* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Wednesday, August 19, 2009

အာဝေဏိကဂုဏ်တော် သစ္စာပြု ဆုတောင်း ပါဠိ

၁။ ( အသက် )
ဗုဒ္ဓါနံ ဇီဝိတဿ န သက္ကာ ကေနစိ အန္တရာယော ကာတုံ၊ တထာ မေ ( တေ ) ဟောတု ။

၂။ ( ဉာဏ်ပညာ )
ဗုဒ္ဓါနံ သဗ္ဗညုတဉာဏဿ န သက္ကာ ကေနစိ အန္တရာယော ကာတုံ၊ တထာ မေ ( တေ ) ဟောတု ။

၃။ ( ဥစ္စာပစ္စည်း )
ဗုဒ္ဓါနံ အဘိဟဋာနံ စတုန္နံ ပစ္စယာနံ န သက္ကာ ကေနစိ အန္တရာယော ကာတုံ၊ တထာ မေ ( တေ ) ဟောတု ။

၎။ ( ဂုဏ်ကျက်သရေ )
ဗုဒ္ဓါနံ အသီတိယာနုဗျဉ္ဇနာနံ ဗျာမပ္ပဘာယ ၀ါ န သက္ကာ ကေနစိ အန္တရာယော ကာတုံ၊ တထာ မေ ( တေ )
ဟောတု ။

၅။ ( လေးပါးအပေါင်း )
ဣမေသံ စတုန္နံ န သက္ကာ ကေနစိ အန္တရာယော ကာတုံ၊ တထာ မေ ( တေ ) ဟောတု ။

အမှာ။
မေ ( တေ ) နှစ်မျိုးတွင်
ကိုယ့်အတွက် ရွတ်လိုက မေ-ဟု ရွတ်ပါ။
သူများအတွက် ရွတ်လိုက တေ-ဟု ရွတ်ပါ။

( မြန်မာပြန် )
၁။ ဘုရားရှင် ကိုယ်တော်မြတ်ကြီး၏ အသက်ဇီဝကို မည်သူတဦးတယောက်မျှ နှောင့်ယှက်ဖျက်ဆီး အန္တရာယ် မပြုနိုင်ပေ။
ထိုနည်းတူစွာ အကျွန်ုပ်၏ ( အသင်တို့၏ ) အသက်ဇီဝကိုလည်း မည်သူတဦးတယောက်မျှ နှောင့်ယှက်ဖျက်ဆီး အန္တရာယ် မပြုနိုင်ပါစေသတည်း။

၂။ ဘုရားရှင် ကိုယ်တော်မြတ်ကြီး၏ သဗ္ဗညုတ ရွှေဉာဏ်တော်ကို မည်သူတဦးတယောက်မျှ နှောင့်ယှက်ဖျက်ဆီး အန္တရာယ် မပြုနိုင်ပေ။
ထိုနည်းတူစွာ အကျွန်ုပ်၏ ( အသင်တို့၏ ) အသိအလိမ္မာ ဉာဏ်ပညာကိုလည်း မည်သူတဦးတယောက်မျှ နှောင့်ယှက်ဖျက်ဆီး အန္တရာယ် မပြုနိုင်ပါစေသတည်း။

၃။ ဘုရားရှင် ကိုယ်တော်မြတ်ကြီး၏ ပစ္စည်းလေးပါးတို့ကို မည်သူတဦးတယောက်မျှ နှောင့်ယှက်ဖျက်ဆီး အန္တရာယ် မပြုနိုင်ပေ။
ထိုနည်းတူစွာ အကျွန်ုပ်၏ ( အသင်တို့၏ ) ပစ္စည်းဥစ္စာ ရတနာ အဖြာဖြာတို့ကိုလည်း မည်သူတဦးတယောက်မျှ နှောင့်ယှက်ဖျက်ဆီး အန္တရာယ် မပြုနိုင်ပါစေသတည်း။

၎။ ဘုရားရှင် ကိုယ်တော်မြတ်ကြီး၏ ရှစ်ဆယ်သော လက္ခဏာတော်ငယ်နှင့် တလံမျှလောက်သော ရောင်တော်ဝန်းကို မည်သူတဦးတယောက်မျှ နှောင့်ယှက်ဖျက်ဆီး အန္တရာယ် မပြုနိုင်ပေ။
ထိုနည်းတူစွာ အကျွန်ုပ်၏ ( အသင်တို့၏ ) လှပတင့်တယ်ခြင်း ဂုဏ်ကျက်သရေ အထွေထွေတို့ကိုလည်း မည်သူတဦးတယောက်မျှ နှောင့်ယှက်ဖျက်ဆီး အန္တရာယ် မပြုနိုင်ပါစေသတည်း။

၅။ ဘုရားရှင် ကိုယ်တော်မြတ်ကြီး၏ အသက်တော်, သဗ္ဗညုတဉာဏ်တော်, ပစ္စည်းလေးပါး, လက္ခဏာတော်ငယ် ရှစ်ဆယ်တို့နှင့် တလံမျှလောက်သော ရောင်တော်ဝန်း တည်းဟူသော ဤလေးပါးတို့ကို မည်သူတဦးတယောက်မျှ နှောင့်ယှက်ဖျက်ဆီး အန္တရာယ် မပြုနိုင်ပေ။
ထိုနည်းတူစွာ အကျွန်ုပ်၏ ( အသင်တို့၏ ) အသက်ဇီဝနှင့်, အသိအလိမ္မာ ဉာဏ်ပညာ, ပစ္စည်းဥစ္စာ ရတနာအဖြာဖြာနှင့်, လှပတင့်တယ်ခြင်း ဂုဏ်ကျက်သရေ အထွေထွေဟူသော ဤလေးပါးတို့ကိုလည်း မည်သူတဦးတယောက်မျှ နှောင့်ယှက်ဖျက်ဆီး အန္တရာယ် မပြုနိုင်ပါစေသတည်း။


Read more...

မိတ္တူနေ့ စွဲများ



အလေ့ရိုးရိုး နေ့ မျိုးများစွာ
ဘ၀ခါးခါး ညများစွာနဲ့ 
ထပ်တူကျခဲ့...ကိုယ့်နေ့ စွဲများ..

ဘ၀ပင်လယ် အ၀ကျယ်မို့ 
နိမ့်သူ ဖိနှိပ်
မကောင်း စိတ်ကြောင့်…
နှုတ်ဆိတ်နေထား..
မပြောအားဘူး….

ကောင်းကင်မော့ကြည့်
ဟော အတိနဲ့  တိမ်စိုင်တိမ်ခဲ
ထိုမိုးသားလည်း…ပြိုကာပျက်ကျ
ငိုကာချဖို့  သူအားကူလို့ ….

ဆွေမနီး မျိုးဝေး
ထိုအတွေးက ရေးရေးနှိပ်စက်
အိပ်ဖို့ ခက်ခဲ…
တွေးနက်ဆဲမို့ …

ကြယ်ကလေး ဟန်ဆောင်
သူ ပြုံးယောင်လည်း…
လမင်းကြီးဝါ
သူ ထိန်သာလည်း…
စိတ်မှာ မပျော်….
အိပ်ယာပေါ်မှ…

ကမ်းနှင့် ခရီး..
လှမ်းလင့်ပြီးမို့ …
ရှေ့ သို့ မျှော်ရည်
ဆက်ရပေမည်….
အာရုံမိုးသောက်…
ချိန်ခါရောက်ပေါ့…
ကာရံဆူး


Read more...

ဗုဒ္ဓဝါဒနှင့် သဘောထားခံယူချက်


Religion ဆိုသောစကားရပ်သည် လူတို့၏ ကိုး ကွယ်ရာ ဘာသာရေးဟူသော အဓိပ္ပါယ်အားဖြင့် ယနေ့ ကမ္ဘာတွင် ထင်ရှားပေါ်လွင်လျက်ရှိသည်။ ကျွန်ုပ်တို့သည် မြတ်ဗုဒ္ဓကို ဘာသာရေးတည်ထောင်သူ-Founder of Religion-ဟု ခေါ်ဆိုနိုင်ခွင့်ရှိပါလျှင် ဘာသာရေးတည် ထောင်သူအားလုံးတို့တွင် မြတ်ဗုဒ္ဓသည်သာလျှင် လူသား တို့၏ဆရာ Teacher of mankind ဖြစ်သည်။
မြတ်ဗုဒ္ဓကို သန့်ရှင်းသော ရိုးသားသော လူသား တစ်ယောက်ထက်ပို၍ ပြောဆိုကြေငြာနိုင်ဖွယ်မရှိပါ။ အခြား သော ဘာသာတရားကို တည်ထောင်သူတို့မှာ God လည်း ဖြစ်နိုင်သည်။God ဝင်စားသူလည်း ဖြစ်နိုင်သည်။God၏သားလည်းဖြစ်နိုင်သည်။God၏တမန်တော်လည်း ဖြစ် နိုင်သည်။
မြတ်ဗုဒ္ဓမှာမူ သန့်ရှင်းစင်ကြယ်သော လူသားတစ် ယောက်ဖြစ်ရုံမျှမက သန့်ရှင်းစင်ကြယ်သော နည်းလမ်းကို တည်ထောင်သူ၊ ထိုနည်းလမ်းကို ပြသူ၊ အမှန်တရားနှင့် ငြိမ်းချမ်းရေးကို ထုတ်ဖော်ပေးသူလည်းဖြစ်သည်။
မြတ်ဗုဒ္ဓသည် ထိုဝိသုဒ္ဓိလမ်းစဉ် , ဝိမုတ္တိလမ်းစဉ် , သန္တိလမ်းစဉ် , သစ္စာလမ်းစဉ်တို့ကို ဖော်ထုတ်ပြသရာ၌ ပြင်ပ တန်ခိုးရှင် မမြင်ရသည့် ဘုရားသခင်တို့၏ တန်ခိုးပါဝါနှင့် အကူ အညီကို လုံးဝ ရယူခဲ့ခြင်းမရှိပေ။ သူ၏ပင်ကိုယ် ဇွဲ ,သတ္တိ , လုံ့လ , ဥာဏ်ပညာတို့ကို အသုံးချအလုပ်လုပ်ကာ အထက်ပါ လမ်းစဉ်တို့ကို ဖော်ထုတ်ခဲ့ခြင်းသာဖြစ်သည်။

မြတ်ဗုဒ္ဓသည် သူသိသမျှ , မြင်သမျှ , ရရှိပိုင်ဆိုင် ထားသမျှ သစ္စာ ,သန္တိ , ဝိသုဒ္ဓိ , ၀ိမုတ္တိတရားတို့ကို သဒ္ဓါ ဝီရိယ ပညာရှိကြသည့် လူသားတိုင်းအား ဖြန့်ဝေပေးခဲ့လေ သည်။ သူ၏ဗုဒ္ဓအဖြစ်ကိုပင် သင့်လျော်သော လူသားတိုင်း အား ဖြစ်ခွင့်ပေးထားပါသည်။

လူသားတစ်ယောက် (လူသားစင်စစ်)သည်သာလျှင် ဗုဒ္ဓအဖြစ်ကို ရပိုင်ခွင့်ရှိသည်။ လူသားတိုင်း၏သန္တာန်၌ ဗော ဓိဥာဏ်ကို ရပိုင်ခွင့်သည် ကိန်းအောင်းလျက်ရှိသည်။ ထိုလူ သားသည် တကယ်စင်စစ် ဥာဏ်နှင့်ယှဉ်၍ အားထုတ်လို သော ဆန္ဒရှိလျှင် ဗောဓိဥာဏ်ကို ရပိုင်ခွင့်ရှိသည်။

ထို့ကြောင့် ကျွန်ုပ်တို့က မြတ်ဗုဒ္ဓကို လူသားအားလုံး တို့ထက် ထူးခြားသောလူသား၊ ဘာသာရေးတည်ထောင်သူ တို့ထက် ထူးမြတ်သော ဘာသာရေးတည်ထောင်သူ-ဟုဆို နိုင်သည်။
လူ့ဘဝ လူ့လောက၌ သူသည် အကျင့်ပိုင်း , အသိ ပိုင်း အရာရာတိုင်း၌ အလွန်ပြည့်စုံသူဖြစ်သည်။ သို့ဖြစ်ခြင်း ကြောင့် ယနေ့ကမ္ဘာ၌ အလွန်ထင်ရှားပေါ်လွင်သော ဘာသာ တရားတို့တွင် "မဟာလူသား" ဟူ၍ သူ့ကို အသိမှတ်ပြုလာကြ သည်။ သူ၏အဆုံးအမဖြစ်သော ဓမ္မသည် လူသား အားလုံး တို့၏ဘဝနှင့် တစပ်တည်းဖြစ်သည်။ လူသားအားလုံးတို့၏ ဘဝလိုအပ်ချက်နှင့်လည်း ကိုက်ညီလျက်ရှိသည်။

ထို့ကြောင့် ဗုဒ္ဓနှင့်ဓမ္မကို လူလောကကြီးတစ်ခုလုံးက ပိုင်ဆိုင်ခွင့်ရှိထားသည်။ ရိုးသားသောယုံကြည်မှုနှင့် ကျိုး ကြောင်းသိမြင် ဆင်ခြင်တတ်သော အသိဥာဏ်ရှိသူတိုင်း သည် ဗုဒ္ဓနှင့်ဓမ္မကို တစ်ကမ္ဘာလုံး၏ (လူသားတစ်ရပ်လုံး၏) အမွေဆိုင်ဟု ဆိုကြသည်။

ဗုဒ္ဓဝါဒအရ လူသား၏အဆင့်သည် အမြင့်ဆုံးဖြစ် သည်။ လူသားတစ်ယောက်သည် သူကိုယ်တိုင်၏ ကိုယ်ပိုင် အရှင်သခင်ဖြစ်သည်။ သူကိုယ်တိုင်ထက် ပိုလွန်သော, သူ့ ဘဝကို လွှမ်းမိုးအုပ်စိုး၍ထားသော , သူ့ဘဝပန်းတိုင်ကို ဆုပ် ကိုင်၍ထားသော သူ့အထက်က တန်ခိုးရှင် အာဏာရှင် မရှိ ပေ။ လူသားတစ်ယောက်၏ ကိုယ်ပိုင်ကိုးကွယ်ရာသည် ထိုလူ သားကိုယ်တိုင်ပင်ဖြစ်သည်။ တခြားကိုးကွယ်ရာမရှိ-ဟု မြတ် ဗုဒ္ဓက လူသားတို့၏ဘဝကို လွတ်လပ်စွာကိုးကွယ်ခွင့် အဆင့် မြင့်မြင့်ပေးထားသည်။

မြတ်ဗုဒ္ဓသည် သူ၏တပည့်များကို ဆုံးမရာ၌ "ကိုး ကွယ်ရာကို မိမိတို့ကိုယ်တွင်းမှာ ရှာကြ၊ အပြင်ပမှာ (သို့) တခြားသူတို့ထံမှာ ကိုးကွယ်ရာ ရှာ၍မရ" ဟု တိုက်တွန်း လေ့ရှိသည်။
မြတ်ဗုဒ္ဓသည် လူသားတိုင်း ဘဝတိုးတက်ရေးနှင့် လွတ်မြောက်ရေးအတွက် သူ့ကိုအတုယူကြဖို့ အစဉ်အားပေး ဆုံးမလေ့ရှိသည်။

"မိမိတို့ ဘဝလွတ်မြောက်ရေးအတွက် မိမိတို့ကိုယ် တိုင်ပင် အားထုတ်ရမည်၊ မိမိတို့ရောဂါပျောက်ရေးအတွက် မိမိတို့ကိုယ်တိုင်ပင် ဆေးသောက်ရမည်"ဟု ဆုံးမလေ့ရှိ သည်။

သို့သော် ဆေးဆရာကောင်းကို မှီဝဲရမည်။ ထိုသမား ကောင်း၏ တားမြစ်ချက်, ညွှန်ကြားချက်တို့ကို လိုက်နာရ မည်။ ထိုသမားတော် ပေးသည့်ဆေးကို မှန်မှန်မှီဝဲရမည်။

မြတ်ဗုဒ္ဓသည် ဆေးသမား၊ မြတ်ဓမ္မသည် ဆေးဝါး ဖြစ်သည်။ လူသားတစ်ယောက်၏ အနှောင်အဖွဲ့တို့မှ လွတ် မြောက်ရေးအတွက် ထိုလူသားကိုယ်တိုင်၏ ကိုယ်ပိုင်သဒ္ဓါ , ဝီရိယ ,ပညာတို့သည်သာ တကယ်စင်စစ် ထိုလူသား၏ ကယ် တင်ရှင်တို့ဖြစ်ကြသည်။

မြတ်ဗုဒ္ဓကဆို၏။ "ဗုဒ္ဓတို့မည်သည် လမ်းညွှန်ဆရာ တို့သာ ဖြစ်ကုန်၏။ လူတို့သည် ဆရာတို့ ညွှန်ပြသည့်အတိုင်း အလုပ်လုပ်အားထုတ်ကြရမည်" ။

အကယ်၍ လူတို့က မြတ်ဗုဒ္ဓကို "ကယ်တင်ရှင်"ဟု ဆိုချင်လျှင် ဝိသုဒ္ဓိလမ်း , ဝိမုတ္တိလမ်း , သစ္စာနှင့်သန္တိတို့ကို ဖော်ထုတ် ညွှန်ပြပေးသော အဓိပ္ပါယ်ဖြင့်သာလျှင် မြတ်ဗုဒ္ဓ ကို "ကယ်တင်ရှင်"ဟု ဆိုနိုင်သည်။ သို့သော် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ကယ်တင်ရှင် မြတ်ဗုဒ္ဓ ပြပေးသော လမ်းကြောင်း တို့ကို ဖြောင့်ဖြောင့်မှန်မှန် လျှောက်လှမ်းသွားရမည်သာ ဖြစ်သည်။

မြတ်ဗုဒ္ဓသည် သူ၏တပည့်များကို ညွှန်ပြသည့် ဝိသုဒ္ဓိ , ဝိမုတ္တိ (သန့်ရှင်းခြင်းနှင့် လွတ်မြောက်ခြင်း) ဆိုသည် မှာ ပုဂ္ဂိုလ်တစ်ယောက်ချင်း တစ်ယောက်ချင်းစီ၏ တာဝန်နှင့် ကျင့်ကြံ အားထုတ်မှုပေါ်မှာတည်သည်။

မဟာပရိနိဗ္ဗာနသုတ်တော်၌ " မိမိကိုယ်ကို မိမိတို့ မှီခို၍နေကြ၊ မိမိတို့ကျင့်သုံးသောဓမ္မသည် မိမိတို့မှီခိုရာဖြစ် သည်။ ငါဘုရားသည် သင်ရဟန်းတို့ကို အုပ်စိုး၍နေမည် မဟုတ်" စသည်ဖြင့် မိန့်ကြားတော်မူခဲ့သည်။
မြတ်ဗုဒ္ဓသည် သူ၏တရားထဲ၌ မည်သည့်လျှို့ဝှက် ချက် ကွယ်ဝှက်ချက်ကိုမျှ မထား၊ ဆရာစား , ဆရာ့လက်ဆုပ် တရားငုတ်ကိုမျှလည်း မည်သို့မျှမထား၊ နာကြားသူတို့ လက်ခံ နိုင်သမျှ အကြွင်းမရှိ ပွင့်ပွင့်လင်းလင်း ဟောပြခဲ့သည်။

မြတ်ဗုဒ္ဓသည် ဘာသာရေးသမိုင်းတစ်လျှောက်၌ မကြားစဖူး , မရှိစဖူး ထူးဆန်းသည့် လူသားတို့အတွေးအခေါ် လွတ်လပ်ခွင့်တို့ကို ခွင့်ပြုတော်မူခဲ့သည်။ လူ့အတွေးအခေါ်၏ လွတ်လပ်ခွင့်သည် လူသားတို့ ဘဝလွတ်မြောက်ရေးအတွက် အထူးပင်လိုအပ်ပေသည်။

မြတ်ဗုဒ္ဓ၏အလိုတော်အရ လူသားတို၏ လွတ် မြောက်မှုသည် လူသားတိုင်း ကိုယ်ပိုင်ဥာဏ်ဖြင့် သစ္စာကို ထိုးထွင်းသိခြင်းပေါ်၌ တည်သည်။ ပြင်ပတန်ခိုးရှင်GOD-ဘုရားသခင်တို့၏ သနားခြင်း ခွင့်လွှတ်ခြင်း မျက်နှာသာ ပေးခြင်း ကယ်တင်ခြင်းတို့ အပေါ်၌ လုံးဝ တည်ခြင်း မှီခိုခြင်း မရှိပေ။

ပြင်ပတန်ခိုးရှင် ဘုရားသခင်တို့ကို ရိုသေကျိုးနွံစွာ ဆုတောင်းခြင်း၊ ထိုဘုရားသခင်တို့ သနားချီးမြှင့်သော ဆု လာဘ်ကို ရရှိခြင်းဖြင့်လည်း လူသားတို့၏ ဘဝလွတ် မြောက်မှုသည် မဖြစ်နိုင်ချေ။ သစ္စာကို မျက်မှောက်ပြုခြင်း သည်သာ ဘဝလွတ်မြောက်ရေး၏ ဂိတ်ပေါက်ဖြစ်သည်။

မြတ်ဗုဒ္ဓသည် ကောသလနိုင်ငံတော်၌ ခရီးလှည့် လည်စဉ် ကေသမုတ္တိအမည်ရှိသော မြို့ကလေးတစ်ခုသို့ ရောက်ခဲ့သည်။

ထိုမြို့ကလေး၌ ကာလာမလူမျိုးတို့ နေထိုင်ကြ၏။ မြတ်ဗုဒ္ဓ ထိုရွာသို့ ဆိုက်ရောက်သွားသောအခါ ကာလာမ လူမျိုးတို့ စုရုံး ရောက်ရှိလာကြကုန်၏။

မြတ်ဗုဒ္ဓကို သူတို့ အရိုအသေပေး လျှောက်ထားကြ သည်မှာ "အို မြတ်စွာဘုရား မြောက်များစွာသော ရသေ့ ရဟန်းတို့သည် ကျွန်ုပ်တို့ရွာသို့ တစ်ယောက်ပြီးတစ်ယောက် အဆက်မပြတ် လာရောက်ကြပါ၏၊ ရောက်လာတိုင်းသော ရသေ့ရဟန်းတို့သည် သူတို့၏ ကိုယ်ပိုင်ဝါဒကိုသာ အကောင်း ပြော၍ ထွန်းကားအောင် ဟောပြောကြပါ၏။ သူတပါးတို့၏ ဝါဒကိုမူကား ရှုံ့ချအပြစ်ဆို၍ ပျက်ပြားအောင်ပြုကြပါ၏၊ ရသေ့ရဟန်းပေါင်းမြောက်များစွာတို့ ကျွန်ုပ်တို့ကေသမုတ္တိရွာ သို့ ရောက်တိုင်း မိမိတို့အယူဝါဒကို လက်ခံဖို့ရန် သူတပါးတို့ ၏အယူဝါဒကို စွန့်ပစ်ဖို့ရန် အသီးအသီး ပြောသွား ကြပါ၏ဘုရား။

ထို့ကြောင့် ယခုအခါ ကျွန်ုပ်တို့ ကေသမုတ္တိရွာသား အားလုံး စိတ်ရှုတ်၍နေကြကုန်ပါပြီဘုရား၊ မည်သူ၏ဝါဒ မှားသည်၊ မည်သူ၏ဝါဒ မှန်သည်ဟု မဆုံးဖြတ်နိုင်အောင် သံသယများ ဝင်နေကြကုန်၏ဘုရား။ အို အရှင်ဂေါတမဗုဒ္ဓ- အရှင်သည်ကော မည်သို့ဟောပြနိုင်မည်နည်း"-ဟု မေး လျှောက်ကြကုန်၏။

ထိုအခါ မြတ်ဗုဒ္ဓက အံ့ဩဖွယ်ကောင်းသော လမ်း ညွှန်ချက်၊ လွတ်လပ်သောအတွေးအခေါ်၊ လွတ်လပ်သော ကိုယ်ပိုင်ဆုံးဖြတ်ခွင့်တို့ကို ပေးထားခဲ့သည်မှာ ဘာသာရေးသ မိုင်းတွင် ပြိုင်ဘက်ကင်းသည့် တစ်ခုတည်းသော လမ်းညွှန် ချက်ဖြစ်ခဲ့ပေသည်။

"အို ကာလမတို့- သင်တို့မှာ ယုံမှားသံသယဖြစ်သည် ဆိုလျှင် ဖြစ်ထိုက်ပေ၏။ သင်တို့ရွာ၌ ဆရာများသလောက် ဝါဒလည်းများကုန်၏။ သင်တို့၏ကိုယ်ပိုင်ဥာဏ်ကို ဆရာ့ဝါဒတို့နှင့် သံသယတို့က ဖုံးလွှမ်း၍ နေကြကုန်၏။ ငါသည်မူကား ထိုဆရာတို့ကဲ့သို့ မပြောလို၊ သင်တို့၏ ကိုယ် ပိုင်အတွေးအခေါ်၊ ကိုယ်ပိုင်ဥာဏ်၊ ကိုယ်ပိုင်အဆုံးအဖြတ် သည်သာလျှင် သင်တို့၏ကိုယ်ပိုင်ဥစ္စာ၊ ကိုယ်ပိုင်လမ်းညွှန် ချက်ဖြစ်သင့်သည်ဟု ဆိုချင်သည်။ ထို့ကြောင့်

(၁)တဆင့်စကား အဆင့်ဆင့်ကြားရသည်တို့အပေါ် မှာလည်း အပြီးသတ် ဆုံးဖြတ်ချက်မချကြကုန်နှင့်။

(၂) သင်တို့အထက်က ဘိုးဘေးဘီဘင် အစဉ်အ ဆက်လာ ဓလေ့ထုံးတမ်းများကိုလည်း အဆုံးသတ် အားကိုး ပြီး အဟုတ်မှတ်၍ မကျင့်သုံးကြကုန်နှင့်။

(၃)အခြေအမြစ်မပါသည့် သူပြောငါပြော ကောလာ ဟလ စကားတို့ကိုလည်း လက်ခံမမှားကြကုန်နှင့်။

(၄)ဘာသာရေးကျမ်းစာတို့၏ အရှိန်ဩဇာအောက် မှာလည်း နစ်မြုပ်၍မနေကြကုန်နှင့်။

(၅) အကျင့်နှင့် အသိမပါ တက္ကီဝါဒီတို့၏ အတွေး အခေါ်များကိုလည်း ဟုတ်ပြီ မှန်ပြီဟု အတည်မယူကြကုန် နှင့်။

(၆)အခြားအခြားသောလူတို့ အခြားအခြားသော အယူဝါဒတို့ထံမှ ပုံတူကူး၍ ကျင့်သုံးခြင်းသည်လည်း မိမိတို့ ဘဝနှင့် အပ်စပ်လိမ့်မည်ဟု အတည်တကျ မယူကြကုန်နှင့်။

(၇) မိမိတို့အတွေးအခေါ် အယူအဆကို မိမိတို့၏ အတွေးဖြင့်သာလျှင် အကြောင်းယုတ္တိပေး၍ တင်ပြနိုင်ရုံမျှ ဖြင့် ကိုယ့်အတွေး ကိုယ့်ယုတ္တိ ဟုတ်ပြီဟု မယူကြကုန်နှင့်။

(၈)ဆရာတစ်ယောက်ယောက် လာရောက်ဟော ပြောချက်သည် မိမိတွေးထင်ထားသည်နှင့် ကိုက်ညီ သွားပြီဆို ရုံမျှဖြင့်လည်း ဟုတ်ပြီမှန်ပြီဟု မယူဆကြကုန်နှင့်။

(၉) လေးစားထိုက်သော လောကကဂရုပြုနေသည့် ပုဂ္ဂိုလ်ကြီးတစ်ယောက်၏ဝါဒသည် ဖြစ်နိုင်ဖွယ်ရှိသည်ဟူ၍ လည်း တစ်ထစ်ချ မယူကြကုန်နှင့်။

(၁၀) မိမိတို့ ဆည်းကပ်ကိုးကွယ်သော ဆရာတို့၏ စကားတိုင်းသည်လည်း ဟုတ်ပြီမှန်ပြီ အကျိုးရှိပြီဟု အပြီး သတ် မမှတ်ယူကြကုန်နှင့်။

"အိုကာလာမတို-အကောင်းအဆိုး ဘယ်ဟာမျိုး မဆို သင်တို့အတွက် သင်တို့ကိုယ်တိုင် သိအောင်လုပ်ကြ၊ ဤသည်ကား အကောင်းတရား၊ ဤသည်ကား အဆိုးတရား၊ ဤသည်ကားအမှား၊ ဤသည်ကားအမှန်၊ သင်တို့ကိုယ်တိုင် သိအောင် လုပ်ကြ။ ဤသည်ကား အမှား၊ ဤသည်ကား အဆိုး- ဆိုးကျိုး သာဖြစ်လိမ့်မည်။ ဤသည်ကား အကောင်း၊ ဤသည်ကား အမှန်- ကောင်းကျိုးသာ ဖြစ်လိမ့်မည် ဆိုသည့်အချက်ကို သူတပါးတို့ထံ ဆုံးဖြတ်ခံစရာမလို သင်တို့ကိုယ်ပိုင်ဥာဏ်ဖြင့် ကိုယ်ပိုင်သိအောင် လုပ်ကြ။

"ဤသည်ကား အမှား၊ ဤသည်ကား အဆိုးဖြစ် လိမ့်မည်"ဟု သင်တို့ကိုယ်တိုင်သိ၍ ဆုံးဖြတ်နိုင်လျှင် သင်တို့ ကိုယ်တိုင် ထိုဝါဒကို ပယ်စွန့်နိုင်ခွင့်ရှိသည်။

ဤသည်ကား အကောင်း၊ ဤသည်ကား အမှန်၊ ဤ အကောင်းအမှန်ကြောင့် သင်တို့မှာ ကောင်းကျိုးဖြစ်လိမ့်မည် ဟုဆိုလျှင် မြင်လျှင် သင်တို့ကိုယ်တိုင် ထိုအကျင့်ကို လက်ခံ ပိုင်ခွင့်ရှိသည်။ သင်တို့ကိုယ်ပိုင်အသိ၊ ကိုယ်ပိုင်အကျင့်၊ ကိုယ် ပိုင်ဆုံးဖြတ်ချက်သည်သာလျှင် သင်တို့ဘဝ၏ အရှင်သခင် ဖြစ်သည်။ သင်တို့ဘဝ၏ ကောင်းကျိုး ဆိုးကျိုးကို သင်တို့၏ အကျင့်နှင့် အသိက အဆုံးအဖြတ်ပေးလိမ့်မည်။

ထို့ကြောင့် ကိုယ်တိုင် သိအောင်လုပ်ကြ။ ကိုယ့်အသိ နှင့် ကိုယ်တိုင်ဆုံးဖြတ်ကြ။ ကိုယ့်အဆုံးအဖြတ်အတိုင်း ကိုယ်တိုင်ကျင့်သုံးကြ။ သင်တို့ဘဝ၏ လွတ်မြောက်ရာ တံခါး ကို သင်တို့ကိုယ်တိုင် ဖွင့်နိုင်ခွင့်ရှိသည"ဟု ကေသမုတ္တိရွာ သား ကာလာမတို့အား မိန့်ကြားတော်မူခဲ့ပါသည်။

ဤမြတ်ဗုဒ္ဓ၏အဆုံးအမများသည် ဘာသာရေးသ မိုင်းတွင် တစ်ခုတည်းသော အနှိုင်းမဲ့လွတ်လပ်သော အတွေး အခေါ်အတွက် လမ်းညွှန်ချက်ဖြစ်သည်။

မြတ်ဗုဒ္ဓဒေသနာတော်အရ ဝိစိကိစ္ဆာဟူသောယုံမှား ခြင်းသည် ရှင်းလင်းသောအသိ(သစ္စာအသိ)၏ ကြီးမားသော အတားအဆီးတစ်ခုဖြစ်သည်။ ထို့အပြင် စိတ်ဓာတ်ဖွံ့ဖြိုး တိုးတက်ရေးသာမက မည်သည့်ဖွံ့ဖြိုးတိုးတက်ရေးမျိုးကိုမဆို ဝိစိကိစ္ဆာတရားသည် ကြီးမားသောအနှောက်အယှက် အတား အဆီးတစ်ခုဖြစ်သည်။

သို့သော်- ဝိစိကိစ္ဆာဟူသော ယုံမှားမှုသည် တကယ် စင်စစ် ကြီးမားသောအပြစ်ကြီး Sin-တစ်ခုတော့မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် ဗုဒ္ဓဘာသာတွင် အခြားသောဘာ သာများမှာကဲ့သို့ အခိုင်အမာ ကတိပြု ယုံကြည်ခြင်းမျိုးမရှိ ပေ။ အခြားဘာသာများ၌ သက်ဆိုင်ရာဘုရားသခင်တို့ကို မယုံကြည်လျှင် (သို့) ယုံမှားခြင်းဖြစ်လျှင် ကြီးလေးသော ပြစ်ဒဏ်ထိုက်သည်။ ထိုအပြစ်မျိုးကိုSin- ဟုခေါ်ကြသည်။

ဗုဒ္ဓဘာသာ၌ ဗုဒ္ဓကိုယုံမှားရုံမျှ မယုံကြည်ရုံမျှဖြင့် ထိုယုံမှားသူ မယုံကြည်သူတို့မှာ ကြီးလေးသောပြစ်ဒဏ်ထိုက် သည်ဟူ၍ ဆိုရိုးမရှိချေ။ မကောင်းမှုအားလုံးတို့၏ ရေ သောက်မြစ်သည် ဝိစိကိစ္ဆာမဟုတ်။ အဝိဇ္ဇာနှင့် မိစ္ဆာဒိဋ္ဌိတို့ ဖြစ်ကုန်၏။ တွေဝေခြင်း ယုံမှားခြင်း တုန်လှုပ်ခြင်း ဆုံးဖြတ် နိုင်မှု ခက်ခဲခြင်းတွေ ရှိနေသမျှကာလပတ်လုံး ထိုသူ့ဘဝမှာ တိုးတက်မှု မဖြစ်နိုင်ဟူသော အချက်ကို ငြင်းနိုင်ဖွယ်မရှိချေ။

အရှိတရား အမှန်တရားကို ရှင်းလင်းစွာ မသိကြ သေးသမျှကာလပတ်လုံး ထိုသူတို့၏သန္တာန်မှာ ဝိစိကိစ္ဆာ ကိန်းအောင်းနေသေးလို့-ဟူသော အချက်သည်လည်း ငြင်း နိုင်ဖွယ်ရာမရှိချေ။ ဘဝ၏ စိတ်ပိုင်းဆိုင်ရာ အဆင့်မြင့်မြင့် တိုးတက်ဖို့ရန်အလို့ငှါ ထိုဝိစိကိစ္ဆာတရားကို အကြွင်းမဲ့ ပယ်သတ်ရမည်ဟူသည့်အချက်မှာ အမှန်တကယ်လိုအပ် သည့် လိုအပ်ချက်ပင်ဖြစ်သည်။ ထိုဝိစိကိစ္ဆာကို အကြွင်းမဲ့ ပယ်ပစ်မည်ဆိုလျှင် ထိုသူသည် အရှိနှင့်အမှန်ကို အတိအကျ ရှင်းလင်းသိမြင်ရမည်ဖြစ်သည်။

လူတစ်ယောက်ကို "သင်သည် ဤအချက်၌ မယုံမှား သင့်၊ ဤအချက်၌ ယုံကြည်ရမည်"ဟုပြောဆိုရန်"အကြောင်း အချက်မရှိပေ။ တကယ်ပြောရန်လိုအပ်သည်ကား သင်သိ တာ သင်မြင်တာကို ငါယုံကြည်၏-ဟု ဆိုလိုခြင်းမဟုတ်၊ ငါသိ တာ ငါမြင်တာကို ငါယုံကြည်၏-ဟု ပြောဆိုရန်သာရှိသည်။
ဥပမာ- ကျောင်းသားတစ်ယောက်သည် ဂဏန်း သင်္ချာပုစ္ဆာတစ်ခုကို တွက်ချက်နေသည်ဆိုပါစို့၊ ထိုဂဏန်း သင်္ချာပုစ္ဆာသည်သူသိမြင် တတ်ကျွမ်းထားသည့်အဆင့်ကို ကျော်လွန်ပြီး ခက်လွန်းနေလျှင် ထိုကျောင်းသား၌ စိတ်ရှုတ် ခြင်း တွေဝေခြင်း ဝိစိကိစ္ဆာ ဝင်လာပြီဖြစ်သည်။ ထိုဝိစိကိစ္ဆာ သူ့မှာ ရှိနေသမျှကာလပတ်လုံး ထိုကျောင်းသားတွက် ဂဏန်း သင်္ချာအတတ်သည် တိုးတက်ဖို့ မဖြစ်နိုင်တော့ချေ။ သူသည်ရှေ့သို့တစ်ဆင့်တက်လိုလျှင် ထိုပြဿနာကို ရှင်းပစ်ရမည်။ ထိုသံသယကို ပယ်ပစ်ရမည်။ ထိုဝိစိကိစ္ဆာ သံသယတို့ကို ပယ်ရှားသောနည်းလမ်းများရှိပါသည်။ "ကျွန်ုပ် ယုံကြည်ပါ၏၊ ကျွန်ုပ် သံသယမရှိပါ "ဟု ပြောဆိုရုံမျှဖြင့် ပြဿနာ၏အဖြေကို ရလိမ့်မည်မဟုတ်ပါ။ ကိုယ်တိုင်သိမြင်နားလည်ခြင်းမရှိပဲ တစ်စုံတစ်ခုသောဝါဒကို လက်ခံဖို့ရန် အတင်းအကြပ်ပြုလုပ်ခြင်းသည် သူ၏စိတ်ဆန္ဒ နှင့် အသိပညာမပါသောကြောင့် နိုင်ငံရေးသမားတို့ အတင်း အကြပ် စည်းရုံးသိမ်းသွင်းခြင်းမျိုးဖြစ်သည်။

မြတ်ဗုဒ္ဓသည် လူသားတိုင်းကို ဆန္ဒပြင်းပြစွာနှင့် အစဉ်သဖြင့် တိုက်တွန်းသည်မှာ ဝိစိကိစ္ဆာကို ပယ်ရှားဖို့ရန် ဖြစ်သည်။ မြတ်ဗုဒ္ဓသည် လူးသားတို့၏သန္တာန်ဝယ် စွဲမှီ၍နေ သော ကြောင်းကျိုး အကောင်းအဆိုး အမှားအမှန်ကို မဝေခွဲ နိုင် မဆုံးဖြတ်နိုင်သည့် ထိုကဲ့သို့သော ဝိစိကိစ္ဆာမျိုးကို ပယ်ရှာ ဖို့ ပြင်းပြသော ဆန္ဒရှိတော်မူ၏။ သူ၏ ပရိနိဗ္ဗာန်မပြုမှီ မိနစ်ပိုင်း အတွင်းကလေးမှာ ပင်လျှင် သူသည် သူ၏တပည့်သာဝကတို့ကို အကြိမ်ပေါင်း များစွာပြောဆိုခဲ့သည်မှာ "ရဟန်းတို့ ငါဘုရားရဲ့ အဆုံးအမ နှင့် ပတ်သက်၍ သင်တို့မှာ ယုံမှားသံသယရှိကြလျှင် ငါဘုရား ကိုပွင့်ပွင့်လင်းလင်း မေးလိုက်ကြ။ ငါဘုရားမရှိသည့် နောက် သင်တို့၏စိတ်အစဉ်ဝယ် ဝိစိကိစ္ဆာတို့ဖြင့် ရှုတ်ထွေးပြီး စိတ်ပင်ပန်းမှုများဖြင့် မကျန်ရစ်စေကြကုန်နှင့်။ ငါဘုရား ရှိခိုက် သင်တို့၏သံသယများကို မေးခြင်းဖြင့် သင်တို့၏ယုံမှား မှုကို ရှင်းလင်းကြ"ဟူသတည်း။

"ထိုအခါ တပည့်တို့သည် ဆိတ်ငြိမ်၍ နေကြကုန်၏၊ ထိုအခါ မြတ်ဗုဒ္ဓက ဆက်လက်၍မိန့်ကြားသည်မှာ "သင်တို့ သည် အကယ်၍ ငါဘုရားကို ရိုသေကြောက်ရွံ့သောကြောင့် မမေးနိုင်ကြကုန်သည်ဖြစ်အံ့၊ အချင်းချင်း အပြန်ပြန် အလှန်လှန် သံသယတွေကို ထုတ်ပြ၍ သံဃာအားလုံး၏ ကိုယ်စားပြု တစ်စုံတစ်ယောက်က ထိုဝိစိကိစ္ဆာတို့ကို ငါ ဘုရားအား မေးကြကုန်လော့"ဟူ၏။ ဤသည်မှာ ဘာသာရေးသမိုင်း၌ ဗုဒ္ဓဘာသာ၏ အတွေးအခေါ်လွတ်လပ်မှုကိုသာ ဖော်ပြရုံမျှမက ဆရာဖြစ် တော်မူသော မြတ်ဗုဒ္ဓ၏ သဘောထားကြီးခြင်း ခွင့်လွှတ်ခြင်း ကိုပါ ဖော်ပြသည့် သမိုင်းတင်မှတ်တမ်းဖြစ်သည်။

အခြားစံတင်လောက်သည့် ဖြစ်ရပ်တစ်ခုမှာလည်း မြတ်ဗုဒ္ဓသည် နာလန္ဒမှာ နေနေစဉ် ဂျိန်းဆရာကြီးမဟာဝီရ နိဂဏ္ဌ၏ ထင်ရှားကျော်ကြားသော သူဌေးတပည့်ကြီး ဥပါလိ သည် သူ၏ဆရာကြီး မဟာဝီရက စေလွှတ်သဖြင့် မြတ်စွာဘု ရားထံမှောက် ရောက်လာ၏။ စေလွှတ်ခြင်း၏ရည်ရွယ်ချက် မှာ ကမ္မဝါဒနှင့်ပတ်သက်၍ ငြင်းခုံဖို့ အနိုင်တိုက်ဖို့ဖြစ်၏။
မြတ်ဗုဒ္ဓ၏ကမ္မဝါဒနှင့် နိဂဏ္ဌ၏ ဒဏ္ဍဝါဒတို့သည် တူသယောင်ယောင်နှင့် ခြားနားကြကုန်၏၊ မဟာဝီရ နိဂဏ္ဌက အထူးမျှော်လင့်ထားသည်မှာ သူ့တပည့်ဥပါလိသည် စကားအပြိုင်ပြု၍ စကားအနိုင်လုရာ၌ အလွန်ကျွမ်းကျင်သူ တစ်ယောက် ဖြစ်ခြင်းကြောင့် ဗုဒ္ဓကို သူတို့အဖွဲ့က အနိုင်ရ မည်ဟု ဧကန်မျှော်လင့်ထား၏။ ဤမျှော်လင့်ချက်နှင့် ရလဒ် မှာကား တခြားစီဖြစ်သွား၏၊ ကမ္မဝါဒနှင့် ဒဏ္ဍဝါဒတို့ အပြိုင်ပြု၍ အနိုင်လုကြရာ ဒဏ္ဍဝါဒသည် ကမ္မဝါဒအောက် ၌ ကြေမွပျက်ပြုန်းခဲ့ရလေသည်။

ထို့ကြောင့် စကားစစ်ထိုးပွဲအဆုံး၌ မဟာဝီရဂိုဏ်း သား ဥပါလိသူဌေးသည် သူ၏ဒဏ္ဍဝါဒကို အကြွင်းမဲ့စွန့်လွှတ် ၍ မြတ်ဗုဒ္ဓ၏ကမ္မဝါဒကို အကြွင်းမဲ့လက်ခံလိုက်လေသည်။ သူ၏ဆရာရင်း မဟာဝီရနှင့် မဟာဝီရ၏ဝါဒတို့ကို ဤယနေ့ မှစ၍ စွန့်လွှတ်ပါမည်ဘုရား၊ ဗုဒ္ဓနှင့်ဗုဒ္ဓဝါဒကို ဤယနေ့မှစ ၍ ကိုးကွယ်ဆည်းကပ်ပါ၏ဘုရားဟု ပရိသတ်အလယ် ထင် ရှားစွာ ကြေငြာခဲ့လေသည်။ သူ့ကိုလည်း မြတ်ဗုဒ္ဓ၏တပည့် သာဝကအဖြစ် လက်ခံပါရန် လျှောက်ထားခဲ့လေသည်။

ထိုအခါ မြတ်ဗုဒ္ဓက "အို ဥပါလိ စဉ်းစဉ်းစားစား လုပ်ပါ၊ မဟာဝီရနိဂဏ္ဌသည် သင်၏ဆရာအရင်းဖြစ်သည်၊ ဆရာရင်းကို စွန့်လွှတ်၍ ဆရာသစ်ကို ချဉ်းကပ်သည့်အလုပ် မျိုးကို လျှင်မြန်လွယ်ကူစွာ မလုပ်သင့်၊ စဉ်းစဉ်းစားစားလုပ် ပါ၊ ထို့အပြင် သင်၏ ဆရာမဟာဝီရနှင့် အဖွဲ့ဝင်များသည် သင်၏ပစ္စည်းလေးပါး အထောက်အပံ့ဖြင့် အသက်ရှင်နေကြ ရကုန်၏၊ သို့ဖြစ်ခြင်းကြောင့် သင်၏ဆရာဟောင်းနှင့်အ ဖွဲ့သားများအား သင်ထောက်ပံ့၍နေသော အထောက်အပံ့ တို့ကို ဖြတ်တောက်၍မပစ်ပါနဲ့၊

ထို့အပြင် ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်တစ် ယောက်သည် ဆရာပြောင်းခြင်း၊ ဘာသာပြောင်းခြင်းအလုပ် တို့ကို ပေါ့ပေါ့တန်တန်မလုပ်သင့်၊ စဉ်းစဉ်းစားစားလုပ်သင့်၏၊ ထို့ကြောင့် သင့်ဆရာရင်းမဟာဝီရကို ကိုးကွယ်မြဲ ကိုးကွယ်၊ ထောက်ပံ့မြဲထောက်ပံ့ပါလေ"ဟု မိန့်ကြားတော်မူ၏။

ဤဖြစ်ရပ်များသည်ကား ဘာသာရေးသမိုင်းတွင် စံနမူနာယူလောက်သည့် သဘောထားကြီးခြင်းကို ဖော်ပြ သည့် ဖြစ်ရပ်များ ဖြစ်ကြလေကုန်၏။

မြတ်ဗုဒ္ဓလွန်ပြီးနောက် နှစ်(၂၀ဝ)ကျော်ကာလ ခရစ်မပေါ်မီနှစ်(၃၀ဝ)ခန့်ကာလတွင် ဇမ္ဗူဒီပတစ်ခုလုံး၏ ဧကရဇ်မင်းကြီးအသောက ပေါ်ပေါက်ခဲ့သည်။ ထိုဇမ္ဗူဒီပါ၏ ဧကရဇ်မင်းကြီးအသောကသည် မြတ်ဗုဒ္ဓ၏ ထိုသဘောထား ကြီးခြင်း၊ ခွင့်လွှတ်ခြင်း၊ သည်းခံခြင်းဟူသောဝါဒကို လိုက်နာ ကျင့်သုံးရာ၌ စံနမူနာယူထိုက်သည့် မင်းကြီးတစ်ပါးဖြစ် သည်။

သူသည် အလွန်ကျယ်ပြန့်သော သူ၏ဓမ္မနိုင်ငံတော် ကြီး၌ ထင်ရှားတည်ရှိ၍နေကြကုန်သော အခြားအခြားသော ဟိန္ဒူဘာသာ , ဂျိန်းဘာသာ ,ဗြဟ္မဏဘာသာ , နတ်ကိုးကွယ် သည့်ဘာသာ အစရှိသော ဘာသာတရားအားလုံးတို့ကို လွတ်လပ်စွာ ကိုးကွယ်ခွင့်နှင့် သူကိုယ်တိုင်ဂုဏ်ပြု၍ အရိုအ သေပြုခြင်း၊ အလေးအမြတ်ပြုခြင်း၊ ထောက်ပံ့အားပေးခြင်း တို့ကို ပြုလုပ်ခဲ့လေသည်။

သူ၏ဓမ္မနိုင်ငံတော်၌ ဘာသာရေးပဋိပက္ခမရှိ၊ မတူ ထူးခြားသော ဘာသာဝင်အားလုံးတို့ ချစ်ခင်ပျော်ရွှင်စွာ ပူးတွဲ နေထိုင်ကြသည်မှာ မြတ်ဗုဒ္ဓ၏ ခန္တီဝါဒ , အဟိံသဝါဒပေါ်၌ အသောကချမှတ်ထားသော Common ground-ပေါ်မှာ လက်တွဲရပ်တည်၍ နေနိုင်ကြသောကြောင့်ဖြစ်၏။

အသောကသည် အနောက်ဖက်တွင် ဂရိ၊ မြောက် ဖက်တွင် ရုရှားနှင့်ဟိမဝန္တာတစ်လျှောက်၊ အရှေ့ဖက်တွင်- ဘင်္ဂလားပင်လယ်အော်၊ တောင်ဘက်တွင်- အိန္ဒိယသမုဒ္ဒရာ၊ သူ၏ ဩဇာလွှမ်းမိုးထားသမျှ ကျယ်ပြန့်စွာသော နယ်မြေကြီး တစ်ခွင်လုံး၌ အယူဝါဒနှင့် အမျိုးဇာတ်မတူကြသည့် လူသား ပေါင်းများစွာတို့ လက်တွဲနေထိုင်ကြရန် ခန္တီ , သစ္စာ , အဟိံသာ ဟူသော Commond ground-ကို မည်ကဲ့သို့ ချမှတ်ခဲ့သည် ဆိုသည်တို့ကို သူ၏ကျောက်စာပေါင်းမြောက်များစွာတို့၌ တွေ့ရှိရသည်။ တစ်ခုသောနေရာ၌ တွေ့ရသည်မှာ အောက် ဖော်ပြပါအတိုင်းဖြစ်သည်။

"တစ်ယောက်သောသူသည် မိမိကိုးကွယ်သောဘာ သာတရားကိုသာ ချီးမြှောက်၍ အခြားသောသူတို့၏ ဘာသာ တရားကို ရှုံ့ချသောအမှုကို မပြုကြကုန်နှင့်၊ တစ်ယောက် သောသူသည် မိမိကိုးကွယ်သောဘာသာကို ချီးမြှောက်သကဲ့ သို့ အခြားသောဘာသာကိုလည်း ချီးမြှောက်သင့်၏။ ဤသို့ ပြုခြင်းဖြင့် တစ်ယောက်သောသူသည် မိမိဘာသာကိုလည်း ကြီးပွာအောင် စောင့်ရှောက်ရာရောက်၏။

ဘာသာဝင်အားလုံးတို့သည် ဤသို့မဟုတ်မူ၍ မိမိ တို့ဘာသာကို ကာကွယ်၍ သူတပါးတို့၏ဘာသာကို ရှုံ့ချ စော်ကားလာလျှင် ထိုသူသည် မိမိဘာသာတရားနှင့် မိမိအ တွက် သေတွင်းကို တူးသည်နှင့်တူ၏။

မည်သူမဆို မိမိကိုးကွယ်သော ဘာသာတရား၏ ဂုဏ်ကျေးဇူးကိုပြောဆို၍ အခြားသောဘာသာတရားကို ရှုံ့ချ ကဲ့ရဲ့လျှင်၊ ထို့အပြင် မိမိကိုးကွယ်သည့်ဘာသာနှင့် တခြားသူ တို့ကိုးကွယ်သည့်ဘာသာကို နှိုင်းယှဉ်မှုပြုလျှင် နှိုင်းယှဉ်ရာမှ ပြိုင်ဆိုင်ခြင်းသို့ တက်လာနိုင်သည်။

နှိုင်းယှဉ်ခြင်းနှင့် ပြိုင်ဆိုင်ခြင်းတို့သည် ချီးမွမ်းခြင်း နှင့် ကဲ့ရဲ့ခြင်းဟူသော ရလဒ်တို့ကို ဖြစ်စေကုန်၏။ မိမိဘာ သာကို ချီးမွမ်း၍ သူတပါးဘာသာကို ကဲ့ရဲ့လျှင် ထိုသူသည် မသိသဖြင့် မိမိဘာသာကို ပို၍ပို၍ တိုက်ခိုက်ဖျက်စီး ဒဏ်ရာ အနာတရ ဖြစ်အောင်ပြုသည်မည်၏။

ထို့ကြောင့် ဤသို့ကောင်းမြတ်သော သဘောတူညီ ချက်တစ်ခု ရရှိပါသည်။ အားလုံးသောလူသားတို့သည် အားလုံးသော ဘာသာတရားတို့၏ အဆိုအမိန့်တို့ကို စိတ်ဝင် စားစွာ နားထောင်သင့်၏။ မိမိ၏စကားကို သူတပါးတို့ စူးစိုက်၍နားထောင်စေလိုလျှင် သူတပါးပြောသော စကားကို လည်း မိမိတို့က စိုက်စိုက်စူးစူး နားထောင်ကြပါ။"


(အသောကကျောက်စာအမှတ်-၁၂)


ဤနေရာ၌ ကျွန်ုပ်တို့သည် ဤကဲ့သို့သော မုဒိတာ အသိမျိုးကို ဤဘာသာရေးကိစ္စ၌သာ လက်ကိုင်ပြုအသုံးချ သင့်သည်မဟုတ်ပေ။ အခြားသော နိုင်ငံရေး လူမျိုးရေး စီးပွားရေး ပညာရေးကိစ္စတို့၌လည်း ဤသည့်မြတ်ဗုဒ္ဓ၏ ခန္တီ မေတ္တာ ကရုဏာ အဟိံသာ သစ္စာတရားတို့ဖြင့် ဖွဲ့စည်းတည် ဆောက်ထားသော Commond ground-ပေါ်၌ လက်တွဲ ညီညီ၊ မိမိကလည်း သူ့ကို မရှုံ့ချ၊ သူကလည်း ငါ့ကို မကဲ့ရဲ့၊ ငါကလည်း သူ့ကိုဂုဏ်ပြု၊ သူကလည်း ငါ့ကိုလေးစား၊ သူ့စကားလည်း ငါနားထောင်၊ ငါ့စကားလည်း သူလေးစား၊ ဤသဘောထားမျိုးနှင့် သွားကြလျှင် ဆူးခင်းသောခရီး ကြမ်းဟာ မကြာမီ အဆုံးသတ်၍ ပန်းခင်းသောလမ်းပေါ်၌ ပျော်ရွှင်စွာ လျှောက်လှမ်းနိုင်ကြမည်ဖြစ်ပါသည်။
ဤကဲ့သို့သော ခွင့်လွှတ်ခြင်း၊ သည်းခံခြင်း၊ သဘော ထားကြီးခြင်း၊ ရင့်ကျက်သောနားလည်ခြင်းဟူသော မွန်မြတ် သည့်စိတ်ဓာတ်သည် လူ့ယဉ်ကျေးမှုသမိုင်းတွင် အလွန်မြင့် မြတ်ြွကယ်ဝသည့် ဗုဒ္ဓဘာသာအတွေးအခေါ်မှ စတင်ပေါ် ပေါက်လာခြင်းဖြစ်သည်။

ထို့ကြောင့်ပင် နှစ်ပေါင်း-(၂၅၀ဝ)ခရီး ဗုဒ္ဓဘာသာ သမိုင်းတစ်လျှောက် ဗုဒ္ဓသာသနာပြုမင်းနှင့် သာသနာပြု ပုဂ္ဂိုလ်တို့က အခြားဘာသာဝင်တို့ကို ဗုဒ္ဓဘာသာဝင်အဖြစ်သို့ အတင်းအကြပ် အနိုင်အထက်ပြု၍ ပြောင်းလဲခြင်းကြောင့် ကမ္ဘာမြေကြီးပေါ်၌ သွေးတစ်စက်တစ်ပေါက် ထိစွန်းခဲ့ဖူး သည့်ဖြစ်ရပ်မျိုး လုံးဝမရှိခဲ့ဘူးချေ။

ဗုဒ္ဓ၏ မြတ်ဓမ္မသည် အာရှတိုက်ကြီး တစ်ခုလုံးကို သာမက ကမ္ဘာတစ်ရပ်လုံးသို့ တစိမ့်စိမ့်ပြန့်နှံ့နေရာ၌- ထိုမြတ်ဗုဒ္ဓ၏ အဆုံးအမတွေကို သူတို့၏စိတ်ဆန္ဒအလျှောက် ငွေကြေးနိုင်ငံရေးနှင့် လူမှုရေးအကြပ်ကိုင်မှုတို့မရှိပဲ လွတ်လပ် သောစိတ်ဓာတ်ဖြင့် ဓမ္မကိုကြိုက် အလိုကိုလိုက်နာကျင့်သုံးနေ ကြသော လူဦးရေသည် သန်းပေါင်း(၁၀ဝ၀)မျှရှိမည်ဟု ခန့်မှန်းရသည်။

မှားယွင်းသောအတွေး မကောင်းသောအပြော မကောင်းသောအလုပ် တစ်ခုခုကြောင့် ဆူပူသောင်းကြမ်း ခြင်း၊ ရမ်းကားခြင်း၊ နှိပ်စက်ခြင်းဖြစ်လာလျှင် ထိုအမှုမျိုး သည် မြတ်ဗုဒ္ဓ၏ မြတ်ဓမ္မနှင့် လုံးလုံးဆန့်ကျင်သည်သာဖြစ် ၏။

ဗုဒ္ဓဝါဒသည် Religion လား? Philosophy လား? ဟူသောမေးခွန်းကို မကြာခဏမေးကြ၏။ မေးခွန်းရှင်တို့က Religion-လို့ပဲခေါ်ခေါ်၊ Philosophy-လို့ပဲခေါ်ခေါ် မည်သို့ ခေါ်စေကာမူ ထိုအမည်နာမသည် အရေးကြီးကိစ္စမဟုတ်ပေ။ မေးခွန်းရှင်တို့ မည်သို့အမည်နာမည်ကိုပဲ တပ်တပ်၊ မည်သို့ အမည်ကဒ်ကိုပဲကပ်ကပ်၊Buddhism-သည် ဗုဒ္ဓ၏အဆုံးအမ အဖြစ် ရပ်တည်နေမည်သာဖြစ်သည်။

နာမပညတ်သည် အထည်ကိုယ်ဒြဗ်မရှိ၊ ကျွန်ုပ်တို့ ပေးထားသော ဤ Buddhism-အမည်နာမသည် ဗုဒ္ဓ၏ အဆုံးအမများအတွက် အလွန်အရေးကြီးသော ကိစ္စမဟုတ်၊ သို့သော် မည်သည့်အရာဝတ္ထုမဆို ခေါ်ဝေါ်ပြောဆိုဖို့ အမည် နာမတစ်ခုတော့ လိုအပ်ပါသည်။

'နှင်းဆီပန်း'ဟု ကျွန်ုပ်တို့ ခေါ်ထားသောအမည်တစ် ခု၌ အဘယ်ရာဝတ္ထုသည် နှင်းဆီပန်းဖြစ်ပါသနည်း။ အရောင်ကိုခေါ်မည်လော၊ အနံ့ကိုခေါ်မည်လော၊ ပန်းပွင့်ဒြဗ် ကိုခေါ်မည်လော၊ ပန်းပွင့်ပုံသဏ္ဍာန်ကို ခေါ်မည်လော၊ အခြားအမည်ဖြင့် ခေါ်ကြသော အခြားပန်းပွင့်တို့မှာလည်း နှင်းဆီကဲ့သို့သော မွှေးကြိုင်သည့်ရနံ့ ရှိကြမည်သာဖြစ်သည်။ သို့သော် ပုံသဏ္ဍာန်နှင့် ဖွဲ့စည်းပုံတို့ကတော့ တူကြမည်မဟုတ် ပေ။

ထို့ကြောင့် သစ္စာ၌ အမည်နာမ မလိုပေ၊ သစ္စာကို အမည်ပေးရန်မရှိ၊ သစ္စာသည် ဗုဒ္ဓဘာသာလည်းမဟုတ်၊ ခရစ်ယာန်ဘာသာလည်း မဟုတ်၊ မူဆလင်ဘာသာလည်း မဟုတ်၊ သစ္စာသည် Philosophy-လည်းမဟုတ်၊ Psychology-လည်းမဟုတ်၊ ဘာသာရေးလည်းမဟုတ်။ သစ္စာသည် ထိုအမည် နာမအားလုံးတို့မှ လွတ်မြောက်ပြီးဖြစ်၏။

သစ္စာကို မည်သည့်ဘာသာဝါဒတို့ကမျှ ဆုတ်ကိုင် ထားနိုင်ခြင်းမရှိ၊ ဘာသာဝါဒစွဲတစ်ခုကြောင့် ဖြစ်ပေါ် လာသော အမည်နာမတို့သည် သစ္စာတရားကို ရှာဖွေခြင်းနှင့် လွတ်လပ်စွာ သိမြင်ခြင်းတို့၏ အတားအဆီး အနှောက် အယှက် များဖြစ်ကြကုန်၏။ ထိုအမည်နာမအမျိုးမျိုးသည် လူသားတို့၏စိတ်၌ အန္တရာယ်များသော အပိတ်အပင်အ တားအဆီးတို့ကို ဖြစ်စေကြကုန်၏။

ဤအမည်နာမတို့ကြောင့် လူသားအချင်းချင်း ဆက်ဆံရေး၌လည်းကောင်း၊ စိတ်ဓာတ်ရေးရာ၌လည်း ကောင်း၊ အသိဥာဏ်ပညာရေးရာ၌လည်းကောင်း အတား အဆီး အနှောက်အယှက် မြောက်များစွာဖြစ်ရကုန်၏။ ဥပမာ- ကျွန်ုပ်တို့သည် လူတစ်ယောက်ကိုတွေ့မြင်၏။ထိုအခါ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့တွေ့ရသော ထိုလူကို လူသား တစ်ယောက်ပါပဲဟူ၍ မရှုကြည့်ကြပဲ ကျွန်ုပ်တို့သည် ထိုလူ့အ ပေါ်၌ Loving-အမည်နာမအမျိုးမျိုး ကပ်ကြလေ၏။

ဥပမာ- လူတစ်ယောက်ကိုတွေ့၏။ ဘာလူမျိုးလဲ၊ အင်္ဂလိပ်လူမျိုးလား၊ အမေရိကန်လူမျိုးလား၊ အာရပ်လူမျိုး လား၊ တရုတ်လူမျိုးလား၊ ကုလားလူမျိုးလား စသည်ဖြင့် အမည်နာမ အမျိုးမျိုး တပ်ကြလေကုန်၏။

ထို့ကြောင့် ကျွန်ုပ်တို့စိတ်ထဲ၌ ထိုလူနှင့်ပတ်သက် သည့် အမည်နာမအမျိုးမျိုးကြောင့် များစွာ အနှောက်အ ယှက် ဖြစ်ကြကုန်၏။ အင်္ဂလိပ်ဆိုရင် ဒို့ကမကြိုက်ဘူး၊ အမေ ရိကန်လူမျိုးမှ ကြိုက်သည် စသည်ဖြင့်- ကြိုက်/မကြိုက်နှစ် မျိုးဖြစ်ရခြင်းသည် လူဆိုသည့်အပေါ်၌ အင်္ဂလိပ်-အမေရိ ကန်ဟူသော အမည်တပ်လိုက်ခြင်းကြောင့်ဖြစ်သည်။

သို့သော် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ပေးထားသော ထိုအမည်နာမအမျိုးမျိုးတို့ကြောင့်ဖြစ်ရသည့် အတားအဆီး အနှောက်အယှက် ပဋိပက္ခအပေါင်းတို့မှ လွတ်မြောက်အောင် အားထုတ်နိုင်ကြပါသည်။

လူသားတို့သည် အမည်နာမ ခွဲခြားမှုမရှိသည့် သဘောကို ကြိုက်နှစ်သက်ကြသည်။ လူသားတို့သည် လူသားတို့၏ အရည်အချင်း , ဂုဏ်သိက္ခာ , အကျင့်သီလ , အသိပညာ စိတ်ဓာတ်အားဖြင့်တန်းတူညီမျှ ဖြစ်သည့် သဘောကို ကြိုက်နှစ်သက်ကြသည်။

လူမျိုးနှင့်ကိုးကွယ်သည့်ဘာသာ နေထိုင်သည့်ရေ မြေ မည်သို့ပင် အမည်အမျိုးမျိုးအောက် ရောက်နေကြသော် လည်း တိုင်းပြည်အသီးသီးရှိ လူမျိုးအသီးသီး၏နှလုံးသားဝယ် ကိန်းအောင်းနေသည့် ချစ်ခြင်း မုန်းခြင်း ညှင်းဆဲခြင်း သည်းခံခြင်း အစရှိသော စိတ်တို့၏သဘောမှာ တူညီသော သဘောလက္ခဏာ ရှိကြကုန်၏။

အဖျားဖြတ်ဆေးတစ်လက်ကို ဖော်စပ်ပုံတူညီပါ လျှက် အမေရိကန်မှာလုပ်သည်ဆိုလျှင် လူတကာအထင်ကြီး ကြသော် လည်း ထိုဖော်စပ်ပုံအတိုင်းပင် မြန်မာပြည် မှာလုပ်သည်-ဟုတံဆိပ်ကပ်လျှင်အထင်မသေးသင့်။ အမှတ်တံဆိပ် ကွာပေမယ့် ဖော်စပ်ပုံတူညီသောကြောင့် စွမ်း ရည်သတ္တိတို့လည်း တူညီကြကုန်၏။ အဖျားပျောက်သည်မှာ အတူတူပင်ဖြစ်သည်။

သို့ဖြစ်ခြင်းကြောင့် ဗုဒ္ဓဘာသာ-ဒါန သီလ ဘာဝ နာ၊ ခရစ်ယာန်-ဒါန သီလ ဘာဝနာ၊ အစ္စလာမ်- ဒါန သီလ ဘာဝနာ စသည်စသည်ဖြင့် သူတော်ကောင်းအကျင့်တို့ အပေါ်၌ အမည်နာမမျိုးစုံတို့ ကပ်ရောက်သွားလျှင် အတွင်းရှိ အစွမ်းသတ္တိကို မေ့လျော့ကာ အပေါ်ယံအမည်၌ ငြင်းခုံနေ ကြမည်သာဖြစ်ကုန်၏။

သို့ဖြစ်ခြင်းကြောင့် သစ္စာတရား၌ ဘာသာရေး အမည်ဆိုင်းဘုတ် မလို၊ ဓမ္မ၌လည်း ဘာသာရေးဆိုင်း ဘုတ် ထိုးရန်မလို။သီလ သမာဓိ ပညာတို့သည် စံနစ်တကျ ဖော်စပ်ထားသော ဆေးသမားကြီး၏ ဆေးစွမ်းကောင်းများ ဖြစ်ကြကုန်၏။ ထိုဆေး စွမ်းကောင်းတစ်လက်ကို အပေါ်မှာ တပ်ထားသော အမည် အမျိုးမျိုးကြောင့် ရောဂါသည်အ ပေါင်းတို့ မငြင်းခုံသင့်။ ရှောင်လွှဲ မသွားသင့်။ နာမပညတ်ကို ကျော်ဖြတ်၍ ဓမ္မဆေးကို သောက်ရန်သာဖြစ်သည်။

ထို့ကြောင့် ဓမ္မသည် Religion-လည်းမဟုတ်၊ Philosophy- လည်းမဟုတ်။ သူ့ကိုတပ်ရန် မည့်သည့်အမည် နာမမျှ မလို၊ လူသားထုတစ်ရပ်လုံး စွဲကပ်သည့် ကိလေသာ ရောဂါဆိုးကြီးကို ဖြေဖျောက်ပေးမည့် ဆေးစွမ်းကောင်း တစ် လက်သာဖြစ်၏။

ဓမ္မဆေးကို ဗုဒ္ဓက ဖော်စပ်ပေးသည်ဖြစ်ခြင်းကြောင့် ဗုဒ္ဓ၏တပည့်သာဝကတို့သည်သာ ပိုင်ဆိုင်ကြသည်မဟုတ်၊ ချစ်ခြင်း မုန်းခြင်း အစရှိသော နာတာရှည်ရောဂါဆိုးကြီး စွဲကပ်နေကြသည့် လူသားတိုင်းက ပိုင်ဆိုင်ကြသည်သာဖြစ် ၏။ ထို့ကြောင့် ဓမ္မသည် သစ္စာ၊ သစ္စာသည် Religion-မဟုတ်၊ သစ္စာသည် နေရာတိုင်း လူသားတိုင်းမှာရှိသည်။ လူသားတိုင်း သည် သစ္စာကို သိမြင်ပိုင်ခွင့်ရှိသည်။

သစ္စာတရားကိုရှာဖွေစဉ် ရှာဖွေသူထံသို့ ရရောက် လာသော အတွေးအကြံမှန်သမျှတို့သည် အမည်နာမနှင့် ရုပ်ဒြဗ်တို့ မဟုတ်ကြလေကုန်။ တကယ်စင်စစ်တော့ စိတ်ဓာတ်နှင့် အသိဥာဏ်တို့သာဖြစ်ကုန်၏။
စိတ်ဓာတ် အတွေးအကြံ အသိဥာဏ် ဖွံ့ဖြိုးတိုး တက်ခြင်းနှင့် ထို၏အကြောင်းရင်းသည် ပညာသာ ပဓာန ဖြစ်၏။ တကယ် စင်စစ် သစ္စာကိုသိနားလည်ဖို့ရန်အလို့ငှါ ထိုသစ္စာကို ဘယ်သူသင်ပြသည်၊ ဘယ်လူမျိုးဟောကြားသည်၊ ဘယ်တိုင်းပြည်ကလာသည်- စသည့်အချက်တို့ကို သိရန်မ လို၊ သစ္စာ၌ တိုင်းပြည် လူမျိုး ပုံသဏ္ဍာန် အရွယ်အစား အရောင်အသွေးမရှိ။သစ္စာတရားသည် ထိုကဲ့သို့သော အ တားအဆီး အနှောင်အဖွဲ့တို့မှ လွတ်မြောက်ပြီးဖြစ်၏။

တစ်ခုသောအခါ မြတ်ဗုဒ္ဓသည် အိုးလုပ်သူတို့ ၏တဲ၌ ခရီးသွားခိုက် ဝင်ရောက်နားခို၏။ ထိုတဲ၌ ဗုဒ္ဓ၏ရှေး ဦး စွာက ရသေ့တစ်ယောက် ဝင်ရောက်ပြီး တည်ခိုနေထိုင် ဆဲဖြစ်နေ၏။ အိုးလုပ်တဲကြီးက ကျယ်ဝန်းဟန်တူပါသည်။ ရဟန်းနှင့် ရသေ့တို့နှစ်ယောက် လွတ်လပ်စွာ တည်းခိုခွင့် ရှိကြ၏။တစ်ယောက်နှင့် တစ်ယောက်မူကား မသိရှိကြ။ ဗုဒ္ဓကလည်း ရသေ့ကိုလေ့လာ၊ ရသေ့ကလည်း ဗုဒ္ဓကိုလေ့လာ၊ ထို့နောက် အချင်းချင်း အပြန်အလှန် မိတ်ဆက်ကြ၏။ မြတ်ဗုဒ္ဓက ထိုရသေ့ကိုမေး၏။

"သင်သည် မည်သူ့ကို ရည်ညွှန်း၍ ရသေ့ဝတ် သနည်း"။ ရသေ့ကဖြေ၏။ "အကျွန်ုပ်၏ဆရာသည်သကျမုနိ ဂေါတမဗုဒ္ဓဖြစ်၏။ သကျမုနိ ဂေါတမဗုဒ္ဓကို ဆရာဟူ၍ ရည် ညွှန်းကာ ရသေ့ပြုခဲ့ပါသည်။ အကျွန်ုပ်သည် သကျမုနိဂေါတ မြတ်ဗုဒ္ဓ၏ ဓမ္မကို ကြိုက်နှစ်သက်ပါသည်"ဟု ဖြေကြား၏။

"သင်သည် သင့်ဆရာကို မြင်ဖူးသလော"။

"မမြင်ဖူးပါ"။

"သင့်ဆရာ၏ ဓမ္မကိုကော ကြားဖူးပြီးပြီလော"။

"မကြားဖူးသေးပါ"၊

"သို့ဖြစ်လျှင် ငါသည် သင့်ကို ဓမ္မတစ်ပုဒ်လောက် ဟောပြမည်၊ နားကြားမည်လော"။

"နာကြားပါမည်"ဟု ဖြေကြားသောအခါ မြတ်ဗုဒ္ဓ က သစ္စာလေးပါး မြတ်တရားကိုဟောကြားတော်မူလေသည်။ ဓမ္မ၏နိဂုံး၌ ထိုရသေ့သည် သစ္စာကိုအကြွင်းမဲ့ထွင်းဖောက်၍ သိမြင်သွားလေသည်။

ဤ၌ သစ္စာကိုရှာဖွေသူ ရသေ့ပုက္ကုသာတိသည် သူ့အား သစ္စာတရားဟောပြနေသည့် သူ့ဆရာဗုဒ္ဓကိုပင် သူသည် ဗုဒ္ဓမှန်းသိခဲ့သည် မဟုတ်ပေ။ သစ္စာတရားကို ထိုးထွင်းသိမြင်ပြီးမှသာလျှင် ထိုသစ္စာတရားဟောကြား သူဟာ သူရည်မှန်းထားသော သူ့ဆရာမှန်းသိခဲ့လေသည်။

ထိုအခါမှ ရသေ့သည် မြတ်ဗုဒ္ဓနှင့် အိုးလုပ်တဲ၌ တစ်ညတာ အတူနေခဲ့ရာ ဗုဒ္ဓမှန်းမသိ အရိုအသေမပြုခဲ့မိ သည်တို့ကို ရှိခိုးဝန်ချ တောင်းပန်ကန်တော့ခဲ့လေသည်။ သစ္စာကို အလျှင်သိ၊ သစ္စာကိုဟောကြားသည့် သူ့ဆရာကို နောက်မှသာ သိသည့် ပုက္ကုသာတိသည် မြတ်ဗုဒ္ဓထံ တပည့်ခံ၍ ရဟန်းပြုခဲ့ လေသည်။ ကိုးကွယ်မှုကို အခြေခံသည့် Religion-ဟူသော ဘာသာတရားအားလုံးတို့သည် ယုံကြည်မှုအပေါ်၌ တည် ဆောက်ထားကြကုန်၏။ ဥာဏ်မပါသော ထိုယုံကြည်မှုတို့ သည် အကန်းတို့သာဖြစ်ကြကုန်၏။ ဗုဒ္ဓ၏အဆုံးအမက ယုံကြည်ခြင်း သဒ္ဓါကို ကြောင်းကျိုးဆင်ခြင်သိမြင်ခြင်း ဟူသော ပညာပေါ်၌ တည်ဆောက်ထားခြင်းဖြစ်သည်။ သဒ္ဓါဟူသော ယုံကြည်ခြင်းမှာလည်း ကျေနပ်သဘောတူ လက်ခံပြီးဖြစ်သောကြောင့် စိတ်ချယုံကြည်ခြင်းဖြစ်၏။ ကျေနပ်ခြင်း သဘောတူညီခြင်း ကြောင်းကျိုးဆင် ခြင်ခြင်းမရှိသော ယုံကြည်ခြင်းမျိုးကို ဗုဒ္ဓသာသနာတော်က အကန်းယုံဟု ဆိုနိုင်သည်။ ကြောင်းကျိုးသိမြင်ဆင်ခြင်ပြီးမှ ယုံကြည်စိတ်ချသော သဒ္ဓါဖြင့် ကိုးကွယ်ခြင်းမျိုးသည် အဆင့် မြင့်ကိုးကွယ်ခြင်း (သို့မဟုတ်) တကယ်ပင် သရဏဂုံတင်ခြင်း ဖြစ်ပေသည်။ ၄-ရာစုနှစ်က အလွန်ထင်ရှားကျော်ကြားသည့် ကြီးကျယ်သော အတွေးအခေါ်ပညာရှင် အာသိင်္ဂဆရာ ကြီး၏ အဘိဓမ္မာကျမ်းအရ သဒ္ဓါသည် အဆင့်သုံးဆင့် ရှိသည်။ ၁။ အကြောင်းအချက်တစ်ခုကို ပြည့်စုံအခိုင်အမာ ယုံကြည်ခြင်း၊ သို့သော် ယုတ္တိရှိသော အရည်အချင်းကို နားမ လည်သေး။ ၂။ ယုတ္တိကောင်းသော အရည်အချင်းတစ်ခုကို သိမြင် နားလည်၍ ရွှင်လန်းစွာ ယုံကြည်၏၊ သို့သော် အယူ ဝါဒတစ်ခုကို လက်မခံသေး။

၃။ ပြည့်စုံခိုင်မြဲစွာလည်းသဘောတူ၏။ယုံကြည် လောက်သော အရည်အချင်းကိုလည်း ကောင်းစွာဆင်ခြင် နိုင်၏။ အယူဝါဒတစ်ခုခုကိုလည်း ရွှင်လန်းစိတ်ဝင်စားစွာ လက်ခံယုံကြည်၏။

အာသိင်္ဂအဘိဓမ္မာဆရာကြီးက သူ၏အဘိဓမ္မာ သမုစ္စယကျမ်းတွင် ဤသို့ဆိုခဲ့လေသည်။

ဗုဒ္ဓဃောသဆရာကြီး၏ အဘိဓမ္မာအဖွင့်ကျမ်း ပေါင်းမြောက်များစွာတို့တွင်လည်း အာဂမနသဒ္ဓါ အဓိဂမန သဒ္ဓါ ဩကပ္ပနသဒ္ဓါ ပသာဒသဒ္ဓါ ဟူ၍ သဒ္ဓါအမျိုးအစား များစွာကို ခွဲပြထားပါသည်။ အစဉ်အလာအားဖြင့် ယုံကြည် ခြင်း၊ သင်ကြားခြင်း၊ နာကြားခြင်းတို့ဖြင့် တိုးတက်လာသော ယုံကြည်ခြင်း၊ ကျင့်သုံးမှုကို အခြေခံ၍ ပေါက်ရောက်သော ယုံကြည်ခြင်း၊ သစ္စာသိသောကြောင့် အမြင့်ဆုံးရောက်ရှိသည့် ယုံကြည်ခြင်းတို့ဖြင့် ခွဲခြားပြခဲ့လေသည်။

အစဉ်အလာအားဖြင့် ယုံကြည်လက်ခံခြင်း Traditional Belief-သည် အကန်းယုံ Blind Faith နှင့် ရောနှောဆက်စပ်မှုရှိလေသည်။ ယုံကြည်ခြင်း မယုံကြည်ခြင်း ဆိုတဲ့ ပြဿနာ၌ မြင်ခြင်း မမြင်ခြင်းဟူသော အဓိပ္ပါယ်များ ပါဝင်သည်။ မြင်ရလျှင်ယုံ၏။ မမြင်ရလျှင် မယုံနိုင်ဟူသော လောကစကား၌ Seeing and blinding-တို့ ဟန်ချက်ညီစွာ ပေါင်းစပ်ပေးသည့် အဓိပ္ပါယ်ဖြစ်၏။

ထို့ကြောင့် သိမြင်ခြင်းဟူသော စာလုံးတိုင်း၌ ယုံ ကြည်ခြင်းဟူသောအဓိပ္ပါယ်ပါရမည်။ ယုံကြည်ခြင်းဟူသော စာလုံး၌လည်း သိမြင်ခြင်းဟူသော အဓိပ္ပါယ်ပါရမည်။ သို့ သော်လည်း ပတ္တမြားလုံးကို လက်တွင်ဆုပ်ထားသော လူတစ် ယောက်က ငါပတ္တမြားလုံးကိုဆုပ်ထားသည် သင်ယုံရဲ့လားဟု အခြားသူတစ်ယောက်ကို မေးလျှင် ထိုသူက ပြောနိုင်သည် "ငါသည် ထိုပတ္တမြားကို မမြင်ရသောကြောင့် မယုံဘူး" အကယ်၍ လက်သီးဆုပ်ကိုဖွင့်လျှက် လက်ဖဝါးပြင်တွင် ပတ္တမြားကို တင်ပြလိုက်လျှင် ထိုသူကိုယ်တိုင် မြင်ရသည်ဖြစ် ခြင်းကြောင့် ထိုသူသည် ကျွန်ုပ်မယုံဟု ပြောဆိုဖွယ်ရာမရှိ တော့ပေ။ ထို့ကြောင့် သစ္စာကိုရှုမြင်ရာ၌ လက်ဖဝါးပြင်တွင် တင်ထားသောပတ္တမြားကို ထင်ရှားစွာမြင်ရသကဲ့သို့ သန္ဒိဋ္ဌိက သစ္ဆိကရဏဖြစ်ရမည်မှာ မြတ်ဗုဒ္ဓဓမ္မ၌ ပရမတ္ထနှင့်သစ္စာ တို့၏ သဘောဖြစ်သည်။ ထို့ကြောင့်ပင် ကေသမုတ္တိရွာ၌ အတ္တနာဝ ဇာနေယျာထ-ဟူသောစကားကို ကာလာမတို့ အား မြတ်ဗုဒ္ဓမိန့်ကြားခဲ့ခြင်းဖြစ်သည်။

ပရမတ္ထနှင့်သစ္စာကို သိခြင်းဟူသည် ကိုးကွယ်ခြင်း ဆည်းကပ်ခြင်း ယုံကြည်ခြင်း ကြိုက်နှစ်သက်ခြင်း ငြိကပ်ခြင်း တဆင့်ကြားခြင်း ယုတ္တိရှာခြင်း ခန့်မှန်းတွေးဆခြင်း ဓလေ့ ထုံးစံ တဆင့်ကြား ကောလဟလများကို ကျော်လွန်၍ ကိုယ်တိုင် ကိုယ်ပိုင်သောဥာဏ်ဖြင့် ဖောက်ထွင်းသိမြင်သော သန္ဒိဋ္ဌိက အမြင်မျိုး ဖြစ်လေသည်။

နိဗ္ဗာန်ကို မြင်သောသူဟူသည်ကား မိမိ၏ ကိလေ သာ အမှောင်ကိုမိမိကိုယ်တိုင်ပယ်ဖျောက်ပြီးသူသာဖြစ်သည်။ မိမိ၏ကိလေသာအမှောင်ကို မိမိကိုယ်တိုင်မပယ် ဖျောက်နိုင် သေးသူသည် ယုံကြည်ခြင်း ကိုးကွယ်ခြင်း နှစ်သက်ခြင်း လက်ခံခြင်း တဆင့်ကြားခြင်း ယုတ္တိရှာခြင်း မှန်းဆခြင်းတို့ဖြင့် နိဗ္ဗာန်ကို တကယ်မမြင်နိုင်ပေ။

နိဗ္ဗာန်ကို ယုံကြည်ခြင်းသည် ပဓာနကျသည့်ကိစ္စမ ဟုတ်၊သိခြင်းမြင်ခြင်းသည်သာ ပဓာနဖြစ်၏။ ထို့ကြောင့် မြတ်ဗုဒ္ဓ၏ဓမ္မ၌ ဧဟိပဿိကဟူသော ဂုဏ်အရည်အချင်း တစ်ခု ရှိလေသည်။ ဧဟိပဿိကဆိုသည်ကား Come and see- လာကြကြည့်ကြဟု ဖိတ်ခေါ်နေခြင်းဖြစ်သည်။ Come and believe - လာကြယုံကြည်ကြဟု ဖိတ်ခေါ်နေခြင်း မဟုတ်။ ဗုဒ္ဓစာပေ၌ သစ္စာကိုသိသောပုဂ္ဂိုလ်တို့၏ အကြောင်း အရာကို ဖေါ်ပြသော နေရာတိုင်း၌ ဝိရဇံ ဝီတမလံ ဓမ္မစက္ခုံ ဥဒပါဒိ-မြူကင်းသောအညစ်အကြေးကင်းသော ဓမ္မစက္ခု သည်ဖြစ်၏။

"The dustless and stainless Eye to Truth (Dhamma cak khu) has arisen" သစ္စာကိုမြင်၏။ သစ္စာကို ရ၏။ သစ္စာဥာဏ်သို့ရောက်၏။ သစ္စာကိုသိ၏။ သစ္စာကို ထွင်းဖောက်၏။ ယုံမှားမှုအားလုံးကို ပယ်ဖျောက်၏။ တွေဝေခြင်းမရှိ။ မှန်သောဥာဏ်ဖြင့်သိ၏။ (ယထာဘူတံ ပဇာနာတိ) ဗုဒ္ဓရှင်တော် ကိုယ်တိုင်၏ဗောဓိဥာဏ်ကို ရတော်မူရာ၌လည်း"စက္ခုံ ဥဒပါဒိ ဥာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ-မျက်လုံးဖြစ် လာ၏။ ပညာဥာဏ်ဖြစ်လာ၏။ ဗောဓိဥာဏ်ဖြစ်လာ၏။ ဝိဇ္ဇာဥာဏ်ဖြစ်လာ၏။ အဝိဇ္ဇာအမှောင်ဖျောက်၍ ဝိဇ္ဇာအရောင်ရောက်လာ၏"ဟု ဗုဒ္ဓကိုယ်တိုင်ပင် မိန့်တော်မူ ခဲ့ပါသည်။

သို့ဖြစ်ခြင်းကြောင့် နိဗ္ဗာန်ကို ဥာဏ်ဖြင့်သာ မြင်နိုင် သိနိုင်သည်။ ယုံကြည်ရုံမျှဖြင့် မြင်သိနေသော အရာမျိုးမ ဟုတ်။

ဤအချက်သည် ဗြဟ္မဏပဏ္ဍိတ် ဘာသာရေးခေါင်း ဆောင်တို့က သူတို့၏နောက်လိုက် ကိုးကွယ်သူတို့ကို ဗြဟ္မဏ ဘာသာရေးဓလေ့ထုံးစံတို့အပေါ်၌ ဤသည်ပင်လျှင်အမှန် တရားစုံစမ်းစစ်ဆေးရန်မလိုဟု သဘောထားသေးစွာဖြင့် အတင်းအကြပ် တိုက်တွန်း၍ ယုံကြည်လက်ခံကိုးကွယ်စေ သည့်ကာလဒေသ၌ မြတ်ဗုဒ္ဓ၏ ဤဧဟိပဿိက ဓမ္မစက္ခုစ သည့် အဆုံးအမတို့မှာ နာကြားရသူ လူအပေါင်းတို့၏စိတ် ဝယ် အထူးပင် နှစ်ခြိုက်စိတ်ဝင်စားဖွယ် ဖြစ်ခဲ့လေသည်။

ဗုဒ္ဓလက်ထက်တော်အခါ ထင်ရှားကျော်ကြားသည့် ပညာတတ်ဗြဟ္မဏတစ်စု ဗုဒ္ဓထံသို့ ရောက်သွားကြ၏၊ တွေ့ ဆုံမေးမြန်းကြ၏၊ ဆွေးနွေးမေးမြန်းဘွယ်ကား ရှည်လျှားစွာ၏၊ ထိုဗြဟ္မဏအုပ်စုတွင် ကာပဋ္ဌိယဟူသော ၁၆-နှစ်အရွယ် ဗြဟ္မဏလူငယ်တစ်ယောက်ပါ၏။
ထိုကာပဋ္ဌိယဗြဟ္မဏက မြတ်ဗုဒ္ဓအား မေးခွန်းထုတ် လေသည်၊ "အို အရှင်ဂေါတမ မွန်မြတ်သည့် ရှေးဟောင်း ဗြဟ္မဏစာပေတို့သည် အဆက်မပြတ်သော ဗြဟ္မဏပညာ တတ်တို့၏ ဆရာအစဉ်အဆက်အတိုင်း နှုတ်ဆင့်ကမ်း သယ်ဆောင်လာခဲ့ခြင်းဖြစ်ပါသည်။ ထိုဗြဟ္မဏ စာပေအရ ဗြဟ္မဏတွေအားလုံး သဘောတူဆုံး ဖြတ်ကြသည်မှာ ထိုစာ ပေ၏အဆိုအမိန့်သည်သာလျှင် မှန်၏။အခြားအယူအဆ တို့သည် အမှားချည်းသာဖြစ်ကုန်၏၊ ဗြဟ္မဏတို့၏ ထိုအဆို အမိန့်နှင့် ပတ်သက်၍ အရှင်ဂေါတမ၏သဘောထား အ ဘယ်သို့ပါနည်း"။

မြတ်ဗုဒ္ဓက ပြန်၍မေးခွန်းထုတ်၏ "ထိုဗြဟ္မဏ အပေါင်းတို့တွင် ထိုဗြဟ္မဏတို့၏စာပေကို ဤသည်သာလျှင် အမှန် အခြားတို့သည် အမှားတည်း"ဟု ပြောနိုင်လောက် အောင် ထိုဗြဟ္မဏစာပေကို ကိုယ်တိုင်သိ ကိုယ်တိုင်မြင်သော ဗြဟ္မဏတစ်ယောက်တစ်လေရှိသလား။

ပုဏ္ဏားငယ်သည် ရိုးသားသောကြောင့် " မရှိပါဘု ရား" ဟု ဝန်ခံ၏။ မြတ်ဗုဒ္ဓက ထပ်မံ၍မေး၏။ ဗြဟ္မဏဆရာ ခုနှစ်ဆက်တိုင်အောင်နောက်ပြန်၍ ရေတွက်ကြည့်လျှင် ဗြဟ္မဏတို့၏ ဆရာ့ဆရာစဉ်ဆက်တို့တွင် ထိုဗြဟ္မဏစာပေ သည်သာ မှန်၏၊ အခြားစာပေသည် မှား၏ဟု ပြောနိုင်သော ထိုဗြဟ္မဏတို့၏စာပေကို ငါကိုယ်တိုင်သိ၏ , ငါကိုယ်တိုင်မြင် ၏ဟု ပြောနိုင်သော ဗြဟ္မဏဆရာ တစ်စုံတစ်ယောက်မျှ ရှိလေသလား။ " မရှိပါဘုရား"ဟု ပုဏ္ဏားငယ်သည် ရိုးသားစွာ ဝန်ခံ၏။ "အိုဗြဟ္မဏ ထိုသို့ဖြစ်လျှင် နောက်နောက်ဆရာ တို့က ရှေးရှေးဆရာတို့၏ ဝါဒကို မသိမမြင်ကြပဲ မျက်စိမှိတ်၍ ယုံကြည်နေကြသော သင်တို့၏ဆရာစဉ်ဆက်သည် ရှေ့က ခေါင်းဆောင်သွားသည့်အကန်းတစ်ယောက်ကို နောက်အစဉ် တန်း၍ မှီခိုလိုက်နေကြသော အကန်းတန်းကြီးနှင့် တူလေ သည်။ ရှေ့လူလည်းကန်း၏၊ အလယ်လူလည်းကန်း၏၊ နောက်လူလည်းကန်း၏၊ မမြင်ကြမူ၍ ယုံကြည်ခြင်းဖြင့် လက်ခံနေကြသော အကန်းတန်းကြီးကဲ့သို့ သင်တို့ဆရာစဉ် ဆက် ဖြစ်ချေပြီတကား။

မြတ်ဗုဒ္ဓသည် ဗြဟ္မဏအုပ်စုကြီးအား အလွန်အရေး ကြီးသည့် အကြံဥာဏ်များပေးခဲ့လေသည်။ "အိုဗြဟ္မဏတို့ ငါတို့၏အယူသာလျှင် မှန်၏ , သူတပါးတို့၏အယူဝါဒသည် မှား၏ဟု တဘက်သတ် ဆုံးဖြတ်ချက်ချ၍ ပြောဆိုခြင်းသည် ပညာရှိတို့၏ သဘောထားမဟုတ်၊ ထို့သို့သောဆုံးဖြတ်ခြင်းမျိုး သည် ပညာရှိတို့အား မလျှောက်ပတ်၊ ပညာရှိမှန်လျှင် ဤသို့ သော အယူအဆကို စွန့်လွှတ်အပ်၏။ "

ဗြဟ္မဏတို့သည် သစ္စာတရားကို မည်သို့ထိမ်းသိမ်း ရမည် , ကာကွယ်ရမည်ကို မြတ်ဗုဒ္ဓအား မေးမြန်းကြလျှင် မြတ်ဗုဒ္ဓက ဤသို့လျှင် ရှင်းပြတော်မူ၏။ "လူတစ်ယောက်၌ ယုံကြည်မှုရှိ၏၊ ဤသည်ကား ငါ၏ယုံကြည်မှုတည်း၊ ဤမျှ လောက်ဖြင့် သူသည် သစ္စာကို ထိမ်းသိမ်းထားနိုင်သော်လည်း သစ္စာတရား ထိုးထွင်းသိမြင်၏၊ အဆုံးသတ်သို့ လုံးဝမရောက် နိုင်ချေ၊ တနည်းအားဖြင့် လူတစ်ယောက်သည် မိမိကြိုက်နှစ် သလို ယုံကြည်နိုင်ခွင့်ရှိ၏၊ ငါသည် ဤသည့်အချက်ကို ယုံ ကြည်၏ဟု ပြောဆိုနိုင်ခွင့်ရှိ၏၊ သို့သော် ငါ၏ယုံကြည်ချက် သည်သာလျှင် မှန်၏ ,သူတစ်ပါးတို့၏ ယုံကြည်ချက်သည်မှား ၏ဟု ပြောဆိုပိုင်ခွင့်မရှိချေ။ ဤအထိ ထိုသူသည် သူ၏ သစ္စာကို သူသည် အလေးအမြတ်ထားဆဲဖြစ်၏။ ထားလည်း ထားနိုင်၏။ သို့သော် အခြားယုံကြည်ချက်များကို မှား၏ဟု မဆိုသင့်ချေ။

တစ်စုံတစ်ခုသော အယူဝါဒကို အထင်သေးရှုံ့ချ၍ တစ်စုံတစ်ခုသော အယူဝါဒကို ယုံကြည်စွဲလမ်း၍နေခြင်း သည် ပညာရှိတို့အတွက် နိမ့်ကျသော အစွဲအလမ်း အနှောင် အဖွဲ့ဖြစ်သည်။ မြတ်ဗုဒ္ဓရှင်းလင်းစွာ ဟောပြထားသော ကမ္မ နှင့်ဝိပါက(အကြောင်းအကျိုး) ဝါဒကိုပင် ရှင်းလင်းလှသည် , မွန်မြတ်လှသည် , သန့်ရှင်းလှသည် , နှစ်သက်ဖွယ်ကောင်းလှ သည်ဟုစွဲမက်နေလျှင် , ယုယထွေးပိုက် သိမ်းဆည်းထားလျှင် ,သံယောဇဉ်ဖြစ်လျှင် ,ထိုကြောင်းကျိုးဝါဒကို တပ်မက်၍နေ သော သံယောဇဉ်ကြောင့်ပင်လျှင် ဘဝသံသရာမှ လွတ် မြောက်ခြင်း၏ အတားအဆီးဖြစ်နိုင်သည်။ ဥပမာ- ဖောင်ဖွဲ့၍ မြစ်တစ်စင်းကို ဖြတ်ကူးသွားသူ သည် ထိုဖောင်ကို မြစ်ကိုဖြတ်သောအခိုက်၌သာ သုံး စွဲရခြင်းဖြစ်သည်၊ မြစ်ကိုဖြတ်ပြီး၍ ဟိုဘက်ကမ်းသို့ တက် သွားပြီးသောအခါ ထိုဖောင်ကြီးကို တွယ်ဖက်စွဲမက်၍ နေသောကြောင့် ခေါင်းပေါ်မှာရွက် ပခုံးပေါ်မှာ ထမ်း၍ ကမ်းပေါ်သို့ သယ်သွားလျှင် ထိုသူကို သူမိုက်ဟူ၍ အဆိုခံရ ပေမည်၊ ကမ်းပေါ်သို့တက်ပြီးလျှင် ထိုဖောင်ကို စွဲမက်နေရန် မလို၊ သံယောဇဉ်မဖက် မြစ်တွင်းမှာပင် ထားခဲ့ရန် ဖြစ်သည်။

ဗုဒ္ဓ၏ဓမ္မသည် ဘဝပင်လယ်ကိုကူးဖို့ရန် လှေ သင်္ဘော သဖွယ်ဖြစ်၏။ ထိုဓမ္မတည်းဟူသောသင်္ဘောဖြင့် သံသရာပင်လယ်ကို ကူးမြောက်ပြီးလျှင် သံသရာတစ်ဘက် ကမ်းသို့ တက်လှမ်း ပြီးသူသည် ဓမ္မတည်းဟူသော သင်္ဘော ကြီးကို ဆက်လက်၍ ဆွဲ ကိုင်ထားဖွယ်ကိစ္စမရှိတော့ပြီ။

လူသားတို့သည် ဘဝသံသရာပင်လယ်ခရီးလမ်းမှာ လျှောက်လှမ်းနေဆဲဖြစ်၏၊ သံသရာပင်လယ်သည် ကျယ် ပြောစွာ၏၊ နက်ရှိုင်းလှ၏၊ တခါတရံမုန်တိုင်းထန်၏။ တခါတရံလှိုင်းထူ၏။ ဘဝပင်လယ်၏ဤဘက်ကမ်းသည် အန္တရာယ်များလှ၏။ ဟို ဘက်ကမ်းရောက်လျှင် အန္တရာယ် ကင်း၏။ ကမ်းနှစ်ဘက်ကို ကူးဆက်ထားပြီးသား တံတား အဆင်သင့်မရှိ။ ဆောက်လုပ်ထားပြီးသား လှေသင်္ဘော အဆင်သင့်မရှိ၊ သို့ဖြစ်ခြင်းကြောင့် လှေသင်္ဘော ဆောက်ဖို့ ဖောင်ဖွဲ့ဖို့ သစ်ဝါးတို့ကို စုရမည်။ မိမိ၏ခြေ လက်တို့ ဖြင့် ဖောင်ဖွဲ့ရမည်။

လှေသင်္ဘောဆောက်ပြီးလျှင် မိမိခြေလက်ဖြင့် လှေ သင်္ဘောပေါ်တက်၍ ကူးခတ်ရမည်။ ဟိုဘက်ကမ်း ရောက် လျှင် ကိစ္စပြီး၏၊ သင်္ဘောကိုထမ်း၍ တက်သွားရန်မလို။

မြတ်ဗုဒ္ဓသည် လှေသင်္ဘောတံတားတို့နှင့်တူသော ဓမ္မကို ဟောပြတော်မူ၏။ ထိုဓမ္မသည်လှေ၊ ထိုဓမ္မသည် သင်္ဘော၊ ထိုဓမ္မသည်တံတား၊ ဘဝပင်လယ်၏ ဟိုဘက်ကမ်း ကို ကူးရာ၌ အသုံးပြုရန်ဖြစ်၏၊ ဟိုဘက်ကမ်းရောက်ပြီးလျှင် ဆွဲကိုင်ထားဖွယ်မလို။ သို့ဖြစ်ခြင်းကြောင့် သံသရာပင်လယ် ကို ကူးမြောက်ပြီးသူ သည် ဓမ္မအဓမ္မကို စွန့်လွှတ်ပြီး ဖြစ်၏။

ရှင်းလင်းစွာနားလည်ရ မည်မှာ မြတ်ဗုဒ္ဓ၏ဓမ္မသည် လူသားတို့ကို ဘေးကင်းရာ ,ငြိမ်းချမ်းရာ,ချမ်းသာရာ ဟိုဘက် ကမ်းသို့ ပို့ဆောင်သည့် သင်္ဘောဖောင်ဖြစ်၏။

သို့သော် တောအုပ်ကြီးတစ်ခုလုံး၌ ကြွေကျနေသော သစ်ရွက်တို့ကိုကောက်၍ဆုပ်လျှင် လက်ဆုပ်၌ပါသော သစ်ရွက်တို့ကား မပြောပလောက်၊ တောအုပ်တစ်ခုလုံး၌ အတိုင်းအတာပမာဏ မသိ၊ ကျန်ရှိသော သစ်ရွက်တို့ကား မီးစာ ,ပိုးစာ ,မြေစာ ဖြစ်၍ ပျက်စီးကျန်ရစ်ကုန်၏။ ထို့ကြောင့် ဓမ္မဖောင်စီး၍ နိဗ္ဗာန်ခရီးသွားမည့်သူကား မဆိုစလောက် သာရှိ၏။

ထို့ကြောင့် မြတ်ဗုဒ္ဓသည် သူသိသလောက်ဓမ္မကို သတ္တ ဝါတို့အား အကျဉ်းမဟော၊ အနည်းစုသော သတ္တဝါနှင့် ထိုက်တန်ရုံ အနည်းငယ်မျှသောဓမ္မကိုသာ ဟောတော်မူ ခဲ့ခြင်း ဖြစ်သည်။ သူသိသမျှ အကုန်ဟောတော်မမူခဲ့ချေ။

မာလုကျပုတ္တသည် ကြောင်းကျိုးဆက်စပ်မှုမရှိ၊ စိတ် ကူးယဉ်သည့် မေးခွန်းမျိုးတွေကို မြတ်စွာဘုရားအား မေးခဲ့ဖူး ပြီ။

"အိုမြတ်စွာဘုရား ဤစကြာဝဠာသည် မြဲသလော , မမြဲသလော , အဆုံးရှိသလော ,အဆုံးမရှိသလော , အတ္တသည် ခန္ဓာပင်လော , ခန္ဓာ သည်ပင်အတ္တလေလော , ခန္ဓာ၌ အတ္တ ရှိသလော , အတ္တနှင့်ခန္ဓာသည် တခြားစီလော , သတ္တဝါသည် သေပြီးသည့်နောက် ဖြစ်သလော , သတ္တဝါသည် သေပြီးသည့် နောက် မဖြစ်ဘူးလော၊ သတ္တဝါသည် သေပြီးနောက် မဖြစ်တချို့ ဖြစ်တချို့လော၊ သတ္တဝါသည် သေ ပြီးနောက် ဖြစ်သည်လည်းမဟုတ် , မဖြစ်သည်လည်းမဟုတ်လော"။

ဤကဲ့သို့သော အကျိုမဲ့စိတ်ကူးယဉ် အဖျင်း မေးခွန်း တွေကို မေးခဲ့ဖူးပြီ။

မြတ်ဗုဒ္ဓက ပြန်ကြားတော်မူ၏။ "အိုမာလုကျပုတ္တ ပညာရှိအမည်ခံပုဂ္ဂိုလ်တို့သည် ယုံမှာချိုရှိသလော , လိပ်မှာ အမွှေးရှိသလော , ပုဇွန်မှာသွေးရှိသလော၊ ခွေးလေးသန်း အဖြူရှိသလော စသည်ဖြင့် အကျိုးမဲ့ အကြောင်းမဲ့ မလိုအပ် သည့် မေးခွန်းတွေကို အမေးထုတ် အဖြေရှာ၍နေခြင်းဖြင့် သူတို့၏နှလုံးသားကို သူတို့ဖျက်ဆီး၍ နေကြကုန်၏။ သူတို့ စိတ်၏အေးချမ်းမှုကို သူတို့ အနှောက်အယှက် ပေး၍နေကြ ကုန်၏။

သူတော်ကောင်းအကျင့်ဟူသည် ဤကဲ့သို့သော အမေး အဖြေ အယူအဆတို့၌ တည်၍မှီ၍နေသည်မဟုတ်၊ ကြက်ဥဘယ်ကစ , ကြက်ဥဘာကြောင့်လုံးစသည့် အဆုံးမရှိ သည့် မေးခွန်းတို့ကို မေးနေမည့်အစား ဒုက္ခဘယ်ကစ , ဒုက္ခ ဘယ်လိုအဆုံးသတ်ရမည်ဟူ သောသစ္စာကို ရှာဖွေခြင်းသည် မွန်မြတ်၏။

မြတ်ဗုဒ္ဓက မိန့်တော်မူ၏ "ဆူပူခြင်း , လောင်ကျွမ်း ခြင်း , ဆင်းရဲခြင်း , နှိပ်စက်ခြင်း ,မရောင့်ရဲနိုင်ခြင်း ,တစ်ကိုယ် ကောင်း ဆန်ခြင်းအစရှိသော စိတ်ယုတ်မာတို့သည် ဒုက္ခ၏ အစဖြစ်၏၊ စစ်သည် စိတ်ကစလျှင် ငြိမ်းချမ်းရေးသည်လည်း စိတ်ကပင်စလိမ့် မည်
စသောနေရာမှာပင် အဆုံးရှိသည်။ သမုဒယသစ္စာသည် ဒုက္ခ၏အစ၊ ထိုသမုဒယ ကုန်ဆုံးခြင်း သည် ဒုက္ခ၏အဆုံးနိရောဓဖြစ်၏။ သစ္စာကို ကိုယ်မှာ ရှာရ သည် သစ္စာတွေ့လျှင်ဒုက္ခအားလုံး ပြဿနာအာလုံး အဆုံး သတ်ပြီတည်း။


ရေးသားသူ...အရှင်ဒေ၀ိန္ဒာဘိဝံသ (သီတဂူ)

Read more...

ကျေးဇူးရှင်ဆရာတော်ဘဒ္ဒန္တပဒုမ၏ မှတ်စုစာအုပ်မှ




ကျေးဇူးရှင်ဆရာတော်ဘဒ္ဒန္တပဒုမ သက်ရှိထင်ရှားရှိစဉ် ခွင့်ပြုချက်တောင်း၍ ဆရာတော်ဘုရား၏ မှတ်စုစာအုပ်မှ လက်ရေး မူရင်းအတိုင်း အင်တာနက်စာမျက်နှာတွင် ဖေါ်ပြပါသည်။



Read more...

*ဗောဇ္ဈင်တရား ခုနစ်ပါး(၄)*


စတုတ္ထမြောက် ဗောဇ္ဈင် တရားမှာ ပီတိသမ္ဗောဇ္ဈင် ဖြစ်သည်။ ပီတိသည် ၀ိပဿနာ အာရုံပေါ်တွင် အထူး စိတ်ဝင်စားမှု စူးစူးစိုက်စိုက် ဖြစ်လာသော အခါ ဖြစ်လာသော သဘောဖြစ်၏။ မျက်မှောက် ဖြစ်ပျက် နေသည်ကို ပျော်ရွှင် နှစ်သက်စွာ စိတ်ဝင်စား နေခြင်း ဖြစ်၏။ ၎င်းကို ခံတွင်းတွေ့မှု အားတက်မှု ပါသော ၀မ်းသာ ကြည်နူးခြင်း ဟုလည်း ဖော်ပြတတ် ကြ၏။ ဤပီတိကို ဥပမာ တင်စားသော အားဖြင့် ရက်ပေါင်းများစွာ ပူပြင်း ခြောက်သွေ့သော သဲကန္တာရ အတွင်း လျှောက်လှမ်း လာရသဖြင့် မောပန်း နွမ်းနယ်ကာ ညစ်ပတ် ပေရေလျက် အလွန် ရေငတ်နေသူ ကန္တာရ ခရီးသည်သည် မဝေးလှသော နေရာ၌ ကြည်လင်သော ရေအိုင်ကြီး တစ်အိုင်ကို မြင်တွေ့လိုက်ရ သဖြင့် ဖြစ်သော ထိုသူ၏ ၀မ်းမြောက်ခြင်း ပီတိနှင့် ခိုင်းနှိုင်း တင်ပြနိုင်၏။


ထိုသူသည် တိုရေ၌ မည်မျှ စိတ်ဝင်စား မည်နည်း။ ရေကို သောက်သုံး သန့်စင်ရသော အခါ သူ ဘယ်ရွေ့ဘယ်မျှ ၀မ်းမြောက် ရွှင်လန်းမည်နည်း။ ထို ၀မ်းမြောက်ခြင်း ပီတိသည် ပီတိ သမ္ဗောဇ္ဈင်နှင့် တူသည်ဟု ယူဆနိုင် ပါသည်။ ပီတိသည် သံယောဇဉ် ကင်းပြတ်သွားမှု၊ အတွယ်အတာ အနှောင်အဖွဲ့ ကင်းမဲ့သွားမှု၊ လွတ်မြောက်သွားမှု၊ အတ္တစွဲ ကင်းမဲ့သွားမှု၊ ဥပါဒါန် ကင်းရှင်းသွားမှုကြောင့် ဖြစ်သော စိတ်၏ အပြောကျယ် သွားခြင်း၊ အပြန့်ကျယ် သွားခြင်း သဘောပင်တည်း။

ဤ ပီတိ သမ္ဗောဇ္ဈင် ထူထောင်မှုသည် မြတ်စွာဘုရား ဗောဓိဉာဏ် အလို့ငှာ ပါရမီ ဆယ်ပါးကို ဖြည့်ဆည်းခဲ့ခြင်း၌ ထင်ဟပ်လျက် ရှိ၏။

ဒါနပါရမီကို ဆိုကြပါစို့။ ကူညီလိုသော စွန့်ကြဲလိုသော စိတ်ဆန္ဒတော်၏ စေ့ဆော်မှုသည် သတ္တ၀ါ ခပ်သိမ်းတို့၏ ဒုက္ခခပ်သိမ်းကို သက်သာရာ ရစေပါသည်။ ဗုဒ္ဓသည် အလှူခံပုဂ္ဂိုလ် အယုတ်အမြတ် မခွဲခြား၊ ဒါနကို ယေဘုယျ သဘောအား ဖြင့်သာ မခွဲခြားဘဲ ပြု၏။ သီလ ပါရမီတွင်လည်း ထို့အတူသာ ပြု၏။ သတ္တ၀ါ အားလုံးအတွက် အကြွင်းမဲ့ ဘေးကင်းစေတော် မူသည်။ သတ်ဖြတ် ညှင်းဆဲခြင်းမှ ကင်းစေတော် မူလေသည်။ နိက္ခမ ပါရမီတော်၊ ၀ီရိယ ပါရမီတော်၊ ပညာ ပါရမီတော်၊ ခန္တီ ပါရမီတော်၊ မေတ္တာ ပါရမီတော်၊ သစ္စာ ပါရမီတော်၊ အဓိဋ္ဌာန် ပါရမီတော်နှင့် ဥပေက္ခာ ပါရမီတော် စသော ပါရမီ ဆယ်ပါးကို သဗ္ဗညုတ ဉာဏ်အလို့ငှာ မြတ်စွာ ဘုရားသည် ပြီးပြည့်စုံအောင် အားထုတ်၍ ဆောင်ရွက်ခဲ့ရ လေသည်။

ဗုဒ္ဓ မြတ်စွာဘုရားသည် ပါရမီတော်ကြီး များကို ဖြည့်ဆည်းစဉ် အခါက ပြုမူ ကျင့်ကြံတော် မူခဲ့သလို ကျွန်ုပ်တို့လည်း ဗုဒ္ဓနည်းတူ ပြုမူ နေရသည်ဟု ဆင်ခြင် ပွားများသဖြင့် သဘောကျသော ကာလ ပီတိ သမ္ဗောဇ္ဈင်သည် ရှင်သန် ပွားများ လာပါလိမ့်မည်။ စွန့်ကြဲခြင်း အမှုကိစ္စအားလုံး၊ သည်းခံ ခွင့်လွှတ်သော အမှုကိစ္စ အားလုံး၊ သစ္စာ တည့်မှန်ခြင်းနှင့် စပ်သော အမှုကိစ္စ အားလုံးကို ကျွန်ုပ်တို့သည် ပြုမူသည့် အခါတိုင်း ဘုရားအဖြစ်ကို ရောက်အောင် အားထုတ်ခဲ့သော မြတ်စွာဘုရား၏ ပါရမီတော် ဖြည့်စဉ်က ပြုကျင့်ခဲ့သော နည်းတူ ပြုကျင့်နေခြင်း ဖြစ်သည်ဟု သဘော ကျရပါမည်။

မိမိတို့၏ ဖွံ့ဖြိုး တိုးတက်မှု၊ မိမိတို့ ပြုခဲ့သော ကုသိုလ် ကောင်းမှုများကို ပြန်လည် အောက်မေ့ခြင်း အားဖြင့်လည်း စိတ်မှာ ၀မ်းမြောက်ခြင်း ပီတီ ဖြစ်ပေါ်နိုင်ပါသည်။ တရားဓမ္မကို ဆင်ခြင် စဉ်းစားခြင်း၊ အရိယာ သစ္စာလေးပါး မြတ်တရားကို ဆင်ခြင်စဉ်းစား သုံးသပ် ပွားများခြင်း၊ အနိစ္စ လက္ခဏာကို ဖြစ်စေ၊ အနတ္တ လက္ခဏာကို ဖြစ်စေ ဆင်ခြင် စဉ်းစားခြင်းသည် လူတိုင်းအတွက် နေရာမရွေး အချိန်အခါမရွေး မှန်ကန်ပါသည်။ တရားတော်၏ မှန်ကန်ခြင်းသည် အတွေ့အကြုံ အရလည်း ထင်ရှားပါသည်။ “ဧဟိပဿိကော” လာလှည့် ရှုလှည့်ဟူသော တရားဂုဏ်တော်နှင့် အညီ အစမ်းသပ် ခံနိုင်သော တရားမျိုး ဖြစ်ပါသည်။ “သင် ယုံကြည်ရမည်” ဆိုသော တရားမျိုး မဟုတ်ချေ။ တရားဓမ္မနှင့် အညီ ပြုကျင့်ခြင်း အားဖြင့် ၀မ်းမြောက်ခြင်း ပီတိ သမ္ဗောဇ္ဈင်ကို ရှင်သန် ပွားများ စေနိုင်ပါသည်။ သစ္စာတရားတို့၌ စူးစမ်း ဆင်ခြင်ခြင်းဖြင့် စိတ်မှာ ပြင်းထန်သော ၀မ်းမြောက် ရွှင်လန်းခြင်း ဖြစ်ရပါသည်။

>>> ဆက်ရန်

>>> ဆရာဦးဆန်းလွင်နှင့် ဆရာဦးဟန်ဌေးတို့ ဘာသာ ပြန်ဆိုသော ဂိုးလ်စတိန်း၏ ကိုယ်တွေ့ ၀ိပဿနာ စာအုပ်မှ ကူးယူဖော်ပြ မျှဝေအပ် ပါတယ် ခင်ဗျာ...။


လေးစားစွာဖြင့်
ဖိုးသား


Read more...

မေတ္တာပန်းခိုင် သုံးပွင့်ဆိုင်

ပြသူ – သင်သူ – ချီးမြှောက်သူ ၊ စိတ်တူညီညွတ်ကြ။
* သံဃာနှင့် လူ ၊ အုပ်ချုပ်သူ၊ ကြည်ဖြူညီညွှတ်မှ။
* မေတ္တာပန်းခိုင် ၊ သုံးပွင့်ဆိုင် ၊ ပြန့်လှိုင်တိုးတက်ရ ။
* သာသနာရောင် ၊ ထွန်းလင်းပြောင် ၊ မြင့်ခေါင် စွမ်းပြည့်ဝ။
* မေတ္တာနှလုံး၊ အလှဆုံးကြောင့်၊ ရွှင်ပြုံးကြည်သာ တို့မြန်မာ ကမ္ဘာကပင် မော်ကြည့်ရ။

လောက၌ သာသနာပေါ်ပေါက်လာရန် ခက်ခဲသလောက် ဘုရားမရှိသည့်နောက် သာသနာ မကွယ်ပျောက်အောင် စောင့်ရှောက်ထိန်းသိမ်းရသည့် တာဝန်က လည်း ကြီးလေးလှသည်။ တစ်ဦးတစ်ယောက်ကောင်းအင်အားဖြင့် ထမ်းဆောင်နိုင်သော တာဝန်မျိုးမဟုတ်ပေ။ မည်သည့် ပစ္စည်းမျှ မပါဝင်သော စကော ၊ လင်ပန်း (ဗျတ်) စသော ပေါ့ပါးသော အရာမျိုးကို ဖိုခနောက် ၁လုံး ၊ ၂ လုံး ပေါ်တင်၍ လွယ်ကူသော်လည်း စားဖွယ်အပြည့် ထည့်ထားသည့် ဒယ်အိုးကြီးမျိုးကိုကား ခိုင်မာသော ဖိုခနောက်(ဖိုခုံလောက်) ၃ လုံးရှိမှ တင်၍ဖြစ်နိုင်သည်။ ဗုဒ္ဓသာသနာသည် အကြီးမားဆုံးသော အင်အားဖြစ်၍ အနှစ်သာရ ပြည့်ဝဆုံးလည်းဖြစ်သဖြင့် စိတ်ခွန်အား ကောင်းမွန်သန့်စင် ရိုးဖြောင့်သူ မေတ္တာရှင်တို့၏ မေတ္တာဖိုခနောက် (ဖိုခုံလောက်) ၃ လုံးပေါ်တင်မှ တာရှည်ခံမည်ဖြစ်သည်။ သာသနာ့တာဝန်ကို စိတ်ခွန်အားကောင်းသူများသာ နိုင်အောင် သယ်ပိုးထမ်းဆောင်နိုင်ကြသည်။

မြန်မာပြည်၌ လူဖြစ်ရသူများသည် အခြားနိုင်ငံများထက်ပို၍ သာသနာ့အကျိုးကို သယ်ပိုးထမ်းဆောင်ခွင့် ရကြသဖြင့် ပို၍ကံကောင်းသူများဖြစ်ကြသည်။ သာသနာ့ စွမ်းအားကို မှီခိုခွင့် ရကြသဖြင့်လည်း စိတ်ဓါတ်ပိုမိုရင့်ကျက်၍ ခံနိုင်ရည်စွမ်းအားများ ရရှိထားကြပြီး ကောင်းဆိုး၂ တန် လောကဓံကို စိန်ခေါ်ရဲလောက်အောင် စိတ်ဓာတ်ကြံ့ခိုင်သူများ ဖြစ်ခွင့်ရကြသည်။

သာသနာပြု လုပ်ငန်းဟူသည် (၁) မိမိကိုယ်တိုင် အသိတရား ကြွယ်ဝစေရန်နှင့် အကျင့်တရားပြည့်စုံရန် လေ့ကျင့်ပေးခြင်း ဟူသော ထိန်းသိမ်းရေး ၊ (၂) မိမိသိခွင့် ကျင့်ခွင့်ရသော တရားကို အခြားသော ပုဂ္ဂိုလ်များနှင့် နောင်လာနောက်သား သားစဉ်မြေးဆက် အဆက်မပြတ် သိနိုင်ကျင့်နိုင်အောင် ဟောပြောပို့ချ လမ်းညွှန်ပေးခြင်း ဟူသော ဖြန့်ဝေရေး၊ ဤကိစ္စတာဝန် (၂)ရပ်ကို ဆောင်ရွက်နေခြင်းပေတည်း။

သာသနာပြုလုပ်ငန်းသည် မေတ္တာပြဌာန်းသဖြင့် မေတ္တာပန်းခိုင် သုံးပွင့်ဆိုင် ပုံစံမျိုးဖြင့် ၀ိုင်းဝန်းစုပေါင်း ဆောင်ရွက်မှ အနှစ်သာရ ပြည့်ဝ၍ တာရှည်ခံမည်ဖြစ်သည်။ သာသနာပြု မေတ္တာပန်း ၃ ပွင့် ဟူသည် (၁) စာပေပို့ချသင်ပြပေးသူ ၊ တရားဟောပြောပြသူ ၊ (၂) စာပေနှင့် တရားသင်ယူနာကြားသူ ၊ (၃) မိဘပမာ သဒ္ဓါမေတ္တရှေ့ထား၍ ပစ္စည်းလေးပါ ချီးမြှောက်ထောက်ပံ့အားပေးသူတို့ပေတည်း။

ချီးမြှောက်သူတို့၏ မေတ္တာ၊ ချီးမြှောက်ခံရသူတို့၏ မေတ္တာစွမ်းအားများသည် အတွင်းတွင် ငြိမ်ဝပ်ပုန်းလျှိုးနေကြသည်မဟုတ်ဘဲ အရှိန်တက်ကာ လောကအတွင်း ထိုးဖောက်ပြန့်နှံ့လျှက် ဗဟိဒ္ဓကို ဓါတ်ခိုက်နေမြဲသာဖြစ်သည်။

အရှင်သိရိန္ဒာဘိဝံသ (ယော)



Read more...

ကွန်းဋင်ညရသေ့ထွက်ပြေးခြင်း...




မောင်ဘသန်း၏... ကွန်းဋင်ညရသေ့ထွက်ပြေးခြင်း...






Read more...

ရေ နဲ့ ကြာ



ဓမ္မစာပေများ

နတ်တို့ ဖန်ဆင်း၊ ရေကန်အသင့် ကြာအသင့် …. ဆိုပြီး မြန်မာ့ဆိုရိုးစကားတစ်ခုရှိပါတယ်။ ကိုယ်လိုချင်တဲ့အရာတွေ အခက်အခဲမရှိ ရရှိတဲ့အခါမျိုးမှာ ပြောတတ်ကြတဲ့ စကားလေးပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အဆင်မပြေမှုတွေ ကြုံရတဲ့အခါမှာ တော့ ကံဆိုးသူတို့သွားလေရာ၊ မိုးလိုက်လို့ရွာ …. ဆိုပြီး စကားပုံလေးတွေ ဖွဲ့ကြပြန်ပါတယ်။ ကြည့်စမ်းပါဦး။ ကံကောင်းတဲ့ သူနဲ့ တွေ့ရတာက ရေ … ဖြစ်ပြီ။ ကံဆိုးတဲ့သူတွေ့ရတာက မိုးဖြစ်နေတယ်။ သို့သော်တူနေတာက မိုးနဲ့ ရေ ဟာ အနွယ် တစ်ခုတည်းဖြစ်နေတာကို သတိထားမိပါ့မလားမသိဘူး။ ကံဆိုးသူရော ကံကောင်းသူရော နှစ်ဦးစလုံး သူတို့တွေ့ရတာ ရေပါပဲ။ ရေချင်းအတူတူ ဘာလို့ လောဘဖြစ်မှာလဲ၊ ဘာလို့ဒေါသဖြစ်မှာလဲ။

ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အမြဲတမ်းကြားနေရတဲ့စကားတစ်ခုရှိတယ်။ အဲ့ဒါ လောကဓံ … ဆိုတာပါပဲ။ ကိုယ့်ဘ၀မှာ ခက်ခက်ခဲခဲ ဆင်းဆင်းရဲရဲကျော်ဖြတ်လာရတဲ့အခါတိုင်း ငါ့ဘ၀က ဆိုးပါတယ်။ တို့ကတော့ လောကဓံကို အလူးအလဲ ခံခဲ့ရ တာပါတဲ့။ လောကဓံရဲ့ဒဏ်ချက်တွေကြောင့် ငါ့ဘ၀ကြီးတစ်ခုလုံး ကြေမွနေပါပြီ …….. စုံလို့ပါပဲ။ သူတို့ဖြစ်ကျော်ခဲ့ရတာက ဆိုးတဲ့နေရာတွေကို ဖြစ်ကျော်ရတာကိုး။ ဒီလူတွေကတော့ ပြောကြမယ်ထင်တယ်နော်။ ကံဆိုးသူတို့သွားလေရာ မိုးလိုက် လို့ရွာ … ဆိုပြီးတော့ပေါ့။ တစ်ကယ်တော့ လောကဓံ ရှစ်ပါးမှာ … ချမ်ချမ်းသာသာနေရတာ၊ တနည်း အဆင်ပြေပြေနေရ တာလည်း လောကဓံပါပဲ။ ဆင်းဆင်းရဲရဲနေရတာ၊ တနည်း အဆင်မပြေဖြစ်နေရတာလည်း လောကဓံပါပဲ။ ဒီတော့ အဆိုး တွေကြုံရခါမှ ငါ့ကြမှ ကွက်ပြီး လောကဓံကို ပိုခံရတယ်လို့ မမှတ်စေလိုပါ။ ကံကောင်းသူရော၊ ကံဆိုးသူပါ နှစ်ဦးစလုံး ကြုံ တွေ့ရတာ လောကဓံ တစ်မျိုးတည်းပါ။ ခံရတာချင်းတူပါရဲ့နဲ့ ဘာလို့ လောကဓံတရားအပေါ်မှာ လောဘဖြစ်မှာလဲ၊ ဘာလို့ ဒေါသထွက်မှာလဲ။အကြောင်းတိုက်ဆိုင်တိုင်း သူနဲ့ဆိုင်ရာ ဆိုင်ရာ ဟောခဲ့တဲ့ မြတ်စွာဘုရားရှင်ရဲ့တရားတော်တွေကို အမှတ်ရမိပါတယ်။ ကမ္ဘာပေါ်မှာလို့ပဲပြောရမလား၊ လောကမှာလို့ပဲပြောရမလား။ ဆိုရိုးစကားတွေ၊ ဆုံးမစာတွေ၊ သြ၀ါဒတွေ၊ အဆိုအမိန့်တွေ ပလူပျံနေအောင်ကို ပေါပါတယ်။ သူတို့ပြောတာဆိုတာတွေ ဘယ်လောက်ကောင်းတယ်ပဲဆိုဆို နေရာတိုင်းအတွက် အံဝင် နိုင်ပါ့မလားလို့ တွေးကြည့်မိဘူးတယ်။ အားလုံးကိုသိတော်မူတဲ့ မြတ်စွာဘုရားရှင်၏ သဗ္ဗညုတဉာဏ်တော်ကြီးနဲ့ ဟောကြားထားတဲ့ တရားတော်တွေလောက် ထိုထို အဆိုအမိန့်များ ကောင်းမွန်လိမ့်မယ်လို့ မထင်ပါဘူး။ ဘာကြောင်လဲဆို တော့ မြတ်စွာဘုရားရှင်ရဲ့တရားတော်တွေဟာ အစ၏ ကောင်းခြင်း၊ အလယ်၏ ကောင်းခြင်း၊ အဆုံး၏ ကောင်းခြင်းဆိုတဲ့ ကောင်းခြင်း သုံတန်နဲ့ ပြည့်စုံတော်မူတဲ့အတွက်ကြောင့်ပါပဲ။ခုပဲကြည့်လေ။ မင်္ဂလသုတ္တန်တရားတော်ကြီးမှာ မြတ်စွာဘုရားရှင်က ပတိရူပဒေသ၀ါသော စ၊ ပုဗ္ဗေ စ ကတပုညတာ၊ အတ္တသမာ ပဏီဓိ စ၊ ဧတံမင်္ဂလမုတ္တမံ ….. ဆိုပြီး ဟောတော်မူခဲ့ပါတယ်။ ဆိုလိုတာက သိလိုရင်းနဲ့ မေးလျှောက်လာတဲ့ အို … နတ်သား၊ ပတိရူပဒေသ ဆိုတဲ့ သင့်တင့်လျောက်ပတ်သော အရပ်မှာ နေခြင်း၊ ပုဗ္ဗေ စ ကတပုညတာ … ဆိုတဲ့ ရှေးကပြုဖူးတဲ့ ကောင်းမှု ကုသိုလ်ကံရှိခြင်း၊ အတ္တသမာ ပဏီဓိ စ … ဆိုတဲ့ မိမိကိုယ်ကိုယ် ကောင်းစွာဆောက်တည်ခြင်း ဆိုတဲ့တရားတွေဟာ မင်္ဂလာပါပဲ။ တနည်းအားဖြင့် မကောင်းတဲ့တရားတွေ ပယ်ဖျောက်ပြီး ကောင်ကျိုးတရားတွေ တည်ဆောက်နိုင်တဲ့ ကောင်းမြတ်တဲ့တရားတွေပါပဲတဲ့။ ဒီတရားတွေသာ ကျင့်ရင် ကျင့်တဲ့သူလည်း အကျိုးရှိ၊ သူနဲ့ ဆက် စပ်နေတဲ့ ပတ်ဝန်းကျင်လည်း အကျိုးရှိစေတဲ့တရားတွေပါပဲ။နေရာကောင်းတဲ့။ လူတိုင်းလိုချင်ကြပါတယ်။ လိုချင်တဲ့နေရာကို အခက်အခဲမရှိ ရကြတာကိုပဲ နတ်တို့ဖန်ဆင်း၊ ရေကန် အသင့် ကြာအသင့် လို့ဆိုကြတာပဲလေ။ နေရာကောင်းဆိုပေမယ့်လည်း ဘယ်လိုကောင်းတာမျိုးလဲ ပြန်ကြည့်ပါဦး။ ကုသိုလ်၊ ပညာ၊ ဥစ္စာ တစ်ခုခုရနေမှကို နေရာကောင်းလို့ ခေါ်ထိုက်မယ်ထင်တယ်။ သို့သော် ပညာတော့ရပါရဲ့ သတ္တ၀ါ တွေပျက်စီးကြောင်းတော့ မဖြစ်သင့်ဘူး။ ဥစ္စာပစ္စည်းတော့ရပါရဲ့။ သတ္တ၀ါတွေ စတေးပြီးမှ ရတာမျိုး၊ မကောင်းတဲ့ မိစ္ဆာဇီဝ ကနေရတာမျိုး မဖြစ်သင့်ဘူး။ ဒီလိုဆိုရင် ပညာရှာတဲ့နေရာမှာ၊ တနည်း ပညာရတဲ့နေရာဆိုတာ ကုသိုလ်ဖြစ်ဖို့ ထောက်ပံ့ နိုင်ရမယ်။ ဥစ္စာရှာတဲ့နေရာမှာ၊ တနည်း ဥစ္စာရတဲ့နေရာမှာ ကုသိုလ်ဖြစ်ဖို့ ထောက်ပံ့တဲ့အရာတွေ ဖြစ်နေရင် ကောင်းမယ် လို့ ယူဆပါတယ်။ကုသိုလ်၊ ပညာ၊ ဥစ္စာ ရတာဟာ အကြောင်းမဲ့မဟုတ်ဘူး။ အကြောင်းရှိတယ်။ တို့ဗုဒ္ဓက အကြောင်းကိုရှာပြတယ်။ အဲ့ဒါက တော့ ရှေးကောင်းမှုကံ ရှိလို့ပဲတဲ့။ ရှေးကောင်းမှုကံ ရှိလို့ကိုပဲ မြတ်စွာဘုရားရှင်ကို ဖူးတွေ့ရတယ်။ တရားတော်တွေကို နာယူခွင့်၊ ကျင့်ကြံနိုင်ခွင့်ရတယ်။ ဘုရားသားတော် ရဟန်းသံဃာတွေကို ဖူးမျှော်ခွင့်ရတယ်။ ဒါဟာ နည်းတဲ့အခွင့်အရေး မဟုတ်ဘူးနော်။ ဘုရားပွင့်လို့သာ ဓမ္မရတနာပွင့်တာ၊ သံဃာရတနာပွင့်တာ။ ဘုရားမပွင့်တဲ့အခါမှာ ထမင်းအလှူဖြစ်ချေဦး တော့။ သံဃာမပွင့်တဲ့အတွက် ဆွမ်းအရာမမြောက်ဘူး။ သံဃာကိုလောင်းလှူခွင့်ရမှ ဆွမ်းအရာမြောက်တယ်။ ဒီလိုမျိုး ဒါန အမှုတွေ၊ သီလအမှုတွေ၊ ဘာဝနာအမှုတွေ ပြုလုပ်နိုင်တာ ရှေးကကောင်းမှုကုသိုလ်ရှိခဲ့ဖူးလို့ဆိုတာ မမေ့ကြပါနဲ့။ အကုသိုလ် ကံကြောင့် ကြက်ကလေးသွားဖြစ်ဦး။ နေ့စဉ်သူစားသမျှ ပိုးကောင်မွှားကောင်းတွေချည်းပဲ။ သေမှစားတာမ ဟုတ်ပဲ၊ သတ်စားတာဆိုတော့ နေ့စဉ် ပါဏာတိပါတကံ ထိုက်နေတယ်။ သူတို့ရောက်တဲ့နေရာ ဘယ်လောက်ဆိုးလိုက် သလဲ။ ဒါကြောင့် နေရာကောင်းရတာဟာ ရှေးကောင်းမှုရှိလို့ပါပဲ။ရှေးကောင်းမှုကံကြောင့် နေရာကောင်းမှာနေရပြီ ဆိုတဲ့အခါမှာ အတ္တသမာ ပဏီဓိ စ … ဆိုတဲ့ မိမိကိုယ်ကို ကောင်း အောင်ထိန်းဖို့ အထူးလိုအပ်ပါတယ်။ ကောင်းအောင်ထိန်းတယ်ဆိုတာ ဘယ်လိုမျိုးလဲဆိုတော့ ဒါနတွေ မပြုဖြစ်ရင် ပြုဖြစ်ရ မယ်၊ သီလတွေ မဆောက်တည်ဖြစ်ရင် ဆောက်တည်ဖြစ်ရမယ်၊ သမထ၊ ၀ိပဿနာ ဘာဝနာတွေ မပွားများဖြစ်ရင် ပွားများ ဖြစ်ရပါမယ်။ မိမိရဲ့ ကာယကံ အမှုတွေ မမှားရအောင် ထိန်းရမယ်၊ ၀စီကံအမှုတွေ မမှားရအောင် ထိန်းရမယ်၊ မနောကံ အမှုတွေ မမှားရအောင် ထိန်းရမယ်။ မိမိကိုယ်ကိုယ် ကောင်းအောင် ထိန်းသိမ်းနေထိုင်ခြင်းဟာ ကောင်းမြတ်တဲ့ မင်္ဂလာပါ ပဲ။ ဘာကြောင့်လဲဆိုတော့ အတ္တာနံ ရက္ခန္တော ပရံ ရက္ခတိ နာမ။ မိမိ ကိုယ်ကို စောင့်ရှောက်ခြင်းဟာ တစ်လောကလုံး ကို စောင့်ရှောက်ရာ ရောက်လို့ပါပဲ။ ဒီလိုပဲ ပရံရက္ခန္တော အတ္တာနံ ရက္ခတိ နာမ။ တစ်လောကလုံးကို စောင့်ရှောက်ခြင်း ဟာလည်း မိမိကိုယ်ကိုယ် စောင့်ရှောက်ခြင်းပါပဲလို့ မှတ်သားဖူးပါတယ်။အများအားဖြင့် ကြာဆိုတာ ရေမှာပျော်တာပါ။ လေမှာ ပွင့်ပြီး ညွှန်မှာရှင်သန်ကြတဲ့အမျိုးလည်း ဖြစ်ပါတယ်။ လေထဲမှာ လှလှပပ ပွင့်ဖူးနေတဲ့ ကြာပန်းလေးတွေဟာ မြင်သူတို့ရဲ့ ရင်ကို အေးမြစေပါတယ်။ ရေနဲ့ ကြာကြောင့် ရေကန်ကြီးဟာ တင့်တယ်ပါပေတယ်။ သို့သော် အောက်ဆုံးက ညွှန်တွေကိုလည်း မမေ့နဲ့ဦး။ ညွှန်မှာပေါက်နေတဲ့ကြာဟာ ညွှန်တွေမကပ် ပဲနေလို့သာ တင့်တယ်တာပါ။ ညွှန်တွေမကပ်အောင်လည်း ရေမှာပျော်မှ ဖြစ်ပါမယ်။ ပွင့်တဲ့အခါမှာတော့ ရေရော ညွှန်ရော မရှိတဲ့ လေမှာပဲ ပွင့်ကြပါတယ်။ ဒီလိုပါပဲ။ အရိယာသူတော်ကောင်းတွေဟာ မွေးဖွားကြီးပြင်းတာတော့ ကိလေသာတွေ ထူ ထပ်တဲ့ ညွှန်တောထဲမှာပါ။ သို့သော် ရေနဲ့ တူတဲ့ ကုသိုလ်တရားတွေမှာပဲ ပျော်ကြပါတယ်။ ပွင့်တဲ့အခါမှာတော့ ကုသိုလ် အကုသိုလ်တရားတို့ လွန်မြောက်တဲ့အရပ်မှာ ပွင့်ထွန်းကြပါတယ်။ ထိုသို့ပွင့်ထွန်းကြလို့လည်း လောကကြီးကို တင့်တယ် စေခဲ့ပါတယ်။ရေမှာပေါက်တဲ့ကြာကတောင် ရေကန်လှပအောင် အလှဆင်နိုင်ခဲ့ရင်၊ လောကအလယ်မွေးဖွားလာတဲ့ တို့တွေက လောကကြီး လှပအောင် တန်ဆာဆင်ပေးနိုင်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့်လည်း ကံဆိုးတဲ့သူတွေ့တဲ့ မိုးနဲ့ ကံကောင်းတဲ့ သူတွေ့တဲ့ ရေ … အတူတူပါပဲလို့ နားလည်ခဲ့ရင် လောကဓံ အဆိုးတွေနဲ့ပဲ ကြုံကြုံ၊ လောကဓံ အကောင်းတွေနဲ့ပဲ ဆုံဆုံ၊ တနည်းအားဖြင့် ကုသိုလ်ဖြစ်စရာနဲ့ပဲ ကြုံကြုံ၊ အကုသိုလ်ဖြစ်စရာနဲ့ပဲ ကြုံကြုံ ကုသိုလ်ဖြစ်အောင်များ ပြောင်းလဲပြီး ကောင်းမှုတရားဆိုတဲ့ ရေထဲမှာ ပျော်ခဲ့မယ်ဆိုရင် နိဗ္ဗာန်ဆိုတဲ့ကြာပန်းကြီးဟာလည်း ပွင့်လာမှာပါပဲ။ ထိုသို့သော ကြာပန်းပွင့်လာတာဟာ လောကကို အလှဆင်တာပါပဲလို့ ဆွေးနွေးရင်း နိဂုံးချုပ်ပါရစေ။အားလုံးသော သတ္တ၀ါတွေ အမြင်လည်းရှင်း စိတ်လည်းရှင်း လက်ငင်းချမ်းသာကြပါစေ။


Read more...

သဲအင်းဂူဆရာတော်ဘုရား၏သြ၀ါဒ

သေခါနီးစိတ်ကလေးထားတတ်ဖို့အရေးကြီးတယ်။ နာတယ်သိတယ်အသိတွေဖြစ်ခွင့်မပေးနဲ့။

နာလိုက်တာကိုက်လိုက်တာဆို စိတ်သာချ အပါယ်လေးပါးပဲ။ရှိတာကခန္ဓာငါးပါး ရုပ်နှင့်နာမ်။
ရုပ်နာမ်ဖြစ်ပျုက်တာ မမြင်လို တငါငါ စွဲနေကြတာ ၊ငါစိတ်နဲ့သေရင်ငါသာခံကြပေတော့။ငါဆို
တဲ့ဒိဠိမပြုတ်လို့လေးဘက်ထောက်၊မိုးကျောခိုင်းပြီးအပါယ်လေးပါးဆင်းရတာ။ငါစွဲပြုတ်အောင်
ဝိပသာနာ အလုပ်လုပ်ကြ၊ မလုပ်ရင် စုံးစုံး မြုပ်ကြလိမ့်မယ်။ လာလမ်းမပြန်ချင်ကြပါနဲ့။ ရုပ်က
ဖောက်ပြန်တယ်။နာမ်ကခံစားတယ်။ရုပ်ရုပ်ချင်းတိုက်ခိုက်ပြီးမှနာမ်ကခံစားတာ၊နာမ်၏လက္ခာ
ဏာခံစားပြီး ပျက်တာကိုသိ၊အဲဒီပညာသိလေးရဖို့အရေးကြီးတယ်။သေရင်လည်းစိတ်ကလေး
အပြင်မထွက်ဘဲနဲ့ တရပ်စပ်ကြီးအသိလိုက်နေရမှာ။ လောဘ၊ ဒေါသ၊မောဟမကြောက်နဲ့ ၊အ
သိမလိုက်မှာကြောက်၊ ရှေ့ စိတ်ကတော်ချင်ရင် နောက်စိတ်ကတွန်းတင်။ သောတာပန်၊သက
ဒါဂမ်၊ အနာဂမ်၊ ရဟန္တာဆိုတာစိတ်ပဲ။ စိတ်သိချင်ရင် အလုပ်လုပ်ကြ၊ သူများစိတ်ကျော်မစစ်
နဲ့။ ကိုယ်စိတ်ကိုယ်စစ်။ သူများအပြစ်မရှုနဲ့  ကိုယ်အပြစ်ကိုယ်ရှု။ အပြောသမားမဖြစ်စေနဲ့။အ
လုပ်သမားဖြစ်ပါစေ။

Read more...

သိရသ္မိံ ဂါထာတော်

သိရသ္မိံ မေ ( တေ ) ဗုဒ္ဓသေဋ္ဌော ၊

သာရိပုတ္တော စ ဒက္ခိဏေ ။
ဝါမအံသေ မောဂ္ဂလ္လာနော ၊
ပုရတော ပိဋကတ္တယံ ။

ပစ္ဆိမေ မမ ( တ၀ ) အာနန္ဒော ၊
စတုဒ္ဒိသာ ခီဏာသ၀ါ ။
သမန္တာ လောကပါလာ စ ၊
ဣန္ဒာဒေ၀ါ သဗြဟ္မကာ ။

ဧတေသံ အာနုဘာဝေန ၊
သဗ္ဗေ ဘယ ဥပဒ္ဒ၀ါ ။
အနေက အန္တရာယာပိ ၊
ဝိနဿန္တု အသေသတော ။

( အနက် )
ဗုဒ္ဓသေဋ္ဌော-သစ္စာလေးပါး မြတ်တရားကို ပိုင်းခြားသိမြင် လူရှင်ဥက္ကဌ် ဘုရားမြတ်သည်။
မေ-အကျွန်ုပ်၏။
( တေ-တုမှာကံ-ပရိတ်တရား သဒ္ဓါပွား၍ နားကြားကြသူ များဗိုလ်လူတို့၏။)
သိရသ္မိံ-နှစ်ကုဋေငါးသန်း မြတ်ပန်းကေသာ ပေါက်ရောက်လာသည့် ရဟန္တာပလ္လင် ဦးထိပ်ပြင်၌။
ဌာတု-အန္တရာယ်ခပ်သိမ်း ရန်စွယ်ငြိမ်းဖို့ စောင့်ထိန်းသောအား ကရုဏာထားလျက် မားမားရွှင်ကြည် ရပ်တည်နေတော်မူပါစေသတည်း။

သာရိပုတ္တော-ပညာထက်မြက် ဧတဒဂ်ဂုဏ် သင်းထုံပြန့်ပြူး ချီးကျူးမြှောက်စား သားကြီးရတနာ ရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးသည်။
မေ-အကျွန်ုပ်၏။
( တေ-တုမှာကံ-ပရိတ်နာအပေါင်း သင်သူတော်ကောင်းတို့၏ )
ဒက္ခိဏေ-ပဉ္စက္ခန္ဓာ ကိုယ်အင်္ဂါတွင် လက်ယာခေါ်သုံး ညာပခုံး၌။
ဌာတု-ပညာတော်ရောင် ၀င်းဝင်းပြောင်လျက် မိုက်မှောင်ပယ်ချွေ ကျက်သရေဖြင့် တည်နေကိန်းဝပ်တော်မူပါစေသတည်း။

မောဂ္ဂလ္လာနော-ဣဒ္ဓိဆယ်မျိုး တန်ခိုးတန်တန် နှိုင်းရန်ပုံတူ မရှိသူဟု မြွက်ကျူဗျာဒိတ် မြတ်တံဆိပ်ကို ခပ်နှိပ်ချီးဝှဲ လက်ဝဲတော်ရံ ရှင်မောဂ္ဂလာန် ကိုယ်တော်မြတ်ကြီးသည်။
မေ-အကျွန်ုပ်၏။
( တေ-တုမှာကံ-ပရိတ်တရား စိတ်ထားသာရွှင် သဒ္ဓါဝင်၍ နာချင်ကြတောင်း သင်သူတော်ကောင်းတို့၏။)
ဝါမအံသေ-ကိုယ်ဒြပ်တွင် ဆက်စပ်ယှဉ်တွဲ ပညတ်စွဲဖြင့် လက်ဝဲခေါ်သုံး ဘယ်ပခုံး၌။
ဌာတု-ဣဒ္ဓိလျှံဖြိုး ဈာန်တန်ခိုးဖြင့် ရန်မျိုးပယ်ချွေ ဘုန်းမိုးစေလျက် တည်နေကိန်းဝပ်တော်မူပါစေသတည်း။

ပိဋကတ္တယံ-သုတ္တန် ဘိဓမ္မာ ၀ိနယာဟု သုံးဖြာသတ်မှတ် ပိဋကတ်တော်မြတ်သည်။
မေ-အကျွန်ုပ်၏။
( တေ-တုမှာကံ-ပရိတ်နာအပေါင်း သင်သူတော်ကောင်းတို့၏။)
ပုရတော-ရှေ့ရပ်မျက်နှာ မင်္ဂလာစုံဘိ ရပ်သီရိ၌။
ဌာတု-တောင်ကြီးပမာ ဘေးရန်ကာလျက် ကောင်းစွာမသွေ တည်နေတော်မူပါစေသတည်း။

အာနန္ဒော-ဧတဒဂ်ကြိမ် ဂုဏ်သိန်ဝင်းလျှပ် ရှစ်ရပ်ဌာနံ ရာခံအရေး လုပ်ကျွေးလိမ္မာ ဘွဲ့မည်သာသည့် ရှင်အာနန္ဒာခေါ် မထေရ်ကျော်သည်။
မမ-အကျွန်ုပ်။
( တ၀-တုမှာကံ-ပရိတ်နာအပေါင်း သင်သူတော်ကောင်းတို့၏။)
ပစ္ဆိမေ-လက်ပြင်နှစ်ခု လည်ဟုခေါ်ဆို ကျောဗဟို၌။
ဌာတု-နောက်ဖက်ဘေးရန် တွန်းလှန်ဖြိုဖျက် နှစ်သက်ရွှင်ကြည် ရပ်တည်နေတော်မူပါစေသတည်း။

ခီဏာသ၀ါ-အာသဝေါလေးပါး ရန်သူများကို အရဟတ္တမဂ် ဓားသန်လျက်ဖြင့် ပယ်ဖျက်ခုတ်ထွင် သုတ်သင်အပ်ပြီးသော ရဟန္တာသခင် အရှင်မြတ်အပေါင်းတို့သည်။
မမ-အကျွန်ုပ်၏။
( တ၀-တုမှာကံ-ပရိတ်နာအပေါင်း သင်သူတော်ကောင်းတို့၏။)
စတုဒ္ဒိသာ-စတုဒ္ဒိသာသု-ရှေ့နောက်ဝဲယာ လေးဖြာသော အရပ်တို့၌။
တိဋ္ဌန္တု-လေးဘက်လေးတန် ရန်ဟူသမျှ မြူမခရလေအောင် ကိန်းဝပ်ပုံသေ တည်နေတော်မူပါစေသတည်း။

သဗြဟ္မကာ-ဗြဟ္မစိုရ်တရား လက်ကိုင်ထား၍ ရှစ်ပါးသမာပတ် ၀င်းဝင်းလျှပ်သည့် ထက်ရပ်ကပ်ချဉ်း ဗြဟ္မာမင်းတို့နှင့်တကွ ဖြစ်ကြပေကုန်သော။
ဣန္ဒာဒေ၀ါစ-၀တိံကြီးစိုး မောက်ဖြိုးဣဒ္ဓိ သိရိကျက်သရေ ထွေထွေများပြား နတ်များသနင်း သိကြားမင်းနှင့် မယွင်းမမှား တရားလက်သုံး မပျက်ပြုံးသည့် စက်ဆုံးရှည်လတ် နတ်မြတ်နတ်ကောင်း နတ်အပေါင်းတို့သည်၎င်း။
လောကပါလာစ-လောကစောင့်ငြား နတ်အများတို့သည်၎င်း။
မမ-အကျွန်ုပ်၏။
( တ၀-တုမှာကံ-ကောင်းကျိုးချမ်းသာ လိုလားပါသည့် ပရိတ်နာအပေါင်း သင်သူတော်ကောင်းတို့၏။)
သမန္တာ-ထက်ဝန်းကျင်ဒိသာ အရပ်ဆယ်မျက်နှာမှ။
တိဋ္ဌန္တု-ငါးပါးကံကြမ္မာ ဂြိုဟ်ထီးကွာ၍ လိုရာပြီးမြောက် ကြံတိုင်းပေါက်အောင် စောင့်ရှောက်ပုံသေ တည်နေတော်မူကြပါစေကုန်သတည်း။

ဧတေသံ-ဤဘုရား, တရား, သံဃာ, သိကြား, ဗြဟ္မာ, နတ်များစွာတို့၏။
အာနုဘာဝေန-တန်ခိုးရှိန်စော် မေတ္တာတော် အစွမ်းသတ္တိကြောင့်။
သဗ္ဗေ-ကြွင်းမဲ့ဥဿုံ အလုံးစုံကုန်သော။
ဘယဥပဒ္ဒ၀ါစ-နှစ်ဆဲ့ငါးပါးသော ဘေး, တဆယ့်ခြောက်ပါးသော ဥပဒ္ဒဝေါတို့သည်၎င်း။
အနေက အန္တရာယာပိ-တပါးမက များလှထောင်သောင်း ရောဂါရန်စွယ် အန္တရာယ်အပေါင်းတို့သည်၎င်း။
အသေသတော-ဘုန်းတော်ဒဏ်ကို မခံနိုင်ဘဲ ရှောင်လွှဲပယ်ရှား အကြွင်းအကျန်မရှိသောအားဖြင့်။
ဝိနဿန္တု-နေခြည်ထိရောက် နှင်းရည်ပေါက်ကဲ့သို့ သွေ့ခြောက်ပျက်ပြယ် အန္တရာယ်မလား ရောဂါများမှ ဝေးခြားလွင့်စင်ကြပါစေကုန်သတည်း။
( သုခမင်္ဂလာနိပိ-ကောင်းကျိုးချမ်းသာ မင်္ဂလာသုခ ဟူသမျှတို့သည်လည်း။ ၀ဍ္ဎန္တု-တနေ့တမျိုး ဒီရေတိုးသကဲ့သို့ ဖွံ့ဖြိုးစည်ပင်နိုင်ကြပါစေကုန်သတည်း။)


Read more...

မချစ် မမုန်း၊ အကောင်းဆုံး ~ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု

Link: http://www.burmaborn.com/2009/08/blog-post_03.html

ဆရာတော်ကြီးများ၏တရားတော်များနာယူနိုင်ရန်အတွက်


Read more...

အင်္ဂလိပ် Idioms သင်ခန်းစာ (၅)

- စိတ်ကူးထဲမှာ - in one’s mind’s eyes
(1) In my mind’s eye, I can still see the house where I was born.
ကျွန်တော့် မျက်စိထဲမှာ ကျွန်တော့် ဇာတိချက်မြှပ်အိမ်ကို မြင်ယောင်နေတုန်းပါပဲ။
(2) In his mind’s eye, he can imagine the effect he’s having.
သူ့စိတ်ကူးထဲမှာတော့ သူဟာ အကျိုးရလာဒ် ရှိနေတုန်းပဲလို့ စိတ်ကူးနိုင်တယ်။
(3) He was dreaming his parents were still alive
in his mind’s eye.
သူ့မိဘတွေ အသက်ရှင်နေသေးတယ် ဆိုပြီး သူ့စိတ်ကူးထဲမှာ ပြန်တွေးနေမိတယ်။


- စိတ်ရောကိုယ်ပါ - heart and soul
(1) The clever sons and daughters devoted themselves heart and soul to caring for their parents.
လိမ္မာကြတဲ့ သားသမီးတွေဟာ မိဘတွေကို စိတ်ရောကိုယ်ပါ ပြုစု စောင့်ရှောက်ကြတယ်။
(2) They threw themselves heart and soul into the project.
သူတို့တွေဟာ လုပ်ငန်းအထဲမှာပဲ သူတို့ကိုယ် သူတို့ စိတ်ရောကိုယ်ပါ မြုပ်ထားလိုက်တော့တယ်။
(3) If you put your heart and soul into something, you can do it with a great deal of enthusiasm and energy.
တကယ်လို့ မင်းဟာ တစ်ခုခုမှာ စိတ်ရောကိုယ်ပါ စိတ်ဝင်စားမယ် ဆိုရင် မင်းဟာ စိတ်ထက်သန်မှုနဲ့ စွမ်းအင် များစွာကို အဲဒီ တစ်ခုခုမှာ လုပ်နိုင်မယ်။


- တခြားစီပဲ/ဘာမှမဆိုင်ဘူး/မီကိုမမီဘူး - not anything like
(1) He isn’t anything like my first boss.
သူက ငါ့ရဲ့  ပထမ သူဌေးနဲ့တော့ တခြားစီပဲ။
(2) The film wasn’t anything like as good as E.T.
ဒီရုပ်ရှင်က အီးတီဇာတ်ကားလောက် ကောင်းကို မကောင်းဘူး။
(3) The book wasn’t anything like as good as her first one.
ဒီစာအုပ်က သူမရဲ့ ပထမ စာအုပ်လောက် ကောင်းကို မကောင်းဘူး။ တခြားစီပဲ။



Read more...

အနှစ်ကိုးပါးတရားတော် (အပိုင်း-၃)






သီဟိုဠ်နိုင်ငံ ပညာရေးစနစ်

ကောလိပ်သုံးခုကို ဘုန်းကြီးရောက်ခဲ့တယ်။ ထို ကောလိပ်တွေမှာ အုပ်ချုပ်တဲ့ ဆရာတော်တွေ အတွင်း ရေးမှူးတွေ တွေ့ဆုံပြီးတော့ မေးမြန်းကြည့်တယ်။ အဲဒီက ပြဋ္ဌာန်းတဲ့ကျမ်းစာတွေ အကုန်လုံး ဘုန်းကြီးတို့ယူလာခဲ့ပါ တယ်။မြန်မာပြည်က ပညာရေးစနစ် ဆောင်ရွက်တော်မူကြ တဲ့ ဆရာတော်သံဃာတော်များကိုပြဖို့ သာသနာရေးဌာန တင်ပြဖို့ ဆိုပြီးတော့ ယူခဲ့တယ်။
ဘာတွေသင်ကြားသလဲဆိုတော့ အကြမ်းအားဖြင့် အင်္ဂလိပ်စာကို နံပါတ်(၁)အနေနဲ့ ထားတယ်။ အဲဒီနောက် နားမှာ ဟိန္ဒူဘာသာနဲ့ သက္ကတဘာသာ။ နောက်ပြီးတော့မှ နိုင်ငံရေးသိပ္ပံတို့ ရာဇဝင်တို့ဆိုတာ အဲဒီနောက်နားကရှိတယ်။ ပြီးတော့မှ ပါဠိဘာသာဆိုတာ ရှိတယ်။
ပိဋကတ်သုံးပုံကို ဘယ်လိုလုပ် သင်သလဲဆိုတော့ သုတ္တန်တခုစီ တခုစီ ရွေးထုတ်ပြီးတော့ ကောက်နုတ်ချက် လောက်ပဲ သင်တယ်။
ဥပမာ- ဒီဃနိကာယ်ထဲက ''မဟာသတိပဋ္ဌာန်'' သုတ်ကို နုတ်လိုက်မယ်။ မဇ္ဈိမနိကာယ်ထဲက ''သဗ္ဗာသဝ သုတ်'' တခုလောက် ထုတ်လိုက်မယ်။ သံယုတ္တနိကာယ်ထဲက ''အာသီဝီသောပမာသုတ်''စသည် ထုတ်လိုက်မယ်။ အဲဒီလို ထုတ်နုတ်ပြီး သုတ္တန်ကောက်နုတ်ချက်လောက်ပဲ သူတို့က သင်ကြတယ်။
ပါဠိဘာသာကိုလဲ ဘာသာရပ်အနေနဲ့သာ သင်ကြ တယ်ဆိုတော့ သူတို့ရဲ့ ပညာသင်ကြားရေးစနစ်မှာ ပိဋ ကတ်သုံးပုံဟာ နောက်တန်းက ဖြစ်နေတယ်။ အနှစ်အသား ပါတဲ့ သင်ကြားတဲ့စနစ်မျိုး မဟုတ်ကြဘူး။ အဲဒါကို ဘုန်းကြီး တို့ တွေ့ရတယ်။
အဲဒီလို တွေ့လိုက်ရတော့ ဘုန်းကြီးတို့ ပြောဖို့ အခွင့်အလမ်း ရသွားတယ်။ ''အရှင်ဘုရားတို့ ပညာ သင် ကြားရေး စနစ်က ကမ္ဘာလှည့်ဖို့ကို ဦးတည်ပြီးတော့ ခေတ် ပညာကို ရှေ့တန်းတင်ထားတယ်၊ ပိဋကတ်စာပေကိုတော့ နောက်တန်းမှာ ထားတယ်။ အဲဒါ သီဟိုဠ်နိုင်ငံပညာရေး စနစ်ရဲ့ အားနည်းချက်ပါပဲ''။

မြန်မာနိုင်ငံ ပညာရေးစနစ်
''တပည့်တော်တို့ မြန်မာပြည် သံဃာတော်များ ပညာသင်ကြားရေး စနစ်ကတော့ ဘုရားသားတော်ပီပီ ဘုရားဟောတဲ့ပိဋကတ်သုံးပုံကိုပဲ ဇောက်ချပြီးတော့ သင် ကြရပါတယ်ဘုရား''လို့ ဘုန်းကြီးက ပြောလိုက်တယ်။
''ဘုရားသားတော်ပီပီ''ဆိုတဲ့ စကားလေး ကိုယ်က ထည့်သုံးလိုက်တယ်။ အဲဒါနိုင်အောင် ပြောတာပဲ။
ဒီတော့ သူတို့က ခေတ်ပညာကို ဦးစားပေးသင် တော့ ဘုရားသားတော် မပီသလိုလို ဒီလိုဖြစ်သွားတယ်။ သီဟိုဠ်ဘုန်းကြီး ချက်ချင်း နားလည်တယ်။ သူ့မျက်နှာ ပျက်သွားတယ်။
''ဘုရားသားတော်ပီပီ ပိဋကတ်သုံးပုံကို တပည့် တော်တို့က ဦးစားပေးသင့်ပါတယ်ဘုရား''။
ဒါဖြင့် ပိဋကတ်သုံးပုံ ဘယ့်နှယ်သင်တုန်းဆိုတော့ မြန်မာပြည်က ''ပထမပြန်စနစ်'' ''ဓမ္မာစရိယစနစ်'' ''တိ ပိဋက'' စာမေးပွဲကြီးတွေအကြောင်း၊ ''နိကာယ်'' စာမေး ပွဲကြီးတွေ အကြောင်း ဘုန်းကြီးက အကျယ် ပြောပြတော့ မျက်လုံးပြူး ပြီးတော့ နားထောင်ကြတယ်။
''ပိဋကတ်သုံးပုံကို အဲဒီလောက် သင်ရင် အရှင် ဘုရားတို့ တိုင်းပြည်မှာ ပိဋကတ်ဆောင်တဲ့ ပုဂ္ဂိုလ်များ ရှိသလား''။
''ရှိပါသော်ကော ဘုရား၊ ပိဋကတ်သုံးပုံဆောင် ပုဂ္ဂိုလ် ဘယ်နှစ်ပါး ရှိတယ်။ နှစ်ပုံဆောင်ပုဂ္ဂိုလ် ဘယ် လောက်ရှိတယ်။ တစ်ပုံဆောင်ပုဂ္ဂိုလ် ဘယ်လောက်ရှိတယ်'' ဆိုပြီး စာရင်းနဲ့ ဘုန်းကြီးက ချပြီးတော့ အကုန်ပြောပြ လိုက်တယ်။
''အဲဒါတွေဟာ ရှေးတုန်းက ရှိတာလား၊ အခုရှိ တာလား''တဲ့။ မယုံနိုင်ဘူး၊ သူတို့က။
''အရှင်ဘုရားတို့ လေယာဉ်ပျံ၊ လက်မှတ်သာ ပို့ လိုက်ပါ။ အဲဒီပိဋကတ်သုံးပုံဆောင် ကိုယ်တော်တွေကို တပည့်တော် သီဟိုဠ်ကို အခုပင့်ပေးပါမယ်''လို့ ပြောလိုက် တယ်။
''ရှေးတုန်းကရှိတာလား၊ အခုရှိတာလား''ဆိုတော့ သူတို့က ပိဋကတ် သုံးပုံဆောင်ဆိုတာကို တခါတည်း မယုံ နိုင်လောက်အောင် ဖြစ်နေကြတယ်။ သူတို့မှာ အံ့သြစရာ ဖြစ်နေတယ်။
အမှန်တကယ်က မြန်မာနိုင်ငံမှာ ပိဋကတ်စာပေ တစ်ခုတည်းသာ မဟုတ်ပဲ ဘာသန္တရစာပေနှင့် ရောပြီး သင်ပေးနေပါတယ်။
ဗုဒ္ဓဘာသာနိုင်ငံမှန်သမျှ ပိဋကတ်စာပေကို ရှေး တန်း၊ ဘာသန္တရ လောကီစာပေကို နောက်တန်းမှာ ထားပြီး သင်ကြားသင့်ပါတယ်။ ဒီစနစ်ဟာ အကောင်းဆုံးစနစ် ပါပဲ။
B.A. M.A, Ph.D မရရင် သာသနာပြုလို့ ဖြစ်ပါ့မလား
သီဟိုဠ်တိုင်းပြည်သံဃာတော်များရဲ့ ပရိယတ္တိ အရည်အချင်းဟာ ဘယ်လိုအခြေအနေ ရောက်သွားပြီ ဆိုတာကို ဘုန်းကြီးတို့ ပရိသတ် သဘောပေါက်လောက် ပါပြီ။
သူတို့ဆီမှာတော့ B.A M.A. Ph.D ဘွဲ့တွေ ချိတ်ပြီးတော့ ဂုဏ်ယူနေကြတယ်။ အရည်အချင်းထက် ဘွဲ့ ဒီဂရီတွေကို ဦးစားပေးနေကြတယ်။
သူတို့က ဘာပြောတုန်း ဆိုတော့ ''အရှင်ဘုရားတို့ ပိဋကတ်သုံးပုံကိုသာ သင်ယူပြီး လောကီစာပေတွေကို မသင်ဘူးဆိုရင် (ဒါမှမဟုတ်) B.A M.A. Ph.D ဘွဲ့တွေ မရဘူးဆိုရင် ကမ္ဘာလှည့်ပြီးတော့ သာသနာပြုဖို့ ကိုယ်တော် တို့ ဘယ်လို လုပ်မလဲ''တဲ့။
''အင်္ဂလန်တို့,အမေရိကတို့,ဥရောပတို့ သြစတေ လျတို့ သွားပြီး သာသနာပြုကြဖို့ ဖြစ်ပါ့မလား''လို့ သူတို့က ပြောကြတယ်။
ဒီတော့ ဘုန်းကြီးက သူတို့ကို အခုလို ပြောလိုက် တယ်။ ''တတိယသင်္ဂါယနာတင်ပွဲကြီး အပြီး သာသနာ သက္ကရာဇ် ၂၃၆-ခုနှစ်က သီရိဓမ္မာသောကမင်း တရားကြီး က ၉-တိုင်း၊ ၉-ဌာနကို သာသနာပြုလွှတ်တယ်''။
''အဲဒီ၉-တိုင်း ၉-ဌာန သာသနာပြုလွှတ်တော့ ဟောဒီ အရှေ့ဘက် သုဝဏ္ဏဘုမ္မိဆိုတဲ့ (မလေး, ဆူမတ္တရာ, ဂျားဗားနဲ့ ယိုးဒယား, မြန်မာ) ဒီအရပ်ဒေသကို သောဏ, ဥတ္တရမထေရ်ကြီး နှစ်ပါြး<ွကတယ်ဘုရား''။
''ဒီမထေရ်ကြီးနှစ်ပါးခေါင်းဆောင်တဲ့ သာသနာပြု အဖွဲ့ကြီးတွေြ<ွကတယ်။ အရှင်ဘုရားတို့ သီဟိုဠ်ကျွန်းကို တော့ အရှင်မဟိန္ဒထေရ်နှင့် သင်္ဃမိတ္တာ ရဟန္တာထေရီမတို့ ကြွတော်မူကြတယ်။ အခြားတိုင်းပြည်တွေလဲ သူ့အစီအစဉ် နဲ့သူြ<ွကတော်မူကြပါတယ်''။
''ထိုကဲ့သို့ ၉-တိုင်း ၉-ဌာနသာသနာပြုလွှတ်တဲ့ အခါတုန်းက ထိုမထေရ်သူမြတ်တို့ဟာ ဘယ်တက္ကသိုလ်ကမှ ဘွဲ့မရခဲ့ပါဘူး''။


Read more...

သူတော်ကောင်း ဖြစ်ပေါ်သည်ရှိသော်...



သပ္ပုရိသသုတ် - (သူတော်ကောင်း)



သူတော်ကောင်းသည်...

ရဟန်းတို့ သူတော်ကောင်းသည် အမျိုး၌ ဖြစ်ပေါ်လာသည် ရှိသော် များစွာသော လူအပေါင်း၏ အကျိုးစီးပွါး ချမ်းသာခြင်း အလို့ငှါ ဖြစ်၏၊ အမိအဖတို့၏ အကျိုးစီးပွါး ချမ်းသာခြင်း အလို့ငှါ ဖြစ်၏၊ သားမယား၏ အကျိုးစီးပွါး ချမ်းသာခြင်း အလို့ငှါ ဖြစ်၏၊ ကျွန်အမှုလုပ် ယောက်ျားတို့၏ အကျိုးစီးပွါး ချမ်းသာခြင်း အလို့ငှါ ဖြစ်၏၊ အဆွေခင်ပွန်း ချစ်ကျွမ်းဝင်သူတို့၏ အကျိုးစီးပွါး ချမ်းသာခြင်း အလို့ငှါ ဖြစ်၏၊ ရှေးက သေလွန်ပြီးသော အဆွေအမျိုးတို့၏ အကျိုးစီးပွါး ချမ်းသာခြင်း အလို့ငှါ ဖြစ်၏၊ မင်း၏ အကျိုးစီးပွါး ချမ်းသာခြင်း အလို့ငှါ ဖြစ်၏၊ နတ်တို့၏ အကျိုးစီးပွါး ချမ်းသာခြင်း အလို့ငှါ ဖြစ်၏၊ သမဏဗြာဟ္မဏတို့၏ အကျိုးစီးပွါး ချမ်းသာခြင်း အလို့ငှါ ဖြစ်၏။


မိုးရွာခြင်းသည်...

ရဟန်းတို့ အလုံးစုံသော ကောက် စပါးတို့ကို ပြည့်စုံစေတတ်သော ရွာသွန်းသော မိုးကြီးသည် များစွာသော လူအပေါင်း၏ အကျိုးစီးပွါး ချမ်းသာခြင်း အလို့ငှါ ဖြစ်သကဲ့သို့ ရဟန်းတို့ ဤအတူသာလျှင် သူတော်ကောင်းသည် အမျိုး၌ ဖြစ်ပေါ် လာသည် ရှိသော် များစွာသော လူအပေါင်း၏ အကျိုးစီးပွါး ချမ်းသာခြင်း အလို့ငှါ ဖြစ်၏၊ အမိအဖတို့၏ အကျိုးစီးပွါး ချမ်းသာခြင်း အလို့ငှါ ဖြစ်၏၊ သားမယား၏ အကျိုးစီးပွါး ချမ်းသာခြင်း အလို့ငှါ ဖြစ်၏၊ ကျွန်အမှုလုပ် ယောက်ျားတို့၏ အကျိုးစီးပွါး ချမ်းသာခြင်း အလို့ငှါ ဖြစ်၏၊ အဆွေခင်ပွန်း ချစ်ကျွမ်းဝင်သူတို့၏ အကျိုးစီးပွါး ချမ်းသာခြင်း အလို့ငှါ ဖြစ်၏၊ ရှေးက သေလွန်ပြီးသော အဆွေအမျိုးတို့၏ အကျိုးစီးပွါး ချမ်းသာခြင်း အလို့ငှါ ဖြစ်၏၊ မင်း၏ အကျိုးစီးပွါး ချမ်းသာခြင်း အလို့ငှါ ဖြစ်၏၊ နတ်တို့၏ အကျိုးစီးပွါး ချမ်းသာခြင်း အလို့ငှါ ဖြစ်၏၊ သမဏဗြာဟ္မဏတို့၏ အကျိုးစီးပွါး ချမ်းသာခြင်း အလို့ငှါဖြစ်၏ ဟု မိန့်တော်မူ၏။


ပညာရှိပုဂ္ဂိုလ်သည်...

အိမ်၌နေသော ပညာရှိပုဂ္ဂိုလ်သည် စင်စစ်အားဖြင့် များစွာသော လူတို့၏ အကျိုးငှါ ဖြစ်၏။ နေ့ညဥ့်တို့ပတ်လုံး ပျင်းရိခြင်း မရှိသော ပညာရှိသည် ရှေးဦးစွာ အမိအဖတို့အား ရှေး၌ ပြုဖူးသော ကျေးဇူးကို အဖန်တလဲလဲ အောက်မေ့သည် ဖြစ်၍ အကြောင်း အားလျော်စွာ ပူဇော်၏၊ အိမ်ရာ မထောင်ဘဲ ရဟန်းပြုသော မြတ်သော အကျင့်ကို ကျင့်သော ပုဂ္ဂိုလ်တို့ကို အရိုအသေပြု၏။ သက်ဝင် ယုံကြည်သော သဒ္ဓါတရားရှိသော သီလကို ချစ်သူသည် တရားတို့ကို သိ၍ သူတော်ကောင်းတို့ကို ပူဇော်၏၊ မင်း၏ အစီးအပွါးကို ဆောင်၏၊ နတ်တို့၏ အစီးအပွါးကို ဆောင်၏၊ အဆွေအမျိုး မိတ်ဆွေတို့၏ အစီးအပွါးကို ဆောင်၏။ သူတော်ကောင်းတရား၌ ကောင်းစွာ တည်သော ထိုသူသည် အလုံးစုံသော သူတို့၏ အစီးအပွါးကို ဆောင်၏၊ ထိုသူသည် ဝန်တိုမှု 'မစ္ဆရိယ' အညစ်အကြေးကို ပယ်ဖျောက်၍ အေးငြိမ်းသော လောကသို့ ရောက်ရ၏။ 38

၈ - သပ္ပုရိသသုတ်၊ ဒါနဝဂ်၊ အဋ္ဌကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။



Read more...

၎။ အနန္တရ ပစ္စည်း (ဂ) အဗျာကတက အကုသိုလ်ကို ကျေးဇူးပြုပုံ

အဗျာကတကနေ အကုသိုလ်ကို ကျေးဇူးပြုတာကို ပြောပြပါတော့မယ်။ ဇော(၇)ကြိမ်က နှလုံးလည်း မသွင်း၊ မှတ်လည်း မမှတ်တဲ့အတွက်ကြောင့် (၇)ကြိမ်လုံး အကုသိုလ်ဇောတွေ စောသွားတယ်။ အဲဒီအခါကျတော့ ဝုဋ္ဌောက ပထမဇောကို ကျေးဇူးပြုတဲ့အခါ အဗျာကတက အကုသိုလ်ကို ကျေးဇူးပြုတာ ဖြစ်ပေတယ်။ ဝုဋ္ဌောက အဗျာကတက အကုသိုလ် ပထမဇောကို ကျေးဇူးပြုတာပဲ ဖြစ်တယ်။ အဗျာကတအတွက် (၃)ချက် ရသွားပေပြီ။

'အဗျာကတော အဗျာကတဿ'။ အဗျာကတ-ကနေပြီးတော့ အဗျာကတကို ကျေးဇူးပြုတာကတော့ တစ်ဝီထိလုံးပဲ၊ (၁၇)ချက်လုံးပဲဖြစ်တယ်။


'အဗျာကတော ကုသလဿ'။ အဗျာကတက ကုသိုလ်ကို ကျေးဇူးပြုတာကတော့ ဝုဋ္ဌောက ကုသိုလ်ပထမဇောကို ကျေးဇူးပြုတာ ဖြစ်ပေတယ်။

'အဗျာကတော အကုသလဿ'။ အဗျာကတကနေပြီးတော့ အကုသိုလ်ကို ကျေးဇူးပြုတာ ဖြစ်တယ်။ ဝုဋ္ဌောကနေပြီးတော့ အကုသိုလ် ပထမဇောကို ကျေးဇူးပြုတာ ဖြစ်တယ်။

ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသနာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော - ဟု စပြီး ဟောပါတယ်။

ပုရိမာ ပုရိမာ - ဆိုတာ ရှေ့ရေ့ဆိုတဲ့ အဓိပ္ပါယ်ဖြစ်တယ်။ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ။ ပစ္ဆိမာ = ဆိုတာ နောက်ပါ။ ပုရိမာ ပုရိမာ - ဆိုတာ ရှေ့ရှေ့က ပစ္စည်းတရား၊ အကြောင်းတရားကို ပြောတာဖြစ်တယ်။ ပစ္ဆိမာနံ ပစ္ဆိမာနံ = ဆိုတာ နောက်နောက်က ပစ္စယုပ္ပန်တရား၊ အကျိုးတရားကို ပြောတာဖြစ်တယ်။

ပုရိမာ-ဆိုရင် ပစ္စည်းလား၊ ပစ္စယုပ္ပန်လား ... ပစ္စည်းပါ။ ပစ္ဆိမာနံ ပစ္ဆိမာနံ-ဆိုရင် ပစ္စည်းလား၊ ပစ္စယုပ္ပန်လား ... ပစ္စယုပန်ပါ။ ပုရိမာ ပုရိမာ-ဆိုရင် အကြောင်းလား၊ အကျိုးလား ... အကြောင်းပါ။ ပစ္ဆိမာနံ ပစ္ဆိမာနံ-ဆိုရင် အကြောင်းလား၊ အကျိုးလား ... အကျိုးပါ။

ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။ ဘယ်ကနေပြီးတော့ ကျေးဇူးပြုတာလဲ ... ဇော ဇောချင်း ကျေးဇူးပြုတာ ဖြစ်တယ်။

ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။ ဘယ်ကနေပြီးတော့ ဘယ်လို ကျေးဇူးပြုတာလဲ ... အဆုံးဇောကနေ ပထမတဒါရုံကို ကျေးဇူးပြုတာ ဖြစ်တယ်။ ကုသိုလ်အဆုံးဇောက ပထမတဒါရုံကို ကျေးဇူးပြုတာဖြစ်တယ်။ တဒါရုံက နှစ်ခုရှိပါတယ်။ ပထမ တဒါရုံကို ကျေးဇူးပြုတာ ဖြစ်တယ်။ ဇောတွေက (၇)ဇောတောင်ဆိုတော့ ဘယ်ဇောလဲ ... အဆုံးဇောပါ။ အဆုံးဇော= သတ္တမဇောက ပထမတဒါရုံကို ကျေးဇူးပြုတာကို ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော - ဟု ဘုရားဟောထားတာ ဖြစ်ပေတယ်။ ယောဂီမျာ ကိုယ်တိုင်သိရပေတယ်။ ဝမ်းမြောက်ဝမ်းသာ ဖြစ်စရာကြီးပဲ ဖြစ်တယ်။ မြတ်စွာဘုရား ဟောတာကို သဘောကျနေတယ်။ ဤကဲ့သို့ မရှင်းပြရင် အနန္တရပစ္စည်း တော်တော်နဲ့ သဘောမကျပေဘူး။ ပုရိမာ ပုရိမာ-ဆိုတာ ပစ္ဆိမာနံ ပစ္ဆိမာနံ-ဆိုတာ ဘယ်လိုလဲလို့ စိတ်ထဲမှာ ရွတ်သာရွတ်ဆိုနေရတယ်။ သဘောက မပေါက်တော့ ရွတ်ဆိုနေရတာပဲ ရှိတာပေါ့

'ကုသလပဒ' အတွက်၊ ကုသိုလ်အတွက် ပြီးသွားပြီ။ 'အကုသလပဒ' အတွက်၊ အကုသိုလ်အတွက် ဟောပါတော့မယ်။

ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။ ဘယ်မှာပါလဲ ... ဇော ဇောချင်းမှာ ဖြစ်ပေတယ်။

ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။ ဘယ်ကနေ ဘယ်လိုကျေးဇူးပြုတာပါလဲ ... အဆုံးဇောက ပထမတဒါရုံကို ကျေးဇူးပြုတာ ဖြစ်ပေတယ်။ အဆုံးဇောက အကုသိုလ်ဇော၊ တဒါရုံက အဗျာကတ ဖြစ်တယ်။ အဆုံးအကုသိုလ်ဇောက ပထမတဒါရုံကို ကျေးဇူးပြုတာ ဖြစ်ပေတယ်။ အကုသလပဒအတွက် (၂)ချက်လည်း ပြီးသွားပါပြီ။ ဘယ်နှစ်ချက်ရသွားပါလဲ .. (၄)ချက်ပါ။ နောက် (၃)ချက်က အဗျာကတဖြစ်တယ်။

အဗျာကတ (၃)ချက် ဟောပါတော့မယ်။ ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။ ဘယ်မှာပါလဲ ... (၁၇)ချက်လုံး ဖြစ်ပေတယ်။

တစ်ဝီထိလုံး အဗျာကတပဲ-ဆိုတော့ တဒါရုံ (၂)ကြိမ်ကလည်း ကုသိုလ်လား ... အကုသိုလ်လား .. အဗျာကတလား ... အဗျာကတပါ။ တစ်ဝီထိလုံး အဗျာကတ ရသွားပေတယ်။ 'အဗျာကတော အဗျာကတဿ' ဖြစ်တယ်။ အဗျာကတကနေ အဗျာကတကို ကျေးဇူးပြုတာကတော့ တစ်ဝီထိလုံးပဲ၊ (၁၇)ချက်လုံးပဲ ဖြစ်တယ်။ နောက်တစ်ခါ ဒုတိယအချက်ကို ဟောပါတော့မယ်။

ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။ ဘယ်ကနေပြီးတော့ ဘယ်သူ့ကို ကျေးဇူးပြုတာလဲ ... ဝုဋ္ဌောကနေပြီးတော့ ပထမ ကုသိုလ်ဇောကို ကျေးဇူးပြုတာဖြစ်ပေတယ်။

ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။ ဘယ်ကနေ ဘယ်ကို ကျေးဇူးပြုတာပါလဲ ... ဝုဋ္ဌောကနေပြီးတော့ ပထမ အကုသိုလ်ဇောကို ကျေးဇူးပြုတာဖြစ်ပေတယ်။ (၇)ချက် ပြည့်သွားပြီ။

ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။ ... ဟူ၍ (၇)ချက် ဖြစ်ပေတယ်။

ဒီစက္ခုဝိညာဏဝီထိထဲမှာပဲ (၇)ချက် ရသွားပါတယ်။ သောတဝိညာဏဝီထိမှာလည်း ဒီ(၇)ချက်ပဲ။ ဃာနဝိညာဏဝီထိထဲမှာလည်း ဒီ(၇)ချက်ပဲ။ ဇိဝှါဝိညာဏဝီထိထဲမှာလည်း ဒီ(၇)ချက်ပဲ။ ကာယဝိညာဏဝီထိထဲမှာလည်း ဒီ(၇)ချက်ပါပဲ။ တစ်ဝီထိဆိုလို့ရရင် အားလုံး သဘောကျပါပေတယ်။

ယေသံ ယေသံ ဓမ္မာနံ အနန္တရာ ယေ ယေ ဓမ္မာ ဥပ္ပဇ္ဇန္တိ စိတ္တစေတသိကာ ဓမ္မာ၊ တေ တေ ဓမ္မာ တေသံ တေသံ ဓမ္မာနံ အနန္တရ ပစ္စယေန ပစ္စယော - ဆိုတာကတော့ အားလုံးတစ်ပေါင်းတည်း ရှေ့ရှေ့သော ပစ္စည်းတရားတွေက နောက်နောက်သော ပစ္စယုပ္ပန်တရားတွေကို ကျေးဇူးပြုနေပုံကို နိဂုံးချုပ်အနေနဲ့ မြတ်စွာဘုရား ဟောကြားတော်မူတာ ဖြစ်တယ်။ လိုရင်းအကျဆုံးကတော့ အခု(၇)ချက်ဟာ လိုရင်းပါပဲ။

ကုသိုလ်က ကုသိုလ်ကို၊ ကုသိုလ်က အဗျာကတကို၊ အကုသိုလ်က အကုသိုလ်ကို၊ အကုသိုလ်က အဗျာကတကို၊ အဗျာကတက အဗျာကတကို၊ အဗျာကတက ကုသိုလ်ကို၊ အဗျာကတက အကုသိုလ်ကို - ဆိုတဲ့ (၇)ချက်ကတော့ အဓိကပါပဲ။

ပစ္စယနိဒ္ဒေသပါဠိတော်က သဘောပေါက်သွားလို့ရှိရင် နောက်နောက်ဝါဒတွေ၊ ပဋ္ဌာန်းပါဋ္ဌိတော် အကျယ်တဝင့်တွေကို လိုက်ပြီးတော့ ဖတ်ကြည့်မယ်ဆိုလို့ရှိရင်၊ လေ့လာမယ်ဆိုလို့ရှိရင် ယောဂီများ သဘောပေါက်ပါလိမ့်မယ်။ နေရာကျပါတယ်။ ဒီဝီထိအစဉ်ကလေး ရထားဖို့ အရေးကြီးတယ်။ ဝီထိအစဉ်ကလေးကိုတော့ စက္ခုဒွါရဝီထိအတွက်ဆိုလျှင် ကောင်းကောင်းရသွားပြီ။ သောတ၊ ဃာန၊ ဇိဝှါ၊ ကာယ-တွေကိုလည်း တစ်ခေါက်စီလောက် ဆိုသွားရအောင်။

စက္ခုဝိညာဏဝီထိ - အတီတဘဝင်၊ ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ၊ ပဉ္စဒွါရဝဇ္ဇန်း၊ စက္ခုဝိညာဏ်၊ သမ္ပဋိ စ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ ဇော(၇)ကြိမ်၊ တဒါရုံ(၂)ကြိမ်။

သောတဝိညာဏဝီထိကျတော့ စက္ခုဝိညာဏ်နေရာမှာ သောတဝိညာဏ်လို့ ထည့်ရမယ်။ ဃာနဝိညာဏဝီထိကျတော့ ဃာနဝိညာဏ်လို့ ထည့်ရမယ်။ ဇိဝှါဝိညာဏဝီထိကျတော့ ဇိဝှါဝိညာဏ်လို့ ထည့်ရမယ်။ ကာယဝိညာဏဝီထိကျတော့ ကာယဝိညာဏ်လို့ ထည့်ရမယ်။ 'စ'လေးနေရာမှာ သောတ၊ ဃာန၊ ဇိဝှါ၊ ကာယတွေ လဲပြီးထည့်ရမယ်။

အတီတဘဝင်၊ ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ၊ ပဉ္စဒွါရဝဇ္ဇန်း၊ သောတဝိညာဏ်၊ သမ္ပဋိ စ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ ဇော(၇)ကြိမ်၊ တဒါရုံ(၂)ကြိမ်။

အတီတဘဝင်၊ ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ၊ ပဉ္စဒွါရဝဇ္ဇန်း၊ ဃာနဝိညာဏ်၊ သမ္ပဋိ စ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ ဇော(၇)ကြိမ်၊ တဒါရုံ(၂)ကြိမ်။

အတီတဘဝင်၊ ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ၊ ပဉ္စဒွါရဝဇ္ဇန်း၊ ဇိဝှါဝိညာဏ်၊ သမ္ပဋိ စ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ ဇော(၇)ကြိမ်၊ တဒါရုံ(၂)ကြိမ်။

အတီတဘဝင်၊ ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ၊ ပဉ္စဒွါရဝဇ္ဇန်း၊ ကာယဝိညာဏ်၊ သမ္ပဋိ စ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ ဇော(၇)ကြိမ်၊ တဒါရုံ(၂)ကြိမ်။

ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးရဲ့ ဆောင်ပုဒ်ကလေး (၅)ခေါက် ဆိုလိုက်ကြအုံးစို့။ စက္ခုဝိညာဏ်အတွက် 'မြင်ပြီးလျှင်' နေရာမှာ သောတဝိညာဏ်အတွက် 'ကြားပြီလျှင်'၊ ဃာနဝိညာဏ်နေရာမှတော့ 'နံပြီးလျှင်'၊ ဇိဝှါဝိညာဏ်နေရာကျတော့ 'စားပြီးလျှင်'၊ ကာယဝိညာဏ်ကျတော့ 'ထိပြီးလျှင်' - လို့ ထည့်ဆိုကြရမယ်။

ဆောင်ပုဒ်။ ။ ဘဝင်ဆင်ခြင်၊ မြင်ပြီးလျှင်၊ ထို့ပြင်လက်ခံတုံ။ စုံစမ်းဆုံးဖြတ်၊ ဇောစိတ်သတ်၊ နှစ်ရပ်တဒါရုံ။
ဘဝင်ဆင်ခြင်၊ ကြားပြီးလျှင်၊ ထို့ပြင်လက်ခံတုံ။ စုံစမ်းဆုံးဖြတ်၊ ဇောစိတ်သတ်၊ နှစ်ရပ်တဒါရုံ။
ဘဝင်ဆင်ခြင်၊ နံပြီးလျှင်၊ ထို့ပြင်လက်ခံတုံ။ စုံစမ်းဆုံးဖြတ်၊ ဇောစိတ်သတ်၊ နှစ်ရပ်တဒါရုံ။
ဘဝင်ဆင်ခြင်၊ စားပြီးလျှင်၊ ထို့ပြင်လက်ခံတုံ။ စုံစမ်းဆုံးဖြတ်၊ ဇောစိတ်သတ်၊ နှစ်ရပ်တဒါရုံ။
ဘဝင်ဆင်ခြင်၊ ထိပြီးလျှင်၊ ထို့ပြင်လက်ခံတုံ။ စုံစမ်းဆုံးဖြတ်၊ ဇောစိတ်သတ်၊ နှစ်ရပ်တဒါရုံ။

ပါဋ္ဌိတော်လည်း သဘောကျသွားပြီ။ ဝီထိအစဉ်တွေလည်း နာမည်တွေ သိသွားပြီ။ ဘဝင်-ဆိုတာ အတီတဘဝင်၊ ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေ။ ဒီ(၃)ခုလုံးကို ဘဝင်-လို့ ဆိုလိုက်တာဖြစ်တယ်။ ဆင်ခြင်-ဆိုတာ ပဉ္စဒွါရာဝဇ္ဇန်းကို ဆိုတာဖြစ်တယ်။ မြင်ပြီးလျှင်-ဆိုတာ စက္ခုဝိညာဏ်ကို ဆိုတာဖြစ်တယ်။ ထို့ပြင်လက်ခံတုံ-ဆိုတာ သမ္ပဋိ စ္ဆိုင်းကို ဆိုတာဖြစ်တယ်။ စုံစမ်း-ဆိုတာ သန္တီရဏကို ဆိုတာဖြစ်တယ်။ ဆုံးဖြတ်-ဆိုတာ ဝုဋ္ဌောကို ဆိုတာဖြစ်တယ်။ ဇောစိတ်သတ်-ဆိုတာ ဇော(၇)ကြိမ်ကို ဆိုတာဖြစ်တယ်။ နှစ်ရပ်တစ်ဒါရုံ-ဆိုသည်မှာ တဒါရုံ(၂)ကြိမ်ကို ဆိုတာ ဖြစ်တယ်။

မြန်မာလို ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး စီထားတာ သဘောကျသွားပါပြီ။ 'ဇော' ဆိုတာကတော့ ဇဝန = လျင်မြန်စွာ ဖြစ်တာကို ခေါ်တယ်။ (၁)ကြိမ်တည်း ဖြစ်လို့မရပေဘူး။ (၇)ကြိမ်၊ (၇)ကြိမ် ဖြစ်သွားတယ်။ လျင်မြန်တာကို 'ဇော' ခေါ်တယ်။ ဘယ်လောက် လျက်မြန်လဲဆိုရင် တစ်ခါဖြစ်ရင် (၇)ကြိမ်၊ (၇)ကြိမ် ဖြစ်တယ်။

-----
သင်္ဂြိုလ်ဆိုင်ရာ မှတ်သားဖွယ်

ဇောစိတ်တပ်သော စိတ် ၅၅-ပါး ရှိပါတယ်။

အကုသိုလ်စိတ် ၁၂-ပါး၊ ကုသိုလ်စိတ် ၂၁-ပါး၊ ဖိုလ်စိတ် ၄-ပါး၊ အာဝဇ္ဇန်းဒွေကြဉ်သော ကြိယာစိတ် ၁၈-ပါး - ဟူ၍ ၅၅-ပါး ဖြစ်ပါတယ်။

ဇောစိတ် ၅၅-ပါးကို အကျဉ်းမှတ်သားနိုင်သောနည်းမှာ 'ကုကုကြိဖိုလ်'ကို မှတ်သားရန် ဖြစ်ပါတယ်။ အကုသိုလ်စိတ်, ကုသိုလ်စိတ်, ဖိုလ်စိတ်နှင့် အာဝဇ္ဇန်းဒွေကြဉ်သည့် ကြိယာစိတ်များကို အကုန်ယူရန် ဖြစ်၏ ။

အကုသိုလ်စိတ် ၁၂၊ မဟာကုသိုလ် ၈၊ မဟာကြိယာ ၈၊ ဟသိတုပ္ပါဒ် ၁၊ ပေါင်း ၂၉-ပါး သည် ကာမစိတ်များ ဖြစ်ကြသဖြင့် ကာမဇော-ဟု အမည်တွင်ပါတယ်။

မဟဂ္ဂုတ်ကုသိုလ် ၉၊ မဟဂ္ဂုတ်ကြိယာ ၉၊ မဂ် ၄-ပါး၊ ဖိုလ် ၄-ပါး၊ ပေါင်း ၂၆-ပါးတို့သည် အပ္ပနာစိတ်များ ဖြစ်ကြသဖြင့် အပ္ပနာဇော-ဟု အမည်တွင်ပါတယ်။
-------

အနန္တရပစ္စည်းရဲ့ သဘောတရားလေးလည်း တော်တော်လေး သဘောကျသွားပါပြီ။ ပါဋ္ဌိတော်ကိုလည်း သဘောကျသွားပါပြီ။ ဝိပဿနာရှုဖို့၊ ကုသိုလ်ဖြစ်အောင် နှလုံးသွင်းဖို့ပဲ လိုပါတော့တယ်။ ဒီလို မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ်မှာ အာရုံ(၆)ပါးက လာတိုက်တဲ့အခါ မြင်သိစိတ်၊ ကြားသိစိတ်၊ နံသိစိတ်၊ စားသိစိတ်၊ ထိသိစိတ်၊ ကြံသိစိတ်တွေ ဖြစ်တဲ့အခါမှာ ကုသိုလ်ဖြစ်ရင်ဖြစ်၊ မဖြစ်ရင် ဘာဖြစ်ပါသလဲ ... အကုသိုလ်ဖြစ်ပါတယ်။ ကုသိုလ်ဖြစ်အောင် ဘယ်လိုနှလုံးသွင်းရမလဲ ...လိုအပ်ပေတယ်။

ကုသိုလ်ဖြစ်အောင်တော့ နှလုံးသွင်းတတ်လို့ရှိရင်လည်း ကုသိုလ်လည်း ဖြစ်နိုင်တယ်။ ဝိပဿနာရှုနိုင်လို့ရှိရင်လည်း ကုသိုလ်လည်း ဖြစ်နိုင်တယ်။ နှလုံးလည်း မသွင်းတတ်ဘူး၊ ဝိပဿနာလည်း မရှုတတ်ဘူး ဆိုရင်တော့ ဘာဖြစ်ပါ့မလဲ .. အကုသိုလ်ဖြစ်လိမ့်မယ်တဲ့။

ဆောင်ပုဒ်။ ။ နှလုံးမသွင်း၊ ရှုမှတ်ကင်း၊ ဖြစ်ခြင်းအကုသာ။

နှလုံးလည်း မသွင်းတတ်ဘူး၊ ရှုလည်း မရှုတတ်ဘူး၊ ရှုမှတ်တတ်သော်လည်း ရှုမှတ်မှုက ကင်းနေတယ်ဆိုရင်တော့ ဘာဖြစ်ပါ့မလဲ .. အကုသိုလ်ဖြစ်ပါမယ်။ ယောဂီများအတွက် ဒီအာရုံတွေနဲ့ ကင်းပြီးတော့ နေလို့ကို မရပေဘူး။ အိပ်တဲ့အခိုက်အတန့်လေးပဲ ကင်းတယ်။ ကျန်တဲ့အချိန်မှာ ကင်းလို့မရပေဘူး။

မျက်စိက မြင်လိုက်၊ နားက ကြားလိုက်၊ နှာခေါင်းက နံလိုက်၊ လျှာက စားလိုက်၊ ကိုယ်က ထိလိုက်၊ စိတ်က ကြံစည်မှုတွေဖြစ်လိုက်၊ အဲဒါတွေကို နှလုံးမသွင်းတတ်ဘူး၊ ဝိပဿနာလည်း မရှုတတ်ဘူးဆိုရင် အကုသိုလ်တွေပဲ ဖြစ်တာ များနေတော့ လူဖြစ်ရတာ မကောင်းတော့ပေဘူး။ အပါယ်လေးရွာသို့ ပြန်သွားဖို့ပဲ ရှိပါတော့တယ်။ အရင်းရှုံးသွားတော့မှာပါပဲ။ ဒါကြောင့် နှလုံးသွင်းတတ်ဖို့၊ ရှုလည်း ရှုမှတ်တတ်ဖို့ အရေးကြီးပါတယ်။

ဆောင်ပုဒ်။ ။ နှလုံးသွင်းမှု၊ ရှုမှတ်မှု၊ ပြုက ကုသလာ။

နှလုံးသွင်းမယ်ဆိုရင်တော့ အာရုံတွေ လာတိုက်တဲ့အခါ ဇောသို့ ရောက်လာလျှင် နှလုံးသွင်းရပါတယ်။ နှလုံးမသွင်းတတ်လို့ရှိရင်တော့ အကုသိုလ်ဇောတွေ စောသွားတယ်။

ကောင်းတဲ့ဣဋ္ဌာရုံဖြစ်တဲ့ အာရုံတွေ၊ အလွန်သာယာဖွယ်ဖြစ်တဲ့ အာရုံတွေ လာတိုက်တော့ နှလုံးမသွင်းတတ်ဘူးဆိုရင် လောဘဖြစ်တယ်။ သာယာတယ်၊ နှစ်သက်တယ်၊ ခင်မင်တယ်၊ တွယ်တာတယ်၊ လောဘဖြစ်သွားတယ်။ လောဘနဲ့စပ်တဲ့ အကုသိုလ်တွေ ဖြစ်သွားပေတယ်။

မကောင်းတဲ့ အနိဋ္ဌာရုံတွေ လာတိုက်ကြတော့ နှလုံးမသွင်းတတ်လို့ရှိရင် ဒေါသ ဒေါမနဿတွေ ဖြစ်သွားကြတယ်။

နှလုံးမသွင်းတတ်တော့ ကောင်းတာတိုက်လည်း အကုသိုလ်၊ မကောင်းတာတိုက်လည်း အကုသိုလ် ဖြစ်တယ်။ အကုသိုလ်ကိုတော့ ယောဂီများ အလွန်ကြောက်ပါတယ်။ နှလုံးသွင်းတတ်ဖို့လည်း အရေးကြီးပါပေတယ်။

ကောင်းတဲ့ဣဋ္ဌာရုံတွေ လာတိုက်တဲ့အခါကျတော့ ဘယ်လို နှလုံးသွင်းရမလဲ။ ဒီလိုကောင်းတဲ့ဣဋ္ဌာရုံတွေ၊ ကောင်းတဲ့ အာရုံအမျိုးမျိုးတွေနဲ့၊ ကောင်းကျိုး အမျိုးမျိုးတွေနဲ့ မိမိတွေ့ရတာ မိမိအတိတ်ဘဝတွေက ကောင်းခဲ့လို့လား၊ မကောင်းခဲ့လို့လား ... ကောင်းခဲ့လို့၊ ကောင်းတဲ့ ကုသိုလ်ကံတွေ ပြုခဲ့လို့ ကောင်းကျိုးတွေနဲ့ တွေ့နေရတာ ဖြစ်တယ်။

နောက်လာလတ္တံ့ အနာဂတ်အချိန်အခါတွေမှာ၊ အနာဂတ်ဘဝတွေမှာ ကောင်းတာတွေနဲ့ တွေ့ဖို့ရာ လိုအပ်ပါပေတယ်။ အကောင်းဆုံးဖြစ်တဲ့ နိဗ္ဗာန်ချမ်းသာတိုင်အောင် ရောက်သွားဖို့ရာ လိုအပ်တယ်။ လိုအပ်တဲ့အတွက်ကြောင့် ကောင်းမှုကုသိုလ်တွေကို ပြုမှတော်မယ်လို့ နှလုံးသွင်းရပါတယ်။

အတိတ်ကကောင်းခဲ့လို့ အခုကောင်းတာတွေနဲ့ တွေ့နေရတာ၊ နောင်အနာဂတ်ဘဝတွေမှာ ကောင်းဖို့ရာ၊ နိဗ္ဗာန်ချမ်းသာကို ရောက်သွားဖို့ရာ ကောင်းတဲ့ကုသိုလ်တွေပြုမှ တော်မယ်လို့ နှလုံးသွင်းလိုက်တာနဲ့ တစ်ပြိုင်နက်တည်း ကုသိုလ်ဖြစ်သွားပါပေတယ်။ နှလုံးသွင်းကောင်းရင် ကုသိုလ်ဖြစ်တယ်။

မကောင်းတဲ့ အနိဋ္ဌာရုံတွေနဲ့ တွေ့ရ ကြုံရတဲ့အခါ၊ မကောင်းတာတွေနဲ့ပဲ တွေ့ရတဲ့အခါ၊ မကောင်းတာတွေပဲ ကြားနေရတဲ့အခါ၊ မကောင်းတဲ့ပုဂ္ဂိုလ်တွေနဲ့ပဲ အတူတကွ နေရတဲ့အခါ နှလုံးဘယ်လိုသွင်းရပါ့မလဲ ... ဒီလိုမကောင်းတာတွေနဲ့ မိမိလာတွေ့နေရတာ မိမိအတိတ်ဘဝတွေက ကောင်းခဲ့လို့လား ... မကောင်းခဲ့လို့လား .. မကောင်းခဲ့လို့ပါ။ မိမိမကောင်းခဲ့လို့၊ မိမိမကောင်းတဲ့ အကုသိုလ်ကံတွေပြုခဲ့လို့ ဒီလို မကောင်းတာတွေနဲ့ လာတွေ့နေရတာပဲလို့ ဆင်ခြင်လိုက်တာနဲ့ သက်သာသွားပါပေတယ်။ ဒီလို မကောင်းတဲ့ အနိဋ္ဌာရုံ အကျိုးပေးတွေကို ဘာနဲ့များ ကျော်လွန်နိုင်ပါ့မလဲ ... ကုသိုလ်တရားတွေနဲ့မှ ကျော်လွန်နိုင်ပေမယ်။ ကုသိုလ်တရားတွေကို ရှေးကထက် ဆထက်ထမ်းပိုးတိုးပြီးတော့ ပြုလုပ်မှတော်မယ်လို့ နှလုံးသွင်းလိုက်တာနဲ့ တစ်ပြိုင်နက် ကုသိုလ်တွေ ဖြစ်သွားပါပေတယ်။

ဆက်ရန် .... အနန္တရ (ဃ)သို့

Read more...

A Buddhist Christian pilgrimage




I think the English-language Buddhist press mostly missed it, at least I didn't see it reported on the Buddhist news sites I personally follow, but recently a Korean Buddhist monk and two Korean Catholic priests completed a 400-kilometer silent ochetuji pilgrimage, carrying out prostrations after every three steps, from Jirisan to Imjingak. They were joined by some 10,000 people along the route, and the purpose of their journey was to help promote the cherishing of life and peace.

The report, which you can read by following the link below, states that Father Mark Kim In-kook, from the Catholic Priests' Association for Justice, told UCA News that the pilgrims "showed what religious communities in our society can do for the common good", and their joint action seems to me to be a fine example of how Buddhists and Christians often work together in a spirit of friendship that stands in stark contrast to the default position adopted by many western Buddhists.

A brief look at the largest English-language Buddhist forum, Esangha, for example, will reveal a remarkable degree of hostility towards Christianity. But of course most of this comes from young converts with very little experience of life in Buddhist countries and often with uncomfortable experiences of Christianity. Such people are naturally keen to draw boundaries between the Buddhism they've adopted and the faiths they've left behind, rather than explore areas of friendly agreement.

Of course, sometimes it is perfectly necessary to point out differences between Buddhism and Christianity, especially when addressing a western audience. Phra Cittasamvaro Bhikkhu did just that last week in the second of his rains-retreat talks for example. A magnificent Buddhist practitioner and scholar, Phra Pandit briefly mentioned the contrast between religions in which the Truth is revealed, with the job of the follower being to believe, and Buddhism, in which one is to experience truth for oneself.

The point was little more than an aside and perfectly in context and yet, and I'm entirely confident Phra Pandit would agree with me here, investigated from a slightly different angle the distinction seems almost to disappear. I notice, for example, that Thai Buddhists rever the Buddha as, in the language of the daily chants, "the Blessed One, the Exalted One, the Fully Enlightened One", the "teacher of gods and men". He is revered because he taught, or revealed, the truths.

Yes, Buddhists are then to experience these truths directly through the practice of wisdom, ethics and meditation, but they were first revealed through the teacher that Buddhists rever daily with chants, bows, offerings and incense. Is that really so different from Christianity, in which the central truth, of God's love in this case, is first, yes, revealed, but which is then to be experienced in the everyday lives of Christians, and developed in ongoing daily practice?

Father Laurence, in The Good Heart, describes this practice: "through meditation, we begin to experience the indwelling, the fact that Jesus is not only a historical teacher from the past, but now has an inner existence within each human being, as well as a cosmic presence." The Dalai Lama, in the same book, talks about Buddha-nature and how to perfect it, and compares the Christian ideal of becoming one with the father with how enlightenment is described as becoming of one taste with the dharmakaya.

I'm getting away from my central point here, which is not about the nature of the fourth mark, or about the relationship between revealed and experienced truths, or even about the ways in which Buddhism and Christianity share certain features. My point is that Buddhism stands on its own three feet, and while some western practitioners automatically and instinctively look for points of contrast with and distinction from Christianity, focusing on areas of convergence is a much healthier approach.

Thich Nhat Hanh, in a book called called Teachings on Love, has written that "Buddhist practice can offer effective means to heal, reconcile, and reunite with one's blood and spiritual families, in order to discover the precious gems in one's own traditions. Thanks to the practice, people will see that Buddhism and their own spiritual tradition have many things in common, and therefore it is not necessary to reject their own spiritual tradition."

I don't think Thich Nhat Hanh here is calling for waves of western Buddhists to return to Christianity. What he's suggesting is that practitioners make peace with all our traditions, to look for what we can embrace. In this we are lucky to have so many great examples. Father Laurence and the Dalai Lama. Venerable Sukyung and Fathers Paul Moon Kyu-hyon and Simon Chun Jong-hun silently walking across Korea. People whose default position is to find areas of convergence, rather than contrast.

Link:
UCAN: Buddhist, Catholic clergy complete 400-km pilgrimage

Photo: Wat Niwet Thamprawat, near Bang Pa-In Palace, Thailand, a fully functioning Buddhist monastery and temple built by King Chulalongkorn in 1878.


Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP