*အသေလှတဲ့သူ-၁ (အရှင်ဆန္ဒာဓိက-VCD)*
လေးစားရိုသေစွာဖြင့်
ဖိုးသား
23.12.2009, SUN:, 04:42;15 PM
Read more...
ဓမ္မ အနှစ်သာရများ စုဝေးရာနေရာ
ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်
ထေရ၀ါဒဗုဒ္ဓဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။
ပြုလုပ်မည့်အစီအစဉ်
ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။
လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ
(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။
(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။
(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။
(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။
အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)
ဆက်သွယ်ရန်လိပ်စာ
ကိုထွန်းထွန်းလှိုင်
ဖုန်း ၀၉-၇၃၀၆၂၈၁၁
htunhtunhlaing82@gmail.com
Posted by sonesiyar.blogspot.com at 3:38 PM
Labels: VCD trackbacks
(Bhikkhu K. Tanchangya ရဲ့ Buddhism under siege from within ဆိုတဲ့စာကို ဘာသာပြန်တယ်။ ဘာသာပြန်ဖို့ တိုက်တွန်းပေးတဲ့ အရှင်တေဇောဘာသ (ဂျာမဏီ)ကို ကျေးဇူးတင်ပါတယ်။ မြန်မာမှာ နေရင်း ဟိုသွားဒီသွား မအားမလပ်တဲ့ကြားက (စိတ်အားထက်သန်လွန်းလို့) ဖြစ်သလို ဘာသာပြန်လိုက်ရတဲ့အတွက် အမှားအယွင်းများ ပါရှိခဲ့ရင် ခွင့်လွှတ်ကြပါ။ လေးလေးနက်နက် ဖတ်ရှုနိုင်ကြပါစေ၊ ဖတ်ရှုရုံမက စာရေးသူပေးလိုက်သော မက်ဆေ့အစစ်ကို ရရှိသွားနိုင်ကြပါစေလို့ ကျိတ်ကျိတ်လေး ဆုတောင်းနေပါတယ်။ ဒီပို့စ်က အရမ်းကို ကောင်းပါတယ်။ ဗုဒ္ဓဘာသာဝင်တွေအားလုံ ဖတ်သင့်တယ်လို့ ထင်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။)
ဘိက္ခု ကေ တန်ချန်ဂျ၊ ဗုဒ္ဓဘာသာချန်နယ်လ်၊ ဇူလိုင် ၁၇
ဗုဒ္ဓဘာသာကမ္ဘာကို ဆွဲဆောင်စည်းရုံးဖို့ ကြိုးစားမှုအနေနဲ့ နောက်ဆုံးပေါ်ပေါက်လာတဲ့ စာအုပ်တစ်အုပ် ရှိပါတယ်။ အဲဒီစာအုပ်ကတော့ ဟက်ဝေး ပေါလ်ဆိုသူ ရေးတဲ့ ``ဗုဒ္ဓဘာသာကမ္ဘာမှ လူများ´´ဆိုတဲ့ စာအုပ်ပါပဲ။ ``ခရစ်ယာန်ဘုရားရှိခိုးလမ်းညွှန်စာအုပ်´´လို့လဲ ဆိုပါတယ်။
မနုဿဗေဒအားဖြင့်ဆိုရလျှင် ဒီစာအုပ်ဟာ ပြောင်မြောက်တဲ့ သုတေသနပြုမှုတွေနဲ့ အလွန်ဂုဏ်ယူစရာကောင်းတဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ ဒီစာအုပ်ထဲမှာ ဝေးလံလှတဲ့ အရပ်ဒေသက ၂၃၈-မျိုးသော လူမျိုးစုတွေရဲ့ အကြောင်းအရာတွေ၊ ဓာတ်ပုံတွေ၊ ဗုဒ္ဓဘာသာကမ္ဘာရဲ့ မြေပုံလမ်းညွှန်တွေ ပါဝင်အောင် ရေးထားပါတယ်။ အဲဒီအထဲက အကြောင်းအရာအချို့တင်ပြချက်တွေဟာ ဗုဒ္ဓဘာသာတွေအနေနဲ့ လုပ်နိုင်စွမ်းရှိပေမယ့် လုပ်ဖို့ပျင်းရိနေတဲ့အချက်တွေ ဖြစ်နေပါတယ်။
ဆွဲဆောင်မှုရှိလှတဲ့ ဒီစာအုပ်ဟာ အမှားအယွင်းမရှိဘဲ စွန့်စွန့်စားစား ထုတ်ဝေပြီးစီးသွားပါပြီ။ ဒါပေမယ့် ဒီစာအုပ်မှာ ကွယ်ဝှက်နေတဲ့ လုပ်ငန်းစဉ်တွေ ပါနေတယ်။ ဒီစာအုပ်က တရားဟောစည်းရုံးရန် စိတ်ဝင်စားပြီး စိတ်အားထက်သန်လှသော ခရစ်ယာန်စည်းရုံးရေးသမားတွေအတွက် လုပ်ငန်းစဉ်နှင့် လုပ်ရမယ့် အခန်းကဏ္ဍတစ်ခုအနေနဲ့ အထောက်အကူ ပြုနေတဲ့စာအုပ်ဖြစ်ပါတယ်။ ဒါဟာ ဗုဒ္ဓဘာသာတွေကို ကလိမ်ကကျစ်နည်းတွေနဲ့ တိုက်ခိုက်ဖို့ ရေးဆွဲထားတဲ့ တိုက်ပွဲဝင် အစီအစဉ်တစ်ခု သို့မဟုတ် တိကျခိုင်မာတဲ့ လမ်းပြမြေပုံတစ်ခုလဲ ဖြစ်ပါတယ်။ ဒါပေမယ့် ပညာတတ်၊ ချမ်းသာတဲ့ ဗုဒ္ဓဘာသာတွေအတွက်တော့ တက်ကြွတဲ့ တရားဟောဆရာ၊ စာရေးဆရာကို ကျေးဇူးတင်စရာ အတော်ကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတင်ပြထားတဲ့ ၂၃၈-ခုသော လူမျိုးစုများနှင့်ပတ်သက်ပြီး အများစုက မသိကြသေးလို့ပါပဲ။
မှန်ပါတယ်။ ဗုဒ္ဓဘာသာအဖွဲ့အစည်းအများစုဟာ ဒီအကြောင်းအရာတွေကို မသိကြသလို ကြာမြင့်စွာကတည်းက မေ့လျော့ထားကြပါတယ်။ ဗုဒ္ဓဘာသာဆိုတာ ကမ္ဘာမှာ ပေါတီးပေါ့ဆနေတတ်ဆုံး လူမျိုးတွေထဲမှာ ပါပါတယ်။ ဆိုးရွားတဲ့ ရည်ရွယ်ချက်တွေနဲ့ ခရစ်ယာန်စည်းရုံးရေးသမားတွေဟာ ဆုတောင်းခြင်းအားဖြင့် သာမန်ပြည်သူတွေရဲ့ ၀ိညာဏ်ကို ထိတွေ့ဖို့၊ ကောင်းကင်ဘုံသခင်၊ ဖန်ဆင်းရှင်ထာဝရဘုရားရဲ့ သနားကရုဏာနဲ့ ကယ်တင်မှုရအောင် အများစုကို ဆွဲဆောင်စည်းရုံးကြလေ့ရှိပါတယ်။
ဒီနေရာမှာ ကျွန်ုပ်ဟာ ဒီစာအုပ်ကို ဗုဒ္ဓဘာသာဆန့်ကျင်ရေးစာအုပ်ဖြစ်တယ်ဆိုပြီး အပြစ်တင်ဝေဖန်ဖို့ မရည်ရွယ်ပါဘူး။ လောဘအားကြီးတဲ့ ခရစ်ယာန်ဓမ္မဆရာသာသနာပြုအဖွဲ့ကိုလဲ အဲဒီလို တံဆိပ်တပ်ပြီး သံယောင်လိုက်စွပ်စွဲဖို့လဲ ရည်ရွယ်ချက် မရှိပါဘူး။ ကျွန်ုပ်ရည်ရွယ်တာက ပညာတတ်ပြီး ဥစ္စာကြွယ်ဝတဲ့ ယဉ်ကျေးကမ္ဘာမှာ ရှိနေတဲ့ ဗုဒ္ဓဘာသာ ညီအစ်ကိုမောင်နှမများကို တိုက်တွန်းချင်တာပါ။ ဗုဒ္ဓဘာသာကမ္ဘာကို မတရားဆွဲဆောင်သိမ်းသွင်းနေမှုများကို လိမ္မာပါးနပ်လှတဲ့ အဖြေတစ်ခုခု ရှာဖွေသင့်တယ်ဆိုတာကို နားလည်သွားစေချင်တာပါ။
ဒီလို လုပ်ဆောင်ချက်တွေကို ယုတ္တိရှိရှိ ယုံယုံကြည်ကြည်နဲ့ ဘယ်လို ဝေဖန်ကြမလဲဆိုတာနဲ့ ဘာသာကူးပြောင်းမှုကို ဆန့်ကျင်တဲ့ ဥပဒေတွေကို ဘယ်လောက်များများ ပြဓာန်းဖို့ လိုအပ်သလဲဆိုတဲ့အပေါ်မှာလဲ ဦးတည်ချက် ထားမနေပါဘူး။ ကျွန်ုပ်အဓိက ရည်ရွယ်တာက ကျွန်ုပ်တို့ ဗုဒ္ဓဘာသာအဖွဲ့အစည်းအတွင်းမှာကိုပဲ ရိုးသားပြီး ပန်းတိုင်ရှိတဲ့ ပြန်လည်စစ်ကြောရေးတွေကို လုပ်ဆောင်နိုင်ကြဖို့ ဖြစ်ပါတယ်။
ကျွန်ုပ်တို့ ဗုဒ္ဓဘာသာများအနေနဲ့ ``ကျွန်ုပ်တို့ ဗုဒ္ဓဘာသာဟာ ကရုဏာတရား၊ အခြေအနေအရပ်ရပ်အတွက် ပြောင်းလဲနိုင်စွမ်း၊ သည်းခံခြင်းတရားနဲ့ အကြမ်းမဖက်လမ်းစဉ်တွေဖြစ်တဲ့ စိတ်ပိုင်းဆိုင်ရာလက်နက်တွေကို တပ်ဆင်ပြီး နှစ်ပေါင်း ၂၅၅၀-တိုင်တိုင် အသက်ရှင်ရပ်တည်ခဲ့တဲ့ ဘာသာတရားတရားတစ်ခု ဖြစ်တယ်´´လို့ ဂုဏ်ယူဝင့်ကြွားစွာ ပြောဆိုနိုင်ပါတယ်။
အိန္ဒိယတိုက်ကြီးတစ်ခုလုံး ဗုဒ္ဓဘာသာမြေအဖြစ်ကနေ ကျဆုံးသွားခဲ့တာကိုတောင်မှ ကျွန်တော်တို့ မေ့ဖျောက်ထားနိုင်ခဲ့ကြတဲ့အထိ သဘောထားကြီးတဲ့ ဘာသာလည်း ဖြစ်ပါတယ်။
ကျွန်ုပ်တို့ ဗုဒ္ဓဘာသာတွေဟာ အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန်နိုင်ငံတွေကို မွတ်စလင်ကျူးကျော်သူတွေ လက်ထဲ ထိုးအပ်ခဲ့ရပါတယ်။ အိန္ဒိယနဲ့ နီပေါလ်တို့ကိုတော့ ဟိန္ဒူတွေရဲ့လက်အောက်မှာ ကျရှုံးခဲ့ရပြီးပါပြီ။ အရှေ့အလယ်ပိုင်းဒေသရဲ့ ဝေးလံတဲ့ အနောက်ဘက်ပိုင်းဒေသတွေကိုလဲ ညှိနှိုင်းလို့ မရနိုင်တတ်တဲ့ မွတ်စလင်တွေလက်အောက် အရှုံးပေးခဲ့ရပြီးပါပြီ။ ဒီလို ဆုံးရှုံးမှုကြီးကြီးမားမားတွေ ကြုံခဲ့ရပြီးဖြစ်လို့ ကျွန်ုပ်တို့ဗုဒ္ဓဘာသာတွေဟာ နောက်ထပ် ဘယ်လောက်များများ ထပ်မံဆုံးရှုံးဖို့ စောင့်နေရတော့မလဲ။ ဒီထက်ပိုပြီး အဆုံးရှုံးခံဖို့ မျှော်လင့်နေကြတာလား။ ဒီမေးခွန်းဟာ တိုးတက်တဲ့ ဗုဒ္ဓဘာသာဝင်တွေ ဖြေဖို့လိုအပ်နေတဲ့ မေးခွန်းဖြစ်ပါတယ်။
ဒီလို သမိုင်းဝင် အကြမ်းဖက်မွတ်စလင်ကျူးကျော်သူတွေရဲ့ လက်အောက်ကနေ အသက်ဆက်ခဲ့ရပေမယ့် ဒီမထင်ရှားတဲ့ ဗုဒ္ဓဘာသာနယ်မြေတွေဟာ ခရစ်ယာန်စည်းရုံးရေးသမားတွေရဲ့ အကြမ်းဖက်မှုဆန်ဆန် စည်းရုံးမှုတွေကြောင့် သူတို့ရဲ့ လူမှုအဖွဲ့အစည်းတွေကို ဆုံးရှုံးနေရတဲ့ အနေအထားတွေ ဖြစ်နေပါတယ်။ ဗုဒ္ဓဘာသာဝင်တွေဟာ အဲဒီလို အလွန်စိတ်ဓာတ်ကျစရာ အရှိတရားတွေနဲ့ ရင်ဆိုင်နေရပါတယ်။
သမိုင်းကြောင်းနဲ့ချီပြီး ပြောရမယ်ဆိုရင် ဗုဒ္ဓဘာသာတိုးတက်မှုဖြစ်စဉ်ရဲ့ အင်အားဟာ သံဃာ့အဖွဲ့အစည်းအပေါ်မှာ အခြေစိုက်ပါတယ်။ ထေရ၀ါဒပဲဖြစ်ဖြစ်၊ မဟာယာနပဲဖြစ်ဖြစ်၊ တိဗတ်တန်ဗုဒ္ဓဘာသာပဲဖြစ်ဖြစ် ဘယ်အဖွဲ့အစည်းမှာမဆို သံဃာ့အဖွဲ့အစည်းဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၅၀ တစ်လျှောက်လုံး ဗုဒ္ဓဘာသာအဖွဲ့အစည်းတစ်ရပ်လုံးရဲ့ အဓိကကြောရိုးအဖြစ် တည်ရှိလာခဲ့ပါတယ်။
ဗုဒ္ဓဘာသာရဲ့ အောင်မြင်မှုကို သံဃာ့အဖွဲ့အစည်းရဲ့ အင်အားနဲ့ မကြာခဏ တိုင်းတာသတ်မှတ်လေ့ရှိပါတယ်။ ဗုဒ္ဓဘာသာကို အစဉ်အလာအားဖြင့် ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြတဲ့သူတွေဟာ ရဟန်းတော်တွေ၊ ဘိက္ခုနီတွေနဲ့ သီလရှင်များ ဖြစ်ခဲ့ပါတယ်။ ယနေ့အချိန်အထိလဲ စောင့်ရှောက်နေကြဆဲပါပဲ။ သဘာဝအကျိုးဆက်အနေနဲ့ ဗုဒ္ဓဘာသာဝင်တွေဟာ သူတို့ရဲ့ လမ်းညွှန်မှုအတွက် သံဃာ့အဖွဲ့အစည်းကိုပဲ မှီခိုဖို့ အလားအလာရှိပါတယ်။
ကံမကောင်းအကြောင်းမလှစွာနဲ့ပဲ အဲဒီမှီခိုအားထားမှုတွေဟာ မှုန့်မှုန့်ညက်ညက်ပျက်စီးနေတဲ့ သွတ်ချာပါဒလိုက်မှုတွေကိုပဲ သယ်ဆောင်လာခဲ့ပါတယ်။ အထူးသဖြင့်တော့ ဘာသာရေးခေါင်းဆောင်ပိုင်းတွေမှာ သူတို့ရဲ့ စစ်မှန်မှုတွေ ပျောက်ဆုံးသွားတဲ့အခါမျိုးမှာ၊ အကျင့်စာရိတ္တစံနှုန်းလို စိတ်ဓာတ်ပိုင်းဆိုင်ရာ အဆင့်အတန်းတွေ လျော့ပါးလာတဲ့အခါမျိုးမှာ၊ မေတ္တာ၊ ကရုဏာနဲ့ ပညာတွေ အားနည်းလာတဲ့အခါမျိုးတွေမှာ ဖြစ်တတ်တာပါပဲ။
လွန်ခဲ့တဲ့ ဆယ်စုနှစ်ပေါင်းများစွာ နိုင်ငံတိုင်းမှာရှိတဲ့ ဗုဒ္ဓသံဃာ့အဖွဲ့အစည်းတွေဟာ ဘာသာကူးပြောင်းသူတွေကို ဆွဲဆောင်ဖို့၊ နောက်လိုက်ပုဂ္ဂိုလ်တွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက် လုံလောက်တဲ့ ဆက်ဆံမှုမျိုးတွေ မရှိခဲ့ပါဘူး။ အချို့ရဟန်းတော်တွေဟာ သူတို့ကောင်းစားရေး၊ သူတို့တိုးတက်ကြီးပွားရေးအတွက် သူတို့ ပိုက်ဆံအိတ်တွေကို ဖြည့်ဆီးပြီး ရိုက်စားတွေလုပ်နေတာနဲ့ အလုပ်တွေ ရှုပ်နေကြပါတယ်။ အချို့ရဟန်းတွေ ခမျာတော့ ခေတ်ပေါ်စိန်ခေါ်မှုတွေကို နိုင်နိုင်နင်းနင်း ကိုင်တွယ်ဖြေရှင်းဖို့ လေ့ကျင့်သင်ကြားပေးမှု မရှိဖြစ်နေရပါတယ်။ အဲဒီ အချို့ရဟန်းတွေဟာ သူတို့ရဲ့ ၀န်းကျင်လေးအတွင်းမှာပဲ အာဏာတွေ၊ အဆင့်အတန်းတွေ တိုးတက်ဖို့ ဖိုက်တင်ချနေကြပါတယ်။
အဲဒီလို မသတီစရာ အပြုအမှုတွေဟာ ကြီးမားတဲ့ ဟာကွက်ကြီးတွေ ဖြစ်စေခဲ့ပါတယ်။ ဗုဒ္ဓဘာသာစက်ဝိုင်းအတွင်းမှာ ဘာသာရေးခေါင်းဆောင်မှု၊ သစ်လွင်တဲ့ လူမှုရေးခေါင်းဆောင်မှုနဲ့ တိုးတက်မှုအလားအလာတွေကို မျက်ကွယ်ပြုမှုများ ဖြစ်ပေါ်စေခဲ့ပါတယ်။ ခရစ်ယာန်စည်းရုံးရေးသမားတွေက သံဃာနဲ့ဒါယကာဒါယိကာမများရဲ့ လစ်ဟာနေတဲ့ ဒီကွက်လပ်ကြီးကို အလျင်အမြန်ပဲ ဖြည့်ဆီးပေးလိုက်ပါတယ်။
ဗုဒ္ဓဘာသာနိုင်ငံတိုင်းမှာရှိတဲ့ ဘုန်းတော်ကြီးကျောင်းက သံဃာတွေ ပိုင်ဆိုင်တဲ့ ပုဂ္ဂလိကပိုင်ဆိုင်မှုတွေဟာ အစိုးရပိုင်ဆိုင်မှုထက် ကောင်းကောင်းကြီး ကျော်လွန်သွားနိုင်စရာရှိတယ်လို့ ယုံကြည်ရပါတယ်။ မြောက်မြားလှစွာသော အလှူကြီးတွေက အချမ်းသာဆုံး ဆရာတော်တွေကို မွေးထုတ်ပေးပါတယ်။ ဗုဒ္ဓဘာသာသမိုင်းမှာ တစ်ခါမှ မရှိဖူးသေးတဲ့ကျောင်းတော်ကြီးတွေ မွေးထုတ်ပေးပါတယ်။ ကျွန်ုပ်တို့လို မထင်မရှား ဗုဒ္ဓဘာသာတွေကိုတော့ `ကိုယ့်လမ်းကိုယ်လျှောက်၊ ကိုယ့်အားကိုယ် ကိုးကြ´ဆိုပြီး ထားရစ်ခဲ့ကြပါတယ်။ ဥပေက္ခာတရားတွေ ထွန်းကားပြီး မေ့ထားလိုက်ကြပါတယ်။
ဆက်လက်ဖော်ပြပါမည်......
(((((အမှိုက်.. အမှိုက်..)))))
(((((အမှိုက်.. အမှိုက်..)))))
နေပူကျဲကျဲမှာ အမှိုက်လှည်းကြီးကို တွန်းရင်း တစ်လမ်းဝင် တစ်လမ်းထွက်
အမှိုက်လိုက်ကောက်နေတဲ့ ကျနော်တို့ မောင်နှမ နှစ်ယောက် အတွက်တော့
နေမင်းကြီး ပူလောင်တယ် ဆိုတာထက် လူလုံးမလှပတဲ့ ဘဝရဲ့ ပူလောင်မှုက အရာရာကို
ရင်ဆိုင်ဖို့ ကျင့်သားရခဲ့ပြီးသားပဲလေ..။
နားထဲမှာတော့ ဖေဖေ မဆုံးခင် ပြောသွားတဲ့ ဆုံးမ စကားလေးကို ကြားနေမိသေးတယ်..
“သားရေ ဖေဖေတို့က အမှိုက်ကောက်တဲ့ သူတွေဆိုတော့ လူတွေက မသတီကြဘူး..
အကျိုးပေး မကောင်းခဲ့လို့ နှိမ့်ကျတဲ့ ဘဝ ရောက်နေပေမယ့် စိတ်ဓါတ်ကို အမြဲ
မြင့်မြင့်ထားပါ.. ဘယ်လောက်ပဲ ဆင်းရဲနုံချာနေပါစေ.. သူများပစ္စည်း
မခိုးနဲ့.. မတရားတာ မလုပ်နဲ့.. ရိုးသားဖြူစင်တဲ့ စိတ်ဓါတ်နဲ့ ဘဝကို ရဲရဲ
ရင်ဆိုင်ပါ..” တဲ့
ကျနော် နဖူးပေါ်က ချွေးတွေကို လက်တစ်ဖက်နဲ့ သုတ်ရင်း.. အတွေးစကို ဖြတ်ကာ
အမှိုက်လှည်းကြီးကို ဂရုတစိုက် တွန်းလာခဲ့တယ်..။ ကျနော့် ပုဆိုးစလေးကို
ဆွဲကိုင်ရင်း လိုက်လာတဲ့ ညီမလေးကလည်း သူ့အသံလေးနဲ့ အမှိုက်.. အမှိုက်..!!
လို့ အော်ပေးရှာပါတယ်..။
ညီမလေးက အခုမှ (၆) နှစ် ရှိသေးတာ..။ တကယ်ဆို ကျနော်တို့ မောင်နှမက
ကျောင်းနေရမယ့် အရွယ်တွေပေါ့..။ ကျနော်သာ ကျောင်းနေခဲ့ရရင် အခုဆို
ရှစ်တန်း၊ ကိုးတန်း လောက်တော့ ရောက်နေလောက်ပြီ..။ ဘဝပေးကံက ကျောင်းဆိုတာ
ဘာမှန်းမသိလောက်အောင် ဆိုးရွားခဲ့တော့ ဒီဘဝ ဒီလိုသာ ဖြတ်သန်းရုံပေါ့..။
ကျနော် စိတ်ဓါတ်မကျပါဘူး.. အမှိုက်ကောက်လို့ ရတဲ့ ငွေလေးနဲ့ ကျနော်တို့
မောင်နှမ ထမင်းစားတယ်..။ စေတနာကောင်းတဲ့ အိမ်တွေက ကျနော်တို့ကို အဝတ်အစား
အဟောင်းတွေ ပေးကြတယ်..။ နေစရာကတော့ အမိုးအကာ ရှိတဲ့ တစ်နေရာရာဆိုရင်
နေလို့ ဖြစ်နေတာပါပဲလေ..။
“အမှိုက်..!!!!..”
အမှိုက်လို့ အော်ခေါ်သံကြားလို့ ကျနော် ဝမ်းသာအားရ မော့ကြည့်လိုက်တော့
ဟိုး.. ခြောက်လွှာကနေ လက်ယပ် ခေါ်နေတဲ့ အန်တီကြီး တစ်ယောက်..။
ကျနော် ညီမလေးကို အမှိုက်လှည်းနားမှာ စောင့်ခိုင်းပြီး လှေခါးထစ်တွေ
အတိုင်း ပြေးတက်ခဲ့လိုက်တယ်..။ ဒီအမှိုက်ဖိုးလေးရရင် ညီမလေးကို
ကောက်ညှင်းပေါင်းနဲ့ အကြော်ဝယ်ကျွေးရမယ်လေ..။
အခန်းတံခါး ခပ်ဟဟလေး ပွင့်လာတယ်.. ပြီးတော့ ဖြူဖြူဝဝ အန်တီကြီး တစ်ယောက်
ထွက်လာပြီး အမှိုက်တွေ ထည့်ထားတဲ့ သံပုံးကြီး တစ်ပုံး ထုတ်ပေးတယ်..။
“ရော့.. ကောင်လေး အမှိုက်ယူပြီးရင် အမှိုက်ပုံး ပြန်လာပေး..”
ကျနော်လည်း အမှိုက်ပုံးကြီးကိုမပြီး လှေခါးထစ်တွေ အတိုင်း ပြန်ဆင်းခဲ့တယ်..
အမှိုက်တွေ မကျအောင်လည်း ဂရုစိုက်ရသေးတယ်လေ..။
ညီမလေးကတော့ အမှိုက်လှည်းကြီးဘေးမှာ မြေကြီးတွေကို ဒုတ်နဲ့ ခြစ်ပြီး ဆော့နေလေရဲ့..
ကျနော်လည်း သံပုံးထဲက အမှိုက်တွေကို အမှိုက်လှည်းကြီးပေါ် ပစ်ပြီး
သံပုံးလွတ်ကြီးနဲ့ ပြန်ပြေးတက်ရတာပေါ့ .. ခြောက်လွှာကို..။
အပေါ်ထပ် အခန်းဝကို ပြန်ရောက်တော့..
“ဘယ်လောက် ပေးရမလဲ..”
“အန်တီ စေတနာရှိသလောက် ပေးပါခင်ဗျာ..”
“ရော့.. ငါးဆယ် ယူလိုက်..”
အန်တီကြီး ထုတ်ပေးတဲ့ နှစ်ရာတန်လေးကို လက်တဖက်က ကိုင်ပြီး ကျနော် ခေါင်း
ကုတ်လိုက်တယ်..
ကျနော့်မှာ ရှိတာက ငါးဆယ်တန် တစ်ရွက်ပဲ ရှိတာလေ.. ကျနော် ဘယ်လို အမ်းရမလဲ..။
ကျနော် ငါးဆယ်တန် နွမ်းဖတ်ဖတ်လေးကို ထုတ်ပြီး..
“ကျနော့်မှာ ငါးဆယ်ပဲ ရှိတာ.. ပြန်အမ်းဖို့ မရှိဘူး ခင်ဗျ.. အန်တီ အနှုတ်
မရှိဘူးလား..”
“ဟဲ့.. အဲဒါဆို ဘယ်လို လုပ်မှာလဲ.. ငါ့မှာ အနှုတ်မရှိဘူး..”
“ဒါဆို ကျနော် လမ်းထိပ်က ကွမ်းယာဆိုင်မှာ အနှုတ် သွားလဲ လိုက်မယ်..”
“ဘယ်ဖြစ်မလဲ.. နင် ပြန်မလာရင် ဘယ်လို လုပ်မလဲ.. နင်တို့လို
အမှိုက်ကောက်သမားတွေက ဒီလိုတွေကြီးပဲ..”
“ဟာ.. ကျနော် အဲ့လို မလုပ်ပါဘူး.. ကျနော် ပြန်လာ အမ်းမှာပါ..”
“အို.. တော်ပြီး ရှုပ်ရှုပ်ရှက်ရှက်.. နေ.. နေတော့.. အမ်းဖို့ မရှိရင်
မပစ်တော့ဘူး.. အမှိုက်တွေ သွားပြန်ယူပေး..”
“ဗျာ..!!..”
ကျနော် အံ့သြသွားတယ်..။ စိတ်ထဲမှာလည်း ကျင်ကနဲ ဖြစ်သွားတယ်..။
ကျနော် ဘာမှ မပြောတော့ပါဘူး.. နှစ်ရာတန်လေးကို သူ့လက်ထဲ ပြန်ထည့်ပြီး
လည့်ထွက်ခဲ့လိုက်တယ်..။
လှည်းထဲက သူ့အမှိုက်တွေကို ကြည့်လိုက်တော့ ဘီယာဘူးခွံတွေ..
နိုင်ငံခြားဖြစ် တန်ဖိုးကြီး အစားအစာတွေရဲ့ ဗူးခွံတွေ..။ ညီမလေးက
တော်တော် ဗိုက်ဆာနေပြီ ထင်ပါတယ်.. အဲ့ဒီ ဗူးခွံတွေထဲက ကြက်ပေါင်ကြော်ပုံ
ပါတဲ့ ဂတ်ထူဗူးခွံကြီးကို ကိုင်ပြီး ကြည့်လို့..။
ကျနော် စိတ်မကောင်းတော့ ဖြစ်မိတယ်.. ဒါပေမဲ့ ကျနော် ဝမ်းမနည်းပါဘူး..။
ဒါဟာ ကျနော်တို့ ရင်ဆိုင် ကြုံတွေ့နေကျ ခါးသက်သက် ဘဝပါ..။
လူတော်တော်များများက ကျနော်တို့ကို မသတီကြဘူး..။ နှိမ့်ကျနေတဲ့
ကျနော်တို့ ဘဝကို ဘယ်သူမှ ကိုယ်ချင်း မစာနိုင်ကြဘူး..။ လက်တွဲဖေးကူမယ့်သူ
ဆိုတာလည်း ရှားပါးလွန်းလှပါတယ်..။ စိတ်ဓါတ်ဖြူစင်ပြီး
မေတ္တာထားတတ်ကြသူတွေလည်း ရှိတော့ ရှိပါတယ်..။ လူနည်းစုပေါ့..။
ကျနော်တို့ အမှိုက်ကောက်သမားဆိုတာ သူတပါးပတ်ဝန်းကျင် သန့်ရှင်းဖို့အတွက်
ကိုယ်ကိုတိုင် အညစ်ပေခံပြီး ကူညီနေကြ သူတွေပါ..။ လူတွေက အမှိုက်
ဆိုတာနဲ့တင် လက်နဲ့ ပြန်ကိုင်ဖို့တောင် ရွံရှာ တတ်ကြပါတယ်..။ ဒီလို
သူများ ရွံရှာတဲ့ အလုပ်ကို ကျနော်တို့ကတော့ ကျေကျေနပ်နပ်ကြီး
လုပ်နေရတာပါ..။
ဒါဟာ.. ဘဝပေးကုသိုလ်ကံလို့ ပြောမလား..! ခေတ်ကာလကြောင့်လို့ ပြောမလား..!
ဒီအမှိုက်တွေထဲမှာ ကျနော်တို့ ထမင်းအိုး ရှိတယ်..
ဒီအမှိုက်တွေထဲမှာ ကျနော်တို့ ရိုးသားမှု ရှိတယ်..
ဒီအမှိုက်တွေထဲမှာ ကျနော်တို့ ဘဝ ရှိတယ်..
ဒီအမှိုက်တွေထဲမှာ ကျနော်တို့ အနာဂတ် ရှိတယ်..
ဒီအမှိုက်တွေထဲမှာ ကျနော်တို့ရဲ့ ဖြူစင်သန့်ရှင်းတဲ့ စိတ်ဓါတ်တွေ ရှိတယ်..
အဲ့ဒီလိုပဲ ဒီအမှိုက်တွေထဲမှာ ကိုယ်ချင်းစာတရား မရှိသူတွေရဲ့ ပုပ်ပွနေတဲ့
စိတ်ဓါတ်တွေ ရှိတယ်..
ကျနော် သက်ပြင်း လေးလေးကြီး ချကာ အမှိုက်လှည်းကြီးကို တွန်းပြီး
ထွက်လာခဲ့လိုက်တော့တယ်..
ညီမလေးကတော့ ပါးစပ်က အကျင့် ပါနေတဲ့ အော်နေကျ အတိုင်း..
(((((အမှိုက်.. အမှိုက်..)))))
(((((အမှိုက်.. အမှိုက်..))))) တဲ့လေ..။
ရေးသားသူ (ကိုရင်နော်)
မှတ်ချက်။ ။ ဒီအဖြစ်အပျက်လေးက အမှိုက်ကောက်သမားလေး တစ်ယောက် တကယ်
ကြုံတွေ့ခဲ့ရတဲ့ ဖြစ်ရပ်မှန် အဖြစ်အပျက်လေး တစ်ခုပါ..။ “လဲနေသူ ထူပေးပါ..
အားငယ်သူ အားပေးပါ..” တဲ့.. ငယ်ငယ်က သင်ခဲ့ရပါတယ်..။ အခုခေတ်မှာတော့
“လဲနေသူ ကျော်သွားပါ.. အားငယ်သူ ဖိနှိပ်ပါ..” ဆိုတာမျိုးတွေ ဖြစ်နေပြီ..။
လူသားချင်း စာနာထောက်ထားကြဖို့တော့ လိုနေပြီ..။ သာမန်လူတစ်ယောက် အတွက်
ငွေနှစ်ရာဟာ ဘာမှ သုံးမဖြစ်တော့ပေမယ့် ဒီပိုစ့်ထဲက မောင်နှမအတွက်တော့
ထမင်းတစ်နပ်စာ ကောင်းကောင်းရပါတယ်..။ လူသားတိုင်း တစ်ဦးနဲ့ တစ်ဦး
အပြန်အလှန် မေတ္တာထားနိုင်ကြပါစေ..။
Posted by အရှင်နာယကာလင်္ကာရ
at 8/22/2009 05:15:00 PM
ကံတွေ အကျိုးပေးအောင်၊ ကံတွေ အကျိုးမပေးအောင် ဘယ်သူကမှ အမိန့်အာဏာ နှင့် လုပ်မပေးနိုင်သလို၊ တားလဲ မတားနိုင်ပါဘူး။ ဒီလေးမျိုးက တော့ ကံတွေ အကျိုးပေးခွင့် ရအောင် ဖန်တီးနိုင်သလို၊ အကျိုးပေးခွင့် မရအောင်လဲ တားမြစ်နိုင်တယ်။ ဒါကို ပထမ ဆုံး အခြေခံအဖြစ် နားလည်ထားကြ ရပါလိမ့်မယ်။
တို့မြန်မာ နိုင်ငံ ဆိုပါတော့၊ ကုသိုလ် လုပ်သူတွေ၊ သီလ တည်ဆောက်သူတွေ၊ ဒါနပြုသူတွေ၊ အလွန် တရာ များပြားလှပါတယ်။ ဘယ်အချိန်မှာ ပဲ ဖြစ်ဖြစ်၊ တစ်ပြည်လုံး အတိုင်းအတာ နဲ့ ကြည့်လိုက်မယ် ဆိုလျှင်၊ ကုသိုလ် လုပ်နေတဲ့ သူတွေ၊ ဒါန ပြုနေတဲ့သူတွေ၊ အမြဲ ရှိနေမှာပါ။ ဒီပုဂ္ဂိုလ် တွေ သေလွန် ကြတဲ့အခါ၊့ မြန်မာ နိုင်ငံမှာ ပြန်မဖြစ် ဘူးလို့ မပြောနိုင်ပါဘူး။ ဖြစ်ကြမှာပါ။ နိကန္တိ ရှိနေတာကိုး။
ဒီလူတွေ မြန်မာနိုင်ငံမှာ လူပြန်ဖြစ်ပါလျှက်၊ ကုသိုလ်ကံ ဒါနကံတွေက ဘာကြောင့် အကျိုးမပေးတာလဲ လို့ ပြောချင်တာ မဟုတ်လား။
မြန်မာပြည်ဟာ သယံဇာတ အလွန်ပေါများကြွယ်ဝပါတယ်။ ဒါ……အများစု လက်ခံထားကြတာပါ။ ဒီလို သယံဇာတ ပေါများကြွယ်ဝနေတာ ကိုက၊ ဒါန ကံ နှင့် ဆိုင်ပါတယ်။ အဲ…….. သယံဇာတတွေ ဖေါ်ထုတ် နိုင်ဖို့၊ အသုံးပြုနိုင်ဖို့၊ လုပ်ယူကြတဲ့အခါမှာတော့၊ စောစောက ပြောခဲ့တဲ့ အချက်လေးချက်ကို ထည့်သွင်း စဉ်းစား ကြရပါလိမ့်မယ်။ မိမိ အသီးသီးရဲ့ ဂတိ၊ ကာလ၊ဥပဓိ၊ ပယောဂ တွေကိုသုံးသပ်ကြရမှာပါ။ ဒါကိုတော့ မိမိ တို့ ဘာသာ သုံးသပ် လောက်ပါပြီ။
ချမ်းသာ မချမ်းသာ ဆိုတာနဲ့ ပတ်သက်ပြီး ဆက်ပြီး တော့ ရှင်းပါဦးမယ်။ မိမိ တို့ ကိုယ်တိုင်ရဲ့ အခြေအနေ၊ ပတ်ဝန်းကျင် အခြေအနေဆိုတဲ့ ကာလ နဲ့ မိမိတို့ရဲ့ လုပ်ဆောင်မှု ဆိုတဲ့ ပယောဂ ဒီနှစ်ခု ကိုသာ ခွဲထုတ်ပြီး၊ ထူးထူးခြားခြား စစ်ဆေးပြပါမယ်။
မိဘမျိုးရိုးတွေက စလိုက်ကြစို့။ အနောက်နိုင်ငံတွေက၊ မိဘ ဘိုးဘွား မျိုးရိုးစဉ်ဆက်တွေ သတိထားကြည့် ကြရအောင်။ ကိုယ်လက်လှမ်းမီ သလောက်တုန်းကပေါ့။ သူတို့က ချမ်းသာမှု ဆိုတာ၊ ပစ္စည်း ချမ်းသာမှု၊ စိတ်ချမ်းသာ မှု နှစ်မျိုးရှိကြောင်း၊ သိကြပါတယ်။ ပစ္စည်း ချမ်းသာလျှင်ဘာမဆို ဖြစ်နိုင်တယ်။ ပစ္စည်း ချမ်းသာလေ၊စိတ်ချမ်းသာ လေဆိုတဲ့၊ အယူအဆ မျိုးများ ဖြစ်ပါတယ်။ ဒီတော့ ပစ္စည်း ချမ်းသာမှု ကို အဓိက ထားပါတယ်။ ပိုင်ဆိုင်မှု အစိုးတရ ရှိမှု များလေလေး၊ ဘုန်းကျက်သရေ တိုးပြီး၊ စိတ်ချမ်းသာလေလေ ဆိုတာ မျိုးပါ။ ဟုတ်လည်း ဟုတ်ပါတယ်။ ဘုန်းကျက်သရေ ဆိုတာ၊ ပိုင်ဆိုင်မှု အစိုးတရရှိမှု များလေလေ တိုးပွါးလေလေပါ။ ဒါကြောင့် လည်း ပိုင်ဆိုင်မှု များအောင်၊ နယ်မြေတွေ အများကြီး နည်းအမျိုးမျိုးနှင့် ချဲ့ထွင် ယူကြတာပါ။ ပစ္စည်း ချမ်းသာမှု က အဓိက ဖြစ်လေတော့၊ စိတ်ချမ်းသာမှု က နောက်လိုက် သာမည ဖြစ်သွား ပါတယ်။
ဒီတော့ ပစ္စည်းချမ်းသာအောင်ရှာတယ်။ ချမ်းသာသည်ထက် ချမ်းသာအောင် ကြိုးစားတယ် ။ ပစ္စည်းချမ်းသာအောင် ရှာဖွေ တဲ့ နေရာမှာ ပိုရအောင် ပိုလွယ်ကူအောင်၊ ပိုအသုံးဝင်အောင်၊ ပိုစွမ်းဆောင်နိုင်အောင်၊ နည်းအမျိုးမျိုးကိုလည်း ကြံဆပါတယ်။ ခန္ဓာကိုယ်ချမ်းသာအောင်လည်း ပိုင်ဆိုင်ထားသော ပစ္စည်း ဥစ္စာ ဓနဖြင့်၊ နည်းအမျိုးမျိုးကြံဆပြီး စီမံ နေထိုင်ကြပါတယ်။ နည်းဆိုတာ က စောစောက ပြောခဲ့သလို “ လိုလျှင်ကြံဆ နည်းလမ်းရ” ဆိုတဲ့အတိုင်း “ စူးစမ်းရှာဖွေ နိုင်လေ တွေ့ရှိလေ” ဆိုတဲ့အတိုင်း၊ ကြံဆ နိုင်သလောက် စူးစမ်းရှာဖွေနိုင်သလောက်၊ မကုန်နိုင် မခန်း နိုင် အံမခန်း ရနိုင်တဲ့ အရာမျိုးပါ။
လောကီမှာတော့ ဆုံးနိုင်တယ် လို့တောင် မရှိပါဘူး။ သူတို့ နိုင်ငံတွေမှာ ဒါတွေ ဦးစား ပေးကြပါတယ်။ ဒါတော့ ကိုယ့်မိဘ တွေလက်ထက်က၊ ဥစ္စာဓန အရင်းအနှီးတွေ ရှာဖွေ စုဆောင်းခဲ့ကြတော့၊ သားသမီးတွေ လက်ထက် ရောက်တဲ့အခါ၊ အဲဒီ အရင်းအနှီးတွေ ကို အသုံးပြုပြီး၊ ထပ်ပြီး တိုးပွါးအောင် ရှာနိုင်လာကြပါတယ်။ အရင်းအနှီး ရှာဖွေတဲ့နည်း ၊ အရင်းအနှီးကို နည်းမှန် လမ်းကျ အသုံးချနိုင်တဲ့ နည်းတွေ အသုံးပြု နိုင်လာကြပါတယ်။ နည်းပညာ တွေ့ရှိမှု အမျိုးမျိုးနှင့် တီထွင်မှု အမျိုးမျိုးတွေက လည်း မိဘတွေ လက်ထက် က ရှာဖွေ စုဆာင်း မှတ်တမ်းတွေ ပြုလာကြတော့၊ အခြေခံ အဆောက်အဦးတွေလည်း ရှိနေကြတော့ သားသမီးတွေ လက်ထက်ရောက်တဲ့အခါ၊ တိုးပြီးတော့ ရှာဖွေကြံဆ တီထွင် လာနိုင်ကြပါတယ်။
ဒီတော့ အရင်းအနှီးနဲ့ နည်းပညာ ဖြန့်ဖြူးမှု၊ ဆင်းသက် ဆက်ဆံရရှိမှု၊ အားထုတ်မှု ဒါတွေ ပြည့်စုံတော့ ရုပ်ဝတ္ထု အပိုင်းမှာ အံ့မခန်း ကြီးထွားဖွံ့ဖြိုး မှု ကိုတွေ့မြင် လာကြရပါတယ်။ ဒါကိုပဲ ကြီးပွါး တိုးတက်တယ် လို့ ခေါ်နေကြတာပါ။
တို့မြန်မာနိုင်ငံ ကို ကြည့် ကြရအောင်။ တို့ဘိုး တို့ဘွား တို့မျိုးရိုးက ရှေးရိုးဗမာကြီးတွေဟာ လည်း ချမ်းသာတယ် ဆိုတာ၊ ကိုယ်ချမ်းသာခြင်း၊ စိတ်ချမ်းသာခြင်း ဆိုတဲ့ ခန္ဓာကိုယ်ချမ်းသာမှု၊ ပစ္စည်းစ္စာ ဓန ကြွယ်ဝ ချမ်းသာမှု ဆိုတဲ့ ချမ်းသာနှစ်မျိုးရှိကြောင်း သိကြပါတယ်။ တို့ ရှေးရိုးဗမာကြီးတွေက၊ ပစ္စည်း ချမ်းသာပေမယ့် ကိုယ်စိတ်နှစ်ပါး မချမ်းသာဘူးဆိုလျှင်၊ ဘာလုပ်ဖို့လဲ။ ကိုယ်စိတ် နှစ်ပါး ချမ်းသာမှု ဆိုတာက တောင်မှ၊ စိတ်ချမ်းသာမှု က သာ အဓိက လို့ယူဆခဲ့ကြပါတယ်။ ဒါ ဟိုတုန်းက မှ မဟုတ်ပါဘူး။ ယခု လည်း ဒီအတိုင်းပါဘဲ။
ဒီတော့ အဓိက ဦးစားပေး အစီစဉ်က စိတ်ချမ်းသာမှု ဖြစ်နေတယ်။ အဓိက ဖြစ်နေတဲ့ အတိုင်းပဲ စိတ်ချမ်းသာမှု အပြည့်အ၀ ရအောင်ရှာကြတယ်။ စိတ်ချမ်းသာအောင် နေကြတယ်။ စိတ်ချမ်းသာမည့် နည်းတွေ ကို အမြတ်တနိုးထားကြတယ်။ တန်ဖိုး အကြီးဆုံးလို့ သတ်မှတ်ကြတယ်။ ဒါကြောင့်ပါပဲ၊ စိတ်ချမ်းသာမှု အပြည့်အ၀ ပေးနိုင်တဲ့ ဗုဒ္ဓ ပိဋကတ် ကျမ်းစာတွေကို အလွန်မြတ်နိုးကြပါတယ်။ လုံးဝ အပျောက်မခံ ကြပါဘူး။ ဆရာတော်၊ သံဃာတော်ဆိုတဲ့ ဘုန်းတော်ကြီးတွေက အပျောက်မခံ သလို၊ အစိုးရမင်း များနှင့်တကွ၊ ပြည်သူလူထု ကလည်း လုံးဝ အပျောက်မခံ ပါဘူး။ တစ်လုံး တစ်ဝါဒ မျှ အကျ အပျောက် မရှိ ရအောင်၊ အရော အနှော မရှိ မူရင်း အတိုင်း၊ သန့် သန့်ကလေး ရှိနေအောင်၊ ထိန်းသိမ်းခဲ့ ကြတာ ယနေ့ တိုင် အောင်ပါပဲ။ နောင်လည်း ဆက်လက် ထိန်းသိမ်းနေကြရဦးမှာပါးပဲ။ ဒါကြောင့် တို့မြန်မာ လူမျိုးတွေ စိတ်ချမ်းသာ ကြပါတယ်။ ဒုစရိုက် မှုခင်းတွေ ဘက်ကလည်း တိုးတက်ကြီးပွါးပါတယ် ဆိုတဲ့ နိုင်ငံ ကြီးတွေ နှင့် နှိုင်းစာလျှင် မပြောပ လောက်ပါဘူး။ စိတ်ချမ်းသာမှု ဘက်က အားရစရာ ကောင်းလောက်အောင် ကို ရှိနေကြတာပါ။
ဒါပေမဲ့ ဟိုးရှေးရှေးကတည်းက ပစ္စည်းဥစ္စာ ချမ်းသာမှု ကို ဦးစားမပေးခဲ့ကြတော့၊ ပစ္စည်း ဥစ္စာကို လိုသည်ထက် ပို မရှာကြပါဘူး။ လိုသည်ထက် ဆိုတာတောင်မှ၊ တစ်ဝမ်း တစ်ခါး စားနိုင် ၀တ်နိုင်ရုံ၊ လှူနိုင် တန်းနိုင်ရုံကလေးလောက်ပါ။ ဒီထက် ပိုမရှာကြပါဘူး။ ရှာလို့ ဖွေလို့လည်း လွယ်လွယ်ကူကူ ဖြစ်တာကြောင့် သံယံဇာတ တွေမှလည်း စားဝတ်နေရေးအတွက်၊ လွယ်လွယ် ကူကူ ထုတ်နိုင်တာကြောင့်ဘာနည်းပညာ မှလည်းမရှာဖွေ ခဲ့ကြပါဘူး။ မရှာရုံသာမကသေးပါဘူး။ ပိုဆိုးတာက နည်းပညာ လာပေးလို့တောင် အရေး တယူ မယူကြပါဘူး။ ဒီတော့ မိဘ ဘိုးဘွားတွေမှာ ပစ္စည်း မပေါများကြပါဘူး။ အမွေ များများ မထားနိုင်ခဲ့ကြပါဘူး။ သားသမီးတွေမှာ အရင်းအနှီးအလုံ အလောက် ဆက်ခံ ရရှိတာမျိုး မရှိပါဘူး။ နည်းပညာ ကတော့ အသစ်အဆန်း မရှိသလောက်ပါပဲ။ ဒီလိုနှင့် မျိုးဆက်ကြီးတ စ်ခု လုံး ဖြစ်လာ လိုက်တော ယခု ထိ ဆိုပါတော့။ တော်ပါသေးရဲ့ ယခုမှ နည်းပညာခေတ်ဆိုပြီး အစိုးရနှင့်တကွ ပညာတတ် အသိုင်းအ၀ိုင်း က ဆော်သြပြီး ၀ိုင်းဝန်း ကြိုးစားနေလို့ ကျေးဇူးတင်ရပါတယ်။ဒါနှင့်များ ပစ္စည်း ဥစ္စာ ဓန ပေါပေါများများ မရှိတာ နည်းပညာ မထွန်းကာ တာ ဘာများပြောချင်ကြသေးတုန်း။
မြတ်စွာ ဘုရားရှင် ကိုယ်တော်မြတ်ကြီးက အရင်းအနှီးနှင့် နည်းပညာ ဖြန့်ဝေမှု၊ ထောက်ပံ့ ပေးကမ်းမှု အဆက်မပြတ် ပြုလုပ်နိုင်မှ၊ ပစ္စည်း ဥစ္စာ ဓန ပေါများကြွယ်ဝ ပြီး၊ ဆင်းရဲမွဲတေမှု မရှိ၊ ဆင်းရဲသား ပပျောက် နိုင်တယ် လို့ စကြာမင်း အဆက်ဆက် က သူတို့သားတော်ကြီးတွေ အား သွန်သင်ခဲ့ကြကြောင်း၊ စက္က၀တ္တိ သုတ္တန်မှာ မိန့်ကြားတော်မူခဲ့ပါတယ်။
ဒီလိုဆိုတော့ စောစောက နိုင်ငံခြားက ဒေါက်တာကလေး တစ်ယောက်ရဲ့အမေး ကို ကိုယ်ဟာ ကိုယ် ဖြေနိုင်လောက်ပါပြီ။ ဒီတရားတော်ကို အလေးထားပြီးတော့ မိမိ တို့ လူမျိုး ပစ္စည်းဥစ္စာ ဓနလည်းကြွယ်ဝ နည်းပညာ လည်း ထွန်းကား၊ စိတ်ချမ်းသာမှု လည်း အပြည့်အ၀ ရကြတဲ့ အနေအထားမျိုး ရောက်အောင်၊ အစိုးရမင်းများအပေါ်၌ သာ တာဝန်လွဲချ မနေကြဘဲ၊ မိမိတို့တစ်နိုင်တစ်ပိုင် စေတနာရှင်များ၊ လူမှုရေး အသင်းအဖွဲ့ များ၊ရပ်မိ ရပ်ဖ များ၊ ဆရာတော် သံဃာတော်များ ကပါ၊ ဦးဆောင်ပြီး၊ အရင်းအနှီး နည်းပညာ ဖြန့်ဝေ နိုင်ရေး၊ ကုသိုလ် အပြည့်အ၀ ရရှိရေး၊ အလေးထား ကြိုးစား ကြပါစို့။ ။
မသိခဲ့ပါဘူး
ယခင့် ယခင် ဟိုးအရင်က…။
ခုတော့
ကီးဘုတ်ပေါ်ပြေးလွှားနေတဲ့
မညီမညာ လက်ချောင်းတွေကို မြင်တိုင်း
ညီညာလှပ
မြတ်ဗုဒ္ဓရဲ့ လက်ချောင်းတွေကို
အားကျမိပါရဲ့…။
ခွက်ဝင်နေတဲ့
ကိုယ့်ခြေဖ၀ါးကို ငုံ့ကြည့်မိတိုင်း
ရှက်ရွံ့မှုနဲ့အတူ
မဟာကရုဏာရှင်ကို
အားနာမိပါရဲ့…။
ဒါလေးကောင်းတယ်
ဟိုအရာ သဘောကျတယ်နဲ့
တစ်ပါးသူရဲ့ ပေတံတွေကြားမှာ
ငါ…
လက်မဖြစ်လိုက်…
စင်တီမီတာဖြစ်လိုက်…။
သူတို့အတွက်
လက်ခုပ်တီးခဲ့ပေါင်းလည်း များပြီ၊
သူတို့တီးတဲ့ လက်ခုပ်သံတွေလည်း
နားထောင်ခဲ့ဖူးပြီ…။
အဲ…
ငါ့ကိုယ်ငါ လက်ခုပ်တီးဖို့ကျတော့
အားလျော့နွမ်းလျ…။
သူတို့ကပဲ ငါ့ကို အုပ်စိုးခဲ့တာလား
ငါကပဲ
အုပ်စိုးခံဘ၀မှာ ပျော်နေခဲ့တာလား…။
မဟုတ်… မဟုတ်…
ဟုတ်တယ်
ဘယ်ဘ၀ရောက်နေမှန်းကို
ငါ့ကိုယ်ငါ မသိခဲ့တာ…။
သေသေချာချာ ငါကြည့်လိုက်တော့
ဟိုက်…
ချိန်ခွင်လျှာ
Error တက်နေပြီ…။ ။
လေးစားစွာဖြင့်
ဖိုးသား
8/22/2009, SAT:, 10:52:38 PM
Posted by sonesiyar.blogspot.com at 10:04 PM
Labels: ကိုယ်တိုင်ရေးကဗျာများ trackbacks
© Blogger templates The Professional Template by Ourblogtemplates.com 2008
Back to TOP