရသော အနတ္တလက္ခဏသုတ်ကိုသာ ဆင်ခြင်ဖို့ရှိတော့သည်။မည်သို့ဖြစ်စေ သူသည်လည်း ပုထုဇဉ်ရဟန်းတစ်ပါးပီပီ သစ္စာဓါတ်စီးခဲ့ဖူးလေသည့် ညောင်ရွက်လေးတစ်ရွက်ပူဇော်ခွင့်ရဖို့ လေညှင်းခချိန်ကို စောင့်မျှော်ရသည့် ရသကိုတော့ ခုံမင်နေဆဲပင်။

သူသည် ပညာသင်ရဟန်းတစ်ပါးအဖြစ် ငယ်စဉ်က တိုးတိတ်စွာ လွမ်းမောခဲ့ရသော မဇ္ဈိမဒေသနှင့် ကျွမ်းဝင်ခွင့်ရလာသည့်အခါ ဂယာ၏ ဆီးကြိုမှုက အိက်မက်ပမာဖြစ်နေခဲ့သည်။ သူမျှော်လင့်ပုံဖော်ထားသည့် ဂယာတော့ မဟုတ်ခဲ့။ သူကိုယ်တိုင်ကပင် ၀ိဝေကကို မရှုမြင်တတ်သည်လား၊ ဂယာသည် ရောင်စုံဂိုဏ်းဂဏနှင့် ဒဿနရောယှက်မှုတို့ဖြင့် ရှုပ်ထွေးငြိကပ်ကာ သူ့ရင်ထဲတွင် ဆူညံနေလေသည်။

ကြီးမြတ်သော အရှင်လျှောက်ခဲ့သော လမ်းတွင် လူသူစိမ်းတို့၏ ခြေသံကို ကြားနေရသလိုပင်၊ သို့သော် အရှင့်ဓမ္မ၊ အရှင့်အသံကို ဖွင့်ဆိုပုံ ကွဲပြားနေကြသည့်တိုင် အရှင်မြတ်၏ အမည်တော်ကို မြတ်နိုးတသ တဖွဖွ ရွတ်ဖတ်သရဇ္ဈာယ်နေကြသူတို့၏ မျက်ဝန်းတွင်ရွှန်းမြကြည်လဲ့သော ဗြဟ္မစိုရ် ရိပ်ကို ဖမ်းဆုပ်မိပြန်သည်။

ဂယာသည် ပြည့်စုံသော ရှုမျှော်ခင်းဖန်သားပြင်တစ်ချပ်ဖြစ်ကြောင်း ငြင်းကွယ်မရ၊ သံပြိုင်တရားဓမ္မရွတ်ဖတ်သံများ၊ ထူးထွေဆန်းပြားစွာ ပုံဟန်အမျိုးမျိုးဖြင့် ၀တ်ပြုဆုတောင်းနေကြသူများ၊ ဖိတ်စင်ကြလာမည့် စေတနာအပိုင်းအစလေးအတွက် မွတ်သိပ်စွာ တိုးဝှေ့နေသော သူဖုန်းစားများ၊ ဟိုးခပ်ဝေးဝေးဆီက တရွေ့ရွေ့ပြန်ထွက်သွားသော လူစုလူဝေးများ၊ ထည်ဝါသောဘာသာရေးခန်းဆောင်များ၊ ညစ်ထေးထေးကလေးသူငယ်များ၊ နိုင်ငံတကာဆန်သော အငွေ့အသက်များကြားက ဖုံးဖိမထားနိုင်သော ရွံရှာဖွယ်အနံ့များ၊ စာသင်ကျောင်းမှိန်မှိန်လေးများ၊ နေပူကျဲကျဲဂျုံစိုက်ခင်းထဲက ဆာရီဝတ်ကောက်ရိတ်သမများ၊ ခွန်အားချိနဲ့နေသည့်တိုင် ဆိုက်ကားနင်းနေရရှာသော ရစ်က်ရှောဝါလားအဖိုးအိုများ၊

ဂယာသည် ပို့စ်မော်ဒန်နေ့စွဲများထဲက ကျေးလက်အသွေးအသားနှင့် အင်တာနက်ကဖေး ရောယှက်ထားသော သရုပ်မှန်ချင်ရှာသော ရပ်ဝန်းလေးတစ်ခုသာ ဖြစ်သည်။ ဂယာကို ပတ်ခွေစီးနေသော ဤညနေခင်းနာရီလက်တံရွေ့လျားမှုများနှင့်အတူ မဟာဗောဓိပရိဝုဏ်၏ မှိန်လိုက်လင်းလိုက် သမိုင်းဆေးသားများက ရောနှောပျက်ပျယ်မသွားခဲ့။ ရှုပ်ထွေးနက်ရှိုင်းလှသော အိန္ဒိယ၏ သမိုင်းအချိုးအကွေ့များကြားတွင် ကိုယ်ပိုင်အမည်နှင့် ကိုယ်ပိုင်ဟန်ကို ခိုင်ခံ့လှသော ကျောက်သားထုထည်ဖြင့် ထိန်းသိမ်းထားနိုင်ဆဲဖြစ်သည်။

ဂယာလေယာဉ်ကွင်းသည် ဓမ္မခရီးသည်အတွက် နိဗ္ဗာန်ဆိပ်ဖြစ်နေသည်။ ဂယာကို ပေးဆပ်လိုသူများ၊ ဂယာကို ထုပ်ပိုးယူငင်လိုသူများ၊ ဘာပဲဖြစ်ဖြစ် ထိုသူတို့၏ ခြေလှမ်သည် တစ်စုံတစ်ခုကို အရယူဖို့ဖြစ်ကြောင်းသေချာလှပါသည်။

သူကိုယ်တိုင်ကရော ဘာများရယူဖို့ မျှော်လင့်ထားခဲ့မိပါလိမ့်၊



(၂)

သူ့ကို မဇ္ဈိမနေ့ရက်များထဲ သိမ်းသွင်းခဲ့သော အဓိကအရာသည် သူကိုယ်တိုင်၏ ဘယ်တော့မှ မဆုံးနိုင်သော အသိပညာငတ်မှုဆာလောင်မှုပင်ဖြစ်သည်။ ထိုသို့ဖြင့် သူသည် မဂဓတက္ကသိုလ်ကျောင်းတက်ချိန်ဇယားများနှင့် အသားကျအောင် ကြိုးစားရလေ့ရှိသော မြန်မာရဟန်းတော်များစာရင်းတွင် သူ့အမည်ကို ရေးထိုးဖြစ်သွားသည်။ မဂဓတက္ကသိုလ်သည် ဗုဒ္ဓဂယာနှင့် နှစ်ကီလိုမီတာခွဲခန့်အကွာအဝေးတွင် တည်ရှိသည့် ဘီဟာရ်ပြည်နယ်၏ ဂုဏ်ဆောင်တက္ကသိုလ်ကြီးဖြစ်သည်။

ဤတက္ကသိုလ်ကြီးတွင် ဓမ္မာစရိယဘွဲ့ရ မြန်မာရဟန်းတော်များတက်ရောက်သင်ယူနိုင်သည့် ပါဠိဌာန၊ ဗုဒ္ဓဒဿနိကဌာနနှင့် ဗုဒ္ဓသမိုင်းသုတေသနဌာနဟု ဌာနသံးခုရှိရာတွင် သမိုင်းမျက်လုံးမှုံဝါးလွန်းသည့် သူ့အနေဖြင့် နောက်ဆုံးဘာသာရပ်ကို ရွေးချယ်ခဲ့လေသည်။

ကုသိုလ်ပညာ ဥစ္စာရဖို့ သင်ရာအရပ်အမြဲနေ ဟူသော ငယ်စဉ်က စွဲမြဲခဲ့ရသော မင်္ဂလာနီတိ၏ တွန်းအားဖြင့်သာ မဂဓတက္ကသိုလ်ကျောင်းသားဘ၀စဦးနေ့ရက်များကို ကြိတ်မှိတ်ဖြတ်သန်းခဲ့ရခြင်းဖြစ်သည်။
ကုသိုလ်ရဖို့ မဟာဗောဓိစေတီအရိပ်အောက်မှာ။
ပညာရဖို့ နိုင်ငံတကာအဆင့်မီ တက္ကသိုလ်ကြီးတစ်ခု၏ စာသင်ခန်းထဲမှာ။
ဥစ္စာရဖို့ကတော့ ရွာဦးကျောင်းဆရာတော်ဆော်သြ၍ မိဘဆွေမျိုးများ၊ရပ်ရွာဒကာဒကာမများ ကျစ်ကျစ်ပါအောင် စုထုပ်ပေးလိုက်သော ၀တ္ထုငွေစကြေးစလေးကို လောက်ငှအောင် သုံးစွဲရုံကလွဲ၍ ဘာမှမျှော်လင့်ချက်မရှိ။ သို့သော် သီတင်းသုံးဖော် မိတ်ဆွေများ၏ ကံသုံးပါး ကူညီစောင့်ရှောက်မှုက သူ့အတွက် လုံခြုံခဲ့ပါသည်။

ဂယာရောက်စနေ့ရက်များသည် သူ့အတွက် မှတ်မှတ်ရရရှိလွန်းလှသည်။ တက္ကသိုလ်အဆောင်က ချက်ချင်းမရခဲ့။ အခန်းလျှောက်လွှာ ပုံစံဖြည့်ပြီး တင်ထားဖြစ်ခဲ့သည်။ လပိုင်းနှင့် ရလျှင် ရမည်။ သို့မဟုတ် နှစ်နှင့်ချီပြီးလည်း စောင့်ရတတ်သည်ဟု မိတ်ဆွေများက အပြုံးတစ်ဝက်ဖြင့် အားပေးကြလေသည်။ နိုင်ငံသားဦးစားပေးစနစ်ကိုသာ ကျင့်သုံးသဖြင့် သူ့လိုတိုင်းတစ်ပါးသားတစ်ဦးအတွက် မျှော်တလင့်လင့် ဇာတ်ဝင်ခန်းထဲမျောပါရချေဦးမည်။ (အမှန်တကယ်ပင် ပညာသင်နှစ်တစ်ခုကုန်ဆုံးသွားသောအခါမှသာ သူသည် အဆောင်နေကျောင်းသားဘ၀ကို ရဲဝံ့စွာ ကြေငြာဖြစ်လေသည်။ ယခု သူရေးခြစ်နေသော စာကြောင်းများသည် မဂဓတက္ကသိုလ်အဆောင်တံခါးချပ်များကို တိုးဝှေ့ဝင်ရောက်လာသော အတွေးစများကို လိုက်ကောက်နေမိခြင်းသာဖြစ်လေသည်)

အဆောင်မရသောကျောင်းသားတစ်ယောက်အနေဖြင့် မဟာဗောဓိစေတီအနီးရှိ ဈေးနှုံးချိုသာသော ပုဂ္ဂလိကအဆောင်တစ်ခုတွင် ငှားရမ်းနေထိုင်ခဲ့ရသည်။ ထိုအဆောင်၏ အမည်မှာ ဗုဒ္ဓရိပ်သာဖြစ်သည်။ အမှန်တကယ် ဈေးနှုံးချိုသည်တော့ မဟုတ်ပါ။ သူပေးနိုင်သော နောက်ဆုံးဈေးနှုံးနှင့် အဆင်သင့်သွားခြင်းသာဖြစ်လေသည်။

သူ့အတွက် ပထမဆုံးအခက်အခဲသည် ဆွမ်းဟင်းချက်တာဝန်ဖြစ်၏။ ရန်ကုန်မန္တလေး စာသင်သားဘ၀က ဆွမ်းဆွမ်းဟင်းဆိုသည်မှာ သပိတ်တစ်လုံး၏ အရေးသာဖြစ်သည် စာချဆရာဘ၀မှာတော့ ဆွမ်းကွမ်းကိစ္စက ပူစရာမလိုပြီ။ သို့သော် ယခုသူသည် စာချဆရာတော်တစ်ပါးဟူသော အရေခွံကို ရန်ကုန်လေဆိပ်မှာပင် ခွာချထားခဲ့ရသည်။လမ်းမကြီးငယ်တွေပေါ်မှာ ဆွမ်းခံကြွနိုင်သည့် ရဟန်းတစ်ပါး၏ အခွင့်အလမ်းသည်လည်း ဘာသာမတူ လူမျိုးကွဲပြားသည့် တိုင်းတစ်ပါးတွင် မရှိနိုင်တော့လေပြီ။

အိန္ဒိယသို့ပညာသင်သွားမည်ကိုသိသော အဖွားအိုတစ်ယောက်က သပိတ်လေးတစ်လုံး လာရောက်လှူဒါန်းသည်ကို သတိရနေမိသည်။ အိန္ဒိယ၏ အခြေအနေမှန်ကို သိပြီးဖြစ်သော်လည်း အလွန်ရိုးသားရှာသည့် အဖွားအို၏ သဒ္ဓါတရားကို သူမပစ်ပယ်ရက်၊ သင့်တော်သလို အသုံးပြုပါမည် ဟု ၀န်ခံကာ အလှူခံခဲ့သည်။ ယခုအချိန်တွင် ကိုရင်လေးတစ်ပါးကတော့ ထိုသပိတ်လေးကို အကျိုးရှိစွာ အသုံးချနေပေတော့မည်။

ယခုတော့ သူသည် အဆင့်မြင့်တက္ကသိုလ်ပညာရေးဟူသော ခေါင်းစဉ်အောက်တွင် ၀ိနည်းကျင့်ဝတ်ကို ယွင်းပျက်စေနိုင်သော အပြုအမူ အပြောအဆိုမှလွဲ၍ အရာရာကို မျက်စိမှိတ်ထားရမည့် မဇ္ဈိမပညာတော်သင်ဖြစ်နေပြီ။ ပညာရေးမပြည့်စုံ မထင်ပေါ်လှသေးသော ရှင်ငယ်ရဟန်းငယ်တစ်ပါးကိုပင် နှစ်ရှစ်လများဆွမ်းလောင်းလှူကြသည့် သူ့ဒကာဒကာမများ၏ ကျေးဇူးတရားသည် ယခုလိုအခြေအနေမျိုးတွင် ပို၍ပင် လင်းလက်တောက်ပလာလေသည်။

ကံကောင်းထောက်မစွာပင် သူနေထိုင်ရာအဆောင်တွင် စုပေါင်းချက်ပြုတ်သည့် စနစ်ကို ကျင့်သုံးသည်မို့ ဆွမ်းဟင်းမချက်တတ်ခင် ဈေးဝယ်ထွက်ရသည်။ ပထမတစ်ပတ်ခန့် ဂယာဈေးထဲ ဦးဇင်းတစ်ပါး၏ နောက်က ဈေးခြင်းဆွဲ၍ လိုက်ရသည်။ ထိုတစ်ပတ်အတွင်းမှာပင်ဈေးဝယ်ရန်လုံလောက်သည့် ဝေါဟာရအချို့ကို လေ့ကျက်မိသွားသည်။

“ယေးဝါလား ဧကီလို ကစ်တနားဟဲ”
(ဒါ တစ်ကီလို ဘယ်လောက်လဲ)
လက်ညှိုးတစ်ချောင်းကူလိုက်လျှင် သူ့ဈေးခြင်းထဲတွင် ချက်ပြုတ်စရာ ဟင်းအမယ်များပြည့်သွားပေမည်။
ဧ၊ဒိုး၊တီးန်၊ကျားစသည့် ဂဏန်းအရေအတွက်များကိုတော့ အပိုင်ကျက်ထားပြီးဖြစ်၏။ ဈေးဝယ်သင်တန်းတက်နေချိန်မှာပင် ဟင်းချက်သင်ခန်းစာများကိုလည်း ဆည်းပူးနေရသည်။ ကြက်သွန်လှီး၊ အာလူးအခွံနွှာ။ငရုပ်သီးထောင်းစသော အခြေခံလေ့ကျင့်ခန်းများ။

သီတင်းသုံးဖော် မိတ်ဆွေတို့ အလှည့်ကျချက်ပြုတ်ကာ စုစုဝေးဝေးဝေးဘုန်းပေးနေကြသည်ကို မြင်တော့ သူသည်လည်း ထိုဝေယျာဝစ္စကုသိုလ်ကို ပြုလုပ်ရန် လက်ယားနေမိသည်။ ထိုဆန္ဒကို ရိတ်မိသော စီနီယာရဟန်းတော်တစ်ပါးက “ ငါ့ရှင်ရေ ဟင်းချက်တာ ငယ်ငယ်က သင်္ဂြိုဟ်သရုပ်ခွဲသလောက်မခက်ပါဘူး၊ အခုတက္ကသိုလ်မှာ သင်ရတဲ့ ဘာသာတွဲထဲက သဒ္ဒဗေဒ၊ ဘာသာဗေဒစကားလုံးအရင်းအမြစ်ရှာဖွေ ဆက်စပ်ရသလိုမျိုးပဲ၊ ဟိုစင်ပေါ်မှာ တင်ထားတဲ့ ဆားဗူး၊ နနွင်းဗူး၊ ငရုပ်သီးမှုန့်ဗူး၊ အချိုမှုန့်ဗူးတွေ တွေ့လား၊ ချက်မယ့် ဟင်းထဲ အဲဒါတွေ ရောထည့်လိုက်၊ အစပ်တည့်သွားရင် ဟင်းဖြစ်ပြီ။”
သူ့သြ၀ါဒအတိုင်း ချက်ပြုတ်ကြည့်ရာ လအနည်းငယ်ကြာသည်အထိ အစပ်မတည့်ခဲ့၊ မိတ်ဆွေရဟန်းများ၏ ကောင်းချီးပေးသံသည်သာ သူ့အတွက် ဟင်းဖြစ်ခဲ့သည်။ သူအလွန်အမင်းချက်ပြုတ်လိုမှန်းသိ၍ ဟင်းချက်အလှည့်ကျစာရင်းတွင် ထည့်သွင်းထားရသော်လည်း သူ့အမည်နောက်တွင် (စမ်းသပ်ဆဲကာလ) ဟု မှတ်ချက်ပေးထားလေသည်။ သူဟင်းချက်အလှည့်ကျသည့် နေ့တွင် အခြားကျွမ်းကျင်အဆင့် ရဟန်းတစ်ပါးက စောင့်ကြပ်နေပေတော့မည်။

အိန္ဒိယပညာသင်ရဟန်းတော်တို့လောကတွင် “မငတ်ခြောက်လ ငတ်ခြောက်လ” ဟူသော ဝေါဟာရရှိသည်။ အောက်တိုဘာလမှ မတ်လအထိ ဗုဒ္ဓဂယာဘုရားဖူးရာသီကို မငတ်ခြောက်လဟု တင်စားလိုခြင်းဖြစ်သည်။ ဘုရားဖူးအဖွဲ့အသီးသီးနှင့်အတူ မြန်မာပြည်မှ စေတနာရှင်တို့ စုပေါင်းလှူဒါန်းလိုက်ကြသည့် ကော်ဖီမစ်ထုပ်၊ လက်ဖက်ထုပ်လို စားသောက်ဖွယ်ရာများ၊ ငါးခြောက်ငါးခြမ်း၊ပုန်းရည်ကြီးလို ချက်ပြုတ်ဖွယ်ရာများ ရောက်ရှိလာပြီဆိုလျှင်တော့ မြန်မာရဟန်းတော်အချင်းချင်း ဝေကြငှကြ ကြည်နူးစရာဖြစ်သည်။ သူတို့ မြန်မာစာအုပ်စာပေငတ်မည်ကို စဉ်စားမိဟန်တူသော စေတနာရှင်အချို့ကတော့ လှူဖွယ်ပစ္စည်းများနှင့်အတူ လစဉ်ထုတ်မဂ္ဂဇင်းများ၊ ဂျာနယ်များ ထည့်သွင်းပေးပို့ကြလေသည်။
ထိုနေ့ရက်များတွင် သူ့အခန်းလေးသည် မြန်မာ့ရနံ့ မြန်မာ့အငွေ့အသက်တို့ဖြင့် နွေးထွေးလုံခြုံနေလေသည်။ ဘုရားဖူးရာသီတွင် ဆွမ်းအတွက် လစဉ်ကြေးအနည်းငယ်အသက်ရူချောင်သွားသည့်အတွက် ဖတ်ချင်သည့် စာအုပ်အချို့ကို တိုးဝယ်ဖြစ်ခဲ့သည်။ စာရေးဆရာကြီးပါရဂူ၏ သျှန္တိနိကေတန်စာကြည့်တိုက်လို သူလည်း တစ်ခုခုတော့ ပေးဆပ်လိုပါသေးသည်။

(၃)

သူနေထိုင်ရာ ရိပ်သာနှင့် သူတက်ရောက်ရမည့် တက္ကသိုလ်၏ အကွာအဝေးသည်လည်း သူကိုယ်ပိုင် န၀ကမ္မလေးကို နေ့စဉ်ညှစ်ထုတ်ကြပြန်လေသည်။ နံနက်ငါးနာရီတွင် သူအိပ်ရာထမည်။ ထမင်းကြော်တစ်ပွဲ သို့မဟုတ် ပေါင်မုန့်ကြမ်းနှစ်ချပ်ခန့်သည် သူ့အတွက် ဝေစုရ နံနက်စာဖြစ်သည်။ ပြီးလျှင် သူနေထိုင်ရာရိပ်သာမှ ငါးမိနစ်ခန့် လမ်းလျှောက်ရသော မဟာဗောဓိစေတီတော်သို့ စောစောသွားကာ တရားဓမ္မရှုမှတ်၊ သို့မဟုတ် သုတ္တန်တစ်ခုခုကို ရွတ်ဖတ်ကာ ပူဇော်နေမည်။

ဘုရားမှ ပြန်လာပြီးချိန်တွင် ဟင်းချက်ရန်အလှည့်မကျလျှင် သူ့အခန်းကျဉ်းလေးထဲတွင် ငြိမ်ကုပ်ကာ စာအုပ်တစ်အုပ်ကို ဖတ်နေမည်။ သို့မဟုတ် မပြီးပြတ်သေးသော ကျောင်းသင်ခန်းစာများနှင့် လုံးထွေးနေမည်။ တစ်ခါတရံမှာတော့ သူ့အင်္ဂလိပ်စာအသံထွက် ပိုမိုချောမွတ်စေရန် ရေဒီယိုလေးတစ်လုံးဖြင့် နိုင်ငံခြားသတင်းဌာနများ၏ သတင်းထုတ်ပြန်ကြေငြာချက်များကို နားထောင်ရင်း တီးတိုးလိုက်ဆိုနေမည်။ ကုလားစကားကတော့ ခါနာ ပီနား (ထမင်းစားရေသောက်)ပြောတတ်နေပြီ။ ကိုယ်ပိုင် ကွန်ပြူတာနှင့် အလှမ်းကွာဝေးသော သူ့အတွက် အင်တာနက် အီးမေးလ်အရေးပေါ်အသုံးပြုလိုလျှင်တော့ မဟာဗောဓိစေတီတော်ဘုရားစောင်းတန်းက အင်တာနက်ကဖေးလေးထဲ တိုးဝင်လိုက်ရုံပင်။

နေ့လည်စာ စုပေါင်းစားသုံးပြီးသည်နှင့် သုံးကီလိုမီတာခန့်ဝေးကွာသော တက္ကသိုလ်စာသင်ခန်းသို့ ရစ်က်ရှောလ် (မြန်မာအခေါ် ဆိုက်ကား) ဖြင့် သင်တန်းချိန်အမီ သွားရပေမည်။ တက္ကသိုလ်အသွားအပြန်ခရီးအတွက် ကုန်ကျသော ရူပီးငွေ ခြောက်ဆယ်ဟူသော အသပြာသည် မြန်မာကျပ်ငွေဖြင့် တစ်ထောင့်ရှစ်ရာဖြစ်သည်။ နေ့စဉ်ကျောင်းသွားစရိတ်ပင် ဤမျှကုန်ကျနေလျှင် ပညာသင်နှစ်မကုန်မီမှာပင် သူ့အတွက် ရွေးချယ်စရာတစ်ခုခုကို စဉ်းစားရပေတော့မည်။ ပြန်သွားမှာလား ကျန်ခဲ့မှာလား၊

အော်တိုသုံးဘီးလိုင်းကားလေးများက ဈေးနှုံးချိုသာသော်လည်း ဆာရီဝတ်ကုလားမများနှင့် ငါးပိသိပ်ငါးချင်သိပ် စီးရမည်မို့ ရဟန်းးတစ်ပါးအတွက် အဆင်မပြေ။ ခြေလျှင်လျှောက်သွားရအောင်လည်း အပူဒီဂရီမြင့်မားလှသော နွေကျောင်းတက်ရက်များတွင် အပူလှိုင်းအန္တရာယ်က မသက်သာ၊

ထိုသို့ဖြင့် သူသည် တန်ဖိုးနည်းစက်ဘီးလေးတစ်စီးကို ရိုးရိုးသားသားဝယ်ယူဖြစ်ခဲ့တော့သည်။ သို့သော် ယခုအချိန်အထိ သူသည် ၀ိနည်းတရားတော်အရ ပညတ်ချက်မရှိသည့်တိုင် ထိုစက်ဘီးလေးကို ၀ံ့ဝံ့ရဲရဲစီးနင်းရန် စိတ်မလုံခြုံသေးပေ။ ကမ္ဘာ့သာသနာပြုဆရာတော်ဘုရားကြီး အရှင်သေဋ္ဌိလ၏ အင်္ဂလန်အတွေ့အကြုံနေ့ရက်များကို တမေ့တမော ဖတ်ရှုကာ သူ့စိတ်ကို လွတ်လပ်ကျယ်ပြောအောင် မွေးမြူရလေသည်။ ဗုဒ္ဓအရှင်၏ အဆုံးအမကို မသွေဖီသော၊ ကမ္ဘာနှင့် ၀င်ဆန့်ကာ သာသနာပြုလိုသော ရဟန်းတစ်ပါး၏အိပ်မက်ကို ထိုစက်ဘီးလေးပေါ်တွင် ဆက်မက်နိုင်အောင် ကြိုးပမ်းနေရဆဲဖြစ်သည်။

တက္ကသိုလ်စာသင်ခန်းသို့ ရောက်ရှိသွားသည့်အခါတွင်လည်း အိန္ဒိယနွယ်ဖွား ပါမောက္ခ၏ အင်္ဂလိပ်စာလေယူလေသိမ်းက သူ့ကို ၀ဋ်နယ်ကံနယ်ထဲ ဆွဲနှစ်ပြန်လေသည်။ နှစ်လသုံးလခန့်ကြာသည်အထိ ကုလားအင်္ဂလိပ် (Hinglish)ကို နားလည်ရန်ကြိုးစားခဲ့ရကြောင်း ၀န်ခံရပေမည်။ မြန်မာပြည်က စာသင်တိုက်လေးတွင် တပည့်ကျော်မောင်ကိုရင် မောင်ပဇင်းလေးများကို ပါဠိဘာသာ အသံထွက်မပီရကောင်းလား၊နားမလည်ရကောင်းလား ဟု အော်ငေါက်ခဲ့ဖူးသော ၀ဋ်လည်ပြန်လေပြီ ဟု စာချဆရာတော်အချင်းချင်း ၀ဋ်နာကံနာ ညှိကာ ပြုံးမိကြလေသည်။

နောက်များမှာတော့ ခေါင်းတခါခါ လည်တခါခါ ပြောတတ်ကြသော ကုလားအင်္ဂလိပ်စာကို နားရည်ဝလာသည်။ သို့သော် သူတို့အသံထွက်အတိုင်း မပြောမိအောင်တော့ ဂရုစိုက်ရလေသည်။ သူတို့က welcome ကို ဗဲလ်ကမ်း၊wait ကို ဗေ့ထ်၊ zero ကို ဂျီရိုးလုပ်ကြတာကလား၊

(၄)

ဤနိုင်ငံသားတို့အမြင်တွင် သူသည် တိုင်းတစ်ပါးသားတစ်ယောက်ဟူသော ထင်မြင်ချက်တစ်ခုထက်မပို၊ တက္ကသိုလ်စာသင်ခန်းတွင် သူသည် ကျောင်းသားတစ်ယောက်ဖြစ်သည်၊ နံနက်ခင်းဈေးတွင် သူသည် ဈေးဝယ်သူတစ်ယောက်ဖြစ်သည်။ ရထားစီးသည့် အခါမျိုးတွင် သူသည် ခရီးသည်တစ်ယောက်သာ ဖြစ်လေသည်။

တင်ကြို၍သာ နိဝါတတရားကို မွေးမြူမထားခဲ့လျှင် ဘာသာခြားကုလားတို့၏ မထီလေးစားနိုင်လှသော အပြုအမူတို့က သည်းခံရန်ခက်ပေလိမ့်မည်။ အဆိုးဝါးဆုံးပြဿနာမှာ ဗုဒ္ဓဘာသာရဟန်းတော်များကို ဇာတ်နိမ့်များအဖြစ် ရှုမြင်လိုခြင်းပင်ဖြစ်သည်။၁၉၅၀ ခုနှစ်များဆီက အိန္ဒိယဇာတ်နိမ့်ခေါင်းဆောင်ကြီးဒေါက်တာအမ်ဘေဒကာ၏ စည်းရုံးမှုဖြင့် ဟိန္ဒူဇာတ်မြင့်များ၏ လူလူချင်းဖိနှိပ်မှု၊ ခွဲခြားဆက်ဆံမှုများကို တော်လှန်ကာ ထောင်ပေါင်းများစွာသော ဇာတ်နိမ့်များ ဗုဒ္ဓဘာသာသို့ကူးပြောင်းဝင်ရောက်ခဲ့ခြင်းက ထိုသို့ရှုမြင်ခြင်းခြင်း၏ အကြောင်းတစ်ရပ်ဖြစ်လေသည်။

ဇာတ်နိမ့်များမှ သာသနာ့ဘောင်သို့ ၀င်ရောက်လာကြသူတို့သည်လည်း ၀ိနည်းတရားတော်ကို စနစ်ကျနစွာ သင်ယူကျင့်သုံးရန် အခွင့်အရေးမရကြရှာသည့် အတွက် ဘာသာခြားတို့၏ အလယ်တွင် အထင်အမြင်သေးဖွယ်ဖြစ်နေရသည်ဟု ပြောပြသော မိတ်ဆွေအိန္ဒိယရဟန်းတော်တစ်ပါး၏ စကားကို သူအမှတ်ရနေမိသည်။ သူ့မိတ်ဆွေရဟန်းတော်က မြန်မာပြည်တွင် ရှင်သာမဏေဘ၀မှ ရဟန်းဘ၀အထိ နှစ်ရှည်လမျာ ပိဋကတ်စာပေသင်ယူခဲ့ဖူးသည်။

ထိုသူ့မိတ်ဆွေကပင် “ မြန်မာပြည်မှာ အရည်အချင်းပြည့်ရဟန်းတွေ ငါအများကြီး တွေ့ခဲ့ရတယ်။ ဒီနိုင်ငံမှာ ဗုဒ္ဓသာသနာကို ပြန်လည်စိုက်ပျိုးဖို့ ငါ့ရှင်တို့ မြန်မာရဟန်းတွေရဲ့ လက်တွေကို ငါသိပ်လိုချင်တာပဲ။ ငါ့ရှင့်လည်း အိန္ဒိယကို ပညာသင်ရာဌာနတစ်ခုအပြင် သာသနာပြုစိုက်ခင်းတစ်ခုအဖြစ် မမြင်နိုင်ဘူးလား” ဟု ဆက်ပြောသောအခါ သူ့ရင်ကို ထိရှစေသည်တော့ အမှန်ပင်။

'' I need your hands'' ဟူသော သူ့မိတ်ဆွေ၏ စကားသည် သူ့အတွက် အတွေးများစွာကို ပေးလေသည်။


(၅)

သို့သော် ယခုတော့ သူသည် စာသင်ခန်းတွေကို ဖြတ်သန်းရလေဦးမည်။
ကမ္ဘာ့သာသနာပြုခရီး၏ လမ်းခုလပ်ဟု တင်စားကြသော အိန္ဒိယကို ဖြတ်သန်းရချေဦးမည်။
ဟိုးအဝေး မီးရောင်ပြပြဆီက ဂယာကို သူလှမ်းမျှော်ကြည့်နေမိဆဲဖြစ်သည်။

မဂဓတက္ကသိုလ်ကြီး၏ အခန်းခန်းအဆောင်ဆောင်သည် တိတ်ဆိတ်မှုတို့ဖြင့် ဆူညံနေလေသည်။
သူတစ်ကိုယ်တည်း ပြုံးလိုက်မိသည်ထင်သည်။
အိန္ဒိယကို ဖြတ်သန်းပြီးလျှင် ကမ္ဘာသည် ကိတ်မုန့်တစ်ချပ်သာ ဖြစ်သည်တဲ့။


Read more...

သူငယ်တော်တောရ ဆရာတော်၏ နေ့ စဉ်ဟောပြ သြ၀ါဒ (၁၁)

အရယူတတ်ကြပါစေ

ယခုလိုရခဲလှသော လူ့ ဘ၀ကြီးကို ရနေရုံတင်မကဘဲ ကြုံခဲလှသော ဗုဒ္ဓမြတ်စွာသာသနာတော်ကြီးနဲ့  ကြုံနေတုန်း ဒါနကို ဧရာတည်၊ သီလဖြင့် တန်ဆာဆင်၊ ဘာဝနာဖြင့် အထွဋ်တင်ပြီးတော့ အခွင့်ကောင်းကြီးကို လက်မလွတ်ကြစေနဲ့ ။ အရယူတတ်ကြပါစေ။

ကုသိုလ်လေရွက် အထက်ကိုဆန်

ဘုန်းကြီးတို့  ယောဂီသူတော်စင်တွေ တရားစခန်းဝင်ပြီး အရိယာသူတော်ကောင်းကြီးတွေ နည်းမှီးပြီး ခန္ဓာဥာဏ်စိုက်၍ ၀ိပဿနာတရားတွေ ကြိုးစားကျင့်ကြံနေတာဟာ မိမိတို့ ရဲ့  ကုသိုလ်လှေရွက်ကြီးကို အထက်ကို ဆန်တက်အောင် ပြုလုပ်နေကြတာပဲ။ နိဗ္ဗာန်ထိအောင် ဆန်တက်ကြရမယ် မဟုတ်လား။

တရားအားထုတ်ရခြင်းအကြောင်း

ဘုန်းကြီးတို့  ယောဂီသူတော်စင်တွေ ဘာကြောင့် တရားအားထုတ်ရတာလဲလို့  မေးရင် အရိယာ သူတော်ကောင်းကြီတွေ မြင်တော်မူ၊ ရတော်မူတဲ့ သန္တိသုခ နိဗ္ဗာနဓာတ် (အငြိမ်းဓာတ်) ကြီးကို ရပြီး အိုနာသေဇာတ် အမြစ်ပြတ်ချင်လို့  တရားအားထုတ်ရခြင်း ဖြစ်တယ်လို့  ဖြေရပါလိမ့်မယ်။


Read more...

သီတဂူအယုဒါနဆေးရုံအလှူတော်



ဟိုလွန်ခဲ့တဲ့တချိန်တုန်းက စစ်ကိုင်းတောင်ရိုး၌ လျှပ်စစ်မီးအလင်းရောင် ကောင်းစွာမရသေး၊ သွားလမ်း လာလမ်း လည်း ကောင်းစွာမရှိသေး၊ တယ်လီဖုန်းအဆက်အသွယ်လည်း မရှိသေး၊ ဆေးရုံလည်း မရှိသေး။ ထိုကဲ့သို့သော အခါက သီတဂူဆရာတော်လောင်းလျာ ဦးပဉ္စင်းလေးသည် ၁၀-ဝါမျှသာ ရှိသေးသည်။ အနီးစခန်းဆရာတော်ထံ၌ အထက်တန်းပိဋကတ်စာပေနှင့် ဘာသန္တရစာပေများကို လေ့လာဆည်းပူးနေချိန် ဖြစ်ပေသည်။


မိုးတစိမ့် စိမ့်ရွာနေသည့် တစ်ခုသော နံနက်ခင်းဝယ် သီလရှင် ဆရာလေးတစ်ပါးသည် နံနက်ဆွမ်း ချက်ရန်အတွက် ထင်းပုံကို လက်နှင့် နှိုက်လိုက်ရာ အမှတ်မထင် မြွေဟောက်က ကိုက်လေ၏။ ဆရာလေးသည် အဆိပ်တက်ပြီး မေ့မျောလဲကျသွားလေတော့၏။ ချောင်ပိုင်သီလရှင် နာယကဆရာကြီးများ ပျာယာခတ်ပြီး ခြေ မကိုင်မိ လက်မကိုင်မိ ဖြစ်ကုန်တော့၏။ ထို့ကြောင့် သီတဂူဆရာတော် အလောင်းအလျာ ဦးပဉ္စင်းလေးကို အကူအညီတောင်းပါတော့သည်။

ဦးပဉ္စင်းလေးကလည်း ချက်ချင်း လိုက်သွားပြီး မြွေကိုက်သည့်ဒဏ်ရာ၏အထက်၌ ခါးပန်းကြိုးနှင့် ချည်လိုက်၏။ ဒဏ်ရာကို ဓားနှင့်ခွဲပြီး သွေးကို ညှစ်ထုတ်လိုက်၏။ သံပရာသီးနှင့်ဆားကို ရော၍ ဒဏ်ရာကို သိပ်ပေးပြီး ဆရာလေးကိုလည်း ယင်းသံပရာသီးနှင့်ဆားကိုပင် ဖျော်၍ တိုက်လေ၏။

ထို့နောက် လူနာကို စောင်နှင့်ထုပ်ကာ မြင်းလှည်းဂိတ်သို့ ထမ်းပို့လိုက်ကြ၏။ မနက်အစောကြီး ဖြစ်သောကြောင့် မြင်းလှည်းသမားကိုလည်း အိမ်ထိ သွားခေါ်ရသေး၏။ ထိုမှတဖန် မြင်းလှည်းဖြင့် တောင်ရိုးမှ မိုးမလင်းမီ စစ်ကိုင်းပြည်သူ့ဆေးရုံသို့ သွားကြရ၏။ မိုးလင်းသောအခါမှသာ ဆရာဝန်နှင့်သူနာပြုများ၏ ဆေးကုသမှုကို ခံယူရလေသည်။ ကံကောင်းထောက်မစွာ ဆရာလေး အသက် ရှင်ခဲ့လေသည်။ အကယ်၍ ဒဏ်ရာသာ ပြင်းထန်လျှင် အသက်ရှင်သန်ဖို့မလွယ်ကူတော့။

ထိုအခက်ခဲတို့တွေ့ရခြင်းမှာ တောင်ရိုး၌ ဆေးရုံမရှိခြင်း ကြောင့်ဖြစ်ပေသည်။ ဆေးရုံရှိလျှင် အလွယ် တကူ ဆေးကုသနိုင်ပါသည်။ ``တောင်ရိုးမှာ ဆေးရုံရှိသင့်တယ်´´ဟု စိတ်ထဲ၌ တွေးမိလေသည်။ ဤကား ဆေးရုံဆောက်လုပ် ရန်စိတ်ကူး၏ ပထမဆုံး အကြံဖြစ်၏။

ဒုတိယမ္ပိ ကြံစည်မိ

သီတဂူဆရာတော်သည် စစ်ကိုင်းတောင်ရိုး သဒ္ဓမ္မသီတဂူချောင်ကို ၁၃၃၈-ခုနှစ်တွင် တည်ဆောက်ခဲ့ သည်။ နှစ်စဉ် တော်သလင်းလတွင် ကျင်းပသည့် မန္တလေးမြို့ မလွန်ဆန်လှူရေစက်ချပွဲသို့ မြန်မာပြည်တဝှမ်း မလွန် ဆန်လှူ အသင်းထောက်များမှ တချို့အသင်းဝင်လူများသည် ထိုသီတဂူချောင်သို့ လာရောက် တည်းခိုကြ၏။

ဧရာဝတီတိုင်း မလွန်ဆန်လှူအသင်းထောက်တစ်ခုမှ ဆွမ်းဆန်အလှူရှင် ဒကာကြီးတစ်ယောက်သည် တစ်ညတွင် ဝမ်းလျှောလေ၏။ ဝမ်းအကြိမ်ပေါင်း ၂၇- ကြိမ်သွားလေသည်။ ထို့ကြောင့် သီတဂူဆရာတော်သည် ထိုလူနာကို ရေနွေးပူပူ ပျားရည်ချိုချို နှမ်းဆီမွှေးမွှေး ပတ္တမြားသွေးဆေးတို့ဖြင့် ရော၍တိုက်လေသည်။ ထိုက် သလောက် သက်သာသွားလေ၏။

သို့သော် လူနာကို စိတ်မချသဖြင့် ညဉ့်နက်သန်းခေါင် အချိန်ကြီး၌ စစ်ကိုင်းဆေးရုံသို့ မြင်းလှည်း ဖြင့် ပို့လိုက်လေသည်။ လူနာ အသက်ချမ်းသာရာ ရဖို့အတွက် အပြေးအလွှား စိတ်မောကိုယ်မောဖြင့် ခက်ရာ ခက်ဆစ်ပို့ရ၏။ ယင်းသို့ပို့ရခြင်းမှာ တောင်ရိုးမှာ ဆေးရုံမရှိသောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် ``တောင်ရိုး မှာ ဆေးရုံရှိလျှင် ကောင်းမှာပဲ´´ဒုတိယမ္ပိ အကြံဖြစ်မိပြန်ပါသည်။

တတိယမ္ပိ ကြံစည်မိ

သီတဂူဆရာတော်သည် ရှမ်းပြည်မြောက်ပိုင်း နမ်းခမ်းမြို့သို့ ရောက်ခဲ့စဉ်က အမေရိကန်နိုင်ငံသား ခရစ်ယာန်သာသနာပြု ဒေါက်တာဆီးဂရေး၏ ဆေးရုံကြီးကို တွေ့ခဲ့ရသဖြင့် တအံ့တဩ ငေးမောကြည့်ရှုခဲ့ရ ပေသည်။ ``ငါတို့နိုင်ငံမှာ ဘာသာခြားဆေးရုံတွေ ရှိနေပြီး ငါတို့ ဗုဒ္ဓဘာသာပိုင်ဆေးရုံမရှိတာဟာ ငါတို့ ရဟန်းတော်များရဲ့ အားနည်းချက်ပဲ´´ဟု စဉ်းစားမိခဲ့ပါသည်။

သီတဂူဆရာတော်သည် အူကျရောဂါဖြစ်သဖြင့် ရန်ကုန်မြို့ရှိ ရာမကရစ်ရှနားအသင်းပိုင် ဂန္ဓီဆေးရုံသို့ တက်ရောက်၍ ကုခဲ့ရသေးသည်။ ဗုဒ္ဓဘာသာရဟန်းတော် တစ်ပါးအနေဖြင့် ဘာသာခြားများ၏ ဆေးရုံ၌ တက်ရောက်၍ ကုရခြင်းမှာ အမျိုး ဘာသာ သာသနာမျက်စိဖြင့် ကြည့်လျှင် အောက်တန်းကျ လှပေသည်။ ကိုယ့်နိုင်ငံ ကိုယ့်တိုင်းပြည်မှာနေ၍ ဘာသာခြားပိုင်ဆေးရုံမှာတက်ရသည်မှာ တွေးကြည့်လေ ရှက်စရာကောင်း လေပင်တည်း။

ထို့ကြောင့် ``ငါတို့နိုင်ငံမှာ ဗုဒ္ဓသားတော် ရဟန်းတော်များ ဦးစီးတဲ့ ဆေးရုံရှိသင့်တယ်၊ ငါ စွမ်းနိုင်တဲ့ တနေ့ကျရင် ဆေးရုံဆောက်မည်´´ဟူသော ခိုင်မာသော အဓိဋ္ဌာန် ချလိုက်မိပါသည်။

ဘာသာခြားများ ပိုင်ဆိုင်သည့် ထိုဆီးဂရေးဆေးရုံနှင့် ဂန္ဓီဆေးရုံတို့က သီတဂူဆရာတော်ကို သီတဂူ အာယုဒါနဆေးရုံဆောက်လုပ်ဖို့အတွက် မဖြစ်ဖြစ်အောင် တိုက်တွန်းခဲ့ကြသည်။ ယင်းသို့ တိုက်တွန်း ခဲ့သော ကြောင့် သီတဂူဆရာတော်သည် အခက်အခဲပေါင်းများစွာကို ကျော်လွှားပြီး သီတဂူအာယုဒါနဆေးရုံကို ၁၃၅၀-ခုနှစ်တွင် ပန္နက်ရိုက်၍ ၁၃၅၁-ခုနှစ်တွင် တည်ဆောက် ခဲ့ပါသည်။



ယနေ့သီတဂူဆေးရုံ

ယနေ့အချိန်၌ သီတဂူဆေးရုံသည် ရဟန်း, သာမဏေ, သူတော်, သီလရှင်, ဗုဒ္ဓဘာသာဝင် လူအများ၏ အားကိုးရာဖြစ်၍ နေပေတော့သည်။ မန္တလေးမြို့မှ အထူးကုဆရာဝန်ကြီးများကလည်း နေ့စဉ် လုပ်အားဒါန ပြုလုပ်၍ ကုသပေးလျက် ရှိပေသည်။ သဒ္ဓါတရားကောင်းလှသည့် ထိုဆရာဝန်များကလည်း ဘုရားလက်ထက်က သမားတော်ကြီး ဆရာဇီဝကကို အားကျအတုယူဟန်ရှိလေ၏။

ပြည်ပနိုင်ငံအသီးသီးမှ အထူးကုဆရာဝန်ကြီးများကလည်း ဤဆေးရုံကြီးသို့ လာရောက်၍ နှစ်စဉ် နှစ်တိုင်း လုပ်အားဒါနပြုနေကြပါသည်။ ဆေးရုံအုပ်, ဆရာဝန်, သူနာပြု ဝန်ထမ်းပေါင်း ၇၀-ကျော်တို့က နေ့စဉ် အတွင်းလူနာ ၈၀-ခန့်၊ အပြင်လူနာ ၂၀ဝ-ခန့်တို့ကို ကုသပေးလျက်ရှိပါသည်။ အထူးသဖြင့် သီတဂူ အာယုဒါနဆေးရုံတော်မှ မျက်စိအလင်း ရရှိသူပေါင်း ၁၅၀ဝ-ခန့် ရှိသွားပေပြီ။

ယခုအချိန်၌ ဆေးရုံ၏ အထွေထွေကုန်ကျစရိတ်မှာ တစ်လလျှင် ပျမ်းမျှ ကျပ်သိန်း ၇၀-ကျော် ဝန်းကျင် ရှိပါသည်။ မြန်မာပြည်တွင်းမှ အလှူရှင်များ၊ ပြည်ပနိုင်ငံအသီးသီးမှ အလှူရှင်များက စေတနာထက်သန်စွာ လှူ ဒါန်းလျက်ရှိပေသည်။

-----------------

သီတဂူ အရှင်ဒေ၀ိန္ဒာဘိဝံသ

(ashindevindabhivamsa@gmail.com)

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ စစ်ကိုင်း

(၂၄ - ၀၈ - ၂၀၀၉)



Read more...

The Lotus Sutra: A Contemporary Translation of a Buddhist Classic



Just as most people who grow up in the west become familiar with the stories and sayings of the Bible, whether or not they ever sit down to read it, so the tales and language of the Lotus Sutra infuse the culture and thinking of East Asia. And for anyone coming to Buddhism from outside, it doesn't take long before they reach a level of familiarity with the Sutra's stories and parables that they might not even initially be aware of.

Through countless conversations, Dharma talks, and book references, Buddhists will hear the stories of the father enticing his children out of a burning house, the Buddhist tale of the Prodigal Son, the parable of the hidden gem, and the simile of the phantom city long before one ever actually opens the pages of the Sutra. These teachings, first translated from Sanskrit to Chinese in 255 CE, are still very much alive for all Buddhists today.

It is also, of course, a central and essential text, an object of devotion itself in Tendai and Nichiren, and of huge importance in Zen, Pure Land and other schools. And chapter 25, often used independently of the rest of the Sutra, is the most important scriptural basis for popular and widespread devotion to the Bodhisattva Avalokitesvara. It was to this chapter that I first turned when looking at this new translation by Gene Reeves.

The Kern translation of the verse section of this chapter begins with "Listen to the conduct of Avalokitesvara. Hear from my indication how for numerous, inconceivable Æons he has accomplished his vote..." While the Burton Watson version runs "Listen to the actions of the Perceiver of Sounds,/how aptly he responds in various quarters./His vast oath is deep as the ocean;/kalpas pass but it remains unfathomable."

Reeves translates this as "Listen to the actions of the Cry Regarder./How well he responds in every region./His great vow is as deep as the sea,/Unfathomable even after eons." It is a magnificent rendering, not least because it comes closest to what is, although designed specifically for chanting, the benchmark version by the Vermont Zen Center. But the combination of accuracy and poetry that Vermont Zen achieved with this one section, Reeves has applied throughout the entire Sutra.

Mark Unno, an ordained Shin Buddhist and an assistant professor of East Asian religions at the University of Oregon, emphasises this point when he describes this new translation as "an invaluable resource for students in the classroom as well as in the meditation hall." And Taigen Dan Leighton, of Loyola University Chigago, has called it "the new standard". Another example, drawn from chapter two, Skillful Means, illustrates their point.

In place of "It is impossible to explain it; it is unutterable" (Kern) or "This Law cannot be described,/words fall silent before it" (Burton Watson), this new translation says "This Dharma is indescribable./Words must fall silent." This is a version, clearly, that can be trusted as accurate, and used with ease for inspiration and devotion. It is clear that Dr Gene Reeves, as well as a scholar, is also a practitioner.

He is, in fact, associated with Rissho Kosei-kai, a Buddhist lay movement based on the Lotus Sutra which is very active in peace projects and with other religious groups, and Japan's second-largest religious organization. Reeves himself helped found the International Buddhist Congregation that meets every Sunday at 11am on the 5th floor of Fumon Hall, the Rissho Kosei-kai International headquarters in Tokyo, for Dharma talks, sutra recitation, and 'hoza' - personal group discussions.

"The Lotus Sutra", Reeves explained to the Japan Times in an article written while working on this new translation, "teaches that we can all reach an enlightened state, and places an emphasis on devotion and faith." And Reeves expands upon this fabulous summary in his magnificent introduction to the Sutra. Reeves talks about the text itself, its name, origin, formation, and versions, and the separate sutras that the Lotus opens and closes with, and which are included in this volume.

He then explores the historical significance of the Sutra and its fantasy setting, before looking at its key teachings of the one vehicle of many means, the one Buddha of many embodiments, and wisdom, compassion and practice. Finally, Reeves concludes his introduction by looking to the positive goals of the Sutra, the goals of reaching Buddahood, joy, and peace. And he quotes the Buddha, from chapter three, referring to all people:

"It is not my intent to lead them to extinction.
I am the king of the Dharma, free to teach the Dharma,
Appearing in the world to bring peace and comfort
To all the living."

Gene Reeves has brought this sutra alive. From the well-known stories of fathers and children, hidden gems and wise kings, to the incredible scale of its cosmic setting and cast of billions, both the prose passages and the long verse sections are rendered into such easily read and understood English that, finally, we hardly even notice the translation at all. It serves entirely to allow through the brilliant wisdom, compassion, and beauty of the original text. An essential addition for your bookshelf or altar.

Links:

  • Wisdom Publications: The Lotus Sutra
  • Go Beyond Words: The Lotus Sutra
  • Tricycle Blog: Lotus Sutra Review
  • Japan Times: Gene Reeves
  • On-line translations of The Lotus Sutra
  • The Lotus Sutra Scripture of Kanzeon Bodhisattva
  • Rissho Kosei-kai: Practicing the Sutra in Daily Life


  • Read more...

    သီတဂူအယုဒါနဆေးရုံအလှူတော်



    စတင်တည်ဆောက်ဖို့ အကြံဖြစ်ခြင်း
    ဟိုလွန်ခဲ့တဲ့တချိန်တုန်းက စစ်ကိုင်းတောင်ရိုး၌ လျှပ်စစ်မီးအလင်းရောင် ကောင်းစွာမရသေး၊ သွားလမ်း လာလမ်း လည်း ကောင်းစွာမရှိသေး၊ တယ်လီဖုန်းအဆက်အသွယ်လည်း မရှိသေး၊ ဆေးရုံလည်း မရှိသေး။ ထိုကဲ့သို့သော အခါက သီတဂူဆရာတော်လောင်းလျာ ဦးပဉ္စင်းလေးသည် ၁၀-ဝါမျှသာ ရှိသေးသည်။ အနီးစခန်းဆရာတော်ထံ၌ အထက်တန်းပိဋကတ်စာပေနှင့် ဘာသန္တရစာပေများကို လေ့လာဆည်းပူးနေချိန် ဖြစ်ပေသည်။
    မိုးတစိမ့် စိမ့်ရွာနေသည့် တစ်ခုသော နံနက်ခင်းဝယ် သီလရှင် ဆရာလေးတစ်ပါးသည် နံနက်ဆွမ်း ချက်ရန်အတွက် ထင်းပုံကို လက်နှင့် နှိုက်လိုက်ရာ အမှတ်မထင် မြွေဟောက်က ကိုက်လေ၏။ ဆရာလေးသည် အဆိပ်တက်ပြီး မေ့မျောလဲကျသွားလေတော့၏။ ချောင်ပိုင်သီလရှင် နာယကဆရာကြီးများ ပျာယာခတ်ပြီး ခြေ မကိုင်မိ လက်မကိုင်မိ ဖြစ်ကုန်တော့၏။ ထို့ကြောင့် သီတဂူဆရာတော် အလောင်းအလျာ ဦးပဉ္စင်းလေးကို အကူအညီတောင်းပါတော့သည်။
    ဦးပဉ္စင်းလေးကလည်း ချက်ချင်း လိုက်သွားပြီး မြွေကိုက်သည့်ဒဏ်ရာ၏အထက်၌ ခါးပန်းကြိုးနှင့် ချည်လိုက်၏။ ဒဏ်ရာကို ဓားနှင့်ခွဲပြီး သွေးကို ညှစ်ထုတ်လိုက်၏။ သံပရာသီးနှင့်ဆားကို ရော၍ ဒဏ်ရာကို သိပ်ပေးပြီး ဆရာလေးကိုလည်း ယင်းသံပရာသီးနှင့်ဆားကိုပင် ဖျော်၍ တိုက်လေ၏။
    ထို့နောက် လူနာကို စောင်နှင့်ထုပ်ကာ မြင်းလှည်းဂိတ်သို့ ထမ်းပို့လိုက်ကြ၏။ မနက်အစောကြီး ဖြစ်သောကြောင့် မြင်းလှည်းသမားကိုလည်း အိမ်ထိ သွားခေါ်ရသေး၏။ ထိုမှတဖန် မြင်းလှည်းဖြင့် တောင်ရိုးမှ မိုးမလင်းမီ စစ်ကိုင်းပြည်သူ့ဆေးရုံသို့ သွားကြရ၏။ မိုးလင်းသောအခါမှသာ ဆရာဝန်နှင့်သူနာပြုများ၏ ဆေးကုသမှုကို ခံယူရလေသည်။ ကံကောင်းထောက်မစွာ ဆရာလေး အသက် ရှင်ခဲ့လေသည်။ အကယ်၍ ဒဏ်ရာသာ ပြင်းထန်လျှင် အသက်ရှင်သန်ဖို့မလွယ်ကူတော့။
    ထိုအခက်ခဲတို့တွေ့ရခြင်းမှာ တောင်ရိုး၌ ဆေးရုံမရှိခြင်း ကြောင့်ဖြစ်ပေသည်။ ဆေးရုံရှိလျှင် အလွယ်တကူ ဆေးကုသနိုင်ပါသည်။ ``တောင်ရိုးမှာ ဆေးရုံရှိသင့်တယ်´´ဟု စိတ်ထဲ၌ တွေးမိလေသည်။ ဤကား ဆေးရုံဆောက်လုပ် ရန်စိတ်ကူး၏ ပထမဆုံး အကြံဖြစ်၏။
    ဒုတိယမ္ပိ ကြံစည်မိ
    သီတဂူဆရာတော်သည် သီတဂူကျောင်းတိုက်ကို ၁၃၃၈-ခုနှစ်တွင် တည်ဆောက်ခဲ့သည်။ နှစ်စဉ် တော် သလင်းလတွင် ကျင်းပသည့် မန္တလေးမြို့ မလွန်ဆန်လှူရေစက်ချပွဲသို့ မြန်မာပြည်တဝှမ်း မလွန် ဆန်လှူ အသင်းထောက်များမှ တချို့အသင်းဝင်လူများသည် သီတဂူကျောင်းတိုက်သို့ တည်းခိုကြ၏။
    ဧရာဝတီတိုင်း မလွန်ဆန် လှူအသင်းထောက်တစ်ခုမှ လူကြီးတစ်ယောက်သည် တစ်ညတွင် ဝမ်းလျှော လေ၏။ ဝမ်းအကြိမ်ပေါင်း ၂၇- ကြိမ်သွားလေသည်။ ထို့ကြောင့် သီတဂူဆရာတော်သည် ထိုလူနာကို ရေနွေးပူပူ ပျားရည်ချိုချို နှမ်းဆီမွှေးမွှေး ပတ္တမြားသွေးဆေးတို့ဖြင့် ရော၍တိုက်လေသည်။
    ထို့နောင် လူနာကို စိတ်မချသဖြင့် ညဉ့်နက်သန်းခေါင် အချိန်ကြီး၌ စစ်ကိုင်းဆေးရုံသို့ မြင်းလှည်း ဖြင့် ပို့လိုက်လေသည်။ လူနာ အသက်ချမ်းသာရာ ရဖို့အတွက် အပြေးအလွှား စိတ်မောကိုယ်မောဖြင့် ခက်ရာ ခက်ဆစ် သွားရခြင်းမှာ တောင်ရိုးမှာ ဆေးရုံမရှိသောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် ``တောင်ရိုးမှာ ဆေးရုံရှိလျှင် ကောင်းမှာပဲ´´ဒုတိယမ္ပိ အကြံဖြစ်မိပြန်သည်။
    တတိယမ္ပိ ကြံစည်မိ
    ရှမ်းပြည်တောင်ပိုင်း နမ်းခမ်းမြို့သို့ ရောက်ခဲ့စဉ်က အမေရိကန်နိုင်ငံသား ခရစ်ယာန်သာသနာပြု ဒေါက်တာဆီးဂရေး၏ ဆေးရုံကြီးကို တွေ့ခဲ့ရသဖြင့် တအံ့တဩ ငေးမောကြည့်ရှုပြီး ``ငါတို့ရဟန်းတော်များ လည်း အခုလို ဆေးရုံ တည်ဆောက်နိုင်ရင် ကောင်းမှာပဲ´´ဟု အတွေးဝင်ခဲ့သည်။
    သီတဂူအရှင် အူကျရောဂါဖြစ်တုန်းက ရန်ကုန်မြို့ရှိ ရာမကရစ်ရှနားအသင်းပိုင် ဂန္ဓီဆေးရုံသို့ တက်ရောက်၍ ကုခဲ့ရသေးသည်။ ဗုဒ္ဓဘာသာရဟန်းတော် တစ်ပါးအနေဖြင့် ဘာသာခြားများ၏ ဆေးရုံ၌ တက်ရောက်၍ ကုရခြင်းမှာ ``အမျိုး ဘာသာ သာသနာစိတ်´´ဖြင့် ကြည့်လျှင် အောက်တန်းကျ လှပေသည်။ ကိုယ့်နိုင်ငံ ကိုယ့်တိုင်းပြည်မှာနေ၍ ဘာသာခြားပိုင်ဆေးရုံမှာတက်ရသည်မှာ တွေးကြည့်လေ ရှက်စရာကောင်း လေပင်တည်း။
    ထို့ကြောင့် ``ငါတို့နိုင်ငံမှာ ဗုဒ္ဓဘာသာရဟန်းတော်များ ဦးစီးတဲ့ ဆေးရုံရှိသင့်တယ်၊ ငါ စွမ်းနိုင်တဲ့ တနေ့ကျရင် ဆေးရုံဆောက်မည်´´ဟူသော ခိုင်မာသော အဓိဋ္ဌာန် ချလိုက်မိပါသည်။
    ဘာသာခြားများ ပိုင်ဆိုင်သည့် ထိုဆီးဂရေးဆေးရုံနှင့် ဂန္ဓီဆေးရုံတို့က သီတဂူဆရာတော်ကို သီတဂူ အာယုဒါနဆေးရုံဆောက်လုပ်ဖို့အတွက် မဖြစ်ဖြစ်အောင် တိုက်တွန်းခဲ့ကြသည်။ ယင်းသို့ တိုက်တွန်း ခဲ့သော ကြောင့် သီတဂူဆရာတော်သည် အခက်အခဲပေါင်းများစွာကို ကျော်လွှားပြီး သီတဂူအာယုဒါနဆေးရုံကို ၁၃၅၀-ခုနှစ်တွင် ပန္နက်ရိုက်၍ ၁၃၅၂-ခုနှစ်တွင် တည်ဆောက် ခဲ့ပါသည်။
    ယနေ့သီတဂူဆေးရုံ
    ယနေ့အချိန်၌ ရဟန်း, သာမဏေ, သူတော်, သီလရှင်, ဆင်းရဲသားတို့ အားကိုးရာဖြစ်သည့် သီတဂူ အထူးကုဆေးရုံကြီးသည် မြန်မာပြည်တွင် ထင်ပေါ်ကျော်ကြားလျက် ရှိ၏။ ရန်ကုန်, မန္တလေးမြို့မှ အထူးကု ဆရာဝန်ကြီးများက နေ့စဉ်လုပ်အားဒါနပြုလုပ်၍ ကုသပေးလျက် ရှိပေသည်။
    ပြည်ပနိုင်ငံအသီးသီးမှ အထူးကုဆရာဝန်ကြီးများကလည်း ဤဆေးရုံကြီးသို့ လာရောက်၍ လုပ်အား ဒါနပြုနေကြပါသည်။ ဆေးရုံအုပ်, ဆရာဝန်, သူနာပြု ဝန်ထမ်းပေါင်း ၇၀-ကျော်တို့က နေ့စဉ် အတွင်းလူနာ ၈၀-ခန့်၊ အပြင်လူနာ ၂၀ဝ-ခန့်တို့ကို ကုသပေးလျက်ရှိပါသည်။ သီတဂူ အာယုဒါနဆေးရုံတော်မှ မျက်စိအလင်း ရရှိသူပေါင်း ၁၅၀ဝ-ခန့် ရှိသွားပေပြီ။
    ယခုအချိန်၌ ဆေးရုံ၏ အထွေထွေကုန်ကျစရိတ်မှာ တစ်လလျှင် ပျမ်းမျှ ကျပ်သိန်း ၇၀-ကျော် ဝန်းကျင် ရှိပါသည်။ မြန်မာပြည်တွင်းမှ အလှူရှင်များ၊ ပြည်ပနိုင်ငံအသီးသီးမှ အလှူရှင်များက စေတနာထက်သန်စွာ လှူ ဒါန်းလျက်ရှိပေသည်။

    သီတဂူတပည့် တင်ဆက်သည်။


    Read more...

    မဟာလူသား

    ထိုနေ့က …

    ကောင်းကင်ယံမှာ တိမ်တွေကင်းစင်နေတာမဟုတ်ပေမယ့် နေအလင်းရောင်ကောင်းစွာရ နေတော့ ခြေထောက်တွေက ပန်းခြံဆီကို လျှောက်လှမ်းဖို့ ဦးတည်နေပါတော့တယ်။ မနီးမဝေးပန်းခြံ ဆိုပေမယ့် ဘူတာ ၅ ခုလောက်တော့ စီးလိုက်ရ တာပါပဲ။ ဘူတာကအထွက် မဆိုင်းမတွ မိုးကခပ်သည်းည်းလေ ရွာချလိုက်ပါတော့တယ်။ အဆောင်ကထွက်တုန်းကတော့ နေရောင်ကိုဖြာလို့။ ခုတော့လည်း မိုးတွေကို ရွာလို့ ပါလားလို့ အတွေးတွေက ၀င်လာပြန်ပါတယ်။ ကံ ဆိုးသူတို့ သွားလေရာ မိုးလိုက်လို့ရွာဆိုတာ ဒါမျိုးဖြစ်မယ်ထင်တယ်လို့ တစ်ယောက်ကဆိုပါတယ်။ ကျွန်တော့်စိတ်ထဲမှာတော့ ရွာဖို့သင့်ရာ ရပ်ဌာနမှာ ကောင်းစွာရွှေမိုး ရွာပါစေလို့ပဲ ဆုတောင်းနေမိပါတော့တယ်။


    ရေတွေ ကြာတွေအကြောင်းကို တဖွဲ့တနွဲ့စာမရေးတတ်ပေမယ့် ဘ၀မှာကြုံတွေ့ရသမျှ ရေနဲ့ကင်းကွာခဲ့တယ်လို့ကို မရှိခဲ့ပါဘူး။ ရေတွေက ကျေးဇူးကြီးကြပါတယ်။ အသုံးချတတ် သူအတွက် ရေဟာ တန်ကြေးကြီးသလောက် အသုံးမချတတ်သူ အတွက်တော့ တန်ဖိုးရှိတဲ့အရာလို့တောင် ထင်မည်မဟုတ်ပါဘူး။ အစွမ်းအစရှိတဲ့သူတွေအတွက်တော့ ရေကိုလိုသလို အသုံးချနိုင်လိမ့်မယ်ကွာ… လို့ မိတ်ဆွေတစ်ယောက်ကပြောဖူးပါတယ်။ ဒါနဲ့ပဲ သူက စကားကို ထပ်ဆက်လိုက်ပါသေးတယ်။ အားခေးမီးဒီရဲ့ အကြပ်ရိုက်နေတဲ့ ရွှေခိုးမှုပြဿနာကို အဖြေရှာဖို့ရာအတွက် အကယ်၍ ရေသာမရှိခဲ့ရင် ဘယ်လိုများ သူဖော်ထုတ်မလဲမသိဘူးတဲ့။ ရေလျှံကျရာကနေ အဖြေကိုရှာတွေတဲ့အခါမှာတော့ ပျော်လွန်းလို့ အ၀တ်ဗလာနဲ့ လမ်းတစ်လျှောက် ပတ်ပြေးဘူးတယ်ဆိုပဲ။ ပျော်လွန်းတဲ့အခါ ဒီလိုပဲပတ်ပြေးတတ်ကြသလားလို့ မဆီမဆိုင် တွေးမိလိုက် ပါသေးတယ်။ မဖြစ်နိုင်ပါဘူး။ ဘုရားရှင်အစရှိတဲ့ အရိယာကြီးတွေ ခန္ဓာအိမ်ကို အကြိမ်ကြိမ်တည်ဆောက်တဲ့ တဏှာ လက်သမားကို ရှာဖွေတွေ့ရှိခဲ့တဲ့အချိန်မှာ ဘယ်လောက်များ ပျော်နေလိုက်မလဲ။ သို့သော် ထိုသူတို့အပျော်ကတော့ သံသရာမှာ ပတ်ပြေးဖို့ မဟုတ်တော့ပါဘူး။ ပတ်ပြေးခဲ့သမျှ ရပ်ချလိုက်တဲ့အတွက် ပျော်တာမျိုးပါ။


    အဲ့သည့်မတိုင်ခင် ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသာဘ၀တုန်းက သူ့ပတ်ဝန်းကျင်မှာ ကျင်လည်ကျက်စားကြတဲ့ သူတွေအားလုံးက ကိုယ့်အတွက်ပဲ ကြည့်တဲ့သူတွေချည်းပါပဲ။ ကိုယ့်နိုင်ငံသာယာဖို့၊ ကိုယ့်လူမျိုးကောင်းစားဖို့ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ စစ်တွေခင်းလို့ နိုင်ရာစားကြေးလုပ်နေကြသူချည်းပါပဲ။ အလောင်းတော်မင်းသားရဲ့ ဖခင်ကိုယ်တိုင်ကလည်း သားတော်ကို လေးကျွန်းလုံးအစိုးရတဲ့ စကြာမင်းပဲဖြစ်စေချင်တယ်။ ဖြစ်နိုင်ရင် အားလုံးကို ငါပဲ အုပ်ချုပ်ချင်တယ်။ အားလုံး ကိုငါပဲ နိုင်ချင်တယ်၊ ငါ့ကိုပဲ ရိုသေလေးစားကြစေချင်တယ်။ ငါ ပြောတာကိုပဲ နားထောင်စေချင်တယ်။ ငါ ခိုင်းတဲ့အတိုင်း လုပ်စေချင်တယ်။ ဒါတွေနဲ့ပဲ ပတ်ဝန်းကျင်ကြီးတစ်ခုလုံးကို ဖုံးအုပ်ထားခဲ့တယ်။ ငါ့ဖို့၊ ငါ့အတွက်ဆိုတဲ့ ငါ ဆိုတဲ့ အတ္တတွေ ကြီးစိုးနေတဲ့နေရာကြီးဟာ တစ်ကယ်ပဲ နေသင့်နေထိုက်တဲ့နေရာကြီး ဖြစ်နိုင်ပါ့မလား။


    အတ္တတွေ၊ မာနတွေထူပြောပြီး မနေသင့်တဲ့အရပ်ကို မြတ်စွာဘုရားရှင်ကတော့ အနတ္တတရားနဲ့ နေသင့်တဲ့အရပ် ဖြစ်အောင် ပြောင်းလဲနိုင်ခဲ့ပါတယ်။ ကုသိုလ်၊ ပညာ၊ ဥစ္စာ မရနိုင်တဲ့ဒေသကို ရနိုင်တဲ့ဒေသဖြစ်အောင် ပြောင်းလဲပစ်ခဲ့တယ်။ စွမ်းနိုင်သူတို့ရဲ့ဆောင်ရွက်ချက်တွေဟာ အံ့မခန်းပါပဲ။ ပတိရူပ လို့ဆိုတဲ့ သင့်တင့်လျောက်ပတ်သော အရပ်မှာနေ ခြင်းဆိုတဲ့နေရာမှာ ကိုယ်က သင့်တင့်လျောက်ပတ် တဲ့နေရာမှာ နေထိုင်တာရယ်၊ ကိုယ်က သင့်တင့်လျောက် ပတ်တဲ့နေရာဖြစ်အောင် နေထိုင်တာရယ်ဆိုပြီး ၂ မျိုးလောက်ခွဲကြည့်လို့ရမယ်ထင်ပါတယ်။ တကယ်တော့ မြတ်စွာဘုရားရှင် ကြီးပြင်းခဲ့တဲ့ဝန်းကျင်ဟာ ပတိရူပဒေသလို့ မဆိုနိုင်သေးဘူး။ မြတ်စွာဘုရားရှင်အဖြစ် ပွင့်ထွန်းတော်မူလာတဲ့အခါမှသာလျှင် တကယ့်ကို နေဖို့သင့်လျော် တဲ့ဒေသကြီးဖြစ်ခဲ့ရတာပါ။


    ပတိရူပဒေသဆိုတာ နေရာစွမ်းပါ။ အတ္တသမ္မာ ပဏီဓိ စ ဆိုတာက လူစွမ်းတာပါ။ အားလုံးသိကြတဲ့အတိုင်း သီရိဓမ္မာ အသောကမင်းကြီးဆိုရင်လည်း ရှုပ်ထွေလှတဲ့ ဘာသာရေး အခြေအနေကြားထဲကနေ ထေရ၀ါဒသာသနာကို ဆွဲထုတ်နိုင်ခဲ့ တာကလည်း နေရာစွမ်း ကြောင့်မဟုတ်ပဲ လူစွမ်းတဲ့အတွက်ကြောင့်သာ ဆောင်ရွက်နိုင်ခဲ့တာပါ။ အနော်ရထာမင်း တရားတို့လို တိတ္ထိအယူတွေကြားထဲကနေ တို့သာသနာကို ဆွဲထုတ်ပြနိုင်ခဲ့တာဟာ နေရာစွမ်းလို့မဟုတ်ပါဘူး။ လူစွမ်းလို့ပါ။ တကယ်တော့ ကောင်းတဲ့နေရာမှာ နေဖို့ဆိုတာထက် ကိုယ်နေတဲ့နေရာကလေး ကောင်းအောင်ပြုလုပ်နေထိုင်ဖို့က အရေး ကြီးမယ်လို့ထင်ပါတယ်။ ရေကန်အသင့် ကြာအသင့် ဆိုတဲ့နေရာမျိုးကို ရှာဖွေမနေပဲ ကိုယ်နေတဲ့အရပ်ကို ရေကန်တူးပြီး ကြာပေါက်အောင် လုပ်ဆောင်နိုင်တာမျိုးက ပိုပြီးသင့်တော်မယ်လို့ ထင်ပါတယ်။


    နေရာကဘယ်လောက်ပင်စွမ်းစေဦးတော့။ မြတ်စွာဘုရားရှင်နဲ့ တစ်မြေတည်း နေ တစ်ရေ တည်းသောက်နေရတာထက် ဘယ်နေရာက စွမ်းဦးမှာလဲ။ ဘယ်နေရာကသာဦးမှာလဲ။ မြတ်စွာဘုရားရှင်နဲ့နေရာတာက နှိုင်းလို့မရအောင် သာလွန်ပါတယ်။ သို့သော် အရှင်ဒေ၀ဒတ် တို့အတွက်တော့ အဲ့ဒိနေရာက မစွမ်းပြန်ပါဘူး။ သူတို့ကိုယ်တိုင် အတ္တသမ္မာ ပဏီဓိ စ ဆိုတဲ့ မိမိကိုယ်ကိုယ်ကောင်းအောင် ထိန်းသိမ်းနိုင်စွမ်းမရှိတဲ့အတွက်ကြောင့်ပါ။ အဇာတသတ်ဆိုရင် ဖခင်အရိယာရဲ့ အရိပ်မှာ ခိုနားနေရတာ။ နေရာစွမ်းလိုက်ပုံများ။ မိမိကိုယ်ကိုယ် ကောင်းအောင် မထိန်းနိုင်တဲ့အတွက်ကြောင့် မမှားသင့်တဲ့ အမှားကြီးကို ကျူးလွန်းမိခဲ့ရပါတယ်။


    ပုဗ္ဗေစ ကတပုညတာ ဆိုတဲ့ ရှေးကကောင်းမှုကုသိုလ်တွေကို ဉာဏ်နဲ့ယှဉ်ပြီးလုပ်တဲ့အခါမှာ နေရာကောင်းကိုလည်း ရနိုင်သလို၊ ဆရာကောင်းကိုလည်းတွေ့နိုင်တယ်။ မိမိကိုယ်ကိုယ် လည်း ကောင်းအောင်ထိန်းနိုင်တယ်လို့ဆိုပါတယ်။ သို့သော် လက်ယာတော်ရံ၊ လက်ဝဲတော်ရံ အစရှိတဲ့ ပစ္ဆိမဘ၀ိကသားလို့ခေါ်တဲ့ ဒီဘ၀မှာ မုချရဟန္တာဖြစ်မယ့်သူတွေအတွက်တော့ လုံလောက်တန်ရာပါတယ်။ သို့သော် ကုဋေရှစ်ဆယ်သူဌေးသားတို့၊ အဇာတသတ်၊ ရှင်ဒေ၀ဒတ် တို့အတွက်တော့ စိတ်မချ ရသေးပါဘူး။ ပင်ကိုယ်က ကုသိုလ်ကံ အဟုန်တွေရှိပါလျက်နှင့် မိမိကိုယ်ကိုယ် ဆောက်တည်နိုင်စွမ်းမရှိတဲ့အခါ ရှေးကောင်းမှု ကံရှိခြင်း၊ သင့်တင့်လျောက်ပတ်တဲ့အရပ်မှာနေခြင်းဆိုတာတွေဟာ နောက်ရောက် သွားခဲ့ရပြန်ပါတယ်။ မိမိ ကိုယ်ကိုယ်ထိန်းသိမ်းမှုဟာ အလွန်တရာ အရေးပါတယ်ဆိုတာ ပိုပြီးထင်ရှားမှာပါ။


    ကျွန်တော်တို့အားလုံးအတွက်တော့ မြတ်စွာဘုရားရှင်ဟာ တကယ့်ကို မဟာလူသား တစ်ဦးပါပဲ။ ကောင်းမှုကံတွေ ပြည့်စုံအောင် အကြားအလပ်မရှိ ဖြည့်ဆည်းခဲ့တယ်။ ကိုယ်နေတဲ့နေရာ၊ ကိုယ်ရောက်တဲ့နေရာ၊ ကိုယ်ခေါင်းဆောင်တဲ့ အဖွဲ့၊ တိုင်းပြည် စတာတွေကိုလည်း ပတိရူပဒေသအဖြစ် စွမ်းဆောင်ပေးနိုင်အောင် ကြိုးပမ်းခဲ့တယ်။ မိမိကိုယ်ကို ကောင်းအောင်ထိန်းသိမ်းနိုင်ခဲ့သလို လောကသုံးပါးအတွက် စံပြအဖြစ်နေထိုင် ကျင့်သုံးသွားခဲ့တယ်။ ဘယ်နေရာ ဘယ်ရှုထောင့်က ပဲကြည့်ကြည့် မြတ်စွာဘုရားရှင်မှာ လစ်ကွက်၊ ဟာကွက်ရယ်လို့ကို မရှိပါဘူး။ ဒီလို အမူအကျင့်မျိုးကို အတုယူသင့်၊ နေထိုင်ကျင့်သုံးသင့်ပါတယ်။ ဒါကြောင့် ကောင်းမှုကုသိုလ်တွေလုပ်တဲ့အခါမှာ လစ်ကွက်၊ ဟာကွက်တွေ မဖြစ်စေချင်ပါဘူး။ ဒါနအမှုပဲပြုပြု၊ သီလအမှုပဲပြုပြု၊ သမထ၊ ၀ိပဿနာဘာဝနာ အမှုတွေပဲလုပ်လုပ် အားလုံးစုံအောင် ပြုလုပ်စေချင်ပါတယ်။ အချို့ကလည်း ဒါနအမှုဟာ သံသရာရှည်တယ်ဆိုပြီး မပြုဖြစ်လို့ လစ်ဟာကုန်တာတွေ၊ ဘုရားဆွမ်းတင်၊ ပန်းကပ်ကစပြီး အယူလွဲပြီး ကုသိုလ်စဲ ကုန်တာတွေ မဖြစ်အောင် နေထိုင်ကျင့်သုံးသင့်လှပါတယ်။


    အဲ့ဒိနေ့က လမ်းတစ်လျှောက်မှာ မိုးတွေ တဖွဲဖွဲရွာနေတုန်းပါပဲ။ တစ်နေရာမှာ လင်းပြီး၊ တစ်နေရာမှာ ရွာတယ်ဆိုပေမယ့် သူရွာတဲ့အရပ်မှာတော့ ဒီနေရာတော့ မိုးစိုပါစေ၊ ဒီနေရာတော့ မိုးမစိုပါစေနဲ့လို့ မရှိပါဘူး။ လစ်ကွက်၊ ဟာကွက်မရှိအောင်ကို ရွာနေတာပါ။ ဒီလိုပဲ ကောင်းမှုတရားတို့နဲ့ ပြည့်စုံတဲ့ မင်္ဂလာတရား တော်တို့ကို ကျင့်သုံးတဲ့နေရာမှာ အကြွင်းအကျန်မရှိ ဟာကွက်မရှိပဲ မဟာအောင်ကျင့်သုံးနိုင်တဲ့ မဟာလူသားတွေ ဖြစ်အောင် ကြိုးစားအားထုတ်နိုင်ကြပါစေကြောင်း ဆွေးနွေး လိုက်ရပါတယ်။


    အားလုံးသော သတ္တ၀ါတွေ အမြင်လည်းရှင်း စိတ်လည်းရှင်း လက်ငင်းချမ်းသာကြပါစေ။




    Read more...

    သစ္စာဆိုနိုင်အောင် သီလစောင့်ထိန်းပါ


    .....အခက်အခဲ၊ အကြပ်အတည်းတွေနဲ့ တွေ့ကြုံလာတဲ့ အခါမှာပဲဖြစ်ဖြစ်၊ ကောင်းမြတ်တဲ့ လိုအင်ဆန္ဒတွေ ပြည့်ဝချင်တဲ့အခါမှာပဲဖြစ်ဖြစ်၊ ကိုယ်အားထုတ်ထားခဲ့တဲ့ ကုသိုလ် ကောင်းမှုတွေ၊ အပြုသဘောဆောင်တဲ့လုပ်ရပ်တွေကို ပြန်ပြောင်းနှလုံးသွင်းပြီး သစ္စာဆို ဆုတောင်းမယ်ဆိုရင် အခက်အခဲ အကြပ်အတည်းတွေလည်း လွတ်မြောက်နိုင်သလို ကောင်းမြတ်တဲ့ လိုအင်ဆန္ဒတွေလဲ ပြည့်ဝလာနိုင်ပါတယ်။


    သစ္စာဆိုစရာ အကြောင်းအရာ၊ အဖြစ်အပျက်တွေ အများကြီး ရှိတဲ့အထဲမှာ ကိုယ်ကျင့် သီလဟာလည်း တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ မိမိကိုယ်တိုင် အထူးကြောင့်ကြစိုက်၊ အထူးသတိထားပြီး ဖြူစင်အောင် စောင့်ထိန်းခဲ့တဲ့၊စောင့်ထိန်းေ နတဲ့ ကိုယ်ကျင့်သီလ တစ်ခုခု သို့မဟုတ် ကိုယ်ကျင့်သီလ တစ်စုစုဟာ အသုံးပြုတတ်သူအတွက် အရေးကြုံတဲ့အခါမှာ အမှန်တကယ် အစွမ်းထက်တဲ့ သစ္စာလက်နက်ဖြစ်သွားပါတယ်။


    အနည်းဆုံး ကိုယ်ကျင့်သီလ တစ်ခုခု၊ သိက္ခာပုဒ် တစ်ခုခုကို အရေးကြုံတဲ့အခါ သစ္စာဆိုနိုင်လောက်အောင် အသက်နဲ့လဲ ပြီးစောင့်ထိန်း ထားနိုင်မယ်ဆိုရင်ပဲ အဲဒီလူရဲ့ စိတ်ဓါတ်စွမ်းရည် နဲ့ ဘ၀တန်ဖိုး ဟာ အတော်မြင့်မားနေပါပြီ။ တစ်ခုထက်ပိုပြိး စောင့်ထိန်းနိုင်မယ်ဆိုရင် တော့ အတိုင်းထက် အလွန်ပေါ့။ ကိုယ့်သီလ ကိုယ်ပြန်စစ်ဆေးကြည့်ပါ။



    ငါးပါးသီလ၊သိက္ခာပုဒ် ငါးခုထဲမှာ ဘယ်သီလ၊ ဘယ်သိက္ခာပုဒ်တော့ အချိန်မရွေး သစ္စာဆိုနိုင်လောက်အောင် ငါလုံခြုံသလဲဆိုတာ စစ်ဆေးကြည့်ပါ။ တစ်ခုမှ သစ္စာဆိုနိုင်လောက်အောင် မလုံခြုံသေးဘူးဆိုရင်တော့ ဟန်မကျဘူးနော်။ ငါးပါးထဲက အနည်းဆုံး တစ်ပါးလောက်တော့ အချိန်မရွေး၊ နေရာမရွေး၊ သစ္စာဆိုနိုင်လောက်အောင်လုံခြုံမှ ဖြစ်မယ်။ ငါးပါးသီလနဲ့ သစ္စာဆိုတဲ့ နေရာမှာလဲ ကြုံတွေ့လာတဲ့ အခြေအနေအားလျော်စွာ သူ့နေရာနဲ့သူ ဆိုတတ်ရင်တော့ ပိုကောင်းတာပေါ့၊ ပိုထိရောက်တာပေါ့၊ ပိုပြိးအစွမ်းထက်တာပေါ့။


    ဥပမာ၊ ကျန်းမာေ၇းနဲ့ပတ်သတ်လာရင် ပါဏာတိပါတ စောင့်ထိန်းတဲ့ သီလနဲ့ သစ္စာဆို၊ စီးပွားရေးနဲ့ ပတ်သတ်လာရင် အဒိန္နာ ဒါနစောင့်ထိန်းတဲ့ သီလနဲ့သစ္စာဆို၊ အိမ်ထောင်ရေးနဲ့ ပတ်သတ်လာရင် ကာမေ သုမိစ္ဆာစာရာ စောင့်ထိန်းတဲ့ သီလနဲ့သစ္စာဆို၊ လူမှုရေးနဲ့ ပတ်သတ်လာရင် မုသာဝါဒ စောင့်ထိန်းတဲ့ သီလနဲ့ သစ္စာဆို၊ ပညာရေးနဲ့ပတ်သတ်လာရင် သုရာမေရယ စောင့်ထိန်းတဲ့ သီလနဲ့ သစ္စာဆို။


    ဒါကလည်း သူ့အကြောင်းနဲံသူ့အကျိုး ပေါ်ပေါ်ထင်ထင် လိုက်ဖက်နေလို့သာ ပြောရတာပါ။ တကယ်တော့ ဘယ်အကျိုးတရားအတွက်ပဲဖြစ်ြ ဖစ် ဘယ်သီလနဲ့မဆို သစ္စာဆိုလို့ရပါတယ်။ အဓိက ကတော့ ကိုယ်ဆိုလိုက်တဲ့ သစ္စာစကားအပေါ်မှာ ဟုတ်မှန်ကြောင်း ကိုယ်ကိုယ်တိုင် ယုံကြည်မှု ရှိနေဖို့နဲ့ သစ္စာတန်ခိုး ကို သံသယကင်းစွာ စိတ်ချအားကိုးဖို့ပါပဲ။

    (အရှင်ဆန္ဒာဓိက ၏ ''လောက၌အကောင်းဆုံးသောအရာ'' စာအုပ်မှ


    Read more...

    မိတ်ဆွေကောင်းတို့၏ စကား...

    ဒုတိယသေခသုတ်...

    ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

    ရဟန်းတို့ ဤမိတ်ဆွေကောင်းရှိမှုသည် အရဟတ္တဖိုလ်သို့ မရောက်သေးသော အတုမရှိ မြတ်သော အရဟတ္တဖိုလ်ကို တောင့်တလျက် နေသော သေက္ခရဟန်း၏ အပြင်ဗာဟိရဖြစ်သော အကြောင်းအင်္ဂါတည်းဟု နှလုံးပြု၍ ကျေးဇူးများ သကဲ့သို့ ဤအတူ မိတ်ဆွေကောင်းရှိမှုမှ တစ်ပါး အခြား ကျေးဇူးများသော တရား တစ်ခုကိုမျှလည်း ငါဘုရား မြင်တော်မမူ၊ ရဟန်းတို့ မိတ်ဆွေကောင်းရှိသော ရဟန်းသည် အကုသိုလ်ကို ပယ်စွန့်၍ ကုသိုလ်ကို ပွါးစေနိုင်၏။
    ဤအနက် သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။

    ထိုသုတ်၌ ဤအနက်သဘောကို -

    ''မိတ်ဆွေကောင်းရှိသူ အကြင်ရဟန်းသည် တုပ်ဝပ်ခြင်း ရှိ၏။ ရိုသေခြင်း ရှိ၏။ မိတ်ဆွေကောင်းတို့၏ စကားကို လိုက်နာ ပြုကျင့်၏။ ပညာ အဆင်အခြင် ရှိ၏။ သတိ အမြဲပြု၏။ ထိုရဟန်းသည် ဝိပဿနာ အစဉ်အားဖြင့် သံယောဇဉ် အားလုံးတို့၏ ကုန်ရာ နိဗ္ဗာန်သို့ ရောက်နိုင်၏'' ဟု ဤဂါထာဖြင့် ဆိုအပ်၏။

    ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာ ခဲ့ရပါသည်။ 17

    ၇ - ဒုတိယသေခသုတ်၊ ဒုတိယဝဂ်၊ ဣတိဝုတ်ပါဠိတော်။

    ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
    သာဓု... သာဓု... သာဓု...။


    Read more...

    ကမ္မဋ္ဌာန်း အားထုတ်သော ပုဂ္ဂိုလ်၏ ပြည့်စုံရမည့်အကြောင်း...


    ပဓာနိယင်္ဂသုတ်

    ရဟန်းတို့ ကမ္မဋ္ဌာန်း အားထုတ်သော ပုဂ္ဂိုလ်၏ ပြည့်စုံရမည့်အကြောင်း အင်္ဂါတို့သည် ဤငါးမျိုးတို့တည်း။

    အဘယ် ငါးမျိုး တို့နည်း ဟူမူ -
    ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ယုံကြည်မှု 'သဒ္ဓါတရား' ရှိ၏၊

    ၁...
    ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့် လည်း အရဟံ မည်တော်မူ၏၊

    အလုံးစုံသော တရားတို့ကို ကိုယ်တိုင်မှန်စွာ သိတော်မူသော အကြောင်းကြောင့် လည်း သမ္မာသမ္ဗုဒ္ဓ မည်တော်မူ၏၊

    အသိဉာဏ် 'ဝိဇ္ဇာ' အကျင့် 'စရဏ' နှင့် ပြည့်စုံတော်မူသော အကြောင်း ကြောင့်လည်း ဝိဇ္ဇာစရဏသမ္ပန္န မည်တော်မူ၏၊

    ကောင်းသော စကားကို ဆိုတော်မူတတ်သော အကြောင်းကြောင့်လည်း သုဂတ မည်တော်မူ၏၊

    လောကကို သိတော်မူသော အကြောင်းကြောင့်လည်း လောကဝိဒူ မည်တော်မူ၏၊

    ဆုံးမ ထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ပုဂ္ဂိုလ် ဖြစ်တော်မူသော အကြောင်း ကြောင့်လည်း အနုတ္တရော ပုရိသဒမ္မသာရထိ မည်တော်မူ၏၊

    နတ်လူတို့၏ ဆရာ ဖြစ်တော်မူသော အကြောင်းကြောင့်လည်း သတ္ထာ ဒေဝမနုဿာနံ မည်တော်မူ၏၊

    သစ္စာလေးပါးကို သိစေတော်မူသော အကြောင်းကြောင့်လည်း ဗုဒ္ဓမည်တော်မူ၏၊

    ဘုန်းတန်ခိုး ကြီးတော်မူသော အကြောင်းကြောင့်လည်း ဘဂဝါ မည်တော်မူ၏'' ဟု
    မြတ်စွာဘုရား၏ အရဟတ္တ မဂ်ဉာဏ်နှင့် သဗ္ဗညုတဉာဏ်ကို ယုံကြည်၏။


    ၂...
    အနာကင်း၏၊ ရောဂါကင်း၏၊ မအေးလွန်း မပူလွန်းသော အလယ်အလတ် ဖြစ်၍ ကမ္မဋ္ဌာန်း စီးဖြန်းခြင်းငှါ ခံ့သော အစာကို အညီအမျှ ကြေကျက်စေတတ်သည့် ဝမ်းမီးနှင့် ပြည့်စုံ၏။

    ၃...
    စဉ်းလဲမှု လှည့်ပတ်မှု မရှိ၊ ဆရာ၌ လည်းကောင်း၊ ပညာရှိ သီတင်းသုံးဖော်တို့၌ လည်းကောင်း ဟုတ်တိုင်းမှန်စွာ မိမိကိုယ်ကို ထင်စွာ ပြုတတ်၏။

    ၄...
    အကုသိုလ်တရားတို့ကို ပယ်ရန် ကုသိုလ်တရားတို့ကို ပြည့်စုံစေရန် ထက်သန် သော ဝီရိယရှိသည် ဖြစ်၍ နေထိုင်၏၊ အားနှင့်ပြည့်စုံ၏၊ မြဲမြံသော လုံ့လရှိ၏၊ ကုသိုလ်တရားတို့၌ တာဝန်ကို ပစ်ချထားခြင်း မရှိ။

    ၅...
    ပညာရှိ၏၊ ဖြစ်မှု ပျက်မှုကို သိ၍ ကိလေသာတို့ကို ဖောက်ခွဲနိုင်သည့် ဆင်းရဲ ကုန်ခန်းရာ (နိဗ္ဗာန်)သို့ ကောင်းစွာ ရောက်စေတတ်သော မြတ်သော ပညာနှင့် ပြည့်စုံ၏။

    ရဟန်းတို့ (ကမ္မဋ္ဌာန်း) အားထုတ်သော ပုဂ္ဂိုလ်၏ (ပြည့်စုံရမည့်အကြောင်း) အင်္ဂါတို့သည် ဤငါးမျိုးတို့တည်း ဟု (မိန့်တော်မူ၏)။ 53

    ၃ - ပဓာနိယင်္ဂသုတ်၊ နီဝရဏဝဂ်၊ ပဉ္စကနိပါတ်၊ အဂုင်္တ္တိုရ်ပါဠိတော်။

    ကမ္မဋ္ဌာန်း အားထုတ်သော ပုဂ္ဂိုလ်၏ ပြည့်စုံရမည့်အကြောင်း...


    ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
    သာဓု... သာဓု... သာဓု...။


    Read more...

    ကျွန်ုပ်၏ ဒဿနများ (၅)...

    မေတ္တာတရား ကြီးမားလာတဲ့ ပုဂ္ဂိုလ်ဟာ သူတစ်ပါးရဲ့ ဒုက္ခတွေကို ငြိမ်းအေး စေချင် လာတယ်။
    ကရုဏာတရား ကြီးမားလာတဲ့ ပုဂ္ဂိုလ်ဟာ သူတစ်ပါးကို အကူအညီ ပေးချင် လာတယ်။
    မုဒိတာတရား ကြီးမားလာတဲ့ ပုဂ္ဂိုလ်ဟာ သူတစ်ပါး ဒုက္ခငြိမ်းတာ၊ သူတစ်ပါး အေးချမ်းတာတွေကို ကြည့်ပြီး ၀မ်းသာပီတိ ဖြစ်လာတယ်။
    ဥပေက္ခာတရား ကြီးမားလာတဲ့ ပုဂ္ဂိုလ်ဟာ ဘာဝနာ တရားတွေကို အားထုတ်ဖို့ အင်အားတွေ ဖြစ်လာတယ်။
    မေတ္တာတရား ခေါင်းပါးနေတဲ့ ပုဂ္ဂိုလ်ဟာ သူတစ်ပါး ဒုက္ခရောက်တာကို ကြည့်ပြီး ၀မ်းသာနေတတ်တယ်။
    ကရုဏာတရား ခေါင်းပါးနေတဲ့ ပုဂ္ဂိုလ်ဟာ သူတစ်ပါး ဆင်းရဲဒုက္ခ ရောက်နေတာကို ကြည့်ပြီး ကျေနပ် နေတတ်တယ်။
    မုဒိတာတရား ခေါင်းပါးနေတဲ့ ပုဂ္ဂိုလ်ဟာ သူတစ်ပါး ချမ်းသာနေတာကို ကြည့်ပြီး မနာလို ဖြစ်နေတတ်တယ်။
    ဥပေက္ခာတရား ခေါင်းပါးနေတဲ့ ပုဂ္ဂိုလ်ဟာ တဏှာ၊ မာန၊ ဒိဋ္ဌိ တို့နဲ့ အပေါင်းအသင်း ဖြစ်နေပြီး ကိလေသာနဲ့ တွယ်တာမှု ပိုများနေလိမ့်မယ်။

    .......................................................

    သစ်ပင်မြင့်လေ လေတိုက်ခံရလေပဲ ဆိုတဲ့ စကားပုံ ရှိတယ်။
    ဒါပေမဲ့…
    လေအတိုက် ခံနိုင်အောင် အဲဒီ သစ်ပင်က ပိုး မထိုးဖို့တော့ လိုအပ်လိမ့်မယ်။



    Read more...

    တစ်ကမ္ဘာပတ်လုံး အသက်ရှည်နိုင်သူ...၈


    အရှင်ဣန္ဒာစရိယာဘိဝံသ၏...

    တစ်ကမ္ဘာပတ်လုံး အသက်ရှည်နိုင်သူ... ရှင်ဥပဂုတ္တ ရှင်ဥပဂုတ် အမှတ်-၈













    ရှင်ဥပဂုတ်- အမှတ်-၇-သို့--->

    ရှင်ဥပဂုတ်- အမှတ်-၉-မရှိသေး---->


    Read more...

    လာလည်ကြသူများ

    ဤဘလော့ဂ်၏ ရည်ရွယ်ချက်

    ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

    ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

    ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

    ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

    မြန်မာပြက္ခဒိန်

    မြန်မာပြက္ခဒိန်
    www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

      © Blogger templates The Professional Template by Ourblogtemplates.com 2008

    Back to TOP