* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Thursday, August 20, 2009

*သောက်လက်စကော်ဖီခွက်ထဲက ကဗျာ (သို့) ညီလေးဖတ်ဖို့*



(၁)

ရေးလက်စတွေ ခဏ ခေါက်ထားလိုက်တယ်။ သောက်လက်စ ကော်ဖီခွက်ကို ချပြီး ဖတ်လက်စ ကဗျာကိုပဲ ဆက်ဖတ်မိတယ်။ ''ညီလေး ဖတ်ဖို့'' ဆိုပဲ။


ဘ၀က မျိုသိပ်မှုတွေနဲ့ ကျင့်သားရခဲ့တာ
ကြာလှပေါ့...
ကြိုးကိုင်ကြမ်းမှ လိမ္မာတယ်လို့
ငါတို့ အမျိုးတွေ ပြောလေ့ရှိတယ်
အဲဒါ မဟုတ်ဘူးနော်၊
လူဆိုတာ ရတနာပဲ ညီလေး။

ကျောပိုးအိပ်ထဲ
စာအုပ်တွေ အပြည့်သိပ်ထည့်
ခေါင်းငိုက်စိုက်ချလို့
စာချည်းပဲကျက်မနေနဲ့။

ဘ၀မှာ
ဘယ်သူ့ကိုမှ မထိခိုက်ဘူး၊
ကိုယ့်အတွက်လည်း နစ်နာမသွားဘူးဆိုရင်ပေါ့
မင်းကြိုက်တာလုပ်ပစ်လိုက်စမ်း
ဦးထုပ်မဆောင်းတဲ့
ဆိုင်ကယ်မောင်းသမားကို ဖမ်းသလို
ငါ မင်းကို လက်လှမ်းတားမှာ မဟုတ်ဘူး။

ဒါပေမယ့်
လှောင်ကန်ထဲ အထည့်ခံထားရတဲ့
ငါးကလေးတွေရဲ့ ဒုက္ခကို စာနာတတ်ဖို့
မင်း စာများများဖတ်ဖို့တော့ လိုလိမ့်မယ်။

ကမ္ဘာ့မြေပုံကြီးရှေ့ချပြီး
တူအောင်အဆွဲကျင့်နေရုံနဲ့
မင်းနဲ့ ကမ္ဘာကြီးနီးလာမှာ မဟုတ်ဘူး
ဒဏ်ရာတွေနဲ့ မိတ်ဆွေဖွဲ့နေရတဲ့
ငါတို့ဝန်းကျင်မှာ
လူသားအချင်းချင်းစာနာတတ်အောင်
မင်းစာများများဖတ်စေချင်တယ်။

အသက်ရှူကျပ်နေတဲ့ ငါတို့ကမ္ဘာမြေမှာ
ငါးကလေးတစ်ကောင်ရဖို့အတွက်
ဘယ်တော့မှ တီမတူးနဲ့ ညီလေး၊
လူဆိုတာ သွေးနဲ့ကိုယ် သားနဲ့ကိုယ်
ဖွဲ့စည်းတည်ဆောက်ထားတာမဟုတ်လား

ငါဆွဲလက်စ ဖဲချပ်ဟာ
မင်းအတွက်လက်ခံတဲ့အခါ
အမှန်တရားဆိုတဲ့ နံပါတ်ကလွဲပြီး
ဘာနဲ့မှ ဆေးပေးမီးယူမလုပ်ပစ်နဲ့နော်....။


ကဗျာက ဒါပါပဲ။
ဒါပဲဆိုပေမယ့် သောက်လက်စ ကော်ဖီကတော့ အေးခဲသွားတယ်။
စီးကရက်မသောက်တတ်တာပဲ ခပ်ကောင်းကောင်း။
နှုတ်ခမ်းမီးလောင်သွားမှာ စိုးလို့၊
အဖွဲ့အစည်း တစ်ခုက ထုတ်ဝေတဲ့ နှစ်လည်စာစောင်ကို အမှတ်တမဲ့ လှန်လှောရင်း ငြိယှက်သွားစေတဲ့ ကဗျာ။
ကဗျာရေးသူက 'ကိုသစ် (ကေတုမတီဆောင်)' တဲ့၊
ကဗျာရေးသူရဲ့ အမည်ကို မကျက်မိပေမယ့် ရင်ထဲမှာ ၀မ်းစာအတော်များများ ဒါမှမဟုတ် ၀န်ထုပ်ဝန်ပိုးတစ်ခုကို
နှလုံးသားနဲ့ ထမ်းထားတာ သေချာနေပါတယ်။
ညီလေးဖတ်ဖို့ တဲ့။
မရင့်ကျက်သေးတဲ့ လူငယ်တစ်ယောက်ကို ညီလေး လို့ ခေါ်ရင် ခုဖတ်နေမိတဲ့သူလည်း ညီလေး ပေါ့။

(၂)
ဘ၀က မျိုသိပ်မှုတွေနဲ့ ကျင့်သားရခဲ့တာ
ကြာလှပေါ့...
ကြိုးကိုင်ကြမ်းမှ လိမ္မာတယ်လို့
ငါတို့ အမျိုးတွေ ပြောလေ့ရှိတယ်
အဲဒါ မဟုတ်ဘူးနော်၊
လူဆိုတာ ရတနာပဲ ညီလေး။

ကဗျာရဲ့ အစပိုဒ်က မောင်းနှင်လိုက်တဲ့ အတွေးတွေက ငယ်စဉ်က စာသင်ဇရပ်လေးဆီ ကျောင်းပြန်တက်သွားကြပါတယ်။
ကြိမ်လုံးဝင့်သံတွေ၊ အော်ဟစ် ကြိမ်းမောင်းသံတွေကြားမှာ အားငယ်စိုးရွံစွာ ရုန်းထနေရတဲ့ ကလေးငယ်တစ်ယောက်ရဲ့ အိပ်မက်တွေကို ပြန်ထူပေးနေချင်မိပါရဲ့။
စေတနာဆိုတဲ့ ဝေါဟာရကို ကရုဏာဒေါသောတွေနဲ့ မသဲမကွဲ ရောထွေးပစ်တတ်တဲ့ စာသင်ခန်းတွေကို အကြိမ်ကြိမ်ဖြတ်သန်းခဲ့ရတဲ့ ညီလေးဟာ ကဗျာဖတ်သူကိုယ်တိုင်ဖြစ်နေခဲ့ပါရောလား။
ကဗျာရေးသူကိုယ်တိုင်ကရော။

ကြိုးကိုင်ကြမ်းမှ လိမ္မာသတဲ့လား။
မဟုတ်ဘူး မဟုတ်ဘူး။
လွှတ်ချလိုက်၊
လွှတ်ချပစ်လိုက်။
လက်ဆင့်မကမ်းချင်ပါနဲ့တော့။
ကဗျာဆရာနဲ့ အတူ ရောယောင်အော်မိတယ်၊

လူဆိုတာ ဘာသာစကားရှိတယ်။
ဘာသာစကားမရှိတဲ့ ခိုင်းနွားတစ်ကောင်ဆိုရင်တောင် 'ဟိတ်' ဆိုတဲ့ အသံကို ဘာသာပြန်တတ်တာပါပဲ။
''လူသားတစ်ယောက်နဲ့ တစ်ယောက်
နုညံ့ခြင်းပြိုင်ပွဲ မရှိတာကိုတော့ ကျွန်တော်က ရယ်သွမ်းသွေးလိုလှပါတယ် '' ဆိုတဲ့ ကဗျာဆရာကြီး မောင်ချောနွယ်ရဲ့ စကားက ပိုပြီး အမှတ်ရစရာပါ။


မျက်ရည်တွေေ၀၀ါးနေတဲ့ကြားထဲ
အဲဒီ ကြိမ်လုံးတွေနောက်ကို ၀င်ပုန်းကြည့်ချင်ခဲ့ပါတယ်။
လူဆိုတာ ရတနာပဲ တဲ့။
မိဘဆရာတွေကို ထိထိရှရရှ လွမ်းမိသွားပါတယ်။

ပြီးတော့ မပြောဖြစ်ခဲ့ပဲ(ပြောခွင့်လည်း မရခဲ့ပဲ) ရင်ဘတ်ထဲမှာ တငွေ့ငွေ့လောင်ခဲ့တဲ့စကားတွေကိုတော့ နောက်ထပ်မျိုးဆက်တစ်ခုရဲ့ နှလုံးသားထဲ ဆက်လောင်မြိုက်ဖို့ ချန်မထားလိုတော့တာ သေချာသွားပါတယ်။


(၃)
ကျောပိုးအိပ်ထဲ
စာအုပ်တွေ အပြည့်သိပ်ထည့်
ခေါင်းငိုက်စိုက်ချလို့
စာချည်းပဲကျက်မနေနဲ့။

ကျောင်းမှန်မှန်တက် စာမခက်။ စာမှန်မှန်ကျက် အတန်းတက်။ နံရံပေါ်က တွန်းတွန်းတိုက်တိုက် ကန်ချက်တွေကို အလူးအလဲ ပုတ်ထုတ်ဖို့ ကုန်းထ။ ညီလေးက ကျောပိုးအိပ်ထဲကို စာအုပ်တွေ အပြည့်အသိပ် ထည့်ပြီးချိန်မှာ ညီလေးကိုလည်း စာသင်ခန်းတွေထဲ အပြီးအပိုင် ထိုးထည့်ခံလိုက်ရတော့တာပါပဲ။
ညီလေးကိုယ်တိုင်က စာသင်ခန်းတွေထဲ တိုးဝင်သွားတာလား၊
တစ်စုံတစ်ရာက တွန်းပို့လိုက်တာလား။
ဘာပဲဖြစ်ဖြစ် ဒီနေ့ထိ ညီလေးက စာသင်ခန်းထဲမှာ။
ပြီးတော့ ညီလေးကိုယ်တိုင်ကလည်း သင်ခန်းစာဖြစ်သွားခဲ့သေးရဲ့။
ဟောဒီမှာ
သင်တန်းဆင်းလက်မှတ်တွေ များလားတယ်၊
မတောက်တခေါက် သိတာတွေ များလာတယ်။
မသေချာတာတွေ များလာတယ်။
ပန်းတိုင်တွေ များလာတဲ့အထိ အန္တရာယ်ကြီးထွားစေတဲ့ အဲဒီသင်ရိုးဆန်လွန်းတဲ့ နေ့ရက်တွေထဲမှာ
ညီလေးရေ အမှန်တကယ်ရော ပျော်ပါရဲ့လားကွယ် ။

(၄)
ဘ၀မှာ
ဘယ်သူ့ကိုမှ မထိခိုက်ဘူး၊
ကိုယ့်အတွက်လည်း နစ်နာမသွားဘူးဆိုရင်ပေါ့
မင်းကြိုက်တာလုပ်ပစ်လိုက်စမ်း
ဦးထုပ်မဆောင်းတဲ့
ဆိုင်ကယ်မောင်းသမားကို ဖမ်းသလို
ငါ မင်းကို လက်လှမ်းတားမှာ မဟုတ်ဘူး။

လူတွေရဲ့ စိတ်နဲ့ စာရိတ္တထက် ဗဟိဒ္ဓကိုပဲ တို့မီးရှို့မီးလုပ်တတ်တဲ့ အကန့်အသတ်တွေကို ဖောက်ထွက်နိုင်ဖို့၊ အဲဒီ သူပြောလူပြောလူ့ကျင့်ဝတ်တွေထဲ ရောယောင်ပြီး လူဖြစ်မရှုံးဖို့ ။
၂၁ ရာစုကို ၂၁ ရာစုအတိုင်းနေတတ်ဖို့တော့ အတိအကျလိုအပ်တယ်။
စိတ်ကိုသာ လှပအောင် ၀တ်ဆင်တတ်ရင် အပေါ်ယံအကြောင်အကျားတွေက ဘယ်လိုမှ သိမ်ငယ်စရာမရှိဘူး။

(၅)
ဒါပေမယ့်
လှောင်ကန်ထဲ အထည့်ခံထားရတဲ့
ငါးကလေးတွေရဲ့ ဒုက္ခကို စာနာတတ်ဖို့
မင်း စာများများဖတ်ဖို့တော့ လိုလိမ့်မယ်။

ကမ္ဘာ့မြေပုံကြီးရှေ့ချပြီး
တူအောင်အဆွဲကျင့်နေရုံနဲ့
မင်းနဲ့ ကမ္ဘာကြီးနီးလာမှာ မဟုတ်ဘူး
ဒဏ်ရာတွေနဲ့ မိတ်ဆွေဖွဲ့နေရတဲ့
ငါတို့ဝန်းကျင်မှာ
လူသားအချင်းချင်းစာနာတတ်အောင်
မင်းစာများများဖတ်စေချင်တယ်။

အရေးကြီးတယ်၊
အရေးကြီးနေတယ်။
အရေးတကြီး ဖြစ်နေတယ်။
ကမ္ဘာကြီးရဲ့ နာမကျန်းမှုတွေကြား လူတွေ စာရိတ္တဆင်းရဲလာကြတယ်။
ကိုယ့်ရိုးသားခွင့်ကို သူတစ်ပါးဆီမှာလက်ဖြန့်တောင်းနေကြရတယ်။
တစ်ယောက်ရဲ့ ရပိုင်ခွင့်ကို တစ်ယောက်က တံခါးပိတ်ပစ်လိုက်ကြတယ်။
ကမ္ဘာတစ်ခြမ်းက စစ်ပွဲတစ်ပွဲဟာ
ကမ္ဘာတစ်ခြမ်းက ငတ်မွတ်ခေါင်းပါမှုဟာ
ကမ္ဘာတစ်ခြမ်းက ငလျင်နဲ့ မုန်တိုင်းတွေဟာ
ကိုယ့်ရဲ့ ခေါင်းတစ်ခြမ်းကိုက်ဝေဒနာလောက် အရေးမကြီးဘူး တဲ့။
တကယ်က အဲဒီလို မဟုတ်ဘူးနော်။
ကမ္ဘာပြုမိုးတွေ ရွာဖို့ ညီလေးရဲ့ လက်တွေကို ဆေးကြောထား၊
ကမ္ဘာပြုပန်းတွေ ပွင့်ဖို့ ညီလေးရဲ့ စိတ်တွေကို ပျိုးထား။
ကမ္ဘာမြေကို သင်ယူဖို့တော့ ညီလေးကိုယ်တိုင်ရဲ့ အရေးပေါ်ကိစ္စ။
ကဗျာဆရာနဲ့အတူ။
ညီလေးနဲ့အတူ ကမ္ဘာမြေရဲ့ စာမျက်နှာတွေကို ဖတ်ကြရမှာပါ။

(၆)
အသက်ရှူကျပ်နေတဲ့ ငါတို့ကမ္ဘာမြေမှာ
ငါးကလေးတစ်ကောင်ရဖို့အတွက်
ဘယ်တော့မှ တီမတူးနဲ့ ညီလေး၊
လူဆိုတာ သွေးနဲ့ကိုယ် သားနဲ့ကိုယ်
ဖွဲ့စည်းတည်ဆောက်ထားတာမဟုတ်လား

ငါဆွဲလက်စ ဖဲချပ်ဟာ
မင်းအတွက်လက်ခံတဲ့အခါ
အမှန်တရားဆိုတဲ့ နံပါတ်ကလွဲပြီး
ဘာနဲ့မှ ဆေးပေးမီးယူမလုပ်ပစ်နဲ့နော်....။

ကော်ဖီက အေးစက်သွားပြီမို့ ကဗျာကိုပဲ မော့ချပစ်လိုက်တယ်။

+++++++++++++++++++++++++++++++++++++++++++++++

ဓမ္မဂင်္ဂါ ဘလော့မှ ကူးယူဖော်ပြ မျှဝေအပ်ပါတယ် ခင်ဗျာ…။

လေးစားစွာဖြင့်
ဖိုးသား

Read more...

ရန်ကုန်သွားတောလား (၃)


တောထဲ လျှောက်သွားရင်းနဲ့ လူငယ်လေးတစ်ယောက် (သူငယ်ချင်းတွေ ကြားမှာ ဘုန်းကြီးစိတ်ပေါက်နေသူလို့ အသိများသူ)က မေးခွန်းလေး မေးခဲ့တယ်။ ဒီမေးခွန်းကို မြန်မာပြန်ရောက်ကတည်းက ကိုယ့်ကိုယ်ကို ပြန်မေးပြီး စဉ်းစားနေတာ။ သူမေးလာတော့ ချက်ချင်းပဲ ဖြေလိုက်ခဲ့ပါတယ်။


လူငယ်။ ။ အရှင်ဘုရား တစ်နေ့တစ်ခြား တပည့်တော်တို့ ရွှေတိဂုံတို့ ဘာတို့ ၀န်းကျင်မှာ အတွဲတွေ တအားတိုးပွားလာနေတယ်။ ကိုးတန်းအရွယ်လောက် ကောင်လေး၊ ကောင်မလေးတွေက အစ ရည်းစားတွေ ပလူပျံအောင် ထားနေကြတာ ဘာကြောင့်လို့ ထင်လဲ..။ ဘာကြောင့်မို့ မြန်မာနိုင်ငံကြီးမှာ ရည်းစားတိုးပွားနှုန်းတွေ မြင့်တက်နေရတာလဲဘုရား။ ရည်းစားတိုးပွားနှုန်းနဲ့အတူ လူငယ်အေအိုင်ဒီအက်စ်သမားတွေ (အထူးသဖြင့် နယ်တွေက လူငယ်တွေမှာ လိင်ဆက်ဆံမှုနဲ့ မူးယဇ်ဆေးဝါး ထိုးသွင်းမှုတွေကြောင့် အေကိုက်သူတွေ) တိုးပွားနှုန်းကလဲ ကြောက်စရာကောင်းလောက်အောင် တွေ့နေရတယ်။ အဲဒါတွေက ရည်းစားတွေ ထည်လဲတွဲပြီး မစောင့်စည်းကြတော့လို့ အေလူငယ်တွေ တိုးပွားလာနေရတယ်လို့ ထင်ပါတယ်။ အရှင်ဘုရား အမြင်ကို ပြောပါအုံးဘုရား။

ဦးဇင်း။ ။ လူငယ်ဆိုတာ မျှော်လင့်ချက်မဲ့ရင် အလေလိုက်ကြတာပဲ။ မျှော်လင့်ချက်တွေနဲ့ ပြည့်နေတဲ့ လူငယ်ကတော့ အဲဒါတွေအတွက် အချိန်မရှိကြဘူး။



Read more...

What is Buddhism? (အပိုင်း ၃)

The Middle Way

The path to the ending of all suffering is called the Middle Way because it avoids the two extremes of self-indulgence and self-torment. Such extreme behavior does not lead to peace of mind. This pathway consists of cultivating virtue, meditative serenity and wisdom and is further elaborated as the Noble Eightfold Path:

1. The perfection of understanding: right view of the basic truths of existence.
2. The perfection of intention: thoughts motivated by loving-kindness, compassion and renunciation.
3. The perfection of speech: truthful, harmonious, gentle and meaningful.
4. The perfection of behavior: non-violence, not stealing and responsible sexual conduct.
5. The perfection of employment: earning a living in a way that does not harm or exploit others or oneself.
6. The perfection of effort: cultivating and maintaining wholesome states of mind while overcoming unwholesome states and keeping them at bay.
7. The perfection of conscious awareness: mindfulness of ones body, feelings, mind and objects of mind.
8. The perfection of meditative concentration: deep unification, peace and purity of mind.

When all eight factors of the path are brought to maturity, one penetrates the true nature of existence with insight and reaps the fruit of the Buddha's teachings: perfected wisdom and unshakable liberation.

(to be continued....)

Read more...

ဘ၀သံသရာ နှင့် ဘ၀ကံကြမ္မာ






စာရေးဆရာ ရေနံ့သာ အောင်ချမ်းဇော်


ဘ၀သံသရာနှင့် ဘ၀ကံကြမ္မာ

သတင်း
ရွှေလမ်းငွေလမ်းဝင်းကြည်


အံ့သြထိန့်လန့်ဖွယ်ရာ မြွေကြီးတစ်ကောင်နှင့် စင်ကာပူနိုင်ငံတွင် ကြုံတွေ့ရသူတစ်ဦး၊ ပရလောကမှ စင်ကာပူနိုင်ငံသူ မြစိမ်းရောင်မင်းသမီးနှင့် ကြုံရသူ။
MAI ဘိုရင်း လေယာဉ်ကြီး ပေါ်မှ လေထီး မပါဘဲ ခုန်ချချင်သည့် အပြေးမတက် ထမင်းငတ်သူ။
စင်ကာပူနိုင်ငံ (VIEW ROAD HOSPITAL) စိတ္တဇဆေးရုံ၊ စင်ဘောင်ဝဲ ထောင်ကြီးနှင့် လင်မ်ချုကောင် ရဲစခန်း ထဲ ရောက်ရပြီး လူမှား၍ လက်ထိပ်ခတ်ခံခဲ့ရသူ တစ်ဦးက ဘ၀ကံကြမ္မာကို လှည့်စား ကုစားခဲ့ရသည် ဖြစ်ရပ်မှန် ကိုယ်တွေ့ အကြောင်းအရာ များကိုတင်ပြထားပါသည်။ (မှတ်ချက်။ ။စင်ကာပူနိုင်ငံသို့(၆)နှစ်အတွင်း (၈)ခေါက်တိတိ သွားခဲ့သော်လည်း ရေနံ့သာအောင်ချမ်းဇော်သည် လောကိစီးပွားရေးမှာ မွဲမြဲ မွဲလျှက်ပါ…။ လောကုတ္တရာ ချမ်းသာသည်ကား..? )

အမှတ်၂၅၊ မြနန္ဒာလမ်း(ဗိုလ်ချုပ်လမ်းဒေါင့်)၊ သိင်္ဂါဂီရိ ရပ်ကွက်- မကွေးမြို့နေ စာရေးဆရာ ရေနံ့သာ အောင်ချမ်းဇော်က သီလ၀ ဘာသာရေး မဂ္ဂဇင်းတွင် လစဉ်ပင်တိုင် ရေးသားခဲ့ပြီး ယခု အခါ ၄င်းစာမူများအား စုပေါင်း၍(ဘ၀သံသရာနှင့် ဘ၀ကံကြမ္မာ) လုံးချင်း ၀တ္ထု အဖြစ် ထုတ်ပေလိုက်ပြီ ဖြစ်ကြောင်း..။

စင်ကာပူနိုင်ငံရောက် မြန်မာလုပ်သား တစ်ဦး၏ တွေ့ကြုံခံစားရပုံများကို ဘ၀သံသရာနှင့် ဘ၀ကံကြမ္မာစာအုပ်တွင် ရေနံ့သာ အောင်ချမ်းဇော်က ရင်ဖွင့် တင်ပြထား သဖြင့် ဖတ်ရှုလေ့လာခံစားနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။


ရွှေလမ်းငွေလမ်းဝင်းကြည်


Read more...

နာမပရူ ပရိစ္ဆေဒဉာဏ်နှင့် ဒိဋ္ဌိဝိသုဒ္ဓိ အပိုင်း (၁)


ကျေးဇူးရှင် (မူလ)ကသစ်ဝိုင်ဆရာတော်ကြီး ဟောကြားတော်မူအပ်သော


နာမပရူ ပရိစ္ဆေဒဉာဏ်နှင့် ဒိဋ္ဌိဝိသုဒ္ဓိ တရားတော်


အေကၡယ် သညိေနာ သတၱာ၊ အေကၡယ်သၼိ ံ ပတိ႒ိတာ။

အက္ခေယျံ အပရိညာယ၊ ယောဂ မာယန္တိ မစ္စုနော။


အက္ခေယျသညိနော- အသက်လိပ်ပြာ အကောင်သတ္တ၀ါမဟုတ်သော နာမ်အစစ် ရုပ်အစစ်၌ အသက်၊ လိပ်ပြာ၊ အကောင်သတ္တ၀ါလို့ အမှတ်မှားနေကြကုန်သော။ အက္ခေယျသ္မိံ-သက်လိပ်ပြာ အကောင်သတ္တ၀ါ မဟုတ်သော နာမ်အစစ် ရုပ်အစစ်၌။ ပတိဋ္ဌိတာ-အသက်၊ လိပ်ပြာ၊ အကောင်သတ္တ၀ါဟု စိတ်ထဲမှာ စွဲစွဲမြဲမြဲ ခိုင်ခိုင်ခန့်ခန့် တည်တည်တံ့တံ့ ဖြစ်နေကြကုန်သော။ သတ္တာ-ပုပုရွရွ မြင်မြင်သမျှ အန္ဓပုထုဇဉ် မှန်သမျှတို့သည်။

အက္ခေယျံ- အသက်လိပ်ပြာ အကောင်သတ္တ၀ါမဟုတ်သော ရုပ်အစစ် နာမ်အစစ်တွေကို။ အပရိညာယ - ပိုင်းခြားထင်ထင် ကိုယ့်ကိုယ်တိုင် ကိုယ်ပိုင်ဉာဏ်ဖြင့် မသိမမြင်ကြခြင်းကြောင့်။ မစ္စုနော- အိုမင်း၊ နာမင်း၊ သေမင်း၊ မာရ်နတ်မင်း၏။ ယောဂံ-သူပိုင်နက် ထဲတည်းဟူသော (၃၁)ဘုံနယ်ထဲသို့။ အာယန္တိ-မုချမသွေ တစ်လိုက်ထဲလိုက်ပါ၍နေကြရ ကုန်တော့၏တကား။ သာဓု သာဓု သာဓုပါဘုရား။ ။ ။


ဤဒေသနာတော်၏ အဓိပ္ပါယ်ကား ရှေ့နားက နာမ် ရုပ်ကို ရေးထားပြီး၊ နောက်နားက သေတာလေးကို သုံးခုပိုင်းပြီးရေးထားပါ။ (နာမ် - ရုပ် - သေ) နောက်တုန်းကလည်း နာမ်ရုပ်ကို မမြင်ခဲ့လို့ သေဖူးခဲ့ပြီ၊ ယခုလည်း သေတုန်း၊ နောင်ကိုလည်း နိဗ္ဗာန်မရမချင်း သေရလိမ့်အုံးမယ်လို့ဆိုတာ ကျိန်းသေ မှတ်ကြပါ။ (နာမ်ရုပ် - မွေး၊နာ၊အို) အရင်တုန်းကလည်း နာမ်ရုပ်ကို မမြင်ခဲ့လို့ မွေးဖူးခဲ့ပြီ၊ အိုလည်းအိုခဲ့ဖူးပြီ၊ နာလည်းနာခဲ့ဖူးပြီ။ ယခုလည်း မွေးတယ်၊ အိုတယ်၊ နာနေတယ်၊ နောင်ကိုလည်း နာမ်ရုပ်ကို မမြင်သေးသမျှ မွေးရလိမ့်အုံးမယ်၊ အိုရအုံးမယ်၊ နာရပါအုံးမယ်။

ကိုယ်ဆင်းရဲသော ဒုက္ခ၊ စိတ်ဆင်းရဲ ဒုက္ခ၊ ချစ်သောသူတို့နှင့် ကွေကွင်းရတယ်ဆိုသော ဒုက္ခ၊ မချစ်မနှစ်သက်သောသူတို့နှင့် အတူတကွ နေရခြင်း ဒုက္ခ၊ ရတာမလိုလိုတာမရသော ဒုက္ခတွေသည်လည်း နာမ်-ရုပ် မမြင်သမျှ ဤဒုက္ခတွေကို ကြုံခဲ့ဖူး ပေါင်းလည်းများလှပြီ၊ တွေ့ကြုံနေတုန်းလည်း ဖြစ်ပါတယ်။ နောင်ကိုလည်း နာမ်-ရုပ် မမြင်သမျှ တွေ့ကြုံကြရအုံးမယ်။ အပါယ်ဆင်းရဲကိုလည်း အကြိမ်ကြိမ် ကျနေရအုံးပါမယ်။ မကျဖူးသော အပါယ်ဆိုတာ မရှိဘူးနော်။

တိရစ္ဆာန်မျိုးစုံ အကုန်လည်းဖြစ်ဖူးခဲ့ပြီ။ တိရစ္ဆာန်ထက်ဆိုးသော ပြိတ္တာလည်း အကုန် ဖြစ်ခဲ့တယ်။ ပြိတ္တာ ထက်ဆိုးသော အသူရကာယ်မျိုးစုံလည်း အကုန် ဖြစ်ခဲ့ကြပါတယ်။ အသူရကာယ်ထက်ဆိုးတဲ့ ငရဲအနန္တလည်း ကျခဲ့သော အကြိမ်လည်းများလှပြီ။ နောင်ကိုလည်း နိဗ္ဗာန်မရောက်မချင်း ကျရလိမ့်အုံးမယ်ဆိုတာကို သေချာမှတ်ကြပါ။

ဒီတစ်ခါ သံသရာဝဋ်ဆင်းရဲဘေးကြီးများကို ရေးမှတ်ထားကြည့်ပါ။ နာမ်ရုပ်ကို မမြင်ခဲ့တော့ အို၊ နာ၊ သေရေး သံသရာဝဋ်ဆင်းရဲဘေးကြီးတွေကို တွေ့ခဲ့ဖူးတာတွေများလှပြီ။ ယခုလည်း တွေ့ကြုံတုန်းပါ၊ နောင်လည်း နိဗ္ဗာန်မရောက်မချင်း ဧကန်တွေ့ရလိမ့်အုံးမယ်ဆိုတာ ကျိန်းသေမှတ်ကြပါ။

ဆိုးတဲ့ အပြစ်တွေ မှန်သမျှ နာမ်ရုပ် မမြင်ခဲ့လို့ ဆိုတာမှတ်ကြပါ၊ နာမ်ရုပ်များမြင်တဲ့ ပုဂ္ဂိုလ်ကြပြီဆိုရင် ဆိုးတာတွေမရှိတော့ဘူး။ ဒီလို ပုဂ္ဂိုလ်တွေဆိုရင် သမ္မာသမ္ဗောဓိဆုတွေဖြစ်တဲ့ ဘုရားအဖြစ်၊ ပစ္စေကဗောဓိ ဖြစ်တဲ့ ပစ္စေကဗုဒ္ဓါ၊ သာဝကဗောဓိဆုဖြစ်တဲ့ ရဟန္တာအဖြစ် ဒါလေးတွေကိုမှတ်ထားကြပါ။

နာမ်ရုပ်များတကယ်မြင်ပြီဆိုရင် ဘုရားဖြစ်ခဲ့တာတွေလည်းများခဲ့ကြပြီ။ ပစ္စေကဗုဒ္ဓါတွေလည်း များလှပြီ။ ရဟန္တာတွေလည်းများလှပြီ။ နာမ်ရုပ် မမြင်သေးသမျှကာလပတ်လုံး သောတပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာဖြစ်ဖို့ ဘုရားဖြစ်ဖို့ ထုံးစံမရှိဘူးနော်။

နာမ်-ရုပ် မမြင်သေးသမျှ အပါယ်ဆင်းရဲက ဘယ်တော့မှ မလွတ်နိုင်ဘူးဆိုတာမှတ်ထားကြပါ။ ဒါကြောင့် အပါယ်လေးပါးမှ လွတ်လပ်ရေးရ ချင်တယ်ဆိုရင် နာမ်-ရုပ်လေးမြင်အောင်လုပ်ကြပါ။နာမ်-ရုပ်မြင်ရတဲ့ အကျိုးကျေးဇူးတွေ အင်မတန်များတယ်ဆိုတာ ကိုပါမှတ်ထားကြပါ။ နာမ်ရုပ်တကယ်မြင်မယ်ဆိုရင် ဘာဝနာ မယဒါနအဖိုးတန်လည်းဖြစ်ပါတယ်။ နိဗ္ဗေဓ ဘာဝီယ သီလ အဖိုးတန်လည်း ဖြစ်ပါတယ်။ နိဗ္ဗေဓ ဘာဝီယ သမထ အဖိုးတန်လည်းဖြစ်ပါတယ်။ နာမ်ရုပ်မြင်တယ်ဆိုရင် လောကီချမ်းသာတွေနှင့် ပြည့်စုံစေနိုင်ပြီး ဘေးအမျိုးမျိုး ရန်အမျိုးမျိုး ရင်ဆိုင်တိုးရာတွင်လည်း အမှန်စင်စစ် အားကိုးရာလည်းမည်ပါပေတယ်။

“သေခါနီးလျှင် တရားမြင် ဘ၀ပြောင်းတာ နောက်မှထင်၊ သမဏနတ်သား သက်သေတင်” ဆိုတဲ့ အင်္ဂုတ္ထိုရ်ကျမ်း ပါဋ္ဌိတွင်ပါရှိသည့်အတိုင်း နာမ်-ရုပ်မြင်တဲ့ကျေးဇူးတွေက အကျိုးများ လှပါတယ်။ ဒါကြောင့် အက္ခေယျံ-အသက်လိပ်ပြာ အကောင်သတ္တ၀ါမဟုတ်သော နာမ်အစစ် ရုပ်အစစ်တွေကို၊ အပရိညာယ-ပိုင်းခြားထင်ထင် ကိုယ့်ကိုယ်တိုင် ကိုယ်ပိုင်ဉာဏ်ဖြင့် မတွေ့မမြင်ကြသည့်အတွက်ကြောင့် မစ္စုနော-အိုမင်း နာမင်း သေမင်း မာရ်နတ်မင်း၏၊ ယောဂံ-သူပိုင်နက်ထဲတည်းဟူသော သုံးဆယ့်တစ်ဘုံနယ်ထဲသို့၊ (သို့) မွေး-သေ၊ မွေး-သေ အဆက်မပြတ်တို့ ပရမတ်သံသရာနယ်ထဲသို့၊ အာယန္တိ-မုချမသွေ လိုက်ပါ၍နေကြကုန်တော့၏ တကား။ သာဓု သာဓု သာဓုပါဘုရား။



Read more...

ဒုတိယဒဿဗလသုတ္တန်




dutiya.datthabala - 001


Read more...

နတ်သမီး သင်္ကန်းလှူသော အရှင်အနုရုဒ္ဓါမထေရ်

ဝေဠုဝန်ကျောင်းတော်၌ မြတ်စွာဘုရား သီတင်းသုံးတော်မူစဉ်က ဖြစ်သည်။ တနေ့သောအခါ အရှင်အနုရုဒ္ဓါမထေရ်သည် မိမိ၏သင်္ကန်းများ ဟောင်းနွမ်းဆွေးမြည့်နေပြီဖြစ်၍ ပံ့သကူသင်္ကန်းရှာဖွေရန် ထွက်လာခဲ့၏။ တာဝတိံသာနတ်ပြည်မှ ဇာလိနီနတ်သမီးသည် ဤအကြောင်းကိုသိ၍ အရှင်ကြွလာမည့်လမ်းကို ကြိုတင်ရောက်လာသည်။ ထို့နောက် အမှိုက်တောင်းတခုတွင် နတ်အ၀တ်သုံးထည်ကို ထည့်ထား၏။ သိသာမြင်သာရန်လည်း အ၀တ်အဖျားစကလေး ဖော်ထား၏။

အရှင်အနုရုဒ္ဓါ ရောက်လာ၍ မြင်သောအခါ အဖျားစကလေးကို ဆွဲယူလိုက်၏။ နတ်အ၀တ် သုံးထည် ပါလာသဖြင့် ထိုအ၀တ်စကို ကျောင်းသို့ယူလာပြီး သင်္ကန်းချုပ်သည်။ ဘုရားရှင်နှင့်တကွ အရှင်သာရိပုတ္တရာ၊ အရှင်မောဂ္ဂလာန်၊ အရှင်အာနန္ဒာနှင့် ရဟန်းများကပါ ၀ိုင်းဝန်း ကူညီချုပ်ပေးကြ၏။

နတ်သမီးက အရပ်ထဲတွင် တိုက်တွန်းနှိုးဆော်ထားသဖြင့် ကျောင်းသို့ ဆွမ်း ခဲဘွယ် ဘောဇဉ်များ သူ့ထက်ငါ လာ၍လှူကြသည်။ ထိုအခါ စားမကုန်နိုင်အောင် များပြားစွာရှိနေသည်။ ဤအခြင်းအရာကို အချို့ရဟန်းများက မနှစ်သက်သဖြင့် အရှင်အနုရုဒ္ဓါသည် ဆွေမျိုးများပုံ။ ကြည်ညိုသူများပုံတို့ကို ပြသလိုဟန်ရှိသည်ဟု ကဲ့ရဲ့ကြ၏။ ဤအကြောင်းကို မြတ်ဗုဒ္ဓ ကြားသိတော်မူရာ ရဟန်းတို့-ရဟန္တာတို့မည်သည် ပစ္စည်းနှင့်ပတ်သက်၍ အာရုံမပြုပေ။ ယခု ဆွမ်း ခဲဘွယ် ဘောဇဉ်များ ပေါများပိုလျှံခြင်းမှာ နတ်နှိုးဆော်ထား၍ ဖြစ်သည်-ဟု မိန့်တော်မူ၍ အောက်ပါထာဂါကို ဟောတော်မူ၏။

( ပါဠိဂါထာ )
ယဿာသ၀ါ ပရိက္ခီဏာ၊ အာဟာရေ စ အနိဿိတော။
သုညတော အနိမိတ္တော စ၊ ၀ိမောက္ခော ယဿ ဂေါစရော။
အာကာသေ၀ သကုန္တာနံ၊ ပဒံ တဿ ဒုရန္နယံ။

( မြန်မာပြန် )
အာသဝေါကုန်ခန်းသော ရဟန္တာပုဂ္ဂိုလ်သည် အစာအာဟာရကို တပ်မက်သောသဘောဖြင့် မှီဝဲခြင်းမရှိ။
ရာဂစသည်တို့မှ ကင်းလွတ်၍ ၄င်းရာဂစသည် အကြောင်းကင်းသော နိဗ္ဗာန်အာရုံ၌ ကျက်စား၏။
ကောင်းကင်၌ ငှက်တို့၏ သွားရာလမ်းကြောင်းကို မမြင်နိုင်သကဲ့သို့ ထိုရဟန္တာပုဂ္ဂိုလ်၏ သွားရာလမ်းကြောင်းကို မမြင်နိုင်။

( လင်္ကာ )
အာသဝေါကွာ၊ ရဟန္တာသည်၊ အစာဟာရ၊ မှန်သမျှ၌၊ မကြွတဏှာ၊ တပ်မက်ခွာ၏။
ရာဂါနိမိတ်၊ ဆိတ်သုဉ်းပိတ်ကာ၊ နိဗ္ဗာန်သာလျှင်၊ ထားရာအာရုံ၊ ကျက်စားကုန်၏။
ဆန်စုန်ပျံသန်း၊ ငှက်တို့လမ်းကို၊ ထက်လမ်းကောင်းကင်၊ ဟင်းလင်းပြင်၌၊ ထင်စွာပိုင်ပိုင်၊ မသိနိုင်သို့၊
မြဲခိုင်သီလာ၊ရဟန္တာ၏၊ သွားရာလမ်းဆက်၊ သိရန်ခက်၏။

( အရဟန္တ၀ဂ် အနုရုဒ္ဓတ္ထေရ၀တ္ထု )


Read more...

ဥပုသ်နဲ့စပ်တဲ့ အမေးပြဿနာ

အမေး။ ။ဥပုသ်ဆောက်တည်တဲ့အခါ တစ်ချို့က ဘုရားဆောင်အရှေ့မှာ သီလယူကြပါတယ်၊တစ်ချို့က သံဃာတော်များအရှေ့မှာ သီလယူကြပါတယ်။ တစ်ချို့က လူတွေအရှေ့မှာလည်း ယူကြတယ်၊ တပည့်တော်သိချင်တာက ဘယ်သူ့ဆီမှာ သိလယူရင်ကောင်းဆုံးဖြစ်ပါသလဲဘုရား။ ပြီးတော့… ဥပုသ်ဆောက်တည်ရာမှာ အချိန်ကန့်သတ်ချက်နှင့် အကြုံးဝင်တဲ့ အချိန်ကာလ အပိုင်းအခြားကိုလည် သိချင်ပါတယ်။ ဥပုသ်ဆောက်တည်ခြင်းဖြင့်လည်း ဘယ်လိုအကျိုးများ ရရှိနိုင်ပါသလဲဘုရား။

ရာအိမ်မှူး
အိပ်မက်ရွာ


အဖြေ။ ။အင်္ဂုတ္တရ တိက အဋ္ဌကထာမှာ “ဥပေါသထဒိဝသေ ပန ပါတောဝ ဘိက္ခုဿဝါ ဘိက္ခုနိယာဝါ ဒသသီလ လက္ခဏာညုနော ဥပါသကဿဝါ ဥပါသိကာယ၀ါ” လို့ ဆိုထားပါတယ်။ အဓိပ္ပါယ်က…ဥပုသ်သီလ ခံယူရာမှာ ရဟန်းဖြစ်ေ၊ ဘိက္ခုနီမဖြစ်စေ၊ သီလလက္ခဏာ ကိုသိတဲ့ ဥပါသကာ၊ဥပါသိကာမထံမှဖြစ်စေ ခံယူနိုင်ပါတယ်လို့ ဆိုပါတယ်။ ဆိုလိုတာက သီလရှိသူထံမှသာ သီလာကို ယူနိုင်တာမဟုတ် သေးပါ။ သီလလက္ခဏာကိုသိသူ၊ သီလအစဉ်မှန်မှန် အရှေ့က တိုင်ပေးနိုင်သူ မည်သူ့ထံမှမဆို ခံယူနိုင်ပါတယ်။ မိမိကိုယ်၌ကလည်း သီလကို အစဉ်အတိုင်း မှန်မှန်ဆိုနိုင်လျှင် ဘုရားဆောင်အရှေ့မှာလည်း ကိုယ့်ဟာကိုယ် သီလ ယူနိုင်ပါတယ်။ အကောင်းဆုံးကတော့ ရတနာသုံးပါးမှာ ဥပုသ်သီလယူတာက အလေးနက်ဆုံး ဖြစ်ပါတယ်။
ဥပုသ်ယူဖို့အတွက် သီလစတင်ယူရတဲ့အချိန်ဟာ ကန့်သတ်ချက် မရှိပါဘူး၊ အချိန်မရွေး သီလယူနိုင်ပါတယ်။ ဥပုသ်ဆောက်တည်ထားတဲ့ သူများဟာ ပုံမှန် ဥပုသ်ယူထားရင်တော့ ယူတဲ့အချိန်ကနေစလို့ နောက်တစ်ရက် အရုဏ်တက်တဲ့အချိန်အထိ အကြုံးဝင်ပါတယ်။ တစ်လ ၊ ၄၅ ရက်တိုင်အောင် ဥပုသ်ရက်ရှည် ဆောက်တည်ရင်လည်း ရပါတယ်။ ဘယ်နှစ်နာရီမှ ဘယ်နှစ်နာရီအထိဆိုပြီး ကာလအပိုင်းအခြားနဲ့ ဆောက်တည်တဲ့ သီလကိုတော့ ကာလပရိယန္တသီလ လို့ ခေါ်ပါတယ်။
ကာလပရိယန္တသီလနှင့် အကျိုးတရားကို ပြောပါဦးမယ်။
တစ်ခါက ကောသမ္ဗီပြည်မှာ ဃောသကသူဌေး၊ ကုက္ကုဋသူဌေး၊ ပါဝါရိကသူဌေးရယ်လို့ သူဌေး သုံးယောက်ရှိတယ်၊ သူတို့ဟာ ဘုရားရှင်ပွင့် လုခါနီးဖြစ်ပေမဲ့ ကံတရားကို ယုံကြည်ကြတဲ့အတွက် ကုသိုလ်ကောင်းမှုများ လုပ်ကြပါတယ်၊ ရသေ့ငါးရာကလည်း မိုးတွင်းကာလရောက်တော့ ကောသမ္ဗီပြည်မှာ လာရောက်နေထိုင်ကြတယ်။ ဒီရသေ့ငါးရာကို သူဌေးသုံးယောက်က လိုလေသေးမရှိရလေ အောင် ဆွမ်းစတာတွေကို ထောက်ပံ့လှူဒါန်းကြတယ်။ တစ်နှစ်မှာတော့ မိုးတွင်းကာလထုံးစံအတိုင်း ရသေ့များဟာ ကောသမ္ဗီပြည်ကို လာခဲ့ကြတယ်။
လမ်းခုလတ်ရောက်တော့ ရေငတ်လှတာကြောင့် အနီးရှိ အခက်အလက်ဝေစည်နေတဲ့ ပညောင်ပင်ကြီးအောက်မှာ ခဏနားကြတယ်။ အဲဒီမှာ ရသေ့များဟာ ပညောင်ပင်အထက်ကို မော်ကြည့်ပြီး “အရှင်နတ်မင်း….ကျွန်ပ်တို့ ရသေ့ငါးရာ ရေငတ်နေပါတယ်။ ရေများရှိရင် ပေးပါဦးအရှင်နတ်မင်း” လို့ ရုက္ခစိုးကို တိုင်တည်လိုက်ရာ ပညောင်ပင်မှာစောင့်နတ်က ကိုယ် ထင်ပြကာ သူတို့ အလိုရှိတဲ့ ဖျော်ရည်စတာတွေကို ပေးလှူပါတယ်။ ဒီလို ဘုန်းကံကြီးမားရတဲ့အကြောင်းကို ရသေ့များက ပညောင်ပင်စောင့်နတ်အားမေးရာ… ပညောင်ပင်စောင့်နတ်က…
တစ်ခါတုန်းက ဂေါတမဘုရားရှင်သာသနာတော်မှာ ဇေတ၀န်ကျောင်းကြီး ဆောက်လှူတဲ့ ကျောင်းဒကာ အနာထပိဏ်ဆိုတာရှိတယ်။ အလှူရေစစ်လက်နှင့်မကွာဆိုသလို လှူဒါန်းကြတဲ့အပြင် အိမ်သူ/သား/အလုပ်သမားများလည်း ဥပုသ်သီလဆောက်တည်ရန် နိုးဆော် တိုက်တွန်းလေ့ရှိတယ်။
တစ်နေ့တော့ အလုပ်သမားတစ်ယောက်ဟာ လယ်ထွန်ရာကပြန်အလာ သူဌေးကြီးအိမ်ရောက်တော့ ထမင်းချက်တဲ့ ကျွန်မကို ဗိုက်ဆာလို့ ထမင်းစားချင်တယ်ဆိုတဲ့အကြောင်းပြောပါတယ်။ သူဌေးကြီးအိမ်မှာ နေ့တိုင်း ဒီအချိန်ဆို အလုပ်သမားများစွာတို့ ထမင်းစားနေကြတယ်၊ ဒီနေ့တော့ တစ်ယောက်မှမရှိဘဲ တိတ်ဆိတ်နေတာကို မြင်ရတော့၊ အလုပ်သမားက “လူတွေဘယ်သွားကုန်ကြတာလဲ တစ်ယောက်မှမတွေ့ပါလား” လို့ ကျွန်မအားမေးတယ်၊ ကျွန်မက “ ဒီနေ့ဥပုသ်နေ့မို့လို့ တစ်အိမ်လုံး ဥပုသ်စောင့်နေကြတယ်၊ဒီအချိန်ဟာ ၀ိကာလ အချိန်ဖြစ်တဲ့အတွက် သူတို့ထမင်းမစားကြဘူး” လို့ ပြန်ပြောပါတယ်။
အလုပ်သမားကတွေးတယ် “ လူတွေအားလုံးဥပုသ်စောင့်ပြီးကုသိုလ်ယူနေကြတယ်၊ ငါကတော့ အလုပ်လုပ်ပြီး ထမင်းလည်းစားနေတယ်။ အလုပ်လုပ်ရင်း သေသွားရင် ဒုက္ခပဲ၊ ငါလည်း ဥပုသ်စောင့်ရင် ကောင်းမှာပဲ” လို့ တွေးပြီး၊ “အိုအမိ….နေမွန်းလွဲနေပြီ ၊ ဒီအချိန်ဥပုသ်ဆောက်တည်လို့ ရ/မရ ၊ ကျွန်ပ် ဥပုသ်ဆောက်တည်ချင်တယ်၊ သူဌေးကြီးအား မေးပေးပါဦး” လို့ ထမင်းချက်ကျွန်မအား အမေးခိုင်းပါတယ်။ ကျွန်မလည်း သူဌေးကြီးထံ သွားရောက်မေးမြန်းတော့ သူဌေးက “ ဥပုသ်ဆိုတာ ဘယ်အချိန်ဖြစ်ဖြစ် စောင့်လို့ရပါတယ်။ နေ့တစ်ဝက်စောင့်ရင် နေ့တစ်ဝက် အကျိုးရပါလိမ့်မယ်” လို့ ပြောလိုက်တယ်၊
ဒီအကြောင်းကို အလုပ်သမားကြားတော့ ၀မ်းသာအားရ ဆာဆာနဲ့စားတော့မဲ့ ထမင်းကို မစားတော့ဘဲ ဥပုသ်စောင့်ပါတော့တယ်။ ညဖက်ရောက်တော့ ၀မ်းထဲက လေလုံးကြွပြီး လေရောဂါနဲ့သေဆုံးသွားတယ်။ အလုပ်သမားဟာ နေ့တစ်ဝက်ဆောက်တည်ခဲ့တဲ့ ဥပုသ်သီလကုသိုလ်ကံကြောင့် ပညောင်ပင်ကြီးမှာ တန်ခိုးကြီးတဲ့ညောင်ပင်စောင့်နတ် လာဖြစ်ရတယ်။ ဒါဟော ကာလပရိယန္တ ဥပုသ်သီလရဲ့ အကျိုးတရားပါ။ ဒါဆိုရင် ဥပုသ်သီလနဲ့ စပ်ပြီး ကျေနပ်လောက်ပီထင်ပါတယ်။



ရေးသားမှုများ



Read more...

အောင်ခြင်း(၈)ပါးအကြောင်း- (၈)

ဗကဗြဟ္မာကြီးကို အောင်တော်မူခြင်း
အခါတစ်ပါး ဗကဗြဟ္မာကြီးရဲ့ စိတ်ထဲမှာ မိစ္ဆာဒိဋ္ဌိအယူများ ဖြစ်ပေါ်နေပါတယ်။ သူ့ရဲ့ အယူက “ဒီကိုယ်နှင့်တကွ ဗြဟ္မာလောကကြီး ဟာ တည်တံ့ခိုင်မြဲတယ်။ သီးသန့်ဖြစ်နေပြီး ရွေ့လျောတဲ့သဘောလည်းမရှိ။ ဒီဗြဟ္မပြည်မှာ ပဋိသန္ဓေနေလာသူမရှိ သလို အိုသူ၊နာသူ၊သေသူလည်းမရှိ၊ ဒီဗြဟ္မပြည်ကနေ အခြား လွန်မြတ်သော ထွက်မြောက်ရာလည်းမရှိ” လို့ အားကောင်းတဲ့ သဿတမိစ္ဆာဒိဋ္ဌိ အယူ ဖြစ်ပေါ်နေတယ်။
ဒီအချိန်မှာ ဘုရားရှင်ဟာ ဥက္ကဋ္ဌမြို့ သုဘဂတောအုပ်အတွင်း အင်ကြင်းပင်ရင်းတွင် သီတင်းသုံးနေခိုက် ဗကဗြဟ္မာကြီးရဲ့ စိတ်အကြံကို သိတော်မူတဲ့အတွက် ကွေးသောလက် မဆန့်မီ၊ ဆန့်သောလက် မကွေးမီ အင်ကြင်းပင်ရင်းမှ ကွယ်ပြီး ဗကဗြဟ္မာကြီးရှိရာ ပဌမဈာန် ဗြဟ္မာ့ပြည်ကို ရောက်တော်မူခဲ့ပါတယ်။

ဗကဗြဟ္မာကြီးက ထင်ရှားတဲ့ပုဂ္ဂိုလ်တစ်ဦး သူ့ထံရောက်လာတယ်ဆိုတော့ ၀မ်းပမ်းတသာနဲ့ “အရှင်ဘုရား..ကြွလာတာ အလွန်ကောင်းတယ်၊ တပည့်တော်တို့ရဲ့ ဗြဟ္မာ့ဘုံနဲ့ တပည့်တော်တို့ ခန္ဓာကိုယ်ကြီးဟာ ဘယ်တော့မှ မပျက်မစီးတော့ဘဲ အမြဲတည်တံ့ ထင်ရှားနေပါတယ်၊ တပည့်တော်တို့ဆီမှာ အို၊နာ၊သေ ဆိုတာတွေလည်းမရှိ၊ အပြည့်အစုံဆုံးဘုံနဲ့ အပြည့်အစုံဆုံး ခန္ဓာကိုယ်ကိုပြပါဆိုရင် တပည့်တော်တို့ရဲ့ ခန္ဓာကိုယ်ကြီးနဲ့ တပည့်တော်တို့ရဲ့ ဗြဟ္မာ့ဘုံကိုပဲ ထိုးပြရပါလိမ့်မယ်၊ ကြည့်ကြည့်ပါ တပည့်တော်တို့ ဘုံထက်သာတာ တွေ့ဖူးခဲ့ရဲ့လား၊ မရှိနိုင်ပါဘူး၊ အရှင်ဘုရား ကြွလာတာ အလွန်ကံကောင်းတာပဲ” လို့ သူ့ဘုံနဲ့ သူ့ခန္ဓာ သူ့အစွဲလေးကို ထုတ်ပြီး ကြွားလိုက်တယ်။
ဘုရားရှင်က (အ၀ိဇ္ဇာ ဂတောဝတ ဘောဗကောဗြဟ္မာ) “ ဗကဗြဟ္မာကြီး မိုက်လုံးကြီးလိုက်တာ၊ အသိဥာဏ်ကင်းမဲ့လိုက်တာ” လို့ မိန့်တော်မူတော့ ဗြဟ္မာကြီးက မခံနိုင်ဘူး။ “မြဲလို့ မြဲတယ်ယူတာ၊ ဟုတ်လို့ ဟုတ်တယ်လို့ ယူတာ၊ မှန်လို့ မှန်တယ် ပြောတာပဲ” လို့ သူက ခံငြင်းလိုက်တယ်။
ဘုရားရှင်က “ ဗက….သင်ဟာ ဒီကနေဘယ်မှ မပြောင်းဘူး၊ ဘယ်ကမှလဲ လာခဲ့တာမဟုတ်ဘူးလို့ ယူလို့သာ ယူနေတာ၊ သင်ဟာ စတုတ္ထဈာန်ဘုံကနေ တဖြေးဖြေးဆင်းလာလိုက်တာ၊ သင့်ရဲ့ ဘ၀၊သင့်ရဲ့တန်ခိုး၊ သင့်ရဲ့အစွမ်းသတ္တိတွေကို ငါသိတယ်၊ ကုန်ကုန်ပြောမယ်၊ သင့်အကြောင်း ငါအကုန်လုံးသိတယ်” လို့ မိန့်တော်မူတော့ ဗကဗြဟ္မာကြီး စိတ်ထဲတွေဝေသွားတယ်။
တဖန် ဘုရားရှင်က “ သင့်ဘ၀အကြောင်းကို ငါပြောပြမယ်” လို့ပြောတော့ ဗြဟ္မာကြီးက နားထောင်ချင်လာတယ်။သို့နှင့်ဆက် လက်ပြီး ဘုရားရှင်က “ သင်ဟာ စတုတ္ထဈာန်ဘုံမှာ ဖြစ်ခဲ့တယ်၊အဲဒီကနေ တတိယဈာန်ဘုံ၊ အဲဒီကနေ၊ဒုတိယဈာန်ဘုံ၊ ပဌမဈာန်ဘုံကို ရောက်လာတာ သင့်ရဲ့ ဖြစ်ခဲ့တဲ့ဘ၀ကို သင်ပြန်ကြည့်ဦးလေ” လို့ ဆိုလိုက်တော့ ဗြဟ္မာကြီးက သူ့ရဲ့နောက်ကြောင်းကို ဒိဗ္ဗစက္ခုအဘိဥာဏ် နဲ့ပြန်ကြည့်လိုက်တဲ့ အခါမှာ ဘုရားရှင်ပြောတဲ့အတိုင်း မှန်နေတာ တွေ့ရတယ်။ ဗြဟ္မာကြီးဟာ သူ့အထက်က ဘုံတွေ ရှိပါသေးလားဆိုတဲ့
အသိက ၀င်လာတော့ အ၀ိဇ္ဇာနဲနဲကွာပြီး ရှင်းလာတယ်။
ဘုရားရှင်က “ ဗက ဒါတင်မကသေးဘူး၊ သင် အတိတ်က ရှေးကုသိုလ်ကောင်းမှုတွေ ပြုခဲ့တာကိုလဲ ငါပြောဦးမယ်” ဆိုပြီး အတိတ်ဇာတ် ကြောင်းကို မိန့်တော်မူတယ်။
“ တစ်ခါတုန်းက သင်ဟာ ဈာန်အဘိဥာဏ်ရတဲ့ ရသေ့တစ်ဦးဖြစ်ခဲ့ပြီး ဂင်္ဂါမြစ်ရဲ့တစ်ဖက်ကမ်းမှာ နေတယ်။ တစ်နေ့မှာ လှည်းငါးရာ ကုန်သည်တွေဟာ သဲကန္တာရထဲ ရေပြတ်ပြီး ဒုက္ခ အကြီးအကျယ်တွေ့နေတာကို မြင်တဲ့အတွက် “ဂင်္ဂါမြစ်ထဲက ရေတွေ သဲကန္တာရထဲ စီးပါစေသား” လို့ တန်ခိုးနဲ့ အဓိဋ္ဌာန်လိုက်တဲ့အတွက် ရေများ သဲကန္တာရထဲ စီးဝင်ကာ လှည်းကုန်သည် ငါးရာ အသက်ချမ်းသာခဲ့ဖူးတယ်။
နောက်တစ်ခါ ဒီလိုပဲ သင်ဟာ ဈာန်အဘိဥာဏ်ရ ရသေ့တစ်ဦးဖြစ်စဉ် ဂင်္ဂါမြစ်ကမ်းမှာပဲ နေပါတယ်။ အနီးအနားမှာ ရွာကြီးတစ် ရွာရှိတယ်၊ တစ်နေ့ သူခိုးဓါးမြတွေက ရွာထဲရှိ ကျွဲနွားလူအားလုံးသတ်မယ်ဆိုပြီး ရွာအပြင်အကုန်မောင်းထုတ်တယ်။ အဲဒီအချိန်သင်က “ငါ့မျက်စိအောက်မှာ ဒုက္ခမရောက်ကြပါစေနဲ့” ဆိုပြီး စစ်တပ်ကြီးကို ဖန်ဆင်းလိုက်တယ်။ စစ်တပ်ကြီးကို မြင်တော့ သူခိုးတွေ အားလုံး ထွက်ပြေးသွားကြတဲ့အတွက် လူအများ အသက်ချမ်းသာရာရသွားကြပါတယ်။
တစ်ခါတုံးက ဂင်္ဂါမြစ်ရဲ့အထက်ကလူနဲ့ အောက်ကလူတို့ လက်ထပ်မင်္ဂလာပွဲအတွက် ဂင်္ဂါမြစ်အတွင်းဖေါင်ကြီးများနဲ့ ဆင်းလာကြ တယ်။ ထိုအခိုက် ဂင်္ဂါမြစ်ထဲက နဂါးကြီးတစ်ကောင်က လူတွေကို စိတ်ဆိုးပြီး ပါးပျဉ်းထောင်ပြလိုက်တယ်။ လူတွေဟာ ကြောက်လန့် တကြား အော်ဟစ်ကြတယ်။ ဒီအသံကို ဂင်္ဂါမြစ်ကမ်းမှာနေတဲ့ ရသေ့က ဂဠုန်ယောင်ဆောင်ကာ နဂါးကြီးအား မောင်းထုတ်ခဲ့တဲ့အတွက် လူအများ အသက်ချမ်းသာရာ ရသွားကြတယ်၊ အဲဒီလိုပဲ သင်ဟာ ဘ၀ါဘ၀က လူအများအား ကယ်တင်တဲ့ ကုသိုလ်အရှိန်အဟုန်ကိုလည်း ငါဘုရားမြင်တယ်” လို့ ဘုရားရှင်က မိန့်တော်မူတယ်။
အဲဒီအခါ ဗက ကြီးဟာ နဲနဲ သဘောကျလာတယ်၊ဒါပေမယ့် ၀န်မခံချင်သေးဘူး၊ သူက “ အရှင်ဘုရားနဲ့ တပည့်တော်တို့ တန်ခိုးပြိုင်ရအောင်၊ တပည့်တော်က ကိုယ်ရောင်ဖျောက်ပြီး တန်ခိုးပြိုင်မယ်” လို့ပြောပါတယ်။ ဒီလိုလုပ်တာဟာ သူ့ပရိသတ်အရှေ့မှာ ဘုရားရှင်ပြောသမျှ ဟုတ်နေတော့ ရှက်လှတာနဲ့ ဒီလို တန်ခိုးပြိုင်တာတွေ လုပ်လာတာပါ။
အဲဒီမှာ ဗကကြီး ကိုယ်ရောင်ဖျောက်တော့ မပျောက်ဘူး။ ဘာ့ကြောင့်ဆိုရင် ဘုရားရှင်က အဘိဥာဏ်နဲ့ ဗကကိုယ်ဖျောက်ရင် မပျောက်စေသတည်း လို့ အဓိဋ္ဌာန်ထားလို့ပါပဲ။ ဗကကြီး ကိုယ်မပျောက်တော့ သူ့ရဲ့ဗိမာန်ထဲပြေးပြီး ပုန်းနေတယ်၊ဒါလည်းမြင်နေသေးတယ်၊ တစ်ခါ မြေကြီးပေါ်မှာ သေးသေးလေးဖြစ်အောင်လုပ်ပြီး ၀ပ်နေတယ်၊ ဒါလည်းမရဘူး၊ ဗကကြီး အရှက်ကွဲပြီး အကြီးအကျယ် ဒုက္ခတွေ ရောက်နေတယ်။ဒါနဲ့ ဘုရားရှင်က “ ဗက…သင်ကိုယ်ဖျောက်မရရင် ငါဖျောက်ပြမယ်ဆိုပြီး အဘိဥာဏ်နဲ့ ကိုယ်ဖျောက်တော်မူလိုက်ပါတယ်။
ဘုရားရှင်ကို ကြည်ညိုရအောင်လို့ ပြောရရင် ဒါဟာ ဘဂ၀ါဂုဏ်တော် ခြောက်ပါးအနက် (အဏုမြူသဖွယ်၊ ပျောက်ကွယ်သိမ်မွေ့၊ မမြင်တွေ့အောင်၊ ရုပ်ဆောင်ဖန်ဆင်းနိုင်သော) အဏိမာဘုန်းတော် ဖြစ်ပါတယ်။
ဘုရားရှင်ကိုယ်ဖျောက်လိုက်တော့ ဘယ်သူမှ မမြင်ရတော့ဘူး၊ ဒီအချိန်မှာ ဘုရားရှင်က ကိုယ်တော်ပုံကို ကွယ်ပျောက်လျက်ကနေ ဗြဟ္မာများအား သစ္စာလေးပါးတရားဟောပါတယ်၊ တရားတော်အဆုံးမှာ ဗကဗြဟ္မာကြီးနှင့်ဗြဟ္မာပေါင်း တစ်သောင်းတို့ အကျွတ်တရား ရရှိသွားကြပါတယ်။ ဒိတင်ပဲ ဗကဗြဟ္မာကြီးအား ဘုရားရှင် အောင်တော်မူပုံ ဖြစ်ပါတယ်။
(မဟာဗုဒ္ဓ၀င်၊ စတုတ္ထတွဲ)



Read more...

မကောင်းသောအကျင့်၏ အကျိုးတရားများ...


ဒုစ္စရိတဝိပါကသုတ်
(ဒုစ္စရိတ=မကောင်းသောအကျင့်၊ ဝိပါက=အကျိုး)


သူ၏ အသက်ကို သတ်ခြင်းကြောင့်...
ရဟန်းတို့ ... မှီဝဲအပ် ပွါးများအပ် အကြိမ်များစွာ ပြုအပ်သော သူ၏ အသက်ကို သတ်ခြင်းသည် ငရဲ၌ဖြစ်စေတတ်၏၊ တိရစ္ဆာန်မျိုး၌ ဖြစ်စေတတ်၏၊ ပြိတ္တာဘုံ၌ ဖြစ်စေတတ်၏၊ သူ၏ အသက်ကိုသတ်ခြင်း၏ အပေါ့ဆုံး အကျိုးသည် လူဖြစ်သော သူအား အသက်တိုခြင်းကို ဖြစ်စေတတ်၏။


ပိုင်ရှင်မပေးသော သူဥစ္စာကို ခိုးယူခြင်းကြောင့်...
ရဟန်းတို့... မှီဝဲအပ် ပွါးများအပ် အကြိမ်များစွာ ပြုအပ်သော ပိုင်ရှင် မပေးသော သူတစ်ပါး ဥစ္စာကို ခိုးယူခြင်းသည်ငရဲ၌ ဖြစ်စေတတ်၏၊ တိရစ္ဆာန်မျိုး၌ ဖြစ်စေတတ်၏၊ ပြိတ္တာဘုံ၌ ဖြစ်စေတတ်၏၊ ပိုင်ရှင် မပေးသောသူတစ်ပါး ဥစ္စာကို ခိုးယူခြင်း၏ အပေါ့ဆုံး အကျိုးသည် လူဖြစ်သော သူအား စည်းစိမ်ဥစ္စာ ပျက်စီးခြင်းကို ဖြစ်စေတတ်၏။


ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်းကြောင့်...
ရဟန်းတို့ ... မှီဝဲအပ် ပွါးများအပ် အကြိမ်များစွာ ပြုအပ်သော ကာမဂုဏ်တို့၌ မှားယွင်းသော အားဖြင့် ကျင့်ခြင်းသည် ငရဲ၌ ဖြစ်စေတတ်၏၊ တိရစ္ဆာန်မျိုး၌ ဖြစ်စေတတ်၏၊ ပြိတ္တာဘုံ၌ ဖြစ်စေတတ်၏၊ သူ့သား အိမ်ရာ ဟူသော ကာမဂုဏ် တို့၌ မှားယွင်းသောအားဖြင့် ကျင့်ခြင်း၏ အပေါ့ဆုံး အကျိုးသည် လူဖြစ်သော သူအား ရန်သူတို့နှင့်တကွ ရန်ဖြစ်စေတတ်၏။


မဟုတ်မမှန်သော စကားကို ပြောဆိုခြင်းကြောင့်...
ရဟန်းတို့ ... မှီဝဲအပ်ပွါးများအပ် အကြိမ်များစွာ ပြုအပ်သော မဟုတ်မမှန် စကားကို ပြောခြင်းသည် ငရဲ၌ဖြစ်စေတတ်၏၊ တိရစ္ဆာန်မျိုး၌ဖြစ်စေတတ်၏၊ ပြိတ္တာဘုံ၌ ဖြစ်စေတတ်၏၊ မဟုတ်မမှန်သော စကားကို ပြောခြင်း၏ အပေါ့ဆုံး အကျိုးသည် လူဖြစ်သောသူအား မဟုတ်မမှန်သော စကားဖြင့် စွပ်စွဲခံရခြင်းကို ဖြစ်စေတတ်၏။


ကုန်းတိုက် စကားကို ပြောဆိုခြင်းကြောင့်...
ရဟန်းတို့ ... မှီဝဲအပ် ပွါးများအပ် အကြိမ်များစွာ ပြုအပ်သော ကုန်းတိုက် စကားပြောခြင်းသည် ငရဲ၌ ဖြစ်စေတတ်၏၊ တိရစ္ဆာန်မျိုး၌ ဖြစ်စေတတ်၏၊ ပြိတ္တာဘုံ၌ ဖြစ်စေတတ်၏၊ ကုန်းတိုက်စကား ပြောကြားခြင်း၏ အပေါ့ဆုံး အကျိုးသည် လူဖြစ်သောသူအား အဆွေခင်ပွန်းတို့နှင့် ကွဲပြားခြင်းကို ဖြစ်စေတတ်၏။


ကြမ်းတမ်းသော စကားကို ပြောဆိုခြင်းကြောင့်...
ရဟန်းတို့ ... မှီဝဲအပ် ပွါးများအပ် အကြိမ်များစွာ ပြုအပ်သော ကြမ်းတမ်းသော စကားကို ပြောဆိုခြင်းသည် ငရဲ၌ ဖြစ်စေတတ်၏၊ တိရစ္ဆာန်မျိုး၌ ဖြစ်စေတတ်၏၊ ပြိတ္တာဘုံ၌ ဖြစ်စေတတ်၏၊ ကြမ်းတမ်းသောစကားကို ပြောဆိုခြင်း၏ အပေါ့ဆုံး အကျိုးသည် လူဖြစ်သော သူအား မနှစ်သက်ဖွယ်သော အသံကို ဖြစ်စေတတ်၏။


သိမ်ဖျင်းသော စကားကို ပြောဆိုခြင်းကြောင့်...
ရဟန်းတို့ ... မှီဝဲအပ် ပွါးများအပ် အကြိမ်များစွာ ပြုအပ်သော သိမ်ဖျင်းသော စကားကို ပြောခြင်းသည် ငရဲ၌ ဖြစ်စေတတ်၏၊ တိရစ္ဆာန်မျိုး၌ ဖြစ်စေတတ်၏၊ ပြိတ္တာဘုံ၌ ဖြစ်စေတတ်၏၊ သိမ်ဖျင်းသော စကားကို ပြောဆိုခြင်း၏ အပေါ့ဆုံး အကျိုးသည် လူဖြစ်သော သူအား သူတစ်ပါးတို့ မနာယူအပ်သော စကားရှိသည်ကို ဖြစ်စေ တတ်၏။


သေအရက်ကို သောက်ခြင်းကြောင့်...
ရဟန်းတို့ ... မှီဝဲအပ် ပွါးများအပ် အကြိမ်များစွာ ပြုအပ်သော သေအရက်ကို သောက်ခြင်းသည် ငရဲ၌ ဖြစ်စေတတ်၏၊ တိရစ္ဆာန်မျိုး၌ ဖြစ်စေတတ်၏၊ ပြိတ္တာဘုံ၌ ဖြစ်စေတတ်၏၊ သေအရက်ကို သောက်ခြင်း၏ အပေါ့ဆုံး အကျိုးသည် လူဖြစ်သော သူအား ရူးသွပ်ခြင်းကို ဖြစ်စေတတ်၏ ဟု မိန့်တော်မူ၏။ 40

၁ဝ - ဒုစ္စရိတဝိပါကသုတ်၊ ဒါနဝဂ်၊ အဋ္ဌကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။




Read more...

စိတ်သာရှင်စော...(၄) [ALL IS MIND-by David Samuel]



All Is Mind

David Samuel

စိတ်သာရှင်စော

ဘာသာပြန်- အလှတရား

အခန်း(၃)

သတ်မှတ်ခြင်း(Identification)


ဥယျာဉ်ထဲမှာ အလံတစ်ခု လွှင့်ထူထားတော့ လေတိုက်တဲ့အခါ တဖျပ်ဖျပ်လှုပ်နေတာပေါ့။ အဲဒါကိုတွေ့တဲ့လူတစ်ဦးက "လေ လှုပ်နေသဟ"လို့ ပြောလိုက်သတဲ့။ ဒီတော့ နောက်တစ်ဦးက " လေကလှုပ်နေတာမဟုတ်ဘူး။ အလံက လှုပ်နေတာပါ"လို့ ဆိုလိုက်တယ်။ အဲဒီစကားတွေကို လမ်းလျှောက်လာတဲ့ အဘိုးအိုကကြားတော့ အခုလို ၀င်ရောက်ဆွေးနွေးတယ်။ "သင်တို့ နှစ်ဦးစလုံးမှားတယ်။ လေကလှုပ်တာလည်း မဟုတ်သလို အလံကလှုပ်နေတာလည်း မဟုတ်ဘူး။ သင်တို့ရဲ့ စိတ်ကသာလှုပ်နေတာ ဖြစ်ပါတယ်။"တဲ့။

တစ်ခုခုကို အာရုံစိုက်နေတုန်း အရိပ်တစ်ခု ဖြတ်သွားတာမျိုးလို အခန်းထဲကို တစ်စုံတစ်ခု ဖြတ်သွားတဲ့အခါ (အသံကြားရတဲ့အခါမှာလည်း အဲဒီလိုပါပဲ) ခင်ဗျားရဲ့ အာရုံစိုက်မှုက အဲဒီအရိပ်နောက်(အသံနောက်)ကို လိုက်သွားတယ်။ နဂိုက ခင်ဗျားစူးစိုက်နေတဲ့ အရာဝတ္ထုက အခြားတစ်နေရာကို ရွေ့သွားတာ မဟုတ်ဘူးနော်။ ခင်ဗျားရဲ့ စိတ်ကသာ ၀တ္ထုတစ်ခုကနေ အခြားတစ်ခုကို ရွေှ့ပြောင်းစူးစိုက်သွားတာ ဖြစ်တယ်။ ဒါဟာ သတ်မှတ်ခြင်း ရဲ့ အခြေခံသဘာဝပဲ။ ဒါတွေဟာ စိတ်အခြေအနေ ပြောင်းလဲမှုဖြစ်စဉ်တွေအတွက် အရေးပါပါတယ်။

အတွေးတစ်ခုခု ဒါမှမဟုတ် ဖြစ်ရပ်တစ်ခုခုမှာ နစ်မျောပျော်ဝင်သွားခြင်းဟာ စိတ်အခြေအနေပြောင်းလဲမှု ကို ပဲ့ကိုင်တဲ့ အကြောင်းရင်း ဖြစ်တယ်။ ဒီလိုနစ်မျောပျော်ဝင်သွားတတ်တဲ့ သဘောကို သတ်မှတ်ခြင်း (identification) လို့ ဆိုလို့ရတယ်။ (identification က စိတ်ပညာ စကားလုံးဖြစ်ပြီးတော့ မသိစိတ်က မိမိနဲ့ မိမိမဟုတ်တဲ့ အခြားသူများကို ပုံဖော် ခွဲခြားသတ်မှတ်နေခြင်းမျိုးကို ရည်ရွယ်သုံးနှုန်းပါတယ်။ ဘာသာပြန်သူ)

ဒီဖြစ်စဉ်က ဘယ်အချိန်မှာ စတင်သလဲဆိုရင် ဖြစ်ရပ်တစ်ခုကို အသိ၊ သတိမပါတဲ့ သတ်မှတ်မှုကို ပြုလိုက်ခြင်းကနေ စတင်တယ်။ ဒါဟာ အသိ၊ သတိမပါဘဲ စိတ်ခံစားချက်အပေါ် သက်ရောက်ခွင့်ပြုလိုက်တာနဲ့ အတူတူပဲ။ သာမန်အားဖြင့် အဆုတ်ဟာ သန့်စင်တဲ့လေပဲဖြစ်ဖြစ် ညစ်ညမ်းတဲ့လေပဲဖြစ်ဖြစ် ဘယ်လိုလေပဲလာလာ တပြေးညီပဲ ရှူရှိုက်သလို စိတ်ကလည်း သူရရှိတဲ့ အဆင်း၊ အသံ၊ အနံ့တွေကို တစ်သဘောထဲထားပြီး ခံစားတယ်။ သတ်မှတ်ခြင်း ဖြစ်ပေါ်လာတဲ့ အခါမှာတော့ စိတ်ဟာ ပတ်ဝန်းကျင်မှာ နစ်မျောပျော်ဝင်သွားရပြီး ပတ်ဝန်းကျင်အလိုအတိုင်း အာရုံကောင်းတွေနဲ့တွေ့လို့ ပျော်ရွှင်တာတွေ အာရုံဆိုးတွေနဲ့တွေ့လို့ ၀မ်းနည်းဒေါသထွက်တာတွေ ဖြစ်လာမယ်။ သတ်မှတ်ခြင်း မပြုတဲ့ စိတ်ဟာ ခံစားလိုတဲ့အတိုင်း ရွေးချယ်ခံစားလို့ရတယ်။

သတ်မှတ်ခြင်းဟာ ရိုးစင်းတဲ့ အယူအဆတစ်ရပ်ပါ။ ဥပမာအားဖြင့် ခင်ဗျားဟာ တုပ်ကွေးရောဂါရှိနေတဲ့လူတွေနဲ့ အတူတူနေမယ်၊ သူတို့နှာချေထုတ်တဲ့လေကို ရှူမယ်ရှိုက်မယ်၊ သူတို့သောက်တဲ့ ဖန်ခွက်ကို သောက်မယ် ဆိုရင် ခင်ဗျားအနေနဲ့ ရောဂါရဖို့အခွင့်အလန်း များပါတယ်။ စိတ်ရဲ့ အခြေအနေတွေဟာလည်း ဒီအတိုင်းပါပဲ။ ပတ်ဝန်းကျင်က ခင်ဗျားစိတ်အခြေအနေနဲ့ ခင်ဗျားရဲ့ခံစားချက်တွေအပေါ် ဘယ်လိုသက်ရောက်နေသလဲဆိုတာကို အသိ၊သတိနဲ့ စောင့်ကြည့်ပြီးမနေရင် ပတ်ဝန်းကျင်ပြောင်းသလို ခင်ဗျားရဲ့စိတ်အခြေအနေကလည်း ပြောင်းမှာပဲ။ စိတ်ရဲ့ ခုခံမှုစနစ်က ဘာလဲ ဆိုတော့ အခုနက ပြောခဲ့တဲ့ ရောဂါဖြစ်နိုင်တဲ့ အနေအထားအပေါ် အသိ၊သတိ ထားခြင်းနဲ့ မိမိကိုယ်ကို စောင့်ကြည့်ခြင်းပါပဲ။

တုပ်ကွေးရောဂါရှိနေတဲ့လူတွေရဲ့ အခန်းထဲကို သွားတဲ့အခါ နှာခေါင်းစည်းကို တပ်သွားရင် ရောဂါမရနိုင်သလို စိတ်နဲ့စိတ်ခံစားမှုရဲ့ သတ်မှတ်ခြင်းကို ကာကွယ်ဖို့ နှာခေါင်းစည်းလိုတယ်။ အဲဒါကတော့ ရောဂါဖြစ်နိုင်ခြေကို အသိ၊သတိရှိဖို့ပဲ။ အသိသတိရှိဖို့က ဘာဖြစ်ဖို့လိုမလဲဆိုတော့ နိုးကြားနေဖို့လိုမယ်။ အိပ်မောကျနေရင်တော့ ကူးစက်ခံသွားရမှာပဲ။

လွန်ခဲ့တဲ့ ခုနစ်နှစ်တုန်းက ကျွန်တော်ဟာ စပိန်ကနေ ရောမကို ရထားနဲ့ ခရီးရှည်တစ်ခု ထွက်ခဲ့တယ်။ နေ့တွေရက်တွေ ကုန်ကုန်သွားတာနဲ့ အညီ ကျွန်တော်တို့ဟာ နွမ်းလျဖျော့တော့နေတဲ့ ဇနပုဒ်တွေကို တစ်ခုပြီးတစ်ခု ကျော်လွန်လာခဲ့တယ်။ နောက်တော့ ကျွန်တော်ကိုယ်တိုင် ပင်ပန်းနွမ်းလျပြီး ညှိုးငယ်ထိုင်းမှိုင်းလို့ လာတယ်။ နာရီများစွာ ကုန်လွန်သွားပြီးတဲ့နောက် ကျွန်တော်တို့ဟာ မြေထဲပင်လယ် ကမ်းခြေတစ်လျှောက် ကို ရောက်တယ်။ လူတွေက ကမ်းခြေမှာ ဆော့ကစားလို့။ ပင်လယ်ပြင်နဲ့ နေရောင်ခြည်ကို နှစ်လိုစွာခံစားလို့။ အဲဒီနားကိုရောက်တော့ ကျွန်တော်ဟာ ချက်ချင်းပဲ ပျော်ရွှင်တက်ကြွသွားခဲ့တယ်။ ဒါဟာ သတ်မှတ်ခြင်းကို ဥပမာပေးဖို့ အကောင်းဆုံးပါပဲ။ လက်ဦးက ကျွန်တော်ဟာ ဆင်းရဲနွမ်းပါးနေတဲ့ လူတွေကို မြင်တွေ့ခဲ့ရပြီးတော့ သူတို့ရဲ့ပတ်ဝန်းကျင်ကို လိုက်ပြီး ကျွန်တော်ဟာလည်း ညှိုးငယ်ထိုင်းမှိုင်းလာခဲ့တယ်။ မြင်ကွင်းက လှပတဲ့ ရှုခင်းရှုကွက်၊ ပျော်ရွှင်နေတဲ့ လူတွေအဖြစ် ပြောင်းလဲသွားတဲ့ အခါမှာတော့ ကျွန်တော့်ရဲ့ စိတ်အခြေအနေဟာလည်း ကျွန်တော်မြင်ရတဲ့အတိုင်း လိုက်လံပြောင်းလဲသွားခဲ့တယ်။

ဆက်ရန်...


Read more...

မေးခွန်းရဲ့ အဖြေလို့.. (ဆင်းရဲသားပပျောက်ရေးတရားတော်...)


မေးခွန်းရဲ့ အဖြေလို့


ကိုင်း………တရားဆုံးပြီဆိုတော့ ပထမတုန်းက၊ နိုင်ငံခြားက ဒေါက်တာကလေးမေးတဲ့ မေးခွန်းပြန်ဖြေကြစို့။ တို့ ဗုဒ္ဓဘာသာ နိုင်ငံတွေ တကယ်ပဲ ဆင်းရဲသလား ဆိုတာ စစ်ကြရအောင်၊ ဥပမာ- မြန်မာနိုင်ငံ ဆိုပါစို့၊ ဒါနကံတွေပြုနေကြပါလျက် တကယ်ပဲ ဆင်းရဲနေသလား၊ ဒီမေးခွန်းကိုဖြေမည် ဆိုလျှင် ကံ နှင့် ကံအကျိုးပေးကို ပြန်စစ်ဆေးရမှာ ဖြစ်တယ်။


“ကံနှစ်မျိုး” ။ ။ ကံဆိုတာက ရှေးဘ၀က လုပ်ခဲ့တဲ့ကံ၊ ယခုဘ၀မှာ မှ လုပ်တဲ့ကံ လို့ နှစ်မျိုးရှိတယ်။ ယခုဘ၀ လုပ်တဲ့ ကံတွေထဲမှာ တချို့ ကံတွေက ဒိဋ္ဌဓမ္မ ဝေဒနိယ ကံဖြစ်ပြီး၊ ယခုဘ၀မှာပဲ အကျိုးပေးတာလည်း ရှိပါတယ်။ သူချည်းတော့ အကျိုးကြီးကြီး မပေးနိုင်ပါဘူး။ ရှေးဘ၀က ကံနှင့် ပူးပေါင်း နိုင်မှ အကျိုးကြီးပါတယ်။ မောင်ပုဏ္ဏသူဋ္ဌေး တို့ ကာက၀လ္လိယ သူဋ္ဌေး တို့ မေဏ္ဌက သူဋ္ဌေးလောင်းတို့ ထူးထူးခြား ခြား အကျိုးပေးကြတယ် ဆိုတာက ယခုဘ၀ ကံကလည်း စွမ်းအားကြီးပြီး၊ အတိတ်ကံကလည်း ရှိခဲ့ ကြတဲ့ အတွက် အကျိုးကြီးကြတာပါ။


ကံကို တားမြစ်နိုင် အခွင့်သာစေနိုင်တဲ့ အခြေအနေ လေးမျိုး။ ။ နောက်ပြီးတော့ ကံတွေ အကျိုးပေးကြတဲ့ နေရာမှာ၊ အကျိုးမပေးနိုင်အောင်၊ တားမြစ်ဖျက်ဆီး နိုင်တဲ့ အကျိုးပေးနိုင်အောင် အခွင့်သာစေနိုင်တဲ့ အခြေအနေ (၄)မျိုး ဆိုတာလည်း ရှိပါသေးတယ်။

၁။ ဂတိ. ၂။ ကာလ. ၃။ ဥပဓိ. ၄။ ပယောဂ လို့ (၄)မျိုး ရှိပါတယ်။


၁။ ဂတိ……… ဆိုတာ အမြင့်ဆုံး စကားနဲ့ ပြောတော့ လူ့ဘ၀၊ နတ်ဘ၀၊ တိရစ္ဆာန် စတဲ့ အပယ်ဒုဂ္ဂတိ ဘ၀ တွေ ရှိပါတယ်။ တစ်နိုင်ငံမှ တစ်နိုင်ငံ တစ်နေရာမှ တစ်နေရာ ရာထူး အလုပ်အကိုင် ၊ အပြောင်းအရွှေ့က အစ အကျုံးဝင်ပါတယ်။ ပြည့်စုံလျှင် ကုသိုလ်ကံ တွေ အကျိုးပေးခွင့်ရသလို၊ မပြည့်စုံဘူး ဆိုလျှင် အကုသိုလ်ကံ တွေ အကျိုးပေးခွင့် ရတတ်ပါတယ်။


၂။ ခေတ်ကာလ …………. သက်တမ်းအလွန်ရှည်ကြာတဲ့ ခေတ်၊ စကြာမင်းခေတ်မှ အစ ပဒေသရာဇ်ခေတ်၊ အရင်းရှင် ခေတ်၊ ကွန်မြူနစ်ခေတ်၊ ဆိုရှယ်လစ်ခေတ် စတဲ့ ခေတ်တွေ အကုန်လုံး အကျုံးဝင်ပါတယ်။

နိုင်ငံ တစ်နိုင်ငံ ရဲ့ ခေတ်ကို အစိုးရမင်းများ အုပ်ချုပ်တဲ့ အချိန်ကာလ နှင့် ဆုံးဖြတ်လေ့ ရှိပါတယ်။ ထင်ရှား တဲ့ လူထု ခေါင်းဆောင်၊ ထင်ရှားတဲ့ ဘာသာရေးခေါင်းဆောင် တွေနှင့် လည်း သတ်မှတ်ကြ ပါတယ်။ သူတို့ (သို့) ထင်ရှားတဲ့ ခေါင်းဆောင်ရဲ့ စည်းရုံးမှု/ နည်းစနစ် ကောင်းလျှင် ကောင်းသလို / မကောင်းလျှင် မကောင်းသလို၊ နည်းစနစ် အကောင်းအထည် ဖေါ်ပုံ ကျွမ်းကျင်လျှင် ကျွမ်းကျင်သလို၊ မကျွမ်း ကျင်လျှင် မကျွမ်းကျင်သလို၊ နိုင်ငံ သူ နိုင်ငံ သားတွေရဲ့ ကုသိုလ်ကံ အကျိုးပေးခွင့်၊ အကုသိုလ် ကံ အကျိုးပေးခွင့်၊ အလှည့်ရတတ်ပါတယ်။


အဲဒီထဲမှာ မိမိ တို့ ဒေသ၊ မိမိတို့ ရပ်ရွာ၊ မိမိတို့ မိသားစု အထိ၊ ဘယ်သူ့ လက်ထက် ဘယ်သူ့ခေတ် လို့ ပြောရ လောက်အောင်၊ ကုသိုလ်ကံ အကုသိုလ်ကံ အကျိုးပေါ်ဖို့ အရေး၊ ခေတ်တွေ က အဓိက ကျပါတယ်။ ခေတ် ဆိုတာ ကြီးကို၊ မိမိ မိသားစု က အစ၊ နိုင်ငံ နှင့် ကမ္ဘာအထိ အစိုးရ ရှိသူတွေက ဖန်တီးနိုင်ပါတယ်။ ခေတ် ကောင်းလျှင် ကုသိုလ်ကံ တွေ အကျိုးပေးခွင့် သန်သလို၊ ဘာမှ မဟုတ်တဲ့ ကုသိုလ်ကံ ကလေးတွေက တောင်၊ အကြီးကျယ် အကျိုးပေးနိုင်သလို၊ တစ်ဘက်က ကြည့်လျှင် လည်း တော်ရုံတန်ရုံ ကြီးမားတဲ့ ရှေးက ပြုခဲ့ တဲ့ အကုသိုလ် ကံ ကြီးတွေတောင် အကျိုးပေးခွင့် မရကြတော့ ပါဘူး။

ခေတ်မကောင်းလျှင်တော့ အကုသိုလ်ကံ တွေက အကျိုးပေးခွင့် သန်ကြပြန်ရော။ မပြောပ လောက်တဲ့ အကုသိုလ်ကံကလေးတွေ ကတောင်၊ ထထ အကျိုးပေးခွင့် ရနေကြတယ်။ တော်ရုံ တန်ရုံ ကုသိုလ် ကံကြီးတွေ လည်း အကျိုးပေးခွင့် မရ၊ ခေါင်းမဖေါ်နိုင်အောင် ဖြစ်တတ်ပါတယ်။ ဒါကြောင့် ခေတ်တစ်ခေတ် ကောင်းဖို့ အရေး အားလုံးမှာ တာဝန် ရှိပါတယ်။ အားလုံးရဲ့ ကံ တွေ အပေါ် သက်ရောက်နေတာ ကိုး။


၃။ ဥပဓိ……… ဥပဓိ ဆိုတဲ့ နေရာမှာ ရုပ်ဆင်း အင်္ဂါ ကို အဓိက ထားပြီး ပြောတာပါ။ ရုပ်ဆင်းအင်္ဂါ နှင့် ပတ်သက်တဲ့ မွန်မွန်ရည်ရည်နေထိုင်မှု ၊ ပြောဆိုမှု ၊ ဆက်ဆံ မှုတွေလဲအကျုံးဝင်သလို၊ ကိုယ်နေတဲ့ အဆောက်အဦး၊ ရပ်ရွာ ရပ်ကွက်က အစ အားလုံးအကျုံးဝင်ပါတယ်။ သန့်သန့် ရှင်းရှင်း၊ သပ်သပ်ရပ်ရပ်၊ ခန့်ညား ထည်ဝါမှု ရှိ/မရှိ စသဖြင့်ပေါ့။ အားလုံး အကျုံးဝင်ပါတယ်။ ဥပဓိ အသွင်အပြင် ကောင်းလျှင် ကောင်း သလောက်၊ ကုသိုလ် ကံတွေ အကျိုးပေးတတ်သလို၊ မကောင်းလျှင် မကောင်းသလောက် အကုသိုလ်ကံ တွေ အကျိုးပေးတတ်ပါတယ်။


၎။ ပယောဂ ………… အဲဒါကတော့ အရေးကြီးဆုံးပါပဲ။ ပယောဂ ဆိုတာ ပါဠိ လိုပြောတာပါ။ ဗမာလိုတော့ ´အလုပ်´ ကို လုပ်ကိုင်အားထုတ်မှု လို့ ခေါ်ပါတယ်။ အားထုတ် လုပ်ကိုင်တဲ့ အလုပ်အကိုင်က ကုသိုလ် အပြည့် အ၀ အကျိုးပေးခွင့် သာတဲ့ အလုပ်မျိုးဖြစ်မှ ကုသိုလ်ကံ က အပြည့်အ၀ အကျိုးပေးပါတယ်။ အားထုတ် လုပ်ကိုင် တဲ့ အလုပ်ဟာ ကုသိုလ်ကံ တွေ အပြည့် အ၀ ရနိုင်တဲ့ အလုပ် မဟုတ်ဘူး ဆိုလျှင် ကုသိုလ် ကံ က လည်း အပြည့်အ၀ အကျိုးမပေးနိုင်ပါဘူး။ ဥပမာ- တစ်နေ့ တစ်သိန်း ၀င်ငွေ ရအောင် အကျိုးပေးနိုင်တဲ့ ကုသိုလ်ကံ ရှိသော်လည်း ထိုသူလုပ်နေတဲ့ အလုပ်က တစ်ထောင်လောက် ၀င်ငွေ ရနိုင်တဲ့ အလုပ်မျိုးဖြစ်နေလျှင် ကုသိုလ်ကံ က အလွန်အကျွံဆုံး တစ်သောင်းလောက်ရ အောင်သာ လုပ်ပေးနိုင်ပါတယ်။ ထိုသူမှာ ကုသိုလ်ကံ အပြည့်အ၀ အကျိုးပေးခွင့် မရလို့၊ ကိုးသောင်းတိတိ ဆုံးရှူံးနစ်နာပါတယ်။ အကျိုးပေးခွင့် ရပြီးတဲ့ ကုသိုလ်ကံ ဟာလဲ အရှိန်ကုန်လျှင် နောက်ထပ်လဲ အကျိုးမပေးတော့ပါဘူး။


အကုသိုလ် အကျိုးပေးခွင့် ရစေနိုင်တဲ့ အလုပ်မျိုး လုပ်လျှင်တော့ အကုသိုလ် ကံတွေ က အကျိုးပေးတတ်ပါတယ်။
တစ်ချိန်တည်းမှာ ကုသိုလ်ကံ ရော၊ အကုသိုလ်ကံ ရော အကျိုးပေးခွင့် တူနေလျှင် ကုသိုလ်ကံ ရော၊ အကုသိုလ်ကံ ရော အကျိုးပေးဖို့ အခြေအနေ ရောက်နေလျှင် ဒီလေးမျိုး ပြည့်စုံမှု မပြည့်စုံမှု အပေါ်မှာ မူတည်ပြီးတော့၊ အကျိုးပေးခွင့် ရမှု မရမှု တွေ ဖြစ်တတ်ပါတယ်။ ဒီလေးမျိုးက သာ ပြုခဲ့ တဲ့ ကုသိုလ်ကံ အကုသိုလ်ကံတွေရဲ့ အစွမ်းသတ္တိကို တားမြစ်နိုင်သလို၊ အကျိုးပေါ်ဖို့ အခွင့်သာအောင် လုပ်ရာမှာလည်း အဓိက အဖြစ်ပါဝင်ပါတယ်။ အလွန်စွမ်းအားကြီးမားတဲ့ ဂရုကံ လို ကံမျိုးကြီးတွေ ကတော့ အရာရာကို လွှမ်းမိုးပြီး အကျိုးပေးတတ်ပါသေးတယ်။



Read more...

သားသမီးဟူသည်ဟူသည် အပိုင်း- ၁... (တည်တောဆရာတော်)

9

သားသမီးဟူသည်ဟူသည် အပိုင်း- ၁... (တည်တောဆရာတော်)


တည်တောဆရာတော်

သားသမီးဟူသည်ဟူသည် အပိုင်း- ၁...































Read more...

``မဟာလူသား မြတ်ဗုဒ္ဓ´´



``မဟာလူသား မြတ်ဗုဒ္ဓ´´

Religion ဆိုသောစကားရပ်သည် လူတို့၏ ကိုး ကွယ်ရာ ဘာသာရေးဟူသော အဓိပ္ပါယ်အားဖြင့် ယနေ့ ကမ္ဘာတွင် ထင်ရှားပေါ်လွင်လျက်ရှိသည်။
မိမိတို့သည် မြတ်ဗုဒ္ဓကို ဘာသာရေးတည်ထောင်သူ-Founder of Religion-ဟု ခေါ်ဆိုနိုင်ခွင့်ရှိပါလျှင် ဘာသာရေးတည် ထောင်သူအားလုံးတို့တွင် မြတ်ဗုဒ္ဓသည် သာလျှင် လူသားတို့၏ဆရာ Teacher of mankind ဖြစ်သည်။
မြတ်ဗုဒ္ဓကို သန့်ရှင်းသော, ရိုးသားသော လူသား တစ်ယောက်ထက်ပို၍ ပြောဆိုကြေငြာနိုင်ဖွယ်မရှိပါ။
အခြား သော ဘာသာတရားကို တည်ထောင်သူတို့မှာ God (ထာဝရသခင်) လည်း ဖြစ်နိုင်သည်။ God ဝင်စားသူလည်း ဖြစ်နိုင်သည်။ God၏သားလည်းဖြစ်နိုင် သည်။God၏တမန်တော်လည်း ဖြစ် နိုင်သည်။
မြတ်ဗုဒ္ဓမှာမူ သန့်ရှင်းစင်ကြယ်သော လူသားတစ် ယောက်ဖြစ်ရုံမျှမက သန့်ရှင်းစင်ကြယ်သော နည်းလမ်းကို တည်ထောင်သူ၊ ထိုနည်းလမ်းကို ပြသူ၊ အမှန်တရားနှင့် ငြိမ်းချမ်းရေးကို ထုတ်ဖော်ပေးသူလည်းဖြစ်သည်။
မြတ်ဗုဒ္ဓသည် ထိုဝိသုဒ္ဓိလမ်းစဉ် , ဝိမုတ္တိလမ်းစဉ် , သန္တိလမ်းစဉ် , သစ္စာလမ်းစဉ်တို့ကို ဖော်ထုတ်ပြသရာ၌ ပြင်ပ မမြင်ရသည့် တန်ခိုးရှင်တို့၏ တန်ခိုးပါဝါနှင့် အကူ အညီကို လုံးဝ ရယူခဲ့ခြင်းမရှိပေ။
ဇွဲ ,သတ္တိ , လုံ့လ , ဥာဏ်ပညာတို့ကို အသုံးချအလုပ်လုပ်ကာ အထက်ပါ လမ်းစဉ်တို့ကို ဖော်ထုတ်ခဲ့ခြင်းသာဖြစ်သည်။
မြတ်ဗုဒ္ဓသည် သူသိသမျှ , မြင်သမျှ , ရရှိပိုင်ဆိုင် ထားသမျှ သစ္စာ (အမှန်တရား) ,သန္တိ (ငြိမ်းချမ်းရေး), ဝိသုဒ္ဓိ (စင်ကြယ်ခြင်း) , ၀ိမုတ္တိ (လွတ်မြောက်ခြင်း)တို့ကို သဒ္ဓါ ဝီရိယ ပညာရှိကြသည့် လူသားတိုင်းအား ဖြန့်ဝေပေးခဲ့လေ သည်။
ထို့ကြောင့် ကမ္ဘာ့တခွင်ရှိ ပညာရှင်တို့က ယနေ့ကမ္ဘာ၌ အလွန် ထင်ရှားပေါ်လွင်သော ဘာသာ တရား တည်ထောင်သူတို့တွင် မြတ်ဗုဒ္ဓကို "မဟာလူသား" ဟူ၍ အသိမှတ်ပြုလာကြ သည်။

လူသားတိုင်း ဘုရားဖြခွင့်ရှိ
ဘုရားအဖြစ်ကိုပင် သင့်လျော်သော လူသားတိုင်း အား ဖြစ်ခွင့်ပေးထား ပါသည်။ ပုဂ္ဂိုလ်တိုင်း ဘုရားဖြစ်ခွင့်ရှိပါသည်။
လူသားတစ်ယောက် (လူသားစင်စစ်)သည်သာလျှင် မြတ်ဗုဒ္ဓအဖြစ်ကို ရပိုင်ခွင့်ရှိသည်။ လူသားတိုင်း၏သန္တာန်၌ ဗောဓိဥာဏ် ( သစ္စာ ၄-ပါးကို သိသည့် ဉာဏ်) သို့မဟုတ် သဗ္ဗညုတဥာဏ်( အရာခပ်သိမ်းကို ထိုးထွင်း သိမြင်သည့် ဉာဏ်) ကို ရပိုင်ခွင့်သည် ကိန်းအောင်းလျက်ရှိသည်။
``ဘုရားအဖြစ်´´ကို တစ်ဦးတစ်ယောက်ကသာ ပိုင်ဆိုင်သည်မဟုတ်။ ထိုလူသား သည် တကယ်စင်စစ် ဥာဏ်နှင့်ယှဉ်၍ အားထုတ်လို သော ဆန္ဒရှိလျှင် ဘုရားအဖြစ်ကို ရပိုင်ခွင့်ရှိသည်။ ဘုရားဖြစ်ချင်သော သူမှန်သမျှ ဖြစ်နိုင်ခွင့်ရှိပေသည်။
ထိုက်တန်သော အရင်းအနှီးကို ပေးနိုင်သည့်သူမှန်သမျှသည် ထိုက်တန်သော အကျိုးအမြတ်ကို ရရှိနိုင်ပေသည်။ ဤကား သဘာဝနိယာမပင်တည်း။
ကမ္ဘာ့အမွေဆိုင် ``ဓမ္မ´´
မြတ်ဗုဒ္ဓကို လူသားအားလုံး တို့ထက် ထူးခြားသောလူသား၊ ဘာသာရေး တည်ထောင်သူ တို့ထက် ထူးမြတ်သော ဘာသာရေးတည်ထောင်သူ-ဟုဆို နိုင်သည်။
လူ့ဘဝ လူ့လောက၌ သူသည် အကျင့်ပိုင်း , အသိ ပိုင်း အရာရာတိုင်း၌ အလွန်ပြည့်စုံသူဖြစ်သည်။
မြတ်ဗုဒ္ဓ၏အဆုံးအမဖြစ်သော ဓမ္မသည် လူသား အားလုံး တို့၏ဘဝနှင့် တစပ်တည်းဖြစ်သည်။ လူသားအားလုံးတို့၏ ဘဝလိုအပ်ချက်နှင့်လည်း ကိုက်ညီလျက်ရှိသည်။
ထို့ကြောင့် မြတ်ဗုဒ္ဓ၏ အဆုံးအမ- ဓမ္မကို လူလောကကြီးတစ်ခုလုံးက ပိုင်ဆိုင်ခွင့်ရှိထားသည်။ ရိုးသားသောယုံကြည်မှုနှင့် ကျိုး ကြောင်းသိမြင် ဆင်ခြင်တတ်သော အသိဥာဏ်ရှိသူတိုင်းသည် ဓမ္မကို တစ်ကမ္ဘာလုံး၏ (လူသားတစ်ရပ်လုံး၏) အမွေဆိုင်ဟု ဆိုကြသည်။


Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP