သူရဿတီမယ်တော်ကြီး... (ဓမ္မဒူတ အရှင်ပညာဇောတ (မေး-ဖြေ))
ဓမ္မဒူတ အရှင်ပညာဇောတ (မေး-ဖြေ) ၅-မှ...
သူရဿတီမယ်တော်ကြီးက ပိဋကတ်သုံးပုံ စောင့်ပါသလား...













သူရဿတီကိုးကွယ်မှု... (တည်တောဆရာတော် (မေး+ဖြေ))
ဓမ္မ အနှစ်သာရများ စုဝေးရာနေရာ
ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်
ထေရ၀ါဒဗုဒ္ဓဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။
ပြုလုပ်မည့်အစီအစဉ်
ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။
လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ
(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။
(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။
(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။
(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။
အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)
ဆက်သွယ်ရန်လိပ်စာ
ကိုထွန်းထွန်းလှိုင်
ဖုန်း ၀၉-၇၃၀၆၂၈၁၁
htunhtunhlaing82@gmail.com
ဗုဒ္ဓမြတ်စွာဟောကြားခဲ့ တရားဓမ္မများကို လိုက်နာကျင့်သုံးသူတွေသည် လောကီ လောကုတ် နှစ်ဖြာသော ကောင်းကျိုးချမ်းသာကို ရရှိစေနိုင်ပါတယ်။ ဘ၀နေထိုင်ရာမှာ ချမ်းသာရုံမကပဲ သံသရာဘေးဒုက္ခအပေါင်းမှ လွတ်မြောက်နိုင်အောင်လည်း ကျေးဇူးပြုနိုင်ပါတယ်။ ဗုဒ္ဓဘာသာဝင် သူတော်စင်တို့က အလုံးစုံသော ကောင်းကျိုးချမ်းသာကို ဆောင်ယူနိုင်တယ်ဆိုတာ သက်ဝင်ယုံကြည်ကြတဲ့ အတွက်ကြောင့် ဘုရားရှင်ဟောကြားခဲ့တဲ့ တရားနည်းလမ်းများ အတိုင်း လိုက်နာအားထုတ် နေကြတာပါ။ တရားဓမ္မများကို မေ့လျော့ပြီး နေချင်သလိုနေ၊ လုပ်ချင်တာကို ရမ်းလုပ်နေကြတယ်ဆိုရင်တော့ တရားဓမ္မတွေကို အမှန်တကယ်ပဲ မယုံကြည် သေးဘူးလို့ အရိုးသားဆုံး ပြောရမှာပါပဲ။ တချို့က ပြောကြတယ်။ “ငါတို့က တရားဆိုတာဘာလဲ သိတယ်၊ ဒါန၊ သီလ၊ ဘာဝနာ ဆိုတာ ဘယ်လိုလဲသိတယ်၊ မလုပ်နိုင်သေးလို့ မလုပ်သေးတာ” စသဖြင့်ပေါ့။ လက်ရှိနေ နေတဲ့ အချိန်ကျတော့လည်း တနေ့ထက် တနေ့ လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ အစရှိတဲ့ ကိလေသာတွေကလည်း လျော့နည်းမသွားကြဘူး။ အဲလို ဖြစ်နေကြတယ်ဆိုတော့ တရားနဲ့နေတယ်၊ တရားအားထုတ်ကြတယ်ဆိုတာ ဘာအတွက်ကြောင့်လဲ? ဘယ်လိုတွေ ကျင့်မှ တရားအားထုတ်ကြတယ်။ တရားနဲ့ နေတယ်လို့ ဆိုကြမလဲ?။ တွေးကြည့်စေချင်ပါတယ်။
တရားအားထုတ်ကြတယ် ဆိုတော့လည်း လူတွေအများစုက တရားထိုင်နေမှ အားထုတ်နေတာလို့ လက်ခံထား ကြတယ်။ တရားမထိုင်ရင်ပဲ တရားအားထုတ်တာ မဟုတ်သေးဘူးလို့ မြင်ကြတယ်။ ထိုင်တိုင်းရော တရားရသွားလားလို့ ပြန်တွေးကြည့်စရာ ရှိပါတယ်။ တရားထိုင်ရင်း လောဘ၊ ဒေါသ ဖြစ်နေတာတွေ ရှိပါတယ်။ ထိုင်မှပဲ ကောင်းတဲ့ အာရုံလေးတွေ ပုံဖော်စိတ်ကူးလို့ ပျော်နေတာတွေလည်း ရှိတာပါပဲ။ မကျေနပ်တာတွေ တွေးမိလို့ပဲ ဖြစ်ဖြစ်၊ ခြေထောက်က နာလို့၊ ကျင်လို့ပဲ ဖြစ်ဖြစ်၊ ငါ့စိတ်တွေ တည်ငြိမ်မှု မရသေးဘူးဆိုပြီး မကျေနပ်လို့ ဒေါသဖြစ်ရတာတွေလည်း ရှိကြတာပါပဲ။ တရားအားထုတ်တယ်ဆိုတာ အရှင်းဆုံးပြောရရင် ကိလေသာ နည်းပါးအောင်၊ ကုန်ဆုံးသွားအောင် ကျင့်ကြံတာပါပဲ။ လောဘ၊ ဒေါသ ဆိုတာတွေ ဖြစ်နေသေးတယ်ဆိုရင် တရားမဟုတ်သေးဘူးလို့ ဆုံးဖြတ်ထားရမယ်။ ဒါကြောင့် တရားထိုင်နေတိုင်း တရားမဟုတ်သေးဘူးလို့ နားလည်ဖို့ လိုအပ်ပါတယ်။ တရားမထိုင်းတိုင်းလည်း တရားမရဘူးလို့ ယုံကြည်မထားရပါဘူး။ ဘုရာရှင် ရှိစဉ်က သာဝတ္ထိပြည် လူ(၉)ကုဋေရှိရာမှာ (၇)ကုဋေသည် အရိယာဖြစ်ပါတယ်။ နေ့စဉ် နေစဉ်မှာ သီလတွေ စောင့်ထိန်းပြီး လောဘ၊ ဒေါသနည်းအောင် ကျင့်ကြံကြရင်းနဲ့ တရားရသွားကြတာပါပဲ။
တရားကျင့်ရာမှာ ၀ိပဿနာယာနိက၊ သမထယာနိက ဆိုပြီးရှိပါတယ်။ သမထယာဉ် သပ်သပ် စီးသွားရင်နိဗ္ဗာန် မရောက်နိုင်သေးပါဘူး။ သမထယာဉ်စီးပြီး ၀ိပဿနာယာဉ်ကို ပြောင်းစီးလိုက်တာနဲ့ အဲဒီ ၀ိပဿနာယာဉ်က တဆင့် အရိယာမဂ္ဂင်ယာဉ်ကို ရောက်သွားပါတယ်။ အဲဒါနဲ့ပဲ နိဗ္ဗာန်ရောက်တာပါပဲ။ ဒီတော့ သမထပဲ အရင် အားထုတ်ရမှာလား မေးစရာရှိပါတယ်။ တချို့က ၀ိပဿနာ သပ်သပ်ပဲ အားထုတ်ကြတယ်။ ဈာန်တွေ၊ အဘိဉာဉ်တွေ မရကြဘူး။ ဒါပေမယ့် နိဗ္ဗာန်ရောက်သွားပါတယ်။ စာပေတွေမှာတော့ အဋ္ဌကထာ ဆရာတော် ကြီးတွေက သမာဓိဘာဝနာ၊ ပညာဘာဝနာ၊ သမာဓိ ပညာနှစ်မျိုးလုံး တွဲတဲ့ ဘာဝနာလို့ သုံးမျိုးပြပါတယ်။ ရှင်းအောင်ပြောရရင် သမထ အားထုတ်ပြီးမှ ၀ိပဿနာ အားထုတ်လို့ရတယ်။ သမထချည်းပဲ အားထုတ်လို့ ရတယ်။ ၀ိပဿနာချည်းပဲ အားထုတ်လို့ရတယ်။ ၀ိပဿနာ အားထုတ်ပြီးမှ သမထ အားထုတ်လို့လည်း ရတယ်။ သမထချည်းပဲ အားထုတ်ရင်မြေလျှိုး၊ မိုးပျံတဲ့ အထိတော့ ရတယ်။ ဒါပေမယ့် သောတပန်တောင် မဖြစ်ဘူး။ ၀ိပဿနာချည်းပဲ အားထုတ်ရင် ရဟန္တာတော့ ဖြစ်တယ်။ ဒါပေမယ့် ဈာန်တွေ အဘိဉာဉ်တွေ မရဘူး။ ဒါကို ဆရာတော်ကြီးတွေက မြေလျှောက်ရဟန္တာလို့ သုံးကြပါတယ်။
မိမိတို့ကိုယ်တိုင် ဘယ်လိုအားထုတ်ကြမလဲ ဆိုတာတော့ ကိုယ်တိုင် ရွေးချယ်ထားကြမှာပါ။ သမထ အားထုတ် ရင်လည်း စရိုက်ကို ကြည့်ပြီး အားထုတ်ရတဲ့ ကမ္မဌာန်းတွေကို ဟောခဲ့ပါတယ်။ (လောဘစရိုက်များရင် အသုဘကမ္မဌာန်းရှု။ ဒေါသစရိုက်များရင် မေတ္တာဘာဝနာပွား။ မောဟစရိုက်များရင် မရဏနုဿတိပွား။ သဒ္ဓါစရိုက်များရင် ဗုဒ္ဓါနုဿတိပွား။ ၀ိတက်စရိုက်များရင် အာနာပါနကမ္မဌာန်း။ ပညာစရိုက်များရင် ဓာတ်ကြီး လေးပါးရှု)။ ၀ိပဿနာ ဆိုတာကျတော့ ပညတ်နှင့် ပရမတ် ကွဲကွဲပြားပြား သိအောင် ကြားနာမှတ်သားပြီးမှ၊ ပရမတ်ရဲ့ သဘာဝကို လက်တွေ့မြင်အောင် ရှုခြင်းဖြစ်ပါတယ်။
နိဗ္ဗာန်နဲ့ သံသရာဟာ တဆက်တည်းမှာ ရှိပါတယ်။ သူတို့ နှစ်ခုဟာ ကမ်းပါး နှစ်ခုလိုပါပဲ။ အဲဒီ နှစ်ခုကြားထဲမှာ ကိလေသာဆိုတဲ့ ရေက ကြားခံနေတဲ့ အတွက်ကြောင့် ကမ်းနှစ်ခုဟာ မနီးစပ်နိုင်ပဲ ဖြစ်နေတာပါ။ ကိလေသာက ချောင်းရေ ပမာဏ လောက်ရှိရင် ကမ်းနှစ်ခုက နီးမယ်။ မြစ်လောက်ရှိရင် ပိုဝေးမယ်။ ပင်လယ်ကြီးလောက်ရှိ ရင်တော့ ကမ်းနှစ်ခုက ပိုပြီးဝေးမှာပေါ့။ ရေလုံးဝမရှိတော့ရင် ကမ်းနှစ်ခုက တဆက်တည်းဖြစ်သွားမယ်။ ရေဆိုတာက ကိလေသာကို ဆိုလိုတာပါ။ ဒီတော့ ရေတွေကုန်မှ ကမ်းနှစ်ခု ထိစပ်ရမှာ ဖြစ်သလို ကိလေသာကုန်မှလည်း သံသရာကနေ နိဗ္ဗာန်ကို ထိတွေ့ခွင့်ရမှာပါ။ တရားအလုပ် အားထုတ်ကြတယ်ဆိုတာ ရေနဲ့တူတဲ့ ကိလေသာတွေကို ကုန်ဆုံးအောင် လုပ်နေကြရတာပါ။ တနေ့ထက် တနေ့ ကိလေသာတွေ ပါးလာမယ်ဆိုရင်ပဲ တရားလုပ်နေတာပါ။ ကိလေသာ မဖြစ်တော့ပဲ ကုသိုလ်တွေဖြစ်နေရင် တရားလုပ်နေတာပါပဲ။ ဒါကြောင့် လျောင်း၊ ထိုင်၊ ရပ်၊ သွား စတဲ့ အမူအယာတိုင်းမှာ လောဘ၊ ဒေါသ၊ မောဟ မဖြစ်ဖို့ နေသွားဖို့ အဓိကကျပါတယ်။
ဓမ္မတွေကို အားထုတ်ရာမှာလည်း သီလ၊ သမာဓိ၊ ပညာ အစဉ်အတိုင်းသွားရပါတယ်။ သီလဆိုတာလည်း လူ့ရဲ့ ခါးဝတ်ပုဆိုးလို ဥပမာပေးကြပါတယ်။ အခြေခံအားဖြင့် ငါးပါးသီလကို လူတိုင်းစောင့်ထိန်းရပါမယ်။ တရားအား ထုတ်မယ်ဆိုတော့ တရားထိုင်မှပဲလို့ စဉ်းစားကြတာများပါတယ်။ အခြေခံ သီလတရားကိုမှ လုံအောင် မစောင့် ထိန်းသေးပဲ တရားအားထုတ်ရင် တရားရနိုင်ဖို့ ခက်ခဲပါလိမ့်မယ်။ ဒီနေရာမှာက ဓမ္မနည်းလမ်းတကျ ပြောခြင်း ပါ။ ဘုရားရှင်လက်ထပ်က သန္တတိအမတ်၊ အင်္ဂုလိမာလတို့လို သီလတွေ ဖောက်ဖျက်ပြီးတော့မှ တရားရသွားတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိခဲ့ဖူးပါတယ်။ အဲလို ပါရမီရှင်တွေ ဖြစ်ဖို့ဆိုတာတော့ အင်မတန် ခက်ခဲပါတယ်။ ၀ိပဿနာ၊ သမထ တွေလုပ်နေတယ်ဆိုပြီး သီလမရှိသေးရင် ပုဆိုးမနိုင်ပဲ အမြင့်ကို ခုန်လှမ်းနေတာနဲ့ တူပါလိမ့်မယ်။ ၀ိပဿနာသာ အဓိက ဒါန၊ သီလတွေ မလိုပါဘူးလို့ ဆိုကြရင်လည်း ဘုရားရှင်ဟောကြားခဲ့တဲ့ ဒါန၊ သီလ တရားတွေကို သွယ်ဝိုက်တဲ့နည်းနဲ့ မလိုအပ်ပဲ ဟောခဲ့တယ်လို့ ပြောရာရောက်ပါတယ်။ ဘုရားရှင် (၄၅)၀ါ ကာလပတ်လုံးမှာ နိဗ္ဗာန်ရောက်ကြောင်း တရားတွေပဲ ဟောတာဖြစ်ခြင်းကြောင့် တရားတိုင်းဟာ သစ္စာထိုက် ပါတယ်။ ဒါကြောင့် ဒါန၊ သီလ အလုပ်တွေသည်လည်းပဲ နိဗ္ဗာန်ရောက်အောင် ပို့ဆောင်ပေးနိုင်ပါတယ်။ ဒီအမှု တွေ အပေါ်မှာ ဒိဋ္ဌိ၊ တဏှာ၊ မာန ဆိုတဲ့ သံသရာ နယ်ချဲ့တဲ့ ပပဉ္စတရားတွေ မကပ်ငြိဖို့ လိုတာပါ။ မိုးကုတ်ဆရာတော် ဘုရားကြီးကလည်း ဒါန၊ သီလ လုပ်ရမှာ ရမ်းပြီး မလုပ်ကြဖို့ သတိပေးတာပါ။ သစ္စာသိပြီး လုပ်မယ် ဆိုရင် ခန္ဓာကို ရောင်းပြီး ဒါန ပြုပါလို့ မိန့်တော်မူခဲ့ပါတယ်။
မိမိတို့တွေ အတွက် အားကိုးစရာ တရားလက်မဲ့ မဖြစ်ဖို့၊ တရားရှိထားဖို့ အတွက် တရားတော်တွေကို အရင်ဆုံး နာယူ၊ ဖတ်မှတ်လေ့လာ သင့်ပါတယ်။ တရားတော်ကို နာယူနေတာလည်းပဲ တရားအားထုတ်တာပါပဲ။ နှလုံးသွင်းမှန်ဖို့တော့ အဓိက ကျတာပေါ့။ တရားကို အပြစ်ရှာတဲ့ ပုံစံနဲ့ ဆိုရင်တော့ ဘုရားရှင် ဟောနေလည်း တရားရမှာ မဟုတ်ပါဘူး။ ရိုသေကြည်ညိုစွာနဲ့ နာမယ်ဆိုရင် တရားတော်ကို လိုက်ပြီးတွေးတော စဉ်းစားနေတာ ဖြစ်လို့ ဒေသနာဉာဏ် ဖြစ်နေပါတယ်။ မိမိသန္တာန်မှာ စိတ်အေးချမ်းမှု ဖြစ်နေတဲ့ အတွက်ကြောင့် ကုသိုလ် စိတ်ဖြစ်ပါတယ်။ ကာလေန ဓမ္မဿဝနံ ဧတံ မင်္ဂလ မုတ္တမံ ဆိုတဲ့ အတိုင်း မင်္ဂလာရှိတဲ့ အချိန်ဖြစ်နေပါတယ်။ ပုညကိရိယာ ၀တ္ထုဆယ်ပါးမှာ ဓမ္မသ၀န ဆိုတဲ့ တရားနာခြင်း ပါပါတယ်။ ဘုရားရှင် ဟောခဲ့တဲ့ အချိန်ကို အကျိုးရှိစွာ အသုံးချနည်း လေးမျိုးမှာ ကာလေနဓမ္မသာဝနာ ဆိုတဲ့ အချိန်အားလျော်စွာ တရားနာခြင်းသည်လည်း တစ်ပါး ပါဝင်ပါတယ်။ ဒါကြောင့် တရားနာနေတာသည် ဘုရားရှင်ရဲ့ အဆုံးအမကို လိုက်နာနေရာ ရောက်ပါတယ်။ ကုသိုလ် ဖြစ်ခြင်း၊ ဘုရားဆုံးမတဲ့အတိုင်း နေထိုင်ခြင်းကို တရားအားထုတ်တယ်လို့ သိရှိနားလည်စေချင်ပါတယ်။
အဖိုးတန်တဲ့ လူ့ဘ၀ ကာလတိုတိုလေးမှာ အဖိုးအတန်ုဆုံးသော သာသနာရဲ့ အနှစ်သာရကို ရရှိခံစားနိုင်ပြီး ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းရာကို ရနိုင် ရောက်နိုင်ကြပါစေ…
ကျေးဇူးရှင် သဲအင်းဂူဆရာတော်ကြီးက “အခုလိုဝေဒနာတွေနဲ့ ရင်းပြီး ၀ိပဿနာအားထုတ်နေတဲ့ လူတွေ
ဟာ နောင်မှာ သုခအကျိုးရလိမ့်မယ်၊ အခုချမ်းသာတွေပဲခံစားနေတဲ့သူတွေက နောင်မှာ ဒုက္ခတွေ့လိမ့်မယ်”
တဲ့။ဆိုလိုတာက ၀ိပဿနာအားထုတ်ရင် ဝေဒနာဆိုးတို့ရဲ့ ဖိစီးနှိပ်စက်ခြင်းကို မလွဲမသွေ ခံစားရပါလိမ့်မယ်။
အဲလိုဝေဒနာတွေကို သည်ခံပြီး သဘောဆိုက်အောင် အားထုတ်ရမယ်။ဒါကိုဆိုလိုတာပါနော်။အဲလိုတရားထိုင်
ချိန်မှာ ဒုက္ခတွေရင်းနိုင်တဲ့သူဟာ သုခကိုမြန်မြန်ရပါလိမ့်မယ်တဲ့။နောက် ကျေးဇူးရှင် တော်ကူးဆရာတော်ကြီး
က “ဝေဒနာတွေ့ရင် နောက်မဆုတ်ကြနဲ့နော် ဘုန်ကြီးကတော့ ဝေဒနာနဲ့တွေ့ရင် ငါတော့နိဗ္ဗာန်နဲ့နီးဖို့ တံခါး
တချပ်လှပ်တာပဲလို့ နှလုံးသွင်းပြီး ၀မ်းသာပြီး ရူမှတ်ပါတယ်နော်”တဲ့။ကျေးဇူးရှင် ဆရာတော် ဦးဇောတိက
ကတော့ ” ဝေဒနာဆိုတာ ထလိုက်တာနဲ့ပျောက်သွားမှာပါနော် ဒါလေးကိုခဏ သည်းခံပြီး ဒီဝေဒနာပေါ်မှာ
စိတ်ကဘယ်လို တုန့်ပြန်နေလဲဆိုတာလေးကို စောင့်ကြည့်ပေးပါ ၊ ဒီဝေဒနာဟာ ပြင်ရင်ပျောက်မဲ့ဝေဒနာ
ကိုတောင် ကိုယ်ဘယ်လိုသဘောထားနိုင်လဲဆိုတာသိရတာ ပေါ့ ၊ နောင်မှာ ပြင်ရင် မပျောက်တဲ့ ဝေဒနာ
မျိုးမိမိမှာ ပေါ်ခဲ့ရင် အခုလိုကြိုပြင်တဲ့ အကျင့်မရှိဘူးဆိုရင် အများကြီးနင့်နာနိုင်ပါတယ်”တဲ့။နောက်
စွန်းလွန်းဆရာတော်ဘုရားကြီးက “ဒီနေရာမှာ ခံနိုင်ရင်ခံ မခံနိုင်ရင် လန်ရော၊ ဒါကျော်မှ ငါသာဓုခေါ်
မယ်”တဲ့။အခုလိုဆရာတော်ကြီးတွေရဲ့ အဆိုအမိန့်တွေကို ရေးပြရတာက တစ်ချိန်မှာ ကိုယ်တိုင်ကြုံ
ရတဲ့အခါ ရှေးရှေးသူတော်ကောင်းကြီးတွေ ဘယ်လိုဖြေရှင်းသွားသလဲဆိုတာ သိထားရအောင်လို့ပါ။
သိင်္ခ
မြင်းခွာသံ
အဲဒီတုန်းက တိုင်းပြည်ကလည်း မငြိမ်မသက် ဖြစ်နေတုန်း။ တောကြောင် ပေါင်ပုတ်တဲ့ အချိန်ပဲ။ ထားပါတော့။ ညရေးညတာ အဘွားတစ်ယောက်နဲ့ အဲဒီတုန်းက ကလေးအရွယ်ဖြစ်တဲ့ စာရေးသူပဲရှိတော့ ဦးလေးရဲ့ ဆိုက်ထဲက အလုပ်သမား နှစ်ယောက်ကို အိမ်မှာခေါ်ထားတယ်။ အိမ်ရှေ့မှာ သူကြီးအိမ်နဲ့ ရွာသားပြည်သူ့စစ်စခန်းကြီးတစ်ခုလုံး ရှိပေမဲ့ မပေါ့ရဲဘူး။ ခြံစည်းရိုးတွေ ဘာတွေလည်း အခိုင်အမာ ပြင်ရတယ်။ အပိုဆာဒါးအနေနဲ့ ဗမာလူမျိုးတို့ရဲ့ ထုံးစံအတိုင်း တုံကင်အောက်က ရေကန်ကို ပြင်ခိုင်းတာတို့ မြက်ပေါက်ခိုင်းတာတို့ ထင်းခွဲခိုင်းတာတို့ ခိုင်းရတယ်။ အဆစ်ပေါ့။ မခိုင်းလည်း လုပ်ပေးမှာပါ။ ကူညီတတ်တဲ့ လူမျိုးမဟုတ်လား။အဖော်မရှိတော့ အဲဒီအလုပ်သမားနှစ်ယောက်ကိုပဲ ဦးလေးတွေလို သူငယ်ချင်းလို ခင်နေတယ်။ သူတို့နားပဲ ကပ်နေတာပဲ။ သူတို့က စကားခပ်ကြွယ်ကြွယ်ရယ်။ မဟုတ်တာတွေတော့ သင်မပေးပါဘူး။ အဘွားကလည်း ဒေါင်းချည်မောင်းချည်ဆိုတော့ ပြန်နားပေါက်သွားရင် သူတို့မလွယ်ဘူး။ အဲဒီခေတ်က ကာလသားတွေဆိုတာက နောက်ပေါက်တွေဆို မဟုတ်တဲ့အတတ်တွေပဲ သင်ပေးနေကျ။ ဒါကြောင့် တော်ရုံလူတွေနား အဘွားက ပေးမကပ်ဘူး။ ဒီဦးလေးနှစ်ဦးကတော့ တော်ပါတယ်။ ဗဟုသုတရှိတယ်။ စာလည်းဖတ်တယ်။ဦးညွန့်က ရွာစွန်က ဒေါ်ငြိမ်းအိမ်ကို မနက်ဖြန်သန်ဘက် ဓားပြ၀င်တိုက်မယ်လို့ အတပ်ဟောနေတယ်။"ဟလူ ကိုညွန့်ရ ဒေါ်ငြိမ်းအိမ်ကို ဓားပြတိုက်မယ်ပဲ ထင်နေတယ်..ခင်ဗျားနှယ်။ ဒေါ်ငြိမ်းက သူတော်ကောင်းကြီးနှော။ ဘုရားနဲ့တရားနဲ့ သူ့ခမျာ..နေတာ။""ဓားပြတိုက်ပြီဆိုမှတော့ မင်းဓားပြက ဘုရားပြောတာ အရေးစိုက်နေဦးမလား ငမောင်ရ။""နို့... အဘွားကြီးတစ်ဦးတည်း တုံတုံချိချိဗျာ ကျုပ်ဆို သနားတာနဲ့ တိုက်ရက်မှာ မဟုတ်ဘူး""ဓားပြဆိုတာက သနားတာတွေဘာတွေ ဘယ်ရှိမတုန်းကွာ..သူရဖို့ပဲ တွက်မှာပေါ့။""လူပဲဗျာ..စာနာသနားစိတ်တို့ ကိုယ်ချင်းစာစိတ်တို့ ဘာတို့ရှိဦးမှာပေါ့.. အဘွားကြီးက သနားစရာကြီးပါ။ သားနဲ့ချွေးမ မီးလောင်ပြီး ဆုံးသွားတာဖြင့် မကြာသေးဘူး။ သူ့ရှိတဲ့ ပစ္စည်းလေးတွေနဲ့ လှူလိုက်တန်းလိုက် အေးအေး နေတာ။ခင်ဗျားက သတင်းအတိအကျရထားသလို ပြောနေတယ်။ ခင်ဗျား ကိုယ်တိုင် လုပ်တာမဟုတ်ရင်တော့ မဖြစ်နိုင်ပါဘူးဗျာ""ဟကောင်ရ။ သတင်းရမှ မဟုတ်ဘူး။ ကလေးကအစသိတယ်။ အခု ဒေါ်ငြိမ်းအိမ်က ရွာစွန်မှာလည်း ဖြစ်သလို မီးရထား သံလမ်းကုန်းနဲ့လည်း ကပ်လျက်။ အဲကုန်းကို အကာအကွယ်ယူပြီးပြေးရင် သေနတ်လည်း မမီဘူး။ ဟိုဘက်မှာ တောစပ်က ကပ်လျက်။ တို့ပြည်သူ့စစ် ပတ္တရောင်လှည့်ရင်လည်း အဲဒီဘက်ကို မနက် ၂နာရီလောက်မှ ရောက်တာ။ ကြားထဲမှာ လုပ်ပါလေ့ကွာ။ ခုမဲ့ခံမဲ့လူမရှိ။ ပစ္စည်းကလည်း ဒီရွာမယ် အပေါဆုံး။ ဘယ်ဓားပြက သွားရည်မကျဘဲ နေနိုင်မတုန်း""ကျုပ်ပြောတာက ကိုယ်ချင်းစာတရားကိုပြောနေတာ။""ကိုယ်ချင်းစာတာက အိမ်ကသားမယား ဗိုက်ဆာနေတာလောက် အရေးမကြီးဘူးကွ။ လူဆိုတာ မိသားစုရှိလာရင် မိသားစုကိုပဲ အရင်ကြည့်ကြတာပဲ။""ခင်ဗျားစကားက အားလုံးကို သိမ်းကျုံးစော်ကားလိုက်သလို ဖြစ်နေပြီ.. ခင်ဗျားက အိမ်နဲ့ထောင်နဲ့ကိုး။ ဒီစကားပြောမှာပေါ့။ ကျုပ်က တစ်ကောင်ကြွက် တစ်မျက်နှာဗျ။ ချွင်းချက်လေးဘာလေးနဲ့ ပြောမှပေါ့။ အစားကိုသာ ကုန်အောင်စားစမ်းပါဗျာ။ ခေါင်းပြတ်ချင်နေပြီထင်တယ်။""အို...မင်းနှယ် ..မင်းနဲ့ငါရယ်ပဲရှိလို့ ဒီစကားပြောတာပေါ့။ ဒါပေမဲ့ မင်းမှတ်ထားကွယ့် ဒီစကားဟာ ကိုးဆယ်ရာခိုင်နှုန်း မှန်တယ်။ ကိစ္စတစ်ခုကို ဒီအတိုင်းဖြစ်လိမ့်မယ်လို့ အခါ တစ်ရာ ရမ်းပြော။ အခါကိုးဆယ် မှန်လိမ့်မယ်။ မှားချင်လည်း မှားလိမ့်မပေါ့။ ဆယ်ခါလောက်။""တော်ဗျာ..တော်ဗျာ အလကားနေရင်း ကိုယ့်ပါးစပ်နဲ့ကိုယ် အကုသိုလ်ယူနေတယ်။ ဒီမယ်ကိုညွန့် ကျုပ်သာဓားပြဆိုရင်လေ အရက်ပုန်းရောင်းတဲ့ ငဆင့်အိမ်ကို တိုက်မယ်။ ငွေတိုးချေးတဲ့ ငချစ်တီးအိမ်ကို တိုက်မယ်။ ညာစားနေတဲ့ သာဘွားအိမ်ကို တိုက်မယ်။ လေကန်တဲ့ ငွေမှန်အိမ်ကိုတိုက်မယ်""ဟလူရ.. အဲဒီအိမ်တွေတိုက်ရင် မင်းဓားပြ ရူးနေလို့ပဲ။ အတွင်းပိုင်းကျတယ်။ ပြေးလမ်း မရှိဘူး။ ရွာတွင်းမှာ မမိလို့ လွတ်စေဦး ရွာပြင်ထွက်တာနဲ့ လယ်ကွင်းတွေဘက်က ဖြတ်ထွက်ရမှာ။ လယ်ကွင်းပေါ်မှာ ထီးထီးကြီး ပြေးတုန်း မီးမောင်းထိုးပြီး ငှက်ပစ်သလို အပစ်ခံရလို့ အရိုးပါမတွန်နိုင်ပဲ ဖြစ်သွားမယ်။""အို ဘာပဲဖြစ်ဖြစ် ဒေါ်ငြိမ်းအိမ်ကတော့ မဖြစ်နိုင်ပါဘူးဗျာ။ စိတ်ကောင်းရှိကရှိနဲ့။ လုပ်ချင်းလုပ်ရင် လူသားဝါဒတို့ ဘာတို့နဲ့ မငြိတဲ့ ဟိုလူတွေအိမ်ပဲ လုပ်ကြမှာပါဗျာ။""လုပ်မှာကွယ့် လုပ်မှာကွယ့် ကြည့်နေ။ လူဆိုတာ ခက်တာကို မလုပ်ဘူး။ လွယ်တာပဲ လုပ်တယ်။ မသေချာတာကို မလုပ်ဘူး။ သေချာတာပဲ လုပ်တယ်ကွယ့် မှတ်ထား။ ဒါနဲ့ မင်းကို ငါအခုမှသိတယ်။ မင်းက မြင်းခွာသံကြားရင်ကို မြင်းပြေးလာတယ် မပြောဘဲ မြင်းကျားပြေးလာတယ် ပြောချင်နေတဲ့ လူစားမျိုးကိုးကွယ့်""ဘာတုန်းဗျာ ခင်ဗျားဥပမာက။"ဦးညွန့်က ပုဆိုးကို အကျအန ပြန်ဝတ်တယ်။ အုတ်ကန်ကို ဘိလပ်မြေတွေ ဘတ်ခနဲဘတ်ခနဲကပ်ရင်း ပုံပြင်တစ်ပုဒ်ကို ပြောပြတယ်။ သူပြောတဲ့ပုံပြင်ကို တကယ့်စာထဲတော့ ခုထိတစ်ခါမှ မဖတ်ဖူးသေးဘူး။ လုပ်ကြံပြောတာ ဖြစ်ဖို့များတယ်။ အမှတ်ရစရာကောင်းလို့ တဆင့်ပြန်ပြောပြလိုက်တာပါ။ နားထောင်ကြည့်ကြပါဦး။"တစ်ခါက သားအဖနှစ်ယောက် ရှိသတဲ့။ သားက တက္ကသီလာမှာ ပညာလေးဘာလေး သင်ထားတော့ မင်းလိုပဲ နည်းနည်း ကွန့်ချင်တာပေါ့ ငမောင်။ တစ်ည... မြင်းခွာသံတွေကြားတော့ အဖေက စောင်ခေါင်းမြီးခြုံထားတာက ထတဲ့ပြီး ဘာသံတုန်းသားကြီးလို့ မေးတယ်တဲ့။ သားလုပ်တဲ့သူက 'မြင်းခွာသံတွေအဘ။ ဇီးဘရားလို့ခေါ်တဲ့ မြင်းကျားတွေ လာနေတာ' လို့ပြောတယ်။ဒါနဲ့ အဖေက 'သေချာလှချည်လား သားကြီးရ။ မြင်းခွာသံလေး ကြားရတာနဲ့ မြင်းကျားလာနေတာလို့ ပြောနိုင်သလား။ သားမောင် တို့ကျောင်းက ဂလိုကို သင်ပေးလိုက်တာလား။ တယ်ဟုတ်ကွာ' လို့ပြောလိုက်တော့ သားလုပ်သူက ကျောင်းဆရာ ကိုကျော်စွာ ကျောင်းနှစ်ပတ်လည် ဆုပေးပွဲမှာ မိုက်ကိုင်ခွင့်ရတုန်းက မိန့်ခွန်းတက်ပြောတဲ့ လေသံနဲ့ 'အဘတို့ အဲဒါတွေခက်တာပဲဗျာ။ တက္ကသိုလ် ပညာရေးဆိုတာဟာ ဝေးအော့ဖ်သင်းကင်းကို သင်ပေးလိုက်တာ။ အဋ္ဌာရသ ဆယ့်ရှစ်ရပ်ထဲမှာ အခု လိတ်တက်စ် အက်ဂျူဂေးရှင်း စစ်စတမ်ထဲ ခရစ်တစ်ကယ် သင်းကင်းဆိုတာကိုပါ နောက်တိုး ထပ်ထည့်ထားတော့ ၁၉ ရပ်ဖြစ်သွားပြီး သိပ်တိုးတက်ကုန်ပြီ။ ဘားမိစ်လိုတော့ ကျုပ်လည်း မပြောတတ်ဘူး။ ဘုတ်အုပ်ပြန်လှန်မှပဲ။"ဆိုပြီး ပေရှည်နေသေးတယ်။ အဖေက မျက်ထောင့်နီကြီးနဲ့ ကြည့်တော့မှ ကိုယ်ရည်သွေးတာတွေ ရပ်ပြီး ခုလို သောက်တလွဲကြီးပြောတယ် ငမောင်ရ။'မြင်းကျားတွေက ပြေးတဲ့အခါ နည်းနည်းပိုနှေးပေမဲ့ ဟိုကွေ့ဒီကွေ့ ပြေးတတ်တယ်လို့ အန်ဆိုင်ကလိုပီးဒီးယား စာမျက်နှာ ၆၇၈စာကြောင်းရေ ၉ မှာဆိုထားတယ် အဘရ။ သင်းတို့က ကဆုန်စိုင်းပြီးလည်း ပြေးတတ်တယ်လို့ အတိအကျ ဆိုထားတဲ့ အာတီကယ်လ်လည်း ရှိပေတယ်။ အခု မြင်းခွာသံတွေက ကဆုန်စိုင်းပြီး ပြေးလာတဲ့အသံ။ ပြီးတော့ ခွာသံကို သေသေချာချာ နားထောင်ကြည့်။ ဘယ်ဘက်ကပ်လိုက် ညာဘက်ကပ်လိုက် ဖြစ်သွားတယ် တွေ့လားအဘရ။ ဒါဟာ နောက်ကရန်သူကို မျက်ခြေဖြတ်ဖို့ မြင်းကျားတွေ လုပ်လေ့လုပ်ထရှိတဲ့ အလေ့အထ ဟက်ဗစ်တစ်မျိုးပဲ။ ဒီမြင်းကျားဟာ နောက်ခြေထောက် နည်းနည်းဆာနေပုံလည်း ရတယ်' လို့ပြောတယ်။ဒါနဲ့ အဖေက 'အေးငါ့သား မင်းပြောတာ မင်းတို့ကျောင်းမှာတော့ ဟုတ်ချင်လည်းဟုတ်မယ်။ ငတို့အရပ်မှာတော့ မင်းပြောသလို မြင်းကျားဆိုတဲ့ အကောင်မျိုးလည်း မမွေးသေးဘူး။ ဇီးပြားလည်း အကောင်လိုက် ဘယ်သူမှ မမြင်ဖူးဘူး။ မင်းမိန်းမရမှ အဲလိုအကောင်မျိုးကို မွေးပေတော့။ ဒီတော့ အဲဒီမင်းရဲ့ သောက်သုံးမကျတဲ့ ကျောင်းကထွက်ပြီး ငါ့ဆီမှာပဲ သူရင်းငှားလာ လုပ်'ဆိုပြီး နားရင်းအုပ်လိုက်သတဲ့။"ဟုတ်တယ်။ ဦးညွန့်ပြောသလိုပဲ။ နောက်တစ်ရက်နှစ်ရက်နေတော့ ဒေါ်ငြိမ်းအိမ် ဓားပြတိုက်ခံရတယ်။ ဓားပြကိုတော့ မမိဘူး။ ဒါပေမဲ့ အခင်းဖြစ်ပြီး နောက်နေ့မှာ ဦးညွှန့်တို့လည်း ရွာကပျောက်သွားတော့ တရွာလုံးက သူတို့နှစ်ယောက်တိုက်တာဖြစ်တယ် လို့ပဲ ရိုးစွပ်ကုန်ကြတယ်။ အဘွားလည်း သူခိုးလက်ခံ မဖြစ်အောင် တော်တော်ရှင်းယူ လိုက်ရတယ်။ ဟုတ်တယ် မဟုတ်ဘူး ဆိုတာကတော့ ခုထိမသိဘူး။ ဟုတ်ခဲ့ရင်လည်း စာရေးသူတို့အိမ်ကို ဘာလို့ အန္တရာယ် မပြုသွားတာလဲ ဆိုတာကို လော့ဂျစ်ကျကျ မစဉ်းစားတတ်ဘူး။ သူတို့နှစ်ယောက်ကိုလည်း မတွေ့ဖြစ်ဘူး။ တွေ့ဖြစ်ရင်တောင် မေးဖို့မသင့်တော့ပါဘူး။အခုနောက်ပိုင်း ဘုတ်အုပ်တွေဘာတွေ ပိုက်ဆံမပေးရတိုင်း နင်းကန်ဖတ်မိပြီး ပြောတိုင်းလွဲနေတော့ ဦးညွန့်တို့နဲ့ မြင်းခွာသံပုံပြင်ကို အမှတ်ရပြီး Zebra Syndrome ဖြစ်နေပြီလားလို့ ပြုံးမိတယ်။ ရွာသားတွေစကားကပေမဲ့ မခေဘူးနော်။ သက်ကယ်ရိတ် စကားများလိုပဲ တေးထားရေးထားဦးမှပဲရယ်လို့ ။
Posted by AHlaTaya
လမ်းပေါ်သွားရင်လည်း ကောင်းကောင်းမွန်မွန် ဝတ်ပြီးတော့ မသွားရင် အဲဒါ တွေ့သမျှလူအားလုံးကို စော်ကားတာပဲ။ ဒါဟာ ယုတ်ယင်းမှု၊ ကြမ်းတမ်းမှု၊ ရိုင်းပြမှု၊ စော်ကားမှုတစ်မျိုး ဖြစ်နေတယ်။ဘုရားဟောဝိနည်းတော်ကို လေ့လာကြည့်ရင် ရဟန်းတွေကို “လက်သည်းခွံလောက် ပေါက်နေတဲ့ သင်္ကန်းကို မဝတ်ရဘူး” တဲ့။ စွန့်ပစ်ရမယ်လို့ ပြောတာမဟုတ်ဘူးနော်၊ ဖာထေးရမယ်လို့ ပြောတာ။ “အနားဖွာတဲ့ သင်္ကန်းကို မဝတ်ရဘူး” တဲ့၊ ဝတ်တာကြာလို့ အနားလေးတွေ ဖွာသွားရင် ပြန်လုံးပြီးဝတ်ရမယ်တဲ့။(ကိုယ်ရည်ကိုယ်သွေးမြင့်မားစေရန်-ဆရာတော်ဦးဇောတိက)မှ”အသိတေ ပိတေ သာယိတေ ခါယိတေ သမ္ပဇာန ကာရီဟောတိ“”စားတုန်း၊ သောက်တုန်း၊ ခဲတုန်း၊ လျက်တုန်းမှာ သတိလေးနဲ့ယှဉ်ပြီးတော့ ပြုပါ။“ဘုရားဟောထဲမှာတော့ ရဟန်းတွေအတွက် အသေးစိတ်ဟောထားခဲ့တယ်။ ဆွမ်းဘုဉ်းပေးတဲ့အခါမှာ ဆွမ်းလုတ်ကို လုံးလုံးညီညီလေး လုပ်ရမယ်၊ လုပ်ပြီးတော့ သပ်သပ်ရပ်ရပ်ကလေး ပါးစပ်ထဲ ထည့်ရမယ်၊ ပွကြဲပြီး အောက်ကို ပြန်မကျရဘူး။ကိုယ့်ဟာကိုယ် ထမင်းစားတဲ့အခါလည်း လက်နဲ့ဖြစ်စေ၊ ဇွန်းခက်ရင်းနဲ့ဖြစ်စေ စားတဲ့အခါ စိတ်ကို တည်ငြိမ်အောင် အေးချမ်းအောင်ထားပြီးတော့ ထမင်းကို သပ်သပ်ရပ်ရပ်ကလေး ဖြစ်အောင်၊ ဇွန်းသံ၊ ပန်းကန်သံလည်း မကြားအောင်၊ ဘေးကိုလည်း မကျအောင်လုပ်ပြီးမှ ပါးစပ်ထဲကို ရောက်အောင်ထည့်ရမယ်၊ တစ်လုံးမှကျမသွားအောင် ပြန်ထုတ်ယူရမယ်။ဟင်းချိုသောက်တဲ့အခါမှာ ရဟန်းတော်များအတွက် ဘုရားဟောထားတာ ရှိပါတယ်။ ”ရဟန်းတော်များ ဟင်းချိုသောက်တဲ့အခါမှာ ရှရူးရှရူး အသံမမြည်စေနဲ့“ တဲ့။(ကိုယ်ရည်ကိုယ်သွေးမြင့်မားစေရန်-ဆရာတော်ဦးဇောတိက)မှအစားအစာ(ဘောဇဉ်)၌ အတိုင်းအရှည် သိတတ်သူ ဖြစ်ကြောင်းတရား (ဘောဇနမတ္တညုတ)ကို ဘယ်လို ဟောသလဲဆိုတော့ မြတ်စွာဘုရားက သူ့သာသနာထဲက သားတပည့်တွေ ရဟန်းသံဃာတော်တွေရဲ့ ကိုယ်ရည်ကိုယ်သွေးမြင့်မားရေးကို ဦးတည်ပြီးဟောခဲ့တာ၊ ဒါပေမယ့် အဆင့်မြင့်လူသား ဖြစ်ချင်သူတိုင်းအတွက် ဒီဟောကြားချက်တွေဟာ အလွန်တန်ဖိုးရှိတယ်။အစားအသောက်စားတဲ့အခါ ဥာဏ်အဆင်အခြင်မပါဘဲ မစားရဘူး။ ဉာဏ်နဲ့ ဆင်ခြင်ပြီး သင့်လျော်သောအားဖြင့် စားရမယ်တဲ့။အစားအစာကို စားတဲ့အခါ(က) ကချေသည် ကျွမ်းသမားတို့လို မြူးထူးပျော်ပါးခြင်းငှာ မစားရဘူးတဲ့။(ခ) မင်းစားသလို၊ မှူးမတ်တွေ စားသလို မာန်ယစ်ခြင်းငှာလည်း မစားရဘူးတဲ့။(ဂ) ပြည့်တန်ဆာမတွေ နန်းတွင်းသူတွေလို ခန္ဓာကိုယ်လှပခြင်းငှာ၊ ခန္ဓာကိုယ် တန်ဆာဆင်ခြင်းငှာ မစားရဘူးတဲ့။(ဃ) လက်ဝှေ့သည်၊ လက်ပန်းသည်၊ နပန်းသမားတွေလို အသားအရေကို ပြည့်ဖြိုးခြင်း၊ တိုးပွားခြင်းငှာလည်း မစားရဘူးတဲ့။မြတ်စွာဘုရားက အစားအစာ(ဘောဇဉ်)၌ အတိုင်းအရှည် သိတတ်သူ ဖြစ်ကြောင်းတရား ဆိုတဲ့ ကိုယ်ရည်ကိုယ်သွေးကို ဖော်ပြထားတယ်။(က) ဤကိုယ်တည်တံ့ရန်(ခ) မျှတရန်(ဂ) ပင်ပန်းခြင်းကိုပယ်ဖျောက်ရန်(ဃ) ဆာလောင်မွတ်သိပ်ခြင်းငြိမ်းရန်(င) မြတ်သောအကျင့်ကို ချီးမြောက်ရန် အကျိုးငှာသာလျှင် အစာအာဟာရကို စားသောက်ရမယ်တဲ့၊ ဒီနေရာမှာ မြတ်စွာဘုရားက အစာအာဟာရကို စားသောက်ခြင်းကြောင့် ခံစားမှု ဝေဒနာအဟောင်း၊ ဒါက အစာမစားခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ဝေဒနာကို ပယ်ဖျောက်ဖို့ ရည်ရွယ်ပြီး စားရမယ်။ ခံစားမှု ဝေဒနာသစ်ဆိုတာက အလွန်စားခြင်းကြောင့် ဖြစ်တတ်တဲ့ ဝေဒနာမျိုးလည်း မဖြစ်စေရအောင် ဆင်ခြင်တိုင်းထွာပြီး စားရမယ်။ ဘယ်လိုဆင်ခြင်တိုင်းထွာရမလဲဆိုတော့ ငါ့အား မျှတခြင်းသည် လည်းကောင်း၊ အပြစ်မရှိခြင်းသည်လည်းကောင်း၊ ချမ်းသာစွာနေရခြင်းသည်လည်းကောင်း ဖြစ်လိမ့်မည်ဆိုသော ရည်ရွယ်ချက်ထား၍သာ အစာအာဟာရကို စားရမယ်တဲ့။စားဖွယ်(ဘောဇဉ်)၌(၁) ရောင့်ရဲသူ၏အဖြစ် ”သန္တုဋ္ဌိတာ“ရှိရမယ်။(၂) အတိုင်းအရှည်ကို သိသူ၏အဖြစ် ”မတ္တညုတာ“ရှိရတယ်။(၃) စားဖွယ်ဘောဇဉ်ကိုဆင်ခြင်သူ၏အဖြစ် ”ပဋိသင်္ခါဘောဇဉ်“ရှိသူ ဖြစ်ရမယ်။လို့လည်း ဟောတော်မူတယ်။ဆရာဦးဆန်းလွင်၏ “မြတ်ဗုဒ္ဓ၏ ကိုယ်ရည်ကိုသွေး မြင့်မားရေးတရား (ပထမအကြိမ်) ၊ စာ(၁၅၇-၁၅၈)” - မှ ထုတ်နှုတ်ကူးယူပါသည်။ဒီအချက်တွေဟာ ဘုရားရှင်ကိုယ်တော်မြတ်က သူ့သားတပည့်သံဃာတွေ လိုက်နာကျင့်ကြံဖို့ ဆုံးမထားတဲ့ ဆုံးမသြ၀ါဒတွေပါ။ ဒါပေမယ့် ပုထုဇဉ်လူသားတွေအတွက်လည်း လိုက်နာရင် လိုက်နာနိုင်သလောက်.. ကျင့်ကြံရင်ကျင့်ကြံနိုင်သလောက် အကျိုးများစေတဲ့ ဆုံးမစကားတွေပါပဲ။ ဒါ့ကြောင့် ရဟန်းသံဃာမှမဟုတ်ပါဘူးနော်.. ဘုရားအဆုံးအမဆိုတာ မည်သူမဆို လိုက်နာကျင့်ကြံနိုင်လေ တန်ဖိုးရှိလေပါပဲ။ ဘုရားရှင်ဆုံးမတဲ့ ဆုံးမစကားတွေကို ရဟန်းသံဃာတော်တွေအတွက်သာ ဆုံးမတယ်ဟု စိတ်ထဲမှာ မထားစေလိုပါဘူး.. ကိုယ်တတ်နိုင်ရင် တတ်နိုင်သလောက် လောကီလူ့ဘောင်မှာ ဘုရားအဆုံးအမနဲ့ ထပ်တူနေနိုင်အောင် ကျင့်ကြံစေလိုပါတယ်။ နောက်ပြီး ဒီအကြောင်းအရာတွေ တင်ပေးတယ်ဆိုတာလည်း ရဟန်းသံဃာတော်တွေဟာ ဘယ်လောက်ထိ ကြည်ညိုဖို့ခံထိုက်အောင် ဘုရားအဆုံးအမတွေကို လိုက်နာကျင့်ကြရတယ်ဆိုတာ အများစုသိစေချင်တဲ့အတွက် လည်း ဖော်ပြပေးလိုက်ခြင်းဖြစ်ပါတယ်။ မိမိကိုယ်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့် တလောကလုံးကို အလှဆင်နိုင်ကြပါစေ။
စာရေးသူ။ မောင်ကောင်း
လမ်းပေါ်သွားရင်လည်း ကောင်းကောင်းမွန်မွန် ဝတ်ပြီးတော့ မသွားရင် အဲဒါ တွေ့သမျှလူအားလုံးကို စော်ကားတာပဲ။ ဒါဟာ ယုတ်ယင်းမှု၊ ကြမ်းတမ်းမှု၊ ရိုင်းပြမှု၊ စော်ကားမှုတစ်မျိုး ဖြစ်နေတယ်။ဘုရားဟောဝိနည်းတော်ကို လေ့လာကြည့်ရင် ရဟန်းတွေကို “လက်သည်းခွံလောက် ပေါက်နေတဲ့ သင်္ကန်းကို မဝတ်ရဘူး” တဲ့။ စွန့်ပစ်ရမယ်လို့ ပြောတာမဟုတ်ဘူးနော်၊ ဖာထေးရမယ်လို့ ပြောတာ။ “အနားဖွာတဲ့ သင်္ကန်းကို မဝတ်ရဘူး” တဲ့၊ ဝတ်တာကြာလို့ အနားလေးတွေ ဖွာသွားရင် ပြန်လုံးပြီးဝတ်ရမယ်တဲ့။(ကိုယ်ရည်ကိုယ်သွေးမြင့်မားစေရန်-ဆရာတော်ဦးဇောတိက)မှ”အသိတေ ပိတေ သာယိတေ ခါယိတေ သမ္ပဇာန ကာရီဟောတိ“”စားတုန်း၊ သောက်တုန်း၊ ခဲတုန်း၊ လျက်တုန်းမှာ သတိလေးနဲ့ယှဉ်ပြီးတော့ ပြုပါ။“ဘုရားဟောထဲမှာတော့ ရဟန်းတွေအတွက် အသေးစိတ်ဟောထားခဲ့တယ်။ ဆွမ်းဘုဉ်းပေးတဲ့အခါမှာ ဆွမ်းလုတ်ကို လုံးလုံးညီညီလေး လုပ်ရမယ်၊ လုပ်ပြီးတော့ သပ်သပ်ရပ်ရပ်ကလေး ပါးစပ်ထဲ ထည့်ရမယ်၊ ပွကြဲပြီး အောက်ကို ပြန်မကျရဘူး။ကိုယ့်ဟာကိုယ် ထမင်းစားတဲ့အခါလည်း လက်နဲ့ဖြစ်စေ၊ ဇွန်းခက်ရင်းနဲ့ဖြစ်စေ စားတဲ့အခါ စိတ်ကို တည်ငြိမ်အောင် အေးချမ်းအောင်ထားပြီးတော့ ထမင်းကို သပ်သပ်ရပ်ရပ်ကလေး ဖြစ်အောင်၊ ဇွန်းသံ၊ ပန်းကန်သံလည်း မကြားအောင်၊ ဘေးကိုလည်း မကျအောင်လုပ်ပြီးမှ ပါးစပ်ထဲကို ရောက်အောင်ထည့်ရမယ်၊ တစ်လုံးမှကျမသွားအောင် ပြန်ထုတ်ယူရမယ်။ဟင်းချိုသောက်တဲ့အခါမှာ ရဟန်းတော်များအတွက် ဘုရားဟောထားတာ ရှိပါတယ်။ ”ရဟန်းတော်များ ဟင်းချိုသောက်တဲ့အခါမှာ ရှရူးရှရူး အသံမမြည်စေနဲ့“ တဲ့။(ကိုယ်ရည်ကိုယ်သွေးမြင့်မားစေရန်-ဆရာတော်ဦးဇောတိက)မှအစားအစာ(ဘောဇဉ်)၌ အတိုင်းအရှည် သိတတ်သူ ဖြစ်ကြောင်းတရား (ဘောဇနမတ္တညုတ)ကို ဘယ်လို ဟောသလဲဆိုတော့ မြတ်စွာဘုရားက သူ့သာသနာထဲက သားတပည့်တွေ ရဟန်းသံဃာတော်တွေရဲ့ ကိုယ်ရည်ကိုယ်သွေးမြင့်မားရေးကို ဦးတည်ပြီးဟောခဲ့တာ၊ ဒါပေမယ့် အဆင့်မြင့်လူသား ဖြစ်ချင်သူတိုင်းအတွက် ဒီဟောကြားချက်တွေဟာ အလွန်တန်ဖိုးရှိတယ်။အစားအသောက်စားတဲ့အခါ ဥာဏ်အဆင်အခြင်မပါဘဲ မစားရဘူး။ ဉာဏ်နဲ့ ဆင်ခြင်ပြီး သင့်လျော်သောအားဖြင့် စားရမယ်တဲ့။အစားအစာကို စားတဲ့အခါ(က) ကချေသည် ကျွမ်းသမားတို့လို မြူးထူးပျော်ပါးခြင်းငှာ မစားရဘူးတဲ့။(ခ) မင်းစားသလို၊ မှူးမတ်တွေ စားသလို မာန်ယစ်ခြင်းငှာလည်း မစားရဘူးတဲ့။(ဂ) ပြည့်တန်ဆာမတွေ နန်းတွင်းသူတွေလို ခန္ဓာကိုယ်လှပခြင်းငှာ၊ ခန္ဓာကိုယ် တန်ဆာဆင်ခြင်းငှာ မစားရဘူးတဲ့။(ဃ) လက်ဝှေ့သည်၊ လက်ပန်းသည်၊ နပန်းသမားတွေလို အသားအရေကို ပြည့်ဖြိုးခြင်း၊ တိုးပွားခြင်းငှာလည်း မစားရဘူးတဲ့။မြတ်စွာဘုရားက အစားအစာ(ဘောဇဉ်)၌ အတိုင်းအရှည် သိတတ်သူ ဖြစ်ကြောင်းတရား ဆိုတဲ့ ကိုယ်ရည်ကိုယ်သွေးကို ဖော်ပြထားတယ်။(က) ဤကိုယ်တည်တံ့ရန်(ခ) မျှတရန်(ဂ) ပင်ပန်းခြင်းကိုပယ်ဖျောက်ရန်(ဃ) ဆာလောင်မွတ်သိပ်ခြင်းငြိမ်းရန်(င) မြတ်သောအကျင့်ကို ချီးမြောက်ရန် အကျိုးငှာသာလျှင် အစာအာဟာရကို စားသောက်ရမယ်တဲ့၊ ဒီနေရာမှာ မြတ်စွာဘုရားက အစာအာဟာရကို စားသောက်ခြင်းကြောင့် ခံစားမှု ဝေဒနာအဟောင်း၊ ဒါက အစာမစားခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ဝေဒနာကို ပယ်ဖျောက်ဖို့ ရည်ရွယ်ပြီး စားရမယ်။ ခံစားမှု ဝေဒနာသစ်ဆိုတာက အလွန်စားခြင်းကြောင့် ဖြစ်တတ်တဲ့ ဝေဒနာမျိုးလည်း မဖြစ်စေရအောင် ဆင်ခြင်တိုင်းထွာပြီး စားရမယ်။ ဘယ်လိုဆင်ခြင်တိုင်းထွာရမလဲဆိုတော့ ငါ့အား မျှတခြင်းသည် လည်းကောင်း၊ အပြစ်မရှိခြင်းသည်လည်းကောင်း၊ ချမ်းသာစွာနေရခြင်းသည်လည်းကောင်း ဖြစ်လိမ့်မည်ဆိုသော ရည်ရွယ်ချက်ထား၍သာ အစာအာဟာရကို စားရမယ်တဲ့။စားဖွယ်(ဘောဇဉ်)၌(၁) ရောင့်ရဲသူ၏အဖြစ် ”သန္တုဋ္ဌိတာ“ရှိရမယ်။(၂) အတိုင်းအရှည်ကို သိသူ၏အဖြစ် ”မတ္တညုတာ“ရှိရတယ်။(၃) စားဖွယ်ဘောဇဉ်ကိုဆင်ခြင်သူ၏အဖြစ် ”ပဋိသင်္ခါဘောဇဉ်“ရှိသူ ဖြစ်ရမယ်။လို့လည်း ဟောတော်မူတယ်။ဆရာဦးဆန်းလွင်၏ “မြတ်ဗုဒ္ဓ၏ ကိုယ်ရည်ကိုသွေး မြင့်မားရေးတရား (ပထမအကြိမ်) ၊ စာ(၁၅၇-၁၅၈)” - မှ ထုတ်နှုတ်ကူးယူပါသည်။ဒီအချက်တွေဟာ ဘုရားရှင်ကိုယ်တော်မြတ်က သူ့သားတပည့်သံဃာတွေ လိုက်နာကျင့်ကြံဖို့ ဆုံးမထားတဲ့ ဆုံးမသြ၀ါဒတွေပါ။ ဒါပေမယ့် ပုထုဇဉ်လူသားတွေအတွက်လည်း လိုက်နာရင် လိုက်နာနိုင်သလောက်.. ကျင့်ကြံရင်ကျင့်ကြံနိုင်သလောက် အကျိုးများစေတဲ့ ဆုံးမစကားတွေပါပဲ။ ဒါ့ကြောင့် ရဟန်းသံဃာမှမဟုတ်ပါဘူးနော်.. ဘုရားအဆုံးအမဆိုတာ မည်သူမဆို လိုက်နာကျင့်ကြံနိုင်လေ တန်ဖိုးရှိလေပါပဲ။ ဘုရားရှင်ဆုံးမတဲ့ ဆုံးမစကားတွေကို ရဟန်းသံဃာတော်တွေအတွက်သာ ဆုံးမတယ်ဟု စိတ်ထဲမှာ မထားစေလိုပါဘူး.. ကိုယ်တတ်နိုင်ရင် တတ်နိုင်သလောက် လောကီလူ့ဘောင်မှာ ဘုရားအဆုံးအမနဲ့ ထပ်တူနေနိုင်အောင် ကျင့်ကြံစေလိုပါတယ်။ နောက်ပြီး ဒီအကြောင်းအရာတွေ တင်ပေးတယ်ဆိုတာလည်း ရဟန်းသံဃာတော်တွေဟာ ဘယ်လောက်ထိ ကြည်ညိုဖို့ခံထိုက်အောင် ဘုရားအဆုံးအမတွေကို လိုက်နာကျင့်ကြရတယ်ဆိုတာ အများစုသိစေချင်တဲ့အတွက် လည်း ဖော်ပြပေးလိုက်ခြင်းဖြစ်ပါတယ်။ မိမိကိုယ်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့် တလောကလုံးကို အလှဆင်နိုင်ကြပါစေ။
စာရေးသူ။ မောင်ကောင်း
ast night, in the second of his rains-retreat talks for 2009, Phra Cittasamvaro Bhikkhu talkled about how getting as close as possible to the historical Buddha's original words is important for him in his practice and understanding of Buddhism, and how one of his favourite teachings, cherry-picking being inevitable, is the Ratha-vinita Sutta, or the Sutta on the Relay Chariots.Updating the analogy somewhat from the seven relay chariots used by King Pasenadi Kosala to get from Savatthi to Saketa, Phra Pandit talked about his journey back from last night's yoga studio on Sukhumvit to his temple on the other side of the river. First he has to walk to the BTS station, then change lines at Siam, get off and catch a boat, walk a little, and finally take a taxi.Each chariot, or form of transport in Phra Pandit's updated version, stands for good spiritual and practice qualities that must be developed in order to make progress on the path. In the Sutta these are described as virtue, concentration, right view, clarity, and knowledge and vision, with the final destination being "unbinding through lack of clinging".And whereas the sutta has sometimes been understood to suggest that each quality must be perfected before moving onto the next one, like ascending levels in a game, Phra Cittasamvaro presented a much more user-friendly approach to the teaching. The beauty of this sutta, for him, is its focus on the goal, and the teaching that all spiritual qualities are simply ways of getting there.You use a taxi when you need to, get on the skytrain when you need to, but you don't get stuck on these, you focus on the destination. Likewise on the spiritual path, our goal, he said, is the deathless, the unconditioned, and work on spiritual qualities is to help carry us there. This means we don't have to be perfect to engage in the spiritual life, just so long as we keep on moving.And key to this, Phra Pandit suggested, is mindfulness. The pivot between faith and wisdom, peace and energy. Mindfulness as a willingness to stop and see what is happening. Not the attempt to create a certain state of mind, but simply to observe the mind. Mindfulness as the fuel, I suppose, to reach this goal of "unbinding", the purity and happiness of the mind at rest.Links:
Access to Insight: Ratha-vinita Sutta
Wikipedia: The Visuddhimagga CommentaryOn Littlebang:
Littlebang: The Way of Wisdom - introduction
Littlebang: The Way of Wisdom - weekly topicsOn Marcus' Journal:
The Way of Wisdom: Introduction
The Way of Wisdom: Prelude
The Way of Wisdom: PanyaPhoto: Early 18th century mural (detail), Wat Ko, Phetchaburi. Apologies for the poor quality of the image.
ဗုဒ္ဓဘုရားရှင် ( ၄၅ ) ၀ါပတ်လုံး ဟောကြားတော် မူခဲ့သော တရား ဒေသနာတော် များသည် သံသရာ ၀ဋ်ဆင်းရဲမှ လွတ်မြောက်ရေး ကိုသာ အများအားဖြင့် ရှေးရှု ဟောကြားခဲ့သည်မှာ မှန်ပါသော်လည်း ဘုရားရှင်၏ ရည်ရွယ်တော် မူရင်းအတိုင်း ၀ိမုတ္တိ ရသကို မခံစားရ သေးမီ အတွင်းမှာပင် လောကီ သုခကို လက်တွေ့ ခံစားနိုင်ခွင့် ရရေးအတွက် လောကီကြီးပွားရေး၊ လူမှုရေး တရားတို့ကိုလည်း ဟောကြားခဲ့ပါသည်။ထိုလူမှုရေးတရားတွင် လူ့လောက လူ့ဘောင်အတွက် အရေးကြီးဆုံး လူမှုရေး တာဝန်ဖြစ်သော လင်ယောက်ျား ကျင့်ဝတ်၊ ဇနီးမယား ကျင့်ဝတ်တို့သည် လူ့လောက လူ့ဘောင် သာယာဝပြောရေး၊ ပစ္စုပ္ပန် သံသရာနှစ်ဖြာ ကောင်းကျိုး စီးပွား ဆောင်ရွက်နိုင်ရေး တို့အတွက် အလွန်ပင် အရေးပါလှသော ကျင့်ဝတ်များ ဖြစ်ပါသည်။ဗုဒ္ဓဘုရားရှင်က သိင်္ဂါလ သတို့သားအား ဟောကြားခဲ့သော လင့်ကျင့်ဝတ်၊ မယားကျင့်ဝတ် တို့ကို သင်္ဂဇာ ဆရာတော် ဘုရားကြီးက မြန်မာဘာသာ လင်္ကာဖြင့် ပြုစု ရေးသားခဲ့ပါသည်။လင့်ကျင့်ဝတ် ငါးပါး ( ၁ ) မထေမဲ့ကင်း( ၂ ) အပ်နှင်းဥစ္စာ( ၃ ) မိစ္ဆာမမှား( ၄ ) ၀တ်စားဆင်ယင်( ၅ ) မြတ်နိုးကြင် ငါးအင်လင်ကျင့်ရာ။ဤဖော်ပြပါ လင်ကျင့်ဝတ် အချက်ကြီးများတွင် မည်သည့် အချက်သည် အရေးမကြီး လှသဖြင့် လိုက်နာရန် မလိုဟု ယူဆစရာ အချက်တစ်ချက်မျှ မပါဝင်ပေ ။
မထေမဲ့ကင်း"ငါက ယောက်ျားဖြစ်သည့် အတိုင်း အိမ်ထောင် တစ်ခုလုံး အတွက် ရှာဖွေ ကျွေးမွေးကာ တာဝန်ယူရသူ ဖြစ်သည်။ ထို့ကြောင့် ငါ့လုပ်စာ စားနေသော မိန်းမသား အပေါ်၌ အရေးတယူ အလေးမူစရာ မလို" ဟူ၍လည်းကောင်း၊ "ငါက ယောက်ျားရင့်မာကြီး ဖြစ်သောကြောင့် ငါလုပ်သမျှ ငါပြောသမျှ ခံရမည်သာ ဖြစ်သော အားနွဲ့သည့် မိန်းမသား အပေါ်၌ ရိုသေလေးစား အရေးထားလျှင် ပိုရုံပဲရှိမည်" ဟူသော သဘောထားကာ နှိမ့်ချပြီး ပေါင်းသင်း ဆက်ဆံလျှင်သော် လည်းကောင်း တရားတော့မည် မဟုတ်သလို ယောက်ျားကောင်း တစ်ယောက်လည်း ပီသတော့မည် မဟုတ်ပါချေ။ အချို့ ယောက်ျားတို့သည် အားထားလောက်သော ဇနီး၊ လေးစားလောက်သော ဇနီး၊ ငဲ့ညှာထိုက်သော အချက်အလက် များနှင့် ပြည့်စုံသော ဇနီးမျိုးကို ရစေကာမူ ---- မယားနေစ ကြောင်သေမှ- မယားနှင့်နွား မသနားနှင့် -ဟူသော လူမိုက်တို့၏ စကားကို အားကျကာ တစ်ဖက်သက် အနိုင်ယူတတ်ဖို့ လောက်သာ အာရုံပြုထား စိတ်ဝင်စား ကြသည်။ "မိန်းမကို ဘယ်လို သွားကျိုးအောင် ချိုးရမည်လဲ၊ ဘယ်လို အနိုင်ယူရ မည်လဲ" ဟု မေတ္တာ မဖက်သော စိတ်ဓာတ်ဖြင့် ရန်သူသဖွယ်၊ မိမိက ယောက်ျားကောင်း၊ ယောက်ျားမြတ် သဖွယ် သဘောထားကာ ကိုယ်ဖြင့် လည်းကောင်း၊ နှုတ်ဖြင့် လည်းကောင်း အမျိုးမျိုးသော နှိပ်စက်မှု မျိုးကို ပြုတတ်ကြ လေသည်။ ထိုကဲ့သို့သော ယောက်ျားဆိုး တို့၏ မတရားသဖြင့် မထေမဲ့မြင်ပြုမှု၊ ပြောဆို နှိပ်စက်မှုများကို အချို့ အမျိုးသမီးများ အဖို့ မျိုသိပ်ကာ သည်းခံ နေကြလိမ့်မည် မဟုတ်ချေ။ "ပါးကိုက်တော့ နားကိုက်မည်" ဆိုသကဲ့သို့ စွမ်းအား ရှိသရွေ့ တုံ့ပြန်တတ်ကြ သည်ကို တွေ့ရ မြင်ရဖူးကြ ပေလိမ့်မည်။အချို့ အမျိုးသမီးများ အဖို့ အကြောင်း အမျိုးမျိုးတို့ကြောင့် "မနိုင်၍ သည်းခံရခြင်း" သဘောဖြင့် ပြုမူနေထိုင်ကြ ရသော်လည်း "နေသေးသပ ခြုံထဲက - ချိုသွေးသပ တမြမြ" ဆိုသကဲ့သို့ ရှိတတ်ကြ လေသည်။ အချို့ အမျိုးသမီးများမူ ထိုကဲ့သို့ ဆိုးဝါးသော လင်သား အပေါ်၌ မိမိ၏ အားကိုးရာ မဲ့သော အခြေအနေ၊ ချစ်ခင် စွဲလန်းသောစိတ် စသည်တို့ ဖုံးလွှမ်းထား မှုကြောင့် တုန့်ပြန်ရေး၊ လက်စား ချေရေးကို မတွေးတော ရှာတော့ဘဲ ဘ၀ကုသိုလ်ကံပဲဟု ဆိုကာ အညှင်းဆဲခံဘ၀၊ မထေမဲ့မြင် အပြုခံဘ၀ဖြင့် အိမ်ထောင်မှု ဒုက္ခကို စုံမှိတ်၍ ခံကြရ ရှာလေသည်။ ဤကဲ့သို့သော အိမ်ထောင်ရေး ဒုက္ခများ မရောက်ကြ စေရန်နှင့် နှိမ့်ချ ခေါ်ဝေါ် ပြောဆိုခြင်း စသော မထေမဲ့မြင် မပြုရဟု ဘုရားရှင်က လင်ကောင်း တစ်ယောက်၏ ဦးစွာသော ကျင့်ဝတ်ကို ဟောကြားတော် မူခဲ့ခြင်း ဖြစ်ပါသည်။ဤနေရာတွင် ချစ်မေတ္တာ အရင်းခံဖြင့် ချစ်စနိုး ခေါ်ဝေါ် ပြုမူမှုများကိုကား မထေမဲ့မြင် ပြောဆို ပြုမူခြင်းဟူ၍ မယူဆထိုက်ပေ။ "အကျီစားသန် ရန်ဖြစ်" ဟူသော အဆိုစကား အရ တစ်ဦးနှင့်တစ်ဦး မခံချင် လောက်အောင် ကျီစားမှု - အကြီးအကျယ် ရန်မီးပွားစေ တတ်သည် အထိ ပြုမူ ပြောဆိုမှုတို့ကား မပြုလုပ်၊ မပြောဆိုသင့်ကြပေ။ အချို့သော လင်ယောက်ျားများက -"မိန်းမရှိခိုး - သွားမကျိုး၊မိန်းမရိုသေ - အသက်ရှည်"ဟူသော ဆိုရိုးများကို လက်ကိုင်ပြုကာ လွန်လွန်ကဲကဲ အရေး ပေးတတ်ကြသဖြင့် အပေါင်းအသင်း လောက၌ အဆင်မပြေခြင်း၊ ကြီးပွားရေး လမ်းစ မဖြောင့်ဖြူးခြင်း စသော အပြစ်များ ဖြစ်ပွားတတ်ကြ ပေသည် ။ "ကျီး ဘုတ်ရိုသေ၊ ဘုတ် ကျီးရိုသေ" ဆိုသော စကားပုံ ကဲ့သို့ လည်းကောင်း၊ “လင်နှင့်မယား လျှာနှင့်သွား” ဆိုသကဲ့သို့ လည်းကောင်း မယုတ်မလွန် တစ်ဦးနှင့် တစ်ဦး မေတ္တာနှင့်ယှဉ် စေတနာဖြင့် ငင်၍ အိမ်ထောင် သာယာရေးကို တည်ဆောက် ကြရသည်။
အပ်နှင်းဥစ္စာအိမ်ဦးနတ်ဟု ခေါ်ဝေါ် သမုတ်ခံရသော အိမ်ထောင်ဦးစီး ဖြစ်သော လင်ယောက်ျား တို့သည် အများအားဖြင့် အိမ်၏ပြင်ပသို့ ထွက်ကာ ပစ္စည်းဥစ္စာ ရှာဖွေခြင်းဖြင့် အချိန်များစွာ ကုန်ရလေသည်။ ထို့ကြောင့် ရလာသော ပစ္စည်းကို အိမ်နှင့် ကြမ်းမကွာ ဝေဖန် သုံးစွဲလျက် အိမ်မှုကိစ္စကို ကျေပွန်အောင် ဆောင်ရွက်ရမည့် တာဝန်ရှိသော အိမ်သူ သားမယားအား ရသမျှ ဥစ္စာ ပစ္စည်းများကို အပ်နှင်း သင့်လှပါသည်။ အချို့ ယောက်ျားများသည် စိတ်ချရသော မိန်းမ၊ မျက်နှာ လွှဲရသော မိန်းမများ အပေါ်မှာပင် ရသမျှ ပစ္စည်းဥစ္စာတို့ကို ပုံနှံ မအပ်ဘဲ အကြံဆိုးဖြင့် တိတ်တဆိတ် စုဆောင်းထားကြ ပြီးလျှင် အလွဲသုံးစား ပြုခြင်း ၊ တရားမျှတမှု မရှိဘဲ မိမိကိုယ်တိုင် ဝေဖန် ခွဲခြမ်းခြင်း စသည်တို့ကို ပြုလုပ်တတ်ကြ လေသည်။ ထိုအခါ ဓာတ်ဆီ မထည့်သော ကားကြီးကဲ့သို့ အိမ်ထောင်ရေး သုခတည်းဟူသော ပန်းတိုင်သို့ ရောက်အောင် မမောင်းနှင် နိုင်ဘဲ ရှိတတ်ကြ လေသည်။ မိန်းမထံ ဥစ္စာ မအပ်နှံသဖြင့် အိမ်သူ မိန်းမမှ စိတ်ဆင်းရဲဖွယ် အမျိုးမျိုးနှင့် ကြုံရပြီးလျှင် ကြာလေကြာလေ မိမိ ဂုဏ်သိက္ခာကိုပါ ထိခိုက်လာသည်ဟု ဆိုကာ မထေမဲ့မြင် ပြုလာတော့သဖြင့် လင်ယောက်ျား ကိုယ်တိုင်ပင် စိတ်ဆင်းရဲဖွယ် အမျိုးမျိုးနှင့် ကြုံရတတ် လေသည် ။
မိစ္ဆာမမှားတဏှာချစ်နှင့် ပက်သက်လာလျှင် မနာလိုစိတ်၊ သ၀န်တိုစိတ် ရှိကြသည်မှာ လောက ဓမ္မတာ သဘောမျိုးဖြစ်သည်။ "မုန့်သာ ဝေစားမယ် ၊ လင်ကို ဝေမစားနိုင်ဘူး"၊ "ထမင်းကိုသာ ဝေသာစားရဲ့ လင်ကို မထိနဲ့ဆရာ" ဟူသော လောက ဝေါဟာရအရ ပြောဆိုကြလျှက် ရှိရာ ဝေစားရလျှင် - အထိခံရလျှင် ဒေါသကြီးကာ မီးပွင့်တတ်ကြ စမြဲ ဖြစ်သည်။ ထို့ကြောင့် လင်က ကိုယ်ပိုင် မယားကိုသာ အလိုရှိသကဲ့သို့ မယားကလည်း ကိုယ့်လင် တစ်ဦးတည်း ကိုသာ အလိုရှိတတ် ကြပေသည်။ အချို့ သူတို့သည် ချစ်သူ များများရှိခြင်း ၊ မယားများများ ယူနိုင်ခြင်း ကိုပင် အသာအယာကြီး သာယာကာ ဂုဏ်ယူ တတ်ကြပေသည်။"ယောက်ျားကောင်း မောင်းမတစ်ထောင်" ဟူသော စကားကို အသုံးပြုကာ မယားများများ ရမှုကို အားကျ သဘော ကျတတ်သည်။ အမှန်အားဖြင့် ဤစကားသည် ယောက်ျားတိုင်းနှင့် ဆိုင်သောစကား မဟုတ်ချေ။ ရှေးအခါက ထုံးတမ်း စဉ်လာအရ သမ္မုတိနတ်ဟု ဆိုအပ်သော ဘုရင်မင်းနှင့် ဆိုင်သော စကားဖြစ်သည်။ ဘုရင်များ၏ တိုင်းပြည် လုံခြုံရေးအရ သမီးကညာ ဆက်သသည်ကို လက်ခံ သိမ်းပိုက်ခြင်းကို တင်စား ပြောဆိုသော စကားသာ ဖြစ်ပါသည်။ ကိုယ်ပိုင် ဇနီးရှိလျှက် စိတ်ဓာတ် ဖောက်ပြား အချစ်ပွား၍ ပျော်ပါး လိုက်စားသူတို့သည် မိမိကိုယ် ကိုမိမိပင် ပျက်ဆီးအောင် ဖျက်ဆီးသကဲ့ သို့လည်း ဖြစ်တတ်ပေသည်။ သို့တွက် လင်ကောင်း တစ်ယောက်သည် မိန်းမနှင့် ပတ်သက်၍ မိမိဇနီးမှ တစ်ပါးသော မိန်းမများ အပေါ်၌ အမေ၊ ညီမ၊ အဒေါ်လို သဘောထားသော စိတ်ကို မွေးမြူ၍ ဆက်ဆံ ကြရသည်။ ဖောက်ပြန်သော စိတ်ကို မမွေးရပါ။ မိန်းမဘက်က ဖောက်ပြန်လာသည်ကို တွေ့က ထိုအတွေ့ကို မသာယာဘဲ ဘီလူးသဘက် သဖွယ် သဘောထားသင့် လှပါသည်။
ဝတ်စားဆင်ယင်ဇနီးတွင် အ၀တ်အစား နွမ်းပါးက မိမိဂုဏ်လည်း ညှိုးနွမ်းတတ် လေသည်။ လင်ယောက်ျားကောင်း တစ်ယောက်သည် မိန်းမကို "ကျွန်စုတ်နှင့် သရက်စေ့" ကဲ့သို့ ဖြစ်အောင် မထားရပေ။ ချစ်ဇနီး ဟူသည် မိမိ၏စိတ်ကို သာယာဖွယ်ပြုရန် တာဝန် အရှိဆုံးသူ ဖြစ်လေရာ လှပစွာ တန်ဆာ မဆင်ခဲ့ပါလျှင်၊ မိမိပင် မိမိမယား၌ စိတ်ပျက်စိတ်ကုန် ခံစားရ တတ်သည်။"မိန်းမတို့၏ ကိုယ်ပိုင်ဥစ္စာကား အဆင်းတည်း""လူမှာအ၀တ် တောင်းမှာအကွပ်"ဆိုထားသည့် အတိုင်း တော်ရုံတန်ရုံ ရုပ်ရည်ကို အ၀တ်ဖြင့် တင့်တယ် စေနိုင်သည် ။ အ၀တ်တို့၌ လောလီမှု မရောက်အောင်လည်း လင်ယောက်ျားသည် သင့်လျော်အောင် ဆင်မြန်းပေး ရသည်။
မြတ်နိုးကြင်အိမ်ထောင်ရေးတွင် မြတ်နိုး ချစ်ကြင်သည့် စိတ်ကား အလွန်ပင် အရေးပါ အရာရောက်သည့် သော့ချက်ကြီး ဖြစ်လေသည်။ ထိုစိတ်သာ တကယ် ကြီးမားစွာ ရှိခဲ့ပါလျှင် မိမိဇနီးအတွက် လိုက်နာရမည့် ၀တ္တရားများကို လိုက်နာရန် ခဲယဉ်းတော့မည် မဟုတ်ချေ။ ထို့ကြောင့် မူလကပင် ချစ်ခင် မြတ်နိုးမှု မရှိဘဲ အိမ်ထောင်ဘက် ပြုခဲ့ပါလျှင် အဆင်မပြေသော အိမ်ထောင်ရေး ဖြစ်တတ် လေသည်။ အကောင်းဆုံးမှာ လင်ကလည်း နတ်သားကလေး ကဲ့သို့ ထင်ရလေအောင် မယားကလည်း နတ်သမီးလေး ကဲ့သို့ ထင်ရလေအောင် ကျင့်ကြံ သင့်လေသည်။ နတ်သား ကလေးနှင့် တူသောမိမိသည် ကြင်ဖက်အပေါ် ၌လည်း နတ်သား နတ်သမီးသဖွယ် ကြင်နာစွာ သဘောထား၍ ပေါင်းသင်း ထိုက်လှပေသည်။စတုက အင်္ဂုတ္တိုရ် ပါဠိတော် ပထမသံဝါသ သုတ်၌ ---"သူ့အသက် သတ်ခြင်းစသော မကောင်းမှုတို့၌ ကျူးလွန်လေ့ ရှိသောလင်ကို သူသေလင် ဟူ၍လည်းကောင်း မယားကို သူသေမယား ဟူ၍လည်းကောင်း" ဟောကြားတော် မူခဲ့လေသည်။ "မကောင်းမှုမှ ကြဉ်ရှောင်လေ့ ရှိသောလင်ကို နတ်သားလင် ဟူ၍လည်းကောင်း၊ မယားကို နတ်သမီး မယားဟူ၍လည်းကောင်း" ဟောကြားတော် မူခဲ့သည် ။ ---( ၁ ) သူသေလင်နှင့် သူသေမယား( ၂ ) သူသေလင်နှင့် နတ်သမီးမယား( ၃ ) နတ်သားလင်နှင့် သူသေမယား( ၄ ) နတ်သားလင်နှင့် နတ်သမီးမယား။အိမ်ထောင်ဘက် ပြုပုံ (၄) မျိုးကိုလည်း ဟောကြားတော် မူခဲ့ပါသည်။ သို့တွက် နတ်သားလင်နှင့် နတ်သမီးမယား ဖြစ်အောင် တစ်ဦးနှင့် တစ်ဦး ကြင်နာစွာ ပေါင်းသင်း ဆက်ဆံပြီး မကောင်းမှုတို့ကို ရှောင်ကြဉ်ရာသည်။++++++++++++++++++++++++++++++++++++++++++++++++ဆရာတော်တစ်ပါး ပေးပို့လိုက်တာ လေးကို ပြန်လည်မျှဝေ ဓမ္မဒါန ပြုအပ်ပါတယ် ခင်ဗျာ...လေးစားစွာဖြင့်ဖိုးသား
နတ်တို့ ဖန်ဆင်း၊ ရေကန်အသင့် ကြာအသင့် …. ဆိုပြီး မြန်မာ့ဆိုရိုးစကားတစ်ခုရှိပါတယ်။ ကိုယ်လိုချင်တဲ့အရာတွေ အခက်အခဲမရှိ ရရှိတဲ့အခါမျိုးမှာ ပြောတတ်ကြတဲ့ စကားလေးပဲဖြစ်ပါတယ်။ ဒါပေမယ့် အဆင်မပြေမှုတွေ ကြုံရတဲ့အခါမှာ တော့ ကံဆိုးသူတို့သွားလေရာ၊ မိုးလိုက်လို့ရွာ …. ဆိုပြီး စကားပုံလေးတွေ ဖွဲ့ကြပြန်ပါတယ်။ ကြည့်စမ်းပါဦး။ ကံကောင်းတဲ့ သူနဲ့ တွေ့ရတာက ရေ … ဖြစ်ပြီ။ ကံဆိုးတဲ့သူတွေ့ရတာက မိုးဖြစ်နေတယ်။ သို့သော်တူနေတာက မိုးနဲ့ ရေ ဟာ အနွယ် တစ်ခုတည်းဖြစ်နေတာကို သတိထားမိပါ့မလားမသိဘူး။ ကံဆိုးသူရော ကံကောင်းသူရော နှစ်ဦးစလုံး သူတို့တွေ့ရတာ ရေပါပဲ။ ရေချင်းအတူတူ ဘာလို့ လောဘဖြစ်မှာလဲ၊ ဘာလို့ဒေါသဖြစ်မှာလဲ။ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အမြဲတမ်းကြားနေရတဲ့စကားတစ်ခုရှိတယ်။ အဲ့ဒါ လောကဓံ … ဆိုတာပါပဲ။ ကိုယ့်ဘ၀မှာ ခက်ခက်ခဲခဲ ဆင်းဆင်းရဲရဲကျော်ဖြတ်လာရတဲ့အခါတိုင်း ငါ့ဘ၀က ဆိုးပါတယ်။ တို့ကတော့ လောကဓံကို အလူးအလဲ ခံခဲ့ရ တာပါတဲ့။ လောကဓံရဲ့ဒဏ်ချက်တွေကြောင့် ငါ့ဘ၀ကြီးတစ်ခုလုံး ကြေမွနေပါပြီ …….. စုံလို့ပါပဲ။ သူတို့ဖြစ်ကျော်ခဲ့ရတာက ဆိုးတဲ့နေရာတွေကို ဖြစ်ကျော်ရတာကိုး။ ဒီလူတွေကတော့ ပြောကြမယ်ထင်တယ်နော်။ ကံဆိုးသူတို့သွားလေရာ မိုးလိုက် လို့ရွာ … ဆိုပြီးတော့ပေါ့။ တစ်ကယ်တော့ လောကဓံ ရှစ်ပါးမှာ … ချမ်ချမ်းသာသာနေရတာ၊ တနည်း အဆင်ပြေပြေနေရ တာလည်း လောကဓံပါပဲ။ ဆင်းဆင်းရဲရဲနေရတာ၊ တနည်း အဆင်မပြေဖြစ်နေရတာလည်း လောကဓံပါပဲ။ ဒီတော့ အဆိုး တွေကြုံရခါမှ ငါ့ကြမှ ကွက်ပြီး လောကဓံကို ပိုခံရတယ်လို့ မမှတ်စေလိုပါ။ ကံကောင်းသူရော၊ ကံဆိုးသူပါ နှစ်ဦးစလုံး ကြုံ တွေ့ရတာ လောကဓံ တစ်မျိုးတည်းပါ။ ခံရတာချင်းတူပါရဲ့နဲ့ ဘာလို့ လောကဓံတရားအပေါ်မှာ လောဘဖြစ်မှာလဲ၊ ဘာလို့ ဒေါသထွက်မှာလဲ။အကြောင်းတိုက်ဆိုင်တိုင်း သူနဲ့ဆိုင်ရာဆိုင်ရာဟောခဲ့တဲ့ မြတ်စွာဘုရားရှင်ရဲ့တရားတော် တွေကို အမှတ်ရမိပါတယ်။ ကမ္ဘာပေါ်မှာလို့ပဲပြောရမလား၊ လောကမှာလို့ပဲပြောရမလား။ ဆိုရိုးစကားတွေ၊ ဆုံးမစာတွေ၊ သြ၀ါဒတွေ၊ အဆိုအမိန့်တွေ ပလူပျံနေအောင်ကို ပေါပါတယ်။ သူတို့ပြောတာဆိုတာတွေ ဘယ်လောက်ကောင်းတယ်ပဲဆိုဆို နေရာတိုင်းအတွက် အံဝင် နိုင်ပါ့မလားလို့ တွေးကြည့်မိဘူးတယ်။ အားလုံးကိုသိတော်မူတဲ့ မြတ်စွာဘုရားရှင်၏ သဗ္ဗညုတဉာဏ်တော်ကြီးနဲ့ ဟောကြားထားတဲ့ တရားတော်တွေလောက် ထိုထို အဆိုအမိန့်များ ကောင်းမွန်လိမ့်မယ်လို့ မထင်ပါဘူး။ ဘာကြောင်လဲဆို တော့ မြတ်စွာဘုရားရှင်ရဲ့တရားတော်တွေဟာ အစ၏ ကောင်းခြင်း၊ အလယ်၏ ကောင်းခြင်း၊ အဆုံး၏ ကောင်းခြင်းဆိုတဲ့ ကောင်းခြင်း သုံတန်နဲ့ ပြည့်စုံတော်မူတဲ့အတွက်ကြောင့်ပါပဲ။ခုပဲကြည့်လေ။ မင်္ဂလသုတ္တန်တရားတော်ကြီးမှာ မြတ်စွာဘုရားရှင်က ပတိရူပဒေသ၀ါသော စ၊ ပုဗ္ဗေ စ ကတပုညတာ၊ အတ္တသမ္မာ ပဏီဓိ စ၊ ဧတံမင်္ဂလမုတ္တမံ ….. ဆိုပြီး ဟောတော်မူခဲ့ပါတယ်။ ဆိုလိုတာက သိလိုရင်းနဲ့ မေးလျှောက်လာတဲ့ အို … နတ်သား၊ ပတိရူပဒေသ ဆိုတဲ့ သင့်တင့်လျောက်ပတ်သော အရပ်မှာ နေခြင်း၊ ပုဗ္ဗေ စ ကတပုညတာ … ဆိုတဲ့ ရှေးကပြုဖူးတဲ့ ကောင်းမှု ကုသိုလ်ကံရှိခြင်း၊ အတ္တသမ္မာ ပဏီဓိ စ … ဆိုတဲ့ မိမိကိုယ်ကိုယ် ကောင်းစွာဆောက်တည်ခြင်း ဆိုတဲ့တရားတွေဟာ မင်္ဂလာပါပဲ။ တနည်းအားဖြင့် မကောင်းတဲ့တရားတွေ ပယ်ဖျောက်ပြီး ကောင်ကျိုးတရားတွေ တည်ဆောက်နိုင်တဲ့ ကောင်းမြတ်တဲ့တရားတွေပါပဲတဲ့။ ဒီတရားတွေသာ ကျင့်ရင် ကျင့်တဲ့သူလည်း အကျိုးရှိ၊ သူနဲ့ဆက်စပ်နေတဲ့ ပတ်ဝန်းကျင်လည်း အကျိုးရှိ စေတဲ့တရားတွေပါပဲ။နေရာကောင်းတဲ့။ လူတိုင်းလိုချင်ကြပါတယ်။ လိုချင်တဲ့နေရာကို အခက်အခဲမရှိ ရကြတာကိုပဲ နတ်တို့ဖန်ဆင်း၊ ရေကန် အသင့် ကြာအသင့် လို့ဆိုကြတာပဲလေ။ နေရာကောင်းဆိုပေမယ့်လည်း ဘယ်လိုကောင်းတာမျိုးလဲ ပြန်ကြည့်ပါဦး။ ကုသိုလ်၊ ပညာ၊ ဥစ္စာ တစ်ခုခုရနေမှကို နေရာကောင်းလို့ ခေါ်ထိုက်မယ်ထင်တယ်။ သို့သော် ပညာတော့ရပါရဲ့ သတ္တ၀ါ တွေပျက်စီးကြောင်းတော့ မဖြစ်သင့်ဘူး။ ဥစ္စာပစ္စည်းတော့ရပါရဲ့။ သတ္တ၀ါတွေ စတေးပြီးမှ ရတာမျိုး၊ မကောင်းတဲ့ မိစ္ဆာဇီဝ ကနေရတာမျိုး မဖြစ်သင့်ဘူး။ ဒီလိုဆိုရင် ပညာရှာတဲ့နေရာမှာ၊ တနည်း ပညာရတဲ့နေရာဆိုတာ ကုသိုလ်ဖြစ်ဖို့ ထောက်ပံ့ နိုင်ရမယ်။ ဥစ္စာရှာတဲ့နေရာမှာ၊ တနည်း ဥစ္စာရတဲ့နေရာမှာ ကုသိုလ်ဖြစ်ဖို့ ထောက်ပံ့တဲ့အရာတွေ ဖြစ်နေရင် ကောင်းမယ် လို့ ယူဆပါတယ်။ကုသိုလ်၊ ပညာ၊ ဥစ္စာ ရတာဟာ အကြောင်းမဲ့မဟုတ်ဘူး။ အကြောင်းရှိတယ်။ တို့ဗုဒ္ဓက အကြောင်းကိုရှာပြတယ်။ အဲ့ဒါက တော့ ရှေးကောင်းမှုကံ ရှိလို့ပဲတဲ့။ ရှေးကောင်းမှုကံ ရှိလို့ကိုပဲ မြတ်စွာဘုရားရှင်ကို ဖူးတွေ့ရတယ်။ တရားတော်တွေကို နာယူခွင့်၊ ကျင့်ကြံနိုင်ခွင့်ရတယ်။ ဘုရားသားတော် ရဟန်းသံဃာတွေကို ဖူးမျှော်ခွင့်ရတယ်။ ဒါဟာ နည်းတဲ့အခွင့်အရေး မဟုတ်ဘူးနော်။ ဘုရားပွင့်လို့သာ ဓမ္မရတနာပွင့်တာ၊ သံဃာရတနာပွင့်တာ။ ဘုရားမပွင့်တဲ့အခါမှာ ထမင်းအလှူဖြစ်ချေဦးတော့။ သံဃာမပွင့်တဲ့အတွက် ဆွမ်းအရာ မမြောက်ဘူး။ သံဃာကိုလောင်းလှူခွင့်ရမှ ဆွမ်းအရာမြောက်တယ်။ ဒီလိုမျိုး ဒါန အမှုတွေ၊ သီလအမှုတွေ၊ ဘာဝနာအမှုတွေ ပြုလုပ်နိုင်တာ ရှေးကကောင်းမှုကုသိုလ် ရှိခဲ့ဖူးလို့ဆိုတာ မမေ့ကြပါနဲ့။ အကုသိုလ် ကံကြောင့် ကြက်ကလေးသွားဖြစ်ဦး။ နေ့စဉ်သူစားသမျှ ပိုးကောင်မွှားကောင်းတွေချည်းပဲ။ သေမှစားတာမ ဟုတ်ပဲ၊ သတ်စားတာဆိုတော့ နေ့စဉ် ပါဏာတိပါတကံ ထိုက်နေတယ်။ သူတို့ရောက်တဲ့နေရာ ဘယ်လောက်ဆိုးလိုက် သလဲ။ ဒါကြောင့် နေရာကောင်းရတာဟာ ရှေးကောင်းမှုရှိလို့ပါပဲ။ရှေးကောင်းမှုကံကြောင့် နေရာကောင်းမှာနေရပြီ ဆိုတဲ့အခါမှာ အတ္တသမ္မာ ပဏီဓိ စ … ဆိုတဲ့ မိမိကိုယ်ကို ကောင်း အောင်ထိန်းဖို့ အထူးလိုအပ်ပါတယ်။ ကောင်းအောင်ထိန်းတယ်ဆိုတာ ဘယ်လိုမျိုးလဲဆိုတော့ ဒါနတွေ မပြုဖြစ်ရင် ပြုဖြစ်ရ မယ်၊ သီလတွေ မဆောက်တည်ဖြစ်ရင် ဆောက်တည်ဖြစ်ရမယ်၊ သမထ၊ ၀ိပဿနာ ဘာဝနာတွေ မပွားများဖြစ်ရင် ပွားများ ဖြစ်ရပါမယ်။ မိမိရဲ့ ကာယကံ အမှုတွေ မမှားရအောင် ထိန်းရမယ်၊ ၀စီကံအမှုတွေ မမှားရအောင် ထိန်းရမယ်၊ မနောကံ အမှုတွေ မမှားရအောင် ထိန်းရမယ်။ မိမိကိုယ်ကိုယ် ကောင်းအောင် ထိန်းသိမ်းနေထိုင်ခြင်းဟာ ကောင်းမြတ်တဲ့ မင်္ဂလာပါ ပဲ။ ဘာကြောင့်လဲဆိုတော့ အတ္တာနံ ရက္ခန္တော ပရံ ရက္ခတိ နာမ။ မိမိ ကိုယ်ကို စောင့်ရှောက်ခြင်းဟာ တစ်လောကလုံး ကို စောင့်ရှောက်ရာ ရောက်လို့ပါပဲ။ ဒီလိုပဲ ပရံရက္ခန္တော အတ္တာနံ ရက္ခတိ နာမ။ တစ်လောကလုံးကို စောင့်ရှောက်ခြင်း ဟာလည်း မိမိကိုယ်ကိုယ် စောင့်ရှောက်ခြင်းပါပဲလို့ မှတ်သားဖူးပါတယ်။အများအားဖြင့် ကြာဆိုတာ ရေမှာပျော်တာပါ။ လေမှာ ပွင့်ပြီး ညွှန်မှာရှင်သန်ကြတဲ့အမျိုးလည်း ဖြစ်ပါတယ်။ လေထဲမှာ လှလှပပ ပွင့်ဖူးနေတဲ့ ကြာပန်းလေးတွေဟာ မြင်သူတို့ရဲ့ ရင်ကို အေးမြစေပါတယ်။ ရေနဲ့ ကြာကြောင့် ရေကန်ကြီးဟာ တင့်တယ်ပါပေတယ်။ သို့သော် အောက်ဆုံးက ညွှန်တွေကိုလည်း မမေ့နဲ့ဦး။ ညွှန်မှာပေါက်နေတဲ့ကြာဟာ ညွှန်တွေမကပ် ပဲနေလို့သာ တင့်တယ်တာပါ။ ညွှန်တွေမကပ်အောင်လည်း ရေမှာပျော်မှ ဖြစ်ပါမယ်။ ပွင့်တဲ့အခါမှာတော့ ရေရော ညွှန်ရော မရှိတဲ့ လေမှာပဲ ပွင့်ကြပါတယ်။ ဒီလိုပါပဲ။ အရိယာသူတော်ကောင်းတွေဟာ မွေးဖွားကြီးပြင်းတာတော့ ကိလေသာတွေ ထူ ထပ်တဲ့ ညွှန်တောထဲမှာပါ။ သို့သော် ရေနဲ့ တူတဲ့ ကုသိုလ်တရားတွေမှာပဲ ပျော်ကြပါတယ်။ ပွင့်တဲ့အခါမှာတော့ ကုသိုလ် အကုသိုလ်တရားတို့ လွန်မြောက်တဲ့အရပ်မှာ ပွင့်ထွန်းကြပါတယ်။ ထိုသို့ပွင့်ထွန်းကြလို့လည်း လောကကြီးကို တင့်တယ် စေခဲ့ပါတယ်။ရေမှာပေါက်တဲ့ကြာကတောင် ရေကန်လှပအောင် အလှဆင်နိုင်ခဲ့ရင်၊ လောကအလယ် မွေးဖွားလာတဲ့ တို့တွေက လောကကြီး လှပအောင် တန်ဆာဆင်ပေးနိုင်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့်လည်း ကံဆိုးတဲ့သူတွေ့တဲ့ မိုးနဲ့ ကံကောင်းတဲ့ သူတွေ့တဲ့ ရေ … အတူတူပါပဲလို့ နားလည်ခဲ့ရင် လောကဓံ အဆိုးတွေနဲ့ပဲ ကြုံကြုံ၊ လောကဓံ အကောင်းတွေနဲ့ပဲ ဆုံဆုံ၊ တနည်းအားဖြင့် ကုသိုလ်ဖြစ်စရာနဲ့ပဲ ကြုံကြုံ၊ အကုသိုလ်ဖြစ်စရာနဲ့ပဲ ကြုံကြုံ ကုသိုလ်ဖြစ်အောင်များ ပြောင်းလဲပြီး ကောင်းမှုတရားဆိုတဲ့ ရေထဲမှာ ပျော်ခဲ့မယ်ဆိုရင် နိဗ္ဗာန်ဆိုတဲ့ကြာပန်းကြီးဟာလည်း ပွင့်လာမှာပါပဲ။ ထိုသို့သော ကြာပန်းပွင့်လာတာဟာ လောကကို အလှဆင်တာပါပဲလို့ ဆွေးနွေးရင်း နိဂုံးချုပ်ပါရစေ။အားလုံးသော သတ္တ၀ါတွေ အမြင်လည်းရှင်း စိတ်လည်းရှင်း လက်ငင်းချမ်းသာကြပါစေ။
စာရေးသူ - သုခရိပ် ၊
ဝန်တိုခြင်းသဘောသည်“မစ္ဆရိယ”ဖြစ်ပါသည်။မလှူရက်၊မပေးရက်သောသူကိုမစ္ဆရိယရှိသူဟုခေါ်ကြသည်။ မစ္ဆရိယ ရှိသူကား မလှူချင်မပေးချင်မှုမျိုးမဟုတ်၊ သူတစ်ပါးတို့အားမရစေချင်သောသဘောပင်ဖြစ်ပါသည်။ မိမိပစ္စည်းကိုဖြစ်စေ၊အခြားပစ္စည်းကိုဖြစ်စေ၊ဂုဏ်ကိုဖြစ်စေသူတစ်ပါးမရစေလိုသောသဘောကိုသာဝန်တိုမှုမစ္ဆရိယသဘောဟုခေါ်ပါသည်။ မစ္ဆရိယ(၅)မျိုးရှိပါသည်။၎င်းတို့မှာ-
၁။အာဝါသမစ္ဆရိယ=မိမိနေရာ၊ကျောင်း၊အိပ်ရာ၊နေရာ၌၀န်တိုမှု။သံဃာအများနှင့်သက်ဆိုင်သောသံဃိကကျောင်း၊အိပ်ရာ၊နေရာကိုမိမိရသည့်အခါ ထိုကျောင်းသို့အခြားသံဃာတော်များကိုမလာစေလိုခြင်းမျိုးဖြစ်ပါသည်။သို့သော်မကောင်းဆိုးရွားသောရဟန်းများမလာစေလိုခြင်းကားမစ္ဆရိယမဟုတ်ပါ။ဤအာဝါသမစ္ဆရိယရှိသူသည်သေသောအခါထိုကျောင်း၌ပင်ပြိတ္တာဖြစ်နေတတ်သည်။သို့မဟုတ်လျှင်သံအိမ်ငရဲ၌ကျက်ရတတ်ပါသည်။
၂။ ကုလမစ္ဆရိယ=မိမိအမျိုးနှင့်ဒကာဒကာမများကိုဝန်တိုမှု။မိမိဆွေမျိုးကိုဖြစ်စေ၊ဒကာဒကာမမျိုးကိုဖြစ်စေ၊အခြားသံဃာများမလာစေလို၊မဆက်ဆံလိုခြင်းဖြစ်ပါသည်။သို့သော်သဒ္ဓါတရားကိုဖျက်ဆီးမည့်ယုတ်မာဆိုးရွားသောရဟန်းများနှင့်မဆက်ဆံစေလိုခြင်းမှာမစ္ဆရိယမဟုတ်ပါ။ဤကုလမစ္ဆရိယရှိသူသည် မိမိဒကာဒကာမတို့၌သူများဆက်ဆံနေသည်ကိုမြင်တွေ့ရသောအခါ ၀မ်းထဲ၌ပူပူလောင်လောင်ဖြစ်၍သွေးအန်တတ်၏။ဝမ်းလျှောတတ်၏။အူအပိုင်းပိုင်းပြတ်တတ်၏။ နောက်ဘ၀၌လာဘ်လာဘပါးရှားတတ်သည်။
၃။ လာဘမစ္ဆရိယ= ပစ္စည်းလာဘ်လာဘကိုဝန်တိုမှု။သူတစ်ပါးတို့အားပစ္စည်းလာဘ်လာဘမရစေလိုခြင်းဖြစ်ပါသည်။ သို့သော်ရရှိသောလာဘ်လာဘကို မတရားသုံးစွဲမည့်ရဟန်းကိုမရစေလိုဘဲတရားသဖြင့်သုံးစွဲသောရဟန်းတို့ကိုရစေလိုခြင်းမှာလာဘမစ္ဆရိယမဟုတ်ပါ။ ဤလာဘမစ္ဆရိယရှိသူသည်ဘင်ပုပ်ငရဲ၌ကျက်၍ဘင်ပုပ်ကိုစားနေရတတ်၏။
၎။ဝဏ္ဏမစ္ဆရိယ=ကိုယ်အဆင်းဂုဏ်သတင်း(၂)မျိုးလုံး၌၀န်တိုမှု။ မိမိထက်အဆင်းလှမည်ကိုဝန်တိုမှု၊မိမိထက်ဂုဏ်ကြီးမည်ကိုဝန်တိုမှုသည်ဝဏ္ဏမစ္ဆရိယဖြစ်ပါသည်။ဤ၀ဏ္ဏမစ္ဆရိယရှိသူသည်ဘ၀သံသရာဝယ်ရုပ်အဆင်းဆိုးရွားတတ်၏။ဂုဏ်သတင်းလည်းညံ့ဖျင်းတတ်သည်။
၅။ဓမ္မမစ္ဆရိယ=မိမိတတ်သိသောတရား(အတတ်ပညာကိုဝန်တိုမှုဝ။ဓမ္မမစ္ဆရိယရှိသူသည်မိမိတတ်သိသောအတတ်ပညာ၊စာပေပညာ၊လက်မှုပညာ၊နှုတ်မှုပညာများကိုသူတစ်ပါးတတ်သိမှာစိုးသောကြောင့်မေးလာလျှင်ကောင်းမွန်စွာမပြောလိုခြင်း၊ရေးကူးထားသောပညာကိုမပြလိုခြင်း၊စာချသောအခါမိမိလိုတတ်မည်ဆိုး၍အကုန်မပြောလိုခြင်းဖြစ်တတ်သည်။သို့သော်စာပေကိုတတ်ပြီးနောက်ထိုစာကိုမတရားသုံးစွဲမည့်သူ၊ သာသနာကိုဖျက်ဆီးမည့် သူတို့အားပြေမပြခြင်းတို့မှာ မစ္ဆရိယ မဟုတ်ပါ။
ဤဓမ္မမစ္ဆရိယရှိသူသည်ဖြစ်လေရာဘဝတို့၌အဖျင်းအအဖြစ်တတ်၏။သို့မဟုတ်လျှင်ပြာပူငရဲ၌ကျရတတ်ပါသည်။တစ်ယောက်နှင့်တစ်ယောက်မနာလိုန်တိုမှုများရှိနေလျှင်လုပ်ငန်းတွင်းပြိုင်ဆိုင်မှုများဖြစ်လာပြီးကိုယ်ကိုယ်တိုင်မတိုးတက်သလိုကိုယ်မှာဘဲအကုသိုလ်များတိုးပွားရပါသည်။ “မနာလိုကင်းဝန်တိုရှင်းလက်ငင်းချမ်းသာသည်။” ထို့ကြောင့်မနာလိုဝန်တိုမှုကင်းပြီးအများကို တတ်သိပညာများကိုဖြန့်ဝေနိုင်သောသူတော်ကောင်းသူမြတ်လောင်းများဖြစ်အောင်ကြိုးစားနိုင်ကြပါစေ။
စာရေးသူ futurelife
© Blogger templates The Professional Template by Ourblogtemplates.com 2008
Back to TOP