* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Thursday, August 6, 2009

မသေအောင်စား... (ဦးသုမင်္ဂလ) vcd




ဒယ်အိုး ဆရာတော် ဦးသုမင်္ဂလ...

နိဗ္ဗာန်ရောက်ကြောင်းတရားကောင်း...

မသေအောင်စား... (ဦးသုမင်္ဂလ) vcd
video



Read more...

သင် မပြတ်ဆင်ခြင်ပါ...


ပဗ္ဗဇိတအဘိဏှသုတ်

ရဟန်းတို့ ဤတရားဆယ်မျိုးတို့ကို ရဟန်းသည် မပြတ် ဆင်ခြင်အပ်ကုန်၏။

အဘယ်တရား ဆယ်မျိုးတို့နည်းဟူမူ...

၁...
''ငါသည် အဆင်း ဖောက်ပြန်သည်၏ အဖြစ်သို့ ကပ်ရောက်ရ၏'' ဟု ရဟန်း
သည် မပြတ် ဆင်ခြင်အပ်၏။

၂...
''ငါ၏ အသက်မွေးမှုသည် သူတစ်ပါးနှင့် ဆက်စပ်နေ၏'' ဟု မပြတ်
ဆင်ခြင်အပ်၏။

၃...
''ငါသည် လူအမူအရာ အသွင်အပြင်မှတစ်ပါး အခြားသော အသွင်အပြင် အမူအရာကို ပြုသင့်၏'' ဟု မပြတ် ဆင်ခြင်အပ်၏။

၎...
''ငါ၏ စိတ်သည် သီလအားဖြင့် မိမိကိုယ်ကို မစွပ်စွဲဘဲရှိ၏လော'' ဟု မပြတ် ဆင်ခြင်အပ်၏။

၅...
''ငါ့ကို သိနားလည်သော သီတင်းသုံးဖော်တို့က ဉာဏ်ဖြင့် သက်ဝင်၍ သီလအား ဖြင့် မစွပ်စွဲဘဲ ရှိကြ၏လော'' ဟု မပြတ် ဆင်ခြင်အပ်၏။

၆...
''ငါ့အား ချစ်ခင်သူ နှစ်သက်သူ အားလုံးတို့နှင့် ရှင်ကွဲ ကွဲမှု သေကွဲ ကွဲမှု (ဖြစ်ရမည်)'' ဟု မပြတ် ဆင်ခြင်အပ်၏။

၇...
''ငါသည် ကံသာလျှင် မိမိဥစ္စာရှိသူ ကံ၏ အမွေခံသူ ကံသာလျှင် အကြောင်းရှိသူ ကံသာလျှင် မိတ်ဆွေရှိသူ ကံသာလျှင် လဲလျောင်းရာ ရှိသူဖြစ်၏၊ ငါပြုမည့် ကောင်းသောကံ, မကောင်းသော ကံ၏ အမွေခံ ဖြစ်ရမည်'' ဟု မပြတ် ဆင်ခြင်အပ်၏။

၈...
''ငါသည် အဘယ်သို့ ဖြစ်နေစဉ် ညဥ့်နေ့တို့သည် ငါ့ကို လွန်ကုန်သနည်း'' ဟု မပြတ် ဆင်ခြင်အပ်၏။

၉...
''ငါသည် ဆိတ်ငြိမ်ရာ ကျောင်း၌ မွေ့လျော်၏လော'' ဟု မပြတ် ဆင်ခြင်အပ်၏။

၁၀...
''ငါသည် လူတို့၏ ကုသိုလ် ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော ကိလေသာကို ဖျက်ဆီးခြင်းငှါ စွမ်းနိုင်သော မြတ်သော ဉာဏ်အမြင် အထူးကို ရအပ်လေသလော၊ ငါသည် နောက်ဆုံး သေခါနီးကာလ၌ သီတင်းသုံးဖော်တို့က မေးသည်ရှိသော် မျက်နှာမလှ မဖြစ်ရအံ့'' ဟု ရဟန်းသည် မပြတ် ဆင်ခြင်အပ်၏။

ရဟန်းတို့ ဤဆိုခဲ့ပြီး တရားဆယ်မျိုးတို့ကို
ရဟန်းသည် မပြတ်ဆင်ခြင်အပ်ကုန်၏ ဟု မိန့်တော်မူ၏။ 48

၈ - ပဗ္ဗဇိတအဘိဏှသုတ်၊ အက္ကေသဝဂ်၊ ဒဿကနိပါတ်၊ အဂုင်္တ္တိုရ်ပါဠိတော်။



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


Read more...

စိတ်သာရှင်စော...(၂) [ALL IS MIND-by David Samuel]


All Is Mind

David Samuel

စိတ်သာရှင်စော

ဘာသာပြန်- အလှတရား




တစ်စုံတစ်ဦးက ဓားကို စားပွဲပေါ်တင်ထားတယ်။ အကယ်၍ ခင်ဗျားကသာ အဲ့ဒီဓားကို ကောက်ယူခြင်းမပြုခဲ့ဘူးဆိုရင် အဲ့ဒီဓားက ခင်ဗျားကို အန္တရာယ် ပြုနိုင်မှာမဟုတ်ဘူး။ ဒါပေမဲ့ ခင်ဗျားက ဓားကို ကောက်ယူပြီး ခင်ဗျားရဲ့နှလုံးသားထဲ ခင်ဗျားဘာသာ ထိုးစိုက်ခဲ့တယ်ဆိုရင် ဘယ်သူ့ကို အပြစ်တင်ထိုက်သလဲ။ ဒီနေရာမှာ ကို့ယို့ကားယား နိုင်တဲ့ မေးခွန်းတစ်ခုပေါ်လာတယ်။ ကျွန်တော်တို့ဟာ ဘာကြောင့် အဲဒီဓားကို အမြဲကောက်ယူပြီး မိမိကိုယ်ကို နက်နက်ရှိုင်းရှိုင်း ထိုးစိုက်နေကြပါလိမ့်။


သင့်ကို တစ်စုံတစ်ဦးက လက်ဆောင် ပေးတယ်။ သင်က လက်မခံဘူးဆိုရင် အဲ့ဒီလက်ဆောင်ရဲ့ ပိုင်ရှင်က ဘယ်သူဖြစ်မလဲ။


စကားလုံးတွေကို ခင်ဗျားက ငါစွဲပါတဲ့အမြင်နဲ့ ဖွင့်ဆိုတဲ့အတွက် ကမ္ဘာလောကအပေါ် ခင်ဗျားရဲ့အမြင်ဟာ ပုဂ္ဂလဓိဋ္ဌာန်ကျလွန်းနေခြင်းဖြစ်တယ်။

ခင်ဗျားရဲ့ ငါစွဲအမြင်တွေဟာ ခင်ဗျားနဲ့ခင်ဗျားရဲ့ တုံ့ပြန်မှုတွေကြားက မျက်နှာဖုံးတစ်ချပ် ဖြစ်တယ်။ ခင်ဗျားရဲ့စိတ်နဲ့ အသိဝိဥာဉ်ထဲကို ရောက်လာတဲ့ စကားလုံးတိုင်း၊ အသံတိုင်း၊ အနံ့တိုင်း၊အမြင်အာရုံတိုင်း၊ အဖြစ်အပျက်တိုင်းဟာ ဒီပုဂ္ဂလဓိဋ္ဌာန် မျက်နှာဖုံးကို ဖြတ်သန်းပြီးမှ ခင်ဗျားဆီ အရောက်လာခဲ့ရ တာဖြစ်တယ်။

သင့်စိတ်ကူးကသာ
သင့်စိတ်နှလုံးရဲ့ အကြီးအကဲ သခင်။
လျောက်ပတ်တဲ့ တုံ့ပြန်မှုမျိုးရနိုင်ဖို့
သင့်စိတ်ကူးကို သင့်လျော်တဲ့
အစားအစာကိုသာ
ပေးပါ ကျွေးပါ။

ဒီပုဂ္ဂလဓိဋ္ဌာန်တည်းဟူသော ငါမျက်နှာဖုံးဟာ ခင်ဗျားဘ၀ရဲ့ ပထမ၀င်သက်ကတည်းက စပြီးရှိလာခဲ့တယ်။ ငါဆက်လေ့လာဖို့ မလိုအပ်တော့ဘူးလို့ ယူဆလိုက်တာနဲ့ သူပေါ်လာတယ်။ တစ်ခုခုကို ကျိန်းသေနားလည်ပြီလို့ ထင်လိုက်တာနဲ့ ခင်ဗျားဟာ ခင်ဗျားရဲ့ လေ့လာမှုကို ရပ်ဆိုင်းမယ်၊ ဒီအကြောင်းကိစ္စနဲ့ ပတ်သက်ပြီး ထပ်မံ မတွေးမတောတော့ဘဲ စိတ်ကို ချိတ်ပိတ်ထားလိုက်မယ်။ ဒီအခါ ခင်ဗျားရဲ့ လေ့လာမှုဟာ ယုံကြည်မှုအဖြစ် ပုံသဏ္ဍန်ပျက်ယွင်း သွားမှာဖြစ်တယ်။

ခင်ဗျားရဲ့စိတ်ဟာ စကားလုံးတစ်ခုရဲ့ အဓိပ္ပါယ်သတ်မှတ်ချက်မျိုး အပါအ၀င် အချက်တိုင်းအချက်တိုင်းကို နားလည်သွားပြီလို့ ကျေနပ်သွားတဲ့ အခါမှာ လေ့လာမှုလုပ်ငန်းဆောင်တာကို ရပ်ဆိုင်းလိုက်ပြီး အဲဒီအချက်ကို "ငါနားလည်ပြီးသား"လို့ အညွှန်း ထိုးထားတဲ့ သေတ္တာထဲ ထိုးကြိတ်ထည့်ထားမယ်။ ဒါဟာ ပုဂ္ဂလဓိဋ္ဌာန်စိတ်ပဲ။ ပုဂ္ဂလဓိဋ္ဌာန်စိတ်ရဲ့ သဘောက တစ်ခုခုကို ငါသိတယ်၊ ငါသိတဲ့အသိဟာလည်း မမှားနိုင်တော့ဘူးဆိုပြီး သာယာနေတတ်တယ်။ ဒီနောက် အခွင့်အခါသင့်တိုင်း သူသိတဲ့ ဖွင့်ဆိုချက်တွေကိုပဲ ဆွဲဆွဲထုတ်လာတတ်တယ်။

ခင်ဗျားရဲ့ စိတ်ကသာ အမှန်တကယ် ဓမ္မဓိဋ္ဌာန်ကျနေရင် စကားလုံးများအပါအ၀င် လက်ရှိအခြေအနေ ဖြစ်ရပ်တွေနဲ့ သက်ဆိုင်တဲ့ မေးခွန်းတိုင်းကို တံခါးဖွင့်ပေးထားရမှာပဲ။ ပုဂ္ဂလဓိဋ္ဌာန်ကိုင်စွဲထားတဲ့ လူကတော့ အတိတ်က အတွေ့အကြုံတွေကို သေတ္တာထဲ သိုမှီးထားပြီး သိုမှီးထားတဲ့ သေတ္တာအတွင်းကနေ အပြင်လောကကို ကြည့်ရှုတယ်။ ဓမ္မဓိဋ္ဌာန် ကိုင်စွဲထားတဲ့ လူမှာတော့ ဘာသေတ္တာမှ မရှိဘူး။

ပုဂ္ဂလဓိဋ္ဌာန် စွဲကိုင်ထားတဲ့ လူဟာ သူ့အတွေး သူ့အမြင်တွေရဲ့ အကျဉ်းသား ဖြစ်တယ်။ ဓမ္မဓိဋ္ဌာန် ကိုင်စွဲထားတဲ့ လူကတော့ အခြားပုဂ္ဂိုလ်များရဲ့ အတွေးကို လွတ်လပ်စွာ စိစစ်ရွေးချယ်နိုင်စွမ်းရှိပြီး အလိုအလျောက် ညှိနှိုင်း ပြင်ဆင် နိုင်စွမ်းရှိတယ်။

ဒီပုဂ္ဂလဓိဋ္ဌာန် ငါမျက်နှာဖုံးဟာ အခြေခံအားဖြင့် ကျွန်တော်တို့ရဲ့ ကိုယ်ရည်ကိုယ်သွေး ဖြစ်နေတတ်တယ်။ ကျွန်တော်တို့ ကိုယ်တိုင်ဖြစ်နေတတ်တယ်။ နေ့စဉ်ဘ၀ထဲ နေထိုင်နေသူ ဖြစ်နေတတ်တယ်။ ကျွန်တော်တို့ရဲ့ ဘ၀ထဲက အတွေ့အကြုံတွေကို ပဋိပက္ခလား ဟာမိုနီ လား၊ အဆိုးလား အကောင်းလား ဆုံးဖြတ်ပေးတဲ့ သူ ဖြစ်နေတတ်တယ်။ ဒါပေမဲ့ ဒီကိုယ်ရည်ကိုယ်သွေးဟာ ပြောင်းလဲနိုင်တယ်။ ရင့်ကျက်လာ နိုင်တယ်။ အဲ.. တသမတ်တည်းလည်း နေနိုင်တယ်။ အခုပြောခဲ့တာဟာ ဒီငါစွဲမျက်နှာဖုံး ဘယ်လို အလုပ်လုပ်တယ်ဆိုတာကို နားလည်ဖို့နဲ့ သူ့ကိုရှင်းလင်းဖို့ အားထုတ်မှုဖြစ်ပါတယ်။

စကားလုံးတွေရဲ့ အာဏာသဘောကို ရိပ်စားမိတဲ့သူ၊ သိမ်သိမ်မွေ့မွေ့ ကိုင်တွယ်ထားတဲ့ စကားလုံးတွေနဲ့ ကာလစုံ ဖြစ်ရပ်အသီးသီးကို တတ်ပွန်ပြီး၊ ယင်းတို့ရဲ့ တန်ခိုးသြဇာတွေကို ငြင်းပယ်နိုင်တဲ့ ပုဂ္ဂိလ်၊ အကြင်ပုဂ္ဂိုလ်ဟာ စော်ကားလို့ မရနိုင်တဲ့သူ၊ နာကျင်အောင်လုပ်လို့ မရနိုင်တဲ့သူ ဖြစ်တယ်။

စကားလုံးတစ်လုံးအပေါ် ခင်ဗျားရဲ့ ငါစွဲနဲ့ ဖွင့်ဆိုမှုဟာ ပဋိပက္ခနဲ့ အငြင်းပွားမှုတွေရဲ့ တကယ့်အကြောင်းအရင်း ဖြစ်တယ်။ အကြောင်းကတော့ ခင်ဗျားဟာ စကားပြောသူနဲ့ သို့တည်းမဟုတ် အခြေအနေနဲ့ သင့်လျော်လိုက်လျောတဲ့ အမြင်မျိုးနဲ့ ဖွင့်ဆိုဖို့ထက် ခင်ဗျားရဲ့ ကြိုတင်ချမှတ်ထားတဲ့ အသိအမြင်ပေါ် မူတည်ပြီး ကြားသမျှကို ဖွင့်ဆိုဖို့ အားသန်နေလို့ ဖြစ်တယ်။ ပြောစကားလုံးနဲ့ အသံအနိမ့်အမြင့်ရဲ့ နောက်ကွယ်က စစ်မှန်တဲ့ အဓိပ္ပါယ်ကို ညွှန်းဆိုနေတဲ့ အချက်အလက် အမြောက်အမြားရှိတယ်။ ဒါတွေဟာ ငါစွဲတဲ့ စိတ်တစ်လုံးက နောက်စိတ်တစ်လုံးကို ကူးလူးဘာသာပြန်ရင်းပဲ ပျောက်ဆုံးကုန်ကြတယ်။

သစ်တစ်ပင်ပြိုကျတော့မယ်။ သူ့အောက်ကနေ ထွက်ခဲ့ရင် နာကျင်မှုမှ ကင်းဝေးမယ်။ ခင်ဗျားရဲ့ တရားသေအမြင်၊ မာနအရင်းခံတဲ့ ပုဂ္ဂလဓိဋ္ဌာန် အမြင်ဟာ အဲဒီသစ်ပင်လို ခိုအောင်းမနေထိုက် စွန့်ခွာ ထွက်သွားထိုက်တဲ့ အရာ ဖြစ်တယ်။ တစ်ချိန်တည်းမှာပဲ ငါ,အမြင်ဟာ လေကို ကျောက်ခဲရဲ့ စွမ်းအင်မျိုး ရရှိစေမဲ့ ခင်ဗျားရဲ့ ပြုလုပ် တွေးဆချက်လည်း ဖြစ်တယ်။ လေ က ခင်ဗျားကို နာကျင်ဖို့ မတတ်နိုင်ဘူး။ နာကျင်ဖို့ကို ခင်ဗျားလုပ်ယူတာ။

ဒါကြောင့် နှိမ့်ချဖို့ လိုပါတယ်။ သင်ဘာမှမသိတာကို သိရမယ်။ သင်ထင်မြင်သမျှနဲ့ တုံ့ပြန်ခြင်း ပြုမနေဖို့ သိရတယ်။ နှိမ့်ချမှုနဲ့ ဓမ္မဓိဋ္ဌာန်ဟာ ညီရင်းအစ်ကို ဖြစ်ပါတယ်။

အခြားသူရဲ့ စကားလုံးတွေကို ခံစားချက်နဲ့ တုံ့ပြန်မှုဟာ သင့်သတ်မှတ်မှု အပေါ် ၁၀၀ ရာခိုင်နှုန်း မူတည်တယ်။ ဒီစကားလုံးတွေ ကိုယ်နှိုက်ကို ဘာမှလုပ်နေဖို့ မရှိဘူး။ စကားလုံးတွေမှာ သင်ဖန်တီးပေးလိုက်တဲ့ အာဏာမှအပ အခြား တန်ခိုးသြဇာမရှိဘူး။
ဓမ္မဓိဋ္ဌာန်သမားအတွက် ပဋိပက္ခဟူသည် မရှိ။



လေ့ကျင့်ခန်း ၁-၁လေ့ကျင့်ခန်းက မတ်တပ်ရပ်ပြီး လုပ်ရင်ပိုကောင်းပါတယ်။ ဒါပေမဲ့ ထိုင်ပြီးပဲဖြစ်ဖြစ် လှဲပြီးဖြစ်ဖြစ် လုပ်နိုင်တယ်။ သင့်သလို လုပ်နိုင်ပါတယ်။ တစ်နေ့ကို တစ်ကြိမ်နှစ်ကြိမ်လောက် လုပ်သင့်တယ်။ ဒါပေမဲ့ ကြိုက်သလောက်များများ လုပ်နိုင်ပါတယ်။လေ့ကျင့်လေ ကောင်းလေပါ။

ခြေထောက်နာတဲ့အခါ လက်ကိုကိုက်လိုက်ရင် ခြေထောက်က အနာပျောက်သွားတယ် ဆိုတဲ့ အိုင်ဒီယာပါ။ ဦးဆုံးဝမ်းဗိုက်ကို အာရုံစိုက်နေပြီးတော့ ဝေဒနာတစ်ခုခုဖြစ်တဲ့ အချိန်အထိ စောင့်ပါ။ တစ်ခုခုခံစားရပြီ ဆိုတဲ့ အခါ နဖူးဆီကို ပြောင်းပြီး ဝေဒနာတစ်ခုခုဖြစ်တဲ့ အထိဆက်အာရုံပြုပါ။ ဒီ့နောက် ကိုယ်ခန္ဓာရဲ့ အခြားအစိတ်အပိုင်းတွေကို အထက်ကအတိုင်း ဆက်ပြီး အာရုံပြုပါ။ ဒါမှမဟုတ် အာရုံပြုပြီးသား အစိတ်အပိုင်းတွေကို ပြန်သွားလို့လည်း ရပါတယ်။ သင်အာရုံပြုတဲ့အခါ ဘယ်အစိတ်အပိုင်းက အဆင်မပြေဖြစ်တတ်ပါသလဲ။

တစ်နေရာမှာ ဝေဒနာ တစ်ခုခုဖြစ်တဲ့ အထိ အာရုံပြုပြီး အဲဒီနောက် အခြားတစ်နေရာကို ပြောင်းသွားဖို့ပါပဲ။ တစ်ခါလုပ်ရင် ငါးမိနစ်ဒါမှမဟုတ် ဒီ့ထက်ကြာကြာလုပ်ပေးပါ။

စကားလုံးတွေကို ခင်ဗျားရဲ့ စိတ်အခြေအနေနဲ့ ခံစားချက်တို့ကို အရင်းခံပြီး ခင်ဗျားဘာသာ အဓိပ္ပါယ်ဖွင့်ဆိုတယ်။ ခင်ဗျားချစ်မြတ်နိုးသူက ခင်ဗျားကို ထောက်ပံ့တဲ့ စကားမျိုးကို ပြောပေမဲ့ ခင်ဗျားက ထိခိုက်ခံစားရတယ်။ ဘာကြောင့်လဲ။ အကြောင်းကတော့ ခင်ဗျားက ချစ်သူရဲ့စကားကို တစ်မျိုးယူဆထားပြီးတော့ ခင်ဗျားချစ်သူဆိုလိုတာက နောက်တစ်မျိုး ဖြစ်နေလို့ပဲ။ ဖြစ်နေကျတွေပါ။

ဒါကို ရပ်ဆိုင်းဖို့ကတော့ ပုဂ္ဂလိက အခြေအနေကို အခြေတည်တဲ့ ပုဂ္ဂလဓိဋ္ဌာန် ဖွင့်ဆိုမှုတွေအစား ဓမ္မဓိဋ္ဌာန် အမြင်တွေရှိတဲ့ စကားလုံးတွေကို ဖွံ့ဖြိုးစေဖို့ပါပဲ။ အကယ်၍ စကားပြောသူက တစ်စုံတစ်ခုကို ပြောလိုက်ရင် နားထောင်သူအနေနဲ့ စကားပြောသူရဲ့ စိတ်အခြေအနေအတိုင်းပဲ စကားလုံးကို ယူဆကောက်ယူဖို့ သင့်တယ်။ နားထောင်သူရဲ့ စိတ်အခြေအနေအတိုင်း လိုက်လံကောက်ယူဖို့ မသင့်ဘူး။

စကားပြောသူဟာ စကားကို မှန်မှန်ကန်ကန်နဲ့ တလေးတစား မပြောတတ်ရင်လည်း( ဒါကလည်း မကြာခဏဖြစ်နေကျပါ) ဒီတန်ကြေးမရှိတဲ့ စကားတွေအတွက် ဓမ္မဓိဋ္ဌာန်ကျတဲ့ နားထောင်သူဟာ စိတ်မချမ်းမသာဖြစ်နေမယ် မဟုတ်ဘူး။

နားထောင်သူဟာ မလိုအပ်ဘဲ မကြာခဏ တုံ့ပြန်မှုတွေပေးတတ်တယ်။ ဘာကြောင့် မလိုအပ်ဘဲ တုံ့ပြန်ရသလဲဆိုရင် ပုဂ္ဂလဓိဋ္ဌာန် အမြင်တွေနဲ့ နားထောင်နေလို့ပဲ။ တကယ့်အနှစ်သာရရှိတဲ့ စကားတွေ စကားပြောသူဆိုလိုတဲ့ စကားတွေကိုတော့ နားမထောင်ကြဘူး။ ဘက်မလိုက်အောင် ထိန်းရမဲ့အစား တမင် တိုက်ခိုက်ပြောဆိုနေတယ်လို့ ကောက်ယူကြတယ်။ ဒါက နားထောင်သူရဲ့ အမှားပဲ။



လေ့ကျင့်ခန်း ၁-၂ သင့်စကားတွေထဲမှာ တိကျမှုကို သုံးပါ။ ရာသီဥတုပဲဖြစ်ဖြစ် ယဉ်ကြောနဲ့ ပတ်သက်လို့ဖြစ်ဖြစ်၊ အိတ်ရဲ့အလေးချိန်နဲ့ ပတ်သက်လို့ဖြစ်ဖြစ်၊ အားစိုက်ထုတ်ရမှုနဲ့ ပတ်သက်လို့ဖြစ်ဖြစ် ပုံကြီးချဲ့မှုကို ရှောင်ပါ။ ငါသေတော့မှာ၊ ဒင်းငါ့ကိုသတ်နေတာ၊ သောက်ရမ်းလေးတဲ့အိတ် စတာမျိုးသုံးတာ ရှောင်ပါ။

ပါးစပ်က အမှုမဲ့ အမှတ်မဲ့ ပြောနေတာမျိုးကို ရပ်။ မလျော်ကန်တဲ့ စကားလုံးတွေအစား လျော်ကန်တဲ့ စကားလုံးတွေနဲ့ အစားထိုး။ အခြားပုဂ္ဂိုလ်တွေအကြောင်းကို သင်ဘယ်လို ပြောဆိုနေသလဲ ပြန်သုံးသပ်။
မသင့်တာတွေပြောနေမိရင် ရပ်။ မရပ်ဆိုင်းနိုင်ဘူးဆိုရင် အဲဒီကိစ္စကို ပြန်လည်သုံးသပ်။ နောက်ဆိုရင် ဆင်ခြင်ပြီးမှ စကား ပြောတတ်လာပါလိမ့်မယ်။



စကားလုံးတွေဟာ ညစာစားတုန်းပါတဲ့ ကြက်သွန်ဖြူတွေထက် ပိုပြီးတန်ခိုးမထက်ပါ။ ပြောမှုဆိုမှုကို ထိန်းသိမ်းဖို့ လေ့လာထားခြင်းဟာ သင့်ရဲ့ နားထောင်မှုကိုလည်း တစ်လက်စတည်း ဖွံ့ဖြိုးစေနိုင်တယ်။ သင့်အတွေ့အကြုံတွေ ဗဟုသုတတွေကို မေ့ပစ်လိုက်ပါ။ လက်ရှိအခြေအနေနဲ့ ရလာဒ်တွေကိုပဲ ကြည့်ဖို့စိတ်ကူးပါ။

continue... အခန်း(၂)အဖြစ်အပျက်

Read more...

၎။ အနန္တရပစ္စည်း (က)



၁၃၅၃-ခု၊ ဝါခေါင်လဆုတ် (၈)ရက်၊ (၈)ရက်နေ့ နေ့လည်ပိုင်းမှာ ဟောကြားရမည့် တရားတော်က အနန္တရပစ္စည်း တရားတော် ဖြစ်တယ်။ ပစ္စယနိဒ္ဒေသပါဋ္ဌိတော်လာ အနန္တရပစ္စည်း တရားတော် ဖြစ်တယ်။ အနန္တရပစ္စည်းတရားတော်ကို မဟောကြားမီ အနန္တရပစ္စည်းရဲ့သဘောတရားလေးတွေ ယောဂီများ မှတ်မိရအောင် ရှေးဦးစွာ ဟောကြားပါ့မယ်။

ပဋ္ဌာန်းဆိုတော့ ခက်ခဲ၊ နက်နဲ၊ သိမ်မွေ့တဲ့ တရားတော် ဖြစ်တယ်။ "ကျမ်းကြီးပဋ္ဌာန်း၊ ကျမ်းငယ်ဆန်း၊ ကျမ်းလတ်ဓာတုကထာ"လို့ သာသနာတော်မှာ ဆိုရိုးပြုကြတယ်။ "ခက်ခဲ နက်နဲတဲ့နေရာမှာ ပဋ္ဌာန်းကျမ်းဖြစ်တယ်။ ကျမ်းကြီးတွေထဲမှာ ပဋ္ဌာန်းကျမ်းက အခက်ခဲဆုံး၊ အနက်နဲဆုံး၊ အသိမ်မွေ့ဆုံး ဖြစ်တယ်"ဟု ဆိုလိုပါတယ်။

အနန္တရဆိုတဲ့ သူ့ရဲ့နာမည်က - န+အန္တရ အန္တရ-က အကြား၊ -က မရှိတာ၊ အကြားမရှိပဲနဲ့ ကျေးဇူးပြုနေတာ ဖြစ်တယ်။ ဘယ်မှာ ကျေးဇူးပြုသလဲဆိုတော့ ယောဂီများရဲ့ သန္တာန် မျက်စိမှာ၊ နားမှာ၊ နှာခေါင်းမှာ၊ လျှာမှာ၊ ကိုယ်မှာ၊ စိတ်မှာ ကျေးဇူးပြုနေတယ်။ အခု မြတ်စွာဘုရား အနန္တရပါဋ္ဌိတော်မှာ ခေါင်းစဉ်အနေနဲ့ ဟောကြားထားတာကတော့ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်မှာပဲ ရှေးဦးစွာ ခေါင်းစဉ်အနေနဲ့ ပောာကြားထားပါတယ်။

ပစ္စည်း = ရဟန္တာတို့ စုတိစိတ် ကြဉ်သော ရှေးရှေးသော စိတ် ၈၉-ပါး စေတသိက် ၅၂-ပါး နှင့် ပဝတ္တိ ပဋိသန္ဓေ နာမက္ခန္ဓာ ၄-ပါး။

ပစ္စယုပ္ပန် = ရဟန္တာတို့၏ စုတိစိတ်နှင့်တကွ နောက်နောက် ဖြစ်ကြသော စိတ် ၈၉-ပါးနှင့် စေတသိက် ၅၂-ပါး။

ပစ္စယသတ္တိ = စကြာဝတေးမင်းကြီး၏ နတ်ရွာလားခြင်းသည် သားကြီးရတနာအား မင်းအဖြစ် အဘိသိက်ခံခြင်းငှာ ကျေးဇူးပြုသကဲ့သို့ ရှေ့ရှေ့ဖြစ်သော စိတ်စေတသိက်တို့သည် နောက်နောက်အခြားမဲ့ ဖြစ်ကြသည့် စိတ်စေတသိက်တို့အား အနန္တရသတ္တိဖြင့် ကျေးဇူးပြုကြကုန်၏ ။

ရှေးရှေးနှစ်မျိုးစေ့သည် နောက်နောက်နှစ်မျိုးစေ့အား အစဉ်မပြတ် ဖြစ်ပေါ်ရစ်အောင် မျိုးအညှောက်ပေးခြင်းဖြင့် ကျေးဇူးပြုသကဲ့သို့ ရှေးရှေး စိတ္တုပ္ပါဒ်သည် မိမိချုပ်ပျက်သည်ရှိသော် နောက်နောက် စိတ်တ္တုပ္ပါဒ် ဖြစ်ပေါ်ရစ်ရန် မျိုးအညှောက်ပေး၍ ကျေးဇူးပြု၏ ။ စိတ်ကလည်း နောက်စိတ်ဖြစ်ရန် စိတ်မျိုးအညှောက် ချန်ထားခဲ့၏ ။ ဖဿကလည်း နောက်ဖဿဖြစ်ရန် ဝေဒနာကလည်း နောက်ဝေဒနာဖြစ်ရန် အလုံးစုံသော စေတသိက်တို့သည် အသီးသီး မိမိတို့၏ ဇာတ်အစဉ် အစဉ်အဆက်မပြတ် ဖြစ်ပေါ်ရန် မျိုးအညှောက် ချန်ထားခဲ့ကြ၏ ။ ဤသို့ နောက်စိတ္တုပ္ပါဒ်အား ဖြစ်ပေါ်ခွင့်ရရန် မျိုးအစဉ်ပေးသည် အဖြစ်ဖြင့် ကျေးဇူးပြုမှုကို အနန္တရပစ္စယသတ္တိဟု ခေါ်၏ ။

သင်္ဂြိုဟ်ဆိုင်ရာ မှတ်သားဖွယ်

နာမ်သည် နာမ်အား ကျေးဇူးပြုပုံမှာ -
နာမ်သည် နာမ်အား အနန္တရ, သမနန္တရ, အာသေဝန, သမ္ပယုတ္တ, နတ္ထိ, ဝိဂတ-ဟူသော ပစ္စည်း ၆-ပါးဖြင့် ကျေးဇူးပြု၏ ။

အခြားမဲ့ ဖြစ်၍ ချုပ်ကုန်ပြီးသော စိတ်စေတသိက်တို့သည် အကြောင်းကို စွဲ၍ ဖြစ်ကုန်သော စိတ်စေတသိက်တို့အား အနန္တရ, သမနန္တရ, နတ္ထိ, ဝိဂတပစ္စည်းတို့၏ အစွမ်းဖြင့် ကျေးဇူးပြုကြ၏ ။

ရှေးရှေးဖြစ်သော ဇောတို့သည် နောက်နောက်ဖြစ်သော ဇောတို့အား အာသေဝနပစ္စည်း၏ အစွမ်းဖြင့် ကျေးဇူးပြုကြ၏ ။

အတူတကွ ဖြစ်ကြကုန်သော စိတ်စေတသိက်တို့သည် အချင်းချင်းအား သမ္ပယုတ္တပစ္စည်း၏ အစွမ်းဖြင့် ကျေးဇူးပြုကြ၏ ။

ဆောင်ပုဒ်။ ။ အနန်, သနန်၊ ဥ, အာ, ကမ်၊ မှတ်ရန် နတ္ထိ ဝိဂတ။ (အနန်-သနန်-ဥ-နတ်-ဝိ ၅-ပစ္စည်း အနန္တရကြီး)

အနန္တရပစ္စည်း၏ သဘောတရားများ

ဤအနန္တရမျိုး၌ ရှေးရှေးစိတ်သည် အကြောင်းပစ္စည်း၊ နောက်နောက်စိတ်သည် အကျိုးပစ္စယုပ္ပန် ဖြစ်သည်။ ထိုသို့ နာမ်တရားတို့သည် ရှေ့နောက်စဉ်ဆက်အခြားမရှိ ကျေးဇူးပြုခြင်းသဘောသတ္တိသည် အနန္တရသတ္တိပင် ဖြစ်သည်။

ထိုသို့ စိတ္တက္ခဏ မခြားမူ၍သာ ကျေးဇူးပြုသော်လည်း ရုပ်တရားများ ခြားနားရာ၌ကား ကျေးဇူးပြုနိုင်ကြောင်းကို၎င်း၊ ရှေးရှေးဇောသည် နောက်နောက်ဇောအား ကျေးဇူးပြုသကဲ့သို့ သမာပတ် ဝင်စားခါနီး၌ ဖြစ်သော နေဝသညာ နာသညာယတန ဈာန်ဇော ဝင်စားစဉ် တိဇရုပ်များ ခြားသော်လည်း သမာပတ်မှ ထသောအခါ ဖိုလ်ဇောအား အနန္တရသတ္တိဖြင့်ပင် ကျေးဇူးပြုနိုင်ကြောင်းကို၎င်း "နိရောဓာ ဝုဋ္ဌဟန္တဿနေဝ--ကု--ကြိ--ဖလသမာပတ္တိယာ အနန္တ--ယော" ဟူသော အနုဝါဒ ပါဠိကို ထောက်၍ သိနိုင်သည်။

နိရောဓ သမာပတ်ဝင်စားစဉ်ကာလ၌ စိတ္တဇရုပ်မှ တပါးသော (ကံ-ဥ-ဟာ) တိဇရုပ်များသည် အကြိမ်ပေါင်းမြောက်များစွာ ဖြစ်ပျက်၍ ခြားသော်လည်း အနန္တရသတ္တိဖြင့်ပင် ကျေးဇူးပြုသည်။

ကာမဘုံမှ စုတေ၍ အသညသတ် ဗြဟ္မာပြည်၌ လားကြရသော ဗြဟ္မာများသည် ကာမဘုံသို့ပင် ပြန်လာကြ၍ ကာမစုတိနောက်၌ (ရုပ်ဘုံခြား၍) ကာမပဋိသန္ဓေနေကြရာ၌ အနန္တရသတ္တိဖြင့်ပင် ကျေးဇူးပြုသည်။

အကြောင်းကား - ရုပ်အစဉ်အဆက်နှင့် နာမ်အစဉ်အဆက်တို့သည် ပင်ကိုယ်ကပင် ခြားနားလျက် ရှိကြသည်။ ထို့ကြောင့် ရုပ်တရားတို့သည် နာမ်တရားတို့၏ အစဉ်အဆက်၌ ဝင်ရောက်ခြားနားခြင်းငှာ မတတ်နိုင်ပါချေ။ ထို့ကြောင့် အနန္တသတ္တိဖြင့် ကျေးဇူးပြုသည်။

ဆောင်ပုဒ်။ ။ အနန်-သမန်၊ အာ-သေ-သမ်၊ မှတ်ရန် နတ္တိ ဝိဂတ။ နာမ်သက်သက်သာ၊ ဟောပဥှာ၊ ခြောက်ဖြာပစ္စယ။ (ပဥှာဝါရ)
  • စက္ခုဝိဉာဏ်သည် သမ္ပဋိစ္ဆိုင်းအား။ သမ္ပဋိစ္ဆိုင်းသည် သန္တီရဏအား ကျေးဇူးပြုပုံကို ပြသကဲ့သို့ သန္တီရဏသည် ဝုဋ္ဌောအား စသည်ဖြင့် ဘဝင်တိုင်အောင် အစဉ်တိုင်အောင် မပြရခြင်း။
အစဉ်အတိုင်းပြသင့်သော်လည်း နောက်ကပြအပ်ပြီးသောနည်းဖြင့် သိလောက်ပြီ ဖြစ်၍ ဒေသနာတော်ကို အကျဉ်းချုံး၍ ဟောထားသောကြောင့်၎င်း။ (တနည်း) နောက်၌ ပြလတ္တံသော ပုရိမာ ပုရိမာ ကုသလာ - စသောပါဌ်ဖြင့် သိမ်းယူအပ်သောကြောင့်၎င်း - မပြပါ။ (ကောက်- ၆၂၈)
  • အဆုံး၌ ယေသံ ယေသံ-စသောပါဌ်ကို ထပ်၍ ဟောတော်မူရခြင်း။
(ခပ်သိမ်းသော) အနန္တပစ္စည်း ပစ္စယုပ္ပန် တရားတို့၏ အကျဉ်းလက္ခဏာကို ပြလိုသောကြောင့် ယေသံ ယေသံ- စသောပါဌ်ကို ထပ်၍ ဟောတော်မူရပါသည်။ (ကောက်- ၂၆/၆၂၉)
  • အနန္တရနှင့် သမနန္တရ နှစ်ပစ္စည်းတို့သည် တူသလော၊ ထူးသလော ရှင်းလင်းပြခြင်း။
ထိုနှစ်ပစ္စည်းတို့ကား ဥပစယ နှင့် သန္တတိ ကဲ့သို့၎င်း၊ အဓိဝစန ဒုက် နှင့် နိရုတ္တိ ဒုက်- စသည်တို့ကဲ့သို့၎င်း၊ အနက်အားဖြင့် အထူးအပြား မရှိပါ။ သဒ္ဒါမျှသာ ထူးပါသည်။ ( ကောက် - ၆၂၉)
  • အနန္တရပစ္စည်း ကု-ကု ၌ "ပုရိမာ ပုရိမာ ကုသလာ ခန္ဓာ" စသည်ဖြင့်ပင် ကုသိုလ် နာမက္ခန္ဓာ တို့ကို တပေါင်းတည်း ယူနိုင်လျက် "အနုလောမံ ဂေါတြဘုဿ" စသည်ကို ဟောတော်မူပါရခြင်း။ (ပဥှာဝါရ)
- နာနာရမ္မဏ တရားသည် နာနာရမ္မဏတရားအား ကျေးဇူးပြုရာသလော, မပြုရာသလော-ဟူသော ယုံမှားသင်္ကာကို နစ်စေလိုသောကြောင့် "အနုလောမံ ဂေါတြဘုဿ၊ အနုလောမံ ဝေါဒါနဿ" ဟု ထပ်၍ ဟောပါသည်။

- နာနာဘုမ္မိက တရားအချင်းချင်း အနန္တရသတ္တိဖြင့် ကျေးဇူးပြုရာသလော, မပြုရာသလော-ဟူသော ယုံမှားသင်္ကာကို နစ်စေလိုသောကြောင့် -"ဂေါတြဘူ မဂ္ဂဿ၊ ဝေါဒါနံ မဂ္ဂဿ" ဟူသော ပါဌ်ကို ထပ်၍ ဟောပါသည်။

- ကုသလံဝုဋ္ဌာနဿ -၌ ကုသလံ-အရ တေဘူမက ကုသိုလ်ကိုယူ၊ ဝုဋ္ဌာန-အရ တေဘူမက ဝိပေါက်ကို ယူရပါသည်။ (ဤနေရာ၌- ကုသိုလ်ဇောမှ ထတတ်သောကြောင့် 'ဝုဋ္ဌာန'ဟု ခေါ်သည်။)

- မဂ္ဂေါ ဖလဿ -၌ လောကုတ္တရာဝိပေါက်သည် ဇောဝီထိ၌ အကျုံးဝင်၍ ဝုဋ္ဌာန မမည်သောကြောင့် သီးခြားဟောရသည်။
---------------

မျက်စိအကြည်မှာ အဆင်း ရူပါရုံ လာတိုက်တဲ့အခါ စိတ်တွေဟာ (၁၇)ချက် ဖြစ်သွားတယ်။ နားအကြည်မှာ အသံ သဒ္ဒါရုံ လာတိုက်တဲ့အခါမှာလည်း စိတ်တွေက (၁၇)ချက် ဖြစ်သွားတယ်။ နှာခေါင်းအကြည်မှာ အနံ့ ဂန္ဓာရုံ လာတိုက်တဲ့အခါမှာလည်း စိတ်တွေဟာ (၁၇)ချက် ဖြစ်သွားတယ်။ လျှာအကြည်မှာ အရသာ ရသာရုံ လာတိုက်တဲ့အခါမှာလည်း စိတ်တွေဟာ (၁၇)ချက် ဖြစ်သွားတယ်။ ကိုယ်အကြည်မှာ အတွေ့ဖောဋ္ဌဗ္ဗာရုံ လာတိုက်တဲ့အခါမှာလည်း (၁၇)ချက် ဖြစ်သွားပါတယ်။

အဲဒီ (၁၇)ချက်မှာ ရှေ့ရှေ့စိတ်တွေက နောက်နောက်စိတ်တွေ ဖြစ်ပေါ်လာရအောင် အကြားမရှိသောအားဖြင့် ကျေးဇူးပြုနေတယ်။ ဘယ်လိုများ ကျေးဇူးပြုသလဲဆိုရင် ရှေ့စိတ်က ချုပ်ပျောက်သွားပြီးလျှင် နောက်စိတ် ဖြစ်ပေါ်လာရအောင် ကျေးဇူးပြုတယ်။

စကြာမင်းကြီးနှင့် သားကြီးရတနာလိုပဲ

ရှေးအခါတုန်းက လေးကျွန်းတစ်မြင့်မိုရ်ကို အစိုးရတဲ့ စကြာမင်းကြီးဆိုတာ ရှိပေတယ်။ အဲဒီစကြာမင်းကြီးသည် တိုင်းပြည်အုပ်စိုး၍ မင်းစည်းစိမ်ကို ခံစားနေရပေတယ်။ တိုင်းပြည်ကိစ္စအဝဝ၊ နန်းတော်ကိစ္စအဝဝ၊ မင်းကိစ္စအဝဝမှန်သမျှကို သားကြီးရတနာက အကုန်လုံး စီစဉ်ပေးရတယ်။ သားကြီးရတနာက စီစဉ်ပေးသောကြောင့် မင်းကြီးက မင်းစည်းစိမ် ခံစားရတယ်။ မင်းကြီး သက်တော်ကုန်လို့ နတ်ရွာစံသွားတဲ့အခါ၊ ကွယ်လွန်သွားတဲ့အခါ သားကြီးရတနာ ချက်ချင်းပဲ မင်းကြီးဖြစ်တယ်။ ကြားထဲမှာ မင်းတစ်ပါးဖြစ်လို့ မရတော့ပေဘူး။ စကြာမင်းကြီး ကွယ်လွန်သွားတာ သားကြီးရတနာ မင်းဖြစ်ဖို့ရာ ကျေးဇူးပြုခဲ့တာပဲ ဖြစ်တယ်။

အနန္တရပစ္စည်းက အနန္တရပစ္စယုပ္ပန်တွေကို ကျေးဇူးပြုတာလည်း ဒီအတိုင်းပဲ ဖြစ်တယ်။ ရှေ့စိတ်ကွယ်ပျောက်သွားတာ နောက်စိတ်ဖြစ်ပေါ်ဖို့ရာ ကျေးဇူးပြုခဲ့တယ်။ ကြားထဲမှာ အခြားတစ်ခုမှ မရှိစေရဘူးတဲ့။ အဲဒီ ရှေ့စိတ်ကနေ နောက်စိတ်ကို ကျေးဇူးပြုနေပုံက စိတ်အစဉ်အတန်းကြီးကို ရှေးဦးစွာ သိထားနိုင်မှ သြော် ..ဒီလို ကျေးဇူးပြုတယ်ကိုးဟု သိကြရပါမည်။

ဝီထိစိတ်အစဉ် ဖြစ်ပုံဇယား

တီ န ဒ ပ စ သံ န္တီ ဝု
ဇော ဇော ဇော ဇော ဇော ဇော ဇော
ရုံ ရုံ
(၁၇)
အဗျာကတ
ကုသိုလ်၊ အကုသိုလ်၊ အဗျာကတ
အဗျာကတ



ဆောင်ပုဒ်။ ။ ရှေ့ရှစ်၊ နောက်နှစ်၊ အဗျာကတဖြစ်။ အလယ်ခုနှစ်မှာ၊ ကု.အ.ဗျာ၊ မှန်စွာဖြစ်ပေသည်။

ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးက ဤဝီထိအစဉ်ဖြစ်ပုံကို အတိုချုပ် လွယ်လွယ်နှင့် မှတ်သားနိုင်ရအောင် ဆောင်ပုဒ်များ ရေးသားထားခဲ့ပါတယ်။

ဆောင်ပုဒ်။ ။ ဘဝင်ဆင်ခြင်၊ မြင်ပြီးလျှင်၊ ထို့ပြင်လက်ခံတုံ၊ စုံစမ်းဆုံးဖြတ်၊ ဇောစိတ်သတ်၊ နှစ်ရပ်တဒါရုံ။

ဘဝင် ဆိုသည်မှာ - အတီတဘဝင်၊ ဘဝင်္ဂစလန၊ ဘဝဂုင်္ပစ္ဆေဒ - ဤ(၃)မျိုးကို ဆိုတာဖြစ်တယ်။
ဆင်ခြင် ဆိုသည်မှာ - ပဉ္စဒွါရာဝဇ္ဇန်းကို ဆိုတာ ဖြစ်တယ်။
မြင်ပြီးလျှင် ဆိုသည်မှာ - စက္ခုဝိညာဏ်စိတ်ကို ဆိုတာ ဖြစ်တယ်။
လက်ခံ ဆိုသည်မှာ - သမ္ပဋိစ္ဆိုင်းကို ဆိုတာ ဖြစ်တယ်။
စုံစမ်း ဆိုသည်မှာ - သန္တီရဏကို ဆိုတာ ဖြစ်တယ်။
ဆုံးဖြတ် ဆိုသည်မှာ - ဝုဋ္ဌောကို ဆိုတာဖြစ်တယ်။
ဇောစိတ်သတ် ဆိုသည်မှာ - ဇော(၇)ကြိမ်ကို ဆိုတာ ဖြစ်တယ်။
နှစ်ရပ်တဒါရုံ ဆိုသည်မှာ - တဒါရုံ(၂)ကြိမ်ကို ဆိုတာ ဖြစ်တယ်။

အတီတဘဝင်၊ ဘဝင်္ဂစလန၊ ဘဝဂုင်္ပစ္ဆေဒ၊ ပဉ္စဒွါရာဝဇ္ဇန်း၊ စက္ခုဝိညာဏ်၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ ဇော (ရ)ကြိမ်၊ တဒါရုံ (၂) ကြိမ်။

ဒါက စက္ခုဒွါရအတွက် မျက်စိအကြည်မှာ အဆင်း ရူံပါရုံ လာတိုက်တဲ့အခါ စက္ခုဝိညာဏ်လေး ဖြစ်တဲ့အခိုက်အတန့် စိတ်တွေ (၁၇)ချက် ဖြစ်သွားပုံကို ပြတာဖြစ်တယ်။
---

နားအကြည်မှာ အသံ သဒ္ဒါရုံ လာတိုက်တဲ့အခါမှာလည်း ဒီအတိုင်းပဲ (၁၇)ချက် ဖြစ်သွားတယ်။

အတီတဘဝင်၊ ဘဝင်္ဂစလန၊ ဘဝဂုင်္ပစ္ဆေဒ၊ ပဉ္စဒွါရာဝဇ္ဇန်း၊ သောတဝိညာဏ်၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ ဇော (ရ)ကြိမ်၊ တဒါရုံ (၂) ကြိမ်။
---

နှာခေါင်းအကြည်မှာ အနံ့ ဂန္ဓာရုံ လာတိုက်တဲ့အခါမှာလည်း နံသိစိတ်ကလေး ဖြစ်တဲ့အခါမှာလည်း (၁၇)ချက် ဖြစ်သွားတယ်။

အတီတဘဝင်၊ ဘဝင်္ဂစလန၊ ဘဝဂုင်္ပစ္ဆေဒ၊ ပဉ္စဒွါရာဝဇ္ဇန်း၊ ဃာနဝိညာဏ်၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ ဇော (ရ)ကြိမ်၊ တဒါရုံ (၂) ကြိမ်။
---

လျှာအကြည်မှာ အရသာ ရသာရုံ လာတိုက်တဲ့အခါမှာလည်း (၁၇)ချက် ဖြစ်သွားတယ်။

အတီတဘဝင်၊ ဘဝင်္ဂစလန၊ ဘဝဂုင်္ပစ္ဆေဒ၊ ပဉ္စဒွါရာဝဇ္ဇန်း၊ ဇိဝှာဝိညာဏ်၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ ဇော (ရ)ကြိမ်၊ တဒါရုံ (၂) ကြိမ်။
---

ကိုယ်အကြည်မှာ အတွေ့ ဖောဋ္ဌဗ္ဗာရုံ လာတိုက်တဲ့အခါလည်း (၁၇)ချက် ဖြစ်သွားတယ်။

အတီတဘဝင်၊ ဘဝင်္ဂစလန၊ ဘဝဂုင်္ပစ္ဆေဒ၊ ပဉ္စဒွါရာဝဇ္ဇန်း၊ ကာယဝိညာဏ်၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ ဇော (ရ)ကြိမ်၊ တဒါရုံ (၂) ကြိမ်။

မြတ်စွာဘုရား ပါဠိတော်မှာ ဟောကြားတာ ဒီ(၅)ဒွါရကိုပဲ ခေါင်းစဉ်ပြထားပါတယ်။ အတီတဘဝင်၊ ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ-ဆိုတာက မျက်စိအကြည်လေးမှာ ရူပါရုံ အဆင်း လာတိုက်တဲ့အခါ အတီတဘဝင်ဆိုတဲ့ ဘဝင်တစ်ချက် လွန်သွားတာ ဖြစ်တယ်။ နောက်တစ်ခါ ဘဝင်လှုပ်လာတာကို ဘဝင်္ဂစလနလို့ ခေါ်တယ်။ နောက်တစ်ခါ ဘဝင်ပြတ်သွားတာကို ဘဝင်္ဂုပစ္ဆေဒလို့ ခေါ်တယ်။ နောက်တစ်ခါ ဆင်ခြင်တဲ့စိတ်ကလေးကို ပဉ္စဒွါရာဝဇ္ဇန်းလို့ ခေါ်တယ်။ နောက်ပြီးမှ စက္ခုဝိညာဏ်၊ သမ္ပဋိ စ္ဆိုင်း၊ သန္တီရဏ - စသည် ဖြစ်လာပါတယ်။

အဲဒီမှာ ပါဠိတော်မှာ ဟောကြားတော့ စက္ခုဝိညာဏ်လေးက စပြီး ဟောကြားပါတယ်။ စက္ခုဝိညာဏ်ကို ပါဠိတော်ဝေါဟာရအားဖြင့် စက္ခုဝိညာဏဓာတု လို့ ခေါ်တယ်။ တံသမ္ပယုတ္တကာ စ ဓမ္မာ - ဆိုတာ စက္ခုဝိညာဏ်နှင့် ယှဉ်တဲ့ စေတသိက်ကို ပြောတာ ဖြစ်တယ်။ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ-ဆိုတာ သမ္ပဋိ စ္ဆိုင်း ကို ပြောတာဖြစ်တယ်။ သမ္ပဋိ စ္ဆိုင်းရဲ့ နာမည်က ပါဠိတော်မှာ မနောဓာတုလို့ ခေါ်တယ်။

မနောဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တပစ္စယေန ပစ္စယော = ၌ -

သန္တီရဏကို မနောဝိညာဏဓာတု လို့ခေါ်တယ်။ သဘောပေါက်ပြီးတော့ ရွတ်ဆိုရတော့ ပိုပြီးတော့ ကုသိုလ်ရပါတယ်။ မိမိအတွက်လည်း အကျိုးများမယ်။ သာသနာအတွက်လည်း အကျိုးများမယ်။

'' စက္ခုဝိညာဏ်ကို ပါဠိတော် ဝေါဟာရအားဖြင့် စက္ခုဝိညာဏဓာတု လို့ ခေါ်ပါတယ်။ 'သံ' သမ္ပဋိ စ္ဆိုင်းကို မနောဓာတုလို့ ခေါ်ပါတယ်။ 'န္တီ' သန္တီရဏကို ပါဠိတော် အခေါ်အားဖြင့် မနောဝိညာဏဓာတု-လို့ ခေါ်ပါတယ်။

စက္ခုဝိညာဏဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။ မနောဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။

ပါဠိတော်ခေါင်းစဉ်လေးကို စက္ခုဝိညာဏ်က စပြီး မြတ်စွာဘုရား ဟောကြားပါတယ်။ စက္ခုဝိညာဏ်ကနေပြီးတော့ သမ္ပဋိ စ္ဆိုင်းကို ကျေးဇူးပြုပုံ၊ သမ္ပဋိ စ္ဆိုင်းကနေပြီး သန္တီရဏကို ကျေးဇူးပြုပုံ၊ အကြားမရှိ ကျေးဇူးပြုပုံကို ဟောကြားတာဖြစ်တယ်။

နောက် 'သောတ'ကျတော့ ဒီအတိုင်းပါပဲ။ စက္ခုဝိညာဏ်နေရာမှာ သောတဝိညာဏ် ထည့်ပြီး သမ္ပဋိ စ္ဆိုင်း၊ သန္တီရဏ တို့ကိုတော့ ရှေ့ကအတိုင်း ထည့်ရပါတယ်။ သောတဝိညာဏ်ကိုတော့ ပါဠိတော် ဝေါဟာရအခေါ်က သောတဝိညာဏဓာတု-လို့ ခေါ်တယ်။ သမ္ပဋိ စ္ဆိုင်းကိုတော့ မနောဓာတု-လို့ ခေါ်ပါတယ်။ သန္တီရဏကိုတော့ မနောဝိညာဏဓာတု-လို့ ခေါ်ပါတယ်။

သောတဝိညာဏဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော မနောဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။

သောတဝိညာဏ်က စပြီးတော့ သမ္ပဋိ စ္ဆိုင်းကို အကြားမရှိ ကျေးဇူးပြုပုံ၊ သမ္ပဋိ စ္ဆိုင်းကနေပြီးတော့ သန္တီရဏကို အကြားမရှိ ကျေးဇူးပြုပုံ ဖြစ်တယ်။

သောတပြီးတော့ ဃာနလည်း ဒီအတိုင်းပဲ။ ဃာနဝိညာဏ်ကို ပါဠိတော်အားဖြင့် ဃာနဝိညာဏဓာတု -လို့ ခေါ်ပါတယ်။ သမ္ပဋိ စ္ဆိုင်းကိုတော့ မနောဓာတု-လို့ ခေါ်ပါတယ်။ မထူးပါဘူး။ သန္တီရဏကို မနောဝိညာဏဓာတုလို့ ခေါ်ပါတယ်။

ဃာနဝိညာဏဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော မနောဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။

ဃာနဝိညာဏ်ပြီးတော့ ဇိဝှါဝိညာဏ် ဖြစ်တယ်။ ဇိဝှါဝိညာဏ်ကို ပါဠိတော်အားဖြင့် ဇိဝှါဝိညာဏဓာတု-လို့ ခေါ်တယ်။ သမ္ပဋိ စ္ဆိုင်းကို မနောဓာတု-လို့ ခေါ်တယ်။ သန္တီရဏကို မနောဝိညာဏဓာတု-လို့ ခေါ်တယ်။

ဇိဝှါဝိညာဏဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော မနောဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။

ကာယဝိညာဏ်ကို ပါဠိတော်အားဖြင့် ကာယဝိညာဏဓာတု-လို့ ခေါ်ပါတယ်။ သမ္ပဋိ စ္ဆိုင်းကို မနောဓာတု-လို့ ခေါ်တယ်။ သန္တီရဏကို မနောဝိညာဏဓာတု-လို့ ခေါ်ပါတယ်။

ကာယဝိညာဏဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော မနောဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။

ကာယဝိညာဏ်စိတ်က စပြီးတော့ သမ္ပဋိ စ္ဆိုင်းကို အကြားမရှိ ကျေးဇူးပြုပုံ၊ သမ္ပဋိ စ္ဆိုင်းကနေပြီး သန္တီရဏကို အကြားမရှိ ကျေးဇူးပြုပုံ ဖြစ်တယ်။

မြတ်စွာဘုရား (၅)ဒွါရမှာ ဖြစ်လာတဲ့ စိတ်တွေ အကြားမရှိ ကျေးဇူးပြုပုံကို အခုလို ခေါင်းစဉ်ပဏာမအားဖြင့် ဟောကြားလိုက်တာပဲ ဖြစ်ပါတယ်။

စက္ခုဝိညာဏဓာတု ..... အနန္တရပစ္စယေန ပစ္စယော။ မနောဓာတု ............. အနန္တရပစ္စယေန ပစ္စယော။ ကာယဝိညာဏဓာတု .... အနန္တရပစ္စယေန ပစ္စယော။ မနောဓာတု .............. အနန္တရပစ္စယေန ပစ္စယော။
စက္ခုဝိညာဏဓာတု = ဆိုတာက စက္ခုဝိညာဏ်စိတ် ဖြစ်တယ်။ တံသမ္ပယုတ္တကာ စ ဓမ္မာ = ဆိုတာက စက္ခုဝိညာဏ်နှင့် ယှဉ်တဲ့ စေတသိက်တွေ ဖြစ်တယ်။ မနောဓာတုယာ = ဆိုတာက သမ္ပဋိ စ္ဆိုင်းစိတ် ဖြစ်တယ်။ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ = ဆိုတာ သမ္ပဋိ စ္ဆိုင်းနဲ့ ယှဉ်တဲ့ စေတသိက်တွေ ဖြစ်တယ်။ မနောဝိညာဏ ဓာတုယာ = ဆိုတာ သန္တီရဏစိတ် ဖြစ်တယ်။ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ = ဆိုတာက သန္တီရဏနဲ့ ယှဉ်တဲ့ စေတသိက်တွေ ဖြစ်တယ်။

စိတ်နဲ့ စေတသိက်တွဲပြီး ဟောတာဖြစ်တယ်။ တံ သမ္ပယုတ္တကာ စ ဓမ္မာ = ဆိုတာက စေတသိက်ကို ပြောတာဖြစ်တယ်။ အချက်တိုင်း အချက်တိုင်းမှာ တံ သမ္ပယုတ္တကာ = ဆိုတာ စေတသိက်ကို ပြောတာ ဖြစ်တယ်။ စိတ်က အဓိကပါပဲ။ ဒါကြောင့် စိတ်ကို အဓိကထားပြီးတော့ ဒီမှာ ဝီထိအစဉ် ချပြထားတာဖြစ်တယ်။ ဘယ်နှစ်ချက် ဟောလို့ရသွားလဲ ... (၅)ချက်ဟောလို့ ရပါတယ်။

ဆက်ရန် ..... အနန္တရ (ခ) သို့

Read more...

*အတွေးတို့ စေစားရာ-၄*

ဤအတွေးများတွင် ဆရာတော်တို့၏ ဆိုဆုံးမ စကားများ အများဆုံး ပါဝင်ပါတယ် ခင်ဗျာ...။ စာတစ်ကြောင်းချင်း၊ တစ်လုံးချင်းကို ဂရုတစိုက် တလေးတစား ဖတ်၍ တရားသဘောဖြင့် ဆင်ခြင်နိုင်ကြ ပါစေ။

1. "ဖြတ်ရင်ပြတ်မယ်၊ ဖျောက်ရင်ပျောက်မယ်၊ ဖွင့်ရင်ပွင့်မယ်၊ ဖောက်ရင်ပေါက်မယ်။" (16.07.2009, THUR) 10.15 PM

2. "သူမပါ ဘယ်ဟာမှမပြီး၊ သူချည်းတော့လည်း ဘယ်ဟာမှမပြီး။" (16.07.2009, THUR) 10.22 PM

3. "အသက်နဲ့ရင်းတာက တံငါ၊ အသက်ပေးရတော့ ငါး၊ မကြားဝံ့မနာသာ ဈေးဆစ်ကြတာက သူတို့။" (17.07.2009, FRI) 02.07 PM

4. "တိပိဋကဓရ ဖြစ်ရတဲ့အာနိသင်၊ ဒီကိုယ်တော် ဖတ်ဖတ်မောပေါ့ကွယ် ပြောမပြချင်။ ကိုယ့်ကျောင်းနှင့် ကိုယ့်ရပ်တွင် နေချင်လျှက် မနေရ။ အပူအအေး ယှက်ထွေးကာဒဏ်ခံလို့ စုန်အဆန် မြန်းရတဲ့ခရီးမှာကွယ် ကြီးတဲ့ဒုက္ခ။" (17.07.2009, FRI)

5. "လုပ်သမျှအလုပ်တွေ အောင်မြင်ချင်ပါ၏၊ သို့သော်..လူတော့ မအောင်မြင်ချင်ပါ။" (18.07.2009, SAT) 08.27 AM

6. "ယနေ့ နာမည်ကြီးလိုသူများ၊ တနေ့ နာမည်ကြီးလာသောအခါ၊ နာမည်ကြီးသည့် ဒုက္ခမှ လွတ်မြောက်ဖို့ မတောင့်တမိပါစေနှင့်။" (18.07.2009, SAT) 08.36 AM

7. "အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်၊ အော်စတင်မြို့၊ ရွှေစည်းခုံစေတီ ပန္နက်တင်မင်္ဂလာ အခမ်းအနား မှတ်တမ်းဓါတ်ပုံများ" http://picasaweb.google.com/samanaykyaw/ShwezigonePagodaFoundationCeremony# (18.07.2009, SAT) 02.09 PM

8. “သရေကန်မလား၊ တစ်ခါတည်း အနိုင်ကန်မလား” (18.07.2009, SAT) 04.10 PM

9. "ကိုယ်က ဖြောင့်တယ်ဆိုပြီး ကန့်လန့်ခံထားရင်တော့ ဟိုက လာချိတ်တော့မပေါ့။" (18.07.2009, SAT) 04.14 PM

10. "သူ့မြေမှာ ဖြူပြာပွင့်ရင်ဖြင့်၊ ငါ့မြေမှာ နီဝါတင့်ရမပေါ့၊ အခွင့်အခါ မျှော်လို့၊ ဥယျာဉ်တော် သာယာရေးကိုလ၊ ရှုမြင်မျှော် ခါခါတွေးပါလို့၊ မနှေးပင် အားအင်ထုတ်လို့ရယ်၊ ပေါင်းနုတ်ဖို့ခဲ။” (18.07.2009, SAT) 05.09 PM

11. "ခွေးနှစ်ကောင် ကိုက်လို့ရိုက်၊ ခွေးသုံးကောင် ဖြစ်သွားမယ်။" (18.07.2009, SAT) 07.41 PM

12. “ပညာတွေ ပြီးဆုံးတော့မည်ဟူသော အသိဖြင့် သူတို့ စာသင်ခဲ့ကြသည်၊ သို့သော် ပညာကား မပြီးဆုံး၊ သူတို့ဘ၀တွေသာ ပြီးဆုံးသွားကြသည်။” (18.07.2009, SAT) 07.42 PM

13. "ငါတို့က… မအောင်နိုင်တဲ့ စာမေးပွဲကိုမှ ဂုဏ်ထူးနဲ့ ပထမရချင်နေသူတွေလေ" (18.07.2009, SAT) 08.20 PM

14. "သူများအားကိုး၊ ခါးချိုး နလံမထူ။" (18.07.2009, SAT) 11.29 PM

15. "အချစ်,အမုန်း ကင်းလေတော့ အပြစ်,အရှုံး ရှင်းပြီပေါ့ကွယ်။" (18.07.2009, SAT) 11.32 PM

16. "ဘယ်တရားနာနာ တရားသိအောင်သာ နာပါလေ၊ ကိုယ့်အကြိုက်နဲ့တော့ ဘယ်တော့မှ မကိုက်လေနဲ့။" (18.07.2009, SAT) 11.34 PM

17. "သူတို့ပြောတော့လည်း ဟုတ်သလိုလို။" (19.07.2009, SUN) 11.23 AM

18. "ဤလောဘဒေါသတို့ ကြီးစိုးရာဋ္ဌာန၏ အခြားမဲ့၌ကား သေခြင်းတရားသည် ငံ့လင့်လျက်ရှိ၏။ သို့သော် ငါ့အား မတုန်လှုပ်သည်ကို တွေ့ရအံ့။" (19.07.2009, SUN) 12.50 PM

19. “ဘယ်မှာနေနေပါကွယ်၊ နေတဲ့နေရာ ကိုယ့်အိမ်လို့မှတ်နေ၊ ဘာလုပ်လုပ် ကိုယ့်ပစ္စည်း ကိုယ့်အလုပ်ပဲ မှတ်ပေါ့၊ ဒါဆို ပြီးရောပေါ့။”

20. "ပေးနိုင်တဲ့သူဆီကတောင်း၊ လက်ခံမယ့်သူကိုပေး။" (19.07.2009, SUN) 03.02 PM

21. “ဖြစ်သမျှအကြောင်း အကောင်းချည်းပဲ မလုပ်နဲ့လေ၊ မကောင်းကောင်းအောင် လုပ်ရမှာ။” (19.07.2009, SUN) 03.59 PM

22. "ဘယ်လောကမှ တရားနဲ့ မနေနိုင်ရင် ပျော်စရာမကောင်းပါဘူး" (19.07.2009, SUN) 08.41 PM

23. "ဒီဘက်နားက၀င်ပြီး ဟိုဘက်နားက မထွက်စေနဲ့လေ။" (19.07.2009, SUN) 09.01 PM

24. "မည်သည့်အရာကိုမျှ သိမ်းပိုက်မထားသော.. ခုမှ ဒီစကားလေး တော်တော် ကောင်းမှန်း သဘောပေါက် တော့တယ်။" (19.07.2009, SUN) 10.02 PM

25. "အဖေမှားရင် မုန့်ဖိုးမရဘူးနော်။" (20.07.2009, MON) 12.44 AM

26. "နွားနှစ်ကောင်ကို ကြိုးတစ်ချောင်းတည်းနဲ့ ချည်တော့ ဘယ်ကောင်ရုန်းရုန်း နာပြီလေ။" http://www.dhammayaysin.com/uthumingala.htm (20.07.2009) 05.37 PM

27. "2011-မှာ တကယ်ပဲ ကမ္ဘာပျက်ခဲ့ရင်.. ဘာလုပ်ကြရင် ကောင်းမလဲ" (20.07.2009) 10.28 PM

28. "သူတစ်ပါး ကောင်းတာ မကောင်းတာကို ဝေဖန်နေရမယ့်အချိန် မဟုတ်တော့ပါဘူး၊ ကိုယ်ကောင်းအောင်ပဲ နေရမယ့်အချိန် ဖြစ်နေပါပြီ၊ ဘာဖြစ်လို့လည်းဆိုတော့ သေဖို့က တဖြည်းဖြည်း နီးလာပြီလေ။" (20.07.2009) 10.30 PM

29. "ခြေရာကြီးတိုင်း ဆင်ပြောင်ကြီးမဟုတ်ဘူးလေ၊ *ယော ဓမ္မံ ပဿတိ၊ ယော မယံ ပဿတိ*" www.dbsusa.org/events/events.html (21.07.2009, TUE) 09.47 PM

30. "ပူဇော်ထိုက်သူတို့ထက် ပူဇော်ထိုက်သော မြတ်စွာဘုရား၊ ဦးညွတ်ထိုက်သူတို့က ဦးညွတ်ထိုက်သော မြတ်စွာဘုရား" (22.07.2009, WED) 01.13 PM

31. "မကျေမနပ်ဖြစ်မနေနဲ့၊ မင်းမှ အကြောင်းမကောင်းခဲ့တာ" (22.07.2009, WED) 01.17 PM

+++++++++++++++++++++++++++++++++++++++++++

လေးစားစွာဖြင့်
ဖိုးသား



Read more...

ပဓါနိယင်္ဂသုတ္တန် (ဖြောင့်စွာစိတ်ထား)



045-padarniyinga3.mp3 -


Read more...

ဝါခေါင်လပြည့်- မေတ္တာအခါတော်နေ့

(လဆန်းရယ်တဲ့ငွေဘုံဆောင်---၊
ပြည့်ဝှန်းကြယ်သရဝဏ်နှင့်
နယ်တဝန်းရှစ်ခွင်တိုင်းမှာ--- မှိုင်းရီိလို့မှောင်၊
ငွေတာရာ ကြယ်သိန္ဒဝငယ်တို့ ဝေဟာမှာ အရှိန်ပြပါတဲ့၊
ချိန်ခါသမယ ဝါခေါင်မှာ--ငွေတောင်ပြည့်လွှမ်း
ခတ္တာငုံ၊ ချပ်လွှာမှုန် တကြူကြူနဲ့
ပြည်နိဗ္ဗူ ပတ္တနာသန်လို့-----
စာရေးတံလှူတော်ပွဲကို နွှဲပျော်ဘို့လှမ်း။)
ဆိုတဲ့ ဆရာကြီးဦးပြုံးချို ရေးသားခဲ့တဲ့ လေးဆစ် သဖြန် ကလေး ဖြစ်ပါတယ်..
ဝါခေါင်လပြည့်နေ့ဟာ စာရေးတံမဲပွဲ ကျင်းပပြုလုပ်ကြသလို မေတ္တာအခါတော်နေ့ လို့လည်း သတ်မှတ်ထား ပါတယ်။ ကျေးဇူးတော်ရှင် မြတ်စွာဘုရားလက်ထက်မှာ သံဃာအများနဲ့စပ် ဆိုင်တဲ့ ဆွမ်းအလှူကိစ္စ၊ ဝိနည်းကိစ္စ တို့တွေမှာပြဋ္ဌာန်းဆုံးဖြတ်တဲ့အခါ စာအက္ခရာပါတဲ့ ဝါခြမ်းတံ ကိုမဲနှိုက်ပြီး ဆုံးဖြတ်စေပါတယ်။ အဲဒီဝါးခြမ်း တံလေးကိုစာရေးတံလို့ခေါ်ပါတယ်။
ဘယ်ဆွမ်းဒါယိကာဒါယိကာမကတော့ ဘယ်သံဃာကိုလှူပါ ဆုံးဖြတ်လို့ မရကောင်းတဲ့ အခါမျိုးမှာ စာရေးတံနဲ့ မဲနှိုက်ဆုံးဖြတ်စေတာပေါ့..။ ဒါ့အပြင် ရဟန်းသံဃာ အသုံးအဆောင် ဖြစ်တဲ့ထီး ဖိနပ်စတာတွေကို ပါ မဲနှိုက်ပြီးမှ လှူဒါန်းစေပါတယ်..။ အလှူရှင်တွေရော ရဟန်းသံဃာတွေပါ သဒ္ဓါပီတိ ဖြစ်စရာ ဝါခေါင်လ-စာရေး တံမဲပွဲ လို့သတ်မှတ်ထား တာပါ။
မေတ္တာအခါတော်နေ့ လို့သတ်မှတ်တာ ကတော့ သည်လိုပါ..။
ကျေးဇူးတော်ရှင် မြတ်စွာဘုရားသည် သာဝတ်္ထိပြည် ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ကာလမှာ ရဟန်းငါးရာတို့သည် မြတ်ဗုဒ္ဓ ထံမှ ကမ္မဋ္ဌာန်းတရားကိုနာယူပြီး ဟိမ၀န္တာ နှင့်စပ်လျက်ရှိသော တောအုပ် ကြီးအတွင်းသို့ ဝင်ရောက်ကာ သစ်ပင်ရင်းများမှာ တရားအားထုတ်နေကြပါတယ် ။မိမိတို့နေထိုင်ရာ သစ်ပင်အောက်တွေကို ရဟန်းများရောက်လာတဲ့အတွက် ဘုမ္မစိုး ရုက္ခစိုးနတ်တွေဟာ ရဟန်းတို့ရဲ့ သီလတန်ခိုးကြောင့် နေရာဖယ်ဖယ် ပေးနေခဲ့ရလေတော့--- သူတို့ဟာ အမျိုးမျိုး၊အဖုံဖုံ ခြောက်လှန့်ပြီး ရဟန်းများမနေနိုင်အောင် အနှောင့်အယှက်ပြုကြပါတယ်။
အဲဒီအခါမှာရဟန်းများ စိတ်ချောက်ချားကာ ရောဂါများရကြပြီး ခရီးမသွားရတဲ့ ၀ါတွင်းကြီးမှာပင် ဘုရားရှင်ထံ ပြန်ပြေးကြ ရပါတော့တယ်။ ထိုအခါမှာ မြတ်စွာဘုရားရှင်က ရဟန်းငါးရာတို့ အား မေတ္တသုတ်တရားတော်ကို ဟောဖော်ညွှန်ပြပြီး အဲဒီ တောအုပ်သို့ပြန်သွားပြီး မေတ္တဘာဝနာကိုပါ ပွားများကြရန် မိန့်တော်မူခဲ့ပါတယ်။
မေတ္တာဆိုတာကတော့တစ်ဦးနှင့်တစ်ဦး ချစ်ခင်လေးမြတ်စွာ အတူတကွ ပူးပေါင်းနေထိုင်နိုင်တဲ့ နှလုံးသွင်းမှု ဖြစ်နေတာကိုး--။ သည်တောအုပ်က ရဟန်းတွေအတွက် သပ္ပါယဖြစ်တဲ့နေရာ ဆိုတာ ဘုရားရှင်က သိတော်မူပါတယ်။ ဒါကြောင့် နေရာပြောင်းမပေးဘူးလေ..။ ရဟန်း ၅၀၀ အတွက် မျှတတဲ့နေရာ-- တရားရမဲ့ နေရာဖြစ်နေတာကိုး။ ရဟန်းများဟာ တောအုပ်ကိုပြန်သွားပြီး ဘုရားရှင် ဆောင်ရွက်ခိုင်းတဲ့အတိုင်း မေတ္တာ ဘာဝနာများ ပွားများကြပါတော့တယ်။
ထိုအခါမှာ ဘုမ္မစိုး ရုက္ခစိုး နတ်တွက မေတ္တာဓာတ်ကြောင့် ရန်မပြုကြတော့တဲ့အပြင် ရဟန်းတွေကို ပြုစုစောင့်ရှောက် ဖော်တောင် ရလာကြပါတယ်။ ရဟန်းများ ၀ိပဿနာ ဘာဝနာပွားများ အားထုတ်ခြင်းကို ချမ်းသာ စွာ ပြုလုပ်လာနိုင်တဲ့အတွက် မကြာမီမှာ လေးမဂ်လေးဖိုလ်ရပြီး ရဟန္တာများ ဖြစ်သွားကြပါတော့တယ်..။ မေတ္တာရဲ့ အထောက်အပံ့က မဂ်ဉာဏ် ဖိုလ်ဉာဏ်ထိအောင် ဆောင်ယူနိုင်စွမ်းရှိပါတယ်။
ဘုရားရှင်သည် သာမာန်လူသားဘဝကနေ အတုမရှိ ဉာဏ်တော်ထွန်းလင်းတဲ့ ဘုရားရှင် အဖြစ်ကို ရောက်တော်မူအောင် (ဒါန၊ သီလ၊ နိက္ခမ၊ ပညာ၊ ဥပေက္ခာ၊ ခန္တီ၊ သစ္စာ၊ ဓိဋ္ဌာန၊ မေတ္တာ၊ ဝီရိယာ) စတဲ့ ဆယ်ပါးသော ပါရမီကျင့်စဉ်တွေကို ဖြည့်ကျင့်ခဲ့လို့ပါ။
ကိုယ်အပါအဝင် လူတိုင်းလူတိုင်းဟာ အချိန်ပိုင်း လူမိုက်၊ အချိန်ပိုင်း ပညာရှိ၊ အချိန်ပိုင်း လူလိမ္မာ၊ ဖြစ်နေကြတာကိုး။ မမှားဘူးသောသူဆိုတာ မရှိတာသိမျာပေါ့နော်။ ပံ့သကူသင်္ကန်း ကောက်တဲ့ ဥပမာလိုပါပဲတဲ့ ပိုင်းလော့ဆရာတော်ဘုရားဟောကြားတော်မူပါတယ်။ ကောင်းတဲ့ အပိုင်းလေး ရွေးချယ်၊ မကောင်းတာ ဖယ်ယူ အသုံးပြုကြ သလို လူတွေထံကကောင်းတဲ့အရည်အသွေးတွေ ထုတ်ယူတန်ဘိုး တတ်ရပါလိမ့်မယ်
စော်ကား တုန့်ပြန်မှ ရယ်မဟုတ်ပါဘူး၊ သူတထူးရဲ့ကျေးဇူးတရားကို မမြင်တာ၊ မမြင်ချင်ယောင်ဆောင်တာ အသိအမှတ်မပြုတာ၊ မေ့ထားတာတွေ၊ ထုတ်ဖေါ်ပြောဆိုဘို့ ဝန်လေးတာတွေဟာ ကျေးဇူးကန်းတဲ့ အပြုအမူတွေပဲဆိုတာ သတိကြီးစွာထား တတ်ရပါလိမ့်မယ်မေတ္တသုတ်ကို ဟောကြားတော်မူသော ၀ါခေါင်လပြည့်နေ့- မေတ္တာအခါတော်နေ့၊ နေ့ထူးနေ့မြတ်ကြီးမှာ ကောင်းမှုကုသိုလ်များပြုလုပ်ပြီး မေတ္တာဘာဝနာများ ပွားများအားထုတ်လို့ မဂ်ဉာဏ်ဖိုလ်ဉာဏ် ဆောင်နိုင်ကြပါစေ...



Read more...

ဝါခေါင်လပြည့်- မေတ္တာအခါတော်နေ့

မေမေချစ်သော သားသားနဲ့မီးမီးရေ..
ဝါခေါင်လပြည့်နေ့ဟာ ခေတ္တာငုံ-ချပ်လွှာမှုန် ရနံ့သင်းလို့--- ဝါခေါင်မိုးတွေ နဲ့အတူ ရောက်ရှိလာပြန်ပြီ ပေါ့နော်..။
(လဆန်းရယ်တဲ့ငွေဘုံဆောင်---၊
ပြည့်ဝှန်းကြယ်သရဝဏ်နှင့်
နယ်တဝန်းရှစ်ခွင်တိုင်းမှာ--- မှိုင်းရီိလို့မှောင်၊
ငွေတာရာ ကြယ်သိန္ဒဝငယ်တို့ ဝေဟာမှာ အရှိန်ပြပါတဲ့၊
ချိန်ခါသမယ ဝါခေါင်မှာ--ငွေတောင်ပြည့်လွှမ်း။
ခတ္တာငုံ၊ ချပ်လွှာမှုန် တကြူကြူနဲ့
ပြည်နိဗ္ဗူ ပတ္တနာသန်လို့-----
စာရေးတံလှူတော်ပွဲကို နွှဲပျော်ဘို့လှမ်း။)

ဆိုတဲ့ ဆရာကြီးဦးပြုံးချို ရေးသားခဲ့တဲ့ လေးဆစ် သဖြန် ကလေး ကိုတောင် ရွတ်ဆိုနေမိရင်း အလှူရေစက် လက်နှင့်မကွာ --- ၁၂ရာသီကာလမှာ ပုံစံအမျိုးမျိုးနဲ့ လှူတတ် တန်းတတ်တဲ့ အမိမြေကို တကယ်ပဲလွမ်း ဆွတ်နေမိ ပါတယ်ကလေးတို့ရေ။


ဝါခေါင်လပြည့်နေ့ဟာ စာရေးတံမဲပွဲ ကျင်းပပြုလုပ်ကြသလို မေတ္တာအခါတော်နေ့ လို့လည်း သတ်မှတ်ထား ပါတယ် ကလေးတို့ရေ..။ မေမေတို့ကျေးဇူးတော်ရှင် မြတ်စွာဘုရားလက်ထက်မှာ သံဃာ အများနဲ့စပ်ဆိုင်တဲ့ ဆွမ်းအလှူကိစ္စ၊ ဝိနည်းကိစ္စ တို့တွေမှာပြဋ္ဌာန်းဆုံးဖြတ်တဲ့အခါ စာအက္ခရာပါတဲ့ ဝါခြမ်းတံ ကိုမဲနှိုက်ပြီး ဆုံးဖြတ်စေပါတယ်။ အဲဒီဝါးခြမ်း တံလေးကိုစာရေးတံလို့ခေါ်ပါတယ်။
ဘယ်ဆွမ်းဒါယိကာဒါယိကာမကတော့ ဘယ်သံဃာကိုလှူပါ ဆုံးဖြတ်လို့ မရကောင်းတဲ့ အခါမျိုးမှာ စာရေးတံနဲ့ မဲနှိုက်ဆုံးဖြတ်စေတာပေါ့..။ ဒါ့အပြင် ရဟန်းသံဃာ အသုံးအဆောင် ဖြစ်တဲ့ထီး ဖိနပ်စတာတွေကို ပါ မဲနှိုက်ပြီးမှ လှူဒါန်းစေပါတယ်..။ အလှူရှင်တွေရော ရဟန်းသံဃာတွေပါ သဒ္ဓါပီတိ ဖြစ်စရာ ဝါခေါင်လ-စာရေး တံမဲပွဲ လို့သတ်မှတ်ထား တာပေါ့နော်--။
မေတ္တာအခါတော်နေ့ လို့သတ်မှတ်တာ ကတော့ သည်လိုပါ..။ မေမေတို့ ကျေးဇူးတော်ရှင် မြတ်စွာဘုရားသည် သာဝတ်္ထိပြည် ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ကာလမှာ ရဟန်းငါးရာတို့သည် မြတ်ဗုဒ္ဓ ထံမှ ကမ္မဋ္ဌာန်းတရားကိုနာယူပြီး ဟိမ၀န္တာ နှင့်စပ်လျက်ရှိသော တောအုပ် ကြီးအတွင်းသို့ ဝင်ရောက်ကာ သစ်ပင်ရင်းများမှာ တရားအားထုတ်နေကြပါတယ် ။
မိမိတို့နေထိုင်ရာ သစ်ပင်အောက်တွေကို ရဟန်းများရောက်လာတဲ့အတွက် ဘုမ္မစိုး ရုက္ခစိုးနတ်တွေဟာ ရဟန်းတို့ရဲ့ သီလတန်ခိုးကြောင့် နေရာဖယ်ဖယ် ပေးနေခဲ့ရလေတော့--- သူတို့ဟာ အမျိုးမျိုး၊အဖုံဖုံ ခြောက်လှန့်ပြီး ရဟန်းများမနေနိုင်အောင် အနှောင့်အယှက်ပြုကြပါတယ် ကလေးတို့ရေ….။
အဲဒီအခါမှာရဟန်းများ စိတ်ချောက်ချားကာ ရောဂါများရကြပြီး ခရီးမသွားရတဲ့ ၀ါတွင်းကြီးမှာပင် ဘုရားရှင်ထံ ပြန်ပြေးကြ ရပါတော့တယ်။ ထိုအခါမှာ မြတ်စွာဘုရားရှင်က ရဟန်းငါးရာတို့ အား မေတ္တသုတ်တရားတော်ကို ဟောဖော်ညွှန်ပြပြီး အဲဒီ တောအုပ်သို့ပြန်သွားပြီး မေတ္တဘာဝနာကိုပါ ပွားများကြရန် မိန့်တော်မူခဲ့ပါတယ် ကလေးတို့ရေ---။

မေတ္တာဆိုတာကတော့တစ်ဦးနှင့်တစ်ဦး ချစ်ခင်လေးမြတ်စွာ အတူတကွ ပူးပေါင်းနေထိုင်နိုင်တဲ့ နှလုံးသွင်းမှု ဖြစ်နေတာကိုး--။ သားသားတို့ Social Science ဘာသာရပ်ထဲကစကားလုံးနဲ့ပြောရရင် Negotiation Skills ပေးလိုက်တာပေါ့နော်…။ သည်တောအုပ်က ရဟန်းတွေအတွက် သပ္ပါယဖြစ်တဲ့နေရာ ဆိုတာ ဘုရားရှင်က သိတော်မူပါတယ်။ ဒါကြောင့် နေရာပြောင်းမပေးဘူးလေ..။ ရဟန်း ၅၀၀ အတွက် မျှတတဲ့နေရာ-- တရားရမဲ့ နေရာဖြစ်နေတာကိုး။ ရဟန်းများဟာ တောအုပ်ကိုပြန်သွားပြီး ဘုရားရှင် ဆောင်ရွက်ခိုင်းတဲ့အတိုင်း မေတ္တာ ဘာဝနာများ ပွားများကြပါတော့တယ်။
ထိုအခါမှာ ဘုမ္မစိုး ရုက္ခစိုး နတ်တွက မေတ္တာဓာတ်ကြောင့် ရန်မပြုကြတော့တဲ့အပြင် ရဟန်းတွေကို ပြုစုစောင့်ရှောက် ဖော်တောင် ရလာကြပါတယ်။ ရဟန်းများ ၀ိပဿနာ ဘာဝနာပွားများ အားထုတ်ခြင်းကို ချမ်းသာ စွာ ပြုလုပ်လာနိုင်တဲ့အတွက် မကြာမီမှာ လေးမဂ်လေးဖိုလ်ရပြီး ရဟန္တာများ ဖြစ်သွားကြပါတော့တယ်..။ မေတ္တာရဲ့ အထောက်အပံ့က မဂ်ဉာဏ် ဖိုလ်ဉာဏ်ထိအောင် ဆောင်ယူနိုင်စွမ်းရှိပါတယ်။
အသံလှိုင်းတွေ အလင်းလှိုင်းတွေလိုပဲတဲ့ မေတ္တာဆိုတာ လှိုင်းအသွင်နဲ့ Electro Magnetic Wave ထိခိုက်စေ စားနိုင်တယ်လို့ ဒေါက်တာဓမ္မရက္ခိတ ဆရာတော်ဘုရား မေမေတို့ကိုသင်ပေးတာ သားသားမှတ်မိမှာပါ။
ဘုန်းဘုန်းဦးတိက္ခဉာဏ ကလည်း တကယ်ပို့ရင် တကယ်ရောက်ပါတယ် ဒကာမကြီးရေလို့ သူ့ရဲ့အေးချမ်းတည်ငြိမ်တဲ့ အသံတော်နဲ့ ပိုင်နိုင်စိတ်ချစွာ ပြောခဲ့ဘူးတာ မေမေ အသေအချာမှတ်ထားမိပါတယ်။
မေမေကြားဘူးတာ လိပ်မကြီး တစ်ကောင်ဟာ ဥတွေကို သဲသောင်ပြင်မှာ အုချ သဲတွေနဲ့ဖုံးလို့ ပင်လယ် ထဲကိုဆင်းသွားတယ်။ အဝေးကို ထွက်သွားပေမယ်လို့ သူ့ရဲ့ရင်က ဖြစ်တဲ့သားသမီး လိပ်က လေးတွေကို မေတ္တာပို့သ နေပါတယ်တဲ့။ တကယ်လို့များ အဲဒီလိပ်မကြီး ဟာအကြောင်း တစ်ခုခုကြောင့် သေဆုံးသွားခဲ့ရင် အဲဒိ လိပ်ဥလေးတွေဟာ ဥ ဘဝကနေ အကောင်မပေါက်ကြရှာ တော့ဘူးတဲ့။ မမြင်နိုင်ပေမဲ့ တကယ်ရှိတဲ့ စွမ်းအားတွေကို ယုံကြည်ကိုးစား နေမိပါတယ်ကလေးတို့ရေ..။

ဘုရားရှင်သည် သာမာန်လူသားဘဝကနေ အတုမရှိ ဉာဏ်တော်ထွန်းလင်းတဲ့ ဘုရားရှင် အဖြစ်ကို ရောက်တော်မူအောင် (ဒါန၊ သီလ၊ နိက္ခမ၊ ပညာ၊ ဥပေက္ခာ၊ ခန္တီ၊ သစ္စာ၊ ဓိဋ္ဌာန၊ မေတ္တာ၊ ဝီရိယာ) စတဲ့ ဆယ်ပါးသော ပါရမီကျင့်စဉ်တွေကို ဖြည့်ကျင့်ခဲ့လို့ပါ။
မေတ္တာပါရမီကစကျင့်ရင် ဆယ်ပါးလုံး ဖြည့်ကျင့်သလို ပါဝင်သွားပါတယ်လို့ ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားကြီး သင်ပြပေးထားခဲ့ပါတယ်။ အမြဲ ဝိပဿနာ အာရုံနဲ့မပြတ်မလပ် ရှုမှတ်နေနိုင် တာ ဘုရားရှင် တစ်ပါးသာရှိတာမို့-- မေမေတို့ဟာကျန်အချိန်တွေ မှာ ကိုယ်စောင့်တရားလေးပါး - စတုရာရက္ခ တရားလေးပါးဖြစ်တဲ့ (ဗုဒ္ဓါနုဿတိ၊ မရဏာနုဿတိ၊ မေတ္တာကမ္မဋ္ဌာန်း၊ အသုဘကမ္မဋ္ဌာန်း) တွေကို အမြဲဆင်ခြင်ပွားများ နှလုံးသွင်း နေရမယ်လို့မိန့်ကြား တော်မူခဲ့ပါတယ်။
မေမေတို့ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားကြီးကလည်း အမြဲ ဆုံးမတော်မူတဲ့ ဆောင်ပုဒ် လေးရှိပါတယ်။
ကျေးဇူးမြင်ရင် မေတ္တာပေါ်သည်၊ ကျေးဇူးပျောက်ရင် မာနပေါ်သည်။ မေတ္တာဖြစ်ပေါ်စေသော အနီးဆုံးသော အကြောင်းရင်းသည် ကျေးဇူးဖေါ်ပြပေးခြင်းဖြစ်သည်.. လို့ မှတ်သားကျင့်ကြံ ကြရပါလိမ့်မယ်ကလေးတို့ရေ..။ မေမေတို့ လက်တွေ့ဘဝထဲမှာတကယ် အသုံးဝင်ပါတယ်---- မေမေက မာန မထားတတ်ခဲ့ဘူးပါတယ်..။ မာနတွေ နေရာယူတော့ကျေးဇူးကို မမြင်တတ်တော့ဘူး။ မမြင်တာဟာ တခြားမြန်မာစကားလုံး ဖလှယ်သုံးရရင် ကန်းတယ်ခေါ်တာပေါ့နော်..။ မာနတွေဝင် ကျေးဇူးတွေမမြင် တတ်ခဲ့တော့ ကျေးဇူးကန်းသူကြီး ဖြစ်သွားတော့တာပေါ့..။
မေတ္တာ ပို့တော့မယ်ဆိုတော့ အဲဒီလူ ဆောင်ရွက် ကူညီဘူးတာတွေ ပြန်ပုံဖော်တဲ့အခါ တကယ့်ကိုပဲ ချစ်ခင်မြတ်နိုးတန်ဘိုးထားတဲ့ စိတ်ဟာနှလုံးအိမ်ထဲကို အလိုလို စီးဆင်းဝင်ရောက်လာတော့တာ မေမေ့လက် တွေ့ပါပဲ..။ မကျေနပ်တာတွေ အပြစ်တင်တာတွေကို ပုံမဖော်မိအောင် ကြိုးစားထားလိုက်တယ်။

ကိုယ်အပါအဝင် လူတိုင်းလူတိုင်းဟာ အချိန်ပိုင်း လူမိုက်၊ အချိန်ပိုင်း ပညာရှိ၊ အချိန်ပိုင်း လူလိမ္မာ၊ ဖြစ်နေကြတာကိုး။ မမှားဘူးသောသူဆိုတာ မရှိတာသိမျာပေါ့နော်။ ပံ့သကူသင်္ကန်း ကောက်တဲ့ ဥပမာလိုပါပဲတဲ့ ပိုင်းလော့ဆရာတော်ဘုရားဟောကြားတော်မူပါတယ်။ ကောင်းတဲ့ အပိုင်းလေး ရွေးချယ်၊ မကောင်းတာ ဖယ်ယူ အသုံးပြုကြ သလို လူတွေထံကကောင်းတဲ့အရည်အသွေးတွေ ထုတ်ယူတန်ဘိုး တတ်ရပါလိမ့်မယ် ကလေးတို့ရေ..။
စော်ကား တုန့်ပြန်မှ ရယ်မဟုတ်ပါဘူး၊ သူတထူးရဲ့ကျေးဇူးတရားကို မမြင်တာ၊ မမြင်ချင်ယောင်ဆောင်တာ အသိအမှတ်မပြုတာ၊ မေ့ထားတာတွေ၊ ထုတ်ဖေါ်ပြောဆိုဘို့ ဝန်လေးတာတွေဟာ ကျေးဇူးကန်းတဲ့ အပြုအမူတွေပဲဆိုတာ သတိကြီးစွာထား တတ်ရပါလိမ့်မယ်ကလေးတို့ရေ..။
သားသားနဲ့မီးမီးရေ---- မေတ္တသုတ်ကို ဟောကြားတော်မူသော ၀ါခေါင်လပြည့်နေ့- မေတ္တာအခါတော်နေ့၊ နေ့ထူးနေ့မြတ်ကြီးမှာ ကောင်းမှုကုသိုလ်များပြုလုပ်ပြီး မေတ္တာဘာဝနာများ ပွားများအားထုတ်လို့ မဂ်ဉာဏ်ဖိုလ်ဉာဏ် ဆောင်နိုင်ကြဘို့ ကြိုးစားရအောင် မေမေရဲ့ ဓမ္မလက်ဆောင်ကို မေတ္တာတွေနဲ့ အတူပို့သလိုက်ပါတယ်။ ကလေးတို့ ချမ်းမြေ့ရွှင်လန်းကြပါစေ။

(ဤရက်ပိုင်းများအတွင်း ပိုင်းလော့ဆရာတော် ဘုရားကြိး၏ တရားတော်များ ဆက်တိုက်နာယူခွင့် ကြည်ညိုဖူး မျှော်ခွင့် ရရှိအောင် http://live.dhammathukha.com မှ စွမ်းစွမ်းတမံ ဆောင်ရွက် ပေးကြသော ဓမ္မသုခ ညီအကို များကို မေတ္တာပို့သ ချီးကျူးဂုဏ်ပြုလိုက်ပါတယ်။)



Read more...

မေတ္တာနှလုံး အလှဆုံး

ဓမ္မမိတ်ဆွေ သူတော်စင်တို့ …
ယနေ့ သာသနာတော်နှစ် ၂၅၅၃ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၁ ခုနှစ်၊ ၀ါခေါင်လပြည့်၊ ဗုဒ္ဓဟူးနေ့၊ ခရစ်နှစ် ၂၀၀၉ ခုနှစ်၊ သြဂုတ်လ(၅)ရက်နေ့သည် မေတ္တာအခါတော်နေ့ ဖြစ်ပါတယ်။

မေတ္တာနဲ့သာ ပြုမူပါ သူငါ အောင်မြင်မှာ၊
မေတ္တာနဲ့သာ ပြောဆိုပါ သူငါ နားဝင်မှာ၊
မေတ္တာနဲ့သာ ကြံစည်ပါ သူငါ စိတ်ချမ်းသာ၊

~ ဤသာသနာ၊ ငြိမ်းချမ်းစွာ၊
ကမ္ဘာကြီးကို လှစေသည်။

~ မြန်မာ၌သာ၊ သာသနာ၊
ခိုင်မာပြည့်စုံသည်။

~ ဗုဒ္ဓ၀ါဒ၊ မြတ်ဓမ္မကြောင့်၊
ကမ္ဘာ့အလယ်၊ ဂုဏ်ရည်ကြွယ်၊
ခန့်ထည်(ထယ်) မြန်မာပြည်။



~ မေတ္တာနှလုံး၊ အလှဆုံးကြောင့်၊
ရွှင်ပြုံးကြည်သာ၊ တို့မြန်မာ၊
ကမ္ဘာကပင် မော်ကြည့်သည်။

~ ဗုဒ္ဓမြတ်စွာ၊ သာသနာကြောင့်၊
ကမ္ဘာလည်းလှ၊ လူလည်းလှ၊
အေးမြချမ်းသာသည်။

~ စိတ်ဓာတ်ကြည်လင်၊ ကောင်းတာမြင်၍၊
မိခင်စိတ်ထား၊ မေတ္တာပွား၊
ထူးခြားလူ့စွမ်းရည်။

~ ကျယ်ပြန့်မြင့်မြတ်၊ မကန့်သတ်ဘဲ၊
ဒေါသစဲ၊ ဆင်းရဲဘေးရန်ကင်းဝေးသည်။

~ ဒါန သီလာ ဘာဝနာ၊
မေတ္တာပါမှခိုင်မာသည်။

~ မေတ္တာနှလုံး၊ အလှဆုံး၊
ရွှင်ပြုံးအေးချမ်းသည်။

မိမိတို့အားလုံး စိတ်ဓာတ်ရွှင်လန်း လူ့စွမ်းရည်ထုတ် ကုသိုလ်လုပ်နိုင်ကြတာဟာ တကယ်တော့ ဗုဒ္ဓသာသနာနှင့် တွေ့ကြုံခွင့်ရနေလို့ပါ။ ဗုဒ္ဓသာသနာဟာ ကမ္ဘာလောကကြီးကို ငြိမ်းချမ်းစွာ အလှဆင်ပေးဖို့ ပေါ်ပေါက်လာတာဖြစ်တယ်၊ သာသနာဟာ မြတ်ဗုဒ္ဓရဲ့မေတ္တာနှလုံးသားမှ ပေါ်ထွက်လာခဲ့ပြီး ယနေ့ထိ မေတ္တာ ရှင်တို့ရဲ့ မေတ္တာနှလုံးသားအဆက်ဆက် ဖြတ်သန်းလာခဲ့ရတဲ့ မေတ္တာလမ်းစဉ်ပါ။ မေတ္တာနှလုံးဟာ အလှဆုံးပါ။ အပြန်အားဖြင့် ဒေါသနှလုံးဟာ အဆိုးဆုံးပါ။ ဒေါသဟာ အကြီးမားဆုံးခွဲအား၊ ၂-ယောက်တည်းတောင်ခွဲ ပစ်တယ်၊ မေတ္တာက အကြီးမားဆုံးဆွဲအား၊ အများကြီးကို စုစည်းနိုင်တယ်။ မေတ္တာသာသနာဟာ ကမ္ဘာကို ငြိမ်းချမ်းစွာ အလှဆင်ပေးတယ်၊ ဘယ်သူ့ကိုမှ တာဝန်အပို မတက်စေပါဘူး၊ သာသနာနှင့် ထိတွေ့ခွင့်ရသူ အားလုံးကို ငြိမ်းချမ်းသွားစေတာချည်းပဲ၊ လူတစ်ယောက်ထံ သာသနာပြန့်သွားရင် လူတစ်ယောက် ငြိမ်းချမ်း တယ်၊ မိသားတစ်စုထံ သာသနာပြန့်သွားရင် မိသားတစ်စု ငြိမ်းချမ်းသွားမယ်၊ သာသနာပြန့်ပွားသလောက် ငြိမ်းချမ်းရေး နယ်ပယ် ကျယ်ဝန်းသွားနိုင်တယ်။ တစ်ကမ္ဘာလုံးခြုံကြည့်ရင် ထေရ၀ါဒ သက်သက် သန့်သန့်ရှင်း ရှင်း ပြည့်ပြည့်စုံစုံ သာသနာကို ထိန်းသိမ်းထားနိုင်တာဟာ မြန်မာ တစ်နိုင်ငံတည်းပဲရှိပါတယ်၊ သဒ္ဓါ မေတ္တာ ပညာ ဆိုတဲ့ သာသနာပြုခွန်အား ၃-ခု နဲ့ ထိန်းသိမ်း စောင့်ရှောက်မှု ကောင်းနေတဲ့ကြောင့်ပါ၊ အချို့ ထေရ၀ါဒနိုင်ငံတွေမှာ သာသနာထဲ လောကီတွေ အများကြီး ရောနှောကုန်ကြပြီ။ မေတ္တာတရားနဲ့ ပေါင်းစုစောင့်ရှောက်မှုကြောင့် တစ်ကမ္ဘာလုံး မြန်မာမှာသာ သာသနာ အပြည့်စုံဆုံး အခိုင်မာဆုံးပါ။ တရားငတ်နေတဲ့ ကမ္ဘာသူ ကမ္ဘာသားတွေအတွက် ဖြန့်ဝေပေးရလောက်အောင် ပြည့်စုံပါတယ်။ နိုင်ငံခြားသား တွေက ပြောကြတယ်၊ “တရားဟာ မြန်မာ့ထွက်ကုန်” တဲ့၊ သတိပဋ္ဌာန် ၀ိပဿနာတရားဟာ မြန်မာ့ ထွက်ကုန်ပစ္စည်းတဲ့၊ ဒီထွက်ကုန်တွေ အဆက် မပြတ်ဖို့ စာချ-စာသင်-ချီးမြှောက်သူ သံဃာ-လူ-အုပ်ချုပ်သူ ဆိုတဲ့ မေတ္တာပန်း ၃-ပွင့်ပုံစံနဲ့ စာသင်တိုက်ကြီးတွေ ရပ်တည်နိုင်အောင် အားပေးချီးမြှောက် စောင့်ရှောက် နေကြရတာ ဖြစ်တယ်။

သာသနာနဲ့ပတ်သက်လို့ ဂုဏ်ယူစရာ အကောင်းဆုံးကတော့ မြန်မာပါ။ ဗုဒ္ဓသာသနာကြောင့် မြန်မာကို ကမ္ဘာကမော်ကြည့်နေတာ၊ သာသနာကြောင့် မြန်မာလှတာပါ။ မြန်မာတွေ အားလုံး ဗုဒ္ဓသာသနာ ရတနာ ကြောပေါ် ရောက်နေကြတယ်၊ အလုပ်လုပ်ဖို့ပဲလိုတယ်၊ နိဗ္ဗာန် မဂ်ဖိုလ်ထိတောင် အာမခံတာဝန်ယူထားတဲ့ သာသနာပဲ။ လောကီကောင်းကျိုးရဖို့လောက်တော့ အသာလေးပေါ့၊ သီလဆိုတဲ့ ကိုယ် နှုတ် စည်းကမ်း သမာဓိဆိုတဲ့ စိတ်စည်းကမ်း၊ ၀ိပဿနာပညာဆိုတဲ့ အသိစည်းကမ်း၊ ၃-ချက် အတိုင်းသာ လိုက်နာဆောင်ရွက် လုပ်ကိုင်နိုင်ကြရင် လောကုတ်လောကီ ကောင်းကျိုးအစုံ ရဖို့ သေချာပေါက်ပါ။ ပင်ကိုယ်အကျည်းတန် အရုပ်ဆိုးသူတွေတောင် သာသနာနဲ့တွေ့သွားရင် လှပထည်ဝါ ကျက်သရေရှိသွားတာချည်းပဲ။ ဗုဒ္ဓသာသနာဟာ ကမ္ဘာကိုရော လူကိုပါအလှဆင်ပြီး အေးမြ သာယာ ချမ်းသာစေပါတယ်၊ လူလှမှလဲ ကမ္ဘာက လှမှာပါ။

မေတ္တာသာသနာထဲကနေပြီး အသိနည်း အကျင့်နည်းတွေနဲ့ မေတ္တာဓာတ်တွေ ကူးယူနေကြရမှာပါ။ ကိုယ့်နှလုံး သားမှာ မေတ္တာထုံနေအောင် လေ့ကျင့်ဖို့လိုမယ်။ လူဆိုတာ အကောင်းဓာတ်နဲ့တကယ်တွေ့သွားရင် သူကျိုး ကိုယ်ကျိုး အစုံတိုးအောင် စွမ်းဆောင်ပေးနိုင်သည်ထိ တကယ်စွမ်းပါတယ်။ သတိ၊ ဉာဏ် အမြဲလိုအပ်မယ်ပေါ့။
မေတ္တာဆိုတာ တစ်ယောက်တည်းသော သားရင်းအပေါ် အသက်နှင့်ထပ်တူ ချစ်ခင် စောင့်ရှောက်နေတဲ့ မိခင်ရဲ့စိတ်မျိုး ကိုယ့်မှာ ဖြစ်ပေါ်တိုးပွားအောင် ထပ်တစ်လဲလဲ လေ့ကျင့် နေရတဲ့အလုပ်ပါ။ ခွင့်လွှတ်မှုနဲ့ ကောင်းကွက်ကို ရှုမြင်တတ်မှုကလဲ အားကောင်းမှ စိတ်ထဲမှာ မေတ္တာ နေရာရနိုင်ပါတယ်။ မိခင်ကိုပဲ ကြည့်ပါ။ သားသမီးအပေါ် အားလုံးခွင့်လွှတ်တယ်၊ ကောင်းကွက်ကိုရှာပြီး အမြဲချစ်တယ်၊ ရင်ခွင်ပေါ်မှာ ချီထား သိပ်ထားတုန်း သားသမီးငယ်က အညစ်အကြေးတွေ စွန့်ပစ်လိုက်တာတောင် မိခင်အပြုံး မပျက်ဘူး။ နည်းနည်းမှ အချစ်ပြယ်မသွားဘူး။ ခါတိုင်းထက် အချစ်သာတိုးနေတတ်တယ်၊ ကိုယ်လဲဒီလိုအရည်အသွေးပါတဲ့ မေတ္တာစိတ်နဲ့ သတ္တ၀ါတွေကို ချစ်တတ်အောင် လေ့ကျင့်ရမယ်၊ တစ်သံသရာလုံး ခြုံကြည့်ရင် သတ္တ၀ါအားလုံး
ဟာ ကိုယ့်ရဲ့ သားသမီးဟောင်းတွေချည်းပဲ။

မေတ္တာပွားဖန်များရင်-
(၁) စိတ်ထားကျယ်ပြန့်လာရတယ်။
(၂) မြင့်မြတ်တဲ့စိတ် ဖြစ်ပေါ်တိုးပွားလာရတယ်။
(၃) ခွဲခြမ်းခွဲခြမ်းမလုပ်ပဲ ကန့်သတ်ချက်ဘောင် တစ်စ တစ်စ ကင်းသွားရတယ်။
(၄) သူများအပေါ် ဒေါသရန်စိတ်တွေ မုန်းတီး စိတ်တွေ ကင်းစင်သွားတယ်။
(၅) စိတ်ဆင်းရဲမှုတွေလဲ ကင်းသွားတယ်။
သူများတွေကကိုယ့်ကို ရန်မလုပ်နိုင်အောင် အရည်အသွေးတွေလဲ တက်လာတယ်။
အဲဒါ မေတ္တာဂုဏ်ရည်ပဲ။

မေတ္တာပါမှ ဒါနလဲ စွမ်းအားတိုးတက် လေးနက်တယ်။ ကိုယ့်ပစ္စည်းကြောင့် သူချမ်းသာပါစေဆိုတဲ့ စိတ်ကောင်း တွေ မွှမ်းထုံပေးနိုင်ရင် ဒါနအကျိုးပေး သိပ်ထက်သန်သွားမယ်ပေါ့။ သီလလဲခိုင်မြဲတယ်၊ ကိုယ့်ကြောင့် ဘယ်သူ မှ ဒုက္ခမရောက်စေရဘူး၊ အားလုံးချမ်းသာစေရမယ် ဆိုတဲ့ စိတ်ကောင်းရှိနေရင် သီလဟာ အလိုအလျောက် ပြည့်စုံလုံခြုံနေပြီပေါ့။ မေတ္တာ ကြိုတင်ပို့ထားမှပဲ ဘာဝနာလဲ အနှောင့်အယှက်ကင်းပြီး တိုးတက်အောင်မြင် တယ်။ ဘာမဆို မေတ္တာပါမှပဲ အဆင်ပြေပါတယ်။ လူဆိုတာ တစ်ယောက်တည်း ချည်းနေ ရတာ မဟုတ်ပဲ အများနဲ့လဲ တွဲတွဲနေရတာဖြစ်လို့ မေတ္တာကိုင်မှ အများနဲ့အဆင်ပြေပြီး ပျော်ရွှင်အေးချမ်းမှာပါ။ တစ်ယောက် တည်း တည့်အောင် သတိကိုသုံးပေါ့၊ အများနဲ့တည့်ဖို့ မေတ္တာကို ကိုင်ရုံပေါ့၊ ဒါဆိုနေပျော်ပါတယ်။ မေတ္တာလို ချင်ရင် ခန္တီနဲ့ အမာခံတည်ဆောက်ရတယ်၊ ဥပေက္ခာ နဲ့လဲ ဘောင်ခတ်တတ်ရတယ်၊ ဒါမှတိုးတက် မှာပဲ။

စာဖတ်သူများအားလုံး မေတ္တာဓာတ်တွေ တိုးပွားပြီး တိုတောင်းလှတဲ့ လူ့ဘ၀မှာ ငြိမ်းချမ်းစွာနေနိုင် သဖြင့် ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းရာ နိဗ္ဗာန်တိုင်အောင် ရနိုင် ရောက်နိုင်ကြပါစေ…

တိပိဋက ယောဆရာတော်ရေးသော
မေတ္တာနှလုံး အလှဆုံး စာအုပ်မှ ထုတ်နှုတ်ရေးသားပါသည်။


Read more...

ပြန်လည်ပြင်ဆင်ချက်

မြတ်စွာဘုရား ဟောတဲ့ တရားဟာ ဘယ်တော့မှ မမှားပါဘူး၊ သို့သော် မြတ်စွာဘုရားရဲ့ တရားတော်ကို ပြန်လည်ပြီး တဆင့်ဟောကြတာက မှားကြတာပါ ၊ မှားတယ်ဆိုတာ နဲနဲမှားလည်း မှားတာပဲ၊ များများ မှားလည်း မှားတာပဲ၊ ဘုရားရှင်ကတောင် မိန့်ထားတာရှိပါသေးတယ်။ ငါဘုရားဟောတဲ့ တရားတော် မှန်တယ်လို့ မယူဆနဲ့ဦး တဲ့။ ဆိုလိုတာက ကိုယ်ဟောလိုက်တဲ့တရား မှန်ရင် အဝေဖန်ခံနိုင်ရပါမယ်၊ ငါ့ဟောတဲ့တရားဟာ အမှန်ချည်းပဲ၊ အမှားမပါဘူး၊ လို့ ဒီလို တစ်ထင့်ချ ပြောလို့လည်း မရပါဘူး။ ဆိုရေးရှိက ဆိုအပ်စွ ဆိုတာလို ကိုယ်ဟောတဲ့ တရားထဲမှာ အမှားမပါရင် ဘယ်သူမှ ထောက်မှာလည်း မဟုတ်ဘူး။ မှားတဲ့အရာလေးတွေကို အများသိအောင် ဒါက မှားနေတယ်၊ဒါကမှန်နေတယ်လို့ စေတနာနဲ့ရှင်းပြတာကို လက်ခံရမယ်။ လက်မခံနိုင်ရင် မှားတာကို မှားတယ်လို့ လက်မခံတဲ့သူမှာ အဓမ္မဖြစ်သွားပါလိမ့်မယ်။ ဓမ္မာဝါဒီသမားများဟာ ဘယ်အခါမဆို အပြောခံနိုင်ရတယ်။

ဒီလိုသာ စကားကပ်ပြောလို့ကတော့ ဘယ်တော့မှ ပီးနိုင်တဲ့ဇာတ်လမ်းတစ်ပုဒ် ဖြစ်လာမှာ မဟုတ်ဘူး။ သစ္စကပရိဗိုဇ်အကြောင်း ပို့စ်ကို နမူနာယူပါ။
တစ်ခါက စာရေးဆရာကြီး ရွှေဘိုစောလွင်ဆိုတာရှိတယ်။ စာရေးသူအား စာပေနဲ့ပတ်သက်ပြီး မြန်မာစာကို ထိမ်းသိန်းဖို့ ရယ်၊ စာရေးတဲ့အခါ စာနဲ့ စကား ကွဲကွဲပြားပြားဖြစ်အောင် ရေးဖို့ရယ်ကို တယ်လီဖုန်းနဲ့ လမ်းပြီး ပြောပါတယ်။ စာရေးသူက စာရေးခါစဆိုတော့ ဖြစ်မှာပဲ၊ ဒါပေမယ့် သူထောက်ပြတာကို ကြည့် ပြီး ဟုတ်နေတာတွေ့တော့ ရွှေဘိုစောလွင်ကို ကျေးဇူးအရမ်းတင် သွားတယ်၊ သူထောက်ပြလို့လဲ ကိုယ့်အမှားကို ကိုယ်သိသွားပြီး အမှန်ကို ပြင်နိုင်သွားတယ်၊ သတိထားလို့ရသွားတယ်လေ။
ဆိုလိုတာက တရားအများကြီးထဲက တစ်ခုမှားနေတယ်ဆိုရင် အဲဒီတစ်ခုကို ပြင်နိုင်ရပါမယ့်၊ ဒါ သူတော်ကောင်းတို့ရဲ့အလုပ်ပါ။ ယခုလို အမှားကို ဝေဖန်ထောက် ပြတာကို လက်မခံနိုင်ရင် လက်မခံနိုင်သူရဲ့ တာဝန်သာဖြစ်တယ်၊ အမှားထောက်ပြသူရဲ့ တာဝန်မဟုတ်ပါဘူး။
တကယ်လို့ အမှားထောက်ပြသူ ဆောင်းပါးရှင်ကို ရင်ဆိုင်ဖြေရှင်းခြင်တယ်ဆိုရင်လည်းရပါတယ်။ ဆောင်းပါးရှင်ကလည်း အချိန်မရွေး ဖြေရှင်းနိုင်ပါတယ်လို့ ဖိတ်ခေါ်ထားကို ဆောင်းပါး အဆုံးမှာ ဖတ်လိုက်ရပါတယ်။
စာရေးသူအနေနဲ့ ဒီ ခေါင်းစဉ်လေးကိုတော့ ဖြုတ်ပေးဖို့ ၀န်မလေးပါဘူး။ ဖြုတ်ပေးလို့ရပါတယ်။ ကိုယ်လုပ်ထားတာ ကိုယ်အဖြုတ်ခံနိုင်ပါ တယ်။ ဘာကြောင့်လည်းဆိုတော့ သာသနာပြုတဲ့သူများဟာ ပရဟိတ အများအကျိုးသက်သက် ဖြစ်ကြလို့ပါပဲ။
ဒါကြောင့် ခေါင်းစဉ်ကို "သန့်-တည်-ပွား တို့ရဲ့ ဟောကွက်အမှားများကို ထောက်ပြခြင်း" လို့ခေါင်းစဉ်တတ်ပေးလိုက်ပါတယ်။
တစ်ခုသတိထားဖို့ ပြောလိုက်ပါရစေ ပုထုဇဉ်ဆိုတာ မမှားတတ်တဲ့သူ မရှိပါဘူး၊ အဲ ...မှားတာကိုသိရင် မှန်တာကို ယူရမှာက စာရေးသူတို့ ပုထုဇဥများရဲ့ အလုပ်ပါ။


Read more...

အောင်ခြင်း(၈)ပါးအကြောင်း - ၆

(၆)။ သစ္စကပရိဗိုဇ်ကို ပညာဖြင့် အောင်တော်မူခြင်း
ဘုရားရှင် ဝေသာလီပြည် မဟာဝုန်တော ပြာဿဒ်အဆောင်မှာ သီတင်းသုံးနေတော်မူပါတယ်။ အဲဒီအခါ နိဂဏ္ဍတက္ကတွန်းရဲ့သား သစ္စက ဆိုတဲ့ ပရိဗိုဇ်ဟာ ဝေသာလီပြည်မှာ နေပြီး ၊ စကားပြိုင်ဆိုင်ပြီး ပြောဆိုတတ်တဲ့အလေ့ရှိတယ်၊ သူ့ဟာ သူ့ကိုယ်သူ ပညာရှိ ဆိုပြီး ကြွေးကျော်ထားတဲ့အတွက် လူအများကလည်း သူ့ကို ပညာရှိ သူတော်ကောင်း ရယ်လို့ သတ်မှတ်ထားကြပါတယ်။
သစ္စကပရိဗိုဇ် က “ ငါ စကားပြိုင်ဆိုင်ပြောဆို အပြစ်တင်တဲ့အခါ စိတ်မရှိတဲ့ တုံးတိုင်များတောင်မှာ ယိမ်းယိုင်သွားရတယ်၊ စိတ်ရှိ တဲ့ လူအပေါင်း ဆိုရင် ပြောစရာမရှိတော့ဘူး” လို့ ကြွေးကျော် ပြောဆိုနေပါတယ်။
တစ်နေ့နံနက် အရှင်အဿဇိဟာ ဝေသာလီပြည်အတွင်း ဆွမ်းခံဝင်ပါတယ်။ ဒါကို သစ္စက ပရိဗိုဇ်က မြင်တယ်။ သူဟာ အရှင်အဿဇီ အနီးသွားကာ ၀မ်းမြောက်ဖွယ် နှုတ်ဆက်စကားဆိုပြီး “ အို….အဿဇိ… ရဟန်းဂေါတမဟာ တပည့်သာဝကတို့အပေါ် ဘယ်လို များ ဆုံးမထားပါသလဲ၊ ဘယ်လို အစိတ်အပိုင်းမျိုးကို ညွန်ကြားထားပါသလဲ” လို့ အရှင်အဿဇိအား မေးပါတယ်။ ထိုအခါ အရှင်အဿဇိက “ဘုရားရှင်က တပည့်သာဝကတို့အပေါ်မှာ ဆုံးမညွန်ကြားထားတဲ့တရာများ များစွာရှိပါတယ်၊ ဘုရားရှင်က….

ရဟန်းတို့ ရုပ်၊ဝေဒနာ၊သညာ၊သင်္ခါရ၊၀ိဥာဏ်ဆိုတဲ့ တရားစုများဟာ အမြဲမရှိဘူး၊ ဒီခန္ဓာငါးပါးဟာ ကိုယ် အတ္တမဟုတ်ပါ။ အဲဒီလို ဘုရားရှင်က တပည့်သားသာဝကများအား ဆုံမ ညွန်ကြားထားပါတယ် “ လို့ သစ္စကအား ပြောပြတယ်။
သစ္စက “ အို…အဿဇိ ဒီစကားဟာ မတော်မလျော်ပါဘူး၊ ရဟန်းဂေါတမက ဒီလိုပြောတယ်ဆိုတာ မသင့်လျော်ပါဘူး၊ တစ်ချိန်ချိန်မှာ ရဟန်းဂေါတမနှင့် စကားပြိုင်ဆိုင်ပြောရရင်ကောင်းမယ်၊ ဒါမှလည်း ရဟန်းဂေါတမဟာ ယုတ်ညံ့တဲ့ အယူဒိဋ္ဌိမှ ကင်းစင်နိုင်လိမ့်မယ်” ဆိုပြီး သူ့ကိုယ်သူ ပညာရှိသူတော်ကောင်းဟန်ဖြင့် အပြစ်တင်စကားဆိုခဲ့ပါတယ်။
အဲဒီအခါမှာ လစ္ဆ၀ီမင်း ငါးရာတို့ဟာ စည်းဝေးပွဲတစ်ခု ကျင်းပနေပါတယ်၊ သစ္စကဟာ စည်းဝေးပွဲအနီး ချည်းကပ်ပြီး “အို…လစ္ဆ၀ီမင်းတို့ ထွက်လာခဲ့ကြ၊ ဒီနေ့ ငါဟာ ရဟန်းဂေါတမနဲ့ စကားပြိုင်ဆိုင် ပြောဆိုဖို့ ရှိတယ်၊ စကားပြိုင်မဲ့ နေရာကို ငါနဲ့အတူ သွားကြစို့ရဲ့” လို့ဆိုပြီး ပြောဆိုစည်းရုံးပါတယ်။ အချို့ လစ္ဆ၀ီမင်းများက “ သစ္စကဟာ ရဟန်းဂေါတမကို စကားပြိုင်ဆိုင် ပြောဆိုနိုင်လိမ့်မယ်” လို့ ပြောနေကြသလို အချို့လစ္ဆ၀ီမင်းများက “ ဘုရားရှင်ကို စကားပြိုင်ပြောဆိုနိုင်လောက်အောင် သစ္စက က ဘယ်လိုလူစားမျိုးလဲ ၊ ဘုရားရှင်ကသာ သစ္စကအား စကားပြောဆိုပြိုင်နိုင်ပါလိမ့်မယ်” လို့ အမျိုးမျိုး ဝေဖန်ပြောဆိုနေကြပါတယ်။
သို့နှင့် သစ္စကပရိဗိုဇ်ဟာ လစ္ဆ၀ီမင်း ငါးရာ ခြံရံပြီး မဟာဝုန်တော ပြာဿာဒ်ကျောင်းအနီးသို့ လာခဲ့ကြပါတယ်။ ကျောင်းအနီးရောက်တယ်ဆိုရင်ပဲ ဘုရားရှင်ရှိရာသို့ သွားကာ သင့်တင့်တဲ့ နေရာမှာ ထိုင်ပြီး ဘုရာရှင်အား ၀မ်းမြောက်စရာစကားများ ပြောဆိုပါတယ်။ သစ္စကပရိဗိုဇ်က “အရှင်ဂေါတမ… တကယ်လို့ ပြဿနာများကို မေးခွင့်ပြုမယ်ဆိုပါရင်၊ တစ်စုံတစ်ခုသော ပြဿနာကို မေးမြန်းလျှောက်ထားလိုပါတယ်” လို့ ဘုရားရှင်အား လျှောက်တဲ့အခါ ဘုရားရှင်က “ သင်မေးလိုက မေးနိုင်ပါတယ်” လို့ မိန့်တော်မူပါတယ်။
ထိုအခါ သစ္စကက “ အရှင်ဂေါတမ….. အရှင်ဂေါတမရဲ့ တပည့်များကို ဘယ်လို ဆုံးမ ညွန်ကြားတော်မူပါသလဲဘုရား” ။
ဘုရားရှင် “ အဂ္ဂိဝေဿန…. လောကမှာ ရုပ်တရားဟာ အမြဲမရှိသလို အတ္တလည်းမဟုတ်ပါ။ ထို့အတူ ခံစားမှုဝေဒနာ၊ မှတ်သားမှု သညာ၊ ပြုပြင်စီရင်မှု သင်္ခါရ၊ သိမှု ၀ိဥာဏ်တို့လည်း အမြဲမရှိ၊ အတ္တလည်း မဟုတ်ပါ လို့ ဆုံးမညွန်ကြားပါတယ်” ။
သစ္စက “ အရှင်ဂေါတမ….အရှင်ပြောတာနဲ့ပတ်သက်ပြီး ကျွန်ပ် ဥပမာတစ်ခုထင်လာပါတယ်”
ဘုရားရှင် “ ပြောနိုင်ပါတယ် အဂ္ဂိဝေဿန”။
သစ္စက “ ဥပမာ…မျိုးစေ့နဲ့ သစ်ပင်အားလုံးဟာ မြေကြီးကို အမှီပြုပြီး တိုးပွား၊စည်ပင်၊ပြန့်ပြောကြရတယ်။ ထို့အတူ လောကမှာ ရုပ်ကို ‘ကိုယ်’ လို့ အယူရှိကြတဲ့သူများဟာ ရုပ်မှာ တည်ပြီး ကုသိုလ်/ အကုသိုလ်ဖြစ်ကြပါတယ်။ ထို့အတူ ဝေဒနာ၊သညာ၊သင်္ခါရ၊၀ိဥာဏ်တို့ကို ‘ကိုယ်’ လို့ အယူရှိကြတဲ့ သူများဟာ ဝေဒနာ၊သညာ၊သင်္ခါရ၊၀ိဥာဏ်တို့မှာ တည်ပြီးကုသိုလ် /အကိုသုလ် ဖြစ်ကြပါတယ်”။
ဘုရားရှင် “ အဂ္ဂိဝေဿန…သင်က ရုပ်၊ဝေဒနာ၊သညာ၊သင်္ခါရ၊၀ိဥာဏ်တို့ကို အတ္တ လို့ဆိုလိုတာလား၊ ရှင်းရှင်းပြောပါ”။
သစ္စက “ ဟုတ်ပါတယ်၊ ကျွန်ပ်သာမဟုတ်၊ လောကလူအများဟာလည်း ဒီလိုပဲ အတ္တ လို့ အယူရှိကြပါတယ်”
ဘုရားရှင် “ အဂ္ဂိဝေဿန…. ဒိကိစ္စမှာ လူအများနဲ့ ဘာမှမဆိုင်ဘူး၊ လူအများကို ဆွဲမထည့်ပါနဲ့၊ ကိုယ့်ဝါဒကိုသာ ကိုယ် ဖြေရှင်းရမယ်”
သစ္စက “ အရှင်ဂေါတမ…ဒီလိုဆိုလဲ ကောင်းပါပြီ်၊ ခန္ဓာငါးပါးဟာ အတ္တ ဆိုတာ ကျွန်ပ်ရဲ့ အယူဝါဒပါ”။
ဘုရားရှင် “ ကောင်းပြီ…ဒါဆိုရင် သင့်ကိုမေးမယ်၊ သင် အဆင်ပြေသလို ဖြေနိုင်တယ်၊ ကောသလမင်း၊ အဇာတသတ်မင်းစတဲ့ အစိုးရမင်းများဟာ သတ်ဖြတ်သင့်တဲ့သူများကို သတ်ဖြတ်ဖို့၊ ဥစ္စာဆုံးရှုံးထိုက်တဲ့သူများကို ဥစ္စာများဆုံးရှုံးစေဖို့၊ နှင်ထုတ်ထိုက်သူကို နှင်ထုတ်ဖို့အတွက် မိမိနိုင်ငံမှာ မိမိ အမိန့်အာဏာနဲ့ စီရင်ပိုင်ခွင့် မရှိဘူးလား”။
သစ္စက “ အရှင်ဂေါတမ….အစိုးရမင်းများဟာ မိမိနိုင်ငံမှာ မိမိစီရင်ပိုင်ခွင့် အာဏာရှိကြပါတယ်” ။
ဘုရားရှင် “ အဂ္ဂိဝေဿန… ဒါဆို ငါမေးမယ်၊ ရုပ်တရားဟာ ‘အတ္တ’ လို့သင်ဆိုတယ်။ ဒါဆိုရင် ဒီရုပ်တရားကို ဒီလိုဖြစ်ပါစေ၊ ဟိုလို မဖြစ်ပါစေနဲ့ လို့ အမိန့် အာဏာထားနိုင်ပါသလား” လို့ မေးသောအခါ သစ္စကပရိပိုဇ်ဟာ ဘာမှ မဖြေနိုင်ဘဲ ဆိတ်ဆိတ်ပဲ နေလိုက်တော့ တယ်။ ဒုတိယအကြိမ် ထပ်မံမေးပြန်တော့လည်း ဘာမှမပြောနိုင်ရှာတော့ပါ။ သစ္စကဟာ ဒီလို ပြန်မဖြေဘဲ ဆိတ်ဆိတ်နေတဲ့အတွက် ဘုရားရှင်က “ အဂ္ဂိဝေဿန…. ငါဘုရားမေးတာကို ဖြေလိုက်ပါ၊ ဆိတ်ဆိတ်မနေပါနဲ့၊ တကယ်လို့ ငါဘုရားက သုံးကြိမ်မေးလို့မှ ပြန်မဖြေဘဲ ဆိတ်ဆိတ်နေတဲ့သူဟာ နေရာတင်ပဲ ဦးခေါင်း ခုနှစ်စိတ်ကွဲ ရလိမ့်မယ်” လို့ မိန့်တော်မူလိုက်ပါတယ်။
ထိုခဏမှာပဲ သိကြားမင်းဟာ ရဲရဲပြောင်ပြောင် တောက်လောင်နေတဲ့ ၀ရဇိန်လက်နက်ကို ကိုင်ဆောင်ကာ ကြောက်မက်ဖွယ် ဘီလူးအသွင်နဲ့ သစ္စကတို့နှင့် မနီးမဝေးကောင်းကင်ပေါ်မှာ ရပ်တည်နေပါတယ်။ ထိုအခြင်းအရာကို ဘုရားရှင်နဲ့ သစ္စကတို့ နှစ်ဦးသာ မြင်ပါ တယ်။ သစ္စကဟာ ဘီလူးကြီးကို မြင်လိုက်တယ်ဆိုရင်ပဲ ကြောက်ရွံ့ပြီး “ အရှင်ဂေါတမ…မေးပါ ၊ အခုပဲဖြေပါ့မယ်” လို့ လျှောက်ထားပါ တယ်။
“ အဂ္ဂိဝေဿန…ရုပ်၊ဝေဒနာ၊သညာ၊သင်္ခါရ၊၀ိဥာဏ်တို့ဟာ အတ္တဖြစ်တယ်လို့ သင်ကဆိုတားတာနော်၊ တကယ်လို့ အတ္တ ဖြစ်တယ်ဆိုရင် ဒီခန္ဓာငါးပါးဟာ ဒီလိုတော့ ဖြစ်ပါစေ၊ ဒီလိုတော့ မဖြစ်ပါစေနဲ့လို့ သင်အာဏာထားနိုင်သလား ၊စေခိုင်းနိုင်ပါသလား” လို့ ဘုရားရှင်က မိန့်သောအခါ သစ္စက က “ အရှင်ဂေါတမ….အာဏာမထားနိုင်ပါ၊ မစေခိုင်းနိုင်ပါ” လို့ ပြန်ဖြေပါတယ်။ “ အဂ္ဂိဝေဿန…သင်စဉ်းစားဖြေနော် သင်ပြောတဲ့စကားဟာ ရှေ့စကားနဲ့ နောက်စကား မညီဘူး ဆန့်ကျင်ဘက် ဖြစ်နေပါတယ်။ နောက်တစ်ခုမေးဦးမယ်။ အဂ္ဂိဝေဿန….ခန္ဓာငါးပါးဟာ မြဲသလား မမြဲဘူးလား” ။
“ အရှင်ဂေါတမ…ခန္ဓာငါးပါးဟာ မမြဲပါ” ။
“ အဂ္ဂိဝေဿန..ဒါဆိုရင် မမြဲတဲ့တရားဟာ ဆင်းရဲလား ၊ချမ်းသာလား” ဆိုတော့ သစ္စကက ဆင်းရဲတယ် လို့ဖြေပါတယ်။ “အဂ္ဂဝေဿန…မမြဲ၊ဆင်းရဲ၊ အစိုးမရတဲ့ ဒီခန္ဓာငါးပါးကို ငါပိုင်တယ်၊ ငါ ဖြစ်တယ်၊ ငါရဲ့ အတ္တ ဆိုပြီး နှလုံးသွင်းလို့ သင့်တော်ပါ့မလား” လို့ မေးတော်မူတော့ “ အရှင်ဂေါတမ …မသင့်တော်ပါ” လို့ ပြန်ဖြေတယ်။
“အဂ္ဂိဝေဿန…. ဆင်းရဲဒုက္ခကို တွယ်တာကပ်ငြိနေသူအား ဒီဆင်းရဲဟာ ငါပိုင်ဖြစ်တယ်၊ ဆင်းရဲဟာ ငါပဲ၊ ဆင်းရဲဟာ ကိုယ် အတ္တ ပဲ ဆိုပြီး ဆင်းရဲကို ရှုရာရောက် မနေဘူးလား” ။
“ အရှင်ဂေါတမ….ရှုရာရောက်နေပါတယ်” ။
“ အဂ္ဂိဝေဿန…..ဒါဆိုရင် ငါ ဥပမာတစ်ခုပေးမယ်၊ ငှက်ပျောတုန်းကို ဖြတ်ပြီး ယူလာတဲ့သူဟာ ဒီငှက်ပျော်တုန်းရဲ့ အပတ်ကိုခွာပြီး လွင့်ပြစ်လိုက်မယ်ဆိုရင် ထိုသူဟာ အကာကို မရနိုင်တော့၊ ငှက်ပျောတုန်းဖြစ်နေတဲ့အတွက် အနှစ်ကား ဘယ်မှာ ရနိုင်ပါတော့လဲ။ ထို့အတူ သင်ဟာလည်း ၀ါဒပြိုင်တဲ့အခါ အပြန်အလှန်မေးမြန်းတဲ့အခါ သင်ဟာ အနှစ်တုံးပြီး ကျဆုံးသူသာ ဖြစ်တယ်” လို့ ဘုရားရှင်က မိန့်တော်မူသောအခါ….
သစ္စကဟာ မျက်နှာမသာမယာဖြင့် လက်မှိုင်ချကာ ခေါင်းအောက်စိုက်ချလျက် ကြံရာမရ ဖြစ်နေပါတော့တယ်။
ထိုအခြေအနေကို သိတဲ့ ဒုမ္မုခလစ္ဆ၀ီမင်းက “ အရှင်ဘုရား… ရွာသူများဟာ ရေကန်ထဲမှ ဂဏန်းများကို ဖမ်းပြီး ခြေလက်တို့ကို ဖြတ်လိုက်ပါတယ်။ ထိုလက်ခြေတို့ကို အဖြတ်ခံရတဲ့ ဂဏန်းများဟာ ရေကန်ထဲသို့ တစ်ဖန်ပြန်ဆင်းဖို့ရာ မဖြစ်နိုင်တော့သလို သစ္စကဟာ လည်း အယူဝါဒ ခြေချောင်းလက်ချောင်းတွေကို အဖြတ်ခံလိုက်ရတဲ့အတွက် ဘုရားရှင်အား အယူဝါဒမှာ အပြစ်တင်ရန် နောက်တစ်ခါ မဖြစ်နိုင်တော့ပါ” လို့ လျှောက်ထားပြောဆိုလေတော့တယ်။
ဒါဟာ မြတ်စွာဘုရားရှင်က သစ္စက ပရိဗိုဇ်အား ပညာဖြင့် အောင်နိုင်လိုက်တာဖြစ်ပါတယ်။
(မူလပဏ္ဏာသပါဠိတော်၊ မဟာယမက၀ဂ် စူဠသစ္စကသုတ်)


Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP