* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Monday, August 3, 2009

သီတဂူဆရာတော်၏ {USA}တရားပွဲ ဓာတ်ပုံများ

သဲကုန်း သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ တရားပွဲကို အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ကွင်းစ် အရပ်ရှိ ၀ိသုဒ္ဓါရုံ ဓမ္မရံသီဝိဟာရကျောင်းတိုက်မှာ ဇူလိုင် ၃၀ ရက်နေ့ ည ၇ နာရီက ကျင်းပပြုလုပ်ခဲ့ပါတယ်။







4| | မှတ်ချက်။ ဒေါက်တာလွမ်းဆွေဆိုက်မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။



Read more...

3.7.2009 ရက်နေ့

SANY1109.JPG

Read more...

နတ်လူသာဓုခေါ်စေသော် (သို့) အနာဂတ်ပန်းလေးများ ရှင်သန်နိုင်ဖို့ (၂)





မေတ္တာကမ္ဘာ လူမှုကူညီရေး အသင်းရဲ့ ပထမ ဦးဆုံး အလှူအဖြစ် လှည်းကူးမြို့နယ် ရဲမွန်မြို့ ရဲမွန်တပ်ဦး ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှာ အမှန်တကယ် လိုအပ်နေတဲ့ လီတာ တစ်ထောင်ဆန့် ရေသန့်စက်ကို လှူဒါန်းခဲ့ပါတယ်၊ မြန်မာကျပ်ငွေ ရှစ်သိန်း ငါးသောင်းတန်ဖိုးရှိ သောက်ရေသန့်စက်ကို မေတ္တာကမ္ဘာ လူမှုကူညီရေး အသင်းက စေတနာအပြည့် မေတ္တာဖြည့်ပြီး လှူဒါန်းနိုင်ခဲ့ပြီ ဖြစ်လို့ မန်ဘာများ အလှူရှင်များနဲ့ ဓမ္မချစ်ခင် သူတော်စင်တို့ ၀မ်းမြောက်နုမော် သာဓုခေါ်ဆိုနိုင်ရန် မေတ္တာကမ္ဘာ လူမှုကူညီရေး အသင်းက မျှဝေအပ်ပါတယ်။

ကလေးငယ်ပေါင်း တစ်ရာကျော်ရဲ့ အသိဥာဏ်ရှင်သန်နိုင်ဖို့ ကြိုးစားနေတဲ့ အမှန်တကယ်လည်း လိုအပ်နေတဲ့ နေရာလေးမှာ ကူညီခွင့်ရလို့ တကယ့်ကို ၀မ်းသာပီတိ ဖြစ်ရပါတယ်၊ မေတ္တာကမ္ဘာရဲ့ ကူညီမှုဟာ ပုဂ္ဂိုလ်စွဲ ဒေသစွဲ ဆရာစွဲ ဂိုဏ်းစွဲမပါဘဲ မွန်မြတ်တဲ့ စေတနာနဲ့ ကူညီခဲ့တာမို့ ဒီကောင်းမှုရဲ့အကျိုးဟာ မွန်မြတ်သန့်စင်ပြီး အမြတ်ဆုံးဖြစ်တဲ့ ငြိမ်းအေးမှုကို လျင်မြန် လွယ်ကူစွာ ရရှိမှာဖြစ်ပါတယ်။

မေတ္တာကမ္ဘာ လူမှုကူညီရေး အသင်း ပုံမှန် လှူဒါန်းနိုင်ရန်အတွက်လည်း အလှူရှင်များကို ဖိတ်ခေါ်အပ်ပါတယ်. လက်တွေ့ကျတဲ့ မေတ္တာနှလုံးသားကို အတူတကွ ဖော်ဆောင်ကြပါစို့။ အလှူရှင်များ အနေဖြင့်လည်း မေတ္တာကမ္ဘာ လူမှုကူညီရေး အသင်းကို ပါဝင် လှူဒါန်းလိုတယ်ဆိုရင် အောက်ပါ အီးမေးလ် ဖုန်းနံပါတ်တွေကို ဆက်သွယ် လှူဒါန်းနိုင်ပါတယ်။ ။


အရှင်တိက္ခဥာဏာလင်္ကာရ
mail.. bhikkhu.tikkhanana@gmail.com
rev.tikkha@yahoo.com
Ph. 94-71 36 00 9 88
65-8266 2972

ကိုမျိုးမင်းကျော်
mail. myominkyaw2008@gmail.com
ph. 65-9235 5291

ကိုဝေယာလင်း
mail; waiyar@gmail.com
ph. 65-9295 0857

မအိမီကို
mail; eimeko@gmail.com
ph. 65-9189 5772



Read more...

ပါဠိစကား အသုံးမသင့်သဖြင့်... (သင်္ဂဇာဆရာတော်)



သင်္ဂဇာဆရာတော် စကားပုံပေါင်းချုပ်

၁၅၂... ပါဠိစကား အသုံးမသင့်သဖြင့် နှလုံးနင့်၍ ထောက်ဆဖို့ ဟောက္ခမနှင့် သမက်ထုံးကို တစ်သက်လုံးမှတ်ရန် မိန့်တော်မူသောအကြောင်း...




















Read more...

သေခြင်းတရားကို အောက်မေ့ရမည်...


သေခြင်းတရားကို အောက်မေ့ရမည်...

ပဌမ မရဏဿတိသုတ်၊

အခါတစ်ပါး၌ မြတ်စွာဘုရားသည် နာတိကရွာ အုတ်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ ရဟန်းတို့ကို ''ရဟန်းတို့'' ဟူ၍ ခေါ်တော်မူ၏၊ ''အသျှင် ဘုရား'' ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြား လျှောက်ထားကြ ကုန်၏၊ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏-

ရဟန်းတို့ ''မရဏဿတိ 'သေခြင်း တရားကို အောက်မေ့မှု' ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုအပ်သည်ရှိသော် အကျိုးကြီး၏၊ အာနိသင်ကြီး၏၊ အမြိုက် (နိဗ္ဗာန်)သို့ သက်ဝင်၏။ အမြိုက် (နိဗ္ဗာန်)လျှင် အဆုံးရှိ၏။

ရဟန်းတို့ သင်တို့သည် မရဏဿတိကို ပွါးများ ကုန်၏လော'' ဟု မိန့်တော်မူ၏။
ဤသို့ မိန့်တော်မူသည် ရှိသော် ရဟန်းတစ်ပါးသည် မြတ်စွာဘုရားအား-
''အသျှင်ဘုရား အကျွန်ုပ်သည် မရဏဿတိကို ပွါးများပါ၏'' ဟု လျှောက်၏။ ရဟန်း သင်သည် မရဏဿတိကို အဘယ်သို့လျှင် ပွါးများသနည်း ဟု မေးတော်မူ၏။

အသျှင်ဘုရား အကျွန်ုပ်အား ဤအကြံသည် ဖြစ်ပါ၏-

''ငါသည် တစ်နေ့ တစ်ညဥ့်မျှ အသက်ရှင်ပါမူ ကောင်းလေစွ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို နှလုံးသွင်း ရလေရာ၏၊ ငါ့အား စင်စစ် (ရဟန်း ကိစ္စကို) များစွာ ပြုအပ်သည် ဖြစ်ရာ၏'' ဟု (အကြံ ဖြစ်ပါ၏)။ အသျှင်ဘုရား ဤသို့လျှင် အကျွန်ုပ်သည် မရဏဿတိကို ပွါးများပါ၏ ဟု (လျှောက်၏)။

ရဟန်းတစ်ပါးသည်လည်း မြတ်စွာဘုရားအား-
''အသျှင်ဘုရား အကျွန်ုပ်သည်လည်း မရဏဿတိကို ပွါးများပါ၏'' ဟု လျှောက်၏။ ရဟန်း သင်သည် မရဏဿတိကို အဘယ်သို့လျှင် ပွါးများသနည်း ဟု မေးတော်မူ၏။

အသျှင်ဘုရား အကျွန်ုပ်အား ဤအကြံသည် ဖြစ်ပါ၏-

''ငါသည် တစ်နေ့မျှ အသက်ရှင်ပါမူ ကောင်းလေစွ၊ မြတ်စွာဘုရား၏ အဆုံးအမ တော်ကို နှလုံးသွင်းရ လေရာ၏၊ ငါ့အား စင်စစ် ရဟန်းကိစ္စကို များစွာ ပြုအပ် သည် ဖြစ်ရာ၏'' ဟု အကြံ ဖြစ်ပါ၏။ အသျှင်ဘုရား ဤသို့လျှင် အကျွန်ုပ်သည် မရဏဿတိကို ပွါးများပါ၏'' ဟု လျှောက်၏။

ရဟန်းတစ်ပါးသည်လည်း မြတ်စွာဘုရားအား-
''အသျှင်ဘုရား အကျွန်ုပ်သည်လည်း မရဏဿတိကို ပွါးများပါ၏'' ဟု လျှောက်၏။ ရဟန်း သင်သည် မရဏဿတိကို အဘယ်သို့လျှင် ပွါးများသနည်း ဟု (မေးတော်မူ၏)။

အသျှင်ဘုရား အကျွန်ုပ်အား ဤအကြံသည် ဖြစ်ပါ၏-

''ငါသည် ဆွမ်းတစ်ထပ် စားချိန်အတွင်း အသက်ရှင်ပါမူ ကောင်းလေစွ၊ မြတ်စွာဘုရား၏ အဆုံး အမတော်ကို နှလုံးသွင်းရလေရာ၏၊ ငါ့အား စင်စစ် (ရဟန်းကိစ္စကို) များစွာ ပြုအပ်သည် ဖြစ်ရာ၏''ဟု (အကြံဖြစ်ပါ၏)။
အသျှင်ဘုရား ဤသို့လျှင် အကျွန်ုပ်သည် မရဏဿတိကို ပွါးများပါ၏ ဟု (လျှောက်၏)။

ရဟန်းတစ်ပါးသည်လည်း မြတ်စွာဘုရားအား-
''အသျှင်ဘုရား အကျွန်ုပ်သည်လည်း မရဏဿတိကို ပွါးများပါ၏'' ဟု လျှောက်၏။ ရဟန်း သင်သည် အဘယ်သို့လျှင် မရဏဿတိကို ပွါးများသနည်း ဟု မေးတော်မူ၏။

အသျှင်ဘုရား အကျွန်ုပ်အား ဤအကြံသည် ဖြစ်ပါ၏-

''ငါသည် လေးလုတ် ငါးလုတ်သော ဆွမ်းကို ဝါးမျိုနေချိန်အတွင်း အသက်ရှင်ပါမူ ကောင်းလေစွ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို နှလုံး သွင်းရလေရာ၏၊ ငါ့အား စင်စစ် ရဟန်းကိစ္စကို များစွာ ပြုအပ်သည် ဖြစ်ရာ၏'' ဟု အကြံ ဖြစ်ပါ၏။ အသျှင်ဘုရား ဤသို့လျှင် အကျွန်ုပ်သည် မရဏဿတိကို ပွါးများပါ၏ ဟု လျှောက်၏။

ရဟန်းတစ်ပါးသည်လည်း မြတ်စွာဘုရားအား-
''အသျှင်ဘုရား အကျွန်ုပ်သည်လည်း မရဏဿတိကို ပွါးများပါ၏'' ဟု လျှောက်၏။ ရဟန်း သင်သည် မရဏဿတိကို အဘယ်သို့လျှင် ပွါးများသနည်း ဟု မေးတော်မူ၏။

အသျှင်ဘုရား အကျွန်ုပ်အား ဤအကြံသည် ဖြစ်ပါ၏-
''ငါသည် ဆွမ်းတစ်လုတ်မျှကို ဝါးမျိုးနေချိန်အတွင်း အသက်ရှင်ပါမူ ကောင်းလေစွ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို နှလုံးသွင်းရလေရာ၏၊ ငါ့အား စင်စစ် ရဟန်းကိစ္စကို များစွာ ပြုအပ်သည် ဖြစ်ရာ၏'' ဟု အကြံ ဖြစ်ပါ၏။ အသျှင်ဘုရား ဤသို့လျှင် အကျွန်ုပ်သည် မရဏဿတိကို ပွါးများပါ၏ ဟု လျှောက်၏။

ရဟန်းတစ်ပါးသည်လည်း မြတ်စွာဘုရားအား-
''အသျှင်ဘုရား အကျွန်ုပ်သည်လည်း မရဏဿတိကို ပွါးများပါ၏'' ဟု လျှောက်၏။ ရဟန်း သင်သည် မရဏဿတိကို အဘယ်သို့လျှင် ပွါးများသနည်း ဟု မေးတော်မူ၏။

အသျှင်ဘုရား အကျွန်ုပ်အား ဤအကြံသည် ဖြစ်ပါ၏-
''ငါသည် ဝင်သက်ရှု၍ ထွက်သက်ထုတ်ချိန် ထွက်သက်ထုတ်၍ ဝင်သက်ရှုချိန် အတွင်း အသက်ရှင်ရပါမူ ကောင်းလေစွ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို နှလုံး သွင်းရလေရာ၏၊ ငါ့အား စင်စစ် ရဟန်းကိစ္စကို များစွာ ပြုအပ်သည် ဖြစ်ရာ၏'' ဟု အကြံဖြစ်ပါ၏။ အသျှင်ဘုရား ဤသို့လျှင် အကျွန်ုပ်သည် မရဏဿတိကို ပွါးများပါ၏ ဟု လျှောက်၏။

ဤသို့ လျှောက်ကုန်သည်ရှိသော် ...
မြတ်စွာဘုရားသည် ရဟန်းတို့အား ဤစကားကို မိန့်တော်မူ၏-

ရဟန်းတို့ ''ငါသည် တစ်နေ့ တစ်ညဥ့်မျှ အသက်ရှင်ပါမူ ကောင်းလေစွ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို နှလုံး သွင်းရလေရာ၏၊ ငါ့အား စင်စစ် (ရဟန်းကိစ္စကို) များစွာ ပြုအပ်သည် ဖြစ်ရာ၏''ဟု မရဏဿတိကို ပွါးများသော ရဟန်း၊

''ငါသည် တစ်နေ့ အသက်ရှင်ပါမူ ကောင်းလေစွ၊ မြတ်စွာဘုရား၏ အဆုံးအမ တော်ကို နှလုံး သွင်းရလေရာ၏၊ ငါ့အား စင်စစ် (ရဟန်း ကိစ္စကို) များစွာ ပြုအပ် သည် ဖြစ်ရာ၏'' ဟု မရဏဿတိကို ပွါးများသော ရဟန်း၊

''ငါသည် ဆွမ်းတစ်ထပ် စားချိန်အတွင်း အသက်ရှင်ပါမူ ကောင်းလေစွ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို နှလုံးသွင်း ရလေရာ၏၊ ငါ့အားစင်စစ် (ရဟန်းကိစ္စကို) များစွာ ပြုအပ်သည် ဖြစ်ရာ၏'' ဟု မရဏဿတိကို ပွါးများသော ရဟန်း၊

''ငါသည် လေးလုတ် ငါးလုတ်သော ဆွမ်းကို ဝါးမျိုနေချိန်အတွင်း အသက်ရှင်ပါမူ ကောင်းလေစွ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို နှလုံး သွင်းရလေရာ၏၊ ငါ့အား စင်စစ် (ရဟန်းကိစ္စကို) များစွာပြုအပ်သည် ဖြစ်ရာ၏'' ဟု မရဏဿတိ ကို ပွါးများသော ရဟန်း၊

ဤရဟန်းတို့ကို မေ့လျော့စွာ နေကြကုန်၏ ဟူ၍ လည်းကောင်း၊ အာသဝေါတရား ကုန်ခန်းရန် နုံ့နှေးစွာ မရဏဿတိကို ပွါးများကုန်၏ ဟူ၍ လည်းကောင်း ဆိုအပ်ကုန်၏။

ရဟန်းတို့ ငါသည် ဆွမ်းတစ်လုတ်တည်းကို ဝါးမျိုနေချိန်အတွင်း အသက်ရှင်ပါမူ ကောင်းလေစွ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို နှလုံးသွင်းရလေရာ၏၊ ငါ့အား စင်စစ် (ရဟန်းကိစ္စကို) များစွာ ပြုအပ်သည် ဖြစ်ရာ၏'' ဟု မရဏဿတိကို ပွါးများသော ရဟန်း၊

'ငါသည် ဝင်သက်ရှူ၍ ထွက်သက် ထုတ်ချိန် ထွက်သက်ထုတ်၍ ဝင်သက်ရှူချိန် အတွင်း အသက်ရှင်ပါမူ ကောင်းလေစွ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို နှလုံးသွင်း ရလေရာ၏၊ ငါ့အား စင်စစ် (ရဟန်းကိစ္စကို) များစွာ ပြုအပ်သည် ဖြစ်ရာ၏'' ဟု မရဏဿတိကို ပွါးများသော ရဟန်း၊

ဤရဟန်းတို့ကို မမေ့မလျော့နေကြကုန်၏ ဟူ၍ လည်းကောင်း၊ အာသဝေါတရား ကုန်ခန်းရန် ထက်သန်စွာ မရဏဿတိကို ပွါးများကုန်၏ ဟူ၍ လည်းကောင်း ဆိုအပ်ကုန်၏။

ရဟန်းတို့ ထို့ကြောင့်လျှင် ဤသို့ ကျင့်ရမည် ''မမေ့မလျော့ နေကုန်အံ့၊ အာသဝေါ တရားတို့ ကုန်ခန်းရန် ထက်သန်စွာ မရဏဿတိကမ္မဋ္ဌာန်းကို ပွါးများကုန်အံ့'' ဟူ၍ (ကျင့်ရမည်)။

ရဟန်းတို့ ဤသို့လျှင် သင်တို့ ကျင့်ရမည် ဟု (မိန့်တော်မူ၏)။ 19

၉ - ပဌမ မရဏဿတိသုတ်၊ သာရဏီယဝဂ်၊ ဆက္ကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။




ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


Read more...

Golden Words


ကျွန်တော်တစ်လကျော်လောက်ပျောက်သွားတဲ့အတွက်တောင်းပန်ပါတယ်။ အလုပ်တစ်ဘက်နှင့်မအားတာရော
ကျွန်တော်အားတဲ့အချိန် ညပိုင်း အင်တာနက် ကွန်နတ်ရှင်အကောင်းတာရောပေါင်းပြီး post အသစ်မတင်ဖြစ်တာ
ပါ။ ရှေ့ လျှောက် ကျွန်တော်ကြိုးစားပြီး post အသစ်များတင်ပါ့မယ်။ လာရောက်လည်ပတ်သွားတဲ့ ဓမ္မမိတ်ဆွေများ
အားလုံးကို အနူးအညွတ်တောင်းပန်အပ်ပါတယ်ခင်ဗျာ။


Read more...

မချစ်မမုန်းအကောင်းဆုံး

ချစ်သောသူတို့နှင့်လည်း မပေါင်းလင့်၊ မုန်းသောသူတို့နှင့်လည်း မပေါင်းလင့်၊ ချစ်သောသူတို့ကို မမြင်ရခြင်းသည် ဆင်းရဲ၏၊ မုန်းသောသူတို့ကို မြင်ရခြင်းသည်လည်း ဆင်းရဲ၏၊ ထို့ကြောင့် လူကိုဖြစ်စေ ပစ္စည်းဥစ္စာကိုဖြစ်စေ ချစ်ခင်စွဲလန်းခြင်းကို မပြုရာ၊ ချစ်ခင်စွဲလန်းဖွယ်တို့နှင့် ကွေကွင်းရခြင်းသည်လည်း မကောင်းသည်သာတည်း၊ ချစ်ခြင်းမုန်းခြင်း မရှိသောသူတို့အား အနှောင်အဖွဲ့တို့သည် မရှိကြကုန်“ (ဓမ္မပဒ၊ ပိယ၀ဂ်၊ တယောဇန ပဗ္ဗဇိတ၀တ္ထု)



ဆက်လက်၍...

Read more...

ဆွမ်းလောင်းမြင်ကွင်း


ဆွမ်းလောင်းနေကြသော ဒကာ ကိုဖြိုးနှင့် ကိုထက်၊ နောက်က ဆွမ်းခံသံဃာများ မြင်ရစေရန် မီးပြပေးနေတဲ့ ဦးဇင်း ဦးပညာဝံသ

စားတော်ပဲပြုတ်နဲ့ အကြော်စုံကို ဆွမ်းဆီဆမ်းနဲ့ ဘုဉ်းပေးနေတဲ့ ကိုရင်များ

မနက် ၄ နာရီ ၅၁ မိနစ်မှာ ဆွမ်းစလောင်းပါတယ်။ ရာနဲ့ချီတဲ့ သံဃာများအတွက် ဆွမ်းဆန်နဲ့ ပဲကို ပင်တိုင် တာဝန်ယူထားတဲ့ မန္တလေးက ဒကာကိုဖြိုးနဲ့ ကိုထိုက်ရောက်လာပြီး ကိုယ်တိုင် လောင်းလှူကြပါတယ်။

အရုဏ်ဆွမ်းက စားတော်ပဲပြုတ်၊ ဆွမ်းဆီဆမ်းနဲ့ အကြော်စုံပါ။ အကြော်က ဘယာကြော်၊ တို့ဟူးကြော်... ပဲကြော်တွေ ပါပါတယ်။ နေ့ဆွမ်းက ဝက်သားနဲ့ ရွှေဖရုံသီး၊ ချဉ်ပေါင်ကြော်၊ ပဲနှပ် ဖြစ်ပါတယ်။ ချဉ်ပေါင်ရွက်က ကြာကြာခံအောင် ခြောက်ခြောက်လေး ကြော်ပေးထားပါတယ်။

စာသင်တိုက်တစ်ခုက ဆွမ်းခံသံဃာ အပါး ၃၀၀ ခန့် ကြွလာပါတယ်။မိုးမလင်းခင် ချက်ပြုတ်နှင့်ကြပြီး ဝေယျာဝစ္စ ဒကာဒကာမများက ကိုယ်တော်တွေကို အရုဏ်ဆွမ်း ကပ်တယ်။ ဆွမ်းဆီဆမ်းနဲ့ တွဲကပ်တဲ့ စားတော်ပဲပြုတ်က ငါးပြည် ကုန်တယ်။ အအီပြေ သရက်ချဉ်သုတ်ပါ ပါတယ်။ ဆွမ်းခံကိုယ်တော်တွေ စောစောကြွလာတဲ့အတွက် မနက် ၄ နာရီ မိနစ် ၅၀ မှာ ဆွမ်းစလောင်းပါတယ်။

ဆွမ်းဆီဆမ်းပေါ် စားတော်ပဲပြုတ်ဖြူး၊ အကြော်စုံနဲ့ သရက်ချဉ်သုတ် တင်လို့ မြိန်ရည်ရှည်ရည် ဘုဉ်းပေးကြပါတယ်။ အညာသား ဦးဇင်းတွေလို အစပ်ကြိုက်တဲ့ ကိုယ်တော်တွေအတွက် ငရုတ်သီးစိမ်းပါ ကပ်ထားပေးတယ်။ ငရုတ်သီးကြော် ကြော်ဖို့ စဉ်းစားပေမယ့် ကိုရင်ငယ်လေးတွေ အစပ်မစားနိုင်မှာ စိုးလို့ နှစ်သက်ရာ ကိုယ်တော် သုံးဆောင်နိုင်အောင် ငရုတ်သီးစိမ်းပဲ ကပ်တာပါ။


မိုးမလင်းခင် ဆွမ်းခံကြွလာတဲ့ ကိုရင်လေးများ

အရုဏ်မလင်းတလင်းမှာ ဆွမ်းဆက်ကပ်စဉ်

တစ်ပါးကို တစ်ပန်းကန်ကျော်ကျော် နှစ်ပန်းကန် စသဖြင့် ကပ်ရပါတယ်။ ဆွမ်းရော စားတော်ပဲရော၊ အကြော်ရော လုံးဝ ပြတ်သွားပါပြီ။ သာသနာ့ဝေပုလ္လကျောင်းတိုက်က ကျောင်းနေ သံဃာတွေ အရုဏ် ဘုဉ်းပေးဖို့ပါ လုံးဝ မကျန်တော့ပါဘူး။ နေ့ဆွမ်းကပ်တဲ့ ဝက်သား-ရွှေဖရုံသီးချက်လဲ ပြောင်သွားပါပြီ။

အပြင်မှာလဲ တန်းဆွမ်းထွက်လောင်းရသေးတော့ တန်းဆွမ်းမှာ ဆွမ်းကပ်ဖို့ လူမနိုင်မနင်းတော့ ကြုံရပါတယ်။ ကျောင်းတိုက်မှာ ရှိတဲ့ ဦးပညာဝံသ စတဲ့ သံဃာတွေကိုယ်တိုင် ဝင်လောင်းကြပါတယ်။ မန္တလေးက လာလောင်းလှူပေးနေတဲ့ ဒကာကိုဖြိုးက ...

''ကျွန်တော်တို့ မန္တလေးမှာလဲ သဗ္ဗသုခ ဆွမ်းလောင်းအသင်း ရှိတယ်။ တစ်လတစ်ခါ။ မနေ့ကပဲ ဆွမ်းလောင်းတယ်။ အပါး ၄၀၀ ကွက်တိပဲ။ ၃၂ ၈၂ ထောင့်မှာ လောင်းတာပါ။ ဆွမ်းဟင်းငါးမျိုးက ပုံမှန်ပါတယ်။ ပုံမှန်က ဝက်သားပါမယ်၊ ပဲနှပ်ပါမယ်၊ ငရုတ်သီးကြော်ပါမယ်။ ငါးခြောက်ချက်ပါမယ်။ ငါးမျိုးပေါ့။ သဗ္ဗသုခက နှစ်နှစ်ပြည့်ပြီလေ''

''...အဓိကက လုပ်နိုင်မယ့် လူပဲ။ တကယ့် ဝေယျာဝစ္စတွေက ခက်တယ်။ အဓိကက ဝေယျာဝစ္စပဲ။ အလုပ်တစ်ခု လုပ်ဖို့က။ လက်တွေ့ လောင်းတဲ့လူ လိုတာကိုး။ ကျွန်တော်တို့က မေတ္တာရှင် အရှင်ဇဝနရဲ့ တပည့်တွေပါပဲ''

လို့ ပြောပါတယ်။

အရုဏ်ဆွမ်း ဘုဉ်းပေးတဲ့ သံဃာတွေ ကိုရင်လေးတွေက တောင်ပေါ် ချောင်အသီးသီး ကျောင်းအသီးသီးက ကြွလာကြရတာဆိုတော့ မနက် ၃ နာရီလောက် ကြွလာမှ သာသနာ့ဝေပုလ္လကျောင်းရှေ့ကို မနက် ၄ နာရီလောက် ရောက်ကြတာပါ။ တစ်နာရီ တစ်ချို့ကျောင်းတွေလဲ နှစ်နာရီလောက် လျှောက်ပြီး ကြွလာရတာ ဖြစ်ပါတယ်။

အရုဏ်ဆွမ်းကို တော်တော် ဘုဉ်းပေးကြပါတယ်။ ဒီနေ့ ဆွမ်းက ၁၆ ပြည် တစ်တင်းချက် ကုန်တယ်။ သပိတ်ထဲမှာ လောင်းတဲ့ နေ့ဆွမ်းက တစ်ပါးကို ယောက်ချိုဇွန်း ၂ ဇွန်းစာ လောင်းလှူပါတယ်။ ဝတ်ခွက် မရှိတဲ့ ကိုယ်တော်တွေကို ဝတ်ခွက်လဲ လှူပါတယ်။ အရုဏ်ဆွမ်းက ဦးဇင်း ၁၀၀ ကျော်နဲ့ ကိုရင်လေးတွေ ၂၀၀ ကျော် ၃၀၀ ကြား ဘုဉ်းပေးပါတယ်။ စာသင်တိုက်တွေ တန်းဆွမ်းရပ်တဲ့ သံဃာတန်းတွေကတော့ အချိန်မီ ဆွမ်းခံကြွရတာမို့ အရုဏ်ဆွမ်း စောင့်မဘုဉ်းပေးနိုင်ကြပါဘူး။ ဆွမ်းဆန် တစ်တင်းချက်၊ ပဲနှပ် လေးပြည်ချက်၊ အရုဏ် စားတော်ပဲပြုတ် ၅ ပြည် ဝမ်းမြောက်ဖွယ် အကုန်ကုန်သွားပါပြီ။

ဆွမ်းလောင်းပေးနေတဲ့ ရွှေအိမ်ဖြူ တယ်လီဖုန်းရောင်းဝယ်ရေးက ဒကာ ကိုထက်က...

''ရဟန်းနဲ့ မြို့နဲ့ မလောက်ဘူးလေ။ သံဃာက များနေတော့။ စာသင်တိုက်က ကိုရင်လေးတွေက ဆွမ်းခုံပြန်လာရင် စာဝါလိုက်၊ ဆွမ်းစားပြီး စာဝါလိုက် ဆက်တိုက် လုပ်နေရတာ။ စစ်ကိုင်းတောင်ပေါ် ချောင်တွေက ကိုရင်လေးတွေက ဘုံဆွမ်းကို ဦးစားပေး လိုက်တယ်လေ။ ချောင်တွေမှာ ထူးချွန်တဲ့ ကိုယ်တော်လေးတွေကို စာသင်တိုက်ကြီးတွေက ပြန်လက်ခံပေးတယ်ပေါ့။ စစ်ကိုင်းမှာတော့ စာသင်တိုက်ကောင်းကြီးတွေ တော်တော်များများ ရှိပါတယ်။ ကိုရင်တွေရော ဦးဇင်းတွေရော ထူးချွန်ကြတယ်'' လို့ ဆိုပါတယ်။

ဒကာ ကိုဖြိုးက ...

''စစ်ကိုင်းမှာ လူနဲ့သံဃာ သံဃာက များတာကိုး။ သံဃာထွက်ရပ်ရင် လူတောင် အကုန် ကုန်သွားဦးမယ်။ ပခုက္ကူနဲ့ စစ်ကိုင်းက သံဃာများတာ။ စစ်ကိုင်းက ဘာပိုများလဲဆိုတော့ တရားအားထုတ်တဲ့ ချောင်တွေ များတာ။ စစ်ကိုင်းမှာက ကိုယ်တော်တွေ အကုန်လုံးက ဆွမ်းခံထွက်လို့ မရဘူးလေ။ မြို့ခံထုနဲ့ သံဃာထု သံဃာထုက များတယ်။ ချောင်တွေ ချောင်တွေ အများကြီးမှာ သူ့ရွာက ထောက်ပံ့ထားတာ။ အဲဒါက စာသင်တိုက်ကြီးတွေဆို အဆင်ပြေတယ်။ သာမန် ချောင်သေးသေးလေးတွေက အဓိက အခက်အခဲကြုံတာက ကိုရင်လေးတွေပေါ့။ မန္တလေးက လူပုဂိုလ်များတော့ ဝေယျာဝစ္စက ပေါတယ်။ စစ်ကိုင်းက လူနည်းတယ်'' လို့ မှတ်ချက်ချပါတယ်။

အရုဏ်ဆွမ်း အကပ်ခံဖို့ မနက် အစောကြီးကထဲက တောင်ရိုးတွေကနေ ဆင်းပြီး နာရီပေါက် ကြွလာရတဲ့ ကိုယ်တော်တွေကို အရုဏ်ဆွမ်း အဝ ကပ်လှူနိုင်တာရော၊ နေ့ဆွမ်းလဲ ဝက်သား-ရွှေဖရုံသီးအပြင် ဟင်းရံများနဲ့ အဆင်ပြေပြေ စီမံပေးနိုင်တာကိုရော ဝမ်းသာကြရပါတယ်။ လောင်းလှူရတာ လူမနိုင်နင်းမှုကြောင့် တစ်ချီု့ သံဃာတွေကို မလောင်းလိုက်ရတဲ့တဲ့ကြားက ဒီနေ့ အပါး ၄၅၀ လောက် လောင်းလိုက်ရပါတယ်။

သံဃာတော်များအား မနက် အရုဏ်တက်မှာ အာဟာရ ပြည့်ဝအောင် လှူဒါန်းလုပ်ကျွေးရတာကိုရော၊ တစ်နေ့တာ စာသင် စာချ တရားအားထုတ် သာသနာ့ဝန်ထမ်းရာမှာ အထောက်အပံ့အလို့ငှာ နေ့ဆွမ်းများ ဆက်ကပ်ရတာကိုရော ပြည်တွင်းပြည်ပ အလှူရှင်များရဲ့ ဒီဒါနကောင်းမှုကို အားလုံးကို အမျှ ပေးဝေပါတယ်။


Read more...

အောင်ခြင်း(၈)ပါးအကြောင်း (၄)

(၄) အင်္ဂုလိမာလကို အောင်တော်မူခြင်း။
ကောသလတိုင်း အတွင်း တစ်နေရာတွင် ဆိုးသွမ်းပြီး အားကြီးလှတဲ့ လူဆိုးတစ်ယောက်ရှိတယ်။ သူ့နာမည်က အင်္ဂုလိမာလ လို့ ခေါ်ပါတယ်။ သူဟာ တက္ကသိုလ်ပြည် ဒိသာပါမောက္ခဆရာကြီးထံမှာ ပညာသင်ယူနေစဉ်အတွင်း ဆရာကြီးက တပည့်များရဲ့ ဂုံးချောစကား ကို ယုံကြည်ကာ လက်ငြိုးပေါင်းတစ်ထောင် ယူခဲ့ရန် အင်္ဂုလိမာလအား ပြောပါတယ်။ အင်္ဂုလိမာလလည်း ဆရာစကားကို ယုံကြည်တဲ့အတွက် ဆရာခိုင်းတဲ့အတိုင်း လက်ငြိုးပေါင်းတစ်ထောင် ရဖို့အတွက် အားထုတ်ရပါတော့တယ်။ ဒီလိုနဲ့ သူဟာ ရင်ဆိုင်တွေ့သမျှ လူများအား လက်ညိုးကိုယူ၊ လူကိုလည်းသတ်ဖြတ်ကာ သောင်းကြမ်းချင်တိုင်း သောင်းကြမ်း နေပါတော့တယ်။
တစ်နေ့ ဘုရားရှင်ကိုယ်တော်မြတ်ဟာ ကောသလတိုင်း သာဝတ္ထိမြို့ထဲ ဆွမ်းခံကာ ဆွမ်းဘုဉ်းပေးအပြီး၊ နေ့လည်ဖက် သပိတ်သင်္ကန်းတို့ ကို ပြင်ဆင်ကာ ကိုယ်တော်မြတ်တစ်ပါးတည်း ခရီးရှည်ကြီးကို ခြေလျင်ဖြင့် ကြွတော်မူပါတယ်။ ကြွတော်မူမယ့်နေရာက လူဆိုးကြီး အင်္ဂုလိမာလ ရှိတဲ့နေရာ ဖြစ်တယ်။

လမ်းတွင် နွားကျောင်းသားများ၊ လယ်လုပ်သူများက တစ်ပါးတည်း ကြွတော်မူလာတဲ့ ဘုရားရှင်အား “အရှင်ဘုရား….ဘယ်အရပ်ကို ကြွမှာလဲဘုရား” လို့ မေးလျှောက်ကြတယ်။ ဘုရားရှင်ကလည်း အင်္ဂုလိမာလရှိရာသွားမှာဖြစ်တဲ့ အကြောင်း မိန့်တော်မူသောအခါ နွားကျောင်းသား၊လယ်လုပ်သူများက “ အရှင်ဘုရား…ဒီဒေသမှာတော့ အင်္ဂုလိမာလ ရှိရာ တောအုတ်ကို ဖြတ်ပြီး ခရီးသွားမယ်ဆိုပါက တစ်ယောက်ထဲ မသွားရဲ့ကြဘူး၊ ၂၀-၃၀-၄၀ အုပ်စုဖွဲ့ပြီး သွားကြပါတယ်။ ဒီလိုသွားတာတောင်မှ အင်္ဂုလိမာလရဲ့ လက်အတွင်းက မလွတ်ပဲ အသတ်ခံရပါတယ်ဘုရား၊ သူရှိတဲ့ နေရာကို ရောက်သွားတဲ့ လူများဟာ အင်္ဂုလိမာလ ကြောင့် ပျက်စီးခဲ့ရ၊ သေခဲ့ကြရပါတယ်ဘုရား၊ အရှင်ဘုရား တစ်ပါးတည်း ကြွတော်မူပါနဲ့ ဘုရား” လို့ တားကြသော်လည်း ဘုရားရှင်ကတော့ ဘာမှ ပြန်မပြောဘဲ ကြွတော်မူရာ လမ်းအတိုင်း ကြွတော်မူခဲ့ပါတယ်။
သို့နှင့် ဘုရားရှင်ဟာ အင်္ဂုလိမာလရှိရာ တောအုပ်သို့ ရောက်တော်မူပါတယ်။ အင်္ဂုလိမာလဟာ ဘုရားရှင် ကြွလာတာကို ခပ်လှမ်း လှမ်းက မြင်တဲ့အခါ “ ငါရှိရာ တောအုပ်ထဲကို ဘယ်သူမှ လာရဲတာမဟုတ်၊ ၂၀-၃၀ အုပ်စုဖွဲ့ပြီး လာတာတောင်မှ ငါအလွတ်ပေးပဲ အားလုံးကို သတ်ခဲ့တယ်။ အခုတော့ ရဟန်းကြီးတစ်ဦးတည်းလာတာဟာ ငါ့ကို မလေးမခန့်လုပ်တာပဲ” လို့ တွေးကာ ဘုရားရှင်ကို သတ်ဖို့အတွက် ဘုရားရှင် ရှိရာသို့ လျင်မြန်တဲ့အဟုန်နဲ့ ပြေးလိုက်ပါတော့တယ်။ ဘုရားရှင်က မပြေးဘဲ ရပ်တော်မူနေပေမယ့် အင်္ဂုလိမာလက ပြေးလိုက်လို့ မမီနိုင်ဖြစ်နေတယ်။ “အရင်ကတော့ ဆင်ပြောင်ကြီး ပြေးတယ်ဆိုရင် ငါလိုက်မီတယ်၊ မြင်းတွေပြေးတယ်ဆိုရင် နောက်ကလိုက်မီပါရဲ့၊ အခုတော့ သာမာန်လူတစ်ယောက်ကို မလိုက်နိုင်တာ ဘာ့ကြောင့်လဲ” လို့တွေးကာ ဘုရားရှင်အား “ရပ်ပါတော့ ရပ်ပါတော့” လို့ တားပါတယ်။
ဘုရားရှင်က “အင်္ဂုလိမာလ….ငါဘုရားက ရပ်နေတာ၊ မရပ်တာက သင်ပဲ” လို့ မိန့်တော်မူပါတယ်။ ထိုအခါ လူဆိုးကြီးက “သာကီဝင်မင်းသား ရဟန်းများဟာ မှန်တဲ့စကားသာ ပြောကြတယ်။ ရဟန်းကြီးဟာ ရပ်နေတယ် ဆိုပြီး ငါ အပြေးလိုက်တာတောင် မမီဘူး၊ ဘာ့ကြောင့်ပါလဲ” လို့ သိချင်တဲ့အတွက် ဘုရားရှင်အား မေးလိုက်တယ်။
“ အရှင်ဘုရား ….အရှင်ဘုရားက ရပ်နေတယ်ူလို့ပြောပြီး ပြေးနေတယ်၊ တပည့်တော်ကိုတော့ ပြေးနေတယ်လို့ပြောတယ်။ အကြောင်းလေး သိချင်ပါတယ်” လို့ မေးလျှောက်တော့ ဘုရားရှင်က “ အင်္ဂုလိမာလ….ငါဘုရားဟာ လေးမြား ဓါး စတာတွေကို အပြီးတိုင်ပစ်ချခဲ့ကာ လူအများအား မသတ်တဲ့အတွက် ‘ရပ်နေသူ’ လို့ခေါ်တယ်။ သင်ကား လေးမြားလက်နက်စတာတွေကို ကိုင်ဆောင်ကာ လိုက်လံပြေးလွှား သတ်ဖြတ် နေသူဖြစ်တဲ့အတွက် ‘ပြေးနေသူ’ လို့ ခေါ်တယ် အင်္ဂုလိမာလ….” လို့ မိန့်တော်မူလိုက်တဲ့အခါ အင်္ဂုလိမာလလည်း သံဝေဂအကြီးအကျယ်ရရှိပါတော့တယ်။ ဒါနဲ့ လေးမြှားစတာတွေကို ဘုရားရှင်ရဲ့ ခြေတော်ရင်းမှာ ချခဲ့ပြီး ရဟန်းပြုဖို့ရာ တောင်းဆိုပါတော့တယ်။
အခုပြောခဲ့တာတွေကတော့ဘုရားရှင်က အင်္ဂုလိမာလအား အောင်နိုင်ပုံ ဖြစ်ပါကြောင်း………….လေးခုမြောက် အောင်ခြင်း ဖြစ်ပါတယ်။
(မဇ္ဈိမပဏ္ဏာသပါဠိတော်၊ ရာဇ၀ဂ်၊ အင်္ဂုလိမာလသုတ်)

အပြည့်အစုံသို့ »



Read more...

*၀ိပဿနာ အမြင်မှန်တရားတော်*

အပိုင်း(၁)

E-mail Print PDF


အပိုင်း(၂)

E-mail Print PDF


လေးစားစွာဖြင့်
ဖိုးသား


Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP